အရာအားလုံးမှာ အကြောင်းတရားရှိတယ်၊ အကျိုးဖြစ်တာ သဘာဝပဲ
Vol. 45 Ch. 615
အောင်းလူက အမှန်တကယ် လိမ်ညာနေ၏။
သူက ဆန်းကြယ်နတ်ဘုရား နန်းတော်၏ ကာကွယ်စောင့်ရှောက်သူ ဖြစ်လေရာ လိမ်ညာပိုင်ခွင့် ရှိသည်။ အနှစ်(၇)သိန်းကျော်လုံးလုံး သူတစ်ခါမှ မလိမ်မညာခဲ့ဖူးချေ။ လိမ်လည်းမလိမ်ရဲချေ။ လိမ်ရန် အကြောင်းအရင်းလည်း မရှိ။
ယခုအချိန်မူ မတူတော့ပေ။ သူကနှစ်ပတ်အတွင်း ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲမှ ထွက်သွားရမည်ဖြစ်ကာ လွတ်မြောက်ပြီဖြစ်သည်။ သူက ဆန်းကြယ်နတ်ဘုရား နန်းတော်၏ စောင့်ရှောက်သူ မဟုတ်တော့ချေ။ ဤနန်းတော်က ရတနာရှာဖွေမှု ထပ်ရှိတော့မှာမဟုတ်ပေ။ သူသည် ဆန်းကြယ်နတ်ဘုရား တောင်ဆီသို့ ၎င်းကိုယူဆောင်သွားပြီး ရေစက်ပါသည့် လူတစ်ဦးအတွက် ရခွင့်ပေးရမှာပဲဖြစ်သည်။
ကျန်းရီက ထိုအရာအားလုံးကို ဖြစ်စေခဲ့တာပင်။
ထိုစဉ်က ဆန်းကြယ်ဧကရာဇ်သည် သူ့ကိုယ်သူ ကြွားဝါခဲ့ကာ သူက အင်မတန် ဉာဏ်ကောင်းသူဖြစ်ပြီး သူတည်ဆောက်ထားခဲ့သော ပုန်းကွယ်လျှို့ဝှက် အပိုင်းအစများကို မည်သူမှ သတိပြုမိမှာ မဟုတ်ဟု ဆိုခဲ့သည်။ သူ၏စစ်မှန်သော ရည်ရွယ်ချက်ကို မည်သူမှ နားလည်သဘော မပေါက်လျှင် ဖုန်းတုမြို့၏ တစ္ဆေဘုရင် အထောက်အထားကို မည်သူမှ ရှာတွေ့နိုင်မှာ မဟုတ်ဟုဆိုခဲ့သည်။
လက်တွေ့တွင် ဖုန်းတုမြို့က မီတာသုံးရာကျော်ခန့် မြင့်မားပြီး မြို့ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော သွင်ပြင်ရှိသည့် တစ္ဆေဘုရင်တစ်ပါးသာ ရှိသည်။ သူ၏တိုက်ပွဲဝင် ခွန်အားက ကောင်းကင်ဧကရာဇ်နှင့် ယှဉ်နိုင်စွမ်းရှိပြီး တစ္ဆေဘုရင်ကို ထိန်းချုပ်နေသည့်သူက အောင်းလူပင်ဖြစ်သည်။
ထိုကာလအတွင်း အောင်းလူက အကွက်ချကာ ဆန်းကြယ်ဧကရာဇ်နှင့် လောင်းကြေးထပ်ရန် ပြောင်းပြန်စိတ်ပညာကို အသုံးပြုခဲ့၏။ တစ်စုံတစ်ယောက်ကသာ သူ့အထောက်အထားကို ကာကွယ်စောင့်ရှောက်သူ တစ်ဦးအနေဖြင့် မြင်နိုင်ခဲ့လျှင် သူ၏လွတ်လပ်ခွင့် ပြန်ပေးရမည်ဟု ဆိုခဲ့သည်။
ဆန်းကြယ်ဧကရာဇ်က အောင်းလူ၏ အကြံအစည်များသော ရည်ရွယ်ချက်ကို မည်ကဲ့သို့ မသိဘဲ နေမည်နည်း။ သူကအမှန်တကယ် ခွင့်ပြုခဲ့ကာ အောင်းလူသည် ဆန်းကြယ်ဧကရာဇ်၏ စီမံမှုများအတိုင်း နာခံခဲ့၏။ အောင်းလူသည် မည်သည့် အရိပ်အမြွတ်မှ မပေးရဲချေ။ သူကဟာကွက်များလည်း ထုတ်ဖော်ရဲခြင်း မရှိပေ။
သို့သော် ဆန်းကြယ်ဧကရာဇ်၏ ပုံစံတည်ဆောက်သည့် အဆင့်က သိပ်ကိုပြောင်မြောက်လွန်းသည်ဟု ဝန်ခံရမှာပဲဖြစ်သည်။ ပထမအဆင့် ကူကယ်ရာမဲ့တံတား ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားသည့် ညှဉ်းပန်းမှုက သိုင်းပညာရှင်များ အားလုံးကို အနေအထား ပျက်ယွင်းအောင် ပြုလုပ်နိုင်ပြီး သူတို့၏ စိတ်အားထက်သန်မှုကို ဖြိုခွင်းနိုင်သည်။ ဒုတိယအဆင့် စမ်းချောင်းဝါ လမ်းကြောင်းသည် ခုခံရန် မဖြစ်နိုင်သော ဝိညာဉ်ဝါးမျို မိချောင်းများရှိ၏။ တတိယအဆင့် ဖုန်းတုမြို့ထဲ၌ ဖုတ်ကောင်များ ပြည့်နေလေရာ သူတို့တမလွန်လောကကို သွားနေရသည်ဟူသော ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။
အဆင့်တိုင်းက တမလွန်လောက၏ ကောလဟာလအရ တည်ဆောက်ထားတာပဲ ဖြစ်သည်။ တစ်စုံတစ်ယောက်က ပါးနပ်ပြီး လူအများကို ခြောက်လန့်ရန်အတွက် တမင်တကာ ဖန်တီးထားသည့် ပုံစံဖြစ်ကြောင်း သိနေခဲ့လျှင်တောင် ဖုန်းတုမြို့၏ တစ္ဆေဘုရင်အသံက ဤနန်းတော်၏ အစောင့်အရှောက်ဆိုတာ မည်သူက အမှန်တကယ် တွေးမိမည်နည်း။
သာမာန်လူတစ်ဦး၌ တွေးနေကျ ပုံစံမျိုးပဲ ရှိမည်ဖြစ်ကာ ဆန်းကြယ်နတ်ဘုရား နန်းတော်၏ စောင့်ရှောက်သူက နောက်ဆုံးအဆင့်တွင်ရှိပြီး သိုင်းပညာရှင်များသည် ထိုစောင့်ရှောက်သူနှင့် တိုက်ခိုက်ရမည်ဟု တွေးမိကြမှာပဲဖြစ်သည်။ တတိယအဆင့်၏ တစ္ဆေဘုရင်က ကြောက်မက်ဖွယ်ကောင်းသော သွင်ပြင်ရှိလေရာ ထိုကဲ့သို့ အခြေအနေအောက်တွင် သူ့ကိုမည်သူက တွေးမိမည်နည်း။
ထိုနည်းဖြင့် အောင်းလူသည် အနှစ်(၇)သိန်းကျော် စောင့်ဆိုင်းခဲ့ရသည်။ အချိန်ကာလ လွတ်မြောက်လာသည်နှင့် တစ္ဆေဘုရင်၏ အထောက်အထား ဖော်ထုတ်ခံရနိုင်ချေက ပိုနိမ့်လာတော့သည်။ မည်သည့်လူသား မည်သည့်သားရဲ နတ်ဆိုးကမှ ဤမျှကာလရှည်ကြာ ရှင်သန်နေထိုင်နိုင်ခြင်း မရှိပေ။ နတ်ဆိုးသားရဲများ၏ သက်တမ်းက အလွန်ရှည်သော်ငြား နတ်ဆိုးဧကရာဇ် တစ်ပါးကတောင် နှစ်ထောင်ချီ အနည်းငယ်သာ ရှင်သန်နေထိုင်နိုင်၏။ အနှစ်တစ်သောင်း ရှင်နိုင်လျှင် အံ့သြဖွယ် ကောင်းနေပြီဖြစ်သည်။
ဤလောကထဲတွင် သာမာန် နတ်ဆိုးသားရဲ၏ သက်တမ်း အဆတစ်ရာခန့် ရှိသော နတ်ဆိုးသားရဲဖြစ်သည့် လိပ်နတ် ရှိနေလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။ [လိပ်နတ်ကို ရွှမ်းဝူဟူ၍ သိကြပြီး တရုတ်နက္ခတ်လေးခု၏ သင်္ကေတလေးမျိုးထဲမှ တစ်မျိုးအဖြစ်လည်း သိကြသည်]
အောင်းလူက မျှော်လင့်ချက်များအားလုံး လက်လျော့ခဲ့သည်။ သူသည် ခွန်အားကြီးသော်ငြား အတိတ်တုန်းက ဆန်းကြယ်ဧကရာဇ်၏ အဆင့်သို့ရောက်ရန် နောက်ဆုံးခြေလှမ်းကို မရခဲ့ပေ။ သူ၏သက်တမ်းသည် တစ်သန်းဖြစ်နိုင်သော်ငြား အနှစ်(၇)သိန်းကျော် ကုန်လွန်ခဲ့ပြီးဖြစ်ရာ ဆန်းကြယ်ဧကရာဇ်၏ ရည်ရွယ်ချက်ကို မည်သူမျှ မမြင်နိုင်ခဲ့ချေ။ သူ၏ အထောက်အထားကို မည်သူမှ မထုတ်ဖော်နိုင်လျှင် ဤနေရာတွင်ပင် သူအသက်ကြီးပြင်းမှုကြောင့် သေရပေလိမ့်မည်။ ယနေ့တွင်မူ ကျန်းရီပေါ်လာခဲ့၏။
ကျန်းရီက ဆန်းကြယ်ဧကရာဇ်၏ ရည်ရွယ်ချက်များကို မြင်နိုင်ပြီး သူ၏လျှို့ဝှက် အပိုင်းအစများကို ဖောက်မြင်နိုင်ခဲ့သည်။ အမှန်တကယ်တွင်သူက ပါးနပ်လွန်းသောကြောင့် မဟုတ်ဘဲ သူ့တွင် တမူထူးခြားသော စိတ်ဝိညာဉ် ရှိနေသောကြောင့်ဖြစ်သည်။
သူ၏တမူထူးခြားသော စိတ်ဝိညာဉ် အတွက်ကြောင့်သာ မဟုတ်လျှင် သူကဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်မှာမဟုတ်။ တတိယအဆင့်ရှိ ဖုတ်ကောင်စစ်သည်တော်များ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို မြင်နိုင်မှာမဟုတ်ပေ။ ဖွဲ့စည်းပုံကို မြင်နိုင်ခဲ့ခြင်းကြောင့် ဖုတ်ကောင်စစ်သည်ကို ထိန်းချုပ်နေသော အမြူတေကို တွေ့ခဲ့ရပြီး တစ္ဆေဘုရင်၏ အထောက်အထားကို ခန့်မှန်းရာတွင် သူ့ကိုကူညီပေးခဲ့တော့သည်။
အဆုံးတွင်မူ ကျန်းရီက သူ၏တမူထူးခြားသော ဓားပုံသဏ္ဍာန် စိတ်ဝိညာဉ်နှင့် ထူးဆန်းသော အမည်မဲ့ နတ်ဘုရားသိုင်းကိုသာ ကျေးဇူးတင်ရမှာပဲဖြစ်သည်။ ထိုနတ်ဘုရား သိုင်းကြောင့်သာ မဟုတ်လျှင် သူ၏စိတ်ဝိညာဉ်က ဤကဲ့သို့ အသွင်ပြောင်းလာမှာ မဟုတ်ပေ။
အရာအားလုံး၌ အကြောင်းရှိ၍ အကျိုးဖြစ်လာသည်။
ရီချမ်အတွက်ကြောင့်သာ မဟုတ်လျှင် ကျန်းရီသည် ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲ ဝင်လာမှာမဟုတ်။ ဖေးထျန်းကြောင့်သာ မဟုတ်လျှင် သူသည် ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲ ဝင်ရောက်လာမှာ မဟုတ်ပေ။ သိုင်းခန်းမကြောင့်သာ မဟုတ်လျှင် ဖေးထျန်းကသူနှင့် အညိုးအတေး ရှိမှာမဟုတ်။ သိုင်းခန်းမကြောင့်သာ မဟုတ်လျှင် သူကအရှေ့ပိုင်း တော်ဝင်နယ်မြေသို့တောင် ခရီးဆက်လာရမှာမဟုတ်ပေ။ အရာအားလုံးက သူတို့၏ကိုယ်ပိုင် ကံကြမ္မာ အကြောင်းအရင်း အကျိုးသင့်တော်သည့် တုံ့ပြန်ချက်တို့ ရှိနေပုံရသည်။
သို့သော် မည်သို့ပင် ဆိုစေကာမူ ကျန်းရီက အောင်းလူ၏ ကျေးဇူးရှင်ဖြစ်ပြီး စိတ်ပျက်အားငယ်နေသောသူ့ကို လွတ်လပ်ခွင့်ရအောင် ပြုလုပ်ပေးခဲ့သည်။ ယခုသူက အဆုံးမဲ့ နက်ရှိုင်းခြင်း ပင်လယ်ဆီသို့ပြန်ကာ သူ၏မျိုးဆက်ကို တွေ့နိုင်တော့မည်။
ထို့ကြောင့် အောင်းလူက ကျန်းရီကို အလွန်ကျေးဇူး တင်နေသေးသောကြောင့် လိမ်ခဲ့တာပဲ ဖြစ်သည်။ ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်၏ လျှို့ဝှက်အပိုင်းအစများထဲမှ နှစ်ခုကို မြင်နိုင်ခဲ့ပြီးဖြစ်ရာ ကျန်သည့်အရာများကိုလည်း ကျန်းရီမြင်နိုင်မည်ဟု အောင်းလူယုံကြည်သည်။ ကျန်းရီသည် ငရဲအဆင့် ခက်ခဲမှုကို ရွေးချယ်ခဲ့သောကြောင့် သူက နောက်ဆုံး အနိုင်ရသူဖြစ်မှာပင်။
ပိုအရေးကြီးသည်က ဆန်းကြယ်ဧကရာဇ်၏ ကြွင်းကျန်ဝိညာဉ်သည် အောင်းလူကို မကျေမနပ် ဖြစ်စေသော ဖော်ပြချက်တစ်ခု ထားခဲ့၏။ သူသည် ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲမှ ရတနာများကို ထိခွင့်မရှိသည်လော။ ဆိုလိုသည်က သူသည် စည်းမျဉ်းများကိုပြင်လျက် တစ်ပါးသူကို ချီးမြှင့်နိုင်သည် မဟုတ်ပါလော။
ကျန်းရီက သူ့အတွက် အကျိုးဆောင်ပေးခဲ့လေရာ သူကတစ်ပါးသူကို အကြွေးမတင်ချင်ပေ။ ထို့အပြင်သူသည် လူသားမျိုးနွယ်စု၏ လူငယ်တစ်ဦးဖြစ်သည်။ ထို့ကြောင့် အရာအားလုံးက အကျိုးအကြောင်းရှိသည်။ ယင်းက အခြေအနေအတွင်းရှိ ပြောင်းလဲမှုအားလုံး နောက်ကွယ်၏ အကြောင်းအရင်းဖြစ်သည်။
ကျန်းရီက အကျိုးအကြောင်း မသိသော်ငြား သူချက်ကောင်းမိပြီဟု ထင်လိုက်ပြီး ကောင်းကင်အာခံသော အခွင့်အရေးကို ရရှိခဲ့၏။
“နဂါးညှိုးရော်မြက်”
သူသည် မီးတိမ်သံချပ်ကာနှင့် ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်းကို မကြည့်ဘဲ သူ့ခြေထောက်နားရှိ ကျောက်စိမ်းသေတ္တာကိုသာ ကြည့်လိုက်သည်။ သူက ကျောက်စိမ်းသေတ္တာဆီ လက်ဆန့်လိုက်စဉ် လက်ကတုန်ယင်နေသည်။
ကျောက်စိမ်းသေတ္တာက အလွန်ပေါ့ပေ၏။ သို့သော် တစ်တန်ခန့် လေးသည်ဟု ခံစားမိသည်။ ကျောက်စိမ်းသေတ္တာကို သူကိုင်မထားနိုင်ဟု ခံစားမိ၏။ မဟုတ်လျှင် သူက ကိုင်ထားတာ ကျောက်စိမ်းသေတ္တာမဟုတ်ဘဲ နဂါးညှိုးရော်မြက်လည်းမဟုတ်။ မျှော်လင့်ချက်တစ်ခုခုသာ ခံစားမိသည်။ ဘုံကိုးဘုံဆီသို့ နဂါးတစ်ကောင်သဖွယ် ထွန်းတောက်သွားနိုင်မည့် မျှော်လင့်ချက်ဖြစ်ပြီး အံ့မခန်း အောင်မြင်မှုကို ရရှိရန်အတွက် မျှော်လင့်ချက်ဖြစ်သည်။
ကောင်းကင်ကြယ်တာရာ နယ်မြေတွင် နတ်ဆိုးဧကရီ ရွှေယို့လန်နှင့် ကျူးကော့ချင်ယွီတို့က ကောင်းကင်ဘုံကျောက်တုံးများ မသန့်စင်ရန် အကြံပေးခဲ့၏။ မဟုတ်လျှင် သူ၏အနာဂတ် ပျက်စီးသွားမှာပဲဖြစ်သည်။ သူ့တွင် ထူးခြားသော ကျင့်စဉ်ရှိနေလေရာ ဤဘဝ၌ သင့်တော်စွာ ကျင့်ကြံခဲ့လျှင် အကန့်အသတ်မဲ့ အနာဂတ်ကို ပိုင်ဆိုင်ရလိမ့်မည်။
သို့သော် ယခင် အခြေအနေအောက်တွင် သူ့ကိုသတ်ချင်သည့်သူက မည်မျှများသနည်း။ သူ့ကို မျက်စိကျနေသည့်သူ မည်မျှများသနည်း။ ခွန်အားကိုသာ မတိုးမြင့်ခဲ့လျှင် သူချက်ချင်း သေသွားမှာပဲဖြစ်သည်။
ထို့ကြောင့် ကောင်းကင်ကျောက်တုံး များစွာကို သန့်စင်ခဲ့ပြီး သူ၏အနာဂတ်ကို ဖျက်ဆီးခဲ့မိသည်။
နောင်တမရဟု ပြောရန်က မဖြစ်နိုင်ပေ။ မည်သည့် သိုင်းပညာရှင်ကများ သိုင်းတာအို၏ အထွတ်အထိပ်ကို ရောက်လိုစိတ် မရှိဘဲ နေမည်နည်း။ မည်သည့် သိုင်းပညာရှင်ကများ ပိုသန်မာလိုပြီး လူအားလုံး၏အထက်၌ ရပ်လိုစိတ် မရှိဘဲနေမည်နည်း။
သိုင်းတာအို၏ လမ်းကြောင်းက ရှည်လျားပြီး ခက်ခဲကြမ်းတမ်းသည်။ သို့သော် သိုင်းပညာရှင်တိုင်းက သံကိုမှောက်လှန်နိုင် ပင်လယ်ကို ပြောင်းပြန်လှန်နိုင်သည့် စွမ်းအင်မျိုး ပိုင်ဆိုင်ရန် အတွေ့အကြုံ ရရှိနိုင်သည်တော့မဟုတ်ပေ။ ထိုခံစားချက်များကို တွေ့ကြုံရခြင်းက ရင်ဖိုဖွယ် ကောင်းလှသည်။
ဆန်းကြယ်ဧကရာဇ်၏ ဒဏ္ဍာရီများအကြောင်း ကြားပြီး ကျန်းရီ၏ရင်ထဲ နဂါးညှိုးရော်မြက်ကို လိုချင်တပ်မက်စိတ်တို့က ပိုပြင်းထန်လာတာပဲဖြစ်သည်။ လေဟာနယ်ကို ခွင်းပြီး ကောင်းကင်သို့ တက်လှမ်းခြင်း။
ယင်းသည် သိုင်းပညာရှင်များအားလုံး၏ အမြင့်ဆုံးအိမ်မက် မဟုတ်ပါလော။
ယခုအချိန်တွင် ကျန်းရီ၏အိမ်မက်က ရှေ့ဆက်နိုင်ပြီဖြစ်သည်။ ဘုံကိုးဘုံ အထက်၌ ထွန်းတောက်နိုင်ပြီး ပြိုင်ဘက်ကင်းကာ သူရဲကောင်းအားလုံးကို ငုံ့ကြည့်နိုင်မည့် အခွင့်အရေး ရှိလာခဲ့ပြီဖြစ်သည်။ သူ၏စိတ်ခံစားချက်များ မည်မျှရှုပ်ထွေးနေကြောင်း မှန်းဆနိုင်ပေ၏။
လူတစ်ယောက်တွင် ခွန်အားရှိသ၍ ကျန်သည့်သူများ ဖိနှိပ်တာ ဘယ်တော့မှ ခံရမှာမဟုတ်။ သူတို့မိသားစုနှင့် ချစ်မြတ်နိုးရသူကို ကာကွယ်နိုင်လိမ့်မည်။ သူတို့ကိုယ်ပိုင် ကံကြမ္မာကို ဖန်တီးရေးဆွဲနိုင်ကာ လက်စားချေနိုင်လိမ့်မည်။
သူ ရီဖျောင်ဖျောင်ကို ရှာချင်၏။ သူချစ်မြတ်နိုးရဆုံး အမျိုးသမီးကို ကယ်တင်ချင်သည်။ သူ၏ရန်သူတော်ဖြစ်သော သိုင်းခန်းမဆောင်ကို ချေမှုန်းပစ်ချင်သည်။ ထိုသို့ပြုလုပ်ရန်အတွက် ခွန်အားလိုအပ်သည်။
ခွန်အားပိုရရန်အတွက် နဂါးညှိုးရော်မြက်ကို လိုအပ်သည်။ မဟုတ်လျှင်သူသည် နက်ရှိုင်းသော ပင်လယ်ထဲတွင် ပိတ်မိနေသော ပုန်းကွယ်နဂါးတစ်ကောင် ဖြစ်ရန်သာ ကံပါပြီး ကောင်းကင်ထဲသို့ ထာဝရ တက်နိုင်တော့မှာ မဟုတ်ပေ။
“ဟူး”
သူကအသက် ရှုထုတ်လိုက်ပြီးနောက် တုန်ယင်နေသော လက်များကို တားလိုက်၏။ သူကအတွင်းအားကို ဖြေးဖြေးချင်း လှည့်ပတ်ကာ ကျောက်စိမ်းသေတ္တာ ဖွင့်လိုက်တော့သည်။
နတ်ဘုရားရွှေ အဖြူရောင်အလင်းဖြင့် တောက်ပနေသော ဝိညာဉ်ဆေးပင် ရိုးတံကို မြင်သောအခါ သူမျက်လုံး မှိတ်လိုက်တော့သည်။
ဖုတ်
ကျောက်စိမ်းသေတ္တာကို ပိတ်လိုက်ပြီးနောက် ဒူးတစ်ဖက် ထောက်ချလိုက်တော့၏။ ပြီးနောက် သူက တည်ကြည်လေးနက်သော အသံဖြင့် ပြောလိုက်တော့သည်။
“ဆရာကြီးကို ကျေးဇူးတင်ပါတယ်။ ကြေညာမှုအတွက် ပြောစရာ မရှိတော့ပါဘူး”
သူဖော်ပြချက်ကို ကြားသောအခါ သူပြောပြီးသည်နှင့် သုံးကြိမ်သုံးခါတိုင်တိုင် အရိုအသေ ပေးလိုက်ပြီး မီးဝိညာဉ်ပုလဲထဲ၌ နဂါးညှိုးရော်မြက်ကို သိမ်းထားလိုက်သည်။ ပြီးနောက် တောက်ပနေသော အနီရောင် တိုက်ပွဲဝင် သံချပ်ကာနှင့် ဖြူရော်သော အဝါရောင် သိုင်းကျမ်းတို့ကို ယူလိုက်သည်။
အောင်းလူသည် အစောပိုင်းက ဖော်ပြချက်ဖြင့် တစ်ဖက်လူကို ခြောက်လန့်ရန် မကြိုးစားဘဲ နှစ်ပတ်အတွင်း လူတိုင်းအပြင်သို့ ပို့ဆောင်ခံရမည်ဟု ဆိုခဲ့သည်။ သူကမီးတိမ် သံချပ်ကာကို မသန့်စင်ခဲ့လျှင် ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်းကို အချိန်မှီ နားလည်သဘောပေါက်ခြင်း မရှိလျှင် သူကွယ်ပျောက်သွားမှာ သေချာ၏။ နဂါးညှိုးရော် မြက်ပင်က ယူသွားခံရပေလိမ့်မည်။
သူသည် မီးတိမ်သံချပ်ကာကို ဦးစွာမသန့်စင်ခဲ့ပေ။ ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်းကို ကြည့်လိုက်၏။ နတ်ဘုရားသိုင်း၏ အသေးစိတ် ညွှန်ကြားချက်များကို ဖတ်ရှုလိုက်၏။ ခဏအကြာတွင် မျက်လုံးက လက်သွားကာ ယင်းသည် နေ၊ လနှင့် ကြယ်များကိုတောင် ယှဉ်နိုင်စွမ်းရှိသည်။
***