← Chapters

အခတ်း (၃၄-၃၆)

Vol. 3 Ch. 34-36

အခတ်း (၃၄-၃၆)

Vol. 3 Ch. 34-36

အပိုင်း(၃၄)

*

“ဆိုင်ကို မလာတာကြာပြီနော်။ ဒီနေ့လည်း ကြက်ဥထမင်းကြော်ပဲလား”

ဖက်တီးသူဌေးက စားဖိုမှူးကို ထမင်းကြော် ကြော်ရန် အသိပေးပြီးနောက် မေးမြန်းသည်။

ယခင်ကဆိုလျှင် ဖက်တီးသူဌေးက အတော်အတန် စီးပွားရေးကောင်းမွန်သည်။ သူ့ဟင်းလျာများက သာမန်မျှ ဖြစ်သော်လည်း သူ့အစားအသောက်များက သန့်ရှင်းသပ်ရပ်ပြီး ဆိုင်က အတော်အတန် ရှင်းလင်းသောကြောင့် တခြားဆိုင်များထက် ဈေးများသည်။ အနီးအနားရှိ ဝန်ထမ်းများက ၁ယွမ်၊ ၂ယွမ်ခန့်ကို အပိုပေးရလည်း သုံးစွဲနိုင်သည်။

သို့သော်လည်း ခုရက်ပိုင်း စားသုံးသူ ဖောက်သည် နည်းသထက် နည်းပါးလာခြင်းကို နားလည်လာသည်။ သူ့အရှေ့ရောက်နေသော ဖောက်သည်က ထမင်းစားရန် တစ်နေ့ သုံးခေါက်ခန့် လာလေ့ရှိသည်။ ယခုတော့ ရံဖန်ရံခါမှသာ လာတော့သည်။ ထို့ကြောင့် ဝူကျိုးထံမှ အခြေအနေ စုံစမ်းရန် ဆုံးဖြတ်ခဲ့သည်။

“ဟုတ်တယ်။ ဘာဆိုဘာမှ စားချင်စိတ် သိပ်မရှိလို့ပါ”

ဝူကျိုးက သူ့အကြံအစည်ကို ပြီးပြည့်စုံစွာ အကောင်ထည်ဖော်ရန် စဉ်းစားနေ၍ သာမန်ကာလျှံကာ ပြန်ဖြေသည်။

ဝူကျိုးက စိတ်နှင့်လူ မကပ်မှန်း သတိပြုမိ၍ ဖက်တီးသူဌေးက ဆက်လက်မေးမြန်းရန် မသင့်လျော်ဟု ခံစားမိသည်။ ထိုစဉ် ဝူကျိုး အော်ဒါမှာထားသော ကြက်ဥထမင်းကြော် ရောက်လာသည်။

“စုစုပေါင်း ၁၆ယွမ်ပါ။ ဘူးဖိုး ထည့်တွက်ထားပါတယ်။ သေချာထုပ်ပိုးထားလို့ စိတ်ချပါ”

ဖက်တီးသူဌေးကို ပြုံးရွှင်စွာ ငွေလက်ခံပြီး သတိထား စကားပြောသည်။

“သတိထားဦး။ ဟင်းချိုတွေ မဖိတ်စေနဲ့ဦး”

ဝူကျိုးက ဟင်းပွဲကို နမော်နမဲ့ ကိုင်ဆောင်သွားခြင်းကို မြင်တွေ့ရသောအခါ ဖက်တီးသူဌေးက လှမ်းအသိပေးသည်။

“ကျေးဇူးပဲ သတိထားမယ်”

ဝူကျိုးက မုန့်ဘူးကို သယ်ဆောင်ပြီး အမြန်ဆုံး လမ်းလျှောက်သည်။ သူက ဖက်တီးသူဌေး၏အကြံကို လက်ခံသည်။

လမ်းပေါ်တွင် လူအများကြီး မရှိသေးပေ။ အနီးအနားရှိ အလုပ်သမားများက ၅နာရီ ၃၀မိနစ် နှင့် ၆နာရီခန့်မှ အလုပ်ဆင်းကြသည်။ ဝူကျိုးက လက်တစ်ဖက်က မုန့်ဘူးကို သယ်ဆောင်ထားပြီး ကျန်လက်တစ်ဖက်က သူ့မိုဘိုင်းဖုန်းဖြင့် နာရီကြည့်လိုက်သည်။

“အခုအချိန်သွားရင် ထိုင်ခုံ ရလောက်သေးတယ်။ ဒါပေမဲ့ အခုချိန် ဆိုင်ဖွင့်ပါဦးမလား”

…

ယွမ်ကျိုးက ဆိုင်တံခါးကို ဖွင့်လိုက်သည်။ ဘေးဘယ်ညာ ကြည့်လိုက်ပြီး စောင့်နေသော ဖောက်သည်များ မရှိသေး၍ သူ့စားသောက်ဆိုင်ထဲ ပြန်ဝင်လိုက်သည်။

သတ်မှတ်ထားသော ကန့်သတ်ချိန်အတွင်း ဖောက်သည်အများကြီး လာသောကြောင့် ဤရက်ပိုင်းအတွင်း အတော်လေး ပင်ပန်းသည်။

“ဟူး၊ ဘယ်အချိန်မှ ငါ့ရဲ့တာဝန်က ပြီးမြောက်မှာလဲ”

ထိုအကြောင်းကို တွေးမိသောအခါ သူ့မစ်ရှင်အခြေအနေကို စစ်ဆေးလိုက်သည်။

[မစ်ရှင်၂] ဆိုင်ရှင်က အနီးအနား ပတ်ဝန်းကျင်မှာ အတော်အတန် အောင်မြင်နေပါပြီ။ ရက်၂၀အတွင်း အင်တာနက်ပေါ်မှာ အသိအမှတ်ပြုတဲ့အမှတ် ၁၀၀၀ရအောင် ကြိုးစားပေးပါ။

(မစ်ရှင်တိုးတက်မှုအခြေအနေ : ၄၀၀/၁၀၀၀)

“ဒီလိုဆိုရင်တော့ ငါ အောင်မြင်ဖို့ အလှမ်းဝေးသေးတယ်။ ဒါပေမဲ့ ငါ့မှာ အချိန်သိပ်မရှိတော့ဘူး”

ယွမ်ကျိုးက ထိုင်ခုံမှာထိုင်ပြီး လက်တစ်ဖက်က ဦးခေါင်းကို ထောက်ထားကာ ကျန်လက်တစ်ဖက်က ဖန်ခွက်ကို လှုပ်ခါနေသည်။

“သူဌေးယွမ်။ ခင်ဗျားကို အကူအညီတောင်းစရာရှိလို့ လာခဲ့တာပဲ” စားသောက်ဆိုင်အတွင်းမှာ မည်သူမှ မရှိခြင်းကို သတိပြုမိသောအခါ ဝူကျိုးက ကြက်ဥထမင်းကြော်ဘူးကို သယ်ဆောင်ကာ ယွမ်ကျိုးအနား ချဉ်းကပ်လာသည်။

“ငါ့ဆိုင်ရဲ့စည်းမျဉ်းတွေကို နံရံပေါ်မှာ ရေးထားတယ်။ မင်းဘာသာမင်း ကြည့်လိုက်စမ်းပါ”

ယွမ်ကျိုးက စားသုံးသူဖောက်သည်များကို စည်းမျဉ်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းပြသော အဆင့်ကို ကျော်ဖြတ်ပြီးပါပြီ။ ထို့ကြောင့် ဦးခေါင်းပင် မမော့ဘဲ နံရံကို လက်ညိုးထိုးပြသည်။

“မစိုးရိမ်ပါနဲ့ သူဌေးယွမ်။ မင်းကို ဟင်းပွဲ နောက်တစ်ပွဲ ထပ်မတောင်းပါဘူး”

ဝူကျိုးက ထမင်းကြော်ဘူးကို ကိုင်ဆောင်ကာ ယွမ်ကျိုး၏အရှေ့မှာ မတ်တတ်ရပ်လိုက်သည်။

“ဘာကိစ္စလဲ” ယွမ်ကျိုး စိတ်ဝင်စားသွားသည်။ သူက ခေါင်းမော့လိုက်ပြီး ဝူကျိုးကို စပ်စပ်စုစု ကြည့်လိုက်သည်။

“သူဌေးယွမ်၊ ခင်ဗျားရဲ့ဆိုင်မှာ ထိုင်စားချင်လို့ပါ” ယွမ်ကျိုးက ဘာမှ မတုံ့ပြန်၍ ဝူကျိုး ဆက်ပြောသည်။

“ဒါပေမဲ့ တခြားဆိုင်က ပါဆယ်ယူလာတဲ့ဟင်းပွဲကို ဒီနေရာမှာ စားချင်တာပါ”

“တခြားဆိုင်က ပါဆယ်ထုပ်လာတဲ့ ဟင်းပွဲကို ဘာလို့များ ငါ့ဆိုင် လာစားချင်တာလဲ”

ဤအပြုအမူက မသင့်လျော်ဟု ခံစားမိသည်။

“ကျွန်တော့်မှာ ငွေသိပ်မရှိတော့ဘူး။ သူဌေးရဲ့ဆိုင်မှာ ဝယ်စားချင်ပေမဲ့ မတတ်နိုင်ဘူး။ ဒါပေမဲ့ တခြားဆိုင်က ဝယ်လာတဲ့ ပါဆယ်ဘူးကို သူဌေးရဲ့ဆိုင်မှာ စားရင် သူဌေးချက်တဲ့ ကြက်ဥထမင်းကြော်ကို စားတယ်လို့ စိတ်ကူးယဉ်နိုင်တယ်လေ”

ဝူကျိုးက ပါဆယ်ဘူး ယူလာရသည့် အကြောင်းအရင်းကို ပြောပြသည်။

“ဆိုင်ထဲ ဝင်လာခဲ့လေ” ယွမ်ကျိုးက ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်ကြောင့် ဆို့နင်သွားသည်။

“အဆင်ပြေတယ်မလား။ ဆိုင်မှာလည်း ဘယ်သူမှ မရှိသေးဘူး။ တစ်ယောက်ယောက် အော်ဒါမှာရင် ကျွန်တော်လည်း စားမယ်”

ယွမ်ကျိုးက သဘောတူသောအခါ ပျော်ရွှင်စွာ ပြောသည်။

“ဒါမှလည်း သူဌေးရဲ့ ကြက်ဥထမင်းကြော်ကိုစားရတဲ့ အာရုံရမှာပေါ့” ထို့နောက် သူ ဖြည့်စွက်ပြောသည်။

“ဒါပေါ့ သေချာတာပေါ့။ မင်းစိတ်ကြိုက် စိတ်ကူးယဉ်စမ်း” ယွမ်ကျိုးက လှောင်ရယ်သည်။

“ပန်ကန်နဲ့ ခွက်ရော ငှားဦးမလား။ ဒါမှလည်း သဏ္ဌန်လုပ် သရုပ်တူမှာလေ”

“သူဌေးယွမ်၊ ခင်ဗျားက အရမ်းကို စဉ်းစားပေးတတ်တာပဲ” ဝူကျိုးက အံ့ဩသော အမူအရာဖြင့် ပြန်ပြောသည်။

“ခဏစောင့်ပေးပါ” ယွမ်ကျိုးက ဘူးအပြည့် ကြက်ဥထမင်းကြော်ကို တစ်ချက်ကြည့်လိုက်သည်။

ဤဆိုင်တွင် အသုံးပြုသော ပန်ကန်ပြားများက အရွယ်အစားသေးလွန်း၍ ကြွေရည်သုတ်ထားသော အလတ်စား ပန်ကန်ပြားကို ပေးလိုက်သည်။

ဝူကျိုးက ပျော်ရွှင်ကြည်နူးစွာဖြင့် ကြက်ဥထမင်းကြော် နှင့် ရေမှော်ဟင်းချိုကို သွန်ထည့်သည်။ ထို့နောက် အမှိုက်များကို ဝင်ပေါက် အနီးအနားရှိ အမှိုက်ပုံးထဲ ထည့်လိုက်သည်။

ထိုစဥ် စားသုံးသူ ဖောက်သည်များ ဆိုင်ထဲဝင်လာသည်။ ဝူကျိုး၏ ထိုင်ခုံမှလွဲ၍ တခြားထိုင်ခုံများ လူပြည့်သွားသည်။ ထို့နောက် ဖောက်သည်များက တစ်ယောက်ပြီးတစ်ယောက် အော်ဒါမှာသည်။

“သူဌေးယွမ်၊ အစုံလိုက်ကြက်ဥထမင်းကြော် ပေးပါ”

“ကြက်ဥထမင်းကြော်…”

ဝူကျိုးက သူ့ထိုင်ခုံမှာ ထိုင်လိုက်ပြီး မစားသေးပေ။ ယွမ်ကျိုး ချက်ပြုတ်မှု ပြီးစီးမည့်အချိန်ကို စောင့်မျှော်နေသည်။

၅မိနစ်၊ ၆မိနစ်ခန့်ပင် မကြာလိုက် ယွမ်ကျိုး၏ ကြက်ဥထမင်းကြော် ပြင်ဆင်မှု ပြီးဆုံးသွားပြီး ဖောက်သည်များစီ သယ်ဆောင်လာသည်။

“မင်းတို့မှာထားတဲ့ ကြက်ဥထမင်းကြော်နဲ့ အစုံလိုက်ပွဲ”

“ကျေးဇူးတင်ပါတယ်။ သူဌေးယွမ်”

“သူဌေးယွမ်ရဲ့ကြက်ဥထမင်းကြော်က မှော်ဆန်တယ်။ တစ်နေ့မစားရရင် မနေနိုင်ဘူး” ဝူကျိုးဘေးနားက အမျိုးသားက စားရင်းသောက်ရင်းဖြင့် စကားပြောသည်။ သူက လူချမ်းသာပုံစံ ဝတ်ဆင်ထားသည်။ သူ့လက်မြှောက်လိုက်စဥ် မြင်တွေ့ရသော နာရီကြောင့် လူချမ်းသာမှန်း သိနိုင်သည်။

ဟင်းပွဲအားလုံး ရောက်လာမှ ဝူကျိုးက ထမင်းကြော် စားသည်။

ထိုစဥ် ယွမ်ကျိုးက မီးဖိုချောင်းအတွင်းမှ တဆင့် စိတ်ဝင်စားဖွယ်ကောင်းသော အခြေအနေကို ငေးကြည့်နေသည်။

ပုံမှန်ဆိုလျှင် စားသုံးသူများက ကိုယ့်ဟင်းပွဲကိုယ် စားကြပြီး ဘေးဘယ်ညာ ကြည့်လေ့မရှိပေ။ ထို့ကြောင့် ဝူကျိုး၏အပြုအမူက သိသာထင်ရှားနေသည်။

သူက ပထမဆုံး ဇွန်းအပြည့် ထမင်းကြော်ကို ခပ်ယူလိုက်ပြီး သူ့ဘေးနားကဖောက်သည်၏ ထမင်းကြော်ကို ကြည့်လိုက်သည်။ ထို့နောက် တစ်လုပ်စားလိုက်သည်။ တူညီသော အပြုအမူကို ထပ်တလဲလဲ လုပ်ဆောင်ပြီးနောက် အနီးအနားရှိလူက သူ့ပန်ကန်းပြားကို ကာကွယ်ရန် ဘေးဘက် နည်းနည်းရွေ့လိုက်သည်။

ဝူကျိုးက ဂရုမစိုက်ဘဲ ဆက်ငေးကြည့်နေသည်။ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသူ ဟင်းချိုသောက်လျှင် သူလည်း လိုက်သောက်သည်။ မုန်လာချဉ်စားလျှင် သူလည်း လိုက်စားသည်။ ကျေနပ်သောမျက်နှာအမူအရာကြောင့် သူလည်း ယွမ်ကျိုး ကြော်ထားသော ကြက်ဥထမင်းကြော်ကို စားနေသည်ဟု တခြားသူများ ယုံကြည်သွားသည်။

ဘေးဘက်မှာ မတ်တတ်ရပ်ပြီး ၎င်းမြင်ကွင်းကို ငေးကြည့်နေသော ယွမ်ကျိုးက ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ပေ။ ဝတ်ကောင်းစားလှ ဝတ်ထားသော အမျိုးသားက မြန်သထက် မြန်ဆန်အောင် အစာစားနေခြင်းကို မြင်သောအခါ ရယ်ချင်စိတ် ပို၍ထက်သန်လာသည်။

ဝူကျိုးက သူနှင့်အပြိုင် စားသုံးမှု ပြီးဆုံးသွားသောအခါ သူ ဆက်သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် ခေါင်းမော့ပြီး ဝူကျိုးကို ဒေါနှင့်မောနှင့် ကြည့်လိုက်သည်။

“မင်း ဘာလုပ်တာလဲ။ ငါတို့က ဒီဆိုင်မှာ တစ်ပွဲပဲ မှာလို့ရတာလေ။ မင်းကို ငါ့ပွဲ မကျွေးနိုင်ဘူး”

ထိုစကားကိုပြောပြီးနောက် သူ့ပန်ကန်ပြားကို ဘေးဘက် ထပ်ရွေ့သည်။

“နေပါဦး နေပါဦး။ မင်းရဲ့ပန်ကန်ပြားက ငါ့ထက် ပိုကြီးနေပါလား။ မင်းရဲ့ဟင်းချို နဲ့ မုန်လာချဉ်ကလည်း ငါထက်များတယ်။ သူဌေးယွမ်၊ ခင်ဗျားက ပွဲကြီး ရောင်းနေပြီလား”

၎င်းအမျိုးသားက တအံ့တဩ ပြောဆိုသည်။

“မရသေးဘူး။ ဖောက်သည်အားလုံး တန်းတူပဲ ရောင်းတယ်။ ဒါဆိုရင် ဘာလို့များ သူ့ပန်ကန်ပြားက ပိုကြီးနေတာလဲ”

တစ်ဖက်လူက ထပ်မေးလာ၍ အမှန်တိုင်း ပြောသင့် မပြောသင့် ချင့်ချိန်ရန် ဝူကျိုးကို အချက်ပြလိုက်သည်။ ထို့နောက် သူ့ပါးစပ်ကို လက်ဖြင့်ကွယ်ကာ ကျိတ်ရယ်နေသည်။

“ဟဲဟဲ သူဌေးယွမ် ကြော်ထားတဲ့ ကြက်ဥထမင်းကြော်ကို စားတာ မဟုတ်ဘူး။ တခြားဆိုင်က ဝယ်လာတာလေ” ဝူကျိုးက ပွင့်လင်းစွာ ပြောဆိုသည်။

“ဒါဆိုရင် သူဌေးယွမ်ဆိုင်မှာ လာစားတာက တခြားသူ စားနေတာကို သွားရည်ယိုချင်လို့ပေါ့ ဟုတ်လား”

လူချမ်းသာအမျိုးသားက တအံ့တဩပြောသည်။

“ငွေပြတ်သွားပေမဲ့ သူဌေးယွမ်ရဲ့ကြက်ဥထမင်းကြော်ကို စားချင်နေတုန်းပဲ။ မင်းတို့တွေ စားနေတာကို ငေးကြည့်ရုံနဲ့ အမှန်တကယ် မစားရရင်တောင် ကျေနပ်ပါတယ်”

ဝူကျိုးက မရှက်မကြောက် ပြန်ဖြေသည်။

တစ်စုံတစ်ယောက်က ယခုလို လုပ်ရပ်မျိုး လုပ်ဆောင်ခြင်းကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

လူချမ်းသာ အမျိုးသားက စာနာစိတ်ဝင်သွားပြီး ဝူကျိုးကို လျစ်လျူရှုလိုက်သည်။ ဝူကျိုးက သူ့အစားအသောက်ကို လုစားမည့်သူဟု မဟုတ်၍ စိတ်အေးရသည်။ ထို့ကြောင့် သူ့ကြက်ဥထမင်းကြော်ကို အာရုံပြန်စိုက်လိုက်သည်။

အပိုင်း(၃၄)

ပြီး၏။

အပိုင်း(၃၅)

*

ဝူကျိုးက သူ့ထမင်းကြော်ကို ကုန်အောင်စားခဲ့သော်လည်း ပျော်ရွှင်သော ခံစားချက်ကို လုံးဝ မခံစားရပေ။ တခြားသောစားသုံးသူများ၏ပန်ကန်ထဲမှ သလင်းကဲ့သို့ကြည်လင်သော ထမင်းများနှင့် သူ့ပန်းကန်ထဲမှ အဆီတဝင်းဝင်းနှင့် ထမင်းစေ့များကို နှိုင်းယှဉ်ကာ သူ့ကြက်ဥထမင်းကြော်သည် အဆီများလွန်းသည်ဟု ခံစားမိသည်။

ကြက်ဥ နှင့် ထမင်းကို သမအောင် ရောမွှေထားသော်လည်း ယွမ်ကျိုး၏ရွှေရောင်ထမင်းကြော်ကို ယှဉ်နိုင်စွမ်းမရှိပေ။ ထို့အပြင် သူဝယ်ယူခဲ့သော ကြက်ဥထမင်းကြော်တွင် အချိုမုန့်အရသာ အနည်းငယ်ရသည်။

သိသာထင်ရှားအောင် နှိုင်းယှဉ်ပြရလျှင် ကောင်းကင်ဘုံနှင့်မြေကြီးကဲ့သို့ ခြားနားမှုရှိသည်။ ရေမှော်ဟင်းချိုအကြောင်း ထည့်ပြောရလျှင် ဝမ်းနည်းသော ခံစားချက်ကို ‌ဖြစ်ပေါ်စေသည်။

အနည်ထနေသောဟင်းချိုမှလွဲ၍ ဟင်းချိုအထဲတွင် ရေမှော်အဖတ်ကလေးကို သေးငယ်သောအဖတ်ကလေးများအဖြစ် လှီးထားသည်။ သာမန်ရေထဲတွင် အရည်အသွေးနိမ့်သော ရေမှော်အဖတ်ကလေးများ ပြန့်ကျဲနေသည်နှင့် အသွင်တူသည်။ ၎င်းရေမှော်သည် တစ်ကီလိုလျှင် ၁ယွမ်ခန့်သာ ကုန်ကျလိမ့်မည်။ ယွမ်ကျိုးစားသောက်ဆိုင်၏ သာမန်ထက် အရည်အသွေးကောင်းမွန်သော ရေမှော်ဟင်းချိုကို သောက်ပြီးနောက်

ဝူကျိုး၏ အရသာခံနိုင်သော အာရုံသည် ပို၍ကောင်းမွန်လာ၍ ဟင်းချိုကို မျိုချရန် ခက်ခဲနေသည်။

မုန်လာချဉ်ကို ငရုတ်ကောင်း၊ဆီ၊သကြားနှင့် အချိုမှုန့် ရောစပ်ထားသည်။ ယခင်က မုန်လာချဉ်အရသာကို ကောင်းမွန်သည်ဟု ခံစားမိခဲ့သော်လည်း ယခုတော့ လွှင့်ပစ်ချင်လောက်သည်အထိ စိတ်ပျက်မိသည်။

အရည်အသွေးနိမ့်သော ဟင်းခတ်အမွှေးဆီ၊သကြားလွန်ကဲစွာ ထည့်ထားခြင်းနှင့် အချိုမှုန့်လွန်ကဲသောအရသာ ပေါင်းထည့်ထား၍ မုန်လာဥ၏ နူးညံ့သောအရသာကို အနည်းငယ်မျှ မခံစားရချေ။ ဝူကျိုးက သူ့နှလုံးသားကို ချွေးသိပ်ပြီး ယွမ်ကျိုးချက်ပြုတ်ထားသော ကြက်ဥထမင်းကြော်ကို စားနေသည်ဟု စိတ်ကူးယဉ်ကြည့်သည်။ သို့သော်လည်း သူစိတ်ကူးယဉ်ကြည့်လေ တကယ့်အရသာကို အမှတ်ရမိလေ ဖြစ်သည်။ အမှန်တရားကို ပြန်လည်မြင်ယောင်မိသောအခါ သူယခင်က အရသာရှိသည်ဟု ခံစားခဲ့သော အစားအသောက်သည် မျိုချရန်ပင် ခက်ခဲနေသည်။ သူ့အခန်းသို့ ပြန်ရောက်လာပြီးနောက် လက်ကိုင်အိတ်ကို အောက်ချလိုက်ပြီး အိပ်ယာပေါ်မှာ ပစ်လှဲလိုက်သည်။ ထို့နောက် နောက်တစ်နေ့ မနက်ခင်းရောက်သည်အထိ အိပ်စက်လိုက်သည်။

ဝူကျိုး ကောင်းမွန်စွာ အိပ်စက်အနားယူနေစဉ် တံခါးခေါက်သံကြောင့် လန့်နိုးလာသည်။

"ငါ့ကောင်မလေးရောက်လာပြီဘဲ။ ငါအဝတ်အစားတောင် မလဲရသေးဘူး" သူဟာ ညအိပ်ဝတ်စုံကို အလျင်စလို လဲလိုက်ပြီး တံခါးသွားဖွင့်ပေးသည်။

"ဟေး အချစ်လေး ရောက်လာပြီလား။ မနက်စာ စားပြီးပြီလား" အဖြူရောင်ဂါဝန်လေးကို ဝတ်ဆင်ထားသော ဆံပင်ခပ်တိုတိုနှင့် သိမ်မွေ့သော မိန်းကလေးသည် တံခါးပေါက်ဝတွင် မတ်တပ်ရပ်နေသည်။ သူမက ဝူကျိုး၏ချစ်သူကောင်မလေးကျွမ်းရှင်းမူ ဖြစ်သည်။

"ရှင် မနေ့ညတုန်းက အိပ်တာနောက်ကျတဲ့ပုံပဲ။ ၁၀နာရီတောင် ရှိနေပြီလေ။ မနေ့ညက အချိန်ပို ဆင်းရတာလား။ ကျွန်မကို ဖုန်းတောင် မခေါ်ဘူး" ဆံပင်ခပ်တိုတိုနှင့်ကောင်မလေးက ဝူကျိုးကို ကြည့်လိုက်သည်။ သူ့လက်ထဲမှ မနက်စာအိတ်ကို ပြကာ သူမ သိလိုသော မေးခွန်းများကို စတင်မေးမြန်းသည်။

"မဟုတ်ရပါဘူး။ မနေ့ညကဆိုရင် ပုံမှန်ထက်တောင် စောဆင်းသေးတယ်" ဝူကျိုးက သူ့ကောင်မလေးကို တစ်ခါမှ မလိမ်ခဲ့ပေ။

"ဒါဆိုရင် ဘာဖြစ်လို့ ရှင့်ရဲ့ပုံစံက ပင်ပန်းနေပုံပေါက်နေတာလဲ" ကျွမ်းရှင်းမူက ဝူကျိုးကို သံသယမျက်ဝန်းဖြင့် ကြည့်လိုက်ပြီး ဧည့်ခန်းထဲရှိ စားပွဲဆီ လမ်းလျှောက်သွားကာ မနက်စာကို စားပွဲခုံပေါ် တင်လိုက်သည်။

"ဒီရက်ပိုင်းအတွင်း အလုပ်အရမ်းပင်ပန်းတော့ မနေ့ညက အိမ်ပြန်‌ရောက်တာနဲ့ အိပ်ပျော်သွားတာပါ။ နောက်ဆိုရင် ချစ်လေးကို အရင် ဖုန်းခေါ်မယ်။ အခုတော့ ကိုယ် ရေသွားချိုးတော့မယ်" သူ့ခေါင်းကို ကုတ်လိုက်ပြီး ဝူကျိုးက ရေချိုးခန်းထဲ အလျင်အမြန် ပြေးသွားသည်။ သူ့တိုက်ခန်းသည် မြို့တော်၏အဝေးပြေးလမ်းမများနှင့် နီးသောကြောင့် ငှားရမ်းခအရမ်းဈေးမကြီးပေ။ သူ့ကောင်မလေး သူ့ဆီ အပတ်စဉ်လာလည်လေ့ရှိသည့်အကြောင်းကို တွေးမိသောအခါ ပစ္စည်းအစုံအလင်ပါသော တိုက်ခန်းကို ငှားရမ်းခဲ့သည်။ ထိုမှသာ ‌စိတ်အနှောင့်အယှက်များဖြစ်သော ခံစားချက်များမှ ကင်းဝေးလိမ့်မည်။ တိုက်ခန်းသေးလေလေ လိုအပ်ချက်များလေလေဖြစ်သည်။

"ဒီလူက‌တော့" ထိုစကားကို ပြောလိုက်စဉ် သူမသည် အခန်းကို သန့်ရှင်းရေး စတင်လုပ်ဆောင်သည်။ ချစ်သူကောင်မလေးရှိသော လူငယ်လေးဝူကျိုးသည် အဝတ်လျှော်စက်ရှိသည့်တိုင် သူ့အဝတ်များကို လျှော်ဖွပ်လေ့မရှိချေ။ ကျွမ်းရှင်းမူက အခန်းထဲပစ်ထားသော ညစ်ပတ်သောအဝတ်များကို‌ လိုက်လံကောက်ပြီး အမျိုးအစားခွဲခြားသည်။ ထို့နောက် အဝတ်အစားများကို အဝတ်လျှော်စက်ထဲ ပစ်ထည့်လိုက်သည်။ မနက်စာမစားရသေး၍ ကြမ်းတိုက်ရန် မသင့်လျော်သေးချေ။ ထို့နောက် ကြမ်းပြင်ပေါ် ကျနေသော အမှိုက်စများနှင့်

ဆိုဖာပေါ်ရှိ ပစ္စည်းများကို ရှင်းလင်းလိုက်သည်။ ထိုစဉ် ဝူကျိုးက ရေချိုးခန်းထဲမှ ထွက်လာသည်။

"မနက်စာ စားကြမယ်လေ" ကျွမ်းရှင်းမူက လှမ်းခေါ်သည်။

"‌ဪ ကျေးဇူးပါ အချစ်ကလေးရေ" ဝူကျိုးက ကလူသော အမူအရာဖြင့် ကျွမ်းရှင်းမူအနားသွားပြီး သူမ၏ပါးမို့မို့လေးကို နမ်းလိုက်သည်။

"အင်းပါ၊အင်းပါ။ အခုစားတော့။ မဟုတ်ရင် အေးသွားလိမ့်မယ်"

...

"နေ့လည်ခင်းကျရင် အပြင်ဘက်ထွက်ပြီး အမဲကင်စားကြမယ်လေ" မနက်စာစားသောက်ပြီးခါနီး ကျွမ်းရှင်းမူက ရုတ်တရက် အကြံပြုသည်။

"ကောင်းတာပေါ့" ဝူကျိုးက ချက်ချင်း သဘောတူလိုက်သည်။

သို့သော်လည်း သဘောတူလိုက်ပြီးနောက် သူ့ပိုက်ဆံအိတ်ထဲတွင် ယွမ် ၂၀၀ခန့်သာ ကျန်ရှိကြောင်း သဘောပေါက်လိုက်သည်။

"အမဲကင်စားဖို့ အဆင်မပြေလောက်ဘူး"

"ဒါဆိုရင် ရုပ်ရှင်သွားကြည့်ကြမယ်လေ။ ရုပ်ရှင်ကားအသစ် ရုံတင်ထားတယ်။ ရှင်နဲ့အတူ သွားကြည့်ချင်တယ်" ကျွမ်းရှင်းမူက သေးငယ်သော ပါးချိုင့်ကလေးပေါ်သည်အထိ ပြုံးလိုက်သည်။

"ပြဿနာမရှိပါဘူး" ဝူကျိုးက သူ့ကောင်မလေး အရမ်းပျော်ရွှင်နေသည်ကို မြင်မိသောအခါ သူ့မှာ ငွေအလုံအလောက်မရှိခြင်းကို မေ့လျော့သွားသည်။ သူ့လတ်တလော စိုးရိမ်နေရခြင်းကိစ္စက ငွေရေးကြေးရေးအခြေအနေ ဖြစ်သည်။ သူတို့နှစ်ဦးသည် နှစ်ပေါင်းများစွာ အတူရှိခဲ့ပြီး တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိသည်။ သူ့ကောင်မလေးက ဝူကျိုး၏စိုးရိမ်သော မျက်နှာအမူအရာကို ချက်ချင်းသတိထားမိသည်။

"ဘာဖြစ်တာလဲ။ ရှင်က ကျွန်မနဲ့အတူ မသွားချင်ဘူးလား" ကျွမ်းရှင်းမူက မယုံသင်္ကာဟန်ဖြင့် မေးမြန်းလိုက်သည်။

"မဟုတ်ပါဘူး။ မဟုတ်ရပါဘူး။ ကိုယ် မင်းနဲ့ မသွားချင်တာ မဟုတ်ရပါဘူး" ဝူကျိုးက အလျင်စလို ရှင်းပြသည်။

သူ့ကောင်မလေး နားလည်မှု လွဲသွားမှန်း သိလိုက်၍ တကယ့်အကြောင်းအရင်းကို ပြောပြသည်။

"ကိုယ့်နေ့စဉ်ဘဝသုံးစရိတ်အတွက် ယွမ်၂၀၀ပဲ ကျန်တော့လို့ပါ။ ပိုက်ဆံတွေ အကုန်လုံး ကုန်သွားပြီ" ဝူကျိုးက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောသည်။

"ပိုက်ဆံတွေ သုံးလို့ ကုန်သွားပြီလား။ လကုန်ဖို့ ၁၀ရက်တောင် ကျန်သေးတယ်လေ။ ရှင် ဘာတွေဝယ်လိုက်လဲ" ကျွမ်းရှင်းမူက သူ့ကောင်လေးအကြောင်း ကောင်းကောင်းသိသည်။ သူသည် သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံလေ့ရှိပြီး ငွေအပိုထပ်တောင်းလေ့ မရှိပေ။

သူသုံးသောပမာဏတိုင်းကိုလည်း ပြောပြလေ့ရှိသည်။ ထို့ကြောင့် နေ့စဉ်စရိတ်အားလုံးကို သုံးစွဲခဲ့သည်ဟု ပြောပြသောအခါ သူမအတွက် တကယ့်ကို ထူးဆန်းနေသည်။ ယခုအချိန်ကာလဆိုလျှင် ယွမ်၁၀၀၀ခန့် ကျန်နေသင့်သည်။

"မဟုတ်ရပါဘူး ကိုယ် ဘာမှ မဝယ်ခဲ့ပါဘူး။ ထမင်းစားရုံ၊အစားစားရုံလောက်ပါပဲ" ယွမ်ကျိုးစားသောက်ဆိုင်၏ ဟင်းလျာများကို တွေးမိသောအခါ သူ့ခံတွင်းထဲ တံထွေးများ ပြည့်လျှံလာသည်။ ခံတွင်းအပြည့်ရှိနေသောတံထွေးများကို မြိုချလိုက်သည်။

သို့သော်ငြားလည်း ဤတုံ့ပြန်မှုက ကျွမ်းရှင်းမူ၏အမြင်တွင် သံသယဝင်စရာကောင်းနေသည်။ အပြစ်တစ်ခုကို လုပ်မိထား၍ ခေါင်းငုံ့နေသည်ဟု သူမ တွေးမိသည်။

"ရှင် ကျွန်မကို တခုခု ဖုံးကွယ်ထားလား" ထိုစကားကိုပြောပြီးနောက် ကျွမ်းရှင်းမူရဲ့လေသံက အန္တရာယ်အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။

"မဟုတ်ရပါဘူး။ ကိုယ် အမှန်အတိုင်း ပြောနေတာပါ။ အစားအသောက်အတွက်ပဲ ကုန်သွားတာပါ" ဝူကျိုး ဒွိဟဖြစ်နေသည်။ သူ့ကောင်မလေးလေသံပြောင်းလဲသွားရသည့် အကြောင်းအရင်းကို သူ နားမလည်နိုင်ပေ။

"ဪ တကယ်လား။ ဒါဆိုရင် ရှင်ရဲ့ငွေတွေ အားလုံး ဘာလို့ အများကြီး ကုန်သွားရတာလဲ။ လတောင် မကုန်သေးဘူးလေ" ဝူကျိုး၏မျက်နှာပေါ်မှ ဖြူစင်သောမျက်နှာကို ကြည့်ပြီး ကျွမ်းရှင်းမူ၏ ဒေါသများ ဟုန်းဟုန်းတောက်လာသည်။

"အစားအသောက်အတွက် ပိုက်ဆံတွေ အားလုံး တကယ်ကို ဖြုန်းလိုက်မိတာပါ" ဝူကျိုးက ရိုးသားစွာ ဖြေရှင်းပြသည်။

"ရှင်နဲ့ရှင်သူငယ်ချင်း‌တွေ ပါတီပွဲသွားတုန်း သူတို့အတွက် ရှင် ကုန်ကျစရိတ်တွေကို ခံလိုက်တာလား" ကျွမ်းရှင်းမူက ဝူကျိုးကို တစ်ခုပြီးတစ်ခု မေးမြန်းလာသည်။ ဝူကျိုးကလည်း သူ့နေရာမှာ ကျိုးနွံစွာ ထိုင်နေပြီး သူမမေးသောမေးခွန်းများကို တလေးတစား ‌ဖြေဆိုသည်။ သို့သော်လည်း ကျွမ်းရှင်းမူ၏စိတ်ထဲတွင် သံသယစိတ်များ ပျံ့လွင့်သွားခြင်းမရှိပေ။ မနက်ခင်းက စွပ်ပြုတ်သောက်သောပုံစံသည် သူမကို တခုခု ဖုံးကွယ်ထားသည်ဟု သံသယဝင်စေသည်။ ထို့ပြင် သူ့အချစ်ဆုံးသူငယ်ချင်း ပြောဖူးသည့် ကိစ္စတခုကိုလည်း အမှတ်ရသွားသည်။ ဝေးကွာစွာ နေထိုင်ရသော ချစ်သူစုံတွဲများသည် ဖောက်ပြန်ခြင်းဖြင့် အဆုံးသတ်သွားသည်ဟု ပြောဖူးသည်။ ထို့ကြောင့် သူမက ဝူကျိုးကို ခေါင်းအစခြေအဆုံး အကဲခတ်ကြည့်သည်။ ဝူကျိုးက ကြည့်ကောင်းသောရုပ်ရည်နှင့် သင့်တော်သောအလုပ်အကိုင်ရှိသည်။ ထို့ကြောင့် သူ့ကို သဘောကျသည့် ညီမငယ်လေးများလည်း ရှိနိုင်သည်။

"ရှင် ဘယ်ကောင်မနဲ့ ကြိုက်နေလဲ ကျွန်မကို ပြောစမ်း" ကျွမ်းရှင်းမူ၏ချစ်စရာကောင်းသော မျက်နှာလေးသည် နာကြည်းများနှင့်ပြည့်နက်လာပြီး မျက်ရည်စက်များက မျက်ဝန်းမှ တလှိမ့်လှိမ့် ကျဆင်းလာသည်။

ဝူကျိုး ချက်ချင်း စိုးရိမ်စိတ်ဝင်သွားသည်။ "မဟုတ်ပါဘူး။ မဟုတ်ရပါဘူး။ မင်း ထင်သလို မဟုတ်ပါဘူး။ ကိုယ် အစားအသောက်တွေ ဝယ်စားခဲ့ရုံပါ။ အစားအစာပဲ ဝယ်စားတာပါ"

သူတို့ချင်း နှစ်ပေါင်းများစွာ တွဲခဲ့သော်လည်း ငွေဖြုန်းသည့်ကိစ္စရပ်က တခြားကောင်မ‌လေးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်သည်ဟု အဆုံးသတ်သွား၍ ဝူကျိုး နားမလည်နိုင် ဖြစ်ရသည်။ ဤအကြောင်းအရာနှစ်ခုသည် ဝူကျိုး၏စိတ်ထဲတွင် အလွန်တရာ ခြားနားသော ကိစ္စရပ်ဖြစ်သည်။ သို့တိုင် သူ့ကောင်မလေး ကျေနပ်သည်အထိ အရင်ဆုံး ချောမော့ပြောဆိုရန် ဆုံးဖြတ်လိုက်သည်။

"အချစ်ကလေးရယ် လိမ္မာပါတယ်။ ကိုယ် တခြားကောင်မလေးတွေနဲ့ တကယ် မပတ်သက်ပါဘူး"

သူမကို ချော့မော့ခြင်း အပြုအမူသည် နာရီဝက်ခန့် ကြာသည်။ နောက်ဆုံးတွင်မူ ကျွမ်းရှင်းမူက စိတ်ကောက်ခြင်းကို ရပ်တန့်လိုက်၍ ဝူကျိုး စိတ်အေးရသည်။ ခဏကြာ စဥ်းစားပြီးနောက် သူက သူ့ကောင်မလေးကို မဝံ့မရဲ ပြောလိုက်သည်။

"ကိုယ့်ရဲ့ငွေတွေအားလုံးကို အစားအသောက်အတွက် တကယ် သုံးလိုက်တာပါ။ ကိုယ်တို့ရဲ့ကုမ္ပဏီနားမှာ ဖွင့်တဲ့ဆိုင်အသစ်က တကယ့်ကို အရသာရှိတဲ့အစားအစာတွေကို ရောင်းတယ်။ နေ့လည်စာအတွက် အဲ့ဒီမှာ သွားစားကြမလား"

အပိုင်း(၃၅)

ပြီးပါပြီ။

အပိုင်း(၃၆)

*

“ကောင်းပြီလေ။ ဒါဆိုရင် နေ့ခင်းဘက် နေ့လည်စာ သွားစားကြမယ်”

ကျွမ်းရှင်းမူက ချက်ချင်း သဘောတူလိုက်သည်။ သူ့ကောင်လေး စွဲလမ်းနေသော စားသောက်ဆိုင်က ဘယ်လိုဟင်းလျာမျိုးကို ရောင်းချမလဲ သိချင်မိသည်။

“ပြဿနာ မရှိဘူး။ ချစ်လေးလည်း သဘောကျသွားလိမ့်မယ်” ဝူကျိုးက ကောင်မလေး၏ပခုံးကို ပုတ်လိုက်ပြီး ပြုံးကာ ပြန်ပြောသည်။

ဆိုင်ဖွင့်ချိန် သတ်မှတ်ပြီးတည်းက ယွမ်ကျိုးက ပုံမှန်ထက် ပို၍ အလုပ်ရှုပ်သွားသည်။ မနက်ခင်း ၆နာရီ ၃၀ခန့်တွင် အိပ်ရာထပြီး ရှောင်လုံပေါင်း ရောင်းချရန် ပြင်ဆင်သည်။ ဤအပြုအမူက အိပ်ရာစောစော ထလေ့မရှိသော ယွမ်ကျိုးအတွက် လက်ခံရန် ခက်ခဲသည်။ အထက်တန်းကျောင်းပြီးတည်းက မနက်စောစော ထလေ့ရှိသော အကျင့် မရှိပေ။ ကြယ်သုံးပွင့်အဆင့်ရှိသော ဟိုတယ်တွင် အလုပ်လုပ်စဥ်က မနက် ၁၀နာရီထက် စောရောက်လျှင်ပင် အဆင်ပြေသည်။ ယခုတော့ ကိုယ်ပိုင်စီးပွားရေးလုပ်မှ မနက်စောစော ထနေရသည်။

ယနေ့က စနေနေ့ဖြစ်၍ အနီးအနားရှိ အလုပ်သမား၏ အလုပ်ပိတ်ရက် ဖြစ်သည်။ သူတို့လည်း ပိတ်ရက်ကို ပျော်ပျော်ပါးပါး ကုန်ဆုံးလိမ့်မည်ဟု တွေးမိသောအခါ ယွမ်ကျိုးက ဆက်အိပ်ရန် ဆုံးဖြတ်လိုက်သည်။ ပုံမှန်ဆိုလျှင် သူက မနက် ၁၀နာရီ ၃၀မိနစ်အထိ အိပ်စက်လေ့ရှိသည်။

“လူငယ်လေးက ဘာလို့ဆိုင်မဖွင့်သေးတာလဲ”

အဘိုးအိုက ကြက်ဥထမင်းကြော် နှင့် ရှောင်လုံပေါင်း၏ ဆွဲဆောင်မှုကြောင့် စားသောက်ဆိုင်၏ပင်တိုင် ဖောက်သည် ဖြစ်လာခဲ့သည်။ သို့သော်လည်း ၃ရက် ၅ရက်ကြာမှ တစ်ကြိမ်လာလေ့ရှိသည်။ မည်သို့ပင်ဆိုစေကာမူ သူ့မိန်းမ၏ ဟင်းချက်လက်ရာများကိုလည်း အားပေးရဦးမည်။

တကယ်တမ်း သူ့မိန်းမ အဘွားအိုကိုလည်း သူနှင့်အတူတူ ခေါ်လာသည်။

“ဒါလင်။ ဒီနေ့ ဆိုင်ဖွင့်မှာ သေချာရဲ့လား” အိုမင်နေသော ဆံပင်ဖြူဖြူ အဘွားအိုက သံသယဖြင့် မေးမြန်းသည်။

“ခဏနေရင် ဆိုင်ဖွင့်မှာပါ။ သူဌေးယွမ်က သူ စီးပွားရေးစလုပ်တည်းက ဆိုင်ကို တစ်ခါပဲ ပိတ်ဖူးတယ်”

ဝူဟိုင်းကလည်း ဆိုင်အနား လမ်းလျှောက်လာပြီး ပျင်းရိစွာ ပြန်ပြောသည်။

“မနက် ၈နာရီ ၃၀မိနစ်တောင် ရောက်နေပြီလေ။ ခဏနေရင် ဆိုင်ဖွင့်မှာပါ”

အဘိုးအိုက နာရီကို တစ်ချက်ကြည့်လိုက်သည်။

“အွန်း။ ကျွန်မ ဗိုက်ဆာနေပြီ။ လူငယ်လေးရဲ့ ရှောင်လုံပေါင်းက အရသာရှိတယ်။ တစ်ခုတည်းသော ပြဿနာက အရွယ်အစားသေးတာပဲ”

အဘွားအိုက ပြုံးလျက်ဖြင့် ယွမ်ကျိုး၏ ရှောင်လုံပေါင်းကို မြင်ယောင်ကြည့်သည်။

ယွမ်ကျိုး၏လုံ့လဝီရိယ နှင့် အဘိုး၏ မလျော့သောဇွဲတို့ကြောင့် အဘွားအိုသည် ရှောင်လုံပေါင်း၏အရသာကို မြည်းစမ်းခွင့် ရခဲ့သည်။

အဘွားအိုက သူ့တစ်သက်တာလုံး ဟင်းချက်လာခဲ့သော်လည်း ယွမ်ကျိုး၏ ဟင်းချက်စွမ်းရည်ကို မယှဉ်နိုင်မှန်း နားလည်သည်။

“မင်းတို့အားလုံး ဒီနေရာမှာ ဘာလို့မတ်တတ်ရပ်နေတာလဲ။ သူဌေးယွမ် ဆိုင်မဖွင့်သေးဘူးလား”

ပုံမှန်ဖောက်သည်က ရုတ်တရက် စကားလှမ်းပြောသည်။ အဘွားအိုက သူ စားခဲ့ဖူးသော ရှောင်လုံပေါင်းအရသာကို စိတ်ကူးယဉ်နေခြင်းဖြစ်သည်။

ကံဆိုးစွာဖြင့် ဤအချင်းအရာများက အတိတ်က မှတ်ဉာဏ်မျှသာ ဖြစ်သည်။ တကယ်တမ်း လက်တွေ့တွင် ဆာလောင်သော ခံစားချက်ကြောင့် ဗိုက်တဂွီဂွီမြည်နေသည်။ အဘွားအိုက သူ့အသက်အရွယ်ကြောင့် သိက္ခာထိန်းကာ သွားရည်များကို မျိုချလိုက်သည်။

“မဖွင့်သေးဘူး။ ငါတို့ကို အရူးတစ်ပိုင်း ဖြစ်စေတယ်”

စားသောက်ဆိုင်ဝင်ပေါက် အပြင်ဘက်တွင် လူများ ပို၍ စုရုံးလာသည်။ သူတို့ထဲမှ တစ်ယောက်က စကားပြောသည်။

“သူဌေးယွမ်ရဲ့ဖုန်းနံပါတ် မရှိဘူးလား။ သူ့ကို ဖုန်းဆက် မေးကြည့်လို့ ရတယ်လေ”

လူတိုင်းက တစ်ယောက်မျက်နှာတစ်ယောက် ငေးကြည့်သည်။ သို့သော်လည်း မည်သူမှ ဖုန်းနံပါတ် မရှိမှန်း သဘောပေါက်လိုက်သည်။

“ဝူဟိုင်း၊ ခင်ဗျားမှာရော ဖုန်းနံပါတ်ရှိလား။ ခင်ဗျားက သူ့နဲ့ အိမ်အနီးဆုံးလေ” အဘိုးအိုက မေးမြန်းသည်။

“ကျွန်တော့်မှာလည်း မရှိဘူး။ ကျွန်တော် အရမ်းဗိုက်ဆာနေပြီ”

ဝူဟိုင်းက သူ့ကိုယ်သူ အရမ်းကို တုံးအလွန်းသည်ဟု ခံစားမိသည်။ သူက စားသောက်ဆိုင်၏ အနီးအနားမှာ နေထိုင်သော်လည်း ယွမ်ကျိုးကို ဖုန်းနံပါတ်တောင်းရန် မတွေးခဲ့မိပေ။

စောင့်ဆိုင်းခြင်းက ၁နာရီခန့် ကြာခဲ့ပြီး မနက် ၉နာရီ ရောက်သွားသည်။ စားသုံးသူဖောက်သည်များ တိုးလာသည့်တိုင် ဆိုင်တံခါးဖွင့်မည့် အရိပ်အယောင်ကို မမြင်တွေ့ရပေ။

“ထားလိုက်ပါတော့။ နေ့ခင်းဘက်မှ ထပ်လာတော့မယ်။ ဒီနေရာမှာ မတ်တတ်ရပ်နေရတာ ပိုဗိုက်ဆာလာပြီ။ မနက်စာ သွားစားတော့မယ်”

ထိုစကားကိုပြောပြီးနောက် သူတို့ထဲမှ တစ်ယောက်က ထွက်သွားသည်။ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွား၍ လူနည်းစုသာ ကျန်ခဲ့သည်။ ထို့နောက် လူစု တဖြည်းဖြည်းချင်း ခွဲကာ ၇ယောက်၊ ၈ယောက်ခန့်သာ ကျန်ခဲ့သည်။

၎င်းလူအုပ်စုထဲ ဝူဟိုင်း ရှိနေသေးသည်။ သူက စားသောက်ဆိုင် ဖွင့်လုဖွင့်ခင် မျှော်လင့်ကာ တံခါးပေါက်ကို အချိန်ပြည့် ငေးကြည့်နေသည်။

သူ ခေါင်းမော့ကြည့်လိုက်သောအခါ ယွမ်ကျိုးနေထိုင်သော ဒုတိယထပ်၏ ပြတင်းပေါက် ဖွင့်နေခြင်းကို တွေ့သွားသည်။

ခဏတွေးကြံပြီးနောက် ဝူဟိုင်း ပြောသည်။

“ဒုတိယထပ် ပြတင်းပေါက် ဖွင့်ထားတယ်။ သူ့ကို လှမ်းခေါ်ကြမလား”

“လူငယ်လေးကို နှောင့်ယှက်တာ ကောင်းပါ့မလား” အဘိုးအိုက သူ့အမြင်ကို ထုတ်ပြောသည်။

“ကိစ္စမရှိဘူး။ သူဌေးယွမ် တစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ အော်ခေါ်ကြမယ်။ အတူတူ အော်ကြတာပေါ့”

ဝူဟိုင်း၏ဘေးနားမှာ မတ်တတ်ရပ်နေသော အမျိုးသားက တုံ့ဆိုင်းခြင်း မရှိဘဲ သူ့အကြံအစည်ကို သဘောတူလိုက်သည်။

“အော်မယ်”

လူအိုကြီးစုံတွဲမှ လွဲ၍ ကျန်သောလူငယ်များက သဘောတူကြသည်။

“သူဌေးယွမ်၊ သူဌေးယွမ် ခင်ဗျားရှိလား”

တခြားအဆောက်အဦမှာ နေထိုင်သူများက ပြတင်းပေါက်မှ တဆင့် လှမ်းကြည့်ကြသည်။

ယွမ်ကျိုးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်း မဟုတ်၍ လန့်နိုးသွားသည်။

အိပ်ရာနိုးနိုးချင်း ပထမဆုံး လုပ်ဆောင်သော အပြုအမူက အိပ်ချင်မူးတူးဖြင့် အိပ်ရာပေါ်မှာ ထိုင်နေခြင်း ဖြစ်သည်။

၅မိနစ်ခန့်ကြာပြီးနောက် အောက်ထပ်မှ အော်သံများ တိုးလျသွားသည်။ ထို့နောက် ယွမ်ကျိုးက အိပ်ရာပေါ်မှာ ပြန်လှဲပြီး ဆက်အိပ်သည်။ ယွမ်ကျိုးက နေ့လည် ၁၁နာရီမှ အိပ်ရာထရန် ဆုံးဖြတ်ထားသည်။

…

မနက် ၁၁နာရီ ၅မိနစ်တွင် ယွမ်ကျိုးက စားသောက်ဆိုင်တံခါးကို ဖွင့်သည်။

“သူဌေးယွမ်၊ ခင်ဗျား တကယ်ပဲ အိမ်မှာ ရှိနေတာလား။ ခင်ဗျားရဲ့အခုလို အပြုအမူတွေကြောင့် ဖောက်သည်အများကြီး ဆုံးရှုံးသွားတာ သိရဲ့လား”

ဝူဟိုင်းက ဆိုင်တံခါးဖွင့်ဖွင့်ချင်း မကျေမနပ် ပြောဆိုသည်။

“အိုကေပါ။ ဆိုင်ထဲဝင်လာခဲ့ပါဗျ”

ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး ဆိုင်ထဲ ဝင်ခွင့်ပေးသည်။

ဝူဟိုင်းက ပေါ့ပါးသော ခြေလှမ်းများဖြင့် ယွမ်ကျိုး၏နောက်မှ လမ်းလျှောက်လာသည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသောဒေါသ အငွေ့အသက်များကို ယွမ်ကျိုး ခံစားမိသည်။

“ဘာများ သုံးဆောင်မလဲ”

ယွမ်ကျိုးက ဝူဟိုင်းကို မေးမြန်းသည်။

“ဗိုက်ဆာတယ်။ အစုံလိုက်ကြက်ဥထမင်းကြော် မြန်မြန်ပေး”

ဝူဟိုင်းက ယွမ်ကျိုးကို တည့်တည့်ကြည့်လိုက်သည်။ သနားစဖွယ်ကောင်းသော ဝူဟိုင်းကို တစ်ချက်ကြည့်ပြီး ယွမ်ကျိုးက စကားတစ်ခွန်းမျှ မပြောဘဲ ကြက်ဥထမင်းကြော် ပြင်ဆင်ရန် ထွက်သွားသည်။

ယွမ်ကျိုးက ပုံမှန်ထက် မြန်ဆန်သော နှုန်းဖြင့် ကြက်ဥထမင်းကြော်ကို ပြင်ဆင်ခဲ့၍ ၂မိနစ်ခန့်သာ ကြာခဲ့သည်။ ဝူဟိုင်း၏ မကျေလည်သော ခံစားချက်အားလုံး ပြယ်လွင့်သွားစေချင်သော ရည်ရွယ်ချက် ဖြစ်သည်။

ဝူဟိုင်းက ကြက်ဥထမင်းကြော် စားလိုက်၊ ဟင်းချိုသောက်လိုက်၊ မုန်လာချဉ်စားလိုက်ဖြင့် ပျော်ရွှင်နေသည်။ သူ့ယခင်က စိတ်အခြေအနေသည် ပုံရိပ်ယောင်ကဲ့သို့ ပျောက်ကွယ်သွားပြီး ကြည်နူးသော ခံစားချက်သာ ဖြစ်ပေါ်နေသည်။

ကြက်ဥထမင်းကြော်တစ်ပွဲက အရမ်းမများပေ။ ထို့ကြောင့် ဝူဟိုင်း သေချာ ညက်အောင် ဝါးပြီး မျိုချသည့်တိုင် နာရီဝက်ခန့်သာ ကြာခဲ့သည်။ ထိုစဉ် ဝူကျိုးက သူ့ကောင်မလေးနှင့်အတူတူ စားသောက်ဆိုင်သို့ ရောက်လာသည်။ သူက မနက်ခင်းက ထွက်သွားသော စားသုံးသူဖောက်သည်များနှင့် မထင်မှတ်ဘဲ ပက်ပင်တိုးသည်။

အပိုင်း(၃၆)

ပြီး၏။

All Chapters