← Chapters

အခန်း (၉၃)

Vol. 10 Ch. 93

အခန်း (၉၃)

Vol. 10 Ch. 93

*(93)

သူတို့ဆေးရုံဆီသို့ ရောက်သည့်အချိန်တွင်ဝံပုလွေလေး၏ တိရစ္ဆာန်ကုဆရာဝန်ဖြစ်သည့် ချန်ချိုကျောင်းနှင့် ပထမဆုံးတွေ့လိုက်သည်။

အနက်ရောင်ဝံပုလွေပေါက်လေးက ထူးခြားသောကုသခြင်းစွမ်းရည်များကို ပိုင်ဆိုင်ခဲ့၏။ ဒဏ်ရာကို ပိုးသတ်၍ပတ်တီးစီးပြီးနောက် ဝံပုလွေက မကြာခင် လှုပ်လှုပ်ရှားရှားလုပ်နိုင်လာမည်ပင်။

ဝံပုလွေလေး၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ရှိ အမွှေးပြောင်အကွက်များကသာ အနည်းငယ် ရယ်စရာကောင်းနေရုံသာဖြစ်ပေ၏။

ကျင်းယန်က မကောင်းဆိုးဝါးလေးနှင့်အတူ လာ‌နေသည်ကိုမြင်လျှင် အနက်ရောင်ဝံပုလွေက အနည်းငယ် စိတ်လှုပ်ရှားလာပုံရသည်။

ကျင်းယန်က ဝံပုလွေဆီသို့အသားကို လှမ်းပစ်ပေးလိုက်လျှင် သူကလည်း အသားကို လက်သည်းဖြင့်ဖိပြီး စတင်စားလေသည်။

ကျောင်းချီယန်ကတော့ ကိုမာဝင်နေဆဲပင်ဖြစ်၏။ သူ၏နောက်ကျောမှ အသားပုပ်များကို အောင်မြင်စွာ ဖယ်ရှားပြီးသော်ငြား ခံနိုင်ရည်ကို အပြင်းအထန် ထိခိုက်သွားခဲ့သည်ပင် ။

သူ အားပြန်ပြည့်လာရန် အချိန်အနည်းငယ် ယူရပေဦးမည်။ ထိုအခိုက်အတန့်တွင် ကျောင်းစီဟွေ့က သူ့ကို လူနာဆောင်ထဲ၌

စောင့်ရှောက်နေခဲ့သည်။

ကျင်းယန်က သူယူလာခဲ့သော နေ့လည်စာကို ကျောင်းစီဟွေ့ဆီသို့ ယူသွားရန်အတွက် ဆရာဝန်ကို တောင်းဆိုခဲ့၏။

အကြောင်းမှာမူ ကျောင်းချီယန်က ပိုးသတ်ခန်းထဲတွင် ရှိနေပြီး သူသာအခန်းထဲကို ဝင်ချင်ပါက ပိုးသတ်ပြီးသား သီးသန့်ဝတ်စုံအပြည့်အစုံကို ဝတ်ဆင်မှသာ ဖြစ်နိုင်မည်ပင်။

သူ၏အသင်းဖော်များအတွက် လိုအပ်သည့်ကိစ္စများကို ပြုလုပ်ပြီးနောက် ကျင်းယန်က သူ၏ဘေးမှ ပြောစရာတစ်ခုခုရှိနေပုံရသော ဆရာဝန်ဆီ လှည့်လိုက်ပြီး တိုက်ရိုက်မေးခဲ့သည်။

“ခင်ဗျား ဘာပြောချင်လို့လဲ?”

ဆရာဝန်က သူ၏လက်ဖြင့် ချိတ်ဆက်၍ ဆုတ်ကိုင်ထားသော ယင်ရိလျိုကို တစ်ချက်ကြည့်ပြီး ကိုးယိုးကားယား ပြုံးလိုက်၏။

“မစ္စတာကျင်းယန်.. ကျွန်တော်တို့အခြေစိုက်စခန်းထဲက ဆင့်ကဲပြောင်းလဲသူတိုင်းက စာရင်းသွင်းပြီး သွေးစစ်ဖို့လိုအပ်တယ်ဆိုတာကို ခင်ဗျားသိတယ်မလား.. ဒီအချိန်မှာ ခင်ဗျားရဲ့သမီးကို ကျွန်တော်တို့ဆီ မတင်ပြဘဲခေါ်လာခဲ့တယ်…”

ကျင်းယန် သူ့ကို စိတ်မပါစွာ တစ်ချက်ကြည့်လိုက်သည်။

“ဒီတော့ အခုခင်ဗျားက ကျွန်တော်တို့ကို ထွက်သွားဖို့တောင်းဆိုနေတာလား?”

ကျင်းယန်မှစိတ်ခံစားချက်မဲ့သောအမူအရာမျိုးရှိနေသည့်အချိန်တွင် သူ၏အရှိန်အဝါက အလွန်သန်မာလေသည်။

ဆရာဝန်မှာ သာမာန်လူတစ်ယောက်သာဖြစ်၏။ သူသည်က နှစ်ဖက်လုံးကို အပြစ်မကျူးလွန်ချင်သဖြင့် ပြုံးပြပြီး ဂရုတစိုက်ပြောခဲ့သည်။

“ကျွန်တော်တို့က ဘယ်လိုလုပ် အဲဒီလိုလုပ်နိုင်မှာလဲ? ဗိုလ်ချုပ်ကြီးက ခင်ဗျားကို စိတ်မပူဖို့ ကျွန်တော့်ကို ပြောခိုင်းလိုက်ပါတယ်.. သူမကို သွေးပဲစစ်ပြီး ကျွန်တော်တို့ရဲ့စာရင်းမှာ စာရင်းသွင်းမှာပါ.. ဒါပေါ့ သက်ဆိုင်တဲ့အမှတ်တွေကိုတါ့ နှုတ်ယူသွားမှာပါ..”

ကျင်းယန်က သူ ပြောသည်ကို သဘောတူသည့်နှယ် မျက်မှောင်ကြုတ်၍ ခေါင်းငြိမ့်လိုက်သည်။

ထို့နောက် ဆရာဝန်မှ အပ်နှင့် test strips*ကို ဆွဲယူသည်အားစောင့်ကြည့်ကာ အကြည့်ကိုနှိမ့်၍ မေးလိုက်သည်။

[T/N-Test strips: ကိုယ်ဝန်စစ်တံမှာပါတဲ့ စက္ကူအမြောင်းလေးလိုပါ စက္ကူ၊ ပလတ်စတစ် စသည်ဖြင့် စမ်းသပ်ရတဲ့အပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်]

“စစ်ဆေးတဲ့ကိစ္စကို ကျွန်တော်ကိုယ်တိုင် လုပ်လို့ရမလား? သူမက ကြောက်တတ်ပြီး ကျန်းမာရေးက သိပ်မကောင်းဘူး”

ယင်ရိလျိုအနေဖြင့် ကျင်းယန် လုပ်ချင်နေသည့်အရာကို မသိပါချေ။ သို့သော်လည်း သူမက ကြောက်လန့်ချင်ယောင်ဆောင်၍ သက်လတ်ပိုင်းဆရာဝန်ကို ရှက်ကြောက်စွာ တစ်ချက်ကြည့်ပြီး ကျင်းယန်၏နောက်သို့ ကျုံ့ဝင်လိုက်သည်။

အရွယ်ရောက်သူနှင့် ကလေးတို့၏ သရုပ်ဆောင်ချက်က ဆရာဝန်ကို အောင်မြင်စွာ အရူးလုပ်နိုင်ခဲ့သည်။

သူက Test stripsကို ကျင်းယန်ဆီ လှမ်းပေးလိုက်လေ၏။

ကျင်းယန်က ကလေးမလေး၏စိတ်ဖိစီးနေသော အမူအရာကို မြင်လိုက်ရလျှင် ကလေးမလေးကို အသံတိုးတိုးဖြင့် နှစ်သိမ့်ပေးလိုက်မိသည်။

အနားတွင်ရှိနေသော ဆရာဝန်ကတော့ ကျင်းယန်၏ညင်သာမှုကြောင့် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

ကျင်းယန်က သူမ၏ သွေးနမူနာကို ထုတ်ယူလိုက်ပြီးနောက် ပါဝင်ပမာဏကိုစမ်းသပ်ရန် ဆရာဝန်သည် စမ်းသပ်ခန်းသုံးပစ္စည်းတစ်ခုကို အသုံးပြုခဲ့သည်။

ရလဒ်များထွက်လာသည့် အခိုက်တွင် ဆရာဝန်က မျက်မှောင်ကြုတ်လိုက်မိ၏။

ဤကလေးမလေး၏ သွေးတွင် ဆင့်ကဲပြောင်းလဲခဲ့‌သော တိရစ္ဆာန်မျိုးရိုးဗီဇအချို့ ပါဝင်သော်ငြား ကျင်းယန်ကဲ့သို့ပင် ဖြန့်ဖြူးမှုမှာ အလွန်မညီမျှဖြစ်‌နေခဲ့သည်။

ဤကဲ့သို့ မူမမှန်သောအခြေအနေများကို မှတ်တမ်းတင်ရမည်ဖြစ်သည်။

ကျင်းယန်က ဤအကြောင်းကို စေ့စေ့စပ်စပ်ကြည့်ရှုလိုက်ကာ ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီး ဆရာဝန်အား ယင်ရိလျို၏ယုန်နားရွက်များကို ပြလိုက်သည်။

“မျိုးစိပ်ပေါင်းစပ်တုန်းက ပြဿနာတစ်ခုဖြစ်သွားခဲ့တယ်.. ကလေးက ငယ်လွန်းတဲ့အတွက်ကြောင့် ဒီလိုမျိုးဖြစ်လာတာလို့တော့ ကျွန်တော်ခန့်မှန်းခဲ့တာပဲ.. သူမရဲ့ခန္ဓာကိုယ်နဲ့ တိရစ္ဆာန်ရဲ့မျိုးရိုးဗီဇက အပြည့်အဝ မပေါင်းစပ်နိုင်ခဲ့ဘူး”ယင်ရိလျိုတစ်ယောက်ကျင်းယန်က ဆရာဝန်ကို စကားလုံးအနည်းငယ်ဖြင့် လှည့်စားနိုင်ခဲ့သည်ကို စောင့်ကြည့်ခဲ့ပြီး မထိန်းချုပ်နိုင်ဘဲကြိတ်ရယ်လိုက်မိသည်။

ကျင်းယန်က လတ်ဆတ်သော သွေးနမူနာကို မည်သည့်နေရာမှရခဲ့ကြောင်းကို သူမ အဖြေမရှာနိုင်ခဲ့ပေ။

ကျင်းယန်က ဆရာဝန်မှ အချက်အလက်များကို စာရွက်ပေါ်တွင် ချရေးသည်ကို စောင့်ကြည့်ပြီး မျက်လုံးများက မှောင်မိုက်သွားခဲ့သည်။

ဤဆရာဝန်သည်က ပါးနပ်သောလူတစ်ယောက်ဖြစ်ပေ၏။ ယင်ရိလျို၏ အခြေအနေအစစ်က မည်သို့ပင်ဖြစ်စေ သူ့အား အကျိုးအကြောင်းဆီလျော်သော အကြောင်းပြချက်ပေးနေသရွေ့ နှစ်ဖက်စလုံးကို စော်ကားမည်မဟုတ်ချေ။

ကျင်းယန်တစ်ယောက် သရုပ်ဆောင်မှုထဲတွင် နစ်မြုပ်နေဆဲဖြစ်သော ကလေးမလေးကိုစိုက်ကြည့်၍ သူမ၏အမွှေးပွပွ ခေါင်းလေးကို ပွတ်သပ်လိုက်သည်။

“လာ.. မင်းအတွက် ပစ္စည်းနည်းနည်းလောက် သွားဝယ်ရအောင်”



မြို့တော်Z ရှိ အခြေစိုက်စခန်းတစ်ခုလုံး၌ စီမံအုပ်ချုပ်မှုအောက်တွင် ရှိသည့် စူပါမားကတ်မှာ တစ်ခုသာလျှင်ရှိ၏။

စူပါမားကတ်ထဲတွင် ပစ္စည်းများကို ကျယ်ပြန့်သော စင်အတန်းများနှင့် ထားရှိသော်ငြား ကမ္ဘာပျက်ကပ်အချိန် ဖြစ်နေသည့်အတွက် ဈေးနှုန်းများကလည်း ခေါင်ခိုက်နေလေ၏။

ထို့ကြောင့် သာမာန်လူများမှာ အစားအစာအတွက် သူတို့၏အမှတ်အားလုံးကို အသုံးပြုလျှင်ပင် လိုအပ်သည်များကို ရနိုင်ချေနည်းပါးသောကြောင့် စူပါမားကတ်တွင် လူအလွန်နည်းလေသည်။

ယင်ရိလျိုက ပစ္စည်းအသေးလေးများ အနည်းငယ်ပါဝင်သည့် စျေးခြင်းငယ်လေးကို လက်ထဲတွင်ကိုင်လျက် ရှေ့မှလျှောက်နေခဲ့၏။

နောက်မှလိုက်နေရသော ကျင်းယန်မှာတော့ ပို၍ကြီးသော ပစ္စည်းများကို ကိုင်ထားခဲ့သည်။

ကလေးမ‌လေးအတွက် လိုအပ်သော နေ့စဥ်သုံးပစ္စည်းများ၊ သေးငယ်သောဇွန်းများ၊ပန်းကန်လုံးများအပြင် ကျင်းယန်၏ အကြည့်များမှာ ထောင့်ဘက်ရှိ

အရောင်စုံ ခေါင်းစည်းကွင်းအချို့ပါသော ခြင်းတစ်ခုထံမှ ဆွဲဆောင်ခြင်းခံလိုက်ရ‌လေ၏။

ကလေးမလေး၏ ဆံပင်ရှည်များကို တစ်ချက်ကြည့် လိုက်ပြီးနောက် သူက ခေါင်းစည်းကွင်းများကို လက်အပြည့် လှမ်းယူပြီး သူ၏စျေးဝယ်ခြင်းထဲ ပစ်ထည့်လိုက်လေသည်။

ယင်ရိလျို၏ ဆံပင်မှာ နူးညံ့ကာ ရှည်လျားပြီး ပွယောင်း၏။

လက်ထဲတွင် ကိုင်ထားလျှင် စီးဆင်းနေသော ရေစီးကြောင်းနှင့် တူလေ၏။

သူမ အစာစားနေသည့် သို့မဟုတ် ပြေးနေသည့်အချိန်တိုင်း သူမ၏မျက်နှာလေးကို ဆံပင်များ ဖုံးအုပ်နေလေ့ရှိကြောင်း ကျင်းယန် သတိထားမိခဲ့သည်။

ထို့ကြောင့် ကလေးမလေး၏ ဆံပင်ကိုစီးပေးရန် စဥ်းစား၍ ခေါင်းစည်းကွင်းများကို ယူခဲ့မိ၏။

သူမြင်ရသလောက်တော့ ကလေးမလေးများက ပန်းရောင်နှင့် တောက်ပသည့်အရာများကို ကြိုက်နှစ်သက်သဖြင့် ထိပ်တွင် ကြက်ဥတစ်ဝက် အရွယ်အစားရှိပြီး တလက်လက်

တောက်‌ပနေသော အလုံးများပါသည့် ခေါင်းစည်းကွင်းများကိုသူက သေသေချာချာရွေးချယ်ခဲ့လေသည်။

ယင်ရိလျိုက Carrefour မှ မွှေနှောက်ယူခဲ့သော ဖိနပ်လေးများကို ဝတ်ဆင်ထားခဲ့၏။

အနီရောင်ဖိနပ်များမှာ သူမ၏ဝတ်စုံနှင့် အလွန်လိုက်ဖက်လေသည်။ ခြေတံတိုတိုလေးများဖြင့် လမ်းလျှောက်နေရင်း ခေါင်းမော့ကြည့်လိုက်ချိန်တွင် အလွန်ပင် ချစ်စရာကောင်းလေ၏။

သူမ လှည့်ကြည့်လိုက်ချိန်တွင် ကျင်းယန်က စျေးဝယ်ခြင်းထဲတွင် တောက်ပနေသည့် ဝတ်စုံသေးသေးလေးများကို ထိုးသိပ်ထည့်ထား‌ကြောင်းကို တွေ့လိုက်ရလျှင် သူမပြောစရာစကားပင် ပျောက်သွားလေသည်။

သူမ၏ ကလေးအသံလေးဖြင့် ပြောလိုက်၏။

“ဒါတွေအားလုံး ကျွန်မရဲ့နေရာလွတ်ထဲမှာ ရှိပြီးသားတွေ.. အဲဒါတွေဝယ်ဖို့အတွက် အမှတ်‌တွေကို ဖြုန်းမနေနဲ့တော့”

သူမ ဝတ်ဆင်ရန်အတွက် နေရာလွတ်ထဲတွင် ကလေးအဝတ်အစားများ လုံလောက်စွာ သိုလှောင်ထားပြီးဖြစ်လေသည်။

ထပ်ပေါင်းအနေဖြင့် ကျင်းယန်၏ အကြိုက်က တကယ်ကို တစ်ခုခုဟု ဆိုရမည်။

အထူးသဖြင့် ဖဲပွင့်ကြီးများဖြင့် ထိုနှင်းဆီနီရောင် ယုန်အဝတ်အစားများကို ရွေးချယ်ရာတွင်ဖြစ်၏။

သူမက အမှန်တကယ် ကလေးတစ်ယောက် ဖြစ်လျှင်တော့ ထိုအသုံးအဆောင်များအား အလွန်ကြိုက်နှစ်သက်နိုင်သော်ငြား စိတ်ဝိညာဉ်အရ တွက်ကြည့်လျှင် မကြာခင် အသက် နှစ်ဆယ်ပြည့်တော့မည့် ယင်ရိလျိုကတော့ အမှန်တကယ် မခံစားနိုင်ပါချေ။

ထို့ကြောင့် သူမက သဘောမကျစွာဖြင့် ခေါင်းယမ်းလိုက်ကာ ကျင်းယန်ကို ပြန်ထားခိုင်းချင်ခဲ့လေသည်။

ထိုငြင်းဆန်မှုကို ကျင်းယန်က ကလေးမလေးမှ သူ့တွင် အမှတ်များနည်းပါးသည့်အတွက် ဝယ်ယူရန် အမှတ်မလုံလောက် ဝဖြစ်နေမည်ကို စိတ်ပူနေသည်ဟု ထင်ခဲ့၏။

ထို့ကြောင့် အနာဂတ်တွင် သန္ဓေပြောင်းတိရစ္ဆာန်များကို ပို၍အမဲလိုက်ရန် စိတ်ထဲတွင် ဆုံးဖြတ်လိုက်လေ၏။

ကလေးမလေး၏ ကျန်းမာရေးနှင့် အာဟာရ ကောင်းမွန်စေရန်အတွက် အာဟာရပြည့်ဝသော အစားအစာများကို ဝယ်ယူရန် လိုအပ်ပေသည်။

သူ လှည့်ပတ်ကြည့်ပြီးနောက် စျေးဝယ်ခြင်းထဲသို့ ဆိတ်နို့မှုန့်နှစ်ဘူးကို ပစ်ထည့်လိုက်သည်။

ယင်ရိလျိုတစ်ယောက် သူလုပ်‌နေသည်ကို သတိထားမိ‌သွားပြီး ခြင်းကို လက်သေးသေးလေးများဖြင့် လှမ်းဆွဲကာ နို့မှုန့်ဘူးကို စင်ပေါ်သို့ ပြန်တင်ထားခဲ့သည်။ကလေးမလေးက လေးနက်သောအမူအရာနှင့် ပြောလိုက်၏။

“ဒါတွေထဲကလည်း တစ်ခုမှမလိုဘူး ..ဒီတော့ ကောရဲ့အမှတ်တွေကို မသုံးနဲ့တော့ အိုကေ~”

ကျင်းယန် တိတ်ဆိတ်သွား၏။ ဤအခိုက်အတန့်၌ သူ့တွင်ဖုန်းတစ်လုံးရှိနေပြီး အင်တာနက်ကိုလည်း ကောင်းစွာ သုံးနိုင်ပါက Web ပေါ်တွင် သေချာပေါက် ရှာဖွေလိမ့်မည်:

ကျွန်တော်ရဲ့ကလေးက အလွန်အကျွံလိမ္မာပြီး တာဝန်သိတတ်နေရင် ဘယ်လိုလုပ်သင့်လဲ?

သူတို့ စျေးဝယ်ပြီးနောက်တွင် အိမ်သို့ ပြန်လာခဲ့ကြသည်။

သူတို့ အိမ်ရှေ့တံခါးကို ရောက်ချိန်တွင်တော့ မီးများဖွင့်ထားသည်ကို တွေ့လိုက်ရလေသည်။ ကျောင်းမောင်နှမနှင့် ဝံပုလွေပေါက်လေး ပြန်‌ရောက်လာခြင်းဖြစ်ရမည်။

ယင်ရိလျို အနည်းငယ်စိတ်လှုပ်ရှားသွားရသည်။ ထို့ကြောင့် ကျင်းယန်၏လက်ချောင်းများကို မထိန်းချုပ်နိုင်စွာ လှမ်းဆွဲလိုက်မိပြီး သူမကို ခေါင်းမော့ကြည့်၍ မေးလိုက်သည်။

“ ဘယ်လိုလုပ်သင့်လဲ? ကျောင်းကျဲမေးလာရင် ဘယ်လိုပြောရလဲ?”

ကျင်းယန် သူမ၏ဆံသားနုနုကို ဖွလိုက်သည်။

“ကော .. ရှင်းပြလိုက်မယ်”

သူ လက်ကိုဆန့်ကာ တံခါးဖွင့်လိုက်လေ၏။ အိမ်ရှေ့တံခါးဆီမှ အသံများကို အိမ်ထဲမှ လူနှစ်ယောက်နှင့် တိရစ္ဆာန်တစ်ကောင်က ရှင်းလင်းစွာကြားနိုင်သောကြောင့် ကျောင်းစီဟွေ့က ဆိုဖာပေါ်မှထရပ်ပြီး သူ့၏လက်ထဲမှ အိတ်များကို ကူသယ်ပေးရန် ထွက်လာခဲ့လေသည်။

သို့သော်လည်း သူမ အနားသို့ရောက်လာသည့်အခိုက် ကျင်းယန်၏ ဘေးတွင် ရပ်နေသော ကလေးငယ်လေးကို သတိထားမိလိုက်၏။

ကလေးမလေးက အနီရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ကျင်းယန်၏လက်ကို ကိုင်ထားကာ ကျောင်းစီဟွေ့ကို မျက်လုံးဝိုင်းဝိုင်းများဖြင့် စိုက်ကြည့်နေခဲ့သည်။

ကျောင်းစီဟွေ့တစ်ယောက် တိတ်ဆိတ်သွားရ ကလေးမလေးကို ကြည့်ပြီးနောက် ကျင်းယန်ကို

တစ်ဖန် ပြန်ကြည့်လိုက်မိလေသည်။

“ဒါက?”

ကျင်းကောက တခြားလူတွေရဲ့ကလေးကို ပြန်ပေးဆွဲလာတာတော့ မဟုတ်လောက်ပါဘူးနော် ဆွဲ ဟုတ်တယ်မလား?

သူတို့က တစ်ရက်ပဲ လူစုသွားတာလေ။

ဘယ်နေရာကနေ ထွက်လာမှန်းမသိတဲ့ ကလေးမလေးတစ်ယောက်က ဘာလို့ရှိနေရတာလဲ?

အဓိကက ဒီကလေးလေးက အရမ်းကိုချစ်စရာကောင်းလွန်းနေသေးတယ်!

All Chapters