← Chapters

အခန်း (၃၄၆-၃၅၀)

Vol. 25 Ch. 346-350

အခန်း (၃၄၆-၃၅၀)

Vol. 25 Ch. 346-350

အပိုင်း(၃၄၆): မိမိကိုယ်ကို စတေးခြင်း

အပိုစကားမပြောဘဲ တိုက်ခိုက်လာသော မော့ရန်ရှီး၏လုပ်ရပ်ကို မြင်သည်နှင့် ရှီစစ်သည် အထင်သေးစွာဖြင့် ကြည့်ရင်း ဆိုလိုက်သည်။

"ငါ့အစီအစဉ်ကို နှောက်ယှက်ချင်တာလား?"

" တိ့ရှစ်ချန်း သူမကို တားစမ်း၊ ငါတို့ အစီအစဉ်ကို အနှောင့်အယှက် မပေးစေနဲ့"

ထိုသို့ပြောပြီးနောက် သူသည် နိုင်ဟယ်တံတား၏ အကြွင်းအကျန်များရှိရာဘက်သို့ ဆက်လက် လျှောက်လှမ်းသွားသည်။

"ဟုတ်!"

အမိန့်ကို ရရှိထားသော တိ့ရှစ်ချန်းသည် မှော်စွမ်းအားများကို အသက်သွင်းလိုက်သည်။ များစွာသော မိုးကြိုးလျှပ်စီးကြောင်းများက သူ၏ ပတ်ပတ်လည်တွင် စုဝေးလျက်ဝန်းရံထားသည်။

တစ်ချိန်တည်းမှာပင် ၊ တိ့ရှစ်ချန်းသည် မော့ရန်ရှီး၏ တိုက်ခိုက်မှုကို သူ၏ လက်သီးဖြင့် ပြန်လည်ထိုးနှက်ခဲ့သည်။

ဝုန်း!!

နက်မှောင်သော မိုးကြိုးလျှပ်စီးကြောင်း နှင့် နတ်ဆိုးစွမ်းအင်များ ပြင်းထန်စွာ ဆုံတွေ့ခဲ့ကြသည်။ အလွန်အားကောင်းသော မှော်စွမ်းအားများမှ ဖြစ်တည်လာသော ကြာနက် နှင့် မိုးကြိုးနဂါးသည် တစ်ခုနှင့်တစ်ခု ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြလေသည်။

တိ့ရှစ်ချန်းသည် ထိပ်တန်း လျို့ဝှက်နည်းပညာရပ်ကို အသုံးချခဲ့ပြီး ကောင်းကင်လမ်းစဉ်၏ ပံ့ပိုးမှုဖြင့် သူ၏ ကျင့်ကြံအဆင့်သည် သူတော်စင် ဧကရာဇ်နယ်ပယ်အဆင့်ထိ အဆင့်မြှင့်တင်နိုင်ခဲ့ရုံသာမက အထူး နိယာမစည်းမျဉ်းများ၏ ကောင်းချီးပေးမှုများလည်း ရှိသည်။

အချိန်အတိုင်းအတာ တစ်ခုထိ ၊ သူတို့နှစ်ယောက်လုံး အပြင်းအထန် တိုက်ခိုက်နေကြသည်။

"ဒီလူ့ဇာတိခံယူ ခံယူတာ အင်အားနည်းစေတယ် ..ငါ ဒီတိုက်ပွဲကို အမြန်ဆုံးအဆုံးသတ်ဖို့ ဒီထက်ပိုအားကောင်းတဲ့ စွမ်းအားကို အသုံးပြုမှ ရလိမ့်မယ်!"

........

အခြားတစ်ဖက်တွင် ၊

ပီအန့်အမတရှင် နှင့် ယုံဟန်အမတတို့သည် လူဝင်စားမြစ်၏ ထူးဆန်းသော အပြောင်းအလဲကို ခံစားမိခဲ့သည်။

သို့ရာတွင် လူဝင်စားမြစ်၏ အောက်ဘက်အစွန်းနှင့် အထက်စွန်းသည် အလှမ်းဝေးပြီး ပြင်းထန်သော လူဝင်စားခြင်းဆိုင်ရာ နိယာမတရားများ ကြွယ်ဝစွာရှိနေသေးသည် ဖြစ်၍ သူတို့နှစ်ဦးသည် ယင်းဖြစ်ရပ်အပေါ် ဂရုမစိုက်ခဲ့ပေ။

" ကိစ္စက အဲ့လိုပဲ ၊ ငါ မင်းကို တိုက်ခိုက်ရတဲ့ အကြောင်းရင်းက လူဝင်စားမြစ်ထဲကနေ ရုန်းထွက်ဖို့ သင့်တော်တဲ့ ခန္ဓာကိုယ်တစ်ခုကို လိုချင်ခဲ့လို့ပါ"

ယုံဟန်အမတက ဆိုလိုက်သည်။

"ငါ့ရဲ့ ကျုံယုံ မင်းဆက်အတွက် ၊ ငါ့ရဲ့ ပြည်သူပြည်သားတွေ အတွက် လက်စားချေပေး‌ပါ"

ထိုစကားကိုကြားတော့ စူးချန်ကဲက အေးစက်စက် ပြုံးလိုက်သည်။

" ခင်ဗျားပြည်သူပြည်သားတွေအတွက် လက်စားချေချင်ရင် ကိုယ့်ဘာသာကိုယ်လုပ်ပေါ့ ၊ ကျုပ်နဲ့ဘာဆိုင်လို့လဲ၊ ကျုပ်က ဘာလို့ ခင်ဗျားကို ကူညီရမှာလဲ"

စူးချန်ကဲသည် ယုံဟန်အမတနှင့်ပတ်သတ်၍ ကောင်းသော ခံစားချက်မရှိ။

အကယ်၍ သူသာ ခွန်အားလုံလုံလောက်လောက် မရှိခဲ့ပါက ၊ သို့မဟုတ် တချက်ကလေး သတိလွတ်သွားခဲ့မည်ဆိုပါက ထိုအချိန်-အာကာသ လမ်းကြောင်းတွင် သူ့အသက်ကို ပေးဆပ်ရနိုင်သည်။

ယုံဟန်အမတသည် စူးချန်ကဲ၏အမျက်ကို မျှော်လင့်ထားပြီးသားပင် ဖြစ်သည်။

ထို့အပြင် ဤကိစ္စရပ်သည် အသက်နှင့်သေခြင်း‌ဆိုင်ရာ ရန်ငြိုးတစ်ခုလို့တောင် ဆိုနိုင်သည်။

" သူငယ်ချင်းလေး ၊ ဒီကိစ္စက ငါမှားခဲ့တာပါ၊ တကယ်လို့ မင်းသာ ငါ့ကို သေချာပေါက် ကူညီပေးမယ်‌ဆိုရင် "

"ငါကိုယ်တိုင် စတေးပြီး ငါ့ရဲ့ကျင့်ကြံမှုတွေကို သူငယ်ချင်းလေးကိူ ပေးဖို့ ဆန္ဒရှိတယ်၊ ငါ့ရဲ့ ကျုံယုံ(ငရဲကိုးထပ်) မင်းဆက်ရဲ့ အဖိုးတန် အမွေအနှစ်တွေကိုလည်း မင်းကို ပေးမယ် ၊ ဘယ်လိုလဲ သူငယ်ချင်းလေး"

ထိုစကားကို ကြားလိုက်ရချိန်တွင် ၊ စူးချန်ကဲ အနည်းငယ် အံ့ဩသွားသည်။

ကိုယ့်ကိုယ်ကို စတေးပြီး ကျင့်ကြံမှုကို လွဲပြောင်းပေးမယ်?

ဒါ ကိုယ့်အသက်ကို တိုက်ရိုက်စွန့်လွှတ်လိုက်တဲ့ သဘောပဲ မဟုတ်လား?

စူးချန်ကဲ၏ မျက်လုံးထဲတွင် ၊ ဤကဲ့သို့ အင်အားကြီးသူများသည် ၎င်းတို့၏ ဘဝကို အမြတ်နိုးဆုံးသူများပင် ဖြစ်သည်။ သို့သော် တဖက်လူသည် ဤမျှ သတ္တိကောင်းလေသလော။

" ယုံဟန်အမတ ၊ မင်း..."

ပီအန့်အမတရှင်၏ အကြွင်းအကျန် ဝိညာဉ်မှာလည်း အနည်းငယ် ထိတ်လန့်သွားသော်လည်း၊ သူ ဘာမှ ထပ်မပြောတော့ပေ။

သူသည် အနာဂတ်ကို ခန့်မှန်းရန် ကြွေကျလာသော ပင့်ကူခေတ္တာပန်းကို အသုံးပြုခဲ့သည်။ နောက်ဆုံးတွင်၊ နှစ်ထောင်ချီအကြာ ကြာမြှင့်ခဲ့ပြီး သူ၏မျိုးဆက်သည် စူးချန်ကဲ၏ လက်ဖြင့် သူ၏ အကြွင်းအကျန် ဝိညာဉ်ကို ပြန်လည် ရှင်သန်စေခဲ့သည်။

လူဝင်စားမြစ်ထဲတွင် ပိတ်မိနေသော ယုံဟန်အမတနှင့် မတူပေ။ သူ၏ ရုပ်ခန္ဓာသည် လူဝင်စားမြစ်ထဲတွင် ပိတ်မိနေပြီး လွတ်မြောက်ရန် နေနေသာသာ ဤနေရာတွင် တစ်သက်လုံး အကျဉ်းချခံရမည်ကို စိုးရသည်။

သို့သော် စူးချန်ကဲသည် ခဏမျှ စဉ်းစားပြီး သဘောတူခဲ့သည်။

"ကောင်းပြီ ကျုပ် သဘောတူတယ် "

မည်သို့ပင်ဆိုစေကာမူ သူသည် မရဏကမ္ဘာနှင့် ငရဲနန်းတော်တို့နှင့်လည်း ရန်ငြိုးဖွဲ့ခဲ့ပြီး ဖြစ်ရာ၊ ယုံဟန်အမတ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူသည် ၎င်းတို့နှင့် သေချာပေါက် စာရင်းရှင်းရဦးမည် ဖြစ်သည်။

သူ့ကိုများ ကျုံယုံ(ငရဲကိုးထပ်)မှာ ထောင်ချောက်ဆင်ဖမ်းရဲသတဲ့လား?

သူတို့ရဲ့ မျိုးဆက်သစ်တွေကို မသတ်ပစ်ဘူးဆိုရင် စူးချန်ကဲဆိုတဲ့ စူးမျိုးနွယ် သေတောင် မခံယူဘူး!!

"ငါ့သူငယ်ချင်းလေးက အရမ်းမိုက်တယ် !"

ယုံဟန်အမတသည် နှစ်ခြိုက်စွာ ပြုံးရယ်လိုက်ရင်း ၊သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုစဉ် မှိတ်တုတ်မှိတ်တုတ် တောက်ပနေသော ကြေးဝါအပိုင်းအစ တစ်ခုသည် ၎င်း၏ နတ်အသိစိတ်ထဲမှ ပျံ့လွင့်လာခဲ့သည်။

ထို့နောက် စူးချန်ကဲ၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။

ဤကြေးဝါအပိုင်းအစသည် အတော်လေး ကြီးမားပေသည်။ ၎င်းပေါ်တွင် ထူးဆန်းသောပုံစံများနှင့် မထင်မရှားသော ကမ္မည်းစာများ ထွင်းထုထားသော်လည်း ဤကမ္ဘာ၏ ပစ္စည်းတစ်ခု မဟုတ်ပုံရသည်။

သို့သော် ထိုကြေးဝါအပိုင်းအစကို မြင်လိုက်ရသည်နှင့် စူးချန်ကဲ သိလိုက်သည်။

ဤကြေးဝါအပိုင်းအစသည် မျိုးဆက် သုံးဆက် ကြေးခေါင်းတလား၏ အစိတ်အပိုင်းမှလွဲ၍ အခြားဟာမဖြစ်နိုင်ပေ ။

ယခင်က သူသည် စနစ်၏ ဆုလာဘ်ကို လက်ခံရရှိခဲ့စဉ်က ကြေးခေါင်းတလား၏ နောက်တွင် ၁/၄ ဟူသော စကားလုံးကို သူ တွေ့လိုက်ရသည်။

ကျန်ရှိနေသော အပိုင်းအစများကို သူ မည်သို့ရှာဖွေရမည်ကို စဉ်းစားနေဆဲပင် ဖြစ်သော်လည်း သို့သော် ဤအခြေအနေအရ သူ့အနေဖြင့် အားစိုက်ထုတ်ရန် မလိုတော့ပေ။

စူးချန်ကဲ၏ အတွေးကို ထိုးဖောက်မြင်နေပုံရသော ယုံဟန်အမတ က ပြုံးပြီးပြောလိုက်သည်။

" ကြည့်ရတာ ငါ့သူငယ်ချင်းလေးက အသိပညာ ကျယ်ပြန့်ပြီး ဘယ်အရာမဆို တတ်ကျွမ်းပုံပေါ်တာပဲ "

"ဒီကြေးဝါအပိုင်းအစမှာ ကြီးကျယ်တဲ့ သမိုင်းကြောင်းရှိတယ် ၊ ဒါက တိုက်မြေ သုံးထောင်ရဲ့ ပစ္စည်းတစ်ခု မဟုတ်ဘူး ၊ အပိုင်းအစ တစ်ခု ဆိုပေမဲ့ ဒါပေမဲ့ ဒီအရာထဲမှာ ပြန်လည် ဝင်စားခြင်းဆိုင်ရာ နိယာမတရား‌တွေ ကြွယ်ဝစွာ ပါဝင်နေတယ် "

"ဒါက ငါ လူဝင်စားမြစ်ရဲ့ အနက်ရှိုင်းဆုံး နေရာမှာ အကြာကြီး နေခဲ့ရတာတောင် ငါ့ဝိညာဉ်တွေ ဘယ်တော့မှာ မခွဲခွာဘဲ အတူတကွရှိနေရတဲ့ အကြောင်းရင်းပဲ "

" ဒီအပိုင်းအစတွေကို စုဆောင်းပြီး အသစ်ပြန်လည် ဖန်တီးနိုင်ခဲ့ရင် ပြန်လည်ဝင်စားခြင်းရဲ့ ဒဏ္ဍာရီပုံပြင်ကို ပြန်လည်ဖန်တီးနိုင်လိမ့်မယ် "

ထိုအချိန်၊ ယုံဟန်အမတသည် ခေါင်းစဉ်ပြောင်းလိုက်သည်။

"ကဲ ဆက်ပြီး ..."

တစ်ချိန်တည်းမှာပင်၊ ယုံဟန်အမတထံမှ စူးရှတောက်ပသော အလင်းတန်းတစ်ခု ထပ်မံထွက်ပေါ်လာခဲ့ပြီး ၊ ပြင်းထန်သော နိယာမ မှော်သင်္ကေတများက သူ့ကို ဝန်းရံထားသည်။

သူ့ကိုယ်ပေါ်ရှိ ရောင်ဝါများက ရုတ်တရက် မြင့်တက်လာခဲ့ပြီး ၊ သူ့လက်နှစ်ဖက်ကို အတူတကွ ပူးယှက်လိုက်သည်။ နိယာမစွမ်းအားများဖြင့် ပြည့်နှက်နေသော စွမ်းအင်လုံးသည် သူ၏ လက်ဝါးနှစ်ဖက်ကြားတွင် ဖြည်းညှင်းစွာ စုဝေးလျက်ရှိသည်။

“ ယုံဟန်အမတ....”

ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ၊ ပီအန့်အမတရှင်၏ ရင်ထဲ၌ ခံစားချက်များက ယောင်ယက်ခတ်လျက်။ တစ်ချိန်က အမတရှင် အဖြစ် ကျင့်ကြံနိုင်ခဲ့သော သန်မာသူတစ်ယောက်သည်

ယခု ဤမျှဖြင့်သာ အဆုံးသတ်ခဲ့ရသည် ။

"ကမ္ဘာပေါ်က လူတိုင်း သူတို့တစ်သက်လုံး အထွက်အထိပ်ထိ ရောက်အောင် ကြိုးစားကြတယ်....ဒါမှမဟုတ် အမြင့်ထပ်က ရှုခင်းတွေကို ကြည့်ချင်လို့လည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်.."

ပီအန့်အမတရှင်သည် သက်ပြင်းချလိုက်ပြီး ဘာမှဆက်မပြောတော့ပေ ။

ယုံဟန်အမတ၏ လက်ထဲရှိ စွမ်းအင်လုံးသည် ကြီးသထက်ကြီးလာသည်နှင့်အမျှ သူ၏ ရုပ်သွင်သည် မှုန်ဝါးဝါးဖြစ်လာခဲ့သည်။

တဖျပ်ဖျပ် ခတ်နေသော သူ၏ နဂါးဝတ်ရုံနှင့်အတူ သရဖူပေါ်တွင် ဆင်မြန်းထားသော တွဲလျားကျနေသည့် ပုတီးစေ့များသည်လည်း လေနှင့်အတူ လှုပ်ယမ်းနေသည်မှာ သူ၏ ကြီးကျယ်ခမ်းနားသော မျက်နှာသွင်ပြင်ကို ပို၍ ပေါ်လွင်စေသည်။

မိမိ၏ ကျင့်ကြံမှုကို မစတေးဘူးဆိုတောင် ၊ သူသည် နောင်အနှစ်တစ်သောင်းတွင် သေဆုံးကာ ပျောက်ကွယ်သွားပေလိမ့်မည်။

နောက်ဆုံးတွင်၊ နွေဦးလေညင်းကဲ့သို့ သူနှင့် ပတ်သတ်သော အရာမှန်သမျှ အရိပ်အယောင်ပင် မကျန်ရှိဘဲ လုံးဝဥဿုံ ‌ပျောက်ကွယ်သွားပေမည်။

ယခုမူကား သူသည် သူ၏ ကျန်ရှိသော ကျင့်ကြံမှုကို စူးချန်ကဲထံ စတေးခဲ့သည်။ပထမဆုံးအနေဖြင့် သူ၏ စိတ်နှလုံးထဲက ကြီးမားသော ရန်ငြိုးကို လက်စားချေနိုင်တော့မည်။

ဒုတိယအချက်မှာ စူးချန်ကဲ၏ အောင်မြင်မှုများသည် သူ့ထက် ပို၍ သာလွန်မည်ကို မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည်။

သူသည် ပိုမြင့်မားသောကမ္ဘာ၏ အထွက်အထိပ်‌နေရာကို ရောက်ရှိပေလိမ့်မည်။ ဤကဲ့သို့ ထက်မြက်သော လူတစ်ယောက်၏ ကိုယ်ပေါ်တွင် မိမိ၏ ကျင့်ကြံမှု အရိပ်အမြွက်လက္ခဏာများ ချန်ထားနိုင်ခဲ့ခြင်းသည် အနည်းဆုံးတော့ ကမ္ဘာပေါ်တွင် သူ ရှိနေသေးကြောင်း သက်သေပြနေသေးသည်။

" ငါ၏ ရင်းမြစ်ကို စတေး၍ ဝိညာဉ်အပေါင်းတို့အား ပူဇော်သည် !"

ဝီ——

ယုံဟန်အမတ၏ လက်ဝါးထဲရှိ စွမ်းအင်လုံးသည် ပိုပို၍ တောက်ပလာပြီး ၊ နိယာမတရားများ၏ ဝန်းရံမှုအောက်တွင် ထိုအလင်းလုံးသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ဆီသို့ တည့်တည့် ပြေးဝင်သွားခဲ့သည် ။

ယုံဟန်အမတ က နောက်ဆုံးစကားတစ်ခွန်းကို ဆိုလိုက်သည်။

" သူငယ်ချင်းလေးကပဲ ငါ ကြာရှည်စွာတောင့်တလာခဲ့တဲ့ ဆန္ဒကို ပြီးမြောက်အောင် ကူညီပေးပါဦး!"

ထိုစကားများ၏ အဆုံးတွင် ၊ ယင်းမှော်စွမ်းအင်လုံးသည် စူးချန်ကဲ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစည်းသွားခဲ့သည်။

၎င်းတွင်ပါရှိသော ကြွယ်ဝသော စွမ်းအားများသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲတွင် ပွင့်လန်းလာပြီး ၊ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။

ယင်းက သူ၏အရင်းအမြစ်ကို ပြောင်းလဲသွားစေသည်။

ဝုန်း——!!

ပြင်းထန်သော ရောင်ဝါသည် အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး ၊ ထောင်နှင့်ချီသော နိယာမ စွမ်းအားများ ထပ်မံ ထွက်ပေါ်လာပြန်သည်။

အဆုံးတွင်၊ စူးချန်ကဲ၏ အနီးတစ်ဝိုက်တွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်သို့ တည့်တည့် ပစ်ခွင်းသွားသည်။

ဤကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် နောက်ထပ် လှိုင်းလုံးကြီးတစ်ခုကို ဖန်တီးခဲ့သည်။

မူလက ရရှိလာသော အခွင့်အလမ်းများကို နားလည်ရန် လုပ်‌ဆောင်နေကြသော တပည့်များစွာသည်လည်း ဤမြင်ကွင်းကြောင့် ရုတ်တရက် နိုးထလာခဲ့သည်။

သူတို့အားလုံး မော့ကြည့်လိုက်ပြီး စူးချန်ကဲရှိရာ ဦးတည်ရာဘက်ဆီသို့ ကြည့်လိုက်ကြသည်။

" ချန်ကဲ ဆက်ခံသူ ထပ်ပြီး အဆင့်တတ်သွားပြန်ပြီ!"

" ဒီရောင်ဝါ...သူတော်စင် ဧကရာဇ် အထွပ်အထိပ်အဆင့်ပဲ! တစ်ခါတည်းနဲ့ ဒီလောက်တောင် ခုန်တတ်သွားတာလား !"

" ချန်ကဲ ဆက်ခံသူက သာမန်လူ မဟုတ်ဘူး! နယ်ပယ်အဆင့်ငယ် သုံးဆင့်ကိုတောင် ဒီလောက်မြန်မြန် ချိုးဖျက်သွားနိုင်တယ် ! သူတော်စင်နယ်ပယ်ကို ချိုးဖြတ်ဖို့ဆိုတာ အတော်ခက်ခဲတယ် မဟုတ်လား?"

" ချန်ကဲ ဆက်ခံသူက ဘယ်လိုလုပ်ပြီး တစ်ရက်တည်းနဲ့ သူတော်စင်ဧကရာဇ် အထွပ်အထိပ်ကို ရောက်သွားတာလဲ!?"

စူးချန်ကဲသည် နောက်ထပ် ဒဏ္ဍာရီတစ်ခုကို ဖန်တီးခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

အရိုးဖြူ ပင်လယ် ဘုရင်မသည် စူးချန်ကဲရှိရာ ဦးတည်ရာဘက်သို့ လှမ်းကြည့်ရင်း သူမသည် ခိုကိုးရာမဲ့ ပြုံးလိုက်သည်။

ဤလူများကြား သူမသည် အသက်အကြီးဆုံးဖြစ်ပြီး ၊ မိမိသည် စူးချန်ကဲထက် ပိုမြှင့်သည် ဟု ထင်ထားခဲ့သော်လည်း ယခုအခါတွင် ...

" ဒီလိုလူ့ဘီလူးမျိုးက ခေတ်ကာလတစ်လျှောက် မရှိဖူးတဲ့ ပုံမှန်မဟုတ်တဲ့အရာပဲ"

အပိုင်း(၃၄၇): ကျုပ် စူး မျိုးရိုး က မင်းတို့ပေးတဲ့ အခွင့်အရေးကို ကျေကျေနပ်နပ် လက်ခံလိုက်မယ်

တစ်ချိန်တည်းမှာပင် ၊ ကောင်းကင်သို့ ပစ်ခွင်းသွားသည့် စူးရှတောက်ပသော အလင်းတန်းသည် မရေမတွက်နိုင်သော လူများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

မူလက ကောင်းကင်လမ်းစဉ်၏ အလိုဆန္ဒကို အသက်သွင်းနေခဲ့သော ရှီစစ်သည် စူးချန်ကဲရှိရာ ဦးတည်ရာဘက်ဆီသို့ ထိတ်လန့်စွာဖြင့် ကြည့်နေသည်။

"ဒီ​ကောင်​...ထပ်ပြီး ​​အဆင့်တတ်သွား​ပြန်​ပြီလား!?"

အကယ်၍ သူသာ အရင်ဆုံး သူတော်စင်ဧကရာဇ် နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့မည်ဆိုပါက စူးချန်ကဲကို နှိပ်ကွပ်နိုင်ပေတော့မည်။

သို့သော် ယခုတွင် သူ့အားသာချက်မှာ ပျောက်ကွယ်သွားခဲ့ချေပြီ။

" မဖြစ်ဘူး၊ နှောင့်နှေးနေလို့ မဖြစ်ဘူး အချိန် ကြန့်ကြာလေလေ၊ မတော်တဆထိခိုက်မှုတွေ ပိုများလာနိုင်တယ် "

သူ့လက်ထဲက မှော်စွမ်းအားများကို ထပ်မံ တိုးမြှင့်လိုက်သည်နှင့် ကောင်းကင်လမ်းစဉ်၏ ပြင်းပြသော ဆန္ဒသည် ဤနေရာသို့ ဆင်းသက်လာခဲ့သည် ။

မူလ ဤဧရိယာတစ်ဝိုက်တွင် တသိမ့်သိမ့် ရိုက်ခတ်နေခဲ့သော မြစ်ရေသည် လူဝင်စား မြစ်တစ်ခုလုံးကို ဂျီဩမေတြီအတိုင်း ပျံ့နှံ့သွားသည်။

ဝုန်း ဝုန်း !!

လူဝင်စားမြစ်အတွင်းရှိ နိုင်ဟယ် တံတား၏ အကြွင်းအကျန်များသည်လည်း ဤကြောက်မယ်ဖွယ်ကောင်းသော စွမ်းအား၏ လက်အောက်တွင် ကွဲအက်ပျက်စီးသွားခဲ့သည်။

"မကောင်းတော့ဘူး၊ ကောင်းကင်လမ်းစဉ်ရဲ့ အလိုဆန္ဒရောင်ခြည် နိုးထလာတော့မယ်!"

အခြေအနေများ ပိုမိုဆိုးရွားလာသည်ကို ခံစားမိသည်နှင့် မော့ရန်ရှီးသည် အစွမ်းကုန် ပေါက်ကွဲလိုက်သည်။

" ယင်ဖုန်း ကြာပန်းဌက်မွှေး!"

နတ်ဆိုးစွမ်းအင်များမှ ဖြစ်တည်လာသော နက်မှောင်သော ကြာပန်းများသည် ဝေဟင်တွင် စုဝေးလှည့်ပတ်နေပြီး အလွန် ပြင်းထန်သော နတ်ဆိုးဖိနှိပ်စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။

“သွား!”

မော့ရန်ရှီးသည် သူမ၏လက်များကို ဝှေ့ယမ်းလိုက်သည်နှင့် ၊ ကောင်းကင်နှင့်မြေကြီးကြား နတ်ဆိုး စွမ်းအင်မုန်တိုင်းတစ်ခု ထပ်မံ ပေါက်ကွဲထွက်ပေါ်လို့လာသည်။

ကြာပန်းနက်သည် အလွှာလိုက် ပွင့်လန်းလာပြီး ၊ ပွင့်ချပ်များသည် အရပ်ရပ်သို့ လွင့်ထွက်သွားသည်။ ထုတ်လွှတ်လိုက်သော ဖိနှိပ်စွမ်းအားသည် ဟင်းလင်းပြင်ကိုတောင် တုန်လှုပ်မြည်ဟည်းစေသည် ။

"သစ္စာဖောက်ကများ ဒီလောက်ထိ အတင့်ရဲလွန်းတယ်!"

" တပ်မက်ခြောက်ပါး နတ်ဆိုးမိုးကြိုးများ ကြွေကျခြင်း!"

တိ့ရှစ်ချန်း သတိမပေါ့ဝံ့ပေ။ သူ့လက်များကို ဝှေ့ယမ်းလိုက်သည်နှင့် လေထဲတွင် အနက်ရောင် မိုးကြိုးလှံအဖြစ် ‌ဖွဲ့စည်းဖြစ်ပေါ်ကာ အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့သည်။

တိ့ရှစ်ချန်းသည် သူ့လက်နှစ်ဖက်လုံးဖြင့် လှုပ်ရှားလိုက်စဉ် မိုးကြိုးလှံတို့သည် မိုးခြိမ်းသံများနှင့် အတူ ပေါက်ကွဲထွက်လာသည်။

ဝှစ် ဝှစ် ဝှစ်!!

ဝုန်း ဝုန်း ဝုန်း!!

မိုးကြိုးလှံသည် ကြာပန်းနက်ကို ထိုးဖောက်ဝင်ရောက်လာသည့် အခိုက် မူလက ရှိနေခဲ့သော ပွင့်ချပ်များသည် အက်ကွဲသွားပြီး ၊

တစ်ဖန် ကြောက်မက်ဖွယ်ကောင်းသော ကြာပန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်ကာ မိုးကြိုးလှံများကို တိုက်ရိုက် ဖြတ်ကျော်သွားသည်။

၎င်းသည် ကွက်လပ်ကို ထိုးဖောက်ဝင်ရောက်လျက် ရှီစစ်ဆီအား တိုက်ရိုက် ပိုင်းဖြတ်လေသည်။

သို့သော် ရှီစစ်သည် လုံးဝ ဂရုမစိုက်။ သူသည် လက်သင်္ကေတ မှော်အစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

ဝုန်း!!

မူလက နီမြန်းနေသောမြစ်ရေထဲမှ အပြာရောင် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။

ဤမြစ်ထဲမှ အပြာရောင်ကောင်းကင်ကြီး ဖြည်းညှင်းစွာ ထွက်ပေါ်လာသကဲ့သို့ပင်။

နိယာမစည်းမျည်းများက တဟုန်ထိုး ခုန်တက်လာပြီး ဤကမ္ဘာကြီးကို ‌ ဇောက်ထိုးပြောင်းပြန် ဖြစ်သွားစေသည်။

ယခုတစ်ကြိမ်တွင် ၊ စူးချန်ကဲတို့ တည်ရှိရာ လူဝင်စားမြစ်၏ အထက်စွန်း၌ပင် ပြင်းထန်သော တုန်ခါမှုဖြစ်ပွားခဲ့သည်။

လူဝင်စားမြစ်တစ်ခုလုံးကို လွန်စွာ အားကြီးသော အင်အားတစ်ခုက သုတ်သင်လိုက်ပုံရကာ ၊ မြစ်ရေများကိုပင် ပြောင်းပြန်စီးဆင်းစေပြီး နိယာမ စည်းမျဉ်းများလည်း ပြိုကျပျက်စီးခဲ့ရသည်။

"ဒီရောင်ဝါ..."

နောက်ဆုံးတွင်၊ ပီအန့်အမတရှင်လည်း ထို ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို အပြည့်အဝ ခံစားလိုက်ရပြီး ၊ ၎င်းကို အာရုံခံမိသည့် အခိုက်အတန့်မှာတင် သူ၏မျက်နှာ အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

"ကောင်းကင်လမ်းစဉ်ရဲ့ စွမ်းအား!"

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ လူဝင်စားမြစ်ကို ပြန်လည်ဝင်စားခြင်းဆိုင်ရာ အစွမ်းသတ္တိတွေနဲ့ ဖွဲ့စည်းထားတာ ၊ ဒါပေမဲ့ ကောင်းကင်လမ်းစဉ်ရဲ့ စွမ်းအင်က ဘယ်လိုလုပ်ပြီး ပေါ်ထွက်လာတာလဲ"

“ မဟုတ်မှလွဲရော....”

ပီအန့်အမတရှင်၏ အမူအရာသည် ထပ်မံ ပြောင်းလဲသွားခဲ့ပြန်သည်။ သူသည် ကောလဟာလတစ်ခုကို အမှတ်ရမိခဲ့သည်။

ထိုကမ္ဘာ့ကပ်စစ်ပွဲတွင်၊ ကောင်းကင်လမ်းစဉ်သည် ပြိုကျပျက်စီးခဲ့ပြီး မရေမတွက်နိုင်သော ကောင်းကင်လမ်းစဉ်၏ အလိုဆန္ဒများသည်လည်း ကမ္ဘာပေါ်တွင် ပြန့်ကျဲသွား‌လေရာ ၊ စစ်မှန်သော ကောင်းကင်လမ်းစဉ်၏ ဆန္ဒရောင်ခြည်တစ်ခုသည်လည်း ဤလူဝင်စားမြစ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။

"ကောင်းကင်လမ်းစဉ်ရဲ့ စွမ်းအင်...?"

စူးချန်ကဲသည်လည်း ပီအန့်အမတရှင်၏ တီးတိုးသံကို ကြားလိုက်ရသည်။

"ဒီကောင်တွေ တကယ်ကြီး ခိုးဝင်လာတာလား?"

ဝုန်း!!

စူးချန်ကဲ တွေးနေစဉ်မှာပဲ ၊ လူဝင်စား မြစ်အောက်ဘက်ပိုင်းမှ ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်ခဲ့ပြီး ၊ ဝိညာဉ်စွမ်းအင်လှိုင်းများ အတတ်အကျ ဖြစ်ပေါ်ခဲ့သည်။

" ကြည့်ရတာ ဒီကောင်တွေ အဲ့မှာ ရှိနေပုံပဲ "

ရေရွတ်လိုက်ရင်း ၊ စူးချန်ကဲသည် ပီအန့်အမတရှင်အား လက်နှစ်ဖက်လျှက်ကာ တရိုတသေ ဆိုလိုက်သည်။

"အကြီးတန်း၊ ဒီမှာ ခဏစောင့်ပေးပါဦး ၊ ကျွန်တော် မကြာခင် ပြန်လာခဲ့မယ်"

ထို့နောက် ပိုင်ဇစ်နှင့် ပိုင်လီတို့ဘက် လှည့်ကာ စကားအနည်းငယ် မှာကြားပြီးနောက် ၊

တစ်ဖန် ကွေးယွမ် သူတော်စင်နယ်မြေ၏ တပည့်များစွာထံသို့ သတင်းစကား ဖြန့်ဝေခဲ့သည်။

“ မင်းတို့ ဒီမှာပဲနေပြီး အခွင့်အရေးကို အပြည့်အဝ ခံစားထားကြ "

" ငါ စုံစမ်းဖို့ လူဝင်စားမြစ်အောက်ဘက်ကို သွားလိုက်ဦးမယ် "

ထို့နောက် စူးချန်ကဲသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လူဝင်စားမြစ်၏ အောက်ဘက်ပိုင်းသို့ ဆင်းသွားခဲ့သည်။

......

တစ်ချိန်တည်းမှာပင်။

လူဝင်စားမြစ်၏ အောက်ပိုင်းတလျှောက် ဧရိယာတွင် ကမ္ဘာမြေတုန်ခါမှု အပြောင်းအလဲများ ဖြစ်ပေါ်နေသည်။

မြစ်ကမ်းပါးများပြိုကျကာ ချောက်များ ဖြစ်ပေါ်လျက်။

ပျက်စီးယိုယွင်းနေသော နိုင်ဟယ် တံတားသည် လုံးဝ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲကာ လူဝင်စားမြစ်ထဲတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ထိုဧရိယာတွင် လွန်စွာ တောက်ပသော ပြာလဲ့လဲ့ နေတစ်စင်း ထွက်ပေါ်လာသည်။

အထူးသဖြင့်၊ ၎င်းမှ ပျံ့လွင့်လာသော ကောင်းကင်လမ်းစဉ်၏ စွမ်းအားသည် အဆုံးမရှိ ဖြန့်ကျတ်နေသည်။

" အိပ်မောကျနေခဲ့တဲ့ ကောင်းကင်လမ်စဉ်ရဲ့ အလိုဆန္ဒ နောက်ဆုံးတော့ နိုးထလာပြီ!"

ရှီစစ်၏ နှုတ်ခမ်းသားများသည် ကွေးညွှတ်သွားပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ပြာလဲ့လဲ့ နေမင်းသည် သူ၏ ဆင့်ခေါ်သံကို နာခံကာ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

ဘုန်း!!

တစ်ချိန်တည်းမှာပင် သူ့နောက်တွင် ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

မော့ရန်ရှီးနှင့် တိ့ရှစ်ချန်းတို့၏ တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ကောင်းကင်ပမာ ကြီးမားသော နတ်ဆိုးရုပ်သွင်သည် ကောင်းကင်ကြီးကိုတောင် တုန်ခါသွားစေသည့် စွမ်းအားများကို ဆောင်ကျဉ်းလျက် ၊ ထောင်ပေါင်းများစွာသော မိုးခြိမ်းသံများကို နှိပ်ကွပ်ကာ ၊ သူမ၏ လက်ဝါးဖြင့် တိ့ရှစ်ချန်းကို နှိပ်ကွပ်နိုင်ခဲ့သည်။

သို့သော် မော့ရန်ရှီးသည် သူမ၏ လှုပ်ရှားမှုကို ရပ်နားခြင်းမရှိ ။ သူမ၏ လက်ချောင်းများဖြင့် မှော်အစီအရင်တစ်ခုကို ဖော်ဆောင်ခဲ့လေရာ နတ်ဆိုးစွမ်းအင်များ တဟုန်ထိုး မြှင့်တတ်သွားသည်။

ရုတ်တရက် ၊ကောင်းကင်ပမာ ကြီးမားသော နတ်ဆိုးရုပ်သွင်၏ လက်ဝါးပေါ်တွင် ကြောက်ခမန်းလိလိ နတ်ဆိုးစွမ်းအင်မီးဖိုတစ်ခု ထွက်ပေါ်လာသည်။

" နတ်ဆိုး ရွှမ်ထျန်းချိတ်စည်း!"

ဝုန်း! ! !

နတ်ဆိုးမီးဖိုသည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသော တောင်တန်းကြီးတစ်ခုကဲ့သို့ လွန်စွာ ကြီးမားပြီး ‌မိုးကောင်းကင်မှ ကျဆင်းလာသည်။

အထူးသဖြင့် မီးဖိုထဲတွင် လောင်ကျွမ်းနေသော မရဏမီးသည် ကမ္ဘာငယ်တစ်ခုကို အရည်ပျော်သွားစေနိုင်သည့် အစွမ်းသတ္တိမျိုး ရှိသည်။

“ဟား....”

သို့သော် ဤမျှထိတ်လန့်စရာကောင်းသော စွမ်းအားသည် ရှီစစ်၏ မျက်လုံးထဲတွင် အထင်သေးသော အရာတစ်ခုအဖြစ်သာ ရှိနေပြီး ၊ သူ၏ လက်ချောင်းတစ်ချောင်းကိုသာ ဆန့်ထုတ်လိုက်သည် ။

ဝီ —

သူ၏ လက်ချောင်းသည် ကောင်းကင်နှင့် မြေကြီး၏ ဆုံမှတ်သဖွယ် တောက်လောင်နေသော နတ်အလင်းရောင်များ ပေါက်ကွဲထွက်လာသည်။

အလင်းနှင့် အမှောင်ကို ကိုယ်စားပြုသလား အောက်မေ့ရသည့် လုံးဝကွဲပြားသော လှုပ်ရှားမှုနှစ်ခု ပြင်းထန်စွာ ဆုံတွေ့ခဲ့ကြသည်။

ဘုန်း! !

မိုးခြိမ်းသံအလား ပေါက်ကွဲသံနှင့်အတူ ၊ ရှီစစ်၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုသည် မော့ရန်ရှီး၏ နတ်ဆိုးအလင်းကို လုံးလုံးလျားလျား နှိမ်နင်းပစ်ခဲ့သည်။

အဆုံးတွင်၊ ၎င်းသည် အခိုးအငွေ့များအဖြစ် လောကတစ်ခွင် ပြန့်ကျဲသွားလေတော့သည်။

" ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...!?"

ဤမြင်ကွင်းသည် မော့ရန်ရှီးကို ဆွံ့အသွားစေသည်။

ဤလူ့ဇာတိခံယူခြင်းသည် မိမိ၏ ခွန်အားကို အတော်လေး အားနည်းစေသော်လည်း၊ သို့ဆိုတောင် သူတော်စင်ဧကရာဇ် အထွတ်အထိပ်ရှိ ပညာရှင်တစ်ဦးကို ချေမှုန်းနိုင်စွမ်းရှိသေးသည်။

သို့သော် တစ်ဖက်လူ၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုကို သူမ အဘယ့်ကြောင့် မတားစီးနိုင်ခဲ့သနည်း။

မော့ရန်ရှီး၏ အံ့အားသင့်နေသော ပုံစံကို ကြည့်ရင်း ရှီစစ်၏ နှုတ်ခမ်းသားတို့သည် ပို၍ပင် ရွဲ့စောင်းသွားခဲ့သည်။

"မင်းရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ကောင်းကင်လမ်းစဉ်ရဲ့ စွမ်းအားကို ငါတို့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပေးအပ်ခဲ့တာ"

"အဲ့ဒါက ငါတို့ပိုင်တဲ့ အရာမို့လို့ ၊ သေချာပေါက် ငါ့ကို ထိခိုက်စေမှာ မဟုတ်ဘူး "

ရှီစစ်က ဆက်လက် ပြောဆိုသည်။

"မင်းဘယ်သူလဲဆိုတာ ငါ မသိသလို ၊ မင်ဖုန်း မင်သမီးကြီးရဲ့ကိုယ်ထည်ကို ဘာကြောင့်လုယူခဲ့တာလဲဆိုတာလည်း ငါမသိဘူး "

"ဒါပေမယ့် မင်းမှာ ထက်မြက်တဲ့ အရည်အချင်းတွေ ရှိတာကို ငါ မြင်တယ် ၊ မင်းသာ ငါတို့ကို စိတ်ရင်းအမှန်နဲ့ အရှုံးပေးမယ်ဆိုရင် မင်းကို မသတ်မယ့်အပြင် ဒီထက်ပိုအားကောင်းတဲ့ စွမ်းအားတွေပါ ပေးမယ် "

" မင်ဖုန်းမျိုးနွယ် မင်သမီးကြီး၊ ဒါက မင်းရဲ့အခွင့်အရေးပဲ၊ ကျေးဇူးမကန်းဖို့ ငါ အကြံပေးချင်တယ် "

တစ်ချိန်တည်းမှာပင် ၊ မော့ရန်ရှီး၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသော တိ့ရှစ်ချန်းသည် တွားထွက်လာရင်း နားချပြန်သည်။

" စူးချန်ကဲရဲ့ ကိစ္စမှာ ဝင်မစွက်ဖက်ဖို့ ငါ အကြံပေးချင်တယ်!"

" ကောင်းကင်လမ်းစဉ်ရဲ့အမွေခံ နိုးလာတာနဲ့ စူးချန်ကဲ သေချာပေါက် သေလိမ့်မယ်!"

"အိုး? ကောင်းကင်လမ်းစဉ်ရဲ့ အမွေခံလား? ဒါဆို အဲ့တာက ကောင်းကင်လမ်းစဉ်ရဲ့ ဆန္ဒပဲ မဟုတ်လား"

ထိုအချိန်တွင် ကောင်းကင်ယံမှ လူတစ်ယောက်၏ ရယ်မောသံ ထွက်ပေါ်လာသည်။

"မင်းတို့အားလုံးက ကျုပ် စူး မျိုးရိုးကို ဒီလောက်ထိ အခွင့်အရေးပေးချင်နေကြတော့လည်း "

"ဒါဆို ကျုပ်ကလည်း နာကျင်မှုကို လက်ခံဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူးပဲ "

"ဖြတ်!"

ထိုစကားသံအပြီးတွင် ၊ ကောင်းကင်ယံမှ ဝတ်ရုံဖြူ အသွင်ပုံရိပ်သည် ၎င်း၏ ဓားကို ညွှန်ကြားလိုက်သည်နှင့် ဓားအလင်းနှစ်စင်းသည် ရှီစစ်နှင့် တိ့ရှစ်ချန်းဆီသို့ တပြိုက်နက်တည်း ခုတ်ပိုင်းပစ်လေသည်။

ရွှမ်း ! !

အဆုံးမရှိသော ဓားစွမ်းအင်များသည် ကောင်းကင်တစ်ခွင်ရှိ တိမ်တိုက်များနှင့် ရောယှက်ဆက်နွယ်လျက် ၊ ကောင်းကင်ယံမှ တဟုန်ထိုး ဆင်းသက်လာခဲ့သည်။

PS: ဒီဇာတ်ကွက်ကို အခန်းနှစ်ခန်း ၊ သုံးခန်းလောက်ရေးပြီးရင် ၊ နောက်အပိုင်းတွေက ဧကရာဇ်လမ်းကြောင်းကို ရောက်ရှိပါပြီ

T/N- စာရေးဆရာ၏ ရေးသားချက်

အပိုင်း(၃၄၈): တိ့ရှစ်ချန်း ကျဆုံးခြင်း

“ စူးချန်ကဲ!?"

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်ကို ခံစားလိုက်ရချိန်တွင် ၊ သူတို့နှစ်ယောက်လုံး ထိတ်လန့်စွာဖြင့် အာမေဠိတ်ပြုလိုက်ကြသည်။

သို့သော်။

ဆင်းသက်လာသော ဓားစွမ်းအင်သည် ပြင်းထန်စွာ ပေါက်ကွဲလာခဲ့သည်။

သူတို့နှစ်ဦးမှ တုံ့ပြန်လာသည့်အခိုက်တွင် ၊ဓားစွမ်းအင်သည် ပြင်းထန်သော ဖိနှိပ်စွမ်းအားများကို ဆောင်ကျဉ်းလျက် ကျရောက်လာနေပြီ ဖြစ်သည်။

ဝုန်း ဝုန်း——!!

ယင်းဓားစွမ်းအင်များ ကျရောက်လာသည်နှင့် တပြိုင်နက် ကောင်းကင်၌ ဓားသွားဟောက်သံများ ညံလျက် ၊ မြေကြီးများ ပြိုကျအက်ကွဲကာ ၊ အထဲမှ သန်းပေါင်းများစွာသော ဓားအလင်းများ ထွက်ပေါ်နေသည်။

ဒုန်း! ! !

ဧရိယာတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားစေသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊ ဖုန်မှုန့်များစွာသည် အမည်မသိ မိုင်ပေါင်းများစွာအထိ ပြန့်နှံ့သွားသည်။

လူဝင်စားမြစ် အထက်ပိုင်းတွင် ရှိနေကြသော ကွေးယွမ် သူတော်စင် နယ်မြေမှ တပည့်များသည် ဤကျယ်လောင်သော အသံကြောင့် တစ်ဖန် တုန်လှုပ်သွားခဲ့ရပြန်သည်။

၎င်းတို့မှာ ထိန်းမနိုင်သိမ်းမရသော ထိတ်လန့်နေသည့် အကြည့်များဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

" သူတော်စင်ဧကရာဇ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်လာတာနဲ့အမျှ ချန်ကဲ ဆက်ခံသူရဲ့ ခွန်အားက အတော်လေးကို ပြင်းထန်လာပြီပဲ !"

" အမ်.. ချန်ကဲ ဆက်ခံသူက သူတော်စင်ဧကရာဇ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်တာ ဟုတ်ရောဟုတ်ရဲ့လား? ဧကရာဇ်နယ်ပယ်အဆင့်ရှိတဲ့ ပညာရှင်တွေရဲ့ တိုက်ခိုက်မှုကလည်း ခုလိုပဲမလား?"

ဓားစွမ်းအင်သည် သူတို့အား အလွန်အားကောင်းသော ခံစားချက်ကို ပေးစွမ်းနေသည်။ မသိနိုင်သော အကွာအဝေး ဖြစ်လျှက်သားနဲ့ တိုက်ပွဲ၏ အရှိန်အဟုန်သည် သူတို့၏ စိတ်နှလုံးသားကိုပင် တုန်လှုပ်သွားစေသည်။

တစ်ချိန်တည်းမှာပင်၊ လူဝင်စားမြစ်၏ အောက်ဘက်ပိုင်း၌ စူးချန်ကဲ၏ ဓားချက်သည် လူဝင်စားမြစ်၏ မြစ်ကမ်းပါးများကို ဆိုးဆိုးရွားရွား ပြိုကျသွားစေသည်။

ဟွာဟွာဟွာ —

မြစ်ရေများက ပြောင်းပြန်စီးဆင်းလျက် ၊ ပြန်လည်ဝင်စားခြင်းဆိုင်ရာ စွမ်းအားများ ရေးရေးလေး ထွက်ပေါ်လာပြီး ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

နောက်အခိုက် ။

ဖုန်အခိုးအငွေ့များ ၊ ပြန်လည်ဝင်စားခြင်းဆိုင်ရာ စွမ်းအင်များဖြင့် ပြည့်နှက်နေသော ဤနေရာတွင် များစွာသော မိုးခြိမ်းသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

" စူးချန်ကဲ !! မင်းသေချင်နေတာပဲ!!"

တိ့ရှစ်ချန်းသည် ဒေါသတကြီး ဟောက်လိုက်သည်။ ဤအခိုက်အတန့်တွင် သူ၏ဝတ်စုံမှာ တစ်စစီ စုတ်ပြဲလျက် ၊ သူ၏ ဘက်လက်သည် ဓားစွမ်းအင်၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။

သူ့တစ်ကိုယ်လုံး သွေးများ ၊ ရွှံနွံ့များနှင့် ပေကျံနေသည်။

သို့သော် ဖြတ်တောက်ခံလိုက်ရသော ခန္ဓာကိုယ်၏ နာကျင်မှုထက် အရှက်ကွဲခြင်းက သူ့ကို ပို၍ ခံပြင်းစေသည်။

သူသည် တပ်မက်ခြောက်ပါး ဗိမ္မာန်၏ ဆက်ခံသူ တစ်ဦးဖြစ်ပြီး ၊ သူ၏ အဆင့်အတန်းသည် စူးချန်ကဲ နှင့်အတူတူပင်ဖြစ်သည်။

သူသည် စူးချန်ကဲနှင့် တိုက်ပွဲဆင်နွဲရန် အမြဲ စိတ်အားထက်သန်နေခဲ့သော်လည်း ၊ သို့သော် တဖက်လူနှင့် သူ့ကြားက ကြီးမားသော ကွာဟချက်ကို တွေ့လိုက်ရသည်။

ကွာဟမှုက ဒီလောက်တောင် ကြီးလား?

သူ့အနေဖြင့် ဤအရာကို မယုံကြည်နိုင်ခဲ့ပေ။

"မှော်မိုးကြိုးသတ်ဖြတ်ခြင်း အစီအရင်!"

ဂျိန်း--! !

ရုတ်တရက် များစွာသော မိုးကြိုးသွားတို့သည် တိ့ရှစ်ချန်းကို ဗဟိုပြုကာ ပတ်ပတ်လည်တွင် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

အဆုံးတွင်၊ မှောင်မိုက်ပြီး စူးရှတောက်ပသော မိုးကြိုးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

မိုးကြိုးပင်လယ်ကြီးသည် တဂျိန်းဂျိန်း ဟောက်လျက် ၊ မိုးကြိုးသွားများက မြွေနက်သဖွယ် အညှာတာကင်းမဲ့စွာ ကခုန်နေပြီး မိုးခြိမ်းသံများက ကောင်းကင်ကို လှုပ်ခတ်သွားစေသည်။

တလိပ်လိပ် ရိုက်ခတ်နေသော မိုးကြိုးသွားများသည် ကမ္ဘာဖျက်မိုးခြိမ်းသံကဲ့သို့ ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် အဆက်မပြတ် စုဝေးနေသည်။

" အဖျက်မိုးကြိုး!!"

တိ့ရှစ်ချန်း၏ရောင်ဝါသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်နှင့် ၊ မိုးခြိမ်းသံနှင့်အတူ ထောင်ပေါင်းများစွာသော မိုးကြိုးသွားများသည် စူးချန်ကဲ၏ ဦးတည်ရာဘက်ဆီသို့ ပစ်ခွင်းလေသည်။

ဤအဖျက်မိုးကြိုးပင်လယ်၏ ရှေ့မှောက်တွင် ရှိနေသည့် စူးချန်ကဲသည် ဒေါသထွက်နေသောပင်လယ်ထဲက လှေငယ်လေး တစ်စင်းနှင့် တူသည်။ ပြင်းထန်သော မိုးကြိုးလှိုင်းလုံးကြီးသည် စူးချန်ကဲအား အချိန်မရွေး ဝါးမြိုမတတ်ပင်။

သို့သော် စူးချန်ကဲသည် ဂရုမစိုက် ။ သူ၏ မျက်ဝန်းများသည် ကန်ရေပြင်ပမာ ငြိမ်သက်နေဆဲပင် ဖြစ်သည်။

မည်သည့်အပိုစကားမှ မဆိုဘဲ ၊ သူ့လက်ထဲက ကောင်းကင်ဓားသည် အဖျက်မိုးကြိုးပင်လယ်အား ညင်သာစွာ ဖြတ်သန်းသွားသည်။

သူ၏ လှုပ်ရှားမှုသည် အလွန်ပေါ့ပါးပြီး နှေးကွေးသည်။

ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို ဆလိုက်မီးသဖွယ် အေးခဲပစ်သလိုပင်။

" မိုးကြိုးအဆင့်လောက်နဲ့ ၊ ကောင်းကင်ကို အာခံရဲတယ်ပေါ့?"

ထိုစကားသံအဆုံးတွင် ဓားဟောက်သံနှင့်အတူ ၊

ရွှမ်း! ရွှမ်း! !

ရုတ်တရက် ၊ မျက်စိတမှိတ်အတွင်း ထောင့်ပေါင်းစုံမှ မရေမတွက်နိုင်သော ဓားအလင်းများ ပေါ်ထွက်လာခဲ့သည်။

အဆုံးတွင်၊ အကန့်အသတ်မရှိသော ဓားအလင်းများသည် ကြီးမားသောဓားပိုက်ကွန် တစ်ခုအဖြစ် ရောယှက် ပေါင်းစပ်သွားသည် ။

ဝုန်း -

နောက်ဆုံးမှာတော့ ၊မိုးကြိုးသွားနှင့် ဓားပိုက်ကွန်တို့ ထိပ်တိုက်ဆုံတွေ့ခဲ့ချေပြီ။

ကြောက်ခမန်းလိလိ မိုးကြိုးသွားများသည်

ယင်းဓားပိုက်ကွန်အား ဖျက်ဆီးပစ်ရန် ကြိမ်ဝါးနေသည်။

သို့သော် ဓားပိုက်ကွန်မှ ဓားစွမ်းအင် မှော်သင်္ကေတများသည် ပို၍ တောက်ပလာသည်နှင့်အမျှ ၊ ၎င်း၏ မိုးကြိုးပင်လယ်အား ချက်ချင်း ထိုးဖောက်ဝင်ရောက်လုနီးပါး ဖြစ်သွားခဲ့သည်။

မရေမတွက်နိုင်သော မိုးကြိုးသွားများ ပြိုကျပျက်စီးခဲ့ရပြီး ကောင်းကင်နှင့် မြေကြီးကြား အခိုးအငွေ့များအဖြစ်သို့ ပျောက်ကွယ်သွားခဲ့လေသည်။

" ဒါ....ဘယ်လိုလုပ်..ဖြစ်နိုင်တာလဲ....?”

တစ်စစီဖြစ်သွားသော မိမိ၏ မှော်အစွမ်းကို ကြည့်ရင်း တိ့ရှစ်ချန်း၏ မျက်နှာမှာ မှုန်ကုပ်သွားသည်။

သူသည် စူးချန်ကဲ ကဲ့သို့ တူညီသော အဆင့်အတန်းမျိုး ရှိသည်။

ယခု ကောင်းကင်လမ်းစဉ်၏ စွမ်းအား ပံ့ပိုးမှုဖြင့် သူသည် သူတော်စင် ဧကရာဇ်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော်လည်း သို့သော် ရန်သူနှင့် သူ့ကြားက ကွာဟချက်သည် အဘယ်ကြောင့် ဤမျှကြီးမားရသနည်း?

ထိပ်တန်းအင်အားစု၏ ပါရမီရှင်တစ်ဦး ဖြစ်တာချင်းအတူတူ ၊ သူသည် စူးချန်ကဲထက် အဘယ်ကြောင့် နိမ့်ကျနေရသနည်း။

ဝေဟင်ပေါ်ကနေ အောက်ကိုငုံ့ကြည့်နေသော စူးချန်ကဲ၏ မျက်လုံးများသည် အလွန် အေးစက်ပေသည်။

သူ၏ မျက်လုံးများကို ကြည့်မိလိုက်သည်နှင့် တိ့ရှစ်ချန်းသည် နေရာမှာတင် အေးခဲသွားသည်။စူးချန်ကဲ၏ နက်ရှိုင်းသော မျက်ဝန်းတစ်စုံမှ မိမိသည် ပြာအဖြစ် သုတ်သင်ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသည်။

စိတ်ထဲက ကြောက်ရွံ့မှုသည် သူ့ကို နောက်ပြန်ဆုတ်သွားစေပြီး ၊ စူးချန်ကဲကို ရင်ဆိုင်ဖို့ သူ သတ္တိမရှိတော့ချေ။

စူးချန်ကဲ အရေးယူတော့မယ့်အခိုက်တွင် ရှီစစ်၏ ရယ်မောသံ ထွက်ပေါ်လာခဲ့သည်။

" ချန်ကဲ ဆက်ခံသူက တကယ်ကို အစွမ်းထက်တာပဲ"

"ငါ မင်းကို အရမ်းလေးစားမိပါတယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး အသံလားရာသို့ လှမ်းကြည့်လိုက်သည်။

လူတစ်ယောက်သည် လက်ကို နောက်ပစ်လျက် သူ၏ ဦးတည်ရာဘက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။

အနက်ရောင် ဝတ်ရုံနှင့် ကျောက်စိမ်းနက် ဦးသျှောင်ကို ၀တ်ဆင်ထားပြီး ၊ ချောမောပြေပြစ်သောအသွင်အပြင်မျိုး ရှိကာ မျက်ခုံးများက သူ၏ မောက်မာမှုကို ပြသနေသည်။

ပိုထိတ်လန့်စရာကောင်းသည်မှာ ၎င်း၏ ပတ်ပတ်လည်တွင် ဝန်းရံနေသော လူဝင်စားခြင်း အခိုးအငွေ့များသည် သူ့ကို လုံးဝမထိတွေ့နိုင်ခြင်းပင် ဖြစ်သည်။

သေချာကြည့်ရှုမည်‌ဆိုပါက ၊ သူ့ခန္ဓာကိုယ်၏ မျက်နှာပြင်တွင် ထုတ်လွှတ်နေသော အဖြူရောင် ရောင်စဉ်အလင်းများသည် ထောင်ပေါင်းများစွာသော မှော်သင်္ကေတများနှင့် ရောယှက်နေသည်ကို မြင်ရပေမည်။

တဖျပ်ဖျပ် ရိုက်ခတ်နေသော မှော်သင်္ကေတများ၏ ရှေ့မှောက်တွင် ၊ ၎င်းသည် ပြင်ပကမ္ဘာမှ လူဝင်စားခြင်း အခိုးအငွေ့များကို အလင်းကာတစ်ခုအဖြစ် ပိတ်ဆို့ထားခြင်း ဖြစ်သည်။

"လူကြီးမင်း!!"

ရေနစ်နေသူသည် နောက်ဆုံးတွင် အသက်ကယ်မြက်ခြောက်ကို ဆုပ်ကိုင်လိုက်ရသကဲ့သို့ တိ့ရှစ်ချန်းအတွက် မျှော်လင့်ချက်ရောင်ခြည်များကို ပြန်လည်မြင်လိုက်ရသလိုပင်။

သို့သော် စူးချန်ကဲသည် လုံးဝမှ ဂရုမစိုက်။ သူ့နှုတ်ခမ်းပေါ်တွင် ရွဲ့စောင်းအပြုံးတစ်ခုပင် ရှိသေးသည်။

" လတ်စသတ်တော့ မင်းက ဒီတစ်ခေါက် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကနေ စေလွှတ်လိုက်တဲ့ ခွေးပဲ "

"မင်းကို ကြည့်ရတာ မင်းခွေးကို ကယ်ချင်နေတဲ့ပုံပဲ "

စူးချန်ကဲ၏ ပါးစပ်ထောင့်မှ ပို၍ရယ်ချင်စရာကောင်းသော အပြုံးဖြင့်။

"ဒါဆို ဘယ်ဟာက ပိုမြန်မလဲ၊ မင်းလက်လား ဒါမှမဟုတ် ငါ့ဓားလား?"

"ဖြတ်!"

စကားလုံးတစ်လုံးတည်းဖြင့် ၊ သူသည် တိ့ရှစ်ချန်းကို သေဒဏ်ချမှတ်ခဲ့ပြီ ဖြစ်သည်။

ဝုန်း!!!

ဓားပိုက်ကွန်သည် ချက်ချင်းပေါက်ကွဲသွားပြီး ၊ တစ်ချိန်တည်းမှာပင် များစွာသော ဓားစွမ်းအင်များသည် နဂါးပြာတစ်ကောင်၏ ဟောက်သံအလား ထုတ်လွှတ်နေသည်။

ဓားအလင်းများက တစ်ခုပြီးတစ်ခု ယိမ်းထိုးနေကာ လေမုန်တိုင်းတစ်ခုသဖွယ် ကျရောက်လာသည်။

“ စူးချန်ကဲ!!”

မူလက စူးချန်ကဲ ရှေ့တွင် မိမိ၏အစွမ်းအစကို ထုတ်ဖော်ပြသချင်ခဲ့သော ရှီစစ်သည် စူးချန်ကဲ၏ ပြတ်ပြတ်သားသား တုံ့ပြန့်မှုအပေါ် နည်းနည်းမှပင် မတုံ့ပြန်နိုင်ခဲ့ပေ။

မူလက သူသည် စူးချန်ကဲထံမှ တစ်စုံတစ်ခုကို ရယူလိုခဲ့သော်လည်း ၊ သို့သော် တဖက်လူက သူ့အား လုံးဝမှ အခွင့်အရေးမပေးခဲ့ချေ။

ဤအရာက သူ့ကို ပို၍ ဒေါသထွက်စေခဲ့သည်။ သူ့လက်များသည် ရပ်နားခြင်းမရှိ လှုပ်ရှားနေပြီး ၊ ကောင်းကင်လမ်းစဉ်၏ အမြင့်ဆုံးသော စွမ်းအားများကို ချက်ခြင်းလက်ငင်း စုစည်းလိုက်သည်။

သူ့လက်ကို မြှောက်လိုက်သည်နှင့် တပြိုင်နက် တောက်လောင်နေသော အဖျက်စွမ်းအားများ ထွက်ပေါ်လာသည်။

ဝုန်း!!!

သို့သော် ရှီစစ် ထင်ထားသည့်အတိုင်း ဓားအလင်း၏ ကြားဖြတ်ဟန့်တားခြင်းကို မခံခဲ့ရပေ။

ယုတ္တိနည်းကျကျ ဆိုရလျှင်ဖြင့် ၊ ကောင်းကင်လမ်းစဉ်၏ စွမ်းအင်သည် နိယာမများစွာကို ခုခံနိုင်စွမ်းရှိပြီး၊ တိုက်ခိုက်မှုအားလုံးကို ခံနိုင်ရည်ရှိသည်ဟု ဆိုရပေမည်။

သို့သော် စူးချန်ကဲ၏ဓားစွမ်းအင်နှင့် ထိတွေ့လိုက်သည့်အခိုက်တွင် ဆီးနှင်းခဲတို့သည် ပူပြင်းသောနေရောင်အောက်တွင် အရည်ပျော်ကျရသကဲ့သို့ ပျံလွင့်သွားလေသည်။

"ဒါက ...ကောင်းကင်လမ်းစဉ်ရဲ့ သတ်ဖြတ်ခြင်းစွမ်းအား!?"

ရှီစစ် မျက်လုံးပြူးသွားသည် ။ စူးချန်ကဲလက်ထဲက ကောင်းကင်ဓားသည် သူ့ကို တုန်လှုပ်သွားစေခဲ့သည်။

" ဘာလို့ ဒီဓားမှာ ကောင်းကင်လမ်းစဉ်ရဲ့ တန်ခိုးစွမ်းအားတွေ ရှိနေတာလဲ ? ပြီးတော့ အဲ့တာကလည်း ကောင်းကင်လမ်းစဉ်ရဲ့ ရှေးအကျဆုံး စွမ်းအင်ပဲ!"

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?"

သူ အံ့သြသွားသည့် အခိုက်မှာတင် ထိုကြီးမားသော ဓားအလင်းသည် ကျရောက်လာခဲ့ပြီး ဖြစ်ရာ အဖျက်ဓားစွမ်းအင်မုန်တိုင်းသည် နေရာတစ်ခုလုံးကို လုံးဝ ဖျက်စီးပစ်ခဲ့လေသည် ။

“ မလုပ်နဲ့!!!”

တိ့ရှစ်ချန်းသည် သူ၏ နောက်ဆုံးစိတ်ပျက်အားငယ်မှုနှင့်အတူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ဤအဖျက်ဓားစွမ်းအင်ကို ခုခံနိုင်စွမ်းမရှိချေ။

ခန္ဓာကိုယ် သို့မဟုတ် စိတ်ဝိညာဉ်ပင်လျှင် အနည်းငယ်မျှ မကျန်ရစ်ခဲ့လေဘဲ အရာအားလုံး ပျက်စီးသွားခဲ့သည်။

အဆုံးတွင် ၊ ကောင်းကင်တစ်ခွင်လုံး ပြာအဖြစ်သို့ ပြန့်ကျဲ့ကာ မျှောလွင့်လို့သွားချေ၏။

အပိုင်း(၃၄၉): ဒေဝလောက ပြန်လည် စတင်တော့မှာလား

ကောင်းကင်ယံထက်မှ မိုးခြိမ်းသံများသည်လည်း လေနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

နိယာမတရားများ တုန်လှုပ်မြည်ဟည်းလျက်၊ မှော်အလင်းများက မှိတ်တုပ်မှိတ်တုပ်ဖြင့်။

မူလက ဤတိုက်ပွဲ၏ ဆွဲဆောင်မှုကို ခံလိုက်ရသူ အများအပြားရှိခဲ့ပြီး ၊ ၎င်းတို့အားလုံးသည်ထိုဦးတည်ရာဘက်ဆီသို့ ငူငိုင်စွာ စိုက်ကြည့်နေကြသည်။

ထိတ်လန့်တုန်လှုပ်မှုက ၎င်းတို့၏ မျက်လုံးထဲသို့ အစားထိုး ဝင်ရောက်လာခဲ့ပြီး ၊ လူအုပ်ကြီး တစ်ခုလုံး ဆိတ်ငြိမ်နေသည်။

အချိန်အတော်ကြာပြီးနောက် ၊ တစ်စုံတစ်ယောက်က ဆိုလိုက်သည်။

"ဒီပုံစံကိုကြည့်ရတာ ...မဟာဧကရာဇ်မင်း တစ်ပါး ကြွေလွှင့်တာတော့ မဖြစ်နိုင်ဘူး ...ဒီရိုက်ခတ်နေတဲ့ နိယာမစည်းမျဉ်းများအရ ... ဆိုလိုတာက လူငယ် အဓိပတိပုဂ္ဂိုလ်တစ်ဦး ကြွေလွှင့်သွားတာပဲ ဖြစ်နိုင်တယ်..."

T/N - ( အခေါ်အဝေါ် ပြန်ပြင်ချင်လို့ပါ ယခုအပိုင်းမှစ ဧကရာဇ်မင်းကို - မဟာ ဧကရာဇ်မင်း လို့ ပြောင်းလဲသုံးနှုန်းပါရ‌စေ ၊ နားလည်မှုအတွက် ကျေးဇူးတင်ပါတယ် )

" သူတော်စင်ဧကရာဇ် နယ်ပယ်အဆင့်လောက်တော့ ရှိရမယ်...!"

"ဟမ်... ဒီကျုံယုံ(ငရဲကိုးထပ်) ကမ္ဘာမှာ ဒီလိုလုပ်နိုင်တဲ့သူက အဲ့တစ်ယောက်ပဲ ရှိတယ်..."

အခြားသောအင်အားစုများမှ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။

ယခုလို ငယ်ငယ်ရွယ်ရွယ်နှင့် သူတော်စင်ဧကရာဇ်နယ်ပယ် အထွတ်အထိပ်အဆင့်ရှိ လူငယ်ပညာရှင်တစ်ဦးသည် နောင်ဧကရာဇ်လမ်းစဉ်ကို လျှောက်လှမ်းရာတွင် ကြီးမားသော မုန်တိုင်းတစ်ခုကို ဖန်တီးမည်မှာ သံသယမရှိချေ။

မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်မလာရင်တောင်မှ ယနေ့ခေတ်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်သေးသည်။

သို့သော်လည်း ထိုကဲ့သို့သော ပါရမီရှင်သည် ဤနေရာတွင် သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်တစ်ခုလုံးကို ကြည့်နေသော မော့ရန်ရှီးလည်း အနည်းငယ် ကြောင်အမ်းနေသည်။

ရှေးဟောင်း မှော်မိုးကြိုးသွားနှင့် ကောင်းကင်လမ်းစဉ် စွမ်းအင်တို့၏ ကောင်းချီးပေးမှုအောက်တွင် တိ့ရှစ်ချန်း၏ အစွမ်းသတ္တိသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဖြစ်သည်။

သို့သော် စူးချန်ကဲသည် တစ်ကွက် နှစ်ကွက်လှုပ်ရှားရုံဖြင့် ၊ တဖက်လူမှာ ပြာတောင် မကျန်ခဲ့ပေ။

သူမ၏ နှုတ်ခမ်းသားပေါ်တွင် ကျေနပ်ဂုဏ်ယူနေသော အပြုံးတို့ ရှိနေခဲ့သည်။

" အခုဘဝက ငါ့ကိုကို ... အရင်ဘဝကထက်တောင် ပိုသန်မာလာတာပဲ.."

"ဒီတစ်ခေါက် လူဝင်စားခြင်းမှာ အစ်ကိုက ချုပ်လှောင်ထားတဲ့ သံကြိုးတွေကို လုံးလုံးလျားလျား ချိုးဖျက်နိုင်ပြီပဲ..."

.......

တိ့ရှစ်ချန်း၏ ကျဆုံးမှုသည် ရှီစစ်အတွက်တော့ မျက်ခုံးပင်မလှုပ်။

ပုရွက်ဆိတ်တစ်ကောင် သေသွားသည့်အတိုင်း လျစ်လျူရှုထားဆဲပင် ။

"မင်းတို့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ကူညီပေးသူတိုင်း အတော်လေး သနားစရာကောင်းတယ်လို့ မပြောမဖြစ် ပြောရဦးမယ် "

စူးချန်ကဲက အပြုံးမပျက် ဆိုလိုက်သည်။

" ကျားစေ့သက်သက်ဆိုတော့လည်း သုံးပြီး လွှင့်ပစ်ရုံပေါ့ "

"ဟားဟား... ကောင်းကင်လမ်းစဉ်က တကယ်ကို အကြင်နာကင်းမဲ့ပြီး အတော်လေး အင်အားကြီးမားပါပေတယ် "

ရှီစစ်က အေးစက်စက် ရယ်ကာ ပြန်ပြောသည်။

" အင်အားကြီးမားသူတိုင်း အရာအားလုံးကို သူတို့ ကျားစေ့အဖြစ် အသုံးချနိုင်တယ်"

" ပြီးတော့ ချန်ကဲ ဆက်ခံသူ မင်းရဲ့ခြေထောက်အောက်မှာရော လူဘယ်နှစ်ယောက်တောင် အသက်ပေးခဲ့ရပြီးပြီလဲ ၊ မင်းကရော ရယ်ပိုင်ခွင့်ရှိလို့လား?"

"ဒါပေမယ့် ဒီတစ်ခါတော့ မထင်မှတ်ထားတဲ့ အရာတစ်ခု ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး ၊ မင်းလက်ထဲက ဓားက ငါတို့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နဲ့ ရေစက်ရှိတယ် "

" ချန်ကဲ ဆက်ခံသူ ငါတို့ကို လွဲပေးလိုက်ပါ "

ဝုန်း ဒုန်းဒုန်း!!

ရှီစစ်၏ စကားသံအဆုံးတွင် ၊ သူ့ခန္ဓာကိုယ်သည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။အဘယ့်ကြောင့်ဆိုသော် ကောင်းကင်လမ်းစဉ်၏ အလိုဆန္ဒ နိုးထလာခဲ့ပြီ ဖြစ်သည်။

ဤနေရာတစ်ခုလုံးကို ပြင်းထန်သော ကောင်းကင်လမ်းစဉ်၏ စွမ်းအားများက ဖုံးလွှမ်းထားပြီး ၊ ထို့အပြင် သူသည် ဤကောင်းကင်လမ်းစဉ်၏ အလိုဆန္ဒကို ဆင့်ခေါ်ခဲ့သည်။

ထို့ကြောင့် ရှီစစ်သည် စူးချန်ကဲကိုနှိမ်နင်းနိုင်မည်ဟု လုံးဝ ယုံကြည်နေသည်။

" ကောင်းကင်လမ်းစဉ်၏ အကာအကွယ်!"

ရှီစစ်၏ တီးတိုးရေရွတ်သံအပြီးတွင်၊ လေပေါ်တွင် ဆိုင်းငံ့အနေအထားဖြင့် တွဲလောင်းကျနေသော ပြာလဲ့လဲ့ နေမင်းကြီးသည် ချက်ချင်းလက်ငင်း အပြာရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။

မှော်သင်္ကေတများက ထတောက်၍ လင်းဖြာလာပြီး ကောင်းကင်လမ်းစဉ်၏ စွမ်းအားများသည် ရောင်စုံငါးသွယ်အော်ရိုရာ အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်မှ ကြွေကျလာသည်။

တစ်ချိန်တည်းမှာပင် ရှီစစ်သည် ညာလက်ကို ဆန့်ထုတ်ကာ ဆင့်ခေါ်လိုက်သည်။

" ရွှမ်ထျန်း ဧကရာဇ်လှံ၊ လာစမ်း!"

တခဏချင်းမှာပင် ၊ အပြာရောင် လှံတစ်ချောင်းသည် ၎င်း၏လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

လှံသည် အလွန်ကြောက်မက်ဖွယ်ကောင်းပုံရပြီး၊ ကောင်းကင်လမ်းစဉ်၏ စွမ်းအားများ သွယ်တန်းစီးဆင်းနေသည်။

၎င်း၏မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော ရှေးဟောင်းကမ္ပည်းစာများ ရေးထိုးထားပြီး ၊ ရွှေရောင် အစင်းလိုင်းများက တောက်ပလင်းလက်နေသည်။

အထူးသဖြင့်၊ ၎င်းပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်စွမ်းအင်များ ရှိနေသည်မှာ ဤနေရာတစ်ခုလုံးကို တုန်ခါသွားစေသည်။

ထိုအချင်းအရာကို ခံစားလိုက်ရသူတိုင်း ၊ အမူအယာများက သိသိသာသာပြောင်းလဲသွားပြန်သည်။

“ ဧကရာဇ်လက်နက်!?”

" ဒါ ဘယ်သူ့လက်ချက်တုန်း ၊ ဧကရာဇ်လက်နက်ကိုတောင် အထဲကိုယူလာတယ်!?"

"အို ဘုရားရေ၊ အဲ့ပစ္စည်းကို ဘယ်လိုလုပ်ယူလာလဲဆိုတာ မပြောခင် ဒီရောင်ဝါကို ကြည့်ရတာ ဧကရာဇ်လက်နက် နိုးထလာပြီဆိုတာ ထင်ရှားတယ်"

" မဟာဧကရာဇ်မင်း နယ်ပယ့်အဆင့် ပုဂ္ဂိုလ်တွေက ဒီထဲကို ဝင်လာလို့မရဘူး ၊သူတော်စင်နယ်ပယ်အဆင့်ရှိတဲ့ ပညာရှင်တစ်ဦးကပဲ ဧကရာဇ်လက်နက်ကို နှိုးဆွပေးနိုင်တယ် ၊ ဒီလောက်ထိ တန်ခိုးကြီးမားတာ ဘယ်သူများလဲ!?"

“......”

တချို့သော လူများမှာ ထိန်းချုပ်လို့မရနိုင်အောင်ပင် သိချင်ကြပေရာ မိမိကိုယ်ကို အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲ၍ စူးချန်ကဲနှင့် ရှီစစ်တို့ ရှိရာဦးတည်ရာဘက်ဆီသို့ အပြေးအလွှား သွားရောက်ကြည်ရှုကြလေသည်။

ဧကရာဇ်လက်နက် နိုးထခြင်း!

ဤအဓိပ္ပာယ်မှာ တိုက်ပွဲသည် ကြီးမားသည် ဟု ဆိုနိုင်သည်။ သူတို့အဘယ့်ကြောင့် လွဲချော်လို့ရမည်နည်း။

ကွေးယွမ် သူတော်စင် နယ်မြေမှ တပည့်များသည်လည်း နိုးထလာခဲ့ကြသည်။ ၎င်းတို့အားလုံးသည် မိမိတို့၏ အခွင့်အလမ်းကို နားလည်သဘောပေါက်အောင် လုပ်ဆောင်နေရာမှ နိုးထလာကြသည်။

ဤကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်လက်နက်၏ ရောင်ဝါအရ ၊ ၎င်းသည် စူးချန်ကဲကို သေချာပေါက် ထိခိုက်နိုင်သည်။

" ကိုယ့်ရဲ့ကျင့်ကြံမှုကို အပြည့်အဝ လည်ပတ်ပြီးတာနဲ့ ငါတို့ ချန်ကဲ ဆက်ခံသူကို သွားပြီး အားပေးကြစို့ !"

သူတော်စင် ကိုယ်ထည်ရှိသော သန်မာသူတွေ၏ ဦးဆောင်မှုအောက်တွင် မရေမတွက်နိုင်သော အလင်းတန်းများသည် လူဝင်စား မြစ်အောက်ဘက်သို့ ဦးတည်သွားနေကြသည်။

ပီအန့်အမတရှင်သည်လည်း ထိုနေရာကို အဝေးကနေ ကြည့်ရှုနေသည်။

"ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ က တကယ်ကို လက်ကြီးတာပဲ..."

" ဒီလောက် ကြွယ်ဝတဲ့ ကောင်းကင်လမ်းစဉ်ရဲ့ စွမ်းအားတွေအရ ၊ ကောင်းကင်လမ်းစဉ်ရဲ့ ဆယ့်သုံးဝိုင်းထဲက တစ်ယောက်ကို စေလွှတ်လိုက်တာ ဖြစ်နိုင်တယ်..."

"ဘိုးဘေး၊ ကျွန်တော်တို့လည်း ချန်ကဲ ဆက်ခံသူကို ကူညီပေးချင်တယ်!"

ထိုအချိန် ၊ ပိုင်ဇစ်တို့ မောင်နှမနှစ်ဦးသည် ပီအန့်အမတရှင်အား စိတ်အားထက်သန်စွာ ကြည့်လိုက်ကြသည်။

စူးချန်ကဲသည် သူတို့၏ ကျင့်ကြံမှုကို ကူညီပေးခဲ့ရုံသာမက အခွင့်အရေးများကိုလည်း ပေးအပ်ခဲ့သည်။

ယခု စူးချန်ကဲသည် အန္တရာယ်ကျရောက်နေပြီ ဖြစ်သောကြောင့် ၊ မည်သို့ပင်ဖြစ်စေ စူးချန်ကဲကို ကူညီရန် သူတို့မှာ တာဝန်ရှိသည်။

"ဟားဟား... မင်းတို့ နှစ်ယောက်က သွားအသေခံမလို့လား?"

"စိတ်မပူနဲ့ ၊ စူးချန်ကဲအတွက် ကြောက်စရာမရှိဘူး"

ထိုအချိန်တွင် ပီအန့်အမတရှင်သည် သူ့တစ်ကိုယ်တည်း ကြားနိုင်သောလေသံဖြင့် တိုးတိုးလေး ဆိုလိုက်သည်။

" ပြီးတော့ ကွေးယွမ် သူတော်စင် နယ်မြေကို သွားပြီးရန်စမိရင်..."

"ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဆိုတောင် ...ဖျက်ဆီးခံရမှာ သေချာတယ်..."

"ဒီခေတ်မှာ နောက်ဆုံးတော့ ဒေဝလောက ပြန်လည် စတင်တော့မှာလား"

........

အခြားတစ်ဘက်တွင်။

လူဝင်စားမြစ် အောက်ဘက်ပိုင်းတွင် ၊ ကောင်းကင်လမ်းစဉ်၏ စွမ်းအားများက လုံးလုံးလျားလျား လွှမ်းခြုံထားသည်။

ပြန်လည်ဝင်စားခြင်း နိယာမတရားနှင့် ကောင်းကင်လမ်းစဉ် စွမ်းအား ၊ ဤအင်အားနှစ်ခု၏ ဖိအားပေးမှုအောက်တွင် လူဝင်စားမြစ်တွင် အိပ်ပျော်နေခဲ့သော ဝိညာဉ်များစွာ နိုးထလာခဲ့သည်။

" မဆိုးဘူး၊ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ငါ့ကို တကယ်ကို အခွင့်အရေးတွေ ပေးနေတာပဲ"

စူးချန်ကဲက အပြုံးမပျက် ဆိုလေသည်။

" ခုလည်း နောက်တစ်ယောက် လာပြန်ပြီ"

" ငါ မလိုချင်ဘူးဆိုတောင် မရဘူး!"

စူးချန်ကဲ၏ ပြောင်စပ်စပ်အမူအယာကြောင့် ရှီစစ်၏ အမူအယာမှာ မှုန်ကုတ်သွားပြီး အေးစက်စွာဖြင့် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

" ချန်ကဲ ဆက်ခံသူက တကယ်ကို စိတ်နှလုံးသား ကြီးမားပါပေတယ် "

" မင်းမှာ ဘယ်လောက်တောင် အရည်အချင်းရှိလဲဆိုတာ ကြည့်ကြည့်တာပေါ့!"

ရှီစစ်၏ လက်ထဲတွင် မှော်စွမ်းအားများ အစွမ်းကုန် ပေါက်ကွဲထွက်လာပြီး တုန်လှုပ်ချောက်ချားသော ရောင်ဝါများ ထွက်ပေါ်နေသော ချင်မင်ဧကရာဇ် လှံတံကို ဝှေ့ယမ်းကာ စူးချန်ကဲထံသို့ ပစ်ခွင်းလိုက်သည်။

လှံတံသည် လေကို ပစ်ခွင်း၍ အလွန်အားကောင်းသော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာခဲ့လေရာ ကောင်းကင်နှင့် မြေကြီးတို့သည် တုန်ခါနေကြသည်။

" လာတာ ကောင်းတယ်!"

စူးချန်ကဲ၏ မျက်လုံးများသည် တိုက်ပွဲဝင် စိတ်ဓာတ်များဖြင့် လောင်မြိုက်နေပြီး ဆိုင်းတွခြင်းမရှိ ကောင်းကင်ဓားကို ဝှေ့ယမ်းလိုက်သည်။

ဓားစွမ်းအင်သည် အနှိုင်းမဲ့ တောက်ပသော အလင်းရောင်နှင့်အတူ ထွက်ပေါ်လာပြီး ၊ တချက်ဝှေ့ယမ်းလိုက်ရုံဖြင့် လေထုအလွှာများ ပြိုကျပျက်စီးရသည်။

ဝုန်း——!!

ဓားနှင့် လှံ တို့သည် ဥက္ကာခဲနှစ်လုံး ထိပ်တိုက်‌ဆုံတွေ့ကြသလိုပင်။

မှိုတိမ်ကဲ့သို့ ပေါက်ကွဲထွက်လာသော အဆုံးမရှိသော လှိုင်းလုံးကြီးသည် ဤနေရာတစ်ခုလုံးကို မည်သူမှဝင်ရောက်လို့ မရအောင် ရှုပ်ထွေးမှုများ ဖန်တီးခဲ့သည်။။

"ဒါက အခွင့်အရေးပဲ..."

နတ်ဆိုးအကာအကွယ်တစ်ခုကို တည်ဆောက်ထားသော မော့ရန်ရှီး၏ မျက်လုံးများမှာ ဖျက်ခနဲ့ ဝင်းလက်သွားသည်။

" ငါမှတ်မိသလောက် ကောင်းကင်လမ်းစဉ်ရဲ့ အလိုဆန္ဒအောက်မှာ ကောင်းကင်လမ်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ရှိသေးတယ်...ငါ လူဝင်စား မြစ်အောက်ခြေကို ဝင်ပြီး အဲ့အစိတ်အပိုင်းကို ရှာရမယ်..."

" ဒီလိုသာဆို ကိုကို့​အတွက်​ အကျိုးရှိလိမ့်မယ်​..."

ထိုအချက်ကိုစဉ်းစားပြီးနောက်။

မော့ရန်ရှီးသည် မှော်စွမ်းအားကို အစွမ်းကုန် အသက်သွင်းလိုက်ပြီး ၊ မတွန့်မဆုတ် လူဝင်စားမြစ်ထဲသို့ ခုန်ချသွားခဲ့သည်။

လူဝင်စားခြင်း နိယာမတရားသည် အချိန်ကာလ၏ ပျက်စီးခြင်းတရားအား တွန်းလှန်နိုင်စွမ်းရှိသည်ကို သင် သိထားရမည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ရုပ်ခန္ဓာနှင့် လူဝင်စားမြစ်ထဲသို့ ခုန်ဝင်ရဲပါက ၊ လူဝင်စားခြင်း နိယာမတရား၏တိုက်စားမှုကို ခံရပြီး အဆုံးတွင် ခန္ဓာကိုယ်ပိုင်ရှင်သည် တစ်စစီ အက်ကွဲကာ ပျောက်ကွယ်သွားပေလိမ့်မည်။

အပိုင်း(၃၅၀): အားကျရပါပေတယ်

ဝုန်း!!

စူးချန်ကဲ နှင့် ရှီစစ်တို့သည် ဆက်လက်တိုက်ပွဲဝင်နေသည်နှင့်အမျှ ၊ ၎င်းတို့ထံမှ ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအင်လှိုင်း မုန်တိုင်းကြီးသည် ဟင်းလင်းပြင်အလွှာကိုပင် ကွဲအက်သွားစေသည်။

ကောင်းကင်လမ်းစဉ် စွမ်းအား၏ ပံ့ပိုးမှုဖြင့် ၊ ရှီစစ်သည် ဧကရာဇ်လက်နက်ကို နိုးထစေနိုင်ရုံသာမက လက်နက်၏ စွမ်းအားကိုလည်း အပြည့်အဝ အသုံးချခဲ့နိုင်သည်။

လက်ထဲက လှံကို ပစ်ခွင်းလိုက်တိုင်း ၊ ကြောက်ခမန်းလိလိ စွမ်းအားများ ထွက်ပေါ်လာပြီး ကွက်လပ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။

"ဒဏ္ဍာရီလာ ချန်ကဲ ဆက်ခံသူဆိုတာ ၊ ဒါအကုန်ပဲလား"

အနည်းငယ် အသာစီးရပြီးနောက်၊ ရှီစစ်က သရော်ကာဆို၏။

ဤမျှအင်အားကြီးမားသော မိမိ၏ ကောင်းကင်လမ်းစဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ သည် စူးချန်ကဲတစ်ယောက်ကို ကိုင်တွယ်ရန် အဘယ့်ကြောင့် ဤမျှလောက် အားထုတ်နေရသည်ကို သူ နားမလည်နိုင်ပေ။

သူတော်စင် နယ်ပယ်အဆင့်သာရှိသေးတဲ့ ပါရမီရှင်တစ်ဦးက ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပစ်နိုင်မတဲ့လား?

သို့သော် စူးချန်ကဲသည် တစ်ဖက်လူ၏ လှောင်ပြောင်မှုကို အာရုံစိုက်ရန် ပျင်းလွန်လှသည်။

ရှီစစ်ထက်စာရင် သူ့အား ခေါင်းကိုက်စေသည့်အရာမှာ ဝေဟင်ထက်တွင် စုဝေးဖြစ်တည်နေသည့် တောက်ပစွာဖြင့် ရှိနေသော ပြာလဲ့လဲ့နေလုံးပင် ဖြစ်သည်။

"ကောင်းကင်လမ်းစ‌ဥ်ရဲ့အလိုဆန္ဒ နိုးထလာရင် ဒီဧရိယာတစ်ခုလုံး ကောင်းကင်လမ်းစဉ်ရဲ့ ဖိနှိပ်မှုကို ခံရလိမ့်မယ်.."

" အဲ့ဒါက ဒီသကောင့်သားကို ကောင်းကင်လမ်းစဉ်ရဲ့ စွမ်းအားကို အကာအကွယ်ကို ခံယူနိုင်စေရုံသာမက ငါ့ရဲ့ ကျင့်ကြံစွမ်းအားကိုလည်း ဖိနှိပ်ချုပ်ချယ်သွားနိုင်တယ်.."

“ ရှေးတုန်းက မဟာသူတော်စင်ကိုယ်ထည် ကိုးပါးက ကောင်းကင်ဘုံကို အံတုနိုင်တယ်ဆိုပဲ.."

စူးချန်ကဲသည် ထိုအချက်ကိုတွေးမိလိုက်သည်နှင့် သူ၏ မျက်လုံးများမှာ ဖျက်ခနဲ့ ဝင်းလက်တောက်ပသွားသည်။

" ပျက်စီးနေပြီဖြစ်တဲ့ ကောင်းကင်လမ်းစဉ်ကများ သူတော်စင် ကိုယ်ထည်ရဲ့ အစွမ်းသတ္တိကို ဘယ်နည်းနဲ့ ဖိနှိပ်နိုင်မှာတုန်း?"

တစ်ချိန်တည်းမှာပင် တဖျပ်ဖျပ် တောက်ပနေသော မှော်သင်္ကေတများက စူးချန်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ကိုယ်ထည် တစ်ခုလုံး ကြည်လင်ပြတ်သားစွာဖြင့် ထိန်လင်းတောက်ပနေသည်။

ဝုန်း!!

သူတော်စင် ကိုယ်ထည်၏ ရောင်ဝါများ နိုးထလာခဲ့ပြီး ကြောက်ခမန်းလိလိ စွမ်းအားတစ်ခု ဝင်ရောက်ခဲ့လေသည်။

ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းရောင်များသည် စူးချန်ကဲကို ဗဟိုပြုကာ မရေမတွက်နိုင်သော မိုင်ပေါင်းများစွာအထိ ပျံ့နှံ့သွားသည်။

အထူးသဖြင့် ကောင်းကင်လမ်းစဉ်၏ ဖိအားကို ထိုးဖောက်ဝင်ရောက်လာခဲ့သော သန်းပေါင်းများစွာသော အလင်းတန်းများသည် တောက်ပသော နေတစ်စင်းကဲ့သို့ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

သူတော်စင်ကိုယ်ထည်၏ ရောင်ဝါများက နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?"

ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ရှီစစ်သည် စိတ်မထိန်းနိုင်ဘဲ အော်ပြောလိုက်သည်။

ကောင်းကင်လမ်းစဉ်၏ အလိုဆန္ဒများသည် ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့ပြီး ဖြစ်ရာ၊ နိယာမတရားတို့သည် သူ၏ ထိန်းချုပ်မှုအောက်တွင်ရှိရုံသာမက လွှမ်းမိုးနိုင်စွမ်းလည်း ရှိသည်။

သို့သော် စူးချန်ကဲ၏ သူတော်စင်ကိုယ်ထည် နိုးထလာမှုနှင့်အတူ မူလက အကြွင်းမဲ့ဖိနှိပ်မှုမှာ ချိုးဖြတ်ခံလိုက်ရသည် ။

ထို့အပြင် ကောင်းကင်လမ်းစဉ်၏ ဖိနှိပ်စွမ်းအားသည် ထိုအင်အား၏လက်ချက်ဖြင့် ပျောက်ကွယ်သွားခဲ့ရသည်။

" ကောင်းကင်လမ်းစဉ်ရဲ့ လက်ပါးစေ တစ်ကောင်က ကောင်းကင်ကြီးကို ပြောင်းပြန်လှန်နိုင်မယ်လို့ ထင်နေလား"

စူးချန်ကဲသည် အေးစက်စက် ရယ်လေသည်။

ထို့နောက် ကောင်းကင်ဓားကို မြင့်မြင့်မြှောက်တင်လိုက်သည်နှင့် ဓားအလင်းသည် သူ့နောက်မှ တဟုန်ထိုး ထွက်ပေါ်လာသည်။

ကောင်းကင်သို့ တည့်တည့် ဆန်တက်ပြီးနောက် ၊ ဓားအလင်းကာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ တစ်ဖန် ကောင်းကင်ပေါ်မှ ပြန်လည် ကျဆင်းလာသည်။

ဤသည်မှာ တစ္စေဓားအမတရှင်မှ သူ့အား သင်ပြပေးခဲ့သော တားမြစ်ဓားသိုင်းတွေထဲက တစ်ခုဖြစ်သည့် ဓားအလင်းပရမ်းပတာ ပင်။

ရန်သူကိုသတ်ရန် ဓားရောင်ခြည် ၉၉၉၉ကို အသုံးပြု၍ ထောင်နှင့်ချီသော ဓားစွမ်းအင်များကို အကန့်အသတ်မဲ့ စုရုံးသည်။

ကျဆင်းလာသော ဓားအလင်းတစ်ခုချင်းစီတိုင်းတွင် အဆုံးစွန်သော ဓားစွမ်းအင်များ ပါရှိပြီး ၊ သာမန် သူတော်စင် ဧကရာဇ်နယ်ပယ်အဆင့်ရှိသော ပညာရှင်ပင်လျှင် ခုခံဖို့ရန် ခက်ခဲပေလိမ့်မည်။

“ ကျ !”

ဝီ——!!

ရုတ်တရက် ၊ ထောင်ပေါင်းများစွာသော ဓားအလင်းတန်းများသည် အာကာသဆိုင်ရာနိယာမများကိုပင် လျစ်လျူရှုကာ ဝင်ရောက်လာခဲ့ပြီး ၊ ကောင်းကင်လမ်းစဉ်၏ အလိုဆန္ဒနှင့် ဖွဲ့စည်းထားသော ဖိနှိပ်ချုပ်ချယ်မှု ကမ္ဘာကြီးမှာ ထိုးဖောက်ခံလိုက်ရသည်။

အန္တရာယ်ရှိသော ခံစားချက်သည် ရှီစစ်၏ စိတ်နှလုံးသားတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ရာ ၊ သူ့အနေဖြင့် သတိလက်လွတ်မဖြစ်ဝံ့ဘဲ ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။

ဧကရာဇ်လက်နက်၏ မှော်အစွမ်းကို အသုံးပြုခြင်း!

"ချင်မင် လှံထောင်!"

ဝုန်း! !

ရှီစစ်၏ အနီးတစ်ဝိုက်တွင် ကြောက်မက်ဖွယ်ကောင်းသော လှံမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ ၊ ထောင်ပေါင်းများစွာသော လှံအလင်းတို့သည် ၎င်း၏ ပတ်ဝန်းကျင်တွင် ဖြည်းဖြည်းချင်း စုဝေးလာသည်။

ရှီစစ်ကို ဗဟိုပြုထားသော လှံစက်ကွင်းနယ်ပယ်တစ်ခု စတင်ဖြစ်ပေါ်လာခဲ့ပြီး ၊ လမ်းကြောင်းအားလုံး၌ ဝှေ့ယမ်းလည်ပတ်နေသည်။

လှံစက်ကွင်းနယ်ပယ်အတွင်း၊ ဧကရာဇ်လက်နက်ထဲက ကောင်းကင်လမ်းစဉ် အလိုဆန္ဒ၏ ပံ့ပိုးကူညီမှုအောက်တွင် မရေမတွက်နိုင်သော အဖျက်လှံအရိပ်များသည် အရာအားလုံးကို ဖြိုခွဲနိုင်သကဲ့သို့ အဖျက်စွမ်းအားများကို ထုတ်လွှတ်ပေးနေသည်။

ဝုန်း !!

နောက်အခိုက်အတန့်တွင် ၊ ထောင်ပေါင်းများစွာသော ပရမ်းပတာ ဓားအလင်းတန်းများသည် လှံစက်ကွင်းနယ်ပယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

လှံအရိပ်များသည် ပရမ်းပတာ ဓားအလင်း၏ ထိုးဖောက်ဝင်ရောက်မှုကို ရပ်တန့်လိုပုံရသော်လည်း ၊ သို့သော် ပရမ်းပတာ ဓားအလင်းမှ ထုတ်လွှတ်လိုက်သော ကြောက်ခမန်းလိလိ ဓားစွမ်းအင်သည် ၎င်းတို့အား တိုက်ရိုက် ချေမှုန်းပစ်ခဲ့သည်။

ရှီစစ်သည် သူ၏ခံစစ် ဖောက်ထွင်းခံနေရသည်ကို မြင်သည်နှင့် တစ်ဖန် စိတ်ပြောင်းလိုက်သည်။

"အတင်းအကျပ် ဖောက်ထွင်းခံရမယ့်အစား ၊ ကိုယ်ကနေ ဦးဆောင် လှုပ်ရှားလိုက်တာကမှ ပိုကောင်းဦးမယ်"

ရှီစီ၏ စိတ်နှလုံးသားသည် ရက်စက်ကြမ်းကြုတ်ပေသည်။ သူ့လက်ဝါးထဲရှိ စွမ်းအားများကို အစွမ်းကုန် တိုးမြှင့်ခဲ့လေရာ ၊ယင်းစွမ်းအားများသည် ရွှမ်မင်ဧကရာဇ်မင်း လှံတံတစ်ခုလုံးကို ဖုံးအုပ်သွားစေသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှစ်ခုသည် လှံတံပေါ်တွင် ရောယှက်ရစ်ပတ်နေသည် ဖြစ်၍ ၊ လှံသည် ဧကရာဇ် အလိုဆန္ဒနှင့် ကောင်းကင်လမ်းစဉ်၏ စွမ်းအားများဖြင့် ပေါက်ကွဲ ထွက်ပေါ်လာသည်။

အင်အားနှစ်ခုသည် ကန့်သတ်ချက် အထိ ရောက်ရှိလာစဉ်အခိုက် ရှီစစ်သည် ရုတ်တရက် သူ့လက်ကို တွန်းထုတ်လိုက်ပြီး အလွန်ပြင်းထန်သော ခွန်အားနှင့်အတူ လှံကို ပစ်လွှတ်လိုက်သည်။

ဝုန်း!!

လှံအလင်း၏ ထွက်ပေါ်မှုနှင့်အတူ၊ လှိုင်းဂယက်များ ရိုက်ခတ်သွားစေသည်။

ဧကရာဇ် ဖိနှိပ်စွမ်အားများကို ဆောင်ကျဉ်းလျက် ကွက်လပ်ကို ဖောက်ထွင်းသွားလေရာ ကောင်းကင်နှင့်မြေကြီးမှာ တုန်ခါလျက် ဟင်းလင်းပြင်အလွှာများ တုန်ရီသွားသည်။

"မင်းရဲ့ ဧကရာဇ်လက်နက်ကို ငါ့ကို ပေးဖို့ အဲ့လောက်တောင် စိတ်စောနေတာလား"

စူးချန်ကဲက အပြုံးမပျက် ဆိုလိုက်သည်။

"ဒါဆိုလည်း ကျေကျေနပ်နပ်ကြီး လက်ခံပေးရုံပေါ့ "

စူးချန်ကဲသည် သူ့အတွေးကို တချက်နှိုးဆွလိုက်သည်နှင့် တပြိုင်နက် သူ၏ နတ်အသိစိတ်ထဲတွင် တောက်ပသော အလင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလို ၊ ဓားသေတ္တာကိုးလက်သည် ကမ္ဘာမြေကို တုန်လှုပ်စေသော ဓားစွမ်းအင်လှိုင်းနှင့်အတူ စူးချန်ကဲ၏ ​ရှေ့​သို့ ကျဆင်းလာခဲ့သည်။

ဝုန်း——!!

ဤဧကရာဇ်လက်နက်၏ စွမ်းအားသည် အတော်လေး ကြောက်စရာကောင်းသော်လည်း၊ သို့သော် ဓားသေတ္တာကိုးလက်နှင့် နှိုင်းယှဉ်ရမည်ဆိုပါက အနည်းငယ်မျှသာ သာလွန်သည်။

မည်သို့ပင်ဆိုစေကာမူ၊ ဓားစွမ်းအင်လှိုင်းထဲ၌ လွင့်မျောနေသော လှေတစ်စင်းကဲ့သို့ ဓားစွမ်းအင်၏ လုံးလုံးလျားလျား ဝါးမြိုခြင်းကိုခံလိုက်ရသည် ။

"ဒါက... မရဏကမ္ဘာမှာရှိတဲ့ ဒဏ္ဍာရီလာ လေးခုထဲက တစ်ခုဖြစ်တဲ့ ဓားသေတ္တာကိုးလက်!?"

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ၊ သူရောက်ရှိလာသည့်အချိန်မှစ၍ တိုက်မြေသုံးထောင်၏ လျှို့ဝှက်ချက်များစွာကို သိရှိထားပြီးဖြစ်သည်။

ဓားသေတ္တာကိုးလက်ကဲ့သို့ ဤမျှ ကြောက်စရာကောင်းပြီး တားမြစ်ထားသော အရာများကို မည်သူကများ မသိရှိမည်နည်း။

"ဒါပေမဲ့ ဓားသေတ္တာကိုးလက်က ကမ္ဘာ့ကပ်စစ်ပွဲအတွင်းမှာ ပျက်စီးသွားခဲ့ပြီလေ!"

ရှီစစ်သည် ဤရလဒ်ကို မယုံနိုင်သော်လည်း ၊ ဓားသေတ္တာမှ ထွက်ပေါ်လာသောဓားစွမ်းအင်သည် သူအား အဆိုးဆုံးအခြေအနေကို တွေးတောစေမိသည်။

ရိုက်ခတ်လှုပ်ရှားထကြွနေသော ဓားစွမ်းအင်များသည် တဖြည်းဖြည်း လျော့ပါးသွားပြီးနောက်တွင် တွေ့လိုက်ရသည့်မြင်ကွင်းမှာ ရွှမ်မင် ဧကရာဇ်လှံထဲက ကောင်းကင်လမ်းစဉ်၏ အလိုဆန္ဒသည် ဓားသေတ္တာကိုးလက်၏ အပြီးတိုင် ချေမှုန်းခံလိုက်ရခြင်းပင် ဖြစ်သည်။

စူးချန်ကဲသည် သူ့လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်သည်နှင့် ၊ ရွှမ်မင်ဧကရာဇ် လှံသည် သူ့လက်ထဲသို့ ရောက်ရှိသွားသည်။

ခဏလောက်ကြည့်ပြီးနောက် ၊ စူးချန်ကဲသည် လှောင်ရယ်လိုက်သည်။

"ဘာများလဲလို့ထင်နေတာ "

"တကယ်တော့ သတ္တမတန်းအဆင့်ပဲ ရှိတဲ့ ဧကရာဇ်လက်နက်ပဲ "

စူးချန်ကဲ၏ မျက်လုံးများက အထင်သေးသော အကြည့်ကို ပြောင်ပြောင်တင်းတင်း ဖော်ပြခဲ့သည်။

ထိုကဲ့သို့သော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသော ဧကရာဇ်လှံသည် အနည်းဆုံး စတုတ္ထတန်း လက်နက်ဖြစ်သည်ဟု ထင်ခဲ့သော်လည်း၊ သူ အကြည့်မှားခဲ့သည်။

တပည့်များက ဘေးပတ်ပတ်လည်တွင် ဤမြင်ကွင်းကို အစောကတည်းက စောင့်ကြည့်‌နေခဲ့ကြသည်။

စူးချန်ကဲ၏ စကားကို ကြားလိုက်ရချိန် ၊ သူတို့အကုန်လုံး စကားများဆွံ့အလျက် မယုံနိုင်သော အမူအယာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" ငါ စောနက...နားကြားများမှားသွားလား?"

" ချန်ကဲ ဆက်ခံသူက ဧကရာဇ်လက်နက်ကို မထီမဲ့မြင်ပြုလိုက်တာလား...?"

ဧကရာဇ်လက်နက်!

ဒါက ဧကရာဇ်လက်နက်လေ!

အနိမ့်ဆုံးအဆင့် နဝမတန်း ဧကရာဇ်လက်နက်ဆိုတောင် အရမ်းကို အဖိုးတန်တာ!

ဒါက သတ္တမတန်းအဆင့်ရှိတဲ့ ဧကရာဇ်လက်နက်လေ!

ဒီလိုအရာမျိုးကိုတောင် စူးချန်ကဲက မကြိုက်ဘူးတဲ့လား?

" ထားပါလေ၊ ယဲ့လင်ထျန်း အဲ့ကောင်ကို ပေးလိုက်မယ်၊ သူ မထိန်းချုပ်နိုင်ဘူးဆိုလည်း တခြားလူကို စမ်းကြည့်ခိုင်းရုံပေါ့ "

ထိုနောက် စူးချန်ကဲသည် ရွှမ်မင် ဧကရာဇ်လှံကို သိမ်းယူလိုက်သည်။

သူသည် လုံးဝဂရုမစိုက်သကဲ့သို့ ငြိမ်သက်နေသည်။

ထိုစကားကို ကြားလိုက်ရသူတိုင်း ၊ ငိုချင်သွားသည်။

"ကျွန်တော်လို လမ်းသွားလမ်းလာ တစ်ယောက်အနေနဲ့ ချန်ကဲ ဆက်ခံသူထံ ခစားလို့ ရမလား ဟင် .."

သူတို့တွေအားလုံး မနာလိုဖြစ်ခဲ့ကြသည်။

အတော်လေးကိုပင် မနာလိုဖြစ်ရပေသည်။

ခုလို ဧကရာဇ်လက်နက်ကို သူ့ရဲ့နောက်လိုက်ကို တကယ်ကြီး ချီးမြှင့်သတဲ့လား!?

All Chapters