အခန်း (၃၅၈-၃၆၂)
Vol. 26 Ch. 358-362
အပိုင်း(၃၅၈): ဧကရာဇ်လမ်းစ စတင်တော့မည်
ခေတ်ဟောင်း စွမ်းအားရှင် ပုဂ္ဂိုလ်ခြောက်ဦး၏ ပေါ်ထွက်လာမှုသည် အတော်လေး မိမိုက်သလောက် ယခု အတော်ပင် ရယ်စရာကောင်းနေခဲ့သည်။
သို့သော် အရှက်ရသွားခဲ့သော ထိုအင်အားစုခြောက်စုမှာ ဤကိစ္စကို လွယ်လွယ်နှင့် လွှတ်ထားမည်မဟုတ်မှန်း သိသာထင်ရှားပေသည်။
“ ကွေးယွမ် သူတော်စင် နယ်မြေ!”
“အခု ဧကရာဇ်လမ်း စတော့မယ် ၊ မင်းတို့ ဘယ်လောက်ကြာကြာ ဂုဏ်ယူနေနိုင်မလဲလို့ ဆိုတာ ငါစောင့်ကြည့်ဦးမယ် “
……
တစ်ချိန်တည်းမှာပင် ၊
ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ။
ကောင်းကင်လမ်းစဉ်ကြေးမုံမှတဆင့် ကွေးယွမ် သူတော်စင် နယ်မြေတွင် ဖြစ်ပျက်နေသည့် မြင်ကွင်းများကို ကြည့်ရှုနေကြသော ကောင်းကင်လမ်းစဉ်အဖွဲ့သားများ၏ မျက်နှာများမှာ အနည်းငယ် သုန်မှုန်နေသည်။
“ ကွေးယွမ် သူတော်စင်နယ်မြေကကောင်တွေ ဒီလောက်ထိ နက်နက်ရှိုင်းရှိုင်း ဖုံးထားနိုင်မယ်လို့ မမျှော်လင့်ထားဘူး ၊ ကွေးယွမ်ပရမ်းပတာ ခေါင်းလောင်ကိုတောင် ထုတ်လာတယ်...”
“ ကြည့်ရတာ ငါတို့တွေ ဒီကိစ္စကို သေချာစဉ်းစားဖို့လိုပြီ...”
“ကွေးယွမ် သူတော်စင် နယ်မြေက ဒါကို ငါတို့မြင်အောင် တမင်တကာ ထုတ်ပြခဲ့တာပဲ ၊ ဒါ ငါတို့ကို ခြိမ်းခြောက်နေတာပဲ..”
“ အခုအစ်ကိုကြီးနဲ့ ဒုတိယအကိုတို့က အပြင်မှာကိစ္စတစ်ခုကို သွားလုပ်နေတယ် ၊ ပြန်လာဖို့ တစ်လလောက် အချိန်ကြာဦးမယ်... ငါတို့ အစီအစဉ်တွေကို ဆိုင်းငံ့ထားရလိမ့်မယ်...”
“မဟုတ်ဘူး၊ ကောင်းကင်လမ်းစဉ် ရေကန်ထဲက ကောင်းကင်လမ်းစဉ်ဆန္ဒရောင်ခြည်ကြောင့် သိပ်မကြာခင် ကောင်းကင်လမ်းစဉ်ရဲ့အမွေခံ နိုးထလာတော့မယ် ၊ အဲဒီအချိန်ရောက်ရင် ကွေးယွမ် သူတော်စင် နယ်မြေ နဲ့ မလွဲမသွေ ထိပ်တိုက်ရင်ဆိုင်မယ်...”
“မှန်တယ်၊ ဒီကိစ္စကို ဆိုင်းငံ့ထားရင် ငါတို့အတွက် အဆင်မပြေဖြစ်နိုင်တယ်!”
အောက်က ဆွေးနွေးသံများကို နားထောင်ရင်း ပထမခုံတွင် ထိုင်နေသော စန်းက ရုတ်တရက် ထဆိုလိုက်သည်။
“ တော်ကြတော့!”
ဆွေးနွေးမှုကြီးသည် ရုတ်တရက် ငြိမ်သက်သွားပြီး ၊ အားလုံးက စန်း ရှိရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။
ထိုအချိန် ၊ စန်းက ထပ်ဆိုလိုက်သည်။၊
“ ကွေးယွမ် ပရမ်းပတာခေါင်းလောင်းက တကယ်ကို အလွန်အစွမ်းထက်တယ်၊ ဒါပေမဲ့ အဲ့တိုက်ပွဲကြီးပြီးဆုံးသွားကတည်းက သေချာပေါက် ပကတိအတိုင်း မဖြစ်နိုင်တော့ဘူး”
“ အခု ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းက မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ကို ရှာတွေ့ပြီးပြီ ၊ ကွေးယွမ်ပရမ်းပတာခေါင်းလောင်းနဲ့ သိပ်မကွာဘူး “
“ဒါ့အပြင်၊ ငါတို့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ မှာလည်း ကောင်းကင်လမ်းစဉ် အာဏာဒိုင်းကာ ရှိတယ်”
“ဒီအရာဝတ္ထုနှစ်ခုနဲ့တင် ကွေးယွမ် ပရမ်းပတာခေါင်းလောင်ကို ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်တယ် “
“ဒါ့ကြောင့် အစီအစဥ်က ခါတိုင်းလိုပါပဲ၊ ကောင်းကင်လမ်းစဉ် ရဲ့ အမွေဆက်ခံသူကို နှိုးဆော်ပြီးရင် အခြားအင်အားစုများစွာနဲ့ လက်တွဲပြီး ဧကရာဇ်လမ်းကြောင်းပေါ်မှာ စူးချန်ကဲကို အမဲလိုက်မယ် “
စန်း၏မျက်လုံးထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ဖျက်ခနဲ့ ဝင်းလက်သွားသည်။
“ ဒီဟန်ချက်မညီတဲ့ ဖြစ်တည်မှုကို လုံးဝဖျက်ဆီးပစ်မယ်!”
……..
ကွေးယွမ် ဘုရားကျောင်း။
ဖော့ကျွင်းဘိုးဘေးသည် ခေတ်ဟောင်း စွမ်းအားရှင် ခြောက်ဦးမှ ပေးအပ်ခဲ့သော ‘လက်ဆောင်’များကို ယူဆောင်ကာ စူးချန်ကဲထံ ရောက်ရှိလာသည်။
“ ချန်ကဲ ဒီအရာတွေက ငါ့ ကွေးယွမ် သူတော်စင် နယ်မြေအတွက် အဖိုးမတန်ပေမဲ့ ဒါပေမယ့် သူများက မင်းကို လက်ဆောင်အဖြစ် ပေးထားမှတော့ မင်းလက်ခံသင့်တယ်”
ရွှန်းလဲ့တောက်ပနေသော သူ့ရှေ့က ရတနာများကို ကြည့်ရင်း စူးချန်ကဲသည် ခေါင်းတယမ်းယမ်းဖြင့် ရှိုက်ကြီးတငင် ပြုံးရှာလေသည်။
ဤ ‘လက်ဆောင်’ ဆိုသည့်စကားသည် အတော်လေးကို လူသားဆန်ပေသည်။
“ချန်ကဲ ဘိုးဘေးအပေါင်းတို့ကို ကျေးဇူးတင်ပါတယ် “
ဖော့ကျွင်းဘိုးဘေးသည် စူးချန်ကဲအား ကျေနပ်အားရသော အကြည့်များဖြင့် စိုက်ကြည့်နေသည်။
တစ်ချိန်က စူးချန်ကဲသည် သူ့မျက်လုံးထဲတွင် အလွန်အားနည်းခဲ့သော ကလေးတစ်ယောက်သာပင်။
ယခုတွင်မူ ၊ သူသည် သူတော်စင်ဧကရာဇ် အထွတ်အထိပ်အဆင့်ရှိ သန်မာသူတစ်ဦးဖြစ်လာခဲ့ပြီး တိုက်မြေသုံးထောင်၏ ကျောရိုးအဖြစ် မှတ်ယူရပေမည်။
လူအများစုသည် ဤအခြေအနေမျိုးကို ရောက်ရှိရန် တစ်သက်တာလုံး ကြိုးစားခဲ့ရသော်လည်း စူးချန်ကဲသည် နှစ်အနည်းငယ်အတွင်း အောင်မြင်နိုင်ခဲ့သည်။
“ ချန်ကဲ အခု မင်းက သူတော်စင်ဧကရာဇ်အဆင့်ကို ရောက်ရှိလာပြီ ၊ ဒီရက်ပိုင်းအတွင်း မင်း ကောင်းကောင်း လေ့ကျင့်ဖို့လိုတယ် “
“ဧကရာဇ်လမ်းစဉ်ကို ဖွင့်လိုက်နိုင်ပြီဆိုတာနဲ့ အဲဒါကမှ မင်းရဲ့ တကယ့်စင်မြင့်ပဲ”
ထိုစကားကို နားထောင်ရင်း ၊စူးချန်ကဲ၏ မျက်ဝန်းတစ်စုံသည် မျှော်လင့်ချက်ကြီးစွာ တောက်ပနေသည်။
ဧကရာဇ်လမ်းစဉ်သည် မရေတွက်နိုင်သော ကျင့်ကြံသူများ၏ အဆုံးစွန်သော အိပ်မက်ဖြစ်သည်။
အခက်အခဲမျိုးစုံကို ဖြတ်ကျော်ကာ ထောင်ပေါင်းများစွာသော ပါရမီရှင်များသည် အခွင့်အာဏာအတွက် တိုက်ပွဲဝင်ကြရသည်။
အဆုံးတွင် ကံတရားကို ဆုပ်ကိုင်ပြီး တုနှိုင်းမဲ့ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာပေမည်။
စူးချန်ကဲ၏ မျှော်လင့်မှုများဖြင့် ပြည့်နှက်နေသော အကြည့်ကို မြင်တော့ ဖော့ကျွင်းဘိုးဘေးက ပြုံးပြီး ဆိုလိုက်သည်။
“ဧကရာဇ်လမ်းစဉ်ဆိုတာ အလွန်အန္တရာယ်များသလို ၊ မရေမတွက်နိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်မှု ရှေးဟောင်းကမ္ဘာတွေနဲ့ ဖွဲ့စည်းထားတာပဲ”
“ အဲ့ထဲမှာမှ ဧကရာဇ်တစ်ပိုင်း အထွပ်အထိပ်အဆင့်ရှိတဲ့ သူတွေရှိတယ် ၊ သူတို့က ဧကရာဇ်လမ်းစဉ်မှာပဲ မအောင်မြင်ဘဲ ပိတ်ဆို့နေတာကြောင့် အထူးသဖြင့် ဧကရာဇ်လမ်းစဉ်ကို စတင်ဝင်ရောက်မယ့် လူငယ်တွေကို အမဲလိုက်တတ်ကြတယ် လို့ ငါကြားဖူးတယ် “
“တစ်ချိန်က၊ ကမ္ဘာ့ကပ်ဘေးစစ်ပွဲရဲ့ အကျိုးဆက်ကြောင့် ဧကရာဇ်လမ်းစ ပိတ်ဆို့သွားခဲ့ရသလို မရေမတွက်နိုင်တဲ့ အချိန် -အာကာက အပိုင်းအစများစွာ ကွဲအက်သွားခဲ့ရတယ် အဲ့မှာ လျို့ဝှက်ထားတဲ့ ကောင်းကင်ဘုံကို အံတုနိုင်တဲ့ အခွင့်အလမ်းများစွာတွေ ရှိတယ်”
“ဒါပေမယ့် အခွင့်အလမ်း ကြီးလေလေ၊ ပိုပြီး စွန့်စားရလေလေပဲ၊ လုံလောက်တဲ့ ခွန်အားမျိုးမရှိတဲ့သူတွေက ဧကရာဇ်လမ်းစဉ်ကို လျှောက်လှမ်းဖို့ အရည်အချင်းမရှိဘူး “
“ဒါပေမယ့် အဲ့ကိစ္စနဲ့ပတ်သက်ပြီးနောက်မှ ပြောကြတာပေါ့”
ရုတ်တရက်ဆိုသလိုပင် ဖော့ကျွင်းဘိုးဘေးသည် အကြောင်းအရာကို ပြောင်းလဲကာ မုတ်ဆိတ်မွေးကို လက်ဖြင့် သပ်ချရင်း ဆိုလိုက်သည်။
“အခု မင်းက ကျုံယုံ(ငရဲကိုးထပ်) ကနေ ပြန်လာပြီ ဆိုတော့ မင်းအတွက် ပြင်ဆင်ထားတဲ့ စားပွဲကို ကောင်းကောင်းကြီး ခံစားလိုက်ဦး”
“စားပွဲ?”
…….
များမကြာမီပင် ၊ ကွေးယွမ် သူတော်စင် နယ်မြေတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်သည် တိုက်မြေသုံးထောင်တစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။
အချို့သော လျှို့ဝှက်နယ်မြေများပင် ဤကိစ္စကို သိထားကြသည်။
ဘဝကန့်သတ်နယ်မြေထဲတွင် ၊ ဧရာမသစ်ပင်ကြီးတစ်ပင်သည် ကောင်းကင်သို့ တည့်တည့်မတ်မတ် ထိုးတက်နေသည်။
တာအိုဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကျောဆန့်ထိုင်နေသည်။ ကြွယ်ဝသော ကောင်းကင်လမ်းစဉ် စွမ်းအားများသည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် လှည့်ပတ်နေသော ကြယ်များအဖြစ် ပြောင်းလဲနေသည်။
“ဆယ်နှစ်တာကာလအတွင်း နွေဦးဆောင်းဦးတို့ ကျော်လွန်ခဲ့ပြီ ၊ အနှစ်တစ်ရာကာလအတွင်း မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့ကို သက်သေပြခဲ့ပြီ ၊ နှစ်တစ်ထောင်အတွင်း မင်းဆက်များ ပြောင်းလဲလေကာ အနှစ်တစ်သောင်းအတွင်း ကြယ်စင်များလည်း ပြောင်းလဲလို့သွားချေပြီ “
“ နှစ်ကာလတွေ အများကြီးကုန်ဆုံးသွားပေမဲ့ ကွေးယွမ် သူတော်စင် နယ်မြေကတော့ အရင်လို ဩဇာအာဏာကြီးမားတုန်းပဲ...”
“ မဟုတ်မှလွဲရော ငါမှန်းဆထားတဲ့အတိုင်း ဖြစ်လာပြီလား... ကွေးယွမ် သူတော်စင် နယ်မြေက တိုက်မြေသုံးထောင်နဲ့ မသက်ဆိုင်ပေမဲ့... ဒါပေမယ့် သူတို့အထက်မှာ?...”
လူလတ်ပိုင်းအရွယ် အမျိုးသားက လေးလံစွာ သက်ပြင်းချလိုက်ရင်း ။
“ဒီကိစ္စကို ငါ့အစ်ကိုကြီးဆီ အစီရင်ခံဖို့ လိုပြီ ၊ ငါတို့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ရပ်တန့်ရလိမ့်မယ် ..”
“မဟုတ်ရင်......”
တုန်လှုပ်ချောက်ချားနေကြသော အပြင်ကမ္ဘာနှင့် နှိုင်းယှဉ်ပါက ၊ ကွေးယွမ် သူတော်စင် နယ်မြေသည် အထူးသက်ဝင်လှုပ်ရှားနေပုံရသည်။
ကျုံယုံ(ငရဲကိုးထပ်) မှ ပြန်ရောက်လာကြသော တပည့်ငယ်များစွာက်ို ဂုဏ်ပြုခြင်းဖြစ်သလို ဧကရာဇ်လမ်းစကို စတင်တော့မည်ဖြစ်ရာ ယင်းအတွက် ကြိုဆိုခြင်း သဘောတရားဆိုလည်း ဟုတ်ပေသည်။
ကွေးယွမ် သူတော်စင်နယ်မြေသည် ကြီးကျယ်ခမ်းနားသော ဧည့်ခံပွဲတစ်ခုကျင်းပပြီး ၊ ချစ်ကြည်ရင်းနှီးသော အင်အားစုဝင်များစွာကို ဖိတ်ကြားခဲ့သည်။
ယောင်ချီ သူတော်စင်နယ်မြေမှ လော့ရန်ယွီသည်လည်း တပည့်များနှင့်အတူ ကွေးယွမ် သူတော်စင် နယ်မြေ၏ ချိန်းဆိုပွဲသို့ တတ်ရောက်ခဲ့သည်။
“ ဝိုး.. ကွေးယွမ် သူတော်စင် နယ်မြေက အရမ်းကို မိုက်တာပဲ...”
ကွေးယွမ် သူတော်စင် နယ်မြေကို ပထမဆုံးအကြိမ် ရောက်လာသော လော့ရန်ယွီသည်ပင် ထိတ်လန့်ခဲ့ရသည်။
တိမ်တိုက်များကြား ငြိမ့်ညောင်းသော ခေါင်းလောင်းသံများ လွင့်ပျံနေပြီး ထောင်ပေါင်းများစွာသော ဝိညာဉ်စွမ်းအားများသည် တဟုန်ထိုး ရိုက်ခတ်လှုပ်ရှားထကြွနေသည်။
နိယာမတရား၏ အလင်းရောင်အောက်တွင်၊ ကွေးယွမ် သူတော်စင် နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသော ဖွဲ့စည်းမှု အကာအကွယ်ပေါ်တွင် ရောင်ပြန်ဟပ်လျက်ရှိနေပြီး ၊ အုံ့ဆိုင်းနေသော နတ်အခိုးအငွေ့များနှင့်အတူ ထောင်ပေါင်းများစွာသော မဏ္ဍပ်များနှင့် မျှော်စင်များကို ကွယ်ဝှက်ထားသည်။
မကြာမီ၊ ကွေးယွမ် သူတော်စင် နယ်မြေရှိ တပည့်များ၏ လမ်းညွှန်မှုအောက်တွင် လော့ရန်ယွီသည် ခမ်းနားထည်ဝါသော ခန်းမတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
လာရောက်သူ၏ အထောက်အထား နောက်ခံအရ ၊ ၎င်းတို့ကို မတူညီသော နေရာအသီးသီး ပြင်ဆင်ထားသည်။
လော့ရန်ယွီထိုင်ပြီးနောက် ၊ လှပသော အစေခံမိန်းကလေးတစ်ဦးသည် လတ်ဆတ်သော သစ်သီးများ ၊ ဝိုင်ကောင်းများနှင့်အတူ တည့်ခင်းဧည့်ခံပေးခဲ့သည်။
နတ်သစ်သီးများသည် ပယင်းရောင်ရှိပြီး တာအို စည်းချက်အတိုင်း စီးဆင်းနေသည်မှာ အလွန်ထူးကဲသော အသွင်အပြင်မျိုး ဖြစ်စေသည်။
ဝိုင်သည် ချိုမြိန်ပြီး ကောင်းမွန်သော အရသာရှိပေရာ လူကို အိမ်ပြန်ဖို့ မေ့လောက်စေသည့်အထိ ဖြစ်စေသည်။
လော့ရန်ယွီသည် ဝိုင်တစ်ခွက် မော့လိုက်လေရာ ၊ သူမ၏ လှပသော မျက်နှာလေးကို အနည်းငယ်နီမြန်းလာစေသည်။
“ဘာ!”
“ငါကတော့ ဆရာရဲ့ အမိန့်ကို နာခံပြီး အဖိုးတန်လက်ဆောင်တွေ လာပို့လိုက်ရတာ ဒင်းကတော့ အရိပ်တောင်မမြင်ရဘူး “
လော့ရန်ယွီက တိုးတိုးလေး ငြီးနေလေ၏။
“ ခွေးကောင် စူးချန်ကဲ ၊ ယောင်ချီ သူတော်စင်နယ်မြေက လက်ဆောင်ကို အလကားရဖို့ ကြိုးစားနေတာလား?”
“ လော့နတ်ဘုရားမ ကိုယ်တိုက်ရောက်လာတာ ကျွန်တော် ချန်ကဲက သေချာပေါက် ကြိုဆိုရမှာပေါ့ “
အပိုင်း(၃၅၉): ဧကရာဇ်လမ်းကြောင်း၏ လျှို့ဝှက်ချက်
“ဒီအသံက…”
လော့ရန်ယွီသည် ကြောင်တက်တက်ဖြင့် လှည့်ကြည့်လိုက်သည်။ သူမ၏ ပါးစပ်ထဲတွင် နတ်သစ်သီးများဖြင့် ပြည့်နှက်နေပေရာ သူမ၏ စကားများမှာ ဗလုံးဗထွေးဖြစ်နေသည်။
သိပ်မဝေးသော နေရာတွင် ၊
လရောင်သဖွယ် အဖြူရောင် ဝတ်စုံကို ၀တ်ဆင်ထားသော စူးချန်ကဲသည် သူ့လက်တစ်ဖက်ကို နောက်သို့ပစ်လျက် မျက်နှာပေါ်တွင် အပြုံးများဆင်ယင်ကာ လျှောက်လှမ်းလာသည်။
သူ့ပတ်ဝန်းကျင်တွင် လူကို ပျော်ရွင်ရွှင်လန်းစေသည့် အငွေ့အသက်များဝန်းရံလို့ နေပေကာ အမတသခင်တစ်ပါး ဤကမ္ဘာမြေသို့ ဆင်းသက်လာသကဲ့သို့ သူ့တစ်ကိုယ်လုံးက တဖိတ်ဖိတ် တောက်ပနေသည်။
စူးချန်ကဲရောက်လာသည်ကို မြင်တော့ ၊ ဧည့်ခံပွဲကို ရောက်ရှိလာကြသော အင်အားစုအသီးသီးမှ တပည့်တော်တော်များများသည် တယောက်ပြီး တယောက် မတ်တပ်ရပ်ကာ စူးချန်ကဲကို ဦးညွှတ်လျက် တညီတညွတ်တည်း ဆိုလိုက်ကြသည်။
“ ချန်ကဲ ဆက်ခံသူကို နှုတ်ခွန်းဆက်သပါတယ် “
စူးချန်ကဲသည် ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ဤသည်မှာ အားလုံးအပေါ် ပြန်လည်တုံ့ပြန်သည့် ယဉ်ကျေးပျူဌာသော အပြုအမှုတစ်ခု ဟု ယူဆရပေမည်။
“ စူး စူး...ချန်ကဲ...?”
လော့ရန်ယွီသည် သူမပါးစပ်ထဲတွင် အပြည့်ရှိနေသော ဝိညာဉ်သစ်သီးများကို အမြန်အန်ထုတ်လိုက်သည်။
လှပသော မျက်နှာလေးသည် အနည်းငယ် နီမြန်းနေသည်။ မိမိသည် မသင့်လျော်သော အမူအကျင့်ကို ပြုမှုခဲ့မှန်း သိလိုက်သည်။
သို့သော် စူးချန်ကဲသည် လုံးဝ ဂရုမစိုက်သည့်အပြင် အပြုံးမပျက် ရှိနေသည်။
အမှန်အတိုင်းဆိုရလျှင် လော့ရန်ယွီသည် ဤတိုက်မြေသုံးထောင်တွင် သူ မြင်တွေ့ဖူးသော ဒုတိယမြောက် လူထူးဆန်း( အများနှင့်မတူ တမူထူးခြားသော လူ) တစ်ယောက် ဖြစ်သည်။ သူမသည် ဟွိုင့်တွိုင့်ခန္ဓာကိုယ်နှင့် တာအိုအရိုးကို ပိုင်ဆိုင်ထားလျက်သားဖြင့် ၊ သို့သော် တုံးအပြီး ရိုးရှင်းလွန်းသည်မှာ ပြောစရာစကားပင်မရှိ။
ဝူကျီအောက်ထျန်း၏ အကျင့်စရိုက်ကဲ့သို့ပင် လူကို နက်နက်ရှိုင်းရှိုင်း အထင်ကြီးမိစေသည်။
တစ်ချိန်တည်းမှာပင် ၊ စားပွဲ၏အခြားထောင့်တစ်နေရာ၌
အိမ်ရှင်နှင့် ဧည့်သည်တော်များ နှစ်ခြိုက်သဘောကျစွာဖြင့် ပွဲကျလို့နေသည်။
လော့ဟယ်ဓားဂိုဏ်းမှ ဓားကျင့်ကြံသူများသည် ရိုးရိုးရှင်းရှင်း ၀တ်ဆင်ထားပြီး မတုန်မလှုပ်ဖြင့် ဤနေရာတွင် ထိုင်နေကြသည်။
ခံစားချက်လုံးဝ မရှိသည့်အတိုင်း ။
ထိုအချိန်တွင်၊ ဓားကျင့်ကြံသူတစ်ယောက်က တိုးတိုးလေး မေးရှာသည်။
“အစ်ကို အောက်ထျန်း... ချန်ကဲ ဆက်ခံသူက ကျွန်တော်တို့ကို ပွဲရဲ့ ဗဟိုနေရာကို သွားခိုင်းထားတာ မဟုတ်လား...?”
“ ကျွန်တော်တို့ ဒီမှာထိုင်နေတာ... ချန်ကဲ ဆက်ခံသူကို မရိုမသေပြုမှုရာ မရောက်ဘူးလား..”
ဝူကျီအောက်ထျန်းက ထိုစကားကိုကြားတော့ အေးစက်စွာ နှာမှုတ်လိုက်သည်။
“မင်းဘာသိလို့လဲ?”
“ အခု စူးချန်ကဲက အရမ်းနာမည်ကြီးနေပြီ ၊ သူ့လိုလူက ဒီခေတ်ရဲ့ ကံတရားပဲ ဖြစ်ရမယ် ၊ ဒီလို ဒဏ္ဍာရီလာ လူနဲ့ပတ်သတ်ပြီး ကုံ ကျမ်းစာအုပ်မှာ ဘယ်လိုပြောထားလဲ”
T/N - ကုံ ဆိုတဲ့အဓိပ္ပာယ်က ၊ အင်တာနက်ဘန်းစကားအရ ဂိမ်းပြီးဆုံးချိန်အထိ အသက်ရှင်ကျန်ရစ်ပြီး ဖိုင်နယ်ထိ လုံခြုံစွာ ဝင်ရောက်နိုင်ခြင်းကို ပြောတာပါ ၊
ထိုဓားကျင့်ကြံသူ လူငယ်လေး၏ မသိစိတ်က ဖြေလိုက်သည်မှာ :
“ ရှောင် ၊ ကိုယ့်အသက်အတွက် ရှောင်တိမ်းနိုင်ပါစေ!”
“ မင်းကို သင်လို့ရသားပဲ !”
“အဲ့တာက ငါတို့ရဲ့ ကံကြမ္မာပဲ !”
ဝူကျီအောက်ထျန်းသည် မေးကို အနည်းငယ် မော့လိုက်ရင်း ထပ်မံ ပြောဆိုလိုက်သည်။
“ငါတို့ ကုံလမ်းစဉ်ကို အထမြောက်စေဖို့ အဆုံးစွန်ထိ ကျင့်ကြံသွားရမယ်!”
T/N - ကုံ လမ်းစဉ် - လျစ်လျူရှုခြင်း လမ်းစဉ်
“ ကျွန်တော့်ကို အိမ်မက်ကနေ နိုးထလာအောင် သင်ပြပေးမှုအပေါ် ကျေးဇူးတင်ပါတယ်၊ အကြီးတန်းအစ်ကို အောက်ထျန်း “
လော့ဟယ်ဓားဂိုဏ်း၏ ဓားကျင့်ကြံသူများသည် တစ်စုံတစ်ရာကို သဘောပေါက်သွားသည့်အတိုင်း မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ချက်ချင်းပင် ၎င်းတို့၏ စားချင်စိတ်များ ပြန်လည်တတ်ကြွလာခဲ့သည် ။
စစ်စင် ၊ ၎င်းတို့သည် တခြားသော ဧည့်သည်တော်များ၏ ထူးဆန်းသော အကြည့်များကို ဆွဲဆောင်နေသည်ပင်။
အကယ်၍ ဤနေရာသည် ကွေးယွမ် သူတော်စင် နယ်မြေ မဟုတ်ခဲ့ပါက၊ ဤလူများသည် အပြင်မှ ခိုးဝင်လာသော သူတောင်းစားဓားသမားများဖြစ်မည်ဟု သံသယဖြစ်ကြပေလိမ့်မည် ။
သို့သော် သူတို့မသိခဲ့သည်မှာ ကုံ လမ်းစဉ်ကို ပြန့်ပွားအောင် ကြိုးစားနေကြသော ဤသူတောင်းစားဓားသမားအုပ်စုသည် အရင်ကတည်းက သူတော်စင်ဧကရာဇ် နယ်ပယ်ထဲသို့ ရောက်ရှိနေသော သန်မာသူများပင် ဖြစ်သည်။
ကုံ လမ်းစဉ်ဆိုသည်မှာ မည်မျှ ကြောက်စရာကောင်းလိုက်လေခြင်း !
……..
ဧည့်ခံပွဲကြီးသည် ဆက်လက်ကျင်းပနေဆဲပင် ဖြစ်သည်။
ကွေးယွမ် သူတော်စင်နယ်မြေအနေဖြင့် ဤပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ကြီးကြီးမားမား မရှိချေ။
ဆိုလိုသည်မှာ ဧကရာဇ်လမ်းစမဖွင့်လှစ်ခင် ၊ ဤလူငယ် ပါရမီရှင်များအား သတင်းအချက်အလက်ဖလှယ်ရန် ပလက်ဖောင်းတစ်ခု ဖန်တီးပေးရုံသာ ဖြစ်သည်။
အမှန်စစ်စင် ၊ ဧကရာဇ်လမ်းစဉ်သည် အလွန်အန္တရာယ်များပေသည်။ ခေတ်တစ်ခေတ်၏ လမ်းကြောင်းသည် အချိန် - အာကာသတို့အပေါ် သက်ရောက်မှုရှိမည်ဖြစ်ပြီး မတူညီသောရလဒ်များကို ဖြစ်ပေါ်စေမည် ဖြစ်သည်။
ထို့ကြောင့် မည်သည့်ခေတ်တိုင်းမဆို ဧကရာဇ်လမ်းစဉ်သည် အလွန်အန္တရာယ်များပြီး မြောက်များစွာသော ဘုရင်များ ကြွေလွင့်ရစမြဲပင်။
တစ်ချိန်က စူးချန်ကဲ ကဲ့သို့ ကမ္ဘာကို ကြီးစိုးနိုင်ခဲ့သော လူတစ်ယောက် ရှိခဲ့ဖူးသည်။
ထိုအနှီလူသည် မဟာဧကရာဇ်တစ်ပါးဖြစ်လာနိုင်သည်ဟု ကမ္ဘာပေါ်ရှိလူတိုင်း ယုံကြည်ထားခဲ့ပါသော်လည်း ၊ အဆုံးတွင် ဧကရာဇ်လမ်းကြောင်းပေါ်တွင် မြှုပ်နှံခံလိုက်ရသည်။
ဤကမ္ဘာပေါ်တွင် ကိုယ်ပိုင်အစွမ်းသတ္တိများကို ဖုံးကွယ်ထားကြသည့် မရေမတွက်နိုင်သော လူ့ဘီလူး ပါရမီရှင်များစွာ ရှိပေသည်။
ဧကရာဇ်လမ်းကြောင်းပေါ်တွင် မြင်နက်တစ်ကောင် ဖြစ်လာရပေမည်။
T/N : မြင်းနက် - မျှော်လင့်မထားသော အောင်နိုင်သူ
ထို့ကြောင့် သင်သည် မဟာဧကရာဇ်မင်းဖြစ်လာနိုင်မနိုင် ဆိုသည်ထက် အတွေ့အကြုံများကို စုဆောင်းရန်လိုပေသည်။
အနည်းဆုံးတော့ ဧကရာဇ်လမ်းကြောင်းပေါ်တွင် အသက်ရှင်နိုင်မည့် အခွင့်အလမ်း ရှိပေလိမ့်မည်။
“ ချန်ကဲ ဆက်ခံသူ ...တကယ်တော့ ကျွန်မ ဒီကိုလာခဲ့တာ အရေးကြီးတဲ့ သတင်းတစ်ခု ပြောစရာရှိလို့ပဲ “
လော့ရန်ယွီသည် ဝိုက်တစ်ခွက် ထပ်မော့သောက်လိုက်လေရာ သူမ၏ မျက်နှာလေးမှာ တစ်ဖန် နီရဲသွားပြန်သည်။
“ကျွန်မတို့ ယောင်ချီသူတော်စင်နယ်မြေ ဘိုးဘေးတစ်ယောက်ရဲ့ ကောင်းကင်လမ်းစဉ်အပေါ် ခံစားနိုင်စွမ်းအရ ... ဒီခေတ်နဲ့ မသက်ဆိုင်တဲ့ ကောင်းကင်လမ်းစဉ် စွမ်းအားတစ်ခု နိုးထလာသလိုပဲတဲ့ ..”
“ ကျွန်မ ယောင်ချီ သူတော်စင်နယ်မြေက ဘိုးဘွားတွေရဲ့ မှန်းဆချက်အရ ... အဲ့တာက ကောင်းကင်လမ်းစဉ် ရဲ့ ဒဏ္ဍာရီထဲက အမွေဆက်ခံသူရဲ့ အငွေ့အသက် ဖြစ်နိုင်တယ်တဲ့...”
ထိုစကားကိုကြားလိုက်ရချိန်တွင် ၊ စူးချန်ကဲ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
သူအရင်က စုဆောင်းရရှိထားသော အချက်အလက်တွေအရ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ သည် ကျုံယုံ(ငရဲကိုးထပ်)သို့ ဝင်ရောက်ရသည့် အကြောင်းရင်းမှာ ကောင်းကင်လမ်းစဉ် အမွေဆက်ခံသူကို နှိုးဆော်ကာ မိမိနှင့်ထိပ်တိုက်ရင်ဆိုင်လိုခြင်းကြောင့် ဖြစ်သည်။
သို့သော်လည်း အစီအစဉ် ပျက်သွားသည့်တိုင် ၎င်းတို့သည် ယခုထက်ထိ လက်လွှတ်ရန်အစီအစဉ်မရှိပေ။
စူးချန်ကဲ၏ မျက်လုံးများသည် အနည်းငယ် အေးစက်နေပြီး ၊ သူ့ရှေ့မှ ပျောက်ကွယ်သွားသော မော့ရန်ရှီးကို တွေးမိလိုက်သည်နှင့် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့်ပတ်သတ်၍ အမည်မသိ မီးတောက်တစ်ခုသည် သူ့ရင်ထဲသို့ ဝင်ရောက်လာသည်။
ထိုအချိန်တွင်၊ လော့ရန်ယွီက ထပ်မံပြုံးလိုက်ရင်း ဆိုလေသည်။
“ ချန်ကဲ ဆက်ခံသူက ဗျပ်စောင်းလမ်းစဉ်မှာ ကျွမ်းကျင်တယ်လို့ ကြားဖူးတယ် ၊ ရန်ယွီလည်း ဗျပ်စောင်း အတတ်ပညာမှာ အနည်းငယ် တတ်မြောက်ထားတာတော့ ရှိတယ်”
“ ချန်ကဲ ဆက်ခံသူအနေနဲ့ ဒီပွဲမှာ ရန်ယွီနဲ့အတူ ဆွေးနွေးဖလှယ်ဖို့ ဆန္ဒရှိလား”
ဤစကားများသည် စူးချန်ကဲကို အာရုံကို သတိကပ်စေခဲ့ပြီး ၊ သူသည် လော့ရန်ယွီကို တချက်ကြည့်လိုက်သည်။
စူးချန်ကဲက ကူကယ်ရာမဲ့ ပြုံးလိုက်ရင်း ။
“ မိန်းကလေး ရန်ယွီ၊ မင်းမူးနေပြီလား...”
လော့ရန်ယွီက တခစ်ခစ်ရယ်ကာ ခေါင်းမော့လာသည်။ အံ့မခန်း လှပနေပြီဖြစ်သော မျက်နှာပေါ်တွင် ကြက်သွေးရောင် အလှတရားများ ပေါင်းထည့်လိုက်လေရာ သေမျိုးလောကသို့ ဆင်းသက်လာသော နတ်မိမယ်တစ်ပါးကဲ့သို့ပင်။
သူမ၏ အဖြူရောင်ဝတ်စုံသည် ဆီးနှင်းပွင့်များထက်ပင် ဖြူစွတ်နေပြီး ၊ စူးချန်ကဲ၏ ဝတ်ရုံဖြူနှင့် ယှဉ်တွဲလိုက်ပါက တခြားသူများ၏ အမြင်တွင် သူတို့နှစ်ဦးသည် ပြီးပြည့်စုံသော စုံတွဲတစ်တွဲလိုပင်။
အထူးသဖြင့် လူငယ်အမျိုးသားအချို့သည် လော့ရန်ယွီကို ကြည့်မိလိုက်သည်နှင့် နှလုံးခုန်သံများ မြန်ဆန်လာပြီး ဤအလှတရားကြောင့် အလွန်ပင် တုန်လှုပ်ခဲ့ရသည်။
“ဘယ်လိုလဲ...?”
လော့ရန်ယွီ က ပြုံးလိုက်ပြီး။
“ ချန်ကဲ ဆက်ခံသူက ကြောက်နေတာလား...?”
သူမ၏အသံသည် စိမ့်စမ်းရေစီးသံအလား ပြေပြစ်လွန်းပြီး စကားပြောနေသော လူအုပ်ကြီးမှာပင် ခဏတာ ငြိမ်သက်သွားကြသည်။
ယခုအချိန်တွင် လူတိုင်း ငြိမ်သက်နေကြသည်။
စူးချန်ကဲ၏ နောက်လိုက်များသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။
ယွင်ရှင်းယန်သည်လည်း မျှော်လင့်နေသော အကြည့်များဖြင့် ဤမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
လော့ရန်ယွီကို နတ်ဘုရားမ ဟု ခေါ်ဆိုရသည့် အကြောင်းအရင်းမှာ အလွန်အစွမ်းထက်သော ကျင့်ကြံမှု ပင်ကိုယ်စွမ်းရည်ကြောင့်ပင် ဖြစ်သည်။ ယခုတွင် သူမသည် သူတော်စင် ဧကရာဇ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့အပြင် ဟွိုင့်တွိုင့်ခန္ဓာကိုယ်နှင့် တာအိုအရိုးကိုပါ ပေါင်းစပ်လိုက်မည်ဆိုပါက ၊ ငယ်သော်လည်း အစွမ်းအစ မသေးချေ။
သူမ၏ အနာဂတ်အောင်မြင်မှုများသည် စူးချန်ကဲထက် အများကြီးနိမ့်ကျလိမ့်မည်မဟုတ်ပေ။
ထိုသို့သောလူများသည် စူးချန်ကဲ၏ နောက်သို့ လိုက်ပါရန်ဆန္ဒရှိပါက သူမတို့အနေဖြင့် ကန့်ကွက်စရာမရှိချေ။
စူးချန်ကဲသည် လော့ရန်ယွီကို တိတ်တဆိတ်ကြည့်လိုက်သည်။
ရုတ်တရက် ၊ သူ၏ နှုတ်ခမ်းသားပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ လော့နတ်ဘုရားမတောင် မကြောက်တာ “
“ ချန်ကဲကလည်း ဘာကြောက်စရာရှိလို့လဲ”
အပိုင်း(၃၆၀): လော့ရန်ယွီ သူမကိုယ်သူမ ခံစားချက်ကို ဖြတ်တောက်တော့မှာလား
လော့ရန်ယွီသည် သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
ထို့နောက်တွင်၊ အမည်မသိ နတ်ဘုရားအရိုးများဖြင့် ပြုလုပ်ထားသော ဗျပ်စောင်းတစ်လက်သည် ရုတ်တရက် ထွက်ပေါ်လာသည်။
သလင်းကျောက်သဖွယ် ကြည်တောက်ကာ ခုနှစ်ရောင်စုံအလင်းများဖြင့် တောက်ပနေသည်။
ဤအခိုက်အတန့်တွင်၊ လော့ရန်ယွီ၏ ဆံနွယ်များသည် ကျောပေါ်တွင် ဖြန့်ကျတ်ကာ ကျဆင်းနေပြီး တေးသွားသည် သူမ၏ ပတ်ဝန်းကျင်တွင် တဝဲလည်လည် ပျံ့လွှင့်နေသည်။
ဤလောကနှင့် မသက်ဆိုင်သော နတ်ဘုရားမတစ်ပါးကဲ့သို့ပင်။
သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် ကြိုးကို အဆက်မပြတ် တီးခတ်နေသည်။
ဒင်——!!
ရုတ်တရက်ဆိုသလို ၊ ဗျပ်စောင်းသံ ထွက်ထွက်ပေါ်လာခဲ့ပြီး ဂီတသံစဉ်များက ခုန်ပေါက်လူးလွန့်နေကာ အဆုံးတွင် အလင်းမိုးစက်များအဖြစ်သို့ ပျံလွင့်သွားသည်။
ကောင်းကင်ဘုံ ကိုးထပ်မှ ကျရောက်လာသော နတ်ဘုရားသံစဉ်ကဲ့သို့ ၊ ဤဗျပ်စောင်းသံစဉ်သည် လူတိုင်း၏စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်ပုံရသည်။
တစ်ချိန်တည်းမှာပင်၊ ဆင့်ကဲမှုနှင့် ဖန်ဆင်းခြင်းဆိုင်ရာ လမ်းစဉ်တို့၏ ဖော်မပြနိုင်သော အငွေ့အသက်တို့သည် လေနှင့်အတူ ပျံ့နှံ့စီးဝင်နေပြီး စိတ်လှုပ်ရှားစေသော နတ်အလင်းရောင်များက လော့ရန်ယွီကို ပို၍ပင် ရင်သပ်ရှုမော လှပစေသည်။
“ လော့နတ်ဘုရားမရဲ့ ဗျပ်စောင်းလမ်းစဉ်က ဒီလောက်ထိ ထူးကဲတယ်ဆိုတာကို မသိခဲ့ဘူး”
စူးချန်ကဲက ခပ်ဖျော့ဖျော့ပြုံးကာ ဟင်းလင်းပြင်ထဲမှ ဗျပ်စောင်းတစ်လက်ကို ထုတ်ယူလိုက်သည်။
သူ့လက်ချောင်းထိပ်များဖြင့် ကြိုးကို ပွတ်ဆွဲလိုက်သည်နှင့်အမျှ အဆုံးမဲ့ဂီတသံစဉ်များသည် အခိုးအငွေ့များအဖြစ်သို့ ပျံ့နှံ့သွားကာ ဤနေရာတစ်ခုလုံးကို နတ်ဘုံနယ်မြေတစ်ခုကဲ့သို့ အသွင်ပြောင်းလဲသွားစေသည်။
လုံးဝကွဲပြားသော ဂီတသံစဉ်နှစ်ခုသည် အချင်းချင်း ပဲ့တင်ထပ်လျက် ရောယှက်နေသည်မှာ တောင်ကျချောင်းမှ စီးဆင်းနေသော ရေကဲ့သို့ လူ၏ နှလုံးသားကို ကြည်လင်လန်းဆန်းစေသည်။
ဧည့်သည်တော် အားလုံးသည် ဤအံ့သြဖွယ်ကောင်းသော တေးဂီတထဲတွင် ရစ်မူးနေကြပြီး အိမ်မက်ထဲတွင် မိမိကိုယ့်ကို မေ့ပျောက်ရသည့်အထိ နစ်မြုပ်လို့နေသည်။
နိယာမတရား၏ လွှမ်းမိုးမှုအောက်တွင် ၊ ဤပါရမီရှင်လူငယ်တစ်စု၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပသော အလင်းရောင်များ ဖြာထွက်လာခဲ့ပြီး အံ့သြဖွယ်ကောင်းသော ဉာဏ်အလင်းနယ်ပယ်ထဲသို့ ကျရောက်သွားခဲ့သည်။
တခဏလေးအတွင်းမှာပင်။
ခန်းမထဲတွင် ထူးဆန်းသော အဖြစ်အပျက်များ ထွက်ပေါ်လာခဲ့သည်။
ရောင်စုံငါးသွယ်သည် အချင်းချင်း ရောယှက်လျက် အမျိုးမျိုးသော မှော်ဆန်သော မြင်ကွင်းများအဖြစ် ပြောင်းလဲသွားပြီး အချင်းချင်း၏ အလှတရားကို မြှင့်တင်ရန် တစ်ခုနှင့်တစ်ခု ဖြည့်စွက်ကာ ၎င်းတို့၏ တောက်ပသော အရောင်များကို ပြသနေသည်။
ကွေးယွမ် သူတော်စင် နယ်မြေ၏ ဘိုးဘေးများသည်ပင် ဤသံစဉ်ကို ကြားသည်နှင့် အံ့အားသင့်ခဲ့ကြသည်။
“ ချန်ကဲ နဲ့ ရန်ယွီ တို့ရဲ့ ဗျပ်စောင်းစွမ်းရည်တွေက တကယ့်ကို အံ့မခန်းပဲ... ဒီထဲမှာ မဟာလမ်းစဉ်ရဲ့ ကာရံ ရှိနေရုံသာမက ဂီတရဲ့ အနုပညာဖန်တီးမှုနယ်ပယ်ထဲအထိ ရောက်ရှိနေခဲ့ပြီ ...”
ဖော့ကျွင်းဘိုးဘေးသည် ဤအခိုက်အတန့်တွင် ခိုကိုးရာမဲ့ ဖြစ်နေပုံရသည်။
“တကယ်တော့ သေချာနားထောင်ကြည့်ရင် ... ဒီကလေးမလေး ရန်ယွီရဲ့ ဂီတသံစဉ်ထဲမှာ မတူညီတဲ့ ခံစားချက်မျိုး ရှိနေတယ်...”
“အရမ်းကို နက်နက်နဲနဲ ဖုံးကွယ်ထားပေမယ့် ... ထုတ်ဖော်ပြသလိုက်တဲ့ ချီးမွမ်းခြင်းတွေက တကယ်ကို ပြင်းထန်လွန်းတယ်...”
ထိုသို့ပြောပြီးနောက် ဖော့ကျွင်းဘိုးဘေးသည် ဆက်မပြောတော့ပေ။
တခြားဘိုးဘေးများကလည်း တစ်ယောက်ကိုတစ်ယောက် ပြုံးကာ ကြည့်လိုက်ကြသည်။ သူတို့ အမြင်မှာတော့ ဤအရာသည် ပုံမှန်ပင် ဖြစ်သည်။
စူးချန်ကဲသည် ရုပ်ရည် သို့မဟုတ် ပါရမီစွမ်းရည် မည်သည့်အရာပင်ဖြစ်စေ ဤတိုက်မြေ သုံးထောင် တစ်ခုလုံးတွင် သူသည် ထိပ်တန်းတည်ရှိမှုတစ်ရပ်ပင် ဖြစ်သည်။
စူးချန်ကဲသည် ၎င်းတို့၏ ကွေးယွမ်သူတော်စင် နယ်မြေသို့ ဝင်ရောက်လာကတည်းက တာအိုအဖော်ရှာဖွေမှုမှာ သာမန်ထက်နည်းပါးသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အမျိုးသမီးတိုင်း၏ နှလုံးသားထဲတွင် စူးချန်ကဲသည် လရိပ်ပမာ ရပ်တည်နေသောကြောင့် ဖြစ်သည်။
ရုပ်ရည်ချောမောပြီး အစွမ်းသတ္တိနှင့်ပြည့်စုံသော ဆက်ခံသူကို မည်သူကများ မကြွေဘဲနေမည်နည်း။
အချိန်အတော်တန်ကြာပြီးနောက် ၊
ဂီတသံသည် တဖြည်းဖြည်း ရပ်တန့်သွားပြီး မြင်ကွင်းများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ဧည့်သည့်အားလုံးက မဝံ့မရဲ မျက်လုံးဖွင့်လိုက်ကြသည်။ စောနက သူတို့သည် အရာအားလုံးကို မေ့ပျောက်သွားစေသည့်အထိ ဖြစ်ခဲ့ကြရသည်။
“ တကယ်လို့ ဒီလို နတ်သံစဉ်ကို နေ့တိုင်းကြားခွင့်သာ ရမယ်ဆိုရင်... အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှု မရမှာကို ဘာအတွက်ကြောင့် စိုးရိမ်နေတော့မှာလဲ...?”
ဤစကားတစ်ခွန်းသည် ချက်ချင်းဆိုသလို လူတော်တော်များများ၏ ထောက်ခံမှုကို ရရှိခဲ့သည်။
စူးချန်ကဲ နှင့် လော့ရန်ယွီတို့ တီးခတ်လိုက်သည့် တေးဂီတသည် တာအိုစည်းချက်နှင့် ပြည့်စုံပြီး စိတ်ဝိညာဉ်ကို သန့်စင်စေနိုင်သည်။
ထိုအချိန်တွင် လော့ရန်ယွီသည် သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူသည် စူးချန်ကဲကို ပြုံးရွှင်စွာဖြင့် ကြည့်လိုက်သည် ။
“ဘယ်လိုလဲ “
စူးချန်ကဲက အပြုံးမပျက် ဖြေလိုက်သည်။
“မဆိုးပါဘူး”
“ နှာမှုတ်သံ! “
လော့ရန်ယွီသည် ပေါ့ပေါ့ပါးပါး နှာမှုတ်လိုက်သော်လည်း သူမ၏ မျက်ဝန်းအစုံတွင် စိတ်ပျက်မှု အရိပ်အမြွက်များ ရှိနေသည်။
အဆုံးထိ တဖက်လူသည် မိမိကို အသိအမှတ်ပြုရန် ဆန္ဒမရှိလေသလော ?
သို့သော် သူမသည် ထိုခံစားချက်ကို ချက်ချင်း ဖုံးကွယ်လိုက်သည်။
တွေးကြည့်ရမည်ဆိုပါက ဤသည်မှာ မှန်ပေသည်။ ထိုကဲ့သို့သော နဂါးတစ်ကောင်ကို ရေကန်ထဲတွင် မည်သို့ ထိန်းသိမ်းထားနိုင်မည်နည်း။
သူသည် အထက်ကောင်းကင်နှင့် သက်ဆိုင်ပြီး ကောင်းကင်ဘုံကိုးထပ်၏ အထက်တွင် ရှိသည်။သူ၏ဒဏ္ဍာရီသည် ပိုမိုကြီးမားသောကမ္ဘာကြီးတွင် ပဲ့တင်ထပ်နေသင့်သည်။
“ လှပသော မိန်းမပျိုများသည် အရိုးစုသာ ဖြစ်ပြီး နိုင်ငံ၏ အလှဆုံးမိန်းမပျိုသည် အရိုးခြောက်အဖြစ်သို့ ပြောင်းလဲရချေသည်...”
လော့ရန်ယွီသည် မှိုင်းညို့သောအမူအရာဖြင့် ခေါင်းငုံ့ထားပြီး သူမတစ်ယောက်သာ ကြားနိုင်သည့် အသံဖြင့် ညည်းညူနေခဲ့သည်။
“လှပသောအသွင်အပြင်မှာ ... သန်မာတဲ့ ကျင့်ကြံမှုမရှိမှတော့ ချည်နှောင်ခြင်းထက် ဘာမှ မပိုဘူး...”
“ ဒီလို ငါမလုပ်သင့်တာလည်း ဖြစ်နိင်ပါတယ်”
အလုံးစုံစဉ်းစားပြီးနောက် ၊ လော့ရန်ယွီ၏ မျက်ဝန်းတစ်စုံတွင် ပြတ်သားသော ဆုံးဖြတ်မှုတစ်ခု ရှိနေခဲ့သည်။
ဒင်--! !
သူမ၏ လက်ချောင်းထိပ်များသည် ကြိုးကို ပွတ်ဆွဲလိုက်သည်နှင့်အမျှ သံစဉ်သည် တစ်ဖန် ထွက်ပေါ်လာခဲ့သည်။ သဘာဝသံစဉ်ဖြစ်သော်ငြားလည်း သို့သော် ယင်းသံစဉ်ထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။
ဤအခိုက်အတန့်တွင်၊ လော့ရန်ယွီ၏တစ်ကိုယ်လုံး အေးစက်နေခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ရှိ သူတော်စင် ကိုယ်ထည်နှစ်ခုသည် တညီတညွတ်တည်း ပဲ့တင်ထပ်နေသည်။
အဆုံးမရှိသော ပရမ်းပတာ စွမ်းအင်များသည် သူမ၏ ပတ်ပတ်လည်တွင် စက်ကွင်းတစ်ခုသဖွယ် ဖြစ်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် လူကို တုန်လှုပ်သွားစေသည်။
တစ်ချိန်တည်းမှာပင် ၊ သူမ၏ ရင်ဘတ်ပေါ်ရှိ တာအိုအရိုးသည် တောက်လောင်နေသည်။
ဗျပ်သံစဉ်သည် ဓားတစ်လက်ကဲ့သို့ ပြင်းထန်သော ဆန္ဒများ ပါဝင်နေပြီး လော့ရန်ယွီသည် သူမကိုယ်သူမ ဖြတ်တောက်ရန် ဟန်ပြင်နေခဲ့သည်။
“ကြွေလွှင့်သော ပန်းသည် ခံစားချက်ရှိပြီး၊ စီးဆင်းသော ရေသည် အကြင်နာမဲ့သည်...”
“ဟမ်... ဒီကလေးမလေး စိတ်ခံစားမှု ခုနှစ်ပါး နဲ့တပ်မက်ခြောက်ပါးကို ဖြတ်တောက်ပစ်ဖို့ကြိုးစားနေတာလား!”
T/N - စိတ်ခံစားမှု ခုနစ်ပါး - ပျော်ရွှင်မှု၊ ဒေါသ၊ ပူပန်မှု၊ တွေးခေါ်မှု၊ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှု၊ အံ့သြမှု၊
တပ်မက်မှု ခြောက်ပါး - မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်
ဖော့ကျွင်းဘိုးဘေး၏ အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ဤလော့ရန်ယွီသည် ယောင်ချီ သူတော်စင်နယ်မြေအတွက် စူးချန်ကဲနည်းတူ အရေးပါသော လူတစ်ယောက် ဖြစ်သည်။
ဧည့်ခံပွဲကို တတ်ရောက်ပြီးနောက် ၊ ခံစားချက်မဲ့သူအဖြစ် အိမ်ပြန်သွားမည်ဆိုပါက
ဒါဆို ယောင်ချီသူတော်စင်နယ်မြေက အဲ့အရူးမတသိုက်က သူတို့ကို သေတဲ့အထိ လာသောင်းကျန်းတော့မှာ မဟုတ်ဘူးလား?
သူတို့အနေဖြင့် မကြောက်သော်လည်း ၊ သို့သော် အဆုံးမှာတော့ ကိုယ်တွေပဲ စိတ်ညစ်ရပေမည်။
ဖော့ကျွင်းဘိုးဘေးသည် စူးချန်ကဲထံ အလျင်အမြန် မက်ဆေ့ချ် ပို့လိုက်သည်။
“ ကောင်စုတ်လေး မင်း ဒီကိစ္စကို ချက်ခြင်း ဖြေရှင်းစမ်း!”
“မဖြေရှင်းနိုင်ရင် ဧကရာဇ်လမ်းကြောင်းကို သွားဖို့မစဉ်းနဲ့!”
စူးချန်ကဲခမျာ ထိတ်လန့်သွားပြီး ရှိုက်ကြီးတငင် ပြုံးလိုက်သည်။
အမှန်အတိုင်းပြောရရင် ဒီကိစ္စကို သူ့အပြစ်မှ မဟုတ်တာ !
“အဲ့အတွေးက အစကတည်းက အမှားတစ်ခု ဆိုမှတော့ ...”
“ဒါဆိုလည်း ခံစားချက်အမှားနဲ့ ပတ်သတ်ပြီး..ဖြတ်တောက်ပစ်ရုံပေါ့ !”
လော့ရန်ယွီသည် သူမကိုယ်သူမ အရေးယူဖို့ စိတ်ပိုင်းဖြတ်လိုက်စဉ် ၊
ရွှမ်း!!
ရုတ်တရက် ၊ ဓားအလင်းသည် ဖျက်ခနဲ့ ဝင်းလက်သွားသည်။
ထောင်ပေါင်းများစွာသော ဂီတသံစဉ်မှ အသွင်ပြောင်းလဲထားသော ဓားအလင်းသည် ထိုဓားစွမ်းအင်၏ လက်ချက်ဖြင့် ချက်ချင်းပင် ပြိုကွဲသွားပြီး အလင်းမှုန်များအဖြစ်သို့ အောက်သို့ ပြုတ်ကျလာခဲ့သည်။
လော့ရန်ယွီသည် မျက်မှောင်ကြုတ်ကာ စူးချန်ကဲအား နားမလည်နိုင်စွာ ကြည့်နေသည် ။
“ အစ်ကိုတော် ချန်ကဲ ဒါဘာသဘောလဲ”
“ မဟာလမ်းစဉ်မှာ စိတ် နဲ့ ခန္ဓာကို ကျင့်ကြံအားထုတ်တာပဲ “
စူးချန်ကဲက ခပ်ဖျော့ဖျော့ပြုံးကာ ဆိုလိုက်သည်။
“မင်းရဲ့ စိတ်ခံစားမှု ခုနစ်ပါး နဲ့ တပ်မက်ခြောက်ပါးကို ဖြတ်တောက်လိုက်ရင် မင်းက ရုပ်သေးရုပ်နဲ့ ဘာကွာသွားတော့မှာတုန်း “
“ဒါပေမယ့်...” လော့ရန်ယွီ ဘာမှဆက်မပြောနိုင်ခင် ။
စူးချန်ကဲက ထပ်ဆိုလိုက်သည်။
“ လော့နတ်ဘုရားမက တာအိုအရိုးနဲ့ ဟွိုင့်တွိုင့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ ဒီခေတ်ရဲ့ အလားအလာရှိသူပဲ “
“အနာဂတ် မဟာလမ်းစဉ်ရဲ့ အမြင့်ဆုံးနေရာမှာ ငါ့ဘေးနား မင်းရှိမယ်လို့ မျှော်လင့်မိပါတယ်”
လော့ရန်ယွီ အံ့အားသင့်သွားသည်။
သူမသည် စူးချန်ကဲကို မော့ကြည့်လိုက်သည်။
ယခုတစ်ကြိမ်တွင် သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ရှိနေသည်။ အရင်က အပြုံးနှင့် ကွဲပြားပြီး ဖော်မပြနိုင်သော အဓိပ္ပါယ်ရှိနေသည်။
“ဒီစကားတွေကို အစ်ကိုတော် ချန်ကဲ ကိုယ်တိုင်က ပြောခဲ့တာနော် “
“လူတိုင်းကြားတယ် ၊ ပြီးမှ စကားကို တစ်မျိုးပြောင်းမပြောနဲ့ “
ဤတစ်ကြိမ်တွင် သူမ၏ နှုတ်ခမ်းပေါ်ရှိ အပြုံးသည် အောင်နိုင်သူ တစ်ယောက်နှင့် တူသည်။
စူးချန်ကဲခမျာ ရှိုက်ကြီးတငင် ပြုံးလိုက်သည်။
ဤလော့နတ်ဘုရားမသည် ထင်ထားသလို မတုံးအသလိုပင်။
ကွေးယွမ် သူတော်စင် နယ်မြေ၏ ဘိုးဘေးများခမျာ အဆုံးတွင် သက်ပြင်းချနိုင်ခဲ့ပြီ ဖြစ်သည်။
ယောင်ချီ သူတော်စင်နယ်မြေက စုန်းမအိုကြီးသည် သူတို့၏ ရှေးဘိုးဘေးကိုပင် ခေါင်းကိုက်အောင် လုပ်နိုင်သူဖြစ်သည်။
အဲ့ပါးစပ် ဟ လိုက်တာနဲ့ သေတဲ့လူတောင် အသက်ပြန်ရှင်လာမှာကို စိုးရတယ်!
အပိုင်း(၃၆၁): ဧကရာဇ်လမ်းစဉ် ရေကန် ထွက်ပေါ်ခြင်း
ဤသို့ဖြင့် ဧကရာဇ်လမ်းမစတင်မီ အခမ်းအနားပွဲကြီးမှာ နောက်ဆုံးတော့ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။
ဧကရာဇ်လမ်း မစတင်မီ အချိန်အနည်းငယ် ကျန်ရှိနေသေး၏။
ပွဲအပြီးတွင် ၊ ပါရမီရှင်များစွာတို့သည် မိမိတို့၏ ကျင့်ကြံမှု ပို၍ အားကောင်းလာစေရန် ဤအချိန်ကို အခွင့်ကောင်းယူကာ တံခါးပိတ်ကျင့်ကြံခဲ့ကြသည်။
“အစ်ကိုတော် ချန်ကဲ ၊ ကျွန်မရဲ့ လက်ရှိကျင့်ကြံမှုက သူတော်စင်ဧကရာဇ် နယ်ပယ်ကို ရောက်ရှိနေပြီ “
“ဧကရာဇ်လမ်းရဲ့အဆုံးမှာ ရှင် ကျွန်မထက် နိမ့်ကျနေလို့မဖြစ်ဘူးနော် “
လော့ရန်ယွီသည် ပါးစပ်ကို အုပ်ကာ တိုးတိုးလေး ရယ်မောလိုက်ပြီးနောက် ၊ သူမသည် ယောင်ချီ သူတော်စင်နယ်မြေ၏ တပည့်များနှင့်အတူ အိမ်ပြန်ခရီးကို စတင်ခဲ့သည်။
ပျောက်ကွယ်သွားသော တစ်ဖက်လူ၏ ပုံရိပ်ကို ကြည့်ပြီးနောက် ၊ စူးချန်ကဲသည် ရှိုက်ကြီးတငင် ပြုံးကာ ခေါင်းယမ်းလိုက်သည်။
“အရင်က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ... ချန်းကူကောင်းကင်ကိုယ်ထည်က ဒဏ္ဍာရီလာ ဧကရာဇ်လမ်းစဉ်နဲ့ ဆက်စပ်မှုရှိနေရမယ်”
“ ဒီအချိန်ကို အခွင့်ကောင်းယူပြီး ထျန်းကျီ ကျွန်းသခင်ကို ထပ်ပြီး အဖြေထုတ်ခိုင်းရမယ်..”
…..
ဧည့်ခံပွဲတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများသည် သဘာဝအတိုင်း ပြန့်နှံ့သွားခဲ့သည်။
သိမ်ငယ်စိတ်ရှိသူ လူတချို့သည် စူးချန်ကဲအား ငယ်ရွယ်ပြီး တဏှာရာဂ ပြည့်လျှမ်းသော သူအဖြစ် အမည်တွင်စေခဲ့သည်။
သို့သော် စူးချန်ကဲသည် ဂရုမစိုက်ပေ။
မည်သို့ပင်ဖြစ်စေ ၊ ကောင်းကင်မှာ ပျံဝဲသော လင်းယုန်တစ်ကောင်သည် တောထဲက စာငှက်တွေ၏ တေးဆိုသံကို စာဖွဲ့နေမည်မဟုတ်။
သို့သော် လူအများစုသည် သူ့အကြောင်း မပြောဝံ့ကြပေ။
စူးချန်ကဲသည် မျိုးဆက်သစ် လူငယ်အပေါင်းတို့၏ ဦးခေါင်းကို နှိပ်ကွပ်ထားသော ထာဝရ နတ်ဘုရားတောင်နှင့်တူ၏။
ကျုံယုံ(ငရဲကိုးထပ်)တွင် ဖြစ်ပျက်ခဲ့သမျှ ကိစ္စရပ်တိုင်းသည် အပြင်သို့ ပြန့်နှံ့သွားခဲ့ပေရာ ၊ ပြင်ပကမ္ဘာ၏ ခန့်မှန်းချက်များအရ စူးချန်ကဲ၏ တကယ့် အစစ်အမှန် ခွန်အားသည် မျိုးဆက်သစ် လူငယ်တစ်ယောက်တွင် ရှိသင့်သည့် နယ်ပယ်ထက် ကျော်လွန်သွားခဲ့ပြီ ဟု ယူဆထားကြသည်။
မျိုးဆက်ဟောင်းအချို့ပင်လျှင် သူနှင့်ယှဉ်နိုင်ရန် ခက်ခဲပေမည်။
ဤကမ္ဘာပေါ်ရှိ ထောင်ပေါင်းများစွာသော ပါရမီရှင်များသည်ပင် သူ့ကိုမြင်ရင် ဦးညွှတ်ကြရပေမည်။
ဤသည်မှာ လူတိုင်း တွေးဆထားသည့်အရာပင် ။
သို့သော် ဧကရာဇ်လမ်းစဉ် နီးကပ်လာသည်နှင့်အမျှ ထုံးစံအတိုင်း သူတို့အနေဖြင့် ဤကဲ့သို့ မနစ်မွန်းချင်ကြပေ။
“ဒီရွှေခေတ်မှာ စူးချန်ကဲလို နေတစ်စင်းရှိပြီဆိုတော့ ကျန်တဲ့သူတွေအနေနဲ့ ကြယ်တွေလို တောက်ပရုံကလွဲပြီး မရှိတော့ဘူးပဲ “
သို့သော် တချို့လူများက ထိုသို့မထင်ကြပေ။
“ဟမ်၊ ဧကရာဇ်လမ်းစဉ်မှာ မရေမတွက်နိုင်တဲ့ လူတွေ သေကြေရစမြဲပဲ ၊ စူးချန်ကဲ သန်မာတယ်ဆိုတောင် အမြဲတမ်း သန်မာနိုင်မှာ မဟုတ်ဘူး!”
သို့သော် စူးချန်ကဲသည် ပြင်ပကမ္ဘာမှ ကောလာဟလများကို ဂရုမစိုက်ပေ။ သူ၏ ကျင့်ကြံမှု ပို၍ အားကောင်းလာစေရန် သူသည် ကွေးယွမ်ဘုရားကျောင်းထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ၊ သန်မာလွန်းသော ခွန်အားသည်သာ အကောင်းဆုံးသော သက်သေတစ်ခု ဖြစ်ပေလိမ့်မည်။
…….
အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်လာသည်နှင့်အမျှ တိုက်မြေသုံးထောင်တစ်ခုလုံး ငြိမ်သက်လျက် ရှိသည်။
သို့သော် ငြိမ်သက်နေသော ရေမျက်နှာပြင်အောက်တွင် လှိုင်းကြမ်းများ ရှိစမြဲပင်။
ယနေ့ ၊
ဤအခိုက်အတန့်တွင် တိုက်မြေသုံးထောင်၏ ဆန္ဒရောင်ခြည်သည် လုံး၀နိုးထလာခဲ့ပြီ ဖြစ်ရာ ကောင်းကင်ဘုံ၏ တန်ခိုးစွမ်းအားများသည် တဟုန်ထိုး တက်လာကာ ကောင်းကင်နှင့်မြေကြီးကြားရှိ နိယာမများနှင့် ဥပဒေများ၏ ကြွယ်ဝမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။
ကွေးယွမ် သူတော်စင် နယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းတွင် ၊
ရှေးဘိုးဘေးနှစ်ဦးနှင့် အဝေး ဘိုးဘေးတို့သည် ဤအခိုက်အတန့်တွင် တစ်ချိန်တည်း မျက်လုံးပွင့်လာခဲ့သည်။
သူတို့၏ မျက်လုံးများသည် ကမ္ဘာမြေတစ်ခွင်ကို ထိုးဖောက်ဝင်ရောက်ကာ တိုက်မြေ သုံးထောင် တစ်ခုလုံးသည် သူတို့၏ မြင်ကွင်းထဲတွင် ရှိနေပုံရသည်။
“စပြီ”
“ ကောင်းကင်ဘုံရဲ့ အလိုဆန္ဒ နိုးထလာပြီ ၊ ဧကရာဇ်ဂိတ် ဖွင့်လို့လာခဲ့ပြီ “
“ဟမ်...?”
ရုတ်တရက် ၊ အဝေးဘိုးဘေးသည် လက်ဖြင့် တွက်ချက်လိုက်ရင်း သံသယဖြစ်စွာဖြင့် ဆိုလိုက်သည်။
“ဧကရာဇ်လမ်းစဉ် ရေကန် ဒီခေတ်မှာ တစ်ဖန်ပြန်ပေါ်လာတာလား?”
“ဟားဟား... အဲ့ကောင်တွေ သေချာပေါက် အငြိမ်မနေနိုင်တော့ဘူး ..”
“ဒါပေမယ့် ဒီလိုအခွင့်အရေးမျိုးကို ငါ့ ကွေးယွမ် သူတော်စင်နယ်မြေကပဲ သေချာပေါက် သိမ်းပိုက်ယူရမယ် “
“ ဖော့ကျွင်း “
“ ဟုတ်”
ဖော့ကျွင်းဘိုးဘေးက ဆောလျင်စွာ ဦးညွှတ်ပြီး ရိုသေလေးစားစွာဖြင့် ။
“ရှေးဘိုးဘေး အမိန့်ရှိပါ “
ရှေးဘိုးဘေးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
အမြင့်ဆုံး တာအိုစည်းချက်နှင့် ပေါင်းစည်းထားသော ကြေးတံဆိပ်တစ်ခုသည် လေထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ဖော့ကျွင်းဘိုးဘေး လက်ထဲသို့ ကျဆင်းသွားသည်။
ကြေးတံဆိပ်သည် လက်ဖဝါးအရွယ်မျှသာရှိပြီး ၊ ၎င်းပေါ်တွင် ပြောင်လက်လက် ခြေသည်များဖြင့် ခြိမ်းခြောက်နေသဟန်ရှိသည့် ရှေးဒဏ္ဍာရီလာ သားရဲနှစ်ကောင်ဖြစ်သည့် မိုးပြာနဂါး နှင့် ကျားဖြူတို့၏ ရုပ်တုများကို အသက်ဝင်နေသည့်အတိုင်း ရေးထွင်းထားသည်။
ယင်းအရာကို ဆုပ်ကိုင်ထားလိုက်ရုံဖြင့် ပြင်းထန်သော သတ်ဖြတ်လိုခြင်းစွမ်းအားများက ၎င်းထံမှ ထွက်ပေါ်လာနေသည်။
အကယ်၍ အားနည်းသော ကျင့်ကြံသူ ဖြစ်ပါက ၊ ဤအငွေ့အသက်တစ်ခုတည်းဖြင့် တိုက်ရိုက် သတ်ဖြတ်ခြင်းကို ခံရနိုင်သည် ။
“ဒါက...”
ဖော့ကျွင်းဘိုးဘေး၏ အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
“ ကွေးယွမ်လုံဟူ အဆောင် !”
T/N: လုံ - နဂါး / ဟူ - ကျား
ကွေးယွမ်လုံဟူအဆောင်သည် ကွေးယွမ်၏ မဟာဧကရာဇ်မင်းများကို စည်းရုံးရန်အတွက် အသုံးပြုသည့်အမိန့်ပြား ဖြစ်သည်။
၎င်းတွင် အချိန်နှင့်အာကာသ စွမ်းအားများ ပါရှိပြီး ၊ အကွာအဝေးကို လျစ်လျူရှုနိုင်သည့် အာကာသအချိန် ချန်နယ်ကို ဖွင့်ပေးနိုင်သည်။
ပြင်ပမှ မဟာဧကရာဇ်မင်းများသည် ဤအာကာသအချိန်ချန်နယ်မှ တဆင့် ကွေးယွမ် သူတော်စင်နယ်မြေသို့ အမြန်ဆုံး ပြန်ရောက်လာနိုင်သည်။
အမြင့်မားဆုံး မှော်အစွမ်းဖြင့် မဟာဧကရာဇ်မင်းများအတွက် သီးသန့် အာကာသလမ်းကြောင်းကို ဖွင့်လှစ်ခြင်းသည် အမှန်တကယ်တွင် ကောင်းကင်ဘုံ၏ အလိုတော်ကို ဆန့်ကျင်သော အရာပင်ဖြစ်သည်။
အကြိမ်များစွာအသုံးပြုပါက ၊ ၎င်းသည် တိုက်မြေ သုံးထောင်တစ်ခုလုံးကို အကျိုးသက်ရောက်မှု ရှိစေပြီး တိုက်မြေ သုံးထောင်တစ်ခုလုံးကိုပင် ပျက်စီးစေနိုင်သည့်အထိ ဖြစ်စေသည်။
ထို့ကြောင့်၊ ကွေးယွမ်လုံဟူအဆောင်သည် အနှစ်တစ်ထောင်လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။
ယနေ့တွင် ကွေးယွမ်လုံဟူအဆောင်ကို အသုံးပြုရန် မိန့်ကြားခဲ့လိမ့်မည် ဟု ဖော့ကျွင်းဘိုးဘေးအနေဖြင့် လုံးဝမှ မထင်ထားခဲ့ချေ။
“ဧကရာဇ်လမ်းစဉ် ရေကန်က အလွန်အရေးကြီးတယ်”
“အဲ့ဒီအခွင့်အရေးကို ငါ့ကွေးယွမ်သူတော်စင် နယ်မြေက ဘာပဲဖြစ်ဖြစ် ရအောင်ယူရမယ် “
ရှေးဘိုးဘေးက အေးစက်စွာ ဆိုလိုက်သည်။
“ တကယ်လို့ တစ်စုံတစ်ယောက်ကသာ ဝင်ပါဝံ့ရင် ဒါဆိုလည်း လုံးဝ ဖျက်စီးပစ်လိုက် !”
……
ဂျိန်း !
တိုက်မြေ သုံးထောင်တစ်ဝှမ်းလုံးကို ထူထဲသော တိမ်မည်းများက ဖုံးလွှမ်းထားပြီး အဆုံးမဲ့ မိုးခြိမ်းသံများ ထွက်ပေါ်လျက်ရှိသည်။
ကမ္ဘာကြီးတစ်ခုလုံးသည် ဤအခိုက်အတန့်တွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကြောင့် အဖျက်အမှောင့်များ ဝင်ရောက်လာပုံရသည်။
ကောင်းကင်ကိုးပါးအထက်။
ခရာမှုတ်သံများ ညံလျက်။
တဖျက်ဖျက် ခတ်နေသော မိုးခြိမ်းသံများနှင့်အတူ ကောင်းကင်ဘုံ၏ တန်ခိုးစွမ်းအားများသည် ကမ္ဘာမြေပေါ်သို့ သက်ဆင်းလာသည်။
ကျယ်လောင်သော ဆူညံသံများကြား ၊ ပေထောင်ပေါင်းများစွာ မြင့်သော ရှေးဟောင်းကျောက်တိုင်သည် ဝဲဂယက်ထဲမှ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။
၎င်းပေါ်တွင် မှုန်ဝါးဝါး အက္ခရာစာသားများ ထွင်းထုထားပြီး အလွန်အားကောင်းသော ဧကရာဇ်လမ်းစဉ်၏ အလိုဆန္ဒများ သက်ဝင်စီးဆင်းနေသည်။
မရေမတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းကမ္ဘာများကို အဓိပ္ပာယ်ဖွင့်ဆိုနေသကဲ့သို့ လောကဓံတရားတို့၏ အငွေ့အသက်တို့သည် အဆက်မပြတ် ရောယှက်နေသည်။
ဧကရာဇ်ဂိတ် ။
၎င်းတွင်ရှိသော ထာဝရ ဥပဒေများသည် ဤကမ္ဘာကြီးနှင့် သီးခြားဖြစ်တည်နေကာ ဧကရာဇ်ဂိတ်အပြီးတွင် ဧကရာဇ်လမ်းစဉ် ရောက်ရှိလာပေတော့မည်။
ဝုန်း --! !
နောက်ဆုံးတွင် ဧကရာဇ်ဂိတ်တံခါးများစွာ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။
ဟူး! !
အနှိုင်းမဲ့ ဧကရာဇ်စွမ်းအင်တို့သည် ကောင်းကင်ကို ဖုံးလွှမ်းထားပြီး မရေမတွက်နိုင်သော မိုင်ပေါင်းများစွာအထိ ပျံ့လွှင့်သွားသည်။
ကာခ် ကာခ် ကာခ်!!
ထို့နောက် မျက်နှာဆိုင်လျက် ရှိနေသော ဧကရာဇ်ဂိတ်တံခါးများစွာ၏ အလယ်ဗဟို ဧရိယာတွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ သူ့အလိုလို ဖြစ်ပေါ်လာခဲ့သည်။
၎င်းတို့အနက်တွင်၊ ပြင်းထန်သော ဧကရာဇ်လမ်းစဉ်၏ စွမ်းအားများ သွန်းလောင်းလျက်ရှိသည်။
ဧကရာဇ်လမ်းစဉ်ရေကန်။
ဤသည်မှာ တိုက်မြေ သုံးထောင်တွင် ဧကရာဇ်လမ်းမဖွင့်မီ ပြန်ပေးဆပ်သည့် ကောင်းချီးတစ်မျိုး ဖြစ်သည်။
ဧကရာဇ်လမ်းစဉ်၏ ရေကန်တွင် ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရဖြစ်သည့် ဧကရာဇ် အရင်းအမြစ် ကျောက်တုံးရှိသည်။ယင်း၌ သဘာဝတရားဖြင့် ဖန်တီးထားသော ဧကရာဇ်အလိုဆန္ဒရှိပြီး တိုက်မြေ သုံးထောင်၏ အရင်းအမြစ်များ စုဝေးနေသည်။
အလွန်ကို အဖိုးတန်ပေသည်။
စစ်စင် ၊ လွန်ခဲ့သော မရေမတွက်နိုင်သည့် ခေတ်ကာလများစွာကတည်းက ရှိလာခဲ့သော အရာဖြစ်သည်။
သို့သော် ကမ္ဘာ့ကပ်ဘေးစစ်ပွဲပြီးကတည်းက ဤကဲ့သို့ ပြန်မတွေ့ခဲ့ရသည်မှာ နှစ်ကာလပေါင်း ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း မမျှော်လင့်ဘဲ ယနေ့ရွှေခေတ်တွင် ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ဤအခိုက်၌ ကျင့်ကြံသူများအပြင် မရေတွက်နိုင်သော ခေတ်ဟောင်းပုဂ္ဂိုလ်များပင်လျှင် ထိတ်လန့်စွာဖြင့် ထိုဧရိယာဘက်ဆီသို့ လှမ်းမျှော်ကြည့်နေကြသည်။
တစ်ချိန်တည်းမှာပင်၊ နေရာပေါင်းစုံမှ နတ်အလင်းတန်းများစွာသည် အထက်ဝေဟင်တွင် ထွက်ပေါ်ရောက်ရှိလာသည်။
၎င်းတို့အထဲတွင် ထောင်ပေါင်းများစွာသော ရောင်ခြည်တန်ခိုးများ လွှမ်းခြုံထားသော တန်ခိုးကြီးမားသော စွမ်းအားရှင်ပုဂ္ဂိုလ်များ ရှိသည်။
၎င်းတို့တွင် ရှေးကျသော ရောင်ဝါတစ်ခုရှိပြီး ၊၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ပြင်းထန်သော ရောင်ဝါများ ဖြာထွက်နေပြီး ဧကရာဇ်စွမ်းအင်များက တသိမ့်သိမ့် ရိုက်ခတ်လျက် ဤကမ္ဘာကြီးအပေါ် ကြီးစိုးနိုင်လွန်းသည့် ၎င်းတို့၏ စိတ်ဓာတ်ကို ပြသနေသည်။
“မဟာ...ဧကရာဇ်!?”
ကျင့်ကြံသူများစွာ ထိတ်လန့်တကြား ဖြစ်သွားကြသည်။
ထာဝရ အင်အားစုများစွာ၏ မဟာဧကရာဇ်မင်းများသည် ဤအခိုက်အတန့်တွင် နိုးထခဲ့လေပြီ။
ဝုန်း ဝုန်း !
ရုတ်တရက် ၊ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နိယာမများသည် ဒီရေကဲ့သို့ တလိပ်လိပ် ရိုက်ခတ်လှုပ်ရှားထကြွလာသည်။
၎င်းတို့အနက်မှ မဟာဧကရာဇ်တစ်ပါး၏ အရှိန်သည် အလွန်လျင်မြန်ပေသည်။
ကောင်းကင်မှဆင်းသက်လာသော ကွန်ယက်တစ်ခုသဖွယ် ကြီးမားလှသော သူ၏ လက်ဝါးဖြင့် ဧကရာဇ်လမ်းစဉ်ရေကန်၏ ဦးတည်ရာဆီသို့ ကျရောက်သွားသည်။
သို့သော် လမ်းတစ်ဝက်အရောက်တွင် ၊
ဝုန်း! !
ပိုမိုအားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်စွမ်းအားတစ်ခုသည် ကောင်းကင်ယံမှ ချက်ချင်းလက်ငင်း ဆင်းသက်လာသည်။
“ တစ်ကိုယ်ကောင်းမဆန်နဲ့!”
“ဧကရာဇ်လမ်းစဉ်ရေကန်က ဒီလောက် အဖိုးတန်တာ ၊ အကုန်လုံးကို ကိုယ့်တစ်ယောက်စာ အပိုင်သိမ်းဖို့ ကြံနေတာလား?”
သို့သော် ကောင်းကင်ထက်က ထိုအနှီပုံရိပ်သည် ဂရုမစိုက်ဟန်ဖြင့် ရှိနေပုံပေါ်သည်။
ကျယ်ပြန့်ပြီး အားကောင်းသော ဧကရာဇ်စွမ်းအားများနှင့်အတူ ၎င်း၏ လက်သီးသည် ကောင်းကင်ပြင် တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
မိုးခြိမ်းသံအလား ကောင်းကင်ယံမှ ကျဆင်းလာလေသည်။
“ငါ့ကွေးယွမ်သူတော်စင် နယ်မြေက ယူမယ့်ပစ္စည်းကို “
“ကောင်းကင်ရှင်ဘုရင် ကြွလာရင်တောင် ယူဖို့မဖြစ်နိုင်ဘူး !”
စကားအဆုံးတွင် ၊ ကောင်းကင်ပြင် နှင့် နေကိုတောင် ကွယ်ဝှက်ထားနိုင်သော လက်သီးအလင်းသည် အနှိုင်းမဲ့ ဧကရာဇ်စွမ်းအားများကို ဆောင်ကျဉ်းကာ ကောင်းကင်ယံမှ အောက်သို့ ထိုးကျလာခဲ့သည်။
ဘုန်း --! !
တဟုန်းဟုန်း တောက်လောင်နေသော ဧကရာဇ်စွမ်းအင်များသည် အန္တိမ အင်အားတစ်ရပ် အဖြစ် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
သွေးအန်သံ!
အောက်ဘက်တွင်၊ ပူနွေးနေဆဲပင်ဖြစ်သော မဟာဧကရာဇ်မင်းတစ်ပါး၏ သွေးတို့သည် ကောင်းကင်နှင့် မြေကြီးကြား ပတ်ဖြန်းလို့နေပေသည်။
တခဏချင်းမှာပင် ၊ ကောင်းကင်နှင့် မြေကြီးတို့မှာ ငိုကြွေးခဲ့ရလေပြီ။
မိုင်သုံးဆယ်တစ်လျှောက် ကြက်သွေးရောင်များခြယ်မှုန်းလျက် ။
ဧကရာဇ်လမ်းစဉ် ရေကန်၏ ဝေဟင်အထက်တွင်
မဟာဧကရာဇ်မင်း ဆယ့်ငါးပါးသည် မည်သည့်အချိန်ကများ ပေါ်ထွက်ခဲ့လေလဲ မသိ။
သူတို့အားလုံးသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ မဟာဧကရာဇ်မင်းများပင် ဖြစ်သည်။
အပိုင်း(၃၆၂): ကြီးစိုးနိုင်လွန်သော ကွေးယွမ် သူတော်စင် နယ်မြေ
ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းသည် ကိုယ်ကျိုးစီးပွားအတွက် အကျပ်အတည်းကို အခွင့်ကောင်းယူရန် ကြံစည်နေခဲ့ကြသော အင်အားစုဝင်များစွာကို ထိတ်လန့်သွားစေခဲ့သည်။
မည်သူကမှ မဦးဆောင်ဝံ့သလို ၊ မည်သူကမှ ရှေ့ကိုမတိုးဝံ့ကြပေ။
မဟာဧကရာဇ်မင်း ဆယ့်ငါးဦး!
ကွေးယွမ် သူတော်စင် နယ်မြေသည် မည်သည့်နည်းကို အသုံးပြုကာ ၎င်းတို့အား ပြန်ရောက်လာစေခဲ့သလဲ မသိ။ဤမျှ အင်အားကြီးမားသော ပုဂ္ဂိုလ်များ ပြန်လည်ရောက်ရှိလာခဲ့ခြင်းအပေါ် သူတို့ နည်းနည်းလေးမှ သတိမထားမိခဲ့ပေ။
ယခုအချိန်တွင် ဧကရာဇ်လမ်းစဉ် ရေကန်၏ ထက်ဝက်နီးပါးသည် ထင်ထင်ရှားရှား ပုံပေါ်လာခဲ့ပြီပင်။
ဟင်းလင်းပြင်အက်ကွဲကြောင်းများ ရုတ်ချည်း ဖြစ်ပေါ်လာသကဲ့သို့ ၎င်း၏ နက်နဲသိမ်မွေ့ပြီး အကန့်အသတ်မဲ့သော အင်အားသည် အန္တိမ ဧကရာဇ်ဖိနှိပ်စွမ်းအားများ တိုးမြင့်လာခြင်းနှင့်အတူ ထွက်ပေါ်လာခဲ့သည်။
၎င်းတို့အနက်မှ တလိပ်လိပ် တတ်လာသော နိယာမတရား၏ လှိုင်းလုံးများသည် ကောင်းကင်နှင့်မြေကြီးကို လွှမ်းမိုးမည်ဟု ကြိမ်းဝါးနေသော ရှေးသားရဲကောင်၏ ဟောက်သံနှင့်တူသည်။
“ ကြည့်ရတာ သိပ်မကြာခင် ဧကရာဇ်လမ်းစဉ် ရေကန် ထွက်ပေါ်လာတော့မယ့်ပုံပဲ “
ကွေးယွမ် သူတော်စင်နယ်မြေမှ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အဆင်းလှသော ဧကရီတစ်ပါးက ဆိုလေသည်။
သူမ၏ ရောင်ဝါသည် အလွန်ကို လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ ဧကရာဇ်စွမ်းအားများ သက်ဝင်စီးဆင်းနေပြီး ဘေးပတ်ပတ်လည်ရှိ နိယာမတရားများသည် ကြွေးကြော်ကာ တုန်လှုပ်နေကြသည်။
“ဟားဟား... ဒီနားတဝိုက်မှာ ကြွက်လေးတွေ အများကြီးရှိနေသေးတာပဲ”
“ ဒါမှမဟုတ် ငါတို့ သူတို့ကို ရှင်းပစ်လိုက်ကြမလား?”
အနက်ရောင် ၀တ်ဆင်ထားသော နောက်တစ်ယောက်က အေးစက်စွာ ဆိုလိုက်သည်။ ၎င်း၏ အရှိန်အဝါသည် မဟာဧကရာဇ်မင်း တတိယတန်း အဆင့်သို့ ဝင်ရောက်လုနီးပါးပင်။
သက်ရှိအားလုံးကို ကြီးစိုးနိုင်သည့် မောက်မာမှုမျိုး ရှိသည်။
ထိုအနှီသူ၏ မျက်ဝန်းတစ်စုံတွင် ဧကရာဇ်အလိုဆန္ဒများ တဟုန်ထိုး တောက်လောင်နေပြီး ၊ သူ့ရှေ့က ကွက်လပ်တွင် အကန့်အသတ်မဲ့ နိယာမလှိုင်းများက ရုတ်တရက် အုံကြွလာသည်။
တစ်ချိန်တည်းမှာပင်၊ ၎င်းသည် မိုင်ထောင်ပေါင်းများစွာသော နေရာလပ်များကို ကန့်လန့်ပိုင်းဖြတ်နေသည့် ဓားတစ်လက်နှင့်တူပေသည်။
မိုင်တစ်သောင်းအကွာတွင် ၊ မကောင်းဆိုးဝါး မျိုးနွယ်ဝင် ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ စွမ်းအားရှင်သည် ထိတ်လန့်နေပုံရပြီး သူ့တစ်ကိုယ်လုံး အထိန်းအကွပ်မရှိ တုန်လှုပ်နေသည်။
သို့သော် သူ လှုပ်ရှားဖို့ အချိန်မရလိုက်ခင်မှာပဲ ထိုစွမ်းအားကြောင့် ၎င်းသည် သွေးအခိုးအငွေ့ များအဖြစ် ဖျက်စီးခံလိုက်ရပြီး ၊ သူ၏ ဝိညာဉ်ပင်လျှင် ပျက်စီးသွားခဲ့ရသည်။
ထိုအချိန်တွင်၊ ပိုင်ကျန့် မဟာဧကရာဇ်မင်းက ဦးစွာ ဆိုလိုက်သည်။
သူ၏အသံသည် မိုးခြိမ်းသံသဖွယ် မိုင်ပေါင်းထောင်ချီသော နေရာတစ်ဝှမ်းလုံးကို ပဲ့တင်ထပ်သွားစေသည်။
“ ဒီနေ့ကစပြီး ဧကရာဇ်လမ်းစဉ်ရေကန်က ကွေးယွမ် သူတော်စင် နယ်မြေရဲ အပိုင်ပဲ!”
“ဒီနေရာကို ခြေတစ်လှမ်း လှမ်းဝံ့တာနဲ့ သေရမယ်!”
ဝုန်း!!
တစ်ချိန်တည်းမှာပင်၊ သူ့ပတ်ဝန်းကျင်ရှိ မဟာဧကရာဇ်မင်းများသည် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများဖြင့် ပေါက်ကွဲကာထွက်ပေါ်လာကြသည်။
အဆုံးမရှိသော ရောင်ဝါတို့သည် ကောင်းကင်ယံမှ ကျဆင်းလာပြီး ၊ ထောင်ပေါင်းများစွာသော နိယာမတရားများဖြင့် ဖွဲ့စည်းဖြစ်တည်နေသော လှိုင်းများသည် အဆက်မပြတ် အုံကြွလာသည်။
တောက်လောင်နေသော ရောင်ဝါများဖြင့် လွှမ်းခြုံထားလေသော ကွေးယွမ် မဟာဧကရာဇ်မင်းတို့သည် ကြီးကျယ်ခမ်းနားသော သွေးချီစွမ်းအားများကို ထုတ်လွှတ်လေသည်။ ဤကမ္ဘာမြေပေါ်သို့ ကြောက်ခမန်းလိလိ ဖိနှိပ်စွမ်းအားများ ထိုးဖောက်ဝင်ရောက်လာကာ တိမ်စိုင်တိမ်ခဲများကို လှုံ့ဆော်လို့နေသည်။
ပိုင်ကျန့် မဟာဧကရာဇ်မင်း၏မိန့်ခွန်းတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပါ၀င်နေပြီး တိုက်မြေ သုံးထောင် တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
တခဏချင်းမှာပင် ၊ ဧကရာဇ်ဂိတ်ပေါက်များ ထွက်ပေါ်လာခဲ့သည့် ဤတိုက်မြေ သုံးထောင်တွင် အရာအားလုံးသည် တိတ်ဆိတ်သွားခဲ့ရပြန်သည်။
ထိုအနီးနားဝန်းကျင်တွင် ရှိနေခဲ့ကြသော သန်မာသူများသည်ပင် ထိတ်လန့်တုန်လှုပ်မှုကို ခံစားခဲ့ရသည်။
ကွေးယွမ် သူတော်စင် နယ်မြေသည် စလာလာချင်း မဟာဧကရာဇ်မင်းတစ်ပါးကို သတ်ပစ်ခဲ့သည်။
ထိုမဟာဧကရာဇ်မင်း၏ အလောင်းသည် လုံးဝကွဲအက်သွားခဲ့ရသလို စိတ်ဝိညာဉ်သည်ပင် ပျက်သုန်းရသည်။သူ၏ ကံတရားသည် ကောင်းကင်နှင့် မြေကြီးသို့ ပြန်ရောက်သွားခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူသည် ပြန်လည်လူဝင်စားဖို့ရာ မဖြစ်နိုင်တော့ပေ။
အနီတောက်တောက် သွေးစက်များက ကောင်းကင်ကို ရောင်ပြန်ဟပ်စေကာ ၊ ဤကမ္ဘာကြီးကို တောက်ပစေခဲ့သည်။
နောင်တ၊ နာကြည်းမှု နှင့် ဒေါသ စသည့်အပျက်သဘောဆောင်သော ခံစားချက်တို့သည် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ အားနည်းသော ကျင့်ကြံသူများသည် ဤနယ်မြေထဲသို့ တိုးဝင်လာပါက၊ ဤအရှိန်အဝါ၏ အောက်တွင် ၎င်းတို့၏ ဝိညာဉ်များသည် ပျက်သုန်းသွားရပေလိမ့်မည်။
ထိုမဟာဧကရာဇ်မင်းသည် ချန်ဖုန်းအင်အားစုဖြစ်သည့် ထျန်းယွီတောင်၏ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်ပြီး ၊ဧကရာဇ်ဂိတ်တံခါးများ ကျရောက်လာစဉ်တွင် သူသည် နိုးထရန် ရွေးချယ်ခဲ့သည်။
T/N- ချန်ဖုန်း : ဂူအောင်းနေခဲ့ကြသော ၊ တစ်နည်းအားဖြင့် လောကတွင် ထွက်ပေါ်လာခြင်း မရှိဘဲ မြုပ်နှံနေထိုင်ခဲ့ကြသည့် အင်အားစု
သူသည် ဂိုဏ်းတွင်းရှိ မိမိ၏ သားစဉ်မြေးဆက်များကို မဟာဧကရာဇ်မင်း တစ်ပါးဖြစ်နိုင်ရန် အခွင့်အလမ်းများ ပေးချင်ခဲ့သည်။
သို့သော် သူ၏လှုပ်ရှားမှုသည် အသက်ပေးခဲ့ရလိမ့်မည် ဟု ဘယ်သူကများ ကြိုသိလိမ့်မည်နည်း။
အခြားသော အင်အားစုအသီးသီးမှ နိုးထလာကြသော မဟာဧကရာဇ်မင်းများသည် လေးနက်သော အမူအရာများဖြင့် အေးစက်စက် စိုက်ကြည့်နေကြသော်လည်း မည်သူမှ မလှုပ်ရှားဝံ့ပေ။
ကောင်းကင်ယံထက်တွင် မားမားမတ်မတ် တည်ရှိနေသော တောင်ထွပ်ကြီးပမာ မဟာဧကရာဇ်မင်း ဆယ့်ငါးဦး ရှိနေခဲ့သည်။
ဧကရာဇ်တန်ခိုးစွမ်းအားများသည် လွန်စွာ ကြီးစိုးနိုင်ပေရာ လူတို့ကို တုန်လှုပ်စေသည်။
တိုက်မြေသုံးထောင် တစ်ခုလုံးသည် ထာဝရ စစ်ပွဲနှစ်ပွဲကို တွေ့ကြုံပြီးနောက် ကွေးယွမ် သူတော်စင် နယ်မြေသည် ကြောက်မက်ဖွယ်ကောင်းသော နောက်ခံရှိမှန်း သိရှိခဲ့ကြသော်လည်း၊
ယခုမူကား မဟာဧကရာဇ်မင်း ဆယ့်ငါးဦိးတို့သည် အချင်းချင်းလက်တွဲထားပြီး ဤမျှ ကြောက်စရာကောင်းသော ဖိနှိပ်စွမ်းအားများကို ထုတ်လွှတ်နေပေရာ ၎င်းတို့ကို တုန်လှုပ်စေပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
……
တစ်ချိန်တည်းမှာပင်။
မရဏကမ္ဘာ ၊
မြေအောက်ကမ္ဘာ နှင့် ငရဲနန်းတော်တို့မှ အကြီးအကဲတို့သည် ဤနေရာ၌ စုဝေးနေကြသည်။
“ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ လုပ်ရပ်ကို အားလုံး မြင်ပြီးပြီလို့ ငါထင်တယ် “
“ဧကရာဇ်လမ်းစဉ် ရေကန်က ဧကရာဇ်လမ်းမဖွင့်မီ အလွန်အရေးကြီးတဲ့ အခွင့်အလမ်းတစ်ခုပဲ ၊ ငါတို့ရဲ့မျိုးဆက်သစ်တွေကို အများကြီး ကူညီပေးနိုင်တယ် “
ရှေးကျသော အငွေ့အသက်ရှိသည့် မြေအောက်ကမ္ဘာ၏ မဟာဧကရာဇ်မင်းတစ်ပါးက အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။
“အခု ကွေးယွမ် သူတော်စင်နယ်မြေက လုယူနေပြန်ပြီ ၊ ဒီလောက်လောဘကြီးနေတာ နင်ပြီး သေမှာကို မကြောက်ဖူးလား မသိဘူး”
“ ကွေးယွမ်ရဲ့ ဒီလုပ်ရပ်က တိုက်မြေသုံးထောင် တစ်ခုလုံးကို ပိုပြီး ဒေါကန်သွားစေတယ် ၊ အဲ့အစား မီးတောက်ထဲ လောင်စာထည့်ပြီး ကွေးယွမ်ကို တချက်တည်းနဲ့ ချေမှုန်းလိုက်ရင် မကောင်းဘူးလား ?”
ထိုအချိန်တွင်၊ ငရဲနန်းတော်မှ မဟာဧကရာဇ်မင်း တစ်ပါးက အေးစက်စွာ ဝင်ပြောလိုက်သည်။
“ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၊ ရှေးနဂါးမျိုးနွယ်စု ၊ ရှေးဖီးနစ်မျိုးနွယ်စု နဲ့ တပ်မက်ခြောက်ပါး ဗိမ္မာန်တို့က အရင်ကအဖြစ်အပျက်ကြောင့် ကွေးယွမ်သူတော်စင် နယ်မြေကို မကျေနပ်နေတာ ကြာပြီ “
“အခု ငါတို့ သူတို့နဲ့ လက်တွဲပြီး ၊ တိုက်မြေ သုံးထောင်က တခြားမဟာဧကရာဇ်မင်းတွေပါ ပူးပေါင်းလိုက်ရင် ...”
“ ကွေးယွမ် သူတော်စင် နယ်မြေ ကျိန်းသေပေါက် ကျရှုံးလိမ့်မယ် !”
…….
တစ်ဖက်တွင်။
တိမ်ပင်လယ်ထိ တိုးဝင်နေသော တောင်ထိပ်တစ်ခုတွင် ၊
ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါးရောင်ဝါများကို ဖြန့်ကျတ်ထားလေသော မကောင်းဆိုးဝါးမျိုးနွယ်စုဝင် ရှေးမဟာဧကရာဇ်မင်းများစွာသည် ဤနေရာတွင် လေးနက်သော အမူအယာများဖြင့် စုဝေးနေကြသည်။
နေရာတွင် ရပ်နေရုံမျှဖြင့်၊ တဟုန်းဟုန်း တောက်နေသော ၎င်းတို့၏ မကောင်းဆိုးဝါး ရောင်ဝါများသည် ကြယ်ရောင်စုံသော ကောင်းကင်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည်။
ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးနိုင်သလို ၊ တစ်လောကလုံးကို မီးလောက်တိုက်သွင်းနိုင်စွမ်း ရှိသကဲ့သို့ သူ့တို့ကိုယ်သူ ရှေး မကောင်းဆိုးဝါးသားရဲကောင်တို့၏ အသွင်အပြင်မျိုးစုံအဖြစ် ပြောင်းလဲပြသထားသည်။
ထိုအချိန်တွင် အဖွဲ့ကို ဦးဆောင်သော ရှေးမဟာဧကရာဇ်တစ်ပါးက အေးစက်စွာ ဆိုလိုက်သည်။
“အခုလေးတင်ပဲ၊ မရဏကမ္ဘာက ငရဲနန်းတော်နဲ့ မြေအောက်ကမ္ဘာက စာပို့လာတယ် ၊ မီးတောက်ထဲ လောင်စာလောင်းထည့်ဖို့အတွက် ငါတို့ကို အခွင့်အရေးကို စောင့်ဆိုင်းခိုင်းထားတယ် “
“ပြီးတော့ တိုက်မြေ သုံးထောင်က တခြားမဟာဧကရာဇ်တွေနဲ့ လက်တွဲပြီး ကွေးယွမ် သူတော်စင်နယ်မြေကို ချေမှုန်းကြမယ် “
ထိုစကားသံအဆုံးတွင် ၊ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူတို့ပတ်ဝန်းကျင်တွင် တလိပ်လိပ် အုံကြွနေခဲ့သော မကောင်းဆိုးဝါးစွမ်းအင်များသည် တစ်ခဏချင်း ထိုးတတ်လာခဲ့သည်။
သန်မာလွန်းသော ရောင်ဝါများကို ဖြန့်ကျတ်ထားသော ရှေးမဟာဧကရာဇ်မင်းများသည် ဤအချိန်တွင် စကားမဲ့နေသည်။
ယခင်က နိမိတ်လက္ခဏာများအရ၊ ကွေးယွမ် သူတော်စင် နယ်မြေ၏ အခြေခံအုတ်မြစ်သည်အဆုံးမဲ့ ဖြစ်သည်။
ဒုတိယ ထာဝရစစ်ပွဲတွင်၊ ကွေးယွမ် သူတော်စင် နယ်မြေသည် ဒုတိယတန်း မဟာဧကရာဇ်များကို ပြန်လည်ခေါ်ဆောင်ခဲ့သည်။
ဤအချိန်ကာလအတောအတွင်း ၊ ၎င်းတို့သည် ပထမတန်း အဆင့်ထိ တတ်လှမ်းခဲ့ခြင်းရှိမရှိ မည်သူကများ သိလိမ့်မည်နည်း။
ထို့အပြင် ၎င်းတို့ဘက်မှ ထုတ်ဖော်ပြသခဲ့သော ကွေးယွမ် ပရမ်းပတာခေါင်းလောင်းသည် ရှိသေးသည်။
ကွေးယွမ် သူတော်စင် နယ်မြေတွင် အကယ်၍ နောက်ထပ် မှော်လက်နက်တစ်ခု ရှိနေဦးမည်ဆိုပါက သူတို့ မည်သို့ အနိုင်ယူနိုင်မည်နည်း။
ယခု မိစ္ဆာနတ်ဘုရား စည်းတံဆိပ်သည် စွမ်းအင်များကို ထပ်မံ စုပ်ယူနေပြီ ဖြစ်သည်။အကယ်၍ ဤစစ်ပွဲတွင် အရှုံးနှင့်ယှဉ်ဆိုင်ခဲ့ရမည်ဆိုပါက သူတို့ မကောင်းဆိုးဝါးမျိုးနွယ်ဝင်များသည် ဘယ်သောအခါမှ ဦးမော့လာနိုင်တော့မည် မဟုတ်ချေ။
“ငါ့အထင်... ဒီကိစ္စက လောလို့မဖြစ်ဘူး “
“ ပြီးတော့ ၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းက ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နဲ့ သဘောတူညီချက် တစ်ခု ယူထားတယ် “
ထျန်းလုံ ချန်းခွင် က ဆို၏။
“ဧကရာဇ်လမ်း စဖွင့်တာနဲ့ စူးချန်ကဲကို အပြင်းအထန် ထိုးနှက်သတ်ဖြတ်မယ် ၊ ဒါ့အပြင် မကောင်းဆိုးဝါးမျိုးနွယ်နဲ့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မြင့်မြတ်သော ရတနာနဲ့ ကွေးယွမ် ပရမ်းပတာခေါင်းလောင်းကို နှိပ်ကွပ်မယ် “
“ ပြီးတော့ ငါတို့အင်အားစု တပ်ဖွဲ့တွေကို ပေါင်းစည်းပြီး ကွေးယွမ် သူတော်စင် နယ်မြေကို တစ်ရှိန်ထိုး ဖျက်ဆီးမယ် ၊ ဒီနည်းကသာလျှင် ပြီးပြည့်စုံတဲ့ အစီအစဉ်တစ်ခုပဲ “
ထိုအချိန်တွင် ရှေးဖီးနစ်မျိုးနွယ်စုမှ ဟွမ်ထျန်း ဝူတောက်သည်လည်း ရှေ့သို့ ထွက်လာပြီး ဆိုလိုက်သည်။
“မှန်တယ် ၊ မိစ္ဆာနတ်ဘုရားစည်းတံဆိပ်က အပြည့်အဝ ပြန်ကောင်းမလာသေးဘူး၊ ဒါကြောင့် ငါတို့ သတိနဲ့ လုပ်ဆောင်ဖို့ လိုတယ် “
“ ငရဲနန်းတော် ၊ မြေအောက်ကမ္ဘာအပြင် တပ်မက်ခြောက်ပါးဗိမ္မာန်လည်း ပါဝင်လာပြီဆိုမှတော့ သူတို့နဲ့ အရင်လွှတ်ထားလိုက်မယ် ဒီအခွင့်အရေးသုံးပြီး ကွေးယွမ်ရဲ့လက်ကျန်အင်အားကို ရှာဖွေကြတာပေါ့ “
“ အကွက်တွေ မလှဘူးလား?”
ကွေးယွမ် သူတော်စင် နယ်မြေ၏ ရန်သူဟောင်းများဖြစ်သည့် ရှေးနဂါးမျိုးနွယ်စုနှင့် ဖီးနစ်မျိုးနွယ်စုများသည် မရေမတွက်နိုင်သော ဆုံးရှုံးမှုများကို ခံစားရပြီးချိန်တွင် သင်ခန်းစာယူတတ်လာခဲ့ပြီ ဖြစ်သည်။
ဂရုတစိုက် မဆောင်ရွက်ပါက ၊ သူတို့သည် လုံးဝ ပျောက်ကွယ်သွားရပေတော့မည်။
ထိုစကားများကို နားထောင်ရင်း မကောင်းဆိုးဝါးမျိုးနွယ်ဝင် ရှေးမဟာဧကရာဇ်များစွာက ခေါင်းညိတ်သဘောတူလိုက်ကြသည်။
ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းရှိ ရှေးမဟာဧကရာဇ်မင်း ထျန်းချန်၏ မျက်ဝန်းအစုံသည် ဝင်းလက်တောက်ပနေသည်။
သူသည် ကွေးယွမ် သူတော်စင် နယ်မြေရှိရာ ဦးတည်ရာဘက်ကို ကြည့်ရင်း အေးစက်သော လေသံဖြင့် စကားတချို့ကို ညည်းညူလိုက်သည်။
“ ကွေးယွမ် သူတော်စင် နယ်မြေ အနေနဲ့ ဒီစစ်ပွဲကနေ ရှင်သန်နိုင်ခဲ့ရင်တောင်”
“ နောက်တစ်ကြိမ် မင်းတို့အနိုင်ရဖို့ အခွင့်အလမ်းရှိလာတော့မှာ မဟုတ်ဘူး!”