← Chapters

အခန်း (၄၃-၄၅)

Vol. 3 Ch. 43-45

အခန်း (၄၃-၄၅)

Vol. 3 Ch. 43-45

အပိုင်း(၄၃)

*

တစ်ပြိုင်နက်တည်း နံပါတ် ၂ခုကျလာ၍ ယွမ်ကျိုး အံ့အားသင့်သွားသည်။ ၁၃/ ၂၂ ဖြစ်၏။

“စနစ်၊ ဒါက ဘာသဘောလဲ”

စနစ် “ဂုဏ်ယူပါတယ် ဆိုင်ရှင်က ပစ္စည်း၂မျိုးစလုံးကို တစ်ပြိုင်နက်တည်း ရသွားပါတယ်”

“တစ်ခါကံစမ်းတိုင်း ဆုလာဘ်၂မျိုး ရမယ်ဆိုတာ မင်း မပြောခဲ့ဘူးလေ။ ငါ့ဘာသာငါပဲ ဖတ်ကြည့်တော့မယ်။ ထားလိုက်တော့။ ဆုလာဘ်ကို အရင်ဆုံးလက်ခံ ယူလိုက်ဦးမယ်”

ယွမ်ကျိုးက တုံ့ဆိုင်းခြင်းမရှိဘဲ ဆုလာဘ်ကို လက်ခံယူလိုက်သည်။

စနစ်က ဆော့စ်အမျိုးအစား ၂၂၂မျိုးကို ထောက်ပံပေးသည်။ ယွမ်ကျိုး ရရှိသော လက်ဆောင်ကို နတ်ဘုရားများသာ သိလိမ့်မည်။

“ဆော့စ်တွေက ဘယ်လို အဆင့်အတန်း သတ်မှတ်ချက်မျိုးရှိလဲ”

စနစ် “ဆော့စ်မှာ အဆင့်သတ်မှတ်ချက် မရှိပါဘူး။ ဆုလာဘ်တွေကို ပေးလိုက်ပါပြီ”

စနစ် “ဆိုင်ရှင်က အဆင့်၂ကို ရောက်သွားပြီဆိုတော့ ထိုင်ခုံနှင့်စားပွဲ တစ်စုံ သော့ဖွင့်သွားပါပြီ။ ဒါကြောင့်မို့ အခုကစပြီးတော့ စားသောက်ဆိုင်မှာ လာစားတဲ့ ဖောက်သည်တွေကို မတ်တတ်ရပ်ပြီး စားခွင့်မပေးတော့ပါဘူး”

(ကျွမ်းကျင်စားဖိုမှူး စားသောက်ဆိုင်မှာ ဖောက်သည်တွေက မတ်တတ်ရပ်ပြီး အစာစားနေတာ တကယ့်ကို သရုပ်ပျက်ပါတယ်)

“ကိစ္စမရှိပါဘူးလေ”

အဆင့်တစ်ခုမြှင့်တင်သွားတိုင်း စနစ်က အံ့အားသင့်ဖွယ်ကောင်းသော လက်ဆောင်ကို ပေးလိမ့်မည်ဟု ယွမ်ကျိုးသိနေသည်။ သို့သော်လည်း ဤလက်ဆောင်က လက်သင့်ခံရန် ခက်ခဲလွန်းသည်။

သို့သော်ငြား အလေးနက်စဉ်းစားကြည့်လျှင် စားသုံးသူဖောက်သည် အရေအတွက်ကို အများကြီး မထိခိုက်စေပေ။ မည်သို့ပင်ဆိုစေကာမူ စားသုံးသူဖောက်သည်များ မတ်တတ်ရပ်ပြီး စားနေခြင်းက ရှားရှားပါးပါး ဖြစ်ရပ်ဖြစ်သည်။ ထို့အပြင် ခေါက်ဆွဲပြုတ်မှာစားသော ဖောက်သည်များက မတ်တတ်ရပ်ပြီး စားနေလျှင် တကယ်ကို ထူးဆန်းလိမ့်မည်။ ယွမ်ကျိုးက ကန့်သတ်ချက်များကို ကြုံတိုင်း သူ့ကိုယ်သူ အမြဲနှစ်သိမ့်လေ့ရှိသည်။ ဤကန့်သတ်ချက်က ဖောက်သည်များကို ဆုံးရှုံးနိုင်သော်လည်း ဟင်းပွဲအသစ်က ဖောက်သည်အသစ်များကို ဆွဲဆောင်နိုင်လိမ့်မည်။

ယွမ်ကျိုးက စနစ်ထံမှ ဆုလာဘ်ရရှိတိုင်း စည်းမျဉ်းအသစ်များလည်း ပါဝင်လာသည်။ စနစ်မှ ချမှတ်ထားသော စည်းမျဉ်းများကို လိုက်နာလျှင် သူ့စီးပွားရေး ပို၍ တိုးတက်လာမည်ဟု ယုံကြည်သည်။

“ဆေးလိပ်မသောက်ရ” အမှတ်သားဖြင့် “ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသည်”ဟု ရေးထားလျှင်ပင် ဤနေရာတွင် ဆေးလိပ် သောက်ကြလိမ့်မည်။

ယွမ်ကျိုးက သူရရှိမည့်ငွေများ ဆုံးရှုံးရမည်ကို တွေးမိသောအခါ အင်တင်တင် ဖြစ်မိသည်။

စနစ် “စားပွဲခုံ နဲ့ ထိုင်ခုံ တစ်စုံကို သော့ဖွင့်ပေးလိုက်ပါပြီ။ စားသုံးသူများကို မတ်တတ်ရပ်စားခွင့် မပေးတော့ပါဘူး”

“ထားလိုက်တော့။ မင်းနဲ့ ငြင်းခုန်မနေတော့ဘူး။ ငါ့ဘာသာငါပဲ ဆုလာဘ်ကို စစ်ဆေးကြည့်တော့မယ်”

ယွမ်ကျိုးက နှလုံးသားနာကျင်မှု ဝေဒနာကို ချွေးသိမ့်ကာ မီးဖိုချောင်ထဲမှာ ပစ္စည်းအသစ်ရောက်လား စပ်စုကြည့်သည်။

စနစ်က ဆုလာဘ်ထားပေးသော နေရာကို ရှာဖွေရန် လွယ်ကူသည်။ အကန့်ပါသောအံဆွဲအနီးအနားရှိ ပြန့်ပြူးသော မီးဖိုချောင်းအခင်းပြားအောက်တွင် ယခင်က ဟာလာဟင်းလင်း ဖြစ်နေသော်လည်း ယခုတော့ အောက်ဘက်မှာ နစ်မြှုပ်ထားသော ဗီဒိုရှိသည်။ ရှည်လျား ပြန့်ပြူးသော မီဖိုချောင်းအပြား(ကောင်တာတော့)ပေါ်တွင် ထိုးဖောက်မြင်နိုင်သော ဖန်ဘူး အလွတ် နှစ်လုံးကို မြင်တွေ့ရသည်။

ယွမ်ကျိုးက ခေါက်ကြည့်သောအခါ ဖန်ဘူးမှ သာယာနားပျောက်ဖွယ်ကောင်းသော အသံထွက်ပေါ်လာသည်။

“ဖန်နဲ့လည်း မတူဘူး” ယွမ်ကျိုးက သူ့ကိုယ်သူ ရေရွတ်သည်။

စနစ် “ဒီဘူးကို မိုးပြာရောင်ကျောက်တုံးနဲ့ ဖန်တီးထားတာပါ။ စနစ်တကျ ပုံဖော်ထားပါတယ်”

“မိုးပြာရောင်ကျောက်ကို အပူချိန် ၁၀၀၀ကျော် ပေးထားတဲ့ မီးဖိုပြင်ထဲမှာ အရည်ပျော်ပြီး အထက်တန်းစား ထည်ဝါတဲ့ သလင်းကျောက်ရအောင် သဘာဝအလျောက် ခဲစေတယ်”

“သလင်းကျောက်က ကြည်လင်ပြီး မျက်စိကျိန်းလောက်အောင် ဝင်းလက်တောက်ပနေတယ်။ ခေါက်ကြည့်ရင်တောင် ထူးခြားတဲ့အသံထွက်လာပြီး အချိန်အတော်ကြာအောင် သံစဥ်လို မြည်သံကြားနေရမယ်”

“…”

ယွမ်ကျိုးက ပြောစရာ စကားကုန်သွားသည်။

“ဒီဆော့စ်တွေက ဘာတွေလဲ” ယွမ်ကျိုးက ဟင်းပွဲနှင့် ဆက်စပ်နေသော ကိစ္စရပ်ကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

စနစ် “နံပါတ်၁၃က ဘလူးဘယ်ရီယို၊ နံပါတ်၂၂က အမဲနုပ်နုပ်စဉ်း”

“တကယ်ကောင်းသားပဲ”

ယွမ်ကျိုးက လေးကန်စွာ သက်ပြင်းချလိုက်ပြီး ဆော့စ်ကို ကြည့်လိုက်သည်။ ကြက်ဥထမင်းကြော် နှင့် ခေါက်ဆွဲစွတ်ပြုတ်အချိုကို စားထား၍ သူ့အစာအိမ်ပြည့်နေသည်။ မနက်ဖြန်မှ အရသာမြည်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် ယွမ်ကျိုးက မီးပိတ်လိုက်ပြီး အပေါ်ထပ် ချက်ချင်း တက်လိုက်သည်။

ယွမ်ကျိုးက ပုံမှန် တစ်ကိုယ်ရည် သန့်ရှင်းရေးလုပ်ပြီး သန့်ရှင်းသပ်ရပ်သော အဝတ်အစားများကို လဲလိုက်သည်။ သူက ငယ်ငယ်တည်းက သန့်ရှင်းသပ်ရပ်မှုကို ဦးစားပေးသူ ဖြစ်သည်။

အိပ်ရာပေါ်မှာ လဲလျောင်းနေစဉ် အိပ်မပျော်သောကြောင့် ဖုန်းကို ထုတ်လိုက်သည်။ ဖုန်းထဲက ဂိမ်းကိုဆော့မှသာ အိပ်ပျော်တတ်သော အကျင့်ဖြစ်နေသည်။ ဂိမ်းတစ်ပွဲပင် အဆုံးမသတ်လိုက် အိပ်မက်ကမ္ဘာထဲ ရောက်သွားသည်။

နေ့ဘက်အချိန်အခါသို့ ရောက်လာသည်။ ယွမ်ကျိုးအခန်း၏ ပြတင်းပေါက်မှတဆင့် နေရောင်ခြည် ဝင်ရောက်လာသည်။ အတိအကျ ပြောရလျှင် မနက် ၁၀နာရီ ရောက်နေပါပြီ။

“သူဌေးယွမ်က အိပ်နေပြန်ပြီလား”

ဝူဟိုင်းက တခြားသော စားသုံးသူဖောက်များဖြင့် စကားပြောကာ ဆိုင်အပြင်ဘက်မှာ စောင့်နေသည်။

“ဒါပေါ့။ မနေ့ညက သတင်းထူးက အမှန်ပဲလား” တီရှပ် နှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသော လူငယ်က မေးမြန်းသည်။

“ဒါပေါ့၊ အမှန်ပဲ။ ငါတို့အဖြေရှာမရတဲ့ ပြဿနာကို ကောင်မလေးက အလွယ်တကူ ဖြေရှင်းပေးသွားတယ်။ သူက ကြက်ဥထမင်းကြော် ၂ပွဲကို အလွယ်တကူ ဝယ်စားသွားနိုင်တယ်” ဝူကျိုးက အံကြိတ်လိုက်ပြီး ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

“ဒီလိုဆိုရင်တော့ ဗိုက်ပြည့်တဲ့အထိ ၂ပွဲစားလို့ရပြီပေါ့။ ဒါပေမဲ့ ဗိုက်ဆာလို့ ညတိုင်းလန့်လန့်နိုးတဲ့ ခံစားချက်က ဆိုးရွားပါတယ်”

ဝူဟိုင်းဘေးနားက ဖက်တီးအမျိုးသားက စကားဖြတ်ပြောသည်။

“ဟုတ်ပါ့ဟုတ်ပါ့။ ငါ့ဗိုက်ဆာတိုင်း သူဌေးယွမ်ရဲ့ဆိုင်ဖွင့်ထားရင်ကောင်းမှာပဲ။ ငါ့ခြေထောက်ကို သူဌေးယွမ်ရဲ့ဆိုင်ရှေ့မှာတောင် ထားခဲ့ချင်တယ်”

“မင်းပြောတာမှန်တယ်။ ငါလည်း မလာဘူးလို့ ဆုံးဖြတ်ထားပေမဲ့။ အခုတော့လည်း ဒီနေရာကို ရောက်နေတာပါပဲ။ သူဌေးယွမ်ရဲ့ဟင်းချက်စွမ်းရည်က တကယ်ကို ထူးခြားကောင်းမွန်တယ်”တခြားအမျိုးသားကလည်း သူတို့စကားဝိုင်းထဲ ဝင်ရောက်ပြောဆိုသည်။

ယွမ်ကျိုး၏စည်းမျဉ်းများကြောင့် အနိုင်ကျင့်ခံရသော ခံစားချက်များကို အချင်းချင်း မျှဝေကြသည်။

…

ဝူအန်လုက အရောင်းဌာန၏ရုံးခန်းသို့ ခပ်သွက်သွက် လမ်းလျှောက်လာပြီး သူ့လက်ထဲ စာချုပ်တစ်စောင် ပါလာသည်။ သူက အရည်အသွေးကောင်းမွန်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး တန်ဖိုးကြီး နာရီကိုလည်း လက်ကောက်ဝတ်တွင် ပတ်ထားသည်။

သူက အရောင်းဌာန၏ကြီးကြပ်ရေးမှူး ဖြစ်သည်။ သူတို့ဌာနက ဆောက်လုပ်ရေးနှင့် ပတ်သက်သော အော်ဒါအကြီးစားကို လက်ခံထားရသည်။ ငွေပေးသွင်းသူများနှင့် ကောင်းမွန်စွာ ညှိနှိုင်းလျှင် ယွမ်၅သန်း ရရှိမည်။ သူတို့အောင်မြင်သွားလျှင် သူတို့ကို ကော်မရှင်ခ ပေးလိမ့်မည်။ ၎င်းကော်မရှင်ခက သူ့လစာ၏ သုံးဆ ဖြစ်သည်။

ထို့ကြောင့် ဝူအန်လုက အလုပ်ကြိုးစားနေသော ကာလအတွင်း ယွမ်ကျိုး၏စားသောက်ဆိုင်သို့ မသွားခဲ့ပေ။ ၁၀ရက်တိတိ သူ့လုပ်ဖော်ကိုင်ဖက်များနှင့်အတူတူ ကုမ္ပဏီမှာ နေ့မအားညမအား အလုပ်လုပ်သည်။ ယနေ့တော့ အောင်မြင်စွာ စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ ထို့ကြောင့် သတင်းကောင်းကို သူ့လုပ်ဖော်ကိုင်ဖက်များအား မျှဝေရန် ရုံးခန်းသို့ အလောတကြီး ပြန်လာခြင်း ဖြစ်သည်။

သူ ရုံးခန်းထဲ ရောက်ရောက်ချင်း အထိုက်အလျောက်ကောင်းမွန်စွာ ဝတ်ဆင်ထားသော အမျိုးသားက သူ့စီပြေးလာသည်။

“သူဌေး၊ ရလဒ်က ဘယ်လိုလဲ။ ငါတို့နဲ့ စာချုပ်မှာ လက်မှတ်ထိုးဖို့ သဘောတူလိုက်ပြီလား”

“မားဝေ။ ငါ့ကို လန့်ဖျပ်အောင် လုပ်နေတာလား”

ဝူအန်လုက စာချုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ နောက်ဆုတ်လိုက်သည်။

“အယ်၊ အဲလိုလည်း မဟုတ်ရပါဘူး။ ရလဒ်ကို သိချင်စိတ် တအားဖြစ်နေလို့ပါ။ သူဌေး အခြေအနေ ဘယ်လိုလဲ”

မားဝေက သူ့ခန္ဓာကိုယ်ကို ဆန့်လိုက်ပြီး ဝူအန်လုလက်ထဲမှ စာချုပ်ကို မျက်စောင်းထိုးနေသည်။

“တော်သင့်ပြီ။ မင်း တစ်ယောက်တည်းလား။ လူတိုင်းရှေ့မှာ ရလဒ်ကို ကြေညာချင်တယ်”

ဝူအန်လုက ခပ်တန်းတန်း အမူအရာဖြင့် လေးနက်စွာ တောင်းဆိုသည်။

“အားလုံး အပြင်ထွက်ခဲ့ပါ။ မင်းတို့အားလုံး ဒီနေရာမှာ ရှိတာ သူဌေးသိတယ်”

မားဝေက သူ့နောက်မှလူများကို လှမ်းအော်သည်။ အမျိုးသား လေးယောက် နှင့် အမျိုးသမီး တစ်ယောက် အပြင်ထွက်လာသည်။

လူတိုင်းက အမည်းရောင်ဝတ်စုံကို တူညီစွာ ဝတ်ဆင်ထားသည်။ အမျိုးသားအားလုံးက တက်ကြွသော အမူအရာရှိပြီး အမျိုးသမီးက လုပ်ငန်းကျွမ်းကျင်သူဟု ထင်ရသည်။ သူမက မိတ်ကပ်ခပ်ပါးပါးလိမ်းခြယ်ထားပြီး ဆံပင်ကို ထုံးထားသည်။

“အခုမှပဲ မင်းတို့အားလုံး ထွက်လာဖို့ ဆုံးဖြတ်ပြီပေါ့ ဟုတ်လား။ နောက်တစ်ခါဆို အဲဒီလို မလုပ်နဲ့”

ဝူအန်းလုက သူ့လက်အောက်ငယ်သားများကို အရင်ဆုံး ဆူသည်။ သူတို့အားလုံး၏ရှက်ကိုးရှက်ကန်း အမူအရာကို မြင်တွေ့ရသောအခါ စာချုပ်ကိုယူလိုက်ပြီး လက်မှတ်ထိုးထားသော စာမျက်နှာကို လှန်ကာ အဖြူအမည်း အကြောင်းအရာများကို သူ့လက်အောက်ငယ်သားများအား ပြသသည်။

“အို့စ် ဘုရားသခင်၊ နောက်ဆုံးတော့ ငါတို့အောင်မြင်သွားပြီ”

မားဝေက ပထမဆုံးထအော်သည်။

“ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာပါ။ ဒီရက်ပိုင်း အိမ်ပြန်မလာလို့ ငါ့မိန်းမက ပွားနေပြီလေ”

လူအိုကြီး လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း စိတ်လှုပ်ရှားစွာ ပြောဆိုသည်။

“တကယ်လည်း အောင်မြင်ဖို့ မလွယ်ကူခဲ့ပါဘူး”

တစ်ဦးတည်းသော ကောင်မလေးက ခေါင်းညိတ်သည်။

“သူဌေး၊ ငါတို့ကို ဆိုင်ကောင်းကောင်းမှာ လိုက်ကျွေးရမယ်”

မားဝေက တိုက်တွန်းသည်။ တခြားသူများကလည်း မားဝေနှင့်အတူတူ လိုက်အော်သည်။

“ကောင်းပြီ ကောင်းပြီ တိတ်တိတ်နေကြပါ။ တခြားဌာနတွေကို အနှောင့်အယှက် မပေးနဲ့”

ဝူအန်းလု သဘောတူလိုက်သည့်နှင့် သူတို့ကို အသံနှိမ့်ပြောရုံ ပြောသည်။

“ငါ မင်းတို့ကောင်တွေနဲ့ ဆိုင်မထိုင်ဖူးသေးဘူးပဲ။ နေ့လည်စာ သွားစားကြမယ်” ဝူအန်းလု လျှို့ဝှက်ဆန်းကြယ်စွာ ပြောသည်။

အပိုင်း(၄၃)

ပြီး၏။

အပိုင်း(၄၄)

*

ယွမ်ကျိုးက သီချင်းလေး ညည်းပြီး အောက်ထပ်သို့ ဆင်းလာသည်။ မနက်စာစားရန် စားသောက်ဆိုင်အပြင်ဘက်မှာ စောင့်ဆိုင်းနေသော စားသုံးသူဖောက်သည်များသည် နောက်ကျနေသည်ဟု ခံစားမိသော်လည်း ယွမ်ကျိုးက မနက်၁၀နာရီသည် စောလွန်းသည်ဟု‌ တွေးထားသည်။ သူက ဆိုင်တံခါးကို ဖွင့်ပြီးနောက် ဟင်းလျာများ ပြင်ဆင်ရန် မီး‌ဖိုချောင်ထဲ ပြန်ဝင်သွားသည်။

တာရှည်ခံအံဆွဲထဲတွင် ထည့်ထားသော ခေါက်ဆွဲများကို အပြင်ဘက်သို့ထုတ်လိုက်ပြီး အိုးထဲပစ်ထည့်လိုက်သည်။ မနက်ခင်းတွင် ခေါက်ဆွဲပြုတ်စားခြင်းက ကောင်းမွန်သည်ဟု ယွမ်ကျိုး ထင်မိသည်။

"မနက်ခင်းမှာ ခေါက်ဆွဲပြုတ်စားတာ အကောင်းဆုံးဘဲ" ယွမ်ကျိုးက အိုးထဲတွင်ရှိသော ခေါက်ဆွဲများကို မွှေနေစဉ် သူကိုယ်သူ ပြောလိုက်သည်။

သူ့လက်ထဲတွင် ခေါက်ဆွဲတော်တော်များများ မရှိသည့်အချက်ကို သူ မေ့လျော့သွားသည်။ ခေါက်ဆွဲပြုတ်တစ်ပွဲက သူ့အစာအိမ်ထဲ ဝင်သွားပြီးနောက် တက်ကြွသောစိတ်ခံစားချက်များ တစ်ဖန် ဖြစ်ပေါ်လာသည်ဟု ယွမ်ကျိုး ခံစားမိသည်။ အချိန်တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ၁၁ နာရီ ၃၀ မိနစ် အချိန်သို့ ကျရောက်လာသည်။

"သူဌေး၊ ကျွန်တော်တို့တွေ ဘယ်သွားကြမှာလဲ။ ဒီလမ်းကျဉ်းကျဉ်းလေးထဲမှာ ဆိုင်တွေ အများကြီး မရှိဘူး" လူ၆ယောက်ထဲမှ မားဝေဟူသော အမျိုးသားသည် အဆက်မပြတ် စကားပြောနေသည်။ သူက တိတ်ဆိတ်ခြင်းသဘောတရားကို မသိပုံရသည်။

"မင်း ဘာလို့ နားငြီးနေတာလဲ။ သူဌေးက ငါတို့ကို ဒီနေရာခေါ်လာကတည်းက စားသောက်ဆိုင် သေချာပေါက်ရှိတယ်" ဆံထုံး ထုံးထားသော မိန်းကလေးသည် စည်းကမ်းတင်းကြပ်သော အမူအရာရှိပြီး ခပ်တန်းတန်းအမူအရာဖြင့် သူ့ကို ကြည့်လိုက်သည်။

"ဪ မင်းက သူ့ကို အပြစ်တင်နေပြီပေါ့ ဟုတ်လား" သူ့ဘေးနားက ပိန်သေးသေးအမျိုးသားက မားဝေကို လှောင်ရယ်သည်။ တတွတ်တွတ်ပြောဆိုနေခြင်းကို လျစ်လျူရှုထားပြီး ဝူအန်းလုက ခပ်မြန်မြန် လမ်းလျှောက်သည်။ သူ့မှတ်ဉာဏ်ထဲ သူဌေးယွမ်၏စီးပွားရေးလုပ်ငန်းက အတော်အတန်ကောင်းမွန်ပြီး ထိုင်ခုံနည်းနည်းလေး ရှိခြင်းကိုသာ အာရုံ‌ရနေသည်။ သူ တန်းမစီချင်သောကြောင့် စားသောက်ဆိုင်ဝင်ပေါက်သို့ အမြန်ဆုံးရောက်ရန် ခပ်သွက်သွက် လမ်းလျှောက်နေသည်။

"ရောက်ပြီ။ ဒီဆိုင်ပဲ၊အထဲဝင်ကြမယ်" ဝူအန်းလုက သူ့လက်အောက်ငယ်သားများကို စကားလှည့်ပြောပြီးနောက် သူက အရင်ဆုံး စားသောက်ဆိုင်ထဲ ဝင်ရောက်သွားသည်။

"ဒါက နာမည်ကြီးနေတဲ့ စားသောက်ဆိုင်လား။ ဒီဆိုင်လေးက သေး‌လှချည်လား" မားဝေက အသံနှိမ့်လိုက်ပြီး သူ့ဘေးနားက လုပ်ဖော်ကိုင်ဖက် ရှောင်လျှိုကို ပြောလိုက်သည်။

"စောင့်ကြည့်ရသေးတာပေါ့။ ငါတို့သူဌေးက တွန့်တိုတဲ့သူ မဟုတ်ပါဘူး" ရှောင်လျှိုက မျက်မှောင်ကြုတ်ကာ ခေါင်းခါသည်။

"အော်ဒါများများ မှာကြမယ်။ကော်မရှင်ခက မနည်းလောက်ဘူး" နောက်ဆုံးလူက မကျေမနပ်ပြောဆိုပြီး စားသောက်ဆိုင်ထဲ ဝင်ရောက်လိုက်သည်။

"ရက်ရောတဲ့လူတွေလည်းတစ်ခါတစ်ရံ ကပ်စေးနဲတတ်တာပဲ" တခြားသော လုပ်ဖော်ကိုင်ဖက်များကလည်း တီးတိုးရေရွတ်သည်။ သူတို့မန်နေဂျာက ရက်ရောသောလူဖြစ်ရန် မျှော်လင့်ပြီး မားဝေက စားသောက်ဆိုင်ထဲ ခြေချလိုက်သည်။

သို့သော်ငြားလည်း စားသောက်ဆိုင်အတွင်း ပြင်ဆင်မှုက ရိုးရှင်းသည်ဟု ခံစားမိသည်။ လူအများအပြားက သူတို့ထိုင်ခုံ‌ပေါ်မှာ ထိုင်နေပြီး ကွေးနေသောထိုင်ခုံရှည်နောက်မှာ မတ်တပ်ရပ်နေသော အမျိုးသားနှင့် စကားပြောနေသည်။

စားသောက်ဆိုင်ကို လှည့်ပတ်ကြည့်ရှုပြီး စားပွဲထိုးပင် မရှိခြင်းကို သိရှိသွားသည်။ ထို့အပြင် ထိုင်ခုံအရေအတွက် နည်းနည်းသာ ရှိသည်။ သေးငယ်သောစားပွဲနှင့်ထိုင်ခုံ(၂)ခုက ဝင်ပေါက်မှာ ရှိသည်။ စုစုပေါင်းထိုင်ခုံအရေအတွက် ၈ခုံသာရှိ၍ စားသုံးသူ ၈ယောက်သာ စားသုံးခွင့်ရှိ‌သော အနေအထားဖြစ်သည်။ ပြင်ဆင်ပုံနှင့်အနေအထားကလည်း ဆိုးရွားလွန်းသည်။

"ငါတို့ကို ဒီလို စုတ်ချာလွန်းတဲ့နေရာကို ခေါ်လာရလား" မားဝေက အသံနှိမ့်ကာ တီးတိုးပြောသည်။

"ငါတို့ကို အကောင်းဆုံးဟင်းလျာတွေကို တည်ခင်းမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ တကယ့်ကို ခမ်းနားထည်ဝါတဲ့အစားအသောက်တွေက ဒီနေရာမှာ ရပါ့မလား" မကျေမနပ်လေသံဖြင့် မားဝေက ရှောင်လျှိုလက်ညွှန်ပြသောနေရာကို ကြည့်လိုက်သည်။

"ဘုရားသခင် ! ငါပဲ မှားဖတ်မိတာလား" မားဝေက တုန်လှုပ်သောအမူအရာဖြင့် သူ့မျက်လုံးကို ပွတ်လိုက်ပြီး မယုံကြည်နိုင်သော အကြည့်ကို ဖော်ပြသည်။ မားဝေက ကျယ်လောင်စွာအော်လိုက်ပြီး သူ့လုပ်ဖော်ကိုင်ဖက်များလည်း လန့်ဖြန့်သွားရသည်။

"သူဌေးက ငါတို့ကို တကယ် ရက်ရောတာဘဲ။ ကြက်ဥထမင်းကြော်တစ်ပွဲကို ၁၈၈ ယွမ်၊ ထမင်းစေ့တွေကို ရွှေတွေနဲ့များ အုပ်ထားလို့လား။ တကယ်ကြီးလား။ ကြက်ဥထမင်းကြော်တစ်ပွဲက ယွမ် ၂၀၀ နီးပါးတန်လို့လား။ ငါ့တစ်သက်တာလုံး ကြားကို မကြားဖူးဘူး။ ငါပဲ မှားဖတ်မိတာလား။ ဒါဆိုရင် ငါတို့က သူဌေးကို အထင်လွဲခဲ့ပြီပေါ့။ တကယ်ပဲ သူဌေးက ငါတို့ကို အရသာရှိတဲ့ဟင်းပွဲတွေကို ဝယ်ကျွေးမှာပေါ့"

အစက မကျေမနပ်ဖြစ်နေသော လုပ်ဖော်ကိုင်ဖက်အားလုံးသည် ယွမ်ကျိုးစားသောက်ဆိုင်၏‌ဈေးနှုန်း စာရင်းကို ကြည့်ပြီးနောက် ချက်ချင်း ဦးညွတ်သွားသည်။ ဤမျှလောက်အထိ ဈေးကြီးသောဟင်းပွဲများကို သူ

မမြင်တွေ့ဖူးချေ။

"အရသာရှိပါ့မလားတော့ မသိဘူး။ ဒါပေမယ့် ငါတို့သူဌေးက ငါတို့ကို ကျွေးဖို့အတွက် တော်တော်အကုန်ကျခံထားတာပဲ။ အရမ်းကိုဈေးကြီးလွန်းလို့ ဈေးနှုန်းကိုကြည့်ပြီးတော့ ငါ့နှလုံးသားနာကျင်ရတယ်" မားဝေက လုပ်ဖော်ကိုင်ဖက်များကို ကြည့်ပြီး စိတ်အားထက်သန်စွာ ပြောဆိုသည်။

"ဟုတ်တယ်၊ မင်းပြောတာ မှန်တယ်။ ငါတို့သူဌေးက ငါတို့မျှော်လင့်ထားတဲ့အတိုင်း အရမ်းကို ရက်ရောတယ်။ အစုံလိုက်ကြက်ဥထမင်းကြော်က ယွမ် ၂၀၀ တောင် ကျော်သေးတယ်" စည်းစနစ်ကျသောကောင်မလေးက သဘောတူလိုက်ပုံပေါက်သည်။

"မြန်မြန် အော်ဒါ မှာကြ။ ဘာတွေ တွေဝေနေတာလဲ" ဝူအန်းလုက လေးနက်ပြီး စည်းကမ်းတင်းကြပ်သူဖြစ်သည်။ သူ အမိန့်ပေးလိုက်သောအခါ သူ့လက်အောက်ငယ်သားများက စကားပြောခြင်းကို ချက်ချင်းရပ်တန့်လိုက်ပြီး ထိုင်ခုံမှာ နေရာယူကြသည်။

"သူဌေးက ဒီဆိုင်မှာ စားနေကြလား" မားဝေက ရှိုးတိုးရှန်းတန်းအကြည့်ဖြင့် မေးမြန်းလိုက်သည်။

"ဘာလဲ ငါက မင်းတို့ကောင်တွေကို ဈေးပေါတာ ဝယ်ကျွေးမယ်လို့ ထင်နေတာလား" ထိုစကားကိုပြောပြီးနောက် တုံ့ဆိုင်းနေသော သူ့လုပ်ဖော်ကိုင်ဖက်များကို ကြည့်ကာ ဆက်ပြောသည်။

"မစိုးရိမ်နဲ့။ သူဌေးယွမ်ရဲ့ဟင်းချက်စွမ်းရည်က သာမန်ထက် သာလွန်တယ်။ သူ့ရဲ့ဟင်းချက်လက်ရာကို မြည်းစမ်းကြည့်လိုက်။ မင်းတို့ ကြိုက်သွားစေရမယ်"

"သူဌေးယွမ်၊ အစုံလိုက်ကြက်ဥထမင်းကြော် ပေးပါ" ဝူအန်းလုက ဟင်းလျာ၂ပွဲကိုသာ မီနူးစာရင်းတွင် မြင်တွေ့ရ၍ ဈေးအကြီးဆုံးဟင်းပွဲတစ်ပွဲချင်းစီကို မှာပေးသည်။ ထို့နောက် သူ့ပိုက်ဆံအိတ်ထဲမှ ကျသင့်ငွေကိုထုတ်လိုက်ပြီး ပေးလိုက်သည်။ ယွမ် ၂၀၀၀က သူ့အတွက် ပြဿနာမရှိပေ။ မီနူးစာအုပ်ကို ဖတ်ရှုပြီးနောက် သူ့လက်အောက်ငယ်သားများသည် စကားဆက်မပြောရဲတော့ပေ။ သေးငယ်သောစားသောက်ဆိုင်လေး၏ အစုံလိုက်ကြက်ဥထမင်းကြော်(၆)ပွဲဝယ်စားရန် ယွမ် ၂၀၀၀ နီးပါးလောက် ဖြုန်းတီးလိမ့်မည်ဟု မထင်ခဲ့၍ အံ့အားသင့်နေရသည်။

သို့သော်လည်း သူတို့မန်နေဂျာက တုံ့ဆိုင်းခြင်းမရှိဘဲ ဟင်းပွဲများကို အော်ဒါမှာပေးလိုက်သည်။

"ကောင်းပြီ၊ခဏစောင့်ပေးပါ"

ယွမ်ကျိုးက ကျသင့်ငွေကို လက်ခံယူပြီးနောက် ဟင်းလျာအသစ်ရရှိသည့်အကြောင်းကိုပင် အသိမပေးဘဲ အစုံလိုက်ထမင်းကြော်ကို ပြင်ဆင်ရန် မီးဖိုချောင်ထဲဝင်သွားသည်။ လက်ရှိယွမ်ကျိုးက သူ့စီးပွားရေးလုပ်ငန်းအတွက် လုံးဝ စိုးရိမ်မှု မရှိပေ။ တန်ဖိုးရှိသော ပါဝင်ပစ္စည်းများနှင့် သူ၏သာမန်ထက် လွန်ကဲသော ဟင်းချက်စွမ်းရည်ကြောင့် စိုးရိမ်နေရန် မလိုအပ်ပေ။

များစွာသောလက်အောက်ငယ်သားများသည် မလှုပ်မယှက် ထိုင်ခုံမှာ ထိုင်နေသည်။ စကားအများဆုံး မားဝေ ကိုယ်တိုင်မှာပင် နှုတ်ဆိတ်နေသည်။

"ဘယ်လိုဖြစ်ရတာလဲ။ အသံတိတ်လှချည်လား"

"ဘာမှတော့မဟုတ်ရပါဘူး" မားဝေက စကားပြောရန် ရည်ရွယ်ထားသော်လည်း သူတို့ထဲမှ မိန်းမပျိုလေး၏သတိပေးသော အကြည့်ကြောင့် နှုတ်ဆိတ်နေခဲ့သည်။

အရောင်ဌာန၏ခေါင်းဆောင်ဖြစ်သော ဝူအန်းလုက IQရော၊EQရော ပြည့်စုံသော ထက်မြက်သူဖြစ်သည်။ သိပ်မကြာလိုက် သူသည် အခြေအနေကို သဘောပေါက်သွားသည်။ သူ့လက်အောက်ငယ်သားများသည် ကြက်ဥထမင်းကြော်ကို ၁၈၈ ယွမ် ပေးပြီးစားရန် မတန်ဟု ခံစားမိခြင်းဖြစ်သည်။ ထို့ကြောင့် သူက ဖြေရှင်းချက်မပေးဘဲ ပြုံးရုံသာပြုံးနေလိုက်သည်။

အရသာကို မြည်းစမ်းကြည့်ပြီးသွားလျှင် ပြဿနာရပ်ကို အလွယ်တကူဖြေရှင်းနိုင်သည်ဟု သူ ယုံကြည်သည်။ သူလည်း ဤဆိုင်တွင် ပထမဆုံးလာစားစဉ်က သူတို့လိုပဲ ခံစားခဲ့ဖူးသည်။ သူက ယွမ်ကျိုးကို လက်ညှိုးထိုးပြီး လူလိမ်ဟုတောင် ခေါ်ခဲ့သေးသည်။ အစုံလိုက်ကြက်ဥထမင်းကြော်ကို ဈေးနှုန်းကြီးမြင့်စွာ ရောင်းချမည့်သူ မရှိ၍ ယခုကဲ့သို့ ပြောဆိုမိခြင်း ဖြစ်သည်။

ဝူအန်းလုကလည်း ဟင်းလျာအသစ်ရောင်းချသည့်သတင်းကို မသိရှိခဲ့ပေ။ သို့သော် ဝူဟိုင်းက ဟင်းလျာအသစ်ရရှိသည့် မီးနူးကို မြင်လိုက်သည်။

"မင်းတို့မှာထားတဲ့ ကြက်ဥထမင်းကြော် ရပါပြီ" ယွမ်ကျိုးက အစားအသောက်များကို စားပွဲခုံပေါ် တင်ပေးလိုက်သည်။ မားဝေနှင့်သူ၏လုပ်ဖော်ကိုင်ဖက်များသည် စားပွဲခုံပေါ် တည်းခင်းပေးထားသော ကြက်ဥထမင်းကြော်များကို မြင်သောအခါ ပို၍ပင် စိတ်ဆတ်လာသည်။ ထိုစဉ် သူတို့၏စိတ်ထဲတွေးမိသော စကားတစ်ခွန်းက သာမန်ကြက်ဥထမင်းကြော်နဲ့ မခြားနားပါဘူး။

"ဒါကိုများ ဆိုင်ရှင်က အစုံလိုက်ကြက်ဥထမင်းကြော်လို့ ပြောရဲသေးတယ်။ တခြားဆိုင်တွေမှာဆိုရင် ဒီအရန်ဟင်းပွဲတွေက အလကားပေးသေးတာလေ" သို့သော်လည်း သူတို့မန်နေဂျာက စတင်မြည်းစမ်းနေ၍ ဘာဆိုဘာမှမပြောရန် အကောင်းဆုံးဖြစ်သည်ဟု စဉ်းစားမိသည်။ ထို့ကြောင့် သူတို့အားလုံးက ကံတရားကို လက်ခံလိုက်ပြီး ကြက်ဥထမင်းကြော်မကြိုက်သော မားဝေအပါအဝင် အားလုံးက အရသာကို စတင်မြည်းစမ်းကြည့်ကြသည်။

တခြားတစ်ဖက်တွင်မူ ယွမ်ကျိုးက ဟင်းပွဲအသစ်ဖြစ်သည့် ခေါက်ဆွဲပြုတ်အချိုကို အကြမ်းဖျင်း နားလည်သွားသော်လည်း တချို့အချက်များကို နားမလည်သေးပေ။ ယွမ်ကျိုး၏‌ချက်ပြုတ်မှု အဆုံးသတ်သွားသောအခါ ဝူဟိုင်းက စပ်စပ်စုစု မေးမြန်းသည်။

"သူဌေးယွမ်၊ ဟင်းပွဲအသစ်ဖြစ်တဲ့ ခေါက်ဆွဲပြုတ်ကို အကြမ်းဖျင်းတော့ နားလည်ပါတယ်။ အထူးပွဲ(၁၃) နဲ့ (၂၂) ဆိုတာ ဘာသဘောလဲ" ဝူဟိုင်းက သူသိလိုသော မေးခွန်းကို မေးမြန်းသည်။

"ခင်ဗျားတို့ အော်ဒါမှာပြီးသွားရင် သိလိမ့်မယ်"

"ဒါပေမယ့် မီနူးထဲမှာ ဘာမှမရေးထားဘူးလေ။ ဘယ်လို အော်ဒါ မှာရမှာလဲ" ဝူဟိုင်းက မေးမြန်းသည်။ တကယ်တမ်းတော့ ဝူဟိုင်းက စိတ်တိုလွယ်သူဖြစ်သည်။ ယွမ်ကျိုး၏ ကောင်းမွန်သော ဟင်းချက်လက်ရာကြောင့်သာ ယွမ်ကျိုးကို သည်းခံနေခြင်းဖြစ်သည်။ ထို့ပြင် သူက အစားအသောက်ကို ဂျီးများလွန်းပြီး ဟင်းပွဲများကို မကြိုက်လျှင် ပန်းကန်များကို ရိုက်ခွဲတတ်သော အကျင့်လည်း ရှိသည်။ စိတ်တိုလွယ်သောအပြုအမူကြောင့် အစာအိမ်အချဉ်ပေါက်သည့်ရောဂါကို အသေအလဲခံစားရသည်။ ယွမ်ကျိုးစားသောက်ဆိုင်မှ ဟင်းပွဲများကို စားပြီးနောက် အထွန့်တက်သော ခံစားချက်များ ပျောက်ကွယ်သွားသည်။

ယွမ်ကျိုး၏ဟင်းချက်စွမ်းရည်ကြောင့် ဂျီးများစရာပင် မလိုအပ်တော့ပေ။ ယွမ်ကျိုးက ဝူဟိုင်း၏အတွေးအခေါ်ကို နားမလည်နိုင်ချေ။ ထို့ကြောင့် သူက ပေါ့ပျက်ပျက်နှင့် ပြန်ပြောလိုက်သည်။

"မင်းမှာချင်ရင် မှာလို့ရတယ်"

အပိုင်း(၄၄)

ပြီးပါပြီ။

အပိုင်း(၄၅)

*

“သူဌေးယွမ်၊ ခင်ဗျားက နည်းနည်းလေးတော့ ပြောပြပေးသင့်တယ်လေ”ဝူဟိုင်းက လက်မလျှော့ဘဲ ဆက်လက်မေးမြန်းသည်။

“ခင်ဗျားအော်ဒါမှာကြည့်ရင် သိသွားမှာပါ။ ဒီနေ့ ဘာစားချင်လဲ” ယွမ်ကျိုးက သူ့မေးခွန်းကို မဖြေဘဲ သူ့တာဝန်အရ မေးမြန်းခြင်းကိုသာ လုပ်ဆောင်သည်။

“သူဌေးယွမ်၊ ယောက်ျားဆိုတာ ရိုးသားဖြောင့်မတ်ပြီး ကြင်နာစိတ် ရှိရတယ်။ ခင်ဗျားကြည့်စမ်းပါဦး။ ခင်ဗျားရဲ့ အထူးပွဲက ဈေးမပေါဘူး။ အနည်းဆုံးတော့ များများ ထည့်ပေးထားလား နည်းနည်းထည့်ပေးထားလား ဖြေသင့်တယ်။ ပန်ကန်ပြားက ကြီးလား သေးလား ဖြေပေးသင့်တယ်လေ” ဝူဟိုင်း၏ဘေးနားက အမျိုးသားက စကားဖြတ်ပြောသည်။

ဈေးနှုန်းစာရင်း အထူးပွဲ၂၂ တစ်ပွဲလျှင် ၁၀၈ယွမ်

အထူးပွဲ၁၃ တစ်ပွဲလျှင် ၁၀၈ယွမ်

“အထူးပွဲ ပန်ကန်ပြားရဲ့အရွယ်အစားက မုန်လာချဉ်ထည့်တဲ့ ပန်ကန်ပြားလောက် အရွယ်အစား ရှိပါတယ်” ခဏကြာ တွေးကြံပြီးနောက် ယွမ်ကျိုးက သူတို့ကို ပြောပြရန် ဆုံးဖြတ်ခဲ့သည်။

“ဈေးနှုန်းအတူတူပဲဟာကို ဘာလို့များ နံပါတ်စဥ် တပ်ထားရတာလဲ။ နံပါတ်သေးတာက အရသာပိုရှိတာလား”

“ဒါက အရသာမတူတာကိုပဲ ဖော်ပြတာပါ။ နံပါတ်က ဘာသဘောမှ မဟုတ်ပါဘူး” ယွမ်ကျိုးက ရှင်းပြရခြင်းကို ငြီးငွေ့ပြီး စကားအများကြီးပြောရခြင်းကို အင်တင်တင် ဖြစ်နေသည်။

“သူဌေးယွမ်၊ ခင်ဗျားက ကျုပ်တို့ကို ဆိုးဆိုးရွားရွား ဆက်ဆံတာပဲ”

စကားဖြတ်ပြောသော အမျိုးသားက ယွမ်ကျိုးကို အထင်ကြီးလေးစားဟန်ဖြင့် လက်မထောင်ပြသည်။ သူဌေးယွမ်က ပန်ကန်ပြားသေးသေးလေးဖြင့် ထည့်ထားသော ဟင်းပွဲကို ယွမ်၁၀၀ဖြင့် ရောင်းချရဲသည်။ သူ့ငွေများက သစ်ပင်ပေါ်မှ ရလာခြင်းမဟုတ်၍ မမြည်းစမ်းရန် ဆုံးဖြတ်လိုက်သည်။

“ခေါက်ဆွဲစွပ်ပြုတ်အချို တစ်ပွဲပေးပါ”

၎င်းအမျိုးသားက ခေါက်ဆွဲပြုတ်ကို ချက်ချင်းမှာလိုက်သည်။

“မြည်းစမ်းကြည့်ပေးလို့ ကျေးဇူးပါပဲ။ ဈေးနှုန်းက ၂၆၈ယွမ်ပါ” ယွမ်ကျိုးက ခေါင်းညိတ်ကာ ပြောသည်။

“သူဌေးယွမ်က အရင်လို အကျင့်ပုတ်တုန်းပဲ။ ပန်ကန်ပြားအရွယ်အစား အတူတူပဲ သုံးထားရင် နံပါတ်တွေ တပ်နေစရာ လိုအပ်လား။ ဘယ်သူက ပိုများများ ပါလဲတော့ ဖြေသင့်တယ်လေ”

ဝူဟိုင်းက နားငြီးဖွယ်ကောင်းအောင် တတွတ်တွတ် မေးမြန်းနေသည်။

ဝူဟိုင်းက စားရလည်း ပြဿနာရှာ၊ မစားရလည်း ပြဿနာ အမြဲရှာနေသည်။

ယွမ်ကျိုးက သူ့စိတ်ထဲမှာ ဟင်းပွဲနှစ်ပွဲကို နှိုင်းယှဉ်ကြည့်ပြီးနောက် စကားပြန်ပြောသည်။

“တစ်ခုက တခြားတစ်ခုထက် နည်းနည်းလျော့တယ်”

“ကောင်းပြလေ၊ ဒါဆိုရင် ငါ့စိတ် ပိုင်းဖြတ်လိုက်ပြီ။ ခေါက်ဆွဲစွပ်ပြုတ်အချို နဲ့ အထူးပွဲနံပါတ်၁၃ကို ပေးပါ။ တခြားဟာတွေကိုတော့ နောက်မှပဲ မှာတော့မယ်”

ဝူဟိုင်းက သူ့ဗိုက်ပြည့်လောက်သည့်အထိ ဟင်းပွဲကို ပြတ်ပြတ်သားသား မှာယူလိုက်သည်။ လူသားသဘာဝအလျောက် စူးစမ်းလိုစိတ်များသည်။ ထို့အပြင် ဝူဟိုင်းက သူများထက်ပို၍ တစ်မူသားသည်။

“အိုကေ၊ ခဏစောင့်ပေးပါ”

ယွမ်ကျိုးက ခေါက်ဆွဲအရင်ဆုံး ပြင်ဆင်ရန် မီးဖိုချောင်ထဲ ဝင်သွားသည်။

ကြက်ဥထမင်းကြော် မကြိုက်သော မားဝေ၏အမြင် ပြောင်းလဲသွားသည်။

“ငါ အရင်က တစ်ခါမှ စိတ်မဝင်စားခဲ့တဲ့ ကြက်ဥထမင်းကြော်က အရမ်းအရသာ ရှိနေပါလား”

ထိုစဥ် ဘေးနားထိုင်နေသော ဝူအန်းလုက နောက်တစ်ပွဲ ထပ်မှာခွင့်မရှိမှန်း သိ၍ ဖြည်းဖြည်းချင်း စားနေသည်။

မားဝေက ကြက်ဥထမင်းကြော်ကို မခွဲနိုင်မခွာရက်ဖြင့် မျက်နှာလွှဲကာ သူ့အပေါင်းအပါများ၏ အခြေအနေကို တစ်ချက်ရှိုးလ်လိုက်သည်။ သူတို့အားလုံးကလည်း အရသာရှိသော ဟင်းပွဲထဲ နစ်မြောနေပြီး ယခင်က မမြင်တွေ့ဖူးသော မျက်နှာအမူအရာမျိုးကို တွေ့ရသည်။

ပုံမှန်ဆိုလျှင် ဂုဏ်ပြုညစာစားပွဲများသည် အရက်သောက် အမြည်းမြည်းခြင်းဖြင့် စကားပြောကာ ဆူညံနေတတ်သည်။ ယခုတော့ သာမန်ထက်ပို၍ တိတ်ဆိတ်နေသည်။

“သူဌေးက ငါတို့ကို ရက်ရက်ရောရော ဝယ်ကျွေးတာပဲ။ နောက်တစ်ပွဲကို ငါတို့ဘာသာ မှာစားကြမယ်”

“အရသာရှိလွန်းလို့ ဈေးနှုန်းကို ဈေးပေါတယ်လို့တောင် ထင်မိသွားပြီ။ ငါ ရူးများရူးသွားသလား”

ကြက်ဥထမင်းကြော် မကြိုက်ဆုံး မားဝေက အရင်ဆုံး စားပြီးသွား၍ ချက်ချင်းထအော်သည်။

“သူဌေး၊ နောက်တစ်ပွဲထပ်ပေးပါ”

ဒုတိယမြောက်စားပြီးသော ဝူအန်းလုက သူ့ကို ဟန့်တားသည်။

“သူဌေးယွမ်ရဲ့စားသောက်ဆိုင်မှာ လူတိုင်းက ဟင်းတစ်ပွဲကို တစ်ခါပဲ မှာခွင့်ရှိတယ်။ နောက်တစ်ပွဲ သွားတောင်းရင်း အချိန်မဖြုန်းနဲ့”

“ဟမ် မရဘူးလား” ရုတ်တရက် ထအော်သူက ရှောင်လျှိုဖြစ်သည်။ အရောင်းဌာနတွင် ရှောင်လျှိုက စားကောင်းသောက်ဖွယ်များကို အနှစ်သက်ဆုံးဖြစ်သည်။ အရသာရှိသော ကြက်ဥထမင်းကြော်ကို တစ်ပွဲ မဆိုထားဘိ ၁၀ပွဲ ထပ်စားချင်သည်။

“အမ်၊ မင်းရော ထပ်မှာချင်တာလား ရှောင်လျှို။ မင်းတို့က ဒီဆိုင်ကို အခုမှ ရောက်ဖူးတာကို မေ့သွားတယ်။ တခြားဆိုင်ရောက်မှ တခြားအစားအသောက်တွေ ထပ်ဝယ်ကျွေးမယ်။ မင်းတို့ မငတ်စေရဘူး။ မစိုးရိမ်နဲ့”

ဝူအန်းလုက ရှောင်လျှိုကို ပြုံးကာ စကားပြောသည်။

“မရဘူး။ သူဌေး ကျွန်တော် လက်မခံနိုင်ဘူး။ အရသာရှိတဲ့ ကြက်ဥထမင်းကြော်က အစာအိမ်ထဲရောက်သွားတော့ ကျွန်တော့်အစာအိမ်က တခြားအစားအသောက်တွေကို လက်ခံပါ့မလား”

“ဟုတ်တယ်။ ဆိုင်ရှင်ကို ဖျောင်းဖျပြီး နောက်တစ်ပွဲ တောင်းကြည့်ပါလား။ သူဌေးက သူနဲ့ ပိုရင်းနှီးတယ်လေ”

မားဝေက တောင်းဆိုသည်။

တခြားသူများကလည်း မျှော်လင့်တကြီး ငေးကြည့်နေသည်။

ဝူအန်းလုက လက်ကိုခါရမ်းကာ စကားဆက်ပြောသည်။

“မလွယ်ကူလောက်ဘူး”

သူတို့ခေါင်းဆောင်ကြီးက စွမ်းဆောင်ရည်မရှိသော အမူအရာဖြင့် လက်လျှော့သွား၍ တခြားသူများက မကျေမနပ် ဖြစ်နေသည်။

“မင်းတို့တွေ စည်းမျဉ်းကို သေချာဖတ်ကြည့်သင့်တယ်”

ဝူဟိုင်းက ကြင်နာတတ်သူမဟုတ်၍ သူတို့ကို အမှန်အတိုင်း ပြောပြမည့် အစီအစဉ်မရှိပေ။ သူလည်း ယွမ်ကျိုးကြောင့် အကြိမ်ပေါင်းများစွာ စိတ်ဒုက္ခရောက်ခဲ့ဖူး၍ ပထမဆုံး ဖောက်သည်များကိုလည်း သူ့နည်းတူ ခံစားစေချင်သည်။

တခြားသူများ စိတ်ဒုက္ခရောက်နေခြင်းကို မြင်တွေ့ရခြင်းက အတော့်ကို ရယ်စရာကောင်းသည်။

“စည်းမျဉ်းတွေလား”

ဝူအန်းလုတို့အဖွဲ့က နံရံပေါ်မှ ဈေးနှုန်းစာရင်းကို လှည့်ကြည့်ကြသည်။

“သူဌေးယွမ်၊ ခင်ဗျားက ဟင်းပွဲအသစ်တွေ ထပ်ထည့်ထားတာပဲ။ စောနတုန်းက ဘာလို့ မပြောတာလဲ”

ဝူအန်းလုက သူ့မစားဖူးသေးသော ဟင်းပွဲစာရင်းကို ကြည့်ကာ ထအော်သည်။

မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေသော ယွမ်ကျိုးက ချက်ချင်း ပြန်ဖြေသည်။

“ခင်ဗျား မမေးဘူးလေ”

“အမလေး သူဌေးယွမ်၊ ခင်ဗျား ပြန်ဖြေတဲ့ ပုံစံက ရိုက်ပေါက်နော်”

ယွမ်ကျိုးက ဝူအန်းလု၏ မကျေမနပ် ပြောဆိုသံကို မသိကျိုးကျွံပြုထားသည်။

ဝူအန်းလုက သူ့စိတ်သူ ထိန်းချုပ်ပြီး နံရံပေါ်မှာ ရေးထိုးထားသော စည်းမျဉ်းများကို တစ်လုံးချင်းစီ လေ့လာကြည့်သည်။

များစွာသော လုပ်ဖော်ကိုင်ဖက်အမျိုးသားများက သူတို့အမြင်ကို အရင်ဆုံး ထုတ်ပြောသည်။

“သူဌေး၊ ငါတို့လို ဝတုတ်နေတဲ့သူတွေက စည်းမျဉ်းတွေလိုက်နာရရင် ငတ်ပြတ်ကုန်မှာပဲ”

ရှောင်လျှိုက ထိုစကားကိုပြောလိုက်စဉ် ယွမ်ကျိုး၏တုံ့ပြန်မှုကို နားစွင့်နေသည်။ သူ့သနားချင့်စဖွယ်ကောင်းသော အပြုအမူက အောင်မြင်ရန် မျှော်လင့်ထားသည်။

“ငါက ကြက်ဥထမင်းကြော် တစ်ပွဲပဲ ထပ်လိုချင်တာပါ။ ဘယ်လိုအကြံထုတ်ရမလဲ မသိတော့ဘူး”

မားဝေက စည်းမျဉ်းကို ငေးကြည့်ကာ ကူကယ်ရာမဲ့ ပြောသည်။

“ငါတို့တွေ ဆိုင်ရှင်ကို ဓားပြတိုက်သလို အတင်းတောင်းဆိုကြမလား”

သူတို့အဖွဲ့ထဲမှ အချောဆုံးကောင်လေးက ဟာသဖောက်သည်။

သူတို့အဖွဲ့၏ အဖြေရှာနေသော အမူအရာများကို ငေးကြည့်ပြီး ဝူဟိုင်း အတော်လေး ကျေနပ်နေသည်။

အဖွဲ့ထဲမှ အတည်ငြိမ်ဆုံးမိန်းကလေးက ရုတ်တရက် စကားပြောသည်။

“သူဌေး၊ စည်းမျဉ်းကို သေချာကြည့်ပါဦး။ ဧည့်သည်တစ်ယောက်က ဟင်းပွဲတစ်ပွဲကို တစ်ခါပဲ မှာလို့ရတယ်လို့ပြောတာလေ။ တခြားဟင်းပွဲတွေလည်း ရှိသေးတာပဲ။ ကျွန်မတို့တွေ ရိုးရိုးကြက်ဥထမင်းကြော်ကို စမ်းမှာကြည့်မလား။ ဒါက စည်းမျဉ်းကို ချိုးဖောက်တာ မဟုတ်ဘူးလေ”

ထို့နောက် သူတို့အားလုံးက တစ်ပြိုင်နက်တည်း ထအော်သည်။

“သူဌေး၊ ကြက်ဥထမင်းကြော် ၆ပွဲပေးပါ။ အစုံလိုက်ပွဲ မဟုတ်ဘူး”

သူတို့အော်ပြီးနောက် ယွမ်ကျိုး၏အဖြေကို စိုးရိမ်တကြီး စောင့်နေသည်။

ထို့နောက် ယွမ်ကျိုးက ခေါင်းလှည့်ကာ ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

“ခဏစောင့်ပေးပါ”

“ငါတို့အောင်မြင်ပြီ။ တကယ်ကို လွယ်ကူတာပဲ”

မားဝေက ဝံ့ကြွားစွာပြောသည်။ သူ့မန်နေဂျာ၏မျက်နှာ မည်းသည်းနေခြင်းကို သတိမပြုမိပေ။

သို့တိုင် သူ့လက်အောက်ငယ်သားများ၏ ဉာဏ်ရည်ထက်မြက်မှု အသိအမှတ်ပြုမိသည်။

စားသောက်ဆိုင်မှာ ရောင်းချသော ဟင်းပွဲများက နာမည်ကို အတိအကျ လိုက်နာသည်ဟု ယွမ်ကျိုး ခံစားမိသည်။ သာဓကဆိုသော် ခေါက်ဆွဲစွပ်ပြုတ်အချိုတွင် ခေါက်ဆွဲ နှင့် စွပ်ပြုတ်အရည်သာ ပါဝင်ပြီး ကြက်သွန်မြိတ်ကို မမြင်တွေ့ရပေ။

ခေါက်ဆွဲပြုတ် နှစ်ပွဲကို ဗန်းပေါ်တင်ပြီး အစိမ်းရောင်စပျစ်သီးပုံဖော်ထားသော ပန်းကန်ပြားကို ယူကာ ဘလူးဘယ်ရီယိုကို ခပ်ထည့်သည်။ ဝူဟိုင်းက ချိုမြသောယို နှင့် အငန်အရသာရှိသောခေါက်ဆွဲပြုတ်ကို အော်ဒါမှာထားသည်။

ခေါက်ဆွဲစွပ်ပြုတ်အချိုက အားလုံး၏ရှေ့မှောက်သို့ ပထမဆုံးအကြိမ် ရောက်လာခြင်း ဖြစ်သည်။

အပိုင်း(၄၅)

ပြီးပါပြီ။

All Chapters