← Chapters

အခန်း (၃၈၆-၃၉၀)

Vol. 28 Ch. 386-390

အခန်း (၃၈၆-၃၉၀)

Vol. 28 Ch. 386-390

အပိုင်း(၃၈၆): သူရဲကောင်းများကြားက ပြင်းထန်သောတိုက်ပွဲ

ထိုစကားသံ၏ အဆုံးတွင်။

မကောင်းဆိုးဝါးဘုရင် မျိုးနွယ်စု၏ သားမြေးများစွာသည် မျက်မှောင်ကြုတ်သွားကြသည်။

သူတို့၏ ပင်ကိုပါရမီနှင့် ကျင့်ကြံမှုသည် တိုက်မြေ သုံးထောင် တစ်ခုလုံးတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်ခံထားရသည်။

ယခု စူးချန်ကဲ၏ စကားများသည် သူတို့ကို အလွန်အမင်း အရှက်ရစေသည်။

“ စူးချန်ကဲ!”

လေယွမ်ထျန်း နှင့် မကောင်းဆိုးဝါးဘုရင် မျိုးနွယ်စု၏ မျိုးဆက်များသည် အံကြိတ်လျက် သတ်ဖြတ်လိုသောဆန္ဒများ ပါဝင်နေသည့် စကားလုံးသုံးလုံးကို အေးစက်စွာ ဆိုလိုက်သည် ။

သူတို့တွင် ဧကရာဇ်တစ်ပိုင်းနယ်ပယ် ဒုတိယအဆင့်ရှိ စွမ်းအားရှင် ခုနစ်ဦးရှိထားသည်။

စူးချန်ကဲသည် သူတို့ထက် ကျင့်ကြံအဆင့် တစ်ဆင့် ပိုမြင့်တယ်ဆိုတောင် သူတို့ကို ဒီလိုမျိုး ပုတ်ခတ်စရာလား?

ဒေါသနှင့် အရှက်တရားတို့ပေါင်းစပ်ကာ ၊ လေယွမ်ထျန်းသည် ဦးဆောင်တိုက်ခိုက်လာခဲ့သည်။

ဂျိန်း!

တလိပ်လိပ် ရိုက်ခတ်ထကြွလာသော မိုးကြိုးပင်လယ်သည် ဒေါသတရားများနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ၊အဆုံးမရှိသော မိုးကြိုးသွားများသည် ကောင်းကင်ယံထက်မှ အောက်သို့ ကျ‌ဆင်းလာသည်။

လေယွမ်ထျန်းသည် သူလက်ကို မြောက်တင်လိုက်သည့် တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်ရန် လုံလောက်သော မိုးကြိုးစွမ်းအားများသည် သူ့လက်ထဲသို့ စုဝေးရောက်ရှိလာသည်။

“မိုးခြိမ်းသံသည် ကျယ်သော်လည်း ၊ မိုးဖွဲဖွဲသာ ရွာလေသည် “

စူးချန်ကဲသည် ဘာမှမထူးခြားသော အမူအရာဖြင့် ဆိုလိုက်သည်။

ကောင်းကင်တစ်ပြင်လုံးကို ဖုံးလွှမ်းနေခဲ့သော မိုးကြိုးလျှပ်စီးကြောင်းများ၏ အောက်တွင် သူသည် လှိုင်းလုံးကြီးထဲတွင် ရောက်ရှိနေသော လှေငယ်လေးတစ်စင်းကဲ့သို့ အချိန်မရွေး နစ်မြုပ်သွားနိုင်သည်။

“ ဖြတ် “

သို့သော် စူးချန်ကဲသည် သူ့လက်ချောင်းများဖြင့် ဓားကို ညွှန်ကြားလိုက်သည်နှင့် ၊ ဓားသည် တဂျိန်းဂျိန်း မြည်ဟိန်းနေသော မိုးကြိုးပင်လယ်ကို တိုက်ရိုက် ခုတ်ပိုင်းပစ်လေသည်။

ရွှမ်း!!

တခဏအတွင်းမှာပင် ။

နေ့အလင်းရောင်သည် ကောင်းကင်တွင် တစ်ဖန် လင်းလက်တောက်ပလာသည်။

အဆုံးမရှိသော မှော်သင်္ကေတများ စုဝေးပေါင်းစပ်ထားသော ဖြောင့်တန်းသော ဓားအလင်းတန်းတစ်ခု ထိုးဖောက်ဝင်ရောက်လာသည်။

တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲသည် သူ့လက်ချောင်းများဖြင့် တစ်ဖန် စေညွှန်လိုက်သည်။

နောက်ထပ် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကွက်လပ်ကို ခုတ်ပိုင်းလျက် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါသွားစေသည်။

ဝုန်း ——!!

ဓားသည် မိုးကြိုးပင်လယ်ကို လုံးလုံးလျားလျား ဖြတ်ခုတ်မပြီးသေးခင် ၊ ယင်းဓားစွမ်းအင်ကြောင့် ဟင်းလင်းပြင် အလွှာများ တစ်စတစ်စ ပြိုကျလာခဲ့သည်။

“ ဟွန်း !”

လေထျန်းယွမ်သည် လေးနက်စွာ မျက်မှောင်ကြုတ်လိုက်သည်။

ထို့နောက် လေထျန်းယွမ်သည် သူ့လက်ထဲတွင် စုဝေးရောက်ရှိနေသော မိုးကြိုးစွမ်းအားများကို စူးချန်ကဲဆီသို့ တိုက်ရိုက် ပစ်လွှတ်လိုက်သည်။

မိုးကြိုးသွားများသည် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သော အစွမ်းသတ္တိကို ဆောင်ကျဉ်းလျက် တခဏချင်းမှာပင် ဝင်ရောက်လာသော ဓားစွမ်းအင်နှင့် ပြင်းထန်စွာ ထိပ်တိုက်‌ဆုံတွေ့ခဲ့ကြသည်။

ဘုန်း——!!

မြေကြီးပင်တုန်ခါခဲ့​သော ​​​ပေါက်ကွဲသံများသည် နေရာအနှံ့ ပဲ့တင်ထပ်နေသည်။

ဓားဟောက်သံနှင့် မိုးခြိမ်းသံတို့သည်လည်း သူသူကိုယ်ကိုယ် အပြိုင်ဟစ်ကြွေးလို့နေသည်။

နတ်အလင်းတန်းများ ထွက်ပေါ်လာပြီး ၊ ကြောက်မက်ဖွယ် စွမ်းအားလှိုင်းများသည် မိုင်ထောင်ပေါင်းများစွာ ဖြန့်ကျက်လျက် ပျံ့နှံ့သွားသည်။

“ ချီးပဲ ! ငါ့မိုးကြိုးက သူ့ရဲ့ ဓားစွမ်းအင်ကို မယှဉ်နိုင်ဘူးလား!”

သူ၏ မိုးကြိုးစွမ်းအားသည် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ ဘိုးဘေးများမှ ကောင်းချီးပေးခဲ့ခြင်းဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းရုံသာမက ပျက်သုန်းခြင်းအစွမ်းသတ္တိများလည်း ပါဝင်သည်။

ယခုမူ စူးချန်ကဲ၏ဓားစွမ်းအင်ကို ရင်ဆိုင်လိုက်ရချိန်တွင် နည်းနည်းမှ မခုခံနိုင်ဘဲ ချက်ချင်းပင် စုတ်ပြတ်သွားခဲ့သည်။

“ဘာကိုစောင့်နေတာလဲ!?”

လေယွမ်ထျန်းသည် ဒေါသတကြီးဟောက်လိုက်သည်။

“ အားလုံးအတူတူ တိုက်ခိုက်ပြီး ဒီကောင် စူးချန်ကဲကို နှိမ်နှင်းမယ် !”

ကျန်ရှိနေသော မကောင်းဆိုးဝါးဘုရင်မျိုးနွယ်စု၏ မျိုးဆက်ခြောက်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ၊ ၎င်းတို့၏ စွမ်းအားများကို အစွမ်းကုန် အသက်သွင်းလျက် စူးချန်ကဲဆီသို့ ချက်ချင်း ပြေးဝင်တိုက်ခိုက်ခဲ့သည်။

“သခင်! ကျွန်တော်လည်း ကူညီပေးမယ် “

နတ်ဖီးနစ်သည် လှမ်းအော်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်သည် မီးလျှံများဖြင့် တောက်လောင်နေခဲ့ပြီး စူးချန်ကဲအတွက် တိုက်ခိုက်မှုအချို့ကို တားဆီးပေးရန် အသင့်‌စောင့်နေသည်။

“မလိုဘူး၊ ငါတစ်ယောက်တည်းနဲ့ ရတယ်”

စူးချန်ကဲသည် တိုက်ရိုက်ငြင်းဆိုခဲ့သည်။

သူ၏လက်ငါးချောင်းကို လက်သီးအဖြစ် တင်းတင်းကျပ်ကျပ် ဆုပ်လိုက်ပြီး ထပ်မံ ထိုးနှက်လိုက်သည်။

ဘုန်း ! ဘုန်း! ဘုန်း !

စွမ်းအားရှင်လူတစ်စုသည် ၎င်းတို့၏ အမျိုးမျိုးသော မှော်စွမ်းအားများကို ထုတ်လွှတ်နေပြီး နတ်အလင်းရောင်တို့သည် အဆုံးမရှိ ပွင့်လန်းနေသည်။

တစ်ချိန်တည်းမှာပင်၊ ဤလေမုန်တိုင်းဂိတ်တွင်ရှိနေခဲ့ကြသော အခြားသော ပါရမီရှင်များသည်လည်း ၎င်းတို့၏ ကျင့်ကြံစွမ်းအားများကို အသက်သွင်းလျက် ထူးချွန်သူ ပါရမီရှင်များနှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

ဧကရာဇ်လျှောက်လှမ်း၏ နောက်တစ်ဆင့်သို့ တက်လှမ်းလိုပါက၊ လမ်း၌ရှိနေသောသူများကို ဖယ်ရှားပစ်ရန် လိုအပ်ပေသည်။

ဝုန်း——!!

တစ်ချိန်တည်းမှာပဲ ကောင်းကင်ထက်တွင် ။

မရေမတွက်နိုင်သော ပါရမီရှင်များသည် အံ့အားသင့်ဖွယ်ရာ စွမ်းအားများဖြင့် အချင်းချင်း တိုက်ခိုက်နေကြပြီး ၊ အမျိုးစုံသော ရောင်စဉ်များသည် လေလှိုင်းနှင့်အတူ ပျံလွင့်လျက်ရှိသည်။

တောင်ကမ်းပါးများ ရွေ့လျားလျက် ။

ချော်ရည် ပေါက်ကွဲသံနှင့်အတူ

မြစ်ရေသည်ပင် အငွေ့ပျံလျက် ရှိသည်။

ဤကမ္ဘာ၏ ထောင့်တစ်နေရာတွင်။

တစ်ခေါင်းလုံး ဖြူစွတ်ပြီး ၊ အဖြူရောင်အဝတ်အစားကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် လက်ကို နောက်ပစ်လျက် တိမ်စိုင်များကြားတွင် ရှိနေသည်။

သူ့မျက်လုံးများသည် အဆုံးမရှိသော ဟင်းလင်းပြင်ကြီးကို ‌ထိုးဖောက်ဝင်ရောက်ကာ တိုက်ပွဲဆင်နွှဲနေသော စူးချန်ကဲကို ကြည့်ရှုနေသည်။

စူးချန်ကဲ သတိမထားမိစေရန် လျှို့ဝှက်နည်းလမ်းဖြင့် သူ၏ရောင်ဝါကို ဖုံးကွယ်ထားသည်။

“သူ့ရဲ့ခန္ဓာကိုယ်က တုနှိုင်းမဲ့တဲ့အပြင် သူ့ရဲ့ ဓားပညာကလည်း တကယ်ကို အံ့မခန်းပဲ ၊ ဒီခေတ်ရဲ့ တုနှ်ိုင်းမဲ့ပါရမီရှင်လို့ တကယ်ကို မှတ်ယူနိုင်ပေတယ်”

“ဒီလို အစွမ်းထက်တဲ့သူကို ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ရဲ့ လူအဖြစ် အသုံးမပြုနိုင်တာ တကယ်ကို နှမြောစရာပဲ”

စုမျဲ့သည် လေးလေးနက်နက် သက်ပြင်းချလိုက်သည်။

“ငါ သေချာအကွက်ချပြီးမှ မင်းကို ရှင်းပစ်မယ်...”

ဤအစီအစဥ်အားလုံးသည် စုမျဲ့ကိုယ်တိုင် ကြံစည်ထားခြင်း ဖြစ်သည်။

ပထမအချက်မှာ ကွေးယွမ် သူတော်စင် နယ်မြေရှိ ပါရမီရှင်များကို အမဲလိုက်ရန် နှင့်

ဒုတိယအချက်မှာ ဖြတ်ကျော်လာသော တိုက်ပွဲများမှ တဆင့် စူးချန်ကဲ၏ တကယ့် အချက်အလက်မှန်ကို စုဆောင်းမည်။

မိမိရန်သူကို သိထားမှသာလျှင် ၊ တိုက်ပွဲတိုင်းကို အောင်နိုင်ပေလိမ့်မည်။

ဤတိုက်ပွဲတွင် စူးချန်ကဲသည် ခွန်အားအများကြီး မသုံးခဲ့ဘူးဆိုတောင်မှ ဘာမှမသိတာထက်စာရင် ပိုကောင်းသည် မဟုတ်လော။

…….

တစ်ချိန်တည်းမှာပင်။

ဧကရာဇ်လျှောက်လှမ်းရှိ မရေမတွက်နိုင်သော လေမုန်တိုင်းဂိတ်များတွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေသည်။

လေမုန်တိုင်းဂိတ်တွင် လမ်းပျောက်နေခဲ့ကြသောသူများသည် ကောင်းကင်ကို ဗြောင်ကျကျ မော့ကြည့်နေပြီး ၊ ၎င်းတို့၏ မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

“ဒါ....ဒါက ဒီခေတ်ရဲ့ ပါရမီရှင်တွေတဲ့လား?”

ကောင်းကင်ယံရှိ ကြောက်စရာကောင်းသော မြင်ကွင်းများသည် ၎င်းတို့၏ ဦးရေပြားတစ်ခုလုံးကို ထုံသွားစေပြီး ၊ သူတို့နှလုံးသားထဲက ထိတ်လန့်တုန်လှုပ်မှုကို မည်သည့်စကားဖြင့် ညွှန်‌ဆိုရမည်ကိုပင် မသိတော့ချေ။

…….

ဝုန်း !!

နတ်အလင်းရောင်များသည် ကောင်းကင် တစ်ပြင်လုံးကို ဖုံးလွှမ်းနေပြီး ၊ မရေမတွက်နိုင်သော မှော်သစ်ပင်များသည် တောက်ပစွာ လင်းထိန်နေသည်။

နတ်မီးလျှံများ၏ ဟောက်သံနှင့်အတူ ၊

မိုးခြိမ်းသံများသည် ဒေါသတကြီး ဟစ်ကြွေးနေသည်။

ကောင်းကင်ပြင်အနှံ့ ဆီးနှင်းခဲများ ဝေလျက်။

လေမုန်တိုင်းများ တိုက်ခတ်နေသည်။

အလွန်အစွမ်းထက်သော ပါရမီရှင်များသည် ပေတစ်ထောင်မြင့်သော ဓမ္မကာယကိုယ်ထည်များကို ဖွဲ့စည်းလျက် မှော်လှံ သို့မဟုတ် စေတီမျှော်စင်များကို လက်ထဲတွင် ကိုင်ဆောင်ထားကြသည်။

၎င်းတို့၏ ကျင့်ကြံစွမ်းအားများကို အစွမ်းကုန် ထုတ်သုံးလိုက်သည်နှင့် ၊ အဆုံးစွန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတို့သည် တရဟော တိုးဝင်လာသည် ။

ဥပမာအားဖြင့်၊ ယဲ့လင်ထျန်း နှင့် ထျန်းလုံ ဝူရှန်းတို့၏ တိုက်ပွဲမှာလည်း ပြင်းထန်‌လှပေသည်။

သူတို့သည် ကမ္ဘာနှစ်စင်းကို ကိုယ်စားပြုပုံရပြီး ၊ တချက် လှုပ်ရှားလိုက်တိုင်း ဥက္ကာခဲနှစ်လုံး ထိပ်တိုက် ဆုံတွေ့ကြသကဲ့သို့ ပြင်းထန်သော ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေသည်။

“ မျက်စံနှစ်မြွာ ! ဖွင့် ! “

ဝီ—! !

ယဲ့လင်ထျန်း၏ မျက်ဝန်းအစုံမှ အဖြူအမည်း အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုစွမ်းအား၏ ကောင်းချီးပေးမှုအောက်တွင် ၊ သူကိုင်ထားသော လှံဖြင့် ပစ်ခွင်းလိုက်သည်။ ၎င်းသည် ကောင်းကင်ဘုံနှင့် နတ်ဘုရားတို့ကို ဒဏ်ခတ်နိုင်သော လှံတစ်စင်းနှင့် တူပေသည်။

“ နတ်ဘုရားကိုဖြိုခွင်းခြင်း လှံချက်!”

လှံအလင်းသည် ကောင်းကင်ပြင်ကို လွှမ်းခြုံသွားပြီး ၊ များစွာသော လှံအရိပ်များသည် ပြိုးပြိုးပျက်ပျက် တောက်ပသော အလင်းတန်းများနှင့်အတူ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည်။

ထို့နောက်တွင် ၎င်းတို့သည် လှံပျံဖွဲ့စည်းပုံ တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

တဖက်ရှိ ထျန်းလုံ ဝူရှန်းသည်လည်း အားမနည်းချေ။

သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ သူ့ကိုယ်ပိုင် မှော်လက်နက်ကို ဆင့်ခေါ်လိုက်သည်။

“ ထျန်းလုံဓား၊ ခုတ်!”

ရွှမ်း! !

ထျန်းလုံ ဝူရှန်းသည် သူ့ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ဝေါင်း!!

နဂါးတစ်ကောင်၏ ဟောက်သံသည် အရပ်လေးမျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားသည်။ နဂါးစွမ်းအင်များသည် တဟုန်ထိုး တတ်လာပြီး အဆုံးတွင် ကြီးမားသော နတ်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ သူ၏ သွေးသံရဲရဲ ပါးစပ်ကို ဟ လျက် ယဲ့လင်ထျန်းဆီသို့ ပြေးဝင်လာသည်။

လှံ နှင့်ဓားတို့၏ စီးချင်းထိုးသံသည် အရပ်ရပ်သို့ ပဲ့တင်ထပ်လျက်ရှိသည်။

ဘုန်း ဘုန်း !!

လွန်စွာ တောက်လောင်သော အင်အားနှစ်ခု ထိပ်တိုက်ဆုံတွေ့ခဲ့လေရာ ၊

ယင်းဖြစ်ရပ်မှ ပေါက်ကွဲဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားသည် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ပြင်းပြင်းထန်ထန် တိုက်ပွဲဆင်နွဲနေကြသော ပါရမီရှင်များကို ထိမှန်ခဲ့ပြီး အသက်ပင် ပျောက်ခဲ့ရသည်။

……..

လီဟောက်ထျန်း နှင့် ဟွမ်ထျန်းခွင်းလွင်တို့သည် ကောင်းကင်ထက်ရှိ တိမ်စိုင်တိမ်ခဲများကြား အပြင်းအထန် တိုက်ခိုက်နေကြသည်။

ဝုန်း ! ဝုန်း ! ဝုန်း !

လက်သီးနှင့် လက်ဝါးတို့၏ ထိပ်တိုက်ဆုံတွေ့မှုမှ ဖြစ်ပေါ်လာသော ဆူညံသံများသည် အရပ်ရပ်သို့ ပဲ့ထင်ကာ ထွက်ပေါ်လာသည်။

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ကြီးမားသော လှိုင်းတံပိုးများသည် မိုင်ထောင်ပေါင်းများစွာ လွင့်စင်သွားသည်။

“ကောင်းကင်ဘုံကိုးပါး တိုက်ခိုက်မှု!”

“ဖီးနစ် ဆန်းကြယ်လက်ဝါး!”

အဆုံးမရှိသော နိယာမမုန်တိုင်းထဲတွင် အသံနှစ်ခု အပြန်အလှန် ပဲ့ထင်ထပ်သွားသည်။

ချက်ခြင်းဆိုသလို ။

၎င်းတို့နှစ်ဦး၏ သန်းပေါင်းများစွာသော အလင်းများ တစ်ခုနှင့်တစ်ခု တိုက်မိကြပြီး ကြီးမားသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ဒါတင်မက ကောင်းကင်ယံတစ်ခုလုံး မီးပွားများ သန်းနဲ့ချီ ကြွေကျလေသည်။

ဝုန်း! ဝုန်း ! ဝုန်း !

နက်ရှိုင်းသော အာကာသထဲတွင် ၊ ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။

လက်သီးနှင့် လက်ဝါးတို့၏ အားချင်းယှဉ်ပြိုင်မှုသည် နိယာမမုန်တိုင်းကြီးကို နှိုးဆော်နေပြီး၊ ပတ်ဝန်းကျင်တစ်ခုလုံးကို ပြီးပြည့်စုံသော လေဟာနယ်ဇုန်အဖြစ်သို့ ပြောင်းလဲသွားစေသည် ။

…….

“ ရုံထျန်း အအေးထောင်ချောက် ၊ ဖွင့်!”

ရေကန်ကြီး၏ အပေါ်ဘက်တွင် ၊

ပီချင်းရှ နှင့် ရွှယ်ချင်းလျန်တို့ကြား တိုက်ပွဲသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

ရွှယ်ချင်းလျန်သည် လက်သင်္ကေတဖြင့် မှော်အစီအရင် တစ်ခုကို ရေးဆွဲလိုက်သည်။

ဆီးနှင်းခဲများသည် နေရာလပ်များတွင် တောက်ပစွာ ထွက်ပေါ်လာခဲ့ပြီး တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်နေသည်။

အလွန်အေးသော အပူချိန်အောက်တွင် ၊ ၎င်းတို့သည် အလွန်ကြီးမားသော ရေခဲငုတ်တိုင်ကြီးများအဖြစ်သို့ ဖွဲ့စည်းသွားသည်။

ရွှယ်ချင်းလျန်သည် သူမ၏လက်များကို အဆက်မပြတ် လှုပ်ရှားနေသည်။

ဝှစ် ဝှစ် ဝှစ်!

ဆီးနှင်းခဲ လှံများသည် အအေးဓာတ်ဖြင့် လောင်မြိုက်ပစ်တော့မည့်အတိုင်း ပီချင်းရှဆီသို့ တခဲနက် ဝင်ရောက်လာသည်။

သို့သော်လည်း ၊ ပီချင်းရှ၏ ခွန်အားမှာလည်း မပျော့ညံ့ပေ။

ဝုန်း! !

သူမ ခန္ဓာကိုယ်ထဲရှိ မြင့်မြတ်သော ဘုရင်ကိုယ်ထည်၏ အသွေးအသားများ ဆူပွက်လာပြီး ၊ ပီချင်းရှ၏ ဘေးပတ်ပတ်လည်တွင် ဖြစ်တည်နေသော နတ်ဘုရားဘုရင်တို့ စိုးစံရာမြေ၌ တောက်ပသော ကြယ်စင်များ ထွက်ပေါ်လာခဲ့ပုံရသည်။

၎င်းတို့သည် တစ်ခုနှင့်တစ်ခု ပြန့်ကျဲသွားပြီး ကြယ်စုများအဖြစ်သို့ အသွင်ဖြစ်တည်လာသည် ။

“ ကျုံထျန်း နတ်အလင်း၊ ကျ!”

ဝီ——!!

ထိုကြယ်စုများကို ဆင့်ခေါ်လိုက်သည်နှင့် တစ်ချိန်တည်းမှာပင် အလွန်တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

နောက်အခိုက်တွင် ။

လွန်စွာတောက်ပနေသော ထိုနတ်အလင်းရောင်၏ အောက်တွင် ၊ ဤကမ္ဘာကြီးတစ်ခုလုံးသည် ‌ရွှေအဆင်းများ ဖြာထွက်နေသော ကြယ်ပင်လယ်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရပုံပေါ်သည်။

အပိုင်း(၃၈၇): ခြောက်ဦးလုံး ကြွေလွင့်ခြင်း

စူးချန်ကဲတည်ရှိရာ လေမုန်တိုင်းဂိတ်တွင် ဖြစ်ပွားနေသော တိုက်ပွဲကြီးသည် အတော်လေးပြင်းထန်ပေသည်။

ကမ္ဘာပျက်တော့မည့်အတိုင်း ၊ ကွဲကြေသွားသော မှန်အပိုင်းအစများကဲ့သို့ ‌ ကောင်းကင်အနှံ့ အက်ကွဲကြောင်းစွာ ဖြစ်ပေါ်နေသည်။

ပြင်းထန်သော လှိုင်းတံပိုးများသည် နိယာမများကို လုံးလုံးလျားလျား ချေမှုန်းတော့မည့်အတိုင်း တဟုန်ထိုး ဝှေ့ယမ်းတိုက်ခတ်နေသည်။

ဝုန်း !!

ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လို့လာသည်။

နိယာမ လှိုင်းတံပိုးများ ဖြတ်သန်းသွားသည်နှင့်အမျှ ဟောက်သံပြုလျက် ရောင်စဉ်အလင်းတန်းများက ကောင်းကင်အနှံ့ လွှမ်းမိုးထားလေသည်။

“ လုံရှန့် ကောင်းကင်ဘုံကိုချိုးဖြတ်ခြင်း လက်သီး!”

စူးချန်ကဲ၏ အေးစက်သော အော်သံနှင့်အတူ၊ သူ့လက်ထဲတွင် စုဝေးရောက်ရှိလာသော သန်းပေါင်းများစွာသော လုံရှန့်အမှုန်အမွှားများသည် ကြယ်စင်များသဖွယ် တောက်ပနေသည်။

ကြယ်စုကြီးတစ်ခုသဖွယ် တောက်ပနေသော လက်သီး တစ်ချက်သည် ကောင်းကင်ယံမှ တိုက်ရိုက် ကျဆင်းလာသည်။

ဤကြောက်မက်ဖွယ်ကောင်းသော လက်သီးအလင်း၏ ရှေ့တွင်ရှိနေသော ရှေးမကောင်းဆိုးဝါး ဘုရင်မျိုးဆက်၏ ဆင်းသက်လာသူတစ်ဦးသည် ဖြူဖပ်ဖြူရော် မျက်နှာထားဖြင့် ရှိနေသည်။ ၎င်း၏ ဖိနှိပ်ချုပ်ချယ်နိုင်လွန်းသော ခွန်အားသည် သူ့ကို အသက်ရှုရပ်မတတ် ဖြစ်စေပြီး ၊သူ၏ အသွေးအသားများကိုပင် လုံးဝအေးခဲသွားစေသည်။

သူ ပေါင်းစည်းထားသော ဧကရာဇ်အလိုဆန္ဒ ခြောက်မျိုးသည် စူးချန်ကဲ၏ ရှေ့တွင် တစက်ကလေးမှ ခုခံနိုင်စွမ်းမရှိခဲ့ချေ။

၎င်းတို့အကုန်လုံး လုံးဝ သုတ်သင်ခံလိုက်ရသည်။

“ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.... စူးချန်ကဲက ဧကရာဇ်အလိုဆန္ဒ ဆယ့်သုံးမျိုးထက်ပိုပြီး ပေါင်းစည်းနိုင်ခဲ့တာလား...?”

သူနားလည်ထားသော ဧကရာဇ်အလိုဆန္ဒ၏ ကန့်သတ်မှုကိုပင် ချိုးဖျက်နိုင်ခဲ့သည် ဟု သူ မှန်းဆထားသည်။ စူးချန်ကဲ၏ ဧကရာဇ်အလိုဆန္ဒအရေအတွက်သည် သူ့ထက် အတော်လေးကို များပြားပေလိမ့်မည်။

“ ငါ့ဘဝတော့ အဆုံးသတ်ပြီ.....!”

နောက်အခိုက်တွင် ။

ဘုန်း !!

အတိုင်းအဆမရှိ တောက်ပနေသော ကြယ်စုကြီး၏ ပေါက်ကွဲသံအောက်တွင် ၊ သူ့အဖို့ ခုခံဖို့ရာ အင်အားမရှိခဲ့ပေ။

ပူနွေးနေသော သွေးများသည် နေရာအနှံ့ စွန်းထင်းသွားခဲ့ပြီး ဤကမ္ဘာကြီးကို အနီရောင်အဖြစ် ခြယ်သပေးခဲ့သည်။

“ ချုံလင် !!!”

“ စူးချန်ကဲ ! မင်းကို ငါ့ညီအစ်ကိုနဲ့ အတူတူ မြှုပ်နှံပေးမယ်!!”

အညိုရောင် စစ်ဝတ်လုံကို ၀တ်ဆင်ထားသော မကောင်းဆိုးဝါးဘုရင် မျိုးနွယ်စု၏ မျိုးဆက်တစ်ဦးသည် လုံးဝ ရူးသွပ်သွားခဲ့ပြီး သွေးချီစွမ်းအား၏ တန်ပြန်ခုခံမှုပင်ကို လျစ်လျူရှုကာ စူးချန်ကဲကို ထပ်မံတိုက်ခိုက်ခဲ့သည်။

“ စူးချန်ကဲ !! ရွှေခေတ်ဆိုတာ ကြယ်တွေကြားက တိုက်ပွဲပဲ ၊ မင်းလို နေတစ်စင်း မထွက်ပေါ်သင့်ဘူး”

“ငါ့ မကောင်းဆိုးဝါးမျိုးနွယ်ရဲ့ ဘုန်းအသရေ ပြန်လည် ထွက်ပေါ်လာရစေမယ်! စူးချန်ကဲ မင်းသေရမယ်!”

“………”

သူတို့၏ ခန္ဓာကိုယ်များသည် နတ်သံနှင့်ပင် ယှဉ်နိုင်သော ‌မာကြောသော ကိုယ်ထည်များ ဖြစ်သော်လည်း ၊ သို့သော် စူးချန်ကဲ၏ ခွန်အားရှေ့တွင် တစ်စစီ ပြိုကွဲရသည်။

ဘာကြောင့်လဲ?

ဤကမ္ဘာကြီးတွင် တောက်ပသော ကြယ်စင်များစွာ ရှိသော်လည်း ၊ သို့သော် စူးချန်ကဲ ကဲ့သို့သော တောက်ပသော နေတစ်စင်း အဘယ့်ကြောင့် ထွက်ပေါ်လာရသနည်း။

ဘာလို့လဲ?

လူသားမျိုးနွယ်ခေတ်သည် ပိုပို၍ ဘုန်းကြီးလာသည်နှင့် အလျောက် ၊ မကောင်းဆိုးဝါးမျိုးနွယ်စု၏ ဂုဏ်သိက္ခာမှာ အဘယ့်ကြောင့် ဆုတ်ယုတ်လာရသနည်း။

ကျန်ရှိနေကြသော မကောင်းဆိုးဝါးဘုရင် မျိုးနွယ်စုဝင်များ၏ နှလုံးသားထဲက နာကြည်းမှုများသည် ပို၍ပင် ကြီးထွားလာကာ သူတို့၏ ခွန်အားကို အဆုံးစွန်ထိရောက်အောင် တွန်းပို့ပေးနေခဲ့သည်။

မကောင်းဆိုးဝါးဘုရင် မျိုးနွယ်စုဝင် ငါးဦးသည် ၎င်းတို့၏လက်ကို မြှောက်တင်လိုက်သည်နှင့် ကောင်းကင်ဘုံတစ်ခုလုံးကို ခြိမ်းခြောက်နိုင်သော မကောင်းဆိုးဝါးစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့ရာ ဟင်းလင်းပြင်တစ်ခုလုံး ရွဲ့စောင်းသွားရသည့်အထိပင်။

သို့သော် ပို၍ကြောက်စရာကောင်းသည်မှာ ဤကဲ့သို့သော စွမ်းအားများ၏ရှေ့တွင် ရှိနေသော စူးချန်ကဲသည် တည်တည်ငြိမ်ငြိမ် ရှိနေဆဲသာ ဖြစ်သည်။

“ ဒီခေတ်မှာ ကမ္ဘာကြီးကို စိုးမိုးနိုင်သူ တစ်ဦးတည်းသာ တည်ရှိခွင့်ရှိတယ် “

“အဲဒါက ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူ ၊ စူးချန်ကဲဆိုတဲ့ ငါပဲ!”

စူးချန်ကဲ၏ ဘေးတစ်ဝိုက်တွင် ရှိနေသော အလင်းရောင်သည် ပို၍ တောက်ပလာခဲ့သည်။

သူ၏ မျက်လုံးများသည် ကန်ရေပြင်ကဲ့သို့ ငြိမ်သက်နေပြီး ၊ ဤကဲ့သို့ ထက်မြက်သော အကျင့်စာရိတ္တအောက်တွင် သူ့ကိုယ်သူ ထားရှိသည့် အကြွင်းမဲ့ ယုံကြည်မှုမျိုးကို ဖော်ထုတ်ပြသနေသည်။

ထို့နောက် စူးချန်ကဲသည် ကောင်းကင်ဓားကို မြောက်ကိုင်လျက် ရွတ်ဆိုဘိုက်သည်။

“ ထာဝရ ဓားထောင် ၊ ကောင်းကင်ဘုံတံခါး ထွက်ပေါ်စေ !”

ဤသည်မှာ တစ္စေဓားအမတရှင် မှ သင်ကြားပေးခဲ့သော တားမြစ်ဓားသိုင်း၏ ဒုတိယပုံစံဖြစ်သည်။

ယနေ့တွင် သူသည် ၎င်းတို့ကို သုတ်သင်ရန် ဤလှုပ်ရှားမှုကို အသုံးပြုခဲ့သည်။

သူ၏ ရေရွတ်သံအပြီးတွင် ၊

ကောင်းကင်ကြီး တစ်ခုလုံး ပြိုကျမတတ် ၊ ကြီးကျယ်ခမ်းနားသော နတ်ဘုရားတို့၏ ငိုကြွေးသံသည် စကြာဝဠာတစ်ခွင်လုံး ရုတ်ချည်း ပဲ့တင်ထပ်သွားသည်။

ဝုန်း !!

ဤကမ္ဘာ‌ကြီးတစ်ခုလုံး လှုပ်ခါနေပြီး ၊ မရေမတွက်နိုင်သော နိယာမ မှော်သင်္ကေတများစွာ ရိုက်ခတ်လာခဲ့ပြီး ၊ကောင်းကင်ယံတွင် ကောင်းကင်ဘုံတံခါးကဲ့သို့ ကြီးမားသော အရိပ်တစ်ခု ထွက်ပေါ်လာသည်။

အလွန်မှုန်ဝါးသော်လည်း ၊ ပေါက်ကွဲထွက်လာသော ၎င်း၏ ကြောက်ခမန်းလိလိ ရောင်ဝါသည် ဤကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေလောက်အောင်ပင်။

ဝီ—! !

ကောင်းကင်ဓားသည် သိမ်သိမ်မွေ့မွေ့ တုန်ခါလာသည်။

၎င်းသည် ကောင်းကင်ဘုံတံခါးကြီး၏ အရိပ်နှင့် ပဲ့တင်ထပ်နေပုံရပြီး ၊ တံခါးသည် အပြင်ဘက်သို့ ဖြည်းညှင်းစွာ ပွင့်လာသည်။

ဤအခိုက်အတန့်တွင် ထိုအရိပ်ကြီးသည် ကမ္ဘာနှင့် ထပ်တူကျနေသကဲ့သို့ မိုင်ပေါင်းများစွာ လွှမ်းခြုံထားလေသည်။

၎င်းတို့အနက် မရေမတွက်နိုင်သော ဓားအရိပ်များ ပေါက်ဖွားလာသကဲ့သို့ ဓားအလင်းများစွာ ရှိနေသည်။

တစ်ချိန်တည်းမှာပင်၊ ကောင်းကင်နှင့်မြေကြီးကြားတွင် အဆုံးမရှိ လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတများ ပျံဝဲနေပြီး ၊ ရှေးကျသော စည်းချက်သံသည် စကြဝဠာ၏ နက်နဲသောအပိုင်းထိ ပဲ့တင်ထပ်လို့သွားသည်။

ရှေးမကောင်းဆိုးဝါးဘုရင် မျိုးဆက် ငါးဦးစလုံး၏ ထိတ်လန့်နေကြသော အကြည့်များ၏အောက်တွင် ၊

ကြယ်ကန့်လန်ကာကဲ့သို့ ဝင်းလက်တောက်ပနေသော အဖြူရောင်ဓားအလင်းတန်းသည် ကောင်းကင်ဘုံ တံခါးကြီး၏ အရိပ်ပေါ်သို့ တစိတ်တပိုင်း ကျရောက်သွားသည်။

ဝှစ် ဝှစ် !

တစ်ချိန်တည်းမှာပင်၊ မရေမတွက်နိုင်သော ဓားအလင်းအရိပ်များသည် ကောင်းကင်ဘုံတံခါးကြီးထဲမှ ပျံဝဲထွက်ပေါ်လာသည်။

မည်သည့်နေရာကိုမဆို မျက်စိတစ်မှိတ်အတွင်းထိုးဖောက်ခံလိုက်ရသကဲ့သို့ ဟင်းလင်းပြင်တွင် လှိုင်းတံပိုးများ ရိုက်ခတ်သွားသည်။

ရှေးမကောင်းဆိုးဝါးဘုရင်၏ မျိုးဆက်များသည် ပူပြင်းသောနေရောင်ခြည်ကို တွေ့ကြုံလိုက်ရသော ဆီးနှင်းခဲများကဲ့သို့ အကြီးအကျယ် ဒဏ်ရာရခဲ့ကြသည်။

လျို့ဝှက်ဆန်းကြယ်သော ရေခဲတုံးများသည် ဆီပူနှင့် ထိတွေ့လိုက်စဉ် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် အရည်ပျော်ကျသွားရသကဲ့သို့ ၎င်းတို့၏ မှော်လက်နက်များသည်လည်း ထိုစွမ်းအား၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

“ဒါက ဘယ်လိုဓားစွမ်းအင်မျိုးလဲ!”

“ ငါတို့ရဲ့ မဟာလမ်းစဉ်ရဲ့ နိယာမတွေကိုတောင် ဝါးမြိုခံနိုင်ရုံသာမက ၊ ငါတို့ရဲ့ မှော်လက်နက်ကိုတောင် ပျက်စီးစေနိုင်တယ် “

ဒါတင်မက၊ ၎င်းတို့ဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာသည်ပင် ထိုဓားစွမ်းအင်ကြောင့် အရည်ပျော်ကျခဲ့ရသည်။

ဤကြောက်ခမန်းလိလိ ဓားစွမ်းအင်၏အောက်တွင် သူတို့သည် မီးဖိုထဲတွင် ရှိနေသလိုမျိုး ပူပြင်းသော ဒဏ်ကို ခံစားနေကြရပြီး ခုခံနိုင်စွမ်း မရှိခဲ့ပေ။

ကြောက်လန့်မှုနှင့်အတူ ၊ ၎င်းတို့အားလုံးသည် မိမိတို့၏ အကာအကွယ်မှော်အဆောင်များကို စတေးခဲ့ကြသည်။

ဝီ ဝီ !!

ရောင်စုံအလင်းတန်းများဖြင့် တောက်ပနေသော မှော်အဆောင်များသည် ကောင်းကင်သို့ ပျံတတ်သွားပြီး တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ် ချိတ်ဆက်သွားကာ အဆုံးတွင် လျှို့ဝှက်ဆန်းကြယ်သော မှော်စက်ဝိုင်းတစ်ခုကို ဖန်တီးခဲ့သည်။

“မြန်မြန်! အတူတူ အားဖြည့်ကြ! စူးချန်ကဲရဲ့ တိုက်ခိုက်မှုကို တားဆီးကြမယ်!”

သေရေးရှင်ရေး အန္တရာယ်အောက်တွင် ၊ လူငါးဦးသည် ၎င်းတို့၏ နောက်ဆုံးစွမ်းအားများဖြင့် ပူးပေါင်းခဲ့ကြသည်။

သူတို့သည် စူးချန်ကဲ၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိစေရန် နောက်ဆုံးမျှော်လင့်ချက်နှင့်အတူ ၎င်းတို့၏ ခွန်အားအားလုံးကို လောင်းထည့်ထားခဲ့သည်။

“ ခုတ် ! ”

စူးချန်ကဲ၏ ကောင်းကင်ဓားသည် ထိုလူငါးဦး ပေါ်သို့ တိုက်ရိုက် ခုတ်ပိုင်းပစ်ခဲ့လေသည်။

တခဏချင်းမှာပင်၊ အဆုံးမရှိ တောက်ပနေသော ဓားစွမ်းအင်တို့သည် အောက်သို့ ကျဆင်းလာခဲ့သည်။

တဟုန်းဟုန်း တောက်လောင်နေသော ဓားစွမ်းအင်၏ ရှေ့တွင် ၊ ၎င်းတို့၏ အကာအကွယ် မှော်ဖွဲ့စည်းပုံသည် အပေါက်ကြီးတစ်ခု အဖြစ် ဖောက်ထွင်းခံလိုက်ရသည်။

“မဟုတ်ဘူး!!!”

စိတ်ပျက်အားငယ်သော ငိုကြွေးသံနှင့်အတူ ၊ ၎င်းတို့သည် မှော်ဖွဲ့စည်းပုံအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသော ဓားအလင်း၏လက်ချက်ဖြင့် ပျက်သုန်းသွားခဲ့ရလေသည်။

၎င်းတို့၏ ရုပ်အလောင်းများသည်ပင် ကြီးကျယ်ခမ်းနားသော ဓားစွမ်းအင်၏အောက်တွင် တစ်စစီ ပြိုကွဲသွားကာ အငွေ့ပျံသွားခဲ့သည်။

“ငါက ဖန်ထျန်း မကောင်းဆိုးဝါးဘုရင်ရဲ့ တစ်ဦးတည်းသောသားပဲ၊ အနာဂတ်မှာ ငါက မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာဦးမှာ... ငါဒီမှာ မသေနိုင်ဘူး!”

“ မကောင်းဆိုးဝါးမျိုးနွယ်စုရဲ့ ဘုန်းတန်ခိုးကြီးမားလာမယ့် ခေတ်ကို ပြန်ပြီး မယူဆောင်နိုင်သေးဘူး၊ ငါဘယ်လိုသေရမှာလဲ!”

“မဟုတ်ဘူး! ငါက မကောင်းဆိုးဝါးဘုရင်ရဲ့ မျိုးဆက်ကနေ ဆင်းသက်လာတဲ့သူပဲ ၊ မင်းငါ့ကို မသတ်နိုင်ဘူး၊ မင်းငါ့ကို သတ်လို့မရဘူး!!”

မကောင်းဆိုးဝါးဘုရင်မျိုးနွယ်ဝင် ဖြစ်ကြသည့် ၎င်းတို့၏ သားစဉ်မြေးဆက်များသည် ဓားစွမ်းအင်ကြောင့် လုံးဝ ပျက်သုန်းသွားခဲ့လေပြီ။

၎င်းတို့၏ နောက်ဆုံးလက်ကျန် ခွန်အားသည်ပင် ဤမျှအားကောင်းသော အစွမ်းသတ္တိ၏ ရှေ့တွင် အသုံးမဝင်ခဲ့ပေ။

“ ဟာသပဲ “

စူးချန်ကဲ၏မျက်နှာသည် အေးစက်နေပြီး သူ့လက်ထဲတွင်ရှိသော ကောင်းကင်ဓားသည် ရုတ်တရက် တောက်ပလာခဲ့သည်။

“ ကောင်းကင်ဘုံတံခါး “

“ ကျ”

ဝုန်း ——!!

မရေမတွက်နိုင်သော ဓားအရိပ်များဖြင့် ဖွဲ့စည်းထားသော ဓားစွမ်းအင်ထောင်သည် ချက်ခြင်း ကျုံ့သွားသည်။

သွေးသံ!!

အရိုးနှင့်အသားတို့ စုတ်ဖြဲခံရသည့် အသံများ ထွက်ပေါ်လာပြီး ၊ သွေးပန်းများ ကြွေခလေရာ အဆုံးတွင် ဓားစွမ်းအင်သည် ၎င်းတို့ အားလုံးကို ဝါးမြိုသွားခဲ့လေသည်။

ဟူ လာ လာ--! !

ရုတ်တရက် ၊ မိုးကောင်းကင်မှ သွေးမိုးများ ရွာသွန်းနေပြီး သွေးနီရောင်သည် မိုင်ထောင်ပေါင်းများစွာ ရောင်ပြန်ဟပ်လျက် တောက်ပနေသည်။

ဆိုလိုသည်မှာ ပါရမီရှင်များ တစ်ဖန် ကြွေလွင့်သွားခဲ့ရပြန်သည်သာ။

မဟာလမ်းစဉ်သည်ပင် စိတ်မကောင်း ဖြစ်ရသည်။

တစ်နေရာ၌ ၊

ထိုမြင်ကွင်းကို မြင်တွေ့ပြီးနောက် ၊ ပြင်းထန်စွာ တိုက်ခိုက်နေသော ပါရမီရှင်များသည် တိုက်ပွဲကို ခေတ္တရပ်လိုက်ကြသည်။

“ စူးချန်ကဲကို တိုက်ခိုက်ခဲ့တဲ့ မကောင်းဆိုးဝါး ဘုရင်ရဲ့ မျိုးဆက် ခြောက်ယောက်စလုံး သေပြီ!”

အပိုင်း(၃၈၈): အဆုံးစွန်တိုက်ပွဲ

တုန်လှုပ်ခြောက်ခြားစွာဖြင့် စကားပင် မပြောနိုင်ကြပေ။

မကောင်းဆိုးဝါးဘုရင် မျိုးနွယ်ဝင်များ ဖြစ်ကြသည့် ၎င်းတို့ခြောက်ဦးစလုံးသည် ဧကရာဇ်အလိုဆန္ဒ ကိုးမျိုးထိ ပေါင်းစည်းနိုင်ခဲ့ကြသူများ ဖြစ်သည်။

သူတို့အားလုံးကို စူးချန်ကဲသည် သူ တစ်ယောက်တည်းဖြင့် သတ်ပစ်နိုင်ခဲ့သည်။

ယခုအချိန်တွင် ပါရမီရှင်များသည် အချင်းချင်း တိုက်ခိုက်နေကြရာမှ ရပ်တန့်လိုက်ကြသည်။

လူတိုင်း၏ မျက်ဝန်းထဲတွင် အနှိုင်းမဲ့ ဖြစ်တည်မှု ဝတ်ရုံဖြူအသွင်ပုံရိပ်မှတပါး အခြားမည်သည့်အရာမျှ မရှိပေ။

ဤကမ္ဘာကြီးသည်ပင် သူ့ကို ဗဟိုပြုနေပုံရသည်။

သို့သော် ၊ စူးချန်ကဲသည် ဓားကို ကိုင်ဆောင်ထားသော သူ့လက်ကို ကျောနောက်ကို ပစ်ထားပြီး ၊ သူ၏ မျက်လုံးများက အကန့်အသတ်မဲ့ ကွက်လပ်ကို ထိုးဖောက်ဝင်ရောက်ကာ တစ်နေရာကို ကြည့်ရှုနေသည်။

“ ငါးတသိုက်တော့ သေပြီ ၊ လာပြီး မတိုက်သေးဘူးလား ?”

ထိုစကားသံ၏ အဆုံးတွင် ၊

စူးချန်ကဲသည် သူ့ဓားကို ပစ်လွှတ်လိုက်သည်။

ရွမ်း!!

တောက်ပသော ဓားအလင်းသည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အငွေ့အသက်များကို သယ်ဆောင်လာကာ ထိုနေရာကို ထိုးဖောက်ဝင်ရောက်သွားပုံရသည်။

နောက်အခိုက်တန့်တွင် ၊

ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်သည် ကောင်းကင်နှင့် ချိတ်ဆက်သွယ်တန်းထားသကဲ့သို့ ကောင်းကင်သို့ တည့်တည့်မတ်မတ် ပစ်ခွင်းသွားသည်။

ဝုန်း ! !

ဓားစွမ်းအင်သည် ကောင်းကင်ပြင် အနှံ့ ဖြန့်ကျတ်သွားပြီး ဓားစွမ်းအင်မှိုတိမ်တိုက်တစ်ခုအဖြစ် စုဝေးသွားကာ မိုင်ပေါင်းထောင်ချီသော အရပ်ရှစ်မျက်နှာတစ်ခွင်လုံးကို ဖြတ်ကျော်သွားခဲ့လေသည်။

ထိုဒေသရှိ မရေတွက်နိုင်သော ပါရမီရှင်များများပင်လျှင် ကြီးမားသော ဓားစွမ်းအင်မုန်တိုင်းကြောင့် လွင့်ထွက်သွားပြီး ၊ မြေပြင်ပေါ်သို့ ဖရိုဖရဲ အရှက်ရ‌စရာကောင်းလောက်အောင်ပင် ပစ်လဲသွားခဲ့လေသည်။

“ အိုင်း... အစကတော့ ကျွန်တော်မျိုးက ကျော်ကြားတဲ့ ချန်ကဲ ဆက်ခံသူနဲ့ စကားပြောချင်ပေမယ့် ၊ ချန်ကဲ ဆက်ခံသူက အခွင့်အရေး မပေးဘူးပဲ !”

တလိပ်လိပ် ရိုက်ခတ်နေသော ဓားစွမ်းအင်လှိုင်းတံပိုးများကြား အမျိုးသားတစ်ဦး၏ ပြုံးရယ်သံ ထွက်ပေါ်လာသည်။

ထိုစဉ် ၊

အပြာရောင် မိုးကောင်းကင်ကြီးသည် ရုတ်တရက် ဝင်းထိန်တောက်ပသွားသည်။

မရေမတွက်နိုင်သော မှော်ပြာသင်္ကေတများ တဟုန်ထိုး တတ်လာပြီး ၊ လျှို့ဝှက်ဆန်းကြယ်သော တာအိုစည်းချက်များသည် အရပ်ရှစ်မျက်နှာတစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။ ဤအခိုက်အတန့်တွင် တဖြည်းဖြည်း နိုးကြားလာသော အလွန်ပြင်းထန်သော အလိုဆန္ဒတစ်ခု ရှိနေခဲ့သည်။

စူးချန်ကဲသည် ထိုနေရာကို စိုက်ကြည့်ရင်းမှ မျက်မှောင်ကြုတ်သွားသည်။

“ လာပြန်ပြီ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ရွံစရာကောင်းတဲ့ အနံ့! “

ဝုန်း !!

ထိုအချိန်တွင်၊ အပြာရောင် မိုးကောင်းကင်ကြီးသည် ပို၍ တောက်ပလာသည်နှင့်အမျှ မရေမတွက်နိုင်သော မိုးပြာရောင်အလင်းမှ အမိန့်အာဏာ နတ်သံကြိုးများအဖြစ်သို့ အသွင်ပြောင်းလဲကာ ပေါ်ထွက်လာသည်။

မူလက တဟုန်းဟုန်း တောက်လောက်နေသော ဓားစွမ်းအင်များသည် ဤစွမ်းအား၏ ရောင်ပြန်ဟပ်မှုအောက်တွင် ဖြည်းညှင်းစွာ ကွယ်ပျောက်သွားသည်။

ဤသည်မှာ စူးချန်ကဲမှ ရှောင်တခင် ထုတ်လွှတ်လိုက်သည့် ဓားစွမ်းအင်တစ်ခုမျှသာ ဖြစ်သော်လည်း ၊ သို့သော် ၎င်းတွင်ပါရှိသည့် အလိုဆန္ဒသည် ထူးခြားပေသည်။

သို့သော် စုမျဲ့သည် ၎င်းကို တချက်တည်းဖြင့် ချေဖျက်နိုင်ခဲ့ပြီး ၊ သူ၏ အလိုဆန္ဒ နိယာမစွမ်းအားသည် မည်မျှ ကြောက်စရာကောင်းသည်ကို ပြသနေသည်။

ခဏအကြာတွင် ၊ ဓားစွမ်းအင်သည် အခိုးအငွေ့များအဖြစ်သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး မိုးပြာရောင်အလင်းတန်းများ ပေါင်းစပ်ထားသော လမ်းကြောင်းတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

၎င်းတို့အနက်မှ ၊ ရုပ်သဏ္ဍာန်တစ်ခု ထွက်ပေါ်လာပြီး ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်။

ထိုရုပ်ပုံသဏ္ဍာန်မှ ဆက်လက်ချဉ်းကပ်လာသည်နှင့်အမျှ သင် မြင်တွေ့နိုင်သည်။

ဤသည်မှာ အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ၊ သူ၏ ညာဘက်လက်ဖြင့် ယပ်တောင်ကို တဖျပ်ဖျပ် ခက်လျက် လျှောက်လှမ်းလာသော လူချောလေးတစ်ယောက်သာပင်။

မှော်ပြာသင်္ကေတများသည် သူ့အား ဝန်းရံထားပြီး ပြိုးပြိုးပျက်ပျက် တောက်ပနေသည်မှာ အလွန်သူရဲကောင်းဆန်ပြီး ကြီးကျယ်ခမ်းနားသောအသွင်အပြင်ကို ဖော်ဆောင်ပြနေသည်။

“ ချန်ကဲဆက်ခံသူ ၊ ကျွန်တော် အသင့်အကြောင်းကို ကြားဖူးတယ်”

စုမျဲ့သည် သူ၏ ယပ်တောင်ကို သိမ်းလိုက်ပြီး ၊ စူးချန်ကဲအား အပြုံးမပျက် ဆိုလိုက်သည်။

“ ကျွန်တော်က စုမျဲ့ပါ ၊ ဒီနေ့ အသင့်ဆီက သင်ယူမှုကို ခံယူဖို့ လာခဲ့တာပါ “

“ စုမျဲ့?”

စူးချန်ကဲသည် ချက်ချင်းဆိုသလို သဘောပေါက်သွားသည်။

“ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မင်းကို အတော်လေး မျှော်လင့်ထားပုံရတယ် “

ထိုစကားကို ပြောပြီးသည်နှင့် ၊ စူးချန်ကဲသည် သူ့ဓားကို မြှောက်ကိုင်ကာ လွှဲယမ်းလိုက်သည်။

ရွမ်း!!

ဓားစွမ်းအင်များသည် တဟုန်ထိုး ရိုက်ခတ်လာခဲ့ပြီး ၊ ဓားအလင်းသည် ကောင်းကင်ကို ဖြတ်တောက်ပစ်လေသည်။

သူသည် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အပေါ် ကောင်းမွန်သော ခံစားချက်မရှိပေ။

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ သည် မဟာဧကရာဇ်မင်းဖြစ်လာပြီးနောက် သူ ပထမဆုံး ဖြုတ်ချလိုသော ပစ်မှတ်ဖြစ်သည်။

“ အို! ကောင်းတယ်!”

ယခင်တိုက်ပွဲတွင် သူသည် စူးချန်ကဲနှင့် ပတ်သတ်သော အချက်အလက်ကို အကြမ်းဖျင်း ရှာဖွေတွေ့ရှိခဲ့သည်။

သူကဲ့သို့ပင်၊ စူးချန်ကဲသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ် တတိယတန်းအဆင့်တွင် ရှိနေသည်။

ဧကရာဇ်အလိုဆန္ဒအရ ၊ စူးချန်ကဲသည် မိမိကဲ့သို့ ဧကရာဇ်အလိုဆန္ဒ ဆယ့်သုံးမျိုးကို ပေါင်းစည်းထားနိုင်သည်ဟု မှတ်ယူထားသည်။

“ကောင်းကင်ပြာမှ ကြာပြာ အဖြစ်သို့ ! “

စုမျဲ့၏ ကျယ်လောင်သော အော်သံနှင့်အတူ ၊ မှော်ပြာသင်္ကေတများသည် တဟုန်ထိုး ထကြွလာပြီး နောက်ဆုံးတွင် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

တစ်ချိန်တည်းမှာပင်၊ စုမျဲ့သည် နေအလင်းရောင်ကဲ့သို့ တောက်ပသော အပြာရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။

ပစ်လွှတ်လိုက်သည့် ဖြစ်စဉ်အတွင်းမှာပင် ၊ အပြာရောင်အလင်းတန်းသည် မရေမတွက်နိုင်သော အပြာရောင်နွယ်ပင်များအဖြစ်သို့ အသွင်ပြောင်းလဲသွားသည်။

ယင်းအနွယ်အ‌ကိုင်းများသည် ကောင်းကင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

၎င်း၏အလင်းရောင်အောက်တွင် ၊ ဤဧရိယာတစ်ခုလုံးသည် အပြာရောင်ပင်လယ်ကြီးသဖွယ် ဆေးခြယ်ထားခံရသလိုပင်။

ဝုန်း ! ! !

နောက်အခိုက်တွင် ။

ဓားအလင်းသည် အပြာရောင် အနွယ်အကိုင်းတို့၏ အလင်းနှင့် ထိပ်တိုက်ဆုံတွေ့ကြလေသည်။

ထိပ်တိုက် ဆုံတွေ့ရာမှ ဖြစ်ပေါ်လာသော လှိုင်းတံပိုးများသည် မိုင်ပေါင်းများစွာအထိ ပျံ့နှံ့သွားခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင် ၊ စူးချန်ကဲ၏ ဓားစွမ်းအင်သည် တဖက်လူ၏ အပြာရောင်အလင်းတန်းကို ထိုးဖောက်၍မသွားချေ။

ယင်းအစား၊ မရေမတွက်နိုင်သော အပြာရောင်အလင်းတန်းများဖြင့် ဖွဲ့စည်းထားသော ကြာပြာတို့သည် ဓားစွမ်းအင်ကို တိုက်ရိုက် ပိတ်ဆို့၍ စုပ်ယူလိုက်ပြီး လေပြင်းများအဖြစ်သို့ လွင့်စင်သွားစေသည်။

“ငါ့ဓားစွမ်းအင်ကို ပိုင်းခြားစိတ်ဖြာပြီး ၊ ဝါးမြိုပစ်တယ်ပေါ့လေ...”

စူးချန်ကဲသည် တချက်ကြည့်လိုက်ရင်း။

“ဒါပေမယ့် မင်း ဘယ်နှစ်ကြိမ်ထိ ခံနိုင်မတုန်း “

ထိုစကားအဆုံးတွင် ၊ စူးချန်ကဲသည် ဓား​ကို​မြှောက်​ကိုင်ကာ လွှဲယမ်းလိုက်သည်။

ရွှမ်း ရွှမ်း !!

မရေတွက်နိုင်သော ဓားအလင်းများသည် ဟင်းလင်းပြင်ဓားသွားသဖွယ် ရုတ်ချည်း ဝင်းလက်သွားသည်။

ဟင်းလင်းပြင်အတွင်း မရေမတွက်နိုင်သော အဖြူရောင် အလင်းတန်းများသည် မတူညီသော ဦးတည်ရာအရပ်မှ တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်လေသည်။

ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့။

အောက်ဘက်တွင် ၊ ကြီးမားသော ကြာပန်းကြီးသည် အကန့်အသတ်မရှိသော ဟင်းလင်းပြင်ထဲတွင် အမြစ်တွယ်နေပုံရသည်။

ကောင်းကင်နှင့်မြေကြီးကို အာဟာရအဖြစ် ၊ နိယာမတရားများကို ၎င်း၏ဝိညာဉ်အဖြစ် ယူဆောင်ထားလေသည်။

အပြာရောင် အလင်းတန်းများသည် ဤကမ္ဘာကြီးတစ်ခုလုံးကို လုံးဝတိတ်ဆိတ်သွားစေသကဲ့သို့ တောက်ပစွာ ပွင့်လန်းလာလေသည်။

“မြန်မြန်! ဒီကနေ ထွက်သွား! မဟုတ်ရင် ငါတို့အားလုံး သေလိမ့်မယ်!”

ဤတိုက်ပွဲသည် စူးချန်ကဲနှင့် ဧကရာဇ်တစ်ပိုင်းအဆင့် ခြောက်ဦးတို့၏ တိုက်ပွဲထက် ပိုကြောက်စရာကောင်းပေသည်။

ပြင်းထန်သော စွမ်းအားနှစ်ခု၏ တိုက်မိမှုသည် ကောင်းကင်နှင့်မြေကြီးကို ဖြိုခွင်းနိုင်စွမ်းရှိသကဲ့သို့ နေနှင့် လသည်ပင် တစ်လှည့်စီ နေရာပြောင်းရသည်။

ဤသည်မှာ ဧကရာဇ်တစ်ပိုင်းနယ်ပယ်အဆင့် အပေါ် နားလည်ထားသော ၎င်းတို့၏ နားလည်နိုင်စွမ်းထက်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည် ။

အကယ်၍ သူတို့သာ မဟာဧကရာဇ်မင်းများဖြစ်လာပါက ၊ မည်မျှကြောက်စရာကောင်းလိုက်မည်နည်း။

ဝုန်း --!!

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၊ ဓားအလင်းနှင့် အပြာရောင်အလင်းသည် ပြင်းထန်စွာ တိုက်မိသွားသည်။

ထိပ်တိုက် ဆုံတွေ့ရာမှ ဖြစ်ပေါ်လာသော ပြင်းထန်သော နိယာမ လှိုင်းတံပိုးများသည် မိုင်ပေါင်းများစွာအထိ ပျံ့နှံ့သွားခဲ့သည်။

တောင်ကမ်းပါးများပြိုကျလျက် မြေကြီးများ အက်ကွဲလေပြီး ၊ ဟင်းလင်းပြင်အလွှာများ ပြိုကျလေသည်။

ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းသည် ကမ္ဘာ့ပျက်ကပ်နှင့်တူပေသည်။

လွတ်မြောက်ရန် အချိန်မရှိလိုက်သော မရေမတွက်နိုင်သော ပါရမီရှင်များသည် ထိုအဖြစ်အပျက်တွင် သုတ်သင်ခံလိုက်ရပြီး ချက်ချင်းပင် အမှုန့်ဖြစ်သွားသည်။

“တိုက်ပွဲရပ်ပါတော့! တိုက်ပွဲရပ်ပါတော့!”

ပါရမီရှင် အချို့က စိတ်ပျက်လက်ပျက် အော်ဟစ်ကြသည်။

သူတို့နှစ်ဦး တိုက်ခိုက်လေတိုင်း ဖြစ်ပေါ်လာသော အားကောင်းသော စွမ်းအားများသည် သူတို့ပုန်းခိုရာ နေရာအထိ ဖြိုခွင်းပစ်လေသည်။

တိုက်မြေ သုံးထောင်ရှိ ပါရမီရှင်များအဖို့ ဤအင်အားကို ပြန်လည်ခုခံနိုင်စွမ်း မရှိပေရာ ပြင်းထန်စွာ ရိုက်နှက်ခံရပြီး ထိတ်လန့်တကြား ထွက်ပြေးရလေသည်။

……..

စူးချန်ကဲ ရှိနေသော လေမုန်တိုင်းဂိတ်ရှိ ကြောက်စရာကောင်းသော မြင်ကွင်းနှင့် ယှဉ်လိုက်ရင်၊

အခြား လေမုန်တိုင်းဂိတ်များတွင် သန်းနှင့်ချီသော ပါရမီရှင်တို့သည် ၎င်းတို့၏ စွမ်းအားများကို ထုတ်ဖော်ပြသလျက် ရှိသည်။

အဓိကအင်အားစုဝင် အများအပြားနှင့် ကွေးယွမ် သူတော်စင် နယ်မြေ မှ ပါရမီရှင်တို့ကြားက တိုက်ပွဲသည် အဆုံးသတ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ကွေးယွမ် သူတော်စင်နယ်မြေရှိ ပါရမီရှင်များသည်လည်း ကျဆုံးခဲ့သော်လည်း သို့သော် အဓိကအင်အားစုဝင် ပါရမီရှင်များ၏ ကျဆုံးမှုနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ပေ။

တစ်ချိန်တည်းမှာပင်၊ ကောင်းကင်ဘုံ မကောင်းဆိုးဝါတောင်တန်း၏ ကြေးမုံနန်းတော်၌။

အက်ကွဲသံ! !

ကွဲအက်သံများကို ဆက်တိုက်ကြားနေရသည်။

ခန်းမထဲကို ကြည့်မည်ဆိုပါက ၊ မူလက လေထဲတွင် ပျံဝဲနေသော မရေမတွက်နိုင်သော ကျောက်စိမ်းပြားများသည် တစ်ခုပြီးတစ်ခု ကွဲသွားသည်ကို တွေ့ရပေမည်။

ဤအရာများသည် ဧကရာဇ်လျှောက်လှမ်းသို့ဝင်ရောက်သွားခဲ့သော ကောင်းကင်ဘုံမကောင်းဆိုးဝါးတောင်တန်းရှိ ပါရမီရှင်များ၏ ဝိညာဉ်ကတ်များ ဖြစ်သည်။

သူတို့သေဆုံးသွားတိုင်း ၊ ထိုကျောက်စိမ်းကတ်များသည် ကွဲကြေသွားပေလိမ့်မည်။

“ဘာလို့...ဒီလိုဖြစ်နေတာလဲ!”

ခန်းမထဲတွင် ရှိနေသော ထျန်းချန် မကောင်းဆိုးဝါးအိုကြီးသည် တင်းကျပ်စွာ အံ့ကြိတ်လျက် ၊ မျက်လုံးများက ဒေါသကြောင့် နီမြန်းနေပြီး အဆုံးမရှိသော လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

ဧကရာဇ်လျှောက်လှမ်းထဲသို့ ဝင်ရောက်ပြီးနောက်တွင် ၊ သူတို့ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းမှ ပါရမီရှင်များမှာ သေဆုံးခြင်းများရှိခဲ့သော်လည်း သို့သော် အရေအတွက်မှာ ကြီးကြီးမားမား မဟုတ်ပေ။

သို့သော် ယခုတွင်မူ ၊ ၎င်းတို့၏ ဝိညာဉ်ကတ်များသည် တစ်ခုပြီးတစ်ခု ကွဲကြေသွားခဲ့သည်။

“အဓိက အင်အားစုဝင်တွေ ပေါင်းစည်းထားတာတောင် ဘာလို့ ငါတို့ကပဲ ခုလိုမျိုး အကြီးအကျယ်ဆုံးရှုံးနေရတာလဲ!”

ထျန်းချန် မကောင်းဆိုးဝါးအိုကြီး၏ ဒေါသတို့မှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့သည်။

သူ၏ လက်ရုံဝတ်စကို ခါထုတ်လိုက်သည်နှင့် မကောင်းဆိုးဝါး စွမ်းအင်များသည် မုန်တိုင်းသဖွယ် ပြင်းထန်စွာ ထွက်ပေါ်လာပြီး နိယာမ အများအပြားကို ဖျက်ဆီးပစ်လိုက်သည်။

“ငါ့ မကောင်းဆိုးဝါးမျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေ...”

“ ဒီခေတ်မှာ ပြန်လည်ရယူမယ်!”

သူ၏မျက်လုံးများမှာ အလွန်အေးစက်နေသည်။

“ စူးချန်ကဲ မသေရင်... ငါတို့ လူသား-မကောင်းဆိုးဝါး ဒုတိယစစ်ပွဲကို ဆင်နွှဲမယ်...”

“လက်ရှိအခြေအနေအရ... ဒီကိစ္စကို ရှေးမကောင်းဆိုးဝါးမျိုးနွယ်ရဲ့ အမတသခင်ဘိုးဘေးတွေ ဆုံးဖြတ်ပေးရမှာပဲ....”

အပိုင်း(၃၈၉): ကောင်းကင်လမ်းစဉ်၏ အကြွင်းအကျန်များ၊

ဧကရာဇ်လျှောက်လှမ်းတွင် သူတို့စီစဉ်ထားသော အစီအစဉ်မှာ စူးချန်ကဲကို သတ်ရန်သာမက ၊

ကွေးယွမ် သူတော်စင် နယ်မြေ တစ်ခုလုံးနှင့် လူသားမျိုးနွယ်တစ်ခုလုံးကိုပင် အပြတ်ရှင်းရန် ကြံစည်ထားခဲ့သည်။

တစ်ချိန်က ။

ဒေဝလောကတွင် မျိုးနွယ်ပေါင်း ထောင်နှင့်ချီရှိခဲ့ပြီး ၊ မကောင်းဆိုးဝါးမျိုးနွယ်သည် တစ်ချိန်လုံး အင်အားအကောင်းဆုံးမျိုးနွယ်စုများထဲမှ တစ်ခု ဖြစ်သည်။

ယခုတွင် ၊ သူတို့၏ လက်ထဲတွင် မိစ္ဆာနတ်ဘုရား စည်းတံဆိပ် ပြန်လည်ရောက်ရှိလာပြီ ဖြစ်သောကြောင့် ၊ သူတို့သည် ကွေးယွမ် ပရမ်းပတာခေါင်းလောင်းကို တွန်းလှန်ရန် ယုံကြည်ချက် ရှိသည်။

“ အခု ရှေးဟောင်းမကောင်းဆိုးဝါးဘုရင်တွေ နိုးထဖို့ အချိန်တန်ပြီ”

ထျန်းချန် မကောင်းဆိုးဝါးအိုကြီးသည် အေးစက်သော လေသံဖြင့်ဆိုလိုက်သည်။

“ဒီကောင်တွေက ငါ့ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းရဲ့ အမိန့်ကို ဘယ်တော့မှ နာခံခဲ့တာ မဟုတ်ဘူး ၊ အခုတော့ သူတို့ရဲ့ သားမြေးတွေကို စူးချန်ကဲက သတ်လိုက်ပြီ “

“ဟား...မင်းတို့ကောင်တွေ ခံနိုင်ရည်ရှိဦးမလားဆိုတာ ကြည့်ချင်သေးတယ်!”

ဧကရာဇ်လျှောက်လှမ်းတွင် ဖြစ်ပျက်ခဲ့သမျှ အားလုံးသည် ထျန်းချန် မကောင်းဆိုးဝါးအိုကြီး နှင့် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ၏ အစီအစဥ်အတိုင်းပင် ဖြစ်သည်။

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် မတည်မငြိမ်ဖြစ်စေသည့် ကွေးယွမ်သူတော်စင်နယ်မြေကို ဖယ်ရှားလိုသည်။

ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းမှ ဦးဆောင်သော မကောင်းဆိုးဝါးဂိုဏ်းကြီး သုံးခုသည် မကောင်းဆိုးဝါးတို့၏ အုပ်ချုပ်မှုခေတ်ကို ပြန်လည်အသက်သွင်းလိုကြပြီး ၊ ကွေးယွမ် သူတော်စင် နယ်မြေဆိုသည့် အတားအစီးကို လုံးလုံးလျားလျား ချိုးဖျက်လိုသည် ။

သို့ဖြစ်၍ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ နှင့် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ ဘုံရန်သူမှာ တူညီသည်ဟု ဆိုရပေမည်။

…….

အခြားတစ်ဖက်တွင် ။

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ၏ ခန်းမထဲတွင်။

ပြိုးပြိုးပျက်ပျက် တောက်ပသော ရွှေရောင် မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားသော ကြီးမားသော စားပွဲဝိုင်းကြီးရှေ့တွင် ကြီးကျယ်ခမ်းနားသော ရောင်ဝါများ ရှိသည့် ပုဂ္ဂိုလ်များ ထိုင်နေကြသည်။

သူတို့အထဲတွင် အားအနည်းဆုံးဖြစ်သည့် ပုဂ္ဂိုလ်သည်ပင် မဟာဧကရာဇ်မင်းထက် ပိုမိုအားကောင်းပြီး ၊ ဖြန့်ကျတ်ထားသော ရောင်ဝါသည် တာအိုစည်းချက်လှိုင်းများကို ဖန်တီးပေးနေသည်။

“အစ်ကိုကြီး၊ ဒုတိယအစ်ကို၊ ဒါက မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေပဲ”

စန်း သည် ခေါင်းဆောင်နေရာတွင် ထိုင်နေသော လူနှစ်ယောက်အား ရိုသေစွာ ဦးညွှတ်လျက် တင်ပြနေသည်။

“ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းက ကျွန်တော်တို့နဲ့ သဘောတူညီချက်တစ်ခု ယူထားတယ် ၊ အချိန်ကျတာနဲ့ ကွေးယွမ် သူတော်စင် နယ်မြေနဲ့ အသေခံတိုက်ခိုက်မှုကို စတင်မယ် !”

“ တုံးအလိုက်တာ!”

ဝုန်း !!

ရုတ်တရက်။

သူ၏ လက်ဖြင့် စားပွဲဝိုင်းကို ရိုက်ချလိုက်ရာ ရွှေဝါရောင် လှိုင်းတံပိုးများသည် အရပ်ရပ်သို့ လွင့်စင်သွားသည်။

လူတိုင်းရင်ဒိတ်သွားကြသည်။

ထိုပုဂ္ဂိုလ်သည် အဖြူရောင်မျက်ခုံးမွှေး၊ ထူးကဲသော အသွင်အပြင်မျိုးရှိပြီး ၊ တုနှိုင်းမဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသော တာအိုဝါဒီအဘိုးကြီးတစ်ယောက်နှင့် တူပေသည်။

နေရာတွင် ရှိနေရုံမျှဖြင့် လွန်စွာ တောက်ပသော နတ်အလင်းများက သူ့အား ဝန်းရံထားပြီး ၊ တန်ခိုးကြီးမားသော ကောင်းကင်ဘုံနတ်တန်ခိုးများ လေထဲသို့ ပျံ့လွင့်သွားသည်နှင့်အမျှ သူ့အောက်ကလူများကို ခေါင်းမထောင်နိုင် ဖြစ်သွားစေသည်။

သူသည် ကောင်းကင်လမ်းစဉ် ဆယ့်သုံးစားပွဲဝိုင်း၏ ဒုတိယမြောက် ၊ ကိုယ်စားပြု အမည်မှာ အော့ ။

T/N - အော့ - ဒုတိယ ၊ စန်း - သုံး

“ ဒုတိယ အစ်ကို....”

စန်း၏နှလုံးခုန်သံမှာ မြန်ဆန်လာခဲ့ပြီး ၊ သူသည် အလျင်အမြန်ဦးညွှတ်လိုက်သည်။

“ ကျွန်တော် ညီလေးစန်း ဘာအမှားများ လုပ်မိလဲဆိုတာ ကျေးဇူးပြုပြီး ညွှန်ကြားပြသပေးနိုင်မလား...?”

“အခု ဧကရာဇ်လျှောက်လှမ်းကျရောက်လာခဲ့ပြီ ၊ အချိန်မြစ်ရေစီးကြောင်းမှာ ဆိတ်ငြိမ်နေခဲ့တဲ့ တားမြစ်ဇုန်က လှုပ်ခတ်လာနေပြီ “

“ဒီနှစ်တွေမှာ ငါ တားမြစ်ထားတဲ့ နေရာအတော်များများကို လှည့်လည်သွားလာခဲ့တယ် ၊ သူတို့တွေထဲက အမတဘုရင်တွေ နိုးထလာတော့မယ် “

“တားမြစ်နယ်မြေကလည်း မကြာခင် ကျရောက်လာတော့မယ် ၊ အဲ့အချိန်ကြရင် ငါ့ရဲ့ တိုက်မြေ သုံးထောင်မှာရှိတဲ့ ကောင်းကင်နှင့်မြေကြီးရဲ့ စည်းမျဉ်းတွေက တစ်ဖန်ပြောင်းလဲသွားလိမ်မယ် ၊ ဒဏ္ဍာရီထဲက အမတတွေ ပြန်ပေါ်လာလိမ့်မယ်!”

အော့ သည် ပြောရင်းဒေါသထွက်လာပြီး ၊ စန်းကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

“ ဒီလိုအန္တရာယ်များတဲ့ အချိန်မျိုးမှာ တားမြစ်နယ်မြေကို အစွမ်းကုန် ‌တွန်းလှန်ဖို့ မပြင်ဆင်ဘဲ ကွေးယွမ် သူတော်စင်နယ်မြေကို အပြီးအပိုင် ရှင်းပစ်ဖို့ ကြံစည်နေသေးတယ်ပေါ့”

“ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ရေဘယ်လောက်နက်လဲ မင်း သိလား ? ”

“ဒီလိုလုပ်တာ ဘယ်လောက်ထိ မိုက်မဲလဲဆိုတာ သိလား!”

“ဒါကြောင့် တိုက်မြေ သုံးထောင်တစ်ခုလုံး ပျက်စီးသွားရင် မင်းက ထာဝရ အပြစ်သား တစ်ယောက်ဖြစ်သွားမယ်ဆိုတာ မင်းသိလား “

၎င်း၏ အနှိုင်းမဲ့ ကောင်းကင်တန်ခိုးများသည် ပို၍ပင် ကြောက်စရာကောင်းလာပြီး၊ စားပွဲဝိုင်းတွင် ရှိနေကြသော အခြားလူများသည် ၎င်းတို့နှလုံးသား၏ ဟောက်သံကိုပင် ခံစားရစေသည့်အထိ ပြင်းထန်ခဲ့သည်။

ဒုတိယအစ်ကို၏ ယခုလို ပြင်းပြင်းထန်ထန် စိတ်ဆိုးမှုမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

“ဒါပေမယ့်... ကွေးယွမ် သူတော်စင်နယ်မြေကို မဖျက်ဆီးရင်၊ သူတို့က အမတလျှောက်လှမ်းကို ဖွင့်နိုင်လိမ့်မယ်!”

စန်း သည် အလျော့မပေးခဲ့ပေ။

“အဲ့တာက တိုက်မြေ သုံးထောင်တစ်ခုလုံး အပေါ် သက်ရောက်မှုရှိလိမ့်မယ်!”

“ ရေရှည် နာကျင်တာထက် ရေတို နာကျင်လိုက်တာက ပိုကောင်းတယ်၊ ဘာလို့ ဒီကိစ္စကို ချက်ချင်း မဖြေရှင်းနိုင်ရတာလဲ!”

“ စန်း !”

၎င်းစကားကြောင့် အော့ သည် ပို၍ဒေါသထွက်သွားပြီး မူလလေထုသည် အချိန်မရွေး ပေါက်ကွဲတော့မည်ကဲ့သို့ ယမ်းနံ့များဖြင့် ပြည့်နှက်သွားလေသည်။

“ တော်ကြတော့ “

ယောက်ျားမိန်းမသံမပေါက်သော ကြီးကျယ်ခမ်းနားသော အသံထွက်ပေါ်လာသည်။

ရုတ်ချည်းပင် ၊ ဤနေရာတစ်ခုလုံးကို ဖုံးအုပ်ထားခဲ့သော ဖိအားများသည် ၎င်း၏ထွက်ပေါ်လာမှုနှင့်အတူ တဖြေးဖြေး မှေးမှိန်သွားခဲ့ပြီး နောက်ဆုံးတွင် လေညင်းများအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။

၎င်းသည် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ၏ ပထမဆုံးနေရာတွင် ထိုင်နေသူ ယီ ပင် ။

သူ၏ပုံစံကို ကြည့်မည်ဆိုပါက ငယ်ရွယ်သော လူငယ်လေးတစ်ယောက်လိုပင်။

သူ၏ အသွင်အပြင်သည် အတော်လေး ချောမောလွန်းပေသည် ။ သူ၏ တောက်ပသော ရောင်ဝါကြောင့်သာ မဟုတ်ပါက ချောမောလှပသော မိန်းမလှလေးတစ်ယောက်ဟု ထင်ယောင်ထင်မှား ဖြစ်နိုင်သည်။

သူ၏ ရောင်ဝါကို ချုပ်တည်းထားသော်လည်း သို့သော် ငြိမ်သက်နေသော ၎င်း၏ကိုယ်ထည်အောက်တွင် ဤကမ္ဘာကြီးကို ဖြိုခွင်းဖို့ လုံလောက်သော စွမ်းအားများကို ဖုံးကွယ်ထားသည်။

အားလုံး ငြိမ်သက်သွားတဲ့အထိ စောင့်ဆိုင်းနေလိုက်ပြီး ၊ ယီ က ဆက်ဆိုလေသည်။

“ ကွေးယွမ် သူတော်စင် နယ်မြေက ကံကြမ္မာပင်လယ်ကို တံဆိပ်ခတ်ထားပေမယ့် ပစ္စည်းတစ်ခုကိုတော့ ငါ ပြန်ယူလာခဲ့တယ်”

ဝီ——!!

သူ၏စကားအဆုံးတွင် ၊ အံ့ဩလောက်စေသည့် နတ်အလင်းတန်းများ ထွက်ပေါ်လာသည်။

စူးရှသော အလင်းတန်းများ၏ ရောင်ပြန်ဟပ်မှုအောက်တွင် ၊ မူလက အလင်းရောင်များ ကြွယ်ဝစွာ တောက်ပနေသည့် ခန်းမဆောင်ကြီးသည် ၎င်း၏အငွေ့အသက်များဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။

ပတ်ဝန်းကျင်ကမြင်ကွင်းသည်လည်း ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။

အလွန်ကြီးကျယ်ခမ်းနားသော ဗိမ္မာန်တစ်ခုလိုမျိုး မိုးကောင်ကင်တစ်ဆုံး ထိုးဖောက်လျက်ရှိသည့် ကျောက်တိုင်ကြီးများ ရှိနေသည်။

“ ကောင်းကင်လမ်းစဉ် ဗိမ္မာန် !”

ကောင်းကင်လမ်းစဉ် စားပွဲဝိုင်းရှိ လူဆယ့်နှစ်ယောက်စလုံး ထိတ်လန့်သွားကြသည်။ အိမ်မက်တစ်ခုကို မြင်မက်နေရသကဲ့သို့ မယုံကြည်နိုင် ဖြစ်နေကြသည်။

ကောင်းကင်လမ်းစဉ် ဗိမ္မာန်ဆိုသည်မှာ တိုက်မြေ သုံးထောင် ရှိ ကောင်းကင်လမ်းစဉ်၏ မွေးဖွားရာ နေရာဖြစ်သည်။

အချိန်ကာလဝေးကွာလွန်း၍ အမည်မသိနိုင်သော ခေတ်တွင် တိုက်မြေ သုံးထောင် ထွက်ပေါ်လာခဲ့ပြီး ၊ တစ်ချိန်တည်းမှာပင် ကောင်းကင်လမ်းစဉ် ဗိမ္မာန်သည်လည်း မွေးဖွားခဲ့သည်။

ဤနေရာသည် တိုက်မြေ သုံးထောင်၏ ဇစ်မြစ် ဟု ဆိုနိုင်သည်။

သို့သော်၊ ကောင်းကင်လမ်းစဉ် ဗိမ္မာန်သည် ကမ္ဘာ့ကပ်‌ဘေးတွင် လုံးလုံးလျားလျား ပြိုကျပျက်စီးသွားခဲ့ပြီဖြစ်သည်။

သို့သော် ဤကမ္ဘာပေါ်တွင် အဘယ်ကြောင့်ပြန်လည်ထွက်ပေါ်လာသနည်း။

“ အစ်ကိုကြီး ဒါက.....”

စန်း၏စိတ်ထဲတွင် ယောက်ယက်ခတ်လို့နေပြီး သူသည် မေးရန်ဟန်ပြင်လိုက်သည်။

ထိုစဉ် ယီ သည် ခေါင်းယမ်းပြလိုက်ပြီး သူ့လက်ကို ထပ်မံဝှေ့ယမ်းလိုက်သည်။

ရွှေဝါရောင်မုန်တိုင်းကြီးသည် တစ်ဖန် ရိုက်ခတ်လာခဲ့ပြီး မမြင်နိုင်သော အာကာသလှိုင်းတံပိုးများ ဖြန့်ကျတ်သွားလေရာ ၊ လူတိုင်းသည် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ခန်းမဆီသို့ တစ်ဖန် ပြန်ရောက်လာခဲ့သည်။

“ ကောင်းကင်လမ်းစဉ် ဗိမ္မာန်က ပျက်ဆီးသွားတာ ကြာခဲ့သလို ၊ ငါ့ရဲ့ တိုက်မြေ သုံးထောင်ရဲ့ မြင့်မြတ်တဲ့ ကောင်းကင်လမ်းစဉ်ဟာလည်း ပျောက်ကွယ်သွားခဲ့တာ ကြာခဲ့ပြီ “

“ စောနက မြင်ကွင်းက ကောင်းကင်လမ်းစဉ်ရဲ့ အရင်းအမြစ်ကနေ ပုံဖော်ထားတာပဲ”

ယီ သည် သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ပြီး လက်ငါးချောင်းကို ဖြန့်လိုက်သည်။

လူတိုင်း ကြည့်လိုက်ကြသည်။

သူ့လက်ဖဝါးထဲတွင် ရောင်စုံအလင်းတန်းများဖြင့် တောက်ပနေသော ကွဲကြေနေသော ကျောက်အပိုင်းအစ တစ်ခုကို မြင်လိုက်ရသည်။

သို့သော် တစ်ချက်ကြည့်လိုက်ရုံဖြင့် ၊ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် လူကို တုန်လှုပ်သွားစေလောက်အောင်ပင်။ မဟာဧကရာဇ်မင်းအောက်အဆင့်ရှိ ကျင့်ကြံသူများသာ‌ဆိုရင်ဖြင့် ၊ ဤအရာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းတို့၏ တာအိုနှလုံးသားတစ်ခုလုံး ပြိုလဲသွားမည်ကို စိုးရိမ်ရသည်။

“ဒါ မဟုတ်မှလွဲရော...?”

ရုတ်တရက် အော့သည် တုန်ရီနေသော သူ့လက်များကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ၊ မျက်ရည်များ ဝဲလို့လာသည်။

“ ထျန်းတောက် အရှင်သခင်ရဲ့ ....အကြွင်းအကျန်...?”

ဝုန်း ! !

ရုတ်တရက် လေပြင်းများ တိုက်ခတ်လာပြီး ၊ လေနှင့် တိမ်တိုက်များက အဆုံးမရှိ လှုပ်ရှားလာသည်။

မိုးကြိုးဟောက်သံများနှင့်အတူ ၊ မိုးသည်းထန်စွာ ရွာသွန်းလေသည်။

ကောင်းကင်နှင့် မြေကြီးမှ မြူခိုးများ ပေါ်ထွက်လာကာ မရေတွက်နိုင်သော သက်ရှိသတ္တဝါအပေါင်းတို့သည် ကောင်းကင်ကြီးကို မျှော်ကြည့်နေကြသည်။

ရုတ်​တရက်​ ၊ စိတ်​ထဲ၌ ဝမ်းနည်းသော ခံစားချက်များ ဝင်ရောက်လာလေသည်။

ကောင်းကင်လမ်းစဉ်၏ စားပွဲဝိုင်းဆယ့်သုံးယောက်မှ အချို့သည် မခံမရပ်ဖြစ်ကာ ဒူးထောက်ရသည့်အထိပင်။

သူတို့အထဲမှ အမျိုးသမီးတစ်ဦးဆိုရင်ဖြင့် ၊သူမ၏ နှုတ်ခမ်းသားများကို တင်းတင်းကြပ်ကြပ် စေ့ထားပြီး ၊သူမ၏ မျက်နှာမှာ မယုံကြည်နိုင်ဖြစ်လို့နေသည်။

သူတို့ နှလုံးသားထဲက အမြင့်မားဆုံး ယုံကြည်ချက်ဖြစ်သည့် ၊

သူတို့၏ အသက်နှင့် ဘဝအသစ်ကို ပေးခဲ့သော ထျန်းတောက် အရှင်သခင်သည်

တကယ်တော့...

ပျောက်ကွယ်သွားပြီမှာ ကြာခဲ့ပြီပင် !

…….

ကွေးယွမ် သူတော်စင်နယ်မြေ ။

ရှေးဘိုးဘေး၏အရိပ်သည် တစ်စုံတစ်ခုကို ခံစားမိသွားပုံရသည်။

သူ့ခေါင်းကို အနည်းငယ်မော့ထားပြီး ၊ သူ၏ မျက်လုံးများက ဟင်းလင်းပြင်ကို ဖောက်ထွင်းလျက် တစ်နေရာကို ကြည့်နေပုံရသည်။

ယီ သည် ထျန်းတောက်၏ အကြွင်းအကျန် အပိုင်းအစကို ရယူနိုင်ခဲ့ရခြင်းသည် အမှန်တွင် သူတို့၏ ကွေးယွမ် သူတော်စင် နယ်မြေမှ လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“ တိုက်မြေသုံးထောင်အတွက် သေပွဲဝင်ခဲ့တယ်”

သူ၏ ညည်းညူသံကို ကြားနေရသည်။

“ ဒီကမ္ဘာကြီးမှာ ဒီလိုကောင်းကင်လမ်းစဉ်ကို မွေးဖွားနိုင်တာ အမှန်တကယ်ကို ထိတ်လန့်စရာပဲ”

“ လက်ရှိအနေအထားကို ရောင့်ရဲပြီး အပြောင်းအလဲလုပ်ဖို့ ငြင်းဆန်တာဟာ နောက်ဆုံးမှာတော့ သေးငယ်တဲ့လမ်းပဲ”

“ တိုက်မြေ သုံးထောင်က ပုပ်ပွနေတာ ကြာပြီ၊ ဒဏ်ရာတွေကို ကုစားဖို့ အရိုးတွေကို မဖယ်ရင် ဘဝသစ်ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး “

ရှေးဘိုးဘေး၏ လေသံသည် အေးစက်နေသည်။

“ဒီခေတ်ကမ္ဘာကြီး ပျက်သုန်းပြီးရင် ငါ ကွေးယွမ် သူတော်စင် နယ်မြေက ဘဝသစ်ကို စတင်မယ်”

အပိုင်း(၃၉၀) : စိတ်ကူးယဉ်အိပ်မက် နောက်ဆုံးတော့ နိုးထလေခဲ့ပြီး ၊ တွယ်တာမှုမရှိ အကန့်အသတ်မရှိ ဖုန်မှုန့်များအဖြစ်သို့ ပြန်သွားပေတော့မည်

အမှန်စစ်စင် ။

ကွေးယွမ် သူတော်စင်နယ်မြေသည် တိုက်မြေ သုံးထောင်၏ အနာဂတ်နှင့်ပတ်သတ်၍ စိတ်ထဲမရှိချေ။

ကွေးယွမ် သူတော်စင် နယ်မြေ၏ တကယ့်ဘိုးဘွားပိုင်နယ်မြေသည် ပေမင်တိုက်မြေတွင် မဟုတ်ဘဲ ကွေးယွမ်အမတနယ်မြေတွင်ဖြစ်သည်။

ယခု အရေးယူဖို့ ဆုံးဖြတ်ခဲ့ပြီး ၊ သူတို့နှင့် သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။

ရှေးဘိုးဘေးသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အဆုံးမဲ့ တာအိုစည်းချက်များက ပျံ့လွင့်သွားခဲ့ပြီး မှုန်ဝါးဝါး သက်ဝင်ကားချပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

မြူမှုန်များဖြင့် အုံ့ဆိုင်းနေသော နေရာတစ်ခုလို ဖြစ်နေပြီး မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။

“ ရှေးဘိုးဘေးကို နှုတ်ဆက်ပါတယ်”

အမျိုးသားနှစ်ယောက်၏ အသံထွက်လာသည်နှင့်အမျှ မြင်ကွင်းမှာ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ မြူခိုးများထဲတွင် အားကောင်းသော ရောင်ဝါများကို ပိုင်‌ဆိုင်ထားသော အသွင်သဏ္ဍာန်နှစ်ခု ထွက်ပေါ်လာသည်။

“ ထျန်းတု ၊ ယွီ့ထျန်း ​​မင်းတို့နှစ်ယောက် ထပ်ပြီး အပြင်းအထန် မလေ့ကျင့်ပြန်ဘူးလား?”

ရှေးဘိုးဘေး၏ အသံသည် အနည်းငယ် စိတ်အလိုမကျဖြစ်နေပုံရသည်။

“ရှေးဧကရာဇ် နယ်ပယ်အဆင့်ကို ဖြတ်ကျော်ဖို့ ခြောက်လတောင် ကြာခဲ့တယ်”

ရှေးဧကရာဇ်(ခေတ်ဟောင်း ဧကရာဇ်) ဆိုသည်မှာ မဟာဧကရာဇ်မင်း ပထမတန်းအဆင့် အထက် ညဏ်အလင်းရသူများကို ခေါ်ဆိုခြင်းဖြစ်ပြီး ၊ ၎င်းတို့သည် အမတအဆင့်ကို ရောက်လုနီးပါး ဖြစ်တည်မှု တစ်ခု ဖြစ်သည်။

ရှေးဧကရာဇ် အထက်ကို ကြွင်းကျန်(မပြီးပြည့်စုံ) အမတဟု ခေါ်သည် ။ ၎င်းသည် အမတတစ်ပါး၏ အလိုဆန္ဒကို ညဏ်အလင်းရထားသော်လည်း ၊ အမတကိုယ်ထည်အဖြစ် အောင်မြင်စွာ မဖွဲ့စည်းနိုင်သေးချေ။ အမတ သဘောတရားအရ သေမျိုးအမတ ၊ ညဏ်အလင်း အမတ နှင့် လွတ်မြောက် အမတ ဟူ၍ နယ်ပယ်သုံးမျိုးရှိသည်။

အမတလူသားသခင် ဆိုသည် လောကီရေးရာကို လွန်မြောက်၍ သာမန်လူထက် ထူးကဲသော စိတ်နေစိတ်ထားဖြင့် မွေးဖွားခြင်းဖြစ်သည်။

သာလွန်အမတသည် အမတလူသားသခင် နှင့် အနီးစပ်ဆုံးဖြစ်သည်။

ဤသည်မှာ တိုက်မြေ သုံးထောင် ရှိ ဧကရာဇ်နယ်ပယ်အထက်အဆင့်များ ဖြစ်သည်။

ဧကရာဇ်လျှောက်လှမ်းမှ လွတ်မြောက်၍ အမတလျှောက်လှမ်းကို ဖြတ်သန်းနိုင်သူများသည် ဤနယ်ပယ်များကို တိုက်ရိုက်ကျော်လွှားနိုင်ပြီး မြင့်မြတ်သော အမတလူသားသခင်အဖြစ်သို့ တိုက်ရိုက် တတ်လှမ်းနိုင်သည်။

ယွီ့ထျန်း နှင့် ထျန်းတုတို့သည် တစ်ယောက်ကို တစ်ယောက် ကူကယ်ရာမဲ့ ကြည့်နေကြသည် ။

သူတို့မျက်နှာမှာ ခါးသီးမှုများဖြင့် ပြည့်နှက်နေသည်။

မူလက သူတို့သည် ရှေးဘိုးဘေး၏ ချီးမွမ်းခြင်းကို ခံရမည်ဟု ထင်ခဲ့ကြသော်လည်း ၊ သို့သော် ရှေးဘိုးဘေးသည် မိမိတို့အား အလွန်နှေးကွေးသည်ဟု ယူ‌ဆနေသည်။

“ထားပါလေ ၊ နည်းနည်းနှေးပေမယ့်လည်း အနည်းဆုံးတော့ ဟိုကောင်သုံးယောက်ထက် ပိုမြန်တယ်”

တစ်ချိန်တည်းမှာပင် ၊ နယ်မြေပြင်ပ စစ်မြေပြင်တစ်နေရာတွင်

ရှေးဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်နေဆဲ ဖြစ်သော တိကျန့် ၊ ပိုင်ကျန့်နှင့် ဟွမ်ထျန်း မဟာဧကရာဇ်မင်းတို့ကို ဆိုလိုက်သည်။

“ ဧကရာဇ်လျှောက်လှမ်းပြီးရင် ကမ္ဘာကြီးက ပြောင်းလဲလာလိမ့်မယ် ၊ တားမြစ်နယ်မြေတွေ နိုးထလာပြီး တားမြစ်ချက်တွေ ရောက်လာလိမ့်မယ် “

ရှေးဘိုးဘေးက ဆိုလိုက်သည်။

“မင်းတို့နှစ်ယောက် ကံကြမ္မာပင်လယ်ကိုသွားပြီး သူတို့ကိုနှိုးလိုက်တော့၊ အစီအစဉ် စတင်ဖို့အချိန်ရောက်ပြီ ”

ထျန်းတု မဟာဧကရာဇ်မင်း နှင့် ယွီ့ထျန်း မဟာဧကရာဇ်မင်းတို့ နှစ်ယောက်စလုံး အံ့အားသင့်စွာဖြင့် ကြည့်နေသည်။

သူတို့သည် ကွေးယွမ် သူတော်စင် နယ်မြေ ရှိ ကံကြမ္မာပင်လယ်တွင် အိပ်မောကျနေသော ကြွင်းကျန်အမတများကို ဆိုလိုခြင်းဖြစ်သည်။

ကံကြမ္မာပင်လယ်တွင် အိပ်မောကြနေသည့် အကြောင်းရင်းမှာ သူတို့သည် မဟာဧကရာဇ်မင်းထက် သာလွန်သော ဖြစ်တည်မှုဖြစ်ပေရာ ၊ ဤခေတ်ကမ္ဘာကြီး၏ ထူးခြားသော သဘာဝကြောင့် သူတို့သည် ကောင်းကင်ဘုံသို့ မတတ်လှမ်းနိုင်ခဲ့ပေ။

သို့ဖြစ်၍ ၎င်းတို့သည် မိမိ၏ ကျင့်ကြံမှုကို တံဆိပ်ခတ်နှိပ်ပြီး ကံကြမ္မာပင်လယ်တွင်သာ အိပ်စက်နိုင်သည်။

ကြွင်းကျန်အမတဆိုသည် တိုက်မြေ သုံးထောင်၏ စည်းမျဉ်းများကို ကျော်လွန်ရုံသာမက စည်းမျဉ်းစည်းကမ်းများကိုပင် ဖျက်စီးပစ်နိုင်သော အထူးတည်ရှိမှုတစ်ခုဖြစ်သည်။

နောင်လာမည့်စစ်ပွဲတွင် အဝေးဘိုးဘေးများကိုယ်တိုင် အရေးယူပါက တိုက်မြေ သုံးထောင်သည် ၎င်းတို့၏ တန်ခိုးစွမ်းအားကြောင့် လုံးလုံးလျားလျား ပြိုကျကာ ပျက်စီးသွားပေလိမ့်မည်။

ညွှန်ကြားမှုပြီးသည်နှင့် ၊ မျက်နှာပြင် ချိတ်ဆက်မှုမှာ ပြတ်တောက်သွားသည်။

မဟာဧကရာဇ်မင်း နှစ်ပါးသည် တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့ ကြည့်လိုက်ကြသည်။

“ဒီကလေး ချန်ကဲ အတွက်၊ ငါတို့ ကွေးယွမ် သူတော်စင် နယ်မြေတစ်ခုလုံး အတော်လေးကို အလုပ်ရှုပ်နေတာပဲ...”

ယွီ့ထျန်း မဟာဧကရာဇ်မင်းက ကူကယ်ရာမဲ့ သက်ပြင်းချလိုက်ရင်း ဆိုရှာသည်။

“ အစကတော့ ငါတို့အနေနဲ့ အမတလျှောက်လှမ်း ပြန်လည်ထွက်ပေါ်လာပြီး အထက်လူကြီးတွေက တိုက်မြေ သုံးထောင်ကို ရှင်းပစ်မယ့်အချိန်ကို စောင့်လိုက်ရုံပဲပေါ့ ဘယ့်နှယ် ၊ ခုတော့...”

“ မင်း ညည်းတွားမနေနဲ့ ၊ ချန်ကဲရဲ့ အရည်အချင်းကို တိ့ကျန့်တောင် သဘောကျနေတာ ၊ ဒါကိုက သူက အားလုံးနဲ့ထိုက်တန်တယ်ဆိုတာ ပြသလိုက်တာပဲလေ “

“ဒါပေမယ့် ငါ့ရဲ့ ဧကရာဇ်ဘွဲ့ကို တုရှန်း(မနာလိုမှု နတ်ဘုရား)လို့ ပြန်ပြောင်းသင့်တယ် “

ထိုစကားကြောင့် ၊ ယွီ့ထျန်းမဟာဧကရာဇ်မင်းက အံ့ဩစွာဖြင့် ပြန်မေးလိုက်သည်။

“ထျန်းတု ၊ မင်း ဘာကိုဆိုလိုတာလဲ”

ထျန်းတု မဟာဧကရာဇ်မင်းသည် သူ၏ ဝတ်ရုံလက်စကို ခါထုတ်လိုက်ရင်း ဆိုလိုက်သည်။

“ အဲ့ကလေး စူးချန်ကဲ က ငါ့ကို မနာလိုဖြစ်အောင်လုပ်နိုင်လို့ ဟေ့ “

ထိုသို့ပြောပြီးနောက် ၊ ထျန်းတုမဟာဧကရာဇ်မင်းသည် ချဉ်စုပ်စုပ်ရုပ်ဖြင့် ထွက်သွားလေတော့သည်။ သူသည် တကယ်ကို မနာလိုဖြစ်နေပုံရသည်။

ယွီ့ထျန်း မဟာဧကရာဇ်မင်းသည် ခါးသီးစွာ ပြုံးလိုက်ရင်း နေရာမှာတင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

“ ထျန်းတုကို မနာလိုဖြစ်အောင် လုပ်နိုင်သူဆိုလို့ စူးချန်ကဲပဲ ရှိတယ်..”

“ဒါပေမယ့်လည်း ဟုတ်တာပဲ ၊ သူသာ မူလရင်းမြစ် ကံကြမ္မာနဲ့ မဟာဧကရာဇ်မင်းတစ်ပါးဆိုရင် ... ဒါဆို စစလာကတည်းက ငါတို့ထက် သာလွန်နေပြီပဲ”

တိုက်မြေသုံးထောင်ရှိ မဟာဧကရာဇ်များအားလုံးသည် သာမာန်ကံကြမ္မာကိုသာ အသုံးပြုနိုင်ပြီး ၊ စူးချန်ကဲသည် ဇာစ်မြစ် ကံကြမ္မာကို တိုက်ရိုက် အသုံးပြုသည်။ ဤကွာဟချက်မှာ တုနှိုင်းမရလောက်အောင်ပင်။

“အနာဂတ်အောင်မြင်မှုတွေက...”

“ ထားပါတော့လေ၊ ဆက်ပြောနေရင် ငါတောင် မနာလိုဖြစ်တော့မယ် “

မဟာဧကရာဇ်မင်း နှစ်ပါးစလုံး အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ သူတို့သည် ရှေးဧကရာဇ်မင်းများအဖြစ် တတ်လှမ်းနိုင်ခဲ့သည့်အပေါ် ပျော်ရွှင်ခဲ့ကြသော်လည်း ယခုတွင် အနည်းငယ် စိတ်မသက်မသာ ခံစားနေကြရသည်။

……

တစ်ချိန်တည်းမှာပင်။

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ၏ ပင်မခန်းမတွင်။

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များသည် ဝမ်းနည်းပူ‌ဆွေးနေကြသည်။ မိမိတို့၏အရှင်သခင် ကွယ်လွန်သွားပြီမှာ ကြာခဲ့ပြီပင်။

သူတို့ လက်ကိုင်ထားခဲ့သော စံနမူနာများသည်..

ဘာအဓိပ္ပါယ်များ ရှိတော့မည်နည်း။

ထိုအချိန် ၊ ယီ သည် သူ၏မျက်လုံးများကို မှိတ်ထားရင်း သက်ပြင်းချလိုက်သည်။

မူလက ခံစားချက်ရှိပုံမရသော သူသည် ယခု အနည်းငယ် ဝမ်းနည်းနေပုံရသည်..

ထျန်းတောက် မှ သူ့ကို နောက်ဆုံးပြောခဲ့သည့် စကားများကို ပြန်လည် အမှတ်ရနေသည်။

အမျိုးသမီးတစ်ဦး၏အသံသည် သူ့အသိစိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။

သူမသည် ပြင်းထန်စွာ ဒဏ်ရာရထားသကဲ့သို့ အလွန်အားနည်းနေသည်။

“ အနာဂါတ်ရဲ့ ကံကြမ္မာကို...အစကတည်းက သက်ရှိအပေါင်းတို့ သူတို့ကိုယ်တိုင် ဆုံးဖြတ်သင့်တာ ...”

“ငါ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေက...သက်ရှိအပေါင်းတို့ကို ပိုပြီး ပျော်ရွှင်စေလိမ့်မယ်လို့ ငါ ထင်ခဲ့တယ်... ဒါပေမယ့်...”

“အားလုံးက ငါ့အပြစ်တွေပဲ...”

“ ရှောင်ယီ... တောင်းပန်ပါတယ်... ငါ မင်းကို အကြွေးတင်နေပြီ... တကယ်တောင်းပန်ပါတယ်...”

ဤအခိုက်အတန့်တွင် ၊ ကွက်လပ်ထဲမှ ထွက်လာသော လက်တစ်စုံသည် ယီ ကို နူးညံ့စွာ ပွေ့ဖက်ထားပုံရသည်။

မှုန်ဝါးဝါး ပုံသဏ္ဍာန်ရှိသော အမျိုးသမီးတစ်ဦး ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ၊သူမ၏ နဖူးဖြင့် ယီ ၏ နဖူးကို ထိတွေ့လိုက်ရင်း။

“ငါ့ရဲ့နောက်ဆုံးဆန္ဒကို မင်းခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်.....”

အမှတ်ရစရာများကို ခဏလောက် ပြန်တွေးကြည့်ရုံဖြင့် မရေမတွက်နိုင်သော နှစ်ကာလများစွာ ကုန်လွန်သွားခဲ့ပုံရသည်။

ယီ သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာပြန်ဖွင့်လိုက်သည် ။ နဂိုက ငြိမ်သက်နေခဲ့သော သူ၏ မျက်ဝန်းတစ်စုံသည် ယခုအချိန်တွင် အနည်းငယ် လှိုင်းထနေပုံရသည်။

သို့သော် သူသည် လုံးဝ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။

သူသည် ထျန်းတောက်၏ အကြွင်းအကျန်များကို မြောက်တင်လိုက်ရာ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာသည်။

“ ထျန်းတောက် အရှင်သခင်က ငါတို့ကို ဘဝသစ်ပေးခဲ့တယ် ၊ အခု ပျက်စီးသွားခဲ့ပြီ ဆိုပေမဲ့ “

“ ဒါပေမဲ့ ၊ ငါတို့က ကံကြမ္မာနဲ့ မွေးဖွားလာတာဖြစ်လို့ ငါတို့အားလုံး သူမရဲ့ ရှည်လျားတဲ့ ဆန္ဒကို ဖြည့်ဆည်းပေးသင့်တယ်!”

ယီ သည် သူ့လက်ထဲက ထျန်း‌တောက်၏ အကြွင်းအကျန်ကို စိုက်ကြည့်နေသည်။ ကျန်ရှိသော အခြားသူများ၏ နှလုံးသားထဲမှာလည်း မူလက အုံ့ဆိုင်းဆိုင်းဖြစ်ခဲ့သော ခံစားချက်များ ပျောက်‌ဆုံးလို့သွားခဲ့ပြီး ခိုင်မာသောဆုံးဖြတ်ချက်တစ်ခုက အစားထိုး ဝင်ရောက်လာခဲ့သည်။

သို့သော် အော့ သည် စကားပြောရန် ချီတုံချတုံ ဖြစ်နေသည်။

သူသည် လေးမျက်နှာတစ်ခွင် ခရီးထွက်ခဲ့ပြီး လူများ၏ နှလုံးသားကို နက်နဲစွာ နားလည်ထားသောကြောင့် အစ်ကိုကြီး၏ ဆိုလိုရင်းကို သဘာဝကျကျ သိသည်။

ဤရလဒ်သည် သူမြင်ချင်သည့်အရာမဟုတ်သော်လည်း ၊ သို့သော် သူ့မှာ ရွေးချယ်စရာမရှိချေ။

ထိုအချိန်တွင် ၊ ယီ က ဆိုလိုက်သည်။

“ ကမ္ဘာကြီးကို ဟန်ချက်ညီစေဖို့ ကွေးယွမ် သူတော်စင်နယ်မြေကို သုတ်သင်ပစ်ရမယ်!”

“ဒီတိုက်ပွဲကို မနိုင်ရင် သေမယ်!”

ဤကိစ္စအတွက် ဆုံးဖြတ်ချက်တစ်ခုချရမည်ဖြစ်ပြီး ရလဒ်လည်း ရှိမယ်မှန်း ယီ သိသည်။

တိုက်မြေ သုံးထောင်ကို ဟန်ချက်ညီစေပြီး ၊ အနာဂတ်တွင် ပျက်စီးခြင်းမှ ရှောင်ရှားလိုစေရန်အတွက် ၊

သူတို့အတွက် ဒ်ီနည်းလမ်းသာ ရှိပေသည်။

သူတို့အတွက် နောက်ဆုတ်ဖို့ရာ လမ်းမရှိချေ။

သူသည် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက အမှန်တရား တစ်ခုကို ရှာဖွေခဲ့သည်။

နောက်ဆုံးတွင် သိလိုက်ရသော်လည်း ၊ သို့သော် ရလဒ်သည် ရယ်စရာကောင်းသည်ဟု သူ ခံစားမိသည်။

“ဒါပေမယ့်..ဒါတွေအားလုံးက အရှင်သခင်ရဲ့ ဆန္ဒပဲ..”

ယီ သည် သူ့ကိုယ်သူ ညည်းညူလိုက်ရင်း။

“ အောင်မြင်နိုင်မယ်ဆိုလို့ကတော့ ငါ့ခန္ဓာကိုယ်ကိုတောင် စတေးနိုင်တယ်”

အော့ က လေးလေးနက်နက် သက်ပြင်းချလိုက်သည်။

ယီ ၏ အဓိပ္ပါယ်ကို သူသာလျှင် နားလည်သည်။

သူတို့ လက်ကိုင်ထားခဲ့သော စံနမူနာများသည် အစမှအဆုံးထိ မှားယွင်းသော ဝိရောဓိဖြစ်ခဲ့သည်။

သို့သော် ထိုအရာများသည် ဖြစ်ပျက်ခဲ့ပြီးပြီ ဖြစ်ပေရာ ရလဒ်ကို နောက်ပြန်လှည့်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ ဒါသာရှိတော့သည်။

ကောင်းကင်လမ်းစဉ်စားပွဲဝိုင်းရှိ လူအားလုံး၏အသွင်အပြင်သည် သူ၏ မျက်ဝန်းအစုံတွင် အမှတ်တရတစ်ခုအဖြစ် ထင်ဟပ်နေသည်။

“ စိတ်ကူးယဉ်အိပ်မက် နောက်ဆုံးတော့ နိုးထလေခဲ့ပြီး ၊ တွယ်တာမှုမရှိ အကန့်အသတ်မရှိ ဖုန်မှုန့်များအဖြစ်သို့ ပြန်သွားပေတော့မည်...!”

All Chapters