← Chapters

ဝိညာဉ်ထိတွေ့မှု ဆေးရည်

Vol. 19 Ch. 258

ဝိညာဉ်ထိတွေ့မှု ဆေးရည်

Vol. 19 Ch. 258

အမှန်တရား အသင်းတော်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် လွန်ခဲ့သည့် လအနည်းငယ်က မိုးနတ်ဘုရားအား နှိမ်နင်းခဲ့သည့် စစ်ဆင်ရေးမှာ ဂျရုမ်း၏ အာရုံထဲ၌ လတ်ဆတ်နေဆဲ ဖြစ်သည်။ ထိုကြီးမားလှသော တိုက်ပွဲမှာ နောက်ဆုံးတွင် နတ်ဘုရားများ၏ တိုက်ပွဲအဖြစ် ပြောင်းလဲသွားခဲ့ပြီး၊ နောက်ဆုံးတွင် ‘အီသာ ဖျက်ဆီးရေး အမြောက်’ ကြီးပင် ဖျက်ဆီးခံလိုက်ရသည်...။

ထိုနေရာတွင် ရှိနေခဲ့သည့် မည်သူမဆိုအတွက် ၎င်းမှာ မေ့မရနိုင်သည့် အရာဖြစ်ပြီး တစ်ဘဝလုံး ခြောက်လှန့်နေမည့် အိပ်မက်ဆိုးတစ်ခုလည်း ဖြစ်သည်။

ဂျရုမ်းအတွက်မူ ဤဖြစ်ရပ်က သူ့ကို အသစ်တစ်ဖန် ပြန်လည် နိုးထစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုစစ်ဆင်ရေး၏ အောင်မြင်မှုကို အသုံးချ၍သာ သူသည် ‘မီးတောက်ဓားလမ်းစဉ်’ ဟု ခေါ်သော အစွမ်းထက် အဖွဲ့အစည်းကြီး၏ အမာခံအဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သောကြောင့် ဖြစ်၏။

အမာခံအဖွဲ့ဝင်ဆိုသည်မှာ ဇူအီကာကူ သို့မဟုတ် ရော့ဒ်နီ တို့ကဲ့သို့ အဖွဲ့အစည်းထံမှ အထောက်အပံ့ အပြည့်အဝ ရရှိသူဖြစ်ပြီး၊ အဖွဲ့အစည်းနှင့် အချိန်မရွေး နှစ်ဖက်ဆက်သွယ်မှု ပြုလုပ်နိုင်သည်။

သေဆုံးသွားပြီဖြစ်သော ဝံပုလွေဖြူ ခေါင်းဆောင်ဟောင်း ဟယ်ရစ် မှာ အဆင့်နိမ့်အဖွဲ့ဝင်တစ်ဦးသာ ဖြစ်ပြီး အမိန့်ပေးသည်ကိုသာ ငြိမ်ခံနေရသူ ဖြစ်သည်။

တိုက်ခိုက်ရေးစွမ်းအားတွင် အားနည်းသည့် ဆေးဝါးဗေဒပညာရှင် တစ်ဦးအနေဖြင့် ဂျရုမ်းသည် သူ၏ ‘ဉာဏ်ရည်နှင့် အကြံအဖန်’ ကိုသာ အားကိုး၍ ယနေ့နေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ဂျရုမ်း ဆံပင်များကို ဆွဲဖွနေခြင်းကို ရပ်တန့်လိုက်ပြီး စိတ်ကို ပြန်ငြိမ်အောင် ထိန်းလိုက်၏။ ထို့နောက်... သူ၏ မျက်နှာတွင် ယုတ်မာသည့် အမူအရာတစ်ခု ဖြတ်ပြေးသွားပြီး အံကို တင်းတင်းကြိတ်ကာ ဟိန်းဟောက်လိုက်သည်။

“ငါ ဘာလို့ ကြောက်နေရမှာလဲ... သူက သန်မာပါတယ်... ဟုတ်တယ်... ဒါပေမဲ့ ငါ့နောက်မှာလည်း မီးတောက်ဓားလမ်းစဉ် ရှိနေတာပဲ... ရော့ဒ်နီလိုမျိုး အခရာ အဆင့် တစ်ယောက်တောင် အဖွဲ့အစည်းက ပေးသမျှကို စားနေရတဲ့ အမှိုက်တစ်စပဲ... ငါသာဆိုရင် အဲဒီထက် အများကြီး ပိုကောင်းအောင် လုပ်နိုင်မှာ”

ရော့ဒ်နီနှင့် ဇူအီကာကူတို့ နှစ်ယောက်လုံး သေသွားပြီ ဖြစ်သော်လည်း၊ ၎င်းမှာ သူတို့ ဉာဏ်မကောင်းခြင်းနှင့် တန်ဖိုးမရှိခြင်းကြောင့်သာ ဖြစ်သည်ဟု ဂျရုမ်းက ယူဆသည်။ အဖွဲ့အစည်းထံမှ အရင်းအမြစ်များစွာ ရရှိပါလျက်နှင့် ရှုံးနိမ့်သွားခြင်းမှာ သူတို့၏ ကိုယ်ပိုင် အစွမ်းအစ မရှိခြင်းကို သက်သေပြနေခြင်း ဖြစ်သည်။

အမှန်တရား အသင်းတော်တွင် ကာလရှည်ကြာ သူလျှိုလုပ်နေခဲ့စဉ်အတွင်း... ဂျရုမ်းသည် ဒုတိယဥက္ကဋ္ဌ တစ်ဦးကို လအနည်းငယ်ကြာအောင် အလုပ်မလုပ်နိုင်အောင်နှင့် စောင့်ကြည့်ခံရအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ထိုဒုတိယဥက္ကဋ္ဌက သူလျှိုရှာဖို့ အတွက် ရက်သတ္တပတ်ပေါင်းများစွာ အသည်းအသန် စုံစမ်းစစ်ဆေးခဲ့သော်လည်း သူကတော့ အရိပ်အယောင်ပင် မပြဘဲ နေနိုင်ခဲ့သည်။

“ငါ ဒီလောက်ထိ ကြိုးစားခဲ့တာ၊ အခုမှ ဘယ်လိုလုပ်ပြီး လက်လျှော့နိုင်မှာလဲ...”

ဂျရုမ်း၏ မျက်လုံးများမှာ ယုတ်မာရက်စက်မှုတို့ဖြင့် တောက်ပလာ၏။ သူ ခေတ္တမျှ ထပ်မံစဉ်းစားပြီးနောက် စားပွဲဆီသို့ လျှောက်သွားကာ စားပွဲအောက်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။

ဂျိ... ဂျိ...

စက်သွားများ လည်ပတ်သံ သဲ့သဲ့ ထွက်ပေါ်လာပြီး စာအုပ်စင်မှာ ဘေးသို့ ရွေ့သွားကာ အရောင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးရှိသည့် ဆေးရည်ပုလင်းများဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခု ပေါ်လာတော့သည်။

ဂျရုမ်း လက်လှမ်းလိုက်ပြီး ဆေးရည်ပုလင်း အနည်းငယ်ကို ရွေးချယ်ကာ သူ၏ အင်္ကျီလက်ထဲတွင် ဝှက်ထားသည့် ဆေးဖော်စပ်သည့် ကိရိယာအတွင်းသို့ ထည့်လိုက်သည်။

ဤဆေးရည်များမှာ အခြေခံများသာ ဖြစ်ပြီး ပါဝင်ပစ္စည်း အနည်းငယ်ကိုသာ အကြမ်းဖျင်း ရောစပ်ထားခြင်း ဖြစ်သည်။ အခြားသော ဆေးဝါးပညာရှင်များ၏ အမြင်တွင်မူ ၎င်းတို့မှာ အန္တရာယ်ကင်းသော သာမန် စမ်းသပ်ပစ္စည်းများသာ ဖြစ်သည်။ သို့သော် ၎င်းတို့ကို ရောစပ်လိုက်သောအခါတွင်မူ အားကောင်းပြီး စွဲမက်ဖွယ်ကောင်းသည့် စိတ်ညှို့ဆေးရည်တစ်ခု ဖြစ်လာပေလိမ့်မည်။

ဂျရုမ်းကတော့ ဤဆေးရည်ကို ‘ဝိညာဉ်ထိတွေ့မှု’ ဟု အမည်ပေးထားသည်။

သူ ၎င်းကို လူပေါင်း ၁၀ ဦးထက်မနည်းအပေါ်တွင် စမ်းသပ်ခဲ့ပြီးဖြစ်သည်။ ၎င်းသည် ‘ငရဲဘုံအဆင့်’ ရှိသူများကိုပင် ကန့်သတ်ချက်မရှိ ထိန်းချုပ်နိုင်စွမ်း ရှိသည်။

သေဆုံးသွားသည့် အမှောင် အဲ့လ်ဖ် လူသတ်သမားမှာလည်း ထိုစမ်းသပ်ခံများထဲမှ တစ်ဦးပင် ဖြစ်သည်။ ဂျရုမ်းသည် သူမအပေါ်တွင် ‘ဝိညာဉ်ထိတွေ့မှု’ ဆေးမှုန်များကို ဖြန်းထားခဲ့သည်။ ထို့ကြောင့်ပင်... ထိုမိန်းမမှာ ဤအလုပ်က ‘ဘလပ်ဖိစ်’ ၏ အရောင်းအဝယ်တစ်ခုဖြစ်သည်ဟု လွဲမှားစွာ ယုံကြည်သွားခြင်း ဖြစ်သည်။

အမှန်တကယ်တွင်မူ ဘလပ်ဖိစ်သည် ၎င်း၏ တည်ထောင်သူ ဇူအီကာကူ ဖမ်းဆီးခံရပြီးနောက်တွင် စစ်ဆင်ရေးအားလုံးကို ခေတ္တရပ်ဆိုင်းထားသည်။ လက်ရှိတွင် ဘလပ်ဖိစ်၏ ထိပ်တန်းခေါင်းဆောင်များအကြား အာဏာလုပွဲများ ဖြစ်ပွားနေသည်။ သို့သော်လည်း... ထိုအရာအားလုံးမှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မီးတောက်ဓားလမ်းစဉ်က မကြာမီ လူလွှတ်၍ လွှဲပြောင်းရယူတော့မည် ဖြစ်သောကြောင့်ပင်။

ထို့ကြောင့်ပင်... အဆိုပါ အဲ့လ်ဖ် မျိုးနွယ်နှင့် ပြုလုပ်ခဲ့သော သဘောတူညီချက်မှာ အစကတည်းက အလိမ်အညာသာ ဖြစ်သည်။

“ချစ်လှစွာသော ဒုတိယဥက္ကဋ္ဌကြီး အင်ဒရူး ရေ... အခုတော့ အားလုံးက ခင်ဗျား အပေါ်မှာပဲ မူတည်တော့တယ်”

ဂျရုမ်းသည် နှုတ်ခမ်းမွေးလေးကို ပွတ်သပ်ရင်း ယုတ်မာစွာ ပြုံးလိုက်၏။

“နောက်ဆုံးမှာတော့ ခင်ဗျားက ကျုပ် အတွက် ခုတုံးတစ်ခု ဖြစ်လာမှာပါ...”

“ဘာပဲဖြစ်ဖြစ်... ခင်ဗျားက ကျုပ်လို အဆင့်မရှိတဲ့ လူတစ်ယောက်ထက်စာရင် အဲဒီလူနဲ့ ပိုပြီးတော့ ရန်ငြိုးတွေ ရှိနေတာကိုး။”

...

ဗဟိုခရိုင်...

ဗဟိုခရိုင်ရှိ နေအိမ်များကို အင်္ဂလိပ်အက္ခရာများဖြင့် အဆင့်ခွဲခြားထားသည်။ ဗဟိုအကျဆုံးနေရာကို ‘A’ ဖြင့် စတင်ပြီး အပြင်ဘက်အစွန်ဆုံးကို ‘Z’ ဖြင့် အဆုံးသတ်ထားသည်။ ဗဟိုနှင့် နီးကပ်လေလေ နေထိုင်သူ၏ အဆင့်အတန်း မြင့်မားလေလေ ဖြစ်သည်။

အမှန်တကယ်တွင် ထိုအဆင့်အတန်းမှာ ငွေကြေး၊ အာဏာ သို့မဟုတ် ကျော်ကြားမှု တစ်ခုခု ဖြစ်နိုင်သည်။

အာဏာမရှိသည့် သူကောင်းမျိုးနွယ်များအတွက်မူ... အသိတရားရှိသူများမှာ ဘိုးဘွားပိုင်အိမ်များကို ရောင်းချပြီး အပြင်ဘက်ဒေသများသို့ ပြောင်းရွှေ့သွားကြပြီဖြစ်သည်။ အတိတ်က ဂုဏ်သိက္ခာကိုသာ ဆုပ်ကိုင်ထားဆဲဖြစ်သည့် လူများမှာမူ အတော်ပင် ဆင်းရဲဒုက္ခရောက်စွာ နေထိုင်ကြရသည်။

အပြင်ပန်း ဂုဏ်သိက္ခာကို အသည်းအသန် ထိန်းသိမ်းရန်အတွက် သူတို့သည် အစေခံအမြောက်အမြားနှင့် ဈေးကြီးသော နေ့စဉ်သုံးပစ္စည်းများအတွက် ငွေကုန်ကြေးကျ ခံနေကြရသည်။ ထိုကဲ့သို့သော မနိုင်ဝန် သုံးနေသည့် နေထိုင်မှုပုံစံမှာ ကြာရှည်မခံနိုင်ပေ။

အစပိုင်းတွင် သူတို့သည် ဘေးပတ်ဝန်းကျင်ရှိ မိတ်ဆွေများထံမှ အကူအညီကို အားကိုးရသည်။ နောက်ပိုင်းတွင်တော့... အပြုံးမပျက် ချေးငွေများ ရယူကြပြီး နောက်ဆုံးတွင် ဆပ်၍မကုန်နိုင်သည့် ကြွေးမြီသံသရာထဲ၌ ဇာတ်သိမ်းကြရတော့သည်။

ဤသို့နှင့် တစ်ခါက လူတိုင်း ဟန့်ရလောက်သည့် သူကောင်းမျိုးနွယ်စုများမှာ အရေးမပါသော အခြေအနေသို့ လုံးဝ ကျဆင်းသွားပြီး၊ မြင့်မြတ်သော သွေးမျိုးဆက်သည်သာလျှင် နောက်ဆုံးနှင့် တစ်ခုတည်းသော တန်ဖိုးရှိသည့်အရာ ဖြစ်လာတော့သည်။ ကြွေးမြီများ ပြန်ဆပ်ရန်အတွက် သူတို့၏ မျိုးနွယ်စုဝင် အမျိုးသမီးများကို ပုံမှန်ပြုလုပ်လေ့ရှိသော ပွဲတော်များဟု အမည်တပ်ကာ ရောင်းစားကြရသည်။

နောက်ဆုံးတွင် ထိုကဲ့သို့သော မျိုးနွယ်စုများမှာ အဆိပ်သောက်ကာ အစုလိုက်အပြုံလိုက် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ဘဲ၊ ဗဟိုခရိုင်ရှိ နေထိုင်သူများအကြား ဟာသတစ်ခုအဖြစ်သာ ကျန်ရစ်တော့သည်။

သို့သော်လည်း... ဤကဲ့သို့သော မှောင်မိုက်သည့် လျှို့ဝှက်ချက်များကို ဖယ်ထုတ်လိုက်လျှင်မူ ဗဟိုခရိုင်၏ ချမ်းသာကြွယ်ဝမှုနှင့် သားနားမှုတို့မှာ လူအများအတွက် ဆွဲဆောင်မှုရှိနေဆဲ ဖြစ်သည်။ အထက်ပိုင်း ခရိုင်ရှိ သာမန်နေထိုင်သူအများစု၏ တစ်သက်တာ အိပ်မက်မှာ ဗဟိုခရိုင်၏ အစွန်အဖျားတွင် အိမ်တစ်လုံး ပိုင်ဆိုင်ရန်ပင် ဖြစ်သည်။

အမှန်တရား အသင်းတော်၏ ဒုတိယဥက္ကဋ္ဌ ရာထူးကို ရယူထားသူဖြစ်ပြီး သူကောင်းမျိုးနွယ် သွေးပါသူ တစ်ယောက် ဖြစ်သဖြင့် အင်ဒရူးသည် ဗဟိုခရိုင်တွင် နေထိုင်သည်။ သူ၏ လိပ်စာမှာ B45 ဖြစ်သည်။

“ဂျရုမ်း ရောက်နေတာလား...”

အစေခံက သတင်းလာပို့သောအခါ အင်ဒရူး တစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။ သူ မှတ်မိသလောက်ဆိုလျှင် ဆေးဝါးဗေဒ ဒုတိယဌာနမှူးဖြစ်သူ ဂျရုမ်းသည် ပျောက်ဆုံးနေသည့် မာဂရက်နှင့် သွေးဝေး ဆွေမျိုးတော်စပ်သော်လည်း ပြိုင်ဘက်များ ဖြစ်ခဲ့ကြသည်။

သို့သော် မာဂရက် ပျောက်ဆုံးသွားပြီးနောက်တွင် ဂျရုမ်းသည် ပုံမှန်ထက် ပို၍ လူမသိသူမသိ နေထိုင်နေခဲ့သည်။ သူက မူလ ရည်မှန်းချက်ကိုပင် စွန့်လွှတ်ကာ ဌာနမှူးနေရာကို အခြားသော ဒုတိယဌာနမှူး တစ်ဦးအား ပေးအပ်ခဲ့သည်။

မျိုးနွယ်စုဝင် လူကြီးတစ်ဦးအနေဖြင့် မာဂရက် ပျောက်ဆုံးသွားမှုအပေါ် ဂရုမ်းမှာ စိတ်မကောင်းဖြစ်နေပြီး ဆေးဝါးဌာန၏ ကိစ္စရပ်များတွင် စိတ်မပါတော့သယောင် ပုံဖော်ထားခြင်း ဖြစ်သည်။ ဤသည်မှာ သံသယကို ရှောင်လွှဲရန် အလွန်ပင် ဆန်းသစ်သော နည်းလမ်းတစ်ခု ဖြစ်ပုံရသည်။

‘ဒါပေမဲ့ မေးစရာရှိတာက... ဂျရုမ်းက ဘာလို့ အခုလို အချိန်မျိုးမှာ ငါ့ဆီကို လာတွေ့တာလဲ...’

မိုးနတ်ဘုရားနှင့် တိုက်ပွဲဖြစ်ပြီးကတည်းက အမှန်တရား အသင်းတော်အတွင်း အင်ဒရူး၏ အဆင့်အတန်းမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။

ယခင်က အင်ဒရူးမှာ စိတ်မနှံ့သည့် ‘အမှန်တရား ရှာဖွေသူများ’ ကို စာအုပ်ဆိုင်သို့ စုံစမ်းစစ်ဆေးရန် လွှတ်ခဲ့ဖူးသည်။ သို့သော်လည်း... သူ စိတ်ပြောင်းသွားပြီး အမိန့်ကို ပြန်ရုပ်သိမ်းလိုက်သောအခါ၊ ထိုအမိန့်မှာ ကြားဖြတ်ခံလိုက်ရပြီး အမည်မသိလူတစ်ဦးက အမိန့်ကို ဆက်လက် အကောင်အထည်ဖော်ခဲ့သည်။ ဤအချက်ကပင် သူ့ပတ်ဝန်းကျင်၌ သူလျှိုတစ်ဦး ရှိနေကြောင်း သတိပြုမိစေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း... အင်ဒရူးသည် သူ ယုံကြည်ရသော လက်ထောက်များကတော့ သူ့ကို သစ္စာဖောက်လိမ့်မည်ဟု မယုံကြည်ပေ။

အမျိုးမျိုးသော လက္ခဏာများအရ ထိုသူလျှိုမှာ နေရာအနှံ့တွင် ရှိနေသယောင် ဖြစ်နေပြီး၊ ပုံသဏ္ဌာန်မရှိသော်လည်း အမှန်တရား အသင်းတော် တစ်ခုလုံးကို သက်ရောက်မှု ပေးနိုင်စွမ်း ရှိသည်။ ထို့ပြင် အီသာ စောင့်ကြည့်စစ်ဆေးမှုများဖြင့် စုံစမ်းသော်လည်း မည်သည့်ရလဒ်မျှ မထွက်ပေါ်ခဲ့ပေ။

စုံစမ်းမှုမျာစွာ ပြုလုပ်ခဲ့ပြီး နောက်တွင်တော့ အင်ဒရူး ကိုယ်ပိုင် ယူဆချက်တစ်ခုကို ထုတ်ဖော်နိုင်ခဲ့သည်။

ဤသည်က သူလျှိုများစွာ ရှိနေခြင်း မဟုတ်ဘဲ၊ တစ်ဦးတည်းသော သူလျှိုမှာ အခြားသူများစွာကို ထိန်းချုပ်နိုင်စွမ်း ရှိနေခြင်းသာ ဖြစ်ရမည်...။

***

All Chapters