← Chapters

အခန်း (၉၅၆-၉၆၀)

Vol. 54 Ch. 956-960

အခန်း (၉၅၆-၉၆၀)

Vol. 54 Ch. 956-960

အခန်း(၉၅၆)

ရွှေရောင်လေး၊ အရှိန်အဟုန်မြင့်မြှားကိုပစ်

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ပဲ့ဟယ်မော့ရဲ့ အင်အားက အင်ပါယာ မဟာဗိုလ်ချုပ် တစ်ယောက်က တားနိုင်တဲ့ အနေအထားမျိုးမှ မဟုတ်တာ”

ဟော်ရှု့ဟွေ့ခမ်း၏ မျက်လုံးကလည်း အံ့အားသင့်မှုများနှင့် ပြူးကျယ်ကာ မှင်သက်နေသည်။ သူဟာ ဝမ်ချောင်ထက် အင်အားကြီးသည်။ သို့တိုင် သူကိုယ်တိုင်ကပင် ထိုပဲ့ဟယ်မော့ကို တားနိုင်မည့် ယုံကြည်မှု မရှိပါချေ။

“မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ အမြဲတမ်း လူတစ်ယောက် လုပ်နိုင်တာထက် သာလွန်တဲ့ စွမ်းရည်ကို ထုတ်ချင်ရင် တန်ကြေးတစ်ခုတော့ ပေးရတယ်။ သူက သူ့ရဲ့ခန္ဓာကိုယ်ကိုသုံးပြီး ပဲ့ဟယ်မော့ ချီမတက်အောင် တားထားတာ။ ဒါက တော်တော်လေး မှင်သက်ဖွယ်ကောင်းတယ်လို့ ထင်ရပေမဲ့ အမှန်တိုင်းပြောရရင် သူက ဒဏ်ရာရထားပြီးပြီ။ တကယ်ကို အရူးလို လှုပ်ရှားတဲ့အကွက်ပဲ”

တုဝူစစ်လီ၏ မျက်ဝန်းက တောက်ပနေသည်။ သူက လှောင်လိုက်၏။ သူတို့အားလုံးက မဟာဗိုလ်ချုပ်များ ဖြစ်သော်လည်း တုဝူစစ်လီကမူ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့၏ အထက်တွင် ရှိသည်။ ထို့ကြောင့် သူက ကျင့်ကြံခြင်းအဆင့် ပိုမြင့်သည်။ ဝမ်ချောင်ဟာ ထိုအကွက်ကို သုံးလိုက်ခြင်းအားဖြင့် သိသာထင်ရှားသည့် အတွင်းပိုင်း ဒဏ်ရာရသွားကြောင်း အာရုံခံမိနိုင်လေသည်။

တုဝူစစ်လီ၏ စကားကို တုန့်ပြန်သလိုမျိုး နတ်ဘုရင်ရာမ လက်မောင်းတစ်ဖက်မှ ကွဲအက်ရာများ ပေါ်လာပြီး အောက်ခြေမှ စတင်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

“အာ”

“ဗိုလ်ချုပ်”

“အရှင်”

ခုခံရေး နောက်ဘက်ခြမ်းမှ အလန့်တကြား အော်ဟစ်သံများက ထွက်ပေါ်လာသည်။ ကျန်းရှို့ကျစ်၏ မျက်နှာက ဖြူဖျော့သွား၏။ ဝမ်ချောင်ဟာ စစ်တပ်နှင့် ပဲ့ဟယ်မော့အကြားမှ တစ်ခုတည်းသော အကာအကွယ်လွှာဖြစ်သည်။ သူက ဒဏ်ရာရသွားခဲ့ပြီး ပဲ့ဟယ်မော့ကို မတားနိုင်ခဲ့လျှင် ဒီတိုင်းကလည်း မဟာလက်နက်ကြီး မတိုင်ခင် အဆုံးသတ်ရတော့မည်ဖြစ်သည်။

“ငါအဆင်ပြေတယ် ငါထိန်းနိုင်သေးတယ်”

ဝမ်ချောင်၏အသံက အထက်မှထွက်လာသည်။ သူကလည်း သူ၏ လူအများ၏ စိုးရိမ်မှုကို အာရုံခံမိပုံပေါ်၏။

“ကျန်းရှို့ကျစ် ငါ့ရဲ့လက်နက် ဘယ်မှာလဲ။ ငါ့ကိုပေး”

ဝမ်ချောင်၏ အသံထဲတွင် စိုးရိမ်မှုများပါသည်။ ရာမ၏ လောကသို့ ဆင်းသက်ခြင်းက နတ်ဘုရင်ရာမ၏ အဆင့်လွန်သိုင်းကွက်များထဲမှ တစ်ကွက်ဖြစ်သည်။ လောက၏ မူလစွမ်းအင်များကို စုပ်ယူပြီးနောက် ကိုယ့်ကိုယ့်ကို အင်အား တိုးမြှင့်ပေးနိုင်သည်။ သို့သော် ထိုသို့ အင်အားတိုးမြှင့်ခြင်းကလည်း အချိန်အကြာကြီး မခံနိုင်ချေ။ ကြီးမားသည့် ဘေးထွက်ဆိုးကျိုး ရှိသေးသည်။ သူက မဟာလက်နက်ကြီးအပေါ်သာ မျှော်လင့်ချက် ပုံအောထား၍ မရချေ။ ထိုအတွက်ကြောင့် အခြားသော လက်နက်တစ်ခုပေါ် မှီခိုရဦးမည်ဖြစ်သည်။ ထိုလက်နက်ကလည်း ကြယ်တာရာစွမ်းအင် ဗာဂျရာ ငရုတ်ကျည်ပွေ့ထက် သာမည်မှာသေချာသည်။

“ဝူမင်း၊ ဝူကျား၊ ဝူကျင် လက်နက်ရဲ့ တိုးတက်မှုက ဘယ်လိုလဲ။ မပြီးသေးဘူးလား။ မင်းတို့ ဒီလောက် ရိုးရှင်းတဲ့ သံမဏိလက်နက်ကိုတောင် မလုပ်နိုင်ကြဘူးလား”

တောထွက်နေသော ကျန်းရှို့ကျစ်က အနားရှိ သွန်းလုပ်နေသောမိုကို လှမ်းအော်သည်။ ငယ်ရွယ်သော လက်မှုပညာရှင်များက အပြေးအလွှား ပြန်ဖြေကြသည်။

“သခင် ဆရာပီသပါဘိ။ ကျွန်တော်တို့ မိုထဲကထုတ်ပြီး နည်းနည်းလောက် စောင့်လိုက်ရုံပဲ လိုအပ်တာ”

“မျိုးမစစ်ကောင်”

ကျန်းရှို့ကျစ်က ထိုနေရာသို့ အပြေးအလွှားသွားပြီး သူ၏ ယုံကြည်ရသော တပည့်များကို ဆောင့်ကန်သည်။

“မို မို အမြဲတမ်းအဲဒီ မိုဆိုတာကိုပဲ ဂရုစိုက်နေ။ တကယ့်အရေးကြီးတာက လုပ်နိုင်စွမ်းအားပဲ။ မြန်မြန် အဲ့ဒီလက်နက်ကို ထုတ်လိုက်တော့”

ကျန်းရှို့ကျစ်က ဒေါသထွက်လွန်းသဖြင့် သူ၏စိတ်ကပင် တိမ်များဖြင့် ထူထပ်နေပြီဖြစ်သည်။ အခြားသော စကားတစ်ခွန်း မဆိုတော့ဘဲ သူက တပည့်များကို ဘေးသို့ တွန်းဖယ်လိုက်ပြီး သွန်းလုပ်နေသော မိုမောင်းတံကို ကိုယ်တိုင်ဆွဲထုတ်သည်။

ဘုန်း

ထိုသို့ဖြင့် ဆယ်မီတာကျော်ခန့်ရှည်ပြီး တစ်မီတာခန့်ထူသည့် ကြီးမားသော တင်းပုတ်ကြီးက သွန်းလုပ်သော မိုအတွင်းဘက်မှ လျောထွက်လာသည်။ အပေါ်ယံကမူ အနက်ရောင်မီးခိုးများ ထွက်နေသေးသည်။

ထိုတင်းပုတ်ကြီးက မိုအတွင်းမှ အပိုင်းများကိုပင် သယ်လာသေးသည်။ ဝက်အူလှည့်အချို့ပင် ပါသေး၏။

“ဝမ်ချောင် လက်နက်ကဒီမှာ ကျန်တာကတော့ မင်းရဲ့တာဝန်ဖြစ်သွားပြီ”

ကျန်းရှို့ကျစ်က လှမ်းအော်သည်။ သူ၏ဆံပင်များကလည်း လေကြောင့် ရှုပ်ထွေးကုန်၏။

“ကောင်းပြီ”

ပထမခုခံရေးအားလှိုင်းကို ကြီးမားသည့် ခြေထောက်တစ်ဖက်က ကျော်လွန်ကာ လှမ်းဝင်ရောက်လာပြီးနောက် အလွန်အမင်း ကြီးမားသည့် လက်ဝါးကြီးတစ်ဖက်က ကောင်းကင်မှ ဆင်းသက်လာကာ ချောမွေ့စွာဖြင့် သွန်းလုပ်ထားသည့် တင်းပုတ်ကြီးကို ဆွဲယူသွားသည်။

“ဟိ”

တစ်ချက်ညဉ်းညူပြီးနောက် ဝမ်ချောင်က ထိုတင်းပုတ်ကြီးကို ဆုပ်ကိုင်လိုက်သည်။

အာဝူး....

ဝမ်ချောင်၏ ပဲ့ဟယ်မော့ကို ဖိထားသော အရှိန်အဝါက လျော့သွားသောအခါ ကြေးခွံနှင့် ထိုကြံ့ကြီး၏ မျက်ဝန်းက ကြမ်းတမ်းသောအလင်းဖြင့် လက်သွားလေပြီး ရုတ်တရက် ရှေ့သို့ ဖိချလိုက်သည်။ ထိုခွန်အားက တောင်တန်းတစ်လုံးကိုပင် ပြိုကျသွားအောင် လုပ်နိုင်သည်။ သို့သော် ဝမ်ချောင်ကမူ ထိန်းထားနိုင်၏။

“သားရဲကောင် ပြကွက်ကောင်းပဲ”

ဝမ်ချောင်က ကျုံးဝါးကာ အော်ဟစ်သည်။ သူ၏ လက်နှစ်ဖက်လုံးက ကြီးမားသော တင်းပုတ်ကြီးကို အသားကုန် ဖိကိုင်ထားပြီး အောက်သို့ ဖိချလိုက်၏။

ဘုန်း

ဝမ်ချောင်က သူ၏ခွန်အားတိုင်းကို ထည့်သွင်းကာ ရိုက်ချလိုက်ခြင်းဖြစ်သည်။ ထိုအရှိန်အဝါက ကြေးခွံနှင့် ပဲ့ဟယ်မော့၏ခေါင်းကိုပင် မြေပြင်သို့ ပြားကပ်သွားလုနီးပါးဖြစ်အောင် လုပ်လိုက်နိုင်ပြီဟု ထင်ရသည်။ ချက်ချင်းဆိုသလိုပင် နာကျင်လွန်းသောကြောင့် အော်ဟစ်သံက ပေါ်ထွက်လာသည်။ သူ၏ဦးခေါင်းခွံကလည်း ကွဲထွက်သွားသည်။

ပဲ့ဟယ်မော့က ဟန်ချက်ပျက်သွားသည်။ ခန္ဓာကိုယ် တစ်ဝက်ကျော်ကျော်ခန့်က မြေကြီးထဲသို့ လဲပြိုကျသွားပြီး ကြီးမားသော တူးမြောင်းကြီးကို ထုတ်ဖော်သည်။

“သားရဲကောင် နောက်ထပ် တစ်ကြိမ်ထပ်ညဉ်းပါဦး”

ဝမ်ချောင်က ရှေ့သို့တစ်လှမ်း တိုးတက်လိုက်သည်။ သူ၏ ညာခြေထောက်က တစ်ဖက်အကောင်၏ ခေါင်းကို ဖိချထားသည်။ သူက တင်းပုတ်မှ ကွာကျလာသော မိုအစိတ်အပိုင်းများကို လက်မောင်းနှစ်ဖက်ဖြင့် ခါထုတ်လိုက်ပြီးနောက် တစ်ချက် ပွတ်သပ်လိုက်သည်။ ထိုသို့ဖြင့် ထက်ရှသော တင်းပုတ်၏အပိုင်းကို သားရဲ၏ခေါင်းထံချိန်သည်။

အာဝူး...

ထက်ရှသောအပိုင်းက ကြမ်းတမ်းမာကြောသော ကြေးခွံများနှင့် အသားများကို ကျော်ဖြတ်လိုက်သည့် အချိန်တွင် ဦးခေါင်းခွံအတွင်းတွင် တဖြောင့်တည်း တိုးဝင်သွားသည်။

ထို့နောက် ကွဲအက်သံကလည်း ပေါ်ထွက်လာသေး၏။ ထိုရိုက်ချက်က ကြေးခွံနှင့် ပဲ့ဟယ်မော့ကို ပြင်းပြင်းထန်ထန် ထိခိုက်သွားစေခဲ့သည်။ သူ၏ ကြမ်းတမ်းစွာ တောက်လောင်နေသော အတက်မီးတောက်ကလည်း တစ်ဝက်ခန့်အထိ အရောင်ပျောက်ရှသွားသည်။

“သေစမ်း မျိုးမစစ်ကောင်ကတော့”

မာစီလည်း ပဲ့ဟယ်မော့ထံမှ အလန့်တကြား အော်ဟစ်သံကိုကြားသည်။ သူ၏ လက်သည်းကလည်း အထဲအထိ တိုးဝင်နေလေပြီး မျက်လုံးကလည်း ဒေါသများဖြင့် တောက်လောင်နေသည်။

ထိုပဲ့ဟယ်မော့ဟာ အလွန်ကြီးလေးသည့် အန္တရာယ်သို့ ရောက်နေကြောင်း သူကိုယ်တိုင်လည်း မြင်နိုင်သည်။ ထိုတိုင်းဆက်ဖြစ်နေမည်ဆိုလျှင် သူမျှော်လင့်ထားသည့် မြို့များကိုအုပ်စိုးမှု၊ တိုင်းပြည်များကို သိမ်းပိုက်ခဲ့မှုများအားလုံးက ပျက်ပျယ်သွားနိုင်ပြီး နာမည်ကျော်သော အကြမ်းဖက်သူက ဆိုးရွားသော သေဆုံးမှုနှင့် အဆုံးသတ်နိုင်သည်။ ဒီနည်းအားဖြင့် တာလာ့၏ အရှေ့ပိုင်းမှ လူများ အသတ်ခံရနိုင်၏။

“ငါ့ရဲ့လေးကိုယူလာခဲ့”

နောက်တန်းမှ အေးစက်သော အသံတစ်သံက ထွက်ပေါ်လာသည်။ အပုမူစလင်၏ မျက်လုံးက မှေးကျဉ်းသွားပြီး လက်မောင်းကို ဆန့်တန်းလိုက်သည်။ လူတစ်ဝက်စာခန့်မြင့်သော ရွှေရောင် လေးတစ်လက်က သူ၏လက်အတွင်းသို့ ခပ်မြန်မြန် ရောက်လာ၏။ ထိုလေးကြိုးများကို အမည်မသိရသော ကြီးမားသည့် သားရဲတစ်ကောင်၏ ကြိုးများဖြင့် လုပ်ထားခြင်းဖြစ်သည်။

ထိုလက်နက်က အပုမူစလင်အတွက် ဆုလာဒ်အဖြစ် လက်ခံရရှိထားသည့် လေးတစ်လက်ဖြစ်ပြီး သွေးသတ်ဖြတ်ခြင်း လက်နက်ဟုခေါ်သည်။ သူက အသုံးပြုခဲ၏။ အပုမူစလင်ကလည်း အလွန် ဒုက္ခများသော ပြိုင်ဘက် သို့မဟုတ် အခြေအနေအတွင်းသို့ ရောက်နေမှသာ ထိုလေးကိုသုံးတတ်သည်။

အကြမ်းဖက်သူနှင့် ဖျက်ဆီးသူများက ကာလစ်၏ သင်္ကေတဖြစ်သည်။ ဒါဟာ အင်ပါယာ၏ စစ်ပွဲမှ အားစိုက်ထုတ်မှုများ၏ အတက်စွမ်းအားလည်းဖြစ်သည်။ အရှင်မင်းကြီး ကာလစ်အတွက်ပင်ဖြစ်စေ၊ တိုက်ပွဲ၏ အနိုင်အတွက်ပင်ဖြစ်စေ အပုမူစလင်က ဝမ်ချောင်အား အောင်မြင်ခွင့်ပြု၍ မရချေ။

ဝုန်း

အပုမူစလင်က သူ၏ခြေထောက်ကို ခွဲပြီး ရွှေရောင်မြှားကို လေးကြိုးထံ တပ်ဆင်လိုက်ကာ လေးကြိုးကို စက်ဝိုင်းတစ်ခုလုံး ပေါ်လာစေသည်အထိ တင်းတင်းဆွဲလိုက်သည်။

ဘုန်း

မိုးခြိမ်းသံထက်ပင် ကျယ်လောင်သော ပေါက်ကွဲသံကို ထုတ်ဖော်လာလေပြီး တစ်လောကလုံးအနှံ့ ထုတ်ဖော်သွားသည်။ အပုမူစလင်က လေးကြိုးကို ပြေလျော့အောင် လွှတ်လိုက်သည်။ ထိုအရာများက လွတ်ထွက်သွား၏။ ထိုမြှား၏ အရှိန်နှုန်းက ဖော်ပြရန်ခက်ခဲသည်။ ဖြတ်ကနဲဆိုသလိုပင် တိုက်ပွဲနယ်မြေ တစ်ဝက်ကို ကျော်လွန်သွားပြီဖြစ်ပြီး ပဲ့ဟယ်မော့ အနောက်တည့်တည့်သို့ ရောက်သွားသည်။

ထိုမြှားက နေရာတွင် အစင်းကြောင်းများကို ချန်ထားရစ်ခဲ့ပြီး ကျန်းထောင်ပေါင်းများစွာရှည်သော အဖြူကြောင်းကြီးက သူ၏နောက်တွင် ကပ်ပါသွားသည်။ သို့သော် သူ၏ခမ်းနားသော မြင်ကွင်းအနောက်တွင် အလွန်အမင်း ခြောက်ခြားဖွယ်ကောင်းသည့် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒက ကပ်ပါလာသည်။

မည်သူကမှလည်း အပုမူစလင်က တိုက်ပွဲနယ်မြေသို့ မြှားပစ်လိုက်မည်ဟု မထင်ထားမိချေ။ ဝမ်ချောင်ပင် မဆိုထားဘိ တုဝူစစ်လီ၊ ဟော်ရှု့ဟွေ့ခမ်းနှင့် သာ့လွန်ရော့ကျန်းတို့ကပင် ထိုတိုက်ကွက်ကြောင့် အံ့ဩသွားကြသည်။

အပုမူစလင်က အချိန်ကိုက် ပစ်လိုက်သည်ဟု ဆို၍ရသည်။ ဝမ်ချောင်က ပဲ့ဟယ်မော့နှင့် တိုက်ပွဲကိုသာ အဓိက အာရုံစိုက်ထားခြင်း ဖြစ်လေသည်။

“မကောင်းတော့ဘူး”

ကျရောက်လာသော အန္တရာယ်ကို အရင်ဆုံး သတိပြုမိသောလူက အဝေးမှ ကောင်းရှန်းကျစ်ဖြစ်သည်။ သူဟာ အနက်ရောင်ဝံပုလွေ ပဲ့ဟယ်မော့နှင့် တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ဆိုင်စွာဖြင့် ခုခံရေးအားလှိုင်းဘက် ရှိရာသို့ ကြည့်မိသွားသည်။ ထိုအခါ အပုမူစလင်၏ မြှားခေါင်းက နတ်ဘုရင်ရာမ၏ ရင်ဘက်တည့်တည့်သို့ ချိန်ရွယ်ထားကြောင်း မြင်လိုက်ရသည်။

ထိုနေရာက ဝမ်ချောင်၏ အစစ်အမှန် ခန္ဓာကိုယ်ရှိရာနေရာဖြစ်သည်။ အပုမူစလင်၏ မြှားကသာ အစစ်အမှန် ထိမှန်သွားခဲ့လျှင် ဝမ်ချောင်က သေနိုင်သည်။

အပုမူစလင်၏ ပစ်ချက်က ချောမွေ့လျှင်မြန်လွန်းသည်။ သို့သော် ဝမ်ချောင်က ပို၍လျှင်မြန်သေး၏။ ဝမ်ချောင်က ချက်ချင်းဆိုသလို တစ်စုံတစ်ရာကတော့ဖြင့် သူ့ကို ချိန်ရွယ်နေကြောင်း နားလည်လိုက်သည်။ သူဟာ ယခင်ဘဝကကဲ့သို့ သိုင်းပညာ အဆင့်အတန်းတွင် မရောက်ရှိသေးသည့်တိုင်အောင် သူ၏ စိတ်အခြေအနေက သူတော်စင် သိုင်းနယ်မြေအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေနှင့်သည်မှာ ကြာလှချေပြီ။ အပုမူစလင်၏ တိုက်ကွက်က ရုတ်ချည်းဆန်သည်။ သို့သော် ဝမ်ချောင်၏ အာရုံခံနိုင်စွမ်းအားမှာ မလွတ်မြောက်နိုင်ချေ။

ဘန်း

ဝမ်ချောင်၏ခန္ဓာကိုယ်က ဘေးဘက်သို့ ခုန်ရှောင်လိုက်ပြီး အပုမူစလင်၏မြှားကို တင်းပုတ်သုံးကာ ခွဲချေလိုက်သည်။ ထို့နောက် ပို၍အင်အားကြီးသည့် အားလှိုင်းများကို ထုတ်ဖော်လိုက်ပြီး အမှုန်အမွှားများအဖြစ် လွင့်ထွက်သွားစေလိုက်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

အဝေးသို့ လှမ်းကြည့်နေသည့် ကျစ်ရ၏ခန္ဓာကိုယ်က အံ့အားသင့်မှုကြောင့် တုန်ယင်သွားသည်။ သူက သူ့မျက်လုံးသူပင် မယုံကြည်နိုင်တော့ချေ။ မြို့အရှင်က မြှားပစ်ခဲသည်။ သို့သော် ပစ်လိုက်သည့် အချိန်တွင်လည်း အကောင်းဆုံး အခိုက်အတန့်ကိုသာ အရရွေးချယ်ပြီး တစ်ဖက်သူ မရှောင်နိုင်အောင် လုပ်တတ်၏။ အဝေးမှ ငယ်ရွယ်သော ထန်ဗိုလ်ချုပ်ကမူ လာမည့်မြှားကို အာရုံခံနိုင်ရုံသာ မကသေးလေဘဲ အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ခွဲချေနိုင်သည်။ ကျစ်ရကပင် ထိုအခြေအနေမျိုးကို မမြင်ဖူးချေ။

“အရှင်”

အံ့အားသင့်သွားသည့် ကျစ်ရက အပုမူစလင်ကို ပြန်ကြည့်သည်။ သူ၏ဗိုလ်ချုပ်၏ ခန္ဓာကိုယ်ကလည်း အမြဲတစေ ခိုင်မာတောင့်တင်းနေတတ်သည်။ သို့သော် ယခုတခဏတွင်မူ သူကိုယ်တိုင်ကပင် အံ့ဩနေကြောင်း ကျစ်ရကိုယ်တိုင်ကပင် ခံစားလိုက်ရ၏။ အပုမူစလင်ကလည်း အံ့အားသင့်သွားရသည်။

သို့သော် အပုမူစလင်က ဘာစကားမှ မပြောချေ။ သူက လေးကိုပြန်ချလိုက်ပြီး ပုလ္လင်ပေါ်ပြန်ထိုင်ကာ ဘာမှ မဖြစ်ပျက်ခဲ့သလိုသာ တိုက်ပွဲကို စောင့်ကြည့်သည်။

“ယူသွားလိုက်တော့”

အပုမူစလင်က အနီးအနားရှိ အစောင့်ထံ လေးကိုပြန်ပြေးသည်။

“ဒါပေမဲ့အရှင် ဒါတိုက်ဆိုင်တာ ဖြစ်မှာပါ”

ကျစ်ရက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ သူ၏အမူအရာက စိုးရိမ်မှုဖြင့်ပြည့်နေသည်။

“အရှင်သာ မြှားနည်းနည်းလောက် ထပ်ပစ်လိုက်ရင် အဲ့ဒီထန်က တားနိုင်မှာ မဟုတ်လောက်ဘူး”

“မလိုတော့ဘူး”

အပုမူစလင်က ချက်ချင်းငြင်းသည်။

“ပထမမြှားက အသုံးမဝင်ကတည်းက ဒုတိယ၊ တတိယ၊ စတုတ္ထတွေက ပိုပြီးအသုံးမဝင်ဖို့ပဲရှိတယ်။ ဒီထန်က ငါထင်ထားတာထက် ပိုပြီး လေးစားဖို့ကောင်းတယ်။ နောက်ပြီး ... ငါဘယ်တော့မှ ဒုတိယမြှား မပစ်ဘူး”

အာရပ်စစ်တပ် နောက်တန်းက တိတ်ဆိတ်မှုအတွင်းသို့ ဝင်ရောက်သွားသည်။ ဝမ်ချောင်နှင့် ပဲ့ဟယ်မော့၏ တိုက်ပွဲက စတင်ကာစသာဖြစ်သည်။

အခန်း(၉၅၇)

ဝေါင်း

ပဲ့ဟယ်မော့၏ ဟိန်းသံက တာလာ့တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကလည်း ဝမ်ချောင်ကို အတင်းတွန်းတိုက်ကာ ဖိတွန်းဝင်ရန် ကြိုးစားသည်။ အပုမူစလင်၏ မြှားက အစစ်အမှန်နေရာကို ထိအောင်ပစ်သွားနိုင်ခဲ့သော်လည်း သက်ရောက်မှုမရှိသည်တော့ မဟုတ်ချေ။ ဝမ်ချောင်က စိတ်အနည်းငယ် လွတ်သွားချိန်တွင် ကြေးခွံနှင့် ပဲ့ဟယ်မော့ကလည်း ရုတ်ချည်း ရှေ့တက်ရန် အချိန်ရသွားသည်။ ထို့ကြောင့် ပထမခုခံရေးအားလှိုင်းနှင့် ဆယ်ကျန်းပင် မဝေးတော့သော အနေအထားသို့ ရောက်ရှိသွားလေသည်။ သူဟာ အရှိန်အဝါမြင့် အားလှိုင်းများနှင့် မြို့ရိုးကိုဖိရိုက်ရန် ကြိုးစားနေသေးပြီး တဝုန်းဝုန်း တဒိုင်းဒိုင်းအသံများ ထွက်လာစေလေသည်။ အနီးဆုံးထက် စစ်သည်တော်များက တောင့်မခံနိုင်တော့ဘဲ သူတို့၏ မြင်းများနှင့်အတူ အဝေးသို့ လွင့်ထွက်သွားကြသည်။

ဝမ်ချောင်၏ နတ်ဘုရင်ရာမကလည်း အကြမ်းဖက်သူ၏ လည်ပင်းကို လွတ်နေသော လက်နှစ်ဖက်လုံးသုံးကာ ဖိကိုင်ထားသည်။ သို့သော် ဝမ်ချောင်က ထိုမျှသာ အကောင်းဆုံး လုပ်နိုင်သည်။ သူကိုယ်တိုင်ကလည်း ဆက်ပြီးထိန်းထားရန် ခက်သထက် ခက်လာသည်။ ရာမက လောကသို့ ဆင်းသက်ခြင်းက ပေးနိုင်သည့် အင်အားက အကန့်အသတ်ရှိသည်။ တစ်စက္ကန့် ကုန်လွန်လာသည်နှင့်အမျှ ဝမ်ချောင်က အင်အားနည်းသထက် နည်းလာသည်။ ဝမ်ချောင်ကလည်း အစပိုင်းကကဲ့သို့ ကြေးခွံနှင့်ပဲ့ဟယ်မော့ ချီတက်မှုကို အပြည့်အဝ မထိန်းထားနိုင်တော့ချေ။ ယခုအခါ သူကလည်း ပြန်လည်ပြီး အတွန်းခံနေရသည်။

“သေလိုက်ပါတော့”

ဝမ်ချောင်က ဒေါသထွက်သွားပြီး သူ၏တင်းပုတ်ကြီးကို တဖန်ရိုက်ချပြန်ကာ ပဲ့ဟယ်မော့၏ခေါင်းကို ခွဲသည်။ ခရမ်းရောင်မီးတောက်များကလည်း ထိုမကောင်းဆိုးဝါး၏ ခန္ဓာကိုယ်အတွင်းသို့ ပျံ့ဝင်သွားပြန်သည်။ တစ်စက္ကန့်ကျော်လာသည်နှင့်အမျှ ပဲ့ဟယ်မော့၏ ကိုယ်အတွင်းတွင်ရှိသော ရုတ်ရင်းကြမ်းတမ်းစွာ တိုက်ခတ်နေသည့် မီးတောက်က မှေးမှိန်သထက် မှေးမှိန်လာပြီး အတက်စွမ်းအင်များက ဝမ်ချောင်၏ ကိုယ်အတွင်းသို့ စီးဝင်သထက် စီးဝင်လာသည်။ သို့သော် ထိုအခြေအနေမျိုးတွင်ပင် ဝမ်ချောင်က ထိုအကောင်ကို မထိန်းထားနိုင်သေးချေ။ ခေါင်းတွင် အပေါက် ပေါ်လာသော်လည်း သက်ရောက်မှုက အကန့်အသတ်နှင့် ရှိနေသည်။ စွမ်းအားတစ်ရပ်က ဝမ်ချောင်အား ရှေ့ဆက်မတိုးအောင် တားထား၏။

“ထုတ်လွှတ်”

မြေပြင်တွင် ချန်းပင်းက သူ၏ညာလက်ကို အောက်သို့ တစ်ချက် ယမ်းချသည်။ မရေမတွက်နိုင်သော လက်နက်ကြီးပေါင်း များစွာက ထိုကြေးခွံနှင့် ပဲ့ဟယ်မော့ကို ချိန်ရွယ်ကာ ပစ်ခတ်သည်။ ဒီတစ်ကြိမ်တွင် လက်နက်ကြီး အများစုက ကြေးခွံကိုထိမှန်ပြီး ပြန်ထွက်လာသော်လည်း အနည်းစုကမူ အသားအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။

ဝမ်ချောင်က ပဲ့ဟယ်မော့ကို ထိန်းထားသည်။ သို့သော် ရာမ၏ ကြီးမားသော လက်ဆောင်ကပင် လက်နက်ကြီး အဖွဲ့တစ်ခုလုံး၏ တိုက်ကွက်များနှင့် မလျော့သော သက်ရောက်မှုသာရသည်။

“ပစ်လွှတ်”

ချန်းပင်းက မတုန်လှုပ်သွားချေ။ သူက ထပ်ပစ်ရန် အမိန့်ပေးသည်။ ဒါကလည်း သူတို့လုပ်နိုင်သမျှ နောက်ဆုံးသော တိုက်ကွက်များဖြစ်လောက်သည်။ ပဲ့ဟယ်မော့က အချိန်မရွေး နယ်နိမိတ်ကို ကျော်ဖြတ်လာနိုင်လောက်သည်။ သူ၏ ဖနောင့်ပေါက်ချက် တစ်ချက်ကတင် လက်နက်ကြီး တစ်ဖွဲ့လုံးကို ကြီးမားသည့် ဆုံးရှုံးမှုမျိုးနှင့် ကြုံရစေနိုင်သည်။

“ကျန်းရှို့ကျစ် မပြီးသေးဘူးလား”

ဝမ်ချောင်၏ စိုးရိမ်တကြီးအော်သံက ကောင်းကင်တစ်ခုလုံး ပဲ့တပ်ထပ်သွားသည်။ မည်သူမျှ မမြင်နိုင်သော်လည်း နတ်ဘုရင်ရာမ အတွင်းတွင် ရှိနေသော ဝမ်ချောင်၏မျက်နှာက စက္ကူစကဲ့သို့ ဖြူစုတ်နေပြီဖြစ်ပြီး သူ၏ နှုတ်ခမ်းမှ သွေးများဆက်တိုက် စီးကျနေသည်။ သူဟာ သူ့ကိုယ်သူ ဖိအားပေးပြီး အင်အားကြီးမားသည့် ပဲ့ဟယ်မော့ကို ထိန်းထားရခြင်းဖြစ်သည်။ သို့သော် သူ့ပေါ် ကျရောက်နေသည့် ဖိအားကလည်း အလွန်ပြင်းထန်သည်။

နတ်ဘုရင်ရာမ၏ ကျောတွင်လည်း ကွဲအက်ရာကြီးက ထင်ရှားစွာ ပေါ်ထွက်လာ၏။ သူ၏ပုခုံးမှစတင်ပြီး ခါးထိ တောက်လျှောက် စီးကျသွားသည်။ ပို၍ဆိုးသည်မှာ ထိုကွဲအက်ရာများက ခန္ဓာကိုယ် အနှံ့အပြားတွင် မရေမတွက်နိုင်အောင် မြန်ဆန်လွန်းသော အရှိန်နှုန်းနှင့် ပေါ်ထွက်လာခြင်းဖြစ်နေသည်။ စက္ကန့်အနည်းငယ်တည်းနှင့် နတ်ဘုရင်ရာမက ကွဲအက်ရာပေါင်း များစွာနှင့် ဖန်တီးထားသော အရာတစ်ခုကဲ့သို့ ဖြစ်သွားသည်။ အစိတ်စိတ်အပိုင်းပိုင်း ကွဲကြေသွားတော့မည့် ကြွေထည် အရုပ်တစ်ခုအလား ထင်ရသည်။

နတ်ဘုရင်ရာမက အကန့်အသတ်အရသာ ဖော်ပြနေခြင်းဖြစ်ပြီး အချိန်မရွေး လဲကျသွားနိုင်သည်။

မြေပြင်တွင် လေထုက တင်းကြပ်မှုနှင့် ပြည့်နှက်နေသည်။ လက်မှုပညာရှင်တိုင်းက အလန့်တကြား လုပ်ဆောင်နေကြ၏။ သူတို့၏မျက်နှာကလည်း ဖြူဖျော့နေပြီး သူတို့၏ ခေါင်းကလည်း ပေါက်ကွဲတော့မည်ဟုပင် ခံစားနေရသည်။ သူတို့ကလည်း အလွန်အမင်း စိုးရိမ်စိတ် ကြီးနေသည်။

“နည်းနည်းပါပဲ နည်းနည်းပဲ အရှင်အမတ် သေချာပေါက် ထိန်းထားပေးပါ”

ကျန်းရှို့ကျစ်၏ မုတ်ဆိတ်ကလည်း လေတွင်လွင့်နေသည်။ သူက စိုးရိမ်တကြီး အော်ဟစ်နေသည်။

ထိုအခိုက် သူရင်ဆိုင်နေရသည့် ဖိအားကို မည်သူကမှ နားမလည်လောက်ချေ။

အချိန်မလုံလောက်ဘူး။ လုံလောက်ဖို့ ဝေးသေးတယ်။

သူဟာ တစ်ချို့သော ပုံကြမ်းများကို လမ်းညွှန်မှုအဖြစ် ရရှိခဲ့လျှင် ကျန်းရှို့ကျစ်က ခပ်မြန်မြန် စီစဉ်လာပေလိမ့်မည်။ သို့သော် မဟာလက်နက်ကြီးကလည်း အင်ပါယာ၏ သမိုင်းတွင် မပေါ်ထွက်ခဲ့ဖူးချေ။ လက်မှုပညာရှင်များထဲတွင် ကျန်းရှို့ကျစ် အပါအဝင် မည်သူကမှလည်း ထိုကဲ့သို့သော အရာကြီးကို တည်ဆောက်သည့် အတွေ့အကြုံ မရှိခဲ့ချေ။ ထို့ကြောင့် အချိန်က နည်းလွန်းနေသည်။

ဘန်း

ကျန်းရှို့ကျစ်က အော်ပြီး တခဏခန့်ကြာပြီးနောက် အနောက်ဘက်ရှိ ကြီးမားသော ကြေးခွံနှင့် ပဲ့ဟယ်မော့က နတ်ဘုရင်ရာမကို တဖန်ထပ်ပြီး နောက်ဆုတ်အောင် တွန်းလိုက်ပြန်သည်။ နတ်ဘုရင်ရာမ၏ ကြီးမားသော ခြေထောက်ကြီးကလည်း ရွှံ့နှင့် ဖုန်စိုင်များထဲသို့ နစ်ဝင်လျှက် ခြေရာအများအပြားကို ချန်ရစ်ခဲ့သည်။ ထိုသို့ဖြင့် သူ၏ကျောပြင်က အနောက်ဘက်ရှိ သံမဏိမြို့ရိုးကို တိုက်ဝင်သွားသည်။

ဘုန်း

အလန့်တကြား အော်ဟစ်သံတစ်သံနှင့် ပေါက်ကွဲသံက ပေါ်ထွက်လာသည်။ ခိုင်မာသော သံမဏိမြို့ရိုး ခုနှစ်ခုက မြေပြင်မှ ကျွတ်ထွက်သွားပြီး လေနှင့်အတူ လွင့်ထွက်ကုန်သည်။

“နောက်ဆုတ် မြန်မြန်လေး နောက်ဆုတ်ကြ”

အလောတကြီး အော်ဟစ်သံများနှင့်အတူ မရေမတွက်နိုင်သော စစ်သည်တော်ပေါင်း များစွာက အလန့်တကြား နောက်ဆုတ်ကြသည်။ သို့သော် ပဲ့ဟယ်မော့၏အရှေ့တွင် သူတို့က ပုရွက်ဆိတ်သာသာဖြစ်သည်။ အားနည်းလွန်းသဖြင့် ထိခိုက်အောင် မလုပ်နိုင်သလို ထိန်းထားရန်လည်း ခက်ခဲသည်။

“အဖွဲ့ခုနှစ်၊ တစ်ဆယ်၊ နှစ်ဆယ်... အားလုံး နောက်ဆုတ်ကြ”

ဝမ်ချောင်၏ ရင်းနှီးကျွမ်းဝင်သောအသံက လူတိုင်း၏ နားအတွင်းသို့ ရောက်လာသည်။ ပြင်းထန်သော တိုက်ပွဲ၏ အလယ်တွင် သူ၏ ကျောကို စစ်တပ်သို့ ကပ်ထားရသည့်တိုင်အောင် ဝမ်ချောင်ဟာ တိုက်ပွဲ၏ အခြေအနေကို ဖမ်းဆုပ်နိုင်နေသေးသည်။ သူကိုယ်တိုင်က အလွန်အမင်း အန္တရာယ်များနေသည်။ သို့တိုင်အောင် ထိုနေရာတွင်ရှိနေသော အဖွဲ့များကို သိနေသေးသဖြင့် ထိုအဖွဲ့များကို နောက်ဆုတ်ခိုင်းလိုက်သည်။

ဘုန်း

ဝမ်ချောင်ဆီမှ အမိန့်ရပြီးနောက် ပဲ့ဟယ်မော့၏ အရှေ့တည့်တည့်တွင် ရပ်နေကြသော စစ်တပ်တစ်ခုလုံးက လျှင်မြန်စွာဖြင့် လူစုခွဲကာ နောက်ဆုတ်ကြသည်။

ဝေါင်း

တစ်ချိန်ထဲလိုလို ကြေးခွံနှင့် ပဲ့ဟယ်မော့ကြီးက ရက်စက်သည့် အနေအထားမျိုးသို့ ဝင်ရောက်သွားပြီး ခန္ဓာကိုယ်ကြီးကို ယမ်းခါကာ အတက်စွမ်းအင်အပြည့်ဖြင့် တင်လျှက် သိပ်သည်းသော ဖုန်တိမ်စိုင်များကို မြောက်တက်လာစေသည်။

ဘန်း

လေထဲတွင် အော်ဟစ်သံများက ထွက်ပေါ်လာသလို ပဲ့ဟယ်မော့၏ ခြောက်ခြားဖွယ်ကောင်းသော စွမ်းအင်များက သာမာန် သဲဖုန်များကို သေစေနိုင်သည့် လက်နက်များအဖြစ် ပြောင်းလဲလိုက်သည်။

ဟီ...

လှုပ်ရှားရန် အချိန်မရှိတော့သည့်အတွက် ထိုသဲမုန်တိုင်းအတွင်းမှ စစ်မြင်းများအားလုံးက အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များက သေးငယ်သော အပေါက်များ အပြည့်နှင့် ဖြစ်သွားသည်။ မြင်းစီးသူများကပင် လေးလံသော သံချပ်ကာများကို ဝတ်ဆင်ထားသည့်တိုင်အောင် သူတို့၏ မြင်းပေါ်မှ လွတ်ထွက်သွားကြ၏။ သူတို့၏ ခန္ဓာကိုယ် အတွင်းပိုင်းက မြေပြင်သို့ မထိခင် ကတည်းက အသားတုံးများဖြစ်သွားသည်။ ပုရွက်ဆိတ် တစ်ကောင်အတွက် ဆင်တစ်ကောင်၏ နှာမှုတ်သံကလည်း ဖျက်ဆီးနိုင်သော ထိုးနှက်ချက်ဖြစ်သည်။ ထိုသို့သော အခြေအနေကလည်း ထန်စစ်သည်တော်များအတွက် အလားတူသာလျှင် ဖြစ်နေခဲ့သည်။ လူတစ်ယောက်၏ ခွန်အားက ပဲ့ဟယ်မော့ကဲ့သို့ ဒဏ္ဍာရီလာ တည်ရှိမှုကြီးအရှေ့တွင် အလွန်တုန်လှုပ်လွန်းနေသည်။

“သေစမ်း”

ဝမ်ချောင်၏ မျက်လုံးက နီရဲသွားသည်။ တွေးတောရန် အချိန်မရှိတော့သဖြင့် ဝမ်ချောင်က သူ၏ သံမဏိတင်းပုတ်ကြီးကို တဖန် ပြန်သုံးလိုက်ကာ ခုခံရေးအားလှိုင်း၏ မြေပြင်အရှေ့သို့ ထိုးစိုက်လိုက်သည်။ ရှည်လျားသော တင်းပုတ်၏ အဆုံးတစ်ဖက်ကမူ ကျန်သည့်ကျောက်သားကို တွန်းထားသည်။ သူက အခြားသော အစွန်းတစ်ဖက်ကိုသုံးပြီး ပဲ့ဟယ်မော့၏ ခန္ဓာကိုယ်ကို တွန်းထားလိုက်သည်။

ထိုနည်းလမ်းကသာ ကြီးမားသည့် ဆုံးရှုံးမှုများ မဖြစ်အောင် တားဆီးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

ဖလက်

ထိုအခိုက် မရေမတွက်နိုင်သော လူပေါင်းများစွာ၏ အံ့အားသင့်နေသော အကြည့်အောက်တွင် နတ်ဘုရင်ရာမ၏ ကြီးမားသော လက်မောင်းများက အရင်းမှစ၍ ပြုတ်ထွက်လာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလျှက် ဖုန်တိမ်စိုင်များအဖြစ် ပြောင်းလဲသွားသည်။ နတ်ဘုရင်ရာမ၏ လက်လေးဘက်တွင် နှစ်ဖက်သာ ကျန်သည်။

နတ်ဘုရင်ရာမအတွင်းတွင်ရှိသော ဝမ်ချောင်က လက်မောင်းပြုတ်ကျချိန်တိုင်း သွေးများ အန်ထုတ်နေရသည်။

“အရှင်အမတ်”

ချန်းပင်း၊ စွန်းကျစ်မင်၊ ချန်းပုယွမ်နှင့် ကျွမ်းကျန်းဖင်းတို့ အားလုံးကလည်း ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သော်လည်း သူတို့အားလုံးဟာလည်း ဝမ်ချောင်ဟာ အကန့်အသတ်သို့ ရောက်ရှိနေကြောင်း နားလည်နေကြသည်။

လုပ်ကြံသတ်ဖြတ်မှုက အဆုံးမသတ်သေးချေ။

ခြိမ်း

အကြမ်းဖက်သူက ခွန်အားများဖြင့် ပေါက်ကွဲသွားလေပြီး သူ၏ခေါင်းက နတ်ဘုရင်ရာမကို ချိန်ထားကာ ဝမ်ချောင်ကို ဆယ်ကျန်းခန့်အထိ လွင့်ထွက်သွားအောင် လွှင့်ပစ်လိုက်သည်။ ဝမ်ချောင်ဟာ လမ်းတွင် မပတ်နိုင်တော့သဖြင့် အကြမ်းဖက်သူကလည်း ရှေ့မှ နေရာလွတ်ကို ရှာတွေ့သွားပြီး ထိုစစ်တပ် တစ်ခုလုံးကို ဖျက်ဆီးရန်ကြိုးစားသည်။

“သောက်ကျိုးနည်း လမ်းဖယ်ကြ”

“နောက်ဆုတ် နောက်ဆုတ် အားလုံးပဲ နောက်ဆုတ်ကြ”

“လမ်းကဖယ် လမ်းကဖယ် ငါတို့ မထိန်းနိုင်တော့ဘူး”

ထန်စစ်သည် ထောင်ကျော်က ဝရုန်းသုန်းကား အနေအထားမျိုးဖြင့် ဝင်ရောက်သွားသည်။ နောက်တန်းအတွင်း အထိတ်တလန့် အော်သံများက ပေါ်ထွက်လာပြီး သေဆုံးခြင်းရနံ့က သိပ်သည်းလာသေးသည်။

စစ်တပ်၏ ဟန်ချက်ကလည်း ပျောက်ကွယ်သွားပြီး မထိန်းနိုင်တော့ဘဲ အဖြစ်ဖြတ် သုတ်သင်ခံရမည့် အနေအထားသို့ ဝင်ရောက်သွားသည်။ မည်သူကမှလည်း အနှောက်အယှက်မရှိသည့် ပဲ့ဟယ်မော့ တစ်ယောက်က စစ်တပ်ထဲသို့ ဝင်ရောက်သွားသောကြောင့် ဖျက်ဆီးနိုင်သည့် အတိုင်းအတာကို မခန့်မှန်းနိုင်ကြချေ။

စစ်တပ်တစ်ခုလုံးက ဆိုးရွားသည့် ဆုံးရှုံးမှုအတွင်းသို့ ဝင်ရောက်တော့မည့် အချိန်တွင် နောက်တန်းမှ အော်ဟစ်သံက ထွက်လာသည်။

“အရှင်အမတ် မဟာလက်နက်ကြီးက အဆင်သင့်ဖြစ်ပြီ။ အားလုံးပဲ ဘေးထွက်ရပ်နေကြ”

ထောင်ပေါင်းများစွာသော လက်မှုပညာရှင်များအားလုံးက ချက်ချင်း စုဝေးလာကြပြီးနောက် အရပ်မျက်နှာအနှံ့ ရုတ်ချည်း လူစုခွဲသွားကြသည်။ သူတို့နောက်တွင် ကျန်ရစ်သည်မှာ ကြီးမားပြီး လေးလံလွန်းသော လက်နက်ကြီးဖြစ်သည်။ ထိုလက်နက်ကြီး၏ ကြိုးများက ဆယ်မီတာကျော်ခန့်ရှည်သည်။ ကိုယ်ထည်ကလည်း ပိန်းပိတ်အောင် မည်းမှောင်နေ၏။ လတ်လတ်ဆတ်ဆတ် သွန်းလုပ်ထားသောကြောင့် အငွေ့တထောင်းထောင်း ထွက်နေသော အစိတ်အပိုင်းပေါင်းများစွာ ရှိနေသေးသည်။

သူ့တွင်ရှိသမျှ အချိန်တိုင်းနှင့် လုပ်သားအင်အားတိုင်းကိုသုံးပြီးနောက် ကျန်းရှို့ကျစ်ဟာ နောက်ဆုံးတွင် မဟာလက်နက်ကြီးကို အဆုံးသတ်လိုက်နိုင်ပြီဖြစ်သည်။

အာဝူး....

သူတို့က ထိုသို့ လှုပ်ရှားပြီးပြီးချင်း ပဲ့ဟယ်မော့ကလည်း စတင်ကာ သူ၏ကြွက်သားများကို တောင့်တင်းလာစေလျှက် ခန္ဓာကိုယ်နှင့် ခေါင်းကြီးကိုငုံ့ကာ ဖျက်ဆီးခြင်းစွမ်းအားအပြည့်နှင့် ကြည့်လာသည်။ ပဲ့ဟယ်မော့က ချီတက်ရန် အသင့်ပြင်ထားသည်။

“စီနီယာကျန်း လက်နက်ကြီးကို ငါတို့ဆီပေးပါ”

ချန်းပင်းက သူ၏ဓားကို ဆွဲထုတ်လိုက်ပြီး မဟာလက်နက်ကြီးဆီ အပြေးရောက်လာသည်။ သူ၏နှုတ်ခမ်းမှလည်း အမိန့်ကို တသီတတန်း ထုတ်လွှတ်၏။

“ခုနှစ်၊ တစ်ဆယ်၊ တစ်ဆယ့်နှစ်၊ တစ်ဆယ့်လေးအဖွဲ့တွေ... မင်းတို့အားလုံး ဒီနေရာကို လာကြစမ်း”

“သုံးဆယ်နဲ့ သုံးဆယ့်ရှစ်အဖွဲ့တွေက လက်နက်ကြီးကို တပ်ဆင်ဖို့ ပြင်ဆင်ကြ”

စစ်တပ်က ဝရုန်းသုန်းကားဖြစ်နေပြီး လူတိုင်းက ထွက်ပြေးနေမှုနှင့်အတူ လက်မှုပညာရှင်အဖွဲ့နှင့် ကျန်းရှို့ကျစ်အဖွဲ့ကလည်း အင်အားကုန်ဆုံးနေသည်။ ဝမ်ချောင်ကလည်း ပဲ့ဟယ်မော့ကြောင့် အဝေးသို့ လွင့်ထွက်သွား၏။ ချန်းပင်းနှင့် သူ၏လက်နက်ကြီးအဖွဲ့ကသာ ပဲ့ဟယ်မော့ကို တားနိုင်သည့် အင်အား ကျန်ရစ်သေးသည်။

ဘန်း

ထိုလက်နက်ကြီးအသင်းများအားလုံးက သူတို့၏ လေ့ကျင့်မှု၏ အသီးများကို ထုတ်ပြနိုင်သွားသည်။ ချန်းပင်းက အမိန့်ပေးလိုက်သည့်အချိန်တွင် လက်နက်ကြီးအဖွဲ့များကလည်း အမိန့်အတိုင်း ဆက်လက် လုပ်ဆောင်ကြပြီး ခပ်မြန်မြန်ပင် ထွက်ပြေးရန် ပြင်ဆင်ကြပြီး အရပ်မျက်နှာအနှံ့ ဝင်တိုးသည်။ ထိုသို့ဖြင့် နေရာအသင့်ယူကြ၏။ အများစုကမူ မဟာလက်နက်ကြီး အနောက်ဘက်သို့ ရောက်လာသည်။

လက်နက်ကြီးအဖွဲ့ဝင် ရာပေါင်းများစွာက တာဝန်များကို ခွဲဝေယူလိုက်ကြပြီး သေသပ်စွာဖြင့် လှုပ်ရှားသည်။ အစီအစဉ်မကျ ဖြစ်နေသော အနေအထားမျိုးပင် မရှိချေ။

ခလွက် ခလွက်

လည်ပတ်လာသော စက်ကြီးက စတင်ကာ လှုပ်ရှားလေပြီး ဆယ်ယောက်ကျော်သော ထန်စစ်သည်တော်များ အားလုံးကလည်း လက်နက်ကြီးကို ကျည်ဆံများ တပ်ဆင်ကြသည်။ ထို့နောက် ဆယ်မီတာခန့်ရှည်ပြီး ကျင်တစ်ထောင်ခန့် လေးနိုင်သည့် ချွန်ထက်သော အရာကြီးများကို ထိုမဟာလက်နက်ကြီးများထဲသို့ထည့်သည်။

ဘုန်း

ကြီးမားသော ခြေထောက်ကြီးက ခုခံရေးအားလှိုင်းကိုကျော်ကာ ဆောင့်နင်းလာသည့် အချိန်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အားလှိုင်းက မြေကမ္ဘာကို တုန်ဟီးလာစေပြီး ငလျှင်လှုပ်စေသည်။ တစ်ဆယ်ကျန်း ဝန်းကျင်အတွင်းရှိ ထွက်ပြေးနေသော မြင်းတပ်အဖွဲ့ဝင်များ အားလုံးက လေထဲသို့ မြောက်တက်သွားသည်။

ပဲ့ဟယ်မော့က နောက်ဆုံးတွင် ခုခံရေးအားလှိုင်းကိုကျော်ပြီး တိုက်ခိုက်လေပြီ။ ထိုနေရာတွင်ရှိသော စစ်သည် တစ်သိန်းလုံးက အမြစ်ဖြတ် သုတ်သင်ခံရနိုင်သော အနေအထားမျိုးတွင်ဖြစ်သည်။

“ပစ်”

ချန်းပင်းက နောက်ဆုံးတွင် ပစ်ခတ်ရန် အမိန့်ထုတ်သည်။ ထိုအခိုက် လူတိုင်း၏ အသက်ရှုက ရပ်တန့်သွားကြသည်။ သူတို့၏ နှလုံးသားကလည်း ခုန်ထွက်မတက် ဖြစ်နေပြီး အချိန်ကပင် အေးခဲသွားပုံပေါ်သည်။ မဟာလက်နက်ကြီးက ချိတ်ဆက်မှု တစ်ခုမျှသာဖြစ်နေပြီး မည်သူကမှလည်း အသုံးပြုသည့် အနေအထားမျိုးကို မမြင်ဖူးကြချေ။ ထို့ကြောင့် မဟာလက်နက်ကြီးက အမှန်တကယ် အလုပ်ဖြစ်မဖြစ် မသိနိုင်ကြချေ။ ထိုအရာက အမှန်တကယ် ပစ်နိုင်မည် သို့မဟုတ် ထိုလက်နက်ကြီးများကဲ့သို့ ကြေးခွံနှင့် ပဲ့ဟယ်မော့ကို ထိခိုက်အောင် လုပ်နိုင်ခြင်းရှိမရှိ မသေချာနိုင်ကြချေ။ ဖန်တီးသူနှင့် တည်ဆောက်သူ ကျန်းရှို့ကျစ်ကပင် ထိုအကြောင်းအရာများကို မသိလေရာ အခြားသူများဆိုလျှင် ပို၍ဆိုးသည်။

သို့သော် သူတို့တွင် ရွေးချယ်စရာ မရှိတော့ချေ။ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သူတို့က စမ်းသပ်ကြည့်ရုံသာ တက်နိုင်သည်။

အခန်း(၉၅၈)

ဘန်း

ကြီးမားလွန်းသော နဂါးကြီးတစ်ကောင်က ပင်လယ်ထဲမှ ခုန်ထွက်လိုက်သလိုမျိုး အလွန်ကြီးမားသည့် ထိုလက်နက်ကြီးက လေထုကို ဟိန်းသံနှင့်အတူ ထိုးခွဲသွားပြီး အဝေးရှိ ကြေးခွံနှင့် ပဲ့ဟယ်မော့ထံ တိုးဝင်သွားသည်။ ထိုလက်နက်ကြီးက မရေမတွက်နိုင်သော လူပေါင်းများစွာ၏ မျှော်လင့်ချက်ဖြစ်သည်။ ထွက်ပြေးနေသော အနောက်ပိုင်းနယ်မြေမှ ကြေးစားစစ်သားများကပင် မနေနိုင်ဘဲ ခေါင်းလှည့်ကာ ထိုမြင်ကွင်းကို ကြည့်ကြသည်။ သူတို့၏ မျက်ဝန်းအတွင်း မျှော်လင့်ချက်များက တောက်လောင်နေ၏။

ကျန်းပေါင်းများစွာ အဝေးကို ကျော်ဖြတ်သွားပြီးနောက် ... ကျန်းငါးဆယ်... ကျန်းသုံးဆယ်... ဆယ်ကျန်း

အချိန်ကပင် တွားသွားလျှက် ကုန်လွန်နေသလိုမျိုး အလွန်အမင်း နှေးကွေးနေသည်ဟု ထင်ရသည့်အချိန်တွင် ထိုလက်နက်ကြီးနှင့် ကြေးခွံနှင့် ပဲ့ဟယ်မော့အကြားမှ အကွာအဝေးက ကျဉ်းသထက် ကျဉ်းသွားသည်။

ခုနှစ်ကျန်း

ခြောက်ကျန်း

လက်နက်ကြီးက ကြေးခွံနှင့်ပဲ့ဟယ်မော့၏ခေါင်းကို ဝင်တိုးသွားသည်။

အာဝူး...

လက်နက်ကြီးကို ပစ်လိုက်သည့် တခဏတွင် ကြေးခွံနှင့် ပဲ့ဟယ်မော့က နောက်သို့ ပြန်ယိုင်သွားသည်။ ရှေ့လက်နှစ်ဖက်လုံးက မြေပြင်မှ လွတ်ထွက်သွားပြီး ခေါင်းကနောက်သို့ ပြန်ယိုင်မှုနှင့်အတူ ငယ်သံပါအောင် အော်သံကို ပြုမူသည်။ သူ၏အတက်စွမ်းအင်ကလည်း တဖန်ထပ်ပြီး အားနည်းသွားပြန်ကာ ပမာဏ အမြောက်အများက ကုန်ဆုံးသွားသည်။

ထိုသို့ဖြင့် အောင်ပွဲခံသံများက ကောင်းကင်တခွင် ပဲ့တင်ထပ်လာသည်။ စစ်သည် တစ်သိန်း ဝန်းကျင်ခန့်က ထိုမြင်ကွင်းကြောင့် ပျော်ရွှင်သွားကြသည်။

“အံ့ဩစရာပဲ”

“ဒီလက်နက်ကြီးတွေက ဒီမကောင်းဆိုးဝါးကို ရင်ဆိုင်ဖို့ အဆင်ပြေတယ်”

စစ်တပ်တစ်ခုလုံး၏ တိုက်ခိုက်လိုစိတ်က ပမာဏမြောက်များစွာ မြင့်တက်သွားသည်။ အပျော်ရွှင်ဆုံး လူကမူ ချန်းပင်းနှင့် လက်နက်ကြီးအဖွဲ့ဖြစ်သည်။ သူတို့က အောင်မြင်သွားသည်။ မဟာလက်နက်ကြီးက ပဲ့ဟယ်မော့ကို ကိုင်တွယ်ရာတွင် အလုပ်ဖြစ်သည်။ ထိုမဟာလက်နက်ကြီးက ဒီလောကတွင် ပထမဦးဆုံး ပေါ်လာသည့် တခဏတွင် သူ၏ မျှော်လင့်ရန် ခက်ခဲသော အင်အားမျိုးကို အပြည့်အဝ ထုတ်ပြလိုက်သည်။

ထိုလက်နက်ကြီး တစ်ခုတည်းကတင် တိဗက်၊ တူရကီနှင့် စောင့်ကြည့်နေသော အာရပ်တိုင်းကို မှင်သက်အံ့ဩသွားစေခဲ့သည်။

“ဒါကဘာလဲ မဟာထန်က ဘယ်တုန်းက ဒီလောက်ထိ လေးစားဖို့ကောင်းတဲ့ လက်နက်မျိုးကို ပိုင်ဆိုင်သွားတာလဲ”

ဟော်ရှု့ဟွေ့ခမ်း၏ မျက်လုံးက မှေးကျဉ်းသွားသည်။ ထိုလက်နက်ကြီးက ပဲ့ဟယ်မော့၏ ခေါင်းကိုပင် ယိုင်သွားစေပြီး သူ၏စိတ်အတွင်းတွင်လည်း ဒေါသအားလှိုင်းပေါင်း များစွာကို ယမ်းခါသွားစေသည်။ သူဟာ နှစ်ပေါင်းများစွာကြာအောင် ရှင်သန်ခဲ့သည့် မဟာဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်သည်။ ကျန်းချုံကျန့်ချုံးနှင့်လည်း ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးသည့် အကြိမ်အရေအတွက်က မနည်းပါးချေ။ ထို့ပြင် ထန်မဟာဗိုလ်ချုပ်ပေါင်း များစွာကိုလည်း ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူး၏။ သို့သော် ထိုကဲ့သို့သော လက်နက်မျိုးကို မကြုံဖူးပါချေ။

အာရေးဗီးယား အင်ပါယာ၏ ပဲ့ဟယ်မော့စစ်တပ်ကပင် အံ့အားသင့်စရာ ကောင်းလွန်းနေပြီဖြစ်သည်။ သို့သော် ဟော်ရှု့ဟွေ့ခမ်းကလည်း မဟာထန်တွင် ထိုမျှအထိ ကြောက်မက်ဖွယ်ကောင်းသော လက်နက်ကြီးကို ပိုင်ဆိုင်ထားကြောင်း မြင်လိုက်ရသည့်အခါ ပို၍ပင် မှင်သက်ရသေးသည်။ ထိုအကောင်များက ပဲ့ဟယ်မော့များကိုပင် ကိုင်တွယ်နိုင်နေခဲ့သည်။

ပဲ့ဟယ်မော့များက ကြောက်စရာကောင်းသော်လည်း မဟာထန်က ထိုကဲ့သို့သော လက်နက်မျိုးကို အလုံးအရင်းနှင့် ထုတ်လုပ်နိုင်သည်ဆိုသော အခြေအနေက အလွန်အမင်းပင် ကြောက်စရာကောင်းလွန်းသည်။ အနှစ်ချုပ်ဆိုရသော် မဟာထန်ဟာ ပဲ့ဟယ်မော့များကို ကိုင်တွယ်နိုင်သည့် ထိုကဲ့သို့ လက်နက်မျိုးကို တည်ဆောက်လိုက်နိုင်ခြင်းက သူ၏ ကမ်းလှမ်းမှု နားလည်သဘောပေါက်မှုများ အားလုံးကို ပြင်းထန်စေသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ။ မဟာထန်က ဘယ်အချိန်က အာရပ်တွေနဲ့ယှဉ်ပြီး ဒီလောက်ထိ ရပ်နိုင်သွားတာလဲ”

တုဝူစစ်လီကသာ အံ့ဩဆုံးလူဖြစ်သည်။ သူဟာ တိုက်ပွဲတစ်ခုလုံးကို စောင့်ကြည့်ခဲ့သူ ဖြစ်သည့်အလျောက် အဖြစ်အပျက်တိုင်းကို ကြည့်ရှု့နေခဲ့သူဟု ဆို၍ရသည်။ ပဲ့ဟယ်မော့က ဝမ်ချောင်ကို လွင့်ထွက်သွားအောင် လုပ်လိုက်သောအခါ တုဝူစစ်လီကလည်း တိုက်ပွဲဟာ အဆုံးသတ်သွားပြီး မဟာထန် ချေမွခံရမည့် အနေအထားကိုသာ စောင့်ရန်လိုအပ်သည်ဟု ထင်ခဲ့သည်။ သူတို့ကို အံ့အားသင့်စေသည်မှာ အလွန်အမင်း ကြီးမားသော လက်နက်ကြီးတစ်လက်က မဟာထန်ဘက်မှ ထွက်ပေါ်လာလေပြီး ပဲ့ဟယ်မော့ကိုပင် ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်သွားခဲ့သည်။ ရှင်းလင်းလွန်းသော အနှစ်ချုပ်က ရုတ်ချည်းဆန်သဖြင့် သူ့အား ရှုပ်ထွေးစေသည်။ ထို့ပြင် စိတ်ရှုပ်ထွေးစေပြန်၏။

“မျိုးမစစ်ကောင်တွေ ဒါက ဘာတွေဖြစ်နေတာလဲ”

ထိုအခါ အံ့အဩဆုံးကမူ ပဲ့ဟယ်မော့စစ်တပ်မှ ဗိုလ်ချုပ်မာစီဖြစ်သည်။ ပဲ့ဟယ်မော့တွင် သဘာဝရန်သူမရှိချေ။ သူတို့ဟာ အလွန်အမင်း လေးစားဖွယ်ကောင်းသည့် အတက်စွမ်းအင်ကို ပိုင်ဆုင်ထားပြီးသားဖြစ်သည်။ မည်သည့်လူသား လက်နက်ကမှ သူတို့ကို ထိခိုက်အောင် မလုပ်နိုင်ချေ။ မာစီအတွက် ပဲ့ဟယ်မော့တစ်ကောင် သေဆုံးခြင်းကတင် သည်းခံရန် ခက်ခဲနေစေပြီးသားဖြစ်သည်။

ပို၍လက်သင့်မခံနိုင်သည်မှာ အရှေ့ပိုင်းမှ ကျူးကျော်သူများတွင် ထိုမျှကြီးမားသော လက်နက်ကြီးရှိနေပြီး ပဲ့ဟယ်မော့များကိုပင် ထိခိုက်အောင် လုပ်နိုင်နေသည်။

ထိုအချိန်တွင် အပုမူစလင်နှင့် ကျစ်ရတို့ကလည်း မာစီကို အကဲဖြတ်နိုင်ခြင်း မရှိတော့ချေ။ ရုတ်ချည်းဆန်သော ပစ်ခတ်လိုက်သည့် လက်နက်ကြီးက အရှေ့ပိုင်းမှ အာရပ်ဗိုလ်ချုပ် နှစ်ယောက်လုံးကိုလည်း ပြင်းထန်သည့် အံ့အားသင့်မှုကို ပေးစွမ်းလိုက်သည်။

“မြန်မြန်လေးတင်ကြ ထွက်ပြေးဖို့ အသင့်ပြင်”

ချန်းပင်းကလည်း ကျယ်လောင်စွာ အမိန့်ပေးသည်။ ဒီအခြေအနေက ပဲ့ဟယ်မော့ကို မသတ်နိုင်ချေ။ သို့သော် ကြီးမားသော မဟာလက်နက်ကြီးကတင် သူ၏ တန်ကြေးကို ပြသပြီးသားဖြစ်သည်။ အာရေးဗီးယား ပဲ့ဟယ်မော့များကို အထိနာအောင် လုပ်နိုင်သည်မှာ သေချာသည်။

အာဝူး...

လက်နက်ကြီးအဖွဲ့ နှစ်ဆယ် သုံးဆယ်ခန့်က ပူးပေါင်းပြီး အတင်အချ လုပ်နေကြသည်။ ထို့နောက် လေထုအတွင်း ကျယ်လောင်သော ဟိန်းဟောက်သံက ပေါ်ထွက်လာသည်။ အချိန်တစ်ခုကြာပြီးနောက် သွေးနီရောင် မျက်ဝန်းတစ်စုံက မုန်းတီးမှုအပြည့်နှင့် တောက်ပလာလျှက် သူတို့ကိုကြည့်သည်။ တချိန်ထဲလိုလို သူတို့ထံ သတ်ဖြတ်ခြင်း စွမ်းအင်ပေါင်းများစွာကလည်း ဒီရေစီးသလို လွှမ်းခြုံလာလေသည်။

ထိုအခိုက် သူတို့အားလုံးကလည်း အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အန္တရာယ်ကို ခံစားလိုက်ရသည်။

“မကောင်းတော့ဘူး ဒီကောင်က ငါတို့ကို ပစ်မှတ်ထားနေပြီ”

“မြန်မြန် မြန်မြန် တင်ကြ အားလုံးပဲ မဟာလက်နက်ကြီးအတွက် ကာကွယ်ဖို့ ပြင်ဆင်ထားကြ”

ထိုလက်နက်ကြီးက ကြေးခွံနှင့် ပဲ့ဟယ်မော့ကို ဒဏ်ရာရအောင် လုပ်နိုင်ချိန်တွင် ထိုအကောင်ကလည်း ရန်စခံရသလို ခံစားလိုက်ရသည်။ ကောင်းကင်ကို တုန်ဟီးစေသည့် အော်သံကြီးနှင့်အတူ ထိုပဲ့ဟယ်မော့၏ခေါင်းက မဟာလက်နက်ကြီးအဖွဲ့ ရှိရာဘက်သို့ ချိန်ရွယ်ထားသည်။

“အား”

စစ်တပ်တစ်ခုလုံးက အထိတ်တလန့် ဖြစ်သွားကြသည်။ ချန်းပင်း၏ မျက်နှာပင် ဖြူဖျော့သွား၏။ မဟာလက်နက်ကြီးနှင့် လက်နက်ကြီးအဖွဲ့ဝင်များအားလုံးက ပဲ့ဟယ်မော့၏ လက်အောက်တွင် အသတ်ခံရတော့မည်ဟု ထင်ရသည့်အချိန်တွင် လူတိုင်းကလည်း ကျယ်လောင်သော အော်သံကို ကြားလိုက်ရသည်။

“ငါ့ရဲ့လမ်းကဖယ်စမ်း”

ရုတ်တရက် ကြီးမားသော ပုံရိပ်တစ်ခုက ခုန်ထွက်လာသည်။ ထိုပုံရိပ်က ပဲ့ဟယ်မော့ကို ကျော်ဖြတ်ပြီး ဒုတိယမြောက် ခုခံရေးအားလှိုင်းထံ ရောက်လာသည်။

“အရှင်”

“အရှင်အမတ်”

ရင်းနှီးကျွမ်းဝင်သော မြင်ကွင်းက စစ်သားတိုင်းကို အော်ဟစ်မိစေသည်။ လက်လေးဘက်နှင့် နတ်ဘုရားက လက်နှစ်ဖက် ဆုံးရှုံးသွားသော်လည်း သူ့တွင် ကြီးမားလွန်းသော ခွန်အားကို ပိုင်ဆိုင်ထားသေးသည်။ ပို၍အရေးကြီးသည်မှာ ပဲ့ဟယ်မော့၏ အတက်စွမ်းအင် မီးတောက်က မှိန်သထက် မှိန်လာပြီဖြစ်လေရာ ယခင်ကလောက် ကြမ်းတမ်းပြင်းထန်ခြင်း မရှိတော့ချေ။

ဘုန်း ဘုန်း ဘုန်း

သတိလက်လွတ်ဖြစ်သွားသော ပဲ့ဟယ်မော့ကလည်း ဟန်ချက်ပျက်သွားပြီး နတ်ဘုရင်ရာမ၏ တရွတ်တိုက်ဆွဲမှုကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ ခြေတစ်လှမ်းချင်းစီတိုင်းက တာလာ့၏မြေကို တုန်စေသည်။

“သားရဲကောင် ငါ့ရဲ့တင်းပုတ်စာ တစ်ချက်လောက် စားပါဦး”

ဝမ်ချောင်၏အော်သံက မိုးခြိမ်းသံကဲ့သို့ ထင်ရသည်။ သူက စကားပြော၍ မဆုံးသေးခင်ပင် ကြီးမားသော သံမဏိတင်းပုတ်ကြီးက လေထဲတွင် လွှဲယမ်းလိုက်ပြီး ပဲ့ဟယ်မော့၏ခေါင်းကို ထိမှန်ကာ ရိုက်ခွဲလာသည်။ တိတိကျကျ ဆိုရသော် လက်နက်ကြီးက ထိုးဖောက်သွားသည့် ဦးခေါင်းခွံနေရာကိုသာ ချိန်ရွယ်ကာ ထိုးရိုက်ခြင်းဖြစ်သည်။

ဝူး...

ပဲ့ဟယ်မော့က အသားကုန် အော်ညဉ်းသည်။ သူ၏ကိုယ်က တုန်ယင်သွား၏။ လက်နက်ကြီး၏ ကိုယ်ထည်တစ်ဝက်ခန့်က သူ၏ခေါင်းထဲ စိုက်ဝင်နေသေးသည်။ သို့သော် ယခုအခါ ဝမ်ချောင်က လက်နက်ကြီး၏ အပြင်ဘက်သို့ ရှိနေသည့်အပိုင်းကို တင်းပုတ်နှင့် ထုရိုက်ကာ ခေါင်းထဲသို့ သံရိုက်သလို ရိုက်သွင်းလိုက်သလိုဖြစ်သွားသည်။ ထို့ကြောင့် သူက အလွန်အမင်း ပြင်းထန်သည့်ဒဏ်ရာကို ရရှိသွားပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။

ဝမ်ချောင်က သူ၏လုပ်ရပ်ကို မရပ်တန့်သေးချေ။ ပဲ့ဟယ်မော့က စိတ်ရှုပ်ထွေးနေချိန်တွင် နတ်ဘုရင်ရာမက သူ၏တင်းပုတ်ကြီးကိုယမ်းပြီး ထိုခေါင်းကို ဆက်တိုက် ထုရိုက်ပြန်သည်။

အချိန်တခဏအတွင်း ပဲ့ဟယ်မော့၏ခေါင်းက အကြိမ်သုံးဆယ် လေးဆယ်ခန့်အထိ အရိုက်ခံလိုက်ရသည်။

“အံ့ဩစရာပဲ”

“အရှင်အမတ် အရှင်အမတ်”

လေထုထဲတွင် မဆုံးနိုင်သည့် အော်ဟစ်အားပေးသံများက ပေါ်ထွက်လာသည်။ အဝေးရှိ တိဗက်၊ တူရကီနှင့် အာရပ်များအားလုံး၏ မျက်နှာက တင်းမာကုန်ကြသည်။

“ပစ်”

ဝမ်ချောင်က ပဲ့ဟယ်မော့ကို တားပေးထားသောအခါ ချန်းပင်း၏လူများကလည်း စိတ်လှုပ်ရှားစွာဖြင့် သူတို့၏ တာဝန်ကို ခပ်မြန်မြန် လုပ်ကြသည်။ ချန်းပင်း၏ ဝု့စ်သံမဏိဓားတစ်လက်က အောက်သို့ ယမ်းချလိုက်သည့်အချိန်တွင် ဒုတိယမြောက် မဟာလက်နက်ကြီးက လေထုကိုထိုးခွဲကာ ထွက်သွားလေပြီး ပဲ့ဟယ်မော့၏ ဦးခေါင်းခွံအတွင်းသို့ ချောမွေ့စွာ နစ်ဝင်သွားသည်။

“မြန်မြန် မြန်မြန်”

ချန်းပင်းက သူ၏လူများကို အစွမ်းကုန်တိုက်တွန်းသည်။ သူတို့၏ အတင်အချလုပ်သော အတွေ့အကြုံ နှစ်ကြိမ်ရှိသွားသည့်အလျောက် သူ၏လူများက ပို၍မြန်ဆန်လာသည်။

ဘုန်း

ဆယ်မီတာခန့်ရှည်သော လက်နက်ကြီးက ပဲ့ဟယ်မော့၏ခေါင်းထဲသို့ သံရိုက်လိုက်သလို တဖန် ဖောက်ဝင်သွားပြန်သည်။

.....

ဝမ်ချောင်နှင့် မဟာလက်နက်ကြီးတို့ပေါင်းပြီး တိုက်ခိုက်မှုက ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ဝမ်ချောင်၏ တင်းပုတ်ကြီးကလည်း အရှေ့မှ တိုက်ခိုက်နေခဲ့သည်။ ကြီးမားသော မဟာလက်နက်ကြီးကလည်း အနောက်မှ ပစ်ခတ်ပေးနေခဲ့၏။ ထိုလက်နက်ကြီးက တစ်ကြိမ်ပြီးတစ်ကြိမ် ပစ်ခတ်ကာ ရောက်ရှိလာလေပြီး ပဲ့ဟယ်မော့၏ ဦးခေါင်းထံသို့ တစ်ကြိမ်ထပ်ပြီး ဝင်ရောက်နေခဲ့သည်။ ထိုသို့ဖြင့် သူ၏ အတက်စွမ်းအင်က ကုန်လုနီးပါးဖြစ်လာသည်။

ဘုန်း

နောက်ဆုံးသောပစ်ချက်က ချန်းပင်း၏ လူများထံတွင် ရောက်လာခဲ့ခြင်းမဟုတ်ဘဲ တာလာ့၏ ပွင့်သွားသော မြို့ဂိတ်အနီးအနားမှဖြစ်သည်။ မည်သည့်အချိန်ကမှန်းမသိ ဒုတိယမြောက် မဟာလက်နက်ကြီး တစ်လက်ကလည်း တပ်ဆင်၍ ပြီးသွားလေပြီး မြို့ဂိတ်အပြင်ဘက်သို့ တွန်းကာ အထုတ်ခံလိုက်ရပြီဖြစ်သည်။ အသင်းကို ဦးဆောင်လာသူက ပိန်ပါးသော်လည်း ငယ်ရွယ်သော ပုံစံကို ပိုင်ဆိုင်ထားသည့် ရွှီခဲ့ယွီဖြစ်သည်။

မဟာလက်နက်ကြီး နှစ်လက်နှင့်အတူ စစ်တပ်တစ်ခုလုံးက အောင်ပွဲခံသံ အော်ဟစ်သံများနှင့် ပြည့်နှက်သွားသည်။ အားလုံး၏ စိတ်ဓာတ်အင်အားက အထွတ်အထိပ်သို့ ရောက်ရှိသွား၏။ တိုက်ပွဲအစပိုင်းက အခြေအနေထက်ပင် သူတို့က ပျော်ရွှင်နေကြပုံ ပေါ်သေးသည်။ ရွှီခဲ့ယွီ၏ မဟာလက်နက်ကြီးက ပစ်ခတ်မှုနှင့်အတူ အဝေးရှိ ကြေးခွံနှင့် ပဲ့ဟယ်မော့က နောက်ဆုံးတွင် မြေပြင်ပေါ်သို့ လဲပြိုကျသွားသည်။

မြေကမ္ဘာက တုန်ယင်သွားသည်။ သူ၏ကိုယ်ကြီးကလည်း ဖုန်မှုန့်ပေါင်းများစွာကို လိမ့်တက်လာစေသေး၏။ မြေပြင်ကပင် ဖိအားကြောင့် ကွဲအက်သွားမည့်ပုံပေါ်သည်။

မဟာလက်နက်ကြီးထံမှ ပစ်ခတ်မှု အကြိမ်နှစ်ဆယ်ခန့် ကြာပြီးမှသာ ကျော်ကြားသော အာရေးဗီးယားနိုင်ငံ၏ အကြမ်းဖက်သူက နောက်ဆုံးတွင် သေဆုံးသွားသည်။ နောက်ဆုံးသော ကျန်ရစ်သည့် အတက်မီးတောက်ကလည်း ငြိမ်းသေသွားလေသည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် အရှင်ကာကွယ်ရေးဗိုလ်ချုပ် အရှင်ကာကွယ်ရေးဗိုလ်ချုပ်”

ခုခံရေးအားလှိုင်းနှင့် တာလာ့အတွင်းရှိ စစ်သည်တော်တိုင်းက ကျယ်လောင်စွာ အော်ဟစ်လျှက် အားပေးကြလေရာ လီတစ်ရာအကွာကပင် ကြားနိုင်သည်။ အဝေးတွင် တစ်ဖက်မှ အတိုက်အခံ လုပ်နေကြသော အင်ပါယာသုံးခုလုံးမှ ဗိုလ်ချုပ်တိုင်းကလည်း ကြောက်ရွံ့ရိုသေလေးစားဖွယ် မြင်ကွင်းမျိုးကို ကြည့်နေကြရသည်။ အကြမ်းဖက်သူဟာ မိုးခြိမ်းမတက် ပြင်းထန်လွန်းသည့် ကျော်ကြားမှုမျိုးကို ပိုင်ဆိုင်ထားပြီး မရေမတွက်နိုင်သော မြို့ပေါင်းများစွာကို ဖျက်ဆီးနိုင်ခဲ့သည်။ ထိုပဲ့ဟယ်မော့ကို ခြိမ်းခြောက်နိုင်သော ဖြစ်ရပ်မျိုးက တစ်ကြိမ်သော်မျှ မရှိခဲ့ဖူးချေ။ သတ်ဖြတ်ရန်ဆိုလျှင် ပို၍ဝေးကွာသေးသည်။ သို့သော် ယခုမူ ထိုအခြေအနေက အဆုံးသတ်သွားပြီဖြစ်သည်။

သူတို့ကိုယ်တိုင်က မြင်ရခြင်းကြောင့်သာမဟုတ်လျှင် သူတို့အရှေ့တွင် သေသွားသောကြောင့်သာ မဟုတ်လျှင် သူတို့က ယုံကြည်နိုင်လိမ့်မည်မဟုတ်ချေ။ ထိုအခြေအနေက သံသယဝင်ရန် မလိုလောက်အောင် အာရပ်စစ်တပ်တစ်ခုလုံးအတွက် ပြင်းထန်သည့် ထိုးနှက်ချက်ကြီး ဖြစ်သွားသည်။

ဝမ်ချောင်က အနည်းငယ်ပင် တုန့်ဆိုင်းခြင်းမရှိဘဲ ညာခြေထောက်ကိုမြှောက်လျှက် အကြမ်းဖက်သူ၏ အလောင်းကို တက်နင်းလိုက်ပြီး အဝေးသို့ ခုန်ထွက်သွားသည်။

“ချန်းပင်း၊ ရွှီခဲ့ယွီ၊ ငါဒီမဟာလက်နက်ကြီး နှစ်လက်ကို မင်းတို့နဲ့ ချန်ထားပေးခဲ့မယ်။ မင်းတို့နှစ်ဖွဲ့ပေါင်းပြီး နောက်ဆုံးကျန်တဲ့အကောင်ကို သတ်လိုက်တော့”

ဝမ်ချောင်၏အသံက လေထဲတွင် ထိုးခွဲလာသည်။ သူကိုယ်တိုင်ကမူ ပျောက်သွားပြီဖြစ်သည်။

အဝေးတွင် ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် ဝမ်ရန်တို့အားလုံးက အနက်ရောင်ဝက်ဝံ ပဲ့ဟယ်မော့နှင့် အပြင်းအထန် တိုက်ခိုက်ရင်ဆိုင်နေကြသည်။ သူတို့၏ တိုက်ကွက်များက မြန်ဆန်သည်။ လျှင်မြန်၏။ သို့သော် ပဲ့ဟယ်မော့က သူတို့ကို လျစ်လျူရှု့ထားပြီး တာလာ့ကို တိုက်ခိုက်ရန်သာ အာရုံစိုက်ထားသည်။ မြင့်မားလွန်းသော တာလာ့၏မြို့ရိုးများက ဆက်တိုက် လှုပ်ခါနေပြီး ယမ်းသထက်ယမ်းနေသည်။

ထိုအခြေအနေက ပြင်းထန်နေသည်။ ထိုဝက်ဝံနက်၏ တိုက်ကွက်များက ထပ်ခါတလဲလဲ ဖြစ်ပျက်လာနေခဲ့ပြီး တစ်မြို့လုံးက အစီအစဉ်မကျဖြစ်ပြီး ပြိုလဲသွားလောက်လေသည်။

အခန်း(၉၅၉)

“ရာမရဲ့ဒေါသ”

ဝက်ဝံနက် ပဲ့ဟယ်မော့က မြို့ရိုးကို တစ်ကြိမ်ထပ်ပြီး ဝင်ဆောင့်တိုးတော့မည့် အချိန်တွင် အနက်ရောင် နက်ဘုရင်ရာမက လေထဲသို့ ခုန်တက်လာပြီး ကြီးမားသော တင်းပုတ်ကြီးကို ခရမ်းရောင်မီးတောက်များနှင့် တောက်လောင်စေလျှက် ကိုင်ဆွဲမြှောက်လိုက်ကာ ပဲ့ဟယ်မော့၏ခေါင်းကို ရိုက်ချသည်။ တချိန်ထဲလိုလို မဟာလက်နက်ကြီးကတည်း ချန်းပင်းနှင့် ရွှီခဲ့ယွီတို့၏ ထိန်းချုပ်မှုအောက်တွင် စတင်ကာ ပစ်ခတ်ပြီဖြစ်ပြီး ကြီးမားသော လက်နက်ကြီးနှစ်စင်းလုံးက ဝက်ဝံနက်၏ ခေါင်းအတွင်းသို့ ဝင်ရောက်လာသည်။

ဝူး...

ဝက်ဝံနက် ပဲ့ဟယ်မော့က စူးရှသော အော်သံကိုပြုသည်။ ဒီတစ်ကြိမ်တွင် ကြမ်းတမ်းမာကြောသော သူ၏ အမွှေးအမျှင်များနှင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မာကြောမှုများက အကန့်အသတ် မရှိတော့ချေ။ ရှည်လျားသော ထိုလက်နက်ကြီးက အရေပြားတည့်တည့်ကို ထိုးခွဲသွားပြီး ဦးခေါင်းခွံအတွင်းသို့ စိုက်ဝင်သွားကာ ခေါင်း၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ဝင်ရောက်သွားသည်။

ဖျက်ဆီးသူက နောက်ဆုံးတွင် မယုံနိုင်စရာကောင်းလောက်အောင် ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ရပြီး အထိနာသွားပြီဖြစ်သည်။

ဘန်း ဘန်း ဘန်း

ဖျက်ဆီးသူက အော်ဟစ်လိုက်သည်နှင့်အမျှ နောက်ထပ် လက်နက်ကြီး နှစ်လက်ကျော်ခန့်က သူ၏ ဦးခေါင်းခွံအတွင်း မိုးကြိုးပစ်သလို ဝင်ရောက်သွားသေးသည်။ သူ၏အတက်မီးတောက်ကလည်း နှင်းမုန်တိုင်းထန်နေသလိုမျိုး စတင်ကာ အရည်ပျော်ကျလာသည်။ တဖြည်းဖြည်း မှေးမှိန်လာ၏။

“အံ့ဩစရာပဲ”

ကောင်းရှန်းကျစ် ချန်းချန့်လီနှင့် ဝမ်ရန်တို့အားလုံးက ထိုမြင်ကွင်းကြောင့် ပျော်သွားကြပြီး ဝမ်ချောင်နှင့် မဟာလက်နက်ကြီးနှစ်လက်နှင့် ပူးပေါင်းကာ စတင်ကာ တိုက်ခိုက်ကြသည်။ တစ်စက္ကန့်၊ နှစ်စက္ကန့်... ဝက်ဝံနက် ပဲ့ဟယ်မော့၏ အတက်စွမ်းအင်ကလည်း မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် စတင်ကာ ထိုးကျလာသည်။

ဝေါင်း

ပဲ့ဟယ်မော့၏ သွေးနီရောင်မျက်ဝန်းက အဝေးရှိ မဟာလက်နက်ကြီး ရှိရာသို့ကြည့်ပြီး စတင်ကာ ခုန်ထွက်သည်။ ထိုပဲ့ဟယ်မော့က မူလကမူ မြို့ကိုတိုက်ခိုက်ရန်သာ အာရုံစိုက်ထားခြင်းဖြစ်သည်။ သို့သော် မဟာလက်နက်ကြီးနှစ်ခု၏ ဖျက်ဆီးမှုက အထိနာစေလွန်းသဖြင့် သူဟာ ရန်ငြိုးကြီးသွားသည်။ တစ်ချက်ချင်းစီတိုင်းက သူ၏ရိုးတွင်းချင်စီအထိ ပျံ့နှံ့စေနိုင်မှုကို ပေးစွမ်းနိုင်လေရာ ပဲ့ဟယ်မော့ကလည်း မဟာလက်နက်ကြးများကို မလွှတ်ပေးထားနိုင်တော့ချေ။

“တားစမ်း”

ကောင်းရှန်းကျစ်နှင့် အခြားသောလူများ အားလုံးကလည်း ပဲ့ဟယ်မော့ကို အမြဲတစေ အာရုံစိုက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် သူက လှုပ်ရှားသည်နှင့်အမျှ ကြယ်တာရာစွမ်းအင်ဖြင့် လုပ်ထားသော ကြီးမားသော သံဆူးကြိုးကြီးက ထွက်လာပြီး သူ့ကို နောက်ပြန်ဆွဲသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် အဆင့်လွန်ခွဲခြမ်းခြင်းနတ်ဘုရား၊ အရှိန်အဟုန်မြှင့် မှင်သက်ဖွယ် နတ်ဘုရား၊ ကောင်းရှန်းကျစ်နှင့် ဝမ်ချောင်တို့၏ နတ်ဘုရင်ရာမတို့က ပူးပေါင်းပြီး ပဲ့ဟယ်မော့၏ နံရိုးများကို တိုက်ခိုက်ကြသည်။

ပဲ့ဟယ်မော့က ဘယ်ဘက်ညာဘက်သို့ ကွေ့ပတ်ကာ ထွက်ပြေးရန်ကြိုးစားသည်။ သို့သော် သူက လှည့်လိုက်သည့် အချိန်တိုင်းလိုလို အတားခံနေရသည့် ဖြစ်စဉ်တောက်လျှောက် ပဲ့ဟယ်မော့၏ ခေါင်းက လက်နက်ကြီးရှစ်လက်၏ ထိုးစိုက်ခံထားရသည်။

“ပစ်”

“ပစ်”

မဟာလက်နက်ကြီးက အတန်းလိုက် ဆက်ပစ်လာသည်။ ချန်းပင်းနှင့် ရွှီခဲ့ယွီတို့က သူတို့၏ဓားကို ထပ်ခါတလဲလဲ အောက်သို့ယမ်းချနေပြီး သူတို့လူများကို ပစ်ခိုင်းသည်။ နှစ်ယောက်လုံးကလည်း မဟာထန် တပ်ကူစစ်တပ်ထဲတွင် အတော်ဆုံးသော လက်နက်ကြီးစစ်တပ်မှ အရာရှိများဖြစ်နေသည်။ ထို့ကြောင့် အချိန်တိုအတွင်း ထိုမဟာလက်နက်ကြီး၏ အသုံးပြုပုံကို နားလည်သွားကြသည်။

ထိုအချက်ဖြင့် သူတို့နှစ်ယောက်ကလည်း မြန်ဆန်သည့် အတင်အချ လုပ်ငန်းကို ကိုင်တွယ်ခိုင်းထားပြီးသားဖြစ်သည်။ ထို့ကြောင့် ပုံမှန်ထက်ပင် အရှိန်နှုန်း မြန်ဆန်သွားလေပြီး မဟာလက်နက်ကြီး၏ ပစ်ခတ်သည့်ဖြစ်စဉ်မှ အရေးကြီးသော အပိုင်းကို အရှိန်မြှင့်တင်လိုက်နိုင်သည်။

“ပစ်”

“ပစ်”

ပစ်ခတ်က တစ်ကြိမ်ပြီးတစ်ကြိမ် မြန်ဆန်လာသည်။ မဟာလက်နက်ကြီးနှစ်လက်လုံးက ပဲ့ဟယ်မော့ကို ရင်ဆိုင်ချိန်ကထက် ပို၍မြန်ဆန်သော အရှိန်နှုန်းကို ထုတ်ပြလာနိုင်သည်။ မဟာလက်နက်ကြီး၏ ထပ်ခါတလဲလဲ ပစ်ခတ်မှုအောက်တွင် ဝက်ဝံနက် ပဲ့ဟယ်မော့၏ အတက်စွမ်းအင်က မယုံနိုင်စရာကောင်းလောက်အောင် အားနည်းလာသည်။

“သောက်ကျိုးနည်း မျိုးမစစ်ကောင်တွေ ငါမင်းတို့ရဲ့ အလောင်းတွေကို ဆုတ်ဖြဲပစ်မှာ”

ဖျက်ဆီးသူက မဟာထန်မှ ကျွမ်းကျင်ပညာရှင် လေးယောက်၏ အဝိုင်းခံထားရသည့်အပြင် မဟာလက်နက်ကြီး နှစ်လက်ကြောင့် အထိနာနေသော မြင်ကွင်းကို မြင်သောအခါ မာစီ၏ကိုယ်က တုန်ယင်လာသည်။ သူ၏ဒေါသများက မျက်နှာကိုပင် တွန့်လိမ်ရှုံ့တွလာစေပြီး ကြမ်းတမ်း မာကြောလာစေသည်။

မာစီက နောက်သို့လှည့်ပြီး ကြောက်လန့်နေသော အစေခံများထဲမှ တစ်ယောက်ကို လှမ်းအော်သည်။

“မြန်မြန်သွား ဖျက်ဆီးသူကိုပြန်ခေါ်”

သူဟာ အလွန်အမင်း လက်သင့်မခံလိုသည့်တိုင်အောင် သူ၏ ပဲ့ဟယ်မော့များကို အလွန်အမင်း တန်ဖိုးထားလေသည်။ ကြမ်းတမ်းသူက သေသွားပြီးလေပြီ။ ထို့ကြောင့် မာစီအနေဖြင့် ငြိမ်ငြိမ်ထိုင်ပြီး နောက်တစ်ကောင် ထပ်သေမည့် အနေအထားကို ကြည့်နေ၍မရချေ။

တခဏခန့်ကြာပြီးနောက် စူးရှသော လေချွန်သံက အာရပ်စခန်း အနောက်ဘက်မှ ထွက်လာသည်။ ထိုလေချွန်သံက ဝက်ဝံနက် ပဲ့ဟယ်မော့ကို ရပ်တန့်သွားစေပြီး ခေါင်းပြန်လှည့်ကာ အာရပ်စခန်းသို့ ကြည့်စေသည်။

ဘုန်း

သူက တုန့်ဆိုင်းခြင်းမရှိဘဲ နာမည်ကျော်ကြားသော ဖျက်ဆီးသူဆိုသော ဂုဏ်ပုဒ်ကို ဘေးဖယ်ထားပြီး တိုက်ခိုက်သူများကိုသာ ချန်ရစ်ထားခဲ့ပြီး အဝိုင်းခံနေရသော အနေအထားမျိုးမှ ရူးသွပ်စွာ ဖောက်ထွက်သည်။

“သားရဲကောင် မင်းက ထွက်ပြေးဖို့တွေးတာ နောက်ကျသွားပြီလို့ မထင်ဘူးလား”

ချန်းပင်းနှင့် ရွှီခဲ့ယွီတို့က ထိုမြင်ကွင်းကြောင့် လှောင်လိုက်သည်။ အာရပ်များက သူတို့၏ ဝက်ဝံနက် ပဲ့ဟယ်မော့ကို အစောပိုင်းကတည်းက ပြန်ခေါ်ခဲ့လျှင်မူ အခွင့်အရေး ရှိနိုင်လောက်သည်။ သို့သော် ယခုမူ ပဲ့ဟယ်မော့ကို လက်နက် အလက်နှစ်ဆယ်ခန့်က ခေါင်းအတွင်း စိုက်ဝင်ထားပြီးသားဖြစ်ပြီး တစ်လက်ချင်းစီတိုင်းကလည်း ဝမ်ချောင်၏ တင်းပုတ်များကြောင့် အတွင်းပိုင်းထိ စိုက်ဝင်နေပြီးသားဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ကြောက်မက်ဖွယ်ကောင်းသော ထိုပဲ့ဟယ်မော့ကပင် သေခြင်းတရားကို လှမ်းမြင်နေနိုင်ပြီဖြစ်သည်။

ဘုန်း ဘုန်း

နောက်ထပ် ချန်းပင်းနှင့် ရွှီခဲ့ယွီတို့၏ ဓားလှုပ်ရှားမှုနှင့်အတူ မဟာလက်နက်ကြီး နှစ်စင်းကလည်း ပဲ့ဟယ်မော့၏ ခေါင်းအတွင်းသို့ ဝင်ရောက်သွားသည်။

ပဲ့ဟယ်မော့က အလွန်မြန်သည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း သူဟာ ကျန်းငါးဆယ်အကွာသို့ ရောက်သွားသည်။

ဘုန်း ဘုန်း

ထိုလက်နက်ကြီးများက သူ၏ခေါင်းအနောက်ဘက်တည့်တည့် ထိုးစိုက်သွားသည်။

ကျန်းခုနှစ်ဆယ်

ဘုန်း ဘုန်း

နောက်ထပ် တစ်စုံက ထပ်ရောက်လာပြန်သည်။

ခြိမ်း

ကျန်းတစ်ရာ့ငါးဆယ်

လက်နက်ကြီးနှစ်လက်က ပစ်ခတ်လိုက်သည်။ တစ်ဖက်က နောက်ဆုံး အော်ဟစ်သံနှင့်အတူ ဝက်ဝံနက် ပဲ့ဟယ်မော့က မြေပြင်သို့ လဲပြိုကျသွားပြီး ဖုန်တိမ်စိုင်များကို မြောက်တက်လာစေသည်။

နောက်ဆုံးသောတိုက်ပွဲက အဆုံးသတ်သွားပြီးသည်နှင့် အားလုံးက တိတ်ဆိတ်သွားသည်။ ထန်စစ်သည်တော်များဘက်မှ အော်ဟစ်သံက ထွက်ပေါ်လာပြီး ထိုအသံကလည်း တာလာ့မြို့ရိုး တောက်လျှောက် ပဲ့တင်ထပ်သွားသည်။ ကြီးမားသောဖိအားက နောက်ဆုံးတွင် ပျက်ပျယ်သွားပြီဖြစ်သည်။

“နိုင်ပြီ ငါတို့နိုင်ပြီ”

ထန်စစ်သည်တော်များနှင့် ကြေးစားစစ်သားများ အားလုံးက လေထဲသို့ လက်မြှောက်လိုက်ကြသည်။ သူတို့၏မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည်။ ပဲ့ဟယ်မော့၏ အလောင်းသုံးလောင်းမှတဆင့် မဟာထန်က သူတို့၏အင်အားကို ရန်သူများထံ ဖော်ထုတ်ပြသလိုက်နိုင်သည်။

ပို၍အရေးကြီးသည်မှာ ထိုစစ်တပ်က ထိုမကောင်းဆိုးဝါးကြီးများကို ကိုင်တွယ်နိုင်သည့် လက်နက်ကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။ စစ်သည်အယောက်တစ်သိန်းပါသော အင်အားစုကြီးအတွက် ဒီတိုက်ပွဲတွင် ရှင်သန်ရန် အကူအညီရသွားပြီဟု ဆို၍ရသည်။

“အဆုံးသတ်သွားပြီ။ အာရေးဗီးယား ပဲ့ဟယ်မော့တွေက မခြိမ်းခြောက်နိုင်တော့ဘူး။ အဆုံးမှာတော့ ငါတို့ပဲကျန်တော့တယ်”

ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ် တုဝူစစ်လီက တောင်ကုန်းပေါ်တွင်ရပ်လျှက် စိတ်ပျက်လက်ပျက်ဖြစ်မှုကို ဖုံးကွယ်ရန် ကြိုးစားသည်။ သူဟာ ထိုအကောင်ကြီးများကို အများစု မျှော်လင့်မိခဲ့သည်။ သို့သော် မဟာလက်နက်ကြီး ပေါ်ထွက်လာမှုကတင် သံသယဝင်စရာ မကောင်းလောက်အောင် မျှော်လင့်ချက်များကို ရိုက်ချိုးလိုက်သည်။

ယခုအခါ မဟာထန်တွင် ထိုကဲ့သို့သော လက်နက်များကို ပိုင်ဆိုင်သွားပြီဖြစ်သည်။ ပဲ့ဟယ်မော့နှင့်လည်း မခြိမ်းခြောက်နိုင်တော့ချေ။

“ဆုံးဖြတ်ချက်ချဖို့ စောပါသေးတယ်”

ဘေးဘက်မှ အသံက ထွက်လာသည်။ တုဝူစစ်လီက ခေါင်းလှည့်ပြီး သူ၏စစ်တပ်ထံသု့ိ ပြန်တော့မည့်အချိန်တွင် ရုတ်တရက် ထိုအသံက သူ့ကို ရပ်တန့်သွားစေပြီး သာ့လွန်ရော့ကျန်းအား တအံ့တဩ လှည့်ကြည့်လိုက်မိစေသည်။

“ဟား ဟား ဗိုလ်ချုပ် သတိမထားမိဘူးလား။ ထန်ခုခံရေးအားလှိုင်းက ပွင့်သွားပြီ”

သာ့လွန်ရော့ကျန်းက ခပ်အေးအေး လေသံမျိုးနှင့်ပြောသည်။ သို့သော် တုဝူစစ်လီက ထိုစကားများကြောင့် တုန်ယင်သွားသည်။ သူက ခေါင်းပြန်လှည့်လိုက်ပြီး ပထမခုခံရေးအားလှိုင်းကို ကြည့်လိုက်သည်။ ထိုအခိုက် ဒီတိုက်ပွဲတွင် လူတိုင်း၏အာရုံက ကြီးမားသော အကောင်ကြီးများထံသို့ ရောက်ရှိနေချိန်တွင် တုဝူစစ်လီကလည်း အလားတူသာလျှင် ဖြစ်ခဲ့သည်။ ထို့ကြောင့် ခုခံရေးအားလှိုင်းနှစ်ခုကို အာရုံမစိုက်မိပါချေ။

ဝုန်း

ပထမထန်ခုခံရေးအားလှိုင်းကို စောင့်ကြည့်နေသည့် အချိန်တွင် တုဝူစစ်လီ၏ မျက်လုံးက မှေးကျဉ်းသွားသည်။ သူက ရုတ်တရက် ခလုတ်တစ်ခု အဖွင့်ခံလိုက်ရသလို ခံစားလိုက်ရသည်။

“ဒါက”

အစပိုင်းတွင် တာလာ့၏အရှေ့မှ ပထမခုခံရေးအားလှိုင်းက ဖြောင့်မတ်ခိုင်မာပြီး ဖြတ်လတ် တက်ကြွနေခဲ့ကာ ထန်များအား အင်အားကြီးသည့် ခံတပ်တစ်ခုဖြစ်စေသည်။ သို့သော် ယခုမူ တုဝူစစ်လီက ကြည့်လိုက်သောအခါ လိမ်တွန့်ကာ ကောက်ကွေးနေသော လိုင်းများကိုသာ မြင်ရ၏။ ထို့ပြင် ကြီးမား ခမ်းနားခဲ့သော မြို့ရိုးတွင်လည်း လက်သီးထိုးရာများကို မြင်နိုင်သေးသည်။

သူမြင်နိုင်သမျှအတိုင်းဆိုလျှင် ထိုခုခံရေးအားလှိုင်းက လိမ်တွန့်နေပြီး ကျန်းတစ်ထောင်ခန့်သာ ကျန်ရစ်တော့သည်။ ကျယ်လောင်လွန်းသော အဟကြားနေရာက အလွန်အမင်း ခြိမ်းခြောက်လွန်းသော အနေအထားမျိုးဖြစ်သည်။ အထူးသဖြင့် ဆိုရသော် အာရပ်များကသာ ခုခံရေးအားလှိုင်း တစ်ခုလုံးကို ဆက်လက်ပြီးတိုက်ခိုက်ရန် ကြိုးစားလိုက်မည်ဆိုလျှင် အရာအားလုံးကို တစ်သုတ်တည်းနှင့် ဖြိုချနိုင်လောက်သည်။

ရှု့ထောင့်တစ်ခုမှ ကြည့်သော် ပထမခုခံရေးအားလှိုင်းက နာမည်နှင့်သာ ကျန်ရစ်တော့သည်။ မဟာထန်က သူတို့၏ အင်အားကြီးသော ခုခံရေးအားလှိုင်းကို ဆုံးရှုံးသွားလေပြီ။ မဟာထန်က ယုခုအခါ ကပ်ဘေးစိုက်တော့မည်ဖြစ်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

တုဝူစစ်လီက အသက်ပြင်းပြင်းရှုသည်။ သူကပင် သူ့မျက်လုံးသူ မယုံကြည်ရဲချေ။ ပထမ ပဲ့ဟယ်မော့ကပင် ထိုမျှအထိ ထိခိုက်ပျက်စီးအောင် မလုပ်နိုင်ခဲ့ချေ။ မဟာထန်က လူတစ်သောင်းကျော်သာ ဆုံးရှုံးသွားခဲ့သည့်တိုင်အောင် ပဲ့ဟယ်မော့ကို သတ်နိုင်ခဲ့သေး၏။ ထို့ကြောင့် သူတို့က အများကြီး ထိခိုက်သွားသည်ဟု ဆို၍မရချေ။ ဒုတိယမြောက် ပဲ့ဟယ်မော့အတွက်ကမူ ပို၍ပင် ပြင်းထန် အင်အားကြီးမားသေးသည်။ အချိန်တိုအတွင်း ထိခိုက်ပျက်စီးအောင် လုပ်နိုင်လောက်၏။ သို့သော် သူ၏ ဖျက်ဆီးခြင်းစွမ်းအား အပြည့်အဝ မထုတ်နိုင်သေးခင် ထန်ကောင်လေး၏ နတ်ဘုရားပုံသဏ္ဍန် ပြောင်းလဲမှုနှင့် မဟာလက်နက်ကြီးက ပေါ်ထွက်လာခဲ့သည်။ ဝက်ဝံနက် ပဲ့ဟယ်မော့ကလည်း လုပ်ကြံသတ်ဖြတ်မှုတွင် ကြမ်းတမ်းစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ သို့သော် သူက မြို့ရိုးကို ကွဲအက်ရာသာထွက်အောင် လုပ်နိုင်ခဲ့သည်။ အဆုံးသတ်တွင်မူ တာလာ့မြို့ရိုးက အခိုင်အမာ ရှိနေခဲ့သေးသည်။

ထိုနယ်ပယ်ဘက်တွင် အာရပ်၏ လုပ်ဆောင်မှုများက ရှုံးနိမ့်ခဲ့သည်ဟု ဆို၍ရသည်။ သို့သော် တုဝူစစ်လီကမူ ထိုသို့ကြီးမားသည့် ဆုံးရှုံးမှုကြီး ဖြစ်သွားလိမ့်မည်ဟု မထင်ထားမိပါချေ။

“ဘာဖြစ်သွားတာလဲ”

တုဝူစစ်လီက မနေနိုင်ဘဲ ပြောလိုက်သည်။

“ဟား ဟား အမှန်တိုင်းပြောရရင် အစပိုင်းကတည်းကပေါ့။ မင်းက ဒီဝမ်ချောင်နဲ့ ပဲ့ဟယ်မော့ရဲ့ တိုက်ပွဲကိုပါ အာရုံစိုက်ထားခဲ့ပြီး ဘယ်သူကမှ အခြားအခြေအနေကို စိုက်မကြည့်ကြဘူးလေ။ ပဲ့ဟယ်မော့က သံမဏိခုခံရေးအားလှိုင်းကို တိုက်ခိုက်ခဲ့တာက မျှော်လင့်ထားတာထက် ပြင်းထန်တယ်။ ဘယ်သူကမှ အဲ့ဒီထဲက အစစ်အမှန် ခွန်အားကို မြင်နိုင်ကြမှာမဟုတ်ဘူး။ နောက်ပြီး သူ့ရဲ့ ထူထည်းတုတ်ခိုင်တဲ့ ခြေလေးဘက်ကလည်း အရမ်းအင်အားကြီးတယ်”

သာ့လွန်ရော့ကျန်းက ဖျော့တော့စွာပြုံးသည်။ ပြိုင်ဘက်က ဗျူဟာပညာရှင်ဖြစ်ပြီး အလွန်အမင်း သာလွန်သည့် ရှု့ထောင့်ဘက်မှ မြင်နိုင်သူဖြစ်သည့်အလျောက် သေးငယ်သော အသေးစိတ် အချက်အလက်ကို ထင်ရှားစွာ မြင်နိုင်ပြီးသားဖြစ်သည်။ ထိုအတွက်ကြောင့် သာမာန်လူများ လွဲချော်ပြီး လျစ်လျူရှု့နိုင်သည့် အခြေအနေကို သူက အမိအရမြင်နိုင်သည်။

“အဲ့ဒီပဲ့ဟယ်မော့က ချီတက်တဲ့အချိန်တိုင်း အားလှိုင်းတစ်လှိုင်းပြီးတစ်လှိုင်း လှုပ်ခါသထက် လှုပ်ခါအောင် လုပ်နိုင်ခဲ့တယ်။ သူ့ရဲ့ အစစ်အမှန် ခွန်အားကို ထုတ်သုံးလိုက်တဲ့အချိန်မှာ ဒီသံမဏိမြို့ရိုးကလည်း စတင်ပြီး ပြိုကျလာတာပေါ့။ မင်းတို့အားလုံးတော့ သတိမထားမိလောက်ဘူး။ ဒါပေမဲ့ ဝမ်ချောင်က သတိထားမိတယ်။ ဒီအတွက်ကြောင့် သူစိုးရိမ်စိတ်များနေတာ”

အပိုင်း (၉၆၀)

!!!

တာ့လျင်ယော့ကျန်း ၏ စကားလုံးများက ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့ တို့ကိုပင် မှင်သက်စေလျက် တုဝူစစ်လီဆိုလျှင် ပို၍ဆိုးသည်။ မေးခွန်းထုတ်ရန် မလိုလောက်အောင် တုဝူစစ်လီနှင့်အတူ အားလုံးကလည်း ထိုတိုက်ပွဲ၏ အခြေအနေများကို သတိမထားမိခဲ့ကြပါလေ။

တာ့လျင်ယော့ကျန်းက အားလုံး၏ တုံ့ပြန်မှုကို အပြုံးနှင့်သာ တုံ့ပြန်သည်။ ယခုလို စစ်ပွဲမျိုးတွင် သူက တုဝူစစ်လီနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကဲ့သို့ လူများထက် ပို၍ပင် သတိထားမိသေးသည်။

“ဖေးဟန်မော့က သေသွားပြီ။ မဟာထန်က သူတို့ကို ကိုင်တွယ်နိုင်တဲ့ လက်နက်ကြီးကြီးကို ပိုင်ဆိုင်ထားတယ် ဆိုပေမယ့်လည်း ဒီတိုက်ပွဲက ပြီးဖို့ ဝေးကွာသေးတယ်။ အားပုမူဆလင်က ရည်မှန်းချက် ကြီးပြီး အင်အားအကြီးဆုံး အရှေ့ပိုင်းရဲ့ အစိုးရလို့ လူသိများ ထင်ရှားကျော်ကြားတယ်။ သူက တိုင်းပြည်အများကြီးကို သိမ်းပိုက်နိုင်ခဲ့တဲ့ သူ။ သူ့မှာ အကြံအစည်မရှိပဲ တိုက်ပွဲကို ဒီလိုမျိုး အဆုံးသတ်ခွင့် ပြုမှာမဟုတ်ဘူး”

တာ့လျင်‌ယော့ကျန်း၏ မျက်ဝန်းက ထိုးဖောက်မတတ် ပြင်းထန်သည့် အလင်းများဖြင့် လက်လာသည်။ သူက အရာအားလုံးကို တွက်ချက်ထားနိုင်ပုံ ပေါ်သည်။ သူကသာ ဒီနယ်မြေတစ်ခုလုံး၏ ဗျူဟာပညာရှင်ကဲ့သို့ ထင်ရ၏။ ထွက်ခွာရန် ကြံစည်နေသည့် တုဝူစိလိကလည်း မနေနိုင်ပဲ နောက်ပြန်လှည့်လိုက်ပြီး တောင်ကုန်းဘက်သို့ ပြန်လျှောက်လာရသည်။

တစ်ရက်ကျော်ကြာသော အချိန်ကာလအတွင်း တုဝူစိလိအနေဖြင့် အခြားတိုင်းပြည်မှ မဟာအမတ်မင်းက မည်မျှ ဉာဏ်ကောင်းကြောင်း သိလိုက်ရပြီးသား ဖြစ်သည်။

“ထန်တွေရဲ့ မဟာလက်နက်ကြီးက တော်တော်လေးကို လေးစားဖို့ ကောင်းပါတယ်။ ဒါပေမယ့် သူတို့က ပေ့ထင်မော့လိုပဲ အင်အားကြီး သတ္တဝါကြီးကိုပဲ ကိုင်တွယ်ဖို့ အသုံးဝင်မှာ။ သာမာန်စစ်သားတွေအတွက်ကတော့ သူတို့က ဒီအတိုင်း လောက်လေးဂွကြီးတွေ လိုပါပဲ။ တိုက်နိုင်တဲ့ အတိုင်းအတာက အကန့်အသတ် ရှိတယ်လေ။ ပေ့ထင်မော့က သေသွားပြီ ဆိုရင်တောင်မှ အမှာ ထုတ်သုံးနိုင်တဲ့ လက်နက်တွေ ရှိဦးမယ်လို့ ငါ ယုံတယ်။ ထန်ခုခံရေး အားလိုင်းကို ဖွင့်ဖို့က လွယ်မှာပဲ”

တာ့လျန်ယော့ကျန်းက ထိုသို့ ချောမွေ့စွာ ပြောသည်။ သူ၏လေသံက ခပ်အေးအေး ဖြစ်နေသည်။

“ပိုဆိုးတာက ငါ ခန့်မှန်းတာ မှန်မယ်ဆိုရင် ထန်တွေက ဒီလိုလက်နက်ကြီး နှစ်လက်ပဲ ရှိလောက်မှာ။ အများဆုံးမှ နှစ်လက်ပဲ။ နောက်ပြီး သူတို့က နေရာမှာတင် တပ်ဆင်ထားခဲ့တာ။ အဲ့ဒီလိုမှ မဟုတ်ရင် ပထမ ပေ့ဟန်ဝေါ်ကတည်းက ထုတ်သုံးခဲ့မှာပဲ။ ဒါကြောင့် ထန်တွေက ကပ်ဘေးအလယ်မှာပဲ ရှိနေသေးတယ်လို့ ပြောလို့ရတယ်”

အားလုံးက တိတ်ဆိတ်သွားသည်။ တုဝူစိလိ၊ ဟော်ရှု့ဟွေးခမ်းနှင့် တုစုန့်မာန်ဖော်ကျဲတို့ အားလုံးက ဖိအားများသွားကြ၏။ တာ့လျန်ယော့ကျန်း ပြောသည့်အတိုင်းသာ ဖြစ်နေခဲ့လျှင် ထိုထန်များက မဟာလက်နက်ကြီး နှစ်လက်၊ သုံးလက်ခန့်ကိုသာ တည်ဆောက်နိုင်ခဲ့လျှင် သူတို့၏ အခြေအနေက ထင်သလောက် မကောင်းပါချေ။

“ဒီအခြေအနေတိုင်းသာဆိုရင် ငါတို့က မဟာလက်နက်ကြီးကို ဖြေရှင်းလိုက်နိုင်တာနဲ့ အဆုံးမသတ်သွားဘူးလား”

တုစုမာန်ဖော်ကျဲ့က နောက်ဆုံးတွင် မေးသည်။

“ဟမ့် အဲ့ဒီလို မဟုတ်ဘူးလို့ ဘယ်သူက ပြောလဲ”

တာ့လျန်ယော့ကျန်းက ရယ်သည်။ သူ၏ နှုတ်ခမ်းတွင် အတွေးနက်သည့် အပြုံးတစ်မျိုးက ပေါ်လာသည်။

တောင်ပိုင်း၏ ပထမ ကဏ္ဍက အဆုံးသတ်သွားသည်။ သို့သော် ရှိနေသင့်သည့် အရှိန်အတိုင်း ဆက်လက်ပြီး ကခုန်ရဦးမည် ဖြစ်သည်။ တာ့လျန်ယော့ကျန်းကလည်း တိုက်ပွဲ၏ နောက်တစ်ပိုင်းက ထင်ထားသည်ထပ် ပို၍ ပြင်းထန်လာနိုင်ကြောင်း ခံစားမိနေသည် …..

အဝေးရှိ အာရပ်စခန်းတွင် လေထုက အလွန်လေးလံပြီး ရုတ်ရင်းကြမ်းတမ်းလွန်းနေသည်။ ပေ့ယန်မော့ စတင်ထွက်ခွာလာခဲ့ချိန်က အောင်ပွဲခံခဲ့သမျှ အားလုံးက ပျောက်ကွယ်သွားသည်မှာ ကြာလှချေပြီ။ ဝက်ဝံနက် ပေ့ယန်မော့ ဖျက်စီးသူက မြေပြင်ပေါ်သို့ လဲကျသွားပြီးသည့် တစ်ခဏတွင် အာရပ်စစ်သည် နှစ်သိန်းကျော်က ခြောက်ခြားဖွယ်ကောင်းအောင် တိတ်ဆိတ်သွားသည်။ မည်သူကမှ မည်သည့်အသံ မထုတ်ကြချေ။ နောက်တန်းတွင် ရှိသော လေထုက အလွန်အမင်း တင်းကြပ်နေသည်။

အာရပ်ဗိုလ်ချုပ်တိုင်းကလည်း ခါးကုန်းကုန်းနှင့် ပုံရိပ်ကိုသာ ကြည့်နေကြသည်။

မာစီက ကာလစ်၏ အယုံကြည်ရဆုံး လက်အောက်ငယ်သား ဖြစ်ပြီး ပေ့ဟယ်မော့ စစ်တပ်မှ ဗိုလ်ချုပ် ဖြစ်သည့်တိုင်အောင် သူကပင် လက်ခံရရှိသည့် ဖိအားတိုင်းကြောင့် အရှက်တရားနှင့် မျက်နှာက နီရဲပြီး တင်းမာလာသည်။ သူက ယခုလေးတင် တိုက်ပွဲသို့ ရောက်ခါစ ဖြစ်သည်။ သူက ယခုလေးတင် တိုက်ပွဲသို့ ရောက်လာခဲ့သည့် အချိန်က မာနနှင့် ယုံကြည်မှု အပြည့်ရှိပြီး သူ၏ ပေဟယ်မော့ စစ်တပ်တစ်ခုတည်းကတင် သာလှကို သိမ်းယူမည်ဟု ကြုံးဝါးချင်ခဲ့သည်။

သို့သော် အဆုံးသတ်တွင်မူ သူ၏ အရှိန်အဝါ ကြီးမားသည့် ပေဟယ်မော့စစ်တပ်က တိုက်ပွဲတွင် သေသွားခဲ့ရသည်။ လူတိုင်းကလည်း စောင့်ကြည့်နေ၏။ မာစီကမူ သူ၏ သိက္ခာအားလုံး ကျကုန်ပြီဟု ထင်သည်။

ပို၍အရေးကြီးသည်မှာ မာစီနှင့် ပေ့ဟယ်မော့စစ်တပ်က ကာလစ်၏ အင်အားအကြီးအဆုံး အင်အားစု နှစ်ခုထဲမှ တစ်စုကို ကိုယ်စားပြုနေသည်။ ထိုကဲ့သို့သော ရလဒ်မျိုးက cliphateနှင့် ကာလစ်ကို အရှက်ခွဲနေခြင်း ဖြစ်သည်။

“ဒါက မတော်တဆပဲ။ နောက်ပြီး သူတို့မှာ ဒီလိုပစ္စည်းမျိုး ရှိနေမယ်လို့ မထင်ထားဘူး။ မင်းတို့ ငါ့ကို ပေးတဲ့ သတင်းပို့ အချက်အလက်ထဲမှာ ဒီလိုမဟာလက်နက်ကြီးမှ မပါတာ။ ဒီတော့ ဒါက မဖြစ်ပျက်ခဲ့ဖူးတဲ့ ကိစ္စပဲ”

မာစီကလည်း သူ့ကိုယ်သူ ခုခံရန် ကြိုးစားသည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းက တိတ်ဆိတ်နေကြသည်။ သူတို့၏ မျက်ဝန်းတွင် သံသယဝင်မှုကို ရှင်းလင်းစွာ ဖော်ပြနေကြသည်။

အာရေးဘီးယားဟာ စစ်တိုင်းပြည်ကြီး ဖြစ်သည်။ အုပ်စိုးမှု၏ တိုင်း‌ပြည်ကြီး ဖြစ်၏။ အင်အားအကြီးဆုံးလူကိုသာ ကိုးကွယ်သည်။ အင်အားမရှိပဲ သူတို့လေးစားလောက်မည့် ခွန်အားမျိုးကို ပိုင်ဆိုင်မနေပဲ ကာလစ်၏ အယုံကြည်ဆုံး လက်အောက်ငယ်သားကပင် အသုံးမဝင်ချေ။ မာစီကသာ သူတို့၏ ရန်သူများကို အောင်မြင်စွာ သိမ်းပိုက်ပြီး သူတို့၏ ခံတပ်များကို ဖျက်စီးနိုင်ခဲ့လျှင် သူတို့ဟာ သူ့ကို အလွန်အမင်း ရိုသေလေးစားပြမည် ဖြစ်သည်။ သူဟာ ခါးကုန်းနေလျှင်ပင် သူတို့က သူ့ကို ကူညီပြီး ဖြောင့်မတ်ပေးနိုင်လောက်၏။ သို့သော် သံသယဝင်ရန် မလိုလောက်အောင် သူဟာ ရှုံးနိမ်သွားသည်။

“တော်လောက်ပြီ”

အားပုမူဆလင် က နောက်ဆုံးတွင် ပြောလိုက်သည်။ စစ်တပ် တစ်ခုလုံးတွင် သူနှင့် ကျစ်ယကသာ မာစီကို အကဲမဖြတ်သောသူ ဖြစ်သည်။ သူတို့၏အကြည့်က စစ်တပ်ကို ကျော်ပြီး အခြားတစ်ဖက်ခြမ်းသို့ ရောက်နေသည်။

“ဒီစစ်ပွဲမှာ မာစီရဲ့ အမှား မပါဘူး။ ပေ့ဟယ်၊ မော့ရယ်သေသွားတာက မာစီနဲ့လည်း မသက်ဆိုင်ဘူး။ သူက ငါတို့ကို ငါတို့ရဲ့ပန်းတိုင်ကို ဖြစ်မြောက်အောင် ကူညီခဲ့ပြီးပြီ။ ထန်ရဲ့ ခုခံရေ အားလိုင်းကို ဖွင့်ပေးပြီးပြီ။ အခုငါတို့က တိုက်ခိုက်ရမယ့် အလှည့်ပဲ”

ထိုစကားလုံးများနှင့်အတူ အားပုမူဆလင်၏ မျက်လုံးများအတွင်း ကြောက်မက်ဖွယ်ကောင်းသော အလင်းက ဖြတ်ပြေးသွားသည်။ သူဟာ ကျန်းတစ်ထောင်ခန့် ကျော်သည့် အဟန့်အတားနေရာကို ကြည့်လိုက်သည်။

“စစ်တပ်ကို အဆင်သင့် ပြင်ခိုင်းထားလိုက်။ နောက်ပြီး နောက်ဆုံးစစ်တပ်ကိုလည်း တိုက်ခိုက်ဖို့ ပြင်ဆင်ထားခိုင်းလိုက်ပါ”

ဘုန်း

ခရာမှုတ်သံများ ကျယ်လောင်စွာ ပေါ်ထွက်လာပြီး အာရပ်စစ်တပ် အနောက်ဘက်မှ တစ်ဆင့် အနောက်ဘက် တိုက်ပွဲ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

“ဘာလဲ”

အောင်ပွဲခံပြီး အခြေအနေများကို ရှင်းလင်းသော အနေအထားမျိုးတွင် ရှိနေသည့် ထန်စစ်သားများက အံ့အားတကြီး လှည့်ကြည့်ကြမိပြန်သည်။

တိုက်ပွဲပြီးနောက် ထန်စစ်တပ်က အာရပ်များ၏ အခြေအနေကို ချက်ချင်း သတိပြုမိသူများ ဖြစ်သည်။ သို့သော် သူတို့က အံ့အားသင့်သွားကြရပြန်သည်။ အာရပ်များက တစ်ဖန်ထပ်ပြီး စစ်ဗုံကို တီးကြောင်း မြင်လိုက်ရပြန်သည်။ ဒါက အချက်ပြနေခြင်း ဖြစ်သည်။ သူတို့ကလည်း အာရပ်ဘက်မှ ခရာသံမျိုးကို မကြားဖူးချေ။

တစ်ချိန်တည်းတွင်ပင် ထန်အင်အားစုမှ အင်အားအကြီးဆုံး ဗိုလ်ချုပ်လေးယောက်က သာလှ၏ အရှေ့တွင် ရပ်လျက် ခရာသံဘက်သို့ ကြည့်သည်။

“ဘာဖြစ်တာလဲ အာရပ်တွေက ဒီလောက် ခပ်မြန်မြန် ပြန်ပြီး တိုက်ခိုက်တော့မှာလား”

ရှန်းချန်လီက အဝေးသို့ ကြည့်သည်။ သူ၏မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုက ပြန်ပေါ်ထွက်လာ၏။

“ငါ မသိဘူး။ အာရပ်တွေက ခရာသုံးခဲပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ငါ မကောင်းတဲ့ ခံစားချက် ရနေတယ်။ ငါ နောက်ပြိုက်ဘက်က ပေ့ဟယ်မော့ စစ်တပ်ထက်တောင် ကိုင်တွယ်ဖို့ ပိုခက်ခဲနေလောက်တယ်”

ကောင်းရှန်ကျစ်က အစစ်လို ခွဲခြားခြင်း နတ်ဘုရားလို ပုခုံးပေါ်တွင် ရပ်နေပြီး သူ၏ ခိုင်မာတည်ကြည်သော မျက်ဝန်းက စုစည်းနေသော အာရပပ်စစ်တပ်၏ အနောက်ဘက်သို့ ရောက်နေသည်။

“ အားပုမူဆလင်က တိုက်ပွဲအတွင်းကို ကိုယ်တိုင်ကိုယ်ကျဝင်ဖို့ ပြင်ဆင်နေတာလား”

တည်ကြည်ပြီး ခံစားချက်မဲ့သော အသံက သူတို့၏ နားအတွင်းသို့ ဝင်ရောက်လာသည်။ လူတိုင်းက လှည့်ကြည့်လိုက်သောအခါ ငယ်ရွယ်ကာ ပိန်ပါးသည့် ပုံရိပ်ကို မြင်လိုက်ရသည်။

“ဝမ်ချောင်”

ကောင်းရှန်ကျစ်၊ ရှန်းချန်းလီနှင့် ဝမ်ရယ်တို့အားလုံးက ဝမ်ချောင်ကို အံ့အားတကြီး ကြည့်လိုက်ကြသည်။ သူတို့က မယုံကြည်နိုင်သလို ဖြစ်နေကြသည်။

“အားပုမူဆလင်က သူလိုချင် ပန်းတိုင်ကို ရသွားပြီ။ ငါတို့ အင်အားကလည်း နည်းသွားတယ်။ ပိုပြီး အရေးကြီးတားက _ _ _ သူက ငါတို့ရဲ့ ခုခံရေးအားလိုင်းကို ဖွင့်လိုက်နိုင်ပြီ_ “

ဝမ်ချောင်က ရုတ်တရက် ခေါင်းကိုလှည့်ပြီး ပထမခုခံရေးအားလိုင်းမှ အဟကြားနေရာကို ကြည့်သည်။

ဝမ်ချောင်၏ အမိန့်ကို မလိုအပ်တော့ပေ။ လက်မှုပညာရှင်များ အားလုံးကလည်း ပထမ ခုခံအားလှိုင်းကို ဖာထေးရန် ပြင်ဆင်နေကြသည်။ သိပ်သည်းသော မီးခိုးလုံးများ အားလုံးက အဟကြားနေရာမှ မြှောက်တက်လာ၏။ မီးပြင်းဖို သိန်းကျော်က မီးတောက်များကို လွှင့်ထုတ်နေသည်။ မရေမတွက်နိုင်သော လက်မှုပညာရှင်များ အားလုံးက ပူးပေါင်းလုပ်ဆောင်နေကြသည်။ သို့သော် ပြင်ဆင်မှုက အလွန်နှေးကွေး၏။

ကျန့် ပေ့ဟယ်မော့က သံမဏိမြို့ရိုးကို ဖျက်ဆီးနိုင်ခဲ့ပြီး ကွဲအက်သွားအောင် လုပ်နိုင်ရုံသာ မကသေးလေပဲ ထိုနေရာ၏ မြေမျက်နှာသွင်ပြင် အနေအထားကိုလည်း ကြိုးကိုင်လိုက်နိုင်သည်။ သံမဏိမြို့ရိုးက ပြင်ဆင်နိုင်သည်။ သို့သော် ယခင် အနေအထားအတိုင်း ပြန့်ပြူးနေခြင်း မရှိသော၊ မညီမညာသော မြေမျက်နှာသွင်ပြင် ဖြစ်နေသောကြောင့် ပြင်ဆင်ရခက်ခဲပြီး ရှည်ကြာနိုင်သည်။ ထို့ကြောင့် အချိန်တိုအတွင်း လုပ်၍မရချေ။

ထန်ဗိုလ်ချုပ်တိုင်းကလည်း အဟကြားအရှည်ကို ကြည့်ပြီး တိတ်ဆိတ်သွားကြသည်။ သူတို့၏ မျက်နှာအမူအယာက အလွန်အမင်း တင်းမာသွားကြ၏။ ကပ်ဘေးက ဘယ်တော့မှ တစ်ယောက်တည်း သီးသန့်မလာချေ။ ပေဟန့်မော့နှစ်ကောင်၏ ခဏအတွင်း လုပ်ကြံသတ်ဖြတ်မှု အတောအတွင်း ထန်ဟာ လူ တစ်သောင်းကျော် ဆုံးရှုံးခဲ့သည်။ သူတို့၏ ခုခံရေးအားလိုင်းကလည်း အက်ကွဲသွားသည်။ ကောင်းရှန်းကျစ်၊ ရှန်းချန်းလီ၊ ဝမ်ရယ်နှင့် ဝမ်ချောင်တို့ အားလုံးကလည်း အနည်းနှင့်အများ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ကြယ်တာရာစွမ်းရည်များ ကုန်ဆုံးမှုဒဏ်ကို ခံစားကြရသည်။ သူတို့က အသက်ကောင်းကောင်းကို မရူနိုင်သေးခင် အားပုမူဆလင်က တစ်ဖန်ထပ်ပြီး စစ်တပ်နှစ်သိန်းကျော်ကို စေလွှတ်ပြီး ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ကာ လိုချင်သေးသည်။ ထိုမြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းသည့် သတင်းဖြစ်သွားသည်။

ဝမ်ချောင်ကသာ အတည်ငြိမ်ဆုံးသူ တစ်ယောက် ဖြစ်လောက်သည်။ သို့သော် သူ၏စိတ်ထဲတွင်မူ သူက အခြားသူများနည်းတူ စိတ်မငြိမ်နိုင်ချေ။

အဲ့ဒီခရာ_ _ _ ဒါက ကောင်းကင်ခစားခြင်း စစ်တပ်များလား။

ဝမ်ချောင်က အသံလာရာ နေရာဘက်သို့ ကြည့်လိုက်သည်။ သူ၏ စိတ်က မုန်တိုင်းထန်သွား၏။ ကောင်းရှန်းကျစ်နှင့် ရှန်းချန်းလီတို့က ထိုအသံ၏ ထူးခြားမှုကို မကြားလောက်ချေ။ သို့သော် ဝမ်ချောင်ကမူ အသံကို ကြားရုံဖြင့် သိလိုက်သည်။ ထိုတစ်ခဏတွင် သူ၏ မျက်ဝန်းက စူးရှသွားသည်။

ကောင်းကင်ခစားခြင်း စစ်တပ်ရဲ့ ခရာမှုတ်သံပဲ။

အာရပ်များဟာ ခရာမသုံးချေ။ အာရေးဘီးယား စစ်တပ်တွင် ခရာသုံးသော အထူးစစ်တပ် တစ်ဖွဲ့သာ ရှိသည်။

ကောင်းကင်ခစားခြင်း စစ်တပ်။

နောက်ဆုံးတော့ စပြီလား။

ဝမ်ချောင်က စိတ်ထဲတွင် ရေရွတ်သည်။

သူ၏ယခင်ဘဝတွင် သူဟာ သာလှ၏ တိုက်ပွဲတွင်ပင် ဘယ်သောအခါကမှ ဝင်ရောက်ခဲ့ဖူးခြင်း မရှိသော်လည်း အသေးစိပ် အခြေအနေတိုင်းကို နှလုံးထဲတွင် စွဲမြဲစွာ မှတ်မိနေသည်။ ကောင်းကင်ခစားခြင်း စစ်တပ်က တိုက်ပွဲနယ်မြေတွင် အင်အားကြီးမားသော အင်အားစု ဖြစ်ပြီး ရှိနေသူတိုင်းပေါ်တွင် မင်းမူနိုင်သည်။ ဝမ်ချောင်အနေဖြင့် ထိုအင်အားကို ပထမဦးဆုံးအကြိမ် ကြုံဖူးခြင်းလည်း မဟုတ်ချေ။ ကောင်းကင်ခစားခြင်း စစ်တပ်က အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် ပေါ်လာခဲ့ဖူးသည်။

ထိုလူထွားကြီးများက ခြောက်မီတာမှ ဆယ်မီတာခန့်အထိ မြှင့်မားကြပြီး ဝမ်ချောင်၏ အင်အားစုကို အများကြီး ထိုးနှက်ကာ ဖျက်ဆီးနိုင်ခဲ့သည်။ ထိုအချိန်ကဆိုလျှင် ဒီအတိုင်း သာမာန်ရိုးရှင်းသော လူထွားသက်သက်ခန့်သာ ဖြစ်ခဲ့သည်။ သို့သော် ဝမ်ချောင်ကလည်း သူတို့၏ ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မှတ်သားနိုင်ခဲ့၏။ သူတို့က ပို၍ထူးခြားသော အင်အားတစ်ရပ်ကို ထုတ်ပြနိုင်လောက်သည်။ ယခုအခါ ကြုံတွေရမည်မှာ အစစ်အမှန် ကောင်းကင်ခစားခြင်း စစ်တပ်ဖြစ်လောက်သည်။

ခြောက်ခြားဖွယ်ကောင်းပြီး ရူးသွပ်မှု၊ ဖျက်ဆီးမှုနှင့် ပြည့်နှက်နေသော စစ်တပ်တစ်တပ် ဖြစ်သည်။

အန်းချီကာကွယ်ရေး စစ်တပ်အထဲတွင် ပေါ်လာသော ကောင်းကင်ခစားခြင်း စစ်တပ်က စစ်တပ်တစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်နိုင်သည်။ ဒဏ္ဍာရီများအရ အာရပ်များက ကောင်းကင်ခစားခြင်း စစ်တပ်ကို ထူးခြားပြီး ကြီးမားသည့် ရွှေရောင်ခရာကိုသာ သုံးပြီး ဆင့်ခေါ်၍ ရသည်ဟု ပြောသည်။ ထိုခရာက တိုက်ပွဲနယ်မြေ တစ်ခုလုံးအနှံ့ ပြန့်နှံ့သွားပြီးလျှင် ထန်စစ်တပ်၏ လိုက်ကာကလည်း ပိတ်သွားပေလိမ့်မည်။

All Chapters