← Chapters

အခန်း (၃၅၁-၃၅၂)

Vol. 25 Ch. 351-352

အခန်း (၃၅၁-၃၅၂)

Vol. 25 Ch. 351-352

အပိုင်း(၃၅၁): ကောင်းကင်လမ်းစဉ်၏ အပိုင်းအစ နိုးထခြင်း

ဧကရာဇ်လက်နက်ကို သိမ်းယူခံလိုက်ရသောကြောင့် ရှီစစ်၏ မျက်နှာတစ်ခုလုံး ပြာနှမ်းနေသည်။

သူ့လက်သီးကို တင်းတင်းဆုပ်လျက် အံကြိတ်ကာ စူးချန်ကဲအား ဒေါသတကြီး စိုက်ကြည့်နေ၏။

သူသည် ထိုဧကရာဇ်လက်နက်ကို ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထံမှ ချေးဌားယူခဲ့ခြင်း ဖြစ်သည်။

အခု သကောင့်သားက သိမ်းသွားတော့ သူ့ရဲ့ အစ်ကိုကြီး စန်းကို သူ ဘယ်လိုလုပ်ရှင်းပြရတော့မလဲ !

“ ဧကရာဇ်လက်နက်ကို ငါ့ကို ပြန်ပေး!!”

ရှီစစ် အော်ဟစ်လိုက်သည်နှင့် တပြိိုင်နက် သူ့ခန္ဓာကိုယ်မှ ပို၍ တောက်လောင်သော နတ်အလင်းများ ထွက်ပေါ်လာခဲ့သည်။

ဝေဟင်ထက်က စုဝေးဖြစ်တည်နေသော ပြာလဲ့လဲ့ နေလုံးကြီးကလည်း ရှီစစ်နှင့်အတူ ပဲ့တင်ထပ်လျက်ရှိသည်။

မရေမတွက်နိုင်သော အပြာရောင်အလင်းတန်းများ ဖြာထွက်လာပြီး ပို၍ အားကောင်းလာသည်။

“အို...ဘာတွေစိတ်လောနေတာလဲ”

စူးချန်ကဲက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး။

“ငါ့လက်ထဲ ရောက်သမျှ အဲဒါ ငါ့ဥစ္စာပဲ”

“မင်းလိုချင်ရင် ငါဒီမှာရပ်နေမယ်၊ မင်းကိုယ်တိုင် လာယူလို့ရတယ် “

ထိုစကားသည် ရှီစစ်ကို ဒေါသထွက်စေခဲ့သည်။အထူးသဖြင့် စူးချန်ကဲနှုတ်ခမ်းပေါ်က ခနော်ခနဲ့အပြုံးသည် သူ့ကို ပို၍ပင် ဒေါသထွက်စေသည်။

ဤအပြုအမှုသည် သူ့ကို အလွန်အရှက်ရစေသည်။

သူ့ဥစ္စာကို လုယက်၍ မောက်မာနေသည်။

ဒါ တကယ်ကို လွန်လွန်းတယ်!

“ စူးချန်ကဲ!!!”

စူးချန်ကဲ၏ ရန်ဆွမှုကြောင့် ရှီစစ်သည် ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ သူ၏ ကျင့်ကြံစွမ်းအား များကို အစွမ်းကုန် အသက်သွင်းလိုက်ပြီး စူးချန်ကဲကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဝုန်း!!

ကောင်းကင်လမ်းစဉ်၏ စွမ်းအားများသည် သူ၏ လက်သီးပေါ်တွင် စုဝေးလာခဲ့သည်။

“ကာယစွမ်းအားချင်းယှဉ်ချင်တာလား”

ထိုမြင်ကွင်းကို မြင်တော့ စူးချန်ကဲသည် သူ၏ ကောင်းကင်ဓားကို ပြန်ရုတ်သိမ်းလိုက်သည်။ သူသည်လည်း လက်သီးကို အသုံးပြုခဲ့ပြီး ၊ လက်သီးပေါ်တွင် သူတော်စင်ကိုယ်ထည်၏ ရောင်ဝါများက ရောယှက်စီးဆင်းနေသည်။

ခန္ဓာကိုယ်တွင်းရှိ သွေးချီစွမ်းအားများသည် သမုဒ္ဒရာတစ်ခုအလား တဟုန်ထိုး ရိုက်ခတ်နေပြီး ၊ အဖြူရောင်ဝတ်ရုံသည် တဖျပ်ဖျပ် ခတ်လျက် လေနှင့်အတူ ကခုန်နေလေ၏။

ဝုန်း! !

လက်သီးချင်းတိုက်မိသွားသည်နှင့်အမျှ၊ ကြောက်စရာကောင်းသော လေလှိုင်းများ တဖန် ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ၊ တိုက်ပွဲ၏ နောက်ဆက်တွဲရလဒ်အနေဖြင့် မြေကြီးများ ပြိုကျပျက်စီးရသည်။

စူးချန်ကဲ ခန္ဓာကိုယ်တွင်းရှိ သူတော်စင် အသွေးအသားများသည် ဤအခိုက်အတန့်တွင် ပွက်ပွက်ဆူပွက်လျက် ရှိသည်။

ရှေးခေတ်ကတည်းက၊ ကောင်းကင်ဘုံကို ဆန့်ကျင်တိုက်ခိုက်နိုင်သော မဟာသူတော်စင် ကိုယ်ထည် ကိုးပါးအကြောင်း ရှေးဒဏ္ဍာရီလာတစ်ခု ရှိခဲ့ဖူးသည်။

ကောင်းကင်လမ်းစဉ်၏ တိုက်ပွဲဆန္ဒနှင့်ပတ်သက်၍၊ ဤသည်မှာ သူတော်စင် ခန္ဓာကိုယ်၏ အသွေးတော်၌ စီးဆင်းနေသော မူလယုံကြည်ချက်ပင် ဖြစ်သည်။

ဝုန်း ဝုန်း ဝုန်း ! ! !

စူးချန်ကဲနှင့် ရှီစစ်သည် တစ်ယောက်ကိုတစ်ယောက် လက်သီးကို အသုံးပြုကာ ဆက်လက် တိုက်ခိုက်နေခဲ့သည်။

အစပိုင်းတွင် ၎င်းနှစ်ဦး၏ ရုပ်သွင်သည် အချင်းချင်း ထိပ်တိုက်ဆုံတွေ့ခဲ့ကြသည်ကို မြင်တွေ့ခဲ့ရပါသော်လည်း ၊ သို့သော် ၎င်းနှစ်ဦး၏ လှုပ်ရှားသည် အလွန်လျင်မြန်လွန်းပေသည်။

သူတို့နှစ်ဦး၏ တိုက်ခိုက်နေကြသည့် ပုံရိပ်များကို လုံးဝ မမြင် ရဘဲ ပေါက်ကွဲထွက်လာသော နတ်အလင်းများကိုသာ မြင်တွေ့ရပေသည်။

တချက် လင်းလက်သွားသည်နှင့် တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းတံပိုးများ ရိုက်ခတ်သွားစေသည်။

ဝေါင်း ဝေါင်း!!

ဘုန်း ဘုန်း ——!!

ကွက်လပ်ထဲတွင် အဆက်မပြတ် ပေါက်ကွဲထွက်လာသော လှိုင်းတံပိုးများကို ကြည့်ရင်း ကြည့်ရှုသူတိုင်း အေးခဲသွားကြသည်။

ဤအရာကို မည်သည့်စကားလုံးများဖြင့် ဖော်ပြရမည်ကိုပင် မသိနိုင်တော့ပေ။

အရင်က လှံ နှင့် ဓား၏ စီးချင်းတိုက်ပွဲသည် ပြင်းထန်သော တိုက်ပွဲတစ်ခု ဆိုပါက ၊

ယခုလက်သီးချင်းတိုက်ပွဲသည် အဆုံးအဖြတ်ပေးမည့် တိုက်ပွဲဟု ဆိုရပေမည်။

သူတော်စင် ကိုယ်ထည် နှင့် ကောင်းကင်လမ်းစဉ်တို့ ပြင်းထန်စွာ ထိပ်တိုက်ဆုံတွေ့နေကြသည်။

…….

ပြင်ပကမ္ဘာ၏ အခြေအနေနှင့် နှိုင်းယှဉ်ကြည့်ရမည်ဆိုပါက ၊

လူဝင်စားမြစ်၏ မြစ်အောက်ခြေပိုင်းတွေလည်း ငြိမ်သက်မှုရှိမနေချေ။

မော့ရန်ရှီးသည် နတ်ဆိုးစွမ်းအင်ကို အကာအရံအဖြစ် အသုံးပြုကာ လူဝင်စား မြစ်အောက်ခြေသို့ ငုပ်ဆင်းသွားခဲ့သော်လည်း

သို့သော် သူမ၏အကာအကွယ်သည် အက်ကွဲနေပြီဖြစ်သည်။

မြစ်ရေသည် မော့ရန်ရှီး၏ ခန္ဓာကိုယ်ကို တိုက်စားလျက်ရှိသည်။

သူမ၏ အသက်ဓာတ်မှာ အလျင်အမြန် ပျောက်ကွယ်လုနီးပါး ရောက်ရှိနေပြီ ဖြစ်သည်။

“မဖြစ်ဘူး... အခုလက်​လွှတ်​လိုက်​ရင်​ ငါ့ရဲ့ ကြိုးစားအားထုတ်​မှု​တွေအားလုံး အလဟသဖြစ်​​သွားလိမ့်မယ်...”

“အခု ငါ ဒီထက် ပိုပြီး ကြိုးစားလိုက်ရင် ..‌အနာဂတ်မှာ ကိုကို့ရဲ့ အန္တရာယ်တွေကို တစ်စိတ်တစ်ပိုင်းတော့ လျော့ချနိုင်လိမ့်မယ်...”

မော့ရန်ရှီးသည် သူမ၏ ကျင့်ကြံစွမ်းအားကို ထပ်မံ အသက်သွင်းလိုက်သည် ။ နောက်ဆုံးတွင် နံစော်နေသော ရွှံ့ထဲမှ ခပ်ဖျော့ဖျော့ တောက်ပနေသော အပြာအလင်းကို တွေ့လိုက်ရသည်။

“အဲဒါက...”

ထိုနေရာနှင့် နီးကပ်လာသည်နှင့်အမျှ ၊ ၎င်းသည် မှိန်ဖျော့ဖျော့ ဝင်းလက်တောက်ပနေသော ကျောက်ခဲတစ်လုံး ဖြစ်သည်ကို မြင်လိုက်ရသည်။

တစ်ကိုယ်လုံး ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပနေပြီး၊ ၎င်းသည် လူဝင်စား မြစ်၏ အနက်ရှိုင်းဆုံး မြစ်အောက်ခြေတွင် ရှိနေပါသော်လည်း သို့သော် သူ့တစ်ကိုယ်လုံးကို မြင့်မြတ်သော နိယာမတရားများက ဖုံးအုပ်ထားသည်။

လူဝင်စားခြင်း နိယာမတရား၏ တိုက်စားမှုကို လုံးလုံးလျားလျား မခံရသော သီးခြားကမ္ဘာတစ်ခုကဲ့သို့ပင်။

“ကောင်းကင်လမ်းစဉ် အပိုင်းအစ!”

မော့ရန်ရှီး အလွန်ပျော်သွားသည်။သို့သော် သူမသည် ကောင်းကင်လမ်းစဉ်၏ အပိုင်းအစနှင့် နီးကပ်လာသည်နှင့်အမျှ ၊ သူမကို ကာကွယ်ပေးထားသော နတ်ဆိုးစွမ်းအင် အကာအကွယ်မှာ ဖိနှိပ်မှုကို ပို၍ ခံရလေလေပင် ဖြစ်သည်။

အက်ကွဲ၊ အက်ကွဲ--

အဆုံးတွင် ၊ အက်ကွဲကြောင်းများက ပင့်ကူမျှင်ကဲ့သို့ တောက်လျှောက် ပျံ့နှံ့သွားသည်။

အကယ်၍ မော့ရန်ရှီးသာ ဤမြစ်ထဲတွင် ဆက်လက်ငုပ်လျှိုးနေဦးမည် ‌ဆိုပါက ၊ သူမသည် လူဝင်စားမြစ်၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး အဆုံးတွင် မည်သည့်အရာမျှ ကျန်ခဲ့လိမ့်မည်မဟုတ်ပေ။

သို့သော် သူမ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှု တစ်စုံတစ်ရာမျှ မရှိချေ။ မည့်သို့ပင်ဖြစ်စေ သူမ၏ ခန္ဓာကိုယ်သည် အနှေးနဲ့အမြန် ပျောက်ကွယ်သွားမည် ဖြစ်သည်။

“ ကောင်းလိုက်တာ..”

“ဒီတစ်ခါတော့ ငါ ကိုကို့ ကို ကာကွယ်မယ်…”

သူမ၏ မှတ်ဉာဏ်ထဲက မြင်ကွင်းများသည် အဆက်မပြတ် သတ်ဖြတ်နေကြသည်။

တစ်ချိန်က ဖျက်ဆီးခံခဲ့ရသော မိမိ၏ မိသားစုကို ပြန်လည်အမှတ်ရမိသည်။ သူမကို ကယ်တင်ရန်အတွက် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသော ပထမဘဝ အကိုဖြစ်သူကို ပြန်လည်သတိရမိသည်။

နောက်ဆုံးတွင် သူမသည် အမတဂိုဏ်း၏ ကယ်တင်ခြင်းကိုခံခဲ့ရသည်။ မရေမတွက်နိုင်သော နှစ်ကာလပေါင်းများစွာကြာပြီးနောက် သူမသည် နောက်ဆုံးတွင် မဟာလမ်းစဉ်၏ အမြင့်ဆုံးနေရာထိ အောင်မြင်နိုင်ခဲ့သည်။ သူမအနေဖြင့် မူလ မဟာလမ်းစဉ်ကိုအောင်မြင်နိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

သို့သော် မူလမဟာလမ်းစဉ်ကိုအောင်မြင်နိုင်ရန်အတွက် သူမသည် အတိတ်၏ အကြောင်းတရားနှင့် အကျိုးကို ဖြတ်တောက်ပြီး ၊ အချုပ်အနှောင်များကို ချိုးဖျက်ကာ အရာအားလုံးကို မေ့ပျောက်ပြီး ပြန်လည်ဝင်စားရမည် ဖြစ်သည်။

သို့သော် သူမ မလုပ်နိုင်ခဲ့ပေ။

အရာအားလုံးကို ဖြတ်တောက်လိုက်ခြင်းသည် တစ်နည်းအားဖြင့်ဆိုရသော အစ်ကိုဖြစ်သူကိုမေ့ပစ်ရမည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။

သူမအတွက် အရေးကြီးဆုံးသူကို မေ့ပစ်ရမည်။

မြတ်နိုးခဲ့ရသော အမှတ်တရများကို မေ့ပျောက်ပစ်ရမည်။

ဤအရာအားလုံးကို ဆုံးရှုံးပြီးနောက် ၊ သူမသည် အနှိုင်းမဲ့ဖြစ်တည်မှု မဟာလမ်းစဉ်ကို အောင်မြင်နိုင်မည်ဆိုတောင် ဘာအဓိပ္ပါယ်ရှိလိမ့်ဦးမည်နည်း။

အဆုံးတွင် ၊ သူမသည် သူမ၏ ကျင့်ကြံမှုကို ဖြတ်တောက်ကာ ကိုယ်ခွဲများ ခွဲထုတ်လိုက်သည်။

ထို့နောက် မရေမတွက်နိုင်သော လူဝင်စားကိုယ်ထည်များအဖြစ်သို့ ပြောင်းလဲကာ ဒေဝ‌လောကတစ်ခွင်တွင် ကျင်လည်ရင်း ထိုဘဝ၏ ဖြစ်နိုင်ချေကို ရှာဖွေခဲ့သည်။

T/N -ဒေဝလောက : All heaven

(ကိလေသာဘုံ၌ ကောင်းကင် ၆ ပါး၊ ကာမဘုံလေးပါး၌ ကောင်းကင် ၁၈ပါး ၊ အဆင်းသဏ္ဍာန်မရှိသော ကောင်းကင်လေးပါး ၊ နေ ၊လ ၊ ဝေထော် အစရှိသောဘုံများ)

သူမ၏ လုပ်ရပ်သည် သဘာဝကို ဆန့်ကျင်သော လုပ်ရပ်ဖြစ်ပြီး ၊ အထူးသဖြင့် ကောင်းကင်ဘုံ၏ ရန်သူဖြစ်သည်။

ထို့ကြောင့် သူမတစ်ယောက်တည်းသာ ရှိခဲ့သော်လည်း ၊

သို့သော် သူမ ဘယ်သောအခါမှ ​နောင်​တမရခဲ့ပေ...

တစ်ချိန်က ရေခဲနှင့် နှင်းတွေကြား ငိုကြွေးခဲ့ဖူးသော ကလေးမလေး၏ ရှာဖွေမှုကို မည်သူမှ မတားဆီးနိုင်ခဲ့ပေ။

“အစ်ကို့မရှိတဲ့ကမ္ဘာ...”

“ဘာမှ အဓိပ္ပါယ်မရှိဘူး...”

‌မော့ရန်ရှီး၏ လက်ချောင်းများသည် ကောင်းကင်လမ်းစဉ်၏ အပိုင်းအစကို ထိတွေ့လိုက်သည့် အခိုက်အတန့်မှာပင်၊

ကွဲအက်သံ!!!

ဟွာ လာ လာ ——

နိယာမတရားများ ကျိုးပဲ့သံနှင့်အတူ ၊ မော့ရန်ရှီး ဘေးပတ်ပတ်လည်ရှိ အကာအရံအတားအဆီးသည် ရုတ်တရက် ကွဲအက်သွားသည်။

အဆုံးမရှိသော လူဝင်စားမြစ်ရေများ ဝင်ရောက်လျက် ၊ အမှောင်ထုထဲတွင် သူမ၏ ရုပ်သွင်ကို လုံးလုံးလျားလျား နစ်မြုပ်သွားစေခဲ့သည်....

…….

တစ်ဖက်တွင် ၊

မူလက ရှီစစ်နှင့် အပြင်းအထန် စီးချင်းထိုးနေခဲ့သည့် စူးချန်ကဲသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။

သူ့ရင်​ထဲ ထူးဆန်းသော ခံစားချက်​​တစ်ခု ဝင်ရောက်လာခဲ့ပြီး ​ဝမ်းနည်းမှု ဖြစ်ပေါ်လာသည်။

“ ကောင်းကင်လမ်းစဉ် လက်ဆောင်!”

ရှီစစ်သည် စူးချန်ကဲ ကြောင်အမ်းသွားသည့် အခိုက်တန့်အား ချက်ချင်းဆိုသလို အခွင့်ကောင်းယူလိုက်သည်။

ကောင်းကင်လမ်းစဉ်၏ အလိုဆန္ဒနှင့် ပဲ့တင်ထပ်လျက် ရှိသော သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရောင်ဝါများသည် ပေါက်ကွဲထွက်ပေါ်လာခဲ့ရာ ၊ သူ၏ ရောင်ဝါသည် မဟာဧကရာဇ်မင်း တစ်ပါးနှင့်ပင် ယှဉ်ပြိုင်နိုင်သည်။

“သေစမ်း!!”

ထိုစကားနှင့်အတူ လက်သီးဖြင့် ထိုးနှက်လာခဲ့သည်။

ဘုန်း! !

အပြာရောင်ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ကောင်းကင်နှင့်မြေကြီးတို့မှာ တုန်ခါယမ်းနေသည်။

ဤအရာ၏ ရှေ့တွင် ၊ စူးချန်ကဲသည် ပုရွက်ဆိတ်တစ်ကောင်လို သေးငယ်နေသည်။

“ဒီကောင်...”

စူးချန်ကဲသည် မျက်နှာသည် ခက်ထန်နေသည်။ ရှီစစ်သည် နောက်ဆုံးထိုးချက်ဖြင့် အပိုင်ချုပ်ရန် ပြင်ဆင်နေမှန်း သူ သိသည်။

ဘုန်း!!

သို့သော် ရုတ်တရက်၊ လူဝင်စားမြစ်ထဲမှ အပြာရောင် အလင်းတန်းတစ်ခု ကောင်းကင်သို့ ဆန်တတ်သွားခဲ့သည်။

၎င်းသည် ကောင်းကင်လမ်းစဉ် အလိုဆန္ဒ စွမ်းအားထက် အားမနည်းသော အရာတစ်ခုဖြစ်ပြီး ၊ အရပ်ရပ်သို့ပျံ့နှံ့သွားသည်။

ထိုမြင်ကွင်းကို မြင်သည်နှင့် ရှီစစ် ပို၍ စိတ်လှုပ်ရှားခဲ့ရသည်။

“ဒါက...ကောင်းကင်လမ်းစဉ်ရဲ့အပိုင်းအစပဲ!?”

“ လူဝင်စားမြစ်အောက်မှာ ကောင်းကင်လမ်းစဉ်ရဲ့ အပိုင်းအစ ရှိနေမယ်လို့ ငါ မမျှော်လင့်ထားဘူး ၊ ဒါက ကောင်းကင်လမ်းစဉ်ရဲ့ အလိုဆန္ဒထက် အားမနည်းတဲ့ စွမ်းအားတစ်ခုပဲ”

“ကောင်းကင်လမ်းစဉ် အလိုဆန္ဒရဲ့ ပဲ့တင်ထပ်မှုကြောင့် ကောင်းကင်လမ်းစဉ်ရဲ့ အပိုင်းအစက နိုးထလာခဲ့တာ ဖြစ်ရမယ် “

“ဟားဟား ၊ ဘုရားသခင်က ငါ့ကို ကူညီပေးနေတာပဲ “

ရှီစစ်သည် ရူးကြောင်ကြောင်ရယ်လိုက်ပြီး စူးချန်ကဲအား ပုရွက်ဆိတ် တစ်ကောင်ကို ကြည့်နေသလိုမျိုး ကြည့်နေသည် ။

“ ဒီနေ့ မင်း သေရမယ်!”

“ မကောင်းတော့ဘူး ၊ ချန်ကဲ ဆက်ခံသူကို မြန်မြန် ကူညီကြ!”

ကွေးယွမ် သူတော်စင် နယ်မြေနှင့် ယောင်ချီ သူတော်စင်နယ်မြေမှ တပည့်များ၏ အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။ ၎င်းတို့၏ ကျင့်ကြံစွမ်းအားများကို အစွမ်းကုန် အသက်သွင်းလျက် ကူညီရန်ဟန်ပြင်လိုက်သည်။

ကောင်းကင်လမ်းစဉ်၏အလိုဆန္ဒနှင့် ကောင်းကင်လမ်းစဉ်၏ အပိုင်းအစ ၊ ထိုအင်အားနှစ်ဆ၏ နှိပ်ကွပ်မှုအောက်တွင် စူးချန်ကဲသည် အလွန်အန္တရာယ်များသော အခြေအနေသို့ ရောက်ရှိနေပြီဟု ဆိုရပေမည်။

“ဒီကောင် ဒီလောက်ထိကံကောင်းမယ်လို့ မထင်ထားဘူး...”

စူးချန်ကဲ၏ မျက်နှာသည် တင်းမာနေပြီး ၊ အစွမ်းကုန် ပေါက်ကွဲတော့မည့်အချိန် ၊

ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ခဲ့သည်။

လူတိုင်း ကြောင်အမ်းလျက်။

ကောင်းကင်လမ်းစဉ်၏ အပိုင်းအစသည် ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာပြီး ကောင်းကင်လမ်းစဉ်၏ အလိုဆန္ဒနှင့် ထိပ်တိုက် ဆုံတွေ့ခဲ့ခြင်းပင် ဖြစ်သည်။

အပိုင်း(၃၅၂): ကံကြမ္မာ ဧကရာဇ်လက်နက်

ဝုန်း!!

ကောင်းကင်လမ်းစဉ် အပိုင်းအစ နှင့် ကောင်းကင်လမ်းစဉ် အလိုဆန္ဒတို့သည် ကောင်းကင်နှစ်ဘက် တိုက်မိသလိုမျိုး ထိပ်တိုက်ဆုံတွေ့ခဲ့လေရာ ၊ ကျယ်ပြောသော ကောင်းကင်ဘုံ၏ စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။

ရှီစစ်အနေဖြင့် ကြိုတင်ပြင်ဆင်ထားခြင်း မရှိခဲ့‌လေရာ ၊ ကောင်းကင်လမ်းစဉ် အပိုင်းအစ၏ အင်အားသည် သူ့တစ်ကိုယ်လုံးကို အဝေးသို့ လွှင့်စင်သွားစေခဲ့သည်။

ဘုန်း !!!

တောင်ကမ်းပါးများကို ထိမှန်ခဲ့ပြီးနောက် ရှီစစ်သည် ရှက်ကိုးရှက်ကန်းဖြင့် ပြန်လည် ကုန်းထလာခဲ့ပြီး ၊ ထိုနေရာအား ထိတ်လန့်စွာဖြင့် ကြည့်နေမိသည်။

“ဒါ...ဒါဘာဖြစ်သွားတာလဲ?”

အမှန်စစ်စင် ၊ သူတစ်ယောက်တည်းတင်မက ကွေးယွမ် သူတော်စင် နယ်မြေမှ တပည့်များသည်လည်း ရှုပ်ထွေးနေသောအမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

“ကောင်းကင်လမ်းစဉ်ရဲ့ ပစ္စည်းက တစ်ကောင်နဲ့တစ်ကောင် ကိုက်နေကြတာလား?”

ကွက်လပ်ထဲတွင် ၊

ကောင်းကင်လမ်းစဉ် အပိုင်းအစ နှင့် ကောင်းကင်လမ်းစဉ် အလိုဆန္ဒတို့သည် ကြောက်မက်ဖွယ်ရာ စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာကြပြီး ရပ်တန့်ခြင်းမရှိ ဆက်လက် စီးချင်းထိုးနေကြသည်။

ဟောက်သံမှာ အဆုံးမရှိ၊ မှော်သင်္ကေတများ ကွဲအက်ကာ ဤကမ္ဘာကြီးတစ်ခုလုံး တုန်ခါနေသည်။

စူးချန်ကဲသည်ပင် စိတ်ရှုပ်ထွေးနေသည်။ အဘယ်ကြောင့် ဤကဲ့သို့ အပြောင်းအလဲ ဖြစ်သွားမှန်း သူလည်း မသိ။

သို့သော် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်နိုင်မည့် ဤအခွင့်အလမ်းကောင်းကို သူ မည်သို့ စွန့်လွှတ်နိုင်မည်နည်း။

ခဏလေးအတွင်းမှာပင် ၊ စူးချန်ကဲသည် ကောင်းကင်ဓားကို ဆင့်ခေါ်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များနှင့်အတူ ၊ ကောင်းကင်ဓားပေါ်တွင် အလွန်အေးစက်ပြီး ၊ တစ်ဖန် အလွန်ပူပြင်းသော ယင်ယန် အငွေ့အသက်များ စုဝေးနေသည်။

“ ယင် ယန် ဓား!”

ရေရွတ်သံအပြီးတွင် ၊ စူးချန်ကဲသည် သူ့ဓားကို မြှောက်ကာ ခုတ်ချလိုက်သည်။

ရွမ်း!!

ဓားသွားသံနှင့်အတူ ၊ အနီရောင်ဓားအလင်းသည် ကောင်းကင်နှင့်မြေကြီးကြားတွင် တောက်ပနေသည်။

နေကဲ့သို့ ပူပြင်းပြီး ရေခဲကဲ့သို့ အေးစက်သည့် ဓားစွမ်းအင်သည် ကောင်းကင်ယံမှ ကျဆင်းလို့ လာခဲ့ချေပြီ။

“ စူးချန်ကဲ၊ မင်း ခိုးဝင်တိုက်ခိုက်တယ်...!”

ဝုန်း ——!

ဓားစွမ်းအင်များက ရိုက်ခတ်လှုပ်ရှားလျက်၊ မြေကြီးများပြိုကျလေရာ တလိပ်လိပ် ထလာသော ဖုန်မှုန့်များက ရှီစစ်၏ ရုပ်သွင်ကို ကွယ်ပျောက်သွားစေသည်။

“အပြန်အလှန်ပေါ့”

စူးချန်ကဲက လှောင်ပြောင်ပြုံးရယ်လိုက်သည်။တစ်ဖက်လူက အရင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သည်ဖြစ်ရာ သူ့ဘက်က ပြန်လည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သည်မှာ ကျိုးကြောင်းဆီလျော်သည် မဟုတ်လော။

“အဟွတ် အဟွတ်...”

အခိုးအငွေ့များနှင့် ဖုန်မှုန့်များကြား ရှီစစ်၏ ချောင်း‌ဆိုးသံကို ကြားနေရသည်။

သူ၏ အဝတ်အစားများမှာ စုတ်ပြဲလျက် ၊ ဖုန်မှုန့်များဖြင့် ပေကျံနေပြီး သူသည် စူးချန်ကဲအား စိုက်ကြည့်နေသည်။

သို့သော် သူဘာမှမပြောရသေးခင် ၊ စူးချန်ကဲသည် သူ့လက်ကို ထပ်မံ လှုပ်ရှားလိုက်သည်။ ကောင်းကင်ဓား၏ ဓားသွားသံနှင့်အတူ၊

သူသည် ဆိုင်းတွခြင်းမရှိ ဓားကို မြှောက်ကာ နောက်တစ်ကြိမ် ခုတ်ချလိုက်သည် ။

ရွှမ်း ရွှမ်း!!

ဤတစ်ကြိမ်တွင် စူးချန်ကဲသည် မရေမတွက်နိုင်သော ဓားစွမ်းအင်များကို ပြသခဲ့သည်။

ထောင်ပေါင်းများစွာသော ဓားစွမ်းအင်များသည် တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်လျက် အဆက်မပြတ် စုဝေးလာကြသည်။

ဓားအလင်းများက ရောယှက်လျက် ကြာပန်းများသဖွယ် ကောင်းကင်ယံမှ အောက်သို့ ကျဆင်းလာကြသည်။

ဘုန်း ဘုန်း ဘုန်း — !

မိုးကောင်းကင်ထက်တွင်၊ကောင်းကင်လမ်းစဉ် အပိုင်းအစ နှင့် ကောင်းကင်လမ်းစဉ် အလိုဆန္ဒတို့သည် အဆက်မပြတ် တိုက်ခိုက်‌နေကြဆဲပင် ဖြစ်ရာ ကြီးကျယ်ခမ်းနားသော တန်ခိုးစွမ်းအားများသည် အာကာသအတွင်း လှိုင်းဂယက်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေသည် ။

မြေပေါ်တွင်မူ၊ ဓားစွမ်းအင်သည် ကူးခတ်နေသော နဂါးတစ်ကောင်အလား ဟောက်သံကို ထုတ်လွှတ်နေပြီး မြေပြင်၌ အက်ကြောင်းများ ဖြစ်ပေါ်လို့ နေသည်။ထိုဧရိယာရှိ မြစ်ကမ်းပါးသည်ပင် နောက်ဆုံးတွင် လွှမ်းမိုးနိုင်လွန်းသော ထိုစွမ်းအား၏ ဒဏ်ကိုပင် မခံနိုင်တော့ချေ။

ဝုန်း ဝုန်း !!

ဤမျှအားကောင်းသော စွမ်းအားကြောင့် မြစ်ကမ်းပါးတစ်ခုလုံး ပြိုကျကာ လူဝင်စားမြစ်ထဲသို့ မျောပါသွားခဲ့ရသည်။

စောင့်ကြည့်နေသော လူအုပ်ကြီးမှာ တအံ့တဩ ဖြစ်ကြရသည်။

“မှတ်တမ်းတွေအရ... လူဝင်စားမြစ်ရဲ့ မြစ်ကမ်းပါးတွေက ဖျက်ဆီးလို့မရနိုင်တဲ့ နိယာမစွမ်းအားတွေ ရှိတယ် မဟုတ်လား..?”

“ ချန်ကဲ ဆက်ခံသူက သူတော်စင်နယ်ပယ်အဆင့်လောက်နဲ့ ...မြစ်ကမ်းပါးတွေကို ဖြိုချပစ်နိုင်ခဲ့တယ်!”

“ဟမ်... ဒါက မဟာဧကရာဇ်မင်း တစ်ပါးတည်းသာ လုပ်နိုင်တဲ့အရာ မဟုတ်ဘူးလား”

ထိုလူ၏ ထိတ်လန့်ပြောဆိုသံကို နားထောင်ရင်း လူတိုင်း ရှိုက်ကြီးတငင် ပြုံးလိုက်ကြသည်။

စူးချန်ကဲ၏ ခွန်အားသည် သူတို့လို မျိုးဆက်သစ် လူငယ်တွေထက် ကျော်လွန်နေခဲ့ပြီပင်။

မျိုးဆက်ဟောင်းအချို့နှင့်ပင် ယှဥ်ပြိုင်နိုင်ပြီး ၊ လက်ရည်တူအဆင့်ရှိသည်ဟု ဆိုရပေတော့မည်။

“အိုင်း... နောက်ရက်ပိုင်းအတွင်း ဧကရာဇ်လမ်းစဉ် စ‌တင်တော့မှာပဲ... ကြည့်ရတာ ဒီ

ခေတ်ရဲ့ကံကြမ္မာက... ချန်ကဲ ဆက်ခံသူနဲ့ ရေစက်ရှိတဲ့ပုံပဲ...”

ဤလူများ၏ စိတ်ထဲတွင် မနာလိုစိတ်လုံးဝမရှိကြဘဲ ကြည်ညိုလေးစားမှုသာ ရှိသည်။

စူးချန်ကဲ ဘယ်ကိုသွားသွား သူတို့ကို အံ့အားသင့်စေသည့် ဒဏ္ဍာရီများကို အမြဲဖန်တီးနိုင်ခဲ့သည်။

ထိုကဲ့သို့သောလူများသည် မဟာလမ်းစဉ်ပေါ်သို့ လျှောက်လှမ်းလာချိန်မှစ၍ ကောင်းကင်ယံထက်က အတောက်ပဆုံးသော ကြယ်များဖြစ်လာကြသည် ။

ဒဏ္ဍာရီလာ သူရဲကောင်းများကို လောကသားများက အမြဲတမ်း လေးစားနေကြမည် ဖြစ်သည်။

…….

ထိုစဉ်။

စူးချန်ကဲ၏ ဓားစွမ်းအင်များဖြင့် လွှမ်းခြုံခံထားရသော ဧရိယာတွင် တောက်ပသော အပြာရောင် အလင်းတန်းတစ်ခု ရုတ်ချည်း ပေါက်ကွဲမှု ဖြစ်ခဲ့သည်။

ဘုန်း !

တစ်ချိန်တည်းမှာပင်၊ ကောင်းကင်လမ်းစဉ်၏ လွန်စွာ အားကောင်းသော စွမ်းအားများသည် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။

မူလက တလိပ်လိပ် ထကြွနေခဲ့သော ဖုန်မှုန့်များကို အပြီးတိုင် ရှင်းလင်းပစ်ခဲ့ပြီး ၊ နေရာတစ်ခုလုံးကို ကောင်းကင်လမ်းစဉ်၏ မှော်သင်္ကေတများက အစားထိုးဝင်ရောက်ခဲ့သည်။

“ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က တကယ်ကို ဘောစိပဲ”

စူးချန်ကဲသည် ရှီစစ်၏ ဦးတည်ရာဘက်ကို လှမ်းကြည့်ရင်း ရယ်မောလိုက်သည်။

ဤအချိန်တွင် ရှီစစ်၏ စုတ်ပြဲနေသော ဝတ်စုံအောက်တွင် အပြာရောင် ချပ်ဝတ်တန်ဆာတစ်ခု ရှိနေခဲ့သည်။

တောက်ပသော နတ်အလင်းရောင်များ သွယ်တန်း စီးဆင်းနေသည်နှင့်အမျှ၊ မရေမတွက်နိုင်သော ကောင်းကင်လမ်းစဉ်၏ မှော်သင်္ကေတများ ဖြန့်ကျတ်လို့နေပေရာ တစ်ချိန်တည်းမှာပင်၊ ရိုက်ခတ်လှုပ်ရှားလာသော အလွန် အားကောင်းသော ဧကရာဇ်စွမ်းအင်နှင့် အကြောင်းအကျိုးသက်ရောက်မှု စွမ်းအင်များလည်း ရှိနေခဲ့သည်။

ဤလက်နက်သည် ကံကြမ္မာဧကရာဇ်လက်နက်ဖြစ်သည်မှာ သံသယဖြစ်စရာမရှိချေ။ အနည်းဆုံးတော့ စတုတ္ထတန်းနှင့်အထက် ဧကရာဇ်လက်နက် ဖြစ်နိုင်သည်။

“နောက်ဆုံးတော့ အစ်ကို စန်းက မင်းကို ရှင်းဖို့ ဘာကြောင့် ဒီလောက်ထိ ကြိုးစားခဲ့ရတာလဲဆိုတာ ငါ နားလည်ပြီ...”

ရှီစစ်၏မျက်လုံးများသည် အေးစက်နေပြီး ၊ သူ၏ နက်မှောင်သော ဆံနွယ်များက ဝဲလွှင့်နေသည်။

“မင်း အသက်ရှင်နေသရွေ့ ဒီကမ္ဘာကြီးက ဘယ်တော့မှ ဟန်ချက်ထိန်းနိုင်မှာ မဟုတ်တော့ဘူး!”

ရှီစစ်က အေးစက်စွာ ဆိုသည်။

“ ငါ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အနေနဲ့ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး”

အဆုံးမရှိသော ကောင်းကင်လမ်းစဉ်၏ စွမ်းအားများ လျှံထွက်လာပြီး ၊ နိယာမတရားသည် အဆုံးစွန်ထိ ရောက်ရှိလို့လာချေပြီ။

အပြာရောင်အလင်းစုများက သူ့ကို ရစ်ပတ်ထားပြီး ၊ သူ၏ ဒဏ်ရာများကို လျင်မြန်စွာ ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့သည်။သူ၏ ကျင့်ကြံမှုပင်လျှင် ဧကရာဇ်နယ်ပယ်အဆင့်သို့ ဝင်ရောက်လုနီးပါးပင်။

“ကောင်းကင်လမ်းစဉ်၏ အထက် ၊ ဒီလူကို သတ်ဖို့ ကျွန်တော်ကို ကူညီပေးကြပါ!”

ရှီစစ်၏ စကားသံအဆုံးတွင် ၊

ကမ္ဘာလောကတစ်ခုလုံးကို လှုပ်ခါသွားစေသော တုန်လှုပ်ချောက်ချားဖွယ် ကောင်းကင်လမ်းစဉ်၏ ဖိနှိပ်စွမ်းအားများ ထွက်ပေါ်လာသည်။

ပြာလဲ့လဲ့ နေတစ်စင်းကဲ့သို့ တောက်ပသော ကောင်းကင်လမ်းစဉ်၏ အလိုဆန္ဒသည် ရှီစစ်၏ နောက်သို့ ရောက်ရှိသွားသည်။

တဖျပ်ဖျပ် ခတ်လျက် တောက်ပနေသော အပြာရောင် အလင်းတန်းများသည် ရှီစစ်၏နောက်တွင် အပြာရောင် လှည့်ဘီးတစ်ခုသဖွယ် လည်ပတ်နေပြီး ၊ ကောင်းကင်လမ်းစဉ်အလင်း၏ ရောင်ပြန်ဟပ်မှုအောက်တွင် ရှီစစ်၏ ရောင်ဝါသည် စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံထားသည်။

“ဒါ၊ ဒါက...”

“ ချန်ကဲ ဆက်ခံသူနဲ့ တိုက်ခိုက်နေတဲ့သူက ကောင်းကင်လမ်းစဉ်ရဲ့ စွမ်းအားကို လုံးလုံးလျားလျား ချေးငှားနိုင်တယ်!?”

“ဒီကောင်ရဲ့ ခန္ဓာကိုယ်ကနေ ထွက်လာတဲ့ ရောင်ဝါက ကောင်းကင်လမ်းစဉ်ရဲ့ မိုးကြိုးကပ်ဘေးဒုက္ခနဲ့ တူတယ် “

စောင့်ကြည့်နေကြသော လူအုပ်ကြီးမှာ လုံးဝ ထိတ်လန့်သွားကြသည်။ လူတိုင်း မယုံနိုင်စွာဖြင့် ထိုနေရာကို ကြည့်လိုက်ကြသည်။

ကွေးယွမ် သူတော်စင် နယ်မြေမှ တပည့်များသည် ထိုအနှီပုဂ္ဂိုလ်သည် မည်သူမည်ဝါဖြစ်သည်ကို သူတို့ ခန့်မှန်းပြီးသား ဖြစ်သည်။

“ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ကောင်တွေက တကယ့်ကို ခွေးအရေခွံ ပလာစတာတွေပဲ!”

ယဲ့လင်ထျန်းသည် ဒေါသတကြီးဖြင့် ဆိုလိုက်သည်။

“သွားမယ် ၊ ငါတို့လည်း ချန်ကဲ ဆက်ခံသူကို သွားကူညီကြမယ် !”

သို့သော် သွားရန်ဟန်ပြင်နေသော ယဲ့လင်ထျန်းအား လီဟောက်ထျန်းက တားစီးလိုက်သည်။

“ ချန်ကဲ ဆက်ခံသူကိုယ်တိုင် ဖြေရှင်းပါစေ”

“ ချန်ကဲ ဆက်ခံသူက ငါတို့ကြားဝင်စွက်ဖက်မှာကို အလိုမရှိလောက်ဘူး “

ရှီစစ်သည် ကောင်းကင်လမ်းစဉ်၏ အမြင့်ဆုံးသော စွမ်းအားများကို စုစည်းခဲ့ပြီး ၊ သူတို့ကိုပင် တုန်လှုပ်သွားစေခဲ့သည်။

သို့ဆိုတောင် စူးချန်ကဲသည် လျစ်လျူရှုထားဆဲပင် ဖြစ်ကြောင်း သူတို့ ရိပ်မိသည်။

ဤတိုက်ပွဲတွင် မိမိတို့၏ ချန်ကဲ ဆက်ခံသူမှာ ရှုံးနိမ့်လိမ့်မည် မဟုတ်။

All Chapters