← Chapters

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

အပိုင်း(၅၈)

*

တစ်ခြားတစ်ဖက်တွင်မူ ယွမ်ကျိုးက သူ့နှုတ်ကို ဖွင့်ဟလိုက်သည်။

"ခဏနေပါဦး၊ ငါ့မှာ သက်သေရှိတယ်"

ယွမ်ကျိုးက တည်ငြိမ်နေသည်။ စားသောက်ဆိုင်ထဲမှ လူတိုင်းနှုတ်ဆိတ်သွားမှ ဆက်ပြောသည်။

"ဒီကို ရောက်နေတဲ့လူတိုင်းက ပင်လယ်ခရုတွေကို စားဖို့ ဒီဆိုင်ကို လာတာဆိုတော့ ပင်လယ်ခရုနဲ့ပတ်သက်တဲ့တစ်စုံတစ်ရာကို မင်းတို့လည်း သိမှာပါ။ ဒါကြောင့်မို့ အသုံးမဝင်တဲ့ ငြင်းခုန်မှုဆွေကို ကျော်လိုက်ပြီးတော့ ပင်လယ်ခရုနဲ့ မွေးမြူရေးခရုရဲ့ ခြားနားချက်ကိုပဲ ပြောကြမယ်"

"ဒီပင်လယ်ခရုက

"လူကြီးမင်း ပင်လယ်ခရုနဲ့ပတ်သက်တဲ့ အခြေခံအချက်အလက်တွေကို ခင်ဗျား ပြောနေတာလား။ ဒါက အခု ဆွေးနွေးနေတဲ့ အချက်နဲ့ ဘာများသက်ဆိုင်နေလို့လဲ"

အထွေထွေမန်နေဂျာကော်က ငြိမ်းချမ်းသော လေသံဖြင့် မေးမြန်းသည်။

"ဒါက ခင်ဗျားပြောသလိုဘဲ မသက်ဆိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်က ကျွမ်းကျင်တဲ့သူဆိုတာ သက်သေပြချင်လို့ပါ" ယွမ်ကျိုးက ပြန်ဖြေသည်။

"နောက်ပြောမယ့်ကိစ္စက ခင်ဗျားတို့အားလုံး သိချင်နေတဲ့ကိစ္စပါ။ ကျွန်တော့်အထင် မမှားဘူးဆိုရင် ပင်လယ်ခရုမွေးမြူတဲ့နည်းလမ်းမှာ လှောင်ပိတ်ပြီးတော့ မွေးမြူခြင်း၊ အလုပ်ရုံတွေမှာ သားဖောက်ခြင်း၊ လှိုဏ်ခေါင်းတွေမှာ သားဖောက်ခြင်းတို့အပြင် သဘာဝအကျဆုံး နည်းလမ်းလဲ ရှိသေးတယ်။ အဲ့ဒါကတော့ မျိုးဥတွေကို ကန်ထဲချပြီး သဘာဝအတိုင်း ပေါက်ဖွားစေတဲ့နည်းလမ်း" ယွမ်ကျိုးက ၎င်းစကားလုံးများကို ပြောလိုက်သည်နှင့် အထွေထွေမန်နေဂျာကော်၏ ယုံကြည်မှုလွန်ကဲနေသောပုံစံက အနည်းငယ်ပျက်ယွင်းသွားသည်။

"ခင်ဗျားတို့ဆိုင်မှာ ရောင်းတဲ့ခရုတွေကို ဒီနည်းလမ်းသုံးပြီး သားဖောက်ထားတာပါ" ယွမ်ကျိုးက တုံ့ဆိုင်းခြင်းမရှိဘဲ သွက်သွက်လက်လက် ပြန်ပြောသည်။

"သဘာဝနည်းအတိုင်း သားဖောက်ထားတဲ့ပင်လယ်ခရုတွေက ကြီးထွားနှုန်းနှေးတယ်။ ပထမတစ်နှစ်မှာဆိုရင် သူတို့ရဲ့အခွံက ခန့်မှန်းခြေအားဖြင့် ၂စင်တီမီတာ နဲ့ ၃စင်တီမီတာလောက် ရှိတယ်။ ဒုတိယတစ်နှစ်မှာဆိုရင် ၄စင်တီမီတာနဲ့ ၅စင်တီမီတာရှိတယ်။ ၁၀စင်တီမီတာကျော်တဲ့ပင်လယ်ခရုတွေကို လိုချင်ရင်တော့ ၆နှစ်၊၇နှစ်ခန့် အချိန်လိုအပ်တယ်"

"ဒါပေမယ့် ဒီပင်လယ်ခရုတွေကို မွေးမြူလိုက်ရင် အဲ့ဒီအရွယ်အစားကို ရောက်ဖို့ ၂နှစ်ပဲ အချိန်လိုအပ်တယ်။ ငါပြောတာ ဟုတ်တယ်မလား မန်နေဂျာကော်" ယွမ်ကျိုးက ပြောသည်။

"ဘယ်လိုလဲ၊ ငါ့ပုံစံက ဆရာကျတယ်မလား။ ငါက ပင်လယ်ခရုတွေရဲ့ သားဖောက်တဲ့နည်းလမ်းနဲ့ သူတို့ အရွယ်ရောက်တဲ့အချိန် စက်ဝန်းကိုတောင် သိတယ်။ အခုဆိုရင် မင်းတို့က ငါ့ကို သားဖောက်အထူးကျွမ်းကျင်သူလို့ ထင်နေတယ်မလား"

"လူကြီးမင်း၊ ခင်ဗျားပြောတဲ့အချက်တွေက မှန်ကန်တယ်ဆိုတာ ဝန်ခံပေမယ့် ခင်ဗျားက ပင်လယ်ခရုသားဖောက်တဲ့နည်းလမ်းကိုပဲ ပြောနေတာလေ။ ခင်ဗျားက ခိုင်လုံတဲ့သက်သေကို မပေးနိုင်သေးဘူး။ ကျွန်တော်ပြောတာ ဟုတ်တယ်မလား" မန်နေဂျာကော်က ယွမ်ကျိုး၏ဟာကွက်ကို တည်ငြိမ်စွာ ထောက်ပြသည်။ ယခုအချိန်သည် ယွမ်ကျိုးပေါ်ထားရှိသော သူ့သဘောထားက ကောင်းမွန်ပြီး ဖော်ရွေပုံပေါက်သည်။

"အိုး...ဒီမျိုးစိတ်နှစ်ခုကြားက အရသာခြားနားချက်ကို ပြောပြရဦးမယ်" ယွမ်ကျိုးက ကြွက်ကို ကျီစယ်နေသော ကြောင်ပါးကဲ့သို့ စကားဆက်ပြောသည်။

"ကနေဒါပင်လယ်ခရုက ဘယ်လိုအရသာရှိလဲ မသိပေမယ့် မင်းတို့ရောင်းနေတဲ့ပင်လယ်ခရုတွေက ပြည်တွင်းခရုတွေပဲ။ သူတို့မှာ ထူးခြားတဲ့စရိုက်လက္ခဏာရှိတယ်" ယွမ်ကျိုးက ပင်လယ်ခရုအခွံကို ခွာထုတ်နေစဉ် ပိုင်နိုင်စွာ စကားပြောသည်။

"ဇာတ်ကြောင်းပြောသလို အသေးစိတ်မပြောချင်တော့ဘူ။ ဒီအကြောင်းအရာကို စိတ်ဝင်စားတဲ့ ဘယ်သူမဆို Baidu browserမှာ အသေးစိတ်ရှာကြည့်နိုင်တယ်"

ယွမ်ကျိုး၏စကားအဆုံးသတ်သွားသောအခါ သူ့ဘေးနားမှာ ဝိုင်းနေကြသော ဖောက်သည်တချို့က စတင်ရှာဖွေကြသည်။ စားသုံးသူဖောက်သည်များက သူတို့၏ရှာဖွေတွေ့ရှိမှုကို ဖတ်ပြသည်။

"သူပြောတာ တကယ်ရှိတာဘဲ။ အစိမ်းပုတ်ရောင် နဲ့ ကြက်သွေးနီရောင် အမျိုးအစား ၂ခုရှိတယ်။ အနီရောင် ရေညှိကျွေးရင် အစိမ်းရောင် အခွံဖြစ်မယ်။ ကျောက်ပွင့်လေးတွေ ကျွေးရင် အနီရောင်သန်းတဲ့ အခွံဖြစ်မယ်”

“ဒါဆိုရင် ပြည်တွင်းခရုအကြောင်း အတော်အတန် သိသွားပြီဆိုတော့ မင်းတို့စားပွဲပေါ်က ခရုတွေကို သေချာစစ်ဆေးကြည့်လို့ ရပါပြီ” ယွမ်ကျိုးက သူ့လက်ထဲမှ အစိမ်းရောင်ခရုခွံကို အောက်ချထားလိုက်ပြီး တစ်ခွန်းချင်း ပြောဆိုသည်။

“တကယ် မှန်ကန်နေတာပဲ။ ဒီညီအစ်ကို ပြောတာမှန်တယ်”

“မတော်မတရား စီးပွားရေးလုပ်တာပဲ။ မွေးမြူရေးခရုတွေကို ရောင်းပြီးတော့ ပင်လယ်ခရုရောင်းပါတယ်လို့ ပြောရဲသေးတယ်”

အမျိုးသားတစ်ယောက်က မကျေမနပ် ပြောဆိုသည်။

“ဒါဆိုရင် ဒီဆိုင်က ငါတို့ကို နှစ်တော်တော်ကြာအောင် လိမ်ညာထားတာပေါ့။ ငါတို့ကို လျော်ကြေးပေးရမယ်”

တစ်စုံတစ်ယောက်က အရေးကြီးဆုံးအချက်ကို တန်းပြောသည်။

“သေချာတာပေါ့။ သူတို့က ဒီလို မကောင်းတဲ့လုပ်ရပ်တွေကို လုပ်ပြီး စားသုံးသူတွေကို လိမ်ညာခဲ့တာလေ။ တန်ရာတန်ကြေး ပြန်ပေးဆပ်ရမှာပေါ့”

“အခုလေးတင် တိုင်ကြားရေးစင်တာ(၃၁၅)ကို ဖုန်းဆက်တိုင်လိုက်တယ်။ စားသုံးသူတွေရဲ့ တိုင်ကြားမှုကို ဖြေရှင်းပေးပါ့မယ်လို့ အော်ပရေတာ ရုံးက ပြန်ပြောတယ်”

မျက်မှန်တပ်ဆင်ထားသော အမျိုးသားက သူ့ဖုန်းကို အောက်ချလိုက်ပြီး စကားပြန်ပြောသည်။

“ဒီလို နာမည်ကြီးစားသောက်ဆိုင်က အခုလို အရှက်မဲ့တဲ့ လုပ်ရပ်မျိုးကို လုပ်ကိုင်ရလား။ ဒီလိုလုပ်ရပ်မျိုး ဆက်လုပ်နေရင် ဒီဆိုင်ကို ဘယ်သူမှ ထပ်လာမှာ မဟုတ်တော့ဘူး”

ဖောက်သည်တော်တော်များများက သူတို့မကျေနပ်ချက်ကို ထုတ်ပြောသည်။

“ဘာပဲဖြစ်ဖြစ် ငါကတော့ ရဲစခန်းကို ဖုန်းဆက်ထားတယ်။ ဒါက သေချာပေါက်ကို လိမ်လည်မှုပဲ” အမျိုးသားတစ်ယောက်က ထိုင်ခုံမှာ ခြေထောက်ချိတ်ထိုင်ကာ ပြန်ပြောသည်။

ပြဿနာနှင့် ရင်ဆိုင်နေရ၍ အထွေထွေ မန်နေဂျာကော် မတည်ငြိမ်နိုင်တော့ပေ။

ယွမ်ကျိုး ပြောခဲ့သော စကားများက အကျိုးအကြောင်း ဆီလျော်ပြီး အမှန်တရားဖြစ်နေသည်။ သူကိုယ်တိုင် မွေးမြူရေးကန်သို့ သွားရောက်ပြီး ပင်လယ်ခရုနှင့် အနီးစပ်ဆုံး မွေးမြူရေးခရုကို ရွေးချယ်ခဲ့သည်။ စားသုံးသူဖောက်သည်က မမျှော်လင့်ဘဲ အမှန်တရားကို ထုတ်ဖော်နိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။

ယွမ်ကျိုးကို သာမန်ဝတ်စုံနှင့်အမျိုးသားက ပြဿနာအရှုပ်အထွေးထဲ ဆွဲသွင်းသည်ဟု စားပွဲထိုးကောင်မလေး လာမပြောလျှင် သူတို့ပြိုင်ဘက်က သူတို့ကို ထောက်ချောက်ဆင်သည်ဟု ထင်မိလိမ့်မည်။

ယွမ်ကျိုးက ပြဿနာအရှုပ်အထွေးထဲ မပါဝင်ချင်၍ အမြန်ဆုံး ရှောင်ထွက်လာခဲ့သည်။

မစ်ရှင်ပြီးမြောက်သွား၍ ဤနေရာမှာ ဆက်နေစရာ အကြောင်းမရှိပေ။ သို့သော်ငြားလည်း စားသောက်ဆိုင် အပြင်ဘက်သို့ လမ်းလျှောက်ရုံရှိသေး ဖုန်းမြည်လာသည်။

ဖန်သားပြင်ပေါ်တွင် အမည်မသိ ဖုန်းနံပါတ် ပေါ်နေသည်။ တစ်မိနစ်ခန့် တုံ့ဆိုင်းပြီးနောက် ယွမ်ကျိုးက ဖုန်းကိုင်ရန် ဆုံးဖြတ်ခဲ့သည်။

“ဟယ်လို…”

“နောက်ဆုံးတော့ ငါ့ဖုန်းကို ကိုင်ပြီပေါ့ဟုတ်လား။ ဘာလို့များ ဆိုင်ကို အကြာကြီး ပိတ်ထားရတာလဲ။ မင်းက ငါ့ကို ငတ်သေစေချင်တာလား” ရင်းနှီးနေသော အသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။

“အို့စ် စွန်းမင်ပဲ ဘာကိစ္စရှိလို့လဲ” ယွမ်ကျိုးက ဒွိဟဖြစ်သော ခံစားချက်များဖြင့် မေးမြန်းသည်။

“ဘာကိစ္စလဲ ဟုတ်လား။ ဒီလို ပြန်မေးမိတဲ့ မင်းကိုယ်မင်း ရှက်ရကောင်းမှန်း သိရဲ့လား။ ဘယ်တော့ ဆိုင်ပြန်ဖွင့်မှာလဲ ငါ့ကိုဖြေစမ်းပါ” စွန်းမင်က ဖုန်းထဲမှ စိတ်ဆိုးမာန်ဆိုး အော်ဟစ်သည်။

စွန်းမင်က အလုပ်ကြိုးစားသော သူ့ကိုယ်သူ ဂုဏ်ပြုရန် ယွမ်ကျိုး၏ စားသောက်ဆိုင်သို့သွားသော်လည်း စိတ်ရှုပ်စရာကောင်းသော သတိပေးစာကိုသာ မြင်တွေ့ခဲ့ရသည်။ သူ မကြားဖူးသော အပြည်ပြည်ဆိုင်ရာ ဆံပင်မြတ်နိုးသူများနေ့ဟု အကြောင်းပြပြီး ဆိုင်ပိတ်သွားသည်။ စွန်းမင်က ယွမ်ကျိုး၏မကောင်းသော အကျင့်စရိုက်ဆိုးကို လက်တွေ့ကျကျ သိသွားခြင်းဖြစ်သည်။

“မနက်ဖြန် ဆိုင်ဖွင့်မယ်လေ။ သတိပေးစာကို မမြင်လိုက်ဘူးလား”

“ဒါဆိုရင် ဒီနေ့ ဆိုင်မဖွင့်ဘူးပေါ့ ဟုတ်လား” စွန်းမင်က တည်ငြိမ်သော လေသံဖြင့် ပြောနေသော်လည်း ယွမ်ကျိုးက ဒေါသထွက်လာသည်။

“ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ” ယွမ်ကျိုးက စိတ်မရှည်သော လေသံဖြင့် ပြန်မေးလိုက်သည်။

“ဟုတ်ပါပြီ။ မင်းနဲ့ငါ မတွေ့ရတာကြာပြီနော်။ အစားအသောက်တွေစားရင်း ဆုံကြတာပေါ့” စွန်းမင်က သူ့ရည်ရွယ်ချက် အစစ်အမှန်ကို နောက်ဆုံးတော့ ထုတ်ပြောလာသည်။

“ဒါပေမဲ့ လွန်ခဲ့တဲ့ ၅ရက်တုန်းက တွေ့ခဲ့တယ်လေ။ ငါတို့တွေ ဘာသွားစားကြမလဲ” ယွမ်ကျိုးက အဓိကအချက်ကို မေးမြန်းလိုက်သည်။

“မင်းက စားသောက်ဆိုင်ဖွင့်ထားတာပဲလေ။ တခြားဆိုင်မှာ သွားစားဖို့ လိုအပ်လို့လား။ မင်းရဲ့ဆိုင်ကိုပဲ သွားမယ်လေ”

“ငါ ဒီနေ့ ဆိုင်မဖွင့်ဘူး”

ယွမ်ကျိုးက သူ့ဆုံးဖြတ်ချက်ကို မပြင်ပေ။

“ဟုတ်ပါတယ်။ မင်း ဆိုင်မဖွင့်တာ သိပါတယ်။ ငါတို့အုပ်စုအတွက်ပဲ ရောင်းပေးလေ” စွန်းမင်က မရမက တောင်းဆိုသည်။

“တခြားနေရာ သွားကြမယ်။ ငါ့ဆိုင်တော့ မဖြစ်ဘူး”

ယွမ်ကျိုးက သူ့စည်းမျဉ်းကို လုံးဝ မချိုးဖောက်ပေ။

“ငါတို့က ညီအစ်ကိုတွေလေ။ မင်းက ငါ့အတွက်တောင် ဟင်းမချက်ပေးနိုင်ဘူးလား” စွန်းမင်က သူငယ်ချင်း ဂုဏ်ပုဒ်ကို အသုံးချရန် ကြိုးစားသည်။

“မရဘူး။ ငါ မချက်ချင်ဘူး”

“စီးပွားရေးလုပ်ကိုင်ရတာ ပင်ပန်းတယ်။ အနားယူရင်း တခြားဆိုင်မှာ သွားစားကြမယ်။ ဟုတ်ပြီလား” ယွမ်ကျိုးက ဖြေရှင်းချက် ပေးသည်။

“ကောင်းပြီလေ။ ဒီလိုဆိုရင်လည်း အဘိုးလီရဲ့ဘဲကင် သွားစားကြမယ်” ယွမ်ကျိုးက သူ့သဘောထားကို ရှင်းလင်းစွာ ဖော်ပြခဲ့၍ စွန်းမင်က ဆိုင်သတ်မှတ်ပေးလိုက်သည်။

“ကောင်းပြီလေ၊ ညနေ ၅နာရီ ဆုံကြမယ်” အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး ယွမ်ကျိုးက လေးနက်စွာ ပြန်ပြောသည်။

“ကောင်းပြီလေ။ နောက်မှ တွေ့ကြတာပေါ့” ထို့နောက် ယွမ်ကျိုးက အရင်ဆုံး ဖုန်းချလိုက်သည်။

….

ည ၁၁နာရီ ၅၀မိနစ်။ ယွမ်ကျိုးက နောက်တံခါးကို ဖွင့်လိုက်ပြီး မီးခလုတ်များကို နှိပ်လိုက်သည်။

“ဟမ်။ ဆိုင်က သန့်ရှင်းသပ်ရပ်နေပါလား”

ယွမ်ကျိုးက ဒယိမ်းဒယိုင်ဖြင့် အပေါ်ထပ်သို့ တက်သွားသည်။

ယွမ်ကျိုးက ပုံမှန်ဆိုလျှင် ဘီယာတစ်ပါကင် သောက်နိုင်သော်လည်း ၃ပုလင်းကျော် သောက်ပြီးနောက် မူးသွားသည်။

ယွမ်ကျိုးက ရေမချိုးဘဲ အိပ်ရာပေါ် ပစ်လဲလိုက်သည်။ သူ အိပ်ပျော်ခါနီး စနစ်မှ စာပို့လာသည်။

စနစ် “ဂုဏ်ပြုပါတယ်။ ဆိုင်ရှင်က မစ်ရှင်ရဲ့ပထမအပိုင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဆုလာဘ်ကို ရယူနိုင်ပါပြီ”

“လက်ခံတယ်” ယွမ်ကျိုးက သူ့ကိုယ်သူ ရေရွတ်သည်။

ဆေးဖက်ဝင်လက်ဖက်ကြက်ဥ နှင့် ဖရဲသီးဖျော်ရည် ဆုလာဘ်ကို လက်ခံယူလိုက်သည်။

သို့သော်လည်း အရက်၏ပြင်းထန်သော အကျိုးသက်ရောက်မှုက ယွမ်ကျိုးကို ချက်ချင်း အိပ်ပျော်သွားစေသည်။

ဟင်းပွဲအသစ်၏အမည်နှင့် ဈေးနှုန်းက အောက်ထပ်ရှိ မီနူးတွင် ချက်ချင်း ပေါ်လာသည်။ စားသောက်ဆိုင်၏ ပထမဆုံးဖျော်ရည် နှင့် အဆာပြေမုန့် ဖြစ်သည်။ ဈေးနှုန်းကိုလည်း စာကြောင်း တစ်ကြောင်းတည်းဖြင့် ပြီးပြည့်စုံစွာ ဖော်ပြထားသည်။

အပိုင်း(၅၈)

ပြီးပါပြီ။

“မင်း မမြည်းကြည့်ချင်ဘူးလား။ အခုအချိန်မှာ အထူးအခွင့်အရေး ရှိတယ်လေ”

ယွမ်ကျိုးကိုယ်တိုင်လည်း လက်ဖက်ကြက်ဥကို မြည်းကြည့်ချင်သည်။ စားသုံးသူများက အော်ဒါတင်မှသာ လက်ဖက်ကြက်ဥက မီးဖိုချောင်ထဲ ပေါ်လာမည်။ ယွမ်ကျိုး မစားသေးသည့် အကြောင်းအရင်းက ဈေးများလွန်း၍ ဖြစ်သည်။

အထူးလျှော့ဈေးနှုန်းက ကြောက်ခမန်းလိလိ ဖြစ်နေ၍ မူလဈေးနှုန်းကို တွေးမကြည့်ရဲပေ။

ဒီကနေ့ ဆိုင်သို့ရောက်လာခြင်းက မှားယွင်းသည်ဟုပင် ခံစားမိသည်။ “ကြက်ဥထမင်းကြော် တစ်ပွဲနဲ့ ဖရဲသီးဖျော်ရည် တစ်ခွက်ပေးပါ”

တုန်လှုပ်သွားသော နှလုံးသားကို ချွေးသိပ်ရန် (၈၈)ယွမ်တန် ဖရဲသီးဖျော်ရည်ကို မြည်းစမ်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

၈၈ ယွမ်တန် ဖရဲသီးဖျော်ရည်က ဈေးများသော်လည်း လက်ဖက်ကြက်ဥနှင့် ယှဉ်လိုက်လျှင် ဘာမှ မဟုတ်ပေ။

“ကောင်းပြီ။ ခဏစောင့်ပေးပါ” ကြက်ဥထမင်းကြော်ကို အရင်ဆုံးပြင်ဆင်သည်။

ဖရဲသီးဖျော်ရည် ပြင်ဆင်ခြင်းက မြန်ဆန်သည်။

“မင်းမှာထားတဲ့ ကြက်ဥထမင်းကြော်ပါ”

ယွမ်ကျိုးက ဖရဲသီးဖျော်ရည် မပါဘဲ ဝူကျိုးစီ ပန်းကန်ပြား သယ်ဆောင်လာသည်။

ယွမ်ကျိုးက ၂.၅ ကီလိုဂရမ်ခန့်ရှိသော ဖရဲသီးကို အခွံခွာနေသည်။ ပုံမှန် ဖရဲသီးများထက် ပို၍ လုံးဝန်းသော သွင်ပြင်ရှိသည်။

“သူဌေးယွမ်၊ ခင်ဗျားရဲ့ဖရဲသီးက ဝိုင်းလှချည်းလား”

“ဟုတ်တယ်” ထိုစကားကိုပြောပြီးနောက် ယွမ်ကျိုးက ဓားအိမ်ထဲမှ ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ဓားက သံချေးတက်‌နေသော အငွေ့အသက် မရှိပေ။ သံချေးအငွေ့အသက်က ဖရဲသီး၏အရသာကို ဖျက်ဆီးပစ်နိုင်သည်။

တစ်ချက်လှီးဖြတ်ရုံဖြင့် ဖရဲသီးက စက်ဝိုင်းခြမ်း ပုံစံဖြစ်သွားသည်။

ယွမ်ကျိုးက ဖရဲသီးအသားကို ဖယ်ထုတ်ပြီး အရည်ကို စစ်ထုတ်မည်ဟု ဝူကျိုး တွေးလိုက်သည်။

သို့သော်လည်း ယွမ်ကျိုးက ဓားပြောင်းလိုက်ပြီး ဖရဲသီး၏အချိုဆုံး အပိုင်းဖြစ်သော အလယ်ပိုင်းကို ခွဲထုတ်လိုက်သည်။ အထဲမှာ အနက်ရောင် အစေ့များ လုံးဝ မပါဝင်ချေ။ အနီသား ဖရဲသီးအသားသာ ပါဝင်သည်။

ဖရဲသီး၏အရည်ရွှမ်းအသားကို ကြီးမားသောဇွန်းဖြင့် ထူးဆန်းသောစက်အသေးထဲ ရွေ့လိုက်သည်။ စက်က အရမ်းမကြီးသော်လည်း ဖရဲသီး၏အရည်ရွှမ်းသော အသားထည့်ရန် လုံလောက်သည်။

အပိုင်း(၅၉)

ပြီးပါပြီ။

အပိုင်း(၆၀)

*

ဖရဲသီး၏အရည်ရွှမ်းသောအသားကို စက်ထဲထည့်ပြီးနောက် ယွမ်ကျိုးက စက်အဖုံးကို ပိတ်လိုက်သည်။ ထို့နောက် ကြီးမားသော ဖန်ခွက်ကို ယူလိုက်ပြီး စက်ထဲမှ အရည်စီးကျလာမည့်နေရာ အောက်တွင် ချထားလိုက်သည်။

ထို့နောက် ယွမ်ကျိုးက အဖုံးပေါ်မှ အမည်းရောင်တုတ်ချောင်းကို ဆုပ်ကိုင်လိုက်ပြီး ဖြည်းဖြည်းချင်း ဖိချသည်။ စက်ထဲမှ ဖရဲသီးအသားကို ကြိတ်ချေလိုက်သောအခါ တောက်ပပြီး ဆွဲဆောင်မှုရှိသော အနီရောင်အရည်များက ဖန်ခွက်ထဲသို့ အဆက်မပြတ် စီးကျလာသည်။

တုတ်ချောင်းကို အဆုံးအထိ ဖိချလိုက်သောအခါ ဖန်ခွက် တစ်ခွက်လုံး အရည်များ ပြည့်နှက်သွားသည်။

"မင်း မှာထားတဲ့ ဖရဲသီးဖျော်ရည် ရပါပြီ" ယွမ်ကျိုးက ခွက်ကို သယ်ဆောင်လာပြီး ဝူကျိုး၏အရှေ့မှာချထားပေးသည်။

ပြီးပါပြီ။

"သူဌေးယွမ်၊ ခင်ဗျားကို အေးတိအေးစက်လူလို့ အမြဲထင်ခဲ့ပေမဲ့ ဒီလိုကျပြန်တော့လည်း ငါ့ကို ကြင်နာတာပဲ"

ဝူကျိုးက ဖရဲသီးဖျော်ရည်ခွက်ကို ကိုင်ဆောင်ကာ ကျပ်မပြည့်သော အမူအရာဖြင့် စကားပြောသည်။

"ခင်ဗျားက ဖရဲသီးရဲ့ အချိုဆုံးအပိုင်းကပဲ အရည်စစ်ထုတ်ပြီး တခြားအပိုင်းကို တခြားသူတွေအတွက် ချန်ထားတာလား"

ဝူကျိုးက စိတ်လှုပ်ရှားသော လေသံဖြင့် စကားဆက်ပြောသည်။

“အားနာပါတယ်။ တခြားစားသုံးသူတွေကို ခင်ဗျားကို ဝန်ဆောင်ပေးသလို တစ်ထေရာတည်း ဝန်ဆောင်မှုပေးတာပါ။ အရည်အတွက် တူညီသော အစိတ်အပိုင်းကိုပဲ အသုံးပြုပါတယ်"

ထိုစကားကိုပြောပြီးနောက် ယွမ်ကျိုးက ဖရဲသီး အကြွင်းအကျန်များကို ကောက်ယူလိုက်ပြီး အောက်တန်းက အံဆွဲထဲ ထည့်လိုက်သည်။

စနစ်က ဖရဲသီးအကြွင်းအကျန်များကို ပြန်လည် စုဆောင်းသည်။

ယွမ်ကျိုး၏ဖြေရှင်းချက်က ဝူကျိုးကို အပြည့်အဝ လက်သင့်မခံနိုင်ပေ။ ယွမ်ကျိုးက ဝန်ခံရန် အင်တင်တင် ဖြစ်နေသည်ဟု သူ ခံစားမိသည်။ ဖရဲသီး အလယ်သားကိုပဲ အသုံးပြုပြီး ကျန်အပိုင်းကို စွန့်ပစ်လိမ့်မည်ဟု မယုံကြည်ပေ။

သို့သော်လည်း သူက စဉ်းစားဆင်ခြင်စွာဖြင့် စကားလမ်းကြောင်းလွှဲသည်။

"သူဌေးယွမ်၊ ‌ဖရဲသီး ချိုချိုအေးအေးလေး သောက်ချင်တယ်။ ရေခဲတုံးလေး အပိုပေးနိုင်မလား" ဝူကျိုးက ဖရဲသီးခွက်လေးကို ဆုပ်ကိုင်ကာ ရေခဲတုံး တောင်းဆိုသည်။

"မရဘူး" ယွမ်ကျိုးက ဆုံးဖြတ်ချက် ပိုင်နိုင်စွာ ပြန်ဖြေသည်။

"ဖရဲသီဖျော်ရည်က သူ့ဘာသူ အေးနေပါပြီ"

ဝူကျိုးက မယုံကြည်နိုင်သော အမူအရာဖြင့် ယွမ်ကျိုးကို ကြည့်လိုက်သည်။

"ခင်ဗျားက နောက်ပြောင်နေပြီ။ ခွက်အပူချိန်က အခန်းအပူချိန်လိုပါပဲ။ ရေခဲတမျှအေးတာတော့ ဖြစ်နိုင်ပါ့မလား"

သို့သော်ငြားလည်း ယွမ်ကျိုးက ဝူကျိုး၏စိုးရိမ်မှုကို လျစ်လျူရှုပြီး တခြားဧည့်သည်ကို နှုတ်ဆက်သည်။

ဤတစ်ကြိမ်တွင် ရောက်ရှိလာသော ဖောက်သည်က သူ့ဆိုင်မှာ တိုက်ရိုက် ထုတ်လွှင့်ဖူးသော ဝမ်မန် ဖြစ်သည်။

"အားလုံးပဲ မင်္ဂလာပါ။ အမည်မဲ့ စားသောက်ဆိုင်လေးစီ နောက်တစ်ကြိမ် ပြန်ရောက်ခဲ့ပါပီ"ဝမ်မန်က ချစ်စဖွယ်ကောင်းသော လေသံဖြင့် သူ့ပရိသတ်များကို စကားပြောသည်။

[ခံ့ညားချောမောတဲ့သူဌေးကို မြန်မြန်သွားတွေ့ပါ မန်မန်။ ငါ သူ့ကို တွေ့ချင်နေပြီ] ယဲ့မိုရှန်

[မဟုတ်ဘူး။ ငါက မန်မန်အစာအသောက်တွေ မြည်းစမ်းတာကိုပဲ မြင်ချင်တယ်] ရှင်းကျန်းရူလိုင်

[ငါက သူဌေးယွမ်ရဲ့ဈေးနှုန်းစာရင်းတွေကို သိချင်နေတုန်းပဲ] Amateur & Understand

[ဟုတ်တယ်၊ မန်မန် ဈေးနှုန်း စာရင်းတွေကို သွားကြည့်သင့်တယ်] GG He He Da

“လူအများစုရဲ့တောင်းဆိုချက်အရ သူဌေးယွမ်ရဲ့ဟင်းပွဲအသစ်တွေကို တစ်ချက်သွားကြည့်မယ်"

ထိုစကားကိုပြောလိုက်စဉ် မန်မန်က သူ့ကင်မရာကို ဈေးနှုန်းစာရင်းဘက်သို့ လှည့်လိုက်သည်။

ဖန်သားပြင်ပေါ်တွင် ပရိသတ်များစွာ၏ စာတိုများ ပလူပြန်လာသည်။

[ငါ မြင်လိုက်တာ ဟုတ်ရော ဟုတ်ရဲ့လား။ ဆေးဖက်ဝင်လက်ဖက် ကြက်ဥရော ဟုတ်ရဲ့လား] Dreams Leaping Forward

[ငါက လက်ဖက်ကြက်ဥတောင် ဝယ်မစားနိုင်တော့ဘူးပဲ။ ဒါက ရွှေကြက်ဥများလား] A Wrong Way towards Belief

[အားနာပါတယ်။ ငါက လက်ဖက်ကြက်ဥတောင် တကယ် ဝယ်မစားနိုင်ဘူး။ ငါက ဆင်းရဲသားလေးပါ။ ဈေးနှုန်းစာရင်းကို ဆက်မကြည့်တော့ဘူး] Fragrant Tile-Fried Chicken

[လူချမ်းသာတွေပဲ စားနိုင်လောက်တယ်။ ကြက်ဥတစ်လုံးကို ၈၈၈ယွမ်တဲ့လား။ ပြဿနာ မရှိဘူး။ ငါ ဝယ်စားနိုင်တယ်။ မန်မန်၊ ငါမင်းကို လက်ဆောင်ပေးမယ်] He&Ro

ထိုစကားလုံးပေါ်လာစဉ် ဝမ်မန်ကို အင်တာနက်မှ တဆင့် ငွေလွှဲသည်။

[ငါ လူချမ်းသာတွေကို မုန်းတယ်။ ဒီစားသောက်ဆိုင်က စိတ်ဓာတ်မည်းသည်းနေတာပဲ။ လက်ဖက်ကြက်ဥကို ၈၈၈ယွမ်တဲ့။ အဲဒီဆိုင်ရှင်က ဓားပြတိုက်စားပါလား။ မဟုတ်သေးဘူး။ ဓားပြတိုက်စားရင်တောင် အဲဒီလောက်အထိ ငွေမဝင်လောက်ဘူး]

Discourse of Dark Night

“ရက်ရက်ရောရော လက်ဆောင်ပေးလို့ ကျေးဇူးပါပဲ He&Ro’s gift ~~ ဒါပေမဲ့ ဒီဈေးနှုန်းက အထူးလျှော့ဈေး ထင်တယ်" မန်မန်က အရင်ဆုံး ကျေးဇူးတင်စကားပြောပြီး အထူးလျှော့ဈေးဟူသော စကားလုံးကို မီးမောင်းထိုးပြသည်။

[အို့စ် မရဘူး။ အထူးလျှော့ဈေးဆိုတဲ့ အသုံးအနှုန်းကို လက်မခံနိုင်ဘူး။ ငါ့လို လူချမ်းသာက မူလဈေးနှုန်း သတ်မှတ်ထားတဲ့ ဟင်းပွဲကိုပဲ စားမယ်] He&Ro

[ငါကတော့ ညစ်ညစ်ပတ်ပတ်တွေပဲ ဆက်စားတော့မယ် ဘိုင့်ဘိုင်] GG He He Da

“ဆိုင်ရှင်က ဖရဲသီးဖျော်ရည်လည်း ရောင်းနေပီ။ ကြက်ဥထမင်းကြော် နဲ့ ဖရဲသီးဖျော်ရည် အော်ဒါတင်မယ်"

မန်မန်က ခေါင်းမော့လိုက်ပြီး ပျော်ရွှင်စွာ မပြောခင် အော်ဒါတင်မည့် ပွဲများကို စဉ်းစားနေသည်။

ထိုစဉ် ယွမ်ကျိုးက အနားရောက်လာပြီး မေးမြန်းသည်။

"ဘာစားချင်လဲ"

"ဖရဲသီးဖျော်ရည် တစ်ခွက် နဲ့ ကြက်ဥထမင်းကြော် တစ်ပွဲပေးပါ" ဝမ်မန်က ဟင်းပွဲကို ချက်ချင်းမှာလိုက်ပြီး မိုဘိုင်းလ်ဖုန်းကို စင်ပေါ်တင်ပြီး ပရိသတ်များနှင့် ဆက်လက် စကားပြောသည်။

"ကောင်းပြီ။ ခဏစောင့်ပေးပါ"

အရင်တစ်ခေါက်ကလိုပဲ ယွမ်ကျိုးက ဖရဲသီးဖျော်ရည် မဖျော်ခင် ကြက်ဥထမင်းကြော်ကို အရင်ဆုံး ပြင်ဆင်သည်။

ထိုစဉ် ဝမ်မန်က ရုတ်တရက် ထအော်သည်။

"သူဌေးယွမ်။ ဟင်းပွဲ ပြင်ဆင်တာကို တိုက်ရိုက်ထုတ်လွှင့်လို့ ရမလား"

ယွမ်ကျိုးက ဖရဲသီးကို ယူပြီး ဖျော်ရည်ဖျော်ရန် ပြင်ဆင်နေ၍ သူမက အလောတကြီး မေးမြန်းလိုက်သည်။

စက္ကန့်ပိုင်းခန့်ကြာအောင် စဉ်းစားပြီးနောက် ယွမ်ကျိုး သဘောတူလိုက်သည်။ ဤကောင်မလေးက သူ့ကို မစ်ရှင်တစ်ခု ပြီးမြောက်အောင် ကူညီခဲ့ဖူး၍ သူမ၏တောင်းဆိုမှုကို လက်ခံပေးသင့်သည်။

"အားလုံးကြည့်ကြပါ။ အခုဆိုရင် သူဌေးယွမ်က ဖရဲသီးဖျော်ရည် လုပ်ပါတော့မယ်"

ဝမ်မန်က ကင်မရာကို ယွမ်ကျိုးဘက် မလှည့်ခင် အရေးကြီးသော အချက်ကို ကြေညာသည်။

ပရိသတ်တချို့က သိပ္ပံနည်းကျ အသိပညာများကို ကြွားဝါးနေသည်။

"ဖရဲသီးဖျော်ရာ်အတွက် အစေ့မပါတဲ့ ကုန်ကြမ်းဖရဲသီးကိုပဲ ပုံမှန် အသုံးပြုတယ်။ ဒါမှလည်း ဖရဲသီးအစေ့ရဲ့ ခါးသက်သက် အရသာကို မခံစားမိမှာလေ။ နောက်ပြီ အရသာပိုကောင်းအောင် ဖရဲသီးဖျော်ရည်ထဲ ရှောက်သီးညှစ်ထည့်တယ်]

Fragrant Tile-Fried Chicken

သူ့နာမည်အရ အစားအသောက်ကျွမ်းကျင်သူဟု ထင်ရသည်။ သူက ဖရဲသီးဖျော်ရည်နှင့် ပတ်သက်ပြီး အများကြီး သိထားသော်လည်း သူ့ခန့်မှန်းချက်က မှားယွင်းနေသည်။

[Fragrant Tile-Fried Chickenက ဒီတစ်ခေါက်တော့ မှားသွားပြီ။ သူဌေးက အစေ့ပါတဲ့ ဖရဲသီးကို သုံးထားတယ်။ ဖရဲသီးလှီးတုန်းက မင်း မမြင်လိုက်ဘူးလား] GG He He Da

[ဘုရား...ဘုရား...သူဌေးက မန်မန်အတွက် အနူးညံ့ဆုံး အလယ်သားကိုပဲ သုံးမှာလား။ ငါတို့မန်မန်လေးကို သူဌေးက စွဲလမ်းနေလို့များလား] Bloody Lotus.

[ဖရဲသီးရဲ့ထူးခြားချက်ကို ဘယ်သူမှ မရှာတွေ့ဘူးလား] He&Ro

[ငါ သိရသလောက်တော့ ဒီဖရဲသီးမျိုးကို၂၂၇ယွမ်နဲ့ ဈေးကွက်မှာ ရောင်းချတယ်။ ရှင်းကျန်းစီရင်စုဒါမှမဟုတ် ဟော့ကိုင်းဒိုး ဖရဲသီးမျိုး ဖြစ်နိုင်တယ်။ ဒီမျိုးစိတ်က ရှားပါးပေမဲ့ သူ့အချိုဓာတ် နဲ့ အရသာက အကောင်းဆုံးပဲ]

He&Ro

[ဒီဖရဲသီးက နှစ်စဥ် အလုံး ၁၀၀ လောက်ပဲ ထွက်တယ်။ ဒါကြောင့်မို့ တစ်လုံးကို ဒေါ်လာ ၄၀၀၀ တန်တယ်။ မနှစ်တုန်းက တစ်ခါ ဝယ်စားဖူးတယ်။ သူဌေးယွမ်ရဲ့ ဖရဲသီးက ဘယ်ကလာမှန်း သိချင်လိုက်တာနော်] He&Ro

မန်မန်က ပရိသတ်များကိုယ်စား မေးမြန်းလိုက်သည်။ "သူဌေးယွမ်၊ ရှင်က ဖရဲသီးရဲ့ အလယ်သားကိုပဲ ယူသုံးတာလား။ အစေ့နဲ့ တခြားအပိုင်းတွေကို ယူပြီး ဖျော်ရည်များများ ဖျော်လို့ရတယ်မလား။ ဒါတွေကို ဘယ်လိုဖြေရှင်းလဲ"

“ဖရဲသီးရဲ့ကျန်ရှိတဲ့ အစိတ်အပိုင်းအားလုံးကို ဓာတ်မြေသြဇာ ဖန်တီးဖို့ ပြန်လည်အသုံးပြုသွားမှာပါ” ယွမ်ကျိုးက ဖရဲသီးဖျော်ရည်ခွက်ကို ဝမ်မန်ဆီသို့ အရင်ပေးလိုက်သည်။ ထို့နောက် သူ့မျက်နှာဖုံးကို ချွတ်ကာ သူမကို ပြန်ဖြေသည်။

ချက်ချင်းဆိုသလိုပင် ကြည့်ရှုသူများက အလွန်အံ့သြသွားကြသည်။ ဖန်သားပြင်ပေါ်မှ မှိတ်တုတ်မှိတ်တုတ် ပေါ်လာသော မက်ဆေ့ချ်များအားလုံး ရုတ်တရက် ပျောက်သွားသည်။ အချိန်အတော်ကြာပြီးနောက်၊ He&Ro ပရိတ်သတ်က မက်ဆေ့ခ်ျတစ်စောင် ပေးပို့လာခဲ့သည်။

[ဒီသူဌေးက အံ့သြစရာကောင်းလဲ။ ကျေးဇူးပြုပြီး ဆိုင်လိပ်စာကို မျှဝေပေးပါ။ ငါမနက်ဖြန် ဆိုင်မှာ လာစားမယ်] He&Ro

[ရေနဲ့‌မဖျော်ဘဲ ဖရဲသီးအလယ်သားနဲ့ ဖျော်ထားတဲ့ ရိုးရိုးဖရဲသီးဖျော်ရည်လား]

[စောနတုန်းက ချမ်းသာတဲ့လူ ပြောခဲ့တဲ့အတိုင်းပါပဲ။ ဖရဲသီးရဲ့အလယ်သားကိုပဲ အသုံးပြုထားရင် ၈၈ယွမ် စျေးနှုန်းက အရမ်းသက်သာတယ်လို့ ကျွန်တော်ထင်ပါတယ်]

[တိုက်ရိုက်ထုတ်လွှင့်မှုကို ဒူးထောက်ပြီး ကြည့်နေလို့ ငါ့အမေတောင် ငါ့ကိုမေးယူရတယ်]

ထို့နောက် ဖန်သားပြင်ပေါ်ရှိ မက်ဆေ့ချ်များကို ပုံမှန်အတိုင်း ပြန်သွားပါ။ ရက်ရောသော

သူဌေးအကြောင်းပြောနေကြသည့် မှတ်ချက်အမျိုးမျိုးက အဆက်မပြတ်ထွက်ပေါ်လာပြီး ပရိတ်သတ်တွေက ၂၂၇ယွမ် တန်ဖိုးရှိသော ဖရဲသီးဖျော်ရည်ကို မြည်းစမ်းကြည့်ဖို့ ၈၈ယွမ် သုံးစွဲရန် ဆုံးဖြတ်ခဲ့ကြသည်။

"သူဌေးယွမ် က တကယ့်ကို ရက်စက်ပြီး ဘာမှမထူးခြားဘူး" ထိုအချိန်တွင် ကောင်မလေး အနားတွင် ထမင်းစားနေသော ဝူကျိုးက ဝမ်းနည်းစွာပြောသည်။

ယွမ်ကျိုးက သူ့ကို ထူးထူးခြားခြား ဆက်ဆံပေးသည်ဟု ယုံကြည်ခဲ့ခြင်းက နားလည်မှုလွဲခဲ့မှန်း ဝူကျိုး ယခုမှ သဘောပေါက်သည်။

အပိုင်း(၆၀)

ပြီးပါပြီ။

All Chapters