← Chapters

မိုးကြိုးဟိန်း ဓားစွမ်းအင်

Vol. 2 Ch. 21

မိုးကြိုးဟိန်း ဓားစွမ်းအင်

Vol. 2 Ch. 21

"ကျွန်တော် တစ်ခုခုတော့ တွေ့ထားပါတယ်။ ဒါပေမဲ့ ပြဿနာ ဟုတ်မဟုတ် ဆိုတာကိုတော့ သခင်မလေးဘက်က လူတစ်ယောက်လွှတ်ပြီး အတည်ပြုခိုင်းရပါလိမ့်မယ်"

ချန်ဖေးက တစ်ခဏမျှ တုံ့ဆိုင်းနေလိုက်သည်။ သူသည် အမြတ်ငွေ ခွဲဝေမှု အချိုးအစားကို ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် အမြတ်ငွေ အများစုသည် မှောင်ခိုဈေးကွက်မှ ရရှိမည် ဖြစ်သောကြောင့်ပင်။ သို့သော် ကျန်းစီနန် ပြောလိုက်သည့် ဝိညာဉ်အလင်းဆေးလုံးကမူ ချန်ဖေး၏ စိတ်ဝင်စားမှုကို အပြည့်အဝ ဖမ်းစားသွားခဲ့လေ၏။

ဝိညာဉ်အလင်းဆေးလုံးသည် မြက်ပြန်နုဆေးလုံးထက် အဆင့်မြင့်သည့် ကျင့်ကြံခြင်းအတွက်ဆေးလုံးဖြစ်ပြီး ယေဘုယျအားဖြင့် အရိုးသန့်စင်ခြင်းအဆင့် သို့မဟုတ် ခြင်ဆီသန့်စင်ခြင်း အဆင့်ရှိ သိုင်းပညာရှင်များ အသုံးပြုကြသည်။ ထို့ကြောင့် ၎င်း၏ အာနိသင်သည် မြက်ပြန်နု ဆေးလုံးထက် များစွာ သာလွန်ပြီး ဈေးနှုန်းမှာလည်း သဘာဝကျစွာပင် ပိုမို မြင့်မားလေသည်။

အကယ်၍ ချန်ဖေးသာ ဝိညာဉ်အလင်းဆေးလုံး၏ ဆေးနည်းကို ရရှိခဲ့ပါက လက်ရှိ မြက်ပြန်နုဆေးလုံး နေရာတွင် အစားထိုးနိုင်မည် ဖြစ်သည်။ သူကိုယ်တိုင် သုံးစွဲသည်ဖြစ်စေ၊ မှောင်ခိုဈေးကွက်တွင် ရောင်းချသည်ဖြစ်စေ အကျိုးများမည်မှာ အသေအချာပင်။

"ပြောပါဦး" ကျန်းစီနန်က တည်ငြိမ်စွာ ဆိုလိုက်သည်။

"ကြီးကြပ်ရေးမှူး စွန်းဆီကနေ ဝိညာဉ်အလင်း ဆေးလုံးရဲ့ အနံ့က တော်တော်လေး ပြင်းပြင်းထန်ထန် ရနေတယ်"

ချန်ဖေးက လေးနက်သော အသံဖြင့် ပြောလိုက်၏။

"အဂ္ဂိရတ်ပညာရှင် တစ်ယောက်ရဲ့ နှာခေါင်းက တခြား သိုင်းပညာရှင်တွေထက် ပိုပြီး အာရုံခံနိုင်စွမ်း ရှိပါတယ်... အထူးသဖြင့် ဆေးမြစ်တွေနဲ့ ပတ်သက်ရင်ပေါ့"

ချန်ဖေးသည် ဝိညာဉ်အလင်းဆေးလုံးကို ယခင်က မြင်ဖူးသကဲ့သို့ သုံးစွဲဖူးခြင်းလည်း ရှိသဖြင့် ထိုအနံ့နှင့် အလွန် ရင်းနှီးနေပြီး ဖြစ်သည်။

စွန်းရှုသည် ဆေးခန်း၏ ကြီးကြပ်ရေးမှူး ဖြစ်သဖြင့် သူ့ထံမှ ဆေးလုံးနံ့ ရနေခြင်းမှာ ပုံမှန်ပင် ဖြစ်၏။ သို့သော် ဝိညာဉ်အလင်းဆေးလုံး၏ အနံ့က အခြား ဆေးလုံးများအားလုံးကို လွှမ်းမိုးထားခြင်းမှာမူ ပုံမှန် မဟုတ်ပေ။ ၄င်းက နေ့စဉ် ထိတွေ့နေရခြင်း သို့မဟုတ် ရေရှည် သုံးစွဲနေခြင်းမျိုး ရှိမှသာ ဝိညာဉ်အလင်းဆေးလုံး၏ အနံ့က ဤမျှ စွဲကျန်နေမည် ဖြစ်သည်။

ဝိညာဉ်အလင်းဆေးလုံးမှာ ဈေးမပေါချေ။ ဆေးတစ်လုံးလျှင် ငွေ ၁၅ တုံးကျသင့်ပြီး မြက်ပြန်နုဆေးလုံး ဈေးနှုန်း၏ တစ်ဝက်ခန့် ရှိသည်။ စွန်းရှုသည် ဆေးခန်း၏ကြီးကြပ်ရေးမှူး ဖြစ်သော်လည်း သူ၏ လစာမှာ တစ်ရက်လျှင် ဝိညာဉ်အလင်းဆေးလုံး တစ်လုံး သုံးစွဲနိုင်ရန် အလှမ်းဝေးလွန်းလှသည်။

ကျန်းစီနန်၏ မျက်လုံးများ အရောင်တောက်သွား၏။ ချန်ဖေး တွေးမိသည်ကို ကျန်းစီနန်လည်း သဘာဝကျစွာပင် တွေးမိလေသည်။ အကယ်၍ ချန်ဖေး ပြောသည်မှာ မှန်ကန်ပါက စွန်းရှု၏ ပြဿနာသည် လေးနက်သွားပေပြီ။

"ငါတို့ ဆရာချင်ကို စစ်ဆေးခိုင်းလို့ ရပါတယ်"

ကျန်တာဖုန်းက ပြုံး၍ ဆိုလိုက်သည်။ သူပြောသည့် ဆရာချင်ဆိုသူမှာ သမားတော် တစ်ဦး ဖြစ်သော်လည်း ဆေးလုံး အနံ့များနှင့် ပတ်သက်လျှင် အလွန် အာရုံခံနိုင်စွမ်း ကောင်းသူ ဖြစ်သည်။ ကိစ္စရပ်များက ချန်ဖေး ပြောသကဲ့သို့ ဟုတ်မဟုတ် ဆိုသည်ကို လူလွှတ်ပြီး စုံစမ်းလိုက်သည်နှင့် သိရပေလိမ့်မည်။

"အကယ်လို့ ကိစ္စတွေက မင်းပြောသလိုသာ မှန်ကန်နေခဲ့ရင် ဝိညာဉ်အလင်းဆေးလုံးရဲ့ ဆေးနည်းက နောက်ပိုင်းမှာ မင်းပိုင်ဆိုင်တဲ့အရာ ဖြစ်လာမှာပါ" ကျန်းစီနန်က ချန်ဖေးကို ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်မလေး" ချန်ဖေးက ဦးညွှတ်၍ ဆိုလိုက်၏။

ညအချိန် ရောက်သောအခါ ချန်ဖေးသည် ရုပ်ဖျက်၍ မျက်နှာဖုံးနှင့် ဝါးခမောက်ကို ဆောင်းကာ မှောင်ခိုဈေးကွက်တွင် ပေါ်လာခဲ့သည်။

ချီတာဖုန်းသည် ချန်ဖေးနှင့် တွေ့သောအခါ သူ့ကို အခန်းတစ်ခန်းထဲသို့ ခေါ်သွားပြီး ကြမ်းပြင်ပေါ်ရှိ ဆေးမြစ်များကို ညွှန်ပြကာ ပြောလိုက်သည်။ "ရက်အတော်ကြာ ကြိုးစားပြီးတဲ့နောက်တော့ နောက်ဆုံးမှာ ဆေးမြစ်တွေ စုဆောင်းနိုင်ခဲ့ပြီးပြီ။ ဒီဆေးမြစ်တွေ စုဖို့ ဘယ်လောက် ခက်ခဲခဲ့လဲ ဆိုတာ မင်းမသိဘူးနော်... ပြီးခဲ့တဲ့ တစ်ခေါက်က သဘောတူထားတဲ့ ဈေးနှုန်းက တကယ်ကို နည်းလွန်းတယ်"

ချန်ဖေးက စကားမပြောဘဲ ဆေးမြစ်များကို စစ်ဆေးရန် ရှေ့သို့ တိုးသွားလိုက်သည်။ ခေတ္တမျှ ကြာပြီးနောက် ချန်ဖေးက မတ်တတ်ရပ်လိုက်ပြီး ချီတာဖုန်းကို တည်ငြိမ်စွာ ကြည့်လိုက်၏။

"ဘာဖြစ်လို့လဲ"

ချီတာဖုန်းသည် ချန်ဖေး၏ အကြည့်အောက်တွင် နေရခက်သွားပြီး မကျေမနပ်ဖြင့် ဆိုလိုက်သည်။ "ခင်ဗျား ရုတ်တရက်ကြီး ဒီဆေးမြစ်တွေကို မလိုချင်တော့တာ မဟုတ်ပါဘူးနော်... ကျွန်တော် ပြောမယ်... ဈေးနှုန်းကို ညှိနှိုင်းလို့ ရတယ်။ ဒါပေမဲ့ ခင်ဗျား ဆေးမြစ်တွေ အကုန်လုံးကိုတော့ ယူရမယ်"

"ဒီ ဆေးမြစ်အတုတွေကို ခင်ဗျားဘာသာ လုပ်ထားတာလား" ချန်ဖေးက တည်ငြိမ်စွာ မေးလိုက်သည်။

"ဘာ... ဆေးမြစ်အတုတွေ ရှိတယ် ဟုတ်လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ချီတာဖုန်းက မယုံနိုင်သည့် ဟန်ပန်ဖြင့် ကျယ်လောင်စွာ အာမေဋိတ် ပြုလိုက်ပြီးနောက် ဆေးမြစ်များကို သေချာ စစ်ဆေးရန် လျှောက်သွားလေသည်။

ချန်ဖေးမှာ မျက်လုံးသာ လှန်ကြည့်ချင်စိတ် ပေါက်သွားတော့၏။ ဤသရုပ်ဆောင်ချက်များက သဘာဝကျလွန်းလှသဖြင့် နားမလည်သူများ ဆိုလျှင် အလိမ်ခံလိုက်ရပေမည်။ အကယ်၍ ချန်ဖေးသာ ကျွမ်းကျင် အဂ္ဂိရတ်ပညာရှင် တစ်ဦး မဟုတ်ခဲ့လျှင် ဤကဲ့သို့ အတုပြုလုပ်ထားသည့် နည်းပညာကို လူအများစု ခွဲခြားနိုင်မည် မဟုတ်ပေ။

ကျွမ်းကျင်မှုနှင့် ဗဟုသုတ အတိုင်းအတာ တစ်ခု မရှိဘဲ ဤမျှ အရည်အသွေး ကောင်းမွန်သည့် ဆေးမြစ်အတုမျိုးကို မည်သူမျှ ဖန်တီးနိုင်မည် မဟုတ်ချေ။

"တကယ်ကြီး အတုတွေ ပါနေတာပဲ... အဲဒီ သောက်ကျိုးနည်း ဒုက္ခသည်တွေ ငါ့ကို လိမ်သွားကြပြီ"

ချီတာဖုန်းက ဆွေးဆွေးမြည့်မြည့် အော်ဟစ်လိုက်သော်လည်း အော်ဟစ်သံ အနည်းငယ် အပြီးတွင် ချန်ဖေးထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအခါ အနေခက်စွာဖြင့် အသံတိတ်သွားလေသည်။

"အခု ခင်ဗျား ဘာပြောချင်သေးလဲ" ချန်ဖေးက ချီတာဖုန်းကို မေးလိုက်သည်။

"ငါ ကြည့်လိုက်တာတော့ အတုတွေ သိပ်မများပါဘူး... နည်းနည်းလေးပါပဲ" ချီတာဖုန်းက ပြုံး၍ ပြောလိုက်၏။

"ငါ ဆယ်ဖုံ လိုချင်တာ... ဒါပေမဲ့ ခြောက်ပုံကပဲ အစစ် ဖြစ်နေတယ်...တကယ်ကို နည်းနည်းလေးပဲ" ချန်ဖေးက ခေါင်းညိတ်ပြလိုက်သည်။

"အဲဒီလောက်တောင် များလား... ငါအရင်က သတိမထားမိလိုက်ဘူး... အဲဒီ သောက်ကျိုးနည်း ဒုက္ခသည်တွေကတော့" ချီတာဖုန်းက ထပ်မံ အော်ဟစ်လိုက်ပြန်သည်။

"ဒါက ဆေးမြစ် ခြောက်ဖုံစာ အတွက် ငွေပါ... နောက်တစ်ခါကျရင် ဆယ်ဖုံ ဖြစ်ရမယ်... နောက် သုံးရက်နေရင် ပစ္စည်းလာယူမယ်"

ချန်ဖေးက စကားမပြောဘဲ ငွေထုတ်ပေးလိုက်ပြီး ချီတာဖုန်း လက်ထဲ ထည့်ပေးကာ ဆေးမြစ်များကို ကောက်ယူ၍ အိမ်ထဲမှ လှည့်ထွက်သွားလိုက်သည်။

ချီတာဖုန်းသည် လက်ထဲမှ ငွေကို ချိန်ဆကြည့်ရင်း ချန်ဖေး၏ ကျောပြင်ကို ကြည့်ကာ မပြုံးဘဲ မနေနိုင်တော့ချေ။ ဤမျှ ပါးနပ်သော လူငယ်မျိုးနှင့် မတွေ့ရသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ တကယ်ကို စိတ်ဝင်စားစရာ ကောင်းပေသည်။

ချန်ဖေးသည် ပါဆယ်ထုပ်ကို သယ်ဆောင်လျက် မှောင်ခိုဈေးကွက်မှ ထွက်ခွာလာခဲ့၏။ ဆေးမြစ် ဆယ်ဖုံစာ ဆိုသည်မှာ ချန်ဖေး သေချာ တွက်ချက်ထားသည့် ပမာဏ ဖြစ်သည်။ အလွန်အမင်း ထင်ရှားစေမည့် ပမာဏမျိုး မဟုတ်ပေ။ သို့မဟုတ်ပါက မှောင်ခိုဈေးကွက်မှ ပါဆယ်ထုပ်ကြီး သယ်ဆောင်လာခြင်းက မလိုအပ်သော ပြဿနာများကို အလွယ်တကူ ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေလိမ့်မည်။

ဤပမာဏက အနေတော်ပင်။ မည်သူမျှ သူ့နောက်ယောင်ခံ မလိုက်သည်ကို အတည်ပြုပြီးနောက် ချန်ဖေးသည် သူငှားရမ်းထားသော နေအိမ်ဝင်းထဲသို့ သတိထား၍ ပြန်လာခဲ့သည်။

ဤသည်မှာ ချန်ဖေး ရုပ်သွင်နှင့် ပုံပန်းသဏ္ဍာန် ပြောင်းလဲပြီးနောက် ထပ်မံ ငှားရမ်းထားသည့် အခြား ဝင်းတစ်ခု ဖြစ်သည်။ နောက်ပိုင်းတွင် သူသည် မှောင်ခိုဈေးကွက်၌ မြက်ပြန်နုဆေးလုံးများကို ရောင်းချမည် ဖြစ်ရာ သတိထားခြင်းက ပို၍ စိတ်ချရပြီး သူ၏ မူလ အထောက်အထားနှင့် ထိပ်တိုက်တွေ့ခြင်းမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။

အခန်းတစ်ခန်းကို ဆေးဖော်စပ်ရာ အခန်းအဖြစ် အထူး သန့်ရှင်းရေးလုပ်၍ ပြောင်းလဲထားလေသည်။

ချန်ဖေး ပါဆယ်ထုပ်ထဲမှ ဆေးမြစ်များကို စီစဉ်ပြီး မြက်ပြန်နုဆေးလုံးကို စတင် ဖော်စပ်လိုက်သည်။ ပြီးပြည့်စုံခြင်း အဆင့်သို့ နီးကပ်နေပြီ ဖြစ်သော မြက်ပြန်နု ဆေးလုံး ဖော်စပ်ခြင်း ကျွမ်းကျင်မှုဖြင့် ဆေးမြစ် ခြောက်ပုံကို ဖော်စပ်ရာတွင် အချိန် အနည်းငယ်သာ ကုန်ဆုံးလေ၏။

နည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်သွားသည်နှင့် သာမန်လူများအတွက် အလွန် ရှုပ်ထွေးသည်ဟု ထင်ရသော အရာများက တစ်ခါတစ်ရံတွင် အလွန် ရိုးရှင်းသွားတတ်သည်။

တစ်နာရီခန့် ကြာသောအခါ အဂ္ဂိရတ်ပညာဖြင့် ဆေးဖော်စပ်ခြင်း ပြီးဆုံးသွားသည်။ ချန်ဖေးသည် ဆေးပုလင်းထဲရှိ မြက်ပြန်နုဆေးလုံး ၁၅ လုံးကို ကြည့်ပြီး မပြုံးဘဲ မနေနိုင်တော့ပေ။

ဤသည်မှာ ငွေ​ပြား တစ်ရာကျော် တန်ဖိုး ရှိလေသည်။ အကယ်၍ မြက်ပြန်နုဆေးလုံး၏ ကျွမ်းကျင်မှုအဆင့်သာ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားပါက တစ်ကြိမ်လျှင် ထွက်ရှိမည့် ဆေးလုံး အရေအတွက်မှာ ထပ်မံ တိုးလာဦးမည် ဖြစ်သည်။

မကြာမီ အချိန်အတွင်း ချန်ဖေးသည် ငွေငါးရာအထိ စုဆောင်းမိလာလိမ့်မည်။ ချန်ဖေးသည် ဆေးပုလင်းကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး စနစ်မျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်သည်။

အမည် - ချန်ဖေး

အလုပ်အကိုင် - သိုင်းပညာရှင်

ကျင့်စဉ်များ - တောင်စိမ်းဓားသိုင်း (ပြီးပြည့်စုံခြင်း)၊ လေဟုန်စီး အသက်ရှူနည်းစနစ် (ပြီးပြည့်စုံခြင်း)၊ မြစ်ဖြတ်တိမ်တိုက် (ပြီးပြည့်စုံခြင်း)၊ ရုပ်ဖျက်အတတ် (ပြီးပြည့်စုံခြင်း)၊ နတ်ဘုရား လမ်းညွှန်ချက် (အစပျိုးအဆင့်)

အဆင့် - ခန္ဓာကိုယ်သန့်စင်ခြင်း (၁၇/၁၀၀၀၀)

အဂ္ဂိရတ်ပညာ - ချီသွေးဆေးလုံး (ပြီးပြည့်စုံခြင်း)၊ အဆိပ်ဖြေဆေးလုံး (ပြီးပြည့်စုံခြင်း)၊ ကုသရေးဆေးလုံး (ပြီးပြည့်စုံခြင်း)၊ မြက်ပြန်နု ဆေးလုံး (ပြီးပြည့်စုံခြင်း ၇၉၃၁/၁၀၀၀၀)

အခြေအနေ - အရိုးကျိန်စာအမှတ် (-)

အားလုံးနီးပါး သူတို့၏ စွမ်းရည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ "နတ်ဘုရားလမ်းညွှန်ချက်" ဓားသိုင်းကို ကျွမ်းကျင်အောင် မတတ်မြောက်သေးခြင်းက ထင်ရှားနေလေသည်။ ကြွက်သား သန့်စင်ခြင်း အဆင့်သို့ ချိုးဖျက် ဝင်ရောက်နိုင်ခဲ့ခြင်းကြောင့် "အရိုးကျိန်စာအမှတ်" အခြေအနေမှာ အနုတ်လက္ခဏာဖြင့် အမှတ်အသား ပြုထားပြီး ချန်ဖေးအပေါ် သက်ရောက်မှု သိသိသာသာ လျော့ကျသွားကြောင်း ပြသနေသည်။

ထိုအချိန်တွင် လေဟုန်စီးအသက်ရှူနည်းစနစ်နှင့် မြက်ပြန်နုဆေးလုံးတို့သည် ကျင့်ကြံမှုကို မြှင့်တင်ရာ၌ ထိရောက်မှု သိသိသာသာ လျော့ကျသွားသည်။ သို့သော်လည်း ၎င်းတို့၏ အာနိသင်မှာ ကြီးမားနေဆဲ ဖြစ်ပြီး တစ်ရက်လျှင် အတွေ့အကြုံ အမှတ် ၂၀ ခန့် တိုးပွားစေသည်။

ဤတွက်ချက်မှုအပေါ် အခြေခံပါက ချန်ဖေးသည် အရိုးသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိရန် တစ်နှစ်ကျော်ခန့် အချိန်ယူရမည် ဖြစ်သည်။

နှေးကွေးသည်ဟု မဆိုနိုင်ပေ။ ကိုယ်ခံပညာရှင် အများစုထက် ပိုမြန်နေပြီး ကိုယ်ခံပညာရှင် အများအပြားမှာ တစ်သက်လုံး ထိုနေရာတွင်သာ သောင်တင်နေတတ်ကြသည်။

အကယ်၍ ချန်ဖေးက သူ၏ ကျင့်ကြံမှု တိုးတက်မှုကို အရှိန်မြှင့်တင်လိုပါက ဝိညာဉ်အလင်း ဆေးလုံးသို့ ပြောင်းလဲ သုံးစွဲရန်နှင့် သူ၏ လေဟုန်စီး အသက်ရှူနည်းစနစ်ကို အားဖြည့်ရန် လိုအပ်သည်။ အကယ်၍ သူသည် ဤအရာနှစ်ခုအနက် တစ်ခုခုကို အောင်မြင်ပါက သူ၏ ကျင့်ကြံမှု အရှိန်အဟုန်မှာ သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။

ဤသည်ကို တွေးမိသဖြင့် ချန်ဖေးသည် လျှို့ဝှက်ကျမ်းစာအုပ် တစ်အုပ်ကို ထုတ်လိုက်သည်။

ချီတာဖုန်း၏ ပြောကြားချက်အရ ဤသည်မှာလည်း နတ်တိမ်ဓားဂိုဏ်း၏ ကျင့်စဉ်တစ်ခု ဖြစ်ပြီး "မိုးကြိုးဟိန်း ဓားစွမ်းအင်" ဟု ခေါ်ဆိုလေသည်။

All Chapters