အခန်း (၉၁၁-၉၁၅)
Vol. 51 Ch. 911-915
အပိုင်း (၉၁၁)
ဘုန်း ဘုန်း ဘုန်း
ဝူရှန်းမြင်းတပ် ငါးထောင်က မရပ်တန့်နိုင်သော အရှိန်အဝါအပြည့်နှင့် ရင်ဆိုင်ရသမျှ အင်းအားစုများကို လှည့်ကြည့်မိပုံ ပေါ်သည်။
ဘန်း
သူတို့၏လမ်းမှ တူရကီမြင်းသည်တော် တစ်ယောက်မှ ဘေးဘက်သို့ ကန်ထုတ်ခံရလေပြီး မြေပြင်အထက် ဆယ်မီတာခန့် မြင်သောနေရာအထိ ရောက်ရှိသွားကာ အသားကုန် အော်ဟစ်သည်။ သူက ကြောက်မက်ဖွယ် ကောင်းသည့် ပြင်းထန်သည့် သက်ရောက်အားကြောင့် လွှတ်ထွက်သွားခြင်း ဖြစ်နေသည်။
တစ် နှစ် သုံး …
မရေမတွက်နိုင်အောင် မြောက်များသော တူရကီနှင့် တိဘက်များကလည်း ဝူရှန်းမြင်းတပ်က ချီတက်သည့် မြင်သက်ဖွယ်ကောင်းသော အရှိန်အဝါအောက်တွင် နတ်ပြည်များကဲ့သို့ လေထဲတွင် လွှင့်ထွက်ကုန်ကြသည်။
“ကောင်းတယ် ဒီလိုရန်သူမျိုးကို သတ်ရတာကမှ ဂုဏ်ယူဖို့ တန်တာ”
ရှားမက သူ၏ မြင်းကို အသာဖိထားသည်။ သူက ထိုမြင်ကွင်းကြောင့် ကြောက်လန့်သွားခြင်း မရှိချေ။ အနှစ်ချုပ်ဆိုရသော် ပို၍ပင် စိတ်လှုပ်ရှားလာသေးသည်။
သူ၏ ခန္ဓာကိုယ်က ရက်စက်သည့် အရှိန်အဝါကို ထုတ်လွှတ်နေ၏။ အနောက်ပိုင်း တူရကီ ခါကာနိမ့်တွင် ရှားမကသာ ထူးဆန်းသော နောင်ဖြစ်လာမည့် ဗိုလ်ချုပ်တစ်ယောက်ဟု ဆို၍ရသည်။ ရက်စက်ကြမ်းတမ်းမှု၊ သွေးဆာမှုအပြင် ကောက်ကျစ်မှုက မြွေတစ်ကောင်နှင့်ပင် ယှဉ်၍ရသေးသည်။ သူသည် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက်အဖြစ် မလုပ်ရဲသော မည်သည့်အရာမျှ မရှိချေ။ သို့ရာတွင် သူတွင် မည်မျှ ပြင်းထန်သည့် အကျင့်စရိုက်များ ရှိနေစေကာမူ၊ အခြားသူများက သူ့အကြောင်း မကောင်းကြောင်း မည်သို့ပြောစေကာမူ ရှားမကမူ တုဝူစစ်လီ၏ အယုံကြည်ရဆုံး လက်အောက်ငယ်သား ဖြစ်သည်။ တုဝူစစ်လီကလည်း ဝံပုလွေနက်ရောင် အကုတုလန်ထက်ပင် အလေးထားသေး၏။
တုဝူစစ်လီ၏မျက်နှာပေးရသည့် အကြောင်းအရင်းက ရိုးရှင်းသည်။ ရှားမက သူ၏ရန်သူကို သတ်ရန် နည်းလမ်း ရှိနေတတ်သည်။ တစ်ဖက်သူက မည်မျှအင်းအားကြီးစေကာမူ သူက ရအောင် သတ်နိုင်သေး၏။
“စစ်သားတိုင်း ငါ့ရဲ့အမိန့်ကို နာခံကြ။ အင်ပါယာ မာရှယ်ထန်ခေါင်းဆောင်ကို ငါ့အတွက် ချန်ထား။ မင်းတို့ကောင်တွေ သူ့ကို ထိခွင့်မရှိဘူး။ သူရဲ့ ခေါင်းကို ဖြစ်ပြီး သူ့ရဲ့ ဦးခေါင်းခွံကို ဆုတ်လို့ ငါ့ရဲ့ ဝိုင်ခွက် လုပ်ရမယ်”
ရှားမက ခပ်ကြမ်းကြမ်း ပြောသည်။ သူဟာ အလွန်အမင်း စိတ်လှုပ်ရှားပုံဖြင့် လျှာသပ်လိုက်သည်။ သူ၏ မျက်ဝန်းက သွေးကို ဆာလောင်မှုကြောင့် တောက်လောင်လာသည်။
“ဟုတ်ကဲ့”
ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်က အော်ဟစ်သည်။ သူတို့အားလုံးက စိတ်လှုပ်ရှားစွာ အော်ဟစ်ကြ၏။
“အား… ဒီလိုလေးစားဖွယ်ကောင်းတဲ့ မြင်းတပ်က အားနည်းတဲ့ အင်ပါယာတိုင်းနယ်မြေအဆင့် တစ်ယောက်က ဦးဆောင်နေတာပဲ။ အားကုတုလန် မင်း ဘယ်လိုရှုံးသွားလဲ ဆိုတာကို နားမလည်နိုင်တော့ဘူး။ ဒါပေမယ့် ဒါကလည်း သိပ်အရေးမကြီးပါဘူး။ ငါ သူ့ရဲ့ ခေါင်းကိုဖြတ်ပြီး မင်းအတွက် ကလဲ့စားချေပေးမယ်”
ရှားမက လီစီးရဲ့အား အသတ်ခံရန် စောင့်နေသည့်သူ တစ်ယောက်ကဲ့သို့ ကြည့်သည်။ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်တစ်ယောက် အနေနှင့် အင်ပါယာတိုင်းနယ်မြေအဆင့်မှာ သိုင်းပညာရှင်တစ်ယောက်ကို သတ်ရ လွယ်လွန်းနေသည်။
ရှားမ၏ အမြင်တွင် လီစီးရဲက လမ်းလျှောက်နေသော အလောင်းကောင်သာ ဖြစ်သည်။
ဝုန်း
ရှားမ၏ ခန္ဓာကိုယ်မှ ပိန်းပိတ်အောင် မဲမှောင်သော အနက်ရောင်အလင်းရောင် စက်ကွင်းတစ်ခုက ဖြာထွက်လာပြီး ကောင်းကင်ဘုံ ဝံပုလွေ မြင်းတပ်တစ်ခုလုံးကို လေပြည်တစ်ခုကဲ့သို့ လွှမ်းခြုံသွားသည်။ ဒီနည်းအားဖြင့် ထိုမြင်းတပ်၏ ချီတက်သော အရှိန်နူန်းကို ပို၍မြန်ဆန်လာစေပြီး လီစီးရ၏ ဝူရှန်းမြင်းတပ်ထံ ကြီးမားသော ဓားတစ်လက်ကဲ့သို့ တိုးဝင်သွားနိုင်စေသည်။
ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် အဖွဲ့ရှစ်ထောင်နှင့် ဝူရှန်းမြင်းတပ် အဖွဲ့ဝင်ငါးထောင်တို့ ထိပ်တိုက်တွေ့ဆုံရန် အကွာအဝေး နီးလာသည်နှင့်အမျှ တစ်လောကလုံးက လှုပ်ခါလာသည်ဟုပင် ထင်ရသည်။ သူတို့၏ ထိပ်တိုက်ရင်ဆိုင်မည့် မြင်ကွင်းမျိုးက မရေမတွက်နိုင်သည့် လူပေါင်းများစွာ၏ အာရုံကို ဆွဲဆောင်သွားသည်။
“အရှင်အမတ် ဗိုလ်ချုပ်လီက အန္တရာယ် ရှိနေပြီ”
ဒုတိယမြောက် ခုခံရေးအားလိုင်းအနောက်မှ ရွယ်ချန်ကျွင်းက ဝမ်ချောင်၏ ဘေးတွင် ရပ်နေသည်။ သူဟာ အဝေးရှိ အခြေအနေကို ထင်ထင်ရှားရှား သတိထားမိလိုက်၏။ မြင်းတပ်အင်အားစု နှစ်စုက ထိပ်တိုက်ရင်ဆိုင်ပြီး အဆုံးအဖြတ်တိုက်ပွဲ တိုက်ခိုက်တော့မည့် အချိန်တွင် သူ၏ မျက်ဝန်းအတွင်း စိုးရိမ်စိတ်များက ထင်ဟပ်စေသည်။
ရွယ်ချန်ကျွင်းကလည်း ဝူရှန်းမြင်းတပ်၏ အင်အားကို ဘယ်သောအခါမှ သံသယမဝင်ဖူးချေ။ သူ၏အမြင်တွင် လောကတွင် အင်အားအကြီးဆုံး မြင်းတပ်ပင် ဖြစ်သည်။ သို့ရာတွင် ထိုသို့ဖြစ်ရန်အတွက် အမတ်က ဦးဆောင်ရန် လိုအပ်သည်။ အင်ပါယာသိုင်းနယ်မြေအဆင့်နှင့် သူတော်စင်သိုင်းနယ်မြေအဆင့်ကြားမှ ကွာခြားချက်က ကွာခြားလွန်းနေ၏။ လီစီးရဲက အင်ပါယာသိုင်းနယ်မြေ အထွဋ်အထိပ်အဆင့်မျှသာ ဖြစ်ပြီး ဝူရှန်းမြင်းတပ်ကလည်း သူတော်စင် သိုင်းနယ်မြေအဆင့်မှ အမိန့်ပေးသူတစ်ယောက်၏ အထောက်အပံ့မရှိလျှင် အင်အားအကုန် ထုတ်သုံးနိုင်မည် မဟုတ်ချေ။ ထိုအခါ တစ်ဖက်မှ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်က ဦးဆောင်နေသော ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ကို ယှဉ်ရန် ခက်ခဲသည်။
“စိုးရိမ်စရာမရှိဘူး”
ဝမ်ချောင်က မည်သည့်ခံစားချက်ကိုမှ မဖော်ပြသော မျက်နှာထားမျိုးနှင့် ပြောသည်။ သူ၏ မျက်နှာက ကြည်လင်နေသည်။ သူ၏ မျက်နှာက ခံစားချက်မဲ့ပြီး လွှင့်နေသော ခံစားချက်အောက်တွင် ထိုအတိုင်း ရပ်နေသည်။
“ဒါပေမယ့် အရှင်အမတ်”
ရွယ်ချန်ကျွင်းက စကားဆက်ပြောလိုသည်။ သို့သော် ဝမ်ချောင်ကမူ လက်ကို ရပ်ပြီးတားသည်။
“စိတ်အေးအေးထား လီစီးရဲ အဆင်ပြေတယ်”
သူဟာ တစ်ချိန်လုံး တိုက်ပွဲနယ်မြေကို အာရုံစိုက်နေခဲ့ခြင်း ဖြစ်သည်။ ဝူရှန်းမြင်းတပ်နှင့် တုဝူစစ်လီ၏ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် ထိပ်တိုက်တွေ့ဆုံခြင်းက သမိုင်းတွင်သော အင်အားအကြီးဆုံး မြင်းတပ်အင်အားစု အကြားမှ ဆုံးဖြတ်တိုက်ပွဲ ဖြစ်ပြီး တိုက်ဆိုင်စွာဖြင့် ဒီတစ်ပွဲအတွက် ဝမ်ချောင်က ကြိုတင်ပြင်ဆင်မှု များစွာ လုပ်ထားခဲ့သည်။ ထိုထဲတွင် လီစီးရဲလည်း ပါသည်။
သွား.. အန္တရာယ်ကပဲ မင်းရဲ့အလားအလာကို လှုံ့ဆော်နိုင်မှာ။ တစ်ရက်မှာ မင်းရဲ့ ထက်ရှမှုရဲ့ အားလုံးကို ထုတ်ဖော်နိုင်မယ်လို့ ငါယုံတယ်။
ဝမ်ချောင်က လီစီးရဲ၏ ကျောကို စိုက်ကြည့်နေသည့် အချိန်တွင် သူ၏စိတ်အတွင်း အတွေးပေါင်းများစွာက ပေါ်ထွက်နေသည်။
အချိန်အတန် ကြာလာသည်နှင့်အမျှ ဝမ်ချောင်၏ အတောင်ပံအောက်မှ လီစီးရဲက တဖြည်းဖြည်းချင်း အပြင်ထွက်စ ပြုလာသည်။ တြိဂံပုံမြေကွက်လပ်မှ တိုက်ပွဲတွင် တိုက်ရမည့်အကွက်ကို ရင်ဆိုင်ခြင်းပင် ဖြစ်စေ၊ အားကုတုလန်နှင့် ချီးရှီလက်နက်တိုက်ပွဲကို ရင်ဆိုင်ခြင်းပင် ဖြစ်စေ ဝမ်ချောင်က သူ့အတွက် အန္တရာယ်များကို ရင်ဆိုင်ပြီး ရင်းနှီးခိုင်းထား၏။ လီစီးရဲက လုံခြုံလွန်းနေခဲ့သည်။ ထို့ကြောင့် အင်ပါယာသိုင်းနယ်မြေ အဆင့်တွင်သာ တစ်နေခဲ့ပြီး သူတော်စင်သိုင်းနယ်မြေအဆင့်သို့ မတက်နိုင် ဖြစ်နေခဲ့သည်။ ထို့အတွက်ကြောင့် သူ့အနေဖြင့် အစစ်အမှန် ပြိုက်ဘက်ကင်း မဟာဗိုလ်ချုပ်ဖြစ်ရန် အလှမ်းကွာဝေးနေခဲ့သည်။
သူ၏ယခင်ဘဝတွင် လီစီးရဲဟာ အချိန်တိုအတွင်း ထိုအဆင့်အမြင့်သို့ ရောက်ရှိသွားခဲ့ပြီး တိုက်ပွဲနယ်မြေ၏ အခြေအနေတိုင်းကို သူ၏လက်ဖြင့် ကိုယ်ပိုင်ကိုင်တွယ်၊ ထိန်းချုပ်နိုင်စွမ်းအား ရှိနေခဲ့၏။ ထိုသို့ ဖြစ်လာခဲ့ခြင်းကလည်း အန္တရာယ်များလွန်းသော တိုက်ပွဲ တစ်ပွဲပြီးတစ်ပွဲ ကျော်ဖြတ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။
သူ့ကိုယ်သူ သေဆုံးခြင်း၏ မေးရိုးအောက်သို့ ပစ်သွင်းပြီး အနိုင်များ ပေါ်ထွက်အောင် လုပ်ယူနိုင်မှသာ ထိုသို သေရေးရှင်ရေး အခြေအနေကြားထဲမှ ကျော်ဖြတ်ပြီးမှသာ လီစီးရဲဟာ သူ၏ခန္ဓာကိုယ်မှ အလားအလာတိုင်းကို အင်အားသုံးကာ ထုတ်နိုင်မည် ဖြစ်ပြီး အင်ပါယာမှ ဒဏ္ဍာရီတစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။
လီစီးရဲ၏ ဘဝတွင် သေဆုံးခြင်းနှင့် ဒဏ်ရာများက ကပ်ပါနေပြီးသား ဖြစ်သည်။ သူဟာ သေဆုံးခြင်းကို တိုက်ရိုက်ရင်ဆိုင်မှသာ ရင့်ကျတ်နိုင်ပေလိမ့်မည်။ ထိုအနှစ်ချုပ်ကိုလည်း ဝမ်ချောင်က အချိန်အတန်ကြာ တွေးတောပြီးမှ နားလည်နိုင်ခဲ့၏။
ရွယ်ချန်ကျွင်းက ဝမ်ချောင်ကို မှင်သက်စွာ စိုက်ကြည့်လိုက်သည်။ သူ၏ ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်ကိုလည်း အာရုံခံလိုက်မိ၏။ သူက တစ်စုံတစ်ရာကို နားလည်လိုက်သလိုမျိုး စတင်ကာ စိတ်အေးသွားသည်။ ဒီနည်းအားဖြင့် ဝမ်ချောင်နှင့်အတူ ပေါင်းကာ လောကမှ အင်အားအကြီးဆုံး မြင်းတပ်အင်အားစစ်နှစ်ခုကို စောင့်ကြည့်လိုက်သည်။
အာ ဝူး
လိမ့်တက်လာသော ဖုန်တိမ်စိုင်များရှိရာ အဝေးတွင် မြင်းတပ်အင်အားစု နှစ်ခုက နီးသထက်နီးလာသည်။ ကျန်းနှစ်ရာဝန်းကျင်ခန့်သာ လိုတော့၏။ သူတို့က ထိပ်တိုက်တွေ့ဆုံမည့် တစ်ခဏတွင် ရုတ်တရက် လူတိုင်း၏ နားအတွင်း ကြောက်မက်ဖွယ်ကောင်းသည့် ဟိန်းသံပေါ်ထွက်လာသည်။ မည်သည့် ဝံပုလွေကမှ ထိုဟိန်းသံကို လုပ်နေခြင်း မဟုတ်ချေ။ ထိုအသံမျိုးကလည်း ဝံပုလွေတစ်ကောင်မျိုးက လုပ်နိုင်သော အသံမျိုး မဟုတ်ချေ။
ထိုဟိန်းသံက လေထဲသို့ ပေါ်ထွက်လာပြီးနောက် မမြင်ရသော စွမ်းအင်လှိုင်းတစ်ရပ်က ရုတ်ချည်း အသက်ဝင်လာသလို ဖြစ်လာလေပြီး ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်တစ်ခုလုံးကို ဝေ့ဝဲလွှမ်းခြုံသွားသည်။ အာကာသပြင်က စတင်ကာ တွန့်လိမ်ရှုံ့တွလာသည်။ မြင်းတပ်ရှစ်ထောင် အနီးနားတွင် ရှိသော စွမ်းအင်များက ကြီးမားသော ရွှေရောင်ဝံပုလွေခေါင်းတစ်ခု သိပ်သည်းသွား၏။ ထိုခေါင်းကြီးက တောင်တစ်လုံးစာ ကြီးသည်။ သူ၏ မျက်ဝန်းက အသက်စွမ်းအား အပြည့်ရှိပြီး ရက်စက်ကြမ်းတမ်းမှု၊ မြင့်မြတ်မှုကို ဖော်ပြနေသည်။
ဝုန်း
ထိုဝံပုလွေခေါင်းက ပေါ်ထွက်လာပြီး တစ်ခဏတွင် ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် ရှစ်ထောင်က ပို၍ပင် မြန်လာသည်၊ ပို၍ သန်မာလာသည်၊ ပို၍ ဖြတ်လတ်လာသည်။ သူတို့၏ မြင်းကပင် စပြောင်းလာ၏။ သူတို့၏ ကိုယ်ထည်က ကြွက်သားအပြည့်ဖြင့် ဖောင်းကာလာသည်။ ခွာများက မြေကမ္ဘာကို ထိချိန်တိုင်း ပြင်းထန်သော အင်အားကို လှုံ့ဆော်သည်။
မျက်တောင်တစ်ခတ် အချိန်အတွင်း ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်မှ ထုတ်လွှတ်သော ဖိအားနှင့် စွမ်းအင်က ဆတိုးများသွားသည်။ သူတို့ဟာ အဆင့်တစ် တစ်ခုပင်ရှိသော မြင်းတပ်အင်အားကြီး တစ်ခုလောက် ဖြစ်သွား၏။ သူတို့ကြောင့် လွှင့်ထွက်လာသည့် ဖုန်တိမ်စိုင်များက ဆယ်မီတာခန့်အထိ မြင့်မားလာပြီး တစ်ဖြည်းဖြည်းချင်း သုံးဆယ်မီတာအထိပင် ရောက်သွား၏။
သူတို့၏ အရှိန်နူန်းက မိုးထိုးတက်သွားသည်။ သို့သော် ဒါက သူတို့၏ ပြောင်းလဲမှုအဆုံးသတ် မဟုတ်သေးချေ။
“ဗိုလ်ချုပ် အဲ့ဒီကို ကြည့်ပါဦး”
ကုန်းကျစ်အန်းက မျက်လုံးပြူးသွားပြီး ရှေ့သို့လက်ညိုးထိုးသည်။
ဝူရှန်းမြင်းတပ်၏ မျက်စိရှေ့တွင် ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် ရှစ်ထောင်က ရုတ်ချည်း နှစ်ဆခန့် များသွားပြီး တစ်သောင်းခြောက်ထောင်အထိ ဖြစ်သွားသည်။ ထိုသို့ဖြင့် ဒေါသတကြီး ဖြစ်သွားသော ပုံသဏ္ဌာန်မျိုးနှင့် သူတို့ထံ ပြေးဝင်လာကြသည်။
“ပုံရိပ်ယောင် ဝင်္ကပါ”
လီစီးရဲ၏ မျက်လုံးက ပွင့်လာသည်။ သူက ထိုအရာဟာ မည်သည့်အရာဖြစ်ကြောင်း သိလိုက်၏။ ရိုးရှင်းစွာပင် မြင်းတပ်ရှစ်ထောင်က တစ်သောင်းခြောက်ထောင်ထိ များသွားရန် မဖြစ်သင့်ချေ။ သံသယဝင်ရန်ပင် မလို လောက်။ တစ်ဝက်ခန့်က ပုံရိပ်ယောင် ဖြစ်သည်။
သူ၏ တိုက်ခိုက်ခဲ့သော များစွာသော တိုက်ပွဲများတွင် လီစီရဲသည် ပထမဦးဆုံးအကြိမ် ထိုသို့သော အခြေအနေမျိုးကို ရင်ဆိုင်ဖူးခြင်း ဖြစ်သည်။
ကောင်းကင်ဘုံ ဝံပုလွေ ပုံရိပ်ယောင် ဝင်္ကပါ
လီစီရဲကလည်း သူ ပေ့ထင်ကာကွယ်ရေး စစ်တပ်တွင် တာဝန်ထမ်းဆောင်နေချိန်က ကြားခဲ့ဖူးသော ကောလဟာလကို သတိရသွားသည်။ တူရကီမြေပြန့်လွင်ပြင်မှ ဒဏ္ဍာရီတစ်ခုအရ လေးစားဖွယ် မြေပြန့်လွင်ပြင် နတ်ဆရာများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် အဆင့်လွန် ပုံရိပ်ယောင်ဝင်္ကပါတစ်ခုကို ဖန်တီးနိုင်ခဲ့သည်ဟု ဆိုသည်။ ထိုဝင်္ကပါကလည်း အနောက်ပိုင်းတူရကီ ခါကာနိမ့်၏ မဟာဝင်္ကပါသုံးခုထဲမှ တစ်ခုဖြစ်လာသည်။
ပေ့ထင်ကာကွယ်စောက်ရှောက်ရေး ဗိုလ်ချုပ်အန်းစစ်ချုံးက နှစ်ပေါင်းများစွာ ကြာအောင် မြောက်ပိုင်းနယ်စပ်ကို စောက်ရှောက်ကာကွယ်ပြီး မားမားမတ်မတ် ရပ်တည်နေနိုင်ခဲ့သည်။ သူဟာ အစစ်အမှန်ရန်သူနှင့် တွေ့ခဲသည်။ သူ၏ တစ်ခုတည်းသော အရှုံးကမူ ကောင်းကင်ဘုံ ဝံပုလွေ ပုံရိပ်ယောင် ဝင်္ကပါ ပိုင်ရှင်၏ လက်ထဲတွင် ဖြစ်သည်။
ကောလဟာလများအရ ပေ့ထင်ကာကွယ်ရေး စစ်တပ် အပြင်ဘက်လွင်ပြင်တွင် ကောင်ကင်ဘုံ ဝံပုလွေမြင်းတပ်၏ အမျိုးမျိုးသော ပုံရိပ်နှင့် ပြည့်နှက်နေခဲ့သည်ဟု ဆိုခဲ့သည်။ မည်သည့်သူက အစစ်အမှန် ဖြစ်ပြီး မည်သည့်သူက အမှားအယွင်းဖြစ်ကြောင်း ပြောပြရန် ခက်ခဲမှုနှင့်အတူ ပေ့ထင်ကာကွယ်ရေး ဗိုလ်ချုပ်က ရှုံးခဲ့ရသည်ဟု ဆို၏။ လီစီးရဲက ထိုတိုက်ပွဲတွင် ဝင်မပါခဲ့ရချေ။ ထို့ကြောင့် အသေးစိပ် အခြေအနေကို မသိချေ။ သိုသော် ပေ့ထင်ကာကွယ်ရေး စစ်တပ်မှ လူတိုင်းနီးပါးက ထိုဝင်္ကပါအကြောင်း သိကြလေသည်။
“အရှင်အမတ် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
နောက်တန်းမှ ဝမ်ချောင်၏ အနီးအနားတွင်ရှိသော ချီးရှီအရာရှိတိုင်းက လီစီးရဲနှင့် ဝူရှန်းမြင်းတပ်အတွက် စတင်ကာ စိုးရိမ်လာသည်။ ထိုသို့ လေးစားဖွယ်ကောင်းသော မြင်းတပ်အင်အားစုနှစ်ခု ထိပ်တိုက် တွေ့ဆုံခြင်းက ရွယ်ချန်ကျွင်းကိုသာ မကသေးပေပဲ ပထမခုခံရေးအားလိုင်းမှ ဗိုလ်ချုပ်တိုင်းကိုပဲ အလန့်တကြား ဖြစ်သွားစေပြီး ထူးဆန်းမှုကို သတိထားမိသွားကြသည်။ ထိုသို့ဖြင့် ထိုနေရာသို့ ကြည့်လာကြပြီး လီစီးရဲနှင့် ရှားမကို တွေ့သွားသည်။
ဝူရှန်းမြင်းတပ်က လေးစားဖွယ်ကောင်းသော အင်အားစုတပ်ဖြစ်သည်။ သိုသော် ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ကလည်း အင်အားကြီးပြီး ရဲရင့်ပြတ်သားသေးလေသည်။ လူတိုင်း၏ အမြင်တွင် ဝူရှန်းမြင်းတပ်က အားနည်းသော အနေအထားမျိုးတွင် ရှိသည်။
“သူကို ယူ”
ဝမ်ချောင်ကမူ စစ်အလံအောက်တွင် ခံစားချက်မဲ့စွာ ရပ်နေသည်။ သူက ခံစားချက်မဲ့သော မျက်နှာထားနှင့်အတူ စကားသုံးလုံးသာ ဆို၏။
ဝူရှန်းမြင်တပ်က သူ၏ လက်အောက်မှ အင်အားအကောင်းဆုံး အဖွဲ့ဖြစ်သည်။ ယခင်ဘဝတွင်လည်း သူ၏ စစ်တပ်မှ ကျောရိုးဖြစ်ခဲ့သည်။ လက်ရှိတွင် ဝူရှန်းမြင်းတပ်၏ အခြေအနေက တပ်ပွဲပေါင်းများစွာကို ရင်ဆိုင်ရပြီး အစစ်အမှန် ကျွမ်းကျင်သူများအဖြစ် မပြောင်းသေးသော်လည်း သူတို့ဟာ လောကမှ အကောင်းဆုံး ပစ္စည်းများကို ပိုင်ဆိုင်ထားပြီး ဥက္ကာပျံ သတ္တု သံချပ်ကာနှင့် ဝစ်သံမဏိဓားများကို ကိုင်ဆွဲထားနိုင်သည်။ သူ၏ ယခင်ဘဝမှ ဝူရှန်းမြင်းတပ်ကပင် ထိုသို့သော အခြေအနေကို မပိုင်ဆိုင်ခဲ့ရချေ။
ဝူရှန်းမြင်းတပ်က အကောင်းဆုံးလက်နက်၊ အကောင်းဆုံး သံချပ်ကာနှင့်ပင် မြှင့်တင်ပြီး ခံထားရသည်။
ယခုဝူရှန်းမြင်းတပ်က ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ကို မယှဉ်နိုင်သေးလျှင် ဗဟိုပြင်ကျယ်ရှိ မည်သည့်အင်အားစု သို့မဟုတ် မည့်သည့်မြင်းတပ်အင်အားစုမှ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ကို ရင်ဆိုင်နိုင်မည် မဟုတ်ချေ။
အပိုင်း (၉၁၂)
ဝမ်ချောင်က မျှော်လင့်ထားသည့်အတိုင်း လီစီးရဲအနေဖြင့် ဝမ်ချောင်၏ အတွေးကို အာရုံခံမိရန် အချိန်တစ်ခဏသာ ကြာသည်။ သူက တစ်ဖက်သို့ ပြန်လှည့်သွားချိန်တွင် သူ၏ကြီးမားကာ သန်မာသည့် လက်ဝါးကြီးက သူ၏ကြီးမားသော ဓားကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ အမူအယာကလည်း တင်းမာသွားသည်။
“ဟိုက်ယား”
လီစီးရဲက သူ၏မြင်းကို ပိုမြန်အောင် တွန်းလိုက်ပြီး ဝူရှန်းမြင်းတပ် ငါးထောင်ကို ဦးဆောင်လျက် ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ကို ထိပ်တိုက်ရင်ဆိုင်ရန် ဝင်ရောက်လေသည်။
…..
“ရပ်”
တစ်ချိန်တည်းတွင်ပင် ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် အနောက်မှ ဟော့ပါးစန်းယဲ့က ရုတ်တရက် လက်မောင်းကို မြှောက်လိုက်ပြီး ရွှေနီရောင် သံချပ်ကာဝတ် မူထရီမဟာမြင်းတပ်ကို ရပ်ဆိုင်းခိုင်းသည်။
“အရှင်”
အမိန့်က ရုတ်ချည်းဆန်သဖြင့် မူထရီမဟာမြင်းတပ် အရာရှိများကပင် ဟော့ပါးစန်းယဲ့ကို အံ့အားတကြီး ကြည့်လိုက်ကြသည်။
မူထရီမဟာမြင်းတပ်ရဲ့ တောင်ပိုင်းနယ်မြေရဲ့ တာဝန်က ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် ရှစ်ထောင်နှင့်ပေါင်းပြီး ထန်စစ်တပ်ကို သုတ်သင်ရမှာ မဟုတ်ဘူးလား။
“အခု နောက်ကျသွားပြီ တူရကီတွေရဲ့ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ထက် ငါတို့ထက် အသာစီးရနေတယ်”
ဟော့ပါးစန်းယဲ့၏ မျက်ဝန်းက တောက်လောင်သော နေမင်းအလား ထင်ရပြီး မျက်နှာကမူ တည်ကြည်လေးနက်လေသည်။
“ငါတို့ ဒီတိုက်ပွဲကို လာရတဲ့ ရည်ရွယ်ကို မမေ့နဲ့။ ငါတို့က စန်းမော်ရဲ့ အမိန့်ကို ဖီဆန်ထားတယ်။ ထန်တွေကို ရှုံးအောင်လုပ်မဲ့ ကိစ္စမှာ ငါတို့ရဲ့ မူထရီမဟာမြင်းတပ်က အခြားလူတွေရဲ့ အကူအညီ မလိုဘူး”
“ဒါပေမယ့် မဟာအမတ်မင်းနဲ့ မဟာဗိုလ်ချုပ်တွေက ကျွန်တော်တို့ကို ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်နဲ့ ပူးပေါင်းပြီး ထန်တွေကို အလဲထိုးစေချင်တာပါ”
ဟော့ပါးစန်းယဲ့၏ လက်ထောက်များမှ တစ်ယောက်က အလောတကြီး တိုက်တွန်းသည်။
ဟော့ပါးစန်းယဲ့က ရှေ့သို့ ခံစားချက်မဲ့စွာ မေးနေသည်။
“ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်က ပေါ်လာမှတော့ ငါတို့ရဲ့ အကူအညီ လိုအပ်မယ် ထင်လား”
အရာရှိများက သူ၏ အကြည့်နောက် လိုက်ကြည့်လိုက်ကြသည်။ ထိုနေရာက ကောင်းကင်ဘုံ ဝံပုလွေဟာ ဖော်ပြရန် ခက်ခဲသည့် အရှိန်အဝါ အပြည့်နှင့် ကောင်းကင်ဘုံ ဝံပုလွေ ပုံရိပ်ယောင် ဝင်္ကပါကို ထုတ်သုံးရင်း သူတို့၏ အင်အားကို မြှင့်တင်ထားသော အခိုက်အတံ့ကို မြင်လိုက်ကြရသည်။ မူထရီမဟာမြင်းတပ်ကလည်း သူတို့၏ အင်အားကြောင့် အံ့ဩသွားရသည်။
အရှိန်အဝါချင်း ယှဉ်သော် ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် ရှစ်ထောင်က မဟာထန်၏ ဝူရှန်းမြင်းတပ်ကို အပြည့်အဝ လွှမ်းမိုးနိုင်လေသည်။ မူထရီအရာရှိများအားလုံးကလည်း ချက်ချင်းဆိုသလို နားလည်သွားကြပြီး စိတ်အေးသွားကြ၏။
“ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်က ငါတို့ရဲ့ အကူအညီကို အမှန်တကယ် လိုအပ်တဲ့အချိန်အထိ စောင့်ရအောင်”
ဟော့ပါးစန်းယဲ့၏ အသံက တစ်ဖန်ထပ်ထွက်လာသည်။
“ဟုတ်ကဲ့”
အရာရှိများက တစ်ညီတစ်ညာတည်း ဖြေကြသည်။
…..
တောင်ကုန်းပေါ်ရှိ ရှုထောင့်မှ ကြည့်သော် ဟော့ရှုဟွေ့ခမ်းကလည်း အခြေအနေကို ထင်ထင်ရှားရှား မြင်နိုင်သည်။ သူက မျက်မှောင်ကျုံ့ပြီး ရှေ့သို့တက်ကာ တာ့လီရော့ကျန်း၏ နားနားကပ်ကာ ခပ်တိုးတိုး ပြောသည်။
“မဟာအမတ်မင်း ဒီဟော့ပါးစန်းယဲ့ရဲ့ … သူကို နည်းနည်းလောက် မတိုက်တွန်းသင့်ဘူးလား”
ဟော့ပါးစန်းယဲ့က မာနကြီးလွန်းသည်။ မူထရီမဟာမြင်းတပ်ကလည်း အလားတူသာလျှင် ဖြစ်၏။ သူတို့က ယွီစန်းကို အနောက်ပိုင်းတူရကီများနှင့် အနီးကပ် ပူးပေါင်းခိုင်းသင့်သည်။ သို့သော် ဟော့ပါးစန်းယဲ့ကမူ သူ၏ မူထရီမဟာမြင်းတပ်ကို ရပ်တန့်ခိုင်းပြီး နောက်တန်းမှ ကြည့်ရန် ခဲ့၏။ ထိုအခြေအနေက သူတို့၏ စိတ်အခြေအနေကို ဖျက်ဆီးလိုက်သည်။ တူရကီနှင့် တိဘက်မဟာမိတ်ကြားမှ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဖျက်ဆီးနိုင်၏။
“စိတ်အေးအေးထားပါ ဟော့ပါးစန်းယဲ့ကလည်း သူဘာလုပ်သင့်လဲဆိုတာကို နားလည်ပါတယ်။ နောက်ပြီး ရှားမနဲ့ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်က ဒီလိုအခြေအနေမျိုးမှာ တစ်ခြားသူတွေ ဝင်စွပ်ဖက်တာကို ကြိုက်မှာမဟုတ်ဘူး”
တာ့လီရော့ကျန်းက ထိုသို့ပြောသည်။ သူ၏ အမူအယာက ခပ်အေးအေးသာ ဖြစ်သည်။
ဟော့ပါးစန်းယဲ့က ရပ်တန့်လိုက်သော်လည်း ထိုအခြေအနေက တိုက်ပွဲကို အနည်းငယ်သာ သက်ရောက်စေလေအသည်။ ထန်များက အဝိုင်းခံလိုက်ရမှုနှင့်အတူ တိုက်ပွဲက အရှိန်နေပြီးသား ဖြစ်လေရာ မည်သူကမှ မတားနိုင်ချေ။
“ဒါပေမယ့် …”
ဟော့ရှုဟွေ့ခမ်းက ပြန်ငြင်းချင်သေးသည်။ သို့သော် တာ့လီရော့ကျန်းက သူ့ကို တစ်ချက် ကြည့်လာသည်။ ဟော့ရှုဟွေ့ခမ်းက သတိလက်လွတ် အကြည့်နောက် လိုက်ကြည့်လိုက်သောအခါ အနီးအနားတွင်ရှိသော တုဝူစစ်လီက ခေါင်းကို မော့အောင် မြှောက်ထားပြီး ဂုဏ်ယူသော မျက်နှာထားမျိုး ရှိနေကြောင်း မြင်လိုက်ရ၏။ ရွှေရောင်ဝံပုလွေ အလံအောက်တွင် ရပ်နေသောသူက လက်နှစ်ဖက်ကို ကျောနောက်သို့ ပို့ထားသည်။ သူ၏အရှိန်အဝါအရ မာနကြီးမှု၊ အထင်သေးမှုများကို ထုတ်ဖော်နေသေးသည်။
ဟော့ရှုဟွေ့ခမ်းကလည်း အခြေအနေကို နားလည်သွားပြီး တိတ်ဆိတ်သွားသည်။ တာ့လီရော့ကျန်း ပြောသည်မှာ မှန်ကန်သည်။ တုဝူစစ်လီ၏ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်က အနောက်ပိုင်းတူရကီခါကာနစ်၏ ဂုဏ်အယူရဆုံး မြင်းတပ်အင်အားစု သုံးခုထဲမှ တစ်ခုဖြစ်သည်။ တိုက်ပွဲမှတ်တမ်းအရဆိုလျှင် တူဝူစိလီက ပေ့ထင်ကာကွယ်ရေး ဗိုလ်ချုပ်ကို တစ်ကြိမ်ပင် နိုင်ခဲ့ဖူးသည်။ သူ၏ စွမ်းရည်ရှိသော လူမျိုးအနေနှင့် သူ့ကိုယ်ကိုယ်သူတို့ အထင်ကြီးပေလိမ့်မည်။ သို့သော် အခြားသောသူများက ဝင်ရောက်ပြီး သူ၏မြင်းတပ်ကို ကူညီမည့် အနေအထားကို သဘောကျလိမ့်မည် မဟုတ်ချေ။
“အချိန်ရပြီ”
ရုတ်တရက် ထွက်လာသော အသံကြောင့် ဟော့ရှုဟွေ့ခမ်းက နောက်သို့လှည့်ကာ ကြည့်လိုက်သည်။ ကြီးမားသော ရွှေရောင်ဝံပုလွေခေါင်းကြီးက ကျယ်လောင်သော ဟိန်းသံကို ပြုလိုက်၏။ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ကလည်း ရပ်တန့်နိုင်ခြင်း မရှိသည့် အရှိန်အဝါမျိုးနှင့်အတူ သူတို့၏ ဝင်္ကပါ၏စွမ်းအား ရယူလေပြီး တောင်တန်းများကို နင်းခြေကာ မြစ်ပြင်ကို ပြောင်းပြန်လှန်မည့် အင်အားမျိုးကို ထုတ်သုံးကြသည်။
နှစ်ဖက်လုံးက နီးသထက် နီးလာသည်။
ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ကို ရင်ဆိုင်ရရန် ဝူရှန်းမြင်းတပ် ငါးထောင်က မုန်တိုင်းထန်သော ပင်လယ်သမုဒ္ဒရာအတွင်း လွှင့်နေသည့် လှေငယ်လေးကဲ့သို့ ထင်ရပြီး အချိန်မရွေး လှိုင်းအောက်မြှပ်သွားမည့်ပုံ ပေါ်သည်။
ကောင်းကင်ဘုံ ဝံပုလွေ_ _ _
ဝူရှန်း
အဆင့်မြင့် မြင်းတပ်အင်အားစု နှစ်ခုကြားမှ တိုက်ပွဲက လူတိုင်း၏အာရုံကို ဆွဲဆောင်သည်။
ဝမ်ချောင်၊ တာ့လျန်ယော့ကျန်း၊ တုဝူစစ်လီနှင့် မရေမတွက်နိုင်အောင် များပြားသော မဟာထန်များ၊ တိဘက်များ၊ တူရကီဗိုလ်ချုပ်များ အားလုံးက အနိုင်ရသူကို စောင့်ကြည့်နေကြသည်။
ကျန်းနှစ်ရာကျော်
ကျန်းတစ်ရာ
ကျန်းခုနှစ်ဆယ်
ကျန်းငါးဆယ်_ _ _
အခြေအနေက ရုတ်တရက် ပြောင်းလဲသွားသည်။
ဝေါင်း
လူတိုင်းကလည်း သူတို့၏ နားတွင် ဟိန်းထွက်လာသည့် ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရသည်။
“ဆယ်ကြိမ်ချီတက်ရင် ဆယ်ပွဲနိုင်ရမည် စ”
ဝုန်း
မြေကမ္ဘာကြီးက တသိမ့်သိမ့်တုန်သွားချိန်တွင် လီစီးရဲ သူ၏စစ်သားများက ဆယ်ကြိမ်ချီတက်လျှင် ဆယ်ပွဲအနိုင်ယူရမည်ဆိုသော ဝင်္ကပါကို ထုတ်သုံးခိုင်းလိုက်သည်။ ထိုနည်းအားဖြင့် တောက်လောင်နေသည့် သတ်ဖြတ်ခြင်း စွမ်းအင်များအားလုံးက ကောင်းကင်သို့ လိမ့်တက်သွားသည်။ ထိုတစ်ခဏတွင် ဝူရှန်းမြင်းတပ်၏ အဖွဲ့ဝင်တိုင်းက ယခုထက် ဆယ်ဆများပြားသော စွမ်းအင်များဖြင့် တောက်လောင်လာသည်။ သူတို့၏ အင်အား၊ သူတို့၏ အရှိန်နူန်း၊ သူတို့၏ စွမ်းအား၊ သူတို့၏ ဟန်ချက်အားလုံးက လျင်မြန်စွာ မြင့်မားလာသည်။ ထပ်ပေါင်းဆိုရသော် ဝူရှန်းမြင်းတပ်က ထုတ်လွှင့်နေသည့် စွမ်းအင်က လေထုကိုပင် တောင့်တင်း သိပ်သည်းလာစေပြီး ပုံရိပ်ယောင် တစ်ခု၊ နှစ်ခု၊ သုံးခု၊ လေးခု_ _ _ လေးဆယ့်ကိုးခုအထိ ဖြစ်လာစေသည်။
တစ်စက္ကန့်ခန့် ကြာပြီးနောက် ထိုပုံရိပ်ယောင်တိုင်းက အလွန်ကြီးမားသော ရွှေရောင်လှံ လေးဆယ့်ကိုးလက်အဖြစ် သိပ်သည်းသွားသည်။
နတ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီးလေပြီ။ ထို့အတွက်ကြောင့် ဝူရှန်းမြင်းတပ်ဟာလည်း ဆယ်ကြိမ်ချီတက်လျှင် ဆယ်ပွဲအနိုင်ယူရမည်ဟူသော ဝင်္ကပါကို နေ့စဉ်လေ့ကျင့်မှု မပျက်ကွက်ခဲ့သည့်အလျောက် သူတို့ဟာ အင်အားအသစ်တစ်မျိုးကို ထုတ်သုံးနိုင်သော အင်အားအဆင့်သစ်သို့ ရောက်ရှိနေလေ၏။ လှံဆယ်လက်မှ လေးဆယ့်ကိုးလက်အထိပင် ထုတ်နိုင်ရုံသာမကသေးပင်ပဲ မြှင့်တင်ပေးနိုင်သော အင်အားဟာလည်း မြှင့်မားလာသည်။
ခြိမ်း
လေထဲတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာလေပြီး လေထုက ကွဲအက်သည်။ အနက်ရောင်တိမ်စိုင်များက ဝူရှန်းမြင်းတပ်အပေါ် စတင်ကာ လွှမ်းမိုးအုံ့ဆိုင်းလာ၏။ ထိုနည်းအားဖြင့် သူတို့အားလုံးကို အမှောင်ကျအောင် လွှမ်းမိုးလိုက်သည်။ သူတို့၏ အင်အားက ဖောင်းကားတက်လာသည်။ အချိန်တစ်ခဏတည်းနှင့် သူတို့ဟာ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် တစ်သောင်းရှစ်ထောင်နှင့် လက်ရည်တူသော အဆင့်သို့ ရောက်သွားသည်။ သူတို့၏ ခွန်အားကလည်း ဆက်မြှင့်နေသေးသည်။ တစ်ခဏခန့်ကြာပြီးနောက် သူတို့ဟာ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ကိုပင် ကျော်လွန်သွားပြီး မှင်သက်ဖွယ်ကောင်းသော အင်အားကို ပိုင်ဆိုင်ထားသည့် အတိုင်းအတာထိ ရောက်ရှိသွားသည်။ သို့တိုင်အောင် ဆက်မြှင့်နေသေးသည်။
စစ်တပ်၏ နောက်တန်းမှ ချီးရှီ၏အလံအောက်တွင် ရှိနေသော ဝမ်ချောင်က လီစီးရဲကို အနီးကပ်စောင့်ကြည့်နေသည်။ လီစီးရဲက ဆယ်ကြိမ်ချီတက်လျှင် ဆယ်ပွဲနိုင်ရမည်ဆိုသော ဝင်္ကပါကို ထုတ်လွှင့်လိုက်သည့် တစ်ခဏတွင် ဝမ်ချောင်ဟာ အောက်ဘက်ရှိ ခွာဖြူအရိပ်မြင်းနှင့် ပေါင်းစပ်လိုက်ပြီး ခွာကို မြှောက်လျက် မြေပြင်ကို ဖနှောင့်ပေါက်ခိုင်းလိုက်သည်။
ထွင် ထွင် ထွင်
အနီရောင်နှင့် အနက်ရောင် ရောစပ်နေသော ခြေဆက်ကွင်းက သုံးခုက ပေါ်ထွက်လာသည်။ သူတို့၏ ထောင့်စွန်းများက အလွန်အမင်း ထက်ရှသည်။ ဝမ်ချောင်၏ တည်နေရာမှ စတင်ကာ ပေါက်ကွဲသွားပြီးနောက် တိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။
မျက်နှာတစ်ခတ်အချိန်အတွင်း ခြေဆက်ကွင်း၏ အင်အားက ဝူရှန်းမြင်းတပ်ထံသို့ ရောက်သွားသည်။ ဖုန်အဆိပ် ခြေဆက်ကွင်းက လျင်မြန်စွာဖြင့် ဝူရှန်းမြင်းတပ်၏ ခြေထောက်အောက်သို့ ရောက်သွားသည်။
ဝမ်ချောင်၏ ခြေဆက်ကွင်းများဖြင့် အားဖြည့်ပေးမှုကို ခံရသောအခါ လေးစားဖွယ်ကောင်းပြီးသား ဖြစ်သည့် ဝူရှန်းမြင်းတပ်၏ အင်အားများက တစ်ကြိမ်ထပ်ပြီး ဖောင်းတက်သွားပြန်သည်။ ထို့အပြင် သူတို့၏အပေါ်တွင် အုံ့ဆိုင်းထားသော အနက်ရောင်တိမ်စိုင်များက ပို၍ ထူလာကာ ပို၍ပင် ကြမ်းတမ်းပြီး ကြောက်မက်ဖွယ် ကောင်းလာသည်။
ဝုန်း
ကောင်းကင်ဘုံ ဝံပုလွေ ပုံရိပ်ယောင်ဝင်္ကပါ အနောက်တွင် ပုန်းကွယ်နေသည့် ရှားမကပင် တင်းမာသော မျက်နှာထားမျိုး ဖြစ်လာသည်။
“မဖြစ်နိုင်ဘူး”
ရှားမ၏မျက်လုံးက မှေးကျင်းသွားသည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ ပထမဦးဆုံးအကြိမ် ဒီလိုတိုက်ပွဲမျိုးတွင် သူက ဟန်ချက်ပျက်ဖူးခြင်း ဖြစ်သည်။ ထိုဝူရှန်းမြင်းတပ်က ရထားသော သတင်းအချက်အလက်ထဲမှ ဖော်ပြချက်နှင့် ခြားနားနေသည်။ အနည်းဆုံး ယွီစန်းချင်းဟိုင် စစ်သည်တော်များ၊ တူရကီများကပင် ထိုမျှအထိ အင်အားမကြီးမည်မှာ သေချာ၏။
“တိုက်ပွဲအတွက် အသင့်ပြင်ထား”
ရှားမက ဒါအံ့အားသင့်နေခြင်း မဟုတ်ချေ။ နောက်တန်းမှ ကျန်းငါးရာအကွာတွင်ရှိသော ဟော့ပါးစန်းယဲ၏ ခန္ဓာကိုယ်ကလည်း တုန်ယင်သွားသည်။ သူဟာ မြင်းပေါ်မှ ခပ်မတ်မတ် ရပ်လိုက်သည်။ သူ၏မျက်နှာက အလွန်ပင်တင်းမာနေ၏။ မျက်ဝန်းက ထက်ရှနေသည့် အလင်းများဖြင့် လက်လာနေသည်။
ဝူရှန်းမြင်းတပ်၏ ပြောင်းလဲမှုက သူမျှော်လင့်ထားသမျှကို ကျော်လွန်သွားသည်။ သူကိုယ်တိုင်ကလည်း ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်က ထန်များကို အလွယ်တကူ အနိုင်ယူနိုင်သည်ဟု ယုံကြည်ထားခြင်း ဖြစ်သည်။ သို့သော် ယခုအခါမှ အခြေအနေက အမည်မသိနိုင်သော အနေအထားမျိုးသို့ ရောက်ရှိသွား၏။ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်က ဝူရှန်းမြင်းတပ်ကို အနိုင်ရယူနိုင်မည်ဟု မသေချာတော့ချေ။
“မဖြစ်နိုင်ဘူး ဘယ်အချိန်က ဗဟိုပြင်ကျယ်မှာ ဒီလောက်အင်အားကောင်းတဲ့ ဝင်္ကပါမျိုး ပိုင်ဆိုင်သွားတာလဲ”
တိဘတ်များနှင့် တူရကီဗိုလ်ချုပ်များ အားလုံးကလည်း ဝူရှန်းမြင်းတပ်၏ အပေါ်တွင် လွှမ်းမိုးနေသည့် အနက်ရောင် တိမ်စိုင်များကို ကြည့်ပြီး မှင်သက်နေကြသည်။ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် မဟာဗိုလ်ချုပ် တုဝူစစ်လီကပင် အံ့ဩမှင်သက်နေသည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်နေပြီးနောက် အလွန်အမင်း အံ့အားသင့်သည့် ခံစားချက်မျိုးကို ရလိုက်သည်။
ဝင်္ကပါ၏ အရှိန်
ဒဏ္ဍာရီများအရ လျို့ဝှက်ဆန်းကြယ်လွန်းသော ပုံစံမျိုးနှင့် ရှိသော ဝင်္ကပါများဟာ ကောင်းကင်နှင့် မြေကြီးနှင့် ချိတ်ဆက်နေသည်ဟု ဆိုသည်။ ထိုအရာများက တစ်လောကလုံး၏ တုံ့ပြန်မှုကို ရယူနိုင်၏။ ထိုကဲ့သို့သော ကောင်းကင်ဘုံဆိုင်ရာ အရှိန်မျိုးကို ထုတ်သုံးနိုင်သော ဝင်္ကပါမျိုးက ကျယ်ပြောလွန်းသော နေရာကြီးတစ်ခုလုံးအနှံ့ ထုတ်သုံးနိုင်ခြင်း မရှိတတ်ချေ။ ထို့အပြင် အချိန်အကြာကြီး ခံလိမ့်မည် မဟုတ်ချေ။ သို့သော် ထိုကဲသို့သော ဝင်္ကပါမျိုးကို ထုတ်သုံးထားသည်နှင့်အမျှ အောက်ဘက်ရှိ စစ်တပ်က အလွန်အမင်း အင်းအားကြီးမားပေလိမ့်မည်။ တုဝူစစ်လီကလည်း ထိုကဲ့သိုသော ဝင်္ကပါမျိုးအကြောင်း ကြားရုံသာ ကြားဖူး၏။ နတ်ဆရာ ဘုန်းတော်ကြီးများ၏ ယခင်မျိုးဆက်ထံမှသာ ကြားဖူးခြင်း ဖြစ်သည်။
သို့သော် ထိုကဲ့သို့သော ဝင်္ကပါမျိုးက ဒဏ္ဍာရီထဲ၌ တည်ရှိနိုင်သင့်သည်။
တုဝူစစ်လီကလည်း တစ်လောကလုံး၌ လှည့်လည်သွားလာခဲ့ဖူးသည်။ အမျိုးမျိုးသော ကျွမ်းကျင်ပညာရှင်များနှင့်လည်း တွေ့ဖူးသည်။ မဟာထန်၏ ကျော်ကြားသော ကျွမ်းကျင်ပညာရှင်များကို သူ၏လက်ခုံကဲ့သို့ ကောင်းကောင်းသိသည်။ မဟာထန်၏ စစ်နတ်ဘုရား ဝမ်ကျုံးစစ်ကလည်း ဝင်္ကပါများကို အသုံးပြုဖူးသည့် တိုင်အောင် ယခုကဲ့သို့ ဝင်္ကပါအရှိန်နူန်းကို ဖြစ်စေသော အတိုင်းအတာသို့ ရောက်ရန် အနည်းငယ် လိုအပ်ခဲ့သေး၏။
ဝမ်ကျုံးစစ်အပြင် တစ်ခြားသော ထန်ကျွမ်းကျင်ပညာရှင်များက ဆိုလျှင် ဒဏ္ဍာရီဝင်သည်ဆိုသော အဆင့်သို့ ရောက်ရန်ဝေးကွာလွန်းခဲ့သည်။
ထိုသို့ ကောင်ကင်ဘုံ ဝံပုလွေပုံရိပ်ယောင် ဝင်္ကပါကို အမြင့်ဆုံး အတိုင်းအတာအထိ တိုက်ရိုက်ပေါ်ပေါက်နိုင်သော အဆင့်ထိ ရောက်ရှိသွားခဲ့လျှင် ကောင်ကင်ဘုံအရှိန်ကို ထုတ်သုံးမည်ဟု ပြောဖူးကြသည်။ သို့သော် တုဝူစစ်လီကိုယ်တိုင်ကလည်း နှစ်ပေါင်းများစွာ တိုင်အောင် လေ့လာဆင်ခြင်ခဲ့သည့်တိုင်အောင် တိုးတက်မှု မလုပ်နိုင်ခဲ့ချေ။ သူကလည်း ဝင်္ကပါကို တိုးမြှင့်မည့်နည်းလမ်းကို မရှာတွေ့နိုင်ခဲ့ချေ။ သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ ယခုလိုတာလှ၏ တိုင်းတစ်ပါးနယ်မြေတွင် ဝမ်ချောင်ဟုခေါ်သော မဟာထန်လူငယ်ထံမှ တစ်ဆင့် မှင်သက်ဖွယ် ကောင်းလွန်းသည့် အဆင့်လွန် အင်အားမျိုးကို မြင်တွေ့ရသည်။
သူကသာ ကိုယ်ပိုင်မျက်လုံးနှင့် မြင်တွေ့ရခြင်း မဟုတ်လျှင် သူတစ်ဘဝလုံး ရှာဖွေနေခဲ့သော်လည်း မရနိုင်သည့် ဝင်္ကပါအရှိန်ဆိုသော အရာမျိုးကို ဒီလိုနေရာမျိုးတွင် တွေ့ရကြောင်း ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။
အပိုင်း (၉၁၃)
ဘယ်လိုပဲဖြစ်ဖြစ် ငါ ဒါကို ငါကိုယ်တိုင်အဖြစ် ပြောင်းလဲယူရမယ်။
တုဝူစစ်လီက လက်သီးကို တင်းတင်းဆုပ်သည်။ သူ၏ နှလုံးသားက ကြောက်မက်ဖွယ်ကောင်းသော ရည်မှန်းချက်များဖြင့် လွှမ်းမိုးလာ၏။
အဝေးတွင်ရှိသော ငါးထောင်သော ဝူရှန်းမြင်းတပ်က လီစီးရဲ၏အမိန်ပေးမှုအောက်တွင် ဆယ်ကြိမ်ချီတက်လျှင် ဆယ်ပွဲအနိုင်ယူရမည်ဆိုသော ဝင်္ကပါကို အကန့်အသတ်ထိ ထုတ်သုံးနိုင်ထားသည်။ သူတို့က အလွန်အရေးပါသော အကန့်အသတ်သို့ ရောက်ရှိသွားကြသည်။
“တက်”
အားဝူး
ရှားမက အင်အားကြီးသော ဝင်္ကပါတစ်ခုကို မြင်လိုက်ရသောအချိန်တွင် နောက်မဆုတ်ရုံသာ မကသေးပေပဲ ပို၍ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်ကို ခံစားလာရသည်။ လီစီးရဲ၏ ဆယ်ကြိမ်ချီတက်လျှင် ဆယ်ပွဲအနိုင်ရရမည်ဆိုသော ဝင်္ကပါက အလွန်အမင်း အင်အားကြီးမားသော်လည်း ကောင်းကင်ဘုံ ဝံပုလွေပုံရိပ်ယောင် ဝင်္ကပါကလည်း အနိမ့်စားဝင်္ကပါ မဟုတ်ချေ။ သူကိုယ်တိုင်ကလည်း ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ကို ဦးဆောင်ပြီး အခြားသော အင်အားစုများကို ရင်ဆိုင်ခဲ့သလိုမျိုး မဟာထန်၏ ဝူရှန်းမြင်းတပ်ကို ပျောက်ကွယ်သွားအောင် လုပ်နိုင်မည်ဟု ယုံကြည်နေသေးသည်။
ဟီးဟီး
ဝရုန်းသုန်းကားဖြစ်ကာ လိမ့်တက်နေသော ပုံစံများအကြားတွင် ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် တစ်သောင်းခြောက်ထောင်ဆိုသည့် အစစ်အမှန်နှင့် အတုအယောင် ရောနှောနေသော အင်အားစုက ဝူရှန်းမြင်းတပ်ကို ထိပ်တိုက်ရင်ဆိုင်ရန် ခပ်ကြမ်းကြမ်းတိုးဝင်လာသည်။
ခြိမ်း
တိုက်ပွဲနယ်မြေက ယမ်းခါသွားသည်။ မြေကြီးကပင် အဆုံးအစမဲ့သော သမုဒ္ဒရာထဲသို့ ပျော်ကျသွားသလို ဖြစ်သွားသည်။ ပြင်းထန်လွန်းသဖြင့် မြင်းတပ်အင်အားစုနှစ်ခု၏ သက်ရောက်အားက မြေပြင်ကို ဆုတ်ဖြဲခံရသလို တသိမ့်သိမ့်တုန်ကာ ပြဲထွက်စေသည်။ သူတို့၏ ထိပ်တိုက်ရင်ဆိုင်သော အခြေအနေမှ ထွက်လာသည့် အင်အားစုက ပေါက်ကွဲသံက ကျယ်လောင်လွန်းသဖြင့် ပတ်ဝန်းကျင်ရှိ တိုက်ခိုက်နေသမျှ အသံတိုင်းကို လွှမ်းခြုံသွားသည်။ လက်နက်ကြီးများ၏ ပစ်ခတ်သံ၊ လက်နက်ချင်း ထိခိုက်သံများကိုပင် လွှမ်းမိုးလိုက်နိုင်၏။
ဝုန်း
ကြည့်ရသည်မှာ အသံအဆုံးသတ်သွားသည်က တစ်စက္ကန့်ခန့်သာ ကြာသည်။ သို့သော် မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာ ကြာသွားခဲ့သလို ခံစားခဲ့ရ၏။ ထိုအချိန်တွင် စစ်မြင်းများက ပြင်းထန်သော ဖုန်မုန်တိုင်းကို ဆယ်ကျန်းကျော်အထိ မြောက်အောင် ကန်ထုတ်လိုက်သည်။ ကြီးမားသော ရွှေရောင်ဝံပုလွေခေါင်းကြီးကလည်း တဖြတ်ဖြတ် လက်လာလေပြီး ယိမ်းယိုင်လာ၏။ သို့သော် ဖျက်ဆီးခံရခြင်း မရှိသေးချေ။ ဝူရှန်းမြင်းတပ်က ဖန်တီးထားသော လှံလေးဆယ့်ကိုးလက်ကမူ နှစ်ဆယ့်သုံးလက်ခန့် ဆုံးရှုံးသွားသည်။ သို့သော် ထိုတိုက်ပွဲက အဆုံးမသတ်သေးချေ။ ပို၍သာ ပြင်းထန်လာ၏။
တိုက်ပွဲနယ်မြေက ပျက်စီးခြင်း မြင်ကွင်းကို ထုတ်ဖော်နေသည်။ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် ရှစ်ထောင်က ဝူရှန်းမြင်းတပ်ငါးထောင်နှင့် ထိပ်တိုက်ရင်ဆိုင်လျက် ရှိနေပြီး အချင်းချင်း တိုက်ပွဲဆင်နွှဲနေကြသည်။ လက်နက်ချင်းက လက်နက်ချင်း ထိခိုက်ရင်ဆိုင်သည်။ သံချပ်ကာ သံချပ်ကာခြင်း ထိသည်။ ကြယ်တာရာစွမ်းအင်များက ကြယ်တာရာစွမ်းအင်ချင်း ရင်ဆိုင်ကြသည်။ ထိုသို့ဖြင့် အမျိုးမျိုးသော အသံများက အချိန်တိုအတွင်း ကျယ်လောင်စွာ ပေါ်ထွက်လာသည်။
ကြယ်တာရာစွမ်းအင် ပေါက်ကွဲမှု၊ သတ္တုချင်း ကြိတ်ချေမှု၊ လက်နက်ချင်း ချောမွေ့စွာ ရင်ဆိုင်မှု _ _ _ ပို၍ များပြားသော အသံများက ရောနှောနေသည်။ နားကိုပင် ကန်းမတတ် ဆူညံလွန်းသည့် ထိုအသံများကို သူတို့က ဖန်တီးနေကြ၏။ သို့သော် ထိုအသံများထဲမှ ကြောက်မက်ဖွယ်အကောင်းဆုံး အသံကမူ စစ်မြင်းက စစ်မြင်းနှင့် ထိပ်တိုက်ရင်ဆိုင်သောကြောင့် ထွက်လာသည့် ခပ်အုပ်အုပ်အသံဖြစ်သည်။
လူအယောက် တစ်သောင်းသုံးထောင်ခန့်ပါသည့် တိုက်ပွဲက ပြင်းထန်လွန်းပြီး စစ်သည်တစ်သိန်းကျော် ပါဝင်နေသလိုမျိုး ခမ်းနားထည်ဝါနေသည်။
ခြိမ်း
ဝူရှန်းမြင်းတပ် အဖွဲ့ဝင်တစ်ယောက်က သူ၏ ဝစ်သံမဏိဓားကို အေးစက်သော အလင်းဖြင့် လင်းလက်လာစေလျက် မြှောက်ကိုင်လိုက်ပြီး ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်တစ်ယောက်ထံ ချီတက်သွားသည်။ သို့သော် သူက ခုတ်ချလိုက်သည့် အချိန်တွင် ကြမ်းတမ်းသော မျက်နှာနှင့် ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်က လိမ်တွန့်သွားပြီး ပျောက်ကွယ်သွားသည်။
ပုံရိပ်ယောင်ပဲ။ ဝူရှန်းမြင်းတပ် အဖွဲ့ဝင်က ချက်ချင်းဆိုသလို နားလည်လိုက်သည်။ သို့သော် နောက်ကျသွား၏။
ချွမ်
သူ၏အနောက်မှ ကြီးမားသော အင်အားတစ်ရပ်က တိုးဝင်လာသည်။ အံ့အားသင့်မှု တစ်ခဏအတွင်း ဝင်ရောက်နေချိန်တွင် တူရကီမြင်းသည်တော်က သူ၏ အထူးတလည် သွန်းလုပ်ထားသော အနောက်ပိုင်းတူရကီဓားကို ဝူရှန်းမြင်းတပ်၏ ကျောထံ တိုက်ရိုက်ခုတ်ချလိုက်သည်။
“သေတော့”
တူရကီမြင်းသည်တော်က ကြမ်းတမ်းသော မျက်နှာထားမျိုးနှင့် ဖြစ်သည်။ ကောင်းကင်ဘုံ ဝံပုလွေ ပုံရိပ်ယောင် ဝင်္ကပါက အစစ်အမှန်နှင့် အတုအယောင်ကို ရောနှောထားလေရာ အမှန်က အမှားနှင့် ရောယက်နေလေသည်။ တောင်ပိုင်းနယ်မြေတွင် ထိုကဲ့သို့သော အခြေအနေကလည်း သေစေနိုင်လောက်၏။ မရေမတွက်နိုင်သော လူပေါင်းများစွာကလည်း ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်၏ ထိုနည်းလမ်းအောက်တွင် ကျရှုံးသွားခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ကလည်း ပုံရိပ်ယောင်များကို မှီခိုလေပြီး လေးစားဖွယ်ကောင်းလွန်းသော မရေမတွက်နိုင်အောင် များပြားသည့် ရန်သူပေါင်းများစွာကို အလဲထိုးလျက် ကိုယ်ပိုင်ဒဏ္ဍာရီတစ်ခုကို ဖန်တီးနိုင်ခဲ့ကြသည်။
သို့သော် ထိုဓားခုတ်ချက်က အဆင့်မြင့်အရည်အသွေးရှိသော ပစ္စည်းတစ်ခုကို နှစ်စက္ကန့်တည်းနှင့် ကွဲအက်သွားအောင် လုပ်နိုင်သည့် သံမဏိမြို့ရိုးကိုပင် ပစ်ခတ်နိုင်သေး၏။ သို့သော် ယခုအခါတွင်မူ ရန်သူ၏ သံချပ်ကာကို မဖောက်နိုင်ရုံသာ မကသေးလေပဲ နောက်သို့ပင် ပြန်လွှင့်လာသေးသည်။
ဘယ်လိုဖြစ်နိုင်မှာလဲ။
ကောင်းကင်ဘုံ ဝံပုလွေမြင်းသည်တော်၏ မျက်နှာတွင် အံ့အားမှုအထင်းသား ပေါ်ထွက်လာသည်။ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်က အနောက်ပိုင်းတူရကီ ခါကာနိမ့်၏ ဒဏ္ဍာရီလာမြင်းတပ်အင်အားစု သုံးခုတည်းမှ တစ်ခုဖြစ်ပြီး အကောင်းဆုံးသံချပ်ကာ၊ အကောင်းဆုံးလက်နက်၊ အကောင်းဆုံးစစ်မြင်းများကို ခါကာနိမ့်က ချီးမြှင့်ထားသည်။ သို့သော် ထိုလက်နက်များနှင့်ပင် ခုတ်၍မပြတ်သည့် သံချပ်ကာမျိုး ရှိကြောင်း မကြားဖူးပါချေ။
ဟင့်
တုန့်ပြန့်သည့်အနေဖြင့် နှာမှုတ်သံက ထွက်ပေါ်လာသည်။ မြင်းသည်တော်နှစ်ယောက်က တူညီသော ဘာသာစကားနှစ်ခုကို ဝေမျှခြင်း မရှိကြချေ။ ထို့ကြောင့် ယခုလို အခြေအနေမျိုးတွင်လည်း ဘာသာစကားကို သုံးပြီး နားလည်အောင် လုပ်ရန် မလိုအပ်ပါချေ။
ချွင်
ဝူရှန်းမြင်းသည်တော်က တစ်ဖက်သူ၏ အံ့အားသင့်နေသည့် အခြေအနေကို အခွင့်ကောင်းယူရမည့် ကာလဖြစ်သွားသည်။ သူက သူ၏ဓားကို တစ်ဖက်လှည့်လိုက်လေပြီး သံချပ်ကာအပြည့် ဝတ်ဆင်ထားသည့် ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ကို ပြန်လည်ခုတ်ချလိုက်သည်။ သူက ဓားကို လွဲယမ်းလိုက်သည့် အချိန်တွင် ပြင်းထန်သည့် ခုခံမှုကို ခံစားရသည်။ ထက်ရှသော ဝစ်သံမဏိဓားက လမ်းတစ်ဝက်ထိသာ တိုးဝင်နိုင်ခဲ့၏။ တစ်ဖက်သူ၏ လက်မောင်းကို ထုတ်လိုက်နိုင်ပြီး သွေးများ ပန်းထွက်လာသည့်တိုင်အောင် ဆက်တိုက် မခုတ်ဖြတ်နိုင်ခဲ့ချေ။
ဘယ်လောက်တောင် လေးစားဖို့ကောင်းတဲ့ သံချပ်ကာလဲ။
ထိုအတွေးက သူ၏စိတ်အတွင်း ဝင်လာပြီး အခြေအနေကို နားလည်လိုက်၏။ ကောင်းကင်ဘုံ ဝံပုလွေ မြင်းတပ်၏ သံချပ်ကာက ဥက္ကာပျံသတ္တုသံချပ်ကာလောက် လေးစားဖွယ်မကောင်းသော်လည်း သူတို့၏ သံချပ်ကာကလည်း သာမာန်သံချပ်ကာထက် အရည်အသွေး မြှင့်နေသေးသည်။ ဝစ်သံမဏိဓား၏ အစွန်းများကပင် ထိုသံချပ်ကာကို အပြည့်အဝ ခုတ်ပိုင်းနိုင်စွမ်းမရှိချေ။
ဒုန်း ဒုန်း ဒုန်း
အချိန်တစ်ခဏခန့်ကြာပြီးနောက် နှစ်ယောက်က လူစုခွဲလိုက်သည်။ သူတို့မြင်းများက ဆန့်ကျင်ဘက်အရပ်သို့ သွားကြ၏။ မြင်းသည်တော်ကြားမှ တိုက်ပွဲက သေရေးရှည်ရေး အခြေအနေကို ရုန်းကန်နနိုင်မည့် ခုတ်ချက်အတောအတွင်း ဆုံးဖြတ်ရခြင်း ဖြစ်သည်။ သို့သော် သူတို့က တိုက်ပွဲကို ဒီနေရာတွင် ရပ်တန့်ထား၍ မရချေ။
ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် အဖွဲ့ဝင်နှင့် တိုက်ပွဲပြီးနောက် ကပ်ဘေးတစ်ခုကို ရင်ဆိုင်နိုင်ခဲ့ပြီး နောက်ထပ် ဝူရှန်းမြင်းသည်တော်က နောက်တန်းမှ ခိုဝင်လာသည်။ သူက သူ၏ဓားဖြင့် အောက်သို့ ခုတ်ချလိုက်သည့်အချိန်တွင် လေထဲသို့ လက်မောင်းတစ်ဖက်က လွှင့်ထွက်သွားပြီး ရွှံ့နွံ့ထိသို့ မြှပ်သွားသည်။ ထိုးနှက်နချက်က မြင်သက်ဖွယ်ကောင်းအောင် တိကျပြတ်သားလွန်းလေပြီး ယခင်ဝူရှန်းမြင်းတပ် အဖွဲ့ဝင်တစ်ယောက်က ခုတ်ခဲ့သော နေရာကိုသာ ကွက်တိပြန်ခုတ်ခဲ့ခြင်း ဖြစ်သည်။
သူတို့က နှစ်ယောက်က လူတစ်ယောက်တည်းကို ပေါင်းကာသတ်သလို ထင်ရသည်။
“အား”
တူရကီမြင်းတပ်အဖွဲ့ဝင်က အော်သည်။ တတိယမြောက် ဝူရှန်းမြင်းတပ် အဖွဲ့ဝင်တစ်ယောက်က ခုန်ဝင်လာ၏။ သူ၏ ဓားကို လွှဲယမ်းလိုက်ချိန်တွင် သွေးများက ပန်းထွက်လာသည်။ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် အဖွဲ့ဝင်ကလည်း သူ၏ခေါင်းဟာ ကိုယ်မှလွှင့်ထွက်သွားကြောင်း တွေ့လိုက်သည်။ သူ၏ခန္ဓာကိုယ်ကလည်း မြင်းပေါ်မှ ပြုတ်ကျသွား၏။
ဖြစ်စဉ်တစ်ခုလုံးက စက္ကန့်အနည်းငယ်သာ ကြာသည်။ ဝူရှန်းမြင်းတပ် အဖွဲ့ဝင်နှစ်ယောက်က သူ၏လက်မောင်းများကို တိုက်ခိုက်ခဲ့စဉ်တွင် အခြားတစ်ယောက်က လည်ပင်းကို ခုတ်ရန် တာဝန်ယူထားသည်။ မှင်သက်ဖွယ်ကောင်းသော အသင်းလိုက် ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ အခြားသော ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်အဖွဲ့ဝင်က တုံ့ပြန်နိုင်ချိန်တွင် သူတို့၏ ရဲဘော်၏ ခေါင်းမဲ့သော အလောင်းက မြင်းစီးသူမဲ့သော စစ်မြင်းနောက် တရွတ်တိုက်ပါသွားပြီ ဖြစ်သည်။
တိုက်ပွဲက ဆက်လက်ဖြစ်သွားနေသည်။
ချွင် ချွင် ချွင်
ဝူရှန်းမြင်းတပ်က ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်နှင့် ကြမ်းတမ်းသော တိုက်ပွဲကို ဆင်နွဲနေသည်။ ဝူရှန်းမြင်းတပ်ဟာ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်နှင့် လက်နက်နှင့် သံချပ်ကာ အားသာချက်ရှိသည်။ ဆယ်ကြိမ်ချီတက်လျှင် ဆယ်ပွဲအနိုင်ရမည်ဆိုသော ဝင်္ကပါက သူ့တိုကို ပို၍အင်အားကြီးမားစေသည်။
သို့သော် ကောင်းကင်ဘုံ ဝံပုလွေပုံရိပ်ယောင် ဝင်္ကပါက ဖန်တီးပေးသည့် ပုံရိပ်ယောင်များကလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် အသုံးဝင်ကြောင်း ပြသနေခဲ့သည်။ ထို့အပြင် အရေအတွက်ကို နှစ်ဆခန့်အထိ မြင့်မားစေခဲ့သဖြင့် ဝူရှန်းမြင်းတပ်ထက် အရေအတွက် အပြတ်အသတ်သာနေသည်။ ကြောက်မက်ဖွယ်ကောင်းမှုကမူ အချို့သော ပုံရိပ်ယောင်များက ပြင်းထန်သည့် အနီးကပ် ထိပ်တိုက်တွေ့ဆုံမှုအတွင်း ဖျက်ဆီးခံရလျှင် ကောင်းကင်ဘုံ ဝံပုလွေပုံရိပ်ယောင်ကမ္ဘာက ပို၍များပြားသော ပမာဏကို ထုတ်နိုင်ခြင်း ဖြစ်သည်။ သို့သော် အရှိန်နူန်းက နှေးကွေးသွား၏။
ဘုန်း ဘုန်း ဘုန်း
တူရကီ ကောင်းကင်ဘုံ ဝံပုလွေဓားသွားများက အဖက်ဖက်မှ ခုတ်ပိုင်းလာမှုနှင့်အတူ ကောင်းကင်ဘုံသတ္တု သံချပ်ကာက သေစေနိုင်သော ထိုးနှက်ချက်များ မဖြစ်အောင် ထားဆီးပေးသည့်တိုင်အောင် ကြယ်တာရာစွမ်းအင်၏ သက်ရောက်မှုက သံချပ်ကာကို ထိုးဖောက်ပြီး ဝင်ရောက်လာနိုင်သေးသည်။
စွေ့
ဝူရှန်းမြင်းသည်တော် တစ်ယောက်က တုန်ယီစွာဖြင့် သွေးအန်လိုက်ရသည်။ ထို့နောက် သူက သွေး၏လှုံ့ဆော်မှုကြောင့် ကြီးမားသော ဝံပုလွေခုနှစ်ကောင်ခန့်က သူ့ကို ခုန်အုပ်လာကြောင်း သိလိုက်၏။ တစ်ကောင်က မြင်းကျောပေါ်သို့ပင် တိုက်ရိုက်ခုန်တက်လာသည်။
“သားရဲ”
ဝူရှန်းမြင်းသည်တော်က သူ၏ သံချပ်ကာဝတ်ထားသော လက်ကို ထိုဝံပုလွေ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် ခေါင်းကို လှီးဖြတ်လိုက်၏။ သေသွားသည့်တိုင်အောင် ထိုဝံပုလွေက ထိုလူ၏လက်မောင်းကို ကိုက်ထားသေးသည်။ အစွယ်ကလည်း ဖြဲနေလေပြီး မျက်နှာကလည်း ရှုံ့မဲ့နေကာ ကြမ်းတမ်းသော မျက်နှာထားကို ထုတ်ဖော်နေသည်။ ထို့သို့ နှောင့်နှေးသွားမှုကတင် ပို၍များပြားသော ဝံပုလွေများကို ခုန်အုပ်ရန် ဖြစ်သွားစေ၏။ ထို့အပြင် အခြားသော ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် အဖွဲ့ဝင်များကလည်း သူ့ဆီရောက်လာကြသည်။
ချွင် ချွင် ချွင်
ဘုန်း ဘုန်း ဘုန်း
ကောင်းကင်ဘုံ ဝံပုလွေနှင့် ဝူရှန်းမြင်းတပ်က ပြင်းထန်သည့် တိုက်ပွဲထဲတွင် ထိပ်တိုက်တွေ့ဆုံနေကြသည်။ သူတို့၏ ဝင်္ကပါကလည်း တစ်ယောက်ကိုတစ်ယောက် ရင်ဆိုင်နိုင်အောင် တိုးမြှင့်ပေးထား၏။ ထိုတိုက်ပွဲက လူတိုင်းမျှော်လင့်ထားသည်ထက် ပို၍ပြင်းထန်လွန်းနေခဲ့သည်။ သံသယဝင်ရန် မလိုလောက်အောင် ဝူရှန်းမြင်းတပ်က အခက်အခဲဆုံး အနေအထားမျိုးနှင့် ရင်ဆိုင်နေရသည်။ အစစ်အမှန် မြင်းသည်တော်များနှင့် ပုံရိပ်ယောင် မြင်းသည်တော်များက ရောနှောနေလေရာ ဝူရှန်းမြင်းတပ်အတွက် ကြီးမားသည့် သက်ရောက်မှု ရှိသွားသည်။
အချိန်တိုင်းဆိုသလို ဝူရှန်းမြင်းသည်တော်တစ်ယောက်က ပုံရိပ်ယောင်ကို တိုက်ခိုက်မိပြီး တိုက်ခိုက်နိုင်စွမ်းအား ဆုံးရှုံးသွားသည်။ သို့ရာတွင် ထိုဝူရှန်းမြင်းတပ် စစ်သည်တော်ကလည်း သူ၏ ကိုယ်ပိုင်ထူးခြားသည့် စွမ်းအင်များကို ဖော်ထုတ်ပြသလာနိုင်ခဲ့သည်။ မည်သည့်အစစ်အမှန် ကောင်းကင်ဘုံ ဝံပုလွေမြင်းသည်တော်က ရှာတွေ့သွားခြင်း ရှိစေကာမူ သူကချက်ချင်းဆိုသလိုပင် ထိုးဖောက်ရန်ခက်ခဲသည့် ဝူရှန်းမြင်းတပ်၏ သံချပ်ကာကြောင့် အချိန်ဆွဲခံရသည်။
ကောင်းကင်ဘုံ ဝံပုလွေမြင်းသည်တော်က သူတို့၏ ပုံရိပ်အားသာချက် ရှိနေသည့်တိုင်အောင် ဝူရှန်းမြင်းတပ်ကလည်း ထိုမျှအထိ အကျိုးနိမ့်နေခြင်း မဟုတ်ချေ။
“အရှင်အမတ် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ ဗိုလ်ချုပ်လီစီးရဲနှင့် ဝူရှန်းမြင်းတပ်က အန္တရာယ်ရှိနိုင်လား”
အဝေးရှိ ရွယ်ချန်ကျွင်းက စိုးရိမ်မှုနှင့်အတူ ကြည့်သည်။ အနားရှိ လူအချို့ကလည်း တူညီသော မျက်နှာထားမျိုး ဖြစ်နေကြသည်။
ထိုတိုက်ပွဲက သူတို့မျှော်လင့်ထားသည့်ထက် ဆိုးရွားလွန်းနေခဲ့သည်။ ယခင်တိုက်ပွဲများတွင် ဝူရှန်းမြင်းတပ်က ရပ်တန့်၍ မရနိုင်လုနီးပါး ဖြစ်နေခဲ့၏။ သူတို့အနေဖြင့် ပထမဦးဆုံးအကြိမ် ယခုလို ကြာရှည်သော တိုက်ပွဲကို ရင်ဆိုင်ရခြင်း ဖြစ်သည်။ ပို၍စိုးရိမ်စရာကောင်းသော အချက်ကမူ ကြယ်တာရာစွမ်းအင်များနှင့် ပြင်းထန်သည့်တိုက်ပွဲက ဖုန်မှုန့်ပေါင်းများစွာကို ထွက်ပေါ်လာနိုင်စေလေပြီး သိပ်သည်းသော တိမ်စိုင်ပေါင်းများစွာက ကျန်းတစ်ဆယ်ကျော်အထိ မြှောက်တက်နေလေရာ ထိုကြမ်းတမ်းသော လေပြင်းများကို ပို၍ဆိုးရွားသွားစေခဲ့သည်။
သူတို့၏ ရှုထောင့်မှကြည့်သော် သူတို့မြင်နိုင်သမျှက ဖုန်လုံးများ ဖြစ်နေသည်။ ထို့ကြောင့် ဝူရှန်းမြင်းတပ်နှင့် ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ကိုပင် ခွဲခြားကာ မမြင်နိုင်တော့ချေ။ ခပ်အုပ်အုပ်ပေါ်ထွက်ထွက်သည့် အသံကုန် အော်ဟစ်သံများကတင် တိုက်ပွဲက မည်မျှရက်စက်နေကြောင်း နားလည်နိုင်ကြခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူတို့အားလုံးက အလွန်အမင်း စိုးရိမ်နေကြ၏။
အပိုင်း (၉၁၄)
“မထိတ်လန့်နဲ့”
ဝမ်ချောင်၏ အသံက ခပ်ပြတ်ပြတ်သာ ဖြစ်သည်။ တည်ငြိမ်သော လေထုကို သယ်ဆောင်ထားသေး၏။ သူ၏ မျက်ဝန်းကမူ ရှေ့သို့သာ တည့်တည့်ကြည့်နေပြီး ခံစားချက်များ ကင်းလွတ်နေသည်။
“ဗိုလ်ချုပ် လီစီးရဲနဲ့ ဝူရှန်းမြင်းတပ်ကို ယုံကြည်ထား။ ဒီကုန်းမြေမှာ ဒီထက်ပိုကြီးတဲ့ အင်အားစု မရှိဘူး”
ပြိုင်ဘက်ကင်းလောက်အောင် ထက်ရှသည့် ဝုစ်သံမဏိဓားများ၊ မာကြောခိုင်ခံ့လွန်းသော ဥက္ကာပျံသတ္တု သံချပ်ကာ၊ ဖုန်အဆိပ် ခြေဆက်ကွင်းသုံးလွှာနှင့် အထွဋ်အထိပ်အဆင့်တွင် ရှိသည့် ဆယ်ကြိမ်ချီတက်လျှင် ဆယ်ပွဲအနိုင်ရမည်ဆိုသော ဝင်္ကပါ_ _ _ အင်အားအရာတွင် ဖြစ်စေ၊ ခုခံမှု အရာတွင် ဖြစ်စေ၊ အရှိန်နူန်းအရတွင် ဖြစ်စေ ဝူရှန်းမြင်းတပ်ဟာ မယုံနိုင်စရာကောင်းသည့် အဆင့်တွင် ရှိနေပြီးသား ဖြစ်သည်။
ကုန်းမြေတွင် ဝူရှန်းမြင်းတပ်ထက် အနည်းငယ်အင်အားကြီးသော အင်အားစု ရှိနိုင်သည့်ဖြစ်နိုင်ချေဟာ အလွန့်အလွန် နည်းသည်။ အနည်းဆုံး ထိုအင်အားစုက ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် မဖြစ်နိုင်ချေ။
ဝမ်ချောင်၏ စကားလုံးများက အနားရှိ လူတိုင်းကို စိတ်ငြိမ်သွားစေသည်။
“အရှင် ကျွန်တော်တို့ ဘယ်လိုများ ကူညီပေးသင့်လဲ။ ရှားမက အခြေအနေက ဆိုးသွားတဲ့ အနေအထားမျိုးထက် မျှမျှတတ လက်ရည်ယှဉ်ချင်တဲ့ပုံပဲ”
အဝေးရှိတောင်ကုန်းပေါ်မှ တူရကီဗိုလ်ချုပ်များက တိုက်ပွဲကို စောင့်ကြည့်နေကြပြီး စိုးရိမ်လာကြ၏။ တုဝူစစ်လီ၏ လက်ထောက်များထဲမှ တစ်ယောက်က ရှေ့သို့တက်လိုက်သည်။ သူ၏မျက်ဝန်းထဲတွင် စိုးရိမ်မှုများ ဖြစ်နေလေပြီး အဝေးရှိ ဖုန်မုန်တိုင်းကိုသာ ကြည့်သည်။
“စိုးရိမ်စရာမရှိဘူး ငါ ရှားမရဲ့စွမ်းရည်ကို ယုံကြည်တယ်။ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ကလည်း ဘယ်သူဆီမှ မရှုံးဘူး”
တုဝူစစ်လီက ထိုသို့ကြုံးဝါးသည်။
ဝူရှန်းမြင်းတပ်၏ ဝင်္ကပါက လေးစားဖွယ်ကောင်းသည်မှာ မှန်ကန်သည်။ သို့သော် တုဝူစစ်လီကမူ ရှားမ၏စွမ်းရည်ကို ယုံကြည်နေသေးသည်။ ထိုယုံကြည်နေမှုက သူလုပ်ဆောင်ခဲ့ဖူးသမျှ မှတ်တမ်းများ၊ လုပ်ဆောင်မှုများထံမှ လာသည်။ မည်မျှအင်အားကြီးသော မြင်းတပ်ဝင်္ကပါဖြစ်နေစေကာမူ အဆုံးသတ်တွင် စစ်သည်တော်များ၏ အင်အားဖြင့်သာ တိုက်ပွဲကို ဆုံးဖြတ်ရလေသည်။ ဝင်္ကပါက အင်အားကြီးလောက်သော်လည်း ရန်သူက ပြင်းပြင်းမရနိုင်သည့် သေစေနိုင်သော ပြစ်ချက်တစ်ခု ရှိလေသည်။ သူတို့၏ ဗိုလ်ချုပ်က အင်ပါယာတိုင်းနယ်မြေ အထွဋ်အထိပ်အဆင့်တွင်သာ ရှိသည်။ ဝူရှန်းဗိုလ်ချုပ်က အသတ်ခံရလျှင် သူတို့၏ ဝင်္ကပါက ပြိုလဲကျသွားပေလိမ့်မည်။
“ရှားမ မင်းလှုပ်ရှားရမယ့် အချိန်ပဲ”
တုဝူစစ်လီက တိုက်ပွဲသို့ ငုံ့ကြည့်သည်။ သူ၏မျက်ဝန်းတွင် ကြမ်းတမ်းသော အလင်းကလက်လာ၏။
အဝေးတွင် မြင်းတပ်အင်အားစုတစ်ခု ထိပ်တိုက်ရင်ဆိုင်နေသော တိုက်ပွဲက အလွန်အမင်း ပြင်းထန်သည့် အနေအထားသို့ ရောက်ရှိလာသည်။
“အားလုံးပဲ ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြ”
သူ၏ကြီးမားသည့် ဝုစ်သံမဏိဓားကြီးကို လွှဲယမ်းထားသည့် လီစီးရဲက တိုက်ပွဲနယ်မြေကို ကျော်ဖြတ်သွားသည်။ သူ၏ မိုးခြိမ်းမတတ် ကျယ်လောင်သောအသံကြီးက ဝူရှန်းမြင်းသည်တော်တိုင်းကို အနားသို့ ဆွဲခေါ်လိုက်ပြီး ဝူရှန်းမြင်းတပ် ငါးထောင်လုံးက အယောက်တစ်ရာစီရှိသော အဖွဲ့လေးများအဖြစ် ခွဲသွားလေပြီး လီစီးရဲနောက်မှလိုက်ကာ တိုက်ပွဲနယ်မြေသို့ ချဉ်းကပ်ဝင်ရောက်သွားသည်။
လီစီးရဲ၏ ကြီးမားသော ခန္ဓာကိုယ်ကြီး၏ သတ်ဖြတ်မှုကို မည်သူကမှ မရပ်တန့်နိုင်လုနီးပါးဖြစ်သည်။ သူ၏ ကိုယ်စားပြု ကြီးမားသော ဓားကြီးက ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်အဖွဲ့ဝင်တိုင်းကို လှီးဖြတ်ကျော်လွှားနေပြီး အချို့အခြေအနေများတွင် ဆိုလျှင် တစ်ကြိမ်တည်းနှင့် နှစ်ယောက်ခန့် အလှီးဖြတ်ခံရသည်။ ကောင်းကင်ဘုံ ဝံပုလွေသံချပ်ကာကပင် လီစီးရဲထံမှ အင်အားအပြည့်နှင့် ခုတ်ချက်ကို မတားနိုင်ကြချေ။
ဝမ်ချောင်က လီစီးရဲအတွက် ထိုဓားကို သွန်းလုပ်ပေးသောအခါ ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံး ကျင်းပေါင်းများစွာကို ထည့်သွင်းထားပြီး အထူးတလည် အာရုံစိုက်ထားခဲ့သည်။ ထို့ကြောင့် အလေးချိန်နှင့် ထက်ရှမှုခြင်း ယှဉ်သော် အခြားသော ဝှစ်သံမဏိဓားတိုင်းထက် သာလွန်နေခဲ့သည်။ သို့ရာတွင် လီစီးရဲကဲ့သို့ ပြင်းထန်သည့် ခွန်အားကို ပိုင်ဆိုင်ထားသောသူကလည်း ထိုဓားကို ကိုင်ဆောင်ထားသဖြင့်မ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်အဖွဲ့ဝင်များကို တစ်ကြိမ် ခုတ်ရုံနှင့် နှစ်ယောက်ခန့် ကွဲထွက်သွားအောင် လုပ်နိုင်ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံ ဝံပုလွေပုံရိပ်ယောင် ဝင်္ကပါအတွက်ကမူ လီစီးရဲက ရှေးအကျဆုံး နည်းလမ်းကိုသာ အသုံးပြုထားသည်။
ဝေါင်း
လီစီးရဲက အော်လိုက်သည့် အချိန်တွင် သူခန္ဓာကိုယ်တစ်ခုလုံးက ကြယ်တာရာစွမ်းအင်များအဖြစ် တောက်လောင်လာပြီး တိုက်ပွဲနယ်မြေအနှံ့ လွှမ်းခြုံသွားကာ ပုံရိပ်ယောင်တိုင်းကို ကွဲအက်သွားစေပြီး အစစ်အမှန် ခန္ဓာကိုယ်များကသာ ကျန်ရစ်စေသည်။ ထိုသို့ရိုးရှင်းသော ဗျူဟာနှင့်တင် လီစီးရဲဟာ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ထံမှ ကြီးလေးသည့် ဆုံးရှုံးမှုကို ဖြစ်လာအောင် လုပ်နိုင်သည်။
အတွေ့အကြုံရှိသော ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် အဖွဲ့ဝင်များကပင် လီစီးရဲ၏ ကြမ်းတမ်းသည့် တိုက်ခိုက်သော ပုံစံအောက်တွင် သေဆုံးကြရလေသည်။
“သူ့ကိုသတ်”
ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် အဖွဲ့ဝင်များက အော်ဟစ်ကြပြီး လီစီးရဲကို ဝိုင်းအုံလိုက်သည့် အရေအတွက်က အယောက်တစ်ရာခန့်အထိ ရှိ၏။ လီစီးရဲက မည်မျှပင် ကြောက်မက်ဖွယ်ကောင်းနေစေကာမူ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ကလည်း အရေအတွက်အားဖြင့် အားသာနေသေးသည်။
“ငါလိုချင်တဲ့အတိုင်းပဲ”
လီစီးရဲ၏ အကြည့်က စူးရှလာသည်။ သူ၏ ခန္ဓာကိုယ်က လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အရှိန်အဝါကို လွှတ်ထုတ်လိုက်လေပြီး သူ၏ ဖာဟားနားမြင်းက ရှေ့သို့ ချီတက်သည်။ ဒီနည်းအားဖြင့် ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်နှင့် ထိပ်တိုက်ရင်ဆိုင်သည်။
ဘုန်း
လီစီးရဲက သူ၏ဓားကို အရှေ့သို့ ယမ်းလိုက်သောအချိန်တွင် တောင်တစ်လုံးခန့် လေးသော အလေးချိန်က ကပ်ပါလာသည်။
ထိုကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် အဖွဲ့ဝင်များကလည်း တိုင်းအင်ပါယာ နယ်မြေအဆင့် လီစီးရဲကို မယှဉ်နိုင်ကြချေ။ သူတို့၏ အင်အားက မည်မျှပင် များနေစေကာမူ လီစီးရဲကို မယှဉ်နိုင်ကြချေ။
ဝုန်း
လီစီးရဲက မြင်းတပ်အဖွဲ့ဝင် ငါးယောက်၊ ခြောက်ယောက်ခန့်ကို ခုတ်ပိုင်းတော့မည့်အချိန်တွင် ရုတ်တရက် တုန်ယင်သွားသည်။ သူ၏ နှလုံးသားအတွင်း မကောင်းသော ခံစားချက်က ရလာ၏။ တစ်ချိန်တည်း လိုလိုပင် သူ၏နားအတွင်း ခြင်တိုးသံကဲ့သို့ တိုးလျလွန်းသည့် နူးညံ့သော အေးစိမ့်သည့် အသံက ထွက်လာသည်။
“ဟီး ဟီး ငါ မင်းရဲ့ခေါင်းကို ခဏငှားမယ်”
အသံကတိုးသော်လည်း ရှင်းပြရန်ခက်ခဲလောက်အောင် ကြည်လင်နေပြီး လှောင်ရယ်သံကပင် ကပ်ပါနေ၏။ သူက သူ၏အကြံ အောင်မြင်မည်ဟု ယူဆထားပုံပေါ်သည်။
ဘုန်း
လီစီးရဲ၏ ပေါ်ထွက်လာမှုကို ကြိုတင်စောင့်ဆိုင်းနေခဲ့သလိုမျိုး လေပြေတစ်ချက်က ရုတ်တရက် ထွက်ပေါ်လာကာ ထိုနေရာတွင် ပေါက်ကွဲသွားပြီး မိုးခြိမ်းမတတ် မြန်ဆန်သော အရှိန်နူန်းနှင့်အတူ သူ့ထံချဉ်းကပ်လာသည်။ လီစီးရဲက ထိုအရာကို မမြင်နိုင်ချေ။ သို့သော် လေထုကို ထိုးခွဲလာသည့် ဓားအစွန်းကြောင့် သတ္တုချင်း တုန်ခါသံကို ကြားနိုင်သည်။ ထိုအခြေအနေက လီစီးရဲကို တုန်ယင်သွားစေသည်။
“သောက်ကျိုးနည်း ဒါက ချုံခိုတိုက်ခိုက်တာပဲ”
လီစီးရဲမျက်နှာက ဖြူဖျော့သွားသည်။ သူဟာ ယခုလေးတင် ရန်သူ၏ အရှိန်အဝါကို သတိထားမိခဲ့ခြင်း မရှိချေ။ သိသာစွာပင် တစ်ဖက်သူက ထိုအခိုက်အတံ့အတွင်း သူ၏စွမ်းအားကို ဖုံးကွယ်ထားပေလိမ့်မည်။ ကြောက်စရာအကောင်းဆုံး ကိစ္စကမူ ထိုလူ၏ ကျင့်ကြံရေးအဆင့်က အင်ပါယာတိုင်းနယ်မြေ အဆင့်ထက် သာနေသည်။ ထိုလူဟာ သူတော်စင်တိုင်းနယ်မြေ အဆင့်ဖြစ်ပြီး နောင်ဖြစ်လာမည့် ဗိုလ်ချုပ်အဆင့်ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် လီစီးရဲက ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်၏ ဗိုလ်ချုပ်ကို တွေးလိုက်မိသည်။ သို့သော် သူ့တွင် တုံ့ပြန်ရန် အချိန်မရှိတော့ကြောင်း ရှင်းလင်းနေသည်။ သူကို သတ်ရန်အတွက် တစ်ဖက်သူက သာမာန် ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် အဖွဲ့ဝင်အဖြစ် ဟန်ဆောင်ပြီး သူ ဝင်ရောက်လာမည့် အချိန်ကိုက်ကို စောင့်ကာ လီစီးရဲကို တုံ့ပြန်နိုင်ခြင်း မရှိအောင် ကိုင်တွယ်ခြင်း ဖြစ်သည်။
“ဟွမ်ပေါ့ထျန်”
“ခုံးကျစ်အန်”
“ဟုန်ယို့ချီ”
လီစီးရဲက ရုတ်တရက်အော်သည်။ သူ၏ ကိုယ်ထဲတွင် ရှိသော ကြယ်တာရာစွမ်းအင်တိုင်းကို တူညီစွာ ထုတ်လွှတ်လိုက်၏။ ထိုအခိုက် သူ့တွင် တစ်ခုတည်းသော အရာကိုသာ လုပ်ရန် အချိန်ရှိတော့သည်။
“စန်းတရဲ့ခွန်အား”
လီစီးရဲက လက်မောင်းကို ဖွင့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်ချည်း ဖောင်းပွလာပုံပေါ်၏။ မမြင်ရသော စွမ်းအင်အချို့၏ လမ်းညွှန်ပြသမှုအောက်တွင် သူနှင့် ကျန်းငါးဆယ်အကွာတွင် ရှိသော ဝူရှန်းမြင်းတပ်အဖွဲ့ဝင်တိုင်း၏ ခွန်အားက လီစီးရဲထံ စုစည်းလာသည်။ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် အဖွဲ့ဝင်များက အံ့အားတကြီး ဖြစ်သွားကြ၏။ လီစီးရဲ၏ အနောက်တွင် အလင်းတန်းတစ်ခုက သိပ်သည်းလာပြီး ညိုမှောင်ပြီး အလွန်ကြီးမားကာ ရက်စက်ကြမ်းတမ်းသည့် နတ်ဘုရားတစ်ပါးကို ဖန်တီးလိုက်ကာ လီစီးရဲနှင့် ပေါင်းစပ်သွားသည်။
ဘန်း
လီစီးရဲ၏ အနောက်မှ ရှားမက သူ၏ အင်အားတိုင်းကို သုံးပြီး သူ၏ အနက်ရောင် ခြေဆန်ကွင်းက တုန်ခါလာပြီး လီစီးရဲ၏ ကျောကို ခပ်ကြမ်းကြမ်း ခုတ်ချလိုက်သည်။
ဘုန်း
လီစီးရဲဟာ မြင်းနှင့်အတူ လွှင့်ထွက်သွားသည်။ သူ၏ပါးစပ်ဟာ သွေးများ ဆက်တိုက်အန်ထုတ်ရပြီး လေထဲတွင် ပန်းထုတ်မိသွား၏။
ဘန်း
လီစီးရဲက ဖုန်တိမ်စိုင်များထဲတွင် ပြုတ်ကျသွားသည်။ ရှားမက သူ၏အင်အားတိုင်းနီးပါးကို ထုတ်သုံးကာ သတ်ခဲ့သည့်သာလျှင် လီစီးရဲက အသက်ရှင်နေသည်။
“ဘာလို့ဒီလိုဖြစ်ရမှာလဲ”
ရှားမ၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး မျက်နှာက ဖြူဖျော့သွားသည်။ သူ၏ ကျင့်ကြံသည့် အဆင့်တွင် အင်ပါယာတိုင်းနယ်မြေ အထွဋ်အထိပ် စစ်သည်တော်ကို ရင်ဆိုင်ရခြင်းက လက်ဝါးကို တစ်ချက် ယမ်းလိုက်ရသလို လွယ်ကူလွန်းသည်။ သို့သော် ရှားမကို အံ့အားသင့်စေသည်မှာ ဝူရှန်းမြင်းတပ်၏ ဗိုလ်ချုပ်က ရုတ်တရက် ခွန်အားများနှင့် ဖောင်းကားလာလေပြီး အင်ပါယာတိုင်းနယ်မြေအဆင့်မှ သူတော်စင်တိုင်းနယ်မြေအဆင့်သို့ တက်ရောက်သွားနိုင်သည်။
ထိုသာမကသေးချေ ရှားမ၏ ဓားက သံမဏိကိုပင် ကျော်ဖြတ်နိုင်သည်။ သို့သော် လီစီးရဲ ဝတ်ထားသော လျို့ဝှက်ဆန်းကြယ်သည့် ထိုသံချပ်ကာက ခြစ်ရာပင် မထင်သွားခဲ့ချေ။ ရှားမ၏ စိတ်နေသဘောထားမျိုး ရှိသောလူကပင် ဒီမြင်ကွင်းကြောင့် မှင်သက်သွားရသည်။
“ဖြတ်တောက်ရေး ဝင်္ကပါ”
အခြားတစ်ဖက်တွင် လီစီးရဲက မနှောင့်နှေးစေခဲ့ချေ။ ရှားမ၏ ချုံခိုတိုက်ခိုက်မှုက သူ့ကို ပြင်းထန်သည့် ဒဏ်ရာတစ်ခု ပေးလိုက်သည်။ ထိုသံချပ်ကာက သန့်စင်သော ဥက္ကာပျံသတ္တုသားကို လုပ်ထားလေပြီး အခြားသော ခုခံခြင်း သင်္ကေတပေါင်းများစွာကို ထည့်သွင်းကာ ပြုပြင်ထားသေး၏။ ထို့ကြောင့် ဖုန်အဆိပ် ခြေဆက်ကွင်း၏ မြှင့်တင်မှုကိုသာ မရှိလျှင် လီစီးရဲက သေသွားနိုင်သည်။
ဘန်း
လီစီးရဲက အမိန့်ပေးလိုက်သည့် တစ်ခဏတွင် ဝူရှန်းမြင်းတပ်ငါးထောင်လုံးက အယောက်ငါးဆယ် တစ်ဖွဲ့စီ ခွဲသွားပြီး တိုက်ပွဲနယ်မြေအနှံ့သွားလာသည်။
“မင်း ဘာလုပ်တာလဲ”
ရှားမ၏ မျက်နှာက တင်းမာသွားသည်။ သူက သူ၏မြင်းကို အပြေးနှင်ကာ လိုက်သည်။
“စစ်သားတိုင်း သူတို့ကို တားစမ်း”
သူက ဝူရှန်းမြင်းတပ်က မည်သည့်ကိစ္စကို လုပ်ချင်သဖြင့် ထိုသို့ ရုတ်တရက် လူစုခွဲလိုက်ကြောင်း မသိသော်လည်း တိုက်ပွဲနယ်မြေတွင် အတွေ့အကြုံရှိနေပြီးသော မသိစိတ်အရ တစ်စုံတစ်ရာကတော့ဖြင့် မှားယွင်းနေကြောင်း သိလိုက်သည်။ ဝူရှန်းမြင်းတပ်ကို သူ၏ လူများထံ လွှဲထားလိုက်ပြီးနောက် သူဟာ လီစီးရဲနောက်သို့ လိုက်သည်။
သို့သော် လီစီးရဲက မတူတော့သော အနေအထားမျိုးတွင် ဖြစ်သည်။
ဘန်း
သူ၏ကြီးမားသော ဝုစ် သံမဏိဓားကို လွှဲယမ်းမှုနှင့်အတူ လီစီးရဲဟာ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် အဖွဲ့ဝင် သုံးယောက်နှင့် မြင်းများအားလုံးကို လွှင့်ထွက်သွားစေသည်။ သူတို့က မြေပြင်ပေါ်သို ပြုတ်မကျခင် ကြောက်မက်ဖွယ်ကောင်းသည့်် ကြယ်တာရာစွမ်းအင်များ အားလုံးက သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဖောက်ထွင်းလာလေပြီး အတွင်းဘက်ရှိ အရာတိုင်းကို အသားထိုးအဖြစ် ပြောင်းလဲသွားအောင် ချေမွလိုက်သည်။
စန်းတ ခြေဆက်ကွင်း
လီစီးရဲဟာ နောက်ဆုံးတွင် ဝမ်ချောင်က သူ့ကို အထူးတလည် သင်ကြားပေးခဲ့သည့် အဆင့်မြင့်သိုင်းကို ထုတ်သုံးနိုင်သွားသည်။ ကပ်ဘေးခေတ်ကာလတွင် စစ်သူတော်စင် ဝမ်ချောင်ဟာ တိုက်ပွဲတွင် မဟာဗိုလ်ချုပ် ဆယ်ယောက်ကို ဦးဆောင်ခဲ့ပြီး စန်းတ ခြေဆက်ကွင်းကလည်း နံပါတ်တစ် မဟာဗိုလ်ချုပ်က အသုံးပြုခဲ့သည့် သိုင်းဖြစ်ခဲ့သည်။
စန်တ ခြေဆက်ကွင်းက သေဆုံးခြင်မြက်ရိတ်ဓားနှင့်တူသည်။ ဝမ်ချောင်က အနောက်တောင်ပိုင်းတွင် ထုတ်သုံးခဲ့သလိုမျိုး သေးငယ်သော အဖွဲ့လေးများ ပူးပေါင်းတိုက်ခိုက်ရခြင်း ဖြစ်သည်။ သို့သော် ထိုထက်ပို၍ အင်အားကြီးမား၏။ စန်းတ ခြေဆက်ကွင်းကို လေ့လာနိုင်ပြီး စန်းတ၏ ခွန်အားကို ထုတ်သုံးနိုင်မှသာ စန်းတ၏ ဝင်္ကပါနှင့် ပေါင်းစပ်နိုင်မည် ဖြစ်သည်။ ဤနည်းအားဖြင့် အခြားသော သူများ၏ ခွန်အားကို ချေးငှားယူလျက် ကိုယ်ပိုင်အင်အားအဖြစ် ပြောင်းလဲရခြင်း ဖြစ်သည်။
ထိုအခြေအနေက ဝမ်ရန်က တစ်ချိန်က သုံးခဲ့ဖူးသော အရှိန်အဝါမြှင့် မှင်သက်ဖွယ် နတ်ဘုရားနှင့်တူသည်။ သို့သော် ထိုဝင်္ကပါက စန်းတလောက် အင်အားကြီးမားခြင်း မရှိမချေ။
ဝမ်ချောင်က သာလှသို့ မထွက်ခွာခင် ဝူရှန်းမြို့တွင် နေထိုင်စဉ် ကာလအတောအတွင်း စစ်ပွဲကို ပြင်ဆင်နေသည့်အခိုက် လီစီးရဲအား ထိုခြေဆက်ကွင်းကို လေ့ကျင့်ခိုင်းခဲ့သည်။
လီစီးရဲ၏ ခွန်အားအဆင့်က အားနည်းချက် ဖြစ်နေသည်။ ထို့ကြောင့် သာလှ၏ တိုက်ပွဲကို တွေးတောမိသည်နှင့်အမျှ ဝမ်ချောင်ဟာ သူ့အား စန်းတ ခြေဆက်ကွင်းကို သင်ကြားပေးခဲ့သည်။ စန်းတ ခြေဆက်ကွင်းက အခြားသောသူများ၏ အင်အားကို ငှားယူရခြင်း ဖြစ်နေသည့်တိုင်အောင် ကြီးမားသော အားနည်းချက် ရှိနေသည်။ ထိုအရာက တစ်နာရီသာ ခံခြင်းဖြစ်သည်။ ပို၍ ဆိုးသည်မှာ အသုံးပြုသူကလည်း ထိုသိုင်းကို အသုံးပြုပြီးနောက် ပြင်းထန်သည့် တန်ပြန်အားကို ခံစားရမည် ဖြစ်သည်။ ထိုကြောင့် စန်းတ ဝင်္ကပါကို အလွန်အမင်း အရေးကြီးသော အခိုက်အတံ့တွင်သာ အသုံးပြုသင့်လေသည်။
အပိုင်း (၉၁၅)
“အရှင်ကာကွယ်ရေး ဗိုလ်ချုပ် ငါ့ရဲ့အကူအညီကိုများ လိုအပ်လား”
ဝူရှန်းမြင်းတပ်နှင့် ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်တို့က တိုက်ပွဲရင်ဆိုင်နေချိန်တွင် ဝမ်ချောင်၏နားအတွင်း တည်ကြည်သောအသံကို ကြားလိုက်ရသည်။ အန်းလင်ကာကွယ်ရေး စစ်တပ်မှ ဒုကာကွယ်ရေးဗိုလ်ချုပ် ချန်းချန်းလီက ဝမ်ချောင်၏အနားသို့ ရောက်လာသည်။ သူဟာ အဝေးရှိတိုက်ပွဲကို ကြည့်၏။ ယခုလို လက်ရွေးစင်မြင်းတပ် အကြားမှ တိုက်ပွဲက လူပေါင်းများစွာ အာရုံကို ဆွဲဆောင်လိုက်လေရာ အန်းချီကာကွယ်ရေး စစ်တပ်မှ စစ်သည်တော်များလည်း စိတ်ဝင်စားလာကြသည်။
“တုဝူစစ်လီရဲ့ မြင်တပ်အင်အားစုကို အမိန့်ပေးနေတဲ့ အဲ့ဒီဗိုလ်ချုပ်ကို ရှားမလို့ ခေါ်တယ်။ ငါ သူ့ကို နည်းနည်းတော့ နားလည်တယ်။ ဒီလူက နောင်ဖြစ်လာမယ့် ဗိုလ်ချုပ်ကြီးအဆင့် ကျင့်ကြံခြင်းစွမ်းအားကို ပိုင်ဆိုင်ထားတယ်။ မင်းရဲ့ ဗိုလ်ချုပ်တစ်ယောက်တည်းကတင် သူ့ကိုအလဲထိုး အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ လိုအပ်ရင် ငါသွားပြီး ကူညီပေးနိုင်တယ်”
“ဗိုလ်ချုပ်ချန် ကျေးဇူးတင်ပါတယ်”
ဝမ်ချောင်က ခေါင်းပြန်လှည့်ကြည့်သည်။ သူ၏ နူတ်ခမ်းတွင် အပြုံးပါးပါး ရှိနေသည်။သို့သော် သူ၏မျက်ဝန်းထဲမှ ငြင်းဆန်မှုက ကျယ်လောင်စွာ ရှင်းလင်းသည်။
“ဒါပေမယ့် မလိုအပ်ပါဘူး။ တိုက်ပွဲက စပြီးနေပြီ။ ခင်ဗျား အခုထွက်သွားမယ်ဆိုရင်တောင် နောက်ကျသွားမှာပဲ။ ဒါ့အပြင် ငါက လီစီးရဲရဲ့ အင်အားကို ယုံကြည်တယ်။ တိုက်ပွဲနယ်မြေကမှ ဘယ်သူကမှ သူ့ကို မသတ်နိုင်ဘူး”
ကျွမ်းကျင်ပညာရှင်များ အကြားမှ တိုက်ပွဲက စက္ကန့်ပိုင်းအတွင်း အဆုံးအဖြတ်ပေးနိုင်သည်။ ချန်းချန်းလီက ဝူရှန်းမြင်းတပ်ကို နားမလည်သလို သူတို့၏ တိုက်ခိုက်ပုံကိုလည်း မသိချေ။ သို့သော် ဝမ်ချောင်ကမူ တိုက်ပွဲက အဆုံးအဖြတ် အခိုက်အတံ့သို့ ရောက်ရန် နီးကပ်နေပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ပို၍ဆိုးသည်မှာ အရှေ့ခုခံရေး အားလိုင်းမှ အာရပ်များ၏ တိုက်ခိုက်မှုက ပို၍ပြင်းထန်လာသည်။ ဝမ်ချောင်က ချန်းချန်းလီကဲ့သို့ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့်ကို အချိန်မရွေး အကူအညီ လွှတ်ခိုင်းရမည် ဖြစ်သည်။
လီစီးရဲ အတွက်ကတော့ …
ဝမ်ချောင်က အနာဂတ်မှာ ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်အတွက် မယိမ်းယိုင်သော ယုံကြည်မှုမျိုး ရှိနေသည်။ အနာဂတ်မှာ လက်ရွေးစင် မဟာဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်မည့် လီစီးရဲက ဒီလိုတိုက်ပွဲမျိုးတွင် မသေနိုင်ချေ။
“ရွယ်ချန်ကျွင်း သွား မင်း အသင့်ပြင်ထားလိုက်”
ဝမ်ချောင်က ခေါင်းကို တိုက်ပွဲနယ်မြေတစ်ဖက်သို့ ပြန်လှည့်သွားသည်။
“ဟုတ်ကဲ့ အရှင်အမတ်”
ရွယ်ချန်ကျွင်းက ချောမွေ့စွာပင် နောက်ဆုတ်သွားသည်။ အဝေးတစ်တွင် လီစီးရဲနှင့် ရှားမကြားမှ တိုက်ပွဲက အလွန်အရေးကြီးသော အခိုက်အတံ့သို့ ရောက်နေသည်။
ခြိမ်း
ကျယ်လောင်သော မြင်းခွာသံများက ဖုန်တိမ်စိုင်များကို မွှေနှောက်နေလေပြီး ရှားမ၏အမိန့်ကလည်း သက်ရောက်မှု ပြလာသည်။ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် အဖွဲ့ဝင်ထောင်ကျော်က အရပ်မျက်နှာအနှံ့ ခွဲကာလိုက်ပြီး ဝူရှန်းမြင်းတပ်များကို လိုက်လံနှောက်ယှက်လေသည်။ သို့သော် ရှားမကလည်း ဝူရှန်းမြင်းတပ်၏ အင်အားကို အထင်သေးမိသွားသည်။
ဆယ်ကြိမ်ချီတက်လျှင် ဆယ်ပွဲနိုင်ရမည်ဆိုသော ဝင်္ကပါက မရေမတွက်နိုင်သော လူပေါင်းများစွာနှင့် ပူးပေါင်းကာ လုပ်ဆောင်ခြင်း ဖြစ်ပြီး သူတို့၏အင်အား စိုက်ထုတ်မှု၊ သူတို့၏ ဉာဏ်ပညာများကလည်း အသက်ဝင်သေးသည်။ ထို့ကြောင့် အင်အားအကြီးဆုံး ဝင်္ကပါဆယ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းထားသလို ဖြစ်သွားသည်။ အဆင့်လွန်မြင်းတပ် ချီတက်သော ဝင်္ကပါတစ်ခု ဖြစ်နေသည့်အလျောက် အင်အားကြီးမားသော မြင်းတပ်အင်အားစုကြီးက ချီတက်နေရုံသာ မကသေးလေပဲ ဗိုလ်ချုပ်များအကြားမှ တိုက်ပွဲလည်း ဖြစ်သည်။
အခြေအနေတိုင်းကို ထည့်သွင်းစဉ်းစားရဦးမည် ဖြစ်သည်။ တစ်ဖက်သူကို မည်သို့ အကြံသုံးပြီး မည်သို့ ကွပ်မျက်ချင်စေကာမူ ထိုဝင်္ကပါက ရန်သူများကို ကိုင်တွယ်နိုင်ရန် အားဖြည့်ပေးနေဦးမည် ဖြစ်သည်။
ရှားမက လီစီးရဲကို နောက်မှ အပြေးလိုက်သည်။ သူဟာလည်း ပုန်းကွယ်ထားသည့် အန္တရာယ်များကို ရှောင်ရှားနိုင်ရန် အဆင်သင့် ပြင်ထားသေး၏။ သို့သော် ထိုနည်းလမ်းက ဖြတ်တောက်ခြင်း ဝင်္ကပါသို့ သက်ရောက်မှု မရှိတော့ချေ။ ထိုအချိန်တွင် ဝူရှန်းမြင်းတပ်က ပုံမှန်ကဲ့သို့ ချီတက်လာခြင်း မဟုတ်ပဲ ဗျူဟာအတိုင်း လှုပ်ရှားနေခြင်း ဖြစ်သည်။ သူတို့က ကျန်းငါးဆယ် အကွာသို့ ရောက်သွားပြီးနောက် ချက်ချင်းဆိုသလို အရှိန်နူန်းကို မြှင့်လိုက်ကာ ပြန်လည်ပြီး ချီတက်လာသည်။ ထိုသို့ဖြင့် သတ္တုလက်သည်းကြီး တစ်ခုကဲ့သို့ ရှားမကို ဝိုင်းညစ်ရန် ကြိုးစားလာသည်။
ထိုအချိန်တွင် လီစီးရဲ၊ ဟွမ်ပေါ့ထျန်၊ ခုန်းကျစ်အန်း၊ ဟုန်ယိုချီနှင့် အခြားသောလူ အယောက်တစ်ရာကျော်၏ ပူးပေါင်းထားသော စွမ်းအားများအားလုံးက အလွန်အမင်း ကြီးမားသည့် အနက်ရောင် အသားရည်နှင့် စန်းတကို ရှားမအား ခက်ထန်စွာ သတ်ဖြတ်စေနေလေသည်။
“သတ်”
လီစီးရဲက ဒေါသတကြီး အော်ဟစ်သည်။ ကောင်းကင်ဘုံကပင် ပေါက်ကွဲသွားသည်ဟု ထင်ရ၏။ အနီးကပ်တိုက်ပွဲမျိုးတွင် သုံးလေ့ရှိသော ပုံမှန်အပြုအမူများကို ဖီဆန်ထားသည့် လီစီးရဲက ရုတ်ချည်းဆိုသလို တူညီသော အရှိန်နူန်းနှင့်တ ရှားမကို ရင်ဆိုင်လိုက်သည်။
“တောင်၊ မြစ် စက်ဝန်းခုတ်ချက်”
သူဟာ ဓားကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ထားပြီး သူ၏ မြင်းနှင့် တသားတည်း ပေါင်းစပ်လျက် လေထဲသို့ ခုန်တက်လိုက်ကာ စက်ဝိုင်းပုံသဏ္ဌာန် ဝိုင်းပတ်လိုက်ပြီး ရှားမကို ခုတ်ချသည်။
ဘုန်း
ထိုနယ်မြေတွင် အနက်ရောင် မုန်တိုင်းကြီးက ဝုန်းကနဲ ပေါက်ကွဲထွက်လာသည်။ မုန်တိုင်း၏ အလယ်တွင် ခမ်းနားသော ဓားရှိအလင်းတန်းများက ပေါ်ထွက်လာပြီး ကျန်းခုနှစ်ဆယ်ကျော်ထက် ရှည်လျားသော ခုတ်ရာကြီးကို ဖြစ်ပေါ်လာစေသည်။
စန်းတ ခြေဆက်ကွင်းက လီစီးရဲအား လူပေါင်းများစွာ၏ စွမ်းအားနှင့် ပူးပေါင်းထားနိုင်စေသည်။ အဆင့်လွန် တောင်၊မြစ် စက်ဝန်းခုတ်ချက်က ခြားနားသော စွမ်းအားမျိုးကို ထုတ်ပြနိုင်သွားသည်။
“ကြောင်သုံးဗိုလ်ချုပ်က ကောင်းကင်ထိတိုင် သက်ရောက်ပြီး တိုက်ခိုက်ရဲတယ်”
တစ်ချိန်တည်းလိုလို လီစီးရဲ၏ညာဖက်ခြမ်းမှလည်း ဟွမ်ပေါ့ထျန်ကလည်း ကြောင်သုံးဗိုလ်ချုပ်၏ အင်အားကြီးသော အကွက်ကို ထုတ်သုံးလိုက်သည်။ မြေကမ္ဘာက ကွဲအက်သွားပြီး မရေမတွက်နိုင်သော ကြယ်တာရာပေါင်း များစွာက လွှင့်ပျံလာကာ ဟွမ်ပေါ့ထျန်၏ ပတ်ဝန်းကျင်တွင် စုစည်းလျက် ကျန်းသုံးဆယ်ခန့် ရှည်လျားသည့် ကျောက်တုံးလက်မောင်းကြီးကို ဖြစ်ပေါ်လာစေသည်။ ထိုလက်မောင်းက မိုးခြိမ်းမတတ် ပြင်းထန်သည့် အရှိန်နူန်းနှင့် ရှားမကို ထိုးချသည်။
“ကွဲအက်ခြင်း မြေသား နဂါး(5:36)”
“မိစ္ဆာလှဲကျင်းခြင်း တိမ်လှိုင်း”
ဟုန်းကျစ်အန်နှင့် ဟုတ်ယိုချီတို့ကလည်း သူတို့၏ အင်အားအကြီးဆုံး သိုင်းကွက်များကို ထုတ်သုံးကြပြီး သူတို့၏ မြင်းမကို ခပ်ကြမ်းကြမ်းဟီစေပြီး ရှားမထံ ခုန်ဝင်သွားကြသည်။
“မျိုးမစစ်”
ရှားမ၏မျက်လုံးက မှေးကျင်းသွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဒေါသဖြင့် ပေါက်ကွဲလာ၏။ လီစီးရဲဟာ ထိုမျှထိ ခေါင်းမာမည်ဟု မတွေးဖူးချေ။ ရှင်းလင်းစွာဖြင့်ပင် ရှားမဟာ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့်ဖြစ်ပြီး သူ့ထက် အင်အားကြီးကြောင်း နားလည်နေပြီးသား ဖြစ်သည်။ သူက ဒဏ်ရာရသွားသည်မှာလည်း သေချာ၏။ သို့တိုင်အောင် နောက်ပြန်လှည့်ပြီး တိုက်ခိုက်ရဲသေးသည်။
“မင်းက သေချင်နေမှတော့ _ _ _ ကောင်းကင်ဘုံ ဝံပုလွေ တစ္ဆေနဂါးသိုင်း”
ရှားမက ချက်ချင်းဆိုသလို သူ၏ အင်အားအကြီးဆုံး သိုင်းကို ထုတ်သုံးလိုက်သည်။
ဝုန်း
ဝင်္ကပါက တုန်ဟီးသွားပြီး အနက်ရောင်စွမ်းအင်များက ရှားမ၏ကိုယ်တွင်းမှ ထိုးထွက်လာသည်။ စူးရှသော ဟိန်းသံနှင့်အတူ အနက်ရောင်စွမ်းအင်များ အားလုံးက အနက်ရောင် ဝံပုလွေခေါင်းကြီးအဖြစ် ပြောင်းလဲသွားသည်။ ထိုခေါင်းကြီးက သွားကိုဖြဲထားသည်။
ဘုန်း
ဝံပုလွေ.းးးးးးးးးးးးးးးးူ,ခေါင်းက ပေါက်ကွဲထွက်လာသည့် အချိန်တွင် အလွန်အမင်း ရှည်လျားသည့် နဂါးကြီးက အနက်ရောင် မီးခိုးလုံးများကဲ့သို့ ထိုးထွက်လာကာ လီစီးရဲ၊ ဟွမ်ပေါ့ထျန်၊ ဟုန်းကျစ်အန်နှင့် ဟုန်ယိုချီတို့၏ တိုက်ကွက်များကို တိုက်ခိုက်လာသည်။
ကောင်းကင်ဘုံ ဝံပုလွေ တစ္ဆေနဂါးသိုင်း
ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်၏ ခေါင်းဆောင်လည်းဖြစ်၊ လက်ထောက်ဗိုလ်ချုပ်များထဲမှ တစ်ယောက်လည်းဖြစ်သည့် သူကသာလျှင် ထိုသိုင်းမျိုးကို လေ့လာနိုင်သည်။ ထိုသိုင်းကို အနောက်ပိုင်းတူရကီ ခါကာနိမ့်၏ လျို့ဝှက်ဆန်းကြယ်သော နတ်ဆရာများက နှစ်ရာပေါင်းများစွာကြာအောင် ကြိုးစားအားထုတ်ပြီးမှသာ မွန်းမံနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသိုင်းကို ရသည်နှင့် ရှားမဟာ ချက်ချင်းဆိုသလို အင်တိုက်အားတိုက် ကျင့်ကြံခဲ့သည်။ ထို့ကြောင့် ဝံပုလွေခေါင်းထဲမှ ပေါက်ထွက်လာသော တစ္ဆေနဂါးဟာ အဆင့်မြင့်အဆင့်သို့ပင် ရောက်ရှိလေပြီး ထိုအဆင့်တွင် ထိုသိုင်းက ကောင်းကင်နှင့် မြေကြီးမှ စွမ်းအင်တိုင်းကိုပင် ဖြေဖျက်နိုင်လေသည်။
ရှားမက ထိုသိုင်းကို မှီခိုပြီး လေးစားဖွယ်ကောင်းသော ရန်သူပေါင်းများစွာကို တိုက်ခိုက်သည်။ လီစီးရဲက အင်ပါယာတိုင်းနယ်မြေ အထွဋ်အထိပ်အဆင့်မျှသာ ဖြစ်သည်။ စန်းတ ခြေဆက်ကွင်းက သူ့ကို သူတော်စင်တိုင်းနယ်မြေ အဆင့်နားသို့ ရောက်ရှိစေလောက်သော်လည်း သူဟာ အားနည်းလွန်းလေသည်။ သို့သော် ရှားမဟာလည်း သူဟာ လီစီးရဲ၊ ဟွမ်ပေါ့ထျန်၊ ဟုန်းကျစ်အန်နှင့် ဟုန်ယို့ချီတို့ကို သတ်ဖြတ်ရန် အာရုံစိုက်ထားသည့်အခါ ရုတ်တရက် သူ၏နားထဲမှ ကျယ်လောင်သော မြင်းခွာသံများကို ကြားလိုက်ရသည်။ လူသောင်းကျော်က သူ့ထံချီတက်လာသည်ဟု ထင်ရ၏။ သူ၏နှလုံးသားကလည်း လေးလံသွားသည်။ သူက ချက်ချင်းဆိုသလို ပတ်ဝန်းကျင်ကို အာရုံစိုက်ကြည့်လိုက်သောအခါ သူ့ကို မြင်သက်ဖြူဖျော့သွားစေသည့် မြင်ကွင်းမျိုးကို မြင်လိုက်ရသည်။
“မဖြစ်နိုင်ဘူး”
ရှားမလည်း ဝူရှန်းမြင်းတပ်၏ ဗျူဟာကို နှောက်ယှက်ရန် အမိန့်ထုတ်ပြီးသား ဖြစ်သည်။ အမိန့်ကလည်း အောင်မြင်ခဲ့၏။ သို့သော် သူ၏တွက်ချက်မှုက မှားယွင်းကြောင်း သိလိုက်သည်။ ဝူရှန်းမြင်းတပ်က သူ၏နှောက်ယှက်မှုကြောင့် သက်ရောက်ခံရပုံ မပေါ်ချေ။ ဝူရှန်းမြင်းတပ် ငါးထောင်လုံးက သူ့ထံ ချိန်းကြိုး အခုငါးဆယ်အလောက် ဝင်ရောက်လာလေသည်။ တစ်ချိန်တည်းတွင်လည်း သူက သူတို့၏ လုပ်ကြံသတ်ဖြတ်မှု၏ အလယ်တွင် ရှိနေ၏။ ရှားမက ရှောင်ချေသည်။ သို့သော် နောက်ကျသွားသည်။ လီစီးရဲနှင့် အခြားသော လူများကလည်း ဝိုင်းလာပြီး သူ၏အာရုံကို ပြောင်းထားကြသေးသည်။ ကောင်းကင်ဘုံ ဝံပုလွေ တစ္ဆေနဂါးသိုင်းက ဆင့်ခေါ်ပြီးနောက် ပြန်လည်ရုတ်သိမ်း၍ ရသော သိုင်းမျိုးမဟုတ်ပြန်ချေ။
“သတ်”
လေထဲတွင် အော်ဟစ်သံက ကျယ်လောင်လာသည်။ မရေမတွက်နိုင်သော မှင်သက်နေသည့် အကြည့်အောက်တွင် ဝူရှန်းမြင်းတပ် အဖွဲ့ဝင် ငါးထောင်က ပြောင်းပြန်စီးလာသော ရေများအလား လူတစ်ယောက်တည်းထံ ဝင်တိုးသွားသည်။ ထိုကဲ့သို့သော အင်အားစုပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင်သည့် တိုက်ပွဲနယ်မြေမျိုးတွင် အင်အားစုချင်းကသာ ရင်ဆိုင်တတ်သည်။ ယခုလိုမျိုး စစ်တပ် အင်အားစုတစ်ခုလုံးက လူတစ်ယောက်တည်းကို သတ်ဖြတ်ရန် ကြိုးစားသည့် အခြေအနေမျိုးက မရှိခဲ့ဖူးချေ။ ထိုအခြေအနေက သီဟိုရီအရ ဖြစ်နိုင်သော်လည်း အမှန်တိုင်း လုပ်ရသည့်အချိန်တွင်မူ မဖြစ်နိုင်လောက်အောင် ခက်ခဲလေသည်။
သို့သော် သူတို့အားလုံးကလည်း ယခုလို မြင်းတပ်အင်အားစု တစ်ခုလုံးက ဒီလိုမှင်သက်ဖွယ်ကောင်းသည့် အရှိန်နူန်းကို ထုတ်နိုင်သည့် မှင်သက်ဖွယ်မြင်ကွင်းကို ပထဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ဘန်း
အလင်းရောင် ဖြတ်ကနဲ လက်သွားချိန်တွင် ဝူရှန်းမြင်းတပ် ရာပေါင်းများစွာ၏ ပထမတစ်လိုင်းက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လွန်းသော အသံများနှင့် ကြီးမားသော နဂါးကြီးကို ထိုးနှက်လိုက်သည်။ အချိန်ကပင် ထိုတစ်ခဏတွင် အေးခဲသွားသည်ဟု ထင်ရ၏။ ဝူရှန်းမြင်းတပ် ရာပေါင်းများစွာက ရှေ့သို့ ချီတက်သွားသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေနဂါးကလည်း အရောင်အဝါ ပျောက်ဆုံးသွားသလိုဖြစ်သွားသည်။
ဒါက အစမျှသာ ဖြစ်သေးသည်။ ပထမတစ်သုတ်ပြီးနောက် ဒုတိယ၊ တတိယ၊ စတုတ္ထ _ _ _ မဆုံးနိုင်သော အင်အားစုများက ချီတက်လာပြီး ကြမ်းတမ်းသည့် ပူးပေါင်းမှုများက လျင်မြန်ကာ သိပ်သည်းသော ချိန်းကြိုးများ ရိုက်ခတ်လာသည်။ ဒီနည်းအားဖြင့် တိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းခြုံလိုက်၏။ ထိုဖြစ်စဉ်အတောအတွင်း လီစီးရဲနှင့် လက်အောက်ခံ တပ်သားများ၏ အင်အားကြီးသော တိုက်ကွက်များက ရောက်ရှိလာသေးသည်။
မည်သူကမှလည်း မည်သည့်အခြေအနေ ဖြစ်ပျက်သွားကြောင်း မသိနိုင်ကြချေ။ သို့သော် သဲများက မြင်းတပ်ငါးထောင်အောက်တွင် လေထဲသို့ မြှောက်တက်နေလေပြီး ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံထားလေရာ ထိုမြင်ကွင်းကို ပိတ်ထားသလို ဖြစ်နေသည်။ သို့သော် ကောင်းကင်တုန်ခါမတတ် ကျယ်လောင်သော ပေါက်ကွဲသံနှင့် ဆိုးရွားသော အော်သံများကိုမူ ကြားလိုက်ကြရသည်။
“ဗိုလ်ချုပ်”
“အရှင်”
ဒုတိယခုခံရေး အားလိုင်းအနောက်မှ_ _ _ ဝေးကွာသော အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းများပေါ်တွင် _ _ _ သာလှ၏မြို့ရိုးနှင့် ဝေးကွာလွန်းသော နေရာရှိ လူတိုင်းက ထိုတိုက်ပွဲကိုသာ အထူးတလည် အာရုံစိုက်နေကြပြီး အသက်ရှူပင်အောင့်လျက် စောင့်ဆိုင်းနေကြသည်။ တုဝူစိလီ၊ တာ့လီရော့ကျန်း၊ တုစုန့်မာန်ဖော်ကျဲ့၊ ဟော့ရှုဟွေ့ခမ်းနှင့် ချန်းချန်းလီတို့အားလုံးက ထိုမြင်ကွင်းကို ကြည့်နေကြသည်။ ဝမ်ချောင်၏ အမူအယာကပင် အနည်းငယ် ကွဲအက်ဟန် ပြလာသည်။ သူ၏ဖြောင့်တန်းနေသော မျက်ခုံးကလည်း ပင့်လာသည်။
ဝမ်ချောင်က တစ်ချိန်လုံး ထိုအမူအယာကို ထိန်းသိမ်းထားသော်လည်း လီစီးရဲက ဒီနေရာတွင် မသေနိုင်ကြောင်း ယုတ်စွစွာ ယုံကြည်နေသည့်တိုင်အောင် သေရေးရှည်ရေး အခြေအနေ အစစ်အမှန်သို့ ရောက်ရှိလာသော တစ်ခဏတွင် စိတ်မလှုပ်ရှားပဲ မနေနိုင်ချေ။
ဘန်း
တိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည့် သဲနှင့် ဖုန်လုံးများအားလုံးက ဆက်လက်ရပ်ဆိုင်းနေလေရာ မည်သူကမှ ထိုတိုက်ပွဲရလဒ်ကို မသိနိုင်ချေ။ သို့ရာတွင် ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်အဖွဲ့ဝင် ရှစ်ထောင်ကို လွှမ်းခြုံထားသော မမြင်ရသောခွန်အားများက အပြည့်အဝ အက်ကွဲသွားကြောင်း မြင်နိုင်သည်။ ကွင်းပြင်အတွင်း သိပ်သည်းစွာ ရှိနေသော ပုံရိပ်ယောင်များက ရုတ်ချည်းပျောက်သွား၏။ ပုံရိပ်ယောင် စစ်သည်ရှစ်ထောင်က ပျောက်ကွယ်သွားခြင်း ဖြစ်ပြီး ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်၏ တကွဲတပြား ဖြစ်နေသော မြင်ကွင်းက ပေါ်လာသည်။
“သတ် သူ့ကို မပြေးစေနဲ့”
“အဲ့ဒီမှာ”
ဖုန်တိမ်စိုင်ထဲတွင် ထန်ဘာသာစကားနှင့် အော်ဟစ်သံများက ပေါ်ထွက်လာသည့်နောက်တွင် မိုးခြိမ်းမတတ် ကျယ်လောင်သော မြင်းခွာသံများက လိုက်လံဖမ်းဆီးသလို အသံမျိုးနှင့်အတူ ထွက်လာသည်။ ထန်စစ်တပ်ထဲမှလည်း အောင်ပွဲခံသံများက ချက်ချင်းဆိုသလို ဝုန်းကနဲ ပေါ်ထွက်လာ၏။ ဖုန်များက ရှိနေသေးသောကြောင့် မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မမြင်ရသေးသည့်တိုင်အောင် ကောင်းကင်ဘုံ ဝံပုလွေ ပုံရိပ်ယောင်ဝင်္ကပါ၏ ပျက်ပြယ်သွားမှုကတင် မဟာထန်အတွက် အနိုင်ဖြစ်ကြောင်း သေချာနေသည်။
ပို၍ဆိုးသည်မှာ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်မှ ဗိုလ်ချုပ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလောက်သည်။ ထိုအတွက်ကြောင့်သာ ဝင်္ကပါက ပျက်စီးသွားခြင်း ဖြစ်လောက်သည်။