← Chapters

အခန်း (၁၀၅၁-၁၀၅၅)

Vol. 60 Ch. 1051-1055

အခန်း (၁၀၅၁-၁၀၅၅)

Vol. 60 Ch. 1051-1055

အပိုင်း (1051)

အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ အာရပ်များ၊ တိဗက်များနှင့် အနောက်ပိုင်း တူရကီများ အားလုံးက စတင်ကာ လှုပ်ရှားလာသည်နှင့်အမျှ သိမ်းငှက်ပေါင်းများစွာက လေထုကို ထိုးခွင်းပျံသန်းသွားကြသည်။ ထိုအတွက်ကြောင့်လည်း အလန့်တကြား ဖြစ်သွားသော မျက်နှာထားမျိုးနှင့် ကင်းထောက်ပေါင်းများစွာက တာလသို့ အပြေးအလွှား ရောက်လာကြသည်။

သတင်းပို့..

“သတင်းဆိုး အာရပ်တွေက ဝိုင်းလိုက်ပါပြီ၊ အာရပ်မြင်းတပ်အင်အားစု တစ်ခုက တာလကို အရှိန်နှုန်းမြှင့်ပြီး ချဥ်းကပ်လာပါတယ်၊ ကျွန်တော်တို့ရဲ့ ခန့်မှန်းချေအရ စစ်သည်လေးသိန်းလုံးကို ခေါ်ဆောင်လာတဲ့ ပုံပါပဲ”

ကင်းထောက်ပေါင်းများစွာက ကန့်လန်ကာ ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။ သို့သော် သူတို့၏ တင်ပြချက်များက တစ်ထေရာတည်း တူညီနေသည်။

ရေကန်အတွင်းသို့ ကျောက်တုံးကြီးတစ်တုံးကို ပစ်ချလိုက်သလိုမျိုး ကင်းထောက်များ၏ တင်ပြချက်က လူတိုင်းကို အလန့်တကြား ထရပ်မိစေသည်။ ခိုရာဆန်းနီကလည်း အာရပ်စစ်သားများ၏ အရေအတွက်က စစ်သည်လေးသောင်းရှိပြီး ထိုလူများ ချဥ်းကပ်လာကြောင်း ဖော်ပြထားသည့်တိုင်အောင် အမှန်တကယ် နားလည်လက်ခံလိုက်ရသည့်အချိန်တွင်မူ အားလုံးမှင်တက်သွားရသည်။

“တစ်လကျော် ကြာသွားတာပဲ”

“နောက်ဆုံးတော့ ဒီရက်က ရောက်လာပြီ”

ကောင်းရှန်းကျစ်က သက်ပြင်းကို ချရင်း ကြီးမားသော အစည်းအဝေး စားပွဲကြီးထံမှ ထရပ်သည်။ သူ၏ အကြည့်က ဝမ်ချောင့်ထံ ရောက်သွားသည်။ ဝမ်ချောင်က သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။

”အင်း”

ဝမ်ချောင်က ခေါင်းညိတ်သည်။ သူ၏မျက်နှာတွင် မည်သည့်ခံစားချက်ကိုမှ မပြသော်လည်း သူ၏ စိတ်ကမူ ရှုပ်ထွေးနေလေသည်။ ရောက်လာသင့်သည့် အရာများက ရောက်လာလေပြီ။ အချိန်အတန်ကြာ စောင့်ဆိုင်းပြီးနောက် မဟာထန်နှင့် အာရေးဗီးယားဟာ နောက်ဆုံးတွင် မျက်နှာသာမပေးသော စစ်ပွဲကို ဆင်နွှဲရတော့ပေမည်။ သို့သော် ဒီစစ်ပွဲက ယခင်တစ်ပွဲနှင့် ခြားနားသည်။ ဒါဟာ အစစ်အမှန်အဆုံးအဖြတ်တိုက်ပွဲဖြစ်သည်။ အာရေးဗီးယားနှင့် မဟာထန် တိုင်းပြည်နှစ်ခုထဲမှ တိုင်းပြည်တစ်ခုကသာ တာလမှ အရှင်ထွက်နိုင်ပေလိမ့်မည်။ အလံတစ်ခုကသာ မြို့ရိုးပေါ် လွှင့်နိုင်သည်။

”ရွှယ်ချန်ကျွင်း အင်ပါယာခုံရုံးက ဘာသတင်းရလဲ”

”အရှင် စုဟန်ရှန်း ဗိုလ်ချုပ်ဝမ်နဲ့ ဗိုလ်ချုပ်ချွေ့တို့အားလုံးက ချီးရှီကနေ စစ်သည်ခြောက်သောင်းကျော်နဲ့အတူ ထွက်ခွာလာပါပြီ၊ သူတို့က တာလကို အမြန်ဆုံးသော အရှိန်နှုန်းနဲ့ ချီတက်လာကြပါတယ်”

ဝမ်ချောင်က ခေါင်းညိတ်ရင်း ဆက်ပြောသည်။

”ချီးရှီအတွက် ခုခံရင်းနဲ့ သံမဏိမြို့ကို ကောင်းကောင်း ကိုင်တွယ်ထားရဲ့လား”

ရွှယ်ချန်ကျွင်းက ဂါဝရပြုလျက် ဆက်ပြောသည်။

”အရှင် လုံရှီကွမ်းနျဲ့ နယ်မြေနဲ့ ဟယ်တုံးနယ်မြေက စီရင်စု စစ်တပ်တွေအားလုံးက ဒီ၂နေရာမှာ အခြေစိုက်စခန်း ချထားပါတယ်၊ လုံလောက်အောင် တိုက်ခိုက်နိုင်ပေမဲ့လည်း ခုခံဖို့အတွက်ကတော့ အဆင်ပြေနိုင်ပါတယ်”

”ကောင်းပြီ”

”အရမ်းကောင်းတယ်”

ဝမ်ချောင်က ခေါင်းအသာညိတ်သည်။ သူ၏မျက်ဝန်းအတွင်း ဖြတ်ပြေးသွားသည့် ခံစားချက်အရိပ်ယောင်ကိုပင် မမြင်ရချေ။

”အဘက်ဘက်က တပ်ကူတွေရောက်လာပြီ၊ တိုက်ပွဲက ရှောင်လို့ မရနိုင်တော့ဘူး၊ ငါတို့နဲ့ ငါတို့ရဲ့ တပ်ကူတွေအကြားမှာ ခံနေတာက တာ့လေရော့ကျန်းနဲ့ တုဝူစစ်လီပဲ”

ဝမ်ချောင်က ပြောပြီးနောက် သေးငယ်သော အလံလေးနှစ်ခုကို ကောက်ယူလိုက်ပြီး တိဗက်နှင့် အနောက်ပိုင်းတူရကီစခန်းများ ရှိရာနေရာသို့ စိုက်ချလိုက်သည်။

”ဝမ်ချောင် တာ့လေရော့ကျန်းက ကိုင်တွယ်ရ လွယ်တာမဟုတ်ဘူး၊ သူကလည်း ချီးရှီက လာတဲ့ တပ်ကူတွေအကြောင်းကို သိနေမှာပဲ၊ ငါတို့ဘယ်လိုလုပ်ကြမလဲ၊ ငါတို့ထပ်ပြီး ကြိုဆိုသင့်လား”

ရှန်းချန်းလီက တာ့လေရော့ကျန်းကို ပေါ့သေးသေး မသတ်မှတ်ရဲချေ။ တစ်လကျော် ကြာခဲ့ပြီးနောက် မဟာထန်က တိဗက်နှင့် တူရကီများကို အကြိမ်အနည်းငယ် ဝင်စီးချင်သဖြင့် ကြိုးစားခဲ့ဖူးသည်။ သို့သော် တာ့လေရော့ကျန်းနှင့် တုဝူစစ်လီတို့ကလည်း အချိန်တိုင်းလိုလို အခြေအနေများကို ကြိုမြင်နေသလိုမျိုး ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်နေသည်။ လက်ရှိအချိန်အထိ စစ်တပ်၂ခုလုံးက ထန်စစ်တပ်အတွက် အနှောင့်အယှက် ပေးနေသေးသည်။ ထန်များက ချီတက်ရန် ကြိုးစားစေကာမူ မည်သည့်လှုပ်ရှားမှုကိုမဆို သူတို့က ကြိုတင်ကာ ရှာတွေ့နေတတ်သည်။

ကောင်းရှန်းကျစ်နှင့် ရှန်းချန်းလီတို့က ကင်းထောက်များ စေလွှတ်ကာ မြို့အတွင်းရှိ သူလျှိုများအားလုံးကို ရှင်းလင်းခဲ့ပြီးသည့်တိုင်အောင် သူတို့က မည်မျှသတ်ဖြတ်စေကာမူ ပို၍များပြားသည့် ပမာဏက ပေါ်လာသလို ဖြစ်နေသည်။ အဆုံးသတ်တွင်မူ ထိုအကြံကို အဆုံးသတ်လိုက်ရသည်။

သူတို့က အပြတ်အသတ် အားသာနေခြင်း မရှိသည်အထိ တိဗက်နှင့် အနောက်ပိုင်းတူရကီများနှင့် သွားပြီး ရင်ဆိုင်၍ မရသေးပေ။

”မလိုဘူး”

သူတို့ကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်က လက်ကို ခပ်အေးအေးရမ်းပြီး ငြင်းလာခြင်းဖြစ်သည်။

”တာ့လေရော့ကျန်းက ငါတို့နဲ့ မတိုက်ခိုက်ပါဘူး၊ ငါတို့ဆီက လှုပ်ရှားမှုတွေကို ရှာတွေ့တာနဲ့ သူသေချာပေါက် နောက်ဆုတ်သွားလိမ့်မယ်၊ တာ့လေရော့ကျန်းက တစ်ခုခုလုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် တောင်မှ ဒီလိုအချိန်မျိုးကို ရွေးလိုက်ရင်တော့ အချိန်ရွေးမှားသွားတာပဲ”

”ရွှယ်ချန်ကျွင်း စုဟန်ရွှမ်းကို ချက်ချင်းအကြောင်းကြားလိုက်၊ တာ့လေရော့ကျန်း လာနေကြောင်းပြောပြီး သူ့ရဲ့စွမ်းရည်တွေကို ပြဖို့ လိုအပ်ပြီလို့ ပြောလိုက်ပါ”

ဝမ်ချောင်က ခပ်တင်းတင်းသာပြောသည်။

ခန်းမအတွင်းရှိ လူတိုင်းက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ကောင်းချန်းကျွင်းက မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။

စုဟန်ရွှမ်း ဟုတ်လား၊ သူတို့ ဒီနာမည်ကိုတစ်ခါမှ မကြားဖူးပါဘူး။

သို့သော် ဝမ်ချောင်၏ မျက်နှာထားအရ သူဟာ ထိုလူကို အလွန်ယုံကြည်ပုံ ရသည်။

”ဝမ်ချောင် သူက.... ”

ကောင်းချန်းကျွင်းက မေးခွန်းထုတ်သည်။

”တာ့လေရော့ကျန်းကို အရှုံးကြီးရှုံးစေမဲ့ လူလေ”

ဝမ်ချောင်က ထိုသို့သာ ဖျော့တော့စွာ ပြုံးရင်း ပြောသည်။

......

အချိန်က ကုန်လွန်သွားသည်။ တာလသည် သတိပိုတိုးလာရသည်။ မော့စေပါအဖွဲ့၏ လေ့ကျင့်မှုနှင့် ဝူရှန်းမြင်းတပ်အဖွဲ့၏ လေ့ကျင့်မှုများ က ပို၍ ပြင်းထန်လာသည်။

ချွင် ချွင် ချွင်။

အလင်းမှုန်များက မြို့ထဲအနှံ့ ပက်ဖျန်းနေချိန်တွင် ထူထည်းသိပ်သည်းသော မီးခိုးများကလည်း လေထဲသို့ မြောက်တက်ကာ ကြီးစိုးနေသည်။ မီးပြင်းဖိုအတွင်းမှ မော့စေပါဓားတစ်လက်ပြီးတစ်လက်ကို ထုတ်ကာ မော့စေပါအဖွဲ့၏ လက်များထံ အပ်နေပြီဖြစ်သည်။ ထို့အပြင် ဥက္ကာပျံ သတ္ထုသံချပ်ကာများလည်း ပါသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် နောက်ဆုံးတွင် မော့စေပါဓားများအားလုံးကို ထုလုပ်သံ ၊ တုန်ခါညည်းသံများအားလုံးက အဆုံးသတ်သွားပြီဖြစ်သည်။ မီးတောက်များနှင့် မီးခိုးများအားလုံးက လျော့ပါးပျောက်ကွယ်သွားသည်နှင့် နောက်ဆုံးတွင် အရာအားလုံးက သွန်းလုပ်၍ ပြီးဆုံးသွားပြီဖြစ်သည်။ မော့စေပါ ဓားအဖွဲ့ဟာလည်း တရားဝင်လက်နက်တပ်ဆင်ပြီးလေပြီ။

လက်ဝါးတစ်ဖက်က ရုတ်တရက် ဆန့်ထွက်လာပြီး မော့စေပါဓားကို ဆွဲကိုင်သည်။ မော့စေပါဓားကို ဂရုတစိုက် စစ်ဆေးကြည့်ပြီးနောက် ရှန်းချန်းလီက အသိအမှန်ပြုဟန် ခေါင်းညိတ်သည်။

”တော်တော်လေး ကောင်းတယ်၊ ဒီလက်နက်ကို ဒုတိယ လေ့ကျင့်ရေးကွင်းကို သွားပို့လိုက်ပါ”

“ဟုတ်ကဲ့”

အန်းချီက ကာကွယ်ရေး စစ်တပ်မှ အရာရှိကလည်း ချက်ချင်းဆိုသလို အနားတွင် ရပ်နေပြီးသား စစ်သားများကို အမိန့်ပေးပြီး ပစ္စည်းများအားလုံးကို သေတ္တာများအသီးသီးတွင် ထည့်လျက် ဒုတိယလေ့ကျင့်ရေးကွင်းထံ ပို့ဆောင်စေသည်။

”မင်းတို့အားလုံး အာရုံစိုက်ထားကြ”

”ကင်းထောက်တွေအားလုံးကလည်း သတိအပြည့်ကပ်နေရမယ်၊ အာရပ်တွေ တစ်ခုခု လှုပ်ရှားလာခဲ့ရင် မင်းတို့အားလုံး ချက်ချင်းသတင်းပို့ရမယ်”

”သိမ်းငှက်အသင်း ငါကောင်းကင်ကနေ စောင့်ကြည့်တာမျိုးကို လိုချင်တယ်၊ အာရပ်စစ်သားတွေက အမှောင်ထုကို အားကိုးပြီး ချဥ်းကပ်လာရဲရင် ငါကလည်း မင်းတို့ဆီက ရှင်းပြချက် တောင်းခံရလိမ့်မယ်”

ပထမခုခံရေး အားလှိုင်းကလည်း လှံသမား၊ မြင်းတပ်များ ၊ ပုဆိန်သမားများက နေရာအပြည့်အဝယူပြီး အချိန်မရွေးလှုပ်ရှားရန် ပြင်ဆင်လျက် သတိအပြည့် ကပ်ထားရသည်။ အာရပ်များဟာ ရောက်ရှိလာလုနီးပါး ဖြစ်နေလေပြီ။ ထို့ကြောင့် ဘယ်သူကမှ အနည်းငယ်ပင် သတိမပေါ့ဆရဲပေ။

........

တာလက ခုခံရန်.ပြင်ဆင်နေချိန်တွင် ကီလိုမီတာရာပေါင်းများစွာအကွာ တူရကီ၊ တိဗက်စစ်တပ်က ထန်တပ်ကူ အင်းအားစုများနှင့် ပြင်းထန်သည့် တိုက်ပွဲကို ဆင်နွှဲနေပြီဖြစ်သည်။ ထိုတိုက်ပွဲက အဆုံးအဖြတ်ချပေးသည့်အဆင့်တွင် ရှိသော တိုက်ပွဲမျိုး မဟုတ်ချေ။ သို့သော် တိုက်ပွဲနယ်မြေတွင် အလောင်းအနည်းငယ်တော့ဖြင့် ချန်ထားနိုင်သေးသည်။

”မဟာအမတ်မင်း ငါတို့အခု ဘယ်လိုလုပ်ကြမလဲ”

လွင့်စင်နေသော ဖုန်များနှင့် အော်ဟစ်နေသော လေပြင်းများအကြားတွင် ဟော့ပါးစန်းရဲ့က တာ့လေရော့ကျန်းအနားတွင် ရပ်လျက် စိတ်ရှုပ်ထွေးသော အကြည့်မျိုးနှင့် ကြည့်လာသည်။

ဝမ်ချောင်နှင့် ကောင်းချန်းကျွင်းထံတွင် ရှုံးသောအချက်က ကိစ္စတစ်ခု ဖြစ်ပြီး ယခုအခါ ဘာနာမည်မှ မရှိသော ထန်ကောင်စုတ်တစ်ကောင်ထံတွင် ရှုံးလိုက်ခြင်းက သူတို့ကို ကြီးမားသည့် ထိုးနှက်ချက်ကို ပေးစွမ်းသည်။

တစ်ချိန်လုံး တိတ်ဆိတ်နေသည့် တာလင်ယွမ်ကျန်းက ဒဏ်ရာရရှိထားသည့် မရေမတွက်နိုင်သော စစ်သားများကို တစ်ချက်ကြည့်လိုက်သည်။ သူ၏နှလုံးသားက လေးလံသွားသည်။

”ငါသတိလွတ်သွားတယ်၊ ဒီတစ်သုတ်ရောက်လာတဲ့ တပ်ကူတွေက ဒီလောက်ထိ အင်အားကြီးမယ်လို့ မထင်ထားဘူး၊ အခုက သူတို့နဲ့ လွန်ဆွဲရမဲ့ အချိန်မဟုတ်တော့ဘူး၊ ငါ့ရဲ့အမိန့်ကိုထုတ်လိုက်၊ ငါတို့တွေ မူရင်းအကြံအတိုင်းပဲ နောက်ဆုတ်ကြမယ်၊ ငါတို့တွေ အာရပ်စစ်တပ်နဲ့ အမြန်ဆုံး ပူးပေါင်းမှ ဖြစ်မယ်၊ ဒါ့အပြင် အားခုမူစလင်ကိုလည်း ရောက်လာတဲ့ ထန်တပ်ကူတွေက အထင်သေးလို့ မရဘူးလို့ ပြောလိုက်ပါ၊ သူသတိကပ်ထားရမယ်”

တာ့လေရော့ကျန်းက ခပ်တင်းတင်းမိန့်သည်။

”ဟုတ်ကဲ့ မဟာအမတ်မင်း”

သတင်းပို့က ချက်ချင်းထွက်သွားသည်။

”မဟာအမတ်မင်း၊ ငါအဲဒီကောင်လေးကို ဂရုစိုက်ပေးဖို့ လိုလား”

ဟော်ရှူးဝေ့ကန့်က ရုတ်တရက် ပြောလာသည်။

”လိုအပ်မယ်ဆိုရင် အချိန်တော့ ရှိပါသေးတယ်”

”ငါတို့အခု သူ့ကို မကိုင်တွယ်ထားရင် မဟာထန်မှာ နောက်ထပ် ဝမ်ချောင်လို လူတစ်ယောက် ပေါ်လာမှာကို စိုးရိမ်ရတယ်”

တာ့လေရော့ကျန်းက တိုက်ပွဲနယ်မြေတစ်ခုလုံးကို အမိန့်ပေးနေခဲ့သူ ဖြစ်သည်။ ထို့ကြောင့် လက်ရည်ချင်းယှဥ်ကာ တိုက်ခိုက်ပြီး သတ်ဖြတ်သော စစ်သားများ၏ အရေအတွက်က အတော်လေး နည်းပါးသည်။ တိဗက်များက နောက်တန်းမှ လက်နက်ကြီး ၅ထောင်ကြောင့်သာ အများဆုံး ထိခိုက်သွားရခြင်း ဖြစ်သည်။

”မဟာအမတ်မင်း ငါလည်း ဟော်ရှူးနဲ့ အတွေးတူတယ်၊ လိုအပ်မယ်ဆိုရင် ငါလည်း သွားနိုင်တယ် ”

တုစုန့်မော့ကျယ်က ပြောလာသည်။

တာ့လေရော့ကျန်းက ယွင်စန်း၏ ဗျူဟာအတော်ဆုံး ပညာရှင်တစ်ယောက်အဖြစ် အများလက်ခံထားရသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူ့ကို တာ့လွန်တာ့ယင်လင်ကသာ ကျော်သည်။ မည်သည့်ဂုဏ်သတင်းမှ မရှိသော အသက်၂၀အရွယ်ခန့်သာ ရှိသည့် လူငယ်တစ်ယောက်က တာ့လေရော့ကျန်းကို ယာယီအထင်သေးအောင် လုပ်ပြီး ရှုံးနိမ့်အောင် လုပ်ခိုင်းနိုင်မည်ဆိုလျှင်ပင် သူတို့အတွက်မူ ဒါဟာ ကြီးမားသည့် ခြိမ်းခြောက်မှူဟု ခံစားနေရသေးသည်။

တာ့လေရော့ကျန်းက တုံ့ဆိုင်းသွားသည်။ ထို့နောက် ခေါင်းကို ခါရမ်းသည်။

”မလိုဘူး”

”ဒီမဟာထန်ရဲ့ တပ်ကူတွေက မင်းတို့ထင်သလောက် မရိုးရှင်းဘူး၊ နောက်ပြီး အဲဒီကောင်တွေ....သူ့မှာ ဝှက်ဖဲတွေ ရှိလိမ့်မယ်၊ ငါတို့အခု သူနဲ့သွားပြီး တိုက်ခိုက်ရင်တောင်မှ အားသာချက်အများကြီး မရှိလောက်ဘူး၊ ဒီကိစ္စကို ဘေးဖယ်ထားလိုက်ဦး၊ ငါတို့တွေ တာလက အာရပ်တွေနဲ့ ပူးပေါင်းမယ်၊ အဲဒီနောက် ကျန်တဲ့လူတွေအားလုံးကို တစ်ခါတည်း သုတ်သင်လို့ရပြီ၊ သူတို့ထဲက ဘယ်သူကမှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး၊ ဒါ့အပြင် ငါတို့ရဲ့ ပန်းတိုင်က ပြည့်မီနေပြီ၊ ဒီတွင်းတွေနဲ့ အနှောင့်အယှက် ကတုတ်ကျင်းတွေက သူတို့ကို တစ်ရက်နှစ်ရက်လောက်တော့ အချိန်ဆွဲပေးနိုင်လိမ့်မယ်”

တုစုန့်မော့ကျယ်နှင့် ဟော်ရှူးဝေ့ကန့်က တစ်ခဏခန့်ကြာအောင် တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။

ဒုန်း ဒုန်း ဒုန်း။

တာ့လေရော့ကျန်းက တိဗက်စစ်တပ်ကို ဦးဆောင်လျက် ခပ်မြန်မြန် ထွက်ခွာသွားသည်။ အနောက်ပိုင်း တူရကီ စစ်တပ်ကလည်း နောက်မှ ကပ်လိုက်သွားသည်။

........

အာရပ်များက တာလနှင့် နီးလာလေလေ တင်းအားက ပြင်းထန်လျက် ပြင်းထန်လာလေလေ ဖြစ်သည်။ ထိုအချိန်တွင် တာလ၏ အနောက်ဘက် လီတစ်ဆယ်ကျော်ခန့်ကျယ်သော တောအုပ်ကြီးထဲတွင်မူ အန်းချီကာကွယ်ရေးစစ်တပ်မှ ကင်းထောက်က သစ်ပင်နားတွင် ပုန်းကွယ်လျက် အရွက်ခြောက်နှင့် မြက်ခြောက်များအောက်တွင် ရုပ်ဖျက်လျက် ရှိနေသည်။

”သံမဏိကောင် မင်းဘာကို မြင်ရသေးလဲ”

ရုပ်ဖျက်ထားသော ကင်းထောက်က ပြောသည်။

အချိန်တစ်ခုကြာပြီးမှသာ အထက်မှ အသံထွက်လာသည်။

”ဘာမှမမြင်ရဘူး၊ ၆ဖွဲ့လုံးသွားပြီ၊ အာရပ်တွေက ဒီလောက်မြန်မြန်တော့ မရောက်လောက်ပါဘူး၊ ငါတို့တွေအခု သတင်းရမရကိုပဲ စောင့်ရမယ်၊ ငါတို့သတင်းရပြီဆိုတာနဲ့ နောက်တန်းကို ချက်ချင်းပြန်ပြီးအကြောင်းကြားရမယ်”

ပုန်းနေသော ကင်းထောက်က တစ်ယောက်တည်းဟုသာ ထင်ရသော်လည်း ဂရုစိုက်ကြည့်လိုက်မည်ဆိုလျှင် နောက်ထပ်ကင်းထောက်တစ်ယောက်က သစ်ခေါင်းထဲတွင် ကွေးလျက်ရှိနေကြောင်း မြင်ရမည်ဖြစ်သည်။ ထိုရှုထောင့်မှ ကြည့်သော် သူက ပတ်ဝန်းကျင်တစ်ခုလုံးကို ကောင်းကောင်းလေ့လာနိုင်သည်။

ကောင်းကင်မှ စောင့်ကြည့်မှုအတွက်ကမူ ကင်းထောက်က လေထဲတွင် ဝဲပျံ နေသော ကျောက်တုံးသိမ်းငှက်တစ်ကောငိကို ကြည့်လိုက်သည်။

ငှက်များက လူသားများထက် ပိုမြင်နိုင်သည်။ လေထဲရှိ ကျောက်တုံးသိမ်းငှက်က အောက်ဘက်ရှိ ကင်းထောက်များကို အမျိုးမျိုးသော အချက်အလက် နည်းလမ်းအမျိုးမျိုးသုံး၍ ပြန်လည်ပို့ဆောင်ပေးနိုင်သည်။ အခုအခြေအနေကို ကြည့်ခြင်းအားဖြင့် အရာအားလုံးက ပုံမှန်ဟု ပြောနေပုံရသည်။

အဝေးရှိ ကျောက်တုံးသိမ်းငှက်က စူးရှစွာ ထအော်သည်။ ကင်းထောက်၂ယောက်က မတုံ့ပြန်နိုင်သေးခင် သူက မြေပြင်သို့ ပြုတ်ကျသွားသည်။ အချိန်တစ်ခုကြာပြီးနောက် လေးလံသော အသံများကို ကြားလိုက်ရလေသည်။

”ဒါက...”

ကင်းထောက်၂ယောက်က တစ်ယောက်ကိုယ်တစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ အဖြစ်အပျက် အပြောင်းလဲက မြန်ဆန်လွန်းသဖြင့် သူတို့နှစ်ယောက်ကပင် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ချေ။

အပိုင်း (1052)

”သံမဏိခေါင်း ဖြစ်နိုင်တာက... ”

သစ်ပင်အောက်ဘက်ရှိ ကင်းထောက်က သူ၏ခေါင်းကို စိုးရိမ်တကြီး မော့လိုက်သည်။ သူ၏မျက်နှာတွင် သံသယများက အပြည့်အနှက် ရှိနေသည်။

”မဖြစ်နိုင်လောက်ပါဘူး၊ အာရပ်တွေက ဒီလောက်ထိ မမြန်နိုင်ဘူး၊ သူတို့ရောက်လာမယ်ဆိုရင် ငါတို့အချက်ပြကို ရသင့်နေပြီ၊ ဘာပဲဖြစ်ဖြစ် အရှေ့မှာ နောက်ထပ် ၆ဖွဲ့ ရှိနေသေးတာပဲ၊ သူတို့အားလုံးက တော်တော်လေးကို အတွေ့အကြုံ ရှိကြတဲ့လူတွေပါ၊ ဘယ်လိုဟာကွက်မှ မရှိသင့်ဘူး”

သစ်ပင်ပေါ်မှ သံမဏိခေါင်းက ခေါင်းကို ခါသည်။ သူက ချက်ချင်းဆိုသလို အောက်ဘက်ရှိ ကင်းထောက်၏ တွက်ချက်မှုများကို ငြင်းဆန်လိုက်သည်။

မဟာထန်၏ ကင်းထောက်များဟာ မည်သည့်ဟာကွက်မှ မရှိသည့် အလွန်းအမင်း စေ့စပ်လွန်းသော စနစ်ကို လိုက်နာကြလေသည်။ ထိုစနစ်ကို အလဲထိုးနိုင်ရန် မဖြစ်နိုင်ချေ။ သို့သော် ထို့သို့ အလဲထိုးချက်လျှင်မူ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားကို လိုအပ်ပေလိမ့်မည်။ သူတို့၂ယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

”မကောင်းတော့ဘူး၊ ငါအခု အောက်ကိုဆင်းပြီး တစ်ချက်ကြည့်လိုက်မယ်၊ ဒီကျောက်တုံးသိမ်းငှက်တွေက အရင်တိုက်ပွဲမှာကတည်းက ဒဏ်ရာရထားပြီးသား၊ သူတို့ရဲ့ ဒဏ်ရာတွေ ပေါက်ထွက်လာတာနဲ့ သေသွားလောက်တယ်”

သံမဏိခေါင်းက အချိန်တစ်ခုကြာအောင် တိတ်ဆိတ်နေသည်။ သူက သစ်ပင်ပေါ်မှ လျှောဆင်းလာ၏။ သူ၏ မြင်းကိုခေါ်ပြီး ဒုန်းစိုင်းစီးသွားသည်။ သို့သော် သူက အချိန်အတန်ကြာ မစီးရသေးခင် မြေပြင်က တစ်ဖန်တုန်ခါလာပြန်သည်။

”ဘာတွေဖြစ်နေတာလဲ”

သံမဏိခေါင်းက ချက်ချင်းရပ်တန့်လိုက်သည်။ နောက်ဘက်မှ ကင်းထောက်က ပို၍ အံ့သြသွား၏။ ကျောက်တုံးသိမ်းငှက်က ပြုတ်ကျသွားပြီး မြေပြင်တုန်ခါလာသည်မှာ ချက်ချင်းလိုလို ဖြစ်လာခြင်း ဖြစ်သည်။ ရန်သူက ထိုမျှအထိမမြန်သင့်ချေ။

သို့သော် မျက်တောင်တစ်ခတ်အချိန်အတွင်း တုန်ခါမှုက အလွန်အမင်း မြန်ဆန်လာသည်။ ထိုတုန်ခါမှုက ပြင်းထန်လွန်းသဖြင့် စစ်မြင်းကပင် တစ်စုံတစ်ရာကို အာရုံခံပြီး မျက်လုံးပြူးကျယ်ကာ ကြောက်လန့်သွားသည်။

တုန်ခါသံက ကြီးမားလွန်းသဖြင့် လောကရှိ အသံတိုင်းကို ဖိနှိပ်လိုက်သည်။ အသက်ရှူသံကပင် ပျောက်ကွယ်သွားပုံပေါ်သည်။

သံမဏိခေါင်းက တစ်စုံတစ်ရာကို အာရုံခံမိပုံရပြီး စိုးရိမ်တကြီးနောက်မှ ကင်းထောက်ကို လှမ်းအော်သည်။

”တိမ်ကြယ်သစ် သွားမြန်မြန်သွားတော့”

တိမ်ကြယ်သစ်က ဘာကိုမှ မကြားရချေ။ သို့သော် သံမဏိခေါင်း၏ နှုတ်ခမ်းကိုသာ ဖတ်ပြီး နားလည်လိုက်ရသည်။

ဝှစ်။

သံမဏိခေါင်းက တစ်ဖက်သို့ လှည့်လိုက်သည့် အခိုက်အတန့်တွင် စူးရှသော မြှားက သူ၏ကိုယ်ကို ဖောက်ဝင်သွားပြီး အသံကို ပျောက်ဆုံးသွားစေသည်။ သူက မယုံနိုင်စွာနှင့် ခေါင်းကို လှည့်ကြည့်လိုက်သောအခါ သူ၏ ရင်ဘတ်သို့ မြှားတစ်ချောင်းက စိုက်ဝင်နေကြောင်း မြင်လိုက်ရသည်။ မြှားခေါင်းထိပ်က နီရဲနေသော တစ်စုံတစ်ရာကို စိုက်မိသွားသည်။ ထိုစိုက်မိသွားသော နေရာက သူ၏ နှလုံးသား ရှိရာနေရာဖြစ်သည်။

သံမဏိခေါင်း၏ ပါးစပ်က အဟောင်းသား ဖြစ်သွားသည်။ မျက်လုံးကလည်း ပြူးကျယ်သွားသည်။ သူက မြင်းပေါ်မှ ပြုတ်ကျသွားလေပြီ။

”သံမဏိခေါင်း”

တိမ်ကြယ်သစ်က အံ့သြသွားပြီး သူက အသက်ရှူရန်ပင် မေ့သွားသည်။

....မြန်...မြန် မြန်လွန်းတယ်။

ထိုမြင်ကွင်းက သူ၏ စိတ်ကူးယဥ်နိုင်စွမ်းများကို ကျော်လွန်သွားသည်။ သူက မှင်တက်လွန်းသဖြင့် ဘာကိုမှ မလုပ်နိုင်တော့ပေ။ ထိုအခိုက်တွင် တိမ်ကြယ်သစ်ကလည်း သူတစ်ဘဝလုံး မမေ့နိုင်သည့် မြင်ကွင်းမျိုးကို မြင်လိုက်ရသည်။

ဂျိန်း။

မိုးကုတ်စက်ဝိုင်းတည့်တည့်မှ မရေမတွက်နိုင်သော သစ်ပင်ပေါင်းများစွာက ရုတ်ချည်းလိုလို ကျိုးကျသွားသည်။ မြေပြင်သို့ ရုတ်တရက် ကျိုးကျသွားသည်မှာ အနက်ရောင် သံမဏိရေလှိုင်းတစ်စင်းက နောက်မှ ထိုးဖောက်လိုက်သလို ထင်ရသည်။ မုန်တိုင်းတစ်ခုလိုမျိုး ဖျက်ဆီးစွမ်းအား ပြင်းထန်သည့် ထိုအနက်ရောင် မီးတောက်ကလည်း မြင်နိုင်သော မြင်ကွင်းရှုထောင့်၏ မည်သည့်နေရာကိုမဆို လွှမ်းခြုံသွားလေသည်။

ဟူး ဟူး။

လေပြင်း၏ ဟိန်းသံကပင် တစ္ဆေသရဲ ငိုညည်းသံလိုလို ဝံပုလွေများ အူသံလိုလို ဖြစ်လာသည်။ တစ်လောကလုံးက ထိုစစ်တပ်၏ အရှိန်အဝါအောက်တွင် ထိတ်လန့်တကြား တုန်ယင်ရမည့်ပုံ ပေါ်သည်။ အချိန်တစ်ခဏခန့် ကြာပြီးနောက် ရုတ်ချည်းလိုမျိုး လှိမ့်တက်လာသည့် ထိုစစ်သားများ အားလုံးက လျင်မြန်စွာဖြင့် နီးကပ်လာသည်။

တိမ်ကြယ်သစ်အနေနှင့် အင်အားကြီးမားသော စစ်တပ်မျိုးကို မမြင်ဖူးခြင်း မဟုတ်ချေ။ အန်းချီကာကွယ်ရေးစစ်တပ်ကိုယ်တိုင်ကလည်း ထိုကဲ့သို့သော စစ်တပ်မျိုး ဖြစ်သည်။ သို့သော် ထိုစစ်တပ်က မြေအောက်လောကမှ မီးတောက်များကို ခြံရံလျက် ပုန်းတက်လာသော အနေအထားမျိုးကဲ့သို့ ဖြစ်နေသဖြင့် သူ၏ ခေါင်းကပင် ကျိန်းတက်သွားသည်။

များ များများ များလွန်းတယ်။ တ တအားများတာပဲ။

သူ၏ဘဝတွင် အမြဲတစေ စစ်သားပေါင်းများစွာကို မြင်ခဲ့ဖူးသည်။ တစ်ယောက်ချင်းစီတိုင်းက ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည်။ သူတို့အားလုံးဟာလည်း တိုက်ပွဲ၏ အရက်စက်ဆုံးသော အခြေအနေ၊ သွေးပျက်ဖွယ်ကောင်းသော အနေအထားများအားလုံးကို ကျော်ဖြတ်ပြီးမှ ရရှိလာခဲ့ခြင်း ဖြစ်သည်။ ဒါက တိုက်ပွဲတစ်ရာကို ကျော်ဖြတ်ခဲ့ဖူးသည့် အစစ်အမှန်လူဟောင်းများ၏ စွမ်းရည်ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် ထိုစစ်တပ်ကမူ လျင်မြန်စွာ ချီတက်လာနိုင်သည်။ စက္ကန့်အနည်းငယ်သာ ကြာပြီးနောက် တုန်ခါသံ စတင်ထွက်ပေါ်လာရာနေရာမှ ရှာဖွေတွေ့ရှိလိုက်သည့် အခိုက်အတန့်အထိ ရောက်ရှိလာကြသည်။

ဒါဟာ ပြိုင်ဘက်ကင်းသော အရှိန်အဝါဖြစ်သည်။ မြက်ခင်းပြင်များကိုပင် တောမီးရိုင်း တောက်လောင်စေသေးသည်။

”ဘာလို့ ဒီလောက် အင်အားကြီးတဲ့ စစ်သားတွေရှိတဲ့ စစ်တပ်က ရှိနေရမှာလဲ”

တိမ်ကြယ်သစ်၏ နှလုံးသားက ကြောက်လန့်မှုနှင့် တုန်ယင်လာသည်။ သူက ရုတ်တရက် ရှေ့မှ ကင်းထောက်ခြောက်ဖွဲ့၏ ကံကြမ္မာကို နားလည်လိုက်သည်။ သူကိုယ်တိုင်လည်း မည်သည့်အတွက်ကြောင့် ဝေးကွာလွန်းသော နေရာမှ ကျောက်တုံးသိမ်းငှက်က ကောင်းကင်မှ ရုတ်တရက် ပြုတ်ကျသွားခဲ့ပြီး သတင်းစကား မပို့နိုင်ခဲ့ကြောင်း နားလည်လိုက်သည်။ ဒါဟာ သာမန်စစ်တပ်မဟုတ်ချေ။ ဖော်ပြရန် ခက်ခဲလွန်းသော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည့် စစ်တပ်တစ်ခု ဖြစ်နေသည်။

ထိုစစ်တပ်က ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် နေ့ရော ညပါ ချီတက်လာခြင်း ဖြစ်လောက်သည်။ သို့မဟုတ်လျှင် ယခုလောက်ထိ မြန်မြန်မရောက်လောက်ချေ။

”ငါဒီအကြောင်းကို အရှင်၊ ကာကွယ်ရေးဗိုလ်ချုပ်နဲ့ လူငယ်အမှတ်ကို အကြောင်းကြားရမယ်”

တိမ်ကြယ်သစ်၏ နှလုံးသားက ထိတ်လန့်မှုကြောင့် အေးစက်နေသေးသည်။ သို့သော် သူ၏ စိတ်အတွင်း အတွေးတစ်ခုကသာ ရှိသည်။ သူက တစ်စက္ကန့်ပင် ဆက်မတွေးတော့ဘဲ မြင်းကို ချက်ချင်း ပြန်လှည့်လိုက်ပြီး သူ၏ စေပါဓားကို မြင်း၏ ကျောကုန်းပေါ်သို့ ဆောင့်ထိုးလိုက်သည်။

ဒုန်းဒုန်းဒုန်းဒုန်း။

လူနှင့် မြင်းတို့က ချက်ချင်းဆိုသလို အဝေးသို့ ချီတက်သည်။ သူတို့၏ အနောက်မှ အာရပ်စစ်သည််လေးသိန်းခန့် ပါသည့် အနက်ရောင်ဒီရေလှိုင်းလေးက အလွန်မြန်ဆန်သည့် အရှိန်နှုန်းဖြင့် တာလထံ လှိမ့်စီးလာသည်။

........

”သတင်းပို့ ”

တစ်နာရီခန့်ကြာပြီးနောက် တာလအရှေ့ဘက်တွင် ရှိသော သတိအပြည့်ကပ်ကာ အာရုံစိုက်နေသည့် ထန်စစ်တပ်ဟာ ရုတ်တရက် ကျယ်လောင်လွန်းသည့် အထိတ်တလန့် ဖြစ်နေသော အသံမျိုးကို ကြားလိုက်ရသည်။ အသံဟာ အလွန်အလျင်လိုပုံရသည်။ အန်းချီကာကွယ်ရေးစစ်တပ်မှ ကင်းထောက်က တိမ်ပုံစံလုံးထဲမှ ခုန်ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်က မြင်းနှင့် ဆက်တိုက်ကပ်ထားသည်။ သူဟာ တာလထံ အသားကုန် အပြင်းနှင်လာသည်။

”အာရပ်တွေလာပြီ”

”အာရပ်တွေလာပြီ”

”အာရပ်စစ်သည်လေးသိန်းက နေ့ရောညပါ ချီတက်လာတာ၊ အခုတာလနဲ့ လီသုံးဆယ်လောက်ပဲ ဝေးတော့တယ်”

ကင်းထောက်၏ ထိတ်လန့်တကြား ဖြစ်နေသော အသံက တစ်မြို့လုံးကို လွှမ်းခြုံသွားသည်။

ဝုန်း။

ထိုအသံဟာ ခုခံရေးအားလှိုင်း၏ အေးခဲနေသော ရေကန်အတွင်းသို့ ကျောက်တုံးပစ်ချပြီး ကွဲကြေသွားစေလိုက်သလို ဖြစ်သွားသည်။ ချက်ချင်းဆိုသလို စစ်သားများ အားလုံး၏ လှုပ်ရှားမှုများက တောင့်ခဲကုန်ကျသည်။ တာလမြို့ကပင် ကြီးမားသော စက်ကြီးတစ်ခု လှည့်လိုက်သလိုမျိုး အသက်ဝင်သွားသည်။

မြို့ဂိတ်က ပွင့်သွားသည်။ ထိုသို့ မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက ရေကြီးလာသလိုမျိုး အေးခဲ သံမဏိများအတွင်းမှ ခုန်ထွက်လာသည်။ သူတို့အားလုံး၏ ခေါင်းများက ပထမ ခုခံရေးအားလှိုင်းဆီ လှည့်ကာ အသင့်ပြင်ချိန်ရွယ်ထားကြသည်။

လေပြင်းကလည်း ဟိန်းဟောက်ကာ တိုက်ခတ်ပြီး စစ်တိမ်စိုင်များကလည်း စုစည်းလာပြီဖြစ်သည်။ မရေမတွက်နိုင်သော စစ်သားပေါင်း များစွာက တာလ၏ မြို့ရိုးများပေါ်တွင် ပေါ်လာသည်။ လေထဲမှ တောင့်တင်းအားက အဆသိန်းပေါင်းများစွာ မြင့်တက်သွားခြင်းဖြစ်သည်။

ဝှစ်။

တစ်ချိန်တည်းလိုလို ဖြတ်ခနဲ လင်းလက်သွားပြီး မြို့အပြင်ဘက်သို့ ပုံရိပ်တစ်ခု ခုန်ထွက်လာသည်။

”အရှင် အရှင်....ဒါက အရေးပေါ်ပါ၊ အာရပ်တွေက ကျွန်တော်တို့ရဲ့ ကင်းထောက်အားလုံးကို သတ်လိုက်ပြီး ချဥ်းကပ်လာပါပြီ”

မြင်းပေါ်တွင် ထိုင်နေသည့် ငယ်ရွယ်သော ပုံရိပ်က ဖြောင့်မတ်မှန်ကန်ပြီး တောင်တစ်လုံးလို ခိုင်မာတောင့်တင်းသည်။ သူဟာ တိမ်ကြယ်သစ်အနားသို့ ရောက်သွားသည်။ သူက ဖျတ်လတ်မှုအပြည့်နှင့် ရှေ့သို့အပြေးနှင်ကာ စီးနင်းသွားသည်။ သို့သော် သူက အဝေးသို့ မသွားနိုင်ခင် ခန္ဓာကိုယ်က ရုတ်တရက် ဟန်ချက်ပျက်သွားပြီး မျက်လုံးများက ဝေဝါးသွားသည်။ ထို့နောက်သူက မြင်းပေါ်မှ ပြုတ်ကျသွား၏။ သူက မျှော်လင့်ထားသည့်အတိုင်း မြေပြင်ပေါ်သို့ မကျသွားချေ။

တိမ်ကြယ်သစ်က အောက်သို့ပြုတ်ကျတော့မည့်အချိန်တွင် ငယ်ရွယ်ကာ သွယ်လျသော်လည်း အားအင်အပြည့်ပါသည့် လက်တစ်ဖက်က သူ့ကို လှမ်းထိန်းပေးလာပြီး ခန္ဓာကိုယ်ကို ထိန်းမပေးသည်။

”အရှင်”

ငယ်ရွယ်ပြီး ရင်းနှီးကျွမ်းဝင်သော အသံက တိမ်ကြယ်သစ်၏ စိတ်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။

”အာရပ်တွေကို သတိထား သူတို့လာနေပြီ”

”ငါနားလည်ပါတယ် စိတ်အေးအေးထား၊ ငါတို့တွေ ကြိုတင်ပြင်ဆင်ထားပြီးသားပါ”

ဝမ်ချောင်က တိုးလျသော လေသံနှင့်သာ ပြောသည်။ သို့သော် သူ၏ အာရုံကမူ အန်းချီကာကွယ်စောင့်ရှောက်ရေးစစ်တပ်မှ ကင်းထောက်ကို ခြုံငုံကာကြည့်သည်။

”အံ့သြစရာပဲ”

တိမ်ကြယ်သစ်အတွက် မူလကမူ ပြောစရာအများကြီး ရှိနေခဲ့သည်။ သို့သော် ဝမ်ချောင်၏ စကားလုံးများက သူ့အား စိတ်သက်သာရာရပြီး သက်ပြင်းရှည်ကြီးကို ချမိစေသည်။ သူ၏စိတ်ကလည်း ရုတ်ချည်းဆိုသလို ငြိမ်းအေးသွားသည်။ ထိုအခိုက်အတန့်တွင် တိမ်ကြယ်သစ်အနေနှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလာသည့် အလွန်အမင်း မောပန်းနွမ်းနယ်မှုများကို ခံစားလိုက်ရသည်။ သူ၏မျက်လုံးကလည်း ဦးတည်ရာမဲ့ ပျောက်ဆုံးသွားပြီး တဖြည်းဖြည်းချင်း တစ်ကိုယ်လုံးက ပျော့ခွေကျသွားသည်။

ဝမ်ချောင်က အန်းချီကာကွယ်စောင့်ရှောက်ရေးစစ်တပ်မှ ကင်းထောက်၏ ခန္ဓာကိုယ်ကို အသာချပေးလိုက်သည်။ သူ၏ အကြည့်က ချက်ချင်းလိုလို စူးရှကာ ခက်ထန်သွားပြီး ကင်းထောက်၏ ရင်ဘတ်သို့ ဖောက်ဝင်နေသည့် သွေးများစွန်းထင်နေသော အာရပ်၏ မြားကိုစိုက်ကြည့်လိုက်သည်။

ထိုဒဏ်ရာဟာ သေစေနိုင်သည်။ မြားက ဖျက်ဆီးခြင်းစွမ်းအားက နှလုံးသားကို ကွဲကြေစေရုံသာမကသေးလေဘဲ ခန္ဓာကိုယ်မှ သွေးကြောများအားလုံးကိုပင် ဖျက်ဆီးနိုင်သည်။ ထိုကင်းထောက်က သူ၏ ခိုင်မာလွန်းသော စိတ်ဓာတ်အင်အားကြောင့်သာ ဒီနေရာအထိ ရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအခြေအနေကို အာရပ်များက မမျှော်လင့်ထားလောက်ချေ။

စိတ်အေးအေးထားပါ။ မဟာထန်ကို ရန်စခဲ့တဲ့လူတွေအားလုံး အပြစ်ပေးခံရမယ်။ သူတို့ ဘယ်လောက်းဝေးဝေး ကိစ္စမရှိဘူး။ အာရပ်တွေကလည်း သေချာပေါက် တန်ကြေးကို ပေးဆပ်ရလိမ့်မယ်။

ဝမ်ချောင်က စိတ်ထဲတွင် သစ္စာဆိုလိုက်သည်။

သူက ထရပ်လိုက်ပြီး သံမဏိမြို့ရိုးကို ကျော်လွန်လျက် အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ဟိန်းဟောက်ကာ တိုက်ခတ်နေသော လေပြင်းက လွဲပြီး မည်သည့်အရာကိုမှ မမြင်ရသေးသော်လည်း ဝမ်ချောင်ကမူ အရှိန်အဝါတစ်မျိုးကို အာရုံခံနိုင်နေပုံပေါ်သည်။

”ဝမ်ချောင်”

ကောင်းရှန်းကျစ်ကလည်း မြို့ထဲမှ ထွက်လာသည်။ သူဟာလည်း တည်ငြိမ်သော မျက်နှာထားမျိုးနှင့် အနောက်ဘက်သို့ ကြည့်သည်။ သူ၏ အနောက်ဘက်တွင် ရှန်းချန်းလီ၊ ချီယွမ်ချင်၊ အန်းချီဗိုလ်ချုပ်များ၊ ခန်းဘုရင်နှင့် အခြားသော ဗိုလ်ချုပ်တို့ ရောက်လာကြပြီဖြစ်သည်။

”လီနှစ်ဆယ်”

ဝမ်ချောင်က ပြောသည်။

”သူတို့အားလုံး တော်တော်လေးမြန်မြန် ရွေ့လျားလာကြတယ်၊ သူတို့က ငါတို့ရဲ့ ကင်းထောက်တွေကို အထူးသတိထားပြီး ကိုင်တွယ်ထားတဲ့ပုံပဲ၊ ဒီကင်းထောက်က လွဲပြီး ဘယ်ကင်းထောက်ကမှ သတင်းပြန်မပို့နိုင်ခဲ့ဘူး၊ သူတို့ရဲ့ ရှေ့ပြေးတပ်တွေအားလုံးက တော်တော်လေး လေးစားဖို့ကောင်းတာပဲ၊ ငါ့အထင် သိပ်မကြာခင် သူတို့ကို မြင်ရနိုင်တယ်”

ကင်းထောက်၏ ပြောစကားအရ သူတို့ဟာ လီသုံးဆယ်အကွာတွင် ဖြစ်သည်။ သို့သော် ထိုအကွာအဝေးဟာ ကင်းထောက်က စစ်တပ်ကို စသတိပြုမိသော အကွာအဝေးဖြစ်နိုင်သည်။ ကျော်ဖြတ်ခဲ့သည့် အချိန်များကို တွက်ချက်ခြင်းအားဖြင့် ဝမ်ချောင်အနေနှင့် အာရပ်စစ်တပ်၏ အကွာအဝေးကို ပို၍တိကျစွာ တွက်ချက်နိုင်သွားသည်။

မိုးကုတ်စက်ဝိုင်းတည့်တည့် နေရာတစ်ခုလုံးက ရှင်းလင်းနေသည်။ လောကကြီးတစ်ခုလုံးက တိတ်ဆိတ်နေသည်။ သို့သော် ကောင်းရှန်းကျစ်၊ ဝမ်ရန်၊ ချန်းချန့်လီနှင့် အခြားသောလူတိုင်းကမူ လေထုထဲမှ တင်းကျပ်လွန်းနေသည့် စိတ်အခြေအနေကို ခံစားမိနိုင်သည်။ အချို့ကဆိုလျှင် သူတို့၏ နှလုံးသားလေးလံမှုကိုပင် သိနေကြသည်။

ခရှီး။

တစ်ခဏခန့်ကြာပြီးနောက် ပထမခုခံရေးအားလှိုင်းနှင့် လီတစ်ဆယ်ကျော်ခန့်အကွာမှ ကျောက်တုံးသိမ်းငှက် ၇ကောင် ၈ကောင်ခန့်က ရုတ်တရက် စူးရှစွာအော်ပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာကြသည်။ လူတိုင်းက ထိုမြင်ကွင်းကြောင့် မှင်တက်သွားချိန်တွင် ဝမ်ချောင်၏ မျက်နှာထားက တင်းမာသွားသည်။

လူပေါင်းများစွာက အဖြစ်ပျက်ကို သိရရန် အာရုံစိုက်နေကြသေးသည့်အချိန်တွင် ဝမ်ချာင်ကမူ ကောင်းကင်သို့ ဝင်ရောက်လာသည့် မြားများကိုပင် မြင်လိုက်နိုင်သည်။ ထိုကျောက်တုံးသိမ်းငှက်များက အမျိုးမျိုးသော လေ့ကျင့်မှုများကို ကျော်ဖြတ်ခဲ့ပြီး အလွန်အမင်း ဖျတ်လတ်လျင်မြန်ကြသော်လည်း ရှောင်ရှားရန် ပျက်ကွက်သွားကြသည်။

ဒီကျောက်တုံးသိမ်းငှက်တွေက အကွာအဝေး တစ်ဆယ်လီလောက်မှာ ကင်းလှည့်နေကြတာ။ ဆိုတော့ ရန်သူက ဒီလောက်အကွာအဝေးကို လှမ်းပြီး ပစ်ခတ်နိုင်တဲ့အပြင် အလန့်တကြားမဖြစ်အောင်၊ သတိပေးချက်တောင် မပို့နိုင်အောင် လုပ်နိုင်ကတည်းက တော်တော်လေးကို အင်အားကြီးနေပြီ။

ဝမ်ချောင်၏ မျက်နှာထားက တင်းမာသွားပြီး သူ၏ စိတ်က အတွေးပေါင်းများစွာနှင့် ပွက်လောရိုက်သွားသည်။

သူသည်လည်း သူ့ဆီလာနေသည့် အာရပ်စစ်တပ်ကို မမြင်ရသေးသည့်တိုင်အောင် သူတို့၏ ခက်ထန်မှု ၊ ချောမွေ့မြန်ဆန်စွာ တိုက်ခိုက်နိုင်မှုများအပြင် လျင်မြန်သော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်နှုန်းများအရ ဒီနေရာရှိ လူတိုင်းကို ခြိမ်းခြောက်နိုင်နေကြောင်း သိလိုက်သည်။

ဝုန်း။

ကျောက်တုံးသိမ်းငှက်များက ကောင်းကင်ပေါ်မှ ပြုတ်ကျပြီး သိပ်မကြာခင် အဝေးရှိမြေပြင်က ခပ်ဖျော့ဖျော့ တုန်ခါလာသည်။ ထိုအချိန်မှစတင်ပြီး တစ်လောကလုံးက စတင်ကာ တုန်ခါလာပုံရသည်။

ဟုန်း။

မည်သည့်အရာကိုမှ မမြင်ရသေးသော်လည်း ကြောက်မက်ဖွယ်ကောင်းသည့် လေပြင်းကမူ အနောက်ဘက်မှစတင်ကာ ဟိန်းဟောက်လျက် တိုက်ခိုက်လာပြီဖြစ်သည်။

အပိုင်း (1053)

ဟီး ဟီး ဟီး ဟီး။

ပြင်းထန်စွာ တုန်ယင်မှုက အချိန်ခဏခန့် ထပ်ကြာပြီးနောက် တိုက်ခတ်လာသော လေပြင်းနှင့်အတူ ပါလာသည့် မြင်းဟီးသံများကို လူတိုင်းက ကြားလိုက်ရသည်။ ထိုအသံအနေအထားအရ စစ်တပ်တစ်ခုလုံးဟာ တာလသို့ ချဥ်းကပ်လာကြောင်း သိနိုင်သည်။

”အသင့်ပြင်”

ရုတ်တရက် ထွက်ပေါ်လာသည့် ကျယ်လောင်သည့် အော်သံက ပထမခုခံရေး အာလှိုင်းတစ်ခုလုံးကို လွှမ်းမိုးသွားသည်။ သိပ်မကြာခင် သံချပ်ကာများအချင်းချင်း ထိခတ်သံများအားလုံးက ထွက်ပေါ်လာပြီး မည်းမှောင်ကျနေသည့် ကောင်ကင်အောက်တွင် လှုပ်ရှားမှုများက ပြင်းထန်လာသည်။ အန်းချီနှင့် ရှီးရှီကာကွယ်ရေးစစ်တပ်မှ စစ်သားများအားလုံးက အနောက်ပိုင်းနယ်မြေမှ ငှားရမ်းထားသည့် စစ်သားများနှင့် ပူးပေါင်းကြပြီး လျင်မြန်စွာ လှုပ်ရှားကြမည်ဖြစ်သည်။ သူတို့အားလုံးက အတွေ့အကြုံ ရှိပြီးသား ဖြစ်သည်။ ထို့ကြောင့် အခြေအနေနှင့် အံဝင်ဂွင်ကျဖြစ်အောင် ညှိယူ ပြောင်းယူနိုင်ကြသည်။ သူတို့အားလုံးဟာ သံမဏိနံရံကြီးများကဲ့သို့ အချင်းချင်း ရပ်နေကြလေပြီး တင်းတင်းကျပ်ကျပ် ဆွဲထားသော လေးကြိုးများအလား တောင့်တင်းနေကြသေးသည်။ ထိုတောင့်တင်းမှုဟာ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိနေလေပြီး ခုခံရေးအားလှိုင်းတစ်ခုလုံးကို လွှမ်းခြုံထားသည့် စိတ်အဆခြအနေလည်း ဖြစ်သည်။

တဝုန်းဝုန်းအသံများ မြင်းဟီသံများက ကျယ်သထက် ကျယ်လာသလို သူတို့ဟာလည်း နီးသထက် နီးကပ်လာပုံပေါ်သည်။ အချိန်တစ်ခု ထပ်ကြာပြီးနောက် လေပြင်းက ဖြတ်တိုက်သွားသည်။ ထိုအခိုက် မိုးကုတ်စက်ဝိုင်းတည့်တည့်တွင် ပေါ်လာသည့် အနက်ရောင်အတန်းလေးကို မြင်လိုက်ရသည်။ အစပိုင်းတွင်မူ အနက်ရောင်အတန်းလေးဟုသာ ခေါ်ဆိုနိုင်လောက်အောင် ပြောပလောက်ခြင်း မရှိသေးသော်လည်း လျင်မြန်စွာဖြင့် အနက်ရောင် ဒီရေအားလှိုင်းကြီးအဖြစ် ပြောင်းလဲသွားသည်။ ထို့ကြောင့် တစ်လောကလုံးကပင် ဆက်တိုက် တုန်ခါလာသည်။

အာရပ်တွေ။

မည်သူကမှ သတိပေးရန် မလိုအပ်တော့ပေ။ လူတိုင်းကလည်း သူတို့ရင်ဆိုင်နေရသော ပြိုင်ဘက်က မည်သို့သော အမျိုးအစားဖြစ်ကြောင်း သိကြသည်။ သူတို့အနေဖြင့် အာရပ်များနှင့် ပထမဦးဆုံးအကြိမ် ရင်ဆိုင်ခြင်း မဟုတ်ပေ။ သို့သော် ထိုအာရပ်များက ယခင် ရင်ဆိုင်ခဲ့ဖူးသော အာရပ်များနှင့် မတူသော ခံစားချက်မျိုးကို ပေးစွမ်းလာသည်။ ဒီခြောက်ဆယ်ကျော်ခန့်အကွာအထိ လွှတ်ထားသော အမျိုးမျိုးသော ကင်းထောက်များ၊ ကျောက်တုံးသိမ်းငှက်များ အားလုံးကိုပင် သူတို့ဟာ ကျော်ဖြတ်နိုင်ခဲ့သည်။ မည်သူကမှ သတင်းပြန်မပို့နိုင်လောက်အောင် လုပ်နိုင်စွမ်းအား ရှိသည်။ နောက်ဆုံးတစ်ယောက်ကလည်း ဒဏ်ရာအပြည့်နှင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးက တစ်ခါမှ ဖြစ်ပျက်ခဲ့ဖူးခြင်း မရှိချေ။

မဟာထန်၏ ကင်းထောက်များအားလုံးက သွေးနှင့် မီးများအားလုံးကို ကျော်ဖြတ်ခဲ့ပြီးသား ဖြစ်သည်။ တိဗက်များ အနောက်ပိုင်းတူရကီများနှင့် မတူညီသည်မှာ သူတို့ဟာ ပြိုင်ဖက်ကို အလဲထိုးနိုင်သည့် လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားကြသည်။ သူတို့အားလုံးက အလွန်အမင်း အတွေ့အကြုံ ကြီးသည်။ သို့တိုင်အောင် ထိုမျှ မြောက်များပြီး အတွေ့အကြုံ ကြီးမားသည့် လက်ရွေးစင် ကင်းထောက်များကိုပင် သတင်းတစ်ခု ပြန်ပို့မနိုင်ခင် သတ်ဖြတ်နိုင်သော ကိစ္စက မတူညီသော အခြေအနေမျိုး ဖြစ်သွားသည်။ ဒါဟာ သူတို့ပြိုင်ဘက်၏ လေးစားဖွယ်ကောင်းသော အင်အားဖြစ်သွားသည်။

”ဒါက အာရေးဗီးယားတွေရဲ့ ခွန်အားလား”

ဝမ်ချောင်၏ မျက်နှာထားက တင်းမာနေရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူကလည်း ခူရာစန်းကျီထံမှတစ်ဆင့် ရောက်လာမည့် စစ်တပ်အကြောင်း သိထားသည်။ သို့သော် မြင်ရခြင်းနှင့် ကြားရခြင်းက မတူသော ကိစ္စနှစ်ခု ဖြစ်သည်။ ထို စစ်တပ်သည် အားပုမူဆင်၏ စစ်တပ်ထက် ပို၍အင်အားကြီးပြီး ခေါင်းမာကြသည်။ ကြည့်လိုက်ရုံနှင့် သူတို့ဟာ တိုက်ပွဲနေရာကို ကျော်ဖြတ်ပြီး မွမ်းမံထားကြောင်း မြင်နိုင်သည်။

ချွီတေပါး။

သူဟာ ထိုရန်သူဗိုလ်ချုပ်ကို မမြင်ရသေးသော်လည်း ဝမ်ချောင်အနေနှင့် ထိုကဲ့သို့သော စစ်တပ်ဟာ မည်သည့်အမျိုးသားဖြစ်ကြောင်း နားလည်နိုင်သည်။ လေ၊ တောအုပ်၊ မီး၊ တောင်.... ထိုအချက်လေးချက်က အနုပညာဟု ဖော်ပြနိုင်သော သင်္ကေတ လေးမျိုးလည်း ဖြစ်သည်။ အာရပ်များကမူ အလားတူသော ဆိုရိုးစကား မရှိချေ။ သို့သော် သိသာသည်မှာ သူ၏အရှေ့မှ ထိုစစ်တပ်က ထိုစကားလုံးလေး၏ အဆီအနှစ်များကို အရယူနိုင်ကြသည်။ သူတို့ဟာ လေကဲ့သို့ လျင်မြန်သည်။ ထို့အပြင် ခိုင်မာစွာလည်း ချဥ်းကပ်နိုင်ကြ၏။ ထို့အပြင် ဆိတ်ငြိမ်သော တောအုပ်ကဲ့သို့ တိတ်ဆိတ်နေကြသေးသည်။ တိုက်ခိုက်မှုအရာတွင်လည်း မီးတောက်အလား ရုပ်ရင်းကြမ်းတမ်းကြသေးသည်။ သို့သော် သူတို့ဟာ ခုခံရာတွင် တောင်တန်းအလား မရွေ့လျားနိုင်အောင် ဖြစ်စေသည်။ ဝမ်ချောင်ကပင် ထိုအခိုက်အတန့်တွက် မှင်တက်သွားရသည်။ သို့သော် တစ်ခဏခန့်သာ ကြာသည်။ သူ၏ မိန့်ခွန်းများအားလုံးက ချက်ချင်းဆိုသလို မာတင်းသွားသည်။

ဒါက လူအင်အား ၆သောင်းနဲ့ လေးသိန်းကို ယှဥ်ရတာပဲ။ သံသယဝင်ရန် မလိုလောက်အောင် ထန်များဟာ အလွန်အမင်း အားနည်းသည့်ဘက်မှ ဖြစ့သည်။ သို့သော် ဝမ်ချောင်ကမူ နောက်မဆုတ်နိုင်ချေ။ သို့မဟုတ် မဟာထန်က နောက်ဆုတ်၍ မရချေ။ ထိုတိုက်ပွဲက အဆုံးသတ်အထိ သွေးလွှမ်းသည့် တိုက်ပွဲ ဖြစ်လာပေလိမ့်မည်။

”အားလုံးပဲ ငါ့ရဲ့အမိန့်ကို နာခံကြ”

ချက်ချင်းဆိုသလို ဝမ်ချောင်၏ မျက်ဝန်းက စူးရှကာ အေးစိမ့်သွားသည်။

”ဒိုင်းကာသမားတွေ အခုချက်ချင်း မြို့ရိုးတွေကြားက အဟကြားနေရာတွေကို ချီတက်သွားကြ၊ လှံသမားတွေ မင်းတို့က ပုန်းအောင်းနေပြီး အမိန့်ကို စောင့်ဆိုင်းနေ”

”လက်ဝှေ့ပညာရှင်အဖွဲ့ကတော့ မြို့ရိုးတွေကို ပြင်ဆင်ဖို့ အသင့်ပြင်ထား၊ လက်နက်ကြီးအဖွဲ့ 45°ကို ချိန်ညှိပြီး ရန်သူရဲ့ နောက်တန်းကို ချိန်ရွယ်ပြီး ပစ်ခတ်”

”အဖွဲ့နံပါတ် ၅၊ အဖွဲ့နံပါတ် ၆၊ အဖွဲ့နံပါတ် ၇ မင်းတို့တွေအားလုံး ငါ့ရဲ့အမိန့်ကို စောင့်နေ၊ အချိန်မရွေး ထောက်ပံ့ ကူညီပေးဖို့အတွက် အသင့်ပြင်ထားကြပါ”

”ဝူရှန်းမြင်းတပ်နဲ့ မော့စေပါအဖွဲ့ မင်းတို့ကတော့ ငါ့အမိန့်ကို နာခံ၊ ဝူရှန်းမြင်းတပ်က ဘယ်ဘက်ခြမ်းကနေ ဝိုင်းဖို့အတွက် အသင့်ပြင်ထား၊ မော့စေပါအဖွဲ့ မင်းတို့က အရံသင့်စောင့်နေ၊ ငါ့ရဲ့အမိန့်မရှိဘဲ ဘယ်လိုလှုပ်ရှားမှုကိုမဆို တားမြစ်တယ်”

ဝမ်ချောင်က အမိန့်ကို တစ်သီတစ်တန်းကြီး ထုတ်လွှတ်သည်။ ထိုနည်းအားဖြင့် စစ်တပ်တစ်ခုလုံး၏ ယုံကြည်မှုများကို ပြန်လည် သိုမှီးလိုက်နိုင်ပြီး တောင့်တင်းနေသော နောက်တန်းများအားလုံးကိုလည်း ပြေလျော့သွားစေသည်။ စစ်သားများ အားလုံးက ဆုံးဖြတ်ချက် ပြတ်သားသော မျက်နှာ တောက်ပသော မျက်ဝန်းများနှင့် ပြန်ဖြစ်သွားကြပြီး သူတို့၏ အားအကိုးရဆုံးသော ကျောရိုးကို ပိုင်ဆိုင်လိုက်သလို အကြောက်အလန့်မဲ့စွာဖြင့် အာရပ်စစ်တပ်ကို ကြည့်သည်။

”သံမဏိ မြို့ရိုးစစ်တပ်၊ အသင့်ပြင်ထား၊ ဒုတိယ ခုခံရေးအားလှိုင်း မင်းတို့ကလည်း တိုက်ခိုက်ဖို့ အသင့်ပြင်ထား ”

”အဖွဲ့နံပါတ် ၂၃၊ အဖွဲ့နံပါတ် ၂၇၊ အဖွဲ့နံပါတ် ၂၉ မင်းတို့က ညာဘက်ခြမ်းမှာ အရံသင့်ရပ်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်”

”မြင်းတပ်ဖွဲ့တွေက တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြ”

”မဟာနာပူလီ တတိယတန်းနဲ့ ငါးတန်းမြောက်က လူတွေအားလုံး ငါ့ရဲ့အမိန့်ကို စောင့်နေကြ”

တစ်ချိန်တည်းလိုလို ကောင်းရှန်းကျစ်ကလည်း အမိန့်များကို တစ်သီတစ်တန်းကြီး ထုတ်လွှတ်သည်။ အန်းချီကာကွယ်ရေးစစ်တပ်နှင့် စစ်သားများအားလုံးကလည်း အရံသင့်ပြင်ဆင်လိုက်ကြသည်။ ထိုစစ်သားများ၏ အလယ်တွင် အစိမ်းရောင်နှင့် အနက်ရောင် ရောယှက်ထားသည့် သံချပ်ကာများကို ဝတ်ဆင်ထားသည့် လက်နက်အပြည့်အစုံနှင့် ရှိနေသည့် အဖွဲ့တစ်ဖွဲ့က သိသာထင်ရှားလွန်းသည်။ ထိုအဖွဲ့သည် အရည်အတွက် လေးထောင်ခန့်သာ ရှိသည်။ သို့သော် အားလုံးက ခြောက်ခြားဖွယ်ကောင်းပြီး သံမဏိ မြို့ရိုးကြီးများအလား အရှိန်အဝါကို လွှတ်ထုတ်နေသည်။ တစ်ယောက်ချင်းစီတိုင်းက မြေပြင်တွင် စိုက်ထူထားသည့် သံမဏိမြို့ရိုးကြီးအလား ရွေ့လျားသွားအောင် မလုပ်နိုင်လောက်အောင် ခိုင်မာမှုကို ထုတ်ပြနေသည်။

သံမဏိ မြို့ရိုးစစ်တပ်။

ထိုအင်အားစုသည် အန်းချီကာကွယ်ရေး စစ်တပ်မှ လက်ရွေးစဥ် အင်အားစုဖြစ်ပြီး ကောင်းရှန်းကျစ်အနေနှင့် ဆယ်နှစ်ခန့်အချိန်ယူကာ လေ့ကျင့်ပေးထားရခြင်း ဖြစ်သည်။ ခွန်အားချင်း သီးသန့်ယှဥ်သော် ခဲ့ရှုးဟန်၏ နတ်သိုင်းစစ်တပ်ကိုပင် ယှဥ်နိုင်သည်။ ထို့အပြင် အန်းစစ်ရွှန်း၏ နဂါးတပ်ရင်းစစ်တပ်၊ ကျန်းရှို့ဘွေး၏ ကောင်းကင်မြို့တော် စစ်တပ်ကိုလည်း ယှဥ်နိုင်သည်။ သို့သော် ရှုထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင် ထိုစစ်တပ်များထက်ပင် သာလောက်သေးသည်။

ကောင်းရှန်းကျစ်အနေနှင့် အားပုမူစလင်၏ အင်တိုက်အားတိုက်အပြည့် တိုက်ကွက်များအားလုံးကို စစ်သည်အင်အား ၇သောင်းကျော်နှင့် တိုက်ခိုက်ခဲ့ပြီး ကပ်ဘေးတစ်ခုပြီးတစ်ခုကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့သလို အာရပ်များကို အချိန်တိုင်းလိုလို တွန်းထုတ်နိုင်ခဲ့သည်မှာ ထိုလက်ရွေးစင်အင်အားစုကို မှီခိုခဲ့သောကြောင့် ဖြစ်သည်။

ထိုစစ်သားများက ကောင်းရှန်းကျစ်၏ ကိုယ်ပိုင်အစောင့်များ ဖြစ်သလို အန်းချီတစ်ခုလုံး၏ အသက်ဝိညာဉ်လည်း ဖြစ်သည်။ ဟာလူရာတိုက်ပွဲကို နှစ်လကြာအောင် ကျော်ဖြတ်ခဲ့ရာတွင် ထိုလူများကသာ သွေးအလွှမ်းဆုံး အပြင်းထန်ဆုံး နေရာများသို့ သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့ကလည်း ထိုလှုပ်ရှားမှုများအတွက် ပြင်းထန်သည့် တန်ကြေးကို ပေးဆပ်ခဲ့ရသည်။ ထို့ကြောင့် အားပုမူစလင်က ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ကာ မြို့ရိုးပေါ် ဝင်ရောက်ခဲ့ချိန်တွင် ကြီးမားသည့် ဆုံးရှုံးမှုများ ရှိခဲ့သည်။ သူတို့၏ အရည်အတွက်ကလည်း ၈ထောင်မှ လေးထောင်အထိ ထိုးကျသွားရသည်။

ထိုလေးထောင်ကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသေးသည်။ တိုက်ပွဲ၏ နောက်ပိုင်းအဆင့်များတွင် သံမဏိမြို့ရိုးစစ်တပ်မှ ရာဂဏန်းလောက်ကသာ အပြည့်အဝ တိုက်ခိုက်နိုင်လောက်သည်။

နောက်လာမည့် တိုက်ပွဲများတွင် ကောင်းရှန်းကျစ်က သူတို့ကို မြို့ထဲသို့ လွှတ်ပြီး အားမွေးခိုင်းထားရသည်။ တိုက်ပွဲ၏ အပြင်းထန်ဆုံး အခိုက်အတန့်များတွင်ပင် သူတို့ကိုမသုံးခဲ့ချေ။ တစ်လကျော်ထပ်ကြာသွားပြီး ဝမ်ချောင်က ယူလာသည့် အမျိုးမျိုးသော ဆေးဝါးအကူအညီများကြောင့်သာ ထိုစစ်တပ်က ပြန်လည်တိုက်ခိုက်နိုင်စွမ်းရည် ရှိလာခဲ့ခြင်း ဖြစ်သည်။

ကောင်းရှန်းကျစ်ကလည်း ဒီတိုက်ပွဲတွင် သူတို့ကို မှီခိုရလောက်သည်။

သူတို့၏ အရည်အတွက်က အများကြီး လျော့ကျသွားသည်။ ထို့ကြောင့် သံမဏိ မြို့ရိုး စစ်သားများကမူ ခါးသည်းသော တိုက်ပွဲတွင် နှစ်လလုံး ရှင်သန်ကျော်ဖြတ်နိုင်ခဲ့သည့်အတွက် အကောင်းဆုံးများထဲမှ အကောင်းဆုံး ဖြစ်လာသလို တိုက်ပွဲရှိ မည်သည့်ရန်သူကိုမဆို လွှမ်းမိုးနိုင်စွမ်းအား ရှိလာသည်။ ထန်စစ်တပ်တစ်ခုလုံးက စိတ်ငြိမ်ကာ တိတ်ဆိတ်နေကြသည်။ သို့သော် သူတို့၏ ကိုယ်အတွင်းတွင်မူ ပေါက်ထွက်မတတ် ပြင်းထန်နေသည့် စွမ်းရည်များက စုစည်းနေကြသည်။

မဟာထန်ဘက်မှ ကြီးမားသော စစ်ဆိုသည့် စက်ကြီးတစ်လုံးဟာ ခက်ထန်ကြမ်းတမ်းသော အလင်းများနှင့် တောက်ပလာပြန်သည်။

.........

အဝေးတွင် ကျယ်ပြောများပြားလွန်းသော သံချပ်ကာအပြည့်နှင့် အာရပ်စစ်တပ်က တာလနှင့် နီးသထက် နီးလာသည်။ နောက်ဆုံးတွင် ၇၀ လီခန့်သာ ဝေးသော အကွာအဝေးသို့ ရောက်သည့်အခါ ထိုစစ်တပ်က ရပ်တန့်သွားသည်။

ကြီးမားသည့် စစ်အလံကြီးလေးခုက ထိုစစ်သည်လေးသောင်း၏ အထက်တွင် လွင့်နေသည်။ ထိုအလံလေးခုက အနက်ရောင်နိုင်းမြစ်၊ အနက်ရောင်လခြမ်းကွေး၊ အနက်ရောင်ငရဲမီးတောက်နှင့် အနက်ရောင်မီးတောက်များ လွှမ်းခြုံထားသည့် ဓားမောက်ရှည် တစ်လက်တို့ ဖြစ်သည်။ ထိုအလံ လေးလံလုံးဟာ အာရေးဗီးယားအင်ပါယာ၏ အတော်ဆုံးသော ဗိုလ်ချုပ်လေးယောက်ကို ကိုယ်စားပြုသည်။ ထိုအလံများ၏ အောက်တွင်လည်း မှင်တက်ဖွယ်ကောင်းသော အရှိန်အဝါအပြည့်နှင့် လူထွားကြီးများအလား ရှိနေသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များကို လွှတ်ထုတ်နေသည့် ပုံရိပ်လေးခု ရှိနေသည်။

”အပုမူစလင် ဒါက မင်းပြောတဲ့ထန်စစ်တပ်လား”

ပထမဆုံး ပြောလိုက်သူက ခါရီရိုမှ မြို့စား အော့စမန်ဖြစ်သည်။ သူ၏မျက်လုံးထဲတွင် အံ့အားသင့်မှုများက ပြည့်နှက်နေသည်။

အော့စမန်ကလည်း အရှေ့ပိုင်းနယ်မြေကို အုပ်စိုးမှုနှင့် ပတ်သက်ပြီး စိုးရိမ်ခဲ့ခြင်း မရှိချေ။ တာလထံမှ သတင်းရခဲ့ခြင်းကမူ ချဲ့ကားလွန်းသည်ဟု ထင်ခဲ့သည်။ သို့မဟုတ်လျှင်လည်း အပုမူစလင်က သူ၏အမှားကို ဖုံးကွယ်ရန်ကြိုးစားခဲ့ခြင်း ဖြစ်လောက်သည်ဟု ထင်ခဲ့၏။ သို့သော် ယခုမှသာ အော့စမန်အနေနှင့် ထိုမဟာထန်ဟာ အာရေးဗီးယားလောက် သိသာထင်ရှားခြင်း မရှိသော်လည်း သူကိုယ်တိုင်အပါအဝင် လူတိုင်းက ထိုအရှေ့ပိုင်းသားများကို အထင်သေးမိကြောင်း သိလိုက်သည်။

ထိုအင်ပါယာမှ ကင်းထောက်များက အမြင့်ဆုံး အရည်အသွေးမျိုးကို ပိုင်ဆိုင်ထားကြသည်။ သူတို့ကို အထင်သေးမိသောကြောင့် အာရပ်များဟာ ကင်းထောက်များကို လွတ်မြောက်စေလုနီးပါးဖြစ်ပြီး သတင်းပြန်ပို့နိုင်အောင် လုပ်မိမတတ် ဖြစ်သွားခဲ့ရသေးသည်။ ဒီနည်းအားဖြင့် အာရပ်များ၏ အကြံက ပျက်စီးသွားရသည်။ ထို့ကြောင့် ကင်းထောက်များကို ကိုင်တွယ်ရန်အလို့ငှာ အာရပ်များက အာရေးဗီးယန်းအင်ပါယာ၏ အကောင်းဆုံးသော ဆရာသခင်လေးသည်တော် ၁၉ယောက်တိတိကို သုံးရန် ဖိအားပေးခဲ့ရသည်။ သို့သော် ထိုသို့လုပ်ခဲ့သည့်တိုင်အောင် တစ်ယောက်က လွတ်သွားသေးသည်။

ထိုအချက်များအပြင် သူ၏အရှေ့မှ ထိုထန်စစ်တပ်ဟာ ၆သောင်းဝန်းကျင်သာ ရှိသည်။ သို့သော် သူတို့၏ ခိုင်မာမှု ထုတ်လွှတ်ထားသော အရှိန်အဝါများ အားလုံးက အော့စမန် မမြင်ဖူးသော အနေအထားမျိုး ဖြစ်သည်။ ဆမ်ဆာနှက့် မင်းစက်ကပင် မယှဥ်နိုင်သော အနေအထားမျိုး ဖြစ်သည်။

”အင်း”

အပုမူစလင်က ခေါင်းညိတ်သည်။ သူကလည်း ရန်သူများကို တည်ငြိမ်စွာ ကြည့်သည်။

”အရှေ့ပိုင်းလောကက တော်တော်လေးကို လျို့ဝှက်ဆန်းကြယ်ပြီး ငါတို့နဲ့ မရင်းနှီးတဲ့ နယ်မြေမျိုး ဖြစ်နေတယ်၊ ဒီစစ်တပ်က ၆သောင်းလောက်ပဲ ရှိတာဟုတ်တယ်၊ ဒါပေမဲ့ ဒီအခြေအနေထိ ရှင်သန်ခဲ့ပြီးတဲ့ သူတို့အားလုံးက လက်ရွေးစင်တွေကြီးပဲ ၊ ဒီတော့ အားလုံးပဲ ဂရုစိုက်ကြပါ”

”ဟမ့် ဒီထန်တွေက ဘယ်ကလာလာ သုတို့ဘယ်လောက်ပဲ အင်အားကြီးကြီး ငါစိတ်ဝင်စားတာကို ခံဖို့တောင် မတန်ပါဘူး၊ ငါတို့ရဲ့ မာမတ်လွတ်တွေ မချိုးဖောက်နိုင်တဲ့ စစ်တပ်ဆိုတာ မတည်ရှိဘူး၊ ငါကိစ္စတစ်ခုကိုပဲ စိတ်ဝင်စားတယ်၊ မင်းပြောတဲ့ ဝိထ်မဏိ လက်နက်တွေ တပ်ဆင်ထားတယ်ဆိုတဲ့ အဲဒီထန်မြင်းတပ်က ဘယ်မှာလဲ၊ နောက်ပြီး မင်းကို အလဲထိုးလိုက်တဲ့ အဲဒီဗိုလ်ချုပ်က ဘယ်မှာလဲ့”

အားဘတ်က မြင်းကို အရှေ့သို့ သွားစေလိုက်သည်။ သူ၏မျက်လုံးကလည်း အေးစက်နေပြီး အရှေ့မှ စစ်တပ်တစ်ခုလုံးကို ခြုံငုံကာ ကြည့်သည်။

သာမန်တိုက်ပွဲလောက်က အားပါ့ပင်ဖြစ်စေ သူ၏ မာမတ်လွတ်များကိုပင်ဖြစ်စေ မကျေနပ်စေနိုင်ချေ။ သို့သော် လောကမှ အင်အားအကြီးဆုံးသော စစ်တပ်ကို အနိုင်ယူနိုင်မှသာ မာမတ်လွတ်များက ပြိုက်ဘက်ကင်းသည်ဆိုသော ဂုဏ်သတင်းနှင့် ထိုက်တန်ပေလိမ့်မည်။

ကျိရော့က ရုတ်တရက်ပြောသည်။

”အရှင်အားပါ့ ဘယ်ဘက်ခြမ်းက အဲဒီမြင်းတပ်ပါ၊ ရှေ့ဆုံးက တောင်တန်းလိုမျိုး မြင့်မားထောင်မောင်းလွန်းတဲ့ အဲဒီအနီရောင်မြင်းစီးထားတဲ့လူက သူတို့ရဲ့ ခေါင်းဆောင် အမတအပြင် ဒီအရှေ့ပိုင်းသားတွေမှာ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်လောက်တဲ့ လက်နက်ကြီး တစ်မျိုးကိုလည်း ဖန်တီးထားနိုင်သေးတယ်၊ ဒါကြောင့် အရှင်ကျေးဇူးပြုပြီး သတိထားစေချင်ပါတယ်”

ကျစ်ရက်က ထိုသို့ပြောသည်။ ထိုအခါ အားပါ့က ခေါင်းလှည့်ကာ ကြည့်လိုက်သည်။ လေစစ်ရဲ့ကလည်း တိုက်ဆိုင်စွာ တစ်ချိန်တည်းလိုလို ခေါင်းလှည့်ကြည့်လာသည်။ ရှင်းပြရန် ခက်ခဲလောက်အောင် သူတို့က အကြည့်ချင်းဆုံသွားသည်။ ထိုသို့ အကြည့်ချင်းဆုံသွားသည့် အခိုက်အတန့်တွင် သူတို့၂ယောက်အကြားရှိ လေထုကပင် ကွဲအက်ပြီး လျှပ်စီးများလက်သွားသည်။ ထို့နောက် တစ်ချိန်တည်းလိုလို နှစ်ယောက်လုံးက အကြည့်လွှဲလိုက်လေသည်။

အပိုင်း (1054)

”ဟမ့် အပုမူစလင် စိတ်အေးအေး ထားစမ်းပါ၊ ငါမင်းအတွက် ဒီမဟာထန်စစ်တပ်ကို ကိုယ်တိုင်ကိုယ်ကျ အနိုင်ယူပေးမယ်၊ တာလကို ဖျက်ဆီးပြီး အရှေ့ပိုင်းကို သွားတဲ့ မင်းရဲ့လမ်းက အနှောင့်အယှက်တိုင်းကို ပြားကပ်အောင် လုပ်ပေးမယ်”

အားပါ့က အေးစက်စွာ ရယ်သည်။

”မာမတ်လုဖျင်ရဲ့ အင်အားနဲ့ ပတ်သက်ပြီး ငါသံသယ မရှိပါဘူး၊ ဒါပေမဲ့ မဟာထန်က အဲဒီလူငယ် ဗိုလ်ချုပ်ကိုတော့ စိတ်ထဲမှာ တွေးထားစေချင်တယ်”

အပုမူစလင်က ပြောသည်။ သူ၏မျက်ဝန်းကလည်း ခံစားချက်မဲ့သည်။ သူက ပထမခုခံရေးအားလှိုင်းအနောက်ဘက်တွင် ရှိနေသော ငယ်ရွယ်သည့် ပုံရိပ်တစ်ခုကို မြင်လိုက်သည်နှင့် သူ၏အကြည့်က ထိုသူ့ထံမှ မခွာတော့ချေ။

”ဒါ့အပြင် မာစီနဲ့ ပဲ့ဟယ်မော့စစ်တပ်က အဲဒီ ထန်ဗိုလ်ချုပ်ရဲ့ လက်ထဲမှာ သေသွားတာ”

ထိုစကားလုံးများက ထိုနယ်မြေတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။ မာစီသည် အာရေးဗီးယား အင်ပါယာတွင် အကျော်ကြားဆုံးသော ပုဂ္ဂိုလ်ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ သို့သော် ပဲ့ဟယ်မော့စစ်တပ်ကိုမူ လူတိုင်းသိကြသည်။ အားပါ့ကပင် သူ၏မာမတ်လုများက ပတ်ဟယ်မော့များကို သူတို့၏ အပြတ်အသတ်သာနေသော အရေအတွက်မျိုးကြောင့် အနိုင်ယူနိုင်မည်ဟု မပြောရဲချေ။ ချက်ချင်းဆိုသလိုပင် အဝေးရှိ ဝမ်ချောင်၏ ပုံရိပ်က ခမ်းနားထည်ဝါသော အားများ လွှတ်ထုတ်သလိုမျိုး အားလုံးက မြင်ယောင်သွားကြသည်။ ထိုသို့ဖြင့် အားပါ့၊ အော့စမန်နှင့် အပုမူစလင်တို့၏ အာရုံကို ဆွဲဆောင်သွားသည်။

”သတိထားတာကတော့ အမှားမရှိဘူး၊ ငါ အရှေ့ပိုင်းလောကက တိဗက်နဲ့ အနောက်ပိုင်းတူရကီတွေကို အကြောင်းကြားပြီးသား၊ သူတို့ကလည်း ထန်တွေကို ကိုင်တွယ်မဲ့ ကိစ္စမှာ ငါတို့ကို အများကြီး ကူညီပေးလိမ့်မယ်၊ သူတို့နဲ့သာဆိုရင် ငါတို့ထန်တွေကို ဖြိုခွဲနိုင်မှာပါ”

အပုမူစလင်က ပြောသည်။

”အဲဒီလောက်ထိ ဒုက္ခရှာစရာ မလိုပါဘူး”

ထိုအခိုက်အတန့်တွင် အေးစက်ပြီး အညံ့မခံလိုသော အသံက ထွက်လာသည်။ ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားသည့် ရွှီတေပါးက သူ၏ အနက်ရောင်ငရဲမီးတောက်အလံအောက်မှ တဖြည်းဖြည်းချင်း ထွက်လာပြီဖြစ်သည်။ သူ၏ အကြည့်ကလည်း အေးစက်နေပြီး နှုတ်ခမ်းတွင်လည်း သွေးဆာသည့် အပြုံးက ချိတ်ဆွဲထားသည်။

”အပုမူစလင် မင်းက ငါ့ကို တကယ်စိတ်ပျက်စေတာပဲ၊ မင်းက ဒီတိုက်ပွဲကို ကိုယ့်အရိပ်ကိုယ် ကြောက်နေသလိုမျိုး ရင်ဆိုင်နေတယ်၊ ငါတောင်မှ မင်းကို တကယ်အထင်ကြီးမိတယ်လို့ ခံစားနေရပြီ”

ဝုန်း။

အပုမူစလင် ၊ အားပါ့နှင့် အော့စမန်တို့အားလုံးက ချွီထေပါးကို လှည့်ကြည့်နေကြချိန်တွင် လက်ထောက်အစိုးရ ကျိရာ့ကမူ အလွန်အမင်း တင်းမာကာ ကြောက်လန့်သော မျက်နှာထားမျိုးဖြင့် ဖြစ်နေသည်။ အပုမူစလင်၏ ညာလက်ရုံးအဖြစ် ဆယ်နှစ်ကျော်ကြာအောင် ဘေးတွင် အတူတိုက်ခိုက်ပြီး ခစားခဲ့သည် ဖြစ်သည့်အလျောက် ကျိရာ့အနေနှင့် အပုမူစလင်ကို အလွန်လေးစားသည်။ အတိတ်တွင် အပုမူစလင်ကို တစ်စုံတစ်ယောက်ကသာ အရှက်ခွဲခဲ့လျှင် အရင်ဆုံး အပုမူစလင်၏ ဂုဏ်သိက္ခာအတွက် ကျိရာ့က လှုပ်ရှားပြီးလောက်လေပြီ။ သို့ရာတွင် ကျိရာ့အနေနှင့် မည်မျှမကျေမနပ် ဖြစ်နေစေကာမူ ထိုလူနှင့် ရင်ဆိုင်ရသောအခါ ဒေါသကို မြိုထားရုံသာ ရှိနိုင်သည်။

ဒါက စစ်အစိုးရ ချွီထေပါးပဲ။

အာရေးဗီးယား အင်ပါယာမှ အင်အားအကြီးဆုံး အစိုးရတစ်ယောက်လည်း ဖြစ်သည်။ သူသည် အင်အားအကြီးဆုံး အကောင်းမွန်ဆုံး တပ်ဖွဲ့ကို အမိန့်ပေးနိုင်သည့် ကြောက်စရာအကောင်းဆုံးသော တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်သည်။ အပုမူစလင်နှင့် ကျိရာ့ကပင် ထိုနယ်ပယ်တွင် သူ့ကို မယှဥ်နိုင်ပေ။ အာရေးဗီးယား အင်ပါယာတွင် ချွီထေပါးဟာ မည်သူမျှ အထင်မသေးဝံ့သည့် ခွန်အားမျိုးကို ပိုင်ဆိုင်ထားသည်။

”တိဗက်တွေ အနောက်ပိုင်း တူရကီတွေ ငါမသိဘူး၊ အာရေးဗီးယားအင်ပါယာက တိုင်းပြည်တစ်ပြည်လောက်ကို အုပ်စိုးဖို့အတွက်နဲ့ ဒီလိုအားနည်းတဲ့ မဟာမိတ်တွေကို မလိုဘူး၊ ငါ့ရဲ့အမိန့်ကို ထုတ်လိုက်၊ အခုပဲ တိုက်ခိုက်ဖို့ ပြင်ဆင်တော့”

ချွီထေပါးက အေးစက်စွာ အမိန့်ပေးသည်။

”ဒါပေမဲ့ အရှင်...”

ကျိရာ့က တစ်စုံတစ်ရာ ပြောလိုသေးသည်။ သို့သော် အပုမူစလင်က သူ့ကို ဖြတ်ပြောသည်။

”ချွီထေပါး ငါတို့မင်းပြောတဲ့အတိုင်း လုပ်မယ်”

အပုမူစလင်က ထိုသို့သာပြောသည်။

ချွီတေပါးက အပုမူစလင်ကို တစ်ချက်ကြည့်ပြီးနောက် နောက်သို့လှည့်ကာ စစ်တပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ချွီထေပါး ထွက်သွားမှသာ ကျိရာ့က ဒေါသတကြီး အထွန့်တက်နိုင်သည်။

”အရှင် ချွီထေပါးက ဘောင်ကျော်နေတာပဲ၊ သူတို့က ထန်တွေနဲ့ တစ်ခါမှ မတိုက်ခိုက်ဖူးဘူး၊ ဒါကြောင့် သူတို့ဘယ်လောက်အင်အားကြီးလဲ မသိဘူး၊ တိဗက်တွေနဲ့ အနောက်ပိုင်း တူရကီတွေက လမ်းပေါ်တောင် ရောက်နေပြီ၊ သူက၂ရက်လေးတောင် မစောင့်နိုင်ဘူးလား”

အပုမူစလင်က ခေါင်းကိုခါပြီး တဖြည်းဖြည်းချင်း ပြောသည်။

”ကျိရာ့ ငါတို့က တာလမှာ ရှုံးပြီးပြီ၊ ဒါကြောင့် ရှုံးတဲ့လူက တိုက်ပွဲမှာ ပြောရေးဆိုခွင့် မရှိဘူး”

အာရေးဗီးယား အင်ပါယာသည် အလွန်အမင်း လက်တွေ့ကျသည်။ အင်အားကသာ စကားပြောသည်။ အရာအားလုံးက အင်အားမှတစ်ဆင့် ဆုံးဖြတ်နိုင်၏။ အပုမူစလင်က မည်မျှ ခမ်းနားထည်ဝါခဲ့စေကာမူ သူ့ကိုယ်သူ သံမဏိနှင့်သွေးအစိုးရဟု ကျော်ကြားပြီး ဘယ်သောအခါမှ မရှုံးနိုင်ဟု ပြောခဲ့စေကာမူ ရှုံးပြီးလျှင် ဒါဟာအရှုံးသာ ဖြစ်သည်။ အရှုံးသမားတစ်ယောက်က ငြင်းဆိုပိုင်ခွင့် မရှိချေ။

”ချွီထေပါးက လွန်ပေမဲ့လည်း သူ့ရဲ့အင်အားက မေးခွန်းထုတ်ဖို့တောင် မလိုဘူး၊ သူ့ရဲ့ စစ်သားတွေအားလုံးက တိုက်ပွဲတစ်ပွဲပြီးတစ်ပွဲကို ကျော်ဖြတ်ထားပြီးသား၊ ငါတို့က သူ့ကို ထောက်ပံ့ကူညီပေးရုံပဲ၊ ဒီလိုဆိုရင် တိဗက်တွေ အနောက်ပိုင်းတူရကီတွေ မရှိရင်တောင် ငါတို့အတွက် နိုင်နိုင်တယ်၊ ငါတို့က အရှေ့ပိုင်းလောကတစ်ခုလုံးကို အုပ်စိုးပြီးတာနဲ့ ငါနဲ့ ချွီထေပါးအကြားက ကိုယ်ရေးကိုယ်တာအငြှိုးကို သီးသန့်ဖြေရှင်းလို့ရတယ်၊ ငါ့ရဲ့အမိန့်ကို ထုတ်လိုက်၊ တိုက်ပွဲအတွက် ပြင်ဆင်ကြတော့”

အပုမူစလင်က လက်ကိုရမ်းလိုက်သည်။

”ဟုတ်ကဲ့”

ကျိရာ့က အချိန်အနည်းငယ်ခန့် ရုန်းကန်ပြီးနောက် အမိန့်အတိုင်း လုပ်ဆောင်လိုက်သည်။

.......

အာရပ်များက ထန်များကို စောင့်ကြည့်နေချိန်တွင် သံမဏိခုခံရေးအားလှိုင်းအနောက်ဘက်မှ ဝမ်ချောင်၊ ကောင်းရှန်းကျစ်နှင့် အခြားသော ထန်ဗိုလ်ချုပ်တိုင်းကလည်း ဖော်ပြရန် ခက်ခဲသော အရွယ်အစားနှင့် အင်အားကို ပိုင်ဆိုင်ထားသည့် အာရပ်စစ်တပ်ကို စောင့်ကြည့်နေကြသည်။

”အရှင် အာရပ်တွေက လှုပ်ရှားဖို့ ပြင်ဆက်နေပါပြီ”

ဝမ်ချောင်၏ အနားတွင် ရွှယ်ချန်ကျင်းက ရုတ်တရက်ပြောသည်။

”ငါ့ရဲ့အမိန့်ကို ထုတ်လိုက်၊ တိုက်ပွဲအတွက် ပြင်ဆင်”

ဘုန်း။

ထိုအခိုက်အတန့်တွင် အာရပ်စခန်းဘက်မှ ခရာမှုတ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ လေထုတစ်ခုလုံးက ချက်ချင်းလိုလို ပြောင်းလဲသွားသည်။ အသံများအားလုံးက တိတ်ကျသွားသည်။

ဂျိန်း။

ရပ်တန့်သွားသည့် အာရပ်စစ်တပ်က တစ်ဖန်ပြန်လည် လှုပ်ရှားလာသည်။ စစ်သည်လေးသိန်းလုံးက တောင်တန်းကိုပင် တွန်းရွှေ့နိုင်သော အရှိန်မျိုးနှင့် တစ်ဖန်ပြန်လည် ချီတက်လာကြသည်။

ချွင်။

စူးရှသော မျက်ဝန်းနှင့် အာရပ်ဗိုလ်ချုပ်တစ်ယောက်က သူ၏ ချီစက်ကွင်းကို သတ္ထုစွမ်းအင် ပေါက်ကွဲသံနှင့်အတူ လွှတ်ထုတ်လိုက်သည်။ ထိုသို့ဖြင့် သူ၏ စစ်မြင်းအောက်ခြေမှတစ်ဆင့် အနက်ရောင် လမင်းတစ်စင်းက ပျံ့ထွက်လာသည်။ ထိုချီစက်ကွင်းဟာ ကြီးမားသည်။ ထိုသို့ဖြင့် အာရပ်စစ်သည်သောင်းကျော်ကို လွှမ်းခြုံသွားလေသည်။

ဒါဟာ အချက်ပြမှုတစ်ခုလိုမျိုး အာရေးဗီးယားစစ်မြင်းများ၏ ခွာအသီးသီးအောက်မှ ချီစက်ကွင်းတစ်ခုပြီးတစ်ခု ထွက်လာကြသည်။ ချီစက်ကွင်းများ၏ အရွယ်အစားကလည်း တစ်ခုထက်တစ်ခု အရွယ်အစား ပိုမြင့်လာကြသည်။ ယခင်အာရပ်စစ်တပ်တွင် သူတို့မြင်ခဲ့ဖူးသော ချီစက်ကွင်းများနှင့် ယှဥ်သော် နှစ်ဆခန့်နီးပါး ကြီးနေသည်။ ထို့ကြောင့် ထုတ်ပြထားသော ခွန်အားများကလည်း ပို၍ပင် မှင်တက်ဖွယ်ကောင်းပြီး စွမ်းအားကြီးမားသွားသေးသည်။ အဝေးမှသာ ကြည့်မည်ဆိုလျှင် အလွန်အမင်းအရိုင်းဆန်သည့် သွေးရနံ့ကိုပင် ရနိုင်သည်။

ဝုန်း။

တစ်စက္ကန့်ခန့် ကြာပြီးနောက် မြေကမ္ဘာအတွင်းမှ အနက်ရောင်အရိပ်တစ်ရိပ်က ခုန်ထွက်လာပြီး တာလထံ လျင်မြန်စွာ ခုန်အုပ်ရန် ကြိုးစားသလိုမျိုး အပြေးနှင် ဝင်ရောက်လာသည်။ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် မြူကလည်း ထိုအာရေးဗီးယား စစ်သားများ၏ တစ်ကိုယ်လုံးနှင့် ပေါင်းစပ်နေသလို ဖြစ်နေသည့်အတွက် အချင်းချင်းမြင်ရန် ခက်ခဲလေသည်။

အာရပ်မြင်းတပ် လေးထောင်က အလွန်အမင်း မြန်ဆန်သည့် အရှိန်နှုန်းဖြင့် တာလထံ ချဥ်းကပ်လာကြသည်။ သူတို့၏ အရှိန်နှုန်းက မျက်တောင်တစ်ခတ်အချိန်အတွင်း ချက်ချင်းအနားကပ်လာနိုင်သလိုမျိုး မြန်ဆန်လွန်းနေသည်။ ထို့ကြောင့် အရှိန်နှုန်းကို ဆက်မြှင့်တင်နေရင်း ကျန်းထောင်ပေါင်းများစွာကို ကျော်ဖြတ်သွားနိုင်သည်။

ဝုန်း။

ဝမ်ချောင်၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများက ပေါ်ထွက်လာသည်။

ဘယ်လောက်တောင် မြန်ဆန်တဲ့ အရှိန်နှုန်းလဲ။

အပုမူစလင်၏ စစ်တပ်ကပင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်ကို မပြနိုင်ခဲ့ချေ။ ဝမ်ချောင်ကလည်း ထိုစစ်တပ်ဟာ အာရေးဗီးယား စစ်နတ်ဘုရား ချွီထေပါးအပိုင် ဖြစ်လောက်ကြောင်း သိလိုက်သည်။

”အင်အားကြီးမားတဲ့ အင်အားစုပဲ”

ဝမ်ချောင်၏ မျက်နှာက တင်းမာသွားပြီး ရှေ့သို့ မျှော်ကြည့်သည်။ ထိုချီတက်မှုအနောက်မှ အင်အားစုဟာ အလွန်ဖျတ်လတ်လွန်းပြီး လောကရှိ စစ်တပ်အများစု၏ ခွန်အားကို ကျော်နေသည်။ အပုမူစလင်၏ စစ်တပ်ကပင် ထိုကဲ့သို့ မလုပ်နိုင်ချေ။

”ဝမ်ချောင်”

ရှန်းချန်းလီက ခေါ်လိုက်ရင်း ဝမ်ချောင်၏ ဘေးနားသို့ စီးလာသည်။ သူ၏ မျက်လုံးက ကောင်းကင်ရှိ တစ်နေရာသို့သာ ရောက်နေသည်။ သူ၏အသံနှင့် ရှန်းချန်းလီ၏ တင်းမာသော မျက်နှာထားမျိုးကြောင့် ဝမ်ချောင်ကလည်း မော့ကြည့်လိုက်မိသည်။ ထိုအခါ လေထဲမှ မမြင်ရသည့် စွမ်းအင်များကို သိလိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် လွှမ်းခြုံထားသော အရိပ်ကြီးကို ခံစားမိနိုင်သည်။ ထိုအရာက သဲမုန်တိုင်းဖြစ်ရန် ဖွဲ့စည်းလာသည်။

အင်အားကြီးမားသော စစ်တပ်က အင်အားကြီးမားသောသိုင်းကို ထုတ်သုံးထားခြင်း ဖြစ်သည်။ ထိုသိုင်းကို အကန့်အသတ်ထိပင် တွန်းထားသည့် ပုံရိပ်ယောင်မြင်ကွင်းကပင် ပေါ်လာသည်။

”ဒီတစ်ကြိမ်မှာ ရင်ဆိုင်ရတဲ့ အင်အားက မျှော်လင့်ထားတာထက် အင်အားကြီးမားလွန်းနေတယ်”

ရှန်းချန်းလီက ရေရွတ်သည်။

သူဟာအနောက်ပိုင်းနယ်မြေတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကုန်လွန်ခဲ့သော နှစ်များအတွင်း ရှန်းချန်းလီအနေဖြင့် အင်အားကြီးမားသော စစ်သည်ပေါင်းများစွာကို မြင်ခဲ့ဖူးသည်။ ထိုထဲတွင် အနောက်ပိုင်း တူရကီနှင့် ယွီစန်းတို့မှ အင်အားစုများလည်း ပါသည်။ သို့သော် မည်သည့်အင်အားစုကမှ ထိုကဲ့သို့သော ပြင်းထန်သည့် ဖိအားမျိုးကို မထုတ်ပေးနိုင်ခဲ့ချေ။ ရှုထောင့်တစ်ခုမှ ကြည့်လိုက်သော မြင်းတိုက်ပွဲ ဝင်္ကပါ၏ အရှိန်အဝါမြင့် ဝင်္ကပါအဆင့်ဖြစ်လောက်လုနီးပါး ဖြစ်သည်။

”ငါတို့အားလုံး အာရေးဗီးယားတွေကို အထင်သေးခဲ့မိတယ်၊ မဟာထန်က ဗဟိုပြင်ကျယ်ရဲ့ နယ်စပ်ကိုပဲ အမြဲအာရုံစိုက်နေခဲ့ပြီး အာရေးဗီးယားကို အာရုံမစိုက်ခဲ့မိဘူး၊ ငါတို့က သူတို့ကို နားလည်ထားတာ နည်းပါးလွန်းနေတယ်၊ ဒီအင်ပါယာက ငါတို့ထင်ထားတာထက် ကိုင်တွယ်ရခက်သွားတယ်”

ရှန်းချန်းလီက ခပ်တင်းတင်း ပြောသည်။

မဟာထန်နဲ့ အာရေးဗီးယားက အဆက်အဆံ ရှိဖူးသည်။ သို့သော် ထိုအဆက်အသွယ်များအားလုံးက ငွေကြေးအရ သို့မဟုတ် စီးပွားရေးအရသာ ဖြစ်ခဲ့သည်။ ကုန်ပစ္စည်းများကို တင်ပို့သော ကုန်သည်လှည်းတန်းကလည်း အလွန်အမင်း ရှည်ကြာသော ခရီးကို ကျော်ဖြတ်သွားရသည်။ အနည်းဆုံး ၆လခန့် အချိန်ယူရ၏။ ပို၍ဆိုးသည်မှာ မဟာထန်သည် အာရပ်ကုန်သည်များဟာ ဝဝဖိုင့်ဖိုင့်နှင့် သဘောကောင်းသော နုံအလွန်းသူများဟုသာ ထင်ထားကြသည်။ ထို့အပြင် သူတို့ဟာ အမျိုးမျိုးသော ကျောက်ရိုင်းတုံး၊ နီလာ၊ ကျောက်စိမ်းရတနာ အစသဖြင့် အမျိုးမျိုးကို ပိုင်ဆိုင်ကာ အလွန်ကြွယ်ဝသည့် လူများဟုသာ ထင်ထားကြသည်။ သို့သော် ထို့ထက်ပို၍ မသိခဲ့ချေ။

အနှစ်ချုပ်ဆိုရသော် အာရေးဗီးယားများက မဟာထန်အကြောင်းကို ကောင်းကောင်းနားလည်ထားပုံပေါ်သည်။ အာရပ်ကုန်သည်များက မဟာထန်၏ မြို့သို့ ဝင်နိုင်သည်။ သို့သော် ထန်ကုန်သည်များကမူ ခိုရာစန်းသို့ပင် ဝင်ခွင့်ရခဲသည်။

အချိန်တစ်ခုကြာပြီးနောက် ကောင်းရှန်းကျစ်က သက်ပြင်းချပြီး ကိုယ့်ကိုယ်ကိုယ် ရေရွတ်သလိုမျိုး ပြောလိုက်သည်။

”ငါဒီကိစ္စအတွက် တာဝန်ခံပါ့မယ်၊ အန်းချီ ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်အနေနဲ့ ငါက အင်ပါယာအတွက် နယ်စပ်ကို ကင်းလှည့်ဖို့ တာဝန်ယူထားရတာ၊ ဒါပေမဲ့ အနောက်ပိုင်းနယ်မြေကို ကာကွယ်လာတဲ့ ဒီလောက်နှစ်တွေ ကြာသွားတာတောင် အာရေးဗီးယားအကြောင်း ဘာမှမသိဘူး၊ ငါတောင်မသိရင် တခြားသူတွေက ဘယ်လိုသိနိုင်ပါ့မလဲ”

ကောင်းရှန်းကျစ်က အနောက်ပိုင်းနယ်မြေတွင် ဆယ်နှစ်ကျော်ကြာအောင် အုပ်စိုးလာခဲ့သည်။ သူ့အနေနှင့် အားရေးဗီးယာနှင့် ပတ်သက်ပြီး သတင်းအမြောက်အများ မစုစည်းနိုင်ခဲ့ချေ။ အနောက်ပိုင်းနယ်မြေမှ မြေမျက်နှာသွင်ပြင်အနေအထားကလည်း ရှုပ်ထွေးလွန်းသည်။ အမျိုးမျိုးသော တိုင်းပြည်များကို ဖိနှိပ်ရခြင်းကတင် သူ၏အင်အားအများစုကို ကုန်ဆုံးစေသည်။ ပို၍ဆိုးသည်မှာ အာရေးဗီးယားဟာ မဟာထန်နှင့် အလွန်ဝေးသည်။ ကြားတွင် တိုင်းပြည်ပေါင်းများစွာက ခြားနေသေးသည်။ သို့သော် ဒါတွေအားလုံးဟာ အကြောင်းပြချက်အဖြစ်လည်း သုံး၍ ရနေ၏။

”ဒီတိုက်ပွဲ ပြီးတဲ့နောက်မှာ ငါအသက်ရှင်နိုင်သမျှ နိုင်နိုင်ရှုံးရှုံး တော်ဝင်ခုံရုံးကို မှတ်တမ်းလွှာတင်ပို့ပြီး မဟာထန်ကို ဗဟိုပြည်နယ်တစ်ခုလုံးကို ကျော်လွှတ်လို့ နယ်မြေချဲ့ထွင်နိုင်ဖို့ နည်းလမ်းပေါင်းစုံကို စဥ်းစားပါ့မယ်၊ ငါတို့တွေ အာရေးဗီးယားနဲ့ တခြားတိုင်းပြည်တွေ အားလုံးကို ကောင်းကောင်းနားလည်နိုင်ရမယ်”

ကောင်းရှန်းကျစ်က ခပ်တင်းတင်းပြောသည်။

”အန်းချီကာကွယ်ရေးဗိုလ်ချုပ်၊ အခုက ဒီလိုအကြောင်းအရာတွေကို ပြောရမဲ့အချိန်မဟုတ်ဘူး၊ ငါတို့တွေ အာရပ်ကို နိုင်သွားပြီးတဲ့နောက်မှာ ဒီအကြောင်းအရာတွေကို ဆွေးနွေးဖို့ အချိန်ရှိပါသေးတယ်၊ ဒါ့အပြင် အာရပ်တွေက ထင်သလောက် အင်အားမကြီးပါဘူး”

ဝမ်ချောင်က ရုတ်တရက် ထပြောသည်။ သူ၏အကြည့်ထဲတွင် နက်နဲသော အသိဉာဏ်တရားများနှင့် အလင်းများက ထင်ဟပ်လာသည်။

အာရပ်များက အင်အားကြီးမားသည်။ သို့သော် မဟာထန်ကလည်း အာရပ်များရင်ဆိုင်ဖူးသော အင်အားစုမျိုး မဟုတ်ချေ။

”ငါတို့ ဒီတိုက်ပွဲကို နိုင်ရမယ်၊ ဘယ်လိုနည်းနဲ့မဆို”

ဝမ်ချောင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

အပိုင်း (1055)

”အသင့်ပြင်”

ဝမ်ချောင်၏ အမိန့်က ညည်းသံလိုလို ဗလုံးဗထွေး အသံထုတ်နိုင်သည့် စက်တစ်လုံးကို ခလုတ်ဖွင့်လိုက်သလို ဖြစ်သွားသည်။ ဒုတိယ ခုခံရေး အားလှိုင်း၏ ထန်ဝင်္ကပါတွင် ရှိနေသော လက်နက်ကြီးအဖွဲ့ စစ်သားများအားလုံးက တစ်ယောက်ပြီးတစ်ယောက် လက်တစ်ဖက်ဆီ ထောက်ချလျက် သူတို့၏ လက်နက်ကြီးများကို ချောမွေ့စွာ တပ်ဆင်လိုက်ကြသည်။ တစ်ချိန်တည်းတွင်ပင် သံမဏိမြို့ရိုးပေါ်မှ စစ်သားများအားလုံးကလည်း ပျားပုန်းထောင်ချောက်ဆိုသော လက်နက်ပုန်းများအတွင်းသို့ မြားများကို ထိုးထည့်ကြသည်။

ဘန်း ဘန်း။

အရှေ့ဆုံးတွင် ရှိနေသည့် လေးလံလွန်းသော ဒိုင်းကာ ခြေလျင်တပ်သမားများက ရှေ့သို့ ကုန်းလိုက်ကြပြီး သူတို့၏ ဘယ်ခြေထောက်နှင့် ဒိုင်းများကို ဖိထားလိုက်ကြသည်။ သို့သော် သူတို့၏ ညာခြေထောက်ကမူ မြေပြင်တွင် အားယူသလိုမျိုး တွန်းကန်ထားကြသည်။ သူတို့၏ တစ်ကိုယ်လုံးတွင် ကြယ်တာရာ စွမ်းအင်များက စတင်ကာ လည်ပတ်လာသလိုမျိုး သူတို့က အင်အားများကို စတင်ကာ တည်ဆောက်ကြသည်။

အခြားတစ်ဖက်ခြမ်းမူ အာရပ်စစ်တပ်၏ အနက်ရောင် မုန်တိုင်းလုံးကြီးက လိမ့်တက်လာသည်နှင့်အမျှ ကြက်တူရွေး ထိခတ်သံက ထွက်ပေါ်နေသည်။ သို့သော် ထိုအနေအထားမျိုးမှ ရုတ်တရက် အနီရောင်အလင်းက ဖြာထွက်လာလေပြီး အရှေ့ဆုံးသော မြင်းတပ်က သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။ သူတို့က အနီရင့်ရောင် အာရေးဗီးယား ဓားမောက်ရှည်များ ဖြစ်ပြီး တစ်လက်ချင်းစီတိုင်းက သုံးပေကျော် ရှည်သည်။ ထိုသို့ဖြင့် သာမန်အာရေးဗီးယား ဓားမောက်ရှည်များ၏ နှစ်ဆခန့် ကြီးမားနေခြင်း ဖြစ်သည်။ ထို့အပြင် အလေးချိန်ကလည်း နှစ်ဆခန့် လေးသည်။

လခြမ်းကွေး ဓားမောက်။

ထိုအရာများက ချွီထေပါးဟာ သူ၏ ဦးတော်သော စစ်သည်တော်အဖွဲ့ကို တပ်ဆင်ပေးထားသည့် လက်နက်များ ဖြစ်သည်။ လခြမ်းကွေး လရှေ့ပြေးတပ်ဟုလည်း ခေါ်သည်။ အာရပ်မှ အကောင်းဆုံးသော ပန်းပဲပညာရှင်များက ရက်ပေါင်းသုံးထောင်ခန့် အချိန်ယူပြီး ထိုလက်နက်များကို ဖန်တီးထုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သွန်းလုပ်ရန်အတွက် အမျိုးမျိုးသော အဖိုးတန် သတ္ထုများကို သုံးခဲ့ရသေးသည်။ ထို့ကြောင့် ဖော်ပြရန် ခက်ခဲလောက်အောင် လေးလံသည့်အပြင် ဖော်ပြရန် ခက်ခဲလောက်အောင် ပြင်းထန်သည့် လက်မောင်းအားဖြင့် လွှဲကိုင်မြောက်ရန် လိုအပ်သည်။ ပို၍ဆိုးသည်မှာ များပြားလှစွာသော အာရပ်စစ်တပ်များက ထိုလက်နက်များကို အသုံးပြုရန် ကြိုးစားခဲ့ဖူးကြသည်။ သို့သော် သူတို့၏ အင်အားအပြည့်အဝ ထုတ်နိုင်သော စစ်သည်တော်ပမာဏက အလွန်နည်းသည်။ ထိုလူများကလည်း အာရေးဗီးယားတစ်ခွင်အနှံ့ ကျော်ကြားကာ လူသိများပြီးသား ဖြစ်သည်။ အကြောင်းမူကား ထိုလူများက ထိုလူများ၏ လက်အောက်မှ လခြမ်းကွေးရှေ့ပြေးတပ် ဖြစ်နေသောကြောင့် ဖြစ်သည်။

လခြမ်းကွေး ရှေ့ပြေးတပ်သည် သူတို့၏ မှင်တက်ဖွယ်ကောင်းသော လက်မောင်းခွန်အားကြောင့် အထူးတလည် ရွေးချယ်ထားခြင်း ဖြစ်သည်။ သူတို့၏ လက်ထဲတွင် အလွန်လေးလံသော လခြမ်းကွေး ဓားမောက်ရှည်များက သူတို့၏ ကိုယ်မှ ဆွဲအားနှင့်အတူ လှုပ်ရှားနိုင်ပုံပေါ်သည်။ ထို့အပြင် သူတို့နှင့်လည်း အလွန်လိုက်ဖက်လွန်းနေ၏။ ထိုဓားမောက်ရှည်များ၏ ပင်ကိုသဘာဝ သွေးဆာမှုက ထိုလူများ၏ လက်ထဲတွင်မူ အပြည့်အဝ ထုတ်ပြနိုင်သွားသည်။

ထိုအကြောင်းပြချက်ကြောင့်လည်း ချွီထေပါးက ထိုလခြမ်းကွေး ရှေ့ပြေးတပ်ကို အလွန်တန်ဖိုးထားခြင်း ဖြစ်လောက်သည်။ ထို့ကြောင့် သူတို့က စတင်ကာ တိုက်ခိုက်ရသည့် တိုက်ပွဲတိုင်းလိုလို သူဟာ ထိုလူများကို ပထမတစ်သုတ်အနေနှင့် လွှတ်လေ့ရှိသည်။

လခြမ်းကွေး ဓားမောက်ရှည်များကို မီးပြင်းဖိုထဲမှ ဆွဲထုတ်ပြီးနောက် ညပိုင်းတွင် လရောင်ခံရကြောင်းကို လူနည်းစုသာ သိလောက်သည်။ ထိုသို့ လရောင်ခံသည့်အချိန်တွင် သူတို့၏ တစ်ကိုယ်လုံးက ငွေထည်ရောင် တောက်ပနေလေ့ရှိသည်။ လခြမ်းကွေး ရှေ့ပြေးတပ်များက လူများများ သတ်လေလေ ထိုဓားမောက်ရှည်များက အနီရောင်ပြောင်းလာလေလေ ဖြစ်သည်။ သူတို့က ဓားမောက်ရှည်များကို ဆွဲထုတ်သည့် အကြိမ်ရေ များလေလေ လေထဲတွင် သွေးညှီရနံ့က ထောင်းထလေလေ ဖြစ်သည်။ ထိုသွေးညှီရနံ့များက ပြင်းထန်လွန်းသဖြင့် စိတ်ဓာတ်အင်အားနည်းသော ရန်သူများအပေါ် ပြင်းထန်သည့် ဖိအားအဖြစ် သက်ရောက်စေနိုင်သည်။

”သတ်”

ကောင်းကင်တစ်ခုလုံးကိုပင် လှုပ်ခါပစ်လိုက်သည့် အသံကြီး ထွက်လာသည့် အခိုက်အတန့်တွင် ထိုလခြမ်းကွေး ရှေ့ပြေးတပ်၏ ခက်ထန်ကြမ်းတမ်းသော မျက်နှာထားနှင့် အာရပ်မြင်းတပ်ဖွဲ့ဝင်များ အားလုံးက ပထမခုခံရေးအားလှိုင်းဆီ ချီတက်လာကြသည်။

ကျန်းသုံးထောင်....ကျန်းနှစ်ထောင်....ကျန်းတစ်ထောင်......။

မရေမတွက်နိုင်အောင် များပြားသော အာရပ်မြင်းတပ်အဖွဲ့ဝင်များက ထန်ခုခံရေး အားလှိုင်းတစ်ခုလုံးကို ဖြိုခွဲပစ်ရန် ပြင်းထန်သည့် အားလှိုင်းများနှင့်အတူ ပြေးဝင်လာကြသည်။

ဂျိန်း။

ထိုအခိုက်အတန့်တွင် မြေပြင်တစ်ခုလုံးက ကွဲထွက်သွားပြီး သံမဏိမြို့ရိုးကြီးကလည်း စတင်ကာ တုန်ခါလာပုံ ပေါ်သည်။ ကျန်းရှို့ကွေးက သတ္ထုကျင်း သောင်းပေါင်းများစွာနှင့် ကျောက်တုံးပေါင်းများစွာကို တစ်ဖန်သုံးပြီး မြို့ရိုးများ၏ အုတ်မြစ်ကို ခိုင်မာအောင် လုပ်ထားခဲ့သည့်တိုင်အောင် မြို့ရိုးများက လှုပ်ခါသွားသေးသည်။

ဝုန်း။

ကြီးမားသည့် အားလှိုင်းကြီးက ခုခံရေးအားလှိုင်းကို ချေမွတော့မည့် အချိန်တွင် ရုတ်တရက် ဝမ်ချောင်၏ မျက်ဝန်းက တောက်ပသွားပြီး ရှေ့သို့အနည်းငယ် ကုန်းလိုက်သည်။

ဘုန်း။

ထိုသို့ ကုန်းလိုက်သည့်အချိန်တွင် သူ၏မြေရှိခြေထောက်က အောက်သို့တစ်ချက် ဆောင့်ပေါက်လိုက်သည်။

ဘုန်း။

ထိုဖနောင့်ပေါက်လိုက်မှုဟာ ကျင်းတစ်သောင်း အလေးချိန်ကို သယ်ဆောင်သွားသလိုမျိုး မြေကြီးကိုပင် နာကျင်စွာ ညည်းညူမိစေသည်။ အောက်ဘက်ရှိ မြေပြင်အားလုံးက ကွဲအက်သွားသည်။

ထိုသို့ဖြင့် ထိုခြေထောက်အောက်ဘက်မှ စတင်ပြီး နို့နှစ်ဖြူရောင် အားလှိုင်းများက ပျံ့လာသည်။ တဖြည်းဖြည်း ပျံ့ရင်း ရှေ့မှ ဦးတည်ဝင်ရောက်လာသည့် အာရပ်စစ်တပ်ထံ လှိမ့်ဝင်သွားသည်။ ထိုအခိုက်အတန့်တွင် အချိန်က ရပ်တန့်သွားသည်။ အာရပ်များကို ဖုံးကွယ်ထားသော သဲမုန်တိုင်းကလည်း ရုတ်ချည်း ပျောက်ကွယ်သွား၏။ မြေပြင်မှ အနက်ရောင်အရိပ်က အာရပ်များအနောက်သို့ ဝင်ရောက်ကာ လျော့ပါးပျောက်ကွယ်သွားသည်။

ရုန်း။

ကျယ်လောင်ပြင်းထန်သည့် ဝုန်းခနဲအသံကြီးနှင့်အတူ လခြမ်းကွေး ရှေ့ပြေးတပ်၏ အောက်ဘက်မှ ချီစက်ကွင်းများက ခပ်ကြမ်းကြမ်း လှုပ်ခါခံရသည်။ သူတို့၏ အလင်းက စတင်ကာ လျော့ပါးပျောက်ကွယ်လာသလို ချီစက်ကွင်းများ၏ သက်ရောက်မှုက ခုတ်ပိုင်းခံလိုက်ရသလိုမျိုး ထိုးကျသွားသည်။

လခြမ်းကွေး ရှေ့ပြေးတပ်အနောက်မှ အာရပ်စစ်တပ်ဟာလည်း ပို၍ ပြင်းထန်စွာ သက်ရောက်ခံရပုံပေါ်သည်။ မျက်တောင်တစ်ခတ်အချိန်အတွင်း အာရပ်မြင်းတပ် သိန်းပေါင်းများစွာကလည်း သူတို့၏ ချီစက်ကွင်းများဟာ လေထန်သော နေရာအောက်တွင် ထားမိသည့် ဖယောင်းတိုင်လိုမျိုး ဖြစ်နေသလို ခံစားရသည်။ မတည်မငြိမ် ဖြစ်လာလွန်းသဖြင့် ထိုတိုက်ပွဲဝင် ချီစက်ကွင်းအဆိပ်ဒဏ်အောက်တွင် ပျောက်ကွယ်လုနီးပါး ဖြစ်လာသည်။

ဟီး ဟီး ဟီး ဟီး။

စစ်မြင်းများက အော်ဟစ်ကြပြီး အစီအစဥ်တကျ ဖြစ်လာနေသော အာရပ်စစ်သည်တော်များ အားလုံးက ကစဥ့်ကလျား ဖြစ်သွားရသည်။

”ဘယ်လိုဖြစ်နိုင်မှာလဲ”

နောက်တန်းမှ အာရပ်စစ်သားများအားလုံး၏ မျက်လုံးက မျက်အိမ်မှ ကျွတ်ထွက်မတတ် ပြူးထွက်လာသည်။ သူတို့ဟာ ထိုကဲ့သို့သော အရာမျိုးကို မမြင်ဖူးသလို ကြုံလည်း မကြုံဖူးချေ။ ထို့အပြင် ကြားလည်းမကြားဖူးချေ။

”အဲဒီထန်ဗိုလ်ချုပ်ပဲ”

အနက်ရောင် နိုင်းအလံအောက်မှ ခါရီယို၏ အစိုးရ အော့စမန်၏ မျက်နှာထားက အနည်းငယ် ပြောင်းသွားသည်။ သူ၏ မီးတုတ်လို မျက်ဝန်းများဟာ ပြဿနာကို ချက်ချင်းသတိထားမိသွားသည်။ အရာအားလုံးဟာ သံမဏိမြို့ရိုးအောက်မှ ထိုလူငယ်ဗိုလ်ချုပ်ကြောင့် ဖြစ်လာခြင်း ဖြစ်သည်။

”စိတ်ဝင်စားစရာပဲ ၊ ဒီလိုစွမ်းရည်မျိုး ရှိဖို့ တွေးတောင်မတွေးမိဘူး”

အစောပိုင်း အံ့အားသင့်မှုကို ကျော်လွန်ပြီးနောက် မာမတ်လု၏ ဗိုလ်ချုပ် အားပါ့က မျှော်လင့်စောင့်စားမှုအပြည့်နှင့် နှုတ်ခမ်းကို သပ်သည်။ မာမတ်လုများဟာ အင်အားအကြီးဆုံးသော ရန်သူကို နိုင်နေကျ ဖြစ်သည်။ ထိုသို့ နိုင်သောအခါ ပျော်မွေ့ရုံတင် မကသေးချေ။ ထူးခြားသော မွေးရာပါ ပါရမီမျိုးကို ပိုင်ဆိုင်သည့် ရန်သူဗိုလ်ချုပ်တိုင်းကိုလည်း အထူးတလည် စိတ်ဝင်စားတတ်သည်။

”ဒီစွမ်းရည်က တော်တော်လေး ထူးခြားတယ်၊ ဒါပေမဲ့ ကိုင်တွယ်လို့ မရတာတော့ မဟုတ်ဘူး၊ ဒီလူကို ငါ့တာဝန်ထားလိုက်”

အော့စမန်၏ မျက်လုံးက အေးစိမ့်သွားပြီး ပေါက်ကွဲမတတ် ပြင်းထန်လာသည့် စွမ်းအင်များနှင့်အတူ ရှေ့သို့ ကြည့်သည်။ သူ၏ စွမ်းအင်များက ကောင်းကင်သို့ ထိုးတက်သွားသည်။ သူ၏ ပိန်းပိတ်အောင် မည်းမှောင်သော အနက်ရောင်ချီစက်ကွင်းက သူ၏ခြေထောက်အောက်မှ စတင်ကာ ပျံ့လာသည်။ ထိုချီစက်ကွင်းအတွင်းတွင် ကြက်တူရွေး ထိခတ်သံများက ကျယ်လောင်စွာ ထွက်နေသည်။ ထို့အပြင် အရှိန်အဝါ ကြီးမြင့်သည့် မြစ်တစ်စင်းအတွင်းမှ လှိုင်းများ လိမ့်တက်သံကလည်း ထွက်ပေါ်လာ၏။ သိပ်မကြာခင် အော့စမန်ထံမှတစ်ဆင့် အာရပ်စစ်တပ်၏ လေးသည်တော်တိုင်းထံ ပျံ့နှံ့သွားသည်။ ထိုသို့ဖြင့် အားနည်းသော ချီစက်ကွင်းများကြောင့် ဖြစ်လာသည့် ဝရုန်းသုန်းကား အခြေအနေများက လျင်မြန်စွာဖြင့် ပြန်လည်ပြောင်းရွှေ့ခံရလေပြီး စစ်တပ်တစ်ခုလုံးက ယခင်အနေအထားအတိုင်း ပြန်ဖြစ်သွားသည်။

”ဟမ့် အသေးစား လှည့်ကွက်လေးပါပဲ”

အော့စမန်၏ မျက်ဝန်းအတွင်း အထင်သေးမှုက ရှိနေသည်။ သူက လှောင်ရယ်လို၏။ သို့သော်သူက ထိုသို့ ပြောပြီးရုံသာ ရှိသေးသည်။ တိုက်ပွဲနယ်မြေတစ်ခုလုံးကို နောက်ထပ် မမြင်ရသည့် အားလှိုင်းတစ်ခုက လွှမ်းခြုံသွားပြန်သည်။ ယခုလေးတင် ပြန်လည်တည်ငြိမ်သွားသည့် အော့စမန်၏ စစ်တပ်က ကစဥ့်ကလျား ပြန်ဖြစ်သွားပြန်သည်။

သတိပေးချက်အလျှင်း မရှိလေဘဲ အာရပ်ဗိုလ်ချုပ်တိုင်းက ထုတ်လွှတ်ထားသည့် စွမ်းအင်များအားလုံးက ထိုးဖောက်ခံရရင်း ယခင်တစ်ခေါက်ထက် ပိုဆိုးသော အနေအထားမျိုးနှင့် စစ်တပ်တစ်ခုလုံးကို အားနည်းသွားစေပြန်သည်။

သူက မည်သည့်နေရာသို့ ကြည့်လိုက်စေကာမူ အာရပ်ဗိုလ်ချုပ်တိုင်း၏ ချီစက်ကွင်းများက လျင်မြန်စွာဖြင့် အားနည်းလာနေသည်။ ထိုချီစက်ကွင်းများ၏ အထောက်အပံ့မရှိတော့သောအခါ အာရပ်မြင်းတပ် သောင်းကျော်ကလည်း အားနည်းလာသည်။ ယခုလေးတင် ပြန်လည်ထုတ်ဖော်ထားပြီးခါစ သဲမုန်တိုင်းက ပြန်လည်ပျောက်ကွယ်သွားရသည်။

ဗိုလ်ချုပ်များရဲ့ အဆိပ် ချီစက်ကွင်း။

ခွာဖြူအရိပ်မြင်းပေါ်တွင် ထိုင်နေသည့် ဝမ်ချောင်က တိုက်ပွဲနယ်မြေ တစ်ခုလုံးကို တောက်ပပြီး ကြောက်ရွံ့လေးစားဖွယ် ကောင်းသော မျက်ဝန်းမျိုးဖြင့် ကြည့်နေသည်။

တိုက်ပွဲနယ်မြေ၏ အဆိပ် ချီစက်ကွင်းက အခြေအနေကို ကြိုးကိုင်နိုင်လောက်သည်။ သို့သော် မဟာဗိုလ်ချုပ်အဆင့်တစ်ယောက်က လှုပ်ရှားမှသာ ဖြစ်ပေလိမ့်မည်။ သို့သော် ဗိုလ်ချုပ်များ၏ အဆိပ်ချီစက်ကွင်းကမူ ထင်သလောက် ကြိုးကိုင်နိုင်ရန် မလွယ်ကူချေ။ မဟာဗိုလ်ချုပ်များကပင် ထိုသက်ရောက်မှုမျိုးကို ရင်ဆိုင်ရပါက ပြန်လည်တုံ့ပြန်ရန် ခက်ခဲပေလိမ့်မည်။ ထို့အပြင် ဗိုလ်ချုပ်များ၏ ချီစက်ကွင်းနှင့် တိုက်ပွဲနယ်မြေ၏ အဆိပ်ချီစက်ကွင်းကို ပေါင်းစပ်ကာ အသုံးပြုလိုက်ခြင်းက မဟာဗိုလ်ချုပ်တစ်ယောက်ကိုပင် ထုတ်နိုင်သည့် စွမ်းအင်များကို လျော့နည်းသွားအောင် လုပ်နိုင်စွမ်းအား ရှိသည်။

မင်းတို့တွေ ဘယ်လောက်အင်အားကြီးလဲ ငါကြည့်ပါရစေဦး။

ဝမ်ချောင်က တစ်ဖက်သူများအား ကြည့်လျက် စိတ်ထဲမှတစ်ဆင့် စိန်ခေါ်လိုက်သည်။

........

အာရပ်စခန်း...အားပုမူဆလင်၊ အားပါ၊ အော့စမန်...အားလုံးက တိုက်ပွဲနယ်မြေကို အနီးကပ် စောင့်ကြည့်နေကြသည်။ ပထမ ချီစက်ကွင်းက အော့စမန်ကို အနည်းငယ်သာ စိုးရိမ်စေလျှင် ဒုတိယ ချီစက်ကွင်းကမူ သူ၏မျက်နှာကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်လိုက်ခြင်း ဖြစ်သည်။

“သောက်ကျိုးနည်းဟာ”

အော့စမန်၏ မျက်နှာက ကျိန်းစပ်သွားသည်။ သူက အံကြိတ်ထား၏။ သူက အနည်းငယ်မှ မတုံ့ဆိုင်းတော့လေပဲ သွေးကြောများအလား ထူထဲတုတ်ခိုင်သည့် အနီရင့်ရောင် ချီစက်ကွင်းတစ်မျိုးကို အတွင်းမှ လွှတ်ထုတ်လိုက်ပြီး တိုက်ပွဲနယ်မြေတစ်ခုလုံးကို သွေးမုန်တိုင်းနှင့် လွှမ်းခြုံသလိုမျိုး လွှမ်းခြုံပစ်လိုက်သည်။

အားရေးဗီးယားအင်ပါယာ၏ အင်အားအကြီးဆုံး အစိုးရများထဲမှ တစ်ယောက်ဖြစ်သည့် အော့စမန်ဟာ သူ၏ စစ်တပ်ကို ချီစက်ကွင်း ၂မျိုးနှင့် ထောက်ပံ့ခဲသည်။ အော့စမန်အတွက် အင်အားကြီးမားသော ချီစက်ကွင်း ၂ခုကို ထုတ်လွှတ်ရခြင်းက သေးငယ်သော ဝန်ထုတ်ဝန်ပိုး မဟုတ်ချေ။ သို့သော် အော့စမန်ဟာ မာနကြီးသော စိတ်နေသဘောထား ရှိသည်။ ထို့ကြောင့် အရှေ့ပိုင်းသား ဗိုလ်ချုပ်တစ်ယောက်ထံတွင် အလွယ်တကူ အရှုံးခံလိမ့်မည် မဟုတ်ချေ။ သို့သော် အော့စမန်ကလည်း သူ၏ ဒုတိယမြောက် ချီစက်ကွင်းက အာရပ်ဗိုလ်ချုပ်များကို အနည်းငယ်သာ စွမ်းအားမြှင့်တင်ပေးနိုင်ကြောင်း မြင်လိုက်ရသဖြင့် မှင်တက်သွားရသည်။ သူတို့အားလုံးက မူရင်းအင်အားများကို ပြန်မရကြသေးချေ။

”မဖြစ်နိုင်တာ”

အားပါ့ကိုယ်တိုင်ကပင် ကြောင်သွားသည်။

သူက အော့စမန်နှင့် သိသည်မှာ ကြာလေပြီ။ ထိုလူဟာ မည်မျှ အင်အားကြီးမားကြောင်းကိုလည်း သိ၏။ အော့စမန်က စစ်အစိုးရနှင့် သံမဏိနှင့်သွေးအစိုးရတို့ထက် အင်အားနည်းကောင်း နည်းပေလိမ့်မည်။ သို့သော် အခြားအစိုးရများအကြားတွင် ပြိုင်ဘက်ကင်းပြီးသား ဖြစ်သည်။ ထိုအော့စမန်ကပင် ချီစက်ကွင်းနှစ်ခုကို ထုတ်ထားရသည်။ သို့တိုင်အောင် စစ်သားများအပေါ်သို့ ရောက်နေသော ဝန်ထုတ်ဝန်ပိုးကို အပြည့်အဝ မဖယ်ရှားနိုင်သေးသဖြင့် တစ်ဖက်မှ ငယ်ရွယ်သော ထန်ဗိုလ်ချုပ်ဟာ မည်မျှ အင်အားကြီးမားကြောင်း နားလည်မိသွားစေသည်။

”အော့စမန် ငါကူညီပေးမယ်”

အားပါ့၏ခန္ဓာကိုယ်က ရုတ်တရက် အေးစက်သွားပြီး သူက ဝင်ပါလာသည်။ သူ၏ခန္ဓာကိုယ်က တစ်ခဏခန့် တောင့်တင်းသွား၏။ ထို့နောက် တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ငွေရောင် ချီစက်ကွင်းက လွှမ်းခြုံသွားသည်။ ထိုသို့ဖြင့် စွမ်းအင်အလင်းများက ပေါက်ကွဲသွားကာ မာကျူရီအရည် စီးထွက်သွားသလိုမျိုး လွှမ်းခြုံပစ်လိုက်သည်။

အော့စမန်နှင့် အားပါ့တို့၏ ပူးပေါင်းခွန်အားက အာရပ်ဗိုလ်ချုပ်များအပေါ် သက်ရောက်နေသော မကောင်းသည့် သက်ရောက်မှုများကို ဖယ်ရှားရုံလောက်သာ တတ်နိုင်သည်။ သို့သော် သူတို့၏ ချီစက်ကွင်းများက အားနည်းနေသေးသည်။

ဝမ်ချောင်နှင့် အားပါ့၊ အော့စမန်တို့အကြားမှ တိုက်ပွဲက အချိန်တန်ကြာသည်ဟု ထင်ရသော်လည်း အရာအားလုံးက မျက်တောင်တစ်ခတ်အချိန်အတွင်း ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် စစ်တပ်နှစ်ခုက တရားဝင် ထိပ်တိုက် ရင်ဆိုင်ပြီဖြစ်သည်။

”ပစ်”

ငယ်ရွယ်ကာ အေးစက်သောအသံက တိုက်ပွဲနယ်မြေကို လွှမ်းခြုံသွားသည်။ ချန်းမင်း၏ မြင့်မားသော ခန္ဓာကိုယ်က ရိက္ခာတင်ရထားလုံးပေါ်တွင် ရပ်ရင်း အောက်ဘက်သို့ ဓားကိုရမ်းချလိုက်သည်။

ဘုန်း ဘုန်း ဘုန်း။

အနက်ရောင် လက်နက်ကြီးများ....။

ဖျက်စီးခြင်းစွမ်းအားဖြင့် ရစ်ပတ်လွှမ်းခြုံထားသည့် လက်နက်ကြီးများက လေထဲသို့ ထိုးတက်သွားသည့် နဂါးများအလား အာရပ်စ်တပ်များထံ ဝင်တိုးသွားသည်။

ခွက် ခွက် ခွက်။

လက်နက်ကြီးများက အသွေးအသားများကို ထိုးဖောက်ဝင်ရောက်သံက လေထဲတွင် ပျံ့နှံ့ထွက်သွားသည်။ လက်နက်ကြီးတစ်လက်ချင်းစီတိုင်းက အာရပ်များ၏ အော်သံ မြင်းများ၏ ဟီးသံများကို အဆုံးမသတ်နိုင်အောင် ထုပ်ပေးနိုင်သည်။ ထိုသို့ ပစ်ခတ်လိုက်ရုံနှင့် မြင်းတပ်အဖွဲ့ဝင် ခြောက်ထောင်မှ ၇ထောင်နီးပါးခန့်အား မြင်းပေါ်မှ မြေပြင်သို့ ပြုတ်ကျသွားစေသည်။ သူတို့၏အနောက်တွင်လည်း သိပ်သည်းကာ ပြည့်ကျက်လျက် ရှိနေသော အာရပ်များအားလုံး၏ ကိုယ်ပေါ် လွင့်စင်ကျရောက်သွားသေးသည်။

တချို့သော အာရပ်များက အသက်ဘေးမှ ကပ်သီးလေး လွတ်မြောက်သွားသော်လည်း ဝရုန်းသုန်းကား သွင်းခံလိုက်ရသည့် အလောင်းများကြောင့် သူတို့ကပင် ပိကျသွားကြသည်။

ဒီတိုက်ပွဲ၏ အစာပိုင်းပထမပိုင်းတွင် မဟာထန်က နိုင်သွားသည်။ သို့သော် ပြင်းထန်သည့် တန်ကြေးကို ပေးဆပ်လိုက်ရသည်။ စစ်သည်သောင်းကျော် သေဆုံးသွားပြီး မရေမတွက်နိုင်သော လက်နက်များ ပစ္စည်းများက ဖျက်ဆီးခံရသည်။ ထိုထဲတွင် မဟာထန်၏ မာနလက်နက်ကြီးလည်း ပါသည်။ လက်နက်ကြီး အလက်၃ထောင်က တစ်ထောင်အထိ လျော့ကျသွားခဲ့ရသည်။ ကျန်းရှိကွေးနှင့် သူ၏လူများက အတတ်နိုင်ဆုံး ကြိုးစားပြီး ပြင်ဆင်ထားသဖြင့်သာ ထိုတစ်ထောင်က ကျန်ရစ်နေသေးခြင်း ဖြစ်သည်။

လက်နက်ကြီးများ၏ ပြင်းထန်သော ဆုံးရှုံးမှုက ချန်းမင်းအား သူ၏ဗျူဟာကို ပြောင်းရန် ဖိအားပေးလိုက်သလို ဖြစ်သွားသည်။ ထိုအတွက်ကြောင့် သူက ယခုလို ပစ်ခတ်ရာတွင် အချိန်အတန်ကြာ စောင့်ဆိုင်းလျက် ရည်ရွယ်ချက်ရှိရှိနှင့် ပုံမှန်လုပ်သလိုမျိုး ကြိုတင်ကာ ပစ်ခတ်ခြင်း မပြုခဲ့ချေ။ ထို့အစား အချိန်တန်ကြာ စောင့်ဆိုင်းပြီး ထိုလူများက အာရုံအစူးစိုက်ဆုံး အနီးကပ်ဆုံး ရောက်လာသည့် အခိုက်အတန့်ကို အမိအရ ယူ၍ သေချာချိန်ရွယ်ကာ အထိအနာနိုင်ဆုံးသော နေရာသို့ ပစ်ခတ်လိုက်ခြင်းဖြစ်သည်။

ဟီး ဟီး။

အာရပ်မြင်းတပ် ၇ထောင်ခန့်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။ နောက်ဘက်မှ မြင်းတပ်အဖွဲ့ဝင်များ အားလုံးကလည်း ရှေ့ဘက်မှ ရဲဘော်များ၏ အလောင်းများနှင့် နှောင့်ယှက်ခံရသည်။ ထိုသို့ဖြင့် သူတို့အားလုံးကလည်း ကစဥ့်ကလျား ဖြစ်သွားရလေသည်။

ချန်းမင်း၏ တစ်သုတ်ပစ်ခတ်မှုက ရန်သူ၇ထောင်ကို သတ်လိုက်နိုင်သည်ထက် ပို၍ပြင်းထန်သည့် လုပ်နိုင်စွမ်းရည်ကို ပြသလိုက်လေသည်။

All Chapters