← Chapters

အခန်း (၁၄၀)

Vol. 14 Ch. 140

အခန်း (၁၄၀)

Vol. 14 Ch. 140

အခန်း။ ၁၄၀

ချင်းရွှေလယ်ယာခြံအတွင်း၌...

ယခုအခါတွင်မူ အေးချမ်းလှသော လယ်ယာခြံလေးအတွင်း၌ ရယ်မောသံများ ပဲ့တင်ထပ်နေလေသည်။ လုချွမ်း ကိုယ်တိုင်တည်ဆောက်ပေးထားသော အပန်းဖြေကစားကွင်းငယ်လေးထဲတွင် ကျိရုရွှယ်မှာ အပျော်ကြီး ပျော်နေတော့သည်။

သူမသည် ချားရဟတ်စီးရာမှ ရိုလာကိုစတာဆီသို့ ကူးပြောင်းလိုက် ခဏနေလျှင် ခုန်ပေါက်

ကစားစင်ပေါ်သို့ ပြေးတက်လိုက်နှင့် အလုပ်ရှုပ်နေ၏။ မူလကမူ ကျိရုရွှယ်သည် ဤကစားကွင်းပစ္စည်းများကို အထူးတလည် စိတ်ဝင်စားခြင်း မရှိခဲ့ပေ။ အဆုံးစွန်တွင်မူ သူမသည် ဘဝသစ်တစ်ခုကို ပြန်လည်စတင်ထားသူဖြစ်ပြီး ကစားကွင်း၌ ပျော်မွေ့ရမည့် အရွယ်ကို ကျော်လွန်ခဲ့ပြီဟု ခံစားနေရသောကြောင့် ဖြစ်သည်။

သူမ၏ စိတ်ပိုင်းဆိုင်ရာမှာ အလွန်ရင့်ကျက်နေပြီဖြစ်ရာ ကလေးများအတွက် ရည်ရွယ်ထားသော ဤအရာများကို နှစ်သက်လိမ့်မည်မဟုတ်ဟု အမြဲယုံကြည်ထားခဲ့သည်။ အစပိုင်းတွင် သူမသည် ဖခင်ဖြစ်သူကို ပျော်ရွှင်စေရန်အတွက်သာ အလိုက်သင့် စမ်းသပ်ကစားပေးခဲ့ခြင်းဖြစ်သော်လည်း မမျှော်လင့်ဘဲ တစ်ခါကစားကြည့်ပြီးချိန်တွင်မူ သူမကိုယ်တိုင်ပင် စွဲလမ်းသွားခဲ့ရလေတော့သည်။

ယခင်ဘဝက ဧကရီတစ်ဦးဖြစ်ခဲ့သော သူမသည် ဤကစားကွင်းပစ္စည်းလေးများအပေါ်၌ ဤမျှအထိ ပျော်ရွှင်နိုင်လိမ့်မည်ဟု ကျိရုရွှယ် တစ်ခါမျှ မတွေးတောခဲ့ဖူးပေ။

ယခင်ဘဝတွင် သူမ၌ ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့ရသော ကလေးဘဝမျိုး မရှိခဲ့ခြင်းကြောင့်လား သို့မဟုတ် လက်ရှိကလေးဘဝ၏ ဟော်မုန်းများက သူမ၏ စိတ်ခံစားချက်ကို လွှမ်းမိုးကာ သူမအတွင်းရှိ ကလေးစိတ်ကို နိုးထလာစေခြင်းကြောင့်လော မပြောတတ်ပေ။ သူမ စိတ်မဝင်စားဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအခါတွင်မူ သူမ ပြောနိုင်သည်မှာ "တကယ်ကို ပျော်စရာကြီးပဲ" ဟူ၍သာ ဖြစ်သည်။

ယခင်ဘဝက မိဘမဲ့ကလေးတစ်ဦးဖြစ်ခဲ့သဖြင့် ငယ်စဉ်က ကစားကွင်းများတွင် ကစားနိုင်လောက်သော အခြေအနေမရှိခဲ့သလို အရွယ်ရောက်၍ ငွေကြေးရှာနိုင်လာချိန်တွင်လည်း သူမ၏ အသက်အရွယ်အရ အတားအဆီးမရှိ လွှတ်ခနဲ ပျော်ပါးရန်မှာ မသင့်တော်တော့ဘူးဟု ခံစားခဲ့ရသည်။ ထို့ကြောင့် ယခုအချိန်အထိ ကျိရုရွှယ်သည် ဤမျှလောက် လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားရသည့် အရသာကို တစ်ခါမျှ မခံစားခဲ့ဖူးချေ။

ကျိရုရွှယ်သည် သူမ၏ စိုးရိမ်ပူပန်မှုနှင့် ဒုက္ခအဝဝကို နောက်မှာ ချန်ထားရစ်ခဲ့ပြီး လက်ရှိရရှိထားသော ပျော်ရွှင်မှုကိုသာ အပြည့်အဝ ခံစားလိုတော့သည်။ သူမသည် ယခင်ဘဝက ရှိခဲ့သမျှ နောင်တများနှင့် လိုအင်မပြည့်မှုအားလုံးကို ယခုအချိန် ယခုနေရာ၌ပင် အစားထိုးဖြည့်ဆည်းရန် ဆုံးဖြတ်ထားပုံရသည်။

တစ်ဖက်တွင်မူ လုချွမ်းသည် ဇွန်ဘီရုပ်သေးများကို ထိန်းချုပ်ကာ ကျန်းနန်မြို့ပြခရိုင်အတွင်းရှိ ဆင့်ကဲဇွန်ဘီများ၏ ခြေရာကို အဆက်မပြတ် ရှာဖွေနေဆဲဖြစ်သည်။ လက်ရှိဘဝမှာ အလွန်အေးချမ်းတည်ငြိမ်နေသည်ဟု ထင်ရသော်လည်း ခိုင်မာသောအင်အား မရှိပါက ဤအေးချမ်းမှုမှာ ခဏတာမျှသာ ဖြစ်လိမ့်မည်ဟု လုချွမ်း ကောင်းစွာနားလည်ထားသည်။

လုချွမ်းသည် သာမန်ဇွန်ဘီရုပ်သေးအဖွဲ့များကို အသုံးပြု၍ ဆင့်ကဲဇွန်ဘီများကို ရှာဖွေခိုင်းထားသည်။ သာမန်ဇွန်ဘီများမှာ ဆင့်ကဲပြောင်းလဲထားခြင်း မရှိသဖြင့် ပစ်မှတ်ထားခံရသော ဆင့်ကဲဇွန်ဘီများမှာ အန္တရာယ်ကို ကြိုတင်သတိမပြုမိကြပေ။

ဒုတိယအဆင့်ရှိသော ဧရာမဇွန်ဘီ ၁ မှာမူ တံစဉ်ကို ကိုင်စွဲထားသည့် သေမင်းတမန်သဖွယ် ဖြစ်နေပြီး သူ၏လက်ချက်မှ မည်သည့်ဆင့်ကဲဇွန်ဘီမျှ လွတ်မြောက်နိုင်ခြင်း မရှိပေ။ ကြောက်မက်ဖွယ်ကောင်းသော လက်သည်းကြီးများမှာ ကျန်းနန်ခရိုင်ရှိ ဆင့်ကဲဇွန်ဘီများအတွက် အိပ်မက်ဆိုးတစ်ခုပင်။

ဤကာလအတွင်း အမြုတေများ စုဆောင်းရန်အတွက် လုချွမ်းသည် ဧရာမဇွန်ဘီကို အသုံးပြု၍ အဆင့်နိမ့်ဇွန်ဘီ မည်မျှအထိ သတ်ဖြတ်ခဲ့သည်ကို သူကိုယ်တိုင်ပင် မှတ်မိခြင်း မရှိတော့ပေ။ ဤဒုက္ခပေးသော ဧရာမဇွန်ဘီကြီးမှာ အဆက်မပြတ် သတ်ဖြတ်နေခဲ့ရသဖြင့် တစ်ကိုယ်လုံးတွင် ပုပ်စပ်ညှိဟောင်နေသော သွေးနက်များဖြင့် ဖုံးလွှမ်းနေပြီး သေခြင်းတရား၏ အရှိန်အဝါများ ကိန်းဝပ်နေတော့သည်။

ကျန်းနန်ခရိုင်အတွင်းရှိ ရှင်သန်ကျန်ရစ်သူ အများအပြားမှာ ဆင့်ကဲဇွန်ဘီများ၏ အော်ဟစ်ညည်းတွားသံများနှင့် လဲပြိုသွားသံများကို ကြားနေရသဖြင့် အထူးပင် စိတ်ဝင်စားနေကြသည်။ ဤခရိုင်ရှိ ရှင်သန်ကျန်ရစ်သူများသည် ဘာတွေဖြစ်ပျက်နေမှန်း အတိအကျမသိကြသော်လည်း ဆင့်ကဲဇွန်ဘီ အမြောက်အမြားမှာ အမဲလိုက်သတ်ဖြတ်ခံနေရကြောင်းကိုမူ နားလည်ထားကြသည်။

ဒုက္ခရောက်နေသော ရှင်သန်ကျန်ရစ်သူများအတွက်မူ ဤသည်မှာ အလွန်ကောင်းမွန်သော သတင်းတစ်ခုပင်။ ဇွန်ဘီအရေအတွက် နည်းပါးသွားလေလေ လူသားများအတွက် ခြိမ်းခြောက်မှု လျော့ပါးသွားလေလေ ဖြစ်သည်။ အထူးသဖြင့် ဆင့်ကဲဇွန်ဘီများမှာ သာမန်ရှင်သန်ကျန်ရစ်သူများအတွက် အကြီးမားဆုံးသော ဘေးအန္တရာယ်ပင်။

ရှင်သန်ကျန်ရစ်သူများမှာမူ ဇွန်ဘီများ လျော့နည်းသွားခြင်းအတွက် ဝမ်းသာနေကြသော်လည်း အခြားတစ်ဖက်တွင် ရိက္ခာနှင့် အရင်းအမြစ်များ တဖြည်းဖြည်း ရှားပါးပျောက်ကွယ်လာခြင်းကြောင့် အကြီးအကျယ် ထိတ်လန့်နေကြရသည်။ ပစ္စည်းများမှာ ရှာဖွေရ ပိုမိုခက်ခဲလာခဲ့ပြီဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လုချွမ်း၏ ရလဒ်မှာမူ အတော်ပင် ကောင်းမွန်ခဲ့သည်။ သူသည် ရှာဖွေရေးလုပ်ငန်းများမှတစ်ဆင့် ပထမအဆင့်ဇွန်ဘီ အမြုတေအမြောက်အမြားကို စုဆောင်းနိုင်ခဲ့သည်။ ထိုအမြုတေများကို ကျွေးမွေးခြင်းဖြင့် လုချွမ်း၏ ဇွန်ဘီရုပ်သေးများမှာ ယခင်ကထက် သိသိသာသာ ပိုမိုအစွမ်းထက်လာခဲ့သည်။

လုချွမ်း၏ လက်ရှိဆင့်ကဲဇွန်ဘီရုပ်သေးများထဲတွင် တတိယအဆင့်ဖြစ်သော အားဖန်မှလွဲ၍ ကျန်ရှိသော ဇွန်ဘီရုပ်သေးများအားလုံးမှာ ဒုတိယအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ ၎င်းမှာ သူ၏စစ်တပ်တစ်ခုလုံး၏ တိုက်ခိုက်ရေးစွမ်းရည်ကို အဆပေါင်းများစွာ မြှင့်တင်ပေးလိုက်ခြင်းပင်။

ဤကာလအတွင်း စမ်းသပ်မှုများအရ လုချွမ်းသည် ဇွန်ဘီများကို အမြုတေများ တိုက်ရိုက်ကျွေးမွေးသည့် နည်းလမ်းမှာ အလွန်ထိရောက်ကြောင်း တွေ့ရှိခဲ့သည်။ အဆင့်မြင့်ဇွန်ဘီများကို လိုက်လံရှာဖွေပြီးမှ ထိန်းချုပ်ခြင်းထက် ဤနည်းလမ်းက စွမ်းအားမြှင့်တင်ရန် ပို၍မြန်ဆန်လှသည်။

ထို့အပြင် လုချွမ်းသည် ပထမအဆင့် အမြုတေများကိုသာမက ဒုတိယအဆင့်ရှိသော တိုက်

ရန်ဇွန်ဘီအသစ်တစ်ကောင်ကိုပါ ထပ်မံတွေ့ရှိခဲ့ပြီး အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ ဧရာမဇွန်ဘီ ၂ ထပ်မံတိုးပွားလာခြင်းကြောင့် ဇွန်ဘီရုပ်သေးစစ်တပ်၏ အင်အားမှာ ပို၍ပင် တောင့်တင်းသွားခဲ့ပြီဖြစ်သည်။

တဖြည်းဖြည်း အင်အားကြီးမားလာသော စစ်တပ်ကြီးကို ကြည့်ရင်း လုချွမ်းကိုယ်တိုင်လည်း မိသူ့ကိုယ်သူ့ ယုံကြည်မှုများ ပိုမိုတိုးပွားလာနေသည်။ တစ်ချိန်တည်းမှာပင် လုချွမ်းသည် ဓာတ်ဆီနှင့် ဒီဇယ် အပါအဝင် အရင်းအမြစ် အမြောက်အမြားကိုလည်း စုဆောင်းနိုင်ခဲ့သည်။ လယ်ယာခြံရှိ မီးစက်အတွက်ဖြစ်စေ သူ၏ ကုန်တင်ကားကြီးအတွက်ဖြစ်စေ ဤစွမ်းအင်အရင်းအမြစ်များမှာ မရှိမဖြစ် လိုအပ်လှသည်။

ကံကောင်းသည်မှာ ကမ္ဘာပျက်ကပ်ပြီးနောက် လမ်းမများပေါ်တွင် ရပ်တန့်ကျန်ရစ်ခဲ့သော ကားအမြောက်အမြား ရှိနေသဖြင့် လုချွမ်းအတွက် ဓာတ်ဆီစုဆောင်းရန်မှာ အခက်အခဲ မရှိခဲ့ပေ။

အရင်းအမြစ်မျိုးစုံကို စုဆောင်းပြီးနောက် လုချွမ်းသည် ကုန်တင်ကားကို မောင်းနှင်ရန် လျှပ်စီး ၁ ကို အမိန့်ပေးလိုက်ပြီး ချင်းရွှေလယ်ယာခြံသို့ ပြန်ရန် ပြင်ဆင်လိုက်လေသည်။

ဝုန်း...

ရုတ်တရက်ဆိုသလို ဧရာမ မီးလုံးကြီးတစ်လုံးသည် လုချွမ်းတို့၏ ကုန်တင်ကားကြီးဆီသို့ ပြင်းထန်စွာ လာရောက်တိုက်မိတော့သည်။

လုချွမ်း တုံ့ပြန်ရန် အချိန်မရမီမှာပင် နောက်ထပ် မီးလုံးတစ်လုံးက ထပ်မံရောက်ရှိလာပြန်သည်။

ဤကဲ့သို့ အဆက်မပြတ် တိုက်ခိုက်ခံရမှုမှာ လုချွမ်းကို အကြီးအကျယ် အလစ်အငိုက် မိစေခဲ့သည်။ အထူးသဖြင့် တိုက်ခိုက်လာသည့် ပုံစံမှာ သူ၏ ထင်မှတ်ထားမှုအားလုံးကို လုံးဝကျော်လွန်နေခြင်းပင်။ လမ်းမပေါ်တွင် အေးအေးဆေးဆေး ကားမောင်းနေစဉ် ဧရာမ မီးလုံးကြီးများ ရုတ်တရက် ပေါ်ထွက်လာလိမ့်မည်ဟု လုချွမ်း တစ်ခါမျှ မတွေးခဲ့ဖူးပေ။

ယခုကာလအတွင်း လုချွမ်းသည် လျှပ်စီး ၁ ကို အသုံးပြု၍ ကျန်းနန်ခရိုင်အတွင်း လှည့်လည်သွားလာရင်း လူသားရှင်သန်သူများ သို့မဟုတ် ဇွန်ဘီများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ဖူးသော်လည်း ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးနှင့်မူ တစ်ခါမျှ မဆုံဖူးခဲ့ချေ။

မီးလုံးများ ဆက်တိုက် ကျရောက်လာစဉ်အတွင်း လုချွမ်းမှာ လျှပ်စီး ၁ ကို အမြန်ဆုံး အမိန့်ပေးကာ ကားတံခါးကို ကန်ဖွင့်၍ အပြင်သို့ ခုန်ထွက်ကာ ရှောင်တိမ်းစေလိုက်ရသည်။

ဘုန်း...

ဧရာမ မီးလုံးကြီးမှာ ကုန်တင်ကားကြီးအတွင်းသို့ တိုက်ရိုက်ကျရောက် ပေါက်ကွဲသွားပြီး ကားကြီးမှာ ဟိန်းဟောက်သံနှင့်အတူ မီးဟုန်းဟုန်း တောက်လောင်သွားတော့သည်။ ပတ်ဝန်းကျင်မှ ပြင်းထန်လှသော အပူရှိန်ကြောင့် လုချွမ်းမှာ မျက်မှောင်ကြုတ်သွားမိ၏။ ဤကဲ့သို့ ရုတ်တရက် မီးဖြင့် တိုက်ခိုက်ခံရခြင်းမှာ သူ့ကို အမှန်တကယ်ပင် အခက်တွေ့စေခဲ့သည်။

သို့သော်လည်း လုချွမ်းသည် ဒုတိယအဆင့် လျင်မြန်ဖြတ်လတ်သောဇွန်ဘီတစ်ကောင်ဖြစ်သည့် လျှပ်စီး ၁၏ မြန်နှုန်းနှင့် လျင်မြန်ဖြတ်လတ်မှုကို အသုံးချကာ ဤတိုက်ခိုက်မှုအတွင်း ဒဏ်ရာအနာတရမရှိဘဲ လွတ်မြောက်နိုင်ခဲ့သည်။

သူသည် အလွန်အမင်း သတိရှိစွာဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ လျှပ်စီး ၁ ၏ အမြင်အာရုံအတွင်း၌ မလှမ်းမကမ်းရှိ ထူးဆန်းသော ပုံရိပ်တစ်ခုကို လျင်မြန်စွာ တွေ့ရှိလိုက်ရသည်။ ထိုပုံရိပ်၏ ရုပ်သွင်ကို မြင်လိုက်ရချိန်တွင် လုချွမ်းမှာ အံ့အားသင့်သွားရလေသည်။

၎င်းမှာ တစ်ကိုယ်လုံး အရေပြားများ နီရဲနေသည့် ဇွန်ဘီတစ်ကောင် ဖြစ်နေပြီး ၎င်း၏ ထူးဆန်းသော အသွင်အပြင်မှာ အလွန်ပင် သိသာထင်ရှားလှသည်။ လုချွမ်းအနေဖြင့် ဤမျှအထိ ပုံသဏ္ဌာန် ပျက်ယွင်းနေသော ဇွန်ဘီမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး သာမန်ဇွန်ဘီများထက်ပင် ပို၍ ရုပ်ဆိုးလှသည်။

ထိုသတ္တဝါသည် ဤဘက်သို့ စူးစိုက်ကြည့်နေပြီး သိသိသာသာပင် ၎င်း၏ ပါးစပ်အတွင်းမှ မီးတောက်များကို မှုတ်ထုတ်နေခြင်း ဖြစ်သည်။ စောစောက ကားကို ရုတ်တရက် တိုက်ခိုက်ခဲ့သည့် ဧရာမ မီးလုံးကြီးမှာ ဤအရေပြားနီဇွန်ဘီ၏ လက်ချက်ဖြစ်ကြောင်း ထင်ရှားလှသည်။

မီးမှုတ်နိုင်တဲ့ ဇွန်ဘီလား။

ခဏတာမျှ လုချွမ်းမှာ လုံးဝကို ဝေခွဲမရဖြစ်သွားသည်။ အချိန်ကြာလာသည်နှင့်အမျှ ဇွန်ဘီများမှာ ဤကဲ့သို့ ထူးဆန်းသော မျိုးစိတ်များအဖြစ်အထိ ဆင့်ကဲပြောင်းလဲလာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

All Chapters