← Chapters

အခန်း (၉၁၆-၉၂၀)

Vol. 51 Ch. 916-920

အခန်း (၉၁၆-၉၂၀)

Vol. 51 Ch. 916-920

အခန်း(၉၁၆)

“ဂုဏ်ယူပါတယ် အသုံးပြုသူ ကံကြမ္မာစွမ်းအင်အမှတ် သုံးဆယ်ရရှိပါတယ်”

“ဂုဏ်ယူပါတယ် အသုံးပြုသူ ကံကြမ္မာစွမ်းအင်အမှတ် သုံးဆယ်ရရှိပါတယ်”

“ဂုဏ်ယူပါတယ် အသုံးပြုသူ ကံကြမ္မာစွမ်းအင်အမှတ် သုံးဆယ်ရရှိပါတယ်”

“ဂုဏ်ယူပါတယ် အသုံးပြုသူ ကံကြမ္မာစွမ်းအင်အမှတ် သုံးဆယ်ရရှိပါတယ်”

“ဂုဏ်ယူပါတယ် အသုံးပြုသူ ကံကြမ္မာစွမ်းအင်အမှတ် သုံးဆယ်ရရှိပါတယ်”

ဝမ်ချောင်၏စိတ်အတွင်း သတင်းစကားများ တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်။ ခြောက်ရာ၊ ရှစ်ရာ၊ တစ်ထောင်၊ နှစ်ထောင်... အချိန်တခဏအတွင်း ဝမ်ချောင်က ကံကြမ္မာစွမ်းအင်ပမာဏ အများကြီး ရရှိလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ပမာဏကို ရရှိလိုက်သည်။ ပမာဏက မြင့်တက်နေသေး၏။ လက်ရွေးစင်မြင်းတပ်ကို ထိပ်တိုက်ရင်ဆိုင်မှုတွင် ဝမ်ချောင်ဟာ ကောင်းကင်ဘုံ ဝံပုလွေ မြင်းတပ်အဖွဲ့ဝင်တစ်ယောက် သေဆုံးချိန်တိုင်း ကံကြမ္မာစွမ်းအင်အမှတ် သုံးဆယ်ရရှိသည်။

ယခုလို ထိပ်တိုက်ရင်ဆိုင်သောပွဲတွင် ရိတ်သိမ်းသည့်ကာလက နောက်ဆုံးတွင် ရောက်ရှိလာလေပြီ။ စန်းတချည်စက်ကွင်းနှင့် ဖြတ်တောက်ခြင်း ဝင်္ကပါတို့ဟာ သူတို့၏တန်ကြေးကို သက်သေပြလာပြီဖြစ်သည်။ ရှားမက ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားသည်။ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်၏ ဝင်္ကပါက ကြိုးပျက်သွား၏။ သူတို့၏ဝင်္ကပါမှ စွမ်းအားမရှိတော့သောအခါ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်ကလည်း အဖက်ဖက်မှ ထိုးကျလာခဲ့သည်။ သူတို့၏ အရှိန်နှုန်း၊ ခွန်အား၊ စွမ်းရည်ကပင် ထိုးကျလာခဲ့၏။

ယခုလိုအင်အားအဆင့်တွင် ကောင်းကင်ဘုံဝံပုလွေမြင်းတပ်က ဝူရှန်းမြင်းတပ်ကို မယှဉ်နိုင်တော့ချေ။ ထို့ကြောင့် အမြစ်ဖြတ်သုတ်သင်ခံရလုနီးပါး ဖြစ်လာပြီး ကြီးမားသော ဆုံးရှုံးမှုကို ရင်ဆိုင်ရလေသည်။

စွစ် စွစ် စွစ်

ဝူရှန်းမြင်းတပ်က နောက်ဆုံးတွင် သူတို့၏ သက်ရောက်မှုနှင့် အသင်းလိုက် ပူးပေါင်းဆောင်ရွက်နိုင် စွမ်းအားကို ထုတ်ပြနိုင်သွားသည်။ ဖုန်မှုန့်အဆိပ်ချည်စက်ကွင်း၏ အားဖြည့်မှုအောက်တွင် သူတို့၏ ပြိုင်ဘက်ကင်းလောက်အောင် ထက်ရှသော ဝု့စ်သံမဏိဓားများက မည်သည့်ဘက်သို့ခုတ်ခုတ် ထက်ရှသောအလင်းကို လွှတ်ထုတ်လေပြီး နေရောင်အောက်တွင် သွေးအလင်းတန်းများ လက်နေစေလေရာ ကောင်းကင်ဘုံဝံပုလွေ မြင်းသည်တော် တစ်ယောက်ပြီးတစ်ယောက်ကို မြေပြင်ပေါ်သို့ ပြုတ်ကျနေစေသည်။

ကောင်းကင်ဘုံဝံပုလွေမြင်းတပ်၏ ရှေ့ဆုံးတွင် မြင်းကိုဖိကပ်နေသည့် ခန္ဓာကိုယ်တစ်ခုကို မြင်ရသည်။ သူ၏လက်က အောက်သို့ ပြုတ်ကျနေပြီး အထိတ်တလန့်ဖြစ်နေသော ဝံပုလွေတစ်ကောင် ထွက်ပြေးသကဲ့သို့ ထင်ရသည်။ ထိုလူက ရှားမဖြစ်သည်။ သူ၏မျက်နှာက ဖြူဖျော့နေ၏။ မျက်ဝန်းကလည်း ကြောက်လန့်မှုများရှိနေသည်။ သူ့ကိုသာ ဂရုစိုက်ကြည့်လိုက်မည်ဆိုလျှင် စန်းတခွန်အားမြှင့် လီစစ်ယဲ့၏ တိုက်ကွက်၊ ဝူရှန်းမြင်းတပ်၏ ပူးပေါင်းချီတက်မှု စသဖြင့် အရာအားလုံး၏အောက်တွင် ရှားမဟာ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်အဆင့်မှ အင်ပါယာ သိုင်းနယ်မြေအဆင့်သို့ တောက်လျှောက် ထိုးကျသွားသည်။ ထိုသို့ဖြင့် လီစစ်ယဲ့ထက်ပင် အဆင့်နိမ့်သော အင်ပါယာသိုင်းနယ်မြေအဆင့်ခုနှစ်သို့ပင် ရောက်သွားသည်။ ထိုအခြေအနေကို ကြည့်ရုံနှင့် ရှားမ၏ ဒဏ်ရာက မည်မျှပြင်းထန်ကြောင်း သိနိုင်သည်။ ရှားမ၏ တစ်ဘဝလုံးတွင် ထိုသို့ဆိုးဆိုးရွားရွား ရှုံးနိမ့်သည့် အခြေအနေမျိုးကို မကြုံဖူးချေ။ သူဟာ လီစစ်ယဲ့ထံတွင် ရှုံးသွားခြင်း သို့မဟုတ် ခုံးကျစ်အန်း၊ ဟုန်ယို့ချီ သို့မဟုတ် အခြားသော တစ်ယောက်ယောက်ထံတွင် ရှုံးသွားခြင်းမဟုတ်ဘဲ လူငါးထောင်အောက်တွင် ရှုံးသွားခဲ့ခြင်းဖြစ်သည်။ အတိတ်က မည်သူကမှ မတွေးဖူးသော အနေအထားမျိုးလည်းဖြစ်သည်။ သူဟာ နောက်သို့ပင် လှည့်မကြည့်ရဲချေ။ သူ၏ အသက်ဘေးမှ လွတ်မြောက်အောင် ပြေးနေရသလိုမျိုး ထွက်ပြေးနေခဲ့သည်။ သူ၏တုန့်ပြန်မှုကလည်း အလွန်အမင်း မြန်ဆန်သည်။ တန်ပြန်အားကို ခံစားပြီးနောက် သူဟာ ကောင်းကင်ဘုံဝံပုလွေ တစ္တေနဂါးသိုင်းကို ခပ်စောစော အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သည်။ သူ၏လက်ရှိအခြေအနေမျိုးတွင် လီစစ်ယဲ့နှင့် အခြားသူများကသာ လိုက်မှီလာခဲ့ပြီး သူ့ကို နောက်ထပ်တစ်သုတ် တိုက်ခိုက်လိုက်မည်ဆိုလျှင် ရှားမက အဆုံးသတ်ခံရနိုင်သည်။

“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ဘယ်လိုကြောင့်များ ဒီလိုဝင်္ကပါမျိုးက ရှိနေတာလဲ”

ရှားမက ထိတ်လန့်နေပြီး စိုးရိမ်စိတ်ကြီးနေသည်။ ဒေါသတကြီး တိုက်ခိုက်မှုများ အားလုံးက သူ၏ယုံကြည်မှုများကို ပေါက်ကွဲသွားစေခဲ့သည်။

အယောက်ငါးထောင်က ပူးပေါင်းကာ တိုက်ခိုက်သည်ဆိုသော ထူးဆန်းသည့် ဗျူဟာက ရှားမအား သက်ရှိအိမ်မက်ဆိုးတစ်ခုအဖြစ် ခံစားရစေသည်။

သို့သော် ရှားမ၏ အံ့အားသင့်မှုနှင့် ကစဉ့်ကလျားဖြစ်မှုများ အားလုံးက အခြားသူတစ်ယောက်ကို မယှဉ်နိုင်သေးချေ။ ထိုလူက ဒီတိုက်ပွဲတွင် ဝင်မပါခဲ့သေးသော်လည်း သူ၏ဂုဏ်သိက္ခာ သူ၏အဆင့်အတန်းက တည်ရှိနေပြီးသားဖြစ်ပြီး ထိုအရာက အနောက်ပိုင်းတူရကီ ခါကာနိတ်တစ်ခုလုံးကို ရည်ညွှန်းနိုင်သည်။

“မျိုးမစစ်”

တောင်ကုန်းပေါ်မှ တုဝူစစ်လီက ကြောင်တောင်တောင်ဖြစ်နေသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ဒေါသကြောင့် တုန်ယင်နေ၏။ ကောင်းကင်ဘုံဝံပုလွေ မြင်းတပ်ဟာ အနောက်ပိုင်းတူရကီ ခါကာနိတ်၏ အင်အားအကြီးဆုံး အင်အားစု သုံးခုထဲမှ တစ်ခုဖြစ်သည်။ ယခင်က ဘယ်သောအခါကမှ မရှုံးခဲ့ဖူးချေ။ တုဝူစစ်လီကလည်း သူ၏မြင်းတပ်က မဟာထန်ထံတွင် ရှုံးမည်ဟု မယုံကြည်နိုင်ချေ။

“ရှားမ အသုံးမကျတဲ့ကောင် အင်ပါယာသိုင်းနယ်မြေအဆင့် တစ်ယောက်ကိုတောင် မသတ်နိုင်ဘူး”

တုဝူစစ်လီက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး သူ၏မျက်ဝန်းအတွင်း ဒေါသမီးတောက်က တောက်လောင်လာသည်။

“ချယ်ခွန်းပမ်းပါး သွား ရှားမကိုသွားပြော သူအဲ့ဒီဝူရှန်းမြင်းတပ်ကို မနိုင်ရင် ပြန်လာဖို့ မလိုတော့ဘူး”

တုဝူစစ်လီက အေးစက်စွာ အမိန့်ပေးသည်။

“ဟုတ်ကဲ့ဗိုလ်ချုပ်”

တုဝူစစ်လီ၏ စကားနှင့်အတူ သူတော်စင်သိုင်းနယ်မြေ အဆင့်ခြောက်တွင်ရှိသည့် တူရကီဗိုလ်ချုပ် တစ်ယောက်က သူ၏မြင်းပေါ်တက်ပြီး ဖုန်တိမ်စိုင်များနှင့်အတူ တိုက်ပွဲနယ်မြေသို့သွားသည်။

ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကလည်း တုဝူစစ်လီကို တစ်ချက်ကြည့်လိုက်သည်။ သူတို့၏ မျက်ဝန်းအတွင်း အံ့အားသင့်မှုကို မြင်နိုင်၏။ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်က ကြီးကြီးမားမား ဆုံးရှုံးသွားခဲ့သည်။ ရှားမကိုယ်တိုင်ကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွား၏။ သူတို့နှစ်ယောက်ကလည်း တုဝူစစ်လီအနေဖြင့် တိုက်ပွဲနယ်မြေသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်မည် သို့မဟုတ် အနည်းဆုံး ကောင်းကင်ဘုံဝံပုလွေမြင်းတပ်ကို ပြန်ခေါ်မည်ဟု ထင်ထားခဲ့သည်။ မမျှော်လင့်ထားစွာပင် တုဝူစစ်လီက ထိုသို့လုပ်ရမည့်အစား ကောင်းကင်ဘုံဝံပုလွေမြင်းတပ်ကိုသာ သေသည်အထိ တိုက်ခိုက်ခိုင်းလိုက်သည်။

ထိုနှစ်ယောက်ကလည်း နောက်ဆုံးတွင် အနောက်ပိုင်းတူရကီ ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်၏ ကြမ်းတမ်းပြီး ခေါင်းမာသည့်ဘက်ခြမ်းကို မြင်လိုက်ရသည်။ သူဟာ မြေပြန့်နယ်မြေ တစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့ပြီး တိုက်ပွဲထဲတွင် ရှုံးခဲ့သည့် အခြေအနေကိုလည်း နားလည်သွားကြသည်။

သာ့လွန်ရော့ကျန်းကသာ မတုန်လှုပ်ခြင်းဖြစ်သည်။ သူတို့စတင် မပူးပေါင်းခင်ကတည်းက သာ့လွန်ရော့ကျန်းက တုဝူစစ်လီအကြောင်း အသေးစိတ် ဆွေးနွေးထားပြီးသားဖြစ်သည်။ ထို့ကြောင့် အစစ်အမှန် တုဝူစစ်လီက မည်သူဖြစ်ကြောင်းကိုလည်း နားလည်သည်။

“မဟာအမတ်မင်း ငါတို့တွေ ဟော်ပါးစမ်းယဲ့ကို အမိန့်ပေးသင့်...”

“မလိုဘူး သူလှုပ်ရှားနေပြီ”

သာ့လွန်ရော့ကျန်းက လှည့်ကြည့်လိုက်သည်။ သူ၏မျက်နှာတွင် ဖျော့တော့သည့်အပြုံးက ပေါ်နေသည်။

ခြိမ်း

သာ့လွန်ရော့ကျန်း အကြည့်ရောက်သွားရာ အခြားတစ်ဖက်ခြမ်းတွင် မရွေ့ရှားဘဲ ငြိမ်သက်နေခဲ့သည့် မူထရီမဟာမြင်းတပ်က ကောင်းကင်ဘုံဝံပုလွေမြင်းတပ်၏ အရှုံးကို မြင်လိုက်သည့် တခဏတွင် စတင်ကာ ချီတက်သွားပြီဖြစ်သည်။ ဟော်ပါးစမ်းယဲ့၏ အမြင်တွင် ကောင်းကင်ဘုံဝံပုလွေမြင်းတပ်က ရှုံးသွားပြီး တခဏတွင် သူတို့ဟာ ဝူရှန်းမြင်းတပ်ကို စိန်ခေါ်ခွင့်မရှိတော့ချေ။

“စစ်သားတိုင်းသတ်”

ဟော်ပါးစမ်းယဲ့က သူ၏တောင်ပေါ်မြင်းပေါ် တက်စီးသည်။ လေကသူ့ကို ဖြတ်တိုက်သွားသဖြင့် သူ၏ခန္ဓာကိုယ်က အရှေ့သို့ အနည်းငယ် ကုန်းသွားသည်။ သူ၏မျက်ဝန်းက ကြမ်းတမ်းသော တိုက်ခိုက်လိုစိတ်ဆန္ဒကို ဖော်ပြထားသည်။ သူ၏အနောက်တွင်လည်း မူထရီမဟာမြင်းတပ် ခုနှစ်ထောင်ထံမှ လှိုင်တက်လာသည့် အပိုမီးများက ထင်ရှားနေသည်။

ယွီစန်းနဲ့မဟာထန်

မူထရီမဟာမြင်းတပ်နဲ့ ဝူရှန်းမြင်းတပ်

ဒါက ကံကြမ္မာက ဆုံးဖြတ်ပေးမဲ့ အဆုံးအဖြတ်တိုက်ပွဲပဲ။

ခြိမ်း

မူထရီမဟာမြင်းတပ် ခုနှစ်ထောင်က ချီတက်လိုက်သည့် အချိန်တွင် သူတို့က လွှတ်ထုတ်သော အရှိန်အဝါက ယခင်ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် ရှစ်ထောင်က လွှတ်ထုတ်သော အရှိန်အဝါထက်ပင် ခမ်းနားသေးသည်။ သူတို့၏မျက်ဝန်းက တောင့်တခြင်းနှင့် တိုက်ခိုက်လိုစိတ်ဆန္ဒတို့ကြောင့် ပေါက်ကွဲမတက် ဖြစ်နေသည်။

“အသင့်ပြင်”

ထိုအချိန်တွင် လီစစ်ယဲ့၊ ဟွမ်ပေါ့ထန်း၊ ခုံးကျစ်အန်းနှင့် အခြားသော ဝူရှန်းမြင်းတပ်မှ အရာရှိတိုင်းကလည်း ချဉ်းကပ်လာသော မဟာမြင်းတပ်ကို သတိထားမိကြသည်။ အနည်းငယ်မှ တုန့်ဆိုင်းခြင်းမရှိဘဲ လီစစ်ယဲ့က သူ၏လူတိုင်းကိုခေါ်သည်။

“မူထရီမဟာမြင်းတပ်”

လီစစ်ယဲ့၏ မျက်လုံးက မှေးကျဉ်းသွားပြီး လေပြေအလား တိုးတိုက်ဝင်ရောက်လာနေသည့် မြင်းတပ်အင်အားစုကိုကြည့်သည်။ ထိုလူများက မည်သူဖြစ်ကြောင်း ချက်ချင်းသိလိုက်၏။

ယွီစန်းအင်ပါယာမှ အင်အားအကြီးဆုံး မြင်းတပ်အင်အားစုဟာ မဟာမြင်းတပ်ဟု သတ်မှတ်ပိုင်ခွင့်ရှိသည်။ ထိုမဟာဟုတပ်ထားကတည်းက မေးခွန်းထုတ်စရာ မလိုလောက်အောင် သူတို့၏ ထူူးချွန်ပြောင်မြောက်မှုကို နားလည်စေသည်။

လီစစ်ယဲ့ကလည်း မူထရီမဟာမြင်းတပ်နှင့် ဘယ်သောအခါကမှ မတိုက်ခိုက်ဖူးသော်လည်း ယွီစန်းမှ သတ္တိဖြူများကို တိုက်ခိုက်ခဲ့ဖူးသည်။ ဝူရှန်းမြင်းတပ် အဖွဲ့ဝင်တိုင်းကလည်း သာ့ယန်မာန်ပန့် သတ္တိဖြူတိုင်းကို အတွေ့အကြုံ ရခဲ့ဖူး၏။ ထိုတိုက်ပွဲတွင် သူတို့က လက်ရည်ချင်းတူခဲ့သည်။ ဘွန်းဓလေ့ကြောင့် ဖြစ်လာသော စတေးခံလက်နက်များ၏ အားဖြည့်မှုအောက်တွင် စစ်တပ်တစ်ခုလုံးကို ဖျက်ဆီးလုနီးပါး လုပ်နိုင်ခဲ့သေးသည်။

မူထရီမဟာမြင်းတပ်က သတ္တိဖြူများထက် ပို၍အဆင့်မြင့်သည်။ ထို့ကြောင့် သူတို့ဟာ မည်မျှအင်အားကြီးကြောင်း အလွယ်တကူ သိနိုင်သည်။

“အားလုံးပဲ အသင့်ပြင် မြှားဝင်္ကပါ”

လီစစ်ယဲ့၏အသံက တိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ဝူရှန်းမြင်းတပ်က သူ၏အနောက်တွင် တဖန်ပြန်လည် စုစည်းသွားပြီဖြစ်ပြီး ဆယ်ကြိမ်ချီတက်လျှင် ဆယ်ပွဲအောင်နိုင်ရမည်ဆိုသော ဝင်္ကပါကို တဖန်ပြန် ထပ်သုံးပြန်သည်။ ထို့နောက် ထိုတစ်ကြိမ်က ပြန်လည်စတင်လာပြီး လှံတစ်လက်... နှစ်လက်... သုံးလက်... လေးလက်... လေးဆယ့်ကိုးလက်... စသဖြင့် ရွှေရောင်လှံ လေးဆယ့်ကိုးလက်လုံးက ဝူရှန်းမြင်းတပ်အထက်တွင် ပေါ်ထွက်လာပြီး တင်းမာသည့် သတ်ဖြတ်ခြင်း အရှိန်အဝါကို ထုတ်ဖော်လျှက် လေထုကို ထိုးမွှေသည်။

စန်းတချည်စက်ကွင်းက တစ်နာရီကြာသာခံသည်။ တစ်နာရီပြည့်သွားသည်နှင့် လီစစ်ယဲ့၏ ကျင့်ကြံခြင်းအဆင့်ကလည်း အင်ပါယာသိုင်းနယ်မြေအဆင့်သို့ ပြန်ထိုးကျသွားသည်။ လီစစ်ယဲ့က ထိုအခြေအနေကို အခွင့်ကောင်းယူပြီး မူထရီမဟာမြင်းတပ်နှင့် ကောင်းကင်ဘုံမြင်းတပ်တို့ကို ရင်ဆိုင်ချင်သေးသည်။ ဒီနည်းလမ်းမှသာ သူ၏အနောက်မှ ချီရှီမြင်းတပ်ကို အမြစ်ဖြတ်သုတ်သင်ခံရနိုင်သည့် အနေအထားမျိုးမှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

ချွင်

တောက်ပသော မနက်ခင်းနေမင်း အလင်းရောင်အောက်တွင် မူထရီမဟာမြင်းတပ် ခုနှစ်ထောင်က မြန်သထက် မြန်လာပြီး မဟာသွေးနီရောင် နေဝင်္ကပါကို ထုတ်သုံးလိုက်သည်။

ဟော်ပါးစမ်းယဲ့က မူထရီမဟာမြင်းတပ်၏ အင်အားအကြီးဆုံးဝင်္ကပါကို ချက်ချင်းထုတ်သုံးလိုက်သည်။ မမြင်ရသော စွမ်းအင်တစ်ရပ်က လေထုကို ထိုးခွဲကာ စီးဆင်းလာပြီး သူ၏လူများကို လွှမ်းခြုံသည်။ မနက်ခင်းနေမင်း၏ တောက်ပသော နေရောင်ကပင် ဆုတ်ယုတ်သွားသလိုဖြစ်ပြီး သူတို့၏ ခေါင်းအပေါ် မှောင်မိုက်လာစေသည်။

ထိုမီးတောက်များက ပုံရိပ်ယောင် အနေအထားမှ အစစ်အမှန်အဖြစ် ပြောင်းလဲလာပြီး အလွန်ကြီးမားသော မီးလုံးအဖြစ်ပြောင်းလဲလျှက် မူထရီမဟာမြင်းတပ် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ အဝေးမှကြည့်လျှင် မနက်ခင်းနေမင်း တစ်စင်းလုံးက မြေပြင်ပေါ်တွင် ပေါ်ထွက်လာသလို ထင်ရမည်ဖြစ်သည်။

“အား”

မှင်သက်ဖွယ်ကောင်းလွန်းသော မြင်ကွင်းကြောင့် တိုက်ပွဲနယ်မြေ အရပ်မျက်နှာအနှံ့မှ အလန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်က မဟာဗိုလ်ချုပ် တုဝူစစ်လီကပင် အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ခဲ့ချေ။ မူထရီမဟာမြင်းတပ်အကြောင်း မကြားဖူးသောလူ အနည်းစုသာလျှင်ရှိသည်။ သို့သော် ထိုမြင်းတပ်အင်အားစုက အမြဲတစေ ယွီစန်းအင်ပါယာ၏ တော်ဝင်မြို့တော်တွင်သာ နေခဲ့သည်။ ထို့ကြောင့် ထိုအင်အားစု၏ အစစ်အမှန်စွမ်းအားကို မည်သူကမှ မခံစားဖူးကြချေ။

မဟာသွေးနီရောင် နေမင်းဝင်္ကပါက မူထရီမဟာမြင်းတပ် တစ်ခုလုံးကို တောက်လောင်နေသည့် မီးတောက်တစ်ခုလုံးလို လွှမ်းခြုံထားပြီး ကြည့်မိသောလူတိုင်းကို မျက်လုံးကို မှေးကျဉ်းမိစေသည်။ ထိုဝင်္ကပါက ကောင်းကင်ဘုံဝံပုလွေ ပုံရိပ်ယောင်ဝင်္ကပါကဲ့သို့ အင်အားတိုးမြှင့်သော အခြေအနေမျိုးနှင့် ခြားနားပြီး တောက်လောင်ကာ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။

“သေလိုက်ပါတော့ ငါတို့မျက်လုံးသာ ဖွင့်လို့မရတာ။ ဘယ်လိုလုပ်ကြမလဲ”

ဟွမ်ပေါ့ထန်းကအော်သည်။ အင်ပါယာသိုင်းနယ်မြေအဆင့်တွင် ရှိနေသည့်တိုင်အောင် သူက သက်ရောက်ခံရသေးပြီး မျက်လုံးကို ကောင်းကောင်းမဖွင့်နိုင်ချေ။ ထို့ကြောင့် မူထရီ မဟာမြင်းတပ်ကို ရှင်းလင်းရန် ခက်ခဲလေသည်။ ထိုအတွက်ကြောင့်လည်း ဝူရှန်းမြင်းတပ်၏ အခြေအနေကို အလွယ်တကူ ခန့်မှန်းကြည့်နိုင်သည်။ ထို့ကြောင့် သူတို့ဘက်က အလွန်အမင်း အားနည်းသော အနေအထားမျိုးတွင် ဖြစ်သွားသည်။

“ဟုတ်တယ် အလင်းက ပြင်းလွန်းတယ်။ ငါတို့ပြိုင်ဘက်တွေကို သေချာမမြင်နိုင်ရင် သူတို့ကို တိုက်ခိုက်နိုင်တော့မှာမဟုတ်ဘူး”

ခုံးကျစ်အန်းကလည်း စိုးရမ်တကြီးလှမ်းပြောသည်။

ကောင်းကင်ဘုံဝံပုလွေမြင်းတပ်ပင်ဖြစ်စေ၊ မူထရီမဟာမြင်းတပ်ပင်ဖြစ်စေ သာမာန်ပြိုင်ဘက်များ မဟုတ်ချေ။ သူတို့ထဲက မည်သူကမှလည်း ယခုလိုအဆင့်တွင်ရှိသော ပြိုင်ဘက်မျိုးကို မတိုက်ခိုက်ဖူးကြချေ။ ပို၍အရေးကြီးသည်မှာ မူထရီမဟာမြင်းတပ်က ကောင်းကင်ဘုံဝံပုလွေ မြင်းတပ်ထက်ပင် အင်အားကြီးသေးသည်။ မဟာသွေးနီရောင် နေမင်းဝင်္ကပါက သူတို့၏ အရှိန်နှုန်း၊ ခွန်အား၊ တိုက်ခိုက်လိုစိတ်များကို မြှင့်တင်ပေးနိုင်သည့်အပြင် သူတို့၏စွမ်းအားကလည်း ဆက်လက် မြင့်တက်နေသေးသည်။ ထိုအတွက်ကြောင့် ဝူရှန်းမြင်းတပ်နှင့်ယှဉ်နိုင်လုနီးပါးပင် ဖြစ်လာလေသည်။

အခန်း(၉၁၇)

ဝူရှန်းနဲ့မူထရီ

“အသင့်ပြင် အားလုံးပဲ ငါ့ရဲ့အမိန့်ကို နာခံကြ။ တိဗက်ဝင်္ကပါက အနောက်ပိုင်း တူရကီ ဝင်္ကပါနဲ့တူတယ်။ ငါတို့ရဲ့ မျက်လုံးကိုပဲ သက်ရောက်မှုရှိပြီး ငါတို့ရဲ့အင်အားအပေါ် သက်ရောက်မှုမရှိဘူး။ နည်းနည်းလောက်ကြာရင် ငါ့ရဲ့ လေချွန်သံကိုပဲ နားထောင်နေကြ။ ငါတို့ရဲ့ရှေ့မှာ လူတွေဘယ်လောက်များများ ဒီတိုင်းချီတက်သွားလိုက်။ ငါတို့ရဲ့မျက်လုံးကို အသုံးမပြုနိုင်ဘူးဆိုရင် ပိတ်သာထားလိုက်။ နားနဲ့နားထောင်လို့ရတယ်”

လီစစ်ယဲ့၏မျက်ဝန်းက ဆုံးဖြတ်ချက်ပြတ်သားသော အလင်းနှင့် တောက်ပနေပြီး သူဟာ ခပ်ကြမ်းကြမ်း အမိန့်ထုတ်သည်။

လမ်းပေါ်တွင် စစ်သည်တော်များက အချင်းချင်း တွေ့ဆုံကြသောအခါ ရဲရင့်သောသူကသာ အနိုင်ရနိုင်မည်ဖြစ်သည်။ မဟာထန်က နောက်ဆုတ်စရာမရှိချေ။ ဝူရှန်းမြင်းတပ်က မူထရီ မဟာမြင်းတပ်ကိုသာ မတားနိုင်လျှင် ထန်စစ်တပ်တစ်ခုလုံးကို ကပ်ဘေးကသာ စောင့်ကြိုနေလိမ့်မည်။

လီစစ်ယဲ့ကလည်း ချွင်းချက်မရှိ၊ ရွေးချယ်စရာမရှိဘဲ တိုက်ခိုက်ရပေလိမ့်မည်။

ချွင်

မြင်းတပ်အင်အားစုနှစ်ခုက နီးကပ်သထက် နီးကပ်လာသည်။

“အရှင် ကျွန်တော်တု့ိ ဘယ်လိုလုပ်ကြမလဲ။ ကျွန်တော်တို့ ဝင်သွားသင့်လား။ မူထရီမဟာမြင်းတပ်နဲ့ ပူးပေါင်းပြီး မဟာထန်ကို တိုက်ခိုက်သင့်လား”

ကောင်းကင်ဘုံဝံပုလွေမြင်းတပ်က အဝေးတွင် ရပ်တန့်လိုက်ပြီး သူတို့၏ ခေါင်းဆောင်ကို လှည့်ကြည့်သည်။ မူထရီမဟာမြင်းတပ်က ကောင်းကင်ဘုံဝံပုလွေမြင်းတပ်ကို အသက်ရှုချိန်ရအောင် အခွင့်အရေးပေးလိုက်သည်။ ထို့ကြောင့် သူတို့က ပြန်လည်တိုက်ခိုက်နိုင်သွားပြီဖြစ်သည်။ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်က နောက်ပြန်လှည့်ပြီး မူထရီမဟာမြင်းတပ်နှင့် ပူးပေါင်းခြင်းအားဖြင့် ထန်များကို ရှုံးအောင်လုပ်နိုင်သည်။

“မလိုဘူး”

ကောင်းကင်ဘုံဝံပုလွေမြင်းတပ်မှ ဒုဗိုလ်ချုပ်၏မျက်ဝန်းက စိတ်ဆန္ဒများဖြင့် တောက်လောင်လာသည်။ သို့သော် သူက ခေါင်းကိုခါပြီး အကြံကိုငြင်းသည်။

“တိဗက်ဝင်္ကပါရဲ့ အလင်းတန်းက ထန်တွေပေါ် သက်ရောက်ရုံတင်မဟုတ်ဘူး။ ငါတို့အပေါ်လည်း သက်ရောက်တယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က တိဗက်တွေနဲ့ ခြားနားတယ်။ ငါတို့က မတူတဲ့ဝင်္ကပါမျိုးကို သုံးတာ။ ငါတို့က အတင်းဝင်ရောက်သွားခဲ့ရင် အကူအညီ မဖြစ်တဲ့အပြင် တိဗက်တွေကို မှားပြီး တိုက်ခိုက်နိုင်တယ်။ ဒီတော့ မတန်ဘူး”

အစပိုင်းတွင် တိဗက်များက ရပ်တန့်ပြီး ဘေးဘက်မှ စိုက်ကြည့်နေတဲ့အတွက်လည်း သူက ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။ ယခုမှသာ သူတို့က မကူညီချင်သောကြောင့် မဟုတ်ဘဲ ဝင်္ကပါက ထူးခြားလွန်းသောကြောင့် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များကို ပိုင်ဆိုင်ထားလေရာ မကူညီနိုင်ခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ ထိုဝင်္ကပါက ကောင်းကင်ဘုံဝံပုလွေ ပုံရိပ်ယောင် ဝင်္ကပါအပေါ် အားနည်းချက် ပေါ်စေနိုင်သည်။

ဝေါင်း

ကောင်းကင်ဘုံဝံပုလွေမြင်းတပ်နှင့် သူတို့၏ တုန့်ဆိုင်းမှုများကို ဘေးဖယ်ထားသည့် တိုက်ပွဲနယ်မြေမှ နဂါးကြီးတစ်ကောင်က ကောင်းကင်ကိုပင် တုန်ယင်သွားစေလောက်မည့် ဟိန်းသံမျိုးကို ထုတ်လွှတ်လိုက်ပြီး လူတိုင်းကို အလန့်တကြား လှည့်ကြည့်မိစေသည်။ လီစစ်ယဲ့က ဝူရှန်းမြင်းတပ်ကို ဦးဆောင်ထားသည်။ သူ၏ လေချွန်သံက နဂါးတစ်ကောင် ဟိန်းသံကဲ့သို့ ကျယ်လောင်လွန်းနေလေပြီး မူထရီမဟာမြင်းတပ်၏ မနက်ခင်းနေမင်းထံ တိုက်ရိုက်ချီတက်သွားသည်။

လက်ရှိအချိန်တွင် ဝူရှန်းမြင်းတပ်တွင် အလင်း၏သက်ရောက်မှုကို မခံရဘဲ တည်ငြိမ်နိုင်သော တစ်ဦးတည်းသောသူက လီစစ်ယဲ့ဖြစ်ပြီး သူ၏စန်းတ ချည်စက်ကွင်းကို အားကိုးလျှက် သူဟာ သူတော်စင်သိုင်းနယ်မြေအဆင့်တွင် ရှိနေသေးသည်။

ဆယ်မီတာ ရှစ်မီတာ ငါးမီတာ...

အချိန်က ရုတ်တရက် လိပ်တစ်ကောင် တွားသွားသကဲ့သို့ နှေးကွေးသွားပြီဟုပင် ထင်ရသည်။

ဘုန်း

တိဗက်မဟာသွေးနီရောင် နေမင်းဝင်္ကပါဟာ တိုက်ပွဲနယ်မြေမှ အခြေအနေတိုင်းကို မမြင်နိုင်လောက်အောင် လူတိုင်းအတွက် မျက်စိကြိမ်းလွန်းစေသည်။ ထို့ကြောင့် အဖွဲ့ဝင် ထောင်ကျော်ခန့်ပါသော မြင်းတပ်အဖွဲ့အစည်းတစ်ခုက မီးလုံးကဲ့သို့ ကြီးမားသော အလင်းလုံးကြီးကို ဝင်တိုးလိုက်ကြောင်းကိုသာ မြင်ရသည်။ ထို့နောက် အရပ်မျက်နှာအနှံ့ အံ့အားသင့်ဖွယ် အားလှိုင်းများက ဖြာထွက်လာပြီး သူတို့ဟာ အချင်းချင်း ထိပ်တိုက်တွေ့ဆုံလောက်သည့် အသံမျိုးကို ထုတ်လွှတ်သည်။ အဝေးရှိ ဒုတိယမြောက် ခုခံရေးအားလှိုင်းကပင် တုန်ယင်သွားသေးသည်။

မရေမတွက်နိုင်သော မြင်းဟီသံများ၊ အလန့်တကြား အော်သံများက ထွက်ပေါ်လာပြန်သည်။

မြင်းတပ်အင်အားစုနှစ်ခု ထိပ်တိုက်တွေ့ဆုံရာမှ ထွက်လာသော အပူအားလှိုင်းက ကျန်းထောင်ပေါင်းများစွာအထိ ရောက်ရှိလာလေပြီး ထိုနယ်မြေအတွင်းရှိ မြက်ပင်တိုင်းကို နွမ်းလျသွားစေသည်။ တိဗက်နှင့် တူရကီစစ်မြင်းများက စတင်ကာ ဟီကြသည်။ သူတို့၏ မျက်ဝန်းကလည်း ကြောက်လန့်မှုကြောင့် ကျုံ့ပြီး ထွက်ပြေးချင်ကြ၏။

ဘန်း ဘန်း ဘန်း ဘန်း

တခဏခန့် တိတ်ဆိတ်သွားပြီးနောက် မြောက်များလှစွာသော ထိပ်တိုက်တွေ့ဆုံသံများက ထွက်ပေါ်လာသည်။ ထိုအသံက မိုးသံကဲ့သို့ ထူထည်းသည်။ မရေမတွက်နိုင်အောင် မြောက်များသော စစ်မြင်းများက မျက်စိကြိမ်းမတက် တောက်လောင်နေသော နေရောင်အတွင်းတွင် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ကြပြီး ဖြတ်ကျော်ကာစီးချင်းထိုးကြသည်။

“အားလုံးပဲ လိုက်ကြ။ ဝင်္ကပါထဲကနေ မလွတ်ထွက်စေနဲ့”

“မျက်လုံးကိုမှိတ်ထား။ ဗိုလ်ချုပ်ရဲ့ လေချွန်သံကိုပဲနားထောင်”

“တောင်တန်းဝင်္ကပါ သတ်”

တိုက်ပွဲနယ်မြေဟာ ကစဉ့်ကလျားဖြစ်သော မြင်ကွင်းကိုသာ ထုတ်ပြနေသည်။ မူထရီမဟာမြင်းတပ်၏ မဟာသွေးနီရောင်နေမင်းဝင်္ကပါက နေရောင်၏ စွမ်းအားကို ချေးငှားယူထားပြီး ထိုတခဏမှ သူတို့၏ အားသာချက်ကို အပြည့်အဝ ထုတ်ပြနေသည်။ ထိုဝင်္ကပါက တိုက်ပွဲနယ်မြေ တစ်ဝက်ကျော်ကျော်ခန့်ကို မမြင်ရလုနီးပါးဖြစ်အောင် လုပ်နိုင်သည့်အပြင် မူထရီမဟာမြင်းတပ်ကမူ သက်ရောက်ခံလိုက်ရခြင်းမဟုတ်ချေ။

ဘုန်း ဘုန်း ဘုန်း

သူတို့၏ ကြီးမားကာ ရှည်လျားသည့် ဓားမောက်ရှည်ကြီးများက လေထဲတွင်လွှဲယမ်းပြီး သေဆုံးခြင်း အနက်ရောင်အရိပ်များကို သယ်ဆောင်လျှက် ဝူရှန်းမြင်းတပ်ကို ခုတ်ပိုင်းရန် ကြိုးစားသည်။ ထိုလက်နက်များက သာမာန်တိဗက် လက်နက်များနှင့်မတူချေ။ ဓားမောက်ရှည်များ ဖြစ်နေသေးသည့်တိုင်အောင် အရွယ်အစားအားဖြင့် မတူသော ထက်ရှမှုနှင့် အလေးချိန်အားဖြင့် မတူသော အဆင့်တွင်ဖြစ်သည်။ ထိုသွေးနီရောင် ဓားမောက်ရှည်များက ကျင်းတစ်သောင်းကျော်လေးပြီး တစ်လက်ချင်းစီတိုင်းကို ရန်သူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်ဖြတ်ကျော်သွားနိုင်စေသည့် ထိုးဖောက်မတက် ပြင်းထန်သော စွမ်းအင်များကို သယ်ဆောင်ထားနိုင်စေသည်။

သတ္တိဖြူများကပင် ထိုသို့ ပြင်းထန်လွန်းသည့် ထိုးဖောက်ခြင်းစွမ်းအားကို တောင့်ခံရန် ခက်ခဲခဲ့သည်။

ထိုအတွက်ကြောင့်လည်း မူထရီမဟာမြင်းတပ်က ယွီစန်းအင်ပါယာမှ အင်အားကြီးဆုံး မြင်းတပ်အင်အားစုကြီး ဖြစ်နေခဲ့ခြင်းဖြစ်သည်။

ဘုန်း ဘုန်း ဘုန်း

မိုးသံများကဲ့သို့ အချင်းချင်း ထိတွေ့သံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ တိုက်ပွဲနယ်မြေ တစ်ခုလုံးက ထိုအချင်းချင်း တိုက်ခိုက်သည့် အသံများအောက်တွင် ဝရုန်းသုန်းကားဖြစ်လေသည်။

“သတိထား သူတို့ရဲ့ ဓားမောက်ရှည်တွေက ထူးခြားတယ် အား”

“ဘယ်လောက်တောင် မာလိုက်တဲ့ သံချပ်ကာတွေလဲ။ ဗိုလ်ချုပ် ငါတို့ရဲ့ ဝု့စ်သံမဏိဓားတွေကတောင် သူတို့ရဲ့သံချပ်ကာကို မဖောက်နိုင်ဘူး”

“အား”

မူထရီမဟာမြင်းတပ်က သူတို့၏ ဓားမောက်ရှည်များမှ တောက်လောင်လွန်းသော စွမ်းအင်များကြောင့် ကိုင်တွယ်ရခက်ခဲရုံသာ မကသေးလေဘဲ သွေးနီရောင် သံချပ်ကာများကလည်း ထိုးဖောက်မတက် ပြင်းထန်သည့် စွမ်းအင်များဖြင့် တောက်လောင်နေသေးသည်။

ဝူရှန်းမြင်းတပ်က ကိုင်ထားသောဝု့စ်သံမဏိဓားများက အလွန်အမင်း ထက်ရှသည်။ ပေပေါင်းများစွာထူသော သံမဏိတုံးကိုပင် ဖြတ်နိုင်၏။ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်၏ သံချပ်ကာများကဲ့သို့ အကောင်းဆုံး သံမဏိသားဖြင့် လုပ်ထားပြီး သင်္ကေတပေါင်းများစွာထည့်ကာ ကြမ်းတမ်းမှုကို မြှင့်တင်ထားသော သံချပ်ကာများကိုပင် ဝု့စ်သံမဏိဓားများက တစ်ဝက်ခန့်ထိရောက်အောင် ဖြတ်နိုင်လေသည်။ သို့သော် မူထရီမဟာမြင်းတပ်ကို ရင်ဆိုင်ရချိန်ကမူ အခြေအနေက ခြားနားသွားသည်။ ထက်ရှသော ဝု့စ်သံမဏိဓားများက ထိုသံချပ်ကာများပေါ်တွင် ခပ်ထင်ထင် အစင်းရာများကိုသာ ချန်ထားနိုင်ကြသည်။

မူထရီမဟာမြင်းတပ်၏ သံချပ်ကာများက သူတို့မျှော်လင့်ထားသည်ထက် ကြမ်းတမ်းနေသည်။

“ငါမထင်ထားဘူး မဟာအမတ်မင်း တိဗက်တောင်ပေါ်ဒေသကလည်း ဒီလိုထူးခြားတဲ့ ပစ္စည်းမျိုး ထုတ်နိုင်တာပဲ”

တုဝူစစ်လီက ရုတ်တရက် မျက်လုံးကိုမှေးကျဉ်းလျှက် ပြောသည်။

တိဗက်မဟာသွေးနီရောင် နေမင်းဝင်္ကပါက မျက်စိကြိမ်းလောက်ပြီး တောက်ပလွန်းသော်လည်း တုဝူစစ်လီကဲ့သို့ မဟာဗိုလ်ချုပ်အပေါ်တွင် သက်ရောက်မှု အနည်းငယ်လောက်သာ ရှိသည်။ တုဝူစစ်လီကို အံ့အားသင့်စေသည်မှာ တိဗက်သံချပ်ကာဖြစ်သည်။

တုဝူစစ်လီ၏ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်က ထန်ကို ထိပ်တိုက်ရင်ဆိုင်ပြီးကာစဖြစ်သည်။ ထို့ကြောင့် ထိုဓားများက မည်မျှထက်ရှကြောင်း သိနေသည်။

“ဗိုလ်ချုပ်ရဲ့ ချီးကျူးမှုက လွန်ကဲလွန်းနေပါပြီ။ ဒါကဒီတိုင်း သင့်တော်တဲ့ သံချပ်ကာအချို့ပါပဲ။ ထည့်ပြောဖို့ မတန်ပါဘူး”

သာ့လွန်ရော့ကျန်းက ဖျော့တော့စွာပြုံးပြီး မရှင်းပြခဲ့ချေ။

သာ့လွန်ရော့ကျန်းက ဒီတိုက်ပွဲအတွက် သူမျှော်လင့်ထားသည်ထက် ပို၍များပြားစွာ ပြင်ဆင်ထားခဲ့သည်။ သူဟာလည်း ဝု့စ်သံမဏိဓားများကို ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးဖြင့် လုပ်ထားပြီး အဝေးရှိ စန်းထူမှရကြောင်း သိထားသည်။ ထိုအရာက ထက်ရှလွန်းသဖြင့် သံမဏိကို ရွှံ့ကဲ့သို့ပင် ဖြတ်နိုင်သည်။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် သိသိသာသာ ထင်ထင်ရှားရှား ထုတ်ပြခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် သာ့လွန်ရော့ကျန်းကလည်း ဝမ်ချောင်ကို ရင်ဆိုင်ရန် ပြင်ဆင်ချိန်တွင် ဝု့စ်သံမဏိဓားများကို မမေ့သင့်ချေ။

ယွီစန်းက တောင်ပေါ်ဒေသတွင်ရှိသည်။ အရင်းအမြစ် ရှားပါးသော လွင်ထီးခေါင်နယ်မြေကြီးဖြစ်ပြီး မဟာထန်ထက်ပင် ဆင်းရဲသေး၏။ သို့တိုင်အောင် ယွီစန်းက မည်သူကမှမရှိသည့် အားသာချက်ကို ပိုင်ဆိုင်ထားသည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကုန်လွန်ခဲ့ပြီးနောက် ကောင်းကင်မှ ပြုတ်ကျလာခဲ့သော ဥက္ကာပျံပေါင်းများစွာက တောင်ပေါ်ဒေသ၏ ကျယ်ပြောသော နေရာများအနှံ့တွင် ရှိတတ်လေသည်။

ထိုဥက္ကာတုံးကြီးများက မည်သူ၏ စိတ်ဝင်စားမှုကိုမှ မခံရဘဲ နဂိုကျရာနေရာတွင်သာ ဒီတိုင်းရှိနေတတ်သည်။ သို့သော် သာ့လွန်ရော့ကျန်းကမူ ထိုအရာအားလုံးကို စုစည်းခိုင်းပြီး သူတို့၏ သတ္တုသားများကို စုစည်းစေသည်။

တိဗက်တောင်ပေါ်ဒေသမှ ဥက္ကာပျံသတ္တုသားများက ဝမ်ချောင်က ပြည်ပမှ အရယူနိုင်ခဲ့သော သတ္တုသားများထက် ပို၍နည်းပါးသည်။ သို့သော် မူထရီမဟာမြင်းတပ် ခုနှစ်ထောင်ကို ထောက်ပံ့ပေးရန် လုံလောက်သွားပြီဖြစ်သည်။

သာ့လွန်ရော့ကျန်းကလည်း မူထရီမဟာမြင်းတပ်၏ သံချပ်ကာများအတွင်း ဥက္ကာပျံသတ္တုသားများကို ရောနှောပြီး စွမ်းအင်အများကြီး ထည့်သုံးထားသည်။ ထိုသို့ဖြင့် လက်ရှိလိုမျိုး သင့်တော်သော သံချပ်ကာများအဖြစ် ပြန်လည်ကာ ဖန်တီးစေခဲ့ခြင်းဖြစ်သည်။

လက်ရှိမြင်ကွင်းကလည်း တုဝူစစ်လီနှင့် ကောင်းကင်ဘုံဝံပုလွေမြင်းတပ် တစ်ခုလုံးကို အံ့အားသင့်စေကောင်း အံ့အားသင့်စေလောက်သော်လည်း သာ့လွန်ရော့ကျန်းက မျှော်လင့်ထားသည့် အတိုင်းအတာ အတောအတွင်းတွင် ဖြစ်နေသေးသည်။

ခြိမ်း

အဝေးတွင် မြင်းတပ်အဖွဲ့အစည်း နှစ်ခုက အချင်းချင်း ထိပ်တိုက်ရင်ဆိုင်နေပြီး တစ်ကြိမ် တိုက်ခိုက်ပြီးသည့် အဆုံးသတ်ကာလသို့ ရောက်ရှိသွားသည်။ မဟာထန်၏ ဆယ်ကြိမ်ချီတက်ရင် ဆယ်ပွဲနိုင်ရမည်ဆိုသော ဝင်္ကပါက ပြင်းထန်သည့် ဆုံးဖြတ်ချက်ကို ရရှိလိုက်ပြီး ရွှေရောင်လှံ တစ်ဝက်ကျော်ကျော်ခန့်ကို ဆုံးရှုံးလိုက်ရသည်။ ကောင်းကင်ရှိ အနက်ရောင် တိမ်စိုင်များကလည်း အပြည့်အဝ လွင့်ပျယ်သွား၏။ သို့သော် မူထရီမဟာမြင်းတပ်ကမူ အခြေအနေကောင်းလွန်းခြင်း မရှိပါချေ။ သူတို့၏ သွေးနီရောင်အလင်းကလည်း တစ်ဝက်ခန့်သာ တောက်ပတော့သည်။ သို့သော် မျက်စိမကြိမ်းစေတော့ချေ။ ဒီတိုင်း တိုက်ပွဲတွင် နှစ်ဖက်လုံးက လက်ရည်တူသည်။ မည်သည့်ဝင်္ကပါမှ မအက်ကွဲသွားခဲ့သလို မည်သည့်ဘက်ကမှလည်း သေးငယ်သည့် ဆုံးရှုံးမှုမှ မရှိတော့ချေ။

ဟွမ်ပေါ့ထန်းက နောက်လှည့်ကြည့်ကာအော်သည်။

“လီစစ်ယဲ့ ငါတို့ဘယ်လိုတိုက်ခိုက်ကြမလဲ”

ဝူရှန်းမြင်းတပ်က မြှားဝင်္ကပါကို အောင်မြင်စွာ စုစည်းလိုက်ပြီး မူထရီမဟာမြင်းတပ်ထံ ချီတက်လာခဲ့သည်။ ဥက္ကာပျံသတ္တုသံချပ်ကာများကလည်း အလွန်အမင်း အရေးကြီးသောကဏ္ဍမှ ပြသခဲ့၏။ သူတို့၏ ဝု့စ်သံမဏိဓားများက မူထရီမဟာမြင်းတပ်၏ သံချပ်ကာကို မဖောက်နိုင်သလိုမျိုး မူထရီမဟာမြင်းတပ်၏ ဓားမောက်ရှည်များကလည်း အလားတူစွာပင် သူတို့၏ ဥက္ကာပျံသတ္တုသံချပ်ကာကို မဖောက်နိုင်ခဲ့ချေ။

“လက်ရှိအခြေအနေက မကောင်းဘူး။ သူတို့ရဲ့ ကြယ်တာရာစွမ်းအင်တွေက ထိုးဖောက်ခြင်းမီးတောက်စွမ်းအင်နဲ့ ပေါင်းစပ်ထားတာ။ ဒီတော့ ငါတို့ နည်းလမ်တစ်ခုရှာပြီး သူတို့ရဲ့ အမြူတေကို ချိုးဖျက်ရမယ်”

ခုံးကျစ်အန်းက ကျယ်လောင်စွာအော်သည်။

သူတို့အနေဖြင့် လက်ရွေးစင်တိဗက်မြင်းတပ် အင်အားစုကို ပထမဦးဆုံးအကြိမ် တိုက်ခိုက်ခြင်းမဟုတ်ချေ။ ထို့အပြင် မူထရီမဟာမြင်းတပ်၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြောက်များသည့် စွမ်းအင်များကို ထုတ်သုံးထားမှုအား စိမ်းသက်မနေခဲ့ချေ။ ဒါက သာမာန် ကြယ်တာရာစွမ်းအင် မဟုတ်ဘဲ ထူးခြားသော အခမ်းအနားပစ္စည်းတစ်ခုကို ထည့်သုံးထားခြင်းဖြစ်နေသည်။

သာ့ယန်မာန်ပန့်နှင့် သတ္တိဖြူများကလည်း တြိဂံပုံမြေကွက်လပ်ရှိ တိုက်ပွဲတွင် အလားတူသော အခြေအနေမျိုးကို လုပ်ခဲ့ကြသည်။

“မစိုးရိမ်နဲ့ ငါတို့က နည်းနည်းလောက်ထပ်ပြီး ချီတက်လိုက်ကြရင် သူတို့ရဲ့ဝင်္ကပါကို အက်ကွဲအောင် လုပ်နိုင်လိမ့်မယ်။ သူတို့ရဲ့ လက်နက်နဲ့ သံချပ်ကာတွေက ငါတို့လောက် မသန်မာပါဘူး။ တစ်ကြိမ်ချီတက်ချိန်တိုင်း ငါတို့က သူတို့ရဲ့သံချပ်ကာကို နည်းနည်းလောက် ပိုပြီး ခွဲကြည့်ကြတာပေါ့။ အချိန်သာ လုံလောက်မယ်ဆိုရင် ငါတို့သူတို့ကို အမြစ်ဖြတ် သုတ်သင်နိုင်လိမ့်မယ်”

လီစစ်ယဲ့က ထိုသို့အမိန့်ပေးသည်။ သူ၏အသံက ခိုင်မာကာ ဆုံးဖြတ်ချက် ပြတ်သားသည်။

အခန်း(၉၁၈)

ဟော်ပါးစမ်းယဲ့

မူထရီမဟာမြင်းတပ်က သတ္တိဖြူများထက်ပင်ဖြစ်စေ၊ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ထက်ပင်ဖြစ်စေ အင်အားအများကြီး ကြီးမားသည်။ ပို၍လည်း တောက်ပသေး၏။ သို့သော် လက်ရှိဝူရှန်းမြင်းတပ်ကလည်း ခြားနားသော အဆင့်သို့ ရောက်သွားပြီဖြစ်သည်။ လက်ရှိအနေအထားမျိုးနှင့် ဝူရှန်းမြင်းတပ်ကသာ တြိဂံပုံမြေကွက်လပ်တွင် ထွက်ပေါ်လာနိုင်ခဲ့လျှင် သတ္တိဖြူများက မည်သည့် အနှောက်အယှက်မှ ပေးနိုင်လိမ့်မည်မဟုတ်ချေ။ မဟာဘွန်းနှလုံးသားကပင် သူတို့အား အရေးနိမ့်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ဝုန်း

လီစစ်ယဲ့၏ အမိန့်အောက်တွင် ဝူရှန်းမြင်းတပ်ငါးထောင်လုံးက ဖုန်လုံးတိမ်စိုင်များကို မြောက်တက်လာစေလျှက် တစ်ပတ်လှည့်ပြီး မူထရီမဟာမြင်းတပ်ထံ ပြန်လည်၍ ချီတက်ကြသည်။ ဒီတစ်ကြိမ်တွင် သူတို့၏ကျောက မနက်ခင်းနေမင်းကို ပေးထားပြီး အလွန်ခြားနားသော အတွေ့အကြုံမျိုးကို ပြန်လည်ခံစားကြရသည်။ မူထရီမဟာမြင်းတပ် ခုနှစ်ထောင်က မှင်သက်ဖွယ်ကောင်းသော အနီရောင်အလင်းကို လွှတ်ထုတ်နေချိန်တွင် ဝူရှန်းမြင်းတပ်က မျက်လုံးဖွင့်ပြီး မကြည့်နိုင်တော့သည်အထိ မျက်စိမကြိမ်းစေတော့ချေ။ ထပ်ပေါင်းဆိုရသော် သူတို့၏အနောက်တွင် ရှိနေသော နေရောင်ကြောင့် မူထရီမဟာမြင်းတပ် အဖွဲ့ဝင် တစ်ယောက်ချင်းစီတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။

ဘန်း

ဝူရှန်းမြင်းတပ်ကလည်း ထိုမြင်ကွင်းကြောင့် ပျော်သွားပြီး မြေကမ္ဘာကို တုန်ဟီးဖွယ်ကောင်းသည့် ဟိန်းသံကြီးကိုပြုကြသည်။

“သတ်”

သံချပ်ကာချင်း ထိခတ်သံ၊ မြင်းများ၏ ဟီသံများနှင့်အတူ ဝူရှန်းမြင်းတပ်က တိုက်ပွဲထဲသို့ တစ်ကြိမ်ထပ်ပြီး ဝင်ရောက်သွားပြန်သည်။

“အားလုံးကိုသတ်”

တစ်ချိန်ထဲတွင်ပင် ဟယ်ပါးစမ်းယဲ့ကလည်းအော်သည်။ သူ၏မျက်လုံးက နီရဲပြီး ကြမ်းတမ်းသော အလင်းနှင့် တောက်ပနေသည်။ သူ၏မူထရီမဟာမြင်းတပ်က ထွက်ပြေးရန်မလိုအပ်သလို ကျူးကျော်ရန်လည်း မလိုအပ်သေးချေ။ လီစစ်ယဲ့၏ လူများကိုသာ လှည့်ကာ ချီတက်ရင်ဆိုင်လိုက်သည်။ ယခုလေးတင် တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးချိန်တွင် ဟယ်ပါးစမ်းယဲ့ကလည်း ဝူရှန်းမြင်းတပ်၏ အင်အားကို ဖမ်းဆုပ်လိုက်နိုင်ပြီဖြစ်သည်။ ထန်မြင်းတပ်၏ အစစ်အမှန်အင်အားက ကြမ်းတမ်းပြီး ဖြတ်လတ်သည်။ သို့သော် မရပ်တန့်နိုင်သော အတိုင်းအတာသို့ မရောက်သေးချေ။

ထိုအချိန်တွင် မည်သူမှ အာရုံမစိုက်မိသော တစ်နေရာတွင်ရှိနေသည့် ချဲ့ခွန်းပန်းပါးက သူ၏ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ပြီး သူ၏မြင့်မားသန်မာသော တူရကီတောင်ပေါ်မြင်းအပေါ် တက်လျှက် ရှေ့သို့ဒုန်းစိုင်းစီးလာသည်။

“စစ်သားတိုင်း စတင်ထွက်ခွာမယ်။ တိဗက်တွေနဲ့ပေါင်းပြီး သူတို့ကိုသတ်ကြစို့”

မူထရီမဟာမြင်းတပ်၏ မဟာသွေးနီရောင် နေမင်းဝင်္ကပါက အားနည်းသွားသည်။ သူ၏တောက်ပမှုက မှေးမှိန်သွား၏။ ဝူရှန်းမြင်းတပ်အတွက်တင် မဟုတ်ဘဲ အရေးနိမ့်ခဲ့သည့် ကောင်းကင်ဘုံဝံပုလွေ မြင်းတပ်ကလည်း မူထရီမဟာမြင်းတပ်ကို ထောက်ပံ့ပေးနိုင်ပြီဖြစ်သည်။

ထိုထန်မြင်းတပ် အင်အားစုက အင်အားကြီးလွန်းသည်။ သူတို့က ကိုယ်တိုင်မြင်ရသောကြောင့်သာ မဟုတ်လျှင် မဟာထန်တွင် ထိုမျှအင်အားကြီးသော မြင်းတပ်ကို ပိုင်ဆိုင်ထားသည်ဟု ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ မဟာထန်က ခြေလျှင်တပ်ကြောင့် ကျော်ကြားခြင်းဖြစ်သည်။ အနောက်ပိုင်းတူရကီ ခါကာနိတ်နဲ့ ယွီစန်းအင်ပါယာကဲ့သို့ ရှေးဦးမူလ တိုင်းပြည်များကပင် သူတို့ကို အလဲမထိုးနိုင်လုနီးပါး ဖြစ်နေခဲ့သည်။ ထို့ကြောင့် လက်ရှိအခြေအနေအရ အတူပူးပေါင်းခြင်းက အကောင်းဆုံး အခြေအနေဖြစ်သည်။

ခြိမ်း

ကောင်းကင်ဘုံဝံပုလွေမြင်းတပ်က အတူစုစည်းပြီး ချဲ့ခွန်းပန်းပါး၏ အမိန့်အောက်တွင် ရှေ့သို့ချီတက်လာကြလျှက် ဝရုန်းသုန်းကားဖြစ်နေသော တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာကြသည်။

.....

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် အကြံအတိုင်း ကွက်မျက်တော့”

လက်ရွေးစင် မြင်းတပ်အင်အားစုသုံးခုက တဖြည်းဖြည်း နီးသထက်နီးပြီး တိုက်ပွဲနယ်မြေရှိ လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည့်အချိန်တွင် ဒုတိယမြောက် ခုခံရေးအားလှိုင်း၏ အနောက်မှ ဝမ်ချောင်က တဖြည်းဖြည်းချင်း အကြည့်လွှဲလျှက် လက်ကိုအသာယမ်းချသည်။ ဒီတိုက်ပွဲ၏ရလဒ်က ဆုံးဖြတ်ရန် အချိန်တချို့လိုသည်။ ထို့ကြောင့် သူ၏အကြံကို စတင်ရန် ပြီးပြည့်စုံသည့် အချိန်ကိုက်ဖြစ်သွားသည်။

ဘုန်း

တိုက်ပွဲနယ်မြေ၏ အရှေ့ဘက်ခြမ်းမှ ရုတ်ချည်းမြည်ဟီးလာသော စစ်ဗုံသံများက သတ္တုချင်း ထိခတ်တုန်ခါသံများနှင့်အတူ ပဲ့တင်ထပ်နေသည်။ ထိုသို့ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာသော ဗုံသံက လူတိုင်း၏အာရုံကို ချက်ချင်းဆိုသလို ဆွဲဆောင်သွားသည်။ တောင်ကုန်းများအနောက်မှ မြင့်မားသော အဖြူရောင် တိဗက်နွားလား အလံအောက်တွင် ရပ်နေသည့် သာ့လွန်ရော့ကျန်းကပင် သတိလက်လွတ် အခြေအနေကို လှည့်ကြည့်လိုက်မိသည်။

ခွာဖြူအရိပ်မြင်းပေါ်တွင် စီးနင်းထားသည့် ဝမ်ချောင်က တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ကျော်ဖြတ်ပြီး သာ့လွန်ရော့ကျန်းနှင့် မျက်လုံးချင်းဆုံသွားသည်။ ထိုအခါသူက နက်နဲသောအပြုံးဖြင့် ပြုံးပြသည်။

ဝုန်း

သာ့လွန်ရော့ကျန်းကလည်း ထိုအပြုံးကြောင့် မျက်လုံးပြူးသွားသည်။ သူက ချက်ချင်းဆိုသလို မကောင်းသောခံစားချက် ရလိုက်၏။ သူနှင့်ဝမ်ချောင်ဟာ အနောက်တောင်ပိုင်းတွင် အကြိမ်ပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးသည်။ ထို့ကြောင့် (၁၇)နှစ်အရွယ် ထိုလူငယ်ကို သူက ကောင်းကောင်း နားလည်သည်။ ထိုလူငယ်ဟာ အကြောင်းပြချက်မရှိ မည်သည့်အရာကိုမှ မလုပ်တတ်ချေ။

သို့သော် သာ့လွန်ရော့ကျန်းအနေဖြင့် ဝမ်ချောင်၏အပြုံးနှင့် အဓိပ္ပာယ်ကို မသိသေးသလို မည်သည့်အရာ၊ မည်သည့်နေရာက မှားယွင်းနေပြန်ကြောင်း နားမလည်နိုင်ပြန်ချေ။

“တိုက်ခိုက်”

သာ့လွန်ရော့ကျန်းကို ဘေးဖယ်ထားလိုက်သည့် ဝမ်ချောင်က သူ၏ ဝု့စ်သံမဏိဓားကို ရှေ့သို့ညွှန်လိုက်ပြီး တိဗက်နှင့် တူရကီမြင်းတပ် သောင်းကျော်ရှိရာဘက်သို့ ချိန်ရွယ်လျှက် အောက်သို့ ယမ်းချလိုက်သည်။ ထို့နောက် တခဏတွင် ဒုတိယမြောက် ခုခံရေးအားလှိုင်းကို ခုခံနေသည့် ထန်စစ်သည် သောင်းကျော်က မြေပြိုကျသလိုမျိုး ဝုန်းကနဲ ထိုးထွက်သွားသည်။

ရွှီခဲ့ယွီ၏ လက်နက်ကြီးအသင်းကပင် ထိုခုခံရေးအားလှိုင်းမှ ထွက်ခွာသွားလေပြီး တင်းတင်းကြပ်ကြပ် တပ်ဆင်ကာကွယ်ထားသော ဒိုင်းကာသမားများ၏ အကာအကွယ်နှင့်အတူ အရှေ့ဘက်သို့ ချီတက်သွားသည်။

ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း

ရှည်လျားကြီးမားသည့် အနက်ရောင် လက်နက်ကြီး၏ ပစ်ခတ်သံက တိုက်ပွဲနယ်မြေတစ်ခုလုံးကို သူ၏ဟိန်းသံနှင့် လွှမ်းခြုံလိုက်ပြီး အနောက်တွင် သေဆုံးခြင်း၏ သဲလွန်စ အရှိန်အဝါများကိုသာ ချန်ထားရစ်ခဲ့လျှက် တိဗက်နှင့် တူရကီမြင်းတပ်ထံ ပစ်ဝင်သွားသည်။

စွစ် စွစ် စွစ်

ထိုလက်နက်ကြီးများက သူတို့ကို ထိုးဖောက်ကျော်ဖြတ်သွားသည့် အချိန်တွင် တူရကီနှင့် တိဗက်မြင်းတပ် အဖွဲ့ဝင်များက ပေါင်းပင်များကဲ့သို့ ဖြတ်တောက်ခံရပြီး သူတို့၏အလောင်းက ဖုန်လူးသွားသည်။

“သတ်”

သူတို့၏ဟိန်းသံက ကောင်းကင်ထိတိုင်ရောက်သည်။ အနောက်ပိုင်းနယ်မြေမှ မရေမတွက်နိုင်အောင် များပြားသည့် ကြေးစားစစ်သားများကလည်း တောင်ပေါ်မှ ခုန်ချသည့် ကျားများကဲ့သို့ သူတို့၏ လက်နက်များကို လေထဲတွင် လွှဲယမ်းနေကြသည်။

ထိုမြင်ကွင်းက တိုက်ပွဲနယ်မြေပေါ်မှ အပြောင်းအလဲသာ မဟုတ်ချေ။ ဒုတိယမြောက် ခုခံရေးအားလှိုင်းနှင့် ကျန်းတစ်ထောင်ခန့် အကွာတွင်ရှိသော စွန်းကျစ်မင်၊ ကျွမ်းကျန်းဖင်း၊ ချီဝေ့စစ်၊ ကောင်းဖုန်းနှင့် နျဲ့ယန်တို့က နှစ်ယောက်တစ်တွဲစီတွဲလျှက် စစ်သည်တော်များကို ဆက်လက်ပြီး ဦးဆောင်ကာ အရှေ့ပိုင်း ဗဟိုနယ်မြေ၊ အနောက်ပိုင်းဆိုပြီး ခွဲခြားကာ ထောက်ပံ့ပေးကြသည်။ ဗုံသံက မိုးခြိမ်းသံလို မြည်ဟီးလာကတည်းက ထိုအရာရှိတိုင်းက စတင်ကာ ရွေ့လျားနေပြီးသားဖြစ်သည်။

“အရှင်အမတ်က အချက်ပြလွှတ်လိုက်ပြီ သွား”

“ဟား ဟား သာ့လွန်ရော့ကျန်းက ငါးစာဟပ်သွားသေးတယ်။ သူက အရှင်အမတ်ကို မယှဉ်နိုင်ပါဘူး”

“မြန်မြန် အရှင်အမတ်ရဲ့ အကြံကို မနှောင့်နှေးစေနဲ့။ လူကြီးမင်းလီစစ်ယဲ့က သူ့ရဲ့တာဝန် ပြီးသွားပြီ။ ဒီတော့ ငါတို့အလှည့်ပဲ”

ထိုအရာရှိတိုင်း၏ မျက်ဝန်းက ရည်မှန်းချက်များ၊ ရဲရင့်မှုများနှင့် တောက်လောင်နေသည်။ သာ့လွန်ရော့ကျန်းကလည်း အမတ်ကို ကောင်းကောင်းနားလည်သည်ဟု ယုံကြည်ထားပုံပေါ်သည်။ သို့သော် အမတ်က သာ့လွန်ရော့ကျန်း မျှော်လင့်ထားသည်ထက် အများကြီး လေးစားစရာကောင်းနေသည်။ ဗျူဟာနှင့် နည်းပညာအရ ယှဉ်ရသော် သာ့လွန်ရော့ကျန်းနှင့်အမတ်က ခြားနားသော အဆင့်တွင်ဖြစ်သည်။

ခြိမ်း

အရှေ့ပိုင်း အလယ်ဗဟိုနှင့် အနောက်ဘက်ခြမ်းများမှ ထန်စစ်သည်သုံးဖွဲ့က သူတို့ဘက်ခြမ်း အသီးသီးကို စတင်ကာ တွန်းဖြိုသည်။

ကောင်းကင်မှသာ ငုံ့ကြည့်လိုက်မည်ဆိုလျှင် ထိုအဖွဲ့သုံးဖွဲ့က အလွန်ကြီးမားသော စက်ဝိုင်းခြမ်းကြီးတစ်ခုလို ပုံဖော်နေလေပြီး အင်အားကြီးမားသည့် တူရကီ တိဗက် စစ်တပ် သိန်းကျော်ကို အလယ်မှခွဲခြမ်းလိုက်ကြောင်း မြင်ရမည်ဖြစ်သည်။ ဒုတိယမြောက် ခုခံရေးအားလှိုင်းမှ ထွက်လာသော တစ်သောင်းကျော်သော စစ်သည်တော်များက ထိုထောင်ချောက်ကို ပြီးမြောက်စေလျှက် တိဗက်နှင့် တူရကီမြင်းတပ် ခြောက်သောင်းခန့်ကို ဝိုင်းလိုက်ကြသည်။

နဂိုက တစ်သိန်းခန့်ရှိသော စစ်တပ်တစ်ခုက ခြောက်သောင်းဝန်းကျင်ခန့်ရှိမည့် စစ်တပ်တစ်ခု၏ အဝိုင်းခံထားရသည်။ ပို၍ကြီးမားသော စစ်တပ်ဘက်တွင်လည်း လက်နက်ကြီး၏ အင်အားက ရှိနေသေးသည်။ ထို့ကြောင့် ထိုသို့ အဝိုင်းခံထားရသည့် ရန်သူ၏ အခြေအနေကို မျှော်လင့်ကြည့်နိုင်သည်။

သာ့လွန်ရော့ကျန်း၏ မျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။ အဖြစ်အပျက်များက ရုတ်ချည်း ဖြစ်ပျက်သွားခဲ့ပြီး တုန့်ပြန်ရန် မြန်ဆန်လွန်းနေသဖြင့် သူကပင် အမှီမလိုက်နိုင်ခဲ့ချေ။ သာ့လွန်ရော့ကျန်းကလည်း ဝမ်ချောင်၏ မြင်းတပ်လေးသောင်းက နေရာသုံးနေရာခွဲကာ ထွက်ခွာသွားခဲ့ချိန်တွင် ထိုလူများကို ဖိနှိပ်နိုင်ရန် ယုံကြည်မှု ရှိနေခဲ့သေးသည်။ သာ့လွန်ရော့ကျန်း၏ အကြံအရ သူတို့ကို အလဲထိုးအောင် လုပ်နိုင်မည့် အနေအထားမျိုးသို့ပင် ရောက်နေသေး၏။ သို့သော် ယခုမူ သာ့လွန်ရော့ကျန်းကလည်း ထိုမြင်းတပ်သုံးဖွဲ့က ယူသင့်သည့်နေရာများကို မယူကြောင်း သိလိုက်သည်။ တိုက်ပွဲ၏ အစပိုင်းကတည်းက သူတို့က ထိုနေရာများကို ကြိုတင်ဝင်ရောက်ရန် ပြင်ဆင်ထားပြီး စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

“ရှေ့ပြေးတပ်တွေအားလုံးကို နောက်ဆုတ်ခိုင်းလိုက်”

“ဘယ်တောင်ပံနဲ့ ညာတောင်ပံကို ရှေ့တက်ပြီး ထန်ရဲ့ပိတ်ဆို့ထားတဲ့ ခုခံရေးအားလှိုင်းကို ကျော်ဖြတ်ဖို့ ကြိုးစားကြ”

“ဟော်ပါးစမ်းယဲ့ကိုလည်း ဝူရှန်းမြင်းတပ်နဲ့ သူ့ရဲ့တိုက်ပွဲကို လက်လျော့ပြီး ထန်မြင်းတပ် သုံးဖွဲ့လုံးကို လူစုခွဲအောင်လုပ်ဖို့ ချီတက်ခိုင်းလိုက်”

သာ့လွန်ရော့ကျန်းက ချက်ချင်းဆိုသလို အမိန့်ကို တသီတတန်းကြီးထုတ်သည်။ တောင်ကုန်းပေါ်တွင် တိုက်ခတ်လာသော လေပြေနှင့်အတူ သူ၏ဝတ်စုံနှင့် ဆံပင်များက လွင့်နေသည်။ သာ့လွန်ရော့ကျန်းက အပေါ်ယံတွင် တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း သူ၏မျက်ဝန်းအတွင်းတွင် နက်ရှိုင်းလွန်းသည့် ပူပန်မှုများကို ထင်ထင်ရှားရှား မြင်နိုင်သည်။

သာ့လွန်ရော့ကျန်းက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက နာမည်ကြီးခဲ့သူဖြစ်သည်။ ကျန်းချုံကျန့်ချုံးကဲ့သို့ ဗဟိုပြင်ကျယ်မှ နာမည်ကြီး မဟာဗိုလ်ချုပ်နှင့်ပင် ယှဉ်ပြိုင်ခဲ့ဖူး၏။ ထိုအချိန်ကပင် သူ၏မျက်ဝန်းအတွင်း စိတ်ခံစားမှု လှုပ်ရှားသွားသည့် အားလှိုင်းများ မပေါ်ခဲ့ဖူးချေ။ သို့ရာတွင် ဝမ်ချောင်နှင့် တိုက်ခိုက်ခဲ့သောအခါ သာ့လွန်ရော့ကျန်းကလည်း သူ၏စွမ်းအင်တိုင်း အင်အားတိုင်းကို ဆက်တိုက် စုကပ်ထားရသည်။ ဝမ်ချောင်၏ စစ်အနုပညာက ဒီမျိုးဆက်နှင့် မယှဉ်နိုင်လောက်အောင် မြင့်မားလွန်းသည်။ သူ၏ဗျူဟာနှင့် နည်းပညာတိုင်းကလည်း လက်လှမ်းမမှီနိုင်အောင် ခန့်မှန်းရခက်ခဲလွန်းနေသည်။

အဆင့်လွန် မြင်းတပ်အင်အားစု သုံးခုအကြားမှ ကြမ်းတမ်းသော တိုက်ပွဲကသာ အဓိကတိုက်ပွဲကြီး ဖြစ်နေသင့်သည်။ ထိပ်တိုက်ရင်ဆိုင်မှုက အခြေအနေ တစ်ခုလုံး၏ ခြုံငုံရလဒ်ကို ဆုံးဖြတ်ပေးနိုင်သည်။ သို့သော် ဝမ်ချောင်၏အမြင်တွင်မူ ဒါကငါးစာသာဖြစ်သည်။ ပို၍အရေးကြီးသည်မှာ တူရကီနှင့် တိဗက်မြင်းတပ် နှစ်သိန်းကျော်နှင့် ထန်အင်အားစုကြားမှ တိုက်ပွဲသာဖြစ်သည်။ ထိုအရာကမှသာ အစစ်အမှန် တိုက်ပွဲကြီးဖြစ်သည်။

လွန်ခဲ့သော တစ်စက္ကန့်ကတင် သာ့လွန်ရော့ကျန်းက အားသာချက် ရရှိနေသေးသည်။ ယခုအခါ အခြေအနေက ရုတ်ချည်းပြောင်းပြန်ဖြစ်သွားသည်။ သူ၏များပြားသော စစ်တပ်က နှစ်ပိုင်းအခွဲခံလိုက်ရ၏။ တစ်ဝက်က စိတ်ဓာတ်ကျဖွယ် အနေအထားမျိုးတွင်ဖြစ်ပြီး အလုံးအရင်းနှင့် အရှင်းခံရနိုင်သည့် အနေအထားမျိုးသို့ ရောက်ရှိနေသည်။ ထိုကဲ့သို့သော အခြေအနေမျိုးက ဝမ်ချောင်ကို ရင်ဆိုင်ရသော အချိန်တွင်သာ ဖြစ်တတ်လေသည်။

ခြိမ်း

စစ်တပ်ကလည်း သာ့လွန်ရော့ကျန်း၏ အမိန့်အတိုင်း စတင်ကာ လှုပ်ရှားသည်။ လိမ့်တက်လာသော ဖုန်တိမ်စိုင်များအကြားတွင် ကောင်းကင်ဘုံဝံပုလွေ ဝူရှန်းနှင့် မူထရီမြင်းတပ်များက ကြမ်းတမ်းစွာပင် ထိပ်တိုက်ရင်ဆိုင်နေသည်။ သို့သော် ဟော်ပါးစမ်းယဲ့ကလည်း သာ့လွန်ရော့ကျန်း၏ အမိန့်ကို ရသည့်အခါ အနည်းငယ် တုန့်ဆိုင်းသွားပြီးနောက် နောက်လှည့်လိုက်သည်။

“စစ်သားတိုင်း ငါ့ရဲ့အမိန့်ကိုနာခံ ဝူရှန်းမြင်းတပ်ကို ထားခဲ့ပြီး ငါ့ရဲ့နောက်ကိုလိုက်ခဲ့ကြ”

ဝူရှန်းမြင်းတပ် သံချပ်ကာများက မာလွန်းသည်။ ထို့ကြောင့် ကြမ်းတမ်းသော သင်္ကေတများ ထည့်သွင်းထားကြောင်းလည်း နားလည်နေသည်။ မူထရီမဟာမြင်းတပ် လက်နက်များကလည်း ရိုးရှင်းစွာဖြင့်ပင် ထိုသံချပ်ကာကို မဖောက်နိုင်ချေ။ ထိုအတွက်ကြောင့်လည်း သူတို့က အချိန်တိုအတွင်း တိုက်ပွဲ၏ အနိုင်အရှုံးကို ဆုံးဖြတ်နိုင်လိမ့်မည်မဟုတ်ချေ။ ထပ်ပေါင်းဆိုရသော် သူတို့က ဝူရှန်းမြင်းတပ်နှင့် အဆုံးအဖြတ်တိုက်ပွဲကို အခွင့်အရေး ရှိဦးပေလိမ့်မည်။ အခုအနေအထားအရ သူတို့ကသာ မလှုပ်ရှားလျှင် ကျန်သောစစ်တပ်တစ်ခုလုံးက အမြစ်ဖြတ် သုတ်သင်ခံရနိုင်သည်။

“ဟိုက်ရား”

အော်ဟစ်သံနှင့်အတူ ဟော်ပါးစမ်းယဲ့က ချက်ချင်းဆိုသလို သူ၏မူထရီမဟာမြင်းတပ်ကို ဦးဆောင်လျှက် အဝေးသို့ မီးလုံးတစ်လုံး လိမ့်သွားသလိုမျိုး ခုန်ဝင်သွားသည်။

“မဟာဗိုလ်ချုပ်က ငါတို့ကိုလည်း သွားဖို့အမိန့်ပေးထားတယ်”

တစ်ချိန်ထဲတွင်ပင် ချဲ့ခွန်းပန်းပါးက တုဝူစစ်လီထံမှ တူညီသောအမိန့်ကို လက်ခံရရှိသည်။ တုဝူစစ်လီနှင့် သာ့လွန်ရော့ကျန်းတို့က အနိုင်အရှုံး အတူမျှဝေကြသည့် လူများဖြစ်သည်။ စစ်တပ်တစ်ခုက အမြစ်ဖြတ် သုတ်သင်ခံရပြီး ဆုံးရှုံးမှုများလွန်းသွားလျှင် သူတို့က ဒီတိုက်ပွဲကို ဆက်ရန်မဖြစ်နိုင်တော့ချေ။ အနောက်ပိုင်း တူရကီမြင်းတပ်မှ စစ်သည်လေးသောင်းကတင် ဘာကိုမှ လုပ်နိုင်လိမ့်မည်မဟုတ်ချေ။

ပို၍ဆိုးသည်မှာ တူရကီမြင်းတပ်ကလည်း အဝိုင်းခံနေရသည့်အထဲတွင် ရှိနေသည်။ ထိုထဲတွင် သူတို့၏ အရေအတွက် ပမာဏများစွာ ပါဝင်နေသည်။

ဒုန်း ဒုန်း ဒုန်း

တခဏခန့်ကြာပြီးနောက် ချဲ့ခွန်းပန်းပါးက ကောင်းကင်ဘုံဝံပုလွေမြင်းတပ် ထောင်ပေါင်းများစွာကို ဦးဆောင်ကာ ခေါ်သွားသည်။ မြင်းတပ်အင်အားစုနှစ်ခုက သူတို့၏ ရန်သူနှင့် တိုက်ခိုက်မည့် တိုက်ပွဲကို တချိန်ထဲလိုလို စွန့်ပစ်လိုက်ကြပြီး နောက်သို့လှည့်သွားသောကိစ္စက အမှန်တကယ် ဖြစ်ပျက်လာခဲ့ခြင်းဖြစ်သည်။

ဝမ်ချောင်ကသာ ထိုစစ်သည်ခြောက်သောင်းကို အောင်မြင်စွာ ခွဲခြမ်းပြီး ရှင်းလင်းလိုက်နိုင်လျှင် သူဟာ တိုက်ပွဲတွင် အနိုင်ရနိုင်မည်ဟု ယူဆနိုင်သည်။ ထိုသို့ကြီးလေးသော အကျိုးဆက်နှင့်ယှဉ်သော် မြင်းတပ်အင်အားစုသုံးခု ထိပ်တိုက်ရင်ဆိုင်ခြင်းက အရေးမကြီးတော့ချေ။

အခန်း(၉၁၉)

“ဗိုလ်ချုပ် အရှင်အမတ် အောင်မြင်သွားပြီ”

တိုက်ပွဲနယ်မြေမှ ရယ်သံများ ပေါ်ထွက်လာသည်။ အောင်ပွဲခံသံများကလည်း ကပ်ပါလာ၏။ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်နှင့် မူထရီမဟာမြင်းတပ်တို့က ဒုန်းစိုင်းစီးနင်းလာကြသည့် အချိန်တွင် ခုံးကျစ်အန်းက သူ၏ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများကို ထိန်းသိမ်းနိုင်ခြင်းမရှိတော့ချေ။ အမတ်က တော်တန်ရုံ ဝင်၍မလှုပ်ရှားချေ။ သူဝင်လှုပ်ရှားလိုက်သည်နှင့်အမျှ တိုက်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ပြီးသားဖြစ်သွားသည်။ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်နှင့် မူထရီမဟာမြင်းတပ် အဖွဲ့ဝင်များ၏ စိုးရိမ်တကြီးဖြစ်နေပြီး သောကများနေသော မျက်နှာထားများကို မြင်လိုက်ရချိန်တွင် မဟာအမတ်မင်း၏ အကြံက အောင်မြင်ကြောင်း မြင်နိုင်သည်။

“အွန်း”

လီစစ်ယဲ့က ခေါင်းညိမ့်သည်။ သူက ဝမ်ချောင်၏အကြံကို အကြမ်းဖျင်းအားဖြင့် နားလည်သည်။ သူ၏ ကျန်သောစစ်သည်တော်များကမူ ထိုအကြောင်းအရာကို မသိကြချေ။ အကြံက အောင်မြင်လာသည်နှင့်အမျှ ဝူရှန်းမြင်းတပ်က နောက်ဆုတ်ရန် အချိန်ကျပြီဖြစ်သည်။

“စစ်သားတိုင်း ငါ့ရဲ့အမိန့်ကို နာခံကြ။ အခုချက်ချင်း နောက်ပြန်လှည့်ပြီး ကောင်းကင်ဘုံဝံပုလွေမြင်းတပ်နဲ့ မူထရီမဟာမြင်းတပ်ကို ရင်ဆိုင်ကြမယ်။ သူတို့ကို အရှင်အမတ်ရဲ့ အကြံကို သွားဖျက်ဆီးတာကို ခွင့်ပြုနေလို့မရဘူး”

လီစစ်ယဲ့၏မျက်ဝန်းက ထက်ရှသောအလင်းနှင့် လက်လာသလို သူဟာမြင်းကို အသာပုတ်ပြီး မြင်းတပ်အင်အားစု နှစ်ခုနောက်မှ ဒုန်းစိုင်းလိုက်သည်။

“သွားရအောင်”

ဟွမ်ပေ့ါထန်း၊ ခုံးကျစ်အန်းနှင့် အခြားသောသူများက လိုက်ပါလာကြပြီး အနောက်တွင် ဖုန်အတန်းလိုက် ချန်ထားရစ်ခဲ့သည်။ ဖုန်မှုန့်အဆိပ်ချည်စက်ကွင်း သုံးခုက အရှိန်နှုန်းကို အဆင့်ပေါင်းများစွာ မြှင့်တင်ပေးနိုင်လေရာ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်ကဲ့သို့ ဝူရှန်းမြင်းတပ်နှင့် အကွာအဝေး အနည်းငယ်သာ ခြားနေသော အဖွဲ့အစည်းကို ချက်ချင်းဆိုသလို လိုက်မှီသွားသည်။

“သူတို့ကိုတား”

အတွေးတစ်ခုတည်းနှင့် ချဲ့ခွန်းပန်းပါးက သူ၏ကောင်းကင်ဘုံဝံပုလွေမြင်းတပ်ကို နောက်ပြန်လှည့်စေလေပြီး လီစစ်ယဲ့ထံ ချီတက်စေသည်။ သို့ရာတွင် ချဲ့ခွန်းပန်းပါးက အတွက်မှားသွားသည်။ ကျန်းတစ်ဆယ်ကျော်ခန့် ဝေးကွာနေသေးချိန်တွင် လီစစ်ယဲ့နှင့် ဝူရှန်းမြင်းတပ်က ရုတ်ချည်းပြန်လှည့်လိုက်ပြီး ထိပ်တိုက်ရင်ဆိုင်မည့်အရေးကို လျစ်လျူရှု့လျှက် ကမ္ဘာမြေပေါ်တွင် ကြီးမားသည့် စက်ဝိုင်းခြမ်းကြီး ရေးဆွဲလိုက်သလိုမျိုး ကွေ့ပတ်လိုက်ကာ ကောင်းကင်ဘုံဝံပုလွေမြင်းတပ် တစ်ခုလုံးကို ဝိုင်းလိုက်သည်။

ဒီတစ်လောကလုံးတွင် ဝူရှန်းမြင်းတပ်ကသာ ထိုသု့ိသော မြန်ဆန်သည့် အရှိန်နှုန်းနှင့် လုပ်နိုင်စွမ်းရည် ရှိလောက်သည်။

ဘုန်း

ချဲ့ခွန်းပန်းပါးက အမှီမလိုက်နိုင်သေးခင် ဝူရှန်းမြင်းတပ်က သူတို့ကို ကျော်ဖြတ်သွားပြီး မူထရီမြင်းတပ်ထံ ချီတက်သွားပြီဖြစ်သည်။

“သေစမ်း သူတို့နောက်လိုက်”

ချဲ့ခွန်းပန်းပါးက ဒေါသထွက်သွားသည်။ ရှားမက အင်အားဆက်တိုက် ထိုးကျသွားခဲ့ပြီး အင်ပါယာ သိုင်းနယ်မြေအဆင့်သို့ ရောက်သွားခဲ့သည်။ ထို့ကြောင့် သူက ကောင်းကင်ဘုံဝံပုလွေမြင်းတပ်၏ ပုံရိပ်ယောင်ဝင်္ကပါကို ထုတ်သုံးနိုင်စွမ်းအားမရှိတော့ချေ။ ချဲ့ခွန်းပန်းပါးကလည်း နောင်ဖြစ်လာမည့် ဗိုလ်ချုပ်အဆင့်တွင် မရှိသေးသောကြောင့် ထိုမျှအထိ လုပ်နိုင်စွမ်းရည် မရှိပြန်ချေ။ ထို့ကြောင့် ကောင်းကင်ဘုံဝံပုလွေမြင်းတပ်က ရိုးရှင်းစွာဖြင့်ပင် ဝူရှန်းမြင်းတပ်ကဲ့သို့ ဖုန်မှုန့်အဆိပ် ချည်စက်ကွင်းသုံးခု၏ အရှိန်နှုန်းမြှင့်တင်ပေးခံရသော အနေအထားမျိုးကို အမှီမလိုက်နိုင်ချေ။ တစ်ဖက်က ဆယ်ကြိမ်ချီတက်ရင် ဆယ်ပွဲအောင်နိုင်ရမည်ဆိုသော ဝင်္ကပါကိုလည်း ထုတ်သုံးထားသေးလေရာ ပို၍ဆိုးလေသည်။

ဟီး....

ဝူရှန်းမြင်းတပ်က ချဲ့ခွန်းပန်းပါးအင်အားစုကို ကျော်ဖြတ်သွားပြီးနောက် တောင်ကုန်းပေါ်တွင် တောင်တန်းကဲ့သို့ ကြီးမားသည့် ပုံရိပ်က သူ၏မြင်းနှင့်အတူ ထွက်ခွာလိုက်ပြီး ဆယ်ကျန်းကျော် လေထဲသို့ တိုက်ရိုက်ခုန်ချလျှက် ပြင်ကျယ်ပေါ်သို့ ဆင်းသက်သည်။ ဒီနည်းအားဖြင့် သာ့လွန်ရော့ကျန်းနှင့် အခြားသော သူများကို အံ့အားတကြီး ဖြစ်သွားစေသည်။

“တုဝူစစ်လီ”

သာ့လွန်ရော့ကျန်းကလည်း ထိုမြင်ကွင်းကြောင့် မျက်မှောင်ကျုံ့လိုက်သည်။

ဟော်ရှု့ဟွေ့ခမ်းကလည်း မြင်းစီးလျှက်သားနှင့်မေးသည်။

“မဟာအမတ်မင်း ငါတို့ဘယ်လိုလုပ်ကြမလဲ။ တုဝူစစ်လီက လှုပ်ရှားပြီ။ ငါတို့ အရင်ကြံစည်ထားတာနဲ့ ဆန့်ကျင်နေတယ်”

အချိန်တခဏခန့် တိတ်ဆိတ်နေပြီးနောက် သာ့လွန်ရော့ကျန်းကပြောသည်။

“သူ့ကိုသွားခိုင်းလိုက်ပါ”

သူ၏မူလ အကြံအစည်အရ အင်ပါယာမဟာဗိုလ်ချုပ်များက နောက်ဆုံး တခဏမှသာ လှုပ်ရှားရမည်ဖြစ်သည်။ သူဟာ သတိကြီးလွန်းသောကြောင့်မဟုတ်ဘဲ မဟာဗိုလ်ချုပ်များတွင် ထူးခြားသော အဆင့်အတန်း ရှိသောကြောင့်ဖြစ်၏။ သူတို့က တစ်ဖက်က မဟာဗိုလ်ချုပ်များကို လှုပ်ရှားခိုင်းလိုက်သည်နှင့် တစ်ဖက်ကလည်း အလားတူ တွက်ချက်ပြီး လှုပ်ရှားလာတော့မည်မှာ သေချာသည်။ အဆုံးသတ်တွင် မဟာဗိုလ်ချုပ် နှစ်ယောက်ကြားမှ တိုက်ပွဲဖြစ်ပွားပေလိမ့်မည်။

ထိုအခြေအနေက တိုက်ပွဲကို အနည်းငယ်သာ ကူညီပေးနိုင်ရုံသာ မကသေးလေဘဲ မဟာဗိုလ်ချုပ် နှစ်ယောက်ကြားမှ တိုက်ပွဲကလည်း သာမာန်စစ်သည်တော်များစွာအပေါ် သက်ရောက်နိုင်သေးလေပြီး နှစ်ဖက်လုံးကို အဓိပ္ပာယ်မဲ့ ဆုံးရှုံးမှုများ ဖြစ်လာစေလောက်သည်။ ထိုအတွက်ကြောင့် တိုက်ပွဲကြီးမျိုးတွင် အင်ပါယာမဟာဗိုလ်ချုပ်များက မလိုအပ်သမျှ ဝင်ရောက်ရိုး ထုံးစံမရှိချေ။ သို့ရာတွင် ယခုလို အရေးပေါ် အခြေအနေမျိုးတွင် တုဝူစစ်လီ၏ ဆုံးဖြတ်ချက်ကလည်း အကျိုးအကြောင်းသင့်လေသည်။

“ဟော်ရှု့ဟွေ့ခမ်း တုစုန့်မာန်ဖော်ကျဲ့ မင်းတို့နှစ်ယောက်လည်း သွားသင့်တယ်။ ဒီလိုနဲ့ မမျှော်လင့်ထားတဲ့ အခြေအနေတွေကို ရှောင်နိုင်တာပေါ့”

သာ့လွန်ရော့ကျန်းက ပြောလိုက်သည်။

ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့က မြင်းပေါ်တက်ကာ ထွက်ခွာကြသည်။ သူတို့၏မြင်းက ကျယ်လောင်စွာဟီလျှက် တောင်ကုန်းပေါ်မှ နဂါးများက ပင်လယ်ထဲမှ ပျံသန်းထွက်လာသလိုမျိုး ဆင်းသက်သွားကြသည်။ ဖြတ်ကနဲဆိုသလိုပင် တိုက်ပွဲနယ်မြေ တစ်ခုလုံးက စတင်ကာ တုန်ခါလာသည်။

တုဝူစစ်လီ၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့က တိုက်ပွဲနယ်မြေသို့ မုန်တိုင်းတစ်ခု ဆင်းသက်လာသလိုမျိုး ရောက်ရှိသွားကြပြီး တိုက်ပွဲနယ်မြေရှိလူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။ အဝေးရှိ အပုမူစလင်ကပင် သတိထားမိ၏။

“တိဗက်တွေနဲ့ တူရကီတွေက လှုပ်ရှားကြပြီ။ ငါတို့လည်း လှုပ်ရှားသင့်တယ်။ ငါ့ရဲ့အမိန့်ကိုထုတ်လိုက် စစ်သားတိုင်း တိုက်ခိုက်”

ဝုန်းကနဲမြည်သံနှင့်အတူ အပုမူစလင်က သူ၏ရွှေရောင်ပုလ္လင် လက်တင်ပေါ်သို့ လက်တင်လိုက်ပြီး တဖြည်းဖြည်းချင်း ထရပ်သည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်အင်အားကြီးလွန်းသည့် တိုက်ခိုက်လိုစိတ်က ပြန့်ထွက်လာသည်။

ခြိမ်း

တချိန်ထဲလိုလိုပင် တာလာ့၏ မြင့်မားသော မြို့ရိုးများထံမှ အင်အားကြီးမားသည့် စွမ်းအင်တစ်ရပ်က တုန့်ပြန်သလိုမျိုး ဖြာထွက်လာသည်။ အာရပ်တိုင်းကလည်း အရပ်ရှည်ကာ မြင့်မားသွယ်လျလွန်းသော ပုံရိပ်တစ်ခုက ဓားကိုဆွဲကိုင်လျှက် အနက်ရောင်သံချပ်ကာကို အပြည့်အဝဝတ်ဆင်ရင်း မြို့ရိုး၏ အရှေ့တောင်ပိုင်း အကျဆုံးအပိုင်းမှ နတ်ဘုရားတစ်ပါးလို ရပ်နေကြောင်း မြင်လိုက်ကြရသည်။ တစ်ဖက်သူ၏ မျက်ဝန်းက နေမင်း၏ အလင်းရောင်ထက်ပင် တောက်ပနေသေးသည်။

အချိန်တခဏတွင် အာရပ်စစ်သည်ထောင်ကျော်ကလည်း ထိုတောက်ပသော လမင်းရှေ့မှ ပိုးစုန်းကြူး အကောင်လေးများကဲ့သို့ ဖြစ်သွားသည်။

“ကောင်းရှန်းကျစ်”

အပုမူစလင်၏ကိုယ်မှ တုန်ယင်သွားသည်။ သူဟာ ယခုလေးတင် လှုပ်ရှားရန် ပြင်ဆင်ထားပြီးသည့်တိုင်အောင် ရုတ်ချည်း ရပ်တန့်သွားမိ၏။ နှစ်လကျော်ကြာ ခါးသီးစွာ ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးနောက်တွင် အပုမူစလင်က အန်းရှီကာကွယ်ရေးစစ်တပ်မှ ဗိုလ်ချုပ်ကြီးနှင့် ရင်းနှီးနေသည်။ ထိုလူက သူ၏လေးစားမှုကို ခံရသည့် မဟာထန်မှ ပထမဦးဆုံးလူသားဖြစ်ပြီး သူ၏ ရန်သူဖြစ်နေသည့်တိုင်အောင် အပုမူစလင်က ကောင်းရှန်းကျစ်ကို အများကြီး လေးစားမိသည်။ သူ၏ ခွန်အားကိုလည်း လေးစားသည်။ သူ၏ လုပ်နိုင်စွမ်းရည်ကိုလည်း လေးစားသည်။

“အရှင်မြို့စား”

ဘေးဘက်မှ အသံတစ်သံ ထွက်လာသည်။ တောင့်တင်းသန်မာသော အာရပ်ဗိုလ်ချုပ်က သံမဏိနှင့် သွေးအစိုးရကို စောင့်ကြည့်လျှက် ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်။

“ကျစ်ရကို အကြောင်းကြားလိုက်။ တိုက်ပွဲကိုဆက်ပြီး အမိန့်ပေးလိုက်ပါ။ စစ်သားတိုင်း ဆက်ပြီး တိုက်ခိုက်ကြတော့”

အပုမူစလင်က ထိုသို့ပြောပြီး ပြန်ထိုင်သည်။

သူနှင့်ကောင်းရှန်းကျစ်က တစ်ကြိမ်ထက်ပိုပြီး ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးသည်။ သူတို့တိုက်ခိုက်လျှင် တိုက်ပွဲ၏ ရလဒ်ကို ဖြေရှင်းရန် အချိန်ကြာပေလိမ့်မည်။ သူက တိုက်ပွဲတွင် အမြဲတစေ အားသာချက် ရရှိနေသည့်တိုင်အောင် အပုမူစလင်ကလည်း ကောင်းရှန်းကျစ်ကို အများကြီး အတိုက်အခံ မလုပ်နိုင်ခဲ့ပါချေ။ ကောင်းရှန်းကျစ်ကသာ ရှေ့သို့ ခြေလှမ်းထွက်လာခဲ့လျှင် မဟာဗိုလ်ချုပ်များအကြားမှ တိုက်ပွဲဆက်ဖြစ်ရန် လိုအပ်တော့မည်မဟုတ်ချေ။

ဒီလိုတိုက်ပွဲက တကယ်ကို အဓိပ္ပာယ်မဲ့တယ်။

....

“တုဝူစစ်လီ”

ထိုအချိန်တွင် အရှေ့ပိုင်းတိုက်ပွဲနယ်မြေ၊ ဒုတိယမြောက် ခုခံရေးအားလှိုင်း အနောက်ဘက်မှ ဝမ်ချောင်က ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်ကြီးက တိုက်ပွဲသို့ဝင်လာသည်နှင့် လက္ခဏာပြလာသည့် စွမ်းအင်မုန်တိုင်းများကို မြင်လိုက်ပြီး ပြုံးလိုက်၏။ သူ၏ ခွာဖြူအရိပ်မြင်းကလည်း ရှေ့သို့ထွက်သည်။

ကောင်းကင်ဘုံဝံပုလွေမဟာဗိုလ်ချုပ်

သူဟာ အနောက်ပိုင်းတူရကီ ခါကာနိတ်၏ အတော်ဆုံး မဟာဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်သည်။ ဝမ်ချောင်က သူနှင့် တစ်ကြိမ်သော်မျှ မဆုံဖူးသော်လည်း တစ်ဖက်သူနှင့် ပတ်သတ်သည့် ကောလဟာလပေါင်းများစွာကို ကြားဖူးသည်။ မဟာထန်၏ လေးစားဖွယ် ရန်သူများစာရင်းတွင် ပါဝင်နေသူ ဖြစ်သည့်အလျောက် ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်က အမြင့်ပိုင်းတွင်ပင် ရှိနေသေးသည်။ သူ၏ သိုင်းစွမ်းရည်၊ သူ၏ စစ်ပွဲတွင် အသုံးပြုသော နည်းလမ်းများအားလုံးက ကမ္ဘာပျက်ကပ် ခေတ်ကာလတွင်ပင် ခွဲခြမ်းစိတ်ဖြာရသည်အထိ ကျော်ကြားသည်။ ဝမ်ချောင်ကလည်း စစ်သည်တော်တစ်ပါးဖြစ်လာရန် အသုံးပြုခဲ့ဖူးသည်။

ငါမျှော်လင့်နေတာ

ဝမ်ချောင်က ဆက်လက်ပြီး ပြုံးနေရင်း အရှိန်နှုန်းကို မြှင့်လိုက်သည်။ သူ၏ပတ်ပတ်လည်တွင် ရှိသော ရွှီခဲ့ယွီ၏ လက်နက်ကြီးအဖွဲ့ကလည်း လျှင်မြန်စွာဖြင့် ချီတက်လာ၏။ လက်နက်ကြီးတစ်ခုပြီးတစ်ခုက မြေပြင်ကို လွှမ်းခြုံလာသည်။ ဝမ်ချောင်၏အကြံက သက်ရောက်မှုရှိကြောင်း သက်သေပြလာ၏။ အဝိုင်းခံထားရသော တိဗက်နှင့် တူရကီမြင်းတပ်က ကစဉ့်ကလျားဖြစ်နေသည်။ အဖက်ဖက်မှလာသော တိုက်ခိုက်မှုများက ကြီးမားသည့် ဆုံးရှုံးမှုကိုဖြစ်လာစေ၏။

စွစ် စွစ် စွစ်

နောက်ထပ် လက်နက်ကြီးတစ်သုတ်ခန့်က မြေပြင်ပေါ်သို့ ကျဆင်းလာသောအခါ တိဗက်နှင့် တူရကီမြင်းတပ် ထောင်ပေါင်းများစွာက မြေပြင်တွင် လဲပြိုသွားသည်။ သူတို့၏သွေးများ စီးဆင်းနေသောမြေပြင်က စိုရွှဲနေသည်။ ဘေးပတ်ဝန်းကျင်တွင်လည်း အက်ကွဲနေသော လက်နက်များရှိပြီး အချို့ကဆိုလျှင် သွေးမြူထုအဖြစ်ပင် ပြောင်းနေသေးသည်။

အဝေးမှ လီစစ်ယဲ့၏ ဝူရှန်းမြင်းတပ်ကလည်း အမြင့်ဆုံးသော အရှိန်နှုန်းကိုသုံးလျှက် မူထရီမဟာမြင်းတပ်ကို အချိန်ဆွဲထားသည်။ သူက သူတို့ကို တိုက်ရိုက် မတိုက်ခိုက်ချေ။ ထိုအစား ဖုန်မှုန့်အဆိပ် ချည်စက်ကွင်းသုံးလွှာ၏ အကျိုးကို ကောင်းကောင်း အသုံးချလျှက် သူတို့ထက်အရင် အရှေ့ရောက်အောင် အပြေးနှင်လာသည်။

“သူတို့ကိုလူစုခွဲ”

လီစစ်ယဲ့ကအော်သည်။ သူ၏ကြီးမားသောဓားကို လွှဲယမ်းမှုနှင့်အတူ သူဟာ တိဗက်နှင့် တူရကီမြင်းတပ်ကြားသို့ ချီတက်လာပြီး သူ၏လူများကလည်း နောက်မှ ချောမွေ့စွာ လိုက်ပါလာကြသည်။

“သတ်”

ဟီး....

လီစစ်ယဲ့နှင့် သူ၏မြင်းတပ် ငါးထောင်က ထိုသို့အရှိန်နှုန်းကို အရသုံးပြီး မြင်းတပ်များကို ထပ်ခါတလဲလဲ ရင်ဆိုင်နေသည်။ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်ကလည်း ဝူရှန်းမြင်းတပ်ကို မယှဉ်နိုင်လျှင် သာမာန်မြင်းတပ်အဖွဲ့ဝင်များက ပို၍ပင် ဆိုးရွားသေးသည်။ ထိုသို့ဖြင့် မြေပြင်တွင် စစ်မြင်းများအောက်တွင် နင်းချေခံရသည့် အော်သံများက စူးရှစွာ ပေါ်ထွက်လာသည်။ အကြိမ်အနည်းငယ် ဆက်လက်ချီတက်ပြီးနောက် ခွဲခြားသော လိုင်းနေရာအကြားတွင်ရှိသည့် တိဗက်နှင့် တူရကီမြင်းတပ် အားလုံးက အမြစ်ဖြတ်သုတ်သင်ခံရသည်။

“အား ဒါကဝူရှန်းမြင်းတပ်ပဲ ပြေးတော့”

“သူတို့က အင်အားကြီးလွန်းတယ်။ ငါတို့သူတို့ကို မယှဉ်နိုင်ဘူး”

“လမ်းကဖယ် လမ်းကဖယ် လမ်းကိုမပိတ်နဲ့ အား”

ဆယ်ကြိမ်ချီတက်ရင် ဆယ်ပွဲအနိုင်ရမည်အောက်မှ ဝူရှန်းမြင်းတပ်က တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ကစဉ့်ကလျားဖြစ်အောင် လုပ်လိုက်နိုင်သည်။ တိဗက်နှင့် တူရကီများကလည်း စည်းလုံးမှု မရှိတော့သလို ဝင်္ကပါအတိုင်း မလှုပ်ရှားနိုင်ကြတော့ချေ။ တိဗက်နှင့် တူရကီများကလည်း စည်းလုံးမှုမရှိတော့သလို ဝင်္ကပါအတိုင်း မလှုပ်ရှားနိုင်ကြတော့ချေ။ တိဗက်နှင့် တူရကီမြင်းတပ်အဖွဲ့ဝင် အများစုက ဝူရှန်းမြင်းတပ်၏ စွမ်းအားကိုမြင်ချိန်တိုုင်း အထိတ်တလန့်ဖြစ်ပြီး ထွက်ပြေးချင်ကြသည်။ သို့သော် ဆက်တိုက်ဝင်ရောက်လာသော စစ်သည်တော်များက သူတို့ကို ရှေ့သို့မတိုးနိုင်ရန် ပိုင်းဖြတ်ပစ်သည်။

“မျိုးမစစ်တွေ သူတို့က လွန်လွန်းအားကြီးတယ်”

ဒေါသအထွက်ဆုံး အဖွဲ့အစည်းကမူ မူထရီမဟာမြင်းတပ်ဖြစ်သည်။ အရာရှိများကလည်း သူတို့ဘက်ခြမ်းမှ ကစဉ့်ကလျားဖြစ်နေသည်ကို မြင်ရချိန်တွင် ဒေါသထွက်ကြသည်။ သူတို့က ဝူရှန်းမြင်းတပ်ထက် အနည်းငယ်သာ နှေးလေသည်။ သို့သော် ထိုသို့ နှေးကွေးမှုကတင် မူထရီမဟာမြင်းတပ်၏ အခွင့်အရေးကို ဆုံးရှုံးသွားစေသည်။ သူတို့၏အရှေ့တွင် အထိတ်တလန့်ဖြစ်နေသော စစ်သည်တော်ပေါင်းများစွာ ရှိနေလေရာ မူထရီမဟာမြင်းတပ်ကလည်း ထန်၏ အဝိုင်းခံရမှုကို ကျော်ဖြတ်ချင်လျှင်ပင် ထိုအရှေ့မှလူများကို သတ်ဖြတ်သွားရန်သာ ရှိတော့သည်။

“သွား ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ လမ်းကိုပိတ်တဲ့ကောင်တိုင်းကို သတ်ရမှာပဲ”

ဟော်ပါးစမ်းယဲ့က ထိုသို့ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် အေးစက်စွာ အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်က ရှေ့သို့ကိုင်းလိုက်လေပြီး သူ၏မျက်ဝန်းက အေးစက်မတက် တောက်ပသော အလင်းဖြင့် လက်လာသည်။

ဘန်း

သူ၏စစ်သားများက သူ၏အမိန့်ကိုမကြားခင် အနက်ရောင်အလင်းက ဖြတ်ကနဲလက်လာသည်။ ကြီးမားသော အနက်ရောင်ပုံရိပ်ကြီးက ရှေ့သို့ခုန်ထွက်သွားလေပြီး တူရကီမြင်းသည်တော် တစ်ယောက်၏ ခေါင်းကိုဖြတ်သည်။ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံနှင့်အတူ မြင်းဟီသံက ကပ်လျှက်ထွက်ပေါ်လာသည်။ ထိုမြင်းသည်တော်က ဆယ်မီတာကျော်ခန့်အထိ လွင့်ထွက်သွားပြီး လေထဲတွင် ပျံသန်းသွားသည်။

ဘုန်း ဘုန်း ဘုန်း

ဟော်ပါးစမ်းယဲ့၏ ခန္ဓာကိုယ်က ကြယ်တာရာစွမ်းအင်များဖြင့် တောက်လောင်နေပြီး သူဟာ လမ်းဖောက်သလိုမျိုး ရှေ့သို့တောက်လျှောက် ကျော်ဖြတ်သွားသည်။ ထိပ်တိုက်တွေ့ဆုံမှု အသံများက မိုးရွာနေသကဲ့သို့ ထင်ရသည်။ ထိုထဲတွင် ဟော်ပါးစမ်းယဲ့၏ နောက်ထပ် မြင်းသည်တော်ခြောက်ယောက်ကို လေထဲသို့ လွင့်ထွက်သွားအောင် လုပ်လိုက်သည့် အသံများကလည်း ကပ်ပါသည်။ လူတိုင်းကလည်း ရုတ်ချည်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်သက်သွားကြသည်။

အထိတ်တလန့်ဖြစ်နေသော တိဗက်နှင့် တူရကီမြင်းတပ်များကမူ ကြောင်တောင်တောင် ဖြစ်သွားကြသည်။ မည်သူကမှလည်း ဟော်ပါးစမ်းယဲ့က သူ့ဘက်သူ တိုက်ခိုက်လိမ့်မည်ဟု မထင်ထားမိချေ။

စွစ်

ဓားမောက်ရှည်တစ်လက်က လင်းလက်ကာ မီးတောက်လောင်လာပြီးနောက်တွင် တိဗက်မြင်းသည်တော်နှင့် သူ၏မြင်းက နှစ်ခြမ်းကွဲသွားသည်။ သူ၏မျက်နှာက အေးစက်တင်းမာနေပြီး တစ်ချိန်လုံး အေးခဲမတက် မာကြောနေသည်။ သူ၏လက်ထဲမှ ဓားမောက်ရှည်တွင် စွန်းနေသော သွေးများကလည်း တောက်လျှောက် တစ်စက်စက် စီးကျနေသည်။ သူ၏မျက်ဝန်းတွင်မူ ဂရုစိုက်ဟန်မရှိချေ။

အခန်း(၉၂၀)

ဘန်း

အချိန်အနည်းငယ် တိတ်ဆိတ်နေပြီးနောက် အထိတ်တလန့်ဖြစ်သွားသော မြင်းတပ်က နောက်ဆုံးတွင် အသိဝင်သွားကြသည်။ ဟော်ပါးစမ်းယဲ့က နောက်နေခြင်းမဟုတ်ကြောင်း သိသွား၏။ သူက သူ့လူသူ သတ်ရဲသည်။ ထို့ကြောင့် တူရကီများဆိုလျှင် ပို၍ဆိုးသည်။ သူတို့အားလုံးကလည်း အသားကုန် အော်ဟစ်ကြပြီး လမ်းမှဖယ်ပေးရန် ကြိုးစားကြသည်။

“မင်းတို့အားလုံး ငါ့ရဲ့လမ်းကဖယ်။ မဖယ်တဲ့ကောင်တွေ အသေပဲ”

ဟော်ပါးစမ်းယဲ့၏ မာကြောသောအသံက ကောင်းကင်တခွင် ပျံ့နှံ့သွားသည်။ ယွီစန်းအင်ပါယာ၏ တော်ဝင်မြို့တော်မှ အစောင့်ခေါင်းဆောင်ဖြစ်သည့်အလျောက် ဟော်ပါးစမ်းယဲ့က တုစုန့်မာန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကပင် မကျော်ရဲသော ဘောင်ကို ကျော်ရဲသည်။ ထိုမဟာဗိုလ်ချုပ်ကြီးများကလည်း ကိုယ်လူကိုယ် မသတ်နိုင်ချေ။

သို့သော် တော်ဝင်မြို့တော်မှ ခေါင်းဆောင်ဖြစ်သည့်သူက ခြားနားသည်။ တော်ဝင်အစောင့်များ၏ အရေးအကြီးဆုံး အစောင့်များက ပုန်ကန်သူများကို သတ်ဖြတ်ခြင်းဖြစ်ပြီး တော်ဝင်မျိုးဆက်များမှ သစ္စာမရှိသော အတွေးများတွေးသော စစ်သည်တော်များကို သတ်ဖြတ်ရသည်။ ကုန်လွန်ခဲ့သည့် သမိုင်းတောက်လျှောက်တွင် ယွီစန်း၏ တော်ဝင်တပ်ရင်းလေးခုက စန်းပေါ်၏အာဏာကို ဖီဆန်လိုသော အကြိမ်အနည်းငယ် ရှိခဲ့ဖူးသည်။

စန်းပေါ်ကို ကာကွယ်ပြီး တော်ဝင်မြို့တော်၏အာဏာကို လုံခြုံအောင်ထိန်းသိမ်းရန်အလို့ငှာ အစောင့်ခေါင်းဆောင်တိုင်းက တိဗက်ပေါင်းများစွာကို သတ်ခဲ့သည်။ ထိုနယ်ပယ်တွင် ဟော်ပါးစမ်းယဲ့က တုစုန့်မာန်ဖော်ကျဲ့တို့နှင့် ခြားနားသည်။

ဝုန်း

ဟော်ပါးစမ်းယဲ့၏ ဗျူဟာက လျှင်မြန်စွာပင် သက်ရောက်မှုရှိသွားသည်။ တိဗက်များနှင့် တူရကီမြင်းတပ်၏ ကစဉ့်ကလျားဖြစ်မှုကြောင့် မမြင်ရသော နံရံကဲ့သို့ ဖြစ်နေခဲ့ရာမှ အားလုံးက ဘေးဘက်သို့ လိမ့်သွားသလို ဖယ်ခွာသွားကြပြီး မူထရီမဟာမြင်းတပ်အတွက် လမ်းရှင်းပေးသည်။

“ဒီဟော်ပါးစမ်းယဲ့က တော်တော်လေးကို လေးစားဖို့ကောင်းတဲ့ တစ်ယောက်ပဲ”

နောက်တန်းမှ လီစစ်ယဲ့ကလည်း သူ၏ဓားကိုသုံးပြီး ဘေးသို့ရောက်လာသည့် တိဗက်မြင်းတပ်တိုင်းကို အသာအယာ ရှင်းလင်းနေသည်။ သူက အခြေအနေကို မြင်သောအခါ မျက်လုံးပြူးသွားမိပြီး ဒုက္ခများသော ပြိုင်ဘက်တစ်ယောက်ကို တွေ့ရကြောင်း သိလိုက်သည်။ ဟော်ပါးစမ်းယဲ့ဟာ မျှော်လင့်ထားသည်ထက် လေးစားဖွယ်ကောင်းနေသည်။ သူ၏နည်းလမ်းများက ရက်စက်သည်။ သူက ရက်စက်သော်လည်း အမှန်တကယ် သူ့လူများကို အများကြီးသတ်ခဲ့ခြင်းမဟုတ်ချေ။

သို့သော် ထိုသက်ရောက်မှုကမူ ချက်ချင်းနီးပါး တုန့်ပြန်နိုင်ပြီး အထိတ်တလန့်ဖြစ်နေသည့် စစ်တပ်အဖွဲ့ဝင် ထောင်ကျော်က သူ့အတွက် လမ်းဖယ်ပေးလိုက်သည်။

သို့သော် လီစစ်ယဲ့၏မျက်ဝန်းက တခဏခန့် ကြာပြီးနောက် ချက်ချင်းလိုလို အေးစက်သွားသည်။ တစ်ကိုယ်လုံးမှ တိုက်ခိုက်လိုစိတ်များက ပေါက်ထွက်လာသည်။

“အားလုံးပဲ ငါ့ရဲ့နောက်ကိုလိုက်ခဲ့ကြ”

သူက ချက်ချင်းဆိုသလိုပင် သူ၏ဖာဟားနား တောင်ပေါ်မြင်းကို ဟော်ပါးစမ်းယဲ့ထံ ဦးတည်ချီတက်စေသည်။ စန်းတချည်စက်ကွင်းက အနည်းငယ်ကြာဦးမည်ဖြစ်သဖြင့် လီစစ်ယဲ့ကလည်း ဟော်ပါးစမ်းယဲ့နှင့် တိုက်ခိုက်နိုင်စွမ်းရည် ရှိသေးသည်။

“သွား အားလုံးပဲ ဗိုလ်ချုပ်လီရဲ့နောက်ကိုလိုက်”

ဟွမ်ပေါ့ထန်း၏ အော်သံက တိုက်ပွဲနယ်မြေတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။

လီစစ်ယဲ့ကဲ့သို့ ရဲရင့်ပြတ်သားပြီး အရှိန်အဝါကြီးမြတ်သော ဗိုလ်ချုပ်က ဝူရှန်းရွာမှ သိုင်းရူး အလေးစားရဆုံး လူဖြစ်သည်။

ဘုန်း

မြေကြီးထဲမှ ဆင့်ခေါ်ခံရသော ကျောက်သားများနှင့် ဖြစ်တည်လာသော လက်သီးတစ်လုံးနှင့်အတူ ဟွမ်ပေါ့ထန်းက တိဗက်စစ်သည်နှစ်ယောက်ကို လွင့်ထွက်သွားစေပြီး လီစစ်ယဲ့၏နောက်သို့ သူ၏စစ်သားများနှင့်အတူလိုက်သည်။

ခုံးကျစ်အန်း၊ ဟုန်ယို့ချီတို့ကလည်း အလားတူ ပြုမူကြသည်။

မူထရီမဟာမြင်းတပ်က ကြောက်မက်ဖွယ်ကောင်းသော အင်အားစုဖြစ်သည်။ သူတို့က သာမာန်ထန်မြင်းတပ်ကိုသာ ရင်ဆိုင်ရလျှင် စွန်းကျစ်မင်နှင့် အခြားသူများက ကြီးလေးသော ဆုံးရှုံးမှုကို ခံရလောက်သည်။ ဝူရှန်းမြင်းတပ်ကသာ သူတို့ကို ကိုင်တွယ်နိုင်သည်။

“မလိုဘူး လီစစ်ယဲ့ ဟွမ်ပေ့ါထန်း ခုံးကျစ်အန်း မင်းတို့သုံးယောက် နောက်ဆုတ်လိုက်”

သူတို့သုံးယောက်က မူထရီမဟာမြင်းတပ်နှင့် တိုက်ခိုက်ရန် အသင့်ပြင်လိုက်ချိန်တွင် သူတို့၏ နားအတွင်းသို့ တည်ငြိမ်ကာ ရင်းနှီးသောအသံက ဝင်ရောက်လာသည်။ တချိန်ထဲတွင်ပင် သူတို့အားလုံးကလည်း မတူသောဘက်မှလာသည့် မြင်းခွာသံကို ကြားလိုက်ရသည်။ ထိုသို့ဖြင့် မြင်းခွာများက မြေပြင်ကိုတစ်ကြိမ် ထိချိန်တိုင်း ပို၍ကြာရှည်သော နှုန်းနှင့် လေထဲသို့ပျံတက်ပြီး မြေပြင်သို့ ပြန်ကျသည်။ ထိုဟန်ချက်တိုုင်းလာနေသော ကျော့ရှင်းကြည့်ကောင်းသော်လည်း အင်အားအပြည့်ပါသည့် ခပ်အေးအေး မျက်နှာထားနှင့် လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။

သူတို့ရည်ညွှန်းသည့် ကြာရှည်သော အဟကြားဆိုသည်မှာ စစ်မြင်းက တစ်ကြိမ်ခုန်လိုက်ချိန်တိုင်း အလွန်ကျယ်ဝန်းသော နေရာကို လှမ်းခုန်လိုက်နိုင်ခြင်းဖြစ်သည်။ ထိုအနေအထားမျိုးကို သာမာန်စစ်မြင်းများက မလုပ်နိုင်ချေ။

ဘုန်း

လေပြင်းက တိုက်ခတ်သွားသောအခါ ငယ်ရွယ်သော်လည်း ဆုံးဖြတ်ချက်ပြတ်သားပြီး အရှိန်အဝါ မြင့်မြတ်သည့် ပုံရိပ်တစ်ခုက ဖြူစွတ်နေသောခွာများကို ပိုင်ဆိုင်ထားသည့် စစ်မြင်းတစ်ကောင်နှင့်အတူ လီစစ်ယဲ့ထံ ရောက်လာသည်။

“အရှင်အမတ်”

လီစစ်ယဲ့၊ ဟွမ်ပေါ့ထန်း၊ ခုံးကျစ်အန်းနှင့် အခြားသော လူတိုင်းက ချက်ချင်းဆိုသလို ထိုလူကို မှတ်မိလိုက်သည်။

“ဒီဟော်ပါးစမ်းယဲ့ကို ငါ့တာဝန်ထားလိုက်။ မင်းတို့တွေ အခြားလူတွေကို သွားပြီးကိုင်တွယ်လိုက်ပါ။”

ဝမ်ချောင်၏အသံက ပေ့ါပါးသည်။ သူတို့၏နားအတွင်း ယုံကြည်မှုရှိသော ခံစားချက်က ဝင်ရောက်လာ၏။ သူတို့က မတုန့်ပြန်နိုင်သေးခင် ဝမ်ချောင်ဟာ ရှေ့သို့ ဒုန်းစိုင်းပြေးဝင်ရောက်သွားပြီဖြစ်သည်။ သူတို့က သူတို့၏ ပိန်ပါးကာ သွယ်လျသော ကျောပြင်ကို မြင်နိုင်ပြီဖြစ်သည်။ သို့သော် ထိုကျောပြင်က ဆုံးဖြတ်ချက် ပြတ်သားသည်။ အင်အားကြီးမားပြီး ရပ်တန့်ရန်ခက်ခဲသည်ဟု ခံစားရ၏။ မူထရီမဟာမြင်းတပ်၏ တောက်လောင်နေသော မီးတောက်ထဲသို့ ကိုယ်ပိုင်တောက်ပသည့် နေမင်းကို သယ်ဆောင်ကာ ချီတက်သွားသလို ထင်ရသည်။

သေချင်နေတာပဲ။

ဟော်ပါးစမ်းယဲ့ကလည်း ရှေ့ဆုံးမှချီတက်လာသောလူက လီစစ်ယဲ့မဟုတ်ဘဲ ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သေနာပတိချုပ် ဝမ်ချောင်ဖြစ်ကြောင်း မြင်လိုက်ရချိန်တွင် သူ၏မျက်လုံးက မှေးကျဉ်းသွားပြီး ကောင်းကင်ကိုပင် တုန်ခါသွားစေသည့် သတ်ဖြတ်လိုစိတ်က ပေါက်ကွဲသွားသည်။ လူတိုင်းကလည်း ဝမ်ချောင်ဟာ ဗျူဟာပညာတွင် အကျွမ်းကျင်ဆုံးလူတစ်ယောက်ဖြစ်သည်။ သူ၏ ကျွမ်းကျင်မှုက သိုင်းပညာမဟုတ်ကြောင်း နားလည်ထား၏။ ဝမ်ချောင်က သူ့ထံ ချီတက်လာရဲခြင်းက ဟော်ပါးစမ်းယဲ့ လိုချင်နေသောအရာဖြစ်သည်။ သူကသာ ဝမ်ချောင်ကို သတ်ဖြတ်နိုင်လျှင် မဟာထန်က ပြိုလဲသွားမည်မှာ သေချာသည်။

ဝေါင်း

ဟော်ပါးစမ်းယဲ့၏ သွေးနီရောင်မျက်ဝန်းများက တောက်လောင်လာသည်။ သူ၏အနီရောင် ဓားမောက်ရှည်က အပူလှိုင်းများကို လွှတ်ထုတ်လာပြီး သူကိုယ်တိုင်က မီးလုံးတစ်လုံးအဖြစ် ပြောင်းလဲလျှက် ဝမ်ချောင်ထံ ခုန်ဝင်သွားသည်။ မူထရီမဟာမြင်းတပ်က သူ၏နောက်မှလိုက်ကာ ချီတက်လာကြသည်။ ကြီးမားသည့် အားလှိုင်းကြီးက ရှေ့တွင်ရှိသမျှ အရာအားလုံးကို ဖယ်ရှားမိပုံပေါ်သည်။

အခြားတစ်ဖက်တွင် ဝမ်ချောင်ကမူ သူ၏ ဝု့စ်သံမဏိဓားကို ချွင်ကနဲမြည်သံနှင့်အတူ အသာအယာ ဆွဲထုတ်လိုက်ပြီး မူထရီမဟာမြင်းတပ်ထံ လုပ်ရဲကိုင်ရဲသော အရှိန်အဝါအပြည့်နှင့်အတူ ချီတက်လာသည်။

“မီးဆင်အလင်းတန်း”

“မဟာယင်ရန်သိုင်း”

“ကျယ်ပြောသော ကောင်းကင်မြေကမ္ဘာသိုင်း”

ဝမ်ချောင်နှင့် ဟော်ပါးစမ်းယဲ့တို့က သူတို့၏ အင်အားအကြီးဆုံး သိုင်းများကို ထုတ်သုံးလိုက်ကြသည်။ နှစ်ဖက်လုံးကလည်း ဆန့်ကျင်ဘက်အရပ်မှ ကြယ်ကြွေကာ ထိပ်တိုက်ရင်ဆိုင်သလိုမျိုး နီးကပ်သွားကြသည်။ တစ်ဖက်က တောက်လောင်နေသော မီးတောက်များနှင့် ဆင်တစ်ကောင်ဖြစ်ပြီး ဆယ်မီတာကျော်ခန့်အထိမြင့်သည်။ အခြားတစ်ဖက်ကမူ နေမင်းနှင့်လမင်း၏ပုံရိပ် ရှိနေသည်။

ဘုန်း

အပူလှိုင်းများက အရပ်မျက်နှာအနှံ့ လွင့်စင်သွားသည်။ အားဆိုသော အသံများက ပေါ်ထွက်လာချိန်တွင် ဟော်ပါးစမ်းယဲ့နှင့် မူထရီမဟာမြင်းတပ် အယောက်နှစ်ဆယ်ခန့်က ပြိုင်ဘက်ကင်းပြီး ရွေ့လျားရန်ခက်ခဲသည့် နံရံတစ်ခုကို ဝင်တိုးမိသလို ခံစားလိုက်ရသည်။ သူတို့က အရပ်မျက်နှာအနှံ့ လွင့်စင်သွားကြ၏။

ကောင်းကင်ထိတိုင် တောက်လောင်နေသည့် မီးတောက်များက အဆုံးအစမဲ့သော်လည်း ထိုမီးညွှန့်များ၏ အဆုံးတွင် ဝမ်ချောင်ဟာ မယိမ်းယိုင်နိုင်သော တောင်တန်းကြီးတစ်ခုအလား ရပ်နေသည်။ မည်သည့်မီးတောက်ကမှ သူ့ထံ မသက်ရောက်ချေ။ မရေမတွက်နိုင်သော လူပေါင်းများစွာက ထိုမြင်ကွင်းကြောင့် မှင်သက်သွားကြသည်။ သာ့လွန်ရော့ကျန်းကပင် စွံ့အသွား၏။

အနောက်တောင်ပိုင်းမှ တိုက်ပွဲတွင် ဝမ်ချောင်၏ စစ်အနုပညာကို ဖမ်းဆုပ်နိုင်စွမ်းအားကို သူကိုယ်တိုင် ခံစားခဲ့ရသည်။ သို့သော် ဝမ်ချောင်၏သိုင်းက နောင်ဖြစ်လာမည့် ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည့် ဟော်ပါးစမ်းယဲ့ကပင် မယှဉ်နိုင်သော အတိုင်းအတာအထိ ရောက်ရှိသွားလိမ့်မည်ဟု မထင်ထားမိချေ။

“သတ်”

အဖက်ဖက်မှ အော်ဟစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဟော်ပါးစမ်းယဲ့၏ အရှုံးက မူထရီမဟာမြင်းတပ် အဖွဲ့ဝင်များအား စိတ်ဓာတ်မကျစေဘဲ သူတို့၏ သတ်ဖြတ်လိုစိတ်ကိုသာ နှိုးဆွလိုက်သည်။

ခြိမ်း

မူထရီမဟာမြင်းတပ်ထောင်ကျော်က ကြီးမားသော အားလှိုင်းလုံးကြီးကဲ့သို့ ရှေ့သို့ လိမ့်တက်လာပြီး သူတို့၏ ထက်ရှကာ တောက်လောင်နေသည့် သွေးနီရောင်ဓားမောက်ရှည်များဖြင့် ဝမ်ချောင်ကို ချိန်ရွယ်ကာ ခုတ်ပိုင်းရန် ကြိုးစားလာကြသည်။

အင်အားအကြီးဆုံး မြင်းတပ်ထောင်ကျော်ကို လူတစ်ယောက်တည်းက ရင်ဆိုင်နေရခြင်းဖြစ်သည်။

မည်သူကမှလည်း ထိုသို့ တစ်ချိန်ထဲတွင် မြင်းတပ်အဖွဲ့ဝင်ထောင်ကျော်ကို ရင်မဆိုင်နိုင်ကြချေ။ ရှားမကပင် သူတော်စင်သိုင်းနယ်မြေအဆင့်သို့ ရှိလင့်ကစား အထိတ်တလန့် အနေအထားမျိုးနှင့် ထွက်ပြေးရသော ဝံပုလွေတစ်ကောင်အဖြစ် ပြောင်းခဲ့ရသည်။ သို့ရာတွင် ဝမ်ချောင်ကမူ ဒေါသတကြီး လိမ့်တက်လာသည့် မူထရီမဟာမြင်းတပ်၏အရှေ့တွင် တည်ငြိမ်စွာရပ်လျှက် ပြုံးနေသည်။

ဝုန်း

ဝမ်ချောင်က လက်ကောက်ဝတ်ကို အသာလှုပ်ယမ်းလိုက်သည်။ ဖြတ်ကနဲ လင်းလက်သွားချိန်တွင် သူနှင့် ကျန်းငါးဆယ်အတွင်းရှိ လေပြင်းက ဟိန်းဟောက်လာသည်။ လေးသည်တော်များက အထိတ်တလန့် အော်ဟစ်ကြ၏။ မမြင်ရသော စွမ်းအားတစ်ရပ်က သူတို့၏စစ်မြင်းများကို ထိန်းချုပ်သွားပြီး သူတို့၏ ချီတက်မှုကို နှောင့်နှေးသွားစေလျှက် ခပ်ကြမ်းကြမ်း ရပ်စေသည်။

ဘန်း ဘန်း ဘန်း ဘန်း

ထိုသို့ဖြင့် သက်ရောက်မှုအားက ပြင်းထန်လွန်းပြီး မူထရီမဟာမြင်းတပ်က ဝမ်ချောင်၏ လဲဖြိုမှုကြောင့် အချင်းချင်း ထိပ်တိုက်တွေ့ကြကာ ကြိုးဖြင့်ဆွဲသော ရုပ်သေးရုပ်များကဲ့သို့ ဝရုန်းသုန်းကား ရိုက်ခတ်မိကြသည်။ စစ်မြင်းများကဟီသည်။ ထို့နောက် စူးရှစွာအော်၏။ သူတို့က ဖုန်တိမ်စိုင်များ အစပျိုးရာနေရာသို့ ပြုတ်ကျကြသည်။

မျက်တောင်တစ်ခတ် အချိန်အတွင်း ဝမ်ချောင်ဟာ မူထရီမဟာမြင်းတပ်အား ပြိုလဲကျသော ပုံရိပ်များအဖြစ် ပြောင်းလဲလိုက်သည်။ ထိုအပြောင်းအလဲက နောက်တန်းတွင် ရှိနေသေးသည့် မူထရီမဟာမြင်းတပ် အဖွဲ့ဝင်များကို ရုတ်ချည်းရပ်တန့်လိုက်မိစေသည်။ အချိန်မှီ မရပ်တန့်နိုင်သော အဖွဲ့ဝင်များကမူ သူတို့၏ အပေါင်းအဖော်များနှင့် ဝင်တိုးမိကာ လဲပြိုကျပြန်သည်။

ဝမ်ချောင်၏ အရှေ့ဘက် ကျန်းငါးဆယ် နယ်မြေတစ်ခုလုံးက ဖျက်ဆီးခြင်း နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မည်သည့်မူထရီ မဟာမြင်းတပ်ကမှ မရပ်နိုင်ကြချေ။

မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း

ဝမ်ဟယ်ဖေးလော့၏စွမ်းအင်ကို စုပ်ယူပြီးနောက် ဝမ်ချောင်ဟာ သူတော်စင်သိုင်းနယ်မြေအဆင့် ခုနှစ်သို့ တက်ရောက်နိုင်ခဲ့ပြီး ထိုအဆင့်မြှင့်သိုင်း၏ ပို၍ သေသပ်ကောင်းမွန်သော ထိန်းချုပ်နိုင်စွမ်းအားကို သုံးနိုင်သွားစေသည်။ ထိုသိုင်းက သူ့အား သူနှင့်ကျန်းတစ်ဆယ်ကျော် ဝန်းကျင်အတောအတွင်းတွင် ရှိသော မည်သည့်မြင်းတပ် အဖွဲ့ဝင်ကိုမဆို ထိန်းချုပ်နိုင်စွမ်းအားရှိသွားစေပြီး သူ့လက်ပေါ်မှ ကစားစရာအဖြစ် ပြောင်းနိုင်စေသည်။

မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို သုံးခြင်းအားဖြင့် ဝမ်ချောင်ဟာ အဖွဲ့ဝင် ထောင်ကျော်ကို ရင်ဆိုင်ရလျှင်ပင် ဂရုစိုက်ရန် မလိုအပ်သေးချေ။ သူ၏ ခပ်အေးအေး အမူအရာကလည်း သူဟာ မောပန်းနွမ်းနယ်ခြင်းပင် မရှိကြောင်း ဖော်ပြနေသည်။

သို့ရာတွင် ထိုသို့ ယုံကြည်လက်ခံနိုင်ခြင်း မရှိလောက်အောင် ပြင်းထန်သည့် မြင်ကွင်းမျိုး ဖြစ်နေလင့်ကစား ဝမ်ချောင်ဟာ သံမဏိကို ပူတုန်းမထုဘဲ ထုမူထရီမဟာမြင်းတပ်များကို မသတ်ခဲ့ချေ။ သူ၏အကြည့်က အခြားတစ်နေရာသို့ပြောင်းသွားသည်။ နတ်ဘုရားကဲ့သို့ ထင်ရသည့် ပုံရိပ်တစ်ခုက အရှိန်အဝါမြင့်မားသော တောင်ပေါ်မြင်းကို စီးနင်းလျှက် သူ့ဆီ ဒုန်းစိုင်းအပြေးနှင်လာသည်။ သူ၏ပတ်ပတ်လည်တွင်လည်း လေပြေမုန်တိုင်း စွမ်းအင်များက သိပ်သည်းလျှက် ရှိနေသည်။

“ကောင်စုတ်လေး မင်းမှာ ဒီလိုစွမ်းအင်မျိုး ရှိနေမယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ မင်းရဲ့သိုင်းက ဘယ်လောက်မြင့်မြင့် ဒီနေ့တော့ တာလာ့က မင်းရဲ့သင်္ချိုင်းပဲ”

တုဝူစစ်လီ၏ အသံက မိုးခြိမ်းတမျှကျယ်သည်။ သူဟာ အထင်သေးပြီး မြင့်မားလွန်းသည့် လွှမ်းမိုးနိုင်စွမ်းအား အပြည့်နှင့် အမြင့်တစ်နေရာမှ ဆင်းသက်လာသလို ထင်ရသည်။

ဟီး....

ထိုစကားလုံးများက လေထဲတွင် ဟိန်းထွက်နေချိန်တွင် တုဝူစစ်လီ၏မြင်းကဟီသည်။ ထို့နောက် သူတို့ဟာ ခုန်တက်ပြီး အလွန်ဝေးကွာသော တစ်နေရာသို့ ရောက်ရှိလာ၏။ လေထဲသို့ ရောက်ရှိသည့် အချိန်တွင်ပင် ကျန်းတစ်ဆယ်ကျော်ကို တိုက်ရိုက် ကျော်ဖြတ်သွားသေးသည်။ သူ၏နောက်တွင် တောက်လောင်နေသော မနက်ခင်း အလင်းရောင်နှင့်အတူ တုဝူစစ်လီ၏ မျက်နှာက အရိပ်အောက်သို့ ရောက်နေသည်။ ထိုနည်းအားဖြင့် သူနှင့်မြင်းက အနက်ရောင် အလင်းတန်းအဖြစ်သာ ပြောင်းနေသည်။

ထိုတခဏတွင် တုဝူစစ်လီဟာ ကြီးမားလွန်းသော လူထွားကောင်ကြီးအလား ထင်ရသည်။ သူ၏ခန္ဓာကိုယ်က ခြောက်ခြားဖွယ်ကောင်းသော အရှိန်အဝါကို လွှတ်ထုတ်နေပြီး အရာအားလုံးကို အုပ်စိုးမင်းမူနိုင်ပုံပေါ်သည်။ ကောင်းကင်ကိုယ်တိုင်ကပင် အပိတ်ဆို့ခံရ၏။ တုဝူစစ်လီက လေထဲမှ ခုန်ဆင်းလာချိန်တွင် လူတိုင်းကလည်း သူတို့ဟာ နိမ့်ကျပြီး အသုံးမဝင်သော ဖြစ်တည်မှုများဖြစ်သလို တစ်ဖက်မှ ဆင်းသက်လာသည့် နတ်ဘုရားအရှေ့မှ ပုရွက်ဆိတ်များဟုသာ ခံစားလိုက်ကြရသည်။

All Chapters