အခန်း (၃၆၆-၃၇၀)
Vol. 27 Ch. 366-370
အပိုင်း(၃၆၆): ထိပ်တန်း မဟာဧကရာဇ်မင်းတို့ကြားက တိုက်ပွဲ
စူးချန်ကဲ:?
သူသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ ဆက်ခံသူဖြစ်သည်။ သူသည် မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာပြီးနောက် အိမ်သာထဲတွင် နှိပ်ကွပ်ခံရမည်ဆိုပါက ၊
ဒါဆို ဒီတိုက်မြေ သုံးထောင်တစ်ခုလုံး သူ့မျက်နှာ ဘယ်သွားထားရတော့မလဲ?
ထိုအကြောင်းကို တွေးလိုက်ရုံဖြင့် ၊ စူးချန်ကဲ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ချက်ချင်းဆိုသလိုပင် အဆတစ်သောင်း ပိုသတိရှိလာသည်။
“ မဆိုးဘူး “
ထိုမှသာလျှင် ရှေးဘိုးဘေး၏ လေသံမှာ နူးညံ့သွားသည်။
“အဲဒီတုန်းက မင်းရဲ့ ဖော့ကျွင်းဘိုးဘေးဆိုရင် မျက်ရည်တွေ ဖိုးဖိုးဖောက်ဖောက်ကျပြီး သုံးရက်သုံးည တောင်းပန်ခဲ့ရတာ အဲ့ကြမှ ငါသူ့ကို ခြွင်းချက်ထားပြီး ပြသသင်ကြားပေးခဲ့တယ် “
“ အခု မင်းမှာ အခွင့်အရေးရှိနေပြီးသား ၊ ဒါကြောင့် မင်း ဒါကို တန်ဖိုးထားတတ်ရမယ် “
“ အဟွတ်….!”
ဘေးနားက ရှေးဘိုးဘေး၏ ပို့ချမှုကို နားထောင်နေသော ဖော့ကျွင်းဘိုးဘေးခမျာ သောက်လက်စရေနွေး ပြန်အန်ထွက်လုနီးပါး ဖြစ်ခဲ့ရသည်။
သူ့ပတ်ဝန်းကျင်တွင် ကွေးယွမ် သူတော်စင် နယ်မြေ မှ ဘိုးဘေးများနှင့် စူးချန်ကဲ၏ နောက်လိုက်များလည်း ရှိသည်။
ထုံးစံအတိုင်း၊ သူတို့အားလုံးသည် ဤကဲ့သို့ ရှားပါးသော အခွင့်အရေးကို လက်လွတ်မခံချင်ကြပေ။
မူလက ရှေးဘိုးဘေးများ၏ ပို့ချချက်များကို နားထောင်ရန် စောင့်ဆိုင်းနေခဲ့သော်လည်း ယခုလို အတင်းအဖျင်းစကား ကြားရခဲ့လိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ အဟွတ် အဟွတ်…..”
လူတိုင်း၏ ထူးဆန်းသော အကြည့်များအောက်တွင်
ဖော့ကျွင်းဘိုးဘေး၏မျက်နှာသည် နီရဲလာပြီး အနည်းငယ် ရှက်သွားပုံရသည်။
“အဲဒါက အရင်ကအရာတွေပါ… ပြောဖို့မထိုက်တန်ဘူး!”
“ ကဲကဲ ဒီဧကရာဇ်တိုက်ပွဲကို အရင်ကြည့်လိုက်ရအောင်!”
တခြားအချိန်သာဆို ၊ သူသည် မျက်စိပျက်မျက်နှာပျက်ဖြင့် ထထွက်ပြေးသွားနိုင်သည်။
သို့သော် ဤတစ်ခါတွင် သူ့ကိုယ်ပိုင်ဂုဏ်သတင်းကို စွန့်စားရမည်ဆိုတောင် ဤတန်ဖိုးကြီးလှသော ပွဲကြီးပွဲကောင်းကို လက်လွတ်မခံနိုင်ပေ။
…….
တစ်ချိန်တည်းမှာပင် ၊ နယ်နိမိတ်သတ်မှတ်ခြင်း ဥပဒေဖြင့် ဖွဲ့စည်းထားသော ကမ္ဘာတွင်
တုနှိုင်းမရနိုင်သော ဧကရာဇ်စွမ်းအားတို့သည် အကန့်အသတ်မရှိ ကျယ်ပြောပြီး နေရာတစ်ခုလုံးကို ဖုံးအုပ်ထားသည်။
ဤနေရာကို အလွန်အားကောင်းသော စွမ်းအားဖြင့် တံဆိပ်ခတ်ထားသော်လည်း၊ သို့သော် ထောင်ပေါင်းများစွာသော နတ်အလင်းရောင်များဖြင့် ဖွဲ့စည်းထားသည့် ကြောက်ခမန်းလိလိ သတ်ဖြတ်လှုပ်ရှားမှုများ ထိပ်တိုက်ဆုံတွေ့လေတိုင်း အကာအကွယ်ပေးထားသော ဤအလင်းကန့်လန့်ကာ တစ်ခုလုံးသည် အဆက်မပြတ် တုန်ခါသွားသည်။
ဝုန်း!!
ကောင်းကင်ထက်တွင် မန္တန်ရွတ်သံများကို ကြားနေရပြီး မဟာဧကရာဇ်မင်းများစွာ၏ ရုပ်သွင်များ ဖျက်ခနဲ့ ထွက်ပေါ်လာသည်။
“ အဆုံးမဲ့ ကြယ်!”
“ တစ္စေပျက်ကိန်း ! “
“ ပရမ်းပတာ မိုးကြိုး !”
“ နတ်ဆိုးခရမ်းမိုးကြိုး !”
“…….”
တဖျပ်ဖျပ် ဝင်းလက်သွားသော မိုးခြိမ်းသံများကြား ဒေါသသံများကို အတိုင်းသား ကြားနေရသည်။
ဘုန်း! !
ရုတ်တရက် ၊ ကြောက်ခမန်းလိလိ မိုးကြိုးများစွာကို ဆောင်ကျဉ်းလာသော မိုးကြိုးဓားသည် ဝေဟင်တွင် တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်လျက် အနှိုင်းမဲ့စွမ်းအားများကို ထုတ်လွှတ်လိုက်သည် ။
အဖျက်စွမ်းအားကြီးမားသော ဤမိုးခြိမ်းသံသည် အကယ်၍ ပြင်ပကမ္ဘာတွင် ထွက်ပေါ်လာခဲ့မည်ဆိုပါက ထောင်ပေါင်းများစွာသော ကြယ်ပွင့်များ ကြွေကျလာမည်ကို စိုးရသည်။
ဝုန်း——!!
နောက်ထပ် ကမ္ဘာမြေတစ်ခုလုံး တုန်လှုပ်သွားစေသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သော စွမ်းအားပါရှိသည့် မရေမတွက်နိုင်သော နတ်အလင်းတန်းများသည် ဤနေရာသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
“ ဟွန်း !”
“ဒီလောက်လေးနဲ့ ငါ့ရဲ့ ကွေးယွမ် သူတော်စင် နယ်မြေကို စိန်ခေါ်ရဲတယ်ပေါ့!”
ဆူညံစွာ မောင်းခတ်နေသော မိုးခြိမ်းသံများနှင့် လျှပ်စီးများ ဝင်းလက်နေသော မိုးကြိုးသမုဒ္ဒရာကြီးထဲတွင်၊ ကွေးယွမ် သူတော်စင် နယ်မြေ၏ မဟာဧကရာဇ်မင်း တစ်ပါး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သူ၏ အမည်မှာ ထျန်းချီ မဟာဧကရာဇ်မင်း ဖြစ်သည်။ သူသည် ဒုတိယအဆင့်ရှိ မဟာဧကရာဇ်မင်းတစ်ပါးဖြစ်ပြီး ၊ ကွေးယွမ်သို့ ပြန်လာခဲ့သော ထိပ်တန်း ဧကရာဇ်များထဲမှ တစ်ဦးဖြစ်သည်။
“ ဖွဲ့!”
ထျန်းချီ မဟာဧကရာဇ်မင်း၏ မန္တာန်တစ်လုံး ရေရွတ်သံအပြီးတွင် ၊
ရုတ်တရက် သူ၏ ဘေးပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်ရာ ကောင်းသော ၎င်း၏ မှော်စွမ်းအားများဖြင့် ဖြစ်တည်နေသည့် မုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး ဤကမ္ဘာကြီးတစ်ခုလုံးကို ကန့်သတ်နယ်မြေအဖြစ် ပြောင်းလဲပစ်ခဲ့ပုံရသည်။
ဧကရာဇ်စက်ကွင်း !
မှော်အစွမ်းနှင့် မှော်အတတ်ပညာများကို တားမြစ်ကာ ဖောက်ပြန်ပျက်စီးခြင်းမရှိသော အရာတစ်ခုအဖြစ် ပြောင်းလဲစေသည်။
မူလက သူ့ဆီသို့ မြှားဦးတည်ထားသော မှော်အစွမ်းနှင့် မှော်အတတ်ပညာများသည် ထျန်းချီ မဟာဧကရာဇ်မင်းမှ ဖွဲ့စည်းလိုက်သော ဧကရာဇ်စက်ကွင်းအတွင်းသို့ ဝင်ရောက်လာသောအခါတွင် ၊ ၎င်းတို့မှာ အေးခဲသွားသည်။
“ ဖျက်!”
သူ၏ ရေရွတ်သံ အပြီးတွင် ၊ ဧကရာဇ်စက်ကွင်း အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲ ထွက်ပေါ်လာခဲ့ပြီး ၊ ရန်သူဘက်မှ တိုက်ခိုက်လာသော ထိုးစစ်ဆင်မှု နည်းစနစ်များသည် ဤအဆုံးစွန်သောခွန်အား၏ ရှေ့မှောက်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
…….
တဖက်တွင်
မြေအောက်ကမ္ဘာနှင့် ငရဲနန်းတော်တို့၏ ထိပ်တန်း မဟာဧကရာဇ်ငါးဦးသည် အတူတူ ပူးပေါင်းလိုက်ကြသည်။
သူတို့အားလုံးသည် ဒုတိယတန်း အဆင့်ရှိ မဟာဧကရာဇ်မင်းများ ဖြစ်ကြသည်။
သူတို့အားလုံးသည် မိမိတို့၏ အစွမ်းထက်ဆုံး ဧကရာဇ်နည်းပညာများကို အသုံးပြုကာ ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်စက်ကွင်းကြီး တစ်ခုကို ပူးပေါင်းတည်ဆောက်ခဲ့ကြသည်။
အမှောင်ကမ္ဘာကြီး တစ်ခုကဲ့သို့ ထင်ရပြီး၊ ထောင်ပေါင်းများစွာသော မှော်နက်သင်္ကေတတို့သည် တဖျပ်ဖျပ် ရိုက်ခတ်လျက် အဆုံးတွင် ကြာပန်းနက်များ အဖြစ်သို့ ပြောင်းလဲသွားသည်။
ဤကြာပန်းနက်တို့သည် သေမင်းချောက်နက်ထဲ၌ ပေါက်ဖွားလာပုံပေါ်ပြီး အဆုံးစွန် မဲနက်နေသည်မှာ လူကို ထိတ်လန့်သွားစေနိုင်သည်။
“ ကမ္ဘာကိုဝါးမျိုခြင်း ကြာပန်းနက် !”
မဟာဧကရာဇ်ငါးပါး၏ ကြွေးကြော်သံနှင့်အတူ ၊
ကြာပန်းနက်များသည် လျင်မြန်စွာ ကြီးထွားလာပြီး ပွင့်ဖက်များ ပွင့်ကားလာသည်နှင့်အမျှ ၎င်း၏ အပေါ်တွင် နက်မှောင်သော ရောင်ဝါများ သက်ဝင်စီးဆင်းနေသည်။
သိပ်မကြာမီ၊ မရေမတွက်နိုင်သော ကြာပန်းနက်များသည် ထူးဆန်းသော ပန်းပင်လယ်ကြီးတစ်ခုအသွင် ဖြစ်ပေါ်လာပြီး ၊ ထိုဧရိယာတစ်ဝိုက်တွင် ပျံလွင့်နေသော နိယာမတရားနှင့် တာအိုစည်းချက်များသည် အဆက်မပြတ် တိုက်စားခံနေရသည်။
ဟင်းလင်ပြင်ကို ကွဲအက်သွားစေသည့် အပြင် ရုတ်တရက် နက်မှောင်သော ဝဲဂယက်များစွာ ထွက်ပေါ်လာကာ ယင်းတို့သည် ဖြည်းညှင်းစွာ လည်ပတ်နေရာ ထောင်ပေါင်းများစွာသော ဝိညာဉ်စွမ်းအင်တို့ကို တိုက်စားလျက်ရှိသည်။
ထိုစွမ်းအား၏ တိုက်စားမှုအောက်တွင်၊ ကမ္ဘာကြီးသည် သရဲတစ္ဆေနယ်မြေတစ်ခုကဲ့သို့ တစ္စေအငွေ့အသက်များ ထူထပ်စွာရှိနေသည်မှာ အလွန် ကြောက်စရာကောင်းပေသည်။
……
ကွေးယွမ် ဘုရားကျောင်းအတွင်း။
စူးချန်ကဲ၏နောက်လိုက်များသည် ဤမြင်ကွင်းကိုမြင်သည်နှင့် စိတ်ပူသွားကြသည်။
“မကောင်းတော့ဘူး… ကွေးယွမ် သူတော်စင်နယ်မြေက မဟာဧကရာဇ်မင်းတွေ ဒုက္ခရောက်မှာကို စိုးရိမ်မိတယ်!”
“ဒီစွမ်းအားက အရမ်းကြောက်စရာကောင်းတာပဲ ၊ ကောင်းကင်နဲ့မြေကြီးရဲ့ နိယာမတွေကိုတောင် ဖျက်ပစ်နိုင်တယ်!”
“ ဘာလို့ တခြားမဟာဧကရာဇ်မင်းတွေ ဝင်မစွက်ဖက်သေးတာလဲ..”
“…….”
သူတို့၏လေသံမှာ စိုးရိမ်ပူပန်မှုအပြည့်ဖြင့်။ မဟာဧကရာဇ်မင်းတစ်ပါး ကြွေလွှင့်ခြင်းသည် ကြီးမားသောဆုံးရှုံးမှုတစ်ခု ဖြစ်သည်။
ထိုကဲ့သို့ရလဒ်မျိုးကိုမည်သူမှ အလိုမရှိပေ။
ဘိုးဘေးများသည် ထိုမြင်ကွင်းကို စောင့်ကြည့်ရင်း ကူကယ်ရာမဲ့ ပြုံးလိုက်ကြသည်။
မဟာ ဧကရာဇ်မင်းတို့ကြားက စစ်ပွဲသည် သွေးထွက်သံယို တိုက်ပွဲတစ်ခုဖြစ်ပြီး သေချာပေါက် လူများသေဆုံးရမည်သာ။
သို့သော် သူတို့ အာမခံနိုင်သည်။
အရှုံးနှင့်ရင်ဆိုင်ရမည်မှာ သူတို့ ကွေးယွမ် သူတော်စင် နယ်မြေ မဟုတ်ချေ။
ဘုန်း!!
ဖန်သားပြင်ပေါ်ကနေ တွေ့မြင်နေရသည့် အဆုံးမဲ့အမှောင်ထုကြီးသည် ရုတ်ချည်းဆိုသလို နတ်အလင်းရောင်များဖြင့် တောက်ပစွာ ဝင်းထိန်သွားသည်။
မှောင်မိုက်သောညတွင် တောက်ပသော လရောင်ကျဆင်းလာသကဲ့သို့ ၎င်းတို့သည် အမှောင်ထုကို ဖယ်ရှားပြီး ကမ္ဘာကြီးကို တောက်ပစေခဲ့သည်။
နတ်အလင်းရောင်များ၏ တောက်ပမှုသည် ပို၍ပြင်းထန်လာသည်နှင့်အမျှ ထောင်နှင့်ချီသော နိယာမတရားတို့သည် အပြင်ဘက်သို့ ဆက်လက်ပျံ့နှံ့နေသည်။
၎င်းတို့သည် ကြာပန်းနက်၏ ချုပ်ချယ်ကန့်သတ်မှုများကို ထိုးဖောက်သွားရုံသာမက မူလက အမှောင်ထု၏ တိုက်စားခြင်းကို ခံခဲ့ရသောကမ္ဘာကြီးကို ပြန်လည် ဝင်းထိန်စေခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ထိုတောက်လောင်နေသော နတ်အလင်းတန်းများသည် ရုတ်တရက် တစ်ဖန် ပြောင်းလဲသွားပြီး ကောင်းကင်၌ နတ်ဘုရားများကဲ့သို့ ထွက်ပေါ်လာသည်။
“ မဖြစ်ဘူး! ငါတို့ရဲ့ နယ်ပယ်စက်ကွင်းထဲကို သူတို့ကို ဖောက်ထွင်းဝင်ရောက်ခွင့်မပြုနဲ့!”
“အတူတူ တိုက်ခိုက်ကြ!”
ငရဲနန်းတော်၏ မဟာဧကရာဇ်မင်း ခေါင်းဆောင်သည် ဒေါသတကြီး ဟောက်လိုက်ရာ မရေမတွက်နိုင်သော အနက်ရောင်မိုးကြိုးသွားများ ရုတ်တရက် ကျဆင်းလာသည်။
တစ်ချိန်တည်းမှာပင် အခြားသော မဟာဧကရာဇ်လေးပါးတို့သည် ထိန်းမနိုင်သိမ်းမရဖြစ်ကာ ၊ ၎င်းတို့အားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကို အသက်သွင်းလိုက်သည်။
ကွေးယွမ် သူတော်စင် နယ်မြေ၏ မဟာဧကရာဇ်မင်းများကို လုံးလုံးလျားလျား ချေမှုန်းတော့မည့်အတိုင်း တစ္ဆေနတ်ဘုရားများက အရေးယူနေသလိုပင်။
“ဟွန်း!”
“ ဒီလောက်တော့ စာမဖွဲ့ဘူး!”
ကွေးယွမ် သူတော်စင် နယ်မြေ၏ မဟာဧကရာဇ်မင်းများသည်လည်း အေးစက်စွာ နှာမှုတ်လိုက်ကြသည်။
၎င်းတို့၏ ခန္ဓာကိုယ်အနှံ့ နတ်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ၊ ထိုအလင်းတန်းများ ဖြတ်သန်းသွားလေရာ နေရာတိုင်း တစ္စေစွမ်းအင်များ တဟုတ်ချင်း ပျောက်ကွယ်သွားရသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များနှင့်အတူ ၎င်းတို့၏လက်ကိုမြှောက်လိုက်သည်နှင့် ပေါက်ကွဲမှုမျိုးစုံ ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် မရေမတွက်နိုင်သော တောက်လောင်နေသော အလင်းတန်းများသည် ကောင်းကင်မှ ဒဏ်ခတ်လိုက်သကဲ့သို့ စကြဝဠာကြီးကို ဖြတ်ကျော်ဝင်ရောက်လာခဲ့သည်။
ဝုန်း ! !
နောက်အခိုက်အတန့်တွင် ဝင်ရောက်လာသော အမှောင်ထုလှိုင်းကြီးနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။
တသိမ့်သိမ့် ရိုက်ခတ်နေသော အလင်းနှင့် အမှောင်သည် သူသူကိုယ်ကိုယ် အစွမ်းကုန် တောက်ပစွာ ပွင့်လန်းနေသည်။
ဤမြင်ကွင်းသည် စွဲမက်ဖွယ်ကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းပေသည်။
အပိုင်း(၃၆၇): သွေးမိုးများရွာကာ ကောင်းကင်နှင့်မြေကြီးသည်ပင် ငိုကြွေးနေသည်
ဤဧကရာဇ်တိုက်ပွဲကြီး၏ ပေါက်ကွဲမှုအဆုံးသတ်တွင် ကျယ်ပြောပြီး အကန့်အသတ်မရှိသော ကွက်လပ်ကြီးထဲတွင် အားကောင်းသော ရောင်ဝါများရှိသည့် မဟာဧကရာဇ်မင်းတို့၏ ဓမ္မကိုယ်ထည်များ ပေါ်ထွက်လာသည်။
၎င်းတို့သည် ကောင်းကင်နှင့်မြေကြီး၏ နိယာမများနှင့် တသားတည်းဖြစ်နေပုံရသည်။
မဟာဧကရာဇ်တို့၏ မှော်စွမ်းအားများသည်လည်း တစ်ချိန်တည်းမှာပင် ပေါက်ကွဲသွားခဲ့သည်။
“အစီအစဥ်အတိုင်း ပေါင်းစပ်တိုက်ခိုက်မှုကို အသုံးပြုမယ် “
ကွေးယွမ် သူတော်စင်နယ်မြေမှ ထျန်းချီ မဟာဧကရာဇ်က အေးစက်စွာ အော်လိုက်သည်။
၎င်းပတ်ဝန်းကျင်ရှိ မဟာဧကရာဇ်မင်းများစွာတို့သည် တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြပြီး ၊ လူတိုင်းသည် မိမိတို့၏ ခွန်အားများကို အသုံးပြုကာ အတူတကွ ပေါင်းစည်းလိုက်ကြသည်။
တခဏချင်းမှာပင်၊ ထျန်းချီ မဟာဧကရာဇ်မင်း၏ ခန္ဓာကိုယ်သည် ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို တောက်ပမှုပေးစွမ်းနိုင်သကဲ့သို့ ဝင်းလက်နေသည်။
တစ်ချိန်တည်းမှာပင် ထျန်းချီ မဟာဧကရာဇ်မင်းသည် သူ၏ လက်များကို အပေါ်သို့ မြှောက်တင်လိုက်သည်။
“ ကောင်းကင်ဘုံကို ဖွင့်လှစ်ခြင်း!”
ဤအခိုက်အတန့်တွင် အမှောင်စကြဝဠာကို တောက်ပစေသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အလင်းတန်းများသည် ဟင်းလင်းပြင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။
တံဆိပ်တစ်ခုကဲ့သို့ မရေမတွက်နိုင်သော ရွှေရောင်ဖွဲ့စည်းပုံများသည် ကွက်လပ်တွင် ခတ်နှိတ်ထားသည်။
“ ဟွန်း ! မင်းတို့က ပေါင်းစပ်တိုက်ခိုက်မှုကို အသုံးပြုပြီး အနိုင်ယူချင်မှတော့ ငါတို့ဘက်ကလည်း ကောင်းကောင်းကြီး အဖော်ပြုပေးရုံပေါ့!”
တဖက်တွင်။
မရဏကမ္ဘာမှ မဟာဧကရာဇ်မင်းတို့သည်လည်း အဆုံးစွန်သော စွမ်းအားများကို အသက်သွင်းခဲ့လေရာ နက်မှောင်သော လေမုန်တိုင်းကြီးသည် တခဏချင်း ကျရောက်လာခဲ့သည်။
တစ္စေရောင်ဝါများက ဝန်းရံထားပြီး ၊ မရေမတွက်နိုင်သော တစ္ဆေအရိပ်များသည် ကောင်းကင်ထက်တွင် ထွက်ပေါ်လာသည်။
တခဏအတွင်း ၊ ထောင်ပေါင်းများစွာသော တစ္စေတို့၏ ကြောက်စရာကောင်းသော ဟောက်သံများ ထွက်ပေါ်လာပြီး ရက်စက်ကြမ်းကြုတ်သော ရယ်သံများသည် လူတိုင်း၏ခေါင်းကို ထုံကျင်သွားစေသည်။
“ ကျ !”
“ တိုက် !”
စခန်းနှစ်ခုလုံးကို ဦးဆောင်နေသည့် မဟာဧကရာဇ်မင်းတို့သည် ဒေါသတကြီး ဟောက်လိုက်သည်။
ဒုန်း!!
မိုးကုတ်စက်ဝိုင်းအနှံ့ စိမ့်ဝင်နေသော အဆုံးစွန်သော နိယာမတရားတို့သည် ပြိုကျလာခဲ့ပြီး များစွာသော မှော်သင်္ကေတအလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး အဖျက်စွမ်းအားများကိုဆောင်ကျဉ်းလျက် အချင်းချင်း ထိပ်တိုက်ဆုံတွေ့ကြသည်။
ကောင်းကင်နှင့်မြေကြီးပြိုကျသလိုမျိုး မြေကြီး အက်ကွဲသံများ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။
နှစ်ဖက်စလုံးသည် အလွန်အစွမ်းထက်ပြီး အချိန်အတော်ကြာတဲ့အထိ မည်သည့်ဘက်က အနိုင်ရခဲ့သည်ကို အတပ်မပြောနိုင်သေးပေ။
ကွေးယွမ်ဘုရားကျောင်းအတွင်း။
ကွေးယွမ် သူတော်စင် နယ်မြေမှ တပည့်များစွာသည် ဤမြင်ကွင်းကို ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြပြီး အသက်ပင် မရှုဝံ့ပေ။
အကယ်၍ ဤအထွတ်အထိပ်တိုက်ပွဲကြီးသည် မအောင်မြင်ခဲ့ပါက ၊
ကွေးယွမ် သူတော်စင် နယ်မြေရှိ မဟာဧကရာဇ်မင်းများအတွက် စောင့်မျှော်နေသည့် ကံကြမ္မာမှာ သေခြင်းတရားပင် ဖြစ်သည်။
“ဟားဟား…”
ဖော့ကျွင်းဘိုးဘေးက ပြုံးပြီး ထဆိုလိုက်သည်။
“စိတ်မပူနဲ့ ငါ့ကွေးယွမ် သူတော်စင် နယ်မြေက တိုက်မြေ သုံးထောင်မှာ အင်အားအကြီးဆုံး ဆိုပြီး လူသိများတယ် ၊ အဲ့တာက ပါးစပ်ပြောသက်သက် မဟုတ်ဘူး”
ထိုစကားများကြောင့် စူးချန်ကဲ နှင့် ကျန်တပည့်များမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။
သူတို့ကွေးယွမ် သူတော်စင် နယ်မြေသည် ထုတ်ဖော်မပြရသေးသော အရန်အစီအစဉ် တစ်ခု ရှိနေသလိုပင်။
သို့မဟုတ် လှည့်စားဖို့ ပြင်ဆင်ထားလေသလော။
သို့သော်။
ဖော့ကျွင်းဘိုးဘေးသည် ပြုံးပြီး ဘာမှ ဆက်မပြောချေ။
၎င်း၏တည်ငြိမ်နေသော အကြည့်မှ သူသည် အောင်ပွဲရလာဒ်ကို ကြိုမြင်ထားသလိုပင်။
…….
တစ်ဖက်တွင် ။
ဝုန်း ဝုန်း !!
နှစ်ဖွဲ့လုံး အပြင်းအထန်တိုက်နေကြသည်။
နယ်နိမိတ်သတ်မှတ်ခြင်း ဥပဒေဖြင့် ဖွဲ့စည်းထားသော ကမ္ဘာကြီးသည် အပေါက်များနှင့် ပြည့်နေပြီး၊ ဟင်းလင်ပြင်သည် အရူးအမူး ပြိုကျလျက် ကွဲအက်ခဲ့နေပြီ ဖြစ်ရာ အဖျက်အာကသ မုန်တိုင်းသည် အကန့်အသတ်မရှိ ဖြတ်ကျော်ဝင်ရောက်လျက်ရှိသည်။
မြေသားများ ပြိုကျကာ အဆုံးမဲ့ချောက်များ ဖြစ်ပေါ်စေသည်။
အဖြူအမည်း အလင်းတန်းနှစ်ခုသည် တစ်ယောက်ကိုတစ်ယောက် ဘာမျှမလုပ်ဆောင်နိုင်သေးဘဲ အခြေအနေသည် ပို၍တင်းမာလာပုံပေါ်သည်။
ထိုအခါ ထျန်းချီ မဟာဧကရာဇ်မင်းက ဒေါသတကြီး အော်လိုက်သည်။
“ကောင်းကင်ရင်းမြစ် မှော်ကျောက်တုံးကို အသုံးပြုမယ်! “
ထိုစကားသံအဆုံးတွင် ။
ကွေးယွမ် သူတော်စင် နယ်မြေ၏ မဟာဧကရာဇ်မင်းများသည် တုံ့ဆိုင်းခြင်းမရှိ လုပ်ဆောင်လာကြသည်။ အတွေးတစ်ချက်တည်းဖြင့် ၊ ကြွယ်ဝသော နိယာမတရားများဖြင့် ဝန်းရံထားသော မှော်ကျောက်တုံးများစွာသည် ၎င်းတို့၏ အသိစိတ်ထဲမှ ထွက်လာကြသည်။
ကောင်းကင်ရင်းမြစ် မှော်ကျောက်တုံး ။
၎င်းတွင် ကောင်းကင်နှင့်မြေကြီး၏ အကြွယ်ဝဆုံးသော ဝိညာဉ်စွမ်းအားများ စုဝေးနေပြီး လျှို့ဝှက်နည်းလမ်းကို အသုံးပြု၍ ဖန်တီးထားခြင်း ဖြစ်သည်။
၎င်းသည် ကမ္ဘာမြေ၏ ဆုံးရှုံးသွားသော သွေး ၊ ချီ နှင့် ဧကရာဇ်စွမ်းအင်ကို ချက်ချင်း ဖြည့်ဆည်းပေးနိုင်သည်။
တစ်နည်းအားဖြင့်ဆိုရသော် ဘေးထွက်ဆိုးကျိုးမရှိဘဲ ဆေးသောက်ခြင်းဟု နားလည်နိုင်သည်။
ကွဲအက်သံ!
တစ်ချိန်တည်းမှာပဲ ၊
နောက်ထပ် ကွဲအက်သံတစ်ခု ထွက်ပေါ်လာပြီး၊ သန့်စင်သော မူလရင်းမြစ်စွမ်းအားများစွာသည် ကောင်းကင်ပေါ်သို့ ဆန်တတ်သွားပြီး ကွေးယွမ် သူတော်စင် နယ်မြေရှိ မဟာဧကရာဇ်မင်းများစွာ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။
၎င်းတို့၏ ကုန်ဆုံးသွားသော သွေးချီစွမ်းအင်တို့သည် လုံးဝပြန်လည်ကောင်းမွန်လာပြီး ၊ သူတို့၏ အခြေအနေသည် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားပြန်သည်။
“ ကောင်းကင်ဘုံကို ဖွင့်လှစ်ခြင်း !”
“ ကွေးယွမ် သူတော်စင် နယ်မြေ! မင်းတို့အရှက်ရှိသေးလား!”
ဤမြင်ကွင်းက မြေအောက်ကမ္ဘာ နှင့် ငရဲနန်းတော်တို့ကို ဦးဆောင်နေကြသည့် မဟာဧကရာဇ်မင်းများကို ဒေါသထွက်စေခဲ့ပြီး ၊ ၎င်းတို့သည် အားရပါးရကျိန်ဆဲလေသည်။
ကောင်းကင်ရင်းမြစ် မှော်ကျောက်တုံး ၊ ၎င်းသည် အဆင့်မြင့်နတ်ဘုရားပစ္စည်းဖြစ်သည်။
သူတို့သည်လည်း ထိုအရာများကို ပိုင်ဆိုင်ထားသော်လည်း သို့သော် အပိုင်းအစ အနည်းငယ်သာ ရှိသည်။
မူလက သူတို့သည် အလွန်အရေးကြီးသော အခိုက်အတန့်တွင် ၎င်းကို အသုံးပြုလိုခဲ့သည်။သို့သော် ကွေးယွမ် သူတော်စင် နယ်မြေ၏ မဟာဧကရာဇ်မင်း ခြောက်ပါးစလုံးတွင် တစ်ယောက်တစ်ခုစီ ရှိနေလိမ့်မည် ဟု ထင်မထားခဲ့ပေ။
စည်းဖောက်ခြင်း!
ဤသည်မှာ ပြောင်ပြောင်တင်းတင်း စည်းဖောက်ခြင်း ဖြစ်သည်။
ယခု ၎င်းတို့သည် သွေးချီစွမ်းအင်များ ကုန်ဆုံးသွားခဲ့သော်လည်း ၊ ကွေးယွမ် သူတော်စင် နယ်မြေ၏ မဟာဧကရာဇ်မင်းအားလုံးသည် အထွတ်အထိပ်အခြေအနေကို တစ်ဖန် ပြန်လည်ရရှိခဲ့ကြသည်။
ဒါ ဘယ်လိုလုပ်တိုက်ကြမလဲ !?
ထျန်းချီ မဟာဧကရာဇ်မင်းက ဆိုလိုက်သည်။
“ငါ့ကွေးယွမ် သူတော်စင် နယ်မြေရဲ့ အုတ်မြစ်က နက်နဲတယ် ၊ တစ်ယောက်ကို သုံးခုစီပေးထားတာ အဲ့တာ လွန်သလား?”
တစ်ယောက်ကို သုံးခုတောင်?
ထိုစကားသံအဆုံးတွင် ၊
ငရဲနန်းတော်နှင့် မြေအောက်ကမ္ဘာရှိ မဟာဧကရာဇ်မင်းတို့မှာ လုံးဝ ဆွံ့အသွားကြသည်။
သူတို့ကိုယ်သူတို့ နားကြားများမှားလေသလား ဟု သံသယဝင်မိသည်။
သို့ဆိုတောင် ၊ သူတို့အားလုံး ဒေါသအကြီးအကျယ် ပေါက်ကွဲလျက် ထပ်မံ ကျိန်ဆဲကြပြန်သည်။
ဝုန်း !!!
ထိတ်လန့်တုန်လှုပ်စရာကောင်းသော ဧကရာဇ်စွမ်းအားများ စီးဆင်းသက်ဝင်လျက်။
နတ်အလင်းရောင်များ၏ လွှမ်းမိုးမှုအောက်တွင် ဟစ်ကြွေးသံများကို ကြားနေရသည်။
နိယာမတရားများ တုန်ခါလျက် ၊ မဟာဧကရာဇ်မင်းတို့၏ အလိုဆန္ဒများ ပြိုကျလာလေသည်။
ခံနိုင်ရည်ရှိသင့်သော မဟာဧကရာဇ်မင်းတို့၏ ကိုယ်ထည်သည် ဤအဆုံးစွန်သော စွမ်းအား၏ လက်အောက်တွင် လုံးဝ ကွဲကြေသွားပြီး တောင်တန်းများနှင့် မြစ်များပေါ်တွင် ပြန့်ကျဲနေခဲ့သည်။
ပူနွေးသော မဟာဧကရာဇ်မင်းတို့၏ သွေးများသည် နောက်ဆုံးတွင် ကျယ်ပြောလှသော ကမ္ဘာမြေပေါ်သို့ သွန်းလောင်းချခဲ့လေပြီ။
သွေးစက်များ စုပုံနေသည်မှာ အာကာသထဲတွင် ပွင့်လန်းလာသော အနီရောင် ပင့်ကူခေတ္တာတို့သည် ဤလောကကို အလှဆင်နေသည့်အတိုင်း ဝမ်းနည်းစရာကောင်းပြီး ကြောက်စရာကောင်းပေသည်။
ဧကရာဇ်သွေး၌ ပါရှိသော ကြောက်ခမန်းလိလိ တန်ခိုးစွမ်းအားတို့သည် ကောင်းကင်ကို ရောင်ပြန်ဟပ်နေပြီး တစ်လောကလုံးကို လင်းထိန်သွားစေသည်။
မဟာဧကရာဇ်မင်းတို့ မသေဆုံးမီ ဝမ်းနည်းပူဆွေးမှုသည် ကြောက်မက်ဖွယ်ကောင်းသော နိယာမတရားအဖြစ်သို့ ပြောင်းလဲသွားသည်။
နတ်ဘုရားပစ္စည်းများဖြစ်သည့် ၊
ဧကရာဇ်ဓား၊ ဧကရာဇ်တံဆိပ်၊ ဧကရာဇ်လှံ၊ ဧကရာဇ်ဓားရှည်…အစရှိသော ၎င်းတို့ထဲတွင် ပါဝင်သော ကျက်သရေ စွမ်းအားများသည် လုံးလုံးလျားလျား ပျောက်ကွယ်ခဲ့ပြီ ဖြစ်ရာ လက်နက်ကိုယ်ထည်တို့သည် အပိုင်းပိုင်း ကွဲအက်သွားခဲ့ပြီး နေရာအနှံ့ ပြန့်ကျဲသွားသည်။
မရေမတွက်နိုင်သော ရှေးဟောင်းတောင်တန်းများသည်ပင် ၎င်းတို့၏ ပေါက်ကွဲစွမ်းအားကြောင့် မြေပြင်ပေါ်သို့ ပြိုကျခဲ့ရသည်။
လောက၏ အမြင်တွင် မဟာဧကရာဇ်မင်းသည် ထိပ်တန်းဖြစ်တည်မှုပင် ဖြစ်သည်။
၎င်းတို့၏ ကြွေလွင့်မှုသည် သာမန်လူများထက် ပို၍ စိတ်မချမ်းမြေ့ဖွယ်ရာ ကောင်းသည်။
အပိုင်းအစများအဖြစ် ကျိုးပဲ့သွားသော ဧကရာဇ်လက်နက်များမှ လွဲ၍ ဤကမ္ဘာပေါ်တွင် ၎င်းတို့၏ ရောက်ရှိမှုအဖြစ် သက်သေခံသည့်အရာဟူ၍ …
မည်သည့်အရာမှပင် မကျန်ရှိခဲ့ပေ။
……….
အပြင်ဘက်တွင် ။
မရဏကမ္ဘာ၏ တစ္စေအမတရှင် နှစ်ပါးသည် သူတို့ရှေ့က ကြီးမားသော အလင်းကန့်လန့်ကာကို လေးနက်သော မျက်နှာထားဖြင့် ကြည့်နေကြသည်။
နိယာမစည်းမျဉ်းများ၏ အဟန့်အတားကြောင့် အထဲတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို မည်သူမှ တိတိကျကျ မသိနိုင်ပေ။
သူတို့ဘေးတွင် ရပ်နေသော ငရဲဘုရင်နှင့် ကူးတို့သူကြီးတို့သည်လည်း လေးနက်သော မျက်နှာထားများဖြင့် စောင့်ကြည့်နေသည်။
ကွေးယွမ် ပရမ်းပတာခေါင်းလောင်းကို တွေ့ပြီးနောက် သူတို့စိတ်ထဲ မကျေမချမ်းခံစားချက်များက အမြဲလိုလို လွှမ်းမိုးထားသည်။
“ မရဏ ကမ္ဘာရဲ့ မဟာဧကရာဇ်မင်းတွေက ကွေးယွမ် သူတော်စင် နယ်မြေထက် အားမနည်းဘူး ..”
“ အများနဲ့တစ်ယောက် ၊ ကွေးယွမ် သူတော်စင် နယ်မြေကို မယှဉ်နိုင်စရာလား!?”
ကိုယ့်စိတ်ကို နှစ်သိမ့်နေတုန်းမှာပဲ မက်ဆေ့ခ်ျတစ်ခု ရုတ်တရက် ရောက်ရှိလာခဲ့သည်။
“ ဘိုးဘေး !ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားပြီ!”
အလွန်ထိတ်လန့်စရာကောင်းသော ကိစ္စနှင့် တွေ့ဆုံလာသကဲ့သို့ လေသံမှာ အနည်းငယ် တုန်လှုပ်နေသည်။
အကြောင်းအရာကို သူတို့မမေးရသေးခင်မှာပဲ ပြကွက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ငရဲနန်းတော် နှင့် မြေအောက်ကမ္ဘာတို့သည် မတူညီသော ပြကွက်နှစ်ခုကို ရရှိခဲ့သော်လည်း သို့သော် ထိုပြကွက်ထဲက ဖြစ်စဉ်မှာ အလွန်ဆင်တူသည် ဟု ဆိုရမည်။
မြေအောက်ကမ္ဘာ နှင့် ငရဲ နန်းတော်တည်ရှိရာ နယ်မြေတွင် ၊
ကောင်းကင်နှင့် မြေကြီးသည် ငိုကြွေးမြည်တမ်းနေပြီး မရေမတွက်နိုင်သော သွေးမိုးများ ရွာသွန်းနေသည်။
မရဏကမ္ဘာထဲက နယ်မြေများ၊ သင်္ချိုင်းမြေ၊ အဆုံးမဲ့အရိုးဖြူ ပင်လယ်၊ မရဏတိုက်မြေ..အစရှိသော နေရာပေါင်းစုံမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် တအံ့တသြဖြင့် မော့ကြည့်လိုက်ကြပြီး အသံများ တုန်ရီလျက် မျက်လုံးအပြုးသား ဖြစ်နေကြသည်။
“ သွေးမိုးများ ရွာလေရာ…”
“ နိယာမတရားများ ငိုကြွေးမြည်တမ်းလျက် ….”
“ ကောင်းကင်နှင့်မြေကြီးသည်ပင် အတူတကွ ငိုကြွေးလေသည်…”
“ ဤသည်မှာ မဟာဧကရာဇ်မင်းတို့ ကြွေလွှင့်ရာ မြင်ကွင်းပေတည်း….”
ထို့အပြင်၊ ဤကဲ့သို့ ကောင်းကင်ဖြစ်စဉ်များသည် မဟာဧကရာဇ်မင်း တစ်ပါးထက် မနည်း ကျဆုံးခဲ့ကြောင်း ဖော်ပြနေပြီး၊ မဟာဧကရာဇ်မင်းလေးပါး သို့မဟုတ် ထို့ထက်ပိုသော မဟာဧကရာဇ်မင်းများ ကျဆုံးခြင်း ဖြစ်နိုင်ချေရှိသည်။
ဤမြင်ကွင်းသည် လူတိုင်းကို ရွှံ့ရုပ်တုများကဲ့သို့ ကြောင်အမ်သွားစေခဲ့ပြီး လုံးဝ မယုံနိုင်အောင် ဖြစ်စေခဲ့သည်။
သွေးမိုးများကြားတွင်၊ မရေမတွက်နိုင်သော ကြယ်များ ကြွေကျနေပြီး နဂါးဖီးနစ်တို့က ငိုကြွေးသံများ ထုတ်လွှတ်နေသည်။
အောက်ဘက်တွင်မူ ၊ ငရဲနန်းတော် နှင့် မြေအောက်ကမ္ဘာမှ လူများစွာတို့သည် ဒူးထောက်လျက် ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
အပိုင်း(၃၆၈): အဲ့တာဆိုလည်း သေရုံပေါ့
ကောင်းကင်ရင်းမြစ် မှော်ကျောက်တုံး။
၎င်းသည် မဟာဧကရာဇ်မင်း တစ်ပါး၏ ကုန်ဆုံးသွားသော သွေးချီ နှင့် စွမ်းအင်တို့ကို ချက်ချင်း ပြန်လည်ရရှိစေနိုငိသော ဒဏ္ဍာရီလာ နတ်ဘုရားပစ္စည်းတစ်ခု ဖြစ်သည်။
ကွေးယွမ်က လူတိုင်း တစ်ယောက် သုံးခုစီ ပိုင်ဆိုင်ထားကြသည်။
ဤသည်မှာ မည်သည့်အဓိပ္ပာယ်ဖြစ်မည်နည်း။
ကွေးယွမ်သို့ ပြန်လည်ရောက်ရှိလာသော မဟာဧကရာဇ်မင်း အရေအတွက်သည် သုံးဆ ဖြစ်သည်ဟု ဆိုလိုသည်မဟုတ်လော။
ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် ၊
၎င်းတို့အားလုံး နားပန်းကြီးသွားရသည်။
ဒါက ဘယ်ကစည်းဖောက်ရမှာလဲ !?
ဒါ လူကို တမင်သက်သက်အနိုင်ကျင့်နေတာပဲ!
“ အိုး၊ ဒီကောင်စုတ််တွေ အတော်ကို အကြင်နာမဲ့တာပဲ “
ဖော့ကျွင်းဘိုးဘေး၏ မျက်နှာမှာ စိတ်ဆင်းရဲနေသည့်ဟန်ဖြင့် ရှိနေသည်။
“ငါ့ ကွေးယွမ် သူတော်စင် နယ်မြေက ဧကရာဇ်လက်နက်တွေ မရှားပါးဘူးဆိုပေမဲ့ ဒါပေမဲ့ တဖက်လူရဲ့ လက်နက်တွေကို ဖျက်စီးပစ်တာတော့ ဖြုန်းတီးရာ ရောက်တယ် “
ထိုစကားသည် တပည့်အားလုံးကို စကားမဲ့သွားစေသည်။
လူကို သတ်ရုံတင်မက ၎င်းတို့၏ စိတ်နှလုံးသားပင်လျှင် ဖျက်ဆီးခံရသည် ။
ဒါ လူရော ဟုတ်သေးရဲ့လား?!
……..
တစ်ချိန်တည်းမှာပင်။
အပြင်ဘက်၌ ၊
ကာခ် ကာခ်!
နယ်နိမိတ်သတ်မှတ်ခြင်း ဥပဒေဖြင့် ဖွဲ့စည်းထားသော အလင်းကန်လန့်ကာ အကာအရံကြီးသည် တဖြည်းဖြည်း ကွဲအက်လာသည်။
ဤမြင်ကွင်းသည် တိုက်မြေ သုံးထောင်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အာရုံကို တစ်ဖန် ပြန်လည်ဆွဲဆောင်ခဲ့သည်။
ရလဒ်ကို သိရှိပြီးဖြစ်သော်လည်း ၊
သို့သော် ဖြစ်ပျက်ခဲ့သမျှကို သူတို့ ရှင်းရှင်းလင်းလင်း မြင်ချင်သေးသည်။
အားလုံးက မျက်လုံးအပြူးသားဖြင့် တဖြည်းဖြည်း ပျောက်ကွယ်နေသော အလင်းအကာအရံကြီးကို စိုက်ကြည့်နေကြသည်။
အလင်းအကာအရံကြီးသည် အလွှာလိုက် ပျောက်ကွယ်နေပြီး ကောင်းကင်တစ်ခွင်လုံး အလင်းမိုးများအဖြစ်သို့ ပျံလွင့်နေသည်။
ထိုအကာအရံကြီး တစ်ခုလုံး လုံးဝပျောက်ကွယ်သွားပြီးနောက် ၊
လူတိုင်း၏ မျှော်လင့်စောင့်စားနေသော မျက်လုံးများသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
တစ်ကိုယ်လုံး မိုးကြိုးပစ်သလို ခံစားလိုက်ရပြီး ခေါင်းနားပန်းကြီးသွားကြသည်။
ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခုက ၎င်းတို့၏ မျက်ဝန်းထဲတွင် ရောင်ပြန်ဟပ်နေသည်။
ထိုနယ်မြေတဝိုက်တွင် ၊
ဤအခိုက်အတန့်တွင်၊ ၎င်းသည် သက်ရှိသတ္တဝါများအတွက် ကန့်သတ်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မဟာဧကရာဇ်မင်းတို့၏ အသွေးအသားများသည် ကမ္ဘာမြေပြင်ပေါ်သို့ စီးကျနေပြီး ထိုနေရာရှိ တောင်များနှင့် မြစ်များသည် နေရာမှာတင် ပြိုကျသွားသည်မှာ ကြာခဲ့ပြီပင် ။
မဟာဧကရာဇ်မင်းတို့၏ အသွေးအသားများသည် တောက်ပသော အလင်းရောင်များ ဖြာထွက်နေပြီး ဤကမ္ဘာမြေပြင်ပေါ်သို့ သွန်းလောင်းကျနေသည်။
ဝိညာဉ်စွမ်းအင်၏ နိယာမတရားတို့သည် အရင်ကတည်း အငွေ့ပျံသွားခဲ့ချေပြီ။
ယင်းအစား၊ အဆုံးမရှိသော နာကြည်းမှုနှင့် ဝမ်းနည်းမှုတို့ ပါ၀င်နေသော လူးလိမ့်ရိုက်ခတ်နေသည့် သွေးအမှုန်အမွှားများက အစားထိုးဝင်ရောက်လျက် ရှိသည်။
အပိုင်းအစတစ်ခုအဖြစ် စုတ်ပြဲသွားသော ဧကရာဇ်လက်နက်တို့သည် လူးလိမ့်ရိုက်ခတ်နေသော သွေးမြူများနှင့်အတူ သွေးနီရောင် မြေဆီလွှာပေါ်တွင် နစ်မြုပ်နေသည်။
ထူးဆန်းသော နေရာတစ်ခုက အထီးကျန်သင်္ချိုင်းအစုအဝေးနှင့် တူသည်။
ကွေးယွမ် သူတော်စင် နယ်မြေပြောခဲ့သလိုပင်။
ဤနေရာသည် ၊
တကယ်ပင် မဟာဧကရာဇ်မင်းတို့၏ မြေချရာနေရာတစ်ခု ဖြစ်လာခဲ့သည်။
သက်ရှိသတ္တဝါများအတွက် ကန့်သတ်နယ်မြေ တစ်ခုလည်း ဖြစ်ပေသည်။
ဤနေရာနှင့် မိုင်ထောင်ချီဝေးသော ကျင့်ကြံသူများသည်ပင် တိုးဝှေ့တိုက်ခတ်လာသော လေထဲမှ နာကြည်းမှုများကို ခံစားလိုက်ရသည်နှင့် ဒူးများကွေးညွတ်သွားသည်။ သူတို့အနေဖြင့် ပြန်ထဖို့ ခွန်အားသည်ပင် မရှိတော့ချေ။
“ အား အား!!!”
ယွီ့ရှန်အမတ နှင့် မျဲ့ဝမ် အမတတို့သည် အလွန်အမင်း ဒေါသဖြစ်နေသည်။
အဆုံးမရှိသော လူသတ်လိုသည့် ဆန္ဒတို့သည် ကောင်းကင်သို့ ဆန်တက်လာပြီး ကျယ်ပြောလှသော ကောင်းကင်တစ်ခွင်ကို ဖြတ်ကျော်ဝင်ရောက်လာပေရာ ကောင်းကင်ဘုံကိုးထပ်က ကြယ်များသည်ပင် တုန်ခါသွားသည် ။
သူတို့၏မျက်လုံးများသည် နီရဲနေပြီး ၊ ၎င်းတို၏ ဟစ်ကြွေးသံမှာ တစ်ကမ္ဘာကို တုန်လှုပ်သွားစေသည်။
“ ကွေးယွမ် သူတော်စင် နယ်မြေ!”
ဘာကြောင့်လဲ! ?
နှစ်ဖက်စလုံး၏ ခွန်အားသည် ကွာဟခြင်းမရှိပါသော်လည်း ငရဲနန်းတော်နှင့် မြေအောက်ကမ္ဘာရှိ မဟာဧကရာဇ်မင်းများသည် အဘယ်ကြောင့် ဤမျှ ဆိုးရွားစွာ ပျက်စီးခဲ့ရသနည်း။
ယခင်က ကောင်းကင်နှင့်မြေကြီး၏ ငိုကြွေးခြင်းအပေါ် သူတို့၏ စိတ်ကို အသင့် ပြင်ဆင်ထားခဲ့သည်။
သို့သော်လည်း များစွာသော မဟာဧကရာဇ်မင်းများ သုတ်သင်ခံလိုက်ရသည့် ရလဒ်ကို လက်ခံရန်မှာ သူတို့အတွက် ခက်ခဲပေသည်။
“ဟားဟား….”
“ဒါက မင်းတို့ လျှောက်ခဲ့တဲ့လမ်းပဲ”
“ မင်းတို့ရဲ့ မဟာဧကရာဇ်မင်းတွေ အားလုံးကို မတော်တဆ ဖျက်စီးမိလို့ ငါ တောင်းပန်ပါတယ်”
ကွေးယွမ် သူတော်စင် နယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းမှ ထိုအသံသည် ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။
သို့သော် တစ္စေအမတရှင် နှစ်ပါးအတွက် ထိုအသံသည် အလွန်ကြမ်းတမ်းသည်ဟု ခံစားရသည်။
ဒေါသ!
နောင်တ!
အမျိုးမျိုးသော အဆိုးမြင်စိတ်များသည် သူတို့၏ နှလုံးသားကို အဆက်မပြတ် ရိုက်ခတ်နေသည်။
ဤမဟာဧကရာဇ်မင်းအုပ်စု သေဆုံးခြင်းသည် သူတို့အင်အားစုအတွက် အကြီးအကျယ် ထိုးနှက်ချက် ဖြစ်သည်ဟု ဆိုနိုင်သည်။
မြေအောက်ကမ္ဘာနှင့် ငရဲနန်းတော်တွင် ၎င်းတို့အား ထောက်ပံ့ရန် တစ္စေအမတနှစ်ပါး ရှိသေးသော်လည်း ၎င်းတို့သည် မဟာဧကရာဇ်မင်းများစွာကို ဆုံးရှုံးခဲ့ကြရသည်။
မရဏကမ္ဘာတွင် အခိုင်အမာခြေကုပ်ရယူထားသည်ဟု ဆိုနိုင်သော်လည်း သို့သော် လာမည့်ခေတ်အနည်းငယ်အထိ ၎င်းတို့နောက်ကွယ်မှ အင်အားစုများသည်ပင် ဤဖြစ်ရပ်၏ သက်ရောက်မှုကို ခံစားကြရပေလိမ့်မည်။
“ဟားဟား!”
ရုတ်တရက် မျဲ့ဝမ် အမတ၏ အရိပ်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့အသံတွင် အဆုံးမဲ့ ရူးသွပ်မှုတစ်ခု ရှိနေသည်။
“နှစ်ထောင်ပေါင်းများစွာ ကြိုးစားအားထုတ်မှုတွေက ဒီနေ့ ဖျက်ဆီးခံလိုက်ရတယ် “
ဝုန်း !!!
တစ်ချိန်တည်းမှာပင်၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု နိုးထလာသည်။
ဤအခိုက်အတန့်တွင် မရဏကမ္ဘာကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေသည်။
အဆုံးမရှိသော တစ္ဆေစွမ်းအင်များသည် ခြောက်သွေ့နက်နဲသော မြေအောက်ကမ္ဘာမှ ဒရဟော ထွက်လာသည်။
၎င်းတို့အနက်မှ အမှောင်ထုအငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသော ကြေးဝါအပိုင်းအစ တစ်ခုရှိပြီး အဆုံးမရှိ ခမ်းနားထည်ဝါသော ရောင်ဝါများကို ဖြန့်ကျတ်ထားသည်။
ဤသည်မှာ မျိုးဆက် သုံးဆက် ကြေးခေါင်းတလား အပိုင်းအစများထဲမှ တစ်ခုဖြစ်သည်။
“အရှက်ကွဲရတာထက် ဂုဏ်ရှိရှိနဲ့ပဲ သေလိုက်မယ်!!!”
မျဲ့ဝမ် အမတ၏ နောက်ဆုံးဟောက်သံနှင့်အတူ ၊
ထိုကြေးဝါအပိုင်းအစသည် ပရမ်းပတာ အလင်းရောင်တို့နှင့်အတူ ပေါက်ကွဲထွက်လာပြီး ၊ နိယာမတရားနှင့် အနက်ရောင်လေထုတို့၏ ပေါင်းစပ်မှုအောက်တွင် ကြောက်မက်ဖွယ်ကောင်းသော ရုပ်သဏ္ဍာန်ကို ဖန်တီးခဲ့သည်။
ကွဲအက်သံ!!
ဟင်းလင်းပြင်သည် တစ်ဖန် ကွဲအက်သွားပြီး တစ္စေအငွေ့အသက်များ လွှမ်းခြုံထားလေသော ကြေးခေါင်းတလားတစ်ခု ပေါ်ထွက်လာသည်။
ကြေးခေါင်းတလားမှ အလွန်အားကောင်းသော စွမ်းအင်များကို ထုတ်လွှတ်နေသည်။
ထိုစွမ်းအားပေါ်ထွက်လာသည်နှင့်အမျှ၊ တိုက်မြေ သုံးထောင် တစ်ဝှမ်းလုံးကို ထူထပ်သောတိမ်မည်းများက ရုတ်တရက် ဖုံးလွှမ်းသွားသည်။
ဘုန်း --! !
ရုတ်တရက်။
ထိုတိမ်မည်းများကြား ထောင်ပေါင်းများစွာသော မိုးခြိမ်းသံများ ရုတ်တရက် ထွက်ပေါ်လာပြီး ဤကမ္ဘာနှင့် မသက်ဆိုင်သော စွမ်းအားတစ်ခု ကျရောက်လာသည်။
မူလမျဲ့ဝမ်အမတ၏ သွင်ပြင်သည် ထိုကြေးဝါခေါင်းတလားထဲ၌ ရှိနေသည်။
၎င်းတို့သည် တစ်သားတည်းဖြစ်နေပုံရသည်။
သို့သော် ယွီ့ရှန်အမတသည် မည်သည့်လှုပ်ရှားမှုကို မလုပ်ခဲ့ချေ။
သူသည် ထိုမြင်ကွင်းကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။
“ မျဲ့ဝမ်… မင်းကတော့ အမုန်းတရားတွေကြောင့် မျက်စိကွယ်နေပြီပဲ…”
ကွေးယွမ် သူတော်စင် နယ်မြေရှိ ထိုအနှီပုံရိပ်၏ မျက်လုံးထဲတွင် သူတို့သည် အဆမတန်အရေးမပါသလို ခံစားရစေသည်။
ထိုအချိန်ကတည်းက သူသည် အဆုံးသတ်ကို ဆုံးဖြတ်ထားပြီး ဖြစ်သည်။
အစမှအဆုံးအထိ၊ အောင်နိုင်သူ တစ်ဦးတည်းသာရှိပြီး ၎င်းသည် ကွေးယွမ် သူတော်စင် နယ်မြေသာဖြစ်သည်။
သူတို့ အစွမ်းကုန် ကြိုးစားပြီး သေသည်အထိ တိုက်ပွဲဝင်ရင်တောင် နိုင်ဖို့အရည်အချင်းမရှိပေ။
ဝီ——!!
ထိုစဉ် ၊
မျိုးဆက်သုံးဆက် ကြေးခေါင်းတလား၏ အပိုင်းအစများသည် ထိုကြေးခေါင်းတလားနှင့် ပေါင်းစပ်သွားသည်။
နှစ်မည်မျှကြာအောင် တိတ်ဆိတ်နေခဲ့သော ကြေးခေါင်းတလားသည် ရုတ်တရက် အနည်းငယ် တုန်ခါသွားသည်။
၎င်းအပေါ်ရှိ မထင်မရှား မှော်သင်္ကေတများနှင့် ရှေးခေတ်အက္ခရာစကားလုံးများသည် ဤအခိုက်အတန့်တွင် အင်အားတစ်ခုနှင့်အတူ တဖြည်းဖြည်း တောက်ပလာခဲ့သည်။
ဒုန်း!
လေးလံသော ခေါင်းတလားအဖုံးသည် ပွင့်ထွက်လာခဲ့ပြီး ၊အထဲမှ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ချက်ချင်းထွက်ပေါ်လာသည်။
ထို့နောက် ချက်ချင်းပင် ထောင်နှင့်ချီသော ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေအငွေ့အသက်တို့ ပျံ့နှံ့သွားလေရာ နေရာလပ်များကို လုံးလုံးလျားလျား ဖုံးလွှမ်းပစ်ခဲ့သည်။
“ အဲ့တာက.. ဘာလဲ…? “
ဤမြင်ကွင်းသည် တိုက်မြေ သုံးထောင်ရှိ လူများစွာ၏ ကမ္ဘာ့အမြင်ကို တစ်ဖန် ပြန်လည်ဆန်းသစ်စေခဲ့သည်။
ဤကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်စွမ်းအားသည် မဟာဧကရာဇ် နယ်ပယ်ထက်ကို ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဤကမ္ဘာကြီးနှင့် လုံးဝမသက်ဆိုင်သည့်အတိုင်း။
တသိမ့်သိမ့် ရိုက်ခတ်နေသော တစ္စေစွမ်းအင်များကြား ၊ မှုန်ဝါးဝါး ရုပ်သဏ္ဍာန်တစ်ခု ဖြည်းညှင်းစွာ ထလာသည်။
တစ်ချိန်တည်းမှာပင် တင်းတင်းစေ့ထားသော မျက်ဝန်းတစ်စုံသည် ရုတ်တရက် ပွင့်လာသည်။
အမှောင်တွင်းနက်ကြီးထဲတွင် ရှိသော သွေးလရောင်နှစ်စင်းကဲ့သို့ ၊ ထိုမျက်ဝန်းအစုံ၌ အရောင်အဝါတောက်ပသော အမတ အလိုဆန္ဒများ ပြည့်နှက်နေသည်။ ထိုမျက်လုံးများ ဖွင့်ကြည့်လိုက်ရုံဖြင့် သူ့ရှေ့က အကန့်အသတ်မဲ့ ကွက်လပ်သည်ပင် ထိုအင်အား၏ ဒဏ်ကို မခံနိုင်ဘဲ ပြိုကျပျက်စီးသွားသည် ။
“ သွေးအန်သံ….!”
ထိုစွမ်းအားများ ပျံ့နှံ့သွားလေရာ ၊ နောက်ဆက်တွဲ အနေဖြင့် သူတော်စင် ဧကရာဇ်များသည်ပင် သွေးအန်ထွက်သည့်အထိ ဖြစ်စေသည်။
စိတ်ဝိညာဉ်များ တိုက်ရိုက် ဖျက်ဆီးခံလိုက်ရသော အားနည်းသူများပင် ရှိခဲ့သည်။
စူးချန်ကဲ နှင့် ကွေးယွမ် သူတော်စင် နယ်မြေရှိ တပည့်များစွာတို့သည်လည်း စိတ်တုန်လှုပ် ချောက်ချားသွားခဲ့ရပြီး ပြင်းထန်သော ဖိအားတစ်ခုက သူတို့၏ စိတ်နှလုံးကို တုန်လှုပ်အောင် ရိုက်ခတ်နေခဲ့သည်။
“ဒါ… ဒဏ္ဍာရီထဲက အမတသခင်ဆိုတာလား…?”
စူးချန်ကဲက ချက်ချင်း တုံ့ပြန်လိုက်သည်။
……
သို့သော် မျဲ့ဝမ် အမတရှင်မှ မည်သည့်လှုပ်ရှားမှုမျိုးကို မလုပ်ဆောင်ရသေးခင် ၊
ကွေးယွမ် သူတော်စင် နယ်မြေရှိ အနက်ရှိုင်းဆုံး အပိုင်းမှ ထိုအနှီသူ၏ အသံသည် ဒေါသတကြီး ဟောက်လာသည်။
“ အတင့်ရဲလိုက်တာ!”
ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်စွမ်းအားတစ်ခုက ဤကမ္ဘာတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားပြီး၊ ၎င်း၏ဖိနှိပ်မှုသည် မျဲ့ဝမ် အမတရှင်၏ ဖိနှိပ်မှုထက် ပို၍ပင် အားကောင်း နေခဲ့သည်။
သို့ဆိုတောင်။
မျဲ့ဝမ် အမတရှင်သည် ဦးမညွှတ်ခဲ့ပေ ။
သူသည် ဤစကားတစ်ခွန်းကို ပြန်လည်ပြောဆိုလိုက်သည်။
“ အမတသခင် ဆိုတာ… စော်ကားမခံဘူး!”
သူသည် ဤကမ္ဘာထက် သာလွန်သော ဒဏ္ဍာရီထဲက အမတလူသားသခင် နယ်ပယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
🍁🍁🍁T/N – { အမတနယ်ပယ်ရဲ့ အဆင့်တွေ လာပါပြီ ၊ ကိုယ်တွေ မွှေနှောက်ရှာကြည့်ချက်အရ အဆင့်မျိုးစုံ ရှိနေပါတယ် အဲ့တာကလည်း စာရေးသူရဲ့ စိတ်ဆန္ဒအရ အမတအဆင့်တွေရဲ့ ဖော်ပြချက်က ကွဲလွဲသွားတာမျိုး ဖြစ်ပါတယ်
ဒီစာရေးဆရာကတော့ အမတအဆင့်ကို သီးသန့်ဖော်ပြမလား သူ့ဟာသူ ညပ်ညပ်ပြီး သုံးနှုန်းသွားမလားဆိုတာတော့ စောင့်ကြည့်ရပါဦးမယ် ( ခုလောလောဆယ်တော့
တစ္စေအမတရှင်→ အမတလူသားသခင် → )ပဲ 🍁🍁🍁
သူ့လိုလူတစ်ယောက်က အဘယ်ကြောင့် ခေါင်းညွှတ်နိုင်မည်နည်း။
သူသေရမယ်ဆိုတောင် ၊ သူသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ အသားတစ်ပိုင်းကို ကိုက်ပြီးမှပဲ ကျေနပ်နိုင်မည်။
“ အမတသခင် ဆိုတာ... စော်ကားမခံဘူး ဟုတ်လား?”
တစ်ချိန်တည်းမှာပင်၊ ကွေးယွမ် သူတော်စင် နယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းမှ ထွက်ပေါ်လာသော ဒေါသသံသည် နေရာတစ်ဝှမ်းလုံး ပဲ့တင်ထပ်လို့သွားသည်။
“အဲ့တာဆိုလည်း သေရုံပေါ့!”
အပိုင်း(၃၆၉): ကွေးယွမ် သူတော်စင်နယ်မြေက ရေ အတော်နက်ပေတယ်
တစ်ချိန်တည်းမှာပင်။
နတ်ဘုရားအမတရှင်ထက် သာလွန်သော ထိုမျက်ဝန်းတစ်စုံသည် မျဲ့ဝမ် အမတရှင်၏ စိတ်နှလုံးသားထဲတွင် ရုတ်ချည်းဆိုသလို ပွင့်လာပြန်သည်။
နက်ရှိုင်းသော ထိုမျက်ဝန်းတစ်စုံတွင် စကြဝဠာ၏ပြောင်းလဲမှုများမှ နိယာမစည်းမျဉ်းသစ်များ မွေးဖွားလာသည့်အတိုင်း ဖြစ်ပေါ်နေပြီး ၊ ၎င်းတို့သည် အလုံးစုံသော ကြယ်များကို အဓိပ္ပာယ်ဖွင့်ဆိုနေသည်မှာ ကြီးကျယ်ခမ်းနာပြီး ထူးကဲပေသည်။
ထိုအကြည့်တစ်ချက်သည် ခေတ်အဆက်ဆက်မှ ထိုးဖောက်ဝင်ရောက်လာသည့်အတိုင်း အနာဂတ်နှင့်အတိတ်ကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိပုံရသည် ။
အလောင်းကောင် အမတအဖြစ် ခေတ္တပြန်လည်ထမြောက်လာသော မျဲ့ဝမ် အမတရှင်သည် ဤစွမ်းအား၏ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်။
“ ကွေးယွမ် သူတော်စင် နယ်မြေ ! မင်းတို့ အရမ်းကို ဗိုလ်ကျလွန်းတယ်!! “
“ မင်းတို့နဲ့ ငါ တွေ့ကြတာပေါ့!!”
ထိုစွမ်းအား၏ ဖိနှိပ်လွှမ်းမိုးမှုအောက်တွင်တောင် မျဲ့ဝမ် အမတသည် ထပ်မံ ဟောက်နေပြန်သည်။
နတ်အလင်းရောင်များဖြင့် တောက်ပစွာ လင်းလက်နေသော သူ၏ လက်ဝါးကို ဆန့်ထုတ်လိုက်သည်။
ပြင်းထန်သော ပရမ်းပတာအလင်းတန်းများသည် ဤစကြဝဠာထဲသို့ ဝင်ရောက်လာသည့်အတိုင်း ကောင်းကင်နှင့် နေမင်းကိုတောင် ဖုံးအုပ်ထားနိုင်သော အလွန် ကြီးမားသော လက်ဝါးရိပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုလက်ဝါးရိပ်ကြီးသည် ကွေးယွမ် သူတော်စင် နယ်မြေရှိရာ ဧရိယာဘက်သို့ ချက်ချင်း ရိုက်ချလိုက်သည်။
ဝီ!!
တစ်ချိန်တည်းမှာပင်၊ ကွေးယွမ် သူတော်စင် နယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းမှ ထွက်ပေါ်လာသော နတ်အလင်းတန်းတစ်ခုသည် ကောင်းကင်သို့ ဆန်တတ်သွားပြီး ၊ ပင်လယ်ပြင်ကြီး တစ်ခုသဖွယ် ရှိနေသော နိယာမတရားများ ကြွယ်ဝစွာ ပါဝင်သည့် ကြေးခေါင်းလောင်း တစ်ခုအဖြစ်သို့ ဖွဲ့စည်းသွားသည်။
ဤသည်မှာ ကွေးယွမ် ပရမ်းပတာခေါင်းလောင်းပင် ဖြစ်သည်။
ဒေါင်——!!
ငြိမ့်ညောင်းသော ခေါင်းလောင်းသံသည် အာကာသကိုဖြတ်၍ မိုင်ထောင်ပေါင်းများစွာ ခရီးနှင်သွားခဲ့ပြီး ၊ ယခုတစ်ကြိမ်တွင်မူ ကွေးယွမ်ပရမ်းပတာ ခေါင်းလောင်းသည် ၎င်း၏မူလစွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ခဲ့သည်။
ကွေးယွမ် သူတော်စင် နယ်မြေသို့ ကျရောက်လာသော ထိုလက်ဝါးရိပ်ကြီးသည် အသံလှိုင်းနှင့် ထိပ်တိုက်ဆုံခဲ့သည်။
ပူပြင်းသော နေရောင်ခြည်ဖြင့် စထိတွေ့လိုက်ရသော နှင်းပွင့်များကဲ့သို့ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ထိုမျက်ဝန်းအစုံ၏ ဖိနှိပ်မှုအောက်တွင် မျဲ့ဝမ် အမတရှင်အနေဖြင့် ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ချေ။
ဝုန်း !!
ခေါင်းလောင်းသံ တဒေါင်ဒေါင်ဖြင့် ၊ မဟာလမ်းစဉ်များ ဟောက်သံပြုနေသည်။
ထိုဧရိယာတွင် ရှိနေသော တလိပ်လိပ် ရိုက်ခတ်နေသည့် တိမ်စိုင်များသည်ပင် ဆူနာမီကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။
မူလကရှိနေခဲ့သော ဤကမ္ဘာလောကနှင့်မသက်ဆိုင်သည့် အမတရှင်တစ်ပါး၏ အလိုဆန္ဒသည် ခေါင်းလောင်းသံနှင့်အတူ သုတ်သင်ခံလိုက်ရသည်။
ထောင်ပေါင်းများစွာသော နတ်အလင်းရောင်များ ပြန့်လွင့်သွားသည်မှာ ကြောက်စရာကောင်းသော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသော ကြယ်ကမ္ဘာကြီးတစ်ခုလိုပင်။
မျဲ့ဝမ် အမတရှင်၏ ဘေးပတ်ပတ်လည်တွင် ဖုံးလွှမ်းနေခဲ့သည့် တစ္စေရောင်ဝါ နတ်အခိုးအငွေ့များသည် ဤအခိုက်အတန့်တွင်မူ ဖြည်းဖြည်းချင်း ပျောက်ကွယ်လို့သွားလေသည်။
တိုက်မြေ သုံးထောင်ရှိ လူတိုင်း နောက်ဆုံးတွင် ထိုကြီးကျယ်ခမ်းနားသော အသွင်ပုံရိပ်ကို ရှင်းရှင်းလင်းလေး မြင်တွေ့ခွင့်ရခဲ့သည်။
ရွှေ-နက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားသော အမျိုးသားတစ်ယောက် ဖြစ်ပြီး ၊ နေရာတွင် ရပ်နေသည်မှာ ကောင်းကင်နှင့်မြေကြီး၏ ဗဟိုချက်တစ်ခုလိုပင် ။
သို့သော် ယခုအချိန်တွင် ထိုကြောက်စရာကောင်းသော စွမ်းအားသည် ၎င်း၏ အသက်ဓာတ်ကို ချေမှုန်းပစ်ခဲ့ပြီး ဖြစ်သည်။
မျဲ့ဝမ် အမတရှင်၏ ခန္ဓာကိုယ်သည်လည်း သဲပွင့်များသဖွယ် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည် ။
“ဒါ... ဒါက... ကံ၏ အကြောင်းအကျိုးကို ဖျောက်ဖျက်နိုင်တဲ့ စွမ်းအားပဲ...!”
“ ဒဏ္ဍာရီထဲက ကွေးယွမ် ပရမ်းပတာခေါင်းလောင်းဆိုတာ ဒါလား ... ကြောက်စရာကောင်းလွန်းတဲ့ နိယာမစည်းမျဉ်းထိန်းချုပ်မှုဆိုတာ ဒါလား...?”
ဖြစ်ရပ်တစ်ခုလုံးကို ကြည့်ရှုနေခဲ့သော ယွီ့ရှန်အမတရှင်သည်ပင် တအံတဩဖြစ်ခဲ့ရသည်။
သူ့မျက်နှာပေါ်တွင် ထိတ်လန့်နေသော အမူအယာမှလွဲ၍ ကျန်တာမရှိ။
အမတ!
မဟာဧကရာဇ်မင်းထက် ၊ ရှေးမဟာဧကရာဇ်မင်းတို့ထက် ကျော်လွန်သော ဖြစ်တည်မှု ။
မရေမတွက်နိုင်သော နှစ်ကာလများစွာ၏ တိုက်စားမှုကြောင့် သူတို့၏ ခွန်အားသည် ယခင်ကလောက် မပြင်းထန်တော့ဘဲ အမတလူသားသခင်၏ စွမ်းအားများသည်ပင် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
သို့သော် သူတို့၏ ရုပ်ခန္ဓာနှင့် အသွေးအသားများ ပေါင်းစပ်သွားခြင်းဖြင့် ယခုအခါတွင် အလောင်းကောင် အမတရှင် ဖြစ်လာခဲ့သည်။
တစ်နည်းအားဖြင့်ဆိုရသော် ဤကမ္ဘာကြီးတွင်၊ ၎င်းသည် မပျက်စီးနိုင်သော တည်ရှိမှုတစ်ခုဖြစ်သည် ဟု ဆိုရမည်။
သို့သော် ကွေးယွမ် ပရမ်းပတာခေါင်းလောင်းသည် တစ်ကြိမ်သာ မြည်တမ်းခဲ့သည်။
ခေါင်းလောင်းသံ တချက်နှင့်အတူ ၊ မျဲ့ဝမ် အမတရှင်၏ ခန္ဓာကိုယ်သည်လည်း ကမ္ဘာအနှံ့ ပျံ့လွင့်သွားလေသော သဲမှုန်များအဖြစ်သို့ ပျောက်ကွယ်သွားခဲ့ရသည်။
……..
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။
သူတို့မျက်စိရှေ့က မြင်ကွင်းသည် သူတို့မျှော်လင့်ထားသည်ထက် ပို၍ တုန်လှုပ်စရာကောင်းနေသည်။
တိတ်တဆိတ် စောင့်ကြည့်နေသော မကောင်းဆိုးဝါးဘိုးဘေးများနှင့် ကောင်းကင်လမ်းစဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့သည်ပင် စိတ်လေးနေကြသည်။
“ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ကွေးယွမ် ပရမ်းပတာခေါင်းလောင်းက ဒီလောက်ထိ အစွမ်းထက်မယ်လို့ မမျှော်လင့်ထားဘူး “
မကောင်းဆိုးဝါးဘိုးဘေးတစ်ဦးမှ ခပ်တိုးတိုး ဆိုလိုက်သည်။
“ ကြည့်ရတာ မျှော်လင့်ချက် ရောင်ခြည် တစ်မျှင်လောက် ရဖို့ဆိုရင် ... ငါတို့ ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းရဲ့ အမတရှင်ဘိုးဘေးသုံးဦးကို နှိုးရလိမ့်မယ်...”
“ဒီကိစ္စကို ရေရှည်စဉ်းစားဖို့ လိုတယ် ၊ အခုက ဧကရာဇ်လျှောက်လမ်း မဖွင့်လှစ်ရသေးသလို တိုက်မြေ သုံးထောင်မှာရှိတဲ့ မဟာလမ်းစဉ်ရဲ့ စွမ်းအားကလည်း တည်ငြိမ်မှု မရှိသေးဘူး...”
အခြား မကောင်းဆိုးဝါးဘိုးဘေးတစ်ဦးက ထောက်ခံလိုက်သည်။
“မှန်တယ်၊ ဒီကိစ္စအတွက် အချိန်ကို စောင့်ဆိုင်းဖို့လိုတယ် ၊ ကွေးယွမ် သူတော်စင် နယ်မြေကို တစ်ရှိန်ထိုး ဖျက်ဆီးပစ်နိုင်ဖို့ဆိုရင် မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ရဲ့ အကူအညီလိုအပ်တယ်!”
…….
ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ၏ မျက်နှာများသည်လည်း သိပ်အခြေအနေမကောင်းပေ။
အထူးသဖြင့် စန်း သည် အိုးအောက်ခြေကဲ့သို့ မည်းတူးနေသော မျက်နှာထားဖြင့် ရှိနေသည်။
သူ၏ ခွန်အားသည် အမတ နယ်ပယ်သို့ ရောက်ရှိလာပြီ ဖြစ်သော်လည်း၊ သို့သော် မျဲ့ဝမ် အမတရှင်ကိုတောင် မယှဉ်နိုင်သေးပေ။
“ ကြည့်ရတာ ဒုတိယအစ်ကိုနဲ့ အစ်ကိုကြီးတို့ကို ပြန်လာခိုင်းမှရမယ် ထင်တယ်”
“မဟုတ်ရင်...”
စောနကမြင်ကွင်းသည် သူတို့ကိုတောင် တုန်လှုပ်သွားစေသည်။
“ ဒီကမ္ဘာကြီးက ဘယ်တော့မှ ဟန်ချက်ညီမှာ မဟုတ်တော့ဘူး...”
သို့သော် ၎င်း၏မျက်လုံးထဲတွင် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသော်လည်း ကြောက်ရွံ့မှုလုံးဝ မရှိချေ။
သူ့အမြင်တွင် ကောင်းကင်လမ်းစဉ် အကာအကွယ်၏ အကူအညီဖြင့် ၊သူတို့သည် ကွေးယွမ် သူတော်စင် နယ်မြေ၏ ကွေးယွမ် ပရမ်းပတာခေါင်းလောင်းနှင့် အပြည့်အဝ ယှဉ်ပြိုင်နိုင်စွမ်းရှိသည် ဟု ယူဆထားသည်။
ဒါတင်မက ၊ ထိုအချိန်တွင် ဝင်ရောက်ကူညီပံ့ပိုးမည့် မကောင်းဆိုးဝါးမျိုးနွယ်စုများလည်း ရှိသေးသည်။
……
ကွေးယွမ် သူတော်စင် နယ်မြေ၏ အထက်ဝေဟင်တွင် ၊
မျဲ့ဝမ် အမတရှင် ပျောက်ကွယ်သွားသည့်နေရာ၌ ကြေးဝါအပိုင်းအစလေး တစ်ခုသာလျှင် လေထဲတွင် လွင့်မျောနေခဲ့သည်။
တဖျပ်ဖျပ် တောက်ပနေပြီး လေထဲတွင် လှည့်ပတ်နေသည်။
၎င်းဘေးတွင် တသိမ့်သိမ့် ရိုက်ခတ်နေသည့် ထောင်ပေါင်းများစွာသော ပြန်လည်ဝင်စားခြင်းဆိုင်ရာ မှော်သင်္ကေတများမှ သာလွန်ထူးခြားသော စွမ်းအားကို ခံစားမိနိုင်သည်။
သန်မာသူ မဟာဧကရာဇ်မင်းများသည်ပင် ၎င်း၏ သွေးဆောင်မှုကို တွန်းလှန်ရန် ခဲယဉ်းသည်။
လူတိုင်း၏မျက်လုံးထဲတွင် အလိုလောဘများ ပေါက်ဖွားနေသည်။
စောနက သေဆုံးသွားခဲ့သူသည် အမတသခင်မှန်း သူတို့အဘယ်ကြောင့် မသိရှိမည်နည်း။
အမတတစ်ပါးမှ ကျန်ရစ်သော အရာသည် အဘယ်ကြောင့် သာမန်အရာမျိုး ဖြစ်နိုင်မည်နည်း။
သို့သော် ထိုအရာသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ ပိုင်နက်ထဲတွင် ရှိနေပြီး မည်သူမှ မလုယူဝံ့ပေ။
ထိုပစ္စည်းသည် တစ်စုံတစ်ခုကို ခံစားမိသွားပုံရသည်။
ဝီ!
ကြေးနီခေါင်းတလား၏ အပိုင်းအစသည် ပို၍ တောက်ပသွားသည်။
ထို့နောက် ချက်ချင်းဆိုသလို ၊ လေကို ဖောက်ထွင်းဖြတ်ကျော်ကာ ကွေးယွမ် ဘိုးဘေးပိုင်နက်ဆီသို့ ပျံ့လွင့်သွားပြီး ရှေးဘိုးဘေး၏ လက်ထဲသို့ ကျရောက်လာသည်။
ရှေးဘိုးဘေး၏ မျက်လုံးများသည် ဖြည်းညှင်းစွာပွင့်လာသည်။
ထိုအပိုင်းအစကို မြင်လိုက်ရချိန်တွင် ထူးဆန်းသော အရောင်တစ်ခုက သူ့မျက်လုံးထဲတွင် လစ်ခနဲ့ တောက်ပသွားသည်။
“ဒါက အဲ့ဒီပစ္စည်းရဲ့ အစိတ်အပိုင်းမဟုတ်လား...?”
“ အဲ့ပစ္စည်းက တစ်စစီ ကွဲကြေသွားပြီဆိုတာ ငါ မှတ်မိပါသေးတယ် ဒါပေမဲ့ ဒီအပိုင်းအစက ဘာလို့ ဒီမှာပေါ်လာတာလဲ...”
ရှေးဘိုးဘေးသည် သူ့လက်ချောင်းများဖြင့် တွက်ချက်ကြည့်လိုက်ရာ တစ်စုံတစ်ခုကို တွေ့ရှိသွားပုံရသည်။
သူ့ပါးစပ်ထောင့်တွင် အပြုံးတစ်ခု လှစ်ဟသွားသည်။
သို့သော် သူသည် တိုက်ရိုက်မထုတ်ဖော်ခဲ့ပေ။
“ လက်စသတ်တော့ အဲ့လိုလား ၊ ဒါက လူဝင်စားခြင်း သခင်ရဲ့ လက်ဖွာမှုလား”
“ဟီးဟီး...ဒါပေမယ့် ငါ့လက်ထဲ ရောက်နေပြီဆိုမှတော့ ဒီနတ်ဘုရားပစ္စည်းကို ချန်ကဲကို ပေးလိုက်မယ်”
ရုတ်တရက်၊ ရှေးဘိုးဘေးသည် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။
သူ၏ မျက်ဝန်းတစ်စုံသည် ကျယ်ပြောသော ကွက်လပ်ကြီးကို ထိုးဖောက်ဝင်ရောက်သွားသည်။
နောက်ဆုံးတွင်၊ ယွီ့ရှန်အမတ၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။
ထိုအကြည့်များကို ခံစားလိုက်ရသည်နှင့်။
ယွီ့ရှန်အမတသည် တုန်လှုပ်သွားပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက သူ့ကို လုံးလုံးလျားလျား ဖုံးလွှမ်းထားသည်ကို ခံစားလိုက်ရသည်။
ကြီးမားသော ထိုးနှက်မှုကို ခံခဲ့ရပြီးပြီ ဖြစ်ရာ၊ ရှေးဘိုးဘေး၏ အဓိပ္ပါယ်ကို သူမည်သို့ မသိရှိမည်နည်း။
သူသည် လုံးဝ တုံ့ဆိုင်းခြင်း မရှိ။
သူ၏ လေဟာနယ်သိုလှောင်ခန်းမှ ကြေးနီခေါင်းတလား၏ နောက်ထပ် အပိုင်းအစကို အမြန် ထုတ်ယူလိုက်သည်။
ထို့နောက် လက်နှစ်ဘက်ဖြင့် လေးလေးစားစား လွှဲအပ်ပေးလိုက်သည်။
“ လူကြီးမင်းက အလိုရှိမှတော့ ကျေးဇူးပြုပြီး လက်ခံပေးပါ!”
သူ၏ အပြုအမူနှင့် စကားလုံးများသည် လုံးဝကို ချောမွတ်နေသည်။
သူသည် ခဏလောက် တုံ့ဆိုင်းလိုက်ပါက ၊ အသတ်ပေးလိုက်ရမည်ကို ကြောက်မိသည်။
ဤမြင်ကွင်းသည် မရဏကမ္ဘာ ရှိ လူများစွာကို ငြိမ်သက်သွားစေခဲ့သည်။
မရဏကမ္ဘာ၏ ဒဏ္ဍာရီလာ တစ္စေအမတနှစ်ပါး။
သူတို့ထဲက တစ်ယောက်သည် ထွက်ပေါ်လာပြီးပြီးချင်း ကြွေလွှင့်သွားခဲ့သည်။
နောက်တစ်ဦးသည် ကွေးယွမ် သူတော်စင် နယ်မြေအပေါ် ဂျူနီယာလေးတစ်ယောက်လို ရိုကျိုးနေပြန်သည်။
ခေတ်ဟောင်းလူအိုကြီးတစ်ယောက်က တုန်ရီစွာဖြင့် ညည်းညူလိုက်သည်။
“ ကွေးယွမ် သူတော်စင် နယ်မြေက ရေ...”
“ဘယ်လောက်များတောင် နက်သလဲ!?”
အပိုင်း(၃၇၀): နှစ်ပေါင်း တစ်သန်းကြာ တံခါးပိတ်မည်
ဤအခိုက်အတန့်တွင်၊
ရှေးဘိုးဘေးအရိပ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေခဲ့သည်။
“ဒီခေတ်မှာ ခုလို ထက်မြက်တဲ့ ကလေးမျိုးကို ရှာတွေ့ဖို့ ရှားပါးတယ်!”
“ရှားပါးပြီး အဖိုးတန်တယ် “
သူ့လက်ကို တစ်ဖန် ဝှေ့ယမ်းလိုက်သည်။
ယွီ့ရှန်အမတ၏ လက်ထဲတွင် ကိုင်ဆောင်ထားသော ကြေးဝါအပိုင်းအစသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းထဲသို့ ပျံသန်းသွားခဲ့သည်။
ထိုမှသာလျှင် ၊ ထိုအနှီပုဂ္ဂိုလ်၏ အငွေ့အသက်သည် လုံးဝပျောက်ကွယ်သွားမှန်း ခံစားလိုက်ရသည်။
ယွီ့ရှန်အမတအနေဖြင့် ၊ အဆုံးမှာတော့ စိတ်သက်ရာရစွာဖြင့် သက်ပြင်းချနိုင်ခဲ့သည်။
စောနကအခိုက်အတန့်တွင် သူသည် သေခြင်းတရားနှင့် တကယ်ကို နီးကပ်ခဲ့သည်။
“ မျဲ့ဝမ် ၊ ဒီကောင် မဆင်မခြင်လုပ်လွန်းတယ်”
“ဂုဏ်သိက္ခာနဲ့ သေတာထက် အရှက်ကွဲခံလိုက်မယ် !”
ယွီ့ရှန်အမတသည် မျဲ့ဝမ်အမတကို သူ့စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ ကျိန်ဆဲနေခဲ့သည်။
၎င်း၏ မဆင်မခြင် လုပ်ရပ်သည် သူ့ကိုလည်း သေလုနီးပါးဖြစ်သွားစေခဲ့သည်။
မြေအောက်ကမ္ဘာရှိ စွမ်းအာရှင်တို့သည်လည်း အလွန်ထိတ်လန့်နေကြပြီး စကားပင်ပြောမထွက်တော့ချေ။
သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်၊ သူတို့၏ အပြင်းထန်ဆုံး ဝှက်ဖဲ ဟု ဆိုနိုင်သည့် ပုဂ္ဂိုလ်သည် ရန်သူကို အနည်းငယ်မျှ ထိခိုက်ဖို့နေနေသာသာ သူ့အသက်ပါပေးလိုက်ရသည်။
ဒီတိုင်းသာဆို သူတို့ရဲ့ မြေအောက်ကမ္ဘာက ဒီလိုနဲ့ပြီးသွားတော့မှာလား!?
ထို့နောက် ကွေးယွမ် သူတော်စင် နယ်မြေမှ နောက်ထပ်အသံတစ်ခုကို ကြားလိုက်ရသည်။
“ မြေအောက်ကမ္ဘာ၊ လောင်းဖို့ကြ ဆန္ဒရှိပြီး ရှုံးနိမ့်မှုကြ ဝန်မခံချင်ဘူး ငါ့ရဲ့ ကွေးယွမ် သူတော်စင် နယ်မြေကိုတောင် စော်ကားဝံ့တယ်!”
“ဒီနေ့ကစပြီး၊ မြေအောက်ကမ္ဘာကို တိုက်မြေ သုံးထောင်ကနေ အပြီးတိုင် ဖယ်ရှားပစ်မယ်!”
ထိုစကားသံအဆုံးတွင် ၊
ကွေးယွမ် ပရမ်းပတာခေါင်းလောင်သည် တောက်ပစွာ ဝင်းလက်လာခဲ့ပြီး ကောင်းကင်သို့ ပျံတတ်သွားသည်။
အလွန် အားကောင်းသော အင်အားတစ်ခုက ကွက်လပ်ထဲသို့ ဖောက်ထွင်းဝင်ရောက်လာခဲ့ပြီး ၊ တခဏချင်း မိုင်ထောင်ပေါင်းများစွာ ပျံ့နှံ့သွားခဲ့သည်။
ချက်ချင်းဆိုသလို၊ မြေအောက်ကမ္ဘာ တည်ရှိရာ အရပ်၏ အထက်ကောင်းကင်ယံတွင် ထွက် ပေါ်လာသည်။
ကြီးမားသော ကြေးခေါင်းလောင်းကြီးသည် အကန့်အသတ်မရှိသော ကွက်လပ်ကို ဖုံးလွှမ်းသွားပြီး ၊ မြေအောက်ကမ္ဘာတည်ရှိရာ နယ်မြေတစ်ခုလုံးကို လုံးလုံးလျားလျား ဖုံးအုပ်ပစ်ခဲ့သည်။
“ဒါက…”
ဤအခိုက်အတန့်တွင်၊ မရဏကမ္ဘာရှိ လူတိုင်း ကောင်းကင်ကို မော့ကြည့်နေကြသည်။
ကွေးယွမ် ပရမ်းပတာခေါင်းလောင်းမှ ထွက်ပေါ်လာသော ဖိနှိပ်မှုသည် သူတို့အားလုံးကို ထိတ်လန့်သွားစေခဲ့ပုံရကာ ကြောင်တတ်တတ်ဖြင့် စိုက်ကြည့်နေသည်။
မကြာသေးမီက ၊ ကွေးယွမ် သူတော်စင် နယ်မြေသည် မြေအောက်ကမ္ဘာကို ဖျက်ဆီးပစ်မည်ဟု ကြေညာခဲ့သည်။
ပြောပြီးပြီးချင်း နောက်အခိုက်အတန့်မှာတင် ၊ တကယ်ကြီး အရေးယူခဲ့လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။
ဝုန်း! !
ထို့နောက် ချက်ခြင်းပင် ၊ ပရမ်းပတာခေါင်းလောင်းမှ ထိတ်လန့်တုန်လှုပ်ဖွယ် ရောင်ဝါတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကြယ်စင်များကို ဝါးမြိုကာ ဤကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
မရဏကမ္ဘာရှိ လူတိုင်း ၎င်းတို့၏ ခေါင်းပေါ်၌ ဧရာမ ရှေးဟောင်းတောင်ထွပ်ကြီးတစ်ခု ကျရောက်နေသည့်အတိုင်း ခံစားနေရပြီး ၊ ၎င်းတို့၏ခန္ဓာကိုယ်များသည် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေကာ မိမိ၏ စိတ်တည်ငြိမ်မှုကို ထိန်းချုပ်ရန်ပင် ခက်ခဲနေကြသည်။
“ကျေးဇူးပြုပြီး သက်ညှာပေးပါ !”
ထိုစဉ် ၊ ကူးတို့သူကြီးသည် ကွက်လပ်ကို ဖောက်ထွင်းဖြတ်ကျော်၍ မြေအောက်ကမ္ဘာရှိရာ အထက်ဝေဟင်၌ ဆင်းသက်လာခဲ့သည်။
ဤအခိုက်အတန့်တွင်၊ သူသည် ကွေးယွမ် ပရမ်းပတာခေါင်းလောင်း၏ ဦးတည်ရာဘက်ဆီသို့ လေးလေးနက်နက် ဦးညွှတ်ကာ တောင်းဆိုလိုက်သည်။
“ဘိုးဘေးတို့ကို စော်ကားမိတဲ့အတွက် တောင်းပန်ပါတယ်၊ ပြစ်ဒဏ်ကို ကျေကျေနပ်နပ်ကြီး လက်ခံပါ့မယ်”
“ ကွေးယွမ် သူတော်စင် နယ်မြေအနေနဲ့ သက်ညှာပေးဖို့ တောင်းဆိုချင်ပါတယ် ၊ မြေအောက်ကမ္ဘာကို အသက်ရှင်နိုင်မယ့်လမ်းတစ်ခုလောက်တော့ ပေးပါ “
ထိုစကားများသည် မရဏကမ္ဘာရှိလူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ ရုတ်ချည်းဆိုသလို ၎င်းတို့၏ ခေါင်းတစ်ခုလုံး ပူထူသွားသည်။
သူတို့၏မျက်လုံးထဲတွင် ကူးတို့သူကြီးသည် ဤမြေအောက်ကမ္ဘာတွင် အနှိုင်းမဲ့ဖြစ်တည်မှုပင်။
ခေတ်ဟောင်း မဟာဧကရာဇ်မင်းတစ်ပါး!
ထိုကဲ့သို့သော ဩဇာအာဏာကြီးမားသူ တစ်ဦးသည် ယခုအခါတွင် အသက်ကို ချမ်းသာပေးရန် ကွေးယွမ် သူတော်စင် နယ်မြေကို နှိမ့်ချစွာ တောင်းဆိုနေသည်။
သို့သော်။
ကွေးယွမ် ပရမ်းပတာခေါင်းလောင်းမှာ တုံ့ပြန်လာခြင်းမရှိ။
၎င်း၏ပတ်ပတ်လည်တွင် ရှိနေသော စွမ်းအားတို့သည် ပို၍ပင် အားကောင်းလာပြီး နတ်အလင်းရောင်များက တဟုန်းဟုန်း တောက်လောင်နေသည်။
ဟင်းလင်းပြင်တွင် ပင့်ကူအိမ်ကဲ့သို့သော အက်ကွဲကြောင်းများ ဖြစ်ပေါ်ကာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းကို မြင်တော့ ကူးတို့သူကြီးမှာ ထိတ်လန့်သွားသည်။
“ ကျွန်တော့်မြေအောက်ကမ္ဘာရဲ့ ပထမမျိုးဆက်သခင်ကို ငဲ့ညာသောအားဖြင့် ခွင့်လွှတ်ပေးပါ!”
ထိုစကားပြောပြီးသည်နှင့် ။
ကူးတို့သူကြီးသည် လေထဲတွင် တိုက်ရိုက်ဒူးထောက်လိုက်ပြီး လေးနက်စွာ ဦးချလိုက်သည်။
ကြောက်ရွံ့ခြင်း သို့မဟုတ် ဝမ်းနည်းမှု ၊ ဒေါသတရားတို့ကြောင့် သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေသည်။
မည်သို့ပင် ဖြစ်စေ ၊ မြေအောက်ကမ္ဘာကို ကာကွယ်နိုင်သရွေ့ သူ့ဂုဏ်သိက္ခာကို စတေးရရင်တောင် ဘာဖြစ်လဲ?
......
ဤမြင်ကွင်းသည် လှိုင်းတထောင်ကို လှုပ်ခတ်သွားစေသော ကျောက်တုံးတစ်ခုလိုပင်။
မရဏကမ္ဘာတစ်ခုလုံး တစ်ဖန် ဂယက်ရိုက်သွားပြန်သည်။
ခေတ်ဟောင်း မဟာဧကရာဇ်တစ်ပါးက ဦးချသတဲ့လား!
ထိုသို့သောအပြုအမူကို ကြည့်ခြင်းအားဖြင့် ကူးတို့သူကြီးသည် ၎င်း၏ဂုဏ်သိက္ခာကို လုံးဝစွန့်လွှတ်ကာ ကွေးယွမ် သူတော်စင် နယ်မြေထံ အကူအညီတောင်းခံနေသည်ဟု ဆိုရပေမည်။
၎င်းတို့ကို ပို၍ပင် တုန်လှုပ်သွားစေသည့် အရာမှာ တစ်ဖက်လူသည် မြေအောက်ကမ္ဘာ၏ ပထမမျိုးဆက်သခင်၏ အမည်ကို ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထိုမြေအောက်သခင်သည် အရင်ကတည်းက အမတကမ္ဘာသို့ တတ်လှမ်းသွားခဲ့ပြီး ဖြစ်ပြီး ၊ သူ၏ ကျင့်ကြံမှုသည် မည်သည့်အဆင့်အထိ ရောက်ရှိခဲ့နေမှန်း မသိနိုင်တော့ချေ။
“ မဟုတ်မှလွဲရော... မြေအောက်ကမ္ဘာက ကွေးယွမ် သူတော်စင် နယ်မြေကို ထပ်ပြီးခြိမ်းခြောက်ဖို့လုပ်နေတာလား?”
မရဏကမ္ဘာ၏ ကျင့်ကြံသူတစ်ဦးက မှန်းဆလိုက်သည်။
“ မဟုတ်ဘူး “
ချက်ချင်းဆိုသလို ၊ ထိုအနှီလူ၏ မှန်းဆချက်ကို အဘိုးအိုတစ်ဦးက ပြန်ထောက်လိုက်သည်။
အဘိုးအိုက တိုးညှင်းစွာ ဆိုလိုက်သည်။
“ငါကြားဖူးတဲ့ ကောလဟာလတွေအရ”
“ မြေအောက်ကမ္ဘာရဲ့ ပထမမျိုးဆက်သခင် အပြင်လောကကို လှည့်လည်သွားလာတုန်းက ကွေးယွမ် သူတော်စင် နယ်မြေရဲ့ တိ့ထျန်း မဟာဧကရာဇ်မင်းကို သူက ရှေးဟောင်း အမွေအနှစ်တစ်ခုဆီကို လမ်းညွှန်ပေးခဲ့တယ်ဆိုပဲ “
“နောက်ဆုံးမှာတော့ သူက ပိုမိုမြင့်မားတဲ့ ကျင့်ကြံနယ်ပယ်အဆင့်ကို တတ်လှမ်းနိုင်ခဲ့တယ် ၊ ခုလိုပြောတာကလည်း တချိန်က ကွေးယွမ် သူတော်စင် နယ်မြေကနေ တင်ခဲ့တဲ့ ကျေးဇူးကြွေးကို အစဖော်လိုက်တာပဲ”
တစ်ချိန်တည်းမှာပင်၊ ကွေးယွမ် သူတော်စင် နယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းမှ ရှေးဘိုးဘေး၏ မျက်လုံးများသည် ဖြည်းညှင်းစွာ
ပွင့်လာခဲ့သည်။
သူသည် လက်ချောင်းများနှင့် တွက်ချက်လိုက်သည်။
“မြေအောက်ကမ္ဘာရဲ့ ပထမဆုံးမျိုးဆက် အရှင်သခင်”...
“ ထားပါတော့ ၊ မျဲ့ဝမ် အမတရှင်လည်း သေသွားပြီဆိုတော့ အဲ့တုန်းကကျေးဇူးကို ပြန်ဆပ်တယ်လို့ သဘောထားလိုက်ပါ “
ရှေးဘိုးဘေးသည် သူ့လက်ကို တဖန်ဝှေ့ယမ်းရာ မြေအောက်ကမ္ဘာ၏ ဝေဟင်အထက်တွင် လွင့်မျောနေသော ကွေးယွမ် ပရမ်းပတာခေါင်းလောင်းသည် ညင်ညင်သာသာ တုန်ခါသွားပြီး ၊ ပရမ်းပတာ အလင်းတန်းများ ဖျက်ခနဲ့ ဝင်းလက်သွားကာ အဆုံးတွင် ကွက်လပ်ကို ဖောက်ထွင်းဖြတ်ကျော်ကာ ဆုတ်ခွာသွားသည်။
အချိန်အတော်ကြာပြီးနောက်။
ကွေးယွမ် ပရမ်းပတာခေါင်းလောင်း၏ ရောင်ဝါသည် လုံးဝပျောက်ကွယ်သွားကြောင်း အတည်ပြုပြီးနောက်မှသာလျှင် ကူးတို့သူကြီးသည် ဦးချရာမှ ခေါင်းပြန်မော့လာသည်။
ကွေးယွမ် ပရမ်းပတာခေါင်းလောင်း၏ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်စွမ်းအားများသည် သူ့ကို ဟိုးအရင်ခေတ်က အဖြစ်အပျက်ကြီးကို ပြန်အမှတ်ရစေခဲ့သည်။
သူသည် လူသား-မကောင်းဆိုးဝါးတို့၏ ပထမဆုံးသော တိုက်ပွဲကြီးကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ဖူးသည်။
ထိုအချိန်က မကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့သည် ရှေးမကောင်းဆိုးဝါး အင်အားစုများကို ဦးဆောင်ကာ တိုက်မြေ သုံးထောင်ကို လုံးလုံးလျားလျားထိန်းချုပ်ရန် ကြိုးပမ်းခဲ့ကြသည်။
ရှေးမကောင်းဆိုးဝါးမျိုးနွယ်စုများ အားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျန်ရှိသော တိုက်မြေများကို ပွင့်ပွင့်လင်းလင်း ကျူးကျော်တိုက်ခိုက်ခဲ့သည်။
ကွေးယွမ် သူတော်စင် နယ်မြေမှ ကာကွယ်ပေးထားသော လူသားမျိုးနွယ်ကမ္ဘာသည်ပင် မကောင်းဆိုးဝါးတို့၏ လက်ချက်ဖြင့် သေကြေပျက်သုန်းခဲ့ရသည်။
ဤသည်က ကွေးယွမ် သူတော်စင်နယ်မြေ၏ ဒေါသကို ထိပါးလိုက်ခြင်းပင် ဖြစ်သည်။
ထိုအချိန်က အမတလမ်းစဉ်ကို တတ်လှမ်းနိုင်သူများ ရှိနေဆဲပင် ဖြစ်ရာ အမတလမ်းကြောင်း ပျက်သုန်းမသွားသေးဘူးဟု ဆိုရပေမည်။
တစ်ခေါက်မှာတော့ ၊ လွန်ကဲသော ရောင်ဝါများကို ပိုင်ဆိုင်ထားသော ဒဏ္ဍာရီလာ အမတလူသားသခင် ဆယ့်သုံးပါးသည် ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။
သူတို့သည် တချက်ကလေး လှုပ်ရှားလိုက်ရုံဖြင့် သန်းပေါင်းများစွာသော မကောင်းဆိုးဝါး တပ်ဖွဲ့များကို တိုက်ရိုက် အမှုန့်ချေပစ်ခဲ့သည်။
ရှေးမကောင်းဆိုးဝါးတရားစီရင်ရေးအဖွဲ့ နှင့် ရှေးမကောင်းဆိုးဝါး မျိုးနွယ်စု အများအပြား ဒေါသတကြီး ပေါက်ကွဲလာကြပြီး ၊ ဤသို့ဖြင့် ကွေးယွမ် သူတော်စင်နယ်မြေမှ ဦးဆောင်သော ထိပ်တန်းလူသားမျိုးနွယ် ဂိုဏ်းအများအပြားနှင့် ထိတ်လန့် တုန်လှုပ်ဖွယ်ရာကောင်းသော စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်။
ထိုအချိန်က ကူးတို့သူကြီးသည် မဟာဧကရာဇ် နယ်ပယ်ထဲသို့ ဝင်ရောက်လာခါစ ဖြစ်သည်။
ထိုစစ်ပွဲကြီးသည် သူတွေးထားသည်ထက် ပို၍ ကျော်လွန်ခဲ့သည်။
အမြဲတမ်းအောင်ပွဲခံလာသည့် မကောင်းဆိုးဝါးမျိုးနွယ်ဝင် အမတရှင်တပ်ဖွဲ့ကြီးပင်လျှင် ကွေးယွမ် သူတော်စင်နယ်မြေ၏ ရှေ့မှောက်တွင် နည်းနည်းမှ မတွန်းလှန်နိုင်ခဲ့ပေ။
ပျက်စီးကိန်းသာ စိုက်ရပေသည်။
မကောင်းဆိုးဝါးမျိုးနွယ်စုဝင် ဖြစ်သော စစ်မှန်အမတသခင်ပင်လျှင် ကြယ်တာယာစုံသော ကောင်းကင်ယံထက်တွင် သတ်ဖြတ်ခံလိုက်ရပြီး ၊ ၎င်း၏ သွေးများသည် မိုင်ပေါင်း သောင်းနှင့်ချီရှိသော ကြယ်စင်များပေါ်တွင် သွေးစက်များ စွန်းထင်းသွားစေခဲ့ရသည့်အထိ ပြင်းထန်ခဲ့သည်။
ယခုအချိန်အထိ အဆုံးမရှိသော ကြယ်တာယာ ကောင်းကင်ကြီးသည် ပြင်းထန်သောသွေးနံ့များဖြင့် ပြည့်နှက်နေဆဲပင် ။
လူသားနှင့် မကောင်းဆိုးဝါးများကြားက စစ်ပွဲကြီးသည် ကမ္ဘာ့ကပ်ဘေးစစ်ပွဲနောက်ပိုင်း အကြီးမားဆုံးစစ်ပွဲတစ်ခုဟု ဆိုနိုင်သည်။
ထိုအချိန်မှစ၍ လူသားတို့၏ လွှမ်းမိုးချုပ်ကိုင်မှု၏ ရှေ့ပြေးနိမိတ်ကို လုံးလုံးလျားလျား ဖွင့်ပြနိုင်ခဲ့သည်။
တစ်ချိန်က အာဏာကြီးမားခဲ့သော မကောင်းဆိုးဝါးမျိုးနွယ်စုသည် ထိုအချိန်မှစ၍ လုံးဝ ဆုတ်ယုတ်သွားခဲ့သည်။
ထိုစစ်ပွဲတွင်၊ ကွေးယွမ် သူတော်စင် နယ်မြေသည် ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီးနောက်တွင်ပင် ၎င်းတို့သည် သန်မာနေဆဲဖြစ်ကြောင်း ကမ္ဘာကို သိအောင် ထပ်မံ သက်သေပြခဲ့သည်။
“အိုင်း...”
ကူးတို့သူကြီးသည် လေးနက်စွာ သက်ပြင်းချလိုက်သည်။
“ တကယ်ပဲ အဲ့လိုလား....?”
“ဒါမှမဟုတ် အရင်က ဖြစ်ခဲ့သမျှအရာတွေက...”
“ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ တစ်စိတ်တစ်ပိုင်းမျှသာ ရှိသေးတာလား?”
သက်ပြင်းချပြီးနောက်။
ကူးတို့သူကြီးသည် ပျောက်ကွယ်သွားသည်။
သို့သော် သိပ်မကြာခင်မှာပဲ မြေအောက်ကမ္ဘာတွင် ထိတ်လန့်စရာသတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤသည်မှာ မြေအောက်ကမ္ဘာသည် ၎င်းတို့၏တံခါးကို နှစ်ပေါင်းတစ်သန်းကြာ တံဆိပ်ခတ်မည်ဟု ကြေညာခဲ့ခြင်းပင် ဖြစ်သည်။