← Chapters

အခန်း (၁၀၂၁-၁၀၂၅)

Vol. 58 Ch. 1021-1025

အခန်း (၁၀၂၁-၁၀၂၅)

Vol. 58 Ch. 1021-1025

အခန်း(၁၀၂၁)

“အရှင် အရှင်အနာဂတ်မှာ နားလည်လာပါလိမ့်မယ်။ တုဝူစစ်လီက အကြံအစည်ကြီးတဲ့လူပဲ။ သူက တော်တော်လေးကို သတိကြီးတယ်။ သာမာန်နည်းလမ်းတွေလောက်က သူ့လိုထိပ်တန်းအဆင့် ဗိုလ်ချုပ်တစ်ယောက်ကို လှည့်စားနိုင်မှာမဟုတ်ဘူး။ ဒီတော့ ထူးခြားတဲ့ နည်းလမ်းနဲ့ သူ့ကို တဖြည်းဖြည်းချင်း ထောင်ချောက်ထဲကို ဆွဲသွင်းရလိမ့်မယ်။ ငါခန့်မှန်းတာမှန်မယ်ဆိုရင် သူ့ရဲ့စစ်တပ်ရဲ့ အရှိန်အဝါနဲ့ အရှိန်အဝါမြင့်ဝင်္ကပါကြောင့် ဖြစ်ပေါ်လာတဲ့ ကောင်းကင်ကပုံသဏ္ဍန်က တုဝူစစ်လီရဲ့ သံသယတွေကို နောက်ဆုံးမှာ ရှင်းလင်းလိုက်နိုင်မှာပဲ။ ဒီလိုနဲ့သူက သူကိုယ်တိုင်ပါ ကျင့်ကြံလိမ့်မယ်”

ဝမ်ချောင်က မတ်တပ်ထရပ်ပြီး ကျောက်တုံးပေါ်မှ ခုန်ဆင်းသည်။ သူ၏အမူအရာက အလွန်အမင်း ပေါ့ပါးသွားသည်။

“ခြင်္သေ့ကို မြှားချင်တဲ့အခါ အသားအရင်ကြွေးရတယ်။ ချိတ်ကောက်အတွက်ကတော့ အသားထဲမှာ မြုပ်ထားရမှာပေါ့”

ချန်းချန့်လီက ဝမ်ချောင်ကို မှင်သက်စွာ စိုက်ကြည့်နေသည်။ ထို့နောက် နားလည်သွားသည်။

အရှိန်အဝါမြင့် ဝင်္ကပါရဲ့ လျို့ဝှက်ဆန်းကြယ်မှုခြောက်သွယ်

ဒါက ဝမ်ချောင် တုဝူစစ်လီကို ပေးခဲ့သော အခွဲဝင်္ကပါ၏ နာမည်ဖြစ်သည်။

ကပ်ဘေးကာလသည် ခံစားမှုအကြီးဆုံး စည်းကမ်းအရှိဆုံး အခိုက်အတန့်ထဲမှ တစ်ခုဟု ဆို၍ရသည်။ သို့သော် သိုင်းပညာများကို လေ့လာသည့် ရွှေခေတ်လည်းဖြစ်သည်။ ဘာမှမရှိသော အခြေအနေမျိုးမှ ထိုသို့သော အရှိန်အဝါမြင့် ဝင်္ကပါကို ဖန်တီးသောဖြစ်စဉ်တောက်လျှောက်တွင် မရေမတွက်နိုင်သော ပါရမီရှင်ပေါင်းများစွာက သူတို့၏ ဗဟုသုတများကို မြုပ်နှံပြီး အမျိုးမျိုးသော အခွဲဝင်္ကပါပေါင်းများစွာကို ဖန်တီးခဲ့ရသည်။

အရှိန်အဝါမြင့်ဝင်္ကပါတွင် ရှိသမျှအခွဲဝင်္ကပါပေါင်းများစွာထဲကမှ တစ်ခုတည်းကသာ မိုးခြိမ်းမတက် ကျယ်လောင်သော ဂုဏ်သတင်းနှင့် လူသိများ ကျော်ကြားသည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ခဲ့ကြသည်။ ထိုအရာက ဘုန်းတော်ကြီး၏ လျို့ဝှက်ဆန်းကြယ်မှုခြောက်သွယ်ဟု လူသိများသော အမြဲတစေ သိုသိပ်စွာနေသည့် လေ့လာစွမ်းအားမြင့်မားသော အဖွဲ့အစည်းတစ်ခုက ဖန်တီးနိုင်ခဲ့သည့် အခွဲဝင်္ကပါဖြစ်သည်။ ရှု့ထောင့်တစ်ခုမှကြည့်သော် ထိုဝင်္ကပါက အစစ်အမှန် ဝင်္ကပါထက်ပင် ပို၍ လူသိများ ကျော်ကြားသေးသည်။

ထိုဝင်္ကပါအခွဲက အင်အားကြီးမားပြီး ထူးခြားသောကြောင့်မဟုတ်ဘဲ နားလည်မှု လွှဲမှားစေနိုင်သော သက်ရောက်မှုက အပြင်းထန်စေနိုင်ဆုံးဖြစ်သည်။

အစောပိုင်းကာလမျိုးတွင် ထိုအရှိန်အဝါမြင့်ဝင်္ကပါကို လေ့လာခဲ့မှုများက အလွန်အမင်း စိန်ခေါ်မှု ပြင်းထန်ခဲ့ပြီး ပြဿနာပေါင်းများစွာကိုလည်း တွေ့ကြုံရသည်။ ဖြစ်စဉ်က ဆန္ဒရှိသလောက် မမြန်ဆန်ခဲ့ချေ။ ထို့ကြောင့် လူများကမူ ထိုဝင်္ကပါက အမှန်တကယ် ပျောက်ဆုံးသွားပြီး အာရုံမစိုက်သင့်တော့ဟုပင် ယုံကြည်ကြသေးသည်။ သို့သော် ထိုကဲ့သို့သော အခြေအနေမျိုးတွင် လျို့ဝှက်ဆန်းကြယ်မှုခြောက်သွယ် အခွဲဝင်္ကပါက ရုတ်ချည်းထွက်ပေါ်လာသည်။

ထိုဝင်္ကပါက သိသိသာသာပင် ခွန်အားကို မြှင့်တင်ပေးနိုင်ပြီး ခမ်းနားသော အရှိန်အဝါကို ထုတ်လွှတ်နိုင်လေရာ လူတိုင်းကို အံ့အားတကြီး မှင်သက်သွားစေခဲ့သည်။ အခြားသော ထိုဝင်္ကပါကို လေ့လာနေကြသည့် သိုင်းကျွမ်းကျင်ပညာရှင်ပေါင်းများစွာကလည်း သူတို့၏ ကိုယ်ပိုင် လုပ်ငန်းများကို ဘေးဖယ်ထားကြပြီး ထိုဝင်္ကပါကိုသာ လေ့လာကြသည်။ လျို့ဝှက်ဆန်းကြယ်မှုခြောက်သွယ် အခွဲဝင်္ကပါကို အစောပိုင်းတွင် အတည်ပြုခဲ့ကြသည်။ ထိုအခွဲဝင်္ကပါက စစ်တပ်တစ်ခုလုံးအနှံ့ လျှင်မြန်စွာ ပျံ့နှံ့သွားသည်။ ထိုသို့ဖြင့် ထိုဘုန်းတော်ကြီးကလည်း အကျယ်တဝင့် ချီးကျူးခံရသည်။

ထိုဝင်္ကပါအခွဲ ပေါ်ပေါက်လာမှုက ထိုဝင်္ကပါကို လေ့လာနေကြသော အခြားသောနေရာတိုင်းကို ရပ်တန့်သွားစေသည်။ ထိုအချိန်ကလည်း လူတိုင်းဟာ ဒီဝင်္ကပါက နောက်ဆုံးတွင် လောကအတွင်းသို့ အမှန်တကယ် ရောက်လာပြီဖြစ်ပြီး အစစ်အမှန်ဆုံး အခွဲဝင်္ကပါဟု ယုံကြည်လိုက်ကြသည်။

သို့သော် ထိုဝင်္ကပါက အစပိုင်းတွင်ကတည်းက သိသာထင်ရှားလွန်းသော ကြောက်မက်ဖွယ်ကောင်းသည့် ပြစ်ချက်များကို ဖော်ထုတ်ပြသလာသည်။ ဆူးချွန်များပြည့်နှက်နေသော တောအတွင်း လှည့်လည်သွားလာနေစဉ်တွင် တောင်ထိပ်ပေါ်သို့ တဖြောင့်တည်း တက်နိုင်မည့်လမ်းကို ရှာတွေ့သလိုမျိုးဖြစ်သည်။ လူတိုင်းကလည်း ထိုလမ်းကြောင်းကို ပျော်ပျော်ကြီး လိုက်သွားခဲ့ကြသည်။ သို့သော် ထိုလမ်း၏ အမြင့်ဆုံးတစ်နေရာတွင် ချောက်ကမ်းပါးရှိနေကြောင်း မည်သူကမှ မသိခဲ့ကြချေ။

ထိုဝင်္ကပါကို သုံးလခန့်လေ့ကျင့်ပြီးနောက် လျို့ဝှက်ဆန်းကြယ်သော အခွဲဝင်္ကပါက အကျိုးဆက်များကို စပြလာသည်။ ထိုထဲတွင် ကြယ်တာရာစွမ်းအင် ကစဉ့်ကလျားဖြစ်မှု၊ သွေးကြောများ တွန့်လိမ်တာမှု၊ သွေးပြောင်းပြန်စီးဆင်းမှုနှင့် အခြားသော ကြောက်မက်ဖွယ်ကောင်းသည့် သက်ရောက်မှုများပါသည်။ ထိုအခြေအနေများက ဆိုးရွားသထက် ဆိုးရွားလာနိုင်ပြီး အဆုံးသတ်တွင် ထိုအခွဲဝင်္ကပါကို ကျင့်ကြံသော လူပေါင်းများစွာက ဆိုးရွားလွန်းသည့် ကျင့်ကြံခြင်း ဘေးထွက်ဆိုးကျိုးများကြောင့် ခန္ဓာကိုယ်အကြော သေသည်အထိဖြစ်သွားခဲ့ကြသည်။

ထိုအခြေအနေက လူတိုင်းကို အံ့အားသင့်သွားစေသည်။ စစ်တပ်ကလည်း ထိုဝင်္ကပါကို ကျင့်ကြံနေသော လူတိုင်းကို ချက်ချင်းရပ်တန့်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ သို့သော် ပျက်စီးမှုက သိသိသာသာ ဖြစ်သွားခဲ့သေးသည်။

အစပိုင်းတွင် လူတိုင်းကလည်း ထိုဝင်္ကပါမှ တစ်စုံတစ်ရာကသာ လိုအပ်နေခဲ့သောကြောင့်ဟု ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် လူတိုင်းက သူတို့၏ ဗဟုသုတများကိုသုံးပြီး ထိုသက်ရောက်မှုများမှ အမှားအယွင်းကို ရှာဖွေရန် ကြိုးစားခဲ့ကြသည်။ သို့သော် အမှန်တိုင်းဆိုရသော် သူတို့ မျှော်လင့်ထားသည်နှင့် ခြားနားလွန်းနေခဲ့သည်။ သူတို့က ထိုလျို့ဝှက်ဆန်းကြယ်သော အခွဲဝင်္ကပါကို ရှာဖွေလေလေ ထိုအခွဲဝင်္ကပါက သူတို့၏အုတ်မြစ်ကိုပင် မှားယွင်းစွာ ချနေသည်ဖြစ်ကြောင်း သိလာရလေလေဖြစ်သည်။ ထို့ကြောင့် ဘယ်တော့မှ အစစ်အမှန် အဆုံးသတ်သို့ မရောက်နိုင်မည့် မှားယွင်းသောလမ်းကို လျှောက်ခိုင်းလိုက်ခြင်းဖြစ်သည်။ ထိုအတွက်က ကျင့်ကြံလေလေ အင်အားကြီးလာလေလေ ဖြစ်နိုင်သည်။ သို့သော် ထိုသို့အင်အားကြီးလာသည်နှင့်အမျှ ဆိုးကျိုးက ကြီးလာလေလေ ဖြစ်ပေလိမ့်မည်။ အဆုံးသတ်တွင် ဆိုးကျိုးက ကြီးလွန်းသဖြင့် မည်သည့်နည်းနှင့်မျှ နောက်ပြန်မလှည့်နိုင်သော အတိုင်းအတာသို့ပင် ရောက်ရှိသွားနိုင်သည်။

လျို့ဝှက်ဆန်းကြယ်သော ဝင်္ကပါအခွဲမှ ပြစ်ချက်ပေါင်းများစွာကို လူပေါင်းများစွာက စသိလာကြသည်။ အဆုံးသတ်တွင် ထိုဘုန်းတော်ကြီးကိုယ်တိုင်ကပင် ပြဿနာကိုသိသွားသည်။

ထိုဘုန်းတော်ကြီးက အပြစ်မကင်းစိတ်များကို ခံစားရသည်။ သူဟာ ကောင်းသော ရည်ရွယ်ချက်ဖြင့် ဖန်တီးခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုလိုဖြစ်သွားမည်ဟု မထင်ခဲ့မိသော်လည်း သူ၏သိုင်းက အခြားသူများကို အများကြီး ဒုက္ခပေးလာခြင်းဖြစ်သည်။ မည်သူကမှ သူ့ကို အပြစ်မတင်ကြချေ။ သို့သော် ထိုလူက ပျောက်ကွယ်သွားသည်။ မည်သူကမှ သူမည်သည့်နေရာသို့ ထွက်သွားကြောင်း မသိကြတော့ချေ။

ထိုအခွဲဝင်္ကပါမှရသော သင်ခန်းစာများနှင့် လူတိုင်းက တင်းတင်းကြပ်ကြပ် ကြိုးစားကာ ရှာဖွေလေ့လာကြသည်။ အင်အားအများကြီးသုံး၊ အချိန်စွမ်းအား အများကြီးထုတ်သုံးပြီးနောက် သူတို့၏ ပူးပေါင်းလိုက်သော ခွန်အားက အရှိန်အဝါမြင့်ဝင်္ကပါ၏ ရှေးဟောင်းခွန်အားကို ပြန်လည်အကောင်အထည်ဖော် ထုတ်ဖော်လိုက်နိုင်သွားသည်။

တုဝူစစ်လီက ချိုမြိန်သောငါးစာမရှိသမျှ ရဲရဲဝံ့ဝံ့ ကိုက်ချရဲမည်မဟုတ်သည့် ကောက်ကျစ်သော ဝံပုလွေဖြစ်သည်။ ပို၍အရေးကြီးသည်မှာ ဝမ်ချောင်ကလည်း ကပ်ဘေးမတိုင်ခင်ကာလကဆိုလျှင် တုဝူစစ်လီဟာ ဗဟိုပြင်ကျယ်သို့ လူများပင်လွှတ်ကာ ထိုဝင်္ကပါအကြောင်း စုံစမ်းခိုင်းရင်း ဓားစာခံပေါင်းများစွာ ခေါ်သွားခဲ့ကြောင်း သိထားသည်။ ထို့နောက် လျို့ဝှက်ဆန်းကြယ်သော ဝင်္ကပါအခွဲကို ထုတ်ပြန်ကြေညာခဲ့ချိန်တွင် တုဝူစစ်လီကသာ ရည်ရွယ်ချက်ကြီးကြီးဖြင့် ကျင့်ကြံခဲ့သူဖြစ်သည်။

ထို့ကြောင့် အရှိန်အဝါမြင့်ဝင်္ကပါကို စွဲလမ်းလွန်းသူ တစ်ယောက်အနေနှင့် လျို့ဝှက်ဆန်းကြယ်သော ဝင်္ကပါကို ရှာတွေ့သွားချိန်တွင် ဖြစ်လာနိုင်သည့် အကျိုးဆက်ကို အလွယ်တကူ ခန့်မှန်း၍ရသည်။ ဝမ်ချောင်က သူ့ကို ယခုဝင်္ကပါပေးလိုက်ခြင်းအတွက်ကမူ တုဝူစစ်လီက ကိုယ့်ကိုယ်ကို ချုပ်ထိန်းနိုင်လျှင်ပင် အလွန့်အလွန် ထူးဆန်းနေပေတော့မည်။

အရာအားလုံးက မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့မည်ဆိုလျှင် တုဝူစစ်လီက ထိုဝင်္ကပါကို စတင်ကာ ကျင့်ကြံနေလောက်လေပြီ။ ထိုအခါ တုဝူစစ်လီခန္ဓာကိုယ်တွင် ပြစ်ချက်က စပေါ်လာပေလိမ့်မည်။ ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်ကြီးက မဟာဗိုလ်ချုပ်များ၏ ထိပ်ဆုံးမှနေရာကို ဆက်ထိန်းထားရန် ခက်သွားမည်ဖြစ်သည်။ တုဝူစစ်လီက ချန်းပင်းကို ဓားစာခံအဖြစ် ခေါ်လိုက်ကတည်းက အရာအားလုံးက ဆုံးဖြတ်ချက်ချပြီးသားဖြစ်သွားသည်။ သူကနောက်ဆုံးရလဒ်ကို စောင့်ရန်သာလိုအပ်သည်။

“ဆိုတော့ တုဝူစစ်လီက မင်းရဲ့အကြံထဲကို ကျရောက်သွားတာပေါ့။ ဒီတိုင်းသာဆိုရင် ငါဒီအကြောင်းကို ကာကွယ်ရေးဗိုလ်ချုပ်ကို သွားပြီးတင်ပြလိုက်မယ်။ အနာဂတ်မှာ အနောက်ပိုင်းတူရကီတွေကို စောင့်ကြည့်ဖို့ လူလွှတ်မနေတော့ဘူး”

ချန်းချန့်လီ၏ အမူအရာက အေးအေးဆေးဆေး ဖြစ်သွားသည်။ သူက တခဏခန့် ရပ်တန့်ပြီးနောက် ဆက်ပြောသည်။

“ဟုတ်သားပဲ နောက်ထပ် ကိစ္စတစ်ခုရှိသေးတယ်။ ငါတို့တာလာ့မှာ အထူးဧည့်သည်တော် လက်ခံရရှိထားတယ်။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်က မင်းကိုဆင့်ခေါ်ပြီး သူ့ကိုတွေ့ခိုင်းထားတယ်”

အိုး

ဝမ်ချောင်၏မျက်နှာက အေးခဲသွားသည်။ သူ၏သိချင်စိတ်က ထိုးထွက်လာသည်။ ထိုအခိုက်အတန့်တွင် တာလာ့ဟာ အန္တရာယ်များသော စစ်နယ်မြေဖြစ်သည်။ သူကလည်း မည်သို့သောလူမျိုးက ဒီလိုအခြေအနေမျိုးတွင် လာရဲကြောင်း မသိနိုင်သေးချေ။ ကောင်းရှန်းကျစ်က ချန်းချန့်လီကိုပင်လွှတ်ကာ ဝမ်ချောင်ကို ဖိတ်ခေါ်ခိုင်းသေးသည်။

“သွားရအောင်”

...

တာလာ့အတွင်းရှိ အဓိကခန်းမအတွင်းရှိ လေထုက တောင့်တင်းနေသည်။ အတွင်းသို့ ခြေလှမ်းဝင်ရောက်လိုက်ပြီးသောအခါ ဝမ်ချောင်ဟာ ချန်းချန့်လီပြောသည့် ဧည့်သည်ကို တွေ့လိုက်ရသည်။ ဝမ်ချောင်က ကိုယ်တိုင်ပြင်ဆင်ထားသည့်တိုင်အောင် ထိုဧည့်သည်ကို မြင်လိုက်ရချိန်တွင် မှင်သက်သွားသည်။

ရလာသောဧည့်သည်က (၁.၈)မီတာခန့်မြင့်သည်။ သူ၏ခန္ဓာကိုယ်က ပိန်ပါးသည်။ မျက်ဝန်းက နက်ရှိုင်းပြီး အပြာရောင်ဖြစ်သည်။ သူ၏ရှည်လျားသော ဆံပင်များက လိမ်တွန့်လျှက် ကွေးကောက်နေသည်။ သူဟာ ထူထည်းသော မုတ်ဆိတ်များကို ပိုင်ဆိုင်ထားသည်။ ခန်းမထဲတွင်ရှိနေသော လူတိုင်းနှင့်ယှဉ်သော် သူဟာ သိသာစွာပင် ထင်းထွက်နေသည်။ ရုပ်ရည်ချင်းယှဉ်ရသော် ထိုလူက ထန်နှင့်မတူချေ။ သူ၏ပုံသဏ္ဍန်အရ သူတို့ရဲ့ အကြီးမားဆုံးရန်သူ အာရပ်များနှင့်တူသည်။

သို့သော် သူ၏မျက်လုံးက ထိုလူ၏အဝတ်ပေါ်သို့ ရောက်သွားချိန်တွင် ဝမ်ချောင်က ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားပြီး သူ၏မျက်ဝန်းက တခဏခန့်ကြာအောင် လေးလံသွားသည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဒါက...”

ဝမ်ချောင်က ကောင်းရှန်းကျစ်ကို လှည့်မေးလိုက်သည်။ ကောင်းရှန်းကျစ်က ခန်းမအတွင်းရှိ စားပွဲနောက်တွင် ထိုင်နေသည်။

“ဝမ်ချောင် မင်းအချိန်မှီရောက်လာတာပဲ။ သိပ်မကြာခင်ကတင် ဒီလူက မြို့ထဲကို အတင်းဝင်လာခဲ့တာ။ ငါတို့ကသူ့ကို အာရပ်နဲ့မှားပြီး သတ်မိတော့မလို့။ ဒီလူက ထူးဆန်းတဲ့လျှာနဲ့ အချို့စကားတွေကို ဆက်တိုက် အော်ဟစ်နေခဲ့တာ။ ဒီတော့ငါတို့က ယွမ်ရှု့စုန့်ကို ထုတ်လိုက်ရတယ်။ ယွမ်ရှု့စုန့်ပြောစကားအရ ဒီလူက အာရပ်မဟုတ်ဘူး။ ဒါပေမဲ့သူက ခိုရာစန်းတွေတဲ့။ သူကငါတို့ကို ပြောချင်တဲ့ အရေးကြီးတဲ့သတင်းရှိနေတယ်။ ဒါပေမဲ့ သူကဘာကိုမှ မပြောခင် မင်းရှိဖို့ လိုတယ်လို့ပြောတယ်”

“အိုး”

ဝမ်ချောင်၏မျက်ဝန်း၏ အံ့အားသင့်မှု အလင်းက လက်သွားသည်။ သူက ခိုရာစန်းတွေကိုကြည့်သည်။

“ဆိုတော့ တကယ်ပဲ အဲ့ဒီလိုဖြစ်နေတာကိုး”

ဝမ်ချောင်ကလည်း ထိုလူကို စမြင်ကတည်းက ထိုလူက ခိုရာစန်းဟုတ်မဟုတ် တွေးမိခဲ့သေးသည်။ မျှော်လင့်ထားစွာပင် ထိုကိစ္စက မှန်နေသည်။ သို့သော် ဝမ်ချောင်နားမလည်သော ကိစ္စတစ်ခု ရှိနေသည်။ ခိုရာစန်းက တာလာ့အနောက်ဘက်ခြမ်းတွင်ရှိပြီး အလွန့်အလွန်ဝေးသည်။ အာရေးဗီးယား အင်ပါယာ၏ အလယ်တွင်ရှိနေသော အခိုက်အတန့်မျိုးအရ ထန်ကုန်သည်များက ပိုးသားလမ်းသို့ ဖြတ်သွားလျှင်ပင် ထိုနေရာသို့ ရောက်ခဲလေရာ ဝမ်ချောင်ဆိုလျှင် ပို၍ဆိုးသည်။

ဝမ်ချောင်ကလည်း ခိုရာစန်းတွေက မည်သည့်အတွက်ကြောင့် သူ့ကိုသိပြီး သူ့ကိုလာရှာကြောင်း နားမလည်နိုင်ချေ။

“အရှင်အမတ် ငါကသူ့ကို မေးမြန်းပြီးပါပြီ”

ယွမ်ရှု့စုန့်က ခပ်လျော့လျော့ ဝတ်စုံကို ဝတ်ဆင်လျှက် ညင်သာသော လူတစ်ယောက် ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါကို လွှတ်ထုတ်ထားသည်။ သူက ဝမ်ချောင်၏ အနားကပ်ကာ ခပ်တိုးတိုးပြောသည်။

“သူက ခိုရာစန်းတွေ အစစ်အမှန်ပါပဲ။ ငါငယ်ငယ်တုန်းက ခရီးသွားခဲ့ဖူးတယ်။ ခိုရာစန်းတွေက အာရပ်တွေနဲ့ခြားတယ်။ သူက ငါတို့ကို နည်းနည်းကူညီနိုင်လောက်တယ်”

“မင်းက မဟာထန်ရဲ့ အဲ့ဒီလူငယ်ဗိုလ်ချုပ်လား”

ထိုအခိုက် ခန်းမထဲတွင် ကျောက်တုံးကြီးကဲ့သို့ ရပ်နေခဲ့သည့် ခိုရာစန်း၏ မျက်ဝန်းပြာများက ဝမ်ချောင်ထံရောက်လာသည်။ ယွမ်ရှု့စုန့်ကပင် တခဏခန့် အေးခဲသွားပြီး စတင်ကာ ဘာသာပြန်သည်။

“မင်းင့ါကိုသိတာလား”

ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူကလည်း အံ့အားတကြီးပြောသည်။

“မသိပါဘူး”

မျှော်လင့်ထားစွာပင် ခိုရာစန်းတွေက ခေါင်းခါသည်။

“ဒါပေမဲ့ ငါမင်းအကြောင်း ကြားဖူးတယ်။ တာလာ့မှာ မင်းက သံမဏိနဲ့သွေးအစိုးရ အပုမူစလင်ကို အလဲထိုးနိုင်ခဲ့တယ်။ အပုမူစလင်က အာရေးဗီးယားရဲ့ အရေးပါတဲ့အရာရှိတစ်ယောက်။ သူက ငါတို့ခိုရာစန်းရဲ့ရန်သူ သူ့ရဲ့အုပ်စိုးတဲ့ သက်တမ်းကာလမှာ မရေမတွက်နိုင်တဲ့ တိုင်းပြည်တွေကို အလဲထိုးခဲ့တယ်။ သူက တစ်ခါမှ မရှုံးဖူးဘူး။ ဒါပေမဲ့ မင်းကတော့ သူ့ကိုနိုင်လိုက်တယ်ဆိုကတည်းက လေးစားဖွယ်ကောင်းတဲ့ သူရဲကောင်းတစ်ယောက်ပဲ”

ဝမ်ချောင်က တခဏခန့် ကြောင်အသွားပြီးနောက် ရယ်သည်။ သူ့အနေဖြင့် ခုံးတောင်တန်း အနောက်ဘက်ခြမ်းရှိ တစ်စုံတစ်ယောက်ထံမှ သူ့ကို ထိုမျှအထိ မြင့်မြင့်မားမားတွေ့ကာ ချီးကျူးသော စကားမျိုးကို ပထမဦးဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

“မင်းကငါ့ကို တွေ့ချင်ပြီး အရမ်းအရေးကြီးတဲ့ သတင်းကို ပြောချင်တယ်လို့ ကြားတယ်။ မင်းကဘာကို ရည်ရွယ်ချင်တာလဲ”

ဝမ်ချောင်က လိုရင်းကိုပြောသည်။

“အပုမူစလင်က ငါတို့ရဲ့ရန်သူ သူက အာရပ်စစ်တပ်ကို ဦးဆောင်ပြီး ငါ့ရဲ့ဆက်စနိတ်မင်းဆက်ကို ဖျက်ဆီးခဲ့တယ်။ မင်းက အရှေ့တန်းမှာ အာရပ်တွေနဲ့ တိုက်ပွဲဆင်နွဲနေတဲ့အချိန်မှာ အာရပ်က မာမဲ့လုတွေနဲ့ အခြားစစ်တပ်တွေက ငါ့ရဲ့လူတွေကို သတ်ဖြတ်ခဲ့တယ်။ ခိုရာစန်းက အလောင်းတောင်တွေအဖြစ် ပြောင်းသွားပြီ။ မင်းရဲ့လူနဲ့ ငါတို့ရဲ့လူတွေက ဘုံရန်သူကို ပိုင်ဆိုင်ထားတာပဲ”

အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး ခိုရာစန်းတွေက နီရဲသောမျက်ဝန်းဖြင့်ပြောသည်။

ခန်းမထဲရှိ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် အံ့အားတကြီး ကြည့်ကြသည်။ ခိုရာစန်းတွင် ယခုလို အဖြစ်အပျက်မျိုး ဖြစ်နေမည်ဟု မည်သူကမှ မထင်ထားကြချေ။

ဒီခေတ်တွင် ခိုရာစန်းအကြောင်းသိသောလူက နည်းသည်။ ဆက်စနိတ်မင်းဆက်အကြောင်း သိသောလူက ချီလင်းဦးချိုနှင့် ဖီးနစ်ငှက်မွှေးများကဲ့သို့ ပို၍ရှားပါးသေးသည်။ ကောင်းရှန်းကျစ်ကပင် ထိုအကြောင်းကိုမသိချေ။ သို့သော် ဝမ်ချောင်က အခြားခေတ်တစ်ခေတ်မှ သိခဲ့သည်။ ထိုနေရာတွင် ပို၍ခမ်းနားကြီးကျယ်ပြီး ထင်ရှားသေးသည့် နာမည်ဖြစ်သည့် ပါရှားဆိုသော အကြောင်းအရာကိုပင် သိသေးသည်။

သို့သော် ဝမ်ချောင်ထံမှ အကြီးမားဆုံး တုန့်ပြန်စေခဲ့ခြင်းက ထိုကိစ္စကြောင့် မဟုတ်ချေ။ ခိုရာစန်းတွေ ထည့်ပြောသွားသည့် အခြားနာမည်ကြောင့်ဖြစ်သည်။ မာမဲ့လု ငါသူတို့ကို မတွေ့ရတာ မအံ့ဩတော့ပါဘူး။ သူတို့က ခိုရာစန်းတွေရဲ့ ပုန်ကန်မှုကို သွားနှိမ်နှင်းနေတာကိုး။

ဝမ်ချောင်၏စိတ်က ထိုအတွေးများကြောင့် မွှေနှောက်ခံရသည်။

အခန်း(၁၀၂၂)

ခိုရာစန်းထံမှ တင်ပြချက်

ဝမ်ချောင်၏ မှတ်ဉာဏ်ထဲတွင် မာမဲ့လုဆိုသည့် ကုန်းမြေ၏ အင်အားအကြီးဆုံး မြင်းတပ်အင်အားစုသည် တာလာ့တွင် ပေါ်လာခဲ့သင့်သည်။ သို့သော် သူ၏ဝင်ရောက်စွက်ဖက်မှုကြောင့် ကောင်းရှန်းကျစ်က တာလာ့သို့ ဝင်ရောက်ခဲ့ပြီး အချိန်ကြိုစောကာ ထွက်ခွာခဲ့သည်။ ပဲ့ဟယ်မော့များက ပေါ်လာသည်။ မာမဲ့လုများက နောက်တန်းတွင် ချန်နေရစ်ရင်း ခိုရာစန်း၏ ပုန်ကန်မှုကို ဖိနှိပ်နေခဲ့ရသည်။ အရာအားလုံးက အချိတ်အဆက် လွတ်သွားသည်။

ထိုခိုရာစန်းတွေဟာ သံသယဝင်ရန် မလိုလောက်အောင် အခြားသော အပြောင်းအလဲ ကြိုးကိုင်မှု ရှိလာခဲ့ခြင်းဖြစ်သည်။

“အာရပ်တွေက တော်တော်လေးကို ရည်မှန်းချက်ကြီးတယ်။ သူတို့ရဲ့ စစ်ကိုဆာလောင်စိတ်နဲ့ အုပ်ချုပ်သိမ်းပိုက်လိုစိတ်က ဘယ်လိုမှ မပြည့်နိုင်တဲ့အိုးလိုပဲ။ အဲ့ဒီမတိုင်ခင်က ငါတို့ရဲ့ ဆက်စနိတ်မင်းဆက် ကျရှုံးသွားခဲ့တယ်။ အဲ့ဒီနောက်တစ်ချိန်မှာ မင်းရဲ့အရှေ့ပိုင်းလောက ဖြစ်သွားလိမ့်မယ်။ တာလာ့ကအစပဲ။ အဆုံးတောင်မဟုတ်ဘဲ”

ခိုရာစန်းတွေက အလွန်တင်းမာသော မျက်နှာထားနှင့်ပြောသည်။

ခန်းမအတွင်းမှ ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့က အဓိပ္ပာယ်အပြည့်နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထိုခိုရာစန်းတွေက အတော်လေးထူးခြားသည်။ သူ၏အာရပ်များအပေါ် သုံးသပ်ချက်က ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့နှင့်တူသည်။

“ဒီတော့ မင်းကဘာကိုရဖို့ မျှော်လင့်ထားတာလဲ”

ဝမ်ချောင်က ရုတ်တရက်ပြောသည်။

“ငါတို့ကလည်း အာရပ်တွေကိုရင်ဆိုင်ဖို့ မဟာမိတ်ဖွဲ့ချင်တယ်”

အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး ခိုရာစန်းတွေက ခပ်တင်းတင်းပြောသည်။

“မင်းတော့မသိလောက်ဘူး။ ဒါပေမဲ့ အပုမူစလင် ရှုံးသွားခဲ့ပေမဲ့ သူကစစ်သားအသစ်တွေ စုစည်းနိုင်သေးတယ်။ သူကစတင်တောင် စုစည်းနေပြီ။ အာရပ်ရဲ့ အင်အားအကြီးဆုံး အစိုးရတွေထဲက တစ်ယောက်ဖြစ်တဲ့ စစ်ပွဲအစိုးရ ချွီထေပါးနဲ့ ခါရီယိုစစ်အစိုးရ အော့စမန်းတို့က အပုမူစလင်ကို တပ်ကူပေးဖို့ တာလာ့ကို အဖွဲ့တွေနဲ့ ချီတက်လာနေပြီ”

“ချွီထေပါးက အာရေးဗီးယားမှာ တအားကျော်ကြားတယ်။ သူက အပုမူစလင်ထက်တောင် အင်အားကြီးသေးတယ်။ သူက တိုင်းပြည်တစ်ပြည်ကို အုပ်စိုးတဲ့အခါ အပေါ်ကနေစပြီး အောက်အထိ လူအကုန်သတ်တယ်။ ဘယ်သူ့ကိုမှ အရှင်မထားဘူး။ ပိုပြီးအရေးကြီးတာက ဒီအစိုးရနှစ်ယောက်ရဲ့ အောက်မှာ ကြောက်စရာကောင်းတဲ့ ဗိုလ်ချုပ်တွေ အများကြီးရှိတယ်။ သူတို့ရဲ့စစ်သားတွေက တအားသန်မာတယ်။ သူတို့က အပုမူစလင်နဲ့ ပေါင်းသွားခဲ့ရင် နောက်ထပ် တာလာ့တိုက်ပွဲမှာ စစ်သည် အနည်းဆုံး လေးသိန်းကိုတော့ ရင်ဆိုင်ရမှာပဲ”

ထိုစကားများနှင့်အတူ ခန်းမထဲရှိလူတိုင်း ... ဝမ်ချောင်အပါအဝင် ကောင်းရှန်းကျစ်တို့၏ မျက်နှာကပင် ဖြူဖျော့သွားသည်။ နောက်ဆုံးတိုက်ပွဲတွင် ထန်၊ တိဗက်၊ တူရကီနှင့် အာရပ်များက အများကြီး ဆုံးရှုံးသွားခဲ့သည်။ အပုမူစလင်၏ ကျန်ရစ်သော စစ်သားများကို ရင်ဆိုင်ရုံနှင့်တင် မဟာထန်က ဒုက္ခများပြီမဟုတ်နိုင်ချေ။ သို့သော် ထိုအစိုးရနှစ်ယောက်က ရောက်လာပြီး အောက်မှ စစ်သည် လေးသိန်း၊ ငါးသိန်းခန့်က ရောက်ရှိလာပြီဆိုလျှင် အခြေအနေက အလွန့်အလွန် ဆိုးရွားသွားနိုင်သည်။

အနည်းဆုံး တာလာ့တွင်ရှိနေသော ထန်များ၏ လက်ရှိအရေအတွက်နှင့်ဆိုလျှင် မည်သည့်နည်းနှင့်မျှ စစ်သည်လေးသိန်းကို ရင်မဆိုင်နိုင်ချေ။ ထိုအချက်များနှင့်ပင် အပုမူစလင်က ကိုင်တွယ်ရ အလွန်ခက်ခဲနေပြီဖြစ်သည်။ သူတို့ကလည်း နောက်ထပ် အာရပ်အစိုးရနှစ်ယောက် ရောက်ရှိလာမည့် အခြေအနေဆိုလျှင် တွေးပင်မတွေးရဲချေ။

“ဒါ့အပြင် အပုမူစလင်ရဲ့ အရှုံးက ကာလစ်ကို သတိထားမိသွားစေတယ်။ အရင်က သူက မင်းတို့ရဲ့ တိုင်းပြည်ကို အရှေ့ပိုင်းက သာမာန်တိုင်းပြည်လောက်ပဲ သတ်မှတ်ထားတာ။ ဒါပေမဲ့ အခုတော့ အစိုးရချွီထေပါးနဲ့ အော့စမန်းတု့ိကတောင် အပုမူစလင်ကို တပ်ကူအဖြစ် လာပေးတယ်ဆိုကတည်းက ကာလစ်က မင်းတို့ကို အာရပ်ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ရန်သူအဖြစ် လက်ခံပေးလိုက်ပြီ။ ဒီအစိုးရသုံးယောက်က အတူပူးပေါင်းပြီး အရှေ့ပိုင်းကို အုပ်စိုးတဲ့အခါ အရင်တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ အခြေအနေမျိုးက ဖြစ်လာလိမ့်မယ်။ အာရပ်တွေက ငါတို့ရဲ့ ဆက်စနိတ်မင်းဆက်ကို အုပ်စိုးခဲ့ချိန်ကအတိုင်းပေါ့”

ခိုရာစန်းတွေက တင်းမာသော လေသံနှင့်ပြောသည်။ ခိုရာစန်းက အာရေးဗီးယား ပိုင်နက်နယ်မြေပိုင် ဖြစ်နှင့်ပြီးနေလေပြီ။ အာရေးဗီးယားအင်ပါယာက စတုရန်းကီလိုမီတာ ဆယ်သန်းကျော် ဖြန့်ကျက်ထားနိုင်ခဲ့သည့် ခိုရာစန်းက အတွင်းပိုင်းမှ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်။ ထို့နောက် ထန်များမရနိုင်သည့် သတင်းအချက်အလက်များကို စုစည်းနိုင်သည်။

“ဒါ့အပြင် အာရပ်တွေက အရှုံးကိုလက်မခံနိုင်တဲ့ စစ်သွေးကြွလွန်းတဲ့ လူတွေပဲ။ သူတို့က ရှုံးလေလေ တိုက်ခိုက်လိုစိတ်ကို ပြင်းထန်လေလေ အရှေ့ပိုင်းကို အုပ်စိုးချင်လေလေပဲ။ အခုဆိုရင် ဒီနေရာကို အစိုးရတွေအများကြီးက အာရုံစိုက်နေကြပြီ။ မင်းက တာလာ့ကို မထိန်းနိုင်ဘဲ ချွီထေပါးနဲ့ အပုမူစလင်ဆီမှာ ရှုံးသွားခဲ့ရင် အစိုးရတွေ အများကြီးက ဆက်လိုက်လာလိမ့်မယ်။ သူတို့ရဲ့ စစ်သားတွေက အရှေ့ပိုင်းကို ပြုံတိုးဝင်လာတဲ့အခါ အရှေ့ပိုင်း တစ်လောကလုံး သိမ်းလို့မပြီးမချင်း ရပ်တန့်သွားတော့မှာ မဟုတ်ဘူး”

ဘုန်း

ခိုရာစန်းတွေ၏ စကားများက ခန်းမတစ်ခုလုံးကို ဝရုန်းသုန်းကား ဖြစ်သွားစေသည်။

“မျိုးမစစ်ကောင်”

“အာရပ်တွေက လွန်လွန်းအားကြီးတယ်။ မဟာထန်က သူတို့ရင်ဆိုင်ဖူးတဲ့ တိုင်းပြည်ငယ်လေးလို့များ ထင်နေတာလား”

“ဂိုဂူလျော၊ ယွီစန်း၊ မာန်ရှဲ့ကျောင်းနှင့် အရှေ့ပိုင်းနှင့် အနောက်ပိုင်း တူရကီခါကာနိတ်တွေက ဆွဲထားလို့သာမဟုတ်ရင် မဟာထန်က တစ်လောကလုံးကို အုပ်စိုးပြီး အပုမူစလင်ဆိုတဲ့ အကောင်ကို အလွယ်တကူ ကန်ချောက်လိုက်လို့ရနေပြီ”

“အာရေးဗီးယားမှာ အစိုးရတွေများတယ်။ ဒါပေမဲ့ မဟာထန်မှာ မဟာဗိုလ်ချုပ်တွေ မရှိတော့လို့လား။ အိမ်ရှေ့စံရဲ့ အငယ်တန်း စောင့်ရှောက်သူ ဝမ်ကျုံးစစ်က မြို့တော်မှာ ရှိနေသေးတယ်။ ထုံလော့မှာလည်း လက်ရွေးစင်မြင်းတပ် နှစ်သောင်းရှိနေသေးတယ်။ နောက်ပြီး မြို့တော်ရဲ့ အင်ပါယာစစ်တပ်ထဲမှာ စစ်သည် တစ်သိန်းကျော် ရှိနေသေးတယ်။ အာရေးဗီးယားက မဟာထန်ကို အခြားတိုင်းပြည်ငယ်လေးတွေလို့များ သတ်မှတ်နေတာလား။ ငါတို့ရဲ့စစ်သားတွေက အလွယ်တကူ ရွေ့လာလို့မရတာကြောင့်သာ မဟုတ်ရင် အာရပ်တွေကို ထည့်ပြောဖို့တောင်မလိုဘူး”

ခန်းမထဲရှိ ဗိုလ်ချုပ်တိုင်းက ဒေါသတကြီးဖြစ်ကြသည်။ ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့ကသာ တည်ငြိမ်နေကြသည်။ သူတို့၏ နှလုံးသားက လေးလံနေသည်။ မဟာထန်တွင် စစ်သည်တော် မရှားသလို မဟာဗိုလ်ချုပ်လည်း မရှားချေ။ သို့သော် ထိုဗိုလ်ချုပ်တိုင်း၏ ဒေါသတကြီးပြောနေသော ကိစ္စအတိုင်း ရန်သူများလွန်းနေသည်။

မဟာထန်၏ စစ်သည်ခြောက်သိန်းနှင့် မြောက်များလှစွာသော မဟာဗိုလ်ချုပ်များထဲမှ ရှစ်ဆယ်ရာခိုင်နှုန်းခန့်က နယ်စပ်များကို ထိန်းထားရသည်။

ဗဟိုပြင်ကျယ်ဟာ မြေမျက်နှာသွင်ပြင် ကောင်းမွန်လွန်းသော နယ်မြေ၊ ကြီးပွားသာယာလွန်းသည့် နယ်မြေကြီးကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် တူရကီနှင့် အာရပ်များကဲ့သို့ ရေကြည်ရာ မြက်နုရာ ရှာနေရသော လူမျိုးစုတိုင်းပြည်များနှင့် ခြားနားသည်။ ဗဟိုပြင်ကျယ်၏ စစ်တပ်က ခုခံရာတွင်ကျွမ်းသည်။ သူတို့၏ အကြီးမားဆုံးတာဝန်က လယ်သမားများ၊ သာမာန်ပြည်သားများကို ကာကွယ်ရခြင်းဖြစ်သည်။ သူတို့က သူတို့၏ တာဝန်အတိုင်း အုပ်စိုးရင်း၊ တိုက်ခိုက်ရင်း အလွယ်တကူ နယ်မြေချဲ့ထွင်ရင်း အသေခံရန် ရှင်သန်နေကြခြင်းမဟုတ်ချေ။

စစ်ပွဲတွင် အာရပ်များက စစ်သည်အလုံးအရင်းကို စုစည်းနိုင်သည်။ ထို့ကြောင့် သူတို့၏ လူမျိုးစုထဲမှ ခြောက်ဆယ်မှ ခုနှစ်ဆယ်ရာခိုင်နှုန်းအထိ ဆွဲထုတ်လာ၍ရသည်။ သို့သော် မဟာထန်ကမူ ခြားနားသည်။ နယ်စပ်တစ်နေရာတွင် ကတောက်ကဆ ဖြစ်ပွားခဲ့လျှင် မဟာဗိုလ်ချုပ်နှစ်ယောက်က ဝင်ရောက်လာနိုင်ခဲ့လျှင်ပင် အလွန်လေးစားစရာကောင်းနေပြီဖြစ်သည်။ ဝမ်ချောင်၏ မှတ်ဉာဏ်များအရ ထိုဟန်ချက်က ဘယ်သောအခါကမှ မပြောင်းလဲခဲ့ချေ။ သူရောက်လာခဲ့သော ခေတ်ကာလတွင်ပင် မပြောင်းလဲခဲ့ချေ။

“ဒါဆိုရင် ခင်ဗျားက ငါတို့နဲ့ ဘယ်လိုများ ပူးပေါင်းမယ်လို့များ မျှော်လင့်ထားတာလဲ”

ဝမ်ချောင်က ရုတ်တရက် တင်းမာသော လေသံနှင့် မေးလိုက်သည်။

ဝမ်ချောင်က ခိုရာစန်းတွေနှင့် မဆက်ဆံခဲ့ဖူးချေ။ သို့သော် သူ့အကြောင်း အနည်းငယ် ကြားဖူးသည်။

ခိုရာစန်းတွေက သေရမည်ကိုမကြောက်သည့် သတ္တိကြီးသော စစ်သည်တော်များဖြစ်သည်။ သူတို့အတွက် သိမ်းပိုက်အုပ်စိုးခံရပြီးသော နှစ်ပေါင်းများစွာ ကြာပြီးသည့်အခိုက်အတန့်တွင်ပင် ပြန်လည် ပုန်ကန်နိုင်ကတည်းက ထိုအခြေအနေကို သက်သေပြပြီးသားဖြစ်သည်။ ထိုအခြေအနေကလည်း အာရပ်က အုပ်စိုးပြီးသော နယ်မြေများအတွင်းမှ ရှားရှားပါးပါးဖြစ်ရပ်မျိုးဖြစ်သည်။

“ခိုရာစန်းမှာ ငါတို့ရဲ့ဆက်စနိတ်မင်းဆက်က နောက်ဆုံးအင်အားစုအဖြစ် ရှိနေသေးတယ်။ အက်ဆာရန် ကပ်တာဖစ်ရဲ့ စစ်သည်ရှစ်ထောင်က ကျန်နေရစ်သေးတယ်။ ဒါက ငါတို့ဆက်စနိတ်မင်းဆက်ရဲ့ အင်အားအကြီးဆုံး အင်အားစုဖြစ်သလို အာရပ်တွေက ရှာပြီးအဖျက်ဆီးချင်ဆုံး အင်အားစုလည်းဖြစ်တယ်။ မာမဲ့လုတွေက ငါတို့ရဲ့ အက်ဆာရန် ကပ်တာဖစ်တွေကိုတောင် အတိအကျ မကိုင်တွယ်နိုင်ဘူး။ မာမဲ့လုတွေ ဖြစ်တည်လာရတာကလည်း ငါတို့ကြောင့်လို့တောင် ပြောလို့ရသေးတယ်”

အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ခိုရာစန်းတွေက တခဏခန့် တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် မည်သူမျှ မျှော်လင့်မထားသည့် အကြောင်းအရာကို ထည့်ပြောလာသည်။

“အာရပ်တွေ ဆက်စနိတ်မင်းဆက်ကို သိမ်းပိုက်ခဲ့တဲ့ နောက်ဆုံးအဆင့်တွေမှာ ဧကရာဇ်က အက်ဆာရန် ကပ်တာဖစ် တွေကို ကိုယ့်ကိုယ်ကို ရုပ်ဖျက်ပြီး အနာဂတ်မှာ မင်းဆက်တစ်ဆက် ပြန်လည်တည်ထောင်နိုင်ဖို့ ထွက်သွားခိုင်းတဲ့အမိန့်ကို ကိုယ်တိုင်ကိုယ်ကျ ထုတ်ခဲ့တယ်။ ဒါကြောင့် အင်ပါယာတစ်ခုလုံး ဖျက်ဆီးခံခဲ့ရတာတောင် အာရပ်တွေက လေးလံတဲ့သံချပ်ကာဝတ် ဒဏ္ဍာရီလာ မြင်းတပ်အင်အားစုကို မရှာနိုင်ခဲ့ဘူး။ ဒါကကာလစ်အတွက် စိုးရိမ်စရာကြီး ဖြစ်နေလိမ့်မယ်။ ဆယ်စုနှစ်များစွာ ကြာသွားခဲ့တယ်။ အာရပ်တွေက ခိုရာစန်းရဲ့ မြို့စောင့်တပ်ကို အဖွဲ့ဝင် ဘယ်နှစ်ယောက်တောင် စေလွှတ်ပြီးပြီလဲ။ ဒါပေမဲ့ သူတို့က ဆိုးရွားစွာ ထိုးနှက်ခံခဲ့ရတယ်မဟုတ်လား”

“အက်ဆာရန် ကပ်တာဖစ်က ငါတို့ရဲ့ နောက်ဆုံးအင်အားစုဖြစ်သလို ပေါ့သေးသေး စုစည်းလို့လည်း မရနိုင်ဘူး။ ဒါပေမဲ့မင်းက အာရပ်ကို ရှုံးအောင်လုပ်နိုင်ရင် ချွီထေပါးနဲ့ အပုမူစလင်၊ အော့စမန်းတို့ကို နိုင်နိုင်ရင် ငါတို့ရဲ့ အဖွဲ့အစည်းကလည်း ချက်ချင်းစုစည်းပြီး အာရပ်တွေ နောက်ဆုတ်သွားချိန်မှာ ထိုးနှက်တိုက်ခိုက်ဖို့ မင်းနဲ့အတူပူးပေါင်းပြီး အာရပ်တွေကို ပြင်းပြင်းထန်ထန် ထိုးနှက်ဖို့ ဆန္ဒရှိတယ်”

ဘုန်း

ခိုရာစန်းတွေ၏ စကားက အဆုံးသတ်သွားသည့် တခဏတွင် ဝမ်ချောင်၏နားအတွင်း မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့် ကံကြမ္မာကျောက်တုံး၏ အသံကထွက်လာသည်။

“အရန်တာဝန်... အက်ဆာရန် ကပ်တာဖစ် စတင်ပြီ”

“ဒါက ဆက်စနိတ်မင်းဆက်ရဲ့ နောက်ဆုံးသော အင်အားစုဖြစ်သလို ခိုရာစန်းတွေရဲ့ အကြီးမားဆုံးသော နောက်ခံလည်းဖြစ်တယ်။ မီးပင်လယ်ကိုကျော်၊ သွေးမြစ်ကိုဖြတ်ကူးပြီး မရေမတွက်နိုင်တဲ့ အောင်မြင်မှု အသီးအပွင့်တွေကို ဆွတ်ခူးရရှိနိုင်ခဲ့တဲ့ မြင်းတပ်အဖွဲ့ကြီးလည်းဖြစ်တယ်။ ဒါက အဲ့ဒီမင်းဆက်ရဲ့ နောက်ဆုံးသွေးမျိုးဆက်ပဲ”

“အသုံးပြုသူရဲ့ အပုမူစလင်ကို ပထမပိုင်းမှာ အနိုင်ယူလိုက်နိုင်တာက သူတို့ရဲ့သတိထားမှုကို လက်ခံရရှိသွားတယ်။ ဒါက ခိုရာစန်းတွေရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ။ ခိုရာစန်းတွေရဲ့ ဆန္ဒက မဟာထန်နဲ့ ပူးပေါင်းလိုတယ်။ ဒါပေမဲ့ သူတို့ကသတိကြီးတယ်။ အသုံးပြုသူအနေနဲ့ သူတို့ရဲ့ အကြွင်းမဲ့ယုံကြည်မှုကို ရရှိမှပဲ ဒီတာဝန်ရဲ့ ဒုတိယပိုင်းကို ပြီးမြောက်အောင်မြင်ပြီး အာရပ်တွေကို ရှုံးအောင်လုပ်နိုင်လိမ့်မယ်။ ဒါ့အပြင် အသုံးပြုသူရဲ့ အနောက်ပိုင်းနယ်မြေနဲ့ ခုံးတောင်တန်းနဲ့ အနောက်ဘက်ခြမ်းတောက်လျှောက် အခိုင်မာဆုံးသော မဟာမိတ်အဖွဲ့အစည်းကြီးကို ပိုင်ဆိုင်လာနိုင်လိမ့်မယ်”

“တာဝန်ကိုအောင်မြင်ရင် ကံကြမ္မာစွမ်းအင်အမှတ် နှစ်ထောင် ဆုလဒ်ရရှိမယ်။ တစ်ချိန်ထဲမှာပဲ အသုံးပြုသူက ဒဏ္ဍာရီလာ အက်ဆာရန် ကပ်တာဖစ်ရဲ့ အကူအညီကို လက်ခံရရှိနိုင်လိမ့်မယ်။ တာဝန်က ကျရှုံးသွားခဲ့ရင် ကံကြမ္မာစွမ်းအင်အမှတ် လေးထောင်ကို အနုတ်ခံရမယ်။ ဒါ့အပြင် လောကရဲ့ ကန့်သတ်မှု အပိုတစ်ခု ထပ်ပေါင်းပါဝင်လာပါလိမ့်မယ်”

“မှတ်ချက်.. အခွင့်အရေးက တစ်ကြိမ်ပဲ ရရှိနိုင်ပါတယ်။ အသုံးပြုသူက တာဝန်ကို ကျရှုံးသွားခဲ့ရင် ခိုရာစန်းတွေနဲ့ ဘယ်တော့မှ အဆက်အသွယ် မရနိုင်တော့ပါဘူး။ ဒါက ခိုရာစန်းတွေက မဟာထန်နဲ့ ပူးပေါင်းဖို့ကြိုးစားတာ ပထမဦးဆုံးနဲ့ နောက်ဆုံးအကြိမ် ဖြစ်နိုင်ပါတယ်”

သတင်းအချက်အလက်ပေါင်းများစွာက ဝမ်ချောင်၏စိတ်အတွင်း ဝင်ရောက်လာသည်။ သို့သော် မည်သူကမှ မကြားနိုင်ချေ။

ဝမ်ချောင်က မှင်သက်စွာရပ်နေသည်။ ကံကြမ္မာကျောက်တုံး၏ အသံက သံသယဝင်နေခြင်း မဟုတ်ဘဲ သတင်းအချက်အလက်များကြောင့်ဖြစ်သည်။

အက်ဆာရန် ကပ်တာဖစ်

ထိုအင်အားစုသည် ကုန်းမြေ၏ ထိပ်တန်းအင်အားစုထဲတွင် စာရင်းဝင်သည်။ ရေကြည်ရာ မြက်နုရာရှာသော လူမျိုးများအနေနှင့် ဆက်စနိတ်မင်းဆက်က အာရေးဗီးယား အင်ပါယာနှင့် အလားတူပေါင်းများစွာကို ပိုင်ဆိုင်ထားသည်။ ထိုထဲတွင် သူတို့၏မြင်းတပ်၏ ခွန်အားလည်းပါသည်။ ဝမ်ချောင်ကလည်း လောကမှ မဟာမာရှယ်ကြီးဖြစ်ခဲ့ဖူးသော ခေတ်ကာလ... စစ်သူတော်စင်အဖြစ် မရောက်ခင် ခေတ်ကာလက အဖွဲ့အစည်းပေါင်းများစွာ၊ လူမျိုးစုပေါင်းများစွာ၏ စစ်တပ်များ၊ အင်အားစုများ၏ အကြောင်းအရာများကို ဖတ်ခဲ့ဖူးသည်။ ထိုအင်အားစုများထဲမှ တစ်ခုက ပျောက်ကွယ်သွားသော ဆက်စနိတ်မင်းဆက်အကြောင်းဖြစ်သည်။

ဆက်စနိတ်မင်းဆက်သည် အက်ဆာရန် ကပ်တာဖစ်၏ အင်အားအကြီးဆုံး မြင်းတပ်အင်အားစုဖြစ်သည်။ အာရပ်နှင့် ဆက်စနိတ်များက ခြားနားသော ပုံစံများဖြင့် ချဉ်းကပ်ကြသော်လည်း အက်ဆာရန် ကပ်တာဖစ်များက မာမဲ့လုများနှင့် အလွန်တူသည်။ အဖွဲ့အစည်းနှစ်ခုလုံးက တိုက်ပွဲနယ်မြေတွင် အလွန့်အလွန် လေးစားဖွယ်ကောင်းသည့် အင်အားစုဖြစ်သည်။ ကောလဟာလများအရ မာမဲ့လုများက အနီးအနားရှိ ဆက်စနိတ်မင်းဆက်၏ အက်ဆာရန် ကပ်တာဖစ်ကို ထိပ်တိုက်ရင်ဆိုင်ပြီး ရှုံးသွားပြီးမှသာ တည်ထောင်ခဲ့သည်ဟုဆိုသည်။

ပြောရလျှင် ထိုမြင်းတပ်အင်အားစုက မာမဲ့လုထက် စောစွာပေါ်ထွက်လာခဲ့ခြင်းဖြစ်နေသည်။

သို့သော် ဝမ်ချောင်၏ မှတ်ဉာဏ်ထဲတွင် ဆက်စနိတ်မင်းဆက်၏ နောက်ဆုံးသော အင်အားစုက လွန်ခဲ့သော ဆယ်စုနှစ်ကတည်းက ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်နေသည်။ သူတို့က သမိုင်း၏ ဖုန်အောက်တွင် မြုပ်သွားပြီဖြစ်သည်။ မမျှော်လင့်ထားစွာပင် ထိုအဖွဲ့အစည်းက အမှန်တကယ် ရှိနေသေးသည်။ သူတို့က ဒီလိုနည်းလမ်းကိုသုံးပြီး ရှင်သန်နေခဲ့ခြင်းဖြစ်သည်။

ဝမ်ချောင်က ဘာစကားမှမဆိုချေ။ သို့သော် ကောင်းရှန်းကျစ်ကို တစ်ချက်ကြည့်သည်။ သူတို့ကလည်း သဘောတူကြောင်းသိလိုက်သည်။

အနောက်တောင်ပိုင်းမှ စစ်ပွဲပြီးနောက် မဟာထန်ဟာ စစ်သည်လိုအပ်ချက်ကို ပြင်းထန်စွာ ခံစားနေရသည်။ ခိုရာစန်းတွေ၏ တောင်းဆိုမှုက မဟာထန်၏ ပန်းတိုင်လိုအပ်ချက်နှင့် ကတောက်ကဆ ဖြစ်မလာခဲ့ချေ။ သူတို့က ခိုရာစန်း၏ အကူအညီကို လက်ခံရရှိလျှင် အာရေးဗီးယား ပိုင်နက်နယ်မြေ အတွင်းပိုင်းသို့ သံတစ်ချောင်း စိုက်ထားပြီးသား ဖြစ်သွားလေသည်။ ထိုသို့ဖြင့် မဟာထန်က အဖိုးတန်သော သတင်းအချက်အလက်ပေါင်း များစွာကိုရနိုင်သည်။

“ယွမ်ချင် ကျေးဇူးပြုပြီး ငါတို့ရဲ့ဧည့်သည်ကို အပြင်ကို လိုက်ပါပို့ဆောင်ပေးလိုက်ပြီး ကောင်းကောင်း ဧည့်ခံထားလိုက်ပါ။ ဒါ့အပြင် စီနီယာယွမ် ကျေးဇူးပြုပြီး သူ့ကိုပြောပေးပါ။ ငါတို့က သူ့ရဲ့တောင်းဆိုမှုကို သဘောတူတယ်။ ငါကလည်း မဟာထန်နဲ့ ဆက်စနိတ်မင်းဆက် အကြားမှာ ခိုင်မာလွန်းတဲ့ ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်လာလိမ့်မယ်လို့ ယုံကြည်မှုရှိတယ်”

“ဟုတ်တယ်”

ရွှီယွမ်ချင်နှင့် ယွမ်ရှု့စုန့်တို့က တစ်ပြိုင်တည်း ပြန်ဖြေကြသည်။

အခန်း(၁၀၂၃)

မြို့တော်သို့ပို့သော စာတစ်စောင်

ခိုရာစန်းတွေက အတွင်းခန်းမထဲသို့ ဦးဆောင်ခေါ်သွားခံရသည်။ ထိုနေရာတွင် ရွှီယွမ်ချင်နှင့် ယွမ်ရှု့စုန့်တို့ ကိုယ်တိုင်ကိုယ်ကျ လက်ခံကြိုဆိုပေးပြီး ဧည့်ခံနေခြင်းဖြစ်သည်။ သူ့ကို အချို့ကိစ္စများ ဂရုစိုက် မေးမြန်းခဲ့ပြီးနောက် ခိုရာစန်းတွေကို မြို့ပြင်သို့ ခပ်မြန်မြန် လိုက်ပို့လိုက်ကြသည်။

“ဝမ်ချောင် မင်းခိုရာစန်းတွေ ပြောသွားတာကို ကြားတာပဲ။ ငါတို့က ဆိုးရွားတဲ့ အခြေအနေမှာ ရောက်နေတယ်”

ခိုရာစန်းများကို လိုက်ပါပို့ဆောင်ပြီးနောက် ကောင်းရှန်းကျစ်က စားပွဲတွင် ပြန်ထိုင်သည်။ သူ၏မျက်မှောင်က စိုးရိမ်မှုဖြင့်ကျုံ့လာသည်။ လူတိုင်းကလည်း အပုမူစလင်၏ ခွန်အားကိုမြင်ပြီးသားဖြစ်သည်။ သူ၏လက်သီးချက်များထဲမှ တစ်ချက်ကတင် မျောက်ဝံကြီးကို ရင်ဆိုင်တိုက်ခိုက်ရန် လုံလောက်နေပြီဖြစ်သည်။ အလားတူ အဆင့်တွင်ရှိသော အစိုးရနှစ်ယောက် ထပ်ရောက်လာခဲ့လျှင် ထို့ပြင် နောက်ထပ် စစ်သည်တော်ပေါင်းများစွာ ဝင်ရောက်လာခဲ့သော် တာလာ့၏ အခြေအနေကို ထိန်းထားရန်ပင် ခက်လာသည်။

ဝမ်ချောင်က ဘာစကားမှမပြောချေ။ သူ၏မျက်လုံးထဲတွင်လည်း စိုးရိမ်မှုများ မို့တက်လာသည်။

သူကလည်း သဘာဝအလျောက်ပင် ကောင်းရှန်းကျစ် ပြောလိုသည့် အကြောင်းအရာကို နားလည်သည်။ အာရပ်များက ထန်များထက် စစ်သည်ပမာဏပေါင်း များစွာကို ပိုင်ဆိုင်ထားသည်။

“ငါတို့မှာ ရွေးချယ်စရာနှစ်ခုပဲရှိတယ်။ တစ်ခုက ချက်ချင်းနောက်ဆုတ်တာပဲ။ ဒီလိုနဲ့ တာလာ့ကို ဗဟိုပြင်ကျယ်အတွက် ချန်ထားရစ်ခဲ့ပြီး အာရပ်တွေက အလုံးအရင်းနဲ့ မဝင်လာခင် ဆုတ်ခွာချိန်ရလိမ့်မယ်။ သာ့လွန်ရော့ကျန်းနဲ့ အနောက်ပိုင်းတူရကီတွေက ငါတို့ကို တားနိုင်တဲ့ အင်အားမရှိပါဘူး”

ကောင်းရှန်းကျစ်ကပြောသည်။

“ဒါပေမဲ့ ငါတို့အဲ့ဒီလိုလုပ်လိုက်ရင် တာလာ့ကိုရှုံးသွားမယ်။ ဒီခံတပ်က အာရပ်ကို အရှေ့ပိုင်းကို မချီတက်အောင် တားနိုင်တဲ့နေရာပဲ။ ငါတို့က ထွက်သွားတာနဲ့ နေရာဗျူဟာချဖို့ ခက်သွားလိမ့်မယ်။ ပိုဆိုးတာက ငါတို့က ခုံးတောင်တန်းကို ကျော်ဖြတ်လိုက်တာနဲ့ အန်းရှီကိုရောက်သွားမှာပဲ။ အဲ့ဒီနောက် တာလာ့မှာ အာရပ်တွေကို တားထားရင်းနဲ့ အနောက်ပိုင်းဒေသက ပုန်ကန်မှုတွေကို ထိန်းထားနိုင်တယ်။ ဒါပေမဲ့ အာရပ်တွေကသာ အန်းရှီထဲကို ဝင်ရောက်လာတာမျိုးကို ခွင့်ပြုလိုက်မယ်ဆိုရင် အနောက်ပိုင်းဒေသရဲ့ တိုင်းပြည်တွေကလည်း သူတို့ရဲ့အားသာချက်ကို အရယူနိုင်ပြီး ထိန်းသိမ်းနိုင်ဖို့ ကြိုးစားလာလိမ့်မယ်။ သူတို့က နဂိုအတိုင်း ဆက်နေမယ်ဆိုတာကို ပြောဖို့ကခက်တယ်”

ဝမ်ချောင်က ခေါင်းခါသည်။

သူက ကောင်းရှန်းကျစ် ဆိုလိုရင်းကို နားလည်သည်။ သို့သော် ထိုသုံးသပ်ချက်က မလုပ်နိုင်သည်မှာ ရှင်းလင်းနေသည်။ တာလာ့တွင် သူတို့က အာရပ်၊ ယွီစန်း၊ အနောက်ပိုင်းတူရကီကို ရင်ဆိုင်နေရသည်။ သူတို့ကသာ အနောက်ပိုင်းနယ်မြေသို့ ပြန်ဆုတ်လိုက်လျှင် မဟာထန်က အနောက်ပိုင်းနယ်မြေများကိုပါ ရန်သူစာရင်းသို့ ထည့်တွက်ရတော့ပေမည်။ ထိုအခြေအနေက ပို၍ပင် စိတ်ပျက်စရာကောင်းနေသည်။

“ဟား ဟား ငါမင်းကို ဒီအကြောင်းပဲ ဆွေးနွေးချင်နေတာ။ ဒါပေမဲ့ မင်းကသိပြီးတဲ့ပုံပဲ။ မင်းက တာလာ့ကို လာတဲ့လမ်းတောက်လျှောက်မှာ အနောက်ပိုင်းနယ်မြေတွေက ကစဉ့်ကလျား ဖြစ်နေတာကို မြင်ခဲ့လိမ့်မယ်။ ဒီလိုဖြစ်နေတာက ငါက အသက်ရှင်နေသေးပြီး တကယ်မရှုံးသေးလို့။ ငါတို့ကသာ အနောက်ပိုင်းနယ်မြေကို တကယ်ဆုတ်သွားခဲ့ရင် ဒီတိုင်းပြည်တွေ အားလုံးက လုံးဝ ဝရုန်းသုန်းကားဖြစ်သွားလိမ့်မယ်။ သူတို့က တာလာ့လိုမျိုး လှံအထိုးခံပြီး ငါတို့ကိုတောင် တိုက်ခိုက်လာလောက်တယ်။ အဲ့ဒီအခါ ငါတို့က အတွင်းရောအပြင်မှာပါ ရန်သူတွေပြည့်နေမှာပဲ”

“ထန်တွေက အနောက်ပိုင်းဒေသကို အုပ်ချုပ်လာတာ နှစ်ပေါင်းနှစ်ရာကျော်သွားပြီ။ ဒါပေမဲ့ အဆုံးသတ်မှာ ဒီနေရာကိုအုပ်ချုပ်ဖို့ ကျရှုံးကောင်း ကျရှုံးသွားနိုင်တယ်ဆိုတာကို သက်သေပြနေတယ်မဟုတ်လား”

ထိုသို့ပြောပြီးနောက် ကောင်းရှန်းကျစ်က အပေါ်သို့ မော့ကြည့်သည်။ ထို့နောက် သက်ပြင်းချသည်။ သူ၏မျက်နှာတွင် စိတ်ပျက်လက်ပျက်ဖြစ်မှုနှင့် ရှုံးနိမ့်မှုက ပေါ်ထွက်နေသည်။

အနောက်ပိုင်းနယ်မြေတွင် ဆယ်နှစ်ကျော် နေထိုင်ခဲ့သော သူ၏သက်တမ်းတွင် သူဟာ အန်းရှီစစ်နတ်ဘုရားဘွဲ့ကို ရခဲ့သည်။ သို့သော် တာလာ့၏တိုက်ပွဲတွင် သူက ကြေးစားစစ်သား အဖွဲ့အချို့ကို မဟာမိတ်စစ်သားတွေ ထားရုံကလွဲပြီး အခြားသောအဖွဲ့များကို မစုစည်းနိုင်ခဲ့ချေ။ မည်သည့်တိုင်းပြည်ကမှလည်း ဒီစစ်ပွဲထဲသု့ိ ဝင်ရောက်ပြီး မဟာထန်ကို မထောက်ပံ့လိုကြချေ။ အနှစ်ချုပ်ဆိုရသော် မဟာထန်က အနောက်ပိုင်းဒေသသု့ိ ဆုတ်လိုက်လျှင် ရင်းနှီးမှုကြီးသွားသည်။ ရှုံးနိမ့်သွားသည်ဟုပင် ဖော်ပြရတော့မည်ဖြစ်သည်။

ကောင်းရှန်းကျစ်လို မာနကြီးတဲ့လူမျိုးက ဒီလိုအခြေအနေကို ဘယ်လိုများ လက်သင့်ခံနိုင်မှာလဲ။

ဝမ်ချောင်၏ ပါးစပ်က ပွင့်သွားသည်။ သို့သော် သူက သူ့ကိုယ်သူထိန်းသည်။

မဟာထန်သည် အနောက်ပိုင်းဒေသကို အုပ်ချုပ်ရာတွင် ညင်သာလွန်းခဲ့သည်။ ဆိုရိုးစကားတစ်ခုအတိုင်း “ဟူက အင်အားကိုကြောက်တယ်။ ဖြောင့်မတ်မှန်ကန်မှုကို မဟုတ်ဘူး”ဆိုသော စကားအတိုင်း ဖြစ်နေသည်။ ဗဟိုပြင်ကျယ်တွင် စွဲမြဲစွာသုံးသော စံနှုန်းကို နှစ်ထောင်ကျော်ကြာ အချိန်ယူပြီးမှ နားလည်ကြလောက်သည်။ ဗဟိုပြင်ကျယ်သည် ဖြောင့်မတ်မှန်ကန်မှု၊ တရားမျှတမှုကို လက်ကိုင်စွဲထားသည်။ အနောက်ပိုင်းဒေသမှ လူတိုင်းက အလားတူ တွေးကြမည်ဟု ထင်ထားကြသည်။ သို့သော် ဒါက ဒီတိုင်း စိတ်ကူးယဉ်ကာ တွေးတောနေခြင်းသာဖြစ်နေသည်။

အနောက်ပိုင်းဒေသတွင် လက်ကိုင်ထားသော စံနှုန်းကမူ “အင်အားကြီးသူက အားနည်းသောသူကို အုပ်ချုပ်သည်”ဆိုသော စကားဖြစ်သည်။ အနောက်ပိုင်းဒေသမှ တိုင်းပြည်တိုင်းက အင်အားအကြီးဆုံး နောက်ခံကို လိုချင်ကြသည်။ သူတို့အတွက် ကြင်နာမှု၊ ဖြောင့်မတ်မှန်ကန်မှုများက အဓိပ္ပာယ်မရှိချေ။

ထိုအခြေအနေက ခြားနားသော လူမျိုးစုနှစ်ခုကို ဘောင်တစ်ခုအတွင်း ထည့်သွင်းထားသကဲ့သို့ ဖြစ်သွားသည်။ ဗဟိုပြင်ကျယ်မှ လူများကမူ ရိုးရှင်းစွာပင် ထိုစည်းမျဉ်းကို လက်ကိုင်သုံးခြင်းအားဖြင့် ထိုလက်အောက်ခံ တိုင်းပြည်များကို မျက်နှာသာပေးထားသည်ဟု ယူဆထားချိန်တွင် သူတို့၏ ပန်းတိုင်အောင်မြင်ရန် အလွန့်အလွန် ဝေးကွာနေသေးကြောင်း နားမလည်ကြချေ။

သို့ရာတွင် စစ်က လက်တွေ့ မျက်ဝါးထင်ထင် မြင်ရသောဖြစ်ရပ်တစ်ခုဖြစ်ပြီး ယခုလိုအခြေအနေမျိုးတွင် ထိုအကြောင်းအရာများကို ဆွေးနွေးနေ၍ မရချေ။ အနောက်ပိုင်းဒေသကို ပေါ့ပေါ့ပါးပါး ချဉ်းကပ်နိုင်မည့် အကြောင်းပြချက်ပေါင်းများစွာ ရှိနေသည်။ ကောင်းရှန်းကျစ်ကလည်း ထိုကိစ္စကို အခြားသောသူများကို အပြစ်တင်၍မရချေ။

“အရှင် ကိုယ့်ကိုယ်ကို အပြစ်တင်မနေပါနဲ့။ မဟာထန်က အဲ့ဒီအဆင့်ထိ မရောက်သေးပါဘူး။ ဒီတိုက်ပွဲက ရှုံးမယ်လို့ မသေချာသေးပါဘူး”

ဝမ်ချောင်က နှစ်သိမ့်သည်။

“အန်းရှီအတွက်ကတော့ ဒီတိုက်ပွဲပြီးသွားမှပဲ ငါတို့အဲ့ဒီအကြောင်းကို ဆက်တွေးကြမယ်”

“အွန်း”

ကောင်းရှန်းကျစ်က ခေါင်းညိမ့်ပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်သည်။ အပြင်လူများ၏ အရှေ့တွင် သူက အမြဲတစေ တည်ငြိမ်သည်။ အားနည်းမှုကို ပြခဲသည်။ ချန်းချန့်လီနှင့် ဖန်းချန်းချင်တို့၏ အရှေ့တွင်ပင် ထိုသို့မပြသခဲ့ဖူးချေ။ သူက ဝမ်ချောင်ကို ထိုစကားလုံးများ ပြလိုက်ကတည်းက သူဟာ ဝမ်ချောင်ကို သူ၏ အဆင့်အတန်းတူ လူရင်းအဖြစ် သတ်မှတ်ပြီး ပြဿနာပေါင်းများစွာကို ဆွေးနွေးနိုင်သည်ဟု ယူဆထား၍ဖြစ်သည်။

ချန်းချန့်လီနှင့် ဖန်းချန်းချင်တို့က ကိုယ်ပိုင်ပါရမီများကို ပိုင်ဆိုင်သည့် ပြောင်မြောက်ထူးချွန်သော လက်အောက်ငယ်သားများဖြစ်သည်။ သို့သော် ဗျူဟာ၊ စီမံနိုင်စွမ်းရည်၊ သိုင်းပညာ၊ အကြံအစည်များအရာတွင် ယှဉ်သော် သူတို့က လိုအပ်ချက်အနည်းငယ် ရှိနေသေးသည်။ ထို့ကြောင့် ကောင်းရှန်းကျစ်အနေဖြင့် ထိုလူများကို စကားပြောသည့်အခါ အတွေ့အကြုံ အချို့ကို ထိန်ချန်ထားရသေးသည်။ ဝမ်ချောင်ကမူ သူလွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပြောဆိုပြီး တစ်ဖက်သူက ချက်ချင်းလိုလို အဓိပ္ပာယ်ကို နားလည်နိုင်စွမ်းရည်ရှိသည့် ဉာဏ်ရည်တူ၊ ဗျူဟာတူ သိုင်းပညာကျင့်ကြံခြင်းအဆင့်တူ၊ စွမ်းရည်ခြင်းတူသော လူမျိုးဖြစ်နေသည်။ ထို့ကြောင့် သူ၏ ပူပန်မှုများ အားလုံးကို ထိန်ချန်ထားရန်မလိုအပ်ဘဲ ချပြ၍ရသည်။

“ဒီအခြေအနေက အဲ့ဒီအဆင့်ထိ မရောက်သေးဘူး။ ဒါပေမဲ့ ငါတို့အတွက် တာလာ့က အနောက်ပိုင်း နယ်မြေဒေသတွေထက် အဆုံးအဖြတ် တိုက်ပွဲဆိုတာထက် ပိုကောင်းတဲ့ နေရာကြီးတစ်ခု ဖြစ်နေတယ်။ ပိုဆိုးတာက ငါတို့က အနောက်ပိုင်းဒေသကို ဆုတ်လိုက်တာနဲ့ အာရပ်တွေက ပတ်လာပြီး လုံရှီ ဒါမှမဟုတ် အတွင်းပိုင်းကို တိုက်ခိုက်နိုင်တယ်။ ဒီလိုဆိုရင် ငါတို့က ပိုဆိုးတဲ့ အခြေအနေကို ရောက်သွားမယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ငါတို့တာလာ့က ထွက်သွားလို့မရဘူး”

ကောင်းရှန်းကျစ်က ခပ်တင်းတင်းပြောသည်။

“ဒါကြောင့် ငါတို့မှာ ရွေးချယ်စရာ တစ်ခုပဲရှိတယ်။ ငါတို့ အင်ပါယာ ခုံရုံးကို သေချာပေါက် ရှင်းပြပြီး တပ်ကူတွေ အမြန်ဆုံး တောင်းခံရမယ်”

ဝမ်ချောင်ကလည်း သဘောတူမှု အပြည့်နှင့် ခေါင်းညိမ့်သည်။

အပုမူစလင်က အရှေ့ပိုင်းမှ အစိုးရဖြစ်သလို နေရာတစ်နေရာကို စစ်တပ်များသုံးကာ အုပ်ချုပ်အမိန့်ပေးနိုင်သူဖြစ်ပြီး မဟာထန်၏ အန်းရှီကာကွယ်ရေးစစ်တပ် သို့မဟုတ် ချီရှီကာကွယ်ရေးစစ်တပ်ကဲ့သို့ ဖြစ်သည်။ သို့သော် အခြားသော အစိုးရနှစ်ယောက်က ပူးပေါင်းလာခဲ့သော် အခြေအနေက ခြားနားသွားသည်။ ခိုရာစန်းတွေ ပြောသွားသော စကားများအရ ချွီထေပါးက ဦးဆောင်လာသော မြောက်ပိုင်းစစ်တပ်က အပုမူစလင်၏ စစ်တပ်နှင့်တူသည်။ ထို့အပြင် ခါရီယိုမှ အစိုးရ အော့စမန်းကလည်း ရောက်လာဦးမည့်အချက်ကို ထည့်သွင်းစဉ်းစားရဦးမည်ဖြစ်သည်။ ထိုအချက်များအပြင် ကာလစ်က မာမဲ့လုများကိုလွှတ်ရန် ပြင်ဆင်နေလောက်သည်။

ဒီတိုက်ပွဲ၏ သဘောသဘာဝက လျှင်မြန်စွာ ပြောင်းလဲသွားပြန်သည်။ ဒီစစ်ပွဲက မည်သည့်နည်းနဲ့မျှ ပြည်တွင်းချင်း တိုက်ခိုက်ရန် ဖြစ်ပွားခြင်း မဟုတ်တော့ချေ။ စစ်တပ်များပေါင်းကာ အလုံးအရင်းဖြင့် ထိပ်တိုက်ရင်ဆိုင်ခြင်း ဖြစ်နေသည်။ အာရေးဗီးယားသည် သူတို့၏စစ်သည် သုံးဆယ်မှ လေးဆယ်ရာခိုင်နှုန်းအထိ စုစည်းထားသည်။ ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့၏ လက်အောက်မှ ကျန်ရစ်သော စစ်သားများလောက်က ထိုအတိုင်းအတာကို ရင်မဆိုင်နိုင်ချေ။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ်နဲ့ ငါက သဘောထားတိုက်ဆိုင်မှု ရှိသွားတယ်။ ဒါပေမဲ့ ငါ့ရဲ့စစ်တပ်က စီနီယာအရ တော်ဝင်ခုံရုံးကို ရှင်းပြဖို့ လုံလောက်မှာမဟုတ်ဘူး။ ဒီတော့ ဒီကိစ္စကို အရှင်ကာကွယ်ရေး ဗိုလ်ချုပ်ရဲ့ အကူအညီကိုပဲ တောင်းခံပါရစေ”

ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။

“စိတ်အေးအေးထားပါ။ ငါမင်းကို တိုက်ရိုက်ညွှန်းဆိုထောက်ပံ့ ကူညီရင်း မှတ်တမ်းလွှာ တင်ပြလိုက်မယ်။ ငါမင်းနဲ့ သဘောထားတူညီတဲ့ အကြောင်းကိုလည်း ထည့်သွင်းတင်ပြမယ်။ ဒီတိုက်ပွဲက အရမ်း အရမ်းကို အရေးကြီးတယ်။ ခိုရာစန်းတွေ ပြောသွားတဲ့ စကားအရ အာရပ်တွေက ရည်မှန်းချက် တအားကြီးလွန်းတယ်။ ငါတို့က သူတို့ကိုသာ တာလာ့ကို သိမ်းယူခိုင်းလိုက်ရင် သူတို့က သူတို့ရဲ့စစ်တပ်တိုင်းကို အရှေ့ပိုင်းကို တောက်လျှောက်ပို့လာပြီး တိဗက်နဲ့ အနောက်ပိုင်းတူရကီတွေက သူတို့ရဲ့ မဟာမိတ်အဖြစ် ပူးပေါင်းလို့ ခုံးတောင်တန်း အရှေ့ပိုင်းထိ တိုက်ရိုက် ဝင်ရောက်လာခဲ့မှာပဲ။ ဒီအခြေအနေက မဟာထန်ရဲ့ အကြီးမားဆုံး ရန်သူကြီးကို ရင်ဆိုင်ရသလို ဖြစ်သွားလိမ့်မယ်”

ကောင်းရှန်းကျစ်က စိုးရိမ်တကြီးပြောသည်။ ပြောင်မြောက်ထူးချွန်သော မဟာဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်သည့် ကောင်းရှန်းကျစ်သည် ဆုံးဖြတ်ချက် ပြတ်သားကာ မြင်နိုင်စွမ်းအားမြင့်သည်။

“ငါစိုးရိမ်တာက ခုံရုံးက အမတ်တွေပဲ။ သူတို့က တိုက်ပွဲထဲမှာ ကိုယ်တိုင်ဝင်မပါနိုင်ဘူး။ ဒီတော့ တိုက်ပွဲရဲ့ အရေးပါမှုကိုလည်း နားမလည်သလို အကျိုးဆက်ကိုလည်း မသိဘူး။ ဒီတိုင်း အာရပ်က တာလာ့ကို နိုင်သွားတဲ့ကိစ္စလောက် မရိုးရှင်းနိုင်တာကို သိကြမှာမဟုတ်ဘူး။ ကျားတစ်ကောင်က အားနည်းချက်ပြလိုက်ရင် ဝံပုလွေအုပ်က စုလာလိမ့်မယ်။ ပိုဆိုးတာက ဘုရင်ချီရဲ့အဖွဲ့အစည်းက တိုင်းပြည်ရဲ့ လုံခြုံရေးအတွက်ဆိုပြီး ခြိမ်းခြောက်မှု ကြီးလွန်းတယ်လု့ိပြောပြီး အတိုက်အခံလုပ်ကြလိမ့်မယ်။ သူတို့ရဲ့အတိတ်က လုပ်ဆောင်မှုတွေကို ပြန်ကြည့်ရင် သူတို့က နည်းလမ်းတိုင်းကိုသုံးပြီး ပြဿနာရှာဖို့ ကြိုးစားမှာပဲ။ ဒီလိုနဲ့ ငါတို့ရဲ့ မှတ်တမ်းလွှာတွေကို ပိတ်ဆို့ပြီး ဒုက္ခတွေ့အောင် လုပ်လိမ့်မယ်။ နောက်ပြီး ပိုဆိုးတာက...”

“တော်ဝင်ခုံရုံးက ဘာစစ်သားမှ ပို့စရာမရှိဘူး”

ထိုစကားများနှင့်အတူ ကောင်းရှန်းကျစ်က သက်ပြင်းချပြန်သည်။

သူသည် တာလာ့တွင် အဝိုင်းခံရချိန်ကတည်းက တော်ဝင်ခုံရုံးထံ ထပ်ခါတလဲလဲ စာပို့ကာ တပ်ကူများ တောင်းခဲ့သည်။ သို့သော် အဆုံးသတ်တွင် ဝမ်ချောင်၏ ချီရှီကာကွယ်ရေးစစ်တပ်၊ ဝူရှန်းမြင်းတပ်နှင့် အင်ပါယာခုံရုံးက စေလွှတ်ခဲ့သော စစ်သည်ခြောက်သောင်းဝန်းကျင်ကသာ ရောက်လာခဲ့သည်။ ကျန်ရှိသော စစ်သည်ခြောက်သောင်းဝန်းကျင်ခန့်က ဝမ်ချောင်ကိုယ်တိုင်ကိုယ်ကျ အင်အားစိုက်ထုတ်ကာ ရွှေ့သုံးပြီး ငှားရမ်းခဲ့ရခြင်းဖြစ်သည်။

သူအန်းရှီကာကွယ်ရေး မဟာဗိုလ်ချုပ်က နှစ်လလုံးလုံး ကြိုးစားပြီး ထိုစစ်သားပမာဏကိုသာ ရရှိနိုင်လျှင် မဟာထန်က မည်သို့သော အခြေအနေမျိုးကို ရင်ဆိုင်နေကြောင်း နားလည်နိုင်သည်။

ဝမ်ချောင်က တိတ်ဆိတ်သွားသည်။ ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားပြီး ပင်အပ်ကျသံကိုပင် ကြားနိုင်သည်။

သူကလည်း သဘာဝအလျောက်ပင် ကောင်းရှန်းကျစ်၏ ဆိုလိုသည့်ပြဿနာကို နားလည်သည်။ သို့သော် မဟာထန်က အာရေးဗီးယားမဟုတ်ချေ။ သူတို့တွင် ကန့်သတ်ချက်ပေါင်း များလွန်းသည်။ နယ်စပ်တွင် ရန်သူပေါင်း များလွန်းသည်။ နယ်စပ်တွင် တောက်လျှောက် တပ်ဆွဲထားသော တိုင်းပြည်ပေါင်းများစွာ၏ စစ်တပ်များကို မဟာထန်သို့ ပြုံတိုးထည့်သွင်းလိုက်လျှင် နှစ်သန်းမှ သုံးသန်းအထိရှိနိုင်သည်။ မဟာထန်ကသာ ထိုစစ်သားပမာဏကို လက်ခံရရှိနိုင်လျှင် တာလာ့တွင် ကြွကြွရွရွ အနိုင်ရနိုင်ပေလိမ့်မည်။

ထိုအချက်များအပြင် ကောင်းရှန်းကျစ်ပြောသလိုမျိုး ဘုရင်ချီက အလွန်ကြီးမားလွန်းသော အနှောက်အယှက်ကြီး ဖြစ်နေသည်။

ကြည့်ရတာ သူ့ကိုဆက်ပြီးထားလို့ မရတော့ဘူးပဲ။

ဝမ်ချောင်က တိတ်တဆိတ် တွေးလိုက်သည်။

မဟာထန်ကသာ ကြီးမားသောကပ်ဘေးကို ရင်ဆိုင်ကျော်လွှားပြီး ဒီကပ်ဘေးထံမှာ ရှင်သန်လိုလျှင် သူတို့အရင်ဆုံး ကျော်ဖြတ်ရမည့် အကြီးမားဆုံး အကာအရံက ဘုရင်ချီကို ဖယ်ရှားခြင်းဖြစ်သည်။ ပထမဦးဆုံးအကြိမ် ဝမ်ချောင်က ဘုရင်ချီက ပေးနိုင်သည့် ခြိမ်းခြောက်မှုက မည်မျှကြီးကြောင်း နားလည်လိုက်သည်။ ဒါဟာ ဗဟိုပြင်ကျယ်အတွက် မဟာထန်အတွက်ပင်ဖြစ်စေ၊ ဘုရင်ချီဟာ မည်သည့်နည်းနှင့်မျှ ခုံရုံးအတွင်း ဆက်နေ၍မရချေ။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် စိတ်အေးအေးထားပါ။ ဘုရင်ချီနဲ့ သူ့လူတွေက တော်ဝင်ခုံရုံးမှာ ငါတို့ကိုတားဖို့ ကြိုးစားလာရင်တောင်မှ ငါကသူ့ကို ကိုင်တွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိနေသေးတယ်။ ငါဒီတိုင်း အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကို ငါ့အတွက် စာနှစ်စောင်ပဲ ရေးပေးစေချင်တာပါ”

ကောင်းရှန်းကျစ်၏ သိချင်စိတ်ပြင်းပြမှု၊ မေးခွန်းထုတ်မှု ပြည့်နှက်နေသော အကြည့်ကို လက်ခံရရှိချိန်တွင် ဝမ်ချောင်က ပြုံးလိုက်သည်။

“တစ်စောင်က ငါ့အဖိုးအတွက်”

ကောင်းရှန်းကျစ်က ကြောင်သွားသည်။ ထို့နောက် သူ၏မျက်ဝန်းအတွင်း နားလည်မှု၊ လေးစားမှုက ပေါ်ထွက်လာသည်။ မဟာထန်မှ မြို့စားကျို့သည် ရွှေခေတ်တစ်ခုလုံးကိုအုပ်စိုးကာ ထောက်ပံ့ပေးနိုင်ခဲ့သည့် မဟာအမတ်မင်းကြီးဖြစ်သည်။ သူသည် သူတော်စင်ဧကရာဇ် ထီးနန်းဆက်ခံရာတွင် ထောက်ပံ့ပေးခဲ့သည့် အရေးပါပြီး အယုံကြည်ရဆုံးသော အရာရှိတစ်ယောက် ဖြစ်သလို သူတော်စင်ဧကရာဇ်အား ယခုလက်ရှိ စည်ပင်ဝပြောသော မဟာထန်ကြီးအဖြစ် ဖန်တီးနိုင်အောင် ကူညီပေးခဲ့သူလည်းဖြစ်သည်။ လူတိုင်းက သူ၏နာမည်ကိုသိသည်။

“မြို့စားကျို့ကသာ ဒီကိစ္စမှာ ဝင်ပါလာခဲ့ရင် ကိစ္စတွေက ခြားနားသွားလိမ့်မယ်”

ကောင်းရှန်းကျစ်က ရိုးသားစွာပြောသည်။

တစ်လောကလုံးက မြို့စားကျို့၏ လုပ်ဆောင်မှုများကို အတွေ့အကြုံရှိပြီးသားဖြစ်သည်။ သူ၏ စိတ်ရင်းနှင့် ထောက်ပံ့မှုမပါဘဲ မဟာထန်ကြီးဟာ လက်ရှိအတိုင်းအတာထိ ပြောင်းလဲလာနိုင်ရန် အလွန့်အလွန် ခက်ခဲလောက်သည်။ ပို၍ဆိုးသည်မှာ မြို့စားကျို့၏ လုပ်ဆောင်မှုများက မူဝါဒရေးရာ၊ အုပ်ချုပ်မှုရေးရာဆိုသော အဆင့်လောက်နှင့် ကန့်သတ်၍မရချေ။ သူသည် စစ်နယ်ပယ်အတွင်းတွင် ထူးချွန်လွန်းသော လုပ်ဆောင်မှုများကိုလည်း လုပ်ဆောင်ခဲ့ဖူးသည်။

မြို့စားကျို့ဟာ အမတ်မင်းတစ်ယောက်ဖြစ်သလို မဟာထန်၏ ရှည်ကြာစွာငြိမ်းချမ်းခြင်း၊ စည်ပင်ဝပြောခြင်းတို့ကို ပိုင်ဆိုင်စေရန် အများကြီး အကျိုးပြုခဲ့သူဖြစ်သည်။

အရေးအကြီးဆုံး အချက်ကမူ မြို့စားကျို့က သူ၏အထွတ်အထိပ် ကာလတွင် အနားယူရန် ဆုံးဖြတ်ခဲ့သောအခါ သူတော်စင်ဧကရာဇ်က လူတိုင်းကိုယ်စား အသနားခံပြီး မြို့စားကျို့ကို အသိုင်းအဝိုင်းအတွင်းမှ လုံးဝနောက်ဆုတ်မသွားအောင် တောင်းပန်ခဲ့သည်။ သို့တိုင်အောင် မြို့စားကျို့က နောက်ပိုင်းကာလများတွင် ခုံရုံးရေးရာကိစ္စများကို ဝင်စွက်ဖက်ခဲလာသည်။ သူဟာ အလွန့်အလွန် အရေးကြီးသော ကိစ္စများတွင်သာ စိုးရိမ်ကြောင်းပြောပြလျှက် ထွက်ပေါ်လာတတ်သည်။ ထို့ကြောင့် ထိုကဲ့သို့သော လူမျိုး၏ အထောက်အပံ့ကိုရရှိရန် အလွန့်အလွန် အရေးကြီးသည်။

အခန်း(၁၀၂၄)

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် လက်ရှိအခြေအနေမျိုးမှာ ငါတို့ နယ်စပ်က စစ်သားတွေကိုပဲ ပြောင်းရွှေ့လို့ရလိမ့်မယ်။ စစ်တပ်ထဲမှာသာ မင်းထက်ပိုပြီး စီနီယာကျတဲ့လူမျိုးရှိရင် နောက်ပြီး အခြား ကာကွယ်ရေးဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေးကောင်းတာမျိုးရှိရင် သူတို့ဆီက စစ်သားတွေကို တောင်းခံကြည့်ပါလား”

ဝမ်ချောင်ကမေးသည်။

မဟာထန်က ဟူနှင့်ဟန် ရောနှောနေသော စစ်တပ်ဖြစ်သည်။ ဝမ်ချောင်၏ နောက်ခံက စစ်သားများတောင်းခံရန် အထိမခံ ဖြစ်လွန်းနေသည်။ သို့သော် ကောင်းရှန်းကျစ်ကမူ ထိုကဲ့သို့သော ပြဿနာမရှိချေ။ ပို၍ဆိုးသည်မှာ သူ၏စီနီယာကျမှုနှင့် အခြားသော ဗိုလ်ချုပ်နှင့် ကာကွယ်ရေးဗိုလ်ချုပ်များနှင့် ရင်းနှီးမှုကလည်း ဝမ်ချောင်မယှဉ်နိုင်သော အခြေအနေမျိုး ဖြစ်နေပြန်သည်။ သူ၏ ပြောင်မြောက်သောဗျူဟာနှင့် မယုံနိုင်စရာကောင်းသော ပါရမီကပင် ထိုအခြေအနေကို မယှဉ်နိုင်ပါချေ။

ကောင်းရှန်းကျစ်က တခဏခန့်တွေးပြီမှ ပြန်ဖြေသည်။

“ပေ့ထင်ကာကွယ်ရေးစစ်တပ်မှာတော့ စစ်သည်အများဆုံးပဲ။ ငါကလည်း အရင်က ကာကွယ်ရေးဗိုလ်ချုပ် အန်းစစ်ရွှန်းနဲ့ ဆက်ဆံရေးနည်းနည်းကောင်းတယ်။ ငါသူနဲ့ ဆက်သွယ်လို့ရရင်တော့ ချီရှီကစစ်သားနည်းနည်း ချေးငှားယူလို့ ရလောက်တယ်။ ပေ့ထင်ကာကွယ်ရေးစစ်တပ်က လိုအပ်နေရင်တောင်မှ လေးထောင်ကနေ ခြောက်ထောင်လောက်တော့ ရနိုင်မှာပဲ”

“တကယ်လို့ လေးထောင်ကနေ ခြောက်ထောင်သာဆိုရင် ရအောင်ယူနိုင်ရင် အကောင်းဆုံးပဲ။ သူတို့က ပေ့ထင်ကာကွယ်ရေးစစ်တပ်ပေါ် သက်ရောက်မှု မကြီးမားလောက်ဘူး”

ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။

“အွန်း”

ကောင်းရှန်းကျစ်က ခေါင်းညိမ့်သည်။ အရည်အသွေးက အရေအတွက်ထက် သာလွန်သည်။ သူနှင့် ဝမ်ချောင်တို့က ထိုအချက်ကို သိထားပြီးသားဖြစ်သည်။ ပို၍ဆိုးသည်မှာ အန်းရှီကာကွယ်ရေးစစ်တပ်က မဟာထန်မှ စစ်သည်အများဆုံး စုစည်းရာနေရာ ဖြစ်တတ်သည်။ ထို့ကြောင့် အရေအတွက်ကိုသာ ထည့်မပြောလျှင် သူတို့က အရည်အသွေးကို အဓိက ထားပေးပေလိမ့်မည်။ ထိုအခြေအနေကိုလည်း ကောင်းရှန်းကျစ်က ဆွဲမြဲဆုပ်ကိုင်ထားလေသည်။

“နောက်ပြီး ခဲ့ရှု့ဟန်လည်းရှိတယ်။ သူကလုံရှီကို ထိန်းထားတာ။ ပေ့ထင်ကာကွယ်ရေးစစ်တပ်ပြီးရင် သူက ငါတို့နဲ့ အနီးဆုံးပဲ။ ပိုဆိုးတာက မဟာထယ်ကြီးစစ်တပ်က မှင်သက်ဖွယ်ကောင်းတဲ့ ခွန်အားကို ပိုင်ဆိုင်ထားတာဖြစ်လို့ ငါတို့ကို နည်းနည်းတော့ ကူညီနိုင်မှာပဲ”

ကောင်းရှန်းကျစ်က တခဏခန့် တိတ်ဆိတ်သွားသည်။ သူ၏မျက်ဝန်းအတွင်း တုန့်ဆိုင်းမှုက ပေါ်ထွက်လာသည်။

“ဒါပေမဲ့ ခဲ့ရှု့ဟန်နဲ့ငါက ဆက်သွယ်ခဲတယ်။ ဒီတော့ သူ့ကိုဖြောင့်ဖြဖို့ ခက်လောက်တယ်”

“ဒါဆိုရင် ငါ့တာဝန်ထားပါ”

ဝမ်ချောင်က နားလည်မှုအပြည့်နှင့် ဖျော့တော့စွာပြုံးသည်။ ဟူမဟာဗိုလ်ချုပ်များထဲတွင် ခဲ့ရှု့ဟန်က အထူးခြားဆုံးဖြစ်သည်။ လူငယ်တစ်ယောက် ဖြစ်သည့်အလျောက် သူက ယဉ်ကျေးမှုကိုလေးစားသည်။ သူက မြို့တော်မှ ဘာသာစကားကို ဟူဘာသာစကားထက်ပင် ချောမွေ့စွာ ပြောနိုင်သေးသည်။ အိမ်ရှေ့စံ၏ အငယ်တန်း စောင့်ရှောက်သူ ဝမ်ကျုံးစစ်ကပင် သူ့ကိုရာထူးတိုးပေးခဲ့သည်။ ထု့ိကြောင့် သူ၏စစ်သက်တမ်း ဝန်ဆောင်မှုကာလက နိမ့်သည့်တိုင်အောင် သူဟာ လျှင်မြန်စွာ ရာထူးတိုးလာခဲ့ခြင်းဖြစ်သည်။

ထပ်ပေါင်းဆိုရသော် အခြားသောဟူများကဲ့သို့ စစ်တပ်ထဲတွင် ဟူစစ်သားများ အသားကုန်ထည့်ထားသော လူများနှင့် မတူသည်မှာ ခဲ့ရှု့ဟန်၏ ထယ်ကြီးစစ်တပ်တွင် ကိုးဆယ်ရာခိုင်နှုန်းက ထန်ဖြစ်သည်။

သူ၏အပြုအမူကလည်း အခြားသောလူများနှင့် ကွဲထွက်နေသည်။

ထို့ကြောင့် ကောင်းရှန်းကျစ်၊ ဖုမာန်လင်းချာ၊ အန်းစစ်ရွှန်းနှင့် အခြားသောဗိုလ်ချုပ်များ အားလုံးက ခဲ့ရှု့ဟန်နှင့် အပေါ်ယံတွင် ဆက်ဆံရေးကောင်းသယောင် ထင်ရသော်လည်း အောက်ပိုင်း အနက်ရှိုင်းဆုံး အပိုင်းတွင် ကွဲအက်ရာများက စဖြစ်လာသည်။ ခဲ့ရှု့ဟန်သည် ထိုအချက်ကို သိပုံရသည်။ သို့သော် သူကလည်း ထိုလူများနှင့် အဆက်အဆံ မပြုပါချေ။ ဒီတိုင်းလိုအပ်မှသာ အဆက်အဆံလုပ်သည်။

“ခဲ့ရှု့ဟန်နဲ့ငါက ရင်းနှီးမှုရှိတယ်လို့ ပြောလို့ရတယ်။ ဒီတော့ သူ့ဆီက စစ်သားနည်းနည်း ယူနိုင်လောက်မှာပါ”

ဝမ်ချောင်ကပြောသည်။ ကောင်းရှန်းကျစ်က မှင်သက်သွားသည်။ သို့သော် တစ်စုံတစ်ရာကို တွေးမိပြီး စိတ်အေးသွားသည်။ ထယ်ကြီးစစ်တပ်က ခြင်္သေ့ဖြူ မဟာဗိုလ်ချုပ် ဝီတာထရာခုံးလော့နှင့် တိုက်ပွဲဖြစ်ခဲ့ချိန်က ဆုံးရှုံးမှုကြီးမားစွာ ဖြစ်ခဲ့သည်။ လူပေါင်းများစွာကလည်း ဝမ်ချောင်ဟာ ခဲ့ရှု့ဟန်အား အရည်အသွေးမြင့် တူရကီစစ်မြင်းတစ်သောင်း လက်ဆောင်ပေးခဲ့ကြောင်း သိခဲ့သည်။ ခဲ့ရှု့ဟန်၏ ထိုထယ်ကြီးစစ်တပ်တွင် စစ်သည်နှစ်သောင်းကျော်သာ ရှိသောကြောင့် ဝမ်ချောင်ကသူ့ကို စစ်မြင်းတစ်သောင်း ပေးလိုက်ခြင်းကတင် နှင်းလွှမ်းနေသောရာသီတွင် ကျောက်မီးသွေးများ ပို့လိုက်သလိုမျိုး ဖြစ်သွားပြီး သူ၏အရေးပေါ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သွားစေသည်။

ထိုအချက်မှတစ်ဆင့် ခဲ့ရှု့ဟန်ကသူ့အပေါ် အကြွေးတင်သွားကြောင်း လူတိုင်းသိနိုင်သည်။

“ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင်မှ လူမလိုလောက်သေးဘူး”

ကောင်းရှန်းကျစ်က ခေါင်းမော့ရင်း သက်ပြင်းချပြန်သည်။ သူတို့ဟာ ပေ့ထင်ကာကွယ်ရေး စစ်တပ်မှ လူခြောက်ထောင်၊ ခဲ့ရှု့ဟန်မှ လူသုံးထောင် ရမည်ဆိုလျှင်ပင် ကိုးထောင်သာ ရှိသေးသည်။ ဒီစစ်ပွဲအတွက် ဒါဟာ မီးလောင်နေသော ရထားလုံးကို ရေတစ်ခွက်ဖြင့် သွားငြိမ်းသလိုမျိုး ဖြစ်နေပေလိမ့်မည်။

အံ့အားသင့်စရာကောင်းသည်မှာ ဝမ်ချောင်က ကောင်းရှန်းကျစ်၏စကားကိုရယ်သည်။

“ဟား ဟား အရှင်ကာကွယ်ရေးဗိုလ်ချုပ် ငါတို့အဲ့ဒါကို ရတဲ့အခါ တောင်ကိုကျော်ဖြတ်နိုင်သွားမှာပဲ။ မဟာထန်က မဟာထန်ပဲလေ။ အရင်းအမြစ်တွေက ကုန်ဆုံးသွားဖို့ ဝေးပါသေးတယ်။ ငါတို့က ဒီတိုင်း အခြားနေရာတွေမှာ ထိန်းထားနိုင်တဲ့စစ်သားတွေကြောင့် လတ်တလောမှာ မရနိုင်ရုံပဲ။ နည်းနည်းလောက် ပြင်ဆင်မွန်းမံလိုက်မယ်ဆိုရင် စစ်သားအနည်းငယ်လောက်တော့ ရနိုင်ဦးမှာပါ။ မဟာထန်က ပို့စရာစစ်သား မရှိဘူး။ ဒါပေမဲ့ စစ်သည်တစ်သိန်းရှိတဲ့ စစ်တပ်နဲ့ ငါလာနိုင်ခဲ့တယ်မဟုတ်လား။ ငါတို့အရင်ဦးဆုံး လုပ်ရမဲ့အရာက အင်ပါယာခုံရုံးကို ဘယ်လိုတင်ပြရမလဲဆိုတဲ့ကိစ္စကို ဆွေးနွေးသင့်တာပဲ”

ကောင်းရှန်းကျစ်က ဝမ်ချောင်ကို မှင်သက်စွာကြည့်နေပြီးနောက် ပြုံးသည်။ သူကပြောသည်။

“မင်းမှန်တယ်”

အချိန်က တဖြည်းဖြည်းချင်း ကုန်သွားသည်။ တာလာ့မှ ရာထူးအမြင့်ဆုံး ထန်ဗိုလ်ချုပ်နှစ်ယောက်က ညလုံးပေါက် ဆွေးနွေးကြသည်။ ထိုသို့ဖြင့် အာရုံတက်သွားသည်။ ထိုအခါမှသာ သူတို့က အိပ်ယာသု့ိဝင်ကြ၏။

ဖလပ် ဖလပ်

နေမင်းထွက်ပေါ်လာသောအခါ တာလာ့မှ သိန်းငှက်များက ထွက်ခွာပြီး အရပ်မျက်နှာအနှံ့ ပျံသန်းသွားသည်။

...

ဝှစ်

ကောင်းကင်မှ သိန်းငှက်တစ်ကောင်က အန်းရှီကာကွယ်ရေးစစ်တပ်အတွင်းသို့ ဝင်ရောက်သွားသည်။ ထိုနေရာက တာလာ့နှင့် အနီးဆုံးဖြစ်ပြီး ဖန်းချန်းချင်က စာအရင်ဆုံးရသူဖြစ်သည်။

“အနောက်ပိုင်းနယ်မြေက စစ်သားတွေကိုစုဆောင်း”

ဖန်းချန်းချင်က စာဖွင့်လိုက်ပြီးနောက် ကောင်းရှန်းကျစ်ရေးထားသောစာကို မြင်လိုက်ရပြီး သူက ကြောင်တောင်တောင်ဖြစ်သွားသည်။ ကောင်းရှန်းကျစ်၏ တောင်းဆိုမှုက အလွန်ရိုးရှင်းသည်။ သူဟာ ဖန်းချန်းချင်ကို အနောက်ပိုင်းဒေသ တိုင်းပြည်များမှ အန်းရှီကာကွယ်ရေးစစ်တပ်နှင့် မဟာထန်၏ နယ်မြေမှ စစ်သားများ ဆင့်ခေါ်ခိုင်းသည်။ ဆုလာဒ်အနေဖြင့် အန်းရှီကာကွယ်ရေးစစ်တပ်က တစ်ပွဲနိုင်ပြီးတိုင်း ရွှေထည်ပမာဏပေါင်းများစွာ ချီးမြှင့်ထောက်ပံ့မည်ဖြစ်သည်။

“နောက်ပြီးအန်းရှီက ဒီရွှေတွေကို ဘယ်နေရာက ရမှာလဲ”

ဖန်းချန်းချင်က ခါးသီးစွာပြုံးပြီး စာကိုသိမ်းသည်။ ကောင်းရှန်းကျစ်၏ လက်ထောက်ဖြစ်သလို ထောက်ပံ့ရေးရာကိုလည်း ကိုင်တွယ်ထားရသည့် ဖန်းချန်းချင်အနေဖြင့် အန်းရှီအကြောင်းကို လူတိုင်းထက် ပိုနားလည်သည်။ ခမ်းနားကြွယ်ဝသော ရှီတိုင်းပြည်ကို တိုက်ခိုက်ခဲ့သော်လည်း ရှီတိုင်းပြည်မှ အထက်တန်းလွှာများက သူတို့၏ကြွယ်ဝမှုများကိုသုံးပြီး လျို့ဝှက်လမ်းကြောင်းများဖြင့် ထွက်သွားခဲ့ကြသည်။ ထို့ကြောင့် အန်းရှီကာကွယ်ရေးစစ်တပ်က ကောလဟာလများလောက် မရရှိခဲ့ပါချေ။ ပို၍ဆိုးသည်မှာ တိုက်ပွဲပြီးနောက် ကောင်းရှန်းကျစ်က ပိုင်ဆိုင်မှုတစ်ဝက်ခန့်ကို တော်ဝင်ခုံရုံးနှင့် တော်ဝင်အိမ်ထောင်စုများသို့ ခွဲဝေပေးခဲ့ရသည်။ ကျန်သောတစ်ဝက်ကိုလည်း ကောင်းရှန်းကျစ်က ပိုင်လင်းချန်းကို ပေးရသေးသည်။

ပိုင်လင်းချန်းသည် ကောင်းရှန်းကျစ်အား သူ၏အရာရှိသက်တမ်းတွင် အများကြီး ကူညီထောက်ပံ့ပေးခဲ့သည်။ သို့သော်သူက လောဘကြီးလွန်းသည်။ အနည်းငယ်သော ကြွယ်ဝမှုက သူ့ကို မကျေနပ်စေပေ။ ထို့ကြောင့် ကျန်ရှိသော လေးပုံတစ်ပုံအတွက် ကောင်းရှန်းကျစ်က သူ့အတွက် အနည်းငယ်သာချန်ထားပြီး ကျန်သောပိုင်ဆိုင်မှုမှန်သမျှကို အန်းရှီကာကွယ်ရေး စစ်တပ်တစ်ခုလုံးကို ခွဲဝေပေးခဲ့သည်။ ထို့ပြင် တာလာ့နှင့် ဖားဟားနားတို့လည်း ပါသေးသည်။

ထို့ကြောင့် အန်းရှီကာကွယ်ရေးစစ်တပ်က စစ်သည်ပေါင်းများစွာ စုဆောင်းရန် ပိုက်ဆံမလုံလောက်ပါချေ။ လုံလောက်နေခဲ့လျှင် ဖန်းချန်းချင်က ထိုသို့လုပ်ပြီးသည်မှာ ကြာလောက်ချေပြီ။

“အနောက်ပိုင်းနယ်မြေရဲ့ တိုင်းပြည်တွေက ကြွယ်ဝမှုနဲ့လမ်းဖောက်ကြတာ။ ရွှေထည်နဲ့ငွေပြားတွေကို မကြိုက်တဲ့လူမရှိဘူး။ ငါကသူတို့ကို အခုလှည့်စားပြီး စစ်သားတွေ စုဆောင်းနိုင်ပေမဲ့လည်း စစ်ပွဲက ပြီးဆုံးသွားလို့ အန်းရှီကာကွယ်ရေးစစ်တပ်က ကတိပေးထားတဲ့အတိုင်း ပိုက်ဆံမပေးဆောင်နိုင်တဲ့အခါ ပြဿနာတတ်လိမ့်မယ်”

ဖန်းချန်းချင်က စာကိုကြည့်ပြီး စိုးရိမ်သွားသည်။

ကောင်းရှန်းကျစ်ပြောသည့် လူစုဆောင်းခိုင်းသည့်ကိစ္စက အန်းရှီကာကွယ်ရေးစစ်တပ်ကိုယ်စား သူလုပ်ရမည့် သီးသန့်အမိန့်ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ လူအင်အားထောက်ပံ့ရေးရုံးတော်က ထိုအကြောင်းကို သဘောတူမည်မဟုတ်ချေ။ ထို့ကြောင့် တော်ဝင်ခုံရုံးကလည်း အကြွေးပေးလိမ့်မည် မဟုတ်ချေ။ အန်းရှီကာကွယ်ရေးစစ်တပ်ကသာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စဉ်းစားရမည်ဖြစ်သည်။

အနောက်ပိုင်းဒေသမှ တိုင်းပြည်များက အစပိုင်းကတည်းက စစ်သည်အများကြီးမရှိချေ။ ထို့ကြောင့် စုဆောင်းခြင်းက ရလဒ်အများကြီး မပြောင်းလဲနိုင်ချေ။ ပို၍ဆိုးသည်မှာ ဌားရမ်းစုဆောင်းပြီး အကျိုးရလဒ်က အန်းရှီကာကွယ်ရေးစစ်တပ်၏ ဂုဏ်သိက္ခာကိုပင် ဖျက်ဆီးနိုင်သေးသည်။ အနိုင်ရသွားသည့်တိုင်အောင် ပြဿနာပေါင်းများစွာ တက်နိုင်သည်။ ဖန်းချန်းချင်၏ ရှု့ထောင့်အရ ဒါဟာ မလုပ်သင့်သော ကိစ္စမျိုးဖြစ်သည်။

သို့သော် ဖန်းချန်းချင်က နောက်ဆုံးစာကြောင်းကို မြင်လိုက်ချိန်တွင် တောင့်ခဲသွားသည်။

“ချန်းချင် စိုးရိမ်ဖို့မလိုဘူး။ လူသူစုဆောင်းဖို့ လိုအပ်တဲ့ ပိုက်ဆံအတွက် လူငယ်အမတ်က စီစဉ်ပေးလိမ့်မယ်။ လူငယ်အမတ်မင်းက သူ့အကြံအတိုင်း နောက်တစ်စောင် ရေးထားပြီးသား”

ရိုးရှင်းသော စကားလုံးများက ဖန်းချန်းချင်ကို သံသယဝင်သွားစေသည်။

ကာကွယ်ရေးဗိုလ်ချုပ်က ဘယ်အချိန်ကများ ဝမ်ချောင်နဲ့ ဒီလောက်ထိ ရင်းနှီးသွားတာလဲ။ သူတို့ရဲ့ ဆက်ဆံရေးက ဒီလောက်ထိတောင် ချုပ်ထိန်းဖို့ မလိုအပ်တော့ဘူးလား။ နောက်ပြီး ဘာကြောင့် ဒီပိုက်ဆံတွေကို ကိုင်တွယ်ပြီးပြီလို့ ပြောလာတာလဲ။ ဝမ်ချောင်က နောက်ထပ်စာတစ်စောင်မှာ ဘာတွေရေးထားတာလဲ။

အနည်းငယ်အံ့အားသင့်ပြီးနောက် ဖန်းချန်ချင်က ခပ်မြန်မြန် နားလည်သွားသည်။

တာလာ့မှပို့ခဲ့သောစာက တစ်စောင်းတည်း မဟုတ်လောက်ချေ။ နှစ်စောင်ဖြစ်နိုင်သည်။

ဖန်းချန်းချင်ကကြည့်သည်။ မျှော်လင့်ထားသည့်အတိုင်း နောက်ထပ် စာတစ်စောင် ရှိနေသေး၏။ ရေးထားသော စကားလုံးများက ကောင်းရှန်းကျစ်၏ လက်ရေးနှင့်ခြားနားသည်။ လိမ်တွန့်ကာ ကော့တက်နေသော်လည်း ကြမ်းတမ်းမာကြောမှုနှင့် အားအင်အပြည့်ဖြစ်သည်။

ဒါက လူငယ်အမတ်မင်းပဲ။

ဖန်းချန်းချင်က စာကိုခပ်မြန်မြန်ယူပြီး ဖွင့်ဖတ်ကြည့်သည်။ သူက အစပိုင်းကို သမန်ကာလျံကာသာ ဖတ်သည်။ သို့သော် ဖတ်လေလေ လေးနက်လာလေလေဖြစ်ပြီး သူ၏မျက်နှာက တည်တင်းလာလေလေ ဖြစ်လာသည်။ သူကစာကို သုံးကြိမ်ပင် ဆက်ဖတ်သေး၏။

“ဟား ဟား အာရပ်တွေဆီက လျော်ကြေးတောင်းဆိုပြီး အနောက်ပိုင်းနယ်မြေက တိုင်းပြည်တွေကို ပြန်လည်ပေးအပ်မယ်။ လူငယ်အမတ် မင်းပဲဒီလိုနည်းလမ်းကို တွေးမိတယ်။ ဒါပေမဲ့ မကောင်းတာတော့ မဟုတ်ဘူးပဲ”

ဖန်းချန်းချင်က စာကို စားပွဲပေါ်သို့ ဖြတ်ရိုက်သလိုမျိုး တင်လိုက်ရင်း ရယ်မောနေသည်။ သူဟာ အနောက်ပိုင်းဒေသမှ တွေးတောတိုင်းတာရအခက်ဆုံး ထောက်ပံ့ရေးကို ကိုင်တွယ်သူတစ်ယောက်ဟု ယူဆထားခဲ့သည်။ သို့သော် ယခုမှသာ ဝမ်ချောင်ကသူ့ထက် ပိုသာကြောင်း သိလိုက်ရသည်။ စစ်ပွဲမှ အရှုံးအတွက် ရှုံးနိမ့်သောဘက်မှ လျော်ကြေးတောင်းခံခြင်းက မဟာထန်တွင် ဖြစ်ပျက်ဖူးသော ကိစ္စဖြစ်သည်။ ထိုနည်းလမ်းနှင့်သာဆိုလျှင် ဝမ်ချောင်က စစ်ပွဲတစ်ခုစတင်ရန်အတွက် စစ်ပွဲတစ်ခုစရင်း ထောက်ပံ့ပေးသလိုဖြစ်နေသည်။

ဝမ်ချောင်ကလည်း မဟာထန်ကသာ ရှုံးသွားခဲ့ပြီး အနောက်ပိုင်းနယ်မြေများ အားလုံးက ရှုံးသွားခဲ့လျှင် ထိုတိုင်းပြည်များအားလုံးက အာရပ်ဘက်သို့ ရောက်သွားနိုင်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ထိုအတွက်ကြောင့် ပိုက်ဆံပေးရန် မလိုအပ်ချေ။ သူတို့ကသာ နိုင်သွားခဲ့လျှင် အာရေးဗီးယားသို့ ကြိုတင်ချဉ်းကပ်ပြီး အာရပ်များထံမှ အနောက်ပိုင်းနယ်မြေဒေသများကို ပေးအပ်ရမည့် လျော်ကြေးကို တောင်းခံဦးမည်ဖြစ်သည်။ ထို့ကြောင့် ဖန်းချန်းချင်က စိုးရိမ်ရန်မလိုအပ်ပါချေ။

စစ်သားများကို ရက်ထောင်ကျော် လေ့ကျင့်ပေးခြင်းက အခိုက်အတန့် တစ်ခုတည်းအတွက်ဖြစ်သည်။ မဟာထန်သည် အနောက်ပိုင်းဒေသကို နှစ်နှစ်ရာကျော် အုပ်ချုပ်ခဲ့သည်။ ထို့ကြောင့် အနောက်ပိုင်းဒေသက ယခုအခါ တစ်စုံတစ်ရာကို ပြန်လည်ပေးဆပ်ပြီး မဟာထန်အတွက် တိုက်ခိုက်ရပေမည်။

“လူငယ်အမတ်မင်း ငါမင်းပြောတဲ့အတိုင်း အရာအားလုံး လုပ်လိုက်မယ်”

တောက်ပသော မျက်ဝန်းများနှင့် ဖန်းချန်းချင်က စုတ်တံတစ်ချောင်းယူသည်။ ထို့နောက် စာရွက်တစ်ရွက်ကိုဖြည်ပြီး စတင်ကာ စာရေးသည်။

...

ဖလပ် ဖလပ်

သတင်းပို့ငှက်ပေါင်းများစွာက ပိုးသားလမ်းတောက်လျှောက် အရှေ့ပိုင်းသို့တောက်လျှောက် ပျံသန်းသွားသည်။ လျှင်မြန်စွာဖြင့်ပင် သူတို့က ချီရှီ၏နယ်နိမိတ်သို့ ရောက်သွားသည်။ ထိုနေရာတွင် သိန်းငှက်ပေါင်းများစွာက စတင်လမ်းခွဲသည်။

“စတင်ရမဲ့အချိန်ကျပြီပဲ”

စုဟန်ရှန်းက စာကိုချသည်။ အံ့အားသင့်စရာမလိုလောက်အောင် သူ၏အေးစက်ကာ တည်ငြိမ်သော မျက်နှာက တည်ကြည်နေသေးသည်။

ဘန်း

လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ရှားပြီးနောက် စာကပျက်စီးသွားသည်။ စာမှ မရေမတွက်နိုင်သော အပိုင်းအစပေါင်းများစွာက လက်ချောင်းထဲမှ အမှုန်အဖြစ် ပြောင်းလဲပြုတ်ကျသွားသည်။

ဒုန်း ဒုန်း ဒုန်း

စုဟန်ရှန်းက မြင်းကိုဒုန်းစိုင်းစီးပြီး လေ့ကျင့်ရေးကွင်းထံသွားသည်။ ဝမ်ပေ့က ပိုးသားလမ်းမှ ငှားရမ်းလာခဲ့သည့် ဓားမြရှစ်ထောင်က ထိုနေရာတွင်ရှိသည်။ အားလုံးက သာမာန်စစ်တပ်မှ သံချပ်ကာကို ဝတ်ထားသည်။ သူတို့၏ဟန်ပုံသဏ္ဍန်က ထောင်မတ်ပြီး သူရဲကောင်းဆန်သော အရှိန်အဝါ၊ အတွေ့အကြုံရှိသော အရှိန်အဝါများကို လွှတ်ထုတ်နေသည်။ သူတို့ဟာ တစ်ချိန်က ဓားမြဖြစ်ခဲ့ဖူးကြောင်း သဲလွန်စကိုပင် ရှာမရပါချေ။

အခန်း(၁၀၂၅)

ခုံရုံးကငြင်းခုံမှု

လဝက်တည်းနှင့် စုဟန်ရှန်းက စည်းကမ်းလိုက်နာမှုမရှိဘဲ မပူးပေါင်းတတ်သည့် ဓားမြများကို စည်းကမ်းလိုက်နာတတ်သည့် စစ်သားများအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ ဝမ်ပေ့ကပင် သူ့အား ထိုအချက်နှင့်ပတ်သတ်ပြီး လေးစားမိခဲ့သည်။ ထိုလူသည် စစ်ပိုင်းဆိုင်ရာ အမိန့်ပေးမှုတွင် အသေသပ်ဆုံးသော ပါရမီကို ပိုင်ဆိုင်ထားပုံပေါ်ပြီး သာမာန်သာဖြစ်သည့် သိုင်းပညာရှင်များကို ပြောင်မြောက်သော စစ်သည်တော်များအဖြစ် ပြောင်းလဲပေးနိုင်သည်။

ထိုအချက်များဖြင့် စုဟန်ရှန်းက ဓားမြများနှင့် ရင်းနှီးမှုကိုပင်သုံးပြီး နောက်ထပ်ပမာဏပေါင်းများစွာ စုဆောင်းခန့်အပ်ရန် ကတိတောင်းထားသေးသည်။ ယခုချီရှီက ထိုစစ်သည် နှစ်သောင်းနီးပါးခန့်ရှိမည့် စစ်တပ်တစ်ခု၏ ဗိုလ်ချုပ်ဖြစ်သွားသည်။

“လွှတ်”

မြင်းပေါ်မှ စုဟန်ရှန်းက ဓားကိုဆွဲထုတ်ရင်း အောက်သို့ခုတ်ချသည်။

ဓားမြနှစ်သောင်းက ရုတ်တရက် ဆောင့်ကြောင့်ထိုင်သည်။ အလေးမသော ပုံသဏ္ဍန်လုပ်သည်။ ချိန်ရွယ်သည်။ ပစ်ခတ်သော ပုံသဏ္ဍန်ကို ပြင်ဆင်နေကြသည်။

ဘုန်း

လေထုက ဟိန်းဟောက်လာသလို လက်နက်ကြီး အလက်လေးထောင်ကို ပစ်ခတ်လိုက်သလိုမျိုး အသံမျိုးက ဟိန်းထွက်လာသည်။ မြို့တော်မှ မဟာကလန်ကြီးများ၏ ဆက်ခံသူများက ပစ်ခွင်းလိုက်သည့် လက်နက်ကြီး အလက်တစ်ထောင်နှင့်အတူ ကျယ်လောင်သောဟိန်းသံက ပေါင်းထွက်လာသည်။ ထိုလက်နက်ကြီး အလက်ငါးထောင်က ပင်လယ်ထဲမှ ထိုးထွက်လာသော နဂါးများကဲ့သို့ လေထုကို ချောမွေ့စွာ ထိုးခွဲသွားပြီး အရှေ့မှ ပစ်မှတ်များကို ထိုးဖောက်သည်။

“မဆိုပါဘူး”

ချက်ချင်းဆိုသလိုပင် ဝမ်ပေ့က အသိအမှတ်ပြုသလို ခေါင်းညိမ့်လိုက်သည်။

“ဒီနှုန်းတိုင်းဆိုရင် လက်နက်ကြီးစစ်တပ်က နောက်တစ်လလောက်နဲ့ လေ့ကျင့်လို့ ပြီးသွားလိမ့်မယ်”

ဝမ်ပေ့က အမတ်များ၊ ဗိုလ်ချုပ်များ ပြည့်နေသောကလန်တွင် ပျိုးထောင်ခံခဲ့ရသည်။ သူက ငယ်စဉ်ဘဝကတည်းက မရေမတွက်နိုင်သော ဗိုလ်ချုပ်ပေါင်းများစွာကို သိကျွမ်းခဲ့သည်။ ပို၍ဆိုးသည်မှာ ကလန်မှ ပျိုးထောင်မှုကြောင့် သူ၏စစ်ဗျူဟာကို ဖမ်းဆုပ်နိုင်စွမ်းအားက သာမာန်လူများ မယှဉ်နိုင်သော မြင်နိုင်စွမ်းအား အတိုင်းအတာသို့ပင် ရောက်ရှိနေပြီဖြစ်သည်။ သို့သော် စုဟန်ရှန်းက ခြားနားသည်။ သူက ပထမဦးဆုံးအကြိမ် တစ်ဖက်သူ၏ပါရမီကို မြင်ဖူးခြင်းဖြစ်သည်။ မဟာထန်မှ ဗိုလ်ချုပ်ဘွဲ့ရများကပင် သူ့ကိုမယှဉ်နိုင်လောက်ချေ။

ထိုကဲ့သို့သော ပါရမီမျိုးက နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့်ဖြစ်ရန် လုံလောက်နေပြီးသားဖြစ်သည်။ မဟာဗိုလ်ချုပ်ပင် ဖြစ်နိုင်လောက်၏။

ဘယ်လိုလူမျိုးကိုများ ငါ့ရဲ့ညီငယ်လေးက ငှားရမ်းထားတာလဲ။

ဝမ်ပေ့က စိတ်ထဲတွင် သက်ပြင်းချသည်။ ထိုအခိုက်အတန့်တွင် သူက ရုတ်တရက် ဝမ်ချောင်ဟာ စုဟန်ရှန်းကို မည်သည့်အတွက်ကြောင့် ချီရှီတွင် သူနှင့်အတူထားခဲ့ကြောင်း နားလည်လိုက်သည်။

“ဟိုက်ရား”

သူ၏မျက်ဝန်းအတွင်း အလင်းတစ်ချက် လက်သွားသည်။ ဝမ်ပေ့က ချက်ချင်းလိုလို မြင်းကိုအပြေးနှင်ပြီး အခြားတစ်ဖက်ခြမ်းသို့သွားသည်။

ဟီး...

ထိုလက်နက်ကြီးစစ်တပ်နှင့် ကျန်းရာကျော်အကွာတွင် မြင်းများကဟီနေသလို ဝူရှန်းမြင်းတပ်ကလည်း လေ့ကျင့်ရေးကွင်းတွင် ဒုန်းစိုင်းပတ်စီးနေကြသည်။ စွမ်းအင်ပေါင်းများစွာက ဝရုန်းသုန်းကား မြောက်တက်လာပြီး တိမ်ဖုန်လုံးပေါင်းများစွာက ရစ်ခွေလာသည်။ ထိုဝူရှန်းမြင်းတပ်က အလွန်အမင်း စည်းကမ်းသေဝပ်သည်။ သူတို့က ထုတ်လွှတ်နေသော အရှိန်အဝါက လက်နက်ကြီးစစ်သားများ မယှဉ်နိုင်သော အခြားအဆင့်တွင်ဖြစ်သည်။

ဝမ်ချောင်က တာလာ့သို့ သူ၏စစ်တပ်ကို ဦးဆောင်ခေါ်ကာ သွားနေချိန်တွင် ဝူရှန်းနောက်တစ်သုတ်က ရောက်လာပြီဖြစ်သည်။ အားလုံးပေါင်း အယောက်ခြောက်ထောင်ရှိသည်။ သူတို့အားလုံးက ချီရှီသို့ ရောက်လာသည်။ ထိုလူများအားလုံးကို ရွှီချီချင်က ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သည်ဟု ဆိုရပေမည်။

တာလာ့၏တိုက်ပွဲက အလွန့်အလွန် အရေးကြီးသည်။ ဒါက အင်ပါယာနှင့် လူတိုင်း၏ ကံကြမ္မာနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် ရွှီချီချင်၏ ဆက်တိုက်ချီးမြောက်မှုကို နားထောင်ပြီးနောက် ဝူရှန်းရွာကလည်း လေးစားဖွယ်ကောင်းသော စစ်သားများကို ဆက်ပို့ပေးလာသည်။ အချို့သော အင်ပါယာသိုင်းအဆင့် ရွာသားများကပင် ပူးပေါင်းလာသေး၏။ ဝူရှန်းရွာသားများ၏ အရှိန်အဝါကို မေးခွန်းထုတ်ရန် မလိုအပ်ချေ။ သို့သော် သူတို့၏ စနစ်တကျ စစ်ရေးလေ့ကျင့်မှု လိုအပ်ချက်က ကြီးမားသော ပြစ်ချက်ကြီးဖြစ်နေသည်။

“ရပ်”

တင်းမာသောအသံ၊ မာကြောပြီး အေးစက်သောအသံက လေထုအတွင်း ဟိန်းထွက်သွားသည်။ ထိုအသံက ဟိန်းထွက်လာသည်နှင့် စစ်မြင်းတစ်ကောင်ကဟီသည်။ ထို့နောက် အနက်ရောင်တူရကီ တောင်ပေါ်မြင်းတစ်ကောင်က ဝူရှန်းမြင်းတပ်အဖွဲ့ဝင် ခြောက်ထောင်ထဲမှထွက်ပြီး ဝမ်ပေ့ထံလာသည်။

“ဗိုလ်ချုပ်ဝမ်မှာ ဘာအမိန့်များရှိပါသလဲ”

ချွေ့ဖြောင်ချီက ဝမ်ပေ့နှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်တန့်ရင်းမေးသည်။ သူ၏ပုံသဏ္ဍန်က ဖြောင့်မတ်နေသည်။ အမူအရာက အေးစက်ပြီး တင်းမာသည်။ သူဟာ စုဟန်ရှန်းနှင့် သဏ္ဍန်တူသော မျက်နှာထားမျိုးကိုပင် ပိုင်ဆိုင်ထားသေးသည်။

ဝမ်ပေ့က ဝမ်ချောင်၏ အစ်ကိုနှစ်ဖြစ်သည်။ သူတို့နှစ်ယောက်အကြားမှ ရင်းနှီးမှုက ဝမ်ပေ့အား ဝူရှန်းရွာသားများထံမှ နာခံလိုသော ခံစားချက်မျိုးကိုရစေသည်။ ချီရှီတွင် သူ၏လူများကို လေ့ကျင့်ပေးနေချိန်တွင် ချွေ့ဖြောင်ချီက ဝမ်ပေ့နှင့် အဆက်အသွယ် အများဆုံးဖြစ်သည်။ ဝမ်ပေ့က တပ်သားများကို လေ့ကျင့်ရာတွင် တော်တန်ရုံ ဝင်မပါခဲ့ချေ။ သို့သော် သူလာခဲ့လျှင်လည်း သေချာပေါက် အရေးကြီးဆုံး ကိစ္စကြောင့် ဖြစ်ပေလိမ့်မည်။

“ချွေ့ဖြောင်ချီ အချိန်ကတိုတောင်းတယ်။ တာလာ့ဆီက စာရောက်လာတယ်။ အများဆုံး တစ်လအတွင်းမှာ မင်းတို့အားလုံး တိုက်ပွဲနယ်မြေထဲကို ဝင်ရလိမ့်မယ်”

ဝမ်ပေ့က တင်းမာစွာပြောသည်။

ဝူရှန်းရွာက လောကနှင့် အဆက်အသွယ် ပြတ်နေသည်။ ထို့ကြောင့် ရွာသားအများစုက ရိုးရှင်းပြီး စစ်ရေးစစ်ရာကိစ္စများ၏ ကောက်ကျစ်မှုကိုလည်း နားမလည်ကြပါချေ။ ချွေ့ဖြောင်ချီကမူ ခြားနားသည်။ ဝူရှန်းရွာတွင်သူက အလွန်ရှားပါးသော အမိန့်ပေးနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ သူက စစ်ဗျူဟာများကို အစပိုင်းတွင် ထင်သလောက်အများကြီး နားမလည်ထားသော်လည်း အနည်းငယ်မျှ လိုက်ရုံနှင့် ထူူးဆန်းစွာပင် နားလည်သွားသည်။ ထို့ကြောင့် နောက်ပိုင်းအဆင့်များတွင် ချွေ့ဖြောင်ချီ တစ်ယောက်တည်းကသာ သာမာန်လေ့ကျင့်သည့် ကိစ္စမျိုးကို ကိုင်တွယ်နိုင်ရန် လုံလောက်သွားသည်။

“နားလည်ပါပြီ ဗိုလ်ချုပ်ဝမ် စိတ်အေးအေးထားပါ။ တစ်လမလိုဘူး။ ရက်နှစ်ဆယ်ပဲ”

ချွေ့ဖြောင်ချီက ခပ်တင်းတင်းပြောသည်။ သူ၏မျက်နှာတွင် ဆုံးဖြတ်ချက် ပြတ်သားမှုကို မြင်နိုင်သည်။

ထိုစကားလုံးများနှင့်အတူ သူက ချက်ချင်းနောက်လှည့်ပြီး စစ်တပ်ကို ပြန်လည်လေ့ကျင့်ရန် ခေါ်သွားသည်။

“ဖြတ်တောက်ခြင်းဝင်္ကပါ မြန်မြန်”

ဝူရှန်းမြင်းတပ် အဖွဲ့ဝင်ခြောက်ထောင်က ချက်ချင်းဆိုသလို အရပ်မျက်နှာအနှံ့ လူခွဲလိုက်သည်။

...

ဖလပ် ဖလပ်

မြင့်မားလွန်းသော တောင်တန်းနှင့် တောင်ထွတ်များကို ကျော်ဖြတ်ပြီး ရက်ပေါင်းများစွာ ပျံသန်းပြီး အရှေ့တည့်တည့် ဆက်သွားလိုက်ပြီးသောအခါ နောက်ဆုံးတွင် မြို့တော်သို့ အနက်ရောင်သိန်းငှက်များ ရှိသွားပြီဖြစ်သည်။ သူတို့က အမျိုးမျိုးသော ဦးတည်ရာသို့ သွားရန်အတွက် လူခွဲလိုက်ကြသည်။

နယ်မြေလေး သံရုံးဌာနတွင် ငါးများက လုံးဝိုင်းသော ကြာပန်းရေကန်အတွင်း ကူးခတ်နေသလို စိမ်းစိုသော ဝါးတောအုပ်ကလည်း သဘာဝဆန်သော မြင်ကွင်းကို ပေးစွမ်းလျှက်ရှိသည်။ ရေကန်နဘေးတွင် လူလုပ်ဖန်တီးထားသော တောင်တန်းကြီးက မြင့်မားစွာ တည်ရှိနေပြီး လက်ရာမြောက် ငြိမ်းချမ်းတိတ်ဆိတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထိုအခိုက်အတန့်တွင် ဝတ်စုံဖြူနှင့် ညင်သာသိမ်မွေ့သော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် အကြီးအကဲတစ်ယောက်က ရေကန်ဘေးတွင် ဝါးကုလားထိုင်ပေါ်တွင် ထိုင်လျှက် တိတ်တဆတ် ငါးမြှားနေသည်။

အခြားသောလူများ ငါးမြှားသွားပုံနှင့် မတူသည်မှာ အကြီးအကဲ၏ ငါးမြှားတံတွင် ကြိုးသာပါပြီး ချိတ်ကမပါချေ။ ပို၍ဆိုးသည်မှာ အဆုံးသတ်က လေတွင်လွင့်လျှက်ရှိသည်။ ရေထဲသို့ပင် မရောက်ချေ။ သို့တိုင်အောင် ကန်ထဲမှ ငါးပေါင်းများစွာက ကြိုးအောက်တွင် စုစည်းလာသေးသည်။ အချို့သော ငါးများကဆိုလျှင် ကမ်းခြေသို့ပင် အလိုအလျောက် စုဝေးကာ တက်လာပြီး လူအုပ်ကြီးကိုကြည့်သည်။ ဝတ်စုံဖြူနှင့် အကြီးအကဲကမူ သူ့ဆီအလိုလို ရောက်လာစေနိုင်သော ထူးဆန်းသည့် ခွန်အားမျိုးကို ပိုင်ဆိုင်ထားပုံပေါ်သည်။

လူအိုကြီး၏မျက်လုံးက တစ်ဝက်သာပွင့်နေသည်။ သူ၏မျက်နှာက ပေ့ါပေါ့ပါးပါးသာဖြစ်သည်။ သူက ကုလားထိုင်ပေါ်တွင် လှုပ်ရှားမှုမဲ့စွာဖြင့် လှဲနေပြီး ဥယျဉ်ရေကန်ငါးများနှင့် တစ်သားတည်းဖြစ်နေပုံပေါ်သည်။

သူ၏နောက်ဘက် သိပ်မဝေးသောနေရာတွင် အင်ပါယာစစ်တပ်မှ အစောင့်ပေါင်းများစွာက ခေါင်းငုံ့လျှက် ရှိနေကြသည်။ သူတု့ိ၏မျက်လုံးထဲတွင် ရိုသေလေးစားမှုများက ပြင်းထန်စွာရှိနေသည်။

“သတင်းပို့”

ထိုအခိုက် ကျယ်လောင်သော အလောတကြီး ထွက်လာသံနှင့်အတူ အင်ပါယာ စစ်သည်တော်တစ်ယောက်၏ လေးလံသော ခြေလှမ်းများက ဝါးတောအုပ်ကို ထိုးဖောက်လာသည်။

ဗွက်

ရေကန်က ဝရုန်းသုန်းကားဖြစ်သွားသလို ငါးများကလည်း အလန့်တကြား ထွက်ပြေးသွားသည်။ ယခင်က တည်ရှိနေသော ငြိမ်းချမ်းတိတ်ဆိတ်မှုက ရှာမတွေ့အောင် ပျောက်ကွယ်သွားသည်။

“ဘာဖြစ်တာလဲ”

အင်ပါယာစစ်တပ်မှ ဗိုလ်ချုပ်ကြီးက ရှေ့သို့အသည်းအသန် ပြေးထွက်သွားပြီး စာသယ်လာသည့် ထိုအင်ပါယာ စစ်သည်တော်ကိုတားသည်။

“မြို့စားကျို့ ငါးဖမ်းနေတဲ့အချိန်မှာ မနှောက်ယှက်ရဘူးလို့ ငါမင်းကို ပြောမထားဘူးလား။ ဒါကိုမေ့သွားပြီလား”

“အရှင် ဒါက တာလာ့ရဲ့သတင်းပါ”

သတင်းပို့သူက ခပ်တင်းတင်းပြန်ဖြေသည်။ သူကလည်း သဘာဝအလျောက်ပင် ဒီနေရာမှ စည်းမျဉ်းကို နားလည်သည်။ သို့သော် သတင်းက အလွန့်အလွန် အရေးကြီးသည်။ ထို့ကြောင့် စာမှတံဆိပ်ကိုကြည့်ရုံနှင့် လေးနက်မှုကို သိနိုင်သည်။

“အဲ့ဒီလိုဆိုရင်တောင်မှ အဆင်မပြေဘူး။ မင်းနည်းနည်းတောင် မစောင့်နိုင်ဘူးလား”

အင်ပါယာစစ်တပ်မှ အရာရှိက ဒေါသတကြီးအော်သည်။

“ဒါကချောင်အာဆီကလား”

ထိုအခိုက် သူ၏အနောက်ဘက်မှ အကြီးအကဲတစ်ယောက်၏ ခပ်တိုးတိုးသံထွက်လာသည်။ ထိုစကားလုံးများနှင့်အတူ အမျိုးသားနှစ်ယောက်လုံးက တောင့်တင်းသွားပြီး ခပ်မြန်မြန် ခေါင်းငုံ့လိုက်ကြသည်။

“မြို့စားကျို့ ဒါက လူငယ်အမတ်မင်းဆီက မဟုတ်ပါဘူး။ အန်းရှီကာကွယ်ရေးဗိုလ်ချုပ် အရှင်ကောင်းရှန်းကျစ်ဆီကပါ”

သတင်းပို့သူက လေးစားစွာပြောသည်။

ကန်နဘေးမှ အဖြူရောင်ဝတ်စုံနှင့် အကြီးအကဲက တခဏခန့် တောင့်ခဲသွားသည်။ ထို့နောက် ခေါင်းပြန်လှည့်သွားသည်။

“ငါ့ဆီအဲ့ဒီစာ ယူလာခဲ့ပါ”

...

မြို့စားကျို့က ကောင်းရှန်းကျစ်၏စာကို လက်ခံရရှိနေချိန်တွင် ထိုက်ကျိနန်းဆောင် အနီးအနားသို့ တာလာ့မှလာသောစာက ရောက်ရှိသွားသည်။ ဒါက မဟာထန်အင်ပါယာ ခုံရုံး၏ ရေကန်ထဲသို့ ကျောက်တုံးကြီး ပစ်ချလိုက်သလို ဖြစ်သွားသည်။

“လက်မခံနိုင်ဘူး မဟာထန်က တာလာ့မှာ နိုင်ပြီးကာစမဟုတ်လား။ ဘာလို့ စစ်သားတွေ ထပ်ပို့ရမှာလဲ”

“တာလာ့က မဟာထန်ရဲ့ တစ်ခုတည်းသော သီးသန့်နယ်မြေမဟုတ်ဘူးလေ။ သူတို့က နိုင်သွားပြီဆိုကတည်းက အန်းရှီကို ပြန်ဆုတ်လာသင့်ပြီလေ။ ဘာလို့ ကောင်းရှန်းကျစ်နဲ့ လူငယ်အမတ်က အဲ့ဒီမှာ ဆက်နေ နေတာလဲ”

“မဟာထန်က ဘာလို့ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ အန္တရာယ်ကို ကြုံရမှာလဲ။ သူတို့ပြောနေတာတွေက သပ်သပ် ခြိမ်းခြောက်နေသလို ဖြစ်မနေဘူးလား။ နောက်ပြီး သူတု့ိပြောတဲ့ မဟာမိတ်ဆိုတာကရော ဘာလဲ။ အာရပ်တွေက သူတို့ပြောသလောက် ဒီလောက်ထိ လေးစားဖို့ကောင်းနေရင် ဘာလို့ရှုံးမှာလဲ။ ငါ့အမြင်အရ ဒီတိုင်း သူတို့က စစ်သားများများသုံးချင်ပြီး သူတို့ရဲ့ အာဏာကို မြှင့်ချင်တာနဲ့ပဲ ပေါက်ကရလျှောက်ပြောနေတာလို့ ထင်တာပဲ”

“အရှင်မင်းကြီး ဒီအရာရှိကတော့ ကောင်းရှန်းကျစ်နဲ့ ယာယီချီရှီကာကွယ်ရေးဗိုလ်ချုပ် ဝမ်ချောင်ကို ယာယီအားဖြင့် ရာထူးချထားသင့်ပြီလို့ထင်တယ်။ သူတို့က သူတို့လုပ်ဆောင်မှုတွေအပေါ်မှာ ဘဝင်မြင့်သွားပြီး တော်ဝင်ခုံရုံးကိုတောင် စစ်သားတွေ တောင်းခံရင်း လိမ်လည်လှည့်စားနေပါတယ်”

ခန်းမတစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်နေသည်။ ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်၏ မှတ်တမ်းရောက်လာသည့် တခဏတွင် ထိုနေရာတွင် အချင်းချင်း ငြင်းခုံမှုက ပြင်းထန်စွာ ဖြစ်ပွားသည်။

“အရှက်မရှိတဲ့ ကိစ္စပဲ။ ဒါက ဘာမှမဟုတ်ဘူး။ ဒီတိုင်း အရှက်မရှိဘဲ တောင်းဆိုနေတဲ့ကိစ္စ။ တော်ဝင်ခုံရုံးက ဒီလောက်ထိ တန်ကြေးကြီးကြီး ပေးဆပ်ပြီး နယ်စပ်မှာရှိနေတဲ့ လူအင်အားထက် ပိုများတဲ့ပမာဏကို စေလွှတ်ပေးထားတာ မဟုတ်လား။ သူတို့ကဘာလို့ ထပ်ပြီး လိုချင်နေရတာလဲ”

ခုံရုံးမှ ပြည်ထဲရေးအရာရှိတိုင်းက အကြိတ်အနယ် ငြင်းခုံကြသည်။

“ငါ့ရဲ့မဟာထန်က နှစ်နှစ်ရာကျော် ငြိမ်းချမ်းစွာ နေထိုင်နိုင်ခဲ့တယ်။ ဘယ်လိုမုန်တိုင်းကိုမဆို တွေ့ကြုံခဲ့ပြီးသားပဲ။ ဒီလိုမျိုး အနောက်ဘက်က သေးငယ်တဲ့ နာမည်တောင်မရှိတဲ့ တိုင်းပြည်လေးဆီလောက်ကို ကျရှုံးသွားမှာတဲ့လား”

ရှိနေကြသော အမတ်များ၊ အရာရှိများအတွင်းမှ အရာရှိတစ်ယောက်က ထွက်လာသည်။ သူက ဝမ်ချောင်၏ ခန့်မှန်းချက်ကို မေးခွန်းထုတ်၏။

“ရမ်းကားတယ်။ ဝမ်ချောင်က ကောင်းကင်သားတော်ရဲ့ တပည့်ပဲ။ စစ်မတ်ရေးရာ ကိစ္စတွေအားလုံးက အမြဲတစေ အရေးပါလွန်းတဲ့ ကိစ္စတွေပဲ။ သူက ဘာကြောင့် လိမ်လည်တယ်လို့ မင်းက အခိုင်အမာ ပြောနေရတာလဲ”

“သူပြောတဲ့ကိစ္စကတင် ရှင်းလင်းနေပြီးသားမဟုတ်လား။ အန်းရှီကလူတွေကို လုံရှီကို ပို့လိုက်မယ်ဆိုရင် အဆင်ပြေသွားမယ်လို့ မင်းကထင်နေလား။ အနောက်တောင်ပိုင်းက အခြေအနေကို မင်းတို့အားလုံး မေ့သွားကြပြီလား။ လူငယ်အမတ်ကြောင့်သာ မဟုတ်ရင် အဲ့ဒီအခြေအနေကို တွေးလို့တောင် မရဘူး”

“အရှင်မင်းကြီး ဒီအရာရှိကတော့ ဒီအကြောင်းအရာကို ဆွေးနွေးနေတဲ့အချိန်မှာ ဘဏ္ဍာရေးရာ လက်ထောက်အမတ် ကျန်းမူရှန်းကို ဝင်ရောက်မဆွေးနွေးနိုင်အောင် ပယ်ချထားသင့်တယ်လို့ ထင်ပါတယ်။ ဒီလိုအရေးကြီးတဲ့ လူထောင်ပေါင်းများစွာ၊ တစ်တိုင်းပြည်လုံးနဲ့ ပတ်သတ်ပြီး စိုးရိမ်ရတဲ့ ကိစ္စမျိုးကို ဘာကိုမှနားမလည်တဲ့ ပညာသင်သား တစ်ယောက်ကြောင့် မနှောင့်နှေးစေသင့်ပါဘူး”

ထိုသို့ဖြင့် ဗိုလ်ချုပ်များဘက်မှ ငြင်းခုံမှုများနှင့် အရာရှိများဘက်မှ ငြင်းခုံမှုများက ပြင်းထန်လာသည်။ ရှေးခေတ်အချိန်ကတည်းက ထိုအရာရှိများက အမြဲတစေ ကပ်စေးနည်းပြီး ပြောရန် လက်ပေါက်ကပ်လွန်းသော လူများဖြစ်သည်။ ခုံရုံးတွင် စစ်မတ်ရေးရာနှင့် ထိုပြည်ထဲရေးရာ နှစ်ဖက်မှ ရှုပ်ထွေးမှုများ ဖြစ်လာချိန်တိုင်း ဗိုလ်ချုပ်များက ပုံမှန်အားဖြင့် နောက်ဆုတ်လေ့ရှိသည်။ ထိုလူများနှင့်လည်း ပြိုင်မငြင်းကြချေ။ သို့သော် ဒီတစ်ကြိမ်ကမူ ခြားနားသည်။ ထိုလူတိုင်းနီးပါးက ထိုလူများကို ဖိနှိပ်ကာ ပြောဆိုလာကြ၏။

အနောက်တောင်ပိုင်းမှ တာလာ့၏ တိုက်ပွဲကို ပိုပြီးနားလည်လေလေ ရန်သူက မည်မျှအင်အားကြီးကြောင်း သိလာလေလေဖြစ်သည်။ ကောင်းရှန်းကျစ်ကဲ့သို့သော လူကပင် ထိုနေရာတွင် သေလုနီးပါး ဖြစ်သွားခဲ့သေးသည်။ အခြားသူများဆိုလျှင် ပို၍ဆိုးသည်။ အင်အားစု နှစ်စုကြားမှ အခြေအနေက ဝမ်ချောင်အနိုင်ယူပြီးသည့်တိုင်အောင် တဖန်ကြီးထွားလာရန် ဆက်ရှိနေသေးသည်။

ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်က ပူးပေါင်းပြီး တပ်ကူတောင်းခံလာခဲ့လျှင် ထိုအခြေအနေက အလွန်အမင်း စိုးရိမ်ဖွယ် ရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။

စစ်သည်တစ်သောင်းကျော်၊ အင်ပါယာ မဟာဗိုလ်ချုပ်နှစ်ယောက်နှင့် တစ်တိုင်းပြည်လုံးက ထိုအခြေအနေတွင် ပါဝင်ပတ်သတ်နေသည်။ ထိုအခါ မြေပြင်တွင် လျှောက်ပြေးရင်း အော်ရမ်းနေရမည့် ကိစ္စမျိုးမဟုတ်ချေ။ ဒါဟာမင်းဆက်များတောက်လျှောက် ကျော်ဖြတ်လာခဲ့ပြီးနောက် ပြည်ထဲရေးနှင့် စစ်ဖက်ရေးရာ အရာရှိများအကြားမှ ငြင်းခုံမှုများက အဆုံးမသတ်ခဲ့လျှင်ပင် ချုပ်တည်းသင့်သော နေရာမျိုးတွင် ချုပ်တည်းသင့်သည်။ စစ်မတ်ရေးရာဌာနမှ အရာရှိများကလည်း မလိုလားအပ်လျှင် ဝင်မပါခဲ့ချေ။ သို့သော် ဒီတစ်ကြိမ်တွင်မူ ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်၏ မှတ်တမ်းလွှာများကတင် ကြာရှည်စွာ တည်ငြိမ်နေခဲ့သည့် မြေအောက်ကို လှုပ်ခါလိုက်သလို ဖြစ်သွားပြီး ပေါက်ကွဲလုမတက် ပြင်းထန်လာစေသည်။

ပြဒါးရိုင်းနဂါးတိုင် နဘေးတွင် ရပ်နေသော ဘုရင်ချီက အရာအားလုံးကို စောင့်ကြည့်ပြီး ခပ်တိုးတိုးရယ်နေသည်။

All Chapters