← Chapters

အန္တရာယ်များသော ကမ္ဘာကြီး

Vol. 18 Ch. 248

အန္တရာယ်များသော ကမ္ဘာကြီး

Vol. 18 Ch. 248

အန္တရာယ် ကြီးမားလွန်းလှသည်။

လင်ကျဲသည် စက်ဆုပ်ဖွယ်ရာ အိပ်မက်သတ္တဝါဆိုးအား ရိုက်သတ်အပြီး သွေးစွန်း ပေရေနေမှုများကို စင်ကြယ်အောင် ဆေးကြောသန့်စင်လိုက်သည်။ ထို့နောက် မြေအောက်ခန်း နံရံကို မှီရပ်ရင်း အိပ်မက်ဘုံအတွင်းမှ လူရေခွံစာအုပ်ကို ထုတ်ယူလိုက်လေသည်။

စာအုပ်ကို လှန်လှောကြည့်လိုက်ရာ အတွင်း၌ ရေးသားထားသော စာသားများမှာ ဂါထာမန္တန်များ ဖြစ်နေသည်ကို တွေ့ရှိရ၏။ မှန်ပေသည်။ အမှန်ပင် ဂါထာမန္တန်များပင်။

လင်ကျဲသည် စာအုပ်အလယ်တည့်တည့် ရောက်သည်အထိ ဆက်လက်လှန်လှောကြည့်ရာ 'လူရေခွံစာအုပ်' ကို မည်သို့ချုပ်လုပ်ထားကြောင်းနှင့် မည်သို့အသုံးပြုရမည်ဟူသော ညွှန်ကြားချက်များကိုပါ ရေးသားထားသည်ကို တွေ့ရသည်။

အသေအချာ ပြန်လည်စဉ်းစားကြည့်လျှင် သူသတ်လိုက်သည့် အိပ်မက် သတ္တဝါသည် သာမန်မဟုတ်ဘဲ ဤလူရေခွံစာအုပ်နှင့် တစ်နည်းနည်းဖြင့် ပတ်သက်ဆက်နွှယ်နေမည်မှာ ဧကန်မလွဲပင်။ သို့မဟုတ်ပါက ထိုသတ္တဝါမှာ ဤစာအုပ်ကို အသုံးပြု၍ အောက်လမ်းမန္တန်များကို ရေးသားနိုင်မည် မဟုတ်ချေ။

‘ဒီကောင် ငါ့ကို ဒီမန္တန်တွေနဲ့ တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာ သေချာတယ်...’

သို့တည်းမဟုတ် ၎င်းမှာ ဤစာအုပ်ပိုင်ရှင်၏ မူလပိုင်ရှင် ချန်ရစ်ခဲ့သည့် ‘အစောင့်အရှောက် ဝိညာဉ်’ တစ်မျိုးမျိုး ဖြစ်နေမလော။

စာအုပ်ပိုင်ရှင်သည် မိမိပစ္စည်း ခိုးယူခံရပါက သူခိုးအား တိုက်ခိုက်ရန် အတွက် စာအုပ်အတွင်းမှ အစောင့်အရှောက်တစ်ကောင် ထွက်လာအောင် စီစဉ်ထားခြင်း ဖြစ်နိုင်ပေသည်။ သူ၏ အကြံမှာ အလွန်ပင် စေ့စပ်သေချာလှသည်ဟု ဆိုရမည်။

ဤကမ္ဘာမှာ အမှန်တကယ်ပင် အန္တရာယ်များလွန်းလှသည်။

လင်ကျဲ စိုးရိမ်တကြီး ဖြစ်သွားမိသည်။ အကယ်၍ သူသာ ဤလူရေခွံစာအုပ်ကို အိပ်မက်ဘုံထဲတွင် မထားဘဲ စာအုပ်ဆိုင်ထဲ၌သာ ထားခဲ့မိပါက သူအိပ်ပျော်နေစဉ် ထိုအိပ်မက် သတ္တဝါ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံရနိုင်ချေ ရှိပေသည်။

သူ့ ခန္ဓာကိုယ်မှာ ဆစ်ဗာထံမှ ဓားသိုင်းပညာ သင်ယူပြီးကတည်းက သိသိသာသာ သန်မာထက်မြက်လာခဲ့သည်။ သဘာဝလွန် စွမ်းအင်ပိုင်ရှင်များဖြစ်သည့် မိုက်ကယ်၊ ဂါဘရီရယ်တို့နှင့် ရင်ဆိုင်ရာတွင် အသာစီးရခဲ့ဖူးသည်။ သို့သော်လည်း ထိုသူနှစ်ဦးမှာ အားနည်းသူများသာ ဖြစ်ကြပြီး ဤလောကတွင် သူနှင့်မဆုံဖူးသေးသည့် ပိုမိုအစွမ်းထက်သော ပုဂ္ဂိုလ်များစွာ ရှိနေဦးမည်ဟု လင်ကျဲ ယူဆထားသည်။

ဤကမ္ဘာ၌ ဆစ်ဗာကဲ့သို့ အစွမ်းထက်သူမျိုး တစ်ယောက် မက ရှိနေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

နောင်အခါ ယခုထက်ပို၍ သတိကြီးစွာ ထားရမည်ဟု လင်ကျဲ ဆုံးဖြတ်လိုက်သည်။ အဇီး ကမ္ဘာတွင် သဘာဝလွန်စွမ်းအင်များ အမှန်တကယ် တည်ရှိကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံ ရရှိခဲ့ပြီ ဖြစ်သည့်အပြင် သူသိထားသည့် သဘာဝလွန်စွမ်းအင်သုံး ရာဇဝတ်ဂိုဏ်း ‘မီးလျှံ ဓားလမ်းစဉ်’ နှင့်လည်း ရန်သူများ ဖြစ်ခဲ့ကြလေပြီ။ ထို့ကြောင့် ယခင်ကကဲ့သို့ ပေါ့ပေါ့ဆဆ နေ၍မဖြစ်တော့ချေ။

“ငါ့မှာ ဆစ်ဗာနဲ့ ပြောစရာတွေ ရှိလာပြီ၊ အထူးသဖြင့် နဂါးနှလုံးသား ကိစ္စ...”

လင်ကျဲ မိမိ၏ ရင်ဘတ်ကို မသိစိတ်ဖြင့် ပွတ်သပ်ရင်း ရေရွတ်လိုက်မိသည်။ သူ့ နှလုံးခုန်သံမှာ အနည်းငယ် ပြင်းထန်နေသလို ခံစားနေရ၏။ အကြောင်းမဲ့ စိတ်တိုကာ မိုက်ကလေးကို ပညာပေးခဲ့သည့် ဖြစ်ရပ်မှလွဲ၍ အခြား ထူးခြားသော လက္ခဏာမျိုးတော့ မတွေ့ရသေးပေ။ သို့သော်လည်း နဂါးနှလုံးသားမှ ထွက်ပေါ်လာသည့် အဖြူရောင်စွမ်းအင်များမှာ သူ့ နှလုံးနှင့် ခန္ဓာကိုယ်အပေါ် တစ်စုံတစ်ရာ သက်ရောက်မှုရှိနေသည်ဟူသော ခံစားချက်ကိုမူ ဖျောက်ဖျက်၍ မရနိုင်ချေ။

သူအကူအညီတောင်းစဉ်က ဘလက်ကီ တစ်ယောက် အဘယ်ကြောင့် လာမကူညီခဲ့သနည်း ဆိုသည်ကိုလည်း လင်ကျဲ စဉ်းစားမိသည်။ ထိုစွမ်းအင်များမှာ သူ့အတွက် ဘေးဥပဒ်မဖြစ်စေဘဲ အကျိုးရှိစေမည်ကို ဘလက်ကီက ကြိုတင်သိမြင်နေ၍များလား။

“ဒီညတော့ ဆစ်ဗာရဲ့ အိပ်မက်ဘုံထဲသွားပြီး သူနဲ့ စကားပြောကြည့်ရမယ်...”

လင်ကျဲ ခေါင်းကိုခါယမ်းကာ လူရေခွံစာအုပ်ကို ဆက်လက် စစ်ဆေးနေပြန်၏။ မြေအောက်ခန်း အတွင်း၌ ဟောင်းနွမ်းနေသည့် ရေနံဆီမီးအိမ်လေး တစ်လုံးသာ ထွန်းညှိထားသဖြင့် အလင်းရောင်မှာ ဝေဝါးနေသည်။ မှိန်ပျပျ အလင်းအောက်တွင် လူရေခွံစာအုပ်ပေါ်မှ သွေးရောင်စာသားများမှာ ကြောက်မက်ဖွယ်ရာ ပုံပြင်တစ်ပုဒ်ကဲ့သို့ပင် ပို၍ ထိတ်လန့်စရာ ကောင်းနေတော့သည်။

လင်ကျဲ စာမျက်နှာများကို လှန်လှောရင်း တစ်ဦးတည်း ရေရွတ်နေမိ၏။

“ဆစ်ဗာ ပြောဖူးတာတော့ ကန်ဒယ်လာရဲ့ မှတ်ဉာဏ်တွေ တပိုင်းတစ ဖြစ်နေတာဟာ အဲဒီက နတ်ဘုရား ကျင့်စဉ်တွေ ဆိုတဲ့ သဘောတရားတွေကို ငါနားမလည်နိုင်လို့ တဲ့... ကြည့်ရတာ အဲဒီအတတ်ပညာတွေဟာ မှော်အတတ်တွေပဲ နေမယ်”

လင်ကျဲ ဤကဲ့သို့ ကောက်ချက်ချရခြင်းတွင် ခိုင်လုံသော အကြောင်းရင်း ရှိပေသည်။ သူသည် လူရေခွံစာအုပ်ထဲမှ စာသားများကို ဖတ်ရှုနားလည်ရန် ကြိုးစားလေလေ၊ အဲ့လ်ဖ်ဘုရင် ကန်ဒယ်လာ၏ မှတ်ဉာဏ်များမှာ ပိုမိုရှင်းလင်း ထင်ရှားလာလေလေပင်။

နောက်ဆုံးတွင်မူ ထိုမှတ်ဉာဏ်များမှာ လုံးဝ ပြည့်စုံသွားလေတော့၏။

လင်ကျဲသည် ပညာရပ်တစ်ခုကို လေ့လာလိုက်စားသည့် အလား စာမျက်နှာတိုင်းကို အသေးစိတ် ဖတ်ရှုလေသည်။

“ပထမဆုံး စာမျက်နှာ ၂၀ က ကန်ဒယ်လာ လူငယ်ဘဝက လေ့လာခဲ့တဲ့ နတ်ဘုရား ကျင့်စဉ်တွေနဲ့ ထပ်တူကျနေတာပဲ... နောက်ပိုင်းစာမျက်နှာတွေကျမှ လုံးဝ ကွဲပြားသွားတာ.... ကြည့်ရတာ အရင် အပိုင်းတွေက အထူးပြုပညာရပ်တွေ မသင်ယူခင် အခြေခံမှော်ပညာကို သင်ယူရတဲ့ အဆင့်လိုမျိုး ဖြစ်မယ်ထင်တယ်”

လင်ကျဲ တစ်ယောက် ကြမ်းပြင်ပေါ်၌ တင်ပလ္လင်ခွေထိုင်ကာ လက်တစ်ဖက်ဖြင့် မေးထောက်လျက် စာအုပ်ထဲသို့ အာရုံစိုက်နေမိသည်။ ဆက်လက်ဖတ်ရှုနေရင်း သူ နောက်ထပ် အတွေးတစ်ခု ဝင်လာပြန်၏။ ဒုတိယခေတ်နှင့် ထိုထက်စောသော ကာလများ၌ မှော်ပညာနှင့် အောက်လမ်းအတတ်များကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့ပုံရ၏။ သို့သော်လည်း သတင်းအချက်အလက် အမြောက်အမြားမှာ ကာလရွေ့လျားမှုနှင့်အတူ ပျောက်ဆုံးကုန်ကြသဖြင့် ယခုခေတ်တွင်မူ ဤမန္တန်များကို သင်ယူရန်မှာ အလွန်ပင် ခက်ခဲလှပေလိမ့်မည်။

လူရေခွံစာအုပ်တွင် စာမျက်နှာ ၁၀၀ ခန့် ရှိပြီး ပထမ စာမျက်နှာ ၂၀ မှာ ကန်ဒယ်လာ အသက် ၁၀ နှစ်မတိုင်မီ သင်ယူခဲ့သော အခြေခံများသာ ဖြစ်သည်။ အကယ်၍ ဤစာအုပ်ပိုင်ရှင်၏ အသိပညာအားလုံးသာ စာအုပ်ထဲတွင်သာ ရှိသည်ဆိုပါက၊ သူ၏ အသိပညာ ငါးပုံတစ်ပုံမှာ သူငယ်တန်းအဆင့် အခြေခံများသာ ဖြစ်နေပေလိမ့်မည်။ ဤသည်မှာ အလွန်ပင် ကောင်းမွန်သော သင်ကြားမှုပုံစံဟု ဆိုနိုင်သည်။

သို့သော်လည်း လူရေခွံစာအုပ်၏ ပိုင်ရှင်မှာမူ စိတ်ထားကောင်းသူတစ်ဦး မဟုတ်ဘဲ ယုတ်မာကောက်ကျစ်သူတစ်ဦးသာ ဖြစ်ပေလိမ့်မည်။ စာမျက်နှာ ၂၀ ကျော်လွန်သွားပြီးနောက် ပါဝင်သော အကြောင်းအရာများမှာ ကန်ဒယ်လာ၏ မှတ်ဉာဏ်များနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်သွားတော့သည်။ လူဆိုးတစ်ယောက် လမ်းမှားသို့ ရောက်ရှိကာ လုံးဝ ပြန်လှည့်မရတော့သည့် အခြေအနေမျိုး ဖြစ်နေသည်။

မန္တန်အများစုမှာ မန္တန် မန္တရား မန်းမှုတ်ရန်အတွက် လူသားတို့၏ လတ်ဆတ်သော သွေးများကို အခြေခံအဖြစ် အသုံးပြုရန် လိုအပ်သည်။ ထို့အပြင် သေခါနီး လူသား၏ သွေးတွင် ထူးခြားသော ဂုဏ်သတ္တိများ ပါဝင်သဖြင့် ပစ်မှတ်ဖြစ်သူအား နည်းမျိုးစုံဖြင့် နှိပ်စက်ညှဉ်းပန်းပြီးမှ သွေးဖောက်ယူရမည်ဟုပင် အတိအကျ ဖော်ပြထားသေးသည်။

ဤစာသားများကို ဖတ်ရုံမျှဖြင့် မည်သူမဆို ကျောချမ်းသွားမည်မှာ အမှန်ပင်။

လူသတ်ရန် မလိုသော မန္တန်အနည်းငယ် ရှိသော်လည်း လူသေကောင် တစ်မျိုးမျိုးကို လိုအပ်နေဆဲ ဖြစ်သည်။ လင်ကျဲ မျက်မှောင်ကြုတ်လျက် ထိုအချက်အလက်များကို ခပ်သွက်သွက် ကျော်ဖတ်လိုက်ပြီးနောက် အတော်အတန် ပုံမှန်ဖြစ်သော မန္တန်တစ်ခုတွင် ရပ်တန့်လိုက်သည်။

‘သွေးကျိန်စာ - သေခါနီးသွေးဖြင့် ဝိညာဉ်ကူးပြောင်းခြင်း’

ဤမန္တန်၏ အကျိုးသက်ရောက်မှုမှာ မန္တန် အသုံးပြုသူ၏ အသိစိတ်ကို သေခါနီး လူတစ်ဦး၏ သွေးထဲသို့ ခေတ္တကူးပြောင်းစေနိုင်ခြင်း ဖြစ်သည်။ ထို့နောက် မန္တန်ပိုင်ရှင်သည် မူလပိုင်ရှင်၏ ဝိညာဉ်နေရာတွင် အစားထိုးဝင်ရောက်ကာ ထိုခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်မည် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ကာယကံရှင်၏ ဝိညာဉ် မပျောက်ကွယ်မီ ထိန်းချုပ်မှုကို ဖယ်ရှားနိုင်ပြီး ချက်ချင်း ဆေးကုသမှု ခံယူနိုင်ပါက အသက်ရှင်နိုင်သည့် အခွင့်အရေး ရှိသေးသည်။

အခြားတစ်ဖက်မှ ကြည့်မည်ဆိုလျှင် ၎င်းမှာ မန္တန်ပိုင်ရှင် သေဆုံးခါနီးအချိန်တွင် အသက်ကယ်ရန်အတွက် အလွန်ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်နိုင်ပေသည်။

‘အမှန်ပဲ၊ ယုတ်မာတဲ့ အတတ်ပညာဆိုတာ မရှိဘူး၊ ယုတ်မာတဲ့ လူပဲ ရှိတာ... ဒီစာအုပ်က သိမ်းဆည်းရမိတဲ့ ပစ္စည်းဆိုတော့ ဂျိုးဇက်ကို ပေးလိုက်တာ ပိုကောင်းမယ်ထင်တယ်’

ဂျိုးဇက်ကဲ့သို့ မွန်မြတ်သူတစ်ဦးသည် ဤယုတ်မာသည့် မန္တန်များကိုပင် ကောင်းကျိုးအတွက် မည်သို့အသုံးပြုရမည်ကို သိပေလိမ့်မည်ဟု လင်ကျဲက တွေးတောမိသည်။ ထိုအတောအတွင်း သူသည် ပထမစာမျက်နှာ ၂၀ မှ အခြေခံမန္တန်များကို အလွတ်ရနေပြီ ဖြစ်သည်။

ပြဿနာက လင်ကျဲမှာ အီသာ စွမ်းအင်အား မည်သို့အသုံးချရမည်ကို မသိခြင်းပင်။ လောလောဆယ်တွင် သူပိုင်ဆိုင်သည့် အီသာစွမ်းအင် အားလုံးကို အိပ်မက်ဘုံ တည်ဆောက်ရန်အတွက်သာ အသုံးပြုနေပြီး အိပ်မက်ဘုံ ပိုမိုကျယ်ပြန့်လာစေရန် အမြဲမပြတ် စီးဆင်းနေစေရသည်။ ထိုကြားထဲမှ ပိုလျှံသော အီသာကို ထုတ်ယူပြီး ဤမန္တန်များကို သင်ယူရပေမည်။ သို့သော်လည်း... မည်ကဲ့သို့ လုပ်ရမည်နည်း။

“ဆစ်ဗာကိုပဲ မေးကြည့်ရတော့မယ်”

လင်ကျဲ မတ်တပ်ထရပ်ကာ အဝတ်အစားပေါ်မှ ဖုန်များကို ခါလိုက်၏။ လက်သမား လုပ်ငန်းလည်း ပြီးစီးသွားပြီ ဖြစ်သဖြင့် ကြောင်အိပ်ရာနှင့် လူရေခွံစာအုပ်ကို ယူဆောင်ကာ မြေအောက်ခန်းထဲမှ ထွက်လာခဲ့တော့သည်။

...

“သူ... သူက အဲဒီလက်စွပ်ကို ဝတ်လိုက်တာလား”

ဝါးပူဂစ် တစ်ယောက် အံ့အားသင့်ကာ မျက်လုံးများ ပြူးသွားတော့၏။ သူမက လခြမ်းပုံစံ ဒန်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ကြယ်ရောင်များ ထင်ဟပ်နေသေည့် ရေပြင်ပေါ်တွင် လူးလာတုံ့ခေါက် လမ်းလျှောက်နေမိသည်။

မွန်းက ခေါင်းညိတ်ပြလိုက်၏။

“အခု အဲဒါကို ပြန်ချွတ်လို့ မရတော့ဘူးပေါ့ ဟုတ်လား”

မွန်းက ထပ်မံ၍ ခေါင်းညိတ်ပြပြန်၏။

ဝါးပူဂစ်သည် အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

“အဲဒီ လက်စွပ်က ငါ့ဆီမှာ အကာအကွယ် တောင်းခံခဲ့ကြသူတွေနဲ့ ငါထားခဲ့တဲ့ ပဋိညာဉ်တွေကို သိမ်ဆည်းထားတာ... အခု သူက ဝတ်ပြီး လက်စွပ်ကို အသက်သွင်းလိုက်ပြီဆိုတော့ အဲဒီလူတွေလည်း သိသွားကြမှာပဲ၊ သူတို့က သူ့ကို ငါပဲလို့ ထင်နေကြတော့မှာ...”

ဝါးပူဂစ်ထံတွင် နတ်ဘုရားတုကို သတ်ဖြတ်ကာ လစစ်စစ် ဖြစ်ကြောင်း သက်သေပြရန်အပြင် ယခင်က ထားရှိခဲ့သည့် ကတိကဝတ်များကို တည်စေရန်ဟူသော ရည်ရွယ်ချက်လည်း ရှိနေသေးသည်။ ယခုမူ လက်စွပ်က အခြားတစ်ဦးလက်ထဲ ရောက်သွားပြီဖြစ်ရာ ဘာဆက်လုပ်ရမည်နည်း။

ထိုလူသား၏ စိတ်သဘောထားကို သူမ မည်သို့မျှ ထိုးဖောက်မမြင်နိုင်သော်လည်း လက်စွပ်မှာမူ သူမ၏ ကိုယ်စားပြု အထိမ်းအမှတ်ပင် ဖြစ်သည်။ ထို့ကြောင့် လက်စွပ်ကို ပြန်ရမှ ဖြစ်မည်။

“ဘယ်လို ပြန်ယူရမလဲ”

မွန်းက ဝေဝေဝါးဝါးဖြင့် မေးလိုက်၏။

ဝါးပူဂစ်က မွန်းကို တည့်တည့်စိုက်ကြည့်ကာ အကြံပေးလိုက်သည်။

“ညဘက် သူ့အခန်းထဲ ခိုးဝင်ပေါ့ဟာ...”

***

All Chapters