← Chapters

အခန်း (၃၈၉)

Vol. 39 Ch. 389

အခန်း (၃၈၉)

Vol. 39 Ch. 389

အမျိုးသမီးတစ္ဆေ၏ ရည်ရွယ်ချက်က ထင်ရှားလွန်းပေသည်။

ယန်ချန်သည်က တောက်ဓမ္မပညာ၊ စွမ်းအင် မရှိသည့် သာမန်လူတစ်ဦးဖြစ်ကြောင်းကို သိထားပြီး သူသည်က အားနည်းချက်တစ်ခုဖြစ်ကြောင်းကို သဘောပေါက်သည်။

သူမသာ ယန်ချန်ကို တိုက်ခိုက်နိုင်ပါလျှင် ကုကျစ်စုန့်အား နေရာတိုင်းတွင် ထိန်းချုပ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။

တစ်ချိန်တည်းမှာပင် ယန်ချန်၏ ခန္ဓာကိုယ်က ယင်စွမ်းအင်များစွာကို စုဆောင်းထားသည်။ သူ့ကိုသာ ဝါးမျိုနိုင်ခဲ့ပါလျှင် သူမ၏ စွမ်းအင်များလည်း အဆမတန် တိုးပွားလာမည်ဖြစ်ကာ အစွမ်းကြီးသည့် ယင်တမန်တော်များ ရောက်လာခဲ့လျှင်တောင်မှ သူမ ပြန်လည်တိုက်ခိုက်နိုင်မည်ဖြစ်သည်။

ထိုအချက်ကို စိတ်ထဲတွင် မှတ်ထားလိုက်ပြီးနောက် ကုကျစ်စုန့်က မည်မျှစွမ်းအားကြီးပါစေ သာမန်မိန်းမငယ်လေးတစ်ဦးသာဖြစ်ပြီး မြေအောက်ကမ္ဘာမှ အရာများထက် စွမ်းအားမကြီးနိုင်ဟုလည်း တွေးလိုက်မိသည်။

ယန်ချန်ကိုသာ အရင်ဝါးမျိုနိုင်ပါက သူမ ကုကျစ်စုန့်အား လွယ်လွယ်ကူကူပင် အနိုင်ယူနိုင်လိမ့်မည်။

အမျိုးသမီးတစ္ဆေ၏ တွက်ချက်မှုများကို အကြည့်တစ်ချက်ဖြင့် သဘောပေါက်လိုက်ပြီး ကုကျစ်စုန့်လည်း နှာခေါင်းရှုံ့လိုက်မိသည်။

သူမ၏မျက်ဝန်းများအတွင်းမှ ရွှေရောင်အလင်းသည်က အရောင်မလျော့သွားသည့်အပြင် ပို၍ပင် အရှိန်မြန်လာခဲ့သည်။

အမျိုးသမီးတစ္ဆေ၏ ဝိဉာဉ်သည်က မင်္ဂလာဝေါယာဉ်နှင့် သုံးပေခန့်အကွာသို့ ရောက်သွားခဲ့ပြီးနောက် ဝေါယာဉ်မှ ခန်းဆီးလိုက်ကာများသည်လည်း အေးစက်စူးရှသည့် ယင်စွမ်းအင်၏ အရှိန်ကြောင့် လွင့်ပျံသွားခဲ့ပလေသည်။

ထို့နောက် အထဲတွင် ထိုင်နေသော အမျိုးသားငယ်၏ မျက်နှာသွင်ပြင်က ပေါ်ထွက်လာခဲ့သည်။

လူငယ်လေးမှာ ကိုယ်ခန္ဓာအတွင်းမှ စွမ်းအင်များ လျော့နေသောကြောင့် အနည်းငယ်ဖြူဖျော့နေသော်ငြား သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းအလျဉ်းမရှိပေ။

အမျိုးသမီးတစ္ဆေ၏ ရှုံ့တွနေသော မျက်နှာအား အနီးကပ်မြင်လိုက်ရပြီး ကျောရိုးအတွင်းထိ စိမ့်ဝင်သွားသော အေးစက်စူးရှသည့် ယင်စွမ်းအင်၏ တိုက်ခိုက်မှုကို ခံလိုက်ရသော်လည်း မျက်နှာတစ်ချက်မပျက်သကဲ့သို့ နာကျင်မှုကိုလည်း ထုတ်မပြခဲ့ပါချေ။

ယန်ချန် ရုတ်တရက် လက်ကိုမြှောက်လိုက်ပြီးနောက် သူ့၏လက်ဖဝါးထဲတွင် ဆုတ်ကိုင်ထားသော မီးစပျိုးပြီးဖြစ်သည့် သမာဓိတရား၏ မီးတောက်ကျမ်းစာရွက်များအား ပစ်ပေါက်လိုက်သည်။

မီးတောက်များက အဝါရောင်ကျမ်းစာရွက်အား ဝါးမျိုသွားခဲ့ပြီးနောက် အမျိုးသမီးတစ္ဆေ၏ မျက်နှာတည့်တည့်အား ထိမှန်သွားခဲ့သည်။

ထိုမီးတောက်များက သူမ၏ ဝိဉာဉ်ဖြင့် မထိနိုင်မီမှာပင် ပူလောင်မှုကို ခံစားလိုက်ရလေသည်။

ထိုကျမ်းစာရွက်များသည်က အရည်အသွေးကောင်း ကျမ်းစာများပင်။

အမျိုးသမီးတစ္ဆေက အံ့အားသင့်သွားခဲ့ရသည်။

ကိုယ့်ကိုကိုယ်ပင် မကာကွယ်နိုင်သော၊ နှစ်ရက်တိတိ အစာရေစာ မစားမသောက်ရသေးသော၊ သရဲတစ္ဆေများ ဝန်းရံနေသည့် မြေအောက်ကမ္ဘာတွင်းသို့ ဆွဲခေါ်ခံလာခဲ့ရသော လူငယ်လေးသည်က ကြောက်ရွံ့မှုမရှိသည့်အပြင် သူမကိုပါ တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့သော် သူမမျက်နှာမှ အပြုံးက အငြိုးကြီးလွန်းလွန်းပြီး ယန်ချန်၏ ‘ကလေးကစားစရာအကွက်’အား အလေးမထားခဲ့ပေ။

သူမသာ သာမန်အငြိုးကြီးတစ္ဆေဆိုပါက ယန်ချန်၏ သန့်စင်လွန်းလှသော သမာဓိတရားမီးတောက်ဖြင့် သူမ၏ ဝိဉာဉ်ကိုပါမကျန် ဝါးမျိုသွားနိုင်သည်။

သူမကဲ့သို့ တစ္ဆေဘုရင်ဖြစ်လုနီးနီးတစ္ဆေတစ်ကောင်အတွက်တော့ ထိုမီးတောက်ကို ကြောက်ရန်မလိုပါချေ။

အမျိုးသမီးတစ္ဆေက လက်သည်းများထုတ်ကာ စတင်တောက်လောင်နေပြီဖြစ်သော သမာဓိမီးတောက်များအား ငြိမ်းသက်လိုက်သည်။

သမာဓိမီးတောက်က အညစ်အကြေးများကို လောင်ကျွမ်းစေပြီး မကောင်းမှုဝိဉာဉ်များကို သုတ်သင်နိုင်သောကြောင့် သရဲတစ္ဆေများ၏ သဘာဝရန်သူဖြစ်သည်။

ထိုသို့သော မီးတောက်အား ငြိမ်းလိုက်သည့် ဝိဉာဉ်၏ လက်မှာလည်း လောင်ကျွမ်းခံလိုက်ရပြီးနောက် အသံများမြည်ကာ မီးခိုးငွေ့တချို့ပင် လေပေါ်သို့ အငွေ့ပျံတက်သွားခဲ့သည်။

ယန်ချန်အား အထင်သေးရှုံ့ချသည့် စကားများက သူမ၏နှုတ်မှ ထွက်မလာနိုင်ခင်မှာပင် လက်ဖဝါးမှ ချုပ်နှောင်ခံလိုက်ရသော ခံစားချက်တစ်ခုကြောင့် အမျိုးသမီးတစ္ဆေ၏ မျက်နှာ ပြောင်းလဲသွားရသည်။

သူမ၏လက်ဖဝါးအား ငုံ့ကြည့်လိုက်မိချိန်တွင်‌ သမာဓိမီးတောက်လောင်ကျွမ်းသွားသော သူမ၏ လက်ဖဝါးတွင် အဖြူရောင် ခပ်သွယ်သွယ်အရာတစ်ခု ကပ်နေကြောင်းကို သတိထားမိလိုက်လေသည်။

ထိုအရာသည်က လူသားလက်ချောင်းရိုးတစ်ခုပင် ဖြစ်ပေ၏။

နွေးထွေးသော လူ့ခန္ဓာကိုယ်အတွင်းမှ ထုတ်ယူထားသောကြောင့် ခပ်နွေးနွေးရှိနေဆဲပင်ဖြစ်သည်။

ထိုလက်ချောင်းရိုးက သူမ၏ဝိဉာဉ်အား ကပ်ငြိသွားသည်နှင့်တပြိုင်နက် ခန္ဓာကိုယ်တွင်းမှ ယင်စွမ်းအင်အများစုအား ဖိနှိပ်လာခဲ့သည်။

အမျိုးသမီးတစ္ဆေက လက်ကို ချက်ချင်းရုတ်သိမ်းလိုက်သည်။

ထို့နောက်တွင် အားကုန်သုံး၍ ‘ကျောက်စိမ်းလက်ချောင်းရိုး’၏ ထိန်းချုပ်မှုထံမှ ရုန်းကန်လိုက်ကာ ထိုလက်ချောင်းရိုးကို လွှင့်ပစ်လိုက်ပြီး ယန်ချန်အား ဒေါသတကြီးလှမ်းကြည့်လိုက်သည်။

လူငယ်လေးကို လှမ်းကြည့်လိုက်မိသည်နှင့် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ရပ်တန့်သွားခဲ့ရချေသည်။အနီရောင်မင်္ဂလာဝေါယာဉ်အတွင်းမှ လူငယ်လေးသည် ကျောက်စိမ်းကဲ့သို့ကြည်လင်သောမျက်နှာရှိသည်။ သူက မီးတောက်အလား နီမြန်းသည့် ဝတ်စုံကိုဝတ်ဆင်ထားပြီး အရည်အသွေးကောင်းမှင်တုံးမှ ထုတ်သည့် မှင်သွေးကဲ့သို့ မည်းနက်ကာ အဆုံးအစမရှိသည့် မျက်လုံးများသည်လည်း အင်မတန်အားကောင်းသော စွမ်းအင်များအား ထုတ်လွှတ်နေခဲ့သည်။

ထိုလူငယ်လေးထံမှ မကောင်းဆိုးဝါးစွမ်းအင်အရှိန်အဝါများ ထွက်နေခဲ့ပြီး ရုတ်တရက်ကြည့်ပါက သူမထက်ပင် မကောင်းဆိုးဝါးဝိဉာဉ်ဖြင့် တူနေခဲ့သည်။

သို့သော် သမီးကြီးအား ပို၍ ထိတ်လန့်တုန်လှုပ်သွားစေသည့်အရာမှာ သူမ၏ကိုယ်မှ ယင်စွမ်းအင်တချို့က ယန်ချန်၏ ကိုယ်တွင်းသို့ စီးဝင်နေခဲ့ခြင်းကိုပင်။

သက်ရှိလူသားတစ်ဦးထံမှ ဤမျှ ဆိုးဝါးသည့် မကောင်းမှုစွမ်းအင်အား ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်ဖြစ်သည်။

သူမ အချိန်မဆွဲရဲတော့ပါချေ။ ယင်စွမ်းအင်များ စီးဝင်နေခြင်းကို လျစ်လျှူရှု၍ ယန်ချန်၏ လည်ပင်းအား ဒေါသတကြီး ဆွဲကိုင်ရန်ဟန်ပြင်လိုက်သည်။

သို့သော် သူမ လက်တကမ်းအကွာခန့်သို့အရောက်တွင် ရွှေရောင်ဝင်းနေသော မက်မွန်သားဓားရှည်တစ်ချောင်း သူမထံသို့ ပြေးဝင်လာခဲ့ပြီး လေကိုပိုင်းသည့်အလား ခန္ဓာကိုယ်အား ပိုင်းဖြတ်ပစ်လိုက်သည်။

တောက်ဓမ္မပညာ၏ စွမ်းအင်ဖြင့် သူမ၏ခန္ဓာကိုယ်က နှစ်ပိုင်း ပိုင်းခံလိုက်ရသည်ထိ အမျိုးသမီးတစ္ဆေက နားမလည်နိုင်သေးပါချေ။

ဤမျှ ပြက်ရယ်ပြုချင်စရာကောင်းသော၊ တုံးတိနေသော သစ်သားဓားတစ်ချောင်းက ကုကျစ်စုန့်၏ ဝိဉာဉ်စွမ်းအင်ဖြင့် ပူးပေါင်းလိုက်ချိန်တွင် သူမ၏ခန္ဓာကိုယ်အား တစ်ချက်တည်းဖြင့် ခုတ်ဖြတ်နိုင်ခဲ့သည်။

သူမ၏ခန္ဓာကိုယ်အား သမာဓိမီးတောက်ဖြင့် တိုက်ခိုက်ခံရပြီးနောက် ယန်ချန်အား တိုက်ခိုက်လိုက်ချိန်နှင့် သူမ ခန္ဓာကိုယ်နှစ်ပိုင်း ပိုင်းဖြတ်ခံလိုက်ရချိန်တို့သည် နှစ်စက္ကန့်၊ သုံးစက္ကန့်မျှသာ ကြာမြင့်ခဲ့သည်။

အရာအားလုံးသည်က မျက်စိတစ်မှိတ်၊ လက်ဖျောက်တစ်ချက်သံအတွင်း ပြောင်းလဲသွားခဲ့ရသည်။

ဤလူနှစ်ဦးက ယခုအဖြစ်အပျက်အားလုံးကို ကြိုတင်သိမြင်ထားခဲ့ပြီးနောက် အချိန်ကျပါက အရေးပေါ်တုံ့ပြန်နည်းများအား လုပ်ဆောင်နိုင်ရန်ကြိုတင်လေ့ကျင့်ထားခဲ့ကြသကဲ့သို့ပင်။

ကုကျစ်စုန့်က သူမ ယန်ချန်အား တိုက်ခိုက်မည်ကို တားဆီးရန် အစီအစဉ်လုံးဝမရှိခဲ့ပေ။

အစမှ အဆုံးထိ သူမ၏ဓားသွားကို ဦးတည်ထားသည့်နေရာက အမျိုးသမီးတစ္ဆေကိုသာလျှင် ဖြစ်ခဲ့သည်။

အမျိုးသမီးတစ္ဆေသာ အညံ့ခံခဲ့မည်ဆိုပါက သူမအား ယမမင်းနန်းတော်သို့ ခေါ်ဆောင်သွားပြီးနောက် အပြစ်ဒဏ်ကို ကျခံစေခိုင်းမည်ဖြစ်ပေသည်။

သို့သော် ဤတစ္ဆေသည်က အသိစိတ်နှင့်၊ ဆင်ခြင်တုံတရား ပျောက်ဆုံးသွားပြီဖြစ်ကာ ရက်စက်ကြမ်းကြုတ်မှုများ လွှမ်းမိုးနေသည့် မကောင်းဆိုးဝါးတစ်ကောင်သက်သက်သာဖြစ်လာခဲ့သည်။

ယန်ချန်အပါအဝင် သူမ ဖမ်းဆီးထားသော တောက်ကျန့်များကို ပြန်လွှတ်ပေးရန် ဆန္ဒမရှိခဲ့ပေ။ သူမသာ စွမ်းအားကြီးတစ္ဆေကြီးတစ်ကောင် ဖြစ်လာခဲ့ပြီးနောက် အတားအဆီးကို ဖျက်ဆီးကာ သက်ရှိကမ္ဘာတွင်းသို့ ဝင်ရောက်နိုင်ခဲ့မည်ဆိုပါက ရှောင်မိသားစုကိုသာ သတ်ဖြတ်ပါမည်ဆိုသော သူမ၏ ကတိကို တည်နိုင်လိမ့်မည်ဟု မပြောနိုင်တော့ပေ။

တခြားသက်ရှိများကိုလည်း အန္တရာယ်မပြုဟု အာမခံ၍ မရနိုင်ပေ။

ထိုအချိန်သို့ရောက်လာပါက သူမသည်က လူ့ကမ္ဘာတွင် ပြဿနာရှာရသည်ကို နှစ်သက်လာမည်ဖြစ်ပြီး အားနည်းသော လူသားများ၏ အသက်ကို ပုရွက်ဆိတ်မျှပင် တန်ဖိုးမထားဘဲ ထိန်းချုပ်လာတော့မည်။

သူမက အညံ့ခံ၍ နာခံစွာ မြေအောက်ကမ္ဘာသို့ အပြစ်ဒဏ်ခံယူပါလိမ့်မည်လော?

အမျိုးသမီးတစ္ဆေ အညံ့ခံရန် ငြင်းဆိုလိုက်သည့်အချိန်မှစ၍ ကုကျစ်စုန့်က သစ်သားဓားပေါ်တွင် သက်ရောက်နေသော စွမ်းအင်အား ‘တစ္ဆေသတ်ဖြတ်ခြင်းမန္တာန်’အဖြစ် ပြောင်းလဲလိုက်ပြီဖြစ်သည်။

သို့သော် ယန်ချန်၏ သတ္တိနှင့် ဖြတ်ထိုးဉာဏ်တို့ကြောင့် သူမ အနည်းငယ်အံ့ဩမိသည်။

ကုကျစ်စုန့် ဓားရှည်အား ပြန်လည်ရုတ်သိမ်းလိုက်ပြီးနောက် ဝေါယာဉ်အတွင်း ထိုင်နေသော လူငယ်လေးအား အနည်းငယ် စိတ်သဘောကျစွာ ကြည့်လိုက်မိသည်။

“ရှင် အဆင်ပြေရဲ့လား? ထိခိုက်တာရော ရှိသေးလား?”

ယန်ချန် ခေါင်းကို ခါရမ်းလိုက်ပြီးနောက် သက်ပြင်းချလိုက်မိသည်။

ကြောက်လန့်နေ၍တော့မဟုတ်ပါချေ။ သူ ကုကျစ်စုန့်အား အနှောင့်အယှက်မဖြစ်စေခဲ့သောကြောင့် စိတ်သက်သာရာ ရသွားခြင်းကြောင့်သာဖြစ်သည်။

အမျိုးသမီးတစ္ဆေအား လောင်ကျွမ်းစေခဲ့သည့် သမာဓိမီးတောက်ကျမ်းစာများမှာ သူတို့နှစ်ဦး ထျန်ယွင်ကျေးရွာထဲတွင် ‘အနီရောင်နဲ့ အဖြူရောင်မကောင်းဆိုးဝါးဝိဉာဉ်တွေ ထိပ်တိုက်တွေ့ဆုံခြင်း’ အား ကြုံတွေ့စဉ် ကုကျစ်စုန့်မှ သူ့အား ပေးခဲ့ခြင်းဖြစ်သည်။

ထိုကျမ်းစာသည်က ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ရန်ဖြစ်ပြီး ကုကျစ်စုန့်သာ သူ့အား အချိန်မှီရှာမတွေ့နိုင်ခဲ့ပါလျှင် အသုံးပြုနိုင်ရန်ဖြစ်သည်။

ယန်ချန် လမ်းတစ်လျှောက်လုံး ထွက်ပြေးရန် ကြိုးစားခဲ့သည်။

သို့သော် ထိုမင်္ဂလာဝေါယာဉ်သည်က သံသေတ္တာကြီးတစ်လုံးအလားဖြစ်နေပြီး သူမည်မျှပင် ကန်ကျောက်ရုန်းကန်ပါစေ၊ တုတ်တုတ်မျှ မလှုပ်ခဲ့ပေ။

အပြင်မှ ‘ပျော်ရွှင်ဖွယ်ရာအသုဘပွဲ၏ တစ္ဆေ’သည်လည်း နှာခေါင်းရှုံ့ကာ သူ့အား အချိန်မဖြုန်းရန် ပြောဆိုခဲ့သည်။သူ မြေအောက်ကမ္ဘာသို့ ရောက်ရှိပြီး မကြာမီမှာပင် ကုကျစ်စုန့် ရောက်လာခဲ့သည်။

မင်္ဂလာဝေါယာဉ်အတွင်းမှ အပြင်ဘက်တွင်‌ ပြောဆိုငြင်းခုန်နေကြသည်များကို သူ အတိုင်းသား ကြားနေခဲ့ရသည်။ ထိုအချိန်တွင် သူက လည်ပင်းတွင် ဆွဲထားသော ကျောက်စိမ်းလက်ချောင်းရိုးအား ဖြုတ်၍ သမာဓိမီးတောက် ကျမ်းစာရွက်ဖြင့် ပတ်ကာ လက်ထဲတွင် ဆုတ်ကိုင်ထားခဲ့သည်။

အမျိုးသမီးတစ္ဆေ၏ အသံ ရုတ်တရက် စူးရှလာသည်ကို ကြားလိုက်ရပြီး‌နောက် ကုကျစ်စုန့် သင်ပေးထားသည့် သမာဓိမီးတောက်ကျမ်းစာအား လောင်ကျွမ်းစေသည့် ဂါထာအား စတင်ရွတ်ဆိုနေခဲ့သည်။

ယန်ချန်အနေဖြင့် သူ့ကိုယ်သူ တောက်ဓမ္မပညာများတွင် အရည်အချင်းမရှိဟု ထင်ထားခဲ့သော်လည်း တစ်ကြိမ်တည်းဖြင့် အောင်မြင်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သမာဓိကျမ်းစာမှ မီးတောက်စတင်တောက်လောင်လာချိန်တွင် မင်္ဂလာဝေါယာဉ်၏ လိုက်ကာများသည်လည်း အေးစက်သည့် ယင်စွမ်းအင်ကြောင့် ပွင့်သွားခဲ့ရသည်။

အမျိုးသမီးတစ္ဆေ၏ ဒေါသကြီးပြီး သွေးကဲ့သို့ နီရဲနေသော မျက်လုံးများကို မြင်လိုက်ရပြီးနောက် လက်ထဲမှ မီးတောက်ကျမ်းစာအား သူမထံ တန်းတန်းမတ်မတ် ပစ်ပေါက်ခဲ့သည်။

ကျမ်းစာတွင်းမှ ကျောက်စိမ်းလက်ချောင်းရိုးကြောင့် အမျိုးသမီးတစ္ဆေက ခေတ္တရပ်သွားခဲ့ပြီး သူသည်လည်း အမျိုးသမီးတစ္ဆေ၏ မကောင်းမှုစွမ်းအင်များကို စုပ်ယူနိုင်ခဲ့သည်။

ယန်ချန် မျက်လုံးဖွင့်ကာ ခေါင်းမော့ကြည့်လိုက်သည်။

“မင်းရဲ့ ကျေးဇူးကြောင့်ပါ..”

သူ၏စကားပင် မဆုံးသေး။ အက်ကွဲသော ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

All Chapters