← Chapters

အခန်း (၁၄၇)

Vol. 15 Ch. 147

အခန်း (၁၄၇)

Vol. 15 Ch. 147

အခန်း။ ၁၄၇

ကျိရုရွှယ်၏လက်ထဲရှိ စက္ကူစပေါ်မှစာလုံးများကို မြင်လိုက်ရချိန်တွင် ကျောက်လင်းမှာ ချက်ချင်းပင် ဒေါသချောင်းချောင်း ထွက်သွားတော့သည်။

ဤဇွန်ဘီဘုရင်က သူမကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို အမှန်တကယ် သတ်မှတ်ထားကြောင်း သိလိုက်ရသဖြင့် ကျောက်လင်းမှာ ပေါက်ကွဲမတတ် ဖြစ်သွားရ၏။

သူက သူမကို ဤနေရာတွင် တုပ်နှောင်ထားသည်မှာ အမှတ်မထင်လုပ်ဆောင်ခြင်းမဟုတ်ဘဲ ခွေးတစ်ကောင်လို တကယ်ကြီး သဘောထားနေခြင်းပင်။

စိတ်ထဲတွင် အလွန်ဒေါသထွက်နေသော်လည်း လက်ရှိတွင် ပတ်ဝန်းကျင်ရှိ ဇွန်ဘီများကို သူမ ဘာမျှမတတ်နိုင်သဖြင့် အောင့်အည်းသည်းခံကာ စူပုတ်နေရုံသာ တတ်နိုင်တော့သည်။

ခေတ္တအကြာတွင် ကစားကွင်းအတွင်း၌ ကျိရုရွှယ်နှင့် ကျောက်လင်းတို့ အမျိုးသမီးနှစ်ဦးသည် လူမမာနှင့် လူကောင်းတွေ့ဆုံသကဲ့သို့ မဟုတ်ဘဲ ငရဲမင်းထံမှ လွတ်လာသော သူငယ်ချင်းဟောင်းများအလား စကားစမြည် ပြောဆိုနေကြသည်။

"ချီချီလေး... ဒီရက်ပိုင်း အဆင်ပြေရဲ့လားဟင်"

ကျောက်လင်းက သူမ၏အသံကို အတတ်နိုင်ဆုံး နူးညံ့အောင်ပြုလုပ်၍ မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျိရုရွှယ်က သက်ပြင်းချရင်း မျက်ခုံးပင့်လိုက်ပြီး ပတ်ဝန်းကျင်ကို လက်ညှိုးထိုးပြလိုက်သည်။

"သမီး ကြည့်ရတာ အဆင်မပြေတဲ့ပုံ ပေါက်နေလို့လား"

ကျောက်လင်းမှာ ထိုစကားကြောင့် မှင်သက်သွားပြီး ကျိရုရွှယ် ညွှန်ပြရာသို့ လိုက်ကြည့်

မိသည်။

သူတို့ပတ်ဝန်းကျင်တွင် ဇွန်ဘီဘုရင်က မြို့ထဲမှ ချီချီလေးအတွက် အထူးတလည် သယ်ဆောင်လာပေးသော အပန်းဖြေကစားကွင်း ပစ္စည်းကိရိယာများ ရှိနေသည်။

ကမ္ဘာပျက်ကပ်ကြီးအတွင်း၌ ကလေးငယ်တစ်ဦးအတွက် ဤမျှပြည့်စုံသော ဖျော်ဖြေရေးမျိုး ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဤမျှများပြားသော ကစားနည်းများကိုကြည့်လျှင် ကမ္ဘာမပျက်မီ အချိန်ကပင် သာမန်ကလေးငယ်များ ရရှိရန် ခဲယဉ်းလှသည်။

ကျောက်လင်းကိုယ်တိုင်ပင်လျှင် ကစားကွင်းထဲတွင် ဤကဲ့သို့ စိတ်လွတ်ကိုယ်လွတ် ကစားခွင့် မရခဲ့ဖူးချေ။

ထို့အပြင် ကျယ်ပြောလှသော ဟင်းသီးဟင်းရွက် စိုက်ခင်းများကိုလည်း တွေ့ရသည်။ ကောက်ပဲသီးနှံများ မထွက်ရှိသေးသော်လည်း ဇွန်ဘီများ၏ ပြုစုပျိုးထောင်မှုကြောင့် အစိမ်းရောင် အညှောက်ကလေးများ ထွက်ပေါ်နေပြီဖြစ်သည်။

ထိုမြေဆီလွှာအောက်တွင် သက်စောင့်အားများ ပြည့်နှက်နေပြီး မကြာမီမှာပင် ဟင်းသီးဟင်းရွက်များကို ရိတ်သိမ်းနိုင်တော့မည်မှာ အသေအချာပင်။

ချင်းရွှေလယ်ယာခြံတစ်ခုလုံးသည် စနစ်တကျ ရှိလှသည်။ ဤဇွန်ဘီများမှာ ရုပ်ဆိုးပန်းဆိုးနှင့် ကြောက်စရာကောင်းသော်လည်း ဤခြံဝင်းအတွင်း၌မူ ဇွန်ဘီဘုရင်၏ စီမံခန့်ခွဲမှုအောက်တွင် ထူးဆန်းစွာပင် ပုံမှန်အတိုင်း လှုပ်ရှားနေကြသည်။

အဓိကအချက်မှာ ဤသည်မှာ ကမ္ဘာပျက်ကပ်ကြီး ဖြစ်နေခြင်းပင်။

ဤကဲ့သို့သော ကမ္ဘာပျက်ကာလတွင် လူ့အသက်မှာ မြက်ပင်တစ်ပင်လောက်ပင် တန်ဖိုးမရှိတော့ချေ။

မရေမတွက်နိုင်သော လူသားများသည် ရှင်သန်ခွင့်ရရှိရန်အတွက် မိမိ၏ အဖော်များကို သစ္စာဖောက်ကြပြီး စားစရာတစ်လုပ်အတွက် ကြောက်စရာကောင်းသော မိစ္ဆာများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ဆင့်ကဲပြောင်းလဲသူဖြစ်သော ကျောက်လင်းကိုယ်တိုင်ပင်လျှင် ရက်ပေါင်းများစွာ ကောင်းမွန်စွာ မစားသောက်ရ အနားမယူရဘဲ ဒုက္ခပင်လယ်ဝေနေရသည်။

သာမန်ရှင်သန်သူများ၏ အခြေအနေမှာမူ ပြောနေရန်ပင် မလိုတော့ပေ။ အသက်ရှင်နေရခြင်းမှာပင် သူတို့အတွက် အကြီးမားဆုံးသော ဇိမ်ခံမှုတစ်ခု ဖြစ်နေသည်။

သို့သော် ကျိရုရွှယ်မှာမူ အဝတ်အစားများ သန့်ရှင်းသပ်ရပ်နေပြီး သူမ၏ ဖြူစင်သော မျက်နှာလေးမှာ ကြွေအရုပ်ကလေးတစ်ရုပ်ကဲ့သို့ ချစ်စရာကောင်းလှသည်။ အသားအရေမှာလည်း ချောမွတ်ကာ ပါးပြင်လေးများမှာ ပန်းရောင်သန်းနေသည်။

ကျောက်လင်းသည် စုတ်ပြတ်သတ်နေသော သူမ၏အခြေအနေနှင့် နတ်သမီးလေးကဲ့သို့ နေထိုင်နေရသော ချီချီလေး၏ အခြေအနေကို နှိုင်းယှဉ်ကြည့်ရင်း အံ့ဩနေမိသည်။

နေရောင်ခြည်ရပ်ကွက်မှ အတွေ့အကြုံနှင့် လက်ရှိ ချင်းရွှေလယ်ယာခြံ၏ အစီအစဉ်တကျရှိမှုကို ကြည့်ခြင်းအားဖြင့် ဤဇွန်ဘီဘုရင်သည် ချီချီလေးကို အမှန်တကယ် မြတ်နိုးတန်ဖိုးထားကြောင်း သူမ နားလည်သွားသည်။

အဘယ်ကြောင့်ဆိုသော် ဇွန်ဘီများအတွက် လူသားရိက္ခာများကို စုဆောင်းရန် သို့မဟုတ် သီးနှံများစိုက်ပျိုးရန် မလိုအပ်သောကြောင့်ပင်။

ဤဇွန်ဘီသည် ချီချီလေး၏ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကိုပင် ထည့်သွင်းစဉ်းစားပေးပြီး အပန်းဖြေကစားကွင်းကြီးကိုပါ သယ်ဆောင်လာပေးခဲ့သည်။

သူမပတ်ဝန်းကျင်ရှိ လှပသောမြင်ကွင်းများကို ကြည့်ရင်း ကျောက်လင်းသည် သူမ၏ ဆုံးဖြတ်ချက်များအပေါ် သံသယဝင်လာမိသည်။

သူမသည် နေရောင်ခြည်ရပ်ကွက်မှ ချင်းရွှေလယ်ယာခြံအထိ တစ်ကောက်ကောက်လိုက်လာရခြင်းမှာ ချီချီလေးအား ဇွန်ဘီဘုရင်၏လက်ထဲတွင် ဆက်လက်မထားရှိလိုသောကြောင့်ဖြစ်သည်။

ကျောက်လင်း၏အမြင်တွင် ဇွန်ဘီဆိုသည်မှာ အသိဉာဏ်မဲ့ပြီး သွေးဆာနေသော သတ္တဝါများသာဖြစ်ပြီး ၎င်းတို့နောက်သို့ လိုက်ပါသော လူသားများမှာ ကောင်းသောနိဂုံးနှင့် တွေ့ရမည်

မဟုတ်ပေ။

သူမ၏ မူလအစီအစဉ်မှာ ချီချီလေးအား ဇွန်ဘီဘုရင်၏ဘေးမှ ဆွဲထုတ်သွားပြီး လူသားဆန်သော ဘဝသစ်တစ်ခုကို ပေးအပ်ရန်ဖြစ်သည်။

သို့သော် ယခုမြင်တွေ့နေရသမျှမှာ ကျောက်လင်း စိတ်ကူးထားသည်နှင့် လုံးဝဆန့်ကျင်ဘက်

ဖြစ်နေသည်။

ချီချီလေး၏ ဘဝနှင့် နှိုင်းယှဉ်ကြည့်လျှင် သူမဖြတ်သန်းနေရသော ပတ်ဝန်းကျင်ကသာ တကယ့် ငရဲခန်းဖြစ်နေသလိုပင်။ သူမတွင် သေရာမှပြန်ရှင်နိုင်သော စွမ်းရည်သာမရှိပါက ဘယ်နှစ်ကြိမ်တောင် သေပြီးနေမည်မှန်းမသိချေ။

သူမသာ ချီချီလေးကို တကယ်ခေါ်သွားခဲ့ရင် ဒီလိုဘဝမျိုးကို ပေးနိုင်ပါ့မလား။

ကလေးငယ်ကို စောင့်ရှောက်နိုင်စွမ်း တကယ်ရှိပါ့မလား။

ယခုအချိန်အထိ ကျောက်လင်းသည် သူမ နောက်ဆုံးအကြိမ် ဗိုက်ဝအောင်စားခဲ့ရသည့်

အချိန်ကိုပင် မမှတ်မိတော့ချေ။

ဒီလိုအခြေအနေနဲ့ ချီချီလေးကို ဘယ်လို စောင့်ရှောက်ရမှာလဲ။

ဧရာမဇွန်ဘီ ၂ ၏ အမြင်အာရုံမှတစ်ဆင့် လုချွမ်းသည် ကျိရုရွှယ်နှင့် ကျောက်လင်းတို့ ပျော်ရွှင်စွာ စကားပြောနေသည်ကို စောင့်ကြည့်နေခဲ့သည်။

သူသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။

ချီချီလေးသည် လူသားတစ်ဦးဖြစ်နေဆဲဖြစ်ရာ သူမတွင် လူသားအချင်းချင်း ပေါင်းသင်းဆက်ဆံရန် စကားပြောရန်နှင့် အပြန်အလှန် တုံ့ပြန်ရန် လိုအပ်ချက်များရှိသည်။

သူသည် လူသားအသိစိတ်ကို ထိန်းသိမ်းထားနိုင်သော်လည်း ဇွန်ဘီခန္ဓာကိုယ်နှင့်ဖြစ်နေသဖြင့် စကားပင်မပြောနိုင်ဘဲ စာရေး၍သာ ဆက်သွယ်နေရသည်မှာ စိတ်မကောင်းစရာပင်။

လူသားအချင်းချင်း ပုံမှန်ဆက်သွယ်ပြောဆိုနိုင်မှုမှာ စက်ပစ္စည်းတစ်ခုထံမှ သင်ယူရုံမျှနှင့် အစားထိုး၍မရနိုင်ကြောင်း လုချွမ်း ခံစားနေရသည်။

ချီချီလေးမှာ ထူးချွန်ထက်မြက်လွန်း၍သာ စာဖတ်ခြင်းနှင့် စာရေးခြင်းကို ကိုယ့်ဘာသာ သင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ကစားကွင်းအတွင်း၌ ကျောက်လင်းသည် ကျိရုရွှယ်ကို အလေးအနက်ကြည့်ကာ ပြောလိုက်သည်။

"ချီချီလေး... အန်တီ ဒီကိုလာရတဲ့အကြောင်းအရင်းက ငါတို့ရဲ့ မူလကတိကို တည်ဖို့အတွက်ပဲ"

ကျောက်လင်းသည် ခိုင်မာသောမျက်ဝန်းများဖြင့် ကျိရုရွှယ်ကို ကြည့်လိုက်သည်။ အစောပိုင်းက သူမသည် ရဲအရာရှိတစ်ဦးအနေဖြင့် ကိုယ်ကျင့်တရားနှင့် စနစ်များ ပျက်စီးနေသော လူ့အဖွဲ့အစည်းတွင်ပင် သူမ၏ တာဝန်ကို ကျေပွန်ရမည်ဟု ယုံကြည်ခဲ့သည်။

ကမ္ဘာပျက်ပြီးနောက် သူမသည် ရှင်သန်သူများစွာကို ကူညီခဲ့သော်လည်း ရဲစခန်းမှ လူများက သူမအား ခါးသီးသော သင်ခန်းစာတစ်ခု ပေးခဲ့ကြသည်။

ဤကမ္ဘာပေါ်ရှိ လူများသည် သူမ ယခင်က သိခဲ့သောလူများနှင့် မတူတော့ကြောင်း ကျောက်

လင်း သိမြင်သွားခဲ့ပြီဖြစ်သည်။

ကမ္ဘာကြီးမှာ ကြောက်စရာကောင်းလာပြီး လူများမှာလည်း တိရစ္ဆာန်များကဲ့သို့ ယုတ်မာလာကြသည်။

ထိုကဲ့သို့သော လူမျိုးများကို ကာကွယ်ရန် ကျောက်လင်းတွင် ဆန္ဒမရှိတော့ပေ။ သူမသည် ဤကမ္ဘာထဲသို့ ရောက်ရှိလာခါစဖြစ်သော ကလေးငယ်ကိုသာ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာနိုင်အောင် အစွမ်းကုန် ကာကွယ်ပေးချင်တော့သည်။

"ချီချီလေး... ဒီနေ့ကစပြီး အန်တီက သမီးရဲ့ ကိုယ်ရံတော် ဖြစ်လာမယ်"

"အန်တီ ရှိနေသရွေ့ ဘယ်သူမှ သမီးကို ရန်မမူစေရဘူး။ သမီးကို ဘယ်တော့မှ အန္တရာယ်ထဲ အကျမခံဘူး"

ချီချီလေး၏ ဖြူစင်သောအကြည့်များကို ကြည့်ရင်း ကျောက်လင်းသည် သူမ၏ အသက်ကိုရင်း၍ပင် ချီချီလေးကို ကာကွယ်ရန် ဆုံးဖြတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် သူမတွင် အသက်ပေါင်းများစွာ ရှိနေပြီး သေပြီးတိုင်းလည်း ပိုမိုသန်မာလာဦးမည်ပင်။

အနီးအနားတွင်ရှိနေသော လုချွမ်းသည် ကျောက်လင်း၏ စကားအားလုံးကို ကြားရသောအခါ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။

သွေးအလိမ်းလိမ်းနှင့် ဖရိုဖရဲဖြစ်နေသော ကျောက်လင်းမှာ သူမဘေးရှိ သန့်ရှင်းသပ်ရပ်နေသော ကျိရုရွှယ်နှင့် သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်နေသည်။

ကျောက်လင်း၏ လေသံမှာ အလေးအနက်ရှိပြီး စကားလုံးများမှာ ခန့်ညားလှသော်လည်း လျှောစီးစင်တစ်ခုတွင် သံကြိုးနှင့် အချည်ခံထားရသော သူမ၏ လက်ရှိအခြေအနေက ထိုစကားများကို ရယ်စရာတစ်ခုသဖွယ် ဖြစ်စေခဲ့သည်။

"ဒီမိန်းမကတော့ တကယ်ကို အူကြောင်ကြောင်နိုင်ပြီး ချစ်ဖို့ကောင်းတာပဲ။ ကိုယ့်လုံခြုံရေးတောင် ကိုယ်မသေချာဘဲနဲ့ ချီချီလေးကို ကာကွယ်ဖို့ စိုးရိမ်နေသေးတယ်"

All Chapters