← Chapters

အခန်း (၉၃၁-၉၃၅)

Vol. 52 Ch. 931-935

အခန်း (၉၃၁-၉၃၅)

Vol. 52 Ch. 931-935

အခန်း(၉၃၁)

ဝမ်ချောင်က မြို့ရိုးပေါ်တွင်ရပ်နေသည်။ သူ၏အဝတ်က တိုက်ခတ်လာသော ဖုန်မှုန့်များပါသည့် လေနှင့်အတူလွင့်သည်။ သူဟာ အဝေးသို့ ကြည့်လိုက်သည့်အခိုက် သူ၏ကိုယ်မှ ယုံကြည်မှုရှိပြီး ကျော့ရှင်းကြည့်ကောင်းသော အရှိန်အဝါက ထွက်ပေါ်လာသည်။

“မီးတုတ်တွေထွန်းလိုက်”

ဝမ်ချောင်က လက်ဟန်အမူအရာပြသည်။ ချက်ချင်းဆိုသလိုပင် မြို့ရိုးတောက်လျှောက်တွင် ရှိသမျှ မီးတုတ်တိုင်းက ထိန်လင်းတောက်ပလာသည်။

ချွင် ချွင် ချွင်

မြို့ရိုးပေါ်မှ ဆီမီးအိမ်ကြီးများက ချိန်းကြိုးတောက်လျှောက် လင်းထိန်သွားပြီး အမှောင်အရိပ်ကျသော ထောင့်နေရာတိုင်းကိုပင် အလင်းများပေးသည်။ သံမဏိခုခံရေးအားလှိုင်းကို ခြုံခိုတိုက်ခိုက်ချင်သော အာရပ်နှင့် တိဗက်များပင်ဖြစ်စေ၊ အမှောင်ထုကို အားယူကာ တာလာ့၏ မြို့ရိုးပေါ်သို့ တက်ချင်သူများပင်ဖြစ်စေ၊ အသုံးပြုရန် မျက်ကွယ်နေရာ မရှိနိုင်တော့ချေ။

အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ သို့သော် တိဗက်၊ ထန်နှင့် အာရပ်စခန်းများက တိတ်နေကြ၏။ သုံးဘက်လုံးက အလွန်အမင်း ချုပ်ထိန်းနေကြပြီး သူတို့၏ ကိုယ်စီရေးရာကိစ္စများကိုသာ အာရုံစိုက်ထားကြသည်။ ထိုအခြေအနေက ညအလွန်နက်သော အချိန်ကာလအထိ ဖြစ်တည်နေပြီး ကျစ်ကာလအထိ ဆက်ဖြစ်သွားသည်။

တာလာ့ဝန်းကျင်မှ စိတ်အခြေအနေကမူ မအေးဆေးနိုင်ချေ။ ပို၍သာ တင်းကြပ်လာသေး၏။ တာလာ့၏ အရှေ့၊ အနောက်ပိုင်းကပင်ဖြစ်စေ အလယ်နေရာတွင်ဖြစ်စေ စစ်သည်တော်တိုင်းက သတိအပြည့် နေကြရပြီး အာရုံအပြည့် စိုက်ထားရကာ မှောင်လာသည်နှင့်အမျှ သတိပိုကပ်ထားကြရသည်။

ကျစ်ကာလကုန်လွန်သွားသည့်အခိုက် အမှောင်ထုက ပို၍သိပ်သည်းလာသည်။ ထိုသို့ဖြင့် ငိုက်မြည်းမှုများက ပြင်းထန်လာသည်။

လူတိုင်းကလည်း ထိုကဲ့သို့သော ကာလမျိုးတွင် ညပိုင်းဝင်စီးမှုများက မကြာခဏဖြစ်တတ်ကြောင်း နားလည်နေကြသည်။

တိုက်ပွဲနယ်မြေ အရှေ့ဘက်အကျဆုံးအပိုင်းတွင် လင်းတများ၏ အော်သံက တောက်လောင်နေသော မီးပုံမီးအထက်မှ စတင်ကာ ပျံ့နှံ့လာသည်။ တိဗက်စစ်သည် ခြောက်ထောင်ဝန်းကျင်ခန့်က ထိုမီးပုံမီးဖြင့် ဖွဲ့စည်းထားသော နယ်နိမိတ်နားတောက်လျှောက် ကင်းလှည့်နေကြခြင်းဖြစ်သည်။ သူတို့က ကင်းလှည့်နေသော နေရာတွင်လည်း အသစ်စက်စက် တည်ဆောက်ထားသည့် ခြံစည်းရိုးများ၊ ဆူးအကာအရံများရှိနေပြီး မြင့်မားသော စောင့်ကြည့်မျှော်စင်များလည်းရှိသည်။

ထိုအခြေအနေကို ကြည့်ရုံနှင့်တင် ယွီစန်းမှ လူများက ဗဟိုပြင်ကျယ်၏ ဗျူဟာကို မည်မျှလျှင်မြန်စွာ ရွေးထုတ်သုံးစွဲနိုင်ကြောင်း မျှော်လင့်ကြည့်ရန်ခက်ခဲသည်။

ထိုနေရာ၏ အရှေ့ဆုံးတွင်ရပ်နေသော တိဗက်ဗိုလ်ချုပ်ကြီးတစ်ယောက်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

“အာရုံအပြည့်စိုက်ထားကြ။ မဟာထန်ရဲ့ ဗိုလ်ချုပ်က ချောင်းတိုက်ရတာကိုကြိုက်တယ်။ မင်းတို့ မျက်လုံးတွေကို စူးရှအောင် ထိန်းထားကြ။ ထန်တစ်ယောက်မှ အဟကြားကို မကျော်လာစေနဲ့”

“ဟုတ်ကဲ့”

တိဗက်စစ်သည်တော်များက အမျိုးမျိုးသော စောင့်ကြည့်အမတ်များမှတဆင့် အသံပြန်ပြုကြသည်။ သူတို့၏ ကြောက်ရွံ့ရိုသေမှု ပြင်းထန်နေသော မျက်ဝန်းများက စူးရှသော ဟွက်များကဲ့သို့ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြသည်။ ထိုသို့သော အခြေအနေမျိုးတွင် မည်သူမှ တွေ့ရှိခြင်းမရှိဘဲ တိဗက်ခုခံရေးအားလှိုင်းကို ကျော်ဖြတ်ရန် မဖြစ်နိုင်ချေ။

ဒုန်း ဒုန်း ဒုန်း

တိဗက်မြင်းတပ်က ဖုန်တိမ်စိုင်များကို ကျော်ဖြတ်လျှက် ညအမှောင်အတွင်း ကင်းလှည့်နေသည်။

အပြည့်ကြပ်ညပ်နေသော ကင်းလှည့်သောအဖွဲ့နှင့် မြောက်များလှစွာသော ကင်းထောက်အဖွဲ့ဝင်များ အားလုံးက လေကပင် ထိုးဖောက်ဝင်၍ မရနိုင်အောင် ပြည့်ကြပ်သော အကာအကွယ် အရံအတားအဆီး တစ်ခုကို ပြုလုပ်ထားကြသည်။ ထိုအတွက် တိဗက်နှင့် တူရကီစခန်းများ၏ လုံခြုံရေးက သေချာနေပေလိမ့်မည်။

အချိန်က ကုန်လွန်သထက် ကုန်လွန်လာသည်။ လမင်းကို အနက်ရောင်တိမ်စိုင်များက လွှမ်းခြုံသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ပို၍မည်းမှောင်သွား၏။

အချိန်တစ်ခုကြာပြီးနောက်

ဒုန်း ဒုန်း ဒုန်း

တိဗက်စခန်း၏ တောင်ဘက်ခုခံရေးအားလှိုင်း အပြင်ဘက်တွင် မြင်းခွာသံများ ထွက်လာလေရာ တိဗက်အဖွဲ့ဝင်တိုင်းက သတိအပြည့်ကပ်ထားကြသည်။

“အဲ့ဒီမှာဘယ်သူလဲ”

အမြင့်တစ်နေရာမှ စောင့်ကြည့်ရသော နေရာကိုသာ ဝင်ယူထားသည့် တိဗက်တစ်ယောက်က ရုတ်တရက် လှည့်လာလေပြီး ကြီးမားသော လေးကြီးကို ဆွဲလိုက်သည်။ ထက်ရှသောမြှားက ဆူညံသံလာရာဘက်သို့ ချိန်ထားသည်။ တစ်ချိန်ထဲလိုလို ကျန်းတစ်ရာဝန်းကျင်အတွင်းရှိ ကင်းလှည့်သော မြင်းတပ်အဖွဲ့ဝင်ကလည်း အပြေးအလွှားရောက်လာပြီး သံချပ်ကာချင်း ထိခတ်သံတိုးတိုးနှင့် မြင်းဟီသံများကို အဖော်ပြုလာသည်။

မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာက တဖြည်းဖြည်းချင်း ချဉ်းကပ်လာသည့် မြင်းခွာအသံပိုင်ရှင်သို့ ချိန်ရွယ်ထားသည်။ မီးပုံမှ မီးအလင်းရောင်ကို ကျော်ဖြတ်လျှက် လျှင်မြန်စွာ ချဉ်းကပ်လာသော ပုံရိပ်များကို မြင်လိုက်ရသည်။

“မတိုက်ခိုက်နဲ့ ငါတို့က မင်းတို့ဘက်ကပဲ”

အမှောင်ထုထဲမှ အထိတ်တလန့်ဖြစ်နေသော တိဗက်အဖွဲ့ဝင်တစ်ယောက်၏ အသံက ထွက်လာသည်။ ထိုအသံနှင့်အတူ ရင်းနှီးကျွမ်းဝင်သော စကားလုံးများကို ကြားလိုက်သည့်အခိုက် ကင်းစောင့်နေကြသော လူများက ပို၍ပင် သတိကြီးကာ စိုးရိမ်သွားကြသည်။

စွစ်

မြှားက လေတိုးသံနှင့်အတူ အမှောင်ထုကိုထိုးခွဲသွားပြီး ချဉ်းကပ်လာသော ပုံရိပ်များ၏ ရှေ့တည့်တည့်သို့ စိုက်ရောက်သွားသည်။

“အခုချက်ချင်းရပ်စမ်း မင်းတို့ရဲ့မြင်းပေါ်ကဆင်းပြီး ဦးထုပ်တွေချွတ်လိုက်။ မင်းတို့ရဲ့မျက်နှာကို ငါကြည့်ချင်တယ်”

“ဒါကမဟာအမတ်မင်းရဲ့ အမိန့်ပဲ။ ဖီဆန်တဲ့လူတိုင်းကို ကွပ်မျက်ရမယ်”

ထိုကင်းစောင့်စစ်သည်တော်က အော်ဟစ်လိုက်သည်။ သူကပြောနေရင်းမှ ဘေးဘက်မျှော်စင်နားတွင် ရှိသော မီးတုတ်တစ်ခုကို ပစ်လိုက်သည်။

ထိုမီးတုတ်က တောက်လောင်သော အလင်းကွေးတစ်ခုအဖြစ် ပြောင်းလဲပြီး လေထုကို ထိုးခွဲသွားသည်။ သို့သော် မြှားတစ်စင်းက ဖြတ်ဝင်လာလေပြီး မီးတုတ်က အလယ်တည့်တည့်တွင် ပစ်ခံရသည်။

“ဟား ဟား ဟား သာ့လွန်ရော့ကျန်းက တကယ်လေးစားဖို့ ထိုက်တန်ပါပေတယ်။ ဒီအတွက်တောင် ပြင်ဆင်ထားတာပဲ။ ညီအစ်ကိုတို့ နောက်ဆုတ်တော့”

တိဗက်ဘာသာစကားနှင့် ဝမ်းသာအားရပြောသော အသံက ထွက်လာပြီးနောက် ထိုပုံရိပ်က လက်ကိုမြန်မြန် ချယမ်းလိုက်ကာ စစ်သည်တော်များကို ဦးဆောင်ကာ ပြန်ထွက်သွားသည်။ မီးပုံအလင်းထဲသို့ပင် မဝင်ရောက်လာခဲ့ချေ။

“နောက်ကလိုက်”

တိဗက်များကလည်း ဘာဖြစ်သွားမှန်း မသိသေးခင် ဒေါသတကြီး အော်ဟစ်သံများနှင့် လိုက်ဖမ်းသော မြင်းခွာသံများကို ကြားရသည်။

“ရပ်စမ်း အခုပြန်လာခဲ့”

ကြွက်သားအပြည့်နှင့် သန်မာသော တောင်ပေါ်မြင်းကို စီးနင်းသည့် တိဗက်အရာရှိတစ်ယောက်က မြင်းဒုန်းစိုင်းစီးပြီး ရှေ့သို့သွားကာ တစ်ဖက်စစ်သားများကိုတားသည်။

“မဟာအမတ်က အမိန့်ပေးထားတယ်။ နောက်ကလိုက်စရာမလိုဘူး။ မှတ်ထား သူတို့က ခြုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်ထားလောက်တယ်”

မြင်းဟီသံများက ခပ်မြန်မြန် ညိမ်သက်သွားပြီး လိုက်ဖမ်းသော တိဗက်မြင်းတပ်ကလည်း ချောမွေ့စွာဖြင့် နောက်ဆုတ်လာကြသည်။

“ဒီတိဗက်တွေက တော်တော်လေး လေးစားဖို့ကောင်းတာပဲ။ သူတို့ထဲက တစ်ယောက်ကမှ ငါးစားမဟပ်ကြဘူး”

စွန်းကျစ်မင်ကလည်း အမှောင်ထုအတွင်း နောက်ဆုတ်သွားသော တိဗက်များကို ကြည့်ပြီး သူ၏မျက်ဝန်းအတွင်း စိတ်ဝင်စားသောအလင်းက လက်လာသည်။

စွန်းကျစ်မင်၏အနောက်တွင် အနောက်တောင်ပိုင်းက စစ်ပွဲကို ဝင်ပါခဲ့ဖူးသော မြင်းသည်တော်တော် တစ်ယောက်က ဝင်ပြောလာသည်။

“သာ့လွန်ရော့ကျန်းက တော်တော်လေး လေးစားဖို့ကောင်းပါတယ်။ သူကလည်း ဉာဏ်ပညာရှိ အမတ်မင်းဆိုတဲ့ ကျော်ကြားမှုနဲ့ ထိုက်တန်တာပဲ။ အရှင်အမတ်ကတောင် သူ့ကိုချီးကျူးရတယ်။ ပိုဆိုးတာက သူက အရှင်အမတ်ရဲ့ အနောက်တောင်ပိုင်းက ချောင်းတိုက်တဲ့ အကွက်တွေကို ကျွမ်းကျင်ပြီးသားလေ။ ဒီတော့ ကြိုတင်သတိကပ်ထားမှာပေါ့။ ငါတို့ရဲ့လှုပ်ရှားမှုက သူတို့အတွက် အသုံးမဝင်ဘူး”

“သူက ဒီလိုသတိကြီးနေတာ ပိုပြီးပျော်စရာမကောင်းဘူးလား။ အခုတော့ နောက်ဆုတ်ရအောင်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ တိဗက်တွေနဲ့ကစားဖို့ တစ်ညလုံး အချိန်ရှိပါသေးတယ်”

စွန်းကျစ်မင်က ပေါ့ပါးစွာရယ်သည်။ ထိုသို့ဖြင့် သူ၏လူများကိုခေါ်ကာ အမှောင်ထု၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဦးဆောင်ထွက်ခွာသွားသည်။

ထိုအချိန်တွင် ထန်များက တိဗက်အဖြစ်ရုပ်ဖျက်လျှက် တိဗက်စခန်းကို ဝင်စီးရန် ကြိုးစားသည်ဆိုသော စကားက တောင်ကုန်းပေါ်တွင်ရှိသော ဗိုလ်ချုပ်၏ ရွက်ဖျင်တဲထံရောက်လာသည်။ ထိုရွက်ဖျင်တဲက မီးများကို တောက်ပအောင် ထွန်းညှိထားသည်။ ကုန်းမြေတစ်ခုလုံး၏ အဖိုးတန်မြေပုံကလည်း ပိန်းပိတ်အောင် မည်းမှောင်သော စားပွဲဝိုင်းကြီးပေါ်တွင် ခင်းထား၏။ စားပွဲ၏ဘေးနားတွင် ထိုင်နေသောလူက သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့နှင့် တုဝူစစ်လီတို့ဖြစ်သည်။

“မဟာအမတ်မင်း ခန့်မှန်းထားတဲ့အတိုင်းပဲ။ ဒီကောင်လေးက ဒီအကွက်ကိုထပ်သုံးပြီး ငါတို့ကို စမ်းချင်တာ”

ဟော်ရှု့ဟွေ့ခမ်းက ထိုသတင်းကိုကြားသောအခါ နှာခေါင်းရှုံ့ကာရယ်သည်။

“ဟား ဟား သူက တူညီတဲ့နည်းလမ်းကို နှစ်ကြိမ်သုံးတယ်ဟုတ်လား။ ငါကသူ့ကို အထင်ကြီးမိသွားတာ ထင်ပါတယ်”

သာ့လွန်ရော့ကျန်းကလည်း ခပ်အေးအေးရယ်သည်။ သူ၏အမြင်တွင် ဝမ်ချောင်ဟာ သူ၏စွမ်းအင်အချို့ကို ဖုံးကွယ်ထားသည်မှာ ရှင်းလင်းနေသည်။ ထိုကလေးဆန်သော အဓိပ္ပာယ်မဲ့သည့် လှည့်ကွက်များကို ထုတ်သုံးရန် မဖြစ်သင့်ချေ။

“ဒီတစ်ညလုံး ဒီတိုင်းသာဆိုရင် ငါတို့ဒီည အေးအေးဆေးဆေး အိပ်လို့ရတယ်”

“သူ့မှာရှိတဲ့ အကွက်တွေက ကုန်သွားတာများလား။ မဟာအမတ်မင်း သူ့ကို နည်းနည်းလောက် အထင်ကြီးမိသွားတာများလား”

တုဝူစစ်လီက နောက်ဆုံးတွင် ဝင်ပြောလာသည်။ သူ၏ လေသံထဲတွင်လည်း အငြိုးတရားအချို့ကို ထည့်သွင်းထား၏။

“သူကဒီတိုင်း ဆယ်ကျော်သက်ပါပဲ။ သူက သန္ဓေသားလောင်းဘဝကတည်းက စစ်အနုပညာနဲ့ သိုင်းပညာတွေကို စသင်ကြားခဲ့တာတော့ မဟုတ်လောက်ဘူးမဟုတ်လား”

သူဟာ ဝန်ခံချင်စိတ် မရှိသေးသည့်တိုင်အောင် သူ၏ဘဝတွင် ပထမဦးဆုံးအကြိမ်နှင့် သူ၏ ကောင်းကင်ဘုံဝံပုလွေ နတ်ဘုရားဝင်ပူးခြင်းဝင်္ကပါက အနိုင်မယူနိုင်သည့် ပြိုင်ဘက်မျိုးကို ရင်ဆိုင်ရခြင်းဖြစ်သည်။ တစ်ဖက်သူ၏ ခြုံငုံခွန်အားနှင့် ကျင့်ကြံခြင်းအဆင့်က သူ့ထက်ပင် နိမ့်သေးသည်။ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကဲ့သို့ မဟာဗိုလ်ချုပ်ကြီးများ၏အရှေ့တွင် ဖြစ်ပျက်ခဲ့သောကြောင့် တုဝူစစ်လီကလည်း သူဟာ သိက္ခာကျသည်ဟု ခံစားရသည်။ တုစုန့်မာန်ဖော်ကျဲ့က ခေါင်းကိုငုံ့လိုက်သည်။ သူက ထိုစကားလုံးများကြောင့် မျက်မှောင် အနည်းငယ် ကျုံ့သော်လည်း ဆက်မပြောချေ။

“ဟား ဟား ဗိုလ်ချုပ်ရဲ့စကားတွေက သင့်တော်ပါတယ်။ ဒါပေမဲ့ သတိထားလို့ မှားတာတော့ မရှိဘူးပေါ့။ ငါတို့တွေ ဘယ်လိုမတော်တဆမှုကိုမဆို မဖြစ်လာအောင် သတိထားတာ အကောင်းဆုံးပဲ”

သာ့လွန်ရော့ကျန်းကရယ်သည်။ သူကလည်း ပြန်မငြင်းပါချေ။

သာ့လွန်ရော့ကျန်းက သူ့ကိုတစ်ကြိမ်ရှုံးအောင် လုပ်ခဲ့ဖူးသော ပြိုင်ဘက်ကို ဘယ်သောအခါမှ အထင်သေးလိမ့်မည်မဟုတ်ချေ။ သို့သော် တုဝူစစ်လီကိုလည်း ရှင်းပြရန် မလိုအပ်ချေ။

“မဟာအမတ်မင်း ကင်းလှည့်တဲ့အဖွဲ့ထဲ ငါဝင်ပါဖို့လိုလား”

တုစုန့်မာန်ဖော်ကျဲ့က ရုတ်တရက် ကမ်းလှမ်းသည်။

“ဒီလိုဆိုရင် ထန်တွေတစ်ခုခုလုပ်ဖို့ ကြိုးစားလာတဲ့အခါ ငါချက်ချင်းလှုပ်ရှားပြီး သူတို့ကို နောက်မဆုတ်နိုင်အောင် ချက်ချင်းဖြတ်တောက်လိုက်လို့ရတယ်”

“မလိုဘူး”

သာ့လွန်ရော့ကျန်းက မျက်မှောင်ကျုံ့လိုက်ပြီး တုစုန့်မာန်ဖော်ကျဲ့၏ ကမ်းလှမ်းမှုကို ငြင်းဆန်သည်။ တြိဂံပုံမြေကွက်လပ်က တိုက်ပွဲတွင် သာ့ယန်မာန်ပန့်က အသတ်ခံခဲ့ရပြီး တုစုန့်မာန်ဖော်ကျဲ့၏ စစ်သည်တစ်သောင်းကျော်က အရှင်းခံရလုနီးပါး ဖြစ်သွားခဲ့သည်။ ထိုတိုက်ပွဲပြီးကတည်းက တုစုန့်မာန်ဖော်ကျဲ့က အလွန်စိုးရိမ်စိတ်များလွန်းနေပြီး ကလဲ့စားချေလိုခဲ့ကာ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းထံတွင်ပင် အကူအညီ တောင်းခံခဲ့သေး၏။ သာ့လွန်ရော့ကျန်းကလည်း သူ၏အတွေးကို နားလည်သည်။ သို့သော် ယခုက ခံစားချက်များ၏ လွှမ်းမိုးမှုနှင့် လှုပ်ရှားရန် အချိန်မကျသေးချေ။

“ဗိုလ်ချုပ်တစ်ယောက်က စစ်တပ်ရဲ့ အလယ်ဗဟို အချက်အချာနေရာကိုပဲ ထိန်းကိုင်ထားသင့်တယ်။ အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဖို့မလိုပါဘူး။ ဒီသေးငယ်တဲ့ကိစ္စတွေကို မင်းရဲ့လက်အောက်ငယ်သားတွေကိုပဲ လွှဲထားလိုက်။ ပိုဆိုးတာက ထန်တွေက ကောက်ကျစ်တယ်။ ဝမ်ချောင်နဲ့ ကောင်းရှန်းကျစ်တို့က ဒီလိုအကြံအစည်တွေ သုံးတဲ့နေရာမှာ ကျွမ်းကျင်ကြတဲ့လူတွေ။ မင်းကသာ ကင်းလှည့်တဲ့နေရာမှာ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါနေမှန်းသိသွားရင် မင်းမောပန်းသွားတဲ့အထိ လျှောက်ပြေးအောင် သူတို့ကလုပ်လိမ့်မယ်။ ဘယ်တော့မှ မင်းကို အနားယူခိုင်းမှာမဟုတ်ဘူး။ အဲ့လိုဆိုရင် အမှန်တကယ် တိုက်ပွဲဖြစ်လာတဲ့အခါ မင်းရှုံးမှာသေချာသွားပြီ”

သာ့လွန်ရော့ကျန်း၏ အမူအရာက အထူးတလည် တင်းမာလာသည်။

ရွက်ဖျင်တဲအတွင်းရှ မီးတောက်က ကွဲအက်လာသလိုမျိုး တုစုန့်မာန်ဖော်ကျဲ့ကလည်း တိတ်ဆိတ်သွားသည်။ သူက နောက်ဆုံးတွင် ခေါင်းညိမ့်လိုက်သည်။

အမှောင်ထုက ပို၍သာနက်လာသည်။ မှေးမှိန်သော လအလင်းရောင်ကပင် ဖျော့တော့လာ၏။ (၁၅)မိနစ်ခန့်ကြာပြီးနောက် သာ့လွန်ရော့ကျန်းနှင့် အခြားသူများက ရွက်ဖျင်တဲအတွင်း အခြားသော အခြေအနေများကို ဆွေးနွေးနေကြချိန်တွင် တိဗက်ခုခံရေးအားလှိုင်း၏ အလယ်ဗဟိုနေရာမှ မြင်းစီးသံများကို ကြားလိုက်ရသည်။

“အဲ့ဒီကဘယ်သူလဲ”

ထို့နောက် အမှောင်ထုကို ချိန်ရွယ်ကာ မြှားပစ်သံများကို ကြားရပြန်သည်။ တိဗက်များက အသင့်ပြင်ထားကြပြီးသားဖြစ်၏။ ချဉ်းကပ်လာသော မည်သူကမဆို ချက်ချင်းဆိုသလို တုန့်ပြန်ရန် အသင့်ပြင်ထားသည်။ သူတို့၏ ခုခံရေးအားလှိုင်းကို ချိုးဖျက်ရန် လွယ်ကူသောတာဝန် မဟုတ်ချေ။

“ငါတို့ပါ မတိုက်ခိုက်နဲ့”

ငါတို့က မဟာဗိုလ်ချုပ် တုဝူစစ်လီရဲ့အမိန့်အောက်ကနေ ထွက်ခွာလာခဲ့တာ။ တိဗက်စခန်းကိုလာပြီး တာဝန်အကြောင်း တင်ပြချင်လို့ပဲ။

အမှောင်ထဲမှ အသံတစ်သံက ထွက်လာပြီး မကျွမ်းကျင်သော တိဗက်ဘာသာစကားအသံဖြင့် ပြောလိုက်သည်။

“အနောက်ပိုင်းတူရကီလား”

ကင်းစောင့်နေရာ တာဝန်ယူထားသော လူများ၏ မျက်ဝန်းအတွင်း အံ့အားသင့်မှုဖြင့် လင်းလက်သွားသလို သူတို့၏ လေးကြိုးကိုဆွဲထားသော အားကလည်း လျော့သွားသည်။ အောက်ဘက်တွင် ကြွက်သားအပြည့်နှင့် အသားမည်းသော တိဗက်ဗိုလ်ချုပ်ကလည်း တဖြည်းဖြည်းချင်း ဆေဘာကိုထုတ်သည်။ မီးပုံ၏အလင်းမှတဆင့် တစ်ဖက်သူဟာ အနောက်ပိုင်းတူရကီ၏ သံချပ်ကာကို ဝတ်ထားကြောင်း မြင်လိုက်ရသည်။ ထို့ကြောင့်သူက ဓားကိုပြန်သိမ်းလိုက်သည်။

တိဗက်ဗိုလ်ချုပ်က လက်မောင်းကို တစ်ချက်ယမ်းပြီး အမိန့်ပေးလိုက်သည်။

“မင်းတို့ရဲ့လေးတွေကိုချကြ။ ငါ့ရဲ့အမိန့်မရှိဘဲ ဘယ်သူမှ ပစ်ခွင့်မရှိဘူး”

သူ၏ သတိအပြည့်ကပ်နေသော မျက်ဝန်းကပင် ပြေလျော့သွားသည်။

အနောက်ပိုင်းတူရကီနှင့် တိဗက်က မဟာမိတ်ဖြစ်သည်။ သူတို့က အသုံးပြုသော ဘာသာစကားက ခြားသော်လည်း ဘုံရန်သူရှိနေပြီးသားဖြစ်သည်။ ထို့ကြောင့် နားလည်မှု လွဲမှားမှုကြောင့် အချင်းချင်း သတ်ဖြတ်နေကြလျှင် ခြုံငုံအခြေအနေပေါ် သက်ရောက်သွားပေလိမ့်မည်။

“ကျေးဇူးအများကြီးတင်ပါတယ်”

ထိုအနောက်ပိုင်းတူရကီ အဖွဲ့ဝင်က အော်ဟစ်လိုက်ပြီး သူ၏စစ်သားများကို ရှေ့သို့ တက်လာစေသည်။ ထိုအနောက်ပိုင်း တူရကီခေါင်းဆောင်၏ နှုတ်ခမ်းမှ လှောင်ပြုံးကို မည်သူကမှ သတိမထားမိပါချေ။

အခန်း(၉၃၂)

“နေဦး”

အနောက်ပိုင်းတူရကီများက ချဉ်းကပ်လာချိန်တွင် စောင့်ကြည့်မျှော်စင်အောက်တွင် ရပ်နေသည့် တိဗက်ဗိုလ်ချုပ်တစ်ယောက်က သူတို့ကို လှမ်းရပ်ခိုင်းသည်။ တစ်ချိန်ထဲတွင် သူက နောက်သို့လှည့်ပြီး နောက်သို့ အမူအရာပြသည်။ တိဗက်များက စိတ်ရှုပ်ထွေးစွာ ကြည့်နေသည့်အချိန်တွင် မြင်းဖြူကိုစီးသော မြင်းစီးသူတစ်ယောက်က နောက်တန်းမှ ထွက်လာသည်။

“မင်းတို့က ဘယ်မြင်းတပ်အဖွဲ့ကလည်း မဟာဗိုလ်ချုပ် ပေးလိုက်တဲ့ အမိန့်နဲ့ပတ်သတ်တဲ့ သက်သေပြချက်က ဘယ်မှာလဲ။ မင်းတို့မှာ တံဆိပ်ပြားရှိလား”

မေးမြန်းလာသည့် မေးခွန်းတိုင်းကို တူရကီဘာသာစကားဖြင့် ပြောလာသောကြောင့် လူတိုင်းက မှင်သက်ကာ ထုံထိုင်းသွားကြ၏။ တိဗက်စခန်းထဲတွင် အနောက်ပိုင်းတူရကီ စစ်သည်တော်တစ်ယောက် ရှိနေသည်။

နဂိုက အနောက်ပိုင်းတူရကီများက မှင်သက်နေကြသေးချိန်တွင် မြင်းဖြူနှင့်စစ်သည်တော်က တစ်စုံတစ်ရာကို သတိထားမိသွားပြီး လက်ညိုးညွှန်လိုက်သည်။

“အဲ့ဒီမှာရပ်စမ်း သူတို့အားလုံးကိုသတ်”

စွစ် စွစ် စွစ်

ထိုသို့ဖြင့် ထိုအနောက်ပိုင်း တူရကီများထံ မြှားပေါင်းများစွာကို ချိန်ရွယ်ကာ ပစ်ခတ်လိုက်သည်။

“ဟား ဟား ဟား ဒီသာ့လွန်ရော့ကျန်းက တော်တော်လေး လေးစားဖို့ကောင်းတာပဲ။ သူက ဒီအခြေအနေကိုတောင် ကြိုတင်ပြင်ဆင်ထားတယ်”

“ငါကသူ့ကို လက်ဆောင်ပေးချင်တာ။ ဒါပေမဲ့ သူက တိဗက်တွေကြားထဲမှာတောင် တူရကီကို ထည့်ထားသေးတယ်။ ညီအစ်ကိုတို့ နောက်ဆုတ်ရအောင်”

မြှားပေါင်းများစွာကို ကျော်ဖြတ်ပြီးနောက် ထိုအနောက်ပိုင်းတူရကီဆိုသူများက ရယ်မောလျှက် ထွက်ခွာသွားသည်။ ထိုသို့တစ်ကြိမ်ထပ်ပြီး ထန်များဟာ ရုပ်ဖျက်ထားကြောင်း ဖော်ပြသွားသည်။

တိဗက်စခန်းနှင့် အလွန်ဝေးကွာသော တစ်နေရာတွင် တူရကီသံချပ်ကာကို ဝတ်ဆင်ထားသည့် ထန်စစ်သည်တော်တစ်ယောက်က နောက်ဆုံးတွင် ပြောလာသည်။

“ဗိုလ်ချုပ် ဒီသာ့လွန်ရော့ကျန်းက တော်တော်လေးကို ကိုင်တွယ်ရခက်တယ်”

“သူက ကိုင်တွယ်ရလွယ်နေရင် သူ့ကို ဉာဏ်ကောင်းတဲ့ ပညာရှိအမတ်လို့ ခေါ်ပါတော့မလား။ အရှင်အမတ်က အကြံအစည် ချရုံပဲချပြီး ဝရုန်းသုန်းကားဖြစ်အောင် မွှေနှောက်ရမယ်လို့ ပြောထားတာပဲမဟုတ်လား”

ချန်းစန်းယွမ်က သူ၏ဦးထုတ်ကိုချွတ်ပြီးရယ်သည်။

“ဒီသာ့လွန်ရော့ကျန်းက ရေတောင်တိုးမပေါက်အောင် ခုခံမှုအားလှိုင်းတစ်ခု ဖန်တီးထားနိုင်တယ်။ ဒီတိုင်းသာဆိုရင် ငါတို့အနေနဲ့ တစ်ခုခုလုပ်နိုင်ဖို့ ခက်သွားပြီ”

ထန်မြင်းတပ် အဖွဲ့ဝင်များထဲမှ တစ်ယောက်က သဘောမကျသလိုပြောသည်။

သူတို့ကိုယ်သူတို့ တူရကီများအဖြစ် ရုပ်ဖျက်ပြီး တိဗက်များကို ဝင်ရောက်တိုက်ခိုက်ရင်းနှင့် တိဗက်နှင့် တူရကီများကြားမှ ခြားနားမှုကို ရှာဖွေနိုင်ခြင်းက ပြောင်မြောက်သော အကြံဖြစ်သည်။ သို့သော် သာ့လွန်ရော့ကျန်းဟာ သူ၏စစ်တပ်အတွင်း တူရကီများကို ထည့်သွင်းထားလျှက် အတုအယောင်ထဲမှ အစစ်အမှန်ကို ခွဲခြားနိုင်ရန် ပြင်ဆင်ထားမည်ဟု မမျှော်လင့်ထားမိချေ။ ထိုအခြေအနေအရ သူဟာ ထန်များ၏ ရုပ်ဖျက်မှုကို မျှော်လင့်ထားပြီးကြောင်း သိသာနေသည်။

သာ့လွန်ရော့ကျန်းကို အလွန်ကောင်းကောင်း နားလည်ခြင်းမရှိသည့် ထန်စစ်သည်တော်များ အတွက်ကမူ လေးစားဖွယ်ကောင်းသော ဉာဏ်ပညာကြီးမှုကို နားလည်လိုက်ကြပြီး သူတို့၏ လှုပ်ရှားမှုတိုင်းကို တစ်ဖက်က ခန့်မှန်းနိုင်ခဲ့ကြောင်း သိလိုက်၏။ ထိုအခိုက် သူတို့ဟာ သူတို့၏ ကိုယ်ပိုင်အမတ်ဟာလည်း မည်မျှလေးစားဖွယ်ကောင်းကြောင်း နားလည်လိုက်ကြသည်။

“မင်းတို့က ဘာကိုကြောက်နေတာလဲ။ သူကိုမေးလိုက်တော့ သူက ဒီတိုင်း ငါတို့ရဲ့ အရှင်အမတ်ဆီမှာ ရှုံးဖူးတဲ့ ဗိုလ်ချုပ်တစ်ယောက်ပဲ။ သာ့လွန်ရော့ကျန်းက ဘယ်လောက် လေးစားဖို့ကောင်းကောင်း ငါတို့အမတ်ထက် သာမှာတဲ့လား”

ချန်းစန်းယွမ်က သဘောတကျရယ်သည်။ သူ၏လူများ၏ စိုးရိမ်မှုကိုလည်း အနည်းငယ်သာ ဂရုစိုက်သည်။

“သွားရအောင် ငါတို့ရဲ့တာဝန် ပီးသွားပြီ။ နောက်ထပ်တာဝန်က ခုံးကျစ်အန်းတို့အပိုင်းဖြစ်သွားပြီ”

သူတို့အဖွဲ့က အဝေးရှိ တာလာ့တွင်ရှိသော ထန်စခန်းများထံ ဦးတည်လိုက်ကြသည်။

ဘန်း

ချန်းစန်းယွမ်၏ လူများက ထွက်ခွာသွားပြီး အချိန်တခဏခန့်ကြာပြီးနောက် အနောက်ပိုင်းတူရကီ စခန်းဘက်တွင်လည်း ဝရုန်းသုန်းကား အခြေအနေက ပေါ်ထွက်လာပြန်သည်။

သတင်းပို့တစ်ယောက်က တိဗက်ဗိုလ်ချုပ် ရွက်ဖျင်တဲအတွင်းသို့ ဝင်ရောက်လာသည်။

“မဟာအမတ်မင်း ကျွန်တော်တို့ အခုလေးတင် သတင်းရရှိပါတယ်။ ထန်တွေက သူတို့ကိုယ်သူတို့ ထန်တွေအဖြစ် ရုပ်ဖျက်ပြီး ကျွန်တော်တို့ရဲ့စခန်းကို ဝင်စီးဖို့ ကြိုးစားခဲ့ပါတယ်”

တခဏခန့် ကြာပြီးနောက် တူရကီအဖွဲ့ဝင်တစ်ယောက်က စခန်းထဲသို့ အပြေးအလွှား ဝင်လာသည်။

“မဟာဗိုလ်ချုပ် ကျွန်တော်တို့ရဲ့စခန်းကို ဝင်စီးဖို့ ကြိုးစားခဲ့တဲ့အခြေအနေ ဖြစ်သွားပါတယ်။ ထန်တွေက သူတို့ကိုယ်သူတို့ တိဗက်အဖြစ် ရုပ်ဖျက်လာခဲ့တာပါ”

သာ့လွန်ရော့ကျန်းက သတင်းပို့ချက်နှစ်ခုလုံးကို လက်ခံရရှိလိုက်သည်။

ရွက်ဖျင်တဲအတွင်းရှိ အခြားသောသူများကလည်း အံ့အားသင့်သလိုမျိုး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့အားလုံးဟာ သာ့လွန်ရော့ကျန်းကို ပြန်ကြည့်ကြသည်။ သာ့လွန်ရော့ကျန်းက တစ်ဖက်စီမှ စစ်သည်တော်များကို အခြားတစ်ဖက်၏ စခန်းများသို့ ထည့်သွင်းရန် နေရာစီစဉ်ချထားပေးခဲ့သည်။ အစပိုင်းကမူ သူတို့က လက်မခံချင်ခဲ့ကြချေ။ ယခုမှသာ သာ့လွန်ရော့ကျန်းက ထိုစီစဉ်မှုမျိုး မလုပ်ခဲ့သော် ထန်များက အောင်မြင်နိုင်ကြောင်း နားလည်သွားကြသည်။

ထိုတူရကီ သို့မဟုတ် တိဗက်များအဖြစ် ရုပ်ဖျက်ထားသော ထန်များကသာ တူရကီတိဗက် မဟာမိတ်အဖြစ် ရုပ်ဖျက်ထားရင်း သူတို့စခန်းရှိရာနေရာသို့ အနီးကပ်ဝင်ရောက်လာနိုင်ခဲ့လျှင်ဆိုသော နောက်ဆက်တွဲအခြေအနေကို မျှော်လင့်ကြည့်၍ရသည်။

“မဟာအမတ်မင်းက ဉာဏ်တကယ်ကောင်းတာပဲ။ တုဝူစစ်လီက လေးစားမိပါတယ်”

တုဝူစစ်လီက ကျုံးဝါးသည်။

ယခုမှသာ နာ့ယိတော်ဝင်တပ်ရင်းမှ မဟာအမတ်မင်းကို သူက အမှန်တကယ် လေးစားကြောင်း ယုံကြည်သွားခြင်းဖြစ်သည်။

သာ့လွန်ရော့ကျန်းက တိတ်တဆိတ်သာပြုံးသည်။ သူကခေါင်းကိုငုံ့လိုက်ပြီး အတွေးနက်သွားသည်။ သူ၏မျက်ဝန်းအတွင်း အဓိပ္ပာယ်ဖော်ရခက်သည့် အလင်းများက ပေါ်ထွက်လာသည်။

ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကလည်း ထိုအခြေအနေကို နားလည်သဖြင့် တစ်နေရာတွင် နေလိုက်ကြသည်။

“မဟာအမတ်မင်း ဘာဖြစ်လို့လဲ”

သာ့လွန်ရော့ကျန်းကလည်း တစ်ဖက်၏ လှုပ်ရှားမှုများကို ခန့်မှန်းနိုင်ခဲ့သောကြောင့် ပျော်ရွှင်ပုံမရချေ။

“ရှင်းပြဖို့မလွယ်ဘူး”

သာ့လွန်ရော့ကျန်း၏ မျက်မှောင်က ကျုံ့နေသည်။

“ဝမ်ချောင်ကသာ အစပိုင်းမှာ တစ်ကွက်တည်း ရွေ့ခဲ့တာမျိုးဆိုရင် ငါကလည်း လှောင်ပြုံး ပြုံးပြီး ဒီညတော့ အေးအေးဆေးဆေး အနားယူလို့ရပြီလို့ တွေးမိမှာပဲ။ ဒါပေမဲ့သူက သူ့ရဲ့လူတွေကို ငါတို့အဖွဲ့ရဲ့ သံချပ်ကာတွေဝတ်ခိုင်းပြီး ငါတို့ရဲ့စခန်းကို ဝင်စီးခိုင်းခဲ့တဲ့အချိန်မှာ ဒါကငါ့ရဲ့ ခန့်မှန်းမှု အတောအတွင်းမှာ ရှိနေပါသေးတယ်။ ဒါပေမဲ့ ဆက်တိုက်ဖြစ်လာတဲ့ မတော်တဆမှု နှစ်ခုကတော့ ငါ့ကို မသက်မသာ ဖြစ်စေလာတယ်”

“မဟာအမတ်မင်း ဆိုလိုတာက သူဒီလိုလှုပ်ရှားလိုက်တာက အခြားတစ်ခုခုလုပ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ငါတို့ကို အာရုံများနေလုပ်စေချင်လို့လား”

တုဝူစစ်လီက ချက်ချင်းပြောသည်။

သူဟာ အနောက်ပိုင်းတူရကီ ခါကာနိတ်၏ အတော်ဆုံး ဗိုလ်ချုပ်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သာ့လွန်ရော့ကျန်း၏ ဆိုလိုရင်းကို ချက်ချင်း ဖမ်းမိလိုက်သည်။

“ဒါကတော့ မသေချာသေးဘူး။ ဒါပေမဲ့ သူက အလဟသ မလုပ်ဘူးဆိုတာကိုတော့ အာမခံနိုင်တယ်။ သူက သုံးကြိမ် ကြိုးစားခဲ့တယ်ဆိုကတည်းက နောက်ထပ်တစ်ကွက် ထပ်ပြီး လှုပ်ရှားဦးမှာပဲ။ ဒါပေမဲ့ ငါဒါကိုပဲ နားမလည်တာ။ ငါချထားတဲ့ ခုခံရေးအားလှိုင်းကို သူကဘယ်လိုဖြတ်မှာလဲ”

သာ့လွန်ရော့ကျန်းကပြောသည်။ သူ၏မျက်နှာတွင် သံသယဝင်နေသော မျက်နှာထားမျိုးက ပေါ်လာသည်။

သာ့လွန်ရော့ကျန်းက စခန်းနယ်နိမိတ် ဝန်းကျင်တွင် မီးပုံမီးများကို အရေအတွက် တိုးမြှင့်ထားသည်။ ထို့ကြောင့် သတိမထားမိဘဲ ချဉ်းကပ်လာရန် မဖြစ်နိုင်ချေ။ ပို၍ဆိုးသည်မှာ သာ့လွန်ရော့ကျန်းက စောင့်ကြည့်မျှော်စင် တစ်ခုချင်းစီတိုင်းတွင် သူတော်စင်တစ်ယောက်စီ ထည့်ထားပေးသလို တူရကီစခန်းတွင်လည်း တိဗက်တစ်ယောက်ချင်းစီ ထည့်ထားပေးပြီးသားဖြစ်သည်။

ထိုဝမ်ချောင်က နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့သည်။ နှစ်ကြိမ်လုံးကကျရှုံးသွားခဲ့ကတည်းက ပြဿနာကို ဖော်ပြနေပြီးသားဖြစ်သည်။

တူရကီနှင့် တိဗက်စခန်း နှစ်ခုလုံးက ရေပင်ဖောက်မစီးနိုင်အောင် တင်းကြပ်သော လုံခြုံရေးအောက်တွင် ရှိနေသည်။ ထို့ကြောင့် ရန်သူအနေဖြင့် အင်အားသုံးကာ ဝင်စီးမှသာ ရပေလိမ့်မည်။ သို့ရာတွင် ညပိုင်းဝင်စီးသည့်အခါ လူဦးရေ အရေအတွက်က များလိမ့်မည်မဟုတ်ချေ။ သေးငယ်သော အဖွဲ့ဆိုလျှင်လည်း အသေခံသလို ဖြစ်သွားပေလိမ့်မည်။

သာ့လွန်ရော့ကျန်းကလည်း ဝမ်ချောင်က ဆက်လုပ်မည့်အကွက်ကို နားမလည်နိုင်ချေ။ သာ့လွန်ရော့ကျန်းအနေဖြင့် ယခင်က ထိုပြဿနာကို တွေးမိခဲ့ဖူးခြင်း မရှိသောကြောင့် သတိအပြည့်ကပ်ပြီး ခုခံထားသော ခုခံရေးအားလှိုင်းမျိုးကို ဖောက်ဖျက်မှု၊ ကျရှုံးသွားနိုင်ကြောင်း ယုံကြည်မှုအပြည့်ရှိခဲ့သေး၏။ ရွက်ဖျင်တဲတစ်ခုလုံးက တိတ်ဆိတ်သွား၏။ လူတိုင်းကလည်း တွေးတောနေကြသည်။

“ဟား ဟား ကောင်းပြီလေ။ သူ့မှာ ကျန်းနျန်ရဲ့အကြံတွေ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ ငါ့မှာလည်း ကြီးမားတဲ့ လှေကားကြီးတွေ ရှိနေတာပဲမဟုတ်လား။ သူနဲ့ပတ်သတ်ပြီး စိုးရိမ်မနေနဲ့တော့။ ဟော်ရှု့ဟွေ့ခမ်း ငါတို့ရဲ့လူတွေကို စပြီးလှုပ်ရှားခိုင်းလိုက်တော့။ လက်ဆောင်က ပေးသင့်တဲ့အချိန်မှာ ပေးရတယ်။ သူ့ကိုအံ့ဩသွားအောင် လုပ်ရအောင်”

သာ့လွန်ရော့ကျန်းက ရုတ်တရက် ခေါင်းကိုမော့ပြီးပြုံးလိုက်သည်။

“ဟုတ်ကဲ့ မဟာအမတ်မင်း”

ဟော်ရှု့ဟွေ့ခမ်းက အသိပြန်ဝင်သွားသည်။ သူက ဂါရဝအသာပြုလိုက်ပြီး ထွက်ခွာသွားသည်။

ဟော်ရှု့ဟွေ့ခမ်းက အမိန့်ပေးပြီး ထွက်ခွာသွားသည့်အချိန်တွင် တိဗက်စခန်း မြောက်ပိုင်းနယ်မြေတွင် တစ်စုံတစ်ရာက ဖြစ်ပျက်သွားသည်။

အာဝူး....

ညကောင်းကင်ကို ကျော်ဖြတ်လာသည့် ဝမ်းနည်းပူဆွေးစွာ အူလိုက်သော ဝံပုလွေတစ်ကောင်၏ အသံက အဝေးတစ်နေရာတွင် ပဲ့တင်ထပ်သွားသည်။

“နားထောင်ကြည့်စမ်း သားရဲတွေတောင်မှ ခံစားချက်ရှိကြတယ်။ သူတို့ကလည်း သူတို့ရဲ့ ရဲဘော်ရဲဘက်တွေအတွက် ဘယ်လောက်တောင် ရင်ကျိုးမရဖြစ်နေကြသလဲ။ ဒီနေ့တိုက်ပွဲမှာ ထန်တွေက ဝံပုလွေ တောင်ပုံရာပုံ သတ်သွားတယ်။ ငါတို့ ရေတောင်မရေနိုင်ဘူး”

“ဟာ ဒီနေ့ဝံပုလွေတွေတင် သေသွားတာမှမဟုတ်တာ။ ထန်လက်နက်ကြီးတွေက အင်အားကြီးလွန်းတယ်။ ငါတို့နဲ့ တူရကီအဖွဲ့ဝင် တစ်သိန်းနှစ်သောင်းမှာ လေးသောင်းနီးပါး ဆုံးရှုံးသွားတာမဟုတ်လား။ ဒါတွေအားလုံးက မဟာမိတ်တွေပဲ”

စောင့်ကြည့်နေရာနှင့် ဆယ်မီတာခန့် ဝေးကွာသော တစ်နေရာတွင် တိဗက်စစ်သည် နှစ်ယောက်က စကားပြောနေကြသည်။

“ထန်တွေက အာရပ်စစ်သည် သိန်းကျော်ကို ဘယ်လိုတောင့်ခံထားနိုင်သလဲဆိုတာကို ငါနောက်ဆုံးတော့ နားလည်သွားပြီထင်တယ်”

“မဟာထန်ရဲ့ဗိုလ်ချုပ်က တော်လွန်းပါတယ်။ ဒီနေ့မှာ ဖြစ်ပျက်ခဲ့တဲ့ တိုက်ပွဲတွေကတဆင့် မင်းမြင်နိုင်တာပဲမဟုတ်လား။ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်၊ မူထရီမဟာမြင်းတပ်နဲ့ အနောက်ပိုင်း တူရကီဘက်က မဟာဗိုလ်ချုပ်ကြီးက လှုပ်ရှားခဲ့တာကြောင့်သာ မဟုတ်ရင် ငါတို့ပိုပြီး ကြီးလေးတဲ့ ဆုံးရှုံးမှုကို ရင်ဆိုင်ရနိုင်တယ်။ ငါတို့ရဲ့အင်အားစု တစ်ဝက်လောက်တောင် ကုန်သွားနိုင်သေးတယ်”

နေ့လည်မှ တိုက်ပွဲက ယခုအချိန်ထိ ရင်ကျိုးမရဖြစ်စေသေးသည်။ ထိုနှစ်ယောက်ကလည်း ပြန်တွေးမိချိန်တိုင်း တစ်ကိုယ်လုံးကပင် တုန်ယင်လာရသည်။

တိဗက်များက ငကြောက်များမဟုတ်ချေ။ သို့သော် ရန်သူက မည်သူဆိုသော အခြေအနေပေါ် မူတည်သေးသည်။ ထိုမျှမြောက်များသော စစ်သည်တော်ပေါင်းများစွာက တာလာ့ဆိုသော မြို့တစ်မြို့တည်း၏ ပတ်ပတ်လည်တွင် အပြည့်အဝ စုစည်းနေကြသည်။ သူတို့အားလုံးက အဖက်ဖက်မှ လက်ရွေးစင်များဖြစ်ကြသည်။ ထိုလက်ရွေးစင်များကပင် ဆိုးရွားသော သေဆုံးမှုနှင့် အဆုံးသတ်သွားကြရသည်။ အရာအားလုံးက ထိုလက်နက်ကြီးများကြောင့်ဖြစ်၏။ ထို့ကြောင့် တိဗက်များကလည်း တွေးကြည့်ရုံနှင့်တင် တုန်ယင်နေကြသည်။

စွစ် စွစ်

သူတို့နှစ်ယောက်က စကားပြောနေသည့်အချိန်တွင် ရုတ်တရက် ထူးဆန်းသော အသံကို ကြားလိုက်ရသည်။ နှစ်ယောက်လုံးက မော့ကြည့်လိုက်ကြ၏။

“ဘယ်သူလဲ”

နှစ်ယောက်ထဲမှ တစ်ယောက်က လေးကြိုးကိုဆွဲသည်။ အခြားတစ်ယောက်ကမူ ဓားမောက်ရှည်ကိုကိုင်ပြီး အသံအရင်းအမြစ်ဘက်သို့ကြည့်သည်။

အာဝူး...

လေပြင်းက တိုက်ခတ်သွားသည်။ မီးအလင်းရောင်အောက်တွင် အလွန်ကြီးမားသော ဝံပုလွေကြီးတစ်ကောင်က စောင့်ကြည့်မျှော်စင်ကို တဖြည်းဖြည်းချင်း ကျော်ဖြတ်သွားကြောင်း မြင်လိုက်ကြရသည်။

“သေလိုက်ပါတော့”

“တူရကီဝံပုလွေတွေထဲက တစ်ကောင်ပဲ”

သူတို့နှစ်ယောက်က တစ်ယောက်ကိုယ်တစ်ယောက် ရှက်ရွံ့စွာ ကြည့်လိုက်ကြသည်။ သူတို့၏ဗိုလ်ချုပ်ကလည်း ထန်ဗိုလ်ချုပ်ဟာ ညပိုင်းဝင်စီးသောကိစ္စကို အလွန်အမင်း သဘောတွေ့ကြောင်း သတိပေးထားပြီးသားဖြစ်သည်။ ကျစ်ကာလပြီးနောက် ဖြစ်ပွားခဲ့သည့် အချက်ပြမှုသုံးခုတွင် ထိုထန်မြင်းတပ်က ရုပ်ဖျက်ပြီး သုံးကြိမ်တိုင်တိုင် ချဉ်းကပ်ရန် ကြိုးစားခဲ့ကြသည်။ ထိုနှစ်ယောက်ကလည်း သတိအပြည့် ကပ်ထားမိကြ၏။

“မျိုးမစစ်ကောင်တွေ ဘာလုပ်နေကြတာလဲ”

သူတို့နှစ်ယောက်က ကြောင်တောင်တောင် ဖြစ်နေကြချိန်တွင် ရုတ်တရက် လေပြင်းနှင့်အတူ တိဗက်ဗိုလ်ချုပ်တစ်ယောက်က ခုန်ထွက်လာသည်။ သူ၏အသံက ဩရှသည်။ မျက်လုံးက ဓားများကဲ့သို့ ထင်ရသည်။

“ငါမင်းတို့ကို ကင်းလှည့်ခိုင်းထားတာမဟုတ်ဘူးလား။ တစ်ခုခုဖြစ်လာရင် ငါမင်းကိုခေါင်းကို ယူရမလား”

“ဟုတ်ကဲ့ဗိုလ်ချုပ်”

နှစ်ယောက်လုံးက တုန်ယင်သွားပြီး အမှောင်ထုအတွင်းသို့ ခပ်မြန်မြန် ဝင်သွားကြသည်။ ထိုညက မအေးချမ်းနိုင်ချေ။

.....

အမှောင်ထုက နက်ရှိုင်းလာသည်နှင့်အမျှ လေပြင်းက အေးစက်လာသည်။

ကောင်းကင်မှသာ ငုံ့ကြည့်လိုက်မည်ဆိုလျှင် တာလာ့အရှေ့ဘက် သံမဏိ ခုခံရေးအားလှိုင်း နှစ်ခုလုံးတွင် မရေမတွက်နိုင်အောင် မြောက်များသည့် မီးတုတ်များက တောက်ပစွာ ထိန်လင်းနေလေပြီး အမှောင်ထုကို ရောင်ပြန်ဟပ်ပေးထားကြောင်း မြင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ထန်စစ်သည် တစ်သိန်းကျော်လုံးကို အပြည့်အဝ ကာကွယ်ထားနိုင်သည်ဟု ဆိုရမည်။

ဘုန်း ဘုန်း ဘုန်း

ထိုအခိုက် တိတ်ဆိတ်မှုကို မြင်းခွာသံများက ဖြိုခွဲသည်။ ဒုတိယမြောက် ခုခံရေးအားလှိုင်း၏ အပြင်ဘက်တွင် ဖုန်လုံးတိမ်စိုင်များက မြောက်တက်လာသည့် အချိန်တွင် မရေမတွက်နိုင်အောင် မြောက်များသော ပုံရိပ်ပေါင်းများစွာက ထန်ခံတပ်ထံ ချဉ်းကပ်လာကြသည်။

အန်း(၉၃၃)

“အဲ့ဒီမှာဘယ်သူလဲ”

ခပ်မြန်မြန် ထွက်လာသော အော်သံနှင့်အတူ ကဏ္ဍရသဖွယ် ခြောက်ကပ်တိတ်ဆိတ်နေသော ခုခံရေးအားလှိုင်းတွင် ရွေ့လျားသော ပုံရိပ်ပေါင်းများစွာက ပြည့်နှက်သွားသည်။ ခြောက်ခြားဖွယ်ကောင်းသော ထန်လက်နက်ကြီးများက မြို့ရိုးပေါ်တွင် ချောမွေ့စွာပေါ်လာပြီး လည်ပတ်ရန် အဆင်သင့်ဖြစ်လာသည်။ သူတို့၏ ထက်ရှကာ ကြမ်းတမ်းသည့် ချွန်ထက်သော အပိုင်းများကလည်း အမှောင်ထုအတွင်း အေးစက်သော အလင်းဖြင့် တောက်ပလာသည်။

“ရပ်စမ်း ငါတို့က မင်းတို့ဘက်ကပဲ”

အမှောင်ထုအတွင်းမှ အသံတစ်သံ ထွက်လာသည်။

“ငါတို့အရှင်အမတ်ရဲ့ အမိန့်နဲ့ တိဗက်တွေကို သွားပြီးတိုက်ခိုက်တာ။ တာဝန်က ပြီးမြောက်သွားပြီ။ အခု ရလဒ်ကို ပြန်လာပြီး သတင်းပို့တာပဲ”

“အိုး ဘယ်လိုများလဲ”

ဒုတိယမြောက် ခုခံရေးအားလှိုင်းမှ ထန်ဗိုလ်ချုပ်တစ်ယောက်က စိတ်အေးသွားပုံပေါ်သည်။ အမတ်ဟာ တိဗက်ကိုဝင်စီးရန် စစ်သည်တော် အဖွဲ့ပေါင်းများစွာ စေလွှတ်ခဲ့သည်။

“အဲ့ဒီသာ့လွန်ရော့ကျန်းက တော်တော်လေး လေးစားဖို့ကောင်းတယ်။ ငါတို့က အနီးတောင် မကပ်သွားနိုင်ခဲ့ဘူး။ ငါတို့ အကြိမ်အများကြီး ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အားလုံးက ကျရှုံးသွားတာပဲ။ ဒီတော့ ပြန်လာပြီး သတင်းပို့တာပဲ”

အပြင်ဘက်မှလူက ပြန်ဖြေသည်။ သု့ိသော် သူ၏ မြင်းက နှေးသွားသည်။ သို့သော် မရပ်သွားခဲ့ချေ။

“ဒါကဟုတ်တာပဲ။ တိဗက်မဟာအမတ်မင်းက တော်တော်လေး လုပ်နိုင်စွမ်းရည်ရှိတာပေါ့။ ချန်းစန်းယွမ်ရဲ့ အဖွဲ့တောင် ကျရှုံးသွားတယ်။ မင်းတို့အဖွဲ့ဆိုရင် ပိုဆိုးတာပေါ့”

မဟာထန်၏ ဗိုလ်ချုပ်ရဲ့မျက်နှာက အံ့အားသင့်ပုံမရချေ။ သူ၏မျက်နှာထားကိုလည်း မီးတုတ်၏ မီးရောင်အောက်တွင် ထင်ရှားစွာ မြင်နိုင်သည်။

“ဒါပေမဲ့အရှင်အမတ်က အရာအားလုံးကို တွက်ချက်ပြီး အမိန့်ပေးသင့်သမျှကို ပေးထားပြီးသား။ မင်းတို့တွေ မြင်းပေါ်ကဆင်းလိုက်ဦး နောက်တန်းကလူတွေက မြင်းတွေလာသယ်သွားလိမ့်မယ်။ အဲ့ဒီနောက် မင်းတို့ရဲ့ လက်နက်တွေကိုအပ်ပြီး ဝင်လာခဲ့တော့”

“နားလည်ပြီ”

တစ်ဖက်မှလူက ခေါင်းညိမ့်ပြီး သူ၏မြင်းကို သံမဏိမြို့ရိုးထံ စီးလာသည်။

ခြေလှမ်းငါးဆယ်

ခြေလှမ်းသုံးဆယ်

သူတို့ဟာ နီးသထက်နီးလာသည်။ သို့သော် ခြေလှမ်းနှစ်ဆယ်အကွာသို့ ရောက်သွားသည့်အခိုက်...

ဝုန်း

ဂီယာများက ရုတ်ချည်လည်ပတ်သွားပြီး လေးကြိုးများက တင်းထွက်သွားကာ လက်နက်ကြီးတစ်ခုကို ပစ်ခတ်လိုက်သည်။ ထိုလူများက မတုန့်ပြန်နိုင်သေးခင် ပြန်လာသည်ဟု ယူဆရသော စစ်သည်ဆယ်ယောက်ကျော်ခန့်က လက်နက်ကြီးများ၏ ပစ်ခတ်မှုအောက်တွင် မြင်းပေါ်မှ ပြုတ်ကျသွားကြသည်။

ဟီး...

ထိုစစ်သည်တော် တစ်ဖွဲ့က ရုတ်ချည်းတိုက်ခိုက်မှုကြောင့် ကြောင်တောင်တောင် ဖြစ်နေကြချိန်တွင် စစ်မြင်းများ၏အော်သံက ထွက်လာသည်။

“မင်းက ဘာလုပ်တာလဲ”

အမှောင်ထုအတွင်းမှ စိတ်ရှုပ်ထွေးပြီး ဒေါသတကြီးဖြစ်နေဟန်ရသော အသံတစ်သံက ထွက်လာသည်။ ကိုယ့်လူကိုယ် တိုက်ခိုက်လိုက်သည့် အတွက်ကြောင့်လည်း အံ့အားသင့်နေပုံပေါ်သည်။

“ဟား ဟား ဟန်ဆောင်နေတုန်းပဲလား”

ထိုအခိုက် သံမဏိမြို့ရိုးအဟကြားနေရာတွင် ထန်ဗိုလ်ချုပ်တစ်ယောက်က ရုတ်ချည်းပေါ်လာသည်။ သူ၏ညာလက်က ဓားလက်ကိုင်ရိုးပေါ်တွင်ဖြစ်သည်။

“အရှင်အမတ်က စစ်သည်လေးဖွဲ့ပဲ လွှတ်ထားတာ။ ပထမတစ်ဖွဲ့က ပြန်ရောက်နေပြီးသား။ သူတို့ကလည်း သူတို့တာဝန်ပြီးသွားပြီ။ နောက်ဆုံးတစ်ဖွဲ့က စောင့်တောင် မတိုက်ခိုက်ရသေးဘူး။ မင်းတို့က ဘယ်လိုများရှုံးပြီး ပြန်ရောက်လာကြတာလဲ။ မင်းတို့ လိမ်တဲ့အခါ နည်းနည်းလေး ဉာဏ်ပိုသုံးသင့်တယ်။ ထိ... ပေ့... အန်း”

ထိုနောက်ဆုံးစကားသုံးလုံးက တစ်လုံးချင်းစီအကြားတွင် ရပ်တန့်သွားသေးသည်။

ဝုန်း

တခဏခန့် ကြာပြီးနောက် တစ်ဖက်ခြမ်းမှ ထန်စစ်သည်တော်များက တိတ်ဆိတ်သွားကြသည်။ ထို့နောက် ထိုတိတ်ဆိတ်မှုက အံ့အားသင့်မှုအဖြစ် ပြောင်းလဲသွားပြီး ဝရုန်းသုန်းကားဖြစ်စေလောက်အောင် မြေကမ္ဘာကို တုန်ယင်စေသည့် ဟိန်းသံကြီးက ပေါ်ထွက်လာသည်။

“သတ်”

“သူတို့အားလုံးကိုသတ်”

“ထန်တွေအားလုံးကိုသတ်”

သံမဏိမြို့ရိုး အပြင်ဘက်မှ အံ့အားသင့်သွားကြသည့် ထန်စစ်သားတိုင်းက အစစ်အမှန် နောက်ခံကို ဖော်ထုတ်ပြသကြပြီး အဝေးမှ တိဗက်များနှင့်တူသည့် တိဗက်ဘာသာစကားမျိုးဖြင့် အော်ဟစ်ကြသည်။

ဘုန်း

သူတို့၏စစ်မြင်းများက ရုတ်ချည်း အရှိန်မြန်သွားသည်။ ထို့နောက် လျှပ်စီးလက်သလိုမျိုး ဒုတိယမြောက် ခုခံရေးအားလှိုင်းထံ ဝင်တိုးလာကြ၏။

သူတို့က ချီတက်လာသည့်အချိန်တွင် ထိုတိဗက်လက်ရွေးစင်များ အားလုံးက မြင်းများအောက်တွင် ဝှက်လာသော ဒိုင်းကြီးများကိုထုတ်ရန် ပြင်ဆင်ကြသည်။

“သတ်”

သူတို့အားလုံး၏ ဟန်ဆောင်မှုများကို ဘေးဖယ်ထားလိုက်သည့်အခါ ထိုတိဗက်တိုင်းကလည်း ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုစိတ်များဖြင့် ပေါက်ကွဲသွားကြသည်။ သူတို့က ချီတက်လာပြီး ထန်လက်နက်ကြီးများကို အထူးတလည် ကိုင်တွယ်ရန် ပြင်ဆင်လာကြသည်။

ဝုန်း ဝုန်း ဝုန်း

ထန်လက်နက်ကြီး တစ်ခုကလည်း သူတို့ကို ရူးသွပ်စွာ ပစ်ခတ်ပြန်သည်။ သို့ရာတွင် ထူးထူးခြားခြား ပြင်ဆင်မှုမရှိသောအခါ ထိုလက်နက်ကြီးများက ထင်သလောက် သက်ရောက်မှုမရှိချေ။ ပိုဆိုးသည်မှာ ဦးဆောင်လာသော ထန်ဗိုလ်ချုပ်က သူ၏ပတ်ပတ်လည်တွင် စွမ်းအင်မုန်တိုင်းတစ်ခုကို ထုတ်ဖော်ထားသည့်အတွက် သူ့ကိုပစ်ခတ်သမျှ အရာအားလုံးကို လွင့်ထွက်သွားအောင် လုပ်နိုင်သည်။

“ချီတက်”

ထန်ဗိုလ်ချုပ်က မြင်းအနားသို့ ကုန်းကာကပ်လိုက်ပြီး မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ရှေ့သို့အပြေးနှင်ကာ ချီတက်လာသည်။ သူ၏ ရုတ်ချည်း အရှိန်နှုန်း မြန်ဆန်သွားမှုက လူတိုင်း၏အာရုံကို ဖမ်းစားသွားသည်။

“ပစ်ခတ်ဖို့အာရုံစိုက်”

လေထဲတွင် ကျယ်လောင်သော အမိန့်သံက ဟိန်းထွက်လာသည်။ လက်နက်ကြီးတစ်ခုက လွင့်ထွက်လာလေပြီး ထိုတိဗက်ဗိုလ်ချုပ်ထံ ကွက်တိရောက်ရှိလာသည်။ သို့သော် ဘုန်းကနဲဆိုသော အသံနှင့်အတူ မြင်းဟီသံကသာ ထွက်လာ၏။ ထိုလက်နက်ကြီးက မရောက်သွားခင်ကတည်းက ထိုတိဗက်ဗိုလ်ချုပ်က မြင်းပေါ်မှ ခုန်တက်လိုက်ပြီး စတင်ကာ ခုန်အုပ်လာပြီဖြစ်သည်။ သူက သူ၏ မှတ်သားဖွယ်ကောင်းလောက်အောင် မြန်ဆန်သော အရှိန်နှုန်းနှင့်အတူ မြို့ရိုးအဟကြားနေရာသို့ ကွက်တိရောက်လာသည်။

မီးပြင်းဖိုမှ မီးအလင်းရောင် မီးတုတ်များ၏ မီးအလင်းရောင်အောက်တွင် ထိုဗိုလ်ချုပ်၏ မျက်နှာမှ ကြမ်းတမ်းမာကြောသော မျက်နှာထားကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။ သူဟာ ဟော်ပါးစမ်းယဲ့မဟုတ်ချေ။ သို့သော် ဟော်ပါးစမ်းယဲ့နည်းတူ သူတော်စင်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သည်။

“သတိထား”

မဟာထန်မှ ဗိုလ်ချုပ်တစ်ယောက်က အော်ဟစ်လိုက်သည်။ မရေမတွက်နိုင်အောင် မြောက်များသည့် စစ်သည်တော်များအားလုံးက ထိုတိဗက် သူတော်စင်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်ကို တိုက်ခိုက်ကြသည်။ သို့သော် ထိုတိဗက်ဗိုလ်ချုပ်က သူတို့၏တိုက်ကွက်များကို ဂရုစိုက်ခြင်းမရှိဘဲ ရှောင်ရှားလိုက်ပြီး လက်နက်ကြီးတစ်ခုထံ ခုန်ဝင်လာသည်။

ဘန်း

ပုံသဏ္ဍန်မဲ့သော နိယာမစွမ်းအင်အားလုံးက အချိန်နှင့် အာကာသ၏ အနက်ရှိုင်းဆုံး အပိုင်းအတွင်းမှ ထိုးထွက်လာပြီး အပုစန်းကျစ်၏ လက်သီးတွင် စုစည်းလာသည်။ သူဟာ ယွီစန်း၏ ရာလန်းတော်ဝင်မျိုးဆက်မှ ကြမ်းတမ်းသော ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။

ဘုန်း

အပုစန်းကျစ်က ကြီးမားသော လက်နက်ကြီးကို လက်သီးဖြင့် ထိုးချလိုက်သည့်အချိန်တွင် ထိုအရာက အသာတုန်ယင်သွားပြီးနောက် စူးရှသော ပေါက်ကွဲသံကို ထုတ်ဖော်သည်။ သို့သော် ထိုအသံက စက္ကူသားဖြင့် လုပ်ထားသလို အသံမျိုးဖြစ်သည်။

“သူတို့ိကိုစိုးရိမ်မနေနဲ့။ မြန်မြန် သူတို့ရဲ့လက်နက်ကြီးတွေကို ဖျက်ဆီးပစ်လိုက်”

အပုစန်းကျစ်က ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။ လက်နက်ကြီးတစ်ခုကို ဖျက်ဆီးပြီးနောက် သူက နောက်တစ်ခု၏အနားသို့ ကပ်သွားသည်။ ထန်များ၏ တိုက်ကွက်များကို လုံးလုံးလျားလျား လျစ်လျူရှု့ထား၏။ ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော ရာလန်းတော်ဝင်တပ်ရင်းမှ ဗိုလ်ချုပ်ကြီး အပုစန်းကျစ်က ဟော်ပါးစမ်းယဲ့ကဲ့သို့ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့်သို့ မရောက်သေးချေ။ သို့တိုင်အောင် သူဟာလည်း အလွန်အမင်း လေးစားဖွယ်ကောင်းသည့် စစ်သည်တော်တစ်ယောက်ဖြစ်သည်။

သူနှင့်ဟော်ပါးစမ်းယဲ့ကြားမှ ကွာခြားချက်က ထင်သလောက် မကြီးမားချေ။

သာ့လွန်ရော့ကျန်းကလည်း အနောက်ဘက်ထိလာပြီး ထန်များကို တိုက်ခိုက်ခြင်းက စန်းပေါ်၏ဆန္ဒကို ဖီဆန်ခြင်းဖြစ်ကြောင်း သိနေသည့်တိုင်အောင် သူ့တွင် အထောက်အပံ့ပေါင်း များစွာရှိသည်။ အပုစန်းကျစ်က ရာလန်းဘုရင်၏ ဆန္ဒကြောင့် သာ့လွန်ရော့ကျန်းကို ခစားပေးနေခြင်းဖြစ်ပြီး သာ့လွန်ရော့ကျန်း၏ အမိန့်အတိုင်း တစ်ချိန်လုံး လိုက်ပါလာခဲ့သူလည်းဖြစ်သည်။

မဟာထန်၏ လက်နက်ကြီးများက ပြန်လည်ပြင်ဆင်နိုင်သလို အလွန်အမင်းလည်း ခိုင်မာသည်။ သတ္တုအခြေပြု ကျွမ်းကျင်ပညာရှင်များကသာ သူတို့ကို အပြီးတိုင် ဖျက်ဆီးနိုင်ကြသည်။ ထိုအတွက်ကြောင့်လည်း သာ့လွန်ရော့ကျန်းက သူ့ကို ဒီညပိုင်းဝင်စီးမှုသို့ ပို့လွှတ်ခဲ့ခြင်းဖြစ်သည်။

တာလာ့ရှိ ထန်စစ်တပ်က ကျွမ်းကျင်ပညာရှင်များ၊ လက်ရွေးစင် ထန်ဗိုလ်ချုပ်များအပြည့်နှင့်ဖြစ်သည်။ သူတို့က အချိန်မရွေး လိုက်လာနိုင်သည်။ ထို့ကြောင့် အပုစန်းကျစ်ကလည်း ခပ်ကြမ်းကြမ်း လှုပ်ရှား၍မရချေ။ အချိန်ကတိုသည်။ ထို့ကြောင့် အပုစန်းကျစ်အနေဖြင့် လက်နက်ကြီးများကို တက်နိုင်သမျှ မြန်မြန် ဖျက်ဆီးသွားရမည်ဖြစ်သည်။

ထိုအရာကသာ ညပိုင်းဝင်စီးမှု၏ အဓိကရည်ရွယ်ချက်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ထန်အစောင့် ထောင်ကျော်၊ ရာကျော်လောက်ကို သတ်ဖြတ်ခြင်းက မီးလောင်နေသော ရထားလုံးကို ရေတစ်ခွက်နှင့် ငြိမ်းသလို ဖြစ်နေပေလိမ့်မည်။

ဝေါင်း

“သတ်”

အပုစန်းကျစ်က လမ်းကို ဦးဆောင်မှုနှင့်အတူ ထန်မြင်းတပ်ကလည်း အမျိုးမျိုးသော တိုက်ကွက်များအားလုံးကို ရဲဝံ့စွာ ကျော်ဖြတ်လျှက် ဒုတိယမြောက် ခုခံရေးအားလှိုင်းထံ ချီတက်လာကြသည်။ သူတို့ထဲမှ မည်သူကမှ တိုက်ခိုက်ရန် မနေရစ်ကြချေ။ သူတို့အားလုံးက ခုခံရေးအားလှိုင်း အနောက်ဘက်မ လက်နက်ကြီးများထံ တိုးဝင်လာကြသည်။

ဘုန်း

ထန်စစ်သည်တော်တစ်ယောက်က လက်နက်ကြီးတစ်ခုထံ ခုန်ဝင်လာပြီး သူ၏လက်သီးကို အောက်သို့ ထိုးချလိုက်ကာ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားစေသည်။

“ရန်သူ”

ညကောင်းကင်တွင် သတိပေးချက် အော်ဟစ်သံများက ပြည့်နှက်သွားပြီး ထန်စစ်သည်တော် တစ်သုတ်ပြီးတစ်သုတ်က ဝင်ရောက်လာကြသည်။ ကျစ်ကာလပြီးနောက် တိုက်ခိုက်မှုက သက်ရောက်ကြောင်း သက်သေပြခဲ့သည်။ အကြောင်းမူကား တာလာ့တွင် ထန်စစ်သည် တစ်သိန်းကျော်ရှိပြီး အများစုကမူ မနက်ပိုင်းတိုက်ပွဲအတွက် အားအင်ပြည့်ဝရန် အိပ်စက်နေကြလေသည်။ ထိုအတွက်ကြောင့် တိုက်ခိုက်မှုဖြစ်ပွားရာနေရာသို့ အလျင်စလို ရောက်လာနိုင်သော စစ်သည်တော်များက သိပ်မများချေ။

သို့သော် ရှိနေကြသော ထန်စစ်သည်တော်များကလည်း တိဗက်များထက် အရေအတွက် သာနေသေးသည်။ ထို့ကြောင့် မြင်းတပ်အဖွဲ့ဝင်များ တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာမှုနှင့်အတူ သူတို့၏ လက်နက်များက မီးရောင်အောက်တွင် တောက်ပကုန်ကြသည်။

“မြန်မြန်”

အပုစန်းကျစ်က အော်သည်။

ချိုးဖျက်၍မရသော တိဗက်မြင်းတပ်က မြို့ရိုးအဟကြားများကို ကျော်ဖြတ်လိုက်ပြီး လက်နက်ကြီးများထံ အားသုံးကာ ဝင်ရောက်လာကြသည်။ အပုစန်းကျစ်က ခေါ်လာသော စစ်သည်တော်တိုင်းက သတ္တုအခြေပြု စွမ်းအင်ကို ပိုင်ဆိုင်ထားသော စစ်သည်တော်များ ဖြစ်နေသည်။ သူတို့ဟာ ထိုစွမ်းရည်ကို သုံးနိုင်သည့် အင်အားခြင်းကွာခြားချက် ရှိနေသည့်တိုင်အောင် အများစုကမူ ထိုထန်၏လက်နက်ကြီးများကို ပြန်ပြင်ရန် ခက်ခဲလောက်အောင် ပျက်စီးစေနိုင်သည်။

ဘန်း ဘန်း ဘန်း

တစ်လက် နှစ်လက် သုံးလက်.... အချိန်တိုအတွင်း အပုစန်းကျစ်က လက်နက်ကြီးဆယ်လက်ကို ဖျက်ဆီးလိုက်သည်။ ထိုအချိန်တွင် တိဗက်မြင်းတပ် ထောင်ပေါင်းများစွာက နှစ်ဖွဲ့ခွဲသွား၏။ တစ်ဖွဲ့ကမူ ဒိုင်းများကိုသုံးပြီး ထန်များကို ရင်ဆိုင်နေချိန်တွင် အခြားတစ်ဖွဲ့ကမူ ထန်လက်နက်ကြီးများကို တိုက်ခိုက်ရန် ကြိုးစားကြသည်။

ထိုလူများက အပုစန်းကျစ်ထက် အားနည်းသော်လည်း သူတို့၏ သာလွန်သော အရေအတွက်ကတင် တူညီသော အချိန်ကာလ အတောအတွင်း ထန်လက်နက်ကြီး ခုနှစ်ဆယ်ခန့်ကို ဖျက်ဆီးနိုင်ကြလေသည်။ ပျက်စီးသွားသော ထန်လက်နက်ကြီး အစိတ်အပိုင်းတိုင်းကလည်း ကောင်းကင်မှ မိုးရွာသွန်းသလို ရွာသွန်းလာလေ့ရှိ၏။

တစ်ရာ၊ နှစ်ရာ... လက်ရွေးစင် တိဗက်မြင်းတပ်အဖွဲ့က ယခုလေးတင် တိုက်ခိုက်ခြင်း ဖြစ်နေသည့်တိုင်အောင် သူတို့၏ ပန်းတိုင်က ရှင်းလင်းလွန်းနေခဲ့သည်။ သူတို့၏ လျှင်မြန်စွာ ဖျက်ဆီးမှုက အချိန်တိုအတွင်း လက်နက်ကြီး အလက်သုံးရာနီးပါးကို ဖျက်ဆီးနိုင်ခဲ့သည်။ ထန်စစ်တပ် လက်နက်ကြီး သုံးထောင်သာလျှင် ရှိလေသည်။ ထိုပမာဏကလည်း ကြီးမားသောဆုံးရှုံးမှု ဖြစ်သွားလေပြီး ထိုထက်ပင် အခြေအနေက ဆိုးသထက် ဆိုးလာသေးသည်။

သို့ရာတွင် တိဗက်များက ကြီးလေးသောတန်ကြေးကို ပေးဆပ်ကြရမည်ဖြစ်သည်။

“အား”

လေထုတွင် အော်ဟစ်သံများက ဆက်တိုက် ပြည့်နှက်နေသည်။ တိဗက်လက်ရွေးစင် တစ်ထောင်ကျော်က ဒုတိယခုခံရေးအားလှိုင်းနေရာတွင် သေဆုံးသွားခဲ့ကြသည်။ မြောက်များလှစွာသော ထန်စစ်သည်တော်များက ဝင်ရောက်လာကြသည်။ တိဗက်မြင်းသည်တော် တစ်ယောက်ချင်းစီတိုင်းက ထန်စစ်သည် လေးယောက် ငါးယောက်ခန့်ကို ရင်ဆိုင်နေကြရသည်။ သူတို့အားလုံးက အကောင်းဆုံး သံချပ်ကာကို ဝတ်ဆင်ထားကြသည့် လက်ရွေးစင် စစ်သည်တော်များ ဖြစ်နေကြသည့်တိုင်အောင် တိုက်ကွက်ပေါင်း မြောက်များစွာကို မရပ်တန့်နိုင်ချေ။

စွစ် စွစ် စွစ်

ဆေဘာနှင့်ဓားများက တိဗက်သံချပ်ကာ အဟနေရာများသို့ ဝင်တိုးလာကြသေးသည်။ သန့်ရှင်းသော ဓားများကလည်း အရှေ့နှင့်အနောက်မှ ဆက်တိုက်ဆိုသလို ခုတ်လာကြသေးပြီး သွေးများပင် နီရဲသွားသည်။ သူတို့၏မျက်လုံးက ပြူးကျယ်နေသည်။ တိဗက်များက ထူးဆန်းသော အော်ညဉ်းသံများကိုပြုပြီး မြေပြင်သို့ လဲကျသွားကြ၏။ သူတို့၏ကိုယ်မှထွက်သော သွေးများက မြေကြီးအတွင်းသို့ဝင်ကာ နီရဲသွားစေသည်။ သိပ်သည်းသော သွေးညှီနံ့ကလည်း ထောင်းထွက်လာပြီး တိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းခြုံလာသည်။

အချိန်တခဏခန့်သာ ကြာသေးသည်။ ရောက်လာကြသော တိဗက်မြင်းစီးသူ အင်အားစု တစ်ဝက်ကျော်ကျော်ခန့်က အသတ်ခံလိုက်ရသည်။ အပုစန်းကျစ်ကမူ ထိုအခြေအနေကို ဂရုစိုက်ပုံမရချေ။

အခန်း(၉၃၄)

“အံ့ဩစရာပဲ”

အပုစန်းကျစ်၏ နှလုံးသားက စိတ်လှုပ်ရှားမှုဖြင့် တောက်လောင်နေသည်။ ထိုတခဏတွင် သူ၏တပ်ဖွဲ့က ထန်လက်နက်ကြီး အလက်လေးရာကျော်ခန့်ကို ဖျက်ဆီးနိုင်ခဲ့ပြီး မှင်သက်ဖွယ်ကောင်းသော အကျိုးအမြတ်ကြီးကို ရရှိလိုက်သည်။ ထိုအရွယ်အစားတွင် ရှိသည့် ထန်လက်နက်ကြီး အင်အားစုက တစ်သုတ်ပစ်ခတ်ရုံနှင့် တိဗက်မြင်းတပ် ခြောက်ထောင်ခန့်ကို ပျောက်ကွယ်သွားအောင် လုပ်နိုင်လေသည်။ သူတို့ကိုသာ တိုက်ပွဲနယ်မြေတွင် ဆက်လက်ပြီး အင်အားပြခွင့် ပြုထားမည်ဆိုရင် ဆုံးရှုံးမှုက ပို၍သာ ကြီးမားသွားနိုင်သေးသည်။

ရလဒ်တစ်ခုရဖို့အတွက် တန်ကြေးတစ်ခုတော့ ပေးဆပ်ရမှာပဲ။ ငါတို့က ထန်လက်နက်ကြီးတွေကို ဖျက်ဆီးနိုင်ရင် ငါတို့အားလုံးသေရလည်းကိစ္စမရှိဘူး။

အပုစန်းကျစ်က ထိုသို့ တိတ်တဆိတ် တွေးတောနေသည်။ အသတ်ခံရသော တိဗက်အဖွဲ့ဝင်များအတွက်လည်း သူက သနားညှာတာမှုမရှိချေ။

ညပိုင်းဝင်စီးခြင်းဆိုသော ကိစ္စကလည်း နောက်ပြန်လှည့်ရန် အခွင့်အရေးမရှိလောက်အောင် အရင်းအနှီး ကြီးမားသည့် စီမံကိန်းကြီးဖြစ်သည်။ တိုက်ပွဲတွင် ရှင်သန်သူများရှိသလို အကြောင်းပြချက်မဲ့စွာ ဆုံးရှုံးမှုများအဖြစ် သေဆုံးသွားရသူများလည်းရှိသည်။ အရေးကြီးသော အချက်ကမူ ဗျူဟာအောင်မြင်ရန်ဖြစ်သည်။

“အသင့်ပြင် နောက်ဆုတ်”

ပို၍များပြားသော ထန်စစ်သည်တော်များက ရောက်ရှိလာကြသည်။ လက်နက်ကြီး တစ်လက်ချင်းစီတိုင်းက တင်းကြပ်စွာ စောင့်ကြပ်ကာကွယ်ထားကြသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် လက်နက်ကြီးတစ်ခုကို ဖျက်ဆီးရန် အလွန်ခက်ခဲသည်။ ထု့ိကြောင့် အပုစန်းကျစ်ကလည်း တုန့်ဆိုင်းမနေဘဲ နောက်ပြန်ဆုတ်ရန် အမိန့်ပေးလိုက်သည်။

ဘန်း

မှိတ်တုတ်မှိတ်တုတ်အလင်း ဖြတ်ကနဲလက်သွားပြီးနောက် အပုစန်းကျစ်က ခြေလှမ်းနှစ်ဆယ်ခန့်သာ လှမ်းရသေးသည်။ သူ၏ခန္ဓာကိုယ်ကို ဝိုင်းပတ်ထားသည့် သူတော်စင်သိုင်းနယ်မြေအဆင့်မှ ရွှေရောင်ကြယ်တာရာစွမ်းအင်များ အားလုံးက တင်းကြပ်လာသည်။

“အား”

ထန်စစ်သည် သုံးဆယ်ကျော်ခန့်က လေထဲသို့ လွင့်ထွက်သွားပြီး အော်ဟစ်လိုက်ကြသည်။ အပုစန်းကျစ်က သူတို့ကို တိုက်ခိုက်လိုက်ချိန်တွင် အလွန်ပြင်းထန်သည့် ဒဏ်ရာများကို ရရှိသွားကြပြီး သွေးအလင်းများ ထွက်လာကြသည်။

“ပြေး”

အပုစန်းကျစ်က ခေါင်းလှည့်ကာ အဝိုင်းခံထားရသည့် တိဗက်မြင်းတပ်ကိုအော်သည်။ ထိုသို့လုပ်ပြီးနောက် သူက အသာတစ်ချက်ပျံသလို ခုန်လိုက်လေပြီး ထန်စစ်မြင်း တစ်ကောင်ကိုခိုးကာ အရှေ့ပိုင်းသို့ ချက်ချင်းထွက်ခွာသည်။ ထို့နောက် ဒုတိယမြောက် ခုခံရေးအားလှိုင်းမှ ထွက်ခွာ၏။

အပုစန်းကျစ်ကလည်း တာလာ့ဂိတ် ပွင့်သွားပြီး အန်းရှီကာကွယ်ရေးစစ်တပ်မှ ဒုကာကွယ်ရေးဗိုလ်ချုပ် ချန်းချန့်လီက သူ့ဆီမြင်းစီးလာနေကြောင်း မြင်ခဲ့ပြီးသားဖြစ်သည်။ ချန်းချန့်လီဟာ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့်ဖြစ်ပြီး ထန်စစ်တပ် တစ်ခုလုံးတွင်ရှိသော အင်အားအကြီးဆုံး လူများထဲမှ တစ်ယောက်ဖြစ်နေသည်။ ဆိုလိုသည်မှာ အပုစန်းကျစ်က သူ့ကို မယှဉ်နိုင်ချေ။ အပုစန်းကျစ်က ညပိုင်းဝင်စီးမှုတွင် အနည်းငယ် ဆက်လက်ပြီး ဖျက်ဆီးချင်သေးလျှင်ပင် နောက်ဆုတ်ရန် လုံလောက်နေပြီဖြစ်သည်။

သူ၏တုန့်ပြန်မှုက အလွန်မြန်သည်။ တခဏတည်းနှင့် သူ၏ ခိုးလာသော စစ်မြင်းက မြို့ရိုးကြားရှိ အဟနေရာကို ကျော်ဖြတ်လိုက်ပြီဖြစ်သည်။

“စစ်သားတိုင်း ငါ့ရဲ့အမိန့်ကိုနာခံ။ မနှောင့်နှေးစေနဲ့။ နောက်ဆုတ်ကြ”

အပုမူစလင်က အော်သည်။ ဒီတစ်ကြိမ် ဝင်စီးမှုက မျှော်လင့်ထားသည်ထက်ပင် ကောင်းမွန်သွားသေး၏။ လက်နက်ကြီး အလက်ငါးရာနီးပါး ဖျက်ဆီးခံခဲ့ရသည်။ သူတို့ကသာ တူညီသော အခြေအနေမျိုး ထပ်ခါတလဲလဲ လုပ်လိုက်မည်ဆိုလျှင် ထန်လက်နက်ကြီးများ အားလုံးက အဆုံးသတ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် အောင်မြင်မှု အပြည့်အဝနှင့် စခန်းသို့ ပြန်နိုင်မည်ဖြစ်သည်။

“ဟိုက်ရား”

အပုစန်းကျစ်က သူ၏ သူတော်စင်သိုင်းနယ်မြေအဆင့်မှ ကြယ်တာရာစွမ်းအင်များ အားလုံးကို မြင်းထံသို့ ပို့လိုက်ပြီး မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့် အမှောင်ထုအတွင်းသို့ ဝင်ရောက်ကာ ဒုန်းစိုင်းစီးသွားသည်။ ဆယ်ကျန်း၊ ကျန်းနှစ်ဆယ်... အပုစန်းကျစ်က မျက်တောင်တစ်ခတ် အချိန်အတွင်း တိုက်ပွဲနေရာမှ လွတ်မြောက်သွားသည်။ သူဟာ ဒုတိယမြောက် ခုခံရေးအားလှိုင်းမှ မီတာခြောက်ဆယ်ခန့် အကွာသို့ ရောက်သောအချိန်တွင် ထိုနေရာနှင့် အပြတ်အသပ် ဝေးသွားပြီဟု ယူဆရသည်။ သို့သော် ထိုအခိုက် ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။

ထိုပုံရိပ်က အရပ်ရှည်သည်။ ပိန်ပါး၏။ သူဟာ ညလေပြေအောက်တွင် တိတ်တဆိတ် ရပ်နေခြင်းဖြစ်၏။ သူ၏ဆံပင်က လေတွင်လွင့်နေသည်။ သူ၏ကိုယ်မှ ခပ်အေးအေးဖြစ်နေပြီး ယုံကြည်မှုအပြည့်ရှိသော အရှိန်အဝါမျိုးကို လွှတ်ထုတ်နေလေရာ သူဟာ အခြေအနေ တစ်ခုလုံးကို ချုပ်ကိုင်ထားနိုင်သော လူကဲ့သို့ ခံစားချက်မျိုးကို ရစေသည်။ ပို၍အရေးကြီးသည်မှာ အပုမူစလင်က ထိုလူကို မြင်လိုက်သည့်အချိန်တွင် ထိုသူဟာ သူထွက်ပြေးမည့်လမ်းကြောင်းကို ခန့်မှန်းနိုင်ပြီး သူ့ကို အသင့်စောင့်နေသည်ဆိုသည့် ထူးဆန်းလွန်းသည့် ခံစားချက်ကို ရလိုက်ခြင်းဖြစ်သည်။

“အဲ့ဒီမှာဘယ်သူလဲ”

အပုစန်းကျစ်က မျက်လုံးပြူးသွားပြီး အလန့်တကြား အော်သည်။

“ဟား ဟား မင်းကိုသတ်မဲ့လူလေ”

အမှောင်အတွင်းမှ ညင်သာသော ရယ်သံက ထွက်လာသည်။ အသံအတွင်းတွင် ငယ်ရွယ်မှုက အပြည့်ပါ၏။

အပုစန်းကျစ်က မတုန့်ပြန်နိုင်သေးခင် တစ်ဖက်သူ၏ သွယ်လျသည့် ပုခုံးတစ်ဖက်တစ်ချက်စီပေါ်မှ နေနှင့်လ တစ်စင်းစီက ပေါ်ထွက်လာသည်။ ထိုပုံရိပ်ယောင်များက အလွန်အမင်း မြန်ဆန်စွာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ချက်ချင်းဆိုသလိုပင် အပုစန်းကျစ်က အလွန်အမင်း ပြင်းထန်သည့် အန္တရာယ်ကို ခံစားလိုက်ရ၏။

“နေမင်းရဲ့မာပိုလက်သီး”

အပုစန်းကျစ်ကလည်း သူ၏ အင်အားအကြီးဆုံးသိုင်းကို ထုတ်သုံးလိုက်သည်။ သူ၏ခန္ဓာကိုယ်က ရွှေရောင်အလင်းများဖြင့် ချက်ချင်းလိုလို ပေါက်ကွဲထွက်လာပြီးနောက်တွင် အပုစန်းကျစ်ကိုယ်တိုင်က နတ်ဘုရားတစ်ပါးအလား ဖြစ်သွားသည်။ ထိုတခဏတွင် အပုစန်းကျစ်က တောက်ပပြီး မှင်သက်ဖွယ် ကောင်းလွန်းသော နေအလင်းရောင်ကို လွှတ်ထုတ်ထားသည်။ သူဟာ သံမဏိနှင့် ရွှေသားကို အသုံးပြုကာ ထွင်းထုထားပုံပေါ်သည်။ နေမင်း၏အလယ်တွင် အလွန်အမင်း ကြီးမားကာ ခမ်းနားသည့် တောင်တန်းကြီးရှိသည်။

မဟာမာပိုတောင်တန်း

ထိုသိုင်းက ယွီစန်းအင်ပါယာ၏ မိစ္ဆာမိခင်တောင်တန်းဖြစ်ပြီး တိဗက်၏ ဒဏ္ဍာရီများအရ မဟာမိစ္ဆာမိခင်ကို ဆင့်ခေါ်နိုင်သည်ဟုဆိုသည်။ အခြားသော တော်ဝင်မျိုးဆက်များနှင့် မတူသည်မှာ ရာလန်းတော်ဝင်မျိုးဆက်က မိစ္ဆာတိုင်း၏မိခင် မဟာမိစ္ဆာမိခင်ကို ကိုးကွယ်သည်။ နေမင်း၏ မာပိုလက်သီးကလည်း ရာလန်းတော်ဝင်မျိုးဆက်၏ အင်အားအကြီးဆုံး သိုင်းဖြစ်သည်။

အပုစန်းကျစ်နှင့်မြင်းက ထိုပုံရိပ်ထံ ဥက္ကာပျံကြွေကျသလို တောက်လောင်သော အလင်းတန်းမျိုးနှင့်အတူ ခုန်ဝင်သွားသည့်အခိုက် အပုစန်းကျစ်က နားနားမှ ခပ်တိုးတိုး ရယ်သံကို ကြားလိုက်ရသည်။

“မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း”

ဘုန်း

ဒုတိယမြောက် ခုခံရေးအားလှိုင်းနှင့် ခြောက်ဆယ်မီတာခန့်အကွာ ညကောင်းကင်တွင် လူနှစ်ယောက်က ထိပ်တိုက်ရင်ဆိုင်နေကြသည်။ ထိုတခဏတွင် အချိန်နှင့် အာကာသပြင်က အေးခဲသွားပုံပေါ်သည်။ ကြောက်မက်ဖွယ်ကောင်းသော လေပြင်းက ဒေါသတကြီး ဝင်ရောက်တိုက်ခိုက်မှုနှင့်အတူ မီတာခြောက်ဆယ်ကျော် တစ်ခုလုံးကို လွှမ်းခြုံသွားလျှက် ကျယ်လောင်သောအသံများ ထွက်ပေါ်နေစေလေပြီး သံမဏိမြို့ရိုးကိုပင် တဝုန်းဝုန်း တဒိုင်းဒိုင်း မြည်ဟီးစေသည်။

ကောင်းကင်ကိုပင် လှုပ်ခါစေလောက်သည့် ထိုတိုက်ပွဲက အလွန်ပြင်းထန်သည့် ကြမ်းတမ်းမှုမျိုးပါသည်။ သို့သော် လျှင်မြန်စွာ အဆုံးသတ်သွားသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း သူတော်စင် သိုင်းနယ်မြေအဆင့်များကြားမှ တိုက်ပွဲက အဆုံးသတ်သွားသည်။

ပေါ့ပါးသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ဝမ်ချောင်က အပုစန်းကျစ်၏ လည်ပင်းကို သံမဏိကဲ့သို့ ထင်ရသည့် လက်သီးဖြင့် ညှစ်ထားသည်။ ကြောက်မက်ဖွယ်ကောင်းသော ရာလန်းတော်ဝင်မျိုးဆက်မှ ဗိုလ်ချုပ်က အသတ်ခံရန် အသင့်စောင့်နေသည့် ဘဲတစ်ကောင်ကဲ့သို့ လေထဲတွင် အားအင်မဲ့စွာ တွဲလောင်းဖြစ်နေသည်။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းမှတဆင့် မြောက်များလှစွာသော သူတော်စင်စွမ်းအင်ပေါင်းများစွာက ဝမ်ချောင်၏ကိုယ်အတွင်းသို့ စီးဝင်နေသည်။

ဝမ်ချောင်၏ခွန်အားက ကြီးလာသလို အပုစန်းကျစ်ကလည်း လေရှုံ့သွားသော ပူဖောင်းတစ်လုံးကဲ့သို့ ဖြစ်လာသည်။ သူ၏ကြွက်သားအပြည့်နှင် ခန္ဓာကိုယ်က စတင်ကာ ရှုံ့တွလာပြီး ခြောက်ကပ်လာသည်မှာ လိမ္မော်ရောင် အသားအရည် ပေါ်လာမတက်ဖြစ်လာသည်။

“မိစ္ဆာ မိစ္ဆာသိုင်း”

အပုစန်းကျစ်က ကြောက်မက်မှုကြောင့် မျက်လုံးပြူးလာသည်။ သူ၏ တိုက်ပွဲနယ်မြေတွင် ရှိနေခဲ့သည့် သက်တမ်းတောက်လျှောက်တွင် အမြဲတစေ အကြောက်အလန့်မဲ့သည်။ ဘယ်သောအခါမှ နောက်ဆုတ်လေ့မရှိချေ။ သူဟာ တိုက်ပွဲနယ်မြေတွင်ပင် နောင်တမရဘဲ သေရန်ဆန္ဒရှိသူဖြစ်သည်။ သို့သော် သာမာန်နားလည်နိုင်စွမ်းအားများကို ကျော်လွန်သည့် အခြေအနေမျိုးက သူ့ထံတွင် ဖြစ်လာသည်။ သံသယဝင်ရန် မလိုလောက်အောင် ထိုအရာက ကြောက်စရာကောင်းသည့် မိစ္ဆာသိုင်းဖြစ်သည်။

ဝမ်ချောင်က နှာခေါင်းရှုံ့သည်။ သို့သော် ရှင်းပြချက်မပေးချေ။

“အားနည်းလွန်းတယ်”

ထိုစကားများနှင့်အတူ ဝမ်ချောင်က ဖျော့တော့စွာပြုံးပြီး အပုစန်းကျစ်၏လည်ပင်းကို ချိုးသည်။ သူက အပုစန်းကျစ်၏ စွမ်းအားများကို စုပ်ယူပြီးနောက် ဝမ်ချောင်က တစ်ဖက်သူကို လက်သီးထိုးအိတ်ကဲ့သို့ ဘေးဘက်သို့ လွင့်ပစ်လိုက်သည်။ ဝမ်ချောင်၏ ခွန်အားက တဖန်ထပ်ပြီး မြင့်တက်လာပြန်သည်။

“သူတော်စင်သိုင်းနယ်မြေ အဆင့်ခြောက် မလုံလောက်သေးဘူး အစကတော့ သာ့လွန်ရော့ကျန်းက နောင်ဖြစ်လာမဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက် ပိုပေးလောက်မယ်ထင်တာ။ ဒါပေမဲ့ ငါမျှော်လင့်ထားတာထက်တောင် သတိကြီးသေးတယ်”

သူ၏လက်ရှိအင်အားမျိုးတွင် ပြိုင်ဘက်က အဆင့်လွန် မဟာဗိုလ်ချုပ် မဟုတ်သမျှ ဝမ်ချောင်အနေဖြင့် နတ်ဘုရင်ရာမကိုပင် ထုတ်သုံးပြီး ရန်သူများကို သတ်ရန် မလိုအပ်တော့ချေ။ အပုစန်းကျစ်ကဆိုလျှင် သူ့ကိုယှဉ်နိုင်ရန် ဝေးကွာလွန်းသေးသည်။

“အရှင်အမတ်”

ဝမ်ချောင်က တဖြည်းဖြည်းချင်း တည်ငြိမ်သွားချိန်တွင် စွန်းကျစ်မင်နှင့် လူအချို့က သူ့ဆီ မြင်းစီးလျှက်လာသည်။ ထို့နောက် မြင်းပေါ်မှခုန်ဆင်းလာကြ၏။

ဝမ်ချောင်က ခေါင်းမော့ကာမေး၏။

“ဘယ်လိုလဲ”

စွန်းကျစ်မင်က ဂါရဝပြုလျှက်ပြောသည်။

“ကျွန်တော်တို့ လူသုံးထောင်ကျော် သတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျန်တဲ့လူတွေကတော့ ထွက်ပြေးသွားကြတယ်။ တိဗက်ဒီတစ်သုတ်က တော်တော်လေးထူးခြားတယ်။ တော်တော်လေးလည်း အင်အားကြီးမားကြတယ်။ သာ့လွန်ရော့ကျန်းက သေချာစီစဉ်ထားတဲ့ပုံပဲ။ အရှင်အမတ်ကသာ သူ့ရဲ့အကြံကို ဖောက်မြင်ပြီး ကြိုတင်စီစဉ်ထားခဲ့တာကြောင့် မဟုတ်ရင် ကျွန်တော်တို့ အများကြီး ဆုံးရှုံးသွားမှာပဲ”

စွန်းကျစ်မင်ကလည်း ဝမ်ချောင်ကို ပို၍လေးစားသွားမိသည်။ နန်းတွင်းဓားစံအိမ်တွင် လူတိုင်းက ဝမ်ချောင်ကို နတ်ဘုရားတစ်ပါးသဖွယ် သတ်မှတ်ထားကြပြီး တိုက်ပွဲနယ်မြေသို့ လိုက်ပါလျှက် သူနှင့်အတူ ဘေးချင်းယှဉ်လျှက် တိုက်ခိုက်ချင်ကြသည်။ သို့သော် တိုက်ပွဲနယ်မြေသို့ အမှန်တကယ် ရောက်ရှိလာမှသာ စွန်းကျစ်မင်ဟာလည်း ဝမ်ချောင်ဟာ မည်မျှအထိ လေးစားဖွယ်ကောင်းကြောင်း နားလည်လိုက်ကြသည်။ တိဗက်များကို လူပေါင်းများစွာက ဝိုင်းနေကြသည့်တိုင်အောင် သုံးထောင်ကျော်ကို သတ်နိုင်ခဲ့ပြီး ကျန်သောသူများက လွတ်မြောက်သွားသေးသည်။

ဝမ်ချောင်ကသာ ထိုလုပ်ကြံသတ်ဖြတ်မှုအတွက် ကြိုတင်ပြင်ဆင်ထားသောကြောင့်သာ မဟုတ်လျှင် သူတို့၏ လက်နက်ကြီးတိုင်းက ဖျက်ဆီးခံရရင်းဖြင့် အဆုံးသတ်သွားနိုင်သည်။ တိဗက်များကလည်း ချောမွေ့စွာ လွတ်မြောက်သွားလောက်သည်။

ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည့် သာ့လွန်ရော့ကျန်းနှင့် အကွက်ချင်းဖလှယ်ပြီးနောက် သူတို့၏ ခွန်အားများ အားလုံးကို ထုတ်သုံးရန် လိုအပ်သလို အနည်းငယ်သော လျစ်လျူရှု့မှုကိုမျှ ပြသခွင့်မပြုကြောင်း နားလည်းထားသင့်သည်။ စွန်းကျစ်မင်ကဲ့သို့သော လူများကလည်း ထိုကဲ့သို့သော လူမျိုးကို မကိုင်တွယ်နိုင်ပါချေ။ တာလာ့ရှိ ထန်စစ်တပ်ထဲတွင် ဝမ်ချောင်တစ်ယောက်တည်းကသာ တစ်ဖက်သူနှင့် အကွက်ချင်းဖလှယ်နိုင်ပြီး သူ၏လှည့်ကွက်များကို တားဆီးနိုင်သည်။ သူ့ကို ဖိနှိပ်နိုင်သည်။

စွန်းကျစ်မင်က ခေါင်းကိုငုံ့ပြီး စိတ်ထဲတွင် ချီးကျူးလိုက်ပြန်သည်။

အရှင်အမတ်က နန်းတွင်းဓားစံအိမ်မှာ ကြားရတဲ့ ကောလဟာလတွေထက်တောင် ပိုပြီး အင်အားကြီးသေးတယ်။

“အရမ်းကောင်းတယ် ထွက်ပြေးသွားတဲ့လူတွေကို စိုးရိမ်မနေနဲ့တော့။ ရွှယ်ချန်ကျွင်းကိုပဲ လိုက်ဖမ်းတဲ့ စစ်သည်တော်တွေကို နောက်ဆုတ်ဖို့ပြောလိုက်ပါ”

ဝမ်ချောင်က ထိုသို့ပြောသည်။

“နောက်ပြီး လီစစ်ယဲ့ရဲ့ အခြေအနေက ဘယ်လိုလဲ”

“ဟုတ်ကဲ့အရှင်အမတ် ဗိုလ်ချုပ်လီနဲ့ သူ့ရဲ့လူတွေက သူတို့ရဲ့ တာဝန်ကို ချောမွေ့စွာ လုပ်ဆောင်လိုက်နိုင်ပါပြီ။ တိဗက်ဘက်က ဝရုန်းသုန်းကား အခြေအနေတွေ မရှိပါဘူး။ ဒီတော့ သူတို့ သတိမထားမိလောက်သေးဘူးထင်တယ်။ ဒါပေမဲ့ အခြေအနေကို အခြေခံကြည့်ရရင်တော့ ဗိုလ်ချုပ်လီက သိပ်မကြာခင် လှုပ်ရှားတော့မှာပါ”

စွန်းကျစ်မင်က ခပ်တင်းတင်း ပြန်ဖြေသည်။

ညပိုင်းဝင်စီးမှုတွင် စွန်းကျစ်မင်၊ ချန်းစန်းယွမ်နှင့် ခုံးကျစ်အန်းတို့က မီးခိုးထွက်အောင် အရောင်ပြရုံလောက်သာဖြစ်သည်။ သူတို့ကဒီတိုင်း ငါးစာချခြင်းဖြစ်၏။ လီစစ်ယဲ့၏အဖွဲ့ကသာ အမှန်တကယ် တိုက်ခိုက်သည့် အင်အားစုဖြစ်သည်။

ဘုန်း

စွန်းကျစ်မင်၏စကားကို တုန့်ပြန်သလိုမျိုး တိဗက်စခန်းဘက်မှ ရုတ်ချည်းဆိုသလို ကျယ်လောင်သည့် ပေါက်ကွဲသံကြီးက ပေါ်ထွက်လာသည်။ ကြယ်တာရာစွမ်းအင်များကြောင့်ဖြစ်သည့် မီးပုံမီးတစ်ခုက လေထဲသို့ မြောက်တက်သွားပြီး ကြီးမားသည့် မီးပန်းကြီးအဖြစ် ပြောင်းလဲလျှက် လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။

“သူတို့စတင်နေပြီ”

စွန်းကျစ်မင်ကအော်သည်။

ပေါက်ကွဲမှုက အချက်ပြလိုက်သလိုမျိုး တိဗက်စံအိမ်တစ်ခုလုံးက တိုက်ခိုက်မှုအတွင်းသို့ ဝရုန်းသုန်းကား ဝင်ရောက်သွားကြသည်။ မရေမတွက်နိုင်သော တိဗက်ပေါင်းများစွာက မီးပန်းထွက်လာရာဘက်သို့ အပြေးအလွှား ရောက်လာကြသည်။

“သာ့လွန်ရော့ကျန်း မင်းမှာ လိုအပ်ချက်လေး ရှိသေးတယ်”

ဝမ်ချောင်က ဖျော့တော့စွာပြုံးပြီး ခေါင်းလှည့်သည်။

“စွန်းကျစ်မင် ငါ့ရဲ့အမိန့်ကို ထုတ်လိုက် ချန်းပုယွမ်ကိုလည်း စတင်နိုင်ပြီလို့ပြောလိုက်ပါ”

“ဟုတ်ကဲ့အရှင်အမတ်”

စွန်းကျစ်မင်က အမိန့်ကိုနာခံစွာ ထွက်ခွာသွားသည်။ သူထွက်သွားပြီး သိပ်မကြာခင် အမှောင်ထုအတွင်းသို့ အလွန်ကြီးမားသော ကျောက်တုံးကြီးတစ်တုံးက ဝင်ရောက်သွားပြီး လေထဲတွင် ကြီးမားသည့် စက်ဝိုင်းခြမ်းပုံစံကြီးကိုဆွဲကာ တိဗက်စခန်းထံ ပစ်ဝင်သည်။ သုံးဘက်လုံးက ထိပ်တိုက်တွေ့ဆုံသည့် ညတိုက်ပွဲတွင် လောက်လေးခွကြီးများထံမှ ပစ်ခတ်လိုက်သည့် ကျောက်တုံးနှင့်အတူ လိုက်ကာကို တရားဝင် မတင်လိုက်ပြီဖြစ်သည်။

အဝေးတွင်... ကျောက်တုံးကြီးက ပြုတ်ကျကာ ကြေမွသွားချိန်တွင် တိဗက်စခန်းတစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်သွားလေသည်။

အခန်း(၉၃၅)

“ဘာတွေဖြစ်နေတာလဲ။ ဘာဖြစ်တာလဲ”

ကျယ်လောင်သော တိုက်ခိုက်သံများက ဗိုလ်ချုပ်ရွက်ဖျင်တဲအတွင်းမှ သာ့လွန်ရော့ကျန်းကလည်း ချက်ချင်းဆိုသလို ခုန်ထွက်လာသည်။ သူ၏မျက်နှာက ပျက်နေ၏။

ထန်လက်နက်ကြီးများကို ဖျက်ဆီးရန် စေလွှတ်လိုက်သော အဖွဲ့က ထွက်သွားပြီးလေပြီ။ သို့သော် သူတို့က ပြန်မလာသေးခင် သူတို့ရဲ့ကိုယ်ပိုင် စခန်းက တိုက်ခိုက်မှုအောက်သို့ ရောက်သွား၏။ သာ့လွန်ရော့ကျန်းအနေဖြင့် မသက်မသာဖြစ်နေစေသော ကိစ္စကမူ ပြင်ဆင်မှုများစွာ လုပ်ထားလျှက်နှင့် တောက်လောင်နေသော မီးတောက်များနှင့် တိုက်ခိုက်သံများက ပေါ်လာသေးခြင်းဖြစ်သည်။ ထို့ပြင် သတင်းပို့များထံမှ မည်သည့်သတင်းမှ မရသေးချေ။ သာ့လွန်ရော့ကျန်း လုပ်ထားသော စီစဉ်မှုများအရ ထိုကဲ့သို့သော အခြေအနေက မဖြစ်သင့်ချေ။

“မဟာအမတ်မင်း ရန်သူတိုက်ခိုက်လာပါတယ်။ ထန်တွေက စခန်းကို တိုက်ခိုက်လာတာပါ”

အထိတ်တလန့်ဖြစ်နေသော တိဗက်စစ်သည်တော်တစ်ယောက်က ရွက်ဖျင်တဲအတွင်းသို့ ဝင်လာသည်။

“အရေအတွက် ဘယ်လောက်လဲ။ ဦးတည်ရာဘက်က ဘယ်မှာလဲ။ မြင်းတပ်လား။ ခြေလျှင်တပ်လား။ နောက်ပြီး ဘာလို့ သတင်းပို့တာတွေ မရှိတာလဲ။ စောင့်ကြည့်နေတဲ့လူတွေ ဘယ်မှာလဲ။ ဘာလို့ အဲ့ဒီကင်းထောက်သမားတွေဆီက ဘာတုန့်ပြန်မှုမှ မရှိတာလဲ”

သာ့လွန်ရော့ကျန်းက ခပ်တင်းတင်းမေးသည်။ သူ၏တစ်ကိုယ်လုံးမှ မကောင်းသော အရှိန်အဝါများက ဖြာထွက်နေသည်။

“မဟာအမတ်မင်း ကျွန်တော်တို့ သူတို့ရဲ့ အရေအတွက်ကို အတိအကျမသိသလို သူတို့က ဘယ်ဘက်က တိုက်ခိုက်နေမှန်းလည်း မသိပါဘူး။ စခန်းတစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်နေပါတယ်။ ကျွန်တော်တို့သိသမျှကတော့ ထန်တွေတိုက်ခိုက်နေတယ်ဆိုတာပါပဲ။ နောက်ပြီး သူတို့က ဘယ်နေရာမှာလည်းဆိုတာကိုလည်း မသိပါဘူး”

တိဗက်စစ်သည်တော်က စိုးရိမ်တကြီးတင်ပြသည်။

“ဘာ”

သာ့လွန်ရော့ကျန်းက ခပ်တင်းတင်းပြောသည်။ သူက သံမဏိစားပွဲကို ချက်ချင်းကျော်ဖြတ်လိုက်ပြီး ရွက်ဖျင်တဲအပြင်ဘက်သို့ ထွက်သည်။ သူ၏အနောက်မှ တုစုန့်မာန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကလည်း အကြည့်ချင်းဖလှယ်ပြီး လိုက်လာကြသည်။

ဝှစ်

ကြမ်းတမ်းသော လေပြင်းက တိုက်ခတ်လာချိန်တွင် ရွက်ဖျင်တဲအတွင်းမှ ထွက်လာသည့် သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ထံ ရောက်လာသည်။ ထို့နောက် ထိုလေပြေက သူတို့နှစ်ယောက်ကို တခဏခန့် ဖြတ်သန်းသွားပြီးနောက် လေထုအတွင်းသို့ ပြန်လည်ရောက်ရှိကာ ပျောက်ကွယ်သွားပြန်သည်။ လေထဲမှ ဟိန်းသံကတင် သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကို မော့ကြည့်မိစေသည်။ သို့သော် သူတို့မြင်ရသမျှက သူတို့၏ခေါင်းများအပေါ်ကျော်ကာ လွင့်ထွက်နေသည့် ကြီးမားသည့် အနက်ရောင် ပစ္စည်းကြီးများဖြစ်သည်။ ထိုအရာက သူတို့၏အနောက်ဘက်ရှိ စခန်းမြေပြင်ပေါ်သို့ ဘုန်းကနဲ ပြုတ်ကျသွားသည်။

“အား”

လေထဲတွင် အော်ဟစ်သံများက ထွက်ပေါ်လာသည်။ တောက်လောင်နေသော မီးကလည်း ကျောက်တုံး၏ သက်ရောက်မှုကြောင့် ပေါက်ကွဲသွားပြီး နေရာတိုင်းကို မီးညွှန့်များ၊ မီးစများလွင့်စေသည်။

လောက်လေးခွတွေ

သာ့လွန်ရော့ကျန်း၏ စိတ်အတွင်း ထိုအတွေးက ဝင်ရောက်လာသည်။ သူ၏ မျက်နှာက မဲ့သွားသည်။

“ဘာဖြစ်တာလဲ”

တုစုန့်မာန်ဖော်ကျဲ့က သာ့လွန်ရော့ကျန်း၏ ညာဘက်ခြမ်းသို့ ရောက်လာသည်။ သူ၏အမူအရာက အလွန်အမင်း တင်းမာနေသည်။

“ငါတို့ဒီလောက်လေးခွကြီးတွေ မရောက်နိုင်တဲ့ နေရာအထိ စခန်းကိုဆုတ်ထားပြီးသားမဟုတ်လား။ ဘာလို့ ဒီထန်တွေက ဒီလောက်ဝေးတဲ့နေရာထိ လှမ်းပစ်နိုင်တာလဲ။ နောက်ပြီး စခန်းရဲ့နောက်တန်းကိုတောင် လာမှန်သေးတယ်”

သူတို့အားလုံးကလည်း မဟာထန်၏ သံမဏိလောက်လေးခွကြီးများ၏ အင်အားကို နေ့အချိန်က အသေအချာ မြင်ခဲ့ပြီးသားဖြစ်သည်။ အာရပ်နှင့် တိဗက်ဘက်မှ လောက်လေးခွတိုင်းနီးပါးက ဖျက်ဆီးခံရလုနီးပါး ဖြစ်သွားခဲ့၏။ ထို့ကြောင့် ညအချိန်အတွက် စခန်းချသောအခါ သာ့လွန်ရော့ကျန်းကလည်း အခြေအနေကို ကွက်တိတိုင်းတာခဲ့၏။ ကင်းထောက်နေရာများမှလွဲပြီး စခန်း၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်က ထိုလောက်လေးခွကြီးများ မရောက်နိုင်သော အတိုင်းအတာသို့ ဆုတ်ခဲ့ကြသည်။ သို့တိုင်အောင် တိဗက်စခန်း တစ်ခုလုံးအနှံ့ ကျောက်တုံးရာကျော်က မိုးရွာသလို ဆင်းသက်လာသည်။ ထိုအခြေအနေက ပုံမှန်မဟုတ်တော့ချေ။

“ဘာလု့ိလည်းဆိုသော သူတို့က လောက်လေးခွတွေကို ရွှေ့လာတာ”

သာ့လွန်ရော့ကျန်းကပြောသည်။ သူ၏နှလုံးသားအတွင်းမှ မသက်မသာဖြစ်မှုက နောက်ဆုံးတွင် အဖြေရသွားသည်။ ဟင်း ဝမ်ချောင်က အခုမှ သူ့ရဲ့အစစ်အမှန်လက်ကို ထုတ်ပြလာတာပဲ။

သံမဏိလောက်လေးခွကြီးများက တာလာ့မြို့ရိုးထံမှတဆင့် စခန်းသို့ရောက်အောင် မပစ်နိုင်ချေ။ ထို့ကြောင့် ဝမ်ချောင်ဟာ ထိုလောက်လေးခွကြီးများကို တာလာ့၏အပြင်ဘက်သို့ ရွှေ့ခိုင်းလျှက် သူတို့စခန်းသို့ မှီသောနေရာအထိ ရောက်အောင်ပြောင်းပြီး ပစ်ခိုင်းခဲ့ခြင်းဟု သတ်မှတ်လိုက်သည်။ ထိုနည်းလမ်းကြောင့်သာ သံမဏိလောက်လေးခွကြီးများက တိဗက်စခန်းကို ပစ်ခတ်နိုင်ခြင်း ဖြစ်လောက်သည်။

ထိုလောက်လေးခွကြီးများက သူတို့၏ အခြေစိုက်စခန်းနှင့် ဝေးကွာလွန်းသောကြောင့် ဖျက်ဆီးရန် မလွယ်ချေ။ ထို့ပြင် မည်းမှောင်နေမှုက အကောင်းဆုံး အကာအကွယ် ဖြစ်သွားသည်။ သာ့လွန်ရော့ကျန်းကပင် ဝမ်ချောင်က ထိုသို့သော အကွက်မျိုးကို ရွှေ့လိမ့်မည်ဟု မမျှော်လင့်ထားချေ။ ယခုမှသာ သူ၏စစ်သည်တော်များထံမှ မည်သည့်အတွက်ကြောင့် တင်ပြမှုများမရောက်ကြောင်း နားလည်လိုက်သည်။

“ကင်းထောက်တွေ ကင်းထောက်တွေဘယ်မှာလဲ။ ထန်တွေက တိုက်ခိုက်လာပြီ။ ဘာလို့ သတင်းမရောက်လာတာလဲ”

သာ့လွန်ရော့ကျန်းက လျှင်မြန်စွာ မေးမြန်းလိုက်သည်။

လောက်လေးခွမိုးက ဝရုန်းသုန်းကား ဖြစ်သွားစေသော်လည်း ကြားနေရသည့် ဒေါသတကြီးဖြစ်နေသော အသံများအတွင်းတွင် အမှန်တကယ် ထိခိုက်နစ်နာမှုက အကန့်အသတ် ရှိနေသေးသည်။ တိဗက်အများစုက ဝရုန်းသုန်းကားဖြစ်နေသည့်တိုင်အောင် သာ့လွန်ရော့ကျန်းကလည်း ထိုလောက်လေးခွကြီးများက အစစ်အမှန် လုပ်ကြံသတ်ဖြတ်မှုမဟုတ်ကြောင်း သိနေသည်။ ဒါက အကာအကွယ်အနေဖြင့်သာ ရှိနေခဲ့ခြင်းဖြစ်၏။ အစစ်အမှန် လုပ်ကြံသတ်ဖြတ်မှု အင်အားစုက ထန်စစ်တပ်သာ ဖြစ်ပေလိမ့်မည်။

သို့ရာတွင် သာ့လွန်ရော့ကျန်းက ထိုအခြေအနေအတွက် ပြင်ဆင်ထားပြီးသားဖြစ်သည်။ မီးတောက်များ အားလုံးက တိုက်ခိုက်ခံရလျှင် သူဟာ သတင်းရပေလိမ့်မည်။ ထိုသို့ဖြစ်သင့်သည့်အတွက် သတင်းမရသော အတွက်ကြောင့်သာ တစ်စုံတစ်ရာက မှားယွင်းနေကြောင်း နားလည်မိပြီး စိတ်ရှုပ်ထွေးနေရခြင်းဖြစ်သည်။

“မဟာအမတ်ကို သတင်းပို့ပါတယ်... ဒီဘက်ခြမ်းကနေ တိုက်ခိုက်လာတဲ့ အချက်ပြမှုမရှိပါဘူး”

“မဟာအမတ်ကို သတင်းပို့ပါတယ်.. ဒီဘက်ခြမ်းကနေ တိုက်ခိုက်လာတဲ့ အချက်ပြမှု မရှိပါဘူး”

“မဟာအမတ်ကို သတင်းပို့ပါတယ်.. ဒီဘက်ခြမ်းကနေ တိုက်ခိုက်လာတဲ့ အချက်ပြမှု မရှိပါဘူး”

ကင်းထောက်များထံမှ သတင်းပို့မှုက တစ်ခုပြီးတစ်ခု ရောက်လာသည်။ ဝရုန်းသုန်းကားဖြစ်နေသည့်တိုင်အောင် သာ့လွန်ရော့ကျန်းက တည်ထောင်ထားသည့် အချက်ပြစနစ်က သက်ရောက်မှုရှိနေခြင်းဖြစ်သည်။ သို့ရာတွင် ထိုသို့အော်ဟစ်သံများ၊ ဝရုန်းသုန်းကားဖြစ်နေသော အခြေအနေများအတွင်းတွင် နယ်စပ်နေရာအတွင်းရှိ ကင်းထောက်များအားလုံးကလည်း ထန်မြင်းတပ် လက္ခဏာကိုမမြင်ကြောင်း တင်ပြလာသဖြင့်သာ သူက ပို၍ သံသယဝင်သွားရသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

တုစုန့်မာန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းတို့က သူတို့၏ ပတ်ဝန်းကျင်မှ မီးများကိုကြည့်ပြီး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ခိုင်မာသော သက်သေမရှိသည့်တိုင်အောင် သူတို့၏ မဟာဗိုလ်ချုပ်ဆိုသော မသိစိတ်အရ သာ့လွန်ရော့ကျန်းနည်းတူ စိတ်ရှုပ်ထွေးသွားကြရသည်။ ထန်စစ်တပ်အဖွဲ့ဟာ စခန်းအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ရန် ကြိုးစားသည်။ သို့သော် ကင်းထောက်များထံမှ မည်သည့်သတင်းမှ မရပြန်ချေ။

“အား”

အော်သံများက အနိမ့်အမြင့် အတက်အကျနှင့်ဖြစ်သည်။ အမှောင်ထုအတွင်း ဝရုန်းသုန်းကား ကာလအတောအတွင်း ကျောက်တုံးကြီးပြုတ်ကျသံများကြောင့် လက်နက်ခြင်း ထိခတ်သံများကို ခွဲခြားရန် ခက်ခဲသွားသည်။ ထို့ကြောင့် ဗျူဟာရှု့ထောင့်မှကြည့်သော် ဒီအခြေအနေ အတောအတွင်းတွင် အကောင်းဆုံးသော မဟာဗိုလ်ချုပ်များကပင် အသုံးမဝင်တော့ချေ။

“မဟာအမတ်မင်း ငါသွားပြီး စစ်ဆေးလိုက်မယ်”

ဟော်ရှု့ဟွေ့ခမ်းက ရုတ်တရက်ပြောသည်။ မည်သူမှ မတုန့်ပြန်ခင် သူကထွက်သွားသည်။

“မဟာအမတ်မင်း ငါလည်းသွားပြီး စစ်ဆေးလိုက်မယ်”

တခဏခန့်သာကြာပြီး တုစုန့်မာန်ဖော်ကျဲ့ကလည်း ထွက်သွားသည်။ ထိုသို့ဖြင့် သာ့လွန်ရော့ကျန်းက ပြန်မငြင်းနိုင်ခင် အခြားသောတစ်ဖက်ခြမ်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွား၏။ သူတို့ဟာ ဝမ်ချောင်၏ အကြံကို ဖောက်မမြင်နိုင်ချေ။ သို့သော် အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများအနေဖြင့် သူတို့တွင်လည်း အမှန်တရားကို ရှာဖွေနိုင်သည့် ကိုယ့်နည်းကိုယ့်ဟန်များ ရှိလေသည်။

သူတော်စင်သိုင်းနယ်မြေ အထွဋ်အထိပ်၏ မဟာဗိုလ်ချုပ်ကြီးများအနေဖြင့် စခန်းတစ်ခုလုံးကို လျှောက်ပတ်ပြီး လိုက်ရှာရန် မလိုအပ်ချေ။ နေရာတစ်ခုလုံးကို ခြုံငုံကြည့်ရှု့နိုင်သေးသည်။

“မဟာအမတ်မင်း ငါလိုက်သွားဖို့လိုလား”

တုဝူစစ်လီကလည်း ရွက်ဖျင်တဲထဲမှ ထွက်လာရင်းပြောသည်။ သူ၏ဘက်ခြမ်းမှ တူရကီသတင်းပို့ထဲမှ တစ်ယောက်က ထွက်သွားကြောင်းကို လူအချို့ကသာ သတိထားမိကြသည်။

မဟာထန်၏ လုပ်ကြံသတ်ဖြတ်မှုက ရုတ်ချည်းဆန်သည်။ တုဝူစစ်လီကလည်း သူ၏ကိုယ်ပိုင်စစ်သားများကို စိုးရိမ်ရလေသည်။ ထိုအတွက်ကြောင့် သာ့လွန်ရော့ကျန်းက ဗိုလ်ချုပ်ရွက်ဖျင်တဲမှ ထွက်ခွာသွားသောအခါ တုဝူစစ်လီက သတင်းစောင့်ရင်း ကျန်နေရစ်သည်။ သို့ရာတွင် သူကြားရသော သတင်းစကားများအရ မဟာထန်ဟာ တိဗက်များကိုသာ ပစ်မှတ်ထားပြီး ရွေးချယ်ထားပုံပေါ်သည်။ ထိုအတွက်ကြောင့် အနောက်ပိုင်းတူရကီများအတွက် သတင်းကောင်းဖြစ်သွားသည်။

“မလိုပါဘူး”

သာ့လွန်ရော့ကျန်းက ချက်ချင်းငြင်းသည်။ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကလည်း လုံလောက်သည်။ အခြားသော မတော်တဆမှုတစ်ခုခု ဖြစ်လာခဲ့သော် ကိုင်တွယ်ပေးနိုင်သည့် မဟာဗိုလ်ချုပ် သုံးယောက်လုံး မရှိခဲ့ပါက တုန့်ပြန်ရန်အင်အားစု ကျန်လိမ့်မည်မဟုတ်ချေ။

“တစ်ယောက်ယောက် ငါ့ရဲ့အမိန့်ကိုထုတ်လိုက် တိုက်ခိုက်ခံရတဲ့ ဘယ်နေရာမဆို သိရရင် ငါ့ကိုချက်ချင်း သတင်းပို့ကြစမ်း”

ထို့နောက် တုဝူစစ်လီက အံ့အားတကြီး ကြည့်နေမှုအောက်တွင် သာ့လွန်ရော့ကျန်းက ခေါင်းငုံ့လိုက်ပြီး လက်ညိုးတစ်ချောင်း ဆန့်တန်းလိုက်ပြီး မြေပြင်တွင် မြေပုံတစ်ခု ရေးဆွဲလိုက်၏။ တုဝူစစ်လီက တခဏကြာအောင် စိုက်ကြည့်ပြီးမှသာ မည်သည့်မြေပုံဖြစ်ကြောင်း သိလိုက်သည်။

တိဗက်စခန်းမြေပုံ

.....

“သောက်ကျိုးနည်း ရန်သူတိုက်ခိုက်တာပဲ”

“မဟာဗိုလ်ချုပ်က စစ်သည်အားလုံးကို သွားပြီးကူညီရမယ်လို့ အမိန့်ထုတ်ထားပြီးသား”

တိဗက်နယ်နိမိတ် အလယ်ဝန်းကျင်တွင် တိဗက်စစ်သည် ဆယ်ယောက်ခန့်က အထိတ်တလန့် အလန့်တကြား ပြေးထွက်လာသည်။ သူတို့က ကင်းထောက်များထံ ဦးတည်သည်။

“ဘာ ဘယ်နေရာမှာလဲ”

စောင့်ကြည့်ကင်းထောက်နေရာတွင် ရှိနေသော တိဗက်အစောင့်တစ်ယောက်က ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အလန့်တကြား ပတ်ဝန်းကျင်ကိုကြည့်သည်။

“အဲ့ဒီမှာပဲ”

အထိတ်တလန့် ဖြစ်နေသော စစ်သည်တော်များကို ဦးဆောင်သည့် တိဗက်မြင်းစီးသမားက ကျောက်တုံးကြီးပြုတ်ကျသွားသော ဦးတည်ရာဘက်သို့ညွှန်သည်။ ထိုအရာက ကျသွားသည့်အချိန်တွင် လေထဲသို့ မီးတောက်များက မြောက်တက်သွားပြီး အော်သံများက ပြည့်နှက်သွားစေပြန်သည်။

“ငါ့နောက်ကလိုက်ခဲ့ကြ”

တွေးတောရန် အချိန်မရှိတော့သည့်အတွက် ထိုနေရာကို တာဝန်ယူထားသည့် တိဗက်ဗိုလ်ချုပ်ကလည်း ဆေဘာကို ကောက်ဆွဲလိုက်ပြီး သူ၏အဖွဲ့နှင့်အတူ စုစည်းလျှက် နောက်မှလိုက်သွားလေသည်။ ထိုကျောက်တုံးကျသွားသော နေရာသို့ အားလုံးက ရောက်သွားကြ၏။ သို့သော် သူ၏မြင်းက အထိတ်တလန့်ဖြစ်နေသော စစ်သည်တော်များကို ဖြတ်သန်းသွားသည့်အချိန်တွင် ဇွက်

ထက်ရှသော ဓားတစ်လက်က ထိုဗိုလ်ချုပ်၏ကိုယ်ထဲသို့ ထိုးဖောက်သွားပြီး ကျောဘက်မှ ပြန်ထွက်သွားသည်။

ဗိုလ်ချုပ်၏ ပုလိတ်သံချပ်ကာအပြားက ထူလွန်းသဖြင့် အကောင်းဆုံးသော အာရေးဗီးယားမှ ဆေဘာများကပင် မဖြတ်တောက်နိုင်ချေ။ သို့တိုင်အောင် ထိုဓားကမူ သံချပ်ကာကို စက္ကူသားဖြင့် လုပ်ထားသလိုမျိုး အသာအယာ ခုတ်ဖြတ်လိုက်နိုင်သည်။

အချိန်ကပင် ထိုတခဏ ရပ်တန့်သွားပြီဟု ထင်ရသည်။ ပတ်ဝန်းကျင်ရှိ တိဗက်စစ်သည်တော်များက အံ့အားသင့်သွားကြပြီး ထိုမြင်ကွင်းကြောင့် ဒေါသထွက်သွားကြသည်။

“အရှင်”

“မျိုးမစစ်ကောင် မင်းကအရှင့်ကို သတ်ရဲတာလား”

“သူတို့ကိုသတ်”

ဘယ်သူကမှလည်း နောက်ပြန်လှည့်လာကာ အကူအညီလာတောင်းသည့် သူတို့၏ ရဲဘော်ရဲဘက်များက သူတို့ကို တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားကြချေ။

ချွင် ချွင် ချွင်

တိဗက်စစ်သည်တော်များ အားလုံးက သူတို့၏ စစ်သည်တော်များ အားလုံးကို ဆွဲထုတ်လိုက်ကြကာ ရဲဘော်ရဲဘက်များဟုခေါ်သော လူများထံ ချီတက်သွားကြသည်။

သို့သော် အအံ့ဩဆုံးလူကမူ တိဗက်ဗိုလ်ချုပ်ဖြစ်သည်။ ရုတ်ချည်းတိုက်ခိုက်ခံရမှုက သူ့ကို သတိလက်လွတ် ဖြစ်သွားစေခဲ့သည်။

“မင်း မင်း မင်းတို့က ငါတို့ရဲ့လူတွေမှမဟုတ်တာ”

ထိုတခဏမှသာ ထိုတိဗက်ဗိုလ်ချုပ်က ခေါင်းကြည်သွားသည်။ သူက အံ့အားသင့်သွားပြီး မှင်သက်သွားသည်။ သို့သော် ပို၍ပင် ဒေါသထွက်သွားသည်။

ဘုန်း

ဓားကသူ့ကို ဖြတ်ဖောက်သွားမှုနှင့်အတူ ထိုတိဗက်ဗိုလ်ချုပ်ကလည်း ကြယ်တာရာစွမ်းအင်ပေါင်း များစွာနှင့် ပေါက်ကွဲသွားသည်။ သူက ဒဏ်ရာရသွားသည့်တိုင်အောင် ထိုတိဗက်ဗိုလ်ချုပ်က လေးစားဖွယ်ကောင်းသော တည်ရှိမှု ဖြစ်နေသေးသည်။

“ငါ့အတွက်သေစမ်း”

ထိုတိဗက်ဗိုလ်ချုပ်၏ မျက်ဝန်းက အေးစက်ကာ ကြမ်းတမ်းသောအလင်းများဖြင့် တောက်လောင်လာသည်။ သူဟာ သေရမည့်တိုင်အောင် ရန်သူကိုလည်း ခံစားရစေချင်သေးသည်။

သို့သော် ထိုတိဗက်ဗိုလ်ချုပ်၏ နောက်ဆုံးရိုက်ချက်ကို ပို၍အင်အားကြီးမားပြီး အကန့်အသတ်မဲ့သည့် ဓားချည်များက ကြိုဆိုလိုက်သည်။ ခွန်အားတစ်ခုတည်းကတင် တောင်များကိုပင် ပြိုကျအောင် လုပ်နိုင်စွမ်းအားရှိနေသေးလေရာ ထိုဓားချည်က ထိုဗိုလ်ချုပ်၏ခေါင်းကို အသာအယာ ခုတ်ဖြတ်သွားသည်။

“သူတို့ကိုသတ်”

ဟွမ်ပေ့ါထန်းက ထိုဗိုလ်ချုပ်ကို တစ်ချက်ပင် လှည့်မကြည့်တော့ချေ။ သူ၏ ခွန်အားနှင့် ခြုံခိုတိုက်ခိုက်မှု၏ အားသာချက်နှင့်အတူ သူက ထိုတိဗက်ဗိုလ်ချုပ်ကို အလွယ်တကူ ကိုင်တွယ်လိုက်နိုင်သည်။

All Chapters