အခန်း (၃၉၁-၃၉၃)
Vol. 28 Ch. 391-393
အပိုင်း(၃၉၁): ကြေကွဲဖွယ်မြင်ကွင်း၊ ပါရမီရှင်များ ကျဆုံးခြင်း
ပြင်ပကမ္ဘာတွင် ကမောက်ကမ ဖြစ်လို့နေသည်။
ဧကရာဇ်လျှောက်လှမ်းရှိ လေမုန်တိုင်းဂိတ်ထဲက တိုက်ပွဲများသည်လည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
မရေမတွက်နိုင်သော ပါရမီရှင်များကျဆုံးခဲ့ရသလို ၊ မည့်သည့်နေရာမဆို အလောင်းများဖြင့် ပြည့်နှက်နေသည်။
ကျိုးပဲ့နေသော မှော်လက်နက် အပိုင်းအစများသည် နေရာတိုင်းတွင် ပေါက်နေသော ပေါင်းပင်များကဲ့သို့ပင်။
ကောင်းကင်ယံထိ ထိုးဖောက်လျက်ရှိသော တောင်တန်းများသည် အပျက်အစီးများအဖြစ်သို့ ပြိုကျကုန်သည်။
လူသားမျိုးနွယ် ပါရမီရှင်တစ်ယောက်ဆိုရင်ဖြင့် လှံသည် ၎င်း၏နှလုံးသားကို ထုတ်ချင်း ထိုးဖောက်လျက် ကျောက်တုံးပေါ်သို့ စိုက်ဝင်နေသည်။
ခေါင်းငိုက်စိုက်ကျလျက် ၊ လက်နှစ်ဖက်လုံးက လျော့တိလျော့ရဲ ကျနေသော်လည်း ၎င်း၏ ညာလက်တွင် ကြောက်စရာကောင်းသော မကောင်းဆိုးဝါးမျိုးနွယ်ဝင် တစ်ဦး၏ ဦးခေါင်းကို တင်းတင်းဆုပ်ကိုင်ထားသည်။
ခန္ဓာကိုယ်ထက်ဝက်ခန့် ခုတ်ပိုင်းခံလိုက်ရသော နတ်ဆိုးမျိုးနွယ်ဝင် တစ်ယောက်လည်း ရှိသေး၏။ သူ မသေဆုံးမီ ကြုံတွေ့ခဲ့ရသော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သဲလွန်စများက မြေပြင်ပေါ်တွင် ကျန်ရစ်လျက်ရှိသည်။
ဓားရှည်ဖြင့် ခုတ်ပိုင်းခံထားရသော မကောင်းဆိုးဝါးမျိုးနွယ်ဝင် အမျိုးသမီးတစ်ဦးလည်း ရှိပြီး ၊ ရှုပ်ပွနေသော ဆံပင်များက သူမ၏ မျက်နှာကို ဖုံးအုပ်ထားသည်။
သူမထံမှ ပြင်းထန်သော နာကြည်းမှုများကို ခံစားမိနိုင်သည် ..
လေမုန်တိုင်းဂိတ်ထဲရှိ ကမ္ဘာကြီးသည် သွေးများဖြင့် စွန်းထင်နေပြီး မည်သည့်နေရာမဆို လူသေအလောင်းများဖြင့် ပြန့်ကျဲနေသည်။
တစ်ချိန်က ၊ ကြည်လင်တောက်ပသော ကျောက်စိမ်းရေကန်သည် ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် ကွဲအက်သွားခဲ့ရသည်။
ရေစီးဆင်းမှု ရပ်တန့်သွားပြီး၊ ရေကန်ပေါ်တွင် မျောနေသော လူသေအလောင်းများ၏ သွေးများက ရေကန်တစ်ခုလုံးကို အနီရောင်အဖြစ် ဆေးဆိုးထားသည်။
ဒါတင်မက ၊ တိမ်ပင်လယ်ထိ တိုးဝင်နေသော သစ်တောကြီးတစ်ခုလုံး မီးတောက်လောင်နေပြီး အနက်ရောင်မီးခိုးများက ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းထားသည်။
မူလက စိမ်းလန်းစိုပြေသော သစ်တောကြီးသည် ပျောက်ကွယ်သွားပြီး ၊ ကျန်ရှိနေသည်မှာ မှောင်မိုက်၍ လောင်မြိုက်လျက်ရှိသော နေရာလွတ်ကြီးအဖြစ်သာ။
လေထဲတွင် လွင့်မျောနေသော ပြာများသည် သွေးများဖြင့် ရောနှောလျက် ကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
နှင်းတောင်တန်းများသည်လည် သွေးပူများဖြင့် အရည်ပျော်ကျလျက် ၊ ဆီးနှင်း နှင့် သွေးများ ပေါင်းစပ်ထားသော သွေးအိုင်ကြီးတစ်ခုအဖြစ်သို့ ရှိနေသည်။
တိုက်မြေသုံးထောင်၏ တစ်မိုးအောက် ပါရမီရှင်များသည်ပင် ရက်စက်ကြမ်းကြုတ်သော ဧကရာဇ်လျှောက်လှမ်းတွင် ပေါင်းပင်များကဲ့သို့ ရှင်းလင်းခံထားရသည်။
အဋ္ဌမမြောက် ဧကရာဇ်လျှောက်လှမ်း ဂိတ်ထဲသို့ ဝင်ရောက်နိုင်သူများသာလျှင် ဧကရာဇ်လျှောက်လှမ်းထဲမှ ထွက်ခွာရန် အရည်အချင်းပြည့်မီသည်။
သတ်ဖြတ်ခြင်းတိုက်ပွဲကြီးထဲမှ လွတ်မြောက်နိုင်ခဲ့သော်လည်း နောက်တစ်ဆင့်သို့ တတ်ရောက်ရန် အရည်အချင်းမရှိသော လူများသည် ဧကရာဇ်လျှောက်လှမ်းတွင် လမ်းပျောက်သူများ ဖြစ်လာကြပြီး မည်သည့်အခါမှ အောင်မြင်မှုရလိမ့်မည် မဟုတ်ချေ။
သို့မဟုတ် တခြားသော ပါရမီရှင်များနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကာ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာနိုင်သည်။
သို့မဟုတ် သေဆုံးကာ လွင်တီးခေါင်တွင် အရိုးစုဘဝအဖြစ်သို့ ကျရောက်သွားနိုင်သည်။
အဆက်မပြတ် ကြွေကျလာသော ကြယ်စုများ ပေါက်ကွဲထွက်ပေါ်လာသကဲ့သို့ ၊ ယင်းတို့အနက် အစွမ်းထက်သော သန်မာသူများသည် အဆက်မပြတ် တိုက်ခိုက်လို့နေသည်။
ထောင်ပေါင်းများစွာသော မှော်စွမ်းအားများသည် ကောင်းကင်ကြီးကို ဖောက်ထွင်းလျက် နိယာမတရားများကို ချိုးဖျက်နေသော အလင်းတန်းများကဲ့သို့။
ထပ်ခါတလဲလဲ တိုက်ပွဲတွေကြောင့် ဖြစ်ပေါ်လာသော လှိုင်းဂယက်များသည် မိုင်ထောင်ပေါင်းများစွာအထိ ရိုက်ခတ်သွားလေသည်။
ဝုန်း ——!!
၎င်းတို့အနက် ၊ ကောင်းကင်ဘုံတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေနိုင်သည့် စွမ်းအားများကို ဆောင်ကျဉ်းလာသော အလင်းရောင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်နှစ်ခု အချင်းချင်း တိုက်မိပြီးနောက် ၊ သူသူကိုယ်ကိုယ် စွမ်းအားများကြောင့် နှစ်ယောက်လုံး နောက်သို့ လွင့်ထွက်သွားသည်။
ဘုန်း !!
တစ်ယောက်သည် တောင်ပေါ်တွင် ရောက်ရှိနေပြီး ၊ နောက်တစ်ယောက်သည် လွင်ပြင်ထဲသို့ ကျရောက်သွားခဲ့သည်။
အခိုးအငွေ့များ တဖြည်းဖြည်း ကွယ်ပျောက်သွားသည်နှင့် အမျှ ၊
မောဟိုက်ကာ သွေးများဖြင့် ပေကျံနေသော အသက်ရှုနှုန်း အားနည်းနေသည့် လူနှစ်ယောက်ကို သင် တွေ့ရပေမည်။
ယဲ့လင်ထျန်း၏ မျက်စံနှစ်မြွာ စွမ်းအားအောက်တွင်၊ ထျန်းလုံ ဝူရှန်း ကဲ့သို့သော သန်မာသော အမျိုးသားတစ်ဦးပင်လျှင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ၊ သူ၏ ဘယ်ဘက်လက်တစ်ခုလုံး ဖြတ်တောက်ခံလိုက်ရသည်။
ယဲ့လင်ထျန်းသည်လည်း အခြေအနေမကောင်းပေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ထျန်းလုံ ဝူရှန်း၏ များစွာသော ထိုးဖောက်မှုကို ခံထားရပြီး သွေးများက စမ်းရေအလား စီးကျနေသည်။
မျက်စံနှစ်မြွာ၏ စွမ်အားကို လွန်ကဲစွာ အသုံးပြုခဲ့သောကြောင့် မှိတ်ထားသော သူ၏ မျက်လုံးများမှ သွေးမျက်ရည် နှစ်ကြောင်း စီးကျနေသည်။
“ ဟားဟား…”
ယဲ့လင်ထျန်းသည် သွေးများကို ထွေးထုတ်လိုက်ပြီး ၊ သူ့ခန္ဓာကိုယ်တွင်းရှိ နာကျင်ကိုက်ခဲမှုကို တင်းခံကာ ပြုံးရယ်လျက် ဆိုလိုက်သည်။
“ ရှေးမကောင်းဆိုးဝါးဧကရာဇ်ရဲ့ အမျိုးအနွယ်ဆိုတာ ဒါလား ?”
“ ယဲ့လင်ထျန်း ! မင်းသေချင်နေတာလား”
တဖက်လူ၏ စကားကြောင့် ၊ ထျန်းလုံ ဝူရှန်းမှာ ဒေါသဖြစ်သွားသည်။
ဘိုးဘေးနဂါးအသွေးတော်ကို ပိုင်ဆိုင်ထားသူတစ်ယောက်အနေဖြင့် ၊ သူ၏ လက်တစ်ဖက်သည် လူသားတစ်ယောက်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်မှာ တကယ်ကို ရှက်စရာကောင်းပေသည်။
ဝုန်း !
ထျန်းလုံ ဝူရှန်း၏ ဘိုးဘေးနဂါးအသွေးအသားတို့သည် ပွက်ပွက်ဆူလာပြီး ၊ ကြီးကျယ်ခမ်းနားသော နဂါးစွမ်းအင်တစ်ခု ထွက်ပေါ်လာကာ ကောင်းကင်နှင့်မြေကြီးကြားတွင် ချက်ချင်းဆိုသလို စုဝေးသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်စွမ်းအားများ ကျဆင်းလာကာ ယဲ့လင်ထျန်းကို လုံးလုံးလျားလျား ဝါးမြိုပစ်ရန် ကြိုးပမ်းခဲ့သည်။
“ဟမ်၊ ဒီတစ်ခါ မင်းရဲ့ ကျန်လက်တစ်ဖက်ကို ဖြတ်ပစ်မယ်!”
ယဲ့လင်ထျန်းသည်လည်း ၎င်း၏ ပျော့ညံ့မှုပြသရန် ငြင်းဆိုခဲ့သည်။ သူတော်စင် ခန္ဓာကိုယ်၏ သွေးတို့သည် ထပ်မံ နိုးထလာခဲ့ပြီး ထျန်းလုံ ဝူရှန်းကို သတ်ပစ်ရန် ကြိုးစားခဲ့သည်။
ဤငါးတစ်ကောင်ကိုတောင် သူ မသတ်နိုင်ခဲ့ပါက ၊ သူသည် ဆက်ခံသူ၏ နောက်သို့ လိုက်ရန် မည်သို့အရည်အချင်း ပြည့်မီနိုင်မည်နည်း !?
နှစ်ယောက်သား နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ကြတော့မည့်အချိန် ။
ဒင်! !
ကျယ်လောင်သော ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာသည်။ မူလက တိုက်ပွဲဝင်နေကြသော ပါရမီရှင်များသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။
၎င်းတို့၏ သတ်ဖြတ်လိုသော အငွေ့အသက်တို့သည် ရပ်တန့်ခံလိုက်ရပြီး ၊သူတို့ကြားက တိုက်ခိုက်မှုသည် လုံးဝ ပြီးဆုံးသွားခဲ့သည်။
“ ၁၈,၆၄၉,၆၂၁ မြောက် လေမုန်တိုင်းဂိတ်တွင် စည်းမျဉ်းများနှင့် ကိုက်ညီသည့် ပါရမီရှင်များ အယောက် ၁၀၀၀ ကျော် ကျန်ရှိသည် “
ဝုန်း! ! !
ထိုအသံ၏ ထွက်ပေါ်လာမှုနှင့်အတူ ၊ ကောင်းကင်နှင့် မြေကြီးသည် ပြင်းထန်စွာ တုန်ခါသွားသည်။
တောက်ပသော နတ်အလင်းတန်းများက ရှင်သန်နေဆဲ ဖြစ်ကြသော ပါရမီရှင်များ အားလုံးကို လွှမ်းခြုံသွားသည်။
လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်များသည် သူတို့၏ဒဏ်ရာများကို ကုသပေးခဲ့ပြီး ၊ ၎င်းတို့၏ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။
“ ဧကရာဇ်ဂိတ် အဆင့်တတ်ခြင်း လမ်းကြောင်း..?”
“ ငါ လေမုန်တိုင်းဂိတ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီပေါ့!”
သွေးများဖြင့် ပေကျံနေသော ပါရမီရှင်တို့သည် ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ လေမုန်တိုင်းဂိတ်သည် သူတို့အတွက် ငရဲတစ်ခုလိုပင်။
အဆုံးမဲ့သတ်ဖြတ်ခြင်းနှင့် အဆုံးမဲ့တိုက်ပွဲများ ရှိသည့် နေရာတစ်ခုပင် ဖြစ်သည်။
ထောင်ပေါင်းများစွာသော ပါရမီရှင်များထဲမှ လူဦးရေ တစ်ထောင်သာလျှင် နောက်ထပ် ဂိတ်ကို သွားရောက်နိုင်သည်။
ဤနေရာသည် အသားကြိတ်စက်လိုပင်။
ပါရမီရှင်များ၏ သင်္ချိုင်းဆိုလည်း ဟုတ်ပေသည်။
သေဆုံးသွားသော ပါရမီရှင်တို့သည် အမည်မဲ့ အရိုးများ ဖြစ်ကြရမည် ။
မတော်တဆ လွတ်မြောက်နိုင်ခဲ့သူများသည် နောက်ဆုံးတွင် ဧကရာဇ်လျှောက်လှမ်းအတွင်း လမ်းပျောက်သွားပေလိမ့်မည်။
ဤသည်မှာ ဧကရာဇ်လျှောက်လှမ်းပင်။ မရေမတွက်နိုင်သော ပါရမီရှင်များကို မြှုပ်နှံထားသည့် သွေးစွန်းသောလမ်း တစ်ခုဖြစ်သည်။
“ ယဲ့လင်ထျန်း! နောက်ထပ် မင်းနဲ့ထပ်တွေ့ခဲ့ရင် ငါ မင်းကိုသတ်ပစ်မယ်!”
အထူးနိယာမစည်းမျဉ်း၏ ကုစားမှုအောက်တွင် ၊ ထျန်းလုံ ဝူရှန်း နှင့် ယဲ့လင်ထျန်းတို့၏ ဒဏ်ရာများသည် လုံးဝ ပြန်လည်ကောင်းမွန်လာခဲ့သည်။
သို့သော် ပြတ်သွားသော လက်တစ်ဖက်၏ ရန်ကြွေးသည် ထျန်းလုံ ဝူရှန်းကို အရှက်ရစေသည်။
“ ဟာသပဲ၊ မင်းကိုယ်မင်း အတော် သတ္တိရှိနေတယ်လို့ ထင်နေတာလား”
ယဲ့လင်ထျန်းသည် ခနဲ့သော အကြည့်ဖြင့် ကြည့်လိုက်ရင်း။
“ ဆက်ခံသူသခင်နဲ့ တွေ့ခဲ့ရင် ၊ သူက မင်းကို ခွေးလိုရိုက်သတ်ပစ်မှာ!”
“ ယဲ့လင်ထျန်း ၊ ငါ …”
ထျန်းလုံ ဝူရှန်းသည် သူ၏ ကြမ်းတမ်းသော စကားများကို အပြီးမသတ်မီ ၊ သူသည် နောက်တစ်နေရာသို့ ပို့ခံလိုက်ရသည်။
……
အလားတူ မြင်ကွင်းမျိုးကို အခြားသော လေမုန်တိုင်းဂိတ်များတွင်လည်း မြင်တွေ့ခဲ့ရသည်။
လီဟောက်ထျန်း နှင့် ဟွမ်ထျန်းခွင်းလွင်သည် အကြိမ်သုံးရာ တိုက်ပွဲဝင်ခဲ့သည်။
ဟွမ်ထျန်းခွင်းလွင်၏ အတောင်ပံများ ကျိုးပဲ့သွားခဲ့သလို ၊ လီဟောက်ထျန်းမှာလည်း ဒဏ်ရာအပြင်းအထန်ရခဲ့သည်။
နှစ်ဖက်စလုံးက မကျေနပ်သေးဘဲ သတ်ပစ်ရမည့် စာရင်းထဲတွင် ထည့်ထားကြသည်။
ပီချင်းရှ နှင့် ရွှယ်ချင်းလျန်တို့၏ တိုက်ပွဲသည်လည်း အလားတူ နှစ်ဖက်စလုံး ဒဏ်ရာရခဲ့ကြသည်။ သူမတို့သည်လည်း နောက်တစ်ဆင့်သို့ ပို့ခံခဲ့ရသည်။
သို့သော် အချင်းချင်း ကျိန်ဆဲနေကြဆဲပင် ဖြစ်သည်။
နတ်သမီးတစ်ပါးနှင့်တူသော အမျိုးသမီးနှစ်ဦးသည် လမ်းပေါ်တွင် ပြောင်ပြောင်တင်းတင်း ကြိမ်းမောင်းနေသကဲ့သို့ ညစ်ညမ်းသော စကားများဖြင့် အပြန်အလှန် ဆဲဆိုကြသည်။
အရိုးဖြူ ပင်လယ်ဘုရင်မ၊ ယွင်ရှင်းယန် ၊ ထန်ဝူအာ နှင့် စူးချန်ကဲ၏ အခြားနောက်လိုက်များသည် ထူးကဲသော အစွမ်းအစများ ရှိကြသည်။ ဒါကလည်း စူးချန်ကဲမှ လေ့ကျင့်ပေးထားခြင်း ဖြစ်သည်။
သူတို့သည် မကောင်းဆိုးဝါးမျိုးနွယ်စုမှ ပါရမီရှင်များကို သတ်ပစ်နိုင်ခဲ့ပြီး နောက်တစ်ဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
…..
စူးချန်ကဲရှိရာ လေမုန်တိုင်းဂိတ်ရှိ မြင်ကွင်းသည် အလွန်ကို ကြောက်စရာကောင်းပေသည်။
စုမျဲ့ ရှိရာနေရာအရပ်တွင် အပြာရောင်အလင်းတန်းများက ရောင်ပြန်ဟပ်နေပြီး ၊ အပြာတောက်တောက် ကြာပွင့်ကြီးသည် လေပေါ်တွင် ယိမ်းနွဲ့ကာ တောက်ပနေဆဲပင် ဖြစ်သည်။
သို့သော်၊ စုမျဲ့၏ပါးစပ်သည် သွေးများဖြင့်စွန်းထင်းနေပြီး အသက်ရှုနှုန်းမှာလည်း ရှုပ်ထွေးနေကာ ဒဏ်ရာရထားပုံပေါ်သည်။
စူးချန်ကဲမှာမူ ၊ ဓားကို ကိုင်ဆောင်ထားသော သူ၏ လက်တဖက်ကို ကျောနောက်သို့ပစ်ထားပြီး သူ၏ နှုတ်ခမ်းသားများသည် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်နေသည်။ သူ၏ ၀တ်ရုံသည် လေနှင့်အတူ တဖျပ်ဖျပ် ခတ်ကာ မျောလွင့်နေသည်။
သူ၏ အသက်ရှုသံသည် ရေပြင်ပမာ ငြိမ်သက်နေသော်လည်း ၊ နဂါးငွေ့တန်းဂလက်ဆီပမာ တောက်ပသော ဓားစွမ်းအင်သည် သူ့ကို ဝန်းရံထားသည်။
သို့သော် သူ့အောက်က မြေကြီးသည် ပြိုကျကာ အက်ကွဲနေသည်။
ဓားစွမ်းအင်များဖြင့် ပြည့်နေသော ချောက်နက်ကြီးတစ်ခုလိုပင်။
ဤလေမုန်တိုင်းဂိတ်တွင် ကျန်ရှိနေကြသောပါရမီရှင်များမှာ ကြောက်ရွံ့တုန်လှုပ်နေကြသည်။
သူတို့ လုံးဝ မတိုက်ခဲ့ပေ ။ ၎င်းတို့နှစ်ဦး၏ တိုက်ခိုက်မှုမှ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဂယက်ကို ရှောင်တိမ်းရင်းဖြင့်သာ အလုပ်ရှုပ်နေခဲ့ကြသည်။
သို့သော် သူတို့သည် ရှောင်တိမ်းရန် အစွမ်းကုန် ကြိုးစားခဲ့ပါသော်လည်း ၊ ၎င်းတို့နှစ်ဦး၏ တိုက်ပွဲကြား ဆွဲသွင်းခံရကာ အသက်ပျောက်ခဲ့ရသူများလည်း ရှိသည်။
အပိုင်း(၃၉၂): ရှင်းရှုံဂိတ် ၊ ချန်းကူကြယ်
ကောင်းကင်ယံ၌။
နှစ်ဖက်လုံး၏အရှိန်သည် ဆက်တိုက်တက်လာပြီး ၊ ပရမ်းပတာစွမ်းအင်များ ပွင့်ထွက်လေရာ ဟင်းလင်းပြင်ပင်လျှင် အဆက်မပြတ် တုန်ယမ်းနေသည်။
အထူးသဖြင့် စုမျဲ့ဖန်တီးထားသော ပြာတောက်တောက် ကြာပန်းပွင့်ကြီးသည် ကောင်းကင်ထက်ဝက် ဖုံးလွှမ်းထားသလိုပင်။
ထွန်းလင်းတောက်ပစွာ ယိမ်းနွဲ့နေသည်။
အရှိန်အဟုန်ပြင်းစွာဖြင့် နောက်တစ်ကြိမ် ထပ်မံ တိုက်ကြတော့မည့်အချိန် ၊
ဒင်——!!
ကြီးကျယ်ခမ်းနားသော ခေါင်းလောင်းသံသည် ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။
“ ၅,၆၇၆,၁၂၁ မြောက် လေမုန်တိုင်းဂိတ် ၊ အရည်အချင်းပြည့်မီသည် “
“ တတိယ ဧကရာဇ်လျှောက်လှမ်းကို ဆက်သွားနိုင်ပြီ “
ဝီ!!
နတ်အလင်းရောင်များသည် တိမ်တိုက်များကြား ထိုးဖောက်ဝင်ရောက်ကာ ထွက်ပေါ်လာခဲ့ပြီး ၊ အသက်ကျန်ရစ်နေသူများ အားလုံးအပေါ်သို့ လွှမ်းခြုံသွားသည်။
သူတို့၏ ဒဏ်ရာများသည် လုံးဝပျောက်ကင်းသွားခဲ့ပြီး ၊ တောက်ပသော နတ်အလင်းရောင်များသည် ၎င်းတို့၏ ခန္ဓာကိုယ်များကို ရစ်ပတ်လျက် တိမ်တိုက်များကြား ခေါ်ယူသယ်ဆောင်သွားသည်။
“ နောက်တစ်ဆင့်!?”
“ကောင်းလိုက်တာ၊ နောက်ဆုံးတော့ ဒီငရဲ ကနေ လွတ်မြောက်ခဲ့ပြီပေါ !”
“ငါတို့တွေ ရှင်သန်နိုင်မယ်လို့ မမျှော်လင့်ထားဘူး!”
“ နောက်တစ်ဆင့်မှာ ဒီကောင်နှစ်ယောက်ကို တွေ့တာနဲ့ ခပ်ဝေးဝေးမှာ နေရမယ်! “
“…….”
ရှင်သန်ကျန်ရစ်နေဆဲ ဖြစ်သော ပါရမီရှင်များအားလုံးသည် လုံး၀ စိတ်လှုပ်ရှားနေကြသည်။ သူတို့၏ မျက်နှာများသည် ရွှင်လန်းမှု အပြည့်ဖြင့် ရယ်မောနေကြသည် ။
ဤလေမုန်တိုင်းဂိတ်တွင်၊ စူးချန်ကဲ နှင့် စုမျဲ့တို့၏ အပြန်အလှန်တိုက်ခိုက်မှုကြောင့် ပါရမီရှင် အများအပြား သေဆုံးခဲ့ရသည်။
သူတို့ ယခုလို လွတ်မြောက်နိုင်ခဲ့သည့် အကြောင်းအရင်းမှာ အပြေးမြန်ခြင်းပင်။
“မင်း ကံကောင်းသွားတယ် မှတ် !”
စူးချန်ကဲသည် ကောင်းကင်ဓားကို ပြန်သိမ်းယူလိုက်ပြီး အေးစက်စွာ ဆိုလိုက်သည်။
“နောက်တစ်ခါတော့ မင်းသေလိမ့်မယ်”
စုမျဲ့သည် အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ့မျက်နှာမှာ အနည်းငယ် မှုန်ကုတ်နေသည်။
ယခင်က တိုက်ပွဲများကို ကြည့်ရင်း ၊ သူသည် စူးချန်ကဲ၏ စွမ်းအားကို လျှော့တွက်ထားခဲ့သည်။
စူးချန်ကဲ ချုပ်ကိုင်ထားသော ဧကရာဇ်အလိုဆန္ဒသည် ဆယ်သုံးမျိုးထက် များစွာသာလွန်ကြောင်း သူ သေချာသွားခဲ့ပြီပင်။သို့မဟုတ်ပါက စူးချန်ကဲသည် သူ့ကို မည်သို့ နှိပ်ကွပ်နိုင်မည်နည်း။
“ စူးချန်ကဲ ၊ မာနကြီးမနေနဲ့…!”
စုမျဲ့သည် ထေ့ငေါ့လိုက်သည်။
“မင်း ဧကရာဇ်အလိုဆန္ဒတွေကို ဒီလောက်အများကြီး စုစည်းထားတာ ၊ ဒီလောက်များတဲ့ ညဏ်အလင်းတွေကို ရရှိပြီး မဟာဧကရာဇ်မင်းဖြစ်ချင်နေတဲ့ မင်းဆန္ဒက တကယ်ကို စိတ်ကူးယဉ်အတွေးပဲ “
“ဒီခေတ်မှာ မဟာဧကရာဇ်မင်း ဖြစ်လာမယ့်သူက ငါ စုမျဲ့ပဲ ဖြစ်ရမယ် !”
၎င်း၏ စကားသံအဆုံးတွင် ၊ နတ်အလင်းရောင်များသည် စုမျဲ့ကို ရစ်ပတ်ကာ နောက်တစ်ဆင့်သို့ ပို့ဆောင်ပေးခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲ၏ ပတ်ဝန်းကျင်တွင် ပြင်းထန်သော ဟင်းလင်းပြင်စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။
နေ့အလင်းရောင်သဖွယ် ဝင်းထိန်တောက်ပသွားပြီးနောက် ၊ အချိန်နှင့်နေရာအပိုင်းအစများသည် သူ့ဘေးတွင် ထွက်ပေါ်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကြယ်တာယာကောင်းကင်ကြီးဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
“ အောင်မြင်သူ စူးချန်ကဲ!”
ကြယ်တာယာ ကောင်းကင်အလွန်မှ ကြီးကျယ်ခမ်းနားသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ကျေးဇူးပြုပြီး ဂြိုဟ်တစ်ခုကိုရွေးချယ်ပြီး တတိယ ဧကရာဇ်လျှောက်လှမ်းဂိတ်ကို သွားပါ”
တစ်ချိန်တည်းမှာပင် ၊ မရေမတွက်နိုင်သော တောက်ပသော မှော်သင်္ကေတများ ထွက်ပေါ်လာသည်။
အဆုံးတွင် ၊ ၎င်းတို့သည် ရှေးဟောင်း အက္ခရာများအဖြစ်သို့ ပြောင်းလဲသွားပြီး စူးချန်ကဲ၏ ရှေ့တွင် မျောလွင့်နေသည်။
စီးကျောက်ကြယ်။
ထျန်းယွီ့ကြယ်။
ပိုင်ဝမ်ကြယ်။
ဇိီဝေကြယ်။
…….
ထိုစဉ်၊ စူးချန်ကဲ၏ စိတ်ထဲတွင် အချက်အလက်တစ်ခုကို သဘောပေါက်သွားခဲ့သည်။
ခဏအကြာတွင် ၊ တောက်ပသော အလင်းတန်းတစ်ခုက စူးချန်ကဲ၏ မျက်ဝန်းအစုံတွင် ဖြတ်ပြေးသွားခဲ့သည်။
“ လတ်စသတ်တော့ အဲ့လိုကိုး ၊ ဧကရာဇ်လျှောက်လှမ်းရဲ့ တတိယအဆင့်ကနေ စပြီး အဌမအဆင့်အထိ အားလုံးကို ဟွမ်းကူကြယ်တိုက်မြေမှာ ကျင်းပမှာပဲ “
“ဒီကြယ်တာယာနယ်မြေမှာ မရေတွက်နိုင်တဲ့ ကြယ်စုတွေ ရှိတယ် ၊ ပါရမီရှင်တွေကို တတ်နိုင်သမျှ အခွင့်အလမ်းတွေ ရဖို့အတွက် သွားရောက်ရမယ့် ကြယ်တစ်ပွင့်ကို ရွေးချယ်ရမှာပဲ “
“ ထားပါတော့လေ ၊ ကြုံရာ ရွေးလိုက်မယ်…”
ကြယ်ပွင့် အက္ခရာစာလုံးများ များစွာရှိသည့်အနက် ၊ ဂြိုလ်တစ်ခုကို ရွေးချယ်တော့မည့်အချိန် ။
စူးချန်ကဲသည် ကြယ်တစ်ပွင့်၏ အမည်ကို လှမ်းမြင်လိုက်ရသည်။
“ ဒါက ….”
“ ချန်းကူ ကြယ်!?”
ဤနေ့ရက်များအတွင်း ၊ သူသည် စနစ်၏ မစ်ရှင်ကို အပြီးသတ်ရန်အတွက် ချန်းကူကြယ်နှင့်ပတ်သတ်သော သဲလွန်စများကို ရှာဖွေနေခဲ့သည်။
မူလက သူသည် မဟာဧကရာဇ်မင်း ဖြစ်မလာမချင်း ဤကိစ္စကို ပြီးမြောက်လိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သည်။ သို့သော် အားစိုက်မထုတ်လိုက်ရဘဲ ယခုလို အသာလေး ရရှိလိမ့်မည်ကိုတော့ သူ မမျှော်လင့်ထားခဲ့ပေ။
“ ရှေးကောင်းကင်ဘုံ အာဏာရှင် နတ်ဘုရားကိုယ်ထည် ကို ပြီးအောင် လုပ်ရမှာပဲ …
စူးချန်ကဲ၏ မျက်လုံးများသည် တောက်ပနေပြီး ၊ သူသည် တုံ့ဆိုင်းခြင်းမရှိ ချန်းကူကြယ်ကို ရွေးချယ်ခဲ့သည်။
အလင်းရောင်များ ဝင်းလက်တောက်ပစွာ ထွက်ပေါ်လာခဲ့ပြီး ၊ စူးချန်ကဲ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့လေသည်။
ဟင်းလင်းပြင်အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး အချိန်-အာကာသ လမ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။
စူးချန်ကဲသည် အထဲသို့ ဝင်ရောက်သွားသည်နှင့် ၎င်းသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
စူးချန်ကဲ ထွက်သွားပြီးနောက်တွင် ၊ ကြယ်တာယာ ကောင်းကင်ကြီး၌ လှိုင်းတံပိုးများ ထပ်မံရိုက်ခတ်သွားသည်။
အဆုံးမရှိသော နိယာမတရားများ တဟုန်ထိုး ရိုတ်ခက်သွားလေရာ ၊ ၎င်းတို့အနက် ချီရွှမ် စစ်မှန်သူဆရာသခင်သည် ထပ်မံ ထွက်ပေါ်လာခဲ့သည်။
“ဒီကောင်လေး ဒီလောက်များတဲ့ ကြယ်တွေထဲက ချန်းကူကြယ်ကို ရှာတွေ့လိမ့်မယ်လို့ မမျှော်လင့်ထားဘူး…”
“ဒီကြယ်ကို စောင့်ရှောက်ဖို့က သူ့တာဝန်ပဲ…”
ချီရွှမ် စစ်မှန်သူဆရာသခင်သည် စူးချန်ကဲ ပျောက်ကွယ်သွားသော နေရာကို လေးနက်စွာဖြင့် လှမ်းကြည့်ရင်း ဆိုလိုက်သည်။
“ သူ အရင်ကလို ခေါင်းမမာဖို့ မျှော်လင့်ရမှာပဲ…”
ချီရွှမ် စစ်မှန်သူဆရာသခင် ပြောသည့် ‘သူ’ ဆိုသည်မှာ ကောင်းကင်ဘုံအာဏာရှင် နတ်ဘုရားကိုယ်ထည်၏ ပထမမျိုးဆက် ၊ တစ်ဖန် ကောင်းကင်ဘုံအာဏာရှင်နတ်ဘုရားကိုယ်ထည်ကို နိုးထစေခဲ့သည့် ပထမဆုံးနှင့် အစွမ်းအထက်ဆုံးပုဂ္ဂိုလ် ကို ဆိုလိုသည်။
မရေတွက်နိုင်သော နှစ်ကာလများအတွင်း။
အမှောင်ထု၏ လှုပ်ရှားမှုကြောင့် ကြယ်တာယာ နယ်မြေများ ပျက်စီးသွားခဲ့ရပြီး သက်ရှိအပေါင်း ငိုကြွေးချခဲ့ရသည်။
အမှောင်ထု၏ ရှေ့တွင် တန်ခိုးကြီးမားသော အမတဂိုဏ်းများသည်ပင် အားကိုးရာမဲ့ ဖြစ်ခဲ့ရသည်။
ဤသို့ဖြင့် အမှောင်ထုသည် အားကိုးရာမရှိသော ကြယ်တာယာနယ်မြေများအားလုံးကို ဝါးမြိုသွားခဲ့ပြီး ၊ အမှောင်ထုအတွက် အာဟာရအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
သို့သော်၊ ကံကြမ္မာ၏ အဆုံးအဖြတ်ကြောင့်လား မသိနိုင်သည့် တိတ်ဆိတ်ပြီး မေ့ပျောက်ခံခဲ့ရသော ကြယ်တာယာနယ်မြေတွင် တစ်မိုးအောက် တစ်ယောက်ထွန်း ဟူသည့်စကားအတိုင်း သန်မာသော စွမ်းအာရှင်တစ်ဦး မွေးဖွားလာခဲ့သည်။
ထိုပုဂ္ဂိုလ်သည် သူတော်စင်အထက် လွန်မြောက်သော ဖြစ်တည်မှုမှ တဆင့် ကောင်းကင်ဘုံအာဏာရှင် ကိုယ်ထည်ကို နှိုးဆော်နိုင်ခဲ့ပြီးနောက်တွင် သူ၏ ပြိုင်ဘက်ဖြစ်သည့် ဟွမ်းကူသူတော်စင်ကိုယ်ထည် နှင့် မယှဉ်ပြိုင်ခဲ့ပေ။
ယင်းအစား လူအများအကျိုးအတွက် ၊ သူသည် အမတနယ်မြေ၏ တားမြစ်နယ်မြေထဲသို့ ဖောက်ထွင်းဝင်ရောက်ကာ ရှေးဟောင်းပစ္စည်းတစ်ခုကို သိမ်းပိုက်ရန် ရွေးချယ်ခဲ့သည်။
ထို့နောက် သူ၏ အနှိုင်းမဲ့စွမ်းရည်ဖြင့် အမတအဖြစ် သက်သေပြနိုင်ခဲ့ပြီး ကောင်းကင်ဘုံအာဏာရှင်ကိုယ်ထည်၏ ရှင်ဘုရင် ဖြစ်တည်မှု ဖြစ်သည့် ကောင်းကင်ဘုံအာဏာရှင် နတ်ဘုရား အသွေးအသားကို နိုးကြားစေခဲ့သည်။
တိမ်မြုပ်ခြင်းမှ ထမြောက်လာပြီး ၊ နောက်ဆုံးတွင် သူသည် သေမျိူးခန္ဓာဖြင့် ကံကြမ္မာကို အံတုခဲ့ပြီး ကြယ်တာယာနယ်မြေကို ကာကွယ်ပေးခဲ့သည်။
“ဒါပေမယ့် ဒီလို ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ နောက်ဆုံးရလဒ်က …. ဧကရာဇ်လျှောက်လှမ်းမှာ အကျဉ်းချခံရဖို့လား..”
ချီရွှမ် စစ်မှန်သူဆရာသခင်သည် ကိုယ့်ကိုယ်ကို နှိမ့်ချလိုက်သည်။
“ ပြည်သူတွေကို ကူညီဖို့ ကိုယ်ကျိုးစွန့်တာ ငါသာဆိုရင်တော့ မလုပ်နိုင်ဘူး …”
…….
ဧကရာဇ်လျှောက်လမ်း၏ တတိယအဆင့်ကို ရှင်းရှုံဂိတ် ဟုခေါ်သည်။
စကြဝဠာ၏ အနက်ရှိုင်းဆုံးတွင် မရေမတွက်နိုင်သော ကြယ်များရှိသည်။
ထိုနည်းတူစွာ ဧကရာဇ်လျှောက်လှမ်းတွင် ရှိနေကြသော ပါရမီရှင်များသည်လည်း ကြယ်တွေလို များပြားလှပေသည်။
ဧကရာဇ်လျှောက်လှမ်းတွင် အတောက်ပဆုံးသော ကြယ်ပွင့်သာလျှင် ကျန်ရှိနိုင်ပေမည်။
တစ်ချိန်တည်းမှာပင်။
ချန်းကူကြယ်၏ ကောင်းကင်ယံတွင် နတ်ဖီးနစ်သည် စူးချန်ကဲကို သယ်ဆောင်လျက် အက်ကွဲကြောင်းထဲမှ ဝင်ရောက်လာခဲ့သည်။
“ဒီလမ်းကြောင်းက ကျပန်းဖွင့်ထားတာ ဖြစ်ရမယ်…”
စူးချန်ကဲသည် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
အချိန် - အာကာသ အက်ကြောင်းများကို ဖြတ်ကျော်လာစဉ်တွင် ၊ သူသည် ပြင်းထန်သော ရောင်ဝါများကို ဖြန့်ကျတ်ထားသော အခြားသော ပါရမီရှင်များစွာနှင့် ကြုံတွေ့ခဲ့ရသည်။
သို့သော် ၊ ချန်းကူကြယ်ပေါ်သို့ ဆင်းသက်လာပြီးနောက်တွင် သူသည် မိုင်သန်းပေါင်းများစွာအတွင်း မည်သည့် ရောင်ဝါကိုမျှ မခံစားမိခဲ့ပေ။
အောက်ကို ငုံ့ကြည့်ပြန်တော့လည်း ဧရိယာအလွတ်ကိုသာ တွေ့ရသည်။
ရှေးသစ်ပင်များသည် စိမ်းလန်းစိုပြေကာ အတော်သန်မာပြီး သစ်ခေါက်များက နဂါးအကြေးခွံများကဲ့သို့ အက်ကွဲနေသည်။
ကောင်းကင်ပမာ မြင့်မားသော ရှေးသစ်ပင်တစ်ပင်ကို ပွေ့ဖက်ဖို့ဆိုတာ လူဆယ်ယောက်လောက် အသာလေးလိုပေလိမ့်သည်။
ကောင်းကင်နှင့် မြေကြီးကြား မြူခိုးအလွှာများ ရှ်ိနေသော်လည်း ၊ ၎င်းတို့အနက် ရောင်ပြန်ဟပ်နေသော အလင်းတန်းများ ရှိနေသည်။
လေထဲတွင် ပျံ့နှံ့နေသော ဝိညာဉ်စွမ်းအင်များသည် ပြင်ပကမ္ဘာထက် သိပ်သည်းဆ ပိုများသည်။
မြေပြင်ရှိ အိုင်များပင်လျှင် ဝိညာဉ်စွမ်းအား အရည်ပျော်ကျရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အကယ်၍သာ ပြင်ပကမ္ဘာတွင် ဤကဲ့သို့သော အရာများရှိနေခဲ့ပါက ၊ ဌက်များပင်လျှင် တစ်ငုံလောက်သောက်လိုက်ရုံဖြင့် ထူးထူးခြားခြား ဖြစ်သွားနိုင်သည်။
ထိုကဲ့သို့သော ဝိညာဉ်စွမ်းအားစမ်းချောင်းများမှာ ဘယ်နေရာပဲကြည့်ကြည့် မရေမတွက်နိုင်အောင် ရှိနေသည်။
အနီးတစ်ဝိုက်တွင် တိုက်မြေသုံးထောင်တွင် မျိုးသုဉ်းသွားသည့် မှော်ဆေးပင်များစွာနှင့် သက်တမ်းရင့် ဆေးဖက်ဝင်အမွှေးအကြိုင်များ ပေါက်ရောက်နေသည်။
ဤအရာများသည် အခြားသော ကျင့်ကြံသူများအတွက် ရှားပါးရတနာများဖြစ်နိုင်သော်လည်း ၊ စူးချန်ကဲအတွက် ၎င်းတို့သည် ပေါင်းပင်များနှင့် သိပ်မကွာပေ။
စူးချန်ကဲသည် နယ်မြေကို စစ်ဆေးရန်ဟန်ပြင်လိုက်စဉ် ၊
ဝီ--!!
ကောင်းကင်ကြီးသည် ရုတ်တရက် တောက်ပလာပြီး ၊ ထို့နောက် ပြင်းထန်စွာ လှုပ်ခါစပြုလာသည်။
တိမ်များက အလွှာတစ်ခုပြီးတစ်ခု ရိုက်ခတ်လာခဲ့ပြီး ၊ ထောင်ပေါင်းများစွာသော မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားသော ကြီးမားသော ကျောက်မှတ်တိုင်ကြီးသည် အောက်သို့ ဖြည်းဖြည်းချင်း ကျဆင်းလာသည်။
ဤမြင်ကွင်းသည် တခြားသော ရှေဟောင်းကြယ်စုများတွင်လည်း တစ်ပြိုင်နက် ဖြစ်ပေါ်နေသည်။
မရေတွက်နိုင်သော ပါရမီရှင်များသည် ထိုကျောက်မှတ်တိုင်ပေါ်တွင် ရေးထားသော စကားလုံးသုံးလုံးကို တအံ့တသြဖြင့် မော့ကြည့်နေကြသည်။
“ဧကရာဇ်လမ်းလျှောက် အဆင့်သတ်မှတ်ချက်!?”
အပိုင်း(၃၉၃): ဧကရာဇ်လျှောက်လှမ်း၏ အဆင့်သတ်မှတ်ချက်တွင် ဖော်ပြထားသော ပထမအဆင့်
တစ်ချိန်တည်းမှာပင်၊ အဆုံးမရှိ တောက်ပမှုများဖြင့် ထိန်လင်းနေသော နတ်ကျောက်စာတိုင်တစ်ခုအဖြစ် ထပ်မံ ပြောင်းလဲသွားပြန်သည်။
ယင်းအပေါ်၌ ပြည့်ကျပ်နေသော စကားလုံးများ ပေါ်ထွက်လာသည်။
ဧကရာဇ်လျှောက်လှမ်း၏ အဆင့်သတ်မှတ်ချက်တွင် ဖော်ပြထားသော ပထမဆုံးအမည်သည် သဘာဝအတိုင်း အထင်အရှားဆုံးပင် ဖြစ်သည်။
စူးချန်ကဲ : ကွေးယွမ် သူတော်စင် နယ်မြေ
ပေါင်းစည်းထားနိုင်သော ဧကရာဇ်အလိုဆန္ဒ: လေးဆယ့်ကိုးမျိုး
ကျင့်ကြံဆင့် - ဧကရာဇ်တစ်ပိုင်းနယ်ပယ် တတိယအဆင့်
ပြီးပြည့်စုံသော ခွန်အား ခန့်မှန်းမှုအဆင့်- ပထမ
ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ၊ လူတိုင်း မျက်လုံးများ ပြူးကျယ်လျက် မယုံကြည်နိုင်ဖြစ်လို့နေသည်။
“ ဘယ်လို ! လေးဆယ့်ကိုးမျိုး !? ဒီကောင် လူရောဟုတ်ရဲ့လား?”
အချို့သော ပါရမီရှင်များက အောင့်အည်းမနေနိုင်တော့ဘဲ ထဆိုလေတော့သည်။
“ ငါတုန်းကဆို ဧကရာဇ်တစ်ပိုင်းနယ်ပယ်ကို မဖြတ်ကျော်သေးခင် ဧကရာဇ်အလိုဆန္ဒ သုံးမျိုးကိုသာ နားလည်နိုင်ခဲ့တယ် ၊ဧကရာဇ်တစ်ပိုင်းနယ်ပယ်ကို ဖြတ်ကျော်ပြီးနောက်မှာတော့ စုစုပေါင်း ဧကရာဇ်အလိုဆန္ဒကိုးမျိုး နားလည်နိုင်ခဲ့တယ် ၊ စူးချန်ကဲမှာ ဘယ်လိုလုပ်ပြီး လေးဆယ့်ကိုးမျိုး ရှိနေနိုင်တာလဲ”
“ စူးချန်ကဲ… လေးဆယ့်ကိုးမျိုး…”
စုမျဲ့ ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး ၊ သူသည် စူးချန်ကဲ၏ အမည်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
စူးချန်ကဲ ပေါင်းစည်းထားသော ဧကရာဇ်အလိုဆန္ဒသည် သူ့ထက်သာလွန်ကြောင်း သိထားသော်လည်း ထိုမျှလောက် များလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
“ ဟွန့် ၊ မင်း ဧကရာဇ်တစ်ပိုင်းမဖြစ်ခင် ဧကရာဇ်အလိုဆန္ဒ ဒီလောက်အများကြီးကို နားလည်ထားတာ မင်း အောင်မြင်နိုင်မှာ မဟုတ်ဘူး!”
စုမျဲ့သည် ထိုကိစ္စအပေါ် ဂရုမစိုက်ပေ။ ဧကရာဇ်တစ်ပိုင်းမဖြစ်ခင် ဧကရာဇ်အလိုဆန္ဒကို များများ နားလည်ထားလေလေ အကျိုးနည်းလေလေ ဖြစ်သည်။
သူသည် ကျင့်ကြံမှုအဆင့်များကို ဖြည်းညှင်းစွာ ဖြတ်ကျော်နိုင်သည်နှင့် သူ ပေါင်းစည်းထားနိုင်သော ဧကရာဇ်အလိုဆန္ဒအရေအတွက်သည် စူးချန်ကဲကို အသာလေး ကျော်တတ်နိုင်ပေလိမ့်မည်။
“ အိုင်း… စူးချန်ကဲက ဒီလောက်ထိ ကြောက်ဖို့ကောင်းမယ်လို့ မမျှော်လင့်ထားဘူး… ဒီခေတ်ရဲ့ ကံတရားက သူ့အတွက်ပဲ…”
တခြားကြယ်စုထဲတွင် ရောက်ရှိနေသော လော့ရန်ယွီသည် ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။
မူလက သူမသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ်ကို မဖြတ်ကျော်ရသေးခင် ၊ ဧကရာဇ်အလိုဆန္ဒ ဆယ့်နှစ်မျိုးကို ပေါင်းစည်းနိုင်ခဲ့ပြီး စူးချန်ကဲထက် အနည်းငယ်သာ လျော့လိမ့်မည်ဟု ထင်ထားခဲ့သည်။
ဒါပေမဲ့ ကွာခြားချက်က ဒီလောက်ထိ ကြီးနေမှန်း ဘယ်သူကသိမှာတုန်း !?
စူးချန်ကဲ၏ နာမည်ကိုသာ ကြားဖူးပြီး လူကိုယ်တိုင် မမြင်ဖူးကြသော ပါရမီရှင်များသည် လေးနက်သော အမူအရာများဖြင့် ရှိနေကြသည်။
“ ဧကရာဇ်လျှောက်လှမ်းထဲကို ငါ စပြီး ဝင်ရောက်လာတုန်းက “ သူတော်စင်နယ်မြေရဲ့ ဆက်ခံသူ “ ဆိုတဲ့အမည်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြားခဲ့ရတယ် ၊ မဟုတ်မှလွဲရော သူက တိုက်မြေ သုံးထောင်မှာ အသိအမှတ်ပြုခံထားရတဲ့ လူငယ်တားမြစ်ချက်များလား “
“ဟွန့်! ဒီလောက်များတဲ့ ဧကရာဇ်အလိုဆန္ဒတွေ ၊ ဒီလို သူရဲကောင်းဆန်တဲ့ လုပ်ရပ်မျိုးက တကယ်တော့ မိုက်ရူးရဲဆန်တာနဲ့ မတူဘူးလား”
သို့သော် အချို့သောလူများ၏ အမြင်တွင် စူးချန်ကဲသည် ဤကဲ့သို့ များပြားသော ဧကရာဇ်အလိုဆန္ဒများကို စုဆောင်းခြင်းသည် လူတိုင်း၏ အာရုံစူးစိုက်မှုကို ရရန် တမင်တကာကြိုးစားနေသည်ဟု သံသယရှိနေကြသည်။
ဧကရာဇ်လျှောက်လှမ်း၏ နောက်အဆင့်သတ်မှတ်ချက်များမှာ -
စုမျဲ့ - ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့
ပေါင်းစည်းထားနိုင်သော ဧကရာဇ်အလိုဆန္ဒ: ဆယ့်သုံးမျိုး
ကျင့်ကြံဆင့် - ဧကရာဇ်တစ်ပိုင်းနယ်ပယ် တတိယအဆင့်
ပြီးပြည့်စုံသော ခွန်အား ခန့်မှန်းမှုအဆင့်- ဒုတိယ
ထျန်းရှင် - ထျန်းကျုံတောင်
ပေါင်းစည်းထားနိုင်သော ဧကရာဇ်အလိုဆန္ဒ: ဆယ့်သုံးမျိုး
ကျင့်ကြံဆင့် - ဧကရာဇ်တစ်ပိုင်းနယ်ပယ် တတိယအဆင့်
ပြီးပြည့်စုံသော ခွန်အား ခန့်မှန်းမှုအဆင့်- ဒုတိယ
ကျန်းဝမ့်ချင် - ကောင်းကင်တောင် နတ်ဓားဂိုဏ်း။
ပေါင်းစည်းထားနိုင်သော ဧကရာဇ်အလိုဆန္ဒ: ဆယ့်သုံးမျိုး
ကျင့်ကြံဆင့် - ဧကရာဇ်တစ်ပိုင်းနယ်ပယ် တတိယအဆင့်
ပြီးပြည့်စုံသော ခွန်အား ခန့်မှန်းမှုအဆင့်- ဒုတိယ
လော့ရန်ယွီ - ယောင်ချီ သူတော်စင်နယ်မြေ
ပေါင်းစည်းထားနိုင်သော ဧကရာဇ်အလိုဆန္ဒ: ဆယ့်နှစ်မျိုး
ကျင့်ကြံဆင့် - ဧကရာဇ်တစ်ပိုင်းနယ်ပယ် တတိယအဆင့်
ပြီးပြည့်စုံသော ခွန်အား ခန့်မှန်းမှုအဆင့်- တတိယ
…….
ဆက်လက်ပြီး ၊
ကွေးယွမ် သူတော်စင်နယ်မြေမှ လီဟောက်ထျန်း အပါအဝင် သူတော်စင် ကိုယ်ထည်ပိုင်ရှင် သုံးဦးနှင့် ဟွမ်ထျန်းခွင်းလွင် အပါအဝင် မကောင်းဆိုးဝါးမျိုးနွယ်ဝင် ပါရမီရှင်သုံးယောက်တို့သည် ထိပ်တန်းဆယ်ယောက်တွင် ပါဝင်ထားသည်။
အခြားရှေးဟောင်း အင်အားစုများစွာမှ ပါရမီရှင်များသည်လည်း တူညီသောအဆင့်တွင် ရှိကြသည်။
မရေမတွက်နိုင်သော ပါရမီရှင်များသည် ဤမြင်ကွင်းကို ထိတ်လန့်စွာဖြင့် ကြည့်နေကြသည်။ အကယ်၍ ဧကရာဇ်လျှောက်လှမ်း၏ အဆင့်သတ်မှတ်ချက်ကို မဖော်ထုတ်ခဲ့ပါက၊ သူတို့သည် အလွန်ကြောက်စရာကောင်းသော ပုဂ္ဂိုလ်များကို စော်ကားမိလိမ့်မည် ဖြစ်သည်။
“နဝမမြောက် ဧကရာဇ်ဂိတ်အဆင့်ကို မဝင်ရောက်မီ၊ လူတိုင်း ကျင့်ကြံမှုကို တိုးတတ်အောင် လုပ်နိုင်ပြီး ဒီထက်များတဲ့ ဧကရာဇ်အလိုဆန္ဒကို စုဆောင်းနိုင်တယ် “
ကောင်းကင်ယံထက်တွင် ထိုရှေးကျသော အသံသည် ထပ်မံထွက်ပေါ်လာခဲ့သည်။
“အဆင့်မြင့်လေလေ ဆုလာဘ်က ပိုများလေလေပဲ”
အသံသည် တဖြည်းဖြည်း ကွယ်ပျောက်သွားသည်နှင့် အမျှ ၊ ဧကရာဇ်လျှောက်လှမ်း၏ အဆင့်သတ်မှတ်ချက်မှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သို့သော် ဤဂယက်သည် အတော်လေးကြီးမားပေသည်။
အဘယ်ကြောင့်ဆိုသော် ဧကရာဇ်လျှောက်လှမ်း၏ အဆင့်သတ်မှတ်ချက်ကို လူတိုင်း၏ ရှေ့တွင် ထုတ်ဖော်ပြသမည် ဖြစ်သည်။
သမိုင်းတွင် နာမည်တစ်ခုချန်ထားနိုင်မည့် ဤကဲ့သို့သော အခွင့်အရေးကို သူတို့ မည်သို့လက်လွတ်နိုင်မည်နည်း။
သို့သော် စူးချန်ကဲသည် ကူကယ်ရာမဲ့ ပြုံးလိုက်သည်။
မူလက သူသည် သိုဝှက်စွာဖြင့် လှုပ်ရှားလိုသော်လည်း ၊ ဧကရာဇ်လျှောက်လှမ်း အဆင့်သတ်မှတ်ချက်တွင် ဖော်ထုတ်ခံလိုက်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ မထင်မှတ်ဘဲ ထိပ်ဆုံးနေရာကို ရောက်သွားခဲ့တာပဲ ၊ တောင်းပန်ပါတယ် “
နတ်ဖီးနစ်မှာ မှုန်ကုတ်နေ၏။ သူသည် ဧကရာဇ်အလိုဆန္ဒ ဆယ်တစ်မျိုးကို စုဆောင်းနိုင်ခဲ့သည်။
ခုတော့ ဒါက ဘာကြီးလဲ?
သူက အမှိုက်ဖြစ်မနေဘူးလား?
ဝုန်း--!!
ရုတ်တရက်၊ ကြောက်မက်ဖွယ်ရာ နိယာမလှိုင်းတံပိုးများ၏ ရိုက်ခတ်မှုကို အဝေးကနေ ကြားလိုက်ရသည်။
ကောင်းကင်ယံတွင် တဖျပ်ဖျပ် တောက်ပနေပြီး တချက်တချက် ထွက်ပေါ်လာသော မှော်စွမ်းအားများကို ကြည့်ခြင်းအားဖြင့် အစွမ်းထက်သော စွမ်းအာရှင်များကြားက တိုက်ပွဲဖြစ်နိုင်သည်။
“အဲဒီကို သွားရအောင် “
စူးချန်ကဲက ပြောလိုက်သည်။
နတ်ဖီးနစ်သည် သူ၏ တောင်ပံများကို တဖျပ်ဖျပ် ခတ်လျက် ထိုနေရာဆီသို့ ပျံသန်းလာခဲ့သည်။ ကောင်းကင်ယံ၌ ဉက္ကာခဲပျံများ ဖြတ်သန်းသွားလာနေသကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော နတ်အလင်းရောင်များသည် ကောင်းကင်သို့ ပစ်ခွင်းလျက် ရှိနေသည်။
“မင်း အငွေ့အသက်ကို ဖုံးကွယ်ထား၊ ပေါ်မသွားစေနဲ့ “
နတ်ဖီးနစ်သည် အငွေ့အသက်များကို ဖုံးကွယ်လိုက်ပြီး စူးချန်ကဲကို ခေါ်ဆောင်ကာ တိမ်များထဲတွင် ပုန်းအောင်းလိုက်သည်။
မကောင်းဆိုးဝါး မျိုးနွယ်ဝင် ကျင့်ကြံသူများသည် ထူးဆန်းသော သားရဲကြီးတစ်ကောင်ကို ဝိုင်းရံထားသည်ကို မြင်လိုက်ရသည်။
ဤသားရဲသည် နဂါးဦးခေါင်းနှင့် ခြင်္သေ့ကိုယ်ထည်ရှိပြီး ၎င်း၏အကြေးခွံများသည် သံမဏိကဲ့သို့ မာကျောသည်။ ၎င်းတွင် ပြင်းထန်သော သွေးချီစွမ်းအင်များ ရှိပြီး ၊ ၎င်း၏ ကျင့်ကြံမှုသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် တတိယအဆင့်ရှိသည်။
ဝေါင်း!!
ကြီးမားသော သားရဲကြီးသည် ၎င်း၏ပါးစပ်ကို ကျယ်လောင်စွာ ဟ လိုက်သည်နှင့် လျှပ်စီးကြောင်းနှင့် မီးလျှံများ ရောနှောနေသော ပျက်သုန်းခြင်းအလင်းတန်းတစ်ခုသည် ကွက်လပ်ကို ဖောက်ထွက်ဝင်ရောက်လာခဲ့သည်။
ဧကရာဇ်တစ်ပိုင်းနယ်ပယ်အဆင့်ရှိ မကောင်းဆိုးဝါးမျိုးနွယ်ဝင် ပါရမီရှင်အချို့သည် ၎င်း၏ အစွမ်းသက်ရောက်မှုကို ခုခံနိုင်စွမ်း မရှိလေရာ ဒဏ်ရာအပြင်းအထန် ရခဲ့ကြသည်။
တိုက်ပွဲသည် တစ်ဖန်ပြင်းထန်လာခဲ့ပြီး မကောင်းဆိုးဝါး ပါရမီရှင်များစွာသည် ထိုသားရဲကောင်ကြီးကို သတ်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။
“မြန်မြန် ၊ ဒီချန်ခွင်တာအိုသစ်ပင်တွေ အားလုံးကို နုတ်ပစ် !”
“ ချန်ခွင်တာအိုသစ်သီးက ငါတို့ရဲ့ ကျင့်ကြံမှုတွေကို ဖြတ်ကျော်ဖို့ အကူအညီပေးနိုင်တယ် ၊ဒီလိုသာ ငါတို့ ဧကရာဇ်တစ်ပိုင်း ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ပြီ !”
မကောင်းဆိုးဝါးမျိုးနွယ်ဝင် ပါရမီရှင်တစ်ဦးက စိတ်အားထက်သန်စွာ တိုက်တွန်းလိုက်သည်။
ချန်ခွင်တာအိုသစ်ပင်သည် တိုက်မြေသုံးထောင်တွင် အလွန်ရှားပါးသော နတ်ဘုရားပစ္စည်းတစ်ခု ဖြစ်သည်။
၎င်းတွင်ရှိသော ချန်ခွင်တာအိုသစ်သီးသည် အနှစ်သာရနှင့် ခြင်ဆီကို သန့်စင်ပေးရုံသာမက ကျင့်ကြံမှု၏ ချုပ်နှောင်ကြန့်ကြာမှုကို ချိုးဖျက်ကာ နောက်တစ်ဆင့်သို့ တတ်လှမ်းရန် ကူညီပေးနိုင်သည်။
ထိုစဉ် မကောင်းဆိုးဝါး မျိုးနွယ်ဝင် ပါရမီရှင်တစ်ဦးသည် ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည်။
ဝှစ်! !
ရုတ်တရက်၊ အလင်းတချက် တောက်ပသွားသည်။
ထိုနတ်အလင်းရောင်၏ တောက်ပမှုအောက်တွင် ထိုအနှီလူ၏ ခန္ဓာကိုယ်တစ်ဝက်မှာ လုံးဝ ပေါက်ကွဲသွားပြီး အရိုးနှင့် သွေးများ တစစီ ပြန့်ကြဲသွားသည်။
“ သေချင်နေတာပဲ ဘယ်ကောင်ကများ..”
ကျန်ရှိသော မကောင်းဆိုးဝါးမျိုးနွယ်ဝင်များသည် ဒေါသတကြီး ဟောက်လိုက်ကြသည်။သို့သော် သူတို့ ဘာမှမလုပ်ရသေးခင် ၊
ဝှစ် ဝှစ် !!
ဖောက်ထွင်း၍ ဝင်ရောက်လာသော အလင်းတန်းများသည် ၎င်းတို့ထံသို့ ကျရောက်သွားသည်။
ဝုန်း! !
ပေါက်ကွဲမှုနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ပျက်သုန်းခြင်းနိယာမတရားများ ထွက်ပေါ်လာပြီး ၎င်းတို့ကို ချက်ချင်း ဖုံးအုပ်သွားလေရာ အမှုန့်အဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်။
“ဒီအငွေ့အသက်….”
စူးချန်ကဲသည် ထိုမြင်ကွင်းကို စောင့်ကြည့်ရင်း အနည်းငယ် အံ့သြသွားသည်။
ဤတိုက်ခိုက်မှုများတွင် ရင်းနှီးသော အငွေ့အသက်တစ်ခုကို သူခံစားလိုက်ရသည်။
“ ကောင်းကင်ဘုံအာဏာရှင်နတ်ဘုရားကိုယ်ထည်…!?”
စူးချန်ကဲ တွေးနေတုန်း ၊ နတ်အလင်းတစ်ခုသည် ကောင်းကင်ဘုံကို ခြိမ်းခြောက်နိုင်သော အစွမ်းသတ္တိများကို ဆောင်ကျဉ်းလျက် အရှိန်ပြင်းပြင်းဖြင့် စူးချန်ကဲထံသို့ ကျရောက်လာသည်။
တဖက်လူ၏ ထိုးနှက်မှု ရောက်ရှိလာချိန်တွင် ၊ စူးချန်ကဲသည် လုံးလုံးလျားလျား သိလိုက်ရပြီ ဖြစ်သည်။
သူ့အမူအရာသည် ရေပြင်ညီကဲ့သို့ အေးဆေးတည်ငြိမ်နေပြီး တချက်ကြည့်လိုက်သည်။
ဘုန်း! !
ဝင်ရောက်လာသော ထိုနတ်အလင်းရောင်သည် စူးချန်ကဲ နှင့် အလွန်နီးကပ်စွာ ပေါက်ကွဲသွားသည် ။
စူးချန်ကဲသည် သူ့လက်ကို မြှောက်လိုက်ပြီး လက်ကျန်အငွေ့အသက်ကို ဖျစ်ညှစ်လိုက်သည်။
“ ထင်ထားတဲ့အတိုင်း ကောင်းကင်ဘုံအာဏာရှင်နတ်ဘုရား အသွေးအသားပဲ….”
“ အတင့်ရဲလိုက်တာ ! ငါ့သခင်ကိုများ ခိုးဝင်တိုက်ခိုက်ရဲတယ်!”
နတ်ဖီးနစ်သည် ဒေါသတကြီး ဖြစ်ကာ သတ်ဖြတ်လိုသော ဆန္ဒများဖြင့် ခိုးဝင်တိုက်ခိုက်လာသည့် လာရာလမ်းကြောင်းကို စိုက်ကြည့်နေသည်။
ဟိုအဝေးက တောင်ပေါ်တွင် ။
ထူးဆန်းသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး အလွန်အားကောင်းသော သွေးချီစွမ်းအားများ ရှိသည့် ကျင့်ကြံသူအုပ်စုတစ်စုသည် စူးချန်ကဲကို ထိတ်လန့်စွာဖြင့် စိုက်ကြည့်နေကြသည်။
“ဘာလို့ ဒီကောင်က …မျိုးနွယ်စုခေါင်းဆောင်ရဲ့ အငွေ့အသက်နဲ့ တူညီနေရတာလဲ!”