← Chapters

အခန်း (၄၀၄-၄၀၇)

Vol. 29 Ch. 404-407

အခန်း (၄၀၄-၄၀၇)

Vol. 29 Ch. 404-407

အပိုင်း(၄၀၄): ကြောက်မက်ဖွယ်ကောင်းသော အမှန်တရား

“လူငယ်လေး၊ ဒီလောက်ထိ မာနကြီးမနေနဲ့!”

ဟွမ်းရှင်းသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော သွေးချီစွမ်းအား ဖိနှိပ်မှုများသည် တခဲနက် ထွက်ပေါ်လာခဲ့သည်။

သူသည် စူးချန်ကဲကို စူးစူးရဲရဲစိုက်ကြည့်နေသည်။

သို့သော် ၊ စူးချန်ကဲသည် တဖက်လူ၏ ဖိနှိပ်မှုကို ဂရုစိုက်ရန် ပျင်းလွန်းလှသည်။

သူသည် တစ်ဖက်လူကို စိတ်တိုင်းကျ လုပ်ခွင့်ပေးထားသည်။

ဘုန်း !

၎င်းထံမှ ပို၍​ပင် ​ကြောက်​မက်​ဖွယ်​​ကောင်း​သော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်​။

ကောင်းကင်နှင့် တိမ်တိုက်များ ‌အရောင်ပြောင်းလဲလာသည်မှာ ဤအာကာသတစ်ခုလုံးကို သူသာ ပိုင်စိုးထားသလိုပင်။

ကောင်းကင်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းထားပုံရသော ကြီးမားသော နတ်ဘုရားအသွင်ပုံရိပ်ကြီးသည် နေ၊ လနှင့် ကြယ်များကို ဖမ်းယူနိုင်စွမ်းရှိပုံရသော သူ၏ ကြီးမားသော လက်တစ်ဖက်ကို ဆန့်ထုတ်‌လာခဲ့သည်။

“ ကောင်စုတ်လေး၊ သေစမ်း!”

ဟွမ်းရှင်း၏စကားအဆုံးတွင် ။

ဘုန်း ! !

ကောင်းကင်ကိုတောင် ဖုံးအုပ်ပစ်နိုင်စွမ်းရှိသော လက်ကြီးသည် စူးချန်ကဲရှိရာ ဦးတည်ရာဘက်ဆီသို့ ရိုက်ချလိုက်သည်။ ၎င်း၏ကျရောက်မှုကြောင့် ဖြစ်ပေါ်လာသော အာကာသမုန်တိုင်းသည် အရာအားလုံးကို ဖုန်မှုန့်အဖြစ်သို့ ဖြိုခွဲပစ်နိုင်ပုံရပေသည်။

အဆုံးတွင်။

ထိုဖိနှိပ်မှု၏ ဗဟိုချက်တွင်ရှိနေသော စူးချန်ကဲသည် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ထားပြီးဖြစ်သည်။

“ ဒီလောက် စွမ်းအားလေးနဲ့ မင်းကိုယ်မင်း ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားကိုယ်ထည်ကို ပိုင်ဆိုင်ထားတယ်‌လို့ ကြွားဝံ့သလား?”

တစ်ချိန်တည်းမှာပင် ၊ သူ့လက်ဝါးကို ဖြည်းဖြည်းချင်း မြှောက်တင်လိုက်သည်။

စူးချန်ကဲ၏ လက်ဝါးသည် သူ့အားဖိနှိပ်လာသော တဖက်လူ၏လက်ဝါးရိပ်ကြီးကို မျက်နှာမူထားပြီး ၊ သူ၏ လက်ငါးချောင်းကြား နတ်အလင်းများက ရစ်ဝဲထားသည်။

စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲက ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးများမှာ နိုးထလာခဲ့ပြီး ၊ ကောင်းကင်နှင့် မြေကြီးကြား စီးဆင်းသက်ဝင်နေသည့် ရှေးကျသော စွမ်းအင်တစ်ခုသည် ဤအခိုက်အတန့်တွင် လုံးလုံးလျားလျား ထွက်ပေါ်လာသည်။

၎င်းသည် အကြွင်းမဲ့အာဏာကို ကိုယ်စားပြုပုံရသော ဘုရင်တစ်ပါးကဲ့သို့ပင်။

“သိပ်ကို ရယ်စရာကောင်းတာပဲ “

ဝီ! !

အန္တိမခွန်အားများကို ဆောင်ကျဉ်းလာသော အလွန်တောက်ပသော နတ်အလင်းတန်းတစ်ခု ကျရောက်လာခဲ့သည်။ ၎င်း၏ ရောင်ပြန်ဟပ်မှုအောက်တွင် ဟွမ်းရှင်းမှ ဖွဲ့စည်းထားသော ကြီးမားသော ဓမ္မကာယကိုယ်ထည်ကြီးမှာ လုံးလုံးလျားလျား ကွဲအက်သွားခဲ့သည်။

အဆုံးမရှိသော နတ်အလင်းများ လေထဲတွင် ဆက်လက်ပျံ့နှံ့သွားသည်နှင့်အမျှ၊ အဆုံးတွင် နတ်အလင်းမုန်တိုင်းကြီး တစ်ခုဖြစ်ပေါ်လာပြီး ၎င်းဖြတ်သန်းသွားလေရာ နေရာတိုင်းရှိ အရာအားလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဟွား!!

နောက်ဆုံးတွင်၊ ထိုတောက်လောင်နေသော နတ်အလင်းရောင်သည် ကောင်းကင်ကြီးကိုတောင် ဖုံးအုပ်ထားနိုင်သော ကြီးမားသော နတ်ဘုရားအသွင်ပုံရိပ်ကို ထွင်းဖောက်ဝင်ရောက်သွားခဲ့ပြီး ဟွမ်းရှင်း၏ ခန္ဓာကိုယ်နှင့်အတူ လုံးလုံးလျားလျား ရှင်းလင်းခံလိုက်ရသည်။

“အားး!!”

နတ်အလင်းရောင်၏ ရောင်ပြန်ဟပ်မှုအောက်တွင် ၊ ထိတ်လန့်စရာကောင်းသော အော်ဟစ်သံကို ကြားလိုက်ရသည်။

တစ်ချိန်တည်းမှာပင်၊ ခမ်းနားထည်ဝါသော နတ်ဘုရားအသွင်ပုံရိပ်မှ ရုတ်တရက် မရေမတွက်နိုင်သော ရောင်စဉ်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး အပေါက်များ ဗလပွဖြင့် အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာသည်။

ဟွမ်းရှင်း၏ခန္ဓာကိုယ်ထဲက ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးတို့သည် ထိုနတ်အလင်းရောင်၏ အောက်တွင် အပိုင်းအစများအဖြစ် ပြောင်းလဲသွားခဲ့ပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားကိုယ်ထည်တွေကြား ကြီးစိုးသော တည်ရှိမှုတစ်ခုအဖြစ် စူးချန်ကဲသည် အခြားသော ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးတို့ကို ဖျောက်ဖျက်နိုင်စွမ်း ရှိသည်။

“ ခင်ဗျားနဲ့မဆိုင်တဲ့ အရာ၊ ခင်ဗျား ယူသွားဖို့မသင့်ဘူး “

တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲသည် ဖြန့်ထားသော သူ၏ လက်ငါးချောင်းကို လက်သီးအဖြစ် ဆုပ်လိုက်သည်။

သူသည် ဟွမ်းရှင်းအား အားကောင်းသော အင်အားတစ်ခုဖြင့် ချုပ်နှောင်လိုက်သည်။

“မဟုတ်ဘူး… မင်းငါ့ကို မသတ်နိုင်ဘူး!”

“ငါက ချန်းကျွင်လင် ရဲ့ အမွေခံဆက်ခံသူပဲ ၊ မင်း ငါ့ကိုသတ်ရင် သူက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး!”

ထိုစကားသည် တကယ်ကို ရယ်စရာကောင်းပေသည်။

အက်ကွဲသံ!

တစ်ချိန်တည်းမှာပင်၊ ဤမျှ အင်အားကြီးမားသော ဖိနှိပ်မှုအောက်တွင် ဥက္ကာခဲများကိုတောင် ခံနိုင်ရည်ရှိမည်ဟု ယူဆရသော ဟွမ်းရှင်း၏ သန်မာသော အရိုးများသည် တဖြည်းဖြည်း ကွဲအက်သွားခဲ့သည်။

အဆုံးတွင် ၊၎င်း၏အရိုးနှင့် အသားများမှာ လုံးလုံးလျားလျား သုတ်သင်လိုက်ခံရသည်။

ဗွမ်း ! !

နောက်ဆုံးတွင် ၊

ကြီးမားသော သွေးဗွက်အိုင်ကြီးတစ်ခုအဖြစ် ပွင့်ထွက်သွားပြီး ပူနွေးသော သွေးစက်များက နေရာအနှံ့ ပြန့်ကျဲကုန်သည်။

လုယူခံလိုက်ရသော ရှေးကောင်းကင်ဘုံအာဏာရှင် နတ်ဘုရား၏အသွေးတို့သည် ကမ္ဘာကြီး၏ အစာအာဟာရအဖြစ်သို့ ပြန်သွားခဲ့ချေပြီ။

…….

ဤအခိုက်အတန့်တွင်၊

ထိုမြင်ကွင်းကို ကြည့်ရှုနေသော ဟွမ်းမျိုးနွယ်ဝင်တိုင်း နေရာတွင် ကြောင်အမ်းစွာဖြင့် ရှိနေကြပြီး ၊ အချိန်အတော်တန်ကြာ ၎င်းတို့၏အာရုံကို ပြန်လည် မစုစည်းနိုင်ခဲ့ပေ။

သူတို့၏ မျက်လုံးထဲတွင် ၊ ကောင်းကင်ပေါ်က ထိုအနှီပုဂ္ဂိုလ်သည် ဤကမ္ဘာကြီးကို ဘာမှမထူးခြားသော ဒီဇိုင်းဖြင့် ငုံ့ကြည့်နေသည်။ သက်ရှိအားလုံးထဲတွင် အသန်မာဆုံးဟု ထင်မှတ်ခဲ့သော သူတို့၏ ဘိုးဘေးမှာ ထိုပုဂ္ဂိုလ်၏လက်ချက်ဖြင့် ဤကဲ့သို့ အချည်းနှီး သေဆုံးသွားခဲ့လေသလော။

အကယ်၍ ဤနေရာသည် ဧကရာဇ်လျှောက်လှမ်းထဲက ကမ္ဘာလောကသာ မဟုတ်ခဲ့ပါက ၊ ထိုအနှီလူအား မဟာဧကရာဇ်မင်းတစ်ပါးနှင့် လွဲမှားမိမှာ အမှန်ပင်။

စူးချန်ကဲသည် လူအုပ်ကြီး၏ ထိတ်လန့်မှုကို လျစ်လျူရှုထားသည်။

သူသည် မိုးကုတ်စက်ဝိုင်းရှိ ဦိးတည်ရာဘက်တစ်ခုကို လှမ်းကြည့်လိုက်သည်။

“ဟား ၊ ငါ စောနလေးက တိုက်နေတုန်း ကိုယ့်ရဲ့ဘက်တော်သားတွေကိုတောင် စွန့်လွှတ်ပြီး ထွက်ပြေးသွားပြီလား ?”

စူးချန်ကဲသည် အေးစက်စွာ ပြုံးလိုက်သည်။ သူသည် ထျန်းလုံ ဝူရှန်းကို မြေပြင်ပေါ်သို့ ပြုတ်ကျအောင် ရိုက်နှက်ခဲ့ပြီးနောက်တွင် ၊ တဖက်လူသည် အစမှအ‌ဆုံး ပြန်လည်မတုံ့ပြန်လာခဲ့ပေ။

သူသည် လေထဲတွင် ကျန်ရှိနေခဲ့သော မကောင်းဆိုးဝါး အငွေ့အသက်များကို ဖမ်းဆုပ်မိကာမှ တဖက်လူသည် သူ၏အငွေ့အသက်ကို ဖုံးကွယ်ထားခြင်းဖြင့် အဝေးကို ထွက်ပြေးသွားခဲ့မှန်း သိလိုက်ရသည်။

“ဒါပေမယ့် မင်း လွတ်မြောက်နိုင်ပါ့မလား”

ထိုသို့ပြောပြီးနောက် ၊ စူးချန်ကဲသည် နတ်အလင်းရောင်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ထိုလမ်းကြောင်းအတိုင်း လိုက်သွားခဲ့သည်။

“ ရှောင်ဟွမ်း (ဖီးနစ်) ၊ ရန်ယွီ ၊ ကျန်တာကို မင်းတို့နဲ့ လွဲလိုက်ပြီ “

“ငါ ပင်လယ်စာချက်ဖို့သွားဖမ်းလိုက်ဦးမယ်”

၎င်း၏ အသံသည် ကမ္ဘာမြေတစ်ခွင် ပဲ့တင်ထပ်သွားပြီး ၊ စူးချန်ကဲ၏ရုပ်သွင်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။

ထိုစကားကိုကြားပြီးနောက် ၊

လော့ရန်ယွီသည် သူမ ရှေ့တွင် ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ရှိနေသော ရှေးနဂါးမျိုးနွယ်ဝင် ပါရမီရှင်သုံးဦးကို ပြေပြစ်စွာ ပြုံးပြလိုက်ရင်း ဆိုလိုက်သည်။

“ နင်တို့ရဲ့ သခင်က ပြေးပြီ ၊ နင်တို့ကို ပို့ဆောင်ပေးဖို့အချိန်တန်ပြီ”

………

တစ်ချိန်တည်းမှာပင်။

ကောင်းကင်ထက်တွင် ။

ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါးအငွေ့အသက်များ ပါရှိသည့် နတ်အလင်းတန်းတစ်ခုသည် ကွက်လပ်ကို ဖြတ်ကျော်၍ ချန်းကူကြယ်၏ အစွန်းဘက်သို့ ဦးတည်သွားနေသည်။

ဤအခိုက်အတန့်တွင်၊

ထျန်းလုံ ဝူရှန်းသည် ထွက်ပြေးလွတ်မြောက်ရန် သူ၏ ခွန်အားကို အစွမ်းကုန် အသုံးချခဲ့သည်။

သူ အရင်က ဤမျှလောက် မကြောက်ခဲ့ဖူးချေ။

ယခုလောက်ထိလည်း အရှက်မကွဲခဲ့ဖူးချေ။

သူသည် ရှေးမဟာဧကရာဇ်မင်း၏ အမျိုးအနွယ်ဖြစ်လျက်သားနဲ့ ၊ မျိုးနွယ်တူကို စွန့်လွှတ်ကာ ရှုံးနိမ့်ထွက်ပြေးရသည့်အထိ ဂုဏ်သိက္ခာမဲ့ခဲ့ရသည်။

ဤကိစ္စတွင် သူ့အပြစ်ဟု ဆို၍မရချေ။

ယခုမှသာလျှင် ၊ အရာအားလုံးသည် လုံးဝ မှားယွင်းနေကြောင်း သိလိုက်ရသည်။

စူးချန်ကဲကို ရိုးရိုးရှင်းရှင်း အနိုင်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်‌ချေ။

“ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း …”

“ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားရဲ့ အသွေးအသား….”

“ ပြီးတော့ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်….!”

“ဒါပေမယ့်… နတ်နဂါးကျွန်းစု အဲ့ကောင်တွေ စုဆောင်းခဲ့တဲ့ အချက်အလက်တွေအရ… စူးချန်ကဲမှာ တာအိုအရိုးလည်း ရှိသေးသလိုပဲ!”

ထိုအချက်အလက်များကို ပြန်တွေးရင်း ၊ ထျန်းလုံ ဝူရှန်း တစ်ယောက် လုံးဝခေါင်းကြီးသွားသည်။

စူးချန်ကဲသည် ကိုယ်ထည် သုံးမျိုးပိုင်ဆိုင်ထားကြောင်း သူ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။

ယခုတွင်မူ ၊ စတုတ္ထမြောက် ရှိလာခဲ့ပြီ ဖြစ်သည်။

အကယ်၍ ယခုတွင် စူးချန်ကဲသည် ပဉ္စမမြောက် ကိုယ်ထည်ကို ထပ်မံ နှိုးဆွနိုင်ခဲ့မည်‌ဆိုပါက ၊ သူ ယုံရပေလိမ့်မည် ။

“ သေသင့်တယ်! !”

ထျန်းလုံ ဝူရှန်းသည် သူ့ရင်ထဲက ကြောက်ရွံ့မှုကို ထိန်းချုပ်ရန် ကြိုးစားနေသကဲ့သို့ ဟစ်ကြွေးလိုက်သည်။

“ဘာလို့လဲ!?”

“ဒီကောင် ဘာကြောင့် ဒီကမ္ဘာမှာ ပေါ်လာရတာလဲ?”

စူးချန်ကဲတွင် သူတော်စင်ကိုယ်ထည် နှစ်မျိုးရှိထားတယ်ဆိုတောင် သူသည် အံ့ကြိတ်ကာ တိုက်ခိုက်နိုင်သေးသည်။

အခုတော့ ထိပ်တန်း သူတော်စင်ကိုယ်ထည် သုံးမျိုးတောင်!?

အခြားသော ပြိုင်ဘက်ကင်းသော ပါရမီရှင်များ၏အကူအညီမပါဘဲ သူသည် ၎င်းနှင့်တိုက်ခိုက်မည်ဆိုပါက ကိုယ့်သေတွင်းကိုယ် တူးရာမကျပေဘူးလား?!

ထျန်းလုံ ဝူရှန်း၏ တာအိုနှလုံးသားသည် လုံးဝတုန်လှုပ်သွားခဲ့ပြီး ၊ ယခု သူသည် စူးချန်ကဲ နှင့် တတ်နိုင်သမျှ အဝေးဆုံးသို့ ထွက်ပြေးလိုက်ချင်သည်။

သူသည် ချန်းကူကြယ်၏ အစွန်းဘက်သို့ နီးကပ်လာချိန်တွင် ၊

အေးစက်သော ရယ်မောသံ တချက် ထွက်ပေါ်လာခဲ့သည်။

“ကျော်ကြားလှတဲ့ ထျန်းလုံ ဝူရှန်းက ပျော့ညံ့သူ မဟုတ်ဘူးလို့ထင်ခဲ့တာ ၊ ခုကြည့်ရတာ”

“ ကျုပ် အထင်ကြီးခဲ့တာပဲ “

ထိုစကားသံအဆုံးတွင် ။

ဝီ! !

သူ့ရှေ့က နေရာလပ်တွင် လှိုင်းဂယက်များ ဖြေးညှင်းစွာ ရိုက်ခတ်သွားသည်။

ပရမ်းပတာ ရောင်စဉ်တန်းများကြား အဆုံးမဲ့ မှော်သင်္ကေတများ သက်ဝင်ထွက်ပေါ်လာခဲ့ပြီး ၊ ထျန်းလုံ ဝူရှန်း၏ ရှေ့တွင် အာကာသနေရာ ပြောင်းရွေ့မှု မှော်အခင်းအကျင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

အထဲတွင်၊ လက်ကိုနောက်ပစ်လျက် အေးဆေးစွာ ရပ်နေသော ဝတ်ရုံဖြူလူတစ်ဦး ရှိနေခဲ့သည်။

“စူး…စူးချန်ကဲ!?”

ထျန်းလုံ ဝူရှန်း၏ မသိစိတ်က ရေရွတ်လိုက်သည်။

သူ့ရှေ့က မြင်ကွင်းသည် သူ့ဦးနှောက်ကို ပေါက်ကွဲလုမတတ်ပင်။

သူသည် အစွမ်းကုန်အရှိန်တင်ကာ ထွက်ပြေးလာသော်လည်း စူးချန်ကဲသည် အဘယ့်ကြောင့် မြန်မြန်ဆန်ဆန် ရောက်လာနိုင်ခဲ့သနည်း။

စူးချန်ကဲသည် ထျန်းလုံ ဝူရှန်း၏ အတွေးများကို မြင်တွေ့နေရပုံပေါ်သည်။

စူးချန်ကဲသည် ညာလက်ကိုဆန့်ထုတ်ကာ သူ၏ လက်ဝါးကို ဖွင့်လိုက်သည်။ သူ၏လက်ထဲတွင် ကြောက်မက်ဖွယ်ရာ အာကာသစွမ်းအားများကို ဖြန့်ကျက်ထားနိုင်သည့် ဧကရာဇ်အလိုဆန္ဒများ သက်ဝင်စီးဆင်းနေသည်။

“ ငါ့ရဲ့ ဧကရာဇ်အလိုဆန္ဒတွေက ဒီလောက်များတာ”

“ ဟင်းလင်းပြင် နေရာလပ်တွေကို ဖွင့်ဖို့ အသုံးပြုတာ ဖြစ်သင့်တယ်မဟုတ်လား?”

အပိုင်း(၄၀၅): ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်!

မူလကတည်းက တာအိုနှလုံးသား လှုပ်ခါနေခဲ့သော ထျန်းလုံ ဝူရှန်းသည် ထိုစကားကိုကြားပြီးနောက် ၊

အကြောက်တရားများကြား ရှိနေခဲ့သော ဒေါသသည် အဆုံးစွန်ထိ ရောက်ရှိလာခဲ့သည်။

စုစည်းထားသော ဧကရာဇ်အလိုဆန္ဒများ များပြားလေလေ ထိန်းချုပ်ရန် ခက်လေလေ ဖြစ်သည်။

သို့သော် စူးချန်ကဲသည် ၎င်းတို့အား ကောင်းစွာ ထိန်းချုပ်နိုင်ရုံသာမက ဟင်းလင်းပြင် နေရာလပ်များကို ဖွင့်ရန်အတွက်လည်း ၎င်းတို့ကို အသုံးချနိုင်ခဲ့သည်။

“ စူးချန်ကဲ၊ ငါတို့ကြားမှာ ရန်ငြိုးကြီးကြီးမားမား မရှိဘူး! လူကို လွတ်လမ်းတော့ ပေးသင့်တယ်!”

ထျန်းလုံ ဝူရှန်းသည် သူ့စိတ်ထဲက ကြောက်ရွံ့မှုကို မျိုသိပ်လိုက်ပြီး ဆိုလိုက်သည်။

“ရှေးနဂါးမျိုးနွယ်စုရဲ့ နာမည်ကို ကျိန်ဆိုပြီး ပြောရဲတယ်၊ မင်းငါ့ကို လွှတ်ပေးရင် ငါတို့ ရှေးနဂါးမျိုးနွယ်စုက ဧကရာဇ်လျှောက်လှမ်း တစ်လျှောက် ကွေးယွမ်သူတော်စင် နယ်မြေက မည်သည့်ကိစ္စရပ်တွေမဆို ဘယ်တော့မှ မဝင်စွက်ဖက်ဘူး!”

ထျန်းလုံ ဝူရှန်း၏နဖူးပြင်တစ်ခုလုံး ချွေးအေးများဖြင့် ဖုံးလွှမ်းနေသည်။ သူ၏ အသက်ရှူသံမှာ အနည်းငယ်လေးလံနေပြီး စူးချန်ကဲကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

သို့သော် စူးချန်ကဲက ကဲ့ရဲ့လှောင်ပြောင်လိုက်သည်။

“ ကောင်းလိုက်တဲ့ ရှေးနဂါးမျိုးနွယ်စုရဲ့နာမည် !”

“မင်းက ငါ့ ကွေးယွမ်သူတော်စင် နယ်မြေ ရဲ့ရန်သူဖြစ်ဖို့ ရွေးချယ်ခဲ့တာဆိုတော့”

တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲသည် သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်နှင့် ဓားစွမ်းအင်များက သူ့လက်ဖဝါးဆီသို့ စုဝေးရောက်ရှိလာခဲ့ပြီး သုံးပေခန့်ရှိသော တောက်ပသော ဓားတစ်လက် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“မင်းတို့ မကောင်းဆိုးဝါးမျိုးနွယ်စု တစ်ခုလုံးရဲ့ နာမည်ကို တိုင်တည်ပြီး ကျိန်ဆိုရင်တောင်”

သူစကားပြောနေစဉ် ၊ စူးချန်ကဲ၏လက်ထဲတွင် ရှိနေသော ကောင်းကင်ဓားမှ ရောင်ပြန်ဟပ်လာသော အလင်းရောင်သည် ပိုပို၍တောက်ပလာခဲ့ပြီး လွန်စွာအားကောင်းသော ဓားစွမ်းအင်တို့သည် နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

အဖြူထည်အစသည် လေနှင့်အတူ လွင့်မျောနေပြီး ၊ သူ၏ ဘေးပတ်ပတ်လည်တွင် သူတော်စင်ကိုယ်ထည်များ၏ အငွေ့အသက်များက ရှေးဟောင်းအမှတ်အသားတစ်ခုသဖွယ် ရှိနေသည်။

ကောင်းကင်ဘုံမှ အမတတစ်ပါး ဆင်းသက်လာသည့်အတိုင်း ထင်မှတ်ရပြီး ၊ သို့သော် သူ၏ ရောက်ရှိလာမှုသည် ဖျက်ဆီးခြင်းဆိုသည့် အဆုံးသတ်ရလဒ်သာ ရှိပေသည်။

“မင်း သေရမှာပဲ “

ထိုစကားသံအ‌ဆုံးတွင် ၊ ဓားသည် ထွက်ပေါ်လာသည်။

ရွှမ်း! ! !

ဓားအလင်းသည် အဆုံးမဲ့ဓားစွမ်းအင်များကို ဆောင်ကျဉ်းလျက် ထျန်းလုံ ဝူရှန်းဆီသို့ ဦးတည်သွားသည်။

“ စူးချန်ကဲ! ငါ နဲ့ မင်း သူသေကိုယ်သေပဲ!!”

စူးချန်ကဲသည် သူ့ကို အလွတ်မပေးကြောင်း သေချာပြီးနောက် ထျန်းလုံ ဝူရှန်းသည် ဟစ်ကြွေးလိုက်သည်။သူ၏ မူလက အကြောက်တရားက ဒီရေလှိုင်းများသဖွယ် ဆုတ်ခွာသွားခဲ့ချေပြီ။

ယင်းအစား၊ ပြင်းထန်သော ဒေါသနှင့် သတ်ဖြတ်လိုသော ဆန္ဒများက အစားထိုးဝင် ရောက်လာခဲ့သည်။

သူသေတဲ့အထိ တိုက်ပွဲဝင်ရရင်တောင် စူးချန်ကဲကို သူနဲ့အတူ ဆွဲခေါ်သွားပေမည်။

“ကောင်းကင်နဂါး ကျိန်စာကိုးပါး!”

ဘုန်း ! !

ထျန်းလုံ ဝူရှန်း၏ ခန္ဓာကိုယ်မှ အလွန်ကြီးကျယ်ခမ်းနားသော ရောင်ဝါများ ထွက်ပေါ်လာခဲ့ပြီး ၊ ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအားသည် စူးရှသော အသံကို ဖြစ်စေသည်။

နောက်ဆုံးတွင်၊ ပေတစ်သောင်းခန့်ရှိသော ဧရာမနဂါးကြီးအဖြစ်သို့ ပေါင်းစပ်သွားပြီး ကောင်းကင်တွင် လှည့်ပတ်နေသည်။

သို့သော် ယင်းနဂါးကြီးသည် တောက်ပသောရွှေဝါရောင်အဆင်းမျိုး မရှိဘဲ နီမြန်းသော အငွေ့အသက်ထဲတွင် အမှောင်ထုများ ပါဝင်နေသည်။

ကြောက်မက်ဖွယ်ကောင်းသော ကျိန်စာစွမ်းအားများနှင့်လည်း ပြည့်နှက်နေပါသည်။

ကောင်းကင်နဂါး ကျိန်စာကိုးပါး!

သူ့ကိုယ်ပိုင် အသက်ရင်းမြစ်ကို တန်ကြေးအဖြစ် ပေးဆပ်ကာ မဟာလမ်းစဉ်၏ ကံတရားအားလုံးကို စတေးခြင်းဖြင့် အဆိုးဆုံးသော မဟာလမ်းစဉ်ကျိန်စာကို ကျိန်ဆိုခဲ့သည်။

စူးချန်ကဲသည် ဂရုမစိုက်ဘဲ စကားလုံးတစ်လုံးတည်းကိုသာ ဆိုခဲ့သည်။

“ဖြတ်!”

ဘုန်း ! !

ပြင်းထန်သော ဓားအလင်းများ နေရာအနှံ့ လွင့်ထွက်သွားသည်။ ဓား၏တန်ခိုးစွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ကြီးကျယ်ခမ်းနားလှသည်။ ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော ဓားလှိုင်းတံပိုး မုန်တိုင်းအဖြစ် စုဝေးသွားပြီး ချက်ချင်းပင် ပေါက်ကွဲသွားသည်။

နောက်ဆုံးတွင်၊ ၎င်းသည် ‌အရပ်ရှစ်မျက်နှာ တစ်ခွင်လုံးကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားခဲ့သည်။

ဓားစွမ်းအင်များဖြင့် ပြည့်နှက်နေသော ကောင်းကင်ကြီးတွင် မရေမတွက်နိုင်သော ဓားအရိပ်သွင်ပြင်များသည် လေထဲတွင် တွဲလောင်းအနေအထားဖြင့် ရှိနေသည်။ ယင်းတို့သည် တုန်ခါကာ ပေါက်ကွဲသွားသည်နှင့် လူကို ရင်သပ်ရှုမောဖွယ် ဖြစ်စေသော ဓားအလင်းကို ထုတ်လွှတ်ခဲ့လေသည်။

ဤမျှအားကောင်းသော စွမ်းအား၏ရှေ့တွင်၊ ထျန်းလုံ ဝူရှန်းမှ ဖွဲ့စည်းထားသော ကောင်းကင်နဂါး ကျိန်စာကိုးပါး၏ စွမ်းအင်သည် ရေ‌နွေးဖြင့်ပြုတ်ခံလိုက်ရသော ဆီးနှင်းခဲများကဲ့သို့ပင်။

“ စူးချန်ကဲ!!!”

သူ၏အားအင်များသည်လည်း နွမ်းလျလာခဲ့ပြီး ထျန်းလုံ ဝူရှန်း၏ မျက်လုံးများမှာ နီရဲလာသည်။

မိမိသာလျှင် အရှက်ရစရာကောင်းနေပြီး ၊ စူးချန်ကဲကတော့ အေးဆေးတည်ငြိမ်စွာဖြင့် ဘာမှမဖြစ်သလိုပင်။

သူတို့နှစ်ဦးကြားက ကွာဟချက်သည် အဘယ့်ကြောင့် ဤမျှလောက် ကြီးမားနေရသနည်း။

သူတို့အားလုံးကို တိုက်မြေ သုံးထောင်ရှိ ပြိုင်ဘက်ကင်းသော ပါရမီရှင်များအဖြစ် ချီးမွမ်းခံထားရပြီး ၊ သူတို့၏အရှိန်အဝါသည် မရေမတွက်နိုင်သော ကြယ်(ပါရမီရှင်)များကို ဖုံးအုပ်ထားနိုင်သည်။

သူ့မျက်လုံးထဲတွင် ၊ဤဧကရာဇ်လျှောက်လှမ်းတွင် ရှိနေကြသော ပါရမီရှင်များစွာသည် သေးငယ်သော ငါးညစ်များသာ ဖြစ်ပြီး ၊ သူ့လက်ဖြင့် ဖိချေလိုက်ရုံဖြင့် ၎င်းတို့အားလုံးကို နှိပ်ကွပ်ထားနိုင်သည်ဟု ထင်ခဲ့သည်။

ယခုမူ ၊ သူသည် သူ၏ခွန်အားအပြည့်ဖြင့် အစွမ်းကုန်ပေါက်ကွဲခဲ့သော်လည်း စူးချန်ကဲ၏ရှေ့မှောက်တွင် သူသည် ပုရွက်ဆိတ်တစ်ကောင်သာပင်။

သွားများကို အံ့ကြိတ်ထားရင်း အေးစက်သော လေသံဖြင့် ဆိုလေသည်။

“ငါ လက်မခံဘူး! ငါ လက်မခံနိုင်ဘူး!!”

“ ငါ ထျန်းလုံ ဝူရှန်းမှာ ဘိုးဘေးနဂါးရဲ့ အသွေးတွေ စီးဆင်းနေတယ်၊ ငါဟာ ဒီကမ္ဘာပေါ်က မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေရဲ့အထက် ဖြစ်လာမယ့်လူတစ်ယောက်အဖြစ် မွေးဖွားလာတာပဲ ! “

မသေဆုံးမီ နောက်ဆုံးသော ဟစ်ကြွေးသံကဲ့သို့ သူ၏လေသံမှာ ပို၍ပင် ရူးသွပ်လာသည်။

“ဘာလို့လဲ!? ဘာလို့ မင်းကြ သူတော်စင်ကိုယ်ထည် သုံးမျိုးကို ပိုင်ဆိုင်ထားနိုင်ရတာလဲ ၊ ဒါ မတရားဘူး!!!”

ဝုန်း ! !

ထျန်းလုံ ဝူရှန်းသည် သူ၏နောက်ဆုံးလက်ကျန် အင်အားကို ထုတ်သုံးလိုက်သည်။

ထူးဆန်းသော အနက်ရောင် အကွက်အပြောက်များက သူ၏အရေပြားမျက်နှာပြင်ပေါ်တွင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သော နက်မှောင်နေသော ကင်းခြေများက ထျန်းလုံ ဝူရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို လှည့်ပတ်သွားလာနေသကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင် ၊ ကျိန်စာစွမ်းအင်သည် အကန့်အသတ်မရှိသော ဟင်းလင်ပြင်နေရာလပ်များကို လွှမ်းခြုံသွားခဲ့သည်။

အဆုံးမရှိသော ကျိန်စာ၏လွှမ်းမိုးမှုအောက်တွင်၊ ကောင်းကင်ကြီးသည် နီရဲကာမည်းနက်လာသည်။

အမှောင်လေထုသည် ရုတ်ချည်း တိုးဝှေ့တိုက်ခတ်လာခဲ့သည်။ သဲနှင့် ကျောက်စိုင်ခဲများသည် လေနှင့်အတူ လွင့်ပျံလျက် ၊ ချန်းကူကြယ်တွင် ရှိနေခဲ့သော အမုန်းတရားနှင့် နာကြည်းမှုများကို ဆင့်ခေါ်ခဲ့လေသည်။

“ငါ ထျန်းလုံ ဝူရှန်း ! ငါ၏ စိတ်ဝိညာဉ်အစစ်ကို စတေးပြီး ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူ စူးချန်ကဲကို ကျိန်စာတိုက်တယ်!”

“တစ်နေ့ ၊ မဟာလမ်းစဉ် လျှောက်လှမ်းမှာ အတွင်းစိတ်နတ်ဆိုးရဲ့ တုံ့ပြန်မှုကိုခံရပြီး ၊ ငါရှေးနဂါးမျိုးနွယ်စုရဲ့ အပြစ်ဒဏ်သင့်စေ!”

“ စူးချန်ကဲ ! ငရဲမှာ ငါ မင်းကိုစောင့်နေမယ်!!”

ထျန်းလုံ ဝူရှန်း၏ ရောင်ဝါများသည် သိသိသာသာ မြင့်တက်လာခဲ့ပြီး ၊ သူသည် ကြိမ်းဝါးလိုက်သည်။

“ ကောင်းကင်နဂါး ကျိန်စာကိုးပါး! ၊ သွေးရန်ငြိုး!”

သူ ရှုံးနိမ့်ပြီမှန်း သိလိုက်ရသည်နှင့် ၊ ထျန်းလုံ ဝူရှန်းသည် သူ့ကိုယ်သူ ဖောက်ခွဲကာ စတေးခဲ့သည်။

ဤကြီးမားသော ရုန်းရင်းဆန်ခတ်မှုသည်၊ ချန်း မျိုးနွယ်စုနှင့် ထျန်း မျိုးနွယ်စုမှ စွမ်းအားရှင်များ၏ အာရုံစိုက်မှုကို ကြာရှည်စွာ စွဲဆောင်ခဲ့သည်။

တန်ခိုးကြီးမားသော ဧကရာဇ်တစ်ပိုင်းအဆင့် ပါရမီရှင်သည် စူးချန်ကဲအပေါ်၌ နဂါးကျိန်စာကို ချမှတ်ခဲ့သည်။

စူးချန်ကဲကို သူ မည်မျှ မုန်းတီးခဲ့သည်ကို မြင်နိုင်သည်။

ဝေါင်း!!!

ရုတ်တရက်။

နဂါးဟောက်သံသည် ကောင်းကင်ယံတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည် ။

သွေးများက ကမ္ဘာမြေတစ်ခွင် ဖုံးလွှမ်းသွားပြီး အရာအားလုံးကို သွေးနီရောင်အဖြစ်သို့ ပြောင်းလဲပေးခဲ့သည်။

ပြင်းထန်သော နာကြည်းမှုများသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားခဲ့ပြီး ၊ နေရာအနှံ့ဖုံးလွှမ်းထားခဲ့သော ဓားစွမ်းအင်များကို ချက်ချင်း ပြိုပျက်သွားစေခဲ့သည်။

အကန့်အသတ်မရှိသော အာကာသ၏ အနက်ရှိုင်းဆုံးနေရာ၌ ကြီးမားသော သွေးနီရောင် နဂါးမျက်ဝန်း တစ်စုံ ပွင့်လာခဲ့သည် ။

ထိုနက်ရှိုင်းသော မျက်ဝန်းတစ်စုံ၌ ကြယ်စင်များနှင့် ဖန်တီးမှုအရာဖြစ်စဉ်များသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အဓိပ္ပါယ်ဖွင့်ဆိုနေကြသလိုပင်။

ထိုအေးစက်သော အကြည့်အောက်တွင် ၊ စူးချန်ကဲသည် သူ၏ တာအိုနှလုံးသားထက်တွင် သွေးစွန်းနေသော ရှေးအက္ခရာ စကားလုံးတစ်လုံး ရုတ်ချည်း ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည် ။

ပြင်းထန်သော နာကျည်းမှုမှ ကျိန်စာအဖြစ်သို့ ပြောင်းလဲသွားပြီး ၊ စူးချန်ကဲ၏ တာအိုနှလုံးသားပေါ်သို့ ကူးစက်သွားခဲ့သည်။

သို့သော် ထိုအချိန်တွင်။

စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်းရှိ အနက်ရှိုင်းဆုံး နေရာ၌ဖြစ်တည်နေသော မြင့်မြတ်သော အငွေ့အသက်သည် ဖြည်းညှင်းစွာ နိုးထလာလေသည်။

ဝင်သက်ထွက်သက်တချက်မျှသာ ဖြစ်သော်လည်း၊ ၎င်းထဲတွင် နိတ္ထိအဖျက်စွမ်းအားများ ပါဝင်နေပုံရသည်။

မည်သည့် လမ်းစဉ် ၊ မည်သည့် နိယာမ ၊ မည်သည့် အကြောင်းနှင့်အကျိုးတရား ၊ မည်သည့် ကံတရား မဆို ထိုစွမ်းအား ၏ ရှေ့တွင် ဗလာနိတ္ထိဖြစ်ရပေမည်။

ဤသည်မှာ ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်ပင်တည်း။

၎င်းသည် ဟုန်မုန်၏ပရမ်းပတာ အစ ၊မရေမတွက်နိုင်သော ခေတ်ကာလများ၏ ဖွံ့ဖြိုးတိုးတတ်မှုမှ ဖြစ်ပေါ်လာသော ကံကြမ္မာကင်းမဲ့မှု၏ ပထမဆုံးသောရင်းမြစ် ဖြစ်သည်။

🍁T/N - ဟုန်မုန် : ဖန်ဆင်းခြင်းမပြုမီ သဘာဝတရားတွင် အရေးကြီးသော နိယာမတရား 🍁

ယင်းသည် ဒေဝလောက၏ အကြောင်းအကျိုးကို လျစ်လျူရှုနိုင်သလို ၊ ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာကိုလည်း လျစ်လျူရှုနိုင်သည်။

စည်းမျဥ်းများကို ကျော်လွန်ပြီး မဟာလမ်းစဉ်၏ စည်းမျဉ်းများကို ကိုယ်တိုင်ဖန်တီးနိုင်သည်။

၎င်းသည် တိုက်မြေ သုံးထောင်တစ်ခုလုံးကို ပေါင်းစပ်ထိန်းချုပ်နိုင်ပြီး ၊ အရာအားလုံး၏ ကံစွမ်းအားကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သည်။

ကိုယ့်ကံကြမ္မာကို လုံးလုံးလျားလျား ချုပ်ကိုင်ထားနိုင်သူများသည် မွေးဖွားခြင်း နှင့် သေဆုံးခြင်း မရှိသော နယ်ပယ်ထဲသို့ ဝင်ရောက်နိုင်ပြီး ၎င်းတို့၏အတွေးမှတဆင့် အရာအားလုံးကို ဖန်တီးပေးနိုင်သည်။

……

ဝင်သက်ထွက်သက် တချက်စာ ထွက်ပေါ်လာရုံဖြင့် ၊

နဂါးဘိုးဘေး၏ ကျိန်စာသည် ဖုန်မှုန့်များသဖွယ် ပျောက်ကွယ်သွားခဲ့သည်။

အကြောင်းနှင့် အကျိုးသက်ရောက်မှုသည် နည်းနည်းမှ အစွန်းမထင်ခဲ့ချေ။

အပြင်ကမ္ဘာ၏ အမြင်တွင်။

ဤမြင်ကွင်းသည် ပိုလို့တောင် ကြောက်စရာကောင်းပေသည်။

ကောင်းကင်ကြီးကိုတောင် ဖုံးအုပ်ထားနိုင်သော ထိုနဂါးမျက်ဝန်းတစ်စုံသည် ဤကမ္ဘာကြီးကိုပင် ချေမှုန်းပစ်နိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားမှန်း သိသာထင်ရှားပေသည်။

သို့​သော် ဘာ​ကြောင့်မှန်းရယ်မသိ။ ၎င်းသည် မျက်စိတမှိတ်အတွင်းမှာပင် တခဏတာ တိုးဝှေ့တိုက်ခတ်သွားလေသော လေညင်းသဖွယ် လုံးဝ ​ပျောက်​ကွယ်​သွားခဲ့သည်။

အပိုင်း(၄၀၆): တောင်တံခါးကို အနှစ်တစ်သိန်း တံဆိပ်ခတ်လော့

“ဘိုးဘေး… ခင်ဗျားပြောကြည့်စမ်း ငါတို့ရဲ့ ရှေးကောင်းကင်ဘုံအာဏာရှင် နတ်ဘုရားကိုယ်ထည်ကို ဒီလူကြီးမင်းလိုမျိုး ကျင့်ကြံနိုင်ခဲ့ရင်…”

ထျန်း မျိုးနွယ်စုဝင် တစ်ယောက်က ကောင်းကင်ကို ကြောင်တက်တက်ကြည့်ကာ ဆိုလေသည်။

“ငါတို့လည်း ဒီလူကြီးမင်းလိုမျိုး ထူးချွန်လောက်မလား…”

“ တုံးအလိုက်တဲ့ ကလေး…”

ထျန်းမျိုးနွယ် ဘိုးဘေးသည် ချစ်မြတ်နိုးသော အကြည့်ဖြင့် ကူကယ်ရာမဲ့ ပြုံးလိုက်ရင်း ။

“မင်း ဖြစ်မှာပါ…”

ဖြန်း! !

ထျန်း မျိုးနွယ် ဘိုးဘေးက ၎င်းအား ပါးချလိုက်သည်။

“နေ့ခင်းကြောင်တောင် ဘာအိပ်မက် မက်နေတာတုန်း!?”

“ သွား ၊ စစ်မြေပြင်ကို သန့်ရှင်းရေးသွားလုပ်စမ်း!”

…….

တစ်ချိန်တည်းမှာပင်။

ကောင်းကင်ကြီးကို ဖုံးလွှမ်းထားသော နဂါးမျက်ဝန်းတစ်စုံ ပျောက်ကွယ်သွားပြီးနောက် ၊ စကြဝဠာ၏ အနက်ရှိုင်းဆုံးနေရာတွင် ၊

နေကို ရွံ့ဘောလုံးအဖြစ် အသာလေး ယူဆောင်နိုင်ပြီး ၊ အဆုံးမရှိသော နဂါးငွေ့တန်းကို ခြေဆေးအင်တုံအဖြစ် အသုံးပြုနိုင်သော ပေထောင်ပေါင်းများစွာ ရှည်လျားသော အကန့်အသတ်မရှိ ကြီးမားသော ကိုယ်ထည်ရှိသည့် နဂါးနက်တစ်ကောင်သည် စကြဝဠာ၏ အနက်ရှိုင်းဆုံးနေရာ၌ လှည့်ပတ်သွားလာနေသည်။

သူသည် တိုက်မြေသုံးထောင်ရှိ နဂါးမျိုးနွယ်စုတို့၏ နဂါးဘိုးဘေးများထဲမှ တစ်ဦးဖြစ်သည့် ယွမ်ကျော့ နဂါးဘိုးဘေး ဖြစ်သည်။

တိုက်မြေသုံးထောင်ရှိ မည်သည့်နဂါးမျိုးနွယ်မဆို သူ၏သွေးမှ စီးဆင်းလာသည်ဟု ဆိုနိုင်သည်။

ကြီးမားသော နဂါးမျက်ဝန်းတစ်စုံသည် သူ၏အလိုဆန္ဒကို ပုံဖော်ပြသနေသည်။

သူသည် မူလက အိပ်ပျော်နေရာမှ ရုတ်ချည်း နိုးထလာခဲ့ခြင်းဖြစ်သည်။

“ စောနက ငါ့နဂါးမျိုးနွယ်စုကနေ ဆင်းသက်လာတဲ့ ပါရမီရှင်တစ်ဦးက ငါ့ဆန္ဒကို ဆင့်ခေါ်ခဲ့သလိုပဲ…”

“ ဒါပေမဲ့ ငါ့ရဲ့ ဆန္ဒသဘောထားက ဘယ်လိုဖြစ်ပြီး တိုက်ရိုက် ဖျက်ဆီးခံလိုက်ရတာလဲ…?”

ရုတ်တရက်။

လျို့ဝှက်ဆန်းကြယ်သော အကြောင်းအကျိုး စွမ်းအားသည် သူ့ခန္ဓာကိုယ်တွင် ထွက်ပေါ်လာပြီး၊ သေခြင်းတရား ရောက်ရှိလာသကဲ့သို့ သူ၏ နဂါးကိုယ်ထည် တစ်စိတ်တစ်ပိုင်းသည် တဖြည်းဖြည်း မည်းနက်သွားသည်။

“ဒါက နတ္ထိနိယာမတရားပဲ!”

ထိုမြင်ကွင်းကိုမြင်လိုက်ရသည်နှင့် ၊ ယွမ်ကျော့နဂါးဘိုးဘေး၏ မျက်လုံးများသည် သိသိသာသာ လှုပ်ခတ်သွားပြီး အကြောက်တရားများ ဝင်ရောက်လာခဲ့သည်။

ကြယ်တာယာ ကောင်းကင်ကြီးထက်တွင် သူသည် အေးအေးလူလူ အိပ်ပျော်နေခဲ့သည်။ သို့သော် ၊ ဘယ့်နှယ် ခုနလေးကပဲ နိုးလာတယ် ဘယ်လိုလုပ်ပြီး ဒီလောက်ကြောက်စရာကောင်းတဲ့ အကြောင်းအကျိုးစွမ်းအားက သူ့အပေါ်သက်ရောက်လာတာတုန်း! ?

ဤသည်မှာ ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်မှ တန်ပြန်တိုက်ခိုက်လာသည့် နည်းလမ်းဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ကံကြမ္မာနတ္ထိ ကိုယ်ထည်ပိုင်ရှင်အပေါ် အကြောင်းအကျိုးတရားဖြင့် ကျိန်စာတိုက်ခဲ့ပါက ၊

ထိုအခါ ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်၏ တိုက်ရိုက် တုံ့ပြန်ခံရကာ နောက်ဆုံးတွင် သူကိုယ်တိုင် ထိုကျိန်စာ၏ ကူးစက်ခြင်းကိုခံရပေလိမ့်မည်။

“ ငါ့ -ီး ! ငါ့ကိုထိခိုက်အောင် လုပ်ရဲတာ ဘယ်ကောင်တုန်း !”

ဒေါသဟောက်သံသည် ကြယ်တာယာ ကောင်းကင်တစ်ဆုံး ပဲ့တင်ထပ်သွားခဲ့ပြီး ၊ ၎င်း၏ ကျယ်လောင်သော အော်ဟစ်သံသည် ကြယ်များကိုပင် တုန်ခါသွားစေသည်။

တစ်စုံတစ်ယောက်ကများ ဒါကို သတိပြုမိလေသလား သို့မဟုတ် တမင်သက်သက် လာရှာလေသလား မသိ။

“ယွမ်ကျော့ နဂါးဘိုးဘေးး၊ မင်း အတော်သတ္တိကောင်းနေတယ်ပေါ့!”

ခမ်းနားထည်ဝါသော အသံတစ်ခု ထွက်ပေါ်လာသည်။

“မင်းရဲ့ ဆန္ဒကို တိုက်မြေ သုံးထောင်ပေါ်ကို ကျရောက်စေရဲတဲ့အထိ အတော်သတ္တိကောင်းနေတာပဲ !”

“ အမတ နယ်မြေရဲ့ စည်းမျဉ်းတွေအရ မင်း ခေါင်းဖြတ်ခံရမယ်!”

တစ်ဖက်သားကို တုံ့ပြန်ရန်ပင် အခွင့်အလမ်းမပေးခဲ့ချေ။

စကြဝဠာ၏ မိုးကုပ်စက်ဝိုင်းအဆုံးတွင်၊ တောက်လောင်နေသော ဓားအလင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ဟင်းလင်းပြင်ကို ဖောက်ထွင်းလျက် ယွမ်ကျော့နဂါးဘိုးဘေး၏ ဦးတည်ရာဆီသို့ ပြေးဝင်လာခဲ့သည်။

“စူးမိသားစု! မင်းတို့ လူကို အရမ်းအနိုင်ကျင့်လွန်းတယ် ငါ ..

သို့သော် သူ့စကားမဆုံးခင် ။

ဓားအလင်းသည် သူ့ဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဗွမ်း! !

သွေးများက ကောင်းကင်တွင် သွယ်တန်းစီးဆင်းနေသော မြစ်တစ်စင်းသဖွယ် ၊ အကန့်အသတ်မရှိသော သွေးအမှုန်အမွှားများက ကြယ်ရောင်စုံ စကြာဝဠာကြီးကို လျင်မြန်စွာ ဖုံးလွှမ်းသွားလေတော့သည်။

ဓားဖြင့် တစ်ချက်ခုတ်ပိုင်းလိုက်ရုံဖြင့် ၊ စကြဝဠာရှိ နဂါးငွေ့တန်းနှင့်ပင် နှိုင်းယှဉ်နိုင်သော ဧရာမနတ်နဂါးကြီးသည် စကြဝဠာကြီးရှိ ဟင်းလင်ပြင်အလွှာနှင့် အတူ နှစ်ပိုင်းခွဲခံလိုက်ရသည်။

“စူးမိသားစု၊ မင်းတို့ လူကိုအရမ်းအနိုင်ကျင့်လွန်းတယ် မင်းတို့ကို တရားစွဲဖို့ အမတသခင်တရားစီရင်ရေးရုံးတော်ကို ငါ သွားတိုင်မယ်!”

ထိုအချိန် ၊ စကြာဝဠာအတွင်း၌ နောက်ထပ် ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

အမှန်တွင် ၊ ယွမ်ကျော့နဂါးဘိုးဘေးသည် သူ၏ တာအိုကိုယ်ထည်ကို စွန့်လွှတ်ခဲ့ပြီး ၊ သူ၏နောက်ဆုံးအသက်ရင်းမြစ်ကို ချုပ်ကိုင်ကာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

“ဟားဟား… တစ်ဖက်လူက လွတ်မြောက်သွားပေမယ့် သူ့ရဲ့ တာအိုခန္ဓာကိုယ်ကို သရေစာအဖြစ် စားသုံးလိုက်ရတာကလည်း မဆိုးပါဘူး…”

ဟင်းလင်းပြင်တွင် လှိုင်းဂယက်များ ရိုက်ခတ်သွားခဲ့ပြီး နောက်ဆုံးတွင် ၎င်းသည် ဖြည်းဖြည်းချင်း အက်ကွဲသွားခဲ့သည်။

အထဲ၌ စုတ်ပြတ်နေသော အဖြူထည် အ၀တ်အစားကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအမျိုးသားတစ်ဦး ထွက်လာခဲ့သည်။ ၎င်းသည် ဘူးသီးခြောက်အရက်အိုးကို သူ၏ခါးတွင် ချိတ်ဆွဲထားပြီး ကောက်ရိုးဖိနပ် ၊ ကောက်ရိုးဦးထုပ်ကို ဝတ်ဆင်ထားကာ သူ၏မျက်နှာတွင် မုတ်ဆိတ်မွေးအပြည့် ပေါက်ရောက်နေသည်။

“ဒါပေမယ့် တခါမှမတွေ့ဖူးတဲ့ ဒီသခင်ငယ်လေးကို ကျေးဇူးတင်ရမှာပဲ…”

ထိုအနှီလူ၏ အမည်မှာ စူးကျွင်းရွှမ် ။

သူသည် တားမြစ် စူးမိသားစု၏ ဓားအမတရှင်လေးပါးထဲက တစ်ဦးဖြစ်သည်။

အမတနယ်မြေရှိ လူများက ၎င်းအား ယစ်မူးဓားအမတရှင်ဟုလည်း ခေါ်ကြသည်။

သူသည် ယွမ်ကျော့ နဂါးဘိုးဘေးကို မျက်စိကျနေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ၊ နဂါးဘိုးဘေး၏ အသားသည် အရမ်းအရသာရှိသည်ဟု သူ ကြားဖူးသည် ။

သို့သော် အမတသခင် တရားစီရင်ရေးရုံးတော်သည် အခြားသူများ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းကို အတော် နှစ်သက်နေသောကြောင့် ၎င်းအား အရေးယူနိုင်မည့် အကြောင်းပြချက်ကို သူ ရှာဖွေလို့မရခဲ့ချေ။

သို့မဟုတ်ပါက တဖက်မှ ပြင်းထန်သော ကန့်ကွက်မှုကြီးကို ဖြစ်ပေါ်စေကာ သူ၏ စူးမိသားစုမှာလည်း ဒုက္ခရောက်ပေတော့မည်။

ယခုသူသည် ပွဲကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။

“တဖက်လူက သူ့ကိုယ်ပိုင် ဆန္ဒကိုသုံးပြီး တိုက်မြေသုံးထောင်ပေါ် ကျရောက်စေမှတော့ သူ့ကိုသတ်ပြီး သရေစာလုပ်တာ ငါ့အလွန်မဟုတ်ဘူး မဟုတ်လား?”

စူးကျွင်းရွှမ်သည် ဧရာမ နဂါးကြီး၏ ရုပ်အလောင်းကို ကောက်ယူပြီးနောက် ၊

သူသည် တိုက်မြေသုံးထောင်ဘက်ကို အဓိပ္ပါယ်ရှိစွာ တချက်ကြည့်လိုက်သည်။

“သခင်ငယ်လေး၊ သခင်ငယ်လေး၊ မင်းသာ အမတလမ်းကို မလျှောက်ဖြစ်ခဲ့ရင် မင်းညီမက နယ်မြေတစ်ခုလုံးကို ဖြိုခွဲပြီး မင်းကိုလာရှာတော့မှာ ….”

……..

တဖက်တွင် ။

ရှေးနဂါးအနွယ် ဘိုးဘွားပိုင်မြေ။

တင်ပျဉ်ခွေထိုင်လျက် လေ့ကျင့်နေသည့် ရှေးမဟာဧကရာဇ်မင်း ထျန်းလုံ ချန်းခွင်သည် ရုတ်တရက် မျက်လုံးပွင့်လာသည်။

သူ့အမူအရာမှာ ပြောင်းလဲသွားပြီး သူ့ရင်ဘတ်ကို အမြန် ဆုပ်လိုက်သည်။

သူ့ရင်တစ်ခုလုံး တင်းကျပ်နေသည် ။

နဂါးပုံစံ ရေးထွင်းထားသော စိမ်းပြာရောင် ကျောက်စိမ်းကမ္မည်းတိုင်မှာ ကျိုးပဲ့သွားသည်ကို သူ မြင်လိုက်ရသည်။

ဤသည်မှာ သားဖြစ်သူ ထျန်းလုံ ဝူရှန်း၏ အသက်ကမ္မည်းတိုင်ပင်။

ထိုအရာသည် ကျိုးပဲ့သွားပါက ၊ လူ သေဆုံးသွားခြင်းပင်။

“ငါ့သား! သူ မရှိတော့ဘူး……!”

ထိုသတင်းကို အတည်ပြုပြီးနောက် ၊

တန်ခိုးကြီးမားသော ရှေးမဟာဧကရာဇ်မင်းတစ်ပါးအဖြစ် လူသိများသော ထျန်းလုံ ချန်းခွင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားသည်။

၎င်း၏နှုတ်ခမ်းများသည်ပင် တုန်ခါနေပြီး သွေးအရောင်မရှိတော့ချေ။

ဝမ်းနည်းမှုက မြစ်တစ်စင်းလို စီးဆင်းလာခဲ့ပြီး ထို့နောက်တွင် ဒီရေလို နောက်ပြန်ဆုတ်သွားခဲ့သည်။ ယင်းအစား ၊ ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ်များက အစားထိုးဝင်ရောက်လာသည် ။

သားဖြစ်သူမှ ချန်ရစ်ထားခဲ့သော ဝိညာဉ်အငွေ့အသက်မှ သူသည် သတင်းအချက်အလက် အားလုံးကို ရရှိခဲ့သည်။

“ ကွေးယွမ် သူတော်စင် နယ်မြေ ၊ စူးချန်ကဲ!!”

ကျယ်လောင်စွာ အော်ဟစ်ပြီးနောက် ၊

ထျန်းလုံ ချန်းခွင်၏ စိတ်ဓာတ်များသည် အောက်သို့ တရှိန်ထိုးကျဆင်းသွားသည်။

မျက်ရည်များက မရပ်မနား စီးကျလာသည်။

လက်စားချေမယ်?

မဟုတ်ဘူး!

ကွေးယွမ် သူတော်စင် နယ်မြေကို သူတို့နဂါးမျိုးနွယ်စု တစ်ခုတည်းဖြင့် တိုက်ခိုက်ခြင်းသည် လက်တွေ့မကျသောအရာသာ ဖြစ်ပေသည်။

အခွင့်အလမ်းကို စောင့်ဆိုင်းပြီး တခြားအင်အားစုတွေနဲ့ ပေါင်းစည်းမယ်?

မဟုတ်ဘူး….

သားဖြစ်သူကို ဆုံးရှုံးပြီးနောက် ၊ ဤကဲ့သို့ အသက်ရှင်နေထိုင်ရမည့် ဘဝကြီးကို ငြီးငွေ့မိလာသည်။

“ ထျန်းလုံ …”

“ အဖေ့ရဲ့ လိုအင်ဆန္ဒတွေက… မင်းကို ထိခိုက်စေခဲ့မိတယ်!”

ထျန်းလုံ ချန်းခွင်သည် မြေပြင်ပေါ်သို့ လဲကျသွားသည်။

ဖခင်တစ်ယောက်အနေဖြင့် ၊ သားဖြစ်သူကို တခြားသူတွေထက် သာလွန်စေချင်ခဲ့သည်။

သားဖြစ်သူသည် မိမိမအောင်မြင်ခဲ့သော အိမ်မက်တွေကို ပြီးမြောက်ပြီး လမ်းဆုံးသို့ လျှောက်လှမ်းကာ စစ်မှန်သော ကံကြမ္မာမဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာဖို့ကို သူတောင့်တခဲ့သည်။

နှစ်ထောင်ပေါင်းများစွာအတွင်း ၊ သူသည် ရှေးနဂါးမျိုးနွယ်စုရှိ အမွေအနှစ်များ၏ပံ့ပိုးမှုနှင့်အတူ သေမျိုး မဟာဧကရာဇ်မင်းတစ်ပါးသာ ဖြစ်လာခဲ့သည်။

ကံကြမ္မာ မဟာဧကရာဇ်မင်း - ဧကရာဇ်လျှောက်လှမ်းပြိုင်ပွဲအတွင်း အဆုံးထိ လျှောက်လှမ်းပြီး ကံကြမ္မာကို သက်သေပြကာ ဧကရာဇ်တစ်ပါး ဖြစ်လာပေမည်။ ကောင်းကင်နှင့်မြေကြီးကို အုပ်စိုးသူ၊ ဒေဝလောက၏ အုပ်စိုးရှင် ဖြစ်လာပေမည်။

ခေတ်တစ်ခုတိုင်း ကံကြမ္မာတစ်ခုတည်းသာ ရှိသည်။ သို့ဖြစ်၍ ကံကြမ္မာမဟာဧကရာဇ်မင်းသည် တစ်ဦးတည်းသာ ရှိပေမည်။ ထိုကဲ့သို့သော မဟာဧကရာဇ်မင်းသာလျှင် ဤကမ္ဘာကအသိအမှတ်ပြုထားသော မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်ပေမည်။

သေမျိုးမဟာဧကရာဇ်- ဧကရာဇ်လျှောက်လှမ်း အဆုံးတွင် ကျရှုံးခဲ့သော ဧကရာဇ်တစ်ပိုင်းအချို့သည် မဟာဧကရာဇ်မင်းနီးပါး ဟု ဆိုနိုင်သော်လည်း သို့သော် ကံကြမ္မာအားဖြင့် မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာနိုင်မည် မဟုတ်ချေ။ ၎င်းတို့အနေဖြင့် အခြားနည်းလမ်းကိုသာ ရှာဖွေကြရပေမည်။

နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခြင်း နှင့်အတူ ၎င်းတို့ ကိုယ်ပိုင်ဂိုဏ်း၏ ဂိုဏ်း ကံကြမ္မာစွမ်းအင်နှင့်ပေါင်းစပ်ကာ ချုပ်နှောင်မှုများကို ချိုးဖျက်ကြရမည်။

ထိုကဲ့သို့သော မဟာဧကရာဇ်မင်း နှင့် ကံကြမ္မာ မဟာဧကရာဇ်တို့သည် ခွန်အားအရတွင် ကြီးမားသော ကွာခြားချက်ရှိသည်။ ကံကြမ္မာ၏ ကောင်းချီးပေးခြင်းကို မရရှိသည့်အပြင် လောကသားများ၏ အသိအမှတ်ပြုခြင်းကို မရထားသောကြောင့် ၎င်းကို သေမျိုး မဟာဧကရာဇ်မင်းဟု ခေါ်ဝေါ်ကြသည်။

ထျန်းလုံ ချန်းခွင်သည် အခွင့်အရေးကို ဆုံးရှုံးခဲ့သောကြောင့် သားဖြစ်သူအပေါ် မျှော်လင့်ချက်ထားခဲ့သည်။

သူသည် စူးချန်ကဲကို ရန်သူလုပ်ခဲ့သည်။နောက်ဆုံးတွင် ယခုလို အဆုံးသတ်မျိုးကို ရရှိခဲ့သည်။

အချိန်အတော်ကြာပြီးနောက်။

ထျန်းလုံ ချန်းခွင်သည် သက်ပြင်းချလိုက်သည်။ သူ့မျက်လုံးများက ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ကြောင်း ပြသနေသည်။

……..

သိပ်မကြာခင်မှာပဲ သတင်းတစ်ပုဒ်သည် တိုက်မြေ သုံးထောင် တစ်ခွင်လုံး ပျံ့နှံ့သွားခဲ့သည်။

ရှေးနဂါးမျိုးနွယ်စုသည် ၎င်းတို့၏တောင်တံခါးကို နှစ်ပေါင်း တစ်သိန်းတံဆိပ်ခတ်ကာ ကမ္ဘာ့တိုက်ပွဲကနေ ဆုတ်ခွာကြောင်း ကြေညာလိုက်ခြင်းပင် ။

အပိုင်း(၄၀၇): အပြုံးက ရန်ငြိုးအားလုံးက ပြေပျောက်သွားစေလိမ့်မယ်

“ရှေးနဂါးမျိုးနွယ်စု… ထိပ်တန်းအင်အားစု နဂါးမျိုးနွယ်စုက ခုလို နုတ်ထွက်သွားပြီလား?”

“ နဂါးမျိုးနွယ်စုလို မာနကြီးပြီး အထက်စီးဆန်တဲ့စရိုက်အရ ၊ ဒါ မဖြစ်နိုင်ဘူး!”

တိုက်မြေသုံးထောင်ရှိ လူတိုင်း ထိုအကြောင်းနှင့်ပတ်သတ်ပြီး ပြောဆိုနေကြသည်။ ဤသတင်းသည် ရုတ်တရက်ဆန်လွန်းကာ အိမ်မက်တစ်ခုလိုပင်။

“ ကောလဟာလအရ ၊ ထျန်းလုံ ချန်းခွင်ရဲ့ သားက ဧကရာဇ်လျှောက်လှမ်းမှာ ကျဆုံးသွားတယ်ဆိုပဲ ၊ သူ့ကို သတ်ခဲ့တဲ့သူက ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူ စူးချန်ကဲပဲ!”

ထိုကောလဟာလများ ပျံ့နှံ့သွားသည်နှင့်အမျှ ၊

တိုက်မြေသုံးထောင်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။

ကွေးယွမ် သူတော်စင် နယ်မြေ၏ ဆက်ခံသူသည် သားဖြစ်သူကို သတ်ဖြတ်ခဲ့သည် ။ သို့သော် ၎င်းသည် ကလဲ့စားချေမည့်အစား ရှေးနဂါးမျိုးနွယ်စုသည် အနှစ်တစ်သိန်း တံဆိတ်ခတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဤအပြုအမူသည် လူတချို့ကို အံ့သြစေခဲ့သည်။

ဒါ သူတို့သိတဲ့ နဂါးမျိုးနွယ်စုလား?

တစ်ချိန်တည်းမှာပင်။

ရှေးဖီးနစ်မျိုးနွယ်စု၏ ဘိုးဘွားပိုင်မြေတွင်၊

ဟွမ်ထျန်း ဝူတောက်သည် ရှေးနဂါးမျိုးနွယ်စု၏ ဦးတည်ရာဘက်ကို ငေးကြည့်ရင်း သက်ပြင်းချလိုက်သည်။

ထူးဆန်းသော ခံစားချက်တစ်ခုက သူ့ရင်ထဲ၌ လှုပ်ခတ်သွားသည်။

နဂါးမျိုးနွယ်စု၏ ပြိုင်ဘက်ဟောင်းအနေဖြင့်၊ ထျန်းလုံ ချန်းခွင်၏ဒေါသကို သူ ကောင်းကောင်းကြီး သိပေသည်။

“ သတင်းပို့လိုက် ၊ ကွေးယွမ် သူတော်စင်နယ်မြေကလူတွေကို ဆက်ပြီး မနှောင့်ယှက်ဖို့ ငါ့သား ဟွမ်ထျန်းခွင်းလွင်ကို ပြောလိုက် “

“ဒီကိစ္စကို ဒီမှာပဲအဆုံးသတ်ရအောင် “

……..

ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း။

ပုဂ္ဂိုလ်အများအပြားသည် တစ်စုံတစ်ခုကို ဆွေးနွေးရန် အတူတကွ စုရုံးနေကြသည်။

၎င်းတို့၏မျက်နှာမှာ ကြည့်ရဆိုးနေသည်။

“ရှေးနဂါးမျိုးနွယ်စုက တကယ့်ကို သူရဲဘောကြောင်တာပဲ!”

နောက်ဆုံးတွင်၊ လူတစ်ဦးက သူ၏မကျေနပ်မှုကို ထိန်းမထားနိုင်တော့ဘဲ ထုတ်ပြောလာသည်။

“အခု သူတို့က ဆုတ်ခွာသွားတော့ အစီအစဉ်မှာ ‌အပေါက်ဖြစ်လာပြီ ၊ အဲဒါကို ဘယ်သူက ဖြည့်ပေးမှာလဲ!”

“ မိစ္ဆာနတ်ဘုရား စည်းတံဆိပ်က နည်းနည်းပဲလိုတော့တယ် ၊ ခုကြမှ ရှေးနဂါးမျိုးနွယ်စုက ထွက်သွားရသလား?”

ထျန်းချန် မကောင်းဆိုးဝါးအိုကြီးက အေးစက်သောလေသံဖြင့် ဆိုလိုက်သည်။

“ သူတို့ကို ဘိုးဘေးနဂါးရဲ့ သွေးရင်းမြစ်ကို ထုတ်ပေးခိုင်းပြီး အေးအေးလူလူ ထွက်သွားခိုင်းလိုက်ပါ “

ဘိုးဘေးနဂါး၏သွေးရင်းမြစ်။

၎င်းသည် ရှေးနဂါးမျိုးနွယ်စု၏ အမွေအနှစ်ဖြစ်သည်။

၎င်းသည် နဂါးဘိုးဘေး သောလျုံ၏ အသွေးဖြစ်သည်။ ထျန်းလုံ ဝူရှန်းသည် ဘိုးဘေးနဂါး၏ အသွေးကို နိုးထစေနိုင်သည့် အကြောင်းရင်းမှာ ဘိုးဘေးနဂါး၏သွေးရင်းမြစ်ကြောင့် ဖြစ်သည်။

၎င်းတွင်ပါရှိသော ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါး စွမ်းအင်သည် မိစ္ဆာနတ်ဘုရား စည်းတံဆိပ်၏ နိုးကြားမှုကို များစွာမြှင့်တင်ပေးနိုင်သည်။

“ ဒါပေမဲ့လည်း အလကားကောင်တွေ လျော့သွားတာပေါ့”

ထောင့်နားတွင် ရှိနေသော စန်း၏ အေးစက်သောလေသံကို ကြားလိုက်ရသည်။

“ပြီးတော့ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ပြစ်ဒဏ်သင့်နတ်ဘုရားတပ်ဖွဲ့ကြီးလည်း နိုးထလာပြီ “

“ စူးချန်ကဲ လျှောက်လှမ်းအဆုံးထိ ရောက်မယ့်အချိန်ကိုစောင့်ပြီးတာနဲ့ သတ်ပစ်မယ်”

“ဒါဟာ ငါတို့နဲ့ ကွေးယွမ် သူတော်စင် နယ်မြေကြားက အဆုံးစွန်တိုက်ပွဲကြီး ဖြစ်လာလိမ့်မယ် “

……..

နောက်တွင် ။

ရှေးနဂါးမျိုးနွယ်စုသည် မဆိုင်းမတွဘဲ ဘိုးဘေးနဂါး၏သွေးရင်းမြစ်ကို လွှဲပေးခဲ့သည်။

မကောင်းဆိုးဝါးမျိုးနွယ်စု အနေဖြင့် ၊ ဤကိစ္စနှင့်ပတ်သတ်၍ အချင်းမများလိုပေ။

ထျန်းလုံ ဝူရှန်း မသေဆုံးမီ ၊ သူသည် နောက်ဆုံးသတင်းစကား ပေးပို့ခဲ့သည်။

ထျန်းလုံ ဝူရှန်းသည် စူးချန်ကဲတွင် ကိုယ်ထည်လေးမျိုး ရှိကြောင်း မှန်းဆခဲ့သည်။

သို့သော် သူသည် ထိုအကြောင်းနှင့်ပတ်သတ်၍ မည်သည့်အင်အားစုကိုမှ မပြောပြခဲ့ပေ။ သူတို့သည် ကျရှုံးခြင်းနှင့်ကြုံတွေ့ခဲ့ရပြီး ဖြစ်သော်လည်း ၊ သို့ဆိုတောင် ထိုကိစ္စကို ပို၍ ကြီးကြီးကျယ်ကျယ် ဖြစ်လာအောင် လုပ်ဖို့ဆန္ဒရှိပေသည်။

………

အခြားတစ်ဖက်တွင် ချန်းကူကြယ် ။

ဟွမ်းမျိုးနွယ် ဘိုးဘွားပိုင်မြေ။

ထျန်း မျိုးနွယ်စုနှင့် ချန်းမျိုးနွယ်စုတို့၏ ဘိုးဘေးများသည် မိမိတို့၏ ဂုဏ်သိက္ခာကိုပင် ဟန်မဆောင်နိုင်တော့ဘဲ ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးကို ကြည့်ရင်း မျက်ရည်များက ထိန်းမနိုင်သိမ်းမရ စီးကျလာသည်။

ချန်းကူကြယ်၏ အမြင့်မြတ်ဆုံးသော အဖိုးတန်ရတနာဖြစ်သည့် ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးကို နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီးနောက် ၊ နောက်ဆုံးတွင် သူတို့လက်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

“ချန်းမျိုးနွယ် ၆၇၂ မြောက် မျိုးနွယ်စုအကြီးအကဲ ၊ မလိမ္မာတဲ့မျိုးဆက် ပါ့ဝူ ကွယ်လွန်သူဘိုးဘေး ပြန်လာတာကို ‌လေးစားစွာ ကြိုဆိုပါတယ်”

“ ထျန်းမျိုးနွယ် ၊ ၆၇၂ ခုမြောက် မျိုးနွယ်စုအကြီးအကဲ ၊ မလိမ္မာတဲ့မျိုးဆက် ချန်းရှင် ကွယ်လွန်သူဘိုးဘေး ပြန်လာတာကို လေးစားစွာ ကြိုဆိုပါတယ်”

ဘိုးဘေးနှစ်ဦးတို့သည် ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးကို ကြိမ်ဖန်များစွာ ဦိးချလိုက်သည်။

၎င်းတို့၏ နဖူးများ ပေါက်ထွက်ကာ သွေးများစီးကျလာသည့်အထိပင် ။

၎င်းတို့၏ရှေ့တွင်ရှိနေသည့် သွေးများစွန်းထင်းနေပြီး ကျိုးပဲ့နေသော ကျောက်ချပ်ပြားများကိုပင် သူတို့လုံးဝ ဂရုမစိုက်နိုင်ပေ။

ဤသည်မှာ သူတို့၏ကွယ်လွန်သူဘိုးဘေးအပေါ် ရှင်းပြချက်သာပင်။

မျိုးနွယ်တူအချင်းချင်း ဖြစ်ခဲ့သော စစ်ပွဲများ၏လုပ်ရပ်အတွက် အပြစ်ဖြေခြင်းလည်း ဖြစ်သည်။

ဤကိစ္စကြောင့် နှစ်ပေါင်းများစွာ စစ်ပွဲများ ဆင်နွှဲခဲ့ကြပြီး မျိုးနွယ်စုများ မည်မျှတောင်သေကြေခဲ့ရသနည်း။

အဆုံးတွင် ၊ ထိုအရာများသည် နားလည်မှုလွဲနေခဲ့ခြင်းသာဖြစ်သည်။ သူတို့ ဘယ်လိုလုပ် ဒီတိုင်း လွှတ်ထားနိုင်မှာလဲ !?

စူးချန်ကဲသည် ထိုမြင်ကွင်းကို ကြည့်ရင်း ခေါင်းယမ်းလေသည်။

“ ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးက ဟွမ်းမျိုးနွယ်စုရဲ့ စွမ်းအားများစွာ စုပ်ယူခံလိုက်ရတော့ အခု သူ့ရဲ့နတ်တန်ခိုးတွေက ပျောက်ကွယ်သွားပြီ ဒီတိုင်း ကြေးသတ္ထုသာသာပဲ”

“ ချန်း မျိုးနွယ်စု နှင့် ထျန်း မျိုးနွယ်စုအတွက် သွေးကြောဆက်ခံမှုက ပြတ်တောက်သွားပြီ ၊ အချိန်ကြာလာတာနဲ့အမျှ လုံးဝ ဆုတ်ယုတ်သွားလိမ့်မယ် “

…….

အချိန်အတော်ကြာပြီးနောက်။

ဘိုးဘေးနှစ်​​ယောက်​သည် ဖြည်းညှင်းစွာ မတ်​တပ်​ရပ်​လိုက်​ပြီး ​၊ တစ်ယောက်ကိုတစ်ယောက် ရယ်မောရင်း ကြည့်လိုက်ကြသည်။

“ညီလေး… ငါ ထျန်းမျိုးနွယ်စုအပေါ် တောင်းပန်ပါတယ် “

မျက်နှာပေါ်တွင် သွေးများအနည်းငယ် စွန်ထင်းနေသော ပါ့ဝူက ဆိုလေသည်။

ထို့နောက် ပြုံးရယ်မှုကြောင့် သူ့ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရီသွားသည်။

“အဲဒါ အစ်ကိုကြီးအမှားမဟုတ်ပါဘူး “

ချန်းရှင်းသည်လည်း ပြုံးရွှင်စွာဖြင့် ဆိုသည်။

“အကိုကြီး၊ ဟိုတုန်းက ကွယ်လွန်သူဘိုးဘေး ပြောတာကို မှတ်မိသေးလား”

“ ဒါပေါ့ “ ပါ့ဝူက ခေါင်းညိတ်လိုက်သည်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်ကြရင်း။

“ ညီအစ်ကိုဆိုတာ အခက်အခဲတွေ အားလုံးကို ကူညီပြီးကျော်ဖြတ်ဖို့ နေရာမှာရှိနေဆဲပဲ ၊ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံတဲ့အခါ အပြုံးက ငါတို့ရဲ့ရန်ငြိုးအားလုံးကို ပြေပျောက်သွားစေလိမ့်မယ် “

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။

သူတို့နှစ်ယောက်လုံး၏ ဆုံးဖြတ်ချက်ကို အချင်းချင်း မြင်တွေ့နေပုံရသည်။

ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးသည် ၎င်း၏ နတ်တန်ခိုးများကို ဆုံးရှုံးခဲ့ရသော်လည်း ၎င်းကို ကယ်တင်ရန် နည်းလမ်းရှိသေးသည်။

ထျန်း မျိုးနွယ်စု နှင့် ချန်း မျိုးနွယ်စု၏ တပည့်များသည် သူတို့နှစ်ယောက်၏ ဆိုလိုရင်းကို မသိသဖြင့် ထိတ်လန့်စွာဖြင့်ကြည့်နေကြသည်။

သို့သော် သူတို့နှစ်ဦးသည် ၎င်းတို့၏ မျိုးနွယ်စုများကို လျစ်လျူရှုကာ စူးချန်ကဲကို လေးလေးစားစား ဦးညွှတ်လိုက်ကြသည်။

“ မျိုးနွယ်စုနှစ်ခုရဲ့ ဘိုးဘေးအနေနဲ့ ၊ ခုလိုကြုံတွေ့ခဲ့ရတာ ကျွန်တော်တို့အတွက် ကြီးလေးတဲ့ အပြစ်တစ်ခု ပါပဲ “

ပါ့ဝူက အရင်ပြောလိုက်သည်။

“ ကျွန်တော်တို့ ခုလို ကြီးမားတဲ့အပြစ်ကို ကျူးလွန်မိတာ ဘိုးဘေးတွေနဲ့ ရင်ဆိုင်ဖို့ ရှက်မိပါတယ် “

ချန်းရှင်က နောက်ကနေဆိုလိုက်သည်။

သူတို့နှစ်ဦးသည် စူးချန်ကဲကို ရိုရိုသေသေ ဦးညွှတ်လိုက်ကြသည်။

“ ကျွန်တော်တို့ တောင်းဆိုချင်တာ တစ်ခုရှိပါတယ်၊ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားရဲ့ အသွေးအသားကို ပိုင်ဆိုင်ထားတဲ့ လူကြီးမင်းက ကျွန်တော်တို့ ချန်းကူ မျိုးနွယ်ရဲ့ အရှင်သခင်ဖြစ်လာပြီး ချန်းကူမျိုးနွယ်စုကို ဆက်လက် ဦးဆောင်ပေးစေချင်ပါတယ် “

ထို့နောက် ၊

တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦး၏ခန္ဓာကိုယ်များ တောက်ပလာနေသည်ကို လူတိုင်းတွေ့လိုက်ကြရပြီး ၊ ဖြူစင်သော မီးလျှံသည် ၎င်းတို့ကို လုံး၀ဖုံးလွှမ်းသွားခဲ့သည်။

သူတို့နှစ်ဦး၏ အသက်ရင်းမြစ်သည် လောင်းကျွမ်းနေပုံရသည် ။ ၎င်းတို့နှစ်ဦးသည် ကိုယ့်ကိုယ်ကို စတေးကာ မီးရှို့ခဲ့ပုံရသည်။

ထိုအချိန်တွင် ဘိုးဘေးနှစ်ဦးက ၎င်းတို့၏ မျိုးနွယ်စုများကို လှည့်ကြည့်ရင်း ဆိုလိုက်သည်။

“ ဘိုးဘေးတစ်ယောက်အနေနဲ့ ၊ ကြီးမားတဲ့ အမှားကို လုပ်ခဲ့မိတယ် “

“ ကိုယ်လုပ်ခဲ့တဲ့ အကျိုးဆက်ကို ကျေကျေနပ်နပ် ခံယူလိုတယ် ၊ ကွယ်လွန်သူဘိုးဘေးရဲ့ နှစ်ရှည်လများ ဆန္ဒကို အကောင်အထည်ဖော်ရန် သေလိုတယ် ၊ ချန်းကူ ထာဝရတည်တံ့ကာ ချန်းကူမျိုးနွယ်အလံသည်လည်း ဘိုးဘေးကြယ်ပေါ်တွင် တစ်ဖန် ပျံသန်းနိုင်ပါစေ!”

“ ချန်းကူ ထာဝရတည့်တံ့ဖို့ “

ပါ့ဝူက ဆိုသည်။

“ချန်းကူ ထာဝရတည့်တံ့ဖို့ “

ချန်းရှင် ကလည်း လေးနက်စွာ ထပ်ဆိုပြန်သည်။

နှစ်ယောက်သား တစ်ပြိုင်နက် ကြွေးကြော်သံအပြီးတွင် ၊

သူတို့နှစ်ဦး၏ လောင်မြိုက်နေသော ဝိညာဉ်သည် သွေးစွမ်းအင် ရောင်ခြည်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

“ဘိုးဘေး!!”

ဤဖြစ်စဉ်သည် မြန်ဆန်လွန်းသည်။

မျိုးနွယ်စုနှစ်စုမှ မျိုးနွယ်ဝင်များအနေဖြင့် တားဆီးရန် အချိန်မရရှိခဲ့ပေ။

ထို့နောက်တွင် ကြီးမားသော သွေးချီစွမ်းအားများ စုဝေးသွားပြီး ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးထဲသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်ကို မြင်လိုက်ရသည်။

ဝီ——!!

မူလက နတ်တန်ခိုးများ ပျောက်ကွယ်သွားခဲ့သော ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးသည် သန့်စင်သော စွမ်းအားများဖြင့် တစ်ဖန် ပြန်လည်အားပြည့်လာပုံရသည်။

မှိန်ဖျော့ဖျော့ဖြစ်နေခဲ့သော ကမ္ပည်းစာများသည် တစ်ခုပြီးတစ်ခု ထွန်းတောက်လာသည်။

ရိုက်နှိပ်ထားသော ရှေးအက္ခရာ မှော်သင်္ကေတများက ပြောင်းလဲလာကာ တစ်ဖန် တောက်ပလာခဲ့သည်။

ခြောက်သွေ့နေခဲ့သော မြစ်ရေသည် ပြန်လည်ကောင်းမွန်လာကာ စီးဆင်းလာခဲ့ချေပြီ။

All Chapters