← Chapters

အခန်း (၉၆၆-၉၇၀)

Vol. 54 Ch. 966-970

အခန်း (၉၆၆-၉၇၀)

Vol. 54 Ch. 966-970

အပိုင်း (၉၆၆)

“လူသား ငါ မင်းကို အထင်သေးမိတာ ငါ ဝန်ခံတယ်။ မင်းက ဒီလောက်ထိ အင်အားကို ပိုင်ဆိုင်ထားမယ်လို့ မထင်ထားဘူး။ ဒါပေမယ့် နည်းလွန်းသေးတယ်။ ငါ မင်းကို အရင်ဆုံး သတ်လိုက်မယ်။ အဲ့ဒီနောက် ဒီမဟာလက်နက်ကြီး နှစ်လက်ကို ဖျက်ဆီးလိုက်မယ်”

အနီရောင်မုတ်ဆိတ်နှင့် လူထွားကြီးကလည်း သူ၏ ကိုယ်တွင် ခြစ်ရာပင် မထင်ကြောင်း မြင်လိုက်သောအခါ စိတ်အေးသွားလေသည်။

“မင်းကို လေးစားပေးတဲ့ အနေနဲ့ မင်းသေသွားတဲ့အခါ ငါ မင်းရဲ့နာမည်ကို မှတ်ထားပေးမယ် ခန်းခယ်ဘုရင်”

“ဟွန့် အဲ့ဒီလိုလား”

ခန်းခယ်ဘုရင်က အနီရောင်မုတ်ဆိတ်နှင့် လူထွားကြီးကို ကြည့်ပြီး လှောင်လိုက်သည်။ သူ၏မျက်ဝန်းက ထိုလူထွား၏ခြေထောက်သို့ လှမ်းကြည့်လိုက်သည်။

“မင်းက ဘာကို ဆိုလိုတာလဲ”

အနီရောင်မုတ်ဆိတ်နှင့် လူထွားကလည်း ခန်းခယ်ဘုရင်ကို အံ့အားတကြီး လှမ်းကြည့်လိုက်သည်။ သို့သော် သူ၏စကားက မဆုံးသေးခင် သတ္တုကွဲအက်သံကို ကြားလိုက်ရသည်။ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သူ၏ သန်မာသော ဖိနပ်တစ်ဖက်က မရေမတွက်နိုင်သော အက်ရာပေါင်းများစွာဖြင့် ဝိုင်းနေကြောင်း တွေ့လိုက်ရသည်။ ဖျက်ကနဲ လက်သွားပြီးနောက် အစိတ်အပိုင်း ထောင်ပေါင်းများစွာအဖြင့် ပြောင်းကာ ပေါက်ကွဲသွားပြီး မြေပြင်သို့ လွှင့်စင်သွားသည်။

ပို၍အံ့အားသင့်စေသည်မှာ သူ၏ခြေထောက်အောက်မှ ထွက်ပေါ်လာသည့် ဖျက်ဆီးခြင်း စွမ်းအားများ၏ ပေါက်ကွဲမှုကို ခံစားမိနေခြင်း ဖြစ်သည်။ထိုစွမ်းအင်လှိုင်းက သူ၏ညာခြေထောက်ထံ တည့်တည့်ရောက်ရှိလာလေပြီး ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ ပေါက်ကွဲသွားသည်။

ခလု

သူ၏ညာခြေထောက်မှ သွေးများ ပန်းထွက်လာသလို အလွန်အမင်း ပြင်းထန်သည့် နာကျင်မှုကလည်း သူ၏စိတ်အတွင်း ထိုးဖောက်ဝင်ရောက်လာပြီး သူ့ကို နာကျင်မှုကြောင့် အော်ဟစ်စေသည်။

“မင်း “

အနီရောင်မုတ်ဆိတ်နှင့် လူထွားကလည်း ခပ်မြန်မြန် နောက်ဆုတ်လိုက်သည်။ သူက ခန်းခယ်ဘုရင်ကို အံ့အားတကြီး စိုက်ကြည့်၏။ လက်ညိုးတစ်ချောင်းတည်းနှင့် ထိုလူသားက သူ၏လူထွား နတ်ဘုရား ဖိနပ်တစ်ဖက်ကိုပင် ဖျက်ဆီးနိုင်သည်။ ရှင်းလင်းစွာဖြင့်ပင် သူက ထူးခြားသော အင်အားကို ပိုင်ဆိုင်ထားလောက်သည်။

“အပျော်မစောနဲ့ဦး”

ခန်းခယ်ဘုရင်က နောက်ဆုံးတွင် ရှေ့သို့ တစ်လှမ်းလှမ်းလာသည်။ အနောက်ပိုင်း နယ်မြေတွင် ခန်းခယ်များဟာ နံဟောင်သော ဝက်များ ဖြစ်ခဲ့သည်။ သူတို့၏ခေါင်းဆောင်အနေဖြင့် ခန်းခယ်ဘုရင်ဟာ ကိုယ့်ကိုယ်ကို အမြဲချုပ်ထိန်းခဲ့ရသည်။ ယခုအခါမှသာ သူ၏အစစ်အမှန် ခွန်အားကို ပြသရန် အခွင့်အရေး ရရှိလာခြင်း ဖြစ်သည်။

“တောက်ပသော သတ်ဖြတ်ခြင်း လက်သီး”

မာကြောသော ခန်းခယ်ဘုရင်က ရုတ်တရက် ငှက်ကြီးတစ်ကောင်လိုမျိုး မီတာနှစ်ဆယ်ခန့် မြင့်သည့် ထိုလူထွားကြီး၏ အနီးသို့ ခုန်ဝင်လာသည်။

သူ၏ညာလက်သီးက ရှေ့သို့ထိုးလိုက်သည့်အချိန်တွင် ဆယ့်နှစ်ကျန်း ဝန်းကျင်အတွင်းရှိ လေထုကပင် လိမ်တွန့်သွားသည်။ လက်သီးအနောက်ဘက်တွင်လည်း ကြီးမားသော ပုံရိပ်ယောင်ကြီးက ပေါ်ထွက်လာသည်။ ထို့နောက် ဒုတိယ၊ တတိယ၊ စတုတ္တ_ _ _ ထိုသို့ဖြင့် ရာပေါင်းများစွာက ဆင်းသက်ရောက်ရှိလာသည်။ မရေမတွက်နိုင်အောင် မြောက်မြားသော လက်သီးပေါင်းများစွာက တောင်တန်းလက်သီးကြီး တစ်ခုအဖြင့် ပေါင်းစုံပြီးနောက် အနီရောင်မုတ်ဆိတ်နှင့် လူထွားကြီး၏ ခန္ဓာကိုယ်ကို ထိုးခြေလေသည်။

တောက်ပသော သတ်ဖြတ်ခြင်း လက်သီးဟာ ခန်းခယ်ဘုရင်က အစောပိုင်းကာလအတောအတွင်း လျို့ဝှက်ချက်သည့် သိုင်းပညာရှင် တစ်ယောက်ထံမှ သင်ယူနိုင်သည့် လက်သီးပုံစံဖြစ်သည်။ ထိုအချိန်က သူဟာ ဗဟိုပညာကို လေ့လာသင်ယူနေဆဲ ဖြစ်နေသေးသည်။ ထိုလက်သီးက အင်အားကြီးသည့် ရန်သူကို ရင်ဆိုင်ရလေလေ အင်အားကြီးလာလေလေ ဖြစ်သည်။ အင်အားအကြီးဆုံး အခိုက်အတန့်ဆိုလျှင်ပင် ခွန်အားအကြီးဆုံးထဲကို လေးဆခန့်အထိ တိုးမြှင့်နိုင်ပြီး ထုတ်လွှင့်နိုင်နေသေးသည်။ ထို့ကြောင့် ခန္ဓာကိုယ်ပေါ်သို့ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီး ရှိနေလေလေ ခွန်အားက ပိုကြီလေလေဟု ပြော၍ရသည်။ ထိုသိုင်းကို ရရှိပြီးနောက် ခန်းခယ်ဘုရင်ကလည်း ထိုသိုင်းကို ဆက်လက်ပြီး စူးစမ်းလေ့လာ ရှာဖွေခဲ့သည်။ အနောက်ပိုင်းဒေသတွင် ရှိသော သူသင်ကြားဖူးသမျှ သိုင်းတိုင်းနှင့် ပေါင်းစပ်ခဲ့သေး၏။ အဆုံးသတ်တွင် သူဟာ အင်အားကို ငါးဆအထိ တိုးမြှင့်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသည့် ဝန်ထုပ်ဝန်ပိုးအားကိုလည်း သူက လျော့ကျသွားနိုင်သေးသည်။ ထို့ကြောင့် သူ့အပေါ် သက်ရောက်မှုက နည်းပြီး တစ်ဖက် ရန်သူအပေါ် သက်ရောက်မှုက ကြီးမားပေလိမ့်မည်။ ဒီနည်းအားဖြင့် ယခုလက်ရှိ တောက်ပသော သတ်ဖြတ်ခြင်း လက်သီးကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။

“ငါက မင်းလို သေးငယ်တဲ့ လူသားတစ်ယောက်ဆီမှာ ရှုံးမယ်လို့ မယုံဘူး။ ငါ့အတွက် သေစရာ”

အနီရောင်မုတ်ဆိတ်နှင့် လူထွားကြီးကလည်း ခန်းခယ်ဘုရင်က သူ့ကို ချိန်ရွယ်ကာ တိုက်ခိုက်နေသော အခြေအနေကို အလွန်အမင်း အရှက်ကွဲခံရသည်ဟု ခံစားသွားရပုံပေါ်သည်။ ဒေါသ အမျက် ချောင်းချောင်းထွက်သွားသည့် သူက သူ၏ခွန်အားတိုင်းကို စုစည်းလိုက်ပြီး ခန်းခယ်ဘုရင်ထံ ပစ်ဝင်သွားသည်။

ဘုန်း

လူထွားကြီး၏ သံမဏိလက်သီးကလည်း ဥက္ကာတုံးတစ်တုံးကဲ့သို့ အာသပြင်ကိုပင် အနက်ရောင် အစင်းကြောင်းပေါင်းများစွာဖြင့် ဆုတ်ဖြဲပစ်သည်။ ပုံမှန်မဟုတ်သော အနီရောင်မုတ်ဆိတ်နှင့် လူထွားကြီး၏ ခွန်အားကြောင့် ထိုလက်သီးဟာ တောင်တန်းများကိုပင် ဖြိုခွဲသွားနိုင်လောက်သည်။ မည်သည့် သာမာန်လူသားကမဆို ထိုလက်သီး အထိခံရသည်နှင့် သေမည်မှာ ကျိန်းသေသည်။

ခြိမ်း

ထိုသို့ဖြင့် လက်သီးအကြီးတစ်လုံးနှင့် အသေးတစ်လုံးက ဆက်တိုက်ရင်ဆိုင်ကြပြီး လေထဲတွင် ပေါင်းစုံသွားကြသည်။ သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသည့် လေပြင်းပေါင်းများစွာက ကြမ်းတမ်းလွန်းသဖြင့် ကောင်းကင်ကိုယ်တိုင်ကပင် ဆုတ်ဖြဲခံလိုက်ရတော့မည့် ပုံပေါ်သည်။

“အား”

လူထွားများနှင့် ထန်စစ်သားများက အနီရောင်မုတ်ဆိတ်နှင့် လူထွားကြီးကို ကြည့်နေကြသည်။ ယခုလို ထိပ်တိုက်တွေ့ဆုံမှုတွင် သူကသာ အားသာပုံပေါ်သည်။ သို့သော် ရုတ်တရက် သူက ထအော်သဖြင့် ကြောင်သွားကြ၏။ သူ၏ ညာဘက်လက်သီးက သွေးရေတံခွန်လိုမျိုး ပေါက်ထွက်သွားသည်။ ထူးဆန်းသော ပုံစံနှင့် ကွေးကောက်ကျိုးပဲ့သွားခြင်း ဖြစ်၏။ ပို၍ဆိုးသည်မှာ အနီရောင်မုတ်ဆိတ်နှင့် လူထွားကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်လာသော ကြီးမားသော အားများအားလုံးက အဆပေါင်းများစွာ မြောက်များသွားသလို ဖြစ်လာပြီး သူ့ကို မြေပြင်ပေါ်သို့ လေးဘက်ထောက် ကျသွားစေသည်။ ထို့နောက် ဖုန်တိမ်စိုင်လုံး လေထဲသို့ မြှောက်တက်ကုန်စေ၏။

“ဒါလား သူတို့ကိုယ်သူတို့ လူထွားလို့ခေါ်တာ”

ခန်းခယ်ဘုရင်က အေးစက်စွာ လှောင်သည်။ ထို့နောက် သူက အဝေးသို့ ခုန်ဝင်သွားသည်။

ခန်းခယ်ဘုရင် ပေါ်ထွက်လာခြင်းက တိုက်ပွဲ၏ ဒီရေကို ပြောင်းပြန်လှန်လိုက်နိုင်သည်။ တစ်နည်းအားဖြင့် တိုက်ပွဲနယ်မြေရှိ စစ်သည်အားလုံးက အသက်ရှူချောင်သွား၏။

ခန်းခယ်ဘုရင်နှင့် ဝူရှန်းမြင်းတပ်က ကောင်းကင်ခစားခြင်း လူထွားများကို တိုက်ခိုက်နေသည့်တိုင်အောင် ထန်များဟာ အလွန်အမင်း အန္တရာယ်များလွန်းသည့် အနေအထားမျိုးတွင် ရှိနေသေးသည်။

ဝေါင်း

ပေ့ဟယ်မော့ လေးကောင်က ဟိန်းဟောက်လိုက်သည်။ သူတို့၏ မျက်ဝန်းက နီရဲနေပြီး ပထမခုခံရေး အားလိုင်းထံ ပုံသဏ္ဌာန်များကို ခြံရံလျက် ချဉ်းကပ်လာသည်။

ကျန်းခုနှစ်ရာ

ကျန်း ခြောက်ရာ

ကျန်း ငါးရာ _ _ _

အဝေးတွင် လူတိုင်းကလည်း ပေ့ဟယ်မော့များ၏ ခန္ဓာကိုယ်မှ ထွက်နေသည့် ဆိုးရွားသော အနံ့အသက်များကို ရနေကြပြီ ဖြစ်သည်။

ပေ့ဟယ်မော့များ၏ အနောက်တွင်လည်း အာရပ်မြင်းတပ်က ကပ်ပါလာသည်။ သူတို့က မဟာထန်ထက် အရေအတွက် နှစ်ဆခန့်များသည်။ သူက အသားကုန် အော်ဟစ်လျက် ချီတက်လာကြခြင်း ဖြစ်သည်။ ပေ့ဟယ်မော့များကို ရှေ့ပြေးတပ်စောင့်အဖြစ် အသုံးပြုလျက် ထိုအာရပ်စစ်တပ်က နောက်တန်းမှ ကပ်ပါလာကြသည်။ ကျန်းခြောက်ရာအကွာတွင် ပထမခုခံရေး အားလိုင်းမှ စစ်သားများကလည်း ကြီးမားတောင့်တင်း ဖောင်းကားနေသော ကြွက်သားကြီးများကို ထင်ထင်ရှားရှား မြင်နိုင်မည် ဖြစ်သည်။ အာရပ်စစ်သားများ၏ ကြမ်းတမ်းသော မျက်နှာထား၊ သွေး‌ဆောင်သော မျက်ဝန်းများကို ထင်ရှားစွာ မြင်နေရသည်။

ခြိမ်း

ထန်များက မမြင်နိုင်သော တစ်နေရာတွင် မြေပြင်က ကွဲထွက်သွားပြီး အဝါရောင် မကောင်းဆိုးဝါး အသားအရည်နှင့် ကြီးမားသော ကင်းခြေများကြီး တစ်ကောင်က ထိုးထွက်လာသည်။ ထိုမကောင်းဆိုးဝါးကြီးတွင် အဆစ်ပေါင်း များစွာ ရှိသည်။ ကျောက်သားကဲ့သို့ပင် မာကြောနေ၏။ သူ၏ ဦးချိုကလည်း ဓားကဲ့သို့ ချွန်ထက်သေးသည်။

ထိုအကောင်ကြီး၏ အကောင်ပေါ်တွင် ထိုင်နေသူဟာ အလွန်အမင်း ရုပ်ဆိုးသည့် ခါးကုန်းကုန်းနှင့် အနီရင့်ရောင်ကို ဝတ်ဆင်ထားသော လူကြီးတစ်ယောက် ဖြစ်သည်။ သူဟာ ပေ့ဟယ်မော့တပ်မှ ဗိုလ်ချုပ်မာစီ ဖြစ်သည်။

ဝုန်း

မာစီက ကင်းခြေများ မကောင်းဆိုးဝါး အပေါ်တွင်ထိုင်ကာ ဂါထာတစ်ပုဒ်ကို ရွတ်ဆိုသည်။ ဖျော့တော့သော အလင်းအားလိုင်းပေါင်းများစွာက တောင်တန်းကဲ့သို့ ထင်ရသည့် ပေ့ဟယ်မော့ လေးကောင်ထံ ဝင်တိုးလာသည်။

“သတ် သတ် သတ် ဒီအကောင်တွေ အားလုံးကို သတ် တစ်ကောင်မှ အရှင်မထားနဲ့”

မာစီက ရှည်လျားသော သံမဏိမြို့ရိုးတောက်လျှောက် စိုက်ကြည့်လိုက်သည်။ သူ၏မျက်ဝန်းအတွင်း စူးရှသည့် အလင်းများ လက်နေသည်။

ပေ့ဟယ်မော့များက ထိန်းချုပ်ရ အလွန်ခက်သည်။ သူတို့က တိုက်ခိုက်လိုက်သည်နှင့်အမျှ သူတို့၏ ရန်သူနှင့် မိတ်ဆွေကို စဉ်းစားဆင်ခြင်နိုင်စွမ်းအားက ဆုံးရှုံးသွားလေ့ရှိသည်။ ထို့ကြောင့် မာစီကလည်း ပေ့ဟယ်မော့ နှစ်ကောင်ထက် ပိုပြီး တစ်ကြိမ်တည်း သုံးခဲသည်။ နှစ်ကောင်လုံး ထုတ်သုံးလိုက်သည့် အချိန်တွင်ပင် တစ်ကောင်နှင့် တစ်ကောင်က အကွာအဝေး ခြားထားရ၏။ ဒီနည်းအားဖြင့် ပစ်မှတ်ကို ခြားကာ တိုက်ခိုက်ခံရသည်။ ဥပမာအနေနှင့် အကြမ်းဖက်သူကို ခုခံရေး အားလိုင်းသို့ လွှတ်ပြီး ဖျက်ဆီးသူကို မြို့ရိုးသို့ လွှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် နှစ်ခုလုံးကမူ လေးစားဖွယ်ကောင်းသည့် ပေ့ဟယ်မော့ သုံကောင်းက ထန်စစ်တပ်ကြောင့် အတန်းလိုက် သတ်ဖြတ်ခံရသည့် မြင်ကွင်းကို မြင်ခဲ့ကြရသည်။ ထို့ကြောင့် မာစီကိုယ်တိုင်ကလည်း သူ၏မာနကို ထိန်းထားရန် ခက်ခဲလာ၏။ ပေ့ဟယ်မော့ စစ်တပ်၏ ဂုဏ်သိက္ခာကို ထိန်းရန်အလို့ငှာ မာစီကလည်း တိုက်ပွဲအတွင်းသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လာရသည်။

Appsidcliphateတွင် ပေ့ဟယ်မော့ လေးကောင်ကို တစ်ချိန်တည်း ထိန်းချုပ်နိုင်သော သူက သူသာရှိသလို သူ၏ဘက်မှ စစ်သားများကို ပြန်လည်မတိုက်ခိုက်အောင် သူသာလျှင် တားဆီးနိုင်လေသည်။

ခြိမ်း

ပေ့ဟယ်မော့ လေးကောင်၏ လှုပ်ရှားမှုကို ထိန်းချုပ်ပြီးနောက် သူတို့ချင်း ကောင်းမွန်သော အကွာအဝေးတစ်ခုကို ခြားထားပေးလိုက်သည်။ မာစီက ကင်းခြေများ မကောင်းဆိုးဝါးကိုလည်း မြေပြင်သို့ ပြန်လည် ထိုးဖောက်သွားစေပြီး မာကြောသော ကျောက်သားကို နူးညံ့သော ရွှံ့နွံကဲ့သို့ ထိုးဖောက်သွားစေသည်။

ဖြတ်ကနဲ လက်ပြီးနောက် မာစီနှင့် ကင်းခြေများတို့က မြေကြီးသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။ သူတို့ထွက်ခွာသွားမှုနှင့်အတူ မြေကြီးနှင့် ကွဲရာများကလည်း ပြန်လည် စေ့ပိတ်သွားလေပြီး မည်သူကမှ မရှိခဲ့ဖူးသလို ထင်ရသည်။

စစ်တပ်၏ နောက်တန်း အလွန်ဝေးကွာသော နေရာတွင် အလွန်လေးစားဖွယ် ကောင်းသည့် ပုံရိပ်နှစ်ခုက မြင့်မားသော တောင်တန်းကြီးများကဲ့သို့ ရပ်လျက် ရှိနေသည်။ သူတို့၏ စူးရှသော အကြည့်က တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ခြုံငုံလေ့လာနေသည်။

ကောင်းကင်ခစားခြင်း စစ်တပ်က သူတို့ရဲ့ သက်ရောက်မှုကို ဖော်ထုတ်ပြသနိုင်သွားပြီ။ မဟာထန်က ကိုယ့်ကိုယ်ကိုတော် မခုခံနိုင်တာ။ စစ်တပ်တစ်ခုလုံးက ကစဉ့်ကလျား ဖြစ်နေပြီး ကောင်းရှန်းကျစ်နှင့် အခြားထန် ဗိုလ်ချုပ်တွေကလည်း ‌အထွဋ်အထပ် အခြေအနေမှာ ရှိနေနိုင်တော့မှာ မဟုတ်ဘူး”

လက်ထောက်အစိုးရ ကျစ်ယက အားပုမူဆလင်၏ အနောက်မှ လှမ်းထွက်လျက် ပြောလိုက်သည်။ တိုက်ခိုက်လာသော လေပြင်းများက ပတ်ဝန်းကျင်ရှိ အာရပ်မြည်းတပ်၏ သံချပ်ကာများကို တချွင်ချွင် မြည်နေစေသည်။ သို့သော် ကျစ်ယကမူ မရွေ့လျားသော သံတန်းကြီကဲ့သို့ ဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်က မမြင်ရသော အားလိုင်းများကို လွှင့်ထုတ်နေပြီး မုန်တိုင်းကို ဖယ်ရှားထားသည်။ သူ၏ အမူအယာက သံမဏိကဲ့သို့ ထင်ရသည်။

သူဟာ တိုက်ပွဲနယ်မြေကို တောက်လျောက် လေ့လာနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုအနေအထား၏ အသေးစိပ် အချက်အလက်တိုင်းကို ထင်ထင်ရှားရှား မြင်နိုင်လေသည်။

ထန်စစ်တပ်ဟာ ယခုအခါ အာရပ်၏ အရှိန်နူန်း ထိန်းညှိမှုကို ခံနေရပြီ ဖြစ်သည်။ ထိုအခြေအနေကသာ ဆက်ဖြစ်နေလျှင် နာရီအနည်းငယ် အတောအတွင်း ထန်စစ်သားတိုင်းကို အမြစ်ဖြတ် သုတ်သင်နိုင်လောက်သည်။

ထန်များအားလုံးကို သတ်ပြီးနောက် အာရပ်၏ အရှေ့ပိုင်း အုပ်စိုးမှုကို တားထားသည့် နောက်ဆုံးတော့ အတုံးက ဖယ်ရှားခံရမည် ဖြစ်သည်။

“သတိလက်လွတ် မနိုင်နဲ့။ ထန်တွေက တကယ် မရှုံးသေးသမျှ ငါတို့က နည်းနည်းလေးတောင် သတိပေါ့လျော့လို့ မရဘူး။ နောက်ပြီး ငါတို့က အပြတ်အသတ် အားသာနေသေးတာလည်း မဟုတ်ဘူး။ အကြမ်းဖက်သူနဲ့ ဖျက်ဆီးသူ သေသွားတာကတင် လုံလောက်ပြီ မဟုတ်လား”

အားပုမူဆလင်၏ မျက်နှာက ပုံမှန်မဟုတ်လောက်အောင် တည်ငြိမ်နေသည်။ သူ၏ မျက်နှာက ဂုဏ်ယူမှုလည်း မရှိသလို အထင်သေးမှုလည်း မရှိချေ။ သူ၏မျက်ဝန်းက ပေ့ဟယ်မော့၏ အလောင်းနှစ်လောင်းထံ ရောက်သွားသည်။ သူ၏ မျက်ဝန်းအတွင်း ခံစားချက် အားလိုင်းတစ်လိုင်းက ဖြတ်ပြေးသွား၏။ အကြမ်းဖက်သူနှင့် ဖျက်ဆီးသူများက အလွန်အမင်း လေးစားဖွယ်ကောင်းသည့် တည်ရှိမှုများ ဖြစ်သည်။ သို့တိုင် သူတို့က မရေမတွက်နိုင်သော မြို့ပေါင်းများစွာနှင့် နယ်ပေါင်းများစွာကို ဖြိုနင်းနိုင်ခဲ့သည်။

မည်သူကမှလည်း ထိုကဲ့သို့ ထင်ရှားသည့် အကောင်ကြီးနှစ်ကောင်က သာလှတွင် သေသွားလောက်မည်ဟု မထင်ထားလောက်ချေ။ ထို့အပြင် အားနည်းသော ထိုကျူးကျော်သူများ၏ လက်တွင် သေသွားခဲ့ခြင်း ဖြစ်နေသည်။ မဟာထန်နှင့် ပက်သက်ပြီး လက်သင့်မခံနိုင်သည့် ကိစ္စပေါင်းများစွာက ရှိလွန်းနေခဲ့သည်။ အထူးသဖြင့် သူတို့၏ ငယ်လွန်းနေသော ဗိုလ်ချုပ်ဖြစ်သည်။ ထို့ကြောင့် အမှန်တကယ် မနိုင်သေးသမျှ မည်သည့်အရာမှ မသေချာချေ။ အားပုမူဆလင်ကလည်း ကိုယ့်ကို သတိလက်လွတ် မနေရဲပါချေ။ ပို၍ဆိုးသည်မှာ မဟာလက်နက်ကြီး နှစ်လက်က ဖျက်ဆီးခံရခြင်း မရှိသေးခင် သူတို့က ထန်စစ်တပ်အတွင်းတွင် အောင်မြင်စွာဖြင့် မှတ်တမ်းယူနိုင်ခဲ့သေးသည်။ အားပုမူဆလင်အတွက် ထိုမဟာလက်နက်ကြီး နှစ်လက် ဖျက်ဆီးခံရရန် အရေးက ပိုအရေးကြီးသည်။

“ဂါရိဟာဆန်က ဘာလုပ်နေလဲ။ ကောင်းကင်ခစားခြင်း စစ်တပ်ရဲ့ ခေါင်းဆောင်ဖြစ်ပြီး သူက အရင် လှုပ်ရှားသင့်တာ မဟုတ်ဘူးလား”

အားပုမူဆလင်က ပြောသည်။

“အမိန့်ပို့ပြီးပါပြီ ဂါရိဟာဆန်ကလည်း အမိန့်ရပြီး လှုပ်ရှားနေလောက်ပြီ”

လက်ထောက်ဗိုလ်ချုပ် ကျစ်ယာက ပြန်ဖြေသည်။

ကောင်းကင်ခစားခြင်း လူထွားများက အလွန်အမင်း အင်အားကြီးမားသည်။ သို့သော် အာရပ်စစ်တပ် ရာထူးကြီး အဖွဲ့ဝင်များကမူ သူ့ကို လေးစားခြင်း မရှိချေ။ အကြောင်းပြချက်ကမူ ထိုလူထွားကြီးများက အမှန်တစ်ကယ် ဉာဏ်ရှိခြင်း မဟုတ်ချေ။ ကျစ်ယာကမူ ကောင်းကင်ခစားခြင်း စစ်တပ်မှ ထိုဂါရိဟာဆန်အပေါ် ထူးခြားသည့် ဆက်ဆံပုံ ရှိသည်။

“ငါ့ရဲ့အမိန့်ကို ထုတ်လိုက်။ သူ့ကို မြန်မြန်လေး လှုပ်ရှားခိုင်းလိုက်”

အားပုမူဆလင်က ပြောသည်။

“ဟုတ်ကဲ့”

ကျစ်ယာက အနောက်ဘက်သို့ လက်ကိုယမ်းလိုက်သည်။ သတင်းပို့ကလည်း ခပ်မြန်မြန် ထွက်ခွာသွားလေ၏။

အပိုင်း(၉၆၇)

စစ်ဗုံက မိုးခြိမ်းသံလို မြည်ဟီးနေပြီး အာရပ်စစ်တပ်က ရှေ့သို့ ချီတက်လာနေချိန်တွင် တိုက်ပွဲနယ်မြေ၌ အလွန်ဝေးကွာသော တစ်နေရာတွင် လူများက အလုပ်များနေကြသည်။

ကောင်းကင်ခစားခြင်း လူထွားကြီးများ၏ ကြီးမားသော ခန္ဓာကိုယ်က ထိုနေရာတွင် စုစည်းနေပြီး အလွန်အမင်း ကြီးမားသည့် အရွယ်အစားရှိသည့် ကြေးနီရောင် လောက်လေးဂွ ရှစ်ခုကို ဝိုင်းနေကြသည်။ တစ်ခုချင်းစီတိုင်းက ငါးဆယ်မီတာမှ ခြောက်ဆယ်မီတာအထိ မြင့်ပြီး အလွန်လေးလံပြီး မာကြော၏။ တစ်လက်ချင်းစီတိုင်းက ကျင်းခြောက်သောင်းကျော် လေးလောက်သည်။

“ပစ်”

“ပစ်”

“ပစ်”

ကောင်းကင်ခစားခြင်း စစ်တပ်မှ အရာရှိတစ်ယောက်က ကြေးနီရောင် လောက်လေးဂွ ရှစ်လက်၏ အရှေ့တွင် ရပ်နေပြီး ဒေါသတကြီး အမိန့်ပေးနေသည်။ လေထဲတွင်လည်း အရှိန်အဝါ ကြီးမားသည့် ကောင်းကင်ခစားခြင်း လူထွားကြီး၏ အသံများက ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ ကောင်းကင်ခစားခြင်း လူထွားကြီး တစ်ယောက်ပြီး တစ်ယောက်က လောက်လေးဂွကြီးများ၏ ကျည်ဆံအဖြစ် အသုံးပြုပြီး အပစ်ခံနေရသည်။

“သေစမ်း အသုံးမကျတဲ့ အကောင်တွေ။ မင်းတို့ ဒီလောက် ရိုးရှင်းတဲ့ ကိစ္စလေးတောင် မလုပ်နိုင်ဘူးလား”

ကောင်းကင်ကို တုန်ခါစေသည့် အော်သံနှင့်အတူ ကြီးမားသည့် လက်ဝါးကြီးက ချဉ်းကပ်လာပြီး ရှေးဟောင်းသစ်ပင်၏ ပင်စည်အမြစ်ကြီးကဲ့သို့ သန်မာတောင့်တင်းလွန်းသော ကြွက်သားများကို ဖော်ထုတ်ပြသလာသည်။ ထိုအရာက ဘေးဘက်သို့ ပစ်သွင်းလိုက်ပြီးနောက် ကောင်းကင်ခစားခြင်း လူထွား အရာရှိတစ်ယောက်ကို တွန်းဖယ်လိုက်သည်။ ကြီးမားသော ထိုလူထွားလက်ဝါးကြီး၏ အရှေ့တွင် လေးစားဖွယ်ကောင်သော အရာရှိကလည်း ငှက်မွှေးတောင်လေးကဲ့သို့ ပေါ့ပါးသွားလေသည်။

ပူးပေါင်း အလုပ်လုပ်နေကြသည့် ကောင်းကင်ခစားခြင်း လူထွားကြီးများက ရုတ်တရက် တိတ်ဆိတ်သွားပြီး ခေါင်းကို ငုံ့သွားကြကာ အမှားလုပ်မိသည့် ကလေးများကဲ့သို့ ဘေးဘက်တွင် ဝင်ရပ်နေကြသည်။

ဘုန်း

အလားတူသော ကြီးမားသည့် ခြေထောက်ကြီး တစ်ဖက်က ခေါင်းသို့ ဆောင့်နင်းလာပြီးနောက် ကျောက်သားပေါင်း များစွာကို လွှင့်ထွက်သွားစေလျက် မြေပြင်က တသိမ့်သိမ့်တုန်ကာ ကွဲအက်သွားစေသည်။

“ခေါင်းဆောင်”

ပတ်ဝန်းကျင်တွင် ဝိုင်းနေသော လူထွားတိုင်းက ခေါင်းကို ခါးနှင့် ကပ်လုနီးပါး ခေါင်းကို ငုံ့ထားကြသဖြင့် ရိုသေလေးစားပြီး ကြောက်ရွံ့သော အမူအယာကို ဖော်ထုတ်ပြသသည်။

ဘန်း

ထို့နောက် ကြီးမားသော လက်ဝါးပိုင်ရှင်က မြေပြင်ကို တသိမ့်သိမ့် တုန်ခါစေလျက် နောက်ထပ်တစ်ချက် ခုန်လွှားလိုက်ပြီး လူတိုင်း၏ အရှေ့သို့ ရောက်လာသည်။ ထိုလူက နှစ်ဆယ့် ခုနှစ်မီတာမှ နှစ်ဆယ့်ရှစ်မီတာခန့်အထိ မြင့်သည့် လူထွားကြီး ဖြစ်ပြီး အလွန်တောင့်တင်း သန်မာလွန်းသည်။ သူ၏ လက်မောင်းများက ကြွက်သားများဖြင့် တောင်းတင်းသန်မာနေသည်။ သူ၏ လက်မောင်းများက အခြားသော လူထွားများ၏ ခြေထောက်များကဲ့သို့ ထင်ရသည်။ သူ၏ကိုယ်မှ ထိုးထွက်နေသော အားက အခြားသော လူထွားတိုင်းကို ကျော်လွန်သည်။ အားလုံးက သူ၏ ရှေ့တွင် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။

ဂါရိဟာဆန်

ကောင်းကင်ခစားခြင်း စစ်တပ်ခေါင်းဆောင်

အာရပ်တွင် ထိုနာမည်က အောင်နိုင်မှု ပြိုင်ဘက်ကင်းဆိုသော အဓိပ္ပာယ်ရောက်သည်။ သူဟာ ပြိုက်ဘက်ကင်းသော လူထွားခြင်း ဖြစ်သည်။ အာရေးဘီးယား ကာလစ်ကလည်း သူ့ကို ဒေါသနတ်ဘုရားဟု အမည်ပေးထားလေသည်။

ဂါရိဟာဆန်က အခြားသော လူထွားများနှင့် ခြားနားသည်။ သူ၏ ကြီးမားသော ပုံစံဖြင့် မွေးဖွားမှုအပြင် သူဟာအလွန်အမင်း ဉာဏ်ကောင်းသည်။ ပို၍အရေးကြီးသည်မှာ လူထွားစစ်တပ် လက်တွေ့စမ်းသပ်မှုအတွင်းတွင် ပါဝင်ခဲ့ပြီးနောက် ဂါရိဟာဆန်ဟာ အလွန်ထူးချွန်သည့် အာရပ်ဗိုလ်ချုပ် တစ်ယောက်ဖြစ်လာသည်။

သူ့ကို ကာလစ်က ယုံကြည်အားကိုးပြီး လေးစားရသော စစ်သည်တော်အဖြစ် အပ်နှံထားသည်။ အဖွဲ့အစည်းပေါင်း များစွာကလည်း သူ့ကို လေးစားပြရသည်။ ကာလစ်ဟာ သူ၏‌ ကောင်းကင်ခစားခြင်း စစ်တပ်မှ ဗိုလ်ချုပ်ဆိုသော အဆင့်အတန်းကို ဖော်ပြရန် ရွှေရောင်ခါးပတ်တစ်ခုကို ချီးမြှင့်ခဲ့သေးသည်။ သို့သော် တစ်ခဏတွင် ဂါရိဟာဆကန်က အလွန်အမင်း ဒေါသထွက်နေခဲ့သည်။

“အသုံးမကျတဲ့ အကောင်တွေ အမှိုက် အမှိုက် အမှိုက်တွေ”

ဂါရိဟာဆန်၏ ပါးစပ်က ဒေါသတကြီး အော်ဟစ်နေသည်။ သူနှင့် အာရပ်စစ်သားများ အားလုံးကလည်း သဘောတူညီမှု တစ်ခု ယူထားသည်။ ကောင်းကင်ခစားခြင်း လူထွားစစ်တပ်က ထန်၏ ခုခံရေးအားလိုင်းကို အောင်မြင်စွာ ဖြိုဖျက်ပြီး မဟာလက်နက်ကြီး နှစ်လက်ကို ဖျက်ဆီးရမည် ဖြစ်သည်။ အာရပ်စစ်သားများက ထိုသို့ဖျက်ဆီးပြီးသောအခါ အချက်ပြ ပို့လွှတ်မည် ဖြစ်သည်။ သို့သော် ကောင်းကင်ခစားခြင်း လူထွား အကောင်နှစ်ရာခန့်ကို ပို့လွှတ်ပြီးသည့်တိုင်အောင် မည်သည့် အချက်ပြမှုမှ မရောက်သေးချေ။ ရှင်းလင်းစွာဖြင့်ပင် ထိုမဟာလက်နက်ကြီး တစ်လက်မှ အဖျက်ဆီး မခံရသေးလောက်ချေ။

ဂုဏ်ယူရသော ဂါရိဟာဆန် အနေနှင့် ထိုအခြေအနေက သူ့ကို သိက္ခာချနေခြင်း ဖြစ်သည်။

“ဟူစိန်၊ တာရစ် မင်းတို့ မျိုးမစစ်နှစ်ကောင် ဘာလုပ်တာလဲ ကြည့်စမ်း။ ဒီလောက် လူတွေအများကြီး ပို့ပြီးပြီ။ ဘာလို့ အဲ့ဒီမဟာလက်နက်နှစ်လက်က အဖျက်ဆီး မခံရသေးတာလဲ။ မင်းတို့ ဒီလောက် ရိုးရှင်းတဲ့ ကိစ္စကိုတောင် မလုပ်နိုင်ဘူးလား”

ဂါရိဟာဆန်က အလွန်အမင်း အင်အားကြီးသည်။ သူ၏ ခုနှစ်မီတာခန့် မြင့်သော အရပ်ကြီးက အဝေးသို့ ရှင်းရှင်းလင်းလင်း မြင်နိုင်ရစေသည်။ မဟာလက်နက်ကြီး ရှိသည့် နေရာသို့ပင် သူက ထင်ရှားစွာ မြင်နေရ၏။ ထိုအခါ မဟာလက်နက်ကြီး နှစ်လက်လုံးက ဖျက်ဆီးခံရသေးခြင်း မရှိပါ။ အကောင်းတိုင်း ရှိနေကြောင်း ထင်ထင်ရှားရှား မြင်နေရသည်။ ဂါရိဟာဆန် မခံနိုင်တော့ချေ။

“ခေါင်းဆောင် ကြေးနီရောင် လောက်လေးဂွတွေက မတိကျပါဘူး။ ကျွန်တော်တို့က လူထွားတွေကို ခုခံရေး အားလိုင်း နှစ်ခု အကြားကိုပဲ ခြားပြီး တတ်နိုင်သမျှ လွှတ်ပေးနေရတာပါ။ မဟာလက်နက်ကြီး နှစ်ခု ရှိတဲ့နေရာကို တိတိကျကျ ချိန်ပြီး ပစ်ဖို့ မဖြစ်နိုင်လောက်ပါဘူး”

တစ်ဆယ့်နှစ်မီတာခန့် မြင့်သည့် လူထွားခေါင်းဆောင်ကလည်း ပြန်ငြင်းသည်။ သူ့ကို ဂါရိဟာဆန်ကလည်း ဟူစိန်ဟု ခေါ်သည်။

ဘန်း

ထိုလူထွားကြီးက စကားပြော၍သာ ပြီးသေးသည်။ အလေးချိန် စီးသော လက်သီးတစ်လုံးက သူ့ကို နောက်သို့ လွှင့်ထွက်သွားစေသည်။

“အသုံးမကျတဲ့ကောင် ငါ့ရဲ့လမ်းက ဖယ်။ ငါ မင်းတို့အားလုံးကို ဒီလိုနေရာကို ခေါ်လာကတည်းက ပြောထားပြီးသား ဒီလောကမှာ လုပ်လို့မရတဲ့ အရာဆိုတာ မရှိဘူး။ အသုံးမကျတဲ့ အမှိုက်တွေ”

ဂါရိဟာဆန်က သူ၏အရာရှိ နှစ်ကောင်ကို လက်သီးနှင့် ထိုးကာ ဘေးသို့ ဖယ်လိုက်ပြီးနောက် ကြေးနီရောင် လောက်လေးဂွ၏ နေရာတွင်ဝင်ထိုင်လိုက်သည်။ သူ၏မျက်လုံးက ရှေ့သို့သာ ကြည့်နေပြီး ထောင့်နေရာကို သေချာချိန်သည်။

“နောက်ထပ် လူထွားနှစ်ကောင်ကို ထည့်ပြီး အလေးချိန်ကို ပိုတိုးလိုက်။ ငါ ဒီလောက်လေးဂွကို အမြင့်ဆုံး တင်းအားမျိုးနဲ့ လိုချင်တယ်”

“ဒီတစ်ကြိမ်မှာ မင်းတို့ထဲက ဘယ်ကောင်မှ ဘာမှ လုပ်မနေနဲ့တော့ ငါကိုယ်တိုင်ပဲ ချိန်ညှိလိုက်မယ်”

ဂါရိဟာဆန်က အသားကုန် ကုန်းကာ အော်ဟစ်လိုက်ပြီးနောက် ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးသည်။

သုံးချက် ငါးချက် _ _ _

ဂါရိဟာဆန်က ကောင်းကင်ခစားခြင်း လူထွားများကို အမိန့်ပေးလျက် လောက်လေးဂွ၏ ကြိုးများကို ဝေးသထက်ဝေးအောင် ဆွဲချေသည်။ မာကြော ကြမ်းတမ်းပြီး ဖြတ်လတ်သည့် ကြိုးများက တင်းလွန်းသဖြင့် ကွဲအက်ရာပင် ထုတ်လာသည်။

အချိန်တစ်ခု ကြာပြီးနောက် ကြေးနီရောင် လောက်လေးဂွ၏ ကြိုးများက အမြင့်ဆုံး အတိုင်းအတာထိ ဆွဲ၍ ပြီးသွားသည်။ ထို့သို့ အမြင့်ဆုံး အတိုင်းအတာထိ ရရှိအောင် လူထွားဆယ်ကောင်ကပင် ဆွဲထားရ၏။ ဂါရိဟာဆန်ကလည်း ထိုတစ်ခါမှသာ ပစ်ခတ်ရန် အမိန့်ပေးသည်။

“ပစ်”

ဘုန်း

ဂါရိဟာဆန်က ကျည်ဆံတစ်ခုလိုမျိုး လေထဲသို့ ထိုးခွဲဝင်ရောက်သွားသည်။ သူ၏ ပတ်ဝန်းကျင်မှ လေပြင်းများက ဟိန်းဟောက်တိုက်ခတ်လာပြီး သူဟာ ကောင်းကင်သို့ မြှောက်တက်သွားသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်းတွင် သူက ပျောက်သွားသည်။ လေထုအတွင်း ဟိန်းဟောက်နေသည့် ကျယ်လောင်သော ပေါက်ကွဲသံက ကျန်ရစ်သည်။

…..

ကောင်းကင်ခစားခြင်း စစ်တပ်က ထိုသို့ ထိပ်တိုက်တွေ့ဆုံသည့် အနေအထားသို့ ရောက်ရှိနေချိန်တွင် နောက်ထပ် ဥက္ကာခဲတစ်ခုကလည်း ကောင်းကင်မှ ကျဆင်းလာပြန်သည်။ ထိုဥက္ကာခဲကမူ အခြားသော ဥက္ကာခဲများထက် အသံကိုကျယ်သည်။ လေထုကို ပွတ်တိုက်ပြီး စူးရှသည့် အော်သံကို ထုတ်လွှင့်စေသည်အထိ တိုက်ပွဲနယ်မြေရှိ လူတိုင်း၏ နားကို ကန်းမတတ် ဖြစ်သွားစေသည်။

ဝမ်ချောင်၏ နှလုံးသားကလည်း အခုန်နူန်း မြန်ဆန်လာသည်။ သူက ရုတ်တရက် အလွန်အမင်း ပြင်းထန်သော ရိုက်နှက်မှုကို ခံစားလိုက်ရ၏။ တစ်ချက်ကြည့်ရုံဖြင့်ပင် ဆင်းသက်လာသော ထိုဥက္ကာခဲဟာ မယုံနိုင်စရာ ကောင်းလောက်အာင် မြန်ဆန်ကြောင်း သိနိုင်သည်။ အခြားသော ကောင်းကင်ခစားခြင်း လူထွားကြီးများကြောင့် ဖြစ်သော အရှိန်နူန်း သက်ရောက်မှုက ထိုအရာနှင့် ယှဉ်သော် အလွန်အမင်း သေးငယ်သွားသည်။ လိပ်တစ်ကောင်ကို ယုန်တစ်ကောင်နှင့် ယှဉ်သလိုမျိုး ဖြစ်ပေလိမ့်သည်။

ဝုန်း

ဝမ်ချောင်၏ မျက်ဝန်းက ကောင်းကင်တစ်ခုလုံးကို အကဲခတ်ကြည့်သည်။ သူက ချက်ချင်းဆိုသလိုပင် လေချွန်သံ အရင်းအမြစ်ကို တွေ့သွား၏။ ရွှေနီရောင် ဥက္ကာခဲကြီး တစ်ခုက ဆင်းသက်လာသည်။ ထိုဥက္ကာခဲကြီးက အခြား ကျထားပြီးသား ဥက္ကာခဲတိုင်းထက် သုံးဆခန့်နီးပါး ပို၍ကြီးမားသည်။ ထို့အပြင် အရှိန်နူန်းက ပို၍ မြန်ဆန်သည်။ ဝမ်ချောင်က အသံကြားပြီးပြီးချင်း ခေါင်းမော့လိုက်သည်။ သို့သော် စက္ကန့်အနည်းငယ်အတွင်း ထိုဥက္ကာခဲကြီးက ကျဆင်းရန် ကျန်းတစ်ရာ အကွာပင် မရှိတော့ချေ။

ထိုအကွာအဝေးတွင် လူတိုင်းက ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသည်။ ပို၍ အရေးကြီးသည်မှာ သူတို့ဟာ အလွန်အမင်း ပြင်းထန်သည့် ဖျက်ဆီးခြင်း စွမ်းအင်များကို ခံစားလိုက်ရခြင်း ဖြစ်သည်။

“မကောင်းတော့ဘူး”

သူက ထိုရွှေနီရောင် ဥက္ကာခဲကြီးကို မြင်လိုက်ရသောအခါ ဝမ်ချောင်၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူ၏ မျက်နှာက ဖြူဖျော့သွားသည်။

“အရှင်ကာကွယ်ရေး ဗိုလ်ချုပ် ငါ ဒီနေရာကို မင်းနဲ့ပဲ ထားခဲ့တော့မယ်”

ဝမ်ချောင်က ထိုသို့ အော်ဟစ်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် မဟာလက်နက်ကြီး နှစ်ခုရှိရာဘက်သို့ အပြေးအလွှားသွားသည်။

“အရှင်”

ဝမ်ချောင်က အနောက်သို့ လှည့်လိုက်ပြီးနောက် အနောက်ဘက်မှ အလွန်အမင်း အစိုးရိမ်တကြီး ဖြစ်နေသော အသံက ထွက်လာသည်။ ရွယ်ချန်ကျွင်းက ဝမ်ချောင်ကို အထိတ်တလန့် ဖြစ်နေသော မျက်နှာမျိုးနှင့် ကြည့်သည်။ တစ်ချိန်တည်းတွင်ပင် ချန်းချန်းလီ၏ သတိပေး အော်သံကလည်း ထွက်ပေါ်လာသည်။

“အားလုံးပဲ အသင့်ပြင်”

ဝမ်ချောင်က အံ့အားတကြီး တောင့်တင်းနေသည့် အချိန်တွင် လေးလံသော ခြေသံများက အရှိန်နူန်း မြင့်လာကြောင်း ခံစားလိုက်ရသည်။ သူက ခေါင်းကို ခပ်ကြမ်းကြမ်း လှည့်ကြည့်လိုက်သောအခါ တောင်တန်းကြီးကဲ့သို့ ထင်ရသည့် ပေ့ဟယ်မော့များက အရှိန်နူန်း မြန်သွားကြောင်း တွေ့လိုက်ရသည်။

သူတို့ဟာ ခုခံရေးအားလိုင်းနှင့် ကျန်းနှစ်ရာကျော် ဝေးတော့သည်။

ဝမ်ချောင်၏ မျက်နှာက တင်းမာသွားသည်။ နောက်ဆုံးတွင် ရွယ်ချန်ကျွင်းက မည်သည့်အတွက်ကြောင့် သူ့ကို လှမ်းခေါ်ခဲ့ပြီး ချန်းချန်းလီ အသံကလည်း မည်သည့်အတွက်ကြောင့် ထိတ်လန့်တကြား ဖြစ်ခဲ့ကြောင်း နားလည်လိုက်သည်။ အာရပ်များက ဒီလို တစ်ခဏကို ရွေးချယ်ကာ အလုံးအရင်း သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုအခိုက်တွင် ထန်များက ခြောက်ခြားဖွယ် ကောင်းသော ပေ့ဟယ်မော့များနှင့် အရှေ့ဘက်မှ လာသော စစ်သည်တော်များကို ရင်ဆိုင်နေရပြီး လူထွားများ၏ ဘုရင်နှင့် ကောင်းကင်ခစားခြင်း စစ်တပ်ကမူ အနောက်တန်းကို တိုက်ခိုက်နေသည်။ အရာအားလုံးက အဖက်ဖက်မှ ကပ်ဘေးဆိုက်နေသလို ဖြစ်နေသည်။

ဝမ်ချောင်က ရုတ်တရက် ရပ်တန့်လိုက်သည်။

“ပါးနာဟန်”

ဝမ်ချောင်က နာမည်တစ်ခုကိုသာ အော်လိုက်သည်။ သေးငယ်သော ကြန့်ကြာမှုကတင် ရွှေနီရောင် ဥက္ကာခဲကြီးကို တာဝန်ပြီးမြောက်သွားစေသည်။

ဘုန်း

မြေကမ္ဘာက ပေါက်ကွဲမှုကြောင့် တုန်ဟီးသွားမှုနှင့်အတူ ထိုဥက္ကာခဲကြီးက မဟာလက်နက်ကြီး တစ်ခုကို ဝင်ဆောင့်တိုက်သွားသည်။ သက်ရောက်သွားသည့် အင်အားစုက မဟာလက်နက်ကြီးကို မရေမတွက်နိုင်အောင် များပြားသည့် အစိတ်စိတ် အပိုင်းပိုင်းဖြင့် လွှင့်ထွက်သွားစေလျက် ထိုနားဝန်းကျင်တွင်ရှိသော စစ်သည်တော်တိုင်းကိုလည်း လေထဲသို့ ထိုးတက်ကာ လွှင့်စင်သွားစေသည်။

“ဟားဟား ငါ့အတွက် လောင်ကျွမ်းစမ်းပါ”

လေထဲတွင် ရူးသွပ်သော အော်ရယ်သံကြီးက ထွက်လာသည်။ သူက ပေါက်ကွဲမှု၏ အလယ်ဗဟို တည့်တည့်မှ ထွက်လာခဲ့ခြင်း ဖြစ်သည်။

ဘုန်း

နောက်ထပ် ပေါက်ကွဲသံ တစ်သံက ထွက်လာသေးသည်။ ကြယ်တာရာ စွမ်းအင်ပေါင်းများစွာက လက်နက်ပေါင်းများစွာ၊ ကျောက်သားပေါင်း၊ ဖုန်မှုန့်ပေါင်းများစွာနှင့် အနီးအနားဝန်းကျင်တွင် ရှိသော လက်နက်ကြီးအဖွဲ့မှ စစ်သည်တော်တိုင်းကို နောက်သို့ လွှင့်ထွက်သွားစေသည်။

ပေါက်ကွဲမှုက ဖြစ်လာသည့် သိပ်သည်းသော မီးခိုးလုံးနှင့် အားလိုင်းများ အားလုံးက ကြီးမားသော ကောင်းကင်ခစားခြင်း လူထွားကြီးကို ရှင်းရှင်းလင်းလင်း မြင်ရစေသေးသည်။ ထိုအကောင်ကြီးက မိစ္ဆာနတ်ဘုရားတစ်ပါး ကပ်ဘေးမှ ခုန်တက်လာသလို ထင်ရသည်။ ထိုအကောင်ကြီးက နှစ်ဆယ့်ခုနှစ်မီတာခန့် မြင့်သည်။ လူတိုင်းကလည်း မှင်သက်အံ့ဩ သွားကြ၏။

“မင်းတို့အားလုံး လောင်ကျွမ်း ပြာကျကြစမ်း

ဂါရိဟာဆန်က ရပ်တန့်ခြင်း မရှိပဲ လူတိုင်းကို အံ့အားတကြီး ကြည့်သည်။ သူ၏လက်ဝါးကို တစ်ချက်ရမ်းလိုက်ပြီးနောက် ချီတက်လာသော ထန်မြင်းတပ် တစ်ဖွဲ့က ကြယ်တာရာစွမ်းအင်များဖြင့် အပစ်ခံရသည်။ သူတို့က ကိုယ်ပိုင် အသက်ရှိနေသလိုမျိုး မြင်းတပ်အဖွဲ့၏ ခန္ဓာကိုယ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက် သွားလျက် သူတို့၏ သံချပ်ကာကို ကျော်ဖြတ်ကာ အတွင်းထဲသို့ ဝင်ရောက်သည်။ ထို့နောက် ပြင်းထန် တောက်လောင်သည့် မီးတောက်များအဖြစ် ပြောင်းလဲသွားသည်။ သူတို့၏ မျက်လုံး၊ နား၊ နှာခေါင်းများ အားလုံးကို လောင်ကျွမ်း၏။

“အား”

ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသဲများနှင့်အတူ ထိုမြင်းတပ် တစ်ဖွဲ့လုံးက ပြာကျသည်အထိ လောင်ကျွမ်းခံရသည်။ ထို့ကြောင့် သံချပ်ကာကသာ ကျန်ရစ်ခဲ့၏။ သံချက်ကာကလည်း တောက်လောင်နေသော အပူများ အောက်တွင် တွန့်လိမ်နေသေးသည်။

အပိုင်း(၉၆၈)

“ဝါး”

ပတ်ဝန်းကျင်ရှိ စစ်သည်တော်များက အံ့အားတကြီး အော်ဟစ်ကြသည်။ အနောက်ပိုင်း နယ်မြေမှ ကြေးစား စစ်သားများကဆိုလျှင် ထိတ်လန့်လွန်းသဖြင့် မျက်နှာများ ဖြူဖျော့ကုန်ကြ၏။ ထန်၏ အခြားသော စစ်တပ်များကလည်း သူတို့၏ မျက်နှာပေါ်ရှိ ထိတ်လန့်မှုများကို ဖော်ထုတ်ပြသလာကြလေသည်။

တိုက်ပွဲတစ်ပွဲချင်းစီတိုင်းက ကြီးမားသော အသားကြိတ်စက်ကြီး တစ်ခုကို ကြုံတွေ့နေရသလိုမျိုး ထိုအသားကြိတ်စက်ကြီးက စတင်ကာ လည်ပတ်လာသလို ဖြစ်နေသည်။ ထို့ကြောင့် မရေမတွက်နိုင်သည့် ဆုံးရှုံးသေဆုံးမှုများကသာ ဖြစ်လာခဲ့၏။ ရန်သူဘက်တွင် ဖြစ်စေ၊ သူ့ဘက်တွင်ဖြစ်စေ ဆုံးရှုံးမှုက ကြီးမားသည်။ လူတိုင်းကလည်း တိုက်ပွဲနယ်မြေတိုက်ပွဲတွင် သေရန် အဆင်သင့် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ သို့သော် သူတို့ထဲက မည်သူကမှ ယခုလို သေရမည်ဟု မထင်ထားကြချေ။ ယခုလို လူထွားကြီးမျိုး ရှိလိမ့်မည်ဟု မမျှော်လင့်ဖူးကြချေ။ ထိုအကောင်ကြီးက ကြယ်တာရာစွမ်းအင်များကို သုံးပြီး သူ၏ ရန်သူများကို ပြာချစေနိုင်သည်။ ကြောက်မက်ဖွယ်ကောင်းပြီး ထိတ်လန့်သဲဖို ဆန်လွန်းသဖြင့် သေဆုံးမှု နည်းလမ်းကို လူတိုင်းကို ကြောက်လန့်မှုကြောင့် သေဆုံးစေသေးသည်။

လေးနက်သော ခြေလှမ်းသံများနှင့် ထိုဂါရိဟာဆန်က မဟာလက်နက်ကြီးကို ဖျက်ဆီး၍ ပြီးသွားသည်။ သူက ရက်စက်စွာဖြင့် အော်ရယ်နေလေပြီး ကျန်သော အကြွင်းအကျန်များကို တက်နင်းလျက် ဒုတိယမြောက် ဖြစ်သည့် နောက်ဆုံး မဟာလက်နက်ကြီးထံ လှမ်းလာသည်။ သူကသာ ထိုလက်နက်ကို ဖျက်ဆီးနိုင်ခဲ့လျှင် ကောင်းကင်ခစားခြင်း စစ်တပ်၏ တာဝန်က ပြီးမြောက်သွားပြီဟု ဆို၍ ရသည်။

“သူ့ကိုတား”

အန္တရာယ်ကို သိသည့် စစ်သားတိုင်းကလည်း အကြောက်လန့်မဲ့စွာဖြင့် မဟာလက်နက်ကြီးကို ကာကွယ်ရန် ကြိုးစားကြရပြန်သည်။ တစ်ချိန်တည်းတွင်ပင် လက်နက်ကြီးအဖွဲ့မှ စစ်သည်တော်တိုင်းကလည်း စတင်ကာ ချိန်ညှိပြီး ထိုလူထွားကြီးကို ချိန်ကာ ပစ်ခတ်ရန် ကြံစည်သည်။ သို့သော် မဟာလက်နက်ကြီးက အင်အားကြီးမားလွန်းသည်။ သို့သော် တပ်ဆင်ရ၊ ပစ်ခတ်ရ၊ ချိန်ညှိခြင်း စသည်ဖြင့် အရာအားလုံးက နှေးကွေးနေသေးပြန်၏။ ထို့အပြင် လက်နက် တစ်လက်နှင့် တစ်လက်က အလွန်အမင်း နီးကပ်နေခဲ့သည်။ ပုံမှန်အားဖြင့် ခုခံရေးအားလိုင်းကိုသာ ချိန်ရွယ်ကာ ပစ်ခတ်တတ်ခြင်း ဖြစ်သည်။ ဂါရိဟာဆန်ကမူ ပထမ မဟာလက်နက်ကြီးအပေါ်သို့ တည့်တည့် ကျဆင်းလာခဲ့ခြင်း ဖြစ်နေသည့်အလျောက် ဒုတိယမြောက် မဟာလက်နက်ကြီးအနေဖြင့် အချိန်မှီ ပစ်ရန် မဖြစ်နိုင်တော့ချေ။

“အသုံးမကျတဲ့ ပုရွတ်ဆိတ်တစ်သိုက် ငါ့ရဲ့ အရှေ့မှာ မင်းတို့အကောင်တွေက ထည့်ပြောဖို့တောင် မတန်ဘူး”

ဂါရိဟာဆန်က မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံဖြင့် အော်သည်။

ခြိမ်း

ဂါရိဟာဆန်က လက်သီးဖြင့် တစ်ချက်ထိုးလိုက်ပြီး စွမ်းအင်လှိုင်းပေါင်းများစွာကို လွှင့်ထွက်သွားစေလျက် အရှေ့ရှိ လူသားများက အော်ဟစ်ချိန် မရသေးခင် ထန်မြင်းတပ် အဖွဲ့ဝင် ဆယ့်နှစ်ယောက်ခန့်က မီးတောက်များ လွှမ်းခြုံခံရပြီး ပြာကျသွားပြန်သည်။

ဂါရိဟာဆန်က ခြေထောက်ဖြင့် ကန်လိုက်သည်။ ထိုသို့ဖြင့် နောက်ထပ် ထန်မြည်းတပ် တစ်သုတ်ကလည်း လောင်ကျွမ်းပြာကျသွားကြပြန်၏။ ကန်ချက်တိုင်း၊ လက်သီးတိုင်းကို သုံးပြီး ဂါရိဟာဆန်က လမ်းကြောင်းကို ရှင်းလင်းလိုက်သည်။ သူ၏လမ်းတွင် မည်သည့်စစ်သားများ ပိတ်မနေတော့ချေ။

ဝုန်း

လက်နက်ကြီး အဖွဲ့၏ စစ်သည်တော်တိုင်းကလည်း ပြာကျသွားကြသည်။ နောက်ဆုံးသော မဟာလက်နက်ကြီးက ဖျက်ဆီးခံလိုက်ရလျှင် မဟာထန်က ရှုံးမည်မှာ သေချာသည်။

ဂါရိဟာဆန်ကလည်း ပျော်ရွှင်စွာဖြင့် ရှေ့သို့ ခြေလှမ်းကျဲဖြင့် ဝင်ရောက်သွားသည်။ သူ၏ ပန်းတိုင်ကမူ နောက်ဆုံးသော ကျန်ရစ်သည့် မဟာလက်နက်ကြီး ဖြစ်သည်။ ထိုအရာကို ဖျက်ဆီးပြီးလျှင် သူ၏ တာဝန် ပြီးလေပြီ။ ထိုအခိုက် ရုတ်တရက် မဟာလက်နက်ကြီး၏ အရှေ့တည့်တည့်သို့ ပုံရိပ်တစ်ခုက ဆင်းသက်လာပြီး သူ၏

လမ်းကို ပိတ်သည်။

“မင်းတို့တွေ လမ်းက ဖယ်ကြစမ်း ဒီလူထွားကို ငါနဲ့ ထားခဲ့လိုက်”

ခန်းခယ်ဘုရင်က ဂါရိဟာဆန်ကို အေးစက်စွာ စိုက်ကြည့်သည်။ သူ၏ ခန္ဓာကိုယ်က သိပ်သည်းသော သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပလာသည်။ လဲပြိုကျသွားပြီး သွေးများ စိုရွှဲနေသော အနီရောင်မုတ်ဆိတ်ဖြင့် လူထွားက အနီးအနားတွင် ဖြစ်နေသည်။ ထိုလူထွားကြီးကြောင့် ခန်းခယ်ဘုရင်က ပို၍အင်အားကြီး၊ အရှိန်အဝါ ကြီးမြတ်ပုံ ပေါ်သေးသည်။

လူသားနှင့် လူထွား နှစ်ယောက်ယှဉ်ကာ အနှစ်ချုပ်လိုက်သော် ခန်းခယ်ဘုရင်က အနီရောင် မုတ်ဆိတ်နှင့် လူထွားကို အနိုင်ယူနိုင်ခဲ့ပြီး လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် ခွန်အားကို ပိုင်ဆိုင်ထားပြီး တစ်ဖက်သူကိုပင် သတ်နိုင်ခဲ့သည်။ သို့သော် ခန်းခယ်ဘုရင်ကမူ ထိုသို့ အချိန်တို အတောအတွင်း သူ၏အာရုံက အခြားတစ်ဖက်သို့ ရောက်နေသည့် အချိန်တွင် မဟာလက်နက်ကြီး တစ်လက်က ဖျက်ဆီးခံလိုက်ရမည်ဟု မထင်ထားမိချေ။ ထိုအခြေအနေက သူ၏နှလုံးသားကို ဒေါသများဖြင့် ပြည့်နှက်လာစေသည်။

“ငါ မင်းကို ဖျော်ဖြေပေးမယ်”

ခန်းခယ်ဘုရင်က ပေါ်လာသည်နှင့် တိုက်ခိုက်လိုစိတ် အပြည့်နှင့် ချက်ချင်းဆိုသလိုပင် ဂါရိဟာဆန် မတုံ့ပြန်နိုင်ခင် တိုက်ခိုက်လိုက်သည်။

တောက်ပေသော သတ်ဖြတ်ခြင်း လက်သီး

ခန်းခဘုရင်ငယ်၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားကြီးသည့် စွမ်းအင်လှိုင်းများက ဖြာထွက်လာသည်။ မရေမတွက်သည့် ပုံရိပ်ပေါင်းများစွာက အချင်းချင်း ထပ်လျက် ထွက်လာလေပြီး အလွန်ကြီးမားသည့် တောင်တန်းကြီး တစ်ခုအဖြစ် ပြောင်းကာ နှစ်ဆယ့်ခုနှစ် မီတာကျော်ခန့် မြင့်သည့် ဂါရိဟာဆန် ခန္ဓာကိုယ်ထံ ဝင်းတိုးသွာလေသည်။

ပြိုင်ဘက်က အင်အားကြီးလေလေ ထိုလက်သီးတိုင်းက ထုတ်နိုင်သည့်အားက ပိုကြီးလေလေ ဖြစ်သည်။ အနီရောင် မုတ်ဆိတ်နှင့် လူထွားကြီးကလည်း သူ၏သံမဏိလက်သီးများ အောက်တွင် ကျရှုံးသွားခဲ့သည်။ ယခုအခါ ခန်းခယ်ဘုရင်က တူညီသော သိုင်းကို သုံးပြီး လူထွားများ၏ ဗိုလ်ချုပ်ကို ကိုင်တွယ်နေသည်။

“ဟွန့် အကွက်ကောင်းပဲ”

အနီရောင် မုတ်ဆိတ်နှင့် လူထွားကြီး၏ အလောင်းကို သတိထားမိသည့် ဂါရိဟာဆန်က အမြတ်ဒေါသ ထွက်သွားသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှာ ခမ်းနားသော ကြယ်တာရာစွမ်းအင်ပင်လယ်ပြင်က ထိုးထွက်လာသလို ဖြစ်လာသည်။ ထိုသို့ဖြင့် လက်သီးတစ်လုံးအဖြစ် ပုံသဏ္ဌာန် ပြောင်းသွားလေပြီး ခန်းခယ်ဘုရင်က ယှဉ်ထိုးသည်။

ခြိမ်း

ဘယ်သူကမှလည်း ခန်းခယ်ဘုရင်ဟာ ကောင်းကင်ခစားခြင်း စစ်တပ်ဗိုလ်ချုပ်နှင့် အကွက်မည်မျှ ဖလှယ်ခဲ့ကြောင်း မသိနိုင်ကြချေ။ သို့သော် သူတို့ ထိပ်တိုက်တွေ့ဆုံလိုက်သည့် တစ်ခဏတွင် အဆုံးအစမဲ့သော မီးတောက်ပင်လယ်ကြီးက လှိုင်တက်လာလေပြီး ခန်းခယ်ဘုရင်၏ တောက်ပသော သတ်ဖြတ်ခြင်း လက်သီး ပုံရိပ်ပေါင်းများစွာဖြင့် ထိပ်တိုက်ဝင်တိုးသွားခြင်းကိုသာ မြင်လိုက်ကြရသည်။

ဘန်း

မီးတောက်များက ပျက်ပြယ်သွားသည်။ သို့သော် ဂါရိဟာဆန်ကမူ မရွေ့လျားသေးချေ။ ခန်းခယ်ဘုရင်ကမူ လွှင့်ထွက်သွားသည်။ သူက ဖုန်တိမ်စိုင်များအတွင်းသို့ ပြုတ်ကျသွားသည်။ သူ၏မျက်နှာက အနည်းငယ် ဖြူဖျော့သွားသည်။ သို့သော် သူက မီးတောက်များကြား အလောင်ကျွမ်းခံရခြင်း မရှိပေ။ .

“လူသား မင်းက နည်းနည်းလေးတော့ လေးစားစရာကောင်းတာ မှန်ပါ တယ်။ ဒါပေမယ့် ငါ့ကို မရှင်နိုင်သေးဘူး”

ဂါရိဟာဆန်က ခန်းခယ်ဘုရင်အား ရက်စက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။

ခွက်

သူ၏ခြေထောက်က အောက်သို့ ဆောင့်နင်းလိုက်မှုနှင့်အတူ မြင်သက်ဖွယ်ကောင်းသော မြင်ကွင်းက စတင်ပြောင်းလဲလာသည်။

ဂါရိဟာဆန်၏ ခန္ဓာကိုယ်မှ တစ်ဆင့် သတ္တုချင်း ထိခတ်သံက ကျယ်လောင်စွာ မြင့်တက်လာသည်။ အမဲ၊ အနီ၊ ရွှေရောင် ပေါင်းစပ်နေသည့် ခြေဆက်ကွင်းတစ်မျိုးက သူ၏ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာပြီး ငါးမီတာခန့်အထိ ပြန့်သွားသည်။ ထို့နောက် ဆယ်မီတာ၊ နှစ်ဆယ်မီတာ _ _ _

ဒီလောကတွင် စစ်ခြေဆက်ကွင်းကို ငါးမီတာကျော်သည်အထိ ဖြန့်နိုင်သော စစ်သည်တော်ကပင် အလွန်အမင်း လေးစားစရာ ကောင်းနေပြီ ဖြစ်သည်။ သို့သော် ဂါရိဟာဆန်၏ ခြေဆက်ကွင်းကမူ မီတာသုံးဆယ်အထိ ရောက်သည်။ ထိုသို့ဖြင့် မည်သည့်လူထွား ကျွမ်းကျင်ပညာရှင်ကမှ မတွေးတောနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသည့် အနေအထားကို ပြသလိုက်သည်။ ထိုအခြေအနေက အံအားသင့်စရာ အကောင်းဆုံး မဟုတ်ချေ။

“စစ်ခြေဆက်ကွင်း ဒီလူထွားက စစ်ခြေဆက်ကွင်းတောင် သုံးနိုင်တယ်”

ပတ်ဝန်းကျင်ရှိ စစ်သည်တော်တိုင်းက အထိတ်တလန့် ဖြစ်သွားကြသည်။ သူတို့အတွက် နှစ်ဆယ့်ခုနှစ် မီတာခန့် မြင့်သော လူထွားကြီးက သိုင်းပညာကို သုံးနိုင်ခြင်းက မြင်သက်ဖွယ် ကောင်းနေပြီးသား ဖြစ်သည်။ တစ်ဖက်သူက ကြယ်တာရာစွမ်းအင်ကိုလည်း သုံးနိုင်သည်။ သို့သော် ထိုလူထွားကြီးက စစ်ခြေဆက်ကွင်းကိုလည်း သုံးလာနိုင်၏။ ထိုသို့သော ထူးခြားသည့် စစ်ခြေဆက်ကွင်းက သူတို့၏ စွမ်းအင်ကို မြှင့်တင်ပေးနိုင်သည်။ ထို့ကြောင့် သူ၏စစ်တပ်က စစ်သည်တော်များအားလုံးက ပို၍စွမ်းအားကြီးသွားရုံသာ ရှိပေလိမ့်သည်။

ထိုအတွေးက ဝင်ရောက်လာသည်နှင့် ခန်းခယ်ဘုရင်၏ မျက်နှာက ဖြူဖျော့သွားသည်။ ဖြတ်ကနဲဆိုလျှင်ပင် ထိုအနီ၊ အမဲ၊ ရွှေရောင် စစ်ခြေဆက်ကွင်းက ဂါရိဟာဆန်၏ ခြေထောက်မှ စတင်ကာ ပြန့်နှံ့လာပြီး တိုက်ပွဲနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံလိုက်ပြီး ကောင်းကင်ခစားခြင်း လူထွားတိုင်းကို အားမြှင့်ပေးလိုက်သည်။ သုံးရောင်ခြယ် ခြေစက်ကွင်းက နတ်ဘုရားခွန်အားတစ်မျိုး ပေးစွမ်းလိုက်သလို ဖြစ်သွားလေပြီး သူတို့အားလုံးက ကျယ်လောင်စွာ အော်ဟစ်ကြသည်။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများက ထိုးတက်လာကြ၏။

“ဟ ဟ ဟအရှင့်ရဲ့ခြေဆက်ကွင်းပဲ”

ပို၍ အင်အားကြီးသွားသည့် လူထွားတိုင်းက အော်ဟစ်လိုက်ကြသည်။ သူတို့ တိုက်ကွက်များကို အရှိန်နူန်းမြှင့်ပြီး ပတ်ဝန်းကျင်ရှိ ထန်တိုင်းကို ရင်ဆိုင်သည်။

ကောင်းကင်ခစားခြင်း ခြေဆက်ကွင်း

ထိုခြေဆက်ကွင်းက ကောင်းကင်ခစားခြင်း စစ်တပ်တစ်ခုလုံးတွင် တစ်နေရာတည်းတွင်သာ ရှိနိုင်သည်။ အာယေးဘီးယား၏ ဝေးကွာလွန်းသော လူမျိုးစု တစ်မျိုး၏ စွမ်းအားလည်း ဖြစ်သည်။ ထိုတစ်ခုတည်းသော ခြေဆက်ကွင်းကသာ လူထွားများပေါ် အလုပ်ဖြစ်သည်။ ထိုလူထွားများ၏ တိုက်ခိုက်နိုင်စွမ်းအား၊ ခုခံနိုင်စွမ်းအားကို မြှင့်တင်ပေးနိုင်သည်။

ဘုန်း

အဝေးရှိ ကောင်းကင်ခစားခြင်း လူထွားတစ်ကောင်က သူ၏လက်မောင်းကို ဆန့်တန်းလိုက်ပြီး သေဆုံးခြင်း မြင်းရိပ်ဓားအသင်းကို ဖိအားပေးသည်။ ခုနှစ်ယောက်အဖွဲ့က ဝင်္ကပါ၏စွမ်းအားများကို သုံးပြီး ထိုလူထွားကြီးများကို ဖိနှိပ်ထားနိုင်ရာမှ ရုတ်တရက် မထိန်းနိုင်တော့ကြောင်း ခံစားလိုက်ရသည်။

“သတိထား”

ခုနှစ်ယောက်လုံးက လူထွား၏ အသစ်ရှာတွေ့ထားသော စွမ်းအားကိုသာ အာရုံစိုက်ကာ ကိုင်တွယ်နေခြင်း ဖြစ်သည်။

သို့သော် ထိုအကောင်ကမူ ခြေဆက်ကွင်း တစ်ခုမှ အင်အားအကြီးဆုံး မြှင့်တင်အားကို လက်ခံ ရရှိလိုက်သည်။ အင်အားအကြီးဆုံး လူကမူ ဂါရိဟာဆန်ဖြစ်သည်။ ကောင်းကင်ခစားခြင်း ခြေဆက်ကွင်းကို လွှင့်ထုတ်ပြီးသည်နောက်တွင် သူ၏ခွန်အားက ထိုးတက်လာသည်။ ဟိန်းသံများကပင် ထွက်လာသေး၏။ မြင်သက်ဖွယ်ကောင်းသော အရှိန်နူန်းဖြင့် မြှင့်တက်သွားလေပြီး သူဟာ မယုံနိုင်စရာ ကောင်းလောက်အောင် အင်အားကြီးမားသွားသည်။ သူက တစ်ဖက်သူ၏ ခွန်အားက ပြင်းပြင်းထန်ထန် မြင့်တက်လာကြောင်း မြင်တက်လာကြောင်း မြင်ရသည့် အချိန်တွင် ခန်းခယ်ဘုရင်၏ နှလုံးသားက လေးလံသွားသည်။

“နောက်ထပ် ငါ့ရဲ့လက်သီးတစ်လုံးလေး စားကြည့်ပါဦး”

ဂါရိဟာဆန်၏ မျက်ဝန်းက အေးစက်သော အလင်းဖြင့် လင်းလက်လာသည်။ သူ၏ ကြီးမားသော လက်သီးကြီးက အနီရောင် မီးတောက်ဖြင့် လွှမ်းခြုံလျက် ခန်းခယ်ဘုရင်ထံ တိုးဝင်သွားသည်။

ဘုန်း

ဒီတစ်ကြိမ်တွင် ခန်းခယ်ဘုရင်က ထိုရိုက်ချက်ကို တားနိုင်တော့မည် မထင်ချေ။ သူ၏ တောက်ပသည့် သတ်ဖြတ်ခြင်း လက်သီးကို သုံးပြီး သူ၏ခွန်အားကို အဆပေါင်းများစွာ မြှင့်နိုင်သည့်တိုင်အောင် မိုးခြိမ်းမတတ် ပြင်းထန် ကျယ်လောင်လွန်းသည့် ထိုလက်သီးကြီးကို တတ်နိုင်တော့မည် မထင်ချေ။ ငြီးငြူသံ တစ်ချက်နှင့်အတူ ခန်းခယ်ဘုရင်က ဘေးဘက်သို့ လွှင့်ထွက်သွားသည်။ သို့သော် ဂါရိဟာဆန်က ခန်းခယ်ဘုရင်ကို စမ်းသပ်ပြီး နောက်ဆုံးတော့ မဟာလက်နက်ကြီးကို ဖျက်ဆီးတော့မည့် အချိန်တွင် ရုတ်တရက် နောက်ဘက်သို့ လှည့်ကြည့်ကာ မျက်နှာက တင်းမာသွားသည်။

“မျိုးမစစ် မင်းလုပ်ရဲလား”

ဂါရိဟာဆန်၏ မျက်လုံးက ပြူးသွားသည်။ သူ၏ခန္ဓာကိုယ်က ဒေါသမီးတောက်များဖြင့် တောက်လောင် ပေါက်ကွဲသွား၏။ ခန်းခယ်ဘုရင်က လွှင့်ထွက်သွားသည့်အချိန်တွင် သူ၏ ကြယ်တာရာစွမ်းအင်များကို သုံးပြီး မဟာလက်နက်ကြီးနှင့် အနားရှိ လက်နက်ကြီးအဖွဲ့မှ စစ်သည်တော်တိုင်းကို လွှမ်းခြုံလျက် အလွန်ဝေးကွာသော နေရာသို့ တွန်းသွားခဲ့သည်။

မဟာလက်နက်ကြီး အဖွဲ့က အတွန်းခံရသော နေရာတွင်မူ မီးတောက်များဖြင့် တောက်လောင်ပြီး သူ့ဆီပျံသန်းလာသည့် ပုံရိပ်ကြီးတစ်ခု ရှိသည်။

“ခန်းခယ်ဘုရင် ငါ မင်းကို လာကူ‌ေမယ်”

သူ၏ အသံက လေထဲတွင် ပဲ့တင်ထပ်သွားသည်။ ဖားဟားနားဗိုလ်ချုပ် ပါးနာဟန်က သူ၏မဟာမီးတောက် တီကန်သိုင်းကို သုံးပြီး ကြွေကျလာသော ကြယ်တစ်စင်းကဲ့သို့ ဂါရိဟာဆန်၏ မြင့်မားလွန်းသော တောင်တန်းကဲ့သို့ ပုံရိပ်ကို ဝင်တိုးလိုက်သည်။

ဝုန်း

ဝုန်း

သက်ရောက်မှုက မြင့်မားလှသော ပေါက်ကွဲမှုကို ဖြစ်ပေါ်စေသည်။ အားလိုင်းပေါင်းများစွာက ဖြာထွက်လာသည်။ ကြမ်းတမ်းသော လေပြေကလည်း ပတ်ဝန်းကျင်ရှိ နေရာတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော အရှိန်နူန်းက ခန်းခယ်ဘုရင်ကို မျက်လုံး ပြူသွားစေသေးသည်။ ပါးနာဟန်က ဖားဟားနားဗိုလ်ချုပ် တစ်ယောက်ဖြစ်သည်။ နောင်ဖြစ်လာမယ့် ဗိုလ်ချုပ်တစ်ယောက်လည်း ဖြစ်ပြီး အင်ပါယာ မဟာဗိုလ်ချုပ်အဆင့်နှင့် ခြေတစ်လှမ်းသာ ဝေးကွာသူ ဖြစ်သည်။ ထိုအချိန်တွင် ဂါရိဟာဆန်ကမူ ကောင်းကင်ခစားခြင်း စစ်တပ်၏ ဗိုလ်ချုပ်တစ်ယောက် ဖြစ်သည်။ သူ၏ လေးစားဖွယ်ကောင်းသည် ခွန်အားက ခန်းခယ်ဘုရင် မရင်ဆိုင်နိုင်သော အနေအထားမျိုးတွင် ဖြစ်သည်။ သို့တိုင်အောင် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်သည့် ပါးနာဟန်ကို ရင်ဆိုင်ရချိန်တွင်မူ သူကလည်း အားသာချက် အနည်းကိုသာ ရှာတွေ့လေသည်။

အခန်း(၉၆၉)

“ခန်းခယ်ဘုရင် မင်း မဟာလက်နက်ကြီးကို ကာကွယ်ထား။ ငါ ဒီအကောင်ကြီးကို ကိုင်တွယ်လိုက်မယ်”

မီးတောက်များက တိုက်ပွဲနယ်မြေ တစ်ခွင်အနှံ့ ဝိုင်းပတ်ထားပုံ ပေါ်သည်။ ပါးနာဟန်၏ ကျယ်လောင်သော အသံက မီးပင်လယ် အတွင်းမှ ထွက်လာ၏။ ဂါရိဟာဆန်၏ ကြယ်တာရာစွမ်းအင်များက မီးတောက်စွမ်းအင်နှင့် ပေါင်းစပ်ထားပြီး အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသည်။ အခြားတစ်ဖက်တွင်မူ ပါးနာဟန်၏ မဟာမီးတောက် ကျီးကန်းသိုင်းကလည်း အနောက်ပိုင်း ဒေသတစ်ခွင်မှ ကျော်ကြားသော နာမည်ကြီးသိုင်းဖြစ်နေသေးသည်။ ဝမ်ချောင်၏ လမ်းညွှန်ပြသမှုများကို ရရှိပြီးနောက် ပါးဟားနာက အင်အားကြီးလာကြောင်း သူကိုယ်တိုင် နားလည်နေခဲ့သည်။ သူကသာ လူထွားများ၏ ဘုရင်နှင့် မီးတောက်သိုင်းချင်း ယှဉ်တိုက်နိုင်လောက်သည်။

“ကောင်းပြီလေ”

ခန်းခယ်ဘုရင်၏ မျက်ဝန်းက လင်းလက်သွားပြီးနောက် သူက နောက်ဆုံးကျန်ရစ်သည့် မဟာလက်နက်ကြီးထံ ရောက်သွားသည်။ သူတို့နှစ်ယောက်ကြားမှ တိုက်ပွဲက ဝရုန်းသုန်းကားဖြစ်ပြီး ကြမ်းတမ်းလွန်းသည်။ ထိုကဲ့သိုသော အခြေအနေမျိုးတွင် မဟာလက်နက်ကြီးကို တိုက်ခိုက်သည့် အနေအထားမျိုး ရှိသွားနိုင်သည်။ ထို့ကြောင့် သူက ဒီနေရာမှ အဝေးဆုံးနေရာသို့ တွန်းရွေ့လိုက်ခြင်း ဖြစ်သည်။ ဖြစ်နိုင်လျှင် သူဟာ ထိုမဟာလက်နက်ကြီးကို သုံးပြီး လူထွားကြီးများ၏ ဘုရင်ကို ရင်ဆိုင်ရန် ပေးလိုသေးသည်။ သို့သော် ကပ်ဘေးက အဆုံးမသတ်သေးချေ။ အနားရှိ လူထွားများကလည်း မဟာလက်နက်ကြီးထံ ဝိုင်းလာကြသေးပြန်သည်။ ဂါရိဟာဆန်က ပါးနာဟန်နှင့် တိုက်ခိုက်နေသည့်တိုင်အောင် လွတ်လာအောင် ကြိုးစားပြီး ထိုမဟာလက်နက်ကြီးကို ဖျက်ဆီးရန် ကြိုးစားချင်ကြသေးလေ၏။ ခန်းခယ်ဘုရင်က သူ၏အာရုံတိုင်းကို ထိုမဟာထန်၏ နောက်ဆုံး မျှော်လင့်ချက်ပေါ် စုပုံကာ ကာကွယ်ပေးထားရန် လိုအပ်သည်။

ထိုအချိန်တွင် ပထမခုခံရေး အားလိုင်းတွင် ဝမ်ချောင် ရင်ဆိုင်နေရသည့် အခြေအနေက ခန်းခယ်ဘုရင်နှင့် ပါးနာဟန်တို့ ရင်ဆိုင်နေရသည့် အခြေအနေထက် ပို၍ပြင်းထန်သည်။

ခြိမ်း

မြေကမ္ဘာ၏ လှုပ်ခါနေမှုက ပို၍ ဆိုးသထက် ဆိုးလာသည်။ မဟာထန်၏ မြင်းတပ်နှင့် ခြေလျင်တပ်က ဝတ်ဆင်ထားသော သံချပ်ကာများက အချင်းချင်း တချွင်ချွင် ရိုက်ခတ်နေသည်။ တင်းကြပ်သည့် လေထုက ပို၍ပင် တောင့်တင်းလာသည်။ ပေ့ဟယ်မော့ အဖွဲ့ဝင်လေးကောင်၏ အရှိန်နူန်းက အလွန်အမင်း မြန်ဆန်လာသည်။ အာရပ်စစ်သည် နှစ်သိန်းကျော်ကလည်း နီးကပ်သထက် နီးကပ်လာကြသည်။

တိုက်ပွဲက စတင်လုနီးပါး ဖြစ်လာသည်။

ရန်သူစစ်တပ် တစ်ခုလုံးကို ရင်ဆိုင်ရသည့်အခါ ကောင်းရှန်ကျစ်က နောက်ဆုံးတွင် ပြောလိုက်သည်။

“ဝမ်ချောင်၊ ဝမ်ရယ် အသင့်ပြင်”

ပေ့ဟယ်မော့များက ဖော်ပြရန် ခက်ခဲလောက်အောင် အင်အားကြီးမားသည်။ သူတို့ကသာ ခုခံရေးအားလိုင်းကို ကျော်ဖြတ်သွားခဲ့လျှင် စစ်တပ်တစ်ခုလုံးက အလွန်အမင်း ဆိုးရွားသည့် ကြောက်မက်ဖွယ်ကောင်းသည့် ဆုံးရှုံးမှု အနေအထားကို လက်ခံရရှိပေလိမ့်မည်။ သူတို့လေးယောက်ကလည်း မည်သည့်အခြေအနေမှ ဖြစ်မလာခင် ပေ့ဟယ်မော့များကို အပြင်တွင် ထိန်းထားနိုင်ရန် လိုအပ်သည်။

ချွင်

ကောင်းရှန်းကျစ်က သူ၏ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ပြီး ထက်ရှသော အလင်းများကို လက်စေလျက် ပေဟယ်မော့တစ်ကောင်ကို ချိန်ရွယ်သည်။

ကောင်းရှန်းကျစ်၏ ဘေးနားတွင် မြေကမ္ဘာက တုန်ဟီးသွားပြီးနောက် စွမ်းအင်ပေါင်းများစွာက စုစည်းလာသည်။ တောက်ပသော အလင်းက ဖျက်ကနဲ လက်သွားပြီးနောက် အလွန်အမင်း ကြီးမားသည့် နတ်ဘုရားကြီး တစ်ပါးက မြေပြင်မှ မြှောက်တက်လာသည်။ ချန်းချန်းလီကလည်း သူ၏ အဆင့်လွန် ခွဲထုတ်ခြင်း ဝင်္ကပါကို ထုတ်ဖော်လိုက်ပြီး မရေမတွက်နိုင်သည့် သံချိန်းကြိုးပေါင်းများစွာကို သယ်ဆောင်လျက် ခုခံရေးအားလိုင်း အနားတွင် ရပ်နေသည်။ ချန်းချန်းလီက လက်တစ်ဖက်ဖြင့် ချိန်းကြိုးတစ်ခုကို ကိုင်ထားလျက် အဝေးသို့ တင်းမာစွာ ကြည့်သည်။

“အရှင်ဟုန်မြင့် မှင်သက်ဖွယ် နတ်ဘုရား ဝင်္ကပါ”

တစ်ချိန်တည်းတွင်ပင် ဝမ်ရယ်ကလည်း အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က လျင်မြန်စွာဖြင့် ဖောင်းကားလာပြီး နောက်ထပ် အရှိန်အဝါ ကြီးမြတ်သော နတ်ဘုရားပုံ ပေါ်လာသည်။

သူတို့သုံးယောက်၏ မျက်နှာထားက တင်းမာနေပြီး သတိအပြည့်ကပ်ထားကြသည်။ ပေ့ဟယ်မော့များနှင့် နှစ်ကြိမ်တိုက်ပွဲ ဝင်ပြီးနောက်တွင် သူတို့၏ ပင်ပန်းနွမ်းနယ်နေသော အမူအယာများက သိသာထင်ရှားနေသည့်တိုင်အောင် သူတို့ဟာ အထူးတလည် စွမ်းအင်များကို ပြန်လည် မရရှိနိုင်ကြချေ။ သို့သော် သူတို့ထဲက မည်သူကမဆို_ _ _ ကောင်းရှန်းကျစ်ဖြစ်စေ၊ ချန်းချန်းလီ ဖြစ်စေ၊ ဝမ်ရယ်ပင် ဖြစ်စေ နောက်ဆုတ်မည့် လက္ခဏာ မပြကြချေ။ သူတို့က မြေပြင်ကို လွှမ်းမိုးရန် စီးဆင်းလာသည့် ရေလှိုင်းများ၏ အရှေ့တွင် မြဲမြံစွာ မားမားမတ်မတ် ရပ်တည်ရမည့် စစ်တပ်တစ်ခုလုံး၏ ယုံကြည်မှု ကျောရိုးထောက်တိုင်ကြီးများ ဖြစ်နေသည်။

ဒါက မလုံလောက်သေးဘူး။

လေထုက တင်းကြပ်မှုများနှင့် ပြည့်နှက်နေသည်။ ဝမ်ချောင်က ကောင်းရှန်းကျစ်၏ ညာဘက်ခြမ်းတွင် ရပ်လျက် တစ်ဖက်ခြမ်းမှ အရှိန်အဝါမြင့်သော ပုံရိပ်သုံးခုကို ကြည့်သည်။ သူက အလွန်အမင်း ပြင်းထန်လွန်းသည့် အန္တရာယ်ကို ခံစားနေရ၏။ လက်ရှိအနေအထားအရ သူတို့ အနေဖြင့် က ပေ့ဟယ်မော့များပင် ဖြစ်စေ၊ အားပုမူဆလင်များပင် ဖြစ်စေ၊ အာရပ်စစ်သည် နှစ်သိန်းကို ရင်ဆိုင်ရန် မလုံလောက်သေးချေ။

ငါ ပေ့ဟယ်မော့ စစ်တပ်ကို ကိုင်တွယ်ဖို့ နည်းလမ်းတစ်ခု တွေးရမယ်။

ဝမ်ချောင်၏ စိတ်က မုန်တိုင်းထန်လာပြီး သူ၏ စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးများစွာက စက္ကန့်တိုင်းအမျှ ဖြတ်သန်းနေသည်။ ပေ့ဟယ်မော့ စစ်တပ်က ပြိုင်ဘက်ကင်းသော တည်ရှိနေမှု မဟုတ်ချေ။ ဝမ်ချောင်က ထိုအချက်ကို ရှင်းလင်းသည်။ သို့မဟုတ်လျှင် အာရပ်အင်ပါယာက ပေ့ဟယ်မော့စစ်တပ်ကိုသာ သုံးပြီး တစ်လောကလုံးကို ပတ်သိမ်းနေပြီး လောက်လေပြီ။ သို့ရာတွင် ထိုကဲ့သို့သော အရာမျိုးက သူ၏ယခင်ဘဝတွင် မဖြစ်ပျက်ဖူးချေ။

ပို၍ဆိုးသည်မှာ ဝမ်ချောင်က စုစည်းထားနိုင်သော သတင်းအချက်အလက်မှ တစ်ဆင့် အာရေးဘီးယား၏ ကာလစ်ဟာ ပေ့ဟယ်မော့ စစ်တပ်ကို သုံးတိုင်း အလွန်အမင်း သတိထားတတ်ကြောင်း သိထားသည်။ လိုအပ်သောကြောင့်သာ မဟုတ်လျှင် ဘယ်သောအခါမှ ထုတ်သုံးလေ့ မရှိချေ။ အပေါ်ယံတွင်မူ ကာလစ်ဟာ ထိုအင်အားစုကို အလွန်အမင်း တန်ဖိုးထား၍ သူ၏ ပြိုင်ဖက်များကို ထိုအင်အားစုကို ထုတ်သုံးရလောက်အောင် မတန်ဟု ယုံကြည်ပေလိမ့်မည်။ သို့သော် ယခင်ဘဝက ကျော်ကြားသည့် စစ်သူတော်စင် ဖြစ်ခဲ့သည့် ဝမ်ချောင်ကသာ အမှန်တရားက ထိုသို့ မဟုတ်နိုင်ကြောင်း နားလည်လေသည်။

ဒါပေမယ့် အဲ့ဒါက ဘာလဲ။ ပေ့ဟယ်မော့ စစ်တပ်ရဲ့ ပြစ်ချက်က ဘာလဲ။

ဝမ်ချောင်၏ စိတ်က သူ့ကိုယ်သူ ဆက်တိုက် တွေးတောရန် တွန်းအားပေးနေခဲ့သည်။ မြေကမ္ဘာက ပေ့ဟယ်မော့များ ဆောင့်နင်းမှုကြောင့် တသိမ့်သိမ့်တုန်နေပြီး ခြေတစ်လှမ်းချင်းစီတိုင်းက ဝမ်ချောင်၏ ကိုယ်ပေါ်ဖိအားများ တွန်းပို့နေသည်။

အချိန်က အများကြီး မရှိတော့ချေ။ ဝမ်ချောင်ကလည်း ကောင်းရှန်းကျစ်နှင့် ချန်းချန်းလီတို့က လုံလောက်ခြင်း မရှိသေးကြောင်း နားလည်နေသည်။ သူက ပေ့ဟယ်မော့ လေးကောင်ကို ကိုင်တွယ်နိုင်မည့် နည်းလမ်းတစ်ခု ရှာနိုင်မှသာ အစစ်အမှန် ကပ်ဘေးကို ကိုင်တွယ်နိုင်လိမ့်မည်။

“ဝမ်ချောင် မြန်မြန် ဝူရှန်းမြင်းတပ်ကို ပြန်ခေါ်တော့”

ကောင်းရှန်းကျစ်က စိုးရိမ်တကြီး အော်သည်။

နတ်ပြင်ရွာမှ ဝင်္ကပါက ဝူရှန်းမြင်းတပ် ငါးထောင်၏ အင်အားကို ရှိန်းလိုက်ရန် လိုအပ်သည်။ တိုက်ပွဲက အလွန်နီးကပ်လာသောအခါ ဝမ်ချောင်က ဝူရှန်းမြင်းတပ်ကို ချက်ချင်း ပြန်ခေါ်ရန် လိုအပ်သည်။ သို့သော် သူက ထိုသို့ ခေါ်လိုက်သည်နှင့် ကောင်းကင်ခစားခြင်း စစ်တပ်က ထိန်းချုပ်မှု လွတ်သွားပေလိမ့်မည်။

ဝမ်ချောင်ကိုယ်တိုင်ကလည်း ဒါဟာ စိန်ခေါ်မှု ပြင်းထန်လွန်းသည့် တိုက်ပွဲဖြစ်ကြောင်း နားလည်နေသည်။

ကျန်း တစ်ရာ့ရှစ်ဆယ်အကွာ

ကျန်း တစ်ရာ့ခြောက်ဆယ်

ကျန်း တစ်ရာ့လေးဆယ်

အကွာအဝေးက နီးလာသည်။ ပထမ ခုခံရေးအားလိုင်း၏ မြို့ရိုးကိုပင် ဟိန်းဟောက်သံများနှင့်အတူ ဝင်ရောက်လာသည့် လေပြင်းက ရိုက်ခတ်လာသေး၏။

အကွာအဝေးက ထိုသို့ နီးလာသည့်နှင့်အမျှ လေထုတင်းအားက ပို၍ တင်းလာသည်။

ဝမ်ချောင်၏ နှလုံးသားက အခုန်နူန်း မြန်ဆန်နေသည်။ သူ၏ ပတ်ပတ်လည်တွင်လည်း သေဆုံးခြင်း၏ အညံ့ဆိုးများက စတင်ကာ သွန်းလောင်း ရောက်ရှိလာ၏။ စစ်သည် တစ်သိန်းကျော်၏ အသက်၊ လီထန်ပေါင်းများစွာ ကျယ်သော နောက်ပိုင်းနယ်မြေတစ်ခွင်နှင့် တာလှနှင့် လီထောင်ပေါင်းများစွာမှ လူသိန်းပေါင်းများစွာ၏ အသက် အားလုံးက သူ၏ကိုယ်ပေါ် အလေးချိန် တစ်ခုဖြင့် ဖိထားသည်။ ဝမ်ချောင်ဟာ ထိုဖိအားကြောင့် အလွန်အမင်း ဖိအားများလာသည်။

အချိန်ဟာ တွားသွားသလို နှေးကွေးသွားသည့် အချိန်တွင် ဝမ်ချောင်ဟာ အနီးအနားရှိ ကောင်းရှန်းကျစ်နှင့် ချန်းချန်းလီတို့က ပါးစပ်ကို ဖွင့်လိုက်၊ ပိတ်လိုက်လုပ်ပြီး သူ၏နာမည်ကို ခေါ်နေသံကို မြင်နေရသည်၊ ကြားနေရသည်။

ဒီအကွာအဝေးတွင် _ _ _ ဖုန်တိမ်စိုင်များက ကပြောင်းကပြန် ဖြစ်နေသော အလယ်တွင် ပေ့ဟယ်မော့များက ရူးသွပ်စွာ အော်ဟစ်သည်။ ဝမ်ချောင်က သူတို့၏ ပါးစပ်မှ အဆွယ်များကိုပင် မြင်နိုင်သည်။ ထိုအစွယ်က အေးစက်သော အလင်းဖြင့် လက်နေ၏။ သူတို့က ရှူထုတ်လိုက်သည့် လေပြင်းများက သူ၏ကိုယ်ကိုပင် ဖြတ်တိုက်လာပုံ ပေါ်သေးသည်။ ဝမ်ချောင်က ဆိုးရွားလွန်းသည့် အာပုတ်စော် အနံ့များကိုပင် ရလိုက်သေးသည်။

သူတို့ရဲ့ အားနည်းချက်က ဘာလဲ ဘာလဲ။

ဝမ်ချောင်၏ စိတ်က ရူးသွပ်စွာ လည်ပတ်လာသည်။ ထို့နောက် ဘုန်း

ကြီးမားသော ခြေထောက်ကြီးတစ်ဖက်က မြေပြင်ပေါ် ဆောက်ဖိချလိုက်ပြီး အုတ်ကျိုးအုတ်ပဲ့များ၊ ကျောက်စရစ်ခဲများ၊ မြေသားများ၊ ဖုန်မှုန့်များ အားလုံးကို ပေါက်ကွဲသွားစေလျက် ဝမ်ချောင်၏ စိတ်ကို မြေကမ္ဘာပေါ်သို့ ဖိချလိုက်သည်။

“အရှင်”

“သတိထား”

“တိုက်ခိုက်ဖို့ ပြင်ဆင်ကြ”

ပထမ ခုခံရေးအားလိုင်းမှ အထိတ်အလန့် အော်ဟစ်သံများနှင့်အတူ အဝေးထိတောင် ပဲ့တင်ထွက်သွားသည်။

ချွင် ချွင်

မရေမတွက်နိုင်သည့် လှံများ၊ မြှားထိပ်များက ဝင်ရောက်လာသည့် ပေ့ဟယ်မော့များကို ချိန်ရွယ်ကာ ပစ်ခတ်နေသည်။ အာရပ်စစ်တပ်ကိုလည်း ချိန်ရွယ်ကာ ပစ်ခတ်သည်။ အချိန်တိုအတွင်း အကွာအဝေးက ကျန်းရှစ်ဆယ်ကျော်အထိ တိုသွားသည်။

“ပစ်”

ပထမခုခံရေးအားလိုင်း အနောက်ဘက်မှ ဝုန်းကနဲ အသံနှင့်အတူ ထန်လက်နက်ကြီး အလက်တစ်ထောင်ခန့်က တစ်ချိန်တည်း ပစ်ထွက်လာသည်။ အနက်ရောင် ထိုကျည်ဆန်ကြီး ထောင်ကျော်က လေထုကို ထိုးခွဲပျံသန်းသွားပြီးနောက် ပေ့ဟယ်မော့ လေးကောင်၏ ကိုယ်ပေါ်သို့ ပန်းနှင့်ပေါက်သလို ကျဆင်းသွားသည်။

ထန်လက်နက် တစ်ဝက်ကျော်ခန့်က ကောင်းကင်ခစားခြင်း လူထွားကြီးများကို လှည့်ကာ ကိုင်တွယ်နေရသေးသည်။ ထို့ကြောင့် ဒီတစ်ထောင်ကသာ ပေ့ဟယ်မော့များကို ကိုင်တွယ်နိုင်ကာ သုံးနိုင်သည့် ပမာဏဖြစ်သည်။

ချွင် ချွင် ချွင်

သတ္တုချင်း ထိခိုက်သံက ပေါ်လာသည်။

“ဟင့် အသုံးမဝင်ဘူး ရိတ်သိမ်းသူ၊ ဝါသနာအိုး၊ လောင်ကျွမ်းသူ နဲ့ မြင့်မြတ်သူ ထိုအားလုံးရဲ့ သံချပ်ကာတွေကို အကောင်းဆုံး သံမဏိအဆီအနှစ်ကို သုံးပြီး သွန်းလုပ်ထားတာ။ အကောင်းဆုံး သံမဏိသံတစ်ထောင်ကို သုံးပြီး ကျိုတဲ့အခါ သံမဏိအဆီအနှစ် ကီလိုဂရမ် တစ်ဝက်ပဲ ရတယ်။ ဒီလေးကောင်လုံးရဲ့ သံချပ်ကာတွေက အကောင်းဆုံး သံမဏိ သံသောင်းပေါင်းများစွာ လိုအပ်ခဲ့တယ်။ ဘယ်လက်နက်ကမှ ဒီသံမဏိ အဆီအနှစ် သံချပ်ကာကို မဖောက်နိုင်ဘူး”

မာစီက စစ်တပ်၏ နောက်တန်းတွင် ရှိသည်။ သူဟာ ကင်းခြေများ မကောင်းဆိုးဝါးကြီး အပေါ်တွင် ထိုင်နေသည်။ သူ၏ စိတ်အတွင်းတွင် လှောင်ရယ်နေပြီး ထိုလက်နက်ကြီးများက ပေ့ဟယ်မော့များ သံချပ်ကာကို ထိမှန်ပြီး ပြန်ကန်ထွက်သွားသည့် မြင်ကွင်းကို ကြည့်နေသည်။

မည်သည့် အမျိုးသားပင် ဖြစ်စေ၊ မည်သည့် သားရဲပင် ဖြစ်စေ ခေါင်းကို ထိခိုက်သွားလျှင် လူတိုင်း သေဆုံးနိုင်သည်။ ပေ့ဟယ်မော့များက အလားတူသာလျှင် ဖြစ်၏။ သာမာန်သူတစ်ယောက်ပင် ထိုအခြေအနေကို သုံးသပ်နိုင်လောက်သည်။ အတိတ်တွင် မြောက်မြားလှစွာသော ရန်သူမာရှယ်ပေါင်းများစွာ၊ စစ်နတ်ဘုရားပေါင်း များစွာ၊ ဒဏ္ဍာရီလာ သူရဲကောင်းပေါင်း များစွာကလည်း ပေ့ဟယ်မော့များ၏ ခေါင်းကို တိုက်ခိုက်ရန် ကြိုးစားခဲ့ကြ၏။ သို့သော် အများစုကမူ ကျရှုံးခဲ့သည်။ အနည်းစုကသာ ဒဏ်ရာအနည်းငယ် ရအောင် လုပ်နိုင်ကြသည်။ သို့သော် ပေ့ဟယ်မော့ စစ်တပ်က အတိတ်က အတွေ့အကြုံများကို မှီခိုပြီး သူတို့အတွက် ခေါင်းဆောင်းများ သွန်းလုပ်ပေးခဲ့သည်။ ထိုအကြံကို မာစီက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တွေးမိခဲ့ခြင်း ဖြစ်ပြီး ယခုလို သံမဏိအဆီအနှစ် ခေါင်းဆောင်းများကို ပြုလုပ်ပေးခဲ့သည်။

ထိုခေါင်းဆောင်းများက အလွန်အမင်း မာကျောသည်။ ခိုင်မာ၏။ ထို့ကြောင့် အကောင်းဆုံးသော ဓားများ သုံးလျှင်ပင် ခြစ်ရာပင် ထင်ရန် မဖြစ်နိုင်ချေ။ ထို့အတွက် ပေ့ဟယ်မော့များအတွက် စိတ်ကူးယဉ် စံချိန်မှီ သံချပ်ကာ ဖြစ်လာနိုင်သည်။ သို့သော် သံမဏိအဆီအနှစ်က အဖိုးတန်လွန်းသည်။ အာရေးဘီးယား အင်ပါယာကဲ့သို့ အရင်းအမြစ် မြောက်မြားသော တိုင်းပြည်ကြီးတွင်ပင် ခေါင်းဆောင်းလေးခုကိုသာ သွန်းလုပ်နိုင်ခဲ့သည်။ ထိုအတွက် အလွန်အမင်း လေးစားဖွယ်ကောင်းသည့် ပြိုက်ဖက်များကို ပြိုင်ချိန်တွင် ပေ့ဟယ်မော့များက ရှုံးနိုင်သည့် ခြိမ်းခြောက်မှု မရှိပါက ခေါင်းဆောင်းများကို ထုတ်ဆောင်းလေ့ မရှိပေ။

မာစီကလည်း အဝေးရှိ သာလှတွင် ယခုလိုမျိုး အင်အားကြီးသော ပြိုင်ဖက်မျိုးကို တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။ ထို့အပြင် သူ၏ ပေ့ဟယ်မော့ သုံးကောင်းကိုပင် သတ်သွားနိုင်သေး၏။ သို့ရာတွင် အကြံက ရှင်းလင်းစွာပင် သက်ရောက်မှု ရှိကြောင်း ပြသသည်။ သံမဏိအဆီအနှစ် ခေါင်းဆောင်းလေးခုနှင့် ပေ့ဟယ်မော့ လေးကောင်က တိုက်ပွဲနယ်မြေတွင် ပြိုင်ဖက်ကင်းသွားသည်။ မဟာလက်နက်ကြီးကပင် သူတို့ကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ချေ။

ဝုန်း

မာစီက အမျိုးမျိုးသော ဂါထာများကို ဆက်တိုက် ဆင့်ခေါ်နေခဲ့ပြီး ပေ့ဟယ်မော့ လေးကောင်ကို ရှု့ထောင်အမျိုးမျိုး ပြောင်းကာ အကွာအဝေးခြားလျက် တိုက်ခိုက်ခိုင်းထားလိုက်သည်။ ထို့နောက် သူ၏ ကင်းမြီးကောင် မကောင်းဆိုးဝါးကိုလည်း မြေလျိုးခိုင်းလိုက်ပြန်သည်။

“ပစ်”

လက်နက်ကြီးတစ်ထောင်က ဒုတိယတစ်သုတ် ထပ်ပစ်သည်။ ဒီတစ်ကြိမ်တွင် ခေါင်းက မူရင်းပစ်မှတ် ဖြစ်နေသေးသော်လည်း လက်နက်၏ တစ်စိတ်တစ်ပိုင်းကမူ ခန္ဓာကိုယ်များကို ပစ်ခတ်သည်။

ချွင် ချွင် ချွင်

မျှော်လင့်ထားသည့်အတိုင်း ထိုလက်နက်ကြီးများက ခေါင်းကို ချိန်ရွယ်လိုက်သောအခါ သံမဏိအဆီအနှစ် ခေါင်းဆောင်းများကြောင့် လွှင့်ထွက်သွားသည်။ ခန္ဓာကိုယ်များကို ချိန်ရွယ်သော အချိန်တွင်မူ အစစ်အမှန် ထိမှန်၏။ အနက်ရောင် ကျည်ဆန် ရာပေါင်းများစွာက ပေ့ဟယ်မော့ လေးကောင်၏ ခန္ဓာကိုယ်ကို သွေးလန့်သော အပေါက်များ ဖြစ်သွားစေသည်။

သို့သော် သူတို့၏ အသက်စွမ်းအင်ကို အနည်းငယ် အားနည်းသွားစေရုံမှ လွဲပြီး ပေ့ဟယ်မော့များက သက်ရောက်ခံရခြင်း မရှိပေ။ သူတို့က ဆက်လက်ပြီး ဘာမှမဖြစ်ပျက်သလိုမျိုး ပထမခုခံရေး အားလိုင်းသို့ ချီတက်လာကြသည်။ သူတို့၏ အရှိန်နူန်းကပင် ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။

အခန်း(၉၇၀)

ကျန်း ခုနှစ်ဆယ်

ကျန်း ခြောက်ဆယ်

နှစ်ဖက်ကြားမှ အကွာအဝေးက ကျုံ့သထက် ကျုံ့လာသည်။ တိုက်ခိုက်မှု အားလှိုင်း တစ်သုတ်ပြီး တစ်သုတ်ကို တောင့်ခံပြီးနောက် ပေ့ဟယ်မော့များက နောက်ဆုံးတွင် ပြန်လည်တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။

ဘန်း

ဟိန်းသံတစ်ချက်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဖုတ်ပုံသဏ္ဌာန်ရှိသည့် ပေ့ဟယ်မော့ကြီးက ပါးစပ်ကြီးကို ဖြဲလိုက်ပြီး သိပ်သည်းလှသော မီးလုံးကြီးကို မှုတ်ထုတ်သည်။ ထိုမီးလုံးကြီးက ချော်ရည်များ လိမ့်တက်လာသလို ထင်ရသည်။ ကျန်းတစ်ဆယ်ကျော် ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးပြီးနောက် ထန်ခုခံရေးအားလိုင်းကို ရိုက်ခတ်သွားလေသည်။

လောင်ကျွမ်းသူ

ထိုအကောင်က အာရေးဗီးယား အင်ပါယာမှ ထူးခြားသော စွမ်းအင်ကို ပိုင်ဆိုင်သည့် ပထမဦးဆုံးသော ပေ့ဟယ်မော့ ဖြစ်သည်။ ထိုအကောင်ကို ဖန်တီးရန် အစီအစဉ်က အလွန်အမင်း အချိန်ကုန်ခဲ့သည်။ အာရေးဗီးယား အင်ပါယာကြီးက မရေမတွက်နိုင်သော အရင်းအမြစ်ပေါင်းများစွာကို သုံးပြီးမှသာ ထိုပေ့ဟယ်မော့ကို ထူးခြားသော ဆေးရည်များကျွေးပြီး အမျိုးမျိုးသော အဆင့်တွင်ရှိသော မီးအခြေပြု ကျွမ်းကျင်ပညာရှင် တစ်သောင်းကို စုစည်းပြီးမှသာ မီးတောက် အခြေပြု စွမ်းအင်များကို သိုလှောင်ထည့်လျက် ဟို့ပေ့ဟယ်မော့ကို ကြီးထွားအောင် မွေးမြူနိုင်ခဲ့ခြင်း ဖြစ်သည်။ ခြောက်နှစ်တိုင်တိုင် အဆုံးအစမဲ့အောင် အားဖြည့်ပေးမှုနောက်တွင် သူတို့က အောင်မြင်စွာဖြင့် ခြောက်ခြားဖွယ်ကောင်းသော လောင်ကျွမ်းသူကို ဖန်တီးနိုင်ခဲ့သည်။

ဝှစ်

မီးတောက် ရောက်ရှိလာမှုက ရုတ်ချည်းဆန်သဖြင့် ထန်များကလည်း ပြင်ဆင်ချိန် မရခဲ့ပေ။ သူတို့၏ စိတ်ထဲတွင် ပေ့ဟယ်မော့များက သူတို့၏ ကြီးမားသော ခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ် ကောင်းသည့် ခွန်အားကို မှီခိုကာ တိုက်ခိုက်မည်ဟု ထင်ထားကြသည်။ ထို့ကြောင့် လောင်ကျွမ်းသူ၏ မှုတ်ထုတ်လိုက်သည့် မီးတောက်များက သူတို့ကို သတိလက်လွတ် ဖြစ်သွားစေသည်။

“အား”

ဒိုင်းကာသမားများ၊ ခြေလျင်တပ်ဖွဲ့ဝင်များ အားလုံးက မီးတောက်အတွင်းသို့ ရောက်လျက် အော်ဟစ်ကြသည်။ သူတို့ဟာ ကြီးမားသည့် မီးလုံးအဖြစ် ပြောင်းလဲသွားသည်။

ထိုမီးတောက်က ထိုးဖောက်နိုင်စွမ်းအား ပြင်းထန်ပြီး ပူပြင်းလွန်းသဖြင့် သံမဏိမြို့ရိုးနှင့် သူတို့၏ လက်ထဲမှ ဒိုင်းများကပင် နီရဲတက်လာပြီး စတင်ကာ မီးခိုးငွေ့များ ထွက်လာသည်။

“သတိထား”

နေရာတိုင်းတွင် ထိတ်လန့် အော်ဟစ်သံများက ပြည့်နှက်နေသည်။ နောက်ထပ် ကျယ်လောင်သော ဟိန်းသံက တစ်ဖန်ရောက်ရှိလာပြန်သည်။ ပေ့ဟယ်မော့ လေးကောင်ထဲမှ ဒုတိယတစ်ကောင် ဖြစ်သည့် အဖြူရောင် ဝက်ဝံကြီးနှင့် တူသော အကောင်ကြီးက ရောက်ရှိလာသည်။ ထိုအကောင်ကြီး၏ အစွယ်များက ဖြူဖွေးတောက်ပနေသည်။ သူက ရှည်လျား ဖြူဖွေးလွန်းသော အစွယ်ကြီးများကို ဖြဲကာ ရုတ်ချည်း ခုန်အုပ်လာသည်။ ဖြတ်ကနဲဆိုသလိုပင် သူဟာ လူအုပ်မှ လွတ်မြောက်သွားသည်။

ကျန်း လေးဆယ်

ကျန်း နှစ်ဆယ်

ဝက်ဝံဖြူ ပေ့ဟယ်မော့က ကောင်းရှန်းကျစ်နှင့် ချန်းချန်းလီတို့ကိုပင် အံ့အားသင့်စေလောက်အောင် မြန်သည်။

“သူတို့ကို တား”

ကောင်းရှန်းကျစ်ကလည်း အလျင်စလို အောင်ဟစ်လိုက်ပြီးနောက် ခုခံရေးအားလိုင်းမှ ခုန်ထွက်လာသည်။

ဘုန်း

သူက ရှေ့သို့ ခုန်ထွက်လိုက်သည့် အချိန်တွင် မြင်သက်ဖွယ်ကောင်းသော ဓားချီ စက်ဝိုင်းခြမ်းကို ကျန်းသုံးဆယ်လောက်ထိ ရှည်လျားအောင် ထုတ်ဖော်လိုက်သည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော အနီရောင် ဖုတ်ပေ့ဟယ်မော့ကို ချိန်ရွယ်ကာ တိုက်ခိုက်လိုက်၏။

ဝှစ်

လောင်ကျွမ်းသူ၏ ရှည်လျားသော မီးတောက်လှိုင်းက ကောင်းရှန်းကျစ်ကြောင့် အပိုင်းခံလိုက်ရသည်။ ခမ်းနားသော ဓားရှည်က ချောမွေ့စွာဖြင့် မီးတောက်ကို ငြိမ်းသေသွားစေသည်။

အန်းချီ ကာကွယ်ရေးစစ်တပ်မှ ကာကွယ်စောက်ရှောက်ရေး ဗိုလ်ချုပ်ဖြစ်သော ကောင်းရှန်းကျစ်ဟာ အလွန့်အလွန် မြင့်သော သိုင်းစွမ်းအင်ကို ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။ သူက တိုက်ခိုက်ရန် ရွေးချယ်လိုက်သည့် ခဏတွင် တိုက်ခိုက်သော သိုင်းနှင့် ရှုထောင့်က ပြီးပြည့်စုံပြီးသား ဖြစ်သည်။ သူ၏ခွန်အား အနည်းငယ်ကို သုံးထားသည့်တိုင်အောင် လောင်ကျွမ်းရေး မီးတောက်ကို ငြိမ်းသတ်ရန် လုံလောက်သည်။

ဘန်း

တစ်ချိန်တည်းတွင်ပင် သူ၏လက်ထောက် ချန်းချန်းလီကလည်း အော်ဟစ်လိုက်သည်။

အဆင့်လွန် ခွဲခြားခြင်း နတ်ဘုရားက ပထမ ခုခံရေးအားလိုင်းကို ကျော်လွန်ကာ နင်းသတ်လိုက်ပြီး ဖုန်မှုန့်နှင့် သဲများ ရောယှက်နေသော စွမ်းအင်မုန်တိုင်းအဖြစ် မွှေနှောက်လိုက်ကာ ဝက်ဝံဖြူ ပေ့ဟယ်မော့ထံ ခုန်ဝင်သွားသည်။

ဝှစ်

သို့သော် သူတို့က ထိပ်တိုက်မရင်ဆိုင်ရသေးခင် ချန်းချန်းလီကလည်း လက်ကောက်ဝတ်ကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ကြယ်တာရာစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ချိန်းကြိုးဆယ်ခုကျော်ကို ဝက်ဝံဖြူ ပေ့ဟယ်မော့ထံ ပစ်လွှတ်လိုက်ပြီး ပါးစပ်၊ ခြေ၊ လက်များနှင့် ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်စေသည်။

“လာ”

ချန်းချန်းလီက ဝက်ဝံဖြူပေ့ဟယ်မော့နှင့် ထိပ်တိုက်ရင်ဆိုင်နေရင်း အသားကုန် အော်ဟစ်ကာ ခုန်အုပ်လိုက်သည်။ ကြယ်တာရာစွမ်းအင်းများနှင့် ဖုန်များက ပေါက်ကွဲသွားသည်။ သေးငယ်သော ဆန်စေ့ အရွယ်အစားခန့် ရှိသည့် သဲများအားလုံးက သတ္တုကျည်ဆန်များအဖြစ် ပြောင်းလဲပြီး ထိုအကောင်ကြီးထံ ဝင်ရောက်သွားသည်။

ချန်းချန်းလီက ရှေ့သို့ လှမ်းတက်လိုက်သည့် အချိန်တွင် နောက်ထပ် ကြီးမားသော ပုံရိပ်ကြီးက သူ့ကို ကျော်ဖြတ်သွားသည်။ ဝမ်ချောင်၏ အဖေ ဝမ်ရယ်ကလည်း တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သည်။

ခြိမ်း

ပထမ ခုခံရေးအားလိုင်း၏ ကျန်းသုံးခန့် ကွာဝေးသော နေရာတွင် အရှိန်အဟုန်မြင့် မှင်သက်ဖွယ် နတ်ဘုရားက နောက်ထပ် ပေ့ဟယ်မော့ တစ်ကောင်ကို ရင်ဆိုင်နေသည်။ သူတို့ကြားရှိ မြေပြင်က ကွဲအက်ပြီး ဆက်တိုက် တုန်ခါကာ ညည်းညူသံများကိုပင် ထုတ်လွတ်နေသေးသည်။ ပထမခုခံရေးအားလိုင်းသို့ တောက်လျောက် ကွဲအက်ရာများက တစ်ဖြောင့်တည်း ဝင်တိုးသွားသည်။ ကြီးမားလွန်းသော သံမဏိမြို့ရိုး ရှစ်ခုခန့်က ပြင်းထန်သည့် အားကြောင့် မြေပြင်မှ ကျွတ်ထွက်သွားကြသည်။

ကောင်းရှန်းကျစ်၊ ချန်းချန်းလီ၊ ဝမ်ရယ်တို့အားလုံးက တိုက်ပွဲသို့ ဝင်ရောက်ပြီးသား ဖြစ်သည်။

ဝေါင်း

နောက်ဆုံးသော ပေ့ဟယ်မော့ဖြစ်သည့် ကြီးမားသည့် မျောက်ဝံကဲ့သို့အကောင်ကြီးက ဖုန်တိမ်စိုင်များကို ကျော်ဖြတ်လျက် သံမဏိ ခုခံရေးအားလိုင်းရှိရာဘက်သို့ စတင်ကာ ချီတက်လာသည်။

“သတိထား”

ခုခံရေးအားလိုင်း နောက်ဘက်ရှိ နေရာက အထိတ်တလန့် ဖြစ်နေသော မြင်ကွင်းကိုသာ မြင်ရသည်။ ပေါက်ကွဲသံများက ဆက်တိုက် ဖြစ်နေပြီး လက်နက်ကြီး တစ်ထောင်ကျော်ကလည်း မိစ္ဆာကဲ့သို့ ထင်ရသည့် ထိုပေ့ဟယ်မော့ အကောင်ကြီးကို ပစ်ခတ်နေသည်။ သို့သော် အနက်ရောင် မျက်ဝန်းကြီး၏ ထူထပ်သိပ်သည်းကာ အမွှေးများ ပြည့်နှက်နေသော လက်မောင်းက လေထဲကို လွှဲယမ်းလိုက်သည့် အချိန်တွင် ကျည်ဆံတစ်ဝက်ခန့်ကို ဖယ်ရှားလိုက်နိုင်သည်။ ကျန်သောတစ်ဝက်က ထိုလက်မောင်းကို ထိမှန်သွားသည်။ ထိုအခါ သတ္တုချင်း ထိခိုက်သံကသာ ထွက်လာပြန်သည်။

ကျန်သော လက်နက်ကြီး ရာပေါင်းများစွာ၏ ပစ်ခတ်မှု အတွက်ကမူ ထိုမျောက်ဝံ၏ ခန္ဓာကိုယ်အတွင်းသို့ တစ်ဆယ်၊ နှစ်ဆယ်ခန့်သာ ဖောက်ဝင်နိုင်ကြ၏။ ကျန်သောအရာအားလုံးကို သူ၏ ထူထဲမာကြောသည့် အသားအရည်က တားဆီးနိုင်ခဲ့သည်။

မြင့်မြတ်သူ

ထိုမြင့်မြတ်သူဆိုသော ပေ့ဟယ်မော့က ပေ့ဟယ်မော့ စစ်တပ်က အကြီးအဆုံး ပေ့ဟယ်မော့ ဖြစ်သည်။ သူဟာ အကန့်အသတ်မဲ့သည့် ခွန်အားကို ပိုင်ဆိုင်ထားရုံသာ မကသေးလေပဲ သတ္တုသားဖြင့် လုပ်ထားသော ခန္ဓာကိုယ်ကိုပင် ပိုင်ဆိုင်ထားသေးသဖြင့် အခြားသော ပေ့ဟယ်မော့တိုင်းထပ် ပို၍ မှင်သက်ဖွယ်ကောင်းသော ခုခံနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ထိုပေ့ဟယ်မော့ဟာ လှည့်ကွက်များအားလုံးကို ကျော်ဖြတ်ကာ ကြီးပြင်းလာသည့်သူ ဖြစ်သည့်အလျောက် နတ်ဘုရား၏ ကောင်းချီးပေးခံရသည့် သူဟုပင် ဆို၍ရသည်။ ရလဒ်အနေဖြင့် သူ့ကို မြင့်မြတ်သူဟု ခေါ်ကြသည်။

မြင့်မြတ်သူက တိုက်ပွဲတွင် ဝင်ခါခဲသည်။ သို့သော် ပါလိုက်သည်နှင့် ရပ်တန့်ခဲသည်။ လောင်ကျွမ်းသူ၏ မီးတောက်များကဲ့သို့ ပိုင်းဖြတ်၍ မရနိုင်သလို အခြားသော ပေ့ဟယ်မော့ စစ်တပ်ထဲမှ မည်သည့် ပေ့ဟယ်မော့ကမှ မယှဉ်နိုင်သော ခွန်အားသီးသန့်ကိုသာ အသုံးပြုလေ့ ရှိသည်။

“ပစ် ပစ် ပစ်”

ပထမခုခံရေး အားလိုင်းအနောက်ဘက်မှ ချန်းပင်းကလည်း ကြီးမားသည့် မျောက်ဝံကြီးကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။ သူ၏ ဝှစ်သံမဏိဓားက ဆက်တိုက်ရမ်းချနေသလို သူကလည်း အသားကုန် အော်ဟစ်သည်။

ပေ့ဟယ်မော့၏ ခုခံနိုင်သည့် စွမ်းအင်က ဖော်ပြရန် ခက်ခဲလွန်းသည်။ ယခင် ပေ့ဟယ်မော့များနှင့် မယှဉ်နိုင်သော အဆင့်တစ်ခုသို့ပင် ရောက်ရှိနေပြီးသား ဖြစ်သည်။ လက်နက်ကြီးများက ထိုပေ့ဟယ်မော့များကို ထိခိုက်အောင် မလုပ်နိုင်ချေ။ သူ့တို့ရဲ့ အသက်စွမ်းအင်ကို ငြိမ်းသက်အောင် မလုပ်နိုင်လေပြီး အနည်းဆုံး အရေပြားကို ထိုးဖောက်နိုင်သေးသည်။ သို့သော် ယခုအခါ ထိုမျောက်ဝံ လူထွား အကောင်ကြီးကို ရင်ဆိုင်ရချိန်တွင်မူ သက်ရောက်မှု မရှိတော့ချေ။

မဟာထန်၏ လက်နက်ကြီးများမှ ထိုး‌ဖောက်နိုင်သော ခွန်အားက ပေပေါင်းများစွာ ထူသော သံချပ်ကာပြားများကို ကျော်ဖြတ်နိုင်သည်။ သို့သော် ထိုလုပ်နိုင်စွမ်းရည်ကလည်း ထိုမျောက်ဝံကြီးကို ယှဉ်နိုင်စွမ်းအား မရှိပါချေ။

ဝေါင်း

ထိုမျောက်ဝံကြီးက အော်ဟစ်လိုက်ပြီး နီးသထက် နီးလာသည်။

ကျန်းနှစ်ဆယ်

ဆယ်ကျန်း_ _ _

ဘုန်း

မဲနက်ပြီး အမွှေးများ ထူသော ခြေထောက်ကြီးက မြင့်မားသည့် သံမဏိမြို့ရိုးတစ်ခုကို ဆောင့်နင်းသည်။ မျောက်ဝံ၏ ခြေထောက်အောက်တွင် မာကျောကြမ်းတမ်းသော မြို့ရိုးကြီးက စက္ကူသားဖြင့် လုပ်ထားသလိုမျိုး ပုံပျက်ပန်းပျက် ဖြစ်သွားပြီး မြေပြင်သို့ ပြိုကျသွားသည်။

ခြေထောက်ကြီးက အောက်သို့ ဖိချလိုက်သည်နှင့်အမျှ ထွက်လာသော အားလိုင်းများက ဆယ့်နှစ်ကျန်း ဝန်းကျင်အတွင်းရှိ စစ်သည်တော်များကို လေတွင် လွှင့်သော ရွက်ကြွေများကဲ့သို့ ဖြစ်သွားစေသည်။

ထို့နောက် ကောင်းကင်ကပင် မှေးမိန်သွားစေလောက်အောင် အမွှေးများထူသည့် ထိုလက်ကြီးက မြေပြင်သို့ ရိုက်ချသည်။

“မကောင်းတော့ဘူး ပြေးတော့ “

ထန်စစ်သားများကလည်း ကျဆင်းလာသည့် မျောက်ဝံ လက်ဝါးကြီးကို ကြည့်လိုက်သည်။ ထိုလက်ဝါးကြီး၏ အရှေ့တွင် သူတို့ဟာ အလွန်သေးငယ်လွန်းသလို ခံစားရသည်။ တစ်ယောက်ချင်းစီတိုင်းကလည်း သေဆုံးခြင်း ရနံ့ကို ရနေကြပြီ ဖြစ်သည်။

ဒုန်း

ထန်မြင်းတပ်က စီးနင်းကာ စပြေးသည်။ သို့သော် မျောက်ဝံ၏ အရှိန်နူန်းနှင့် အင်အားချင်း ယှဉ်လိုက်သော် သူတို့က နှေးကွေးလွန်းသွားသည်။

“လမ်းက ဖယ်”

သူတို့အားလုံးဟာ လက်ဝါးကြီး၏ အောက်တွင် ပန်ကိတ် ဖြစ်သွားတော့မည်ဟု ထင်နေကြသည့် အချိန်တွင် ကောင်းကင်ကို အော်သံတစ်သံက ထိုးခွဲလာသည်။

ဒေါသတကြီး ဖြစ်နေသူ တစ်ယောက်က ထုတ်လွတ်ထားပုံရသည့် ကြယ်တာရာ စွမ်းအင်လှိုင်းများက ရှေ့သို့ တိုးဝင်လာပြီး မျောက်ဝံ၏လက်အောက်မှ မြင်းတပ်ပေါင်းများစွာကို သယ်‌ဆောင်လျက် ထိုနေရာဝန်းကျင်မှ လွတ်အောင် လုပ်ပေးလိုက်သည်။

ထိုသို့ အရေးကြီးသည့် အချိန်တွင် ဝမ်ချောင်က နောက်ဆုံးတွင် အသိဝင်သွားပြီဖြစ်ပြီး ဝင်ပါလိုက်သည်။

ဝှစ်

ဝရုန်းသုန်းကား အခြေအနေထဲတွင် လူအချို့ကသာ ဝမ်ချောင်က ပိန်းဖိန့်အောင် မဲမှောင်သော ပစ္စည်းအချို့ကို လွှတ်ပစ်လိုက်ကြောင်း မြင်နိုင်ကြလေသည်။

ဘုန်း

ထိုလက်ဝါးကြီးက မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်နှင့်အမျှ သဲများနှင့် ကျောက်သားမှုန့်တိုင်းက ထွက်ပေါ်လာသည်။ သို့သော် လက်ဝါးကြီးက မြေပြင်ပေါ်သို့ ထိပြီးသွားသော အချိန်တွင် ချက်ချင်းဆိုသလို မျောက်ဝံကြီးက ငယ်သံပါအောင် အော်ဟစ်လိုက်ရသည်။

ထိုအခိုက် လူတိုင်းဟာလည်း မျောက်ဝံကြီး၏ လက်ဖဝါးကို ရှည်လျားလွန်းသည့် တင်းပုတ်ထိပ်က ထိုးစိုက်ထားကြောင်း မြင်လိုက်ရလေသည်။

တစ်စက္ကန့်တည်းနှင့် ဝမ်ချောင်က ဆယ်မီတာကျော်ခန့် ကြီးသော သံမဏိတင်းပုတ်ကြီးကို ပစ်ထုတ်လိုက်ပြီး မျောက်ဝံကြီး၏ လက်ဝါးကို ချွန်ထက်သော အပိုင်းနှင့် ယှဉ်ကာ ထိုးသွင်းလိုက်ခြင်း ဖြစ်သည်။ သာမာန် အခြေအနေမျိုးတွင် ထိုထိပ်က မျောက်ဝံကြီး အရေပြားကိုပင် ထိုဖောက်နိုင်မည် မဟုတ်ချေ။ သို့သော် မျောက်ဝံကြီး၏ ကြီးမားသော လက်ဝါးက အောက်သို့ အရှိန်ဖြင့် ထိုးဆင်းလာသောကြောင့် အောက်ဘက်တွင် ရှိနေသည့် တင်းပုတ်ကို မမြင်ပဲ ကိုယ်ပိုင်အားဖြင့် ဖိချလိုက်မိသလို ဖြစ်သွားခြင်းဖြစ်သည်။ ထိုအတွက်ကြောင့် သူက အထိနာသွားသည်။ နာကျင်လွန်းသဖြင့် မြင့်မြတ်သူကလည်း အသားကုန် အော်ဟစ်လိုက်ရသည်။

“အားလုံးပဲ မြန်မြန် နောက်ဆုတ်ကြ”

ဝမ်ချောင်က ရှေ့သို့ ဆက်တိုးဝင်သွားရင်း အမိန့်ထုတ်လိုက်သည်။ ဝူရှန်းမြင်းတပ်ကို ပြန်ခေါ်၍ မရနိုင်ချေ။ နောက်ဆုံးသော အာရေးဗီယား ပေ့ဟယ်မော့ကို ထိန်းသိမ်းနိုင်ရန် အတွက်မူကား ဝမ်ချောင်က သူကိုယ်သူ အားကိုးရတော့မည် ဖြစ်သည်။

ချွင်

ဝမ်ချောင်က သူ၏ခန္ဓာကိုယ်ကို ဓားတစ်လက်အဖြစ် အသွင်ပြောင်းလိုက်ပြီး လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နူန်းကို သုံးကာ ခြောက်ခြားဖွယ်ကောင်းသည့် ရိုင်းစိုင်းကြမ်းတမ်းသည့် ထိုမျောက်ဝံကြီးထံ တစ်ဖြောင့်တည်း တိုးဝင်သွားသည်။

ခွက်

မျောက်ဝံကြီး၏ ထိုးဖောက်ခံလိုက်ရသည့် လက်ပေါ်သို့ ခုန်တက်လိုက်ပြီးနောက် ထိုနေရာမှ အားကိုယူကာ ပုခုံးပေါ်သို့ ခုန်တက်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ၏ဘယ်ခြေထောက်က မျောက်ဝံ၏ လက်မောင်းကို တစ်ဖန်ပြန်လည် ဖိတွန်းပြီး အပေါ်သို့ တစ်ဖန် ခုန်တက်သည်။

နတ်ဘုရားနှင့် မိစ္ဆာ ဖျက်ဆီးခြင်းသိုင်း

သူက မျောက်ဝံ၏ ကိုယ်ပေါ်သို့ ထိုသို့ ကုန်းတက်နေချိန်တွင်လည်း တစ်ချိန်တည်းဆိုးသလို သူ့ကို မဟာထန်၏ စစ်နတ်ဘုရား စုကျန်းချန်က သင်ထားပေးဖူးသည့် အဆင့်ဓားသိုင်းကို ထုတ်သုံးလိုက်သည်။

ထိုအဆင့်လွန် ဓားသိုင်း၏ တိုက်ခိုက်နိုင်သည့် ခွန်အားက ဒီလောကတွင် ပြိုင်ဖက်ကင်းသဖြင့် အဆင့်လွန်သိုင်း ဆယ်မျိုးအတွင်းတွင်ပင် ပထမနေရာတွင် ရှိပြီး မဟာရည်ရွယ်ကောင်းကင် ဖန်းတီးခြင်းသိုင်း ထက်ပင် အဆင့်မြင့်သည်။ သို့ရာတွင် ဝမ်ချောင်၏ ကျင့်ကြံရေးအဆင့်က လိုအပ်ချက် ရှိနေခဲ့သောကြောင့် သူဟာ စုကျန်းချန်က သုံးသလောက် တူညီအောင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားမျိုးကို ထုတ်ပြနိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ထို့ကြောင့်လည်း သူဟာ ထိုသိုင်းကို သိနေသည့်တိုင်အောင် သုံးခဲခြင်း ဖြစ်သည်။ သို့ရာတွင် လေးစားဖွယ်ကောင်းသည့် ခုခံနိုင်သော စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် ထွားကြိုင်းသည့် မျောက်ဝံပေ့ဟယ်မော့ကို ရင်ဆိုင်ရသည့် အချိန်တွင်မူ နတ်ဘုရားနှင့် မိစ္ဆာ ဖျက်ဆီးခြင်းသိုင်းက မဟာရည်ရွယ် ကောင်းကင် ဖန်တီးခြင်းသိုင်းထက် ပို၍ပင် အသုံးဝင်သွားသေးသည်။

All Chapters