← Chapters

အခန်း (၉၇၁-၉၇၅)

Vol. 55 Ch. 971-975

အခန်း (၉၇၁-၉၇၅)

Vol. 55 Ch. 971-975

အပိုင်း(၉၇၁) တုဝူစိလိ၏ သတ်ဖြတ်လိုစိတ်

ဝှစ်

ကောင်းကင်က ရုတ်ချည်းအားဖြင့် နို့နှစ်ဖြူရောင် ဓားချီများနှင့် ပြည့်နှက်သွားသည်။ ဓားချီတစ်ခုချင်းစီတိုင်းက ဆယ်ကျန်းကျော် ရှည်ပြီး နေရောင်အလား မျက်စိကျိမ်းမတတ် တောက်ပလွန်းနေလေသည်။ ထိုသို့ဖြင့် ထွားကျိုင်းသော မျောက်ဝံကြီး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ထိုးဖောက်ရန် ကြိုးစားကြသည်။ စက္ကန့်အနည်းငယ် ခန့်သာ ကြာသေးသော အချိန်ကာလ အတောအတွင်း အမွှေးပေါင်းများစွာက လေထဲသို့ လွှင့်ထွက်သွားသလို မျောက်ဝံကြီး၏ တုတ်ခိုင်သော လက်မောင်းများတွင်လည်း သွေးအစင်းကြောင်းပေါင်း များစွာက ပေါ်ထွက်လာပြီး ညှီစို့သည့် သွေးရနံ့က ပေါက်ထွက်လာသည်။

ဝမ်ချောင်က မရပ်တန့်သွားခဲ့ချေ။ မျောက်ဝံလက်မောင်းပေါ်သို့ ပုံရိပ်ပေါင်း များစွာကို ချန်ထားရစ်ခဲ့ပြီးနောက် သူက မျောက်ဝံ၏ ခေါင်းပေါ်သို့ ပြေးတက်သည်။

မျက်လုံး မျက်လုံးတွေက အားနည်းချက် ဖြစ်လောက်တယ်။

သူ၏ ပတ်ဝန်းကျင်တွင် လေပြင်းက ဟိန်းဟောက်နေသည်။ ဝမ်ချောင်က တစ်ချက်ကြည့်လိုက်၏။ ထိုအခိုက် ကြီးမားသော မီးအိမ်ကြီးကဲ့သို့ ဖြစ်နေသည့် သွေးနီရောင်အလင်းဖြင့် တောက်ပနေသော မျက်ဝန်းတစ်စုံကို မြင်လိုက်ရသည်။ ထိုအရာက ထိုမျောက်ဝံကြီး၏ မျက်လုံးများ ဖြစ်သည်။ အာရပ်များက အမည်မသိရသော သတ္တုဓားကို သုံးပြီး မျောက်ဝံကြီး၏ ခေါင်းကို လုံအောင် အုပ်ကာပေးနိုင်သည့် ခေါင်းဆောင်းများကို ဆောင်းထားသည်။ သို့သော် မျက်လုံးကမူ အုပ်ပေးထားခြင်း မခံရပေ။ ထိုနေရာကသာ ဝမ်ချောင်တိုက်ခိုက်နိုင်သော တစ်ခုတည်းသော နေရာဖြစ်သည်။

ဝေါင်း

မျောက်ဝံကြီးက အော်ဟစ်လိုက်သည်။ သူ၏ သွေးနီရောင် မျက်ဝန်းက ဝမ်ချောင်ကို ကြည့်သည်။ လူတိုင်းဟာလည်း မျောက်ဝံကြီး၏ အရှေ့တွင် ပိုးစုန်းကြူးများကဲ့သို့ ဖြစ်နေသည့်တိုင်အောင် ထိုပိုးစုန်းကြူးကပင် သူ့ကို နာကျင်အောင် လုပ်နိုင်ကြောင်း သူကလည်း မှတ်မိနေလေသည်။

ဝှစ်

မျောက်ဝံကြီးက တစ်ခြားသော လက်မောင်းတစ်ဖက်ကို မြှောက်လျက် လက်ငါးချောင်းလုံးကို ဖြဲကာ ဝမ်ချောင်ကို ရိုက်ရန် ကြံစည်သည်။

ဝမ်ချောင်က ချက်ချင်းဆိုသလို ခုန်ရှောင်လိုက်ပြီး ထိုလက်ချောင်းကြားထဲမှ ကပ်သီးလေး လွတ်မြောက်သွားခဲ့သည်။ သူက မျောက်ဝံ၏ ညာဖက်လက်တံမှ ဘယ်ဘက်လက်သို့ ခုန်ကူးသွားသည်။

သူက ခုန်လိုက်ချိန်တွင် ဆက်လက်ပြီး မျောက်ဝံ၏ ခေါင်းပေါ်သို့ ချောမွေ့စွာဖြင့် ဆင်းသက်လိုက်နိုင်သည်။ သူက ချီတက်နေသည့်အချိန်တွင် လက်ထဲမှ ဝုစ်သံမဏိဓားကိုလည်း သုံးပြီး ဓားချီထောင်ပေါင်းများစွာကို ပစ်ထုတ်လျက် မျောက်ဝံ၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်းခိုင်းထားသေးသည်။

ထန်လက်နက်ကြီးများက မျောက်ဝံ၏ အသားများကို မထိုးဖောက်နိုင်ချေ။ သို့သော် နတ်ဘုရားနှင့် မိစ္ဆာဖျက်ဆီးခြင်း သိုင်းကမူ ထိုသို့ လုပ်နိုင်သည်။ သိသာစွာပင် ဝမ်ချောင်က ထိုသိုင်းကို လုံလောက်အောင် ကျင့်ကြံထားခဲ့ရခြင်း မရှိပေ။ စစ်ကျန်းချန်ကသာ ထိုသိုင်းကို သုံးလိုက်လျှင် ထိုအကောင်ကြီးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်သည်။ သို့သော် ဝမ်ချောင်ကမူ ထိုအဆင့်သို့ ရောက်ရန် ဝေးကွာသေးလေသည်။ ဒီအဆင့်တွင် ထွက်လာသော ဓားချီက ပေအနည်းငယ်သာ ထိခိုက်အောင် လုပ်လိုက်နိုင်သည်။ ထို့နောက် ရပ်တန့်သွားပြန်၏။ ထိုအတွက်ကြောင့် သူ၏ဓားချီကို သုံးပြီး ကြမ်းတမ်းမှုကို ဖျက်ဆီးလျက် ထိုမျောက်ဝံ၏ ခုခံမှုကို ကျော်ဖြတ်ရန် မဖြစ်နိုင်သေးချေ။

ဘုန်း ဘုန်း ဘုန်း

ဝမ်ချောင်၏ ဆက်တိုက်ဆိုသလို ရောက်ရှိလာသော ဓားချီတိုက်ကွက်များက ထိုမျောက်ဝံကြီးကို ဒဏ်ရာရရန် မဖြစ်နိုင်ချေ။ သို့သော် ပြင်းထန်နာကျင်မှုကို ခံစားရစေနိုင်သည်။ ထိုအခါ ထိုအကောင်ကြီးက ပို၍ပင် ဒေါသထွက်လာသေးသည်။

မျောက်ဝံကြီးက ကုန်းအော်သည်။ ဝမ်ချောင်၏ ပုံက သူ၏အရှေ့တွင် ဖျက်ကနဲဆိုသလို လက်နေသည့်အခိုက် သူဟာ သူ၏မျက်ဝန်းအတွင်း ကြမ်းတမ်းရိုင်းစိုင်းမှုက ပေါ်ထွက်လာပြီး ထိုအကောင်လေးကို ဖိချေပစ်ချင်လာသည်။ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်သော အရှိန်နူန်းဖြင့် ထိုမျောက်ဝံက သူ၏အမွှေးများ အပြည့်ပါသည့် လက်မောင်းနှစ်ဖက်ကို မြှောက်လျက် ဝမ်ချောင်ကို ပိတ်ရိုက်ရန် ကြိုးစားသည်။

သို့ရာတွင် ထိုတစ်ခဏမှ ဝမ်ချောင်ဟာ လေပြေတွင် လွှင့်နေသော သစ်ရွက်လေးကဲ့သို့ ဖြစ်နေသည်။ မျောက်ဝံ၏ သိုင်းကွက်များက ကြမ်းတမ်းသည်ဟု ထင်နေရချိန်တွင် မည်သည့်အကွက်ကမှ ဝမ်ချောင်ကို မထိနိုင်ခဲ့ချေ။ ဝမ်ချောင်ဟာ ပေ့ဟယ်မော့၏ ခေါင်းနှင့် နီးသထက် နီးကပ်လာသည်။ သူက နောက်ဆုံးတစ်ချက် ခုန်နိုင်တော့မည့်အချိန်တွင် မမြင်ရသော စွမ်းအင်အားလိုင်း တစ်ရပ်က လေထုကို ဖြတ်သန်းလာသည်။ ထို့နောက်_ _ _

ဘန်း

သတ်ဖြတ်ခြင်း အခြေအနေသို့ ဝင်ရောက်နေသည့် မျောက်ဝံက ကျပန်းနေရာသို့ ပတ်ခုန်လိုက်ပြီးနောက် စိတ်ငြိမ်သွားသည်။ သူ၏မျက်ဝန်းအတွင်း တည်ငြိမ်မှုက ပြန်လည်ဝင်ရောက်လာသည်။ ထို့နောက် မမျှော်လင့်ထားပဲ သူက အလွန်မျှော်လင့်ထားတဲ့ တစ်စုံတစ်ရာကို ရှာတွေ့သွားသည်။ ထို‌နောက် မျောက်ဝံက သူလက်ဝါးများကို မြှောက်လိုက်ပြီးနောက် အရှိန်အဝါ ပြင်းထန်သည့် ဟိန်းသံကို ပြုသည်။ စွမ်းအားကြီးမားလွန်းသည့် တုန်ခါသံတစ်ရပ်က သူ၏လက်များမှ စတင်ကာ ပြန့်နှံ့လာသည်။ ထိုတုန်ခါမှုက ဖျက်စီးနိုင်စွမ်းအား အပြည့်ပါပြီး အဖြူရောင် အားလိုင်းများကို ဖြစ်လာစေလျက် ပတ်ဝန်းကျင် တစ်ခုလုံး အနှံ့ ပျံ့နှံ့သွား၏။

“ဘာတွေဖြစ်နေတာလဲ”

ဝမ်ချောင်ကလည်း ထိုမြင်ကွင်းကြောင့် အံ့ဩသွားသည်။ ဖော်ပြရန် ခက်ခဲသော ခွန်အားအပြင် ထိုမျောက်ဝံက အခြားသော စွမ်းအင်ကို ပြသခဲ့ဖူးကြောင်း မြင်ရမနေသေးချေ။ သို့သော် သူက ခေါင်းပေါ်သို့ ခုန်တက်မည့် အချိန်မှာမှ ယခုလို မြင်ရမည်ဟု မထင်ထားမိခဲ့ချေ။

ပေ့ဟယ်မော့က ခြောက်ခြားဖွယ်ကောင်းသော မကောင်းဆိုးဝါး ဖြစ်သည်။ သူ၏စွမ်းအားက ကြီးမားလွန်းသဖြင့် အင်ပါယာဗိုလ်ချုပ်များကပင် မယှဉ်နိုင်လောက်ချေ။ ဒိုင်နိုဆော ပုံသဏ္ဌာန်ရှိသည့် ပေ့ဟယ်မော့ ဖျက်ဆီးသူ၊ အကြမ်းဖက်သူများနှင့် မတူသည်မှာ ဒီကြီးမြတ်သူဆိုသည့် မျောက်ဝံသားရဲကောင်ကြီးက အလွန်အမင်း ဖြတ်လက်သော လက်မောင်းများကို ပိုင်ဆိုင်ထားသည်။ သူ၏ ခန္ဓာကိုယ်ကလည်း အလွန်အမင်း ဖြတ်လက်သေးပြန်၏။ သူက လေးစားဖွယ်ကောင်းသည့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသည်မှာ သေချာသည်။

ဝမ်‌ချောင်က သူ၏ခွန်အားကို ကောင်းရှန်းကျစ် အခြားသောသူများကို ပေါင်းထားမည်ဆိုလျှင်ပင် သူတို့က သာမာန်ပေ့ဟယ်မော့ကိုတောင် မတားနိုင်ချေ။ ယခုလို အာရေးဗီးယား ပေ့ဟယ်မော့၏ အကောင်းဆုံးသော အကောင်ဆိုလျှင် ပို၍ဆိုးသည်။ ထိုမျောက်ဝံက ဒီသိုင်းကွက်ထဲတွင် မည်သည့် ကြယ်တာရာစွမ်းအင်ကိုမှ အသုံးမပြုထားသည့် တိုင်အောင် သူ၏ခွန်အားသီးသန့်ကပင် ဝင်္ကပါကို ကွဲကြေအောင် လုပ်နိုင်ပြီးသား ဖြစ်သည်။ သူက နတ်ပြင်ရွာမှ ပုံသဏ္ဌာန်ကို မယူထားသမျှ ဝမ်ချောင်က သူ့ကို ယှဉ်နိုင်မည် မဟုတ်ချေ။

ဘုန်း

တွေးတောရန် အချိန်မရှိတော့သည့် ဝမ်ချောင်ကလည်း လေထဲတွင် ဖမ်းခုန်မတက်လိုက်ရပဲ မြေပြင်ပေါ်သို့ ပြန်ခုန်ဆင်းလိုက်ရသည်။ သို့သော် ဝမ်ချောင်၏ တုန့်ပြန်မှုက မြန်ဆန်သည့်တိုင်အောင် အဖြူရောင် အားလိုင်းများက သူ့ကို အနည်းငယ် ထိတွေ့မိသွားသေးပြီး စတင်ကာ တုန်ခါလာလျက် သူ၏ကိုယ်အတွင်းတွင်ရှိ ကြယ်တာရာစွမ်းအင်များကို အတိုက်အခံ လုပ်လာသည်။

ဘန်း

ကောင်းကင်တွင် ပေါက်ကွဲသံကြီးလည်း ထွက်ပေါ်လာသလို ဝမ်ချောင်၏ ခန္ဓာကိုယ်သည်လည်း ယမ်းခါသွားသည်။ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်မှ ကြယ်တာရာစွမ်းအင်များက မှေးမိန်သွားသည်။ သူ၏ မျက်နှာကလည်း ဖြူဖျော့သွားလျက် အရုပ်ကြိုးပျက် လွှင့်ထွက်သွားသည်။

“အရှင်အမတ်”

ရွယ်ချန်ကျင်း၊ စွန်းကျစ်မင်၊ ကျွမ်းကျန်းဖင့်နှင့် အခြားသော မြေပြင်ရှိ လူတိုင်းက ထိုမြင်ကွင်းကြောင့် ဖြူဖျော့သွားကြသည်။ သူတို့၏ မျက်နှာတွင်ပင် သွေးများ ခြောက်ကပ်သွားပုံ ပေါ်သည်။

ဝမ်ချောင်က စစ်တပ်တစ်ခုလုံး၏ လမ်းပြအလင်းဖြစ်သည်။ အားလုံး၏ စိတ်ဓာတ်အင်အား တက်ကြွစေရန် နှလုံးသားလည်း ဖြစ်သည်။ သူကပင် ထိုသို့ ဒဏ်ရာရသွားခဲ့လေရာ စစ်တပ်တစ်ခုလုံးအတွက် ကြီးမားသည့် ထိုးနှက်ချက်ကြီး ဖြစ်သွားသည်။

“အရှင်အမတ်ကို ကယ်ကြ”

ရွယ်ချန်ကျင်းနှင့် အခြားသော လူတိုင်းက ချက်ချင်းဆိုသလို ဝမ်ချောင်ကျသွားသော နေရာသို့ အပြေးအလွှား လာသည်။ ထိုအခိုက် ကြီးမားသော မျောက်ဝံကြီး ပတ်ပတ်လည်ရှိ နေရာက ဖုန်နှင့်သဲများ ရောယှက်နေသော မုန်တိုင်းတစ်ခုကြီး ဖြစ်နေလေပြီး သတ်ဖြတ်ချင်း နယ်မြေ ဖြစ်နေသည်။ အင်အားမလုံလောက်သော မည်သူကမှ ထိုနေရာသို့ ဝင်ရောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။ ဝင်ရောက်လျှင်လည်း သေရမည်မှာ သေချာသည်။

သို့သော် သူတို့က ထိုအခြေအနေများကို စိုးရိမ်ရန်ပင် အချိန်မရှိတော့ချေ။ ကံကောင်းခြင်းများက အတွဲလိုက် မလာတတ်ပေ။ ကပ်ဘေးကမူ တစ်ယောက်တည်း မလာပြန်ချေ။

ရွယ်ချန်ကျင်းနှင့် အခြားသော သူများက ရှေ့သို့ အတင်းဝင်ပြေးသွားသည့် အချိန်တွင် ပေါက်ကွဲသံ သုံးသံကို ကြားလိုက်ရပြီး ကျယ်လောင်သော အသံကြီးများက ထွက်လာ၏။ ရွယ်ချန်ကျင်းက သတိလက်လွတ် ခေါင်းလှည့်ကာ ကြည့်လိုက်သောအခါ ကြီးမားသော နတ်ဘုရားနှစ်ပါးနှင့် မြင့်မားကာ သွယ်လျသည့် ပုံရိပ်တစ်ခုတို့ကို ပြင်းထန်သော တိုက်ကွက်များကြောင့် လွှင့်ထွက်သွားသည်ဟု ထင်ရသည်။

“အရှင်ကောင်း၊ လက်ထောက် ကာကွယ်ရေး ဗိုလ်ချုပ်ချန်း၊ ဗိုလ်ချုပ်ဝမ်”

လူတိုင်းကလည်း ထိုပုံရိပ်များက မည်သူများဖြစ်ကြောင်း သိလိုက်ရကြပြီးနောက် အားလုံးက အလန့်တကြား အော်ဟစ်ကြသည်။ ထိုအခိုက် ရွယ်ချန်ကျင်းနှင့် အခြားသော ထန်စစ်သည်တိုင်းက ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားသည်။

ဝမ်ချောင်၊ ကောင်းရှန်းကျစ်၊ ချန်းချန်းလီနှင့် ဝမ်ရယ်ကဲ့သို့ မဟာထန် စစ်တပ်မှ အင်အားအကြီးဆုံး ပုဂ္ဂိုလ်ကြီး လေးခုက သာလှ၏‌ ခေါင်းဆောင်များ ဖြစ်သည်။ သူတို့ကသာ ရှိနေသေးလျှင် စစ်သည်တစ်သိန်းကျော်ကလည်း သူတို့၏ အရှိန်အဝါကို ထိန်းထားနိုင်ပေလိမ့်မည်။ အတွင်းအပြင် တိုက်ခိုက်ရလျှင်ပင် သူတို့က အဆင်ပြေသေး၏။ သို့သော် ထိုလေးယောက်လုံးက တစ်ချိန်တည်းလိုလို ဒဏ်ရာရသွားမည်ဟု မထင်ထားကြချေ။

ဝမ်ချောင်ပင် ဖြစ်စေ ကောင်းရှန်းကျစ်၊ ချန်းချန်းလီပင် ဖြစ်စေ၊ ဝမ်ရယ်ပင် ဖြစ်စေ သူတို့က ပေ့ဟယ်မော့များကို တစ်ယောက်တည်း မကိုင်တွယ်နိုင်ကြချေ။

ဝေါင်း

မဟာထန် ဗိုလ်ချုပ်လေးယောက်ကို ဘေးဘက်သို့ ဖယ်ထုတ်လိုက်ပြီးနောက် ပေ့ဟယ်မော့များက အနှောက်အယှက် မရှိတော့သဖြင့် ထန်ခုခံရေး အားလိုင်းရှိရာသို့ ဆက်လက်ပြီး ချီတက်လာကြသည်။

ဘုန်း ဘုန်း ဘုန်း

ခရက်

သံမဏိမြို့ရိုးက တိမ်ဖုန်မှုန့်များနှင့်အတူ နင်းချေခံရသည်။ ပေ့ဟယ်မော့ လေးကောင်က ဖန်တီးသည့် အင်အားကြီးမားသော အားလိုင်းများ အားလုံးက မရေမတွက်နိုင်သော စစ်သည်ပေါင်းများစွာ စက္ကူစများကဲ့သို့ လေထဲတွင် လွှင့်ထွက်သွားစေသည်။

“အား”

အော်ဟစ်သံများက ပြင်းထန်လာသလို ထန်ဘက်မှ ဆုံးရှုံးမှုက မြင့်မားလာသည်။

“သတ်”

အာရပ်စစ်သားများက ထိုမြင်ကွင်းကြောင့် ပျော်သွားသည်။ အာရပ်စစ်သည်များ အားလုံးက မူလက အရှိန်ကို ထိန်းထားပြီး အကွာအဝေး ခြားထားသေးသည်။ သူတို့က ပေ့ဟယ်မော့အနားသို့ မကပ်ရဲကြချေ။ သို့သော် လက်ရှိ ဖျက်ဆီးမှု မြင်ကွင်းကို မြင်ရပြီးနောက် သူတို့က အကြံအစည်ကို ပြောင်းလိုက်ကြသည်။ ထိုအကောင်ကြီးများနှင့် အကွာအဝေး တစ်ရာ‌ကျော် ခြားထားကြောင်း သေချာစေလေပြီးနောက် သူတို့က ပေ့ဟယ်မော့များ အားလုံးကို ဝိုင်းပတ်လျက် ထန်များသို့ လုပ်ကြံသတ်ဖြတ်ရန် ဝင်ရောက်လာသည်။

“ပစ် ပစ် ပစ်”

လက်နက်ကြီး ထောင်ကျော်ကလည်း ပေ့ဟယ်မော့ လေးကောင်ကို ချိန်ရွယ်သေးသည်။ သို့သော် လက်နက်ကြီး အသင်းကလည်း အာရပ်များကို လုပ်ဆောင်မှုကို မြင်လိုက်ရချိန်တွင်မူ သူတို့၏ ပစ်မှတ်ကို ချက်ချင်းဆိုသလို ပြောင်းပြီး ဝင်ရောက်လာသည်။ အာရပ်စစ်သည်များကို ပစ်သည်။

ဆွစ် ဆွစ် ဆွစ်

လက်နက်ကြီး တစ်လက်ချင်းစီတိုင်းက ရိတ်သိမ်းခြင်း မြက်ရိတ်ဓားများကဲ့သို့ အာရပ် ခုနှစ်ယောက်၊ ရှစ်ယောက်ခန့်၏ အသက်များကို ယူသွားသည်။ သို့သော် ထန်လက်နက်ကြီးများ၏ အင်အားချင်း ယှဉ်သော် သူတို့က အာရပ်စစ်သားများ၏ များပြားလွန်းသော ပမာဏကို မတားနိုင်ချေ။

“တာ့လျင်ယော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း ငါတို့ သွားသင့်ပြီ”

တုဝူစိလိ၏ ဆံပင်က လေတွင်လွှင့်နေသည်။ သူဟာ ကြမ်းတမ်းသော တိုက်ပွဲကို တောင်ပေါ်မှ လှမ်းကြည့်နေသည်။

“အခြေအနေက ပြောင်းသွားပြီ ထန်တွေက် ဒီနေ့ ကုန်တဲ့ထိတောင် ခံမှာမဟုတ်ဘူး။ အခုက တိုက်ခိုက်ရမယ့် အကောင်းဆုံး အချိန်ပဲ”

တုဝူစိလိ၏ မျက်ဝန်းက တောက်ပနေသည်။ ခန္ဓာကိုယ်မှ တိုက်ခိုက်လိုစိတ်ပင် ပြင်းထန်စွာ တောက်လောင်နေ၏။ ထိုစွမ်းအားက ကြီးမားလွန်းသဖြင့် ခန္ဓာကိုယ် ပတ်ဝန်းကျင်ရှိလေထုကိုပင် တွန့်လိမ်ကာ ရှုံ့တွနေသေးသည်။

အာရပ်များက ထုတ်ပြသည့် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများက တုဝူစိလိကိုလည်း တိုက်ခိုက်လိုစိတ် ပြင်းထန်လာစေသည်။

“ခဏလောက် စောင့်ဦး။ ဆုံးဖြတ်ချက် အချမစောနဲ့”

တာ့လျင်ယော့ကျန်းက ခေါင်းကိုခါသည်။ သူ၏မျက်ဝန်းက အလွန်အေးစက်နေသည်။ တစ်ချိန်တည်းတွင်ပင် တည်ငြိမ် နေပြန်သည်။

“အားပုမူဆလင်နဲ့ ကျစ်ယာ့တို့တောင် မဝင်သေးဘူး။ အခု ငါတို့ ဒီလိုလုပ်ဖို့ အကောင်းဆုံး အချိန်မကျသေးဘူး။ နည်းနည်းလောက် ထပ်စောင့်လိုက်ဦး။ ထန်တွေက ပိုပြီးကြီးမားတဲ့ ဆုံးရှုံးမှု ခံစားရမှ ငါတို့ကွင်းထဲကို ဝင်မယ်”

တုဝူစိလိက ဘာစကားမှ မပြောပေ။ အနီးအနားရှိ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲတို့ကို ကြည့်သည်။ သူ၏ မျက်ဝန်းကလည်း အေးစက်နေပြီး ကျောက်ရုပ်ကြီးများကဲ့သို့ တောင့်တင်းနေသည်။ သူတို့က တစ်ယောက်တည်းဟုသာ ထင်ရ၏။ ရှင်းလင်းစွာဖြင့် သူတို့က တာ့လျင်ယော့ကျန်း၏ အမိန့်ကို နာခံပေလိမ့်မည်။

“ဟွန့်”

တုဝူစိလိက နှာခေါင်းရှုံ့လိုက်ပြီး ရှေ့သို့ ရုတ်တရက် ခုန်ထွက်သွားသည်။ မည်သူကမှ မတုန့်ပြန်ခင် သူ၏ မားမတ်လှသော တူရကီတောင်ပေါ်မြင်းကြီးက လေထုကို ကျော်ဖြတ်လျက် ထန်နောက်တန်းထံ ဝင်ရောက်သွားပြီ ဖြစ်သည်။

“တုဝူစိလိ”

သူ၏အနောက်ဘက်မှ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲတို့က အံအားတကြီး လှမ်းခေါ်လိုက်ကြသည်။ သို့သော် တုဝူစိလိ၏ အရှိန်နူန်းကြောင့် မျက်တောင်တစ်ခတ် အချိန်အတွင်း ပျောက်ကွယ်သွားသည်။

“သူ့ကို ဖြောင်းဖြနေဖို့ မလိုဘူး။ သူက ဘယ်စစ်သားမှ မခေါ်ပဲ တစ်ယောက်တည်း ထွက်သွားတာကို မမြင်ဘူးလား”

တာ့လျင်ယော့ကျန်းက အင်္ကျီလက်များကို တစ်ချက်ရမ်းလိုက်သည်။ သူက ဖျော့တော့စွာ ပြုံး၏။ သူကလည်း ထွက်သွားသည့် တုဝူစိလိကို ကြည့်နေပြီး တုဝူစိလိ၏ ထိုတု့န်ပြန်မှုကို ခန့်မှန်းထားပြီးသလိုမျိုးပင် ပြုမူပြသလေသည်။

အပိုင်း (၉၇၃)

“မဟာထန်က မရှုံးဘူး”

“မဟာထန်က ရှုံးလို့မရဘူး”

ဝမ်ချောင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက တောင့်တင်းနေပြီး ညည်းသံကိုပင် ထုတ်လွှတ်လာသေး၏။

သာလှက ရှုံးသွားသည်နှင့် မဟာထန်က အင်အားကြီးရန် အခွင့်အရေး မရှိတော့ကြောင်း သူကလွဲ၍ မည်သူကမှ နားလည်လိမ့်မည် မဟုတ်ချေ။ အနောက်ပိုင်း နယ်မြေက ရှုံး၍ ရသည်။ ရှင်းချီက ရှုံးနိုင်သေးသည်။ ထို့နောက် လုံချီကပင် ထပ်ရှုံးသွားပြီး မြို့ရိုးတစ်ခုလုံးက ဆုတ်ယုတ်သွားပေလိမ့်မည်။ မဟာထန်ကလည်း အတွင်းပိုင်း တိုက်ပွဲများအတွင်းသို့ ကျရောက်သွားပြီး ကပ်ဘေးက ဆင်းသက်လာပေလိမ့်မည်။ ထိုသို့ဖြင့် တစ်လှမ်းချင်း_ _ _

မဟာထန်က အဆုံးအစမဲ့သည့် ချောက်အတွင်းသို့ ကျဆင်းသွားပေလိမ့်မည်။ သူကသာ ဒီအခြေအနေ အားလုံးကို ပြောင်းလဲပြီး မဟာထန်ကို ကယ်ချင်ရင် တာလှကို ထိန်းထားပြီး အာရပ်များကို ပြန်တွန်းရပေလိမ့်မည်။

သာလှကို ထိန်းထားနိုင်မှသာ မဟာထန်၏ ဝမ်းနည်းဖွယ်ကောင်းသော ကံကြမ္မာကို ပြောင်းလဲနိုင်မည့် အခြေအနေကို ကြိုးကိုင်နိုင်ပေလိမ့်မည်။

ထိုအချက်အပြင် ကံကြမ္မာကျောက်တုံးအရ သူ့ကို နောက်ဆုတ်ခွင့် မပြုထားချေ။ သူ နောက်ဆုတ်လျှင် သေရတော့မည် ဖြစ်သည်။

ဝေါင်း

အဝေးရှိ ပေ့ဟယ်မော့များက ဟိန်းဟောက်သည်။ ဖုန်မှုန့်များက ခုခံရေးအားလိုင်းမှ မြှောက်တက်လာသည်။ မြှောက်တက်လာသော ပေ့ဟယ်မော့ လေးကောင်က ဝရုန်းသုန်းကား ဝင်ပြေးလာသည်။ ထိုသို့ဖြင့် အားနည်းသော ထန်စစ်သားများကို ဝင်ရောက်ဖိနင်းပစ်သည်။ မရေမတွက်နိုင်သော ထန်စစ်သားပေါင်း များစွာက ကြောက်လန့်တကြား ထွက်ပြေးကြသည်။ ထို့သို့ဖြင့် အလောင်းများသာ ကျန်ရစ်သည်။

သွေးများက မြေပြင်ထဲသို့ စီးဆင်းသွားပြီး မည်သူမှ မမြင်ိနိုင်သည့် တစ်နေရာမှ ပုံရိပ်တစ်ခုက လှောင်ရယ်နေသည်။

“သေ သေ သေ မင်းတို့အားလုံး သေကြ”

“ငါ့ရဲ့ နာခံတဲ့ တိရစ္ဆာန်တွေရေ ဒီအကောင်တွေ အားလုံးကို သတ်လိုက်စမ်းပါ”

ခါးကုန်းကုန်းနှင့် မာစီက ကင်းခြေများ မကောင်းဆိုးဝါး၏ ခေါင်းထက်တွင် ထိုင်နေသည်။ သူ၏လက်များကို မြှောက်လျက် အပေါ်မှ ကျဆင်းလာသော သွေးများကို သူ၏ ခေါင်း၊မျက်နှာနှင့် လည်ပင်းများကို ကျဆင်းစေသည်။ ထိုသို့ဖြင့် သူ၏မျက်နှာတွင် ရစ်မူးသော မျက်နှာထားမျိုးက ပေါ်လာ၏။

မာစီဟာ ပုံပျက်ပန်းပျက် ဖြစ်နေပြီး အကျည်းတန်နေသည့် တိုင်‌အောင် သူဟာ ပေ့ဟယ်မော့ စစ်တပ်မှ ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေသေးပြီး ကာလစ်က မျက်နှာသာ အပေးရဆုံးသော အမတ်တစ်ယောက် ဖြစ်နေသည်။ သူဟာ ဆိုးယုတ်သော တည်ရှိမှု ဖြစ်သည်။ ထို့ကြောင့် appsitcliphateမှ တည်ရှိမှုပေါင်းများစွာက ကြောက်လန့်ကြ၏။ သို့သော် လူအနည်းစုကသာ မာဟယ်ဟာ ထိုထက်ပိုပြီး ဆိုးယုတ်ပြီး ထင်ရသည်ထက် ပို၍ကြောက်စရာကောင်းကြောင်း သိနိုင်ရသည်။

မာစီက တိုက်ပွဲများကို မကြောက်ဖူးချေ။ အလုံးအရင်း တိုက်ခိုက်သော တိုက်ပွဲများ ရှိနေသည့်သမျှ မာစီနှင့် ပေ့ဟယ်မော့များကို မြင်နိုင်မည် ဖြစ်သည်။

သူတို့က တိုက်ပွဲတွင် ဝင်ပါသည်နှင့် မာစီအကြိုက်ဆုံး ကာလကမူ မြေလျိုးနေလျက် သူ၏ ပေ့ဟယ်မော့များက ရန်သူများကို နင်းခြေနေပြီး အသားပြားများ ဖြစ်အောင် လုပ်လိုက်သည့် အချိန်တွင် သူက သိပ်သည်းစွာ စီးကျလာသော သွေးများဖြင့် ချိုးရခြင်းကို သဘောကျခြင်း ဖြစ်သည်။

မာစီက သူတို့၏ သတ်ဖြတ်မှု သွေးများထံမှ အကန့်အသတ်မဲ့သည့် သာယာမှုများကို ပျော်မွေ့သည်။ ထိုယစ်မူးဖွယ် ကောင်းလွန်းသော ခံစားချက်က သူ့ကို ပေးနိုင်သည့် ကျေနပ်နှစ်သိမ့်မှုဟာ ပေ့ဟယ်မော့ စစ်တပ်မှ ဗိုလ်ချုပ်တစ်ယောက်ဆိုသော အဆင့်အတန်းနှင့် အားလုံးက တန်ဖိုးထားသည်ဆိုသော အမတ်မင်းတစ်ယောက်က ရရှိနိုင်သမျှ အကျိုးအမြတ်တိုင်းထက် သာသေးသည်။

“ငါ အရင်တုန်းက ပြောပါတယ်။ ဘယ်သူကမှ ငါ့ရဲ့ ပေ့ဟယ်မော့တွေကို မတားနိုင်စေရဘူး။ ထန်တွေတောင် မတားနိုင်ဘူး။ အားလုံးကိုတော့ ဟား ဟား ဟား”

မာစီ၏ မျက်လုံးက ပြူးကျယ်နေသည်။ သူက ရှုးသွပ်စွာ အော်ရယ်နေ၏။

မဟာထန်က ရှုံးသွားပြီ ဖြစ်သည်။ မာစီကလည်း ထိုတစ်ခဏတွင် သူ၏ အင်အားအကြီးဆုံး ပေ့ဟယ်မော့ လေးကောင်လုံးကို ထိန်းချုပ်ရန် မလိုအပ်တော့ချေ။ သူက အနောက်မှ အာရပ်မြင်းတပ် နှစ်သိန်းကိုပင် ထည့်တွေးရန် မလိုအပ်တော့ချေ။

“အခု အဲ့ဒီအကောင်ပဲ ကျန်တယ်”

မာစီ၏ မျက်ဝန်းက ကျဉ်းမြောင်းသွားပြီး ကိစ္စတစ်ခုကို တွေးမိသွားပုံပေါ်သည်။

အာရပ်များကို ဖီဆန်သော သူပုန်တိုင်းက အသတ်ခံရသည်။ သို့သော် မာစီ၏ စိတ်ထဲတွင် ထန်တိုင်းထက် စိတ်ဝင်အစားစေဆုံး လူတစ်ယောက်သာလျှင် ရှိသည်။ သူက ထိုလူကို အသတ်မခံရသေးကြောင်း မြင်ရသည့်အချိန်တွင် ပို၍ပင် ပျော်ရွှင်သွားသေးသည်။ ပေ့ဟယ်မော့ သုံးကောင်က ပေ့ဟယ်မော့ စစ်တပ်အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီး ဖြစ်သည်။ ဒါက သမိုင်းတွင်သော ဖြစ်ရပ်မျိုး ဖြစ်လောက်၏။ ထို့ကြောင့် မာစီ၏ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေသည်။

“ငါ မင်းကို သတ်လိုက်တာနဲ့ မင်းရဲ့ ဦးခေါင်းခွံကို အိမ်သာဆေးတဲ့ ပစ္စည်းအဖြစ် ပြောင်းလိုက်မယ်”

မာစီက သဘောတကျ ရယ်သည်။ ထို့နောက် သူက ဂါထာတစ်ပုဒ်ကို မန်းမှုတ်လိုက်ပြီး အပေါ်မှ မျောက်ဝံကြီးနှင့် ဆက်သွယ်လိုက်၏။ ပေ့ဟယ်မော့ထဲတွင် မြင့်မြတ်သူကသာ အင်အားအကြီးဆုံး ဖြစ်လေသည်။

…..

အောက်ဘက်တွင် ဖှုန်တိမ်စိုင်ပေါင်းများစွာက ဝရုန်းသုန်ကား ဖြစ်နေလျက် ပေ့ဟယ်မော့ လေးကောင်ကလည်း ဖျက်ဆီးရန် ဖြစ်ပွားလာသလိုမျိုး၊ ကပ်ဘေးမှ ခုန်ထွက်လာသော မိစ္ဆာကောင်ကြီးများကဲ့သို့ ဖြစ်နေကြသည်။ ရုတ်တရက် ကြီးမားကာ ကြွက်သားဖြင့် တောင့်တင်းသော မျောက်ဝံကြီးက ဘယ်ဘက် အကျဆုံးအပိုင်းကို လွှတ်လိုက်သည်။ သူ၏တောက်ပသော မျက်ဝန်းများက ကျန်းတစ်ရာအကွာမှ ဝမ်ချောင်ထံတွင် ဖြစ်သည်။

ဝေါင်း

ထိုပေ့ဟယ်မော့က အော်ဟစ်လိုက်ပြီး အခြားသော ရန်သူများကို ချန်ထားရစ်ခဲ့လျက် ဝမ်ချောင်ထံ ခုန်ဝင်သွားသည်။ကြီးမားသော လက်သီးကြီးက လေထုကိုပင် ကွဲအက်ရာပေါင်းများစွာ ဖြစ်ပေါ်စေနိုင်သည်။ ထိုလက်သီးက ဝမ်ချောင်ကို ချိန်ရွယ်ကာ ထိုးသည်။

ကြီဂမားသော မျောက်ဝံ၏တိုက်ကွက်က အလွန်အမင်း ရုတ်ချည်းဆန်သည်။ သူက ထန်များက အပြည့်အဝ နောက်ဆုတ်နေသည့်အချိန်ကို အခွင့်ကောင်းယူကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ဝမ်ချောင်ကပင် နောက်ဆုတ်ရကောင်းနိုး ၊တိုက်ခိုက်ရကောင်းနိုး ရုန်းကန်နေချိန် ဖြစ်သည်။

“မဟာအမတ် အရှင်အမတ် သတိထား”

“လက်နက်ကြီးအဖွဲ့ အဲ့ဒီအကောင်ကို တားကြစမ်း”

“အရှင်အမတ်”

ပေ့ဟယ်မော့၏ ဟိန်းသံကြားသဖြင့် ခေါင်းပြန်လှည့်ကြည့်ကြသည်။ စစ်သည်တော်တိုင်းက ထိုမြင်ကွင်းကို မြင်လိုက်ကြသောအခါ သူတို့၏ မျက်နှာက ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားသည်။ အမတ်က အင်အားကြီးလွန်းသည်။ သို့သော် အာရေးဗီးယား ပေ့ဟယ်မော့များကို ရင်ဆိုင်နိုင်သော အတိုင်းအတာမျိုးတွင် မရှိသေးချေ။ ထိုတည်ရှိမှုက တစ်လောကလုံးကို ဖျက်ဆီးနိုင်သော တည်ရှိမှုမျိုး ဖြစ်သည်။

အမတ်မင်းက ထိုနေရာတွင် ရပ်နေခြင်းက ဆိုးရွားသော အခြေအနေ ဖြစ်သွားသည်။ သူက မြင်သက်နေပုံ ပေါ်သည်။

ဘုန်း ဘုန်း ဘုန်း

အနက်ရောင် လက်နက်ကြီးပေါင်းများစွာက တိုက်ပွဲနယ်မြေတစ်ခုလုံး အနှံ့ မိုးကြိုးပစ်သလို ဟိန်းထွက်သွားသည်။ သူတို့အားလုံးက ကြီးမားသော လက်သီးကြီးကိုသာ ချန်ရွယ်သည်။ ထိုအချိန်တွင် မည့်သည့်လက်နက်ကြီးကမဆို ထိုတိုက်ပွဲတွင် ဝင်ပါသည်။

သို့သော် သတ္တုချင်း ထိခိုက်သော အသံက ပေါ်လာသည်။ အနက်ရောင်လက်နက် ကျည်ဆန်တိုင်းက မာကျောသိပ်သည်းသော တောအုပ်ကဲ့သို့ ဖြစ်နေသော အမွှေးများကို ထိသွားပြီးနောက် ရပ်တန့်သွားကြောင်း၊ မြင့်မားလှစွာသော လက်နက်ပေါင်း များစွာက မရေမတွက်နိုင်အောင် ပြုတ်ကျသွားကြောင်း၊ မျက်ဝဲ၏လက်သီးကမူ အရှိန်နူန်း ပိုပြီး မြန်ဆန်သွားပြီး ဝမ်ချောင်ထံ တိုးဝင်သွားသည်။

“အား”

ပတ်ဝန်းကျင်ရှိ စစ်သားတိုင်းက ကြောက်လန့်တကြီး အော်ဟစ်ကြသည်။ သူတို့၏ နှလုံးသားက အေးစက်သွားသည်။

“ဝမ်ချောင် ကြည့်စမ်း”

ဝမ်ချောင်က မြင့်မြတ်သူ၏ လက်သီးဖြင့် အထိုးခံရတော့မည့် အချိန်တွင် ပုံရိပ်တစ်ခုက ခုန်ထွက်လာသည်။ သူ၏ဓားက ဖျက်ဆီးခြင်းစွမ်းအား အပြည့်နှင့် တောက်ပနေလေပြီး မျောက်ဝံ၏လက်သီးကို ခုတ်ပိုင်းသည်။

“ကောင်းရှန်းကျစ် မင်း မင်းကိုယ်မင်း ဂရုစိုက်သင့်တယ်”

ထိုအချိန်တွင် အင်အားကြီးသော စွမ်းအင်လိုင်းတစ်ရပ်က ဖုန်တိမ်စိုင်များကဲ့သို့ နောက်မှ ခုန်ထွက်လာသည်။ သူက ကြီးမားသော မျောက်ဝံ၏ အရှေ့သို့ ကျော်လိုက်လျက် ကောင်းရှန်းကျစ်၏ မှင်သက်ဖွယ်ကောင်းသော ဓားချီကို ရင်ဆိုင်ပေးလိုက်ရသည်။ ထိုဓားချီက မျောက်ဝံကို မထိသေးခင် ကြယ်တာရာစွမ်းအင် အားလိုင်းများကြောင့် ပျက်ပြယ်သွားသည်။

“ဘယ်လိုဖြစ်နိုင်မှာပဲ”

လူတိုင်းက မှင်သက်သွားကြသည်။ ကောင်းရှန်းကျစ်က အန်းချီကာကွယ်ရေး စစ်တပ်မှ ဗိုလ်ချုပ်ဖြစ်ပြီး မဟာထန်၏ မဟာဗိုလ်ချုပ်များထဲမှ အင်အားအကြီးဆုံး လူတစ်ယောက်လည်း ဖြစ်သည်။ သူ၏ အကြီးဆုံး ခွန်အားက တုဝူစိလိနှင့်ပင် ယှဉ်နိုင်သည်။ သူ၏ ဓားချီကို ပျက်ပြယ်အောင် လုပ်နိုင်သော သူက ကျင့်ကြံခြင်းအဆင့် အလွန်မြင့်သောသူ ဖြစ်ရပေမည်။

အားပုမူဆလင်

လေထဲတွင် ကောင်းရှန်းကျစ်က ခေါင်းလှည့်ပြီး ကြည့်လိုက်သောအခါ ပေ့ဟယ်မော့၏ အနောက်ဘက်မှ ခုန်ထွက်လာသည့် ကြီးမားသော ပုံရိပ်ကြီးကို မြင်လိုက်ရသည်။ သူ၏နှလုံးသားက လေးလံသွားသည်။

ထိုအမျိုးသားက ကောင်းရှန်းကျစ်၏ ရိုက်ချက်ကို ဝင်ရောက်နှောက်ယှက်ခဲ့ပြီး မိစ္ဆာနတ်ဆိုး တစ်ပါး ချောက်ကမ်းပါးထဲမှ ခုန်ထွက်လာသလို ပေါ်လာသည်။ သူ၏မျက်လုံးက သုန်မှုန်နေသည်။ နှာတံကလည်း မြင့်သည်။ အနက်ရောင် ခြုံလွှာကြီးက လေတွင် တဖြတ်ဖြတ် လွှင့်နေ၏။ သူ၏ အမြင့် ၁.၉မီတာ ဝန်းကျင်ခန့် ရှိလောက်သည်။ သူ၏ ထူးချွန်လွန်းသော အမြင့်က မဟာဗိုလ်ချုပ်များထဲတွင်ပင် ထင်ရှားလေသည်။ သူ၏မျက်ဝန်းက အထင်သေးမှု အပြည့်နှင့် ရှိနေလေပြီး ရက်စက်မှု၊ ဆုံးဖြတ်ချက် ပြတ်သားမှုတို့ဖြင့် တောက်ပနေသည်။ ထိုမျက်ဝန်းကို မြင်လိုက်ရသော မည်သူမဆို ကောက်ကျစ်ပြီး လုပ်ရဲကိုင်ရဲသော လူတစ်ယောက်ဖြစ်ကြောင်း သိနေပေလိမ့်မည်။ သို့ရာတွင် ထိုလူနှင့် ပက်သက်ပြီး ထင်မြင်ချက် အကျန်ရစ်နိုင်ဆုံး ကိစ္စကမူ သူ၏ထူးခြားသော ရနံ့ဖြစ်သည်။ ထိုရနံ့က သံမဏိနှင့် မီးတောက်ရနံ့ ဖြစ်သည်။ ထိုရနံ့က ခန္ဓာကိုယ်၏ မွှေးညှင်းပေါက်တိုင်းကို ဖြည့်နိုင်ပုံ ပေါ်သည်။ ခန္ဓာကိုယ်ရှိ ဆဲလ်တစ်ခုချင်းစီတိုင်း၊ ဝင်သက်တစ်ခုချင်းစီတိုင်း အတွင်းသို့ ဝင်ရောက်နိုင်သေး၏။

ထိုအမျိုးသားက တိုက်ပွဲတွင် ပျော်ရွှင်စွာ နေထိုင်သူဖြစ်သည်။ သူက သဘာဝရဲ့ စစ်သည်တော် ဖြစ်ပြီး သန့်စင်သော စစ်သားတစ်ယောက်လည်း ဖြစ်သည်။ သူက လူထောင်ပေါင်းများစွာက လေးစားချစ်ကြောက် ရိုသေရသည့် ဗိုလ်ချုပ်တစ်ယောက်လည်း ဖြစ်သည်။ သူက သူ၏အသံတစ်ခုတည်းနှင့် အားလုံးကို ဆင့်ခေါ်နိုင်စွမ်း ရှိသူလည်း ဖြစ်သည်။

Appsitcliphate အရှေ့ပိုင်းနယ်မြေတွင် ထိုကဲ့သို့ လုပ်နိုင်စွမ်းရည် ရှိသောသူ တစ်ယောက်တည်းသာ ရှိသည်။

အားပုမူဆလင်

အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ပြီးနောက် အားပုမူဆလင်က နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ထန်များက အန္တရာယ်ကြီးများထဲတွင် ရောက်ရှိနေသည်။ ယခုအခါ အားပုမူဆလင်က ကိုယ်တိုင်ပေါ်လာလျှင် ကပ်ဘေးက ပို၍ဆိုးရုံသာ ရှိသည်။

“ကောင်းရှန်းကျစ် ငါ မင်းကို သူရဲကောင်းတစ်ယောက် အနေနဲ့ လေးစားမိတယ်။ ဒီတော့ ဒီတိုက်ပွဲမှာ ငါမင်းကို ကိုယ်တိုင်ကိုယ်ကျ ပို့ပေးမယ်”

အားပုမူဆလင်က ကျွမ်းကျင်သော ဟာမန်သာ ဘာသာ စကားများကို ထုတ်ပြောသည်။

သူက ချက်ချင်းဆိုသလို ပိန်းဖိန့်အောင် မဲမှောင်သည့် စွမ်းအင်လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်။ အားပုမူဆလင်က လက်သီးဖြင့် ထိုးလိုက်သည့်အချိန်တွင် သူကပင် ခြောက်ခြားဖွယ်ကောင်းသော ဟိန်းသံများဖြင့် ပေါက်ကွဲသွားပြီး အဆုံးအစမဲ့သည့် မီးတောက်များက လေထုကို လောင်ကျွမ်းပြာချသည်။ အားပုမူဆလင်၏ အနောက်ဖက်တွင်လည်း အလွန်ကြီးမားသည့် ခရမ်းရင့်ရောင် ကြေးခွံ့များနှင့် မိစ္ဆာနတ်ဆိုး တစ်ပါးကြီးက ပေါ်ထွက်လာသည်။ သူ၏အမွှေးများက ထူထဲလွန်းပြီး ခန္ဓာကိုယ်ကြီးက တောင့်တင်းသန်မာလွန်းသည်။ ခန္ဓာကိုယ် တစ်ခုလုံးကို ကြေးခွံများက အုပ်ထားပုံပေါ်သည်။

ကြီးမားသော မိစ္ဆာနတ်ဆိုးကြီး အနောက်တွင်လည်း ရွှေရောင်နှင့် အနီရောင် ရောယှက်နေသော ကြီးမားသည့် တိုင်ကြီးရှိသည်။

မိစ္ဆာနတ်ဆိုး ခုနှစ်ဆယ့်နှစ်တိုင်

အားပုမူဆလင်က အာရေးဗီးယားမှ စစ်တပ်တစ်ခု၏ အုပ်ချုပ်သူတစ်ယောက် ဖြစ်သလို အင်အား အကြီးဆုံး ကျွမ်းကျင်ပညာရှင်များထဲမှ တစ်ယောက်ဖြစ်သည်။ သူက ငယ်ရွယ်ချိန်တွင် လောကအနှံ့ လှည့်လည်သွားလာ စခန်းချခဲ့ပြီး တိုင်းပြည်ပေါင်းများစွာကို အုပ်စိုးခဲ့သည်။ တစ်နည်းအားဖြင့် အားပုမူဆလင်က မတော်တဆ ဒဏ္ဍာရီလာ အာရပ် ရှေးဟောင်းသိုင်းကို ရရှိနိုင်ခဲ့သည်။ မိစ္ဆာနတ်ဆိုး ခုနှစ်ဆယ့်နှစ်တိုင်သိုင်း။

အာရေးဗီးယား၏ ဒဏ္ဍာရီတွင် ပြောကြသည်မှာ ကြောက်မက်ဖွယ်‌ ကောင်းလွန်းပြီး အင်အားကြီးလွန်းသည့် မိစ္ဆာနတ်ဆိုး ခုနှစ်ဆယ့်နှစ်ယောက် ရှိခဲ့သည်ဟု ဆိုသည်။ သူတို့က ပင်လယ်ထဲတွင် နေကြသည်။ ကုန်းမြေတစ်ခုလုံးတွင် ရန်သူများရှိနေသည့်တိုင်အောင် သူတို့က လူသားနယ်မြေကို ဖျက်ဆီးပြီး အားနည်းအောင် လုပ်ခဲ့သည့်နောက်ပိုင်းတွင် အခြားသော နတ်ဆိုးများက ထို ခုနှစ်ဆယ့်နှစ်တိုင်လုံးကို ချိတ်ပိတ်လိုက်ကြပြီး သူတို့ကို ပင်လယ်ပြင် အနက်ရှိုင်းဆုံးသော အပိုင်းသို့ ပို့လွှတ်ခဲ့ကြသည်ဟု ဆိုသည်။ ထိုမိစ္ဆာနတ်ဆိုး ခုနှစ်ဆယ့်နှစ်တိုင်းက ထိုအပိုင်းနှင့် ဆက်စပ်နေသည်။

သူတို့က စွန့်ပစ်ခံခဲ့ရသည့်တိုင်အောင် မိစ္ဆာနတ်ဆိုး ခုနှစ်ဆယ့်နှစ်တိုင်မှ စွမ်းအားများက တိုင်အတွင်းသို့ တိုက်ရိုက်စီးဝင်နေသေးသည်။

မှတ်တမ်းများအရဆိုလျှင် ထိုခုနှစ်ဆယ့်နှစ်တိုင်ဆိုသော လျို့ဝှက်သိုင်းကျမ်းက မျိုးဆက်အချင်းချင်း လက်ဆင့်ကမ်းပေးခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာလာခဲ့ပြီးနောက် မိစ္ဆာနတ်ဆိုး ခုနှစ်ဆယ့်နှစ်ပါး၏ ကဏ္ဍအများစုက ပျောက်ဆုံးသွားပြီ ဖြစ်သည်။ သို့သော် ကျန်ရစ်နေသေးသော ကဏ္ဍတစ်ခုချင်းစီအတိုင်းတွင်လည်း ဖော်ပြရန် ခက်ခဲသည့် စွမ်းအင်များက ပါဝင်နေသေးသည်။ ထိုကျမ်းပေါင်းများစွာထဲမှ တစ်ခုကို ရရှိသော မည်သူကမဆို အလွန်အမင်း စွမ်းအားကြီးသော တည်ရှိမှုကို ဖြစ်လာနိုင်သည်။ မဟာဗိုလ်ချုပ်ပင် မဆိုထားဘိ မြို့ရှင်တစ်ယောက်ကပင် ဖြစ်လာသည်အထိ သူ့ကို ကူညီပေးခဲ့သည့် အဓိကသိုင်းဖြစ်သည်။ ထိုနည်းအားဖြင့် သူက အာရေးဗီးယား၏ သမိုင်းတွင် ကိုယ့်ဒဏ္ဍာရီကို ကိုယ်ဖန်တီးတည်ဆောက်နိုင်သည့် ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်လာခဲ့သည်။

ထိုခုနှစ်ဆယ့် နှစ်တိုင်ဆိုသော သိုင်းများအကြောင်းကို အားပုမူဆလင်မှ လွဲပြီး မည်သူမှ မသိကြချေ။ လူနည်းစုကသာ သူတို့၏ နာမည်ကို ကြားဖူးကြသည်။ သို့ရာတွင် အားပုမူဆလင်က ထိုသိုင်းကို ပိုင်ဆိုင်ပြီးနောက် ထုတ်သုံးနိုင်သည့် စွမ်းအားကိုမူ သံသယဝင်ရန် မရှိချေ။

အပိုင်း(၉၇၄)

ကောင်းရှန်းကျစ်၏ သံချပ်ကာကို သူတော်စင် ဧကရာဇ်က ချီးမြှင့်ထားခဲ့ခြင်း ဖြစ်သည်။ အလွန်အမင်း ကြမ်းတမ်းမာကြောသည့် အပြင် နတ်ဘုရား၏ လက်နက်များကိုပင် တားနိုင်သည်။ ကောင်းရှန်းကျစ်၏ အနောက်ပိုင်းနယ်မြေတစ်ခွင်တွင် တပ်စွဲခဲ့သော ဆယ်နှစ်တာ ဝန်းကျင်ကာလအတွင်း ထိုသံချပ်ကာက သူ့ကို အမြဲတစေ လုံခြုံအောင် ထိန်းပေးနိုင်ခဲ့သည်။ သို့သော် အဆုံးသတ်တွင် အားပုမူဆလင်၏ လက်ဝါးချက်ကြောင့် ကွဲကြေပျက်စီးသွားသည်။ ထိုတစ်ခဏမှတစ်ဆင့် အားပုမူဆလင်၏ ခွန်အားကို လူတိုင်းက မျှော်လင့်ကြည့်နိုင်ပြီ ဖြစ်သည်။

ဘုန်း

ကောင်းရှန်းကျစ်ကလည်း ပေ့ဟယ်မော့များကို ကိုင်တွယ်ရင်း သူ၏ အင်အားအများစုကို သုံးခဲ့ရသည်။ ထို့ကြောင့် အားပုမူဆလင်ကမူ အထွဋ်အထိပ် အခြေအနေတွင် ရှိနေသေးလေရာ ရုတ်ချည်း တိုက်ခိုက်လာသော အနေအထားမျိုးကြောင့် သူ၏အခြေအနေက ပိုဆိုးသွားသည်။ ကောင်းရှန်းကျစ်က ချောမွေ့စွာဖြင့် ဖိနှိပ်ခံရသည်။ ပေ့ဟယ်မော့ လေးကောင်နှင့် အာရပ် လက်ရွေးစင် စစ်သည် နှစ်သိန်းကျော်၏ သတ်ဖြတ်မှုက မဟာထန်အတွက် ကြီးမားသည့် စစ်ဆေးပွဲကြီး ဖြစ်နေခဲ့ပြီးသား ဖြစ်သည်။ အားပုမူဆလင် ပေါ်လာခြင်းက ထိုအခြေအနေကို ပို၍ပင် ဆိုးရွားသွားစေသည်။ ထိုအခိုက် မဟာထန်က အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆိုးရွားသည့် အနေအထားမျိုးသို့ ရောက်သွားသည်။ ပို၍ဆိုးသည်မှာ ကောင်းရှန်းကျစ်၏ တိုက်ခိုက်မှုက နှောက်ယှက်ခံရသောကြောင့် မျောက်ဝံကြီးက အနှောက်အယှက် ကင်းလွတ်သွားပြီး သူ၏ ကြီးမားသည့် သံမဏိလက်သီးကို ထိုက်တောင်ကြီး ပြိုလဲကျသလို ဝမ်ချောင်၏ ကိုယ်ကို ဖိချေမွပစ်ရန် ကြိုးစားသည်။ အနီးအနားတစ်ဝိုက် ဝမ်ချောင်ကို ကူညီနိုင်မည့်သူများ မရှိကြတော့သည့် အချိန်တွင် လက်သီးက အောက်သို့ ဆင်းသထက် ဆင်းလာသည်။ ထိုတစ်ခဏတွင် ဝမ်ချောင်က သေသွားပေလိမ့်မည်။ သို့ရာတွင် ကောင်းရှန်းကျစ်ကလည်း မကူညီနိုင်ပြန်ချေ။

ဝုန်း

ကောင်းရှန်းကျစ်နှင့် အားပုမူဆလင်ကြားမှ တိုက်ခိုက်နေသံကို ကြားလိုက်ရသည့် ဝမ်ချောင်က ရုတ်ချည်းဆိုသလို အသိပြန်ဝင်လာသည်။

“သူပဲ”

ဝမ်ချောင်၏ စိတ်က ရှည်လျားလွန်းသော အမွှေးများ၊ ထူထဲသိပ်သည်းနေသည့် ဆင်းကျလာသည့် လက်သီးကြီးနှင့် အဝေးမှ ထောင်ပေါင်းမြင့်မားကာ ဆုံးဖြတ်ချက် ပြတ်သားသည့် ခန္ဓာကိုယ်ကြီးကို မြင်လိုက်ရချိန်တွင် အသိပြန်ဝင်သွားသည်။

ဘုန်း

မျောက်ဝံ၏ လက်သီးကြီးက အောက်သို့ ပိကျသွားသည်။မြေပြင်တွင် ကြီးမားသည့် ကွဲအက်ရာ အပေါက်ကြီးပင် ပေါ်လာသေးသည်။

ခရက် ခရက်

မြေပြင်ရာက ကွဲအက်များက ဆက်တိုက် ပျံ့နှံ့သွားသည်။ ကျောက်သားနှင့် ဖုန်တောင်တိုင်းများက ပန်းထွက်လာသည်။

ကြီးမားသော လက်သီးကြီး၏ အင်အားက လူတိုင်းက မှင်သက်စေသည်။

“အံ့ဩစရာပဲ”

မြေပြင် အနက်ရှိုင်းဆုံးသော အပိုင်းမှ မာစီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ၏မျက်ဝန်းတွင်လည်း စိတ်လှုပ်ရှားမှုက တောက်လောင်နေ၏။

“ဒီမျိုးမစစ်တော့ သေသွားပြီ”

အဲ့ဒီလူငယ်ဗိုလ်ချုပ် _ _ _ သူ့ရဲ့ ပေ့ဟယ့်မော့ သုံးကောင်ကို သတ်ခဲ့တဲ့ မျိုးမစစ်အကောင် နောက်ဆုံးတော့ မြင့်မြတ်သူကြောင့် သေသွားပြီ။

မာစီက ကျေနပ်စွာဖြင့် လက်တစ်ချက် ရမ်းလိုက်သည်။

ခြိမ်း

မာစီ၏ အမိန့်ပေးမှုအောက်တွင် မျောက်ဝံကြီးက လက်သီးကြီးကို တဖြည်းဖြည်းချင်း ပြန်မြှောက်ပြီး သူ၏သွေးနီရောင် မျက်ဝန်းက မြေပြင်သို့ ကြည့်သည်။

“ငါ့ကို ရန်စရဲတဲ့ ဘယ်ကောင်မဆို အဆုံးသတ် ‌ကောင်းမှာမဟုတ်ဘူး။ ငါက မင်းကို အိမ်သာဆေးတဲ့ ပစ္စည်း မလုပ်နိုင်တော့ဘူး ဆိုပေမယ့်လည်း မင်းရဲ့ ကွဲကြေသွားတဲ့ အလောင်းကတော့ မဆိုးသေးပါဘူး”

မာစီ၏ မျက်ဝန်းက စိတ်လှုပ်ရှားမှုဖြင့် တောက်လောင်လာသည်။ မာစီဟာ မည်သူကမှ မသိသည့် အလွန်အမင်း ဆိုးယုတ်လွန်းသည့် ဝါသနာရှိသည်။ သူက ရန်သူများ၏ သွေးဖြင့်ချိုးရခြင်းကို ကြိုက်သည့်အပြင် ရန်သူများ ဝမ်းနည်းဖွယ် သေဆုံးသွားသော မြင်ကွင်းကို ပျော်မွေ့ခံစားရခြင်းအား သဘောကျပြန်လေသည်။ သူတို့က အင်အားကြီးလေလေ၊ အဆင့်အတန်း မြင့်လေလေ၊ သူတို့၏ ခုခံနိုင်စွမ်းအားက ပြင်းထန်လေလေ သူတို့ သေသွားသောအခါ ပို၍ ပျော်စရာကောင်းလေလေ ဖြစ်သည်။

ဝမ်ချောင်က ပေ့ဟယ်မော့ သုံးကောင်ကို သတ်ခဲ့သည်။ သူ၏ စစ်တပ်ကို အများစုကို ထိုးနှက်ခဲ့၏။ သူ၏ကွဲကြွေသွားသော ခန္ဓာကိုယ်ကို မာစီအတွက် အရာအားလုံးထက် ပို၍ဆွဲဆောင်မှု ပြင်းနေသည်။ သူ့အတွက် ခမ်းနားသော စားသောက်ပွဲကြီး ကျင်းပပေး သလိုပင် ထင်ရသည်။

သို့သော် ထိုတစ်ခဏတွင် မာစီ၏ မျက်နှာက အေးခဲသွားသည်။ မျောက်ဝံလက်သီး အောက်ဘက်ရှိ မြေပြင်က ရှင်းလင်းနေ၏။ သွေးတစ်စက်ပင် ရှိမနေခဲ့ချေ။

အလောင်းဆိုရင်လျှင် ပို၍ဆိုးသည်။

“ဘာြဖစ်သွားတာလဲ”

မာစီ၏ မျက်ဝန်းက မှေးကျင်းသွားသည်။ သူ၏မျက်နှာက ပုံပန်းပန်းပျက် ဖြစ်သွားပြီး တင်းမာသွား၏။ မာစီဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို အကဲခတ်ကြည့်ပြီး ရုတ်တရက် ပုံရိပ်တစ်ခုကို တွေ့သွားသည်။

“သေစမ်း ဘယ်လိုဖြစ်တာလဲ”

မာစီက အံကြိတ်လိုက်ကာ ကျွတ်ကျွတ် အသံများပင် ထွက်လာသေး၏။ သူဟာလည်း ဝမ်ချောင်က မျောက်ဝံကြီး၏ တိုက်ကွက်အောက်မှ လွတ်မြောက်သွားသည့်အပြင် အကွာအဝေး အနည်းငယ်ပင် ခြားထားနိုင်မည်ဟု မထင်ထားမိချေ။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များက သူ၏ကိုယ်မှ စတင်ကာ ပေါက်ကွဲလာသည်။

“ဒီတိုက်ပွဲနယ်မြေမှာ ဘယ်သူမဆို အသက်ရှင်လို့ ရတယ်။ ဒါပေမယ့် မင်းကတော့ သေရမယ်။ ဒါတောင်မှ မင်း က ထွက်ပြေးရဲသေးတာလား။ မင်းကိုယ်မင်း ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား”

သူ၏စိတ်က သတ်ဖြတ်လိုစိတ်ဖြင့် ပြင်းထန်လာသည်။ မာစီက ချက်ချင်းဆိုသလိုပင် မျောက်ဝံကြီးကို နောက်မှ ခုန်ပေါက်လျက် လိုက်ခိုင်းလိုက်သည်။ လှေထဲတွင် ရှိနေသေးသည့် အချိန်တွင်ပင် ထိုနောက် မျောက်ဝံကြီးက ကြီးမားသော လက်မောင်းကြီးကို လွှဲယမ်းလျက် နောက်ထပ် လက်သီးတစ်ချက် ထိုးပြန်သည်။ ဒီလက်သီးတစ်ချက် ယခင်တစ်ခေါက်ထက် ပို၍မြန်ဆန်ပြီး ကြမ်းတမ်းသေးသည်။

“မဟာအမတ် ကြည့်ပါဦး”

ရွယ်ချန်ကျွင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူက တစ်ခဏသာ စိတ်အေးနိုင်သည်။ ထို့နောက် တစ်ဖန်ထပ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းသွားပြန်သည်။

အခြားသောသူများက အလန့်တကြား အော်ကြသည်။ သူတို့၏ နှလုံးသားကလည်း လည်ပင်းတွင် တစ်နေလေသည်။ ဝမ်ချောင်က ချင်းချီ၏ ကာကွယ်ရေး ဗိုလ်ချုပ်လည်း ဖြစ်သလို စစ်တပ်တစ်ခုလုံး၏ အမိန့်ပေးသူလည်း ဖြစ်သည်။ လူတိုင်းက သူကိုသာ ကြည့်နေကြ၏။

ဝမ်ချောင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသော် သို့မဟုတ် အသက်သေသွားခဲ့မည်ဆိုလျှင် စစ်တပ်တစ်ခုလုံး၏ တိုက်ခိုက်လိုစိတ်က အမြစ်ပြတ် သုတ်သင်ခံရပြီး သူတို့က လဲပြိုကျပြီး အသေခံရန် အသင့်စောင့်နေရုံသာ ရှိတော့သည်။

သို့သော် လက်သီးက အောက်သို့ ကျလာသည့်အချိန်တွင် ဝမ်ချောင်က ဖြတ်ကနဲ လက်သွားပြန်သည်။ ထို့နောက် သူက ပုံရိပ်ယောင်ကိုသာ ချန်ထားရစ်ခဲ့လျက် တိုက်ကွက်ကို ရှောင်လိုက်သည်။ ဝမ်ချောင်၏ ခွန်အားက သူတောင်စင် သိုင်းနယ်မြေ အဆင့်ရှစ် ရောက်သွားပြီး ဖြစ်သည်။ ရုပ်အလောင်းက အင်အားကြီးမားသည်မှာ မှန်ကန်သော်လည်း ဝမ်ချောင်ကို သတ်ရန် တာဝန်က မလွယ်ပြန်ချေ။

မာစီက အစပိုင်းတွင် ကြောင်သွားသည်။ ထို့နောက် သူ၏မျက်ဝန်းက နီရဲသော ဒေါသများဖြင့် ပြည့်နှက်လာသည်။

“သေ သေ သေ”

ဝမ်ချောင်က ရှောင်လေလေ မာစီက သတ်ဖြတ်လိုစိတ် ရူးသွပ်လာလေလေ ဖြစ်သည်။

“မင်း တစ်ကြိမ် ရှောင်နိုင်တယ် နှစ်ကြိမ် ရှောင်လို့ ရတယ်။ ဒါပေမယ့် အကြိမ်တစ်ရာလောက်ထိတော့ ရှောင်နိုင်မယ် မထင်ဘူး။ နောက်ပြီး အကြိမ်တစ်ထောင်ထိ ငါက သတ်ခိုင်းလို့ရတယ်”

ဝေါင်း

မာစီ၏ ထိန်းချုပ်မှုအောက်တွင် ထိုမျောက်ဝံကြီးက လက်နှစ်ဖက်လုံးကို လွှဲယမ်းလိုက်ပြီး ဝမ်ချောင်ကို ဆက်တိုက် တိုက်ခိုက်သည်။ သို့သော် မာစီ သတိမထားမိသည်မှာ ဝမ်ချောင်က တိုက်ကွက်တစ်ကွက်ပြီး တစ်ကွက် ရှောင်ရှားနေလေလေ သူ၏မျက်ဝန်းက ကြည်လင်သထက် ကြည်လင်ကလာကာ အမူအယာက တည်ငြိမ်လာသည်။

နောက်မဆုတ်ဘူး ငါ နောက်ဆုတ်လို့ မရဘူး။

ဝမ်ချောင်၏ စိတ်အတွင်း ထိုအသံကသာ ဟိန်းထွက်နေသည်။ ထိုအသံက ကျယ်လောင်သထက် ကျယ်လာသည်။ မဟာထန်က ရှုံးလို့ မရဘူး။ မဟာထန် ရှုံးလို့ မရနိုင်ဘူး။

မျှော်လင့်ချက် ရှိမှာပါ။

သူ၏နားကို ဝင်ရောက်လာသည့် လေထဲမှ စူးရှသည့် အော်သံများက လေထုကို ထိုးခွဲလွှဲယမ်းနေသည့် ဓားများ၏ လွှဲယမ်းသံကဲ့သို့ ဖြစ်နေသည်။ သို့သော် ဝမ်ချောင်ကမူ စစ်တပ်တစ်ခုလုံး၏ အသားကုန် အော်ဟစ်သံကို ကြားနိုင်သေးသည်။ သူ၏ စစ်သားများက ထွက်ပြေး၍ အထိတ်တလန့် ‌အော်သံကို ကြားနေရသည်။

မြေပြင်သို့ စီးဝင်နေသည့် သွေးများ၏ စီးဆင်းပုံများကိုလည်း သိနေသေးသည်။ လက်နက်များ ကွဲကြေသံ၊ အလံများ ကျဆင်းသံ အားလုံးကို သူသိနေသည်။

သူ၏ယခင်ဘဝမှ နောက်ဆုံးသော တိုက်ပွဲကလွဲပြီး ဝမ်ချောင်အနေဖြင့် ယခုလောက်အထိ ဆိုးရွားလွန်းသော အခြေအနေကို မမြင်ဖူးချေ။

ဝမ်ချောင်က မျက်လုံး ပြန်ဖွင့်လိုက်သည့် အချိန်တွင် တစ်ဖက်မှ ကောင်းရှန်းကျစ်နှင့် လေထဲတွင် ထိပ်တိုက်ရင်ဆိုင်နေသည့် အားပုမူဆလင်ကို မြင်ရသည်။ အန်းချီစစ်နတ်ဘုရားက ဆိုးရွားသော အနေအထားမျိုး ဖြစ်သည်။ အနီးအနားတွင်လည်း အာရပ်လက်ထောက် ဗိုလ်ချုပ် ကျစ်ယက ချန်းချန်းလီနှင့် ရင်ဆိုင်နေသည်။ အဆင့်လွန်ခွဲခြားခြင်း ဝင်္ကပါ၏တစ်ခုလုံးက ကွဲရာများ ပြည့်နှက်နေပြီး အစင်းကြောင်းပေါင်း များစွာကလည်း ပေါ်နေသည်။ သူ၏ ကြယ်တာရာစွမ်းအင်မှ ချိန်းကြိုးများက ကွဲအက်တော့မည်ပုံ ပေါ်သည်။ အံ့အားသင့်စရာ အကောင်းဆုံး ကိစ္စကမူ အဆင့်လွန်ခွဲခြားခြင်း နတ်ဘုရား၏ ပိန်းဖိန့်အောင် မဲနက်နေသော ခန္ဓာကိုယ်က ဖောက်ထွင်းမြင်ရမတတ် ကြည်လင်လာသည်။ ထိုအရာက ပျက်ပြယ်တော့ပေမည်။

ထိုလက္ခဏာအရ ဝင်္ကပါကို ကြာရှည်စွာ ထိန်းထားနိုင်ခြင်း မရှိတော့ချေ။ သူ၏ ကြယ်တာရာ စွမ်းအင်က ဆက်တိုက်ကုန်ဆုံးလာနေပြီ ဖြစ်သည်။

အာရပ်နှင့် မော့ဟယ်မော့၏ ထပ်ခါတလဲလဲ လုပ်ကြံသတ်ဖြတ်မှုများကြောင့် အန်းချီကာကွယ်ရေး စစ်တပ်၏ ဆုံးရှုံးမှုက အလွန်ပြင်းထန်ခဲ့သည်။ အန်းချီကာကွယ်‌ရေး စစ်တပ်၏ ထောက်ပံ့မှုသာ မရှိလျှင် ချန်းချန်းလီက ထိုနတ်ဘုရား ဝင်္ကပါကိုပင် ဆက်ထိန်းနိုင်မည် မဟုတ်ချေ။

ရုတ်တရက် ကောင်းကင်တစ်ခွင် ကျယ်လောင်သော ဟိန်းသံက ပဲ့တင် ထွက်လာသည်။

“ဝမ်ချောင် မြန်မြန် အဲ့ဒီနေရာက ထွက်စမ်း”

ကျစ်ယနှင့် တိုက်ခိုက်နေရင်းမှ ချန်းချန်းလီ၏ အဆင့်လွန်ခွဲခြားခြင်း နတ်ဘုရားက ဝမ်ချောင်ဆီ ခေါင်းပြန်လှည့်ပြီး အော်ဟစ်သည်။ သူ၏မျက်ဝန်းအတွင်း အလျင်လိုမှု၊ စိုးရိမ်စိတ်များက ရှိနေသည်။

ထန်များက ဒီတိုက်ပွဲတွင် ရှုံးပြီးသား ဖြစ်သည်။ မည်သူကမှ ဝန်ခံချင်စိတ် ရှိရှိ မရှိရှိ ရှုံးပြီးသား ဖြစ်သည်။

အာရပ်များ၏ အရေအတွက်၊ ပေ့ဟယ်မော့များ အားလုံးက မဟာထန်က သူတို့ကို တားနိုင်သည့် အနေအထားမျိုးတွင် မရှိချေ။ ရှိနေသော စစ်သားများကို သုံးပြီး နောက်ဆုတ်ကာ အင်အားပြန်စုပြီး နောက်တစ်ကြိမ် တိုက်ခိုက်ခြင်းကသာ မဟာထန်အတွက် သင့်တော်သော လုပ်ဆောင်မှု ဖြစ်သည်။

“ဝမ်ချောင် မြန်မြန်“

ချန်းချန်းလီ၏ မျက်ဝန်းထဲမှ သွေးများ စီးကျလာသည်။ သူက တန်ကြေးတိုင်းကို ပေးဆပ်နေရ၏။ သူနှင့် ကာကွယ်ရေး ဗိုလ်ချုပ်တို့က ဒီနေရာမှ မထွက်သွားနိုင်ချေ။ ထို့ကြောင့် ဝမ်ချောင်တစ်ယောက်တည်းကသာ စစ်တပ်ကို ဦးဆောင်ပြီး နောက်ပြန်လှည့်နိုင်မည် ဖြစ်သည်။ အစပိုင်းကတည်းက သူက ဒီနေရာတွင် ပေါ်မလာသင့်ပါချေ။ ချင်းချီ ကာကွယ်ရေးစစ်တပ်က သူတို့ကို လာရောက်ကယ်ဆယ်ထား၍သာ ဒီလို အနေအထားမျိုးကို ကြုံရခြင်း ဖြစ်သည်။

အန်းချီကာကွယ်ရေး စစ်တပ်၏ တာဝန်က နောက်ဆုတ်မှုကို ကာကွယ်ပေးရမည် ဖြစ်သည်။

ပို၍ဆိုးသည်မှာ သူနှင့် ကောင်းရှန်းကျစ်က အိုနေလေပြီ။ ဝမ်ချောင်ကမူ ငယ်သေးသည်။ သူက အလွန့်လွန့် ငယ်သေးသည်။ သူက ဆယ့်ခုနှစ်သာ ရှိသေး၏။ သူ၏ ဉာဏ်ပညာ၊ သူ၏ ပါရမီ၊ သူ၏ ဗျူဟာကို လုပ်နိုင်စွမ်းအားလုံးက လိုက်နိုင်ရန် ခက်ခဲလောက်အောင်ပင် ဖော်ပြထားသည်။ ထို့အတွက်ကြောင့် ချန်းချန်းလီနှင့် ကောင်းရှန်းကျစ်တို့ကလည်း ဂုဏ်ယူမှုအပြည့်နှင့် သက်ပြင်းချရသည်။

ဝမ်ချောင်ကသာ အသက်ရှင်လျှင် အကန့်အသတ်မဲ့သည့် အလားအလာများကို ထုတ်ပြနိုင်ဦးမည် ဖြစ်သည်။ မဟာထန်ကလည်း အကန့်အသတ်မဲ့သည့် အလားအလာကို ပိုင်ဆိုင်နိုင်ဦးမည် ဖြစ်သည်။

ထို့အတွက်ကြောင့်လည်း ချန်းချန်းလီနှင့် ကောင်းရှန်းကျစ်တို့က သူတို့ကိုယ်သူတို့ စတေးရန် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။

လူတစ်ယောက်တည်းသာ ရှင်ရမည်ဆိုလျှင် ဝမ်ချောင်ကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

ဝုန်း

အချိန်တစ်ခု ကြာပြီးနောက် လျှပ်စီးလက်သလိုမျိုး စိုးရိမ်လှိုင်းပေါင်းများစွာက ရောက်ရှိလာကာ လေထုကို ထိုးခွဲသွားသည်။ ထိုအခိုက် ပိန်းဖိန့်အောင် မဲမှောင်သည့် တိမ်စိုင်များက အရပ်မျက်နှာ အနှံ့မှ စုဝေး လာပြီး တိုက်ပွဲနယ်မြေပေါ် ဆင်းသက်လာသည်။ သာလှနယ်မြေ တစ်ခုလုံးက မိုးကြိုးမုန်တိုင်းအောက်တွင် တသိမ့်သိမ့်တုန် လာသည်။

ဝုန်း

လျှပ်စီးတန်း တစ်ခုနှင့်အတူ ဝမ်ချောင်က ခေါင်းကို မော့လိုက်လျက် စတင်ကာ အလုပ်လုပ်သည်။ သူ၏ခန္ဓာကိုယ်က ယိမ်းယိုင်သွားသည်။ သို့သော် သူက နောက်ဆုတ်သွားခဲ့ခြင်း မဟုတ်ပဲ သူ၏အရှေ့မှ ကြီးမားသော မျောက်ဝံတည့်တည့် ခုန်ထွက်သွားခြင်း ဖြစ်သည်။

“ဝမ်ချောင်”

“ကာကွယ်ရေး ဗိုလ်ချုပ်ဝမ်”

အရပ်မျက်နှာ အနှံ့မှ အံ့အားတကြီး အော်ဟစ်သံများက ပေါ်ထွက်လာသည်။ ကောင်းရှန်းကျစ်ပင် ဖြစ်စေ၊ ချန်းချန်းလီပင် ဖြစ်စေ ဝမ်ချောင်ဟာ ဒီလိုအခြေအနေမျိုးတွင် နောက်ဆုတ်ရန် ရွေးချယ်ရမည့်အစား ပေ့ဟယ်မော့ထံ တိုက်ရိုက်ခုန်ဝင်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထိုအခိုက် ဝမ်ချောင်က တစ်လောကလုံး၏ စကားလုံးကို မကြားသည့် အကန်းတစ်ယောက်လို ဖြစ်သွားသည်။ နောက်ဆုတ်လျှင် သေရမည် ဖြစ်သည်။ သူကလည်း ထာဝရအမှောင်ထုထဲ ကျရောက်သွားရဦးမည် ဖြစ်၏။ ထို့သို့သော ရွေးချယ်မှုကို သူက ဘယ်သောအခါမှ ရွေးချယ်လိမ့်မည် မဟုတ်ချေ။

“ဟ”

အော်သံတစ်ချက်နှင့်အတူ ဝမ်ချောင်က မျောက်ဝံကြီး၏ လက်မောင်းပေါ်သို့ သေးငယ်သော ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ စတင်ကာ ကုန်းတက်သည်။ သူက တက်လိုက်ပြီးနောက် သူ၏ဝုစ်သံမဏိဓားကို ယမ်းလိုက်ပြီး တောက်ပလွန်းသော အဖြူရောင်ဓားရှိ အလင်းတန်းကို ထုတ်လွှတ်သည်။ လေထုက တုန်ခါသွားပြီးနောက်တွင် အဖြူရောင်ဓားချီများက ခရမ်းရောင်အဖြစ် ပြောင်းလျက် ထိုမျောက်ဝံ၏ ကိုယ်ကို လှီးဖြတ်သည်။

ဒီတိုက်ကွက်တွင် ဝမ်ချောင်က လုပူ၏ခွန်အားကို ပေါင်းစပ်ပြီး နတ်ဘုရားနှင့် မိစ္ဆာပျက်စီးခြင်း သိုင်းကို သုံးခဲ့ခြင်း ဖြစ်သည်။

“အာ ဝူး”

မျောက်ဝံကြီးက ငယ်သံပါအောင် အော်ဟစ်သည်။ သူ၏ ကြီးမားလှသော လက်မောင်းကြီးကို နောက်ပြန်ဆုတ်သည်။ သူ၏ တစ်ကိုယ်လုံးက ပြင်းထန်သည့် နာကျင်မှုမျိုးကြောင့် ယမ်းခါသွားသည်။ ပို၍ဆိုးသည်မှာ ထိုအကောင်၏ ရက်စက်ပြီး ကြမ်းတမ်းသော မျက်ဝန်းများက ဝရုန်းသုန်းကား ဖြစ်ပြီး ကစဉ့်ကလျား ဖြစ်ကာ မတည်မငြိမ် ဖြစ်သွားသည်။

ဝုန်း

ဝမ်ချောင်က ဖျက်ဆီးခံထားရသည့် တိုက်ပွဲနယ်မြေပေါ် ခြေပြန်ချသည်။ ထို့နောက် အော်ဟစ်နေသည့် မျောက်ဝံကို ကြည့်သည်။ သူက မြေပြင်ပေါ်သို့ ရုတ်တရက် လက်သီးဖြင့် ထိုးချလိုက်သည်။

“မကောင်းတော့ဘူး”

ရုတ်တရက် ဝမ်ချောင်၏ မျက်လုံးက ပြူးကျယ်သော တစ်စုံတစ်ရာကို သတိထားမိလိုက်သည်။ ထိုမျောက်ဝံကြီး၏ လက်သီးထိုးချက်က သူ့ဆီချိန်ရွယ်နေတတ်သည်။ သို့သော် ယခုလက်သီးထိုးချက်ကမူ သူ့ဆီ ချိန်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော် ဦးတည်ရာဘက်ကမူ …

အပိုင်း(၉၇၅)

ဝုန်း

ရုတ်တရက် ဝမ်ချောင်၏ ခေါင်းအတွင်း အတွေးတစ်ချက်က ဝင်ရောက်သွား၏။ သူက ဆက်ရပ်နေပြီး မရှောင်တော့ရန် ဆုံးဖြတ်လိုက်သည်။

ဘုန်း

အုတ်ကျိုးအုတ်ပဲများ၊ အမှုန်အမွှားများ၊ အပိုင်းအစများကလည်း လေထဲတွင် မြောက်တက်သွားသလို အမွှေးအပြည့်နှင့် မဲနက်နေသော လက်သီးကြီးက ဝမ်ချောင်ရှိရာ ခုနှစ်ကျန်းဝန်းကျင် အကွာသို့ လက်သီးဖြင့် ထိုးလာသည်။

ခွက်

ဝမ်ရှောင်ရှိရာဘက်သို့ ကြီးမားသော ကျောက်တုံးကျိုးကြီး တစ်ခုက လွှင့်ပျံလာသည်။ သို့သော် ဝမ်ချောင်နှင့် တစ်ကျန်းခန့် အကွာသို့ ရောက်ပြီးနောက် ကြယ်တာရာစွမ်းအင်၏ မမြင်ရသော အကွာအကွယ်လိုင်း တစ်ခုဖြင့် တားခံလိုက်ရသည်။

“မဟုတ်သေးဘူး”

ဝမ်ချောင်က ဆက်ရပ်နေသေးသည်။ သူ၏ကိုယ်တွင် ခြစ်ရာလည်း မထင်သလို ထိခိုက်သွားခြင်းလည်း မရှိချေ။ ထိုအခိုက် သူက အကြံအချို့ ရလာပြီ ဖြစ်သည်။ သို့သော် သူကိုယ်တိုင်လည်း သေချာနားမလည်နိုင်ချေ။

ဝုန်း

မျောက်ဝံကြီးက လက်သီးတစ်ဖန် ထပ်ထိုးပြန်သည်။ ပို၍ပင် မှင်သက်ဖွယ် ကောင်းသည်မှာ ဝမ်ချောင်နှင့် ကျန်းပေါင်းများစွာ အကွာသို့ ဖြစ်နေသေးခြင်း ဖြစ်သည်။

ဝမ်ချောင်က ထိုမျောက်ဝံကြီးက မုန်းတီးမှုများ ခြောက်ကပ်သွားသလိုမျိုး သူ့နောက်သို့ လိုက်ဖမ်းလိုစိတ် မရှိတော့ကြောင်း နားလည်လိုက်သည်။

“သေစမ်း ဒီခရမ်းရောင် မီးတောက်က ဘာလဲ”

မြေအောက် အနက်ရှိုင်းဆုံးအပိုင်းမှ မာစီက အံကို ကြိတ်ထားသည်။ သူ၏မျက်ဝန်းအတွင်း အံ့အားသင့်မှုက ပေါ်ထွက်လာသည်။ သို့သော် ခပ်မြန်မြန်ပင် ပြန်လည် ထိန်းချုပ်လိုက်နိုင်သည်။ သူက မြင့်မြတ်သူကို ထိန်းချုပ်နိုင်သော မျက်တောင်တစ်ခတ် အချိန်တွင် ကြမ်းတမ်းသည့် မျောက်ဝံကြီး၏ မျက်ဝန်းများက ပြန်လည်ထွက်ပေါ်လာသည်။ တစ်ဖန်ထပ်ပြီး ဝမ်ချောင်ထံ ကြမ်းတမ်းသော လက်သီးဖြင့် ထိုးတော့သည်။ ဒီတစ်ကြိမ်တွင်မူ အမှားအယွင်း မရှိတော့ချေ။ ဝမ်ချောင်ရှိရာ ခေါင်းတည့်တည့်သို့ တည့်တည့်ချိန်လိုက်သည်။

ဘုန်း

အုတ်ကျိုးအုတ်ပဲများ၊ ဖုန်များက လေထဲသို့ လွှင့်ထွက်သွားသည်။ သို့သော် ထိုမျောက်ဝံကြီးက လွဲသွားပြန်၏။ ဝမ်ချောင်ကလည်း မျောက်ဝံ၏ သံမဏိလက်သီးနှင့် ကပ်သီးလေး ရှောင်လိုက်ပြန်သည်။ ဒီတစ်ကြိမ်တွင် ဝမ်ချောင်က ထိုမျောက်ဝံကို အာရုံမစိုက်တော့ပဲ အာရပ်မြောက်မြားစွာ ရှိနေသော တိုက်ပွဲနယ်မြေသို့ ဒုန်းဆိုင်းပြေးသွားသည်။ ထိုနေရာတွင် ပေ့ဟယ်မော့များက ဖျက်ဆီးမှု အများဆုံး ပြုနေရာ နေရာဖြစ်သည်။ သူက ထိုနေရာသို့ သွားလိုက်သည့် အချိန်တွင် ဝမ်ချောင်၏ မျက်ဝန်းက တိုက်ပွဲနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံထားပြီးသား ဖြစ်သည်။

သူ၏နှလုံးသားထဲမှ ခံစားချက်က ပြင်းထန်သထက် ပြင်းထန်လာပြီး အမှန်တရားက ပေါ်လုနီးပါး ဖြစ်လာလေသည်။

မှားနေသေးတယ် မှားနေတုန်းပဲ။

ငါ တွေးဖို့လိုနေတဲ့ အချက်တစ်ခုခု ရှိလိမ့်မယ်။ ပေ့ဟယ်မော့မှာ အားနည်းချက် ရှိတယ်။ သေချာပေါက် ရှိရမယ်။ အခုလေးတင် ပေါ်လာခဲ့ပြီး နောက်ပြန်ပျောက်သွားတယ်။ အဲ့ဒီအတွက် အကြောင်းပြချက် ရှိရမယ်။ ဝမ်ချောင်၏ စိတ်အတွင်း မိုးခြိမ်းသံများက ပေါ်လာသည်။

“ဒီကျူးကျော်သူက ဘာတွေးနေတာလဲ။ သူက သူ့ကိုယ်ပိုင်စွမ်းအားလောက်နဲ့ ငါ့ရဲ့ ပေ့ဟယ်မော့ သုံးကောင်ကို တားနိုင်မယ် ထင်နေတာလား”

မြေအောက်ထဲမှ မာစီကလည်း ဝမ်ချောင်၏ လှုပ်ရှားမှုကြောင့် ကြောင်သွားသည်။ သို့သော် ခပ်မြန်ိမြန် ပြန်လည်တည်ငြိမ်သွားသည်။

“ဟွန့် သေခြင်းတံခါးမှာတောင် ရုန်းကန်နေချင်သေးတယ်။ မင်းက သေရဦးမှာပဲ”

မာစီက အင်အားမကြီးပါချေ။ သို့သော် သူက သူ၏ကင်းခြေများ မကောင်းဆိုးဝါးမှ စွမ်းအားကို ချေးငှားယူပြီး မြေအောက် အနက်ရှိုင်းဆုံး အပိုင်းသို့ ဝင်တိုးနိုင်သည်။ ထို့ကြောင့် မည်သူကမှ သူ့ကို ဒုက္ခမပေးနိုင်ချေ။ သူဟာ သူ၏အဆင့်လွန် ပေ့ဟယ်မော့ လေးကောင်ကို ထိန်းချုပ်ထားနေချိန်တွင် မည်သူကမှလည်း သူ့ကို ဒုက္ခမပေးနိုင်ချေ။ မဟာဗိုလ်ချုပ်ကြီးများကပင် သူ့ရှေ့တွင် ခေါင်းညွှတ်ရပေလိမ့်မည်။

မြေပေါ်မှ ဝမ်ချောင်က အခြေအနေကို သတိမထားမိသေးချေ။ သူ၏အကြည့်က အနောက်မြောက်ဘက် အကျဆုံးအပိုင်းမှ ဝက်ဝံဖြူ ပေ့ဟယ်မော့ဆီ ရောက်သော် ရုတ်တရက် အေးခဲသွားသည်။ ကြီးမားသော ဝက်ဝံဖြူကြီးက သာလှမြို့ရိုးရှိရာဘက်သို့ ခြေလှမ်းကြီးများဖြင့် လှမ်းသွားလေသည်။ သို့သော် သူဟာ နောက်တန်းမှ ချီတက်လာသော အာရပ်စစ်တပ် တစ်အုပ်ကို နင်းခြေလုနီးပါး အနေအထားမျိုးထိ နီးကပ်သွားပြီး ရုတ်ချည်းဘေးသို့ ပြန်လှည့်ကာ အခြားတစ်ဖက်သို့ သွားသည်။

စစ်သည် သိန်းပေါင်းများစွာ တိုက်ခိုက်နေသော တိုက်ပွဲနယ်မြေတွင် ဝက်ဝံဖြူ ပေ့ဟယ်မော့၏ ထူးဆန်းသော မြင်ကွင်းကို သတိထားမိရန် ခက်သည်။ စက္ကန့်အနည်းငယ်သာ ကြာပြီး ချက်ချင်း ပြောင်းသွားခဲ့ခြင်း ဖြစ်သည်။ ဝမ်ချောင်ကသာ စောင့်ကြည့်နေခဲ့ခြင်း မဟုတ်လျှင် သတိထားမိမည် မဟုတ်ချေ။

“မဟုတ်သေးဘူး”

ဝမ်ချောင်၏ စိတ်က ကစဉ့်ကလျား ဖြစ်သွားသည်။

ဝုန်း

သူ၏အကြည့်က တိုက်ပွဲနယ်မြေပေါ်သို့ ရောက်သွားသည်။ ထိုနေရာတွင် ကြီးမားသော ဖုတ်ကဲ့သို့ ပေ့ဟယ်မော့ကြီးက မီးတောက်များကို မှုတ်ထုတ်လျက် အခြားသော ပေ့ဟယ်မော့များနှင့်အတူ ပူးပေါင်းလိုက်သည်။ သို့သော် ထူးဆန်းသော အရာများကို သတိထားမိပြန်သည်။

အာရေးဗီးယား ပေ့ဟယ်မော့ နှစ်ကောင်က ပတ်ဝန်းကျင် တစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်းအား အပြည့်နှင့် ချီတက်နေခဲ့တိုင်အောင် တစ်ကောင်နှင့်တစ်ကောင် အကွာအဝေး ခြားရသေးသည်။ သူတို့က နီးသထက် နီးသွားပြီး အချင်းချင်း ဝင်တိုက်တော့မည့် အချိန်တွင် မမြင်ရသော ကြိုးများက သူတို့၏ခေါင်းကို ပြန်ဆွဲသလိုမျိုး အကွာအဝေး ခြားသွားစေပြန်သည်။ ထိုပေ့ဟယ်မော့များက ဝင်တိုက်လုနီးပါး အနေအထားမှ နဂိုလမ်းကြောင်းသို့ ပြန်ရောက်သွားကြပြီး အကွာအဝေးကို ထိန်းထားကြ၏။ ထို့သို့ဖြင့် သူတို့ဟာ တစ်ခဏအတွင်း ချီတက်ကြ၏။

ဝမ်ချောင်၏ မျက်လုံးက ပြူးသွားသည်။ သူ ခံစားနေရသော ခံစားချက်က အထွဋ်အထိပ်သို့ ရောက်သွားသည်။

ဝေါင်း

မျောက်ဝံကြီးကလည်း သူ့ကို မှီလာပြီ ဖြစ်သည်။ ပိန်းဖိန့်အောင် မဲမှောင်လွန်းသော လက်သီးလုံးကြီးက တောင်တန်းထက်ပင် ကြီးမားသေးသည်။ ထိုအရာက တောင်တန်းကိုပင် ပြိုကျသွားအောင် လုပ်နိုင်၏။ ထိုလက်သီးကြီးက ဝမ်ချောင်ကို ချိန်ရွယ်လာသည်။ ဝမ်ချောင်က မြေပြင်တွင် ဖြစ်သည်။ ဝက်ဝံကြီး၏ အမြင့်နှင့် ယှဉ်သော် သူက ဝမ်ချောင်ကို တိုက်ရန်အတွက် မြေပြင်ကို ကုန်းကာ ကြည့်နေရသည်။

ထူးဆန်းသည်မှာ သွေးနီရောင် မျက်ဝန်းများက မြေပြင်ကို အာရုံစိုက် နေခြင်း မဟုတ်ချေ။ သူ၏စိတ်နှင့် ကိုယ်က တစ်သတ်မတ်တည်း ဆောင်ရွက်နေခြင်း မရှိသော ထူးခြားသည့် လည်ပတ်မှုမျိုး ရှိလာသည်။ သူက ထိန်းချုပ်ခံနေရပုံ ပေါ်သည်။

ဘန်း

ဝမ်ချောင်၏ ကိုယ်က တုန်ယင်သွားသည်။ ထိုအတွေးက သူ၏ကိုယ်ပေါ်အတွင်းသို့ လွှမ်းမိုးသွား၏။ နောက်ဆုံးတွင် သူက အခြေအနေကို နားလည်လိုက်သည်။

ဒီပေ့ဟယ်မော့ လေးကောင်က ထိန်းချုပ်ခံနေရတာပဲ။

ထိုပေ့ဟယ်မော့များက မသိစိတ်အတိုင်းသာ လုပ်ဆောင်တတ်သည်။ ဆိုလိုသည်မှာ သူတို့က ထန်နှင့် အာရပ်ကို မခွဲခြားနိုင်သေးချေ။ ပေ့ဟယ်မော့များကလည်း အရှေ့မှ အာရပ်များကို သတိမထားမိ သလိုမျိုး ကိုင်တွယ်သင့်သည်။ အလားတူစွာပင် ပေ့ဟယ်မော့များ၏ မသိစိတ် လှုပ်ရှားမှုအရ ဘယ်သောအခါမှ တစ်ဖြောင့်တည်း သွားလိမ့်မည် မဟုတ်ချေ။ မျောက်ဝံကြီးက ဆိုလျှင်လည်း သူ၏မျက်ဝန်းနှင့် လက်က အစီအစဉ်တကျ လည်ပတ်မှု မရှိ အနေသော အနေအထားမျိုးတွင် ပြုမူသေးသည်။ ထိုသို့ သေးငယ်သည့် အမှားများအရ တစ်စုံတစ်ယောက်ဟာ ထိန်းချုပ်နေကြောင်း သိသာသွားသည်။

တစ်ကြိမ်နှစ်ကြိမ်ဆိုလျှင် တိုက်ဆိုင်သည်ဟု ဆို၍ရသည်။ သို့သော် သုံးကြိမ်ကမူ သေချာသွားလေပြီ။ ပေ့ဟယ်မော့ လေးကောင်လုံးက ပုံမှန်တိုင်း မပြုမူချေ။

စိတ်စွမ်းအား စွမ်းအင်။

ဝမ်ချောင်၏ မျက်ဝန်းက တောက်ပသွားသည်။ လူတစ်ယောက်က အခြားသော ဖြစ်တည်မှုကို ထိန်းချုပ်လိုလျှင်၊ ပေ့ဟယ်မော့ကဲ့သို့ အလွန်အမင်း ကြီးမားသော ခန္ဓာကိုယ်ကြီးကို ထိန်းချုပ်နိုင်လိုလျှင် ကြယ်တာရာစွမ်းအင်များနှင့် အသုံးပြု၍ မရနိုင်ချေ။ ထိုသို့ အသုံးပြုနိုင်သည့် စွမ်းအင်ကမူ စိတ်စွမ်းအား ဖြစ်သည်။

ဒါပေမယ့် အဲ့တာက ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ ပေါ်လာတာလဲ။ ကပ်ဘေးက မဆင်းသက်သေးဘူး။ ဒီတော့ ဒီလောက်မြောက်မြားတဲ့ စိတ်စွမ်းအားကို ပိုင်ဆိုင်ထားတဲ့လူက ဘယ်လိုလူ ရှိနိုင်မှာလဲ။ နောက်ပြီး ဒီလောက်ကြီးတဲ့ အကောင်ကိုတောင် ထိန်းနိုင်နေသေးတယ်။

ဝမ်ချောင်၏ စိတ်က ဝရုန်းသုန်းကား ဖြစ်သွားပြီး သူက အံ့အားတကြီး ဖြစ်သွား၏။ သိုင်းပညာရှင်များက အုပ်စိုးသော လောကတွင် လူတိုင်းက ကြယ်တာရာစွမ်းအင်ကိုသာ ကျင့်ကြံကြသည်။ အင်အားကြီးမားသော သိုင်းပညာရှင်များကလည်း တစ်လောကလုံးအနှံ့ ရှိနိုင်သည်။ သို့သော် လေးစားဖွယ်ကောင်းသည့် စိတ်စွမ်းအား ကျွမ်းကျင်ပညာရှင်များကမူ အလွန့်အလွန် နည်းလွန်းသည်။ ဝမ်ချောင်က ကပ်ဘေးကာလအတွင်း ကျူးကျော်လာသော ကျူးကျော်သူများ ထံမှသာ စိတ်စွမ်းအင်ကို တွေ့နိုင်ခဲ့လေသည်။

ထိုစိတ်စွမ်းအင်က ပုံသဏ္ဍာန်မဲ့သည်။ ရုပ်ဝတ္တုအနေအထားမျိုးနှင့်လည်း မရှိချေ။ ထို့ကြောင့် သက်ရောက်သည့် တိုက်ကွက်မျိုး ဖွဲ့စည်းရန် ခက်ခဲသည်။သို့ရာတွင် ထိုလူများက အလွန်သိပ်သည်းသော စိတ်စွမ်းအားများကို မာကြောသော ပုံသဏ္ဍာန်ဖြင့် ပြောင်းလဲလျက် အင်အားကြီးသော သိုင်းပညာရှင်များကို ထိခိုက်အောင် လုပ်နိုင်သည်။ သူတို့ဟာ လက်ရွေးစင် ဗိုလ်ချုပ်များကိုပင် ထိန်းချုပ်နိုင်ခဲ့သေး၏။ သို့သော် ထိုသို့သော စွမ်းအင်မျိုးကိုလည်း အခြားလောကမှ ကျူးကျော်လာသော သူများတွင်သာ ပါလာတတ်လေသည်။ သူတို့နှင့် တိုက်ခိုက်ပြီးမှသာ လူသားကျွမ်းကျင် ပညာရှင်များဆိုသော စွမ်းရည်မျိုး ရှိလာခဲ့ကြောင်း နားလည်လာခဲ့ပြီး စိတ်စွမ်းအားကို လေ့လာဖြစ်ခဲ့သည်။

သို့သော် ထိုအခြေအနေဖြစ်ရန် နှစ်ပေါင်းများစွာ လိုအပ်နေသေးသည်။ ဝမ်ချောင်ကလည်း ယခုကာလ အတောအတွင်း စိတ်စွမ်းအား ကျွမ်းကျင် ပညာရှင်များ တွေ့ရလိမ့်မည်ဟု မထင်ထားမိ‌ပါချေ။

ဘာတွေဖြစ်နေတာလဲ။ ဘာလို့ appsitcliphateမှာ ဒီလို စိတ်စွမ်းအား ကျွမ်းကျင်ပညာရှင် တစ်ယောက်က ရှိနေတာလဲ။

ဝမ်ချောင်၏ စိတ်က ပုံသဏ္ဍာန်များဖြင့် ပြည့်နှက်လာသည်။ သူက နားလည်ထားသည့် အကြောင်းအရာ အားလုံးက ပြောင်းပြန်ဖြစ်သွားသလို ခံစားရသည်။ သိုင်းပညာရှင်များကပင် စိတ်စွမ်းအား ကျွမ်းကျင်ပညာရှင်များကို တိုက်ခိုက်ရန် ခက်ခဲနိုင်သည်။ သို့သော် _ _ _

အစစ်အမှန် ခန္ဓာကိုယ်ကို ရှာတွေ့ရင်တော့ တစ်မျိုးပေါ့။

ထိုအတွေးနှင့်အတူ ဝမ်‌ချောင်က ခပ်မြန်မြန် စိတ်ဆုံးဖြတ်လိုက်သည်။ ဝမ်ချောင်နှင့် တစ်ဖက်မှ သိုင်းပညာရှင်များ အကြားမှ အကြီးမားဆုံး ခြားနားချက်က သူဟာ ပြန်လည်မွေးဖွားလာသူ ဖြစ်သည်။ ထို့ကြောင့် သူ၏ သိုင်းပညာက အထွဋ်အထိပ်သို့ မရောက်ရှိသေးသော်လည်း သူ၏ စိတ်စွမ်းအားကမူ စစ်သူတော်စင် အဆင့်တွင် ရှိနေသည်။

ဘန်း

ဝမ်ချောင်က ရှေ့သို့ ခုန်တက်လိုက်သည်။ တစ်ဖန်ထပ်ပြီး မျောက်ဝံ၏ တိုက်ကွက်ကို ရှောင်လိုက်ပြန်၏။ တစ်ချိန်တည်းတွင်ပင် သူ၏ဘယ်လက်က ထူးဆန်းသော လက်ရှည်ကြီး ပုံသဏ္ဍန်ကို ပြုလုပ်လိုက်သည်။ ထို့နောက် တစ်ခဏတွင် ခမ်းနားသော စိတ်စွမ်းအားများက သူ၏နဖူးမှ ပန်းထွက်လာပြီး လေထဲသို့ ဝင်ရောက်သွားသည်။

အစပိုင်းတွင်မူ သူက သတိမထားမိခဲ့ချေ။ လေထုက ပုံမှန်မဟုတ်မှုကို မပြသပါချေ။ သို့သော် မျောက်ဝံက လက်မောင်းများကို ဆုတ်ယုတ်သွားပြီးနောက် သူ၏ သွေးနီရောင် မျက်ဝန်းက ထိုနေရာတစ်ခုလုံးကို ခြုံကြည့်လာသည်။ ဝမ်ချောင်ကလည်း ကောင်းမွန်စွာ ပုန်းကွယ်နေသည့် စိတ်စွမ်းအင် အားလိုင်းများက ထိုဝက်ဝံ၏ ခန္ဓာကိုယ်ကို ကျော်ဖြတ်သွားလျက် ပျောက်ကွယ်သွားကြောင်း တွေ့လိုက်သည်။ ဝမ်ချောင်က သေချာကြည့်နေသောကြောင့်သာ မဟုတ်လျှင် သတိထားမိမည် မဟုတ်ချေ။

“အဲ့ဒီမှာပဲ”

ဝမ်ချောင်၏ အကြည့်က စိတ်စွမ်းအင်လှိုင်းများ ထွက်လာရာဘက်သို့ ရောက်သွားသည်။ သို့သော် ထိုနေရာကို မြင်လိုက်ရသောအခါ သူ၏မျက်နှာက တင်းမာသွား၏။ ထိုစိတ်စွမ်းအင် အားလိုင်းများက မြေအောက်ထဲမှ လာသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ဝမ်ချောင်က မှင်သက်သွားပြန်သည်။ သူ ခန့်မှန်းထားသည့် အတိုင်းပင် ထိုစိတ်စွမ်းအင် သုံးသည့် ကျွမ်းကျင်ပညာရှင်က အနီးအနားတွင် ဖြစ်ပြီး အာရပ်စစ်တပ်အတွင်းသို့ ပုန်းနေသည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာမှာ တစ်ဖက်တစ်ယောက်က မြေအောက်ထဲတွင် ပုန်းနေခဲ့သည်။ ထို့အပြင် မမျှော်လင့်ထားသော အခြေအနေမျိုး ဖြစ်လာသည်။

ဝမ်ချောင်၏ သူတော်စင်သိုင်း နယ်မြေ အဆင့်ရှစ်ခွန်အားနှင့်ဆိုလျှင် တစ်ဖက်သူက မြေပြင်အထက်တွင် ရှိ နေသမျှ တိုက်ခိုက်နိုင်ဦးမည် ဖြစ်သည်။ လေထဲတွင်ဆိုလည်း ရသည်။ သို့သော် မြေအောက်ထဲသို့ ရောက်သွားလျှင်မူ သူ၏စွမ်းအင်က အကန့်အသတ် ရှိသည်။

“အား”

ဝမ်ချောင်က ရုတ်တရက် ကျယ်လောင်စွာ အော်သံကို ကြားလိုက်ရသည်။

“ဗိုလ်ချုပ်ကို ကယ်”

ဝမ်ချောင်က အံအားတကြီး လှည့်ကြည့်လိုက်သည်။ ထိုအခါ အဝေးမှ ချန်းရှုစွန်းကို တွေ့လိုက်ရ၏။ ရှန်းရှုစွန်း၏ မျက်နှာက ဖြူဖျော့နေသည်။ သူက အပေါ်သို့ စိတ်ပျက်အားငယ်မှု အပြည့်နှင့် ကြည့်နေ၏။ သူ၏ အကြည့်နောက်သို့ လိုက်ကြည့်မိလိုက်သောအခါ ကြီးမားသော ရွှေရောင်သံချပ်ကာဝတ် နတ်ဘုရားကြီးကို သတိထားမိလိုက်သည်။ ထိုနတ်ဘုရားကြီး၏ သံချပ်ကာက ကွဲအက်သွားပြီဖြစ်ပြီး အရှိန်အဝါက မှေးမှိန်သွားသည်။ အရှေ့ဘက်တွင်လည်း မီးများ မှုတ်ထုတ်နေသည့် ဖွတ်ကြီးက ပါးစပ်ကြီးကို ဖြဲလိုက်ပြီး ဖျက်ဆီးခြင်း စွမ်းအား အပြည့်ပါသော မီးတောက်ကို တစ်ဖန် မှုတ်ထွက်လိုက်ပြန်သည်။ သူ၏ပစ်မှတ်ကမူ ရွှေရောင်သံချပ်ကာဝတ် နတ်ဘုရားဖြစ်သည်။

ဝုန်း

ထိုမီးတောက်က တစ်ကျန်းကျော်ခန့် ဖြတ်သန်းလာသည်။ ရွှေရောင်သံချပ်ကာနှင့် နတ်ဘုရားကြီးက အကန့်အသတ်သို့ ရောက်နေပြီးသား ဖြစ်ပြီး အချိန်မရွေး ပြိုလဲကျတော့မည်ဖြစ်သည်။ ထိုမီးတောက်ကိုသာ ထိမှန်ခံလိုက်ရမည်ဆိုလျှင် နတ်ဘုရား ထိန်းချုပ်သူက သေမည် သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည်။ ထိုအခြေအနေ က မဟာထန်အတွက် ဆိုးရွားသော အနေအထားလည်း ဖြစ်လေသည်။

All Chapters