ဈေးဆစ်ခြင်း
Vol. 2 Ch. 18
ရုပ်ဖျက်အတတ်မှာ မည်သည့် အခြေအနေမျိုးကိုမဆို ကြိုတင် ပြင်ဆင်ထားရန် ချန်ဖေး၏ စိတ်ကူး ဖြစ်သည်။ နောက်ပိုင်းတွင် သူသည် မှောင်ခိုဈေးကွက်၌ မြက်ပြန်နု ဆေးလုံးများကို ရောင်းချရမည် ဖြစ်ရာ ယခု လက်ရှိ ပုံစံဖြင့် သွားပါက လူများက သူ၏ ဇာစ်မြစ်ကို အလွယ်တကူ ရိပ်မိသွားနိုင်ပေသည်။
မှောင်ခိုဈေးကွက် ဆိုသည်မှာ ဖျင်းယင်းခရိုင်ရှိ သိုင်းပညာရှင်များအကြား လူသိရှင်ကြား လျှို့ဝှက်ချက် တစ်ခု ဖြစ်ပြီး ကျန်းမိသားစုဝင်များလည်း ထိုအထဲတွင် ပါဝင်နေမည်မှာ သေချာသလောက် ရှိသည်။ ချန်ဖေးသည် ကျန်းမိသားစုနှင့် အဆက်အသွယ် မဖြတ်ချင်သေးသဖြင့် သူ၏ အထောက်အထားကို ဖုံးကွယ်ထားရန်မှာ အလွန် အရေးကြီးလှပေသည်။
"ရုပ်ဖျက်အတတ်ကို ရိုးရှင်းအောင် ပြုလုပ်နေသည်။ ရိုးရှင်းအောင် ပြုလုပ်ခြင်း အောင်မြင်သည်။ ရုပ်ဖျက်အတတ် - မျက်နှာသစ်ခြင်း"
မိုက်လိုက်တာကွ။
ရိုးရှင်းအောင် ပြုလုပ်ထားသော ရလဒ်ကို မြင်လိုက်ရသောအခါ ချန်ဖေးက ပြုံးလိုက်ပြီး ရေဖြင့် မျက်နှာသစ်ကြည့်လိုက်သည်။ ထင်မှတ်ထားသည့်အတိုင်း သူ၏ ရုပ်ဖျက်အတတ် အတွေ့အကြုံမှတ် ၁ မှတ် တိုးလာပြီး ရုပ်ဖျက်အတတ်နှင့် ပတ်သက်သော အသိဉာဏ်အချို့ သူ၏ စိတ်ထဲသို့ ဝင်ရောက်လာ၏။
ချန်ဖေးက အချိန်ဖြုန်းမနေဘဲ ရေဖြင့် မျက်နှာသစ်လိုက်ရာ သူ၏ ရုပ်ဖျက်အတတ် အတွေ့အကြုံမှတ်များ လျင်မြန်စွာ တိုးတက်လာလေသည်။
ခဏအကြာတွင် ချန်ဖေး ရပ်တန့်လိုက်သည်။ မျက်နှာသစ်ခြင်းမှ ရရှိသော အတွေ့အကြုံမှတ်များမှာ မနှေးကွေးသော်လည်း ချန်ဖေးက ထိုထက်ပို၍ မြန်ဆန်စေချင်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူ၏ လေ့လာတွေ့ရှိချက်များအရ ဤရိုးရှင်းအောင် ပြုလုပ်ထားသော နည်းလမ်းတွင် ပါးနပ်သော လှည့်ကွက်အချို့ ပါဝင်နေသေးသည်။
ချန်ဖေးက မျက်နှာသုတ်ပဝါကို စိုစွတ်အောင် လုပ်ပြီး ပါးပြင်များကို ပွတ်သပ်ကြည့်လိုက်သည်။ ရုပ်ဖျက်အတတ်အပေါ် သူ၏ နားလည်မှု တိုးလာပြီး အပြုံးတစ်ခုက ချန်ဖေး၏ မျက်နှာပေါ်တွင် အလိုအလျောက် ပေါ်လာ၏။
နောက်ရက်များတွင် ချန်ဖေးသည် နေ့စဉ် မြက်ပြန်နု ဆေးလုံး တစ်လုံး သောက်သုံးပြီး သူ၏ ကျင့်စဉ်အဆင့်ကို အရေပြားသန့်စင်ခြင်း အဆင့်၏ အထွတ်အထိပ်သို့ တည်ငြိမ်စွာ တွန်းပို့ခဲ့သည်။ တစ်ချိန်တည်းမှာပင် မြက်ပြန်နု ဆေးလုံး၏ အတွေ့အကြုံတန်ဖိုးကို တိုးမြှင့်ရန်အတွက် ချီသွေးဆေးလုံးများကို အဆက်မပြတ် ဖော်စပ်ခဲ့ရာ ပြီးပြည့်စုံခြင်း နယ်ပယ်သို့ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
နောင်လာမည့် အနာဂတ်တွင် ချန်ဖေးသည် ကိစ္စရပ်များစွာအတွက် ငွေကြေး လိုအပ်လာမည် ဖြစ်ပြီး မြက်ပြန်နု ဆေးလုံးသည် အနာဂတ်တွင် ချန်ဖေးအတွက် တည်ငြိမ်သော ဝင်ငွေအရင်းအမြစ် ဖြစ်လာမည်မှာ ကြိုတင် တွက်ဆနိုင်ပေသည်။
ဆေးဖော်စပ်ခြင်း ကြားကာလများတွင် ချန်ဖေးသည် သူ၏ ခြေလှမ်းကျင့်စဉ်များကို လေ့ကျင့်ရန် တစ်ခါမှ မရပ်နားခဲ့ပေ။ ပဉ္စမမြောက် ခြေလှမ်းကျင့်စဉ်ကို ပေါင်းစပ်ပြီးနောက်တွင် ကျင့်စဉ်အသစ်၏ ထိရောက်မှုမှာ တဖြည်းဖြည်း လျော့နည်းလာလေသည်။
သိသာထင်ရှားဆုံးသော ပြောင်းလဲမှုမှာ ခြေလှမ်းကျင့်စဉ် အသစ်ကို ပေါင်းစပ်လိုက်ပြီးနောက် မြစ်ဖြတ်တိမ်တိုက် ကျင့်စဉ်၏ ကျွမ်းကျင်မှုမှာ ပြီးပြည့်စုံခြင်း အဆင့်သို့ နီးကပ်နေပြီ ဖြစ်သည်။
သို့သော် ဤအခြေအနေမှာ ရှောင်လွှဲမရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အခြေခံ ခြေလှမ်းကျင့်စဉ်များ၏ လုပ်ဆောင်ချက်မှာ ရိုးရှင်းပြီး အားစိုက်ထုတ်ရာတွင် အသုံးပြုရမည့် လမ်းကြောင်းများမှာ အနည်းငယ်မျှသာ ရှိသောကြောင့် ဖြစ်သည်။
ချန်ဖေးသည် ဤအခြေခံ လက်စွဲစာအုပ်များကိုသာ အသုံးပြုပြီး သူ၏ ခြေလှမ်းကျင့်စဉ်များကို ဤအဆင့်ထိ ရောက်အောင် ပြုလုပ်နိုင်ခဲ့ခြင်းမှာ အတော်လေး ထူးခြားလှပေသည်။ သို့သော် ချန်ဖေးသည် သူ၏ ခြေလှမ်းကျင့်စဉ်များတွင် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာတော့မည်ကို အာရုံခံမိနေ၏။
မကြာမီ ဝယ်ယူထားသော လျှို့ဝှက်ကျင့်စဉ် ဆယ်ခုကို ပေါင်းစပ်လိုက်ပြီးနောက် ချန်ဖေး၏ အမြန်နှုန်းမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားနိုင်ပေသည်။
ချန်ဖေးသည် ဆေးဖော်စပ်ခြင်းနှင့် ခြေလှမ်းကျင့်စဉ်များကို လစ်လျူရှုမထားသကဲ့သို့ အသစ်ရရှိထားသော ရုပ်ဖျက်အတတ်ကိုလည်း သဘာဝကျစွာ မေ့လျော့မထားပေ။
ဆေးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းကြား အားလပ်ချိန်များတွင် သို့မဟုတ် ထမင်းစားပြီးနောက် အနားယူချိန်များတွင် ချန်ဖေးသည် မျက်နှာသုတ်ပဝါကို ထုတ်ယူ၍ မျက်နှာကို မကြာခဏ ပွတ်သပ်လေ့ ရှိသည်။
ရက်အနည်းငယ် အတွင်းမှာပင် ဆေးခန်းမှ အလုပ်သမားများသည် ချန်ဖေး၏ ထူးဆန်းသော အပြုအမူကို သတိထားမိလာကြသည်။
ဤ လက်ထောက်ကြီးကြပ်ရေးမှူးသည် ချက်ပြုတ်ရသည်ကို နှစ်သက်ကြောင်း ယခင်က ကြားဖူးသော်လည်း သူ ချက်ပြုတ်သည်ကို တစ်ခါမျှ မတွေ့ဖူးကြပေ။ ယခုအခါ ချန်ဖေးသည် ရောဂါပိုးမွှားများကို ကြောက်ရွံ့တတ်သူ တစ်ဦး ဖြစ်ပုံရကြောင်း သူတို့ တွေ့ရှိလိုက်ကြသည်။
သူ၏ ဦးခေါင်းနှင့် မျက်နှာမှာ ခြောက်သွေ့ သန့်ရှင်းနေသော်လည်း ချန်ဖေးက မျက်နှာကို မကြာခဏ ပွတ်သပ်နေတတ်သည်။ သူ၏ မျက်နှာကို အရေခွံခွာတော့မည့်အတိုင်း ပွတ်တိုက်နေသည်ဟု ခံစားရလေသည်။
ချန်ဖေးက ထိုလူများ၏ စိုက်ကြည့်မှုများကို ဂရုမစိုက်ပေ။ သန့်ရှင်းနေခြင်းမှာ လုံးဝ ကောင်းမွန်သော ကိစ္စပင်။ ကျင့်စဉ်အမျိုးမျိုးမှ အတွေ့အကြုံမှတ်များ တဖြည်းဖြည်း တိုးတက်လာသည်ကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် သိမြင်နားလည်မှုများ တရဟော ဝင်ရောက်လာလေသည်။
ချန်ဖေးသည် သူ၏ လေ့လာသင်ယူမှုတွင် တစ်စုံတစ်ရာ အောင်မြင်မှု ရရှိပြီး ဗဟုသုတ ကြွယ်ဝလာသည်ဟူသော ခံစားချက်တွင် အတော်လေး ယစ်မူးနေမိ၏။
"မင်းသိလား…ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်သွားတယ်ကွ"
နံနက်စောစောတွင် လျူကျွင်းက ချန်ဖေးထံသို့ လျှို့ဝှက်စွာ ရောက်လာပြီး ပြော၏။
ချန်ဖေးက ခေါင်းညိတ်လိုက်ပြီး လျူကျွင်းကို ဆက်ပြောရန် အချက်ပြလိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခရိုင်ထဲက သူဌေးမိသားစု အတော်များများ အသတ်ခံလိုက်ရတယ်... မနေ့ညက ခရိုင်ရဲမက်တွေနဲ့ ယာမန်က လူတွေ လူတစ်ယောက်ကို ဖမ်းဖို့ ထွက်သွားကြတယ်"
ချန်ဖေး၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ မနေ့ညက အပြင်ဘက်တွင် ဆူညံသံများ ကြားရသည်မှာ မဆန်းတော့ပေ။ ထိုကိစ္စကြောင့် ဖြစ်နေသည်။ ချန်ဖေးသည် ခရိုင်အုပ်ချုပ်ရေးရုံးထဲသို့ ပစ်ထည့်ခဲ့သော ပုံတူပန်းချီကို မတွေးဘဲ မနေနိုင်တော့ပေ။
"သူတို့ မိသွားကြလား..."
"သူတို့ မဖမ်းမိလိုက်ဘူး... ကြားတာတော့ အဲဒီဓားပြက အစတုန်းက ဘာမှ မတုံ့ပြန်ဘူးတဲ့... ဒါပေမဲ့ ရဲမက်တွေ အနားရောက်သွားတဲ့အခါ အဲဒီဓားပြက လူတိုင်းကို ဒဏ်ရာရအောင် လုပ်ပြီး ထွက်ပြေးသွားတယ်တဲ့"
လျူကျွင်းက နောင်တရသော ပုံစံဖြင့် ခေါင်းခါလိုက်သည်။ မိသားစု တစ်ခုလုံးကို သတ်ဖြတ်ခဲ့သော ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် ဓားပြကို မည်သူမဆို ကြောက်ရွံ့ကြမည် ဖြစ်ပြီး ဖမ်းမိစေချင်ကြမည်မှာ အမှန်ပင်။
ချန်ဖေးက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ခရိုင်အုပ်ချုပ်ရေးရုံးက ကျန့်လျန်၏ ခွန်အားကို လျှော့တွက်ခဲ့သောကြောင့် သူ လွတ်မြောက်သွားခြင်း ဖြစ်ကြောင်း နားလည်လိုက်သည်။ သို့သော် အခြားရှုထောင့်မှ ကြည့်လျှင် ၎င်းက သာမန် သိုင်းပညာရှင်များ လက်လှမ်းမမီနိုင်သော ကျန့်လျန်၏ ကြောက်မက်ဖွယ် စွမ်းအားကိုလည်း ထင်ဟပ်စေလေသည်။
ဒီကိစ္စကြောင့် အဲဒီလူမိုက်တွေ နောက်ဆုတ်သွားမလား ဒါမှမဟုတ် ပိုပြီး ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မလား ဆိုတာ ငါ သိချင်မိတယ်။
"လူတစ်ယောက်က အုပ်ချုပ်ရေးရုံးကို သတင်းပေးခဲ့ပေမယ့် ဆုငွေ တစ်ပြားမှ မရလိုက်ဘူးလို့ ကြားတယ်... ငွေတွေ အများကြီးကို... နှမြောစရာကြီးကွာ" လျူကျွင်းက ထွက်ခွာသွားရင်း တီးတိုး ရေရွတ်လိုက်ရာ သူ၏ မျက်လုံးများတွင် ငွေကြေးကို တပ်မက်မှုများ ပြည့်နှက်နေလေသည်။
ဆယ်ရက်ကြာ အချိန်ကာလ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မြက်ပြန်နုဆေးလုံးအတွက် အတွေ့အကြုံမှတ်များမှာ နောက်ဆုံးတွင် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ဖော်စပ်မှု အသုတ်တိုင်းပြီးနောက် ထွက်ရှိလာသော ဆေးလုံး အရေအတွက် တိုးလာရုံသာမက ဆေးလုံး တစ်လုံးချင်းစီမှာလည်း ပြည့်ဖြိုးပြီး လုံးဝန်းနေလေသည်။
ဤသည်မှာ ထိပ်တန်းအဆင့် မြက်ပြန်နု ဆေးလုံး ဖြစ်နေပြီ။ ချင်းကျိန့် ဆေးခန်း တစ်ခုလုံးတွင် ဤအရည်အသွေးရှိသော မြက်ပြန်နု ဆေးလုံးကို ဖော်စပ်နိုင်သည့် အဂ္ဂိရတ်ပညာရှင် အလွန် ရှားပါးလှသည်။
မြက်ပြန်နုဆေးလုံး တစ်လုံးလျှင် ငွေဆယ် တုံး တန်ဖိုးရှိသည်။ ရောင်းဈေးနှင့် နှိုင်းယှဉ်ပါက ဆေးမြစ် ကုန်ကျစရိတ်မှာ အလွန် နည်းပါးသဖြင့် ထည့်သွင်းစဉ်းစားရန်ပင် မလိုပေ။
ဆယ်ရက်အတွင်း ချန်ဖေးသည် ရုပ်ဖျက်အတတ်ကိုလည်း ပြီးပြည့်စုံအောင် တတ်မြောက်ခဲ့ပြီး ယခုအခါ သူ၏ ရုပ်ရည်သွင်ပြင်ကို စိတ်ကြိုက် ပြောင်းလဲနိုင်ရုံသာမက ခန္ဓာကိုယ် ပုံသဏ္ဌာန်ကိုပါ အနည်းငယ် ပြုပြင်နိုင်ပြီ ဖြစ်သည်။
ထို့ကြောင့် ယခုအခါ ချန်ဖေးသည် မှောင်ခိုဈေးကွက်တွင် မြက်ပြန်နု ဆေးလုံး ရောင်းချရန် လိုအပ်ချက်များနှင့် ကိုက်ညီနေပြီ ဖြစ်သည်။ ဖြေရှင်းရန် လိုအပ်သေးသော တစ်ခုတည်းသော ပြဿနာမှာ ဆေးမြစ် အရင်းအမြစ်ပင် ဖြစ်သည်။
ဆေးခန်းများနှင့် ဆေးဆိုင် အသီးသီးမှ ချန်ဖေးအား ဆေးမြစ်များကို အမြောက်အမြား ရောင်းချပေးရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် ကိုယ်ပိုင် အဂ္ဂိရတ်ပညာရှင်များ ရှိနေပြီး ဆေးမြစ်များကို ဤနည်းဖြင့် စီမံခန့်ခွဲရန် မလိုအပ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ချန်ဖေးသည် အခြားနည်းလမ်းကို ရှာဖွေရန် လိုအပ်လေသည်။
တစ်ချိန်တည်းမှာပင် ချန်ဖေး၏ ကျင့်စဉ်အဆင့်မှာ နောက်ရက်အနည်းငယ်အတွင်း ချိုးဖျက်ဝင်ရောက်နိုင်မည်ဟု မျှော်လင့်ရပြီး ထိုအချိန်တွင် သူသည် ကြွက်သား သန့်စင်ခြင်း အဆင့်ရှိ သိုင်းပညာရှင် တစ်ဦး ဖြစ်လာပေလိမ့်မည်။ နုံချာလှသော အရေပြားသန့်စင်ခြင်း အဆင့်နှင့် ယှဉ်လျှင် ကြွက်သား သန့်စင်ခြင်း အဆင့်က အနည်းဆုံးတော့ ချန်ဖေးကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အချို့ ပေးစွမ်းနိုင်မည် ဖြစ်သည်။
မှောင်ခိုဈေးကွက်
"ငါ ဆေးမြစ်တစ်သုတ် လိုချင်တယ်... မင်း ရှာပေးနိုင်မလား"
စာအုပ်ဆိုင် ရှေ့တွင် သူသည် မျက်နှာဖုံးနှင့် ကောက်ရိုးခမောက်ကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာမှာလည်း ပြောင်းလဲနေ၏။ အထူးသဖြင့် မျက်လုံးထောင့်များမှာ တမင် ရှည်ထားပြီး သူ၏ ကိုယ်ခန္ဓာမှာ အနည်းငယ် ပိုမြင့်မားနေသည်။ အခြားသူများကို ပေးစွမ်းသော အမြင်အာရုံမှာ သူသည် အေးစက်ပြီး ချဉ်းကပ်ရ ခက်ခဲသော ပုံစံမျိုး ဖြစ်လေသည်။
"ငွေသာရှိရင် အရာအားလုံးက လွယ်လွယ်လေးပါပဲ"
ချီတာဖုန်းက ချန်ဖေးကို ကြည့်လိုက်ပြီး ရင်းနှီးသလို ခံစားလိုက်ရသည်။ သို့သော် မှောင်ခိုဈေးကွက်တွင် လူများ ဝင်လိုက်ထွက်လိုက် ဖြစ်နေသဖြင့် ရင်းနှီးမှု ခံစားရခြင်းမှာ ပုံမှန်သာ ဖြစ်လေသည်။
"ဒီဆေးမြစ် ဆယ်ဖုံစာ"
ချန်ဖေးက ပြုစုထားသော စာရင်းကို ကမ်းပေးလိုက်ရာ ချီတာဖုန်းက ယူလိုက်ပြီး တစ်ချက် ကြည့်လိုက်ကာ ပြောလိုက်၏။ "ရှာရတာ မခက်ပါဘူး... ပေါက်ဈေးက ၁၀၀ ရာခိုင်နှုန်း ပိုမြင့်တယ်... ပစ္စည်းတွေက ခြောက်ရက်အတွင်း ရောက်လိမ့်မယ်... ဘယ်လိုလဲ"
ချန်ဖေးက မျက်လုံး လှန်ကြည့်လိုက်ပြီး ဘာမှ မပြောဘဲ ချီတာဖုန်း လက်ထဲမှ စာရင်းကို ပြန်ယူကာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
သူတို့ ဆေးမြစ်ဝယ်ရန် ချီတာဖုန်းထံ လာရခြင်း အကြောင်းရင်းမှာ အဓိကအားဖြင့် သူနှင့် ရင်းနှီးသောကြောင့် ဖြစ်ပြီး မဖြစ်မနေ လိုအပ်ချက်တော့ မဟုတ်ပေ။ အခြားနေရာများမှလည်း လုံလောက်သော ဆေးမြစ်များကို စုဆောင်းနိုင်သေးသည်။
"ဟေး... မသွားပါနဲ့ဦးလေ … ငါတို ဈေးနှုန်း ညှိနှိုင်းလို့ ရပါတယ်"
ချီတာဖုန်းက အလျင်အမြန်ပင် သူကို နေစေရန် ဆွဲဆောင်လိုက်ပြီး "ဒီနေ့ခေတ် လူတွေက ဘာဖြစ်နေကြတာလဲ... ဈေးနှုန်းတောင် မဆွေးနွေးကြတော့ဘူးလား... လူတွေရဲ့ စိတ်တွေက တကယ်ပဲ ပြောင်းလဲသွားကြပြီလား... အရင်တုန်းက စီးပွားရေး လုပ်ရတာ ဒီလောက် မခက်ခဲပါဘူးကွာ"
"ပေါက်ဈေးက အများအားဖြင့် အဲဒီရဲ့ တစ်ဝက်လောက်ပဲ ရှိတယ်... ကွာခြားချက်က မင်းအတွက် အမြတ်ကျန်ဖို့ လုံလောက်ပါတယ်..." ချန်ဖေးက လှည့်ကြည့်ရင်း ပြောလိုက်သည်။
"အပြင်မှာ မငြိမ်မသက်မှုတွေနဲ့ စစ်ပွဲတွေ ဖြစ်နေတော့ ဆေးမြစ်တွေ ရှာရခက်တယ်လေ" ချီတာဖုန်းက ခေါင်းခါရင်း ပြောလိုက်၏။
"ဒုက္ခသည်တွေ အများကြီး ရှိတယ်လေ... မင်းသာ သူတို့ကို ငွေပေးမယ်ဆိုရင် သူတို့က မင်းအတွက် ဆေးမြစ်တွေ ရှာပေးဖို့ သဘာဝကျကျပဲ ကူညီပေးကြမှာပဲမလား"
ဖျင်းယင်း ခရိုင် အပြင်ဘက်ရှိ ဒုက္ခသည် အရေအတွက်မှာ မကြာသေးမီက လျော့နည်းမသွားဘဲ တိုးလာခဲ့ပြီး နောက်ထပ် ခရိုင်မြို့ အတော်များများ ကျူးကျော်ခံခဲ့ရသဖြင့် ပတ်ဝန်းကျင် ဧရိယာမှာ ပိုမို ရှုပ်ထွေးလာခဲ့သည်။
ကောလာဟလများအရ စစ်တပ်ကို စေလွှတ်ပြီး မငြိမ်မသက်မှုများကို နှိမ်နင်းနေသည်ဟု ဆိုသော်လည်း နောက်ဆုံး ရလဒ် မည်သို့ ဖြစ်လာမည်ကိုမူ မသိရသေးပေ။