← Chapters

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အပိုင်း(၇၃)

ပြီးပါပြီ။

အပိုင်း(၇၄)

*

မနက်စာရောင်းချသော အချိန်တစ်နာရီက ကုန်ဆုံးသွားသည်။ မနက်စား စားပြီးနောက် ဖောက်သည်များက တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသည်။ သို့သော်လည်း ယွမ်ကျိုးက တံခါးပိတ်မည့် ရည်ရွယ်ချက် မရှိပေ။ ထို့အစား သူ့သီးသန့်ထိုင်ခုံမှာ ထိုင်နေသည်။

"သူဌေးယွမ်၊ ခင်ဗျား ဆိုင် မပိတ်သေးဘူးလား" နောက်ဆုံး ဖောက်သည်က မေးမြန်းသည်။

"မပိတ်ဘူး။ အလုပ်လာလျှောက်မယ့်သူကို စောင့်နေတာ" ယွမ်ကျိုးက အလုပ်သမား ရှာနေခြင်းကို ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"ဘာလို့ ဆိုင်အကြာကြီး မဖွင့်တာလဲ။ ခဏ ဖွင့်ထားလို့ ရသေးတယ်လေ" နောက်ဆုံး ဖောက်သည်က သူ့အတွေးကို ထုတ်ဖော်သည်။

“ဆိုင်ဖွင့်ချိန် ပြည့်သွားပြီလေ" ယွမ်ကျိုးက ကျိုးနွံသော အမူအရာဖြင့် ပြန်ဖြေသည်။

“ကောင်းပြီလေ။ အဆင်ပြေတယ်" ထိုလူက ပခုံးဆက်ခနဲ တွန့်လိုက်ပြီး ထွက်သွားသည်။

ယွမ်ကျိုးက ၎င်းအမျိုးသား စားသောက်ဆိုင်မှ ထွက်သွားသည့်တိုင် ‌ထိုင်ခုံမှ မထခဲ့ပေ။ ထို့နောက် သူ့နောက်က အံဆွဲစီ လမ်းလျှောက်သွားပြီး A4စာရွက်ကို ထုတ်လိုက်သည်။ စာရွက်ပေါ်မှာ ဝန်ထမ်း အလိုရှိသည်ဟုသော စကားလုံးကို သိသိသာသာ ရေးသားထားသည်။

ဝန်ထမ်းအလိုရှိသည်။

အလုပ်ချိန်၊ သတ်မှတ်ချက် အတိအကျ မရှိဘူး(၆ နာရီ နှင့် ၆နာရီအောက်)

အားလပ်ရက်၊ အတိအကျ သတ်မှတ်ချက် မရှိ (ရာသီဥတုအပေါ် အခြေခံသည်)

အလုပ်ပါ အကြောင်းအရာ၊ ပန်းကန်ပြား သယ်ရုံ

လစာ တစ်လ ၃၀၀၀ယွမ်

(တစ်နေ့ လုပ်အားခ ၁၀၀ယွမ်) အိမ်လခ နှင့် လူ့မှုဖူလုံရေး မပါဝင်။

လိုအပ်ချက်၊ နာခံတတ်ရမည်။ အရွယ်ရောက် အမျိုးသား နှင့် အမျိုးသမီး မည်သူမဆို လျှောက်ထားနိုင်သည်။

ထပ်တလဲလဲ စစ်ဆေးကြည့်ပြီး ပြဿနာ မရှာတွေ့မှ ယွမ်ကျိုးက တံခါးပေါ်ရှိ သိသာထင်ရှားသော နေရာမှာ စာရွက်ကပ်လိုက်သည်။

မနက် ၉ နာရီ ၄၀ လောက်မှာ မိန်းကလေးတစ်ယောက်က ဆိုင်ရှေ့ ရောက်လာသည်။ သူမက ကျောပိုးအိတ်ကို လွယ်ပြီး ကိုင်ဆောင်ထားပြီး ဆံပင်ခပ်မြင့်မြင့်စီးကာ မြင်းမြီးပုံစံ ဆံပင်ချထား၍ နုပျို တက်ကြွသော သွင်ပြင်ကို ပေါ်လွင်စေသည်။ သူမ၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ခြင်းအားဖြင့် သူမဟာ ကောလိပ်ကျောင်းသူ ဖြစ်ပုံရသည်။

သူမသည် အချိန်ပိုင်းအလုပ်ရှာနေပုံရသည်။ ယွမ်ကျိုးက သူမကို စိုက်ကြည့်နေသည်။ တံခါးပေါ်ရှိ ဝန်ထမ်း အလိုရှိသည်ဟုသော စကားလုံးက သိသာထင်ရှားနေပြီး သူ့လောက် လစာကောင်းကောင်း ပေးနိုင်သည့် စားသောက်ဆိုင်မျိုး အနီး အနားတွင် မရှိဟု ယုံကြည်သည်။

မျှော်လင့်ထားသည့်အတိုင်း မကြာခင်မှာပဲ ကောင်မလေးက ယွမ်ကျို၏ စားသောက်ဆိုင်တံခါးကပ်ထားသော A4စာရွက်ကို သတိထားမိသွားသည်။

ခဏကြာပြီးနောက် ကောင်မလေး၏မျက်ဝန်းများက အံ့အားသင့်သော အပြုအမူကို ဖော်ပြသည်။ သူမက စားသောက်ဆိုင်အတွင်းဘက်ကို အကဲခတ်နေသည်။

သူမက အနွေးထွေးဆုံးအပြုံးကို ဆင်းမြန်းကာ ဆိုင်ထဲ ဝင်လာခွင့် ရှိလား မျက်စပစ်သည်။ သို့သော် လည်း ကောင်မလေးက စိတ်ပျက်သော အမူအရာဖြင့် ထွက်ပြေးသွားသည်။

ကောင်မလေးက ဝံပုလွေ အလိုက်ခံရသော ယုန်သကဲ့သို့ အလျင်အမြန် ထွက်ပြေးသွားသည်။ သူမက ထွက်ပြေးနေစဉ် နောက်လှည့်ကြည့်ရန် မမေ့လျော့ခဲ့ပေ။ သူဌေးယွမ်က သူ့နောက် လိုက်မလာမှ စိတ်အေးလက်အေး သက်ပြင်းချမိသည်။

ခံစားချက်ကင်းမဲ့သော သူဌေးယွမ်က ထွက်ပြေးသွားသော ကောင်မလေးကို တွေတွေကြီး ငေးကြည့်နေမိသည်။ သူ့နှလုံးသား တစ်စစီ ပြိုကွဲရသည်။ သူက အေးတိအေးစက် မော်ကြွားစွာ ပြုမူတတ်၍ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်သော သဘောထားကို ထုတ်မပြတတ်ပေ။

ယွမ်ကျိုးက ခပ်တင်းတင်း မျက်နှာအမူအရာဖြင့် သူ့ရင်ဘတ်အိတ်ကပ်ထဲမှ မှန်သေးသေးလေးကို ထုတ်လိုက်သည်။ ထို့နောက် သူသည် မှန်ထဲတွင် ဆိတ်ဆိတ်နေကာ သွားများကို လှစ်ဟာလိုက်စဉ် သူ့ရုပ်ရည်က အမှန်တကယ် ကြည့်မကောင်းကြောင်း သိရှိသွားသည်။

"ဟမ်၊ ငါက ခပ်တည်တည် နေတဲ့ပုံစံနဲ့ ပိုလိုက်ဖက်ပုံရတယ်"

ယွမ်ကျိုးက မှန်ကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီး သူ့ကိုယ်သူ ရေရွတ်ကာ အပြင်ဘက်သို့ ပြန်ငေးစိုက်ကြည့် လိုက်သည်။

ယခင်တည်းက လမ်းမပေါ်မှာ အချိန်ပိုင်း အလုပ်ရှာကြံသူမှ လွဲ၍ လူများများစားစားမရှိပေ။ အချိန်တရွေ့ရွေ့ ကုန်ဆုံးလာကာ တစ်နေရာတည်းကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိ၍ ယွမ်ကျိုး၏မျက်လုံးများ နာကျင်လာသည်။ ထို့နောက် ကြိုးသိုင်းအိတ်ကို ကိုင်ဆောင်ထားသော လူတစ်ယောက် ဆိုင်ရှေ့ ဖြတ်လာသည်။

စျေးပေါသော ဝတ်စုံကို ၀တ်ဆင်ထားပြီး ရာသီဥတု ပိုပူလာသောကြောင့် နဖူးမှ ချွေးစက်များ သီနေသည်။ ယွမ်ကျိုးက စားသောက်ဆိုင်အဝင်ဝသို့ လမ်းလျှောက်လာသောအခါ ထိုလူ၏ ခြေလှမ်းများ ရပ်သွားသည်။ ညာဘက်သို့ အရင်ကြည့်ပြီးမှ ဘယ်ဘက်ကိုကြည့်သည်။ အနီးနားတွင် ဘယ်သူမှမရှိမှန်း သိလိုက်သည်နှင့် ချွေးကို သုတ်ရန် သူ့အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်လိုက်သည်။ အားလုံးပြီးမှသာ သူသည် တံခါးဝရှိ ကြေညာစာကို ဂရုတစိုက်ဖတ်ပြလိုက်သည်။

စာများများဖတ်လေ သူမျက်မှောင်ကြုတ်မိလေ ဖြစ်သည်။ နောက်ဆုံးတွင်မူ သူသည် နောက်ပြန်လှည့် မကြည့်ဘဲ တန်းထွက်သွားခဲ့သည်။ ယွမ်ကျိုးက သူ့နေရာမှာ တိတ်တိတ်လေး ပြန်ထိုင်လိုက်သည်။

“တကယ်တော့ ငါက ယောက်ျားလေး ဝန်ထမ်း မလိုချင်ဘူး။ အမျိုးသမီး ဝန်ထမ်းကို ပိုသဘောကျတယ်။ ဟုတ်တယ် အဲဒါက အမှန်ပဲ" ယွမ်ကျိုးက သူ့ဘာသာသူ ညည်းညူ ပြောဆိုလိုက်သည်။

တစ်မနက်လုံး ကုန်လွန်သွားပြီးနောက် ယွမ်ကျိုးက တတိယလူ ထပ်ပေါ်လာမည့် အချိန်ကို ထပ် မစောင့်နိုင်တော့၍ ယွမ်ကျိုးက မနက် ၁၁နာရီတွင် ယွမ်ကျိုးက ကြေညာစာကို စုတ်ဖြဲပြီး နေ့လည်စာ ပြင်‌ဆင်ရန် စတင်သည်။

....

နေ့လည်စာစားချိန်သည် ထူးထူးခြားခြားအလုပ်များနေသေးသောကြောင့် စားပွဲထိုးငှားချင်သော ယွမ်ကျိုး၏ ဆုံးဖြတ်ချက် ပိုခိုင်မာသွားသည်။ နောက်ဆုံး ဖောက်သည်များ ထွက်သွားသောအခါ၊ ယွမ်ကျိုးက ဝန်ထမ်းခေါ်ယူမှုသတိပေးချက်ကို တံခါးဝတွင် တစ်ဖန် ပြန်ကပ်လိုက်သည်။ သူသည် ကြေညာစာ၏ အရှေ့တွင် ရပ်နေပြီး အချိန်အတော်ကြာအောင် အသေးစိတ်ဖတ်ရှု‌နေသည်။ ထို့နောက် သူက ကျေနပ်စွာ ခေါင်းညိတ်ပြီးမှသာ စားသောက်ဆိုင်ထဲသို့ ပြန်လာခဲ့သည်။

ဝူဟိုင်းက သူ့အိမ်၏ ဒုတိယထပ်မှ ဤမြင်ကွင်းကို စူးစူးစိုက်စိုက်ကြည့်နေသည်။ သူက မနက်ခင်းမှာ အလုပ်များသော်လည်း နေ့ခင်းဘက်မှာ အားလပ်နေသည်။ ထို့ကြောင့် သူက တယ်လီစကုပ်ကို ထုတ်၍ သူ့အိမ်မှ တဆင့် အသိပေးချက်ကို လှမ်းကြည့်လိုက်သည်။

ချက်ချင်းပင်၊ ဝူဟိုင်းက အားရပါးရ ရယ်မောသည်။ သူ့ရယ်သံက အခန်းတစ်ခန်းလုံး ပဲ့တင်ထပ်လာသည်။

ဝူဟိုင်းက ထူးမခြားနား ကိစ္စရပ်များကို ဂရုမစိုက်သော် ဝန်ထမ်းအသစ် ခန့်အပ်ရေးက ခက်ခဲလိမ့်မည်မှန်း သေချာပေါက် သိနေသည်။

ဝူဟိုင်းက သူ့စိတ်ကြိုက်ရယ်မောပြီးမှ ယွမ်ကျိုးကို ကူညီရန် ဆုံးဖြတ်ခဲ့သည်။ ယွမ်ကျိုးကို ကူညီခြင်းက သူ့ကိုယ်သူ ကူညီခြင်း နှင့် အတူတူပင် ဖြစ်သည်။ ထိုမှသာ ယွမ်ကျိုးက ဟင်းချက်ခြင်းကို အာရုံစိုက်နိုင်မည်။

တစ်ဖက်တွင်မူ ယွမ်ကျိုးက သူ့ခပ်တန်းတန်း နေသောအပြုအမူကို ဆက်လက်ထိန်းသိမ်းခဲ့သည်။ သူသည် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသကဲ့သို့ပင် ခန်းမဆောင်ကြီးထဲတွင် လေးနက်စွာ ထိုင်နေခဲ့သည်။

“သူဌေးယွမ်၊ မင်းရဲ့ ဝန်ထမ်းခေါ်ယူမှု သတိပေးချက်က အလုပ်မဖြစ်ဘူးလား။ အဲဒါကို တည်းဖြတ်ဖို့ လိုအပ်တယ်” ဝူဟိုင်းက စားသောက်ဆိုင်ထဲသို့ ဝင်လာသည့်အခိုက် ပြောလိုက်သည်။

"အို့စ်၊ တကယ်ပဲလား" ယွမ်ကျိုးက မျက်ခုံးပင့်လိုက်ပြီး သူ့နှလုံးသားထဲတွင် တိတ်တဆိတ် မှတ်ချက်ပြုလိုက်သည်။

“ဒီလိုမျိုး စာရေးထားရင် ဘယ်လိုအလုပ်မျိုး လုပ်ရမလဲဆိုတာ ဘယ်သူ သိမလဲ။ အလုပ်ချိန်ကိုတောင် ရှင်းရှင်းလင်းလင်း မရေးထားဘူး” ဝူဟိုင်းက ယွမ်ကျိုးကို အတွေ့အကြုံရင့်ကျက်သောပုံစံဖြင့် စတင်ရှင်းပြခဲ့သည်။

“ဒါပေမဲ့ ကျွန်တော် သေချာ ရေးထားဖူးပါတယ်။ အလုပ်အကြောင်းအရာက ပန်းကန်ပြားတွေသယ်ပြီး အလုပ်ချိန်က ၆ နာရီလေ" ယွမ်ကျိုးက ဝူဟိုင်း၏မှတ်ချက် မမှန်ကန်ကြောင်း ထောက်ပြသည်။

ဝူဟိုင်းက စိတ်ပျက်လက်ပျက်ဖြင့် သူ့နဖူးသူ လက်ဖြင့်ရိုက်ချလိုက်သည်။ ယွမ်ကျိုးက သူ ဆိုလိုသည့် သဘောကို နားမလည်၍ ဝူဟိုင်းက ထပ်မံရှင်းပြသည်။

"ကျွန်တော်က သတ်မှတ်ထားတဲ့ အလုပ်ချိန်နဲ့ သတ်မှတ်ထားတဲ့ အလုပ်အကြောင်းအရာကို ရည်ညွှန်းတာပါ"

သို့သော်လည်း ယွမ်ကျိုးက "မင်းအလုပ်သမား ခန့်ဖူးလား" ဟူသော စကားလုံးဖြင့် ငြင်းခုန်သည်။

“ဟမ်၊ အလုပ် မခန့်ဖူးဘူး" ဝူဟိုင်း ရှုံးသွားသည်။

ယွမ်ကျိုး ၏ မျက်ဝန်းတွင် အထင်အမြင်သေးသော ခံစားချက်များ ထင်ထင်ရှားရှား ပေါ်လာပြီး ဝူဟိုင်းကို လျစ်လျူရှုသွားသည်။

ထိုစဉ် လူငယ်တစ်ဦးသည် အပေါက်ဝမှ ဖြတ်သွားခဲ့သည်။ သူ့တွင် သိမ်မွေ့သောအသွင်အပြင်နှင့် ဖြူစင်သန့်ရှင်းသော မျက်နှာထားရှိပြီး အထက်တန်းကျောင်းသားလေးတစ်ဦးနှင့်တူသည်။ သူ့အသက် ၁၈ နှစ်ထက် မပိုနိုင်‌ချေ။

သူသည် ဝန်ထမ်းခေါ်ယူရေးသတိပေးချက်ကို အချိန်အတော်ကြာအောင် ဖတ်ရှုပြီးနောက် ဆိုင်းငံ့ကာ စားသောက်ဆိုင်ထဲသို့ ဝင်ကာ “အချိန်ပိုင်းအလုပ်သမား ခေါ်ယူနေသလား” ဟု မေးသည်။

"ဒီမှာ နေ့တိုင်း ဘယ်နှစ်နာရီ အလုပ်လုပ်နိုင်လဲ" ယွမ်ကျိုးက အလွန်လေးနက်ပြီး စိတ်အားထက်သန်သော အမူအရာဖြင့် မေးမြန်းသည်။

“၆ နာရီက ပြဿနာ မရှိပါဘူး” လူငယ်၏အသံသည် ကြည်လင်ပြတ်သားသည်။

"မင်း ဘယ်မှာနေတာလဲ" ယွမ်ကျိုးက ကောင်လေးကို အကဲခတ်လိုက်ပြီး လေးက အရမ်းပိန်ပြီး အားနည်းလွန်းသည်ဟု ခံစားမိသည်။

“သိပ်မဝေးဘူး။ ဒီကနေ ၁၀ မိနစ်လောက် လမ်းလျှောက်ရင် ရောက်တယ်” လူငယ်၏ အသံတွင် စိုးရိမ်စိတ်ကို ခံစားမိနိုင်သည်။

"ငါ ထမင်းမကျွေးဘူး" ယွမ်ကျိုးက သူ့အခြေအနေတွေကို ဆက်ပြောပြသည်။

"ပြဿနာမရှိပါဘူး။ အိမ်ပြန်ပြီး ထမင်းစားမယ်"

ဘေးနားတွင် ရပ်ကာ အကဲခတ်နေသော ဝူဟိုင်း အံ့ဩဘနန်း ဖြစ်နေသည်။ “ဒီလိုရယ်စရာကောင်းတဲ့ ဝန်ထမ်းခန့်စာကို ဒီလိုကောင်လေးကပဲ ဂရုတစိုက်ဖတ်ပြီး ဆိုင်ထဲဝင်လာတယ်” ဟု စိတ်ထဲ တွေးလိုက်သည်။

"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် မနက်ဖြန် အချိန်မှန်လာခဲ့ပါမယ်။ စိတ်ချပါ သူဌေး" ကောင်လေး၏ မျက်နှာပေါ်တွင် ကြီးမားသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"ဪ ကောင်းပြီလေ မင်းရဲ့နာမည်ဘယ်လိုခေါ်လဲ"

ထိုစဉ် ယွမ်ကျိုးက သူ့ဝန်ထမ်းအမည်ကို မသိကြောင်း သတိရသွားသည်။

"ကျဲယွမ်၊ ကျွန်တော်က မုကျဲယွမ်" ကောင်လေးက အလိုက်သင့် ဖြေဆိုသည်။

မုကျဲယွမ်

မျိုးရိုးအမည်က မု။ အတော်လေး ရှားရှားပါးပါး မျိုးရိုးအမည် ဖြစ်‌သည်။ ပထမဆုံး ဘုံမျိုးရိုးအမည် ၁၀၀ သို့မဟုတ် ၁၀၀၀ တွင်ပင် ၎င်းမပါဝင်ချေ။

အပိုင်း(၇၄)

ပြီးပါပြီ။

အပိုင်း(၇၅)

*

ယွမ်ကျိုး၏ ဖော်ရွေသော အပြုအမူကြောင့် မုကျဲယွမ်က အရဲကိုးပြီး တောင်းဆိုလိုက်သည်။

“ဒါပေမဲ့ ကျွန်တော် နေ့တိုင်း လစာ လိုချင်တယ်။ အဆင်ပြေရဲ့လား" မုကျဲယွမ် ဟုခေါ်သော လူငယ်က ရှက်ရွံ့စွာ မေးသည်။

"ပြဿနာမရှိပါဘူး။ ကျန်းမာရေး လက်မှတ် ယူဖို့ မမေ့နဲ့။" ယွမ်ကျိုးသည် ၎င်း၏တောင်းဆိုမှုကို အလွယ်တကူ သဘောတူပြီး အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းတွင် လုပ်ကိုင်နေသော အလုပ်သမားအားလုံးအတွက် ကျန်းမာရေး လက်မှတ် လိုအပ်ကြောင်း စိတ်ချစွာ သတိပေးခဲ့သည်။

"ကျေးဇူးတင်ပါတယ် သူဌေး၊ ကျွန်တော် သွားမယ်။ ကျွန်တော် အခုပဲ သွားယူလိုက်မယ်" မုကျဲယွမ်၏ နူးညံ့သိမ်မွေ့သောမျက်နှာပေါ်တွင် ပျော်ရွှင်သော ခံစားချက်များ ပေါ်လာသည်။

"ကောင်းပြီ၊ ဆက်လုပ်ပါ" ယွမ်ကျိုး ကျေနပ်နေသည်။ ခပ်တည်ခပ်တန်းတန်း အမူအရာက သူနှင့် ပိုသင့်‌‌လျော်သည်ဟု ခံစားမိသည်။

"ဒုန် ဒုန် ဒုန်" လူငယ်လေးက ဝမ်းသာအားရ ထွက်ပြေးသွားသည်။

“ပုံစံကြည့်ရတာ လူငယ်လေးက အသက်မပြည့်သေးပုံရတယ်” ဝူဟိုင်းက သူ့ကို ကူကယ်ရာမဲ့ သတိပေးသည်။

"ကိစ္စမရှိပါဘူး။ မကြာခင် နွေရာသီ အားလပ်ရက် ရောက်တော့မည်။ နွေရာသီ ကျောင်းပိတ်ရက်မှာ လေ့ကျင့်ရေးဆင်းတယ်လို့ ယူဆနိုင်တယ်" ယွမ်ကျိုးက လူငယ်လေးမုကျဲယွမ် အသက်ငယ်သေးမှန်း သိသည်။

“ရေရှည် အလုပ်လုပ်မယ့် အလုပ်သမားကို အလုပ်ခန့်တာ မဟုတ်ဘူးလား"

ဝူဟိုင်း အံ့ဩသွားသည်။

ယွမ်ကျိုး၏ စားသောက်ဆိုင်ငယ်သည် ရေရှည်အချိန်ပြည့် အလုပ်သမားကို ခေါ်ယူရန် ပိုသင့်လျော်သည်။ အလုပ်သမား ခဏခဏ ပြောင်းရခြင်းက တော်တော် ဒုက္ခရောက်သည် မဟုတ်ပါလား။

“ကိစ္စ မရှိဘူး။ ငါ သူ့ကိုသဘောကျတယ်" ယွမ်ကျိုး က ဝူဟိုင်းကိုကြည့်သည်။ သူ့အကြည့်က "ဘာလို့ မပြန်သေးတာလဲ"ဟူသော အကြည့် ဖြစ်သည်။

"အိုကေတယ်နော်။ မင်းက အရမ်းကို ရူးကြောင်ကြောင်နိုင်တယ်။ ငါထွက်သွားတော့မယ်”

ဝူဟိုင်းက ကူကယ်ရာမဲ့စွာပြောသည်။

“ဟွန့်၊ နှုတ်ဆက်တယ်” ဝူဟိုင်း စားသောက်ဆိုင်မှ ထွက်သွားသည်နှင့် ယွမ်ကျိုးက ဆိုင်တံခါးကို ပိတ်လိုက်သည်။

...

နောက်နေ့မနက်စောစောတွင် မုရှောင်ယွမ်က ယွမ်ကျိုး၏ စားသောက်ဆိုင်အဝင်ဝကို မနက် ၆ နာရီ ၄၅ မိနစ်မှာ ရောက်ခဲ့သည်။ တံခါးပေါက်ဝတွင် လှဲနေသော ခွေးလေးကြောင့် လန့်ဖျပ်သွားသည်။

"မင်းက ငါ့ကို လန့်အောင် လုပ်တာပဲ" မုရှောင်ယွမ်က သူ့ရင်ဘတ်သူ လက်ဖြင့် သပ်လိုက်ပြီး ခွေး၏ ခြိမ်းခြောက်မှုကြောင့် ခြေလှမ်း အနည်းငယ် နောက်ဆုတ်လိုက်သည်။

"ဒီခွေးကို ဆိုင်ရှင်သူဌေး မွေးထားတာလား။ အစ်ကိုက ဘာလို့မပြောတာလဲ" အသံတိုးတိုးလေးဖြင့် ညည်းတွားရင်း တံခါးဝတွင် ယွမ်ကျိုး တံခါးဖွင့်မည့် အချိန်ကို စောင့်နေသည်။

မှန်ပါတယ်၊ မုရှောင်ယွမ်က မုကျဲယွမ်၏ ညီမဖြစ်ပြီး အသက် ၁၆ နှစ်သာ ရှိပါသေးသည်။ သူ့အစ်ကိုက သူ့ကို ဒီဆိုင် လာဖို့ တောင်းဆိုခဲ့သည်။

ယွမ်ကျိုးက မနက်ခင်းတွင် (ရှောင်လုံပေါင်း) စွပ်ပြုတ်ဖက်ထုပ်လုပ်ရန် ဆုံးဖြတ်ပြီးကတည်းက တကယ်ပင် အိပ်ရာထနေပြီဖြစ်သည်။ သူ့အစ်ကိုမုကျဲယွမ် ထက် ချစ်စရာကောင်းသည့် မိန်းကလေးဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ မုရှောင်ယွမ်က စောစောရောက်လာ၍ ယွမ်ကျိုးက မုန့်ညက် နယ်နေတုန်း ဖြစ်သည်။

၁၅ မိနစ်အကြာတွင် ယွမ်ကျိုးက ဂျုံမှုန့်ကပ်နေသောလက်ကို ခါလိုက်ပြီး မီးဖိုချောင်ဘေစင်တွင် လက်ဆေးကြောလိုက်သည်။ ထို့နောက် ဆိုင်တံခါးဖွင့်လိုက်သည်။

အမွေးအရောင် ရောနှောထားသော ခွေးက ထရပ်ကာ သူ့ဘာသူ အေးအေးဆေးဆေး ထွက်ခွာသွားသည်။ မည်သို့ပင်ဆိုစေကာမူ မုရှောင်ယွမ် ၏နူးညံ့သိမ်မွေ့ပြီး ကလေးဆန်သောမျက်နှာတစ်ပြင်လုံးတွင် ထိတ်လန့်တုန်လှုပ်သော ခံစားချက်များ ဖုံးလွှမ်းနေသည်။

တံခါးဖွင့်လိုက်လိုက်ချင်း ယွမ်‌ကျိုးက အသက် ၁၅ နှစ် ၁၆ နှစ် အရွယ်ရှိသော မိန်းကလေးတစ်ယောက်ကို မြင်တွေ့လိုက်သည်။

"မင်းက ဘယ်သူလဲ" ယွမ်ကျိုး သည် ခပ်ခွာခွာနေကာ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဟုတ်ကဲ့။ တောင်းပန်ပါတယ် သူဌေး။ အစ်ကို့က မတော်တဆ ထိခိုက်သွားလို့ သူ့ကိုယ်စား အလုပ်လာလုပ်တာပါ" ကောင်မလေးသည် သူမ၏ ၀တ်စုံစထောင့်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ဖြူဖွေးသော ပါးပြင်က နီမြန်းနေသည်။

ယွမ်ကျိုးက ခံစားချက်ကင်းမဲ့သော မျက်နှာအမူအရာကို ဆက်လက် ထိန်းသိမ်းထားပြီး သူ့အရှေ့က အရုပ်မလေးကို ကြည့်လိုက်သည်။

အရုပ်နှင့်တူသော ကောင်မလေးက ချစ်ဖို့ကောင်းပြီး သူ့အသံက နူးညံ့ ချိုသာသည်။ သို့သော်လည်း ယွမ်ကျိုးသည် သူ အသစ်ခန့်အပ်ထားသော စားပွဲထိုးက ပထမဆုံးနေ့တွင် ပျက်ကွက်မည်ဟု မမျှော်လင့်ထား၍ ယွမ်ကျိုး ခေါင်းကိုက်နေသေးသည်။

“စကားမစပ်၊ ကျွန်မက မုကျဲယွမ်ရဲ့ ညီမ မုရှောင်ယွမ်ပါ။ သူဌေး၊ ကျွန်မ အစ်ကိုအစား ဒီဆိုင်မှာအလုပ်လုပ်လို့ရမလား" မုရှောင်ယွမ်၏ မျက်နှာသည် ပို၍ပင် နီမြန်းလာသည်။

မုရှောင်ယွမ်သည် သူမ၏ ၀တ်စုံကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး "သူဌေးရဲ့ အေးတိအေးစက်ပုံစံက အရမ်းကြောက်ဖို့ကောင်းတယ်" ဟု စိုးရိမ်တကြီး တွေးလိုက်သည်။

ကြောက်ရွံ့တုန်လှုပ်နေသော ကလေးမ ထွက်ပြေးသွားမည်ကို စိုးရိမ်၍ ယွမ်ကျိုးက နှုတ်ဖွင့်ဟလိုက်သည်။

“လာ အထဲဝင်လာခဲ့”

"ဟုတ်ကဲ့။ ရနိုင်တယ်မလား။

ကျေးဇူးတင်ပါတယ် သူဌေး"

မုရှောင်ယွမ်က စက္ကန့်ပိုင်းခန့် ကြောင်ရပ်နေပြီး ပျော်ရွှင်စွာ ထခုန်လိုက်သည်။

ကောင်မလေး၏ အရှေ့မှာ လမ်းလျှောက်လာရင်း ယွမ်ကျိုးက ဂရုမစိုက်ဟန် အပြုအမူဖြင့်

"မင်းအစ်ကို ဘာဖြစ်သွားတာလဲ"ဟု မေးမြန်းလိုက်သည်။

“သူ့ခြေထောက်ကျိုးသွားတယ်” မုရှောင်ယွမ်က တိုးညှင်းသောလေသံဖြင့် ဖြေသည်။

"ဒါပေမဲ့ မနေ့တုန်းက အကောင်းပကတိကြီးပါ"

ယွမ်ကျိုးက အံသြစွာ မေးလိုက်သည်။

“ဟုတ်တယ်။ မနေ့ညက ခြေထောက်ကျိုးသွားတယ်”

မုရှောင်ယွမ်က ရိုးသားစွာ ရှင်းပြသည်။

"ကျိုးသွားတာလား။ ဘယ်လိုဖြစ်တာလဲ" ယွမ်ကျိုးက သူ၏ ပထမဆုံးဝန်ထမ်းအတွက် အတော်လေး စိတ်ပူနေခဲ့သည်။

“ကျွန်မရဲ့အစ်ကိုက မနေ့က ညနေခင်းတုန်းက PC ဂိမ်းဆော့ဖို့ ထွက်သွားတယ်။ ဒါပေမဲ့ ကံမကောင်းတော့ အဖေက ဖမ်းမိသွားတယ်" ထိုသို့ပြောနေစဉ်တွင် မုရှောင်ယွမ်က ယွမ်ကျိုးကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ “နောက်တော့ အဖေက သူ့အခန်းထဲမှာ သော့ခတ်ထားလိုက်တယ်”

"မင်းရဲ့အစ်ကို တိတ်တိတ်လေး ထွက်သွားဖို့ စိတ်ကူးမိတယ်လို့တော့ ငါ့ကို မပြောနဲ့ဦး" Home Alone ဇာတ်ကားတွင် အိပ်ယာခင်းများအကူအညီဖြင့် ဒုတိယထပ်မှ အောက်သို့ဆင်းရသည့် မြင်ကွင်းကို ယွမ်ကျိုး ချက်ခြင်း ပြန်သတိရသွားသည်။

“ဟုတ်တယ်၊ အဲဒါ အမှန်ပဲ” မုရှောင်ယွမ်က ခေါင်းကို ညိတ်ပြပြီး "အစ်ကိုက တတိယထပ်ကနေ ခုန်ချလိုက်တာ မတော်တဆ ခြေထောက်ကျိုးသွားတယ်။ တကယ်ကို ကြောက်စရာကောင်းတယ်”

ထိုစကားကို ပြောပြီးနောက်တွင် သူမ၏ မျက်နှာငယ်လေးပေါ်တွင်

တုန်လှုပ်ချောက်ချားသော အမူအရာ ပေါ်လာသည်။

"မင်းတို့ နေထိုင်တဲ့ အဆောက်အအုံက တစ်ထပ်ကို တစ်မီတာပဲ မြင့်သလား" ယွမ်ကျိုးက အံ့သြသော ခံစားချက်ကို မထိန်းချုပ်နိုင်ခဲ့ပေ။

"မဟုတ်ဘူး။ မဟုတ်ဘူး။ အမြင့် ၃ မီတာရှိပါတယ်" မုရှောင်ယွမ် သည် သူမလက်ဖြင့် သုံးဂဏန်းကို ပြသရန် လက်ထောင်ပြသည်။

ယွမ်ကျိုးသည် သင်္ချာပညာကို အတော်လေး ကျွမ်းကျင်သည်။ အမြင့် ၉ မီတာရှိကြောင်း ချက်ချင်းသိလိုက်ရသည်။ သူ၏ တင်းမာသော မျက်နှာကို ထိန်းသိမ်းရန် မေ့လျော့သွားပြီး သက်ပြင်းချကာ “မင်းအစ်ကိုရဲ့ ခန္ဓာကိုယ်က တကယ်ကို ကြံ့ခိုင်တာပဲ" ဟု ပြောသည်။

"ဟုတ်ကဲ့ ကျွန်မလည်း အဲဒီလို ထင်မိပါတယ်" မုရှောင်ယွမ် ခေါင်းညိတ်လိုက်သည်။

"မင်းရဲ့အစ်ကိုက ဒီမှာ အလုပ်လုပ်ရင် လိုအပ်တဲ့ အချက်ကို ပြောထားလား"

ယွမ်ကျိုးက အဓိက အချက်ကို ပြောလိုက်သည်။

“ဟုတ်တယ်၊ သူ ပြောထားတယ် ဒါက ကျွန်မရဲ့ ကျန်းမာရေး လက်မှတ်ပဲ” မုရှောင်ယွမ်သည် သူမ၏အိတ်သေးသေးလေးမှ ကတ်တစ်ကတ်ကို ထုတ်ကာ ယွမ်ကျိုးအား ပေးလိုက်သည်။

"အိုကေတယ်" ယွမ်ကျိုးက ကတ်ကို မယူခဲ့‌ပေ။ တရားဝင်သက်တမ်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သက်တမ်းမကုန်သေးသည်ကို တွေ့ရှိသောအခါ အိတ်ထဲတွင် ပြန်ထည့်ရန် အချက်ပြခဲ့သည်။

“ဒီစားသောက်ဆိုင်မှာ စားပွဲ ၁၀ လုံးရှိတယ်။ ပန်းကန်တွေကို ဖောက်သည်တွေဆီ သယ်ဖို့ပဲလိုတယ်။ ပန်းကန်ပြားတွေကို ပြန်သိမ်းတာက မင်းအလုပ်မဟုတ်ဘူး” စားသောက်ဆိုင်ငယ်လေးကို ညွှန်ပြရင်း ယွမ်ကျိုးက ပြောသည်။

"ဒါဆို ပန်းကန်ဆေးတာရော" မုရှောင်ယွမ်က ပို၍ အသေးစိတ် မေးမြန်းသည်။ သူမက ပန်းကန်ဆေးရသော အလုပ်ကို အလွန်မုန်းတီးသည်။

“ဒါက မင်းအလုပ်မဟုတ်ဘူး။ ပန်းကန်တွေသယ်ဖို့ပဲ လိုတာ ဒါပဲ” ယွမ်ကျိုးက ပြတ်ပြတ်သားသားဖြေသည်။

"အိုကေ"

မုရှောင်ယွမ် ပြန်ဖြေသည်။

"ငါ့ဆိုင်က အစားအသောက် မကျွေးဘူး။ မနက်စာ မစားရသေးရင် သွားစားလို့ရတယ်။ အလုပ်ပြီးသွားရင် အိမ်ပြန်စားလဲ ရတယ်"

"ဒါနဲ့ သူဌေးရဲ့ဆိုင်က အစားအသောက်တွေ မရောင်းဘူးလား။ ဒီဆိုင်မှာ ဝယ်စားနိုင်တော့ စောစော အလုပ်လုပ်လို့ ရတာပေါ့"

မုရှောင်ယွမ်က ချစ်စဖွယ်ကောင်းသော အပြုံးလေးဖြင့် စိတ်အားထက်သန်စွာ ပြောသည်။

“အိုကေ ရတယ်။ ဒါပေမဲ့ နံရံပေါ်က ဈေးနှုန်းကို အရင်ကြည့်ဦး"

“ဒါနဲ့ မနက်ခင်းမှာ ရှောင်လုံပေါင်းပဲ ရောင်းတယ်" ယွမ်ကျိုးက ကောင်မလေးကို အသိပေးသည်။

“အိုကေ"

မုရှောင်ယွမ်က ရှောင်လုံပေါင်းကို ဝယ်စားနိုင်လိမ့်မည်ဟု တွေးထားသည်။ ဈေးကွက်ထဲတွင် ဖက်ထုပ်က ၈ယွမ်ဖြစ်ပြီး တချို့ဆိုင်က ၆ယွမ်ဖြင့်ပင် ရောင်းချသေးသည်။ သူ့အိတ်ကပ်ထဲက ယွမ်၅၀ဖြင့် မနက်စာ ဝယ်စားနိုင်လိမ့်မည်။

သို့သော်လည်း အမှန်တရားက ရက်စက်လွန်းသည်။ ဈေးနှုန်းစာရင်းကို မြင်သွားသောအခါ မုရှောင်ယွမ်က တံခါးအပြင်ဘက်သို့ ‌ထွက်ပြေးချင်သော ခံစားချက် ရုတ်တရက် ပေါ်လာသည်။

အပိုင်း(၇၅)

ပြီးပါပြီ။

All Chapters