အခန်း (၂၉၃-၂၉၄)
Vol. 27 Ch. 293-294
အခန်း (၂၉၃)။
ဟုန်ယွိကိုယ်တိုင်က ဤသို့အရေးပါသည့် အချိန်အခါတွင် သူသည် စစ်နတ်ဘုရား မှော်ပညာကျမ်း၏ ပိတ်ဆို့နေသော အဆင့်ကို တစ်ဖန် နားလည် သဘောပေါက်ပြီး၊ ချိုးဖြတ်နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ယနေ့ နေ့လည်အချိန်တုန်းက မင်းသားယု၏ အိမ်တော်တွင် ဟုန်ယွိသည် စစ်နတ်ဘုရားမှော်ပညာကျမ်း၏ တာအိုပညာကို အသုံးပြုခဲ့သည်။ စစ်နတ်ဘုရားရုပ်တုသည် မိန်းမစိုးခေါင်းဆောင် သိုင်းသူတော်စင် ယင်လျှံဟွာ၏ တိုက်ခိုက်မှုကို အတင်းအကျပ် တွန်းလှန်နိုင်ခဲ့ပြီး၊ စစ်နတ်ဘုရား မှော်ပညာကျမ်း၏ စစ်မှန်သော စွမ်းအားကို ပြသခဲ့နိုင်သည်။
ထိုတိုက်ပွဲမှတစ်ဆင့် ဟုန်ယွိ၏ ဤရှေးဟောင်းကျမ်းစာအပေါ် နားလည်မှုက ပိုမို နက်ရှိုင်းလာခဲ့သည်။
မူလကတည်းက နတ်ဆိုးနတ်ဘုရား၏ သွေးကို သောက်သုံးပြီးနောက် ဟုန်ယွိ၏ ရှေးဟောင်းကျမ်းစာအပေါ် နားလည်မှုသည် စုန်းတစ္ဆေဂိုဏ်း ဂိုဏ်းချုပ် ယုဝူဒေါင်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။ ၎င်းသည် သူ၏ စစ်နတ်ဘုရားမှော်ပညာကျမ်းကို ကျင့်ကြံနိုင်ရန် ခိုင်မာသော အခြေခံကို လည်း ချပေးခဲ့သည်။
ထို့အပြင်, အတိတ်ကျမ်းကို အုတ်မြစ်အဖြစ် အခြေခံထားသောကြောင့် သူ၏ အစစ်မှန် မူလသဘာဝသည် အမှန်ပင် ဖျက်ဆီး၍မရ၊ မပြောင်းလဲနိုင်၊ မလှုပ်ခါနိုင်ပေ။ သူသည် မည်သည့် တာအိုမှော်ပညာကို ကျင့်ကြံသည်ဖြစ်စေ၊ သူ၏ စိတ်ဝိညာဉ်သည် မည်သည့်ထိခိုက်မှုကိုမှ ခံစားရမည် မဟုတ်ချေ။ ထို့ကြောင့်, ဟုန်ယွိသည် ကျင့်ကြံသည့်အခါ သူသည် အတားဆီးကင်းပြီး၊ ပို၍ လွတ်လပ် ပေါ့ပါးသည်။ ၎င်းသည် လွတ်လပ်ပေါ့ပါးသော စိတ်ဝိညာဉ် တစ်မျိုး ဖြစ်သည်။ (အစစ်မှန် မူလသဘာဝ (True Nature) ဟူသည် လူတစ်ဦး၏ အခြေခံကျသော စိတ်ဝိညာဉ် (Spirit) သို့မဟုတ် တည်ရှိမှု၏ အနှစ်သာရကို ဆိုလိုပါသည်။) (ဤအပိုဒ်သည် ဟုန်ယွိအနေဖြင့် အတိတ်ကျမ်းကို အခြေခံထားသောကြောင့် သူ၏ ဝိညာဉ် သို့မဟုတ် စိတ်ဝိညာဉ်ကို မည်သည့် မှော်ပညာ သို့မဟုတ် စွမ်းအားကမျှ ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နိုင်ခြင်း မရှိတော့ကြောင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)
ချန်ယင်းရှာသည် သူမ၏ မိုးကြိုးနတ်ဘုရားတာအိုကို အတိတ်ကျမ်းနှင့် အပြီးအတိုင် ပေါင်းစပ်ရန် ကြိုးစားခဲ့သည်။ အကယ်၍ အောင်မြင်ခဲ့ပါက ချန်ယင်ရှား၏ မိုးကြိုးနတ်ဘုရားတာအိုသည် နောက်တစ်ဆင့်သို့ မြင့်တက်သွားမှာဖြစ်ပြီး၊ ဖျက်ဆီး၍မရသော အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။ သူမ ထုတ်လွှတ်သည့် မိုးကြိုးလျှပ်စီး ပညာရပ်မှန်သမျှကို ဖြိုခွဲဖျက်ဆီးရန် တဖက်ရန်သူသည် စွမ်းအားဆယ်ဆမက လိုအပ်လိမ့်မည်။
သို့သော် ကြောင်းကျိုးယုတ္တိကို အခြေခံပြီး ပြောရလျှင်, တာအိုပညာများကို အချင်းချင်း ပေါင်းစပ်ရန်မှာ အလွန့်လွန် ခက်ခဲပါသည်။
ချန်ယင်းရှာသည် ကျမ်းစာသုံးခုကို အတူတကွ ပေါင်းစပ်ရန် ကြိုးစားခဲ့ရာ ရူးသွပ်လုနီးပါး ဖြစ်ခဲ့သောကြောင့် ထပ်မံ ကြိုးစားရန် မဝံ့ရဲတော့ပေ။
သို့သော် ယခုအခါ ချန်ယင်းရှာ မအောင်မြင်ခဲ့သော အရာကို ဟုန်ယွိသည် ညအချိန် နန်းတော်သို့ ဝင်ရောက်ကာ ကြင်ယာတော်ယွမ်အား မိဖုရားခေါင်ကြီးက ခေါ်ယူတွေ့ဆုံပြီး၊ အနိုင်ကျင့်နေသည့် အချိန်တွင် အမှန်တကယ် အောင်မြင်သွားခဲ့သည်။ သူသည် သူ့တာအိုပညာရပ်များတွင် အဆင့်ဖြတ်ကျော်ခြင်းတစ်ခုကို စတင်ခဲ့ပြီ။
ကြင်ယာတော်ယွမ်နှင့် ပတ်သက်သော ကိစ္စကြောင့် ဟုန်ယွိသည် သူ၏ မိခင်ကို ပြန်သတိရစေပြီး၊ အမြင့်ဆုံးအထိ ဖိနှိပ်ထားသော "မတရားမှု" ဆိုသည့် စိတ်ခံစားချက်က ပေါက်ကွဲထွက်လာခဲ့သည်။
တာအိုက မြင့်မားလာလေ၊ နတ်ဆိုးက ပိုမြင့်မားလာလေပင်။ ဤမတရားမှု ခံစားချက်သည် ကြီးမားသော အတွေးတစ်ခု ဖြစ်လာခဲ့သည်။ ဟုန်ယွိ၏ တာအိုပညာက ပိုမို အစွမ်းထက်လာလေ၊ သူ၏ စိတ်ဆန္ဒက ပိုမို ခိုင်မာလေ ဖြစ်သည်။ ထိုစိတ်ခံစားချက် ပေါက်ကွဲသွားပါက သူ၏ တာအိုနှလုံးသား သည်ပင် ဖိနှိပ်နိုင်မည် မဟုတ်ပေ။
တစ်ပေမြင့်သော တာအိုနှလုံးသားက ဆယ်ပေမြင့်သော နတ်ဆိုးနှလုံးသားကို ဖိနှိပ်နိုင်သည်ဟု ဆိုကြသော်လည်း၊ ဤမတရားမှု ခံစားချက်၏ စွမ်းအင် သည် အလွန် မြင့်မားသည်။ တာအိုနှလုံးသားက တစ်ပေသာသာ ရှိနေချိန်မှာ, နတ်ဆိုးနှလုံးသားသည် ပေနှစ်ဆယ်၊ ပေသုံးဆယ်အထိပင် ရှိနေလိမ့်မည်။ ၎င်းကို မည်သို့ ဖိနှိပ်နိုင်မည်နည်း။
ကံကောင်းစွာဖြင့် ဟုန်ယွိ၏ တာအိုကျင့်စဉ်များသည် နက်နဲပြီး သူ၏ စိတ်ထဲ ဖြစ်ပေါ်လာသော အတွေးတိုင်းကို ထိုးထွင်းသိမြင်နိုင်၏။ မတရားမှု ခံစားချက်စွမ်းအင်များ ပေါက်ကွဲထွက်လာသောအခါ၊ ၎င်းသည် စစ်နတ်ဘုရားမှော်ပညာကျမ်းပါ စစ်နတ်ဘုရား၏ ဘယ်တော့မှ အရှုံးမပေး အနိုင်မခံလိုသော စိတ်ဆန္ဒနှင့် ချက်ချင်း ပေါင်းစပ်သွားခဲ့သည်။
သူသည် ရှေးဟောင်း စစ်နတ်ဘုရား၏ ဘယ်တော့မှ အရှုံးမပေး အနိုင်မခံလိုသော စိတ်ဆန္ဒကို အသုံးပြု၍ သူ၏ နှလုံးသားထဲရှိ မတရားမှုခံစားချက် စွမ်းအားကို ဖိနှိပ်ရန် ကြိုးစားခဲ့သည်။
သို့သော် မတရားမှု၏ စိတ်ဆန္ဒသည် အရှုံးမပေး အနိုင်မခံလိုသော စိတ်ဆန္ဒနှင့် တွေ့ဆုံသောအခါ ၎င်းသည် အမွှာညီအစ်ကိုကဲ့သို့ ဖြစ်နေမည်ဟု သူ လုံးဝ မမျှော်လင့်ခဲ့ပေ။ ထိုစိတ်ဆန္ဒသည် မတရားမှု၏ စိတ်ဆန္ဒကို ဖိနှိပ်နိုင်ရုံသာမက၊ မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်သွားပြီး ရှေးဟောင်း စစ်နတ်ဘုရား၏ စိတ်ဆန္ဒကို ပေါက်ကွဲစေကာ၊ ရှေးဟောင်း စစ်နတ်ဘုရား၏ စစ်မှန်သော သတိကို မွေးဖွားပေးခဲ့သည်။ (ရှေးဟောင်း စစ်နတ်ဘုရား၏ စစ်မှန်သောသတိ မွေးဖွားလာခြင်းဟူသည် - သူ၏စစ်နတ်ဘုရား မှော်ပညာကျမ်းသည် အသစ်ပြန်လည်မွေးဖွားခြင်းနှင့် ကြီးမားသော အောင်မြင်မူ ရခြင်းကို ဆိုလိုပါသည်)။
ပိုးတုံးလုံးတစ်ကောင်သည် ပိုးအိမ်မှ ထွက်၍ လိပ်ပြာတစ်ကောင် ဖြစ်လာသကဲ့သို့ ဟုန်ယွိ၏ စိတ်ထဲတွင် ရှေးဦးကာလမှ လာသည်ဟု ထင်ရသော၊ ရှေးကျဆုံးသော အသံတစ်ခုက ပဲ့တင်ထပ်လာခဲ့သည်။
ဤအသံသည် သူကိုယ်တိုင်ထံမှ လာသည်လား၊ သို့မဟုတ် စကြဝဠာရှိ အမည်မသိ ဧရာမ တည်ရှိမူကြီးတစ်ခုထံမှ လာသည်လား ဟုန်ယွိအနေဖြင့် မခွဲခြားနိုင်ခဲ့ပေ။
သူ၏ နှလုံးသားထဲတွင် တစ်စုံတစ်ခုသည် ဖြည်းညှင်းစွာ ရှင်သန်နိုးထ လာပုံရသည်။
"အမှန်တရား တာအိုဂိုဏ်းရဲ့ခေါင်းဆောင် ကျိချန်ယွဲ့ရဲ့ တာအိုကျင့်စဉ်တွေက အရမ်းကို နက်နဲလွန်းတယ်။ တကယ်လို့, ငါသာ ဒီနေရာမှာ အဆင့်ချိုးဖြတ်ပြီး တစ်ခုခု ဖြစ်သွားရင်, ပြဿနာ တက်လာနိုင်တယ်...။"
ဟုန်ယွိသည် အကယ်၍, သူသာ ဤနေရာတွင် အဆင့်ချိုးဖြတ်၍ အောင်မြင်ခဲ့ပါက၊ မမျှော်လင့်ဘဲ တစ်စုံတစ်ရာ ဖြစ်ပွားနိုင်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူသည် ၎င်းကို ဖိနှိပ်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။
ထိုအချိန်တွင် သူသည် သူ့အာရုံစိုက်မှုအားလုံးကို ထိုအရာပေါ်တွင် ထားလိုက်ရာ သူ၏အမြင်အာရုံများပင် ဝေဝါးသွားခဲ့သည်။
အပြင်ဘက်မှ လူများ၏ မျက်လုံးထဲတွင်မူ ကြင်ယာတော်ယွမ်ဘေးရှိ မိန်းမစိုးငယ်လေးတစ်ဦးသည် တစ်ကိုယ်လုံး တုန်ယင်နေပြီး၊ မျက်နှာသည် လည်း ဖြူဖျော့နေသည်ကို မြင်တွေ့ရ၏။ ဤမြင်ကွင်းကြောင့် သူသည် အကြောက်လွန်၍ ရူးသွပ်သွားသကဲ့သို့ ဖြစ်နေသည်။
တော်ဝင်ချန်မင်းဆက် နန်းတော်တစ်ခုလုံး၌ မိန်းမစိုးငယ်လေးများသည် နေ့စဉ် ရာဇဝတ်မှုများကြောင့် ရိုက်နှက်ခံရပြီး သေဆုံးကာ မြို့ပြင်၌ မီးရှို့ရန် ပို့ဆောင်ခံရလေ့ ရှိသည်။
"အိုး…၊ ဒီနေ့ မိဖုရားခေါင်ကြီးက ညဉ့်နက်အချိန်ကြီး ကျွန်မကို ဆင့်ခေါ်တာ ဒီကိစ္စအတွက်ပဲလား။ နန်းတော်ထဲမှာ နတ်ဆိုးနှင်ပွဲ လုပ်ချင်လို့လား။ ကျွန်မကိုယ်ပေါ်မှာ နတ်ဆိုးချီ လုံးဝ မရှိဘူး။ ဒါက ကျွန်မအတွက် မလိုအပ်ဘူးလို့ ထင်ပါတယ်။ ဒီနေ့ မိဖုရားခေါင်ကြီးအနေနဲ့ တခြားလုပ်စရာ မရှိတော့ရင် ကျွန်မ ပြန်နားတော့မယ်။ နတ်ဆိုးချီ ကိစ္စကတော့ မူလမြေနန်းဆောင်ထဲက မိဖုရားခေါင်ကြီးမှာတောင် နည်းနည်း ရှိနေပုံရတယ်။ မိဖုရားခေါင်ကြီးအနေနဲ့ ကိုယ်တိုင် ဘာလို့ မနှင်တာလဲ။"
ထိုအချိန်တွင် ခန်းမဆောင်အတွင်း၌ ကြင်ယာတော်ယွမ်သည် မိဖုရားခေါင်ကြီး၏ စကားများကို ကြားလိုက်ရသည်။ သူမမနေဖြင့် အဖြစ်ပျက်ကို မည်သို့ မသိဘဲ နေနိုင်နည်း။ သူမက လှောင်ပြုံး ပြုံးလိုက်ပြီး ရုတ်တရက် အထင်သေးသော လေသံဖြင့် ပြောလိုက်သည်။
"ဧကရာဇ် တော်ဝင် ကြင်ယာတော်ယွမ်၊ ခင်ဗျား မိဖုရားခေါင်ကြီးကို ဘယ်လိုပြောလိုက်တာလဲ။" ("Imperial Noble Concubine - ကို အဆင်ပြေသလို ပြန်ဆိုထားသည်။)
ခက်ထန်သော အသံတစ်ခုက ထွက်ပေါ်လာသည်။
ထိုအသံပိုင်ရှင်သည် မိဖုရားခေါင်ကြီးဘေးရှိ ခရမ်းရောင်ဝတ်စုံ မိန်းမစိုးခေါင်းဆောင်မှ ပြောလိုက်ခြင်း ဖြစ်သည်။
"အော်၊ မိန်းမစိုးခေါင်းဆောင် ဖန်းကိုး။ ဒါပေမဲ့, ရှင်က အဆင့်နိမ့်တဲ့ မိန်းမစိုးတစ်ယောက်လေ။ ကျွန်မကို ဒီလိုပြောဖို့ ရှင့်ကို ဘယ်သူက သတ္တိတွေ ပေးလိုက်တာလဲ။ ကျွန်မက ယွမ်တူးနိုင်ငံရဲ့ မင်းသမီးတစ်ပါး၊ ဧကရာဇ် တော်ဝင် ကြင်ယာတော် လေးပါးထဲက တစ်ဦး။ ရှင်က ဘယ်သူလဲ။"
ကြင်ယာတော်ယွမ်က မိန်းမစိုးခေါင်းဆောင်ဖန်းအား ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများကို တာအို ဘုန်းကြီး ကျိချန်ယွဲ့ ဘက်သို့ လှည့်လိုက်ပါသည်။
"ဟဲဟဲ၊ ဟဲဟဲ။ ဧကရာဇ် တော်ဝင် ကြင်ယာတော်ယွမ်ဟာ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးထဲက ညှို့ငင်မြေခွေးဘုရင်မ ဖြစ်ဖို့ တကယ်ကို ထိုက်တန်ပါ တယ်။ လေးစားစရာပဲ၊ သူမရဲ့ ဂုဏ်သိက္ခာနဲ့ သတ္တိဟာ ကမ္ဘာပေါ်ရှိ ထိပ်သီးကျွမ်းကျင်သူတစ်ဦးရဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားတယ်။ ညှို့ငင်မြေခွေး ဘုရင်မရဲ့ ရေခဲဝိညာဉ်အေးစက်အလင်းဟာ ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံးလို့ ကျွန်ုပ် ကြားဖူးတာ ကြာပါပြီ။ ဒီနေ့တော့ ကျွန်ုပ်ဖန်းက ကိုယ်တိုင် မြင်ချင်ပါသေး တယ်။"
ခရမ်းရောင်ဝတ် ထိုမိန်းမစိုးခေါင်းဆောင် ဖန်းသည် ကြင်ယာတော်ယွမ်၏ ဆူပူမှုကျိန်းမောင်းသံကို ကြားပြီးနောက် အနည်းငယ်မျှပင် ဒေါသထွက် ခြင်း မရှိပေ။ ယင်းအစား သူက ခက်ထန်သော လေသံဖြင့် ပြောလိုက်သည်။ "ကျွန်ုပ်ကို သတ္တိပေးတဲ့သူကတော့ သဘာဝအတိုင်း မိဖုရားခေါင်ကြီးနဲ့ ဧကရာဇ်ကိုယ်တိုင်ပါပဲ။ ဧကရာဇ်မင်းမြတ်ဟာ ဧကရာဇ် တော်ဝင် ကြင်ယာတော်ယွမ်ကို အရမ်းကို ချစ်မြတ်နိုးပေမယ့်လည်း တော်ဝင် ကြင်ယာတော်ယွမ်က လွန်ကဲတဲ့ စွမ်းအားနဲ့ မှော်ပညာရပ်တွေကို ပိုင်ဆိုင်ထားတာမျိုး မဖြစ်စေချင်ဘူး။ ဧကရာဇ်မင်းမြတ်ဟာ စိတ်နှလုံးအကြွင်းမဲ့ အပ်နှံထားတဲ့ တော်ဝင် ကြင်ယာတော်ယွမ်ကို လိုချင်ပေမယ့် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိပြီး ထူးခြားတဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ ညှိုငင်မြေခွေး ဘုရင်မကို သူ့ဘေးနားမှာ မထားလိုဘူး။"
"အိုး…၊ ဒီနေ့ မူလမြေနန်းဆောင်ကို လာရောက်ဖို့ အမိန့်က ဧကရာဇ်ရဲ့ စိတ်ကူးလည်း ပါနေတာလား။ အဲဒီလိုဆိုရင် ဧကရာဇ်က ဘယ်မှာလဲ မသိဘူး။"
ကြင်ယာတော်ယွမ်၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။ သူမ၏ ပခုံးများက တုန်ခါသွားပြီး သူမ၏ ဖိနပ်များက ကြမ်းပြင်ကို ပွတ်တိုက်သွား ကာ ရှေ့သို့ ရွေ့လျားလိုသကဲ့သို့ ဖြစ်သွားခဲ့သည်။
"မိဖုရားခေါင်ကြီးကို ကာကွယ်ကြ။" အထိန်းတော်အို တစ်ဦးက ကြင်ယာတော်ယွမ် ရှေ့သို့ ရွေ့လာသည်ကို မြင်သောအခါ အော်ပြောလိုက်သည်။
ဝှစ်…၊ ဝှစ်…၊ ဝှစ်…၊ ဝှစ်…၊ ဝှစ်…၊ မိန်းမစိုးကျွမ်းကျင်သူ ဆယ်ဦးကျော်သည် မိဖုရားခေါင်ကြီး ကျိ၏ရှေ့တွင် အရိပ်များကဲ့သို့ ချက်ချင်း ရပ်တန့်လိုက်ကြ၏။ သူတို့တစ်ဦးစီ၏ လက်ထဲတွင် ချွန်ထက်ပြီး ပျော့ပြောင်းသော ဓားတစ်ချောင်းစီကို ကိုင်ဆောင်ထားကြသည်။
ဤဓားပျော့များကို သူတို့၏ ခါးပတ်များမှ ဆွဲထုတ်လိုက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ရွှေနှင့် ကျောက်စိမ်းကို ဖြတ်တောက်နိုင်သည့် ပျော့ပြောင်းသောသံမဏိဖြင့် ပြုလုပ်ထားသည့် နတ်ဘုရားလက်နက်များ ဖြစ်ကြသည်။
ဤဓားပျော့များ၏ ကိုယ်ထည်အပေါ်တွင် မှော်သင်္ကေတစာလုံးများ စိမ့်ဝင်နေသကဲ့သို့ ရှိ၏။
အကယ်၍, ကျွမ်းကျင်ပညာရှင်တစ်ဦးသည် ဤဓားပျော့များကို ကြည့်လိုက်ပါက၊ ၎င်းတို့ထဲတွင် သိုင်းပညာရှင်၏ သွေးဖြင့် သွန်းလောင်းထားသည့် အလား ပြင်းထန်ပြီး ဖိနှိပ်၍မရနိုင်သော အငွေ့အသက်များ စုစည်းထားသည်ကို ခံစားရမည် ဖြစ်သည်။
"တစ္ဆေသတ် ဆန်းကြယ်လက်နက်တွေလား။ လွန်ခဲ့တဲ့ အချိန်က တော်ဝင်ချန်မင်းဆက် တော်ဝင်မိသားစုဟာ ဒိုင်ဇင်ဘုရားကျောင်းကို ဖျက်ဆီးပြီး ယခင်မျိုးဆက် ထင်ရှားတဲ့ ဘုန်းတော်ကြီးတွေရဲ့ စေတီပုထိုးတွေကို တူးဖော်ခဲ့တယ်။ သူတို့က အတွင်းက အရိုးပြာတွေကို ထုတ်ယူပြီး ကာဗွန်ထုတ် လုပ်နည်းကို အသုံးပြုပြီး ဆန်းကြယ်လက်နက်တွေကို ထုလုပ်ခဲ့ကြတယ်။ အဲဒီဓားပျော့တွေဟာ တစ္ဆေအင်မော်တယ်တွေကို အကြီးကျယ် ထိခိုက်စေနိုင်တယ်လို့ ဒဏ္ဍာရီအရ အဆိုရှိကြတယ်။ ဒီဓားပျော့တွေဟာ အဲဒီလက်နက်တွေထဲက တစ်ခု ဖြစ်မယ်လို့ ကျွန်မ ယူဆတယ်။" ကြင်ယာတော်ယွမ်သည် ထိုဓားပျော့များကို ကြည့်ပြီး အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ထို့နောက် သူမက ပြုံးလိုက်သည်။ သူမအပြုံးသည် ပွင့်လန်းနေသော ပန်းတစ်ပွင့်ကဲ့သို့ လှပပြီး စွဲမက်ဖွယ် ကောင်း၏။
သူမ ပြုံးလိုက်သောအခါ မိန်းမစိုးအချို့ပင် စိတ်လှုပ်ရှားသွားပုံရသည်။
"ဟုတ်တယ်။" မိဖုရားခေါင်ကြီး ကျိက အာဏာပါသော လေသံဖြင့် ပြောလိုက်သည်။ "ဧကရာဇ်ဟာ ရှင့်ကို ဖယ်ရှားဖို့ ဆုံးဖြတ်ထားတာ အမှန်ပဲ။ ဧကရာဇ်ဟာ ကမ္ဘာကြီးကို ပေါင်းစည်းပြီး မျိုးဆက်ပေါင်းများစွာအတွက် အုတ်မြစ်ချပေးခဲ့တဲ့ ကောင်းကင်ဘုံရဲ့ ပညာရှင်သားတော်တစ်ဦးပဲ။ ဒီတစ်ကြိမ်မှာ သူက ယွန်မင်နိုင်ငံကို အနိုင်ယူပြီး ယွမ်တူးနိုင်ငံကို စစ်ချီဖို့ လုပ်နေပြီ။ ဒီနေ့ ရှင့်ကို ဖယ်ရှားပစ်ချင်နေတာ ကျွန်မ တစ်ယောက်တည်းပဲ လို့ ရှင် ထင်နေတာလား။ ရှင် မှားနေပြီ။"
"ဧကရာဇ်က ဘယ်မှာလဲ" ကြင်ယာတော်ယွမ်က ထပ်မေးလိုက်သည်။
"ဧကရာဇ်ဟာ မနေ့က ယွမ်တူးနိုင်ငံအနီးက ဒေသခံမျိုးနွယ်စု ဘုရင်ခံတွေနဲ့ တွေ့ဆုံဖို့ နှင်းပြည်နယ် နယ်နိမိတ်ကို သွားခဲ့ပြီ။ မထွက်ခွာခင်မှာ ဧကရာဇ်က ကျွန်မကို စိတ်တိုင်းကျ ဆုံးဖြတ်လုပ်ဆောင်ဖို့ အမိန့်ပေးခဲ့တယ်။ ဒါပေမဲ့ ကြင်ယာတော်ယွမ်၊ ရှင် စိတ်မပူပါနဲ့။ ကျွန်မက ရှင့်ကို သတ်မှာ မဟုတ်သလို ဘာမှလည်း မလုပ်ပါဘူး။ ရှင့်ရဲ့ တာအိ်မှော်ပညာကို ချိတ်ပိတ်ပြီး သာမန်အမျိုးသမီးတစ်ဦး ဖြစ်စေချင်ရုံပါ။ ရှင်အနေနဲ့ ဧကရာဇ်ဘေး မှာ နေထိုင်ပြီး၊ ဘဝတသက်တာလုံး အဆုံးမဲ့ ချမ်းသာကြွယ်ဝမှုကို ခံစားရပါလိမ့်မယ်။" မိဖုရားခေါင်ကြီးသည် သူမလေသံကို ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်သည်။
"တကယ်လား" ကြင်ယာတော်ယွမ်၏ ခြေလှမ်းများသည် အနည်းငယ် ရွှေ့လျားလာ၏။ မိန်းမစိုးများနှင့် အထိန်းတော် ကျွမ်းကျင်သူများသည် သူမ၏ ရွေ့လျားနေသော ကိုယ်ခန္ဓာကို အသေးစိတ် စိုက်ကြည့်နေကြသည်။
မိဖုရားခေါင်ကြီးသည် ကြင်ယာတော်ယွမ်၏ ရွေ့လျားနေသော ခန္ဓာကိုယ်ကို ကြည့်ပြီး သူမ၏ ရှည်လျားသော ဆင်စွယ် လက်သည်းထိပ်များကို တစ်ခုနှင့်တစ်ခု ညင်သာစွာ ခေါက်လိုက်၏။
"ဒါက ဧကရာဇ်ရဲ့အမိန့် မဟုတ်လောက်ဘူး။ မိဖုရားခေါင်ကြီး၊ ရှင့်အနေနဲ့ အမိန့်တော်အတု ထုတ်ပြန်မှုဆိုတဲ့ စွဲချက်နဲ့တင် ရှင့်ကို အေးခဲနန်းဆောင် ကို ပို့ဖို့ လုံလောက်နေပြီ။" ကြင်ယာတော်ယွမ်က ရပ်လိုက်သည်။ "မိဖုရားခေါင်ကြီး၊ ရှင် ကျွန်မကို ဒီလောက်တောင် ကြောက်နေတာလား။ ဒီမှာ မိန်းမစိုးတွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ အမှန်တရားတာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်တောင် ရှိနေတယ်။ ဒါပေမဲ့ ရှင် ကျွန်မကို ဖယ်ရှားနိုင်မယ်လို့ ထင်နေတာ လား။"
ကြင်ယာတော်ယွမ်၏ စကားများသည် ခိုင်မာသော ယုံကြည်မှုများဖြင့် ပြည့်နှက်နေ၏။ သူမ၏ စွဲမက်ဖွယ်ကောင်းသော အမူအရာနှင့် ပေါ့ပါးသော ဟန်ပန်တို့သည် မဟာနတ်ဆိုးအင်မော်တယ်တစ်ဦး၏ လွတ်လပ်ပေါ့ပါးမှုကို ပြသနေသလို၊ အန္တရာယ်ကို ရင်ဆိုင်ရာတွင် ကြောက်ရွံ့ခြင်း အလျင်းကင်းမဲ့ခြင်းကိုလည်း ပြသနေ၏။
"မိဖုရားခေါင်ကြီး၊ ရှင့်ရဲ့ ဧကရာဇ်အမိန့်ကို ကြားလိုက်ရုံနဲ့တင် ရှင် ဘာတွေးနေလဲ ကျွန်မ သိလိုက်ပြီ။ ကျွန်မကရော ဘာလို့ မူလမြေနန်းဆောင်ကို လာတာခဲ့လဲ။ ကျွန်မက တကယ်ပဲ ရှင်းရှင်းလင်းလင်း မတွေးနိုင်ဘူးလို့ ရှင် ထင်နေတာလား။ ကျွန်မက အသက် မပြည့်သေးဘူးလို့ ရှင် ထင်နေတာ လား။ ကျွန်မဟာ တောင်နက်ကြီးတွေထဲမှာ နှစ်ပေါင်း ၆၀ ကျော်ကြာ ကျင့်ကြံပြီးမှ ရှင်ခြင်းသေခြင်းအတားဆီးကို ကျော်လွန်ပြီး အောင်မြင်ခဲ့တာ။ လောကလူသားတွေရဲ့ ကျင့်ဝတ်တွေကြောင့် ချည်နှောင်ခံရပြီး ဒီကိုလာပြီး အသေခံရလောက်အောင် မစဉ်းနိုင်ဘူးလို့ ရှင် ထင်နေတာလား။ ကောင်းပြီ၊ ဒီနေ့ ကျွန်မ ရှင့်ကို သတ်မယ်။"
ထိုသို့ ပြောပြီးနောက် ကြင်ယာတော်ယွမ်သည် သူမ၏ လက်ငါးချောင်းကို ဖြန့်လိုက်၏။
ရွှီး…၊ ရွှီး….၊ ရွှီး..။
အလွန်အမင်း အေးခဲသော လေစီးကြောင်းတစ်ခုသည် သူမ၏ လက်ဖဝါးတွင် ချက်ချင်း စုစည်းသွားပြီး နို့နှစ်အဖြူရောင်အဖြစ်သို့ ပြောင်းသွား၏။ ချက်ချင်းပင် လူတစ်ဦး၏ ဦးခေါင်းပမာဏရှိသော ရေခဲလုံးတစ်လုံးသည် သူမ၏ လက်ဖဝါးတွင် ဖြစ်ပေါ်လာပြီး အနည်းငယ် လည်ပတ်နေ၏။
ပြင်းထန်သော အအေးဓာတ်သည် ခန်းမတစ်ခုလုံးသို့ ရုတ်တရက် ကျရောက်လာသည်။
ချက်ချင်းပင် မီးအားလုံး ငြိမ်းသတ်သွားပြီး ကြမ်းပြင်ပေါ်တွင် ထူထဲသော အဖြူရောင် နှင်းခဲလွှာတစ်ခု ဖုံးလွှမ်းသွားသည်။
တခဏတာအတွင်း မိန်းမစိုးများ၊ အထိန်းတော်များ၊ မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူများပင် အလွန်အေးခဲလာသည်ကို ခံစားလိုက်ရ၏။ လူတိုင်း၏ သွားများသည် အေးခဲနေသကဲ့သို့ ခံစားရပြီး လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
"မြေခွေးဘုရင်မ၊ ခင်ဗျား ဘာလို့ ဒီလိုလုပ်ရတာလဲ။"
အမှန်တရားတာအိုဂိုဏ်း၏ ဂိုဏ်းချုပ် ကျိချန်ယွဲ့ထံမှ ညင်သာသည့် သက်ပြင်းချသံက သိမ်မွေ့စွာ ထွက်ပေါ်လာသည်။ ဤအမှန်တရားတာအိုဂိုဏ်းချုပ်၏ မျက်လုံးများက အနည်းငယ် လင်းလက်သွား၏။ သူသည် ပါးစပ်ကို ဖွင့်လိုက်ပြီး နွေးထွေးသော လေစီးကြောင်းကို ညင်သာစွာ မှုတ်ထုတ်လိုက်သည်။
ချက်ချင်းပင် ခမ်းနားထည်ဝါသော နွေဦးရာသီ ခံစားချက်က ကမ္ဘာတစ်ခုလုံးကို ပြည့်နှက်သွားပုံရသည်။ မီးလုံးအားလုံး ပြန်လည် လင်းလက်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် ကြမ်းပြင်ပေါ်ရှိ နှင်းခဲဖြူများ လုံးဝ ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် ထိုနွေးထွေးသော လေစီးကြောင်းသည် သွေးကြောများ အေးခဲနေသော မိန်းမစိုးများနှင့် အထိန်းတော်များ၏ ခန္ဓာကိုယ်ထဲသို့ ရေစီးကြောင်းများအဖြစ် ကွဲထွက်ဝင်ရောက်သွား၏။ အနည်းငယ် လည်ပတ်လိုက်သည်နှင့် လူတိုင်း၏ မျက်နှာများသည် အစွမ်းထက်သော အားဖြည့်ဆေး သောက်ထားသကဲ့သို့ တောက်ပလာပါသည်။
"ရှင်က အမှန်တရားတာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့အပြင်၊ လွန်ခဲ့တဲ့ အနှစ် ၂၀ က ထိပ်တန်းပညာရှင်တစ်ဦး တကယ်ကို ဖြစ်ထိုက်ပါပေတယ်။ သက်ပြင်းတစ်ချက် မှုတ်လိုက်လိုက်ရုံနဲ့ ကျွန်မရဲ့ တာအိုကျင့်စဉ်ကို ဖျက်ဆီးပစ်လိုက်တယ်။ ဒါပေမဲ့ ဝမ်းနည်းစရာက ရှင်ရဲ့ တာအိုကျင့်စဉ်က ကျွန်မထက် ပိုနက်နဲပေမယ့် နတ်ဆိုးတာအိုရဲ့ နက်နဲမှုတွေနဲ့ ပတ်သက်လာရင်တော့ ရှင်ဟာ အားနည်းနေတုန်းပဲ။ ပညာရှင်ဆိုတာ ပညာရှင်ပါပဲ လေ။ နတ်ဆိုးတာအိုရဲ့ နက်နဲမှုတွေကို ရှင် နားမလည်နိုင်ဘူး။ မှော်စွမ်းအားတွေရဲ့ တိုက်ပွဲမှာ, ဘယ်သူ့ရဲ့ တာအိုကျင့်စဉ်က ပိုနက်နဲလဲဆိုတဲ့အပေါ် မမူတည်ဘူး။"
ကျိချန်ယွဲ့သည် သူမ၏ တာအိုကျင့်စဉ်အားလုံးကို သက်ပြင်းတစ်ချက်တည်းဖြင့် ချိုးဖျက်လိုက်ပြီးနောက် ကြင်ယာတော်ယွမ်က သိမ်မွေ့စွာ ရယ်မောလိုက်၏။ သူမ၏ လက်ထဲတွင် အေးခဲသော လေလှိုင်းများ ထုတ်လွှတ်နေသည့် နို့နှစ်ရောင် အဖြူရောင် ရေခဲလုံးကို ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
"မိုင်ထောင်ချီ ရေခဲ။ ရေခဲစည်းတံဆိပ်လုံး။"
တာအိုပညာရပ် ချေဖျက်ခံလိုက်ရသည့် အခိုက်တန့်မှာပင် ကြင်ယာတော်ယွမ်၏ လက်ထဲရှိ ရေခဲစည်းတံဆိပ်လုံးသည် ရေခဲမြှားများအဖြစ် ပေါက်ကွဲထွက်သွားပြီး အရပ်မျက်နှာအားလုံးသို့ မိုးသီးမိုးပေါက်များပမာ ကျရောက်လာသည်။
ဝှစ်၊ ဝှစ်၊ ဝှစ်၊ ဝှစ်၊ ဝှစ်၊ ဝှစ်။
အရင်ကထက် ဆယ်ဆ ပိုမိုပြင်းထန်သော အအေးဓာတ် ကျရောက်လာပြန်သည်။ ဖျစ်…၊ ဖျစ်…၊ ကြမ်းပြင်ပေါ်ရှိ ကြီးမားသော "ရွှေအုတ်" အချို့သည် ရေခဲမြားများ ထိမှန်ပြီး အအေးဓာတ်ကြောင့် ပေါက်ကွဲထွက်သွားသည်။
အား…၊ အား..၊ အီးယား…၊ အီးယား…။
ဤရုတ်တရက် ပေါက်ကွဲမှုသည် မူလမြေနန်းဆောင်တစ်ခုလုံးကို ချက်ချင်း သေခြင်းတရား၏ တိတ်ဆိတ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်သွားစေခဲ့သည်။
မိန်းမစိုး ၂၀ မှ ၃၀ ခန့်သည် ရေခဲမြားများ ထိမှန်သွားကြသည်။ သူတို့သည် သူတို့၏ဓားများဖြင့် ခုခံကာကွယ်ရန် ခုတ်ပိုင်းခဲ့ကြသော်လည်း ပြန့်ကျဲလာသော ရေခဲမြားများကို ခုတ်ပိုင်းပြီးနောက် သူတို့၏ ခန္ဓာကိုယ်များသည် နို့နှစ်အဖြူရောင် လေပြင်းများဖြင့် ချက်ချင်း ဖုံးလွှမ်းသွား၏။ အော်ညီးသံများနှင့်အတူ သူတို့သည် ရေခဲပန်းပုများအဖြစ် ပြောင်းလဲသွားကြသည်။
မိန်းမစိုးအချို့ ရေခဲပန်းပုရုပ်များ ဖြစ်သွားပြီးနောက်၊ သူတို့၏ ခန္ဓာကိုယ်များသည် ဟန်ချက်ပျက်ကာ မာကျောသော ရွှေအုတ်ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ ခွမ်း…၊ သူတို့သည် ကြွေထည်ပစ္စည်းများကဲ့သို့ ကွဲကြေသွားကြသည်။
"မကောင်းတော့ဘူး။"
အထွက်အထိပ် မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူ ဖြစ်ပြီး သိုင်းသူတော်စင် ဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် မိန်းမစိုး ရှောင်အိုသည် ချက်ချင်း တုံ့ပြန်လိုက်သည်။ ပထမဆုံးအဖြစ်, သူသည် သွေးချီ တစ်ပွက်ကို ထွေးထုတ်လိုက်ပြီးနောက် သူ့လက်ဖဝါးများကို လေထဲ၌ ဝှေ့ယမ်းလိုက်သည်။ လက်ဖဝါးအရိပ်များ နေရာအနှံ့ ပျံသန်းသွားပြီး၊ ပြင်းထန်သော သွေးချီက ရေခဲမြှားများကို ရိုက်ခတ်ကာ အပိုင်းပိုင်း ကြေမွသွားစေသည်။
ထိုသို့ပင်ဖြစ်လင့်ကစား၊ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရေခဲလွှာ ပါးပါးတစ်ထပ် ဖြစ်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရာ ထိုရေခဲအလွှာသည် ကွဲကြေသွားသော်လည်း သူ၏ခန္ဓာကိုယ်သည် လုံးဝ အေးခဲနေပြီ ဖြစ်သည်။
ခရမ်းရောင်ဝတ်စုံဝတ် မိန်းမစိုးခေါင်းဆောင် ဖန်းသည် မိဖုရားခေါင်ကြီး၏ ရှေ့သို့ တည်နေရာ ရွှေ့ပြောင်းသွားသကဲ့သို့ ရွေ့လျားသွား၏။ သူသည် မရေမတွက်နိုင်သော ရေခဲမြှားများ၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သော်လည်း သူ၏ခန္ဓာကိုယ်သည်လည်း ရေခဲပန်းပုတစ်ခုအဖြစ် အေးခဲသွားသည်။ သို့သော် ရေခဲပန်းပုရုပ်အတွင်း၌ သူ၏ မျက်လုံးများက လင်းလက်သွားပြီး၊ ရေခဲပန်းပုရုပ်တစ်ခုလုံး ချက်ချင်း ကွဲအက်သွားခဲ့သည်။ သို့သော် သူ့မျက်လုံးအရောင်ကမူ ပြောင်းလဲသွားပြီ။
အထိန်းတော်များမှာမူ လုံးဝ အေးခဲသွားကြသည်။ သူတို့ လုံးဝ သေဆုံးသွားကြပြီ ဖြစ်သည်။
ချက်ချင်းပင်! မူလမြေနန်းဆောင်တစ်ခုလုံးတွင် လူအနည်းငယ်သာ ကျန်တော့၏။ မိဖုရားခေါင်ကြီး၊ မိန်းမစိုးခေါင်းဆောင်ဖန်း၊ မိန်းမစိုးခေါင်းဆောင်ရှောင်အို၊ အမှန်တရားတာအိုဂိုဏ်း ဂိုဏ်းချုပ် ကျိချန်ယွဲ့နှင့် ဟုန်ယွိ ဝင်ပူးထားသည့် မိန်းမစိုးလေးတို့ ဖြစ်သည်။ ကျန်သူများအားလုံး သေဆုံးပြီး ရေခဲပန်းပုရုပ်များအဖြစ် ပြောင်းသွားကြပြီ ဖြစ်သည်။
ကြင်ယာတော်ယွမ်၏ တာအိုပညာသည် လွှမ်းမိုးနိုင်စွမ်း ကြီးမားလှသည်။
မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးထဲမှ တစ်ဦးဖြစ်သည့် ညှိုငင်မြေခွေးဘုရင်မ။ သူမသည် သူမ၏ လွှမ်းမိုးနိုင်စွမ်းကြီးမားသော သဘာဝကို နောက်ဆုံးတွင် ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။
မည်သည့် နတ်ဆိုးအင်မော်တယ်ကရော အလွယ်တကူ ရန်စလို့ ရမည်နည်း။
"နတ်ဆိုးမ….။"
ကျိချန်ယွဲ့သည် ကြင်ယာတော်ယွမ်က ဤမျှ လွှမ်းမိုးနိုင်စွမ်း ကြီးမားမည်ဟု မမျှော်လင့်ခဲ့ပေ။ သူမသည် ချက်ချင်းပင် ရေခဲစည်းတံဆိပ်လုံး တစ်လုံးတည်းဖြင့် လူများစွာကို သတ်ပစ်လိုက်၏။ သူသည် မထိန်းနိုင်ဘဲ ညင်သာစွာ အော်ပြောလိုက်မိသည်။ သူ၏ မျက်ခုံးများကြားမှ တောက်ပသော အလင်းတန်းတစ်ခု လင်းလက်ထွက်ပေါ်လာပြီး အပြင်သို့ ပျံထွက်သွားသည်။ ၎င်းအလင်းတန်းသည် တစ်ပတ် လည်လိုက်သည်နှင့် ရှစ်မြှောင့် ရတနာမှန် တစ်ချပ် ဖြစ်ပေါ်လာသည်။
ဤရတနာမှန်သည် အလင်းများဖြင့် လင်းလက်တောက်ပနေပြီး နေမင်းကြီးက အရာအားလုံးကို ထွန်းလင်းနေသကဲ့သို့ တောက်ပနေ၏။
ရတနာမှန် ပေါ်လာသည်နှင့် တပြိုင်နက် မှန်ရောင်သည် ကြင်ယာတော်ယွမ်၏ ခန္ဓာကိုယ်ပေါ် ချက်ချင်း လင်းထိန်စေသည်။
ချက်ချင်းပင် ကြင်ယာတော်ယွမ်၏ ခန္ဓာကိုယ်သည် ထိုနေရာ၌ပင် မလှုပ်မယှက် အေးခဲသွား၏။ မည်သည့် အတွေးကမျှ သူမ၏ ခန္ဓာကိုယ်မှ ထွက်ခွာမသွားနိုင်တော့ပေ။
"တာမင်ရတနာမှန် ကျင့်စဉ်။" ကြင်ယာတော်ယွမ်သည် အံ့အားတသင့် အော်ဟစ်လိုက်ပါသည်။ (တာမင်-ဟူသည် ကြီးမြတ်သော၊ ထွန်းလင်းတောက်ပသောဟု အဓိပ္ပာယ်ရသည်။)
ဤတာအိုကျင့်စဉ်သည် တိုင်ရှန်တာအိုဂိုဏ်း၏ အနန္တစကြာဝဠာစေတီတော်နှင့် ထာဝရခေါင်းလောင်းတို့နှင့် အမှန်တကယ် ဆင်တူနေ၏။ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသများကို လူတစ်ယောက်၏စိတ်ဆန္ဒဖြင့် နားလည်သဘောပေါက်ရာမှ ဖြစ်ပေါ်လာသော အင်မော်တယ် ရတနာများ ဖြစ်ကြသည်။ ၎င်း၏ စွမ်းအားသည် ပြိုင်ဘက်ကင်း ဖြစ်သည်။
"မြေခွေးဘုရင်မ၊ ဒီနေ့ မင်းရဲ့ ကျင့်စဉ်ကို ငါ ဖျက်ဆီးပစ်ရမယ်။" ကျိချန်ယွဲ့က ပြောလိုက်သည်။
"ကောင်းကင်ကြီးက မတရားတဲ့အတွက် ကျုပ် မုန်းတယ်။ မြေကြီးက မဖြောင့်မတ်တဲ့အတွက် ကျုပ် မုန်းတယ်။ တိုက်….၊ တိုက်….၊ တိုက်… တိုက်...."
ထိုအချိန်တွင် ဟုန်ယွိ ဝင်ပူးထားသော မိန်းမစိုးငယ်လေး၏ ခန္ဓာကိုယ်မှ စစ်နတ်ဘုရား တစ်ပါးသည် ဟစ်ကြွေးသံပေးကာ ထွက်ပေါ်လာ၏။
ဤစစ်နတ်ဘုရားသည် သူ၏လက်ထဲတွင် ဧရာမ တူကြီးကို ကိုင်ဆောင်ထားသည်။ ထိုစစ်နတ်ဘုရားသည် ဧကရာမတူကြီးကို အနည်းငယ် ဝှေ့ယမ်းလိုက်ရင်း တာမင် ရတနာမှန်ကို ရိုက်ချလိုက်တော့၏။
အခန်း (၂၉၄)။
ဟုန်ယွိ ဝင်ပူးထားသော မိန်းမစိုးငယ်လေး၏ ခန္ဓာကိုယ်မှ လူသားတစ်ဦးနှင့်တူသော စစ်နတ်ဘုရား ထွက်ပေါ်လာ၏။ ကြမ်းတမ်းပြီး၊ အားကောင်း သော၊ ရဲရင့်ပြီး၊ သူရဲကောင်းဆန်သော အငွေ့အသက်သည် မူလမြေနန်းဆောင် တစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွားစေခဲ့သည်။
ဤစစ်နတ်ဘုရားသည် ယခင်တုန်းကလို ဦးချိုပါသည့် အနက်ရောင်နတ်ဆိုးတစ်ဦး မဟုတ်တော့ပေ။ ယင်းအစား အရပ်ရှည်ပြီး သွယ်လျကာ၊ ကြေးနီရောင် အရေပြားရှိသည့် လူသားပုံစံ ဖြစ်သည်။
ဤလူသားပုံစံပေါ်ရှိ ကြွက်သားများသည် ကမ္ဘာပေါ်ရှိ အကြီးကျယ်ဆုံး ပန်းပုဆရာ၏ လက်ရာများကဲ့သို့ လှပသော လိုင်းကြောင်းများဖြင့် စီချယ်ထား သည်။
ဤစစ်နတ်ဘုရားသည် စိတ်ဝိညာဉ်ပုံရိပ်ယောင် သို့မဟုတ် တိမ်တိုက်များမှ ဖြစ်ပေါ်လာသော နတ်ဆိုးဘုရားပုံစံ မဟုတ်ဘဲ၊ ခိုင်မာသော သွေးချီနှင့် ယန်ချီစွမ်းအင်များဖြင့် ပြည့်နှက်နေသည့် အစစ်မှန် အသက်ရှိတစ်ဦးကဲ့သို့ ဖြစ်နေ၏။
၎င်းသည် အနှစ်သာရ၊ စွမ်းအင်နှင့် စိတ်ဝိညာဉ်တို့ ပေါင်းစည်းကာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သန့်စင်ထားသော သွေးအသား အစုအဝေး တစ်ခု ဖြစ်သည်။
၎င်း ထွက်ပေါ်လာသောအခါ ကျိချန်ယွဲ့သည်ပင် ဤစစ်နတ်ဘုရား၏ အနိုင်မခံ အရှုံးမပေးလိုသော အငွေ့အသက်သည် အလွန် ပြင်းထန်နေသည်ဟု ခံစားရပြီး၊ သူသည် အထွတ်အထိပ် သိုင်းသူတော်စင်တစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်၏။
ထို့အပြင် အမှန်တရား တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဤအထွတ်အထိပ် သိုင်းသူတော်စင်က လူသားအင်မော်တယ် နယ်ပယ်နှင့် ခြေတစ်လှမ်းသာ ဝေးတော့သည်ဟု ခံစားလိုက်ရသည်။
ဤသိုင်းသူတော်စင်၏ အငွေ့အသက်သည် သာမန် သိုင်းသူတော်စင်များနှင့် နှိုင်းယှဉ်နိုင်သော အရာမဟုတ်ပေ။ ၎င်းသည် ဆေဘာသူတော်စင် ဂွန်ယန်ယု သို့မဟုတ် ဒိုင်ဇင်ဘုရားကျောင်း၏ ကောင်းကင်ဘုရင် လေးပါးတို့ အဆင့်မျိုးတွင် ရှိနေပြီ ဖြစ်သည်။
လူသားအင်မော်တယ် နယ်ပယ်သို့ အချိန်မရွေး ထိုးဖောက် ဝင်ရောက်နိုင်သော ဤသိုင်းသူတော်စင်သည် ဝူအိမ်တော်ထိန်းတို့ကဲ့သို့ ကနဦးအဆင့် သိုင်းသူတော်စင် သုံးဦးမှ ငါးဦးအထိကို ရင်ဆိုင်နိုင်သော ခွန်အားကို ပိုင်ဆိုင်ထားသည်။
သို့သော်လည်း ကြွက်သားများ ချောမွေ့ပြီး သိမ်မွေ့လှပသော ဤစစ်နတ်ဘုရား ရုပ်တုတွင် မျက်နှာသွင်ပြင် လုံးဝ မရှိပေ။ ၎င်းသည် အလင်း အစက်အပြောက် တစ်ခုသာ ဖြစ်၏။ မပြည့်စုံသည့် ခံစားချက်နှင့် ၎င်း၏ အငွေ့အသက်တွင် သေးငယ်သော အပြစ်အနာအဆာတစ်ခု ရှိနေခဲ့၏။
သို့သော် အမှန်တရားတာအိုဂိုဏ်း၏ ဂိုဏ်းချုပ် ကျိချန်ယွဲ့သည် ဤစစ်နတ်ဘုရား ရုပ်တု၏ မျက်နှာသွင်ပြင်ကို ပြီးပြည့်စုံအောင် သန့်စင်နိုင်ပါက ဤ စစ်နတ်ဘုရား ရုပ်တုသည် ကနဦးအဆင့် လူသားအင်မော်တယ်တစ်ဦး၏ ခွန်အားကိုပင် ပိုင်ဆိုင်နိုင်ကြောင်း သိလိုက်သည်။
ပြီးပြည့်စုံသော မျက်နှာသွင်ပြင်သည် ပြီးပြည့်စုံသော စိတ်နေစိတ်ထားကို ကိုယ်စားပြု၏။ ပြီးပြည့်စုံသော စိတ်နေစိတ်ထားသည် မည်သည့် အပြစ်အနာအဆာမျှ မရှိသည့် အစွမ်းထက်သော ခွန်အားကို ကိုယ်စားပြုသည်။
"အာ…၊ ယင်နှင့်ယန် ပြောင်းပြန်လှန်ခြင်း၊ ဝိညာဉ်ဖလှယ်ခြင်း၊ စိတ်ဝိညာဉ်နဲ့ ရုပ်ခန္ဓာကိုယ် မခွဲခြားနိုင်ခြင်း၊ ရှေးဟောင်း စစ်နတ်ဘုရား။ ခင်ဗျားဟာ စုန်းတစ္ဆေဂိုဏ်းက ဘယ်တာအိုသခင်လဲ။ ခင်ဗျားက စုန်းတစ္ဆေဂိုဏ်းရဲ့ တာအိုကျင့်စဉ်ကို စိတ်ဝိညာဉ်နဲ့ ရုပ်ခန္ဓာကိုယ် မခွဲခြားနိုင်တဲ့ အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီ။ နောက်ထပ် ခြေတစ်လှမ်းလှမ်းနိုင်ရင် မိုနိုဂါတာရီရဲ့ မီးလျှံနဂါး ကိုးကောင်လိုပဲ အစစ်အမှန်နဲ့ ပုံရိပ်ယောင်ကြား ပြောင်းလဲနိုင်တော့မယ်။ ခင်ဗျားက နတ်ဆိုးလမ်းစဉ်ကနေ ထွက်မြောက်ပြီး ဖြောင့်မတ်တဲ့လမ်းစဉ်ထဲ ဝင်ရောက်နေခဲ့ပြီ။ ခင်ဗျား မြေခွေးဘုရင်မလို နတ်ဆိုးမကို ဘာလို့ ကူညီနေရတာလဲ။" ("အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြား ပြောင်းလဲနိုင်ခြင်း" ဆိုသည်မှာ ကျင့်ကြံသူ၏ ဝိညာဉ် သို့မဟုတ် ပုံသဏ္ဌာန်သည် ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ အခြေအနေနှစ်ခုကြားတွင် လွတ်လပ်စွာ ပြောင်းလဲနိုင်ပြီး၊ သေခြင်းတရား သို့မဟုတ် ပျက်စီးခြင်းမှ လုံးဝနီးပါး ကင်းဝေးသည့် သာလွန်သော စွမ်းရည်ကို ရရှိခြင်း ဖြစ်သည်။)
ကြီးမားသော တူကြီးတစ်ချောင်းကို ကိုင်ဆောင်ပြီး ပြောင်လက်နေသော မျက်နှာအသွင်အပြင်ဖြင့် စစ်နတ်ဘုရား၏ ကိုယ်လုံးတီး ပြီးပြည့်စုံသော အသွင်ပြင်ဖြင့် လျှောက်လှမ်းထွက်လာသောအခါ ကျိချန်ယွဲ့၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး အော်ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် စစ်နတ်ဘုရား၏ လက်ထဲရှိ တူကြီးသည် သူ၏ တာမင် ရတနာမှန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဒေါင်…။
ကြိုးဆွဲထားသော ကျင်းယန်ခေါင်းလောင်းကြီးကို သစ်လုံးကြီးဖြင့် ထိုးနှက်လိုက်သကဲ့သို့ ဧရာမ တူကြီးနှင့် ရတနာမှန်တို့ အပြင်းအထန် ထိတွေ့ရာမှ နားကွဲမတတ် အသံကြီး ထွက်ပေါ်လာခဲ့သည်။ မူလမြေ နန်းဆောင်တစ်ခုလုံး တုန်ခါသွားပုံရသည်။
ဖျစ်…၊ ဖျစ်…၊ ဖျစ်…၊
တောက်ပနေသော တာမင်ရတနာမှန်၏ မျက်နှာပြင်ပေါ်တွင် ပင့်ကူအိမ်ကွန်ယက်ကဲ့သို့သော အက်ကြောင်းများ မရေမတွက်နိုင်အောင် ပေါ်လာ၏။ ထို့အပြင် ထိုအက်ကြောင်းများသည် ဆက်လက်ကျယ်ပြန့်လာခဲ့သည်။
"မကောင်းတော့ဘူး။ နယ်မြေနှစ်ခု ခွဲထုတ်ခြင်း။"
ကျိချန်ယွဲ့သည် တူကြီးက သူ့မှန်ကို ရိုက်ခတ်လိုက်သည်နှင့် သူသည် ရုတ်တရက် လက်ကို မြှောက်လိုက်သည်။ ချက်ချင်းပင် မူလမြေ နန်းဆောင်၏ အပြင်ဘက်သည် ရှုပ်ထွေးသွားခဲ့၏။ မည်သည့်အရာကိုမျှ မမြင်နိုင်တော့ပေ။
ဤမြင်ကွင်းသည် မူလမြေနန်းဆောင်တစ်ခုလုံးကို ကြီးမားသော စကြာဝဠာနယ်မြေထဲမှ ခွဲထုတ်လိုက်သကဲ့သို့ ဖြစ်ပြီး၊ ကြီးမားသော စကြာဝဠာ နယ်မြေများနှင့် ဆက်သွယ် ဖြတ်တောက်လိုက်သည့် အတိုင်းပင်။
ဤသည်မှာ ပုံရိပ်ယောင်လေဟာနယ် ကမ္ဘာထက်ပင် ပိုမိုနက်ရှိုင်းပြီး၊ ဆန်းကြယ်သော တာအိုပညာရပ်တစ်ခု ဖြစ်သည်။ ဤအချိန်တွင် မူလမြေ နန်းဆောင်သည် စကြာဝဠာအိတ်အတွင်းရှိ ကမ္ဘာငယ်လေးကဲ့သို့ လွတ်လပ်သည့် သေးငယ်သော စကြာဝဠာလေးတစ်ခုကဲ့သို့ ဖြစ်သွားခဲ့သည်။
မူလမြေ နန်းဆောင်၏ အပြင်ဘက်တွင် မိန်းမစိုးများ ရှိနေပါက မူလမြေ နန်းဆောင်တစ်ခုလုံး သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားသည်ကို သတိပြုမိကြမည် ဖြစ်သည်။ မည်သည့် လှုပ်ရှားမှုမှ မရှိသလို၊ မည်သည့်အရာမျှလည်း မကျန်ခဲ့ပေ။ မူလမြေ နန်းဆောင်သည် ဤကမ္ဘာပေါ်တွင် တစ်ခါမျှ မတည်ရှိဖူးသကဲ့သို့ ဖြစ်သည်။
သို့သော်လည်း နန်းတော်အတွင်းနှင့် အပြင်ရှိ မိန်းမစိုးများကိုမူ ယခင်ကတည်းက မူလမြေ နန်းဆောင်၌ ဖြစ်ပျက်သမျှကို မမြင်ရ၊ မကြားရသကဲ့သို့ ဟန်ဆောင်ရန် တင်းကျပ်စွာ အမိန့်ပေးထားပြီး ဖြစ်သည်။
ကျိချန်ယွဲ့၏ နယ်မြေခွဲထုတ်ခြင်းသည် မူလမြေနန်းဆောင်နှင့် ကြီးမြတ်သော ဤစကြာဝဠာနယ်မြေအကြား ဆက်သွယ်မှုကို ခေတ္တ ဖြတ်တောက် လိုက်ခြင်းပင် ဖြစ်သည်။ ၎င်းသည် ပုံရိပ်ယောင် လေဟာနယ်ကမ္ဘာမျိုး မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စစ်နတ်ဘုရား ထွက်ပေါ်လာပါက ကျယ်လောင်သာ အုတ်အုတ်ကျက်ကျက်အသံသည် နန်းတော်မြို့တော်တစ်ခုလုံး သတိထားမိသွားနိုင်ပြီး၊ ထိုအခါ ကိစ္စများက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမည်ကို သူ သိသောကြောင့် ဖြစ်သည်။
ထို့အပြင် ပုံရိပ်ယောင် လေဟာနယ်ကမ္ဘာသည် အလွယ်တကူ ကြေမွသွားနိုင်၏။ တစ်ချိန်တည်းမှာပင် ကြင်ယာတော်ယွမ်သည်လည်း ထွက်ပြေး လွတ်မြောက်သွားနိုင်သည်။ သို့သော် ဤနယ်မြေ ခွဲထုတ်လိုက်ခြင်းကြောင့် ကြင်ယာတော်ယွမ်သည် ထွက်ပြေးစရာ နေရာမရှိတော့ပေ။
ဥပမာအားဖြင့် စကြာဝဠာအိတ်ထဲတွင် ပိတ်မိနေသူသည် အကာအကွယ်ကို မည်သို့ ချိုးဖျက်ပြီး ထွက်ပြေးနိုင်မည်နည်း။
ဟုတ်ပါတယ်၊ ဤနယ်မြေခွဲထုတ်ခြင်းသည် နယ်မြေကို ပိုင်းခြားခြင်းမျှသာ ဖြစ်ပြီး အစစ်မှန် သေးငယ်သော စကြာဝဠာမျိုး မဟုတ်ပေ။ စကြာဝဠာအိတ်ကဲ့သို့ လှပပြီး ပြီးပြည့်စုံရန် အဝေးကြီးလိုပါသေးသည်။ သို့သော် ကြင်ယာတော်ယွမ်၏ တာအိုပညာရပ်ဖြင့်ဆိုပါက, သူမအနေဖြင့် ထွက်ပြေးရန် ခက်ခဲပေလိမ့်မည်။
ဤတစ်ကြိမ်တွင် သူတို့၏ အစီအစဉ်သည် ကြင်ယာတော်ယွမ်၏ တာအိုကျင့်စဉ်အဆင့်ကို ချိတ်ပိတ်ခြင်းနှင့် ညှိုငင်မြေခွေးဘုရင်မအား သူမ၏ မူလပုံစံသို့ ပြန်ပြောင်းသွားစေရန် ဖိအားပေးခြင်းတို့ ဖြစ်သည်။ အစီအစဉ်အရ ကြင်ယာတော်ယွမ်ကို တိုက်ရိုက် ခေါ်ယူပြီးနောက် တာမင် ရတနာမှန် ကို အသုံးပြု၍ ချုပ်နှောင်ကာ ဤကိစ္စကို တိတ်တဆိတ် ပြီးမြောက်အောင် လုပ်ဆောင်ရန် ဖြစ်သည်။
အလွန်အကျွံ ဆူဆူညံညံ ဖြစ်စေခြင်းသည် အကျိုးမရှိပေ။
"ကြီးမြတ်သော တာမင်ရတနာမှန်၊ ကျန့်လန်၏မူလဝိညာဉ်၊ နတ်ဆိုးပေါင်း ၁၀,၀၀၀ ကို ချုပ်နှောင်စေ။ တောင်တန်းတွေကို ချိတ်ပိတ်ပြီး မြစ်များကို ဆင့်ခေါ်စေ။" နယ်မြေခွဲထုတ်ခြင်းပညာကို အသုံးပြုပြီးနောက် အမှန်တရားတာအိုဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်သူ ကျိချန်ယွဲ့ သည် အလုပ်များစွာကို တစ်ပြိုင်နက် လုပ်ဆောင်နေခဲ့သည်။ သူသည် ဝိညာဉ်ရေးရာ မှော်စကားလုံးများကို ထွေးထုတ်လိုက်ရာ တာမင် ရတနာမှန် သည် တောက်ပစွာ လင်းလက်လာ၏။ မှန်ပေါ်ရှိ ပင့်ကူအိမ်ကွန်ယက်သဖွယ် အက်ကြောင်းများသည် ပြင်းထန်စွာ ပြန်လည် ပြင်ဆင်သွား၏။
တစ်ချိန်တည်းမှာပင် တာမင် ရတနာမှန်မှ အလင်းရောင်သည် ဟုန်ယွိ အသွင်ပြောင်းလဲထားသော စစ်နတ်ဘုရားအပေါ်သို့ ထွန်းလင်း ကျရောက်လာ ခဲ့သည်။
ချက်ချင်းပင် စစ်နတ်ဘုရား၏ လှုပ်ရှားမှုများသည် မမြင်ရသော အင်အားတစ်မျိုးဖြင့် ချုပ်နှောင်ခံရသကဲ့သို့ နှေးကွေးသွား၏။
"မျှော်လင့်ထားသလိုပဲ။ ဒီတာမင် ရတနာမှာ တောက်ပခြင်းမှန်ရဲ့ ကြောက်ရွှံ့စေခြင်းနဲ့ ချုပ်နှောင်ခြင်း စွမ်းအားတွေ ပါဝင်နေတယ်။ ပြီးတော့ ထိုးထွင်းသိမြင်မှုအစွမ်းလည်း ပါနေတယ်။" ချက်ချင်းပင် ဟုန်ယွိသည် ဤတာမင် ရတနာမှန်က မည်သည့်အရာကို ကိုယ်စားပြုပြီး၊ မည်သို့သော အတွေးများဖြင့် ပေါင်းစပ်ထားသည်ကို သိရှိလိုက်ပါသည်။
မိုးကောင်းကင်သည် မှန်တစ်ချက်နှင့်တူပြီး၊ မြင့်မားစွာ ချိတ်ဆွဲထားသော မှန်တစ်ချက်နှင့်သည်။ မိုးကောင်းကင်သည် အရာအားလုံးကို ထိုးထွင်း သိမြင်နိုင်၊ အရာအားလုံးကို ဖိနှိပ်ခြိမ်းခြောက်နိုင်ပြီး အရာအားလုံးကို ချုပ်နှောင်ထားနိုင်သည်။
တောက်ပခြင်းမှန်သည် ကောင်းကင်၏ မျက်လုံးကဲ့သို့ အမြင့်တွင် ချိတ်ဆွဲထားသည်။
သာမန် အများပြည်သူဆိုင်ရာ ခန်းမများတွင် မှန်တစ်ချပ်ကို အမြင့်တွင် ချိတ်ဆွဲထားသည်။ အောက်ရှိ လူများသည် အရာရှိများ ဖြစ်စေ၊ သာမန် လူများ ဖြစ်စေ၊ သူတို့အား မိုးကောင်းကင်က စောင့်ကြည့်နေသည်ဟူသော ခံစားချက်မျိုး ရှိနေသည်။ သူတို့သည် ဖိနှိပ်ခြိမ်းခြောက်ခံနေရပြီး သူတို့၏ လှုပ်ရှားမှုတိုင်းကို ကောင်းကင်ဘုံက သိရှိနေသည်ဟု ခံစားရသည်။
ဤသည်မှာ အမြင့်တွင် ချိတ်ဆွဲထားသော တောက်ပသောမှန် ဖြစ်သည်။
ဤသည်မှာ စစ်မှန်သော၊ အဆင့်မြင့်သော အင်မော်တယ်တာအို၏ တာအိုကျင့်စဉ် ဖြစ်သည်။
တိုင်ရှန်တာအိုဂိုဏ်း၏ တာအိုကျင့်စဉ်သည် အနန္တစကြာဝဠာ စေတီတော်ကို ပုံဖော်နိုင်ခြင်းမှာ လေဟာနယ်ကို ထိုးထွင်းမြင်နိုင်သောကြောင့် ဖြစ်သည်။ ထာဝရခေါင်းလောင်းကို ပုံဖော်နိုင်ခြင်းမှာလည်း အချိန်ကို ထိုးထွင်းမြင်နိုင်သောကြောင့် ဖြစ်သည်။
ခေါင်းလောင်း၊ စေတီတော်နှင့် မှန်တို့သည် လိုချင်ရုံဖြင့် စုစည်း၍ မရနိုင်သော စိတ်ဝိညာဉ်မှော်ပစ္စည်းများ ဖြစ်သည်။ ၎င်းတို့တစ်ခုချင်းစီ၏ နောက်ကွယ်တွင် နိယာမတစ်ခု၊ နက်နဲသော စိတ်ဆန္ဒတစ်ခု ရှိနေပါသည်။ ထိုနိယာမကို နားလည်ပြီး၊ ၎င်းကို စိတ်ဆန္ဒအဖြစ် သန့်စင်နိုင်မှသာ မှော်ပညာရပ်များအရ စုစည်းနိုင်ပြီး ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
တာအိုကျင့်စဉ်တိုင်းသည် အတူတူပင် ဖြစ်သည်။ ပညာရပ်တစ်ခုကို သင်ယူရာတွင် ထိုပညာရပ်၏ နောက်ကွယ်ရှိ "တာအို" နှင့် "နိယာမ" ကို နားလည်ရမည်။
တာအို၊ တာအိုကျင့်စဉ်။ တာအို မရှိလျှင် ကျင့်စဉ်လည်း မရှိနိုင်ပေ။
ထိုအခိုက်တန့်တွင် ဟုန်ယွိ၏နယ်ပယ်သည် ပုံမှန်ထက် ထူးခြားနေပြီ ဖြစ်သည်။ တာမင် ရတနာမှန်မှ အလင်းရောင်သည် စစ်နတ်ဘုရားအပေါ် ထွန်းလင်းသောအခါ သူသည် အစွမ်းထက်သော ချုပ်နှောင်မှုကို ခံစားရ၏။ ဖိနှိပ်ခြိမ်းခြောက်မှု၏ စွမ်းအားကြောင့် စစ်နတ်ဘုရား၏ လှုပ်ရှားမှုများ သည် ရွှံ့နွံထဲ၌ ပိတ်မိနေသကဲ့သို့ နှေးကွေးသွားသည်။ ဤတာမင် ရတနာမှန်ပညာရပ်ကို မည်သည့် စိတ်ဆန္ဒဖြင့် သန့်စင်ထားသည်ကို သူ ချက်ချင်း နားလည်လိုက်သည်။
ကျိချန်ယွဲ့၏ တာအိုကျင့်စဉ်အဆင့်ကို ထောက်ရှုပါက ဤတာမင် ရတနာမှန်ပညာကို အသုံးပြုခြင်းသည် ကြင်ယာတော်ယွမ်ကို ချုပ်နှောင်ရန် လုံလောက်သည်။
တာမင်ရတနာမှန်ကို အမြင့်တွင် ချိတ်ဆွဲထားပြီး နတ်ဆိုးများနှင့် မကောင်းဆိုးဝါးများကို ခြိမ်းခြောက်ခြင်းသည် မမှားပေ။
သို့သော်လည်း စစ်နတ်ဘုရားကို ချုပ်နှောင်ထားခြင်းသည် ဟုန်ယွိ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချုပ်နှောင်နိုင်သည်ဟု မဆိုလိုပေ။ ဤစစ်နတ်ဘုရား သည် သူ အခုလေးတင် နားလည်သဘောပေါက်ကာ ပြောင်းလဲလိုက်သော နတ်ဆိုးတစ်ဦးမျှသာ ဖြစ်သည်။
သူ၏ အစစ်မှန် နတ်ဘုရား စိတ်ဝိညာဉ်သည် ယီဇီလေးဟု ခေါ်သော ဤမိန်းမစိုး၏ ခန္ဓာကိုယ်ထဲတွင် ရှိနေဆဲ ဖြစ်သည်။
ကျိချန်ယွဲ့သည် စစ်နတ်ဘုရားကို ချုပ်နှောင်လိုက်သောအခါ ဟုန်ယွိသည် အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။ ရုတ်တရက် ချီဝိညာဉ်ဝဲဂယက် တစ်ခုသည် တာမင် ရတနာမှန်အပေါ်သို့ ကျရောက်လာသည်။
ချက်ချင်းပင် ချီဝိညာဉ်ဝဲဂယက်၏ စွမ်းအားသည် တာမင် ရတနာမှန်တစ်ခုလုံးကို စုပ်ယူပြီး မျိုချလိုက်၏။ ချီဝိညာဉ်ဝဲဂယက်အတွင်း ကွဲအက်သံများ ကြားနေရ၏။ ၎င်းသည် ထိုရတနာမှန် ကွဲကြေသွားသကဲ့သို့ ဖြစ်သည်။
ဟိုင်း..။
သူတို့နှစ်ဦး တိုက်ခိုက်နေစဉ်မှာပင် မိဖုရားခေါင်ကြီးဘေးတွင် ရပ်နေသော ခရမ်းရောင်ဝတ်စုံ မိန်းမစိုးခေါင်းဆောင် ဖန်းသည် လှုပ်ရှားလာ၏။ သူသည် ခြေတစ်လှမ်း တက်လိုက်ပြီး တရိပ်ရိပ် မြင့်တက်လာသော သွေးချီများဖြင့် ပြည့်နှက်နေသော ဧရာမ လက်ဖဝါးလေလှိုင်းကြီးဖြင့် ဟုန်ယွိဘက်သို့ ပေါက်ခွဲပစ်လိုက်သည်။
"ဟွန့်။"
မိန်းမစိုးခေါင်းဆောင်ဖန်း စတင် လှုပ်ရှားသည်နှင့် ရတနာမှန်၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့သည့် စစ်နတ်ဘုရားသည် ဒေါသတကြီး နှာခေါင်းရှုံ့ပြီး မိန်းမစိုးခေါင်းဆောင်ဖန်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
ချက်ချင်းပင် လက်သီးများ လွင့်ပျံသွားကာ၊ ခြေထောက်အရိပ်များလည်း ထွက်ပေါ်လာပြီး အပေါ်အောက် ရွှေ့လျားကာ အပြင်းထန် ထိပ်တိုက် တွေ့ဆုံသွားကြသည်။
"မင်းလို ပုရွက်ဆိတ်က ငါ့ကို တိုက်ခိုက်ဖို့ သတ္တိရှိတယ်လား။"
ကြင်ယာတော်ယွမ်သည် ဤအရေးကြီးသည့် အချိန်အခါတွင် အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်ပါသည်။ တစ်ချိန်တည်းမှာပင် သူမ၏ ရှေ့တွင် အဖြူရောင် ရေခဲပုံဆောင်ခဲဥခွံအလွှာများ ပေါ်လာပြီး သူမကို စည်းတံဆိပ်ခတ်ကာ ကာကွယ်လိုက်သည်။
အပြင်ဘက်တွင်မူ လက်သီးနှင့် ခြေထောက်အရိပ် နှစ်ခုသည် ကြည်လင်သော ရေခဲပုံဆောင်ဥခွံအလွှာပေါ်သို့ ကျရောက်သွားပြီး ရေခဲစများ နေရာအနှံ့ ပွင့်ထွက်သွား၏။
ထိုသူသည် ကြင်ယာတော်ယွမ်ကို အခွင့်ကောင်းယူ ချောင်းမြောင်းတိုက်ခိုက်လိုက်သော မဟာဆရာသခင် အထွတ်အထိပ် ကျွမ်းကျင်သူ မိန်းမစိုး ရှောင်အို ဖြစ်၏။
"ရေခဲဝိညာဉ် ရေခဲဒီရေလှိုင်း။"
သူမကိုယ်သူမ ကာကွယ်ပြီးနောက် ကြင်ယာတော်ယွမ်၏ ခန္ဓာကိုယ်ပေါ်ရှိ ရေခဲစများအားလုံးသည် မိန်းမစိုးရှောင်အိုဘက်သို့ လွှင့်စင်သွား၏။
မိန်းမစိုးရှောင်အို၏ လှုပ်ရှားများသည် ကြွက်တစ်ကောင်ကဲ့သို့ မယုံနိုင်လောက်အောင် လျင်မြန်သည်။ သူသည် ခန္ဓာကိုယ်ကို လျင်မြန်စွာ ငုံ့လိုက်သည်။ ဝှစ်!... ရေခဲစများကို ရှောင်တိမ်းနေရင်း သူသည် မိန်းမစိုးခေါင်းဆောင်ဖန်း၏ လက်သီးချက်များနှင့် ရင်ဆိုင်နေရသော စစ်နတ်ဘုရား၏ နောက်ကျောကို ရိုက်ချလိုက်သည်။
"ရှောင်အို၊ ဝင်မရှုပ်နဲ့။"
မိန်းမစိုးရှောင်အို၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံစားမိသော မိန်းမစိုးခေါင်းဆောင်ဖန်းသည် မြေကြီးတုန်လှုပ်လောက်သော အော်သံဖြင့် အော်ပြောလိုက်သည်။
သို့သော် နောက်ကျသွားချေပြီ။
ဘန်း..။
စစ်နတ်ဘုရားသည် မိန်းမစိုးရှောင်အိုကို လှည့်ကြည့်ဖို့ပင် စိတ်ကူးမရှိဘဲ သူ၏ တူကြီးကို နောက်ကျောဘက်သို့ ဝှေ့ယမ်းလိုက်ရင်း ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားသည့် အစွမ်းထက် တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်၏။ မိန်းမစိုးရှောင်အိုသည် ထိုတူကြီးတိုက်ခိုက်မူကို ရှောင်တိမ်းရန် နည်းလမ်းမရှိတော့။ စစ်နတ်ဘုရားသည် မိန်းမစိုးရှောင်အိုကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။
"အာ! မိုးကြိုးလျှပ်စီးဆေဘာကျမ်း၊ ကောင်းကင်နဲ့မြေကြီး မီးဖို။" မိန်းမစိုးရှောင်အိုသည် တူကြီး၏ အရိပ်ဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ သူသည် လက်များကို လှန်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း သုံးကြိမ်ဆက်တိုင် တူကြီးကို ထိုးနှက်လိုက်၏။ သူ့ခန္ဓာကိုယ်အတွင်းရှိ အငွေ့အသက်သည် တုန်ခါနေပြီး၊ သူသည် အသက်ရှူထုတ်ကာ ဟစ်ကြွေးလိုက်သည်။ ထို့နောက် သူသည် ခန္ဓာကိုယ် လှုပ်ရှားမှုပညာကို အပြည့်အဝ ထုတ်သုံးလိုက်ပြီး၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ဝိညာဉ်ကြွက်ကြီးတစ်ကောင်ကဲ့သို့ ဖြစ်သွားပြန်သည်။
"ဝိညာဉ်ကြွက် ဆီပူလှုပ်ရှားမှု။"
မိန်းမစိုး ရှောင်အိုသည် အမြင့်ဆုံး လှုပ်ရှားမှုပညာရပ်ဖြစ်သည့် သူ၏ အထူးကျွမ်းကျင်ဆုံး ပညာရပ်ဖြစ်သော ဝိညာဉ်ကြွက် ဆီပူလှုပ်ရှားခြင်းပညာကို ထုတ်သုံးလိုက်သည်။
လျင်မြန်သွက်လက်ဆုံး ကြွက်ကြီးတစ်ကောင်သည် ဆီဆူအိုးထဲသို့ ခုန်ဆင်းကာ တစ်ပတ် လှိမ့်ပြီးနောက် ပြန်တက်လာနိုင်ပြီး လုံးဝ လောင်ကျွမ်း သွားခြင်းမရှိဟု ဒဏ္ဍာရီတွင် ဆိုထားသည်။ ဤသည်မှာ မည်မျှ လျင်မြန်သွက်လက်ပြီး မြန်ဆန်သော လှုပ်ရှားမှု နည်းစနစ် ဖြစ်ပါသနည်း။
သို့သော် ယခုအခါ ဤလှုပ်ရှားမှု နည်းစနစ်သည် ကောင်းကင်နှင့်မြေကြီးမီးဖို သိုင်းကွက်ရှေ့တွင် အစွမ်း ပျက်ပြယ်သွားရ၏။
သုံးကြိမ်ခန့် လှိမ့်ပတ်သွားပြီးနောက်... ဖုန်း…။ တူတစ်လက်သည် ကောင်းကင်ယံမှ ကျဆင်းလာပြီး မိန်းမစိုးရှောင်အို၏ ခန္ဓာကိုယ်ကို ထိမှန်သွားတော့သည်။ သွေးနှင့် အသားစများ ချက်ချင်း လွင့်ထွက်သွားသည်။
ဤမဟာဆရာသခင်အဆင့် ကျွမ်းကျင်သူသည် တူကြီးဖြင့် ရိုက်ချခံရပြီး အသားစများအဖြစ်သို့ ပြောင်းသွားခဲ့ရသည်။ သွေး၊ အသား၊ ကြေမွသော အရိုးများက နေရာအနှံ့ လွင့်စင်သွားသည်။
သူသည် လူရုပ်ပင် မပေါက်တော့ချေ။
"သနားစရာပဲ။ ဒီပြိုင်ဘက်ကင်း လှုပ်ရှားမှု နည်းလမ်းက သမိုင်းမှာ ပျောက်ကွယ်သွားပြီလား မသိဘူး။ ဒီမိန်းမစိုး ရှောင်အိုက ဒီနည်းလမ်းကို မကျွမ်းကျင်သေးဘူး။ သူသာ ကျွမ်းကျင်ခဲ့ရင် ကောင်းကင်နှင့်မြေကြီး၏ မီးဖိုကနေ တကယ် ထွက်ပြေးနိုင်မှာ။"
မိန်းမစိုးရှောင်အို အသားစိုင်ခဲ့ ဖြစ်သွားသည်ကို မြင်သောအခါ ဟုန်ယွိသည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
သိုင်းပညာကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသော ဟုန်ယွိအနေဖြင့် ဝိညာဉ်ကြွက် ဆီပူလှုပ်ရှားမှု ပညာသည် အလွန် အဆင့်မြင့်သော သိုင်းကျင့်စဉ် တစ်ခုဖြစ်ပြီး၊ မိုးကြိုးလျှပ်စီးဆေဘာဓားကျမ်းထက် မနိမ့်ကျကြောင်း ချက်ချင်း သိလိုက်၏။
မိုးကြိုးလျှပ်စီးဆေဘာကျမ်း၏ နာမည်သည် ခမ်းနားထည်ဝါနေသော်လည်း စစ်မှန်သော သိုင်းပညာသည် နာမည်လှလှများပေါ်တွင် မှီခိုခြင်း မရှိဘဲ ရိုးရှင်းပြီး ရှုပ်ထွေးမူ ကင်းမဲ့သည်။
"ဒီသိုင်းအကွက်ကို လူသားအင်မော်တယ်တစ်ဦးကသာ အသုံးပြုခဲ့ရင်, ဆီအိုးထဲမှာ လှိမ့်ရင်တောင် မလောင်ကျွမ်းနိုင်ဘူး။ တကယ်လို့, ငါသာ ဒီပညာ ကို သင်ယူနိုင်ရင် ငါ့သိုင်းပညာအတွက် အကျိုးရှိမှာပဲ။ ဒါက ကောင်းကင်ဖန်ဆင်းရှင်ကျမ်းကနေ လာတဲ့ ပြိုင်ဘက်ကင်း လှုပ်ရှားမှု နည်းလမ်းလား မသိဘူး။"
ဟုန်ယွိ စဉ်းစားလိုက်သည်။
ဘန်း…။
စစ်နတ်ဘုရားသည် ကြွက်တစ်ကောင်ကဲ့သို့ လျင်မြန်သော မိန်းမစိုးရှောင်အိုကို အသားစများအဖြစ် ရိုက်ချလိုက်သော်လည်း သူသည် အားနည်းချက် တစ်ခုကို ဖော်ထုတ်လိုက်မိသည်။ ခရမ်းရောင်ဝတ်စုံဝတ် မိန်းမစိုးခေါင်းဆောင်ဖန်းသည် ထိုအခွင့်အရေးကို ယူပြီး ကိုယ်ကို ငုံ့လိုက်၏။ မမျှော်လင့်ဘဲ သူသည်လည်း ဝိညာဉ်ကြွက် ဆီပူလှုပ်ရှားမှု နည်းလမ်းကို အသုံးပြုလိုက်သည်။ သူသည် စစ်နတ်ဘုရား၏ ဂျိုင်းအောက်သို့ လျှပ်တစ်ပြက် ဝင်ရောက်သွားပြီး သူ၏လက်ဖဝါးဖြင့် ပြင်းထန်စွာ ရိုက်ခတ်လိုက်ရာ စစ်နတ်ဘုရား၏ ခန္ဓာကိုယ်သည် ပေါက်ကွဲသွားခဲ့သည်။
"ဖန်ဆင်းရှင် နတ်ဘုရား ဖျက်ဆီးခြင်းလက်ဝါး။"
တစ်ချိန်တည်းမှာပင် ခရမ်းရောင်ဝတ်စုံဝတ် မိန်းမစိုးခေါင်းဆောင် ဖန်းသည် သူ့ခွန်အား အားလုံးကို အသုံးပြုကာ ဟစ်ကြွေးလိုက်သည်။ သူ၏အသံနှင့် လက်သီး၏ အရှိန်ဟုန်တို့ ပေါင်းစပ်မှုသည် ဒေါသထွက်နေသော ဆင်တစ်ကောင်အလား ထင်မှတ်ရသည်။
ပြင်းထန်သော လေလှိုင်းများနှင့် အသံလှိုင်းများက သူ့ခန္ဓာကိုယ်ကို ဗဟိုပြု၍ ပျံ့နှံ့သွားခဲ့သည်။
ဖျစ်…၊ ဖျစ်…။ လက်ဝါးဖြင့် ရိုက်နှက်ခံရပြီးနောက် စစ်နတ်ဘုရား၏ ခန္ဓာကိုယ်သည် တုန်ယင်ပြီး ပြိုကွဲလာ၏။ သွေးသား အပိုင်းအစများသည် မြေပြင်ပေါ်သို့ ပြိုကျပြီး၊ မြေပြင်တစ်ခုလုံးသည် ပြိုကွဲသွားသော စစ်နတ်ဘုရား၏ ကိုယ်အင်္ဂါအစိတ်ပိုင်းများ၊ ပြတ်တောက်နေသော လက်များ၊ ခေါင်းများ၊ ကျိုးပဲ့သော အရိုးများ၊ အသားစများဖြင့် ဖုံးလွှမ်းသွားပြီး၊ ငရဲဘုံကဲ့သို့ ထိတ်လန့်တုန်လှုပ် ချောက်ချားဖွယ်ရာ မြင်ကွင်းအနေဖြင့် ဖုံးလွှမ်းထားသည်။
ဤစစ်နတ်ဘုရားသည် အသားသွေး စစ်စစ်ဖြင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပုံရ၏။
"ဟား…၊ ဟား…၊ ဟား…! ဟား….ဟား….။"
မိန်းမစိုးခေါင်းဆောင် ဖန်းသည် ဝိညာဉ်ကြွက် ဆီပူလှုပ်ရှားမှု နည်းလမ်းကို အသုံးပြုပြီး၊ စစ်နတ်ဘုရားကို တစ်ချက်တည်းဖြင့် ဖြိုခွင်းပြီးနောက် သူသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါသည်။ သူသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် ဖောင်းကြွလာပြီး ခွန်အားကို တစ်ဖန် စုဆောင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်က လှုပ်ရှားလိုက်ပြီး ဝိညာဉ်ကြွက်တစ်ကောင်ကဲ့သို့ ကြင်ယာတော်ယွမ်ဘက်သို့ ခုန်ဝင်သွားလေသည်။
ကြင်ယာတော်ယွမ်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ သူမ၏ ရှေ့တွင် ရေခဲနံရံအချို့ ရုတ်တရက် ပေါ်လာသည်။
သို့သော်…။
ဒိုင်း… ၊ ဒိုင်း…၊ ဒိုင်း…၊
ရေခဲနံရံအလွှာများအားလုံး မိန်းမစိုးခေါင်းဆောင် ဖန်း၏ လက်ဝါရိုက်ချက်ကြောင့် ကြေမွသွားခဲ့သည်။
ကြင်ယာတော်ယွမ်၏ အကာကွယ် တာအိုပညာသည် မိန်းမစိုးခေါင်းဆောင် ဖန်း၏ ကြမ်းတမ်းသော ခွန်အားနှင့် ရှည်လျားသော ဟစ်ကြွေးသံကို လုံးဝ ခုခံနိုင်ခြင်း မရှိတော့ပေ။
"ညှိုငင်မြေခွေးဘုရင်မ၊ ခင်ဗျားရဲ့ တာအိုပညာက ကျုပ်ကို ခုခံဖို့ အသုံးမဝင်တော့ဘူး ထင်တယ်။ ခင်ဗျားကို ဖမ်းပြီး မိဖုရားခေါင်ကြီးကို ခွင့်လွှတ်ဖို့ တောင်းပန်ခိုင်းရမယ်။" မိန်းမစိုးခေါင်းဆောင် ဖန်းသည် အသက်ရှူချိန် အနည်းငယ်အတွင်းမှာ နောက်ဆုံး ရေခဲနံရံကို ချိုးဖျက်လိုက်၏။ သူ၏ လက်ဖဝါးက ဆန့်တန်းလာပြီး ကြင်ယာတော်ယွမ်၏ လည်ပင်းကို လှမ်းကိုင်လိုက်သည်။
သို့သော် ကြင်ယာတော်ယွမ်သည် ရှောင်တိမ်းခြင်း မရှိခဲ့ပေ။ ယင်းအစား သူမသည် မိန်းမစိုးခေါင်းဆောင် ဖန်းအား သနားဟန် အမူအရာဖြင့် ကြည့်နေ၏။
"သတိထား။" ထိုအခိုက်တန့်တွင် ကျိချန်ယွဲ့သည် အော်ဟစ်လိုက်သည်။
သို့သော် နောက်ကျသွားပြီ။ မိန်းမစိုးခေါင်းဆောင် ဖန်း၏ နောက်ကျောကို ဧရာမ လက်ဖဝါးတစ်ခုက လှမ်းဆွဲလိုက်ပြီး၊ သူသည် လှုပ်ရှား၍ မရတော့ ပေ။
သူသည် လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ စစ်နတ်ဘုရား၏ ပြတ်တောက်နေသော ကိုယ်အင်္ဂါများထဲမှ တစ်ခုသည် ရုတ်တရက် ပျံဝဲလာပြီး သူ၏ နောက်ကျောကို ဆုပ်ကိုင်လိုက်ခြင်း ဖြစ်သည်။
ထို့နောက်တွင် စစ်နတ်ဘုရား၏ အရိုးစုနှင့် မြေပြင်ပေါ်သို့ ပြိုကျပြန့်ကျဲနေသော အသားစများအားလုံးသည် ပျံဝဲလာပြီး ပေါင်းစပ်သွားကာ ယခင်က စစ်နတ်ဘုရား၏ ပြည့်စုံသော ပုံသဏ္ဌာန်ကို ပြန်လည် ဖြစ်ပေါ်လာစေသည်။
စစ်နတ်ဘုရားသည် သူ၏နောက်ကျောကို ဆုပ်ကိုင်ပြီး မြေပြင်ပေါ်မှ မြှောက်ပင့်လိုက်၏။ ကြမ်းတမ်းသော ဟိန်းဟောက်သံဖြင့် စစ်နတ်ဘုရားသည် သူ့ကို ပြင်းထန်စွာ ဆွဲဖြဲလိုက်တော့သည်။