← Chapters

အခန်း (၉၈၆-၉၉၀)

Vol. 56 Ch. 986-990

အခန်း (၉၈၆-၉၉၀)

Vol. 56 Ch. 986-990

အခန်း(၉၈၆)

ဝုန်း

မာစီက ပဲ့ဟယ်မော့နှစ်ကောင်ကို ထိန်းချုပ်ပြီး ထန်များကို တိုက်ခိုက်နေသည့် ဖြစ်စဉ်အတောအတွင်း ရုတ်တရက်ဆိုသလို ပြင်းထန်သိပ်သည်းလွန်းသည့် သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရလေရာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက တသိမ့်သိမ့်တုန်သွားသည်။ သူသည်လည်း တစ်ချိန်လုံး ဝမ်ချောင်နှင့် ဆက်တိုက်ဆိုသလို တိုက်ခိုက်နေရခြင်းဖြစ်သည်။ အချို့သော အကြောင်းပြချက်များကြောင့် သူဟာ ဝမ်ချောင်ကို နက်ရှိုင်းစွာ ကြောက်နေမိပြီဖြစ်သည်။ ယခုအခြေအနေမှ သူခံစားရသော ကြောက်လန့်မှုက အလွန်ပြင်းထန်နေ၏။

သို့သော် မာစီကလည်း အခြေအနေကို အလုံးစုံ နားမလည်နိုင်သေးခင် ပဲ့ဟယ်မော့ နှစ်ကောင်ထံသို့ အလွန့်အလွန် စွမ်းအားကြီးမားပြီး များပြားလွန်းသည့် စိတ်စွမ်းအားစွမ်းအင် နှစ်တန်းက ဝင်တိုးသွားပြီး မာစီ၏ စိတ်စွမ်းအားစွမ်းအင် အများအပြားကို ဖယ်ရှားပစ်လိုက်လေသည်။ သူကပင် တုန့်ပြန်ချိန် မရှိခဲ့ချေ။

“မာစီ ငါမင်းကို ဝင်ရှုပ်ခွင့်မပေးဘူး”

ဝမ်ချောင်က နှလုံးသား အေးခဲမတက် အေးစိမ့်နေသော လေသံမျိုးဖြင့် တစ်လုံးချင်းစီ ပြောလိုက်သည်။

ဝုန်း

ပဲ့ဟယ်မော့တစ်ကောင်ကို ထိန်းချုပ်ထားပြီးနောက် ဝမ်ချောင်က လောင်ကျွမ်းသူ၏ ကိုယ်အတွင်းရှိ မာစီ၏စိတ်စွမ်းအား အနည်းငယ်၏ နောက်ဆုံး တစ်သုတ်ကို အဆုံးသတ်လိုက်သည်။ သူ၏စိတ်ကလည်း အရှိန်အဝါကြီးမြတ်သော ရေလှိုင်းများအဖြစ် ပြောင်းလဲသွားလေပြီး မာစီထံ ဝင်တိုးသွားသည်။

“မဟုတ်ဘူး”

မာစီက ကြောက်လန့်မှုဖြင့်အော်သည်။ ဝမ်ချောင်၏ ဒေါသက သူ၏စိတ်စွမ်းအား စွမ်းအင်ကို ယခင်ကထက် အဆပေါင်းများစွာ အင်အားကြီးမားသွားစေခဲ့သည်။ ထိုစိတ်စွမ်းအား စွမ်းအင်များက ရိုင်းစိုင်းကြမ်းတမ်းပြီး ရပ်တန့်၍ မရနိုင်တော့ချေ။ ထို့ကြောင့် မာစီကလည်း အလုံးစုံ အမြစ်ဖြတ် သုတ်သင်ခံရသည်။ သူ၏မျက်နှာက ဖြူဖျော့သွားသလို သူရင်ဆိုင်နေရသော မဟာကပ်ဘေးကြီးဖြစ်ကြောင်း နားလည်လိုက်သည်။

ထိုတခဏတွင် မာစီကသာ ကပ်ဘေးကို ရင်ဆိုင်နေရခြင်းမဟုတ်ချေ။ မြေပြင်ပေါ်တွင်ရှိသော အာရပ်စစ်သည် သောင်းကျော်ကလည်း အလားတူ ရင်ဆိုင်နေရသည်။ သူတို့က ထန်စစ်သည်တော်များ၏ နောက်မှ လိုက်သတ်နေခြင်းဖြစ်သည်။ သူတို့၏ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒက ရန်စခံရပြီးသားဖြစ်သည်။ သူတို့က အလွန့်အလွန် စိတ်လှုပ်ရှားနေကြလေရာ အထက်မှ အခြေအနေကို သတိမထားမိကြချေ။ ထို့ကြောင့် ဝမ်ချောင်နှင့် မာစီတို့ကဲ့သို့ စွမ်းအားကြီးမားသော စိတ်စွမ်းအားစွမ်းအင် ကျွမ်းကျင်ပညာရှင် နှစ်ယောက်က တိုက်ပွဲကို အဆုံးသတ်ပြီးကြောင်း မသိကြပါချေ။

သူတို့ကလည်း တစ်ချိန်လုံး ရှေ့ပြေးတပ်အဖြစ် ဦးဆောင်နေသော ပဲ့ဟယ်မော့နှစ်ကောင်က ထန်စစ်တပ်ကို နင်းချေနေရာမှ ရုတ်ချည်းရပ်တန့်သွားကြောင်း သတိမထားမိခဲ့ကြချေ။

“သတ် သတ် သတ် တစ်ကောင်မှ အရှင်မထားနဲ့”

အာရပ်အရာရှိတစ်ယောက်က သူ၏ဓားမောက်ရှည်ကြီးကို လေထဲသို့ လွှဲယမ်းလိုက်ပြီး သူ၏လူများကို တိုက်တွန်းသည်။ လက်ရှိအချိန်တွင် သူက ထန်စစ်သည် အယောက်သုံးဆယ်ကျော်ကိုသတ်ပြီးလေပြီ။ ထိုထဲတွင် ထန်အရာရှိ အနည်းငယ်ပင် ပါသေးသည်။ ထို့ကြောင့် သူ၏ကိုယ်အတွင်းမှ တိုက်ခိုက်လိုစိတ်နှင့် သတ်ဖြတ်လိုစိတ်က လှုံ့ဆော်ခံထားရပြီးသားဖြစ်လေရာ သူက သူ့ကိုယ်သူပင် မတားနိုင်တော့ချေ။

“အား”

ရုတ်တရက် ဘေးဘက်မှ အလန့်တကြား အော်သံက ထွက်လာသည်။ အသံက ဆက်တိုက် ထွက်ပေါ်လာပြီး မုန်တိုင်းသဖွယ် ပွက်လောရိုက်လာသည်။

“သေစမ်း မျိုးမစစ်ကောင် မင်းဘာလုပ်တာလဲ။ မြန်မြန် အဲ့ဒီကိုသွား”

အာရပ်အရာရှိက ဒေါသထွက်သွားသည်။ အာရပ်များက အားသာချက်ကို အရယူထားသည်။ ယခု အခြေအနေအရ ရန်သူများကို အမြစ်ဖြတ်သုတ်သင် အမိဖမ်းရမည့် အကောင်းဆုံး အခိုက်အတန့်လည်းဖြစ်သည်။ သို့သော် ယခုမူ တစ်စုံတစ်ယောက်က အော်ဟစ်ပြီး စိတ်ဓာတ်ပျက်ပြားအောင် လုပ်နေလေရာ အခြားသူများ၏ တိုက်ခိုက်လိုစိတ်ကို လျော့ကျသွားစေနိုင်သည်။ ထိုသို့သောလူက သေဆုံးခြင်းကလွဲပြီး အခြားအရာနှင့် ထိုက်တန်ခြင်းမရှိပေ။ သို့သော်သူက ခပ်မြန်မြန် လှည့်ကြည့်လိုက်ပြီးနောက် အခြေအနေက မှားယွင်းနေကြောင်း သိလိုက်သည်။ သူ၏လူများက သူ၏အမိန့်ကိုကြားသည့်တိုင်အောင် ဝရုန်းသုန်းကား အခြေအနေက ဆက်ဖြစ်နေသေးပြီး ပို၍သာ ဆိုးရွားလာသည်။ သူက အထိတ်တလန့်ဖြစ်နေသော စစ်သားများ အော်ဟစ်နေသော နေရာသို့ မော့ကြည့်လိုက်မိသည့်အခိုက် ထိုလူများ၏ မျက်နှာတွင် ကြောက်လန့်မှုကြောင့် ဖြူဖျော့နေကြောင်း မြင်လိုက်ရသည်။ ထိုဖြူဖျော့မှုက သု့ိမဟုတ် သူတို့၏ ကြောက်လန့်မှုက အတုအယောင်မဟုတ်ချေ။

“အဲ့ဒီမှာ ဘာဖြစ်နေတာလဲ”

အာရပ်အရာရှိက နောက်ဆုံးတွင် ခေါင်းမော့လိုက်သည်။ ထို့နောက် ကြောင်အသွား၏။ ကောင်းကင်တွင် ကြီးမားသော ခြေထောက်ကြီးက မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့် သူ့ပေါ် ဆင်းသက်လာကြောင်း တွေ့လိုက်ရသည်။ လေကပင် ဟိန်းဟောက်လာသည်။

“ပဲ့ဟယ်မော့လား”

အာရပ်အရာရှိက တုန်ယင်သွားသည်။ သူ၏မျက်လုံးက အံ့အားသင့်မှုကြောင့် အပြူးသားဖြစ်နေသည်။ သို့သော် သူကလည်း အခြေအနေကို နားမလည်နိုင်သေးခင် ကြီးမားသော ခြေထောက်ကြီးက ဖိချလာပြီဖြစ်သည်။ မြေကမ္ဘာက ကွဲအက်သွားပြီး တသိမ့်သိမ့် တုန်သွားသည်။ ထိုအာရပ်အရာရှိက နောက်ဆုံးတစ်သုတ် အော်ဟစ်လိုက်ပြီးနောက် အခြားသော မြောက်များလှသည့် အာရပ်မြင်းတပ် အဖွဲ့ဝင်များနှင့်အတူ အသားတုံးအဖြစ် ဖိချေခံရသည်။ သူတို့၏သွေးများက ပဲ့ဟယ်မော့၏ ခြေထောက်အောက်ဘက်မှ ပန်းထွက်လာသည်။

အာဝူး....

ဝက်ဝံဖြူပဲ့ဟယ်မော့၏ ဟိန်းဟောက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူက ခြေထောက်ကို ပြန်မြှောက်လိုက်ပြီး အောက်ဘက်တွင် လိမ်တွန့်ကာ ချိုင့်ဝင်နေသော သံချပ်ကာများနှင့် အသားတုံးများ ပြည့်နေသော တွင်းပေါက်ကြီးကိုမြင်ရလေသည်။ မည်သည့်အပိုင်းအစက မည်သူ၏ ခန္ဓာကိုယ်အပိုင် ဖြစ်ခဲ့ကြောင်း ခွဲခြားရန်ခက်သွားသည်။

“ပြေးတော့”

“ဗိုလ်ချုပ် အသတ်ခံလိုက်ရပြီး ပဲ့ဟယ်မော့က ထိန်းချုပ်မှုလွတ်သွားပြီ”

တချိန်လုံး စိတ်လှုပ်ရှားပြီး ထန်များကို လိုက်သတ်နေသော အာရပ်မြင်းတပ်ကလည်း သူတို့၏ကိုယ်ပေါ်သို့ ရေအေးပုံးလိုက်ချလိုက်သလို ဖြစ်သွားသည်။ သူတို့က စတင်ကာ ထိတ်လန့်လာကြ၏။ သူတို့၏ ဝင်္ကပါက ဝရုန်းသုန်းကားဖြစ်သည်။ သူတို့က ထိုပုံသဏ္ဍန်အတိုင်း ထွက်ပြေးကြသည်။ သို့သော် သူတို့က အဝေးသို့ မရောက်နိုင်သေးခင် ကြီးမားသော ဝက်ဝံဖြူကြီးက ခြေထောက်ကို ထပ်မြှောက်ကာ ဆောင့်တက်နင်းပြန်သည်။ ဝက်ဝံဖြူနောက်မှ လိုက်လာသည့် အခြားသော ပဲ့ဟယ်မော့များကလည်း အာရပ်များကို တိုက်ခိုက်ကြသည်။

“ဘာတွေဖြစ်နေတာလဲ”

“ပဲ့ဟယ်မော့တွေက ရူးသွားတာလား။ သူတို့ ရူးသွားကြပြီလား”

ပဲ့ဟယ်မော့နှစ်ကောင်၏ တိုက်ကွက်များက တိုက်ပွဲနယ်မြေ၏ အခြေအနေကို ခပ်မြန်မြန် အခြေအနေ ပြောင်းလိုက်သည်။ ယခုတခဏလေးတင် အာရပ်မြင်းတပ် သောင်းကျော်က စိတ်လှုပ်ရှားစွာဖြင့် ထန်များကို လိုက်သတ်ခဲ့ကြသည်။ သို့သော် ယခုမူ ထိုအာရပ်များကသာ ပစ်မှတ်ဖြစ်သွားသည်။ ထိုအပြောင်းအလဲက အာရပ်တိုင်းကို အံ့အားသင့်မှုနှင့် အမိအရ ဖမ်းဆုပ်လိုက်လေရာ သူတို့၏ ဆုံးရှုံးမှုက စတင်ကာ ထိုးတက်လာသည်။

ဒါက တိုက်ပွဲနယ်မြေကိုသာ ပြောင်းလဲစေခဲ့ခြင်းမဟုတ်ချေ။ ပဲ့ဟယ်မော့နှစ်ကောင်က အာရပ်များကို တိုက်ခိုက်လိုက်သည့် အချိန်တွင် ကျန်းရာပေါင်းများစွာ အကွာမှ လောင်ကျွမ်းသူကလည်း သူ၏ခြေထောက်ကြီးကို စတင်ကာကားပြီး ပါးစပ်ကြီးကိုဖြဲသည်။ ထို့နောက် ကျန်းတစ်ရာခန့်အကွာတွင် ရှိနေသော အာရပ်မြင်းတပ် အဖွဲ့ကြီးထံ မီးတောက်များကို မှုတ်ထုတ်သည်။

သတိလက်လွတ်ဖြစ်သွားသော ထိုအာရပ်မြင်းတပ်ကလည်း စက္ကန့်အနည်းငယ်ထဲနှင့် သုတ်သင်ခံလိုက်ရသည်။

လောင်ကျွမ်းသူ၏ မီးတောက်များက အဆုံးအစမဲ့သော ရေလှိုင်းများနှင့်တူသည်။ တစ်သုတ်ပြီးတစ်သုတ် ဆက်တိုက်ရောက်လာပြီး တိုက်ပွဲနယ်မြေကို ဆက်တိုက် လဲကျင်းနေလေရာ ထောင်ပေါင်းများစွာသော အာရပ်မြင်းတပ်များကို ဖမ်းမိသွားခဲ့သည်။ ပဲ့ဟယ်မော့သုံးကောင်၏ ပူးပေါင်းတိုက်ကွက်က အာရပ်များကို ပြင်းထန်စွာ ဆုံးရှုံးလာစေသည်။ ကိုးထောင်၊ တစ်သောင်းသုံးထောင်၊ တစ်သောင်းရှစ်ထောင်၊ နှစ်သောင်းလေးထောင်... အာရပ်များ၏ ဆုံးရှုံးမှုက မှင်သက်ဖွယ်ကောင်းသော ပမာဏထိ ထိုးတက်သွားသည်။ ထိုအရေအတွက်က ဆက်လက် မြင့်တက်နေသေးသည်။

စစ်တပ်တစ်ခုလုံးက ကစဉ့်ကလျားဖြစ်သွားသည်။ ကျစ်ရကိုယ်တိုင်ကပင် ရှေ့တိုးသင့်မသင့်၊ နောက်ဆုတ်သင့်မသင့် စဉ်းစားရခက်သွားသည်။

သုံးသောင်း၊ သုံးသောင်းခွဲ၊ လေးသောင်း... အာရပ်များ၏အရှုံးက ကြီးသထက်ကြီးလာသည်။

ကလပ် ကလပ်

စစ်တပ်နောက်တန်းမှ ဘာကာက အရိုးပုလွေကို ကိုင်ထားသည့် အနီရောင်ဝတ်စုံနှင့် လက်ထောက်၏ မျက်နှာကို ဖြတ်ရိုက်သည်။ ဖြတ်ရိုက်လိုက်သောအားက ထိုလူ၏ပါးကို ဖောင်းကားသွားစေသည်။ သွေးများကပင် ပါးစပ်မှ ပန်းထွက်လာသေးသည်။ သူက သွားတစ်ချောင်း ကျွတ်သွားသည်။

ဘာကာ၏မျက်နှာက ဒေါသကြောင့် ရှုံ့မဲ့နေသည်။

“မြန်မြန် အဲ့ဒီ ပဲ့ဟယ်မော့တွေကို ထိန်းချုပ်စမ်း ငါတို့ရဲ့လူတွေ ဘယ်လောက်တောင် သေနေလဲဆိုတာကို မင်းမသိဘူးလား။ ငါတို့ရဲ့ အရှင်မြို့စားကသာ ပြန်လာရင် မင်းတို့အားလုံး ကွပ်မျက်ခံရလိမ့်မယ်”

အာရေးဗီးယားမှ ကျော်ကြားသော နာမည်ကြီးဗိုလ်ချုပ် တစ်ယောက်ဖြစ်သည့် ဘာကာက တိုင်းပြည်ပေါင်းများစွာကို သိမ်းပိုက်ဖူးသည်။ သို့သော် ယခုမူ ကာလစ်၏ ပဲ့ဟယ်မော့များက သူတို့ဘက်မှ တပ်ဖွဲ့များကို သတ်ဖြတ်နေလေပြီ။ ထိုအခြေအနေက သူလက်သင့်မခံနိုင်သော ကိစ္စဖြစ်သည်။

“အရှင် ပဲ့ဟယ်မော့တွေကို မာစီကပဲ ထိန်းချုပ်နိုင်တာပါ။ ကျွန်တော်တို့က လက်ထောက်အဖြစ်ပဲ ခစားနိုင်တာပါ”

အနီရောင်ဝတ်စုံနှင့် လက်ထောက်က အလန့်တကြားပြောသည်။ သူ၏ခန္ဓာကိုယ်က ကြောက်လန့်မှုကြောင့် တုန်ယင်နေသည်။

“ဘာ”

ဘာကာ၏မျက်နှာက အံ့အားသင့်မှုကြောင့် အေးခဲသွားသည်။ ထိုအဖြေက သူမမျှော်လင့်ထားသော အခြေအနေဖြစ်သွားသည်။ ခပ်ကြမ်းကြမ်း ရိုက်ချက်နှင့်အတူ ဘာကာက ထိုလက်အောက်ငယ်သားကို မြေပြင်သို့ လွင့်ထွက်သွားစေသည်။ သူ၏ အရိုးပေါင်းများစွာ ကျွတ်ထွက်သွား၏။

“အသုံးမကျတဲ့ အမှိုက်တစ်သိုက်”

...

ပဲ့ဟယ်မော့သုံးကောင်က အာရပ်စစ်တပ်ကို ကစဉ့်ကလျား ဖြစ်နေချိန်တွင် မရေမတွက်နိုင်အောင် များပြားသော ထွက်ပြေးသွားသည့် ထန်များကလည်း ခြားနားသော မျက်နှာထားမျိုးကို ပြသကြသည်။

“ဒီပဲ့ဟယ်မော့တွေက သူတို့ဘက်ကလူကို ပြန်ပြီးတိုက်ခိုက်နေတာပဲ”

မရေမတွက်နိုင်အောင် ပုံနေသော အာရပ်အလောင်းပုံများကို မြင်ရသောအခါ လောင်ကျွမ်းသူကြောင့် ဖြစ်ခဲ့သည့် အကြွင်းအကျန် မည်းတူးနေသော အပိုင်းအစများကို မြင်ရသောအခါ ထန်စစ်သည်တော်တိုင်းက မှင်သက်သွားကြသည်။ သူတို့က တိုက်ပွဲတွင် အသေခံရန် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ သို့သော် မမျှော်လင့်ထားသည်မှာ နောက်ဆုံး တခဏတွင် အခြေအနေက ပြောင်းလဲသွားသည်။

“အရှင်အမတ် သေချာပေါက် အရှင်အမတ်ပဲဖြစ်ရမယ်။ သူက ပဲ့ဟယ်မော့သုံးကောင်ကို ထိန်းချုပ်ထားတာ”

ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သည်တော်တစ်ယောက်က ရုတ်တရက် ပျော်ရွှင်မှုကြောင့် ထအော်သည်။

သူကလည်း အခြေအနေက မည်သို့ဖြစ်ပျက်နေကြောင်း နားမလည်သည့်တိုင်အောင် သူတို့ဟာ ဝမ်ချောင်နှင့် ဆက်စပ်တွေးမိသွားကြသည်။ ယခုလို စိတ်ပျက်အားငယ်ဖွယ် အခြေအနေမျိုးကို ပြောင်းလဲနိုင်သော တစ်စုံတစ်ယောက်သာ ရှိမည်ဆိုလျှင် ထိုလူဟာ ဝမ်ချောင်သာ ဖြစ်ရပေမည်။ ဒါက စစ်သားတိုင်း ယုံကြည်ထားကြသည့် မယိမ်းယိုင်သော နားလည်မှုဖြစ်သည်။

“အရှင်အမတ်”

“အရှင်အမတ်”

“အရှင်အမတ်”

အရှေ့ဘက်သို့ဆုတ်ရန် ဗျူဟာဆွဲခံထားရသည့် ထန်စစ်သည်တော်တိုင်းက ခပ်မြန်မြန် ရပ်တန့်လိုက်ကြပြီး စတင်ကာ အောင်ပွဲခံကြသည်။ ထိုအခြေအနေက ချီရှီကာကွယ်ရေးစစ်တပ်မှ စတင်ပြီး ထို့နောက် အန်းရှီကာကွယ်ရေးစစ်တပ် နောက်ဆုံးတွင် အနောက်ပိုင်းနယ်မြေမှ ကြေးစားစစ်သားများနှင့် အကြီးအသေးပါ့လာမှ လှံတိုသမားများ အားလုံးကလည်း အောင်ပွဲခံကြသည်။

“ချောင်အာ မင်းက မင်းရဲ့အဖေကို တကယ်ကို စိတ်မပျက်စေခဲ့ဘူး”

ထိုအခိုက် ဝမ်ချောင်၏ဖခင် ဝမ်ရန်ထက် မည်သူကမှပိုပြီး ပျော်ရွှင်နေခြင်းမရှိချေ။ သူဟာလည်း သားဖြစ်သူဟာ ကြီးမားသော မျောက်ဝံကြီး၏ ပုခုံးပေါ်တွင် ရပ်နေကြောင်း မြင်ရချိန်က နှလုံးသား အနည်းငယ် နာကျင်ခဲ့ရသည်။ ယခုမူ ပို၍သာ ဂုဏ်ယူမိလေသည်။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် ငါတို့တွေ အကြံအစည်ပြောင်းမယ်။ စစ်တပ်ကိုစုစည်း အာရပ်တွေကို ပြန်လည်ပြီး တိုက်ခိုက်ကြမယ်”

ဝမ်ရန်က ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်လိုက်ပြီး ခပ်မြန်မြန် ဆုံးဖြတ်ချက်ချကာ စစ်တပ်ကို တိုက်ခိုက်ရန် အမိန့်ပေးသည်။

“သတ်”

ထိုစစ်သားများကို ပြန်လည်စုစည်းခြင်းက အချိန်တခဏသာကြာသည်။ ထန်စစ်သည် သောင်းပေါင်းများစွာက စည်းကမ်းသေဝပ်စွာဖြင့် ဝင်္ကပါအတွင်းသို့ အပြေးအလွှား ဝင်လိုက်ကြသည်။ လှံသမားများက ရှေ့ဆုံးတွင်ရှိပြီး ပုဆိန်သမားများက နောက်ဆုံးတွင်ဖြစ်သည်။ မြင်းတပ်ကလည်း အဟကြားများမှ ဝင်ရောက်ကာ တိုက်ခိုက်ကြမည်ဖြစ်သည်။ ဒါက ကစဉ့်ကလျားဖြစ်နေသော လူပင်လယ် အတောအတွင်းတွင် ဖြစ်နေပြီး တိုက်ပွဲနယ်မြေထဲရှိ လူတစ်ယောက်ကသာ ထိုသို့လုပ်နိုင်မည်ဆိုလျှင် ထိုလူက အတွေ့အကြုံများစွာရှိသည့် ဝမ်ရန်ဖြစ်ပေလိမ့်မည်။ သူဟာ အမြဲတစေ စိတ်တည်ငြိမ်ပြီး တိုက်ပွဲ၏ပုံစံတိုင်းနှင့် လိုက်ဖက်ညီစွာ ပြောင်းလဲနိုင်စွမ်းအားရှိသူလည်းဖြစ်သည်။

ဝမ်ကလန်က အမတ်များ၊ ဗိုလ်ချုပ်များပြည့်နေသည့် သမိုင်းသက်တမ်း ကြာရှည်သော အမွေအနှစ်ကို ပိုင်ဆိုင်ထားသည်။ ဝမ်ရန်၏ခွန်အားက ကောင်းရှန်းကျစ်၏ အဆင့်တွင် မရှိလောက်သော်လည်း သူ၏ စစ်အတွေ့အကြုံက ဒီလောကရှိ လူအနည်းစုကသာ ယှဉ်နိုင်သော အတိုင်းအတာတွင်ဖြစ်သည်။ စစ်သားများအားလုံးက ဝင်္ကပါအတွင်းသို့ ဝင်ရောက်လိုက်ကြပြီးနောက် ခြေလျှင်တပ် အဖွဲ့ဝင်များ ခုခံသည့် ဝင်္ကပါကို အပြည့်အဝ ထုတ်သုံးလိုက်ကြသည်။ စစ်တပ်တစ်ဖွဲ့လုံးအတွက် ခုခံသည့်အပိုင်းကို သူတို့က တာဝန်ယူပေးထားမည်ဖြစ်သည်။ ကစဉ့်ကလျားဖြစ်နေသော စစ်တပ်က လျှင်မြန်စွာဖြင့် ဝင်္ကပါအတွင်းသို့ စတင်ကာ ဝင်ရောက်လိုက်ကြပြီးနောက် ထွက်ပြေးသွားသော ကြေးစားစစ်သားများကလည်း စီတန်းရောက်ရှိလာကြသည်။

ဒီအပြောင်းအလဲက ရုတ်ချည်းဆန်သဖြင့် မြင်လိုက်သူတိုင်းကို သံသယဝင်သွားစေသည်။

“မဖြစ်နိုင်တာ စစ်တပ်က ဒီလို ဝရုန်းသုန်းကားဖြစ်နေတဲ့ အခြေအနေဆိုရင်တောင်မှ သူတို့ကို ပြန်လည် စုစည်းနိုင်ရင်တောင်မှ စစ်သားတွေရဲ့ တိုက်ခိုက်လိုစိတ်က ဒီလောက်ထိ မြင့်တက်နေတာမျိုး မဖြစ်သင့်ဘူး။ မျှော်လင့်ထားတဲ့အတိုင်းပဲ မဟာထန်နဲ့ တိုက်ခိုက်တဲ့အချိန်မှာ အခြေအနေတိုင်းကို သတိထားရမယ်။ သူတို့ကို ဘယ်တော့မှ ပေါ့သေးသေး ဆက်ဆံလို့မရဘူး”

ဟော်ရှု့ဟွေ့ခမ်းကလည်း တောင်ကုန်းပေါ်မှ ကြည့်နေသည်။ သူကလည်း ခပ်မြန်မြန် နေရာယူပြီး အစီအစဉ်တကျဖြစ်ကာ စိတ်ဓာတ်အင်အား မြင့်တက်သွားသော ထန်စစ်တပ်ကို ကြည့်နေပြီး မှင်သက်နေရလေသည်။

ဟော်ရှု့ဟွေ့ခမ်းက ယွီစန်းမှ ကျော်ကြားသော ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သလို မဟာဗိုလ်ချုပ်ကြီးများထဲမှ အကောင်းဆုံးထဲက တစ်ယောက်လည်း ဖြစ်နေသေးသည်။ သူကဲ့သို့သော လူကပင် အင်ပါယာ၏ကျားဟုခေါ်သော ကျန်းချုံကျန့်ချုံးကို အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးသည်။ သို့သော် ဟော်ရှု့ဟွေ့ခမ်းကပင် ထိုသို့ အလုံးအရင်း တိုက်ခိုက်နေသည့် တိုက်ပွဲကြီးမျိုးတွင် တိဗက်စစ်တပ်ကသာ ထန်များကဲ့သို့ ဆိုးဆိုးရွားရွား အမြစ်ဖြတ်သုတ်သင်ခံနေရသော အခိုက်အတန့်မျိုးတွင်သာဆိုလျှင် ထန်များလုပ်သလိုမျိုး စစ်သားတိုင်းကို ခပ်မြန်မြန် စုစည်းပြီး ဝင်္ကပါအတွင်းသို့ သေသပ်စွာ ဝင်ရောက်ရန် လုပ်နိုင်မည်မဟုတ်ချေ။

အခန်း(၉၈၇)

အာရပ်များကို ပြန်လည်တိုက်ခိုက်ခြင်း

“မဟာထန်ကို ဘယ်တော့မှ အထင်သေးလို့မရဘူး။ ဒီကုန်းမြေမှာရှိတဲ့ မျိုးနွယ်စုတိုင်းမှာ အာရပ်တွေကပဲ သူတို့ကို ရင်ဆိုင်နိုင်လောက်တယ်”

တုစုန့်မာန်ဖော်ကျဲ့က ဟော်ရှု့ဟွေ့ခမ်း၏ဘေးတွင် ရပ်နေခြင်းဖြစ်သည်။ သူ၏ဆံပင်က လေကြောင့် လွင့်နေသည်။ သူ၏အံ့အားသင့်မှုကလည်း လုပ်ဖော်ကိုင်ဘက်ထက် မလျော့ချေ။ ထန်စစ်သားများ၏ အရည်အသွေးနှင့် လေ့ကျင့်ထားသောအဆင့်က အခြားသော အင်အားစုများ မနာလိုကြီးရုံသာ တက်နိုင်သော အနေအထားမျိုးတွင်ဖြစ်သည်။ တုစုန့်မာန်ဖော်ကျဲ့ကလည်း တောင်ပေါ်ဒေသ၏ သိန်းငှက်တစ်ကောင်အဖြစ် လူသိများ ထင်ရှားကျော်ကြားသည်။ သူဟာ သူခစားသော အင်ပါယာကြီးအတွက် အမြဲတစေ အကျိုးပြုမှုများကိုသာ လုပ်ခဲ့သည်။ ကံဆိုးစွာဖြင့် သူဟာ လုံလောက်အောင် အင်အားကြီးမားနေသည့်တိုင်အောင် အချို့သော နယ်မြေများတွင် အခြားသော မဟာဗိုလ်ချုပ်များကိုပင် ကျော်တက်နိုင်သည့်တိုင်အောင် ယွီစန်း၏အင်အားကလည်း မဟာထန်ကို ရင်ဆိုင်နိုင်သော အတိုင်းအတာမျိုးတွင် မရှိကြောင်း ဝန်ခံရပေမည်။

အပေါ်ယံတွင် မဟာထန်က အင်ပါယာမဟာဗိုလ်ချုပ် ခုနှစ်ယောက်သာရှိသည်။ သို့သော် ဝမ်ရန် ချန်းချန့်လီနှင့် ရှန်ယွီကျုံ့ထုံးတို့ကဲ့သို့ အင်အားကြီး ဝင်္ကပါများကိုသုံးပြီး မဟာဗိုလ်ချုပ်များ၏ ခွန်အားကို ထုတ်သုံးနိုင်သော ဗိုလ်ချုပ်ကြီးများကိုလည်း ထည့်တွက်ရဦးမည်ဆိုလျှင် မဟာထန်တွင် ထိုကဲ့သို့သောပုဂ္ဂိုလ် ဆယ်ယောက်ကျော်ရှိသည်။ ထိုထဲတွင် ဝမ်ကျုံးစစ်ကဲ့သို့ နန်းတွင်းသို့ ဝင်ရောက်ပြီး အိမ်ရှေ့စံ၏ အငယ်တန်း အစောင့်အရှောက်အဖြစ် ခစားနေသော လူအပါအဝင် အခြားသော အနားယူသွားသော ပုဂ္ဂိုလ်ကြီးများကို ထည့်တွက်လိုက်လျှင် ပမာဏက ပို၍များပြားသေးသည်။

ထိုအရာများအပြင် သူတို့တွင် ဝမ်ချောင်ရှိသည်။ ဝမ်ချောင်က မဟာဗိုလ်ချုပ်ကြီးအဆင့် အင်အားမျိုးကို မပိုင်ဆိုင်သေးသည့်တိုင်အောင် ကောင်းကင်ကို အံ့တုနိုင်သည့် တည်ရှိမှုတစ်ခုဖြစ်သည့် မဟာဗိုလ်ချုပ်ပေါင်း များစွာကို ကျော်တက်နေသည့် စစ်ဗျူဟာကို ပြောင်မြောက်စွာ ပိုင်ဆိုင်ထားသူဖြစ်သည်။

အာရေးဗီးယား အင်ပါယာတွင်ရှိသော အပုမူစလင်၏ အဆင့်အတန်းကလည်း ကျန်းရှို့ကွေးနှင့် ဝမ်ကျုံးစစ်တို့နှင့်တူသည်။ ထို့ကြောင့်သူ့ကို သာလွန်သော လူမျိုးကဆိုလျှင် လက်တစ်ဖက်တည်းနှင့် ရေတွက်၍ရသည်။ စစ်သည်သုံးသိန်းပါသော စစ်တပ်ကြောင့် အပုမူစလင်က မရေမတွက်နိုင်သော လူပေါင်းများစွာကို အုပ်စိုးကာ မင်းမူနိုင်ခဲ့သည်။ ခိုရာဆန်ကဲ့သို့ သမိုင်းသက်တမ်း ကြာရှည်သော ယွီစန်းနှင့် အနောက်ပိုင်းတူရကီများကို ယှဉ်နိုင်သော အင်အားစုကြီးကပင် အပုမူစလင်၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။

သို့သော် ထိုမျှအင်အားကြီးမားသော စစ်တပ်က ကောင်းရှန်းကျစ်ကြောင့် နှစ်လတိုင်တိုင် ကျန့်ကြာကာ အချိန်ဆွဲခံခဲ့ရသည်။ သူတု့ိတွင် လွှမ်းမိုးနိုင်လောက်အောင် အားသာချက် အပြည့်အဝရှိသည့် စစ်သည်တော်များကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ပဲ့ဟယ်မော့စစ်တပ်နှင့် ကောင်းကင်ခစားခြင်း စစ်တပ်ကဲ့သို့ လူထွားကြီးများကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ရုတ်တရက် သူတို့ကသာ ဒုက္ခများသွားကြောင်း ရှာတွေ့လိုက်ရသည်။ မဟာထန်ကသာ ထိုကဲ့သို့သော အခြေအနေမျိုးကို လုပ်ဆောင်နိုင်သည်။ မဟာထန်၏အင်အား ငါးပုံတစ်ပုံကိုပင် ထည့်မသုံးထားရသေးချေ။ ထိုအတွေးကတင် တုစုန့်မာန်ဖော်ကျဲ့၏ နှလုံးသားကို ကြောက်လန့်မှုများဖြင့် အေးစက်လာစေသည်။

“ဒါတွေအားလုံးက... သူ့ကြောင့်ပဲ”

တုစုန့်မာန်ဖော်ကျဲ့က ကြီးမားသော မျောက်ဝံကြီး၏ ပုခုံးပေါ်တွင်ရပ်နေသည့် ထန်လူငယ်လေးကို ခပ်မြန်မြန် တွေ့လိုက်သည်။ ယွီစန်းသည် မဟာထန်၏ အနောက်တောင်ပိုင်း စစ်တပ်ထံမှ အရှုံးကို တစ်ကြိမ်ခံခဲ့ရရုံသာ မကသေးလေဘဲ မာန်ရှဲ့ကျောင်းနှင့် ပူးပေါင်းခဲ့ပြီး မဟာထန်၏ အနောက်တောင်ပိုင်းမှ စိုက်ပျိုးမြေကောင်းကို သိမ်းယူရန် ကြိုးစားခဲ့သည်။ သူတို့က ဗဟိုပြင်ကျယ်ကိုပင် သိမ်းပိုက်ရန် ကြိုးစားခဲ့ဖူးသည်။

သို့သော် ထိုလူငယ် ပေါ်ပေါက်လာမှုက အနောက်တောင်ပိုင်းက စစ်ပွဲကို ရှုံးနိမ့်သွားစေခဲ့သည့်အပြင် တောင်ပေါ်ဒေသကိုပင် ကပ်ရောဂါ ရောက်စေခဲ့သေးသည်။ ကျန်းကျွင်း၏ ဖျက်ဆီးခံရမှုနှင့် နောက်ပိုင်းမှ စစ်သားတိုင်း၏ အဆုံးသတ်ခံရသည့် အခြေအနေဖြစ်လာသည်။

ထိုမဟာဗိုလ်ချုပ်ကြီး နှစ်ယောက်၏ အရှေ့တွင် ရပ်နေသော သာ့လွန်ရော့ကျန်းကလည်း တိုက်ပွဲနယ်မြေမှ အပြောင်းအလဲကို ဆက်တိုက် လေ့လာနေခြင်းဖြစ်သည်။ သူ၏လက်က မြှောက်လိုက် ကျလိုက် ဖြစ်နေသည်။ အဆုံးသတ်တွင် သူကပင် လုပ်ကြံသတ်ဖြတ်ရန် အမိန့်မထုတ်ခဲ့ပါချေ။

မျောက်ဝံကြီးပေါ်မှ ဝမ်ချောင်က တိုက်ပွဲနယ်မြေ တစ်ခုလုံးကို မြင်နိုင်လေသည်။ သူက ပဲ့ဟယ်မော့ လေးကောင်ကိုသုံးပြီး ရလဒ်ကို ချောမွေ့စွာဖြင့် ဆုံးဖြတ်ချက်ချလိုက်သည်။ အပုမူစလင်က သူ၏ မျှော်လင့်ချက်တိုင်းကို ပုံအောထားသော သေစေနိုင်သည့်အကွက်က ယခုအခါ ဝမ်ချောင်၏ အာရပ်များကို ရင်ဆိုင်ရာတွင် အားအသာဆုံး အခြေအနေ ဖြစ်သွားစေလေသည်။

“အခုက မင်းတို့အားလုံး တန်ကြေးကို ပေးဆပ်ရမဲ့အခိုက်အတန့်ပဲ”

ဝမ်ချောင်က အထိတ်တလန့်ဖြစ်ကာ ထွက်ပြေးနေသော အာရပ်မြင်းတပ် အဖွဲ့ဝင်များကိုကြည့်ပြီး သူ၏မျက်နှာက ရေခဲတမျှ အေးစက်လာသည်။

ဝေါင်း

ဝမ်ချောင်၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားပြီဖြစ်သည့် ပဲ့ဟယ်မော့ သုံးကောင်က အာရပ်အင်အားစုတိုင်းကို အလုံးအရင်းသတ်ဖြတ်ရန် ကြိုးစားလေသည်။

ဘုန်း ဘုန်း ဘုန်း

ပဲ့ဟယ်မော့များက ထပ်ခါတလဲလဲ ဖနောင့်ဖြင့်ပေါက်နေသည်။ ထိုသို့ဖြင့် ထိုရိုးရှင်းသော အပြုအမူနှင့်တင် အာရပ်သောင်းပေါင်းများစွာက ဆက်တိုက် သေကြေပျက်စီးနေကြသည်။ ထိုအချိန်တွင် လောင်ကျွမ်းသူက မီးတောက်များကို ဆက်တိုက် မှုတ်ထုတ်နေသေးသည်။ ထိုသို့ဖြင့် ကျန်းတစ်ရာဝန်းကျင် အတွင်းရှိ အာရပ်မြင်းတပ် အဖွဲ့ဝင်တိုင်းကို ဆက်တိုက်ဆိုသလို တိုက်ခိုက်နေခဲ့သည်။ မြေသားက လောင်ကျွမ်းသည်။ မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက ပြိုလဲကျကြသည်။ ပို၍ဆိုးသည်မှာ လောင်ကျွမ်းသူ၏ မီးတောက်များက လေထဲရှိ အောက်ဆီဂျင်များ အားလုံးကို ကုန်ဆုံးစေခြင်းဖြစ်သည်။ ထို့ကြောင့် ထိုစစ်သားများက မွန်းကြပ်ကာ သေရသည်။

“အား”

တိုက်ပွဲနယ်မြေတွင် သေဆုံးမှု အော်ဟစ်သံများက ပြည့်နှက်နေပြီး မီးတောက်များ၊ မီးခိုးများက လိမ့်တက်နေသည်။ အလောင်းများက တောင်ပုံရာပုံ ဖြစ်နေလေပြီး ထွက်လာသောရနံ့က အသားတူးရနံ့၊ ပြာရနံ့များဖြစ်နေလေရာ သက်ရှိငရဲသဖွယ်ဖြစ်သည်။

စစ်သည်နှစ်သိန်းခန့်ရှိသော စစ်တပ်ကြီးက ကြောက်မက်ဖွယ်ကောင်းသည့် အရှုံးကို ခံစားနေရပြီး သူတို့၏ ဗိုလ်ချုပ်များကပင် ဆက်တိုက်ဆိုသလို သေဆုံးနေကြသည်။ တိုက်ပွဲနယ်မြေ၏ အနောက်ပိုင်းတောက်လျှောက် ဆက်တိုက် ဆုတ်ခွာနေကြရသည်။

“သောက်ကျိုးနည်းဟာ”

အပုမူစလင်က လေထဲတွင်ရပ်နေသည်။ သူ၏ မျက်လုံးက ဒေါသကြောင့် နီရဲနေသည်။ သူ၏လက်သီးကလည်း ဒေါသကြောင့် တဆတ်ဆတ် တုန်နေသည်။ သူက တိုက်ပွဲနယ်မြေတွင် သူ၏လူများ၊ သူ၏စစ်တပ်များ အလောင်း၏ ပုံနေမှု၊ သူ၏စစ်တပ်များ၏ နောက်ဆုတ်မှု အားလုံးကို မြင်နေရသည်။

ဘုန်း

အပုမူစလင်က ရုတ်တရက် ပျောက်ကွယ်သွားပြီး မျောက်ဝံကြီးရှိရာ အထက် လေထဲတွင် ပြန်ပေါ်လာသည်။

“သေစမ်း”

အပုမူစလင်က အသားကုန် အော်ဟစ်လိုက်သည်။ သူ၏အော်သံက လေထဲတွင် ဟိန်းထွက်သွား၏။ ခေါင်းသုံးခေါင်းမော့သိုက်နှင့် သူ၏ ရွှေနီရောင်တိုင်များက တစ်တိုင်ပြီးတစ်တိုင် ပေါ်လာသည်။ မည်းမှောင်နေသော တိမ်စိုင်များက စတင်ကာ ရစ်ခွေလာသည်။

ဘုန်း

အပုမူစလင်က ဝမ်ချောင်ရှိရာဘက်သို့ လက်သီးဖြင့်ထိုးပြီး ငရဲမှတက်လာသည့် မြို့တမျှကြီးသော အနက်ရောင်နဂါးကြီးကို ကောင်းကင်တွင် ဟိန်းဟောက်လေစေကာ ဝမ်ချောင်ကိုယ်ပေါ်သို့ မိုးကြိုးစွမ်းအင်များဖြင့် ဝင်ရောက်စေသည်။

ဘန်း

သံမဏိပုံရိပ် အနက်ရောင် ခန္ဓာကြီးက ချက်ချင်းဆိုသလို ခုန်ထွက်ကာ ဆက်တိုက်ရင်ဆိုင်ပြီး အပုမူစလင်၏ ငရဲနဂါးကို တစ်ချက်တည်းနှင့် ဖယ်ရှားပစ်လိုက်သည်။ မျောက်ဝံကြီးက ရှေ့သို့ အတန်ငယ် ကုန်းလိုက်ပြီးနောက် သူ၏အခြားသော လက်မောင်းတစ်ဖက်ကို လွှဲယမ်းလိုက်ပြီး အပုမူစလင်ကို လက်သီးဖြင့်ထိုးသည်။ ထိုလက်သီးချက်က မြန်ဆန်ပြီး ခက်ထန်ကြမ်းတမ်းသည်။ တောင်တန်းများကိုပင် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားစေလောက်သည့် အင်အားမျိုးကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် ထိုလက်သီးချက်က ဂရုတစိုက် ချိန်ရွယ်ပြီး တွက်ချက်ခြင်းကိုပင် ထည့်တွက်ရခြင်း မရှိသေးချေ။ သံမဏိနှင့် သွေးအစိုးရကပင် အံ့အားသင့်မှုကြောင့် မျက်လုံးပြူးသွားရပြီး သူ၏နှလုံးခုန်နှုန်းကပင် မြန်ဆန်သွားသည်။ သူက အလောတကြီး နောက်ဆုတ်ရသည်။

“အပုမူစလင် မင်းငါ့ကိုမနိုင်ဘူး။ ဒီတိုက်ပွဲအတွက် မင်းချစ်ရတဲ့ ပဲ့ဟယ်မော့တွေက မင်းရဲ့စစ်သားတွေကို ပြန်သတ်တာကိုပဲ စောင့်ကြည့်နေသင့်တယ်”

ဝမ်ချောင်က မျောက်ဝံကြီး၏ပုခုံးပေါ်တွင် ရပ်လျှက် လှောင်လိုက်သည်။

သူဟာ အပုမူစလင်နှင့် တိုက်ခိုက်လာနိုင်ကြောင်း ခန့်မှန်းထားပြီးသားဖြစ်သည်။ မျောက်ဝံကြီး၏ ခွန်အားနှင့် စစ်သူတော်စင်တစ်ပါး၏ အတွေ့အကြုံ တိုက်ပွဲဝင်စွမ်းအားများ ပေါင်းစပ်လိုက်ခြင်းက အပုမူစလင်ကို အားသာချက် မရှိစေတော့ချေ။ ဝမ်ချောင်က သူ၏ လှုပ်ရှားကွက်တိုင်းကို ခန့်မှန်းနိုင်ပြီး အားလုံးကို ပြန်လည်တိုက်ခိုက်နိုင်သည်။

အချို့သော နယ်ပယ်တွင်ဆိုလျှင် ဝမ်ချောင်ဟာ ယခင်ဘဝမှ သူကိုယ်တိုင်ထက်ပင် အင်အားကြီးလာသေးသည်။

“လူငယ်လေး မင်းက ငါ့ရဲ့လက်မှာ သေချာပေါက် သေရမှာပဲ။ မင်းအကြာကြီး မောက်မာမနေနိုင်ပါဘူး”

အပုမူစလင်၏ မျက်နှာက ပြာနှမ်းလာပြီး ရှုံ့မဲ့လာသည်။ သူ၏နှလုံးသားက ဒေါသများဖြင့် တောက်လောင်လာသည်။ သူဟာ ကောင်းရှန်းကျစ်ကို ရင်ဆိုင်ရန်ပင် အာရုံမစိုက်တော့ချေ။ သူအလောတကြီး လုပ်ရမည့်တာဝန်က ဝမ်ချောင်ကို အမြန်ဆုံး သတ်ဖြတ်ခြင်းဖြစ်သည်။ ထိုနည်းနှင့်မှသာ ဒီကပ်ဘေးကို ရင်ဆိုင်နိုင်ပေလိမ့်မည်။

ဘုန်း

အပုမူစလင်၏ ခန္ဓာကိုယ်က သူ၏လက်ခုံပေါ်တွင်ရှိသော မိစ္ဆာနတ်ဆိုး၏ ကြေးနီရောင် မျက်ဝန်းနှင့်အတူ လှုပ်ခါသွားသည်။ ထို့နောက်တဖန် အလင်းများဖြင့် ပေါက်ကွဲသွားပြန်သည်။ အနက်ရောင် တိမ်စိုင်များက ရုတ်ချည်း ထူထည်းလာပြီး လေပြင်းက မွှေနှောက်ခံရကာ လောကရှိ စွမ်းအင်တိုင်းက သူ၏ ပတ်ပတ်လည်တွင် စတင်ကာ စုစည်းလာသည်။ အပုမူစလင်၏ အနောက်ဘက်တွင် မော့သိုင့်၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက ပို၍သာ ကြီးထွားလျှက် ပေါ်ပေါက်လာသည်။

ဘန်း

သူ၏မျက်လုံးက မီးတောက်များ တောက်လောင်နေသည်။ အပုမူစလင်က သူရနိုင်သမျှ စွမ်းအားတိုင်းကို စုစည်းလိုက်ပြီး ဝမ်ချောင်ထံ လျှပ်စီးလက်သလို ခုန်ဝင်သွားသည်။ ဝမ်ချောင်က ကောင်းကင်ကို မော့ကြည့်ပြီး အရာအားလုံးကို နားလည်ပိုင်နိုင်ထားသလို ပြုံးလိုက်သည်။ မျောက်ဝံကြီးက သွားအပြည့်ဖြဲလျှက် မာန်ဖီလိုက်ပြီး ကောင်းကင်ကိုမော့ကြည့်လိုက်ချိန်တွင် ရုတ်တရက် လေထဲသို့ ခုန်တက်ပြီးသားဖြစ်သွားသည်။

ဒီတိုက်ပွဲက ဝမ်ချောင်၏ အရှိန်အတိုင်းဖြစ်လာသည်။ အပုမူစလင်က သံမဏိနှင့် သွေးအစိုးရဖြစ်ပြီး ဝမ်ချောင်ကို စိန်ခေါ်နေခြင်းဖြစ်နေသည့်တိုင်အောင် အပုမူစလင်က လောင်ကျွမ်းသူကို တိုက်ခိုက်ရန်သာ အဓိက အာရုံစိုက်ထားစေရန် ဝမ်ချောင်က ဖန်တီးထားသည်။ ဝမ်ချောင်ကိုယ်တိုင်ကမူ ထိုကိစ္စတွင် ပါဝင်ပတ်သတ်လိမ့်မည်မဟုတ်ချေ။

“မာစီ အခုမင်းရဲ့အလှည့်ပဲ”

မျောက်ဝံကြီးနှင့် အပုမူစလင်တို့က ပြင်းထန်စွာ တိုက်ခိုက်နေချိန်တွင် ဝမ်ချောင်က သူ၏အာရုံကို အခြားတစ်နေရာသို့ ပို့လိုက်သည်။ သူဟာ မာစီ၏ အသိစိတ်ကို ပဲ့ဟယ်မော့ လေးကောင်လုံး၏ အတွင်းမှ ဆွဲထုတ်ခဲ့ပြီးသည့်တိုင်အောင် မာစီဟာ မသေသေးကြောင်း နားလည်နေသည်။ မာစီနှင့် သူ၏ ပဲ့ဟယ်မော့စစ်တပ်က ထန်များ၏ အခြေအနေကို ယခုလို ဆိုးရွားစေသည့် တရားခံဖြစ်သည်။ ထို့ကြောင့် စစ်သားပေါင်းများစွာ သေဆုံးသွားခဲ့ရပြီး ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီကပင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ရသည်။ ဝမ်ချောင်ကလည်း မာစီကို အခြားသော တိုက်ပွဲနယ်မြေတစ်ခုနှင့် တိုက်ခိုက်လိုစိတ် မရှိချေ။

အတွေးတစ်ခုနှင့်အတူ ဝမ်ချောင်က သူ၏စိတ် တစ်ဝက်ခန့်ကို မြေအောက် အနက်ရှိုင်းဆုံး အပိုင်းသို့ ပို့လွှတ်လိုက်သည်။

...

“ငါတို့ရှုံးပြီ ရှုံးပြီ... ငါအဆင့်မြင့်ဘုန်းတော်ကြီးကို ပြန်ပြီး သတင်းပို့ရမယ်။ ဒီလောက် စွမ်းအားကြီးတဲ့ စိတ်စွမ်းအားစွမ်းအင် ကျွမ်းကျင်ပညာရှင်က ဒီနေရာမှာ မပေါ်လာသင့်ဘူး”

ထိုအခိုက် ကင်းမြှီးကောက်မကောင်းဆိုးဝါးက မြေအောက်ထဲတွင် ဆက်လက် ထွက်ပြေးနေသည်။ သူ၏ ခေါင်းပေါ်တွင် မာစီက အမောတကော အသက်ရှုနေရသည်။ သူ၏ပါးစပ်၊ နား၊ မျက်လုံး၊ နှာခေါင်းနှင့် အရေပြားများမှ သွေးများစိမ့်ထွက်နေသည်။ သူ၏ပုံစံက အလွန့်အလွန် ဆိုးရွားနေပြီး အရှိန်အဝါက အလွန့်အလွန် အားနည်းနေသည်။ သူ၏ဝမ်ချောင်နှင့် တိုက်ပွဲက သူ၏စိတ်စွမ်းအားစွမ်းအင်များကို ပြင်းပြင်းထန်ထန် အထိနာသွားစေရုံသာ မကသေးလေဘဲ ခန္ဓာကိုယ်အပေါ်တွင်လည်း အလွန်ထိခိုက်သွားစေသည်။

ဝမ်ချောင်ကလည်း စိတ်စွမ်းအားစွမ်းအင်က ထင်ယောင်ထင်မှားမျှသာဖြစ်ကြောင်း ပြောခဲ့ခြင်းက မှန်ကန်သည်။ သို့သော် မာစီကိုယ်တိုင်ကလည်း ထိုစွမ်းအင်များက အတုအယောင်မဟုတ်ကြောင်း နားလည်သည်။ ဒါက ပြောလိုက်ရုံနှင့် နားလည်နိုင်သော အခြေအနေ မဟုတ်တော့ချေ။ မာစီ၏ စိတ်စွမ်းအားစွမ်းအင်က ထိခိုက်ဒဏ်ရာ ရသွားခဲ့သည်။ သို့သော် ထိုတခဏတွင် သူ၏ ကိုယ်တွင်အင်္ဂါများကပင် သွေးများ ယိုစိမ့်ထွက်နေသည်။ သူကလည်း ဒီနေရာတွင် ဆက်နေလျှင် သေခြင်းတရားကသာ စောင့်ကြိုနေပေလိမ့်မည်။

“ကြောက်စရာကောင်းလွန်းတယ်။ ဒီတိုက်ပွဲက အရေးမကြီးတော့ဘူး။ ဒီတိုက်ပွဲက ရှုံးနေပြီ။ အပုမူစလင်ကပဲ အရာအားလုံးကို တာဝန်ယူရလိမ့်မယ်။ မဟာထန်အတွက် ဒီလောက်အင်အားကြီးတဲ့ စိတ်စွမ်းအားစွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်တစ်ယောက် ရှိနေတာကတင် သူက နေမင်းပုံသဏ္ဍန်အဖြစ်တောင် ပြောင်းလဲနိုင်ပြီး အရာအားလုံးကို လောင်ကျွမ်းနိုင်တာကတင် လက်ခံနိုင်စရာမကောင်းတဲ့ အခြေအနေမျိုး ဖြစ်နေပြီ။ ဒီကောင်ဆက်ပြီး အသက်ရှင်နေတာလည်း ငါတို့ရဲ့ ပဲ့ဟယ်မော့စစ်တပ်က သေချာပေါက် အသုံးမဝင်ဖြစ်သွားမှာပဲ”

မာစီ၏နှလုံးသားက ထိတ်လန့်မှု၊ မသက်မသာဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။

အရှေ့ပိုင်းသို့ လာရောက်ခဲ့ခြင်းက ကြောက်စရာကောင်းသော အိမ်မက်ထက် မပိုတော့ချေ။ မာစီကိုယ်တိုင်ကလည်း ဒီလိုရလဒ်မျိုးကို မမျှော်လင့်ထားမိချေ။ ယခုအခါ သူဟာ အမြန်ဆုံး ထွက်ပြေးသွားချင်သည့် လေလွင့်ခွေးတစ်ကောင်ထက် မပိုတော့ချေ။

“ငါအဆင့်မြင့် ဘုန်းတော်ကြီးရဲ့ အကူအညီကို သေချာပေါက် တောင်းခံရမယ်။ အဆင့်မြင့် ဘုန်းတော်ကြီးကပဲ သူ့ကို ကိုင်တွယ်နိုင်မှာ”

မာစီက အင်ပါယာ၏ အဆင့်မြင့် ဘုန်းတော်ကြီးကို တွေးတောနေသည်။ မာစီဟာ မာနကြီးပြီး သွေးဆာသော အကျင့်စရိုက်ရှိသည်။ အင်ပါယာ တစ်ခုလုံးတွင် သူအလေးစားဆုံးပုဂ္ဂိုလ်က အဆင့်မြင့် ဘုန်းတော်ကြီးဖြစ်သည်။ မာစီက အဆင့်မြင့်ဘုန်းတော်ကြီး၏ အရှေ့တွင် အနည်းငယ်မျှပင် မစော်ကားရဲသလို မရိုမသေလည်း မပြုမူရဲပါချေ။ သို့သော် အရာအားလုံးကလည်း မာစီကို အဆင့်မြင့် ဘုန်းတော်ကြီးက သင်ကြားပေးခဲ့ပြီး ယခုလောက်ထိ အင်အားကြီးမားအောင် လုပ်ပေးထားခဲ့သောကြောင့် ဖြစ်လေသည်။

အခန်း(၉၈၈)

အဆင့်မြင့်ဘုန်းတော်ကြီးက မာစီ၏ အစစ်အမှန် ဆရာအစစ်ဖြစ်သည်။ မာစီကလည်း တစ်ဖက်သူ၏ နာမည်ကိုပင် တပ်မခေါ်ရဲပါချေ။ ဘုန်းတော်ကြီးက သူတစ်ယောက်တည်းကို သင်ကြားပေးသည်ထက် ပိုသည်။ အာရေးဗီးယား အင်ပါယာတစ်ခုလုံးက သူ့ကိုကြောက်ကြသည်။ ကာလစ်ကပင် သူ့ကို လေးစားမှုအပြည့်နှင့် ဆက်ဆံနေရသည်။

သူက ထိုအကြောင်းအရာများကို တွေးတောနေသော်လည်း မာစီ၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး သူ၏ တွေးတောမှုက ရုတ်ချည်းရပ်တန့်သွားသည်။ သူက မမြင်ရသော နေရာတစ်ခုကို ဝင်ဆောင့်တိုးလိုက်မိသလို ဖြစ်သွားသည်။ အစပိုင်းကမူ သူက စိတ်ရှုပ်ထွေးသွားလေသည်။ ထို့နောက် ဒေါသဖြင့် ပေါက်ကွဲသွားသည်။

“သားရဲကောင် မြန်မြန်လေး လှုပ်ရှားစမ်းပါ”

မာစီက ခပ်ကြမ်းကြမ်း ဆူပူလိုက်သည်။ တချိန်ထဲတွင်ပင် သူက အညိုရောင် ဓားမြောင်တစ်ချောင်းကို ထုတ်ပြီး ကင်းမြှီးကောက်မကောင်းဆိုးဝါး၏ ခေါင်းကိုထိုးသည်။ မာစီခံစားရသည့် ပူးပေါင်းသွားသော ခံစားချက်အရ ထိုမကောင်းဆိုးဝါးဟာ အချို့သော အကြောင်းပြချက် အချို့ကြောင့် ရပ်တန့်သွားခြင်း ဖြစ်ကြောင်း သိလိုက်သည်။

သို့သော် ဒါက မာစီကို အံ့အားသင့်စေခြင်းမဟုတ်သေးချေ။ အတိတ်ကဆိုလျှင် မာစီက ဓားမြောင်ဖြင့် ထိုးလိုက်သည့်အချိန်တွင် ကင်းမြှီးကောက် မကောင်းဆိုးဝါးက နာကျင်စွာ အော်ဟစ်လေ့ရှိသည်။ သို့သော် ဒီတစ်ကြိမ်တွင်မူ ထိုမကောင်းဆိုးဝါးက လှုပ်ပင် မလှုပ်ချေ။ ရှေ့သို့လည်းမတက်ချေ။ နေရာတွင် တောင့်ခဲနေသလိုဖြစ်သွားသည်။ သူက ကျောက်သားဖြစ်သွားသလိုမျိုး မလှုပ်ရှားချေ။

“သေစမ်း ဘာတွေဖြစ်နေတာလဲ”

မာစီက အံ့အားသင့်သွားသလို ဒေါသလည်း ထွက်သွားသည်။ လက်ထဲမှ ဓားမြောင်ထဲသို့ သူက စွမ်းအင်များကို ထည့်သွင်းလိုက်လေပြီး ထိုကင်းမြှီးကောက် မကောင်းဆိုးဝါးကိုထိုးသည်။ အကြိမ်အနည်းငယ် ဆက်တိုက်ထိုးသည်။ ထိုသို့ဖြင့် သွေးများကပင် စီးကျလာသည့် ကြီးမားသော ဒဏ်ရာကြီးကို ဖြစ်သွားစေခဲ့သည်။ ထို့တိုင်အောင် ထိုမကောင်းဆိုးဝါးက နေရာတွင်ပင် ဆက်လက်ပြီး ရပ်နေသည်။ သူ၏ခန္ဓာကိုယ်ကြီးက မြေပြင်တွင် အမြစ်တွယ်နေသလိုမျိုး မလှုပ်ခဲ့ချေ။ မာစီ ဆက်တိုက်ထိုးနေသော အရာက အခွံမာကြီးတစ်ခု ဖြစ်နေသလိုပင် ထင်ရလေသည်။

“မျိုးမစစ်ကောင်”

မာစီက အလွန်စိုးရိမ်လာပြီဖြစ်သည်။ ဝမ်ချောင်၏ ခြိမ်းခြောက်မှုက သူ၏အရိပ်ဆိုးကဲ့သို့ နောက်မှ ကပ်လိုက်လာနေသည်။ အသေးငယ်ဆုံးသော အမှားကပင် သူ့ကို တိုက်ပွဲနယ်မြေတွင် သေဆုံးသွားစေနိုင်သည်။

“မာစီ မင်းရဲ့စွမ်းအင်တွေကို ဖြုန်းမနေနဲ့တော့”

ထိုအခိုက် မာစီ၏ ခေါင်းအထက်မှ ထူးခြားလွန်းသော လေသံက ထွက်လာသည်။

“ငါဒီမကောင်းဆိုးဝါးကို ထိန်းချုပ်ပြီးပြီ။ ငါအရင်က ပြောထားသလိုပဲ မင်းမလွတ်နိုင်ဘူး”

ထိုအသံက ခပ်ပြတ်ပြတ်နိုင်သည်။ ခံစားချက်လည်းမဲ့သည်။ သို့သော် မာစီကမူ မိုးကြိုးအပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ထိုမိုးကြိုးက သူ၏ခန္ဓာကိုယ်တည့်တည့် ပစ်ခတ်လိုက်ခြင်းဖြစ်သည်။

“ဝမ်ချောင်”

မာစီ၏ခန္ဓာကိုယ်က ဓာတ်လိုက်သွားသလို တဆတ်ဆတ် တုန်ယင်သွားသည်။ ထိုအသံက မာစီမကြားချင်ဆုံး အသံဖြစ်သည်။ သူ၏မျက်ဝန်းထဲတွင် နက်ရှိုင်းလွန်းသော အကြောက်တရားက ပေါ်ထွက်လာသည်။ ထိုအရာကလွဲပြီး သူဘာကိုမှ မကြောက်တော့ပါချေ။

အေးခဲနေသော ကင်းမြှီးကောက် မကောင်းဆိုးဝါးက ရုတ်တရက် ဝမ်ချောင် ပြောလိုက်သည်နှင့် အသက်ဝင်လာသလို ဖြစ်လာသည်။ သူ၏ကြီးမားသောကိုယ်မှ အဆစ်တိုင်းက စတင်ကာ လှုပ်ရှားလာသည်။ သို့သော် ကင်းမြှီးကောက်ရွေ့လျားသောဘက်က မာစီ၏နှလုံးသား အကြောက်လန့်ရဆုံးဘက် ဖြစ်နေသည်။ သူက ခေါင်းကိုလှည့်ကာ ကြည့်လိုက်သောအခါ ထိုအကောင်က အနောက်ဘက်သို့ တိုက်ရိုက်သွားသည်။ ထိုသို့ဖြင့် ဝမ်ချောင်ရှိရာဘက်သို့ ဦးတည်ကာ သွားနေလေသည်။

“မျိုးမစစ်ကောင် အခုချက်ချင်းရပ်စမ်း”

မာစီက စိတ်လွတ်သွားသည်။ လက်ထဲမှဓားမြောင်ကို ထပ်ခါတလဲလဲသုံးပြီး ထိုကင်းမြှီးကောက်ကြီး၏ ခန္ဓာကိုယ်ကို ထိုးဖောက်နေခဲ့သည်။ တချိန်ထဲတွင်ပင် သူက မကောင်းဆိုးဝါး၏ စိတ်အတွင်းတွင် စိတ်စွမ်းအား စွမ်းအင်များကို ပို့လွှတ်နေသည်။ ဒီနည်းအားဖြင့် ထိန်းချုပ်နိုင်ရန် မျှော်လင့်နေသည်။ သို့ရာတွင် သူ့ကို စောင့်ကြိုနေသည်မှာ စိတ်စွမ်းအား စွမ်းအင်များ၏ အလုံးအရင်း သတ်ဖြတ်ခံရမှုသာ ဖြစ်သည်။

ဘုန်း

မာစီ၏ စိတ်စွမ်းအားစွမ်းအင်က ထိပ်တိုက်တွေ့မိရုံနှင့် ထိုးဖောက်ခံလိုက်ရသည်။

“အကြံကို လက်လျော့လိုက်စမ်းပါ။ ငါ့ရဲ့အရှေ့မှာ မင်းက ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူး။ မင်းရုန်းကန်ဖု့ိ နေရာတောင်မရှိဘူး”

ဝမ်ချောင်၏ အေးစက်သောအသံက ထပ်ထွက်လာသည်။ သို့သော် ဒီတစ်ကြိမ်တွင် သူက မာစီထင်သလို တိုက်ရိုက်ပြောလိုက်ခြင်းဖြစ်သည်။

“မဟုတ်ဘူး မဖြစ်နိုင်ဘူး ငါမင်းဆီ လုံးဝမရှုံးဘူး။ ငါကပဲ့ဟယ်မော့စစ်တပ်ရဲ့ဗိုလ်ချုပ် ကာလစ်က တန်ဖိုးထားရတဲ့ အမတ်တစ်ယောက်လည်းဟုတ်တယ်။ ငါဘယ်သူ့ဆီမှ မရှုံးဘူး”

မာစီ၏မျက်လုံးက နီရဲသွားသည်။ သူက ဒေါသတကြီးအော်သည်။ သူ၏စိတ်က ရူးသွပ်မှုများဖြင့် ပြည့်နှက်လာပြီဖြစ်သည်။

“ဒီစကားတွေကို မင်းသတ်ခဲ့တဲ့ ထန်စစ်သားတွေကိုသွားပြော”

ဝမ်ချောင်၏ မျက်ဝန်းထဲတွင် အေးစိမ့်နေသည့် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒက ပေါ်ထွက်လာသည်။ သူ၏စိတ်စွမ်းအား စွမ်းအင်များက မာစီ၏ နဖူးအလယ် ထိုးသွင်းလို့ တိုက်ရိုက်ဝင်ရောက်သွားပြီး သူ၏ ခန္ဓာကိုယ်ကို စတင်ကာ ကျူးကျော်သည်။

“မဟုတ်ဘူး ငါမင်းဆီမှာ မရှုံးဘူး”

မာစီက ဆက်တိုက်အော်ဟစ်ပြီး ရုန်းကန်နေသည်။ သို့သော် သူက ဝမ်ချောင်၏ လုပ်ကြံသတ်ဖြတ်မှုကို မတားမြစ်နိုင်ချေ။ သူက အံ့ကိုကြိတ်ပြီး ဆက်တိုက်ဆိုသလို တိုက်ခိုက်နေခဲ့သည်။

ဘုန်း ဘုန်း ဘုန်း

သူတို့၏ စိတ်စွမ်းအား စွမ်းအင်များက ဆက်တိုက်ဆိုသလို ထိပ်တိုက်တွေ့ဆုံသွားသည်။ မာစီကလည်း သူ၏အသက်ဟာ အန္တရာယ်များနေကြောင်းသိသည်။ သူက သူ၏ အလားအလာကို လှုံ့ဆော်နေခြင်းဖြစ်သည်။ သို့သော် အကြိမ်ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ ထိပ်တိုက်တွေ့ဆုံမှုများအားလုံးက မာစီကို အရှုံးနှင့်သာ အဆုံးသတ်စေသည်။ ကြမ်းတမ်းခက်ထန်လွန်းသော စိတ်စွမ်းအားစွမ်းအင် နယ်မြေက သူမျှော်လင့်ထားသည်ထက် ကြောက်စရာကောင်းလွန်းနေသည်။ နောက်ဆုံးတွင်...

“ငါရှုံးပြီ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးပါ။ ငါ ငါ့ရဲ့တစ်ဘဝလုံး မဟာထန်ပေါ် ခြေတစ်လှမ်းတောင် မချဘူးလို့ သစ္စာဆိုနိုင်ပါတယ်”

မာစီ၏မျက်လုံးက နောက်ဆုံးတွင် မာနတရား၏ အရောင်အဝါများ ပျောက်ဆုံးသွားပြီး အသနားခံသည်။ ဝမ်ချောင်၏ စိတ်စွမ်းအားစွမ်းအင်ထဲတွင် သိသာထင်ရှားသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။ သိသာစွာပင် ဝမ်ချောင်က ထန်စစ်သားများအတွက် ကလဲ့စားချေရင်း သူ့ကိုသတ်လိုနေသည်။

“ဟွန်း နောက်ကျသွားပြီ ငါကမင်းကို အရင်ဆုံး ငါ့ရဲ့ရုပ်သေးရုပ်အဖြစ်ပြောင်းမယ်။ အဲ့ဒီနောက် နာကျင်မှုကြောင့် သေချင်ပါတယ်လို့ မပြောမချင်း ဆက်တိုက် နှိပ်စက်ပေးမယ်။ မင်းရဲ့လုပ်ဆောင်မှုတွေအတွက် အပြစ်ပေးခံရတယ်လို့ပဲ သဘောထားရအောင်။ ငါက မဟာထန်အတွက် သူရဲကောင်းဆန်တဲ့ ဝိညာဉ်တွေကို ဆက်သတယ်လို့ သဘောထားပေါ့”

ဝမ်ချောင်၏အသံက အလွန်အေးစက်သည်။ သူ၏စိတ်စွမ်းအား စွမ်းအင် ထိန်းချုပ်မှုအောက်တွင် အညိုရောင် ကင်းမြှီးကောက် မကောင်းဆိုးဝါးက စတင်ကာ ချဉ်းကပ်လာပြီး မြေအောက် အနက်ရှိုင်းဆုံးအပိုင်းမှ အပေါ်သို့တက်လာသည်။

ဘုန်း

ဘန်း

ဝမ်ချောင်က မာစီ၏စိတ်ကို ဆက်လက် ထိန်းချုပ်နေချိန်တွင် သူ၏စိတ်ထဲရှိ သွေးကြောအခက်အလက်များ အားလုံးကို အမိအရဖမ်းယူပြီး မာစီ၏ ခန္ဓာကိုယ်ကိုလည်း ပဲ့ဟယ်မော့များနည်းတူ ထိန်းချုပ်လိုက်သည်။

ဝမ်ချောင်က ထိန်းချုပ်လိုက်သည့် ထိုစိတ်အတွင်းရှိ လမ်းကြောင်း တစ်ကြောင်းချင်းစီတိုင်းအတွက်မူ အကြောင်းအရာပေါင်းများစွာကို သိနိုင်သည်။ မာစီအတွေ့အကြုံရှိထားသမျှ သူ၏ စိတ်စွမ်းအားသိုင်းများ အပါအဝင် အရာအားလုံးက ဝမ်ချောင်၏ရှေ့တွင် ပေါ်လာသည်။

ဝမ်ချောင်ကလည်း မာစီဟာ မည်းမှောင်ကာ စုတ်ပြတ်သပ်နေသည့် ဆင်းရဲငတ်မွတ် ခေါင်လွန်းသော သူဖုန်းစားများသာ ပြည့်နှက်နေသည့် လမ်းကြားအတွင်း အစာအတွက် လမ်းဘေးခွေးများ သတ်ဖြတ်နေကြသည့် မြင်ကွင်းကို မြင်ခဲ့ရသည်။ ထိုအချိန်က သူဟာ သူ၏ ခက်ထန်သောမျက်နှာနှင့် ကလေးတစ်အုပ်ကို ခြောက်လွှတ်ခဲ့သည်။ မာစီက ဓားကြမ်းတစ်လက်ကိုသုံးပြီး သူ့ကိုလှောင်ပြောင်ခဲ့သည့် ကလေးတစ်ယောက်ကို သတ်ဖြတ်ခဲ့သည့် မြင်ကွင်းကိုလည်း တွေ့ရသည်။ ထို့နောက် ထိုကလေး၏ ခန္ဓာကိုယ်ကို ထပ်ခါတလဲလဲ ထိုးစိုက်ခဲ့သည်။ ဒီနည်းအားဖြင့် ဝမ်ချောင်ဟာ ခြားနားသော ဘဝတစ်ခုကို တွေ့ကြုံရလိုက်သည်။

ဝမ်ချောင်ကလည်း မာစီဟာ လျို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် လူကြီးတစ်ယောက်နောက်လိုက်ကာ ဂူဘုရားကျောင်းထဲသို့ ဝင်သွားခြင်း၊ ထို့နောက် စိတ်စွမ်းအားစွမ်းအင် နည်းလမ်းများကို သင်ပေးခံရခြင်းတို့ကို တွေ့ခဲ့ရသည်။ ဝမ်ချောင်၏စိတ်အတွင်းတွင် စိတ်စွမ်းအားစွမ်းအင် သိုင်းပေါင်းများစွာက ဝင်ရောက်လာပြီး သူ့အပိုင်ဖြစ်သွားသည်။

ဝမ်ချောင်ဟာ စိတ်စွမ်းအားစွမ်းအင်သုံး ကျွမ်းကျင်ပညာရှင် သီးသန့်မဟုတ်ချေ။ ထို့ပြင် စနစ်တကျ လေ့ကျင့်ပေးခံထားရသူလည်း မဟုတ်ချေ။ သေချာစွာ မာစီတွင် ပိုင်ဆိုင်ထားသော စိတ်စွမ်းအားစွမ်းအင်မျိုးက ရှေးဟောင်းမျိုးဆက်ထံမှ လာခဲ့ခြင်းမဟုတ်ချေ။ မာစီသိထားသမျှက ဝမ်ချောင်အပိုင်ဖြစ်လာသည်။ ဒီနည်းအားဖြင့် ဝမ်ချောင်၏ စိတ်စွမ်းအားစွမ်းအင် နယ်မြေတွင် လိုအပ်ချက်များ အားလုံးကို ဖာထေးနိုင်သွားသည်။

ဝမ်ချောင်က အစပိုင်းတွင် စိတ်စွမ်းအားစွမ်းအင်နယ်မြေကို အကြမ်းဖျင်းမျှသာ နားလည်သဘောပေါက်နိုင်ခဲ့ခြင်းဖြစ်ပြီး သူ၏ကိုယ်ပိုင်စွမ်းရည်ကိုသုံးကာ အမှောင်ထုအတွင်းမှ ဟာကွက်ကို လိုက်ရှာခဲ့ပြီး မာစီ၏ နယ်မြေကို ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မာစီ ထပ်ခါတလဲလဲ သင်ကြားပေးမှု၊ သင်ခန်းစာပေးမှု အတွေ့အကြုံများကြောင့် သူဟာ အစစ်အမှန် စိတ်စွမ်းအားစွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်သွားလေပြီ။

ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က မာစီကို ချက်ချင်းမသတ်ခဲ့ဘဲ ကင်းမြှီးကောက်ကို ထိန်းချုပ်ပြီး မာစီအား သူ့ထံခေါ်လာစေခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် သူကလည်း သူ၏ခေါင်းပေါ်တွင် ချိတ်ဆွဲထားသည့် ကပ်ဘေး၏ အခြေအနေကို နားလည်သောကြောင့် မာစီဟာ ကြမ်းကြမ်းတမ်းတမ်း ခုခံလာသည်။ ပို၍ဆိုးသည်မှာ ဝမ်ချောင်က ပဲ့ဟယ်မော့များကို ပျိုးထောင်သည့်နည်းလမ်းကို မသိရသေးချေ။ ထိုအချက်အပြင် မာစီ၏စိတ်ထဲတွင် အလွန့်အလွန် အရေးကြီးသည့် လျို့ဝှက်ချက်များကို ဖုံးကွယ်ထားသည်ဟု ခံစားနေရသည်။

ဝမ်ချောင်ကလည်း ထိုလျို့ဝှက်ချက်ကို မသိပါချေ။ သို့သော် ဝမ်ချောင်၏ တုန့်ပြန်မှုကို ကြည့်ခြင်းအားဖြင့် ထိုအရာအားလုံး အရေးကြီးနိုင်ကြောင်း နားလည်နေသည်။ ပဲ့ဟယ်မော့စစ်တပ်၏ လျို့ဝှက်ချက်ထက်ပင် အရေးကြီးနိုင်သည်။

“မင်းဘာကိုဖုံးကွယ်ထားလဲ ကြည့်ရအောင်”

တိုးတက်လာသော လေပြင်းများနှင့်အတူ ဝမ်ချောင်က ပဲ့ဟယ်မော့ပုခုံးပေါ်တွင် ရပ်နေသည်။ သူ၏မျက်လုံးက အေးစက်ပြီး တင်းမာသည်။

ဘန်း

ရုတ်တရက် ကောင်းကင်က မှေးမှိန်သွားပြီး မိစ္ဆာနဂါးကြီးတစ်ကောင်က ဝမ်ချောင်ထံ ထိုးဆင်းလာသည်။ ငရဲနဂါးကြီး၏အနောက်တွင် ပုံရိပ်တစ်ခုက လေထဲတွင်ရပ်နေ၏။ သူ၏ အနက်ရောင် အပေါ်ယံ ခြုံလွှာက လေတွင်လွင့်နေသည်။

အပုမူစလင်က ဝမ်ချောင်ကို စိုက်ကြည့်သည်။ သူ၏မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များက ပြည့်နှက်လာသည်။

သို့သော် ကြီးမားသော မျောက်ဝံလက်ကြီးကသာ ရိုက်ချလာပြီး ထိုငရဲနဂါးကို တစ်ချက်ထဲနှင့် ဖယ်ရှားလိုက်ပြန်သည်။

ဝေါင်း

မျောက်ဝံကြီးက ဟိန်းဟောက်သည်။ သူ၏ ကြမ်းတမ်းမှုနှင့် ရက်စက်ကာ သွေးဆာသော အရှိန်အဝါက မရေမတွက်နိုင်သော မြင်းပေါင်းများစွာကို ကြောက်လန့်မှုကြောင့် ထွက်ပြေးစေသည်။ မြင်းအများစုက အပေါ်မှ စီးနင်းသူများကိုပင် ခါယမ်းမိပြီး ထွက်ပြေးသွားခဲ့ကြသည်။ ထိုမျောက်ဝံကြီးက အပုမူစလင်၏ ငရဲတံခါးကို လက်သီးတစ်ချက်တည်းနှင့် ဖြေရှင်းလိုက်ချိန်တွင် ဘယ်ဘက်လက်ကမူ အပုမူစလင်၏ သံမဏိပုံရိပ်ကြီးကို လွှဲယမ်းကာ ရိုက်ချသေးသည်။

ထိုလှုပ်ရှားမှုက ချောမွေ့ကာ ဖြတ်လတ်လွန်းသည်။ ကြီးမားသော ခန္ဓာကိုယ်နှင့်ပင် မလိုက်ချေ။

သံမဏိနှင့် သွေးအစိုးရဆိုပြီး ကျော်ကြားသော အပုမူစလင်ကလည်း မျောက်ဝံကြီး၏ တစ်ချက်ကိုပင် မခံနိုင်ပါချေ။

“မျိုးမစစ်ကောင် မင်းဘယ်လောက်ထိ ခံနိုင်မလဲငါကြည့်မယ်”

အာဘတ်ဆစ်ကယ်လီဖိတ်၏ အရှေ့ပိုင်းမှ အစိုးရဖြစ်သည့်အလျောက် ခိုရိုစန်းမှစတင်ပြီး ဆာမာခန်းအထိ အမြင့်ဆုံးအာဏာကို ပိုင်ဆိုင်ထားသော အပုမူစလင်ဟာ အလွယ်တကူ စိတ်လွတ်တတ်သောလူ မဟုတ်ချေ။ သို့သော် အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ သူ၏ တိုက်ကွက်များကို မျောက်ဝံကြီးကသာ ဆက်တိုက်တားမြစ်နေခဲ့ပြီး ထိုထန်လူငယ်ကို မသတ်နိုင်ကြောင်း မြင်လာရသည်။ အပုမူစလင်ကပင် စိတ်မရှည်နိုင်တော့ချေ။

သို့သော် အပုမူစလင်ကို ပို၍စိုးရိမ်စေသည်မှာ ထန်စစ်သားများနှင့် ပူးပေါင်းထားသော ပဲ့ဟယ်မော့များက အာရပ်စစ်တပ်ကို အလွန့်အလွန် ဆိုးရွားသော ပုံစံမျိုးဖြင့် ဖိနင်းချေမှုန်းနေခြင်းဖြစ်သည်။ အာရပ်များဟာ အလုံးစုံ ကစဥ့်ကလျားဖြစ်သွားပြီး အလွန့်အလွန် ကြီးမားသည့် ဆုံးရှုံးမှုကို ရင်ဆိုင်နေရပြီဖြစ်သည်။ သူ၏ အစိုးရဆိုသော သက်တမ်းတလျှောက်တွင် ထိုမျှအကြီးအကျယ် မရှုံးဖူးသေးချေ။ သူက ကြီးမားသော မြင့်မြတ်သူကို စိုက်ကြည့်နေရင်း အပုမူစလင်က အော်ဟစ်လိုက်သည်။ သူ၏မျက်ဝန်းက အေးစက်သော အလင်းဖြင့် လက်လာသည်။

“ကျစ်ရ”

အပုမူစလင်က နောက်ဆုံးတွင် လိမ့်တက်လာသော စွမ်းအင်များနှင့်အတူ ထိုစကားလုံးကို ပြောလိုက်သည်။ အပြာရောင်နှင့် အနီရောင် စွမ်းအင်များက ထွက်ပေါ်လာလေပြီး ကြီးမားသော နဂါးကြီးတစ်ကောင်ကဲ့သို့ မျောက်ဝံကြီး၏နောက်မှ ထွက်ပေါ်လာသည်။ ဂရုတစိုက်သာ ကြည့်မည်ဆိုလျှင် ထိုအနက်ရောင်စွမ်းအင်များ၏ အလယ်တွင် ငွေသင်္ကေတပေါင်းများစွာ ပြည့်နှက်ကာ ဖန်တီးထားသော ကြေးနီရောင် လက်စွပ်တစ်ကွင်းကို မြင်နိုင်မည်ဖြစ်သည်။

အာဘတ်ဆစ်ကယ်လီဖိတ်မှ အလွန်အဖိုးတန်သော ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်သည့် သမုဒ္ဒရာလက်စွပ်က ထိုအနက်ရောင် အမှောင်ထုအတွင်းမှ လက်စွပ်ဖြစ်သည်။ ကျစ်ရကလည်း စစ်တပ်အတွင်း ကြီးမားသည့် ဝန်ဆောင်မှုကို ပြုနိုင်ခဲ့ပြီး အပုမူစလင်၏ ထောက်ပံ့ပေးခြင်းကို ခံရသည်။ ကာလစ်က ထိုရှေးဟောင်းလက်စွပ်ကို လက်ဆောင်ပေးခဲ့သည်။ ထိုအတွက်ကြောင့်လည်း အာရေးဗီးယား အင်ပါယာ အရှေ့ပိုင်းနယ်မြေတွင် သူတို့နှစ်ယောက်က အရာအားလုံးကို အောင်ပွဲဆင်နိုင်နေခဲ့ခြင်းဖြစ်သည်။

ထိုသမုဒ္ဒရာလက်စွပ်က မဟာဗိုလ်ချုပ် အဆင့်သို့ပင် ရောက်ရှိနိုင်သည်။ ဒီနည်းအားဖြင့် သူ့ကို ချန်းချန့်လီ၏ အဆင့်လွန်ခွဲခြားခြင်းနတ်ဘုရားနှင့် တိုက်ခိုက်စေကာ မဟာဗိုလ်ချုပ် အဆင့်သို့ပင် ရောက်ရှိနိုင်သည်။ ဒီနည်းအားဖြင့် သူ့ကို ချန်းချန့်လီ၏ အဆင့်လွန်ခွဲခြားခြင်း နတ်ဘုရားနှင့် တိုက်ခိုက်စေလိုက်ရင်း အသာစီးရစေခဲ့ခြင်းဖြစ်သည်။

အပုမူစလင်နှင့် မတူသည်မှာ ကျစ်ရက မြွေတစ်ကောင်ကဲ့သို့ အမှောင်ထုထဲမှသာ ချောင်းနေတတ်သည်။ ကျစ်ရက သတိပေးချက် အလျဉ်းမရှိဘဲ တိုက်ခိုက်တတ်သူဖြစ်ပြီး တိုက်ခိုက်သည့် အချိန်တွင်လည်း မည်သည့်စွမ်းအင်လှိုင်းမှ ဖြာထွက်လာခဲ့ခြင်းမရှိသလို လေပြင်းကပင် မတိုက်ခတ်ချေ။ ဝမ်ချောင်၏အာရုံက အပုမူစလင်က ဆွဲဆောင်ထားချိန်တွင် ကျစ်ရက နောက်ကျောမှ တိုက်ခိုက်နိုင်မည်ဖြစ်သည်။

ထိုတိုက်ကွက်က သူ၏စွမ်းအင်များအားလုံးကို ထည့်သွင်းထားခြင်းဖြစ်သဖြင့် တစ်ချက်တည်းဖြင့် ဝမ်ချောင်ကို သတ်နိုင်ပေလိမ့်မည်။

အခန်း(၉၈၉)

မာစီ၏သေဆုံးမှု

ဘန်း

ကျစ်ရက တိုက်ခိုက်လိုက်သည့် တခဏတွင် သူဟာ အပုမူစလင်က တိုက်ခိုက်သည့်အချိန်နှင့် ကွက်တိယူပြီး ဝမ်ချောင်ကို တပြိုင်တည်း နှစ်ဖက်လုံးမှာ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် ကျစ်ရ၏ သမုဒ္ဒရာလက်စွပ်ကွင်းသို့ မီးတောက်က ထိမှန်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အပူမီးက ကျစ်ရနှင့် သမုဒ္ဒရာလက်စွပ်တို့၏ ကြယ်တာရာစွမ်းအင်အပေါ် ပေါက်ကွဲသွားစေပြီး ထိုလက်စွပ်ကို လွင့်ထွက်သွားစေသည်။

“လောင်ကျွမ်းသူ”

ကျစ်ရ၏မျက်နှာက ဖြူဖျော့သွားသည်။ သူက နှောက်ယှက်ခံလိုက်ရသည်။ ထိုတခဏတွင် လောင်ကျွမ်းသူကသာ ကျစ်ရ၏ မဟာဗိုလ်ချုပ်ကြီးအဆင့် တိုက်ကွက်ကို မီးတောက်တစ်တန်းတည်းနှင့် ဖျက်ဆီးနိုင်လေသည်။

“သေစမ်း”

ကျစ်ရ၏နှလုံးသားက လေးလံသွားသည်။ လောင်ကျွမ်းသူဟာ သူနှင့်အလွန်ဝေးသော နေရာတွင်ဖြစ်သည်။ ဝမ်ချောင်ကသာ လောင်ကျွမ်းသူ၏ အင်အားကိုသုံးပြီး သူ၏တိုက်ကွက်ကို ဖျက်ဆီးလိုလျှင် ကျစ်ရ၏ လှုပ်ရှားမှုတိုင်းကို သူဟာ ရှင်းရှင်းလင်းလင်း ခန့်မှန်းနိုင်ကြောင်း ဖော်ပြနေသည်။

“ကျစ်ရ မင်းကငါ့ရဲ့နောက်မှာ ပုန်းနိုင်မယ်လို့ တကယ်ပဲထင်နေတာလား”

ဝမ်ချောင်က မျောက်ဝံ၏ပုခုံးပေါ်မှ လှမ်းပြောလိုက်သည်။ သူ၏မျက်နှာတွင် စနောက်သော မျက်နှာထားမျိုးကပင် ဖြစ်နေသေးသည်။ အပုမူစလင်နှင့် ကျစ်ရတို့ဟာ စိတ်စွမ်းအားစွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်၏ စွမ်းအားကို အထင်သေးလွန်းသည်။ ဒီတိုက်ပွဲနယ်မြေတွင် ဝမ်ချောင်ကသာ မည်သည့် ပဲ့ဟယ်မော့ကိုမဆို မည်သည့် ထောင့်နေရာကိုမဆို စောင့်ကြည့်ခိုင်းနိုင်သော စွမ်းရည်ရှိသည်။ ထို့ကြောင့် ကျစ်ရက သူ၏လှုပ်ရှားမှုကို မည်မျှဖုံးကွယ်ထားစေကာမူ ဝမ်ချောင်အတွက် သက်ရောက်မှုမရှိချေ။

“ကျစ်ရ လိမ္မာတဲ့ကလေးလုပ်ပြီး နာနာခံခံနဲ့ အဲ့ဒီတစ်ကောင်နဲ့ ဆော့လိုက်စမ်းပါ”

ဝမ်ချောင်၏စကားများ ဆုံးသွားသည့်နောက် ကျယ်လောင်သော လေဟိန်းသံနှင့်အတူ ကြီးမားသော ဝက်ဝံနက်ကြီးက ကျစ်ရကို လွှဲရိုက်လာသည်။ ကျစ်ရက ခေါင်းလှည့်လိုက်ချိန်တွင် ပြင်းထန်သည့် အနက်ရောင်စွမ်းအင် အားလှိုင်းကို ခံစားလိုက်ရပြီး လွင့်ထွက်သွားသည်။ သူ၏အနောက်တွင် ကြီးမားသော ဝက်ဝံဖြူကြီးက ခက်ထန်သောအကြည့်မျိုးနှင့် ကျစ်ရကိုကြည့်ပြီးလိုက်ဖမ်းသည်။

အဝေးတွင် လောင်ကျွမ်းသူကလည်း ခေါင်းလှည့်လာပြီး ထွက်ပြေးသွားသော အာရပ်များကို ဆက်လက်ပြီး မီးဖြင့်မှုတ်ထုတ်နေသည်။ သူ၏ ကျစ်ရ၏ တိုက်ခိုက်မှုကို တားသောတာဝန်က ပြီးဆုံးသွားပြီဖြစ်သည်။ လောင်ကျွမ်းသူဟာ ပဲ့ဟယ်မော့များထဲတွင် အင်အားအကြီးဆုံး မဟုတ်ချေ။ သို့သော် သူ၏ မီးတောက်ကမူ တိုက်ပွဲနယ်မြေ တစ်ခုလုံးကို အသက်ရောက်စေဆုံးဖြစ်သည်။

ပဲ့ဟယ်မော့ လေးကောင်ကြောင့် ဝမ်ချောင်က တိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ပြီဖြစ်သည်။ အတွေးတစ်ခုနှင့်အတူ သူ၏စိတ်စွမ်းအားစွမ်းအင် အားလုံးကို မာစီ၏အပေါ်တွင်သာ အာရုံစိုက်ထားလိုက်သည်။ မာစီဟာ အပေါ်ယံ မြေမျက်နှာပြင်နှင့် ဆယ်ကျန်းပင် မဝေးတော့ချေ။ ပို၍အရေးကြီးသည်မှာ ဝမ်ချောင်ဟာလည်း သူဟာ မာစီ၏ ခုခံမှုထဲမှ နောက်ဆုံးအခိုက်အတန့်သို့ ရောက်နေပြီဖြစ်ကြောင်း သိနေသည်။ အချိန်တခဏတည်းနှင့် သူဟာ မာစီကို သူ၏ထိန်းချုပ်မှုအောက်သို့ အပြည့်အဝ ရောက်သွားအောင် လုပ်နိုင်သည်။

“ဝမ်ချောင် မင်းနောင်တရ ရမယ်”

မြေအောက်မှ မာစီက စိတ်ပျက်အားငယ်စွာအော်သည်။ သူ၏စိတ်စွမ်းအား စွမ်းအင်များက တစ်လွှာပြီးတစ်လွှာ ဖယ်ရှားခံနေရပြီး သူက အားနည်းသထက် အားနည်းလာသည်။ ထို့ကြောင့် ဝမ်ချောင်ကို မယှဉ်နိုင်တော့ချေ။ သူဟာ ပဲ့ဟယ်မော့များနည်းတူ ဝမ်ချောင်၏ ထိန်းချုပ်မှုကို ခံရလုနီးပါး ဖြစ်လာသည်။ မာစီကို အံ့ဩစေဆုံးက ဝမ်ချောင်ဟာသူ့ကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်နေချိန်တွင် မာစီ၏ စိတ်နယ်မြေအပေါ် အတွေ့အကြုံများအားလုံးကို အရယူနေခဲ့ခြင်းဖြစ်သည်။ ဝမ်ချောင်၏ တိုက်ကွက်များက ပို၍ပင် ပြောင်မြောက်ထင်ရှားလာလေပြီး မာစီဆီမှ နားလည်ထားသည့် သိုင်းများကိုပင် ပြန်သုံးလာသေးသည်။

ဝမ်ချောင်၏ ဖမ်းချုပ်နိုင်စွမ်းအားက မြင့်မားလာလေလေ မာစီ၏ ထွက်ပြေးနိုင်မည့် အခွင့်အရေးက နည်းလာလေလေဖြစ်သည်။

ဝမ်ချောင်၏ အမူအရာက အလွန်အေးစက်ကာ ခံစားချက်မဲ့သည်။ သူဟာ မာစီ၏စကားတိုင်းကို လျစ်လျူရှု့ထားပြီး လုပ်ကြံသတ်ဖြတ်မှုကိုသာ နှစ်ဆခန့် အင်အားစိုက်ထုတ်လိုက်သည်။

“ဝမ်ချောင် ငါ့ကိုလွှတ်ပေး။ ငါမင်းရဲ့ကျွန်လုပ်ပေးမယ်။ ငါပဲ့ဟယ်မော့စစ်တပ်ကိုသုံးပြီး မင်းကို ထိန်းချုပ်ပေးနိုင်တယ်”

သေဆုံးခြင်းရနံ့က ပြင်းသထက် ပြင်းလာသောအခါ မာစီက အသနားခံရသည်။

“မလိုပါဘူး။ ဒီပဲ့ဟယ်မော့တွေကို ငါ့ဘာသာ ထိန်းချုပ်နိုင်တယ်”

ဝမ်ချောင်၏စကားက သံမဏိကဲ့သု့ိ မာကြောသည်။ သူကလည်း ပဲ့ဟယ်မော့စစ်တပ်မှ ဗိုလ်ချုပ်ကို ညှာတာမှုမပြချေ။

မာစီဟာ ဝမ်ချောင်၏ တုန့်ပြန်မှုကြောင့် အစပိုင်းတွင် မှင်သက်သွားသည်။ ထို့နောက် ခပ်မြန်မြန် ပြန်ငြင်းသည်။

“ဟား ဟား ဟား မင်းက ပဲ့ဟယ်မော့စစ်တပ်ရဲ့ လျို့ဝှက်ချက်တွေ အားလုံးကို နားလည်နိုင်မယ်လို့ ထင်နေတာလား။ မင်းသူတို့ကို မထိန်းချုပ်နိုင်ဘူး။ ငါတစ်ယောက်တည်းကပဲ သူတို့ကို ထိန်းချုပ်နိုင်တယ်။ ငါကမှ သူတို့ရဲ့ အစစ်အမှန်သခင် ငါ့ကိုလွှတ်ပေးစမ်း။ ငါ့ကို အသက်ရှင်ခိုင်းစမ်းပါ။ ငါမင်းကို အားလုံးပြောပြမယ်”

“မလိုဘူး ငါမင်းကို ထိန်းချုပ်လိုက်နိုင်တာနဲ့ မင်းရဲ့လျို့ဝှက်ချက်တွေ အားလုံးကို သိရမှာပဲ”

ဝမ်ချောင်ကမာစီကို အကန့်အသတ်သို့ ရောက်သည်အထိ နှိပ်စက်နေလေပြီး ငြင်းဆန်ခွင့်မပေးချေ။

“မင်းအဲ့ဒီအခွင့်အရေး မရစေရဘူး။ မင်းက လျို့ဝှက်ဆန်းကြယ်တဲ့ စိတ်စွမ်းအားနယ်မြေရဲ့ ဆန်းကြယ်မှုတွေကိုတောင် ဖမ်းဆုပ်နိုင်တာမဟုတ်ဘူး။ ငါကသာ ကိုယ့်ကိုယ်ကို ဖျက်ဆီးလိုက်ရင် မင်းဘာမှမရဘူး”

မာစီက စိုးရိမ်တကြီးပြောသည်။

“ဟွန်”

ဝမ်ချောင်က မျက်မှောင်ကျုံ့သွားသည်။ သူက တိုက်ကွက်များကို ချက်ချင်းလိုလို လျော့ပေးလိုက်သည်။

“ဟုတ်တယ် ဟုတ်တယ် ငါ့ကိုလွှတ်ပေး။ မင်းငါ့ကိုလွှတ်ပေးရင် ငါမင်းသိချင်တာ အားလုံးကို ပြောပြပေးမယ်။ မင်းဒီလောက်ထိ ဒုက္ခခံစရာမလိုပါဘူး။ ငါအားလုံး ပြောပြနိုင်ပါတယ်”

မာစီကလည်း မျှော်လင့်ချက်ကို ရှာတွေ့လိုက်ပြီး ရေနစ်နေချိန်တွင် ဖမ်းဆွဲမိသည့် ကောက်ရိုးတမျှင်လိုမျိုး အသည်းအသန်ပြောသည်။

ဝမ်ချောင်က တိတ်ဆိတ်သွားသည်။ သူဟာမာစီကို အပြည့်အဝ မယုံကြည်နိုင်သော်လည်း မာစီ၏ စိတ်ကို ကိုယ့်ကိုယ်ကို ဖျက်ဆီးနိုင်သည်ဆိုသော အခြေအနေက ဖြစ်နိုင်ချေရှိကြောင်း နားလည်သည်။

“ဝမ်ချောင် မင်းက မဟာသူရဲကောင်းပါ။ မင်းက ထန်ရဲ့ဗိုလ်ချုပ်ကြီးလေ။ ငါက အာရေးဗီးယား အင်ပါယာရဲ့ ကျွန်သာသာပဲ။ ငါက ဘာအဆင့်အတန်းမှလည်း သေချာမရှိပါဘူး။ အပုမူစလင်က ငါ့ရဲ့မိသားစုကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး သူ့ရဲ့အမိန့်တွေကို လိုက်နာစေခဲ့တာ။ ငါက ဓားတစ်လက်ကိုသုံးပြီး အခြားဓားတစ်လက်ကို ဖယ်ရှားချင်ရုံလေးပဲ။ ဒါတွေအားလုံးက ငါနဲ့မသက်ဆိုင်ပါဘူး။ မင်းက နိမ့်ကျတဲ့ ငါ့လိုကောင်ကို ဘာလို့များ အာရုံစိုက်နေရတာလဲ။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးပါ။ ဒီလိုဆိုရင် အားသာချက်တွေ ပိုများလာလိမ့်မယ်။ ငါမင်းအတွက် အာရေးဗီးယား စစ်တပ်ထဲကို ခိုးဝင်ပြီး မင်းကို သတင်းအချက်အလက်တွေ ပေးလို့ရတယ်လေ။ အာရပ်တွေက ဒီစစ်ပွဲကို စတင်ခဲ့တဲ့လူတွေပဲ။ မင်းသူတို့ကို ကလဲ့စားမချေချင်ဘူးလား”

မာစီက သူ၏ပါးစပ်ကို ဆက်တိုက် အလုပ်ပေးနေသည်။ သေဆုံးမှုရနံ့ကို ရလိုက်ခြင်းက သူ၏ အလားအလာများ အားလုံးကို မြှင့်တင်လိုက်သလိုဖြစ်သွားသည်။ သူကစကားကို ဆက်တိုက်ပြောလေလေ ဝမ်ချောင်က တဖြည်းဖြည်းချင်း ဆွဲဆောင်ခံရလေလေဖြစ်ကြောင်း ခံစားလာရသည်။ သူကခေါင်းကိုငုံ့ပြီး လှောင်ပြုံးအမူအရာမျိုး ဖြစ်လာသည်။ သူက မာနတိုင်းကိုပင် ဘေးဖယ်ထားသည်။

မည်သူကမှ သတိမထားမိသည်မှာ မာစီက ခေါင်းငုံ့လိုက်သည့် တခဏတွင် သူ၏လက်ချောင်းက တုန်ယင်သွားခြင်းဖြစ်သည်။ သူ၏မျက်ဝန်းအတွင်း ဆိုးယုတ်သောအလင်းက လက်လာသည်။

“ငါကတကယ်ကို နိမ့်ကျတဲ့လူပါ။ မင်းငါ့ရဲ့မှတ်ဉာဏ်တွကို မြင်ထားပြီးသားပဲ။ ငါက ဆိုးရွားတဲ့ အခြေအနေမျိုးနဲ့ မွေးဖွားလာတာ။ လူတိုင်းကငါ့ကို အထင်သေးကြတယ်။ လူတိုင်းကငါ့ကို အထင်သေးကြတယ်။ ငါက အမြဲတမ်း အခြားတစ်ယောက်ရဲ့ကျွန် လက်အောက်ငယ်သားပဲဖြစ်ခဲ့ပြီး အခြားသူတွေအတွက် ရှင်သန်နေခဲ့ရတာပဲ။ မင်းငါ့လို သနားစရာကောင်းတဲ့လူကို တကယ်ပဲ ဘာကြောင့်များ အာရုံစိုက်ချင်ရတာလဲ ... ဟား ဟား ဟား ရိတ်သိမ်းသူ သူ့ကိုသတ်စမ်း”

နောက်ဆုံးတွင် မာစီ၏ပုံစံက ခက်ထန်သွားသည်။ ကျစ်ရတိုက်ခိုက်နေသော ဝက်ဝံဖြူက ဝမ်ချောင်ကို ကျော်ဖြတ်လိုက်သည့် တခဏတွင် သူ၏ကြီးမားသောလက်ကို ဝမ်ချောင်ထံ လွှဲယမ်းသည်။

“အား”

လူတိုင်းက ထိုမြင်ကွင်းကြောင့် မှင်သက်သွားကြသည်။ ပတ်ဝန်းကျင်တွင် အော်သံပေါင်းများစွာက ဟိန်းထွက်လာ၏။ ကျစ်ရကပင် အနည်းငယ် အံ့ဩသွားသေးသည်။ ဘာတွေဖြစ်နေမှန်း သူကိုယ်တိုင်လည်း မသိသလို အခြားတစ်ဖက်တွင် ဝက်ဝံဖြူက ဝမ်ချောင်နှင့် နီးသထက် နီးကပ်လာသည်။ သူတော်စင်သိုင်းအဆင့်ရှစ် ခွန်အားမျိုးနှင့်ပင် ဝမ်ချောင်က ထိုဝက်ဝံကြောင့် သေဆုံးသွားနိုင်သည်။

“မာစီ မင်းကကိုယ့်ကိုယ်ကို အထင်ကြီးတာပဲ။ မင်းရဲ့ လှည့်ကွက်လေးလောက်နဲ့ ငါ့ကို လှည့်စားနိုင်မယ်လို့ ထင်သလား”

ဝမ်ချောင်က မျောက်ဝံကြီး၏ ထိပ်တွင်ရပ်ရင်း ထိုသို့ပြောလိုက်သည်။ သူ၏အမူအရာက အေးစက်သည်။ သူက ယိမ်းယိုင်သွားခြင်းပင် မရှိချေ။

ဘုန်း

ဖြတ်ကနဲဆိုသလို ချီတက်လာသော ထန်စစ်သားပေါင်းများစွာ၏ အထိတ်တလန့်ဖြစ်မှု မသက်မသာဖြစ်နေသောအကြည့် အာရပ်စစ်သားတိုင်း၏ မျှော်လင့်ချက်များအောက်တွင် ဝက်ဝံဖြူ အခြားလက်တစ်ဖက်က မြောက်တက်သွားပြီး ထိုလက်ဖြူဖြူကြီးကို ရင်ဆိုင်သည်။ သူက ဒီတိုက်ပွဲကို မျှော်လင့်ထားပြီးပုံပေါ်သည်။

ဝေါင်း

မျောက်ဝံကြီးကခေါင်းလှည့်ပြီး ဝက်ဝံဖြူကြီးကို ခက်ထန်စွာကြည့်ကာဟိန်းသည်။

“မဟုတ်ဘူး”

မာစီက စိတ်ပျက်အားငယ်စွာ အော်လိုက်သည်။ သူက ကင်းခြေများ မကောင်းဆိုးဝါး၏ ခေါင်းပေါ်သို့ ပြိုလဲကျသွားသည်။ ဒီတစ်ကြိမ်တွင် သူ၏မျက်လုံးများက ပြာနှမ်းနေသည်။ သူ့တွင် မျှော်လင့်ချက် မရှိတော့ချေ။ ဝမ်ချောင်၏ အာရုံစိုက်မှုကိုရှောင်ပြီး ဝက်ဝံဖြူ၏ လက်ဝါးကိုထိန်းချုပ်ရန် ကြိုးစားခဲ့သဖြင့် မာစီက စွမ်းအားအများကြီးကို ထုတ်သုံးခဲ့ရသည်။ နောက်ဆုံးတွင်ပင် တဖန်ပြန်လည် ကျရှုံးသွားပြန်သည်။

“အခု မင်းရဲ့ကံကြမ္မာကို လက်ခံတော့”

မာစီ၏စိတ်အတွင်း အေးစက်သောအသံက ထွက်လာသည်။ ဒီတစ်ကြိမ်တွင် သနားညှာတာမှု မရှိတော့သလို တုန့်ဆိုင်းမှုလည်း မရှိတော့ချေ။

ဘုန်း

မာစီ၏ အသိစိတ်အတွင်းမှ နောက်ဆုံးသော စိတ်စွမ်းအားစွမ်းအင်မျှင်က ဖယ်ရှားခံလိုက်ရသည်။ ဝမ်ချောင်ကို အကောက်ကြံခဲ့သော မာစီဟာ နောက်ဆုံးသော ရှင်သန်နိုင်မည့် အခွင့်အရေးကို လက်လျော့ခံလိုက်ရလေပြီ။

“အား”

မာစီက ကျယ်လောင်သော အော်သံကြီးကိုထုတ်သည်။ ထိုအသံက စူးရှလွန်းသဖြင့် မြေပြင်ကိုပင် ထိုးဖောက်ပြီး တိုက်ပွဲနယ်မြေ တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။ ထိုအချိန်တွင် အပုမူစလင်နှင့် ကျစ်ရတို့၏ မျက်နှာကလည်း တင်းမာသွားသည်။

“ငါမင်းကို ကျိန်စာတိုက်မယ်ဝမ်ချောင် နောက်ပြီး အရှေ့ပိုင်းက ထန်တိုင်းကိုလည်း ကျိန်စာတိုက်မယ်။ မင်းတို့အားလုံး ကောင်းကောင်းသေရမယ်။ တစ်ရက်မှာ တစ်စုံတစ်ယောက်က ငါ့အစား ကလဲ့စား ချေပေးလိမ့်မယ်။ ဒီစစ်ပွဲက အဆုံးမသတ်ဘူး”

မာစီက ရန်ငြိုးအပြည့်နှင့် ကျိန်စာတိုက်သည်။ ထို့နောက် သေသွားသည်။ သူ၏ အတက်စွမ်းအင်များက ဆိုးဆိုးရွားရွား ကုန်ဆုံးသွားလေပြီး အရှိန်အဝါကလည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

“သေချင်နေတာပဲ”

ဝမ်ချောင်၏ အမူအရာက အေးစက်သွားသည်။ သူ၏မျက်ဝန်းအတွင်း ညှာတာမှုကို မမြင်ရချေ။ မာစီ၏ ယုတ်မာလွန်းသော အကြံအစည်က သူ၏ သေဆုံးမှုကို ပို၍ မြန်ဆန်သွားစေသည်။

“မာစီ ဒီမျိုးမစစ်က မင်းကိုတကယ်သတ်လိုက်တယ်”

အပုမူစလင်နှင့် ကျစ်ရအပါအဝင် အာရပ်စစ်တပ်မှ အင်အားကြီးသော ပုဂ္ဂိုလ်တိုင်းက မှင်သက်သွားကြသည်။ သူတို့က ဝမ်ချောင်နှင့် ခြားနားသော တုန့်ပြန်မှုကို ပြုကြသည်။ ဝမ်ချောင်ဟာ ပဲ့ဟယ်မော့လေးကောင်ကို ထိန်းချုပ်နိုင်ပြီး အာရပ်များကို အထိနာအောင် လုပ်နိုင်ခဲ့သည့်တိုင်အောင် အပုမူစလင်နှင့် ကျစ်ရတို့က မျက်နှာအနည်းငယ် ဖြူဖျော့ပြီး ဒေါသထွက်ရုံမျှသာ ရှိသေးသည်။ သို့သော် မာစီ၏ သေဆုံးမှုက အာရပ်စစ်တပ်၏ သံမဏိလက်သီး ဗိုလ်ချုပ်နှစ်ယောက်၏ မျက်နှာကို ဖြူစုတ်သွားစေခဲ့သည်။

မာစီဟာ ပဲ့ဟယ်မော့စစ်တပ်၏ ဗိုလ်ချုပ်ဆိုရုံလောက်မဟုတ်ချေ။ သူဟာ ကာလစ် မျက်နှာသာအပေးဆုံး အမတ်များထဲက တစ်ယောက်ဖြစ်သည်။ မာစီက ကာလစ်၏အမိန့်ကြောင့်သာ မဟုတ်လျှင် တာလာ့သို့လည်း လာမည်မဟုတ်ချေ။ ထို့ပြင် အပုမူစလင်နှင့် ကျစ်ရတို့ကလည်း မာစီကို အမိန့်ပေးနိုင်လိမ့်မည်မဟုတ်ချေ။

ပို၍အရေးကြီးသည်မှာ မာစီက သိုင်းပညာများကိုမသိချေ။ သူက ဒီတိုင်း အားနည်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် စိတ်စွမ်းအားစွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သည်။ သူ့ကိုလည်း ကာလစ်က ပဲ့ဟယ်မော့များကို ဦးဆောင်ပြီး အမိန့်ပေးပြီး အရှေ့ပိုင်းမှစစ်တပ်ကို ထောက်ပံ့ထားနိုုင်ခြင်းဖြစ်သည်။ အပုမူစလင်နှင့် ကျစ်ရတို့က အရှေ့ပိုင်းမှ အင်အားအကြီးဆုံး ဗိုလ်ချုပ်များ ဖြစ်သည့်အလျောက် သူ့ကိုကာကွယ်ရမည့် တာဝန်ရှိသည်။ ယခုမူ မာစီက သေသွားသည်။

တိုက်ပွဲနယ်မြေတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်နေသည့်တိုင်အောင် အပုမူစလင်အနေဖြင့် ဒီအခြေအနေကို သိသွားပြီးနောက် တုန့်ပြန်ပြီး ကာလစ်၏ အမူအရာကို မမျှော်လင့်ရဲတော့ချေ။

အခန်း(၉၉၀)

အာရေးဗီးယား အင်ပါယာက အလွန်အမင်း ဝါစင်တင်းကြပ်သည်။ ပဲ့ဟယ်မော့စစ်တပ်၏ အသက်သွေးကြောဖြစ်သော ဗိုလ်ချုပ်တစ်ယောက်က အပုမူစလင်ကြောင့် တိုက်ပွဲထဲတွင် သေဆုံးသွားခဲ့လျှင် သူက သမိုင်းတွင် ထင်ရှားသော အရှေ့ပိုင်းမှ အင်အားအကြီးဆုံး အစိုးရဆိုလျှင်ပင် ထိုတာဝန်ကို ယူရပေလိမ့်မည်။

“ဝမ်ချောင် မင်းဒီအတွက် တန်ကြေးကို ပေးဆပ်ရလိမ့်မယ်။ ငါမင်းကို ကိုယ်တိုင်ကိုယ်ကျသတ်ပြီး မာစီနဲ့အတူ မြုပ်နှံပြမယ်”

အပုမူစလင်၏ မျက်နှာထားက ပြောင်းလဲသွားပြီး ဒေါသများက တောက်လောင်လာသည်။

“မော့သိုင့်ရဲ့အမျက်ဒေါသ”

အပုမူစလင်ကလည်း ချက်ချင်းဆိုသလို သူ၏အင်အားအကြီးဆုံး တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ သူ၏ အနောက်ဘက်မှ မော့သိုင့်နှင့် မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်ထဲမှ တစ်တိုင်ကလည်း ချက်ချင်းလိုလို ပြောင်းလဲလာသည်။ ထို့နောက် မော့သိုင့်က ခေါင်းသုံးလုံးအဖြစ် ပြောင်းလဲသွားသည်။ တစ်ခေါင်းချင်းစီတိုင်းက ကိုယ်ပိုင်ခန္ဓာကိုယ်တစ်ခုကို ဖန်တီးမည့် အရိပ်အယောင်များ ပြသလာသည်။ ထိုတခဏတွင် အပုမူစလင်၏ ခွန်အားက လေးဆယ်ရာခိုင်နှုန်းနီးပါး တိုးတက်သွားလေသည်။

“ငါ့အတွက်သေစမ်း”

တချိန်ထဲတွင်ပင် လက်ထောက်အစိုးရ ကျစ်ရကလည်း ကြေးနီရောင် သမုဒ္ဒရာ လက်စွပ်ကြီးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး ဝမ်ချောင်ထံ လှမ်းပစ်လိုက်သည်။ အာရပ်စစ်တပ်မှ အင်အားအကြီးဆုံး ဗိုလ်ချုပ်နှစ်ယောက်က ဝမ်ချောင်ကို လုပ်ကြံသတ်ဖြတ်ရန် သူတို့ရဲ့အင်အားတိုင်းကို ထုတ်သုံးလိုက်ပြီဖြစ်သည်။

ဘုန်း ဘုန်း ဘုန်း

အစိုးရနှင့် လက်ထောက်တို့က ကြီးမားသော မျောက်ဝံကြီးပေါ်သို့ ဒေါသတကြီး တိုက်ခိုက်လာခဲ့ကြသည်။ သူတို့က အရှေ့နှင့်အနောက်မှ ညှပ်ကာ တိုက်ခိုက်ခြင်းဖြစ်ပြီး ရှိသမျှသော ဘက်ထောင့်တိုင်းကိုကာကာ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်အနေဖြင့် ထွက်ပြေးရန် မျှော်လင့်ချက် မရှိနိုင်တော့ချေ။

အာကာသပြင်ကိုယ်တိုင်ကပင် သူတို့လုပ်ကြံသတ်ဖြတ်မှုအောက် အက်ကွဲလာရသည်။ ပိန်းပိတ်အောင် မည်းမှောင်သွားပြီးနောက် အစင်းကြောင်းပေါင်း များစွာက ပေါ်ထွက်လာသည်။ အဆုံးအစမဲ့သော စွမ်းအားများက မြေကမ္ဘာကိုပင် ကျွံ့ကျစေပြီး ဆက်တိုက် တုန်ခါသွားစေသည်။ မြေကမ္ဘာကြီးကပင် ငလျှင်များ ဆက်တိုက် လှုပ်ခါလာသည်။ ပို၍ဆိုးသည်မှာ ဗိုလ်ချုပ်နှစ်ယောက်၏ တိုက်ကွက်အောက်တွင် အင်အားကြီးမားသော မြင့်မြတ်သူကပင် စတင်ကာ မတည်မငြိမ်ဖြစ်သယောင် ပြသလာသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော အရွှန်းရာကြီးပေါင်းများစွာ ပေါ်ထွက်လာပြီး ခုခံသည့် အနေအထားမျိုးသို့ ရောက်သွားသည်။

မြင့်မြတ်သူကဲ့သို့ အင်အားကြီးမားလွန်းသော လူမျိုးကပင် ထိုအခြေအနေကို ကိုင်တွယ်ရန် ခက်ခဲကတည်းက အခြေအနေ၏ ခက်ခဲမှုကို နားလည်နိုင်သည်။

“အပုမူစလင် ကျစ်ရ ဒါကအသုံးမဝင်ဘူး”

ဝမ်ချောင်က မျောက်ဝံကြီး၏ ပုခုံးပေါ်တွင်ရပ်လျှက် အာရပ်အမျိုးသားနှစ်ယောက်ကိုကြည့်ပြီး ခေါင်းအသာခါသည်။ အနက်ရောင် တိမ်စိုင်များက ခေါင်းကိုကျော်ကာ လွှမ်းမိုးလာသည့် အချိန်တွင် ဝမ်ချောင်ဟာ ဘေးဘီကိုကြည့်သည်။ သူဟာလည်း တိုက်ပွဲနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံလာသည့် ကြမ်းတမ်းသော လေပြင်းများကို မြင်နိုင်သလို သူ၏နားအတွင်း ပြည့်နှက်နေသည့် တစ္ဆေငိုညဉ်းသံကဲ့သို့သော လေတိုးသံများကိုလည်း ကြားရသည်။ သို့သော် ဝမ်ချောင်က တည်ငြိမ်မြဲ တည်ငြိမ်နေသည်။ သူ၏အမူအရာက အနည်းငယ်ပင် မယိမ်းယိုင်သွားချေ။

“ဒါတွေအားလုံးက အလဟာသပဲ။ မင်းတို့ရဲ့တိုက်ကွက်က မျောက်ဝံရဲ့ခုခံမှုကိုတောင် မဖောက်နိုင်တာ။ ငါ့ကို ခြိမ်းခြောက်နိုင်ဖို့ဆိုရင် ပိုပြီးဝေးပါသေးတယ်”

ဝမ်ချောင်က မြစ်အလယ်သို့ရောက်နေသော ကျောက်သားမျှော်စင်ကြီးနှင့်တူသည်။ အပုမူစလင်နှင့် ကျစ်ရတို့ကလည်း သူတို့ရင်ဆိုင်နေရသူက ဝမ်ချောင်မဟုတ်ဘဲ ဗဟိုပြင်ကျယ် တစ်ခုလုံးတွင် အတွေ့အကြုံရှိပြီး အင်အားကြီးမားသော စစ်သူတော်စင်ဖြစ်ကြောင်း မသိကြချေ။ သူတစ်ယောက်တည်းနှင့် ကုန်းမြေကြီးတစ်ခုလုံးရှိ နောက်ဆုံးသော စစ်သည်အင်အားစုကို ဦးဆောင်ခဲ့ရင်း အခြားလောကမှ ကျူးကျော်သူများကို ဆယ်စုနှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့သူဖြစ်သည်။ သူဟာ သွေးနှင့်မီးဖြင့် သန့်စင်ထားပြီးသော ထိပ်တန်းအဆင့် ဗိုလ်ချုပ်တစ်ယောက် ဖြစ်လေသည်။

ဘုန်း ဘုန်း ဘန်း

အပုမူစလင်ပင်ဖြစ်စေ၊ ကျစ်ရပင်ဖြစ်စေ တိုက်ကွက်ကို အရှိန်မလျော့ချကြချေ။ အနှစ်ချုပ်ဆိုရသော် သူတို့၏ ပြင်းအားက ပို၍သာတိုးလာသည်။

“ရမ်းကားလိုက်တာ မင်းဘယ်လောက်ထိ ထိန်းထားနိုင်မလဲလို့ ငါကြည့်မယ်”

“မင်းက ပဲ့ဟယ်မော့တွေကို ထိန်းချုပ်နိုင်တာကို ဘယ်သူက ဂရုစိုက်မှာလဲ။ တန်ကြေးက ဘယ်လောက်ပဲကြီးကြီး ဘာတွေပဲ ပေးဆပ်ရပေးဆပ်ရ ငါမင်းကိုသတ်မယ်။ ငါမင်းကို မသတ်နိုင်ရင် ငါတစ်သက်လုံး ငြိမ်းချမ်းမှာမဟုတ်ဘူး”

ကျစ်ရ၏ အမူအရာက ရေခဲတမျှ အေးစက်နေသည်။ ဝမ်ချောင်ဟာ မျောက်ဝံကြီးကို ထိန်းချုပ်နိုင်ထားသော်လည်း သူနှင့် အပုမူစလင်တို့ကလည်း ဝမ်ချောင်၏ ကျင့်ကြံခြင်းအဆင့်က လုံလောက်မှုမရှိကြောင်း သိနိုင်သည်။ သူဟာ သူတော်စင်သိုင်းအဆင့် ရှစ်တွင်သာရှိလေရာ မဟာဗိုလ်ချုပ်အဆင့်သို့ပင် မရောက်သေးချေ။

မြင့်မြတ်သူကဲ့သို့ ပဲ့ဟယ်မော့ လေးကောင်ထဲမှ အင်အားအကြီးဆုံး တစ်စုံတစ်ယောက်ကြောင့်သာ မဟုတ်လျှင် သူနှင့်အပုမူစလင်က ဝမ်ချောင်ကို အသာအယာ ချေမွ၍ရသည်။

ပဲ့ဟယ်မော့များက စစ်သည်တော်များ မဟုတ်ချေ။ သူတို့၏ ခုခံနိုင်စွမ်းအားကလည်း တင်းကြပ်ခြင်းမရှိချေ။ ထိုသို့ဖြင့် ပြစ်ချက်တစ်ချက်က ပေါ်ထွက်လာပေလိမ့်မည်။ ထိုအခါ ဝမ်ချောင်က အဆုံးသတ်ပေလိမ့်မည်။

ဝုန်း

ကျစ်ရကလည်း ဝမ်ချောင်ကို မည်သည့်တန်ကြေးကိုမဆို သုံးပြီး သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည့် တခဏတွင် ရုတ်တရက် ကောင်းကင်က မှေးမှိန်သွားပြီး ကြီးမားသော အရိပ်ကြီးတစ်ရိပ်က ကျစ်ရကို လွှမ်းမိုးလိုက်သည်။ ကျစ်ရ၏ အမူအရာက တောင့်ခဲသွားပြီး ခေါင်းကိုလှည့်ကာ တဖြည်းဖြည်းချင်း ကြည့်လိုက်သည့်အခိုက် သွေးနီရောင် မျက်ဝန်းတစ်စုံက သူ့ကိုရက်စက်စွာ ခံစားချက်မဲ့စွာ စိုက်ကြည့်နေကြောင်း မြင်လိုက်ရသည်။

“လောင်ကျွမ်းသူ”

ကျစ်ရ၏နှလုံးသားက အေးစက်သွားသည်။ သူဟာ ထိုသိုင်းကို အနားလည်ဆုံးဖြစ်သည်။ ထိုအကောင်ကြီးက သူပင်မသိဘဲ သူ့နားသို့ လျှင်မြန်စွာ ချဉ်းကပ်လာသည်။ သို့သော် ဒါက ကျစ်ရ၏ နှလုံးသားကို အေးစက်သွားစေသည့် အချက်မဟုတ်သေးချေ။ သူက ဘေးဘီကို ကြည့်လိုက်သောအခါ ပဲ့ဟယ်မော့ လေးကောင်လုံးက ဒီနေရာကို ဝိုင်းထားကြောင်း မြင်လိုက်ရ၍ဖြစ်သည်။ မြင့်မြတ်သူနှင့် ပေါင်းလိုက်သော် သူတို့က မြောက်ပိုင်း တောင်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်း အားလုံးကို ပိတ်ဆို့ထားပြီး အပုမူစလင်နှင့် ကျစ်ရကိုဝိုင်းထားသည်။

ကျစ်ရနှင့် အပုမူစလင်တို့က အင်ပါယာ၏ အရှေ့ပိုင်းမှ အင်အားအကြီးဆုံးများဖြစ်သော်လည်း သူတို့၏ အရှိန်အဝါနှင့် လုပ်နိုင်စွမ်းအားများက ပဲ့ဟယ်မော့များနှင့်ယှဉ်သော် ပုရွက်ဆိတ်တမျှ သေးငယ်သွားလေသည်။

“မင်းတို့က တိုက်ခိုက်ချင်တာမဟုတ်လား။ ဒါဆိုလည်း လာပါ”

ဝမ်ချောင်က ထိုနှစ်ယောက်ကိုကြည့်ကာ အေးစက်စွာပြုံးသည်။ သူ၏အတွေးနှစ်ခုနှင့်အတူ ပဲ့ဟယ်မော့ လေးကောင်လုံးက တစ်သားတည်းလိုလို လှုပ်ရှားကြသည်။ မိုးခြိမ်းသံများက ထွက်ပေါ်လာပြီးနောက်တွင် တစ်လောကလုံးကပင် အရောင်အဝါ ပျောက်ဆုံးသွားသည်အထိ ပဲ့ဟယ်မော့များက ပြင်းထန်စွာ တိုက်ခိုက်ကြသည်။

ဘန်း

ကြီးမားသော လက်ဝါးကြီးနှစ်ချပ်က ကျစ်ရကို ဘယ်နှင့်ညာပေါင်းကာ ရိုက်ချပြီး လွင့်ထွက်သွားစေသည်။ တချိန်ထဲလိုလို နေမင်းထက်ပင် တောက်ပသော မီးတောက်လျှာကြီးတစ်လက်က ထွက်ပေါ်လာသလို တောင်တန်းကြီးတမျှ ကြီးမားသော လက်ဝါးသုံးချက်ကလည်း သံမဏိနှင့်သွေး အစိုးရကို ရိုက်ချလိုက်သေးသည်။

“မော့သိုင့်၏သိုင်း”

အပုမူစလင်က ကျစ်ရထက် အင်အားကြီးမားသည်။ ထို့ကြောင့် ပဲ့ဟယ်မော့ လေးကောင်က ဝိုင်းထားမည့် အကြောင်းကို မခန့်မှန်းထားခဲ့သည့်တိုင်အောင် သူက ခပ်မြန်မြန် တုန့်ပြန်နိုင်သေးသည်။ ကောင်းကင်မှ အနက်ရောင် တိမ်စိုင်များက ကပြောင်းကပြန်ဖြစ်နေသော အနက်ရောင်စွမ်းအင် မြစ်ကြီးများကဲ့သို့ အပုမူစလင်၏ရှေ့တွင် စုစည်းလာလေသည်။ အလင်းနှင့်အမှောင်က ပြောင်းလဲသွားပြီးနောက်တွင် ကြီးမားသော ရွှေနီရောင် ဒိုင်းကြီးက ပေါ်ထွက်လာပြီး အပုမူစလင်ကို လွှမ်းခြုံသွားသည်။

အာရေးဗီးယားမှ ဒဏ္ဍာရီလာ မော့သိုင့်က ရတနာကိုကာကွယ်သည့် မိစ္ဆာနတ်ဆိုးဖြစ်သည်။ ပင်လယ်တခွင်တွင် မရေမတွက်နိုင်အောင် အဖိုးမဖြတ်နိုင်သည့် ရတနာပေါင်း မြောက်များစွာရှိပြီး လူသားလောကမှ ဘုရင်များကိုပင် ရူးသွပ်သွားစေလောက်သည်။ ထိုရတနာများကို ကာကွယ်စောင့်ရှောက်သူ အနေနှင့် မော့သိုင့်ဟာလည်း မယုံနိုင်စရာ ကောင်းလောက်အောင် လေးစားဖွယ်ကောင်းသည့် ခုခံနိုင်သောစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ထိုစွမ်းရည်က မော့သိုင့်၏သိုင်းဖြစ်သည်။

ထို့နောက် အပုမူစလင်က တိုင်းပြည်ပေါင်းများစွာကို သိမ်းပိုက်ခဲ့ပြီး မဟာဗိုလ်ချုပ်အဆင့်ပေါင်း များစွာနှင့် တိုက်ခိုက်နိုင်ခဲ့သည်။ သို့တိုင်အောင် ဒီသိုင်းကြောင့်သာ ယခုလောက်အထိ ကျန်းမာစွာ ရှိနိုင်နေသေးခြင်းဖြစ်သည်။ သူ၏အထွတ်အထိပ် ကာလတွင်ဆိုလျှင် အပုမူစလင်က ဒီသိုင်းကိုသုံးပြီး မဟာဗိုလ်ချုပ်သုံးယောက်၏ တိုက်ကွက်ကိုပင် ခုခံနိုင်သေးသည်။

ဝုန်း

လောင်ကျွမ်းသူ၏မီးတောက်နှင့် တခြားသော ပဲ့ဟယ်မော့များ၏ လက်ဝါးများက ထိုတိုင်ကို ရိုက်မိသွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့် အားလှိုင်းပေါင်းများစွာက ဖြာထွက်လာပြီး မီးခိုးနှင့် မီးတောက်များက လိမ့်တက်လာကာ ထိုနေရာဝန်းကျင် ကျန်းတစ်ရာကျော်လုံးကို လွှမ်းခြုံသွားသည်။ ဖျက်ဆီးခြင်းစွမ်းအား လေပြင်းများနှင့် စွမ်းအားလှိုင်းများက တိုက်ပွဲနယ်မြေ တစ်ခုလုံးကို လှည်းကျင်းပစ်သည်။

ချွင်

ကျင်းသောင်းကျော်လေးသော သတ္ထုနံရံတစ်ခုက စွမ်းအင်ပေါင်းများစွာ၏ ထိမှန်ခံရလေပြီး မြေပြင်မှ အမြစ်ကျွတ်ကာ လွင့်ထွက်သွားသည်။ အခြားတစ်ဖက်တွင် အဝေးရှိ တာလာ့မြို့ကလည်း ပြင်းထန်သည့် ထိုးနှက်ချက်ကို ခံရသည်။ တစ်မြို့လုံးက တုန်ယင်ကာ တဆတ်ဆတ် ခါသွားပြီး နံရံများအတွင်းမှ ဖုန်မှုန့်များစွာပင် မြောက်တက်သွားသေးသည်။

ရွှမ်သတ္ထုသားဖြင့် ဖန်တီးထားသော ကြီးမားသည့် ဂိတ်တံခါးကြီးများကပင် ချိုင့်ဝင်သွားသလို ညဉ်းညူသံကိုထုတ်သည်။

လေထဲတွင် အပုမူစလင်နှင့် ပဲ့ဟယ်မော့ လေးကောင်၏ တိုက်ပွဲက ခပ်မြန်မြန် အဆုံးသတ်သွားသည်။ ကြီးမားသော မော့သိုင့်တိုင်ကြီးက တစ်စက္ကန့်သာ ခံနိုင်ခဲ့သည်။ ထို့နောက် အစိတ်စိတ်အပိုင်းပိုင်းအဖြစ် ပေါက်ကွဲသွားသည်။ မော့သိုင့်တိုင်၏ ခုခံနိုင်စွမ်းအားက မြင့်မားသည့်တိုင်အောင် ပဲ့ဟယ်မော့ လေးကောင်ကို မသတ်နိုင်ချေ။

“အား”

အပုမူစလင်က လွင့်ထွက်သွားသော အမြှောက်ကျည်ဆံတစ်ခုကဲ့သို့ လေထဲတွင် လိမ့်တက်သွားသည်။ သူက ကျန်းတစ်ထောင်ကျော်သို့ ရောက်ရှိသွားသည်။ သို့ရာတွင် ထိုသို့သော နောက်ဆုံးသော တခဏတွင် အပုမူစလင်က မမြင်ရသော စွမ်းအင်များကိုသုံးပြီး ရုတ်ချည်း ရပ်တန့်သွားအောင် ထိန်းလိုက်နိုင်သည်။

“???”

ထိုမြင်ကွင်းကို မြင်သောအခါ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသည့် ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ ဝမ်ရန်တို့အားလုံးက ကြောင်အသွားကြသည်။ မျောက်ဝံ၏ကျောပေါ်တွင်ရှိနေသော ဝမ်ချောင်ကပင် မျက်လုံးပြူးသွား၏။ သူကပင် ပဲ့ဟယ်မော့များ၏ အင်အားကိုနားလည်သည်။

အပုမူစလင်၏ တိုက်ကွက်မှ စွမ်းအားများကို ဘေးဖယ်ထားလိုက်လျှင် လေးစားဖွယ်ကောင်းသော ခုခံနိုင်သော စွမ်းရည်က လူတိုင်း၏နှလုံးသားကို အေးစိမ့်သွားရန် လုံလောက်သည်။ သို့သော် ရုတ်တရက် ခလွက်ဆိုသောအသံက ထွက်လာသည်။ အပုမူစလင်ဝတ်ထားသော အနက်ရင့်ရောင် သံချပ်ကာက တောက်လျှောက် ကွဲအက်သွားသည်။ ထို့နောက် အစိတ်စိတ်အပိုင်းပိုင်းအဖြစ် ကွဲထွက်သွားပြီး တိုက်ပွဲနယ်မြေအနှံ့ လွင့်စင်ကုန်သည်။ အပုမူစလင်၏ အမူအရာက အေးခဲသွားသည်။ သူက ခေါင်းကိုငုံ့ပြီးကြည့်ကာ ညဉ်းညူသည်။

ပဲ့ဟယ်မား သံချပ်ကာ

အာရပ်ဘာသာစကားတွင် ပဲ့ဟယ်မားဆိုသည်မှာ ခမ်းနားကြီးကျယ်သော မြေကမ္ဘာ... ခိုင်မာမှုစစ်တို့ကို ကိုယ်စားပြုသည်။ ပဲ့ဟယ်မားသည် ငရဲသားရဲကြီးဖြစ်ပြီး ကောလဟာလများအရ ထိုအကောင်ဟာ သူကိုယ်တိုင်က မြေကမ္ဘာဖြစ်သည်ဟုဆိုသည်။ ထိုသို့ဖြင့် သူဟာ စစ်ပွဲတွင် ရန်သူများကို အညံ့ခံအောင် လုပ်နိုင်ခြင်း သတ်ဖြတ်နိုင်ခြင်း အကြောက်အလန့်ကင်းခြင်းတို့ကို ဖော်ပြသည်။ သူက မြေသားများမှ ဖွဲ့စည်းမွေးဖွားလာခဲ့ခြင်း ဖြစ်သည့်အလျောက် အလွန်ကြမ်းတမ်းသည့် တိုက်ခိုက်နိုင်စွမ်းအား ခုခံနိုင်စွမ်းအားတို့ကို ပိုင်ဆိုင်ထားသည်။

ထိုသံချပ်ကာကြောင့်လည်း ဗိုလ်ချုပ်တိုင်းနီးပါးက စစ်ပွဲတွင် ပျော်မွေ့နိုင်ပြီး ဆန္ဒရှိသလို ထိုးဖောက် သတ်ဖြတ်နိုင်ကြခြင်းဖြစ်သည်။

သို့သော် ဖန်တီးပြီးထားချိန်ကတည်းက ပဲ့ဟယ်မားသံချပ်ကာက မဟာဗိုလ်ချုပ်များနှင့် ဒဏ္ဍာရီလာ ဗိုလ်ချုပ်နှစ်ရာကျော်ခန့်အထိ လက်ဆင့်ကမ်းပေးခဲ့သည်။ ထိုသံချပ်ကာက အလွန်အမင်း ရှည်လျားသော သမိုင်းကို ပိုင်ဆိုင်ထားပြီး ခုံးတောင်တန်းမှ အနောက်ဘက်သို့ သွားသောလမ်းတွင် မည်သူကမှ ထိုသံချပ်ကာ၏ တန်ကြေးကို မသိလုနီးပါးဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က သူဟာ sassanid မင်းဆက်ကို အုပ်စိုးခဲ့ချိန် အတောအတွင်း အပုမူစလင်က ဒဏ္ဍာရီလာ sassanid ဗိုလ်ချုပ်မှူးကြီး၏ ဂူသချႋုင်းအတွင်းမှ သံချပ်ကာတစ်စုံကို ရရှိခဲ့ခြင်းဖြစ်သည်။

အပုမူစလင်ကလည်း ထိုအရာကို အဖိုးတန် ရတနာကဲ့သို့ သဘောထားခဲ့သည်။ ဒါဟာ မိစ္ဆာနတ်ဆိုး မျက်ဝန်းထက်ပင် ပို၍ အဖိုးတန်သေးသည်။

အပုမူစလင်ကလည်း တိုက်ပွဲနယ်မြေတွင် ပြိုင်ဘက်ကင်းပြီး မရေမတွက်နိုင်သော အာရေးဗီးယား အင်ပါယာ၏ အင်အားကြီး မဟာဗိုလ်ချုပ်ပေါင်း များစွာ၏ အထက်ပင် ရပ်တည်နေနိုင်ခဲ့ကာ အင်အားအကြီးဆုံး အတောက်ပဆုံး သံမဏိလက်သီး အစိုးရဟု ကျော်ကြားစေခဲ့သည်မှာ ထိုသံချပ်ကာကြောင့်လည်း ပါဝင်လေသည်။

All Chapters