← Chapters

အခန်း (၃၉၀)

Vol. 39 Ch. 390

အခန်း (၃၉၀)

Vol. 39 Ch. 390

အမျိုးသမီးတစ္ဆေမှာ ဒေါသအမုန်းတရားများ နက်ရှိုင်းလွန်းသောကြောင့် နှစ်ပိုင်းပြတ်သွားသော်လည်း ဝိဉာဉ်အစွမ်းက ဖြည်းညှင်းစွာသာ အငွေ့ပျံနေခဲ့သည်။

အမျိုးသမီးတစ္ဆေလည်း ခန္ဓာကိုယ်တစ်ပိုင်းကို စတေးလိုက်ပြီးနောက် ယခုတွင် ကျန်ရစ်နေသော ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အစိုင်အခဲဖြစ်တည်အောင်လုပာဆောင်နေခဲ့သည်။

သူမ ကုကျစ်စုန့်အား စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။

“နင်က ဒီကောင်လေးကို မကောင်းဆိုးဝါးဝိဉာဉ်လက်ကနေ ကာကွယ်ပေးဖို့ စဉ်းတောင် မစဉ်းစားခဲ့ဘူးပဲ ၊ နင့်အတွက်တော့ သူသေသေ၊ ရှင်ရှင် ဂရုမစိုက်ဘူးမဟုတ်လား”

ခေတ္တရပ်တန့်လိုက်ပြီးနောက် သူမ ဆက်ပြောသေးသည်။

“နင့်လက်ထဲမှာ ရှုံးခဲ့တာကို ဝန်ခံပါတယ်။ ဒါပေမယ့် နင့်လိုမျိုး သွေးအေးပြီး သနားစိတ်မရှိ၊ ခံစားချက်မရှိတဲ့ မိန်းမမျိုးက ဘယ်တော့မှ အချစ်စစ်ကို ရှာတွေ့မှာမဟုတ်ဘူး!”

သူမက တစစီ ကွဲကြေခါနီးအချိန်မှာပင် ကုကျစ်စုန့်အား နာမည်ဖျက်ရန် ကြံစည်နေခဲ့သည်။

ကုကျစ်စုန့်ကတော့ အနည်းငယ်မျှပင် ဂရုမစိုက်ပေ။ သမီးကြီးပြောသည့်စကားမှာလည်း အမှားမဟုတ်ပါချေ။

သူမသည်က ယန်ချန်နှင့် ရင်းနှီးသည့်ဆက်ဆံရေးမဟုတ်သော်လည်း ယခင်က သူငယ်ချင်းနှင့် သူမတို့ကြားက ဆက်ဆံရေးကြောင့် သူ့ကို ဂရုစိုက်ပေးနေခဲ့သည်။

ထိုဂရုစိုက်မှုသည်က သူမ၏ ဦးတည်ချက်နှင့် ထိပ်တိုက်ဖြစ်လာပါက သူမ၏ ရည်ရွယ်ချက်ကိုသာ အရင်ဆုံးဦးစားပေးမည်ဖြစ်ပေသည်။

ဥပမာဆိုရပါက မကြာမီအချိန်တွင် သူမအနေဖြင့် ယန်ချန်အား ကာကွယ်ပေးနိုင်လိမ့်မည်ဟု ၁၀၀ရာခိုင်နှုန်း အာမမခံနိုင်ခဲ့ပေ။

တစ်ဖက်လူသည်က သက်ရှိခန္ဓာကိုယ်ဖြစ်ကာ အင်မတန်လည်း အားနည်းနေခဲ့သည်။ သူသာလျှင် အားကောင်းသော မကောင်းဆိုးဝါးဝိဉာဉ်၏ တိုက်ခိုက်ခြင်းခံရပါက အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။

သို့သော် သူမ၏ ဓားအား ယန်ချန်ကို ကာကွယ်ရန်အတွက် ဦးစားပေးခဲ့ပါလျှင် သူမသည်က အလိုလိုပင် ခံစစ်နေရာမှ ဖြစ်သွားမည်ဖြစ်သည်။

ထိုသို့ဖြစ်သွားပါက အလွယ်တကူ ထောင်ချောက်မိကာ တန်ပြန်တိုက်ခိုက်ခံရနိုင်သည်။

ကုကျစ်စုန့် မည်သည့်အချိန်တွင်မျှ ခံစစ်ပြင်ဆင်မည်မဟုတ်သောကြောင့် အစမှ အဆုံးထိ သူမ၏ ရည်ရွယ်ချက်သည် တစ်ခုတည်းသာလျှင် ဖြစ်ခဲ့သည်။

တစ်ချက်တည်းဖြင့် သုတ်သင်ရန်ပင်။

အမျိုးသမီးတစ္ဆေသာ ပျောက်ကွယ်သွားခဲ့ပါလျှင် သက်ရှိကမ္ဘာနှင့် ယန်ချန်တို့အား ခြိမ်းခြောက်နေသည့် အန္တရာယ်သည်လည်း လုံးဝ ပျောက်ကွယ်သွားမည်ဖြစ်သည်။

အကယ်၍ သူဒဏ်ရာရသွားခဲ့လျှင်လည်း ပြန်လည်သက်သာလာအောင် ကုသပေးနိုင်သည်ဟု သူမ ယုံကြည်မှုရှိသည်။

ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်တွင် သူမက မကောင်းဆိုးဝါးဝိဉာဉ်အား နေရာတွင်သာ အပြီးရှင်းလင်းရန် ဆုံးဖြတ်လိုက်ပြီးသည်။

ရှောင်မိန်းကလေး မပျောက်ကွယ်မီ သူမအား တိုက်ခိုက်နေသည့်စကားများကိုလည်း ခေါင်းထဲပင်မထည့်ခဲ့ပေ။

သူမက ခန္ဓာကိုယ်တစ်ပိုင်းသာ ကျန်ရစ်သော အမျိုးသမီးတစ္ဆေထံသို့ လျှောက်သွားခဲ့ပြီးနောက်‌ တည်ငြိမ်စွာ ကြည့်လိုက်သည်။

“ကျွန်မရဲ့စိတ်နှလုံးသားက လမ်းကြောင်းမှန်ကိုပဲ ဦးတည်နေတယ်၊ ဒါကလည်း ကျောက်တုံးလိုပဲ မာကျောပြီး အလွယ်တကူ ပျက်စီးမှာမဟုတ်ဘူး”

စကားလုံးအနည်းငယ်ဖြင့် သူမအား တိုက်ခိုက်နိုင်မည်မဟုတ်ပေ။

“ရှင့်ရဲ့ အပြစ်တွေက တရားမျှတမှုမရှိဘူး. ဒါပေမယ့် တစ်ခုတော့ ကတိပေးတယ် ရှင့်ဘဝကို ဖျက်ဆီးခဲ့တဲ့ ရှောင်မိသားစုလည်း သေချာပေါက် အပြစ်ဒဏ်ခံစေရမယ်”

“ရှင့်ရဲ့မျက်လုံးတွေ နောက်ဆုံးအကြိမ်မမှိတ်ခင်မှာ ရှင့်ကြောင့် သွေးမြေကျခဲ့ရတဲ့ အပြစ်မဲ့ရွာသူရွာသားတွေအပေါ် အားနာစိတ်၊ အပြစ်ရှိစိတ်တို့နဲ့ နောင်တရသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

အမျိုးသမီးတစ္ဆေ ပြန်လည်မတုံ့ပြန်နိုင်မီ၊ အသက်ချမ်းသာပေးရန် မတောင်းဆိုနိုင်မီမှာပင် ကုကျစ်စု့န် ဓားကိုမြှောက်ကာ ဝိဉာဉ်၏ လည်ပင်းအား တိခနဲ ဖြတ်ချလိုက်သည်။

ပြန့်ကြဲသွားသော ဝိဉာဉ်စွမ်းအင်များ မြေအောက်ကမ္ဘာတွင် ပျောက်ကွယ်သွားချိန်တွင် ကုကျစ်စုန့်က သူမဦးခေါင်းပေါ်မှ စတင်ပြောင်းလဲနေပြီဖြစ်သော ယင်နှင့်ယန်ဝင်ပေါက်ကို လှမ်းကြည့်လိုက်သည်။

‘ပြောင်းပြန်ဖြစ်နေသော မြေအောက်ကမ္ဘာ’အား ဖြစ်ပေါ်စေသည့် စွမ်းအားကြီး မကောင်းဆိုးဝါး သမီးကြီး ပျောက်ကွယ်သွားပြီဖြစ်သောကြောင့် ယင်ဖွဲ့စည်းပုံ၏ အဓိက ဗဟိုချက်လည်း ပျောက်ကွယ်သွားခဲ့သည်။

ယင်နှင့် ယန်တို့သည်က နေရာအမှန်သို့ ပြန်ပြောင်းတော့မည်ဖြစ်ပြီး နေရာနှစ်ခုအား ဆက်သွယ်ထားသည့် အဝင်ပေါက်မှာလည်း တဖန်ပြန်၍ ပိတ်သွားတော့မည်ဖြစ်သည်။

ကုကျစ်စုန့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

သူမ၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အရိပ်တစ်ခုပေါ်လာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးအား ခြုံငုံထားနိုင်သော ရွှေရောင်စက်ဝိုင်းတစ်ခု ‌ပေါ်လာခဲ့သည်။

ထိုအရာသည်က သူမ၏ ဝိဉာဉ်စွမ်းအင်ဖြစ်ပြီး သူမ၏ ဝိဉာဉ်က သက်ရှိခန္ဓာကိုယ်မှ ထွက်လာခဲ့ခြင်းပင်။

ခန္ဓာကိုယ်၊ မျက်နှာပုံစံတို့မှာ တစ်ပုံစံတည်းဖြစ်သော်လည်း သက်ရှိခန္ဓာကိုယ်နှင့် ပူးပေါင်းနေစဉ်အချိန်က စွမ်းအားဖြင့် အနည်းမျှပင်မသက်ဆိုင်ပေ။

ဝိဉာဉ်က ခန္ဓာကိုယ်မှ ထွက်ခွာလာသောကြောင့် သူမ၏ ‘မြေကမ္ဘာမသေမျိုး’အဆင့် ဝိဉာဉ်စွမ်းအင်အား အပြည့်အဝ ဖြန့်ကျက် အသုံးပြုနိုင်သည်။ထိုစွမ်းအင်အား နေရာအနှံ့ဖြန့်ကျက်လိုက်စေပြီးနောက်တွင် အနီးအနားမှ ထောင်ပေါင်းများစွာသော သရဲတစ္ဆေများမှာလည်း အားကောင်းသည့် ဖိအားတစ်ခုအား ခံစားလိုက်ရသည်။

ကုကျစ်စုန့်၏ ဝိဉာဉ်က မျက်လုံးပွင့်ဟလာခဲ့ပြီးနောက် တောက်ဓမ္မစွမ်းအင်ဖြင့် အထူးပြုလုပ်ထားသော သူမ၏ အသံက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့သည်။

“သက်ရှိကမ္ဘာပေါ်မှာ ရှိနေသေးတဲ့ ဝိဉာဉ်တစ္ဆေများအားလုံး မြေအောက်ကမ္ဘာကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ဝင်လာခဲ့ကြပါ၊ ထျန်ယွင်ကျေးရွာရဲ့ အပြင်မှာ ကျွန်မ သတ်ဖြတ်ခြင်းဖွဲ့စည်းပုံတွေ ပြင်ဆင်ထားခဲ့တယ် ယင်-ယန် ဆက်သွယ်ရေးလမ်းကြောင်း အလုံးစုံ ပိတ်သွားတာနဲ့ သတ်ဖြတ်ခြင်း ဖွဲ့စည်းပုံလည်း အသက်ဝင်လိမ့်မယ်”

“ရွာထဲမှာ ကြောက်လို့ ပုန်းနေတာပဲဖြစ်ဖြစ်၊ မကောင်းတဲ့အကြံအစည်တစ်ခုနဲ့ နေတာပဲဖြစ်ဖြစ် ဘယ်သူမဆို အကုန် သုတ်သင်ရှင်းလင်းခံရလိမ့်မယ်”

ထိုအသံသည်က သရဲ၊တစ္ဆေတိုင်း၏ နားထဲသို့ ရောက်သွားခဲ့သည်။

သရဲအများစုမှာ အသံတွင်းမှ အမှန်တရား၊ စွမ်းအင်တို့ကို ခံစားမိသောကြောင့် စကားကို နာခံစွာဖြင့် မြေအောက်ကမ္ဘာတွင်းသို့ ဝင်ပေါက်မှတဆင့် ပြန်လည်ဝင်ရောက်လာခဲ့ကြသည်။

ကိုယ့်အစွမ်းကို အထင်ကြီးနေကြသူများ၊ ကုကျစ်စုန့်က သူတို့အား လိမ်နေသည်ဟု ထင်နေကြသူများလည်း ရှိကြသည်။

ထိုသရဲတစ္ဆေများမှာတော့ ခေါင်းမာစွာဖြင့် ထျန်ယွင်ကျေးရွာ၏ ထောင့်အကြိုအကြားများတွင် ပုန်းဝှက်နေခဲ့ကြသည်။

မြေအောက်ကမ္ဘာသို့ ဝင်ပေါက် လုံးဝပိတ်သွားချိန်တွင် မိနစ်ဝက်ခန့် မည်သည့်လှုပ်ရှားမှုမျိုးမှ မရှိခဲ့ပေ။

ထို့ကြောင့် သရဲတစ္ဆေများသည်လည်း စိတ်ထဲတွင် ကြိတ်ပြုံးလိုက်ကြပြီးနောက် အတားအဆီးမရှိတော့သည့် ရွာအပြင်သို့ ပျော်ပျော်ကြီး ထွက်လာခဲ့ကြသည်။

ရွာထဲမှ လမ်းမကြီးပေါ်သို့ ရောက်သည်နှင့်တပြိုင်နက် သူတို့၏ ဝိဉာဉ်များမှာ လေမှုတ်ခံလိုက်ရသည့် ပြာမှုန်လေးများကဲ့သို့ လွင့်စင်သွားခဲ့သည်။

အသံတစ်ခုမှပင်မထွက်လိုက်ပါချေ။

သရဲတစ္ဆေများက ဖွဲ့စည်းပုံ၏ အားကောင်းသော စွမ်းအင်၏ တိုက်ခိုက်သုတ်သင်ခြင်းခံလိုက်ရသည်။

မြေအောက်ကမ္ဘာမှ သရဲတစ္ဆေများသည်လည်း စွမ်းအားကြီးသည့်အမျိုးသမီးတစ္ဆေက ကုကျစ်စုန့်လက်တွင် သုံးပိုင်း ပိုင်းခံလိုက်ရသည်ကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသည်။

သရဲတစ္ဆေအများစု၏ ရင်ထဲမှ အချစ်များသည် လေးစားခြင်း၊ ဂုဏ်ယူခြင်းတို့နှင့်အတူ ကုကျစ်စုန့်၏ စွမ်းအင်ကို ခံစားရပြီးနောက် ကြောက်ရွံ့မှုတို့ပါ ယှဉ်တွဲလာခဲ့သည်။

ခန္ဓာနှင့် ဝိဉာဉ်ပြန်လည်ပေါင်းစပ်ပြီးဖြစ်သော ကုကျစ်စုန့်၏ ကိုယ်တွင် မပျောက်ကွယ်သေးသော စွမ်းအင်အကြွင်းအကျန်များ ကျန်ရစ်နေခဲ့သည်။

အနီးအနားမှ သရဲတစ္ဆေများအား လှမ်းကြည့်လိုက်ချိန်တွင် သရဲများအားလုံး ကြောက်လန့်စွာ စကားဆိုလာကြသည်။

“စုန့်စုန့်၊ ငါတို့က လူတွေကို မစားပါဘူးနော်”

“စုန့်စုန့် ပြန်လာခဲ့လို့ ပြောတဲ့အသံကို ကြားလိုက်ရတာနဲ့ ငါ ချက်ချင်း မြေအောက်ကမ္ဘာကို ပြန်လာခဲ့တာပါ၊ စည်းမျဉ်းစည်းကမ်းတွေကို အားလုံး လိုက်နာပါတယ်!”

ကုကျစ်စုန့်: “???”

“ရှင်တို့တွေက သက်ရှိကမ္ဘာကို ဒုက္ခမဖြစ်စေဘူး လူတွေကိုလည်း အန္တရာယ်မပြုဘူးဆိုရင် ရှင်တို့ကို ကျွန်မ ဘာမှမလုပ်ပါဘူး”

သူမသည်က သရဲတစ္ဆေများအား အကြောင်းအရင်းမရှိဘဲ သတ်ဖြတ်တတ်သူမဟုတ်သောကြောင့် သူမအား ကြောက်လန့်နေရန် မလိုပါချေ။

“ခုနက သရဲမ ပြန်ပေးဆွဲထားတဲ့ တောက်ကျန့်ဂိုဏ်းက လူတွေရော? သူတို့တွေ မြေအောက်ကမ္ဘာမှ ပုန်းနေကြတာဖြစ်မယ်”

မေးခွန်းတစ်ခုသာ ဖြစ်သော်လည်း ကုကျစ်စုန့်အနေဖြင့် ပျောက်ဆုံးနေသော လူများက မြေအောက်ကမ္ဘာတွင် ရှိနေကြောင်း သေချာနေခဲ့သည်။

သရဲများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီးနောက် သူတို့ထဲမှ တစ်ယောက်က လေပေါ်မျောကာ ရှေ့တိုးလာခဲ့သည်။

“တမန်တော်၊ သက်ရှိကမ္ဘာက တောက်ကျန့်တွေက ငရဲရဲ့ ဝင်ပေါက်မှာရှိပါတယ်၊ ဒါပေမယ့် အဲ့လူတွေအကုန်လုံး အခြေအနေက သိပ်မကောင်းဘူး…”

ကုကျစ်စုန့်: “လမ်းညွှန်ပေးပါ”

ထိုအချိန်တွင် သူမ၏နောက်မှ စကားတစ်ခွန်းမဟ၊ အသာတကြည်လိုက်လာခဲ့သော ယန်ချန် ရုတ်တရက် သူမအား ခေါ်လိုက်သည်။

“စုန့်စုန့်”

ကုကျစ်စုန့် ခေါင်းကိုလှည့်လိုက်ပြီး ကြည့်လိုက်ချိန်တွင် ယန်ချန်၏ မျက်နှာက အနည်းငယ် လေးနက်နေခဲ့သည်။

“မင်း လုပ်ခဲ့တာတွေက အရမ်းတော်တယ်”

ကုကျစ်စုန့် ရုတ်တရက် ကြက်သေ,သေသွားပြီး နားမလည်နိုင်ဖြစ်နေသောကြောင့် ယန်ချန် ဖြည်းညင်းစွာ ဆက်ပြောလိုက်သည်။

“မင်းရဲ့ မျက်နှာမှာ ထုတ်မပြပေမဲ့ မင်းက ဒုက္ခရောက်နေတဲ့ လူတွေကို ပစ်မထားဘူး၊ မင်းက တကယ့်ကို အကောင်းဆုံးပါပဲ”

“မင်းမှာ ကိုယ်နဲ့ တခြားလူတွေကို ကယ်တင်ပေးဖို့ တာဝန်မရှိဘူး၊ ဒါပေမဲ့ ရောက်လာပြီး လူတွေကို ကယ်ပေးခဲ့တယ်

လူတွေအများကြီးက မင်းကို ကျေးဇူးတင်ပြီး မင်းကို သဘောကျကြတယ်၊ မင်းမှာ တကယ့်ကို လေးနက်ပြီး ဖြူစင်တဲ့ အချစ်စစ်ကို တွေ့နိုင်မယ်လို့လည်း ကိုယ်ယုံတယ်”

“စုန့်စုန့်က တောက်ဓမ္မလမ်းစဉ်ကိုလည်း အောင်မြင်ပြီး မင်းလိုချင်တဲ့အရာကို သေချာပေါက်ရနိုင်လိမ့်မယ်”

ကုကျစ်စုန့် မျက်ခုံးတစ်ဖက်ကို ပင့်မ,လိုက်မိသည်။ ယန်ချန်မှ ထိုစကားများအား အမှန်တကယ်လေးနက်စွာ ပြောလာလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။သူ၏ စကားဆုံးပြီးနောက် တဖြည်းဖြည်း ရှက်သွေးဖြာကာ နီမြန်းလာသည့် လူငယ်လေး၏ မျက်နှာကို ကြည့်ပြီးနောက် သူမ ပြုံးလိုက်မိသည်။

“သေချာတာပေါ့”

သူမအနေဖြင့် ယန်ချန်အပေါ်တွင် ထားရှိသည့် အာရုံစူးစိုက်မှုအဆင့်သည် အနည်းငယ်မြင့်လာခဲ့ပြီဖြစ်သည်။

*

All Chapters