← Chapters

အခန်း (၁၀၄၆-၁၀၅၀)

Vol. 60 Ch. 1046-1050

အခန်း (၁၀၄၆-၁၀၅၀)

Vol. 60 Ch. 1046-1050

အခန်း(၁၀၄၆)

မြေပြင်သည် ကြီးမားသော နဂါးသွေးကြောကိုးခုနှင့် ဆက်သွယ်ယ်နေသည့် အိမ်ဖြစ်ပြီး ဗဟိုပြင်ကျယ်တစ်ခုလုံး၏ မဟာထန်ကို ကိုယ်စားပြုသည်။ နတ်နယ်မြေ၏ နှစ်တစ်ထောင် ကံကြမ္မာကသာ ရုတ်တရက် အပြောင်းအရွှေ့ ဖြစ်သွားခဲ့လျှင် နဂါးသွေးကြောက လှုပ်ရှားသွားပြီး မြေပြင်အတွင်းမှ နဂါးတစ်ကောင် ခုန်ထွက်လာသလို မြင်ကွင်းမျိုးက ပေါ်ထွက်လာတတ်သည်။ ထိုနဂါးသည် ရောက်လာမည့် ကပ်ဘေးတိုင်းကို အာရုံခံနိုင်သည်။ နာကျင်စွာ ဟိန်းဟောက်သော အသံဟာ အလားတူသော ဖြစ်ရပ်တစ်ခုဖြစ်သည့် နတ်နယ်မြေတွင် အပြောင်းအလဲတစ်ခု ဖြစ်တော့မည်။ ကြောက်စရာကောင်းလွန်းသည့် ကပ်ဘေးကြီး ဆင်းသက်တော့မည်ဆိုသော ကြီးမားသည့် အပြောင်းအလဲကြီးကို ဖော်ညွှန်းလေသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ။ နတ်နယ်မြေက ကပ်ဘေးကို ရင်ဆိုင်ရမယ်။ နတ်နယ်မြေက ကပ်ဘေးကို ရင်ဆိုင်ရမယ်။ ငါ ငါဆရာ ငါဆရာသခင်တွေကို အကြောင်းကြားမှဖြစ်မယ်။ မဟာထန်ရဲ့ အင်ပါယာ ကလန်တစ်ခုလုံးကို အမြန်ဆုံး အကြောင်းကြားရမယ်”

ထိုအကြီးအကဲ၏ နှလုံးသားက အေးစိမ့်သွားသည်။ သူ၏ခန္ဓာကိုယ်က ယမ်းခါသွားရင်း နွားထီးပေါ်မှ ကလေးငယ်လေးကို ကောက်ပွေ့လျှက် အလျှင်အမြန် ပျောက်ကွယ်သွားလေသည်။

....

စီရင်စုနယ်မြေ ကိုးခုလုံး၏ နဂါးသွေးကြောများကသာ ရောက်လာမည့် အန္တရာယ်ကို အာရုံခံမိခြင်းမဟုတ်ချေ။ ထိုညတွင် မဟာထန်၊ တော်ဝင်နန်းတွင်း အတွင်းရှိ အင်ပါယာ တော်ဝင်နက္ခဗေဒပညာရှင်များ စုဝေးရာ အဖွဲ့အစည်းဌာနချုပ် တစ်နေရာတွင်... ခမ်းနားထည်ဝါသော တာအိုဘုန်းတော်ကြီးတစ်ပါး၏ ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြယ်တာရာကြည့်ရှု့ခြင်း စင်မြင့်ပေါ်တွင် အမူအရာမဲ့စွာ ထိုင်နေသည့် တာအိုဘုန်းတော်ကြီးတစ်ယောက်က အာကာသပြင် တစ်ခုလုံးနှင့် ပေါင်းစပ်နေပုံပေါ်သည်။

ထိုအကြီးအကဲ၏ ဆံပင်များက ဖွေးစွတ်နေသည်။ သူဟာ လျို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကိုလည်း လွှတ်ထုတ်လာသေးသည်။ သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ပင်အပ်တမျှ သေးငယ်လွန်းသည့် ကြယ်စင်လေးများက လွင့်မျောနေသလို ပုံသဏ္ဍနမျိုးက ပေါ်ထွက်နေလေပြီး ထိုအကြီးအကဲ၏ ပုံရိပ်ကို ပို၍ပင် ခမ်းနားထည်ဝါကာ လျို့ဝှက်ဆန်းကြယ်သွားစေသည်။ ဂရုတစိုက်သာ ကြည့်လိုက်မည်ဆိုလျှင် ထိုအလင်းများအားလုံးက အထက်ကောင်းကင်တွင်ရှိသော ကြယ်စင်များအတိုင်း လျို့ဝှက်နက်နဲလွန်းသော အဆင့်မြင့်သည့် ပုံသဏ္ဍန်မျိုးနှင့်အတူ လည်ပတ်နေကြောင်း မြင်ရပေလိမ့်မည်။

ထိုလူအိုကြီးသည် အမူအရာမဲ့စွာ ထိုင်နေရင်း တဖြည်းဖြည်း ကျောက်သားအဖြစ် ပြောင်းလဲသွားပုံပေါ်သည်။

ဘုန်း

ရုတ်တရက် လေပြင်းက ဖြတ်တိုက်သွားသည်။ အကြီးအကဲ၏ ခန္ဓာကိုယ်က ယမ်းခါသွားပြီး မမြင်ရသော အားတစ်ခု၏ အရိုက်ခံလိုက်ရသလို ဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်မှ ကြယ်တာရာ အလင်းများကလည်း မှေးမှိန်ကာ မှိတ်တုပ်မှိတ်တုပ်ဖြစ်လာသည်။ အချို့ဆိုလျှင် တိုက်ခတ်သွားသော လေအောက်တွင် တိုက်ရိုက်ပြုတ်ကျပြီး ပျောက်ကွယ်သွားကြသည်။

“ကောင်းကင်ဘုံက ပြောင်းလဲသွားပြီ။ ကြယ်စင်တွေကလည်း ရွေ့ကုန်ပြီ။ ကြယ်စင်တွေက ကစဉ့်ကလျားတောင် ဖြစ်ကုန်တယ်။ ဘယ်လိုကြောင့်လဲ။ ဘယ်လိုဖြစ်နိုင်မှာလဲ”

ကြယ်စင်ကြည့်ရှု့ခြင်း စင်မြင့်ပေါ်မှ ထိုအကြီးအကဲ၏ မျက်လုံးများက မှေးကျဉ်းသွားပြီး ကောင်းကင်ပေါ်သို့မော့ကာ မယုံကြည်နိုင်သော မျက်နှာထားမျိုးနှင့်ကြည့်သည်။ ထိုအကြီးအကဲ၏ အကြည့်လားရာသို့ လိုက်လံကြည့်ရှု့လိုက်မည်ဆိုလျှင် အထက်ကောင်းကင်ရှိ ကြယ်စင်များက အနည်းငယ် ပုံစံမကျသော ပုံစံမျိုးနှင့် ပေါ်ထွက်လာကြောင်း မြင်ရမည်ဖြစ်သည်။ သို့သော် ထိုအကြီးအကဲကမူ ပုံမှန်ထက်ပို၍ များစွာမြင်နိုင်ပုံပေါ်သည်။

“ကျစ်ဝေ့ကြယ်စင်က ရွေ့သွားတယ်။ ထိုက်ယွမ်ကြယ်ကလည်း ရွေ့သွားတယ်... ကောင်းကင်ဘုံရဲ့ ကြယ်စင်တွေအားလုံးက မှေးမှိန်သွားပြီ။ ဒါက ဒါက နတ်နယ်မြေမှာ ကစဥ့်ကလျားဖြစ်လာမယ်ဆိုတဲ့ လက္ခဏာပဲ။ စီရင်စုကိုးခုလုံးကို ကပ်ဘေးကြီးစိုက်တော့မယ်”

အဘိုးကြီး၏ မုတ်ဆိတ်မွှေးက တုန်ခါသွားသည်။

“ဒီကစဉ့်ကလျားဖြစ်ရပ်တွေ အားလုံးရဲ့လားရာက ဘယ်နေရာလဲဆိုတာကို ကြည့်ရအောင်”

ထိုအကြီးအကဲက ခန္ဓာကိုယ်ကို တဖြောင့်တည်းဖြစ်အောင် မတ်လိုက်ပြီး သူ၏ညာလက်ဖြင့် ဂါထာတစ်ခုကို စတင်ကာ ပုံဖော်အသက်သွင်းသည်။ ထိုအချိန်အတောအတွင်းတွင် သူ၏ဘယ်လက်မှ လက်ချောင်းလေးများကလည်း ကိုယ်ပိုင်အသက်ရှိနေသလိုမျိုး အလိုလိုဆက်တိုက် လှုပ်ရှားနေလေပြီး မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် တစ်စုံတစ်ရာကို တွက်ချက်လေသည်။

ဝုန်း

တွက်ချက်မှုအလယ်တွင် သူ၏ကိုယ်အတွင်းမှ ခမ်းနားထည်ဝါသော စွမ်းအားတစ်ရပ်က ဖောင်းကြွလာသည်။ ကြယ်စင်ကြည့်ရှု့ခြင်း စင်မြင့်တစ်ခုလုံးက ကြီးမားသော နက္ခတာရာရှု့ခင်းကြီး တစ်ခုအဖြစ် ပေါ်ပေါက်လာပြီး အလွန်အမင်း အစစ်အမှန်ဆန်လွန်းသည့် သတ္ထုအလင်းရောင်များအဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်ထဲတွင်ပင် ညကောင်းကင်အတွင်းရှိ ကြယ်စင်များအားလုံးက အကြီးအကဲ၏ ကိုယ်ကို ဝိုင်းပတ်လာပြီး ပုံမှန်အရှိန်နှုန်းထက် အဆတစ်ရာခန့်မြန်သော အရှိန်နှုန်းနှင့် ဂြိုလ်ပတ်လမ်းအတိုင်း လာကြလေသည်။

အကြီးအကဲ၏ မျက်ခုံးဖြူများက တွန့်သွားသည်။ မျက်ခွံများကလည်း ကျဆင်းသွားပြီး ပါးစပ်က တစ်စုံတစ်ရာကို ဆက်တိုက်ရွတ်နေသည်။ သူဟာ နက္ခဗေဒများကို တွက်ချက်မှုအတွင်း နစ်မြောသွားပုံပေါ်သည်။

အချိန်တစ်ခုခန့်ကြာပြီးနောက် ပုံရိပ်ယောင်မြင်ကွင်းများ အားလုံးက ပျောက်ကွယ်သွားသည်။ အကြီးအကဲ၏ မျက်လုံးကလည်း ပြန်ပွင့်လာသည်။ သူ၏တောက်ပသော မျက်ဝန်းက အနောက်မြောက်ပိုင်း ရှိရာဘက်သို့လှမ်းကြည့်သည်။

ကောင်းကင်ရှိ ကြယ်စင်များက ပုံမှန်အတိုင်းဖြစ်သွားသည်။ သို့သော် အကြီးအကဲ၏ အကြည့်ကမူ ကောင်းကင်ပြင်တစ်ခုလုံးကို ထိုးဖောက်ပြီး အနောက်ဘက်အကျဆုံး အပိုင်းတွင် ခိုင်မြဲစွာရပ်နေသည့် ကြီးမားသည့် ကြယ်တစ်ပွင့်ကို မြင်လိုက်ပုံပေါ်သည်။

“တာလာ့”

အကြီးအကဲ၏ လက်ချောင်းများက ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏စိတ်အတွင်း ထိုအတွေးကသာကျန်သည်။

ဘယ်လို... အဲ့ဒီနေရာက မြို့တော်နဲ့ ဒီလောက်တောင်ဝေးနေတာ...

အကြီးအကဲ၏စိတ်က ရုတ်တရက် တောင့်ခဲသွားသည်။ သို့သော်သူက ခပ်မြန်မြန် အသိပြန်ဝင်လာပြီး တွက်ချက်မှုများကို ပြန်လုပ်ကြည့်သည်။

“ကောင်းရှန်းကျစ်... ဝမ်ချောင်... အာရေးဗီးယား...”

အကြီးအကဲ၏စိတ်အတွင်း မရေမတွက်နိုင်သည့် အတွေးပေါင်းများစွာနှင့် ပုံရိပ်ပေါင်းများစွာက ဖြတ်ပြေးသွားသည်။ အကြီးအကဲက တာဝန်ပြီးမြောက်သွားသည့် အချိန်တွင် သူ၏ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သွေးအပြင်အန်ထုတ်လိုက်ရသည်။

“မကောင်းတော့ဘူး တာလာ့မှာ အခက်အခဲတွေ ရှိနေတယ်။ ဒီစစ်ပွဲက မဟာထန်ရဲ့ နှစ်တစ်ထောင်စာ ကံကြမ္မာတစ်ခုလုံးကို လွှမ်းမိုးလာလိမ့်မယ်။ ဒါတွေအားလုံးကြောင့် ကပ်ဘေးရဲ့ မူလဇစ်မြစ်ဖြစ်နေတာပဲ။ ငါဒီအကြောင်းအရာကို အရှင်မင်းကြီးကို အတက်နိုင်ဆုံး အကြောင်းကြားရမယ်။ မဟာထန်ကတော့ ဒုက္ခရောက်တော့မယ်”

အကြီးအကဲ၏ မုတ်ဆိတ်မွှေးများက သွေးများဖြင့် စိုရွှဲနေသည်။ သို့သော်သူက သန့်ရှင်းရေးလုပ်ရန် အချိန်မရှိဘဲ ထိုစင်မြင့်မှ ခပ်မြန်မြန် ပြေးဆင်းပြီး အင်ပါယာနန်းတွင်း အတွင်းခုံရုံးဘက်သို့ အပြေးအလွှားသွားလေသည်။

.....

ဗဟိုပြင်ကျယ်အနှံ့ အလားတူထူးဆန်းသော မြင်ကွင်းပေါင်းများစွာက အမျိုးမျိုးသော ပုံစံမျိုးနှင့် ဖြစ်လာပြီး သူတို့အားလုံးကလည်း အင်ပါယာနန်းတွင်းသို့ တင်ပြကြသည်။ သို့သော် သတင်းများအားလုံးက ဖိနှိပ်ခံရသည်။ ညအချိန်တွင် အင်ပါယာနန်းတွင်း၏ မြို့ဂိတ်ကို ကျော်ဖြတ်သွားသည့် စစ်မြင်းတစ်ကောင်က နက်ရှိုင်းသော အပိုင်းအတွင်းသို့ ဝင်ရောက်သွားသည်။ အင်ပါယာနန်းတွင်း အတွင်းတွင် စစ်မြင်းစီးနင်းခြင်းကို တားမြစ်ထားသည်။ သို့သော် ထုံလော့တောင်ပေါ်မြင်း၏ ထည်ဝါသော သူရဲကောင်းဆန်မှုနှင့် သူသယ်လာသော ရွှေရောင်နဂါးတံဆိပ်ကြောင့် ခေါင်းမာစွာနှင့် နန်းတွင်းဂိတ်တိုင်းကို ဖွင့်ခိုင်းနိုင်သည်။ အင်ပါယာမြို့တော်တွင် သူတစ်ယောက်တည်းကသာ ထိုတံဆိပ်ကိုပိုင်သည်။

ထုံလော့ရဲ့မဟာဗိုလ်ချုပ် အပုစစ်

ထုံလော့မှ လူများသည် သက်တမ်း နှစ်တစ်ရာကျော်ခန့်ဆက်တိုက် အင်ပါယာမျိုးဆက်ကို ခစားလာကြပြီး စိတ်ရင်းနှစ်မြုပ်ကာ သစ္စာရှိခဲ့ကြသည်။ ထိုသစ္စာရှိမှုနှင့် သူတို့၏ မှင်သက်ဖွယ်ကောင်းသော တိုက်ပွဲနယ်မြေမှ မှတ်တမ်းများကြောင့်လည်း ထုံလော့မှခေါင်းဆောင် အပုစစ်သည် တော်ဝင်နန်းတွင်း အတွင်းတွင် လွတ်လပ်စွာ မြင်းစီးနိုင်စေသော ခွင့်ပြုချက်ကို ကိုယ်စားပြုသည့် တံဆိပ်ပြားကို ရထားခြင်းဖြစ်သည်။ တော်ဝင်မိသားစုမှ ကလေးများပင် မပျော်မွှေ့နိုင်သော အခွင့်ထူးခံလည်းဖြစ်သည်။

ထိုအခိုက်အတန့်တွင် အပုစစ်က နန်းတွင်းတစ်ခုလုံးကို တောက်လျှောက် ကျော်ဖြတ်ပြီး အလွန်ခမ်းနားထည်ဝါလွန်းလျှက် မဟာထန်တစ်ခုလုံး၏ အချက်အချာအာဏာကို ကိုယ်စားပြုသည့် ဗဟိုနေရာသို့ရောက်သွားသည်။

“အရှင့်ရဲ့နိမ့်ကျတဲ့အစေခံ အပုစစ်က သူတော်စင်ဧကရာဇ်ကို ဂါရဝပြုပါတယ်။ သူတော်စင်ဧကရာဇ်မှာ ဘယ်လိုအမိန့်မျိုးများ ရှိပါသလဲ။ ဒီနိမ့်ကျတဲ့အစေခံက မီးတောင်ကို ကျော်ဖြတ်ရရင်တောင်မှ ပြီးမြောက်အောင် ဆောင်ရွက်သွားမှာပါ”

အပုစစ်က မြင်းပေါ်မှဆင်းသည်။ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်နင်းပြီးနောက် ခန်းမ၏အရှေ့တွင် ဒူးထောက်ချလိုက်သည်။ အပုစစ်၏မျက်နှာထားက အလွန်အမင်း တည်ငြိမ်နေသည်။ သူ၏ရွှေရောင်နဂါးတံဆိပ်ပြားကို ပိုင်ဆိုင်ထားသောကြောင့် သူဟာ ညလယ်ခေါင်တွင်ပင် တော်ဝင်နန်းတွင်းအတွင်း မြင်းကိုစီးနင်းလျှက် ဖြတ်သန်းသွားနိုင်ကြောင်း သိထားကြသည်။ သို့သော် ထုံလော့မှလူများကသာ ထိုတံဆိပ်ကိုသုံးကာ ထွက်သွားရလျှင် အလွန်အမင်း အရေးကြီးသည့် ကိစ္စရှိလာကြောင့် သိပေလိမ့်မည်။

တံဆိပ်ပြားက ဂုဏ်အဆင့်အတန်းကို ကိုယ်စားမပြုဘဲ တာဝန်ဝတ္တရားကိုသာ ကိုယ်စားပြုသည်။ ထုံလော့မှလူများ၏ တော်ဝင်မိသားစုအပေါ် သစ္စာရှိမှု၊ သူတို့နှစ်ပေါင်းများစွာကတည်းက ဆန္ဒပြုခဲ့သည့် ကတိသစ္စာကို လိုက်ပါလုပ်ဆောင်ရမည့် တာဝန်ဝတ္တရားတစ်ခုဖြစ်ကြောင်း နားလည်နေကြသည်။

ခန်းမက အချိန်တစ်ခုကြာ တိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် အထက်မှအသံထွက်လာသည်။

“အပုစစ် ကျန်း မင်းကိုခိုင်းချင်တဲ့တာဝန်က အရမ်းအရေးကြီးတယ်”

“အရှင်မင်းကြီး ကျေးဇူးပြုပြီး အမိန့်သာပေးလိုက်ပါ”

အပုစစ်၏ အမူအရာကလည်း လေးနက်သွားလေပြီး သူဟာခေါင်းကို မြေကြီးနှင့်ကပ်လိုက်သည်။

“ထုံလော့ရဲ့ မြင်းတပ်ခြောက်ထောင်က တာလာ့ကို ချက်ချင်းထွက်ခွာရမယ်”

သူတော်စင်ဧကရာဇ်၏ နက်နဲသိမ်မွေ့လွန်းသော အသံက ခန်းမတစ်ခုလုံးအနှံ့ ရွေ့လာသည်။

အပုစစ်၏မျက်လုံးက မှေးကျဉ်းသွားသည်။ ထုံလော့ဟာ နှစ်တစ်ရာကျော်ကြာအောင် တော်ဝင်မိသားစုကို ခစားခဲ့သည်။ သူတို့ဟာ မြို့တော်မှ ထွက်ခဲသည်။ သူတို့ဟာ အစောင့်များအဖြစ်သာ သီးသန့်ခစားခဲ့ကြသည်။ သို့သော် အပုမူစလင်ကလည်း သူတော်စင်ဧကရာဇ်၏ စကားလုံးများနှင့် ပတ်သတ်ပြီး သံသယမဝင်ချေ။

“အရှင့်ရဲ့နိမ့်ကျတဲ့ အရာရှိက အမိန့်ကိုလက်ခံပါတယ်။ ဒီနိမ့်ကျတဲ့အရာရှိက ထုံလော့ရဲ့ မြင်းတပ်နဲ့အတူ မြင်းစီးပြီး အနောက်မြောက်ပိုင်းကိုသွားလို့ အာရပ်တွေကို ခုခံတဲ့နေရာမှာ အရှင်ကောင်းကို ကူညီပေးလိုက်ပါ့မယ်”

လူတိုင်းကလည်း တာလာ့မှ အခြေအနေကိုသိသည်။ အပုစစ်အနေနှင့် ဝမ်ချောင်နှင့် ရန်စရှိပြီး ယခင်မတော်တဆမှုက ကြေအေး၍မရနိုင်သည့် အခိုက်အတန့်ထိ ရောက်ရှိဖူးသည့်တိုင်အောင် အပုစစ်အနေနှင့် သူတော်စင်ဧကရာဇ်၏ အမိန့်ကို ဘယ်သောအခါမှ ဖီဆန်လိမ့်မည်မဟုတ်ချေ။ သူက ဝမ်ချောင်ကို ကူညီရခြင်းပင်ဖြစ်စေ၊ အခြားတစ်ယောက်ကို ကူညီရခြင်းပင်ဖြစ်စေ ထုံလော့များကလည်း တော်ဝင်မိသားစုအတွက် အတက်နိုင်ဆုံး ကြိုးစားထမ်းဆောင်ပါ့မည်ဆိုပြီး သစ္စာပြုထားပြီးသားဖြစ်သည်။

“အဲ့ဒီလောက်ထိ မလိုပါဘူး။ ကျန်းကမင်းကို ထုံလော့ရဲ့မြင်းတပ် ခြောက်ထောင်ကိုပဲ ကျန်းအစား သွားပို့ပေးစေလိုတာ”

သူတော်စင်ဧကရာဇ်၏ ခမ်းနားထည်ဝါသောအသံက ခန်းမအနှံ့ ဖုံးလွှမ်းသွားသည်။

“အာ”

အပုစစ်က သူ၏ခေါင်းကို အံ့အားတကြီး မော့ကြည့်လိုက်သည်။ သူတော်စင်ဧကရာဇ်က သူ့ကို ထိုမြင်းတပ်ကိုသာ လိုက်ပို့ခိုင်းမည်ဟု မထင်ထားမိချေ။

“သွား”

သူတော်စင်ဧကရာဇ်၏ အသံက ထပ်ထွက်လာသည်။

ဝုန်း

အင်ပါယာနန်းတွင်း တစ်ခုလုံးက ရုတ်ချည်းတုန်ခါသွားသည်။ အပုစစ်က တစ်ချက်ကြည့်လိုက်မိသောအခါ ခန်းမ၏ အတွင်းတံခါးများအတွင်းမှ သံချပ်ကာခြေထောက်တစ်ဖက် ရုတ်ချည်းထွက်လာခြင်းဖြစ်ကြောင်း မြင်နိုင်သည်။ ထိုသံချပ်ကာ ခြေထောက်ကြီးက အလွန်ကြီးသည်။ ခပ်ထူထူသံချပ်ကာကြီးကို ဝတ်ထားသော ထိုအစောင့်က သူ့ကိုမကောင်းဆိုးဝါးတစ်ကောင်ဟု ထင်ရစေသည်။ သူ၏အရွယ်အစားက မည်သည့်အစောင့်ထက်မဆို အနည်းဆုံး သုံးဆခန့် ကြီးမားနေလေသည်။

သူ၏မျက်နှာတွင်လည်း မကောင်းဆိုးဝါးလိုမျိုး အကျည်းတန်သည့် သတ္ထုမျက်နှာဖုံးကြီးက ရှိနေသည်။

နန်းတွင်းတွင် ခစားခဲ့သည့် နှစ်များတွင် အပုစစ်အနေဖြင့် ထိုအစောင့်အကြောင်း မကြားဖူးချေ။ သူ၏ကိုယ်ထည်တစ်ခုလုံးက အပုစစ်၏ ကျင့်ကြံခြင်းအဆင့်ကပင် လက်လှမ်းမမှီနိုင်သည့် နက်နဲလွန်းသော အမှောင်စွမ်းအင်များကို လွှတ်ထုတ်ထားသည်။ သို့သော် အပုစစ်ကို ပို၍အံ့ဩစေပြီး လှုံ့ဆော်ပေးနိုင်သည်မှာ ထိုကြီးမားသည့် အစောင့်ကြီး၏လက်ထဲတွင် ကိုင်ထားသည့် အလံဖြစ်သည်။

အလံ၏ရိုးတံက သာမာန်လူနှစ်ယောက်၏ အရပ်ခန့်အထိ မြင့်ပြီး လက်ကောက်ဝတ်တမျှ တုတ်ခိုင်လေသည်။ နက်ရှိုင်းသော ပင်လယ်ပြင်မှ ရွှမ်သတ္ထုသားကို အမည်မသိရသော သတ္ထုတစ်မျိုးဖြင့် ရောထားပြီး လုပ်ထားပုံရသည်။ သို့သော် မှင်သက်ဖွယ်ကောင်းသည်မှာ အလံကိုယ်တိုင်ဖြစ်သည်။ ထိုအလံက အနက်ပေါ်မှအနီဖြစ်ပြီး ထိုအနီရောင်ဟာလည်း သွေးတစ်စက်စက်ကျနေသလိုမျိုး ရဲရဲတောက်နေသည်။ ထိုအလံသည် စုတ်ဖြဲခံထားရပြီး အိုဟောင်းနေသည်။ သို့သော် အလွန်အမင်း ရှေးကျသည့်ပုံကို လွှတ်ထုတ်နေသေးပြန်သည်။

မယုံနိုင်စရာကောင်းသော အချက်ကမူ အပုစစ်အနေနှင့် ထိုအလံအတွင်းမှ စီးဆင်းနေသည့် သန့်စင်ကာ အကြမ်းပတမ်းဆန်သည့် ကြယ်တာရာစွမ်းအင်များကို ခံစားမိနေခြင်းဖြစ်သည်။ ထိုကြယ်တာရာစွမ်းအင်၏ ဝိသေသလက္ခဏာများအရ အပုစစ်ကဲ့သို့ အင်ပါယာမဟာဗိုလ်ချုပ်ကြီးကိုပင် နိမ့်ကျသလို ခံစားမိစေသည်။

“ဒါက...”

ရုတ်တရက် အပုစစ်၏ ခေါင်းအတွင်း အတွေးတစ်ချက်ကဝင်လာသည်။ သူ၏ပါးစပ်က အဟောင်းသားဖြစ်သွားသည်။ သို့သော် သူက ဘာစကားမှမဆိုတော့ဘဲ ခပ်မြန်မြန် ခေါင်းကိုငုံ့လိုက်သည်။

အရှင်မင်းကြီးက ဒီစစ်အလံကိုတောင် ထုတ်လာမယ်လို့မထင်ထားဘူး။

ထိုအခိုက်အတန့်တွင် အပုစစ်၏စိတ်က ဝရုန်းသုန်းကားဖြစ်ကာ မုန်တိုင်းထန်သွားလေသည်။

.....

ခြိမ်း

နာရီအနည်းငယ်ကြာပြီးနောက် ထုံလော့မှမြင်းတပ်ခြောက်ထောင်ဟာ ပထမဦးဆုံးအကြိမ်အနေနှင့် မြို့တော်မှထွက်ခွာသည်။ အပုစစ်ကိုယ်တိုင်က ဦးဆောင်နေပြီး ထိုသံချပ်ကာအပြည့် ဝတ်ဆင်ထားသော ထိုအနက်ရောင် အစောင့်ကို အဝေးရှိတာလာ့သို့ လိုက်ပါပို့ဆောင်နေသည်။

.....

ထုံလော့မှ မြင်းတပ်ခြောက်ထောင်က ချီရှီသို့ ထွက်ခွာနေချိန်တွင် အင်ပါယာ၏ မြောက်ပိုင်းနယ်မြေ၊ ဝေးကွာသော အနောက်ပိုင်းတူရကီ မြေပြန့်လွင့်ပြင်တွင်လည်း စစ်ရနံ့က လှိုင်လှိုင်ထနေသည်။

“အသင့်ပြင်”

မြက်ခင်းလွင်ပြင်ဒေသတစ်ခုလုံးကို တောက်ပသည့် အသံတစ်ခုက လွှမ်းခြုံထားသည်။ မြေပြင်တွင် ပေ့ထင်ကာကွယ်ရေးစစ်တပ်မှ စစ်သည်သောင်းကျော်က ရှည်လျားသော လူသားနံရံကြီးအဖြစ် စီတန်းလျှက် ရှိနေသည်။ ရှည်လျားသော နံရံကြီးထဲတွင် လှံသမားများ၊ ဒိုင်းကာသမားများ၊ ခြေလျှင်တပ်များ၊ ပုဆိန်သမားများ၊ လေးသည်တော်များနှင့် မြင်းတပ်ပမာဏပေါင်း မြောက်များစွာ ပါဝင်လေသည်။

ထိုမြင်းတပ်အဖွဲ့ဝင်တိုင်းက တိုက်ပွဲဝင် ဝင်္ကပါအတွင်းသို့ ဝင်ရောက်ထားကြသည်။ ထို့ကြောင့် အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။

သူတို့နဲ့ မျက်နှာချင်းဆိုင်တွင် ရှိနေသည်မှာ အနောက်ပိုင်းတူရကီ၏ မြောက်များလှစွာသော မြင်းတပ် အဖွဲ့ဝင်များဖြစ်သည်။ ထိုမြင်းတပ်အဖွဲ့ဝင်များ အားလုံးကလည်း ဆေဘာဓားများကို ဓားအိမ်ထဲမှထုတ်ပြီး သူတို့၏အရှေ့မှ ပေ့ထင်ကာကွယ်ရေးစစ်တပ်ကို သတ်ဖြတ်လိုစိတ်အပြည့်နှင့် ကြည့်ကြသည်။

လေထုက တောင့်တင်းလွန်းပြီး တိုက်ပွဲက တဖြည်းဖြည်း ချဉ်းကပ်လာပုံပေါ်သည်။ နောက်ဆုံးတွင်...

ဘုန်း

ခရာမှုတ်သံက စူးရှစွာ ထွက်ပေါ်လာပြီးနောက် အနောက်ပိုင်းတူရကီ မြင်းတပ်သောင်းကျော်ကလည်း မြို့ဂိတ်ကို ရေစီးလာသလိုမျိုး ခုန်ထွက်လာလေသည်။

အခန်း(၁၀၄၇)

“အားလုံးကိုသတ်”

“နွားကျောင်းသားတွေသတ်”

“မြက်ခင်းလွင်ပြင်ဒေသက တူရကီတွေအပိုင်ပဲ ဖြစ်ခဲ့တာ။ မင်းတို့က တိုက်ခိုက်ချင်မှတော့လည်း ငါတို့က ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

အော်ဟစ်ကျုံးဝါးသံများက ကောင်းကင်ကိုပင် လှုပ်ခါနိုင်လောက်သည်။ အနောက်ပိုင်းတူရကီ ခါကာနိတ်များနှင့် ပေ့ထင်ကာကွယ်ရေးစစ်တပ်တို့သည် အမြဲတစေ ထိပ်တိုက်ရင်ဆိုင်နေကြရသည်။ သူတို့ဟာ နေ့တိုင်းလိုလို တိုက်ခိုက်သော်လည်း မည်သည့်စစ်ပွဲကမှ အလွန်ပြင်းထန်ခဲ့ခြင်းမရှိချေ။

သို့သော် ဒီတစ်ကြိမ်တွင်မူ ပေ့ထင်ကာကွယ်ရေးစစ်တပ်က ရှားပါးစွာပင် သူတို့၏ အခြေစိုက်စခန်း ဌာနချုပ်မှ ထွက်လာခဲ့ပြီး တူရကီမြက်ခင်းလွင်ပြင်ဒေသ အနက်ရှိုင်းဆုံးအပိုင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ စစ်သည်တစ်သိန်းသာပါသော အင်အားစုလေးနှင့် သူတို့ဟာ မြက်ခင်းလွင်ပြင်ဒေသ၏ မြေဩဇာအကောင်းဆုံးသော နေရာများကို ဖျက်ဆီးခဲ့သည့်အပြင် စားကျက်မြေများကို ဖျက်ဆီးပြီး ရေပိုက်များအားလုံးကိုလည်း ဖောက်ခဲ့သည်။ သူတို့က ထိုနေရာကို ဖျက်ဆီးရဲလေသည်။

အာရှာဘာရာခါကန်းကပင် အန်းစစ်ရွှန်း၏ အကြမ်းပတမ်းဆန်ပြီး ရည်မှန်းချက်ကြီးလွန်းသော အပြုအမူကြောင့် ဒေါသထွက်သွားရသည်။ သူဟာ အနောက်ပိုင်းတူရကီ ခါကာနိတ်၏ တောင်ပိုင်းဒေသတွင် အခြေစိုက်ထားသော တူရကီစစ်တပ်ကို အောက်သို့ဆင်းပြီး အန်းစစ်ရွှန်းကို သုတ်သင်ခိုင်းလေသည်။

အာဝူး....

အနောက်ပိုင်းတူရကီ မြင်းတပ်၏ တစ်ပိုင်းက ပေ့ထင်ကာကွယ်ရေး စစ်တပ်ဘက်သို့ ချီတက်လာနေချိန်တွင် အခြားသောတစ်ပိုင်းကမူ နှစ်ခြမ်းကွဲသွားပြီး နောက်တန်းသို့ ဖောက်ဝင်ကာ တိုက်ခိုက်ရန်ကြိုးစားသည်။ ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်၏ နောက်တန်းကို အထိနာအောင် လုပ်မည်ဖြစ်သည်။

ထိုနည်းလမ်းဟာ အနောက်ပိုင်းတူရကီ ခါကာနိတ်များ၏ ဂန္ဓဝင်ဗျူဟာဖြစ်သည်။ ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်ကသာ မြက်ခင်းလွင်ပြင်ဒေသအတွင်းသို့ နက်ရှိုင်းသည်အထိ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်ရဲလျှင် တူရကီများကလည်း သူတို့ကို နောက်တန်းမှ တိုက်ခိုက်ရန် အခြေအနေ ပေးသွားလေပြီ။

“သတ်”

တိုတောင်းသော ကာလအတောအတွင်း အနောက်ပိုင်းတူရကီ ခါကာနိတ်စစ်တပ်က ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်၏ ခုခံရေးအားလှိုင်းကို ကြီးမားသော လှိုင်းလုံးကြီးဖြင့် ရိုက်ခတ်လိုက်သလိုမျိုး ဖြိုလဲလိုက်သည်။ မြေပြင်က တုန်ခါသွားပြီး ကောင်းကင်ကလည်း တစ်ချက် ထိပ်တိုက်ရင်ဆိုင်ပြီးရုံနှင့် ရောင်စဉ်ပျောက်ဆုံးသွားသည်။ မရေမတွက်နိုင်သော ထန်ခြေလျှင်တပ်ပေါင်း များစွာက လေထဲသို့ လွင့်ထွက်သွားကြသည်။

သို့သော် ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ စစ်သည်တော်များက ချက်ချင်းလိုလို တုန့်ပြန်နိုင်ကြသည်။ ပုဆိန်သမားများ၊ လှံသမားများ၊ လေးသည်တော်များနှင့် မြင်းတပ်အဖွဲ့ဝင်များ အားလုံးက ရှေ့သို့အတင်းအကြပ် ချီတက်လာကြသည်။ လေထုကပင် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်နေရပုံပေါ်ပြီး စစ်သည်တော်များ တိုက်ပွဲဝင်နေသည်နှင့်အမျှ သံမဏိချင်း ထိခတ်သံများက တချွင်ချွင်မြည်နေသည်။

“အန်းစစ်ရွှန်း မင်းကဘဝင်မြင့်နေတာပဲ။ မင်းဘယ်လိုကြောင့်များ မင်းရဲ့စစ်သည်တစ်သိန်းလောက်နဲ့ ငါ့ရဲ့ လက်ရွေးစင်မြင်းတပ် တစ်သိန်းရှစ်သောင်းကို ရှုံးနိမ့်အောင် လုပ်နိုင်မှာလဲ”

တူရကီမြင်းတပ် နောက်တန်းမှ ထိုးထွက်နေသော တောင်တစ်တောင်လိုမျိုး အရပ်ရှည်မြင့်မားကာ ခန္ဓာကိုယ်ထွားကြိုင်းသည့် ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။ သူ၏မျက်ဝန်းက စူးရှသောအလင်းဖြင့် ပေါက်ကွဲနေလေပြီး သူ၏လှုပ်ရှားသော အပြုအမူတိုင်းဟာလည်း ကြောက်ရွံ့လေးစားဖွယ်ကောင်းသော ခွန်အားများနှင့် ပေါင်းစပ်နေလေသည်။ သူ၏ကြီးမားသည့် အရှိန်အဝါက မည်သူ့ကိုမဆို မွန်းကြပ်သွားအောင် လုပ်နိုင်ရန် လုံလောက်နေလေသည်။

စန်းမီမဟာဗိုလ်ချုပ်

ထိုလူသည် အနောက်ပိုင်းတူရကီ ခါကာနိတ်၏ အင်အားအကြီးဆုံး ဗိုလ်ချုပ် သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သူ၏အကြည့်က စူးရှပြီးခက်ထန်သည်။ သူ၏အဆင့်အတန်းက တုဝူစစ်လီထက် မနိမ့်ပေ။ တုဝူစစ်လီက တာလာ့တွင် တိုက်ခိုက်ရန် အနောက်မြောက်ပိုင်းသို့ စေလွှတ်ခံရချိန်တွင် စန်းမီမဟာဗိုလ်ချုပ် ကျို့တုဖူလော့ဟာ အက်ရှာဘာရာခါကန်း၏ အမိန့်နှင့် တောင်ပိုင်းနယ်မြေတွင် အခြေစိုက်ထားရာမှ ထွက်ခွာလာပြီး အန်းစစ်ရွှန်း၏ အမိန့်အောက်မှ ထန်စစ်တပ်ကို လာရောက်ကိုင်တွယ်ရခြင်းဖြစ်သည်။

ကျို့တုဖူလော့က အန်းစစ်ရွှန်းနှင့် ပထမဦးဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ဖူးခြင်းလည်း မဟုတ်ပေ။ ထိုနှစ်ယောက်ဟာ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလွန်းနေပြီးသားဖြစ်သည်။ အန်းစစ်ရွှန်းကဲ့သို့ မဟာဗိုလ်ချုပ်တစ်ယောက်က မည်သည့်အတွက်ကြောင့် ရုတ်တရက် ဌာနချုပ်က ထွက်ခွာပြီး ထိုမျှအထိ ရင်းလျှက် မြက်ခင်းလွင်ပြင် ဒေသအတွင်းသို့ ဝင်ရောက်လာကြောင်း နားမလည်နိုင်သော်လည်း ယခုလိုပြောင်မြောက်သည့် တစ်ဖက်စစ်တပ်တစ်ခုလုံးကို အပြောင်ရှင်းနိုင်သော အခွင့်အရေးကိုမူ သူက လျစ်လျူမရှု့နိုင်ပေ။

ပို၍ဆိုးသည်မှာ ကျို့တုဖူလော့ဟာလည်း ကြိုတင်ကာ ကင်းထောက်များ စေလွှတ်ထားပြီးသားဖြစ်ပြီး အန်းစစ်ရွှန်းတွင် တပ်ကူမရှိကြောင်း အတည်ပြုထားနိုင်သည်။ ထိုအတွက်ကြောင့် တစ်ဖက်သူဟာ ကိုယ့်ကိုယ်ကို လာရောက်အသေခံခြင်းနှင့် မခြားတော့ချေ။

ဘန်း

အဝေးတွင် အနောက်ပိုင်းတူရကီခါကာနိတ်မှ မြင်းတပ်များက ပေ့ထင်ကာကွယ်ရေးစစ်တပ်နှင့် သူတို့၏ ပြသသွားသော အရေအတွက်ကို အားယူကာ အလဲထိုးဖြိုခွဲတော့မည့် အချိန်တွင် လေထုအတွင်း ဗုံသံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ နောက်တန်းမှ တစ်စုံတစ်ရာကို ကြိတ်ချေလိုက်သလို နင်းချေခံရသံများကလည်း ထွက်လာသည်။ ကျို့တုဖူလော့က တုန့်ပြန်လိုက်နိုင်သည့် အချိန်တွင် အော်သံများကို ကြားလိုက်ရသည်။ မည်းနက်နေသည့် ကြီးမားသော တစ်စုံတစ်ရာက လေထုကို ထိုးခွဲလျှက် ဖြတ်သန်းလာသည်။ ထိုသို့ဖြင့် တူရကီမြင်းတပ်အဖွဲ့ဝင် ခုနှစ်ယောက်ခန့်၏ ရင်ဘက်ကို တိုက်ရိုက် တဖြောင့်တည်း ထိုးဖောက်သွားလေရာ သူတို့၏မြင်းများပေါ်တွင် သွေးရေတံခွန်ကို တောက်လျှောက် စီးကျသွားစေလေသည်။

“မဟာထန်ရဲ့လက်နက်ကြီး”

ကျို့တုဖူလော့က မှင်သက်သွားသည်။ သူဟာ အခြေအနေကို နားလည်လိုက်၏။ ချက်ချင်းဆိုသလိုပင် မကောင်းသောခံစားချက်ကို ရလိုက်ပြီဖြစ်သည်။

သူဟာလည်း အန်းစစ်ရွှန်းဟာ သူ၏နောက်တန်းတွင် လက်နက်ကြီးပေါင်းများစွာ သယ်လာခြင်းမရှိကြောင်း ဂရုတစိုက် စစ်ဆေးခဲ့ပြီးသားဖြစ်သည်။ သူ၏စစ်သားများကလည်း ဘယ်သောအခါကမှ ထိုမျှတိကျစွာ ပစ်ခတ်နိုင်ရိုးထုံးစံမရှိခဲ့ဖူးချေ။ ယခုပုံစံက ပေ့ထင်ကာကွယ်စောင့်ရှောက်ရေးစစ်တပ် ပုံစံမဟုတ်ချေ။ သို့သော် ကျို့တုဖူလော့က ပို၍သာ မှင်သက်သွားရသည်။

အကြောင်းမူကား ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်၏ အလယ်ဗဟိုနေရာတွင် ရိက္ခာရထားလုံးများဟု ယူဆရသော ထိုရထားလုံးက ရုတ်တရက် အုပ်ထားသော အဝတ်များအားလုံးကို ဖယ်ခွာလိုက်သည့် အခိုက်အတန့်တွင် အောက်တွင်ရှိနေရမည့် ရိက္ခာအိတ်နှင့် စားစရာအိတ်များအစား မဟာထန်တွင် ကျော်ကြားလွန်းသည့် စစ်စက်ကြီးဖြစ်သည့် လက်နက်ကြီးကို မြင်လိုက်ရခြင်းဖြစ်သည်။

“ပစ်”

ထိုလက်နက်ကြီးများ၏ အလယ်ဗဟိုနေရာတွင် နေရာယူထားသော ငယ်ရွယ်သော ဗိုလ်ချုပ်က သူ၏ဝု့စ်သံမဏိဓားကို အောက်သို့ လွှဲယမ်းချလိုက်သည်။ ထန်လက်နက်ကြီးငါးထောင်က တိုက်ရိုက်ပင် တစ်ပြိုင်တည်းလှုပ်ရှားသည်။ ထန်လက်နက်ကြီးငါးထောင်လုံး၏ လက်နက်များအားလုံးက လေထုကို ဟိန်းဟောက်လျှက် ထိုးဖောက်ဝင်ရောက်သွားသည်။ အနောက်ပိုင်းတူရကီမြင်းတပ် တစ်သိန်းရှစ်သောင်းက တောင့်တင်းကာ ရပ်တန့်သွားသလို အရှိန်ကပင် ရပ်တန့်သွားသည်ဟု ထင်ရသည်။ သူတို့အားလုံး၏ နှလုံးသားကပင် ခဲသွားသည်။

ဘုန်း ဘုန်း ဘုန်း

တစ်သုတ်ပစ်ခတ်လိုက်ရုံနှင့် အနောက်ပိုင်းတူရကီ မြင်းတပ်မှ အဖွဲ့ဝင်တစ်သောင်းကျော် လဲကျသွားသည်။ ထိုလက်နက်ကြီး စစ်သည်တော်များက အလွန်အမင်း တိကျစွာ ပစ်ခတ်နိုင်ကြသည်။ သူတို့ဟာ အနောက်ပိုင်းတူရကီမြင်းတပ် အများဆုံးစုစည်းနေသည့် နေရာသို့ တိုက်ရိုက် ပစ်ထည့်လိုက်သည်။ တစ်ချက်က အနည်းဆုံး သုံးယောက်ကို ထိမှန်သည်။ ထိုသို့ဖြင့် အတော်ဆုံးသော လူများကပင် ပေါင်းပင်များကဲ့သို့ လဲပြိုကျရသည်။

ဟီး ဟီး ဟီး ဟီး

အနောက်ပိုင်းတူရကီမြင်းတပ်အဖွဲ့ဝင် နှစ်သောင်းနီးပါးက စစ်မြင်းများပေါ်မှ ပြုတ်ကျသည်။ တိုက်ပွဲနယ်မြေတစ်ခုလုံးက ခြောက်ခြားစွာ တိတ်ဆိတ်သွားလျှက် အနောက်ပိုင်းတူရကီမြင်းတပ် အဖွဲ့ဝင်များက အံ့အားတကြီးမှင်သက်ကာ စိုက်ကြည့်နေကြမိသည်။ သူတို့အားလုံး၏ အသက်ရှုမှုကပင် ရပ်တန့်သွားလေသည်။

“ပစ်”

လူတိုင်းက လက်နက်ကြီးများ၏ အရှိန်အဝါကြောင့် မှင်သက်နေကြချိန်တွင် လေးစားဖွယ်ကောင်းသော အရှိန်အဝါအပြည့်နှင့် ထိုငယ်ရွယ်သောဗိုလ်ချုပ်က နောက်ထပ်တစ်သုတ် ထပ်ပစ်ရန် ချက်ချင်းလိုလို အမိန့်ပေးလာသည်။ ကျယ်လောင်သော တဝုန်းဝုန်းအသံများနှင့်အတူ နောက်ထပ်လက်နက် ငါးထောင်ခန့်က အနောက်ပိုင်းတူရကီ မြင်းတပ်အဖွဲ့ဝင်များအတွင်းသို့ သေမင်း၏ မြက်ရိတ်ဓား တစ်ချက်ရိတ်သိမ်းလိုက်သလိုမျိုး တိုးဝင်သွားလေသည်။

“အားလုံးကိုသတ်”

တူရကီမြင်းတပ် အဖွဲ့ဝင်အချို့က ထိုလက်နက်ကြီးစစ်တပ်ထံ ချီတက်ရန် ကြိုးစားကြသည်။ သို့သော် အနီးသို့ပင် မကပ်နိုင်သေးခင် သေဆုံးခြင်း မိုးစက်များအောက်တွင် ဖြတ်တောက်ခံရလေသည်။ မည်သည့် တူရကီမြင်းတပ် အဖွဲ့ဝင်ကမှ မည်သည့်နေရာကမှန်းမသိ ပေါ်လာသော လက်နက်ကြီးစစ်တပ်ကို မမှီနိုင်ကြချေ။

“နောက်ဆုတ် နောက်ဆုတ်”

ကျို့တုဖူလော့က စိုးရိမ်တကြီးအော်သည်။ သို့သော် သူ၏လေသံထဲတွင် အံ့အားသင့်မှုနှင့် ဒေါသများက ပြည့်နှက်နေသည်။

ထိုလက်နက်ကြီးစစ်သားများ၏ ဝတ်စုံမှတစ်ဆင့် သူဟာ မှတ်မိလိုက်သည်။ တုဝူစစ်လီက အက်ရှာဘာရာခါကန်းကို စာပို့လာချိန်ကလည်း မဟာထန်တွင် လက်နက်ကြီးအဖွဲ့ အသစ်တစ်မျိုး ပေါ်လာကြောင့် ထည့်ပြောထားသည်။ ထိုအဖွဲ့က လက်နက်များကို အလွန်မြန်ဆန်စွာ ပစ်လွှတ်နိုင်သည်။ ထို့ပြင် အလွန်အမင်း တိကျ၏။ ကြောက်စရာကောင်းသော အရှိန်အဝါကိုလည်း ပိုင်ဆိုင်ထားသည်။

“ဒါက ချီရှီကအဖွဲ့ဖြစ်မယ်”

တုဝူစစ်လီပြောသော တာလာ့တွင်ပေါ်လာသည့် မဟာထန်၏ လက်နက်ကြီးစစ်တပ်က မည်သည့်နေရာတွင်မှ ပေါ်မလာခဲ့ဖူးသေးချေ။ ထိုသတင်းဟာ မည်မျှတိကျပြီး ပို၍အင်အားကြီးမားကာ ပို၍ကြီးမားထည်ဝါသည့် လက်နက်ကြီးက တာလာ့တွင် ပေါ်လာခြင်းဟုတ်မဟုတ် မသိနိုင်သည့်တိုင်အောင် ယခုရှေ့တွင် ပေါ်လာသော ထိုလက်နက်ကြီးတပ်ဖွဲ့ကမူ အလွန်အမင်း အင်အားကြီးမားနေသည်။ ကျို့တုဖူလော့ကလည်း ယာယီချီရှီကာကွယ်ရေးဗိုလ်ချုပ် တစ်ယောက်ဖြစ်သည့် ဝမ်ချောင်နှင့် ဆက်သွယ်နေလောက်သည်ဟု ရှင်းပြရန်ခက်ခဲလောက်အောင် တွေးတောမိသွားသည်။

“အားလုံးပဲ နောက်ဆုတ်ကြစမ်း”

ကျို့တုဖူလော့၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကျယ်လောင်သည့် အသံကြီးက တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ဟိန်းထွက်သွားသည်။ သူ၏အသံက ကောင်းကင်ထိတိုင် ပဲ့တင်ထပ်သွားသေးသည်။ ကျို့တုဖူလော့က ရှေ့သို့ ချီတက်နေပြီဖြစ်သည်။ သူဟာ ထန်စစ်တပ်အတွင်းသို့ သိန်းငှက်တစ်ကောင် သုတ်ချီရန် ဆင်းသက်လာသလိုမျိုး ခုန်ဝင်သွားသည်။

ဝုန်း

သူ၏ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် ကြယ်တာရာစွမ်းအင်များက မြွေအကောင်တစ်သောင်းလိုမျိုး ပေါက်ကွဲလျှက် ရှိနေသည်။ ဖြတ်ကနဲဆိုသလို ထိုကြယ်တာရာစွမ်းအင်များ အားလုံးက နေမင်းထက်ပင် မှင်သက်ဖွယ်ကောင်းသော အလင်းမျိုးကိုထုတ်လွှတ်လျှက် ပေါက်ကွဲသွားသည်။ အဝေးမှသာကြည့်မည်ဆိုလျှင် ကျို့တုဖူလော့ဟာ ကြီးမားသော ဥက္ကာပျံကြီးတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီဟု ထင်ရလောက်သည်။ သူ့ကိုဝိုင်းနေသော အလင်းက တောက်ပလွန်းသဖြင့် သူ၏ခန္ဓာကိုယ်ကို မမြင်ရတော့ချေ။ ပို၍ဆိုးသည်မှာ ကျို့တုဖူလော့၏ ကိုယ်အတွင်းမှ မြင့်တက်လာသော စွမ်းအင်များက အကြိမ်ဆယ်ဆမက အင်အားကြီးမားလာသည်။ ထို့ကြောင့် လူတိုင်းဟာလည်း သူတို့၏ ခေါင်းပေါ်သို့ ကပ်ဘေးက ဖိကပ်ထားသလိုမျိုး ခံစားရသည်။

ဥက္ကာပျံစစ်တပ်မှူး

ထိုသိုင်းသည် ကျို့တုဖူလော့၏ အကျော်ကြားဆုံးသော သိုင်းများထဲမှ တစ်ခုဖြစ်သည်။ သူ၏ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် ဒုက္ခပေးနိုင်သည့်အပြင် ထိုကြယ်တာရာစွမ်းအင်၏ ထူးခြားသော သဘောသဘာဝကလည်း နာမည်ကြီးသည်။ ကျို့တုဖူလော့က ကောင်းကင်မှ ဥက္ကာပျံတစ်စင်း ထိုးဖောက်ဆင်းသက်လာသလိုမျိုး ခုန်ဆင်းနိုင်စွမ်းအားရှိသည်။ ထိုအခြေအနေမျိုးနှင့် ရန်သူစစ်တပ်အတွင်းသို့ ကြောက်မက်ဖွယ်ကောင်းသော ဖောက်ခွဲအားကိုထုတ်လွှတ်နိုင်သည်။

မဟာထန်၏ လက်နက်ကြီးများက ရိက္ခာရထားလုံးများအဖြစ် ရုပ်ဖျက်ကာ သယ်ဆောင်လာခြင်း ဖြစ်နေသောကြောင့် သိပ်သည်းစွာ တွန်းကပ်ထည့်ထားရသလို ဖြစ်နေသည်။ ကျို့တုဖူလော့၏ အဆင့်တွင်ရှိသော မဟာဗိုလ်ချုပ်ကြီးတစ်ယောက်၏ တိုက်ကွက်က လက်နက်ကြီးစစ်တပ် တစ်ခုလုံးကို ပြင်းထန်စွာ ထိုးနှက်နိုင်လေသည်။

“ဟား ဟား ကျို့တုဖူလော့ မင်းထောင်ချောက်ထဲကို ကျသွားပြီဆိုတာ အခုမှသိရင် နောက်ကျလွန်းသွားပြီလို့ မထင်ဘူးလား”

အန်းစစ်ရွှန်းကလည်း ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်၏ အနက်ရောင်စစ်အလံအောက်မှ မြှားတစ်စင်း လေထဲသို့ ချိန်ပစ်လိုက်သလို ခုန်ထွက်လျှက် ထွက်ပေါ်လာချိန်တွင် ရယ်သံကလည်း လေထဲတွင် ပျံ့နှံ့လာပြီဖြစ်သည်။

မျက်တောင်တစ်ခတ် အချိန်အတွင်း သူက ကျို့တုဖူလော့နှင့် လေထဲတွင် ထိပ်တိုက်ရင်ဆိုင်သည်။ သို့သော် ကျို့တုဖူလော့ကလည်း အနောက်ပိုင်းတူရကီ ခါကာနိတ်၏ အင်အားအကြီးဆုံး ဗိုလ်ချုပ်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်နေသည့်တိုင်အောင် အန်းစစ်ရွှန်း သူက ကျို့တုဖူလော့နှင့် လေထဲတွင် ထိပ်တိုက်ရင်ဆိုင်သည်။ သို့သော် ကျို့တုဖူလော့ကလည်း အနောက်ပိုင်းတူရကီ ခါကာနိတ်၏ အင်အားအကြီးဆုံး ဗိုလ်ချုပ်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်နေသည့်တိုင်အောင် အန်းစစ်ရွှန်းနှင့် တိုက်ခိုက်နေသည့်အချိန်တွင် လက်နက်ကြီးအဖွဲ့ကို ကိုင်တွယ်နိုင်လိမ့်မည်မဟုတ်ချေ။

“အန်းစစ်ရွှန်း မင်း တော်တော်ကောက်ကျစ်တာပဲ”

ကျို့တုဖူလော့က သူ၏ဆေဘာဖြင့် လှမ်းခုတ်လိုက်သည်။ သူ၏ကျယ်ပြောများပြားသော ဆေဘာစွမ်းအားများကိုလည်း ဒေါသဖြင့် ပေါင်းစပ်ထားလေသည်။

စန်းမီမဟာဗိုလ်ချုပ်က အန်းစစ်ရွှန်းနှင့် ပထမဦးဆုံးအကြိမ် တိုက်ခိုက်ဖူးခြင်းမဟုတ်ချေ။ သို့သော် သတိလက်လွတ်ဖြစ်သွားသည့် ပထမဦးဆုံးအကြိမ်ဖြစ်နေသည်။ အန်းစစ်ရွှန်းက သူ့ကိုယ်သူ ငါးစာအဖြစ်သုံးပြီး ကျို့တုဖူလော့ကို ထောင်ချောက်ဆင်ခြင်းက သူ၏ပုံစံမဟုတ်ချေ။ ကျို့တုဖူလော့ကလည်း သတိလက်လွတ်ဖြစ်သွားသည်။ ရလဒ်ကမူ အလွယ်တကူ ခန့်မှန်း၍ရသည်။

“ဟား ဟား ကျို့တုဖူလော့ ဒီလောက် ခပ်မြင့်မြင့် ချီးကျူးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”

အန်းစစ်ရွှန်းက သဘောတကျရယ်သည်။ သူက ဂရုစိုက်ပုံမရချေ။ အနည်းငယ်ပင် တုန့်ဆိုင်းခြင်းမရှိဘဲ သူက မှင်သက်ဖွယ်ကောင်းပြီး ခမ်းနားသောဓားချည်ကို ထုတ်လွှတ်လျှက် ကျို့တုဖူလော့၏ ဆေဘာစွမ်းအင်ကိုရင်ဆိုင်လိုက်သည်။

သို့သော် ထိုတိုက်ပွဲက ကျို့တုဖူလော့နှင့် အန်းစစ်ရွှန်းတို့ မျှော်လင့်ထားသလိုမျိုး အဆုံးသတ်လိမ့်မည်မဟုတ်ချေ။

“ပစ်”

အင်အားကြီးမားသော လူငယ်ဗိုလ်ချုပ်က နောက်ထပ်အမိန့်တစ်ခုကို ထပ်မံထုတ်လွှတ်လိုက်ပြီး ဓားကို ယမ်းချလိုက်ပြန်သည်။ နောက်ထပ် လက်နက်ကြီး အခုခုနှစ်ဆယ်ကျော်ခန့်က ကျို့တုဖူလော့၏ နေရာတစ်ခုလုံးကို ချိန်ရွယ်ကာ ပစ်ခတ်လိုက်သည်။

“သေစမ်း”

ထိုလက်နက်ကြီးများကို မြင်လိုက်ရုံနှင့် ကျို့တုဖူလော့၏ နှလုံးသားက ဒေါသများဖြင့် ပေါက်ကွဲသွားသည်။ ပုံမှန်အားဖြင့် ကျို့တုဖူလော့အနေဖြင့် လက်နက်ကြီး အလက်တစ်ရာကျော်က သူ့ကိုချိန်ပစ်မည်ဆိုလျှင်ပင် ဂရုစိုက်လိမ့်မည်မဟုတ်ချေ။ သို့သော် အန်းစစ်ရွှန်းက သူ့ကို တိုက်ခိုက်နေသည်။ ကျို့တုဖူလော့အနေဖြင့် ယာယီအားဖြင့် နောက်ဆုတ်ရမည့် အနေအထားမျိုး ဖြစ်လာသည်။

“အန်းစစ်ရွှန်း ဂုဏ်ယူမနေနဲ့။ မင်းရဲ့ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်က တန်ကြေးပေးဆပ်ရတဲ့ အချိန်ရောက်လာဦးမှာပဲ”

ကျို့တုဖူလော့က နောက်သို့ဆုတ်သွားပြီး အန်းစစ်ရွှန်းက သူ့ပေါ်တိုက်ခိုက်လိုက်သည့် အခြေအနေကို အခွင့်ကောင်းယူကာ ထွက်ပြေးလိုက်သည်။ သူ၏အနောက်တွင် အနောက်ပိုင်းတူရကီမြင်းတပ်က အသက်ဘေးလွတ်အောင် ထွက်ပြေးနေကြပြီဖြစ်သည်။

“ပစ်”

လက်နက်ကြီးစစ်တပ်က နောက်ထပ်တစ်သုတ် ပစ်ခတ်လိုက်သည့်အချိန်တွင် တဘုန်းဘုန်း မြည်သံများနှင့်အတူ လူနှင့်မြင်းများ၏ ကျယ်လောင်သော အော်သံ၊ ဟီသံများက ထွက်ပေါ်လာသည်။ မြေပြင်တွင် အလောင်းများက ဆက်တိုက်ပြုတ်ကျရင်း ပုံလာသည်။ နောက်မှဆက်တိုက်လိုက်သော ထန်စစ်တပ်ကလည်း တိုက်ပွဲနယ်မြေတစ်ခုလုံး၏ အားသာချက်ကို အပြည့်အဝ အမိအရ ဆုပ်ကိုင်ထားလေသည်။

အပိုင်း(၁၀၄၈)

ထန်စစ်တပ်၏ တစ်စိတ်တစ်ပိုင်းက ရည်ရွယ်ချက်ရှိရှိဖြင့် သိုသိုသိပ်သိပ် နေခဲ့ကြခြင်းဖြစ်သည်။ စစ်တပ်နှစ်ခု ထိပ်တိုက်ရင်ဆိုင်မှသာ ရုတ်ချည်း တိုက်ခိုက်လာကြခြင်းဖြစ်လေသည်။ ထိုမျှသေးငယ်သည့် အသေးစိတ်အချက်အလက်ကတင် ကြောက်စရာကောင်းသည့် သက်ရောက်မှုကို ချက်ချင်းလိုလို ပြောင်းလဲရရှိနေခဲ့သည်။ ကျို့တုဖူလော့က နောက်ဆုတ်ရန် အမိန့်ထုတ်ထားပြီးသည့်တိုင်အောင် သူဟာ တိုက်ပွဲနယ်မြေတွင် တူရကီအလောင်း သောင်းကျော်ကို ချန်ထားခဲ့ရသေးသည်။

အနောက်ပိုင်းတူရကီ မြင်းတပ်အဖွဲ့ဝင်များက အလွန်ဝေးကွာသည့် နေရာအထိ ထွက်ပြေးပြီးသည့်တိုင်အောင် အနောက်ဘက်တွင် ကျန်ရစ်ခဲ့သည့် စစ်သားများ၏အော်သံကို ကြားနိုင်သည်။ တိုက်ပွဲက တခဏသာကြာသည်။ သို့သော် ကျို့တုဖူလော့နှင့် သူ၏စစ်တပ်ကမူ အသက်ရှစ်သောင်းနီးပါး ပေးဆပ်လိုက်ရလေသည်။ ထိုအချိန်အတောအတွင်း ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်ကမူ ငါးထောင်ပင် မဆုံးရှုံးချေ။ သေဆုံးမှုအချိုးက ယခင်က လုံးဝမဖြစ်ပျက်ခဲ့ဖူးသည့် အခြေအနေမျိုးလည်း ဖြစ်သွားသည်။

“လုံလောက်ပြီ အားလုံးပဲ ပြန်လာကြ။ ဒီတိုက်ပွဲကတင် ကျို့တုဖူလော့ကို အနည်းဆုံး တစ်နှစ်လောက်အထိ စိတ်လိုက်မာန်ပါ မလှုပ်ရှားရဲလောက်အောင် ချုပ်ထိန်းလိုက်နိုင်ပြီ”

အန်းစစ်ရွှန်း၏ အမိန့်နှင့်အတူ နောက်မှလိုက်သည့် ပေ့ထင်စစ်သားများအားလုံးက နောက်ဆုတ်ကြသည်။ ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်က ခြေလျှင်တပ်ပမာဏ များလွန်းသည်။ သို့သော် အနောက်ပိုင်းတူရကီ စစ်တပ်၏ အင်အားစုကမူ မြင်းတပ်သီးသန့်ဖြစ်သည်။ ထို့ပြင် မြင်းတပ်အဖွဲ့ဝင်များက အလွန့်အလွန် ဖြတ်လတ်သည်။ ပို၍ဆိုးသည်မှာ လက်နက်ကြီးစစ်တပ်ကလည်း သူတို့နောက်သို့ မလိုက်နိုင်ချေ။

အန်းစစ်ရွှန်းက ပျော်ရွှင်မှုအပြည့်နှင့် ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ စစ်သားများနှင့်အတူ အောင်ပွဲခံနေသည့်အချိန်တွင် ရုတ်တရက် အေးစက်သော အသံတစ်သံက ထွက်လာသည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ငါတို့ရဲ့တာဝန်က ပြီးမြောက်သွားပြီ။ မင်းလည်း လက်နက်ကြီးစစ်တပ်ရဲ့ အင်အားကို မြင်ပြီးပြီပဲ။ အခု မင်းရဲ့ကတိကို ဖြည့်ဆည်းပေးရမဲ့အချိန်ရောက်ပြီ”

လက်နက်ကြီးစစ်တပ်မှ ငယ်ရွယ်ပြီး ခံစားချက်မဲ့ကာ အရှိန်အဝါအပြည့်နှင့် ရှိနေသည့် ထိုဗိုလ်ချုပ်က ရုတ်တရက် အန်းစစ်ရွှန်းဘေးနားသို့ စီးနင်းလာပြီးပြောလိုက်သည်။

ဝုန်း

ချက်ချင်းဆိုသလိုပင် အားလုံးက တိတ်ဆိတ်သွားသည်။ အောင်ပွဲခံသံများ အားလုံးကလည်း ဆိတ်ငြိမ်သွား၏။ ပတ်ဝန်းကျင်ရှိ ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ စစ်သားတိုင်းက ငယ်ရွယ်သော ဗိုလ်ချုပ်ကို လှမ်းကြည့်လိုက်ကြသည်။ အန်းစစ်ရွှန်း၏ မျက်နှာထားကလည်း သုန်မှုန်သွားသည်။ သူကလည်း မျက်မှောင်ကျုံ့သည်။

“ကောင်လေး မင်းကတော်တော်လေးတော့ သတ္တိကြီးတာပဲ။ ငါသာဆန္ဒရှိရင် မင်းကို ဒီနေရာမှာ ချက်ချင်းသတ်လို့ရတယ်ဆိုတာကို မသိဘူးလား”

အန်းစစ်ရွှန်းက ခပ်ကြမ်းကြမ်းပြောသည်။ သူ၏မျက်လုံးက တဖြည်းဖြည်းချင်း စူးရှသောဓားအဖြစ် ပြောင်းလဲသွားသည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကသာ ငါ့ကိုသတ်မယ်ဆိုရင် ငါသေချာပေါက် ခုခံနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အခြေအနေကတော့ ခြားနားသွားလိမ့်မယ်။ ငါက အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကို ပေးထားတဲ့ ငါ့ရဲ့ကတိကို ဖြည့်ဆည်းပေးမယ်။ အနောက်ပိုင်းတူရကီ စစ်တပ်က ရှုံးသွားတယ်။ မဟာဗိုလ်ချုပ် ကျို့တုဖူလော့ကလည်း နောက်ဆုတ်သွားပြီ။ အခုအရှင်ကာကွယ်ရေးဗိုလ်ချုပ်ဘက်က ပေးထားတဲ့ကတိကို ဖြည့်ဆည်းပေးရမဲ့အချိန်ပဲ။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်လို အဆင့်အတန်းမျိုးမှာ ရှိနေတဲ့လူတစ်ယောက်အနေနဲ့ ကတိကို ပြန်ရုတ်သိမ်းမဲ့ လူမျိုးတော့မဟုတ်ဘူးလို့ ယူဆတယ်”

ထိုငယ်ရွယ်သောဗိုလ်ချုပ်က ခိုင်မာစွာ ပြန်ဖြေသည်။ လက်ရွေးစင် မဟာဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်သည့် အန်းစစ်ရွှန်း၏ အရှေ့တွင် ရပ်နေရသည့်တိုင်အောင် သူ၏မျက်နှာတွင် ထိတ်လန့်သည့် မျက်နှာထားမျိုးက ပေါ်မလာချေ။

“ရမ်းကားလိုက်တာ။ နိမ့်ကျတဲ့ လက်အောက်ငယ်သား ဗိုလ်ချုပ်တစ်ယောက်ကများ အရှင်ကာကွယ်ရေးဗိုလ်ချုပ်ရဲ့ အရှေ့မှာ ရမ်းကားရဲတယ်။ ငါတို့ရဲ့ ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်က မင်းလိုအရာရှိလောက်ကို မကိုင်တွယ်နိုင်ဘူးလို့မယုံဘူး”

အန်းစစ်ရွှန်း၏ဘေးနားမှ ဓားဒဏ်ရာရှိသည့် ဗိုလ်ချုပ်တစ်ယောက်က နောက်ဆုံးတွင် ဒေါသကို မထိန်းနိုင်တော့ဘဲ အော်လိုက်သည်။

“အရှင်ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကသာ ဆန္ဒရှိမယ်ဆိုရင် ငါ့ကိုသတ်လို့ရတယ်။ ဒါပေမဲ့ အလဲအလှယ်ကိစ္စကိုတော့ ပြီးမြောက်အောင်မြင်ရမယ်။ ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်က ကတိပေးထားတဲ့အတိုင်း စစ်သားတွေကို တာလာ့ကို တပ်ကူအဖြစ် ပို့ပေးရမယ်။ ငါက နိမ့်ကျတဲ့ အဆင့်အတန်းပဲရှိတဲ့ ဘာကောင်မှမဟုတ်သေးတဲ့ လက်အောက်ခံ ဗိုလ်ချုပ်တစ်ယောက်ပဲ ဖြစ်နေရင်တောင်မှ ငါနဲ့ အရှင်ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် လုပ်ထားတဲ့ အလဲအလှယ်မှာ ချီရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်ရဲ့ စည်းတံဆိပ်ပါနေတယ်။ ဒီစည်းတံဆိပ်က ငါတို့ ချီရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကို ကိုယ်စားပြုတယ်။ ဒါကြောင့် အရှင်ကာကွယ်ရေး ဗိုလ်ချုပ်အနေနဲ့ ရွေးချယ်မှုတွေကို ဂရုစိုက်စဉ်းစားဖို့ မျှော်လင့်တယ်”

ထိုဗိုလ်ချုပ်က အန်းစစ်ရွှန်းကို အေးစက်စွာစူးစိုက်ကြည့်သည်။ သူက အညံ့မခံကြောင်း ရှင်းလင်းစွာဖော်ပြသည်။

“မျိုးမစစ်ကောင် မင်းက အရှင့်ကို ခြိမ်းခြောက်ရဲတယ်”

“သူ့ကိုသတ်စမ်း ချီရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်က ငါတို့ရဲ့အရှင်ကို တစ်ခုခုလုပ်မယ်လို့ မယုံဘူး”

ပတ်ဝန်းကျင်ရှိ ပေ့ထင်ဗိုလ်ချုပ်များ အားလုံးက ဒေါသများဖြင့် ပေါက်ကွဲသွားသည်။

“မင်းလုပ်ရဲလား”

“ငါတို့အရှင်ကို ထိရဲတဲ့ ဘယ်ကောင်မဆို ငါတို့ကိုအရင် ကျော်ဖြတ်ရလိမ့်မယ်”

“အဆိုးဆုံးမှ ငါတို့တွေ မင်းတို့ကို ငါတို့နဲ့အတူ ဆွဲချသွားရုံပဲ။ ညီအစ်ကိုတို့ တိုက်ပွဲအတွက်ပြင်ဆင်ကြ”

နောက်တန်းမှ ချီရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ စစ်သားများအားလုံးက ဒေါသထွက်သွားကြသည်။ ထိုထဲမှ တစ်ယောက်က သူ၏ဦးထုတ်ကိုပင် လွင့်ပစ်လိုက်ပြီး သူ၏ ခက်ထန်ကြမ်းတမ်းသည့် မျက်နှာကို ဖော်ထုတ်ပြသသည်။

“မင်းတို့လုပ်ရဲလား”

ချွင် ချွင် ချွင်

ဒေါသထွက်နေသော ပေ့ထင်စစ်သားများက သူတို့၏ ဓားနှင့်ဆေဘာများကို ဓားအိမ်ထဲမှ ထုတ်လိုက်ကြသည်။ ချီရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ စစ်သည်တော်များကလည်း သာမာန်စစ်သားများ မဟုတ်ကြချေ။ သူတို့၏ စိတ်အခြေအနေနှင့် ပြုမူပုံများကလည်း ဓားမြများ ဖြစ်လေရာ ပို၍ပင် ကြမ်းတမ်းသေးသည်။

“လုံလောက်ပြီ အားလုံးပဲရပ်ကြတော့”

အန်းစစ်ရွှန်း၏ အမိန့်တစ်ခုတည်းကတင် ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်သားများအားလုံးကို လက်နက်များ ပြန်သိမ်းသွားစေသည်။

“လူငယ်လေး ပြောပါဦး မင်းရဲ့နာမည်ကဘာလဲ”

အန်းစစ်ရွှန်းက ခေါင်းကိုလှည့်ပြီး ထိုငယ်ရွယ်သော ဗိုလ်ချုပ်ကိုကြည့်သည်။ အန်းစစ်ရွှန်းဟာ မရေမတွက်နိုင်သော ဗိုလ်ချုပ်များကိုတွေ့ဖူးသလို အမျိုးမျိုးသော ပြိုင်ပွဲများ၊ စစ်ဆေးမှုများ၊ မုန်တိုင်းများကို ကျော်ဖြတ်ခဲ့ဖူးသည်။ သို့သော် ထိုငယ်ရွယ်သောဗိုလ်ချုပ်၏ လုပ်ရဲကိုင်ရဲသော စိတ်နှင့် မြင်နိုင်စွမ်းအားက အမှန်ပင် လေးစားဖွယ်ကောင်းကြောင်း လက်ခံရပေမည်။ ထိုအခြေအနေများက အန်းစစ်ရွှန်းအပေါ်သို့ နက်ရှိုင်းသော ထင်မြင်ချက်ကို ချန်ရစ်ပေးလိုက်သည်။

“စုဟန်ရှန်း”

ထိုငယ်ရွယ်သော ဗိုလ်ချုပ်က နာမည်ကိုကြေညာသည်။ သူ၏အသံက မောက်မာလွန်းခြင်းလည်းမရှိသလို နှိမ်ချမှုလည်းမပြချေ။ သူ၏မျက်ဝန်းကလည်း ပုံမှန်အတိုင်း အကြောက်အလန့်မဲ့နေသည်။

“မဆိုးပါဘူး ငါမင်းကိုမှတ်ထားမယ်။ ငါအခုပြောလိုက်တဲ့စကားက ဟာသပါ။ ငါက ကတိပေးထားတဲ့အတိုင်း လုပ်ပေးမှာပါ။ နောက်ပြီး အခုပဲ ငါကတိပေးထားတဲ့ စစ်သားတွေကို မင်းနဲ့ထည့်ပေးလိုက်မယ်။ အန်းပေ့လျို သွား ငါ့အတွက် လက်ရွေးစင်စစ်သားအချို့ရွေး သူတို့ကို သူနဲ့အတူ ချီရှီကိုထည့်ပေးလိုက်ပါ”

“ကျေးဇူးအများကြီးတင်ပါတယ်အရှင်”

စုဟန်ရှန်း၏ မျက်နှာထားက ပို၍ညင်သာသွားသည်။ သူ၏လက်ကို တစ်ချက်ယမ်းလိုက်သောအခါ အနောက်မှ လက်နက်ကြီးစစ်သားများ အားလံုံးက တိတ်သွားကြသည်။

ထိုစစ်သားများက ပိုးသားလမ်းတောက်လျှောက်တွင် အုပ်စိုးခဲ့သည့် စည်းမဲ့ကမ်းမဲ့ နေထိုင်ခဲ့သော ဓားမြများဖြစ်သည့်တိုင်အောင် စုဟန်ရှန်းဆိုလျှင် ဖော်ပြရန်ခက်ခဲသည့် လေးစားမှုများကို ဖော်ပြကြသည်။ စုဟန်ရှန်း၏ လေ့ကျင့်မှုများကလည်း ထိုလူများကို ဓားမြများမဟုတ်တော့အောင် ပြောင်းလဲပေးနိုင်ခဲ့သည်။ စုဟန်ရှန်း၏ အင်အားကြီးမားသော ကိုယ်အရှိန်အဝါနှင့် ပါရမီက အမိန့်ပေးနိုင်သည်ထက်ပိုသည်။

ပြောင်ကျကျပြောရသော် ထိုလူများအားလုံးကလည်း စုဟန်ရှန်းကို တစ်စုံတစ်ယောက်က ထိလျှင် စုဟန်ရှန်းအတွက်နှင့် သေရဲကြသည်။

စုဟန်ရှန်းက သူ၏လက်နက်ကြီးစစ်တပ်နှင့် ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ စစ်သည်တစ်သောင်းကျော်တို့နှင့်အတူ ခပ်မြန်မြန် ထွက်ခွာပြီး နောက်မှ လက်နက်ကြီး အလက်သုံးထောင်ကို ချန်ထားပေးခဲ့သည်။

“အရှင် လက်ရွေးစင်တစ်သောင်းက ကျွန်တော်တို့ လူငယ်အမတ်နဲ့ သဘောတူထားတာထက် ပိုနေတယ်မဟုတ်လား အရှင်တကယ်ပဲ သူတို့အားလုံးကို ထွက်သွားခိုင်းမှာလား”

အလွန်အမင်း ဉာဏ်ကောင်းသည်ဟု ယူဆကြသည့် ဗိုလ်ချုပ်တစ်ယောက်က အန်းစစ်ရွှန်း၏ အနားမှနေ၍ လှမ်းမေးလိုက်သည်။

“ဟား ဟား ငါကဘာလို့ သဘောမတူရမှာလဲ။ ငါကသူတို့ကို ငှားရုံပဲငှားတာလေ။ ချီရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်ကို တကယ်ပေးလိုက်တာမှမဟုတ်တာ။ ပိုဆိုးတာက ငါက အလွယ်တကူ သဘောတူမယ်လို့ ထင်တာ။ ဒီမတိုင်ခင်ကတည်းက ငါက ခုံရုံးတွေမှာ သွားလာတင်ပြပြီး ငါလက်ရွေးစင်စစ်သား တစ်သောင်း အကြွေးငှားလိုက်တဲ့အကြောင်း တင်ပြထားပြီးသား။ ဒီတိုက်ပွဲရဲ့ရလဒ်က ဘယ်လိုပဲဖြစ်လာဖြစ်လာ ငါတို့ရဲ့ ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်က အကျိုးအမြတ်ပဲ ရလိမ့်မယ်”

အန်းစစ်ရွှန်းက ဖျော့တော့စွာပြုံးသည်။

“ဒါပေမဲ့အရှင် အဲ့ဒီစုဟန်ရှန်းလို့ ခေါ်တဲ့အကောင်က တော်တော်လေးတော့ လုပ်ရဲတယ်”

ဗိုလ်ချုပ်တစ်ယောက်ကပြောသည်။ သူ၏အသံထဲတွင် ချီးကျူးမှုကလည်းပါသည်။

“ဝမ်ချောင်က တာလာ့အဝေးမှာ ရှိနေတာတောင်မှ သူက ကိုယ်ပိုင်တပ်ဖွဲ့ကို ဦးဆောင်ပြီး အရှင့်ဆီလာလို့ သဘောတူညီမှုကိုပြုရဲတယ်။ နောက်ပြီး သူလေ့ကျင့်ပေးထားတဲ့ လူတွေအားလုံးကလည်း သူ့အတွက်ဆိုရင် သေရဲကြတဲ့ပုံပဲ။ ဒီလိုစစ်သားတွေကို လေ့ကျင့်နိုင်တဲ့စွမ်းရည်မျိုးက လူအယောက် တစ်သောင်းမှာမှ တစ်ယောက်ဆီမှာတွေ့ရတဲ့ စွမ်းရည်မျိုးပဲ။ ကျွန်တော်တို့ကသာသူ့ကို ကျွန်တော်တို့ရဲ့ ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်ကို ရယူနိုင်မယ်ဆိုရင် ပိုကောင်းလိမ့်မယ်”

ထိုဗိုလ်ချုပ်က သူ၏ထင်မြင်ချက်ကို တိုက်ရိုက်ဖော်ပြလိုက်သည်။ သို့သော် သူ၏ထင်မြင်ချက်ကမူ အန်းစစ်ရွှန်း၏ အပြုံးကို ဖျော့တော့သွားစေသည်။ ထို့နောက်သူက စုဟန်ရှန်းထွက်သွားသောဘက်သို့ နက်နဲသောအကြည့်နှင့် ကြည့်လိုက်သည်။

“ချီ အဲ့ဒီစုဟန်ရှန်းက... သူ့ကိုငါ့အတွက် စောင့်ကြည့်ပေးထား။ ဖြစ်နိုင်ရင် ငါသူ့ကို ငါတို့ရဲ့ ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်ကိုခေါ်ဖို့ နည်းလမ်းစဉ်းစားလိုက်မယ်”

အန်းစစ်ရွှန်း၏ ရုတ်ချည်းထွက်လာသည့် စကားလုံးများက သူ၏ဗိုလ်ချုပ်များအားလုံးကို တုန်ယင်သွားစေပြီး အန်းစစ်ရွှန်းကို စိုက်ကြည့်မိသွားစေသည်။ ထိုထဲတွင် ချီဟုခေါ်သော ယခုလေးတင် စုဟန်ရှန်းကို ချီးကျူးလိုက်သော လူလည်းပါသည်။ သူတို့အားလုံးကလည်း အရှင်ကာကွယ်စောင့်ရှောက်ရေး၏ အရှေ့တွင် ထိုသို့ပြောရဲသည့်လူများကို တွေ့ဖူးသည်။ သို့သော် ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကမူ ထိုသို့လေးစားသော အမူအရာမျိုးကို မပြဖူးချေ။ ထို့ပြင် တစ်ဖက်သူကို ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်သို့ပင် ခေါ်ချင်သေးသည်။

“ဟုတ်ကဲ့အရှင်”

ချီ၏နှုတ်ခမ်းများက တွန့်သွားရင်း တစ်စုံတစ်ရာကို ပြောလိုပုံရသည်။ သို့သော် သူက ခေါင်းကိုခပ်မြန်မြန် ငုံ့သွားပြီး တာဝန်ကိုသာ လေးစားစွာ လက်ခံလိုက်သည်။

အခြားသောဗိုလ်ချုပ်များကလည်း နာခံစွာဖြင့် ခေါင်းငုံ့သွားကြသည်။ ထိုဓားမြများကို လက်နက်ကြီး စစ်သားများအဖြစ် လေ့ကျင့်ပေးခံခဲ့ရသော လူများအနေဖြင့် စုဟန်ရှန်းကို အလွန်လေးစားကြသလိုမျိုး ပေ့ထင်ကာကွယ်စောင့်ရေး စစ်တပ်မှ စစ်သားများအားလုံးကလည်း စုဟန်ရှန်းကို အလွန်လေးစားပြီး အညံ့ခံထားသည်။

လုပ်ရဲတယ်။ အရင်းအမြစ်လည်း ပြည့်ဝတယ်။ အရင်လက်ဦးမှုရယူတယ်။ အကြောက်အလန့်မဲ့တယ်... ဒီလိုအခြေအနေအားလုံးကို ကိုင်တွယ်နိုင်တဲ့သူက အလားအလာရှိတဲ့ ဗိုလ်ချုပ်တစ်ယောက်တင် ဖြစ်လာနိုင်တာမဟုတ်ဘူး။ ဒီလိုလူမျိုးက မဟာဗိုလ်ချုပ်တောင် ဖြစ်လာနိုင်တယ်။

အန်းစစ်ရွှန်း၏ တင်းမာသော မျက်ဝန်းအတွင်း အမျိုးမျိုးသော အကြည့်များက ဖြတ်ပြေးသွားသည်။

မဟာဗိုလ်ချုပ်တစ်ယောက်သည် အခြားသော မဟာဗိုလ်ချုပ်တစ်ယောက်ကို တွေ့ဆုံချိန်တိုင်း အလားတူသည့် ခံစားချက်မျိုးကို ရတတ်သည်။ အန်းစစ်ရွှန်းကလည်း စုဟန်ရှန်းဟုခေါ်သော ထိုငယ်ရွယ်သော ဗိုလ်ချုပ်ထံတွင် ထိုအရည်အသွေးမျိုးကို မြင်ခဲ့ရသည်။ ထိုအတွက်ကြောင့်လည်းယခုလိုပြောလိုက်ခြင်းဖြစ်သည်။ ထို့ပြင် သူဟာ တစ်ဖက်သူထံတွင် ငယ်ရွယ်သောသူ၏ ပုံသဏ္ဍန်မျိုးကို မြင်နေရသည်။

တာလာ့တွင်ရှိနေသည့် ဝမ်ကလန်မှ မျိုးဆက်က သူ၏အမိန့်အောက်တွင် ပါရမီရှိလွန်းသော ပုဂ္ဂိုလ်ပေါင်းများစွာကို ထိုမျှငယ်ရွယ်သောအသက်နှင့် အုပ်ချုပ်ထားနိုင်ပုံကို တွေးမိရုံနှင့် အန်းစစ်ရွှန်းကလည်း အနည်းငယ်ပင် မနာလိုဖြစ်သွားမိသည်။

.....

စီရင်စုကိုးခုအနှံ့ မုန်တိုင်းများထန်နေသလို ဝေးကွာလွန်းသည့် တာလာ့၏တိုက်ပွဲမှ အခြေအနေများကလည်း မွှေနှောက်ခံနေရသည်။

ချီရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်က မုန်တိုင်း၏မျက်ဝန်းလိုမျိုး မရေမတွက်နိုင်သော လက်ရွေးစင် စစ်သားပေါင်းများစွာ စုစည်းရာနေရာဖြစ်လာသည်။ ပို၍ဆိုးသည်မှာ ဝူရှန်းသံမဏိမြို့ကလည်း ချီရှီသို့သွားလျှင် ဖြတ်သွားရမည့် တစ်ခုတည်းသောလမ်းဖြစ်သည်။ ထိုနေရာက အခြေအနေအားလုံးကို သေချာမြင်တွေ့နေရသည့် အကြီးမားဆုံးသော မျက်မြင်သက်သေဖြစ်နေသည်။

“ကြည့်လိုက်ဦး”

မြင့်မားသော သံမဏိမြို့ရိုးပေါ်မှ ကလေးတစ်ယောက်က အဝေးသို့ လက်ညိုးညွှန်သည်။

ထိုစကားလုံးများက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။ မြို့ရိုးပေါ်ရှိ ကလေးများနှင့် လက်မှုပညာရှင်များ အားလုံးအပါအဝင် မြို့ဂိတ်နားတွင် ဝိုင်းနေသည့် အမျိုးမျိုးသော ကလန်များ၊ အဖွဲ့အစည်းများမှ ဆက်ခံသူများ၊ ကုန်သည်များ၊ ဖြတ်သွားဖြတ်လာများ အားလုံးက လှည့်ကြည့်လိုက်ကြသည်။

ထိုကလေးညွှန်ပြနေသောဘက်မှ ဖုန်တိမ်စိုင်များ လိမ့်တက်လာသည်။ သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားသော မြင်းသမား ခုနှစ်ထောင်ခန့်က တည်ငြိမ်သော မျက်နှာထားမျိုးနှင့် တိတ်တဆိတ် မြင်းစီးလာကြသည်။ သူတို့က ချီရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်သို့သွားမည့်လမ်းတွင် ရှိနေသော သံမဏိမြို့နားသို့ နီးကပ်လာလေသည်။ အလယ်တွင် လွှင့်ထူထားသော စစ်အလံက အနက်ရောင်သံချပ်ကာ မြင်းတပ်ဝင်္ကပါ အလယ်ဗဟိုတည့်တည့်တွင် ရှိနေသည်။ ထိုစစ်အလံကြီးကို အဝေးမှကြည့်လိုက်ရုံနှင့်တင် ထင်ထင်ရှားရှား မြင်နေရသည်မှာ ကြယ်စင်ခုနှစ်ပွင့်ဖြစ်သည်။

“ဒါက မဟာထယ်ကြီးစစ်တပ်ပဲ။ မဟာဗိုလ်ချုပ် ခဲ့ရှု့ဟန်ရဲ့ ထယ်ကြီးစစ်တပ်ပဲ”

လူတစ်ယောက်က နောက်တန်းမှလှမ်းအော်သည်။

“အဲ့ဒီကိုကြည့်လိုက်ဦး ဒါက နတ်သိုင်းစစ်တပ်မဟုတ်လား”

ထိုစစ်တပ်၏ရှေ့ဆုံးမှ စီးနင်းလာသော အနက်ရောင်သံချပ်ကာဝတ် မြင်းတပ်တစ်ဖွဲ့က နောက်ပိုင်းမှ စစ်သားများနှင့် သူတို့၏ ဟန်အမူအရာဖြစ်စေ၊ အရှိန်အဝါဖြစ်စေ ထင်းထွက်လွန်းနေသည်။ အနည်းဆုံး သာမာန်စစ်သားများထက် သုံးဆခန့် အင်အားကြီးမားလောက်သည်။ သူတို့၏အရေအတွက်က သုံးထောင်သာရှိသည်။ သို့သော် သူတို့၏ စည်းကမ်းသေဝပ်မှုနှင့် အရှိန်အဝါများအားလုံးက စစ်သည် သုံးသောင်းခန့်ရှိမည့် အင်အားစုထက်ပင် အင်အားကြီးမားနေသေးသည်။

သူတို့၏ခန္ဓာကိုယ်ဝန်းကျင်တွင်လည်း စွမ်းအင်လှိုင်းများက လိမ်တက်လျှက်ရှိနေသည်။ သူတို့၏ ခန္ဓာကိုယ်နှင့် သုံးပေခန့်ဝေးသော အကွာအဝေးအထိ ပျံ့နှံ့နေပုံအရ သူတို့၏ကိုယ်ထည်များကို ဝေဝါးသွားစေသည်။

“မဟာထယ်ကြီးစစ်တပ်က နတ်သိုင်းစစ်တပ်ကိုတောင် လွှတ်လိုက်မယ်လို့ မထင်ထားဘူး”

မြို့ရိုးနားတွင် အခြေစိုက်ထားသည့် လုံရှီမှ ကုန်သည်တစ်ယောက်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

နတ်သိုင်းစစ်တပ်ဆိုသော စကားက ထိုလူအုပ် တစ်ခုလုံးကို ဝရုန်းသုန်းကား ဖြစ်သွားစေလေသည်။

အခန်း(၁၀၄၉)

အကြောင်းမူကား ထိုအင်အားစုက မဟာထယ်ကြီးစစ်တပ်၏ လက်ရွေးစင်အကျဆုံး အင်အားစုကြီး ဖြစ်နေသည်။ မဟာထန်၏ စစ်နတ်ဘုရား ဝမ်ကျုံးစစ်နှင့် ခဲ့ရှု့ဟန်တို့က မျိုးဆက် နှစ်ဆက်တိုင်အောင် လေ့ကျင့်ပေးခဲ့သည်ဟု ဆိုကြသည်။ လက်ရွေးစင်များထဲမှ လက်ရွေးစင်များကို တဖန်ကောက်နုတ် ရွေးထုတ်ထားခြင်းလည်းဖြစ်နေသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် စစ်သားထောင်ဂဏန်း အနည်းငယ်သာ ကျန်ရစ်တော့သည်။ သို့သော် သူတို့က ရှားရှားပါးပါး အင်အားကြီးမားလွန်းနေသည်။

ထိုအင်အားစုက အဆင့်လွန် တိုက်ခိုက်နိုင်သော အင်အားစုကြီးဖြစ်နေသည်။ အလွန်အမင်း အရေအတွက် အပြတ်အသတ် သာနေသော အခြေအနေမျိုးတွင်ပင် သူတို့က ယွီစန်း၏ ဗိုလ်ချုပ်များ၏ဘုရင် ဝိတာထရာခုံလော့၏ ခြင်္သေ့ဖြူမြင်းတပ်ကို အနိုင်ယူခဲ့ဖူးသည်။ နောက်ထပ် တိုက်ပွဲတစ်ပွဲတွင်ဆိုလျှင်လည်း သူတို့၏အင်အားထက် အနည်းဆုံးငါးဆခန့် အင်အားကြီးမားနေသော အင်အားစုကြီးကို ရင်ဆိုင်ခဲ့ရာ ရန်သူ၏ဝင်္ကပါကို ထိုးဖောက်ရန် အရှုံးမေးရိုးနားမှတင် အနိုင်ကို အရဖမ်းကိုက်နိုင်ခဲ့သည်။ ထိုသို့ဖြင့် စစ်သည်ခြောက်သောင်း နီးပါးကို အနိုင်ယူနိုင်ခဲ့လေသည်။

ထိုအခြေအနေများက မဟာထယ်ကြီးစစ်တပ်၏ အနှစ်သာရ အင်အားစုကြီးဖြစ်သည်။ နတ်သိုင်းဟု အမည်တပ်ပေးခဲ့သည်မှာလည်း သူတော်စင်ဧကရာဇ်ကိုယ်တိုင် ဖြစ်နေသည်။

နတ်သိုင်းစစ်တပ်၏ စစ်သည်သုံးထောင်နှင့် မဟာထယ်ကြီးစစ်တပ်မှ လက်ရွေးစင်စစ်သည် လေးထောင်က သံမဏိမြို့ကို တိတ်တဆိတ် အေးချမ်းစွာ ကျော်ဖြတ်သွားသည်။ မဟာထယ်ကြီးစစ်တပ်နှင့် နတ်သိုင်းစစ်တပ်တို့က ကျော်ဖြတ်သွားပြီးသိပ်မကြာခင် တူညီသောနေ့ တစ်ညတည်းတွင်ပင် နောက်ထပ် စစ်တပ်တစ်ခုက ချဉ်းကပ်လာပြန်သည်။ မြေကြီးက တသိမ့်သိမ့် တုန်ခါနေပြီး ဖုန်တိမ်စိုင်များက မိုးကုတ်စက်ဝိုင်းတည့်တည့်မှ မြောက်တက်လာသည်။ မရေမတွက်နိုင်သော လူပေါင်းများစွာကလည်း အခြေအနေကို ထွက်ကြည့်ကြသည်။

“ဒါက... ဘာတွေဖြစ်နေတာလဲ။ ဘာလို့ဒီနေရာမှာ တောင်တစ်တောင် ပေါ်လာတာလဲ”

သံမဏိမြို့အပြင်ဘက်မှ လူအုပ်ကလည်း အရှေ့တောင်ပိုင်းသို့ အံ့အားတကြီးကြည့်ကြသည်။ ဝေးကွာလွန်းသော တစ်နေရာ အမှောင်ထုအတွင်းတွင် တစ်ချိန်က ပြားကပ်ကာ ရှင်းလင်းနေသော မြေပြင်က ယခုအခါ တရွေ့ရွေ့ ရွေ့လာသည့် ကြီးမားသော တောင်တန်းကြီးကို မြင်နေရလေသည်။ မယုံနိုင်စရာကောင်းသော အချက်ကမူ ထိုတောင်တန်းကြီးက သံမဏိမြို့သို့ ချဉ်းကပ်လာသည်နှင့်အမျှ တဆတ်ဆတ် တုန်ခါနေခြင်းဖြစ်သည်။

သိပ်မကြာခင်အတောအတွင်း သံမဏိမြို့ကြီး တစ်ခုလုံးက ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။ လူတိုင်းကလည်း ရွေ့လျားလာသော တောင်ကြီးကို မှင်သက်မှုအပြည့်နှင့် ကြည့်ကြသည်။ အချိန်တစ်ခုကြာပြီးနောက် ရေလှိုင်းများ စီးဆင်းလာသလို တစ်စုံတစ်ရာ ကွဲကြေသွားသလိုမျိုး အသံများကိုပင် စကြားလာရသည်။ အသံကတိုးလွန်းသေးသဖြင့် လူအနည်းစုကသာ ကြားရသည်။ သို့သော် လီတစ်ထောင်အတွင်းရှိ လူတိုင်း ကြားနိုင်လောက်အောင် ကျယ်လောင်လာလေသည်။

“အဲ့ဒီကိုကြည့်လိုက်”

လူတစ်ယောက်က အလန့်တကြား ထအော်သည်။

အဝေးရှိ ကြီးမားလွန်းသော ထိုတောင်ကြီးက ရုတ်တရက် ပျောက်သွားသည်။ ထိုသို့ဖြင့် ကောင်းကင်ထိတိုင် ထိုးတက်သွားသည့် ကြီးမားထည်ဝါသည့် အားလှိုင်းများဖြင့် အစားထိုးသွားလေသည်။ မရေမတွက်နိုင်သော အားလှိုင်းပေါင်းများစွာက လောကတစ်ခုလုံးကို လှည်းကျင်းပစ်မည့်ပုံပေါ်သည်။ အရှေ့ဆုံးတွင် ပေါ်လာသည့်အားလှိုင်းကမူ သံမဏိမြို့ထက် (၁၂)ဆနီးပါးမြင့်နေသည်။

ဝါး..

ခြောက်နှစ်၊ ခုနှစ်နှစ်ခန့်ရှိမည့် ကလေးတစ်ယောက်က ထငိုသည်။ ရပ်ကြည့်နေသော ကုန်သည်များနှင့် ဘေးလူများအားလုံးကလည်း ထိတ်လန့်ကုန်ကြသည်။ ထိုကြီးမားသော အားလှိုင်းကြီးက သူတို့နားသို့ ချဉ်းကပ်လာပြီး သူတို့အားလုံးကို စတင်ကာ နောက်ဆုတ်မိစေသည်။

“အားလုံးပဲ နောက်ဆုတ်ကြ မြန်မြန်”

လူတိုင်းက မြို့ထဲသို့အပြေးဝင်ကြသည်။ သူတို့၏မျက်နှာများက ဖြူဖျော့နေပြီး သွေးများပင် ဆုံးရှုံးသွားကြပုံပေါ်သည်။ သို့သော် သူတို့က မြို့ဂိတ်အတွင်းသို့ အပြေးအလွှား မဝင်နိုင်သေးခင် လှိုင်းများက ပျောက်ကွယ်သွားသည်။ ပျောက်ကွယ်သွားသော အားလှိုင်းများ၏ အောက်ခြေတွင် အနက်ရောင် သံချပ်ကာများကို ဝတ်ဆင်ထားသည့် စစ်သည်ရှစ်ထောင်က ပေါ်လာသည်။ သူတို့၏ အရှိန်အဝါက တည်ငြိမ်အေးချမ်းသည်။ ထိုစစ်တပ်၏အရှေ့ဆုံးတွင် ပျံသန်းလာသည်မှာ လက်သည်းငါးခုပါသော ရွှေနဂါးအလံဖြစ်သည်။

“အင် အင် အင်ပါယာစစ်တပ်”

မြို့တော်တွင် နေထိုင်ခဲ့ဖူးသော လူတစ်ယောက်က အမှောင်ထုအတွင်းတွင် ပေါ်လာသည့် ထိုအလံကို မြင်လိုက်ရပြီး မေးရိုးအဟောင်းသားဖြစ်သွားသည်။ မြို့တော်တွင် ကြာရှည်စွာနေဖူးသော မည်သူကမဆို ဒါဟာ အင်ပါယာစစ်တပ်ကို ကိုယ်စားပြုကြောင်း သိပေလိမ့်မည်။ သို့သော် အင်ပါယာစစ်တပ် အဖွဲ့အစည်းကို ကိုယ်တိုင်မမြင်ဖူးသည့်အတွက်လည်း အရမ်းကာရော အတည်မပြုဝံ့ချေ။

ခြိမ်း

မြေကမ္ဘာကြီးက တသိမ့်သိမ့် တုန်ခါမှုနှင့်အတူ သံမဏိမြို့တစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်ကာ ခြောက်ကပ်တိတ်ဆိတ်သွားပြန်သည်။ တိတ်ဆိတ်နေသော လူအုပ်၏ အကြည့်များအားလုံး၏အောက်တွင် အင်ပါယာစစ်တပ်၏ စစ်သည်ရှစ်ထောင်က သံမဏိမြို့ကို ကျော်ဖြတ်သွားပြီး ချီရှီသို့ ဆက်လက်ချီတက်သည်။ သူတို့က မြို့ကို တစ်ချက်ပင် မကြည့်ကြချေ။

အမှောင်ထုအတွင်းရှိ အရာအားလုံးက ငြိမ်သက်သွားပြီး ဝရုန်းသုန်းကား အခြေအနေများက ကျော်ဖြတ်သွားပြီးမှသာ လူတိုင်းက စတင်ကာ အိပ်မောကျသွားပုံပေါ်သည်။ သို့သော် မဟာထန်၏ နောက်ထပ် တပ်ကူတစ်သုတ်က ထပ်ရောက်လာပြန်သည်။

ခီး ခီး ခီး

အား အား အား

အမြို့မြို့အတွင်းမှ ငှက်များနှင့် သားရဲများက သတိပေးချက် အလျဉ်းမရှိဘဲ ရုတ်ချည်းထအော်ကြသည်။ သူတို့က မသက်မသာဖြစ်နေသလိုမျိုး အော်ဟစ်နေကြ၏။ ငှက်များက စိုးရိမ်တကြီး လှောင်အိမ်ထဲတွင် ပတ်ပျံနေကြသည်။ ခွေးများကပင် အရှေ့တောင်ပိုင်းသို့ကြည့်ကာ ဆက်တိုက်ဟောင်ကြသည်။ သူတို့ဟာ အလွန်အမင်း အန္တရာယ်များလွန်းသည့် တစ်စုံတစ်ရာက သူတို့ရှိရာဘက်သို့ ချဉ်းကပ်လာမှုအား အာရုံခံမိနေသလို မငြိမ်မသက် ဖြစ်နေကြသည်။

သံမဏိမြို့အတွင်းတွင် မဟာကလန်ကြီးများက ဆောက်လုပ်ထားသော အမျိုးမျိုးသော အဖွဲ့အစည်းများ အားလုံးကလည်း အိမ်သို့ရောက်ရှိနေကြသလို ပြည်သူပြည်သားများ အားလုံးကလည်း အိမ်သို့ရောက်ရှိနေကြသည်။ သို့သော် ထိုလူများအားလုံးက တဖြည်းဖြည်းချင်း နိုးထလာကြ၏။ သို့သော် ဒီနေ့အခြေအနေက ယခင်က မဖြစ်ပျက်ခဲ့ဖူးသော အခြေအနေမျိုးဖြစ်နေသည်။

လူတစ်ယောက်က သူ၏ပြတင်းပေါက်ကို တိတ်တဆိတ်ဖွင့်ပြီး အပြင်ဘက်သို့ ကြည့်လိုက်မိရာ ကောင်းကင်တွင် မြင်လိုက်ရသောအရာကို ဆက်တိုက်ကျိန်ဆဲမိကာ တောင့်ခဲသွားသည်။ ညကောင်းကင်ကြီးက မှေးမှိန်သော ကြယ်စင်များနှင့် တည်ရှိနေရာကရုတ်တရက် အဖြူရောင်အလင်း၏ တောက်လောင်မှုနှင့်အတူ ရုတ်ချည်းဖယ်ရှားခံလိုက်ရသည်။ ဂရုတစိုက်သာ ကြည့်မည်ဆိုလျှင် အရှေ့တောင်ပိုင်းမှ တဖြည်းဖြည်းချင်း မြောက်တက်လာသော မှင်သက်ဖွယ်ကောင်းသည့် ဓားချည်ဟု ပြောနိုင်လောက်သည်။ ထိုဓားချည်က ငွေရောင်မြစ်တစ်စင်းလိုမျိုး ညကောင်းကင် တစ်ခုလုံးကို ထိုးဖောက်နေခြင်းဖြစ်သည်။ ထိုခမ်းနားသော ဓားချည်ကတင် ကြယ်စင်တိုင်း၏အရောင်ကို မှေးမှိန်ပျောက်ကွယ်သွားစေသည်။ ထို့ကြောင့် ညကောင်းကင်က ထည်ဝါသောအလင်းများကို လွှတ်ထုတ်ထားသလို ထင်လာရသည်။

ထိုလူက ပြတင်းပေါက်ဘောင်ကို ယူထားသော သူ၏လက်ကို အားယူလျှက် တဖြည်းဖြည်းချင်း ထရပ်ပြီး လီရာပေါင်းများစွာခန့်အကွာတွင် ရှိသည့် မှင်သက်ဖွယ်ကောင်းသည့် ဓားချည်ကို အံ့အားတကြီး စိုက်ကြည့်နေမိသည်။ ထိုအခိုက်အတန့်တွင် ထိုလူဟာ မြေကမ္ဘာတုန်ယင်သံကို ကြားနေရသည်။ အစပိုင်းတွင်မူ မသိသာသေးချေ။ သို့သော် တဖြည်းဖြည်းချင်း ပြင်းထန်လာလေပြီး တစ်လောကလုံးက ကိုင်လှုပ်ခံနေရသလို ခံစားလာရသည်။ ကြမ်းတမ်းကာ ပြင်းထန်လွန်းသည့် ထိုစွမ်းအားများက လေထုကိုပင် လျှင်မြန်စွာ ဖောင်းကားလာစေသည်။ ထိုသို့ဖြင့် အင်အားကြီးမားလွန်းလေရာ လက်ခံရန် ခက်ခဲလွန်းလောက်အောင် ဖြစ်လာစေသည်။

တိတ်ဆိတ်ငြိမ်သက်နေသော သံမဏိမြို့က တဖန်ပြန်လည်ကာ လှုပ်ရှားလာပြန်သည်။ ကြောက်လန့်တကြား အော်သံ၊ အလန့်တကြားအော်သံများက ထွက်ပေါ်လာလေပြီး လူတိုင်းက စူးရှသော စွမ်းအင်များကြောင့် နိုးထလာကြသည်။

ပြတင်းပေါက်များကို အရိုးကွဲမတက် အေးစိမ့်သည့် လေထုက ထိုးဖောက်ဝင်ရောက်ကာ ကျော်ဖြတ်လာသည်။ ထိုလူကလည်း ထိုစွမ်းအားက သံမဏိမြို့တစ်ခုလုံး၏ အပူချိန်ကို ဆက်တိုက် ထိုးကျသွားစေကြောင်း သိလိုက်သည်။

ဘန်း

ထိုလူက ချက်ချင်းဆိုသလိုပင် ပြတင်းပေါက်ကို ခပ်မြန်မြန်ပိတ်လိုက်ပြီး အိမ်ထဲသို့ဝင်ပြီး ကုတင်ပေါ်တက်ကာ ကွေးသွားသည်။

မြို့အတွင်းရှိ လူတိုင်းကလည်း တစ်စုံတစ်ရာကို အာရုံခံမိပုံပေါ်သည်။ အမျိုးမျိုးသော တည်းခိုဆောင်များ၊ နေရာတိုင်းမှ ဆူညံသံများက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။

ခြိမ်း

ခြေလှမ်းသံများက ချီတက်သံက နီးသထက်နီးလာသည်။ သို့သော် သံမဏိမြို့ရိုးပေါ်တွင် ရှိနေသော အစောင့်များကသာ ဖြစ်ရပ်မှန်ကိုသိကြသည်။ စစ်သည်လေးထောင်ခန့်ပါသည့် စစ်တပ်တစ်ခုက ချီတက်လာနေခြင်းဖြစ်သည်။ သူတို့၏ခန္ဓာကိုယ်ကို အဖြူရောင်ဓားချည်က လွှမ်းခြုံထားသည်။ နက်နဲသိမ်မွေ့သည်ဟု ထင်ရသော်လည်း ထိုဓားချည်က မြို့ကိုကျော်ဖြတ်သွားချိန်တွင် မည်သည့် အသံကိုမှ မထုတ်လွှတ်ချေ။ သို့သော် ထိုအသံမဲ့သည့်ဖိအားကတင် မြို့ရိုးပေါ်ရှိ အစောင့်တိုင်းကို ကြောက်လန့်တကြား တုန်ယင်နေစေသည်။

နတ်အကျည်းထောင်

ဓားချည်၏အဖြူရောင်အလင်းက ထိုအစောင့်များအား အဖြူရောင်စစ်အလံပေါ်တွင် ရေးသားထားသည့် စကားလုံးများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရစေသည်။

မိနစ်သုံးဆယ်နီးပါးခန့် ကြာပြီးနောက် ထိုစစ်တပ်တစ်ခုလုံးက သံမဏိမြို့အတွင်းမှ ပျောက်ကွယ်သွားပြီး ချီရှီရှိရာဘက်သို့ ဝင်ရောက်သွားသည်။ သို့တိုင်အောင် မြို့ရိုးပေါ်ရှိ အစောင့်တိုင်းက မှင်သက်ကြောင်အနေသေးသည်။

တစ်ရက်တည်းနှင့် စစ်တပ်သုံးခုက သံမဏိမြို့မှ ကျော်ဖြတ်သွားသည်။ စစ်တပ်တစ်ခုချင်းစီတိုင်းက ဖော်ပြရန်ခက်ခဲလောက်အောင် စွမ်းအားကြီးမားလွန်းနေလေရာ သံမဏိမြို့မှ လူတိုင်းအပေါ် အဓိပ္ပာယ်ဖော်ရန် ခက်ခဲလွန်းသည့် ထင်မြင်ချက်မျိုးကို ချန်ထားရစ်ခဲ့သည်။

“မယုံနိုင်စရာပဲ အရှင်အမတ်က ဘယ်နေရာကနေ ဒီလောက်အင်အားကြီးတဲ့ စစ်သားတွေကို သွားရှာထားတာလဲ”

မြို့ရိုးပေါ်ရှိ ချီရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်အပိုင် စစ်သားတစ်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ဒီနေ့တွင် အင်အားကြီးမားလွန်းသော စစ်သားပေါင်းများစွာက ဒီမြို့ကို ကျော်ဖြတ်သွားသည်။ သူတို့အနေနှင့်လည်း မဟာထန်တွင် ထိုကဲ့သို့သော အင်အားကြီးမားလွန်းသည့် စစ်တပ်များကို ဖုံးကွယ်ထားကြောင်း နားလည်လိုက်ခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ခဲ့သော အဖြစ်အပျက်များက သူတို့တစ်ဘဝလုံးစာ ပြောစမှတ်အဖြစ် သိမ်းဆည်းထားရန် လုံလောက်နေလေသည်။

ရက်အနည်းငယ်ကြာပြီးနောက် ချီရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်က တာလာ့၏ အနောက်မြောက်ပိုင်း၏ အကြီးမားဆုံးသော ခံတပ်ကြီးဖြစ်လာသည်။ နတ်သိုင်းစစ်တပ်၊ ရွှမ်ဝူစစ်တပ်၊ နတ်အကျည်းထောင်စစ်တပ်၊ ကျန်းရှို့ကွေး၏ ကောင်းကင်မြို့တော်စစ်တပ်...စသဖြင့် စည်းကမ်းသေဝပ်သော စစ်သည်တော်များအားလုံးက ချီရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်၏ အရှေ့တွင် ငြိမ်သက်စွာ စုစည်းနေကြပြီး တိတ်ဆိတ်ကာ သူရဲကောင်းဆန်မှုအပြည့်ကို ဖော်ထုတ်ပြသနေကြသည်။

ထိုကွင်းပြင်အတွင်းတွင် အသိသာဆုံးသော အင်အားစုကမူ အလယ်အကျဆုံးအပိုင်းတွင် ရှိနေသည့် ဝူရှန်းမြင်းတပ်ခြောက်ထောင်ဖြစ်သည်။ သူတို့က ဝု့စ်သံမဏိဓားများ၏ မလုံလောက်မှုကြောင့် ဥက္ကာပျံ သတ္ထုသားကိုသုံးပြီး လက်နက်များကို အသုံးပြုထားရသည်။ ဥက္ကာပျံသတ္ထုများကိုသုံးပြီး သံချပ်ကာများကို ပြောင်းဝတ်ထားရသည်။ ထိုပစ္စည်းများကတင် စစ်တပ်အများစုကို အရှက်ရစေသည်။

“ငါတို့လိုနေတာက စုဟန်ရှန်းပဲ”

ချွေ့ဖြောင်းချီက ဝမ်ပေ့၏အနားတွင်ရပ်ရင်း ပြောလိုက်သည်။

“ရတော့မှာပါ ငါစုဟန်ရှန်းဆီက သတင်းရထားပြီးသား။ သူကသူ့ရဲ့တာဝန်ကို ပြီးမြောက်သွားလို့ လာနေပြီ”

ဝမ်ပေ့ကပြောသည်။ သူဟာ ချွေ့ဖြောင်းချီနှင့်အတူ အရှေ့ဘက်သို့လှည့်ကြည့်သည်။

သူတို့၏စကားကို တုန့်ပြန်နေသလိုမျိုး နာရီဝက်နီးပါးခန့် ကြာပြီးနောက် လေပြင်းများက ဟိန်းဟောက်ကာ ကြီးမားသော အနက်ရောင်အင်အားစုကြီးက လိမ့်တက်လာသည်။ အရှေ့ဘက်မှ စစ်တပ်တစ်ခုက ချီတက်လာလေပြီ။

“ဒါကပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်ပဲ”

မျက်လုံးကောင်းသော ဝူရှန်းမြင်းသမား တစ်ယောက်က လွှင့်ထူထားသည့် အနက်ရောင်နဂါးအလံကို ချက်ချင်းလိုလို မြင်လိုက်သည်။ ချီရှီက ပေ့ထင်နှင့်နီးသည်။ ထို့ကြောင့် လူတိုင်းကလည်း ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်၏ စစ်အလံကို ရင်းနှီးကြသည်။

ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ် ပေါ်ပေါက်လာမှုက စုဟန်ရှန်းက သူ၏တာဝန်ကို ပြီးမြောက်ကြောင်း ဖော်ပြရာရောက်သည်။ တခဏခန့်ကြာပြီးနောက် စုဟန်ရှန်းက စစ်တပ်နောက်တန်းမှ ထွက်လာပြီး ဝမ်ပေ့နှင့် ချွေ့ဖြောင်းချီတို့ကို လာရောက်နှုတ်ဆက်သည်။

“စစ်သားတွေအားလုံးရောက်ပြီလား”

“ပြိုင်ဘက်ကင်း သိုင်းစစ်တပ်ကတော့ လမ်းမှာပဲ။ သူတို့နှစ်ရက်လောက်ဆိုရင် ရောက်လောက်တယ်”

ဝမ်ပေ့ကပြောသည်။

ဝမ်ချောင်မရှိတော့သောအခါ ချီရှီမှ ခေါင်းဆောင်များက ဝမ်ပေ့၊ စုဟန်ရှန်းနှင့် ချွေ့ဖြောင်းချီဖြစ်သွားသည်။ ပို၍ဆိုးသည်မှာ ဝမ်ပေ့က ဝမ်ချောင်၏ အစ်ကိုနှစ်ဖြစ်သည်။ မေးခွန်းထုတ်ရန်မလိုလောက်အောင် သူဟာ ခေါင်းဆောင်ဖြစ်သွားသည်။ ထို့ကြောင့် အဓိကအဆက်အသွယ် အများစုကို သူ့ထံ ချန်ထားရစ်ခဲ့သည်။ ဝမ်ကလန်က အမတ်များကို ကြော်ညာပေးနေသော ကလန်ဖြစ်သဖြင့် အဖွဲ့ဝင်တိုင်းကို လုံလောက်သော သင်ကြားပြသမှုများ လုပ်ထားသည်။ လုံလောက်သည်ထက်ပင် ပိုနေလောက်သည်။ ထို့ကြောင့် ဝမ်ပေ့၏ အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး သူဟာ ဒီလိုကိစ္စများကို အလွယ်တကူ ကိုင်တွယ်နိုင်သွားသည်။

“စစ်ပွဲမှာ အချိန်က အရေးကြီးဆုံးပဲ။ အချိန်မရွေး စစ်ဆိုတာက ဖြစ်လာနိုင်တယ်။ ငါတို့က အခုစစ်သည် ခြောက်သောင်းနီးပါးကိုပဲ စုစည်းထားနိုင်သေးတယ်။ ဒီတော့ ငါတို့တွေ အရှင်ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကို ထောက်ပံ့ကူညီပေးဖို့ တာလာ့ကို ထွက်ခွာလို့ရနိုင်တယ်။ ပြိုင်ဘက်ကင်း သိုင်းစစ်တပ်ရဲ့ စစ်သည်လေးထောင်ကိုတော့ နောက်မှပဲလိုက်လာပြီး တာလာ့မှာ ပူးပေါင်းခိုင်းလိုက်တော့”

စုဟန်ရှန်းက အေးစက်စွာပြောသည်။

ချွေ့ဖြောင်းချီနှင့် ဝမ်ပေ့တို့ကလည်း ခေါင်းညိမ့်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံးကလည်း စုဟန်ရှန်းကို သဘောတူသည်။

“ဒီလိုဆိုမှတော့ စီနီယာအကြီးအကဲ နှစ်ယောက်ကို အကြောင်းကြားပြီး ချက်ချင်းထွက်ခွာဖို့ ပြင်ဆင်ရအောင်”

စုဟန်ရှန်းကပြောသည်။

နှစ်နာရီခန့်ကြာပြီးနောက် ချီရှီကာကွယ်စောင့်ရှောက်ရေး ဌာနချုပ်မှ သတ္ထုဗုံတီးသံများနှင့် ဖုန်တိမ်စိုင်များက မြောက်တက်လာသည်။ ချီရှီမှတဆင့် လက်ရွေးစင်စစ်သည် ငါးသောင်းကျော်ခန့် ပါဝင်သောစစ်တပ်က တာလာ့ထံသို့ ခမ်းနားထည်ဝါစွာ ချီတက်ထွက်ခွာသွားသည်။

ထိုအခိုက်အတန့်တွင် လေပြင်းများက ဟိန်းဟောက်ပြီး တိမ်စိုင်များက စုစည်းလာသည်။ အနောက်မြောက်ပိုင်းရှိ နယ်မြေတိုင်းကလည်း ထိုစစ်တပ်၏ အရှိန်အဝါအောက်တွင် တုန်ခါသွားပုံပေါ်နေသည်။

အခန်း(၁၀၅၀)

တာလာ့အနောက်ပိုင်းသို့ တည့်တည့်သွားလျှင် အမှောင်တောအုပ်ရှိသည်။

...

ဖလပ် ဖလပ်

မရေမတွက်နိုင်သော ငှက်များက လေထဲသို့ ကြောက်လန့်တကြား ထွက်ခွာသွားချိန်တွင် ကြီးမားသည့် အာရပ်စစ်တပ်ကလည်း အမှောင်တောအုပ်သို့ ချီတက်လာချိန်ဖြစ်သည်။ စစ်တပ်၏ ကြီးမားသော စစ်အလံသုံးခုက အဝေးမှကြည့်ရုံနှင့် ထင်ရှားစွာ မြင်နိုင်နေသည်။ အနက်ရောင်လခြမ်းကွေး၊ ရှည်လျားကျဉ်းမြောင်းသောမြစ်နှင့် တောက်လောင်နေသော အနက်ရောင် ငရဲမီးတို့ဖြစ်သည်။

ဒုန်း ဒုန်း ဒုန်း

စစ်ဗုံသံများ၏ မိုးခြိမ်းမတက် ကျယ်လောင်သော အသံများက ထိုစစ်တပ်မရောက်ခင်ကတည်းက အမှောင်တောအုပ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

“သူတို့ရောက်လာကြပြီ”

အမှောင်တောအုပ်၏ အရှေ့တွင် ကျစ်ရက ထရပ်ပြီး နောက်တန်းသို့လှမ်းကြည့်သည်။ သူ၏မျက်ဝန်းထဲတွင် ပျော်ရွှင်မှုက တောက်လောင်နေသည်။ ကျစ်ရ၏ အနောက်မှ အပုမူစလင်ကလည်း ထရပ်လိုက်သည်။ သူ၏မျက်နှာထားက တည်ငြိမ်သွားသည်။ သို့သော် သူူ၏မျက်ဝန်းကမူ စိတ်လှုပ်ရှားမှုကို ဖော်ပြနေသေးသည်။

အာရပ်များသည် ဒီစစ်ပွဲမှ အနိုင်ကိုလိုအပ်သည်။ အပုမူစလင်နှင့် ကျစ်ရတို့ကလည်း ဒီနေ့ရက်ကို ရောက်လာရန် စောင့်ဆိုင်းနေရသည်မှာ ကြာလှချေပြီ။ တာလာ့ကိုချိုးဖောက်ပြီး အရှေ့ပိုင်းနယ်မြေ တစ်ခုလုံးကို သိမ်းပိုက်ရန်ကိစ္စက အပုမူစလင်နှင့် အခြားသော အာရပ်အစိုးရတိုင်း၏ အကြီးမားဆုံးသော စိတ်ဆန္ဒဖြစ်သည်။

သံမဏိနှင့်သွေး အစိုးရဖြစ်သော အပုမူစလင်အနေနှင့် သေးငယ်နိမ့်ကျသော စစ်တပ်တစ်ခုထံ ရှုံးသွားသောကိစ္စကို သည်းမခံနိုင်ချေ။ သူက သည်းမခံနိုင်သလို သူ၏လက်ထောက် ကျစ်ရကလည်း သည်းမခံနိုင်ချေ။

“ဟား ဟား အပုမူစလင် ငါတို့ထပ်တွေ့ကြပြန်ပြီ”

ခါရီယိုမှ အစိုးရအော့စမန်းက ရောက်ရှိလာသည့်အချိန်တွင် သဘောတကျ ရယ်သံကလည်း စစ်တပ်ထဲမှ ထွက်လာသည်။ သူဟာ အပုမူစလင်နှင့် ကျစ်ရတို့ကို လာရောက်တွေ့ဆုံသည်။

“အရှင်အော့စမန်း ငါတို့မင်းတို့ကို စောင့်နေတာကြာပြီ”

ကျစ်ရက သဘောတကျရယ်ပြီး သူ၏မြင်းကိုစီးနင်းကာ တစ်ဖက်သူကို သွားရောက်လက်ခံတွေ့ဆုံသည်။ သူ၏မျက်နှာတွင် နွေးထွေးမှုနှင့် လေးစားမှုများက ပေါ်ထွက်နေသည်။ ကျစ်ရကလည်း ဆာရှားမင်းဆက်နှင့် စစ်ပွဲတွင် ပါဝင်ခဲ့ဖူးသည်။ သူက အော့စမန်းနှင့် လက်တွဲလုပ်ဆောင်နေပြီး ဆာရှားနှင့် မဟာဗိုလ်ချုပ်ကိုပင် သတ်ခဲ့ဖူးသည်။ ထို့ကြောင့် သူတို့ဟာ မိတ်ဆွေဟောင်းများဟု ဆို၍ရသည်။

“ကြိုဆိုပါတယ်”

အပုမူစလင်ကလည်း မြင်းကိုစီးနင်းလျှက် ထွက်သွားသည်။ သို့သော် သူဟာတည်ငြိမ်စွာ စကားတစ်ခွန်းကိုသာဆိုသည်။

“အပုမူစလင် မင်းကအရင်အတိုင်း ဖြစ်နေတုန်းပဲ။ မင်းရဲ့အဲ့ဒီမျက်နှာသေက ဘာလဲ။ ဘာဖြစ်လို့လဲ။ တာလာ့ရဲ့ထန်တွေက ဒီလောက်ထိ လေးစားဖို့ကောင်းတာလား။ မင်းသူတို့ကို မယှဉ်နိုင်တာသေချာလား”

အော့စမန်းက ညင်သာစွာ ပြုံးနေသော်လည်း သူ၏မျက်ဝန်းကမူ သိချင်စိတ် ပြင်းပြနေသည်။

အပုမူစလင်သည် အာရေးဗီးယားအင်ပါယာတွင် ပြိုင်ဘက်ကင်းသော သင်္ကေတကို လက်တွေ့ကျင့်သုံးနေသူဖြစ်သည်။ ယခင်ဆယ်စုနှစ်ပေါင်း များစွာအတွင်း သူမအုပ်စိုးနိုင်သော မည်သည့်အင်ပါယာမှ မရှိခဲ့ဖူးချေ။ သို့သော် ဒီတစ်ကြိမ်တွင် သူဟာအုပ်စိုးရန် ရှုံးနိမ့်သွားရုံသာမကသေးလေဘဲ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားခဲ့သည်။ အော့စမန်းအနေနှင့် ထိုသတင်းကို ပထမဦးဆုံးကြားချိန်က ဟာသဟုပင် ထင်ခဲ့သည်။ သူက ယုံကြည်ရန်ပင် ခက်ခဲခဲ့သည်။

“အော့စမန်း သတိလက်လွတ်မနေနဲ့ ဒီထန်စစ်တပ်က ငါတို့ရင်ဆိုင်ခဲ့ဖူးသမျှ ဘယ်ပြိုင်ဘက်နဲ့မဆို ခြားနားတယ်။ သူတို့ရဲ့လက်နက်တွေ ပစ္စည်းတွေ၊ ဗျူဟာတွေ၊ ဝင်္ကပါတွေနဲ့ သူတို့ရဲ့ ဗိုလ်ချုပ်တွေ အားလုံးက တော်တော်လေးကို လေးစားဖို့ကောင်းတဲ့လူတွေကြီးပဲ။ ဒါ့အပြင် အရှေ့ပိုင်းသိုင်းပညာတွေက ငါတို့နဲ့ခြားနားတယ်။ ဒီအတွက်ကြောင့်ပဲ မာစီကိုယ်တိုင်တောင် သူတို့ရဲ့လက်ထဲမှာ သတိလက်လွတ်ဖြစ်လို့ သေသွားခဲ့ရတာပေါ့”

အပုမူစလင်က ခပ်တင်းတင်းပြောသည်။

“အဲ့ဒီလိုလား”

မထူးခြားနားသလို လေသံမျိုးကထွက်လာသည်။ ထိုလေသံထဲတွင် အထင်သေးမှုနှင့် ကြောက်မက်ဖွယ်ကောင်းသော အာဏာရှင်ဆန်သည့် လေထုကို သယ်ဆောင်ထားသည်။

“ဒီလိုဆိုရင် ငါပိုပြီးတော့တောင် စမ်းကြည့်ချင်လာသေးတယ်။ ဒီလောကမှာ ငါတို့ရဲ့ မာမဲ့လုတွေ အနိုင်မယူနိုင်တဲ့ စစ်တပ်များ တကယ်ရှိတာလား”

အားပါးက ထိုသို့ပြောရင်း နောက်တန်းမှထွက်လာသည်။ သူဟာ သန့်စင်ဖြူဖွေးနေသော တောင်ပေါ်မြင်းကိုသာ စီးနင်းသည်။

“အရှင်”

ကျစ်ရ၏အမူအရာက ရုတ်တရက် လေးနက်သွားသည်။ သူဟာ အားပါးကို မြင်သည်နှင့် ချက်ချင်းလိုလို ဂါရဝပြုလိုက်သည်။

မာမဲ့လုများသည် အလွန်အမင်း ပြင်းထန်သော တိုက်ခိုက်နိုင်သည့် စစ်သားများကို ပိုင်ဆိုင်ထားသည့် စစ်တပ်တစ်ခုဖြစ်သည်။ အာရေးဗီးယားအဖွဲ့ဝင်တိုင်း သိကြ၏။ မာမဲ့လုများ၏ ခေါင်းဆောင်တစ်ယောက် အနေနှင့် အားပါးကလည်း လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည်။ ကျစ်ရကပင် တစ်ဖက်သူကို အများကြီး လေးစားပြရန်လိုအပ်သည်။

“အားပါး ဒါကမင်းလိုချင်တာဆိုရင် ငါ့ရဲ့စစ်တပ်နဲ့ စမ်းကြည့်လို့ရတယ်”

နောက်တန်းမှ အေးစက်သောအသံက ထွက်လာသည်။ ထို့နောက် မြင်းခွာသံများက ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ မှင်သက်ဖွယ်ကောင်းလွန်းသော ရွှေရောင်အလင်းနှင့် ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။ ထိုပုံရိပ်က ပုံမှန်မဟုတ်လောက်အောင် ကြီးမားလွန်းသည့် အာရေးဗီးယား တောင်ပေါ်မြင်းကြီးကို စီးနင်းထားလေသည်။

ချွီထေပါး

အပုမူစလင် အော့စမန်း ကျစ်ရနှင့် အားပါးတို့အားလုံးက တစ်ဖက်သူကို မြင်လိုက်သည်နှင့် အမူအရာက လေးနက်သွားပြီး ချက်ချင်းလိုလို ပါးစပ်ကို ပိတ်လိုက်ကြသည်။ စစ်ချွီထေပါး အစိုးရသည် အာရေးဗီးယား အင်ပါယာတစ်ခုလုံးတွင် အစည်းလုံးဆုံးသော စစ်တပ်ကို အမိန့်ပေးနိုင်သည့် လူတစ်ယောက်ဖြစ်သည်။

ချွီထေပါးသည် တိုက်ပွဲကို အလွန်ဆာလောင်လွန်းသည်။ သူဟာ အပုမူစလင်ထက်ပင် တိုက်ပွဲများကို စတင်လွန်းသောသူဖြစ်သည်။ သူ၏ကိုယ်အတွင်းကပင်ဖြစ်စေ၊ အပြင်ကပင်ဖြစ်စေ တိုက်ပွဲကို ရူးသွပ်လွန်းသောလူဖြစ်သည်။ အပုမူစလင်ကို အဆင့်အတန်းအားဖြင့် ကျော်လွန်သော လူအနည်းစု ရှိလောက်သော်လည်း လေးစားဖွယ်ကောင်းသော ခွန်အားနှင့် သူဆွဲကိုင်ထားသော အာဏာကမူ ကာလစ်ကိုယ်တိုင်ကပင် နည်းမျိုးစုံသုံးပြီး သူ့ကိုချုပ်ထိန်းထားရခြင်းဖြစ်သည်။

“ဒီအရူးက...”

အားပါး၏မျက်ဝန်းအတွင်း ဒေါသတစ်စက ဖြတ်ပြေးသွားသည်။ သို့သော်သူက သူ၏ထင်မြင်ချက်ကို ထုတ်မပြောရဲချေ။ အင်အားအပြည့်သုံးကာ တိုက်ခိုက်မည်ဆိုလျှင် မာမဲ့လုများတွင် လူတစ်သောင်းသာရှိသည်။ သို့သော် ချွီထေပါး၏ လက်ရွေးစင် စစ်သားများက ထိုအရေအတွက်ထက် ဆယ်ဆမက များနေသည်။ မာမဲ့လုများက တိုက်ပွဲနယ်မြေတွင် ခုခံမှုကို ကျော်ဖြတ်ရာတွင်သာ ကျင့်သားရနေလေ့ရှိပြီး အလုံးအရင်းတိုက်ပွဲမျိုးတွင် ကျင့်သားရလေ့မရှိချေ။ မာမဲ့လုများက ချွီထေပါး၏ဝင်္ကပါကို ကျော်ဖြတ်နိုင်သည့်တိုင်အောင် ဆိုးရွားသော ဆုံးရှုံးမှုများနှင့်အတူ ခါးသီးသော လွန်ဆွဲမှုမျိုးကို ကြုံတွေ့ရပေလိမ့်မည်။ အရေးအကြီးဆုံး အချက်ကမူ အားပါးက ချွီထေပါးကိုမနိုင်ချေ။

ချွီထေပါးက အာရေးဗီးယား၏ စစ်နတ်ဘုရားဟု လူသိများကျော်ကြားသည်။ ထိုဘွဲ့ကတင် သူ၏ အင်အားကို ကိုယ်စားပြုနိုင်သည်။ မလိုအပ်လျှင် အားပါးအနေဖြင့် တိုက်ပွဲကိုဆာလောင်လွန်းသော အရူးနှင့် ရန်သူမဖြစ်ချင်ပေ။

ချွီထေပါး၏ တောက်ပလွန်းသော ရွှေရောင်ခန္ဓာကိုယ်က အားပါးကို လျစ်လျူရှု့ပြီး အပုမူစလင်ကိုကြည့်သည်။

“အပုမူစလင် မင်းကငါ့ကို တော်တော်လေး စိတ်ပျက်စေတာပဲ။ မင်းလိုအင်အားမျိုးရှိတဲ့ လူတစ်ယောက်က ပဲ့ဟယ်မော့စစ်တပ်နဲ့ ကောင်းကင်ခစားခြင်း စစ်တပ်တွေရဲ့ အကူအညီနဲ့တောင်မှ အဖွဲ့ဝင် သောင်းကျော်ပဲရှိတဲ့ ဒီအင်အားစုကို မနိုင်ဘူးဆိုတာ မယုံနိုင်ဘူး။ ငါအစကတော့ မင်းက ငါ့ရဲ့နေရာကို ယူနိုင်လောက်မယ်လု့ိ ထင်ခဲ့တာ။ မမျှော်လင့်ထားဘဲ ငါမင်းကို အထင်ကြီးမိတာပဲ”

အပုမူစလင်၏ မျက်မှောင်က ကျုံ့သွားပြီး တစ်စုံတစ်ရာ ပြောလိုပုံပေါ်သည်။ သို့သော် ကိုယ့်ကိုယ်ကို ချုပ်ထိန်းလိုက်၏။ အာရေးဗီးယားအင်ပါယာတွင် ဝါကအရေးကြီးသည်။ ထို့ပြင် အရာအားလုံးကို အင်အားဖြင့် ဆုံးဖြတ်နိုင်သည်။ အပုမူစလင်က ယခုလေးတင် တာ့လာ့တွင် ရှုံးထားကာစဖြစ်သည်။ ထို့ကြောင့် သဘာဝအလျောက်ပင် လေးစားဖွယ်ကောင်းသော ချွီထေပါး၏အရှေ့တွင် သူက နှုတ်ပိတ်နေသင့်သည်။

“ချွီထေပါး ထန်တွေက အင်အားနည်းလား အင်အားကြီးလားဆိုတာကို မင်းခပ်မြန်မြန်သိရအောင် ကြိုးစားရလိမ့်မယ်။ စစ်တပ်က ဒီမှာရှိနေတယ်ဆိုမှတော့ ငါတို့တွေ တာလာ့ကို ခပ်မြန်မြန် ကျော်ဖြတ်ပြီး ထန်စစ်တပ်ကို သုတ်သင်လိုက်ရအောင်။ ကျစ်ရ တိဗက်တွေနဲ့ တူရကီတွေကို အကြောင်းကြားလိုက်။ ငါတို့တွေ စတင်ကြမယ်”

အပုမူစလင်က အမိန့်ပေးပြီး ခေါင်းကိုလှည့်ကာပြောသည်။

“ဟုတ်ကဲ့အရှင်”

ကျစ်ရက အသိပြန်ဝင်သွားပြီး ခပ်မြန်မြန် ထွက်ခွာသွားသည်။

ဖလပ် ဖလပ်

အာရေးဗီးယား အမဲလိုက်သိန်းငှက်တစ်ကောင်က သိပ်မကြာခင် ကောင်းကင်ထဲသို့ ထိုးတက်သွားပြီး အမှောင်တောအုပ်ထဲမှ ထွက်ခွာကာ တာလာ့ကိုကျော်ဖြတ်လျှက် တိဗက်စခန်းပေါ်မှ ဆင်းသက်သွားသည်။

ထိုအခိုက်အတန့်တွင် တိဗက်စခန်းတစ်ခုလုံးက သတိအပြည့်ကပ်ပြီး စည်းကမ်းသေဝပ်စွာ ရှိနေကြသည်။ ယခုအခါ သူတို့ဟာ ခြားနားသော အရှိန်အဝါမျိုးကို လွှတ်ထုတ်ထားကြပြီဖြစ်သည်။ မဟာကလန်နှင့် တော်ဝင်မျိုးဆက်များမှ ပို့လွှတ်လိုက်သော တိဗက်တပ်ကူ လေးသောင်းက နောက်ဆုံးတွင်ရောက်ရှိလာပြီး သာ့လွန်ရော့ကျန်း၏ စစ်တပ်နှင့် ပူးပေါင်းသွားသည်။ သာ့လွန်ရော့ကျန်းကလည်း စစ်သည် ရှစ်သောင်းနီးပါးကို ပြန်လည်ပိုင်ဆိုင်သွားပြီဖြစ်သည်။ သူတို့၏ အင်အားက ယခင်ထက်ပင် သာသေး၏။

“ဟား ဟား လူတိုင်းက နောက်ဆုံးတော့ ရောက်လာပြီပဲ”

သာ့လွန်ရော့ကျန်းက ကျစ်ရ၏စာကိုဖတ်ရင်း ပြုံးရယ်နေသည်။

သူဟာ ထိုနေ့ရက်ကို စောင့်နေသည်မှာ ကြာလှလေပြီ။ ယခုအခါ ထိုနေ့ရက်က နောက်ဆုံးတွင် ရောက်ရှိလာပြီဖြစ်သည်။ အစိုးရသုံးယောက်၊ စစ်သည်လေးသိန်းနှင့် တိဗက်များနှင့် အနောက်ပိုင်းတူရကီများ၏ အင်အားများကို ထည့်ပေါင်းလိုက်သော် မည်သည့်နည်းနှင့်မဆို ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်က ဒီတိုက်ပွဲတွင် ရှင်သန်နိုင်လိမ့်မည်မဟုတ်ချေ။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် စစ်တပ်ကို လှုပ်ရှားဖို့ အသင့်ပြင်ခိုင်း”

သာ့လွန်ရော့ကျန်းက စာကိုသိမ်းရင်း ပေါ့ပါးစွာပြောလိုက်သည်။

“သတင်းပို့”

ထိုအခိုက်အတန့်တွင် ရွက်ဖျင်တဲအတွင်းသို့ တိဗက်သတင်းပို့တစ်ယောက်က ဝင်ရောက်လာပြီး ဒူးတစ်ဖက် ထောက်ချသည်။

“မဟာအမတ်မင်း နောက်တန်းက ကင်းထောက်တွေရဲ့ ပြောစကားအရ ထန်တပ်ကူတွေက တာလာ့ဆီကို လျှင်လျှင်မြန်မြန် ရွေ့လျားလာနေပါပြီ။ ကျွန်တော်တို့ရဲ့ ခန့်မှန်းချေအရ အနည်းဆုံး ခြောက်သောင်းလောက် ရှိပါတယ်။ သူတို့အားလုံးက လက်ရွေးစင်တွေကြီးပါပဲ။ မဟာအမတ်မင်း ကျေးဇူးပြု၍ ညွှန်ကြားပေးပါ”

ဝုန်း

ရွက်ဖျင်တဲ တစ်ခုလုံးက ထိုစကားလုံးများကြောင့် သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ အချိန်ကပင် ရပ်တန့်သွားပြီဟုထင်ရသည်။ လှုပ်ရှားမှုများ အားလုံးကလည်း အေးခဲသွား၏။ သာ့လွန်ရော့ကျန်းကပင် မျက်နှာထား အေးခဲသွားသည်။ သူ၏နှုတ်ခမ်းပေါ်ရှိ အပြုံးကပင် ပျောက်ကွယ်သွား၏။

“သူတို့ဘယ်လောက် ဝေးသေးလဲ”

သာ့လွန်ရော့ကျန်းကပြောသည်။ သူ၏မျက်မှောင်က ကျုံ့နေသည်။ ထိုသတင်းက သူ့ကိုပင် အငိုက်ဖမ်းလိုက်သည်။

“သူတို့က တော်တော်လေးကို လျှင်လျှင်မြန်မြန်နဲ့ ချီတက်လာကြတာပါ။ သူတို့အများဆုံး တစ်ရက်အတွင်း ကျွန်တော်တို့ရှိရာနေရာကို ရောက်လာတော့မှာပါ”

သတင်းပို့က လေးစားစွာပြောသည်။

ရွက်ဖျင်တဲက တိတ်ဆိတ်နေသည်။ သာ့လွန်ရော့ကျန်းက မေးကို လက်တစ်ဖက်ဖြင့်ထောက်ရင်း တိတ်တဆိတ် တွေးတောနေသည်။

“မဟာထန်ရဲ့တပ်ကူတွေက တော်တော်လေးကို မြန်မြန်ဆန်ဆန်နဲ့ ရောက်လာတာပဲ။ သူတော်စင်ဧကရာဇ်ကလည်း အနောက်မြောက်ပိုင်းရဲ့ အန္တရာယ်ကို သတိထားမိလို့ စစ်သားတွေကို စောစောပို့လိုက်တာဖြစ်လောက်တယ်”

တုစုန့်မာန်ဖော်ကျဲ့က ခပ်တင်းတင်းပြောသည်။

ဒါဟာ အံ့အားသင့်စရာ အကောင်းဆုံးသတင်းဖြစ်သည်။ မဟာထန်၏ တပ်ကူများက သူတို့မျှော်လင့်ထားသည်ထက် စောစွာရောက်ရှိလာကြသည်။

“ငါကဒါကို စိုးရိမ်တာမဟုတ်သေးဘူး”

ဟော်ရှု့ဟွေ့ခမ်းကပြောသည်။ သူ၏မျက်မှောင်က ပိုကျုံ့သွားသည်။

“မဟာထန်က ငါတို့နဲ့ခြားနားတယ်။ သူတို့က စစ်သားတွေကို အလွယ်တကူ စုစည်းလို့ရတဲ့ အခြေအနေမျိုးလည်းမဟုတ်ဘူး။ လက်ရွေးစင် ခြောက်သောင်းဆိုတာက တော်တော်လေးကို မှင်သက်ဖို့ကောင်းနေပြီ။ ငါတို့ရဲ့အကြံစည်အတိုင်းသာလုပ်ပြီး အာရပ်တွေနဲ့ပေါင်းလို့ တာလာ့ကို တိုက်ခိုက်မယ်ဆိုရင် ငါစိုးရိမ်တာက နောက်တန်းကနေ ဖော့ပြီးတိုက်ခိုက်ခံရမှာက တာလာ့က ထန်တွေမဟုတ်ဘဲ ငါတို့ဖြစ်သွားမှာကိုပဲ”

ပျောက်ကြားစစ်ဆင်ရေးတွင် စိုးရိမ်စရာအကောင်းဆုံးက နောက်တန်းမှ တိုက်ခိုက်ခြင်းဖြစ်နေသည်။

အာရပ်များဟာ မှင်သက်ဖွယ်ကောင်းသော စွမ်းအင်ရှိပြီး သူတို့၏ တိုက်ခိုက်နိုင်စွမ်းရည်ကို မြှင့်တင်နိုင်သည်။ သူတို့ဟာ စစ်သည်သိန်းကျော်ကို ဆုံးရှုံးလိုက်ရသော်လည်း သိပ်မကြာခင် စစ်သည်လေးသိန်းဆိုသော ပိုများသည့် အင်အားပမာဏကို စုစည်းနိုင်ခဲ့သည်။ သူတို့ကို နောက်တန်းမှ တိုက်ခိုက်မည်ဆိုလျှင်ပင် ကြောက်လန့်စရာ အကြောင်းမရှိချေ။ သို့သော် တိဗက်များကမူ စစ်သည်ရှစ်သောင်းသာရှိသည်။ နောက်တန်းမှတိုက်ခိုက်လျှင် ရလာသောရလဒ်က အကုန်အစင် ရှင်းလင်းခံရနိုင်သည့် အနေအထားမျိုးထိ ဖြစ်သွားနိုင်လေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ထိုဖြစ်နိုင်ချေကို လူတိုင်းက နားလည်ကြသည်။ တိဗက်များအနေဖြင့် အာရပ်တပ်ကူများ ရှိလာသောကြောင့် ပျော်ရွှင်ရန် အချိန်မရှိသေးချေ။ ကိုယ်ပိုင်အခြေအနေကို စဉ်းစားရန်အချိန်ရောက်လာသည်။ ရွက်ဖျင်တဲတစ်ခုလုံးကို တိတ်ဆိတ်ကြီးစိုးသော ခံစားချက်များက လွှမ်းခြုံသွားသည်။

“ဟူး...”

သာ့လွန်ရော့ကျန်းက ရုတ်တရက် ဆုံးဖြတ်ချက်ချရင်း ထရယ်လိုက်သည်။

“ကြည့်ရတာ ငါတို့တွေ အကြံအစည်ကိုပြောင်းရမယ်။ မြေကမ္ဘာကိုသုံးပြီး ရေကြီးတာကို တားလို့ရသလို စစ်သားတွေကိုသုံးပြီး ရန်သူတပ်ဖွဲ့တွေကို တားလို့ရတယ်။ သွား မဟာထန်ရဲ့ တပ်ကူတွေကို သွားကြည့်ရအောင် တစ်ချိန်ထဲမှာပဲ ငါတို့အပုမူစလင်အတွက် အချိန်ဝယ်ပေးထားတာပေါ့”

“ဒ့ါအပြင် တုဝူစစ်လီကို အကြောင်းကြားလိုက် ဒီလောက်ကြာပြီ ငါတို့ဆုံရမဲ့အချိန် ရောက်ပြီမဟုတ်လား”

သာ့လွန်ရော့ကျန်းက အမိန့်ပေးပြီး သိပ်မကြာခင် သိန်းငှက်တစ်ကောင်က လေထုထဲသို့ ထိုးတက်လျှက် အနောက်မြောက်ပိုင်း တူရကီစခန်းဘက်သို့ ထွက်ခွာသွားသည်။ တစ်နာရီပင် မကြာသေးသော အချိန်အတွင်း တိဗက်များနှင့် အနောက်ပိုင်းတူရကီ စစ်တပ်များက စုစည်းသွားကြပြီဖြစ်သည်။ ထိုသို့ဖြင့် သူတို့က တာလာ့နှင့် ဆန့်ကျင်ဘက်သို့ စီးနင်းသွားကြသည်။

All Chapters