← Chapters

အခန်း (၉၄၆-၉၅၀)

Vol. 53 Ch. 946-950

အခန်း (၉၄၆-၉၅၀)

Vol. 53 Ch. 946-950

အခန်း(၉၄၆)

ဝေါင်း

ကြမ်းတမ်းသော အော်သံနှင့်အတူ မြေကမ္ဘာက စတင်ကာ တုန်ခါလာသည်။ လေထုကလည်း တင်းကြပ်မှုအတွင်းသို့ ချက်ချင်းရောက်ရှိသွားသည်။

ဘုန်း

တောင်တန်းကြီးတစ်လုံးကဲ့သို့ ပဲ့ဟယ်မော့၏ ခန္ဓာကိုယ်မှ ခြေလေးဘက်က စတင်ကာ လှုပ်ရှားပြန့်ကားသွားပြီး ခုန်လာသည်မှာ ခုခံရေးအားလှိုင်း နှစ်ခုလုံးထံ လျှပ်စီးက တောက်လျှောက် ဖြတ်သန်းသွားသလို ထင်ရသေးသည်။ သူ၏ရွှေရောင်ဦးချိုကြီးက နေရောင်အောက်တွင် အလွန်အမင်း တောက်ပနေသည်။

စွစ်

ကြီးမားသော ခွာကြီးများက အောက်သို့ဖိချသွားသည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံက ထွက်လာ၏။ ကြောက်လန့်နေသော အာရပ်စစ်သည်တော်တစ်ယောက်က လှုပ်ရှားမှု နှေးကွေးသွားသည့်အတွက် သတ္တုပန်ကိတ်ပြားကဲ့သို့ အနင်းချေခံလိုက်ရသည်။ ပဲ့ဟယ်မော့က အရှိန်နှုန်း နှေးကွေးသွားခြင်းမရှိဘဲ ဆက်လက် ချီတက်သွားသည်။

ခြိမ်း

တာလာ့၏ တိုက်ပွဲနယ်မြေက သမုဒ္ဒရာအတွင်းသို့ ရောက်သွားသလိုမျိုး လေပြင်းကြောင့် ဝရုန်းသုန်းကား ဖြစ်ကုန်သည်။ မြင်းများကလည်း အလန့်တကြား ဟီကြသည်။ သူတို့၏ လည်ဆံမွှေးများကလည်း လေတွင် တဖြတ်ဖြတ် လွင့်နေ၏။ သူတို့ဟာ ပို၍ပင် မသက်မသာဖြစ်လာပြီး ထိန်းချုပ်ရန် ပို၍ခက်ခဲလာသည်။

“ထိန်းထား”

“စစ်မြင်းတွေကို ထိန်းထားကြ။ အားလုံးပဲ နေရာမှာပဲနေကြ”

“လက်နက်ကြီးတွေကို ပစ်ခတ်ဖို့ အသင့်ပြင်ထား”

ခုခံရေးအားလှိုင်း အနောက်ဘက်မှ စစ်တပ်က ဝရုန်းသုန်းကား ဖြစ်နေသည်။ ကြီးမားပြီး ရက်စက်သော သားရဲကြီး ချီတက်လာခြင်းက လေထုကို ကြောက်လန့်ဖွယ် ကောင်းလာစေလျှက် တစ်လောကလုံးကို ရှင်းလင်းသွားအောင် ဖြတ်တိုက်သွားတော့မည်ဆိုသော ခံစားချက်မျိုးကို ရစေသည်။ အတွေ့အကြုံရှိပြီး ရဲရင့်ပြတ်သားသော ထန်စစ်သည်တော်များကပင် အလွန်အမင်း နက်ရှိုင်းသည့် ခြောက်ခြားမှုကို ခံစားလိုက်ကြရသည်။ စစ်မြင်းများဆိုလျှင် ပို၍ဆိုးရွားသေး၏။

ထိုတိုက်ပွဲက သူတို့မျှော်လင့်ထားသမျှ အခြေအနေတိုင်းကို ကျော်လွန်သွားသည်။ ဒါက လူလူချင်း ရှင်းပစ်ရခြင်းမဟုတ်တော့ချေ။ ပဲ့ဟယ်မော့နှင့် အမျိုးသားတစ်ယောက်က ရင်ဆိုင်နေရခြင်းဖြစ်သွားသည်။

“အားလုံးပဲ အသင့်ပြင်”

လူတိုင်း၏နားအတွင်းသို့ မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သည့် အသံက မြည်ဟီးလာသည်။ ဖြတ်ကနဲ အလင်းလက်သွားပြီးနောက် အနက်ရောင် ပုံရိပ်တစ်ခုက မြင့်မားသော မြို့ရိုးပေါ်မှ ခုန်ချလာ၏။

ခုန်ပေါက်ခြင်းနဂါးသိုင်း

သူတို့က အလွန်မြင့်မားသော တာလာ့မြို့ရိုးပေါ်မှ ခုန်ချလာမည်ဆိုလျှင် သိုင်းပညာရှင်များကပင် သေဆုံးနိုင်လေသည်။ သို့သော် ဝမ်ချောင်၏သိုင်းကမူ ထိုအခြေအနေအတွက် ပြီးပြည့်စုံလွန်းသည်။

ဘန်း

ဝမ်ချောင်က လေထဲတွင် အကြိမ်ပေါင်းများစွာ လှည့်ပတ်လိုက်ပြီးမှသာ ခိုင်မာလွန်းသော မြို့ရိုးတစ်ခုပေါ်သို့ ချေချနိုင်သွားသည်။

ဝမ်ချောင်က ပေါ်လာခြင်းက စစ်တပ်တစ်ခုလုံးကို တည်ငြိမ်သွားစေခဲ့သည်။ အထိတ်တလန့် ဖြစ်နေသော ကြေးစားစစ်သားများကပင် သူတို့၏ ကျောရိုးကို ရှာတွေ့သွားသလိုပင် တိုက်ပွဲအတွက် အသင့်ပြင်ကြ၏။ သို့သော် ဝမ်ချောင်ကသာ သူကိုယ်တိုင်လည်း သူ၏စိတ်ထဲတွင် အခြားသောစစ်သားများနည်းတူ မှင်သက်အံ့ဩနေကြကြောင်း နားလည်နေလေသည်။ မည်သို့ပင်ဆိုစေ ပဲ့ဟယ်မော့စစ်တပ်က တိုက်ပွဲနယ်မြေတွင် ပေါ်လာမည်ဟု မတွေးထားဖူးပါချေ။ သူကမူ ထိုအံ့အားသင့်မှုများကို ဖော်ထုတ်ပြသ၍ မဖြစ်ချေ။ သူ၏ထက်ရှသော မျက်ဝန်းက အဝေးရှိ ချီတက်လာသော ပဲ့ဟယ်မော့ထံတွင်သာရှိသည်။

အာရပ်များ၊ ထန်များနှင့် သောင်းကျော်သော တိဗက်များ၊ တူရကီများအားလုံးက ခြောက်ခြားဖွယ်ကောင်းသော မကောင်းဆိုးဝါးကြီး၏ ချီတက်မှုကိုသာ ကြည့်နေကြသည်။ သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကလည်း အသက်ရှုပင် အောင့်ထားကြသည်။ သူတို့က မျက်လုံးကို မှေးကျဉ်းထားကြသည်။

သူတို့က ထိုတိုက်ပွဲက အရှေ့နှင့်အနောက်မှ အင်ပါယာနှစ်ခု၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်မည်ဖြစ်သည်။ အာရပ်များက နိုင်သွားလျှင် ကုန်းမြေတစ်ခုလုံးက မယုံနိုင်စရာကောင်းသည့် ကမ်းလှမ်းမှုအတွင်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။ တိဗက်များနှင့် တူရကီများကလည်း ရုန်းကန်မှုအတွင်း ဝင်ပါရင်းနှင့် အသားစီးရအောင် ကြိုးစားကြရမည်ဖြစ်သည်။

“အင်အားကြီးလွန်းတယ်။ ဒီလောက် အင်အားကြီးလွန်းတဲ့ အတက်စွမ်းအားတွေ... ဒါက လူသားတစ်ယောက်မှာရှိတဲ့ စွမ်းအားမျိုးမှမဟုတ်တာ။ မဟာဗိုလ်ချုပ်တွေမှာတောင် မရှိဘူး”

“အခု မဟာထန်က ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ကြည့်ရမဲ့အချိန်ပဲ။ သာမာန်နည်းလမ်းတွေက ဒါကို တားလို့ရမှာမဟုတ်ဘူး”

“လေးစားဖွယ်ကောင်းတဲ့ သတ်ဖြတ်ခြင်းထိုးနှက်ချက်ပဲ။ အန်းရှီကာကွယ်ရေးစစ်တပ်ကတော့ ဒီနေ့ အဆုံးသတ်လောက်တယ်”

ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့၊ တုဝူစစ်လီနှင့် သာ့လွန်ရော့ကျန်းတို့က အတန်းလိုက် ရပ်နေကြသည်။ သူတို့၏ အဝတ်များက လေပြင်းတွင် လွင့်နေသည်။ သူတို့ဟာ တောင်ကုန်းထံမှတဆင့် ထိုမြင်ကွင်းကို ကြည့်နေကြသည်။

အဝေးတွင် ဒိုင်နိုဆောပုံစံရှိသော ပဲ့ဟယ်မော့က နီးသထက် နီးကပ်လာပြီး ကြောက်မက်ဖွယ်ကောင်းသည့် သေဆုံးခြင်းအရှိန်အဝါလှိုင်းကို လွှတ်ထုတ်လာသည်။

ကျန်းသုံးထောင်...

ကျန်းနှစ်ထောင်...

ကျန်းတစ်ထောင်...

ထန်စစ်သည်တော်များ၊ ကြေးစားစစ်သည်တော်များ အားလုံးက သူတို့၏ လက်နက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြသည်။ သူတို့၏ အသက်ရှုသံက အလွန်လေးနက်နေပြီး မျက်လုံးများက ထိတ်လန့်နေပုံပေါ်၏။ ထိုအချိန်တွင် အလွန်ပြင်းထန် သိပ်သည်းသည့် ရနံ့များကိုပင် ရနေကြသည်။

ဝမ်ချောင်က သံမဏိမြို့ရိုးပေါ်တွင် ရပ်နေသည်။ သူ၏ဆံပင်နှင့် အဝတ်က လေတွင်လွင့်နေသည်။ သူ၏စိတ်ကမူ အလွန်အမင်း စုစည်းနေပြီး အာရုံအပြည့်စိုက်ထားသည်။

“ဆရာသခင် လေးသည်တော်အဖွဲ့ ပစ်”

ဝမ်ချောင်၏ အေးစက်သောအသံက တိုက်ပွဲနယ်မြေတွင် ဟိန်းထွက်သွားသည်။

ခလွက် ခလွက်

ပထမခုခံရေးအားလှိုင်း အနောက်ဘက်တွင် သံချပ်ကာဝတ်ထားသော လေးသည်တော်များ အားလုံးက သူတို့၏ လေးကြိုးကို ဆွဲလိုက်ကြပြီး အမြင့်ဆုံးအထိ အားအင်ထုတ်သုံးလိုက်ကြကာ သူတို့၏ ခန္ဓာကိုယ်မှ ကြွက်သားများအားလုံးက တောင့်တင်းသွားသည်။ စွမ်းအင်အရှိန်အဝါများ အားလုံးက ပေါက်ထွက်လာပြီး အန်းရှီကာကွယ်ရေးစစ်တပ်မှ လက်ရွေးစင်စွမ်းအားကို ထုတ်ပြသည်။ သူတော်စင်ဧကရာဇ်ခေတ်တွင် မဟာထန်က အနောက်ပိုင်းနယ်မြေတွင် ပြိုင်ဘက်ကင်းအောင် ထိန်းချုပ်နိုင်ခဲ့သည်။ မဟာထန်မှ စစ်သည် ခြောက်သိန်းကို ဂရုစိုက်ရွေးချယ်ပြီး အတော်ဆုံးထဲမှ အကောင်းဆုံးများကို တကူးတက တဖန် ပြန်လည်ထပ်ရွေးကာ အနောက်ပိုင်းဒေသသို့ ပို့လွှတ်ခဲ့သည်။ ထိုလူများအားလုံးကို အန်းရှီကာကွယ်ရေးစစ်တပ်ထံသို့ ပို့လွှတ်ခဲ့သည်။

ထိုလေးသည်တော်အဖွဲ့က ဆရာသခင် လေးသည်တော်အဖွဲ့ သီးသန့်ဖန်တီးထားခြင်းဖြစ်သည်။ ထိုအဖွဲ့အစည်းကို အန်းရှီကာကွယ်ရေးစစ်တပ်တွင်သာ ရှာတွေ့နိုင်သည်။ ဝမ်ချောင်ကပင် သူ၏ လက်အောက်တွင် ထိုကဲ့သို့သော အဖွဲ့အစည်းကို မပိုင်ဆိုင်ထားသေးချေ။

ဘုန်း ဘုန်း ဘုန်း

လေထုက ပေါက်ကွဲသွားသလို မြှားထောင်ပေါင်းများစွာက လေထုအတွင်း ဝင်ရောက်သွားလေသည်။ အန်းရှီကာကွယ်ရေးစစ်တပ်မှ ဆရာသခင် လေးသည်တော်များက တစ်ကြိမ်တည်းနှင့် မြှားငါးစင်း ခြောက်စင်းခန့်ကို ပစ်နိုင်ကြသည်။ တစ်စက္ကန့်အတွင်း နှစ်ဆ၊ သုံးဆခန့်မြန်သော အရှိန်နှုန်းဖြင့် ပစ်ခတ်လိုက်ကြခြင်းဖြစ်သည်။ လူတစ်ယောက်တစ်ရာအဖွဲ့က သာမာန်လေးသည်တော် သုံးထောင် လေးထောင်ခန့်နှင့်ပင် ယှဉ်နိုင်သေးလေသည်။ သို့မဟုတ် ထိုထက်ပင် ပို၍ အင်အားကြီးမားနေခြင်းဖြစ်လောက်သည်။

ဝှစ် ဝှစ် ဝှစ်

မြှားမိုးများက လေထဲတွင် သိပ်သည်းသော စက်ဝိုင်းခြမ်းကြီးအဖြစ် ပြောင်းလဲပြီးမှသာ ဒိုင်နိုဆော ပုံစံရှိသည့် ထိုသားရဲကြီးပေါ်သို့ ဆင်းသက်လာသည်။

သို့သော် သူတို့ကို အံ့အားသင့်စေသည်မှာ မြှားပေါင်း တစ်သောင်းနီးပါးက ပဲ့ဟယ်မော့၏ ပုန်းကွယ်ထားသော နေရာများကိုသာ ထိမှန်သွားကြပြီး ကိုးဆယ်ရာခိုင်နှုန်းခန့်က ပြန်ကန်ထွက်လာကြခြင်းဖြစ်သည်။

ဆရာသခင် လေးသည်တော်၏ လက်မောင်းအင်အားကပင် ထူထည်းသိပ်သည်းသော ပဲ့ဟယ်မော့၏ အသားအရည်များကို ထိုးဖောက်နိုင်စွမ်းအား မရှိကြချေ။

“???”

လူတိုင်းက ထိုမြင်ကွင်းကြောင့် မှင်သက်သွားကြသည်။ အန်းရှီကာကွယ်ရေးစစ်တပ်မှ ဆရာသခင် လေးသည်တော်များက အတော်ဆုံးမှ အတော်ဆုံးများ ဖြစ်ကြသည်။ သူတို့က ပစ်လိုက်သည့် မြှားတစ်လက်ချင်းစီတိုင်းက ကျန်းတစ်ထောင်အကွာတွင်ရှိသည့် ကျောက်တုံးကိုပင် ကွဲအက်အောင် လုပ်နိုင်သည်။ သာမာန်သံချပ်ကာများဆိုလျှင် မြှားတစ်စင်းကိုပင် မတားနိုင်ချေ။ သို့သော် ထိုသားရဲကမူ ကိုးဆယ်ရာခိုင်နှုန်းခန့်ကို လွင့်ပျယ်သွားအောင် လုပ်လိုက်နိုင်သည်။

“မဖြစ်နိုင်ဘူး”

စောင့်ကြည့်နေသော တုဝူစစ်လီကပင် ထိုမြင်ကွင်းကြောင့် ဖိအားများသွားသည်။

သံမဏိမြို့ရိုးပေါ်မှ ဝမ်ချောင်၏စိတ်က မုန်တိုင်းထန်သွားသည်။ ထိုသားရဲကောင်က သူ၏ ပတ်ဝန်းကျင်မှ အရာအားလုံးကို ဆန့်ကျင်နေသည်။ ထိုသားရဲ၏ ခန္ဓာကိုယ်က သံမဏိလောက် မမာကြောနိုင်ချေ။ သို့သော် ပို၍ပင် အင်အားအပြည့် ရှိနေပုံရသည်။ ပစ်လိုက်သောမြှားတိုင်းက သက်ရောက်မှုမရှိချေ။ ရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်းခန့်က အရေပြားကိုသာထိပြီး ပြန်ကန်ထွက်လာကြသည်။

“ဒီပဲ့ဟယ်မော့ရဲ့ အရေပြားနောက်က အသားက တစ်ပေလောက်ထူတဲ့ သံမဏိနံရံလောက်နဲ့ ညီမျှနေလောက်တယ်။ ဆရာသခင် လေးသည်တော်တွေကတင် ထိခိုက်မှုရှိအောင် လုပ်နိုင်မှာမဟုတ်ဘူး”

ဝမ်ချောင်၏စိတ်က မွှေနှောက်ခံရသလိုဖြစ်သွားပြီး သူဟာ ပဲ့ဟယ်မော့၏ အင်အားကို စတင်ကာ တွက်ချက်သည်။

လေပြင်းက ကြမ်းတမ်းသထက် ကြမ်းတမ်းလာပြီး ပဲ့ဟယ်မော့က နီးသထက် နီးလာသည်။

ထန်စစ်သည်တော်များကလည်း စိုးရိမ်သထက် စိုးရိမ်လာကြ၏။

ပဲ့ဟယ်မော့၏ အင်အားက သူတို့ကို ကြောက်လန့်မှုကြောင့် တုန်ယင်စေသည်။

“ထပ်ပစ် မြှားရဲ့အရေအတွက်ကို နှစ်စင်းအထိ လျော့ချလိုက်”

ဝမ်ချောင်က မသက်မသာ ဖြစ်နေသောစစ်တပ်ကို ပြန်ပြီး အမိန့်ပေးသည်။

“ဟွမ်ပေါ့ထန်း အသင့်ပြင် မြေသားကွဲအက်ခြင်းသိုင်း”

“အရာရှိတိုင်း အသင့်ပြင်ထားကြ။ ခြင်္သေ့ဟိန်းသံကိုသုံးဖို့ အသင့်ပြင်”

အက်စီးဒန့်ဖြစ်နေသော အချိန်တွင် ဝမ်ချောင်၏အသံကသာ စစ်တပ်တစ်ခုလုံးကို တည်ငြိမ်အောင် ထိန်းနိုင်စွမ်းရှိလေသည်။ ဝမ်ချောင်က အမိန့်တည်တည်တံ့တံ့ ထုတ်လိုက်သောအခါ စစ်တပ်တစ်ခုလုံး အပါအဝင် အန်းရှီကာကွယ်ရေး စစ်တပ်တစ်ခုလုံးက စတင်ကာ လှုပ်ရှားကြသည်။

ဒုန်း ဒုန်း ဒုန်း

နောက်ထပ် သိပ်သည်းသော ပစ်မှတ်က ပစ်ခတ်လိုက်ပြီးနောက် တိုက်ပွဲနယ်မြေ အနောက်ဘက်ပိုင်း တစ်ခုလုံးကို ကျော်ဖြတ်လျှက် ပဲ့ဟယ်မော့ထံ ကျရောက်သွားသည်။ ပထမမြှားမှ သင်ခန်းစာကို ရပြီးနောက် လေးသည်တော်များ အားလုံးကလည်း မြှား၏အရေအတွက်ကို လျော့ချလိုက်ကြသည်။ ထို့ကြောင့် တစ်လက်ချင်းစီတိုင်းတွင် အင်အားပိုထည့်နိုင်သွားသည်။

သက်ရောက်မှုက ချက်ချင်းဆိုသလို သိသာလာသည်။

စွစ် စွစ် စွစ်

သတ္တုမြှားများက ပုန်းကွယ်နေသော နေရာများကို ထိုးဖောက်သွားနိုင်သည့် အသံများကို ကြားလိုက်ကြရသည်။ မြှားထောင်ပေါင်းများစွာက ပဲ့ဟယ်မော့၏ ကိုယ်အတွင်းသို့ ဝင်ရောက်သွား၏။ မြှားတစ်စင်းမျှပင် ပြန်မထွက်လာခဲ့ချေ။

သို့သော် သူတို့က အောင်ပွဲမခံနိုင်ခင် သားရဲ၏ တုန့်ပြန်မှုကြောင့် တိတ်ဆိတ်သွားကြသည်။

မြှားထောင်ပေါင်းများစွာက သူ၏အရေပြားကို မဖြတ်နိုင်ခဲ့သည့်တိုင်အောင် ပဲ့ဟယ်မော့ကမူ တုန့်ပြန်မှုကို မပြသချေ။ သူ၏အရှိန်နှုန်းက နှေးကွေးရန်မဆိုထားဘိ မျက်တောင်ပင်မခတ်ချေ။ ထိုမြှားများက မပစ်ခတ်ခဲ့သလိုသာ ထင်ရသည်။

“ဒီလောက်ကြီးတဲ့သားရဲကြီး... ဘယ်လောက်တောင် ထူလိုက်တဲ့အရေခွံလဲ”

ချီရှီအရာရှိများထဲမှ တစ်ယောက်က မျက်လုံးပြူးကျယ်လျှက် ပြောသည်။ သူ၏လည်ပင်းက ဆက်တိုက် လှုပ်နေသည်။

သူ၏အနားပတ်ပတ်လည်မှ မရေမတွက်နိုင်အောင် မြောက်များသည့် စစ်သည်တော်များအားလုံးကလည်း သူတို့၏ မျက်ဝန်းအတွင်း အလားတူသော ကြောက်လန့်မှုများကို ပြသနေကြသည်။ သာမာန် တိရိစ္ဆာန်များဆိုလျှင် ပါးလျသော အရေပြားသာရှိတတ်သည်။ ထိုကြီးမားသည့် သားရဲကြီးကမူ ထိုသို့မဟုတ်တာ သေချာနေ၏။ သူ၏အရေပြား ထူထည်းမှုကတင် မြှားအတိုင်းအတာကို ကျော်လွန်နေလောက်သည်။ ထို့ပြင် မြှားများက သုံးပေရှည်လေသည်။

ပဲ့ဟယ်မော့၏ ခုခံမှု ပထမတစ်ချက်ကလည်း ထိုအရေပြားဖြစ်လောက်သည်။ ထိုအချက်ကိုပင် သူတို့၏ တိုက်ကွက်များက မထိုးဖောက်နိုင်လေရာ သက်ရောက်မှုမရှိဟု ဆိုရမည်ဖြစ်သည်။

ထိုအခိုက် ဝမ်ချောင်ကသာ တည်ငြိမ်နိုင်သောသူ ဖြစ်သွားသည်။ သူက အဝေးရှိ သတ္တဝါကြီးကိုကြည့်သည်။ သူ၏စိတ်က စတင်ကာ တွက်ချက်နေသည်။

ကျန်းငါးရာ

ကျန်းတစ်ထောင့်ငါးရာ

ကျန်းတစ်ထောင်

အကွာအဝေးက နီးသထက် နီးလာသည်။ မြေပြင်၏ တုန်ခါမှုက ကြီးသထက် ကြီးလာပြီး ပေတစ်ဝက်ခန့်ထိ ပြိုလဲကျကုန်၏။ ထိုအကွာအဝေးတွင် စစ်သည်တော်များကလည်း ဆင်ကြီးကို ကြည့်နေရသည့် ပုရွက်ဆိတ်များကဲ့သို့ ခံစားရသည်။ ထိုမြင်ကွင်းကြောင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုက ဖော်ပြရန်ခက်ခဲသည်။ ဝမ်ချောင်ကပင် အလွန်ပြင်းထန်သည့် အန္တရာယ်ကို အာရုံခံမိသည်။ သေဆုံးခြင်းရနံ့ကလည်း သူ့ကို လှိုင်းများကဲ့သို့ ပွတ်တိုက်လာသည်။ သူကပင် အချိန်မရွေး လွှမ်းမိုးခံရနိုင်သည်ဟု ခြိမ်းခြောက်ခံရ၏။

ငါး ခုနှစ် ခြောက် ငါး လေး...

ဝမ်ချောင်က တိတ်တဆိတ် ရေတွက်နေပြီးနောက် တစ်ဟုရောက်သွားသောအခိုက် ချက်ချင်း အမိန့်ထုတ်သည်။

“စတော့”

“ဟုတ်ကဲ့ပါ”

ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်အပါအဝင် ထန်စစ်တပ်မှ အရာရှိတိုင်းကို စုပေါင်းလိုက်သော် အရေအတွက်က တစ်ထောင့်ငါးရာကျော်သည်။ ထိုအရေအတွက် တစ်ထောင့်ငါးရာလုံးက ခြင်္သေ့ဟိန်းသံကို ထုတ်ဖော်လိုက်ကြ၏။ ချက်ချင်းဆိုသလိုပင် မမြင်ရသောအသံအားလှိုင်းပေါင်း များစွာက သံမဏိမြို့ရိုးမှ စတင်ကာ ပျံ့နှံ့ထွက်လာပြီး မုန်တိုင်းအားလှိုင်းများကဲ့သို့ အနောက်ပိုင်း တောင်ဘက်နယ်မြေတစ်ခုလုံးထံ တိုးဝင်သွားသည်။ ထိုသို့ဖြင့် တစ်ဖက်မှ ဦးတည်ကာ လာနေသော ဒိုင်နိုဆောပုံစံရှိသည့် ပဲ့ဟယ်မော့ကို လွှမ်းမိုးလိုက်သည်။

အခန်း(၉၄၇)

ခြင်္သေ့ဟေးရန်က ထွက်လာပြီး တခဏတွင် ဝမ်ချောင်နှင့် ယခုလေးတင် ရောက်လာသော ကောင်းရှန်းကျစ် ချန်းချန့်လီ ဝမ်ချောင်၏အဖေ ဝမ်ရန် သူ၏အစ်ကိုကြီးဝမ်ဖူ လီစစ်ယဲ့နှင့် အခြားသော အရာရှိတိုင်းက ခြောက်ခြားဖွယ်ကောင်းသည့် ပဲ့ဟယ်မော့ကို ကြောက်လန့်တကြား ကြည့်နေကြလေသည်။ ကြီးမားသော သားရဲကြီးက တစ်စုံတစ်ရာကို အာရုံခံမိပုံပေါ်သည်။ တခဏခန့် နှေးကွေးသွားသေး၏။ သို့သော် ထန်များက အောင်ပွဲမခံနိုင်သေးခင် ပဲ့ဟယ်မော့က ပြန်လည် တိုက်ခိုက်လာသည်။

ဝေါင်း

ထန်အရာရှိတိုင်း ပူးပေါင်းအော်ဟစ်ခဲ့သည့် အသံထက်ပင် ပိုကျယ်သော အသံကြီးက သူ၏ပါးစပ်ထဲမှ ထိုးထွက်လာသည်။ ကြီးမားသော ဖိအားကလည်း ကောင်းကင်မှ စတင်ကာ ဆင်းသက်လာသည်။

ဟီ

ရာပေါင်းများစွာသော ကောင်းမွန်စွာ လေ့ကျင့်ပေးခံထားရသည့် မြင်းများက နောက်ဆုံးတွင် ဖိအားအောက်တွင် ထိန်းချုပ်မှုက လွတ်ကင်းသွားကြပြီး မြင်းစီးသူများကို ရုန်းကန်ကာ ခုခံရေးအားလှိုင်းဘက်သို့ ထွက်ပြေးကြသည်။ ထန်စစ်တပ်ကိုယ်တိုင်ကပင် ကြောက်လန့်နေပြီး အလန့်တကြား ဖြစ်သွားကြ၏။ ထိုသို့ဖြင့် အဖွဲ့ထဲမှ အံ့အားတကြီး အော်ဟစ်သံများ၊ ကြောက်လန့်မှုများက မြင့်တက်လာသည်။

“အသုံးမဝင်ဘူး”

သာ့လွန်ရော့ကျန်းက ရုတ်တရက်ပြောသည်။

“အာရပ်တွေရဲ့ ဒီကြီးမားတဲ့ သားရဲတွေက မာန်ရှဲ့ကျောင်းရဲ့ ဆင်တွေနဲ့ ခြားနားတယ်။ သူတို့က ကျယ်လောင်တဲ့အသံတွေကို ကြောက်တဲ့ဆင်တွေလို အားနည်းချက်ရှိမှာမဟုတ်ဘူး။ ဆင်တွေကို ရင်ဆိုင်တဲ့ ဖြေရှင်းချက်ကိုသုံးပြီး ဒီသားရဲကြီးကို ရင်ဆိုင်တာက မဖြစ်နိုင်ဘူး”

အနောက်တောင်ပိုင်းက စစ်ပွဲတွင် ဝမ်ချောင်က တူညီသောနည်းလမ်းကိုသုံးပြီး မာန်ရှဲ့ကျောင်း၏ ဆင်ဖြူတော်တပ်ရင်းကို ရင်ဆိုင်နိုင်ခဲ့သည်။ သို့သော် ယခုအခါ သူက တူညီသော နည်းလမ်းကိုသုံးပြီး အာရေးဗီးယား ပဲ့ဟယ်မော့များကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်နေလျှင် မဖြစ်နိုင်ချေ။ တိဗက်များက ဒီတိုက်ပွဲတွင် ဝင်မပါသော်လည်း သာ့လွန်ရော့ကျန်းက ဝမ်ချောင်၏ လှုပ်ရှားမှုတိုင်းကို အနီးကပ် စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ယခုအခါ သာ့လွန်ရော့ကျန်းကပင် ထိုကပ်ဘေးကို ဖြေရှင်းနိုင်ရန် နည်းလမ်းတစ်ခုကို မတွေးနိုင်သေးချေ။ သူ၏နှလုံးသား အနက်ရှိုင်းဆုံး အပိုင်းတွင်လည်း ဝမ်ချောင်ကို ရှုံးသွားစေလိုသည်။ သု့ိသော် ဝမ်ချောင်ကို သူ့ထံတွင်သာ ရှုံးစေလိုသည်။

ကျန်းရှစ်ရာ

ထန်အရာရှိများ၏ ခြင်္သေ့ဟိန်းသံက ပဲ့ဟယ်မော့ကို ရပ်တန့်အောင် မလုပ်နိုင်ရုံသာ မကသေးလေဘဲ ရန်စမိသလိုဖြစ်သွားသည်။

ဝေါင်း

မြေကမ္ဘာက တသိမ့်သိမ့် တုန်သွားပြီး ဒေါသထွက်သွားသော ပဲ့ဟယ်မော့က သူ၏အင်အား အားလုံးကိုသုံးကာ ချီတက်လာသည်။ ကြီးမားသော ခန္ဓာကိုယ်ကြီးက မြန်သထက် မြန်လာသည်။ ကြောက်လန့်ဖွယ်ကောင်းသည့် ဖျက်ဆီးခြင်းစွမ်းအားအပြည့်က ထိမိသူတိုင်းကို တိုက်ရိုက်ထိမှန်သွားကာ အဆိုးရွားဆုံးသော အိမ်မက်ဆိုးအဖြစ် ပိတ်မိနေသလို ခံစားချက်မျိုးကိုရစေသည်။

ဝမ်ချောင်၊ လီစစ်ယဲ့၊ ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ ဝမ်ရန်၊ ဝမ်ဖူ... အစရှိသဖြင့် မဟာထန်၏ ဗိုလ်ချုပ်တိုင်းက အာရုံအပြည့်စိုက်နေကြသည်။ သူတို့၏ မျက်နှာအမူအရာများက စိုးရိမ်တကြီး ဖြစ်နေကြ၏။ ပဲ့ဟယ်မော့၏ အရှိန်နှုန်းက အလွန်အမင်း မြန်ဆန်လာသည်။ အနည်းငယ်ပင် ပို၍ မြန်ဆန်လာသေး၏။ ဒီအချိန်တိုအတောအတွင်း သူတို့က ထိုအကောင်ကြီးကို ရင်ဆိုင်မည့် နည်းလမ်းကို စဉ်းစားရတော့မည်ဖြစ်သည်။

အများဆုံး ပြဿနာကမူ ထန်များကလည်း နောက်ဆုတ်၍မရသလို ထွက်ပြေးနိုင်စွမ်းအား မရှိနေခြင်းဖြစ်သည်။ သူတို့က လဲပြိုကျသွားသော် မြို့ရိုးက ပြိုပျက်သွားပေလိမ့်မည်။ သူတို့က ထွက်ပြေးလျှင်လည်း တိဗက်နှင့် တူရကီမြင်းတပ် ခြောက်သောင်းခန့်က ရှိနေလေရာ မဖြစ်နိုင်ပြန်ချေ။

“ဟွမ်ပေါ့ထန်း မင်းရဲ့တာဝန်ပဲ”

ဝမ်ချောင်က အဝေးမှ လျှင်မြန်စွာ ပြေးလွှားနေသော ပုံရိပ်များကို ကြည့်လိုက်သည်။

“ဟ”

ကျန်းခြောက်ရာခန့်အကွာတွင် ဖုန်မှုန့်များကို သယ်ဆောင်ထားသည့် လေပြင်းထံမှ မြောက်တက်လာသော အော်သံတစ်သံက ပေါ်ထွက်လာသည်။ ထိုတခဏတွင် ဟွမ်ပေါ့ထန်းနှင့် အခြားသော မြေသားအခြေပြုစွမ်းအင်သုံး ဝူရှန်းရွာသား ငါးယောက်က ကျောက်တုံးဗိုလ်ချုပ်သိုင်းများကို ထုတ်သုံးလိုက်ရန်အတွက် သူတို့၏ခန္ဓာကိုယ်ကိုနှိမ့်ပြီး မြေပြင်ကို လက်ဖြင့်ဖိလိုက်ကြသည်။ ဒီနည်းအားဖြင့် ကျောက်တုံးဗိုလ်ချုပ်မှ အင်အားအကြီးဆုံးသိုင်း တစ်မျိုးကို ထုတ်သုံးသည်။

“မြေသားကွဲအက်ခြင်းသိုင်း”

ထိုသိုင်းကို အသုံးပြုရန်အတွက် ခန္ဓာကိုယ်ကိုကုန်းပြီး မြေပြင်ကို ထိထားရန် မလိုအပ်ပါချေ။ သို့သော် ဟွမ်ပေါ့ထန်းနှင့် အခြားသော ကျွမ်းကျင်ပညာရှင် ငါးယောက်ကမူ ပို၍ကြီးမားသော မြေသားကွဲအက်ခြင်းသိုင်း စွမ်းအားများကို ထုတ်သုံးချင်ကြသည့်အတွက် သူတို့၏ခန္ဓာကိုယ်ကို ငုံ့ကိုင်းလိုက်ကြပြီး မြေပြင်ကိုဖိကာ သူတို့၏ စွမ်းအင်တိုင်းကို ထုတ်သုံးလိုက်ကြခြင်းဖြစ်သည်။

ခြိမ်း

မြေပြင်ထဲမှ ကွဲအက်သံများနှင့်အတူ အားလှိုင်းများက စတင်ကာ ပေါ်ထွက်လာပြီး စတင်ကာ ပျံ့နှံ့သွားသည်။ တုန်ခါမှု အားလှိုင်းများက မာကြောသော မြေသားကို လျှင်မြန်စွာဖြင့် နူးညံ့လာစေသည်။

မြေသားအညံ့ခံမှု

ထိုသိုင်းက မြေသားကွဲအက်ခြင်းသိုင်း စွမ်းအင်များထဲမှ တစ်ခုဖြစ်သည်။ အလွန်အမင်း မာကြောသော မြေသားကို နူးညံ့သော ရွံ့စေးအဖြစ် ပြောင်းလဲနိုင်ပြီး ရန်သူက ထိုအတွင်းသို့ မြုပ်ဝင်သွားနိုင်လေသည်။ ဟွမ်ပေါ့ထန်းက ထိုစွမ်းအင်ကို သုံးခဲ့သည်။ ယခုကဲ့သို့ တာလာ့၏ တိုက်ပွဲတွင်ဆိုလျှင် ပို၍ဆိုးသည်။ အကြောင်းမူကား ဒီနေရာမှ မြေသားက ပုံမှန်မဟုတ်လောက်အောင် မာကြောပြီး ပုံမှန်ထက်ပို၍ ထူထည်းသော ကျောက်သားများဖြင့် ပြည့်နှက်နေလေသည်။

ထိုကဲ့သု့ိသော နယ်မြေမျိုးတွင် ယခုလိုသိုင်းမျိုးကို အသုံးပြုခြင်းက အလွန်အမင်း စွမ်းအင်ကုန်ခမ်းစေသည်။ အင်ပါယာသိုင်းနယ်မြေ အထွဋ်အထိပ်အဆင့်မှ ဟွမ်ပေ့ါထန်းကဲ့သို့ လူမျိုးအတွက်ပင်ဖြစ်သည်။

ဝုန်း

မြေသားက နူးညံ့သွားပြီး ပျော့ကျသွားသည့် အချိန်တွင် ဟွမ်ပေါ့ထန်နှင့် သူ၏စစ်သားများ အားလုံး၏ မျက်နှာက စတင်ကာ ဖြူဖျော့လာသည်။ သူတို့၏ နဖူးတွင်လည်း ချွေးစေးများက ထင်ရှားစွာ ပေါ်ထွက်လာသည်။

ခြိမ်း

အာရပ် ပဲ့ဟယ်မော့က နီးသထက် နီးလာသည်။ ဟွမ်ပေါ့ထန်းကလည်း အလွန်ပြင်းထန်သည့် အန္တရာယ်ကို ခံစားနေမိပြီဖြစ်သည်။ သားရဲ၏ ရိုက်ချမှုကိုသာ ခံရလျှင် သူက အဆုံးသတ်သွားနိုင်သည်။

“သွား ပြန်”

ထိုအမိန့်နှင့်အတူ အမျိုးမျိုးသော ခြောက်ယောက်လုံးက ဦးတည်ရာခြောက်ခုကို ခွဲကာသွားကြ၏။ သူတို့၏ အနောက်တွင်လည်း ခြောက်ခြားဖွယ်ကောင်းသော ပဲ့ဟယ်မော့က နီးသထက် နီးကပ်လာပြီး လူတိုင်းကလည်း အသက်ရှုပင် အောင့်မိမတက် ထိတ်လန့်မှုကို ခံစားနေရသည်။ အညံ့ခံသိုင်းက ပြီးမြောက်သွားသည်။ သို့သော် ပဲ့ဟယ်မော့က ဟွမ်ပေါ့ထန်းတို့အဖွဲ့ ရှိနေသော နေရာသို့ ရောက်လာမှသာ မြေကြီးထဲမြုပ်သွားမည်ဖြစ်သည်။

တစ်ဆယ် ကိုး ရှစ် ခုနှစ်...

အကွာအဝေးက ကျုံ့သထက် ကျုံ့လာသည်။ ပဲ့ဟယ်မော့ကမူ ထန်စစ်သားများကို ကြောက်လန့်ပုံမရချေ။ မနက်ခင်းနေရောင်က ဒိုင်နိုဆောပုံသဏ္ဍန်ရှိသည့် ထိုအကောင်၏ ခန္ဓာကိုယ်ပေါ်သို့ အနီရောင်အလင်းဖြင့် ဖြာကျနေပြီး သူ့ကို လွှမ်းခြုံထားသည်။ သူက ဟွမ်ပေါ့ထန်းနှင့် လူများကို သတိထားမိပုံပင်မရချေ။ အရှိန်နှုန်းက နှေးကွေးသွားခြင်းလည်း မရှိသလို ဦးတည်ရာဘက်လည်း ပြောင်းလဲသွားခြင်းမရှိချေ။

ဘန်း

သူတို့က စောင့်ကြည့်နေမှုနှင့်အတူ သူက ဟိန်းဟောက်လိုက်သည်။ သူ၏ ကြီးမားသော ခြေထောက်ကြီးက လေဟာနယ်ကို နင်းမိပြီးနောက် ပြန်ပြုတ်ကျသည်။ ထိုအခါ မျက်တောင်တစ်ခတ် အချိန်အတွင်း လည်ပင်းမှစတင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးက မြေကြီးထဲသို့ မြုပ်သွားသည်။

ဘုန်း

ထန်စစ်တပ်ဘက်မှ အောင်ပွဲခံသည့် အသံများက ပေါ်ထွက်လာသည်။

“အံ့ဩစရာပဲ”

“ဒါက ဗိုလ်ချုပ်ဟွမ်ဆီကပဲ သူမိသွားပြီ။ အဲ့အကောင်ကြီးကို မိသွားပြီ”

“တကယ်ကို လေးစားစရာပဲ”

ရုတ်ရင့်ကြမ်းတမ်းပြီး ထိတ်လန့်ဖွယ်ကောင်းသော စိတ်အခြေအနေက ချက်ချင်းဆိုသလို အငွေ့ပျံသွားသည်။ ထန်စစ်သားများက စိတ်အေးသွားကြသည်။ လူသားများ အကြောက်ဆုံးက အမည်မသိရသော အရာဖြစ်သည်။ နတ်သားရဲများကဲ့သို့ အာရေးဗီးယား ပဲ့ဟယ်မော့ကို ကိုယ်တိုင်ရင်ဆိုင်ဖူးမှသာလျှင် ထိုအကောင်ကြီးက မည်မျှကြောက်လန့်ဖွယ်ကောင်းပြီး အန္တရာယ်ပေးနိုင်ကြောင်း နားလည်နိုင်မည်ဖြစ်သည်။ အမျိုးသားတစ်ယောက်၏ ခွန်အားကလည်း ကြီးမားသော သားရဲကြီးနှင့် ရင်ဆိုင်ရာတွင် မလုံလောက်ပုံပေါ်သည်။

သို့သော် ဟွမ်ပေါ့ထန်းတို့ အဖွဲ့၏ ရိုးရှင်းသော အညံ့ခံခြင်းသိုင်းကို အသုံးပြုမှုကတင် ထိုသားရဲကြီး၏ ကိုယ်ပိုင်အလေးချိန်ကို အားသာချက်အဖြစ် အရယူပြီး မြေကြီးထဲတွင် ပိတ်လှောင်ထားလိုက်နိုင်သည်။

“သတ်”

စစ်သည်တော်များ အားလုံး၏ တိုက်ခိုက်လိုစိတ်က ဘောင်ကျော်လာသည်။ သူတို့အားလုံးကလည်း စိုးရိမ်တကြီး တိုက်ခိုက်ရန် ပြင်ဆင်နေကြ၏။ ပဲ့ဟယ်မော့က မြေအောက်တွင် ပိတ်ခံလိုက်ရလေရာ မလှုပ်ရှားနိုင်တော့ချေ။ ထို့ကြောင့် အသတ်ခံရန် စောင့်နေရုံသာရှိသည်။

“အရှင်အမတ် ငါလူအချို့ခေါ်ပြီး သွားသတ်လိုက်မယ်”

ရွှယ်ချန်ကျွင်းက လက်နှစ်ဖက်ကို ဖိဆုပ်ထားသည်။ သူ၏မျက်ဝန်းက တောက်ပနေ၏။ သူ၏ အနောက်ဘက်တွင်လည်း မရေမတွက်နိုင်သော စစ်သည်တော်များ အားလုံးက တိုက်ခိုက်ရန် အစောတလျင် ဖြစ်နေကြသည်။ ထိုသားရဲကြီးက မြေအောက်ထဲတွင် အပိတ်ခံနေရသည့်အချိန်တွင် သူတို့က တစ်သားတည်း တိုက်ခိုက်နိုင်သည်။ ထိုအကောင်ကြီးက မည်မျှလေးစားဖွယ်ကောင်းပြီး ခြောက်ခြားဖွယ် ကောင်းနေစေကာမူ သူ၏ အလေးချိန်က မည်မျှလေးပြီး အသားအရည်က မည်မျှ ထူနေစေကာမူ သူ့ကိုစောင့်ကြိုနေမည်မှာ သေခြင်းသာဖြစ်သည်။

ပုရွက်ဆိတ်များကလည်း ဆင်ကိုသေသည်အထိ ကြိတ်ဝါးနိုင်လေသည်။

“နေဦး”

ဝမ်ချောင်က ရုတ်တရက် လက်ကိုမြှောက်ပြီးတားသည်။ သူ၏မျက်မှောင်က တင်းတင်းကြပ်ကြပ် ကျုံ့နေသည်။ သူ၏အမူအရာကလည်း အလွန်အမင်း တင်းမာနေ၏။ သားရဲက ဖမ်းခံလိုက်ရသည့် အချိန်တွင် သူချလာသော ဗျူဟာက သက်ရောက်မှုရှိသည်ဟု ဆို၍ရသည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် ဝမ်ချောင်က အလွန်အမင်းပြင်းထန်သည့် မသက်မသာဖြစ်မှုကို ခံစားနေရသည်။ ကိစ္စများက ထင်သလောက် မရိုးရှင်းပုံရသည်။

“ဟင်း”

ဘယ်သူကမှ သတိမထားမိသည်မှာ ပဲ့ဟယ်မော့က မြေအောက်ထဲတွင် အပိတ်ခံလိုက်ရသည့် အချိန်တွင် အနီရောင်ဝတ်စုံနှင့် ပဲ့ဟယ်မော့၏ ဗိုလ်ချုပ်မာစီက အေးစက်စွာ လှောင်နေခြင်းဖြစ်သည်။ သူ၏ မျက်နှာတွင်လည်း လှောင်ရယ်သလို အပြုံးက ရှိနေ၏။ သူကိုယ်တိုင် လေ့ကျင့်ပေးထားသော ပဲ့ဟယ်မော့များကို ထိုသို့ရိုးရှင်းသည့် မြေသားအညံ့ခံခြင်းသိုင်းတစ်ခုလောက်နှင့် အနိုင်ယူနိုင်မည်ဟု ထင်နေလျှင် ကလေးကစားနေခြင်းသာ ဖြစ်ရပေမည်။ ပဲ့ဟယ်မော့များက ထိုမျှကိုင်တွယ်ရ လွယ်ကူနေလျှင် သူတို့ဟာ အာရပ်အင်ပါယာထံမှ အင်အားအကြီးဆုံး အဖွဲ့အစည်း နှစ်ခုထဲမှ တစ်ခုဖြစ်လာလိမ့်မည်မဟုတ်သလို အနီးအနားရှိ တိုင်းပြည်တိုင်းက ကြောက်လန့်ရသော အဖွဲ့အစည်းတစ်ခု ဖြစ်နေမည်လည်းမဟုတ်ချေ။

“ကလေးဆန်လိုက်တာ”

မာစီက ပဲ့ဟယ်မော့ အပိတ်ခံလိုက်ရသော မြေပြင်ကို ကြည့်သည်။ အရှေ့ပိုင်းမှ ထန်အမျိုးသားများကမူ သူတို့က ရင်ဆိုင်နေရသည့် အင်အားစုကို နားမလည်နိုင်ကြသေးချေ။ သို့သော် သူဟာ ထိုမြေပြင်ကို တစ်ချက်ကြည့်ရုံဖြင့် သတိထားမိပြီးသားဖြစ်သည်။ သို့သော် ပဲ့ဟယ်မော့ကို ကွေ့ပတ်မသွားခိုင်းခဲ့ချေ။ အကြောင်းမူကား ဂရုမစိုက်သောကြောင့်ဖြစ်သည်။ မလိုအပ်သောကြောင့်လည်းဖြစ်သည်။

ဘန်း

မာစီ၏အတွေးကို တုန့်ပြန်သလို ပိတ်လှောင်ခံနေရသည့် ဒိုင်နိုဆောပုံစံရှိသည့် ပဲ့ဟယ်မော့က သူ၏ ခန္ဓာကိုယ်ကြီးတစ်ခုလုံး တုန်ယင်သည်အထိ ဟိန်းဟောက်လိုက်သည့် အချိန်တွင် ရုတ်တရက် တောင်တန်းကိုပင် ခွဲချေနိုင်သည့် စွမ်းအားမျိုးက ပေါ်ထွက်လာသည်။

ဘုန်း

ကျန်းတစ်ဆယ်ကျော် ဝန်းကျင်အတွင်းရှိ ကျောက်တုံးများ၊ ရွံ့နွံ့များ၊ မြေသားများအားလုံးက ပေါက်ကွဲထွက်သွားပြီး မြေသားအညံ့ခံခြင်း သိုင်းစွမ်းအားများကိုလည်း လွင့်ထွက်သွားစေသည်။ အုတ်ကျိုးအုတ်ပဲ့များက လေထဲတွင် လွင့်ထွက်သွားသည့် အချိန်တွင် ပဲ့ဟယ်မော့၏ ခန္ဓာကိုယ်က ယမ်းခါသွားပြီး အပေါက်ထဲမှ ခုန်ထွက်လိုက်သည်။

တခဏကြာအောင် မှင်သက်နေပြီးနောက် စစ်သားများက အထိတ်တလန့် ဖြစ်လာပြန်သည်။

“မကောင်းတော့ဘူး”

“မကောင်းဆိုးဝါးကြီးက လွတ်သွားပြီ”

“သတိထား သတိထား ပြန်လာခဲ့ကြ”

ပဲ့ဟယ်မော့က လွတ်မြောက်အောင် ရုန်းထွက်လိုက်သည့် အချိန်တွင် ထုတ်ပြထားသော အံ့အားသင့်ဖွယ်ကောင်းသည့် အင်အားကြောင့် အားလုံးက ဖိအားများပြီး ပို၍ပင် ကြောက်လန့်သွားကြသေးသည်။ နယ်မြေအညံ့ခံခြင်းသိုင်းက သူ့ကို ရန်စလိုက်သလိုဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ကြမ်းတမ်းမှု၊ သတ်ဖြတ်လိုစိတ်၊ စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ဝေါင်း

ရွှေရောင်ဦးချိုက လေထုကို ထိုးမွှေနေပြီး လေပြင်းများကို ထုတ်ဖော်နေသည်။ ပဲ့ဟယ်မော့က ပထမခုခံရေး အားလှိုင်းရှိရာဘက်သို့ ပြန်လည်ချီတက်လာပြန်သည်။

“သားရဲ ငါ့အတွက်ရပ်စမ်း”

ကောင်းကင်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ကြွက်သားပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော လက်သီးကြီးတစ်လုံးက ဒိုင်နိုဆောပုံစံရှိသည့် ပဲ့ဟယ်မော့၏ခေါင်းကို ဝင်တိုးသည်။

“ကျောက်တုံးဗိုလ်ချုပ်”

“မဟုတ်ဘူး ဒါက ဗိုလ်ချုပ်ဟွမ်ပေါ့ထန်းပဲ”

နေရောင်အောက်တွင် ကြီးမားသော ကျောက်သားပေါင်း မြောက်များစွာနှင့် လုပ်ထားသော ဗိုလ်ချုပ်ကြီး တစ်ယောက်က ပဲ့ဟယ်မော့၏ဘေးနားတွင် ရုတ်တရက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်က ပုံမှန် ကျောက်တုံးဗိုလ်ချုပ်ထက် ငါးဆ ခြောက်ဆခန့်အထိ ကြီးမားနေလေသည်။

ကျောက်တုံးဗိုလ်ချုပ် အဆင့်မြင့်ပုံသဏ္ဍန်

ထိုကျောက်တုံးဗိုလ်ချုပ်ကို ဟွမ်ပေါ့ထန်းနှင့် အခြားသော မြေသားအခြေပြုစွမ်းအင်သုံး အဖွဲ့ဝင် ငါးယောက်လုံးက ပူးပေါင်းကာ လုပ်ဆောင်ထားသည်။ သူတို့က ခေါင်း၊ လက်မောင်းများ၊ ခန္ဓာကိုယ်နှင့် ခြေလက်နေရာကို အသီးသီး ခွဲဝေယူထားကြပြီး သူတို့၏ ပူးပေါင်းထားသော စွမ်းအင်ကြောင့်သာ ထိုကျောက်တုံးဗိုလ်ချုပ်ကြီးက မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားသည့် စွမ်းအားကို ထုတ်ဖော်နိုင်ခြင်းဖြစ်သည်။

အခန်း(၉၄၈)

ဘန်း ဘန်း

ကျောက်တုံးဗိုလ်ချုပ်၏ ပထမလက်သီးက ကျရောက်ပြီး တခဏခန့်သာ ကြာသေးသည်။ နောက်ထပ် တစ်လုံးပြီးတစ်လုံးက ထိုတောင်တန်းတစ်လုံးလို ပုံစံရှိသည့် ပဲ့ဟယ်မော့၏ ခေါင်းထံ ဆက်တိုက် ရောက်ရှိလာသည်။ အချိန်တိုကာလ အတောအတွင်းတွင် ကျောက်တုံးဗိုလ်ချုပ်က လက်သီးခြောက်ချက် ထိုးလိုက်ပြီး တစ်ချက်ချင်းစီတိုင်းတွင် ဖော်ပြရန်ခက်ခဲလောက်အောင် ပြင်းထန်သည့် အလေးချိန်က ကပ်ပါသည်။ ထိုအရာက စစ်သည်တော်များ၏ ခွန်အားဖြစ်ပြီး သားရဲများကပင် မပိုင်ဆိုင်နိုင်သော အင်အားမျိုးဖြစ်သည်။

သို့သော် ပဲ့ဟယ်မော့က ပြန်လည်တိုက်ခိုက်လိုက်မှုကမူ အလွန်အမင်း ကြမ်းတမ်း ပြင်းထန်လွန်း၏။ သူ၏ချိုကို တစ်ချက်ယမ်းလိုက်ရုံဖြင့် ကျောက်တုံးဗိုလ်ချုပ်ကြီးကို အက်ကွဲသွားစေခဲ့သည်။

ခလွက်

ကျွမ်းကျင်ပညာရှင် ခြောက်ယောက်ဖြင့် ဖွဲ့စည်းထားသော ကျောက်တုံးဗိုလ်ချုပ်ကြီးက အစိတ်စိတ်အပိုင်းပိုင်းဖြစ်လျှက် လွင့်ထွက်သွားသည်။ အမျိုးသားခြောက်ယောက်လုံးကလည်း မရေမတွက်နိုင်သော ကျောက်သားများနှင့်အတူ သေနပ်ထဲမှ ထွက်လာသော ကျည်ဆံများကဲ့သို့ လွင့်ထွက်သွားကြသည်။

ခွက်

သူတို့က လေထဲတွင်သာ ရှိနေသေးသည့်တိုင်အောင် ဟွမ်ပေါ့ထန်းက တုန်ယင်စွာဖြင့် ပြောသည်။

“အင်အားကြီးလွန်းတယ်”

ဟွမ်ပေါ့ထန်း၏ ယိမ်းယိုင်သွားသော မျက်ဝန်းများက ပြူးကျယ်နေသည်။ သူ၏ ဖြူဖျော့သော မျက်နှာကလည်း စိတ်ပျက်အားငယ်မှုများ နက်ရှိုင်းစွာ ရှိနေ၏။ သူတို့ခြောက်ယောက်လုံးက သူတို့၏ အင်အားကိုသုံးပြီး ကြီးမားသော ကျောက်တုံးဗိုလ်ချုပ်ကြီးအဖြစ် ပြောင်းထားသည်။ သို့သော် ခြောက်ခြားဖွယ်ကောင်းသော ပဲ့ဟယ်မော့၏ အရှေ့တွင်မူ သူတို့က မြက်များကဲ့သို့ဖြစ်နေကြသည်။ ထည့်ပြောရန်ပင် မတန်ကြချေ။

“အရှင် ဒါက ငါလုပ်နိုင်သမျှ အကုန်ပဲ။ မင်းကိုယ့်ကိုယ်ပဲ မှီခိုရတော့မယ်”

ထိုအတွေးနှင့်အတူ ဟွမ်ပေါ့ထန်းက သတိမေ့သွားသည်။

“ဗိုလ်ချုပ်ဟွမ်”

မြေပြင်ရှိ ထန်စစ်သားများထံမှ အလန့်တကြား အော်ဟစ်သံများက ထွက်ပေါ်လာသည်။ ဖြစ်ပျက်သွားသော အရာအားလုံးက မြန်ဆန်လွန်းသည်။ ဟွမ်ပေါ့ထန်းနှင့် သူ၏လူများ၏ ပူးပေါင်း ဆောင်ရွက်မှုက ကျောက်တုံးဗိုလ်ချုပ်ကြီးအဖြစ် ပြောင်းလဲလိုက်ပြီးပြီးချင်း သူတို့က လွင့်ထွက်သွားခြင်းဖြစ်သည်။ တစ်စက္ကန့်ပင် မကုန်သေးချေ။ ဝမ်ချောင်ကပင် တုန့်ပြန်ရန် အချိန်မရှိသေးလေရာ အခြားသူများဆိုလျှင် ပို၍ဆိုးသည်။

“တစ်ယောက်ယောက် လာ ဗိုလ်ချုပ်ဟွမ်တို့ကို မြန်မြန်သွားကယ်”

“ဟုတ်ကဲ့”

ဝမ်ချောင်က ထိုသို့ပြောပြီးရုံသာ ရှိသေးသည်။ ရွှယ်ချန်ကျွင်းက လက်ရွေးစင် အချို့ကိုခေါ်ပြီး သူတို့က ချက်ချင်း ခုန်ထွက်သွားပြီဖြစ်သည်။ သူတို့က ဟွမ်ပေါ့ထန်းတို့လူများ လွင့်ထွက်သွားသော နေရာကိုကြည့်သည်။ သို့သော် ကပ်ဘေးက စတင်ပြီဖြစ်သည်။ ဒေါသထွက်နေသော ပဲ့ဟယ်မော၏ မျက်လုံးက သွေးနီရောင်သမ်းနေသည်။ သူဟာ မြို့ရိုးထံ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်နှုန်းဖြင့် ချဉ်းကပ်လာသည်။

ကျန်းငါးရာ

ကျန်းလေးရာ

ကျန်းသုံးရာ...

ပဲ့ဟယ်မော့ဟာ ခုခံရေးအားလှိုင်း သံမဏိမြို့ရိုးနှင့် မီတာတစ်ထောင်ပင် မဝေးတော့ချေ။ သူ၏ အရှိန်နှုန်းက မြန်သထက် မြန်ဆန်လာသေးသည်။ သူ၏ တိုင်ကြီးများကဲ့သို့ ထင်ရသည့် ခြေလက်များက နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး တစ်ကြိမ် ခုန်လိုက်ချိန်တိုင်း လူတိုင်း၏နှလုံးသားတွင် မိုးခြိမ်းသံကို ကြားနေရသလိုထင်ရသည်။ မြေကမ္ဘာကပင် ကွဲအက်ပြီး ဆက်တိုက် လှုပ်ခါနေသည်။

ဟူး

ကြောက်မက်ဖွယ်ကောင်းသော လေပြင်းက ဖုန်မှုန့်များနှင့် သဲများကို သယ်ဆောင်လျှက် ခုခံရေးအားလှိုင်း အရှေ့ဘက်ရှိ နေရာတစ်ခုလုံးကို တိမ်စိုင်များကဲ့သို့ မှုန်မှိုင်းသွားစေသည်။ သို့သော် ပဲ့ဟယ်မော့၏ ခန္ဓာကိုယ်ကမူ ကြည်လင်ကာ ထင်ရှားစွာ မြင်လိုက်ရစေသည်။ ကြီးမားသော ရွှေရောင်ဦးချိုကြီးကလည်း ကောင်းကင်ကို ထိုးဖောက်ထားနိုင်ပုံပေါ်ပြီး သူ၏ သွေးကဲ့သို့နီရဲနေသော မျက်ဝန်းကလည်း စစ်သည်တော်တိုင်းကို ကြောက်လန့်မှုအပြည့် ခံစားရစေသည်။ ယခုလိုပြင်းထန်သည့် တိုက်ပွဲမျိုးတွင် လေထုအခြေအနေက အလွန်အမင်း ကြမ်းတမ်းဖိနှိပ်လွန်းအားကြီးနေသဖြင့် အသက်ရှုရပင် ခက်ခဲလာစေသည်။

ထိုအတွက် ထိုကဲ့သို့ အခြေအနေမျိုးတွင် ကပ်ဘေးကိုတွေးရန် မည်သို့ထွက်ပြေးသင့်ကြောင့် စဉ်းစားရန် အချိန်ပင် မရှိတော့ချေ။ မှင်သက်နေသော အကြည့်ပေါင်းများစွာက ကြီးမားသော သားရဲထံတွင်သာ ရှိနေသည်။

ကျန်းနှစ်ရာ

အကွာအဝေးက နီးသထက် နီးလာသည်။

“လက်နက်ကြီးတွေ အသင့်ပြင်”

ရုတ်တရက် လေထုကို အေးစက်ပြီး ဆုံးဖြတ်ချက်ပြတ်သားသည့် အသံက ထိုးခွဲလိုက်သည်။ ဝမ်ချောင်က သံမဏိမြို့ရိုးပေါ်တွင် ရပ်နေသည်။ သူ၏ဆံပင်က လေတွင်လွင့်နေသည်။ သူ၏မျက်ဝန်းက တိုင်းတာရ ခက်ခဲလောက်အောင် လေးနက်တည်ကြည်မှုနှင့် အာရုံအပြည့်စိုက်ထားပြီး တောက်ပ ထင်ရှားနေသေးသည်။ အေးစက်သောအလင်းက တစ်ချက်လက်သွားပြီးနောက်တွင် ဝမ်ချောင်ဟာ လေထဲသို့ သူ၏ဓားကို တစ်ချက်ယမ်းလိုက်ပြီး အဆုံးသတ်သို့ နေရောင်ကို ဖြာဟပ်လာစေသည်။

ခလွက် ခလွက်

ပထမခုခံရေး အားလှိုင်းအနောက်ဘက်မှ လုပ်ကြံသည့်အဖွဲ့က စတင်ကာ အသင့်ပြင်သည်။

ဝမ်ချောင်အနေဖြင့် ပထမဦးဆုံးအကြိမ် လက်နက်ကြီးအဖွဲ့ကို ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးခြင်းဖြစ်သည်။ အနီးအနားရှိ လက်နက်ကြီး အလက်သုံးထောင်လုံးက အဟကြားနေရာတိုင်းကို အပြည့် နေရာယူထားကြပြီး သူတို့၏ အေးစက်သော ထိပ်ဖျားကလည်း အပြင်ဘက်သို့ ချိန်ထားကြ၏။ လက်နက်ကြီး တစ်ဖွဲ့လုံးက အမျိုးသားနဲ့သားရဲ ရင်ဆိုင်သည့်တိုက်ပွဲတွင် ဝင်ပါကြမည်ဖြစ်သည်။

ထပ်ပေါင်းဆိုရသော် အန်းရှီကာကွယ်ရေးစစ်တပ်မှ လက်နက်ကြီး ရာပေါင်းများစွာကလည်း ထိုပဲ့ဟယ်မော့ကို ချိန်ထားကြသည်။

ထိုလက်နက်ကြီးများ၏ အကြီးမားဆုံး အားနည်းချက်က သူတို့၏ တိကျမှုဖြစ်သည်။ သို့သော် ဒီလောက်ကြီးသော ပစ်မှတ်ကို မြင်ရချိန်တွင်မူ လွဲချောစေရန် မဖြစ်နိုင်တော့ချေ။

လက်နက်ကြီးသုံးထောင်ကျော်က ကွင်းပြင်ကို နေရာယူထားသည်နှင့်အမျှ တိုက်ပွဲနယ်မြေ တစ်ခုလုံးက တိတ်ဆိတ်သွားသည်။ အချိန်ကပင် ရပ်တန့်သွားပုံပေါ်သည်။

လူတစ်ယောက်ချင်းစီတိုင်း၏ နှလုံးသားကလည်း စိုးရိမ်မှုများဖြင့် ကျယ်လောင်စွာ မြည်ဟီးနေသည်။

ထိုလက်နက်ကြီးများက စစ်တပ်အတွက် အလွန်အမင်း အင်အားကြီးမားသည့် လှုပ်ရှားမှုဖြစ်သည်။ ထို့ပြင် ဝှက်ဖဲလည်းဖြစ်သည်။ လက်နက်၏ ထက်ရှမှု၊ ခွန်အား၊ ဖျက်ဆီးနိုင်စွမ်းရည်က သာမာန်လေးများထက် သာသည်။ ပဲ့ဟယ်မော့ကို ရင်ဆိုင်ရန် နောက်ဆုံးသော ဝှက်ဖဲလည်းဖြစ်လောက်သည်။ ဒီနည်းလမ်းကသာ မအောင်မြင်ခဲ့လျှင် သူတို့က ကိုင်တွယ်နိုင်သည့်နည်းလမ်း မရှိလောက်တော့ချေ။

ကျန်းတစ်ရာ

မီတာသုံးရာခန့်သာ ကျန်တော့သောအချိန်တွင် ကောင်းရှန်းကျစ်ကပင် ထိတ်လန့်လာသည်။ သူတို့ကသာ ပဲ့ဟယ်မော့ကို မတားနိုင်လျှင် ထန်စစ်သည် သိန်းကျော်က တစ်သုတ်လုံး ရှင်းပစ်ခံရနိုင်သည်။ တာလာ့ကလည်း ရှင်းပြစ်ခံရနိုင်သည်။ အန်းရှီ၊ ချီရှီနှင့် လုံးရှီကပင် ထိုအတွင်းကျသွားနိုင်သည်။

“ပစ်လွှတ်”

ဝမ်ချောင်က ဝု့စ်သံမဏိဓားကို အောက်သို့ယမ်းချသည်။ တစ်လောကလုံးက စတင်ကာ ပေါက်ကွဲသွားပုံပေါ်သည်။

ဘန်း

လက်နက်ကြီး အလက်သုံးထောင်ကို ပစ်လွှတ်လိုက်သောအခါ သူတို့၏ ထက်ရှပြီး ထူထည်းသော အချွန်များက နဂါးများကဲ့သို့ လေထဲသို့ ထိုးဝင်သွားပြီး ကျယ်လောင်သော ဟိန်းသံနှင့်အတူ ပဲ့ဟယ်မော့ထံ ရောက်ရှိသွားသည်။

ဘန်း

လက်နက်ကြီး တစ်လက်က ပစ်ခတ်လိုက်ပြီးနောက်တွင် ပဲ့ဟယ်မော့၏ ခန္ဓာကိုယ်ပေါ်တွင် သွေးလွှမ်းသော ဒဏ်ရာကို ချန်ထားရစ်ခဲ့လျှက် ပျောက်ကွယ်သွားသည်။ ဒါက အစမျှသာဖြစ်သေးသည်။ ဒုတိယ၊ တတိယ၊ စတုတ္ထ... လက်နက်ကြီး အလက်သုံးထောင်လုံးက ပဲ့ဟယ်မော့၏ ခန္ဓာကိုယ်ကို ပစ်ခတ်လိုက်ပြီး အပေါက်သုံးထောင်ကို ဖြစ်ပေါ်သွားစေသည်။

ဝူး....

ပြိုင်ဘက်ကင်းပြီး မရပ်တန့်နိုင်ဟု ထင်ရသည့် ဒိုင်နိုဆောပုံသဏ္ဍန်ရှိသော သားရဲကြီးက နောက်ဆုံးတွင် ဟိန်းဟောက်လိုက်သည်။ သူက ပထမဦးဆုံးအကြိမ် ဒဏ်ရာရသွားပြီဖြစ်သည်။ လေးလံသော လက်နက်ကြီးများကို အသုံးပြုနိုင်သည့် မဟာထန်က တစ်လောကလုံးကို လွှမ်းမိုးနိုင်ခဲ့သည်။ ယခုလည်း ထိုအင်အားကိုသုံးနေပြီး ဒဏ္ဍာရီနယ်မြေမှ ဆင်းသက်လာခဲ့သော ထိုသားရဲကြီးကို ဒဏ်ရာရအောင် လုပ်လိုက်နိုင်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

အဝေးရှိ မာစီကပင် မှင်သက်အံ့ဩသွားပုံပေါ်သည်။ သူ့အနေဖြင့် ပဲ့ဟယ်မော့စစ်တပ်ကို တည်ထောင်ပြီး အခြားသော အင်ပါယာများ၏ လက်နက်ကြီးများ၏ ပစ်ခတ်မှုကိုလည်း တွေ့ကြုံခဲ့ဖူးသည်။ သို့သော် ပထမဦးဆုံးအကြိမ် ထိုသို့ အံ့အားသင့်ဖူးခြင်းဖြစ်သည်။

ဘန်း

သံမဏိခုခံရေးအားလှိုင်းက အောင်ပွဲခံသံများဖြင့် ပေါက်ကွဲသွားပြန်သည်။ လက်နက်ကြီး အလက်သုံးထောင်ကျော်က နောက်ဆုံးတွင် ပဲ့ဟယ်မော့ကို နာကျင်သည့်ထိုးနှက်ချက် ပြုလိုက်နိုင်သည်။

“ပစ်လွှတ်”

ဝမ်ချောင်က ဓားကိုတဖန် ယမ်းချသည်။ သူက တုန့်ဆိုင်းမနေဘဲ နောက်ထပ်တစ်ကြိမ် ပစ်ခတ်ရန် အမိန့်ပေးသည်။

လက်နက်ကြီး အလက်သုံးထောင်လုံးက နောက်ထပ်တစ်ကြိမ် ပစ်ခတ်ကြပြန်သည်။ သူတို့၏ လက်နက်များ၏ ဟိန်းသံက ကျယ်လောင်နေပြီး လေထုကိုပင် ထိုးခွဲသွားကာ ပဲ့ဟယ်မော့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

“ပစ်”

မျက်တောင်တစ်ခတ် အချိန်အတွင်း တတိယမြောက် တစ်သုတ်က ပစ်ခတ်ပြန်သည်။ နောက်ထပ် လက်နက်ကြီး တစ်သုတ်ကလည်း ကိုယ်အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားပြန်၏။ စစ်တပ်၏ တိုက်ခိုက်လိုစိတ်က အထွဋ်အထိပ်သို့ ရောက်ရှိသွားသည်။ သူတို့၏ အောင်ပွဲခံသံများက ကောင်းကင်ထိတိုင် ထိုးတက်နေသည်။ သို့သော် ဝမ်ချောင်ကမူ တစ်စုံတစ်ရာက မှားယွင်းနေကြောင်း အာရုံခံမိပြန်သည်။

လက်နက်ကြီး သုံးသုတ်လုံးက တစ်သောင်းကျော်နိုင်သည်။ အားလုံးက ထိုသားရဲ၏ ကိုယ်အတွင်းသို့ ပစ်ဝင်သွားသည်။ ထိုသားရဲကြီးကမူ ယိမ်းယိုင်သွားပြီး နှေးကွေးသွားနေသော်လည်း ပြိုလဲကျမည့် လက္ခဏာ မပြသေးချေ။ ဒဏ်ရာများ ပြထားလင့်ကစား သူဟာ ခုခံရေးအားလှိုင်းထံ ချီတက်လာနေသေးသည်။

ဝမ်ချောင်ကပင် ကြီးမားသော ခန္ဓာကိုယ်ကြီးက အတက်စွမ်းအင်အပြည့် ရှိနေသေးသလို ခံစားလိုက်ရသည်။

ပဲ့ဟယ်မော့ဟာ သေဆုံးမည့်လက္ခဏာ မပြသေးချေ။

“သေစမ်း အဖွဲ့တစ်ဆယ်၊ အဖွဲ့တစ်ဆယ့်ငါး၊ အဖွဲ့တစ်ဆယ့်ခုနှစ်၊ အဖွဲ့တစ်ဆယ့်ရှစ်... မင်းတို့အားလုံးနောက်ဆုတ်”

ဝမ်ချောင်၏ စူးရှသောအသံက စစ်တပ်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ်၊ ဗိုလ်ချုပ်ချန်း၊ အဖေ... လှုပ်ရှားဖို့ အသင့်ပြင်ပါ”

ထိုသားရဲ၏ အသက်စွမ်းအင်က ပြင်းထန်လွန်းသည်။ လက်နက်ကြီး အလက်တစ်သောင်းကျော်ကပင် တိုက်ပွဲနယ်မြေရှိ စစ်သည်ခြောက်သောင်းခန့်ကို ဖြိုဖျက်နိုင်သည့်တိုင်အောင် ထိုမကောင်းဆိုးဝါးကိုမူ သေစေနိုင်သည့် ထိုးနှက်ချက်တစ်ခု မပေးနိုင်သေးချေ။ သူဟာ ဒဏ်ရာရသွားသောကြောင့် အရှိန်နှုန်း နှေးသွားသည်။ သို့သော် ဆက်လက်ချီတက်နေသေးသည်။

ကြီးမားသော ခြေထောက်ကြီးက အောက်သို့ ဖိချလိုက်ပြီးနောက် ဖုန်တိမ်စိုင်များကို လွင့်ထွက်သွားစေသည်။

ကျန်းငါးဆယ်...

အကွာအဝေးက နီးကပ်လာသည်။

ကျန်းသုံးဆယ်...

မီတာတစ်ရာခန့် ဝေးသော အကွာအဝေးသို့ ရောက်သွားသည့်အချိန်တွင် လူတိုင်းကလည်း အလွန်အမင်း ကြီးမားသည့် ပဲ့ဟယ်မော့ကို အနီးကပ် မြင်လိုက်ရသည်။ လူသားပေါင်းများစွာ၏ အသက်က ထိုသားရဲကြီးကို ရင်ဆိုင်ရသည့်အချိန်တွင် အလွန်အမင်း အားနည်းဖျော့တော့သွားပုံပေါ်သည်။ အထွဋ်အထိပ် သူတော်စင်သိုင်းနယ်မြေအဆင့်တွင်ရှိသော မဟာဗိုလ်ချုပ်ကြီး တစ်ယောက်ကပင် ထိုအကောင်ကြီးကို မယှဉ်နိုင်လောက်ချေ။

ဘန်း

ထိုသားရဲ၏ ခြေထောက်ကြီးက မြင်းငါးကောင်ထက်ပင် ကြီးသေးသည်။ ထိုခြေထောက်ကြီးက သံမဏိမြို့ရိုးကို ဆောင့်ကန်သည်။ သတ္တုချင်း ထိခတ်သံများနှင့် သံမဏိမြို့ရိုးကြီးက အာရပ်စစ်တပ်၏ ရင်ဆိုင်မှုများကို ထပ်ခါတလဲလဲ တောင့်ခံနိုင်ခဲ့သော်လည်း ထိုသားရဲ၏ ခြေထောက်အောက်တွင်မူ လေထဲသို့ လွင့်ထွက်သွားသည်။

“အား”

ထန်စစ်သည် ဆယ်ယောက်ခန့်က တုန့်ပြန်မှု နှေးကွေးသွားသဖြင့် မြို့ရိုး၏ အရိုက်ခံလိုက်ရပြီး အတူကပ်ပါသွားသည်။ ထိုအခြေအနေက အဆုံးသတ်မဟုတ်သေးချေ။ ကြီးမားသော ခြေထောက်ကြီးက ကောင်းကင်မှ တဖန် ပြန်ဆင်းသက်လာသည်။ ဒီတစ်ကြိမ်တွင်မူ မည်သည့် သံမဏိမြို့ရိုးကိုမှ မဖိနင်းတော့ချေ။ ထိုအစား မြောက်များလွန်းသော စစ်သည်တော်များကို ဖိနင်းသည်။

ခလွက်

မြေပြင်တွင် သွေးများက စီးအိုင်သွားသည်။ ကံဆိုးသော ဖာဟားနား ကြေးစားစစ်သည်နှင့် ချီရှီကာကွယ်ရေးစစ်သား အယောက်နှစ်ဆယ်ခန့်က အော်ချိန်ပင်မရလိုက်ဘဲ သတ္တုပန်ကိတ်ဖြစ်သွားသည်။

“သေလိုက်ပါတော့”

ဝမ်ချောင်က ထိုမြင်ကွင်းကြောင့် မျက်နှာထား တင်းမာသွားသည်။ သူ၏မျက်လုံးက နီရဲသွား၏။ ပဲ့ဟယ်မော့၏ ခန္ဓာကိုယ်က ကြီးမားလွန်းသည်။ ထို့ကြောင့် ခြေတစ်လှမ်းတည်းနှင့် အကွာအဝေး အများကြီးကို လှမ်းနိုင်သည်။ သူက ကြိုတင်ပြင်ဆင်မှုများ လုပ်ထားခဲ့သည့်တိုင်အောင် ထိုသားရဲကြီးကို မသတ်နိုင်ခဲ့ချေ။

“နတ်ဘုရင်ရာမဝင်္ကပါ”

ဖြတ်ကနဲ လက်သွားပြီးနောက် ကြီးမားသော လက်ဘေးဘက် နတ်ဘုရားကြီးက ချက်ချင်းဆိုသလို မြေကမ္ဘာထဲမှ ပေါ်ထွက်လာသည်။ ထိုနည်းအားဖြင့် ထိုပဲ့ဟယ်မော့ကို ကြမ်းတမ်းသည့် လက်သီးနှစ်လုံး ပစ်သွင်းလိုက်၏။ ချက်ချင်းလိုလို ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ ဝမ်ရန်၊ ပါးနားဟန်နှင့် အခြားသော စစ်တပ်ထံမှ ကျွမ်းကျင်ပညာရှင်များအားလုံးက လှုပ်ရှားလိုက်ကြသည်။

“ပြိုင်ဘက်ကင်း အရှင်သခင်ခြောက်ပါး နတ်ဘုရားသိုင်း”

“အဆင့်လွန်ခွဲထုတ်ခြင်း နတ်ဘုရားဝင်္ကပါ”

“အရှိန်အဟုန်မြှင့် မှင်သက်ဖွယ် နတ်ဘုရားဝင်္ကပါ”

“မဟာမီးတောက် ကျီးကန်းသိုင်း”

အရှိန်အဟုန်မြင့် နတ်ဘုရားသုံးပါး၊ မဟာဗိုလ်ချုပ်အဆင့် ကျွမ်းကျင်ပညာရှင် လေးယောက်နှင့် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးပေါင်းများစွာက စတင်ကာ တိုက်ခိုက်ကြသည်။

ဘုန်း

ဘန်း

ဘုန်း

သူတို့၏ တိုက်ကွက်များက ပဲ့ဟယ်မော့၏ ခန္ဓာကိုယ်ပေါ်တွင် ပေါက်ကွဲသွားသည်။ ကြီးမားသော မကောင်းဆိုးဝါးကြီးကပင် ခြိမ်းခြောက်မှုကိုခံစားရပြီး ဖိအားပေးခံရသည်။ သူဟာ ယခင်က မရပ်တန့်နိုင်ခဲ့သော် ယခုအခါတွင်မူ ပြင်းထန်သည့် ဒဏ်ရာများကို ခံစားသွားရပြီဖြစ်သည်။

အခန်း(၉၄၉)

အာဝူး...

ဒိုင်နိုဆောပုံသဏ္ဍန်ရှိသည့် ထိုပဲ့ဟယ်မော့ကြီးက အလွန်အမင်း စူးရှလွန်းသော အော်ညဉ်းသံကြီးကိုပြုသည်။ သူ၏ကိုယ်မှလည်း သွေးများက ရေတံခွန်ကဲ့သို့ ပန်းထွက်လာပြီး အောက်ဘက်ရှိ မြင်းတပ်တစ်ခုလုံးကို သွေးမိုးဖြင့် ချိုးပေးလိုက်သည်။

ဝမ်ချောင်၏ နတ်ဘုရင်ရာမက အခြားသော တိုက်ခိုက်သူများနှင့် မတူသော ချဉ်းကပ်မှုမျိုးကိုပြုသည်။ သူ၏ လက်လေးဘက်လုံးက လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် လက်နက်ကြီးအဖွဲ့က တိုက်ခိုက်ထားသည့် နေရာများကိုသာ ထိုးနှက်လိုက်ပြီး ကြယ်တာရာစွမ်းအင်ပေါင်း များစွာကိုလည်း အထဲသို့ ထိုးသွင်းလျှက် ထူထပ်သိပ်သည်းလွန်းသော လက်နက်ကြီးပေါင်းများစွာကို ပို၍ နက်ရှိုင်းသော အတွင်းပိုင်းသို့ ဝင်ရောက်သွားစေသည်။

ဝမ်ချောင်၏ ပန်းတိုင်က ထိုလက်နက်ကြီးများကို တဖန်သုံးပြီး ပဲ့ဟယ်မော့၏ ကိုယ်တွင်းအင်္ဂါများကို ဖျက်ဆီးရန်ဖြစ်သည်။

“ခေါင်းကိုတိုက်ခိုက် မင်းတို့ ဒီလက်နက်ကြီးတွေကိုသုံးပြီး သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ဖျက်ဆီးရမယ်”

ဝမ်ချောင်က စူးရှစွာ အော်ဟစ်လိုက်သည်။ ထန်ဗိုလ်ချုပ်တိုင်းက ချက်ချင်းဆိုသလိုပင် ထိုသားရဲကြီး၏ခေါင်းကို စွမ်းအင်မုန်တိုင်းများကဲ့သို့ ထင်ရသည့် တိုက်ခိုက်မှုမျိုးကို ပြုမူသည်။

မြေပြင်တွင်ရှိသော မရေမတွက်နိုင်သည့် မြင်းသည်တော်ပေါင်းများစွာက ဝင်္ကပါအတွင်းသို့ ဝင်ရောက်ကြပြီး တိုင်လေးတိုင်ကဲ့သို့ ထင်ရသည့် ပဲ့ဟယ်မော့၏ ခြေထောက်များကို တိုက်ခိုက်ကြသည်။ အချို့သောလူများကမူ မြင်းပေါ်မှ ခုန်တက်ကြပြီး ဝု့စ်သံမဏိဓားများကိုသုံးကာ သူတို့မှီနိုင်သော နေရာတွင်ရှိသော ခြေလက်နေရာများကို ထိုးသွင်းကာ တိုက်ခိုက်ကြသည်။

“ကောင်းရှန်းကျစ်၊ ဝမ်ချောင်၊ ဝမ်ရန် နောက်ပြီး ချန်းချန့်လီတို့အားလုံး တိုက်ပွဲထဲကို ဝင်ရောက်သွားပြီ”

မူထရီမဟာမြင်းတပ်မှ ဗိုလ်ချုပ် ဟော်ပါးစမ်းယဲ့က ရုတ်တရက်ပြောသည်။

“ဒီလောက်ကြီးတဲ့ သားရဲကတောင် မဟာဗိုလ်ချုပ်အဆင့်မှာရှိတဲ့ ပြိုင်ဘက်လေးယောက်ရဲ့ဒဏ်ကို ခံဖို့ခက်လိမ့်မယ်။ ကြည့်ရတာ သားရဲတစ်ကောင်နဲ့ မလုံလောက်ဖူးပဲ”

တစ်သိန်းကျော်သော စစ်သည်တော်များကလည်း ကြီးမားသော သားရဲကြီးတစ်ကောင်ထဲကို ဝိုင်းကာ တိုက်ခိုက်နေကြသည်။ မှင်သက်ဖွယ်ကောင်းသော တိုက်ပွဲမျိုးကို ဖြစ်ပေါ်လာစေသည်။ မှင်သက်ဖွယ် အကောင်းဆုံးကမူ နတ်ဘုရားသုံးပါးနှင့် အန်းရှီကာကွယ်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်တို့ဖြစ်သည်။ ကြီးမားလွန်းသော ပဲ့ဟယ်မော့ကတင် ထိုမျှ မှင်သက်ဖွယ်ကောင်းသည့် ရန်သူလေးယောက်ကို မဖိနှိပ်နိုင်ချေ။ ထိုသို့ဖြင့် ဆက်တိုက်ဆိုသလို အော်ဟစ်သံများကို ပြုနေရသည်။ ထို့ကြောင့် ပြဿနာ ရှိနေသည်မှာ ထင်ရှားသည်။

“ဒါကဒီလောက် မရိုးရှင်းဘူး။ ဒီလေးယောက်က အားမနည်းတာတော့ဟုတ်တယ်။ ဒါပေမဲ့ ဒီလောက်ကြီးတဲ့ သားရဲကလည်း သုတ်သင်ဖို့မလွယ်ဘူး”

ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ် တုဝူစစ်လီက တိုက်ပွဲကို ကြည့်နေပြီး သူ၏မျက်လုံးက မှေးကျဉ်းသွားသည်။ သူက ဟော်ပါးစမ်းယဲ့ကို ဖြေလိုက်၏။

“အာ”

ဟော်ပါးစမ်းယဲ့က အံ့အားတကြီး ခေါင်းလှည့်ကြည့်လိုက်သည်။

“မင်းသတိမထားမိဘူးလား။ အဲ့ဒီမကောင်းဆိုးဝါးက ဒဏ်ရာရသွားပြီး အရှိန်အဝါက လျော့နည်းသွားတယ်ဆိုပေမဲ့လည်း သူ့ရဲ့အတက်စွမ်းအင်က ကြမ်းကြမ်းတမ်းတမ်း စီးဆင်းပြီး များပြားနေတုန်းပဲ။ နောက်ပြီး သူ့ရဲ့ အသားအရည်ကလည်း အရမ်းကို ကြမ်းတမ်းလွန်းတယ်။ ကောင်းရှန်းကျစ်နဲ့ အခြားသူတွေရဲ့ တိုက်ခိုက်မှုတွေက သုံးလွှာ၊ လေးလွှာလောက်ကိုပဲ ဖောက်နိုင်တာ။ အဲ့ဒီမှာ ရပ်တန့်သွားတယ်”

တုဝူစစ်လီက တဖြည်းဖြည်းချင်း ရှင်းပြသည်။ သူ၏ လက်က ကျောနောက်သို့ပို့ထားသည်။

“တုဝူစစ်လီပြောတာမှန်တယ်”

သာ့လွန်ရော့ကျန်းကလည်း ကျော့ရှင်းကြည့်ကောင်းသော ပုံစံမျိုးဖြင့် ဝင်ပြောလာသည်။ သူ၏ ခန္ဓာကိုယ်က ညင်သာသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

“သားရဲက သားရဲပါပဲ။ သူတို့က လူသားတွေနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ။ သူတို့က သိုင်းတွေလည်း မတက်နိုင်သလို လျို့ဝှက်သိုင်းတွေလည်း မသုံးနိုင်ဘူး။ ဒါပေမဲ့ သူတို့မှာ အားသာချက်တစ်ခုရှိတယ်။ အဲ့ဒါကတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ အတက်စွမ်းအားတွေပဲ။ ကောင်းရှန်းကျစ်နဲ့ ဝမ်ချောင်က ဒီသားရဲကြီးကိုသတ်ချင်တယ်။ အဲ့လိုဆိုရင် အချိန်တစ်ခုယူပြီး တန်ကြေးတစ်ခု ပေးဆပ်ရလိမ့်မယ်”

ဟော်ပါးစမ်းယဲ့က မှင်သက်စွာ စိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးက ထိုနှစ်ယောက်ကြားတွင်ရှိ၏။ ထို့နောက် တိုက်ပွဲကို ပြန်ကြည့်လိုက်သည်။

အရာအားလုံးက သာ့လွန်ရော့ကျန်းနှင့် တုဝူစစ်လီ ပြောသည့်အတိုင်း ဖြစ်လာသည်။ ပဲ့ဟယ်မော့က ဆက်တိုက် အော်ဟစ်နေသည်။ သို့သော် နာကျင်မှုကသူ့ကို အေးခဲသည့် အတိုင်းအတာသို့ ပို့လွှတ်လိုက်ပြီးနောက်တွင် သူ၏စွမ်းအင်တိုင်း အားလုံးက ထိုးထွက်လာသည်။ ကြီးမားသော ရွှေရောင်ဦးချိုကြီးကို မြှောက်ပြီးနောက် ဝမ်ချောင်၏အဖေ ဝမ်ရန်က သူ၏ပထမပစ်မှတ် ဖြစ်သွားသည်။ တည်ငြိမ်အောင် မထိန်းနိုင်တော့သည့် ဝမ်ရန်က လွင့်ထွက်သွား၏။ သားရဲကြီးကမူ သူ၏ခန္ဓာကိုယ်ကြီးကို ချန်းချန့်လီ၏ အဆင့်လွန် ခွဲလုပ်ခြင်းနတ်ဘုရားထံ ခုန်အုပ်လိုက်သည်။ ချန်းချန့်လီက တည်ငြိမ်အောင် မရပ်နိုင်ချေ။

ချွင် ချွင် ချွင်

သူက ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရပြီး လဲကျလုနီးပါး ဖြစ်သွားသည်။

“သေစမ်း”

ကောင်းရှန်းကျစ်ကပင် ပဲ့ဟယ်မော့၏ တိုက်ကွက်များအောက်တွင် နောက်ဆုတ်ရန် ဖိအားပေးခံရသည်။ ထိုအကောင်ကြီးက အင်အားကြီးမားလွန်းသည်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့်တိုင်အောင် အချိန်တစ်ခုယူပြီးမှသာ သတ်ဖြတ်၍ရလောက်သည်။ ထပ်ပေါင်းဆိုရသော် ထိုသားရဲ၏ ရွှေရောင်ဦးချိုက အလွန်အမင်း ခြိမ်းခြောက်နိုင်သည့် ခံစားချက်ကို ထုတ်ပေးနေခဲ့သည်။

ပဲ့ဟယ်မော့က ဦးချိုကို ဝမ်ချောင်ထံ ငုံ့ကာ ချိန်လိုက်ကြောင်း မြင်လိုက်ရချိန်တွင် ကောင်းရှန်းကျစ်က သတိပေးသံနှင့် လှမ်းအော်သည်။

“ဝမ်ချောင် သတိထား သူမင်းဆီလာပြီ”

“မျိုးမစစ်ကောင်”

ဝမ်ချောင်က လက်သီးဖြင့်ထိုးသည်။ သူက နတ်ဘုရင်ရာမပုံသဏ္ဍန်ကို ဝင်ယူထားသည့်တိုင်အောင် လက်ထဲမှ လက်နက်ကြောင့် ပုံသဏ္ဍန်အရ မသင့်တော်ကြောင်း နားလည်နေသည်။ ဗာဂျရာ ငရုတ်ကျည်ပွေ့က ကြယ်တာရာစွမ်းအင်များသုံးကာ တိုက်ခိုက်ရခြင်းဖြစ်ပြီး ပဲ့ဟယ်မော့ကဲ့သို့ သတ္တဝါမျိုးကို ရင်ဆိုင်ရာတွင်မူ အသုံးမဝင်ဖြစ်ရသည်။ ဝု့စ်သံမဏိဓားကလည်း သူ၏အရေပြားကို ပို၍နက်ရှိုင်းအောင် မထိုးဖောက်နိုင်ပြန်ချေ။

ဝမ်ချောင်က အံ့ကိုသာကြိတ်ပြီး ပဲ့ဟယ်မော့၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။ သူ၏အနောက်ဘက်တွင် စစ်တပ်ရှိနေသော် သူဟာ နောက်ဆုတ်၍ မရနိုင်ချေ။ ပဲ့ဟယ်မော့ကိုသာ နောက်တန်းသို့ ဝင်ခွင့်ပြုလိုက်လျှင် စက္ကန့်အနည်းငယ်တည်းနှင့် အလွန်အမင်း ကြီးလေးသည့် ဆုံးရှုံးမှုကြီး ဖြစ်လာပေလိမ့်မည်။

“လမ်းကဖယ်”

နတ်ဘုရင်ရာမ၏ လက်လေးဘက်လုံးက ရှေ့သို့ယမ်းချသည်။ သံမဏိကဲ့သို့ ထင်ရသည့် လက်မောင်း နှစ်ဖက်လုံးက ထိုရွှေရောင်ဦးချိုကြီးကို ဆုပ်ကိုင်လိုက်သည်။ အခြားသော လက်တစ်ဖက်ကမူ ခေါင်းကို လက်သီးဖြင့်ထိုး၏။ နတ်ဘုရင်ရာမက ရှေ့သို့ငုံ့ကိုင်းလိုက်သည်။ ခြေထောက်နှစ်ဖက်လုံးကိုမြှောက်ပြီး မြေပြင်ကို ဖိတွန်းထားကာ ပြင်းထန်သည့်အားကို အသားကုန်ထုတ်ထားသည်။

ခြိမ်း

မြေပြင်က တသိမ့်သိမ့် တုန်ကာ ကွဲအက်လာသည်။ ဝမ်ချောင်၏ ခြေထောက်က ရှည်လျားသော မြောင်းများဖြစ်လျှက် တရွတ်တိုက်ဆွဲကာ နောက်သို့ပို့ခံရပြီး ကျန်းနှစ်ဆယ်ကျော်အထိ ရောက်သွား၏။ သူဟာ တစ်ဖက်၏ ချီတက်မှုကို တားလိုက်နိုင်သည်။ သို့သော် ပဲ့ဟယ်မော့ကလည်း ယခင်အတိုင်း အတက်စွမ်းအား အပြည့်နှင့်ဖြစ်သည်။ ထိုချီတက်မှုကတင် စစ်တပ်တစ်ခုလုံးကို ဝရုန်းသုန်းကား ဖြစ်သွားစေခဲ့သည်။ ပို၍များပြားသော ကြေးစားစစ်သားများနှင့် ထန်စစ်သားများက ဖိအားများသွားကြသည်။ ကျန်းတစ်ရာဝန်းကျင်အတွင်းတွင် အလောင်းများပုံနေပြီး ဝရုန်းသုန်းကား ဖြစ်နေသည်။

ထိုသို့ရိုးရှင်းသော ချီတက်မှုကတင် အနည်းဆုံး စစ်သည်လေးထောင်ခန့်ကို ပဲ့ဟယ်မော့၏ ခြေထောက်အောက်တွင် သေဆုံးသွားစေခဲ့သည်။

လက်မခံနိုင်ဘူး

ဒီကောင်ကို အမြန်ဆုံးသတ်ရမယ်

ဝမ်ချောင်က စိုးရိမ်တကြီးတွေးသည်။

ထို့နောက် အံ့ကိုကြိတ်၏။

ပဲ့ဟယ်မော့က လဲကျရန် အချိန်အချို့ လိုအပ်နေသေးသည်။ သူက အသက်ရှင်နေလေလေ စစ်သားများက အသတ်ခံရလေလေ ဖြစ်ပေလိမ့်မည်။ ဆုံးရှုံးမှုက ဆယ်ဆခန့်အထိ များပြားသွားနိုင်သည်။ ဖြစ်နိုင်သည်မှာ တစ်ဆယ့်နှစ်ဆ သို့မဟုတ် လက်ရှိပမာဏထက် ပမာဏအများကြီး များနေနိုင်သည်။ စစ်တပ်မှ ဗိုလ်ချုပ်တစ်ယောက်အနေနှင့် ဝမ်ချောင်က နောက်ဆုတ်၍မရချေ။

“ချန်းချန့်လီ ဝမ်ရန် သူ့ကို မြန်မြန်သွားကူလိုက်”

ကောင်းရှန်းကျစ်ကလည်း ချီတက်လာသလို အခြားသောနှစ်ယောက်ကိုလည်း ဝင်ပါအောင် လှမ်းခေါ်သည်။ သို့သော် သူတို့က ဝင်မပါနိုင်သေးခင်

ဝေါင်း

မြေကမ္ဘာကို တုန်ဟီးသွားစေသည့် အော်သံကြီးနှင့်အတူ ပဲ့ဟယ်မော့က ပို၍ပင် ကြမ်းတမ်း ရက်စက်လာပြီး ပြင်းထန် ကြမ်းတမ်းသည့် စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ ထိုစွမ်းအင်များက သူခန္ဓာကိုယ်အတွင်းမှ စတင်ကာ ပေါက်ကွဲသွား၏။ ဝမ်ချောင်ရှိရာဘက်သို့ ရှေ့ဆက် မတက်နိုင်တော့သည့်အတွက် သူက ဝမ်ချောင်၏ ဖိကိုင်မှုမှ လွတ်မြောက်အောင် ရုန်းကန်ရမည့် အခြားတစ်ဖက်သို့ ဦးတည်သွားသည်။

“မကောင်းတော့ဘူး”

လူတိုင်း၏မျက်နှာက ထိုမြင်ကွင်းကြောင့် ဖြူဖျော့သွားသည်။ သူတို့က စိတ်ပျက်အားငယ်ဖွယ် ကောင်းလောက်အောင် ရုန်းကန်နေရသလို ဖြစ်နေ၏။ ထိုကြမ်းတမ်းသော အာရပ်၏ သားရဲကြီးက ဒဏ်ရာရလေလေ ပို၍ ကြမ်းတမ်းလာပုံပေါ်သည်။ သူက သေခြင်းနီးလေလေ သူ၏ အလားအလာက ပို၍ကြီးမားလာပုံပေါ်သည်။ သူ့ကိုသာ မထိန်းချုပ်နိုင်လျှင် ခုခံရေးအားလှိုင်း နှစ်ခုလုံးရှိ နေရာက သက်ရှိငရဲအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

ဘုန်း

တွေးတောရန် အချိန်မရှိတော့သည့် ဝမ်ချောင်က ချက်ချင်းဆိုသလို ဒိုင်နိုဆောသားရဲကြီးကိုယ်ပေါ်သု့ိ ခုန်တက်လိုက်သည်။ ရုတ်ချည်းဆန်သော မြင်ကွင်းကြောင့် အဝေးရှိ မာစီနှင့် ကောင်းကင်ဘုံဝံပုလွေ တုဝူစစ်လီတို့က မျက်လုံးပြူးသွားကြသည်။

ဒီကောင်ကလုံးဝအရူးပဲ။

တုဝူစစ်လီနှင့် အခြားသော စောင့်ကြည့်နေကြသည့် ဗိုလ်ချုပ်တိုင်း၏ ခေါင်းထဲ အတွေးတစ်ခုကသာ ဝင်ရောက်လာသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုသားရဲကြီးက သတ်ဖြတ်ခြင်း အရှိန်အဝါသို့သာ ဝင်ရောက်သွားကြောင်း မြင်နိုင်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ပဲ့ဟယ်မော့စစ်တပ်မှ ဗိုလ်ချုပ်မာစီမပြောနှင့် မည်သူကမှပင် ထိုအကောင်ကြီးကို ထိန်းချုပ်နိုင်တော့မည်မဟုတ်ချေ။

“ငါတားရမယ်”

ဝမ်ချောင်၏ နတ်ဘုရင်ရာမ၏ တစ်ကိုယ်လုံးက တောင့်တင်းနေပြီး အပြင်လောကကို အပြည့်အဝ လျစ်လျူရှု့လိုက်သည်။ သူ၏အာရုံစိုက်ရာက အောက်ဘက်ရှိ ပဲ့ဟယ်မော့ဖြစ်သည်။

ဘန်း

ဝမ်ချောင်၏လက်သီးက ပဲ့ဟယ်မော့၏ခေါင်းကို ထိုးသည်။ ဒုတိယ၊ တတိယ၊ စတုတ္ထ... လက်လေးဘက်လုံးက လက်သီးမိုး ရွာချသလိုမျိုး ထိုအကောင်ကြီး၏ခေါင်းကို ဆက်တိုက် ထိုးနေခဲ့သည်။ သို့တိုင်အောင် ထိုအကောင်ကြီးကို ရပ်တန့်သွားအောင် မလုပ်နိုင်သေးချေ။ ဝမ်ချောင်ကလည်း သူ၏ အတက်စွမ်းအင်မီးတောက်က မှေးမှိန်လာကြောင်း ခံစားမိသည်။ ထိုအရာက အားနည်းလာသည်။ သို့သော် မသေသေးချေ။ ပို၍အရေးကြီးသည်မှာ အခြားလေးယောက်ကသာပေါင်းပြီး ထိုအကောင်ကြီးကို မတားလျှင် ထိုအကောင်ကြီးက ရှေ့သို့ ဆက်ဝင်နေပေလိမ့်မည်။

“အား”

မြေပြင်မှ အထိတ်တလန့် အော်ဟစ်သံများက ပေါ်ထွက်လာသည်။ စစ်သားတစ်ပုံပြီးတစ်ပုံက ပဲ့ဟယ်မော့၏ ခြေထောက်အောက်တွင် နင်းချေခံနေရ၏။ သွေးများက အချိန်တိုင်းလိုလို စိမ့်ထွက်နေသည်။ လူပေါင်းများစွာက အော်ဟစ်ရန်ပင် အချိန်မရှိဘဲ အသားပြားဖြစ်သွားသည်။

ဝမ်ချောင်၏ နှလုံးသားကလည်း ဆုံးရှုံးမှုကြောင့် သွေးစမ်းရှင်ရှင်ထွက်လာသည်။ ယခုအခါ အနည်းဆုံး စစ်သည်ငါးထောင်ခန့် အသတ်ခံရပြီးလောက်လေပြီ။ သူကသာ ထိုအကောင်ကြီးကို မတားနိုင်လျှင် အရေအတွက်က ပိုများပေလိမ့်မည်။

“ရပ်စမ်း”

ထိုသို့အရေးကြီးဆုံးအချိန်တွင် ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ ဝမ်ရန်၊ ချီယွမ်ချင်နှင့် အခြားသော အရာရှိတိုင်းက ရောက်လာကြသည်။ အရှိန်အဟုန်မြင့် မှင်သက်ဖွယ် နတ်ဘုရား၊ အဆင့်လွန် ခွဲထုတ်ခြင်းဝင်္ကပါနှင့် ကောင်းရှန်းကျစ်တို့က ရူးသွပ်သော သားရဲကြီးကို ငြိမ်အောင် ထိန်းလိုက်နိုင်ကြသည်။

ဘုန်း ဘုန်း ဘုန်း

လက်သီး တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ရောက်လာပြီး ပဲ့ဟယ်မော့၏ ကိုယ်ပေါ်သို့ ကျဆင်းနေခဲ့သည်။ ချန်းချန့်လီ၏ အဆင့်လွန် ခွဲထုတ်ခြင်းနတ်ဘုရား၏ သံချိန်းကြိုးကလည်း လေထုကိုလွှဲယမ်းကာ ရစ်ပတ်လိုက်ပြီး ထိုအကောင်ကြီးကို အောက်သို့ ဆွဲချအောင် ထိန်းလိုက်နိုင်သည်။

သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက နောက်ဆုံးတွင် ထိုအကောင်ကြီးကို အောင်မြင်စွာဖြင့် ဖမ်းလိုက်နိုင်သည်။

စွစ် စွစ် စွစ်

ကောင်းရှန်းကျစ်က ကြောက်မက်ဖွယ်ကောင်းသည့် ဓားချည်ပေါင်းများစွာကို ထိုအကောင်ကြီး၏ ကိုယ်ထဲသို့ ထိုးသွင်းလိုက်သည်။ တစ်ချက်ချင်းစီတိုင်းက သွေးအစင်းကြောင်းလိုက် ထွက်လာစေသည်။

ဝမ်ချောင်၊ ချန်းချန့်လီ၊ ရှီယွမ်ချင်နှင့် အခြားသော ကျွမ်းကျင်ပညာရှင်တိုင်း အပါအဝင် ဖြတ်လတ်သော ဝူရှန်းမြင်းတပ်၊ လက်သီးများ၊ ဗာဂျရာငရုတ်ကျည်ပွေ့များ၊ ကြယ်တာရာစွမ်းအင်များ၊ ဝု့စ်သံမဏိဓားများ၊ လက်နက်ကြီးများ အားလုံးပေါင်းပြီး ပဲ့ဟယ်မော့ကို တိုက်ခိုက်ခဲ့ခြင်းဖြင့် သူ၏အတက်စွမ်းအင်ကို တဖြည်းဖြည်းချင်း လျော့ကျလာစေသည်။ သို့သော် ထိုမျှပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသည့်တိုင်အောင် သူက မသေသေးချေ။

သူက ဆက်လက်ပြီး ရုန်းကန်နေသေးသည်။ သူဟာ ရှေ့သို့ ဆက်တိုးချင်နေသေး၏။ သူတို့မျှော်လင့်ထားသည်ထက်ပင် သူ၏အတက်စွမ်းအင်က ပြင်းထန် များပြားလွန်းနေခဲ့သည်။

“ငါတို့က ဒီအခွင့်အရေးကိုသုံးပြီး သူတို့ကို အသေသတ်လို့ ရနိုင်တယ်”

တုဝူစစ်လီက ပဲ့ဟယ်မော့နှင့် ရင်ဆိုင်နေသည့် တိုက်ပွဲကိုကြည့်ပြီး သူ၏မျက်ဝန်းက အေးစက်သောအလင်းများ လက်လာသည်။ ရုတ်တရက် ပေါ်လာသောစကားက ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့တို့ကို မှင်သက်သွားစေသည်။ သို့သော် တခဏခန့် တွေးတောပြီးနောက် သူတို့၏ မျက်ဝန်းက တောက်ပသွားကြသည်။

ပဲ့ဟယ်မော့၏ ချီတက်မှုက ထန်ဝင်္ကပါတစ်ခုလုံးကို ဝရုန်းသုန်းကား ဖြစ်သွားစေခဲ့သည်။ ဒီလိုအခြေအနေမျိုးတွင် တိဗက်နှင့် တူရကီများကသာ တိုက်ခိုက်မည်ဆိုလျှင် ပို၍ပင် ဝရုန်းသုန်းကား ဖြစ်သွားလောက်ပြီး ထန်များကို အမြစ်ဖြတ် သုတ်သင်နိုင်လောက်သည်။

သူတို့က အစပိုင်းတွင် တုန့်ဆိုင်းနေသည့်တိုင်အောင် တဖြည်းဖြည်းချင်း ထိုအကြံက ဖြစ်နိုင်သည်ဟု ခံစားမိလာကြသည်။ သို့ရာတွင် ဟော်ရှု့ဟွေ့ခမ်းပင်ဖြစ်စေ၊ တုစုန့်မာန်ဖော်ကျဲ့ပင်ဖြစ်စေ၊ တုဝူစစ်လီပင်ဖြစ်စေ ချက်ချင်းလိုလို မလှုပ်ရှားကြဘဲ ဘေးဘက်သို့လှည့်ကာ ပုံရိပ်တစ်ခုကို ကြည့်လိုက်ကြလေသည်။

အခန်း(၉၅၀)

“ငါတို့တိုက်ခိုက်လို့ရနိုင်တယ်။ ဒါပေမဲ့ အချိန်မကျသေးဘူး”

မဟာဗိုလ်ချုပ် သုံးယောက်၏ ပြင်းထန်သော အကြည့်ကို အာရုံခံမိသည့် သာ့လွန်ရော့ကျန်းက ပြောလိုက်သည်။ သို့သော် သူ၏ပြန်ဖြေသံက အားလုံးကို မှင်သက်ပြီး စိတ်ရှုပ်ထွေးသွားစေသည်။

“ဒါပေမဲ့ ငါတို့ ဒီအခွင့်အရေးကို ဆုံးရှုံးလိုက်ရရင် နှမြောစရာ မကောင်းသွားဘူးလား”

တုဝူစစ်လီကပြောသည်။

လေပြင်းက သာ့လွန်ရော့ကျန်း၏ ကျယ်ပြောသော အင်္ကျီလက်များကို လွင့်နေစေသည်။ သူဟာ ခေါင်းကို အသာခါ၏။

“မင်းတို့ သတိမထားမိကြဘူးလား။ ဒီလောက် ပြောင်မြောက်တဲ့ အခွင့်အရေးကို အာရပ်တွေက ဘာမှမလုပ်ကြဘူး”

ထိုစကားလုံးများက တောင်ကုန်းပေါ်ရှိ လူတိုင်း၏ စိတ်အခြေအနေကို ပြောင်းလဲသွားစေသည်။ အင်ပါယာ မဟာဗိုလ်ချုပ် သုံးယောက်လုံးက မျက်မှောင်ကျုံ့ကြပြီး အာရပ်များကို လှည့်ကြည့်ကြ၏။ ခုခံရေး အားလှိုင်းနှစ်ခုကို ပြန်ကြည့်ပြီးနောက် တစ်ဖက်မှ ကျယ်ပြောသော အာရပ်စစ်တပ်ကို တဖန် ကြည့်သည်။ ထိုအာရပ်စစ်တပ်က အနက်ရောင် ပင်လယ်ကြီးကဲ့သို့ မိုးကုတ်စက်ဝိုင်းအနှံ့ တည်ရှိနေသည်။

သို့သော် သာ့လွန်ရော့ကျန်း ပြောသလို ဖြစ်ပျက်နေလေသည်။ ပေ့ဟယ်မော့၏ တိုက်ခိုက်မှုက ထိုမျှ ပြောင်မြောက်သည့် အခွင့်အရေးကို ထုတ်ပေးထားသည်။ အာရပ်များကမူ မရွေ့လျားသော ခန္ဓာကြီးတစ်ခုကဲ့သို့ တိုက်ခိုက်မည့် အရိပ်အယောင် မပြသေးချေ။

မဟာဗိုလ်ချုပ် သုံးယောက်လုံးက တိတ်ဆိတ်သွားသည်။ သူတို့၏ မျက်မှောင်က ပို၍ပင် ကျုံ့သွားသေးသည်။

“အာရပ်တွေက တိတ်ဆိတ်နေကြတယ်။ သူတို့က မတိုက်ခိုက်ဘူးဆိုရင် ဖြစ်နိုင်ချေ တစ်ခုပဲရှိတယ်။ အပုမူစလင်ကလည်း ဒါက တိုက်ခိုက်သင့်တဲ့ အကောင်းဆုံး အခွင့်အရေးလို့ မယုံကြည်လို့။ သူတို့က အခြေအနေ ပြောင်းလဲဖို့ ကိုင်တွယ်နိုင်တဲ့ ဝှက်ဖဲတွေ ရှိနေသေးတယ်။ အဲ့ဒါကို စောင့်နေတာ”

သာ့လွန်ရော့ကျန်းကပြောသည်။ သူ၏မျက်ဝန်းကလည်း ဉာဏ်ပညာရှိသော အလင်းရောင်များဖြင့် တောက်ပလာသည်။

သုံးယောက်က တိတ်ဆိတ်သွားသည်။ သူတို့၏ မျက်နှာတွင် အံ့အားသင့်မှုများက ထင်ရှားစွာ ပေါ်လွင်နေ၏။ ဒါက လေးစားဖွယ်ကောင်းသည့် အစသာဖြစ်သေးသည်။ အာရပ်များတွင် ပို၍ကောင်းမွန်သည့် ဝှက်ဖဲများ ရှိနေသေးပုံပေါ်သည်။ တာလာ့မှ ထန်စစ်တပ်ကလည်း ရှောင်ရှား၍ မရနိုင်သည့် ကပ်ဘေးကို ရင်ဆိုင်နေရပြီဖြစ်သည်။

ပို၍အံ့အားသင့်ဖွယ်ကောင်းသည်မှာ အာရပ်များက ပို၍ပင် ခြောက်ခြားနိုင်သည့် အကွက်များကို ပိုင်ဆိုင်နေခြင်းဖြစ်သည်။ ထိုကဲ့သို့သော အင်အားစုနှင့်ဆိုလျှင် မည်သူကမှ တောင့်ခံနိုင်မည်မဟုတ်ချေ။

“ဒါက အာရပ်နဲ့ မဟာထန်ရဲ့ စစ်ပွဲပဲ။ ငါတို့က အစောပိုင်းကတည်းက ငါတို့လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ခဲ့ပြီးပြီ။ ဒီတော့ ငါတို့ ဦးဆောင်ဝင်ပါဖို့ မသင့်တော်တော့ဘူး။ ပိုဆိုးတာက ထန်စစ်တပ်က ဝရုန်းသုန်းကား ဖြစ်နေရင်တောင်မှ သူတို့က ပြန်လည်တိုက်ခိုက်နိုင်တဲ့ အင်အားရှိနေသေးတယ်။ မမေ့နဲ့ သူတို့ရဲ့ ဝင်္ကပါနဲ့ဆိုရင် အနည်းဆုံး အင်ပါယာ မဟာဗိုလ်ချုပ် လေးယောက်လောက်က သူတို့ဘက်မှာ ရှိနေတယ်။ အခု ငါတို့ကသာ ဒီအခြေအနေကို အတင်းဝင်ရောက် ကျူးကျော်လိုက်ရင် ငါတို့ကပဲ ဝရုန်းသုန်းကား ဖြစ်သွားလောက်တယ်။ ငါတို့က ပိုပြီးကြီးလေးတဲ့ တန်ကြေးတွေကို ရင်ဆိုင်ရတဲ့အခါ အာရပ်တွေက ငါတို့ကို လှောင်ပြီးကြည့်နေကြလိမ့်မယ်”

သာ့လွန်ရော့ကျန်းက ထိုသို့ပြောသည်။

နောက်ဆုံးစကားလုံးများက ထိုသုံးယောက်လုံး၏ ကိုယ်အတွင်းသို့ ကြောက်လန့်မှုကို ဖျက်ဆီးသွားစေသည်။ ဗိုလ်ချုပ်များဖြစ်သည့်အလျောက် တိုက်ပွဲနယ်မြေတွင် ပြိုင်ဘက်များကို မည်သို့ အလဲထိုးသင့်ကြောင်းသာ တွေးတတ်သည်။ နည်းပညာအရ၊ ဗျူဟာများအရတွင်မူ သူတို့၏ မြင်နိုင်စွမ်းအားက သာ့လွန်ရော့ကျန်းလောက် ရှင်းလင်းပြီး ထိုးဖောက်နိုင်စွမ်းအား ရှိလိမ့်မည်မဟုတ်ချေ။

ထိုစကားကမှန်သည်။ တိဗက်များနှင့် တူရကီများက အာရပ်၏ မဟာမိတ်များ ဖြစ်နေချိန်တွင် မဟာမိတ်က နက်ရှိုင်းခြင်းမရှိချေ။ သူတို့၏ မိုက်ရူးရဲဆန်မှုက ကြီးမားသည့် ဆုံးရှုံးမှုကို ဖြစ်သွားစေနိုင်ပြီး အာရပ်များ၏ အထင်သေးမှုကို လက်ခံရရှိလျှက် မဟာမိတ်ကို အဆုံးသတ်သွားစေပြီး အကျိုးအမြတ်ထက် ဆုံးရှုံးမှုက အလေးသာသွားနိုင်သည်။

တုဝူစစ်လီပင်ဖြစ်စေ၊ ဟော်ရှု့ဟွေ့ခမ်းပင်ဖြစ်စေ ကြီးမားသော ပဲ့ဟယ်မော့ကို ရင်မဆိုင်နိုင်ချေ။

“ဟွန်း”

သာ့လွန်ရော့ကျန်းက ခပ်တိုးတိုးရယ်သည်။ သူဟာလည်း ဗိုလ်ချုပ်များ၏ အတွေးကို နားလည်၏။

“တွေးတောတာက တိုက်ခိုက်တာထက် ပိုပြီးအသုံးဝင်တယ်။ ဒီနေရာမှာ ရပ်ကြည့်နေရုံနဲ့ ငါတို့က ထန်တွေရဲ့ နောက်ဆုတ်လမ်းကို ပိတ်ထားလို့ရတယ်။ ဒါက ငါတို့လုပ်ပေးနိုင်တဲ့ အစစ်အမှန် ခြိမ်းခြောက်နိုင်မှုပဲ။ အခုဆိုရင် သူတို့က နောက်မဆုတ်ရဲတော့ဘူး။ ငါတို့ကသာ အမှန်တကယ် တိုက်ခိုက်လိုက်ရင် အနည်းဆုံး ထန်တစ်ဝက်လောက်က ဒီအခွင့်အရေးကိုသုံးပြီး ထွက်ပြေးလိမ့်မယ်... ဒီလိုမှ ပိုပြီး ဆုံးရှုံးမှုများမှာ....”

သာ့လွန်ရော့ကျန်းက ထိုဗိုလ်ချုပ်သုံးယောက်ကို ပြောပြနေချိန်တွင် မဟာထန်မှ ဗိုလ်ချုပ် လေးယောက်လုံးကလည်း ပဲ့ဟယ်မော့၏ နောက်ဆုံးသောတိုက်ပွဲကို အဆုံးသတ်လိုက်နိုင်သည်။ ဝမ်ချောင်၏ နတ်ဘုရင်ရာမက ကြီးမားသော ဒိုင်နိုဆောပုံသဏ္ဍန်ရှိ သားရဲကြီးပေါ်တွင် ထိုင်နေပြီး ကြီးမားသော ခန္ဓာကိုယ်ကြီးကို သူ၏ ဗာဂျရာငရုတ်ကျည်ပွေ့များဖြင့် ဆက်တိုက် ထိုးနှက်နေသည်။ အခြားသော လက်သုံးဘက်လုံးကလည်း လက်သီးများ ဆက်တိုက်ထိုးနေ၏။

ကြမ်းတမ်းသည့် လုပ်ကြံသတ်ဖြတ်မှုအလယ်တွင် ဝမ်ချောင်က ရုတ်တရက် ထူးဆန်းသော ခံစားချက်ကို ရလိုက်၏။ သူ၏ကိုယ်အတွင်းမှ မီးတောက်က ပဲ့ဟယ်မော့၏ ခန္ဓာကိုယ်အတွင်းတွင် လောင်ကျွမ်းနေသော မီးတောက်နှင့် တစ်သားတည်းဖြစ်နေသည်ဆိုသော ခံစားချက်မျိုးဖြစ်သည်။

လုဝူရဲ့အင်အား

ထိုအတွေးက ဝမ်ချောင်အား ဝရုန်းသုန်းကား ဖြစ်သွားစေသည်။

“ဘာဖြစ်တာလဲ”

ဝမ်ချောင်က တခဏခန့် တောင့်ခဲသွားသည်။ သူဟာ တစ်ချိန်လုံး ငြိမ်နေခဲ့သည့် လုဝူ၏ စွမ်းအင်များက လှုပ်နိုးသွားသလို ခံစားလိုက်ရသည်။ ထို့အပြင် အောက်ဘက်ရှိ ပဲ့ဟယ်မော့ထံ အင်အားကြီးမားလွန်းသည့် ဆွဲဆောင်မှုတစ်ရပ်ပင် ရှိနေစေသေး၏။ ဝမ်ချောင်ကလည်း ဝါးမြိုလိုသည့် စိတ်ဆန္ဒကို ခံစားရသည်။ ထိုဆာလောင်မှုက ပို၍ ပြင်းထန်သထက် ပြင်းထန်လာသည်။

ဘန်း

တွေးတောရန် အချိန်မရှိတော့သည့် ဝမ်ချောင်က အသားကုန် အော်ဟစ်လိုက်ပြီး လက်သီးဖြင့် ထိုးလိုက်သည်။ သူ၏လက်သီးက ထိုးထွက်သွားသည့် တခဏတွင် တောက်လောင်သော ခရမ်းရောင် မီးတောက်က ချက်ချင်းဆိုသလို ဝင်ရောက်သွားလေပြီး ပဲ့ဟယ်မော့၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်တိုးသွားသည်။

အာဝူး....

ယခုလေးတင် ရူးသွပ်စွာ ရုန်းကန်နေခဲ့သည့် ပဲ့ဟယ်မော့က အလွန်အမင်း နာကျင်သော ငိုညဉ်းသံမျိုးကို ပြုလာသည်။ သူ၏ သိပ်သည်းလွန်းသော အတက်စွမ်းအင်များက ချက်ချင်းဆိုသလို လျော့ကျသွားသည်။ ထိုတိုက်ခိုက်မှုက ယခင်တိုက်ခိုက်မှုများထက် အများကြီး ပြင်းထန်သည့် ဖျက်ဆီးမှုကို ဖြစ်ပေါ်စေနိုင်သည်။

ထိုအရာသာ မကသေးလေဘဲ ဝမ်ချောင်ကလည်း သူက လက်သီးထိုးပြီး တစ်ဖက်၏ ခန္ဓာကိုယ်သို့ ထိကပ်သွားမိသည့် တခဏတွင် ပဲ့ဟယ်မော့၏ ကိုယ်အတွင်းမှ ကြမ်းတမ်းလွန်းသည့် အတက်စွမ်းအင်များက သူ၏ကိုယ်အတွင်းသို့ စီးဝင်လာကြောင်း သိလိုက်သည်။

“အံ့ဩစရာပဲ”

အခြေအနေကို နားလည်သွားပြီးနောက် ဝမ်ချောင်က လုဝူ၏ ခွန်အားများကို ပြင်းထန်စွာ ထည့်သွင်းလိုက်ပြီး နတ်ဘုရင်ရာမ၏ လက်လေးဘက်လုံးကို ခရမ်းရောင်မီးတောက်ဖြင့် လွှမ်းခြုံသွားစေသည်။

ဘန်း ဘန်း ဘန်း

လက်လေးဘက်လုံးက လက်သီးမိုး ရွာသွန်းသလိုမျိုး ဒိုင်နိုဆောပုံသဏ္ဍန်ရှိသည့် ပဲ့ဟယ်မော့၏ခေါင်းကို ဆက်တိုက် ထိုးနှက်သည်။

ခွက်

နောက်ဆုံး မီးတောက်လက်သီး ထိုးချက်က ရွှေရောင်ဦးချိုကို ကွဲကြေသွားစေသည်။ ကွဲအက်ရာနှင့်အတူ ထိုဦးချိုကြီးက အမြစ်မှကျွတ်ထွက်သွားပြီး လွင့်ထွက်သွား၏။ ဦးချိုမရှိတော့သောအခါ ပဲ့ဟယ်မော့က နောက်ဆုံးသော ငိုညဉ်းသံသာ ပြုလိုက်ပြီး အရှေ့ဘက်ရှိ မြေပြင်ပေါ်သို့ လဲပြိုကျသွားသည်။

ခြိမ်း

ပဲ့ဟယ်မော့ကြီး လဲပြိုသွားခြင်းက မြေပြင်ကို တသိမ့်သိမ့် တုန်သွားစေသည်။ နောက်ဆုံးသော သံမဏိခုခံရေးအားလှိုင်းမှ အစိတ်အပိုင်းများကပင် လွင့်ထွက်သွားသေး၏။

မြှားသောင်းပေါင်းများစွာ၏ ထိုးနှက်မှုတိုင်းကို ခံစားရပြီး လက်နက်ကြီး အလက်သုံးထောင်၏ ထိုးနှက်မှုဒဏ်ကို ခံခဲ့ရပြီး မဟာဗိုလ်ချုပ် လေးယောက်၏ ဒေါသတကြီး တိုက်ခိုက်မှုဒဏ်ကို ခံခဲ့ရပြီးနောက်တွင် ပဲ့ဟယ်မော့၏ အတက်စွမ်းအင်က နောက်ဆုံးတွင် လဲကျသွားလေပြီ။

“ငါတို့ နောက်ဆုံးတော့ အောင်မြင်သွားပြီ”

ကောင်းရှန်းကျစ်၏ အသံက ဝမ်ချောင်၏ အနောက်ဘက်မှ ထွက်လာသည်။ ကောင်းရှန်းကျစ်က ကြီးမားသော ပဲ့ဟယ်မော့၏ ခန္ဓာကိုယ်ကြီးပေါ်မှ ခုန်ဆင်းသွား၏။ သူ၏မျက်နှာက အနည်းငယ် ဖြူဖျော့နေသည်။ ပဲ့ဟယ်မော့က သူ့ကို မခြိမ်းခြောက်နိုင်ချေ။ သို့သော် လေးစားဖွယ်ကောင်းသော အတက်စွမ်းအင်ကလည်း ကောင်းရှန်းကျစ်၏ စွမ်းအင်အမြောက်အများကို ကုန်ဆုံးသွားစေသည်။

“ဒီအခြေအနေက ငါတို့အတွက် တော်တော်ဆိုးတယ်။ အာရပ်တွေက ဒီနည်းလမ်းကိုသုံးပြီး ငါတို့ရဲ့အင်အားကို ကြိတ်ချေလိမ့်မယ်”

အခြားတစ်ဖက်တွင် ချန်းချန့်လီ၏ အဆင့်လွန်ခွဲထုတ်ခြင်း ဝင်္ကပါက လက်ကောက်ဝတ်ကို တစ်ချက် ယမ်းလိုက်ပြီးနောက် ကြယ်တာရာစွမ်းအင် ခြိမ်းကြိုးများကို ပြန်သိမ်းလိုက်သည်။ သူ၏ အသားအရည်ကလည်း မကောင်းချေ။ ဒီတိုက်ပွဲတွင် သူက သူ၏အင်အားတိုင်းကို ထုတ်သုံးခဲ့ရသည်။ ဒီနည်းအားဖြင့် စစ်တပ်၏ ဆုံးရှုံးမှုကို နည်းအောင် ကြိုးစားခဲ့ရသည်။

“နောက်ဖြစ်လာမဲ့ ကိစ္စကို နောက်ပိုင်းအတွက်ထားလိုက်။ အရေးတကြီး လုပ်ရမဲ့ကိစ္စက စစ်တပ်တစ်ခုလုံးကို အင်အားဖြည့်ခိုင်းတာပဲ”

ဝမ်ရန်က ထိုတခဏတွင် ပေါ်လာသည်။ ဗိုလ်ချုပ်တစ်ယောက်အနေနှင့် သူက စစ်တပ်၏ အခြေအနေကို အစိုးရိမ်ဆုံးဖြစ်သည်။ ပဲ့ဟယ်မော့က ခုခံရေးအားလှိုင်းထဲသု့ိ ဝင်ရောက်ခဲ့သည်မှာ အချိန်အနည်းငယ်သာ ကြာလောက်သည်။ သို့သော် ဆုံးရှုံးမှုကမူ အလွန်ကြီးပြီး စစ်တပ်တစ်ခုလုံးကို ဖျက်ဆီးနိုင်လုနီးပါး ဖြစ်ခဲ့သည်။ ချီရှီမှ စစ်သည်တစ်သိန်းကျော်က ကစဉ့်ကလျား ဖြစ်သွားသည်။ ဝင်္ကပါဆိုလျှင် ထည့်ပြောရန်ပင် မလိုအပ်တော့ချေ။

“ချောင်အာ ဘာလုပ်နေတာလဲ”

ဝမ်ရန်က သူ၏သားကို စိုးရိမ်တကြီး လှည့်ကြည့်လိုက်သည်။

လူတိုင်းကလည်းချက်ချင်းဆိုသလိုပင် ဝမ်ချောင်ကို အာရုံစိုက်လိုက်ကြသည်။ နတ်ဘုရင်ရာမက ပဲ့ဟယ်မော့၏ ခန္ဓာကိုယ်ပေါ်တွင်ထိုင်ပြီး ငြိမ်သက်နေသည်။ သူက အတွေးနက်နေပုံပေါ်၏။ သူ၏ မျက်နှာတွင် ထူးဆန်းသော မျက်နှာထားမျိုးက ပေါ်နေသည်။

“အဆင်ပြေတယ်”

ဝမ်ချောင်က ခေါင်းကိုခါပြီး အံ့အားသင့်မှုက လှုပ်နိုးလာသလို ဖြစ်လာသည်။ မှင်သက်ဖွယ်ကောင်းသော အလင်းတစ်ချက် လက်ပြီးနောက် ဝမ်ချောင်က နတ်ဘုရင်ရာမကို သိမ်းလိုက်ပြီး မူရင်းပုံသဏ္ဍန် ပြန်ဖြစ်သွားသည်။ သိပ်မကြာခင်သူက သားရဲကောင်ပေါ်မှ ခုန်ဆင်းလာသည်။

“စစ်သားတိုင်း ငါ့ရဲ့အမိန့်ကိုနာခံ။ ကိုယ့်နေရာကိုယ်ပြန်ယူ”

“လက်နက်ကြီး အဖွဲ့ နားထောင် အချိန်မရွေး တိုက်ခိုက်ဖို့အတွက် အသင့်ပြင်ထား”

“လီစစ်ယဲ့ စွန်းကျစ်မင်၊ စစ်တပ်တစ်ခုလုံးကို ထိန်းသိမ်းပြီး ဆုံးရှုံးမှုတွေကို တွက်ဆ”

“ပါးနားဟန်၊ ကုလီ၊ ခမ်းကယ်ခုရင် ငါမင်းတို့အားလုံးကို မင်းတို့လူတွေကို ထိန်းသိမ်းထားဖို့ မျှော်လင့်တယ်။ အမြန်ဆုံးလှုပ်ရှား”

မြေပြင်ပေါ်သို့ ခြေချပြီးနောက် ဝမ်ချောင်က ချက်ချင်းလိုလို စိတ်ငြိမ်သွားကာ ကြည်လင်ပြတ်သားသော အမိန့်များကို တိကျပြတ်သားစွာ ထုတ်လိုက်သည်။ ဝရုန်းသုန်းကား ဖြစ်နေသော စစ်တပ်က တဖန်ပြန်ပြီး ငြိမ်သက်သွားသည်။ ထွက်ပေါ်လာသော အမိန့်များနှင့်အတူ ဝမ်ချောင်က ပဲ့ဟယ်မော့ကို စစ်ဆေးရန် အချိန်ရသွားသည်။ ဘေးဘက်တွင် ရပ်ကြည့်နေရုံနှင့် သူ၏ကြီးမားပြီး ခြောက်ခြားဖွယ်ကောင်းသည့် စွမ်းအားများကို ခံစားမိနိုင်သည်။

ပဲ့ဟယ်မော့က သေသွားသော်လည်း မသေသွားခင် တခဏတွင်ပင် ထန်များအပေါ် ဘယ်သောအခါမှ မမေ့နိုင်လောက်သည့် ထင်မြင်ချက်မျိုးကို ပေးသွားသေးသည်။

“အရှင်အမတ် ငါတို့ရေတွက်လို့ ပြီးပါပြီ”

လီစစ်ယဲ့က နောက်တန်းမှ ထွက်လာသည်။

“ဒီလုပ်ကြံသတ်ဖြတ်မှုမှာ ငါတို့က တစ်သောင်းဝန်းကျင်ခန့် ဆ့ုးရှုံးသွားပါတယ်။ အများစုက သားရဲရဲ့ နင်းချေပြီး သတ်ဖြတ်ခံခဲ့ရတာပါ။ ဒါ့အပြင် စစ်မြင်းနှစ်ထောင်လောက်က သားရဲကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားကြပါတယ်။ ပိုပြီး အရေးကြီးတာက စစ်တပ်ရဲ့ တိုက်ခိုက်လိုစိတ်က နိမ့်ကျနေတာပါ။ ငါတို့လူတွေအားလုံးက ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အနောက်ပိုင်းနယ်မြေရဲ့ ကြေးစားစစ်သားတွေကတော့ အများကြီး သက်ရောက်ခံရတဲ့ ပုံပါပဲ။ သူတို့က တိုက်ခိုက်ဖို့ငြင်းဆန်တဲ့ လက္ခဏာတွေကို ပြသနေကြတယ်။ ငါတို့ကသာ ဒီပြဿနာကို မဖြေရှင်းနိုင်ရင် ငါတို့ရဲ့ စစ်သားကောင်းတွေက ချိုးဖျက်သွားပြီး တိုက်ပွဲမစတင်ခင်ကတည်းက ထွက်ပြေးသွားလောက်ပါတယ်”

“အဲ့ဒါတင် မကသေးပါဘူး။ စစ်သားတိုင်းရဲ့ ရှည်လျားတဲ့ ပမာဏကြီးကို သားရဲကြီးက ဖျက်ဆီးခဲ့တယ်”

ရွှယ်ချန်ကျွင်းက လျှောက်လာသည်။ သူက လက်သီးနှစ်ဖက် ဖိကပ်လျှက် ဂါရဝပြုသည်။

“ဒါကို အမြန်ဆုံးပြင်ဆင်ဖို့ လိုအပ်သေးတယ်။ အဲ့ဒါအပြင် ဒီမကောင်းဆိုးဝါးရဲ့ အလောင်းကလည်း ပြဿနာကြီးပဲ။ ဒီအလောင်းက ဒီနေရာမှာ လဲနေရင် ဒီကျန်းငါးဆယ်လုံးကို ပြင်ဆင်လို့ ရနိုင်မှာမဟုတ်ဘူး။ ငါတို့က ဒီအဟကြားကို မပြင်ဆင်နိုင်တဲ့အခါ ငါတို့ရဲ့ ခုခံမှုပေါ် အများကြီး သက်ရောက်မှုရှိလိမ့်မယ်”

“ဒီအကောင်ကို စိုးရိမ်မနေနဲ့။ အာရပ်တွေက ဒီအလောင်းကိုလည်း ကျော်မတက်နိုင်ဘူး။ ပျက်စီးသွားတဲ့ ခုခံရေးအားလှိုင်းအတွက်ကတော့ မြန်မြန်လေး လူခေါ်ပြီး ပြန်ပြင်ဆင်ကြ။ နောက်ပြီး ကျန်းရှို့ကျစ်”

ဝမ်ချောင်က တခဏခန့် ရပ်တန့်လိုက်သည်။

“အရှင့်ရဲ့ လက်အောက်ငယ်သားက ဒီမှာပါ”

ကျန်းရှို့ကျစ်က ခပ်မြန်မြန် ထွက်လာသည်။

“အဲ့ဒီလက်နက်ရဲ့ တိုးတက်မှုက ဘယ်လိုလဲ”

ဝမ်ချောင်ကမေးသည်။

သူ၏မေးခွန်းက ချန်းချန့်လီ၊ ကောင်းရှန်းကျစ်နှင့် ဝမ်ရန်အပါအဝင် အခြားသောလူတိုင်းကို ဝမ်ချောင်အား လှည့်ကြည့်မိစေသည်။ ဝမ်ချောင်က စစ်တပ်၏ အဓိက အမိန့်ပေးသောနေရာကို စွဲမြဲယူထားသည်။ မည်သူကမှ ထိုနေရာအား သူ့ထံမှ မစိန်ခေါ်ဝံ့ချေ။ ထိုဗိုလ်ချုပ်တိုင်းကလည်း သူ၏ဆုံးဖြတ်ချက်ကို ဝင်စွက်ဖက်ခဲသည်။ သို့ရာတွင် ကောင်းရှန်းကျစ်ကဲ့သို့ အလွန်အမင်း တည်ငြိမ်သောလူကပင် ဝမ်ချောင်၏ စကားလုံးများကြောင့် မှင်သက်သွားသည်။

အာရေးဗီးယား ပါးနားမောက ရုတ်တရက် ပေါ်လာပြီး ဘယ်သူကမှ တုန့်ပြန်နိုင်စွမ်းအား မရှိခဲ့တာ မဟုတ်ဘူးလား။ ကောင်းရှန်းကျစ်တောင်မှ ဒီအကြောင်းကို မသိခဲ့ဘူး။ ဒါပေမဲ့ ဝမ်ချောင်ရဲ့ တုန့်ပြန်မှုအရ သူက ဒီဖြစ်ရပ်အတွက် ကြိုတင်ပြင်ဆင်ထားသလိုပဲ။

All Chapters