← Chapters

အခန်း (၉၁)

Vol. 10 Ch. 91

အခန်း (၉၁)

Vol. 10 Ch. 91

(91)

ယင်ရိလျို လုံလောက်စွာ အပန်းမဖြေနိုင်ခင်မှာပင် ရေချိုးခန်းထဲမှ ရေကျသံက ရပ်တန့်သွားခဲ့သည်။

ကျင်းယန်က ရေချိုးခန်းထဲမှ ထွက်လာပြီး ရေညှစ်ထားသော ပုဝါအစိုတစ်ထည်ကို ကိုင်လျက် ယင်ရိလျိုဘေးသို့ ပြန်ရောက်ခဲ့သည်။

မတိုင်ခင်က ပြေလျော့သွားခဲ့သော သူမ၏နှလုံးသားမှာ တစ်ဖန် ပြန်တင်းကြပ်လာခဲ့ပြန်သည်။

သူ ချဥ်းကပ်လာသည့်အခိုက်တွင် အရှိန်အဝါကို ဖိနှိပ်ထား‌သော်လည်း သူ၏ပတ်လည်၌ သိသာထင်ရှားပြီး သန်မာသော အရှိန်အဝါက ရှိနေသေး၏။

သို့သော်လည်း ယင်ရိလျိုမှာ အပြစ်ရှိစိတ်ခံစားနေရသောကြောင့် သူမ၏အပြစ်များကို ဝန်ခံရန် တွန်းအားပေးခံရတော့မည့် ခံစားချက်ရနေပြီး ဆိုဖာပေါ်သို့ ပြန်ကျုံ့ဝင်လိုက်မိသည်။

ဆူပုတ်နေသောကလေးမလေး၏ ဖြူဖွေးပြီးနူးညံ့သော ခြေထောက်လေးက ဖုန်မှုန့်နှင့်သဲများ ဖုံးလွှမ်းနေပြီး သူနှင့် ဝေးဝေးနေရန် ကြိုးစားနေသည်ကို မြင်ရလျှင် ကျင်းယန် မျက်မှောင်ကြုတ်သွားလေသည်။

သူက သူမ၏ခြေကျင်းဝတ်ကို ညင်သာစွာ လှမ်းကိုင်လိုက်ချိန်တွင် ပိန်ပါးပြီး ထိခိုက်လွယ်မှုကြောင့် ရပ်တန့်သွားပြီး သူ၏ လှုပ်ရှားမှုများက ပို၍ညင်သာလာခဲ့သည်။

“လိမ္မာတဲ့ကလေးမလေး ငြိမ်ငြိမ်နေနော်”

သူက ခြေထောက်တစ်ဖက်ကို ဒူးထောက်လျက် ယင်ရိလျို၏ခြေထောက်လေးများကို စိတ်ရှည်စွာသုတ်ပေးနေသည်။

ဤရှုထောင့်မှကြည့်လျှင် သူ၏ရှည်လျားပြီး ထူထဲသောမျက်တောင်များကို ယင်ရိလျို မြင်နိုင်ပြီး မျက်လွှာချထားသောကြောင့် ပို၍ညင်သာနေပုံပေါက်လေသည်။

ထိုတခဏတွင် ကလေးမလေး၏နှလုံးသားထဲမှ သူရဲဘောကြောင်မှုက လွင့်ပြယ်သွားပြီး ကျင်းယန်ကို ဗလာဖြစ်စွာ စိုက်ကြည့်နေခဲ့သည်။

သူမ၏ပါးပြင်မှာ နီမြန်းနေပြီး ကျင်းယန်က အဘယ်ကြောင့်ပုံမှန်ထက်ပို၍ ညင်သာနေရသည်ကို နားမလည်ချေ။

သူ ဒေါသထွက်တာမျိုး၊ သူမနှင့်ပက်သက်တဲ့ ကိစ္စများကို သိချင်စိတ်မဖြစ်မိဘူးလား?

သူမ အချိန်အတော်ကြာ သည်းခံခဲ့သော်ငြား သူမတွင် ကျင်းယန်ကဲ့သို့ စိတ်ရှည်မှုမျိုး မရှိသောကြောင့် လက်လျော့လိုက်လေသည်။

သူမ၏မျက်နှာမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ကလေးသံလေးဖြင့် မဝံ့မရဲမေးလိုက်လေသည်။

“ကော သမီးကို မေးစရာဘာမှမရှိဘူးလား…”

ကျင်းယန်သည်က တစ်ပါးသူ၏ ခြေထောက်နှင့်လက်များကို ဘယ်တုန်းကမှ မသန့်စင်ပေးဖူးသော်ငြား ထုထုအတွက်မူ တစ်ကြိမ်ပြီးတစ်ကြိမ် ခြွင်းချက်များပြုလုပ်ခဲ့လေသည်။

သူ၏အမူအရာမှာ လက်ထဲရှိပုဝါက တဖြည်းဖြည်း ညစ်ပတ်လာသည်ကို မမြင်နိုင်သည့်နှယ် ပုံမှန်အတိုင်း တည်ငြိမ်နေခဲ့သည်။

သူငယ်ချင်းလေး စကားပြောသည်ကိုကြားချိန်တွင် သူမကိုတစ်ချက်ကြည့်လိုက်သည်။ ယုန်လေးက သူ့ကို လှည့်စားခဲ့သူဖြစ်သော်ငြား ဤအခိုက်အတန့်တွင်မူ သူ်ဘက်မှ ကြမ်းတမ်းသည့်တစ်ခုခုကို ပြောလိုက်သည်နှင့် သူမက ငိုယိုမည့်နှယ် နှုတ်ခမ်းဆူနေသောကြောင့် ကြည့်ရသည်မှာ အတော်လေးသနားစရာကောင်းနေလေသည်။

ဤကဲ့သို့ သိမ်မွေ့ပြီး နူးညံ့သောကလေးမလေးတစ်ယောက်ကို သူ တစ်ကိုယ်တည်း မပျိုးထောင်ဖူးသဖြင့် တခဏမျှ ဘာပြောရမည်မသိချေ။

ထို့ကြောင့် သူမ၏ခြေထောက်ကို သန့်ရှင်းအောင်သုတ်ပြီး ခြေထောက်တိုတိုလေးအား အနီရောင်ဝတ်စုံဖြင့် ဖုံးပေးပြီးနောက် ယင်ရိလျိုကို မျက်နှာချင်းဆိုင်ရန် လှည့်လိုက်လေသည်။

ကျင်းယန်၏အကြည့်သည်က လေးနက်နေခဲ့၏။ သူ၏မျက်နှာမှာ အမူအရာမဲ့နေသော်ငြား ဤသည်မှာ သူ အညင်သာဆုံးနှင့်အနူးညံ့ဆုံး ဆက်ဆံခြင်းသာ ဖြစ်ကြောင်း သူမ ခံစားနိုင်လေသည်။

သူ၏ သန်မာသော အရှိန်အဝါအားလုံးကို ဘေးဖယ်ပြီး ယင်ရိလျိုအား စူးစိုက်ကြည့်နေသည်။

“မင်း ကောကိုပြောပြချင်ရင် ကောမေးမယ် .. ကောကိုမပြောချင်ရင် ကောဘက်ကလည်း မေးမှာမဟုတ်ဘူး”

စိတ်သဘောထားချင်း မတိုက်ဆိုင်ဟု ခံစားရသဖြင့် ယင်ရိလျို နှုတ်ခမ်းကို စူလိုက်မိသည်။

သူမ၏ဖောင်းကစ်ကစ် မျက်နှာလေးကို ရှုံ့မဲ့လိုက်ပြီး လက်ကလေးများက ဂါဝန်အနားစကို ဂနာမငြိမ်စွာဖြင့် ကိုင်နေခဲ့သည်။

အခန်းက တခဏမျှ တိတ်ဆိတ်သွားလေသည်။

ကျင်းယန် သူ၏လက်ထဲမှ ပုဝါကို အောက်သို့ ချလိုက်ကာ ကလေးမလေး၏။ မျက်လုံးများကို အလေးအနက်ကြည့်ပြီး နူးညံ့စွာမေးလိုက်သည်။

“မင်းရဲ့နာမည်ကို သိပါရစေ”

ကလေးမလေးက သူ၏မျက်လုံးထဲသို့ စိုက်ကြည့်လိုက်ပြီးနောက် မျက်လွှာချလိုက်ကာ အတော်ကြာတိတ်ဆိတ်နေပြီးမှ ပြန်ဖြေခဲ့သည်။

“ကျွန်မရဲ့နာမည်က ယင်ရိလျိုပါ”

ကလေးမလေးတွင် နာမည်နှင့် မျိုးရိုးနာမည်ရှိသည်ကို သိပြီးနောက် သူမက အသက်ဝင်လာခဲ့သည့် ယုန်နတ်သမီးလေးဖြစ်ကြောင်းကို ကျင်းယန် ပို၍ခိုင်မာစွာ ယုံကြည်သွားခဲ့သည်။

သူက ယင်ရိလျို၏ခေါင်းလေးကို ပွတ်ပြီး ဆက်မေးလိုက်၏။

“မင်း ကောကို ကြောက်နေတာလား?”

အေးစက်သည့်မျက်နှာအမူအရာဖြစ်နေပါက ကလေးများမဆိုထားနှင့်၊ သာမာန်အရွယ်ရောက်သူများပင် သူ့အနားသို့ ကပ်ချင်မည်မဟုတ်ကြောင်းကို သူသိလေသည်။

ဤသည်မှာ သူ့ကိုယ်သူ ကာကွယ်ရန် ကလေးကတည်းက သိခဲ့သော နည်းလမ်းတစ်ခု ဖြစ်၏။ သူ၏ ထိုပုံစံသည်က အရိုးစွဲနေပြီဖြစ်ပြီး ပြောင်းလဲ၍မရနိုင်ချေ။

ယင်ရိလျို ရိုးသားစွာ ခေါင်းယမ်းလိုက်သည်။

သူမ ကျင်းယန်အား မည်သို့ကြောက်နိုင်မည်နည်း?

ကျင်းယန်က သူမကို လမ်းတစ်လျှောက် ကောင်းကောင်းဂရုစိုက်ခဲ့ကာ သူမကိုကာကွယ်ပြီး သူမကိုနည်းလမ်းပေါင်းစုံဖြင့် ဂရုစိုက်ခဲ့၏။ကျင်းယန်က အပူ‌ပေး၍မရနိုင်သော အေးစက်သည့် သစ်သားတုံးကြီးဟု လူတိုင်းက ထင်နိုင်သော်ငြား ထိုအရာက အမှန်မဟုတ်ကြောင်းကို သူမသိသည်။

သူမ၏ရွှေပေါင်လုံးကြီးက အမှန်တကယ်တမ်းတွင်တော့ အလွန်ပင်စိတ်သဘောထားနူးညံ့၍ စိတ်ရင်းကောင်းမွန်လေ၏။

နောက်ဆုံးတွင် ကျင်းယန်၏မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်ပေါက်လာခဲ့သည်။ ထိုအရာမှာ ခဏမျှသာ ဖြစ်သော်လည်း ယင်ရိလျိုမှာ မင်သက်သွားခဲ့၏။

“ဗီလာထဲမှာ မင်းကသာ‌ ကောကိုဂရုစိုက်ခဲ့တဲ့သူလေ. မင်းကဘဲ အစားအသောက်နှင့်ပစ္စည်းတွေကို စုဆောင်းခဲ့တဲ့တစ်ယောက်ဖြစ်ပြီး မင်းက လမ်းတစ်လျှောက်လုံး ကောနဲ့ပူးပေါင်းခဲ့သူပဲ.. ထုထု မင်း ကောကို ယုံကြည်ရမယ်.. ကိုယ် မင်းကိုဘယ်တော့မှ အန္တရာယ်ဖြစ်အောင် လုပ်မှာမဟုတ်ဘူး”

“ဒါကြောင့် ကောကို မကြောက်ပါနဲ့”

ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းယန် စကားအများကြီး ပြောခဲ့ခြင်းဖြစ်၏။ များသောအားဖြင့် သူသည်က တိတ်ဆိတ်နေခဲ့ပြီး သူ့ကိုယ်သူ အပြုအမူများမှ တစ်ဆင့်သာ ဖော်ပြခဲ့သည်။

ထို့ကြောင့် ဤအကြိမ်တွင် ယင်ရိလျိုကို သူ့အား မကြောက်ရွံ့ရန် တိုက်ရိုက်ပြောခဲ့သော်လည်း အနည်းငယ် တောင့်တင်းနေခဲ့သည်။

သူ၏မျက်လုံးထဲမှ သတိနှင့် မသေချာမှုများနှင့်အတူ

တည်ငြိမ်ဩရှသော အသံဖြင့် ထိုစကားကို ပြောခဲ့လေသည်။

ယုန်လေး၏ပန်းရောင် လက်ဖဝါးဖုများကို ညှစ်နေသကဲ့သို့ ကလေးမလေး၏ နူးညံ့သော လက်ဖဝါးကိုလည်း တပုံစံထဲတူညီစွာ ဖြစ်ညှစ်နေခဲ့လေသည်။

သူတို့တွင် ထူးခြားသော ဆက်သွယ်မှု တစ်ခုရှိသကဲ့သို့ထင်ရသည်။

ထိုအရာကြောင့် ချက်ချင်းပင် ယင်ရိလျို၏နှလုံးသားလေးမှာ တချက်ခုန်လှုပ်သွားပြီး ရှက်ရွံ့စွာဖြင့် “အမ်” ဟုတီးတိုး‌ ရေရွတ်လိုက်ပြီး သူမ၏နှလုံးသားထဲတွင်တော့ အလွန် ပျော်ရွှင်နေခဲ့သည်။

သူမ၏ရွှေပေါင်လုံးကြီးက အေးစက်သည့်ပုံပေါ်သော်ငြား အံ့အားသင့်စရာကောင်းစွာပင် မိန်းကလေးများကို ချော့ရာတွင် တော်နေခဲ့လေ၏။

သူ၏စကားလုံးများက မဆန်းကြယ်သော်ငြား သူမကိုနွေးထွေးသွားစေခဲ့သည်။

သူမ၏လည်ချောင်းကိုရှင်းပြီး ကျင်းယန်ကို ရှက်ရွံ့စွာဖြေတော့မည်အချိန်တွင် ကျင်းယန်ဘက်မှ ဆက်ပြောသည်ကို ကြားလိုက်ရသည်။

“စိတ်မပူပါနဲ့.. မင်းရဲ့ကိုယ်ရေးအချက်အလက်က ဘာပဲဖြစ်ဖြစ် ကောက မင်းကို ကောရဲ့သမီးလိုမျိုး ဆက်ဆံပေးမှာပါ”

ယင်ရိလျို: ……

သ...သမီး??

တခဏမျှ သူမ၏နှလုံးသားထဲရှိ ခံစားချက်ကို သူမ မဖော်ပြနိုင်ချေ။ သူမ၏ခြေထောက်တိုတို၊ လက်တိုတိုများနှင့် လုံးဝိုင်းနေသော ဗိုက်လေးကိုငုံ့ကြည့်လျက် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။

ဟုတ်တာပဲ.. သူမဘာတွေ စဥ်းစားနေမိတာလဲ? သူမသည် ကလေးတစ်ယောက်သာဖြစ်၏။ သူမ၏နှုတ်ခမ်းလေးကို တင်းတင်းစေ့လိုက်ကာ စိတ်ခံစားချက်သည် တဖြည်းဖြည်း ကောင်းမွန်လာခဲ့သည်။

ကလေးမလေး၏ တင်းမာနေသောမျက်နှာ ပျော့ပြောင်းသွားသည်အားမြင်လျှင် ကျင်းယန် ဆက်ပြောလိုက်လေသည်။

“ဒီလို အခြေအနေဖြစ်နေမှတော့ အခြေခံစည်းမျဥ်းအချို့ ချထားရအောင်လေ”

*

နေ့လည်ဘက်၌ တံခါးကိုတင်းကြပ်စွာပိတ်ထားသော အိမ်ထဲမှ မီးခိုးများ လုံးထွက်လာပြီး ပြတင်း‌ပေါက်ရှိအဟများမှတဆင့် အသားနံ့က အပြင်ဘက်သို့လေနှင့်အတူ ပါလာခဲ့သည်။

သိပ်မဝေးသည့်နေရာတွင် သက်လတ်ပိုင်း ပျံကျစျေးသည်တစ်ယောက်က မြေပြင်ပေါ်တွင်ထိုင်၍ ကောက်ပဲသီးနှံအစေ့များကို ရောင်းနေခဲ့သည်။ ထိုအနံ့က သူ့ကို သည်းမခံနိုင်အောင် ဗိုက်ဆာလာစေလေသည်။

ထိုဈေးသည်မှာ ဘန်ဂလိုဧရိယာကို မနာလိုမှုအပြည့်နှင့် လှမ်းကြည့်ကာသက်ပြင်းချလိုက်မိသည်။

ထိုနေရာသည်က ဆင့်ကဲပြောင်းလဲသူများ နေထိုင်သောနေရာဖြစ်၏။

လက်ရှိလောကကြီးတွင် သာမာန်လူများအတွက် အသားကပင် ဇိမ်ခံပစ္စည်းတစ်ခုဖြစ်လာခဲ့ပြီပင်။

ပျံကျစျေးသည်မှာ မတ်တတ်ရပ်ပြီး ပိုဝေးသောနေရာသို့ ရွှေ့သွားခဲ့လေသည်။

အိမ်ထဲတွင်တော့ ယင်ရိလျိုက မီးဖိုချောင်ဗီရိုကို လက်သေးသေးလေးများဖြင့် ကိုင်လျက် ခြေဖျားထောက်ရပ်နေခဲ့သည်။

သူမ၏သမင်မျက်လုံးဝိုင်းဝိုင်းများက ချက်ပြုတ်နေသော ကျင်းယန်ကို စိတ်အားထက်သန်စွာ စိုက်ကြည့်လိုက်ပြီး မနေနိုင်ဘဲ နှာခေါင်းရှုံ့လိုက်မိပြန်၏။

ပါဝင်ပစ္စည်းအများစုမှာကြိုတင်ချက်ပြုတ်ထားသော အစားအစာများဖြစ်၏။

အမြဲတစေ တသီးတသန့်နေတတ်သော ကျင်းယန်က လက်ရှိတွင် အဖြူသန့်သန့်အေပရွန်ကို ဝတ်ဆင်ထားလေသည်။

ပါဝင်ပစ္စည်းများ၏ရနံ့က သူ၏မျက်ခုံးနှင့် ဆံပင်ထိပ်ဖျားနားတွင် လွင့်ပျံ/ တိုးဝှေ့နေသဖြင့်

Visual entertainment ကို ကြည့်နေရသကဲ့သို့ပင်။

ကျင်းယန် အသားပိုင်းကို အိုးထဲသို့ မထည့်ခင် ယင်ရိလျိုကို သူ့နောက်သို့ ဆွဲလိုက်သည်။

“ဂရုစိုက်ဦး”

သူမ၏ခြေအိတ်ရုပ် ပေါ်သွားပြီးကတည်းက ယင်ရိလျိုက ပို၍တက်ကြွလာခဲ့၏။

ယခင်က သူမတွင် စကားပြောရန် အခွင့်အရေးများ ရခဲလှသောကြောင့် ကျင်းယန် ချက်ပြုတ်နေချိန်၌ပင် သူမ၏ခြေတံတိုတိုလေးများဖြင့် ကျင်းယန်သွားရာ နောက်သို့ တကောက်ကောက်လိုက်နေခဲ့လေသည်။

သူမ၏ လက်လေးများကို နောက်ကျောဘက်တွင် ယှက်ထားလျက် ကလေးအသံလေးဖြင့်

တတွတ်တွတ်ပြောနေခဲ့သည်။

[T/N- ခြေအိတ်ရုပ်ပေါ်သွားပြီ* ဆိုတာ သရုပ်မှန်ပေါ်တယ်လို့ ဆိုလိုချင်တာပါ]

All Chapters