← Chapters

အခန်း (၃၉၄-၃၉၈)

Vol. 29 Ch. 394-398

အခန်း (၃၉၄-၃၉၈)

Vol. 29 Ch. 394-398

အပိုင်း(၃၉၄): ချန်း မျိုးနွယ်စု နှင့် ထျန်း မျိုးနွယ်စု

စကားပြောဆိုသူမှာ လွန်စွာ အားကောင်းသော ရောင်ဝါများကို ပိုင်ဆိုင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်သည်။

သူသည် အနက်ရောင်ဆံပင် ၊ ထူထဲသော မျက်ခုံးမွှေး ၊ ကြေးခေါင်းလောင်းသဖွယ် မျက်လုံး နှင့် ထွားကျိုင်းသော ကိုယ်လုံးကိုယ်ပေါက်မျိုး ရှိပြီး ၊ သူ့လက်ထဲတွင် ပါ့ဝမ်လှံရှည်ကို ကိုင်ဆောင်ထားသည်။

နေရာတွင် ရပ်နေရုံမျှဖြင့် ၊ ကြီးကျယ်ခမ်းနားသော သွေးချီစွမ်းအားများသည် အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာနေသည်။

အထူးသဖြင့် သူ့ခန္ဓာကိုယ်မှ ထွက်လာသော အာဏာရှင်ကိုယ်ထည်၏ ရောင်ဝါသည် သူ၏ ဘေးပတ်ပတ်လည်တွင် ရွှေရောင်နဂါးကြီးသဖွယ် ပြောင်းလဲဖြစ်တည်ကာ ဝန်းရံထားလေသည်။

“ မမှားဘူး... ဒီလူမှာ ရှေးကောင်းကင်ဘုံအာဏာရှင်နတ်ဘုရား အသွေးအသား တကယ်ရှိနေတယ် ...”

စူးချန်ကဲ၏ မျက်လုံးများသည် အနည်းငယ် မှေးမှိန်သွားပြီးနောက် ၊ သူ၏ ရုပ်သွင်သည် ဖျက်ခနဲ့ တောက်ပသွားကာ အရိပ်တစ်ခုအဖြစ်သာ ကျန်ရှိခဲ့ပြီး မျက်စိတမှိတ်အတွင်းမှာပင် ထိုလူအုပ်စုရှေ့သို့ ရောက်ရှိလာခဲ့သည်။

စူးချန်ကဲသည် သူတို့ရှေ့သို့ ဆင်းလာသည့် အခိုက်အတန့်မှာပင် ။

ဤအမည်မသိသော ကျင့်ကြံသူအုပ်စုသည် စူးချန်ကဲ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသည် ။

သူတို့၏ခန္ဓာကိုယ်ထဲက ရှေးကောင်းကင်ဘုံအာဏာရှင်နတ်ဘုရား၏ အသွေးအသားသည် ခပ်ပါးပါးမျှသာ ရှိသည်။ သို့သော် စူးချန်ကဲ၏ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးအသားက ပို၍ သန့်စင်ပေသည်။

သူတို့ကြားက ကွာဟချက်သည် သာမန်လူ နှင့် ဧကရာဇ်မင်း(ဘုရင်)တစ်ပါးလိုပင်။

“စုစု... စူးချန်ကဲ!?”

အဝေးတစ်နေရာမှ ရှိနေကြသော အသက်ရှင်ကျန်ရစ်ခဲ့သည့် မကောင်းဆိုးဝါး ကျင့်ကြံသူများမှာ တုန်လှုပ်သွားကြသည်။

သူတို့သည် ဧကရာဇ်လျှောက်လမ်း၏ အဆင့်ဖော်ပြချက်ကို ဖတ်ရှုပြီးခဲ့ပြီ ဖြစ်သည်။ ယခုတွင် ဧကရာဇ်လျှောက်လမ်းအဆင့်၏ ထိပ်ဆုံးစာရင်းတွင် ရှိ‌နေသော ပုဂ္ဂိုလ်သည် သူတို့ရှေ့တွင် တကယ်ပင် ပေါ်ထွက်လာသတဲ့လား?!

စူးချန်ကဲသည် ၎င်းတို့အား တချက်မှတောင် လှည့်မကြည့်ခဲ့ပေ။

သူသည် မကောင်းဆိုးဝါးမျိုးနွယ်စုနှင့် ပတ်သတ်၍ ကောင်းမွန်သော ထင်မြင်ချက်မရှိပေရာ အဖျက်စွမ်းအားများ ရှိသော နတ်အလင်းတန်းတစ်ခုကို ၎င်းတို့ထံသို့ ချက်ခြင်းပစ်လွှတ်လိုက်သည်။

ဘုန်း ! !

ထိုဧရိယာတစ်ဝိုက်တွင် ဝင်းထိန်တောက်ပသွားခဲ့သည်။

နိယာမလှိုင်းတံပိုးများက ပြင်းထန်စွာ ရိုက်ခတ်လျက် တဟုန်းထိုး ထွက်ပေါ်လာခဲ့သည်။

ကပ်ဘေးကို ဆောင်ကျဉ်းလာသော နတ်အလင်း၏ အောက်တွင် ၊ ထိုဧရိယာတစ်ခုလုံး ဖြိုခွင်းခံလိုက်ရသည်။

မကောင်းဆိုးဝါးမျိုးနွယ် ပါရမီရှင်များမှာ လုံးလုံးလျားလျား ချေမှုန်းခံရလိုက်‌သည်။

ဤထိတ်လန့်ဖွယ်ရာမြင်ကွင်းသည် ချန်းကူကြယ်၏ ဒေသခံကျင့်ကြံသူများကို မျက်လုံးများ ပြူးကျယ်သွားစေပြီး ၊၎င်းတို့၏စိတ်ဝိညာဉ်များသည်ပင် တုန်လှုပ်သွားခဲ့ရသည်။

အားနည်းသော ကျင့်ကြံသူအချို့သည်ပင် အဝေးမှရိုက်ခတ်လာသော လေလှိုင်းများ၏ ဖိအားကြောင့် မြေပြင်ပေါ်သို့ တိုက်ရိုက် ပစ်လဲကုန်သည်။

“ မင်းတို့ ဘယ်သူလဲ?”

“မင်းတို့မှာ ဘာလို့ ရှေးကောင်းကင်ဘုံအာဏာရှင်နတ်ဘုရားရဲ့ အသွေးအသား ရှိနေရတာလဲ?”

စူးချန်ကဲသည် သူ့ရှေ့ကလူတစ်စုကို စိုက်ကြည့်လိုက်သည်။

သူ၏ အေးစက်သော မျက်လုံးများသည် ဘုရားသခင်၏ စီရင်ချက် နှင့်တူပြီး ၊ သူတို့အနေဖြင့် ငြင်းဆန်ရန်ပင် အခွင့်မရှိချေ။

ထိုအဖွဲ့ကို ဦးဆောင်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ် ဒုတိယအဆင့်ရှိသော လူတစ်ယောက်ဖြစ်သော်လည်း ၊ သို့သော် စူးချန်ကဲ၏ ရှေ့တွင် ခုခံနိုင်စွမ်းမရှိသည့်အပြင် သက်ဝင်လှုပ်ရှားနေသော အကာအကွယ်မှော်အတတ်သည်ပင် မျက်ကွယ်ပြုလို့နေသည်။

ဤလူသည် သူ၏ မျိုးနွယ်စုခေါင်းဆောင်မှလွဲ၍ သူမြင်ဖူးသမျှထဲတွင် လွှမ်းမိုးနိုင်စွမ်း အရှိဆုံးပုဂ္ဂိုလ်သည်ပင်။

“လူ ..လူကြီးမင်း... ကျွန်​​တော့်​နာမည်​က ပါ့ယွမ် ၊ ကျွန်​​တော်​တို့က ချန်း မျိုးနွယ်စုတွေပါ... ကျွန်​​တော်​တို့ ဒီကမ္ဘာမှာ နေလာတာ နှစ်​​ပေါင်းမ​ရေမတွက်​နိုင်​​အောင်​ ​ကြာခဲ့ပါပြီ ...”

ပါ့ယွမ်သည် သူ့စိတ်သူ ငြိမ်သက်‌စေကာ ၊ စူးချန်ကဲအား တုန်လှုပ်နေသော လေသံဖြင့် ရှင်းပြလေသည်။

“ ချန်း မျိုးနွယ်စု?”

စူးချန်ကဲသည် မျက်ခုံးပင့်တင်လိုက်သည်။

တစ်ဖက်သား၏ ခန္ဓာကိုယ်ထဲတွင် ရှေးကောင်းကင်ဘုံအာဏာရှင်နတ်ဘုရား၏ အသွေးအသားများ ရှိသော်လည်း ခပ်ပါးပါးမျှသာ ဖြစ်ပြီး လျစ်လျူရှူလို့တောင် ရပေသည်။

သို့သော် စူးချန်ကဲ သိချင်သည့်အရာမှာ သူ့ရှေ့က ဤလူအုပ်စုတွင် ရှေးကောင်းကင်ဘုံအာဏာရှင်နတ်ဘုရား၏ အသွေးများကို အဘယ့်ကြောင့် ပိုင်ဆိုင်ထားကြသနည်း။

ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးတို့သည် ကောင်းကင်ဘုံ ခန္ဓာကိုယ် နှင့် ကောင်းကင်ဘုံ အာဏာရှင် နဂါးအသွေးအသားတို့ဖြင့် ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အဘယ့်ကြောင့် ဤနေရာတွင် ထွက်ပေါ်လာရသနည်း။

စူးချန်ကဲသည် အတွေးထဲတွင် နစ်ဝင်နေသည်ကို မြင်လိုက်ရသည်နှင့် သူ့ရှေ့က ကျင့်ကြံသူအုပ်စုမှာ ပို၍ပင် ကြောက်ရွံ့လာပြီး နည်းနည်းမှ မလှုပ်ဝံ့ကြပေ။

ဤရက်ပိုင်းအတွင်း အပြင်ကမ္ဘာမှ လူများသည် သူတို့၏ကမ္ဘာထဲသို့ တယောက်ပြီးတယောက် ဝင်ရောက်လာကြသည်။

သို့သော် စူးချန်ကဲ ကဲ့သို့သော အစွမ်းထက်သောသူကို ဒါ သူတို့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။

“မျိုးနွယ်စုခေါင်းဆောင် သိနိုင်မယ်လို့ မျှော်လင့်ရတာပဲ …”

ပါ့ယွမ်သည် သူ့စိတ်ထဲတွင် ဆုတောင်းလိုက်သည်။

သူတို့၏ မျိုးနွယ်စုခေါင်းဆောင်သည် ထိုပုဂ္ဂိုလ်၏ မျိုးဆက်ဖြစ်သည်။ သူ၏ ကျင့်ကြံမှုသည် အစွမ်းထက်ရုံသာမက သူ၏ ဆက်ခံနိုင်သော အသွေးအသားမှာလည်း အများဆုံးပင် ဖြစ်သည်။

“ သခင်၊ သူတို့အားလုံးကို သတ်ပစ်ရမလား”

ထိုအချိန်တွင်၊ နတ်ဖီးနစ်သည် စူးချန်ကဲ၏ ဘေးနားသို့ ဆင်းသက်လာခဲ့သည်။

နတ်မီးတောက်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော အပူလှိုင်းနှင့်အတူ ကြီးကျယ်ခမ်းနားသော သားရဲတိရစ္ဆာန်ကောင်၏ ရောင်ဝါများ ရိုတ်ခတ်သွားလေရာ ချန်း မျိုးနွယ်စုမှ လူများကို ဖြူဖျော့သွားစေခဲ့သည်။

ဒါ နတ်သားရဲအသွေးအသားရှိတဲ့ ဖီးနစ်တစ်ကောင်ပဲ!

သူတို့သည် ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ခံထားရသော်လည်း သို့သော် ‘ နတ် ‘ဟူသော စကားလုံး၏ အလေးချိန်ကို သိရှိကြသည်။

နတ်သားရဲ အသွေးအသားကိုပင် ပိုင်ဆိုင်ထားသော ဖီးနစ်တစ်ကောင်ကို စီးတော်ယာဉ်အဖြစ် အသုံးပြုထားသော စူးချန်ကဲ၏ နောက်ခံသည် မည်မျှကြောက်စရာကောင်းသည်မှာ သေချာနေပြီ ဖြစ်သည်

“မလိုဘူး “

စူးချန်ကဲသည် တိုက်ရိုက်ငြင်းဆိုခဲ့ပြီး ၊ စနစ်ကို တီးခေါက်လိုက်သည်။

【 ရွေးချယ်စရာ မစ်ရှင်အသစ်တစ်ခု :

ရွေးချယ်မှု - ၁ : ထျန်း လူမျိုးစု၏ ဘိုးဘွားပိုင် နယ်မြေကို သွားပါ

ဆုလာဘ် : နတ်ဘုရားကောင်းကင်ဘုံကို အုပ်စိုးခြင်း (အပိုဆုကြေး- ထျန်း လူမျိုးစု၏ ခင်မင်ရင်းနှီးမှုကို ရရှိစေမည် )

ရွေးချယ်မှု - ၂ : ချန်းကူကြယ်ကို သွားရောက်ပါ

ဆုလာဘ်- ချန်းကူ ကျုံတန့်ထျန်း

(အပိုဆုကြေး- ချန်း မျိုးနွယ်စု၏ ခင်မင်ရင်းနှီးမှုကို ရရှိမည်)]

“ချန်း မျိုးနွယ်စု ၊ ထျန်း မျိုးနွယ်စု?”

“ ချန်းကူကြယ်မှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ရှေးဟောင်းမျိုးနွယ်စု နှစ်စု ရှ်ိနေတာများလား?”

စူးချန်ကဲ မျက်မှောင်ကြုတ်လိုက်သည်။

သူအရင်ကစုဆောင်းခဲ့သော အချက်အလက်များအရ ချန်းကူကြယ်ကို ‘ဘိုးဘေးကြယ်’ ဟု လူသိများသည်။

စနစ်၏ စေညွှန်ချက်အရ ၊ ၎င်းတွင် ထူးခြားမှုတစ်ခုတော့ ရှိရပေမည်။

သို့သော် ဤကမ္ဘာဂြိုဟ်တွင် သွေးချီစွမ်းအင် နှင့် ဝိညာဉ်စွမ်းအားများသည် တခြားနေရာများထက် ပို၍ ပေါကြွယ်ဝသည်ဟု ခံစားမိရုံမှလွဲ၍ ၊ ထိုက်ိစ္စနှင့်ပတ်သက်၍ အထူးအဆန်း မရှိပေ။

ရုတ်တရက် ၊ စူးချန်ကဲ၏ စိတ်ထဲတွင် ရှေးစာသားတစ်ကြောင်း ထွက်ပေါ်လာခဲ့သည်။

“ ဘိုးဘေးကြယ် လေတိုက်ခတ်လာလေပြီ ...အိပ်မောကျနေသော မျိုးနွယ်စုများ စတင်ကာ ပျံသန်းလာလေပြီ ..”

စူးချန်ကဲ တုန်လှုပ်သွားသည်။

ဤသည်မှာ သူ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားကိုယ်ထည်ကို စတင်နှိုးဆော်ခဲ့စဉ်က ထွက်ပေါ်လာသော အချက်အလက်သည်ပင် မဟုတ်လော! !

“ပါ့ယွမ်၊ မင်းတို့ အတော်သတ္တိရှိနေတယ်ပေါ့!”

ထိုအချိန် ၊ မိုးခြိမ်းသံအလား ကြမ်းတမ်းခက်ထန်သော ယောကျာ်းတစ်ယောက်၏ အသံ ထွက်ပေါ်လာခဲ့သည်။

“ မင်းတို့ ငါတို့နယ်မြေကို ကျူးကျော်ရဲတယ်ပေါ့ ! “

“ဒါမှမဟုတ် မင်းတို့ သေချင်နေတာလား?”

ထိုစကားများ ကျဆင်းလာသည်နှင့်အမျှ ၊ ချန်း မျိုးနွယ်စုမှ ကျင့်ကြံသူများမှာ ဖြူဖျော့သွားသည်။

“ဒါက ထျန်း မျိုးနွယ်စုရဲ့ အငွေ့အသက်ပဲ...”

ပါ့ယွမ်၏ မျက်လုံးများသည် ပြုးကျယ်သွားပြီး ကြောက်ရွံထိတ်လန့်နေပုံရသည် ။ သူတို့သည် မူလက မှော်ဆေးပင်များကို ခူးယူရန် ဤဒေသသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မမျှော်လင့်ထားသော အခြေအနေကြောင့် နောက်ဆုံးတွင် သူတို့၏ ရန်သူဖြစ်သော ထျန်း မျိုးနွယ်စု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ချန်း မျိုးနွယ်စု နှင့် ထျန်း မျိုးနွယ်စုသည် မူလက ချန်းထျန်း နတ်ဘုရားမျိုးနွယ်စု ဟု အမည်ရှိသော မျိုးနွယ်တူများ ဖြစ်ကြသည်။

သို့သော် ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားကိုယ်ထည်၏ ပထမမျိုးဆက် ကွယ်လွန်ပြီးနောက်မှာတော့ သူတို့၏ မတူညီသော အယူအဆများကြောင့် ပဋိပက္ခဖြစ်ခဲ့ကြသည်။

မျိုးနွယ်စုတစ်စုသည် ၎င်းတို့သည် ပထမမျိုးဆက်၏ အလိုဆန္ဒကို အမွေဆက်ခံကာ ချန်းကူကြယ်ကို စောင့်ရှောက်ပြီး နယ်မြေ၏ ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်သင့်သည်ဟု ယုံကြည်ကြသည်။

နောက်မျိုးနွယ်စုတစ်စုသည် ၎င်းတို့၏ အင်အားကြီးမားသော ခွန်အားဖြင့် လူမျိုးအားလုံးကို ဦိးဆောင်ကာ မျိုးနွယ်စုအားလုံးတွင် ထိပ်တန်းဖြစ်သင့်သည် ဟု ယုံကြည်ကြသည်။

မတူညီသော အယူအဆများကြောင့် မျိုးနွယ်စုနှစ်စုကြား ကွဲလွဲမှုများ ပိုမိုပြင်းထန်လာပြီး ပြင်းထန်သောစစ်ပွဲများပင် ဖြစ်ပွားခဲ့သည်။

မူလရှိရင်း မျိုးနွယ်စုမှ လုံးဝကွဲထွက်သွားပြီး ထျန်း မျိုးနွယ်စု နှင့် ချန်း မျိုးနွယ်စု ဟူ၍ ချန်းကူကြယ်ကို နှစ်ပိုင်းခွဲကာ မျိုးနွယ်သစ်များကို ထူထောင်ခဲ့ကြသည်။

ဤဖြစ်စဉ်တွင်၊ မရေမတွက်နိုင်သော တိုက်ပွဲများ ရှိနေဆဲဖြစ်ပြီး ၊ မူလရင်းမြစ် တူညီသော လူမျိုးစုနှစ်စုသည် အသေအကျေ တိုက်ခိုက်သည့်အထိ ဖြစ်ပေါ်လာခဲ့သည်။

ဝုန်း ဝုန်း !!

ကောင်းကင်ယံ၌ မရေမတွက်နိုင်သော မိုးခြိမ်းသံများဖြင့် ပြည့်နှက်နေလေ၏။

လွန်စွာ အားကောင်းသော ရောင်ဝါများဖြင့် လူတစ်စုသည် ဝေဟင်မှ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။

သူတို့၏ ခန္ဓာကိုယ်ထဲတွင်လည်း ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးအသားများ စီးဆင်းနေပြီး ၊ သို့သော် ၎င်းတို့သည် ချန်း မျိုးနွယ်စုထက် အများကြီး အားကောင်းသည်။

“အိုး? ကောင်ချောလေးတစ်ယောက် ရှိနေပါ့လား ၊ ဒီလောက် ပြင်းထန်တဲ့ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားရဲ့ အငွေ့အသက်တွေ ရှိနေပါ့လား ၊ မင်းတို့ ချန်းမျိုးနွယ်စုက ဖန်တီးထားတာလား ?”

ဦးဆောင်သူ လူလတ်ပိုင်းအရွယ် အမျိုးသားသည် လူသတ်လိုစိတ် အပြည့်ဖြင့် ကြည့်ရင်း ဆိုလိုက်သည်။

“ မင်းတို့ကများ ထျန်း မျိုးနွယ်စုရဲ့ နယ်မြေထဲကို ဖောက်ထွင်းဝင်ရောက်ရဲတဲ့အထိ အတော် သတ္တိရှိနေတယ်ပေါ့ !”

“ဒါဆိုလည်း ဒီမှာပဲသေလိုက်တော့!”

ထိုစကားသံအဆုံးတွင် ။

ထျန်း မျိုးနွယ်စုမှ လူများသည် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သော သွေးချီစွမ်းအားများကို အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။

ဒါတင်မက ၎င်းတို့၏ ကျင့်ကြံစွမ်းအားများကို အသက်သွင်းကာ စူးချန်ကဲအား နှိပ်ကွပ်ရန် ကြိုးစားခဲ့သည်။

အပိုင်း(၃၉၅): နေ့ခင်းကြောင်တောင် အပြိုင်ဆဲဆိုခြင်း

ဝုန်း !

ထျန်း မျိုးနွယ်စု မှ လူများ၏ ကျင့်ကြံမှုနှင့် ခွန်အားသည် ချန်း မျိုးနွယ်စု မှ သူများထက် များစွာ အားကောင်းသည်။

သွေးချီစွမ်းအင်များမှ ပေတစ်ထောင် မြင့်မားသော ဓမ္မကာယတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး တောက်ပစွာ ရပ်နေသည်မှာ ကောင်းကင်ကိုတောင် ဖြိုခွင်းပစ်နိုင်ပုံရသည်။

ထိုမြင်ကွင်းကို မြင်ပြီးနောက် ။

စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည်။ တဖက်လူသည် သူ့ကိုလည်း ၎င်းတို့၏ နယ်မြေကို ကျူးကျော်လာသော ချန်း မျိုးနွယ်စုဝင် ဖြစ်သည်ဟု မှတ်ယူထားပုံရသည်။

စူးချန်ကဲ၏ဘယ်လက်သည် ကျောနောက်ကို ပစ်ထားဆဲပင် ဖြစ်ပြီး ၊ သူ၏ ညာလက်ဖြင့်သာ ထျန်း မျိုးနွယ်စုကို ရှောင်တခင် တိုက်ခိုက်ခဲ့သည်။

“ဟမ်! မောက်မာလွန်းတယ် !”

“မင်းက ငါတို့ရဲ့ မှော်ပညာကို လက်တစ်ဖက်တည်းနဲ့ အနိုင်ယူချင်တာလား?”

ထျန်း မျိုးနွယ်စု၏ ဦးဆောင်သူ လူလတ်ပိုင်းအရွယ် အမျိုးသားသည် အေးစက်စွာ ဟောက်လိုက်သည် ။ ယင်းက သူ၏ ဒေါသကို နှိုးဆွစေခဲ့ပြီး သူ၏ တိုက်ခိုက်မှုကို ပို၍ အားကောင်းလာစေသည်။

သွေးချီစွမ်းအားနှင့် ဝိညာဉ်စွမ်းအားတို့ ရောယှက်လျက် ဟောက်သံပြုနေကြပြီး သတ္တုရိုင်းကို အရည်ကျိုသော ဖိုကြီးတစ်ခုသဖွယ် ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

နောက်အခိုက်အတန့်တွင် ။

ထိုထိတ်လန့်ဖွယ်မြင်ကွင်းသည် စူးချန်ကဲ၏ ကြုံရာ လက်ဝါးရိုက်ချက်ဖြင့် ထိတိုက်သွားသည်။

ဝုန်း !

ကြွေကျလာသော ကြယ်များကဲ့သို့ ဝင်းထိန်တောက်ပသွားပြီး ၊ မိုးခြိမ်းသံအလား ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

စူးချန်ကဲ၏ ရှောင်တခင် တိုက်ထုတ်လိုက်သော လက်ဝါးရိုက်ချက်သည် ကောင်းကင်ဘုံကို နှိပ်ကွပ်ထားလေသော တောင်ကြီးတစ်ခုသဖွယ် ထင်ရပြီး ၊ ကောင်းကင်ဘုံကိုတောင် ခြိမ်းခြောက်နိုင်သော စွမ်းအားများပါရှိနေသည်ကို လူတိုင်း တွေ့မြင်လိုက်ရသည်။

ထျန်း မျိုးနွယ်စု၏ လူလတ်ပိုင်းအရွယ် အမျိုးသားသည် ၎င်း၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိခဲ့လေရာ ၊ သူ၏ ထိုးနှက်စွမ်းအားသည် ကောင်းကင်ယံတွင် ပြန့်ကျဲသွားသော အပျက်အစီးများအဖြစ်သို့ ပြောင်းလဲခံလိုက်ရသည်။

“ အကြီးအကဲ!”

ထျန်း မျိုးနွယ်စုဝင်များ၏ မျက်နှာများသည် သိသိသာသာ ပြောင်းလဲကုန်ကြသည်။

၎င်းတို့၏ကျင့်ကြံစွမ်းအားများကို အသက်သွင်းလိုက်ကြပြီး ၊ ထိုအနှီလူလတ်ပိုင်း အမျိုးသားကို ကာကွယ်ပေးရန် ကြိုးစားခဲ့ကြသည်။

သို့သော်။

စူးချန်ကဲသည် သူ၏လက်ဝါးဖြင့် ပေါ့ပေါ့ပါးပါး ရိုက်ထုတ်လိုက်သည်။ ၎င်းတွင် ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အနှိုင်းမဲ့ သန့်စင်သော အငွေ့အသက်များပါရှိသည်။

ထျန်း မျိုးနွယ်စုမှ လူများသည် ၎င်းတို့၏ ကျင့်ကြံစွမ်းအားများကို အသက်သွင်းလိုက်သည်နှင့် တပြိုင်နက် ၊ စူးချန်ကဲ၏ အငွေ့အသက်အောက်တွင် ချက်ချင်း ပြိုကွဲသွားခဲ့သည်။

သူတို့ကို ပို၍ ကြောက်လန့်စေခဲ့သည့်အရာမှာ ၊

စူးချန်ကဲ၏ ရှေ့တွင်၊ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးအသားတို့သည် လုံးဝ ချုပ်တည်းခံလိုက်ရခြင်းပင်။

ဘုန်း !!!

ထိန်လင်းတောက်ပသော ပေါက်ကွဲမှုနှင့်အတူ ၊ မြေသားပြင်မှာ တုန်ခါသွားသည် ။

ကြီးမားသော လှုံ့ဆော်မှုကို ဖြစ်စေသော ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများသည် အရှစ်မျက်နှာတစ်ခွင် ပျံလွင့်သွားပြီး ဘေးပတ်ပတ်လည်ရှိ တောင်တန်း အများအပြားကို အမှုန့်ဖြစ်အောင် ပြောင်းလဲပစ်ခဲ့လေသည်။

ထျန်း မျိုးနွယ်စုမှ လူများသည် အနောက်သို့ လွင့်ထွက်သွားသော ဉက္ခာခဲများကဲ့သို့ ဟိုးအဝေးတစ်နေရာရှိ မြေပြင်ပေါ်သို့ ပစ်လဲကုန်ကြသည်။

ကြီးမားသော သက်ရောက်မှုအောက်တွင်။

ပေထောင်ချီသော ဖုန်မှုန့်လုံးကြီးသည် တလိပ်လိပ် ထကြွလာခဲ့ပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းတံပိုးများ၏လက်ချက်ဖြင့် ထိုဧရိယာတစ်ခုလုံးသည် တိုက်ရိုက် ဖြိုခွင်းခံလိုက်ရသည်။

“အိုင်း...”

တစ်ဖက်ရှိ ချန်း မျိုးနွယ်စု မှလူများသည် အသက် ခပ်ပြင်းပြင်းရှုရှိုက်လိုက်ကြပြီး ၊ မျက်လုံးများ ထွက်ကျလုမတတ် အပြုးသား စိုက်ကြည့်နေလေ၏။

အဆုံးမရှိ နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပြီးနောက်တွင် ၊ ထျန်း မျိုးနွယ်စု၏ ခန္ဓာကိုယ်ထဲရှိ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးတို့သည် ၎င်းတို့၏ ချန်း မျိုးနွယ်စုထက် များစွာသန့်စင်ပေသည်။

ထျန်း မျိုးနွယ်စု၏ ရုပ်ခန္ဓာတို့သည် သန်မာရုံသာမက မွေးရာပါ ပင်ကိုယ်စွမ်းရည် နှင့် ကျင့်ကြံရာတွင်လည်း သူတို့ထက် ပို၍သာလွန်ပေသည်။

သို့သော်လည်း ထျန်း မျိုးနွယ်စုဝင် အများအပြားသည် စူးချန်ကဲ၏ ပေါ့ပေါ့ပါးပါး လက်ဝါးရိုက်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။

“ဒီအပြင်လူ… သူ့ခန္ဓာကိုယ်ထဲမှာ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားရဲ့ အသွေးအသားတွေ ရှိနေတယ် ...ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားရဲ့ ပထမမျိုးဆက်နဲ့‌တောင် ယှဉ်နိုင်တယ်....”

ပါ့ယွမ်၏အသံသည် တုန်ရီနေသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူသည် မူမမှန်သော အရာတစ်ခုကို ခံစားလိုက်ရသည်။

သူတို့သည် ဧကရာဇ်လျှောက်လမ်းတွင် အကျဉ်းချခံထားရပြီး ၊ မည်သူမှ ဤချုပ်နှောင်မှုမှ လွတ်မြောက်ပြီး ပြင်ပကမ္ဘာသို့ သွားရန် မဖြစ်နိုင်ပေ။

ဤအပြင်လူသည် အဘယ်ကြောင့် ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ ဤမျှလောက် ပြင်းထန်သောအသွေးအသားများကို ပိုင်ဆိုင်ထားလေသနည်း။

“အဟွတ် အဟွတ်...”

“သွေးအန်သံ ..”

ယခုအချိန်တွင်။

သွေးချောင်းဆိုးသံများစွာ ထွက်ပေါ်လာသည်။

ယခင်က ပြင်းထန်သော ရောင်ဝါများကို ထုတ်လွှတ်ခဲ့သော ထျန်း မျိုးနွယ်စုမှ လူအနည်းငယ်သည် ယခုအခါတွင် ရှက်ရွံ့ဖွယ်ကောင်းသော အနေအထားတစ်ရပ်တွင် ရှိနေကြသည်။ သူတို့၏ ခန္ဓာကိုယ်ရှိ နံရိုးများ မည်မျှကျိုးပဲ့သွားသည်ကိုပင် မသိနိုင်တော့ချေ။

“ဒီကောင်လေး ...တကယ်ပဲ ဘယ်သူလဲ...?”

ထျန်း မျိုးနွယ်စု၏ အကြီးအကဲသည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး အချိန်အတော်ကြာ မထနိုင်ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်ရုံသာ တတ်နိုင်ခဲ့သည်။

အကယ်၍ သူ့ခန္ဓာကိုယ်သာ မသန်မာခဲ့ဘူးဆိုပါက ၊ ယခုအချိန်လောက်ဆို သူသည် စူးချန်ကဲ၏ လက်ဝါးရိုက်ချက်အောက်တွင် အသက်ပေးလိုက်ရပြီပင်။

ထိုအချိန်တွင် စူးချန်ကဲသည် ရှေ့ကို တစ်လှမ်းတိုးလျှောက်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ စူးချန်ကဲသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ထျန်း မျိုးနွယ်စုဝင်များ၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။

“ ကောင်လေး... မင်း ငါ့ရဲ့ ထျန်း မျိုးနွယ်စုကို စော်ကားဝံ့တာ...”

ထျန်းမျိုးနွယ်ဝင် အကြီးအကဲသည် ၎င်း၏ ပါးစပ်ထဲမှ သွေးများစီးကျနေသည်တိုင်အောင် ရှုံးနိမ့်မှုကို ဝန်ခံရန် ငြင်းဆိုနေဆဲပင် ဖြစ်သည်။

“ မင်းအတွက် သင်္ချိုင်းထားဖို့ မြေတောင်မရှိပဲ သေရစေမယ်!”

ထိုခြိမ်းခြောက်စကားများသည် စူးချန်ကဲအတွက်တော့ နားယဉ်နေကျ စကားလုံးများသာ ဖြစ်သည်။

သူ့ကို ခြိမ်းခြောက်တဲ့သူတိုင်း မည်သို့အဆုံးသတ်သွားရသနည်း။

ယခုလောက်ဆို ၎င်းတို့၏ သင်္ချိုင်းပေါ်ရှိ မြက်ပင်များတောင် အတော်လေး ရှည်ထွက်နေလောက်ပြီပင်။

စူးချန်ကဲသည် သူ၏ ဝတ်ရုံလက်စကို ခါထုတ်လိုက်ပြီး ထျန်း မျိုးနွယ်စု၏ အကြီးအကဲကို ကြည့်ကာ အေးစက်စွာပြောလိုက်သည်။

“မင်းရဲ့ ထျန်း မျိုးနွယ်နဲ့ ချန်း မျိုးနွယ်ကြားမှာ ဘာတွေဖြစ်ခဲ့လို့တုန်း?”

“မင်းတို့ ဘာလို့ အဲ့လောက်ထိမုန်းတီးနေကြတာလဲ?”

စူးချန်ကဲ၏ အကြည့်များသည် တဖက်လူကို ငြင်းဆန်၍ မရစေသော နတ်ဘုရားတစ်ပါး၏ အသက်ပါသော မျက်ဝန်းအကြည့်ကဲ့သို့ပင် ။

ထိုမျက်ဝန်းတစ်စုံအောက်တွင် ၊ ကြမ်းတမ်းသော စကားများကို ဆက်ပြောရန် ရည်ရွယ်ထားသော ထျန်း မျိုးနွယ် အကြီးအကဲသည် သူ့စိတ်ထဲတွင် တုန်လှုပ်နေခဲ့သည်။

အကယ်၍ သူသာ အဓိပ္ပါယ်မဲ့သော စကားတစ်ခွန်းကို ထပ်ပြောဝံ့ပါက စူးချန်ကဲ၏ လက်အောက်တွင် သွေးအခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားမည်မှာ သေချာသည်။

“ဟွန်း !”

ထျန်း မျိုးနွယ် အကြီးအကဲက အေးစက်စွာ နှာမှုတ်လိုက်ပြီး ။

“ လမ်းစဉ် မတူရင် အစီအစဉ်လည်း မတူနိုင်ဘူး!”

“ ထျန်း မျိုးနွယ်စု နဲ့ ချန်း မျိုးနွယ်စုရဲ့ ယုံကြည်ထားတဲ့ လမ်းစဉ်တွေက မတူညီကြဘူး၊ ပေါင်းစည်းလိုက်ရင် ပဋိပက္ခတွေ ဖြစ်ပေါ်လာလိမ့်မယ်!”

ထိုအချိန်တွင်၊ ထျန်း မျိုးနွယ် အကြီးအကဲသည် အကြောင်းအရာကို ပြောင်းလဲပြောဆိုလိုက်သည်။

“ ပြီးတော့ “

သူသည် ပါ့ယွမ်ကို ကြည့်လျက် ဟောက်လိုက်သည်။

“ သူတို့ ချန်း မျိုးနွယ်စုရဲ့ ဘိုးဘေးတွေက အရင် စည်းကမ်းချက်ကို ချိုးဖောက်ပြီး ကျောခိုင်းခဲ့တာ ၊ ငါတို့ ထျန်း မျိုးနွယ်စုနဲ့ မူလဇာစ်မြစ် တူနေတာဟာ တကယ်ကို ရှက်စရာကောင်းတယ် ! “

ထိုစကားကိုကြားပြီးနောက် ။

စူးချန်ကဲ မျက်မှောင်ကြုတ်သွားသည်။

ချန်းကူကြယ်၏သမိုင်းကို သူ မသိသောကြောင့် ၊ ထိုစကားများကို နားထောင်ပြီးနောက် စိတ်ရှုပ်သွားသည်။

သို့သော် စူးချန်ကဲ မှ ထပ်မမေးမီ ၊ ပါ့ယွမ်က ဖြတ်ပြောလေသည်။

“ ခွေးစကားတွေ!!!”

ပါ့ယွမ်သည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလာပြီး အားအင်အပြည့်ဖြင့် ဟောက်လေသည်။

“ ထျန်း မျိုးနွယ်စု! မင်းတို့မှာ အရှက်မရှိဘူးလား!”

“မင်းတို့ ဘိုးဘေးက အရင် စည်းကမ်းတွေကို ချိုးဖောက်တာလေ ၊ ပြီးတော့မှ ရေညစ်တွေကို ငါတို့ ခေါင်းပေါ်လောင်းချနေတာပဲ!”

“ ပြီးတော့! ငါ့မျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ အဖိုးတန်အရာလည်း မင်းတို့လက်ချက်ကြောင့် ဆုံးရှုံးသွားခဲ့ရတယ်!”

ယွမ်ပါ့တစ်ယောက် ပြောရင်းပြောရင် ပိုပို၍ ဒေါသထွက်လာပုံရသည်။

“မင်းတို့ ဘိုးဘေးတွေက စည်းကမ်းကို ချိုးဖောက်တဲ့အပြင် မြင့်မြတ်တဲ့ အဖိုးတန်အရာကိုလည်း ဆုံးရှုံးလိုက်ရတယ် ၊ ဒါကို ငါ့ရဲ့ ချန်း မျိုးနွယ်စုကို အပြစ်တင်ဖို့ အာရုံရှိနေသေးတယ်ပေါ့!”

အမှန်တရားကို မသိတဲ့သူတွေသာ ဤစကားများကို ကြားလျှင်ဖြင့် ၊ ဤကိစ္စအတွက် အခြားအကြောင်းတရားများ ရှိနေသည်ဟု ထင်ကောင်းထင်သွားနိုင်သည်။

သို့သော်လည်း ထျန်း မျိုးနွယ်စု၏ အကြီးအကဲကလည်း အလျော့ပေးခြင်းမရှိ ဒေါကြီးမောကြီး ထဆိုလေသည်။

“ပါ့ယွမ်၊ ခွေးမသား !!”

“မင်းက အသက်ကြီးပေမယ့် ခုထိ အမှားအမှန်ကို မခွဲနိုင်ဘူးပဲ!”

“ဒီလောက်ထိ အရှက်မဲ့တဲ့လူကို ငါ တစ်ခါမှ မမြင်ဖူးဘူး!”

“ ချန်းလင် ! ငါ မင်းကို သတ်မယ်! မင်းက ခုထိ ငါ့ရဲ့ ချန်း မျိုးနွယ်စုကို မဟုတ်မမှန်စွပ်စွဲနေတာပဲ! “

“ဒီနေ့တော့ မင်းကို သင်ခန်းစာတစ်ခု ကောင်းကောင်းကြီး သင်ပြပေးမယ်!”

“……”

နှစ်ဖက်လုံး ဒေါသတကြီးဖြင့် ။

ချန်း မျိုးနွယ်စုမှ အကြီးအကဲ နှင့် ထျန်း မျိုးနွယ်စုမှ အကြီးအကဲတို့သည် တိုက်ခိုက်ခြင်းမရှိ လေထဲကနေ အချင်းချင်း ကျိန်ဆဲနေကြသည်။

ဤသည်မှာ ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်မှုတစ်ခုသာ ဖြစ်သည်။

အဆိုးဆုံး ဘိုးဘေးမျိုးဆက် ဆယ့်ရှစ်ဆက်လောက်ထိ သိမ်းကျုံးကာ ဆဲဆိုနေကြသည်။

၎င်းတို့နှစ်ဦး၏ သူသူကိုယ်ကိုယ် အပြိုင်ကျိန်ဆဲမှုကြီးသည် သူ၏မျိုးနွယ်စုရှိ တပည့်သားချင်းများကိုပင် ဆွံ့အသွားစေသည်။

ဟိုးအရင်ကတည်းက အထင်ကြီးလေးစားခဲ့ရပါသော အကြီးအကဲတွေက တကယ်ကို ပြင်းပြင်းထန်ထန် ကျိန်ဆဲနေပါရောလား!?

အပိုင်း(၃၉၆): တတိယ‌မြောက် မစ်ရှင်

ဤအပြိုင်အဆိုင် ဆဲဆိုပွဲကြီးသည် ဘေးနားတွင် ရပ်နေသော စူးချန်ကဲကိုတောင် ခေါင်းကိုက်သွားစေသည်။

အထဲက အကြောင်းအရာများသည် အတော်လေး စက်ဆုပ်ဖွယ်ရာ ကောင်းပေသည်။

“ တော်ကြတော့!”

စူးချန်ကဲမှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် အပြန်အလှန် အော်ဟစ်ဆဲဆိုနေကြသော ၎င်းတို့နှစ်ဦး၏ အသံသည် ချက်ချင်းဆိုသလို ရပ်တန့်သွားသည်။

စူးချန်ကဲ၏ မျက်လုံးများသည် အေးစက်နေပြီး ၊ သူ့လေသံမှာ အနည်းငယ် စိတ်မကြည်ပုံရပေသည်။

“ ခင်ဗျားတို့ နှစ်ယောက် နောက်တစ်ခွန်းဆက်ပြောရဲရင် “

“ခင်ဗျားတို့ရဲ့ ဘိုးဘေးတွေကို သွားတွေ့ဖို့ ကျုပ်ကိုယ်တိုင် တိုက်ရိုက်ပို့ပေးလိုက်မယ် “

ထိုစကားသံများ ထွက်ပေါ်လာသည်နှင့် ၊

လူကြီးနှစ်ယောက်သည် တစ်ဖက်သို့ ခေါင်းလွဲလိုက်ကြပြီး ဆက်မပြောတော့ပေ။

…….

အချိန်အတော်ကြာပြီးနောက်။

စူးချန်ကဲသည် မေးခွန်းအချို့ကို မေးမြန်းခဲ့သည်။

ထိုနှစ်က ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို သူ အကြမ်းဖျင်း နားလည်ခဲ့သည်။

ထိုစဉ်က ၊

မျိုးနွယ်စုနှစ်ခု၏ မူလဇာစ်မြစ်မှာ တူညီကြပြီး ‘ ချန်းကူနတ်ဘုရား မျိုးနွယ်စု ‘ ဟု အမည်ခေါ်တွင်သည်။

ယခုလိုအဖွဲ့ကွဲခဲ့ရခြင်း အကြောင်းရင်းမှာ လွန်ခဲ့သော နှစ်ကာလပေါင်းများစွာက ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကြောင့်ပင် ဖြစ်သည်။

ချန်းကူနတ်ဘုရား မျိုးနွယ်စုတွင် ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုး ဟု ခေါ်ဆိုသော မြင့်မြတ်သော ပစ္စည်းတစ်ခု ရှိခဲ့သည်။

၎င်းသည် ချန်းကူနတ်ဘုရား မျိုးနွယ်စု၏ကံကြမ္မာကို ဖိနှိပ်ရန်အသုံးပြုသော မှော်လက်နက်တစ်ခု ဖြစ်သည်။ ချန်းကူ နတ်ဘုရားမျိုးနွယ်စုကို တည်ထောင်ခဲ့သူ၊ တစ်နည်းအားဖြင့် ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားကိုယ်ထည်၏ ပထမမျိုးဆက်သည် ထိုမှော်လက်နက်မှ တဆင့် သူ၏ ကိုယ်ထည်ကို နိုးထစေခဲ့သည်။

ထျန်းရန် အာဏာရှင်နတ်ဘုရားသုံးချောင်းထောက်အိုး၏ မူလဇစ်မြစ်မှာ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားကိုယ်ထည်၏ ပထမမျိုးဆက်သည် ဇီဝတားမြစ်နယ်မြေ ရှိ မသေမျိုးဘုရင်၏လက်ထဲမှ လုယူလာခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ချန်းကူနတ်ဘုရားမျိုးနွယ်စုကို တည်ထောင်ပြီးနောက်၊ ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးကို ၎င်းတို့မျိုးနွယ်စု၏ ထာဝရ မြင့်မြတ်သော ရှေးဟောင်းပစ္စည်းအဖြစ် ကိုးကွယ်ခဲ့သည်။

သို့သော် လွန်ခဲ့သော နှစ်ပေါင်းများစွာက မတော်တဆ ဖြစ်ရပ်တစ်ခုကြောင့် ပျောက်ဆုံးသွားခဲ့ရသည်။

ထိုနှစ်က ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးကို စောင့်ကြပ်ရန်မှာ ထျန်း မျိုးနွယ်၏ တာဝန်ဖြစ်သည်။

ထို့နောက်တွင်၊ ချန်း မျိုးနွယ်စုမှ လူတစ်စုရောက်ရှိလာပြီး ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးဖြင့် နှစ်ခြင်းကို လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။

ထိုအချိန်က မျိုးနွယ်စုနှစ်စုသည် မူလရင်းမြစ် တူညီသော မျိုးနွယ်များဖြစ်သောကြောင့် အချက်အလက်များကို အတည်ပြုပြီးနောက် ၊ချန်း မျိုးနွယ်စုမှ ထိုလူအုပ်စုကို ဝင်ရောက်ခွင့်ပြုခဲ့သည်။

သို့သော် ၊ ထိုနောက်ပိုင်းတွင် ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးမှာ ထူးထူးခြားခြား ပျောက်ကွယ်သွားခဲ့သည်။

မြင့်မြတ်သော ပစ္စည်း ပျောက်ဆုံးသွားပြီးနောက်၊ ချန်း မျိုးနွယ်စုသည် အမျက်ဒေါသထွက်ကာ ထိပ်တိုက်ဆွေးနွေးမည့်အစား ရန်ဖြစ်ခဲ့ကြသည်။

ဤသို့ဖြင့် မူလမျိုးနွယ်စုသည် နောက်ဆုံးတွင် လုံးဝ ပြိုကွဲသွားခဲ့ပြီး ၊ ယင်းကြောင့် အသေ‌အကြေ ရန်ပွဲများပင် ဖြစ်ပွားခဲ့ကြသည်။

“ဟွန်း.... ဘာမှအများကြီး တွေးစရာမလိုဘူး ၊ ဒီ ချန်း မျိုးနွယ်စုက မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ရှင်သန်နေတာ ၊ ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးကို ယူချင်တာနဲ့ပဲ ဒီလိုလှည့်ကွက်ကို ဖန်တီးပြီး ငါတို့ ထျန်း မျိုးနွယ်စုကို အပြစ်တင်ဝေဖန်ခဲ့တာပဲ!”

ချန်းလင်၏မျက်လုံးများသည် ထေ့ငေါ့ခြင်းများဖြင့် ပြည့်နှက်နေပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

“ လောဘကြောင့် ခိုးယူရုံတင်မကဘူး မျိုးနွယ်တူကို အပြစ်တင်ဝေဖန်လိုက်သေးတယ် ၊ မင်းတို့ဘိုးဘေးတွေ စည်းကမ်းကို ဖောက်ဖျက်ခဲ့တာ ဒါ သစ္စာဖောက်မျိုးနွယ်စုပဲ မဟုတ်လား?!”

“မင်း မဟုတ်တမ်းတရား အကြောင်းပြချက်တွေနဲ့ သူများကို တိုက်ခိုက်ဖို့စဉ်းစားမနေနဲ့!”

ပါ့ယွမ်၏မျက်နှာမှာ မှုန်ကုတ်သွားသည်။

“ ငါ့ ချန်း မျိုးနွယ်စုရဲ့ ဘိုးဘေးတွေကစည်းကမ်းကို အမြဲလိုက်နာခဲ့တာ ၊ အဲ့တုန်းက မြင့်မြတ်ပစ္စည်းကို စောင့်ကြပ်ခဲ့တာ မင်းတို့ပဲ ..ငါတို့ ချန်း မျိုးနွယ်စုက ဘယ်သူမှ အဲဒီနေရာကို ခြေချဖူးတာ မဟုတ်ဘူး!”

“မင်းရဲ့ ထျန်း မျိုးနွယ်စုကသာ ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးကို ခိုးယူပြီး ငါတို့က လုပ်တဲ့ဒီဇိုင်းနဲ့ အပြစ်တင်လိုက်သေးတယ် “

“ မင်းတို့ မရှက်ဘူးလား!?”

“ ပြီးတော့ ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးက ကျင့်ကြံမှုကို ခိုင်မာစေပြီး သန့်စင်သွေးရဲ့ စွမ်းအားကို ရရှိစေတယ် ၊ ဒါ့ကြောင့်လည်း ဒီနှစ်တွေအတွင်း မင်းတို့ ထျန်း မျိုးနွယ်စုက ပိုပြီး အားကောင်းလာတာပေါ့”

“ဘာမှမှန်းဆနေဖို့ မလိုဘူး၊ ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုး ခိုးယူခဲ့တာ သေချာပေါက် မင်းတို့ ထျန်း မျိုးနွယ်စုပဲ!”

ထိုစကားများ ထွက်လာသည်နှင့် ။

ထျန်း မျိုးနွယ်စုဝင် အကြီးအကဲချန်းလင်၏ မျက်နှာသည် နီရဲသွားပြီး ထပ်မံ ပေါက်ကွဲတော့မည်ပုံရသည်။

၎င်းတို့နှစ်ဦး ထပ်မံရန်ဖြစ်တော့မည်ကို မြင်လိုက်ရသဖြင့် စူးချန်ကဲသည် ၎င်းတို့အား တားစီးရန် ဟန်ပြင်လိုက်စဉ် ၊ သူ့စိတ်ထဲတွင် စနစ်သံ ထွက်ပေါ်လာသည်။

[ဒင်! ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးအတွက် ရွေးချယ်မှုအသစ်တစ်ခု ရှိသည် ]

[ရွေးချယ်ခွင့် ၃ - ဟွမ်း မျိုးနွယ်စု၏လက်ထဲမှ ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးကို ပြန်လည်ရယူပါ၊ ဆုလာဘ်- ချန်းကူ ကျုံတန့်ထျန်း ၊ နတ်ဘုရားကောင်းကင်ဘုံကို အုပ်စိုးခြင်း ]

[နောက်ထပ်အခြေအနေများ- သင်သည် ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားကိုယ်ထည်ကို လုံးလုံးအသက်သွင်းနိုင်ပြီး ပြီးပြည့်စုံသော ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေး‌ကို ရရှိနိုင်သည် ]

ထိုစကားကိုကြားလိုက်ရသည်နှင့်။

စူးချန်ကဲ အနည်းငယ် အံ့ဩသွားသည်။

ဤစနစ်ဆုလာဘ်နှစ်ခုသည် ရွေးချယ်ခွင့် (၁)နှင့် (၂)၏ စနစ်ဆုလာဘ်များ ဖြစ်နေသည်။

တစ်ခုရွေးချယ်ရုံဖြင့် ဆုလာဘ် ၂ ခုလုံးကို ရရှိမည်။ ဤသည်မှာ ကောင်းမွန်သော သဘောတူညီချက် တစ်ခုပင် ဖြစ်သည်။

စူးချန်ကဲသည် အနည်းငယ်ပြုံးလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“မင်းတို့ကြားက ပဋိပက္ခက နားလည်မှုလွဲသွားပုံရတယ်”

“ ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးကို အခြားတစ်ယောက်ယောက်က ခိုးသွားတာဖြစ်နိုင်တယ် “

ထိုစကားသံအဆုံးတွင်။

ပါ့ယွမ် နှင့် ချန်းလင်တို့သည် စူးချန်ကဲအား မယုံနိုင်သော အမူအရာဖြင့် ထိတ်လန့်စွာ ကြည့်လိုက်ကြရင်း။

တညီတညွတ်တည်း မေးလိုက်သည်။

“ ငါတို့မျိုးနွယ်ရဲ့ မြင့်မြတ်ပစ္စည်းကို တခြားတစ်ယောက်က ခိုးသွားတာလား? အဲ့တာ ဘယ်သူလဲ!?”

……..

တစ်ချိန်တည်းမှာပင်။

လျှို့ဝှက်ချိုင့်ဝှမ်းထဲတွင် ၊

မြူငွေ့များက နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ကောင်းကင်နှင့် မြေကြီးကြား ကြွယ်ဝသော ဝိညာဉ်စွမ်းအားများ ရှိပြီး ၊ သွေးချီစွမ်းအားများက ရှေးကျသော နယ်မြေတစ်ခုအဖြစ် စီးဆင်းနေလေ၏။

ဤနေရာတွင် ။

အရပ်ရှစ်မျက်နှာတို့၌ ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင် ခြောက်ခုရှိပြီး ၊ ၎င်းတို့သည် တင်ပျဉ်ခွေထိုင်လျက် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ဖြန့်ကျက်ထားကြသည်။

လေထဲသို့ စိမ့်ဝင်နေသော သွေးချီစွမ်းအင်များနှင့် ဝိညာဉ်စွမ်းအင်တို့သည် သူတို့၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ စီးဆင်းနေသည်။

အမှန်စစ်စင်၊ ချိုင့်ဝှမ်း၏ ဗဟိုတွင်

ကြီးမားသော ကြေးဝါသုံးချောင်းထောက်အိုး တစ်ခုရှိနေပြီး ၊ ၎င်းမှ ခရမ်း ချီစွမ်းအားများ လျှံထွက်လာသည်။

ထိုကြီးမားသော ကြေးဝါ သုံးချောင်းထောက်အိုးသည် ရွှေဖြင့်ပြုလုပ်ထားသကဲ့သို့ တစ်ကိုယ်လုံး ရွေအဆင်းအရောင်များဖြင့် တောက်ပနေပြီး ပေတစ်ရာအထိမြင့်မားသော တောက်လောင်နေသော နတ်အလင်းရောင်များကို ထုတ်လွှတ်နေသည်။

၎င်းပေါ်တွင် ရေးထွင်းထားသော မှော်အက္ခရာများသည် ရွှေရောင်အလင်းများကို ထုတ်လွှတ်ပေးလျက် ရှိသည်။

နေတစ်စင်း အုပ်မိုးထားသကဲ့သို့ ၊ ၎င်း၏ အနှိုင်းမဲ့ ဂုဏ်ကျက်သရေကို ဖော်ဆောင်လို့နေသည်။

ကြီးမားသော သုံးချောင်းထောက်အိုး၏ ပတ်ပတ်လည်တွင် တင်ပျဉ်ခွေထိုင်လျက်ရှိသော လူခြောက်ဦးသည် အထဲမှ ထုတ်လွှတ်နေသော အငွေ့အသက်များကို လောဘကြီးစွာ စုပ်ယူနေကြသည်။

တောက်ပနေသော ထိုအလင်းရောင်ထဲတွင် အော်ဟစ်သံများကို ကြားနေရပြီး ၊ ဤချိုင့်ဝှမ်းတစ်ခုလုံးကို ဒဏ္ဍာရီနယ်မြေအလား ထင်မှတ်ရစေသည်။

ရုတ်​တရက်​ ၊ လူတစ်ယောက်သည် သူ့မျက်​လုံးများကို ဖြည်းညှင်းစွာဖွင့်​လိုက်​သည်​။

“ ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးက တကယ်ကို မြင့်မြတ်ပစ္စည်း‌ဆိုတဲ့အတိုင်းပဲ ၊ ငါ့ရဲ့ ကျင့်ကြံဆင့်က အခုဆို ဧကရာဇ်တစ်ပိုင်း နယ်ပယ် ပဉ္ဇမအဆင့်ထိ ချိုးဖျက်နိုင်ခဲ့ပြီ “

ဧကရာဇ်လျှောက်လှမ်း၏ ဖိနှိပ်မှုအောက်တွင် အကျဉ်းချခံထားရသူများသည် ၎င်းတို့၏ ကျင့်ကြံမှုကို အဆင့်တတ်ရန်မှာ မဖြစ်န်ိုင်ချေ။

သို့သော်၊ ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးသည် ခြွင်းချက်ဖြစ်သည်။ ၎င်းသည် ရှေးဟောင်း သွေးချီစွမ်းအင်များကို စုစည်းနိုင်ပြီး ၎င်းအတွင်း၌ စီးဆင်းနေသော နတ်တန်ခိုးများသည် ၎င်းတို့ ကျင့်ကြံမှု၏ အတားအဆီးများကို ချိုးဖျက်ပေးနိုင်သည်။

ဧကရာဇ်လျှောက်လမ်းကမ္ဘာ၏ ဖိနှိပ်ချုပ်ချယ်မှု စည်းမျဉ်းများကို လျစ်လျူရှုနိုင်သည်။

ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုး မှ ထုတ်လွှတ်သော နတ်အလင်းရောင်သည် တဖြည်းဖြည်း ရပ်တန့်သွားသည်။

ကျန်လူ ငါးဦိးကလည်း မျက်လုံးများ ဖွင့်လာကြသည်။ ၎င်းတို့အထဲတွင် အားအနည်းဆုံးသူတောင် ဧကရာဇ်တစ်ပိုင်းနယ်ပယ် တတိယအဆင့်တွင် ရှိသည်။

၎င်းတို့၏ ကျင့်ကြံမှု တိုးတတ်သည့်အပေါ် အာရုံခံပြီးနောက်မှာတော့ ခြောက်ဦးစလုံး ရွှင်လန်းမှုအပြည့်ဖြင့် ပြုံးရယ်နေကြသည်။

“မဆိုးဘူး! ငါလည်း တိုးတက်လာတယ်၊ တကယ်ကို ဒဏ္ဍာရီလာ အမတမှော်လက်နက် ဖြစ်ထိုက်ပါပေတယ်!”

“ဟာဟားဟား၊ ချန်း မျိုးနွယ်စု နဲ့ ထျန်း မျိုးနွယ်စုကကောင်တွေ ဒီလိုလက်နက်မျိုးကို ကြယ်နယ်မြေကို ကာကွယ်ဖို့အတွက်ပဲ အသုံးပြုရတယ်လို့ ၊ ဘယ်လောက်တောင် တုံးအကြသလဲ! “

“ဟား... သူတို့လို ဆုတ်ယုတ်လာတဲ့ မျိုးနွယ်စုက နောက်ထပ် ချန်းကျွင်လင် ကို မွေးထုတ်ပေးနိုင်မယ်လို့ တကယ်ပဲ ထင်နေကြသလား “

“ဒီလို လက်နက်မျိုးကို အသုံးမပြုရင် အမှိုက်ပဲ ဖြစ်သွားလိမ့်မယ်!”

“…”

ထိုနှစ်က ဟွမ်း မျိုးနွယ်စုသည် ၎င်းတို့၏ ကိုယ်ပိုင်အသွင်အပြင်ကို ဖုံးကွယ်ကာ ချန်း မျိုးနွယ်ဝင်တစ်ဦး၏ အသွင်အပြင်အဖြစ်သို့ ပြောင်းလဲရန်အတွက် ထိပ်တန်းလျှို့ဝှက်နည်းလမ်းကို အသုံးပြုခဲ့သည်။

ထို့နောက် ဘိုးဘွားပိုင်မြေထဲကို ခိုးဝင်ပြီး ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးကို ခိုးယူရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သည်။

ဤနှစ်များတွင်၊ သူတို့သည် ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးမှတဆင့် အဆက်မပြတ် ကျင့်ကြံအားထုတ်ခဲ့ပေရာ ၎င်းတို့၏ ကျင့်ကြံမှုသည် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

ယခုတွင် ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးများ ရှိနေရုံသာမက ၊ ၎င်းသည် ဟွမ်း မျိုးနွယ်စု၏ အင်အားကိုလည်း များစွာ မြှင့်တင်နိုင်ခဲ့သည်။

၎င်းတို့၏ လက်ရှိ မျိုးနွယ်စု အင်အားဖြင့်၊ သူတို့သည် ချန်းကူကြယ်(ကမ္ဘာဂြိုလ်)တစ်ခုလုံးကို လုံး၀ လွှမ်းမိုးထားနိုင်သည်။

“အစ်ကို၊ အခု ငါတို့ရဲ့ ခွန်အားတွေလည်း အပြည့်အဝ ရလာပြီ ၊ ငါတို့ ချန်း မျိုးနွယ်စု နဲ့ ထျန်း မျိုးနွယ်စုကို သုတ်သင်နိုင်စွမ်း အပြည့်ရှိခဲ့ပြီ “

“ ဆိုတော့ ..ငါတို့ရဲ့ အစီအစဥ်ကို စဖို့အချိန်တန်ပြီ!”

အပိုင်း(၃၉၇): မျိုးနွယ်သုံးစု လှုပ်ရှားလာခြင်း

ဟွမ်း မျိုးနွယ်စု၏ ဘိုးဘေးတစ်ဦးသည် အတိုင်းမသိ စိတ်လှုပ်ရှားနေသည်။

ယခု သူတို့၏ ခန္ဓာကိုယ်ထဲတွင် ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးများ ရှိနေပြီဖြစ်သောကြောင့် သူတို့ကို ချန်းကျွင်လင်၏ သားမြေးများဟုပင် ခေါ်ဆိုနိုင်သည်။

ချန်းကျွင်လင်သည် ရှေးကောင်းကင်ဘုံအာဏာရှင်နတ်ဘုရားကိုယ်ထည်၏ ပထမမျိုးဆက် ဖြစ်သည်။

ထိုနှစ်က ချန်းကျွင်လင်သည် သူတော်စင် ခန္ဓာကိုယ်ကို နိုးကြားစေခဲ့သည်။

ကောင်းကင်ဘုံအာဏာရှင် ကိုယ်ထည်‌များ၏ အုပ်စိုးရှင် တစ်ဦးအဖြစ် သူသည် ရှေးဟောင်းသူတော်စင် ကိုယ်ထည်ဖြစ်သူများ နှင့် မယှဉ်ပြိုင်ခဲ့ပေ။

ယင်းအစား၊ သူသည် ဇီဝတားမြစ်နယ်မြေထဲသို့ တစ်ယောက်တည်း ဖောက်ဝင်ကာ ၊ တားမြစ်နယ်မြေကို ဖိနှိပ်ထားသည့် မြင့်မြတ်သော မှော်ရတနာကို လုယူခဲ့သည်။

မသေမျိုး ဘုရင်များသည် ၎င်း၏တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမခဲ့ရှိရုံသာမက သတ်ဖြတ်ခံခဲ့ရသည်။

ဤသို့ဖြင့် ၎င်းတို့သည် ချန်းကျွင်လင် နှင့် အပေးအယူလုပ်ရုံသာ တတ်နိုင်ခဲ့သည်။

ထို့ကြောင့် သူသည် ဇီဝတားမြစ်နယ်မြေထဲသို့ လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့်ရှိသည်။

ထို‌ခေတ်တွင် ၊ ဇီဝတားမြစ်နယ်မြေသည် လူတိုင်း၏အမြင်တွင် ဟာသတစ်ခုဖြစ်လာသည်။

အမှောင်ထုကြီး ထွက်ပေါ်လာစဉ်က ၊

အမတသခင်များ ကြွေလွင့်ခဲ့ရပြီး ၊ သက်ရှိအပေါင်း ငိုကြွေးချခဲ့ရသည်။

မဟာလမ်းစဉ်၏ အကာအကွယ်မရှိသော ရှေးဟောင်းကြယ်နယ်မြေတွင် ချန်းကျွင်လင်သည် သူ၏ ထူးကဲသော ပါရမီများကြောင့် အန္တိမ မဟာလမ်းစဉ်ထိ အောင်မြင်နိုင်ခဲ့သည်။

ကြယ်နယ်မြေ၏ ငြိမ်းချမ်းမှုကို ကာကွယ်ပေးခဲ့သောကြောင့် သူသည် တုနှိုင်းမရသော ဂုဏ်ပုဒ်တစ်ခုကို ရရှိလာခဲ့သည်။

နောက်ဆုံးတွင် ချန်းကူနတ်ဘုရား မျိုးနွယ်စုကို တည်ထောင်ခဲ့ပြီး ၊ သူ၏ကျော်ကြားမှုသည် ကမ္ဘာတစ်ဝှမ်းတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျော်ကြားခဲ့သည်။

သို့သော် ၎င်းတို့၏ ဟွမ်း မျိုးနွယ်စုသည် ချန်းကူနတ်ဘုရား မျိုးနွယ်စု၏ လက်အောက်ခံမျိုးနွယ်တစ်ခုသာ ဖြစ်သည်။

ချန်းကူနတ်ဘုရား မျိုးနွယ်စု၏ ဘုန်းအသရေသည် သူတို့၏ မျက်လုံးထဲတွင် အတိတ်ကအရာတစ်ခုမျှသာ ဖြစ်သည်။

ဟွမ်း မျိုးနွယ်စုသည် ချန်းကူနတ်ဘုရား မျိုးနွယ်စု ဖြစ်လာပြီး ရာထူးကို သိမ်းပိုက်ရန် နှစ်ပေါင်းများစွာကြာအောင် တောင့်တခဲ့သည်။

နောက်ဆုံးတွင်။

သူတို့သည် အခွင့်အရေးတစ်ခုကို ရှာတွေ့ခဲ့ပြီး၊ ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးကို ခိုးယူခဲ့သည်။

နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက်၊ သူတို့ခန္ဓာကိုယ်ထဲတွင် အလားတူ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးများ ရှိလာခဲ့ပြီး ၊ ၎င်းတို့၏ ခွန်အားသည် ယုတ်လျော့လာသော ထျန်း မျိုးနွယ်စု နှင့် ချန်း မျိုးနွယ်စုထက် များစွာသာလွန်သည်။

“ ဒီနေ့ကစပြီး ချန်းကူနတ်ဘုရား မျိုးနွယ်စုမှာ စစ်မှန်တဲ့ ‌အမွေခံဆိုလို့ တစ်ခုပဲရှိတော့တယ် “

“ အဲ့တာက ငါ့ ရဲ့ ဟွမ်းမျိုးနွယ်စုပဲ!”

မှန်၏ ။

သူတို့၏ အကြံအစည်မှာ ချန်း မျိုးနွယ်စု နှင့် ထျန်း မျိုးနွယ်စုဝင်များ အားလုံးကို သတ်ပစ်ရန်ပင်။

ထို့နောက်တွင် ၊ ၎င်းတို့၏ ဟွမ်း မျိုးနွယ်စုသာလျှင် တကယ့် ချန်းကူနတ်ဘုရား မျိုးနွယ်ဝင်များ ဖြစ်ကြောင်း လူတိုင်းကို အသိပေးမည် ဖြစ်သည်။

သူတို့ကသာလျှင် ချန်းကျွင်လင်၏ တကယ့် သားစဉ်မြေးဆက်များ ဖြစ်ရမည်။

ဦိးဆောင်သူ ဟွမ်းမျိုးနွယ် ဘိုးဘေးက သူ့လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်သည် ။

“ ဒီနေ့ကစပြီး ငါတို့ရဲ့ မျိုးနွယ်စုကို ချန်းကူနတ်ဘုရားမျိုးနွယ်စုလို့ နာမည်ပြောင်းမယ်!”

“ မျိုးနွယ်အတုနှစ်ခုဖြစ်တဲ့ ချန်း မျိုးနွယ်စု နဲ့ ထျန်း မျိုးနွယ်စုတို့ကို ချေမှုန်းဖို့ ခုချက်ချင်း တပ်ဖွဲ့ဝင်တွေကို စေလွှတ်လိုက်တော့ “

“ ငါတို့ရဲ့ အသွေးကို သုံးပြီး ချန်းကူနတ်ဘုရား မျိုးနွယ်ရဲ့ အမည်နာမကို သက်သေပြမယ်!”

“ဟုတ်!”

ဟွမ်း မျိုးနွယ်ဝင် အခြားဘိုးဘေးများ အားလုံးသည် ဦးညွှတ်ကာ ဖြေကြားလိုက်ပြီးနောက် ၊ အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ နေရာမှ ထွက်ခွာခဲ့လေသည်။

ချန်း မျိုးနွယ်စု နှင့် ထျန်း မျိုးနွယ်စုကို သတ်ဖြတ်ရန် တပ်ဖွဲ့ကို စု‌စည်းထားပြီး ဖြစ်သည်။

သူတို့ ထွက်ခွာခါနီးတွင် ။

“ အစီရင်ခံပါတယ်!”

ဟွမ်း မျိုးနွယ်ဝင် လူတစ်ယောက်သည် ခန်းမထဲသို့ အလျင်အမြန် ပြေးဝင်လာခဲ့သည်။

“ ပြင်ပ မကောင်းဆိုးဝါးမျိုးနွယ်ဝင် လူတချို့က တွေ့ဆုံဖို့တောင်းဆိုနေပါတယ်!”

ဟွမ်း မျိုးနွယ်ဝင် ဘိုးဘေးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ယခုလို အရေးကြီးသော အခိုက်အတန့်တွင် ပြင်ပလူများသည် အဘယ့်ကြောင့် ရောက်ရှိလာသနည်း။

…….

တစ်ချိန်တည်းမှာပင်။

ထျန်း မျိုးနွယ်စု ဘိုးဘွားပိုင်နယ်မြေ။

လော့ရန်ယွီသည် ဂုဏ်သိက္ခာရှိစွာ ထိုင်နေပြီး နတ်သစ်သီးများကို မြည်းစမ်းစားလျက် ရှိနေသည်။

သူမဘေးနားတွင် ရှိနေသော ထျန်း မျိုးနွယ်စုဝင် ဘိုးဘေးက ဆိုလေသည်။

“ ကိစ္စကတော့ အဲ့လိုပဲ ၊ ပျောက်သွားတဲ့ မြင့်မြတ်ပစ္စည်းကို ငါတို့ ထျန်း မျိုးနွယ်စုကြောင့်ဆိုပြီး ချန်း မျိုးနွယ်စုတွေက စွပ်စွဲအပြစ်တင်ကြတယ် !”

“ ရှေးဘိုးဘေးတွေကို ‌ဖြေရှင်းချက်ပေးနိုင်ဖို့ ကျေးဇူးပြုပြီး လူကြီးမင်းကပဲ ထျန်း မျိုးနွယ်စုဘက်ကနေ ကူညီပြီး ချန်း မျိုးနွယ်စု ရှင်းပစ်ပေးပါ! “

ဧကရာဇ်တစ်ပိုင်း နယ်ပယ် တတိယအဆင့်ရှိ ထျန်း မျိုးနွယ် ဘိုးဘေးသည် ယခုအချိန်တွင် တရိုတသေပြုမှုနေသည်။

လော့ရန်ယွီကို သူ နည်းနည်းမှ မစော်ကားဝံ့ပေ။

ဟွိုင့်တွိုင့်ခန္ဓာကိုယ် နှင့် တာအိုအရိုး အပြင် ဤမျှကြောက်စရာကောင်းသော အရည်အချင်းများကို ပိုင်ဆိုင်ထားသည် ဖြစ်ရာ သူမသည် အနာဂတ်တွင် အနှိုင်းမဲ့ တည်ရှိမှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။

သူတို့သည် ထိုကဲ့သို့သော ပါရမီရှင်နှင့် မိတ်ဆွေဖွဲ့နိုင်မည်ဆိုပါက ၊ သူတို့၏ မျိုးနွယ်စုအတွက် အဆုံးမရှိသော အကျိုးကျေးဇူးများစွာ ရရှိလာပေမည်။

“ ရှင်ပြောတာ အမှန်သာဆိုရင် ကျွန်မကိုယ်တိုင် ဝင်စွက်ဖက်မယ် “

လော့ရန်ယွီက အေးအေးလူလူ ဆိုလိုက်သည်။

သူမသည် ဤရက်ပိုင်းအတွင်း စူးစမ်းလေ့လာခဲ့ပြီး ချန်းကူကြယ် နှင့်ပတ်သတ်၍ အကြမ်းဖျင်းနားလည်ခဲ့သည်။

ဤကမ္ဘာဂြိုဟ်သည် ယခင်က လွန်စွာခမ်းနားထည်ဝါခဲ့ပြီး ၊ ချန်း မျိုးနွယ်စု နှင့် ထျန်း မျိုးနွယ်စုတို့၏ ဘိုးဘေးဖြစ်သည့် အနှိုင်းမဲ့ဖြစ်တည်မှု ပုဂ္ဂိုလ်တစ်ယောက် ရှိခဲ့ဖူးသည်။

သူ၏ ကျင့်ကြံမှုသည် လွန်စွာမြင့်မားပြီး တစ်ချိန်က ဒေဝလောကတစ်ခုလုံးကို စိုးမိုးနိုင်ခဲ့သည်။

“ဒီလောက်ထိ ကျော်ကြားတဲ့ လူမျိုးစုက နောက်ဆုံးမှာတော့ ဒီလိုမျိုး အဆုံးသတ်သွားခဲ့တာပဲ”

လော့ရန်ယွီက ညင်သာစွာ ပြုံးလိုက်ရင်း။

“ ခေတ်ကာလပြောင်းလဲတယ်ဆိုတာ ဒါလား...?”

သို့သော် ထိုစကားများကို ပြောရင်း၊ သူမသည် အင်အားစုတစ်စုကို တွေးမိလိုက်သည်။

မရေမတွက်နိုင်သော ခေတ်ကာလများကတည်းက အလွန်အစွမ်းထက်ခဲ့ရုံသာမက ကောင်းကင်ဘုံကိုပင် အံတုနိုင်သော ဖြစ်တည်မှုများစွာကိုလည်း မွေးထုတ်ပေးခဲ့သည်။

ဥပမာ လူငယ်တားမြစ်ချက်လိုပေါ့ !

လော့ရန်ယွီ၏ နှုတ်ခမ်းသားများသည် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

“ စူးချန်ကဲ ဘယ်ဂြိုဟ်များ ရောက်နေမလဲ... “

…….

အခြားတစ်ဖက် ။

တိမ်တိုက်ထဲတွင် ၊

နတ်ဖီးနစ်သည် ၎င်း၏ အတောင်ပံများကို ဖြန့်ကျက်လျက် ချန်း မျိုးနွယ်စု၏ ဦးတည်ရာဘက်ဆီသို့ ပျံသန်းလာခဲ့သည်။

“ လူကြီးမင်း...ခင်ဗျားပြောတာ အမှန်​​လား...?”

ပါ့ယွမ်သည် အံကြိတ်ကာ မယုံကြည်နိုင်စွာဖြင့် ဆိုလေသည်။

“ ဟွမ်း မျိုးနွယ်စုက ကျွန်တော်တို့ မျိုးနွယ်စုရဲ့ လက်အောက်ခံ လူတစ်စုပဲ ၊ ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးကို ခိုးသွားတာ တကယ်ပဲ သူတို့လား...”

သူတို့မျိုးနွယ်စု၏ မြင့်မြတ်သော ပစ္စည်းကို ခိုးယူခဲ့သူမှာ ဟွမ်း မျိုးနွယ်စုဖြစ်ကြောင်း စူးချန်ကဲ၏ စကားများကို ကြားပြီးနောက် မျိုးနွယ်စုအကြီးအကဲနှစ်ဦးသည် မယုံကြည်နိုင်ဖြစ်ခဲ့ကြသည်။

သူတို့အမြင်တွင် ၊ ဟွမ်း မျိုးနွယ်စုသည် အလွန် အားနည်းသော လူမျိုးတစ်စုသာ ဖြစ်ပြီး၊ ဤနှစ်ကာလအတွင်း ၎င်းတို့သည် မည်သည့်ဂယက်မှ မရှိဘဲ အေးချမ်းစွာ နေထိုင်ခဲ့သည်။စူးချန်ကဲသာ ထိုကဲ့သို့သော စကားကို မပြောမိပါက ၊ သူတို့သည် ၎င်းတို့ကို လျစ်လျူရှုထားမိမှာ အမှန်ပင်။

“ငါပြောပြီးပြီ၊ နောက်ထပ် ထပ်မပြောချင်ဘူး”

“ပါးစပ်ပိတ်ပြီး လမ်းပြ”

၎င်း၏စကားကြောင့် ၊ ချန်း မျိုးနွယ်စုဝင်များသည် ရှိုက်ကြီးတငင် ပြုံးလိုက်ကြသည်။

ဤပုဂ္ဂိုလ်သည် တကယ်ကို ကြီးစိုးလွန်းပေသည်။

ထျန်း မျိုးနွယ်စုဝင်များလည်း မယုံကြည်နိုင်ဖြစ်နေကြသည်။ အပြင်လူတစ်ယောက်၏ စကားကို သူတို့ မည်သို့ယုံကြည်နိုင်မည်နည်း။

သို့သော် စူးချန်ကဲသည် ၎င်းတို့ကို ရှင်းပြရန် ပျင်းလွန်းသည်။

ထို့ကြောင့် စူးချန်ကဲသည် ၎င်းတို့ကို ထျန်းမျိုးနွယ် ဘိုးဘွားပိုင်မြေသို့ သွားရောက်၍ ထိုသတင်းကို တင်ပြစေသည်။

အစီရင်ခံမှု ကြန့်ကြာဝံ့ပါက ၊သူတို့၏ ထျန်း မျိုးနွယ် ဘိုးဘွားပိုင်နယ်မြေဆီသို့ လူကိုယ်တိုင် သွားရောက်မည်ဖြစ်သည်။

ထျန်း မျိုးနွယ်ဝင်များမှာ ကြောက်လန့်တကြားဖြင့် အသားကုန် မောင်းတင်ကာ ပြန်သွားလေသည်။

သို့သော် သူတို့သည် ဘေးဥပဒ်ကို ကောင်းချီးတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ မူလက သေဘေးအခြေအနေမှ စူးချန်ကဲသည် လွယ်ကူစွာ ဖြေရှင်းပေးခဲ့သည်။

ယန်ပါ့သည် စူးချန်ကဲ၏ နောက်ကျောကို စူးစိုက်ကြည့်လျက် ။

“ ဒီလူ ...ဘယ်လောက်များတောင် တန်ခိုးကြီးမားလိုက်သလဲ...”

အချိန်တစ်ခုကြာပြီးနောက် ။

စိမ်းလန်းစိုပြေသော တောင်တန်းကြီးများကို မြင်လိုက်ရသည်။

အလွန်မြင့်မားပြီး တိမ်ပင်လယ်ထိ တိုးဝင်လျက် ရှိသည်။

အထဲတွင် ၊ နန်းဆောင်များစွာ ရှိပြီး နှစ်ကာလ၏ တိုက်စားမှုအောက်တွင် အလွန်ဟောင်းနွမ်းနေပုံရသည်။

ထိုနေရာတွင် လူအနည်းငယ်သာရှိပြီး ၊ ရင်ပြင်၌ ပေါင်းပင်များ ဟိုတကွက် ဒီတကွက် ပေါက်ရောက်နေသည်။

နေဝင်ချိန်နှင့် အတူတူ ပျံသန်းနေသော ငှက်ကလေးများသည် မြင်ကွင်းကို ပို၍ပင် အဖော်ကင်းမဲ့စေသည်။

“လူကြီးမင်း၊ ကျွန်တော်တို့ ချန်း မျိုးနွယ်စုရဲ့ နေရာက ‌အရှေ့မှာပဲ “

စူးချန်ကဲသည် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

တစ်ချိန်က ဒေဝလောကကို ကြီးစိုးခဲ့သော အင်အားကြီး မျိုးနွယ်စုသည် အမှန်တကယ်ပင် အားနည်းလာခဲ့ပုံရသည်။

နေဝင်ချိန်သို့ ရောက်လာခဲ့ပုံပင်။

“ ယခင်က ကြီးစိုးမှုသည် ၊ ယနေ့တွင် ဖုန်မှုန့်ကလွဲ၍ ဘာမျှမရှိလေတည်း”

သက်ပြင်းချပြီးနောက်။

နတ်ဖီးနစ်သည် ချန်းမျိုးနွယ်၏ ဘိုးဘွားပိုင်မြေဆီသို့ ဆင်းသက်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်စွမ်းအားများ ကျဆင်းလာသည်နှင့်အမျှ ချန်း မျိုးနွယ်စုမှ မရေတွက်နိုင်သော လူများသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကောင်းကင်ကို မော့ကြည့်ကြလေသည်။

“ နတ်သားရဲသွေးပါတဲ့ ဖီးနစ်တစ်ကောင်ပဲ! မဟုတ်မှလွဲရော ထျန်း မျိုးနွယ်စုကလူများလား?”

“မကောင်းတဲ့ ရည်ရွယ်ချက်ရှိရမယ် ၊ မြန်မြန် ဘိုးဘေးကို အကြောင်းကြားကြ!”

လူတိုင်း၏ အမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကြပြီး တိုက်ပွဲဝင်ရန် အသင့်ပြင်ထားကြသည်။

တစ်ချိန်တည်းမှာပင်။

ချန်း မျိုးနွယ် ဘိုးဘွားပိုင်နယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းမှ ဆံပင်ဖြူ နှင့် မုတ်ဆိတ်မွေးဖြူ ရှိသော အဖိုးအို၏ မျက်လုံးများသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

အစတွင် သူ့မျက်ဝန်းများသည် တုန်လှုပ်သွားခဲ့သော်လည်း ၊ နောက်တွင် သူသည် ဝမ်းသာသွားခဲ့သည်။

“ ငါတို့ ရှေးဘိုးဘေးထက် သန့်စင်တဲ့ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားရဲ့ အသွေးတွေ ရှိနေတာပဲ “

“ ရှေးဘိုးဘေးတွေရဲ့ ဟောကိန်းက တကယ်ဖြစ်လာပြီပဲ!”

အပိုင်း(၃၉၈): လက်သီးတချက်စွမ်းအား

ချန်း မျိုးနွယ်ဘိုးဘေးမှာ သူ၏စိတ်လှုပ်ရှားမှုကို ဖုံးဖိမထားနိုင်အောင်ပင် ။

သူတို့၏ဘိုးဘေး မကွယ်လွန်ခင်က စာတစ်စောင် ချန်ထားခဲ့ဖူးသည်။

“အနာဂတ်မှာ ပိုပြီး အားကောင်းတဲ့ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားကိုယ်ထည်ပိုင်ရှင်ဟာ ချန်းကူကြယ်ကို ရောက်ရှိလာလိမ့်မယ် “

“သူ့ရဲ့ ထွက်ပေါ်မှုဟာ ...အိပ်မောကျနေတဲ့ မျိုးနွယ်စုတွေကို ပြန်လည် နိုးထလာစေလိမ့်မယ်..ဘိုးဘေးကြယ် ရဲ့ ဘုန်းတန်ခိုးဟာလည်း တစ်ဖန် ပြန်လည်ထွက်ပေါ်လာလိမ့်မယ်...”

ချန်း မျိုးနွယ်ဘိုးဘေးသည် မနှောင့်နှေးဝံ့ဘဲ ချက်ချင်း ထကာ စူးချန်ကဲဆီသို့ ပြေးသွားခဲ့သည်။

တစ်ချိန်တည်းမှာပင်။

ချန်း မျိုးနွယ်စု၏ ရင်ပြင်တွင် ။

စူးချန်ကဲသည် သူ့လက်ကို နောက်ပစ်လျက် တည်ငြိမ်စွာဖြင့် ရပ်နေပြီး ၊ သူ၏ အဖြူရောင် ဝတ်ရုံထည် နှင့် ဆံနွယ်တို့သည် လေနှင့်အတူ ကခုန်လွင့်မျောနေသည်။

သူ့ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတို့သည် ချန်း မျိုးနွယ်ဝင်များကို ကြောက်ရွံ့ထိတ်လန့်စေကာ သူ့ကို ပေါ့ပေါ့တန်တန် မစော်ကားဝံ့ပေ။

“ဒီလူက ဘယ်သူလဲ... သူ့ခန္ဓာကိုယ်ထဲမှာ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားရဲ့ အသွေးအသားတွေ ဘာကြောင့် စီးဆင်းနေတာလဲ...”

“သူ့ခန္ဓာကိုယ်ထဲက အသွေးအသား စွမ်းအားက ငါတို့ထက်တောင် ပိုပြီးသန့်စင်နေသေးတယ်...ဘိုးဘေးတွေတောင် ဒီလောက်ကြောက်စရာကောင်းတဲ့ အသွေးအသား စွမ်းအင်တွေ မရှိလောက်ဘူး “

“မင်းဘယ်လိုထင်လဲ... ဒီလူက ရှေးဘိုးဘေးရဲ့ တရားမဝင်သားဖြစ်နိုင်မလား... သူဒီနေ့ သူ့ဘိုးဘေးတွေကို အသိအမှတ်ပြုဖို့ ချန်း မျိုးနွယ်စုကို ပြန်လာတာများလား?”

“……..”

ချန်း မျိုးနွယ်စုဝင်တိုင်း သူသူကိုယ်ကိုယ် ဆွေးနွေးခန်း ဖွင့်နေကြပြီး ၊ ၎င်းတို့၏ မျက်လုံးများသည် ဝင်းလက်တောက်ပနေကြသည်။

အကယ်၍ ဤမျှ အစွမ်းထက်သော ပါရမီရှင်သည် မိမိ၏ဘိုးဘေးများကို အသိအမှတ်ပြုရန် လာရောက်ခြင်းဖြစ်ပါက ၊

သူတို့သည် ယုတ်မာသော ထျန်း မျိုးနွယ်စုများကို အလိုအလျောက် နှိမ်နင်းနိုင်တော့မည် မဟုတ်ပေလော။

“ဒီလူကြီးမင်းက ငါ​တို့မျိုးနွယ်​စုရဲ့ ​အရေးကြီးတဲ့ ဧည့်​သည်​တစ်​​ယောက်ပဲ ၊ မရိုင်းစိုင်းကြနဲ့!”

ထိုအချိန် ၊ ကောင်းကင်ယံမှ အဘိုးကြီးတစ်ဦး၏ အသံသည် ခေါင်းလောင်းသံသဖွယ် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် မူလက ဂနာမငြိမ်သော လူအုပ်ကြီးမှာ ချက်ချင်း ငြိမ်ကျသွားသည်။

လူတိုင်းက ကောင်းကင်ကို မော့ကြည့်လျက် ဦးညွှတ်လိုက်ကြသည်။

“ ပါ့ဝူ ဘိုးဘေးကို နှုတ်ခွန်းဆက်ပါတယ်!”

ပါ့ဝူဘိုးဘေးသည် ယ​နေ့ ချန်း မျိုးနွယ်​၏ အသန်​မာဆုံးသူ ဖြစ်ပြီး ၊ သူ၏ ကျင့်ကြံမှုသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် တတိယအဆင့်တွင် ရှိသည်။ ချန်း မျိုးနွယ်စုတွင် ၊ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အပြင်းထန်ဆုံးသော အသွေးများကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။

ပါ့ဝူဘိုးဘေးသည် ပြန်လည်နှုတ်ခွန်း‌ဆက်သသည့် သဘောအနေဖြင့် မျိုးနွယ်စုများစွာကို ခေါင်းညိတ်ပြလေသည်။ လူတိုင်း၏ မျက်လုံးထဲတွင် အံ့ဩတုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်နေသည်။

သူသည် စူးချန်ကဲ၏ ရှေ့သို့ ဆင်းသက်လာပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။

“ ကျွန်တော်က ချန်း မျိုးနွယ်ဝင် ပါ့ဝူလို့ခေါ်ပါတယ် ၊ လူကြီးမင်းကို နှုတ်ခွန်းဆက်သပါတယ်!”

ယင်းက ချန်း မျိုးနွယ်ဝင်တိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

သူတို့၏မျက်လုံးထဲက အနှိုင်းမဲ့ ဖြစ်တည်မှုပုဂ္ဂိုလ်သည် လူငယ်လေးအပေါ် အဘယ့်ကြောင့် ဤမျှရိုသေစွာပြုမှုနေသနည်း။

သူတို့မျက်စိရှေ့က ဤလူသည် မည်သူနည်း။

ပတ်ဝန်းကျင်က ထိတ်လန့်တုန်လှုပ်မှုများကို လျစ်လျူရှုကာ စူးချန်ကဲသည် ဆိုလိုက်သည်။

“ဒီတစ်ခါ ကျွန်တော် ခင်ဗျားရဲ့ ချန်း မျိုးနွယ်စုကို လာခဲ့တာ ကိစ္စနှစ်ခုရှိလို့ပဲ”

“ပထမက၊ ချန်း မျိုးနွယ်စု နဲ့ ထျန်း မျိုးနွယ်စုကြားက ပဋိပက္ခကို ဖြေရှင်းဖို့ပဲ “

“ဒုတိယအနေနဲ့၊ ပျောက်ဆုံးသွားတဲ့ မြင့်မြတ်ပစ္စည်း ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးကို ပြန်ယူဖို့ ကူညီမယ် “

ရုတ်တရက်စကားများကြောင့် လူတိုင်း ကြောင်အမ်းနေကြပြီး ထူးဆန်းသော မျက်လုံးများဖြင့် စူးချန်ကဲအား စိုက်ကြည့်နေကြသည်။

အမည်မသိဇစ်မြစ်မှ ဤလူသည် ၎င်းတို့၏ ကာလကြာရှည်စွာ တည်ရှိနေခဲ့သော မျိုးနွယ်စု၏ ပဋိပက္ခများကို ဖြေရှင်းလိုရုံသာမက ၊ ပျောက်ဆုံးသွားသော မြင့်မြတ်ပစ္စည်းကိုတောင် ရှာဖွေဖို့ ကူညီပေးမယ်တဲ့လား!?

ဒါ ကြွားလုံးထုတ်နေတာ မဟုတ်ဘူးလား!?

ပါ့ဝူ မှ စကားမပြောမီ၊ ချန်း မျိုးနွယ်ဝင် အမျိုးသားတစ်ဦးက မထီမဲ့မြင်ပြုလျက် ရွဲ့စောင်းကာ ထဆိုလိုက်သည်။

“ ဟွန်း ၊ မင်း ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားရဲ့ အသွေးတွေက အရမ်းအားကောင်းလွန်းတယ်ဆိုတောင် ခုလိုပြောတာ မရှက်ဘူးလား!”

ထိုစကားကိုကြားလိုက်ရသည်နှင့် ၊ အားလုံး၏ အကြည့်များသည် ထွားထွားကျိုင်းကျိုင်းရှိသော လူတစ်ယောက်ထံသို့ ကျရောက်သွားသည်။

၎င်း၏ ရှည်လျားသော ဆံပင်များသည် အနည်းငယ် ရှုပ်ပွနေပြီး သူ့မျက်လုံးများသည် နက်မှောင်တောက်ပနေသည်။

သူ့ခန္ဓာကိုယ်မှ ထွက်လာသော သွေးချီ စွမ်းအားများသည် အခြားသော ချန်း လူမျိုးများထက် များစွာ အားကောင်းသည်။

လေထုသည် မူမမှန်သောအခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။

သူ့ဘေးက ချန်းမျိုးနွယ်ဝင် တပည့်တစ်ယောက်က ထိုအနှီလူ၏လက်ကို အလျင်အမြန်ဆွဲကာ တားဆီးလိုက်သည်။

“ပါ့ဖန်း... ဒီလူကြီးမင်းက ငါတို့မျိုးနွယ်ရဲ့ အရေးကြီးတဲ့ဧည့်သည်ပဲ ... မင်းဘယ်လိုလုပ်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောရတာလဲ...?”

ပါ့ဖန်း ။

သူသည်ချန်း မျိုးနွယ်စုဝင် ပါရမီရှင်များစွာထဲမှ အသန်မာဆုံးသူ ဖြစ်ပြီး ၊ သူများထက်ပို၍ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အပြင်းထန်ဆုံး အသွေးများကို ပိုင်‌ဆိုင်ထားသူလည်း ဖြစ်သည်။

“ ဟွန်း !”

သို့သော် ပါ့ဖန်းသည် လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူ့လက်ကိုဆွဲထားသော သူ့ဘေးနားကလူကို တွန်းထုတ်လိုက်သည်။

ထို့နောက် သူသည် လူအုပ်ထဲမှ ထွက်လာခဲ့သည်။ စူးချန်ကဲ၏ ကိုယ်ပေါ်မှ ဖိနှိပ်စွမ်းအားများသည် သူ့ကို အနည်းငယ် ထိတ်လန့်စေသော်လည်း သို့သော် သူသည် တဖက်လူ၏ မျက်လုံးများကို စူးစူးဝါးဝါးစိုက်ကြည့်နေဆဲပင် ဖြစ်သည်။

“မင်းက အရမ်းသန်မာတယ်ဆိုတာ ငါ သိတယ်၊ ဒါပေမယ့် မင်းရဲ့အင်အားနဲ့ ငါ့ ချန်း မျိုးနွယ်စု နဲ့ ထျန်း မျိုးနွယ်စုကြားက ပဋိပက္ခကို မင်းက တကယ်ပဲ ဖြေရှင်းနိုင်လို့လား ?”

ပါ့ဖန်းသည် စူးချန်ကဲကို စိုက်ကြည့်ရင်း ဆိုလေသည် ။

“ ထျန်း မျိုးနွယ်စုမှာ ဧကရာဇ်တစ်ပိုင်း အဆင့် ဘိုးဘေးလေးယောက်တောင် ရှိတယ် ၊ မင်းကများ ဖြေရှင်းနိုင်မှာလား !?”

“ပါ့ဖန်း အတင့်ရဲလိုက်တာ!_

ထိုအချိန်တွင် ပါ့ဝူဘိုးဘေးသည် ဒေါသတကြီး တုံ့ပြန်လာခဲ့သည်။

စူးချန်ကဲ၏ စကားများသည် သူ့ကို စိတ်ရှုပ်ထွေးစေသော်လည်း ၊ သို့သော် ဤလူသည် ဘိုးဘေးများ၏ ဟောချက်ထဲကပုဂ္ဂိုလ်သည်ပင်။အဘယ့်ကြောင့် ရိုင်းစိုင်းစွာပြုမှုခွင့်ပြုမည်နည်း!?

“ လာစမ်း သူ့ကို ဆွဲထုတ်သွားစမ်း!”

“ မလိုဘူး ”

သို့သော် စူးချန်ကဲသည် ကြားဖျက် တားဆီးလိုက်သည်။

သူသည် ပါ့ဖုန်း၏ ကျင့်ကြံမှုကို အကြမ်းဖျင်း ခံစားသိရှိနိုင်သည်။

သူ့ခန္ဓာကိုယ်ရှိ သွေးချီစွမ်းအင်အရ၊ သူသည် အသက် ၂၀၀ ခန့်ရှိပြီး သူ၏ ကျင့်ကြံမှုမှာ ဧကရာဇ်တစ်ပိုင်းနယ်ပယ် ပထမအဆင့်တွင် ရှိသည်။

သူသည် ဧကရာဇ်လျှောက်လှမ်း၏နိယာမ ဖိနှိပ်မှုအောက်တွင်တောင် ထိုသို့သောအဆင့်အထိ ကျင့်ကြံအားထုတ်နိုင်ခဲ့သည်။ပြင်ပလောကတွင် သူ့ကို ထိပ်တန်း ပါရမီရှင်တစ်ဦး ဟု မှတ်ယူနိုင်ပေသည်။

“မင်းကိုကြည့်ရတာ မကျေနပ်သလိုပဲ “

“ဒါပေမယ့် အဲ့တာက ငါ အမုန်းဆုံးစကားပဲ”

စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ တကယ်လို့ မင်း ငါ့ရဲ့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရင် မင်းပြောတာမှန်တယ်လို့ သဘောထားလိုက် “

ထိုစကားများအပြီးတွင် ၊ ပတ်ဝန်းကျင်တစ်ခုလုံး ဂယက်ရိုက်သွားသည်။

“ဒီလူ နောက်နေတာလား? ပါ့ဖုန်းက ငါတို့ ချန်း မျိုးနွယ်မှာ အသန်မာဆုံး ပါရမီရှင်ပဲ ၊ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားကိုယ်ထည်ရဲ့ ကောင်းချီးကြောင့်၊ သူ့ရဲ့ ကာယစွမ်းအားက ပိုလို့တောင် အစွမ်းထက်သေးတယ်...”

“တစ်ကွက် မပြောနဲ့၊ ငါတို့အားလုံးရဲ့ ပေါင်းပြီး ဆယ်ကွက်လောက် တိုက်ရင်တောင် ခံနိုင်ရည်ရှိတယ် “

“ဒီလူကြီးမင်းက ငါတို့ထက်တောင် ငယ်ပုံရတယ် ၊ ဒီလိုတောင် ကြွားဝါတာ ဘယ်လောက်များတောင် အစွမ်းထက်လို့တုန်း?”

“…”

ချန်း မျိုးနွယ်ဝင်များသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကြသည်။ သူတို့သည် စူးချန်ကဲ၏ ကျင့်ကြံမှု အတိအကျကို ခန့်မှန်း၍မရချေ။

သို့ဖြစ်၍ ငယ်ရွယ်ပုံကိုကြည့်ပြီး ကြီးကြီးကျယ်ကျယ် ပြောနေသည်ဟု ထင်လိုက်ကြသည်။

“ပါ့ဖန်း၊ မြန်မြန်နောက်မဆုတ်သေးဘူးလား?”

ပါ့ဝူ၏ အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ အခြားသူများအနေဖြင့် ၊ စူးချန်ကဲ၏ ကျင့်ကြံမှုကို မခံစားနိုင်သော်လည်း သို့သော် သူ့အနေဖြင့် ရှင်းရှင်းလင်းလင်း ခံစားမိသည်။

ဧကရာဇ်တစ်ပိုင်းနယ်ပယ် တတိယအဆင့်!

ထို့အပြင် သူသည် သာမန်ဧကရာဇ်တစ်ပိုင်းမျှသာ မဟုတ်။ ၎င်း၏စုစည်းထားနိုင်သော ဧကရာဇ်အလိုဆန္ဒသည် ပါ့ဖုန်းထက် သာလွန်ရုံသာမက၊ သူ့ကိုပင် ကျော်လွန်သွားသည်။

သို့ဖြစ်ရာ ၊ ဤလူငယ်အား အနိုင်ယူဖို့ အခွင့်အလမ်း နည်းနည်းမျှ မရှိ။

သို့သော်လည်း ပါ့ဖန်းသည် ခေါင်းမာနေဆဲပင် ဖြစ်ပြီး ၊ ဘိုးဘေးဖြစ်သူ၏ ငေါက်ငမ်းမှုကို လုံးဝ လျစ်လျူရှုခဲ့သည်။

သူသည် စူးချန်ကဲကို စိုက်ကြည့်ပြီး ဆိုလိုက်သည်။

“ကောင်းပြီလေ မင်းပြောတာနော်”

“ဒါဆို မင်းရှုံးရင်ရော?”

“ရှုံးမယ်?”

စူးချန်ကဲ၏ မျက်နှာမှာ ဘာမှမထူးခြားသွားဟန်ဖြင့်။

“မဖြစ်နိုင်ဘူး”

“အဆင်သင့်ဖြစ်ရင် စလိုက် “

“မတက်ရဲရင်လည်း ပါးစပ်ပိတ်ထား”

ထိုစကားများသည် ပါ့ဖန်း၏ နားထဲသို့ရောက်သွားသည်နှင့် ၊ သူ၏ ဒေါသကို ပို၍ နှိုးဆွပေးလိုက်သလိုပင်။

ရှုံးပွဲမရှိတဲ့ သူ့လိုလူတစ်ယောက်က ခုလို နှိမ့်ချခံစရာလား!?

“ လာလေ!”

ပါ့ဖန်းတစ်ယောက် အဆင်သင့်ဖြစ်နေပြီပင်။ ဤအခိုက်အတန့်တွင်၊ သူ့ ခန္ဓာကိုယ်အတွင်းရှိ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးများမှာ ပွက်ပွက်ဆူလာသည်။

တစ်ချိန်တည်းမှာပင်၊ သူ၏ခန္ဓာကိုယ်မျက်နှာပြင်မှ ခပ်ဖျော့ဖျော့ အလင်းရောင်များထွက်ပေါ်လာပြီး ထောင်ပေါင်းများစွာသော မှော်သင်္ကေတများသည် သူ၏အရေပြားမျက်နှာပြင်ပေါ်တွင် သက်ဝင်လှုပ်ရှားလာခဲ့သည်။

ပြင်းထန်သော သွေးချီစွမ်းအားများသည် အရူးအမူး ရိုက်ခတ်လေရာ ၊ သူ့နောက်တွင် ကောင်းကင်ပမာ ကြီးမားသော ဓမ္မကာယကိုယ်ထည်ကြီး အဖြစ်သို့ ဖြည်းဖြည်းချင်း ဖွဲ့စည်းသွားသည်။

သူသည် ခွန်အားအပြည့်နှင့် စူးချန်ကဲကို တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

စူးချန်ကဲသည် ဂရုမစိုက်သောအထာဖြင့် ရှိနေပြီး ၊ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

သူ့ခန္ဓာကိုယ်ရှိ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားကိုယ်ထည်သည်လည်း အလားတူ နိုးကြားလာခဲ့ပြီး ကြောက်ခမန်းလိလိ သွေးချီစွမ်းအားများသည် နေရာလပ်များကို ဖုံးလွှမ်းသွားပေရာ လူတိုင်း၏ စိတ်ဝိညာဉ်များကို တုန်လှုပ်သွားစေသည်။

ပြင်းထန်သော သွေးချီစွမ်းအားတို့သည် စူးချန်ကဲ၏ အနီးတဝိုက်တွင် သွေးချီစွမ်းအားစက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည် ။

သူသည် တစ်ချက်လှုပ်ရုံဖြင့် ဤကမ္ဘာကြီးကို ဖျက်ဆီးနိုင်သော နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည်။

“ဒီလူက ဘယ်လိုဖြစ်ပြီး ဒီလောက်ကြောက်စရာကောင်းတဲ့ စွမ်းအားတွေကို ...!”

စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲရှိ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏အသွေးများ နိုးထလာသည်နှင့် တပြိုင်နက် ။

၎င်း၏ ပြင်းထန်သော ဖိနှိပ်စွမ်းအားကြောင့် လူတိုင်း ခေါင်းမထောင်နိုင် ဖြစ်ခဲ့ရသည်။

အားနည်းသူအချို့ဆိုရင်ဖြင့် ၊ ခေါင်းမထောင်နိုင်ရုံသာမက မြေပြင်ပေါ်တွင်ပင် မှောက်လျက်အနေအထားဖြင့် ရှိနေသည်။

ပါ့ဝူပင်လျှင် သူ့စိတ်ထဲတွင် တုန်လှုပ်နေသည်။ ဤအင်အားသည် ပါ့ဖန်းအနေဖြင့် ခုခံနိုင်စွမ်းမရှိသလို သူသည်ပင် ခုခံနိုင်စွမ်းမရှိချေ။

“လူကြီးမင်း...! ကျေးဇူးပြုပြီး သနားပါ “

သို့သော် စူးချန်ကဲသည် ဂရုမစိုက်ချေ။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ၏ ညာလက်‌ငါးချောင်းကို လက်သီးအဖြစ် ဆုပ်ထားပြီး ဖြစ်သည်။

ဘုန်း ! !

သူ့လက်ကို မြှောက်တင်ကာ ပါ့ဖန်းကို ထိုးနှက်လိုက်သည်။

တစ်ချက်ထိုးနှက်လိုက်ရုံဖြင့် ၊ ဤကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားပြီး ပြင်းထန်စွာ ဟောက်သံပြုလေသည်။ ၎င်း၏ ကြီးမားသော လက်သီးအလင်းသည် အရာအားလုံးကို ပြာအဖြစ်သို့ ပြောင်းလဲပေးနိုင်ပုံရသည်။

“ဒီကောင် ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေတာလဲ!?”

စူးချန်ကဲ၏ လက်သီးကို တိုက်ရိုက် ရင်ဆိုင်လိုက်ရသော ပါ့ဖန်းသည် ပို၍ပင် တုန်လှုပ်သွားခဲ့သည်။

စူးချန်ကဲ၏ ကျပန်းလက်သီးတစ်ချက်သည် သူ့ကို နောင်တကြီးစွာရစေခဲ့သည်။

သို့သော် ပစ်ခွင်းလိုက်သော မြှားသည် နောက်ပြန်လှည့်ရိုးထုံးစံ မရှိ။

“အနိုင်​မရနိုင်ဘူးဆိုတောင် ဘာဖြစ်လဲ!?”

“ ချန်း မျိုးနွယ်၊ ရှုံးနိမ့်မှုကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး !”

ပါ့ဖန်းသည် သူ့သွားများကို အံကြိတ်ကာ ဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးအသားများသည် လုံးလုံးလျားလျား ပေါက်ကွဲထွက်လာခဲ့သည်။ တောက်ပသော နတ်အလင်းများက သူ့ကို ဝန်းရံထားသောကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး လင်းထိန်တောက်ပနေသည်မှာ လူကို ထူးဆန်းစေသည့် ခံစားချက်မျိုးကို ရရှိစေသည်။

သူသည် နတ်ဘုရားများနှင့်ပင် ယှဉ်ပြိုင်လိုသော အရှိန်အဝါမျိုး ရှိသည်။

All Chapters