အခန်း (၁၀၁၁-၁၀၁၅)
Vol. 57 Ch. 1011-1015
အခန်း(၁၀၁၁)
ဘန်း
ကြီးမားသော တင်းပုတ်ကြီးက လေထုကို ထိုးခွင်းကာ လွင့်ပျံသွားပြီးနောက် နောက်တန်းရှိ မြင်းတပ် အဖွဲ့ဝင်တစ်ယောက်ကို ထိမှန်သည်။
“အား”
မူထရီမဟာမြင်းတပ်နှင့် ကောင်းကင်ဘုံဝံပုလွေ မြင်းတပ် အဖွဲ့ဝင် ဆယ်ယောက်ကျော်ခန့်က ကြီးမားသော တင်းပုတ်ကြီးဖြင့် ထုရိုက်ခံလိုက်ရသည်။ ပြင်းထန်သည့် သက်ရောက်အားက သူတို့၏ ခန္ဓာကိုယ်ကို ဖောင်းပွသွားစေပြီး နေရာတွင်ပင် သေဆုံးသွားစေသည်။
တစ်ကြိမ်ထိပ်တိုက် ရင်ဆိုင်ပြီးနောက် ချန်းချန့်လီက ချန်းပင်းကို လီစစ်ယဲ့ထံ ပစ်သွင်းလိုက်သည်။ သူတို့နှစ်ဖက်က ပူးပေါင်းရန် မလိုအပ်တော့ချေ။ ဝမ်ချောင်က ဒီအခွင့်အရေးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။ သို့သော် ယခုအခြေအနေမှ ဖိအားအများဆုံးလူက ဝမ်ချောင်မဟုတ်ဘဲ ကောင်းရှန်းကျစ်ဖြစ်နေသည်။
“တုဝူစစ်လီ မင်းဘယ်နေရာကို သွားမလို့လဲ။ အရှိန်အဝါမြင့် ဝင်္ကပါကို ချန်ထားရစ်ခဲ့စမ်း”
ကောင်းရှန်းကျစ်၏ အရှိန်နှုန်းက လျှပ်စီးလက်သလို မြန်ဆန်လွန်းနေခဲ့သည်။ သူက ခြောက်ခြားဖွယ်ကောင်းသော အတိုင်းအတာတွင် မည်သူကမှ သူ့ကို မယှဉ်နိုင်ချေ။ ကောင်းရှန်းကျစ်က မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် တုဝူစစ်လီနောက်မှ လိုက်ဖမ်းနေသည့် အချိန်တွင် လေထုက ဆက်တိုက်ပေါက်ကွဲနေပြီး နောက်တွင် အဖြူရောင် အစင်းတန်းရှည်ကြီးကို ချန်ထားရစ်ခဲ့သည်။
ဆယ်ကျန်းကျော်ရှည်သော ဓားချီကြီးက ရေကို ခုတ်ပိုင်းခံရသလို လေထဲတွင် အစင်းကြောင်းကြီး ချန်ထားရစ်ခဲ့လျှက် တုဝူစစ်လီထံ လှမ်း၍ဝင်ရောက်သွားသည်။ ကောင်းရှန်းကျစ်သည် တုဝူစစ်လီကိုသာ အာရုံစိုက်ထားပြီး အဆုံးထိလိုက်မည့်ပုံပေါ်သည်။ ထက်ရှသော စွမ်းအင်တစ်ရပ်က တုဝူစစ်လီပေါ် ချိတ်ပိတ်လိုက်သောအခါ အရှိန်အဝါမြင့် ဝင်္ကပါနှင့်ပတ်သတ်သည့် လျို့ဝှက်ချက်ကို ပြန်မယူနိုင်မချင်း မရပ်တန့်မည့်ပုံပေါ်သည်။
“မျိုးမစစ်ကောင်”
တုဝူစစ်လီက အံ့အားသင့်ရသလို ဒေါသလည်းထွက်နေသည်။ အတိတ်တွင် သူက ကောင်းရှန်းကျစ်နှင့် တိုက်ခိုက်ရမည့် အခြေအနေကို မကြောက်လန့်ပါချေ။ သို့သော် ယခုအခြေအနေအရ ရိုက်ချက် တစ်ချက်ကတင် လက်ထဲမှစာရွက်ကို ပျက်စီးသွားစေနိုင်သည်။ ကျွမ်းကျင်ပညာရှင်များကြားမှ တိုက်ပွဲကို စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်နိုင်သည်။ ယခုလိုအခြေအနေမျိုးတွင် တုဝူစစ်လီကလည်း စာရွက်ကိုဖြဲပြီး အတွင်းမှ အကြောင်းအရာများကို မှတ်သားရန် အချိန်မရတော့ချေ။
တုဝူစစ်လီကလည်း ကောင်းရှန်းကျစ်ဟာ သူ့ကို ဒီအခွင့်အရေး အရယူခွင့်ပေးမည်မဟုတ်ကြောင်း သေချာနေလေသည်။
“ဟော်ရှု့ဟွေ့ခမ်း မြန်မြန် ငါ့ကိုကူညီပြီး ကောင်းရှန်းကျစ်ကို တားပေးစမ်းပါ။ အဲ့ဒီနောက် ငါဒီလျို့ဝှက်ချက်ကို မင်းတို့ဘက်နဲ့ ဝေမျှပေးမယ်”
တုဝူစစ်လီက စာရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အော်လိုက်သည်။
အရှိန်အဝါမြင့် ဝင်္ကပါအတွက် နောက်ဆုံးလျို့ဝှက်ချက်အပိုင်းထဲမှ အနည်းငယ်ကိုသာ ရရှိထားသေးသည်။ သို့သော် ယခုအခြေအနေအရ သူ့တွင် ရှစ်ဆယ်ရာခိုင်နှုန်းခန့်အထိ ယုံကြည်မှုရှိနေပြီဖြစ်သည်။ ဒါကသာ အစစ်အမှန်မဟုတ်လျှင် ကောင်းရှန်းကျစ်က ထိုမျှအထိ အသားကုန် လိုက်နေလိမ့်မည်မဟုတ်ချေ။
ဒီကောင်လေးက တော်တော်လေးကို ကိုင်တွယ်ရ လွယ်ကူတာပဲ။ စစ်ပွဲမှာ သုံးသမျှ လှည့်ကွက်တိုင်းက မျှတတယ်ဆိုတဲ့အကြောင်းကို နားမလည်ဘူးပဲ။ ဗဟိုပြင်ကျယ်က လူတွေက တော်တော်လေးကို ရိုးသားကြတယ်။
တုဝူစစ်လီက ထိုသို့တွေးနေသည်။
ယခုအလဲအလှယ်တွင် ရရှိလိုက်သည့် ဝင်္ကပါကို အခြေခံအားဖြင့် နားလည်နေပြီဖြစ်သည်။ ဝမ်ချောင်က ကောင်းရှန်းကျစ်ကို ထိုကိစ္စအကြောင်း မဆွေးနွေးခဲ့လောက်ချေ။ သူ့ဘာသာ ဆုံးဖြတ်ချက် ချခဲ့ပုံပေါ်သည်။ ထိုသို့သာမဟုတ်လျှင် တုဝူစစ်လီက ယခုလိုအခွင့်အရေး ရရှိလိမ့်မည်မဟုတ်ချေ။
ထိုအချိန်တွင် ဟော်ရှု့ဟွေ့ခမ်းက အကွာအဝေးတစ်ချို့အထိ ပျံသန်းလာပြီးသားဖြစ်သည်။ တုဝူစစ်လီ၏ စကားကို ကြားလိုက်ချိန်တွင် ချက်ချင်းဆိုသလို စိတ်ပြောင်းလိုက်၏။ လူတိုင်းက နောက်ဆုတ်နေကြချိန်တွင် ဟော်ရှု့ဟွေ့ခမ်းက နောက်လှည့်ပြီး ကောင်းရှန်းကျစ်ထံ ခုန်ဝင်သွားသည်။
ဘန်း
လေထဲတွင် ကြီးမားသည့် ရွှေရောင်ဗုဒ္ဓရုပ်ပွားတော် ပုံသဏ္ဍန်ကြီးက ပေါ်ထွက်လာသည်။ မြေကမ္ဘာကို တူးဆွဲလှန်မှောက်ပစ်နိုင်သည့် ဆေဘာစွမ်းအင်များနှင့်အတူ ကောင်းရှန်းကျစ်ကို ခုတ်ချသည်။
ဘုန်း
ဆေဘာစွမ်းအင်က ဓားချီနှင့် ထိပ်တိုက်တွေ့ဆုံသွားပြီး လေထုကိုပင် ဖယ်ရှားပစ်မတက် ဝရုန်းသုန်းကား ဖြစ်သွားစေသည်။ ကျန်းငါးဆယ်အတွင်းရှိ လေထု မြေကမ္ဘာအားလုံးက မုန်တိုင်းထန်သလို အပျက်အစီး နယ်မြေအဖြစ် ပြောင်းလဲသွားပြီး ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်စေသည်။ ရိုးရှင်းသော ထိပ်တိုက်တွေ့ဆုံမှုကတင် တုဝူစစ်လီကို အသက်ရှုချိန် ရနိုင်မည့် အရေးကြီးသော အခိုက်အတန့်ကို ဖန်တီးပေးလိုက်နိုင်သည်။
ဟီး....
သူ၏စစ်မြင်းကအော်သည်။ တုဝူစစ်လီက အရှိန်နှုန်းမြင့်လိုက်ပြီးနောက်တွင် ပုံရိပ်ယောင်များကိုသာ ချန်ထားရစ်ခဲ့လျှက် အဝေးသို့ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် ဒေါသထွက်နေသော ကောင်းရှန်းကျစ်ကမူ မရပ်တန့်နိုင်တော့ချေ။ ဟော်ရှု့ဟွေ့ခမ်းကပင် သူ၏ခြိမ်းခြောက်မှုကို မတားနိုင်ချေ။
ဝှစ်
ကြောက်မက်ဖွယ်ကောင်းသော ဓားချီတစ်စင်းက ဟော်ရှု့ဟွေ့ခမ်းကို ကျော်ဖြတ်သွားပြီး သူ၏ဘယ်ဘက် ပုခုံးရှိ သံချပ်ကာကိုစုတ်ပြဲသွားစေကာ အတွင်းဒဏ်ရာကြီး ဖြစ်ပွားသွားစေသည်။ သို့သော် ဟော်ရှု့ဟွေ့ခမ်းက မျက်မှောင်တခဏသာကျုံ့သည်။ နာကျင်ဟန် အမူအရာပင်မပြချေ။ ကောင်းရှန်းကျစ်က အခြားလူ၏ လက်မောင်းတစ်ဖက်ကို တိုက်ခိုက်လိုက်သလို ထင်ရသေးသည်။
“သွားရအောင်”
ကောင်းရှန်းကျစ်ကို တိုက်ကွက်တစ်ကွက်စာ တားမြစ်ပြီးနောက် ဟော်ရှု့ဟွေ့ခမ်းက လျှင်မြန်စွာ နောက်ဆုတ်လိုက်သည်။ ဟော်ရှု့ဟွေ့ခမ်းက ကောင်းရှန်းကျစ်ထက် အားနည်းသော်လည်း သူကသာ ထွက်ပြေးရန် စိတ်ဆုံးဖြတ်ထားလိုက်လျှင် ကောင်းရှန်းကျစ်ကပင် ဘာမှမလုပ်နိုင်ချေ။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် သူတို့နဲ့ပတ်သတ်ပြီး မစိုးရိမ်နေပါနဲ့။ ပြန်လာခဲ့ပါ”
မျက်နှာပြာနှမ်းနေသော ကောင်းရှန်းကျစ်က လိုက်ဖမ်းရန် ကြံစည်လိုက်သည့်အခိုက် ဝမ်ချောင်က ရုတ်တရက် အနောက်သို့ရောက်လာပြီး သူ့အားတားသည်။
သာ့လွန်ရော့ကျန်းကလည်း ထွက်သွားပြီဖြစ်သည်။ သူဟာ ဒီအလဲအလှယ် အခိုက်အတန့် အတွက်သာ ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လိုက်ဖမ်းလျှင်လည်း မည်သည့်ဘက်က အသာစီးရမည်ဖြစ်ကြောင်း မသေချာပြန်ချေ။ မူထရီမဟာမြင်းတပ် အဖွဲ့ဝင်များနှင့် ကောင်းကင်ဘုံဝံပုလွေမြင်းတပ် အဖွဲ့ဝင်အချို့ကို သတ်ဖြတ်လိုက်နိုင်ခြင်းကတင် အောင်မြင်မှုဖြစ်သည်။
“နှမြောစရာပဲ နည်းနည်းလောက် အချိန်ပိုရရင် ငါအရပြန်ယူနိုင်ခဲ့မှာ”
ကောင်းရှန်းကျစ်က အဝေးသို့လှမ်းကြည့်ရင်း စိတ်ပျက်လက်ပျက်ပြောသည်။
ဝမ်ချောင်က သူ၏လက်အောက်ငယ်သားကို ကယ်သည့်အချိန်တွင် သူက ထိုဝင်္ကပါ၏ လျိ့ဝှက်ချက်ကို ဖျက်ဆီးရပေလိမ့်မည်။ ကောင်းရှန်းကျစ်ကလည်း ဒီအလဲအလှယ်ကို မငြင်းဆန်ခဲ့သည်မှာ ထိုစာရွက်ကို ဖျက်ဆီးရန် အကြံအစည်ရှိထားသောကြောင့်ဖြစ်သည်။ ဒီအခိုက်အတန့်တွင် သူဟာ ချန်းပင်းကို ကယ်ဆယ်ခွင့် ပေးလိုက်ခြင်းအားဖြင့် ဝမ်ချောင်ကို စိတ်ကျေနပ်စေမည်ဖြစ်သလို တုဝူစစ်လီ၏ အကြံအစည်ကိုလည်း တားနိုင်ပေလိမ့်မည်။
သို့သော် ဟော်ရှု့ဟွေ့ခမ်းတစ်ယောက် ဝင်ရောက်လာခြင်းက အကြံဉာဏ်အားလုံးကို ဖျက်ဆီးလိုက်သည်။
“ဟား ဟား အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဒီလောက်ထိ စိုးရိမ်စရာမလိုပါဘူး။ သူတို့ကို သွားခွင့်ပေးလိုက်ပါ”
သူ့ကိုအံ့အားသင့်စေသည်မှာ ဝမ်ချောင်က တည်ငြိမ်နေခြင်းဖြစ်သည်။ သူက တုဝူစစ်လီနှင့်လူများ ထွက်ပြေးသွားသည့်မြင်ကွင်းကို ပြုံးလျှက်သာ ကြည့်နေသည်။
ကောင်းရှန်းကျစ်က ဝမ်ချောင်ကို အံ့အားတကြီး လှည့်ကြည့်သည်။ ဝမ်ချောင်၏အပြုံးကို မြင်လိုက်သောအခါ ရုတ်တရက် မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ပလုံစီသွားသည်။ သူက ရုတ်ချည်းဆိုသလို နားလည်သွားပုံပေါ်သည်။
“ဟွန်း အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဒီအလဲအလှယ်က ပြီးသွားပြီ။ အရင်ဆုံး ပြန်ပြီးစကားပြောကြရအောင်”
ကောင်းရှန်းကျစ်မေးလာမည့် မေးခွန်းကို ခန့်မှန်းမိသလိုမျိုး ဝမ်ချောင်ကတားသည်။
ကောင်းရှန်းကျစ်က နားလည်မှုအပြည့်နှင့် ခေါင်းညိမ့်သည်။ စစ်တပ်နှင့်မျောက်ဝံကို ပြန်လည်စုစည်းပြီးနောက် သူတို့က တာလာ့သို့ ထွက်ခွာသွားကြသည်။
...
အဝေးတွင်... တာလာ့မှ မမြင်နိုင်သောအချိန်တွင် ထန်များက လိုက်လံသတ်ဖြတ်မှု ရပ်တန့်လိုက်သည့် အချိန်တွင် တုဝူစစ်လီက နောက်ဆုံးတွင် အသက်ရှုချောင်သွားပြီဖြစ်သည်။
“မဟာဗိုလ်ချုပ် ဂုဏ်ယူပါတယ်။ ထန်စစ်သားတစ်ယောက်အတွက်နဲ့ အရှိန်အဝါမြင့် ဝင်္ကပါ လျို့ဝှက်ချက်ကို လဲလှယ်လိုက်နိုင်တယ်။ ဒီထက်ပိုပြီး အကျိုးအမြတ်ရှိတဲ့ အလဲအလှယ်က မရှိနိုင်တော့ဘူး”
တုဝူစစ်လီအနောက်မှ ရင်းနှီးကျွမ်းဝင်သော ရယ်သံက ထွက်လာသည်။ ထို့နောက် မြင်းခွာသံများက ဟိန်းလာ၏။
တောင်ပေါ်မြင်းကို စီးထားသည့် သာ့လွန်ရော့ကျန်းက တုဝူစစ်လီကို မှီလာသည်။ သူ၏မျက်နှာတွင် တောက်ပပြီး အဓိပ္ပာယ်နက်နဲသော အပြုံးမျိုးက ရှိနေသည်။
“ဒီဝင်္ကပါနဲ့သာဆိုရင် အနောက်ပိုင်းတူရကီ ခါကာနိတ်က ခမ်းနားတဲ့ အတွေ့အကြုံကိုရပြီး မဟာဗိုလ်ချုပ် ကိုယ်တိုင်ကလည်း ပိုပြီးမြင့်မားတဲ့ အတိုင်းအတာထိ တက်လှမ်းနိုင်တော့မှာပဲ”
ခွပ်
ထိုစကားက တုဝူစစ်လီ၏ နှလုံးသားကို ခပ်ကြမ်းကြမ်း ခုန်လှုပ်သွားစေသည်။ ယခုအခါ ထန်များက လိုက်လံလာခြင်းမရှိတော့ချေ။ ယခုလိုအခြေအနေမျိုးတွင် တုဝူစစ်လီက မမြင်ချင်ဆုံးလူများက တိဗက်များဖြစ်သည်။
“မဟာအမတ်မင်းရဲ့ စကားတွေက လွန်ကဲလွန်းနေပါပြီ။ ငါကဒီတိုင်း ငါ့ရဲ့ ကောင်းကင်ဘုံဝံပုလွေ ပုံရိပ်ယောင် ဝင်္ကပါကို ပြီးပြည့်စုံစေချင်ရုံပါပဲ။ ငါ့မှာ အခြားကြီးမားတဲ့ ရည်မှန်းချက်တွေဆိုတာလည်း မရှိရပါဘူး”
တုဝူစစ်လီက နားမလည်ဟန်ဆောင်သည်။
“ဟား ဟား ငါတို့ယွီစန်းရဲ့ မဟာသွေးနီရောင် ဝင်္ကပါကလည်း တိုက်ဆိုင်စွာနဲ့ ဒီဝင်္ကပါက ဖြည့်ဆည်းပေးမှရမဲ့ ပစ်ချက်အချို့ရှိနေတယ်။ မဟာအမတ်မင်းများ ငါ့တို့ကို ကြည့်ခွင့်မပြုနိုင်ဘူးလား”
သာ့လွန်ရော့ကျန်းက ဖျော့တော့စွာပြောသည်။ သူ၏မျက်ဝန်းကမူ စူးရှမှုများဖြင့် တောက်လောင်လာသည်။
မဟာထန်များနှင့် အလဲအလှယ်မလုပ်ခင်က တူရကီနှင့် တိဗက်များက ဝင်္ကပါကို အချင်းချင်း ဝေမျှပါမည်ဟု သဘောတူညီချက် ရရှိထားသည်။ ယခုအခါ တုဝူစစ်လီက ပစ္စည်းကို အတောင်းခံရချိန်တွင် နားမလည်ချင်ယောင်ဆောင်နေသည်။ သို့သော် သာ့လွန်ရော့ကျန်းကမူ ထိုမျှအလွယ်တကူ လှည့်စားခံလိမ့်မည်မဟုတ်ချေ။
ဝုန်း
သာ့လွန်ရော့ကျန်း ပြောလိုက်သည်နှင့် လေထုက တင်းမာသွားသည်။ တုဝူစစ်လီက ဘာစကားမှ မဆိုချေ။ သို့သော် သူ၏ခန္ဓာကိုယ်က ရှင်းလင်းစွာဖြင့် တောင့်တင်းသွားသည်။ သူက ပိန်းပိတ်အောင် မည်းမှောင်နေသော တူရကီတောင်ပေါ်မြင်းကို မြင်းပေါ်တွင် တက်ထိုင်လျှက် ထိုအတိုင်း ထိုင်နေလေသည်။
အရှိန်အဝါမြင့်ဝင်္ကပါ
တုဝူစစ်လီက ထိုဝင်္ကပါကို ဝမ်ချောင်ထံမှရရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရသည်။ သူက သာ့လွန်ရော့ကျန်း၏ စိတ်ကူးကို သဘောတူခဲ့သော်လည်း အခြေအနေအရ လုပ်ခဲ့ရခြင်းဖြစ်သည်။ သူ့အတွက် ပြောခြင်းထက် အမှန်တကယ် လုပ်ခြင်းက ပို၍ခက်ခဲနေသည်။
“ဘာလဲ မဟာဗိုလ်ချုပ်က လက်မလျော့ချင်တာလား”
သာ့လွန်ရော့ကျန်းက တုဝူစစ်လီ၏ နှလုံးသားကို ထိုးဖောက်မြင်နိုင်သလိုမျိုး ခြိမ်းခြောက်မှု အနည်းငယ်နှင့် ပြောလိုက်သည်။
“ဟွန်း”
သာ့လွန်ရော့ကျန်းဘက်မှ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့က ရုတ်တရက် တင်းမာသော မျက်နှာများဖြင့် နှာခေါင်းရှုံ့လာကြသည်။ ထိုနှစ်ယောက်က ဘာစကားမှမပြောချေ။ သို့သော် သူတို့၏ အမူအရာက ထိုသို့တင်းမာသွားရင်း လက်နက်ပေါ်လက် တင်လိုက်ကြသည်။ ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေက အန္တရာယ်များလာသည်။
“တုဝူစစ်လီ ဒီအလဲအလှယ် ကဏ္ဍမှာ ငါတို့ကလည်း အနည်းငယ် အားစိုက်ထုတ်ခဲ့တာပဲ။ မင်းက မြစ်တစ်ဖက်ကမ်းကိုရောက်ပြီးမှ တံတားကိုပြန်ရုတ်ပြီး စကားကိုဖျက်ချင်တာလား”
တုစုန့်မာန်ဖော်ကျဲ့က အေးစက်စွာပြောသည်။
လေထုက တောင့်တင်းလာသလို မူထရီမဟာမြင်းတပ်ကလည်း သူတို့၏ ဓားမောက်ရှည်များကိုထုတ်ပြီး အေးစက်ကာ တောက်ပသည့် လက်နက်များကို တုဝူစစ်လီနှင့် အနောက်ပိုင်း တူရကီများထံ ချိန်ထားကြပြီဖြစ်သည်။ တစ်ချိန်ထဲတွင်ပင် ကောင်းကင်ဘုံဝံပုလွေ မြင်းတပ်ကလည်း ဒေါသတကြီး ဖြစ်သွားကြပြီး သူတို့၏ လက်နက်များကိုထုတ်ပြီး မူထရီမဟာမြင်းတပ်ထံ ချိန်ထားကြသည်။
ယခုလေးတင် ဘေးချင်းယှဉ်လျှက် တိုက်ခိုက်ခဲ့သော စစ်တပ်နှစ်တပ်က အချင်းချင်း လက်နက်ပြန်ချိန်နေကြပြီဖြစ်သည်။
“ဟား ဟား ဟား”
တင်းမာနေသောလေထုက သွေးသံရဲရဲ တိုက်ပွဲအဖြစ်ပြောင်းရန် အဆင်သင့်ဖြစ်လာသော အခိုက်အတန့်တွင် တုဝူစစ်လီက ရုတ်တရက်ထရယ်သည်။
“မဟာအမတ်မင်း မဟာဗိုလ်ချုပ်တို့ မင်းတို့ဘာတွေ တွေးနေကြတာလဲ။ ဒီတုဝူစစ်လီက ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းမဲ့ လူမျိုးမှမဟုတ်တာ။ ဒါကဒီတိုင်း အဲ့ဒီ ထန်ကောင်စုတ်ရဲ့ အကြံအစည်တွေပါပဲ။ သူက ဒီဝင်္ကပါကိုသုံးပြီး ငါတို့ကြားမှာ ကတောက်ကဆ ဖြစ်စေချင်နေတာ။ ဒါပေမဲ့ ငါတို့က သူ့ရဲ့အကြံအစည်အတိုင်း ဖြစ်လို့ဘယ်ရပါ့မလဲ။ သာ့လွန်ရော့ကျန်း ဒါက အစောပိုင်းနှစ်ပိုင်းပဲ။ ငါဒါတွေကို ကြည့်ပြီးသွားပြီဆိုတော့ မှတ်မိနေပြီ။ မင်းပဲယူလိုက်တော့”
တုန့်ဆိုင်းခြင်းမရှိဘဲ တုဝူစစ်လီက ဝမ်ချောင်ပထမဦးဆုံး ပေးထားသည့် စာရွက်နှစ်ရွက်ကို ယူပြီး လှမ်းပေးလိုက်သည်။
ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကပင် ရုတ်ချည်း ပြောင်းလဲသွားသော အခိုက်အတန့်ကြောင့် အံ့အားသင့်သွားကြသည်။ သာ့လွန်ရော့ကျန်းကလည်း အနည်းငယ် မှင်သက်သွားပုံပေါ်သည်။
စွစ်
သူက အံ့ဩနေသော်လည်း တုစုန့်မာန်ဖော်ကျဲ့က လက်ဆန့်ထုတ်လိုက်ပြီး စာရွက်နှစ်ရွက်ကို ယူလိုက်သေးသည်။ သူက တစ်ရွက်ချင်းစီကို ဖွင့်ကာကြည့်သည်။ ထို့နောက် တစ်ချက်ကြည့်ပြီးနောက် သူ၏မျက်လုံးများက ချက်ချင်းဆိုသလို မှေးကျဉ်းသွားသည်။ တုဝူစစ်လီက သူတို့ကို စာရွက်နှစ်ရွက်ကို မကြည့်ခိုင်းခဲ့သေးသော်လည်း နက်နဲသော စကားလုံးများအရ တုဝူစစ်လီက သူတို့ကို လိမ်ညာနေခြင်း မဟုတ်ကြောင်း မြင်နိုင်သည်။
တုဝူစစ်လီက သူတို့ကို မူလအစစ်အမှန် စာရွက်နှစ်ရွက်ကို ပေးလာခြင်းဖြစ်သည်။
ဒီကောင်...
တုစုန့်မာန်ဖော်ကျဲ့ကပင် အလွန်နာမည်ကျော်ကြားပြီး အတွေ့အကြုံရှိသည့် အင်ပါယာ မဟာဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်နေသည့်တိုင်အောင် ထိုအခိုက်အတန့်တွင် တုဝူစစ်လီ အတွေးများကို တိုင်းတာရန် ခက်ခဲသွားသည်ဟု ခံစားလိုက်ရသည်။ ယခုလေးတင်သူက လက်သင့်မခံလိုကြောင်း ပြသနေခဲ့သေးသည်။ သို့သော် ယခုမူ ပျော်ရွှင်စွာဖြင့် ကူညီပေးလိုက်ပြန်သည်။ ထို့ကြောင့် တူညီသော လူတစ်ယောက်မှ မတူညီသော အပြုအမူများကို နားလည်ရန် ခက်ခဲလာသည်။
“မဟာဗိုလ်ချုပ် ဒါက ဝမ်းသာစရာ ကိစ္စပါပဲ။ ငါတို့အားလုံးက မဟာမိတ်တွေလေ။ စိတ်အေးအေးထားပါ။ ငါတို့က ဒီစာရွက်နှစ်ရွက်ကို ဖတ်ပြီးတာနဲ့ မဟာဗိုလ်ချုပ်ကို ပြန်ပေးမှာပါ”
သာ့လွန်ရော့ကျန်းက အေးဆေးနေသော အမူအရာမျိုးဖြင့် ခပ်အေးအေး ပြန်ပြောလိုက်သည်။
သူက ပြောနေရင်းမှ သာ့လွန်ရော့ကျန်းက လက်ဖြင့် ဟန်အမူအရာ တစ်ချက်လုပ်လိုက်သည်။ ထို့နောက် တခဏတွင် မူထရီမဟာမြင်းတပ်က သူတို့၏လက်နက်များကို ပြန်သိမ်းလိုက်သော သတ္တုချင်း ထိခတ်သံက ထွက်ပေါ်လာသည်။ တင်းကြပ်နေသော လေထုက ပြန်လည်ပြေလျော့သွားသည်။
“ဟား ဟား မလိုပါဘူး။ မဟာအမတ်မင်းပဲ သိမ်းထားလိုက်ပါ”
တုဝူစစ်လီက ပြန်ပြောသည်။ ယခင်နှင့်မတူသော တုန့်ပြန်မှုမျိုး ဖြစ်လာသည်။
တုဝူစစ်လီက တတိယမြောက်စာရွက်ကို ခပ်မြန်မြန်ဖတ်ပြီးနောက် သာ့လွန်ရော့ကျန်းကို ပြန်ပေးသည်။ လူတိုင်းက ပျော်ရွှင်နေကြသည်။ သာ့လွန်ရော့ကျန်းကလည်း စာရွက်တစ်ရွက်ကိုကိုင်ပြီး အခြားသော သူများနှင့်အတူ ပျော်ရွှင်ကျေနပ်စွာ ထွက်ခွာသွားလေသည်။
အခန်း(၁၀၁၂)
သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတု့ိ ထွက်ခွာသွားပြီးနောက် ရှာမာက နောက်ဆုံးတွင် ပြောလာသည်။
“အရှင် တိဗက်တွေက ဒီအားထုတ်မှုမှာ အကျိုးပြုမှု အနည်းငယ်လောက်ပဲ လုပ်ထားခဲ့တာပါ။ ဒါတွေအားလုံးက အရှင့်ရဲ့ အားစိုက်ထုတ်မှုတွေကြောင့် ယခုလို ရလာခဲ့တာပဲ။ သူတို့ကို ဒီလိုပေးလိုက်တာက မများလွန်းဘူးလား”
“ဟုတ်တယ် အဆုံးမှာတော့ ယွီစန်းက ငါတို့ရဲ့ရန်သူလေ”
ချဲ့ခွန်းပန်းပါ့က သဘောတူသည်။
“သူတို့ကို အရှိနအဝါမြင့် ဝင်္ကပါရဲ့ လျို့ဝှက်ချက်ကို ပေးလိုက်တာက ကျားကိုမွေးသလို မဖြစ်သွားဘူးလား”
ဒီကိစ္စတွင် ချဲ့ခွန်းပန်းပါ့နှင့် ရှာမာတို့ကလည်း အချင်းချင်း ထူးထူးဆန်းဆန်း သဘောတူနေကြလေသည်။ တုဝူစစ်လီက ထိုဝင်္ကပါ၏ လျို့ဝှက်ချက်ကို တိဗက်များကို ပေးလိုက်သည့်ကိစ္စနှင့် ပတ်သတ်ပြီး သူတို့က စိတ်ရှုပ်ထွေးနေကြသေးသည်။ သို့ရာတွင် နှစ်ယောက်လုံးက တုဝူစစ်လီ၏ အမိန့်များကို စကားတစ်လုံးချင်းစီအလိုက် နာခံရင်းနှင့် ကြီးပြင်းလာသူများ ဖြစ်သည့်အလျောက် သာ့လွန်ရော့ကျန်း ရှိနေသည့်အချိန်တွင် ဘာစကားမှပြောလိမ့်မည်မဟုတ်ချေ။
“အခုက တိဗက်တွေနဲ့ ဆက်ဆံရေးကို ဖြတ်တောက်ရမဲ့ အချိန်မဟုတ်သေးဘူး။ ဒါ့အပြင် သာ့လွန်ရော့ကျန်းက လှည့်စားဖို့မလွယ်ဘူး။ မင်းတို့မမြင်ဘူးလား သူတို့က ဒီဝင်္ကပါနဲ့ ပတ်သတ်ပြီး ဘာမှမရသွားရင် ဟော်ရှု့ဟွေ့ခမ်းနဲ့ တုစုန့်မာန်ဖော်ကျဲ့တို့က တိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီးသား”
တုဝူစစ်လီကပြောသည်။
ရှာမာနှင့် ချဲ့ခွန်းပန်းပါ့တို့က တိတ်ဆိတ်သွားကြသည်။ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကလည်း မဟာဗိုလ်ချုပ်များ ဖြစ်သည့်အလျောက် မှင်သက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားကြသည်။ သူတို့တွင် အလွန့်အလွန် ဉာဏ်ကောင်းသည့် သာ့လွန်ရော့ကျန်းကို ပိုင်ဆိုင်ထားသေးသည်။ ထိုအခြေအနေက တိဗက်များကို ပေါ်တင်ရင်ဆိုင်ရန် အချိန်ကောင်းမဟုတ်သေးချေ။ ပို၍ဆိုးသည်မှာ တိဗက်များက သူတို့ထက် ပိုများသော စစ်သည်တော်များကို သယ်ဆောင်လာခဲ့သည်။
“ငါတို့က သူတို့ကို ပေးရမယ်ဆိုရင်တောင်မှ နည်းနည်းလေး စိတ်ကျေနပ်အောင်တော့ လုပ်ထားရမှာပေါ့”
တုဝူစစ်လီကပြောသည်။
“ဒါပေမဲ့...”
ရှာမာနှင့် ချဲ့ခွန်းပန်းပါ့တု့ိက တစ်စုံတစ်ရာ ပြောလိုသည်။ သို့သော် တုဝူစစ်လီကတားသည်။
“ဒါပေမဲ့ဆိုတောတွေ မလိုဘူး။ မင်းတို့နှစ်ကောင် ငါ့ကိုအရူးလုပ်ဖို့ လွယ်မယ်လို့ ထင်နေလား။ ငါက သူတို့ကို ဒီဝင်္ကပါတစ်ခုလုံးရဲ့ လျို့ဝှက်ချက်ကို အလွယ်တကူပေးမယ်လို့ ထင်နေလား”
တုဝူစစ်လီက အေးစက်စွာပြောသည်။ ရှာမာနှင့် ချဲ့ခွန်းပန်းပါ့တို့က ထိုစကားလုံးများကြောင့် မှင်သက်သွားကြသည်။ သို့သော် တစ်စုံတစ်ရာကို တွေးမိပြီး ခပ်မြန်မြန် နားလည်သွားကြ၏။ တုဝူစစ်လီက အချိန်တိုအတွင်း မည်သည့်အချက်များကို မည်သို့ပြောင်းလိုက်ကြောင်း မသိသော်လည်း ထိုစာရွက် သုံးရွက်နဲ့ပတ်သတ်ပြီး တစ်စုံတစ်ရာကိုတော့ဖြင့် လုပ်ခဲ့လောက်သည်။
“အရှင်က ဉာဏ်ကောင်းလွန်းပါတယ်”
ထိုနှစ်ယောက်က သဘောတကျ ရိုးသားစွာပြောကြသည်။
တုဝူစစ်လီက ဖျော့တော့စွာသာပြုံးသည်။ သူက သာ့လွန်ရော့ကျန်း ထွက်သွားသောဘက်သို့ ကြည့်၏။ သူ၏မျက်ဝန်းက ဉာဏ်ပညာရှိသော အလင်းများဖြင့် တောက်ပလာသည်။ သူတု့ိတွင် ကျန်းလန်၏ အကြံအစည်များရှိသည်။ သို့သော် သူ့တွင် ကြီးမားသော လှေကားကြီးများရှိသည်။ သာ့လွန်ရော့ကျန်းကလည်း တုဝူစစ်လီဟာ ပထမစာရွက်နှစ်ရွက်မှ စကားလုံး တစ်လုံးမှ မထိခဲ့သည့်တိုင်အောင် တတိယတစ်ရွက်ကို တိဗက်များထံသို့ ပေးသည့်အချိန်တွင် လှည့်စားမှုအချို့ လုပ်ခဲ့ကြောင်း နားမလည်လောက်ချေ။
သူက ထိုစာရွက်များကို ပေးလိုက်သည့်အခိုက်တွင် သူ၏ကြယ်တာရာ စွမ်းအင်ကိုသုံးပြီး ထိုစာရွက်များပေါ်မှ အရေးပါသော စကားလုံးအချို့ကို ပြောင်းလဲခဲ့သည်။
စကားလုံးအနည်းငယ်သာ ဖြစ်သည့်တိုင်အောင် ထိုမျှအရေးကြီးလွန်းသော စကားလုံးများသာ မပါလျှင် သက်ရောက်မှု တစ်ခုလုံးက ပြောင်းလဲသွားပေလိမ့်မည်။
တုဝူစစ်လီကလည်း အကြောင်းပြချက်မရှိ အတူအလုပ်လုပ်ရ လွယ်သောလူမဟုတ်ချေ။
“သာ့လွန်ရော့ကျန်း ငါမင်းကို ပေးပြီးပြီ။ တစ်ခုခုမှားသွားတဲ့ အခါမှ ငါ့ကိုလာမရှာနဲ့တော့”
တုဝူစစ်လီက အထင်တသေး လှောင်ရယ် ရယ်လိုက်ပြီးနောက် သူ၏စစ်တပ်ကို ဦးဆောင်ခေါ်ကာ စခန်းသို့ပြန်သည်။
...
တုဝူစစ်လီက အရာအားလုံးကို ဂရုတစိုက် ကြံစည်ထားသော်လည်း အခြေအနေက ပြောင်းလဲကာ ဖွံ့ဖြိုးတိုးတက်လာမည်ဟု မထင်ထားလောက်ချေ။
ဆယ်လီခန့်အကွာတွင်....
“မဟာအမတ်မင်း ဒီဝင်္ကပါ ပါတဲ့ စာရွက်တွေနဲ့ဆိုရင် ဘာတွေပဲဖြစ်လာဖြစ်လာ ငါတို့အနည်းဆုံး စန်းပေါ်ကိုတော့ အကြောင်းပြချက် ပေးလို့ရပြီ”
အနောက်ပိုင်းတူရကီ စခန်းမှ စာရွက်တစ်ရွက်ကိုကိုင်ကာ ထွက်ခွာသွားပြီးနောက် ဟော်ရှု့ဟွေ့ခမ်းက သာ့လွန်ရော့ကျန်းကို ပြန်လည်ကမ်းပေးလာသည်။ ထိုအခိုက် သူ၏ရင်ထဲမှ အလေးချိန်က အများကြီး လျော့ကျသွားပြီဟုပင် ခံစားလိုက်ရသည်။ သာ့လွန်ရော့ကျန်းက တော်ဝင်မြို့တော် အကျဉ်းထောင်ထဲမှ စစ်သည်သောင်းကျော်နှင့် မူထရီမဟာမြင်းတပ်ကိုခေါ်ကာ ထွက်လာခဲ့သည့် အချိန်တွင် စန်းပေါ်၏ ခွင့်ပြုချက်မရခဲ့ချေ။
သာ့လွန်ရော့ကျန်းက အနောက်တောင်ပိုင်းက အရှုံးအတွက် အပြစ်သားဖြစ်နေပြီးသားဖြစ်သည်။ သူ၏စစ်သားများကို ကိုယ်ပိုင်အကျိုးအတွက် ယူခဲ့ခြင်းက ပို၍ကြီးလေးသော ပြစ်မှုဖြစ်ပြီး ပြစ်မှုတစ်ခုပေါ် တစ်ခုထပ်ဆင့်ခြင်းဖြစ်သည်။ သို့သော် လက်ထဲတွင် ဒဏ္ဍာရီလာ အရှိန်အဝါမြင့် ဝင်္ကပါကိုသာ ကိုင်ထားမည်ဆိုလျှင် အရာအားလုံးက ခြားနားသွားပေလိမ့်မည်။
ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့က တုဝူစစ်လီ၏ အရှေ့တွင် အကောင်းဆုံး ကြိုးစားပြီး တင်းမာပြခဲ့ကာ ထိုလျို့ဝှက်ချက်ကို ထိန်းသိမ်းထားခဲ့သည်။ သို့သော် သူတို့က သူတို့ကိုယ်သူတို့ အသားကုန် ထိန်းသိမ်းနေခဲ့ရခြင်းဖြစ်သည်။ သဘာဝအလျောက်ပင် ထိုဝင်္ကပါ၏ လျို့ဝှက်ချက်များ၏ အလေးချိန်နှင့် အဓိပ္ပာယ်ကို ကောင်းကောင်းနားလည်သည်။
ဒါက ယွီစန်းအင်ပါယာ တစ်ခုလုံး၏ အင်အားကို မြှင့်တင်နိုင်သည့် စွမ်းအားဖြစ်သည်။
“ဟွန်း”
သူတို့ကို အံ့အားသင့်စေသည်မှာ သာ့လွန်ရော့ကျန်းက တုဝူစစ်လီ၏ အရှေ့တွင် ထိုမျှလေးနက်ပြီး ဆုံးဖြတ်ချက် ပြတ်သားသလောက် နောက်ကွယ်တွင်မူ ဟော်ရှု့ဟွေ့ခမ်းက ပေးလာသည့် စာရွက်ကို ကြည့်ပင်မကြည့်ဘဲ လက်ထောက်ဆီ ပစ်ပေးလိုက်သည်။
ထိုအပြုအမူက ထိုစာရွက်များဟာ အသုံးမဝင်သော အမှိုက်များအလား ထင်ရစေသည်။
“အိမ်မက်တွေ မက်မနေနဲ့။ ဟော်ရှု့၊ တုစုန့် ဒီစာရွက်တွေက မင်းတို့ထင်သလောက် အရေးကြီးချင်မှ ကြီးလိမ့်မယ်”
သာ့လွန်ရော့ကျန်းက ထိုသို့ ပေါ့ပါးစွာပြောသည်။ သို့သော် သူ၏စကားလုံးများက တိဗက်မှ မဟာဗိုလ်ချုပ်ကြီး နှစ်ယောက်ကိုပင် မေးရိုးအဟောင်းသားဖြစ်ပြီး မျက်လုံးပြူးသွားစေသည်။
“အာ”
နှစ်ယောက်လုံးက ကြောင်တောင်တောင် ဖြစ်သွားကြသည်။
“မဟာအမတ်မင်း မဟာအမတ်မင်း ဆိုလိုတာက ဒီဝမ်ချောင်က ပေးထားတဲ့ ဝင်္ကပါက အတုကြီးလား”
ဟော်ရှု့ဟွေ့ခမ်းက ဖိအားများသွားသည်။
သာ့လွန်ရော့ကျန်းက အင်္ကျီလက်ကိုယမ်းသည်။ သူက ခိုင်မာစွာ အနှစ်ချုပ်သည်။
“အမြဲတမ်းအတုပဲ ဘယ်လိုများ မှန်နေမှာလဲ”
“ဒါပေမဲ့ စာရွက်ပေါ်က နည်းလမ်းကိုသုံးပြီး ကျင့်ကြံကတည်းက ရလဒ်ဖြစ်လာခဲ့တယ်မဟုတ်လား။ ကောင်းကင်ဘုံဝံပုလွေ မြင်းတပ်အဖွဲ့ဝင် ခြောက်ဆယ်ကလည်း နည်းနည်းလေး လေ့ကျင့်လိုက်ရုံနဲ့ ဒီသက်ရောက်မှုအားကို ထုတ်နိုင်တာပဲလေ။ ဘယ်ဝင်္ကပါမှ ဒီလိုမလုပ်နိုင်ဘူး။ ဒီလိုအရှိန်အဝါမြင့် ဝင်္ကပါကြောင့်သာမဟုတ်ရင် သူတို့က ဒီလိုစွမ်းအားမျိုးကို ဘယ်လိုထုတ်နိုင်မှာလဲ”
တုစုန့်မာန်ဖော်ကျဲ့ကပြောသည်။
သူကိုယ်တိုင်ကလည်း စာရွက်များဟာ အတုဖြစ်နိုင်သည်ဟု အံ့အားသင့်မိသည့်တိုင်အောင် သာ့လွန်ရော့ကျန်းက ထိုသို့ပြောလာသည့် အချိန်တွင်မူ တစ်ဖက်သူက ကြည့်ပင်မကြည့်ရသေးသည့်အတွက် မဖြစ်နိုင်ဟု ခံစားလိုက်ရသည်။
“မှန်တယ် ငါတို့အားလုံး မြင်ခဲ့ကြတယ်”
ဟော်ရှု့ဟွေ့ခမ်းက သဘောတူသည်။
ဟော်ရှု့ဟွေ့ခမ်းကလည်း ထိုစာရွက်များကို ရရှိခဲ့ချိန်က အလွန်ပျော်ခဲ့သည်။ သို့သော် သူ၏စိတ်လှုပ်ရှားမှုများ အားလုံးက ပျောက်ကွယ်သွားလေပြီ။
“ပိုဆိုးတာက ဒါတွေအားလုံးကသာ အတုအယောင်ဆိုရင် တုဝူစစ်လီကလည်း အတုတွေရသွားတာပဲ မဟုတ်လား”
တုဝူစစ်လီက ဝက်ကိုကစားရင်း ကျားကိုစားချင်နေသည်။ သူက အားနည်းချင်ဟန် ဆောင်ခဲ့သည်။ သို့သော် ဒါက ဟန်ဆောင်မှုမျှသာဖြစ်သည်။ အမှန်တရားလည်း မဟုတ်ချေ။ ဝမ်ချောင်က ဒီလောက် နည်းပါးသော အချိန်တိုအတောအတွင်း မဟာဗိုလ်ချုပ် သုံးယောက်ကို အရူးလုပ်နိုင်သည်ဆိုသော ကိစ္စက ယုံကြည်ရန် ခက်ခဲသည်။ တုဝူစစ်လီ၏ တုန့်ပြန်မှုက ထိုစာရွက်များဟာ အစစ်အမှန်ဖြစ်ကြောင်း သိနိုင်သည်။
သို့သော် သာ့လွန်ရော့ကျန်းက မလိမ်တတ်သူဖြစ်သည်။ ထိုစာရွက်များဟာ အတုဖြစ်ကြောင်း သူက အနှစ်ချုပ်လိုက်လျှင် ရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်းအထိက အတုဖြစ်နိုင်ချေများနေပြီဖြစ်သည်။
သာ့လွန်ရော့ကျန်းက ပြုံးသည်။
တုဝူစစ်လီက သူ့ကို သိပ်နားမလည်ချေ
“ဒီအတွက်ကြောင့် သူ့ရဲ့လှည့်ကွက်တွေအောက်မှာ လှည့်စားခံရတာက ပုံမှန်ပါပဲ။ ဒါပေမဲ့ ဟားဟား ငါကသူ့ကို တအားနားလည်တယ်။ ဒါက ပထမဦးဆုံး တွေ့ဆုံတာမှမဟုတ်တာ။ သူ့ရဲ့ အကျင့်စရိုက်အရဆိုရင် သူက ဘယ်လိုနည်းနဲ့မှ ဒီလိုဝင်္ကပါမျိုးကို အခြားလူကို ပေးမှာမဟုတ်ဘူး။ တုဝူစစ်လီက စိတ်ကူးယဉ်နေတာပဲ”
“ဒါပေမဲ့ ဒီဝင်္ကပါ...”
တုစုန့်မာန်ဖော်ကျဲ့ကလည်း စာပါအကြောင်းအရာများ အားလုံးက အတုများဖြစ်ကြောင်း လက်ခံရန် ခက်ခဲနေသေးသည်။
“ဒါက သူ့အကြံရဲ့ ဉာဏ်သုံးထားတဲ့အပိုင်းပေါ့။ ငါ့ရဲ့ခန့်မှန်းမှုသာ မှန်ကန်ရင် အရှိန်အဝါမြင့် ဝင်္ကပါရဲ့ ရိုးရှင်းတဲ့ကဏ္ဍကို ပေးခဲ့တာဖြစ်လောက်တယ်။ ပထမစာရွက်က အရာအားလုံးက မှန်နေလောက်တယ်။ သူက အမှားကိုအမှန်နဲ့ ပေါင်းထားတာ။ ဒီလိုက ပြောင်မြောက်တဲ့ အကြံအစည် ဖြစ်သွားပြီလေ”
ဒီအလဲအလှယ်တွင် သာ့လွန်ရော့ကျန်းက ဘေးဘက်တွင်သာ တစ်ချိန်လုံး ထိုင်နေခဲ့သည်။ သူက ဖြစ်စဉ်တစ်ခုလုံးကို အေးစက်စွာ စောင့်ကြည့်နေခဲ့၏။ အမှန်တိုင်းဆိုရသော် ဝမ်ချောင်က တုဝူစစ်လီကို လှည့်စားခြင်းရှိမရှိ သိချင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဝမ်ချောင်က သာ့လွန်ရော့ကျန်း၏ လေးစားမှုကို အနိုင်ရယူရန် ထိုက်တန်လွန်းခဲ့သည်။
“ဒါပေမဲ့ မဟာအမတ်မင်းက သိနေကတည်းက ဘာလို့သူ့ကို သတိမပေးတာလဲ။ ဘာပဲဖြစ်ဖြစ် ငါတို့က မဟာမိတ်တွေလေ”
ဟော်ရှု့ဟွေ့ခမ်းက မျက်မှောင်ကျုံ့လျှက် ပြောလာသည်။
“ငါက မလုပ်ချင်တာမဟုတ်ဘူး။ ကန်းနေတဲ့သူက စကားသံတွေ မကြားနိုင်ဘူး”
သာ့လွန်ရော့ကျန်းက ခေါင်းခါသည်။
“တုဝူစစ်လီက ဝင်္ကပါကို အရမ်းလိုချင်နေတာ။ ငါတို့ကသူ့ကို ဒီလိုအခြေအနေမျိုးမှာ တားဖို့ကြိုးစားလိုက်ရင် ငါတို့မှာ မကောင်းတဲ့အပြုအမူတွေ ရှိတယ်လို့ တွေးနေလိမ့်မယ်။ ဒါ့အပြင် ငါတို့မှာ သက်သေမှမရှိတာ။ ဒီတော့ တုဝူစစ်လီက ငါတို့ကို ဘယ်လိုယုံမှာလဲ”
ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကလည်း သာ့လွန်ရော့ကျန်း၏ စကားများကြောင့် မှင်သက်သွားသည်။ မဟာအမတ်မင်း နှစ်ယောက်လုံးက စွံ့အသွားကြသည်။ အဆုံးသတ်တွင် ယွီစန်းနှင့် အနောက်ပိုင်းတူရကီက မဟာမိတ်အဖြစ် အခိုက်အတန့် ကာလမျှသာ ရှိနေကြခြင်းဖြစ်သည်။ သူတို့၏ ဆက်ဆံမှုက ထင်သလောက် မနက်ရှိုင်းချေ။ ထို့ကြောင့် တိဗက်များထံမှ သတိပေးချက်လောက်နှင့် တုဝူစစ်လီကလည်း လက်လျော့လိမ့်မည်မဟုတ်ချေ။
“သွားရအောင် စခန်းကိုပြန်ရောက်မှ ဆက်ပြောကြမယ်”
ထိုစကားများနှင့်အတူ သာ့လွန်ရော့ကျန်းက သူ၏လူများကို ခပ်မြန်မြန် ဦးဆောင်ခေါ်သွားသည်။
.....
“ဝမ်ချောင် ငါတုဝူစစ်လီနောက် လိုက်တာကို ဘာလို့ငါ့ကို တားတာလဲ”
တစ်ချိန်ထဲတွင်ပင် ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ ဝမ်ရန်၊ ပါးနားဟန်နှင့် အခြားသော ထန်စစ်တပ်မှ ဗိုလ်ချုပ်တိုင်းက တာလာ့မြို့အရှင်၏ စုဝေးခြင်းခန်းမထဲတွင်ဖြစ်သည်။ သူတို့က ထိုင်ပင် မထိုင်ရသေးခင် ကောင်းရှန်းကျစ်က မေးလာသည်။
“ဟုတ်တယ်အရှင်အမတ် တုဝူစစ်လီက ငါတို့ရဲ့ရန်သူပဲ။ ဒီဝင်္ကပါကို ရသွားရင် သူက ကိုင်တွယ်ရ ပိုခက်သွားလိမ့်မယ်”
ရှီယွမ်ချင်၊ ပါးနားဟန်နှင့် အခြားသော ဗိုလ်ချုပ်တိုင်းက သဘောတူညီကြောင်း ထုတ်ပြောကြသည်။ ဒီအလဲအလှယ်တွင် မေးခွန်းထုတ်ရန် မလိုလောက်အောင် တုဝူစစ်လီက အသာစီးရသွားခဲ့ခြင်းဖြစ်သည်။ ပို၍အရေးကြီးသည်မှာ ထိုဝင်္ကပါသတင်းက ပျံ့သွားခဲ့လျှင် ပို၍ကြောက်စရာကောင်းသည့် ရန်သူများ များလာနိုင်သေးသည်။
“ဟား ဟား အရှင်ကာကွယ်ရေးဗိုလ်ချုပ် စိတ်အေးအေးထားပါ။ ဒီကိစ္စက ထင်သလောက် မရိုးရှင်းပါဘူး။ နောက်ပြီး စာရွက်သုံးရွက်လောက်နဲ့ တုဝူစစ်လီက ဝင်္ကပါရဲ့ လျို့ဝှက်ချက်တွေကို မရနိုင်စေရဘူး”
ဝမ်ချောင်က စိတ်အေးသက်သာစေမည့် အပြုံးမျိုးကိုပေးသည်။
ခန်းမထဲမှ ပွက်လောရိုက်မှုများ အားလုံးက ချက်ချင်းငြိမ်းသက်သွားသည်။ ဝမ်ချောင်၏ စကားလုံးများက သူတို့ကို အံ့အားသင့်စေသည်။ ထို့နောက် အားလုံးကို စိတ်အေးသွားစေသည်။
“ဆိုတော့ မင်းဆိုလိုတာက... တုဝူစစ်လီရသွားတာက အတုလား”
ကောင်းရှန်းကျစ်ကမေးသည်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး သူအကြီးမားဆုံး စိုးရိမ်နေရသော ကိစ္စက ဝမ်ချောင်ဟာ တုဝူစစ်လီကို ထိုဝင်္ကပါ အစစ်အမှန်အပိုင်းကို ပေးလိုက်မည့် အခိုက်အတန့်ကိုဖြစ်သည်။ ဒီနည်းအားဖြင့် အနောက်ပိုင်းတူရကီ ခါကာနိတ်က အင်အားမြင့်သွားပေလိမ့်မည်။ သို့သော် ဝမ်ချောင်က ပြောလိုက်သည့် စကားအရ သူက ကိစ္စများအားလုံးကို ကိုင်တွယ်ပြီးပုံပေါ်သည်။ ဝမ်ချောင်က တုဝူစစ်လီကို ပေးလိုက်သည့် စာရွက်သုံးရွက်က အတုအယောင်များဖြစ်နိုင်သည်။
“ဟား ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ သာ့လွန်ရော့ကျန်းကလည်း ရှိနေတာ။ သူက လှည့်စားဖို့ လွယ်ကူတဲ့လူမှ မဟုတ်ဘဲ။ ဒါ့အပြင် တုဝူစစ်လီကိုယ်တိုင်ကလည်း လှည့်စားဖို့ ခက်ခဲသေးတယ်”
ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ သူက ကောင်းရှန်းကျစ်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။ သူတို့အကြားတွင် ရှည်လျားသော စားပွဲကြီးက ခြားနေသည်။ ထိုအခိုက်အတန့်တွင် သူက လက်ညိုးကို ဆန့်ထုတ်ပြီး စားပွဲကို တသသခေါက်နေသည်။
အခန်း(၁၀၁၃)
ဝမ်ချောင်ကလည်း သူ၏ပြိုင်ဘက်များကို မည်သည့် အချိန်တွင်ကမျှ အထင်မသေးခဲ့ဖူးချေ။ အထူးသဖြင့် တုဝူစစ်လီကဲ့သို့ ကောက်ကျစ်ဉာဏ်များသော မဟာဗိုလ်ချုပ်ကြီးကဲ့သို့... သာ့လွန်ရော့ကျန်းကဲ့သို့ ဉာဏ်ကောင်းလွန်းသော ဗျူဟာပညာရှင် တစ်ယောက်အတွက်ဖြစ်သည်။ သူက တုဝူစစ်လီကို အတုအယောင်နှင့် အရူးလုပ်ရန် ကြိုးစားနေရင်း တုဝူစစ်လီက ပထမဦးဆုံး အခိုက်အတန့်ကို အခွင့်ကောင်း အရယူပြီး ချန်းပင်းကို သတ်ပေလိမ့်မည်။
ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် ရှီယွမ်ချင်တို့အားလုံးက ဝမ်ချောင်၏ စကားလုံးများကြောင့် ပို၍သာ စိတ်ရှုပ်ထွေးသွားကြသည်။ ထို့ကြောင့် သူပြောလိုသည့် အကြောင်းအရာကို နားမလည်ကြတော့ချေ။
“ဒီတော့ ဝမ်ချောင် ဒီစာရွက်တွေက အတုလား အစစ်လား”
ကောင်းရှန်းကျစ်က မျက်မှောင်ကျုံ့ရင်း လိုရင်းကိုမေးသည်။
“စာရွက်တွေကအစစ် ပါဝင်တဲ့ အကြောင်းအရာတွေအတွက်ကတော့... တုဝူစစ်လီ လိုချင်တဲ့ ရည်ရွယ်ချက်အတိုင်းတော့ မဟုတ်ဘူး”
ဝမ်ချောင်က ဖျော့တော့စွာပြုံးလိုက်သည်။
ဝမ်ချောင်သည် ထိုအလဲအလှယ်တွင် ဖြစ်လာနိုင်သော အခြေအနေများကို နားလည်ထားသော တစ်ဦးတည်းသောလူသာ ဖြစ်လောက်သည်။ အရှိန်အဝါဝင်္ကပါ... ထိုဝင်္ကပါသည် မည်သည့်ဝင်္ကပါကိုမဆို အမြင့်ဆုံး အတိုင်းအတာသို့ မြှင့်ပေးနိုင်သော ဝင်္ကပါဖြစ်ပြီး အခြားလူများ မျှော်လင့်ထားသည်ထက် အဆပေါင်းများစွာ ရှုပ်ထွေးလွန်းသော ရှေးကျသည့် စွမ်းအားတစ်မျိုးဖြစ်သည်။
ကုန်းမြေကြီး၏ သမိုင်းတွင် အချိန်အတိုင်းအတာ တစ်ခုသို့ ရောက်သွားသောအခါ ထိုဝင်္ကပါက ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားသေးသည်။ ဗဟိုပြင်ကျယ် အနောက်ပိုင်းတူရကီနှင့် တိဗက်တောင်ပေါ်ဒေသများ အားလုံးကပင် ထိုဝင်္ကပါကို ပိုင်ဆိုင်သွားကြသည်။ အားလုံးကလည်း အဆင့်မြင့်စွမ်းအားများကို ထုတ်ဖော်ခဲ့ကြသည်။
အရှိန်အဝါမြင့် ဝင်္ကပါ၏အဆင့်တွင် လောက၏ စွမ်းအားများကိုသုံးပြီး စစ်သည်တော်တစ်ယောက်၏ ခွန်အားများကို မယုံနိုင်စရာကောင်းသော အတိုင်းအတာအထိ မြှင့်တင်လျှက် ပြိုင်ဘက်များကို အလဲထိုး ချေမွခြင်းဖြစ်သည်။
သို့သော် မတော်တဆမှုတစ်ခု ပြီးဆုံးပြီးနောက် ထိုဝင်္ကပါ၏ အဆင့်မြင့်အဆင့်နှင့် ပြိုင်ဘက်ကင်းစွမ်းအားများ အားလုံးက ကုန်းမြေမှ အလုံးစုံပျောက်ကွယ်သွားသည်။ ထိုအတွက်ကြောင့်သာ မဟုတ်လျှင် ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်ကြီးကလည်း ထိုမျှအထိ အင်အားစိုက်ထုတ်ပြီး ခြေရာပျောက် လိုက်ရှာနေလိမ့်မည်မဟုတ်ချေ။ သူ၏ လိုချင်စိတ်ဆန္ဒ ပြင်းထန်လွန်းသောကြောင့် ဝမ်ချောင်တွင် ဝင်္ကပါ၏ လျို့ဝှက်ချက်များရှိကြောင်း သိလိုက်ရချိန်တွင် အလွန့်အလွန် စိတ်အားထက်သန်သွားခြင်းဖြစ်သည်။
ကုန်းမြေကို ကပ်ဘေးက လွှမ်းမိုးလာသောအခါ လူအများစုက ထိုဝင်္ကပါကိုသုံးပြီး အခြားလောကမှ ကျူးကျော်လာသူများကို ကိုင်တွယ်ရန် တွေးခဲ့ကြသည်။ သို့သော် နောက်ဆုံးပြန်လည် ရရှိပြီး အစောပိုင်း အခိုက်အတန့်တွင် မရေမတွက်နိုင်အောင် မြောက်များသော အင်အားစုများနှင့် အရင်းအမြစ်များကို သုံးပြီး အမျိုးမျိုးသော အခွဲဝင်္ကပါပေါင်းများစွာကို ဖန်တီးနိုင်ခဲ့သည်။
တစ်လောကလုံး၏ ခွန်အားများကို စုစည်းပြီးနောက် အရှိန်အဝါမြင့် ဝင်္ကပါ၏ အကောင်းဆုံးနှင့် မူရင်းအဆန်ဆုံး အခွဲဝင်္ကပါတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ သို့သော် မြောက်များလှစွာသော ဝင်္ကပါ အခွဲပေါင်းများစွာအတွင်းမှ ထိုတစ်ခုတည်းကသာ ဘေးထွက်ဆိုးကျိုး နည်းခြင်းဖြစ်သည်။
ဝမ်ချောင်၏ လက်ချောင်းက စားပွဲပေါ် တတောက်တောက် ခေါက်နေသည်။ သူက ယုံကြည်မှုအပြည့်နှင့် အခိုင်အမာပြောသည်။
“အရှင် စိတ်အေးအေးထားပါ။ ငါအရာအားလုံးကို ကိုင်တွယ်ပြီးသား။ တုဝူစစ်လီရသွားတဲ့ ဝင်္ကပါကမှန်တယ်။ ဒါပေမဲ့ ငါက အချို့နေရာလေးတွေကို နည်းနည်းပြင်ဆင်ထားတယ်။ ဒါကြောင့် သူက လေ့ကျင့်ပြီး ရှာဖွေလေ့လာလေလေ သူနဲ့လေ့ကျင့်တဲ့သူတွေကို ထိခိုက်လေလေပဲ။ တဖြည်းဖြည်းနဲ့ သူ့ရဲ့ခွန်အားတွေကို ကြိတ်ချေသွားလိမ့်မယ်။ သူက ဘယ်တော့မှ ဒီဝင်္ကပါရဲ့ အစစ်အမှန် အဆင့်ကို ရောက်သွားမှာမဟုတ်ဘူး။ ဒါက ချန်းပင်းကို ဓားစာခံအဖြစ်ယူပြီး နိမ့်ကျတဲ့ဗျူဟာမျိုးကိုသုံးတဲ့အတွက် ငါသူ့ကို အပြစ်ပေးတာပဲ”
ဝမ်ချောင်က အများကြီး ရှင်းပြမနေချေ။
“ဝမ်ချောင် ငါမင်းကိုယုံတယ်”
ကောင်းရှန်းကျစ်၏ မျက်ဝန်းက လင်းလက်သွားသည်။ သူက ဆက်မမေးတော့ချေ။ ဝမ်ချောင်က မည်သို့လုပ်ခဲ့စေကာမူ သူက မည်သို့မည်ပုံ ဖန်တီးစေခဲ့ကာမူ တုဝူစစ်လီက အစစ်အမှန်ဝင်္ကပါကို မရသွားသမျှ အရာအားလုံး အဆင်ပြေသည်။ ထိုအရာကသာ သူအစိုးရိမ်ဆုံးဖြစ်သည်။
“ချန့်လီ၊ ယွမ်ချင် ခုခံမှုကို မြှင့်တင်ထားလိုက်။ အပုမူစလင်နဲ့ သာ့လွန်ရော့ကျန်းတို့က မပူးပေါင်းဘဲ ပြန်လည်မတိုက်ခိုက်လာနိုင်အောင် ကြိုးစားထားရမယ်။ ဒါ့အပြင် စစ်သားတွေကို ကောင်းကောင်း နားခိုင်းလိုက်ပါ”
“ဟုတ်ကဲ့အရှင်”
ထိုနှစ်ယောက်က ချက်ချင်းပြန်ဖြေသည်။
...
အစည်းအဝေးပွဲကို အနှစ်ချုပ်ပြီး လူတိုင်းထွက်ခွာသွားပြီးနောက် ဝမ်ချောင်က မတ်တပ်ထရပ်လိုက်သည့် အချိန်တွင် ရင်းနှီးကျွမ်းဝင်သော အသံကထွက်လာသည်။
“ဂုဏ်ယူပါတယ် အသုံးပြုသူ တာလာ့တိုက်ပွဲရဲ့ ပထမပိုင်းကို အောင်မြင်သွားတဲ့အတွက် ကံကြမ္မာ စွမ်းအင်အမှတ် ရှစ်ထောင်ရရှိပါတယ်”
သူ၏စိတ်အတွင်းသို့ ရွှေရောင်အလင်းတန်းက တိုးဝင်လာသည်။ ဝမ်ချောင်ဟာ သူ၏ခန္ဓာကိုယ်၏ ပြောင်းလဲမှုကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်က ပိုပြီးအင်အားကြီးလာပုံပေါ်သည်။ သူ၏ဆဲလ်များက အတက်စွမ်းအင်ဖြင့် ပေါက်ကွဲမတက် ပြင်းထန်လာသည်။
တစ်ချိန်ထဲတွင်ပင် သူ၏စိတ်ထဲတွင်လည်း အမျိုးမျိုးသော ပုံရိပ်များက ထွက်ပေါ်လာသည်။ တာလာ့၏ တိုက်ပွဲတစ်ခုလုံး... သူက ရောက်ရှိလာသည့် အခိုက်အတန့်မှ စတင်ပြီး နောက်ဆုံးအခိုက်အတန့်ထိ ပုံရိပ်ပေါင်းများစွာ၊ တိုက်ပွဲအခြေအနေ အားလုံးက မှင်သက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ပေါ်ထွက်လာသည်။
ကုန်းမြေ၏ ကြီးမားသော မြေပုံကြီးပေါ်တွင်လည်း ဆက်တိုက် လည်ပတ်ပြောင်းလဲနေသော သင်္ကေတပေါင်းများစွာက ပေါ်လာသည်။ နောက်ဆုံးတွင် ရွှေရောင်စကားလုံးလေးလုံး ရှစ်ထောင်ဆိုသော အခိုက်အတန့်တွင် ရပ်တန့်သွားလေသည်။
“တိုက်ပွဲရဲ့ ပထမအခိုက်အတန့်က အဆုံးသတ်သွားပြီ။ ဒုတိယအခိုက်အတန့်က စတင်တော့မယ်”
“သတိပေးချက်... အသုံးပြုသူက ရှုံးဖို့အလားအလာ အရမ်းကိုများနေပါတယ်”
“သတိပေးချက်... အသုံးပြုသူရဲ့ အခြေအနေက ရှုပ်ထွေးသထက် ရှုပ်ထွေးလာတယ်။ အစစ်အမှန် ပြိုင်ဘက်က အာရပ်တွေမဟုတ်ပါဘူး။ တာဝန်ကျရှုံးသွားခဲ့ရင် အသုံးပြုသူက အဖြစ်ဖြတ် ဖျက်ဆီး သုတ်သင်ခံရပါလိမ့်မယ်။ ဒါကြောင့် ရှင်သန်နိုင်ဖို့ ဘယ်နည်းလမ်းကိုမဆိုသုံးပါ”
“ဒုတိယအခိုက်အတန့်အတွက် အသုံးပြုသူက အောင်နိုင်သွားတဲ့အခါ ကံကြမ္မာစွမ်းအင်အမှတ် နှစ်သောင်းကိုရရှိပြီး ရှုံးနိမ့်သွားရင် ကံကြမ္မာစွမ်းအင်အမှတ် ရှစ်သောင်းကို အနုတ်ခံရပါမယ်။ အသုံးပြုသူက ရှင်သန်နိုင်ချေ အခွင့်အရေး အလွန့်အလွန် နည်းပါးနေပါတယ်။ အပိုထပ်ပေါင်း သတိပေးချက် နောက်ဆုံးအနိုင်ရပြီး တာလာ့ရဲ့ တိုက်ပွဲကို အဆုံးမသတ်နိုင်ခင်အထိ အသုံးပြုသူက နောက်ဆုတ်လို့မရပါဘူး။ နောက်ဆုတ်ရင် သေရပါမယ်။ တောင်တစ်တောင်ထဲမှာ ကျားနှစ်ကောင် မထိန်းထားနိုင်ပါဘူး။ အင်ပါယာနှစ်ခုက အနိုင်အရှုံးကို သေချာပေါက် ဆုံးဖြတ်ရပါမယ်”
ပထမတာဝန်အတွက် ဆုလဒ်ကို ချီးမြှင့်ပြီးနောက် ချက်ချင်းလိုလို ဝမ်ချောင်က သတင်းပေါင်းများစွာကို လက်ခံရရှိလိုက်သည်။ သူ၏အမူအရာက အံ့အားသင့်မှုကြောင့် တောင့်ခဲသွားသည်။ ကံကြမ္မာကျောက်တုံးဟာလည်း သူဟာချန်းပင်းကို ကယ်ဆယ်ပြီးနောက် ပထမတိုက်ပွဲ၏ အခိုက်အတန့် ပြီးဆုံးသွားကြောင်း ကြေညာလာသည့်အတွက် ထူးဆန်းသည်ဟု ခံစားနေရခြင်းဖြစ်သည်။ သို့သော် အထူးဆန်းဆုံး ကိစ္စကမူ ကံကြမ္မာကျောက်တုံးကပေးတဲ့ သတင်းအချက်အလက်များက ထိုသို့ပြောင်းလဲနေသည်။
တိုက်ပွဲက မနိုင်သေးဘူးလား။
ဝမ်ချောင်၏စိတ်က ကစဉ့်ကလျားဖြစ်သွားသည်။ သူဟာ ပဲ့ဟယ်မော့များကို ထိန်းချုပ်နိုင်သည်။ ကောင်းကင်ခစားခြင်း စစ်တပ်မှ တစ်ဝက်ကျော်ကျော်ခန့်ကို သတ်နိုင်ခဲ့သည်။ လက်ရွေးစင် အာရပ်စစ်တပ် တစ်ဝက်ခန့်ကို ချေမှုန်းနိုင်ခဲ့၏။ အပုမူစလင်နှင့် ကျစ်ရတို့ကလည်း လီတစ်ဆယ်ကျော် အကွာသို့ ဆုတ်သွားခဲ့ပြီး မည်သူကမှ အခွင့်အရေး မရတော့ချေ။ ဝမ်ချောင်ကလည်း ဒီလိုအခြေအနေမျိုးတွင်ဆိုလျှင် သူ၏လက်နက်ကြီးကိုမြှောက်ပြီး တိုက်ပွဲကို ကိုင်တွယ်လိုက်ရုံသာ လိုအပ်သည်ဟု ထင်ခဲ့၏။ သို့သော် ကံကြမ္မာကျောက်တုံး၏ ပြောစကားအရ တိုက်ပွဲဟာ စတင်ကာစသာ ဖြစ်မည်ဟု မထင်ထားမိချေ။
ငါ့ရဲ့အခြေအနေက ပိုပိုပြီးရှုပ်ထွေးလာတယ်။ ငါ့ရဲ့အစစ်အမှန် ပြိုင်ဘက်က အာရပ်တွေမဟုတ်ဘူး... ဒါကဘာကို ဆိုလိုတာလဲ။ အာရပ်တွေမှာ မဟာမိတ်တွေ ရှိနေတာလား။ ဒါပေမဲ့ အာရေးဗီးယား အင်ပါယာက ခုံးတောင်တန်း အနောက်ဘက်ပိုင်းမှာ အင်အားကြီးဆုံး အင်အားစုကြီးမဟုတ်လား။ သူတို့က အနီးအနားက တိုင်းပြည်တိုင်းကို အုပ်စိုးထားတာလေ။ ဘယ်လိုမဟာမိတ်တွေများ ရှိနေမှာလဲ။
ထိုအခြေအနေက ကံကြမ္မာကျောက်တုံးက ပေးသမျှ သတင်းအချက်အလက်များထဲတွင် စိတ်ရှုပ်ထွေးစရာ အကောင်းဆုံးဖြစ်သည်။ ဝမ်ချောင်ကလည်း တာလာ့ကတိုက်ပွဲက သူ၏ဝင်ရောက်စွက်ဖက်မှုကြောင့် ပြောင်းလဲသွားကြောင်း အာရုံခံမိသည်။ ထို့ပြင် သူက အလွန်အရေးကြီးသော တစ်စုံတစ်ရာကို မသိထားကြောင်း ခံစားလာရသည်။
ဒါပမေဲ့ အဲ့ဒါကဘာလဲ။
သူ၏စိတ်အတွင်း အတွေးများက မွှေနှောက်သွားသည်။ ဝမ်ချောင်က ထိုခန်းမမှ ထွက်ခွာသွားသည်။
...
အချိန်တစ်ခုကြာသည်အထိ ကံကြမ္မာကျောက်တုံးမှ အကြောင်းအရာများကို ဘေးဖယ်ထားလိုက်သည်။ တာလာ့မှ အနိုင်သတင်းက နောက်တန်းသို့ ခပ်မြန်မြန် ရောက်သွားသည်။ ထိုအခိုက်အတန့်တွင် ခုံးတောင်တန်း အရှေ့ဘက်ခြမ်းမှ အနောက်ပိုင်းဒေသ၏ တာလာ့နှင့် အနီးဆုံးမြို့ဖြစ်သည့် စွစ်ယဲ့တွင်...
“ဝမ်းသာစရာပဲ”
“အာရပ်တွေ ပြန်ဆုတ်သွားပြီ။ ထန်တွေက အာရပ်တွေကို ရှုံးအောင်လုပ်လိုက်နိုင်တယ်”
“ငါသိတယ် မဟာထန်က သေချာပေါက်နိုင်မှာ။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကောင်း အရှင်ကာကွယ်ရေး ဗိုလ်ချုပ်ကောင်း”
အစီအစဉ်မကျဖြစ်နေသော စွစ်ယဲ့က ယခုအခါ အောင်ပွဲခံသံများဖြင့် ပြည့်နှက်သွားပြီး မရေမတွက်နိုင်သော ကုန်သည်များက လမ်းပေါ်တွင် အပြည့်ဖြစ်လာသည်။ ပို၍ဆိုးသည်မှာ လူတွေထဲသို့ ပေါ်တင်ဝင်ရောက်ကာ ဒုက္ခပေးနေခဲ့သည့် ဓားမြများကလည်း ဒီအခွင့်အရေးကို အရယူပြီး သူတို့၏ ကိုယ်ပိုင်အကြံအစည်ကို ရှေ့တိုးလိုသည်။ သို့သော် သူတို့က စတင်ကာ နောက်ဆုတ်ကြရမည်ဖြစ်သည်။ အမိန့်က တစ်မြို့လုံးကို တဖြည်းဖြည်း ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။
မဟာထန်က အနောက်ပိုင်းနယ်မြေတွင် နှစ်ပေါင်းများစွာကြာအောင် အုပ်ချုပ်ခဲ့သည်။ သူတို့တွင် ဂုဏ်သိက္ခာအချို့ရှိသည်။ မဟာထန်သည် အာရပ်စစ်တပ် အနောက်ပိုင်းတူရကီနှင့် တိဗက်ပေါင်းစုံသော စစ်တပ်အင်အားကို အလဲထိုးနိုင်ကတည်းက အနောက်ပိုင်းနယ်မြေဟာ မဟာထန်၏ အုပ်ချုပ်မှုအောက်တွင် ဆက်ရှိနေကြာင်း ပို၍သိသာထင်ရှားသွားသည်။ ယခုလိုအခြေအနေတွင် ပြဿနာဆက်ရှာခြင်းက မဟာထန်၏ ရန်သူဖြစ်သွားနိုင်လေရာ အလွန့်အလွန် ဉာဏ်မရှိသော လုပ်ရပ်ဖြစ်သည်။
“သေစမ်း အာရပ်တွေက စစ်သည်သိန်းပေါင်းများစွာပါတယ်။ အန်းရှီကာကွယ်ရေးစစ်တပ်နဲ့ ချီရှီက မျိုးမစစ်တွေထက် အဆပေါင်းများစွာ များနေတာတောင် ရှုံးသွားသေးတယ်။ ဘယ်လိုပေါက်ကရနိုင်တဲ့ အခြေအနေမျိုးလဲ။ အသုံးမကျတဲ့ အမှိုက်တစ်သိုက်ပဲ”
စွစ်ယဲ့၏ အနောက်မြောက်ထောင့် တစ်နေရာ မြို့အပြင်ရှိလမ်းပေါ်တွင် မျက်လုံးတစ်ဖက်သာ ကောင်းမွန်ပြီး မုတ်ဆိတ်မွှေးအပြည့်နှင့်ဟူက တောင့်တင်းသန်မာသော မြင်းကြီးကိုစီးနေပြီး လက်ထဲတွင်လည်း ရှည်လျားကာ ထူးဆန်းသည့် ပုံသဏ္ဍန်နှင့် ဓားတစ်လက်ကိုကိုင်ထားသည်။ သူ၏မျက်နှာတွင် မုန်းတီးမှုအပြည့်ရှိနေသည်။
ထန်က အနောက်ပိုင်းဒေသကို နှစ်ပေါင်းများစွာကြာအောင် အုပ်စိုးခဲ့သည်။ သူတို့အနေဖြင့် ရှားရှားပါးပါး အားနည်းသွားသော အခွင့်အရေးကို မရရှိလာခြင်းဖြစ်သည်။ သို့တိုင်အောင် ယခုလို အချိန်တိုအတွင်း သံမဏိနှင့် သွေးအစိုးရဆိုသည့် နတ်ဘုရားတမျှ အင်အားကြီးမားသည့် အပုမူစလင်က ရှုံးသွားသည်။
“ခေါင်းဆောင် ငါတို့ဘယ်လိုလုပ်ကြမလဲ။ အာရပ်တွေက ငါတို့ကို ရွှေတွေငွေထည်တွေ ပေးထားပြီး နောက်တန်းမှာ ပြဿနာရှာခိုင်းထားတာ။ ငါတို့က သုံးလလောက်ထိ အနည်းဆုံး ထိန်းထားရမှာ။ ဒါပေမဲ့ အချိန်တောင်မပြည့်သေးဘူး”
ပိန်ပါးပြီး အကဲခတ်မြန်သည့် ဟူတစ်ယောက်က ခေါင်းငုံ့လျှက်ပြောသည်။
အာရပ်များက နောက်တန်းတွင် ပြဿနာရှာရန် အမျိုးမျိုးသော အဖွဲ့များကို ပိုက်ဆံအများကြီးသုံးပြီး လာဒ်ထိုးထားခဲ့သည်။ သူတို့ကလည်း နေ့တိုင်းလိုလို ခိုးဝှက်ပြီး ဓားမြတိုက်နေ၍မရချေ။ ထို့ကြောင့် ထိုလာဒ်ထိုးမှုများအားလုံးကို လူတိုင်းလိုလိုက သဘောတူ လက်ခံခဲ့ကြသည်။
“ဘာမှလုပ်စရာမလိုဘူး။ ဖန်းချန်းချင်က ကိုင်တွယ်ဖို့ လွယ်ကူတာမဟုတ်ဘူး။ သူက ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ် တုဝူစစ်လီက လွှတ်ထားပြီး သူ့ကိုသတ်ခိုင်းတဲ့လူတွေ အားလုံးဆီကတောင် လွတ်မြောက်ခဲ့သေးတာ။ ပိုဆိုးတာက သူက သူ့ဘက်ကို လူအချို့တောင် ဆွဲသွင်းလိုက်နိုင်သေးတယ်။ အခုလို အခြေအနေမျိုးမှာ သူ့ရဲ့ရန်သူလုပ်တာ မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် ကောင်းရှန်းကျစ်ကိုယ်တိုင်ကတင် ကိုင်တွယ်ရ မလွယ်ဘူးလေ။ နောက်ဆုတ် အာရပ်တွေအတွက်ကတော့... သူတို့ သူတို့ကိုယ်သူတို့ပဲ အပြစ်တင်ရတော့မှာပေါ့”
ထိုမျက်လုံးတစ်ဖက်နှင့်လူက အော်လိုက်သည်။
သူက အန်းရှီကာကွယ်ရေးဌာနချုပ်နှင့် လွှင့်ထူနေသောအလံကို တစ်ချက်ကြည့်ပြီးနောက် လက်ကိုယမ်းကာ လူများကို စွစ်ယဲ့မှ ဦးဆောင်ခေါ်ထုတ်သွားသည်။
မဟာထန်၏ အင်အားစုများ ရှိနေသေးသမျှ သူတို့က ရွှေးချယ်စရာမရှိဘဲ တွန့်ဆုတ်စွာနှင့် နောက်ဆုတ်ရပေလိမ့်မည်။
“ဝမ်းသာစရာပဲ”
စွစ်ယဲ့၏ အလယ်ဗဟိုနေရာတွင် ...မရေမတွက်နိုင်သော မိုးထိုးတက်နေသည့် အဆောက်အဦးပေါင်း များစွာ၏ အလယ်အကျဆုံး အဆောက်အဦးအတွင်းတွင် ထက်မြတ်ကာ ရှု့ထောင့်တိုင်းကို အလေးပေးထားလျှက် ခမ်းနားထည်ဝါစွာ ရှေးကျသောပုံစံဖြင့် တည်ဆောက်ထားသည့် စံအိမ်ကြီးတစ်ခုရှိသည်။
“အန်းရှီကာကွယ်ရေးဌာနချုပ်”
ထိုစကားလုံးများကို အနက်ခံပေါ်တွင် ရွှေထည်ဖြင့် ရေးဆွဲထားသည်။ အနောက်ပိုင်းနယ်မြေမှ အာဏာအမြင့်ဆုံး လူများနေထိုင်ရာ နေရာလည်းဖြစ်သည်။
ထိုအခိုက်အတန့်တွင် ဖန်းချန်းချင်က မြင့်မားလွန်းသော အဆောက်အဦးထဲတွင် ထိုင်နေသည်။ သူ၏လက်သီးက စိတ်လှုပ်ရှားမှုကြောင့် ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
“လူငယ်အမတ်မင်း မင်းလုပ်နိုင်မယ်ဆိုတာကို ငါသိတယ်”
ဖန်းချန်းချင်၏ မျက်လုံးက နီရဲလာသည်။ သူဟာ အလွန် စိတ်လှုပ်ရှားလာ၏။ ဝမ်ချောင်က သူ၏စစ်တပ်ကို စွစ်ယဲ့မှ ဦးဆောင်ခေါ်ထုတ်သွားပြီး ခုံးတောင်တန်းကို ကျော်လွန်သွားကတည်းက သူဟာ ထိုနေရာကို တောက်လျှောက် စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ အလွန့်အလွန်ကြာရှည်စွာ နှိပ်စက်မှုဒဏ်ကို ခံခဲ့ရပြီးနောက် နောက်ဆုံးတွင် သူအကြားချင်ဆုံးသတင်းကို ရလိုက်သည်။
အပုမူစလင်နှင့် အာရပ်များက အပြည့်အဝ နောက်ဆုတ်သွားခြင်း မရှိသေးသော်လည်း ဖန်းချန်းချင်အနေဖြင့် ဒီအနိုင်ဟာ လတ်တလောအတွင်း သူကြားသမျှ သတင်းထဲတွင် အကောင်းဆုံး သတင်းဖြစ်ကြောင်း အတည်ပြုနိုင်သည်။ အနည်းဆုံး အန်းရှီကာကွယ်ရေးစစ်တပ်က အဝိုင်းခံထားရခြင်း မရှိတော့သည့်အပြင် အကုန်အစင် အမြစ်ဖြတ် သုတ်သင်ခံရမည့် အနေအထားမျိုးတွင်လည်း မဟုတ်တော့ချေ။
“ဝမ်ချောင် ကျေးဇူးတင်ပါတယ်”
ဖန်းချန်းချင်၏ နှလုံးသားထဲတွင် ကျေးဇူးတင်စိတ်များက ပေါက်ကွဲလာသည်။
အခန်း(၁၀၁၄)
ဖလပ် ဖလပ်
နာရီပေါင်းများစွာ ကြာပြီးနောက် သိန်းငှက်တစ်ကောင်က ချီရှီသို့ ပျံသန်းသွားသည်။
“အရှင်အမတ် အရှင်အမတ် အရှင်အမတ်”
ချီရှီအနှံ့ အောင်ပွဲခံသံများက ပြည့်နှက်သွားပြီး စိတ်လှုပ်ရှားနေသော လူအုပ်က ကာကွယ်ရေးဌာနချုပ်၏ အပြင်ဘက်တွင် စုပြုံနေကြသည်။ ဝမ်ပေ့နှင့် စုဟန်ရွှမ်းတို့ နှစ်ယောက်လုံးက အလွန်စိတ်အေးသွားပုံပေါ်သည်။ စစ်တပ်က ခုံးတောင်တန်းကို ကျော်ဖြတ်သွားပြီးနောက် သူတို့က ဘာသတင်းမှ မကြားရတော့ချေ။ သို့သော် ယခုအခါ နောက်ဆုံးတွင် စိတ်ချနိုင်ပြီဖြစ်သည်။
“အမျိုးသမီးရွှီဆီ သတင်းပို့လိုက်ပါ”
စုဟန်ရွှမ်းက မြင့်မားသော တောင်ပေါ်တူရကီမြင်းကို စီးနင်းလျှက် ထိုသတင်းကို အသင့်စောင့်နေသော စီးနင်းသူကိုပို့ပြီး ဌာနချုပ်သို့ ခပ်မြန်မြန် ပျံသွားစေသည်။
ဌာနချုပ်အတွင်းတွင် သစ်သားတံခါး၏ဘေးတွင် ထိတ်လန့်စွာ ရပ်နေသော အမျိုးသမီး အစေခံပေါင်း များစွာရှိသည်။ သူတို့က စားစရာပန်းကန်များ၊ ရေနွေးကြမ်းပန်းကန်များကို ကိုင်ထားကြသည်။ တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာတွင် စိုးရိမ်မှုများကို မြင်နိုင်သည်။ တစ်စုံတစ်ယောက်က အက်ကြောင်းရာမှတဆင့် အခန်းအတွင်းသို့ ချောင်းကြည့်သည်။ သို့သော် ဘာကိုမှ မလုပ်နိုင်ပါချေ။
အဟွတ် အဟွတ်
အခန်းအတွင်းမှ ပြင်းထန်သည့် ချောင်းဆိုးသံကသာ ဆက်တိုက် ထွက်ပေါ်လာသည်။ အစေခံများက ပို၍သာ စိုးရိမ်လာရသည်။
“ငါတို့ဘယ်လိုလုပ်ကြမလဲ သခင်မလေးက တစ်နေ့လုံးမထွက်လာဘူး။ ချောင်းဆိုးသံက ပိုပြင်းထန်လာတယ်။ မနေ့ကထက်တောင် ပိုဆိုးလာသေးတယ်။ သခင်မလေး တစ်ခုခုဖြစ်သွားခဲ့ရင် ငါ...”
အစေခံတစ်ယောက်၏ မျက်လုံးက ချောင်းဆိုးသံကြောင့် နီရဲသွားသည်။ သူမ၏မျက်ဝန်းများက နာကျင်ကိုက်ခဲနေပုံပေါ်သည်။ သို့သော် ရွှီချီချင်ကို နှောက်ယှက်မိမည်ကို စိုးရိမ်သဖြင့် စကားအကျယ်ကြီး မပြောရဲချေ။ သူမ၏အနီးအနားမှ အခြားသော အစေခံများအားလုံးကလည်း ဘာစကားမှမဆိုကြပါချေ။ သို့သော် သူတို့၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများကို အထင်းသား ဖော်ပြနေကြသည်။
အခန်းအတွင်းတွင် အလှပြင်စားပွဲတစ်လုံး၊ စာရေးစားပွဲတစ်လုံး၊ ကုတင်တစ်ခုကလွဲပြီး အခြား မည်သည့်အရာမှမရှိပါချေ။
ရွှီချီချင်က စားပွဲအရှေ့တွင် ထိုင်နေသည်။ သူမ၏ရှေ့တွင် မှတ်တမ်းလွှာများက တောင်ပုံရာပုံ ရှိနေသည်။ သူမက ပါးလျသော အဖြူရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ သူမမျက်နှာက ဖြူဖျော့နေပြီး သွေးစွမ်းအား ကင်းမဲ့နေသည်။ သူမက ရှေ့မှ မှတ်တမ်းများကိုသာ အာရုံစိုက်ထားသည်။
“ကျန်းကလန်ကို အကြောင်းကြားပြီး တာလာ့ဆီ ရိက္ခာတွေ မြန်မြန်ပို့ခိုင်းရမယ်။ ဗဟိုပြင်ကျယ်က စစ်သည်တော်တွေက အနောက်ပိုင်းနယ်မြေက လူတွေနဲ့ ခြားနားတဲ့အကျင့်စရိုက် ရှိတယ်။ သူတို့က အမဲသားနဲ့သိုးသားတွေ စားပေမဲ့လည်း ဆန်မရှိဘဲ ရေရှည်အလုပ်မဖြစ်ဘူး”
“ဒီစစ်မြင်းနှစ်သိန်းရဲ့ အခြေအနေက ဘယ်လိုလဲ။ အင်ပါယာခုံရုံးရဲ့ အင်ပါယာမြင်းဌာနရဲ့ ကြီးကြပ်သူက ဘာလို့လူလွှတ်ပြီး မယူခိုင်းသေးတာလဲ။ အရာရှိတွေ မရောက်သေးတာလား။ ပြန်စာမရောက်သေးတာလား”
“နောက်ပြီး ချီရှီကာကွယ်ရေး စစ်တပ်နာမည်နဲ့ လက်မှုပညာရှင်တွေ စုဆောင်းဖို့ ငါ့ရဲ့အမိန့်ကိုထုတ်လိုက်။ စီနီယာကျန်းရှို့ကျစ်က သူနဲ့အတူ တာလာ့ကို လက်မှုပညာရှင်တွေ အများကြီးခေါ်သွားတယ်။ သူတို့ ဘယ်လောက်ထိ ဆုံးရှုံးသွားမလဲဆိုတာကို ငါတို့ မသိနိုင်သေးဘူး။ ပိုဆိုးတာက တိဗက်နဲ့ တူရကီတွေက အချိန်မရွေး ချီရှီကို တိုက်ခိုက်လာနိုင်တယ်။ ဒီတော့ ငါတို့က သေးငယ်တဲ့ သံမဏိခံတပ်နှစ်ခုကို ခပ်မြန်မြန် တည်ဆောက်ရမယ်”
“ငါအရင်ကမှာပြီး ခန့်အပ်ထားတဲ့ သင်္ကေတထွင်းထုတဲ့ ဆရာသခင်တွေ အားလုံးကိုလည်း ဝူရှန်းရဲ့ သံမဏိမြို့ကို ပို့ပေးသင့်တယ်။ စစ်ပွဲမှာ လက်မှုပညာရှင်တွေပဲ လိုအပ်တာမဟုတ်ဘူး။ သင်္ကေတထွင်းထုတဲ့ ဆရာသခင်တွေကိုလည်း လိုအပ်တယ်။ အနာဂတ်မှာ သူတို့ရဲ့ အထောက်အပံ့တွေကို လိုအပ်လာလောက်တယ်။ ဒါ့အပြင် မဟာကလန်ကြီးတွေကို ကြီးကြပ်ပြီး သူတို့ရဲ့ လက်နက်သွန်းလုပ်တဲ့အရှိန်ကို မြှင့်ခိုင်းရမယ်”
အမိန့်တစ်ခုပြီးတစ်ခုက ထွက်လာသည်။ အချို့သော စကားကို ပါးစပ်ဖြင့်ပြောပြီး အချို့သော အမိန့်များကို စာဖြင့်ရေးသည်။ အပေါ်ယံတွင် ချီရှီက စုဟန်ရွှမ်းနှင့် ဝမ်ပေ့တု့ိ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်ဟု ထင်ရသော်လည်း ချီရှီကာကွယ်ရေးစစ်တပ်၏ အနှစ်ချုပ်က အားနည်းသော အမျိုးသမီးဖြစ်ကြောင်း လူတိုင်းက နားလည်သည်။
သူမက မင်းသမီးတစ်ယောက်သာ ဖြစ်သော်လည်း ရွှီချီချင်၏ တည်ရှိမှုက ချီရှီကို အစီအစဉ်တကျ ဖြစ်နေစေပြီး စည်းကမ်းတကျ ဖြစ်နေစေသည်။ ထို့ကြောင့် သူတို့ကလည်း အန်းရှီရှိ ဖန်းချန်းချင်ကို ကူညီထောက်ပံ့ရန် အပိုအင်အား ရှိနေခြင်းဖြစ်သည်။ သို့ရာတွင် ရွှီချီချင်က အမိန့်များထုတ်လေလေ သူမ၏မျက်နှာက ဖြူဖျော့လာလေလေ ဖြစ်လာသည်။ သူမက ကျန်းမာရေးမကောင်းသည်မှာ ရှင်းလင်းနေသည်။
အဟွတ် အဟွတ်
မှတ်တမ်းတစ်ဝက်ခန့်ကို ကိုင်တွယ်ပြီးနောက် ရွှီချီချင်က နောက်ဆုံးတွင် ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့ဘဲ ပြင်းပြင်းထန်ထန် ချောင်းဆိုးပြန်သည်။ သူမ၏ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်နေသည်။
“သခင်မလေး စစ်ပွဲက အရေးကြီးပေမဲ့လည်း သခင်မလေးရဲ့ ကျန်းမာရေးကလည်း အရေးကြီးပါတယ်။ ဒီတိုင်းဆက်ဖြစ်နေရင် သခင်မလေးရဲ့ ခန္ဓာကိုယ်က ပြိုလဲကျသွားလိမ့်မယ်။ သခင်မလေး နောက်တန်းက ကိစ္စတွေကို မစိုးရိမ်နေပါနဲ့။ ကျွန်တော်မျိုးမရဲ့စကားကို နားထောင်ပါ။ တစ်ခုခုစားပြီး အရင်နားလိုက်ပါ”
ရှောင်ကျူက ရွှီချီချင်၏အနောက်မှ ရုတ်တရက် ထွက်ပြောလာသည်။ ရွှီချီချင်၏ကျောကို ကူညီကာ ဖိနှိပ်ပေးနေပြီး ပါးပြင်ကို စိုးရိမ်တကြီး စမ်းကြည့်နေသည်။ သူမ၏ပါးပေါ်တွင်လည်း စိုးရိမ်မှုကြောင့် မျက်ရည်များက ဆက်တိုက်စီးကျလာသည်။
“ရှောင်ကျူ ငါ့မှာနားဖို့အချိန်မရှိဘူး။ တာလာ့မှာ စစ်သည်တစ်သိန်း ရှိနေသေးတယ်။ သူတို့က ချီရှီနဲ့ လုံရှီက မရေမတွက်နိုင်တဲ့ ပြည်သူတွေရဲ့အသက်နဲ့ ဆက်စပ်နေတာ။ ငါသူတို့ရဲ့ ရိက္ခာတွေနဲ့ တပ်ကူတွေကို အချိန်မှီရောက်အောင် လုပ်ပေးဖို့ ကြိုးစားရမယ်။ နင်စိုးရိမ်ဖို့မလိုပါဘူး။ ငါ့ခန္ဓာကိုယ်ရဲ့ အခြေအနေကို ငါသိပါတယ်။ ငါထိန်းနိုင်သေးတယ်”
အဟွတ် အဟွတ် အဟွတ်
ရွှီချီချင်က ပို၍သာ ချောင်းဆိုးလာသည်။ သူမ၏အခြေအနေက ယခင်ထက်ပိုဆိုးလာသည်။
“သတင်းပို့”
ထိုအခိုက် သတင်းပို့တစ်ယောက်က တံခါးကိုတွန်းဖွင့်လာပြီး အပြေးအလွှား ဝင်လာကာ မြေပြင်တွင် ဒူးထောက်သည်။
“တာလာ့က စာရောက်လာပါတယ်။ အရှင်အမတ်မင်းက အပုမူစလင်ကို အနိုင်ယူလိုက်ပြီး အာရပ်စစ်တပ်ကို တာလာ့ဆီကနေ ဆုတ်ခွာသွားအောင် ဖိအားပေးနိုင်ခဲ့ပါတယ်”
“ဘာ”
ထိုစကားလုံးများကြောင့် သခင်နှင့် အစေခံ နှစ်ယောက်လုံးက အံ့အားသင့်မှုကြောင့် တုန်ယင်သွားသည်။ သူတို့၏မျက်နှာတွင် ပျော်ရွှင်မှု၊ တောက်ပမှုများကို မြင်နိုင်သည်။
“မြန်မြန် မြန်မြန် ငါ့ကိုပြစမ်း”
ရွှီချီချင်က ထိုင်ခုံမှ ခပ်မြန်မြန်ထရပ်ပြီး သတင်းပို့၏အနားသို့ လျှောက်သွားသည်။
စာကိုယူပြီးနောက် ရွှီချီချင်က ထပ်ခါတလဲလဲဖတ်ပြီး အကြောင်းအရာများက မှန်ကန်ကြောင်း အတည်ပြုလိုက်နိုင်သည်။
“တာလာ့မှာနိုင်သွားပြီ ငါတို့တကယ်နိုင်သွားတယ်”
ရွှီချီချင်၏မျက်နှာတွင် စိတ်လှုပ်ရှားမှုကြောင့် သွေးရောင်ပြန်လွှမ်းလာပြီဖြစ်သည်။ သူမ၏ ခန္ဓာကိုယ် အခြေအနေကလည်း တိုးတက်လာပုံပေါ်သည်။
...
ချီရှီမှ စိုက်ကြည့်မည်ဆိုလျှင် ဝေးကွာသော တစ်နေရာတွင် လုံရှီရှိသည်။ လုံရှီကို ကျော်ဖြတ်လိုက်လျှင် ခမ်းနားကြီးမား စည်ကားသည့် အင်ပါယာမြို့တော်ကြီးရှိသည်။
ဘုန်း
တာလာ့တွင် အနိုင်ရသွားသော သတင်းက ရေကန်ထဲသို့ ကျောက်တုံးကြီး ပစ်ချလိုက်သလို ဖြစ်သွားသည်။ ထိုသို့ဖြင့် မြို့တော်တစ်ခုလုံးအနှံ့ ကြီးမားသော လှိုင်းလုံးကြီးများ တိုက်ခတ်သွားလေပြီး ခုံရုံးအတွင်းသို့ ပစ်ဝင်ကာ တစ်မြို့လုံးကို အုပ်အော်သောင်းနင်း ဖြစ်သွားစေသည်။
“ဟား ဟား ဟား နိုင်တယ် နိုင်တယ် နိုင်တယ်”
“မဟာထန်နိုင်သွားတယ် မဟာထန်နိုင်သွားတယ် ဝမ်ကလန်ရဲ့ အငယ်ဆုံးသားက ထန်စစ်တပ်ကို ဦးဆောင်သွားနိုင်ခဲ့တယ်။ အရေအတွက်က အပြတ်အသပ် သာနေရင်တောင်မှ သူက အာရပ်၊ တူရကီနဲ့ တိဗက်တွေရဲ့ ပေါင်းစုံစစ်တပ်ကို အနိုင်ယူနိုင်ခဲ့သေးတာပဲ”
“ငါမှန်တယ်မဟုတ်လား ဝမ်ကလန်ရဲ့ အငယ်ဆုံးသားက အင်ပါယာရဲ့ ထောက်တိုင်ပဲ။ မဟာထန်က ဒီလောက်ကြီးကျယ်မြင့်မြတ် ခမ်းနားတာ။ အရှင်မင်းကြီးကလည်း ကြီးကျယ်မြင့်မြတ် ခမ်းနားတယ် ဟား ဟား ဟား”
အဆင့်ဆင့်သော လူမှုအသိုင်းအဝိုင်းတိုင်းက ပျော်ရွှင်တက်ကြွနေကြသည်။ တိဗက်နှင့် တူရကီများက စစ်သည်တော်များနှင့်အတူ ရောက်သွားသည်ဆိုသော သတင်းက အင်ပါယာခုံရုံး တစ်ခုလုံးကို မသက်မသာဖြစ်စေခဲ့သည်။ မရေမတွက်နိုင်သော မျက်ဝန်းပေါင်းများစွာကလည်း ခုံးတောင်တန်းမှ ထိုဗျူဟာခံတပ်ကိုသာ ဆက်တိုက် အာရုံစိုက်နေခဲ့ကြခြင်းဖြစ်သည်။ ကာကွယ်ရေးဗိုလ်ချုပ် နှစ်ယောက်နှင့် သူတို့၏စစ်တပ်... ခြားနားသော အင်အားစုလေးခုတို့က ထိုတိုက်ပွဲတွင် ဝင်ပါနေကြသည်။ မရေမတွက်နိုင်သော လူပေါင်းများစွာက ထိုတိုက်ပွဲ၏ သက်ရောက်ခံရမည်ဖြစ်သည်။
ချီရှီမှအန်းရှီ ထို့နောက် ခုံးတောင်တန်း... အနောက်မြောက်ပိုင်းမှ ရသမျှ မဟာထန်မှ စစ်သားတိုင်းက ထိုတိုက်ပွဲတွင် ဝင်ပါနေခဲ့သည်။ တာလာ့ကသာ ရှုံးသွားခဲ့လျှင် အန်းရှီ၊ ချီရှီကလည်း ထိန်းထားနိုင်မည်မဟုတ်ချေ။ ထို့နောက် လုံရှီကပင် အာရပ်များ၏ ခြိမ်းခြောက်မှုကို ခံရပေလိမ့်မည်။
ခုံးတောင်တန်း အနောက်ဘက်ပိုင်းမှ တိုင်းပြည်တစ်ပြည်အတွက် အနီးအနားရှိ လုံရှီကို ခြိမ်းခြောက်နိုင်ခြင်းက မဟာထန် ကြုံခဲ့ဖူးသမျှ ကိစ္စထဲတွင် အရှက်ခွဲခံရသည့် အကြီးမားဆုံး အခိုက်အတန့်ဖြစ်သည်။
သို့ရာတွင် အင်ပါယာခုံရံးကို အစိုးရိမ်စေဆုံး ကိစ္စက အာရေးဗီးယား၊ ယွီစန်းနှင့် အနောက်ပိုင်းတူရကီ ခါကာနိတ်တို့ အကြားမှ မဟာမိတ်ဖြစ်သည်။ ဒါဟာ အင်အားကြီးမားသော မဟာမိတ်ဖြစ်ပြီး မည်သူကမဆို ကောင်းကောင်းပင် မအိပ်နိုင်ကြချေ။ သို့သော် ယခုမူ မဟာထန်က နိုင်သွားသည်။ ဒါက ယာယီအနိုင်သာ ဖြစ်နေသည့်တိုင်အောင် လူတိုင်းက အောင်ပွဲခံရန် လုံလောက်နေသည်။
“ဝမ်းသာစရာပဲ ဝမ်ချောင် မင်းကဒီဘုရင်ကို စိတ်မပျက်စေဘူး”
ထိုအခိုက် ဘုရင်စုန့်၏ စံအိမ်အတွင်းတွင် ဘုရင်စုန့်က တာလာ့မှသတင်းကို အောက်သို့ ပစ်ချလိုက်သည်။ သူ၏မျက်ဝန်းက ဖော်ပြရန်ခက်ခဲသော ဂုဏ်ယူမှုများနှင့် တောက်ပလာသည်။
ဘုရင်စုန့်သည် သူ၏ဘဝတွင် ကိစ္စပေါင်းများစွာ လုပ်ခဲ့ဖူးသည်။ ထိုထဲတွင် စစ်တပ်ကို ထောက်ပံ့ခြင်းအပါအဝင် နယ်စပ်မှဗိုလ်ချုပ်များကို နောက်ခံအဖြစ် ကူညီပေးခြင်း၊ အင်ပါယာနယ်မြေ ချဲ့ထွင်ရန် ကူညီပေးခြင်းနှင့် အင်ပါယာမှ ဗျူဟာများကိုသုံးပြီး နယ်စပ်မှရန်သူများကို ထောက်ပံ့ကူညီပေးခြင်းတို့ကို လုပ်ခဲ့ဖူးသည်။ သူ၏ဘဝတွင် သူက လူပေါင်းများစွာကို ကူညီထောက်ပံ့ပေးပြီး လူပေါင်းများစွာကလည်း နိုင်ငံရေးရာ ကပ်ဘေးပေါင်းများစွာကို ဖြေရှင်းနိုင်ခဲ့သည်။ ဂိုဂူလျောနှင့် အရှေ့ပိုင်းတူရကီ ခါကာနိတ်၏ အရှေ့မြောက်ပိုင်းမှ စစ်ပွဲဖြစ်လာသောအခါ သူက အရေးပါလွန်းသော ရိက္ခာများ အချိန်မှီရောက်နိုင်ရန်အလို့ငှာ နေ့ရက်ပေါင်းများစွာ မအိပ်နိုင် မစားနိုင်နှင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ပေးခဲ့သည်။ ဒီနည်းအားဖြင့် စစ်တပ်၏ တိုက်ခိုက်လိုစိတ်ကို မြှင့်တင်စေပြီး ထိုစစ်ပွဲအခြေအနေကို ပြောင်းလဲနိုင်ရန် မျှော်လင့်ခဲ့သည်။
သို့သော် ထိုအခိုက်အတန့်တွင် ဘုရင်စုန့်၏ဘဝတွင် ဂုဏ်အယူရဆုံး အခိုက်အတန့်ကို ပြောပြပါဆိုလျှင် ဝမ်ချောင်ကိုရှာတွေ့ခဲ့ပြီး သူ့ကို နောက်ခံအဖြစ်ယူကာ ထောက်ပံ့ပေးခဲ့သော အခိုက်အတန့်ဖြစ်လောက်သည်။
“ငါ ငါ့ရဲ့ဘဝကိုသုံးပြီး တိုင်းပြည်ကောင်းစားဖို့အတွက် ထောက်ပံ့ပေးဖို့ ဆန္ဒရှိတယ်။ အဲ့ဒီလိုမှမဟုတ်ရင် ဒီလူက ကပ်ဘေးကို ရင်ဆိုင်ရတာကထွက်ပြေးပြီး ကံကောင်းမှု ချဉ်းကပ်လာတဲ့အခါ အပြေးလာနိုင်ပါ့မလား။ ဝမ်ချောင် မင်းကတကယ်ကို အမတ်တွေအပြည့်ရှိနေတဲ့ ကလန်က ဂုဏ်ယူရတဲ့သားပဲ။ မင်းရဲ့တည်ရှိမှုက အင်ပါယာအတွက်ရော၊ တိုင်းပြည်အတွက်ရော၊ လူမျိုးတွေအတွက်ပါ ကံကောင်းခြင်းဖြစ်တယ်”
ဘုရင်စုန့်က သူ၏ဘေးနားရှိ မှတ်တမ်းလွှာများကိုကြည့်ရင်း သူ၏နှလုံးသားအတွင်း ငြိမ်းအေးမှုက ထင်ရှားလာသည်။
“ငါ ငါ့ရဲ့ဘဝကို တိုင်းပြည်ကောင်းစားဖို့အတွက် ပေးဖို့ဆန္ဒရှိတယ်ဆိုမှတော့ ဒီလူက ကပ်ဘေးကို ရင်ဆိုင်ရတဲ့အချိန်မှာ ထွက်မပြေးတဲ့အပြင် ကံကောင်းမှုရောက်လာမှ အပြေးရောက်လာတဲ့ လူမျိုးလည်းမဟုတ်ဘူး”
ထိုစကားက ဝမ်ချောင်ကသူ၏ စာဖတ်ခန်းအတွင်းတွင် ချိတ်ဆွဲထားသော ကျောက်စာပြားလေးဖြစ်သည်။ ဝမ်ချောင်ရှိမနေသော အချိန်တွင် ဘုရင်စုန့်က ဝမ်ကလန်သို့ တစ်ကြိမ်သွားရင်း စာဖတ်ခန်းထဲသို့ ဝင်ခဲ့ဖူးသည်။ ထိုအချိန်က ထိုကျောက်စာပြားကိုမြင်ပြီး ရတနာဖြင့်ယူကာ သူ၏စံအိမ်သို့ ယူလာခဲ့ခြင်းဖြစ်သည်။ အနောက်တောင်ပိုင်းက စစ်ပွဲတွင်ဖြစ်စေ၊ တာလာ့၏ စစ်ပွဲတွင်ဖြစ်စေ ဝမ်ချောင်က ထိုစာသားများအတိုင်း လုပ်ဆောင်နိုင်ခဲ့သည်။
“ဝမ်ချောင် သွား မင်းရဲ့အတောင်တွေကိုဖြန့် ထန်မင်းဆက်အတွက် ကောင်းကင်အထိ ထိုးတက်ပျံသန်းလိုက်။ မင်းရဲ့နောက်ခံအနေနဲ့ ငါကမင်းကို ထောက်ပံ့ဖု့ိပဲ တက်နိုင်မယ်။ လူငယ်ဘယ်လောက်များများက မင်းကိုတားဆီးဖို့ ကြိုးစားကြပါစေ ငါကမင်းရဲ့လမ်းကို တစ်ယောက်မှ ပိတ်ခွင့်မပြုဘူး”
ဘုရင်စုန့်က ခေါင်းလှည့်ပြီး ပြတင်းပေါက် အပြင်ဘက်သို့ကြည့်သည်။ လျှပ်စီးများကလက်ပြီး မိုးများက ခြိမ်းနေသေးသည်။ အနက်ရောင် တိမ်စိုင်များက စုဝေးလာသည်။ ဒါက မုန်တိုင်းလာမည့် လက္ခဏာဖြစ်သည်။ သို့သော် ဘုရင်စုန့်၏ မျက်ဝန်းကမူ လျှပ်စီးထက်ပင် တောက်ပနေသေးသည်။
...
အန်းရှီ၊ ချီရှီမှ အခြေအနေများကို ဘေးဖယ်ထားလိုက်လျှင် ထန်မင်းဆက် အင်ပါယာခုံရုံးအတွင်းတွင်မူ ပထမတိုက်ပွဲ၏ အနှစ်ချုပ်ရောက်လာပြီးနောက် အားလုံးက စိတ်လှုပ်ရှား တက်ကြွနေကြသည်။ အဝေးရှိ တာလာ့မှ ခုံးတောင်တန်း အနောက်ဘက်ခြမ်းတွင် ရှားပါးသော ငြိမ်းချမ်းသွားသည့် အခိုက်အတန့်က ကြီးစိုးနေသည်။ ယွီစန်းပင်ဖြစ်စေ၊ တူရကီများပင်ဖြစ်စေ၊ အာရပ်များပင်ဖြစ်စေ အားလုံးက လီတစ်ဆယ်ကျော်အထိ ဆုတ်ထားကြသည်။ ယခုလိုရှားပါးသော အခွင့်အရေးမျိုးတွင် ထန်မင်းဆက် စစ်တပ်နှင့် အနောက်ပိုင်းနယ်မြေမှ ကြေးစားစစ်သားများ အားလုံးက ပြန်လည်စုစည်းကြပြီး ခံတပ်ကို အင်အားဖြည့်တင်းနိုင်သမျှ အရာအားလုံးကို လုပ်နေကြသည်။
ပိုင်နက်နယ်မြေကို ကြီးမားသော သားရဲကြီးများက ဖျက်ဆီးသွားသောကြောင့် တစ်ခုချင်းစီ ပြန်လည်ကိုင်တွယ်ရန် လိုအပ်နေသည်။ သံမဏိခုခံရေး အားလှိုင်းများကိုလည်း ခပ်မြန်မြန် ပြင်ဆင်ပြီး အရာအားလုံးကို မြေမျက်နှာသွင်ပြင်အရ ပြောင်းလဲရန် လိုအပ်လာသည်။ ဒါက တစ်ဖြောင့်တည်း ဖန်တီးရန်လောက် မရိုးရှင်းတော့ချေ။ တစ်ချိန်ထဲတွင်ပင် ကျန်းရှို့ကျစ်နှင့် အခြားသော လက်မှုပညာရှင်များ အားလုံးကလည်း အကောင်းဆုံးကြိုးစားပြီး တာလာ့မြို့၏ ခုခံမှုကို မြှင့်တင်နေရသေးသည်။ တစ်ချိန်ထဲတွင်ပင် သူတို့က ထန်မင်းဆက်၏ လက်နက်ကြီးများနှင့် အခြားသော လက်နက်များအားလုံးကို ပြင်ဆင်နေရသေးသည်။
အရာအားလုံးက အကြံအစည်တိုင်း ဖြစ်လာသည်။ နေ့စဉ်နှင့်အမျှ တိုးတက်မှုများက မြင့်မားလာသည်။
တာလာ့က အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း အောက်ဘက်တွင်မူ စစ်ပွဲ၏ လှိုင်းလုံးများက လိမ့်တက်နေသေးသည်။
တာလာ့၏ အနောက်ဘက်ခြမ်း လီခြောက်ဆယ်မှ ခုနှစ်ဆယ်အဝေးတွင် စိမ်းလန်းသော တောအုပ်ကြီးရှိသည်။ ထိုတောအုပ်က နယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားသည်။ မိုးထိုးနေသော သစ်ပင်များက ကောင်းကင်ထိတိုင် ထိုးဝင်နေသည်ဟု ထင်ရပြီး တစ်ပင်ချင်းစီတိုင်းက လူနှစ်ယောက် လက်မောင်းချင်းဖြန့်ကာ ဖက်ထားသော အတိုင်းအတာထက်ပင် ထူထည်းသေးသည်။ ခုံးတောင်တန်း အနောက်ဘက်ခြမ်းသို့ သွားသော ထိုနယ်မြေများက လွင်ထီးခေါင်နယ်မြေများ များလာသည်။ ထိုနေရာတွင် ရှေးကျလွန်းသော သစ်ပင်ကြီးများကသာရှိသည်။ ထိုနေရာကို အမှောင်တောအုပ်ဟုခေါ်သည်။
အခန်း(၁၀၁၅)
“ဘယ်လိုလဲ အင်ပါယာက ဘာသတင်းရသေးလဲ”
အမှောင်တောအုပ်အတွင်းမှ အသံတစ်သံ ထွက်လာသည်။ အပုမူစလင်က အမှောင်တောအုပ် တောက်လျှောက် ဖောက်ထားသော တရားဝင်လမ်းပေါ်တွင်ရှိသည့် အမည်မသိရသော ရုပ်ထု၏ အကြွင်းအကျန်များပေါ်တွင် ထိုင်နေခြင်းဖြစ်သည်။ ပိုးသားလမ်းက ကုန်သည်များအတွက် လမ်းဖြစ်သည်။ အမှောင်တောအုပ်ကမူ ကုန်သည်များ မကြာခဏ အနားယူသော နေရာဖြစ်သည်။ ထို့ကြောင့် ကုန်သည်ပေါင်းများစွာက သူတို့ကိုကာကွယ်ရန် နတ်ဘုရားအမျိုးမျိုး၏ ရုပ်ထုပေါင်းများစွာကို တည်ဆောက်ထားလေ့ရှိသည်။
ထိုရုပ်ထုများထဲမှ အများစုကမူ ရွှေ၊ငွေများနှင့် ပတ်သတ်သည့် ကြွယ်ဝခြင်းနတ်ဘုရားဖြစ်သည်။ ကုန်သည်တိုင်းက ထိုနေရာတွင် မကြာခဏဆိုသလို နတ်ဘုရားရုပ်ထုများကို ထားရစ်ခြင်းဖြင့် အမှောင်တောအုပ်၏ ရှုခင်းတစ်စိတ်တစ်ပိုင်း ဖြစ်လာစေသည်။ သို့ရာတွင် ထိုရုပ်ထုများကို ရှု့စားရန် လာရောက်သော လူပမာဏက အလွန့်အလွန်နည်းပါးသည်။
အပုမူစလင်ပင်ဖြစ်စေ၊ ကျစ်ရပင်ဖြစ်စေ ထိုရုပ်ထုများကိုရှု့စားရန် အချိန်မရှိချေ။ တာလာ့၏တိုက်ပွဲတွင် တာလာ့လက်ရွေးစင် တစ်သိန်းက သေဆုံးသွားခဲ့သည်။ ဒီပဲ့ဟယ်မော့ စစ်တပ်ကလည်း အလုံးစုံ ရှင်းလင်းပစ်ခံရသည်။ ကောင်းကင်ခစားခြင်း စစ်တပ်ကလည်း အများကြီး အထိနာသွားခဲ့သည်။ အရေးကြီးဆုံး အချက်ကမူ အင်ပါယာမှ မျက်နှာအပေးခံရဆုံး အရာရှိမာစီက သေသွားခဲ့ခြင်းဖြစ်သည်။
သူတု့ိနှစ်ယောက်၏ နှလုံးသားက လေးလံနေသည်။
ခိုရာစန်းမှစတင်ပြီး ဆမ်ဆာခမ်းအထိ အာရပ်မြင်းတပ်များက ရပ်တန့်၍မရနိုင်သော ပုံစံမျိုးဖြင့် ဦးဆောင်ခဲ့ကြသည်။ ထိုသို့ဖြင့် အဖွဲ့အစည်းပေါင်းများစွာကို ဖျက်ဆီးခဲ့သည်။ သို့သော် တာလာ့တွင် သူတို့နှစ်ယောက်က မယုံနိုင်စရာကောင်းသည့် အရှုံးဖြင့် အထိနာသွားသည်။
“ကျွန်တော်အဆက်အသွယ် ရပြီးပြီ။ တာစုယဲ့အစိုးရ ချွီထေပါးနဲ့ ကာရီယိုရဲ့အစိုး အော့စမန်းတို့က တုန့်ပြန်လာကြတယ်။ သူတို့ကလည်း တာလာ့မှ အခြေအနေကိုကြားတော့ သူတို့ရဲ့ လက်ရွေးစင် အင်အားစုတွေကို ဦးဆောင်ပြီး အမြန်ဆုံး ချီတက်လာမယ်လို့ပြောတယ်။ အများဆုံး တစ်လအတွင်း ရောက်လာလိမ့်မယ်။ နောက်ပြီး သူတို့က အရှေ့ပိုင်းနဲ့ တစ်ခါမှ အဆက်အစပ်မလုပ်ဖူးတော့ ထန်မင်းဆက်ကို တော်တော်လေး စိတ်ဝင်စားနေတဲ့ပုံပဲ”
ကျစ်ရကပြောသည်။
တာစု၏အစိုးရ ရွှီထေပါးနှင့် ကာရီယို၏အစိုးရ အော့စမန်းတို့က ခုံးတောင်တန်း အရှေ့ပိုင်းမှ တိုင်းပြည်များအတွက် မရင်းနှီးသော နာမည်များဖြစ်သည်။ လူအနည်းစုက သူတို့ကိုသိကြသည်။ သို့သော် အာရေးဗီးယား အင်ပါယာနှင့် သူတို့၏ လက်အောက်ခံတိုင်းပြည်များကမူ ထိုနာမည်ကိုကြားရုံဖြင့် မိုးကြိုးပစ်ခံရသလိုဖြစ်နိုင်ပြီး ကလေးများကပင် အငိုတိတ်နိုင်သည်။
အဆင့်အတန်းအရဆိုသော ထိုနှစ်ယောက်က သံမဏိနှင့်သွေးအစိုးရနှင့် အဆင့်အတန်းချင်းတူသည်။ အစိုးရချွီထေပါးကို စစ်ပွဲအစိုးရဟုပင် လူသိများကြသည်။ သူ၏အမိန့်အောက်တွင် အာရပ်စစ်တပ်က အရှိန်အဟုန်မြင့် တိုးတက်ချီတက်နိုင်လေပြီး အလယ်ပိုင်းပင်လယ်ဒေသကို ကျော်ဖြတ်လျှက် တာစုကို သိမ်းပိုက်နိုင်ခဲ့ပြီး အနက်ရောင်နယ်မြေတောက်လျှောက် လွှမ်းမိုးနိုင်ခဲ့သည်။
စစ်အပေါ် စိတ်အားထက်သန်မှုအရဆိုလျှင် ချွီထေပါးက အပုမူစလင်ထက်ပင် ပို၍ပြင်းထန်သေးလောက်သည်။
အပုမူစလင်က အုပ်စိုးမှုကို မွေ့လျော်ပြီး ခြားနားသော တိုင်းပြည်နှင့် လူမျိုးစုများကို သိမ်းပိုက်ရခြင်းအား သဘောကျချိန်တွင် ချွီထေပါးကမူ သူကိုယ်တိုင်ပင် စစ်ကိုမွေ့လျော်နေခြင်းဖြစ်သည်။ စစ်ရှိနေသမျှ ချွီထေပါးရှိသည်။ ထို့ကြောင့် သူက အပုမူစလင်နှင့် အဆက်အဆံ သိပ်မရှိသည့်တိုင်အောင် ထိုစစ်ပွဲ၏ အစိုးရက တာလာ့မှ အခြေအနေကို ကြားလိုက်သည်နှင့် ချက်ချင်းလိုလို တုန့်ပြန်လာပြီး လာရောက်ကူညီမည်ဟုဆိုသည်။ သူက သူ၏စစ်ပွဲကို ကိုယ်တိုင်ဦးဆောင်ကာ ခေါ်လာဦးမည်ဟုဆိုသည်။
ကာရီယိုမှအစိုးရ အော့စမန်းအတွက်ကမူ သူ၏အဆင့်အတန်းက အပုမူစလင်ထက် နိမ့်သော်လည်း သူကလည်း အာရေးဗီးယား အင်ပါယာမှ နာမည်ကျော်ကြားသော ပုဂ္ဂိုလ်ကြီးဖြစ်နေသေးသည်။ သူဟာ တိုက်ပွဲတွင် အလွန့်အလွန် အတွေ့အကြုံရှိသည်။ သူဟာ အပုမူစလင်နှင့် ဆက်ဆံရေးကောင်းသည်။ ရှေးဟောင်းခိုရာစန်းမင်းဆက်ကို အုပ်စိုးမှုတွင် သူတို့နှစ်ယောက်က ဘေးချင်းယှဉ်လျှက် တိုက်ခိုက်ခဲ့ကြပြီး စစ်တပ်ကိုဦးဆောင်ကာ ထိုရှေးကျသည့် အင်အားစုကြီးကို ဖျက်ဆီးခဲ့သည်။
သူတို့နှစ်ယောက်က အလွန်နက်ရှိုင်းသော ဆက်ဆံရေးမျိုးရှိသည်ဟု ဆို၍ရလေသည်။
အပုမူစလင်၏ အကြံအစည်တွင် အော့စမန်းက အမြဲတစေ အကူအဖြစ် ရှိတတ်သည်။ သူက တာလာ့ကို အုပ်စိုးနိုင်ပြီး အနောက်ပိုင်းဒေသတွင် ရှိချိန်တွင်လည်း အော့စမန်းက နောက်တန်းမှ ရောက်လာကာ အရှေ့ပိုင်းကို အုပ်စိုးရာတွင် ကူညီပေးဦးမည်ဖြစ်သည်။ သို့သော် ယခုမူ တာလာ့မှအရှုံးကြောင့် အပုမူစလင်က အကြံကိုပြောင်းပြီး အော့စမန်းကို ကြိုတင်ကာ ဆင့်ခေါ်လိုက်ရခြင်းဖြစ်သည်။
အပုမူစလင်ကလည်း ကျစ်ရ၏စကားလုံးများမှ အင်အားပါမှုကို နားလည်သည်။ ချွီထေပါးပင်ဖြစ်စေ၊ အော့စမန်းပင်ဖြစ်စေ နှစ်ယောက်လုံးက သူတို့၏အောက်တွင် လက်ရွေးစင်စစ်သည်တော်များကို ပိုင်ဆိုင်ထားသည်။ သူတို့၏ တပ်ကူများနှင့်ဆိုလျှင် အပုမူစလင်များအနေနှင့် သူတိုက်ပွဲတွင် ခံစားခဲ့ရသည့် အရှုံးကို ခပ်မြန်မြန် ပြန်လည်ဖာထေးနိုင်ပေလိမ့်မည်။ ပို၍အရေးကြီးသည်မှာ ချွီထေပါးနှင့် အော့စမန်းတို့အားလုံးက အင်အားကြီးမားသော ပုဂ္ဂိုလ်ကြီးများဖြစ်နေသည်။ အစိုးရသုံးယောက်က အတူပူးပေါင်းလိုက်လျှင် တာလာ့ကို သေချာပေါက် ဖျက်ဆီးပြီး အရှေ့ပိုင်းကို သိမ်းပိုက်နိုင်ပေလိမ့်မည်။
သို့တိုင်အောင် တုဝူစစ်လီ၏ မျက်မှောင်က ကျုံ့နေသေးသည်။
“ချွီထေပါးက ဘာပြောလဲ။ သူက သူ့အတွက် အကျိုးအမြတ် မရတဲ့အလုပ်မျိုးကို လုပ်မှာမဟုတ်ဘူး။ သူက ကူညီချင်နေကတည်းက တစ်ခုခုတော့ တောင်းဆိုလိမ့်မယ်”
အပုမူစလင်ကပြောသည်။
“ဒါက...”
ကျစ်ရက တုန့်ဆိုင်းသွားသည်။ အပုမူစလင်၏ တင်းမာသော အကြည့်ကို မြင်သောအခါ သူက နောက်ဆုံးတွင် ပြောလာသည်။
“ချွီထေပါးက အရှင်မြို့စား စစ်နယ်မြေဇုံကို သိမ်းပိုက်တဲ့အခါ စစ်ပွဲကိုနိုင်သွားရင် အရှင်မြို့စားအနေနဲ့ အရှေ့ပိုင်းကို ဖြန့်ဝေပေးထားတဲ့ ကာလစ်ရဲ့ အဲ့ဒီအဖိုးတန်လက်နက်တွေကို ရရှိပါလိမ့်မယ်။ ဒါ့အပြင် အဲ့ဒီလက်နက်တွေကို သူက ပြန်လည်ခွဲဝေခိုင်းထားတာပါ။ သူက အရှင့်ရဲ့ စစ်တပ်ထဲက လက်ရွေးစင်စစ်သည် တစ်သောင်းကို ရွေးချယ်ပြီး သူ့ရဲ့သီးသန့် စစ်သည်တော်တွေအဖြစ် လိုက်ပါစေလိုတယ်လို့ ပြောပါတယ်”
ကျစ်ရကပြောသည်။ သူကပြောနေရင်း အပုမူစလင်၏ မျက်နှာထားကို လေ့လာနေသေးသည်။ အပုမူစလင်၏ မျက်နှာက မည်းမှောင်သထက် မည်းမှောင်လာပြီး ပျက်ယွင်းသထက် ပျက်ယွင်းလာသည်။ ကျစ်ရ၏အသံက တိုးသထက် တိုးသွားသည်။
အရှေ့ပိုင်းက မဖွံ့ဖြိုးသေးသော စစ်နယ်မြေဖြစ်ပြီး အဆုံးအစမဲ့သော ရတနာ ရန်သူများနှင့် ပြည့်နေသည်။ အင်ပါယာက စစ်နယ်မြေဇုံများကို ခွဲဝေပြီးချိန်ကတည်းက ချွီထေပါးက အရှေ့ပိုင်းကို မျက်စိကျနေခဲ့သည်။ သို့သော် အင်ပါယာ၏ တင်းကြပ်သော စနစ်ကြောင့် ကာလစ်၏အမိန့်ကို မဖီဆန်ရဲချေ။ ပို၍ဆိုးသည်မှာ အပုမူစလင်ကလည်း အမြဲတစေ လွှမ်းမိုးထောင်လွှားနေတတ်သည်။ သူ၏သံမဏိလက်သီးက ချွီထေပါးထက် မလျော့ချေ။ ထို့ကြောင့် ချွီထေပါးအနေဖြင့် ဝင်မစွက်ဖက်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် တာလာ့မှ အရှုံးကတင် ချွီထေပါးကို အခွင့်အရေးပေးလိုက်သည်။ ထို့ကြောင့်သူက သူ၏လက်သည်းနှင့် အစွယ်များကိုဖော်ပြသည်။
အမှောင်တောအုပ်က တိတ်ဆိတ်လွန်းသဖြင့် အပ်ကျသံကိုပင် ကြားရလောက်သည်။ ကျစ်ရက အပုမူစလင်၏ အမူအရာ အလွန်မည်းမှောင်နေကြောင်း သိနေသဖြင့် ခေါင်းပင် မော့မကြည့်ရဲချေ။
လူတိုင်းကလည်း အရှေ့ပိုင်းက သံမဏိနှင့်သွေး အပုမူစလင်၏ နယ်မြေဖြစ်ကြောင်း သိနေကြသည်။ ထိုကဲ့သို့ တောင်းဆိုလာသော မည်သူကမဆို သူ့ကိုအရှက်ခွဲခြင်းဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့သော တောင်းဆိုမှုမျိုးကို သဘောတူရန် မဖြစ်နိုင်ချေ။
ကျစ်ရကို အံ့အားသင့်စေသည်မှာ အပုမူစလင်က ငြင်းဆန်မည်ဟု ထင်ထားသည့်အချိန်တွင် မမျှော်လင့်သော အဖြေကို ကြားလိုက်ရသည်။
“အရှင်”
ကျစ်ရ၏ နှလုံးသားကပင် တုန်ယင်သွားပြီး အံ့အားတကြီး မော့ကြည့်လိုက်မိသည်။
“အရှင် အရှင်သဘောမတူသင့်ဘူး အရှင်က ချွီထေပါးရဲ့ အကျိုးအကြောင်းမသင့်တဲ့ တောင်းဆိုမှုကို သဘောတူလိုက်ရင် အင်ပါယာရဲ့ ဟာသပျက်လုံးတစ်ခု ဖြစ်သွားလိမ့်မယ်။ ပိုဆိုးတာက အရှေ့ပိုင်းက အရှင့်ရဲ့ အာဏာစက်ပေါ်လည်း အများကြီး သက်ရောက်သွားနိုင်ပါတယ်”
တခဏခန့်ကြာပြီးနောက် ကျစ်ရက တုန့်ပြန်ပြီး ခပ်မြန်မြန် ဖြောင့်ဖြသည်။ အင်ပါယာမှ မည်သည့်အစိုးရကမဆို ဂုဏ်ယူကာ မာနကြီးသည်။ အပုမူစလင်ကသာ ချွီထေပါး၏ တောင်းဆိုမှုကို လက်ခံလိုက်မည်ဆိုလျှင် သူ့ကို ချွီထေပါးက ထာဝရဖိနှိပ်နေပေလိမ့်မည်။
“ကျစ်ရ ငါဆိုလိုတာကို မင်းနားမလည်ပါဘူး။ အခုက ပုဂ္ဂိုလ်ရေးရာ အကျိုးတွေ၊ အရှုံးတွေကြောင့် အချင်းချင်း ကိုက်နေရမဲ့အချိန် မဟုတ်ဘူး။ ငါနဲ့ ချွီထေပါးက အရှေ့ပိုင်းကဌာနကို အများကြီး အထင်သေးမိခဲ့တယ်။ တာလာ့မှာ ငါတို့က ဘယ်တုန်းကမှ ရင်မဆိုင်ဖူးတဲ့ အင်အားစုရန်သူမျိုးကို ရင်ဆိုင်နေရတာ။ သူတို့က ငါတို့အရင်က ရင်ဆိုင်ဖူးတဲ့ ဘယ်လိုပြိုင်ဘက်ထက်မဆို အင်အားကြီးမားလွန်းနေတယ်။ ငါတို့က ပဲ့ဟယ်မော့စစ်တပ်နဲ့ ကောင်းကင်ခစားခြင်းစစ်တပ်ကို မှီခိုခဲ့ပြီး အင်အားကြီးတဲ့ ရန်သူပေါင်းများစွာကို အလဲထိုးနိုင်ခဲ့တယ်။ အဲ့ဒီထဲမှာ ခိုရာစန်းမင်းဆက်တောင် ပါသေးတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ အားလုံးကျရှုံးခဲ့တယ်မဟုတ်လား။ ခိုရာစန်းကနေ ဆမ်ဆာခမ်းအထိ ဘယ်အင်ပါယာကမှ ငါတု့ိကို ဒီလောက်အကြာကြီး မထိန်းထားနိုင်ဘူး။ ဘယ်သူကမှလည်း ငါတို့ကို ဒီလိုရှုံးအောင် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ထန်တွေက လုပ်နိုင်တယ်”
အပုမူစလင်က ရုပ်ထု၏ အကြွင်းအကျန်ပေါ်တွင် ထိုင်နေသည်။ သူ၏မျက်နှာအမူအရာက ယခင်ကနှင့် မတူတော့ချေ။ သူ၏မျက်ဝန်းများက စူးရှလွန်းပြီး တိုက်ပွဲမှ လျို့ဝှက်ချက် အသေးစိတ် အခြေအနေတိုင်းကို ပြန်ကြည့်နေပုံပေါ်သည်။
“အရှင်...”
ကျစ်ရက ကြောင်တောင်တောင် ဖြစ်သွားသည်။ အပုမူစလင်၏ ထိုကဲ့သို့သော ဘက်ခြမ်းမျိုးကို သူက မမြင်ဖူးပါချေ။
“သူ့ကိုလာခိုင်းလိုက် ချွီထေပါးကိုပြောလိုက် ငါကသူ့ရဲ့ အခြေအနေအားလုံးကို သဘောတူတယ်။ ဒါပေမဲ့ အခြေအနေ တစ်ချက်ပြန်ရှိမယ်။ သူကသူနဲ့အတူ အကောင်းဆုံး စစ်သားတွေကို ခေါ်လာရမယ်”
ကျစ်ရက ဘာစကားမှ ဆက်မပြောခင် အပုမူစလင်က ခပ်မြန်မြန် ကျုံးဝါးသည်။
“အရှင့်ရဲ့ လက်အောက်ငယ်သားက နားလည်ပါပြီ”
ကျစ်ရ၏ မျက်ဝန်းအတွင်း ရှုပ်ထွေးသော အလင်းကလက်သွားသည်။ သူက ခပ်မြန်မြန် ခေါင်းညိမ့်၏။
“ဒါ့အပြင် စစ်အင်အားထပ်ပြီး ကောက်ခံတာက ဘယ်လိုနေလဲ”
အပုမူစလင်ကမေးသည်။
ထန်မင်းဆက်၏ စစ်ပွဲတွင် အာရေးဗီးယားက အရှုံးကြီးရှုံးသွားသည်။ အပုမူစလင်က စစ်သည် အမြောက်အများ လိုအပ်နေသော အခိုက်အတန့်မျိုးတွင်ဖြစ်သည်။ သူက သူတို့ကို ပြန်ဖြည့်တင်းရန် လိုအပ်လာသည်။ အာရေးဗီးယားက စစ်တိုင်းပြည်ကြီးဖြစ်ပြီး အနီးအနားရှိ အုပ်စိုးထားသော ပိုင်နက်နယ်မြေများအနှံ့ စစ်မတ်ဆန်သော အရှိန်အဝါမျိုးနှင့် လွှမ်းမိုးထားခြင်းဖြစ်သည်။ ထို့ကြောင့် အာရေးဗီးယား အင်ပါယာက စစ်သည်အရင်းအမြစ် အကောင်းဆုံး ရရှိထားသော နိုင်ငံကြီးလည်းဖြစ်သည်။ ထို့ကြောင့် စစ်သည်အသစ်များ လိုအပ်လာသည့် အချိန်တွင်မူ အလျှင်အမြန် ဖြည့်တင်းနိုင်စွမ်းအား ရှိလေသည်။
အာရပ်က သဘာဝအလျောက် စစ်နယ်မြေကြီးကဲ့သို့ ကောင်းမွန်စွာ လေ့ကျင့်ပေးခံထားရသောလူများနှင့် ပြည့်နှက်နေခြင်းဖြစ်သည်။ သူတို့ကို လက်နက်၊ စစ်မြင်းနှင့် သံချပ်ကာပေးကာ ဝင်္ကပါပုံစံ လေ့ကျင့်ခိုင်းလိုက်သမျှ ပြောင်မြောက်ထူးချွန်သော လက်ရွေးစင်များ ဖြစ်လာနိုင်သည်။ ထိုနည်းလမ်းမှတဆင့် အပုမူစလင်က စစ်သည်တော်များကို ဆက်တိုက်ဆိုသလို စုစည်းနိုင်ခဲ့သည်။ တာလာ့၏တိုက်ပွဲတွင် သူက ကောင်းရှန်းကျစ်နှင့် နှစ်လနီးပါး ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဆုံးရှုံးမှုများ ရရှိခဲ့သည့်တိုင်အောင် ထိုနည်းလမ်းမှတစ်ဆင့် သူ၏စစ်သားများ၏ အရေအတွက်က မလျော့သွားခဲ့ဘဲ များသထက် များလာခဲ့သည်။
ထိုအတွက်ကြောင့်လည်း အာရေးဗီးယား အင်ပါယာက ဆက်တိုက်ဆိုသလို နယ်မြေချဲ့ထွင်ပြီး အင်ပါယာပေါင်းများစွာ၊ လူမျိုးစုပေါင်းများစွာကို အုပ်စိုးနိုင်ခဲ့သည်။ ဒီနည်းအားဖြင့် ခုံးတောင်တန်း အနောက်ပိုင်းတွင် အင်အားကြီးသော အင်ပါယာကြီး ဖြစ်လာသည်။
“ဒါက... ဒီတိုက်ပွဲက ဆုံးရှုံးမှုက ကျွန်တော်တို့မျှော်လင့်ထားတာထက် အများကြီး ပြင်းထန်လွန်းနေပါတယ်။ ခိုရာစန်းကနေ ဆမ်ဆာခမ်းအထိ စုဆောင်းရရှိသမျှက ပြင်းပြင်းထန်ထန် နည်းပါးလွန်းနေပါတယ်။ ပို၍အရေးကြီးတာက လူတိုင်းကလည်း ထန်မင်းဆက်နဲ့ စစ်ပွဲကို စောင့်ကြည့်နေခဲ့တာပါ။ ကျွန်တော်တို့ကသာ တာလာ့မှာ ရှုံးသွားခဲ့တဲ့တခဏ သတင်းက ချက်ချင်းပျံ့သွားပြီး လူအများစုကလည်း ဒီလူသစ်ဌားရမ်းမှုကို ရှောင်ရှားချင်နေကြပါတယ်။ ကျွန်တော်တို့က ယခင်ကထက် ပိုနည်းတဲ့ပမာဏကိုပဲ ရရှိပါတယ်။ နောက်ပြီး ဒီအချိန်တိုအတွင်းမှာ ပမာဏအများကြီး စုစည်းဖို့က တအားခက်ခဲနေပါတယ်”
ကျစ်ရက ခပ်တင်းတင်း ပြန်ဖြေသည်။
တာလာ့မှတိုက်ပွဲ၏ ဘေးထွက်ဆိုးကျိုးများက သူတို့မျှော်လင့်ထားသည်ထက် ပြင်းထန်လွန်းနေခဲ့သည်။ ဒါကစစ်သားနှင့် တိုက်ခိုက်လိုစိတ်ဆိုသော အခိုက်အတန့်နှင့် မဟုတ်တော့ချေ။ သူတို့ထဲက မည်သူကမှလည်း နောက်ထပ်စစ်သားများ မစုဆောင်းနိုင်တော့သည့် အခိုက်အတန့်ထိ ပြောင်းလဲသွားမည်ဟု မထင်ထားမိချေ။
အပုမူစလင်က ဘာစကားမှမပြောချေ။ သို့သော် သူ၏ထူထည်းသော မျက်ခုံးများက ခပ်ကြမ်းကြမ်း ကျုံု့နေသည်။
“ဒါပေမဲ့ အရှင့်ရဲ့ လက်အောက်ငယ်သားရဲ့ အကြီးမားဆုံး စိုးရိမ်ပူပန်မှုက ဒီစစ်သည်တော် အသစ်တွေလည်း မဟုတ်သလို ချွီထေပါးလည်းမဟုတ်ပါဘူး။ အရှင့်ရဲ့လက်အောက်ငယ်သား စိုးရိမ်နေတာက ပါးတာ့ပါ”
ကျစ်ရက ထိုသို့စိုးရိမ်ကြောင်း ပြောလိုက်ကတည်းက အပိုစကားထပ်ပြောရန်ပင် မလိုအပ်တော့ချေ။
အာရေးဗီးယားအင်ပါယာဟာ တင်းကြပ်သော အုပ်ချုပ်မှုစနစ်အောက်တွင်ရှိသော အင်ပါယာကြီးဖြစ်သည်။ မာစီ၏သေဆုံးမှုက အပုမူစလင်၏ တာလာ့မှ ဆိုးရွားသော အရှုံးထက် ပြင်းထန်သေးသည်။ ကာလစ်မှ မျက်နှာသာပေးခံရသော အရာရှိတစ်ယောက်က အရှေ့ပိုင်းမှ အစိုးရ၏မျက်စိရှေ့တွင် သေဆုံးသွားခဲ့ခြင်းက အပုမူစလင်၏ တာဝန်ဖြစ်ပြီး သူကတာဝန်ယူရဦးမည်ဖြစ်သည်။ ပါးတာ့မှ သတင်းများကို အခြေခံရသော် အရှင်မင်းကြီးက ဒေါသထွက်နေသည်။ မာစီ၏သေဆုံးမှုက ပါးတာ့တွင် ကြီးမားသောလှိုင်းများ ရိုက်ခတ်စေသည်။ မရေမတွက်နိုင်သော အထက်တန်းလွှာများ၊ အစိုးရများနှင့် မဟာဗိုလ်ချုပ်ပေါင်းများစွာက အပုမူစလင်ကို စောင့်ကြည့်နေကြသည်။
မာစီက မြို့တော်တွင် ကောင်းမွန်သော ဂုဏ်သတင်းမရှိသော်လည်း အရှင်မင်းကြီးက သူ့ကိုအလွန် အာရုံစိုက်သောကြောင့် မည်သူကမှ ရှေ့ထွက်ပြီး ဒုက္ခမရှာရဲကြချေ။ ယခုမူ အရှင်မင်းကြီးက အလွန့်အလွန် ဒေါသထွက်နေသည်။ မာစီက နာမည်မကြီးသည့်တိုင်အောင် သူဟာ ကာလစ်ကို ကိုယ်စားပြုနိုင်သေးလေသည်။