အခန်း (၄၀၈-၄၁၂)
Vol. 30 Ch. 408-412
အပိုင်း(၄၀၈): ဧကရာဇ်လျှောက်လှမ်း၏ ပဉ္စမအဆင့်၊ ဓားစွမ်းအင် မဟာတံတိုင်းကြီး
ထိုမြင်ကွင်းကို ကြည့်ရှုနေသော လော့ရန်ယွီ၏ နှလုံးသားများမှာ တုန်လှုပ်သွားသည်။
စူးချန်ကဲမှလွဲ၍ ဘိုးဘေးနှစ်ယောက်၏ စကားများကို နားလည်နိုင်သူမှာ သူမတစ်ဦးတည်းသာ ရှိသည်။
ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးသည် မူလက ထူးခြားသော အရာဖြစ်သည်။ သို့သော် ဟွမ်းမျိုးနွယ်စုမှ ၎င်း၏ စွမ်းအင်ကို နှစ်ပေါင်းများစွာ စုပ်ယူခဲ့သောကြောင့် ၎င်း၏ မူလရင်းမြစ်အူတိုင်မှာ အရင်ကတည်းက ဆွေးမြေ့သွားခဲ့ပြီး ဖြစ်သည်။
၎င်းကို ပြန်လည်အသက်သွင်းလိုပါက၊ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ ကြွယ်ဝသော အသွေးများကို အသုံးပြုရမည်ဖြစ်သည်။
သို့သော် ပေးဆောင်ရမည့် တန်ကြေးမှာလည်း အတော်မြင့်သည်။
မိမိ၏ အသက်ကို စတေးရမည်ပင်။
လော့ရန်ယွီက သက်ပြင်းတစ်ချက် ချလိုက်ရင်း။
“ မျိုးနွယ်တူအချင်းချင်း ဘာလို့များ စိတ်အလိုလိုက်ပြီး ရန်ဖြစ်ခဲ့ကြတာလဲ “
“ဘိုးဘေး !!”
မျိုးနွယ်စုနှစ်စုမှ လူများသည် ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးကြသည်။
ဤဖြစ်ရပ်အတွက် ။
သူတို့ အားလုံးမှာ တာဝန်ရှိသည်။
သို့သော် ဘိုးဘေးနှစ်ယောက်သည် အရာအားလုံးအတွက် တာဝန်ခံခဲ့သည် ….
နောက်ဆုံးတွင်၊ သူတို့ကိုယ်သူတို့ စတေးခြင်းဖြင့် ပြတ်တောက်သွားသော ချန်းကူနတ်ဘုရားမျိုးနွယ်စု၏ လမ်းကို ပြန်လည် ချိတ်ဆက်ပေးခဲ့သည် ။
ချန်း မျိုးနွယ်စု နှင့် ထျန်း မျိုးနွယ်စုမှ လူတိုင်း စိတ်ပျက်လက်ပျက်ဖြင့် အလွန်ပင် စိတ်ဓာတ်ကျဆင်းနေပုံရသည်။
စူးချန်ကဲက ဆိုလိုက်သည်။
“အားနည်းသူတွေသာလျှင် အတိတ်မှာ နစ်မြောပြီး ရှုံးနိမ့်မှုဆိုတဲ့ ချောက်ထဲကို ကျရောက်သွားလိမ့်မယ်”
“သန်မာသူတွေက အနာဂတ်ကိုသာ မျှော်ကြည့်ပြီး ဒဏ္ဍာရီအသစ်တွေကို ဖန်တီးတယ် “
စူးချန်ကဲသည် သူ့လက်ကို ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုး ပေါ်သို့ တင်လိုက်သည်။
သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသော ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အသွေးတို့သည် လုံးဝနိုးထလာပြီး ပွက်ပွက်ဆူလာသည်။
ဝီ!
တစ်ချိန်တည်းမှာပင်၊ ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးသည် စူးချန်ကဲနှင့် ပဲ့တင်ထပ်နေသကဲ့သို့ ဝင်းထိန်တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
စူးရှတောက်ပသော အလင်းရောင်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ဖြည်းဖြည်းချင်း ဝင်းလက်တောက်ပလာသည်။
သူ၏ စိတ်ဝိညာဉ်ဆန္ဒသည် အခြားကမ္ဘာသို့ရောက်သွားခဲ့ပုံရသည်။
စူးချန်ကဲ ဇဝေဇဝါဖြစ်နေစဉ် ၊
သူ၏ မျက်စိရှေ့၌ တုန်လှုပ်ချောက်ချားဖွယ် ကောင်းသော တိုက်ပွဲတစ်ခုကို မြင်လိုက်ရသည်။
ရုတ်တရက် ၊ သူ့ရှေ့က နေရာလပ်သည် တစ်ဖန် ပြောင်းလဲသွားပြန်သည်။
အရပ်ရှစ်မျက်နှာတစ်ခွင် ဟောက်သံများကို ကြားနေရသည်။
“ချန်းကျွင်လင်! မင်း သေချင်နေတာလား “
“ချန်းကျွင်လင် ! ဒီရှေးဟောင်း ကြယ်စုနယ်မြေက စွန့်ပစ်ခံထားရဲ့ မြေရိုင်းသာသာပဲ! အထင်မှားမနေနဲ့!”
“ချန်းကျွင်လင်! မောက်မာတဲ့ကောင် မင်းတစ်ယောက်အားနဲ့ ငါ့ရဲ့ သန်းနဲ့ချီတဲ့ တပ်ဖွဲ့ကြီးကို မင်း ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ!”
“ဟာသပဲ ၊ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား ကိုယ်ထည်ရှိတာနဲ့ပဲ ငါတို့ကို တားဆီးနိုင်မယ်လို့ ထင်နေတာလား !? သူ့ကို သတ်ကြစမ်း!!”
………
သို့သော် ထိုအချိန် ။
အေးစက်ပြီး ယုံကြည်ချက်ရှိသော အမျိုးသားတစ်ယောက်၏ အသံသည် အာကာသတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ချက်ချင်းပင်၊ မရေမတွက်နိုင်သော လှောင်ပြောင်ကဲ့ရဲ့သံများမှာ ရပ်တန့်သွားသည်။
“ငါ ချန်းကျွင်လင်!”
“ချန်းကူကြယ်ရဲ့ ဘိုးဘေးတစ်ယောက်အနေနဲ့ အားလုံးအတွက် ငြိမ်းချမ်းရေးကို ကာကွယ်ပေးရမယ်!”
“ တိုက် !”
ဝုန်း ! !
မိုးကြိုးအသံလှိုင်းများက တလိပ်လိပ် ရိုက်ခတ်ကာ မိုင်ပေါင်းများစွာ ပျံ့နှံ့သွားသည်။
ရှေ့ကပုံရိပ်များသည် တဖြည်းဖြည်း ရှင်းလင်းလာသည်နှင့် အမျှ ၊ မြင်ကွင်းထဲသို့ ဝင်ရောက်လာသောအရာမှာ အဆုံးမဲ့ကြယ်ပင်လယ်တစ်ခုပင် ဖြစ်သည်။
ဝုန်း ဝုန်း !!!
နတ်အလင်းနှင့် အမှောင်အလင်းတို့က အဆက်မပြတ် ပေါက်ကွဲလို့နေသည်။
တန်ခိုးကြီးမားသော ပုဂ္ဂိုလ်အချို့သည် ၎င်းတို့၏ လက်ကိုမြှောက်ကာ အဆုံးမရှိသော ဘေးဒုက္ခနတ်အလင်းများစွာကို ပစ်လွှတ်ခဲ့လေရာ ၊ ယင်းကြောင့် များစွာသော ကြယ်တံခွန်များ ကွဲအက်သွားခဲ့ရသည်။
ကောင်းကင်နှင့် နေကိုတောင် ဖုံးအုပ်ထားနိုင်သော ဓမ္မကာယကိုယ်ထည်ကြီးများသည် အချင်းချင်း တိုက်ခိုက်နေကြသည် ။ ဤတိုက်ခိုက်မှုကြီးသည် စကြာဝဠာအတွင်း အပျက်အစီးများစွာ ဖြစ်ပေါ်စေခဲ့သည်။
အဆုံးစွန်သော အမှောင်ရောင်ဝါများ ရှိသော လူလေးဦးသည် စူးရှ တောက်ပသော နတ်အလင်းများကို ဖြန့်ကျတ်ထားသော လူတစ်ဦးအား ဝိုင်းရံထားသည်။
၎င်းတို့သည် အပြန်အလှန် တိုက်ခိုက်ကာ ကြွေးကြော်နေကြသည်။
အမှောင်စွမ်းအားလေးခု၏ ဝိုင်းရံမှုအောက်တွင်၊ ထိုအနှီလူသည် အတော်လေး သန်မာပြီး ၎င်းတို့ကို အနိုင်ယူနိုင်ဆဲပင် ဖြစ်သည်။
“ နတ်ဘုရား ကြွမြန်ခြင်း!”
ရုတ်တရက် ၊
ထိုဟောက်သံနှင့်အတူ ၊
မှောင်မိုက်သော စကြဝဠာကြီး၏ အနက်ရှိုင်းတွင်၊ စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများ တဟုန်းဟုန်း တောက်လောင်လာခဲ့ပြီး ရောင်စုံအလင်းတန်းများစွာ ဖြန့်ကျတ်သွားလေသည်။
ရွှေဝါရောင် မီးလျှံများဖြင့် တောက်လောင်နေသော ကြီးကျယ်ခမ်းနားသော နတ်ဘုရားအသွင်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
၎င်းသည် စူးရှတောက်ပသော ရွှေလှံချောင်းကို ကိုင်ဆောင်ထားပြီး အမှောင်သခင်လေးပါးဆီသို့ တိုက်ရိုက် ပစ်ခွင်းလိုက်သည်။
တခဏအတွင်းမှာပင် ။
အဆုံးမရှိသော နတ်မီးလျှံများ ပေါက်ကွဲသွားခဲ့ပြီး အမှောင်ထုအားလုံးကို လောင်ကျွမ်းသွားစေခဲ့သည်။
“ ချန်းကူ ကောင်းကင်ဘုံတုန်ခါခြင်း!”
ကြယ်တာယာ ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားသော သွေးချီစွမ်းအားများသည် နေရာလပ်များမှ ထွက်ပေါ်လာသည်။
ချန်ကျွင်းလင်သည် သူ့ လက်ဝါးကို ဆန့်ထုတ်လိုက်သည်။
ကြီးမားပြီး အဆုံးမရှိသော သွေးချီစွမ်းအင်များသည် တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်ကာ ကောင်းကင်ထက်တွင် ကြီးကျယ်ခမ်းနားသော တောင်ထွပ်ကြီးတစ်ခုသဖွယ် တွဲလောင်းအနေအထားဖြင့် ရှိနေသည်။
၎င်းပေါ်တွင် ချန် ၊ ခွင် ၊ လီ ၊ ခန် စသည့် အဆုံးမရှိသော ရှေးအက္ခရာစာလုံးများ ရှိနေသည်။
မဟာလမ်းစဉ်၏ စွမ်းအားများ တဟုန်ထိုး ထိုးတတ်လာသည်နှင့် အကန့်အသတ်မဲ့ စကြဝဠာကြီးတစ်ခုလုံးကို လွှမ်းခြုံသွားကာ အဆုံးမရှိသော ရွှေဝါရောင်အလင်းတန်းများအဖြစ် အသွင်ပြောင်းလဲ၍ အမှောင်စွမ်းအားလေးခုထံသို့ ကျရောက်သွားသည်။
ကြယ်တာယာ ကောင်းကင်ကြီးကို မီးဖိုအဖြစ် အသုံးပြုကာ အရာအားလုံးကို ဖျက်ဆီးပစ်ပြီး ဒေဝလောကတစ်ခုလုံးကို သန့်စင်ပေးလိုက်သလိုပင်။
……..
ဤအရာအားလုံးကို သတိရှိစွာဖြင့် စောင့်ကြည့်နေသော စူးချန်ကဲပင်လျှင် တုန်လှုပ်ရသည် ။
“ဒါက… ပြီးပြည့်စုံတဲ့ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား ကိုယ်ထည်ဆိုတာလား…?”
စစ်သည်တစ်ပါးအဖြစ် ၊ ဒေဝလောကတစ်ခုလုံးကို အုပ်စိုးထားသော အာဏာရှင်တစ်ပါးအဖြစ် ၊ ထောင်ပေါင်းများစွာသော လမ်းစဉ်များကို ကြိုက်သလိုချယ်လှယ်ကာ နတ်ဘုရားအပေါင်းကို စိုးမိုးထားနိုင်သော ပုဂ္ဂိုလ်တစ်ယောက်အဖြစ် မွေးဖွားလာခဲ့သလိုပင်။
အရာအားလုံး ဗလာအဖြစ်သာ ကျန်ရှိတော့သည်။
စူးချန်ကဲ၏ နတ်အသိစိတ်သည် ဤကြယ်တာယာ စကြာဝဠာထဲတွင် တစ်ဖန် ထွက်ပေါ်လာပုံရသည်။
သို့သော် ဤတစ်ခေါက်တွင်၊ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။
မှိန်ဖျော့ဖျော့ အလင်းများကို ထုတ်လွှတ်နေသော ကြယ်အကြွင်းအကျန်များသည် စကြာဝဠာအနှံ့ ပြန့်ကျဲလျက်ရှိသည်။
သွေးစွန်းနေသော အလံ။
ကွဲအက်နေသော အမည်းရောင် အမှတ်အသားတံဆိပ် ။
ထို့အပြင် အနက်ရောင်သွေးများက ဤကြယ်တာယာ ကောင်းကင်ယံတွင် ပျံ့လွင့်လို့နေသည်။
အပျက်အစီးများဖြင့် စစ်မြေပြင်တွင် ၊
ချန်းကျွင်လင်၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ပေကျံနေသည်။ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ၊
သို့သော် နိမ့်ချေမြင့်ချေ ဖြစ်နေသော သူ၏ ရင်ဘက်ကို ကြည့်လျှင်ဖြင့် ၊ သူသည် ဒဏ်ရာအပြင်းအထန် ရထားသည်ကို သိနိုင်သည်။
ရွှေဝါရောင် သွေးများက သူ၏ လက်ချောင်းကြားထဲမှ စီးကျလာပြီး ကြယ်တာယာ ကောင်းကင်ယံ၏ အဆုံးမဲ့ အနက်ရှိုင်းဆုံး အပိုင်းထဲသို့ ကျဆင်းသွားတတ်သည်။ ချန်ကျွင်းလင်သည် တစ်နေရာတည်းကိုသာ ကြည့်နေသည်။
သူ၏အမြင်အာရုံထဲတွင်၊ စကြာဝဠာအတွင်း အပြာရောင်အလင်းတန်းများ ထွန်းလင်းတောက်ပနေသော ဂြိုဟ်ကြီးတစ်လုံး ရှိနေခဲ့သည်။
သူ့သက်တမ်းမှာ ကုန်ဆုံးတော့မည်မှန်း သူသိထားသည်။
ချန်းကျွင်လင်သည် သူ၏ နောက်ဆုံးခွန်အားဖြင့် ဆိုလိုက်သည်။
“ အနာဂတ်မှာ ပိုပြီးသန်မာတဲ့ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားကိုယ်ထည်ပိုင်ရှင် ဒီချန်းကူကြယ်စုထဲ ရောက်ရှိလာလိမ့်မယ်….”
“သူ့ရဲ့ဒဏ္ဍာရီက အိပ်စက်နေခဲ့တဲ့ မျိုးနွယ်အလံကို တစ်ဖန်ပြန်လည် နိုးထလာစေလိမ့်မယ်..ဘိုးဘေးကြယ်ရဲ့ ဘုန်းအသရေ …တစ်ဖန် ကျော်ကြားလာလိမ့်မယ် …ချန်းကူ ထာဝရတည်တံ့ပါစေ…”
၎င်း၏ နောက်ဆုံးခွန်အားလား မသိသော်လည်း ချန်းကျွင်လင်၏ ရောင်ဝါတို့သည် တစ်ဖန် မြင့်တတ်လာသည်။
ဤတစ်ခေါက်တွင် ။
သူသည် စူးချန်ကဲရှိရာဘက်သို့ လှည့်ကြည့်လာခဲ့သည်။
“ငါ့ရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းဖို့ မင်းကို ငါ အနှောင့်ယှက်ပေးရတော့မယ် …”
ထိုစကားသံအဆုံးတွင် ၊
ချန်းကျွင်လင်၏ အသွင်အပြင်သည် ရုတ်တရက် ကွဲအက်သွားပြီး တောက်ပသော ကြယ်ပွင့်များအဖြစ် ပြောင်းလဲကာ စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
“ မဟုတ်မှလွဲရော… စောနက ပုံရိပ်က သူ့ရဲ့ ကျန်ရှိနေသေးတဲ့ အလိုဆန္ဒကို သရုပ်ဖော်ထားတာလား….?”
တစ်ချိန်တည်းမှာပင်၊ သူ၏ ရှေးကောင်းကင်ဘုံ အာဏာရှင် နတ်ဘုရား၏ အသွေးတို့သည် လုံးဝ နိုးထလာသည်ကို ခံစားလိုက်ရသည်။
သူ၏ မှတ်ညဏ်ထဲ၌ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား ကိုယ်ထည်နှင့် သက်ဆိုင်သော မှော်အတတ်များ ထွက်ပေါ်လာသည်။
နတ်ဘုရားကြွမြန်းကာ ၊ ချန်းကူ သည် ကောင်းကင်ဘုံကို တုန်ခါစေမည်!
ဝုန်း !
သူ၏ ဘေးပတ်ပတ်လည်တွင် ကြီးမားပြီး ကြီးကျယ်ခမ်းနားသော ရှေးဟောင်း တန်ခိုးစွမ်းအားတစ်ခု ဖြစ်တည်လာခဲ့ပြီး မဟာလမ်းစဉ်၏ အမှတ်အသားများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
၎င်းတို့သည် ရွှေရောင်ခြည်ပင်လယ်ပြင် အဖြစ်သို့ ပြောင်းလဲသွားသည့်အထိ အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားခဲ့သည်။
ဤစွမ်းအား၏အောက်တွင် ၊ အမှောင်ထုသည် လွင့်ထွက်သွားပြီး အအေးဓာတ်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။
ရောင်ခြည်အလင်းသည် ကြယ်တာယာကောင်းကင်ကြီးကို လင်းထိန်သွားစေသည်။
သိပ်မဝေးတော့မည့် အနာဂတ်တွင် ဖြစ်လာမည်ဟု ယုံကြည်ရပေသည်။
ချန်းကူကြယ်၏ ဘုန်းအသရေသည် အကန့်အသတ်မဲ့ စကြာဝဠာတွင် တစ်ဖန် ပြန်လည်၍ တောက်ပလာလိမ့်မည်ပင်။
…….
အပြင်တွင် ။
စူးချန်ကဲ ဘာကိုမြင်ခဲ့သည်ကို မည်သူမှ မသိနိုင်ပေ။
သူတို့မျက်လုံးထဲတွင် ၊
စူးချန်ကဲသည် ထျန်းရန် အာဏာရှင်နတ်ဘုရား သုံးချောင်းထောက်အိုးကို ထိပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး ရုတ်ချည်းဆိုသလို လင်းလက်သွားသည်ကို မြင်လိုက်ရသည်။
ထို့နောက် စူးချန်ကဲ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
၎င်းသည် ထူထပ်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၊ တောက်လောင်နေသော အလင်းများက အဆုံးမရှိသော ရွှေအိုရောင် မှော်သင်္ကေတများကို လှုံ့ဆော်ပေးခဲ့လေသည်။
ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ အလွန်အမင်း ကြွယ်ဝသော ရောင်ဝါတို့သည် ဂုဏ်သတ္တိတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ချန်း မျိုးနွယ်ဝင်များ နှင့် ထျန်း မျိုးနွယ်ဝင်တိုင်း ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးချီစွမ်းအားများသည် ၎င်းအရာနှင့် ပဲ့တင်ထပ်ကာ တဖြည်းဖြည်း သန့်စင်လာသည်။
မျိုးနွယ်စုနှစ်စု၏ နှလုံးသားများကို ဖုံးအုပ်ထားခဲ့သော ဇဝေဇဝါဖြစ်မှုများသည် ထိုမြင်ကွင်းနှင့်အတူ ဒီရေအလား ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
လူတိုင်း၏ မျက်လုံးထဲတွင် ၊ နတ်အလင်းများဖြင့် တစ်ကိုယ်လုံး ဝင်းထိန်တောက်ပနေသည့် စူးချန်ကဲကို မြင်လိုက်ရသည်။
“ ချန်းကူ ထာဝရတည်တံ့ပါစေ !”
…….
ချန်းကူကြယ် ။
ဤရှေးဟောင်း ကြယ်နယ်မြေတွင် ကံအကောင်းဆုံး ဂြိုဟ်တစ်လုံး ဖြစ်သည်။
ယုတ္တိကျကျဆိုရလျှင်ဖြင့် ၊ ဤနေရာအတွက် တိုက်ပွဲဝင်ကြမည့် ပါရမီရှင်များစွာ ရှိသင့်သော်လည်း သို့သော် နောက်ဆုံးတွင် စူးချန်ကဲ ၊ လော့ရန်ယွီ နှင့် ထျန်းလုံ ဝူရှန်းမှလွဲ၍ ၊
မည်သူမှ ရောက်ရှိမလာသည်မှာ အံ့ဩစရာကောင်းပေသည်။
အကြောင်းပြချက်မှာ ရိုးရှင်းသည်။
ထျန်းလုံ ဝူရှန်း၏ ကြွေလွှင့်မှုသည် ဧကရာဇ်လျှောက်လှမ်းတွင် မုန်တိုင်းတစ်ခုသဖွယ် တိုက်ခတ်သွားခဲ့သည်။
ဧကရာဇ်လျှောက်လှမ်း စာရင်း၏ ထိပ်တန်းဝင် ဆယ်ယောက်ထဲက တစ်ယောက်သည် ခွေးတစ်ကောင်လိုမျိုး သတ်ဖြတ်ခံခဲ့ရသည်။ ထို့အပြင် ရှေးနဂါးမျိုးနွယ်စုသည် လက်တုံ့ပြန်ခြင်း မပြုရုံသာမက၊ ကွေးယွမ် သူတော်စင် နယ်မြေ မှ လူများကိုလည်း နောက်တစ်ကြိမ် မတိုက်ခိုက်ဝံ့ခဲ့ပေ။
သေချာတွေးကြည့်ရုံဖြင့် ထိုကဲ့သို့သော အဆုံးသတ်မှာ အတော်လေး ကြောက်စရာကောင်းပေသည် ။
ထို့ကြောင့်၊ ချန်းကူကြယ် ဖြစ်ရပ်အပြီး ၊ မည်သူမျှ ခြေမချရဲကြပေ။
သို့သော် တခြားကြယ်စုများတွင် တိုက်ပွဲများက အမြဲမပျက် ရှိနေခဲ့ပြီး ၊ နတ်အလင်းများက ကြယ်တာယာ ကောင်းကင်တစ်ခွင် ဖြန့်ကျတ်လျက် တစ်ခုပြီးတစ်ခု လင်းလက်တောက်ပနေသည်။
အဘယ်ကြောင့်ဆိုသော် ဧကရာဇ်လျှောက်လှမ်း၏ တတိယအဆင့်မှ အဋ္ဌမအဆင့်သည် ပါရမီရှင်များအနေဖြင့် ၊ မိမိတို့ ပိုမိုအားကောင်းလာစေရန် ခွန်အားများကို စုဆောင်းနိုင်သည့် အခွင့်အလမ်းများ ရှိသောကြောင့် ဖြစ်သည်။
ထို့ကြောင့် အချို့သောသူတို့သည် စတုတ္ထ အဆင့် သို့မဟုတ် ပဉ္စမအဆင့်သို့ ခုန်ပျံတတ်လှမ်းသွားကြသည်။
တစ်ချိန်တည်းမှာပင်။
ပဉ္စမမြောက်အဆင့် ၊
ဓားစွမ်းအင် မဟာတံတိုင်းကြီး။
ဓားသင်္ကေတများ ထွင်းထုထားသော ဧရာမ တံတိုင်းကြီးအောက်တွင် ကျန်းဝမ့်ချင်သည် တင်ပျဉ်ခွေထိုင်နေပြီး ညဏ်အလင်းနယ်ပယ်ထဲသို့ ကျရောက်နေသည်။
နံရံတွင် ရေးထွင်းထားသော သင်္ကေတများက တောက်လောင်နေသော ဓားစွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ သူ့ခန္ဓာကိုယ်ထဲသို့ စဉ်ဆက်မပြတ် ဝင်ရောက်ကာ ပေါင်းစပ်နေသည်။
ဝုန်း !
ရုတ်တရက် ကောင်းကင်ကြီး တစ်ခုလုံး တုန်ခါသွားပြီး တိမ်အစုအဝေးများ ပြိုကွဲသွားသည်။
ကြီးမားသောတောင်ပံကြီးသည် တိမ်ပင်လယ်ကို ဖြတ်ကျော်ကာ တဖြည်းဖြည်း ဆင်းသက်လာသည်။
ပြင်းထန်သော ရောင်ဝါရှိသော လူငယ်တစ်ဦး ရုတ်တရက် ထွက်ပေါ်လာသည်။ သူ့တစ်ကိုယ်လုံး တောက်ပသော အလင်းတန်းများဖြင့် ရောယှက်နေပြီး ဖြန့်ကျတ်ထားသော ၎င်း၏ ရောင်ဝါသည် စကြဝဠာကြီး တစ်ခုလုံးကိုတောင် ချုပ်ကိုင်နိုင်စွမ်း ရှိပုံရသည်။
သူသည် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ ပင်မ သွေးကြော ခုနစ်ခုအနက်မှ တစ်ခုဖြစ်ပြီး၊ ထိုက်ရွှီ ခွင်းဖိန် မျိုးနွယ်စုမှ ဆင်းသက်လာသူ ခွင်းဖိန် ရှန်ကျွင်း ဖြစ်သည်။
“ ဧကရာဇ်လျှောက်လှမ်းရဲ့ ပဉ္စမအဆင့်၊ ဓားစွမ်းအင် မဟာတံတိုင်း၊ ကိုးကွေ့ဆယ်ရပ် ဓားဖွဲ့စည်းပုံရဲ့ ဗဟိုက ဒီနေရာပဲ “
“ စူးချန်ကဲ အဲ့ကောင်က ဓားလမ်းစဉ်မှာ ဒီလောက်ထိ ထူးချွန်တာ …သေချာပေါက် ဒီကိုလာလိမ့်မယ် .. အဲ့အချိန်ရောက်တာနဲ့ ဒီဓားအစီအရင်ကို အသုံးပြုလိုက်ရုံပဲ…”
ခွင်းဖိန် ရှန်ကျွင်းသည် ဧကရာဇ်လျှောက်လှမ်း၏ တတိယအဆင့်နှင့် စတုတ္ထအဆင့်တွင် မပါဝင်ဘဲ ဤနေရာသို့ အလျင်မြန်ဆုံး ရောက်ရှိလာခဲ့သည်။
အကောင်းဆုံး အခွင့်အရေးများကို လက်လွတ်ခဲ့ရသော်လည်း ၊ သို့သော် စူးချန်ကဲဆိုသည့် အတားအဆီးကို ဖျက်စီးနိုင်သရွေ့ သူတို့ မကောင်းဆိုးဝါး မျိုးနွယ်စု၏ အနာဂတ်သည် ချောမွေ့ပေတော့မည်။
ခွင်းဖိန် ရှန်ကျွင်းတစ်ယောက် စိတ်ကူးယဉ်ကောင်းတုန်း ၊
အေးစက်သော ယောက်ျားအသံ ထွက်ပေါ်လာခဲ့သည်။
“ စူးချန်ကဲက ငါ ကျန်းမျိုးနွယ် သတ်မှတ်ထားတဲ့ ပြိုင်ဘက်ပဲ”
“မင်းတို့ကောင်တွေက ငါ့ရဲ့ အပြင်းထန်ဆုံး ရန်သူကို ဒီနည်းနဲ့ ဒုက္ခပေးဖို့ကြံစည်ထားရင် “
“ဒါဆို ဒီနေ့ ငါ ကျန်းမျိုးနွယ် မင်းကိုသတ်မယ်!”
ထိုစကားသံအဆုံးတွင်
ဓားတံတိုင်းကြီး၏ အောက်ဘက်မှ ဓားအလင်းတန်းတစ်ခုသည် ချက်ချင်းဆိုသလို ကောင်းကင်သို့ ပျံတက်သွားသည်။
တုနှိုင်းမရသော ဖိနှိပ်စွမ်းအားများကို သယ်ဆောင်ကာ ကောင်းကင်သို့ တည့်တည့် ပစ်ခွင်းသွားပြီး ခွင်းဖိန် ရှန်ကျွင်းဆီသို့ တိုက်ရိုက်ကျရောက်သွားသည်။
အပိုင်း(၄၀၉): ဓားစွမ်းအင် မဟာတံတိုင်း၏ လျှို့ဝှက်ချက်
“ သေချင်နေတာလား ၊ ငါ့ကိုများ တိုက်ခိုက်ရဲတယ်!”
ခွင်းဖိန် ရှန်ကျွင်း၏တုံ့ပြန်မှုမှာလည်း မနှေးကွေးပေ။
ဓားအလင်း ထွက်ပေါ်လာသည့် အခိုက်မှာတင် သူသည် တုံ့ပြန်ပြီး ဖြစ်သည်။
သူ့နောက်ကျောပေါ်က အတောင်ပံများသည် တောက်ပသွားပြီး ဝေဟင်ပေါ်သို့ ပျံတတ်သွားသည်။
သူ၏ လက်ဝါးဖြင့် တုံ့ပြန်တိုက်ခိုက်လိုက်သည့် အခိုက်တွင် ၊ ခွင်းဖိန် ရှန်ကျွင်း၏ အသွင်အပြင်သည် ရုတ်ချည်း ထွက်ပေါ်လာသည်။
ဝုန်း !
တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက်ဆုံတွေ့ခဲ့လေရာ ၊ ကြောက်မက်ဖွယ်ရာကောင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
တဟုန်းဟုန်း တောက်လောင်နေသော ဓားစွမ်းအင်နှင့် ရွှေရောင်အလင်းများသည် အဆုံးမရှိသော လှိုင်းတံပိုးများကို ဖန်တီးခဲ့ပြီး ကောင်းကင်ကြီးကို ဖြည်းညှင်းစွာ အက်ကွဲပြိုကျစေသည့်အထိပင်။
“ ကျန်းဝမ့်ချင်! မင်းရူးနေလား?”
ခွင်းဖိန် ရှန်ကျွင်းက ဒေါသတကြီးဟောက်လိုက်သည်။
“ ငါတို့ မင်းနဲ့ ရန်ငြိုးမရှိပါလျှက်နဲ့ မင်း ဘာလို့တိုက်ခိုက်လိုက်တာလဲ!”
သို့သော်။
ကျန်းဝမ့်ချင်သည် တစ်ဖက်လူ၏ စကားများကို အာရုံစိုက်ရန် ပျင်းလွန်းသည်။
“ဓားစွမ်းအင်မဟာတံတိုင်း က မင်းတို့လို ယုတ်ညံ့တဲ့ကောင်တွေရဲ့ စော်ကားမှုကို သည်းမခံဘူး!”
ဓားစွမ်းအင် မဟာတံတိုင်း၊ ဤကမ္ဘာသည် တစ်ချိန်က လူသားမျိုးနွယ်အနေဖြင့် အမှောင်ထု မိစ္ဆာများကို ခုခံကာကွယ်သော နေရာတစ်ခုဖြစ်ခဲ့သည်။
မရေမတွက်နိုင်သော ဓားသမားများသည် သာယာဝပြောသောကမ္ဘာကြီး၏ ငြိမ်းချမ်းရေးကို ကာကွယ်ရန် မိမိကိုယ်ကို ဓားအဖြစ် စတေးကာ မရေမတွက်နိုင်သော မိစ္ဆာများကို သတ်ဖြတ်ခဲ့ကြသည်။
ကိုးကွေ့ဆယ်ရပ် ဓားဖွဲ့စည်းမှုသည် ဓားစွမ်းအင်မဟာတံတိုင်းမှ ကျန်ရှိနေခဲ့သည့် အားကောင်းသော သတ်ဖြတ်ခြင်း ဓားအစီအရင် တစ်ခုဖြစ်သည်။
ထိုသို့သော ဓားဖွဲ့စည်းပုံသည် ထိုခေတ်က မိစ္ဆာများအတွက် အဆိုးဆုံး ဖြစ်ခဲ့သော်လည်း၊ သို့သော် ဤမကောင်းဆိုးဝါး အုပ်စုသည် စူးချန်ကဲကို ကိုင်တွယ်ရန် ၎င်းကိုအသုံးပြုရန် ကြံစည်နေကြသည်။
ဤသည်မှာ စက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်တစ်ခုသာမက ဓားစွမ်းအင် မဟာတံတိုင်းကိုလည်း စော်ကားလိုက်သလိုပင် ။
“ဓား လာစမ်း!”
ချွင်—!!
နဂါးဟောက်သံကဲ့သို့ ဓားသွားသံတစ်ခု ထွက်ပေါ်လာပြီး ၊ အဖြူထည်နှင့် ပတ်ထားသော ဓားရှည်သည် ချက်ချင်းလက်ငင်း နိုးထလာခဲ့သည်။
တန်ခိုးကြီးမားသော ဓားစွမ်းအင်သည် သူ့အားပတ်ထားသော အဖြူထည်ကို အစိတ်စိတ်အမြွှာမြွှာ ခုတ်ထွင်းပစ်ခဲ့ပြီး ၊ အေးစက်မှုနှင့်အတူ တောက်ပနေသော အလျားသုံးပေရှိသည့် အပြာရောင်ဓားတစ်လက် ထွက်ပေါ်လာခဲ့သည်။
ထိုက်ရှန့်ဝမ့်ချင်သည် ဓားအိမ်မှ ထွက်လာခဲ့ချေပြီ ။
( ထိုက်ရှန့်ဝမ့်ချင် - ဓားအမည် )
ကျန်းဝမ့်ချင်သည် ဓားကိုဆုပ်ကိုင်လိုက်ပြီး သူ့လက်ကောက်ဝတ်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဓားမှော်သင်္ကေတများက သူ၏ ဘေးပတ်ပတ်လည်တွင် တလိပ်လိပ် ရိုက်ခတ်ကာ ထွက်ပေါ်လာသည်။
တခဏချင်းမှာပင် ၊ စူးရှတောက်ပသော ဓားအလင်းတန်းသည် ခွင်းဖိန် ရှန်ကျွင်းကို ခုတ်ပိုင်းလိုက်သည်။
ရွှမ်း! !
စူးရှထက်မြက်သော ဓားအလင်းအောက်တွင် ၊ ဓားစွမ်းအင် မဟာတံတိုင်းတစ်ဝိုက်တွင် ရိုက်နှိပ်ထားသော ဓားသင်္ကေတများက သက်ဝင်လှုပ်ရှားလာခဲ့သည်။
နေကို မှီခိုထားသော အဆုံးမဲ့ ကြယ်အလင်းများကဲ့သို့ ကောင်းကင်တစ်ခုလုံးကို ဓားစကြဝဠာကြီးအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။
“ -ီးပဲ ! အစီအစဥ်မစခင် ဒီအရူးနဲ့ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး!”
ယခု ကျန်းဝမ့်ချင်သည် ဧကရာဇ်လျှောက်လှမ်းတွင် နာမည်ကြီးနေသည်။
ဧကရာဇ်လျှောက်လှမ်းစာရင်းတွင် ၊ သူသည် တတိယအဆင့်ရှိသူဖြစ်ရုံသာမက သူ၏ ပင်ကိုယ်စရိုက်မှာလည်း အလွန်ထူးဆန်းသည်။ သူသည် ဘာကိုမှ လိုချင်တပ်မက်စိတ် မရှိသော်လည်း ဓားများကိုတော့ အထူးနှစ်သက်သည်။
သို့ရာတွင်၊ သူသည် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ ပင်မအဆက်အနွယ် ခုနစ်ဆက်အနက်မှ တစ်ဦးဖြစ်သည်။
ခွင်းဖိန် ရှန်ကျွင်းသည် သန့်စင်သော ခွင်းဖိန်ကိုယ်ထည်ကို ပိုင်ဆိုင်ထားရုံသာမက ၊ သူ ထိန်းချုပ်နိုင်သော ဧကရာဇ်အလိုဆန္ဒသည် ကျန်းဝမ့်ချင်နှင့် သိပ်မကွာပေ။
သဘောတူညီမှု မရနိုင်မှန်းသိလိုက်ပြီးနောက်တွင် သူ၏ကိုယ်ပိုင် မှော်စွမ်းအားများကို အသက်သွင်းကာ ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။
ဝုန်း ! !
အဆုံးမရှိသော ဓားစွမ်းအင်ပင်လယ်နှင့် ကောင်းကင်ကြီးကိုတောင် ဖုံးလွှမ်းထားနိုင်သော ဧရာမ ခွင်းဖိန်၏ အရိပ်သည် ဓားစွမ်းအင် မဟာတံတိုင်းပေါ်တွင် စဉ်ဆက်မပြတ် တိုက်ခိုက်နေကြသည်။
၎င်းတို့၏ တိုက်ခိုက်မှုသည် ဓားစွမ်းအင် မဟာမဟာတံတိုင်းအပြင်ဘက်ရှိ တောင်တန်းများကို ပြိုကျစေကာ မြေကြီးများ အက်ကွဲလျက် မီးတောင်များကို လှုပ်ခါသွားစေသည့်အထိ ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။
……
အဝေးတစ်နေရာတွင် ၊
စတုတ္ထအဆင့်ကို ကျော်ကာ ပဉ္စမအဆင့်ကို အခွင့်ကောင်းယူလိုသော ပါရမီရှင်များစွာတို့သည်လည်း ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲ၏ နောက်ဆက်တွဲရလဒ်ကြောင့် တုန်လှုပ်သွားကြသည်။
“ ဒါ ဘာတွေဖြစ်နေတာလဲ… စူးချန်ကဲ ပဉ္စမအဆင့်ကို ရောက်လာတာများလား ၊ သူက တတိယအဆင့်မှာ မဟုတ်ဘူးလား?”
ပါရမီရှင် တစ်ယောက် က ညည်းတွားလိုက်သည်။ သူ၏ မျက်နှာမှာ အလွန် ဖြူဖျော့နေပြီး ထိတ်လန့်နေပုံရသည်။
စူးချန်ကဲသည် ယခုအခါတွင် အလွန်ကျော်ကြားနေသည်။ စူးချန်ကဲနှင့် တွေ့ခဲ့ပါက သူတို့အတွက် အခွင့်အရေးရှိလိမ့်မည် မဟုတ်ချေ။
ယခု သူသည် စတုတ္ထအဆင့်ကို ကျော်လွှားကာ ပဉ္စမအဆင့်ကို တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
ဒါပေမဲ့ စူးချန်ကဲနဲ့ တကယ်ကြီး တွေ့နေရပြီလား!?
တပည့်များစွာသည် စူးချန်ကဲကို တားမြစ်ချက်တစ်ခုအဖြစ် ယူဆထားကြပြီး ၊ အမှန်တရားကိုတောင် မရှာဖွေတော့ဘဲ ဤနေရာကနေ ချက်ချင်း ထွက်ပြေးကြတော့သည် ။
အဝေးတစ်နေရာရှိ တောင်ထိပ်တစ်ခုတွင် လက်ကိုနောက်ပစ်လျက် အေးအေးလူလူ ရပ်နေသော လူတစ်ဦးရှိနေသည်။
တိုက်ခတ်လာသောလေပြင်းသည် သူ့အား ထိမိလိုက်သည့် အခိုက်အတန်တွင် လေညင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ကမ္ဘာကြီးထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
“အိုင်း ၊ ဒီနှစ်ယောက် ဘာတွေ ရန်ဖြစ်နေကြလဲ မသိဘူး”
“အရင်တုန်းက ဓားစွမ်းအင် မဟာတံတိုင်းကို သွားပြီး ရတနာသွားတူးမယ်လို့ စဉ်းစားထားတာ ၊ သူတို့က ဒီလိုတိုက်ခိုက်နေကြတော့ ဘယ်လိုတူးရတော့မတုန်း “
စကားပြောဆိုသူမှာ ဧကရာဇ်လျှောက်လှမ်း စာရင်းတွင် ဒုတိယအဆင့်ရှိသော ပုကျုံတောင်မှ ဆင်းသက်လာသူ ထျန်းရှင် ဖြစ်သည်။
(T/N - စာရေးဆရာက အရင်က ထျန်းကျုံတောင် ရေးပြီး ၊ ခု ပုကျုံတောင် ဖြစ်သွားပြီ )
သူ့လက်ထဲတွင် တောက်ပနေသော ကြေးဝါအိမ်မြှောင်တစ်ခုကို ကိုင်ဆောင်ထားသည်။
သံလိုက်စက်ကွင်းအတွင်း တစ်စုံတစ်ခု၏ ဝင်ရောက်မှုကို ခံစားမိနေသကဲ့သို့ သံလိုက်အိမ်မြှောင်၏ ညွှန်တံသည် မရပ်မနား လည်ပတ်နေသည်။
ထိုကြေးဝါအိမ်မြှောင်ကို ချန်းခွင် ရတနာရှာအိမ်မြှောင် ဟု ခေါ်သည်။ ထိုအရာသည် သူအပြင်တွင် လေ့ကျင့်နေတုန်းက မတော်တဆ ရရှိခဲ့ခြင်းဖြစ်သည်။
၎င်းသည် ကံကောင်းခြင်း၏ ခြေရာကို ဖမ်းယူနိုင်ပြီး လျို့ဝှက် ပရဒိသုများနှင့် မြေအောက်တွင် မြှုပ်နှံထားသော သင်္ချိုင်းများကို ရှာတွေ့အောင် ကူညီပေးနိုင်သည်။
ထျန်းရှင်သည် ဤအိမ်မြှောင်ဖြင့် ထူးဆန်းသော ရတနာများစွာကို စုဆောင်းနိုင်ခဲ့သောကြောင့် လက်ရှိ အောင်မြင်မှုများကို ရရှိခဲ့သည်။
“ ချန်းခွင် ရတနာရှာအိမ်မြှောင်က ပြတဲ့ အချက်အလက်တွေအရ… ဒီဓားစွမ်းအင် မဟာတံတိုင်းအောက်မှာ မယုံနိုင်စရာကောင်းတဲ့ အရာတွေ မြှုပ်နှံထားတာပဲ…”
“ ဒီအတိုင်း ဆက်ပြီး တိုက်နေရင် …တဖက်လူရဲ့ ဝိညာဉ်ကို နှိုးလိုက်သလို ဖြစ်သွားလိမ့်မယ် …အဲ့လိုသာဆိုသွားပြီ “
သူသည် ဤဧကရာဇ်လျှောက်လမ်းရှိ ကမ္ဘာထဲသို့ ဝင်ရောက်လာပြီးနောက် ဤကမ္ဘာ၏ အပျက်အစီးများမှတဆင့် ရှေးဟောင်းလျှို့ဝှက်ချက်အချို့ကို သိရှိခဲ့သည်။
ဓားစွမ်းအင် မဟာတံတိုင်းကြီး၏ ဓားသမားအများအပြားကြောင့် သုတ်သင်ခံခဲ့ရသော အမှောင်သားရဲများမှာ လုံး၀ ပျက်စီးမသွားခဲ့ချေ။
ကျန်ရှိနေသော ဝိညာဉ်များကို ချုပ်နှောင်ထားဆဲပင် ဖြစ်သည်။ အကယ်၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေဦးမည်ဆိုပါက ၊ သားရဲများ၏ ဝိညာဉ်များသည် နိုးကြားလာမည် ဖြစ်သည်။ထိုအချိန်တွင် ဧကရာဇ်လျှောက်လှမ်းကမ္ဘာကြီးသည် တခဏအတွင်း အမှောင်ထု၏ သုတ်သင်ခံလိုက်ရမည်ကို သူ ကြောက်မိပေသည်။
………
တစ်ချိန်တည်းမှာပင်။
ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား၏ ပြီးပြည့်စုံသော အသွေးအသားကို ရရှိပြီးနောက် စူးချန်ကဲ၏ ကျင့်ကြံမှုသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် စတုတ္ထမြောက်အဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။
သူသည် ကျင့်ကြံမှုရင်းမြစ်များစွာကို ချန်း မျိုးနွယ်စု နှင့် ထျန်း မျိုးနွယ်စုတို့အတွက် ထားရှိပေးခဲ့သည်။
စူးချန်ကဲနှင့် လော့ရန်ယွီသည် လူတိုင်းကို နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့သည်။
သူတို့ကို အဘယ့်ကြောင့် ခေါ်ဆောင်၍မရသည်မှာ ဧကရာဇ်လျှောက်လှမ်း၏ ဖိနှိပ်မှုနိယာမစည်းမျဉ်းကြောင့် ဖြစ်သည်။ သူတို့သည် ချန်းကူကြယ်ကို စွန့်ခွာ၍မရချေ။
စူးချန်ကဲသည် သူ၏လမ်းစဉ်ကို သက်သေပြကာ ကံကြမ္မာ၏ မဟာဧကရာဇ်မင်း တစ်ပါး ဖြစ်လာမှသာလျှင် အနှိုင်းမဲ့ ဖြစ်တည်မှု ဧကရာဇ်နိယာမ မှော်စွမ်းအားတို့ဖြင့် ဤကမ္ဘာကို ဧကရာဇ်လျှောက်လှမ်းထဲမှ ခွဲထုတ်နိုင်မည် ဖြစ်သည်။
ချန်း မျိုးနွယ်စု နှင့် ထျန်း မျိုးနွယ်စုမှ လူအများအပြားသည် ယခင်ဖြစ်ရပ်များအပြီးတွင် စူးချန်ကဲသည် ၎င်းတို့ ချန်းကူနတ်ဘုရား မျိုးနွယ်စု၏ ခေါင်းဆောင်အသစ် ဖြစ်သည်ဟု လက်ခံယူဆထားကြသည်။
သူ၏ ဦးဆောင်မှုအောက်တွင် ၊ ချန်းကူကြယ်သည် ရှေးဟောင်းကြယ်နယ်မြေတွင် တစ်ဖန် ထွက်ပေါ်လာပေမည်။
“အဲ့တော့ မင်း ငါနဲ့ အတူလိုက်ခဲ့မှာလား?”
ကြယ်တာယာ ကောင်းကင်ထက်တွင် စူးချန်ကဲက လော့ရန်ယွီအား ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။
“ငါ့နောက်ကို လိုက်ခဲ့၊ မင်း အေးဆေးအိပ်နေရုံပဲ “
ထိုစကားကို ကြားပြီးနောက် ၊
လော့ရန်ယွီတစ်ယောက် မျက်ဖြူလှန်ပြလေသည်။
စူးချန်ကဲသာ အစောကတည်းက ဒီလိုစကားမျိူး ထွက်ခဲ့ရင် ၊ သူမ အရင်ကတည်းက လှဲအိပ်နေလောက်ပြီ !
သို့သော် သူမသည် စူးချန်ကဲနှင့်အတူ မဟာလမ်းစဉ်၏ အထွတ်အထိပ်ထိ အဖော်ပြုပေးမည်ဟု ကတိပြုထားသည်။
အကယ်၍ သဘောတူလိုက်ရင် ၊ ကတိ ဖောက်ဖျက်ရာ ကျပေမည်။
သူမကိုယ်တိုင်လည်း ထိပ်တန်း အရည်အချင်းရှိသူတစ်ဦးဖြစ်သောကြောင့် အလှကြည့်ပန်းအိုး မဖြစ်ချင်ခဲ့ပေ။
“ဟွန်း!”
လော့ရန်ယွီသည် လက်ပိုက်ကာ ဂုဏ်ယူစွာဖြင့် ဆိုလိုက်သည်။
“မာနကြီးမနေနဲ့ ၊ ဒီတစ်ခေါက် ကံကြမ္မာ မဟာဧကရာဇ်မင်း ဖြစ်လာမယ့်သူက ကျွန်မလည်း ဖြစ်နိုင်တာပဲ”
“ကျွန်မ အနှိုင်းမဲ့ ဧကရီတစ်ပါးဖြစ်လာပြီး၊ ရှင်က ကျွန်မဘေးနား လှဲအိပ်နေတဲ့ ကောင်ချောလေးတစ်ယောက် ဖြစ်ချင်လည်းဖြစ်သွားမှာပေါ့ “
ထိုသို့ပြောပြီးနောက် ၊ လော့ရန်ယွီသည် စူးချန်ကဲအား ပြန်လည်ချေပရန် အခွင့်မပေးဘဲ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အခြားကြယ်တစ်ပွင့် တစ်ခုဆီသို့ ဝင်ရောက်သွားလေသည်။
တကယ်လို့များ စူးချန်ကဲ ဒေါသထွက်သွားရင်ဖြင့် ၊ သူမသည်လည်း သူ့ကို အနိုင်မတိုက်နိုင်ချေ။
လော့ရန်ယွီ၏ ကျောပြင်ကို ငေးကြည့်ရင်း စူးချန်ကဲသည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
“ တကယ်ကို အရူးမလေးပဲ “
အပိုင်း(၄၁၀): ဓားစွမ်းအင် မဟာတံတိုင်းမှ မုန်တိုင်းဂယက်
ခဏအကြာတွင် ၊
စူးချန်ကဲသည် လေးလေးနက်နက် တွေးခေါ်နေသည်။
သူ့တွင် ရွေးချယ်စရာ နှစ်ခုရှိသည်။
ပထမ အနေဖြင့် ၊ ဧကရာဇ်လျှောက်လှမ်း၏ စတုတ္ထအဆင့်သို့ ဆက်လက်ချီတတ်၍ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်မည်။
ဒုတိယအနေဖြင့် ၊ သူသည် ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့်သို့ တိုက်ရိုက်တတ်လှမ်းမည်။ ထိုသို့ဆောင်ရွက်ပါက သူသည် ဧကရာဇ်လျှောက်လှမ်း စတုတ္ထအဆင့်တွင် ရှိနေသော အခွင့်အရေးများကို ဆုံးရှုံးရပေလိမ့်မည်။
“အခု ငါက ချန်းကူကြယ်မှာ ကြီးမားတဲ့ အခွင့်အရေးကို ရခဲ့ပြီ ၊ လီဟောက်ထျန်းရဲ့ အသံထုတ်လွှင့်မှုအရ ဧကရာဇ်လျှောက်လှမ်း စတုတ္ထအဆင့်မှာ ရှေးဟောင်းဉာဏ်အလင်းရေကန် ထွက်ပေါ်လာတယ်ဆိုပဲ”
“အခု ငါက ကျင့်ကြံမှုနောက်တစ်ဆင့်ကို တတ်လှမ်းသွားခဲ့ပြီ ဆိုတော့ ဉာဏ်အလင်းရေကန်ကို ရောက်သွားရင် မဟာလမ်းစဉ်ရဲ့ တုံ့ပြန်မှုတွေက ကန့်သတ်မှုတွေ ရှိလာလိမ့်မယ်လို့ ငါ ထင်တယ် “
“ ဧကရာဇ်လျှောက်လှမ်းရဲ့ ပဉ္စမအဆင့်က ဓားစွမ်းအင် မဟာတံတိုင်းပဲ ၊ အခြားတပည့်တွေ ပေးပို့ထားတဲ့ အချက်အလက်အရ အဲ့နေရာမှာ မကောင်းဆိုးဝါးမျိုးနွယ်စုတွေ စုဝေးနေကြတယ်ဆိုပဲ “
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ဤသည်မှာ မကောင်းဆိုးဝါးမျိုးနွယ်စုများကို သုတ်သင်ရန် အခွင့်ကောင်း မဟုတ်ပေလော။
စူးချန်ကဲသည် သူ၏ ကျင့်ကြံစွမ်းအားကို အသက်သွင်းကာ ထိုနေရာဆီသို့ ဦးတည်ကာ ဝင်ရောက်သွားခဲ့သည်။
စူးချန်ကဲ ထွက်သွားပြီး မကြာခင်မှာပဲ ၊
ဤကြယ်တာယာ နယ်မြေ၌ အနည်းငယ် လှိုင်းထသွားသည်။
ချီရွှမ် စစ်မှန်သူဆရာသခင်၏ ပုံရိပ်သည် အထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
အမှန်တွင် ၊ သူသည် သူ၏အသက်ရှုသံကို ဖုံးကွယ်ကာ စူးချန်ကဲနောက်သို့ တောက်လျှောက် လိုက်နေခဲ့သည်။
သူ့အနေဖြင့် ကြားဝင်မစွက်ဖက်နိုင်သော်လည်း၊ ယခင်က ဖြစ်ပျက်ခဲ့သမျှအားလုံးကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ပြီး ဖြစ်သည်။
“ ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား ကိုယ်ထည်… မင်းလည်း သူ့နည်းလမ်းအတိုင်း လိုက်တော့မှာလား?”
သူသည် ထိုစကားများကို ရေရွတ်နေစဉ်။
ချီရွှမ် စစ်မှန်သူဆရာသခင်၏ မျက်လုံးများသည် မှောင်မိုက်နေသော ကြယ်စုနယ်မြေထဲတွင် တောက်ပနေသော ချန်းကူကြယ်ကို ကြည့်နေခဲ့သည်။
တကယ်တန်းတွင် ၊ ချန်းကျွင်လင်သည် သူ့အတွက် သူငယ်ချင်းတစ်ဝက် ဖြစ်သည်ဟု မှတ်ယူနိုင်သည်။
ချန်းကျွင်လင်သည် ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရား ကိုယ်ထည်ကို နိုးထနိုင်ခဲ့သည့် အကြောင်းရင်းမှာ သူ့အကူအညီကြောင့် ဖြစ်သည်။
“ နှမြောစရာက သူ နားမလည်နိုင်ခဲ့တာပဲ ..သူ့မှာ ထူးကဲတဲ့ အစွမ်းအစတွေ ရှိခဲ့လျက်နဲ့ မနိုင်တဲ့ဝန်ကို တာဝန်ယူခဲ့တာပဲ…”
“လူကသာ သေသွားတယ်… ကမ္ဘာကတော့ သူ့ကို မမှတ်မိတော့ဘူး…”
ထိုအချိန်တွင် ၊ ချီရွှမ် စစ်မှန်သူဆရာသခင်
သည် အနည်းငယ် နာကျင်ခံစားသွားရသကဲ့သို့ မျက်မှောင်ကြုတ်သွားသည်။
တုန်ယင်နေသော သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ညာလက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။
ထိုအချိန် သူ၏ညာဖက်လက်ဝါးသည် အလွန်မည်းနက်သွားပြီး ၊ ပြင်းထန်သော အမှောင်ထု၏ အငွေ့အသက်များက ရစ်ဝဲထားသည်ကို မြင်တွေ့နိုင်သည်။
“ ရှင်သန်မှုရဲ့ အဖိုးအခက… ..ဒါလား?”
……..
ဓားစွမ်းအင် မဟာတံတိုင်းတည်ရှိရာ ဧကရာဇ်လျှောက်လှမ်းကမ္ဘာသည် အလွန် ထူးခြားပေသည်။
ဤကမ္ဘာကြီးတွင် ကြွယ်ဝသော ဓားစွမ်းအင်များက နေရာအနှံ့ ဖုံးလွှမ်းထားသည်။
ကောင်းကင်ထက်တွင် တလိပ်လိပ် ရိုက်ခတ်နေသော ဓားပင်လယ်ပြင်ကဲ့သို့ ဓားမှော်သင်္ကေတများစွာ ရှိပြီး တစ်ခုနှင့်တစ်ခု အချင်းချင်း အားဖြည့်ပေးနေကြသည်။
ဤအဆင့်သည် ယခင်အဆင့်များနှင့် မတူဘဲ နယ်ပယ်အသီးသီးက ပါရမီရှင်များစွာကို ဖြန့်ကျတ်ထားမည် ဖြစ်သည်။
ပဉ္စမမြောက် ဧကရာဇ်လျှောက်လှမ်းအဆင့်တွင်၊ ပါ၀င်သော ပါရမီရှင်များအားလုံးသည် ဤကမ္ဘာကြီးပေါ်သို့ အတူတကွ ဆင်းသက်ကြရမည် ဖြစ်သည်။ ပို၍ အားကောင်းသူများသည် ဓားစွမ်းအင် မဟာတံတိုင်း၏ အခွင့်အရေး အားလုံးကို ရယူနိုင်သည်။
စတုတ္ထမြောက် ဧကရာဇ်လျှောက်လှမ်းအဆင့်လောက် လူများများစားစား မရှိသော်လည်း သို့သော် ဤနေရာသည် အလွန်အသက်ဝင်ကာ စည်ကားသည်။
ရံဖန်ရံခါ၊ ကောင်းကင်ထက်တွင် ဖောက်ထွင်းဝင်ရောက်လာသော အလင်းတန်းများကို မြင်တွေ့နိုင်ပြီး ထူးချွန်ထက်မြက်သော ပါရမီရှင်များသည် ဤနေရာသို့ ဆင်းသက်လာကြသည်။
ဝုန်း !!
ကျယ်လောင်သော ပေါက်ကွဲသံ တချက်ထွက်ပေါ်လာသည်။
ကောင်းကင်ကြီးတစ်ခုလုံး တုန်ယင်သွားကာ တိမ်စိုင်တိမ်ခဲများ ပြိုကွဲသွားသည်။
ဓားစွမ်းအင် မဟာတံတိုင်းမှ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံတချက် ထပ်မံ ထွက်ပေါ်လာခဲ့ပြီး ဓားစွမ်းအင်များသည် အဆုံးမရှိသော မြစ်တစ်စင်းသဖွယ် စီးဆင်းနေသည်။
“ မကောင်းဆိုးဝါး မျိုးနွယ်စု နဲ့ ကောင်းကင်တောင် နတ်ဓားဂိုဏ်းက ကျန်းဝမ့်ချင်တို့ တိုက်ခိုက်နေကြတာလား….?”
“ ပြောသံကြားတာတော့ အစက ကျန်းဝမ့်ချင်နဲ့ ခွင်းဖိန် ရှန်ကျွင်းတို့ တိုက်ခိုက်ကြရင်းက ၊ ကျန်းဝမ့်ချင်လက်ချက်နဲ့ ခွင်းဖိန် ရှန်ကျွင်းအသက်ခံလုနီးပါး ဖြစ်ခဲ့တယ်ဆိုပဲ ၊ နောက်တော့ ခွင်းဖိန် ရှန်ကျွင်းက အမြန် ထွက်ပြေးသွားပြီး ထပ်မံတိုက်ခိုက်ဖို့ မကောင်းဆိုးဝါး မျိုးနွယ်ဝင် ပါရမီရှင်တွေကို ဦးဆောင်ခဲ့တယ်ဆိုပဲ “
“ ကောင်းကင်တောင် နတ်ဓားဂိုဏ်းက ကျန်းဝမ့်ချင်က ဧကရာဇ်လျှောက်လှမ်းထဲကို သူတစ်ယောက်တည်း ဝင်ရောက်လာတာ…ခုလို စစ်ကူမရှိတဲ့ အခြေအနေမျိုးမှာ ရှုံးနိမ့်ဖို့က အနှေးနဲ့အမြန်ပဲ “
“သူတစ်ယောက်တည်းနဲ့တင် ဧကရာဇ်တစ်ပိုင်းအဆင့်ရှိတဲ့ မကောင်းဆိုးဝါးမျိုးနွယ်ဝင် ပါရမီရှင်တွေရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့တာ… ဒီလို စွမ်းရည်တွေကြောင့်ပဲ ဧကရာဇ်လျှောက်လှမ်းစာရင်းမှာ ဒုတိယအဆင့်ရှိနေတာပဲ၊ တကယ်ကို ရထိုက်ပါပေတယ် “
“……..”
လူတိုင်း၏ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ပြည့်နှက်နေကြသည်။ ထိုစဉ် သူတို့အားလုံး တခြားနာမည်တစ်ခုကို ရုတ်တရက် သတိရသွားကြသည်။
ဧကရာဇ်လျှောက်လှမ်း စာရင်း၏ ပထမအဆင့် စူးချန်ကဲ!
ဧကရာဇ်လျှောက်လှမ်း၏ စာရင်းတွင် ဒုတိယ အဆင့်တောင် ဤမျှ အစွမ်းထက်သည်။ ပထမ သာဆိုရင်ဖြင့် မည်မျှတောင် တန်ခိုးကြီးမားလိမ့်မည်နည်း။
ဘုန်း ! !
ထို့နောက် ဤအခိုက်တွင် ၊ ကောင်းကင်ကြီးသည် ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါး အငွေ့အသက်များစွာသည် မတူညီသော လမ်းကြောင်းများစွာမှ ရုတ်တရက် ဆင်းသက်လာကြသည်။
ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ သန်မာသူများ ရောက်ရှိလာကြပြီ ဖြစ်သည်။
“အဲ့တာ သူပဲ!”
“ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းရဲ့ပင်မသွေးကြော မျိုးဆက်ခုနစ်ခုထဲက တစ်ယောက် ဖြစ်တဲ့ ရှေးဧရာမမိကျောင်း မျိုးနွယ်က ဆင်းသက်လာသူ အော့ကူ!”
“သူ့မှာ ဘိုးဘေးအသွေးနွယ် ပါရုံသာမက သူ့ရဲ့ ကာယကြံ့ခိုင်မှုကလည်း ဒီကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့အထိပဲ ၊ မဟုတ်မှလွဲရော သူကရော ကျန်းဝမ့်ချင်ကို တိုက်ခိုက်ဖို့ ဒီကိုရောက်လာခဲ့တာလား !?”
လူငယ်တစ်ဦးသည် ဂရုမစိုက်သော အကြည့်ဖြင့် လက်ကိုနောက်ပစ်ကာ ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
ဖြန့်ကျတ်ထားသော ၎င်း၏ရောင်ဝါသည် ရှေးအထွတ်အမြတ် တောင်၏ နှိပ်ကွပ်မှုကို ခံရသည့်အတိုင်း လူကို ရင်တုန်စေသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
“ဒီ ဦးတည်ချက်က…”
တစ်စုံတစ်ယောက်က ကြောက်လန့်တကြားဖြင့် မိုးပေါ်ကို ညွှန်ပြလေသည်။
တဟုန်းဟုန်း တောက်လောင်နေသော ရွှေဝါရောင် သွေးချီစွမ်းအားများ၏ အောက်တွင်၊ ကောင်းကင်ပမာ မြင့်မားသော မျောက်ဝံကြီးတစ်ကောင် ဆင်းသက်လာသည်။
“သူက ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းရဲ့ပင်မသွေးကြော မျိုးဆက်ခုနစ်ခုထဲက တစ်ယောက် ဖြစ်တဲ့ ကျန့်ထျန်းမျောက်ဝံ မျိုးနွယ်ကနေ ဆင်းသက်လာသူ ယွမ်ခုန်းပဲ!”
“ ဘုရားရေ! သူက ဧကရာဇ်လျှောက်လှမ်းမှာ လူသားမျိုးနွယ် ထိပ်တန်းပါရမီရှင် သုံးဦးနဲ့ တိုက်ခိုက်ခဲ့တာ နောက်ဆုံးမှာတော့ သူ့ရဲ့ အနှိုင်းမရှိတဲ့ စွမ်းအားတွေနဲ့ သုံးယောက်စလုံးကို သတ်ပစ်ခဲ့တယ်ဆိုပဲ !”
တစ်ချိန်တည်းမှာပင် ။
တခြားလမ်းကြောင်းမှ ပြင်းထန်သော ရောင်ဝါများကို ဖြန့်ကျတ်ထားလေသော လူတစ်ဦး ဆင်းသက်လာခဲ့သည်။
“အမ်…”
“ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းရဲ့ပင်မသွေးကြော မျိုးဆက်ခုနစ်ခုထဲက တစ်ယောက် ထပ်ပြီး ရောက်လာပြန်ပြီ ! သူမက မေ့လင်မြေခွေးမျိုးနွယ်စုက မေ့ထျန်းယွီ့ပဲ !”
ထိုဧရိယာတစ်ဝိုက်တွင် ရှိနေသော မကောင်းဆိုးဝါး စွမ်းအင်များမှ အသွင်ပြောင်းလဲထားသော မြေခွေးဖြူများသည် ကောင်းကင်တွင် ပြေးလွှားကခုန်နေသည်ကို မြင်တွေ့နိုင်သည်။
နောက်ဆုံးတွင်၊ အဖြူရောင် ကျောက်စိမ်းပလ္လင်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး ၊ ၎င်းအပေါ်တွင် လှပတင့်တယ်သော ရုပ်သွင်သည် သူမ၏ ခြေထောက်များကို ချိတ်လျက် ထိုင်နေလေ၏။
ကျယ်ဝန်းသော ၀တ်ရုံသည် သူမ၏ ပြည့်ဖြိုးသော ရင်ဘတ်တစ်ခုလုံးကို ဖုံးဖိနိုင်စွမ်းမရှိပုံရသည်။ ထို့အပြင် သူမ၏ ဖြောင့်တန်းရှည်လျားကာ ဆွဲဆောင်မှုရှိသော ခြေတံများကိုလည်း လှစ်ဟပြသထားသည်။
ဝီ!!
နောက်ဆုံးတွင် ။
စူးရှသော နတ်အလင်းတန်းတစ်ခုနှင့်အတူ ကောင်းကင်ယံ၌ လှိုင်းထသွားခဲ့ပြီး၊ ရွှေဝါရောင်ရှိသော ခွင်းဖိန်အရိပ်သည် ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။
ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ပြန်လည်သက်သာလာခဲ့သော ခွင်းဖိန် ရှန်ကျွင်းသည် နေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် ၊ သူသည် အလွန်ဒေါသထွက်နေပုံရပြီး သူ့မျက်လုံးများက ဓားစွမ်းအင် မဟာတံတိုင်း၏ ဦးတည်ရာဘက်ကို စိုက်ကြည့်နေသည်။
ကျန်းဝမ့်ချင် နှင့် တိုက်ခိုက်ပြီးနောက် သူသည် ဒဏ်ရာအပြင်းအထန်ရခဲ့ရုံသာမက မကောင်းဆိုးဝါးမျိုးနွယ်စုအပေါ် အရှက်ရစေခဲ့သည်။
“ ကျန်းဝမ့်ချင်! ဒီအခြေအနေထိတောင် ဖြစ်နေပြီ ၊ မင်းက တခြားသူရဲ့ကိစ္စမှာ ဝင်စွက်ဖက်ချင်သေးတာလား!?”
“ စူးချန်ကဲက မင်းကို ဘာအကျိုးကျေးဇူးတွေ ပေးလို့တုန်း!”
အစီအစဥ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်စေရန် ခွင်းဖိန် ရှန်ကျွင်းသည် သူ၏ဒေါသကို ဖိနှိပ်ထားသည်။သူ့အနေဖြင့် ထပ်ပြီးတိုက်ခိုက်ရန် ဆန္ဒမရှိပေ။
ရွှမ်း!!
သို့သော် သူ့စကားအဆုံးတွင် ၊ ကောင်းကင်ယံ၌ တောက်ပသော နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားသည့် တဟုန်းဟုန်း တောက်နေသော ဓားစွမ်းအင် လှိုင်းတံပိုးများသည် ခွင်းဖိန် ရှန်ကျွင်းဆီသို့ တိုက်ရိုက် ကျဆင်းသွားသည်။
“ သေချင်နေတာပဲ!”
ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ ပင်မသွေးကြော မျိုးဆက်ခုနစ်ခုထဲမှ တခြားသုံးဦိးသည် ဒေါသတကြီး ဟောက်လိုက်သည်။
၎င်းတို့သည် ချက်ချင်း တိုက်ခိုက်ခဲ့ကြသည်။
ဘုန်း !!
မကောင်းဆိုးဝါး စွမ်းအင်နှင့် ဓားစွမ်းအင်များသည် တစ်ခုနှင့်တစ်ခု ထိပ်တိုက်ဆုံတွေ့ခဲ့ကြပြီး ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည်။
ထိုအချိန်တွင်၊ ကျန်းဝမ့်ချင်သည် ဓားတစ်လက်ကို ဆုပ်ကိုင်ကာ ဓားစွမ်းအင် မဟာတံတိုင်းကြီးပေါ်တွင် ရပ်နေသည်။
“ ငါ ကျန်းမျိုးရိုး ပြောပြီးပြီ ၊ ဓားစွမ်းအင်မဟာတံတိုင်း က မင်းတို့လို ယုတ်ညံ့တဲ့ကောင်တွေရဲ့ စော်ကားမှုကို သည်းမခံဘူး!”
“ဒါ့အပြင် ညီနောင် ချန်ကဲကို ငါ့ရဲ့ပြိုင်ဘက်အဖြစ် သတ်မှတ်ပြီးပြီ ၊ မင်းတို့ရဲ့ အပြုအမူကို ငါ သည်းခံမှာမဟုတ်ဘူး!”
“ကောင်းပြီ… ရတယ်လေ!”
မကောင်းဆိုးဝါး မျိုးနွယ်ဝင်များ၏ မျက်နှာများသည် ဒေါသတရားကြောင့် နီမြန်းသွားသည်။
“မင်းက တခြားသူရဲ့ ကိစ္စအပေါ် ဝင်စွက်ဖက်ချင်နေတာ ဆိုတော့လည်း ဒီနေ့ ငါတို့ မင်းကို သွေးထွက်စေရမယ် “
ဝီ!
သို့သော် ထိုအချိန်တွင် ၊ ဧရာမ အရိုးဖြူလက်ဝါးကြီးတစ်ခုသည် ၎င်းတို့ကို တိုက်ရိုက် နှိပ်ကွပ်ရန် တိမ်တိုက်များထဲမှ ရုတ်ချည်း ဆင်းသက်လာခဲ့သည်။
မရေမတွက်နိုင်သော အရိုးဖြူများသည် မြေအောက်ထဲကနေ ရုတ်တရက် ဖောက်ထွက်လာသည်။
ထို့နောက် ၊ ၎င်းတို့သည် ကောင်းကင်ဘုံ လှေကားထစ်တစ်ခုကို ဖန်တီးခဲ့သည်။ ထိုလှေကားထစ်ပေါ်တွင် ငွေရောင်ဝတ်စုံကို ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဖြည်းညှင်းစွာ ဆင်းလျှောက်လာသည်။
ကျောချမ်းစရာကောင်းသော အရိုးဖြူများ၏ နောက်ခံနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် သူမ၏ အပြစ်ကင်းစင်သော မျက်နှာလေးသည် မြေအောက်ကမ္ဘာမှ နတ်ဘုရားမနှင့် ဆင်တူပြီး အလွန်ကို ကြောက်စရာကောင်းပေသည်။
“ အဲ့တော့ မင်းတို့က သခင့်ကို ဆန့်ကျင်ချင်တာလား!?”
အပိုင်း(၄၁၁): ကမ္ဘာကြီးက ဂီတတေးသွားတစ်ပုဒ်ကို ဆိုညည်းခဲ့မှတော့ လောကကြီးမှာ စိတ်ခံစားချက်ကင်းမဲ့ဖို့ လိုအပ်ပါဦးမလား
ထိုစကားသံများ ထွက်လာသည်နှင့် ။
မူလက တင်းမာနေသော လေထုသည် အေးခဲသွားပုံရသည်။
လူတိုင်း အသံလားရာကို ကြည့်လိုက်ကြသည်။
“ အဲ့တာ စူးချန်ကဲရဲ့ နောက်လိုက်၊ အရိုးဖြူ ပင်လယ် ဘုရင်မ!”
အရိုးဖြူ ပင်လယ် ဘုရင်မသည် ခေတ်ဟောင်း ထိပ်တန်း ပါရမီရှင်တစ်ဦးဖြစ်သည်။
သူမ၏ခွန်အားသည် အတော်လေး အံ့အားသင့်စရာကောင်းပေသည်။ သူမသည် ဤခေတ်လောက၏ နိယာမများနှင့် အကျွမ်းတဝင်မရှိပေ။
ထို့ကြောင့် ယခင်က သူမ ဖွဲ့စည်းနိုင်ခဲ့သော ဧကရာဇ်အလိုဆန္ဒမှာ သိပ်မရှိခဲ့ပေ။ သို့သော် ဤခေတ်နှင့် ရင်းနှီးကျွမ်းဝင်လာပြီးနောက်ပိုင်းတွင် ရေထဲက ငါးတစ်ကောင်ကဲ့သို့ပင်။
ရက်အနည်းငယ်အတွင်း၊ သူမသည် ဧကရာဇ်အလိုဆန္ဒ ဆယ့်နှစ်မျိုးကို နားလည်ခဲ့ပြီး သူမ၏ ကျင့်ကြံမှုအဆင့်သည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် တတိယအဆင့်သို့ တတ်လှမ်းသွားခဲ့သည်။
ယခင် လေမုန်တိုင်းဂိတ်တွင်၊
သူမသည် မကောင်းဆိုးဝါး မျိုးနွယ်စုနှင့် တပ်မက်ခြောက်ပါးဗိမ္မာန် တပည့်များ၏ တစ်ချိန်တည်း ဝိုင်းရံခြင်းကို ခံခဲ့ရဖူးသည်။
သို့သော် သူမသည် ၎င်းတို့၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို မခံခဲ့ရသည့်အပြင် ၊ ယင်းအစား သူမ၏ ထက်မြတ်လှသော ပါရမီစွမ်းရည်များဖြင့် သူမအား ဝိုင်းရံပိတ်ဆို့ထားသူများကို တစ်ရှိန်ထိုး သတ်ပစ်ခဲ့သည်။
စူးချန်ကဲ၏ နောက်လိုက်ဖြစ်သော တခြားသော သူတော်စင်ကိုယ်ထည် ပါရမီရှင်များသည်လည်း အလားတူ ဧကရာဇ်လျှောက်လှမ်းပေါ်တွင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အောင်မြင်မှုများကို ရရှိခဲ့သည်။
ယင်းက ကျန်အင်အားစုရှိ တပည့်များစွာကို တုန်လှုပ်စေခဲ့သည်။
စူးချန်ကဲသည် လူ့ဘီလူးတစ်ကောင် ဖြစ်ရုံသာမက သူ့နောက်လိုက်များလည်း ထိုနည်းတူစွာပင်။
သူမသည် ပတ်ဝန်းကျင်က လူတွေ၏ မှတ်ချက်များကို လျစ်လျူရှုထားလိုက်သည်။
အရိုးဖြူ ပင်လယ် ဘုရင်မသည် မကောင်းဆိုးဝါးမျိုးနွယ်ဝင် ပင်မအမွေဆက်ခံသူ လေးဦးကို အေးစက်စွာကြည့်လိုက်သည်။
“သခင်နဲ့ ရန်သူဖြစ်ရဲမှတော့ ခွင့်လွှတ်ပေးစရာ အကြောင်းမရှိဘူး”
ထိုစကားသံအဆုံးတွင် ။
အရိုးဖြူ ပင်လယ် ဘုရင်မသည် သူမ၏ သေးသွယ်သော လက်ချောင်းဖြင့် နေရာလပ်ဆီကို ညွှန်လိုက်သည်။
ဟွား ! !
ရုတ်တရက်။
မရေမတွက်နိုင်သော အရိုးများဖြင့် စုစည်းထားသော ဧရာမ အရိုးစုလက်ဝါးကြီးသည် မြေအောက်ထဲမှ ဖောက်ထွက်လာခဲ့သည်။ ကောင်းကင်ကြီးကိုတောင် အလိုအလျောက် ဖျက်စီးပစ်နိုင်စွမ်း ရှိပုံပေါ်သော ပြင်းထန်သော ရောင်ဝါများက ၎င်းအပေါ်၌ တည်ရှိနေသည်။
“မင်း လုပ်ရဲလား!?”
မကောင်းဆိုးဝါး မျိုးနွယ်ဝင် ပင်မ အမွေဆက်ခံသူလေးဦးတို့သည် ဒေါသတကြီး အော်ဟစ်လိုက်ကြပြီး တစ်ချိန်တည်းမှာပဲ ၎င်းတို့၏ လက်များကို ဆန့်ထုတ်လိုက်သည်။
ချက်ချင်းဆိုသလို ၊ သူသူကိုယ်ကိုယ် တိုက်ခိုက်ခဲ့ကြပြန်သည်။
ဘုန်း ! !
ကြီးမားသော အရိုးစုကြီး လေးခု ရုတ်ချည်း ထွက်ပေါ်လာခဲ့ပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားပြီး စောင့်ကြည့်သူများသည်ပင် ထိုတိုက်ခိုက်မှု၏ လှိုင်းတံပိုးများကို ခံစားခဲ့ရသည်။
“ဒီကောင်ကိုလည်း သတ်ပစ်!”
ခွင်းဖိန် ရှန်ကျွင်းသည် အေးစက်စွာဆိုလိုက်သည်။
“ ယွမ်ခုန်း ၊ အော့ကူ ! မင်းတို့ ကျန်းဝမ့်ချင်ကို ရင်ဆိုင် !”
“ဒီခွေးမကို ငါနဲ့ မေ့ထျန်းယွီ့လက်ထဲ လွဲထားလိုက် !”
၎င်းတို့သည် ခေါင်းညိတ် သဘောတူလိုက်ကြပြီး ၊ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးစွမ်းအင်များဖြင့် ပေါက်ကွဲထွက်ပေါ်လာကြသည်။ ကြီးကျယ်ခမ်းနားသော စွမ်းအားများကြောင့် စကြဝဠာတစ်ခုလုံး ဖိအားအနည်းငယ် ရှိလာခဲ့သည်။
၎င်းတို့သည် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းရှိ ပင်မသွေးကြော ခုနစ်ခု၏ မျိုးဆက်များ ဖြစ်ထိုက်သည်ဟု ဆိုရမည်။ ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါးစွမ်းအားများ ပေါင်းစပ်မှုသည် များစွာသော မကောင်းဆိုးဝါးဂိုဏ်းများ၏ အထက်တွင် ရှိသည်။
ကျန်းဝမ့်ချင်နှင့်အရိုးဖြူ ပင်လယ် ဘုရင်မတို့၏ မျက်ဝန်းများသည် အေးစက်စွာ တောက်ပနေပြီး ၊ ဤကဲ့သို့သော ပါရမီရှင်များသည် လွန်စွာ အားကောင်းကြသည်။ အကယ်၍ တိုက်ခိုက်မည်ဆိုပါက ၊ ရလဒ်ကို သူတို့ အာမမခံနိုင်ပေ။
သို့သော် ထိုအချိန်တွင်။
ဘုန်း --!!
မိုးကုပ်စက်ဝိုင်းတစ်နေရာမှ ကြောက်မက်ဖွယ်ရာ အသံတစ်ခုကို ထပ်မံကြားလိုက်ရသည်။
နက်-နီရောင်စဉ်တန်းများသည် မြစ်သဖွယ် အဆုံးမရှိ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး ကောင်းကင်ပြင်တစ်ခုလုံးကို ဖြန့်ကျတ်ထားလေသည် ။
မတည်ငြိမ်သော ကြောက်မက်ဖွယ်ရာ ကမ္ဘာကြီးတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ မကောင်းဆိုးဝါး စွမ်းအားများက လှိုင်းတံပိုးများအဖြစ် ရိုက်ခတ်လှုပ်ရှားလာသည်။
ရုတ်တရက်ဆန်သော ဤထိတ်လန့်စရာမြင်ကွင်းသည် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသော လူအုပ်စုနှစ်စုကို ချက်ခြင်း ရပ်တန့်သွားစေခဲ့သည်။
ကြည့်ရှုသူများသည် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသော အမူအရာဖြင့် ထိုဦးတည်ရာဘက်ကို လှမ်းမျှော်ကြည့်လိုက်ကြသည်။
“ဒါက…”
သို့ရာတွင်၊ ပင်မ မကောင်းဆိုးဝါးမျိုးနွယ်ဝင် လေးဦးသည် အူယားဖားယားဖြင့် စီးကြိုကြသည်။
“ဒုတိယအစ်ကို လာပြီ!”
မကောင်းဆိုးဝါး မျိုးနွယ်စုသည် ဩဇာအာဏာဖြင့် လွှမ်းမိုးမှုကို ထောက်ခံသည်။ သူတို့၏ အစ်ကို အကြီးဆုံးအဖြစ် လက်ခံလိုပါက ၊ ဒါဆို သူသည် သူတို့ကို လွှမ်းမိုးနိုင်လောက်အောင် သန်မာရပေမည်။
ဘုန်း ! !
နောက်ဆုံးတွင်၊ ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါးစွမ်းအင် မုန်တိုင်းကြီး တစ်ခု ကျရောက်လာခဲ့ပြီး ၊ ဧရာမ ရှေးသားရဲကြီးတစ်ကောင်သည် လူးလိမ့်ရိုက်ခတ်နေသော မှော်သင်္ကေတ အမှတ်အသားအတွင်း ရုတ်ချည်း ပေါ်ထွက်လာခဲ့သည်။
ပြင်းထန်သော ခရမ်းရောင်စွမ်းအားများနှင့်အတူ ၊ နဂါးကဲ့သို့ ဦးခေါင်း ၊ ကျားကဲ့သို့ ကျောနှင့် ဝက်ဝံကဲ့သို့ ခါးရှိပြီး မြွေအကြေးခွံများဖြင့် ရောယှက်ထားသော သားရဲတစ်ကောင်ဖြစ်သည်။
ဤသည်မှာ အလွန် ကြီးကျယ်ခမ်းနားလှပေသည့် ချီလင် သာပင်။
ဝေါင်း!!
သားရဲတစ်ကောင်၏ ဟောက်သံနှင့်အတူ ၊
လူးလွန့်ရိုက်ခတ်နေသော မကောင်းဆိုးဝါးစွမ်းအင်မြစ်ထဲတွင် ဧရာမ ချီလင်ကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။
မကောင်းဆိုးဝါး စွမ်းအင်များဖြင့် ဖြစ်ပေါ်လာသော ချီလင်အရိပ်သည် လွန်စွာအသက်ဝင်လှပြီး ၊ အောက်ကို ငုံ့ကြည့်နေသော ၎င်း၏ မျက်ဝန်းတစ်စုံသည် တောက်ပနေသည်။
ရိုးရှင်းသော အကြည့်တစ်ချက်နဲ့တင် လူတိုင်း၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေနိုင်သည်။
သူ ထုတ်လွှင့်လိုက်သောအသံသည် ဟင်းလင်းပြင်ကြီးကို အနည်းငယ် ရွဲ့စောင်းသွားစေသည်။
“ စူးချန်ကဲ ၊ မင်းရပ်ကြည့်နေတာ ကြာပြီ၊ ဘာလို့ ထွက်မလာသေးတာလဲ”
ထိုစကားသံအဆုံးတွင် ၊
များစွာသော မကောင်းဆိုးဝါးစွမ်းအင် ရောင်စဉ်အလင်းများမှ တဆင့် လူငယ်တစ်ဦး၏ ရုပ်သွင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။သူ့မျက်နှာသည် အေးစက်ပြီး အကြွင်းမဲ့ရောင်ဝါတို့သည် သူ၏ ပြိုင်ဘက်ကင်းမဲ့သော ခန္ဓာကိုယ်ကို ထင်ရှားစေသည်။
ထိုနေရာတွင် ရပ်နေရုံဖြင့် ၊ ဖြန့်ကျတ်ထားသော ၎င်း၏ ကြောက်မက်ဖွယ်ရာ ရောင်ဝါသည် ကျင့်ကြံသူအများအပြား၏ ခြေထောက်များကို ယိုင်ခွေသွားစေသည့်အထိပင်။
“ဟားဟား… မကောင်းဆိုးဝါး မျိုးနွယ်စုက တကယ်ကို အများကြီး အားထုတ်ထားတာပဲ”
ထိုစဉ် စိတ်ဝင်စားစရာကောင်းသော လေသံဖြင့် လူတစ်ဦး၏အသံ ထွက်ပေါ်လာခဲ့သည်။
“ ဧကရာဇ်လျှောက်လှမ်းရဲ့ စာရင်းဖော်ပြချက်ကို ရှောင်ရှားနိုင်ဖို့အတွက်နဲ့ ဧကရာဇ်အလိုဆန္ဒကို တမင်တကာ ချိုးနှိမ်ထားခဲ့တာပဲ”
ဧကရာဇ်လျှောက်လှမ်း၏ အဆင့်သတ်မှတ်ချက်စာရင်းသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်သို့ မရောက်မီ ပေါင်းစည်းနိုင်သော ဧကရာဇ်အလိုဆန္ဒကို ရေတွက်ခြင်းဖြင့် ဖော်ပြသည်။
ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ကို အောင်မြင်ပြီးနောက်တွင်လည်း ဧကရာဇ်အလိုဆန္ဒကို ပေါင်းစည်းနိုင်သေးသည်။
ချီလင်အရိပ် မှ အသွင်ပြောင်းထားသော ဤအမျိုးသားသည် ဧကရာဇ်အလိုဆန္ဒကို ဆယ့်သုံးမျိုးထက်ပို၍ ပေါင်းစည်းထားမှန်း ထင်ရှားပေသည်။
တစ်ချိန်တည်းမှာပင်။
ကောင်းကင်တွင် လွင့်မျောနေသော တိမ်တိုက်များသည် ပြင်းထန်သော စွမ်းအားတစ်ခု၏ လှုံ့ဆော်မှုကို ခံလိုက်ရပုံပေါ်သည်။
ဝတ်ရုံဖြူ လူငယ်တစ်ဦးသည် ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
ရိုက်ခတ်ထကြွနေသော ပရမ်းပတာ စွမ်းအင်များကြား ထွက်ပေါ်လာသော ရောင်ဝါသည် ဤနေရာရှိ လူတိုင်း၏ အမူအရာကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။
ရောက်လာသူမှာ စူးချန်ကဲပင် ။
ထို့အပြင် နေတစ်စင်းလို တောက်ပနေသော နတ်ဖီးနစ်သည် သူ့အား ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော အမတရှင်တစ်ပါးပုံပေါက်စေသည်။
“စူး…စူးချန်ကဲ!?”
“ ဒုက္ခပဲ ၊ ဒီလူ့ဘီလူးတကယ်ကို ရောက်ချလာတာပဲ !”
လူတိုင်း ညည်းညူနေကြသည်။
စူးချန်ကဲသည် သူတို့အတွက် အိပ်မက်ဆိုးကြီးတစ်ခုလိုပင်။
စူးချန်ကဲ၏ ရောက်ရှိလာမှုသည် လူတိုင်းကို ခေါင်းငိုက်ကျစေပြီး ၊ ပါရမီရှင်များစွာကို အသက်ရှုကျပ်စေသည့်အထိ ဖိနှိပ်ထားခဲ့သည်။
ဧကရာဇ်လျှောက်လှမ်းတွင် သူတို့ မတွေ့ချင်ဆုံးအရာမှာ စူးချန်ကဲပင်။
ရှေးနဂါးမျိုးနွယ်ဝင် ထိပ်တန်းခေါင်းဆောင် တစ်ဦးကိုပင် ခွေးတစ်ကောင်လို သတ်ပစ်ခဲ့သည်။ သူတို့သာဆိုရင်ဖြင့် ၊ ဟင်းသီးဟင်းရွက် လှီးဖြတ်သလိုမျိုး ရိုက်သတ်ခံရနိုင်သည် မဟုတ်ပေလော။
“ စူးချန်ကဲ!”
“ သခင်လေး!”
ကျန်းဝမ့်ချင် နှင့် အရိုးဖြူ ပင်လယ် ဘုရင်မတို့သည် စူးချန်ကဲကို မြင်ပြီး စိတ်လှုပ်ရှားနေကြသည်။
စူးချန်ကဲ၏ ကျင့်ကြံစွမ်းအားကို သတိပြုမိပြီးနောက် ၊ ကျန်းဝမ့်ချင်တစ်ယောက် ထိတ်လန့်သွားပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။
တစ်ချိန်က သူသည် ဧကရာဇ်လျှောက်လှမ်းတွင် စူးချန်ကဲနှင့် ထပ်မံယှဉ်ပြိုင်လိုကြောင်း ပြောခဲ့ဖူးသည်။
သို့သော် အခုချိန်မှာတော့ ပြိုင်ဘက်၏ ရောင်ဝါသည် လွန်စွာ ပြင်းထန်လွန်းပေရာ သူတောင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
ဆိုလိုသည်မှာ စူးချန်ကဲ၏ လက်ရှိအင်အားသည် သူ့ထက်သာလွန်သောကြောင့် သူတို့နှစ်ဦးကြားက ကွာဟချက်ကိုပင် မမြင်နိုင်ပေ။
အဆုံးတွင် သူသည် ရှိုက်ကြီးတငင် သက်ပြင်းချရုံသာ တတ်နိုင်ခဲ့လေသည်။
“ ကမ္ဘာကြီးက ဂီတတေးသွားတစ်ပုဒ်ကို ဆိုညည်းခဲ့မှတော့ လောကကြီးမှာ စိတ်ခံစားချက်ကင်းမဲ့ဖို့ လိုအပ်ပါဦးမလား !”
( T/N : ချန်ကဲ - တေးဂီတ သီဆိုခြင်း
ဝမ့်ချင် - စိတ်ခံစားချက်ကင်းမဲ့ခြင်း )
အပိုင်း(၄၁၂): ဓားစွမ်းအင် မဟာတံတိုင်းကြီး၏ ရုတ်ချည်းပြောင်းလဲမှု ၊ အမှောင်ရိပ်သားရဲကောင်
“ ဒုတိယအစ်ကို ကို နှုတ်ခွန်းဆက်သပါတယ်!”
ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ ပင်မအဆက်အနွယ်တို့သည် ချီလင်သားရဲအဖြစ်မှ အသွင်ပြောင်းလဲသွားခဲ့သော ထိုအနှီအမျိုးသားအား လေးစားမှုဖြင့် ဦးညွှတ်ခဲ့ကြသည်။
သူတို့၏ဒုတိယအစ်ကိုသည် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းတွင် ဒုတိယအာဏာအရှိဆုံးသူ ဖြစ်ပြီး ၊ ၎င်းတို့၏ အကြီးဆုံး အစ်ကိုဖြစ်သူ ချန်းဟွမ်းကျီ၏ညီ ချန်းဟွမ်းထျန်း ဖြစ်သည်။
သူတို့နှစ်ဦးစလုံးတွင် ရှေးဦးဗီဇ ချီလင်အသွေးများ ပါရှိပြီး ခန္ဓာကိုယ်များသည် အလွန်သန်မာသည်။ ၎င်းတို့၏ခွန်အားများသည် ကောင်းကင်ကို ချိုးဖျက်နိုင်ပြီး ကမ္ဘာမြေကြီးကို ပြိုကျသွားစေနိုင်သည်။
ဧကရာဇ်လျှောက်လှမ်း၏ အဆင့်သတ်မှတ်ချက် စာရင်းဖော်ပြမှုကို ရှောင်လွှဲရန်နှင့် ၎င်းတို့၏ အစီအစဉ်များကို ပိုမိုကောင်းမွန်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် ၎င်းတို့ညီအစ်ကိုနှစ်ယောက်သည် ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်သို့ မတတ်လှမ်းမီ ၎င်းတို့ ချုပ်ကိုင်ထားသော ဧကရာဇ်အလိုဆန္ဒကို ကန့်သတ်ဖိနှိပ်ထားခဲ့သည်။
အစ်ကိုအကြီးဆုံး ချန်းဟွမ်းကျီသည် စူးချန်ကဲကို သတ်ပစ်နိုင်ရန် စုမျဲ့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။
ပွဲကိုကြည့်ရှုနေကြသော ပတ်ဝန်းကျင်ရှိ ပရိတ်သတ်များသည် စူးချန်ကဲ၏ ဆန့်ကျင်ဘက်အရပ်တွင် ရပ်နေသော ချန်းဟွမ်းထျန်းကို မြင်သည်နှင့် တုန်လှုပ်သွားကြသည်။
“ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းရဲ့ ပင်မမျိူးဆက် ငါးဦး.. သူတို့ရဲ့ အန္တိမပန်းတိုင်က စူးချန်ကဲ ဖြစ်ပုံရတယ်!”
“ တကယ်လို့ ဒီကောင်တွေသာ တကယ်ကြီး တိုက်ခိုက်ကြရင်… ဓားစွမ်းအင် မဟာတံတိုင်းက အခွင့်အရေးတွေအတွက် ငါတို့လက်လှမ်းမမီတော့မှာကို ကြောက်မိတယ်”
ကျင့်ကြံသူတော်တော်များများ ခါးသီးသောအမူအရာများဖြင့် ရှိနေကြသည်။ သူတို့သည် ကောင်းကင်ဘုံကို အံတုနိုင်သော အခွင့်အလမ်းများအတွက် ဧကရာဇ်လျှောက်လှမ်းထဲသို့ ဝင်ရောက်ခဲ့သည်။
အမှန်စစ်စင် ၊ ဧကရာဇ်လျှောက်လှမ်း အဆုံးသည် ဉာဏ်အလင်းရရှိပြီး မဟာဧကရာဇ်မင်း တစ်ပါး ဖြစ်လာနိုင်သည့် နေရာဖြစ်သည်။သူတို့၏ ကျင့်ကြံမှု ပါရမီစွမ်းရည်များဖြင့် ထိုနေရာကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်မှန်း သိသာထင်ရှားပေသည်။
“ စူးချန်ကဲ ငါ မင်းနဲ့ အပိုစကားတွေ မပြောချင်ဘူး”
ထိုအချိန်တွင် ၊ ချန်းဟွမ်းထျန်းသည် စူးချန်ကဲအား အေးစက်စွာ ပြောဆိုလိုက်သည်။
“ ဧကရာဇ်လျှောက်လှမ်းမှာ မင်းမသေရင် ငါတို့သေမယ်”
“မင်းသေရင် ငါတို့ အသက်ရှင်မယ်”
ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် ၊ ပတ်ဝန်းကျင်ရှိ လူတိုင်း ရင်တထိတ်ထိတ်ဖြင့် ဘုရားတနေကြသည်။
ချန်းဟွမ်းထျန်း၏ စကားများသည် စူးချန်ကဲနှင့် သူသေကိုယ်သေ တိုက်ခိုက်ကြမည့် ကြေညာချက်သာပင်။
အဆုံးတွင် ၊ သူတို့ထဲမှ တစ်ယောက်သာ ရှင်သန်နိုင်မည်။
သို့သော်။
စူးချန်ကဲသည် ထိုစကားကိုကြားပြီးသော်လည်း မျက်နှာတချက်မှ မပျက်ဘဲ သူ၏ ပါးစပ်ထောင့်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုကိုသာ ဆင်မြန်းထားသည်။
“အိုး? အဲ့လိုဆိုတော့ ..”
“မင်းကိုယ်မင်း တော်တယ်လို့ ထင်နေတာပေါ့?”
သူ၏ စကားသံအဆုံးတွင် ၊
စူးချန်ကဲသည် သူ့လက်ကို မြှောက်တင်လိုက်သည် ။ ချက်ချင်းဆိုသလို ၊ ရွှေဝါရောင် လက်ဝါးရိပ်ကြီးသည် ချန်းဟွမ်းထျန်းကို နှိပ်ကွပ်ရန် ပြေးဝင်လာသည်။
“မင်းကများ ! ငါ့ရဲ့ ဒုတိယအစ်ကိုကို လက်ပါဝံ့တယ်ပေါ့!?”
ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ ပင်မမျိုးဆက် လေးဦးသည် ထိုအခြေအနေကို မြင်သည်နှင့် ဒေါသတကြီး တုံ့ပြန်ခဲ့သည်။
သို့သော် သူတို့ ဝင်မစွက်ဖက်ခင်မှာပဲ ၊ ချန်းဟွမ်းထျန်း၏ အေးစက်သော မျက်လုံးများသည် အားနည်းချက်ကို လှစ်ဟမပြဘဲ ထပ်တူထပ်မျှ ကြောက်စရာကောင်းပေသော လက်ဝါးချက်ဖြင့် ခုခံတိုက်ခိုက်ခဲ့သည်။
ဝုန်း!
ကောင်းကင်ပြင်တွင် ရောင်စဉ်တန်းများ ဖြန့်ကျတ်သွားပြီး တစ်ချိန်တည်းမှာပင် ချန်းဟွမ်းထျန်း၏ ဧရာမလက်ဝါးရိပ်ကြီးသည် ခရမ်းရောင် ချီလင်တစ်ကောင် အဖြစ် အသွင်ပြောင်းလဲသွားကာ ပြေးထွက်လာသည် ။
ဘုန်း ဘုန်း ဘုန်း ! !
ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်မုန်တိုင်းသည် ဤကမ္ဘာကြီးတစ်ခုလုံးကို မှောင်မိုက်သွားစေသည်။ ထိုအမှောင်ထုထဲမှ ပေါက်ကွဲထွက်ပေါ်လာသော ရွှေရောင်အလင်းတန်း နှင့် ခရမ်းရောင် အလင်းတန်းများသည် တဖျပ်ဖျပ် ခက်လျက် မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံများကို ဆက်တိုက်ဆိုသလို ထုတ်လွှတ်နေသည်။
တစ်ချိန်တည်းမှာပင် ၊ နှစ်ယောက်သား အပြန်အလှန် တိုက်ခိုက်ကြသည်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ရန်ပွဲလား သို့မဟုတ် တဖက်လူ၏ ခွန်အားကို စမ်းသပ်လိုခြင်းလား မသိနိုင်ပေ။
စူးချန်ကဲ နှင့် ချန်းဟွမ်းထျန်း နှစ်ယောက်စလုံး အချင်းချင်း တိုက်ခိုက်နေကြသည်။ တစ်ယောက်က လက်သီးဆို နောက်တစ်ယောက်ကလည်း ထိုနည်းအတိုင်း ပြန်လည်တိုက်ခိုက်ပေရာ နောက်ဆက်တွဲအနေဖြင့် ကြောက်မက်ဖွယ်ရာ ကောင်းသော မုန်တိုင်းကြီးကို ဖန်တီးနေလေ၏။ ၎င်းတို့နှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှုတိုင်းသည် ကြယ်အစုအဝေးများ ပေါက်ကွဲနေသလိုပင်။
ဒုန်း ဒုန်း!!
အမြန်နှုန်းသည် အလွန် လျင်မြန်သောကြောင့် လူနှစ်ယောက်၏ လှုပ်ရှားမှုကို လူတိုင်း မမြင်နိုင်ခဲ့ပေ။
သူတို့ မြင်တွေ့ရသည်မှာ တောက်ပသော နတ်အလင်းများ၏ စဉ်ဆက်မပြတ် ပေါက်ကွဲမှုကြီးသာ ။
“လုံရှန့် ပါ့ထျန်လက်သီး!”
“ချီလင်နတ်ဘုရားလက်သီး!”
ရုတ်တရက်။
လူးလိမ့်ရိုက်ခတ်နေသော ဝိညာဉ်စွမ်းအင်မုန်တိုင်းကြီးထဲတွင် နှစ်ယောက်စလုံး၏ ကြွေးကြော်သံကို ကြားလိုက်ရသည်။
ထို့နောက် ကောင်းကင်ပြင်တစ်ခုလုံးကို လင်းထိန်သွားစေသော အလင်းရောင်စဉ်တန်းများကို လူတိုင်း မြင်လိုက်ရသည်။
ကောင်းကင်၏တစ်ဖက်တစ်ချက်တွင် ခရမ်းရောင်စဉ်များက နေရာယူဖုံးလွှမ်းထားခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကို ဖြိုခွင်းပစ်နိုင်စွမ်းရှိသော မကောင်းဆိုးဝါးစွမ်းအင် မှော်သင်္ကေတများက တဟုန်ထိုး ထိုးတတ်လာခဲ့သည်။ အထဲမှ အလွန်ကြီးမားသော ချီလင်ဦးခေါင်းကြီး ထွက်ပေါ်လာသည်။
တစ်ဖက်ကလည်း အလားတူ ကြောက်စရာကောင်းပေသည်။
သွေးချီစွမ်းအားများသည် ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများအဖြစ်သို့ ပြောင်းလဲသွားပုံရကာ ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်အလွှာသည် မှန်တစ်ချပ်လို ကွဲအက်သွားသည်။ အမှောင်ထု နေရာလပ်ထဲမှ တောက်လောင်နေသော ပရမ်းပတာ ရောင်စဉ်အလင်းတန်းများ ထွက်ပေါ်လာသည်။
ကြီးမားသော နဂါး-ဆင် အရိပ်ကြီးသည် ကောင်းကင်ကို တုန်လှုပ်စေနိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားသကဲ့သို့ ဟောက်သံပြုနေသည်။
🍁T/N : လုံရှန့် - (နဂါး -ဆင်) 🍁
သားရဲကြီးနှစ်ကောင်၏ အရိပ်များသည် ရန်သူများနှင့် ဆုံတွေ့နေသည့်အတိုင်း နီရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး သူတို့ အချင်းချင်း တိုက်ခိုက်ခဲ့ကြပြန်သည်။
ဘုန်း ! !
ခရမ်းရောင် လေမုန်တိုင်း နှင့် သွေးချီစွမ်းအား လေမုန်တိုင်းတို့သည် အဆက်မပြတ် ထိပ်တိုက်ဆုံတွေ့နေကြပြီး ၊ ယင်းကြောင့် ဖြစ်ပေါ်လာသော လှိုင်းတံပိုးများသည် မိုင်ပေါင်းများစွာ ဖြန့်ကျက်သွားခဲ့သည်။
ဤမြင်ကွင်းသည် နေရာတွင် ရှိနေကြသော ကျင့်ကြံသူ အားလုံးကို ထိတ်လန့်စေကာ မျက်လုံးများ ပြူးကျယ်သွားစေသည်။
စူးရှတောက်ပသော နတ်အလင်းတန်းများသည် ခရမ်းရောင်ပင်လယ်ပြင်ကြီးကို ဖြိုခွဲပစ်ခဲ့ပြီး ၊ တောက်လောင်နေသော မီးလျှံများနှင့် တူသည့် နတ်ဘုရား၏ အမိန့်သံကြိုးများသည် ထိုခရမ်းရောင် ပင်လယ်ပြင်ကြီးကို ထိတွေ့လိုက်သည့်အခိုက်တန့်မှာပဲ အပြည့်အဝ ဖျက်ဆီးပစ်ခဲ့သည်။
အဆိုပါ အားကောင်းသော စွမ်းအားကြောင့် ဟင်းလင်းပြင် မှော်သင်္ကေတများသည် တစ်နေရာတည်းသို့ အဆက်မပြတ် စုဝေးကာ ကျုံ့သွားသည်။
ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ၊ တိုက်မြေတစ်ခုလုံး ပြိုကျလာသကဲ့သို့ ဟင်းလင်းပြင် အပိုင်းအစများသည် ပြိုကျကာ ပြန်ကျဲ့သွားသည်။
ဒုန်း!
တစ်ဖန် ကြီးမားသော ပေါက်ကွဲသံတချက် ထွက်ပေါ်လာခဲ့သည်။
လူးလိမ့်ရိုက်ခတ်နေသော ဝိညာဉ်စွမ်းအင် အခိုးအငွေ့များကြား နောက်သို့ဆုတ်ခွာသွားသော လူအရိပ်ကို လူတိုင်း မြင်လိုက်ရသည်။
“ဟမ်... မကောင်းဆိုးဝါးတွေကြားထဲက ပြိုင်ဘက်ကင်းတဲ့ ချီလင်တောင် စူးချန်ကဲရဲ့ ရန်သူမဟုတ်ဘူးပဲ!”
အရည်အချင်းရှိသော ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ရှိ ပါရမီရှင်များသည် ထိုမြင်ကွင်းကို မြင်ပြီး ရေရွတ်လိုက်ကြသည်။
“ ကြည့်ရတာ အတွင်းဒဏ်ရာ ရသွားပုံရတယ်!”
“ဒုတိယ အစ်ကို!”
ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းရှိ ပင်မ မျိုးဆက်များ၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြပြီး ၎င်းတို့သည် ကူညီရန်ပြေးလာကြသည်။
သို့သော် ၎င်းတို့ကို အရိုးဖြူ ပင်လယ် ဘုရင်မ နှင့် ကျန်းဝမ့်ချင်တို့က ပိတ်ဆို့လိုက်သည်။
“ အို တောင်းပန်တယ်၊ မင်းတို့ ရှေ့ကို သွားခွင့်မရှိဘူး”
ထို့နောက် ၊
သူတို့နှစ်ဦးသည် တစ်ချိန်တည်းမှာပင် ကျင့်ကြံစွမ်းအားများကို အသက်သွင်းလိုက်သည်။
ကျန်းဝမ့်ချင်၏ ဘေးပတ်ပတ်လည်တွင် အဆုံးမရှိသော ဓားစွမ်းအင်များက ရစ်ဝဲလျက် ရှိသည်။
တစ်ချိန်တည်းမှာပင်။
မြေကြီးသည် အက်ကွဲသွားပြီး မရေမတွက်နိုင်သော အရိုးဖြူများက တွားသွားထွက်လာကြပြီး နောက်ဆုံးတွင် ဧရာမ အရိုးစုသားရဲကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး အရိုးဖြူ ပင်လယ် ဘုရင်မ၏ နောက်တွင် ထည်ဝါစွာ ရပ်နေသည်။
“ မင်းတို့ကို ငါတို့က ကြောက်စရာလား?!”
မကောင်းဆိုးဝါးနွယ် ပင်မမျိုးဆက် လေးဦးတို့သည်လည်း အားနည်းသည့် အရိက်အမြွက်မျိုး မရှိဘဲ ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါး စွမ်းအင်များကို အသက်သွင်းကာ နောက်ထပ် တိုက်ပွဲတစ်ခုကို စတင်ခဲ့သည်။
ဘုန်း ! !
သို့သော် ထိုအချိန် ။
ဓားစွမ်းအင် မဟာတံတိုင်း၏ ဦးတည်ရာဘက်တွင် ကြီးမားသော ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်ခဲ့သည်။
ကောင်းကင်နှင့် သွယ်တန်းချိတ်ဆက်ထားသကဲ့သို့ အလင်းတန်းများစွာ ထွက်ပေါ်လာပြီး ကောင်းကင်သို့ ပစ်ခွင်းဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည်။
အဆုံးမရှိသော ဓားမှော်သင်္ကေတများစွာသည် တဖျပ်ဖျပ် ခတ်ကာ လှုပ်ခတ်လာခဲ့ပြီး မူလက မီးခိုးရောင်ကောင်းကင်ကြီးသည် ဝင်းထိန်တောက်ပသွားသည်။
“ဓား... ဓားစွမ်းအင်!?”
ဓားကျင့်ကြံသူ ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ရှိ လူတစ်ယောက်က ထဆိုလိုက်သည်။
ဓားစွမ်းအင် မဟာတံတိုင်းအထက်ရှိ ကောင်းကင်ယံပေါ်တွင် အဆုံးမရှိနိုင်သော ဓား မှော်သင်္ကေတများက တဟုန်ထိုး ထွက်ပေါ်လာပြီး အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့လွင့်သွားခဲ့ပြီး မူရင်းအတိုင်းရှိနေသော ကောင်းကင်ကြီးကို ဖုံးအုပ်ကာ ဓားစွမ်းအင်ပင်လယ်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင်။
မှင်ကဲ့သို့ နက်မှောင်သော အမှောင်အငွေ့အသက်သည် မြေကြီးထဲမှ ရုတ်ချည်း ပေါ်ထွက်လာသည်။
ထိတ်လန့်ဖွယ်ရာကောင်းပြီး မှော်ဆန်သောမြင်ကွင်းတစ်ခုလိုပင်။
ကောင်းကင်ကြီးတစ်ခုလုံး အလင်းပင်လယ်ပြင်ကြီးသဖွယ် တောက်ပနေသည်။
မြေကြီးသည် မှင်ကဲ့သို့ မည်းနက်နေသည်။
မှောင်ရိပ်သန်းနေသော ပင်လယ်ပြင်ကြီးသဖွယ် ဖြစ်ပေါ်နေသော မြေကြီးမှ အနက်ရောင်ပန်းများ ရုတ်ချည်းဆိုသလို ပေါက်ဖွားလာပြီး ၊ ၎င်းတို့သည် ရှေးကျသော အငွေ့အသက်များကို ခေါ်ဆောင်လာပုံရသည်။
“ဒါ ဘယ်လိုဖြစ်တာလဲ”
၎င်းသည် စစ်ပွဲစတင်ရန် ပြင်ဆင်နေခဲ့ကြသော လူတစ်စုကို ရပ်တန့်စေနိုင်ခဲ့ရုံသာမက လူတိုင်းကို ဇဝေဇဝါဖြစ်စေခဲ့သည်။
“အားးးး..!!”
ရုတ်တရက် အော်သံတချို့ ထွက်ပေါ်လာသည်။
ထိုအော်သံသည် မျှော်လင့်ချက်မဲ့နေသော အခြေအနေအောက်တွင် ၊ လူတို့ မသေဆုံးမီ ငိုကြွေးမြည်တမ်းသံကဲ့သို့ပင်။
လူတိုင်းနီးပါး ထိုနေရာကို ထိတ်လန့်စွာ ကြည့်လိုကိကြသည်။
ရက်စက်ကြမ်းကြုတ်ပြီး မည်းမှောင်သော သားရဲတစ်ကောင်သည် တလိပ်လိပ်ရိုက်ခတ်နေသော အမှောင်ထုလှိုင်းတံပိုးများကြား ထွက်ပေါ်လာသည်။
လူတိုင်း ထိတ်လန့်တကြားဖြစ်နေတုန်း ၊
ထိုအရာသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ရှိ ပါရမီရှင်တစ်ဦးကို ကိုက်စားကာ ၎င်း၏ ဗိုက်ထဲသို့ တိုက်ရိုက်မျိုချလိုက်သည်။
လူကို ပို၍ ထိတ်လန့်စေခဲ့သည်မှာ ယင်းအမှောင်ထု သားရဲကောင်တွင် တိုက်စားခြင်း အထူးနိယာမတစ်ခု ရှိပုံပေါ်သည်။
၎င်းသည် ဟင်းလင်းပြင် နိယာမစည်းမျဉ်းများကိုတောင် ထိခိုက်စေရုံသာမက သူတို့၏ တာအိုခန္ဓာကိုယ်များကိုပင် လျစ်လျူရှုနိုင်သည်။
“ဒါ...ဒါက အမှောင်ခေတ်က သတ္တဝါ မဟုတ်ဘူးလား...!”
ထိုအခြေအနေကိုမြင်လိုက်ရသော ကျန်းဝမ့်ချင်သည် အနည်းငယ် ထိတ်လန့်သွားပုံရသည်။
“အမှောင်ထု သားရဲလေးကောင်ထဲက တစ်ကောင်၊ အမှောင်ရိပ်သားရဲ!”