အခန်း (၁၀၄၁-၁၀၄၅)
Vol. 59 Ch. 1041-1045
အခန်း(၁၀၄၁)
မည်းမှောင်သောမျက်နှာနှင့် ထိုဗိုလ်ချုပ်က ဗိုလ်ချုပ်များ၏ ကျင့်ဝတ်ထဲမှ တစ်ခုဖြစ်သည့် ခပ်ပြတ်ပြတ် ပြောရဲဆိုရဲရှိသော အရှိန်အဝါမျိုးကို လွှတ်ထုတ်ထားသည်။ သူက နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့် အထွတ်အထိပ် ရောက်ရှိနေသောလူဖြစ်ကြောင်း ရှင်းလင်းနေသေးပြန်သည်။
သူတို့၏ အာရုံခံနိုင်စွမ်းအားကိုသာ စူးစိုက်လိုက်မည်ဆိုလျှင် ထိုလူဟာ ကျယ်ပြောလှသော စွမ်းအားများအတွင်းတွင် ကြောက်မက်ဖွယ်ကောင်းမှု တစ်စွန်းတစ်စနှင့် ရူးသွပ်ခြင်း စိတ်ဆန္ဒအမျှင် အနည်းငယ်ခန့် ပါဝင်နေကြောင်း ခံစားမိပေလိမ့်မည်။ သူဟာ အခြားသော သားရဲတစ်ကောင်၏ အရည်ခြုံကာ ရုပ်ဖျက်ထားသည့် ရက်စက်သော အရိုင်းဆန်သည့် သားရဲတစ်ကောင်အလား ထင်ရသည်။ သို့သော် သူက အခြားသူများကို သူ၏ထက်ရှသည့် အစွယ်များကိုမူ ပြသထားသေးပြန်၏။
“တာ့မာတာ့ရီမော့”
မဟာကလန်ကြီးများထဲမှ တစ်ခု၏ ပါရမီရှင် လူငယ်တစ်ယောက်က ထိုဗိုလ်ချုပ်ကို မြင်လိုက်သည်နှင့် တအံ့တဩ ပင့်သက်ရှိုက်ကာ ရေရွတ်လိုက်မိသည်။ သူကချက်ချင်း မှတ်မိသွားပုံပေါ်သည်။ အခြားသောလူများကလည်း ကြောက်လန့်တကြား နောက်ဆုတ်ကြသည်။
တာ့မာတာ့ရီမော့
ထိုလူသည် ယွီစန်းအင်ပါယာ ယာလွန်တော်ဝင်တပ်ရင်း၏ နံပါတ်နှစ် အင်အားအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် နောင်ဖြစ်လာမည့်ဗိုလ်ချုပ်ကြီး အထွတ်အထိပ်အဆင့်တွင် ရှိနေသူဖြစ်သည်။ သို့သော် ထိုအချက်ကြောင့် သူ့ကို လူတိုင်းက ကြောက်လန့်ကြခြင်းမဟုတ်ချေ။ တာ့မာတာရီမော့က မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းတွင် သိုင်းပညာကို လေ့လာချိန်က သူ၏အရိုင်းဆန်သော ရက်စက်သည့် သဘောသဘာဝက ပြင်းထန်လွန်းခဲ့သည်။ သူကျင့်သော သိုင်းတိုင်းကလည်း အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းခဲ့သည်။ ထပ်ပေါင်းဆိုရသော် တာ့မာတာ့ရီမော့က တစ်ချိန်တွင် စိတ်လွတ်သွားခဲ့ပြီး မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းတွင်ပင် လူသတ်မှုကျူးလွန်ခဲ့သည်။ ထိုအပြစ်ဒဏ်ကြောင့် တော်ဝင်ဂူဘုရားကျောင်းမှ ဆရာသခင်များက သူ၏အရိုးထဲတွင် ခြိမ်းကြိုးများကိုမြုပ်လျှက် နှင်းတောင်တန်း အနောက်ဘက်တွင် ခုနှစ်နှစ်ကြာအောင် တွဲလောင်းဆွဲထားခဲ့သည်။
သူ၏ရက်စက်ကြမ်းတမ်းပြီး အရိုင်းဆန်သော စိတ်များ အများကြီး လျော့ပါးပျောက်ကွယ်သွားမှသာ သူ့ကို လွှတ်ပေးခဲ့သည်။ သူ့ကို ရာလွန်တော်ဝင်တပ်ရင်း၏ မဟာဗိုလ်ချုပ် နမ်ရီစုန့်ထျန်း၏ လက်အောက်တွင် နေရာချထားပေးခဲ့သည်။ နမ်ရီစုန့်ထျန်းက လေးစားဖွယ်ကောင်းသော မဟာဗိုလ်ချုပ်ကြီးအဆင့်ကို ပိုင်ဆိုင်ထားသည်။ သို့သော်သူက တာ့မာတာ့ရီမော့၏ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒနှင့် မိစ္ဆာစွမ်းအားများကို ဖိနှိပ်ရုံသာ တက်နိုင်ခဲ့၏။ သို့တိုင်အောင် ကောလဟာလများအရ တာ့မာတာ့ရီမော့ဟာ မကြာခဏဆိုသလို ရူးသွပ်သွားပြီး သူ၏ကိုယ်ပိုင်လူများကို သတ်လေ့သတ်ထရှိသည်ဟုဆိုသည်။
ထိုအကြောင်းပြချက်ကြောင့် နမ်ရီစုန့်ထျန်းကလည်း အလွန်အရေးကြီးသော တာဝန်များရှိမှသာ သူ့ကို လွှတ်ပေးလေ့ရှိသည်။
သို့သော် ထိုမိစ္ဆာ သတ်ဖြတ်ခြင်းနတ်ဘုရားက ရုတ်တရက် နမ်ရီစုန့်ထျန်းလက်အောက်မှ လွတ်ထွက်လာပြီး မည်သူကမှ မထိန်းချုပ်နိုင်သည့် ယခုလိုနေရာမျိုးတွင် ပေါ်လာမည်ဟု မထင်ထားကြချေ။ သူကဲ့သို့ ရက်စက်ကြမ်းတမ်းသော သဘောသဘာဝ ရှိသူတစ်ယောက်အနေနှင့် သူ့ကို ထိန်းချုပ်နိုင်သူ မရှိသောအခါ ဒီနေရာတွင် အခြားသောလူများကို လိုက်သတ်နိုင်ချေ များပြားလွန်းနေလေသည်။
“ဟွန်”
တာ့မာတာ့ရီမော့က လူအုပ်ကို တစ်ချက် မျက်စိကစားကာ ကြည့်လိုက်ရင်း နှာခေါင်းရှုံ့သည်။ သူက အခြားသောသူများ၏ အတွေးကိုသိပုံရသည်။
“စိတ်အေးအေးထားစမ်းပါ တော်ဝင်ဂူဘုရားကျောင်းက ငါ့ရဲ့သိုင်းစွမ်းအားနဲ့ ရက်စက်တဲ့သဘာဝကို ဖိနှိပ်နိုင်တဲ့ ဗုဒ္ဓဓားတစ်လက်ကို ချီးမြှင့်လိုက်တယ်။ ဒီတော့ ငါမင်းတို့တွေကို လိုက်သတ်မနေဘူး”
တာ့မာတာ့ရီမော့က အေးစက်စွာ လှောင်ရယ် ရယ်လိုက်ပြီး သူ၏ကျောကုန်းပေါ်သို့ ပုတ်ပြသည်။ ထိုအခါမှသာ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း၏ အနီရောင်တံဆိပ်ပါသော ရွှေရောင် ဓားမြောင်တစ်လက်ကို ကျောတွင်သယ်ထားကြောင်း တွေ့လိုက်ရသည်။ ဓားခုံတွင် ထိုသင်္ကေတကို ရေးထွင်းထားခြင်းဖြစ်ပြီး အဝေးမှကြည့်လျှင်ပင် ထိုဓားမှထွက်နေသည့် သန့်စင်လွန်းသော ဗုဒ္ဓစွမ်းအားများကို ခံစားမိမည်ဖြစ်သည်။
ဟစ်
ထိုဗုဒ္ဓဓားမြောင်က မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း၏ တံဆိပ်ပါသည်။ ထိုအခြေအနေက တာ့မာတာ့ရီမော့ကို တည်ငြိမ်နေကြောင်းမြင်သဖြင့် လူတိုင်းက စိတ်အေးသွားကြသည်။
“ဗိုလ်ချုပ်ကို ဂါရဝပြုပါတယ်”
လူတိုင်းက ဂါရဝပြုလိုက်ကြသည်။
တာ့မာတာ့ရီမော့က ဂူဘုရားကျောင်းအပြင်ဘက်မှ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည်။ သူက ရှိနေသော လူတိုင်းထက် အင်အားကြီးမားလွန်းသည်။ မဟာဗိုလ်ချုပ်ကြီးများကသာ သူ့ကိုဖိနှိပ်နိုင်လောက်သည်။
“ဟွန်း သွားကြမယ်။ တာလာ့မှာ ငါသတ်နိုင်တဲ့လူတွေရှိတယ်။ ငါမင်းတို့တွေကို စိတ်မဝင်စားဘူး”
အေးစက်သော ရယ်သံတစ်ချက်နှင့်အတူ တာ့မာတာ့ရီမော့က လူအုပ်ထဲမှ ကျော်ထွက်လာသည်။
သူ၏အနောက်ဘက်မှ တာ့ရန်၊ အစုန့်ရုန်၊ ဒါလာ့နျဲ့စိုင်းနှင့် အခြားသော တောင်ပေါ်ဒေသတခွင်ရှိ ရှေးဟောင်း ကလန်များမှ ကျွမ်းကျင်ပညာရှင်များက အတွေးအမျိုးမျိုးနှင့်အတူ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် တောင်ပေါ်ဒေသရှိ အဖွဲ့များ၊ ကလန်အသီးသီးများထဲမှ လက်ရွေးစင် လေးသောင်းကျော်က ရေလှိုင်းလုံးတစ်လုံးက အောက်သို့တောက်လျှောက် စီးနင်းသွားသလို ပုံစံမျိုးနှင့် သာ့လွန်ရော့ကျန်းရှိရာဘက်သို့ စတင်ကာထွက်ခွာကြသည်။
.....
အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ မြောက်ပိုင်းမှ စတင်ပြီး ယွီစန်းကို ကျော်ဖြတ်လျှင် ဝေးကွာသော နေရာရှိ တာလာ့မြို့သို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုနေရာတွင်မူ ကျော့ရှင်းကြည့်ကောင်း ခမ်းနားထည်ဝါသော စာသင်ခန်းအတွင်းတွင် ဝရုန်းသုန်းကားဖြစ်နေသည့် ကြယ်တာရာစွမ်းအင်များကို မြင်နိုင်မည်ဖြစ်သည်။ ထိုစွမ်းအင်များက ကြီးမားသော မြွေကြီးတစ်ကောင် ရစ်ခွေနေသလိုမျိုး ထောင့်တိုင်းမကျန် ချောင်ကျိုချောင်ကြားမကျန် ပြည့်နှက်လျှက်ရှိနေသည်။ အလယ်ဗဟိုနေရာတွင်မူ ခဲနေသော ကြယ်တာရာစွမ်းအင်စီးကြောင်းတစ်ခု ရှိနေသည်။ ထိုအတွင်းတွင် နေမင်းနှင့်လမင်း၏ တောက်ပလွန်းသော ပုံရိပ်များကိုမြင်နိုင်သည်။
ဂရုတစိုက်သာ ကြည့်မည်ဆိုလျှင် နေမင်းနှင့်လမင်းအောက်တွင် တင်ပြင်ချိတ်ထိုင်နေသော လူငယ်တစ်ယောက်ကိုလည်း မြင်ရဦးမည်ဖြစ်သည်။ ထိုပုံရိပ်က အခန်း၏ အလယ်ဗဟိုနေရာတွင် ရှိနေသည်။ အခန်းအတွင်းတွင် လည်ပတ်နေသော ကြယ်တာရာစွမ်းအင်တိုင်းက ဝမ်ချောင်၏ ကိုယ်အတွင်းသို့ စီးဝင်နေသည်။
မဟာဖျက်ဆီးခြင်းသိုင်း
ထိုသိုင်းက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ နောက်ဆုံးအားအပြင်းဆုံး အကွက်လည်းဖြစ်သည်။ ပြောရမည်ဆိုလျှင် တစ်ခုကိုနှစ်ခု၊ နှစ်ခုကိုသုံးခု၊ သုံးခုကို အရာအားလုံးအဖြစ် ပြောင်းလဲနိုင်ခြင်းဆိုသော ဆောင်ပုဒ်အတိုင်းဖြစ်သည်။ ဗဟိုပြင်ကျယ်မှ သိုင်းတိုင်းတွင် အဆင့်အမြင့်ဆုံးအကျဆုံး ပြိုင်ဘက်အကင်းဆုံး မူလအမရာသိုင်းကို တစ်ဟုဆိုနိုင်ပြီး တစ်လောကလုံးတွင် အင်အားအကြီးဆုံး သိုင်းဟုလည်း သတ်မှတ်ကြသည်။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက အဆင့်မြင့် ပြိုင်ဘက်ကင်း မူလအမရာသိုင်းထက် နိမ့်ကျသော်လည်း အလွန်အမင်း စွမ်းအားကြီးမားသည်။ ထိုအကြောင်းပြချက်ကြောင့် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက နှစ်ကို ကိုယ်စားပြုသည်။ တာအိုရင်နှင့်ယန်ကို ဖောက်မြင်နိုင်လျှင် ကောင်းကင်နှင့်မြေကြီး၏ ဇစ်မြစ်ကို ကြည့်နိုင်ပြီး နေမင်းနှင့်လမင်း၏ မြင့်တက်လာမှု၊ နိမ့်ဆင်းမှုတို့ကိုလည်း မြင်နိုင်မည်ဖြစ်သည်။
မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ စွမ်းအင်များက အဆင့်လွန်အဆင့်သို့ ရောက်ရှိသွားသောအခါ ရင်ယန်သိုင်းကိုသုံးပြီး မဟာဖျက်ဆီးခြင်းသိုင်းကို ကျင့်နိုင်သည်။
ထိုသိုင်းက မိစ္ဆာလမ်းတွင် အင်အားအကြီးဆုံးသိုင်းဖြစ်ပြီး မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ထိုသိုင်းကိုသုံးကာ လောကကို လွှမ်းမိုးခဲ့သည်။ လမ်းမှန်နယ်ပယ်မှဖြစ်စေ၊ မိစ္ဆာနယ်ပယ်မှဖြစ်စေ မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်ပေါင်းများစွာ စီနီယာပေါင်းများစွာက ထိုသိုင်းအောက်တွင် သေသွားခဲ့ကြသည်။ သို့သော် ထိုပြင်းထန်လွန်းသည့် စွမ်းအားများကိုရရန်အတွက် ပျင်းရိငြီးငွေ့ဖွယ် ကောင်းလောက်အောင် ခက်ခက်ခဲခဲ ကျင့်ရသေးသည်။ ဝမ်ချောင်ကသာ လူထွားများ၏ဘုရင် ခါရာ့ဟာဆန်၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြောက်များသော ကြယ်တာရာစွမ်းအင်များကို မစုပ်ယူနိုင်ခဲ့ဘဲ သူ့ကို နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီး အထွတ်အထိပ်အဆင့်သို့ မပို့နိုင်ခဲ့လျှင် မဟာဖျက်ဆီးခြင်းသိုင်းကို ကျင့်နိုင်စွမ်းရည် မရှိလောက်သေးချေ။ သို့တိုင်အောင် ဒီသိုင်းကို ကျင့်ရခြင်းက အလွန်ပြင်းထန်သည့် စိန်ခေါ်မှုတစ်မျိုးကို လုပ်ဆောင်နေရသလိုမျိုး ဖြစ်နေသေးသည်။
မဟာဖျက်ဆီးခြင်းသိုင်းက အသေးစားအဆင့် သုံးဆင့်ခွဲထားသည်။ ပထမအဆင့်ကမူ မဟာတွန့်လိမ်ရှုံ့တွခြင်းသိုင်းဖြစ်သည်။ ဒုတိယအဆင့်ကမူ မဟာအာကာသအချိန်သိုင်းဖြစ်ပြီး တတိယအဆင့်က နောက်ဆုံးအဆင့်လည်းဖြစ်သည်။ ထိုအဆင့်ကို မဟာဖျက်ဆီးခြင်းသိုင်းဟု ခေါ်ကြောင်း တစ်ဆင့်ချင်းစီတိုင်းက ယခင်အဆင့်များထက် ပို၍ခက်ခဲသည်။ ထိုသိုင်းက ဝမ်ချောင် သင်ယူထားသော ယခင်သိုင်းနှစ်မျိုးထက်လည်း အင်အားကြီးမားလွန်းကာ ခက်ခဲလွန်းနေသေးသည်။
အချိန်တစ်ခုကြာပြီးနောက် ဝမ်ချောင်၏ပုခုံး တစ်ဖက်တစ်ချက်စီတွင် ရှိနေသည့် ခဲနေသည့်ဟု ယူဆရသော ရွှေနေမင်းနှင့် အနီရောင်လမင်းတို့က တဖြည်းဖြည်းချင်း နီးကပ်သထက် နီးကပ်သွားကြသည်။
ဘုန်း
ရုတ်တရက် အခန်းအတွင်းမှ သိပ်သည်းစွာ ရစ်ခွေလျှက် ရှိနေသည့် ကြယ်တာရာစွမ်းအင်များက ရွှေရောင်နှင့် အနီရောင်အလင်းကို လွှတ်ထုတ်ပြသလာပြီး အချင်းချင်း ပေါင်းစပ်ရန် ပြလာသည်။ အာကာသပြင်ကပင် စတင်ကာ တွန့်လိမ်ရှုံ့တွလာရင်း ဝါးသထက်ဝါးလာသည်။ မမြင်ရသော လက်တစ်စုံက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း တဖြည်းဖြည်း မြည်သံများကို ထုတ်နေပုံပေါ်သည်။
ဘေးဘက်မှသာ ကြည့်လိုက်မည်ဆိုလျှင် အခြားတစ်ဖက်ခြမ်းမှ ဖြစ်ရပ်များကို မမြင်နိုင်လောက်အောင် ဝါးသွားသည်။ အရာအားလုံးက မူရင်းပုံပန်းသွင်ပြင် ပျောက်ဆုံးသွားပြီး ဝရုန်းသုန်းကားဖြစ်နေသည့် ကြယ်တာရာစွမ်းအင်များကလည်း ထင်ထားသည်ထက် ပို၍ အန္တရာယ်များလာသည်။
ခလွက်
ပထမဦးဆုံး သက်ရောက်ခံရသည်မှာ အခန်းအတွင်းရှိ သစ်သားကျမ်းဘုတ်ပြားများဖြစ်သည်။ သူတို့က စတင်ကာ အပေါ်သို့လှန်ကာ ကွေးသွားသည်။ ထို့နောက် ကွေးသွားပြီးပြီးချင်း အမျှင်များ အနွာခံနေရသလိုမျိုး ထွက်ပေါ်လာသည်။
ခြိမ်း
ကြယ်တာရာစွမ်းအင်များက ရုတ်ချည်းကျော်ဖြတ်သွားသည့် အခိုက်အတန့်တွင် ကြမ်းခင်းဘုတ်ပြားများက သစ်သားအမျှင် သောင်းပေါင်းများစွာအဖြစ် ပြောင်းလဲသွားသလို ကျန်သောကြယ်တာရာစွမ်းအင်များ နှင့်အတူ အခန်းထဲတွင် မွှေနှောက်လည်ပတ်သည်။
ခလွက် ခလွက် ခလွက်
အခန်းအတွင်းရှိ ကြွေခွက်များက စကွဲသည်။ သေသပ်ကောင်းမွန်သော လက်ရာမြောက်သည့် အပိုင်းအစများက ဖုန်မှုန့်ဖြူအဖြစ် ပြောင်းလဲသွားသည်။ ထိုအပိုင်းအစဖြူများကလည်း ထိုသစ်သားအမျှင်များနှင့် ပူးပေါင်းနေပြီး အခန်းအတွင်းတွင် ဒေါသထွက်နေသော တစ်စုံတစ်ရာကဲ့သို့ လိုက်လံမွှေနှောက်နေပြန်သည်။
ကြွေထည်များနောက်တွင် သစ်သားစားပွဲများ၊ စာအုပ်စင်များပါသည်။ သူတို့အားလုံးက မျက်တောင်တစ်ခတ် အချိန်အတွင်း ပျောက်ကွယ်သွားပြီး မရေမတွက်နိုင်သော သေးငယ်သည့် အစိတ်အပိုင်းများအဖြစ် ပြောင်းလျှက် ရစ်ခွေနေသော ကြယ်တာရာစွမ်းအင် မြွေများနည်းတူ အခန်းအတွင်းတွင် လိမ်ယှက်လျှက်ရှိနေကြသည်။ အဆုံးနားတွင် ရိုးရှင်းလွန်းသော သစ်သားပုံသဏ္ဍန်ရှိ အမွှေးနံ့သာထွန်းခွက် နှစ်ခွက်ကပင် ဖိအားဒဏ်ကိုခံရသည်။ သေးငယ်သော ကွဲအက်ကြောင်းများက ထိုသတ္ထုအပေါ်ယံသားများတွင် ပေါ်လာပြီးနောက် ကွဲကျသွားသည်။
တာလာ့၏ အရှင်သခင်က အလွန်ကြွယ်ဝသည်။ သူ၏ ထိုအမွှေးနံ့သာထွန်းသော ခွက်နှစ်ခွက်ကို အာရပ်မှ အကောင်းဆုံး ပန်းပဲပညာရှင်ကို သွန်းလုပ်ခိုင်းထားခြင်းဖြစ်ပြီး အလွန်လက်ရာမြောက်သည်။ ထိုအဖိုးတန် အာရေးဗီးယား ဆေဘာများနှင့် ဓားများကပင် ထိုအမွှေးနံ့သာခွက်ကို ခြစ်ရာထင်အောင် မလုပ်နိုင်ပေ။ သို့သော် ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်များကမူ သေသပ်ကောင်းမွန်လွန်းသော သန့်စင်သံမဏိသားဖြင့် လုပ်ထားသည့် ထိုခွက်များကို သေးငယ်လွန်းသော သတ္ထုစပါးစေ့လို အမှုန်လေးများဖြင့် ပြောင်းလဲကာ ပေါက်ကွဲသွားစေသည်။
သို့သော် ဖြစ်ရပ်က အဆုံးသတ်ရန် ဝေးကွာလွန်းနေသေးသည်။ အခန်းအတွင်းမှ ဖိအားက ပို၍သာ တိုးလာသည်။ ဝမ်ချောင်၏ကိုယ်အတွင်းမှ စွမ်းအင်များက ပေါက်ကွဲလျှက် အပြင်သို့ လိမ့်ထွက်လာပုံပေါ်သည်။ ရွှေနေမင်းနှင့် အနီရောင်လမင်းတို့က ပို၍တောက်ပလာပြီး ပို၍ထိန်လင်းလာသည်။ အရောင်ကလည်း ပိုရင့်လာ၏။
ဆွစ်
ရုတ်တရက် ဝမ်ချောင်၏အထက် ရှုံ့တွကာ ဝရုန်းသုန်းကားဖြစ်နေသည့် လေအတွင်းတွင် အနက်ရောင် အက်ကွဲကြောင်းရာကြီးက ပေါ်လာသည်။ ထို့နောက် ဒုတိယမြောက်၊ တတိယမြောက်...
ထိုသေးငယ်သော အက်ကွဲကြောင်းရာများက အဆုံးအစမဲ့နေသော ခြောက်ခြားဖွယ် ချောက်ကမ်းပါးအတွင်းသို့ ဝင်ရောက်သွားနိုင်သည့် ပါးစပ်ပေါက်များအလား ပွင့်လာသည်။
ဘန်း
ရုတ်တရက် အခန်းအတွင်းတွင် ဝရုန်းသုန်းကားဖြစ်နေသည့် စွမ်းအင်များက သဲလွန်စပင် မကျန်လောက်အောင် ပျောက်ကွယ်သွားသည်။ မုန်တိုင်းအတွင်းသို့ မိုးကြိုးက ပစ်ချလိုက်သလို ဖြစ်သွား၏။ ထိုအခိုက်အတန့်တွင် ကွဲအက်ရာများက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ ဒေါသတကြီး မွှေနှောက်နေသော ကြယ်တာရာစွမ်းအင်များကလည်း ဘာမှမရှိတော့သည်အထိ ပျောက်ကွယ်သွားသည်။
ဝုန်း
ကြယ်တာရာစွမ်းအင်ရဲ့ အထောက်အပံ့ မရှိတော့သောအခါ သစ်သားအမျှင်များ၊ သေးငယ်သော စပါးစေ့လို သတ္ထုအပိုင်းအစများ၊ ကြွေအမှုန့်များအားလုံးက မြေပြင်ပေါ်သို့ ပြုတ်ကျသည်။ ထိုသို့ဖြင့် အခန်းက ပြန်လည်ငြိမ်းချမ်းပြီး တိတ်ဆိတ်သွားသည်။
“ဟား နှမြောစရာပဲ ငါနည်းနည်းပဲ လိုတော့တာ”
နှမြောတသ သက်ပြင်းချလိုက်သည့် ဝမ်ချောင်က မျက်လုံးကိုဖွင့်လိုက်သည်။ သူက ဘေးဘီရှိ ပျက်စီးသွားသော အခြေအနေကိုကြည့်ရင်း ခပ်မြန်မြန် ထရပ်လိုက်သည်။
မဟာဖျက်ဆီးခြင်းသိုင်းက ထိုသိုင်းသုံးမျိုးထဲတွင် အင်အားအကြီးဆုံးဖြစ်သလို ကျင့်ကြံရအခက်ဆုံးလည်း ဖြစ်သည်။ ဝမ်ချောင်ကလည်း မဟာတွန့်လိမ်ရှုံ့တွခြင်းသိုင်းကိုကျင့်ပြီးနောက် မဟာအာကာသ အချိန်သိုင်းကို ဆက်ကျင့်ချင်ခဲ့သည်။ သို့သော်သူက ကျရှုံးသွားခဲ့၏။ သို့တိုင်အောင် ဝမ်ချောင်က လက်ဗလာနှင့် ပြန်လာရခြင်းမဟုတ်သေးချေ။
သူက ကျရှုံးသွားသော်လည်း ဝမ်ချောင်ဟာ သူ့ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုပင်ဖြစ်စေ၊ စိတ်စွမ်းအားကိုပင်ဖြစ်စေ အများကြီး မြှင့်တင်နိုင်ခဲ့သည်။ သူ၏ကြယ်တာရာစွမ်းအင်က တိုးတက်လာ၏။ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသွားသေးသည်။
ဝမ်ချောင်က ခေါင်းကိုမော့လျှက်ပြောသည်။
“တစ်ယောက်ယောက်လာပြီး ဒီအခန်းကိုရှင်းလိုက်”
“ဟုတ်ကဲ့အရှင်”
အပြင်ဘက်မှ လေးစားရိုကျိုးသောအသံက ထွက်လာသည်။
ဝမ်ချောင်က ခေါင်းညိမ့်လိုက်ပြီး ထိုအပျက်အစီးများကိုကျော်လျှက် တံခါးအပြင်ဘက်သို့ထွက်သည်။
ဟူး
တံခါးကိုဖွင့်လိုက်ပြီးနောက် အေးစက်သောလေပြင်းက သူ့ကို ကြိုဆိုသည်။ ဝမ်ချောင်က သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
ရာသီဥတုက အေးသထက် အေးလာပြီ။
ဝမ်ချောင်က တိတ်တဆိတ် မှတ်သားလိုက်သည်။
တာလာ့အထက်တွင် အနက်ရောင် တိမ်စိုင်များက စုစည်းနေပြီး လေများက ခဲလွန်းနေသည်။ အနောက်ပိုင်း နယ်မြေများ၏ ပုံမှန်ရာသီဥတုအရဆိုလျှင် နှင်းကျရန် အချိန်လိုနေသေးသည်။ သို့သော် ဝမ်ချောင်ကမူ အပူချိန်ဟာ ဆက်တိုက်ကျနေကြောင်း ခံစားမိနေသည်။ မြို့ထဲရှိ နေရာအများစုတွင် အအေးဒဏ်ကိုဖယ်ရှားရန် မီးပုံများကိုပင် ဖိုထားရသည်။
ဘန်း
ဝမ်ချောင်က တွေးတောနေသည့်အချိန်တွင် ရုတ်တရက် ဟူဘာသာစကားဖြင့် ဗလုံးဗထွေး အော်ဟစ်နေသည့် အသံများကြောင့် အာရုံကပြောင်းသွားသည်။
အခန်း(၁၀၄၂)
“ဘာတွေဖြစ်နေတာလဲ”
ဝမ်ချောင်က မျက်မှောင်ကျုံ့ရင်း ဆူညံသံများ ထွက်လာရာဘက်သို့ တစ်ချက်ကြည့်သည်။ တစ်ချိန်ထဲတွင်ပင် အန်းရှီကာကွယ်ရေးစစ်တပ်မှ စစ်သားတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
“အရှင် ချီလော့အဖွဲ့ကလူတွေပါ။ မနေ့ညက သိုးအတော်များများ ခဲပြီးသေသွားကြတယ်။ ချီလော့ကလူတွေကလည်း ဆောင်းတွင်းမတိုင်ခင် သိုးတွေခဲသေသွားတာက မကောင်းတဲ့ လက္ခဏာလို့ပြောပြီး ထွက်သွားချင်ကြောင်း ပြောနေပါတယ်”
အန်းရှီကာကွယ်ရေးစစ်တပ်မှ စစ်သည်တော်တစ်ယောက်က တင်ပြသည်။
အန်းရှီကာကွယ်ရေးစစ်တပ်က အနောက်ပိုင်းနယ်မြေတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသည်။ ထို့ကြောင့် ဟူဘာသာစကား အများအပြားကို သိသလို အနောက်ပိုင်းနယ်မြေများ၊ အဖွဲ့များ၏ ဓလေ့ကိုလည်း နားလည်သည်။ ဝမ်ချောင်၏စစ်တပ်က တာလာ့သို့ရောက်သောအခါ သူက အနောက်ပိုင်းနယ်မြေ အဖွဲ့များ၏ အကြောင်းအရာများကို အန်းရှီကာကွယ်ရေးစစ်တပ်မှတဆင့် သိခဲ့ရသေးသည်။
“သိုးတွေက ခဲသေသွားတယ်ဟုတ်လား”
ဝမ်ချောင်၏မျက်ခုံးက ပြေလျော့သွားသည်။
“ကျွန်တော်တို့လည်း တော်တော်လေး ထူးဆန်းတယ်လို့ ခံစားနေရတယ်။ သိုးတွေခဲသေသွားတာက အဲ့ဒီလောက်ထိ စိတ်ပူစရာမဟုတ်ဘူး။ ဒါပေမဲ့ ချီလော့ကလူတွေက ဒီသိုးတွေကိုတအား အလေးထားကြတာ။ သူတို့က အမေတစ်ယောက်က ဂရုစိုက်သလို ဂရုစိုက်မှုမျိုးနဲ့တောင် ဂရုစိုက်ကြသေးတာ။ ဒီသိုးတွေက သာမာန်အခြေအနေမျိုးမှာ ဘယ်လိုမှ ခဲပြီးမသေနိုင်ပါဘူး။ အတိတ်ကဆိုရင် ဒီသိုးတွေက နည်းလမ်းအမျိုးမျိုးနဲ့ ရှင်သန်နေထိုုင်နိုင်ခဲ့ကြတာပဲ။ အများဆုံးမှ နှစ်ကောင်၊ သုံးကောင်လောက် သေရုံပေါ့။ ဒါပေမဲ့ ဒီနှစ်မှာတော့ နှင်းတောင်မကျသေးဘူး။ ဒါပေမဲ့ သိုးဆယ်ကောင်လောက်က သေသွားပြီ။ ချီလော့ကလူတွေက ဒါကမကောင်းတဲ့နမိတ်လို့ ပြောနေပါတယ်”
အန်းရှီကာကွယ်ရေးစစ်တပ်မှ စစ်သားက ခေါင်းကိုငုံ့ကာ ဂါရဝပြုသည်။
ဝမ်ချောင်၏မျက်မှောင်က ပိုကျုံ့သွားသည်။ အတွေးတစ်ခုက သူ၏စိတ်အတွင်းသို့ ဝင်လာ၏။ ထိုအတွေးက စိတ်ထဲသို့ရောက်လာသည်နှင့် ပို၍ကြည်လင်သထက် ကြည်လင်လာသည်။ သို့သော် ဝမ်ချောင်က ဘာစကားမှ မပြောသေးချေ။
“မင်းတို့က ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မှာလဲ”
ဝမ်ချောင်ကမေးသည်။
စစ်ပွဲအတွက် ပြင်ဆင်မှုတွင် အရေးပါသော အခိုက်အတန့်မျိုး ဖြစ်နေသည့်အချိန်တွင် အနောက်ပိုင်းနယ်မြေမှ ထိုအဖွဲ့များက ချီရှီကာကွယ်ရေးစစ်တပ်နှင့် အန်းရှီကာကွယ်ရေးစစ်တပ်ကို အထောက်အပံ့များ ပြင်ဆင်ပေးရာတွင် တာဝန်ယူထားရသေးသည်။ သို့သော် ထိုအဖွဲ့က ဒီလိုအခြေအနေမျိုးတွင် ထွက်သွား၍မရနိုင်ချေ။ ထွက်သွားခွင့်လည်း မပြုနိုင်ချေ။ ချီလော့အဖွဲ့ကို ထွက်သွားခွင့်ပြုလိုက်လျှင် အခြားသောအဖွဲ့များကလည်း ထွက်သွားချင်ကြောင်း ပြောလာပေလိမ့်မည်။ ထိုအခါ ကာကွယ်ရေးစစ်တပ် နှစ်ခုလုံးအတွက် အများကြီး သက်ရောက်မှုရှိသွားနိုင်သည်။
“ဗိုလ်ချုပ်ချန်းက ဖာဟားနားခေါင်းဆောင် ပါးနားဟန်ကို သူနှင့်အတူခေါ်ပြီး ဒီကိစ္စကို ဖြေရှင်းဖို့သွားပါတယ်။ ပါးနားဟန်က အနောက်ပိုင်းနယ်မြေမှာ ထင်ရှားတဲ့ ဂုဏ်သတင်းအချို့တော့ ရှိတယ်။ ဒါကြောင့် ဒီကိစ္စက အဆင်ပြေလောက်မှာပါ”
အန်းရှီကာကွယ်ရေးစစ်တပ်မှ စစ်သည်ကပြောသည်။
ဝမ်ချောင်က ထိုစကားများကိုကြားသောအခါ ခေါင်းသာညိမ့်လိုက်သည်။ သူ၏မျက်မှောင်ကမူ မပြေသွားသေးချေ။ ကောင်းရှန်းကျစ်ကလည်း ထိုပြဿနာ၏ လေးနက်မှုကို သိလောက်သည်။ ထို့ကြောင့် သူက ချန်းချန့်လီနှင့် ပါးနားဟန်ကို ကိုင်တွယ်ခိုင်းလိုက်ခြင်းဖြစ်လောက်သည်။ ထိုသို့အရေးပါသော ပုဂ္ဂိုလ်နှစ်ယောက်က ရှေ့ထွက်သွားမှုနှင့်အတူ ချီလော့မှ လူများ၏ကိစ္စက ခပ်မြန်မြန် ဖြေရှင်း၍ ပြီးသွားသင့်သည်။
“ဗိုလ်ချုပ်ချန်းကိုပြောလိုက် ဒီအခြေအနေမျိုး ထပ်ဖြစ်လာရင် အနောက်ပိုင်းနယ်မြေက အဲ့ဒီအဖွဲ့တွေကိုလည်း မဟာထန်က ခဲသေသွားတဲ့ အကောင်တိုင်းအတွက် လျော်ကြေးပေးမယ်လို့ ပြောလိုက်”
ဝမ်ချောင်ကပြောသည်။
“ဟုတ်ကဲ့အရှင်”
အန်းရှီစစ်သားက တစ်ခဏခန့် တောင့်ခဲသွားသည်။ ထို့နောက် ခပ်မြန်မြန် ဂါရဝပြုပြီး သတင်းကို သွားရောက်အကြောင်းကြားသည်။
အန်းရှီကာကွယ်ရေးစစ်တပ်နှင့် ချီရှီကာကွယ်ရေးစစ်တပ်က ကိုယ်ပိုင်စစ်တပ်များကို ကိုင်တွယ်ကွပ်ကဲနေသော်လည်း ဆက်သွယ်မှု၊ ပူးပေါင်းမှုအရ အခြားတစ်ဖက်ခြမ်းမှ ပေးသော ညွှန်ကြားချက်များကို သူတို့၏ ကိုယ်ပိုင်စခန်းသို့ လာရောက်ပို့ဆောင်ရန် စစ်သားများ၏ အကူအညီကို လိုအပ်နေသေးသည်။ အန်းရှီကာကွယ်ရေးစစ်တပ်မှ ထိုစစ်သားက ဝမ်ချောင်၏တံခါးတွင် ရပ်စောင့်နေသည်မှာ ကောင်းရှန်းကျစ်က ဝမ်ချောင်ကသူ၏ လက်အောက်ခံအဖွဲ့များထံ ပို့လိုသည့် သတင်းစကားတိုင်းကို တိုက်ရိုက် သူ့ဆီ ရောက်နိုင်ရန် မျှော်လင့်ထားသောကြောင့်ဖြစ်သည်။
အန်းရှီကာကွယ်ရေးစစ်တပ်မှ စစ်သားထွက်ခွာသွားပြီးနောက် ဝမ်ချောင်က လေချွန်လိုက်ကာ ခွာဖြူအရိပ်မြင်းကို လှမ်းခေါ်လိုက်သည်။ ထို့နောက် အပေါ်တက်စီးလိုက်ပြီး မြို့၏အနောက်ဘက်ပိုင်းရှိ လေ့ကျင့်ရေးကွင်းသို့သွားသည်။
တာလာ့လေ့ကျင့်ရေးကွင်း သုံးခုရှိသည်။ လူအရေအတွက် နှစ်သိန်းခန့်ဆန့်၏။ ပထမလေ့ကျင့်ရေး ကွင်းတစ်ခုကမူ ဝူရှန်းမြင်းတပ်က သိမ်းယူထားပြီး ဒုတိယမြောက် လေ့ကျင့်ရေးကွင်းကိုမူ ဝမ်ချောင်က တာလာ့တစ်ခုလုံးရှိ အထူးခြားဆုံးသော စစ်သည်တစ်မျိုးအတွက် လေ့ကျင့်ပေးရန် ရွေးချယ်ထားသည်။
ဟူး....
အေးစက်သောလေပြင်းက ဝမ်ချောင်၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဟိန်းဟောက်နေသည်။ ဝမ်ချောင်ကလည်း ဒုတိယမြောက် လေ့ကျင့်ရေးကွင်းသို့ မြင်းစီးကာသွားသည်။ သို့သော် ရုတ်တရက် သူက မရောက်သေးခင်ကတည်းက ပြင်းထန်လွန်းသည့် လှုပ်ခါမှုကို ခံစားလိုက်ရသည်။ ဒါက မြင်းတပ် ချီတက်သော လှုပ်ခါမှုမျိုးနှင့်မတူဘဲ လှိုင်းလုံးများ လိမ့်တက်လာသလို တုန်ခါမှုမျိုးဖြစ်သည်။ တစ်ချိန်ထဲတွင်ပင် အော်ဟစ်သံကလည်း ကျယ်လောင်လာသည်။
“ဟိုး”
“ဟ”
အားမာန်အပြည့် စွမ်းအားအပြည့်နှင့် အော်ဟစ်လိုက်သော ထိုအသံများက ဘယ်သောအခါမှ နောက်ဆုတ်မည်မဟုတ်သည့် အကြောက်အလန့်မဲ့သည့် ခံစားချက်များနှင့် ရောယှက်နေသည်။
မော့ဆေဘာအဖွဲ့
ဝမ်ချောင်က မြင်းကိုရှေ့သို့နှင်ရင်း ဖျော့တော့စွာ ပြုံးလိုက်မိသည်။ သိပ်မကြာခင် သူက ဒုတိယမြောက် လေ့ကျင့်ရေးကွင်းသို့ ရောက်သွားသည်။
ထိုကြီးမားသော လေ့ကျင့်ရေးကွင်းကို မီးခိုးရောင် အုတ်များဖြင့်ခင်းထားသည်။ အစွန်းတွင် သစ်သားတုတ်များက စီတန်းလျှက် ရှိနေသေးသည်။ လေ့ကျင့်ရေးကွင်းထဲတွင် လက်ရွေးစင်စစ်သည် တစ်သောင်းနီးပါးက လူနံရံသုံးခုအဖြစ် ပြောင်းနေပြီး ခါးသီးစွာ လေ့ကျင့်ကြသည်။ တစ်ယောက်ချင်းစီတိုင်းက ခုနှစ်ပေခန့်ရှည်သည့် ထူထည်းသော သံမဏိတင်းပုတ်ကြီးများကို လွှဲယမ်းကိုင်ထားကြသည်။ တစ်ယောက်ချင်းစီတိုင်းက ရိုးရှင်းသော အပြုအမူများဖြစ်သည့် ခုတ်ပိုင်းခြင်း၊ ထိုးသွင်းခြင်း၊ လှည်းကျင်းခြင်းဆိုသော အကွက်များကို ထပ်ခါတလဲလဲ ကျင့်နေကြသည်။
ထိုအကွက်များက ရိုးရှင်းသော်လည်း စစ်သည်တစ်သောင်းက ပူးပေါင်းကာ တစ်ပြိုင်တည်းလိုလို တစ်ညီတစ်ညာတည်း လုပ်ဆောင်လိုက်ခြင်းက မှင်သက်ဖွယ်ကောင်းသော စွမ်းအင်များကို ထုတ်နိုင်စွမ်းအားရှိသည်။
“ဟေး”
“ဟား”
ထိုစစ်သားတိုင်း၏ မျက်နှာက နီရဲနေသည်။ သူတို့၏ ကျောတွင်ချွေးများက အထပ်ထပ် ဖြစ်နေလေပြီ။ သူတို့၏ခွန်အားကိုလည်း ထိုရိုးရှင်းသော အကွက်များကိုသာသုံးရန် ဆက်တိုက် နစ်မြုပ်ထားသည်။
“အရှင်”
ဝမ်ချောင်ကိုမြင်သောအခါ ကမ်းခယ်ဘုရင် ရှီယွမ်ချင်နှင့် လော့ရှစ်ရီတို့က လာရောက် ကြိုဆိုကြသည်။
“မော့ဆေဘာအဖွဲ့က စတင်နေပြီ။ အရှင် ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါဦး”
ဝမ်ချောင်ထံရောက်လာသော အကြည့်သုံးစုံက လေးစားမှုအပြည့်နှင့်ဖြစ်သည်။ မော့ဆေဘာအဖွဲ့က ဝမ်ချောင်၏အကြံဖြစ်ပြီး ကောင်းရှန်းကျစ်က အခိုင်အမာ ထောက်ပံ့ပေးထားသည်။ ပို၍ဆိုးသည်မှာ သူက အန်းရှီကာကွယ်ရေးစစ်တပ်ကိုလည်း ဝမ်ချောင်၏ လိုအပ်ချက်အတိုင်း အပြည့်အဝ ပူးပေါင်းခိုင်းထားသည်။ ထိုကာကွယ်ရေးဗိုလ်ချုပ် နှစ်ယောက်၏ လွှမ်းမိုးခံရသော လူတိုင်းကလည်း နေ့ရောညပါ လေ့ကျင့်မှုအတွင်းသို့ သူတို့၏ အာရုံနှင့် ခွန်အားတိုင်းကို စိုက်ထုတ်ပေးထားကြလေသည်။ သို့ရာတွင် ဝမ်ချောင်ကသာ သူတို့၏အစစ်အမှန် လုပ်ဆောင်မှုမျိုးကို ထည့်သွင်းပေးထားနိုင်လောက်သည်။
ဝမ်ချောင်က ဘာစကားမှမပြောဘဲ လေ့ကျင့်ရေးကွင်းတောက်လျှောက် တဖြည်းဖြည်းချင်း ကြည့်လိုက်သည်။ ရှီယွမ်ချင် လော့ရှစ်ရီနှင့် ကမ်းခယ်ဘုရင်တို့က သယ်ဆောင်ထားသည့် ထိုလေ့ကျင့်ရေးကွင်းက သူ၏မျှော်လင့်ထားမှုကို ကျော်လွန်နိုင်ကြောင်းကိုလည်း မြင်နိုင်သည်။ သို့သော် ရှီယွမ်ချင်နှင့် လော့ရှစ်ရီတို့က အန်းရှီကာကွယ်ရေးစစ်တပ်မှ အမျိုးမျိုးသော တိုက်ပွဲများကို ပါဝင်ခဲ့ဖူးသည့် လူဟောင်းများဖြစ်သည်။ သူတို့နှစ်ယောက်၏ ပူးပေါင်းမှုကြောင့် သူ၏မော့ဆေဘာဓားအဖွဲ့ကလည်း မျှော်လင့်ထားသည်ထက် ပို၍မြန်ဆန်စွာ သဏ္ဍန်ပေါ်လာပြီဖြစ်သည်။
သို့သော် ဝမ်ချောင်က ပါးစပ်ကိုမဟသေးချေ။
ရုတ်တရက်...
ဘန်း
ရှီယွမ်ချင်၊ လော့ရှစ်ရီနှင့် ကမ်းခယ်ဘုရင်တို့၏ ဖိအားများလာသော အကြည့်များအောက်တွင် ဝမ်ချောင်က တစ်ဖက်သို့လှည့်ပြီး ဖော်ပြရန်ခက်ခဲသည့် ဖိအားတစ်မျိုးကို လွှတ်ထုတ်လိုက်သည်။ လေထုက တုန်ခါသွားပြီး ထိတွေ့ကိုင်တွယ်၍ မရနိုင်သော စွမ်းရည်တစ်မျိုးက လေ့ကျင့်ရေးကွင်းတစ်ခုလုံးအနှံ့ ပြည့်နှက်လာကာ မော့ဆေဘာအဖွဲ့ကို ဖိနှိပ်လိုက်သည်။
ဝေါင်း
ရုတ်တရက် လုပ်ကြံသတ်ဖြတ်ခံရသလို ပြင်းထန်သော ဖိအားကို ခံစားလိုက်ရခြင်းဟာ ဝမ်ချောင်နှင့် အနီးဆုံးနေရာတွင်ရှိသော မော့ဆေဘာအဖွဲ့ရှိ စစ်သည်တော်တစ်ဖွဲ့ကို ဝရုန်းသုန်းကား ဖြစ်သွားစေသည်။
ဝမ်ချောင်၏လက်ရှိခွန်အားနှင့် လေးစားဖွယ်ကောင်းသော စိတ်စွမ်းအားများနှင့် ပေါင်းစပ်လိုက်သော် သူဟာ မည်သည့်သာမာန်စစ်သားကမှ တောင့်မခံနိုင်သည့် ဖိအားမျိုးကို လွှတ်ထုတ်နိုင်စွမ်းအားရှိသည်။ မော့ဆေဘာအဖွဲ့ တစ်ခုလုံးက လေ့ကျင့်မှု နှောက်ယှက်ခံလိုက်ရသည်။ ဝရုန်းသုန်းကား အခြေအနေက သူတို့၏ စီတန်းလျှက်ရပ်နေသော အနေအထားမျိုးကို ဖဲချပ်များ လဲပြိုကျသွားသလို ဖြစ်သွားစေသည်။
သို့သော် မော့ဆေဘာအဖွဲ့က ပြိုလဲကျလုနီးပါး အချိန်တွင် ရုတ်တရက် မြင်ကွင်းက ပြောင်းလဲသွားသည်။ မော့ဆေဘာအဖွဲ့မှ စစ်သည်တစ်သောင်းက တစ်ယောက်ချင်းစီ သီးသန့် လေ့ကျင့်နေခဲ့ရာမှ ဝမ်ချောင်၏ လှုံ့ဆော်မှုအောက်တွင် သူတို့က လှုပ်နှိုးခံရသလိုဖြစ်သွားသည်။ သူတို့၏ အရှိန်အဝါက တစ်သားတည်းအဖြစ် ပေါင်းစပ်သွားသည်။ နဂိုက သူတို့က သံမဏိသားကဲ့သို့ မာကြောပြီးသားဆိုလျှင် ဝမ်ချောင်၏ ဖိအားအောက်တွင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသွားလေသည်။
တစ်စက္ကန့်ခန့်ကြာပြီးနောက် ကျယ်ပြောသော ဖိအားက တောင်တန်းတစ်လုံးလို အရှိန်အဝါမျိုးနှင့်အတူ ပူးပေါင်းရင်း ဝမ်ချောင်၏ဖိအားကို တောင့်ခံသည်။ မြေကမ္ဘာက တခဏခန့်ကြာအောင် တဆတ်ဆတ် တုန်သွားသည်။ လေ့ကျင့်ရေးကွင်း တစ်ခုလုံးတွင်ရှိသော လေထုကလည်း သတ္ထုချင်း ထိခတ်သံများနှင့်အတူ ပေါက်ကွဲသွားပြန်သည်။
ဟီး....
ဝမ်ချောင်၏ ခွာဖြူအရိပ်မြင်းကပင် ရုတ်တရက် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရင်း အော်ကြွေးသံပြုသည်။
“အရှင်”
ရှီယွမ်ချင်၊ လော့ရှစ်ရီနှင့် ကမ်းခယ်ဘုရင်တို့က အံ့အားတကြီး မြင်းများကို ရှေ့တိုးခိုင်းလိုက်ကြသည်။
“ငါအဆင်ပြေတယ်”
ဝမ်ချောင်က ညာဘက်လက်ကို တစ်ချက်ယမ်းလိုက်ပြီး သူတို့မလာခင်တားသည်။ သူ၏အကြည့်က မော့ဆေဘာအဖွဲ့မှ စစ်သည်တစ်သောင်းက ဖွဲ့စည်းထားသော သံမဏိစွမ်းအင် နံရံကို ကြည့်လိုက်သည်။ သူ၏မျက်ဝန်းက စူးရှသောအလင်းနှင့် တောက်ပသွားသည်။ သူ၏မျက်နှာတွင် ပျော်ရွှင်သော အပြုံးကလည်း ပေါ်လာသည်။
မော့ဆေဘာစစ်သားများ၏ အင်အားအကြီးဆုံး အပိုင်းက တစ်ယောက်ချင်းစီ၏ ခွန်အားမဟုတ်ချေ။ သို့သော် သူတို့၏ စွမ်းအင်များကိုပေါင်းစပ်ရင်း ခုခံခြင်းနံရံတစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်သည်။ ထိုအရာက မယုံနိုင်စရာကောင်းလောက်အောင် မာကြောသလို ကြမ်းတမ်းခက်ထန်လွန်းသည်။ သူတို့က သံမဏိနံရံလည်း ဖြစ်နိုင်သလို ဆေဘာဓားအုပ်လည်း ဖြစ်နိုင်သည်။ စစ်သည်တစ်သောင်းကျော်၏ စွမ်းအင်များက တစ်သားတည်း ပေါင်းစပ်သွားပြီးနောက် နတ်ဘုရားများနှင့် မိစ္ဆာများကိုပင် သုတ်သင်လိမ့်မည်။ ထိုကဲ့သို့သော မမြင်ရသည့် စွမ်းအင်မျိုးက သူတို့ကို ပြိုင်ဘက်ကင်းစေသည်။
သူ၏အနောက်မှ ရှီယွမ်ချင်၊ လော့ရှစ်ရီနှင့် ကမ်းခယ်ဘုရင်တို့က နားလည်လိုက်ကြသည်။ သူတို့ကလည်း ကြီးမားလွန်းသည့် လေ့ကျင့်ရေးကွင်းကြီးကို ရှုပ်ထွေးသော အကြည့်မျိုးဖြင့် ကြည့်ကြသည်။
ကောင်းရှန်းကျစ်နှင့် ဝမ်ချောင်တို့က အမိန့်ထုတ်ခဲ့သောအခါ ထိုသုံးယောက်ကလည်း မည်သည့်အတွက်ကြောင့် ဒီလိုအဖွဲ့မျိုးကို ဖန်တီးခဲ့ကြောင်း နားမလည်ခဲ့ချေ။ အထူးသဖြင့် သူတု့ိက စစ်သားများ လိုအပ်နေသော အခိုက်အတန့်မျိုးတွင်ဖြစ်သည်။ သို့သော် ယခုမူ မည်သူကမှ သံသယမဝင်ကြတော့ချေ။ ရှီယွမ်ချင်နှင့် လော့ရှစ်ရီတို့၏ ရှု့ထောင့်ကဆိုလျှင်ပင် ထိုအရှိန်အဝါက အလွန်အမင်း မှင်သက်ဖွယ်ကောင်းလွန်းနေပြီဖြစ်သည်။ ထိုခွန်အားက တိုက်ပွဲ၏ ဒီရေကိုပင် ပြောင်းလဲစေသေးသည်။
“မြင်လား အနာဂတ်မှာ သူတို့ရဲ့စိတ်ဓာတ်၊ ခွန်အား၊ စွမ်းအင်၊ စိတ်အခြေအနေတွေအားလုံးကို ဖိနှိပ်ရင်း ထပ်ခါတလဲလဲ လေ့ကျင့်ပြီးသွားတဲ့အခါ သူတို့ရဲ့ခွန်အားကလည်း အများကြီး တိုးတက်လာလိမ့်မယ်။ ဒါက မော့ဆေဘာအဖွဲ့ရဲ့ အနှစ်သာရပဲ”
ဝမ်ချောင်က တင်းမာစွာပြောသည်။
“ဒီဗိုလ်ချုပ်က နားလည်ပါတယ်”
သုံးယောက်လုံးက တစ်ပြိုင်တည်းဖြေကြသည်။
ဝမ်ချောင်က အပိုစကား ဆက်မပြောတော့ဘဲ မြင်းကိုနောက်တန်းသို့ သွားစေသည်။ သူက တစ်ယောက်ချင်းစီကို လိုက်စစ်ကြည့်၏။
“မင်းရဲ့ဘယ်ဘက်လက်ကို လက်ကိုင်ရှေ့ တစ်ပေလောက်တိုးပြီး မင်းရဲ့ညာဘက်လက်ကို လက်ကိုင်ကနေ သုံးပေလောက် ထပ်တိုးကိုင်လိုက်။ ဒီပုံစံက မော့ဆေဘာဓားရဲ့အားကို အကောင်းဆုံး ပြနိုင်တဲ့လမ်းကြောင်းမျိုးပဲ။ ထပ်ပေါင်းပြောရရင် ခုတ်ပိုင်းရဲ့အခါ မင်းရဲ့အားကို သတ်မှတ်ထားတဲ့အတိုင်း လှုပ်ရှား။ မင်းရဲ့ကြယ်တာရာစွမ်းအင်တွေကိုတင် သုံးရုံတင်မဟုတ်ဘဲ မင်းရဲ့ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားကိုပါထည့်ရမယ်”
“ဟုတ်ကဲ့ အရှင့်ရဲ့လက်အောက်ငယ်သားက နားလည်ပါပြီ”
“မင်းတို့ရဲ့လှုပ်ရှားမှုတွေက မှားနေတယ်။ ဆေဘာဓားကို ခေါင်းကိုကျော်ပြီး မြှောက်လိုက်တဲ့အခါ လက်မောင်းက တောင့်တင်းကြပ်နေလို့မရဘူး။ အဲ့ဒီအစား ခွန်အားကို ညီညီမျှမျှ ချန်ထားရမယ်။ ဒီဖြစ်စဉ်အတွင်းမှာ ခန္ဓာကိုယ်ခွန်အားကို သန်မာအောင် တည်ဆောက်ထားရဦးမယ်။ ဒါက လေထန်တဲ့ အပိုင်းမှာ လည်ပတ်နေတဲ့ စက်တစ်လုံးလိုမျိုးပဲ။ ဒါက လေးကြိုးကို တင်းတင်းဆွဲလိုက်သလိုပဲ။ အရမ်းတင်းတင်းဆွဲတဲ့အခါ ခန္ဓာကိုယ်ပေါ်ကို ရောက်လာတဲ့ဖိအားက တအားများသွားပြီး တိုက်ကွက်က သာမာန်စွမ်းအားကိုပဲ လွှတ်ထုတ်နိုင်လိမ့်မယ်”
“ဟုတ်ကဲ့”
ဝမ်ချောင်က ထိုအဖွဲ့အတွင်း ဖြတ်သန်းသွားရင်း စစ်သားတိုင်း၏ လှုပ်ရှားမှုတိုင်းကို မှန်ကန်အောင် ပြင်ပေးသည်။
ဒါက ပုံစံအသစ်တစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်ကလည်း တစ်ယောက်ချင်းစီသာ မှန်ကန်အောင် ပြင်ဆင်ပေးရုံသာ တက်နိုင်လေသည်။ အနောက်ဘက်မှ ကမ်းခယ်ဘုရင် ရှီယွမ်ချင်နှင့် လော့ရှစ်ရီတို့ကလည်း ထိုအဖွဲ့ဟာ မည်သည့်အတွက်ကြောင့် ထူးခြားလာရကြောင်း နားလည်လာကြရင်း ဝမ်ချောင်ပြောသမျှကို ဂရုစိုက်နားထောင်ကာ မှတ်သားထားကြလေသည်။
“ဗိုလ်ချုပ်ရှီ၊ ဗိုလ်ချုပ်လော့ အချိန်က အကန့်အသတ်နဲ့ ရှိနေတယ်။ မော့ဆေဘာအဖွဲ့က လေ့ကျင့်ဖို့အချိန် အများကြီး ကျန်တော့တာမဟုတ်ဘူး။ ဒါကြောင့် ငါအခုပြောသွားတဲ့ အကြံပြုချက်တွေကို ခင်ဗျားတို့ နားလည်မယ်လို့ မျှော်လင့်တယ်။ မှတ်မိနေဖို့လည်း မျှော်လင့်တယ်။ ဒါကြောင့် ဒီတာဝန်ကို ခင်ဗျားတို့ကိုပဲ လွှဲပေးခဲ့လိုက်မယ်။ ခင်ဗျားတို့ အကောင်းဆုံးလုပ်နိုင်မယ်လို့ ယုံကြည်တယ်”
“အရှင် စိတ်အေးအေးထားပါ။ ငါတို့ အကောင်းဆုံး ကြိုးစားမှာပါ”
သုံးယောက်လုံးက တစ်ပြိုင်တည်းဖြေသည်။
ရုတ်တရက် ကောင်းကင်ထက်မှ ဆင်းသက်လာသည့် သိန်းငှက်တစ်ကောင်၏ ဝမ်ချောင်၏ပုခုံးပေါ်သို့ လာနားသည်။
“ဟွန်”
ဝမ်ချောင်၏ မျက်ခုံးက ပင့်တက်သွားပြီး လက်ဆန့်တန်းကာ ထိုသိန်းငှက်ကို လက်ပေါ်သို့ လာနားစေသည်။ ဝမ်ချောင်က သိန်းငှက်ခြေထောက်မှ ဖြည်ကာယူလိုက်သည့် စာကိုဖတ်ပြီးနောက် သူ၏မျက်နှာတွင် ပျော်ရွှင်သောအပြုံးက တောက်ပစွာ ပေါ်ထွက်လာသည်။
“သူတို့နောက်ဆုံးတော့ ထွက်လာပြီပဲ”
အခန်း(၁၀၄၃)
ဝမ်ချောင်သည်လည်း ရုတ်ချည်းဆိုသလို စိတ်အေးသွားသော ခံစားချက်မျိုးကို ရလိုက်လေသည်။ ထိုစာကို စစ်ဘက်ဆိုင်ရာ အမှူထမ်းဌာနမှ ဘုရင်စုန့်နှင့် ကျန်းချုံကျန့်ချုံးတို့၏ နာမည်ဖြင့် ပို့ဆောင်လိုက်ခြင်းဖြစ်သည်။ ကျောင်းဖုန်းချန်း၏ ရွှမ်ဝူစစ်တပ်က သူ၏ ဒေါ်လေးဖြစ်သူထံမှတစ်ဆင့် တော်စပ်သော ဦးလေးလီလင်းကို ကျော်ဖြတ်ပြီး ချီရှီထံ ထွက်ခွာလာနေပြီဖြစ်သည်။ နယ်စပ်မှ ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ်များဖြစ်သည့် ခဲ့ရှု့ဟန်နှင့် ကျန်းရှို့ကွေးတို့ကလည်း သူတို့၏ စစ်သားများကို အနောက်မြောက်ပိုင်းသို့ စေလွှတ်ပြီးလေပြီ။
အရာအားလုံးက လမ်းကြောင်းမှန်အတိုင်း ဖြစ်လာသည်။ သူ၏ဦးလေးငယ် ဝမ်မီက စေလွှတ်လိုက်သော နတ်အကျဉ်းထောင်စစ်တပ်နှင့် ပေါင်းစပ်လိုက်သော် ချီရှီသို့ ထွက်ခွာလာနေသည့် စစ်သည်အင်အားက သုံးသောင်းနီးပါးရှိလာသည်။ သူတို့အားလုံးက လက်ရွေးစင်အကျဆုံး စစ်သားများ ဖြစ်နေသေးသည်။ သူတို့၏လက်နက် သံချပ်ကာများကသာ ဝူရှန်းမြင်းတပ်နှင့်ယှဉ်လျှင် လိုအပ်ချက်ရှိလောက်သည်။ သို့သော် တိုက်ခိုက်ရေးစွမ်းအားအရ ယှဉ်လျှင်မူ သူတို့က အနည်းငယ်မျှပင် အားမနည်းလောက်တော့ချေ။ အကြောင်းမူကား ဝမ်ချောင်ကလည်း ဒီတိုက်ပွဲအတွက် ထိုလူများကို မျှော်လင့်ချက်ထားပြီး ရင်းနှီးမြုပ်နှံထားသောကြောင့်ဖြစ်သည်။
“စီနီယာစုက ငါ့အတွက် စစ်သားလေးထောင်ကို လေ့ကျင့်ပေးဖို့ သဘောတူထားတယ်။ အဲ့ဒီတစ်နေရာကပဲ စစ်သားတွေ ချေးငှားဖို့ကျန်တော့တယ်”
ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ၏စိတ်က ဒဏ္ဍာရီလာ ပြိုင်ဘက်ကင်းသိုင်းစစ်တပ် အကြောင်း ပြန်တွေးလိုက်မိသည်။
ကျောင်းဖုန်းချန်း၏ ရွှမ်ဝူစစ်တပ် သူ၏ဦးလေးငယ်၏ နတ်အကျဉ်းထောင်စစ်တပ်၊ ခဲ့ရှု့ဟန်၏ နတ်သိုင်းစစ်တပ်နှင့် အန်းစစ်ရွှန်း၏ နဂါးတပ်ရင်းစစ်တပ်တို့က ဝမ်ချောင်၏အကြံထဲမှ တစ်ခုတည်းသော ဟာကွက်များဖြစ်သည်။ အရေးအကြီးဆုံး အပိုင်းကမူ ပြိုင်ဘက်ကင်းသိုင်းစစ်တပ်ဖြစ်သည်။
ပြိုင်ဘက်ကင်း သိုင်းစစ်တပ်မှ စစ်သားများက ဖော်ပြရန် ခက်ခဲလောက်အောင် ပြိုင်ဘက်ကင်း အင်အားကြီးမားသည့် စစ်သားများဖြစ်ပြီး မည်သည့်ဘက်ကမဆို သာမာန်လက်ရွေးစင်များထက် အပြတ်အသပ် သာလွန်သည်။ ထိုထဲတွင် စွမ်းအား၊ ခုခံနိုင်စွမ်းအား၊ အမြန်နှုန်းနှင့် ဖြတ်လတ်မှုလည်းပါသည်။ ပို၍အရေးကြီးသော အချက်ကမူ သူတို့က ရဲဘော်ရဲဘက်များထက် ပိုသာသောအားကို ဝင်္ကပါမှတစ်ဆင့် ထုတ်ပြနိုင်စွမ်းအား ရှိလာခြင်းဖြစ်သည်။ ထိုဝင်္ကပါကလည်း တစ်တန်းတည်း ရပ်နေသူတိုင်း အချင်းချင်း ချိတ်ဆက်နေခြင်းဖြစ်သည်။ ထိုဝင်္ကပါက သူတို့၏ခွန်အားကို မြင့်တက်ပေးစေရုံသာ မကဘဲ ထိုဝင်္ကပါ၏အားက စစ်တပ်တစ်ခုလုံးတွင်ရှိသော မည်သို့သော စစ်သားထံသို့မဆို ရောက်ရှိလာနိုင်သည့် လှည့်ကွက်တိုင်းကို မျှလျှက်ခုခံနိုင်စွမ်းအား ရှိနေသေးပြန်သည်။ ထိုအချက်ကြောင့်လည်း လူတစ်ယောက်ပေါ် ရောက်မည့်ဒဏ်ရာများက အလွန်နည်းပါးသွားစေနိုုင်သေး သည်။
ထိုနယ်ပယ်ဘက်မှကြည့်သော် သာ့ယန်မာန်ပန့်၏ မဟာပွန်းဝင်္ကပါနှင့်ပင် အလွန်အမင်း တူညီလွန်းနေသေးသည်။ ပြိုင်ဘက်ကင်း သိုင်းစစ်တပ်၏ ဝင်္ကပါက ခြားနားချက်အနည်းငယ် ရှိသည်။ ထိုဝင်္ကပါကို အသက်သွင်းလိုက်သည်နှင့် လီတစ်ရာအတွင်းရှိ လောက၏ မူလစွမ်းအင်များကို ဆက်တိုက် စုပ်ယူနေပေလိမ့်မည်။ ထိုမူလစွမ်းအင်များက ဝင်္ကပါအတွင်းသို့ ဝင်ရောက်ရင်း ထိုဝန်းကျင်အတွင်းရှိ စစ်သားများ၏ ကြယ်တာရာစွမ်းအင် ပြန်လည်အားပြည့်မှုနှုန်းကို သက်သာအောင် လုပ်ပေးပြန်သည်။
ပြိုင်ဘက်ကင်းသိုင်းစစ်တပ်၏ အထောက်အပံ့ရသော မည်သည့်စစ်တပ်ကမဆို ခွန်အားအရ ပြင်းထန်စွာ မြင့်တက်လာနိုင်သော အားသာချက် ရှိသည်။ ထို့ကြောင့် ကြာရှည်စွာ တိုက်ခိုက်နိုင်စွမ်းရည် ရှိလာနိုင်သေးသည်။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာအကြာက ထိုက်ကျုံးခေတ်တွင် ထိုပြိုင်ဘက်ကင်း သိုင်းစစ်တပ်က ထိုက်ကျုံးအမိန့်အောက်တွင် အတောက်ပဆုံး လက်ရွေးစင် အဖွဲ့အစည်းဖြစ်ခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ပြိုင်ဘက်ကင်း သိုင်းစစ်တပ်၏ လေ့ကျင့်မှု၊ ကြမ်းတမ်းသော ဖြစ်စဉ်များက ထိုဒဏ္ဍာရီလာစစ်တပ်ကို မဟာထန်ထံမှ တဖြည်းဖြည်းချင်း လျော့ပါးပျောက်ကွယ်လာစေသည်။
သို့သော် ဝမ်ချောင်ကလည်း ပြိုင်ဘက်ကင်း သိုင်းစစ်တပ်၏ မြို့တော်အတွင်း ချန်ထားရစ်ခဲ့သည့် အမွေအနှစ်ကို သိထားသည်။ သို့သော် သူတို့၏ အရေအတွက်က နှစ်ထောင်မှ သုံးထောင်ခန့်လောက်ပင် မရှိနိုင်လောက်ချေ။ ထို့ကြောင့် ဒီလောကတွင် ကျန်ရစ်ခဲ့သည့် နောက်ဆုံးသော ပြိုင်ဘက်ကင်းစစ်တပ်၏ သွေးမျိုးဆက်ဟုပင် ဆိုရမည်ဖြစ်သည်။
ဝမ်ချောင်ကသာ ရွှမ်ဝူစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ နတ်သိုင်းစစ်တပ်နှင့် နဂါးတပ်ရင်း စစ်တပ်တို့၏ အလားအလာကို အမြင့်ဆုံးအထိ ထုတ်လွှတ်လိုလျှင် ပြိုင်ဘက်ကင်း သိုင်းစစ်တပ်၏ အကူအညီကိုလည်း လိုအပ်သည်။
ကြည့်ရတာ ငါအဲ့ဒီစီနီယာဟောင်းကိုပဲ ဒုက္ခပေးရတော့မယ်။
ဝမ်ချောင်က စိတ်ထဲတွင် တွေးတောရင်း ရေရွတ်လိုက်သည်။ ရုတ်တရက် သူ၏စိတ်ထဲတွင် ပုံရိပ်တစ်ခုက မျောလွင့်လျှက် ပေါ်လာသည်။ ထိုသို့ဖြင့် သူ၏မျက်ဝန်းထဲတွင် ရှားပါးသော လေးစားမှု အရိပ်အယောင်က ထင်ဟပ်လာလေသည်။
မြို့တော်က မဟာကလန်ကြီးများ၏ အိမ်ဖြစ်သည်။ ထို့ပြင် မြို့စားများ၏ အိမ်လည်း အပါအဝင်ဖြစ်သည်။ ဝမ်ချောင်က တွေးမိသော ထိုမြို့စား၏ ဘိုးဘေးက မဟာထန်ကို တည်ထောင်ခဲ့သော အမတ်များထဲမှ တစ်ယောက်ဖြစ်ပြီး သူ၏အိမ်ဟာလည်း မျိုးဆက်သုံးဆက်တိုင်တိုင် ဆက်လက်နေထိုင်ခဲ့ကြသည်။ သို့ရာတွင် သူတော်စင်ဧကရာဇ်၏ခေတ်တွင် ထိုကလန်က တဖြည်းဖြည်းချင်း ဆုတ်ယုတ်လာခဲ့သည်။ ယခင်ကလောက် တောက်ပအင်အားကြီးမားခြင်း မရှိတော့ချေ။ ကလန်ကိုယ်တိုင်ကပင် ထူးချွန်သော ပါရမီရှင်ပေါင်းများစွာ လိုအပ်လာခဲ့ပြီး အလွန်သိုသိပ်စွာ နေလာခဲ့သည်။ ထို့ကြောင့် မြို့တော်ရှိ မည်သူကမှ အာရုံမစိုက်လုနီးပါး ဖြစ်သည်။
သို့သော် ဝမ်ချောင်ကမူ ထိုကလန်က မျှော်လင့်ထားသည်ထက် အများကြီး အင်အားကြီးမားလွန်းကြောင်း နားလည်သည်။ အဲ့မြို့စားစံအိမ်အတွင်းတွင် နေထိုင်သော အစစ်အမှန် စီနီယာဟောင်း တစ်ယောက်ရှိလေသည်။ ထိုအစစ်အမှန် ကျွမ်းကျင်သော စီနီယာဟောင်းတစ်ယောက်က ဧကရာဇ် လေးပါးဆက်တိုက် ကျော်ဖြတ်ခဲ့ပြီး စုကျန်းချန်းတို့နှင့် မျိုးဆက်တူသည်။ သို့ရာတွင် စုကျန်းချန်းနည်းတူ သူကလည်း လွန်ခဲ့သော အချိန်ကာလပေါင်းများစွာကတည်းက အနားယူသွားခဲ့ပြီဖြစ်သည်။ အပြင်လောကကဆိုလျှင် သူ့ကို သေပြီဟု ထင်နေကြသည်။
ထိုစီနီယာဟောင်း၏ လမ်းညွှန်မှုအောက်တွင် မြို့စားအဲ့စံအိမ်က နှစ်တစ်ရာကျော်လုံးလုံး တာဝန်တစ်ခုတည်းကိုသာ လုပ်ခဲ့သည်။ ထိုတာဝန်ကမူ ပြိုင်ဘက်ကင်း သိုင်းစစ်တပ် လမ်းစဉ်ကို ဆက်လက် လေ့ကျင့်နိုင်မည့် ထူးချွန်သော ကလေးငယ်များကို လောကအနှံ့ လိုက်လံရှာဖွေခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် ထိုမျိုးဆက်က ဆက်လက်ပြီး တည်ရှိနေမည်ဖြစ်သည်။
သို့သော် ပြိုင်ဘက်ကင်း သိုင်းစစ်တပ်၏ လိုအပ်ချက်ဟာ မြင့်မားလွန်းပြီး လေ့ကျင့်မှုဟာလည်း အလွန်အမင်း ခက်ခဲလွန်းသည်။ ယခုအချိန်ထိ မြို့စားအဲ့စံအိမ်တွင် လေ့ကျင့်နေသော စစ်သည်များက နှစ်ထောင်မှ သုံးထောင်ဝန်းကျင်ခန့်သာ ရှိနိုင်သည်။ ပို၍ဆိုးသည်မှာ မြို့စားအဲ့၏ စံအိမ်ဟာ ထိုစစ်တပ်အား မည်သူ့ကိုမျှ ပြသခဲ့ဖူးခြင်းမရှိသလို သတင်းကိုလည်း မပေါက်ကြားစေခဲ့ပေ။ သာမာန်အခြေအနေမျိုးတွင် ထိုမျှအင်အားကြီးမားသော စစ်တပ်၏အင်အားကို ချေးငှားယူရန် မဖြစ်နိုင်ခဲ့ချေ။ သို့တိုင်အောင် ဝမ်ချောင်ကလည်း မြို့စားအဲ့က မောက်မာလွန်းသောလူ၊ နှာမြောလွန်းသောလူ ဖြစ်သောကြောင့် ထိုသို့မငှားရမ်းခဲ့ခြင်းမဟုတ်ကြောင်း နားလည်နေသည်။ အကြောင်းမူကား ထိုစံအိမ်၏ အတွေးအရ ထိုအဖွဲ့အစည်းဟာ လောက၏ အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်အတွက်သာ အသုံးပြုလိုသည်။ တစ်ကိုယ်ကောင်းဆန်သော ရည်မှန်းချက်များဖြင့် အသုံးပြုလိုသောလူများအတွက် မပေးလိုခဲ့ချေ။ ကိုယ်ပိုင် ပိုင်ဆိုင်မှုများ၊ ပန်းတိုင်များကို ကာကွယ်ရန် ရည်မှန်းချက်ကြီးသော အခြားသောလူများကို ရင်ဆိုင်ရန်အတွက်သာ အသုံးပြုမည်ဆိုလျှင် မြို့စားအဲ့၏ စံအိမ်ကမူ ထိုစစ်တပ်ကို ဖုံးကွယ်ထားရန်သာ ဆန္ဒရှိသည်။
“ရွှယ်ချန်းကျွင်း ငါ့ကိုစုတ်တံနဲ့စာရွက် ယူလာခဲ့ပေးပါ”
ဝမ်ချောင်က ခေါင်းကိုလှည့်မကြည့်ဘဲ လှမ်းပြောလာသည်။
“ဟုတ်ကဲ့အရှင်အမတ်”
တခဏခန့်ကြာပြီးနောက် သိန်းငှက်တစ်ကောင်က ကောင်းကင်သို့ ထိုးတက်သွားသည်။ သူက တာလာ့၏ မြို့တော်မှ မြေပုံကိုသယ်ဆောင်ထားသလို ဝမ်ချောင်၏ လက်ရေးမူစာကိုလည်း သယ်ဆောင်ထားလေသည်။
...
မဟာထန်၏ အဓိကမြို့တော်ကြီးဖြစ်သော အင်ပါယာမြို့တော်၏ အနောက်တောင်ပိုင်း အကျဆုံး နယ်မြေတွင် မှေးမှိန်နေပြီဖြစ်သည့် ရှေးဟောင်းစံအိမ်ကြီးရှိသည်။ အရိပ်ရသော သစ်ပင်ကြီးများ၏ အုပ်စိုင်းမှုက ထိုစံအိမ်ကို လွှမ်းမိုးထားသည်။ ဂိတ်ဝတွင်မူ ရွှေသားစကားလုံး လေးလုံးကိုမူ ဆေးခြယ်ထားသည်။
‘မြို့စားအဲ့စံအိမ်’
မြို့စားအဲ့စံအိမ်သည် အတောက်ပဆုံးသော ဘိုးဘေးကို ပိုင်ဆိုင်ထားသည့် တစ်ခုတည်းသော ကလန်ဖြစ်သည်။ သို့သော် အနောက်ပိုင်းမျိုးဆက်များတွင် ဆက်တိုက် ဆိုးယုတ်နေပြီဖြစ်သည်။ အိမ်တော်၏ ဆက်တိုက် ဆိုးယုတ်မှုများက မြို့စားအဲ့စံအိမ်မှ လက်ရှိမျိုးဆက်များအား မြို့တော်၏ အနောက်တောင်ပိုင်း အကျဆုံး လူရှင်းလွန်းသော နေရာသို့ ပြောင်းရွှေ့စေသည်အထိ ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူတို့က အခြားသောမြို့စားများ၊ မဟာကလန်ကြီးများ နေထိုင်ရာဝန်းကျင်မှ လွတ်ထွက်လာပြီဖြစ်သည်။ ဒီမြို့တော်တွင် ထိုအခြေအနေက ပုံမှန်သာဖြစ်သည်။
ဖလပ် ဖလပ်
သိန်းငှက်ကြီးတစ်ကောင်က မြို့စားအဲ့၏ စံအိမ်အတွင်းသို့ စီးဝင်သွားသည်။ သူက တည်ငြိမ်စွာဖြင့် ထိုစံအိမ်အတွင်းသို့ မဆင်းသက်နိုင်သေးခင် အရိပ်တစ်နေရာတွင် ပုန်းအောင်းနေသော ပုံရိပ်တစ်ခုက ရုတ်ချည်း ခုန်ထွက်လာကာ ထိုသိန်းငှက်ကို လေထဲမှလှမ်းလု၍ မြေပြင်ပေါ်သို့ ဆွဲချလိုက်သည်။
“ခေါင်းဆောင် စာ”
မြို့စားအဲ့စံအိမ်မှ အရိပ်ကျွမ်းကျင်ပညာရှင်က ဧည့်လက်ခံ ခန်းမအတွင်းသို့ ဝင်ရောက်သွားပြီး စာကို လက်နှစ်ဖက်လုံးဖြင့် ဂါရဝပြုရင်း ကမ်းပေးလိုက်သည်။
ထိုလူက အသက်လေးဆယ်၊ ငါးဆယ်အရွယ် ရှိလောက်သည်။ သုံးနေရာလုံးတွင်လည်း မုတ်ဆိတ်မွှေးရှိပြီး ကြမ်းတမ်းသောသွင်ပြင်မျိုးရှိသည်။ သူက အံ့အားတကြီး မျက်ခုံးပင့်လိုက်သည်။
“ဘာကလဲ ငါတို့မြို့စားအဲ့စံအိမ်က မြို့တော်က အထက်တန်းလွှာ ကလန်နဲ့မှ အဆက်အသွယ် မရှိပါဘူး။ ဘာကြောင့်များ ငှက်တစ်ကောင်ဆီက စာရတာလဲ။ ဒီငှက်က နေရာမှန်ရောက်လာတယ်ဆိုတာ မင်းသေချာလား”
သတ်လတ်ပိုင်းလူက တင်းမာစွာမေးသည်။
“ခေါင်းဆောင် မှန်ပါတယ်။ ဒါက မြို့စားဧည့်စံအိမ်လို့ ရည်ညွှန်းထားတာပါ”
အရိပ်ကျွမ်းကျင်ပညာရှင်ကလည်း လေးစားစွာ ပြန်ဖြေသည်။
သတ်လတ်ပိုင်းလူက တခဏခန့် တုန့်ဆိုင်းသွားပြီမှသာ စာကိုဖြုတ်ယူသည်။
“ဒါက တာလာ့ဆီကစာပဲ ဘယ်လိုကြောင့်လဲ”
သူက လိပ်စာကို မြင်သောအခါ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ မျက်လုံးကပင် မှေးကျဉ်းသွားကာ ပင်အပ်နီးပါး ဖြစ်သွားသည်။
“မဖြစ်နိုင်ဘူး”
ထိုလူက အံ့အားတကြီးအော်ဟစ်လိုက်သည်။ သူ၏စိတ်ထဲတွင် ပြင်းထန်သော အားလှိုင်းပေါင်းများစွာ လိမ့်တက်လာသည်။ သူသည်လည်း တာလာ့မှ ကိစ္စအကြောင်းကြားသည်။ သို့သော် မြို့စားအဲ့စံအိမ်ဟာ မြို့တော်မှ အခြားသောကလန်ကြီးများနှင့် အဆက်အသွယ် မရှိသလောက်နီးပါး ဖြစ်နေလေပြီ။ ထို့ကြောင့် မြို့စားအဲ့စံအိမ်က ထိုကိစ္စနှင့် အဆက်အသွယ် ရှိလာသည့်အကြောင်းအရာကို နားမလည်နိုင်ပေ။
ထိုလူက စာကိုခပ်မြန်မြန်ဖွင့်ပြီး ဖတ်လိုက်သည်။ ဖတ်၍ပြီးသွားသောအခါ သူ၏အသက်ရှုသံက လေးလံလာပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ အရှိန်အဝါကလည်း မုန်တိုင်းအလား ပြင်းထန်လာသည်။ သူက စာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် အတွင်းတွင်ပါဝင်သည့် တာလာ့၏မြေပုံကိုလည်းကြည့်သည်။ ထိုလူက အတွေးနက်သွားသည်။
“အဖေ လူငယ်အမတ်က ဘယ်လိုကြောင့်များ ကျွန်တော်တို့ရဲ့ ယွန်ချီကလန်က ပြိုင်ဘက်ကင် သိုင်းစစ်တပ်အကြောင်း သိနေရတာလဲ”
ရုတ်တရက် ထိုလူ၏ ကြောင်တောင်တောင်နိုင်မှုကို အသံတစ်သံက ဖျက်ဆီးလိုက်သည်။ သူက ခေါင်းလှည့်ကြည့်လိုက်သောအခါ အသက်နှစ်ဆယ်၊ သို့မဟုတ် နှစ်ဆယ့်နှစ်နှစ်အရွယ်ခန့်ရှိလောက်မည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူငယ်က သူ၏အနောက်တွင် ပေါ်လာပြီး စာပါ အကြောင်းအရာများကို ဖတ်နေပြီဖြစ်သည်။
“ဖန်းအာ ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ”
သတ်လတ်ပိုင်းလူက စာကိုထိတ်လန့်စွာပင် လုံးချေလိုက်သည်။
“ပြိုင်ဘက်ကင်း စစ်တပ်ကဘာလဲ။ ပေါက်ကရတွေ ပြောမနေနဲ့။ ငါတို့ရဲ့ယွန်ချီစစ်တပ်မှာ ပြိုင်ဘက်ကင်း စစ်တပ်ဆိုတာမရှိဘူး”
သတ်လတ်ပိုင်းလူက အင်္ကျီလက်ကို တစ်ချက်ခါယမ်းလိုက်လျှက် ကုလားထိုင်ထဲမှ ခုန်ထွက်ကာ စံအိမ်အတွင်းပိုင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားသည်။
ယွန်ချီဖန်းဟာလည်း အလားတူ စိုးရိမ်စိတ်များသွားပြီး အဖေဖြစ်သူ၏ရှေ့တွင် ပိတ်ရပ်လျှက် လက်မောင်းကိုကာသည်။
“ဒါပေမဲ့အဖေ တာလာ့ရဲ့ကိစ္စက မြို့စားကျို့နဲ့ မဟာဆရာတွေကိုတောင် ရှေ့ထွက်ရလောက်အောင် မွှေနှောက်နိုင်ခဲ့တဲ့ ကိစ္စကြီးပဲ။ သူတော်စင်ဧကရာဇ်ကလည်း သူရဲ့ရွှေပါးစပ်ကို ဖွင့်တော်မူခဲ့တယ်။ ဒါက ကျွန်တော်တို့ ယွန်ချီကလန်အတွက် မဟာထန်ကို ပြန်လည်ပေးဆပ်ရမဲ့ အချိန်မဟုတ်ဘူးလား။ နောက်ပြီး ရက်ထောင်ပေါင်းများစွာ လေ့ကျင့်ထားတဲ့စစ်သားတွေက အခိုက်အတန့် တစ်ခုတည်းမှာ အသုံးပြုခဲ့တယ်။ ကျွန်တော်တို့ရဲ့ ယွန်ချီကလန်က ပြိုင်ဘက်ကင်း သိုင်းစစ်တပ်ကို မျိုးဆက် အဆက်ဆက် လေ့ကျင့်ပေးခဲ့တယ်။ ဒါတွေအားလုံးက ဒီလိုနေ့အတွက်မဟုတ်ဘူးလား။ အဲ့ဒီလိုမှမဟုတ်ရင် ဘာကြောင့်များ လေ့ကျင့်ပေးနေရမှာလဲ”
“မျိုးမစစ်ကောင် မင်းဘာတွေးသလဲဆိုတာကို ငါကမသိဘဲနေမလား။ ဒီယွန်ချီကလန်ရဲ့ ပြိုင်ဘက်ကင်း သိုင်းစစ်တပ်က ကိုယ်ကျိုးအတွက် တစ်ခါမှ အသုံးပြုဖူးတာမဟုတ်ဘူး မင်းကမင်းရဲ့ သက်တူရွယ်တူတွေရဲ့ အထက်မှာ ရပ်တည်နေချင်ရင် မင်းရဲ့ ကိုယ်ပိုင်အင်အားအပေါ်ပဲ မှီခိုလိုက်။ ပြိုင်ဘက်ကင်းသိုင်းစစ်တပ်က မင်းရဲ့ အသက်မွှေးဝမ်ကြောင်းလုပ်ငန်း ရှင်သန်နိုင်အောင် ထောက်ပံ့ပေးနိုင်မဲ့ အရာမျိုးလည်းမဟုတ်ဘူး။ ငါတို့က ဘိုးဘေးတွေရဲ့ စည်းမျဉ်းတွေကို ဖီဆန်လိုက်ရင် ငါ့ရဲ့ယွန်ချီကလန်တစ်ခုလုံး ကွပ်မျက်ခံရရင် အဆုံးသတ်သွားရလိမ့်မယ်”
ယွန်ချီကလန်ခေါင်းဆောင်၏ မျက်လုံးများက ပြူးကျယ်သွားပြီး ဒေါသတကြီးဖြစ်လျှက် သူ၏သားဖြစ်သူကို ခပ်ကြမ်းကြမ်းပြောဆိုသည်။
“ဒါပေမဲ့အဖေ ကျွန်တော်က ကျွန်တော်တို့ယွန်ချီကလန် ဘိုးဘေးတွေရဲ့ ပြိုင်ဘက်ကင်းတဲ့ လုပ်ဆောင်မှုတွေကို ဆက်လက်ပြီး ထမ်းဆောင်သွားချင်တာမဟုတ်လား။ ဒါက မှားနေလို့လား။ အဖေက ကျွန်တော်တို့ရဲ့ ယွန်ချီကလန်ကို ဒီတိုင်း ထာဝရ ဆုတ်ယုတ်နေစေချင်လို့လား”
ခေါင်းဆောင်ကို အံ့အားသင့်စေသည်မှာ ယွန်ချီဖန်းက နောက်မတွန့်သွားဘဲ မျက်လုံးပြူးကျယ်စွာပင် ပြန်ပြောသည်။
ဝုန်း
ယွန်ချီဖန်းက ပြော၍ဆုံးပြီးကာစသာ ရှိသေးသည်။ ခပ်ပြင်းပြင်းရိုက်ချက်က သူ၏ခန္ဓာကိုယ်ကို လည်ထွက်လျှက် ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားစေသည်။
“သားရဲကောင် လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ဘာဖြစ်သွားလဲဆိုတာကို မေ့သွားပြီလား။ မင်းရဲ့ဦးလေးငယ်က မင်းအတိုင်း တွေးခဲ့တယ်။ ယွန်ချီကလန် ပြန်လည်အင်အားကြီးအောင်ဆိုပြီး ပြိုင်ဘက်ကင်း သိုင်းစစ်တပ်က အချို့စစ်သည်တွေကို ခိုးခေါ်လို့ တတိယမင်းသားကို ခုခံဖို့အတွက်နဲ့ ပထမမင်းသားဆီမှာ သစ္စာကျိန်ဆိုခိုင်းပြီး ထောက်ပံ့ပေးခဲ့တယ်။ ဒါပေမဲ့ သိပ်မကြာခင် အားအနည်းဆုံးဖြစ်ပြီး လုပ်နိုင်စွမ်းအား မရှိဆုံးလို့ထင်ရတဲ့ တတိယမင်းသားက ထီးနန်းကို ဆက်ခံသွားပြီး သူတော်စင်ဧကရာဇ် ဖြစ်လာမယ်လို့ မထင်ထားဘူးမဟုတ်လား။ ဒီကိစ္စက ငါတို့ရဲ့ယွန်ချီကလန်ကို ကပ်ဆိုးကြီး စိုက်စေတော့မလို့ဘဲ။ အဲ့ဒီ မတော်တဆမှုကြောင့်သာ မဟုတ်ရင် ငါတို့ရဲ့ယွန်ချီကလန်က ဒီလောက်လူသူရှင်းလင်းပြီး ချောင်ကျတဲ့နေရာကို ပြောင်းရွေ့လို့ အဆက်အသွယ် အားလုံးကို ဖြတ်ထားရမှာမဟုတ်ဘူး”
ယွန်ချီကလန် ခေါင်းဆောင်က ယွန်ချီဖန်းကိုကြည့်နေရင်း မျက်နှာက ပြာနှမ်းလာသည်။ သူက သားဖြစ်သူကို ထိုမျှ မရင့်ကျက်လွန်းသည့်အတွက်လည်း စိတ်ပျက်နေမိလေသည်။
ယွန်ချီဖန်းက ချက်ချင်းလိုလို တုန့်ဆိုင်းသွားသည်။ သူကလည်း ဖခင်ဖြစ်သူ၏ စကားများကို ပြန်လည်မငြင်းခုံနိုင်တော့ချေ။
ယွန်ချီဖန်း၏ ဦးလေးငယ်က ယွန်ချီယွန်ဖြစ်သည်။ သူက ယွန်ချီကလန်၏သမိုင်း လွန်ခဲ့သော နှစ်တစ်ရာအတွင်းတွင် ရှားပါးလွန်းသော ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သည်။ ထိုအချိန်ကသာ သူက ခေါင်းဆောင်ကို လျို့ဝှက်စွာလှည့်စားရင်း ဘိုးဘေးများက ချန်ထားခဲ့သည့် စည်းမျဉ်းများကို သွေဖယ်ခဲ့သည်။ ထိုသို့ဖြင့် ထီးနန်းဆက်ခံနိုင်မည့် ဧကရာဇ်အသစ်ကို ထောက်ခံရန် အကျိုးကို မျှော်တွေးလျှက် မင်းသားများ၏ စစ်ပွဲအတွင်းသို့ ဝင်ရောက်ခဲ့လေသည်။ သို့သော် အဆုံးသတ်တွင် သူက ဆန့်ကျင်ဘက်ရလဒ်ကို ရရှိခဲ့သည်။ ယွန်ချီကလန်က ယခင်တောက်ပခဲ့သည့် အောင်မြင်မှုများကို ပြန်လည်မရရှိခဲ့ရုံသာ မကသေးလေဘဲ ပို၍ဆိုးရွားစွာ ဆုတ်ယုတ်သွားခဲ့ရသေးလေသည်။
အခန်း(၁၀၄၄)
“အဖေ လူငယ်အမတ်ဝမ်ချောင်က ကောင်းကင်ဘုံဧကရာဇ်ရဲ့ သားတော်ပဲ။ သူ့အစ်ကို မြို့စားကျို့ကလည်း တစ်လောကလုံးအနှံ့ လေးစားခံရတဲ့ အဆင့်အတန်းအမြင့်ဆုံး ပုဂ္ဂိုလ်ကြီး ပိုဆိုးတာက အနောက်တောင်ပိုင်းက စစ်ပွဲမှာ လူငယ်အမတ်က သူ့ရဲ့ကြွယ်ဝမှုအားလုံးကိုသုံးပြီး လက်နက်အပြည့်အဝ စုဆောင်းခဲ့သလို ကြေးစားစစ်သား ထောင်ပေါင်းများစွာကို ငှားရမ်းခဲ့တယ်။ အဲ့ဒီနောက် သူ့အသက်သူတောင်ရင်းပြီး အနောက်တောင်ပိုင်းကို ထွက်ခွာသွားခဲ့တယ်။ အဆုံးသတ်မှာတော့ သူက ဒီရေကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး အနောက်တောင်ပိုင်း တစ်ခုလုံးကို ကပ်ဘေးကနေ ကယ်ဆယ်နိုင်ခဲ့တယ်။ အနောက်တောင်ပိုင်းက ပြည်သူတိုင်းကို ကပ်ဘေးကနေ ကယ်ဆယ်ပေးနိုင်ခဲ့တယ်မဟုတ်လား။ ဒါက ကျွန်တော်တို့ ယွန်ချီကလန် ထောက်ပံ့ပေးဖို့ ထိုက်တန်တဲ့ သစ္စာရှိပြီး ဖြောင့်မတ်မှန်ကန်တဲ့ အရာရှိတစ်ယောက်မဟုတ်လား”
ယွန်ချီဖန်းက ယောင်ကိုင်းနေသည့်ပါးကို တင်းတင်းဆုပ်ကိုင်ထားရင်း ဆက်လက်ပြီး ငြင်းခုံသည်။
“မျိုးမစစ်ကောင် အနိုင်ရတဲ့သူက ဘုရင်ဆိုရင် ရှုံးတဲ့သူက ဒုက္ခရောက်မှာပဲ။ ဝမ်ကလန်က ဒီနေ့မှာ သစ္စာရှိတဲ့ အရာရှိဖြစ်နေပေမဲ့ အနာဂတ်မှာ သစ္စာမဖောက်နိုင်ဘူးလို့ မင်းဘယ်လို သေချာနေမှာလဲ။ ပိုဆိုးတာက ငါတို့ရဲ့ယွန်ချီကလန်က ပြိုင်ဘက်ကင်း သိုင်းစစ်တပ်က တိုင်းပြည်ကိုပဲ ခစားတာ။ ဝမ်ကလန်က အသုံးပြုဖို့အတွက်မဟုတ်ဘူး။ ငါတို့ကသာ ငါတို့ရဲ့ယွန်ချီကလန်က ဝမ်ကလန်နဲ့ ပူးပေါင်းထားပြီး နောက်ထပ် ကပ်ဘေးတစ်ခုကို ကျရောက်လာစေလိုက်ရင် ငါတို့ရဲ့ယွန်ချီကလန်မှာ အနာဂတ်ရှိပါဦးမလား။ သူတော်စင်ဧကရာဇ်က ငါတို့ကို ချွင်းချက်ထားပေးဦးမယ်လို့ထင်လား”
ယွန်ချီခေါင်းဆောင်၏ မျက်ဝန်းများက မာကြောခက်ထန်သည်။
ယွန်ချီဖန်းကလည်း ထိုစကားများကြောင့် စွံ့အသွားသည်။
“မင်းဘာလို့ မလှုပ်ရှားသေးတာလဲ”
“လုံလောက်ပြီ”
ထိုအခိုက်အတန့်တွင် အနောက်ဘက်မှ အိုမင်းသော အသံတစ်သံက ထွက်လာသည်။ ဒါက ခန်းမတစ်ခုလုံးကိုပင် ဟိန်းထွက်သွား၏။ ယွန်ချီခေါင်းဆောင်နှင့် ယွန်ချီဖန်းတို့ကလည်း အံ့အားသင့်မှုကြောင့် မျက်နှာများ ဖြူဖျော့သွားကြသည်။ ထပ်ပေါင်းဆိုရသော် ခေါင်းဆောင်၏ မျက်နှာတွင် လေးစားမှုက ထင်ရှားစွာ ပေါ်ထွက်လာသလို ယွန်ချီဖန်း၏ မျက်နှာတွင်မူ ကယ်တင်ရှင်ကို တွေ့လိုက်ရသလိုမျိုး ပျော်ရွှင်ကာ အံ့အားသင့်သွားခြင်းဖြစ်သည်။
“အဘိုးကျန်း”
“ဖန်းအာရဲ့စကားတွေက မှန်တယ်”
အကြီးအကဲကပြောသည်။
“အဖေ”
ယွန်ချီခေါင်းဆောင်ကလည်း ထိုစကားလုံးများကြောင့် မျက်နှာအနည်းငယ် တင်းသွားသည်။
“ဖန်းအာ အဘိုးကျန်းက မင်းကိုမေးပါဦးမယ်။ မင်းကဒီလိုမျိုး ဝမ်ချောင်ကို ဖြောင့်မတ်မှန်ကန်ပြီး သစ္စာရှိတယ်လို့ပြောတာက မြို့စားကျို့ရဲ့မြေး ဖြစ်နေလို့လား။ အဲ့ဒီလိုကြောင့်လား”
အကြီးအကဲ၏အသံက ဆက်ထွက်လာသည်။ အဖေနှင့်သားဖြစ်သူ၏ နားအတွင်းတွင်မူ ကျယ်လောင်သော အသံများကဲ့သို့ ဟိန်းထွက်နေလေသည်။
“အဘိုးကျန်း ကျွန်တော်ဒါကို လုံးဝသေချာပါတယ်”
ယွန်ချီဖန်းက ကျုံးဝါးသည်။
“အဘိုးကျန်းလည်း နားလည်ပါတယ်။ ယွန်ချီဖုံး အဲ့ဒီစာကို ငါ့ဆီယူလာခဲ့ပြီး တစ်ချက်ကြည့်ပါရစေ”
အကြီးအကဲ၏အသံထဲတွင် မဖီဆန်နိုင်သည့် ထည်ဝါမှုများပါသည်။
“ဟုတ်ကဲ့အဖေ”
ယွန်ချီခေါင်းဆောင်က တခဏခန့် တုန့်ဆိုင်းသွားသည်။ သို့သော် ထိုဘိုးဘေး၏ဆန္ဒကိုလည်း မဖီဆန်နိုင်ချေ။ ထို့ကြောင့် စာကိုအတွင်းပိုင်းသို့ ယူသွားပေးလိုက်ရသည်။
...
ရက်အနည်းငယ်ကြာပြီးနောက် ညနက်ပိုင်းတွင် ယွန်ချီစံအိမ်၏ နောက်ဘေးခြံဝင်းမြေပြင်က ရုတ်ချည်း ကွဲထွက်သွားပြီး ကြီးမားသည့် တူးမြောင်းကြီးက ပေါ်လာသည်။ တစ်စက္ကန့်ခန့် ကြာပြီးနောက် အနက်ရောင် သံချပ်ကာဝတ် မြင်းတပ်က တူးမြောင်းထဲမှ မြင်းများကိုစီးလျှက် ထွက်ခွာလာလေသည်။ တစ်ယောက်ချင်းစီတိုင်းက ကြမ်းတမ်းကာ ခက်ထန်သည့် အရှိန်အဝါကို သယ်ဆောင်ထားသည်မှာ ဓားအိမ်ထဲမှ မထုတ်ရသေးသည့် ဓားများနှင့်တူသည်။ သူတို့က ထွက်လာသည်နှင့် ခုတ်ပိုင်းမည့် အလားအလာရှိနေသည်။ သူတို့၏ အရှိန်အဝါက အလွန်အမင်း လေးလံကာ တည်ကြည်တင်းမာလွန်းပြီး လေးစားဖွယ်ကောင်းသည့် ခွန်အားမျိုးနှင့် လိုက်ဖက်ညီလွန်းနေလေသည်။ အထူးခြားဆုံး အရာကမူ ထိုမြင်းတပ်က ဝတ်ဆင်ထားသော ခေါင်းဆောင်းများဖြစ်သည်။
အနက်ရောင် သံချပ်ကာဝတ် မြင်းတပ်ဖွဲ့ဝင်အားလုံးက ရက်စက်ပြီး ထူထည်းကာ အကျည်းတန်လွန်းသည့် ခေါင်းဆောင်းများကို ဆောင်းထားကြလေသည်။
“ဟိုက်ရား”
ပြိုင်ဘက်ကင်း သိုင်းစစ်တပ်မှ ခေါင်းဆောင်က မြင်းကိုတစ်ချက်ဖိလျှက် နောက်မှ စစ်သည်နှစ်ထောင်ကျော်ကို ဦးဆောင်ကာ အမှောင်ထဲသို့ ဝင်ရောက်သွားလေသည်။
...
နေ့ရက်များက တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ မဟာထန်၊ ယွီစန်း၊ အနောက်ပိုင်းတူရကီ ခါကာနိတ်နှင့် အာရေးဗီးယားတို့ကလည်း ရသမျှအချိန်တိုင်းကို ကြိုးစား၍ လာမည့်တိုက်ပွဲအတွက် သူတို့အင်အားကို ဖြည့်တင်းနေကြသည်။ တာလာ့တွင် တွဲလောင်းဆွဲခံထားရသလို ဖြစ်နေသည့် အန္တရာယ်က တစ်ရက်ထက်တစ်ရက် ပြင်းထန်သထက်သာ ပြင်းထန်လာသည်။ ထိုအင်ပါယာ လေးခုကလည်း နောက်ဆုတ်မည့်အရိပ်အယောင် မပြသချင်သလို ထွက်ခွာရန် ဆန္ဒလည်း မရှိကြသေးပါချေ။
မုန်တိုင်းမရောက်လာခင် လေပြင်းက ကြိုတင်ကာ ဝေ့ဝဲနေသည်။ လူတိုင်းကလည်း တာလာ့ဟာ ချိန်ကိုက်ဗုံးတစ်လုံးဖြစ်ကြောင်းကို နားလည်နေကြသည်။ သို့သော် မည်သည့်အချိန်တွင် ပေါက်ကွဲမည်ဖြစ်ကြောင်းကို မည်သူကမှ မသိနိုင်သေးချေ။
အဝေးရှိ အာရေးဗီးယားနိုင်ငံ ပုလဲများဟု တင်စားရလောက်အောင် ထည်ဝါသော အနောက်ဘက်ခြမ်းတွင် ခိုရာစန်းရှိသည်။ ခိုရာစန်းတွင် မီးတောက်များ မီးခိုးများက လေထဲသို့ တလိမ့်လိမ့်တက်နေပြီး နေ့တိုင်းလိုလို သတ္ထုချင်း ထိခတ်သံများကို ထုတ်ဖော်နေလေသည်။
နေ့တိုင်းလိုလို ဥက္ကာခဲကြယ်စင် သံချပ်ကာပေါင်းများစွာက လက်ရွေးစင် မာမဲ့လုစစ်သားများအတွက် သွန်းလုပ်ခံနေရသည်။ ထိုအဆင့်လွန်အင်အားစုက သူတို့၏ ကိုယ်ပိုင်နည်းလမ်းများကိုသုံးပြီး ပို၍ အကြောက်အလန့်မဲ့ကာ ကြောက်မက်ဖွယ်ကောင်းလာအောင် လေ့ကျင့်နေကြလေသည်။
ခြိမ်း
မရေမတွက်နိုင်သော အာရပ်ပန်းပဲပညာရှင်များကလည်း ခိုရာစန်းအရှင် စံအိမ်တွင်နေ၍ ပြင်းပြင်းထန်ထန် ကြိုးစားအလုပ် လုပ်ကိုင်နေကြသည်။ သူတို့က တုများကိုထုရိုက်ခြင်း၊ လက်နက်များသွန်းလုပ်ခြင်း တို့ကြောင့် မြေပြင်ကို တသိမ့်သိမ့် တုန်ခါနေစေလေပြီး အနောက်ဘက်ခြမ်းမှ ပြင်းထန်သိပ်သည်းလွန်းသော ဆူညံသံများ၊ မီးခိုးလုံးများကို လိမ့်တက်စေသည်။
ထို့ပြင် မရေမတွက်နိုင်သော စစ်မြင်းပေါင်းများစွာနှင့် မြင်းသည်တော်များ၏ ကြမ်းတမ်းသော အော်သံများကြောင့် တုန်ခါမှုများကလည်း ကပ်ပါနေသေးသည်။ ပြင်းထန်သော အင်အားစုကြီးတစ်ခုက ခိုရာစန်းသု့ိ ချဉ်းကပ်လာပုံလည်းပေါ်သည်။
ထိုဆူညံသံများက ထိုပန်းပဲဆရာများကို ဝရုန်းသုန်းကား ဖြစ်သွားစေသည်။ ခိုရာစန်းသည်။ ပုန်ကန်မှုများစွာကို အတွေ့အကြုံရှိခဲ့သည်။ သို့သော် မာမဲ့လုများက အကြွင်းအကျန်များကို မဖမ်းဆီးနိုင်သေးချေ။
ထိုဆက်စနိတ်မှ ကျန်ရစ်သော အဖွဲ့အစည်းက သူတို့ဆီလာနိုင်ခြင်း ရှိမရှိကို မသိနိုင်ကြချေ။ ထိုလူများက အာရပ်များ၏ ရန်သူဖြစ်သည်။ ပန်းပဲပညာရှင်များက အာရေးဗီးယား အင်ပါယာအတွက် အလုပ်လုပ်ပေးနေလေရာ သူတို့၏ ပစ်မှတ်များထဲမှ တစ်ခုဖြစ်နိုင်သည်။
ချွင် ချွင်
သတ္ထုချင်းထိခတ်သံ တစ်ချက်နှင့်အတူ နယ်နမိတ်အစွန်နားတွင် ရှိနေသည့် မာမဲ့လုများက ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်သည်။
“အောက်ဆင်းကြ”
အရပ်ရှည်ရှည် သန်သန်မာမာနှင့် ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။ မာမဲ့လုဗိုလ်ချုပ် အားပါးက ဆင်းသက်လာသော စစ်တပ်ကိုကြည့်ပြီး ဖျော့တော့စွာပြုံးသည်။
“ဒါက အော့စမန်းနဲ့ သူ့ရဲ့စစ်တပ်ပဲ”
ပန်းပဲပညာရှင်များအားလုံးက ကြောင်သွားသည်။ ထို့နောက် ထိုစကားလုံးများနှင့်အတူ စိတ်သက်သာရာ ရသွားလေသည်။ မာမဲ့လုများကလည်း အားပါးအမိန့်နည်းတူ လက်နက်များကို ပြန်ရုတ်လိုက်ကြသည်။
အော့စမန်းက ခါရီယို၏အစိုးရဖြစ်ပြီး အာရေးဗီးယား အင်ပါယာ၏ အင်အားအကြီးဆုံး အစိုးရများထဲမှ တစ်ယောက်လည်းဖြစ်သည်။
သူက ခိုရာစန်းသို့ ပေါ်လာသည်မှာ မာမဲ့လုများနှင့် ပူးပေါင်းလျှက် ဒီနေရာတွင် တခဏခန့် စီစဉ်မှုများ ပြုလုပ်ပြီး တာလာ့အတွက် ထွက်ခွာကြမည်ဖြစ်သည်။
“သူရောက်လာတာ နည်းနည်းလေး နောက်ကျပေမဲ့လည်း တအားကြီးတော့ မဟုတ်ပါဘူး”
အားပါးက ခပ်တိုးတိုး ရေရွတ်ရင်း ပြောလိုက်သည်။
ဟီး...
ထိုအခိုက်အတန့်တွင် ကောင်းကင်တခွင်အနှံ့ မြင်းအော်သံက ဟိန်းထွက်လာသည်။ ထိုဟီသံက လေထဲတွင် ပဲ့တင်ထပ်လာနေရင်း အနောက်ပိုင်းကောင်းကင် တစ်ခုလုံးကို နီရဲသွားစေသည်မှာ မီးများတောက်လောင်သကဲ့သို့ ထင်ရ၏။ ထိုမီးတောက်လောင်သော မြင်ကွင်း၏အလယ်တွင် အင်အားကြီးမားသော စွမ်းအင်မုန်တိုင်းတစ်ခုက ပေါ်လာသည်။
“ဟား ဟား အားပါး မင်းက တာလာ့မှာ ထန်တွေနဲ့အတူ ဝေစုယူချင်တယ်မဟုတ်လား”
ထိုကျယ်လောင်သော မိုးခြိမ်းသံက ခိုရာစန်းတစ်ခုလုံးကို ကြောက်လန့်တကြား တုန်ယင်သွားစေသည်။ ထိုမျှဝေးကွာနေသေးသည့်တိုင်အောင် အားပါးကလည်း သံမဏိမျှော်စင်လိုမျိုး မြင့်မားသည့်ပုံရိပ်နှင့် ခပ်ထူထူ မုတ်ဆိတ်မွှေးများကိုပင် မြင်နိုင်သလိုဖြစ်လာသည်။ တစ်ဖက်သူက လူတစ်ယောက်ထက်ပင် ပို၍ မြင့်မားလွန်းသော အနက်ရောင် တောင်ပေါ်မြင်းကြီးကို စီးနင်းလာပြီး မိစ္ဆာနတ်ဆိုးတစ်ကောင် ငရဲများ ကုန်းတက်လာသလိုမျိုး သူ့ဆီ ဒုန်းစိုင်းစီးနင်းလာလေသည်။
အနောက်ဘက်မှ အင်အားကြီးမားပြီး လက်နက်အပြည့်အဝ တပ်ဆင်ထားသည်။ တစ်လောကလုံးကို ကပ်ဘေးကဲ့သို့ ရေလွှမ်းနိုင်သော စစ်တပ်တစ်ခုက ကပ်ပါလာသည်။
“ဟား ဟား အော့စမန်း ငါက အင်ပါယာအမိန့်အတိုင်း လုပ်ဆောင်နေတာ။ ကာလစ်နဲ့ အရှင်ဘုန်းတော်ကြီးရဲ့ အမိန့်ကို မင်းမေးခွန်းမထုတ်သင့်ဘူးမဟုတ်လား”
အားပါးက ရယ်မောလိုက်သည့် အချိန်တွင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များ ခန္ဓာကိုယ်မှ ပေါက်ကွဲလာပြီး မီးတောင်ကဲ့သို့ လိမ့်တက်လာသည်။ ပတ်ဝန်းကျင်ရှိ မြေပြင်တစ်ခုလုံးကလည်း တုန်ယင်သွား၏။ အာကာသပြင်ကပင် တွန့်လိမ်ရှုံ့တွသွားသေးသည်။ သူ၏စွမ်းအင်များကလည်း အော့စမန်းထက် နိမ့်ကျခြင်းမရှိပါချေ။
အဝေးမှ အော့စမန်း၏ ကျားကဲ့သို့ မျက်ဝန်းများကလည်း ပို၍သာ တောက်ပလာပြီး မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ရှေ့သို့ဒုန်းစိုင်းစီးလာသည်။ တခဏထဲနှင့် အော့စမန်းနှင့်သူ၏ မြင့်မားလွန်းသော သံမဏိသား တောင်ပေါ်မြင်းက ခိုရာစန်းအရှင်စံအိမ်၏ အပြင်ဘက်တွင် ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ပေါ်ထွက်လာပြီဖြစ်သည်။
ကမူရှုးထိုး တိုက်ခိုက်လာသည့် လေပြင်းက အော့စမန်း၏ ကြီးမားသော အနက်ရောင် ခြုံလွှာကြီးကို လေထဲသို့ လွင့်ပျယ်သွားစေသည်။ ထိုအခြေအနေက အော့စမန်း၏ ကြွက်သားအပြည့် တောင့်တင်းသော ခန္ဓာကိုယ်ကို ပို၍ထင်ရှားကာ ပေါ်ထွက်လာစေသလို ကြီးမားပြီး အရှိန်အဝါမြင့်သလို ထင်ရစေသည်။
“ဟား အားပါး ကြည့်ရတာ ငါတို့တွေ အတူထပ်ပြီး အလုပ်လုပ်ရဦးမှာပေါ့”
အော့စမန်းက သူ၏မြင်းပေါ်မှ အားပါးကို တစ်ချက်ငုံ့ကြည့်ရင်းရယ်သည်။
“ဟုတ်တယ် ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ငါတို့ရဲ့ ပန်းတိုင်က ခိုရာစန်းမဟုတ်တော့ဘူး။ အရှေ့ပိုင်းကို တောက်လျှောက်သွားရမယ်ဆိုတော့ ပိုပြီးကြီးမားသွားပြီ။ တစ်လောကလုံးနဲ့တောင် ကျယ်ပြန့်တယ်။ ဒီတစ်ကြိမ်မှာ ငါတို့က အရှေ့ပိုင်းတစ်ခုလုံးကို အုပ်စိုးမယ်။ အော့စမန်း ငါမင်းကိုကြိုဆိုပါတယ်”
အားပါးကရယ်သည်။
အော့စမန်းကလည်း ရယ်မောလိုက်ရင်း မြင်းကို ရှေ့တိုးလိုက်သည်။ ထို့နောက် မြင်းပေါ်မှဆင်း၏။ သူက အားပါးကို သွားဖက်သည်။
ရှေးဟောင်းခိုရာစန်းမင်းဆက်၏ ပျက်စီးမှုကို ယူဆောင်လာပေးသည့် ထိုအုပ်စိုးသူသုံးယောက်ဟာ တစ်နေရာတည်းနှင့် တဖန်ပြန်လည် စုစည်းနိုင်တော့မည်ဖြစ်သည်။
...
စစ်ခရာမှုတ်သံများက ထွက်လာပြီဖြစ်သည်။ ယခုအခါ အော့စမန်းနှင့်သူ၏ စစ်သည်တစ်သိန်းကျော်က အတူပူးပေါင်းလာပြီး မာမဲ့လုသောင်းကျော်နှင့် အတူရှိလာပြီဖြစ်သည့်အလျောက် ထိုနေရာက အရှေ့ပိုင်းမြို့ကိုသိမ်းပိုက်မည့် ဗျူဟာများကိုထုတ်ရာ စစ်ခံတပ်တစ်ခု ဖြစ်လာသည်။
အော့စမန်းရောက်ရှိလာမှုနှင့်အတူ အာရေးဗီးယား အင်ပါယာ၏ ကြီးမားသော စက်ကြီးက လည်ပတ်သလို ဖြစ်လာသည်။
မည်သူမှ မမြင်နိုင်သော တစ်နေရာတွင် မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ရှေ့သို့ချီတက်လာနေသည့် ကြီးမားသော စစ်တပ်တစ်ခုလည်းရှိသည်။ သူတို့က အာရေးဗီးယား ဗဟိုနယ်မြေဖြစ်သည့် မြောက်ပိုင်းခါစုမှ ခိုရာစန်းရှိရာဘက်သို့ နေ့ရောညပါ ချီတက်လာသည်။ ထိုစစ်တပ်၏ လှုပ်ရှားနိုင်စွမ်းအားနှင့် ဗိုလ်ချုပ်၏ အကြောင်းအရာက အာရေးဗီးယားအင်ပါယာ တစ်ခုလုံးကို မွှေနှောက်နိုင်စွမ်းအားရှိသည်။
အကြောင်းမူကား ကာလစ်ကပင် ထိုစစ်တပ်၏ လှုပ်ရှားမှုကို ကြည့်နေရသောကြောင့်ဖြစ်သည်။
ထိုစစ်တပ်က အနက်ရောင်ငရဲမီးတောက်အလံကို လွင့်ထူထားသည်။ ထိုမီးတောက်၏ အောက်ဘက်တွင်လည်း ကုန်းမြေတစ်ခုလုံးကို လောင်ကျွမ်းနေပုံကပါရှိသည်။
ထိုအလံက အာရေးဗီးယားအင်ပါယာ တစ်ခုလုံး လူသိများကျော်ကြားသည်။ အကြောင်းမူကား ထိုလူက အာရေးဗီးယားအင်ပါယာ၏ အကျော်ကြားဆုံးသော အစိုးရဖြစ်သည့် စစ်အစိုးရ ချွီထေပါးဖြစ်နေသောကြောင့် ဖြစ်သည်။
အာရေးဗီးယားအင်ပါယာတွင် ထိုနာမည်က သံမဏိနှင့်သွေးအစိုးရ၊ ခါရီယိုအစိုးရနှင့် မာမဲ့လု ဗိုလ်ချုပ်တို့ကဲ့သို့ ခိုရာစန်းမင်းဆက်ကို အုပ်စိုးခဲ့သော သိမ်းပိုက်သူ သုံးယောက်ထက်ပင် ကျော်ကြားခဲ့သေးသည်။ အာရေးဗီးယားတွင် စစ်ပွဲအများစုတွင် တိုက်ခိုက်ခဲ့သောသူ၊ ကျွမ်းကျင်ပညာရှင် အများစုကို သတ်ဖြတ်ခဲ့သောသူ၊ အကျော်ကြားဆုံး အင်ပါယာကို ဖျက်ဆီးခဲ့သောသူဖြစ်နေသောကြောင့် ဖြစ်သည်။
ကာလစ်က အပုမူစလင်၊ အော့စမန်းနှင့် အားပါးတို့ကို ခိုရာစန်းကို သိမ်းပိုက်ရန် စေလွှတ်ခဲ့ချိန်တွင် ချွီထေပါးက မြောက်ပိုင်းသို့သွားပြီး အာဏာကို ဆက်လက်ထိန်းထားရခြင်းဖြစ်သည်။ ထို့ကြောင့် ခိုရာစန်းကို လူတစ်ယောက်တည်းက မသိမ်းပိုက်ခဲ့ဘဲ သုံးယောက်က သိမ်းပိုက်ခဲ့ရခြင်းဖြစ်သည်။
ထိုအတွက်ကြောင့်လည်း သိမ်းပိုက်သူသုံးယောက်ဆိုသော နာမည်က တည်ရှိလာခဲ့ခြင်းဖြစ်သည်။
သိမ်းပိုက်သူသုံးယောက်က ယခုအခါ အစိုးရချွီထေပါးနှင့် ပူးပေါင်းတော့မည်ဖြစ်သည်။ ထိုအခါ အာရေးဗီးယား အင်ပါယာ၏ သမိုင်းတွင် အဆင့်လွန် အင်အားစုကြီးအဖြစ် ပြောင်းလဲသွားလေပြီး ဆက်စနိတ်မင်းဆက်နှင့် တိုက်ခိုက်ခဲ့ချိန်ကကဲ့သို့ အဆင့်တူသည့် ကြီးမားသော စစ်ပွဲကြီးကိုပင် ရင်ဆိုင်နိုင်သည့် အဆင့်သို့ ရောက်ရှိသွားသည်။ သူတို့က ယခုအချိန်တွင် အင်ပါယာအဆင့် စစ်ပွဲမျိုးကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။
အခန်း(၁၀၄၅)
ခိုရာစန်းမှ တင်းအားက တစ်ရက်ထက်တစ်ရက် ပို၍သာ တိုးမြှင့်လာခဲ့သည်။ အာရေးဗီးယား အဖွဲ့ဝင်တိုင်းကလည်း ကျော်ကြားလွန်းသော အစိုးရကို စောင့်ကြည့်နေကြ၏။ သူတို့၏ အကြည့်များက တဖြည်းဖြည်းချင်း မြို့တွင် စုစည်းလာပြီဖြစ်သည်။
ဆယ်ရက်ခန့်ကြာပြီးနောက်...
နောက်ဆုံးသော သံမဏိရေလှိုင်းလုံးကြီး လိမ့်တက်လာသလိုမျိုး စစ်မီးတောက်များနှင့် လောင်ကျွမ်းနေသည့် စစ်သည်တစ်သိန်းခွဲက ခိုရာစန်းတွင် ပေါ်လာပြီဖြစ်သည်။
ဝုန်း
မြင်းဖြူကြီးကိုစီးထားသည့် ရွှေသားရောင် တောက်ပနေသော ပုံရိပ်တစ်ခုက အရင်ဆုံးပေါ်လာသည်နှင့် တစ်လောကလုံးကို အထင်သေးစွာ ကြည့်ရှု့သည့် နတ်ဘုရားတစ်ပါး ရောက်ရှိလာသလိုမျိုး အားပါးနှင့် အော့စမန်းတို့ကပင် ကြောက်လန့်သော ခံစားချက်မျိုးကို ရလိုက်ကြသည်။
“သွားကြစို့”
ရွှေသားသံချပ်ကာကို ဝတ်ဆင်လျှက် မျက်နှာဖုံးတပ်ထားသော ထိုလူကမှ အေးစက်သော အသံတစ်သံကို ထွက်လာသည်။ သူကမြင်းကို တစ်ဖက်တစ်ချက်စီလှည့်သည်။ တခဏပင် တုန့်ဆိုင်းခြင်းမရှိဘဲ ခိုရာစန်းကို ကျော်ဖြတ်ပြီး အမှောင်တောအုပ်ဆီ ထွက်ခွာလျှက် တာလာ့ဆီခရီးနှင်သည်။
သူ၏နောက်မှ အရှိန်အဝါ ကြီးမားပြင်းထန်သည့် မြင်းတပ်အဖွဲ့ဟာ အနာခံဆုံးသော ကျွန်များကဲ့သို့ အနည်းငယ်ပင် နောက်ကျန်ရစ်ရဲခြင်းမရှိဘဲ အပြေးလိုက်ကြသည်။
...
အာရေးဗီးယားစစ်တပ်က ခိုရာစန်းမှတစ်ဆင့် ရှေ့တန်းသို့ ပထမဦးဆုံး ထွက်ခွာလာသည့်အချိန်တွင် မရေမတွက်နိုင်သော သိန်းငှက်များ၊ သတင်းပို့ငှက်များကလည်း အရပ်မျက်နှာအနှံ့ ပျံသန်းလျှက် ခွဲထွက်သွားကြသည်။ အာရေးဗီးယားအင်ပါယာ အတွင်းတွင် မရေမတွက်နိုင်သော အထက်တန်းလွှာများ၊ ဗိုလ်ချုပ်များနှင့် ပါးတမှ ကာလစ်ကိုယ်တိုင်ကပင် အရှေ့ပိုင်းသို့ အလုံးအရင်းနှင့် ချီတက်မှုကြီးကို အာရုံစိုက်နေသည်။
ဖလပ် ဖလပ်
အာရေးဗီးယား အမဲလိုက်လင်းယုန်တစ်ကောင်က လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် တိဗက်စခန်းအတွင်းသို့ ဝင်ရောက်လျှက် ထိုးဆင်းသွားသည့်အချိန်တွင် သာ့လွန်ရော့ကျန်း၏ ဆန့်ထားသော လက်မောင်းပေါ်သို့နားသည်။
“ဟား ဟား ဒီလောက်မြန်တာလား။ သူတို့နောက်ဆုံးတော့ လှုပ်ရှားပြီပေါ့”
သာ့လွန်ရော့ကျန်းက လက်ထဲမှစာကိုကြည့်ရင်း ဖျော့တော့စွာ ပြုံးလိုက်သည်။
စာကို အပုမူစလင်က အမှောင်တောအုပ်မှ ပို့လိုက်ခြင်းဖြစ်သည်။ အာရပ်မှ စစ်ကူသုံးသိန်းကျော် အစိုးရနှစ်ယောက်နှင့် လမ်းတောက်လျှောက်တွင် သူတို့ငှားရမ်းလာခဲ့သည့် ကြေးစားစစ်သည် တစ်သောင်းကျော်တို့က အမှောင်တောအုပ်ထံ ချီတက်လာနေပြီဖြစ်ပြီး အာရေးဗီးယား သမိုင်းတွင် မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားသည့် စစ်တပ်တစ်ခု ဖြစ်လာသည်။ ထိုစစ်တပ်၏ အင်အားက တာလာ့မှတိုက်ပွဲအခြေအနေကို လွှမ်းမိုးရန် လုံလောက်ရုံသာမကသေးလေဘဲ အရှေ့ပိုင်းနယ်မြေ တစ်ခုလုံးကို ဆက်လက်ပြီး သိမ်းပိုက်၍ရသည်။ ထိုထဲတွင် မဟာထန်လည်းပါသည်။
“ကြည့်ရတာ ငါ ငါ့ရဲ့ပန်းတိုင်ကို ပြောင်းလိုက်သင့်ပြီ။ ဒီတစ်ကြိမ်မှာ ငါတို့တစ်သုတ်ထဲနဲ့ အရာအားလုံးကို ရှင်းလင်းလို့ ဗဟိုပြင်ကျယ်တစ်ခုလုံးကို သိမ်းပိုက်လို့ရလောက်တယ်”
သာ့လွန်ရော့ကျန်း၏ မျက်ဝန်းအတွင်း တောက်ပသောအလင်းက ပေါ်လာလျှက် လက်ချောင်းများကို စုစည်းလိုက်ပြီး အပုမူစလင်၏စာကို လုံးချေလိုက်သည်။
အင်အားလေးသိန်းခန့်ရှိသော အာရပ်မြင်းတပ်နှင့် ယွီစန်းမှ တပ်ကူများပေါင်းစပ်လိုက်သော် သူတို့၏ မဟာမိတ်က အင်အားငါးသိန်းကျော်နှင့် မဟာဗိုလ်ချုပ်အဆင့် ပုဂ္ဂိုလ်ခုနှစ်ယောက်ကို ပိုင်ဆိုင်သွားပြီဖြစ်သည်။ ထိုအင်အားက အ့ဟိုင်တွင် စုစည်းခဲ့သည့် မာန်ရှဲ့ယွီစန်းစစ်တပ်ထက် အဆပေါင်းများစွာ သာလွန်လွန်းသည်။ သာ့လွန်ရော့ကျန်း၏ ဘဝတွင်ပင် ထိုမျှအင်အားကြီးလွန်းသော စစ်တပ်မျိုးကို မမြင်ဖူးချေ။
“တုဝူစစ်လီကို အကြောင်းကြားလိုက် စစ်တပ်ကိုစုစည်းပြီး တိုက်ပွဲအတွက် ပြင်ဆင်ခိုင်းထားတော့”
သာ့လွန်ရော့ကျန်းက ခေါင်းကိုလှည့်ပြီး အနီးအနားရှိ သတင်းပို့ကိုပြောလိုက်သည်။
“ဟုတ်ကဲ့”
ထိုသတင်းပို့က ချက်ချင်းထွက်သွားသည်။ ထွက်သွားသောသူ့ကို ကြည့်နေသည့် သာ့လွန်ရော့ကျန်းက ဘေးဘက်မှ မဟာဗိုလ်ချုပ်နှစ်ယောက်ကို လှမ်းပြောသည်။
“နောက်ဆုံးအတွက် မင်းတို့ကိုယ်တိုင်အတွက်လည်း ပြင်ဆင်ပြီးပြီလား”
ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့က ဘာစကားမှမပြောကြချေ။ ခေါင်းကိုသာ ခပ်လေးလေး ညိမ့်ကြသည်။ သူတို့၏မျက်ဝန်းက တောက်ပလာပြန်၏။
ထိုနှစ်ယောက်ကလည်း သာ့လွန်ရော့ကျန်း၏ ဆိုလိုရင်းကိုနားလည်သည်။ ဒါက နောက်ဆုံးတိုက်ပွဲဖြစ်သည်။ သူတို့၏ မဟာထန်နှင့်ယွီစန်းအကြားမှ အာဏာဟန်ချက်ကို ကြိုးကိုင်နိုင်မည့် နောက်ဆုံးသော အခွင့်အရေးလည်း ဖြစ်သည်။ သူတို့က အနိုင်ရလျှင်ရ မရလျှင်လည်း သေရတော့မည်ဖြစ်သည်။
“စစ်တပ်ကိုအသင့်ပြင်”
သာ့လွန်ရော့ကျန်းက အမိန့်ကိုထုတ်လိုက်သည်။ တိဗက်စခန်းအတွင်းမှ အရှိန်အဝါ ကြီးမားသည့် မုန်တိုင်းတစ်ခုက ထွက်လာရင်း တစ်လောကလုံးကို လွှမ်းခြုံရန် ပြင်ဆင်လာသည်။ ဒါက အရှေ့ပိုင်း နယ်မြေတစ်ခုလုံး၏ အုတ်မြစ်ကို လှုပ်ခါနိုင်သော စစ်ပွဲဖြစ်နိုင်ကြောင်း လူတိုင်းကလည်း နားလည်နေကြသည်။
ခလွက်
တိဗက်စစ်တပ်က စတင်လှုပ်ရှားသည်နှင့်အမျှ ကောင်းကင်တွင် ခပ်ထူထူ မိုးကြိုးတန်းက ဖြတ်ပြေးသွားသည်။ တခဏခန့်ကြာပြီးနောက် မည်းမှောင်သော တိမ်စိုင်များက စုစည်းလာပြန်ပြီး တာလာ့၏ လေထုအခြေအနေကို ပို၍တင်းမာသွားစေသည်။
...
ဖလပ် ဖလပ်
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်ကလည်း ခိုရာစန်းမှ သတင်းကိုရသည်။
အာရပ်တွေ
ဝမ်ချောင်က စာကိုဖတ်နေရင်း သူ၏နှလုံးသားက လေးလံလာသည်။
နောက်ဆုံးတော့ အဲ့ဒီနေ့ရောက်လာပြီ။
တာစု၏ ချွီထေပါးအစိုးရ၊ ခါရီယိုမှ အော့စမန်းအစိုးရ၊ အာရေးဗီးယားအင်ပါယာမှ လက်ရွေးစင် မာမဲ့လုနှင့် စစ်သည်လေးသိန်းကျော်က တာလာ့ထံ ချီတက်လာပြီဖြစ်သည်။ သူတို့၏ ဖြစ်ရမည့်စစ်ပွဲက စရတော့မည်ဖြစ်သည်။
“ဒီစာကိုယူပြီး ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်ကို သွားပေးလိုက်။ စစ်သားတွေကိုလည်း အချိန်မရွေး ဖြစ်လာနိုင်တဲ့ တိုက်ပွဲအတွက် အသင့်ပြင်ဆင်ထားလို့ အမိန့်ထုတ်လိုက်”
ထိုစကားများကို ပြောပြီးနောက် ဝမ်ချောင်က အခန်းထဲမှထွက်ခွာကာ တာလာ့၏ အနောက်ဘက် လေ့ကျင့်ရေးကွင်းသို့သွားသည်။
ဘုန်း
လေထုက ဟိန်းဟောက်သွားပြီး လေ့ကျင့်ရေးကွင်းအထက်မှ ကြောက်မက်ဖွယ် လေလှိုင်းများကို ဝုန်းကနဲ မြည်ဟီးလာစေသည်။ ထိုမျှကြီးမားသော အရှိန်အဝါအောက်တွင် တောက်ပလွန်းသော ဆေဘာခုတ်ချက် သောင်းကျော်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ တစ်လခန့်ကြာပြီးနောက် မော့ဆေဘာအဖွဲ့ဟာ နောက်ဆုံးတွင် ပုံသဏ္ဍန်ပေါ်လာလေပြီ။
.....
တာလာ့၏လေထုက အလွန်အမင်း တင်းမာကာ ပေါက်ကွဲလုနီးပါး ဖြစ်လာသည့်အချိန်တွင် တာလာ့နှင့် ဝေးကွာလွန်းသော နေရာကလည်း စစ်ပွဲ၏ သက်ရောက်မှုကိုခံရသည်။
မဟာထန်၏ အရှေ့တောင်ပိုင်းက စိမ်းလန်းသောနယ်မြေ ရှေးဟောင်းတောအုပ်များကို ပိုင်ဆိုင်ထားသည့် နေရာတစ်ခုဖြစ်သည်။ ထိုနေရာတွင် ကီလိုမီတာ တစ်ရာ့ခြောက်ဆယ်နီးပါး ပတ်လည်ကြီးမားသည့် တောင်တန်းနယ်မြေကြီးလည်းရှိသည်။ ထိုမျှ အလွန်အမင်း လူရှင်းသောနေရာတွင် သားရဲကောင်များက နေထိုင်ကြသည်။ ထိုအကောင်များက အလွန်ရိုင်းစိုင်းကြမ်းတမ်းသည်။ သာမာန်အခြေအနေမျိုးတွင်လည်း သာမာန်လူများက ထိုနေရာသို့ မသွားကြပေ။ သို့သော် လူတစ်အုပ်ကမူ ထိုတောင်တန်းရှည်ကြီးတွင် တော်ဝင်နယ်မြေတစ်ခုအဖြစ် သတ်မှတ်လျှက် နေရာယူထားသည်။
“အဘိုး နဂါးခေါင်းနဲ့ နဂါးသိုက်ကို ရှာတွေ့ပြီလား”
ထိုစိမ်းလန်းသော တောအုပ်အတွင်းမှ ငယ်ရွယ်သော ခပ်ဆတ်ဆတ် အသံလေးကထွက်လာသည်။ စိမ်းလန်းသော တောပင်များ၏အလယ်တွင် ခုနှစ်နှစ်၊ ရှစ်နှစ်အရွယ်ခန့်ရှိမည့် ကလေးတစ်ယောက်က အနက်ရောင် နွားထီးကြီးတစ်ကောင်ကို စီးနေကြောင်း မြင်ရသည်။ ထိုအနက်ရောင်နွားထီးကြီးက ရွှန်းစိုနေသော အရေပြားကို ပိုင်ဆိုင်ထားသည်။ ကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များကလည်း ခန္ဓာကိုယ်အနှံ့ ဖျက်ဆီးနေလေပြီး ရှင်းလင်းစွာပင် ပုံမှန်မဟုတ်သော အနေအထားမျိုးကို ပြသသည်။
“ဟား ဟား သိပ်မကြာခင်ပေါ့ သိပ်မကြာခင်”
ထိုနွားကြီး၏အရှေ့တွင် လျှောက်နေသော မုတ်ဆိတ်မွှေးအပြည့်နှင့် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အကြီးအကဲကပြောသည်။ သူ၏လက်တစ်ဖက်က အညိုရောင် သံလိုက်အိမ်များကို ကိုင်ထားပြီး အခြားလက်တစ်ဖက်က မုတ်ဆိတ်ကို ပွတ်နေသည်။ သူ၏မျက်ဝန်းက မကြာခဏဆိုသလို ပတ်ဝန်းကျင်ကို လေ့လာနေသည်။ ဒီလောကက သူ၏အမိန့်အောက်တွင် ရှိပုံရသည်။
ထိုလူက ဖုန်းရွှေနှင့် မြေမျက်နှာသွင်ပြင်ကို ကျင့်ကြံသောသူဖြစ်သည်။ ရိုးရှင်းစွာပင်သူက ကံကြမ္မာပြောသူလည်းဖြစ်သည်။
မဟာထန်တွင် ထိုနယ်ပယ်ကို ကျွမ်းကျင်သော လူတစ်ဖွဲ့လည်းရှိသည်။ ထိုလူများက နယ်မြေ၊ မြေမျက်နှာသွင်ပြင်ကို အထူးတလည် လေ့လာစမ်းစစ်ပြီး မြေသား၏ နဂါးချည်ရှိရာဘက်သို့ လိုက်လံရှာဖွေကြသည်။ ထို့ကြောင့် ထိုလူများကို လျို့ဝှက်ဆန်းကြယ်လွန်းသည်ဟု သတ်မှတ်ကြသည်။
လောက၏ အထူးကာလမျိုးတွင်သာ ထိုကဲ့သို့သော လူမျိုးက ပေါ်ထွက်လာလေ့ရှိသည်။ သူတို့က တစ်ချိန်လုံး ဗဟိုပြင်ကျယ်၏ဝန်းကျင်နှင့် မြေမျက်နှာသွင်ပြင် နဂါးချည်များကိုသာ ရှာဖွေလေ့လာနေကြသည်။
တခဏခန့်ကြာပြီးနောက် အညိုရောင်သံလိုက်အိမ်မြှောင်မှ လက်တံက တစ်နေရာသို့ ညွှန်ပြသည်။ တစ်ချိန်ထဲလိုလို လျို့ဝှက်ဆန်းကြယ်သော အကြီးအကဲကလည်း ရယ်လိုက်ပြီး အဝေးရှိ ချောက်ကမ်းပါးရှိရာဘက်သို့ လက်ညိုးထိုးကာပြောသည်။ ထိုချောက်ကမ်းပါးကို တိမ်စိုင်များက လွှမ်းခြုံထားသည်။
“ဟား ဟား ရှာတွေ့ပြီ”
အဝေးမှကြည့်လျှင် မြေကမ္ဘာပေါ်သို့ တက်လာရန် ခေါင်းထောင်ကြည့်နေသော နဂါးတစ်ကောင်ကဲ့သို့ ပုံပန်းသွင်ပြင်မျိုးကို မြင်နိုင်မည်ဖြစ်သည်။
“အဘိုး တကယ်ရှာတွေ့ပြီလား။ ငါတို့တွေ ဒီနေရာမှာ တာအိုဂူဘုရားကျောင်း ဆောက်တော့မှာလား”
ကလေးကမေးသည်။
“ဟား ဟား ရှောင်ယွန် ဟုတ်တယ်။ မင်းရဲ့အဘိုးက နဂါးသိုက်ကို ရှာတွေ့ပြီ။ ဒီတော့ ဒီနေရာမှာ ဝါးအိမ်လေးဆောက်ပြီး နဂါးသိုက်တစ်ခုလုံးကို စောင့်ကြပ်ကာကွယ်ရအောင် ဘယ်လိုထင်လဲ”
အကြီးအကဲက နောက်သို့လှည့်ပြီး ထိုကလေး၏ပါးကို ချစ်မြတ်နိုးစွာ ဖြစ်ညှစ်လိုက်သည်။
ဝုန်း
ထိုအဘိုးဖြစ်သူက မြေးဖြစ်သူကို စကားပြောနေသည့် အချိန်တွင်ပင် နဂါးခေါင်းရှိရာ ကြီးမားသော ချောက်ကမ်းပါးကြီးက ရုတ်တရက် စတင်ကာတုန်လာသည်။ ဘေးဘက်မှ ကျောက်သားများကလည်း ပြုတ်ကျသွားသေး၏။ အဖြူရောင်တိမ်စိုင်များက တောင်တန်းတွင် စုစည်းနေရာမှ ရုတ်တရက်ဆိုသလို တွန်းဖယ်ခံရရင်း စတင်ကာ ပျက်ပျယ်လာသည်။
“ဒါကဘယ်လိုဖြစ်တာလဲ”
အကြီးအကဲက ခေါင်းကိုလှည့်ပြီး အံ့အားတကြီးကြည့်သည်။ နဂါးခေါင်းက နဂါးသွေးကြော၏ ဝိညာဉ်စွမ်းအင်များ တည်ရှိရာနေရာဖြစ်သည်။ ထိုနဂါးသွေးကြောက ရာစုနှစ်ပေါင်း များစွာကြာအောင် မလှုပ်ရှားဘဲ တန့်နေတတ်သည်။ သို့မဟုတ် နှစ်ထောင်ကျော်အထိ သို့မဟုတ် နှစ်သန်းကျော်သည်အထိ တည်ငြိမ်နေတတ်သည်။ သို့သော် ယခုလိုမျိုး လှုပ်လှုပ်ရှားရှား အခြေအနေမျိုးက မဖြစ်သင့်ချေ။
“အဘိုး”
နွားလေးပေါ်တွင်ရှိသော ကောင်ငယ်လေးကလည်း တစ်စုံတစ်ရာကို သတိထားမိပုံရပြီး သံလိုက်အိမ်မြောင်ကိုပြသည်။ သူ၏မျက်လုံးက ပြူးကျယ်သွားသည်။ ထိုအဘိုးကလည်း အံ့အားတကြီး လှည့်ကြည့်လိုက်သောအခါ သံလိုက်အိမ်မြောင်ဟာ လျှင်မြန်စွာ လည်ပတ်နေကြောင်း မြင်ရသည်။
ဘုန်း
နဂါးခေါင်းရှိနေသလိုမျိုး ချောက်ကမ်းပါးအတွင်းမှ ကျယ်လောင်သော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ ထိုနှစ်ယောက်၏ အရှေ့ရှိ နယ်မြေက ပြိုလဲကျသွားပြီး ကြီးမားသည့် တွင်းမြောင်းကြီးက ပေါ်လာသည်။
“နဂါးသွေးကြောက ရုတ်တရက်လှုပ်လာတယ်။ ဘာတွေဖြစ်နေတာလဲ”
အပြာရောင်ဝတ်စုံနှင့် ထိုအကြီးအကဲကလည်း မိုးကြိုးအပစ်ခံရသလို ခံစားနေရသည်။
စီရင်စုကိုးခု၏ နယ်မြေဟာ ရှေးဟောင်းတောင်တန်းဝန်းကျင် တောက်လျှောက်သို့သွားသော အိမ်များဖြစ်သည်။ သို့သော် ထိုနေရာများတွင် နဂါးသွေးကြောဟု လူသိများသည့် အရာများက အလွန့်အလွန် နည်းပါးသည်။ နဂါးသွေးကြောများက ရာစုနှစ်ပေါင်းများစွာကြာအောင် မပြောင်းလဲတတ်ချေ။ သို့သော် ယခုလို အခြေအနေမျိုးကမူ နဂါးဟာ ကောင်းကင်ပေါ်သို့ ပျံတက်သော သဘောဟု ယူဆရသည်။ ထိုဖြစ်ရပ်က အလွန်အမင်း ရှားပါးသည်။ ထိုသို့ဖြစ်တိုင်းလိုလို ဗဟိုပြင်ကျယ်က အလွန်ကြီးမားသည့် ပြောင်းလဲမှုကြီးကို အတွေ့အကြုံရသည်ဟု ဆိုလိုပြန်သည်။
ဝေါင်း
အကြီးအကဲ၏စိတ်က ဝရုန်းသုန်းကားဖြစ်သွားသည့် အချိန်တွင် ကောင်းကင်တွင် ကျယ်လောင်သော နဂါးဟိန်းသံက ထွက်ပေါ်လာသည်။ မမြင်ရသော အားလှိုင်းတစ်ရပ်က လေထဲသို့ မြောက်တက်သွားသည်။
ထိုအခြေအနေအရ ပို၍အံ့အားသင့်ဖွယ်ကောင်းသည့် ပြောင်းလဲမှုက ဖြစ်လာကြောင်း နားလည်လိုက်သည်။ အကြီးအကဲနှင့်ကလေးက ကြည့်နေသည့်အောက်တွင် ကြီးမားသည့် နဂါးကြီးတစ်ကောင်က တောင်တန်းထဲမှ ထိုးတက်သွားပြီး ကောင်းကင်သို့ ခေါင်းမော့ကာ မြောက်တက်သွားလေသည်။
ထိုနဂါးက ဖုန်မှုန့်များ၊ ကျောက်စရစ်ခဲများ၊ လောက၏ မူလစွမ်းအင်များနှင့် ဖွဲ့စည်းကာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သူ့တွင် ဦးချိုများရှိသည်။ မျက်လုံးလည်းရှိသည်။ ကြေးခွံလည်းရှိသည်။ အမြှီးလည်းရှိသည်။ အရာအားလုံးက မှင်သက်ဖွယ်ကောင်းလောက်အောင် အသေးစိတ်ကျလွန်းနေသည်။
ထိုကြီးမားသော နဂါးကြီး၏အရှေ့တွင် ထိုအကြီးအကဲနှင့် ကလေးတို့က ပုရွက်ဆိတ်အလား သေးငယ်လွန်းနေသည်။ လေပြင်းက မုန်တိုင်းလိုမျိုး ဟိန်းဟောက်နေပြီး ဆင်းသက်လာလေသည်။ ကြွက်သားတိုင်းက တဆတ်ဆတ် တုန်ခါနေရင်း ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်ခြင်း စွမ်းအားအောက်တွင် ကြောက်လန့်တကြား ရုန်းကန်နေကြရလေသည်။ ငှက်များကမူ ကြောက်လန့်တကြာ ထွက်ပြေးသွားကြပြီဖြစ်၏။ မြေပေါ်တွင်နေသော သားရဲကောင်ပေါင်း များစွာကလည်း ကြောက်လန့်မှုနှင့်အတူ ထိုတောအုပ်ထဲမှ ထွက်ခွာသွားကြပြီဖြစ်သည်။
ထိုနဂါး၏ ခမ်းနားသော အရှိန်အဝါရှေ့တွင် တစ်လောကလုံးကပင် တုန်ယင်သွားကြသည့်ပုံပေါ်သည်။
သို့သော် နွားထီးပေါ်မှကလေးကမူ သူ၏ကြောက်လန့်မှုကိုမေ့နေပြီး အကြီးအကဲနှင့်အတူ အပေါ်သို့ မော့ကြည့်နေသည်။ သူက အသက်ရှုရန်ပင် မေ့နေသေးသည်။
လေထဲတွင် ထိုကြီးမားသော နဂါးကြီးက ခေါင်းကိုမော့ကာကြည့်ရင်း ရုန်းကန်သည်။ ထို့နောက်သူက ဟိန်းသည်။ သူက ပြင်းထန်စွာ နာကျင်နေပုံပေါ်သည်။
“အဘိုး ဘာလို့ဒီနဂါးက နာကျင်နေတာလဲ”
သူက ကောင်းကင်သို့ မှင်သက်စွာ မော့ကြည့်နေသည်။ ထိုကလေးက မြေမျက်နှာသွင်ပြင် နယ်ပယ် အကြောင်းအရာများကိုလည်း ကောင်းကောင်း သင်ကြားပေးခြင်းခံရသည်။ ထို့ကြောင့် နဂါးနှင့်ပတ်သတ်သည့် စာအုပ်ပေါင်းများစွာကိုလည်း ဖတ်ဖူးသည်။ ထိုထဲတွင်လည်း ယခုလို အခြေအနေမျိုးက မပါရှိခဲ့ဖူးချေ။ သူ၏အဘိုးဖြစ်သူက ပြောပြခဲ့သည့် အကြောင်းအရာထဲတွင်လည်း ယခုလို အခြေအနေမျိုးက မရှိခဲ့ဖူးပါချေ။
သို့သော် အပြာရောင်ဝတ်စုံနှင့် အကြီးအကဲကမူ ကလေးပြောသော စကားကို မကြားနိုင်လောက်အောင် စိတ်မကြည်သလိုဖြစ်နေသည်။ သူ၏စိတ်ထဲတွင် အတွေးတစ်ခုကသာ ရှိတော့သည်။
နဂါးခေါင်းက နှစ်တစ်ရာတိုင်းလိုလို ဦးတည်ရာပြောင်းတယ်။ နတ်နယ်မြေက နှစ်တစ်ထောင်တိုင်းလိုလို အတွေ့အကြုံကြီးကို ခံစားရတယ်။ အကြီးအကဲက ကောင်းကင်သို့ မော့ကြည့်လိုက်သည့် အချိန်တွင် သူ၏မျက်ဝန်းထဲတွင် ပြင်းထန်သိပ်သည်းလွန်းသော ကြောက်လန့်မှုက ပေါ်ထွက်လာလေသည်။