← Chapters

အခန်း (၉၆၁-၉၆၅)

Vol. 54 Ch. 961-965

အခန်း (၉၆၁-၉၆၅)

Vol. 54 Ch. 961-965

အပိုင်း(၉၆၁)

“လီစီးရဲ ငါ့ရဲ့အမိန့်ကို ထုတ်လိုက်။ စစ်သည်တော်တိုင်းကို စုစည်းပြီး တိုက်ပွဲအတွက် ပြင်ဆင်ထားခိုင်းထားလိုက်”

ဝမ်ချောင်၏ မျက်ဝန်းက တောက်ပသွားသည်။

“ဟုတ်ကဲ့ အရှင်အမတ်”

လီစီးရဲက ဖားဟားနားမြင်းပေါ်မှ လှမ်းဖြေသည်။

“ဟိုက်ယား”

သူဟာ ရှေ့သို့ စီးသွားသည်။ အနောက်မှ ဝူရှန်းမြင်းတပ်ကလည်း ကပ်လိုက်သွားပြီးနောက် သူတို့ဟာ ခုခံရေးအားလိုင်းထံသို့ ဒုန်းဆိုင်းစီးနင်းသွားလေသည်။

“အရှင်ကာကွယ်ရေး ဗိုလ်ချုပ် ငါတို့လည်း သွားရအောင်”

တစ်ချိန်တည်းတွင်ပင် ဝမ်ချောင်က သူ၏ ယာမပုံသဏ္ဌာန်ပြောင်းလဲခြင်းကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေဦးမည် ဖြစ်သည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် ဒီတိုက်ပွဲဟာ ပို၍ ခါးသီးပြီး စိတ်ဓာတ်ကျဖွယ်ကောင်းသည့် တိုက်ပွဲ ဖြစ်နိုင်ကြောင်း ခံစားမိနေသည်။

“အင်း”

ကောင်းရှန်းကျစ်ကလည်း ခေါင်းညိတ်ပြီး ဝမ်ချောင်၏ အနောက်မှလိုက်ကာ ခုခံရေးအားလိုင်း ရှိရာဘက်သို့ သွားသည်။

……

ခြိမ်း

အဝေးတွင် ခရာမှုတ်သံက ရပ်တန့်သွားပြီ ဖြစ်သည်။ သို့သော် မြေကမ္ဘာ၏ ကွဲအက်မတတ် တုန်ခါမှုက ပို၍သာ ပြင်းထန်လာ၏။ အာရပ်စစ်သည် နှစ်သိန်းကျော်က တိုက်ပွဲကို ပြင်ဆင်နေကြချိန်တွင် အလွန်ကြီးမားသည့် စွမ်းအင်လှိုင်းတစ်ခုက မြေကမ္ဘာတစ်ခုလုံးကို လှဲကျင်းတော့မလို့ လွှမ်းခြုံလာသည်။ အဝေးမှ ကြည့်ရုံနှင့်တင် အ လွန် ပြင်းထန်သည့် ဖိအားကို ခံစားမိနိုင်သည်။

ဝေါင်း

မရေမတွက်နိုင်သော အာရပ်မြင်းတပ် အဖွဲ့ဝင်များက အသားကုန် ဟိန်းဟောက်ကြကာ သူတို့၏ ဓားမောက်ရှည်များကို အားဖြည့်ပေးလိုက်သလိုမျိုး နေရောင်အောက်တွင် အလင်းရောင်ဖြင့် တောက်ပလာစေသည်။ သူတို့၏ ဓားမောက်ရှည် အလက်တစ်သောင်းကျော်က လေထဲသို့ မြှောက်တက်သွားသည့် အချိန်တွင် တလက်လက် တောက်ပနေပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဓားတစ်အုပ်ကို ဖြစ်ပေါ်လာစေသေးသည်။

“အာရပ်တွေက နောက်ဆုံးတော့ လှုပ်ရှားတော့မယ်”

အနောက်ပိုင်း တူရကီနှင့် တိဘတ်များက အဝေးမှ စောင့်ကြည့်နေကြပြီး မိုးကုပ်စက်ဝိုင်း တည့်တည့်မှ အာရပ်စစ်တပ်ကို ကြည့်ပြီး သူတို့၏ ကောင်းကင်ကိုပင် တုန်ခါစေမတတ် အော်သံများကို နားထောင်နေကြသည်။ တာ့လျင်ယော့ကျန်းတို့ အားလုံးက မျက်နှာထား တည်ကြည်နေကြသည်။ သို့သော် သူတို့၏ မျက်ဝန်းအတွင်းတွင် တောက်ပမှုများ ရှိနေ၏။ အချိန်အတန်ကြာ စောင့်ဆိုင်းပြီးနောက် အာရပ်များဟာ နောက်ဆုံးတွင် လှုပ်ရှားရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

ပေ့ဟယ်မော့များက မှင်သက်ဖွယ်ကောင်းသည့် ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း ထန်စစ်သည် တစ်သိန်းနီးပါး၏ အရှေ့တွင် လဲပြိုကျသွားရသေးသည်။ ထို့ကြောင့် မြေပြင်မှ တပ်ဖွဲ့များက လိုကိုလိုအပ်သည်။

“အာရပ်တွေက ထန်တွေကို အမြစ်ပြတ် သုတ်သင်နိုင်မလားတော့ မသိဘူး”

ဟော်ရှု့‌ဟွေ့ခန့်က ရေရွတ်သည်။ သူ၏ မျက်ဝန်းအတွင်း မျှော်လင့်စောင့်စားမှုက ထင်ရှားနေပြီး မိုးကုပ်စက်ဝိုင်းအထိ အဆုံးအစမဲ့သည်ဟု ထင်ရလောက်အောင် တည်ရှိနေသည့် အာရပ်စစ်တပ်ကို စိုက်ကြည့်လိုက်သည်။ လောကရှိ မည်သူကမှ မြင်းတပ် ချီတက်ရာတွင် သူတို့ထက် ပိုမသာနိုင်ချေ။ သူတို့ဟာ ရန်သူ၏ ဝင်္ကပါများကို ခွဲချေရာတွင် အလွန်တော်သော အဖွဲ့အစည်း ဖြစ်သည်။ ဂုဏ်ယူရသော တိဘတ်များကပင် ထိုအချက်တွင် တစ်ဖက်သူ၏ အရှေ့တွင် နိမ့်ကျစွာဖြင့် ရှုံးကြောင်း ဝန်ခံရမည် ဖြစ်သည်။ ခုခံခြင်း တိုက်ပွဲနှင့် ခုခံခြင်း ခြေလျင်တပ် ဝင်္ကပါချင်း ယှဉ်ရသော် လောကရှိ မည်သူကမှ မဟာထန်ကို မကျော်လွန်နိုင်ပြန်ချေ။

လောကတွင်လည်း မဟာထန်ကလွဲပြီး မည်သည့်အဖွဲ့အစည်းကမှ ခြေလျင်တပ် ဝင်္ကပါကို သုံးပြီး သူတို့ထက် အရေအတွက် အဆပေါင်းများစွာ သာသည့် အာရပ်မြင်းတပ်၏ တိုက်ကွက်များကို ခုခံနိုင်စွမ်းအား မရှိခဲ့ချေ။

မဟာထန်ဟာ သူတို့၏ ခြေလျင်တပ်ဖွဲ့အင်အားကို အုပ်စိုးနိုင်ခဲ့ပြီး အာရပ်များကမူ သူတို့၏ မြင်းတပ် အားသာချက်ကို အပြည့်အဝ ပိုင်ဆိုင်ထားသည်။ ထိုသို့ဖြင့် အရှေ့နှင့် အနောက်မှ အင်အားအကြီးဆုံး စစ်သည်တော်များကို ပိုင်ဆိုင်ထားသည့် အဖွဲ့အစည်း နှစ်ခုဟု ဆို၍ရသည်။ သို့သော် လက်ရှိအခြေအနေက ပြောင်းလဲသွားသည်။ ထန်များ၏ သံမဏိခုခံရေး အားလိုင်းတွင် ကျယ်ပြောသော ဟာကွက်ကြီးက ပေါ်လာသည်။

ကျန်းတစ်ထောင် ကျော်သော ထိုအဟကြားနေရာက အာရပ်စစ်တပ် အနေဖြင့် ကျော်ဖြတ်သွားပြီး ဒုတိယ ခုခံရေး အားလိုင်းကို ဖောက်ဝင်ကာ ထန်ဝင်္ကပါ၏ နှလုံးသည်းပွတ် နေရာသို့ တစ်ဖြောင့်တည်း ဝင်စီးရန် လွယ်ကူလေသည်။

ယခုအခါ အာရပ်များအနေဖြင့် ထန်များကို ခြေမွသွားနိုင်ပြီ ဖြစ်သည်။

“ထန်တွေက ပြင်ဆင်နိုင်တယ် ဒါပေမယ့် အချိန်မရှိတော့ဘူး။ သူတို့မှာ ဒီလောက်ရှည်တဲ့ အဟကြားနေရာကို ပြန်ပြင်နိုင်ဖို့ အချိန်မရှိတော့ဘူး ဆိုကတည်းက ရှုံးမှာ သေချာသွားပြီ”

ဟော့ပါးစန်းယဲ့က ပြောသည်။ သူက တောင်ကုန်းထိပ်မှ ရပ်နေခဲ့ခြင်း ဖြစ်သည့်အလျောက် အမြင့်ပိုင်းနေရာမှ အောက်ဘက်သို့ ငုံံ့ကြည့်နိုင်သည်။ သူ၏အနောက်ဘက်တွင် တန်ဖိုးကြီး မဟာမြင်းတပ်အဖွဲ့ဝင် ထောင်ပေါင်းများစွာ ရှိသည်။

“မဟာထန်ရဲ့ ဝူရှန်းမြင်းတပ်က ငါတို့ရဲ့လက်ထဲမှာ မသေတော့တဲ့အတွက် နမြောစရာပဲ။ ဒါပေမယ့်လည်း သူတို့က တိုက်ပွဲနယ်မြေမှာ ထိုးဖောက်ခံရပြီး အမြစ်ပြတ် သုတ်သင်ခံရတဲ့ အနေအထားမျိုးကို ကိုယ်တိုင်ကိုယ်ကျ မြင်ရတာမျိုးဆိုတော့ ငါတို့ရဲ ကျရှုံးသွားတဲ့ ရဲဘော်တွေ ဖြစ်တဲ့ သတ္တိဖြူတွေနဲ့ ရှင်းဟိုင် အဖွဲ့ဝင်တွေအတွက် နှစ်သိမ့်ပေးနိုင်မှာပါ”

သူ၏အသံက အဆုံးပိုင်း ရောက်သည့်အခါ တိုးသထက် တိုးသွားသည်။ ခြောက်သောင်းကျော်သော တူရကီနှင့် တိဘက်အဖွဲ့ဝင် အင်အားစုကလည်း တိတ်ဆိတ်သွားသည်။ သူတို့အားလုံးကလည်း မုန်တိုင်းကို စောင့်ဆိုင်းနေကြ၏။

…..

လေထုအခြေအနေက အလွန်တောင့်တင်းနေသည်။

အနောက်ပိုင်း၊ တောင်ပိုင်းနယ်မြေ အရှေ့ဘက်တွင် အာရပ်များက တိုက်ပွဲအတွက် ပြင်ဆင်နေသလို မရေမတွက်နိုင်သော ထန်စစ်သည်ပေါင်း များစွာကလည်း ပထမခုခံရေး အားလိုင်း အနောက်ဘက်တွင် စုစည်းလာကြသည်။ မြို့ထဲသို့ ပြန်ဆုပ်သွားသော စစ်သည်တော် အဖွဲ့ဝင်တိုင်းက ပြန်လည် ချီတက်လာကြပြီ ဖြစ်ပြီး အဖွဲ့အသီးသီး ခွဲထားကြ၏။

ထန်စစ်တပ်၏ ချောမွေ့စွာ လုပ်ဆောင်မှုက ပထမခုခံရေး အားလိုင်း ပထမ၊ ဒုတိယ၊ တတိယ_ _ _ ထိုသို့ အသီးသီး ဖွဲ့စည်းနေနိုင်သည်။ ထိုအချိန်တွင် စစ်တပ်၏ အရှေ့တွင် ကျန်းရှို့ကျစ်က လက်မှုပညာရှင်တိုင်းကို စုစည်းကာ တတ်စွမ်းရှိသမျှ ထုတ်သုံးကာ သံမဏိမြို့ရိုးကို ပြင်ဆင်နေကြသည်။ မီးညွန့်များက တလက်လက် တောက်လောင်ပြီး မီးခိုးများက လှိမ့်တက်နေကာ လေထုက ပို၍သိပ်သည်းသွားသည်။ အရှေ့ပိုင်းရှိ အင်အားအကြီးဆုံး အင်ပါယာကြီးနှစ်ခုက ထိပ်တိုက်တွေ့ဆုံသော အနေအထားမျိုးတွင် ရှိသည်။ တိုက်ပွဲက မစတင်သေးသော်လည်း ဓားများကို ဆွဲထုတ်ပြီး လေထုကို တင်းထားပြီးသား ဖြစ်သည်။ ထို့ကြောင့် လေထုက တောင့်တင်းမှုအပြည့်ဖြင့် ပြည့်နှက်နေသည်။

ခြိမ်း

ထန်များက တိုက်ပွဲအတွက် ပြင်ဆင်နေချိန်တွင် ဝင်္ကပါက သိမ့်သိမ့်တုန်သွားသည်။ ကြီးမားသော ပုံရိပ်ကြီးပေါင်း များစွာက အာရပ်စစ်တပ်၏ နောက်တန်းမှ‌ ပေါ်ထွက်လာပြီး နေမင်းကို သူတို့ခန္ဓာကိုယ်ဖြင့် ပိတ်ဆို့ကာ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။

ထို့သို့ဖြင့် တလောကလုံးအနှံ့ ဖိအားများက လွှမ်းခြုံသွားပြန်သည်။

ဘုန်း

လူတိုင်းကလည်း ထိုမြင်ကွင်းကြောင့် ဖြူဖျော့သွားကြသည်။

တစ် နှစ် သုံး လေး

ကြီးမားသော ပေ့ဟယ်မော့လေးကောင်းက ထန်စခန်းထံ တစ်ဖြည်းဖြည်းချင်း ချဉ်းကပ်လာကြသည်။

“ဘယ်လို ဖြစ်နိုင်မှာလဲ။ အာရပ်တွေမှာ ဘယ်လိုကြောင့်များ ဒီလို မကောင်းဆိုးဝါးကြီးတွေ ထပ်ရှိနေတာလဲ”

အံ့အားတကြီး အော်ဟစ်သံကို ကြားနိုင်၏။ ပဟားနားဗိုလ်ချုပ် ပါးနာဟန်၏ မျက်နှာက တင်းမာသွားသည်။ သူ၏အနောက်မှ စစ်သည်များက မည်သည့်စကားမှ မဆိုကြသော်လည်း သူ၏မျက်ဝန်းကတင် စကားအများကြီး ပြောနိုင်နေပြီ ဖြစ်သည်။

“ဒါက သူတို့ရဲ့ စစ်သည်အကုန် ဖြစ်နိုင်တယ်”

မြင်းပေါ် တက်ထားပြီးသား ဝမ်ချောင်က ပါးနာဟန်၏ အနားသို့ သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏မျက်ဝန်းက ကြောက်မက်ဖွယ်ကောင်းသည့် လေပြင်းများနှင့် တဖြတ်ဖြတ် တောက်ပနေသည်။ သို့သော် တည်ငြိမ်ပြီး ဆုံးဖြတ်ချက် ပြတ်သားနေသေးသည်။ သူကလည်း ပေ့ဟယ်မော့ စစ်တပ်ကို လူတိုင်းထက် ပို၍ နားလည်သည်။

ထိုအဖွဲ့အစည်းက စစ်တပ်ဆိုကတည်းက တစ်ကောင်၊ နှစ်ကောင်ထက် ပိုရှိနေလိမ့်မည်။

ပထမနှစ်ကောင်ကိုမူ သူတို့ကို အထင်သေးသောကြောင့် သို့မဟုတ် စမ်းသပ်လိုစိတ်ဖြင့် ပို့လွှတ်ခဲ့ခြင်း ဖြစ်လောက်သည်။ ဒီတစ်ကြိမ်တွင်မူ တစ်ဖက်မှ ဗိုလ်ချုပ်ကလည်း သူ၏အထင်သေးမှုကို ဖယ်ခွာထားပြီး အာရုံအပြည့် စိုက်လိုက်ပုံ ပေါ်သည်။

အာရပ်တွေရဲ့ သမိုင်းအရ ပေ့ဟယ်မော့စစ်တပ်က တိုက်ပွဲတစ်ခုမှာ နှစ်ကောင်ထပ် ပိုပြီး မလွှတ်ဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ သူတို့က လေးကောင်လုံး လွှတ်လိုက်တယ်။ ကြည့်ရတာ တကယ် ဂုဏ်ယူစရာပဲ ထင်ပါတယ်”

ဝမ်ချောင်က စိတ်ထဲတွင်‌ သိလိုက်သည်။

မည်သည့်အဖွဲ့အစည်း သို့မဟုတ် မည်သည့်အင်အားစု အတွက်ပင်မဆို ပေ့ဟယ်မော့စစ်တပ်က ခြောက်ခြားဖွယ် ကောင်းသည့် အင်အားစုကြီး ဖြစ်ပြီး ဆန့်ကျင်သမျှ အဖွဲ့အစည်းတိုင်းကို လှဲကျင်းပစ်နိုင်စွမ်းရှိသည်။ ထိုဖြစ်တည်မှုများက လျို့ဝှက်ဆန်းကြယ်သော ဒဏ္ဍာရီများနှင့် ဆက်သွယ်နိုင်သည်ဟု ထင်ရလောက်အောင် တည်ရှိမှုများ ဖြစ်သည်။ သို့သော် အမှန်တကယ်အားဖြင့် ထိုပေ့ဟယ်မော့များက ဒဏ္ဍာရီဆန်တွင်အောင် လျို့ဝှက်ဆန်းကြယ်မှု မရှိပါချေ။

ထိုပေ့ဟယ်မော့ လေးကောင်က ဝမ်ချောင်ကို အလွန်ပြင်းထန်သည့် ဖိအားကို ထုတ်ပေးနေခဲ့သည်။ သို့သော် သူ့အနေနဲ့ မဟာလက်နက်ကြီး နှစ်လက်ရှိနေပြီး ပေ့ဟယ်မော့များကို ကိုင်တွယ်နိုင်ကလည်းက သူ၏ဖိအားကလည်း လျော့လေပြီ။

အနည်းဆုံး ထိုပေ့ဟယ်မော့များက ပြိုက်ဘက်မကင်းနိုင်တော့ချေ။

ဘုန်း

ထိုပေ့ဟယ်မော့ လေးကောင်က တစ်ဖြည်းဖြည်းချင်း တောင်ကုန်းကဲ့သို့ ထင်ရသည့် ခန္ဓာကိုယ်ကြီးများကို လှုပ်ရှားလာကြသည်။ သို့သော် သူတို့က အာရပ်ဝင်္ကပါနှင့် ဆယ်ကျန်းခန့် အကွာသို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်လိုက်သည်။

အာရပ်စစ်တပ် အဖွဲ့ဝင်များ အားလုံးက တောင့်တင်းကာ ရပ်တန့်သွားကြသည်။ လူတိုင်းကလည်း ထိုမြင်ကွင်းကြောင့် မြင်သက်သွားကြသည်။

“အရှင်အမတ် အာရပ်တွေက ခရာမှုတ်သံ ထုတ်ပြီးပြီလေ ဘာလို့ သူတို့က ရပ်သွားကြတာလဲ။ အာရပ်တွေက ဘာကို စောင့်နေကြတာလဲ”

ရွယ်ချန်ကျွင်းက အံ့ဩသွားသည်။ သူ၏ မျက်ဝန်းက ဝမ်ချောင်ထံ ရောက်လာ၏။ ဝမ်ချောင်ဟာ အရိပ်မြင်းပေါ်တွင် ရှိသည်။ သူတို့က တိုက်ပွဲအတွက် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သို့သော် အာရပ်စစ်သည် နှစ်သိန်းကျော်နှင့် ခြောက်ခြားဖွယ် ကောင်းသည့် ပေ့ဟယ်မော့ လေးကောင်က ရုတ်ချည်း ရပ်တန့်သွားသည်။ ထန်များအားလုံးက ရပ်တန့်သွားကြ၏။ ထိုဆုံးဖြတ်ချက်ကြောင့်လည်း သူတို့က သံသယဝင်သွားကြသည်။

ဝမ်ချောင်က ဘာစကားမှ မပြောချေ။ သူ၏ လက်က မြင်းဇက်ကျိုးကို တင်းတင်းကိုင်ထားကြသည်။ သူ၏စိတ်ကမူ မရေမတွက်နိုင်သော အတွေးပေါင်းများစွာနှင့် ဖြတ်ပြေးနေ၏။ သူသည်လည်း အာရပ်စစ်တပ်မှ တစ်ဆင့် တစ်စုံတစ်ရာကို ခပ်ရေးရေး ခံစားမိသည်။ သို့သော် အချိန်တိုအတွင်း ထိုအရာကို နားလည်နိုင်ခြင်း မရှိသေးချေ။

သူက ဝင်ပါလာပြီးကတည်းက သာလှ၏ တိုက်ပွဲက သူ၏မှတ်ဉာဏ်ထဲက တိုက်ပွဲနှင့် ခြားနားသွားသည်။ ထိုကြောင့် သူက နောက်ဖြစ်မည့် ကိစ္စများကို မခန့်မှန်းနိုင်တော့ချေ။

တိတ်ဆိတ်နေသော တိုက်ပွဲနယ်မြေကို စိုးရိမ်တကြီး ဖြစ်စေပြီး မသက်မသာ ဖြစ်စေသည့် ခံစားချက်က လွှမ်းခြုံလာသည်။

“အသင့်ပဲလား”

အားပုမူဆလင်၏ မိုးထိုးမတတ် မြင့်မားလွန်းသည့်် ခန္ဓာကိုယ်ကြီးက အနောက်ဘက်မှ တစ်စုံတစ်ယောက်ကို လှမ်းပြောလိုက်သည်။

အားပုမူဆလင်၏ အနောက်တွင် ရှိသည့် တောင့်တင်းသန်မာသော ဗိုလ်ချုပ်တစ်ယောက်က ဂါဝရပြုလိုက်ပြီး ပုံမှန်မဟုတ်သော ပုံစံမျိုးနှင့် ပြောသည်။

“အရှင် အုပ်ချုပ်သူ အရာအားလုံးက အဆင့်သင့်ပါပဲ။ အရှင့်ရဲ့ အမိန့်ပဲ လိုအပ်တာပါ”

“အရမ်းကောင်းတယ်”

အားပုမူဆလင်၏ မျက်ဝန်းက ထက်ရှသော အလင်းဖြင့် တောက်ပသွားသည်။

“မာစီ အသင့်ပြင်”

ထိုအမိန့်က နှင်းကိုက်နေသော အသံမျိုးဖြင့် ပြောလာခဲ့ခြင်း ဖြစ်ပြီး အလွန်အမင်း အေးစက်နေသည်။

ဝေါင်း

ပေ့ဟယ်မော့များက ဟိန်းဟောက်သည်။ အာရပ်စစ်တပ်ကလည်း စတင်ကာ ထွက်ခွာ၏။ ဒီနည်းအားဖြင့် တောင်တန်းကဲ့သို့သော ဖြစ်တည်မှု လေးခုအတွက် နေရာအကျယ်ကြီးကို ချန်းထားရစ်ခဲ့ပြီး တဖြည်းဖြည်းချင်း ချီတက်လာကြသည်။

ဘုန်း

ပထမပေ့ဟယ်မာ့ တစ်ကောင်က လှုပ်ရှားသည်။ ထို့နောက် ဒုတိယ၊ တတိယ၊ စတုတ္ထ _ _ _

လေးကောင်လုံးများက ထန်များဆီ စတင်ကာ ချီတက်လာကြသည်။ သူတို့က စတင်ချီတက်လာသည်နှင့်အမျှ လူတိုင်းကလည်း ထိုပေ့ဟယ်မော့များ၏ ခေါင်းတွင် သိပ်သည်းသော ခေါင်းစွပ်များကို စွပ်ထားကြောင်း မြင်လိုက်ရသည်။ ထိုမြင်ကွင်းက အားလုံး၏မျက်နှာကို တင်းမာသွားစေ၏။ သိသာစွာဖြင့် အာရပ်များကလည်း သင်ခန်းစာ ရသွားလေပြီး သူတို့၏ခုခံမှုအားလိုင်းကို မြှင့်တင်လိုက်ပုံ ပေါ်သည်။

“အသင့်ပြင်”

ဝမ်ချောင်က ဟန်အမူအယာ ပြသည်။ ချန်းမင်းနှင့် ရွှီခယ့်ယွီတို့က သူတို့၏ ဓားများကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ကြပြီး စတင်ကာ အမိန့်ပေးသည်။

လက်နက်ကြီးအဖွဲ့ဝင် ရာပေါင်းများစွာကလည်း စတင်ကာ အလုပ်လုပ်ကြသည်။

စစ်သည်တော်ပေါင်း များစွာကလည်း ထိတ်လန့်စွာဖြင့် မဟာလက်နက်ကြီးပေါင်းများကို လည်ပတ်ရန် ကြိုးစားနေကြ၏။ သူတို့က လက်နက်ကြီးများကို ပေ့ဟယ်မော့များသို့ ချိန်ထားကြသည်။ မဟာထန်တွင် မဟာလက်နက်ကြီး နှစ်လက်သာ ရှိသည်။ သို့သော် ပေ့ဟယ်မော့က လေးကောင်ဖြစ်သည်။ ထို့ကြောင့်လည်း အခြေအနေကို မည်သူကမှ ကြိုတင်မသိနိုင်တော့ချေ။

“ဝမ်ချောင် ငါတို့ရဲ့ စခန်းထဲမှာ မဟာလက်နက်ကြီးတွေ ထပ်ပြီးတည်ဆောက်နိုင်တဲ့ ပစ္စည်းတွေ မရှိတော့ဘူးလား။ ရှိရင် အလန့်နည်းနည်းလောက် ထပ်လုပ်ရင် မကောင်းဘူးလား”

ကောင်းချန်ကျစ်က ဝမ်ချောင်၏အနားသို့ ရောက်လာသည်။ သူ၏ အရှေ့သို့ ကြည့်နေသော အကြည့်က စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။

“မရှိတော့ဘူး”

ဝမ်ချောင်က ခေါင်းကို ခါသည်။

“အခုအချိန်အထိ မဟာလက်နက်ကြီးတွေက ဒီအတိုင်း အရင်က တစ်ခါမှ မကြိုးစားဖူးတဲ့ ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေတုန်းပဲ။ ငါတို့က ဒီနှစ်လက်ကို တည်ဆောင်နိုင်ပြီး ပုံမှန်အတိုင်း အသုံးပြုနိုင်တာကတင် အံ့အားသင့်စရာ ကောင်းနေပြီ။ အချိန်တစ်ခု ကြာတဲ့အထိ နောက်ထပ်တစ်လက်ကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ သာမာန်အခြေအနေမျိုးတွင် ထန်များကလည်း ပေ့ဟယ်မော့များကဲ့သို့ ပြိုင်ဘက်ကို ရင်ဆိုင်ရမည်ဟု မတွေးထားမိလောက်ချေ။ ထို့နောက် သူတို့က မဟာလက်နက်ကြီး နှစ်ခုကို ကိုင်တွယ်တည်ဆောင်နိုင်ခြင်းကတင် ကောင်းကင်ဘုံက ချီးမြှောက်ခြင်း ဖြစ်နေလေပြီ။

အ‌ပိုင်း (၉၆၂)

"အရှင်အမတ် အမှန်တိုင်း ပြောရရင် … ငါတို့ရဲ့လက်ရှိ အခြေအနေနဲ့ ငါတို့ နောက်ထပ်တစ်လက်တော့ တည်ဆောက်နိုင်လောက်ပါသေးတယ်"

ဝမ်ချောင်၏ နောက်မှ အကြီးအကဲတစ်ယောက်၏ အသံက ထွက်လာသည်။

ထန်ဗိုလ်ချုပ် လေး‌ယောက်လုံးက ကျန်းရှို့ကျစ်က လှည့်ကြည့်လိုက်ကြသည်။

"မဟာလက်နက်ကြီးတွေရဲ့ အကြီမားဆုံး အခက်အခဲက ငါတို့ ဒါတွေကို တည်ဆောက်တဲ့ အတွေ့အကြုံ မရှိတာပဲ။ နောက်ပြီး သုံးရတဲ့ ပစ္စည်းတွေကလည်း ထူးခြားတယ်။ ဒါကြောင့် ဒီပစ္စည်းတွေကို ဘယ်လိုသင့်တော်အောင် သုံးရမလဲဆိုတာ ကောင်းကောင်း နားမလည်ခဲ့တာလဲ ပါတယ်။ ဒါပေမယ့် အခု ငါတို့ နှစ်လက်ကို တည်ဆောက်ပြီးသွားပြီ။ ဒီတော့ ငါတို့ မှီခိုလို့ရတဲ့ အတွေ့အကြုံတော့ ရှိသွားပြီ။ တတိယတစ်လက်က်ု တည်ဆောက်တာက တအားကို ခက်ခဲနိုင်ပေမယ့်လည်း ငါတို့က အချိန်လုံလောက်နိုင်သမျှ အဆင်ပြေနိုင်မယ်လို့ ထင်တယ်။ ပိုဆိုးတာက ဖျက်ဆီးခံရတဲ့ လက်နက်ကြီးတွေက ပစ္စည်းတွေကိုလည်း သုံးလို့ ရနေသေးတယ်။ ကျန်တဲ့အပိုင်းတွေ အတွက်ကတော့ ငါနေရာမှာတွင် သွန်းလုပ်နိုင်ပါတယ်။ ဒီတော့ ဖြေရှင်းဖို့ လွယ်သွားပြီ"

နောက်ဆုံးစကားလုံးများနှင့်အတူ ကျန်းရှို့ကျစ်က ပထမခုခံရေး အားလိုင်းတွင် ရှိသည့် သေဆုံးနေသော အာရေးဘီးယား ပေ့ဟယ်မော့များကို ကြည့်လိုက်သည်။

မဟာလက်နက်ကြီးများက သုံးသော ထိုပစ်ခတ်သည့် ပစ္စည်းများက အခြားသော သာမာန်ပစ္စည်းများနှင့် ကွာခြားသည်။ ကျန်းရှို့ကျစ်နှင့်အတူ လက်မှုပညာရှင်များ အားလုံးကလည်း မြို့တော်တွင် ထိုအရာများကို သွန်းလုပ်ခဲ့ခြင်း ဖြစ်ပြီး အကောင်းဆုံးသော လက်မှုပညာရှင်များ၊ ဗိသုကာ ပညာရှင်များကို ပန်းပဲ၊ ပန်းထိမ်များမှ ခေါ်ယူခဲ့ရသည်။ ပို၍ဆိုးသည်မှာ သူတိူ့က အကောင်းဆုံးသော သိုင်းပညာ ပစ္စည်းများကိုသာ ထုတ်သုံးထားခဲ့ခြင်း ဖြစ်သည်။ ထိုအရာကို ပြုလုပ်၍ ပြီးသွားသည့် အချိန်တွင် ဝင်္ကပါပေါင်းများစွာ၊ သင်္ကေတပေါင်းများစွာဖြင့် မွန်းမံထားခဲ့ခသေးသည်။

လက်နက်ကြီးများ သုံးကာ ပစ်ခတ်သည့် အရာတိုင်းက ပေ့ဟယ်မော့၏ မာကြောကာ ထိုးဖောက်၍ မရသည့် နေရာတိုင်း ထိုး‌ဖောက်နိုင်ခဲ့သည်။ ထို့အပြင် သုတို့၏ သံမဏိကဲ့သို့ ထင်ရသည့် ဦးခေါင်းခွံအတွင်းကိုပင် ဝင်ရောက်နိုင်ခဲ့သည်။ ထိုကဲ့သို့သော ပစ္စည်းမျိုးက တိုက်ပွဲနယ်မြေတွင် သွင်းလုပ်၍ မရချေ။ သို့သော် ထိုအကောင်ကြီး၏ အတွင်းတွင်ရှိသော လက်နက်ကြီးများကမူ စိုးရိမ်ရန် မလိုအပ်ချေ။

"ငါနားလည်ပြီ"

အန်းချီ ကာကွယ်ရေး စစ်တပ်မှ ဒုကာကွယ်ရေးဗိုလ်ချုပ် ချန်းချန်းလီက မျက်ဝန်းအတွင်းမှ စူးရှသော အလင်းနှင့် အော်ဟစ်လိုက်သည်။ သူက ချက်ချင်းဆိုသလိုပင် ကြံ့ပုံသဏ္ဌာန်ရှိသည့် ပေ့ဟယ်မော့အနားသို့ မြင်းကို ဒုန်းဆိုင်းစီးသွားသည်။ သူက ခေါင်းပေါ်သို့ ခုန်တက်လိုက်ပြီးနောက် သွေးထွက်နေသော အပေါက်များကို ခပ်ကြမ်းကြမ်း လှမ်းနိုက်လိုက်သည်။

ဗွက်

သွေးများက ပန်းထွက်လာသည်။ ကြီးမားသော လက်နက်ကြီးများက ဦးခေါင်းခွံအတွင်းမှ ပြန်ထွက်လာသည်။

ဘုန်း

ချန်းချန်းလီ အပြုအမူက သန့်ရှင်းသပ်ရပ်ပြီး ဒဲ့တိုးတိုက်ရိုက်ဆန်သည်။ ကြီးမားသော လက်နက်ကြီးပေါင်း များစွာက သူ၏လက်ထဲတွင် ငှက်မွှေးကဲ့သို့ ပေါ့ပါးနေပုံ ပေါ်သည်။ ထိုသို့ဖြင့် တစ်ခုပြီး တစ်ခုကို သူက ဆွဲထုတ်လိုက်ပြီး မဟာလက်နက်ကြီး တစ်ခုအနား နေရာသို့ ပစ်ပေးသည်။ ကြီးမားသော ဖုန်‌တိမ်စိုင်များက လေထဲသို့ ‌မြှောက်တက်လာ၏။

ထိုမဟာလက်နက်ကြီးများကလည်း တစ်ခုနှင့်တစ်ခု အလွန်လေးလံသည်။ ချန်းချန်းလီကဲ့သို့ လက်ရွေးစင် ဗိုလ်ချုပ်များကသာ ထိုအရာများကို ဆွဲထုတ်နိုင်သည့် အင်အားမျိုးကို ပိုင်ဆိုင်ထားသည်။

တစ်ခဏခန့် ကြာပြီးနောက် ပစ်ခတ်သည့် မဟာလက်နက် အခုသုံးဆယ်မှ လေးဆယ်ခန့်အထိကို စုစည်းကာ ပုံထားပြီးသား ဖြစ်သွားသည်။

ဘုန်း ဘုန်း ဘုန်း

အာရပ်စခန်းမှ စစ်ဗုံသံများက ကျယ်လောင်စွာ မြည်ဟည်းလာသည်။

ပေ့ဟယ်မော့ လေးကောင်က လှုပ်ရှားလာပြီး သိပ်မကြာခင် အာရပ်မြင်းတပ် နှစ်သိန်းကျော်က ဘေးဘက်မှ တစ်ချိန်လုံး ငြိမ်သက်နေခဲ့ရာ စတင်လှုပ်ရှားလာပြန်သည်။ အနက်ရောင် အားလိုင်းများက ပေ့ဟယ်မော့များ၏ အနောက်မှ စတင်ကာ လှုပ်ရှားလာပြီး ထန်ခုခံရေး အားလိုင်းကို ဝင်တိုးလာသည်။

"တက် သူတို့ကို သတ်ပြီး ကလဲ့‌စားချေ"

စစ်ဗုံသံ၏ မိုးခြိမ်းမတတ် ကျယ်လာင်သည့် အသံများနှင့်အတူ အာရပ်များ၏ အော်ဟစ်တိုက်ပွဲကို ဝင်ရောက်ရင်း အော်ဟစ်သံများက ကျယ်လောင်စွာဖြင့် ထွက်ပေါ်လာသည်။ ကြမ်းတမ်းသော လေပြင်းကလည်း စတင်ကာ တိုက်ခိုက်လာသည်။

တိုက်ပွဲက နောက်ဆုံးတွင် စတင်လေပြီ။

“အသင့်ပြင်”

အုံ့ဆိုင်းနေသော ကောင်းကင်တစ်ခုအနှံ့ ကျယ်လောင်သော ပဲ့တင်ထပ်သံများက လွှမ်းခြုံသွားသည်။

အမိန့်နှင့်အတူ အမျိုးမျိုးသော တစ်လက်လက်များ၊ တစ်ချွင်ချွင်သော အသံများက ခုခံရေး အားလိုင်းထံမှ စတင်ကာ ဟိန်းထွက်လာပြီး သူတို့၏ ထောင့်စွန်းများကလည်း တောက်ပလာကြ၏။

“ဒိုင်းသမားတွေ အသင့်ပြင်”

“လက်နက်ကြီး စစ်သည်တွေ မင်းတို့ရဲ့ နေရာတွေကို ယူကြ”

“မြင်းတပ် ဝင်္ကပါကို ပြင်”

ပြတ်တောင်းသော အမိန့်သံက တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်။ ဖြတ်ကနဲဆိုသလိုပင် ရှင်းချီနှင့် အန်းချီ ကာကွယ်ရေး စစ်တပ်မှ တပ်ကူများ ဖြစ်သည့် စစ်သည် တစ်သိန်းကျော်က စတင်ကာ လှုပ်ရှားကြသည်။ ချီတက်သံများ၊ လက်နက်ခြင်း ထိခိုက်သံများ အသံများက ကျယ်လောင်စွာ မြည်ဟီးသည်။ ထို့အပြင် ဒိုင်းများ၏ တုန်ခါသံ ထုရိုက်သံများက ကျယ်လောင်စွာ ပေါ်ထွက်လာလေသည်။

ထန်စစ်တပ်များက ကြီးမားသော စက်ကြီးတစ်လုံးလိုမျိုး လွှမ်းမိုးနိုင်စွမ်း ရှိသည့် အရှိန်အဝါမျိုးကို လွှင့်ထုတ်လာသည်။

တိုက်ပွဲနယ်မြေက အန္တရာယ်များလွန်းလာကာ ဖိအားများလွန်းလာသဖြင့် အဝေးရှိ တိဘတ်နယ်မြေနှင့် တူရကီကပင် သက်ရောက်ခံရသည်။ သူတို့အားလုံးကလည်း အသက်ရှူရန်ပင် မေ့လျော့မိမတတ် သွေးကြောများ တောင့်တင်းနေကြသည်။

အားပု မူဆလင်က ထန်ခုခံရေးအားလိုင်းကို ကြည့်ပြီး ရုတ်ချည်းအမိန့်ပေးသည်။

“မာစီ အသင့်ပြင်။ မင်းလည်း ဝင်ပြီး လုပ်ကြံသတ်ဖြတ်ရမယ်”

“ဟမ့် နားလည်ပါပြီ”

မာစီကလည်း ထိုအခြေအနေကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ သူက ခုခံရေး အားလိုင်းကို ကြည့်ပြီး အထင်တသေး လှောင်ရယ်လိုက်သည်။ ထို့နောက် နောက်တန်းမှ စတင်ကာ ထွက်လာသည်။

ဘုန်း

မြေပြင်တွင်ကွဲအက်ရာ ပေါ်လာသည်။ မာစီက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

ဝေါင်း

ပေ့ဟယ်မော့များက အော်ဟစ်ကြသည်။ သူတို့၏ လေးလံသော ခြေလှမ်းများက မြေကမ္ဘာကို တုန်ဟီးသွားစေသည်။ သူတို့က သံမဏိမြို့ရိုးများနှင့် နီးကပ်သထက် နီးကပ်လာသည်။ သူတို့၏ အလေးချိန်က ဖုန်တိမ်စိုင်လုံးများကို ဆယ်ကျန်းကျော်သည်အထိ မြှောက်တက်သွားစေသည်။ ပေ့ဟယ်မော့များ၏ အနောက်တွင်လည်း အာရပ်စစ်တပ်များက သူတို့၏ ဓားမောက်ရှည်များကို ယမ်းလျက် ရေကြီးသကဲ့သို့ ချီတက်လာကြသည်။

ကျန်း သုံးထောင်

ကျန်း နှစ်ထောင့် ငါးရာ

ပေ့ဟယ်မော့ လေးကောင်နှင့် အာရပ်မြင်းတပ် ပင်လယ်က အရှိန်နူန်းမြှင့်ကာ ချီတက်လာကြသည်။

“စစ်သားတိုင်း အသင့်ပြင်”

လီစိရဲ၏ ဝူးရှန်းမြင်းတပ် ငါးထောင်က အရှေ့ဆုံးတွင် ရပ်နေခဲ့ခြင်း ဖြစ်သည်။ သူ၏ မိုးခြိမ်းမတတ် ကျယ်လောင်သော အသံက လူတိုင်း၏ နားတွင် မိုးခြိမ်းမတတ် ကျယ်လောင်သွားသည်။

တောင့်တင်းမှု

နိူင်းယှဉ်လို့ မရတဲ့ တောင့်တင်းမှု

စစ်တပ်နှစ်ခုကြားမှ ထိပ်တိုက်တွေ့ဆုံသည့် အခြေအနေက ပြင်းထန်လာပြီး လေထုဖိအားက ပြင်းထန်သထက် ပြင်းထန်လာသည်။ အာရပ်ထံ ကြေးစားစစ်သားများ၏ မျက်ခုံးများ အားလုံးက ရှေ့တွင်သာ ရှိနေကြပြီး သူတို့၏ လက်က လက်နက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်နေကြသည်။ သူတိူ့၏ အသားအရေပြားပေါ်တွင် သွေးကြောများကပင် ဖောင်းတက်နေသေးသည်။

ထိုအခိုက် ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့ကပင် အနည်းငယ် ထိတ်လန့်နေကြသည်။ဒါက အာရပ်နှင့် ထန်ကြားမှ အဆုံးအသတ် တိုက်ပွဲ ဖြစ်လောက်သည်။

အာရပ်နှင့် ပေ့ဟယ်မော့များက ကျန်းနှစ်ထောင်ခန့်အထိ အကွာအဝေးသို့ ရောက်သောအခါ ဝမ်ချောင်က သူ၏ ဓားကို ဆွဲထုတ်လိုက်ပြီး အမိန့်ပေးသည်။

"လက်နက်ကြီးအဖွဲ့"

လက်နက်ကြီး အလက်သုံးဆယ်လုံးက ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ ချိန်ရွယ်ပြီး စတင်ကာပစ်ခတ်သည်။ လက်နက်ကြီးကသာ အာရပ်မြင်းတက်နှင့် ပေ့ဟယ်မော့၏ ခြိမ်းခြောက်မှုကို တစ်ချိန်တည်း ကိုင်တွယ်နိုင်သည့် ပစ္စည်းများ ဖြစ်သည်။ မဟာလက်နက်များက ရုတ်ချည်းဆိုသလို အား မပြင်းထန်သည့်တိုင်အောင် အရေအတွက် အားသာချက်အရ ဖာထေးပေးနိုင်သေးသည်။

သို့သော် လက်နက်ကြီး အလက်သုံးထောင်က ချိန်ရွယ်ပြီး ပစ်ခတ်တော့မည့် အချိန်တွင် လူတိုင်း၏ နားတွင် စူးရှသည့် လေချွန်သံက ပေါက်ကွဲလာသည်။ အဝေးရှိ တစ်နေရာ အာရပ်စစ်တပ်၏ အနောက်တွင်ရှိသည့် မြေပြင်က တသိမ့်သိမ့် တုန်ခါသွားပြီး တစ်စုံတစ်ရာက ပေါက်ကွဲမတတ် ထွက်လာပုံ ပေါ်သည်။

တုန်ခါပြီး တဖြတ်ဖြတ်လက်နေသော အလင်း အရိပ်ပေါင်းများစွာက အဖော်ပြုလျက် တစ်စုံတစ်ရာက လူတိုင်း၏ အာရုံစိုက်ကို ဆွဲဆောင်သွားသည်။

"ဒါက ဘာလဲ"

ချန်းချန်းလီက မျက်လုံးကို မှေးကျဉ်းလျက် လှမ်းကြည့်ရင်း အော်သည်။ ဝမ်ချောင်၊ ကောင်းရှန်းကျစ်နှင့် ချန်းချန်းလီတို့ အားလုံးက ရှေ့တန်းတွင် ဘေးချင်းယှဉ် ရပ်နေကြပြီး အဝေးမှ မြင်ကွင်းကို စောင့်ကြည့်နေကြသည်။ ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်က ဘာစကားမှ မပြောချေ။ သို့‌သော် သူတို့နှစ်ယောက်လုံးက မကောင်း‌ေသာ ခံစားချက်ကို ရနေသည်။ ထိုအသံအရ ပေါ်လာသော အရာက ကောင်းသောအရာ မဖြစ်နိုင်ချေ။

ဝှစ်

စစ်သည်တော်များ အားလုံးကလည်း ဝရုန်းသုန်းကား ဖြစ်သွားကြသည်။ စစ်တပ်က ထိုအရာကို သိရရန်် အချိန်လိုအပ်သည်။

"အဲ့ဒီကို ကြည့်"

"ဘာလဲ"

"ဥက္ကာတုံး ဥက္ကာတုံး တစ်ခုပဲ"

စစ်သည်တော်များ အာစလုံးကလည်း အံ့အာတကြီး ကြည့်လိုက်ကြသောအခါ ခုခံရေး အားလိုင်းကို ကျော်လွန်လျက် ကြီးမားသော ဥက္ကာတုံးကြီး တစ်တုံးက ပေါ်လာကြောင်း မြင်လိုက်ရသည်။ ထိုဥက္ကာတုံးကြီး၏ အပေါ်ယံ မျက်နှာပြင်တွင် အစိမ်းရင့်ရောင် မီးတောက်များက တောက်လာနေသည်။ လေထုကိုပင် လောင်မြိုက်နေပုံ‌ ပေါ်သည်။ ထိုမီးတောက်က မြန်ဆန်သော အရှိန်နူန်းဖြင့် ရွေ့လျားလာသည်။ တစ်ချိန်တည်းတွင်ပင် စစ်သည်များက သတိထားမိသည့်အခိုက် ထိုအရာက သူတို့၏ ခေါင်းနှင့် ကျန်း ရာဂဏန်း အနည်းငယ်သာ ကွာဝေးတော့သည်။

"သတိထား"

ဝမ်ချောင်၏ မျက်လုံးများက မှေးကျင်းသွားသည်။ သူက ချက်ချင်းဆိုသလို အလွန်အမင်း ပြင်းထန်သည့် အန္တရာယ်ကို ခံစားလိုက်ရသည်။ ထိုမြင်ကွင်းက ထူးဆန်းလွန်းသည်။ ထူးဆန်းလွန်းသဖြင့် သူကပင် မခန့်မှန်းနိုင်ခဲ့ချေ။ သို့သော် ဝမ်ချောင်က သတိပေးခဲ့သည့်တိုင်အောင် လဲကျသွားလေသည်။

ဘုန်း

ဖြတ်ကနဲဆိုသလိုပင် ကြီးမားကာ တောက်လောင်နေသော ဥက္ကာခဲကြီးက မြေပြင်ပေါ်သို့ ဘုန်းကနဲ ပြုတ်ကျသွားသည်။

"အား"

ထိုဥက္ကာခဲကြီးက ပေါက်ကွဲသော သက်ရောက်မှုကို ပေးစွမ်းနိုင်လေသည်။ လေထဲတွင်လည်း ဖျက်ဆီးသူများ၏ အော်ဟစ်သံ၊ အနောက်ပိုင်း နယ်‌မြေမှ ကြေးစားစစ်သားများ၏ လွှင့်ပျံသံများက ကျယ်လောင်စွာ ပေါ်ထွက်လာသည်။ သေးငယ်သော ကျောက်သားများ ကျောက်တုံးများက နေရာအနှံ့ လွှင့်စင်ကုန်ပြီး သက်ရောက်မှု အင်အားစုအရ ထက်ရှသော မြှားများအဖြစ် ပြောင်းလျက် ဝိုင်းနေသော စစ်သားတိုင်းကို ပစ်ခတ်သည်။

ဟီး ဟီး

စစ်မြင်းများက အော်ဟစ်သည်။ သူတို့၏ မျက်လုံးများက ပြူးကျယ်နေပြီး ကြောက်လန့်တကြား နောက်တန်းသို့ အပြေးနှင်သွားကြသည်။ ဥက္ကာခဲ၏ သက်ရောက်ခံရသည့် စစ်တပ်တစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်သွားသည်။

ထိုသို့သော ဝရုန်းသုန်းကာ အခြေအနေ၏အလယ်တွင် ကြီးမားသော တွင်းနက်ကြီးက ရှိနေသည်။ အချင်း ဆယ်မီတာခန့် ကျယ်ပြီး ခုနှစ်မီတာခန့် နက်လောက်သည်။ အောက်ဆုံးပိုင်းတွင်လည်း ကြီးမားသော ဥကြီးဟု ခေါ်ရလောက်သော အရာကြီးကို တွေ့ရသည်။ ထိုဥကြီးက အစိမ်းရင့်ရောင် အရည်များဖြင့် ရွှဲနေပြီး အရွယ်ရောက်ပြီးလူ ငါးယောက်၊ ခြောက်ယောက်ခန့် မြင့်လေသည်။ ထိုအရာကြီးက အလွန်မာကြောသော သတ္တုသားဖြင့် လုပ်ထားပုံ ပေါ်ပြီး အစိမ်းရောင် မီးတောက်များက တောက်လောင်နေသည်။

ခရပ်

ထိုကြီးမားသော ဥကြီးက စတင်ကာ ကွဲအက်လာပြီး ပါးလျသော အနက်ရောင် ကွဲအက်ရာများက ဥကြီးတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပြီး လူတိုင်းက ထိုအရာကို ဥက္ကာခဲဟု အထင်မှတ်မှားခဲ့ကြသည်။ သို့သော် မဟုတ်ချေ။

ဘုန်း

မည်သူမှ မတုံ့ပြန်နိုင်သေးခင် ကြီးမားသော ပိန်းဖိန့်အောင် မဲမှောင်နေသည့် သံမဏိလက်ဝါးကြီးကဲ့သို့သော အရာကြီးက အတွင်းမှ ပေါက်ထွက်လာပြီး ကွဲအက်အရာ အစွန်းပိုင်းအထိ ဖမ်းဆွဲလိုက်သည်။

“ဟား ဟား ဟား မင်းတို့အားလုံး ငါ့အတွက် သေကြစမ်းပါ”

အထင်သေး ရက်စက်သည့် လှောင်ရယ်သံက သတ်ဖြတ်ခြင်း စိတ်ဆန္ဒနှင့်အတူ ပေါက်ထွက်လာပြီး ရုတ်တရက် လူတိုင်း၏ နားအတွင်းသို့ ဟိန်းထွက်လာသည်။

ထိုတစ်ခဏတွင် လူတိုင်းကလည်း ထိုဥကြီးထံမှ ထွက်လာသည့် လက်ဝါးတစ်ဖက်က မြင်းတစ်ကောင်ထက် ကြီးကြောင်း တွေ့လိုက်ရသည်။ ထိုဥထဲသို့သာ ကြည့်လိုက်မည်ဆိုလျှင် ခြောက်ခြားဖွယ်ကောင်းသည့် နီရဲသော မျက်ဝန်းတစ်စုံကိုပင် မြင်နိုင်မည် ဖြစ်သည်။

“အား”

မရေမတွက်နိုင်သော စစ်မြင်းပေါင်းများစွာက ကြောက်လန့်မှုကြောင့် လှုပ်ခါကြချိန်တွင် စစ်သည်တော်တိုင်းက အလန့်တကြား ဖြစ်သွားကြသည်။ ထိုဥကြီးက အပြည့်အဝ ကွဲထွက်သွားပြီး ထုချေခွဲသံနှင့်အတူ ပိန်းဖိန့်အောင် မဲမှောင်သော ကြီးမားသော အကောင်ကြီးတစ်ကောင်က အတွင်းမှ ခုန်ထွက်လာသည်။

ဆယ်မီတာ

ဆယ့်ငါးမီတာ

ဆယ့်ခုနှစ်မီတာ

အဆုံးတွင် ထိုအကောင်ကြီး၏ အမြင့်က နောက်ဆုံးတွင် ဆယ့်ရှစ်မီတာသို့ ရောက်ပြီး ရပ်တန့်သွားလေသည်။

မဲမှောင်နေသော သံမဏိလို အသားအရည်_ _ _ ကြီးမားပြီး ကြမ်းတမ်းလွန်းတဲ့ ခန္ဓာကိုယ်၊ ရက်စက်ပြီး မိစ္ဆာဆန်သော မျက်ဝန်းများက ဖျက်ဆီးချင်စိတ် အပြည့်နှင့် ဖြစ်သည်။ ထိုအကောင်ကြီးက ဒဏ္ဍာရီထဲက ရှေးဦးမူလ လူထွားကြီး ဖြစ်လောက်သည်။ ပေါက်သွားပြီးသော အစိမ်းရောင် ဥကြေးခွံများကလည်း ‌ထိုအကောင်ကြီး၏ သံချပ်ကာ ဖြစ်သွားသည်။

ဘန်း

ကြီးမားသော မီးခိုးရောင် ကျောက်တုံးကြီး တစ်တုံးက လေထဲကို ကျော်ဖြတ်သွားသည်။ ထိုအကောင်ကြီးက မြေသားထဲမှ ထွက်လာသည့် တစ်ခဏတွင် သူ၏ခန္ဓာကိုယ် အစစ်အမှန်ကို ဖော်ထုတ်လာ၏။ သူက လူတစ်ဝက်စာခန့် မြင့်သော ကြီးမားသော ကျောက်တုံးကြီး တစ်တုံးကို ကောက်ယူပြီး ပစ်လိုက်သည်။ ကံဆိုးလွန်းသော စစ်သားတစ်ယောက်က အပစ်ခံလိုက်ရသည်။ သူနှင့် သူ၏မြင်းက အသားတုံး ဖြစ်သွား၏။ သူက အော်ချိန်ပင် မရလိုက်ချေ။

ထိုအချိန်တွင် ကျောက်တုံးက ဆက်လက်ပြီး လိမ့်သွားသေးပြီး သွေးလမ်းကို ဖောက်လိုက်ကာ အလောင်းပုံများနှင့် ပြတ်ထွက်သွားသော ခြေပြတ်လက်ပြတ်များကို ချန်ထားရစ်ခဲ့သည်။

အပိုင်း(၉၆၃)

“ဟား ဟား ဟား အသုံးမကျတဲ့ ပုရွက်ဆိတ်လိုကောင်တွေ ငါ့အတွက် သေစမ်းပါ”

ကြမ်းတမ်းသော ရယ်သံက ဟိန်းထွက်လာသည်။

ဘန်း

ကျောက်တုံးကို ပစ်ပြီးပြီးချင်း ထိုလူထွားကြီးက မျောက်ဝံတစ်ကောင်လိုမျိုး ဖြတ်လတ်စွာဖြင့် လှမ်းခုန်လိုက်ကာ တွင်းထဲမှ ထွက်လာသည်။

ဗုန်း

သံမဏိအနက်ရောင် လက်မောင်းများက လှည်းဘီးကြီးများကဲ့သို့ ဘယ်သူမှ မတုံ့ပြန်နိုင်သေးခင် ထန်မြင်းတပ် အဖွဲ့ဝင် အယောက် နှစ်ဆယ်၊ သုံးဆယ်ခန့်ကို လေထဲသို့ အော်ဟစ်လျက် လွှင့်ထွက်သွားစေသည်။

အစိမ်းရောင် သံချပ်ကာ လူထွားကြီးက အသက်ရှူရန် အချိန်ရပ်တန့်ခြင်း မရှိပဲ ပြင်းထန်စွာဖြင့် သတ်ဖြတ်သည်။ သူက ချက်ချင်းဆိုသလို ရှေ့သို့ လွှဲယမ်းသွားသေးကာ ကြီးမားသည့် အစိမ်းရောင် ဒိုင်းကြီးကို ကိုင်လျက် ဟိုချီတက် ဒီချီတက်လုပ်ပြီး လမ်းတွင် ရှိသည့် စစ်သည်တော်တိုင်းကို လေထဲသို့ လွှင့်ပစ်သည်။

“ခုခံရေး အားလိုင်းအဖွဲ့အစည်း”

“သတိထား”

“သူ့ကို ဝိုင်း”

တိုက်ကွက်များက ရုတ်ချည်းဆန်ပြီးတော့ အတွေးမှုန်ဝါးနေသော စစ်သည်တော်များက ကစဉ့်ကလျား ဖြစ်သွားသည်။ မရေမတွက်နိုင်သော ထန်စစ်သည်တော်များ အနောက်ပိုင်းတွင် ရှိသော စစ်သည်တော်များ အားလုံးကလည်း အရပ်မျက်နှာမှ ပြုံတိုး ဝင်ရောက်လာကြသည်။ သို့သော် မည်သူကမှလည်း ထိုကြီးမားသော အကောင်ကြီး၏ တစ်ချက်ကို မခံနိုင်ကြချေ။

ခြိမ်း

စစ်သား တစ်ယောက်ပြီး တစ်ယောက်၊ တစ်ဖွဲ့ပြီး တစ်ပွဲ ၊ တစ်တန်းပြီး တစ်တန်း မရေမတွက်နိုင်သော စစ်သည်တော်များစွာက ဖုန်များ၊ ရွက်ကြွေများကဲ့သို့ ဆယ့်ရှစ်မီတာခန့် ရှိသည့် အကောင်ကြီး၏ လွှင့်ပစ်ခြင်းကို ခံရသည်။ စစ်တပ်တစ်ခုလုံး၏ အရှေ့တွင် ထိုအကောင်ကြီးက ရပ်တန့်၍ မရသလို ဖြစ်နေလေပြီး သတ်ဖြတ်ခြင်းဖြင့် လမ်းကို ဖောက်နေသည်။

ဥက္ကာပျံ ကျလာပြီး ယခုအချိန်အထိဆိုလျှင် ထန်များ၏ ဆုံးရှုံးမှုက အနည်းဆုံး တစ်ရာခန့် ရှိသွားနိုင်လေ၏။ မျှော်လင့်ထားသော လုပ်ကြံသတ်ဖြတ်သည့် အခြေအနေက ကောင်းရှန်းကျစ်၊ ဝမ်ချောင်နှင့် ချန်းချန်းလီတို့၏ မျက်နှာကို အံ့အားသင့်မှုကြောင့် ဖြူဖျော့သွားစေသည်။

“ချန်ပေ့ လက်နက်ကြီး”

ခုခံရေး အားလိုင်းအရှေ့မှ လျင်မြန်ပြီး ဒေါသတကြီး ဖြစ်နေသော အော်သံက ထွက်ပေါ်လာသည်။ ဝမ်ချောင်၏ မျက်နှာက သရဲတစ်ကောင်ကဲ့သို့ တင်းမာနေပြီး စစ်တပ်အတွင်းမှ ကြီးမားသော အကောင်ကြီး လှုပ်ရှားနေသော မြင်ကွင်းကို ကြည့်ကာ မျက်နှာထားက တင်းမာသထက် တင်းမာလာသည်။ သူ၏ နှလုံးသားကလည်း ကျောက်သားတစ်တုံးကဲ့သို့ လေးလံသွားသည်။

“ကောင်းကင်ခစားခြင်း လူထွား”

ပတ်ဝန်းကျင်ရှိ စစ်သည်တော်များနှင့် ဗိုလ်ချုပ်များကလည်း ထိုအကောင်ကြီး၏ ဇစ်မြစ်ကို မသိလောက်သည့်တိုင်အောင် ဝမ်ချောင်ကမူ တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသည်။ ထိုအကောင်ဟာ သူ၏ ယခင်ဘဝတွင် အာရပ်များက သာလှတိုက်ပွဲတွင် သုံးခဲ့သည်ဟု ကျော်ကြားသည့် ကောင်းကင်ခစားခြင်း လူထွားများ ဖြစ်သည်။

ဝမ်ချောင်ကလည်း ထိုအကောင် ပေါ်လာသည့်အတွက် မအံ့ဩချေ။ သို့သော် တိုက်ပွဲနယ်မြေအတွင်းတွင် ဒီလိုနည်းလမ်းဖြင့် ဝင်ရောက်လာလိမ့်မည်ဟု မထင်ထားမိချေ။ ပို၍ အရေးကြီးသည်မှာ ကောင်းကင်ခစားခြင်း လူထွားက တစ်ကောင်တည်း လာလေ့ မရှိချေ။ မည်သိုပင် ဆိုစေ သူတို့ဟာ စစ်တပ် ဖြစ်သည်။ ဆိုလိုသည်မှာ

“အား”

“အဲ့ဒီကို ကြည့် လမ်းဖယ် ”

ဝမ်ချောင်၏ အတွေးကို တုန့်ပြန်သလိုမျိုး မြေကမ္ဘာက သက်ရောက်မှုကြောင့် တုန်ယင်သွားသည်။ ကျောက်သားနှင့် မြေသားပေါင်းများစွာက လေထဲသို့ မြှောက်တက်သွားသည်။ သူက လေထဲသို့ ဝရုန်းသုန်းကား ဖြစ်နေသည့် အလယ်တွင် တောက်ပသော ဥက္ကာခဲပေါင်းများစွာက ကောင်းကင်မှ ဆင်းသက်လာသေးပြီး အမျိုးမျိုးသော စစ်တပ်၏ နေရာအနှံ့ ခုန်ဆင်းလာခဲ့သည်။

ဝေါင်း

ကြမ်းတမ်းစွာ ပေါက်ကွဲသွားမှု၏ အလယ်တွင် မိုးထိုးမတတ် ထင်ရသည့် ကောင်းကင်ခစားခြင်း လူထွားများက ဟိန်းဟောက်ကြသည်။ သူတို့၏ လက်မောင်း၏ အရှိန်နူန်းကို သုံးပြီး သူတို့က ကောင်းကင်သို့ လှမ်းနိူက်မတတ် လုပ်လျက် ကြီးမားသော ဥကြီးများမှ ခုန်ထွက်လာကြကာ စစ်တပ်ရှေ့သို့ ရောက်လာကြသည်။

သူတို့၏ ကြမ်းတမ်းကာ ရက်စက်ပြီး အေးခဲမတတ် ထင်ရသော အရှိန်အဝါများက ပတ်ဝန်းကျင်ရှိ တစ်ခြား စစ်သားတိုင်းကို မုန်တိုင်းအတွင်းသို့ လွှင့်ပစ်လိုက်သည်။

“အားလုံးကို သတ်”

သံမဏိ ခုခံရေးအားလိုင်းအတွင်းမှ ကြမ်းတမ်းသော အော်ဟစ်သံက ပေါ်ထွက်လာသည်။ ကောင်းကင်ခစားခြင်း လူထွားများကို မမျှော်လင့်ထားစွာဖြင့် အာရပ်ဘာသာစကားကို ပြောသည်။

“ဘုန်း”

အချက်ပြတစ်ခုကို ရရှိလိုက်သလိုမျိုး ကောင်းကင်ခစားခြင်း လူထွားတိုင်းက စစ်တပ်တစ်ခုလုံး အနှံ့ လူစုခွဲကာ စတင်ကာ လှုပ်ရှားသည်။

ဘုန်း ဘုန်း ဘုန်း

ကောင်းကင်ခစားခြင်း လူထွားများ၏ မြင့်မားကာ ထောင်မတ်သော ခန္ဓာကိုယ်ကြီးများက ပေါ်လာပြီးပြီးချင်း ထန်စစ်သည်တော်များကို ရူးသွပ်စွာဖြင့် သတ်ဖြတ်သည်။ သူတို့က ပြည့်သိပ်နေသော စစ်သည်တော်အကြားသို့ ဝင်ရောက်ကာ တူညီသော တစ်နေရာတည်းသို့ ဦးတည်သည်။

“အား”

ထန်မြင်းတပ် အဖွဲ့ဝင်တစ်ယောက်က အော်ဟစ်လိုက်ပြီးနောက် ကြီးမားသော လက်ဝါးကြီးတစ်ဖက်က သူနှင့် သူ့မြည်းကို ရိုက်ချလိုက်ကာ လေထဲသို့ မြှောက်တက်စေလျက် ဆယ်ကျန်းခန့်အထိ လွှင့်တက်သွားစေသည်။

သူက ဆယ့်ကျန်းခန့်အထိ ရောက်မှသာ ရပ်တန့်သွား၏။ ထိုအခိုက်တွင် လူတိုင်းကလည်း မြင်းတစ်ကောင်ထက်ပင် ကြီးမားသည့် အရသာကို အစစ်အမှန် သိလိုက်သည်။

“ငါ့ရဲ့လမ်းက ဖယ်”

နောက်ထပ် လူထွားကြီးတစ်ကောင်က ကန်ထုတ်လိုက်ပြန်သည်။ ထိုသို့ဖြင့် သွေးမြောင်းကြီး တစ်မြောင်း ဖြစ်လာစေ၏။ မြင်းတပ်အဖွဲ့ဝင် ဆယ်ယောက်ကျော်ခန့် လွှင့်ထွက်သွားသည်။

အချိန်တိုအတွင်း ကောင်းကင်ခစားခြင်း လူထွားရှစ်ကောင်က ထန်စစ်တပ်ကို ကစဉ့်ကလျား ဖြစ်သွားစေသည်။

ဘန်း

ကြီးမားသော အနက်ရောင် လက်နက်ကြီး တစ်လက်က လေထဲသို့ ခုန်တက်လျက် ထိုးဖောက်သံကို ထုတ်လွှင့်လေပြီး အဝေးရှိ ကောင်းကင်ခစားခြင်း လူထွားကို ချိန်ရွယ်သည်။ သို့သော် ဖြတ်ကနဲ လက်သွားပြီးနောက် ထိုလက်နက်ကြီးက မြင်းတပ်ပေါင်းများစွာ၏ အိမ်မက်ဆိုး ဖြစ်ခဲ့သော်လည်း ကောင်းကင်ခစားခြင်း လူထွား၏ အစိမ်းရောင်ဒိုင်း၏ တားဆီးခံလိုက်ရသည်။

ကောင်းကင်ခစားခြင်း လူထွားကလည်း အလောင်းတစ်လောင်းကို တက်နင်းလျက် အော်သည်။

“သူတို့ရဲ့ လက်နက်ကြီး စစ်သားတွေကို ဂရုစိုက် သူ့ကို သတ်လိုက်”

“ဘုန်း”

မဟာလူထွားကြီး၏ ခန္ဓာကိုယ်က ရုတ်တရက် အောက်သို့ ငုံ့ကိုင်းသွားပြီး တောင့်တင်းသန်မာသော မြင်းတစ်ကောင်၏ အလောင်းကို ကောက်ယူကာ ပစ်လိုက်သည်။ ဝုန်းကနဲ အသံနှင့်အတူ ထိုအလောင်းက ဆယ့်နှစ်ကျန်း အကွာတွင် ရှိသော လက်နက်ကြီး တစ်လက်ကို ထိမှန်သွားသည်။ လက်နက်ကြီးနှင့် အနောက်မှ စစ်သားငါးယောက်လုံးက လေထဲသို့ မြှောက်တက်သွားသည်။

ကောင်းကင်ခစားခြင်း လူထွားကြီး၏ ဖျက်ဆီးမှု အနောက်မှ လိုက်လျက် အခြားသော လူထွားတိုင်းကလည်း အလားတူသော ပုံစံကို လုပ်ကြကာ သူတို့၏လက်က အခြားသော ကျောက်တုံး၊ လူသားအလောင်း၊ မြင်းအလောင်း စသညတို့ကို ကောက်ကိုင်လျက် လက်နက်ကြီးအဖွဲ့ကို ကောက်ပစ်ကြသည်။

ဘုန်း ဘုန်း ဘုန်း

မီးခိုးများက လေထဲသို့ မြှောက်တက်ကုန်ပြီး အုတ်ကျိုး၊အုတ်ပဲ့ပေါ င်းများစွာက လေထဲတွင် လွှင့်တက်ကုန်သည်။

ထန်စစ်တပ်၏ အဓိက အသက်သွေးကြော လက်နက်ကြီး အဖွဲ့က တစ်စိတ်တစ်ပိုင်းအဖြစ် ပေါက်ကွဲခံနေရသည်။

အနီးအနားဝန်းကျင်တွင် ရှိသော စစ်သားတိုင်းကလည်း ကြီးမားသည့် ဆုံးရှုံးမှုကို ခံနေကြရသည်။

ဒါက အစသာ ဖြစ်သေးသည်။ ထို့နောက် တစ်ကြိမ်ထပ်ပြီး ကောင်းကင်ခစားခြင်း လူထွားများက သူတို့၏ လောက်ကျွမ်းနေသည့် အစိမ်းရင့်ရောင် ဥများကို သုံးလျက် ကောင်းကင်မှ ခုန်ဆင်းလာကြပြန်သည်။ ထိုသို့ဖြင့် ကြီးမားသော လောက်လေးဂွကြီးများနှင့် အကွာအဝေးခြားလိုက်သည်။

နှစ်ဆယ်

သုံးဆယ်

ငါးဆယ် …

ကောင်းကင်ခစားသည့် လူထွားကြီးများက စစ်တပ် တစ်ခုလုံးကို ဖိချေနင်းရန် ကြိုးစားသည်။

ဝေါင်း ဝေါင်း

လူထွားကြီးများက အော်ဟစ်ချိန် ထန်များအတွက် ထိုအခြေအနေက ပြင်းထန်လာသည်။

ပို၍ဆိုးသည်မှာ လူထွားကြီးများက ထန်စစ်သားများကို တိုက်ခိုက်နေပြီး တူညီသော လူများအဖြစ် ဦးတည်နေကြသည်။ လက်နက်ကြီး အဖွဲ့ဝင်များ၏ ဗိုလ်ချုပ်များနှင့် မဟာလက်နက်ကြီးနှစ်လက်ကို ထိန်းချုပ်သော တပ်ဖွဲ့များဖြစ်သည့် ရှားမင်းနှင့် ရွှီးခန့်တို့ကလည်း တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။ သူတိူ့ရပ်နေသော နေရာမှ ကြည့်လျှင် ထိုလူထွားကြီးများ ကျလာသော မည်သည့်နေရာမှ ဖြစ်စေကာမူ သူတို့က ထရပ်ပြီးနောက် မဟာလက်နက်ကြီးများထံသာ လာနေကြောင်း မြင်နိုင်မည် ဖြစ်သည်။

မဟာလက်နက်ကြီးများကလည်း အလွန်အ‌ေရးပါလွန်းသော လက်နက်ကြီး ဖြစ်နေသည်။ သာလှလို ထန်စစ်သည်တော် နှစ်သိန်းရှိပြီး မဟာလက်နက်ကြီး နှစ်ခုကသာ ကောင်းရှန်းကျစ်၊ ဝမ်ချောင်၊ ချန်းချန်းလီ၊ ဝမ်ရယ်တို့ကို ကူညီလျက် ပေ့ဟယ်မော့လေးကောင်ကို ထိခိုက်အောင် လုပ်ပေးနိုင်သည်။ ထို့‌နောက် ရူ့ထောင်တစ်ခုမှ ကြည့်သော မဟာဗိုလ်ချုပ် လေးယောက်ထက်ပင် ပို၍ သက်ရောက်မှု ရှိနေသေးသည်။

မဟာလက်နက်ကြီး မရှိတော့လျှင် ထန်များက ကြောက်မက်ဖွယ်ကောင်းသည့် အန္တရာယ်ကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။

အာရပ်များကလည်း ထိုအခြေအနေကို သတိထားမိသည်။ ထို့ကြောင့် ဒီလူထွားကြီးများကို သုံးပြီး သူတိူ့၏ လက်နက်ကြီးများကို ဖျက်ဆီးလိုခြင်း ဖြစ်သည်။

“သူတို့ကို တားစမ်း”

" မဟာလက်နက်ကြီးတွေကို ကာကွယ်။ သူတို့ကို အနားမကပ်လာစေနဲ့"

"ဒီလူထွားတွေက ပြိုင်ဘက် မကင်းနိုင်ပါဘူး။ အားလုံးပဲ ဝင်္ကပါထဲ ဝင်ပြီး သူတိူ့ကို တိုက်ခိုက်ကြ"

အရပ်မျက်နှာအနှံ့မှ အော်ဟစ်သံများက ပေါ်ထွက်လာသည်။ အမျိုးမျိုးသော စစ်သည်တော် အမျိုးအစားတိုင်းက လူထွားတစ်ကောင်ချင်းစီကို စတင်ကာ ဝိုင်းလာကြ၏။ အားလူံးကလည်း မဟာလက်နက်ကြီး၏ အရေးပါမှုကို သိကြသည်။ ထို့ကြောင့် လူထွားကြီးများ၏ ပန်းတိုင်ကို သိသွားသောအခါ သူတို့ဟာ ရူးသွပ်လုနီးပါး ဖြစ်သွားကြပြီး လူထွားကြီးများကို ဝိုင်းထားကြသည်။

လူထွားကြီးများက အလွန်အမင်း သန်မာသည်။ သူတို့၏ လက်ဝါးကြီးများက မြင်းတစ်ကောင်ကို ဖမ်းနိုင်လုနီးပါး သန်မာသည့်တိုင်အောင် သူတို့ဟာလည်း လူသားဆိုသော အတိုင်းအတာ အတောအတွင်းတွင် ရှိနေသေးသည်။ဒီနေရာတွင် စုစည်းနေသော မြင်းတပ်ကလည်း သာမာန်မြင်းတပ်မဟုတ်ချေ။

မြင်းတပ်အဖွဲ့ဝင် သောင်းကျော်က စုစည်းကြပြီး မဟာဗိုလ်ချုပ်တစ်ယောက်ကိုပင် ကိုင်တွယ်နိုင်လေရာ လူထွားကြီးများဆိုလျှင် ပို၍ ဆိုးသည်။

“သတ်”

စစ်သည်များက အသားကုန် အော်ဟစ်လိုက်ပြီး လူထွားကြီးများထံ ချဉ်းကပ်သွားသည်။ လက်နက်အလက် သုံးထောင်ကျော်၏ တစ်ဝက်ခန့်က ကောင်းကင်ခစားခြင်း လူထွားများ၏ တိုက်ခိုက်မှုကြောင့် ကွဲအက်မှုများ ပေါ်လာသည်။

ဘုန်း ဘုန်း ဘုန်း

အနက်ရောက် လက်နက်ကြီးက နဂါးကဲ့သို့ လေထဲသို့ ခုန်တက်သွားကာ ဟိန်းဟောက်သံကို ပြုပြီး ကြီးမားသည့် ကောင်းကင်ခစား လူထွားကြီးကို ပစ်ခတ်သည်။

“ဝေါင်း ခုခံ”

နီရဲသော ခပ်ထူထူ မုတ်ဆိပ်မွှေးနှင့် ကောင်းကင်ခစားခြင်း လူထွားကြီးက အော်ဟစ်လိုက်သည်။သူ၏ အမြင့်က မီတာနှစ်ဆယ်နီးပါး ဖြစ်သည်။

ဝုန်း

ခုန်ဝင်လာသည့် ကောင်းကင်ခစားခြင်း လူထွားကြီး အရှိန်နူန်းက နှေးကွေးသွားပြီး ခုခံသော ပုံသဏ္ဌာန် မျိုး ပြုမူကြသည်။

ဘန်း ဘန်း ဘန်း

ဟိန်းဟောက်ကာ ဝင်ရောက်လာသည့် ကာကွယ်ရေး လက်နက်ကြီးများ အားလုံး၏ ပစ်ခတ်မှုကို အစိမ်းရင့်ရောင် သံချပ်ကာများက တားဆီပေးလိုက်သည်။

ဆွစ်

နယ်နမိတ် အစွန်းနားတွင် ရှိသော အနည်းငယ်နှေးကွေးသော ကောင်းကင်ခစားခြင်း လူထွားကြီးက ထိုလက်နက်ကြီး၏ ပစ်မှတ်ခံလိုက်ရပြီး သူ၏သံချပ်ကာက ပေါက်ထွက်သွားသည်။ သူ၏ရင်ဘတ်က တိုက်ရိုက်ထိမှန်သွားသည်။ သို့သော် ကောင်းကင်ခစားခြင်း လူထွားက ဘာကိုမှ မခံစားမိပုံ ရသည်။ သူ၏ အမြှီးဖြင့် ထိုလက်နက်ကြီးကို ဆွဲထုတ်လိုက်ပြီး သူ၏အသားများနှင့်အတူ အသားတုံးကြီးကို ဆုတ်ဖြဲလိုက်သည်။

ထိုကဲ့သို့သော တိုက်ခိုက်မှုက သာမာန်လူများအတွက်ဆို သေသွားလောက်သည်။ သို့သော် ကောင်းကင်ခစားခြင်း လူထွားကြီးများ ကမူ အနည်းငယ်သာ အားနည်းသွားသည်ဟု ခံစားရသည်။ သူတို့၏ ခန္ဓာကိုယ်မှ အသက်မီးတောက်ကလည်း ဆက်လက်ပြီး တောက်ပနေသေးသည်။

ကောင်းကင်ခစားခြင်း လူထွားကြီးများ၏ အသက်စွမ်းအင်က ပေ့ဟယ်မော့နှင့် မယှဉ်နိုင်ချေ။ သို့သော် သူတို့ကလည်း အလွန်အမင်း လေးစားဖွယ်ကောင်းသည်။

“လူစုခွဲ သုံးဖွဲ့_ _ _ လက်နက်ကြီးတွေကို ကိုင်တွယ်။ ကျန်တဲ့ မင်းတို့ကတော့ မဟာလက်နက်ကြီ နှစ်လက်ကို သွားပြီး ဖျက်ဆီးကြ”

ထိုအနီရောင် မုတ်ဆိတ်နှင့် လူထွားကြီးက အံကို ကြိတ်လိုက်ပြီး တိုက်ခိုက်သည့် ပုံစံကို ထုတ်ပြသည်။ ထန်များကို အံ့အားသင့်စေသည်မှာ သူတို့က ရုတ်ရင်း ကြမ်းတမ်းပြီး စိတ်ထားရိုးရှင်းသည်ဟု ထင်ရသော်လည်း အနီရောင်မုတ်ဆိပ်နှင့် လူထွားကြီးအမိန့်ကြောင့် လူစုခွဲသွားကြသည်။ လူထွားကြီးတစ်ဖွဲ့က ဒူးထောက်လိုက်ကြပြီး ဒိုင်းများကို သုံးကာ သူတို့၏ သံချပ်ကာကို တစ်ဖန်သုံးလျက် တပ်ဖွဲ့တိုင်းကို ခုခံကာကွယ်သည်။ ထို့ကြောင့် ကျောက်တုံးများ၊ အလောင်းများကို ကောက်ယူပြီး တစ်ချိန်တည်းတွင်ပင် လက်နက်ကြီးများကို ပစ်ခတ် နေကြသည်။ တစ်ချိန်တည်းတွင်ပင် သူတို့ဆီသို့ ချဉ်းကပ်လာသော ထန်စစ်သည်များကိုလည်း ကိုင်တွယ်နေကြသည်။

ထိုသို့ဖြင့် လေထဲတွင် အော်ဟစ်သံများ၊ သွေးများက ပန်းထွက်နေသည်။ ကောင်းကင်ခစားခြင်း လူထွားတစ်ကောင်းချင်းစီတိုင်းက သတ်ဖြတ်ခြင်း စက်များကဲ့သို့ ထန်စစ်သည်တော်များကို ကြိတ်ချေနေသည်။ ကောင်းကင်ခစားခြင်း လူထွားများက ခုခံပေးနေချိန်တွင် နောက်ထပ် ကောင်းကင်ခစားခြင်း လူထွားတစ်ဖွဲ့ကလည်း မဟာလက်နက်ကြီး နှစ်လက်ထံ ဦးတည် သွားနေကြသည်။ ထိုနေရာတွင် ချန်မင်းနှင့် ရွှီခယ့်ယီတို့က ရှိသည်။

အပိုင်း (၉၆၄)

"အချိန်မရှိဘူး ငါတို့ ဒီအကောင်တွေ မဟာလက်နက်တွေ လာဖျက်ဆီးတာကို ဖျက်ခွင့်ပြုလို့ မရဘူး။ချန်ပင်း မင်းနဲ့ ငါက မဟာလက်နက်ကြီးတွေကို သုံးပြီး ဒီအကောင်တွေကို ရှင်းရမယ်"

ရှင်းခယ့်ယီက ပြာနှမ်းနေသော မျက်နှာနှင့် ချန်းမင်းကိုကြည့်သည်။ ချန်းမင်းက သူ၏ ညာဖက်တွင် ဖြစ်သည်။ သူ၏ သံချက်ကာကလည်း ကွဲအက်သံများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသည့် လေပြင်းကြောင့် တချွင်ချွင် မြည်နေသည်။

မဟာလက်နက်ကြီးများက အာရေးဘီးယား ပေ့ဟယ်မော့များကို ကိုင်တွယ်ရန် ဖြစ်သည်။ လက်နက်ကြီး တစ်လက်ချင်းစီတိုင်းက အလွန်အမင်း အဖိုးတန်သည်။ သူတို့ကသာ ထိုအရာကို လုံလောက်စွာ မသုံးနိုင်ပဲ ပေ့ဟယ်မော့များကို မသတ်နိုင်လျှင် ပေ့ဟယ်မော့များက ထန်စစ်သားများကို ကြီးမားသည့် ဆုံးရှုံးမှုကြီး ဖြစ်အောင် လုပ်နိုင်သည်။

သို့သော် လက်ရှိအနေအထားအရ ထိုနှစ်ယောက်တွင် ရွေးချယ်စရာ မရှိတော့ချေ။ မဟာလက်နက်ကြီးများက ဖျက်ဆီးခံလိုက်ရလျှင် သူတို့တွေ ဘာမှကျန်တော့မည် မဟုတ်ချေ။

"အင်း"

ချန်ပင်းက တည်ကြည်စွာ ခေါင်းညိတ်လိုက်ပြီး သူ၏မဟာလက်နက်ကြီး တစ်လက် အရှေ့တွင်ရပ်သည်။

"ငါတို့ မင်းပြောတဲ့အတိုင်း လုပ်မယ်"

နှစ်ယောက်က ခပ်မြန်မြန် သဘောတူလိုက်ကြသည်။

ခြိမ်း

မဟာလက်နက်ကြီးများက ပေ့ဟယ်မော့ လေးကောင်ကို ချိန်ထားရာမှ တစ်ဖြည်းဖြည်းချင်း လှည့်လာကြပြီး သူတို့၏ ကြီးမားသော လက်နက်များက အနီးဆုံး ကောင်ကင်ခစားခြင်း နှစ်ကောင်ကို ချိန်သည်။

ဘုန်း ဘုန်း

ကြီးမားသော ကျည်တန်ကြီး နှစ်ခုက ဆယ်မီတာကျော် ရှည်လျားသော ပုံစံမျိုးဖြင့် ပြွန်ဝမှ ထိုးထွက်လာသည်။ ထို့နောက် လေထဲသို့ ခုန်တက်သည့် အချိန်တွင် ပေါက်ကွဲသော အားလိုင်းများက ဖြာထွက်လာ၏။ ကြီးမားလွန်းသည့် ကျည်ဆန်အားကာ ချက်ချင်းဆိုသလိုပင် ကောင်းကင်ခစားခြင်း လူထွား၏ အစိမ်းရောင်ဒိုင်းကို ထိုးခွဲလာပြီး သူ၏ကိုယ်ကို ဖောက်ဝင်သွားကာ သေဆုံးသွားပြီ ဖြစ်သည်။ ထိုအကောင်ကြိးကို လေထဲသို့ မြှောက်တက်လျက် သယ်ဆောင်သွားစေ၏။ အနီးအနားတွင် ရှိသည့် ကောင်းကင်ခစားခြင်း အကောင်ကြီးကလည်း အလားတူ ကျည်ဆန်ဖြင့် အပစ်ခံရလေပြီး သေဆုံးသွားရသည်။

ထိုကောင်းကင်ခစားခြင်း လူထွားများက အလွန်သန်မာသော အကောင်ကြီးများ ဖြစ်သည်။ သူတို့က လက်ဗလာနှင့် စစ်သည်ရာကျော်ကို သတ်ဖြတ်နိုင်သည်။ သို့သော် ခြောက်ခြားဖွယ်ကောင်းသည့် မဟာလက်နက်ကြီး၏ အရှေ့တွင်မူ သူတို့ဟာလည်း ဖျော့တော့ အားနည်းနေသည်။

ဝုန်း

ကောင်းကင်ခစားခြင်း လူထွားနှစ်ကောင်က မဟာလက်နက်ကြီးများ၏ အတိုက်ခံလိုက်ရသည့် တစ်ခဏတွင် တိုက်ပွဲနယ်မြေ တစ်ခုလုံးက ‌ခြောက်ခြားဖွယ်ကောင်းအောင် တိတ်ဆိတ်သွားသည်။ လူတိုင်းကလည်း မဟာလက်နက်ကြီးများကို အံ့အားတကြီး ကြည့်သည်။ လူထွားများက ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်နူန်းကို ပိုင်ဆိုင်ထားသည်။ သူတို့၏ အရှိန်နူန်း၊ သူတို့၏ စိတ်ဓာတ်ခွန်အား၊ သူတို့၏ အသက်စွမ်းအင် အားလုံးက သာသည့်အပြင် အလွန်အမင်း ကြမ်းတမ်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ထိုအတွက်ကြောင့် သူတို့က ကောင်းကင်မှ တိုက်ရိုက်ခုန်ဆင်းလာသည့်တိုင်အောင် ခြစ်ရာပင် မထင်ခဲ့ချေ။ သူတို့၏ နားလည်ထားသော အနေအထားတိုင်းဆိုလျှင် ဒီလောက၏ မည်သည့်အရာကမှ သူတို့ကို အလဲထိုးနိုင်စွမ်းအား မရှိပေ။ သူတို့၏ စစ်တပ်ကို စတင်တည်ထောင်ပြီးကတည်းက မည်သူကမှလည်း ဒီလိုပုံစံမျိုးဖြင့် သေဆုံးမှုကို မမြင်ဖူးချေ။

သို့သော် ထိုတိတ်ဆိတ်မှုက သိပ်ကြာကြာ မခံချေ။ ဝင်္ကပါက လျင်မြန်စွာဖြင့် ဆက်တိုက်တုန်ခါ သွားပြီးနောက် ပို၍များပြားသည့် ကောင်းကင်ခစားခြင်း အကောင်များက စစ်တပ်ထဲသို့ ဖောက်ဝင်လာကြသည်။

အာရပ်စစ်တပ်များကလည်း ကောင်းကင်ခစားခြင်း လူထွားများကို ထန်ဝင်္ကပါထဲသို့ ဆက်တိုက်ပစ်နေသည်။

“သတ်”

ကောင်းကင်ခစားခြင်း လူထွားများက အော်ဟစ်မှုနှင့်အတူ စဉ်းစားဆင်ခြင်ဉာဏ် မရှိသလိုမျိုး မဟာလက်နက်ကြီး နှစ်လက်ထံ ဝင်၍တိုးလာကြသည်။

“ပစ်”

မဟာလက်နက်ကြီးများ၏ ပစ်ခတ်မှုအကြားတွင် ချန်းပင်းနှင့် ရွှီခယ့်ယွီတို့က ထိတ်လန့်စွာဖြင့် သူတို့၏ ဓားများကို ထပ်ခါတလဲလဲ အောက်သို့ လွှဲရမ်းနေရကာ မဟာလက်နက်ကြီးများကို သုံးလျက် ကောင်းကင်ခစားခြင်း လူထွားများကို ကိုင်တွယ်ခိုင်းနေသည်။

သို့ရာတွင် ကျည်ဆံအထည့်အသွင်း အချိန်အရ အချိန်က မဟာလက်နက်ကြီး၏ ကြီးမားသည့် အားနည်း ချက်ဖြစ်သွားသည်။ ကောင်းကင်ခစားခြင်း လူထွားများက နီးသထက် နီးလာသည်။

ထိုအခြေအနေက အဆိုးရွားဆုံး အနေအထား မဟုတ်ချေ။ ကောင်းကင်ခစားခြင်း စစ်တပ်က ကောင်းကင်မှ ဆက်လက်ပြီး ဆင်းသက်လာနေသေးပြီး ပမာဏက များသထက် များလာပြီး မဟာလက်နက်ထံသို့ ပြုံတိုးဝင်ရောက်လာကြသဖြင့် ထန်ဝင်္ကပါ တစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်နေသည်။ ကြီးမားသော ပေ့ဟယ်မော့ လေးကောင်ကလည်း ချဉ်းကပ်လာနေသည်။ ယခုအခါ ကျန်းတစ်ထောင်သာ ဝေးကွာတော့သည်။ ပေ့ဟယ်မော့များ အနောက်တွင်လည်း အာရပ်စစ်သည် နှစ်သိန်းကျော်ကလည်း ပါသေးသည်။ သူတို့ကလည်း ဆက်လက်ပြီး ဝင်တိုးလာနေကြသေးသည်။

အတွင်းအပြင် နှစ်ခုလုံးကို ရန်သူများက အဝိုင်းခံလိုက်ရလေရာ ထန်စစ်တပ်အနေဖြင့် အလွန်ဆိုးရွားသည့် အနေအထားသို့ ရောက်နေသည်။

“လီစီးရဲ”

ငယ်ရွယ်ပြီး တည်ကြည်သော အသံက စစ်တပ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ထိုအသံက ထူးခြားသော ဆွဲဆောင်မှု တစ်ရပ် ပါသလိုမျိုး နားထောင်ရသူတိုင်းက အလိုအလျောက် ယုံကြည်စိတ် ဝင်လာစေသည်။ ထို့ကြောင့် စစ်တပ်တစ်ခုလုံးက စိတ်ငြိမ်သွားကြသည်။

ခုခံရေးအားလိုင်း၏ အရှေ့တွင် ရှိသည့် ဝမ်ချောင်က အဖြစ်အပျက် အားလုံးကို မြင်သည်။ အပေါ်ယံတွင် သူက တည်ငြိမ်နေသည်ဟု ထင်ရသော်ငြား သူ၏စိတ်ကမူ မုန်တိုင်းထန်သော အနေအထားမျိုး ဖြစ်သည်။ မမြင်ရသော ဖိအားကလည်း သူ့ကို အဖက်ဖက်မှ ဖိနေသည်။

ဝမ်ချောင်အနေဖြင့် ကြီးမားသည့် ဖိအားဆိုသော အရာကို ယခုမှ နားလည်သွားသည်။ သူကလည်း ထိုဖိအားကို အနည်းငယ်ပင် အာရုံစိုက်လိုခြင်း မရှိပေ။

“ဝူရှန်းမြင်းတပ် အဖွဲ့ဝင်တိုင်းကို ခေါ်ဆောင်ပြီး ခုခံရင်း အဲ့ဒီ ကောင်းကင်ခစားခြင်း လူတွေကို သတ်။ ဒါက မင်းရဲ့ တာဝန်ပဲ”

“ဒီဗိုလ်ချုပ် သွားပါပြီ”

လီစီးရဲ၏ ခပ်မာမာ အော်သံက ပေါ်ထွက်လာပြီး သူက ဝူရှန်းမြင်းတပ်ကို ဦးဆောင်ခေါ်ကာ ကောင်းကင်ခစားခြင်း လူထွားများကို ချဉ်းကပ်သွားသည်။

“ကဲ အားလုံးပဲ ငါ့နောက်ကို လိုက်ခဲ့ကြ”

ဒုန်း ဒုန်း ဒုန်း

ဝူရှန်းမြင်းတပ် ငါးထောင်လုံးက စကားတစ်ခွန်းပင် မဆိုပဲ နောက်မှ လိုက်ပါသွားကြသည်။ သူတို့အားလုံးက လီစီးရဲ၏ အနောက်မှ တစ်ဆင့် သေဆုံးခြင်း နတ်ဘုရား၏ အစောင့်များကဲ့သို ပြုမူသည်။

“လူအယောက်တစ်ရာ တစ်ဖွဲ့ဖွဲ့။ လူစုခွဲ”

သူတို့က ချီတက်သွားသည်နှင့်အမျှ လီစီးရဲ၏ လက်ထောက် ခုံးကျစ်အန်းကလည်း အမိန့်ကို ဆက်ပေးသည်။ ဝူရှန်းမြင်းတပ်မှ သိပ်သည်းစွာ ရှိနေသော အဖွဲ့ဝင်များအားလုံးက အယောက်တစ်ရာစီပါသော အဖွဲ့ငါးဆယ်အဖြစ် ခွဲသွားလေပြီး အနီးအနားသို့ ကောင်းကင်ခစားခြင်း လူထွားများထံ ချဉ်းကပ်သွားကြသည်။

ဝူရှန်းမြင်းတပ်ကသာ စစ်တပ်မှ အခြိမ်းခြောက်နိုင်ဆုံး အင်အားစုကြီး ဖြစ်သည်။ သူတို့ကိုသာ မှီခိုပြီး ကောင်းကင်ခစားခြင်း လူထွားများကို ကိုင်တွယ်ရမည် ဖြစ်သည်။

ထိုအရာများ အားလုံးကို လုပ်ပြီးသောအခါ ဝမ်ချောင်က စိတ်မအေးနိုင်သေးချေ။ သူ၏စူးရှိသော အကြည့်က နေမင်းထက်ပင် တောက်ပသည်။ထိုအကြည့်က တိုင်းတာရန် ခက်ခဲလွန်းပြီး နက်နဲလွန်းသည်။ သူက အဝေးသို့ ကြိုမြင်နိုင်ပုံ ပေါ်သည်။

ခြိမ်း

ဝမ်ချောင်က မည်သည့်နေရာသို့ ကြည့်ကြည့် ထိုနေရာတွင် ရှိသည့် ကောင်းကင်ခစားခြင်း လူထွားများက ထန်စစ်တပ်ပေါ်သို့ ဥက္ကာခဲများအလား ကျလာကြောင်းကို မြင်နေရသည်။

အစိမ်းရင့်ရောင် ဥက္ကာခဲများ ယူသောနေရာက ဝမ်ချောင်၏ မျက်ဝန်းကိုပင် ရောင်ပြန်ဟက်နေစေသည်။ သူက စတင်ကာ တွက်ချက်သည်။

“အကြီးအကဲဖန်၊ အကြီးအကဲတု ငါ ခင်ဗျားတို့နှစ်ယောက်ကို ငါနဲ့ ပူးပေါင်းစေချင်တယ်။ အနောက်တောင်ပိုင်းမှာ သဏ္ဌာန်လေးခု ယင်ယန် ဝိဉာဉ်ထောင်ချောက်ကို ချခင်းရမယ်။ ခန်နေရာကို ယူ မြန်မြန်”

ရုတ်ချည်းဆန်သော စကားလုံးများက အနီးအနားရှိ ချန်းချန်းလီကို အံ့ဩသွားစေသည်။ သို့သော် ထိုနှစ်ယောက်က မြင်သက်မနေကြချေ။

“အရှင်အမတ် နားလည်ပါပြီ”

“ဒီကိစ္စကို ငါတို့ တာဝန်ထား”

ထိုနှစ်ယောက်က တောင်ပံများကဲ့သို့ လက်ကို ယမ်းကာ ဖွင့်လိုက်ပြီးနောက် အဲ့ဒီလက်များကို မြေပြင် ခါယမ်းသွားစေလျက် ချက်ချင်းလိုလို စစ်တပ်အတန်းထဲမှ ခွာထွက်သွားသည်။ သူတို့က ‌လေထဲသို့ ပျံသန်းသွားသလိုမျိုး အလွန်အမင်း ကြီးလေးကာ ကျယ်လောင်လွန်းသည့် ခြေလှမ်းများကို ကျော်ဖြတ်သွားလျက် သံမဏိတုံးပေါင်းများစွာကို ကောက်ယူလိုက်ကာ ဖြစ်ညစ်ရင်း ကွေးကောက်သွားစေသည်။

ချွင် ချွင် ချွင်

သံမဏိ တစ်တုံးပြီး တစ်တုံးက မြေပြင်ပေါ်သို့ အထိုးထည့်ခံရပြီး သန့်စင်ခံရသလို ဖြစ်သွားသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း အကြီးအကဲဖန်းနှင့် အကြီးအကဲတုဆိုသော ဝူရှန်းရွာမှ သူတော်စင် သိုင်းနယ်မြေအဆင့် သိုင်းပညာရှင် နှစ်ယောက်က အလွန်အမင်း ကြီးမားသည့် သဏ္ဌာန်လေးခု ယင်ယန် ဝိဉာဉ် ထောင်ချောက်ကို ထုတ်ဖော်သည်။

ဘုန်း

ထိုနှစ်ယောက်က ဝိဉာဉ် ထောင်ချောက်ကို ထုတ်ဖော်သွားပြီးသည့်အခိုက် ကြီးမားသော ဥက္ကာပျံကြီးက ဝင်္ကပါ အလယ်တည့်တည့်သို့ ကျလာသည်။

ဝေါင်း

အစိမ်းရင့်ရောင် ဥက္ကာတုံးကြီးက ကွဲအက်သွားပြီးနောက် ကောင်းကင်ခစားခြင်း လူထွားကြီးက စွမ်းအင်များကို ခြုံရံလျက် လက်မောင်းကို ယမ်းပြီး ဝင်္ကပါထဲမှ ခုန်ထွက်လာသည်။ သို့သော် သူက အဆုံးအစမဲ့သည့် လမ်းကို ဖောက်ရန် ကြံစည်နေသည့်အချိန်တွင် ရုတ်ချည်း အံအားသင့်မှုဖြင့် အေးခဲသွားသည်။ သူ၏ ဟိန်းသံကပင် ခြောက်ကပ်သွားသည်။

ဝင်္ကပါ၏ အပြင်ဘက်မှ အကြီးအကဲဖန်၊ အကြီးအကဲတုတို့က ထိုအခြေအနေကို မြင်ပြီး နားလည်သွားကြသည်။

“အနောက်တောင်ပိုင်းမှာ သဏ္ဌာန်လေးခု ယင်ယန် ဝိဉာဉ်ထောင်ချောက် ချန်းနေရာ”

ဝမ်ချောင်၏ အသံက ထပ်ထွက်လာသည်။

“မြန်မြန်”

အကြီးအကဲနှစ်ယောက်လုံးက အသိပြန်ဝင်သွားကြပြီး အမိန့်ပေးသော နေရာအတိုင်း သွားလိုက်ကြသည်။ ဝူရှန်းရွာမှ အကြီးအကဲများကလည်း ဝမ်ချောင်က ထိုလူထွားကြီးများ ကျမည့်နေရာကို တွက်ချက်ပြီး ထိုထောင်ချောက်များ ဆင်ခိုင်းကြောင်း နားလည်သွားသည်။

ထိုကဲ့သို့ ဖြစ်နေသည့်အခါ သူတို့က ထိုအကောင်ကြီးများကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ပေလိမ့်မည်။

“အရှေ့တောင်ပိုင်း လီနေရာ”

“အရှေ့မြောက်ပိုင်း ခွန်းနေရာ”

“အရှေ့ပိုင်း သွေ့နေရာ”

ဝမ်ချောင်က ကောင်းကင်သို့ မော့ကြည့်သည်။ သူ၏ နှုတ်ခမ်းမှ အမိန့်က တစ်ခုပြီး တစ်ခု ဆက်တိုက် ထွက်နေသည်။ အကြီးအကဲဖန်နှင့် အကြီးအကဲတုတို့ကလည်း တိုက်ပွဲနယ်မြေအတွင်း အပြေးအလွှား သွားနေကြရသည်။ တစ်နည်းအားဖြင့် သဏ္ဌာန်လေးခု ယင်ယန် ဝိဉာဉ်ထောင်ချောက်ကို တစ်ခုပြီးတစ်ခု ချထားခဲ့၏။

ထိုဝင်္ကပါက ရှေးဟောင်းဝင်္ကပါတစ်ခု ဖြစ်သည်။

မဟာဗိုလ်ချုပ်အဆင့်များထက် မြင့်သည့်် ပေ့ဟယ်မော့များကဲ့သို့ ခြောက်ခြားဖွယ်ကောင်းသည့် အကောင်ကြီးများကို ကိုင်တွယ်ရာတွင် သူ၏စွမ်းအင်ကို ထုတ်သုံးနိုင်စွမ်းအား ရှိသည်။ ထို့ကြောင့် ကောင်းကင်ခစားခြင်း လူထွားများကိုမူ ကိုင်တွယ်ရန် လုံလောက်သည်ထက် ပိုနေသည်။

ဝေါင်း ဝေါင်း

ဥက္ကာလုံးကြီးများကလည်း မိုးရွာသလို ဆက်တိုက်ကျဆင်းလာသည့် အော်သံများက ဆက်တိုက် ထွက်ပေါ်လာ၏။ ကောင်းကင်ခစားခြင်း လူထွားများက ဝင်္ကပါထဲမှ ခုန်ထွက်လာကြသည့် အချိန်တွင် လေးစားဖွယ်ကောင်းသော သဏ္ဌာန်လေးခု ယင်ယန် ဝိဉာဉ်ထောင်ချောက်အတွင်းသို့ ရောက်နေကြောင်း သိလိုက်ကြရသည်။

ဘုန်း ဘုန်း ဘုန်း

ကောင်းကင်ခစားခြင်း လူထွားများကလည်း သူတို့၏ ပတ်ဝန်းကျင်ကို ရူးသွပ်စွာ တိုက်ခိုက်ကြသည်။ သူတို့၏ သံမဏိကဲ့သို့ ထင်ရသည့် လက်သီးများက တဘုန်းဘုန်း တဒိုင်းဒိုင်းနှင့် တိုက်ခိုက်သည်။ သို့သော် ဝင်္ကပါက ဖန်တီးသည့် မီးခိုးရောင်မြူထုများက သူတို့အား အပြင်ဘက်ရှိ စစ်သည်တော်များကို မမြင်စေနိုင်ချေ။ ထို့ကြောင့် အပြင်ဘက်ရှိ စစ်သည်တော်များကို တိုက်ခိုက်ရန် ပို၍ဆိုးရွားသေးလေသည်။ သဏ္ဌာန်လေးခု ယင်ယန် ဝိဉာဉ်ထောင်ချောက်က မြေကမ္ဘာ၏ခွန်အားကို သုံးထားခဲ့ခြင်း ဖြစ်သည်။ လူထွားကြီး၏ တိုက်ကွက်တိုင်းက ဝင်္ကပါကသို့ ရောက်မည်ဆိုလျှင်ပင် မြေကမ္ဘာကို တိုက်ခိုက်သလို ဖြစ်လေရာ သက်ရောက်မှုက အလွန့်အလွန့် နည်းသည်။

ထိုဝင်္ကပါများကို တည်ဆောက်နေသည့် အချိန်တွင် ကောင်းကင်ခစားခြင်း လူထွားအကောင် ငါးဆယ်ခန့်က ခုန်ဝင်လာသည်။ သို့သော် အကောင်အားလုံးကို ထိန်းထားနိုင်ခဲ့သည်။

“သေစမ်း ဒါတွေကို ဖျက်ဆီး”

မုတ်ဆိတ်နှင့် လူထွားကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဒုန်း ဒုန်း ဒုန်း

တိုက်ပွဲနယ်မြေအနှံ့ ခြေလှမ်းသံများက ဟိန်းထွက်လာလေပြီး ကောင်းကင်ခစားခြင်း လူထွားဆယ်ကောင်ခန့်က ဝင်္ကပါထံ ချဉ်းကပ်လာကြသည်။

သို့ရာတွင် သူတို့က ခပ်ဝေးဝေး မလာနိုင်သေးခင် မြင်းတပ်ဖွဲ့ တစ်ဖွဲ့က သူတို့ကို တားလိုက်သည်။

“သူတို့ကို သတ်”

ခုန်းကျစ်အန်းက ဓားကို လေထဲသို့ မြှောက်လိုက်ပြီး ဝူရှန်းမြင်းတပ် အဖွဲ့ဝင် အယောက်တစ်ရာကို ဦးဆောင်ပြီး အနီးအနားရှိ ကောင်းကင်ခစားခြင် လူထွားထံ ဝင်ရောက်သွားလိုက်သည်။

“ဟင့် အသုံးမကျတဲ့ ပုရွက်ဆိတ်ကောင်”

ဆယ့်ရှစ်မီတာခန့် မြင့်သော လူထွားကြီးကလည်း ချဉ်းကပ်လာသော မြင်းတပ်ကို ကြည့်ပြီး လှောင်သည်။ သူက ကြီးမားသော ကျောက်တုံးတစ်တုံးကို လက်ဖြင့် ကောက်ကိုင်လိုက်ကာ သူတို့ထံ ကောက်ပစ်လိုက်သည်။ အခြားသော လက်တစ်ဖက်ကမူ ကြောက်မက်ဖွယ်ကောင်းသော အားများကို သုံးလျက် ဝူရှန်းမြင်းတပ်ကိုရိုက်ချသည်။

ထိုလက်ဝါးက သတ္တုများကိုပင် ကွဲအက်သွားအောင် လုပ်နိုင်သည်။

ဝူရှန်းမြင်းတပ် အဖွဲ့ဝင်များကလည်း အရိုက်ခံရလျှင် သေနိုင်သည်။

ဝုန်း

ထိုလက်ဝါးက မြေပြင်ကို ရိုက်ချလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် လေပြင်းကပင် မွှေနှောက်ခံရ၏။ သို့သော် လူထွာကြီးက မည်သူ့ကိုမှ မရိုက်မိချေ။ ထူးခြားသော နည်းလမ်းတစ်ခုကို သုံးနေပြီး ဝူရှန်းမြင်းတပ်က ကြီးမားသည့် လက်ဝါးရိုက်ချက်ကို ဆံချည်တစ်မျှင်စာ ကပ်သီးလေးဖြင့် ရှောင်တိမ်းလိုက်နိုင်သည်။

အပိုင်း(၉၆၅)

“ဘယ်လိုဖြစ်နိုင်မှာလဲ”

လူထွားကြီးက အော်သည်။ သို့သော် သူက လျင်မြန်စွာဖြင့် ကြောက်မက်ဖွယ်ကောင်းသော နာကျင်မှုကို ခံစားလိုက်ရသည်။ အစပိုင်းတွင်မူ ထိုအရာက မသိသာချေ။ သို့သော် နာကျင်မှုက တဖြည်းဖြည်း ပြင်းထန်လာလေပြီး သူ၏အရိုးကိုပင် ကျိမ်းစက်လာစေသည်။

“သူ့ကိုသတ်”

လူထွားကြီး၏ ခြေထောက်အောက်မှ အော်သံက ထွက်လာသည်။ သူက ခေါင်းကို ငုံ့လိုက်မှသာ ထိုပုရွက်ဆိတ်ကဲ့သို့ လူသားမြင်းတပ်များက သူ၏ခြေထောက်ကြားကို လျှပ်စီးကဲ့သို မြန်ဆန်သော အရှိန်နူန်းဖြင့် ကျော်ဖြတ်ပြီး ထက်ရှသော ဓားများကို သုံးကာ လွှဲရမ်းကြောင်း မြင်လိုက်ရသည်။

ထိုဓားများက သူ၏ ခြေမျက်စိကို စက္ကူကို ခုတ်ဖြတ်သလို ခုတ်ဖြတ်လိုက်နိုင်သည်။ ဒီနည်းအားဖြင့် သူ၏ခြေထောက် ပတ်ဝန်းကျင်တွင် ရှိသော ထူထပ်သိပ်သည်းကာ မာကြောသည့် အစိမ်းရင့်ရောင် သံချပ်ကာကိုပင် ဖြတ်တောက်လိုက်နိုင်သေးသည်။ သုံးပေခန့် ရှည်သည့် ထိုဓားက သူ၏အသားအရေ၊ အရွတ်၊ အသားနှင့် အရိုးထိပင် ထိုးဖောက်လာနိုင်သေး၏။ သို့သော် ထိုအရာများက ထက်ရှလွန်းသောကြောင့် ထိုမြင်းတပ်က အဝေးသို့ ရောက်သွားမှသာ နာကျင်မှုကို ခံစားရခြင်း ဖြစ်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါက ဘယ်လိုလက်နက်မို့လို့ ငါတို့ရဲ့ မဟာနတ်ဘုရား သံချပ်ကာကို ဖောက်နိုင်တာလဲ”

လူထွားကြီး၏ မျက်လုံးက မယုံနိုင်မှုဖြင့် ပြူးသွားသည်။ သူကလည်း သူ၏ခြေထောက်ကို မြှောက်လိုသည်။ သို့သော် ထိုအခိုက် ကွဲအက်သံကိုသာ ကြားလိုက်ရ၏။ ထိုအခိုက် သူ၏ခြေထောက်က သူ၏ ကိုယ်အလေးချိန်ကို မထိန်းနိုင်တော့ချေ။ ပါးလျသည့် သွေးစီးကြောင်းက ပေါ်ထွက်လာပြီးနောက်တွင် ကျိုးကြေသွားသည်။

ဘုန်း

လူထွားကြီးက ဟန်ချက်ပျက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

“ငါ့ ခြေထောက် ငါ့ခြေထောက်”

သူက အသားကုန် အော်ဟစ်သည်။ ထိုအခါမှသာ လူထွားကြီးကလည်း ထိုလူသား စစ်သားများက သူ၏ ခြေမျက်စိကို ခုတ်ဖြတ်လိုက်နိုင်ကြောင်း တွေ့လိုက်ရသည်။

“သူ့ကို သတ်”

ခုန်းကျစ်အန်းကလည်း လူထွားကြီး၏ အနောက်ဘက်မှ ကျယ်လောင်စွာ လှမ်းအော်နေသေးသည်။ သူကအသံက မာကြောနေပြီး ဆုံးဖြတ်ချက် ပြတ်သားသည်။ အမိန့်ကို ပေးပြီးပြီးချင်း ထိုမြင်းတပ် အဖွဲ့ဝင် တစ်ရာက လူထွားကြီးကို သတ်ဖြတ်မည့် အနေအထားကို အပြည့်အဝ ဝင်ရောက်သွားသည်။ သူတို့၏ ဝှစ်သံမဏိဓားများက သူတို့ ပုခုံး၊ လက်မောင်း၊ ခါး၊ ခြေထောက်နေရာများကို ချိန်ကာ ခုတ်ကြသည်။ သွေးများ‌က နေရာအနှံ့ ‌ပန်းထွက်လာပြီး မြေကမ္ဘာတစ်ခုလုံးကို နီရဲသွားစေသည်။

“သေဆုံးခြင်း မြင်းရိပ်ဓား”

မြင်းတပ်တပ်ဖွဲ့ဝင် တစ်ရာထံမှ အော်ရှသည့် အသံက ထွက်လာသည်။ လူထွားကြီးက ကျသွားသည့် တစ်ခဏတွင် ကျွမ်းကျင်သော အဖွဲ့ဝင် ခုနှစ်ယောက်က အလွန်အမင်း လေးစားဖွယ်ကောင်းသည့် ဝူရှန်းမြင်းတပ်၏ စွမ်းအားကို ထုတ်သုံးလိုက်သည်။ သူတို့၏ကျောကို မြင်းများပေါ်သို့ ဖိကပ်လိုက်လျက် အသာအယာ ခုန်ချလာသည်။ ထိုလက်ရွေးစင် ခုနှစ်ယောက်လုံးက လက်ရွေးစင် သေဆုံးခြင်း မြင်းရိပ်ဓား အဖွဲ့ဝင်များ ဖြစ်သည်။ သူတို့က လူထွားကြီး၏ ကိုယ်ပေါ်သို့ ဖြတ်လတ်သော မျောက်ဝံများကဲ့သို့ ကုန်းတက်လာသည်။

အနောက်တောင်ပိုင်းမှ စစ်ပွဲတွင် ဝမ်ချောင်က သေဆုံးခြင်း မြင်းရိပ်ဓားကို သုံးပြီး ထိုလူထွားကြီးများ၏ အခြေခံကျသော ပုံသဏ္ဌာန်ကို ကိုင်တွယ်နိုင်ခဲ့သည်။ တူညီသော သေဆုံးခြင်း မြင်းရိပ်ဓား ဝင်္ကပါကို အသုံးပြုနေခဲ့ခြင်း ဖြစ်သည့်တိုင်အောင် ထိုခုနှစ်ယောက်က သုံးနိုင်သောအခါ ခြားနားသော လက်ရွေးစင်အသင်း တစ်ခု၏ စွမ်းရည်ကို ထုတ်ပြနိုင်သွားသည်။ ဝမ်ချောင်ကလည်း ထိုလူများကို ဒီလိုအကောင်ကြီးများအတွက် အထူးတလည် လေ့ကျင့်ပေးထားခြင်း ဖြစ်သည်။

ခြိမ်း

မြင်းများထံမှ ခုန်ထွက်သွားပြီးနောက် ဖုန်တိမ်စိုင်များက အလုံးလိုက် မြှောက်တက်လာကာ သေဆုံးခြင်း မြင်းရိပ်ဓားမှ လူခုနှစ်ယောက်ကို ချန်ထားရစ်ခဲ့သည်။ ကျန်သော ဝူရှန်းမြင်းတပ် အဖွဲ့ဝင်တိုင်းကို ခုံးကျစ်အန်းက ခေါ်ကာ သယ်ဆောင်သွားပြီ ဖြစ်သည်။

ထိုအချိန်တွင် အခြားသော အယောက်တစ်ရာ အဖွဲ့ဝင်တိုင်းကလည်း တူညီသော နည်းလမ်းများကို သုံးကာ ကောင်းကင်ခစားခြင်း လူထွားများကို ကိုင်တွယ်နေခဲ့၏။ ကောင်းကင်ခစားခြင်း လူထွားတစ်ကောင်ထံ ချီတက်ပြီးနောက် သူတို့က သေဆုံးခြင်း မြင်းရိပ်ဓားအဖွဲ့ကို ချန်ထားရစ်ခဲ့ပြီး နောက်ထပ်တစ်ကောင်ထံ တစ်ကောင်ထံ ချဉ်းကပ်သွားကြသည်။

တစ် နှစ် သုံး _ _ _

မျက်တောင်တစ်ခတ် အချိန်အတွင်း ဝူရှန်းမြင်းတပ် အဖွဲ့ဝင် ငါးထောင်လုံးက အယောက်တစ်ရာခန့် ရှိမည့် အဖွဲ့ငါးဆယ်ဖြင့် ဖွဲ့လျက် အကောင်ငါးဆယ်ကို ကိုင်တွယ်နေကြသည်။ ပို၍ဆိုးသည်မှာ ထိုကောင်းကင်ခစားခြင်း လူထွားတစ်ကောင်းချင်းစီက ပြသသည့် ခွန်အားပေါ် အခြေခံ၍ သူတို့က နှစ်ယောက်၊ သုံးယောက် သို့မဟုတ် လေးယောက်ခန့် ရှိမည့် အဖွဲ့ဝင်များကို ချန်ထားရစ်ခဲ့သည်။

“သေစမ်း အသုံးမကျတဲ့ ကောင်တွေ”

အနီရောင် မုတ်ဆိတ်နှင့် ကောင်းကင်ခစားခြင်း လူထွားအဖွဲ့ခေါင်းဆောင်က သူ၏လူများက ပြိုလဲကျနေကြောင်း မြင်သောအခါ ဒေါသထွက်သွားသည်။ သူက ဒေါသကို မနည်း ထိန်းနေရသည်။

“ကြည့်ရတာ ငါကိုယ်တိုင် လုပ်ရတော့မယ်ထင်တယ် လူသားတွေ ပုရွက်ဆိတ်နဲ့ မခြားတဲ့ အကောင်လေးတွေ ငါ မင်းတို့ကို သတ်မယ်”

ဘန်း

အနီရောင် မုတ်ဆိတ်နှင့် လူထွားကြီးက ဖနှောင့်ပေါက်သည်။ မြေပြင် ကိုးမီတာခန့် နက်သည့် ကွဲရာကြီးက ပေါ်လာ၏။ ထိုသို့ဖြင့် သူက ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်နူန်းနှင့်အတူ ချန်းမင်းနှင့် ရွှီခယ့်ယီတို့က အမိန့်ပေးနေသော မဟာလက်နက်ကြီးအဖွဲ့ထံ ချဉ်းကပ်သွားလိုက်သည်။

“တင်”

“ပစ်လွှတ်”

လေထုက ဟိန်းသံထုတ်လွှတ်လာသည့် အချိန်တွင် မဟာလက်နက်ကြီး၏ ကျည်ဆံက ထိုအနီရောင် မုတ်ဆိတ်နှင့် လူထွားကြီးကို ချိန်လိုက်သည်။ ထိုမဟာလက်နက်ကြီးများက အနောက်တွင် အနက်ရောင် ပုံရိပ်ယောင်ကိုသာ ချန်ထားခဲ့လေပြီး လေထုကို ဖြိုခွင်းလာသည်။ ချန်းမင်းနှင့် ရွှီခယ့်ယွီက ချက်ချင်းဆိုသလိုပင် အန္တရယ်သစ်ကို အာရုံခံမိသည့်အတွက် အမိန့်ထပ်ပေးလိုက်သည်။

ဘုန်း

အနီရောင် မုတ်ဆိပ်နှင့် လူထွားကြီးကလည်း ထိုလက်နက်ကြီးကို ကြိုတင်ခန့်မှန်းထားပြီးပုံ ပေါ်သည်။ သူ၏ ခန္ဓာကိုယ်ကို ဘေးဘက်သို့ အနည်းငယ် ကုန်းလိုက်ရုံဖြင့် သူက အောင်မြင်စွာဖြင့် လျှောက်လှမ်းနိုင်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ချန်းမင်းနှင့် ရွှီခယ်ယွီတို့ နှစ်ယောက်လုံးက ထိုမြင်ကွင်းကြောင့် ဖိအားများသွားကြသည်။ မဟာလက်နက်ကြီးက အလွန်အမင်း မြန်သည်။ သာမာန်လက်နက်ကြီးများ ပစ်ခတ်သည်ထက်ပင် အဆပေါင်းများစွာ မြန်ဆန်နေသေး၏။ တစ်ကြိမ် ပစ်ခတ်လိုက်ပြီးနောက် ရှောင်ရန် မဖြစ်နိုင်တော့ချေ။ ပို၍ဆိုးသည်မှာ ထိုလူထွားကြီးများက ဆယ်မီတာခန့် မြင့်သည်။ သူတို့က အလွန်အမင်း မြင့်မားသော ပစ်မှတ်ကြီးများ ဖြစ်နေလေရာ မည်သည့်နည်းနှင့်မှ လွဲရန် မဖြစ်သင့်ချေ။ သို့တိုင်အောင် အနီရောင် မုတ်ဆိတ်နှင့် လူထွားကြီးကမူ ရှောင်လိုက်နိုင်သည်။ ထိုအချက်ကတင် ထိုအကောင်ကြီးက တစ်ခြားသူများထက် အင်အားကြီးမားကြောင်း ဖော်ပြနေပြီးသား ဖြစ်သည်။

“နိမ့်ကျတဲ့ လူသားကောင်တွေ ငါ့ရဲ့ တိုက်ကွက်တစ်ကွက်ကိုပဲ ခံစမ်းပါ”

အနီရောင် မုတ်ဆိတ်နှင့် မဟာလူထွားကြီးက သာမာန်သော မြင်းတစ်ကောင်၏ အလောင်းကို လက်တစ်ဖက်စီဖြင့် ကိုက်လျက်အမြှောက်များကဲ့သို့ ပစ်လွှတ်လိုက်သည်။

“သတိထား”

ချန်းပင်းကလည်း ထိတ်လန့်တကြား အော်လိုက်ပြီး သူ၏ဓားကို မြှောက်ကာ အလောင်းတစ်လောင်းထံ ခုန်ဝင်သွားသည်။ တစ်ချိန်တည်းတွင်ပင် အခြားသော အင်အားကြီးမားသည့် လက်နက်ကြီးအဖွဲ့မှ အဖွဲ့ဝင်တိုင်းကလည်း ချက်ချင်းဆိုသလို ခုန်ထွက်လာကြသည်။

ဘန်း ဘန်း ဘန်း

သူတို့က သူတို့၏အင်အားတိုင်းကို ထုတ်သုံးကာ ထိုမြင်းအလောင်းကို တိုက်ခိုက်လိုက်ကြသည်။

ဘုန်း

ချန်းပင်းနှင့် လက်နက်ကြီးအဖွဲ့ဝင် ခုနှစ်ယောက်ခန့်က မြင်းအလောင်းတစ်လောင်းကို ခုတ်ပိုင်းလိုက်နိုင်သည်။ ထိုအခိုက် သူတို့အားလုံးက ထူးဆန်းသော ခံစားချက်ကို ရလိုက်၏။ သူတို့၏ အဖွဲ့က တောင်တန်း၏ အပေါ်ယံ အပြင်ပိုင်း အဖွဲ့ကိုသာ တိုက်ခိုက်နိုင်လိုက်သလို ခံစားလိုက်ရသည်။ သူ၏တိုက်ကွက်က သက်ရောက်မှု မရှိရုံသာ မကသေးလေပဲ တန်ပြန်ထွက်လာသည့် စွမ်းအားလှိုင်းများက သူ၏အရိုးများကိုပင် ညည်းသံများ ထွက်လာစေပြီး အစိတ်စိတ်အမြွှာမြွှာဖြစ်လျက် ပြိုလဲတော့မည်ဟု ခံစားလိုက်ရလေသည်။ သူ၏ကိုယ်တွင်း အင်္ဂါများကပင် ပြင်းထန်သည့် ဒဏ်ရာရသွားကြသည်။

ဗွက်

ချန်းပင်းက လည်းချောင်းမှ ချိုမြိန်သော အရသာကို ရလိုက်သည်။ ထို့နောက် အနောက်ဘက်သို့ လွှင့်ထွက်သွားပြီး အနောက်ဘက်ရှိ သူ၏မဟာလက်နက်ကြီးကို ဝင်ဆောင့်တိုက်မိသွားသည်။ တစ်ချိန်တည်းတွင်ပင် လက်နက်ကြီးအဖွဲ့ဝင် ခုနှစ်ယောက်လုံးကလည်း အလားတူပင် အော်ဟစ်လျက် လွှင့်ထွက်သွားကြသည်။

တစ်ချက် တိုက်ခိုက်လိုက်ရုံမျှနှင့် ချန်းပင်းနှင့် အင်းအားကြီးသော လက်နက်ကြီးအဖွဲ့မှ အဖွဲ့ဝင် ခုနှစ်ယောက်လုံးက ပြင်းထန်သည့် ဒဏ်ရာကို ရရှိသွားကြသည်။ လူထွားကြီးနှင့် ယှဉ်သော် သူတို့က အားနည်းလွန်းနေသည်။

ဘန်း

တစ်ချိန်တည်းလိုလိုပင် ရွှီခယ့်ယွီကလည်း သူ၏ လက်ရွေးစင် အဖွဲ့ဝင်များနှင့်အတူ အော်ဟစ်လျက် နောက်သို့ ပြန်လွှင့်လာသည်။ ထိုသို့ဖြင့် အနီရောင်မုတ်ဆိတ်နှင့် လူထွားကြီး နှင့် မဟာလက်နက်ကြီး အကြားတွင် အနှောက်အယှက် မရှိတော့ချေ။

ဝူရှန်းမြင်းတပ်ကလည်း ကျန်းတစ်ရာအကွာတွင် ဖြစ်သည်။

ပြောင်မြောက်တဲ့ အခွင့်အရေးပဲ။

အနီရောင်မုတ်ဆိတ်နှင့် လူထွားကြီးက ပျော်ရွှင်သွားပြီး ခြေလှမ်းကျဲကြီးများ လှမ်းလျက် မဟာလက်နက်ကြီးထံ လာသည်။

“တင် တင် တင် လက်နက်ကြီးကို ပစ်။ သူ့ကို မကပ်လာစေနဲ့။ မဟာလက်နက်ကြီးကို ချိန်ပြီး သူ့ကို ပစ်ရမယ်”

ရွီခယ့်ယွီနှင့် ချန်းမင်းတို့၏ အမိန့် မရှိတော့သောအခါ ကျန်သော တပ်ဖွဲ့များကလည်း ခပ်မြန်မြန် ထိတ်လန့်လာကြသည်။ ထိုအခိုက် ထိုအနီရောင်မုတ်ဆိတ်နှင့် လူထွားကြီးကို သတ်နိုင်သည့် တစ်ခုတည်းသော အရာက မဟာထန်၏ သာမာန်လက်နက်ကြီးများ ဖြစ်သည်။

ဘုန်း

လက်နက်ကြီး ဆယ်လက်ခန့်က ထိုလူထွားကြီးကို အဘက်ဘက်မှ ပစ်သည်။

“ဟ”

အနီရောင်မုတ်ဆိတ်နှင့် လူထွားကြီးက လှောင်လိုက်သည်။ သူက အစိမ်းရင့်ရောင် ဒိုင်းကို ယမ်းလိုက်သောအခါ ရောက်လာသည့် ကျည်ဆံလေးခုလုံးကို တားလိုက်နိုင်သည်။ ကျန်သောအရာများကမူ ဒိုင်းများကို ထိသွားသည့်တိုင်အောင် သက်ရောက်ခြင်း မရှိချေ။ သူတို့က အလွန်မာကြောလွန်းသည့် သံမဏိမြို့ရိုးကိုသာ ထိမှန်သွားရသလို ဖြစ်သွားလေ သည်။

သူက ထိုလက်နက်ကြီးတိုင်းကို တားဆီးပြီးသည့်တိုင်အောင် အနီရောင်မုတ်ဆိတ်နှင့် လူထွားကြီး၏ ခြေလှမ်းများက ဆက်လက်ပြီး တိုက်ပွဲနယ်မြေသို့ လှမ်းလိုက်သည်။ ခြေနှစ်လှမ်းခန့် ကြာပြီးနောက် သူဟာ မဟာလက်နက်ကြီး တစ်လက်နှင့် ခုနှစ်မီတာခန့်သာ ဝေးကွာလွန်းသော နေရာသို့ ရောက်သွားသည်။ သူ၏အရပ်ကြောင့် သူက ခြေတစ်လှမ်းလောက် ထပ်လှမ်းလိုက်ရုံဖြင့် လက်နက်ကြီး၏ အနားသို့ ရောက်သွားနိုင်မည် ဖြစ်သည်။

ထိုအရာများသာ မက ချန်းမင်းနှင့် ရွှီခယ့်ယွီတို့ကလည်း မဟာလက်နက်ကြီးမှ အင်အားကို အမြှင့်ဆုံး ထုတ်သုံးနိုင်ရန်အတွက် အနားသို့ ကပ်လာကြလေသည်။ ဆိုလိုသည်မှာ အနီရောင်မုတ်ဆိတ်နှင့် လူထွားကြီးက ပထမ မဟာလက်နက်ကြီးအနားသို့ ရောက်သွားသည့်အချိန်တွင် အခြားတစ်လက်နှင့် လေးမီတာခန့်သာ ဝေးကွာတော့မည် ဖြစ်သည်။

“အန္တရာယ် ဘယ်လိုပဲဖြစ်ဖြစ် ဒီအကောင် အနားကပ်လာလို့ မရဘူး”

“မဟာလက်နက်ကြီး တစ်ခုကသာ ဖျက်ဆီးခံရရင် ငါတို့က အဆုံးသတ်ပြီ။ အားလုံးပဲ ငါ့အနောက်ကို လိုက်ပြီး ချီတက်ကြ “

ထိုအခြေအနေကို မြင်သည့် လူတိုင်းက ဖြူဖျော့သွားကြသည်။ ထန်မြင်းတပ် အဖွဲ့ဝင် အယောက်နှစ်ဆယ်ခန့်က စဉ်းစားဉာဏ်မရှိတော့သလိုမျိုး ထိုလူထွားကြီးကို ရင်ဆိုင်ရန် စတင်ကာ ချီတက်လာကြသည်။ သို့သော် သူတို့က နောက်ကျသွားသည်။ အနီရောင်မုတ်ဆိတ်နှင့် လူထွားကြီး၏ မျက်ဝန်းက လက်နက်ကြီး နှစ်လက်ထံတွင် ရှိနေပြီ ဖြစ်သည်။ သူက အခြားအရာကို ဂရုမစိုက်တော့ချေ။

ဝုန်း

ကြီးမားသော သံချပ်ကာ ခြေထောက်ကြီးက အစိမ်းရင့်ရောင် မီးတောက်များအဖြစ် တောက်လောင်နေပြီး လေထဲသို့ မြှောက်တက်သွားလျက် အနီးဆုံး မဟာလက်နက်ကြီးထံ ဆင်းသက်သွားသည်။

ခြေထောက်ကို မြှောက်လိုက်ခြင်းကတင် ကြီးမားသည့် လေပွေများကို မွှေနှောက်လိုက်လေပြီး လက်နက်ကြီးအဖွဲ့ဝင် သုံးယောက်ခန့်ကို လွှင့်ထွက်သွားစေသည်။ အနီရောင်မုတ်ဆိတ်နှင့် လူထွားကြီး၏ ပြသထားသော ခွန်အားအတိုင်းဆို ထိုခြေထောက်ကသာ ကျသွားခဲ့သော် မဟာလက်နက်ကြီးက ကျိုးကြေသွားခဲ့မည်မှာ သေချာသည်။

“အား”

အဘက်ဘက်မှ အလန့်တကြား အော်ဟစ်သံများက ပြည့်နှက်လာသည်။ လူတိုင်းကလည်း ထိုမြင်ကွင်းကြောင့် အေးခဲသွားကြ၏။ ထိုအရာ ပျက်စီးသွားသည့်နောက်တွင် သူတို့အားလုံးက သေရမည်ကဲ့သို့ ခံစားနေရပုံ ‌ပေါ်သည်။

သို့သော် ထိုအခိုက် ပိန်ပါးသော ပုံရိပ်တစ်ခုက မဟာလက်နက်ကြီး၏ အပေါ်တွင် ပေါ်ထွက်လာသည်။ ထိုလူက အဖြူရောင် ဝတ်စုံကို ဝတ်ထားသည်။ ဆံပင်က လေတွင် လွှင့်နေ၏။ အနီရောင်မုတ်ဆိတ်နှင့် လူထွားကြီး၏ ပြသထားသော ခွန်အားကြောင့် မဟာလက်နက်က ဖျက်ဆီးခံရမည်ဟု လူတိုင်းက ယူဆထားကြသည်။ ထိုလူကမူ ရိုးရှင်းစွာသာ မော့ကြည့်လျက် ဆင်းသက်လာသော ထိုလူသားကြီးထံ လက်ညိုးတစ်ချောင်းသာ ညွှန်သည်။

ဘန်း

အချိန်က ရပ်တန့်သွားသည်ဟု ထင်ရသည်။ အနီရောင်မုတ်ဆိတ်နှင့် လူထွားကြီး၏ အရှိန်အဝါ အပြည့်ပါသည့် ဖနှောင့်က ပုံမှန်အားဖြင့် သံမဏိကိုပင် ကွဲကြေနိုင်စေလောက်သော်လည်း ထိုလက်ညိုးတစ်ချောင်းကို ကြုံတွေရချိန်ကမူ လောက၏ အမာကြောဆုံးသော ခံတပ်ကို ဖိနင်းရသလို ခံစားလိုက်ရသည်။ သက်ရောက်မှု ပြင်းအားကြောင့် လေထုကပင် ပေါက်ကွဲသွားသည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံးကလည်း လွှင့်ထွက်သွား၏။ သို့သော် မည်သည့်အရာကမှ ထိုပုံရိပ်ကို လွှင့်အောင် လုပ်နိုင်ပုံ မရချေ။

“ဒါက ဘယ်လိုစွမ်းအားမျိုးလဲ မင်းက ဘာလဲ”

အနီရောင်မုတ်ဆိတ်နှင့် လူထွားကြီး၏ မျက်ဝန်းက မှေးကျင်းသွားသည်။ သူ၏မျက်နှာက အလွန်တင်းမာကာ ရှုံ့မဲ့သွားသည်။ သူကလည်း သူ၏ဖနှောင့်ပေါက်ချက်မှ အင်အားကို သိသည်။ ဒါဟာ ချောက်ခြားဖွယ်ကောင်းသည့် အရှိန်အဝါကို သယ်ဆောင်ထား၏။ မည်သည့်သာမာန်လူကမှ လက်ညိုးတစ်ချောင်းနှင့်ပင် သူ့ကို မတားနိုင်သေးချေ။

“ခန်းခယ်ဘုရင်”

ထိုလူက ခေါင်းကိုမော့သည်။ ထိုလူက အေးစက်စွာဖြင့် သူ၏ ဘွဲ့နာမည်ကို ထုတ်ပြော၏။ သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ခြောက်ခြားဖွယ်ကောင်းသည့် စွမ်းအင်များက ပေါက်ထွက်လာသည်။

“ဒီရေ အမြတ် ဒေါသ”

လျှပ်စီးလက်သလိုမျိုး အလင်းက ဖြတ်ကနဲ လက်သွားပုံ ပေါ်သည်။ ထိုသို့လက်သွားပြီးနောက် အနီးအနားရှိ မီတာနှစ်ဆယ်ခန့်မြင့်သော ထိုလူထွားကြီး၏ မျက်နှာက အံ့အားသင့်ဟန် ဖော်ပြလာသည်။

ခရစ်

သူ၏ ခန္ဓာကိုယ်က နောက်သို့ အတွန်းခံလိုက်ရသည်။ သူက ဆယ်ကျန်းခန့်အထိ နောက်ဆုတ်ပြီးမှာသာလျှင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များက အပြည့်အဝ ပျက်ပြယ်သွားကြောင်း သိလိုက်ရလေသည်။

All Chapters