← Chapters

ပျော်ရွှင်ဝမ်းမြောက်နေသော တစ္ဆေနှင့် ဝမ်းနည်းပူဆွေးနေသော တစ္ဆေ (2)

Vol. 39 Ch. 381

ပျော်ရွှင်ဝမ်းမြောက်နေသော တစ္ဆေနှင့် ဝမ်းနည်းပူဆွေးနေသော တစ္ဆေ (2)

Vol. 39 Ch. 381

ဒုတိယအချက်- ထိုမိန်းမပျိုလေးမှာ အကျင့်စရိုက်ကောင်းမွန်ရမည်၊ ရုပ်ရည်ပြေပြစ်ရမည်၊ ထို့နောက် သူမ လက်ဆက်မည့် လူငယ်နှင့် ဆက်ဆံရေးအဆင်ပြေရမည်၊ မိသားစုနောက်ခံချင်းလည်း နီးစပ်ရမည်။

ထိုအချက်အလက်များအားလုံး ပြည့်စုံနေချိန်တွင် မိန်းမပျိုလေးသည်လည်း ခင်ပွန်းလောင်းဖြင့် လက်ဆက်နိုင်ရန် မျှော်လင့်ချက်အပြည့်၊ စိတ်လှုပ်ရှားမှုအပြည့်ဖြစ်နေမည်မှာ သေချာပေလိမ့်မည်။

ရှေးယခင်အချိန်များတွင် အိမ်ထောင်ပြုတော့မည့် မိန်းမပျိုများက အချုပ်အလုပ်ပညာ၊ လက်မှုပညာများအား သင်ယူလေ့လာရသည်။

သာမန်မိသားစုများမှ သမီးပျိုများသည်ပ အိမ်ထောင်မပြုခင် နှစ်ဝက်၊ လအနည်းငယ်ခန့်မှစ၍ သူမတို့ ဝတ်ဆင်မည့် မင်္ဂလာဝတ်စုံများအား ကြိုတင်ချုပ်လုပ်လေ့ရှိကြသည်။

အပ်ချုပ်ရာတစ်ချက်ချင်းစီတိုင်းတွင် သူမတို့၏ မျှော်လင့်ချက်များ၊ အိမ်ထောင်ရေးနှင့် ပတ်သတ်၍ ချစ်ခင်စိတ်၊ ရှက်စိတ်တို့အား ထည့်သွင်းထားတတ်ကြသည်။

ထိုမျှော်လင့်ချက်များ၊ အရှက်အကြောက်စိတ်များက မင်္ဂလာနေ့ရက်တွင် အမြင့်မားဆုံးပင်။

မင်္ဂလာဝေါယာဉ်၏ လိုက်ကာစကြားမှတဆင့် အပြင်ဘက်တွင် တူရိယာစုံတီးမှုတ်ကာ သတို့သမီးလောင်းလေးကို ကြိုဆိုနေသော အဖွဲ့များ၊ ဗုံသံ၊ မောင်းသံများကိုလည်း အတိုင်းသားမြင်တွေ့နေရလိမ့်မည်။

သူမနှင့်အတူ တစ်အိုးတစ်အိမ် ထူထောင်တော့မည့် ခင်ပွန်းလောင်းစီးနှင်လာသော မြင်းခွာသံမှာလည်း တခွပ်ခွပ်နှင့် လမ်းတစ်လျှောက် မြည်ဟီးနေလိမ့်မည်။

အရာအားလုံးသက အိမ်မက်လေးတစ်ခုအလား ပျော်စရာကောင်းလွန်းပြီး လှပလွန်းနေခဲ့ပေမည်။

တကယ်တမ်းတွင်တော့ထိုအရာအားလုံးက ထူးခြားဆန်းကြယ်ပညာရှင်၏ အကြံအစည်သာလျှင် ဖြစ်နေခဲ့ပေ၏။

ထိုနေ့တွင် ကြိုတင်ပြင်ဆင်ထားသည့် မျိုးစုံသော ‘မတော်တဆမှုများ’က တစ်ခုပြီး တစ်ခု ဖြစ်ပျက်လာတတ်သည်။

အချိန်မဆွဲချင်ကြသူများဆိုပါက တောင့်တင်းသန်မာသော လူတစ်ယောက်အား ငှားရမ်း၍ မင်္ဂလာပွဲတွင်းသို့ ဇွတ်ပြေးဝင်သွားစေကြသည်။

ထိုလူ၏ ဦးတည်ရာနေရာသည် မင်္ဂလာဝေါယာဉ်ထက်သို့ တန်းတန်းမတ်မတ်ဖြစ်နေပြီး သူ၏ ရည်ရွယ်ချက်မှာလည်း ကြောက်လန့်တုန်လှုပ်နေသည့် မိန်းမပျို၏ ရင်ဝသို့ ဓားထက်ထက်တစ်ချောင်း ထိုးစိုက်ရန်သာဖြစ်သည်။

ဓားချက်တိုင်းက သေစေရန်အတွက်သာဖြစ်ပြီး မင်္ဂလာဝေါယာဉ်၊ မင်္ဂလာဝတ်စုံအနီရောင်တို့မှာလည်း သွေးစွန်းခဲ့ရသည်။

သို့သော် ထိုသို့ ရိုးရှင်း၍ လူမိုက်ဆန်သော နည်းလမ်းများက ကျရှုံးသွားနိုင်သည်။ အမှားအယွင်းမဖြစ်စေရန်အတွက် တချို့ ပို၍ ရက်စက်ယုတ်မာသော၊ အညှာအတာကင်းမဲ့သော ပညာရှင်များက အောက်တန်းကျသော နည်းလမ်းများကို အသုံးပြု၍ မင်္ဂလာခန်းမသို့ သွားရောက်သည့်လမ်းတွင် သတ်ဖြတ်ခြင်းဖွဲ့စည်းပုံများ ပြုလုပ်ထားတတ်ကြသည်။

မင်္ဂလာလှည်းတန်းက ဖွဲ့စည်းပုံရှိရာနေရာသို့ ရောက်ရှိသည်နှင့် သတို့သားလောင်း၊ သတို့သမီးလောင်း အပါအဝင် မင်္ဂလာပွဲစီစဉ်သည့်အဖွဲ့တစ်ဖွဲ့လုံးက ရုတ်တရက် မြေပြိုကျခြင်း၊ ကမ်းပါးပြိုကျခြင်း၊ ကျောက်တုံးကြီးများ ဘေးတစ်ဖက်တစ်ချက်မှ လိမ့်ကျလာခြင်း စသည့်ဘေးကပ်ဆိုးများ ကြုံတွေ့ရတတ်သည်။

မင်္ဂလာရှိရမည့် ခန်းမနေရာမှာလည်း မြေကမ္ဘာပေါ်မှ ငရဲအလား အော်သံများ ဆူပွက်သွားခဲ့ရသည်။

ဝမ်းမြောက်ပျော်ရွှင်နေရာမှ ရုတ်တရက် ဆို့နင့်သော ဝမ်းနည်းမှုများ ကြုံတွေ့ခဲ့ရပြီး ‘ပျော်ရွှင်ဖွယ်ရာအသုဘပွဲ၏ တစ္ဆေ’အဖြစ် ပြောင်းလဲသွားခဲ့ရသော အနီရောင်မကောင်းဆိုးဝါးဝိဉာဉ်အများစုမှာ အင်မတန် အငြိုးတရားကြီးကာ လမ်းကြောင်းခြောက်သွယ်၏ ပြင်ပတွင် ပြန်လည်ဝင်စားနိုင်စွမ်းမရှိကြတော့ပေ။

ထူးခြားပညာရှင်များ၏ ဖမ်းဆီးခံရပြီးနောက် သင်္ချိုင်းဂူများထဲတွင် အစောင့်အဖြစ် ချုပ်ထိန်းခံလိုက်ရချိန်တွင် သူတို့က ပို၍ပင် ဒေါသကြီး၊ အငြိုးကြီးတတ်ကြသည်။

အင်မတန်ထူးချွန်ထက်မြက်သည့် ထူးခြားပညာရှင်မဟုတ်သည့် သင်္ချိုင်းသူခိုးများမှ ထိုသင်္ချိုင်းဂူအား ဖွင့်ဖောက်မိပါလျှင် မည်သူမျှ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မည်မဟုတ်ပါခေေ။

ထိုနည်းလမ်းမှာ အင်မတန် အောက်တန်းကျ၊ ရက်စက်လွန်းသောကြောင့် မောင့်ရှန်း၏ စာအုပ်ထဲတွင် ‘ယုတ်ညံ့သည့်နည်းလမ်း’အဖြစ် သတ်မှတ်ခံထားရပြီး အသုံးပြုခွင့်ကိုလည်း ပိတ်ပင်ထားခဲ့သည်။

အနီရောင်နဲ့ အဖြူရောင်မကောင်းဆိုးဝါးဝိဉာဉ်များ ထိပ်တိုက်တွေ့ဆုံခြင်းက မကောင်းဆိုးဝါးဝိဉာဉ်နှစ်မျိုးအား တစ်ချိန်တည်း၊ တစ်နေရာတည်းတွင် ပေါ်ပေါက်လာအောင် လုပ်ဆောင်ထားသည့် အောက်လမ်းဖွဲ့စည်းပုံတစ်မျိုးဖြစ်သည်။

မတူညီသည့် မကောင်းဆိုးဝါးဝိဉာဉ်နှစ်မျိုး တစ်ချိန်တည်း ပေါ်ပေါက်လာခြင်းသည်က အင်မတန် ဆိုးဝါးသော ကပ်ဆိုးတစ်ခုဖြစ်ပြီး ထိုနည်းလမ်းသည်လည်း လုံးဝ မထိသင့်၊ မလုပ်ဆောင်သင့်သော တားမြစ်နည်းလမ်းတစ်ခုပင်။

ယခုအချိန် ကုကျစ်စုန့်နှင့် ယန်ချန်တို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်နေရသော အောက်လမ်းဖွဲ့စည်းပုံသည် ထိုကဲ့သို့ ဖွဲ့စည်းပုံမျိုးပင်ဖြစ်သည်။

ပူဆွေးခြင်းနှင့် ပျော်ရွှင်ခြင်းတို့၏ တေးသံများ ပြိုင်တူပေါ်ထွက်လာခဲ့ပြီး အသံများ နီးစပ်လာလေလေ ပတ်ဝန်းကျင်မှ လေထုသည်က ပို၍ အေးစက်လာလေလေ ဖြစ်သည်။

လေထုတွင်လည်း စိုစွတ်စေးထိုင်းသော ရေခိုးရေငွေ့များ ရောယှက်လာသည်ကိုလည်း ခံစားနေရသည်။ဝမ်းနည်းပူဆွေးသော တေးဆိုသံကြောင့် ဆေးသုတ်ထားသည့် အနီရောင်မင်္ဂလာဝေါယာဉ်ထံမှ လိုက်ကာစ အနည်းငယ်လွင့်သွားခဲ့ပြီး အတွင်း၌ ဝမ်းနည်းဆွေးမြေ့သော မျက်နှာအမူအယာဖြင့် ထိုင်နေသည့် ‘ပျော်ရွင်ဖွယ်ရာအသုဘပွဲ၏ တစ္ဆေ’ ပေါ်လာခဲ့သည်။

သူမက ဇာမဏီသရဖူအား ဆင်မြန်းထားပြီး သတို့သမီးဝတ်စုံအား ဝတ်ဆင်ထားသည်။ ခြုံလွှာလွှမ်းထားခြင်းမရှိသည့် မျက်နှာမှာတော့ နှင်းမှုန်များအလား ဖွေးဆွတ်နေခဲ့သည်။

မည်းနက်နေသည့် မျက်လုံးခွက်များအတွင်းမှ အနီရောင်သွေးမျက်ရည်များလည်း စီးကျနေခဲ့ပြီး သူမထံမှ အငြိုးတရား၊ ဒေါသအငွေ့အသက်များသည် မြင်တွေ့သူတိုင်း ကြက်သီးဖြန်းဖြန်း ထစေနိုင်သည်ထိ အားကောင်းလှသည်။

ဝေါယာဉ်ကိုထမ်းပိုးထားသည့် တစ္ဆေငယ်များ၊ ဘေးတစ်ဖက်တစ်ချက်တွင် အိုးစည်ဗုံမောင်း တီးခတ်သီဆိုနေကြသည့် တစ္ဆေသရဲများမှာလည်း ဦးခေါင်းခွံကြေမွနေသူများ၊ မျက်နှာတစ်ခြမ်းလုံး သွေးချင်းချင်းနီနေကြသူများသာ ဖြစ်ကြပေသည်။

သူတို့က ပြုံးရွှင်သော မျက်နှာဖြင့် တေးသီချင်းသီဆိုနေကြသော်ငြား စာသားများကတော့ နက်နဲလွန်းလှသည်။

နှစ်ကြောင်းခန့် နားထောင်ပြီးချိန်တွင် ကုကျစ်စုန့် အကြမ်းဖျင်းခန့် သဘောပေါက်လိုက်သည်။

‘အနီရောင်မကောင်းဆိုးဝါးတစ္ဆေ’များသည်က မသေဆုံးခင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များအား ပြန်ပြောင်းသီဆိုနေကြခြင်းပင်။

သူတို့မှာ သတို့သမီးငယ်လေးအား မင်္ဂလာပွဲသို့ ပို့ပေးရန် ပျော်ပျော်ပါးပါးထွက်လာခဲ့ကြသည်။

သို့သော် အခုံးတံတားတစ်ခုပေါ်သို့ ကျော်ဖြတ်ချိန်တွင် အန္တရာယ်ဖြင့် ကြုံခဲ့ရသည်။

တံတားက အလယ်တည့်တည့်တွင် ကျိုးပျက်သွားခဲ့ပြီး သတို့သမီးလောင်းလေးနှင့် မင်္ဂလာအဖွဲ့တို့အား တံတားအောက်သို့ ပစ်ချလိုက်သကဲ့သို့ပင် ဖြစ်စေသည်။

ဆက်တိုက်ပြုတ်ကျလာသည့် ကျောက်တုံးများ၊ အုတ်ခဲများကြားတွင် သူတို့၏ ခန္ဓာကိုယ်များ တစစီ ကြေမွခဲ့ရပြီး မင်္ဂလာပွဲအား တံတားအောက်မှ ကြည့်နေခဲ့ကြသော ကလေးငယ်များ၊ လူကြီးများသည်လည်း တံတားပျက်၏ အပိုင်းအစများအောက်တွင် အသက်ပျောက်ခဲ့ရသည်။

ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သော မြင်ကွင်းသည်လည်း တမဟုတ်ခြင်း ခြေပြတ်လက်ပြတ်များ၊ သွေးအိုင်များဖြင့် အဆုံးသတ်သွားခဲ့ရသည်။

နှစ်ဖက်လုံးမှ သရဲတစ္ဆေများ ချဉ်းကပ်လာသည်ကို မြင်လိုက်ရပြီးနောက် ထိုတောက်ဓမ္မဂိုဏ်းသားများ၊ ထူးခြားပညာရှင်များ၏ အလိုကို မလိုက်ချင်သောကြောင့် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ရန်အတွက် သဘာဝလွန်ပညာရပ်များ မသင်ကြားခဲ့ခြင်းအား ယန်ချန် နောင်တရလာခဲ့မိသည်။

ယခု ဒုက္ခရောက်သည့်အချိန်တွင် ကုကျစ်စုန့်အနေဖြင့် သူ့အား ကာကွယ်ပေးရန် ဆိုသည့်တာဝန်တစ်ရပ် ပိုလာခဲ့ရသည်။

“ကျွန်တော်တို့ ဘယ်ကို ပြေးကြမလဲ?”

ကုကျစ်စုန့် သူမ၏လက်ထဲမှ မက်မွန်ဓားအား သူမ၏ လည်ပင်းအနီးထိ မြှောက်လိုက်ပြီး ဓားသွားအား တဖြည်းဖြည်း နီးကပ်လာနေသည့် မင်္ဂလာဝေါယာဉ်ဘက်သို့ လှည့်ထားလိုက်သည်။

ယန်ချန်၏ မေးခွန်းအား ကြားရပြီးနောက် သူမ ခေါင်းကို ခါရမ်းလိုက်သည်။

“ပြေးလည်း အသုံးမဝင်ဘူး.. ဒါက ရှင်နဲ့ကျွန်မကို ထောင်ချောက်ဆင်ထားတဲ့ ရက်စက်ကြမ်းကြုတ်ဖွဲ့စည်းပုံပဲ

ကျွန်မတို့တွေက အနီရောင်နဲ့ အဖြူရောင်မကောင်းဆိုးဝါးတွေရဲ့ ဆုံချက်ကို ရောက်နေတာ

သူတို့ရဲ့ ပစ်မှတ်က ကျွန်မတို့ပဲ.. ထွက်ပြေးလို့မရဘူး ဖွဲ့စည်းပုံကို ဖျက်ပစ်မှပဲ ရမယ်”

အဖြူရောင်မကောင်းဆိုးဝါးဝိဉာဉ်ဖြစ်သည့် ‘ရေသရဲများ’သည်က ကုန်းမြေပေါ်တွင် ခေတ္တနေထိုင်နိုင်သော်လည်း ခန္ဓာကိုယ်နှင့် ဝိဉာဉ်တို့မှ အချုပ်အနှောင်၊အတားအဆီးများကြောင့် မြေအောက်ကမ္ဘာသို့ သွားရောက်ကာ ပြန်လည်ဝင်စားနိုင်စွမ်းမရှိပေ။

အဖြူရောင်မကောင်းဆိုးဝါးဝိဉာဉ်၏ အငြိုးအတေးခံလိုက်ရခြင်းသည် ‘အစားထိုး’အဖြစ် ရွေးချယ်ခံလိုက်ရခြင်းသာဖြစ်သည်။

ရေသရဲများ သယ်ဆောင်လာသည့် အခေါင်းတလားတွင်းသို့ ထည့်သွင်းခံရပြီးနောက်တွင် ရေကန်ထဲ ပစ်ချခံရမည်ဖြစ်သည်။

အခေါင်းတလားက ရေကန်ထဲသို့ ပြုတ်ကျသွားပြီး အသက်ရှူစရာလေထုအား ရေထုမှ အစားထိုးဝင်ရောက်လာချိန်အထိ ပိတ်မိနေသူက အခေါင်းတွင်းမှ ထွက်မလာနိုင်ပါလျှင် အသက်သေဆုံးရပေလိမ့်မည်။

သေဆုံးပြီးနောက်တွင် ပြန်မဝင်စားနိုင်သည့် ရေသရဲ၏ နေရာတွင် အစားထိုး၍ လူစားလဲခံရမည်ဖြစ်သည်။

ထိုအချိန်တွင် ရေသရဲက သေဆုံးသူ၏ ပြန်လည်ဝင်စားနိုင်ခွင့်အား အစားထိုးရယူသွားမည်ဖြစ်ပြီး သေဆုံးသွားသူမှာတော့ ‘အဖြူရောင်မကောင်းဆိုးဝါးဝိဉာဉ်အသစ်’ဖြစ်လာကာ သူ့နေရာတွင် အစားထိုးလူစားလဲရမည့်လူ ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းရတော့မည်ဖြစ်သည်။

‘ပျော်ရွှင်စရာအသုဘပွဲ၏ တစ္ဆေ’မှာလည်း ထိုသို့ပင်။

သူသည်က ပြန်လည်ဝင်စားခြင်းခြောက်ပါးသို့ မဝင်ရောက်နိုင်သောကြောင့် ‘လက်ထပ်’ရန် လူအစားထိုးရှာရလိမ့်မည်ဖြစ်ပေသည်။

အနီရောင်မင်္ဂလာဝေါယာဉ်ပေါ်တွင် ပိတ်မိနေသူက ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိပါက သူမက အသက်ရှိလူသားတစ်ယောက်၏ ခန္ဓာကိုယ်ဖြင့် မြေအောက်ကမ္ဘာသို့ သွားရောက်ရမည်ဖြစ်သည်။

မြေအောက်ကမ္ဘာသို့ ရောက်ရှိသည်နှင့် သက်ရှိအသွေးအသားခန္ဓာကိုယ်က ခြောက်သွေ့သော အရိုးများအဖြစ် ပြောင်းလဲသွားပြီး ပင်ကိုယ်ပကတိအတိုင်း ပြန်ထွက်မလာနိုင်တော့။

မင်္ဂလာဝေါယာဉ်ထက်တွင် ပိတ်မိနေသော ဝိဉာဉ်သာ ကျန်ရစ်ခဲ့သည်။ကုကျစ်စုန့် သူမ၏လက်ထိပ်ကို သွားဖြင့် ကိုက်လိုက်ပြီးနောက် ထွက်လာသည့် သွေးစအား အသုံးပြု၍ သူမ၏နောက်မှ ယန်ချန်၏ နဖူးပေါ်တွင် မျဉ်းတစ်ကြောင်း ရေးဆွဲလိုက်သည်။

ချက်ချင်းပင် အနီရောင်ဝတ်စုံဝတ်ဆင်ထားကာ ကျောက်စိမ်းကဲ့သို့ ရှင်းလင်းတည်ကြည်သည့် မျက်နှာပိုင်ရှင် လူငယ်လေးမှာ ပို၍ပင် ချောမောလာခဲ့ပြီးနောက် လရောင်ဝင်းဝင်း၏ အောက်တွင် မြေအောက်ကမ္ဘာမှ ချောမောလှပသည့် တစ္ဆေငယ်လေးတစ်ကောင်အလား အထင်မှားစေနိုင်သည်။

ယန်ချန် ကြက်သေ,သေနေသောကြောင့် ကုကျစ်စုန့် တည်ငြိမ်လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“ကျွန်မ အခုပြောမယ့်စကားတွေကို သေချာမှတ်ထားပေးပါ.. တကယ်လို့ ကျွန်မတစ်ယောက်တည်းသာ ဒီနေ့၊ဒီနေရာမှာ အနီရောင်နဲ့ အဖြူရောင်မကောင်းဆိုးဝါးဝိဉာဉ်များ ထိပ်တိုက်တွေ့ဆုံခြင်းကို ကြုံရတာဆိုရင် သေချာပေါက် ဒီဖွဲ့စည်းပုံကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်နိုင်တယ်

တစ္ဆေတစ်ကောင်ကို အရင်ရှင်းပြီး နောက်တစ်ကောင်ကို ဆက်ရှင်းပစ်လိုက်မှာပဲ

ဒါပေမယ့် အခုကတော့ ဒီတစ္ဆေနှစ်ဖွဲ့ဦးတည်နေတာက ရှင်နဲ့ကျွန်မဖြစ်နေတယ်.. ရှင်က ကျွန်မအတွက် ထည့်စဉ်းစားရမယ့် အားနည်းချက်တစ်ခုဖြစ်သွားတာပဲ”

“ကျွန်မသာ တခြားတစ္ဆေတစ်ကောင်ကို အရင်သုတ်သင်လိုက်မယ်ဆိုရင် နောက်ကျန်နေတဲ့ တစ္ဆေအဖွဲ့ရဲ့ သတ်ဖြတ်ချင်တဲ့ အရှိန်အဟုန်ကို ရှင်လုံးဝ တောင့်ခံထားနိုင်မှာမဟုတ်တော့ အသက်ဆုံးရှုံးရမှာပဲ”

ထိုစကားအား ကြားရပြီးနောက် ယန်ချန်၏မျက်နှာက ညိုးငယ်သွားခဲ့ပြီး မကာကွယ်နိုင်သည့် သူ့ကိုယ်သူလည်း ပို၍ အရှက်ရသွားမိသည်။

“တောင်းပန်ပါတယ်.. ကျွန်တော့်ကြောင့် ပိုပြီး အလုပ်ရှုပ်စေမိသလိုဖြစ်သွားတယ်.. မင်း

ကျွန်တော့်ကို ဂရုမစိုက်ရင်လည်း အဆင်ပြေပါတယ်”

All Chapters