← Chapters

အခန်း (၉၈၁-၉၈၅)

Vol. 55 Ch. 981-985

အခန်း (၉၈၁-၉၈၅)

Vol. 55 Ch. 981-985

အခန်း(၉၈၁)

အမှောင်ထု... အသူရာလောက

“ကောင်လေး မင်းကိုယ်မင်း အထင်ကြီးမနေနဲ့။ စိတ်စွမ်းအားစွမ်းအင်လောကက မင်းထင်ထားသလောက် လွယ်ကူမနေဘူး”

မာစီကအော်သည်။ မိစ္ဆာနတ်ဆိုးတစ်ပါး၏ ကြီးမားသော အနက်ရောင်လက်ကြီးတစ်ဖက်က အမှောင်ထု ပင်လယ်ထဲမှ ရုတ်ချည်းထိုးထွက်လာပြီး အနက်ရောင် မီးတောက်များ ခြံရံထားသည့် ခက်ရင်းခွကြီး တစ်လက်ကို လွှဲယမ်းလာသည်။ အနက်ရောင်ရေစင်များက လိမ့်တက်လာပြီးနောက် ဝမ်ချောင်၏ စိတ်စွမ်းအား စွမ်းအင်နဂါးများကို တွန်းတိုက်လာသည်။

ခွက်

အနက်ရောင် နဂါးတစ်ကောင်က ထိုခက်ရင်းခွကြောင့် အောက်မေးရိုး အထိုးခံလိုက်ရပြီး မီးခိုးမြူများအဖြစ် ပြောင်းလဲကာ ပေါက်ကွဲသွားသည်။ အနက်ရောင် မိစ္ဆာနတ်ဆိုးကြီးက နောက်ထပ်တစ်သုတ် လွှဲယမ်းလိုက်သည့် အချိန်တွင် ပေါက်ကွဲသံဆက်တိုက် ထွက်ပေါ်လာသည်။ နောက်ထပ် နဂါးရှစ်ကောင်က ထိုးဖောက်ခံလိုက်ရသည်။ အနက်ရောင်မိစ္ဆာ နတ်ဆိုးကြီးက နဂါးများထက် သန်မာနေသည်မှာ ရှင်းလင်းလွန်းနေသည်။

သို့ရာတွင် မိစ္ဆာနတ်ဆိုးက စွမ်းအားကြီးမားလွန်းသည့်တိုင်အောင် သူကလည်း ထောင်ပေါင်းများစွာသော နဂါးများ၏တိုက်ကွက်ကို တောင့်ခံနိုင်ခြင်းမရှိချေ။ မျက်တောင်တစ်ခတ် အချိန်အတွင်း မိစ္ဆာနတ်ဆိုးက ပျောက်ကွယ်သွားသည်။ လေထဲတွင် နာကျင်နေသော ဟိန်းဟောက်သံကသာ ပဲ့တင်ထပ်လျှက် ကျန်ရစ်သည်။

“အသုံးမဝင်ဘူး စိတ်စွမ်းအားလောကမှာ ငါက အဆုံးအစမဲ့တဲ့ မိစ္ဆာနတ်ဆိုးတွေရဲ့ အထောက်အပံ့ကို ရယူနိုင်တယ်။ မင်းကတော့ ငါ့ကို မယှဉ်နိုင်ဘူး”

လေထဲတွင် မာစီ၏ ဆိုးယုတ်သောအသံက ဟိန်းထွက်နေသည်။

ဝှစ်

တစ် နှစ် သုံး

အနက်ရောင် ပင်လယ်သမုဒ္ဒရာအတွင်းမှ ထောင်ပေါင်းများစွာသော မိစ္ဆာနတ်ဆိုးပေါင်း များစွာက ပေါ်ထွက်လာပြီး နဂါးများနှင့်ရင်ဆိုင်သည်။ သနားစဖွယ်ကောင်းလွန်းသော အလုံးအရင်းနှင့် လုပ်ကြံသတ်ဖြတ်မှုမျိုးဖြစ်သည်။ နဂါးတစ်ကောင်ပြီးတစ်ကောင်က မိစ္ဆာနတ်ဆိုးများကြောင့် လုပ်ကြံသတ်ဖြတ်ခံနေရသည်။

မာစီက အပျော်မလွန်နိုင်သေးခင် ကောင်းကင်ရှိ နဂါးတိုင်းက ရုတ်ချည်း ပြောင်းလဲလာသည်။ နဂါးတစ်ကောင်ချင်းစီတိုင်၏ နဖူးက ဖောင်းပွလာလေပြီး လျှင်မြန်စွာဖြင့် ရစ်ခွေနေသော ဦးချိုတစ်စုံ ပေါက်လာစေသည်။ သူတို့ရဲ့ကိုယ်ထည်ကလည်း လျှင်မြန်စွာ ဖောင်းကားလာသည်။ အနည်းဆုံး နှစ်ဆ၊ သုံးဆခန့်အထိ ဖောင်းကားသွားသည်။ နောက်ဆုံးတွင် ဆယ်ဆအထိ ထိုးတက်သွားသေး၏။ တစ်ကောင်ချင်းစီတိုင်းက အလွန့်အလွန် ကြီးမားသည့် အနက်ရောင် နဂါးကြီးများဖြစ်သွားသည်။

“ဘာ”

မာစီက အံ့အားတကြီး မျက်လုံးပြူးသွားသည်။ သူက ထိုပြောင်းလဲမှုကြောင့် မယုံကြည်နိုင်သလို ဖြစ်သွားလေသည်။

“မာစီ မင်းကမင်းရဲ့ အကွက်တွေအားလုံး လှုပ်ရှားပြီးပြီဆိုရင် ငါ့ရဲ့အလှည့်တော့ ရောက်ပြီထင်တယ်”

ဝမ်ချောင်၏အသံက အနက်ရောင် သမုဒ္ဒရာအနှံ့ ပဲ့တင်ထပ်လာသည်။

ဖူး

ကြီးမားသော နဂါးတစ်ကောင်၏ ပါးစပ်အတွင်းမှ အနက်ရောင်မီးတောက် တစ်လုံးက လိမ့်တက်လာပြီး မိစ္ဆာနတ်ဆိုးတစ်ပါး၏ ရင်ဘက်ကို တောက်လျှောက် ထိုးဖောက်သွားသည်။ အနက်ရောင် မိစ္ဆာနတ်ဆိုးက သူ၏ရင်ဘက်ရှိအပေါက်ကို ငုံ့ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။ ထို့နောက် မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားသည်။

ဖူး

ထိုသို့ဖြင့် မီးလုံးတစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာကာ ထောင်ပေါင်းများစွာသော မိစ္ဆာနတ်ဆိုးများအပေါ် ဆင်းသက်သွားသည်။ ထိုသို့ဖြင့် တိုက်ပွဲ၏ အခြေအနေက ပြောင်းပြန် ပြန်ဖြစ်သွားသည်။

“သေစမ်း”

မာစီ၏စိတ်က အံ့အားသင့်မှုကြောင့် တုန်လှုပ်သွားသည်။

“ငါမင်းဆီမှာ မရှုံးနိုင်ဘူး။ လုံးဝပဲ”

“မာစီ မင်းမှာ ဘာစွမ်းရည်တွေများ ကျန်သေးသလဲ”

ဝမ်ချောင်၏အသံက ကောင်းကင်အထက်မှ ဆင်းသက်လာသည်။ သူက မာစီ၏ဒေါသကို ဆွနေသည်။

“အသုံးမကျတဲ့ အရူးကောင် မင်းက စိတ်စွမ်းအားနယ်မြေရဲ့ အပေါ်ယံကိုပဲ ထိတွေ့နိုင်သေးတာ။ မင်းက ငါနဲ့တိုက်ခိုက်နိုင်ပြီလို့ ဘယ်လိုများ တွေးဝံ့နိုင်တာလဲ။ ဒီနေ့ ငါကမင်းကို နက်ရှိုင်းတဲ့ အသူရာရဲ့ ခြောက်ခြားမှုကို သိအောင်ပြပေးမယ်”

မာစီက အံ့ကိုကြိတ်သည်။ ပဲ့ဟယ်မော့ စစ်တပ်၏ ဗိုလ်ချုပ်တစ်ယောက်လည်းဖြစ်သလို လေးစားခံရသည့် ဘုန်းတော်ကြီးတစ်ယောက်လည်းဖြစ်သည့် သူက ငယ်ရွယ်သော အသစ်များထံတွင် မရှုံးနိမ့်ဖူးချေ။

ခြိမ်း

မာစီထံမှ အတွေးတစ်ခုနှင့်အတူ ကျယ်ပြောသော အနက်ရောင် သမုဒ္ဒရာကြီးက ပြောင်းလဲသွားသည်။ ရေတိုင်းက ပျောက်ကွယ်သွားပြီး ကြီးမားသော ပါးစပ်ကြီးအဖြစ် ပြောင်းလဲသွားသည်။

ထိုပါးစပ်ပေါက်ကြီးက ဝမ်ချောင်၏ ကြီးမားသော နဂါးများကို ရိက္ခာဖုန်မှုန့်များကဲ့သို့ ဝါးမြိုသည်။

ဘုန်း

ထိုပါးစပ်ကြီးက ဖောင်းကားလာပြီးနောက်တွင် နဂါးများကို တစ်ချက်တည်းနှင့် ကိုက်စားလိုက်နိုင်သည်။

“မင်းကငါ့ရဲ့ လျို့ဝှက်ချက်တွေ အားလုံးကို မြင်နိုင်ပြီလို့ ထင်နေတာလား။ ရတယ် ဒါက စိတ်စွမ်းအားစွမ်းအင် ရဲ့ ပြိုင်ဘက်ကင်း လျို့ဝှက်ချက်ပဲ။ ငါ့ရဲ့ အသူရာလောကထဲကို ဝင်ရောက်သွားပြီးတဲ့နောက်မှာ မင်းဘယ်တော့မှ ပြန်ထွက်ဖို့ တွေးမနေနဲ့တော့။ မင်းကငါ့ရဲ့ ထာဝရ ကျွန်ဖြစ်သွားမှာပဲ”

မာစီ၏အသံက မြင့်သည်။ သူက အလွန်ယုံကြည်မှု ပြင်းထန်နေပုံရပြီး အဆုံးအစမဲ့သည့် မာနများက ဖောင်းကားနေသည်။

စိတ်စွမ်းအားစွမ်းအင် နယ်မြေက ထူးဆန်းပြီး အကာအရံပြည့်နေသော နယ်မြေကြီးတစ်ခုကဲ့သို့ ထင်ရသည်။ မရေမတွက်နိုင်သော သန်းပေါင်းများစွာ၏ အိမ်ဖြစ်သည်။ သို့သော် ထိုသန်းပေါင်းများစွာ အတွင်းတွင် စွမ်းအားအကြီးဆုံးသိုင်းက စိတ်စွမ်းအားလောကသိုင်းဖြစ်သည်။

စွမ်းအားအကြီးဆုံး စိတ်စွမ်းအား ကျွမ်းကျင်ပညာရှင်များထဲမှ တစ်ယောက်ဖြစ်သည့် မာစီကလည်း သူ၏ စိတ်စွမ်းအားကို လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်းက ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။ အာရေးဗီးယား အင်ပါယာက ပတ်ဝန်းကျင်တိုင်းပြည်များကို အုပ်စိုးသော ကာလအတောအတွင်း မာစီက ထိုသိုင်းကိုသုံးပြီး မရေမတွက်နိုင်သော စိတ်စွမ်းအား ကျင့်ကြံသူများနှင့် သိုင်းပညာ ကျင့်ကြံသူတိုင်းကို အညံ့ခံအောင် လုပ်နိုင်ခဲ့သည်။ သူတို့ကို ဖမ်းဆီးကာ သူတို့၏ဝိညာဉ်များကို အကျဉ်းချထားလျှက် သူတို့ကို ထာဝရကျွန်အဖြစ် ပြောင်းခဲ့သည်။

စိတ်စွမ်းအားလောက

ဒါကမာစီ၏ ထူးခြားသောသိုင်းဖြစ်သည်။ အာရေးဗီးယား အင်ပါယာ၏ အစိုးရများနှင့် မဟာဘုရင်များကပင် ထိုနာမည်ဇစ်မြစ်ကို သိလိုက်သည်နှင့် စိတ်စွမ်းအားစွမ်းအင်ကို အသုံးပြုထားကြောင်း နားလည်ထားသည်။

စိတ်စွမ်းအားလောကက ပါးစပ်တစ်ပေါက်တည်းကိုသာ သုံးနိုင်သည်။ မာစီက ဝမ်ချောင်နှင့် တိုက်တုန်းက ရထားခဲ့သော ဒဏ်ရာများကြောင့် သူအနေဖြင့် ထိုသိုင်းကို အပြည့်အဝ ထုတ်ဖော်ရန် ခက်ခဲသွားသည်။ သို့သော် သူ၏ အလွန်ကျွမ်းကျင်မှုကလည်း သူ့ကို အားပေးနေနိုင်သေးပြန်၏။ ထို့ကြောင့် သူက စိတ်စွမ်းအားလောကကိုသုံးပြီး ဝမ်ချောင်၏ ဝိညာဉ်ကို ကိုယ်ပိုင်စိတ်စွမ်းအား လောကထဲတွင် ပိတ်လှောင်ထားလိုသည်။

ဝုန်း

ကောင်းကင်က ရုတ်တရက် မှေးမှိန်သွားပြီး ဝမ်ချောင်၏ စိတ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော နဂါးနက်ဒိုင်းက မာစီ၏ စိတ်စွမ်းအားလောကအတွင်း ပိတ်လှောင်ခံလိုက်ရသည်။

ဒီလိုစွမ်းရည်က...

ဝမ်ချောင်၏ မျက်လုံးက မှေးကျဉ်းသွားသည်။ မာစီ၏ ထိုကဲ့သို့သော စိတ်စွမ်းအားစွမ်းအင်၊ စွမ်းရည်ဟာ အလွန်ထူးခြားသည်။ အလွန်လည်း ထူးဆန်း၏။ သို့သော် ဝမ်ချောင်ကလည်း ထိုစိတ်စွမ်းအား လောကအတွင်းမှ အသေးငယ်ဆုံးသော ဟာကွက်ကို အာရုံခံနိုင်နေသေးသည်။ ထိုလောကက ထင်ထားသလောက် ခိုင်မာတည်မြဲနေခြင်းမရှိချေ။

“ဟား ဟား မင်းအခု ဘယ်လိုလုပ်မလဲ ငါကြည့်မယ်။ ငါ့ရဲ့စိတ်စွမ်းအားလောကထဲမှာ ဘယ်လိုကောင်ကမဆို တဖြည်းဖြည်းချင်း မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားမှာပဲ။ ဆယ်ရက်လောက် ကြာရင် မင်းကငါ့ရဲ့ကျွန် ဖြစ်သွားလိမ့်မယ်။ ဒီလိုနဲ့ ငါ့ရဲ့အမိန့်ကိုပဲနာခံပြီး ငါဦးဆောင်တဲ့ နောက်ကိုပဲ လိုက်ရလိမ့်မယ်”

ထိုအသူရာချောက် အနက်ရှိုင်းဆုံးအပိုင်းတွင် ရစ်ခွေနေသော အနက်ရောင်စွမ်းအင်များက အဘက်ဘက်မှ လိမ့်တက်လာပြီး မာစီ၏ ကိုယ်အတွင်းသို့ ဝင်ရောက်ကာ သိပ်သည်းသည်။ သူ၏မျက်နှာက ကျေနပ်သောအပြုံးမျိုး ပေါ်လာပြီး အနိုင်ရသွားသော အနေအထားမျိုးကြောင့် ပျော်ရွှင်သွားပုံပေါ်သည်။

သူကိုယ်တိုင်၏ ကလဲ့စားကို ရန်သူအပေါ်တွင် ချေနိုင်မည့် နည်းလမ်းကောင်း တစ်မျိုးက သတ်ဖြတ်ခြင်းဖြစ်သည်။ သို့သော် ပိုကောင်းသောနည်းလမ်းကမူ သူတို့ကို ထာဝရကျွန်အဖြစ် ပြောင်းပြီး သူတို့၏စိတ်ဆန္ဒကို လွှမ်းမိုးလိုက်ခြင်းဖြစ်သည်။ သူနှင့်ဝမ်ချောင်၏ တိုက်ပွဲတွင် သူကသာ အနိုင်ကို လက်တစ်ကမ်းတည်းနှင့် လှမ်းကိုင်နိုင်မည့် အနေအထားမျိုးတွင် ရှိနေသူဖြစ်သည်။

“ဟုတ်လား”

လေထဲတွင် အသံတစ်သံက ပျံ့လွင့်၍လာသည်။ ဖြတ်ကနဲဆိုသလိုပင် နဂါးထောင်ပေါင်းများစွာက စတင်ကာ ပေါင်းစပ်၏။ ဝမ်ချောင်ကလည်း သူ၏ စိတ်စွမ်းအား ပုံရိပ်တစ်ခုကို ဖန်တီးလိုက်ပြီး ကောင်းကင်မှ တဖြည်းဖြည်းချင်း ဆင်းသက်လာစေသည်။ ကိုယ်ထည်မှ သံချပ်ကာများက အနက်ရောင်မှ ရွှေထည်သို့ ပြောင်းလဲပြီး ခမ်းနားကာ မြင့်မြတ်သော အရှိန်အဝါကို ထုတ်လွှတ်သည်။

ဘုန်း

ဝမ်ချောင်က ပြောလိုက်သည်နှင့် နက်ရှိုင်းသော အသူရာအောက်ဘက်ခြမ်းသို့ ရွှေရောင် လက်မောင်းကြီး တစ်ဖက်က ရိုက်ချသည်။ ထိုချောက်က ချက်ချင်းဆိုသလို အရှုပ်အထွေး၊ အပျက်အစီး၊ အပိုင်းအစများအဖြစ် ပြောင်းလဲသွားပြီး ပြင်းထန်သည့် အားလှိုင်းများနှင့် ရောယှက်သွားသည်။ ထိုသို့ဖြင့် တစ်လောကလုံးက စတင်ကာ တုန်ခါပြီး တအုန်းအုန်း ပေါက်ကွဲလာသည်။

ဝမ်ချောင်က စိတ်စွမ်းအားစွမ်းအင် ကျင့်ကြံသူတစ်ယောက်မဟုတ်သည့်အပြင် စိတ်စွမ်းအင် သိုင်းများကိုလည်း အစပိုင်းကတည်းက ကျွမ်းကျင်ထားခြင်း မရှိသော်လည်း သူက ပြန်လည် မွေးဖွားပြီးချိန်ကတည်းက လောကတွင် အင်အားအကြီးဆုံး စိတ်စွမ်းအားစွမ်းအင်များကို ပိုင်ဆိုင်သောလူတစ်ယောက် ဖြစ်လာသည်။ ပို၍ဆိုးသည်မှာ သူ၏ အယူသည်းစိတ်က သူ၏ စိတ်စွမ်းအားများအား အလွန့်အလွန် ကြောက်စရာကောင်းပြီး တစ်လောကလုံးရှိ မည်သည့် ကျွမ်းကျင်ပညာရှင်ထက်မဆို အင်အားကြီးသွားစေသည်။

တစ်ကြိမ်သေဖူးသော လူတစ်ယောက်အတွက် သူတို့ကို အညံ့ခံစေနိုင်မည့် စိတ်စွမ်းအားသိုင်းမျိုး မရှိပါချေ။

သူ၏ ခေတ်မှ စစ်သူတော်စင်နှင့် အဆင့်လွန်စိတ်စွမ်းအား စွမ်းအင်များကို ပေါင်းစပ်ပိုင်ဆိုင်ထားနိုင်သည့် ဝမ်ချောင်၏ မယုံနိုင်စရာကောင်းသော မြင်နိုင်စွမ်းဟာ မည်သည့် စိတ်စွမ်းအား စွမ်းအင်သိုင်းကိုမဆို အလွန်အမင်း လွယ်ကူသော ပုံစံမျိုးဖြင့် တက်ကျွမ်းစေသည်။ ထိုသို့ ထုတ်ဖော်လိုက်သည့် အလွန့်အလွန် ကြီးမားသည့် ရွှေရောင်လက်မောင်းကြီးကလည်း သူစုစည်းထားသည့် စိတ်စွမ်းအား စွမ်းအင်တိုင်းကို ပေါင်းစပ်ရင်း ထုတ်ဖော်လိုက်သည့် ပုံသဏ္ဍန်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လေသည်။ ထိုတိုက်ကွက်က သူယခင်က အသုံးပြုထားသည့် စိတ်စွမ်းအားဆူးချွန်များထက်ပင် အဆပေါင်းများစွာ အင်အားကြီးမား လွန်းနေသေးသည်။

“အသုံးမဝင်ဘူး”

တခဏခန့် ကြောင်အသွားပြီးနောက် မာစီကလှောင်သည်။

“ဒါကငါ့ရဲ့လောက မင်းရဲ့စွမ်းရည်က ဘယ်လောက်ပြင်းထန်ပြင်းထန် အရေးမကြီးဘူး။ မင်းကငါ့ကို ထိခိုက်အောင် လုပ်လို့မရဘူး။ ငါ့ရဲ့စကားက အမိန့်ပဲ”

ဝမ်ချောင်ကလှောင်သည်။ သူကမာစီကို လျစ်လျူရှု့လိုက်၏။ သူက သူ၏စိတ်စွမ်းအား စွမ်းအင်များကို ဆက်လက် သိပ်သည်းပြီး ကြီးမားသော ရွှေရောင်လက်ကြီးဖြင့် စတင်ကာ ပြောင်းလဲသည်။ ဒီတစ်ကြိမ်တွင် သူက မာစီ၏ ပုံရိပ်ရှိရာသို့ ရိုက်ချခြင်းဖြစ်သည်။

ဘုန်း

မာစီ၏ပုံရိပ်က ထိုးဖောက်ခံရသည်။ အသူရာချောက်ရှိသည့် လောကတစ်ခုလုံးက တသိမ့်သိမ့် တုန်လာ၏။

သို့သော် တခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏မျက်နှာက တင်းမာသွားသည်။ သူက ရွှေရောင်လက်ကို ပြန်ရုတ်လိုက်သည်။ သူ၏ ရွှေရောင်လက်ပေါ်တွင် စွန်းထင်လာသည့် မှင်အရောင် အရည်များကို မြင်လိုက်ရသည်။ ထိုအရာက သူ၏ရွှေရောင်လက်ချောင်းများကို ထိုးဖောက်လာပြီး ကိုယ်ပိုင်အသက်ရှိသလိုမျိုး လက်ကို ကူးစက်မည့် လက္ခဏာမျိုး ပြလာသည်။ ထိုအရာသာမကသေးချေ။ ထိုဆေးကဲ့သို့ မှင်ရည်ရောင် အရည်များက တိုက်စားနိုင်သော စွမ်းရည်များကို ပိုင်ဆိုင်ထားသေးသည်။ ဝမ်ချောင်က ရွှေရောင်လက်ကို ရုတ်လိုက်သည့် တခဏတွင် လက်ချောင်းများက စတင်ကာ အရည်ပျော်ကျသည်။ တစ်ဆစ်ချင်းစီ ပြုတ်ကျ၏။

“ဒါကဘာလဲ”

ဝမ်ချောင်၏မျက်နှာက ဖြူဖျော့သွားသည်။

“အခု အစစ်အမှန် စွမ်းအားက ဘာလဲဆိုတာကို နားလည်ပြီလား”

မာစီ၏ အေးစက်သော ရယ်သံက အဘက်ဘက်မှ ထွက်လာသည်။ သူ၏ ကျေနပ်မှုက ဖောင်းကားလာသည်။ ဝမ်ချောင်နှင့် ကျန်းတစ်ဆယ်ကျော် အကွာတွင် သိပ်သည်းသော အနက်ရောင် မြူထုများက စုစည်းလာသည်။ မာစီက တဖန်ပြန်ပေါ်လာသည်။

“မင်းက ခုခံလေလေ မင်းရဲ့ဒဏ်ရာက ကြီးလေလေပဲ။ မင်းက ကိုယ့်ကိုယ်ကို ဒဏ်ရာရအောင် လုပ်နေတာ။ ငါ့ရဲ့အမြင်က... မင်းက နာနာခံခံနဲ့ လက်လျော့ပြီး ငါ့ဆီ အညံ့ခံလိုက်တာပိုကောင်းတယ်”

မာစီ၏မျက်ဝန်းအတွင်း ထူးဆန်းသော အလင်းက လက်လာသည်။ ချောက်က ပျောက်ကွယ်သွားသည်။ အချိန်တစ်ခုကြာပြီးနောက် သိပ်သည်းသော အမှောင်ထုတစ်ခုက ရစ်ခွေလာပြန်ကာ အမည်မသိရသော အမှောင်ထုတစ်မျိုးက ဝမ်ချောင်၏ ရွှေရောင်လက်နှင့် ပေါင်းစပ်လာသည်။

ထို့အပြင် အမှောင်ထုထဲတွင် အလွန်ကြီးမားသည့် ဖိအားတစ်ရပ်က ကပ်ပါလာပြီး ဝမ်ချောင်ကို တိုးသထက် တိုးလာသည့် ဖိအားမျိုးနှင့် တွန်းတိုက်လာသည်။

“ဒီတိုင်း ငြိမ်ငြိမ်ထိုင်ပြီး နာနာခံခံနဲ့ ကံကြမ္မာကို လက်ခံလိုက်စမ်းပါ”

မာစီက ပျောက်ကွယ်သွားသည်။ သို့သော်သူ၏ မာနကြီးလွန်းသော အသံက အမှောင်ထုအတွင်းတွင် ဟိန်းထွက်နေသေးသည်။ အမှောင်ထုက ပို၍မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ထိုးဖောက်ဝင်ရောက်လာသည်။

“မကောင်းတော့ဘူး”

ဝမ်ချောင်၏မျက်နှာက တင်းမာသွားသည်။ အသူရာချောက် လောကထဲတွင် သူ့တွင် ပြေးစရာမရှိချေ။ မျက်တောင်တစ်ခတ် အချိန်အတွင်း အမှောင်ထုက သူ့ကို လွှမ်းခြုံလိုက်သည်။ ထိုမီးခိုးများက သူ၏ ကိုယ်အတွင်းသို့ စိမ့်ဝင်လိုက်သည်နှင့်အမျှ သူ၏စွမ်းအင်က စတင်ကာ ပျောက်ကွယ်လာသည်။

မာစီက အသူရာလောကကိုသုံးပြီး ဝမ်ချောင်ကို အုပ်စိုးနေခြင်းဖြစ်သည်။

“အောင်မြင်ပြီ”

နက်ရှိုင်းသော မြေအောက်အတွင်းမှ မာစီက မျက်လုံးကို တဖြည်းဖြည်းချင်း ဖွင့်လာသည်။ ယခုအခါမှသာ သူက စိတ်အေးနိုင်သည်။ သူ၏ တစ်ဘဝလုံးတွင် တိုက်ခိုက်ခဲ့ဖူးသော တိုက်ပွဲများအတွင်း ဒီတိုက်ပွဲက အခက်ခဲဆုံးတိုက်ပွဲ ဖြစ်ခဲ့လေသည်။

အခန်း(၉၈၂)

မတွေးတောဝံ့သောသိုင်း၊ တောက်ပခြင်းနေမင်း

မာစီက အာရေးဗီးယား အင်ပါယာတွင် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ပဲ့ဟယ်မော့ စစ်တပ်၏ ထောက်ပံ့မှုကိုလည်း ရရှိထားသည်။ ထို့ကြောင့် ယခုလို ဆိုးရွားသော အတိုင်းအတာမျိုးထိ ဖိအားပေးခံရသော ဖြစ်ရပ်မျိုး မရှိခဲ့ဖူးချေ။ သူ၏ ရုပ်ပိုင်းဆိုင်ရာ အင်အားကပင် အကန့်အသတ်တွင် ဖြစ်သွားခဲ့သေးသည်။ သူက ဂုဏ်အယူရဆုံးသော စိတ်စွမ်းအား စွမ်းအင်များက ပမာဏများစွာ လျော့ကျသွားခဲ့သည်။

သို့သော် ယခုမူ သူက ထိုကဏ္ဍကို အဆုံးသတ်လိုက်နိုင်ပြီဖြစ်သည်။

အသူရာလောက၏ စွမ်းအားများကို မည်သူကမဆို ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။ ဒါက အာရေးဗီးယား၏ အတော်ဆုံးသော ဘုန်းတော်ကြီးများကပင် ခက်ခက်ခဲခဲ ထွက်ပြေးရမည့် ထိပ်တန်းအဆင့် စွမ်းအားမျိုးဖြစ်သည်။ ထို့ကြောင့် ဖီဆန်ရန် ခက်ခဲပေလိမ့်မည်။ ထိုထန်လူသစ်က စွမ်းအားကြီးကောင်း ကြီးနိုင်သည်။ သို့သော် သူကလည်း သူ၏လောကတွင် အညံ့ခံရဦးမည်ဖြစ်သည်။ ဒီနည်းအားဖြင့် သူ၏ ထာဝရကျွန် ဖြစ်လာပေလိမ့်မည်။

သို့သော် ထို့နောက်... သူကလည်း သူ၏ အသိစိတ်ပင်လယ်ထဲမှ ပြင်းထန်စွာ လှိုင်းထလာသည့် ခံစားချက်တစ်ရပ်ကို ရလိုက်သည်။

ဘုန်း

မာစီ၏ စိတ်စွမ်းအား လောကထဲတွင် ရွှေရောင်နေမင်းကဲ့သို့ မီးတောက်လုံးကြီးက ပေါက်ကွဲသွားသည်။ ထိုရွှေရောင်နေမင်းက အဆုံးအစမဲ့သည့် အပူဒဏ်ကို ထုတ်လွှတ်ပြီး ပျက်စီးတိုက်စားလာသည့် အမှောင်ထုအားလုံးကို ဘေးသို့ ဖယ်ရှားသည်။

ဟေ့

မာစီ၏ စိတ်စွမ်းအားလောကအတွင်းမှ ပျက်စီးသော စွမ်းအင်များအားလုံးက ပွက်ပွက်ဆူသောရေများ လောင်းချလိုက်သောကြောင့် ပျော်ကျသွားသော နှင်းများအလား ဖြစ်သွားသည်။

“မဖြစ်နိုင်ဘူး”

မာစီ၏ အမူအရာကလည်း မိုးကြိုးအပစ်ခံရသကဲ့သို့ ပြောင်းလဲသွားသည်။ သူ၏မျက်နှာတွင် သွေးများ စွန်းပေနေသည်။ ပြင်းထန်လွန်းသော အံ့အားသင့်မှုက သူ၏ခန္ဓာကိုယ်ကို တဆတ်ဆတ် တုန်ယင်နေစေသည်။ ဆိုးရွားစွာ တုန်လှုပ်လာပြီး သူ၏ ကင်းခြေများပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

“မဖြစ်နိုင်ဘူး ငါ့ရဲ့အသူရာလောကရဲ့ အင်အားကို ဘယ်သူကမှ မခုခံနိုင်သင့်ဘူး မဖြစ်နိုင်ဘူး”

စိတ်စွမ်းအားလောကသည် မည်သည့် စိတ်စွမ်းအား စွမ်းအင်သုံး ကျွမ်းကျင်ပညာရှင် တစ်ယောက်အတွက်မဆို အင်အားအကြီးဆုံးသိုင်းလည်းဖြစ်သည်။ မဟာဗိုလ်ချုပ်ကြီးများကဲ့သို့ အခက်ခဲဆုံး ကိုင်တွယ်ရမည့် ပုဂ္ဂိုလ်ကြီးများကပင် မာစီ၏ စိတ်စွမ်းအင်လောကအတွင်းသို့ သတိလက်လွတ် ကျရောက်သွားခဲ့လျှင် ပြန်ထွက်ရန် မဖြစ်နိုင်တော့ချေ။ မာစီ၏ ခန္ဓာကိုယ်က အားနည်းလွန်းပြီး အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများနှင့် ထိပ်တိုက်ရင်ဆိုင်သောအခါ ထိခိုက်ဒဏ်ရာ ရနိုင်သည့် အခြေအနေကို ထည့်တွက်ကာ စိုးရိမ်နေခဲ့သောကြောင့်သာ မဟုတ်လျှင် သူက ထိုနည်းလမ်းများကို သုံးခဲ့ပြီးလောက်လေပြီ။ သူ၏စိတ်စွမ်းအား လောကအတွင်းတွင် အရာအားလုံးက ခြားနားသည်။

“မဟုတ်ဘူး မဟုတ်ဘူး တိုက်ဆိုင်တာပဲဖြစ်မှာပါ... ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းကို ရအောင်သတ်မှာပဲ”

မာစီက မျက်လုံးမှိတ်လိုက်သည်။ သူ၏ စိတ်စွမ်းအားစွမ်းအင်တိုင်းကို မြင့်မြတ်သူ၏ စိတ်အတွင်းသို့ ပေါင်းထည့်လိုက်သည်။ စိတ်စွမ်းအားစွမ်းအင်များက စိတ်စွမ်းအား လောကအတွင်းသို့ ဝင်ရောက်လာလေလေ ထိုလောကက အင်အားကြီးလာလေလေဖြစ်သည်။ သို့သော် အရင်းအနှီးကလည်း ပိုကြီးသွားသည်။

ရှုံးနိမ့်သွားလျှင် ဒုက္ခိတဖြစ်ကောင်း ဖြစ်နိုင်လေသည်။ သို့မဟုတ် သေပင်သေစေနိုင်သည်။

ထို့ကြောင့် စိတ်စွမ်းအားလောကက အင်အားအကြီးဆုံး သိုင်းဖြစ်နေသည့်တိုင်အောင် စိတ်စွမ်းအား စွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်တိုင်းကလည်း အလွန် သတိထားကာ ကိုင်တွယ်အသုံးပြုရသည်။ သူတို့က အသုံးပြုခဲ့သော အချိန်တွင် သူတို့၏ စိတ်စွမ်းအား စွမ်းအင်တိုင်းကို ထည့်မသွင်းကြပါချေ။

စိတ်စွမ်းအားစွမ်းအင်က လူတစ်ယောက်၏ ဝိညာဉ်နှင့်တူသည်။ အားလုံးကုန်သွားခဲ့လျှင် ဝိညာဉ်ကပင် အဆုံးသတ်သွားနိုင်သည်။

သို့သော် မာစီကမူ ဝမ်ချောင်ကို ကိုင်တွယ်ရန် ကြိုးစားရင်း ရူးသွပ်သွားပြီဖြစ်သည်။ ထို့ကြောင့် သူက ဘာကိုမှ အာရုံမစိုက်နိုင်တော့ချေ။

ဝုန်း

မာစီ၏စိတ်က အသူရာလောကအတွင်းသို့ ပြန်ရောက်သွားသည်။ အနက်ရှိုင်းဆုံးအပိုင်းတွင် ဝမ်ချောင်၏ အရှိန်အဝါကို မခံစားမိတော့ချေ။ ထိုအစား တောက်ပလွန်းသည့် ရွှေရောင်နေမင်းကသာ အဆုံးအစမဲ့သော ဖန်တီးခြင်းစွမ်းအင်များကို လွှတ်ထုတ်နေကြောင်း မြင်ရသည်။ အမှောင်ထုလောကက တောက်ပသော နေမင်း၏အိမ်ဖြစ်သွားသည်။

မာစီကလည်း ထိုကဲ့သို့သော အခြေအနေမျိုးကို မကြုံဖူးချေ။

“မဖြစ်နိုင်ဘူး နေမင်းရဲ့လျို့ဝှက်ချက်ကို ဘယ်သူကမှ နားမလည်နိုင်ဘူး။ မင်းက ဘယ်လိုလုပ်လိုက်တာလဲ”

သူသည်လည်း ဝမ်ချောင်ထံမှ အဖြေမရနိုင်ကြောင်း နားလည်နေသည့်တိုင်အောင် မာစီက မနေနိုင်ဘဲ အော်မေးလိုက်မိသေးသည်။ စိတ်စွမ်းအားစွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်တိုင်းကလည်း သူတို့ လိုချင်သည့် အရာအားလုံးကို ပြောင်းလဲကြည့်နိုင်သည်။ သို့သော် နေကမူ ချွင်းချက်ဖြစ်သည်။ သူတို့အတွက် ထိုအကြောင်းအရာကို တွေးတော၍ပင်မရချေ။

မာစီသိထားသမျှ စိတ်စွမ်းအားစွမ်းအင်သိုင်း သမိုင်းတောက်လျှောက်တွင် များပြားလှစွာသော ကျွမ်းကျင်ပညာရှင်များက သူတို့၏စိတ်ကို လမင်းအဖြစ် ပြောင်းနိုင်ခဲ့ကြသည်။ သို့သော် မည်သူကမှ နေမင်းသဏ္ဍန်အဖြစ် မပြောင်းနိုင်ခဲ့ကြချေ။ အမြင့်ဆုံး အနေအထားမျိုးတွင်ဆိုလျှင် သူတို့က အလင်းလုံးအဖြစ်သာ ပြောင်းနိုင်သည်။ နေမင်း၏ ပုံသဏ္ဍန် အစစ်အမှန်ကို မည်သူကမှ မသိသောကြောင့်လည်း ဖြစ်နိုင်သည်။ အချို့သောလူများက နေမင်းက ကြီးမားသော အလင်းလုံးဟုသာ စိတ်ကူးယဉ်ကြ၏။ သူတို့က မီးလုံးအဖြစ် ဖန်တီးကြသည်။ သို့သော် ဒါကနေမဟုတ်ခဲ့ချေ။

ထိုနေမင်း၏ တောက်ပမှုက စစ်မှန်လွန်းနေပြီး မာစီ၏ အသူရောလောကနှင့် အဆပေါင်းများစွာ သန့်စင်ကာ မြင့်မြတ်သည့် စွမ်းအားမျိုးကို လွှတ်ထုတ်နေသည်။ ထိုစွမ်းအားများက ရှေးခေတ်အချိန်ကတည်းက တည်ရှိခဲ့သည့် စိတ်စွမ်းအားစွမ်းအင်သုံး ကျင့်ကြံသူတိုင်းက အိမ်မက် မက်နေသည့် စွမ်းအားမျိုးဖြစ်သည်။ မာစီကပင် ထိုစွမ်းအား၏ အရှေ့တွင် စိတ်လွတ်သွားသည်။

ထိုနေမင်းက လွှတ်ထုတ်နေသော အဆုံးအစမဲ့သည့် အပူမီးက အသူရာလောကကို မီးမြိုက်နိုင်သည်။ မည်သည့် စိတ်စွမ်းအား စွမ်းအင်သုံး ကျင့်ကြံသူကမှ ထိုသို့မလုပ်နိုင်ချေ။ အစစ်အမှန် နေမင်းကသာ ထိုသို့ ဖန်တီးနိုင်သည်။

“နေမင်းရဲ့လျို့ဝှက်ချက်ဟုတ်လား”

တောက်ပသော နေမင်းအတွင်းမှ ဝမ်ချောင်၏ သဘောတကျ ရယ်သံက ထွက်လာသည်။

“နေမင်းမှာ ဘာလျို့ဝှက်ချက်တွေ ရှိမှာလဲ။ ဒါကဒီတိုင်း ရောင်ခြည်စက်ဝန်း၊ လေထု၊ နေအလင်း၊ နေမီးတောက်အမြူတေ ဒါတွေပဲမဟုတ်လား”

အခြားလောကထံမှ ဝိညာဉ်ကူးပြောင်းလာခဲ့ပြီးသော လူတစ်ယောက်အနေနှင့် ဝမ်ချောင်ဟာ နေမင်းကို သာမာန်အရာဟုသာ သတ်မှတ်သည်။ ထို့ကြောင့် မာစီ၏ တုန့်ပြန်မှုဟာ ဘာမှမဟုတ်သောအရာကို ချဲ့ကားလွန်းနေသည်ဟုသာ ခံစားရသည်။

“ရောင်ခြည်စက်ဝန်း၊ လေထု၊ နေအလင်း၊ နေမီးတောက်အမြူတေဟုတ်လား...”

မာစီ၏မျက်နှာက စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။ ဝမ်ချောင်ပြောသော စကားများကို မှတ်သားနေသည်။ သို့သော် အတူပေါင်းလိုက်သောအခါ မည်သည့်အရာကမှ အဓိပ္ပာယ်မရှိတော့ချေ။ သူကလည်း ထိုကဲ့သို့သော စကားလုံးမျိုးကို စိတ်စွမ်းအား စွမ်းအင်နှင့် ပတ်သတ်သည့် ကျမ်းစာ သို့မဟုတ် ပြောစကားများ မှတ်တမ်းများထဲတွင် မကြားဖူးပါချေ။

သူက သတိလက်လွတ် ဒါက စိတ်စွမ်းအားစွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်တိုင်းက လိုချင်ကြသည့် လျို့ဝှက်သိုင်းဟု ထင်မှတ်လိုက်ပြီး နားလည်ရန် ကြိုးစားသည်။ သို့သော်သူက ဘာကိုမှ နားမလည်ပါချေ။

“ဘာက နေခြည်စက်ဝန်းလဲ၊ ဘာက နေမီးတောက်လဲဆိုတာကို ငါကိုယ်တိုင်ကြည့်မယ်။ ငါကမင်းကို စုပ်ယူပြီး မင်းကိုငါ့ရဲ့ ရုပ်သေးအဖြစ် ပြောင်းလဲပြီးတာနဲ့ ဒီလျို့ဝှက်ချက်တွေ အားလုံးကို ငါသိနိုင်ပြီပဲ”

မာစီ၏မျက်ဝန်းက ခက်ထန်သောအလင်းဖြင့် တောက်ပလာသည်။ သူတို့၏စိတ်ကို စစ်မှန်သော နေမင်းအဖြစ် ပြောင်းလဲနိုင်သော အစစ်အမှန် စိတ်စွမ်းအား စွမ်းအင်သုံး ကျွမ်းကျင်ပညာရှင် တစ်ယောက်သာ ရှိနေလျှင် မာစီကလည်း ချက်ချင်းဆိုသလို နောက်လှည့်ကာ ထွက်ပြေးမိပေလိမ့်မည်။ သို့ရာတွင် ထိုထန်လူငယ်က မတော်တဆ ထိုစွမ်းအင်ကို တုပနိုင်ခဲ့သည်မှာ ထင်ရှားနေသည်။ သူ၏အဆင့်၊ သူ၏အတွေ့အကြုံ၊ သူ၏အခြားသော နယ်ပယ်တိုင်းအရ မည်သည့်နည်းနှင့်မျှ ခြောက်ခြားဖွယ် မကောင်းသေးချေ။ ထို့ကြောင့် မာစီက ရအောင်ယူနိုင်သည့် ရှားပါးသော အခွင့်အရေး ဖြစ်သွားသည်။

ခြိမ်း

လောကက စတင်တုန်ခါလာသလို ချောက်ကလည်း အသက်ပြန်ဝင်လာသည်။ သန့်စင်ပြီး မည်းမှောင်နေသော ဖျက်ဆီးခြင်းစွမ်းအားများက ဆက်လက်ပြီး တိုးဝင်လာပြီး တလိမ့်ပြီးတလိမ့် တက်လာသည်။

အသူရာကပ်ဘေး

ဒါက မာစီ၏ အသူရာလောကက ပိုင်ဆိုင်သည့် အင်အားအကြီးဆုံး တိုက်ခိုက်နိုင်သော စွမ်းရည်ဖြစ်သည်။ အသူရာလောက၏ စွမ်းအင်တိုင်းကို ဖန်တီးလျှက် စိတ်စွမ်းအား တိုက်ကွက်တစ်ခုအဖြစ် သုံးလိုက်သောအခါ သာမာန်ထက် အဆသောင်းကျော် အင်အားကြီးသွားပြီဖြစ်သည်။ ထိုအကွက်က နောက်ဆုံးသော တိုက်ခိုက်နိုင်စွမ်းအားလည်းဖြစ်ပြီး အင်အားအကြီးဆုံး ရန်သူများကိုသာ ရင်ဆိုင်သည်။

ဒါက အင်အားကြီးမားသည့်တိုင်အောင် အသူရာကပ်ဘေးက သူ၏စိတ်စွမ်းအား လောကအတွင်း ပိတ်မိနေသော လူများအတွက်သာ သက်ရောက်မှုရှိသည်။

ဝမ်ချောင်က ဖန်တီးထားသော နေက မာစီကို တောက်လောင်သော ဖိအားကို ပေးစွမ်းနိုင်သည်။ အသူရာ ကပ်ဘေးကသာ သူက လှုပ်ရှားနိုင်သည့် တစ်ခုတည်းသော အကွက်ဖြစ်သွားသည်။

ဘန်း

အသူရာလောကက ချက်ချင်းဆိုသလို ပြိုကျသွားပြီး မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့် ပျောက်ကွယ်သွားသည်။ လောကအတွင်းမှ ဖိအားများက မြင့်တက်လာကာ ဝမ်ချောင်၏ကိုယ်ပေါ် ကျရောက်လာသော ဖိအားကလည်း အဆထောင်ကျော် အဆသောင်းကျော် များပြားသွားသည်။ ထို့ကြောင့် ဝမ်ချောင်၏ ဝိညာဉ်ကိုပင် ဖျက်ဆီးနိုင်သော အတိုင်းအတာသို့ ရောက်ရှိသွားသည်။

မာစီ၏ စိတ်စွမ်းအားလောကက ပြိုကျသွားသည့် တခဏတွင် ဝမ်ချောင်၏နေမင်းက စတင်ကာ ပုံသဏ္ဍန်ပြောင်းလဲသည်။ တောက်ပသော နေမင်းက အတွင်းပိုင်းသို့ ပြန်ဆုတ်သွားသည်။ ထို့နောက် တဖန် ပြန်လည်ဖောင်းကားလာသည်။ ချက်ချင်းဆိုသလိုပင် အဆရာကျော် ကြီးမားလာသည်။ ထို့နောက် အဆထောင်ကျော် ကြီးမားသွားသည်။ ထို့နောက် တစ်လောကလုံးကို တောက်ပပြီး ဖြောင့်မတ်မှန်ကန်သည့် စွမ်းအင်များ ဖြန့်ကျက်ပေးနိုင်သွားသည်။

ကျယ်လောင်သော နှာမှုတ်သံနှင့်အတူ မာစီက ပျက်စီးခြင်းအမှောင်ထုကို အင်အားမြှင့်တင်ပေးလိုက်ပြီး မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့် ဖောင်းကားလာစေပြန်သည်။

ဂရုတစိုက်သာ ကြည့်မည်ဆိုလျှင် ဝမ်ချောင်၏စိတ်စွမ်းအား စွမ်းအင်များက ပို၍အသေးစိတ်ကျသော ပုံသဏ္ဍန်မျိုးဖြင့် ကြီးထွားလာသည့် နေမင်းကြီးအဖြစ် ပြောင်းလဲလာနေကြောင်း မြင်ရမည်ဖြစ်သည်။ ထိုနေမင်း၏ ရောင်ခြည်စက်ဝန်းက မြင့်တက်လိုက်၊ ကျဆင်းလိုက် ဖြစ်နေလေပြီး အပေါ်ယံပေါ်တွင်လည်း အပူအားလှိုင်းများက တစ်လွှာပြီးတစ်လွှာ ဖြာထွက်လာသည်။ အောက်ဘက် အနိမ့်ကျဆုံးအပိုင်းတွင် မရေမတွက်နိုင်သော မုန်တိုင်းစွမ်းအင် အလင်းကြောင်းများက ယခင်ထက် အဆပေါင်းများစွာ ရှုပ်ထွေးလွန်းသော အခြေအနေ တစ်ခုအဖြစ် ပြောင်းလဲလာနေသည်။ ပို၍ဆိုးသည်မှာ လေ၏ အပေါ်ယံ မျက်နှာပြင်ပေါ်တွင် တိကျလွန်းသော နေကွက်များ၊ နေမီးတောက်များ တစ်စချင်းစီ ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက်ဖြစ်နေပြီး ပြင်းထန်လွန်းသည့် တုန်ခါနှုန်းကို ဖြစ်ပေါ်လာနေစေသည်။

အတိုချုံ့ဆိုရသော် ဝမ်ချောင်၏ နေမင်းက အစစ်အမှန် နေမင်း၏ တစ်ဆယ်ရာခိုင်နှုန်းနီးပါးသာလျှင် တုပထားခဲ့လျှင် ထိုစိတ်စွမ်းအား စွမ်းအင်များ၏ ထောက်ပံ့ပေးမှုကြောင့် ဝမ်ချောင်ဟာ လေးဆယ်ရာခိုင်နှုန်းခန့်အထိ တုပနိုင်သွားသည်။ ရလဒ်အနေဖြင့် နေမင်းမှထုတ်သော အပူက ကြီးသထက် ကြီးသွားပြီး အသူရာလောကကို မရပ်တန့်နိုင်သည့် ဖိအားမျိုးနှင့် လှည်းကျင်းဖယ်ရှားသည်။

“မဖြစ်နိုင်ဘူး”

မာစီက အခြေအနေအားလုံးကို စိုက်ကြည့်နေရင်း အံ့ကြိတ်ထားသည်။ သူ၏သွားများက အချင်းချင်း ရိုက်ခတ်နေသောကြောင့် တဂတ်ဂတ်သံပင် ထွက်လာသေးသည်။ ဝမ်ချောင်က ရင့်ကျက်လာသည်မှာ မြန်ဆန်လွန်းနေသည်။ သူထုတ်ပြသော ခွန်အားမျိုးက မည်သည့်စိတ်စွမ်းအား စွမ်းအင်သုံး ကျင့်ကြံသူကမှ မပြသဖူးသော စွမ်းရည်မျိုးဖြစ်လေသည်။ ဝမ်ချောင်က ပြသသော စွမ်းရည်က ကြီးလေလေ မာစီ၏ သတ်ဖြတ်လိုစိတ်က ပြင်းထန်လေလေဖြစ်သည်။

အသူရာကပ်ဘေးက ရပ်တန့်၍မရချေ။ အသုံးပြုပြီးသည်နှင့် အဆုံးသတ်ထိ ဆက်သုံးရမည်ဖြစ်သည်။ သို့မဟုတ်လျှင် အသုံးပြုသောသူက ပြင်းထန်လွန်းသည့် တန်ပြန်ဒဏ်ကို ခံရမည်ဖြစ်သည်။

ဘုန်း

အသူရာလောကက ယခင်ထက် အဆပေါင်းများစွာ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ပြိုလဲကျနေသည်။ ထို့နောက် ပြင်းထန်လွန်းသည့် ဖိအားကို လွှတ်ထုတ်သည်။ ဒါက မမြင်ရသော ကြီးမားသည့် လက်ကြီးတစ်ဖက်က နေမင်း၏ အလယ်ကိုလှမ်းကာ ဖျစ်ညှစ်နေသလိုဖြစ်သည်။

ဘုန်း

အသူရာလောကကြီးက သူ့အလိုလို ဆုတ်ယုတ်သွားသည့် အချိန်တွင် ဝမ်ချောင်၏ တောက်ပသော နေမင်းက ကြီးသထက် ကြီးလာပြီး ပို၍ပင် အသေးစိတ်ကျကျ ထင်ရှားလာသည်။

“မာစီ အသုံးမဝင်ဘူး မင်းရဲ့ခွန်အားက ငါ့ကို ထိခိုက်သက်ရောက်အောင် မလုပ်နိုင်ဘူး”

ဝမ်ချောင်၏ တည်ငြိမ်သောအသံက နေမင်း၏ အလယ်ဗဟိုမှ ထွက်လာသည်။ ဝမ်ချောင်ကလည်း မာစီဟာ သူ၏အင်အားအကြီးဆုံးသိုင်းကို သုံးနေကြောင်း မသိပါချေ။ သို့သော် မာစီနှင့် တိုက်ခိုက်နေရင်းမှ သူက အတွေ့အကြုံ ပိုရလာသည်။

ဝမ်ချောင်ကသာ ထိုအတွေ့အကြုံတစ်ခုတည်းကို ရရှိရန် ကြိုးစားကျင့်ယူမည်ဆိုလျှင် ဆယ်နှစ်ခန့် အနည်းဆုံးကြာနိုင်သည်။ ထိုထက်ပင် ကြာနိုင်သေးသည်။ သို့သော် မာစီ၏ လေ့ကျင့်ပေးမှုကြောင့် ဝမ်ချောင်ဟာ အဆင့်ပေါင်းများစွာကို ကျော်လှမ်းနိုင်လေပြီး ချက်ချင်းဆိုသလို အလွန့်အလွန်မြင့်သော အဆင့်သို့ ရောက်ရှိသွားနိုင်သည်။ ပို၍ဆိုးသည်မှာ အချို့သော နယ်ပယ်များတွင် မာစီ၏ အတွေ့အကြုံနှင့် သူ၏ကိုယ်ပိုင် ဉာဏ်အလင်းများကို ပူးပေါင်းလိုက်ခြင်းက မာစီကိုပင် ကျော်တက်သွားနိုင်စေသည်။

“စိတ်စွမ်းအားစွမ်းအင်တိုင်းက ပုံရိပ်ယောင်သပ်သပ်ပဲ။ မင်းမှာ ဘယ်လောက် အကွက်တွေများများ မင်းရဲ့စွမ်းရည်က ဘယ်လောက်ကြီးကြီး ငါ့အတွက်ဒါက အသာအယာ လာကုပ်နေသလိုပဲ။ ဒါကြောင့် မင်းဘယ်တော့မှ နိုင်နိုင်မှာမဟုတ်ဘူး”

အခန်း(၉၈၃)

ဝုန်း

မြေအောက်အနက်ရှိုင်းဆုံး အပိုင်းမှ မာစီ၏ မျက်လုံးများက မှေးကျဉ်းလာသည်။ ဝမ်ချောင်၏ အသံက သူ့ကို ခပ်ကြမ်းကြမ်း ထိုးဖောက်လိုက်သည်။

“စိတ်စွမ်းအား စွမ်းအင်တိုင်းက ပုံရိပ်ယောင်သပ်သပ်ပဲ”

ဆိုသော စကားက သူ့ကို မှင်သက်သွားစေသည်။ ဝမ်ချောင်ဟာ စိတ်စွမ်းအားစွမ်းအင်၏ အနှစ်သာရကို ရိုးရှင်းသော ဇာတ်ကြောင်းတစ်ကြောင်းတည်းနှင့် ဖော်ပြသွားသည်။ လက်ရွေးစင် စိတ်စွမ်းအား စွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်တိုင်း အကြားမှ လွန်ဆွဲမှုကိုပင် သူက အသာအယာ ဖော်ပြသွားနိုင်ခြင်းဖြစ်သည်။

သို့ရာတွင် နှုတ်တိုက်ပြောဆိုခြင်းက တစ်မျိုးဖြစ်ပြီး အမှန်တကယ် နားလည်သဘောပေါက်ရင်းနှင့် လက်တွေ့ကျင့်ကြံကာ ထုတ်သုံးနိုင်ခြင်းက တစ်ဖုံဖြစ်သည်။ ပို၍ဆိုးသည်မှာ လူအများစုကလည်း ထိုအခြေအနေကို ခပ်ရေးရေး နားလည်ကြသည်။ သို့သော် “စိတ်စွမ်းအားစွမ်းအင်က အတုအယောင်”ဆိုသော အဓိပ္ပာယ်ကိုမူ အမှန်တကယ် မဆုပ်ကိုင်နိုင်ကြချေ။ ထိုသို့ဖြစ်နေခဲ့လျှင် သူက လူပေါင်းများစွာကို သူ၏ရုပ်သေးရုပ်အဖြစ် ပြောင်းလဲနိုင်ခဲ့မည်မဟုတ်ချေ။

စိတ်စွမ်းအားစွမ်းအင်တိုင်းက အတုအယောင် ဖြစ်နေခဲ့လျှင် စိတ်စွမ်းအား စွမ်းအင်များ ထွက်ပေါ်လာသောအခါ သိုင်းပညာရှင်များက သေဆုံးရသော အခြေအနေက ရှိနေသေးသည်။ စိတ်စွမ်းအား စွမ်းအင်၏ နယ်မြေက လူတိုင်းမျှော်လင့်ထားသလောက် မရိုးရှင်းပါချေ။

‘စိတ်စွမ်းအား စွမ်းအင်တိုင်းက ပုံရိပ်ယောင်တွေပဲ’ဆိုသော စကားက ဘယ်သောအခါကမှ ပြန်အံ့မတုနိုင်သော အခြေအနေမျိုးဖြစ်သည်။ သို့ရာတွင် ထိုစကားအတိုင်း အမှန်တကယ် ပုံဖော်နိုင်သောလူက အယောက်တစ်သန်းလျှင် တစ်ယောက်ပင် မရှိနိုင်ချေ။ စိတ်စွမ်းအား စွမ်းအင်ကို အစစ်အမှန် နားလည်ပြီး တစ်လောကလုံးကို အထင်တသေး ငုံ့ကြည့်နိုင်သည့် ဆရာသခင်များကသာ ထိုစကား၏ အနှစ်သာရကို နားလည်နိုင်ကြသည်။ မာစီကလည်း ထိုစကားကို လွန်ခဲ့သော ဆယ်နှစ်ခန့်က ကြားဖူးသည်။ ထိုအချိန်က သူက အငယ်တန်းအဆင့် ဘုန်းတော်ကြီးမျှသာ ဖြစ်သေးသည်။ သူက အလွန့်အလွန် ပါရမီကြီးမားပြီး နားလည်နိုင်စွမ်း မြင့်မားသည့်တိုင်အောင် အသူရာလောကကို ဖန်တီးနိုင်ခဲ့သော တစ်စုံတစ်ယောက်ဖြစ်၍သာ ဒီအဆင့်ထိ ရောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။

မာစီကလည်း အခြားတစ်ယောက်က သူနားလည်ထားသည့်အတိုင်း မြန်ဆန်လွန်းသော ပုံစံမျိုးဖြင့် တိုးတက်သွားပြီး နားလည်မှု လျော့သွားမည်ဟု မမျှော်လင့်ထားမိပါချေ။

“ဒါက မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး... ငါမယုံဘူး”

မာစီ၏မျက်လုံးက နီရဲလာသည်။

ခြိမ်း

ပြိုလဲကျသံနှင့်အတူ တစ်လောကလုံးက တုန်ခါသွားသည်။ အသူရာလောက၏ အဆုံးသတ်က နီးလာသည်နှင့်အမျှ အနှစ်သာရမှ ဖိအားက ပြင်းထန်လာသည်။

စိတ်စွမ်းအား စွမ်းအင်များမှ ဖွဲ့စည်းထားသည့် နေမင်းက နောက်ဆုံးတွင် ထိုဖိအား၏ သက်ရောက်မှုကို စခံရသည်။ နေမင်းရှိသောနေရာက တဖြည်းဖြည်းချင်း ကျုံ့လာသည်။ ပတ်ဝန်းကျင်ရှိ အာကာသပြင်က စတင်ကာ လိမ်တွန့်လာသည်။ နေမင်း၏ အပေါ်ယံ မျက်နှာပြင်ကပင် အားလှိုင်းများ ထလာပြီး အံ့အားသင့်ဖွယ်ကောင်းသော အားလှိုင်းများ ဖြတ်ပြေးလာသည်။

“ကောင်းတယ်”

မာစီကလည်း ထိုမြင်ကွင်းကြောင့် အပျော်လွန်သွားသည်။ သူက ဒီတိုက်ပွဲကို အရင်လက်ဦးမှု ယူနိုင်ပြီး အသာစီးပြန်ရသွားမည်ဖြစ်သည်။ သူ၏ အသူရာ ကပ်ဘေးကသာ ဝမ်ချောင်၏ တောက်ပသော နေမင်းအပေါ် သက်ရောက်မှုအချို့ လုပ်နိုင်သမျှ သူက ဒီထန်လူငယ်ကို ရှုံးနိမ့်အောင် လုပ်နိုင်မည်ဟု ယုံကြည်သည်။

သို့သော် မာစီက စိတ်လှုပ်ရှားပြီး အသူရာကပ်ဘေးထဲသို့ စွမ်းအားများ ထပ်ထည့်လိုက်သည့်အချိန်တွင် ခမ်းနားကာ တောက်ပသော ရွှေရောင်လှံတစ်လက်က ကောင်းကင်ထံမှ ဆင်းသက်လာပြီး ပြိုလဲကျနေသည့် အသူရာလောကကို ထိုးဖောက်လိုက်သည်။

ခလွက် ခလွက် ကျွတ် ကျွတ် ကျွတ်

မရေမတွက်နိုင်သော အပ်ရာပေါင်းများစွာက ထိုတစ်လောကလုံးအနှံ့ ဖြန့်ပြေးသွားပြီး စွမ်းအင်တိုင်းက ထိုးထွက်လာသည်။

“မဟုတ်ဘူး”

မာစီက စိတ်ပျက်အားငယ်စွာ အော်ဟစ်သည်။ ထိုလှံက သူ၏စိတ်စွမ်းအား လောကကို ထိုးဖောက်လိုက်ပြီး သူ၏နောက်ဆုံးသော မျှော်လင့်ချက်ကို သယ်ဆောင်သွားသည်။

စိတ်စွမ်းအားလောကဟာ အခြားသော စိတ်စွမ်းအား တိုက်ကွက်တိုင်းထက် အဆပေါင်းများစွာ အင်အားကြီးမားသည်။ သို့သော် ထိုစွမ်းအားကြီးမားလွန်းသောသိုင်းကို သက်ရောက်မှုရှိစေရန် ထိုလောကနှင့် အသုံးပြုသူက တစ်သားတည်း ပေါင်းစည်းနေရမည်ဖြစ်သည်။ ယခုအခါ အသူရာက ကွဲကြေသွားလေရာ ပြန်လည်မဖွဲ့စည်းနိုင်တော့ချေ။

“ဒါတွေအားလုံးက တကယ်မှမဟုတ်တာ။ ဒါတွေအားလုံးက ပုံရိပ်ယောင်ပဲ။ မာစီ မင်းရှုံးပြီ”

ဝမ်ချောင်၏ တည်ငြိမ်သောအသံက ထပ်ထွက်လာသည်။ ထို့နောက် စိတ်စွမ်းအားလောကက ပြိုလဲကျသွားသည်။ ဝမ်ချောင်နှင့် မာစီတို့ကလည်း အစစ်အမှန် လောကသို့ ပြန်ရောက်လာသည်။

ဝုန်း

မျောက်ဝံ့ကြီး၏ ဘယ်ဘက်လက်မောင်းပေါ်တွင် ရှိနေသော ဝမ်ချောင်၏ကိုယ်က မျောက်ဝံ့ကြီး၏ ထူထည်းသိပ်သည်းသော အမွှေးများထဲသို့ တစ်ဝက်ခန့်နီးပါး မြုပ်လုနီးပါး ဖြစ်နေသည်။ သူ၏မျက်ဝန်းများက တည်ငြိမ်ပြီး ရှင်းလင်းပြတ်သားသည်။ သူက လောက လျို့ဝှက်ချက်တိုင်းကို မြင်နိုင်ပုံရသည်။ စိတ်စွမ်းအားချင်းယှဉ်သော် ဝမ်ချောင်က မာစီထက် အဆပေါင်းများစွာ မြင့်မားသည်။

“အခု တိုက်ပွဲကို အဆုံးသတ်ရမဲ့အချိန်ပဲ”

ဝမ်ချောင်၏မျက်ဝန်းက အေးစက်သော အလင်းဖြင့် တောက်ပလာသည်။ သူ၏စိတ်မှ တစ်စိတ်တစ်ပိုင်းဟာ ဒီစိတ်ထဲမှ မာစီနှင့် တဖန်ပြန်လည် ပေါင်းစပ်ပြီး တိုက်ပွဲဆင်နွဲချိန်တွင် မျောက်ဝံ့ကြီး၏ စိတ်အတွင်းသို့လည်း ပို့လွှတ်ကာ ပြင်းထန်သည့် လုပ်ကြံသတ်ဖြတ်မှုကို လုပ်ထားခဲ့သေးသည်။ ထို့ကြောင့် ဒီတစ်ကြိမ်တွင် သူ၏တိုက်ကွက်က ခြားနားသော ဘဝမျိုးကို သယ်ဆောင်ထားပြီး ချောမွေ့စွာဖြင့် မာစီ၏ စိတ်စွမ်းအားတိုင်းကို အဘက်ဘက်မှ မောင်းထုတ်လိုက်နိုင်သည်။

မာစီက ထပ်ခါတလဲလဲ မောင်းထုတ်ခံနေရပြီး မြေပြင်ပေါ်သို့ ပေါ်ထွက်လာရသည်။

“မဟုတ်ဘူး မဖြစ်နိုင်ဘူး ငါမရှုံးနိုင်ဘူး”

မာစီက သူ၏စွမ်းအင်တိုင်းကိုသုံးပြီး ခုခံရန်ကြိုးစားသည်။ သို့သော်သူက ဝမ်ချောင်၏ စိတ်စွမ်းအား စွမ်းအင်များကိုလည်း မရပ်တန့်နိုင်ပြန်ချေ။ ထိုစွမ်းအင်များက ချော်ရည်များ လိမ့်တက်လာသလိုမျိုး လမ်းကြောင်း၏ အရာအားလုံးကို အရည်ပျော်ကျအောင် လုပ်နိုင်သည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း မာစီ၏ မျောက်ဝံ့ကြီးကို ထိန်းချုပ်နိုင်စွမ်းအားက ကိုးဆယ်ရာခိုင်နှုန်းမှ ခုနှစ်ဆယ် ရာခိုင်နှုန်းအထိ ထိုးကျသွားသည်။ ထို့နောက် ငါးဆယ်ရာခိုင်နှုန်း၊ သုံးဆယ်ရာခိုင်နှုန်း... မာစီ၏ ကြမ်းတမ်းသော ရုန်းကန်မှုက မည်သို့ပင် ဖြစ်နေစေကာမူ သူက မောင်းထုတ်ခံရသည့် ကံကြမ္မာကို မလွတ်မြောက်နိုင်ချေ။ ဘန်းကနဲမြည်သံနှင့်အတူ မာစီ၏ စိတ်စွမ်းအင်များက မျောက်ဝံ့ကြီးထံမှ အပြည့်အဝ ဖယ်ခွာသွားသည်။

သို့သော် မာစီ၏ စိတ်စွမ်းအင်များက သူ၏ကိုယ်ထံသို့ ပြန်မသွားချေ။ ထိုအစား လေထဲတွင် မျောလွင့်နေပြီး နောက်မှသာ ကျန်းနှစ်ဆယ်ကျော် အကွာတွင်ရှိသော လောင်ကျွမ်းသူထံ တိုးဝင်သွားသည်။

ဝှစ်

လောင်ကျွမ်းသူက ခေါင်းပြန်လှည့်ကြည့်သည်။ သူက ပါးစပ်ကြီးကိုဟပြီး ကြီးမားသော မျောက်ဝံ့ကြီးထံ မီးတောက်များကို မှုတ်ထုတ်သည်။

“မင်းက နေမင်းပုံသဏ္ဍန်ကို ယူနိုင်တော့ရော ဘယ်သူက ဂရုစိုက်မှာလဲ။ ငါက မင်းဆီမှာ ရှုံးမှာမဟုတ်ဘူး။ ဒီတိုက်ပွဲမှာ ငါတို့က သေတဲ့အထိ တိုက်ခိုက်ရလိမ့်မယ်”

မာစီ၏ ရူးသွပ်စွာအော်သံက ထွက်ပေါ်လာလေပြီး သူက လောင်ကျွမ်းသူကိုသုံးကာ မီးတောက်များကို မှုတ်ထုတ်ခိုင်းသည်။

ဝေါင်း

မျောက်ဝံ့ကြီး၏ အသွေးအသားများက နီရဲတောက်ပလာလေသည်။ ထို့ပြင် လောင်ကျွမ်းသူက မီးကိုဆက်တိုက် မှုတ်ထုတ်နေသောကြောင့် မည်းတူပြာကျသွားသည်။ သူ၏ အသားမှ မီးခိုးများ ထွက်လာသော်လည်း မျောက်ဝံ့ကြီး၏ ဒဏ်ရာများကမူ ထင်ထားသလောက် ပြင်းထန်ခြင်း မရှိပါချေ။ ပဲ့ဟယ်မော့ လေးကောင်ထဲမှ အင်အားအကြီးဆုံးဖြစ်သည့် မြင့်မြတ်သူဟာ မယုံနိုင်စရာကောင်းသော ခုခံနိုင်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ လောင်ကျွမ်းသူကပင် သူ၏မီးတောက် သီးသန့်ကို မှီခိုမည်ဆိုလျှင် ဒဏ်ရာရအောင် မလုပ်နိုင်ချေ။

“ပုဇွန်ကြီးတစ်ကောင်က ရထားလုံးတစ်စီးကို တားဖို့ ကြိုးစားနေတာပဲ။ မာစီ မင်းကရှုံးသွားပြီ အလဟသ ရုန်းကန်မနေနဲ့တော့”

မျောက်ဝံ့ကြီး၏ သွေးနီရောင် မျက်ဝန်းများက အေးစက်သွားသည်။ ထို့နောက် သူ၏ လက်မောင်းနှစ်ဖက်လုံးကို ဖြန့်လိုက်သည်။ သူက ဒူးကွေးလိုက်ရင်း တဖန်ပြန်လည် ခုန်လိုက်ကာ ကျားတစ်ကောင်က သားကောင်ကို ခုန်အုပ်သလို လောင်ကျွမ်းသူကို ခုန်အုပ်လိုက်သည်။

ဘုန်း

မျောက်ဝံ့က ခေါင်းကိုလှည့်ပြီး တစ်ဖက်မှ မှုတ်ထုတ်လိုက်သည့် မီးတောက်ကိုရှောင်သည်။ ထို့နောက် သူ၏လက်မောင်းက လောင်ကျွမ်းသူ၏ လည်ပင်းသို့ ကြမ်းတမ်းသော အားများဖြင့် ရိုက်ချလိုက်သည်။ ဟိန်းဟောက်သံ တစ်သံနှင့်အတူ လောင်ကျွမ်းသူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက အုတ်ကျိုးအုတ်ပဲ့များ ရှိရာဘက်သို့ ဝင်ဆောင့်တိုက်ရင်း လွင့်ထွက်သွားသည်။

“အား”

မရေမတွက်နိုင်သော လူပေါင်းများစွာကအော်ကာ ထွက်ပြေးကြသည်။ ထိုနေရာတွင်ရှိသော အာရပ်မြင်းတပ်က ထိတ်လန့်သွားကြပြီး သူတို့၏ မျက်ဝန်းထဲတွင် ကြောက်လန့်မှုနှင့် အံ့အားသင့်မှုကို မြင်နိုင်သည်။ သူတို့က လောင်ကျွမ်းသူနှင့် မျောက်ဝံ့ကြီး၏ ပထမဦးဆုံး တိုက်ကွက်တွင် တိုက်ဆိုင်စွာဖြင့် ဝင်ပါမိသွားသည်။ ရှင်းလင်းစွာဖြင့်ပင် အခြေအနေက ထင်ထားသလောက် မရိုးရှင်းချေ။

“သေစမ်း မြင့်မြတ်သူက ဘာဖြစ်တာလဲ။ ဘာလို့ လောင်ကျွမ်းသူနဲ့ တိုက်ခိုက်နေရတာလဲ”

“ဒါက မြင့်မြတ်သူမဟုတ်ဘူး လောင်ကျွမ်းသူက အရင်တိုက်ခိုက်တာ”

“အား ကြည့်ထား ကြည့်ထား သူတို့ငါတို့ဆီလာနေပြီ”

“မာစီဘယ်ရောက်သွားလဲ ပဲ့ဟယ်မော့တွေက ထန်တွေကို သုံးသင့်တာလေ။ ဘာလို့ ငါတို့အချင်းချင်းပြန်ပြီး တိုက်ခိုက်နေတာလဲ”

လောင်ကျွမ်းသူက ချက်ချင်းထသည်။ သူက မျောက်ဝံ့ကြီး၏ လက်မောင်းကို ကိုက်ခဲ၏။ ပဲ့ဟယ်မော့ နှစ်ကောင်က အချင်းချင်း တိုက်ပွဲဖြစ်နေလေရာ အာရပ်စစ်သားတိုင်း၏ မျက်နှာက ဖြူဖျော့သွားပြီး ခပ်မြန်မြန် ဆုပ်ကြသည်။ သူတို့၏ စည်းကမ်းသေဝပ်ကာ အစီအစဉ်တကျရှိသည့် ဝင်္ကပါက ချက်ချင်း ပြိုကျသွားသည်။

ပဲ့ဟယ်မော့များက စတင်ကာ တိုက်ခိုက်ရုံသာ ရှိသေးသည်။

ဘုန်း

ကောင်းကင်က မှေးမှိန်သွားချိန်တွင် ကြီးမားသော ဖနောင့်ကြီးက အောက်သို့ပေါက်ချသည်။ မျက်နှာ ဖြူလျော့နေသော အာရပ်မြင်းတပ် အဖွဲ့ဝင်ရာကျော်က အချိန်မှီ မရှောင်နိုင်သဖြင့် အသားတုံးအဖြစ် ပြောင်းလဲသွားသည်။

“မျိုးမစစ်ကောင် မာစီ မင်းဘာလုပ်တာလဲ။ မင်းရဲ့ပဲ့ဟယ်မော့တွေကို မြန်မြန်လာပြီး ထိန်းချုပ်စမ်း”

ကောင်းကင်တွင် ဒေါသတကြီး အော်ဟစ်သံက ထွက်ပေါ်လာသည်။ အပုမူစလင်က ကောင်းရှန်းကျစ်ကို အမဲလိုက်နေသည့် လမ်းတစ်ဝက်တွင်ဖြစ်သည်။ သူက ဒီအခွင့်အရေးကို အရသုံးပြီး အန်းရှီစစ်နတ်ဘုရားကို သတ်ချင်သည်။ သို့သော် ထိုသို့သော အခိုက်အတန့်တွင် သူ၏ကိုယ်ပိုင် အင်အားစုမှ အဓိက အသက်သွေးကြော၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မြင့်မြတ်သူက ရုတ်တရက် သူ၏ ကိုယ်ပိုင်လူများကို သတ်နေသည်။ ထိုအမှားက ခွင့်လွှတ်ပေး၍မရသည့် အမှားမျိုးဖြစ်သည်။

သို့သော် အပုမူစလင်ကမူ မှင်သက်သွားရသည်။

“အရှင် အရှင်အစိုးရ မြန်မြန် မြန်မြန်ကယ်ပါ။ ငါတောင့်မခံနိုင်တော့ဘူး”

သူ၏စိတ်ထဲတွင် မာစီ၏အသံက ဟိန်းထွက်လာသည်။ ထိုအသံက အလွန့်အလွန် ထိတ်လန့်နေပုံပေါ်သည်။

“ဘာတွေဖြစ်နေတာလဲ”

အပုမူစလင်က ထိုစကားများကြောင့် ဖိအားများသွားသည်။ သူဟာ ကောင်းရှန်းကျစ်နှင့် တစ်ချိန်လုံး တိုက်ခိုက်ရန်သာ အာရုံစိုက်ထားခဲ့ပြီး မာစီ၏ လုပ်ရပ်ကိုလည်း အာရုံမစိုက်နိုင်ပါချေ။ ထို့ကြောင့် မာစီဟာ အခြားတစ်ယောက်ကြောင့် ယခုလို အနေအထားထိ ဖိအားပေးခံရကြောင်းကိုလည်း မသိချေ။

“ဘာတွေဖြစ်နေတာလဲ မာစီက ပဲ့ဟယ်မော့တွေကို ထိန်းချုပ်နေတာ မဟုတ်ဘူးလား”

အပုမူစလင်က ထိန်းချုပ်သွားသည်။

“ဒါက ဒါက အဲ့ဒီထန်ကောင်လေး သူက ပဲ့ဟယ်မော့ စစ်တပ်တစ်ခုလုံးကို ထိန်းချုပ်နိုင်တော့မှာ။ အရှင်အစိုးရ မြန်မြန်လေး ငါ့ကိုကူညီပြီး သူ့ကို ကိုင်တွယ်ပေးပါ”

မာစီ၏အသံက စိုးရိမ်မှု၊ စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေသည်။

“ဘာ”

အပုမူစလင်၏ ခန္ဓာကိုယ်က အံ့အားသင့်မှုကြောင့် တုန်ယင်သွားသည်။ သူက သူ့နားသူပင် မယုံနိုင်တော့ချေ။ အသစ်စက်စက် ရောက်လာသော ထိုထန်ဗိုလ်ချုပ်က ဖော်ပြရန် ခက်ခဲလွန်းသော ဗျူဟာများနှင့် ပါရမီကြီးသည့် စစ်သည်တော်တစ်ယောက်ဖြစ်သည်။ သို့သော် သူက စိတ်စွမ်းအား စွမ်းအင်ကို ကျွမ်းကျင်လွန်းသော မာစီကို ယှဉ်ပြိုင်နိုင်မည်ဟု မထင်ထားမိချေ။ သူက ပဲ့ဟယ်မော့ စစ်တပ်မှ ထိုဗိုလ်ချုပ်ကိုပင် စိတ်ဓာတ်ကျစေသည်အထိ ဖိနှိပ်နိုင်ခဲ့သည်။

ဝုန်း

အပုမူစလင်က တိုက်ပွဲနယ်မြေ တစ်ခုလုံးကို အကဲခတ်ကြည့်သည်။ ထိုအခါ ဝမ်ချောင်ဟာ မြင့်မြတ်သူ၏ ပုခုံးပေါ်တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။

ဘန်း

အပုမူစလင်က မျောက်ဝံ့သို့ လှည့်ကြည့်လိုက်သော အချိန်တွင် ထိုမျောက်ဝံ့ကြီးက ကျန်းတစ်ဆယ်ကျော် အကွာမှ အာရပ်စစ်သားများကို ဖနောင့်ဖြင့် နင်းချလိုက်ကြောင်း တွေ့လိုက်ရသည်။

“အား”

မြေကမ္ဘာက တသိမ့်သိမ့်တုန်သွားပြီး အော်ဟစ်သံများက ထွက်ပေါ်လာသည်။ အာရပ်မြင်းတပ် အဖွဲ့ဝင် ရာကျော်က နင်းချေခံရ၏။

ကြီးမားသော မျောက်ဝံ့ကြီး၏ တစ်ဖက်ခြမ်းတွင် မီးတောက်ဖွတ်ကြီးက တဖြည်းဖြည်းချင်း ရွေ့လာသည်။ မီးတောက်များကလည်း မတည်ငြိမ်တော့ချေ။ ပို၍ဆိုးသည်မှာ မတိကျတော့ခြင်းဖြစ်သည်။ သူက ထိုမီးတောက်များကို မျောက်ဝံ့ကြီး၏ ဘယ်ဘက်၊ ထို့နောက် ညာဘက် မထိသော နေရာများကိုသာ ပတ်ခတ်မိသလို ဖြစ်နေသည်။ ဒါက လောင်ကျွမ်းသူအတွက် ပုံမှန်အခြေအနေ မဟုတ်ချေ။

စိတ်စွမ်းအင် နယ်မြေအတွင်းတွင်ဆိုလျှင် မာစီက လောင်ကျွမ်းသူအတွင်းမှ ဝမ်ချောင်ကြောင့် မောင်းထုတ်ခံရတော့မည့် လက္ခဏာကို ပြသနေခြင်းဖြစ်သည်။

အခန်း(၉၈၄)

မိစ္ဆာနတ်ဆိုး၏ မျက်လုံး

ဝမ်ချောင်က လောင်ကျွမ်းသူနှင့် မြင့်မြတ်သူ နှစ်ကောင်လုံးကို ထိန်းချုပ်နိုင်လုနီးပါး ဖြစ်လာသည်။ ပဲ့ဟယ်မော့နှစ်ကောင်၏ ဖနောင့်ပေါက်ချက်များက အနီးအနားရှိ အာရပ်မြင်းတပ်ကို ပြင်းထန်သည့် ထိခိုက်ဆုံးရှုံးမှုများကို ဖြစ်လာစေသည်။

“သေစမ်း”

အပုမူစလင်၏ ထူထည်းသော မျက်ခုံးများက ဒေါသကြောင့် ကျုံ့လာသည်။

ဝုန်း

သူက ရှေ့သို့ခုန်တက်သွားပြီး ကောင်းရှန်းကျစ်ကို ဘေးဖယ်ထားလျှက် မျောက်ဝံ့ကြီး၏ ဘယ်ဘက် ပုခုံးပေါ်တွင် ရှိနေသော ဝမ်ချောင်ထံ ပြန်လဲသွားသည်။

ဘုန်း

ကောင်းကင်က မည်းမှောင်သွားသည့် အချိန်တွင် ကြီးမားသော အနက်ရောင် လက်သီးကြီးက ရွှေရောင် သံချပ်ကာ ခြံရံလျှက် ဝမ်ချောင်ထံ တိုးဝင်သွားသည်။ ထိုသို့ဖြင့် လေဗွေများကို မွှေနှောက်ပြီး အာကာသပြင်ကို တွန့်လိမ်ရှုံ့တွစေကာ ကွဲအက်လာစေသည်။

ထိုလက်သီးကြီး၏ စွမ်းအင်က သူတော်စင်သိုင်းအဆင့်ရှစ် အထက်တွင်ဖြစ်ပြီး သာမာန် အင်ပါယာ မဟာဗိုလ်ချုပ်များ၏ ခွန်အားမျိုးကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ သို့သော် အပုမူစလင်၏ မိစ္ဆာနတ်ဘုရား ထောက်တိုက် ခုနှစ်ဆယ့်နှစ်တိုင် လက်သီးစွမ်းအင်က ပေါင်းစပ်ပါဝင်နေပြီး ချောမွေ့စွာဖြင့် ဝင်ရောက်လာနေခြင်းဖြစ်လေသည်။

ထိုတိုက်ကွက်က အပုမူစလင်၏ ပုံမှန်တိုက်ကွက်များထက် အားနည်းသော်လည်း သူက နေရာမှန်၊ အချိန်မှန် ကွက်တိရိုက်ချရန် ရွေးချယ်လိုက်ခြင်းဖြစ်သည့်အလျောက် အားအနည်းဆုံး နေရာကို ကွက်တိထိသွားမည်ဖြစ်သည်။ အပုမူစလင်၏ တိုက်ကွက်က လုပ်ကြံသတ်ဖြတ်မှုကို အောင်မြင်စွာ ချေမှုန်းနိုင်လောက်သည်။

“အပုမူစလင် ငါတို့ရဲ့တိုက်ပွဲက မပြီးသေးဘူး။ မင်းက ဘာသွားလုပ်တာလဲ”

အလင်းက ဖြတ်ကနဲလက်လာပြီးနောက် သံချပ်ကာအပြည့်နှင့် ကောင်းရှန်းကျစ်၏ ပုံရိပ်က အပုမူစလင်၏ရှေ့တွင် ပေါ်ထွက်လာသည်။ ကောင်းရှန်းကျစ်၏ မျက်နှာက ဖြူဖျော့လွန်းနေပြီး သွေးများ မရှိတော့ဟုပင် ထင်ရသည်။ သူ၏သံချပ်ကာကလည်း စုတ်ပြတ်သပ်နေသည်။ သွေးများက ဆက်တိုက် စီးထွက်နေသည်။ သူဟာ အလွန့်အလွန် ဝမ်းနည်းဖွယ်ကောင်းသော တိုက်ပွဲမျိုးကို ရင်ဆိုင်ခဲ့ရပုံပေါ်သည်။

သို့သော် ထိုအခြေအနေများ ဖြစ်နေသည့်တိုင်အောင် ကောင်းရှန်းကျစ်၏ နှုတ်ခမ်းတွင် အပြုံးက ရှိနေသေးပြီး ခပ်အေးအေးဖြစ်ကာ သက်တောင့်သက်သာရှိသည့် ဟန်အမူအရာမျိုးကို ထိန်းသိမ်းထားသေးသည်။

“ကောင်းရှန်းကျစ် မင်းသေချင်နေတာလား။ မင်းက မင်းရဲ့အခြေအနေမျိုးနဲ့ ငါ့ကိုတားနိုင်မယ်လို့ ထင်နေလား”

အပုမူစလင်၏ မျက်နှာက ရေခဲတုံးတမျှ အေးခဲသွားသည်။ သူ၏မျက်ဝန်းအတွင်း ဒေါသများကို မြင်နိုင်သည်။

ကောင်းရှန်းကျစ်က တိုက်ပွဲများကို ဆက်တိုက် တိုက်ခိုက်နေခဲ့ရပြီး ယခုအခါ အကန့်အသတ်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ အပုမူစလင်ကလည်း ကောင်းရှန်းကျစ်ဟာ ဉာဏ်ပညာရှိရှိနှင့် ဘေးဖယ်နေမည်ဟု ထင်ထားသည်။ မမျှော်လင့်ထားစွာပင် သူက ယခုလို ကိုယ့်ကိုယ်ကို သတ်သေသည့် အခြေအနေမျိုးကို ရွေးချယ်လာသေးသည်။

“ပြည်သူအရာရှိတစ်ယောက်က ကြွယ်ဝမှုကို မဖမ်းဆုပ်သလို ဗိုလ်ချုပ်တစ်ယောက်ကလည်း သေရမှာကို မကြောက်ဘူး။ ဒါကငါ့ရဲ့တာဝန်ပဲ။ ဒီကောင်းရှန်းကျစ်ရဲ့ လုံခြုံရေးက အန္တရာယ်များနေရင်တာင်မှ ငါက လမ်းတောက်လျှောက် ဒီနေရာထိ ဆက်တိုက် ချီတက်လာခဲ့ပြီးတဲ့နောက်မှာ လုံးဝနောက်မတွန့်ခဲ့ဘူး။ ဒီနေ့အခြေအနေက ဘယ်လိုပဲဖြစ်လာဖြစ်လာ ဒီကောင်းရှန်းကျစ်က ခြေတစ်လှမ်းတောင် မဆုတ်ပါဘူး အရှင်မြို့စား အရှင်မြို့စားမှာ ဘယ်လောက်ထူးချွန်ပြောင်မြောက်လွန်းတဲ့ သိုင်းတွေပဲရှိရှိ ကောင်းရှန်းကျစ်က နောက်မဆုတ်ပါဘူး”

ကောင်းရှန်းကျစ်က သူ၏ဓားကို ညာဘက်လက်ဖြင့် ဆုပ်ကိုင်ထားသည်။ သူ၏ မျက်နှာတွင် အပြုံးတစ်စက ရှိနေပြီး ဆုံးဖြတ်ချက်ပြတ်သားမှုကို မြင်နိုင်သည်။

အပုမူစလင်၏ မျက်လုံးက မှေးကျဉ်းသွားသည်။ သူက ကောင်းရှန်းကျစ်အား ပထမဦးဆုံးအကြိမ် မြင်ရသလိုကြည့်သည်။

“ကောင်းရှန်းကျစ် ငါ ငါ့ရဲ့ အရင်စကားတွေကို ပြန်ရုတ်သိမ်းတယ်။ မင်းက တကယ့်ကို လေးစားဖို့ ထိုက်တန်တဲ့ပြိုင်ဘက်ပဲ”

အပုမူစလင်၏ မျက်ဝန်းအတွင်း လေးစားမှု တစ်စွန်းတစ်စက ပေါ်လာသည်။ သူက သူ၏ခန္ဓာကိုယ်ကို တဖြောင့်တည်း ဖြောင့်မတ်လိုက်ပြီး အိုမင်းနေသည့် ကြေးနီရောင် အရှိန်အဝါများဖြင့် လွှမ်းခြုံသွားသည်။ ထိုအရာ၏ အပေါ်ယံ မျက်နှာပြင်ပေါ်တွင် ရှေးဟောင်းစာသားများက ပြည့်နှက်နေသည်။ မိစ္ဆာနှင့် နတ်ဆိုးများ၏ ပုံရိပ်ပေါင်း များစွာကလည်း ပေါ်ထွက်လာသည်။ သို့သော် မှင်သက်ဖွယ် အကောင်းဆုံး ပံုံရိပ်ကမူ အလွန်ကြီးမားလွန်းသော မျက်ဝန်းတစ်စုံဖြစ်သည်။ ဒါက မိစ္ဆာနတ်ဆိုး၏ မျက်ဝန်းဖြစ်သည်။ ဒါက ထိုကြေးနီရောင် ပုံရိပ်အရှိန်အဝါ၏ နာမည်လည်းဖြစ်သည်။

ချုံးတောင်တန်း အနောက်ဘက်ခြမ်းသို့ ဆက်သွားသော လောကတွင် မဟာထန်နှင့်မတူသော အခြေအနေ တစ်မျိုးကို အတွေ့အကြုံရနိုင်သည်။ ထိုနေရာတွင် အလွန့်အလွန် အင်အားကြီးမားလွန်းသော လူမျိုးစုက ရှိခဲ့ဖူးသည်။ ထို့နောက် မရေမတွက်နိုင်သော အမွေအနှစ်များ လေးစားဖွယ်ကောင်းသော လက်နက်ပေါင်းများစွာကို ချိန်ရွယ်ထားခဲ့သည်။ မဟာထန်နှင့် မတူသည်မှာ ရှေးဟောင်းလက်နက်များ အားလုံးက ဒုတိယအင်ပါယာ၏ အမြင့်ဆုံးသော အုပ်ချုပ်သူ ကာလစ်အပိုင်ဖြစ်သည်။

အပုမူစလင်က မိစ္ဆာနတ်ဆိုး၏ မျက်ဝန်းပုံရိပ်ကို ပိုင်ဆိုင်နိုင်ခဲ့သည်မှာ သူဟာ ကာလစ်ထံ တွေ့ခွင့်ရှိသည့် တစ်စုံတစ်ယောက် ဖြစ်ခဲ့ပြီး လက်ဆောင်အဖြစ် ချီးမြှင့်ခံခဲ့ရဖူးသောကြောင့်ဖြစ်သည်။ အားလုံးပေါင်းမှ ထိုကဲ့သို့ ပုံရိပ်နှစ်ခုသာရှိသည်။ တစ်ခုကိုမူ အပုမူစလင်ကို ချီးမြှင့်ခဲ့ပြီး အခြားတစ်ခုကိုမူ အာရပ် အင်ပါယာ၏ မင်းသားတစ်ကို ချီးမြှင့်ခဲ့သည်။

မိစ္ဆာနတ်ဆိုး မျက်ဝန်းအတွင်းတွင် နိယာမနှင့် စွမ်းအားပေါင်းများစွာ ပါဝင်ပြီး ဒီမျိုးဆက်မှ ဖမ်းဆုပ်နိုင်သော အတိုင်းအတာကို ကျော်လွန်သွားသည်။ ကာလစ်ကလည်း အင်ပါယာ၏ လက်မှုပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များကို စုစည်းပြီးမှသာ လျို့ဝှက်ချက်များကို လေ့လာနိုင်ခဲ့သည်။ သို့သော် အဆုံးသတ်တွင် သူတို့က ဘာကိုမှ ထုတ်မသုံးနိုင်ခဲ့ပါချေ။ သို့ရာတွင် တိကျသေချာနေသော အချက်တစ်ခုရှိသည်။ မိစ္ဆာနတ်ဆိုး၏ မျက်ဝန်းက အပုမူစလင်၏ မိစ္ဆာနတ်ဆိုး ခုနှစ်ဆယ့်နှစ်တိုင်သိုင်းနှင့် ပေါင်းစပ်သောအခါ အင်အားကို မြင့်မားသွားစေခြင်းဖြစ်သည်။

ကောလဟာလများအရ ထိုမိစ္ဆာနတ်ဆိုးမျက်ဝန်းက ရှေးခေတ်အချိန်ကာလက မိစ္ဆာနတ်ဆိုး ခုနှစ်ဆယ့်နှစ်တိုင်ထဲမှ တစ်တိုင်ကို အသုံးပြုသူက ချန်ထားရစ်ခဲ့သည်ဟုဆိုသည်။

အပုမူစလင်ကလည်း မိစ္ဆာနတ်ဆိုးမျက်ဝန်းကို ပိုင်ဆိုင်ထားသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သည့်တိုင်အောင် အသုံးပြုခဲသည်။ သူကလည်း ထိုအရာကို အသုံးပြုရလောက်အောင် အင်အားကြီးသော ပြိုင်ဘက်ကို တွေ့ခဲလေသည်။ သံမဏိနှင့်သွေး ခြောက်ခြားဖွယ်ကောင်းသော အစိုးရဖြစ်သော အပုမူစလင်က သူက လေးစားပြလိုသည့် ပြိုင်ဘက်မျိုးကို မြင်ရသော အချိန်မှသာ အသုံးပြုတတ်သည်။

အပုမူစလင်ကလည်း ကောင်းရှန်းကျစ်၏ မျက်ဝန်းထဲမှ အကြည့်နှင့် မစိမ်းသက်တော့ချေ။ ထိုမျက်ဝန်းများက သူတို့၏အသက်ကို ဒီနေရာတွင် အဆုံးခံရန် ဆုံးဖြတ်ထားပြီးသည့် လူမျိုး၏ မျက်ဝန်းမျိုးဖြစ်သည်။ ကောင်းရှန်းကျစ်က သူ၏လူတစ်ယောက်လို လက်ခံထားပြီးသားဖြစ်ပြီး ထိုနည်းလမ်းကိုသုံးကာ သူ၏စစ်တပ်ကို နောက်ဆုတ်ရန် အချိန်ဆွဲပေးလိုသည်။

သို့သော် အပုမူစလင်၏ နှလုံးသားတွင် လေးစားမှုများ ပြည့်နှက်နေသည့်တိုင်အောင် ကောင်းရှန်းကျစ်ကို အောင်မြင်ခွင့် မပြုနိုင်ချေ။

“ကောင်းရှန်းကျစ် လေးစားရတယ်ဆိုပေမဲ့လည်း ငါမင်းရဲ့အသက်ကို ကိုယ်တိုင်ကိုယ်ကျ အဆုံးသတ်ပေးရလိမ့်မယ်”

အပုမူစလင်က ထိုသို့ပြောလိုက်ပြီး ကြီးမားသော လက်ကြီးကိုမြှောက်သည်။ ရုတ်တရက် သူဟာ ကောင်းရှန်းကျစ်ထံ လွှဲယမ်းလိုက်ပြီး ပြင်းထန်သည့် စွမ်းအားများကို ဖောင်းကြွလာစေလိုက်သည်။ ထိုသို့ဖြင့် အပုမူစလင်၏ ကိုယ်အတွင်းသို့ ထိုပုံရိပ်ထဲမှ စွမ်းအင်များက ဝင်ရောက်လာသည်။ ထိုတခဏတွင် အလွန်လေးစားဖွယ် ကောင်းလွန်းသော အရှေ့ပိုင်းမှ အစိုးရက ကြောက်မက်ဖွယ်ကောင်းသော အတိုင်းအတာသို့ မြောက်တက်သွားသည်။

ဘန်း

မည်းမှောင်နေသော စွမ်းအင်တစ်လှိုင်းက မယုံနိုင်စရာကောင်းသော အရှိန်နှုန်းနှင့် ကောင်းရှန်းကျစ်၏ကိုယ်ထံ ဝင်ရောက်သွားပြီး ကောင်းရှန်းကျစ်၏ ဓားချည်များကို ထိုးဖောက်လိုက်သည်။ ကောင်းရှန်းကျစ်က သွေးအန်လိုက်ကာ သံချပ်ကာများက ပေါက်ထွက်သွားသည်။

“အရှင်ကောင်း”

မာစီနှင့် စိတ်စွမ်းအားတိုက်ပွဲကို ဆင်နွဲနေသည့် ဝမ်ချောင်ကလည်း အခြေအနေအားလုံးကို သတိထားမိသဖြင့် မျက်နှာက ဖြူဖျော့သွားသည်။

“အာဝူး...”

လောင်ကျွမ်းသူက အော်ဟစ်လိုက်ပြီး မီးတောက်များကို မှုတ်ထုတ်သည်။ သို့သော် မီးတောက်၏ ချိန်ရွယ်ရာက မျောက်ဝံ့မဟုတ်ဘဲ အပုမူစလင်ထံဖြစ်သည်။

သူနှင့်မာစီ၏တိုက်ပွဲတွင် ဝမ်ချောင်က လောင်ကျွမ်းသူ၏ ခြောက်ဆယ်ရာခိုင်နှုန်းကျော်ခန့်ကို ထိန်းချုပ်နိုင်သွားပြီးသားဖြစ်သည့်အလျောက် လောင်ကျွမ်းသူက မီးမှုတ်ထုတ်နိုင်စွမ်းအား ရှိသွားသည်။

“အရှင်မြို့စား ငါ့ကိုကယ်ပါ”

တချိန်ထဲလိုလို မာစီက စိတ်ပျက်အားငယ်သော အသံမျိုးကို ထုတ်သည်။ ဝမ်ချောင်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်များအောက်တွင် သူ၏ စိတ်စွမ်းအားစွမ်းအင်များက သုံးပုံ တစ်ပုံပင် မရှိတော့ချေ။ ဝမ်ချောင်က ဆက်လက်ပြီး အားနည်းအောင် လုပ်နေသည်။ သူက သေဆုံးသည့် ရနံ့ကိုပင် ရနေပြီဖြစ်သည်။

ဘုန်း

အပုမူစလင်က ခေါင်းလှည့်ပြီး လောင်ကျွမ်းသူကို လက်သီးတစ်ချက်ဖြင့်ထိုးကာ ရင်ဆိုင်သည်။ အပုမူစလင်က အလွန့်အလွန် ဒေါသထွက်နေပြီဖြစ်သည်။ အခြေအနေက သူ၏ ထိန်းချုပ်မှုမှ တဖြည်းဖြည်းချင်း လွတ်လာသည်။ သူက ကာလစ်ထံမှ တောင်းဆိုထားသော ပဲ့ဟယ်မော့များက ထိန်းချုပ်မှု လွတ်ကင်းသွားပြီး သူ၏စစ်တပ်ကို ဆောင့်နင်းနေသည်။

ကောင်းကင်မှကြည့်လျှင် မြင့်မြတ်သူနှင့် လောင်ကျွမ်းသူ၏တိုက်ပွဲက အာရပ်စစ်တပ်ထံသို့သာ ဦးတည်ကာ တိုက်ခိုက်နေလေပြီး စစ်တပ်တောက်လျှောက် အော်ဟစ်သံများက လေထဲတွင် ပျံ့နှံ့နေကြသည်ကို မြင်နိုင်မည်ဖြစ်သည်။ မရေမတွက်နိုင်သော အာရပ်မြင်းတပ်ပေါင်း များစွာက သေကြေပျက်စီးနေကြပြီး ပုံသဏ္ဍန်ပင် မပေါ်သည်အထိ အလောင်းပင် မကျန်သည်အထိ အနင်းချေခံရသည်။ အချိန်အနည်းငယ်သာ ကြာသေးသော်လည်း အာရပ်များ၏ ဆုံးရှုံးမှုက ငါးထောင်နီးပါး ဖြစ်လာသည်။ ထို့ပြင် ဆက်လက်ပြီး မြင့်မားနေသေးသည်။

အပုမူစလင်ကို အစိုးရိမ်စေဆုံး ကိစ္စက မာစီဖြစ်သည်။ ထိုလူက ပဲ့ဟယ်မော့စစ်တပ်၏ ဗိုလ်ချုပ်တစ်ယောက် ဖြစ်သလို ရှားပါးသော စိတ်စွမ်းအားစွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေသေးသည်။ ကာလစ်က သဘောအကျဆုံး အားအထားရဆုံး အမတ်မင်းလည်းဖြစ်သည်။ သူဟာ အလွန့်အလွန် အဆင့်မြင့်ပြီး အင်ပါယာအတွက်လည်း အလွန်အရေးကြီးသည်။

ပဲ့ဟယ်မော့စစ်တပ်က အပုမူစလင်ကြောင့်သာ တာလာ့သို့ လာခဲ့ခြင်းဖြစ်သည်။ မာစီက တစ်စုံတစ်ရာ ဖြစ်သွားခဲ့သော် ကာလစ်၏ ဒေါသကို သွားဆွ၍ မရနိုင်တော့ချေ။ အရှေ့ပိုင်းမှ အင်အားအကြီးဆုံး ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည့် အပုမူစလင်ကလည်း ဒီအခြေအနေကို တာဝန်ယူနိုင်လိမ့်မည် မဟုတ်ချေ။

ဘန်း

အပုမူစလင်က စိုးရိမ်လာလေလေ သူ၏ ကောင်းရှန်းကျစ်ကို လုပ်ကြံသတ်ဖြတ်မှုက ပြင်းထန်လာလေလေဖြစ်သည်။

ဘုန်း

ကောင်းကင်က မည်းမှောင်သွားသည်။ ကြမ်းတမ်းသော လေပြင်းများက သူ၏ခန္ဓာကိုယ်တောက်လျှောက် စုစည်းလာကြလေပြီး အပုမူစလင်၏ကိုယ်အတွင်း ထူးဆန်းသော စွမ်းအင်များကို စုပ်ယူသည်။

အပုမူစလင်၏ အနောက်တွင် အလွန်ကြီးမားသော မိစ္ဆာနတ်ဆိုးကြီးက ဦးချိုများ တောင့်တင်းလွန်းသောခွာများ၊ ခက်ထန်ကြမ်းတမ်းလွန်းသော မျက်နှာကြီးများနှင့် ပေါ်ပေါက်လာသည်။ ပုံသဏ္ဍန်က အလွန့်အလွန် ဆိုးယုတ်ပြီး ကြောက်မက်ဖွယ်ကောင်းသည်။

ရွှေနီရောင် တိုင်တစ်တိုင်ကလည်း ခရမ်းနက်ရောင် ကြေးခွံမိစ္ဆာနတ်ဆိုး၏ နောက်တွင် ပေါ်ပေါက်လာပြီး လျို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကို ထုတ်ဖော်လျှက် အတွင်းအပြင်တွင် ရှေးဟောင်း ဘာသာစကားများကို လင်းလက်နေစေသည်။ တစ်ခုချင်းစီတိုင်းက ဖျက်ဆီးခြင်းစွမ်းအားများဖြင့် ပြည့်နှက်နေသည်။

ဘုန်း

ပြန်လည်ဆင်းသက်လာသော အချိန်တွင် အာကာသပြင်ကပင် ချိုင့်ဝင်သွားသည်။

“အရှင်”

ချန်းချန့်လီက အပြေးလာသည်။ သို့သော် နောက်ထပ် လက်သီးတစ်လုံးက သူ့ကို လွင့်ထွက်သွားစေသည်။ မိစ္ဆာနတ်ဆိုး ခုနှစ်ဆယ့်နှစ်တိုင်တိုင်းက ရှေးဟောင်း လူမျိုးစု၏ သိုင်းဖြစ်ပြီး ချန်းချန့်လီကပင် မယှဉ်နိုင်ချေ။ သူက မြေပြင်ပေါ်သို့ ကျည်ဆံတစ်ခုကဲ့သို့ လွင့်ထွက်သွားသည်။ သူ၏ ရင်ဘက်က ချိုင့်ဝင်သွားပြီး သွေးများကို အန်ထုတ်လိုက်ရသည်။

တိုက်ပွဲနယ်မြေအနှံ့ ဝမ်းနည်းဖွယ်ကောင်းပြီး ဒေါသတကြီးဖြစ်နေသော အော်သံများကို ကြားရသည်။ ထန်စစ်သည်တော်တိုင်း၏ မျက်နှာက ထိုမြင်ကွင်းကြောင့် ဖြူဖျော့သွားသည်။

“မျိုးမစစ်”

ဝမ်ချောင်၏မျက်ဝန်းက နီရဲသွားသည်။ ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီက အနောက်ပိုင်းနယ်မြေမှ အင်အားအကြီးဆုံး ထန်ဗိုလ်ချုပ်နှစ်ယောက်ဖြစ်သည်။ ထို့ပြင် ဝမ်ချောင် အလေးစားဆုံး ပုဂ္ဂိုလ်နှစ်ယောက်လည်းဖြစ်သည်။ ထိုလူများက ပြည်သူနှင့် တိုင်းပြည်အတွက် တိုက်ခိုက်နေကြခြင်းဖြစ်ပြီး သူတို့၏ တစ်ဘဝလုံးကို ရှေ့တန်းတွင်သာ တိုက်ခိုက်ရင်း အကုန်ခံမည့် အစစ်အမှန် သူရဲကောင်းမျိုးဖြစ်သည်။ သို့သော် သူတို့ကို ဒီနေရာတွင် သေခွင့်မပြုနိုင်ချေ။

“အပုမူစလင် မင်းက သေချင်နေတာပဲ”

ဒေါသတကြီးထွက်လာသည့် ဟိန်းသံက ကောင်းကင်ကို တုန်ခါသွားစေသည်။ မြေပြင်ကလည်း လှုပ်ခါသွား၏။ ကြီးမားသော မျောက်ဝံ့ကြီးက ရုတ်တရက် လောင်ကျွမ်းသူနှင့် တိုက်ခိုက်နေရာမှ အပုမူစလင်ထံ ချီတက်လာသည်။ သူက ဖြူဖွေးသောသွားများကို ပေါ်သည်အထိ ဖြဲကာ မာန်ဖီနေသည်။

ထိုမျောက်ဝံ့ကြီးက လျှပ်စီးကဲ့သို့ မြန်ဆန်သည်။ ကြီးမားလွန်းသော သံမဏိသားကဲ့သို့ ထင်ရသည့် လက်သီးကြီးက နေမင်းကိုပင် ပိတ်ဆို့လိုက်ရင်း အပုမူစလင်ကို ဝင်ထိုးသည်။

ထိုမျောက်ဝံ့ကြီး၏ ဖြတ်လတ်မှုနှင့် ကျွမ်းကျင်လျှင်မြန်မှုက မာစီက ဖော်ပြနိုင်ခဲ့သည့် လုပ်နိုင်စွမ်းရည်များ အားလုံး၏ အထက်တွင်ဖြစ်သည်။ သိုင်းပညာရှင်များက မျောက်ဝံ့ကြီး၏ ကိုယ်ထည်နှင့် ပေါင်းစပ်ထားမှသာ ထိုကဲ့သို့သော စွမ်းအင်မျိုးကို ထုတ်နိုင်သလိုမျိုး မယုံနိုင်စရာကောင်းသည့် ခွန်အားမျိုးနှင့် မှင်သက်ဖွယ်ကောင်းသည့် သိုင်းကို ပေါင်းစပ်အသုံးပြုပြီး ဖော်ထုတ်လာနိုင်သလိုမျိုး ပြီးပြည့်စုံသည့် အခိုက်အတန့်မျိုးတွင်ဖြစ်နေသည်။

မျောက်ဝံ့ကြီး၏ လက်သီးချက်က လေထဲတွင် ရောက်ရှိလာရုံနှင့်တင် ဆက်တိုက် ပေါက်ကွဲသွားသည်။ မယုံနိုင်စရာ ကောင်းလောက်အောင် များပြားလွန်းသည့် စွမ်းအင်များကို သယ်ဆောင်လျှက် ရှေ့သို့ တိုးဝင်သွားသည်။

အပုမူစလင်က ချန်းချန့်လီနှင့် ကောင်းရှန်းကျစ်ကို အဆုံးသတ်တော့မည့် အချိန်တွင် ရုတ်တရက် အနောက်ဘက်မှလာသော ပြင်းထန်လွန်းသည့် လေပြင်းနှင့် ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားကို ခံစားမိလိုက်သည်။ သူ၏မျက်နှာက အံ့အားသင့်မှုကြောင့် အနည်းငယ် ပြောင်းလဲသွားသည်။ သို့သော် ချက်ချင်းလိုလို အေးစက်သွားပြီး သူက နောက်သို့လှည့်ပြီး ရောက်လာသည့် လက်သီးကို ရှောင်လိုက်သည်။

အခန်း(၉၈၅)

“မော့သိုင့်ရဲ့ အမျက်ဒေါသ”

အပုမူစလင်က နောက်ဆုံးတွင် မိစ္ဆာနတ်ဆိုး (၇၂)တိုင်၏ အခြေခံအကျဆုံးသောစွမ်းအားမျိုးကို လွှတ်ထုတ်လိုက်ပြီး သူ၏ အစစ်အမှန် လျို့ဝှက်ချက်ကို ဖော်ထုတ်သည်။ မော့သိုင့်က မိစ္ဆာနတ်ဆိုး (၇၂)တိုင်ထဲမှ အဆင့်(၃၂)နေရာတွင်ရှိသော တိုင်ဖြစ်သည်။ ထိုတိုင်က အမြင့်ဆုံးအဆင့်တွင် ရှိနေခြင်းမဟုတ်သည့်တိုင်အောင် အပေါ်ဘက်ခြမ်းတွင် ဖြစ်နေသေးသည်။

အဆင့်တစ်ခုတည်းကတင် အပုမူစလင်က ထိုမိစ္ဆာနတ်ဆိုး၏ အလွန်အမင်း စွမ်းအားကြီးမားလွန်းသည့် ခွန်အားကို ထုတ်သုံးနိုင်ကြောင်း နားလည်နိုင်ပေလိမ့်မည်။

ဝေါင်း

ဖြတ်ကနဲ အလင်းလက်သွားပြီးနောက် အပုမူစလင် အနောက်ဘက်ရှိ မိစ္ဆာနတ်ဆိုး၏ ကြေးခွံများက ရုတ်ချည်းပုံသဏ္ဍန် ပြောင်းသွားသည်။ ခန္ဓာကိုယ်က ကြီးသထက်ကြီးလာပြီး ခေါင်းက သုံးခေါင်းဖြစ်သွားသည်။ ထိုသို့ဖြင့် နွားထီးခေါင်းတစ်ခေါင်း၊ လူသားခေါင်းတစ်ခေါင်း၊ သိုးထီးခေါင်းတစ်ခေါင်းဆို၍ ပေါ်ပေါက်လာသည်။ ခေါင်းသုံးခေါင်းလုံးက ရက်စက်ကြမ်းတမ်းပြီး ဆိုးယုတ်သော ပုံသဏ္ဍန်မျိုးနှင့်ဖြစ်ကာ မျက်လုံးခြောက်လုံးကလည်း အေးစက်ကာ ခံစားချက်မဲ့နေသည်။ မျက်ဝန်းအတွင်းမှ ရွှေရောင်အလင်းတန်းများက ဖြာထွက်နေသည်။

ဘန်း

တုပကာ ပုံဖော်ထားသော မော့သိုင့်က ရုတ်တရက် သူ၏ကိုယ်ပိုင်လက်သီးကို ထုတ်လွှတ်လိုက်ပြီး အဆုံးအစမဲ့သော အမှောင်စွမ်းအင်များကို လှည့်ပတ်လာစေသည်။ အနက်ရောင် စွမ်းအင်လက်သီးက ရှေ့သို့ တိုးဝင်လာသည့် အချိန်တွင် မြေအောက်လောကမှ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုနဂါးက ကျန်းသုံးဆယ်ကျော်ရှည်သည်။ ထိုနဂါးကြီးက သိပ်သည်းသော အနက်ရောင် ကြေးခွံများဖြင့် ဖုံးလွှမ်းနေလေပြီး ပါးစပ်ကြီးက စီတန်းကာ လှပနေသော ထက်ရှသည့်သွားများကို ဖော်ပြသည်။ ကြောက်စရာအကောင်းဆုံး အချက်ကမူ ကိုယ်ထည်က လျှပ်စီးသောင်းကျော် လင်းလက်နေလေပြီး တစ်တန်းချင်းစီတိုင်းက ဖျက်ဆီးခြင်းစွမ်းအားအပြည့်ကို ထုတ်သုံးထားခြင်းဖြစ်သည်။

ထိုနဂါးနက်ကြီးက ရှေ့သို့ ထိုးထွက်လာသည်နှင့်အမျှ မိုးကြိုးမုန်တိုင်းက ထွက်ပေါ်လာသည်။ သိုင်းကွက် အရှိန်နှုန်းက မဟာဗိုလ်ချုပ်တိုင်းကိုပင် မှေးမှိန်သွားစေသေးသည်။

ဘုန်း

ငရဲနဂါးကြီးက မျောက်ဝံ့ကြီး၏ ညာဘက်လက်မောင်းကို ဝင်ဆောင့်တိုးသည်။ နောက်ပိုင်းဖြစ်လာသော ကိစ္စကမူ လူတိုင်းကို မှင်သက်သွားစေသည်။ အပုမူစလင်၏ ခန္ဓာကိုယ်က မလှုပ်ရှားသေးချေ။ သို့သော် မျောက်ဝံ့၏ ကြီးမားသောကိုယ်ကြီးက ယိုင်နဲ့သွားပြီး နောက်သို့ဆုတ်ကာ လဲကျလုနီးပါး ဖြစ်သွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

“အပုမူစလင်က ဘယ်လိုဖြစ်လို့ ဒီလောက်ထိ အင်အားကြီးနေတာလဲ။ မျောက်ဝံ့ကြီးကတောင် သူ့ကို မယှဉ်နိုင်ဘူး”

တောင်ကုန်းပေါ်မှ တုစုန့်မာန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းတို့က ထိုမြင်ကွင်းကြောင့် မှင်သက်သွားကြသည်။ လက်သီးတစ်ချက်ကတင် အပုမူစလင်အား အင်ပါယာ မဟာဗိုလ်ချုပ်တိုင်း၏ အထက်သို့ တွန်းပို့ပေးရန် လုံလောက်သည်။ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကပင် ရှုံးနိမ့်ကြောင့် ဝန်ခံရမည်ဖြစ်သည်။

“မဖြစ်နိုင်ဘူး ဒီမျိုးမစစ်က ငါ့ထက်အင်အား ပိုကြီးနိုင်တာ ဖြစ်နိုင်ပါ့မလား”

ကောင်းကင်တွင် ရပ်နေသော ကောင်းကင်ဘုံ ဝံပုလွေ မဟာဗိုလ်ချုပ် တုဝူစစ်လီက အဝေးမှ အပုမူစလင်၏ နတ်ဘုရားတစ်ပါးကဲ့သို့ ပုံရိပ်ကြီးကိုကြည့်ပြီး မယုံနိုင်သော ပုံစံမျိုးဖြင့်ပြောသည်။ အနောက်ပိုင်းတူရကီ ခါကာနိတ်၏ အင်အားအကြီးဆုံး မဟာဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်သည့် တုဝူစစ်လီက အလွန်မာနကြီးသည်။ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကဲ့သို့ မဟာဗိုလ်ချုပ် ဟောင်းများကပင် တုဝူစစ်လီထက် အနည်းငယ် နိမ့်ကျလေသည်။ ထို့ကြောင့် တိုက်ပွဲနယ်မြေကို တစ်ချက်ကြည့်လိုက်မည်ဆိုလျှင် ပြိုင်ဘက်ကင်းပြီး မရပ်တန့်နိုင်သောလူက အန်းရှီကာကွယ်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်သာ ဖြစ်လေသည်။

သို့သော် အပုမူစလင်၏ ထိုလက်သီးချက်ကတင် ... မျောက်ဝံ့ကြီးကပင် နောက်သို့ ပြန်ဆုတ်လိုက်ရသည်။ တုဝူစစ်လီကပင် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားမျိုးကို မထုတ်နိုင်ချေ။ သို့သော် ထိုသို့ဖြစ်နေသည့်တိုင်အောင် တုဝူစစ်လီ၏ မာနကလည်း မလျော့ကျသွားပါချေ။ သူကလည်း အရှုံးကို ဝန်မခံနိုင်ချေ။

ဟွန်း ငါတို့တွေကသာ မဟာမိတ်တွေမဟုတ်ရင် ငါအခုချက်ချင်းလာပြီး မင်းနဲ့ယှဉ်ကြည့်ချင်သေးတယ်။

တုဝူစစ်လီက စိတ်ထဲတွင် လှောင်နေသည်။

ဝေါင်း

ရုတ်တရက် သူက ဟိန်းဟောက်သောအသံကို ကြားလိုက်ရသည်။ ထို့နောက် သတ္ထုရောင် တောက်ပနေသော သံမဏိလက်သီးလုံး တစ်လုံးကို တွေ့လိုက်ရသည်။ ထိုလက်သီးက တုဝူစစ်လီ၏ မြင်းထက်ပင် ကြီးသေးသည်။ ထို့နောက်သူ့ဆီ ပျံသန်းလာ၏။ နောက်တွင်ပါသော ခွန်အားက သံမဏိများကို ကွဲအက်သွားပြီး တောင်တန်းများကို ကွဲကြေစေလောက်သည်။

“သေစမ်း”

တုဝူစစ်လီက ကောင်းကင်ဘုံဝံပုလွေနက် ဝင်ပူးခြင်းသိုင်းကို ထုတ်သုံးပြီး လေထဲသို့ ခုန်လိုက်သည်။ ထိုသို့ဖြင့် ခက်ရင်းခွကို တဖန်ပြန်သုံးကာ ထိုးသွင်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များက ကောင်းကင်ခစားခြင်း လူထွားကြီး၏ ကျောကုန်းကို ထိုးဖောက်မိသွားလေပြီး သူ့ကို အမောတကော အသက်ရှုရစေသည်။

“သားရဲတသိုက် ငါမင်းကို မပြောထားဘူးလား။ ငါကမင်းကို တိုက်ခိုက်ဖို့လာတာမဟုတ်ဘူး။ ငါတို့က မဟာမိတ် မဟာမိတ်”

“သူ့ကိုသတ်”

တုဝူစစ်လီက ထိုသို့ပြောပြီးကာစသာ ရှိသေးသည်။ ဒေါသတကြီး အော်သံက နှောက်ယှက်လိုက်သည်။ မျက်တောင်တခတ် အချိန်အတွင်း နောက်ထပ် ကောင်းကင်ခစားခြင်း လူထွားကြီးတစ်ကောင်က ခုန်တိုးဝင်လာပြန်သည်။ ထို့နောက် သံမဏိလက်သီး တစ်လုံးက တုဝူစစ်လီကိုထိုးသည်။ လူထွားကြီး၏အနောက်တွင် ဒုတိယ၊ တတိယ... မယုံနိုင်စရာကောင်းလောက်အောင် များပြားသော ကောင်းကင်ခစားသည့် လူထွားကြီးများက တုဝူစစ်လီကို အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်လာသည်။

“သူက မူဟယ်ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ သူ့ကိုသတ်”

အော်ဟစ်နေသော ကောင်းကင်ခစားခြင်း လူထွားကြီးများက လိမ့်တက်လာသော ရေလှိုင်းများကဲ့သို့ ထင်ရသည်။ သူတို့က ပတ်ဝန်းကျင်ရှိ ထန်စစ်သည်တော်များကို လျစ်လျူရှု့ထားသည်။ တုဝူစစ်လီနှင့် သူ၏မြင်းက ကောင်းကင်ကို ဖြတ်ပြေးသွားပြီး နေရောင်ကိုပင် လွှမ်းမိုးနိုင်သည့် စွမ်းရည်များကို ထုတ်လွှတ်ထားသည်။ ထိုသို့ဖြင့် လူထွားကြီးတိုင်းက သူ့ကို အာရုံစိုက်မိသွားသည်။

ကောင်းကင်ခစားခြင်း လူထွားကြီးများ၏အမြင်တွင် တုဝူစစ်လီက သူတို့၏ နံပါတ်တစ် ပစ်မှတ်ဖြစ်သည်။ သူက ခွန်အားကြီးလေလေ ရန်လိုမှုက ပြင်းထန်လေလေဖြစ်သည်။

“မျိုးမစစ်တစ်သိုက်”

တုဝူစစ်လီက ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲလုနီးပါးဖြစ်လာသည်။ သူက ဝမ်ချောင်ကို ကိုင်တွယ်ရန် မျှော်လင့်ချက်ဖြင့် ကောင်းကင်သို့ ဖြတ်ပြေးလာခဲ့ခြင်းဖြစ်သည်။ သို့သော် အာရပ်များကမူ သူနှင့်ပူးပေါင်းရန် မျှော်လင့်ထားသေးသည်။ မမျှော်လင့်ထားစွာပင် ကောင်းကင်ခစားခြင်း လူထွားကြီးများက သူ့ကို တိုက်ခိုက်လာခြင်းဖြစ်သည်။

တုဝူစစ်လီက တစ်ချက်တည်းနှင့် လွင့်ထွက်သွားအောင် လုပ်နိုင်သည်။ သို့သော် ထိုသို့လုပ်လိုက်မိချိန်က ပျားအုံကို တုတ်နှင့်ထိုးသလိုဖြစ်သွားပြီး အခြားသော ကောင်းကင်ခစားခြင်း လူထွားတိုင်းက သူ့ကို ပစ်မှတ်ထားလာခြင်းဖြစ်သည်။ တုဝူစစ်လီက ကောင်းကင်ဘုံဝံပုလွေ နတ်ဘုရားဝင်ပူးခြင်းသိုင်းကို ထုတ်သုံးပြီး သူတို့ကို ရှောင်နိုင်သည်။ သို့သော်သူက မည်သို့ပြေးပြေး ကောင်းကင်ခစားခြင်း လူထွားတိုင်းက လိုက်လာနိုင်လေသည်။

ထိုအတွက်ကြောင့်လည်း တုဝူစစ်လီက ဝမ်ချောင်ကို သွားရောက်မတိုက်ခိုက်နိုင်နေခြင်း ဖြစ်လေသည်။ ထို့ကြောင့်သူက တိုက်ပွဲနယ်မြေသို့ ရောက်နေခဲ့သည့်တိုင်အောင် ထိုလူထွားကြီးများနှင့် ပတ်လည်ရိုက်နေသည်။

ပို၍ဆိုးသည်မှာ တုဝူစစ်လီ၏ စွမ်းရည်ကို ပိုင်ဆိုင်ထားသော လူတစ်ယောက်အနေဖြင့် ကောင်းကင်ခစားခြင်း လူထွားကြီးများကို သတ်နိုင်သည်။ သို့သော် တူရကီ၊ တိဗက်၊ အာရပ်များက မဟာမိတ်ဖြစ်နေကတည်းက တုဝူစစ်လီက သူတို့ကို သတ်၍မရချေ။ ဆိုလိုသည်မှာ သူဟာ ထိုအကောင်များကို လွင့်ထွက်အောင်သာ လုပ်၍ရသည်။ သို့သော် ထိုသို့ လွင့်ထွက်သွားအောင် လုပ်လေလေ သူတို့၏ရန်လိုမှုကို စလေလေဖြစ်နေသည်။ တုဝူစစ်လီအနေဖြင့် အလွန်ခက်ခဲသော အနေအထားမျိုးသို့ ရောက်ရှိနေသည်။

...

အဝေးမှ အပုမူစလင်၏ လက်သီးက မိစ္ဆာနတ်ဆိုး (၇၂)တိုင်သိုင်းကို သုံးပြီး ပိုင်နက်နယ်မြေ တစ်ခုလုံးကို မှင်သက်သွားစေခဲ့သည်။ သို့သော် လူတိုင်းကလည်း အပုမူစလင်၏ စွမ်းအားကို အပြည့်အဝ လက်မခံနိုင်သေးခင် ကြီးမားလွန်းသော ဆယ်မီတာခန့်ရှည်လျားသည့် လက်နက်ကြီး တစ်လက်က လေထုကို ထိုးခွဲလာပြီး အပုမူစလင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်သည်။ ထိုတိုက်ကွက်က ရုတ်ချည်းဆန်သည်။ လူတိုင်းက အံ့အားသင့်သွားသေးသည်။ အပုမူစလင်၏ ခွန်အားမျိုးကို ပိုင်ဆိုင်ထားသော လူမျိုးကပင် လွင့်ထွက်သွားရ၏။ ကြယ်တာရာစွမ်းအင်များ အားလုံးကလည်း အက်ကွဲသွားသည်။

ဝုန်း

တိုက်ပွဲနယ်မြေက တိတ်ဆိတ်သွားသည်။ အာရပ်မြင်းတပ်ကလည်း အံ့အားသင့်လွန်းသဖြင့် သူတို့၏မျက်ဝန်းက မျက်အိမ်အတွင်းမှ ကျွတ်ကျလုနီးပါး ဖြစ်သွားသည်။ ကျစ်ရကပင် မှင်သက်သွား၏။ မြင့်မြတ်သူက ထိုလက်နက်ကြောင့် အလွန့်အလွန် ကြမ်းတမ်းသွားသည်။ ကြည့်နေသော လူတိုင်းကလည်း အပုမူစလင်၏ လက်သီးချက်ကြောင့် သူဟာ လွင့်ထွက်သွားကြောင်းကို မြင်လိုက်ကြရသည်။ သို့သော် မည်သူကမှလည်း ထိုအကောင်က တဖန်ပြန်လည် ခုန်ဝင်လာပြီး လက်နက်ကိုကိုင်ကာ တိုက်ခိုက်လိုက်မည်ဟု မထင်ထားမိကြချေ။

“အပုမူစလင်ကို ဘယ်ကောင်က ဂရုစိုက်လဲ။ သူက ငါ့ကိုတောင် မယှဉ်နိုင်ဘူး”

ဝမ်ချောင်က လူထွားကြီးကိုကိုင်တွယ်ပြီး သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းသည်။ သူ၏ သွေးနီရောင် မျက်ဝန်းများက အပုမူစလင်ကို စိုက်ကြည့်နေသည်။ ထိုမျက်ဝန်းက အေးစက်ပြီး သံမဏိအလင်းကို လွှတ်ထုတ်သည်။ အပုမူစလင်က မည်မျှအင်အားကြီးစေကာမူ သူက မည်မျှ ရှေးဆန်သောသိုင်းမျိုးကို ပိုင်ဆိုင်ထားစေကာမူ ပဲ့ဟယ်မော့ကို မယှဉ်နိုင်သေးချေ။

ဝမ်ချောင်၏လက်ထဲတွင် ထိုမျောက်ဝံ့က သားရဲတစ်ကောင် သီးသန့်မဟုတ်တော့ချေ။ ဝမ်ချောင်ဟာလည်း မြင့်မြတ်သူနှင့်သာဆိုလျှင် တိုက်ပွဲနယ်မြေရှိ မည်သည့်ရန်သူကိုမဆို နိုင်နိုင်သည်ဟု ယုံကြည်သည်။

“အား”

“အရှင်အမတ် ငါ့ကိုကယ်ပါ”

ရုတ်တရက် အဝေးမှ အော်သံများထွက်လာသည်။ ပဲ့ဟယ်မော့များ၏ ဟိန်းသံက ကပ်ပါ၏။ ဝမ်ချောင်က နောက်လှည့်ကာ ကြည့်လိုက်သောအခါ ကျန်သောပဲ့ဟယ်မော့ နှစ်ကောင်က ဆုတ်သွားသော ထန်စစ်တပ်ထံ ဦးတည်နေကြောင်း တွေ့လိုက်ရသည်။

သတ်

“ရိတ်သိမ်းသူက ငါတို့ကို ကူညီနေတယ်။ ထန်တွေကတော့ အဆုံးသတ်ပြီ။ သူတို့အားလုံးကိုသတ်”

“ဗိုလ်ချုပ်ကလည်း ထန်အယောက်တစ်ရာကျော် သတ်နိုင်တဲ့ ဘယ်သူကမဆို အထက်တန်းလွှာဘွဲ့ ချီးမြှင့်ခံရပြီး ရွှေပြားတစ်သောင်း ဆုလဒ်ရရှိမယ်လို့ အမိန့်ထုတ်ထားတယ်”

ပဲ့ဟယ်မော့များ၏နောက်မှ ကပ်လိုက်သွားသည့် အာရပ်မြင်းတပ် ထောင်ကျော်က အော်ဟစ်နေကြသည်။ မြင်းများကလည်း ဟီနေသည်။ သူတို့၏မျက်လုံးက နီရဲပြီး သံချပ်ကာတွင် သွေးများစိုရွှဲနေသည်။ သို့သော် သွေးအများစုက သူတို့အပိုင်မဟုတ်ချေ။ သူတို့က ထန်များကို ကြာရှည်စွာ ထိန်းချုပ်ထားနိုင်ခဲ့သည်။ အစပိုင်းတွင်မူ ကောင်းရှန်းကျစ်နှင့် စစ်သည်ခုနှစ်သောင်းက နှစ်လနီးပါး တောင့်ထိန်းထားခဲ့ပြီး မရေမတွက်နိုင်သော စစ်သည်တော်များကို သတ်ခဲ့သည်။ ယခုမူ ဝမ်ချောင်နှင့် ချီရှီကာကွယ်ရေးစစ်တပ်က ရောက်လာသည်။ သို့သော် သူတို့က အာမာနှင့် နော်မာန်တို့ကို သတ်ခဲ့ပြီး ကျော်ကြားသောဗိုလ်ချုပ်ကြီးများက အဆုံးသတ်သွားခဲ့ရသည်။

ပို၍ဆိုးသည်မှာ ဝမ်ချောင်က တာလာ့၏ရှေ့တွင် တည်ဆောက်ထားခဲ့သည့် သံမဏိခုခံရေးအားလှိုင်း နှစ်လှိုင်းက ကျော်ကြားသော အာရပ်မြင်းတပ်ကို အချိန်ဆွဲထားနိုင်သည်။ ထို့ကြောင့် အာရပ်စစ်တပ်တိုင်းကလည်း ဆက်တိုက်ဆိုသလို ရန်စခံနေရပြီး ဖိနှိပ်ခံနေရသလို ခံစားနေရသည်။ ယခုအချိန်တွင်မှသာ အရာအားလုံးက အဆုံးသတ်သွားခြင်းဖြစ်သည်။ သူတို့က နောက်ဆုံးတွင် သူတို့၏အဆုတ်များ ကွဲထွက်သည်အထိ အော်ဟစ်ရင်း ထိုထန်များကို သတ်ဖြတ်နိုင်မည်ဖြစ်သည်။

“အား”

ထန်စစ်သည်တော် တစ်ယောက်ပြီးတစ်ယောက်က သွေးပုံအတွင်းလဲသည်။ အာရပ်၏ ဓားမောက်ရှည်များက သူတို့၏ရင်ဘက်ကို ထိုးဖောက်ခုတ်ပိုင်းသည်။ မြေပြင်တွင် ပုံလာသော အလောင်းများက ထိုအာရပ်များ၏ နှလုံးသားကို ပျော်ရွှင်မှုဖြင့် ပြည့်နှက်စေသည်။

“ဒါကငါတို့ ဆန္ဒရှိတဲ့တိုက်ပွဲပဲ။ အခုကစတင်ပြီး အရှေ့ပိုင်းတောက်လျှောက် အာရပ်အလံပဲ လွင့်ထူလိမ့်မယ်”

အာရပ်အရာရှိတစ်ယောက်က ထန်စစ်သည်တော် တစ်ယောက်၏ကိုယ်ပေါ် ခပ်ကြမ်းကြမ်း ဆောင့်နင်းလိုက်ပြီး ခေါင်းကို တစ်ချက်တည်းနှင့် ဖြတ်လိုက်သည်။ သွေးများက ပန်းထွက်လာပြီး သူ့ကို စိတ်လှုပ်ရှားမှုဖြင့် အော်ဟစ်စေသည်။ ထိုအာရပ်အရာရှိ၏ မျက်ဝန်းက ရူးသွပ်မှုဖြင့် တောက်ပလာသည်။

သို့သော် ထိုအာရပ်အရာရှိက သတ်ဖြတ်မှုဖြင့် မယစ်မူးနိုင်သေးခင် အဝေးရှိ ဝမ်ချောင်က သူ၏လုပ်ရပ်ကြောင့် ဒေါသထွက်သွားခြင်းကို သတိမထားမိခဲ့ချေ။

“သေစမ်း မင်းတို့အားလုံး သေချင်နေကြတာပဲ”

ဝမ်ချောင်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်သည်။ သူ၏နှလုံးသားက မီးတောက်များဖြင့် တောက်လောင်လာသည်။ မာစီက သူနှင့် အပုမူစလင် တိုက်ခိုက်နေသော တခဏကိုသုံးပြီး နောက်တန်းကို ပြဿနာရှာပြီး ရိတ်သိမ်းသူနှင့် အခြားသော ပဲ့ဟယ်မော့ကိုထိန်းချုပ်ကာ ထန်စစ်သားများကို တိုက်ခိုက်လာသည်။ အာရပ်စစ်သားများကလည်း ထိုအခွင့်အရေးကို အမိအရယူသည်။ သို့သော် မာစီနှင့် အာရပ်များက ဝမ်ချောင်၏ နှလုံးသားအတွင်းတွင် ကိန်းဝပ်နေသည့် သတ်ဖြတ်လိုစိတ်ကို ဆွလိုက်သည်။

သတ်ဖြတ်လိုစိတ်က ပြင်းထန်လွန်းသဖြင့် ဝမ်ချောင်ရှိရာ ဆယ်ကျန်းဝန်းကျင်ရှိ လေထုက တွန့်လိမ်လာပြီး ရှုံ့တွသွားသည်။

All Chapters