← Chapters

အခန်း (၃၇၆-၃၈၀)

Vol. 27 Ch. 376-380

အခန်း (၃၇၆-၃၈၀)

Vol. 27 Ch. 376-380

အပိုင်း(၃၇၆): နှုတ်ဆက်ခြင်း

နောက်ဧရိယာတစ်ခုတွင် ၊

ရှေးနဂါးမျိုးနွယ်စု။

ဤနေရာတွင် အံ့သြဖွယ်ကောင်းသော ရောင်ဝါများ စုဝေးနေပြီး ၊ ဧကရာဇ်လျှောက်လှမ်းပေါ်သို့ ခြေချရန်ပြင်ဆင်နေကြသော ပါရမီရှင်များသည်ပင် ထိုဘက်ကို မကြည့်ဘဲ မနေနိုင်သည့်အထိ ဖြစ်စေသည်။

အကန့်အသတ်မဲ့သော နဂါးစွမ်းအင်များသည် ဘိုးဘေးနဂါး၏ အသွင်သဏ္ဍာန်အဖြစ်သို့ အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်နေသည်။

ထိုနေရာ၌ ၊ လူတစ်ယောက်သည် လေထဲတွင်

မတ်တပ်ရပ်နေသည်။

ထိုအနှီလူသည် လူတို့အား အလွန်နုနယ်သေးသော ရောင်ဝါကို ပေးစွမ်းနေသော်လည်း သို့သော် လူတိုင်း၏ နှလုံးသားကို ရင်တုန်သွားစေသည့် အထိ ကြောက်ခမန်းလိလိ အရှိန်အဝါမျိုး ရှိပေသည်။

ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသော နဂါးဟောက်သံများကြားတွင်၊ ကြောက်မက်ဖွယ်ကောင်းသော ထိုအနှီလူ၏ ရုပ်သွင်သည် ကွက်လပ်ကိုဖြတ်ကျော်ကာ ဧကရာဇ် ဂိတ်တံခါးဆီသို့ ဦးတည်သွားခဲ့သည်။

“ သူက ရှေးနဂါးမျိုးနွယ်စုမှာ မကြာသေးမီက နာမည်ထွက်လာတဲ့ ထျန်းလုံ ဝူရှန်း ဆိုသူမလား ...နဂါးဘိုးဘေးအသွေးတော်ကို ပိုင်ဆိုင်ထားပြီး...သူ့အဖေက ခေတ်ဟောင်း မဟာဧကရာဇ်မင်း ထျန်းလုံ ချန်းခွင်ပဲ “

“ဟမ်... ရှေးနဂါးမျိုးနွယ်စုက လူကို အပြည့်အဝ လေ့ကျင့်ပေးထားပြီးပြီ ဆိုတော့ ..ကြည့်ရတာ ဧကရာဇ်လျှောက်လှမ်းကို ဖြတ်ကျော်ချင်ပုံရတယ် “

ဝုန်း!

ပါရမီရှင် တော်တော်များများ ဆွေးနွေးခန်းဖွင့်နေစဉ် ၊

ကောင်းကင်နှင့် ချိတ်ဆက်ထားသော အလွန်ကြောက်စရာကောင်းသော အလင်းတန်းများစွာ ထွက်ပေါ်လာခဲ့သည်။

ဖီးနစ်များသည် အသွင်ပုံရိပ်တစ်ခုကို တင်ဆောင်ကာ ကောင်းကင်သို့ ပျံတတ်လျက် ထိုးဖောက်ဝင်ရောက်လာသည်။

မရေမတွက်နိုင်သော ရှေးမကောင်း‌ဆိုးဝါး သားရဲကောင်များ၏ ခန္ဓာကိုယ်တို့သည် တဟုန်းဟုန်း တောက်လောင်နေပြီး ထောင်ပေါင်းများစွာသော အလင်းတန်းများအဖြစ် ဧကရာဇ် ဂိတ်တံခါးအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။

“ဒီကောင်တွေအကုန်လုံးက မကောင်းဆိုးဝါးမျိုးနွယ်ရဲ့ ထိပ်တန်းလူငယ်တွေပဲ...”

“ ဒီပုံစံကို ကြည့်ရသလောက် မကောင်းဆိုးဝါး ဂိုဏ်းကြီးတွေရဲ့ မျိုးဆက်သစ်လူငယ်တွေက အချင်းချင်း လက်တွဲဖို့ စီစဉ်နေကြတာလား...?”

အောက်ဘက်တွင်ရှိနေသော ကျင့်ကြံသူတပည့်များက သူသူကိုယ်ကိုယ် မှန်း‌ဆကြသည်။

ဤရက်များအတွင်း။

ပါရမီရှင် လူငယ်များစွာသည် အချက်အလက်များကို စုဆောင်းခဲ့ကြသည်။ သူတို့ အချင်းချင်း သိထားသော အချက်အလက်များအပေါ် အခြေခံကာ ဧကရာဇ်လျှောက်လှမ်း စာရင်းကို ပြုလုပ်ခဲ့ကြသည်။

ဧကရာဇ်လျှောက်လှမ်း စာရင်းသည် မရေမတွက်နိုင်သော ပါရမီရှင်များမှ ဧကရာဇ်လျှောက်လှမ်း၏ အဆုံးကို ရောက်ရှိနိုင်မည့် ထိပ်တန်းစွမ်းအားရှင်များ၏ အမည်ကို ထင်ကြေးပေးထားခြင်း ဖြစ်သည်။

ပထမနေရာသည် သဘာဝအတိုင်း တိုက်မြေသုံးထောင်၏ လူငယ်တားမြစ်ချက် အဖြစ် အသိအမှတ်ပြုခံထားရသော စူးချန်ကဲ ပင်။

စူးချန်ကဲ၏ အကြွင်းမဲ့ ခွန်အားသည် လူတို့၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

ဒုတိယနေရာအတွက် အငြင်းပွားစရာတချို့ ရှိသည်။ အချို့က ထိုနေရာသည် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ စုမျဲ့ဟု ဆိုကြသည်။

အခြားသူများက ထိုနေရာသည် ယောင်ချီ သူတော်စင်နယ်မြေ၏ လော့နတ်ဘုရားမ ဖြစ်သည်ဟု ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ၊ သူမသည် ထိပ်တန်းကိုယ်ထည်နှစ်ခု ဖြစ်သည့် ဟွိုင့်တွိုင့်ခန္ဓာကိုယ် နှင့် တာအိုအရိုးကို ပိုင်‌ဆိုင်ထားသည်ဖြစ်ရာ စူးချန်ကဲထက် အားမနည်းချေ။

တတိယနေရာသည် နဂါးမျိုးနွယ်ဝင် ထျန်းလုံ ဝူရှန်း ဖြစ်ပြီး ၊ အငြင်းပွားစရာလည်း ရှိနေသည်။

ယခုတစ်ကြိမ်တွင် မကောင်းဆိုးဝါးမျိုးနွယ်ဝင် ပါရမီရှင်များစွာ ရှိနေပြီး ၊ ၎င်းတို့အနက် အများစုမှာ ထျန်းလုံ ဝူရှန်းထက် အားမနည်းသော ရောင်ဝါများရှိသည်။

ထို့အပြင် ၊ ကွေးယွမ် သူတော်စင်နယ်မြေ၏ သူတော်စင် ခန္ဓာကိုယ်ပိုင်ရှင်များ ဖြစ်သောပါရမီရှင်များစွာလည်း ရှိနေပြီး အားလုံးက လက်ရည်တူကြသည်။

ဒါနဲ့တင်မက မိမိတို့၏ အရည်အချင်းများကို ထုတ်ဖော်မပြသလိုသည့် ၊ စစ်မှန်သော လျို့ဝှက်စွမ်းအားများ ရှိသည့် ပါရမီရှင်များလည်း ရှိသည်။

ထို့ကြောင့် ဧကရာဇ်လျှောက်လှမ်း စာရင်း အတိအကျကို စစ်ဆေးရန်မှာ အနည်းငယ် လိုအပ်နေသေးသည်။

……

ယောင်ချီ သူတော်စင်နယ်မြေ ၊

ချောက်ကမ်းပါးထိပ်တွင် အဖြူရောင် ပိုးသားအစသည် လေနှင့်အတူ လွင့်ပျံနေပြီး ၊ ဆံနွယ်များက တဖျပ်ဖျပ် ခတ်နေသည်။

လှပသော အသွင်အပြင်မျိုးရှိသည့် အမျိုးသမီးလေးသည် သူမရှေ့က တိမ်ပင်လယ်ကြီးကို လှမ်းကြည့်နေသည်။

လေညင်းသည် တချက်တချက် သူမကို တိုးဝှေ့တိုက်ခိုက်တတ်သည်။

ထိုသူမှာ လော့ရန်ယွီ သာပင်။

သူမသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ထိ ဖြတ်ကျော်နိုင်ခဲ့ပြီး ဖြစ်သည်။

သူမ၏ ပါရမီစွမ်းရည်သည် အတော်ကို ကြောက်စရာကောင်းပြီး ၊ သူမသည်လည်း အလားတူ ဧကရာဇ်အလိုဆန္ဒ ဆယ့်သုံးမျိုးကို ပေါင်းစည်းနိုင်ခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် အနာဂတ်တွင် သူမသည် ထိပ်တန်းဧကရီတစ်ပါး ဖြစ်လာမည်မှာ သေချာသည်။

သို့သော်လည်း သူမတွင် လှပသောစိတ်ကူးယဉ်မှုများ မရှိချေ။

မည်သို့ပင်ဖြစ်စေ ၊ စူးချန်ကဲရှိနေသမျှ အခွင့်အလမ်းများသည် နည်းပါးပေသည်။

လော့ရန်ယွီက နူးညံ့စွာ ပြုံးလိုက်ရင်း ။

“ အဲ့လိုဆိုတောင် ကျွန်မ ရှင့်ကိုရှုံးမယ်လို့ မဆိုလိုဘူး”

“ ကျွန်မကံကောင်းပြီး ဧကရီတစ်ပါး ဖြစ်သွားနိုင်ပေမဲ့ ရှင်ကတော့ ကံဆိုးမိုးမှောင်ကျချင်လည်း ကျသွားနိုင်တာပဲ “

“သွားရအောင်၊ နောက်ကျနေပြီ၊ ငါတို့ စထွက်သင့်ပြီ”

လော့ရန်ယွီသည် သူမနောက်ကလူများကို လက်ယက်လှမ်းခေါ်လိုက်သည်။ ထို့နောက် သူမတို့အားလုံးသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ လေထဲသို့ ဖောက်ထွင်းဝင်ရောက်သွားခဲ့လေတော့သည်။

တစ်ချိန်တည်းမှာပင်။

ကွေးယွမ် သူတော်စင် နယ်မြေမှ ယဲ့လင်ထျန်း ၊ လီဟောက်ထျန်း ၊ ပီချင်းရှတို့သည်လည်း ပါဝင်လာခဲ့သည်။

စူးချန်ကဲ၏နောက်လိုက်များဖြစ်သော ယွင်ရှင်းယန် ၊ ကူလင်အာ ၊ ထန်ဝူအာ ၊ အရိုးဖြူ ပင်လယ် ဘုရင်မ တို့သည်လည်း ဧကရီတစ်ပါးဖြစ်ရန် ဧကရာဇ်လျှောက်လှမ်းထဲသို့ ခြေချခဲ့ပြီ ဖြစ်သည်။

ဧကရာဇ်လျှောက်လှမ်းတွင် သူတို့အားလုံးသည် တစ်ယောက်တည်း ရုန်းကန်ပြီး အန္တရာယ်မျိုးစုံကို ရင်ဆိုင်ကြရမည် ဖြစ်သည်။

စူးချန်ကဲ၏ ဇာတ်လမ်းကို ဆက်ပြီး မျက်မြင်ကိုယ်တွေ့ တွေ့ကြုံလိုပါက သူတို့သည်လည်း ပို၍ အားကောင်းလာရမည် ဖြစ်သည်။

စူးချန်ကဲ၏ အ‌လင်းရောင်ကို အားကိုးနေသမျှကာလပတ်လုံး သူတို့၏ နာမည်သည် ဘယ်သောအခါမှ ထင်ပေါ်ကျော်ကြားလာလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူတို့သည် ဧကရာဇ်လျှောက်လှမ်းတွင် “စူးချန်ကဲ” ဆိုသည့် နာမည်သုံးလုံးကို ဆက်တိုက် ကြားနိုင်ဖို့ကို ပို၍မျှော်လင့်မိသည်။

…….

ကွေးယွမ် သူတော်စင် နယ်မြေ၏ သူမတူသော ပါရမီရှင်များသည် ဧကရာဇ် တစ်ပါးဖြစ်လာရန် ဧကရာဇ်လျှောက်လှမ်းတွင် ခြေချဖို့ အသင့်ဖြစ်နေပြီ ဖြစ်သည်။

စူးချန်ကဲသည်လည်း ထိုနည်းတူစွာပင်။

သူသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော လူစုဝေးရာ ရင်ပြင်သို့ ရောက်ရှိလာသည်။

ကွေးယွမ် သူတော်စင် နယ်မြေ၏ မရေမတွက်နိုင်သော တပည့်များသည်လည်း ထိုနေရာတွင် ရှိနေကြသည်။

သူတို့အားလုံးသည် မျှော်လင့်ချက်ကြီးစွာဖြင့် လူအုပ်ကြီး၏ အလယ်တွင် ရှိနေသော ဝတ်ရုံဖြူ လူငယ်ကို ကြည့်နေကြသည်။

“ ချန်ကဲ...”

ဖော့ကျွင်းဘိုးဘေးသည် တစ်စုံတစ်ခုကို ပြောရန်ဟန်ပြင်လိုက်သော်လည်း ၊ စကားလုံးများသည် နှုတ်ခမ်းဖျားပေါ်သို့ ရောက်လာချိန်တွင် ရပ်တန့်သွားသည်။

ဤနှစ်များအတွင်း စူးချန်ကဲသည် သူ၏ စောင့်ကြည့်မှုအောက်တွင် ကြီးပြင်းလာသည်ဟု ဆိုနိုင်သည်။

သို့သော် ဧကရာဇ်တစ်ပါး ဖြစ်လာရန် လျှောက်ရမည့် လမ်းကြောင်းသည် အလွန် ရှည်လျားသလို ပြီးမြောက်ဖို့ကလည်း အချိန်အတော်ကြာပေသည်။

စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

သူသည် ဖော့ကျွင်းဘိုးဘေး နှင့် ကွေးယွမ် သူတော်စင် နယ်မြေရှိလူအားလုံးကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

ဤနှစ်များတွင်၊ ကွေးယွမ် သူတော်စင် နယ်မြေသည် သူ့အိမ်တစ်ခုလိုဖြစ်ခဲ့ပြီး ၊ ကွေးယွမ် သူတော်စင် နယ်မြေရှိ လူအားလုံးသည်လည်း သူ့အတွက်တော့ ဆွေမျိုးများကဲ့သို့ပင်။

“ ဘိုးဘေးအပေါင်းတို့ ၊ ဂိုဏ်းသားအပေါင်းတို့ “

“ဒီနှုတ်ဆက်ပွဲပြီးရင် ဘယ်တော့ပြန်လာမယ်ဆိုတာ ကျွန်တော် မသိဘူး “

“ဒါပေမယ့် ကျွန်တော် စူးချန်ကဲရှိနေသရွေ့ ၊ ကွေးယွမ် သူတော်စင် နယ်မြေကနေ ဒီကမ္ဘာပေါ်ကို မဟာဧကရာဇ်မင်းတွေ မွေးထုတ်ပေးလိမ့်မယ်ဆိုတာ သေချာပေါက်ပဲ !”

ထိုသို့ပြောပြီးနောက် ၊ စူးချန်ကဲသည် သူ့ဘေးနားရှိ ထာဝရမသေနိုင်သော နတ်ဖီးနစ်ပေါ်သို့ မဆိုင်းမတွ တက်လိုက်သည်။

ပြိုးပြိုးပျက်ပျက် တောက်ပနေသော နတ်အလင်းရောင်များ၏ ရောင်ပြန်ဟပ်မှုအောက်တွင် ၊ စူးချန်ကဲ၏ အဖြူရောင် အဝတ်အစားများနှင့် ပေါင်းစပ်လိုက်ပါက နတ်ဘုရားသခင်၏သားတော်တစ်ပါး ကြွမြန်းတော့မည့်အတိုင်းပင်။

ဤကာလများအတွင်း၊ ယုံမင်ကြက်သည် ၎င်း၏ အသွေးအသားများကို ထာဝရမသေနိုင်သော နတ်ဖီးနစ်တစ်ကောင်အဖြစ် အောင်မြင်စွာ အသွင်ပြောင်းလဲနိုင်ခဲ့သည် ။

ထိုနည်းတူစွာ စူးချန်ကဲသည်လည်း စနစ်၏ ဆုလာဘ်ကို အောင်မြင်စွာ ရရှိခဲ့သည်။ သူသည် ယုံမင်ဖီးနစ်ဥကို ကောင်းစွာ မွေးမြူရန် ဘိုးဘေးများထံ အပ်နှံထားခဲ့သည်။

“ ချန်ကဲ ဆက်ခံသူကို ပို့ဆောင်နှုတ်ဆက်လိုက်ပါတယ် ၊ ဆက်ခံသူသခင်သည် တုနှိုင်းမဲ့ ဖြစ်ပြီး မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာပါလိမ့်မယ် “

မည်သူက အရင်စအော်လဲမသိ။

လူအုပ်ကြီးသည် ရုတ်တရက် ဟစ်ကြွေးကြလေသည်။

ကွေးယွမ် သူတော်စင် နယ်မြေ၏ တပည့်များသည် စူးချန်ကဲကို လေးလေးနက်နက် ဦးညွှတ်လိုက်ကြသည် ။ ၎င်းတို့၏ ဟစ်ကြွေးသံများသည် ကောင်းကင်ယံ၌ မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်လျက်ရှိသည်။

“ ချန်ကဲ ဆက်ခံသူကို ပို့ဆောင်နှုတ်ဆက်လိုက်ပါတယ် ၊ ဆက်ခံသူသခင်သည် တုနှိုင်းမဲ့ ဖြစ်ပြီး မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာပါလိမ့်မယ် “

“ ချန်ကဲ ဆက်ခံသူကို ပို့ဆောင်နှုတ်ဆက်လိုက်ပါတယ် ၊ ဆက်ခံသူသခင်သည် တုနှိုင်းမဲ့ ဖြစ်ပြီး မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာပါလိမ့်မယ် “

“……”

အသံသည် မရေမတွက်နိုင်သော မိုင်ပေါင်းများစွာအထိ ပျံ့လွင့်သွားလေသည်။

ဤသည်မှာ ကွေးယွမ် သူတော်စင် နယ်မြေရှိ တပည့်အားလုံး၏ နှလုံးသားအောက်ခြေမှ လာသော စစ်မှန်သော ဆန္ဒပင် ဖြစ်သည်။

ထိုကဲ့သို့ စည်းလုံးညီညွတ်ပြီး ၊ ဤမျှ ရိုးသားသော တောင်းဆုတို့သည် လူ၏ နှလုံးသားကို အမှန်တကယ်ပင် ရိုက်ခတ်ပြုစားနိုင်ခဲ့သည်။

စူးချန်ကဲသည် အားလုံး၏ နှုတ်ဆက်မှုကို ပြန်လည်နှုတ်ခွန်းဆက်သသောအားဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ကျွီ——!!

ကျယ်လောင်သော ဖီးနစ်အော်ဟစ်သံနှင့်အတူ ၊

နတ်ဖီးနစ်သည် တောက်ပသော နတ်အလင်းရောင်များနှင့်အတူ ကောင်းကင်သို့ ပျံတက်သွားသည်။

ထောင်ပေါင်းများစွာသော အနီရောင်မီးတောက်များကို တဖျပ်ဖျပ်ခတ်လျက် ပျံသန်းနေပြီး ၊ ရွှေရောင်မီးပွားများက လေထဲသို့ ပြုတ်ကျလာသည်။

နတ်ဖီးနစ်သည် စူးချန်ကဲကို တင်ဆောင်ကာ ဧကရာဇ်လျှောက်လှမ်းထဲသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားခဲ့လေသည်။

စူးချန်ကဲ၏ ပုံသဏ္ဍာန်သည်လည်း လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ကွေးယွမ် သူတော်စင် နယ်မြေမှ လူတိုင်းသည် ထိုမြင်ကွင်းကို အချိန်အကြာကြီး ငေးကြည့်နေမိသည်။

“ ချန်ကဲ ဆက်ခံသူရဲ့ ဒဏ္ဍာရီ..”

“ ကမ္ဘာတစ်ခွင်လုံးတွင် အသံမမြည်မချင်း ဆက်လက်တည်ရှိနေမည် ...”

အပိုင်း(၃၇၇): ကံဆိုးလေခြင်း! ဂန်းစတားနဲ့မှ တွေ့ရလား

တစ်ချိန်တည်းမှာပင်။

ကွေးယွမ် သူတော်စင် နယ်မြေကို တိတ်တဆိတ် စောင့်ကြည့်နေသော အင်အားစုဝင်များသည် စူးချန်ကဲ ဝင်ရောက်သွားသည်ကို သတိထားမိကြသည်။

“နောက်ဆုံးတော့ ဒီလူ့ဘီးလူကောင် ဧကရာဇ်လျှောက်လှမ်းမှာ ပြသနာဖန်တီးဖို့ အဆင်သင့်ပဲနဲ့ တူတယ် “

“သူ့ရဲ့ ကျင့်ကြံမှုက အရင်​ကထက်​ အများကြီး သန်​မာလာတယ် လူ့ဘီးလူဆိုတဲ့စကားလုံးတစ်လုံးနဲ့တင် ခေါ်ဖို့မလုံလောက်မှာကို စိုးရတယ်..”

သန်မာသူ စွမ်းအာရှင်တစ်ဦးက နှာမှုတ်လိုက်သည်။

“ ဟွန်း ၊ ကွေးယွမ်ရဲ့ အရင်ကလုပ်ရပ်တွေကြောင့် ခုဆို တိုက်မြေသုံးထောင်တစ်ခုလုံးရဲ့ ရန်သူဖြစ်နေပြီ!”

“ သူတို့ဆက်ခံသူ တစ်ယောက်တည်းနဲ့ တိုက်မြေသုံးထောင်မှာ ရှိတဲ့ပါရမီရှင်တွေ အကုန်လုံးကို နိုင်မတဲ့လား?”

ဤစကားများကို ကြည့်ခြင်းအားဖြင့် ၊ ခေတ်ဟောင်းလူကြီးများသည် စူးချန်ကဲကို မည်မျှကြောက်ရွံ့ပြီး မုန်းတီးသည်ကို သိနိုင်သည်။

ရွှေခေတ်တွင် ဤမျှတောက်ပသော နေတစ်စင်း ထွက်ပေါ်လာမည်ကို သူတို့ အလိုမရှိပေ။

…….

တခြားတစ်ဖက်တွင်။

စူးချန်ကဲသည် နတ်ဖီးနစ်ကို စီးကာ ဤကြယ်တာယာ ကောင်းကင် ရှေးဟောင်းလမ်းဆီသို့ လုံးဝ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

ပတ်ဝန်းကျင်သည် ဗလာနိတ္ထိ ဟင်းလင်ပြင်ကဲ့သို့ မည်းမှောင်နေသည်။

ပြိုးပြိုးပျက်ပျက် တောက်ပနေသော သက်တံတံတားတစ်စင်းသာ ရှိသည်။

၎င်းပေါ်တွင် မှုန်ဝါးဝါး လမ်းကြောင်းတစ်ခုကို ပုံဖော်ထားပုံရသော အလင်းတန်းတစ်ခု သက်ဝင်စီးဆင်းနေကာ ဧကရာဇ်ရောင်ဝါများ ဖြာထွက်နေသည်။

၎င်းသည် အဆုံးမရှိသော အာကာသတစ်လျှောက် တံတားခင်းထားသည်။ ထိုနေရာတွင် အချိန်သည် ရွေ့လျားနေပြီး လျှို့ဝှက်ဆန်းကြယ်သော အပြောင်းအလဲများလည်း ရှိသည်။

ဤကြယ်တာယာကောင်းကင် ရှေးဟောင်းလမ်းသည် အလွန်ကို ကျယ်ပြန့်ပြီး တစ်ချက်ကြည့်ရုံဖြင့် နှစ်သန်းပေါင်းများစွာ ကုန်ဆုံးသွားသလိုမျိူး ခံစားရသည်။

ဤနေရာ၌။

မရေမတွက်နိုင်သော ကြယ်အပိုင်းအစများ သို့မဟုတ် အချိန် - အာကာသအပိုင်းအစများ ရှိပြီး ၊ ၎င်းတို့အပေါ်တွင် မထင်မရှားသော နိယာမတရားများက ဝန်းရံထားသည်။

ဤသည်မှာ မရေမတွက်နိုင်သော ရှေးဟောင်းကမ္ဘာငယ်လေးများဆီသို့ သွားရောက်နိုင်မည့် ဝင်ပေါက်များပင် ဖြစ်သည်။

သို့သော်။

မည်သည့်နေရာသို့ ဝင်ရောက်မည်ကို သင်ကိုယ်တိုင် ရွေးချယ်ခွင့်မရှိချေ။ကြယ်အပိုင်းအစများထဲမှ တစ်ခုသည် သင်နှင့် ပဲ့တင်ထပ်နေမှသာလျှင် သင်သည် အထဲသို့ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

သို့မဟုတ်ဘဲ အတင်းဝင်ရန်ကြိုးစားပါက ၊ သင်၏ စိတ်ဝိဥာဉ်သည် ဤဧကရာဇ်လျှောက်လှမ်းတွင် ရှိနေသော နိယာမများ၏ တိုက်ရိုက် သုတ်သင်မှုကို ခံရမည်ဖြစ်ပြီး၊ သင်သည် လုံးဝ ပျက်သုဉ်းသွားပေလိမ့်မည် ။

ဝီ——!!

ထိုစဉ် ။

သူ့ရှေ့ရှိ ကြယ်အပိုင်းအစတစ်ခုသည် အနှိုင်းမဲ့တောက်ပမှုမျိုးဖြင့် ရုတ်တရက် တောက်ပသွားပြီး မရေမတွက်နိုင်သော မှော်သင်္ကေတများသည် တစ်ခုနှင့်တစ်ခု ရောယှက်ကာ မှော်စက်ဝိုင်းကြီးတစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲသည် သူ့အား ဆင့်ခေါ်နေပုံရသည့် အထဲက အင်အားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

“ဒါက ကြယ်အပိုင်းအစတွေရဲ့ ပဲ့တင်ထပ်မှုများလား...?”

စူးချန်ကဲ၏ နှုတ်ခမ်းသားများသည် အနည်းငယ် ကွေးညွှတ်သွားသည်။

“ အဲ့တောက်ပနေတဲ့ ကြယ်အပိုင်းအစဆီကို သွားကြမယ် “

ထိုစကားသံကြောင့် နတ်ဖီးနစ်သည် တုံ့ဆိုင်းသွားသည်။

သူ၏ ကျင့်ကြံမှုသည် စူးချန်ကဲထက် အားနည်းသော်လည်း၊ သို့သော် သူသည် ဧကရာဇ်တစ်ပိုင်း ပထမတန်းအဆင့်တွင် ရှိသည်။

မိမိနှင့် ပဲ့တင်ထပ်မှုမရှိဘဲ ဝင်ရောက်မိပါက ၊ နိယာမများ၏ ချေမှုန်းဖျက်စီးခြင်းကို ခံရနိုင်သည်။

အဲ့လိုသာဆို သူ သေပြီမဟုတ်လား?

သူ့စိတ်ထဲက အတွေးကို မြင်နေပုံရသော စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းပြီး ၊ နတ်ဖီးနစ်ကို သူ့ကိုယ်ပိုင် ရောင်ဝါဖြင့် ဖုံးအုပ်လိုက်သည်။

ထိုမှသာလျှင် နတ်ဖီးနစ်သည် ကြယ်အပိုင်းအစများဆီသို့ သတ္တိရှိရှိ ပျံသန်းသွားခဲ့သည်။

စူးချန်ကဲသည် ကူကယ်ရာမဲ့ ပြုံးလိုက်ရင်း ဆိုလိုက်သည်။

“ မင်း ငါ့နောက်ကိုလိုက်နေသရွေ့ ကောင်းမွန်တဲ့ဘဝတွေကို ခံစားနိုင်မှာနော် “

“မင်း ကိုယ်ရထားတဲ့ ကောင်းချီးတွေကို ဘယ်လိုတန်ဖိုးထားရမှန်း မသိဘူးပဲ “

……

သူတို့သည် ကြယ်အပိုင်းအစ၏ အနီးသို့ ချဉ်းကပ်သွားသည်နှင့်အမျှ ။

ပြင်းထန်သော ရောင်ဝါ ၊ များစွာသော နိယာမများနှင့် ဝိညာဉ်စွမ်းအားများ ကြွယ်ဝစွာ ရှိနေသည့် ရောင်ခြည်စက်ဝန်းတစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။

အလွန် အားကောင်းသော အာကာသ စွမ်းအားသည် အဆက်မပြတ် စုဝေးနေကာ ထင်ရှားလာသည်။

၎င်းတို့သည် သူတို့နှစ်ဦးကို လုံးလုံးလျားလျား လွှမ်းခြုံသွားသောအခါတွင် တံခါးပေါက်ကြီး တစ်ခုသည် ရုတ်ချည်းဆိုသလို ပွင့်လာခဲ့သည်။

ဝီ--!!

တစ်ဖန် နတ်အလင်းရောင်တစ်ခု ဖျက်ခနဲ့ ဝင်းလက်သွားသည်။

သူတို့နှစ်ဦး၏ အမြင်အာရုံများ ပြန်လည်ကောင်းမွန်လာပြီး ပြတ်သားစွာ မြင်လိုက်ရချိန်တွင် ၊

မျက်စိရှေ့က မြင်ကွင်းသည် စူးချန်ကဲကိုတောင် တုန်လှုပ်သွားစေသည့်ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။

သူတို့သည် ကောင်းကင်ယံ မျက်နှာပြင်မှ ဆင်းသက်လာပုံရပြီး ယခုအခါတွင် အမြင့်တကာ အမြင့်ဆုံး ကောင်းကင်ဘုံတွင် ရောက်ရှိနေသလိုပင်။

အောက်ကို ငုံ့ကြည့်မည်ဆိုပါက ၊

ကျယ်ပြန့်ပြီး အကန့်အသတ်မရှိသော သမုဒ္ဒရာကြီးကိုသာ မြင်ရပေမည်။

လှိုင်းလုံးကြီးများသည် ကြီးကျယ်ခမ်းနားသော အရှိန်အဟုန်ဖြင့် တလိပ်လိပ် ရိုက်ခတ်နေပြီး ၊ အဖြူရောင် ပင်လယ်ပြင်ကြီးသည် မိုးကုတ်စက်ဝိုင်းနှင့် ထိစပ်နေပုံရသည်။

ကျယ်ပြန့်ပြီး အဆုံးမဲ့ပင်လယ်ပြင်ပေါ်တွင် အထီးကျန်ကျွန်းများစွာ ရှိနေသည်။

ဤသည်မှာ သူတို့မြင်နိုင်သည့် တစ်ခုတည်းသောကုန်းမြေ ဖြစ်သည်။

တိမ်နှင့် မြူခိုးများ ပြည့်နှက်နေသည်မှာ ရှေးဟောင်းကမ္ဘာတစ်ခုကဲ့သို့ ထင်ရသည်။

“ဒါက ဧကရာဇ်လျှောက်လှမ်းထဲက ရှေးဟောင်းကမ္ဘာဆိုတာလား...?”

“ ကြွယ်ဝလွန်းတဲ့ နိယာမစွမ်းအားတွေပါ့လား ၊ ဒီထဲမှာ မထင်မရှား တာအိုစည်းချက်တစ်ခု ရှိနေတယ်၊ အဲဒါက တိုက်မြေ သုံးထောင်နဲ့ လုံးဝမတူဘူး... ကြည့်ရတာ သဘာဝတရားရဲ့ ထူးခြားမှုတစ်ခုလိုပဲ...”

“ မဟုတ်မှလွဲရော ဒါက အန္တိမ အနန္တတန်ခိုးရှင်ရဲ့ တာအိုနယ်ပယ် ဖြစ်နိုင်မလား?”

ဤထင်မြင်ချက်သည် ယုတ္တိမရှိသည် မဟုတ်။

ဧကရာဇ်လျှောက်လမ်းသို့ မဝင်ရောက်မီ ၊ သူသည် ဧကရာဇ်လျှောက်လမ်းနှင့်ပတ်သက်သော ရှေးဟောင်းစာအုပ်များစွာကို စုဆောင်းခဲ့သည်။

ယနေ့ခေတ် ဧကရာဇ်လျှောက်လမ်းသည် ကျိုးပဲ့နေသော လျှောက်လှမ်းများဟု ဆိုရမည်။ဤဧကရာဇ်လျှောက်လှမ်းတွင် ရှိနေသော မရေမတွက်နိုင်သော ရှေးဟောင်းကမ္ဘာငယ်လေးများသည် ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြောင့် ပျက်စီးခဲ့ဖူးသည်။

မူလက ၎င်းတို့အထဲတွင် မရေမတွက်နိုင်သော အင်အားကြီးမားသော ဂိုဏ်းများရှိပြီး၊ အချို့မှာ တိုက်မြေသုံးထောင်ထက်ပင် ပိုမိုအားကောင်းသည်။

သို့သော် ယခုအခါတွင် ၊ မှော်စည်းမျဉ်းအချို့ ရှိနေသော နေရာများမှလွဲ၍ ကျန်နေရာများသည် ပျက်စီးယိုယွင်းနေပြီး လူဆိတ်ညံနေပုံရသည်။

“ဒီမှာ ဒီလောက်ထိ ကြီးကျယ်တဲ့ သမုဒ္ဒရာကြီးရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး...”

နတ်ဖီးနစ်သည်လည်း စိတ်လှုပ်ရှားနေသည်။ ဤကဲ့သို့ ထိတ်လန့်စရာကောင်းသော မြင်ကွင်းသည် လူကို ရင်ခုန်စေသည်။

“ငါတို့ရှာနေတဲ့ အခွင့်အလမ်းက ဒီ အဆုံးမရှိတဲ့ သမုဒ္ဒရာကြီးရဲ့ အနက်ရှိုင်းဆုံး အပိုင်းထဲမှာ ဖြစ်နိုင်တယ် “

စူးချန်ကဲက ကူကယ်ရာမဲ့ ပြုံးလိုက်သည်။

“ အဲ့လိုသာဆို ငါတို့ကို လမ်းပြဖို့ ဒေသခံတွေ မရှိရင် ရှေးအမွေအနှစ်တွေကို ရှာဖို့ကခက်ခဲလိမ့်မယ် “

“တခြားတစ်နေရာကို သွားကြည့်ရအောင် “

စူချန်ကဲ၏စကားများကို နားထောင်ပြီးနောက် ၊ နတ်ဖီးနစ်သည် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသော အရှိန်အဝါနှင့်အတူ သူ၏ အတောင်ပံများကို ခတ်လိုက်သည်။

ထို့နောက်တွင် စူးချန်ကဲကို တင်ဆောင်ကာ အဆုံးမရှိသော သမုဒ္ဒရာ၏ နက်နဲရာဆီသို့ ဦးတည်သွားခဲ့သည်။

တခဏအတွင်းမှာပင် ။

တိုက်မြေသုံးထောင်ရှိ နေရာအနှံ့မှ သူသူကိုယ်ကိုယ် ဝင်ရောက်လာသော တချို့သော ပါရမီရှင်များသည် မတ်တပ်ရပ်ကာ အပေါ်သို့ မျှော်ကြည့်နေကြသည်။

“အပေါ်မှာ ဘာပစ္စည်းကြီး ပျံလာတာတုန်း...?”

“ငါ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်...ကြည့်ရတာ ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ရှိ ဖီးနစ်တစ်ကောင်ပဲ ၊ အဲ့အပေါ်မှာ တစ်စုံတစ်ယောက်ရှိနေတယ်”

“မင်း သေချာလို့လား? ဧကရာဇ် တစ်ပိုင်း နယ်ပယ်အဆင့်ရှိတဲ့ သားရဲကောင်ကို စီးတော်ယာဉ်လုပ်တယ်? ဒါက ဧကရာဇ်လျှောက်လှမ်းထဲမှာနော် “

ဤဧကရာဇ် လျှောက်လမ်းထဲသို့ ဝင်ရောက်လာသူတိုင်းသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ရှိသော ကျင့်ကြံသူများဖြစ်ပြီး ၊ သူတို့သည် မဟာဧကရာဇ်မင်းများ ဖြစ်လာနိုင်သည့် အလားအလာကောင်းများ ရှိသည်။

အခု ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ရှိတဲ့ ဖီးနစ်တစ်ကောင်ကို စီးတော်ယာဉ်လုပ်သတဲ့လား ?

သူ့ကို ချုပ်ကိုင်ထားသူသည် မည်မျှတောင် တန်ခိုးကြီးမားလေသနည်း။

…..

ထိုမြင်ကွင်းသည် လူတိုင်း၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးခဲ့သည်။

အဆုံးတွင် ၊ စိတ်ထဲက စူးစမ်းလိုစိတ်ကို မထိန်းနိုင်ဘဲ ထိုနေရာအား အာရုံစူးစိုက်ကြည့်ကြလိုက်သည်။

နတ်ဖီးနတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် ခပ်ဝါးဝါး ဝတ်ရုံဖြူ ပုံရိပ်ကို တွေ့လိုက်ရသည်။

၎င်း၏ ဘေးပတ်ပတ်လည်တွင် မြူမှုန်များဖုံးလွှမ်းနေပြီး ပရမ်းပတာ ရောင်စဉ်များက တလိပ်လိပ် ရိုက်ခတ်နေသည်။

ရုတ်တရက်။

ထိုဝတ်ရုံဖြူပုံရိပ်သည် တစ်စုံတစ်ခုကို သတိထားမိပုံရသည်။

​ထိုအနှီလူသည် နောက်​ကို ​လှည့်​ကြည့်​လာခဲ့​သည်​။

ထိုအနှီလူ၏ အကြည့်တချက်နှင့်အတူ အကန့်အသတ်မဲ့ ဖိနှိပ်စွမ်းအား ကျရောက်လာပြီး ၎င်းတို့ကို မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်စေခဲ့သည်။

“မဖြစ်နိုင်ဘူး... ငါအဲ့လောက်တောင် ကံဆိုးရသလား...?”

ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ရှိ ပါရမီရှင်တစ်ဦးသည် သူ့ရင်ဘက်သူ ထုကာ ကြေကွဲစွာဖြင့် ဆိုလေသည်။

“ ဝတ်ရုံဖြူနှင့် ဆံနွယ်နက် ...အမတနတ်ဘုရားတစ်ပါးနှင့်တူသော ရောင်ဝါ ...”

“ မဟုတ်မှလွဲရော ငါ တွေ့လိုက်တာက ဧကရာဇ်လျှောက်လှမ်းရဲ့ ဂန်းစတား ...စူးချန်ကဲ...?”

သူ့ခမျာ ထပ်ပြီး မတွေးဝံ့တော့ပေ။

သူသည် စောနလေးကမှ ဧကရာဇ်လျှောက်လှမ်းထဲသို့ ဝင်ရောက်လာသူ ဖြစ်သည်။

စဝင်ဝင်ချင်းမှာပင် ဤမျှ ကြောက်စရာကောင်းသော လူ့ဘီလူးတစ်ကောင်ကို တွေ့ခဲ့ရသည်မှာ သူ့အနေဖြင့် မည်သို့ပျော်ရွှင်နိုင်တော့မည်နည်း!?

အပိုင်း(၃၇၈) :ဧကရာဇ်လျှောက်လှမ်း!

ဤအဆုံးမရှိသော ပင်လယ်ကြီးသည် အမှန်တကယ်ကို ကျယ်ပြောလွန်းပေသည်။

လှိုင်းလုံးကြီးများက ကျယ်လောင်စွာ ရိုက်ခတ်နေပြီး ၊ နတ်ဖီးနစ်သည် စူးချန်ကဲကို တင်ဆောင်ကာ ရှေးဟောင်းအမွေအနှစ်များရှိရာ သဲလွန်စကို အချိန်အတိုင်းအတာ တစ်ခုထိ ရှာဖွေနေခဲ့သည်။

ဤလမ်းခရီးတစ်လျှောက်တွင် ကောင်းမွန်သော ရောင်ဝါများဖြင့် ဖုံးအုပ်ထားသော အထီးကျန်ကျွန်း အများအပြားကို တွေ့ခဲ့ရသည်။ ထိုကျွန်းများပေါ်တွင် လူရိပ်များစွာကို တွေ့ခဲ့ရပြီး ၊ ၎င်းတို့၏ ရောင်ဝါသည် အတော်လေး ‌အားကောင်းပေသည်။ ၎င်းတို့အားလုံးသည် တိုက်မြေသုံးထောင်မှ ဝင်ရောက်လာကြသော ပါရမီရှင်များပင် ဖြစ်သည်။

သို့သော် သူတို့သည် လိမ္မာပါးနပ်ကြသည်။ စူးချန်ကဲ၏ အရိပ်အယောင်ကို ခံစားမိသောအခါတွင် သူတို့သည် ကြောက်ရွံ့ရိုသေမှုနှင့်အတူ မည်သည့်လှုပ်ရှားမှုမျိုးကိုမှ မနှိုးဆော်ဝံ့ပေ။

ထိုအချိန်တွင် ။

စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူတို့ရှေ့က ကွက်လပ်တွင် မီးခိုးရောင် အခိုးအငွေ့ အလွှာတစ်ခု ရှိနေသည်။

နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ဆွေးမြေ့နေသော အနံ့အသက်သည် အလွန်ညှော်ပြီး လူကို မအီမသာဖြစ်စေသည်။

“ဒါက ရှေးခေတ်က ကျန်ခဲ့တဲ့ မိုင်အက်စ်မာလား?”

[ T/N - မိုင်အက်စ်မာ : အဆိပ်အတောက်ဖြစ်စေသော အခိုးအငွေ့ သို့မဟုတ် အမှုန်အမွှား ၊ ရောဂါဖြစ်စေသော ဆွေးမြေ့နေသော အရာများရှိခြင်း ]

မိုင်အက်စ်မာသည် သန်မာသူ စွမ်းအားရှင်များ သေဆုံးပြီးနောက် ၊ ဆွေးမြေ့သွားသော ၎င်းတို့၏အလောင်းမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ထူးဆန်းပြီး သေစေနိုင်သည့် ပစ္စည်းများလည်း ရှိသည်။

အချိန်ကြာမြင့်လာသည်နှင့်အမျှ ၊ ကာကွယ်ရခက်သော သရဲတစ္ဆေများကဲ့သို့ ထူးဆန်းသော သတ္တဝါမျိုးစုံ မွေးဖွားလာမည် ဖြစ်သည်။

ဟူး——!!

ရုတ်တရက်။

အအေးဓာတ်များ စိမ့်ဝင်နေသည့် လေပြင်းတချက်သည် ထူထဲ‌ဖောင်းပွနေသော အရာတစ်ခုကို သယ်ဆောင်လာကာ သူတို့နှစ်ဦးကို ရုတ်ချည်း တိုက်ခိုက်လာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ၊ စူးချန်ကဲ နှင့် နတ်ဖီးနစ် သူတို့နှစ်ဦးစလုံးသည် ဧကရာဇ်တစ်ပိုင်းအဆင့်ရှိသူများ ဖြစ်သည်နှင့်အလျောက် ၊ သူတို့နှစ်ဦးမှ ပေါင်းစည်းထားသော နိယာမအတားအဆီးသည် တဖက်၏ တိုက်ခိုက်မှုကို လုံးလုံး ခုခံနိုင်ခဲ့သည်။

စူးချန်ကဲကို မျက်မှောင်ကြုတ်စေခဲ့သည့် အရာမှာ ထိုအရာထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုခြင်းဆန္ဒများ ရှိနေခြင်းပင်။

“ မထင်မှတ်ဘဲ တစ်ခုခုဖြစ်သွားတာများလား”

စူးချန်ကဲ ရေရွတ်လိုက်သည့်အခိုက်အတန့်မှာပင်။

ဘုန်း ! !

ရုတ်​တရက်​၊ အရှေ့မျက်နှာအရပ်မှ ပြင်းထန်သော ​ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ၊ ဟင်းလင်းပြင်တစ်ခုလုံး လှုပ်ခါသွားကာ နိယာမတရားများ တရဟော စီးဆင်းသက်ဝင်လာသည်။

ဟူး လာ လာ!!

ကြီးမားသော သတ္တဝါကြီးသည် ပင်လယ်အောက်ခြေမှ တိုက်ရိုက်ဖောက်ထွက်လာသကဲ့သို့ပင်။

“ဒါ ဘာကောင်ကြီးလဲ!?”

ရုတ်တရက် ၊ ပင်လယ်ရေမျက်နှာပြင်မှ အော်သံတစ်ခု ထွက်ပေါ်လာသည်။

မူလက ပင်လယ်ပြင်ပေါ်တွင် ရွက်လွှင့်နေသော နတ်သင်္ဘောတစ်စင်းသည် ထိုကြီးမားလှသော သတ္တဝါကြီး၏ ရိုက်ချိုးခြင်းကို ခံလိုက်ရသည်။

သင်္ဘောပေါ်တွင် ရှိနေခဲ့သော တိုက်မြေ သုံးထောင်မှ ပါရမီရှင်အချို့သည် ထိုကြီးမားသော လှိုင်းလုံးကြီးများနှင့်အတူ ပင်လယ်ပြင်ထဲသို့ ချက်ချင်း မျောပါသွားကာ ၊ သွေးများက ပင်လယ်ရေမျက်နှာပြင်ကို အနီရောင်အဖြစ် ဆေးဆိုး‌ခဲ့လေသည်။

“သတ်! ဒီထဲကို ဝင်ရောက်လာခဲ့တဲ့ ပြင်ပကမ္ဘာက ဒီလူယုတ်မာကောင်တွေကို သတ်ပစ်!”

“ ဒီကောင်တွေက ဧကရာဇ်လျှောက်လှမ်းမှာ ပါဝင်လာကြတဲ့ ကျင့်ကြံသူတွေဖြစ်လို့ အရမ်း အာဟာရရှိတယ် ၊ သူတို့အကုန်လုံး တစ်ယောက်မှ မချန်နဲ့ !”

ရုတ်တရက် ၊ ပင်လယ်ရေမျက်နှာပြင်သည် ပွက်ပွက်ဆူလာခဲ့ပြီး ထူးဆန်းသော ပုံစံနှင့် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် အကြေးခွံများ ပါရှိသော ရှေးဟောင်း ပင်လယ်မျိုးနွယ်စု တစ်စုသည် ပင်လယ်ပြင်အောက်ခြေမှ ပြေးထွက်လာကြသည်။

၎င်းတို့သည် ငါး၊ ပုဇွန်၊ ကဏန်း၊ လိပ်နှင့် ရေဘဝဲများကဲ့သို့ အလွန်ထူးဆန်းသော ပုံစံမျိုး ရှိသည်။

လက်နက်မျိုးစုံကို ကိုင်ဆောင်ထားပြီး ၎င်းတို့၏ မျက်လုံးများသည် သွေးဆာနေသော လောဘများနှင့် ပြည့်နှက်နေသည်။ထို့နောက် ချက်ချင်းဆိုသလို ၊ သူတို့ ကိုင်ဆောင်ထားသော လက်နက်များကို ဝှေ့ယမ်းလျက် တိုက်မြေ သုံးထောင်ရှိ နယ်ပယ်အသီးသီးမှ ကျင့်ကြံသူအများအပြားကို သတ်ပစ်ရန် ချက်ချင်းတိုက်ခိုက်လာသည်။

ဘုန်း! !

ရုတ်​တရက်​ပင်​ ​ရေ​မျက်နှာပြင်​သည်​ ​နောက်​တဖန်​ ရိုက်ခတ်သွားပြန်သည်။

ဤတစ်ခေါက်တွင် ၊ အနက်ရောင်ငါးကြီးတစ်ကောင်သည် သူ၏ သွေးစွန်းနေသော ပါးစပ်ကြီးကို ကျယ်ကျယ်ဖွင့်လျက် ပြေးထွက်လာသည်။

၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ငါးအကြေးခွံများသည် တောင်ကုန်းတစ်ခုကဲ့သို့ ကြီးမားပြီး ၊ သူ့ပါးစပ်ကို ဖွင့်လိုက်သည်နှင့် ဧရာမ ရေဝဲဂယက်တစ်ခု အဖြစ် ပြောင်းလဲသွားပြီး မရေတွက်နိုင်သော ကျင့်ကြံသူများကို စုပ်ယူပစ်ခဲ့သည်။

၎င်း၏ မျက်လုံးများသည် နက်နဲသောပင်လယ်အိုင်ကဲ့သို့ အဆုံးစွန်သော အေးစက်မှုကို ပေးစွမ်းနေပြီး ၊ ပြင်းထန်သော သွေးချီစွမ်းအားသည် လူကို တုန်လှုပ်သွားစေနိုင်သည်။

“ ရှေးဟောင်း ပင်လယ်မျိုးနွယ်စုတစ်စုကများ အတင့်ရဲလိုက်တာ ! ငါတို့ တိုက်မြေ သုံးထောင်က လူတွေကို အနိုင်ကျင့်ဖို့ လွယ်တယ်လို့ ထင်နေတာလား ၊ သူတို့ကို သေအောင် တိုက်ခိုက်ကြစို့ ! “

“ ဒါပေမဲ့ ဒီငါးမှာ... ဒဏ္ဍာရီလာ ခွင်ဖိန်းရဲ့ အသွေးအသားတွေ ပါနေပုံရတယ်!”

ထိုစကားကိုကြားလိုက်ရသည်နှင့် ၊

လူတိုင်းကြောက်လန့်သွားကြသည်။

ဧကရာဇ်လျှောက်လှမ်းတွင် မရေမတွက်နိုင်သော ရှေးဟောင်းကမ္ဘာငယ်လေးများစွာ ရှိသည်နှင့်အလျောက် ၎င်းတို့ထဲတွင် လျို့ဝှက်စွာ ရှင်သန်နေကြသော ရှေးဟောင်း သတ္တဝါများစွာလည်း ရှိသည်။

၎င်းတို့ထဲတွင် ထောင်ထျဲ့ ၊ ရှုံးချီ ၊ ခွင်းဖိန် အစရှိသည့် ရှေးကျသော သားရဲကောင်၏ သွေးသား မျိုးဆက်များလည်း ပါဝင်သည်။

ဤသတ္တဝါမျိုးသည် အလွန်အစွမ်းထက်ပြီး ၊သူ၏ ရုပ်ခန္ဓာကြီးထွားမှုနဲ့တင် မဟာဧကရာဇ်မင်းကိုတောင် ယှဉ်ပြိုင်နိုင်သည်။

သူတို့ဝင်လာပြီးပြီးချင်း ဤမျှအန္တရာယ်ရှိသော သတ္တဝါများနှင့် တွေ့ရလိမ့်မည်ဟု တစ်ခါမှပင် မမျှော်လင့်ထားခဲ့ပေ။

“မကြောက်နဲ့၊ ခွင်းဖိန်သွေးသားပါ‌တဲ့ သားရဲကောင်ဆိုတောင် ငါတို့ အတူတူ..”

သို့သော် သူ့စကားမဆုံးခင် ။

ဝုန်း ! !

ငွေရောင် ရှိသည့် အသွားသုံးချောင်းပါ ခက်ရင်းခွသည် ရေထဲကနေ ဖောက်ထွက်လာပြီး ထိုစကားပြောနေသောသူကို ထိုးဖောက်သွားသည်။

သွေးများက တပေါက်ပေါက်စီးကျလာပြီး အရိုးနှင့်အသားများ ပေါက်ထွက်ကာ ပြင်ဆင်ထားခြင်းမရှိသော အခြေအနေအောက်တွင် အသွားသုံးချောင်းပါ ခက်ရင်းခွသည် ထိုအနှီလူ၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးဖောက်သွားခဲ့ချေပြီ ။

ပင်လယ်ရေမျက်နှာပြင်သည် ပွက်ပွက်ဆူလာပြီး ရေဝဲများ ဖြည်းညှင်းစွာ ဖြစ်ပေါ်လာခဲ့ပြီး ၊ အားကောင်းသော ရောင်ဝါများရှိသည့် ထူးဆန်းသော သတ္တဝါများစွာ ထွက်လာသည်။

၎င်းတို့၏ ခေါင်းဆောင်ဖြစ်သူသည် မဲနက်သော ယက္ခဘီလူးတစ်ကောင်ကဲ့သို့ အသွင်အပြင်ရှိပြီး ၊ ၎င်း၏ ရောင်ဝါသည် အလွန်အားကောင်းသည်။ သူ၏ ဘေးပတ်ပတ်လည်တွင် ရှိနေသော ကြောက်မက်ဖွယ်ရာ ကောင်းသော နိယာမများသည် အလွန်ကြောက်ဖို့ကောင်းသော ရုပ်သွင်အဖြစ်သို့ ပြောင်းလဲသွားသည်။

“ဧကရာဇ်တစ်ပိုင်း ဒုတိယအဆင့်?!”

လူသားကျင့်ကြံသူတစ်ဦးက ရုတ်တရက် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သူတို့အားလုံးသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ကို ဝင်ရုံမျှသာ ရှိသေးသည်။

အများစုသည် ဧကရာဇ်လျှောက်လှမ်းတွင် ပါဝင်ရန် စိတ်အားထက်သန်နေကြသည်။ထို့ကြောင့် သူတို့အားလုံးသည် မိမိကိုယ်ပိုင်အခြေခံအုတ်မြစ်ကို အားကိုးခြင်းဖြင့် နယ်ပယ်အဆင့်ကို ဖြတ်ကျော်ခဲ့ခြင်းမဟုတ်ဘဲ ဝိညာဉ်ဆေးလုံးများ နှင့် အဖိုးတန်ဆေးဝါးများကို အသုံးပြုကာ ကျင့်ကြံအဆင့်ကို အတင်းအကျပ် တတ်လှမ်းခဲ့ကြသည်။

“မဆိုးဘူး၊ ဒီလောက်အကြာကြီး ငြိမ်နေခဲ့ရတာ နောက်ဆုံးတော့ အသားစားနိုင်ပြီ!”

အနက်ရောင် ယက္ခဘီလူးသည် ရက်စက်သော အပြုံးဖြင့် ပြုံးလိုက်ပြီး ၊ သူ့လက်ထဲက ခက်ရင်းခွကို လေထဲသို့ ပစ်လွှတ်လိုက်သည်။

ဘုန်း!!

ရုတ်တရက် ၊ ပင်လယ်ရေသည် ကြီးမားသောလှိုင်းလုံးကြီးများအဖြစ်သို့ ခက်ထန်စွာ တိုက်ခတ်လာခဲ့ပြီး အဆုံးတွင် ရေဆင်နှာမောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော စွမ်းအားများကို ဆောင်ကျဉ်းလျက် ထိုကျင့်ကြံသူ အုပ်စုကို ရက်စက်စွာ တိုက်ခိုက်လေတော့သည်။

သွေးအန်သံ! !

အသွေးအသားများ စုတ်ဖြဲခံရသော အသံများ ထွက်ပေါ်လို့လာချေပြီ။

သွေးများဖြင့် နီရဲတွတ်နေသော ရေဆင်နှာမောင်း၏ တဟုန်ထိုး တိုက်ခိုက်မှုအောက်တွင် မျောပါသွားသော ကျင့်ကြံသူတိုင်းသည် အသွေးအသားများ အစိတ်စိတ်အမြွှာမြွှာ လှီးဖြတ်ခြင်းခံခဲ့ရသည်။

မူလ ကြီးမားသော ရေလေဆင်နှာမောင်းသည် ယခုအခါတွင် သွေးများဖြင့် နီရဲတွတ်နေသည်မှာ အလွန်ကို ကြောက်စရာကောင်းနေသည်။

ထို့အပြင် ဤပင်လယ်သတ္တဝါ အုပ်စုတွင် ဧကရာဇ်တစ်ပိုင်းအဆင့်ရှိသော သားရဲကောင်များ ရှိပေရာ ၊ ထိုပါရမီရှင်အုပ်စုအနေဖြင့် ခုခံနိုင်စွမ်းမရှိသော‌ကြောင့် ချက်ချင်းဆိုသလို ရှုံးနိမ့်မှုများဖြင့် ကြုံတွေ့ခဲ့ရသည်။

“ မြန်မြန် ပြေးကြ!”

“ ငါ့ *! စောနလေးကမှ ဧကရာဇ်လျှောက်လှမ်းပေါ် ခြေချလာတာလေ ၊ အခု ငါးစာဖြစ်တော့မှာလား “

“ ဟင့်အင်း မကျေနပ်ဘူး ၊ ဒါကို ငါလက်မခံနိုင်ဘူး!”

“……”

စိတ်ပျက်အားငယ်စွာ ငိုကြွေးနေကြသော်လည်း သို့သော် အလကားသာပင်။ဤသည်မှာ ဧကရာဇ်လျှောက်လှမ်း ဖြစ်သည်။ မဟာဧကရာဇ်မင်း တစ်ပါးအဖြစ် အောင်မြင်လိုပါက ၊ သင်သည် သွေးထွက်သံယို စိတ်ပျက်အားငယ်မှုများကို သေချာပေါက် ကြုံတွေ့ရမည် ဖြစ်သည် ။

မိုးကောင်းကင်အထက်တွင် ၊

စူးချန်ကဲသည် အောက်ဘက်ရှိ မြင်ကွင်းကို မသိမသာ ကြည့်လိုက်သည်။

သူသည် ပါဝင်စွက်ဖက်ခြင်းမရှိဘဲ ၊ ယင်းအစား ထောက်လှမ်းဖို့ကိုသာ ရွေးချယ်ခဲ့သည်။

ဤရှေးဟောင်း ပင်လယ်မျိုးနွယ်စု၏ အရေအတွက်သည် အလွန့်အလွန် များပြားသည် ဟု ဆိုနိုင်သည်။

သူ ပါဝင်စွက်ဖက်ခဲ့မည်ဆိုပါက ၊ သူ့အတွက် အကျိုးမရှိသည့်အပြင် ပိုပြီးအန္တရာယ်များပေလိမ့်မည်။

၎င်းတို့သည် ရှေးယခင်ကတည်းက တည်ရှိခဲ့သူများ ဖြစ်ပေရာ ၊ ၎င်းတို့၏ ကျင့်ကြံမှုမှာ အတော်လေး အစွမ်းထက်သည်ဟု ဆိုရမည်။ ကျင့်ကြံသူများ၏ လက်ထဲတွင် မည်မျှပင် ဝှက်ဖဲရှိနေပါစေ သေဆုံးရမည်မှာ အနှေးနဲ့အမြန်ပင်။

“ဒီ ရှေးဟောင်း ပင်လယ်မျိုးနွယ်စုတွေ ဘာလုပ်ဖို့ကြံစည်နေပါလိမ့်?”

စူးချန်ကဲ၏မျက်လုံးများသည် ထိုမြင်ကွင်းကို လျစ်လျူရှုထားသည်။ အောက်ဘက်တွင်မူ ၊ တလိပ်လိပ် ထနေသော အဖြူရောင် မြူခိုးများက ပင်လယ်ရေမျက်နှာပြင် တစ်ခုလုံးကို လွှမ်းခြုံထားလျက်ရှိသည်။

တချက်တချက် နတ်အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာတတ်ပြီး ၊ ပေါက်ကွဲသံများကို အဆက်မပြတ် ကြားနေရသည်။

‌ မရေမတွက်နိုင်သော လူများ တိုက်ပွဲဝင်နေပုံရသည်။

ဘုန်း ! !

ပင်လယ်သတ္တဝါများ ပို၍များလာသည်နှင့်အပြင် တောင်ကုန်းများကဲ့သို့ ကြီးမားသော သတ္တဝါများစွာလည်း ပေါ်ထွက်လာသည်။ ၎င်းတို့၏ ခန္ဓာကိုယ်သည် အလွန်တရာမျှ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများသည် လူကို အသက်ရှုကြပ်စေသည်။

မရေမတွက်နိုင်သော ရှည်လျားသော လက်တံများ ရှိပြီး ၊ ကြယ်စုကြီး တစ်ခုသဖွယ် ကြီးမားသော မျက်လုံးကြီးများရှိသည့် အနက်ရောင် ရေဘဝဲကြီး တစ်ကောင်သည် ကောင်းကင်ပမာ မြင့်မားသော လှိုင်းတံပိုးများကို နှိုးဆော်လျက်ရှိသည်။

မိုင်ထောင်ပေါင်းများစွာ ရှည်လျားသော နဂါးများလည်း ရှိပြီး ၊ ၎င်း၏ အကြေးခွံများက မှိတ်တုတ် မှိတ်တုတ် တောက်ပနေသည်။ ၎င်းသည် ပင်လယ်ကြမ်းပြင်တစ်လျှောက် လင်းလက်နေသော ခရမ်းရောင်လျှပ်စီးကြောင်းများကို လှုံ့ဆော်လို့နေသည်။

ယခင်က တိတ်ဆိတ်နေသော ပင်လယ်ရေ မျက်နှာပြင်သည် ချက်ချင်းဆိုသလို ကမ္ဘာပျက်နေသည့် မြင်ကွင်းတစ်ခုသဖွယ် ပြောင်းလဲသွားသည်။

မရေမတွက်နိုင်သော လူသားကျင့်ကြံသူများ၏ ငိုကြွေးမြည်တမ်းသံများကို နေရာတိုင်းတွင် ကြားနေရပြီး ၊ သူတို့စီးလာသော နတ်သင်္ဘောသည် အပိုင်းပိုင်းကွဲသွားကာ တောက်လောင်နေသော မီးတောက်များနှင့်အတူ အပျက်အစီး အပိုင်းအစများသည် ပင်လယ်ပြင်ထဲသို့ ကျရောက်သွားသည်။

သွေးများသည် ပင်လယ်ပြင်ကြီးတစ်ခုလုံးကို နီရဲသွားစေပြီး ၊ ကျိုးနေသော ခြေလက် စသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများသည် ပင်လယ်ပြင်ပေါ်တွင် မျောပါနေသည်မှာ ပို၍ပင် တုန်လှုပ်စရာ ကောင်းနေတော့သည်။

သို့သော် ဤသွေးထွက်သံယို မြင်ကွင်းသည် ဧကရာဇ်လျှောက်လှမ်း၏ နေရာတိုင်းတွင် ဖြစ်ပျက်လျက်ရှိသည်။

ဧကရာဇ်လျှောက်လှမ်းဟူသည်

သွေးချောင်းစီးဆင်း‌ရာနေရာ ။

လောကတစ်ခွင်ရှိ ဘုရင်များ ကျဆုံးရမည့် နေရာတစ်ခုသာ ဖြစ်ပေသည်။

အပိုင်း(၃၇၉): မင်းကို ဒီတိုင်းနေဖို့ ငါ အကြံပေးလိုက်မယ် ၊ မဟုတ်ရင် မင်း သေမယ်

တောက်ပသော ရွှေရောင်အလင်းတန်းများဖြင့် ဝန်းရံထားသော နတ်ဖီးနစ်သည် ၎င်း၏တောင်ပံများကို ဖြန့်ကြက်ကာ လေထဲတွင် ပျံသန်းနေသည်။

ဤမျှ များစွာသော မိုင်အက်စ်မာရှိနေသည့် နေရာသည် မပျံသန်းရဇုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ၊ သို့သော် နတ်ဖီးနစ်သာလျှင် ထိုအဆိပ်ငွေ့ကို လျစ်လျူရှုနိုင်သည့် စွမ်းအားမျိုးရှိသည်။

အကယ်၍ တခြားသော ကျင့်ကြံသူများသည် ဤနေရာသို့ ဝင်ရောက်ဝံ့ပါက ၊ ၎င်းတို့၏ ခန္ဓာကိုယ်များသည် မိုင်အက်စ်မာ(အဆိပ်ငွေ့)များကြောင့် လုံးလုံးလျားလျား ကြေမွပျက်စီးသွားနိုင်သည်။

မိုင်အက်စ်မာထဲမှ ပြေးထွက်လာသော ထူးဆန်းသော သတ္တဝါများကို အေးအေးလူလူ သတ်ပြီးနောက်၊

စူးချန်ကဲသည် ဘာမှမထူးခြားသော အမူအယာဖြင့် ဆိုလိုက်သည်။

“ဒီကောင်တွေ ယဇ်ပူဇော်တဲ့ အခမ်းအနား လုပ်နေကြသလိုပဲ....”

“ဒီဧရိယာတစ်ခုလုံးကို ဟင်းလင်ပြင် မှော်အစီအရင်တစ်ခုနဲ့ ဖုံးလွှမ်းထားတာမို့လို့ သွေးချီစွမ်းအင်တွေက တော်တော်နဲ့ မပျောက်ကွယ်သွားဘူး ၊ ဒီရှေးဟောင်း ပင်လယ်မျိုးနွယ်စုကလည်း ဒီသွေးချီစွမ်းအင်‌တွေကို စုဆောင်းချင်ပုံရတယ်...”

စူးချန်ကဲ၏ မျက်ဝန်းထဲတွင် မှော်သင်္ကေတများ ဖျက်ခနဲ့ စီးဆင်းသွားပြီး ၊ သူသည် သူ့ရှေ့က ကွက်လပ်တွင် ခပ်ဝါးဝါး မှော်ဖွဲ့စည်းပုံ အစီအရင်တစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။

မှော်သင်္ကေတများသည် မမြင်နိုင်သော ဟင်းလင်းပြင် အတားအစီးတစ်ခုအဖြစ် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ တည်ဆောက်ထားသည်။

တစ်ချိန်တည်းမှာပင်။

ပင်လယ်ပြင်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ငါး၏ဝမ်းဗိုက်အတွင်း၌ ဝါးမျိုခံထားရသော်လည်း ၎င်းတို့၏ သွေးအနှစ်သာရကိုတော့ ဝါးမျိုထားခြင်းမရှိပေ။

ယင်းအစား၊ ထိုသွေးအနှစ်သာရများကို အထူးအသုံးအဆောင် လက်နက်ဖြင့် ယက္ခဘီလူးက စုဆောင်းထားသည်။

ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် စိမ့်ဝင်နေသော သွေးမှုန်များသည် ကျောက်စိမ်းဖြူ ရတနာပုလင်းထဲသို့ စီးဝင်သွားပြီး တစ်စုံတစ်ခုကို အနည်ကျအောင် ပြုလုပ်နေပုံရသည်။

“ညီလေး... အစ်ကိုကြီး ပြီးတော့မယ် ၊ မင်း မကြာခင် အသက်ပြန်ရှင်နိုင်တော့မယ်...”

ယက္ခဘီလူးသည် သူတစ်ကိုယ်တည်း ရေရွတ်ရင်း ၊ သူ့လက်ထဲက ကျောက်စိမ်းဖြူပုလင်းအား မျှော်လင့်တကြီး ကြည့်နေသည်။

သူသည် ဤကမ္ဘာရှိ ရှေးဟောင်း ပင်လယ်မျိုးနွယ်စု၏ အကြီးအကဲဖြစ်သူ ဇီးကွက် ဖြစ်သည်။

တချိန်က ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီး ရောက်ရှိလာချိန်တွင် သူ၏မျိုးနွယ်စုသည် ကြီးမားသောဆုံးရှုံးမှုကို ခံစားခဲ့ရပြီး ၊ လူနည်းစုမျှသာ ကျန်ရှိခဲ့သည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ပြန်လည်ထူထောင်လာနိုင်ခဲ့ပြီးနောက်တွင် သူတို့၏ မျိုးနွယ်စုသည် တစ်ဖန် ပြန်လည်၍ ဦးမော့လာချိန်တွင် လူသားမျိုးနွယ်စု၏ ထပ်မံ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

အကြောင်းရင်းမှာ ရှေးဟောင်း ပင်လယ်မျိုးနွယ်စုတွင် ရှိသော အထူး ပင်လယ်ရင်းမြစ်သည် လူသားမျိုးနွယ်ကျင့်ကြံသူများအတွက် ကျင့်ကြံဆင့်ကို ချိုးဖြတ်ရာတွင် ကူညီပေးနိုင်သောကြောင့် ဖြစ်သည်။

မရေမတွက်နိုင်သော ပဋိပက္ခများတွင် ၊ သူ၏ ညီလေးသည်လည်း လူသားမျိုးနွယ်ကျင့်ကြံသူများ၏ အမဲလိုက်ခြင်းကို ခံခဲ့ရပြီး ၎င်း၏ ပင်လယ်ရင်းမြစ်သည်လည်း ထုတ်ယူခံလိုက်ရသည်။

သူတို့၏ လျှို့ဝှက်နည်းလမ်းဖြင့် အသက်ကို ကယ်တင်နိုင်ခဲ့သော်လည်း သို့သော် သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး မနိုးထလာခဲ့ပေ။

“ဒီယုတ်ညံ့တဲ့ လူသားမျိုးနွယ်တွေရဲ့ သွေးအနှစ်သာရကို ငါ စုဆောင်းထားသရွေ့ ၊ ငါ့ ညီလေး အသက်ပြန်ရှင်လာနိုင်လိမ့်မယ် “

ဇီးကွက်၏မျက်လုံးများသည် အေးစက်မှုများနှင့်ပြည့်နှက်နေသည်။

“ အခု ငါ ဒီကမ္ဘာကြီးကို တံဆိပ်ခတ်လိုက်ပြီ၊ မင်းတို့ လူသားမျိုးနွယ်တွေအားလုံး သေကိုသေရမယ်!”

သူတို့သည် ဧကရာဇ်လျှောက်လှမ်း ပွင့်လာမည့် ဤအခိုက်အတန့်ကို မရေမတွက်နိုင်သော နှစ်ကာလပေါင်းများစွာ စောင့်မျှော်နေခဲ့သည်။

ဤသည်မှာ သူ့ညီလေးအတွက် ဖြစ်သလို၊

လူသားမျိုးနွယ်စုကို ကလဲ့စားချေရန်လည်းဖြစ်သည်။

ထိုအချိန် ၊ လေထဲတွင် ပျံသန်းနေဆဲဖြစ်သော စူးချန်ကဲသည် မှော်ဖွဲ့စည်းပုံ၏ ဗဟိုချက်ကို တွေ့ရှိခဲ့သည်။

စူးချန်ကဲသည် တုံ့ဆိုင်းခြင်းမရှိ ၊ သူ့လက်ကို မြှောက်တင်လိုက်ရာ တောက်ပသော နတ်အလင်းတန်းများသည် သူ၏ လက်ငါးချောင်းလုံးကို ဖုံးလွှမ်းသွားသည်။

ထို့နောက် သူ့လက်ကို တင်းတင်းဆုပ်လိုက်ပြီး မှော်ဖွဲ့စည်းပုံ၏ ဗဟိုချက်ကို ထိုးနှက်ပစ်လိုက်သည်။

ဘုန်း! !

ကြောက်မက်ဖွယ်ရာ ကောင်းသော နိယာမစွမ်းအားများသည် ရေလျှံသလိုမျိုး ထွက်ချလာပြီး ၊ ဖွဲ့စည်းပုံ၏ မှော်သင်္ကေတများကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။

ကွဲအက်သံ!!

သာမန်မျက်စိဖြင့် မမြင်နိုင်သော မှော်ဖွဲ့စည်းပုံသည် အလွန်တရာမျှ အားကောင်းသော လက်သီးစွမ်းအား၏ သက်ရောက်မှုအောက်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်စေခဲ့ပြီး ၊ အဆုံးတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြီးမားသော အက်ကြောင်းတစ်ခု ထွက်ပေါ်လာသည်။

မှော်ဖွဲ့စည်းပုံသည် ကြီးမားလွန်းသောကြောင့်၊ ၎င်းသည် အလိုအလျောက် ပြုပြင်မှုများကို ပြုလုပ်နိုင်သည်။

“ဒီကောင်ကို လုံးလုံးဖွင့်ဖို့ဆိုရင် မင်းရဲ့မီးတောက်ကို သုံးရမယ် “

“ဟုတ်ကဲ့ သခင်”

နတ်ဖီးနစ်သည် ချက်ချင်း တုံ့ပြန်ခဲ့သည် ။ သူ၏ ပါးစပ်ထဲတွင် တောက်ပသော မီးတောက်များကို စုဝေးလိုက်ပြီး ထွေးထုတ်လိုက်ရာ မီးလှိုင်းလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

တခဏချင်းမှာပင်၊ ထောင်ပေါင်းများစွာသော မီးပွားများ ပွင့်လန်းလာပြီး ၊ အဆုံးတွင် ယင်းမီးပွားများသည် ကောင်းကင်ယံမှ တဖြည်းဖြည်း ကြွေကျသွားသည်။

တစ်ချိန်တည်းမှာပင်၊ ဤရုတ်ချည်း ပြောင်းလဲမှုကြီးကို ဇီးကွက်သည်လည်း သတိပြုမိခဲ့သည်။

“ တစ်စုံတစ်ယောက်က ငါ့ရဲ့ မှော်ဖွဲ့စည်းပုံကို ဖျက်စီးနေတယ်!”

သူသည် သူ၏ရင်ဘက်ထဲက ရှေးဟောင်းအိမ်မြှောင် တစ်ခုကို အလျင်စလို ထုတ်ယူလိုက်သည်။ ၎င်းသည် မရေမတွက်နိုင်သော မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားသော ပုံစံတစ်ခု ဖြစ်သည်။

သို့သော် ဖန်ပန်းကန်လုံးကဲ့သို့ ကြီးမားသော အဝိုင်းပုံသဏ္ဍာန်ရှိသည့် အိမ်မြှောင်တွင် ကြီးမားသော အက်ကြောင်းတစ်ခု ရှိနေခဲ့သည်။

ဤသည်မှာ သူတို့ ရှေးဟောင်းပင်လယ်မျိုးနွယ်စုမှ ကောင်းကင်နှင့်မြေကြီး၏ အခြေခံမူများဖြင့် ဖန်တီးထားသော ကြီးမားသောဖွဲ့စည်းမှုပုံစံဖြစ်သည်။ ဤမှော်ဖွဲ့စည်းပုံသည် သူ့အလိုလို ပြုပြင်နိုင်သော်လည်း သို့သော် တဖက်လူသည် နောက်ထပ် တိုက်ခိုက်လာဦးမည်ဆိုပါက ၊ ၎င်းသည် လုံးလုံးလျားလျား ကွဲသွားပေလိမ့်မည်။

သူ့မျက်နှာသည် ချက်ချင်းလက်ငင်း ‌မဲမှောင်ကျသွားသည်။

“ဟင့်အင်း မဖြစ်ဘူး ၊ မှော်ဖွဲ့စည်းပုံသာ ပျက်သွားရင် ငါ့ကြိုးစားမှုတွေ အကုန်လုံး အချည်းနှီး ဖြစ်သွားလိမ့်မယ်!”

“ကျန်နေသေးတဲ့ လူသားမျိုးနွယ်တွေကို သုတ်သင်ထားကြ ၊ ကျန့်ဟိုင် ရွှမ်ဝမ် မင်းတို့ ငါ့နောက်လိုက်ခဲ့!”

ဝေါင်း!!

ဇီးကွက်၏ အမိန့်သံနှင့်အတူ ၊

ရေဘဝဲကြီးနှင့် ဧရာမပင်လယ်နဂါးကြီးသည် ဇီးကွက်၏ခြေရာအတိုင်းလိုက်ကာ စူးချန်ကဲဆီသို့ ပြေးသွားခဲ့သည်။

ဇီးကွက်နှင့် ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်း ပင်လယ်သားရဲနှစ်ကောင် အလျင်အမြန် ထွက်ခွာသွားသည်ကို မြင်လိုက်ရသော လူသားကျင့်ကြံသူများသည် ရုတ်တရက် မျှော်လင့်ချက်များ ပြန်လည်ရရှိလာခဲ့ပုံရသည်။

“ ဟုတ်သားပဲ ၊ ချန်ကဲ ဆက်ခံသူလည်း ဒီကမ္ဘာကြီးမှာ ရှိနေတာပဲ!”

“ သိပ်ကောင်းတာပဲ ၊ ငါတို့မှာ အသက်ရှင်ဖို့ လမ်းရှိပြီ!”

တချို့လူများသည် စိတ်လှုပ်ရှားနေကြသည်။ စောနက အသွင်ပုံရိပ်သည် စူးချန်ကဲဖြစ်ကြောင်းကို သူတို့ အတည်ပြုပြီးပြီ ဖြစ်သည်။

ဧကရာဇ်လျှောက်လှမ်း၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံထားရသော စူးချန်ကဲသည် သူတို့အတွက်တော့ မြင်းနက်တစ်ကောင်ပင်။

T /N - မြင်းနက် : မျှော်လင့်မထားသော အောင်မြင်မှုကြီး

အရေအတွက်များပြားသော ပင်လယ်မျိုးနွယ်စုဆိုတောင် သူ့အတွက် ပြိုင်ဘက်မဟုတ်သည်မှာ သေချာသည်။

ဝုန်း ဝုန်း !

ဇီးကွက်နှင့် ပင်လယ်သားရဲကြီးနှစ်ကောင်တို့သည် အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် စူးချန်ကဲဆီသို့ ပြေးသွားကြပြီး ၊ မရေမတွက်နိုင်သော ပင်လယ်မျိုးနွယ်စုများသည်လည်း တပ်ဖွဲ့ကြီးကဲ့သို့ နောက်ကနေ လိုက်လာကြသည်။

ဘုန်း! !

ရုတ်တရက်၊ ဝေဟင်အထက်တွင် တောက်လောင်နေသော နေရောင်ခြည်သည် လေထုကို ခွင်းလျက် အောက်သို့ ထိုးဆင်းသွားသည်။

တလိပ်လိပ် ရိုက်ခတ်နေသော အဖြူရောင် မြူခိုးများသည် တိုက်ရိုက် အငွေ့ပျံသွားကာ ပင်လယ်ရေမျက်နှာပြင်သည် လမ်းကြောင်းတစ်ခုအဖြစ် တိုက်ရိုက်ကွဲထွက်သွားသည်။

ကျဆင်းလာသော ရွှေဝါရောင် မီးတောက်များ၏ ပူပြင်းမှုသည် ပင်လယ်ရေများကို ရေငွေ့ပျံရလောက်စေသည့် အထိပင်။

ပင်လယ်သတ္တဝါအချို့သည်ပင် အချိန်မီ မတုံ့ပြန်နိုင်တော့ဘဲ ၊ ၎င်းနှင့် ထိတွေ့မိသည့်အခိုက်တွင် ချက်ချင်းလက်ငင်း ဖုန်မှုန့်များ အဖြစ်သို့ လွင့်စင်သွားကြသည်။

ဤရုတ်တရက် အပြောင်းအလဲကြောင့် ကျန်ပင်လယ်သတ္တဝါများသည် ကောင်းကင်ကိုမော့ကြည့်လိုက်သည်။

ဝေဟင်ထက်တွင်၊ ကောင်းကင်တခွင်လုံးကို ထိန်းလင်းတောက်ပစေသော နေတစ်စင်း ရှိနေပုံရသည်။

ရောင်ခြည်များသည် အရပ်ရပ်သို့ ပျံ့လွင့်နေပြီး ၊ တဟုန်ထိုး တောက်လောင်နေသော နတ်မီးတောက်များကြောင့် အနီးနားရှိ မှော်သင်္ကေတများသည်ပင် အငွေ့ပျံသွားပုံရသည်။

အသက်ရှင် ကျန်ရစ်နေဆဲဖြစ်သော လူသားကျင့်ကြံသူအချို့သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ပို၍ပင် စိတ်လှုပ်ရှားသွားသည်။

“ ဒါဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ရောင်ဝါလဲ ၊ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ မကောင်းဆိုးဝါးရောင်ဝါ ၊ မဟုတ်မှလွဲရော မကောင်းဆိုးဝါး မျိုးနွယ်စုက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးများ ဖြစ်နေမလား!”

“အရမ်းကို အားကောင်းလွန်းတယ် ၊ မကောင်းဆိုးဝါးမျိုးနွယ်စုမှာ ဘယ်တုန်းကများ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုး ရှိသွားတာလဲ?”

“ မဟုတ်သေးဘူး..မဟုတ်မှလွဲရော ဒါက ချန်ကဲ ဆက်ခံသူရဲ့ စီးတဲ့ သားရဲကောင်များလား?”

“…. …”

မည်သို့ပင်ဆိုစေကာမူ ၊ သူတို့အတွက် အသက်ရှင်သန်နိုင်မည့် မျှော်လင့်ချက်ကို မြင်ယောင်နိုင်ခဲ့ပြီ ဖြစ်သည်။

သို့သော် သူတို့ သတိမထားမိခဲ့သည့်အရာမှာ ပင်လယ်ရေပြင်အထက်ရှိ လှိုင်းလုံးကြီးများပေါ်တွင် လူတစ်ယောက်သည် အသာအယာ လျှောက်လှမ်းလာသည်။

လက်ကိုနောက်ပစ်လျက် ၊ တစ်လှမ်းပြီးတစ်လမ်း လျှောက်လှမ်းလာသည် ။သူခြေချလိုက်သည့်နေရာတိုင်း လှိုင်းလုံးကြီးများသည် ချက်ချင်းဆိုသလို ငြိမ်ကျသွားသည်။

စောနကတည်းကပင် ၊ နတ်ဖီးနစ်၏ တိုက်ခိုက်မှုသည် မှော်ဖွဲ့စည်းပုံကိုဖြိုခွင်းနိုင်ခဲ့ပြီး စူးချန်ကဲအတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးထားပြီးပြီ ဖြစ်သည် ။

“သခင်! မိုးပေါ်က အကောင်တသိုက်ကို ကျွန်တော်ကို ဖြေရှင်းခိုင်းလိုက်ပါလား “

ထိုအချိန်တွင်၊ ပင်လယ်နဂါးကြီးသည် ပင်လယ်အောက်ခြေမှ ရုတ်တရက် ပြေးထွက်လာခဲ့သည်။ အဆုံးမရှိသော မိုးကြိုးသွားများသည် သူ၏ ဘေးပတ်ပတ်လည်တွင် တဖျပ်ဖျပ် ခတ်လျက် ပင်လယ်ရေ မျက်နှာပြင်တစ်ခုလုံး ပွက်ပွက်ဆူလာသည်။

နဂါးသည် ၎င်း၏ပါးစပ်ကို ကျယ်ကျယ် ဟ လိုက်ပြီး နတ်မိုးကြိုးသွားများကို ချက်ချင်း ပစ်လွှတ်လိုက်သည်။

၎င်း၏ခွန်အားများကို အစွမ်းကုန် ပေါက်ကွဲထုတ်လိုက်သည်နှင့် တပြိုင်နက် ၊ ၎င်း၏ ကျင့်ကြံဆင့်မှာ ဧကရာဇ်တစ်ပိုင်း နယ်ပယ် ဒုတိယအဆင့်ရှိကြောင်းကို လူတိုင်း မြင်လိုက်ရပြီး ထိတ်လန့်တုန်လှုပ် သွားကြသည် ။

ဤရှေးဟောင်းပင်လယ်သားရဲသည် စောနကတည်းက သူတို့ကို အင်အားအပြည့်နှင့် တိုက်ခိုက်ခဲ့မည်ဆိုပါက ၊ သူတို့အနေဖြင့် အသက်ရှင်ဖို့ အခွင့်အလမ်း ရှိလိမ့်မည် မဟုတ်ချေ။

ဖီးနစ်‌အော်သံ !

ရုတ်တရက် ၊ ကောင်းကင်မှ ကျယ်လောင်သော ဖီးနစ်အော်ဟစ်သံကို ကြားလိုက်ရသည်။

ဝုန်း! !

ဟင်းလင်းပြင်သည် အလွှာလိုက် ပြိုကျလာကာ ၊ ကြောက်ခမန်းလိလိ စွမ်းအားများဖြင့် ပြည့်နှက်နေသော မီးတောက်များက တဟုန်ထိုး တောက်လောင်လာပြီး လေထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

တခဏချင်းမှာပင် ၊ ထောင်ပေါင်းများစွာသော မိုးကြိုးသွားများကို ဖြိုခွင်းပစ်ခဲ့ပြီး ပင်လယ်သားရဲကောင်အပေါ် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

တဟုန်းဟုန်း တတောက်လောက်နေသော မီးတောက်များသည် ပင်​လယ်​ရေကို ပွက်ပွက်ဆူသွားစေသည်။

တောင်ထွပ်ကြီးသဖွယ် ကြီးမားသော ရှေးဟောင်း ပင်လယ်သားရဲကြီး၏ ခန္ဓာကိုယ်သည်ပင် တုန်လှုပ်သွားပြီး ရေထဲသို့ ပြင်းထန်စွာ ထိုးကျသွားသည်။

“ သေချင်နေတာပဲ !”

ဇီးကွက်သည် အေးစက်စက် ဆိုလိုက်ရင်း ၊ သူ၏ ကျင့်ကြံစွမ်းအားများကို အသက်သွင်းလိုက်ရာ သူ့လက်ထဲက ခက်ရင်းခွသည် တသိမ့်သိမ့် တုန်ခါလာသည်။

သို့သော် သူ ဘာမှမလုပ်ရသေးခင် ၊

လူတစ်ယောက်၏အသံသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။

“မင်းကို ဒီတိုင်းနေဖို့ ငါ အကြံပေးလိုက်မယ် “

“မဟုတ်ရင် “

“ မင်း သေမယ်!”

အပိုင်း(၃၈၀): ပင်လယ်မျိုးနွယ်စုကို ဓားတစ်ချောင်းတည်းဖြင့် ဖျက်စီးခြင်း

ထိုစကားသံကိုကြားလိုက်ရသည်နှင့် ။

အားလုံး၏ မျက်လုံးများသည် အသံလားရာကို လှည့်ကြည့်လိုက်ကြသည် ။

ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ဘယ်ချိန်ကမှန်းမသိ ရောက်ရှိနေခဲ့သော ဝတ်ရုံဖြူ လူငယ်တစ်ဦး ရှိနေခဲ့သည်။

သူ၏လက်များကို ကျောနောက်သို့ပစ်ထားပြီး၊ လှိုင်းများပေါ်တွင် အသာယာ လျှောက်လှမ်းနေသည်။

သူ၏ နတ်မောင်သော ဆံနွယ်များသည် ပင်လယ်လေညင်း၏ တိုက်ခတ်မှုအောက်တွင် မျောလွင့်နေပြီး ၊ သူ၏မျက်ဝန်းတစ်စုံသည် ရေပြင်ညီအလား ခံစားချက်ကင်းမဲ့စွာ ငြိမ်သက်နေသည်။

“ တကယ်ကို ချန်ကဲ ဆက်ခံသူပဲ!”

ကျင့်ကြံသူတစ်ဦးသည် သူ၏စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ ရုတ်တရက် ထအော်လိုက်သည်။

မူလက သူတို့သည် ဧကရာဇ်လျှောက်လှမ်းပေါ်တွင် စူးချန်ကဲနှင့် ကြုံတွေ့ရခြင်းသည် မကောင်းသောအရာဟု မှတ်ယူခဲ့သည် ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် အခွင့်အရေးများကို အကုန် သိမ်းယူသွားနိုင်သောကြောင့်ဖြစ်သည်။

ယခု စူးချန်ကဲ၏ ပေါ်ထွက်လာမှုသည် သူတို့အဖို့ အတိုင်းမသိ ပျော်ရွှင်မှုကြီးပင် ဖြစ်သည်။

စူးချန်ကဲသည် ဖခင်တစ်ယောက်ကဲ့သို့ပင် သူတို့အားလုံးကို လုံးဝလုံခြုံစေသော ခံစားချက်မျိုးကို ရရှိ‌စေသည်။

ဒါ ဘယ်ကလာ သူတို့ရဲ့အခွင့်အရေး‌တွေကို လုယူမယ့် ဆက်ခံသူဖြစ်ရမှာတုန်း?

ဒါက သူတို့ကို လုံခြုံမှုအပြည့်အ၀ပေးမယ့် “ဖခင်ကြီး”လေ !

“ အတင့်ရဲလိုက်တာ!”

“ မိုက်ရိုင်းတဲ့ လူသားမျိုးနွယ်ကများ ၊ ငါတို့ရဲ့ မျိုးနွယ်စုခေါင်းဆောင်ကို ဒီလိုပြောရဲတယ်! မင်း သေချင်နေတာပဲ!”

ပင်လယ်မျိုးနွယ်စုအချို့သည် ၎င်းတို့၏ ဒေါသကို မထိန်းနိုင်တော့ဘဲ စူးချန်ကဲအား တိုက်ခိုက်ရန် ၎င်းတို့၏ လက်နက်များကို အသင့်ပြင်ထားသည်။

“ ငါပြောပြီးပြီ “

“ မင်းတို့ကို ငြိမ်ငြိမ်နေလိုက်လို့!”

စူးချန်ကဲသည် ပင်လယ်မျိုးနွယ်စုများကို တချက် ကြည့်လိုက်သည်။ မူလက သူသည် ဤနေရာမှ တိုက်ရိုက်ထွက်ခွာပြီး ရှေးအမွေအနှစ်များကို ရှာဖွေချင်ခဲ့သည်။

သို့သော် တဖက်လူသည် သူ့ကို သေအောင်လုပ်ဖို့ ဆုံးဖြတ်ထားသည် ဖြစ်ရာ ၊ ဒါဆို သူ့ဘက်ကလည်း ၎င်းတို့၏ ဆန္ဒကို ကျေကျေနပ်နပ်ကြီး ဖြည့်ဆည်းရပေတော့မည်။

ထိုအချိန်တွင်၊ စူးချန်ကဲသည် သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်တင်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒတို့သည် သူ့ ခန္ဓာကိုယ်ထဲမှ တဟုန်ထိုး တတ်လာခဲ့သည်။

ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ဖြတ်ကျော်ခဲ့ပြီးနောက်တွင်၊ သူ၏ ဓားစွမ်းအင်သည် အမြင့်ဆုံး အဆင့်ထိ တိုးတတ်လာရုံသာမက သူ၏ စိတ်ဆန္ဒအတိုင်း လိုသလို အသုံးချနိုင်ခဲ့သည်။

သူ၏ ဘေးပတ်ပတ်လည်တွင် စူးရှသောဓားအလင်းတန်းများ စဉ်ဆက်မပြတ် ဖြစ်ပေါ်လာပြီး ၊ စူးချန်ကဲ၏ ဘေးနားတဝိုက်တွင် ဖြည်းညှင်းစွာ လွင့်မျောနေသည်။

လေထဲတွင် လွင့်မျောနေရုံမျှ ဖြစ်သော်လည်း သို့သော် ဓားစွမ်းအင်ကမ္ဘာကြီးသည် ကောင်းကင်နှင့် မြေကြီးကို နှိပ်ကွပ်ထားသလိုပင်။

“ ဖြတ် ”

ရွှမ်း ရွှမ်း !!

ဝှစ် ဝှစ် ဝှစ် ! !

တခဏချင်းမှာပင် ၊ အဆုံးမရှိသော ဓားအလင်းများစွာ ပေါက်ကွဲလာခဲ့ပြီး၊ ကြီးမားတဲ့ ဓားလှိုင်းတံပိုးများသည် ဤနေရာတစ်ခုလုံးကို တိုက်ရိုက် ဖုံးလွှမ်းပစ်ခဲ့သည်။

မူလက ရှိနေသော ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် တသိမ့်သိမ့် ရိုက်ခတ်လျက်ရှိသော ဓားလှိုင်းတံပိုးများက အစားထိုး ဝင်ရောက်လာခဲ့ပြီး နေရာအနှံ့ လှုံ့ဆော်လျက်ရှိသည်။

သွေးအန်သံ!!

ဓားစွမ်းအင်သည် တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်နေကြပြီး ၊ မရေမတွက်နိုင်သော ပင်လယ်မျိုးနွယ်စုများသည် ဓားအလင်းများ၏ ထုတ်ချင်းထိုးဖောက်ခြင်းကို ခံခဲ့ရသည်။

မရေမတွက်နိုင်သော ဓားစွမ်းအင်များသည် ထောင့်ပေါင်းစုံမှ ထိုးဖောက်ဝင်ရောက်လာသောကြောင့် ပင်လယ်မျိုးနွယ်စုများ၏ ခန္ဓာကိုယ်များသည် အစိတ်စိတ်အမြွှာမြွှာ လှီးဖြတ်ခံခဲ့ရသည်။

“ ကျ”

ဒါနဲ့တင် မပြီးသေးချေ။ စူးချန်ကဲ၏ လက်ချောင်းများသည် အောက်သို့ တစ်ဖန် နိမ့်ချလိုက်သည်နှင့် ။

အဆုံးမရှိသော ဓားစွမ်းအင်များသည် မိုင်ပေါင်းများစွာ မြင့်မားသော ဓားတောင်ထွပ်ကြီးသဖွယ် စုဝေးသွားသည်။

ယင်းဓားစွမ်းအင်များသည် ပေါက်ကွဲထွက်လာသည်နှင့် တပြိုက်နက် ၊ အောက်သို့ တဟုန်ထိုး ကျ‌ဆင်းလာသည်။

ဝုန်း ဝုန်း!

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်သည် ပျက်စီးခြင်းကို ဆောင်ကျဉ်းလာသကဲ့သို့ ဆူနာမီသဖွယ် အရပ်ရှစ်မျက်နှာတစ်ခုလုံးကို မွှေနှောက်နေခဲ့သည်။

ပင်လယ်မျိုးနွယ်စု၏ အော်သံပင် မကြားရပေ။

ဤမျှ ကြီးမားလှသော ဆူနာမီဓားစွမ်းအင်၏ တိုက်ခိုက်မှုအောက်တွင် ၎င်းတို့၏ အသက်ဝိညာဉ်ပင် ပျက်သုန်းခဲ့ရသည် ။

ဟွာ လာ လာ!!

သွေးများဖြင့် ရောနေသော ပင်လယ်ရေတို့သည် မိုးကောင်းကင်မှ အောက်သို့ တစ်ဖန် ပြန်ကျလာခဲ့ပြီး ၊ ပင်လယ်ပြင်တွင် နေရာယူထားခဲ့ကြသော ပင်လယ်မျိုးနွယ်စုများသည်လည်း ယခုတွင် လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“ ဒါ ဘာဖြစ်သွားတာလဲ!?”

ဇီးကွက် နှင့် ရှေးဟောင်း ပင်လယ်သားရဲကြီး နှစ်ကောင်သည် သူတို့မျက်စိရှေ့က မြင်ကွင်းကို ပြောင်ပြောင်တင်းတင်း ကြည့်ရှုနေရင်း ၊ ဤအရာများသည် အိမ်မက်တစ်ခုကဲ့သို့ လက်တွေ့မဖြစ်နိုင်ကြောင်း ကိုယ့်ကိုယ့်ကို ရေရွတ်နေမိသည်။

ထိုအနှီလူ၏ အလိုဆန္ဒရှေ့တွင် အရာအားလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားရချေပြီ။

သို့သော် သူ နားမလည်သည်မှာ ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ဖြင့် ဤမျှ ကြောက်စရာကောင်းသော တည်ရှိမှုမျိုး အဘယ့်ကြောင့် ရှိနေရသနည်း ။

ရှေးယခင်ကတည်းကပင် ၊ ဤကဲ့သို့ ကြောက်စရာ ကောင်းသော ထူးခြားမှုမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ ။

“ချန်ကဲ ဆက်ခံသူက.... တကယ်ပဲ ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်လား?”

“ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ခွန်အား ၊ သူက မဟာဧကရာဇ်မင်းဆိုတောင် ငါယုံတယ်!”

သက်ပြင်းချသံများကြားတွင် ၊ လူတိုင်း မျက်လုံးများပြူးကျယ်လျက် ကြောင်အမ်းစွာဖြင့် ရပ်ကြည့်နေကြသည်။

အကယ်၍ စူးချန်ကဲသာ မဟာဧကရာဇ်မင်း တစ်ပါး ဖြစ်လာပါက ၊ သူသည် တိုက်မြေ သုံးထောင်၏ သမိုင်းတွင် အကြီးမြတ်ဆုံးသော မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာနိုင်သည်။

စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း သူ့ကိုယ်သူ ညည်းညူလိုက်သည်။

“ ဧကရာဇ်အလိုဆန္ဒတွေကို ဒီလောက်အများကြီး စုဝေးထားတာတောင် ၊ ဒီရဲ့အင်အားက မလုံလောက်သေးဘူးပဲ “

ဧကရာဇ်လျှောက်လှမ်း၏ အဆုံးသတ်တွင် သူသည် တိုက်မြေ သုံးထောင်ရှိ မရေမတွက်နိုင်သော ပါရမီရှင်များအားလုံးနှင့် ထိပ်တိုက်ဆုံတွေ့ရတော့မည် ဖြစ်သည်။

ထိုလူများအနက် ၊ အလွန်ကြောက်စရာကောင်းသော ခွန်အားများကို ပိုင်ဆိုင်ထားသော ပါရမီရှင်များအပြင် တားမြစ်ချက်ဆိုသူများလည်း ပါဝင်သည်။

သူ့ရှေ့တွင် ရှိနေသော ဤအပုပ်နံ့သတ္တဝါတွေထက်စာရင် အဆများစွာ သန်မာကြသည်။

ထို့ကြောင့် ဤမျှလောက်သော စွမ်းအားသည် စူးချန်ကဲအနေဖြင့် ကျေနပ်နိုင်စရာမရှိချေ။

“လူသား၊ မင်း ဘာလိုချင်တာလဲ!?”

ဇီးကွက် သည် သူ့စိတ်ထဲက ကြောက်စိတ်ကို ထိန်းချုပ်လျက် ၊ စူးချန်ကဲအား အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

သူသည် ‌နှစ်ကာလပေါင်းများစွာနေထိုင်ခဲ့သူ ဖြစ်သည်နှင့်အလျောက် ၊ သူတို့၏ ပင်လယ်မျိုးနွယ်စုသည်လည်း တချိန်က ဒေဝလောကရှိ မျိုးနွယ်စုများအားလုံးတွင် ကြီးမားသော မျိုးနွယ်စုကြီး တစ်ခု ဖြစ်ခဲ့ဖူးသည်။

ယခုမူ၊ သူသည် ပင်လယ်မျိုးနွယ်စု၏ အကြီးအကဲတစ်ဦး ဖြစ်ပါသော်လည်း ဤလူသားမျိုးနွယ်ကို အတော်လေး ကြောက်နေခဲ့ပြီ ဖြစ်သည်။

“ ကျုပ် ဘာလိုချင်လဲ ဟုတ်လား?”

“ခင်ဗျားကရော ကျုပ်ကို ဇွတ်အတင်းတားနေတာ ဘာလိုချင်လို့လဲ”

စူးချန်ကဲ၏ လေသံထဲတွင် လျစ်လျူရှုမှုများ ပါဝင်နေသည်။

သူ့အမြင်အရ ၊ ဤလူသည် မှော်အစီအရင်ကို ဖွဲ့စည်းခဲ့သောလူသာပင်။

သူသည် မည်သည့်အပိုစကားမှ မပြောဘဲ ၊ သူ၏လက်နှစ်ချောင်းကို မြှောက်ကာ ရန်သူကို ခုတ်ချရန် ဓားကို ညွန်ကြားလိုက်သည်။

ဘုန်း!!

ဓားစွမ်းအင်သည် အလွှာတစ်ခုပြီးတစ်ခု ဖြန့်ကျက်သွားပြီး ၊ ကောင်းကင်တစ်ခွင်လုံး ဓားစွမ်းအင်များဖြင့် ပြည့်နှက်သွားသည်။

တခဏအတွင်းမှာပင် ။

အဆုံးမရှိသော ဓားစွမ်းအင်များသည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ကြွေကျလာသော ကြယ်များကဲ့သို့ ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့ပြီး နေရာတစ်ခုလုံးကို ဖုံးလွှမ်းပစ်ခဲ့သည်။

“လူကို အနိုင်ကျင့်လွန်းတယ်!”

ဇီးကွက်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

ဤယုတ်မာသောလူသားမျိုးနွယ်သည် အရင်ကတည်းက သူ၏မျိုးနွယ်ကို သတ်ဖြတ်ခဲ့ပြီး သူ့ညီကိုလည်း အန္တရာယ်ပြုခဲ့သည်။

ယခုလည်း၊ သူ၏အကြံအစည်ကို နှောင့်ယှက်ကာ မိမိချစ်ရသော ညီဖြစ်သူကို အသက်ပြန်သွင်းမည့် အစီအစဉ်အား တားစီးနေပြန်သည် ။

“ဘာလို့လဲ!?”

“ ဒါတွေအားလုံးက မင်းတို့လူသားမျိုးနွယ်ရဲ့အမှားမှန်း သိသိရဲ့နဲ့ ၊ ဘာလို့ ငါတို့မျိုးနွယ်ပဲ ခုလိုအနိုင်ကျင့်ဆက်ဆံခံနေရတာလဲ “

ဇီးကွက်သည် ဒေါသတကြီးဖြင့် ဟောက်လိုက်သည်။

သူ့ခန္ဓာပေါ်တွင် နတ်ချပ်ဝတ်တန်ဆာကဲ့သို့ ဖုံးအုပ်ပေးထားသည့် အမျိုးမျိုးသော ရှေးဟောင်း အမှတ်အသားများ ထွက်ပေါ်လာသည်။

သူ့လက်ထဲက ငွေရောင်ခက်ရင်းခွသည်လည်း ဝင်းလက်တောက်ပလာပြီး ၊ ၎င်း၏ ကြောက်မက်ဖွယ်ရာ ကောင်းသော ရောင်ဝါတို့သည် ကောင်းကင်ယံသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ကောင်းကင်နှင့် ချိတ်ဆက်သွယ်တန်းထားသလိုပင်။

ဤအခိုက်အတန့်တွင် ၊ သူ၏ခွန်အားများကို အစွမ်းကုန် ထုတ်သုံးလာခဲ့ပြီး ၊ ကြီးမားသော လှိုင်းတံပိုးများကို နှိုးဆော်ခဲ့သညိ။

“မြန်မြန်၊ ဒီကနေ အရင်ထွက်သွားကြစို့!”

ဤမြင်ကွင်းကို ကြည့်ရှုနေကြသော လူသားကျင့်ကြံသူများနှင့် ပင်လယ်သတ္တဝါတို့သည် ကြောက်ရွံ့တုန်လှုပ်ကာ အရပ်ရပ်သို့ လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီး၏ နောက်ဆက်တွဲသည် သူတို့ကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။

ထိုအချိန် ၊ ဓားအလင်းတန်း တစ်ခုသည် နဂါးငွေ့တန်းကဲ့သို့ ဖြောင့်တန်းစွာ ကျရောက်လာခဲ့သည်။

ဝုန်း!

နှစ်ဖက်လုံး ပြင်းထန်စွာ ထပ်တိုက် ဆုံတွေ့ခဲ့လေရာ ၊ အဆုံးမရှိသော စွမ်းအင်များ ဖြစ်ပေါ်ခဲ့ပြီး ကြီးမားသော ရေလှိုင်းကြီးများကို ဖန်တီးခဲ့သည်။

၎င်းတို့အနက် ၊ မျက်လုံးများ ဖွင့်ကြည့်ရန်ပင် မဖြစ်နိုင်သော အလွန်တောက်ပသည့် အဖျက်သဘောဆောင်သော နတ်အလင်းတန်းတစ်ခုလည်း ရှိနေခဲ့သည်။

All Chapters