← Chapters

အခန်း (၉၅)

Vol. 10 Ch. 95

အခန်း (၉၅)

Vol. 10 Ch. 95

====(95)

နောက်နေ့မနက်တွင် ကျောင်းစီဟွေ့က အသင်းဖော်များနှင့် ဝံပုလွေပေါက်လေးအတွက် မီးဖိုချောင်၌ မနက်စာပြင်ဆင်ရန် စောစောထခဲ့သည်။

ရေချိုးခန်းထဲတွင်တော့ ကျင်းယန်က လက်မောင်းထဲတွင် အိပ်ငိုက်နေသော ကလေးမလေးကို ချီထားခဲ့၏။

သူမက သမ်းဝေနေခဲ့ကာ မျက်လုံးကို ဖောင်းကစ်ကစ်လက်လေးဖြင့် ပွတ်သပ်လိုက်သော်ငြား ထိုလက်ကို သူမ၏နောက်မှ အမျိုးသားက ညင်သာစွာ တွန်းဖယ်လိုက်လေသည်။

“မျက်လုံးကို လက်နဲ့မပွတ်နဲ့”

မနက်ခင်းသို့ရောက်ချိန်တွင်တော့ ယင်ဝိလျိုတစ်ယောက် သူမ၏ လူသားအသွင်ပြောင်းနိုင်သည့်အချိန်က ကန့်သတ်ချက်ရှိပြီး ငါးနာရီ ခြောက်နာရီပတ်လည်ရှိကာ အနာဂတ်၌ တဖြည်းဖြည်းတိုးလာနိုင်ကြောင်း ကျင်းယန်ကို ပြောခဲ့ပြီးဖြစ်ပေ၏။

ဤအကြောင်းကို ကြားလိုက်မှသာ ကျင်းယန်သည်လည်း နောက်ဆုံးတွင် လုံးလုံးလျားလျား စိတ်သက်သာရာရသွားခဲ့သည်။

ကလေးမလေးက အိပ်ချင်မူးတူးဖြင့် “အင်း” ဟုပြန်ဖြေလိုက်သော်လည်း အပြည့်အဝမနိုးသေးပါချေ။

ကျင်းယန် ကလေးမလေး၏ သွားတိုက်တံကို သန့်ရှင်းပေးပြီး ပဲစေ့အရွယ်ပမာဏ သွားတိုက်ဆေးကို ညှစ်ထုတ်ပြီး‌ မေးလိုက်သည်။

“မင်း ဘယ်လို သွားတိုက်ရမလဲဆိုတာ သိလား?”

သူမဘက်မှသာ မသိဟုပြောမိလျှင် သွားတိုက်ပေးတော့မည့် အမူအရာဖြစ်နေသော ကျင်းယန်ကိုမြင်လျှင် ယင်ရိလျိုတစ်ယောက် ခေါင်းကိုအလျှင်အမြန်ငြိမ့်၍ ပါးလုတ်ကျင်းပြီး သွားတိုက်တံကိုယူကာ သူမ၏ကလေးသွားလေးများကို စတင်တိုက်ခဲ့လေသည်။

ကျင်းယန်၏ အမြင်ရှုထောင့်မှကြည့်လျှင် ကလေးမလေး၏ဆံပင်က အနည်းငယ်ရှုပ်ပွပြီး အထက်သို့ကွေးတက်နေသည်ကို မြင်နိုင်ပေ၏။

သူက သူမ၏ဆံပင်ကို ဂရုတစိုက်ဖြင့် ဖြေရှင်းပေးရန်အတွက် လက်များဖြင့် လုပေးခဲ့လေသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် သူ ဝယ်ခဲ့သော ခေါင်းဖြီးသည့် ဘီးလေးကိုထုတ်ပြီး ယင်ရိလျို၏ဆံပင်များကို ဖြီးပေးခဲ့၏။

ကံကောင်းစွာပင် ယင်ရိလျို၏ဆံပင်က နူးညံ့၍ချောမွေ့ပြီး ထုံးနေသောအပိုင်းများရှိလျှင်ပင် သူ ညင်သာစွာကိုင်ပြီး ဖြီးပေးလိုက်ပါက အထုံးဖြည်သွားသောကြောင့် စီးဆင်းနေသောရေကို လက်အပြည့်ကိုင်ထားရသည်နှင့်တူ၏။

ယင်ရိလျို မျက်လုံးမှိတ်လိုက်ကာ ပါးစပ်ကိုဆေးကြောလိုက်သည်။

အေးစက်သောမျက်နှာနှင့်

နတ်ဘုရားကျင်းယန်ကသူ၏လက်ကောက်ဝတ်တွင် ခိုဥအရွယ်သလင်းကျောက်ပါသော ခေါင်းစည်းကွင်းကို ပတ်ထားပြီး ယင်ရိလျို၏ ဆံပင်နှင့် တိုက်ပွဲဝင်နေလျက်ရှိကာ သူ၏နှုတ်ခမ်းပါးကို ဖိပြီး မျက်မှောင်ကြုတ်နေခဲ့၏။

အချိန် အတော်ကြာအောင် ကြိုးစားပြီးနောက် ကလေးမလေးအတွက် ပိုနီတေးလ်တစ်ခု စည်းပေးရန်အတွက် အောင်မြင်သွားခဲ့ပေပြီ။

သူ ခေါင်းဖြီးကို ချလိုက်ကာ စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက်ချလိုက်မိလေ၏။

ဆံပင်စည်းပေးရခြင်းက စာချုပ်တစ်ခု ဆွေးနွေးရခြင်းထက် ပို၍ရှုပ်ထွေးသည်ဟု ကျင်းယန် ခံစားနေခဲ့ရသည်။

ယင်ရိလျိုတစ်ယောက် သူမ၏ ခေါင်းနောက်ဘက်မှ အလေးချိန်တစ်ခုကို ခံစားလိုက်ရ၏။

သူမ ခြေဖျားထောက်ရပ်ပြီး မှန်ထဲမှတဆင့် နောက်ကျောကို ကြည့်လိုက်သည့်အချိန်တွင် ခေါင်းပေါ်မှ ‘ခိုဥ’ကို မြင်လိုက်ရပြီးနောက် တစ်ဖန်ပြောစရာစကားမဲ့သွားရပြန်သည်။

ရွှေပေါင်လုံးကြီး၏ အကြိုက်မှာ အမှန်စင်စစ်ပင် ‘အံ့အားသင့်ဖွယ်’ကောင်းလေ၏။

ကျင်းယန် ယင်ရိလျို၏မျက်နှာကို သုတ်ပေးပြီးနောက် ကလေးမလေးကို ရေချိုးခန်းထဲမှ ခေါ်ခဲ့လိုက်သည်။

သူ အပြင်ထွက်လျှင်ထွက်ချင်း ဝင်ပေါက်တွင် မျက်မှောင်ကြုတ်နေသော ကျောင်းစီဟွေ့ကို မြင်လိုက်ရလေ၏။

သူတို့အိမ်၏ တံခါးပေါက်က ပွင့်နေပြီး စစ်တပ်ယူနီဖောင်းနှင့် လူတစ်ယောက်က တံခါးအပြင်ဘက်၌ ရပ်နေလျက်ရှိကာ ကျောင်းစီဟွေ့ကို မျက်လုံးများ မှေးစင်းသည်အထိ ပြုံးနေသော လျှို့ဝှက်ချက်အပြည့်ရှိသည့် အပြုံးနှင့် စကားပြောနေခဲ့သည်။

ကျင်းယန် ထွက်လာသည်ကို ကျောင်းစီဟွေ့ သတိထားမိလျှင် သူမစိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက် ရှူထုတ်လိုက်သည်။

နောက်ဆုံးတွင် ဤအမျိုးသားဆီမှ သူမ လွတ်နိုင်ပေပြီ။

“ကျင်းကော ဒါက ဒုဗိုလ်ချုပ်ကြီးဝူတဲ့”

တံခါးပေါက်မှ အမျိုးသားကလည်း ကျင်းယန်ကိုပြုံးပြလိုက်ပြီး သူ၏မြေခွေးနှင့်တူသောသေးသွယ်သွယ်မျက်လုံးများမှာတော့ သူ့၏ဘေးမှ ယင်ရိလျိုကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီးနောက် ကျင်းယန်ကိုပြောလာခဲ့သည်။

“ဟယ်လို ကျွန်တော်က ဗိုလ်ချုပ်ကြီးလီရဲ့ လက်အောက်ငယ်သား ဝူရှန်းလင်းပါ”

အမျိုးသားနှင့် လက်ဆွဲနှုတ်ဆက်နေသော ကျင်းယန်၏အကြည့်ကတော့ အနည်းငယ်အေးစက်နေခဲ့သည်။

တစ်ဖက်မှ ဤသို့ လာရောက်လည်ပတ်မည်ကို သူမျှော်လင့်ထားပြီးဖြစ်၏။

*

အခြေစိုက်စခန်းမှ တောင်အလယ်ရှိ ဗီလာဧရိယာကို နျိုမိသားစုက သိမ်းပိုက်ထား‌သည်။

အခြေစိုက်စခန်းထဲသို့ ဝင်ရောက်လာသော ဆင့်ကဲပြောင်းလဲသူအုပ်စုကို အဖွဲ့ဝင်အသစ်များ အဖြစ်စုဆောင်းကာ တိုးချဲ့ပြီးနောက် ယခုချိန်၌ ဧရိယာက အလွန်ကြီးမားနေလေသည်။

ဗီလာဧရိယာဗဟိုတွင်တော့ နျိုဖေးဟောင်နှင့် သူ၏သမီးနျိုရင်းနေသော အကြီးမားဆုံး လေးထပ်ဗီလာတစ်ခုရှိ၏။ ဗီလာဧရိယာတစ်ခုလုံးတွင် လုံခြုံရေး အတင်းကြပ်ဆုံးနေရာလည်းဖြစ်ပေသည်။

ဤအချိန်တွင် ပထမထပ်ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် နျိုဖေးဟောင်က ထိုင်နေကာ လူယုံအချို့နှင့် အစည်းအဝေးပြုလုပ်နေခဲ့၏။သူတို့ အစည်းအဝေးလုပ်နေသည်မှာ အချိန် တစ်ဝက်ခန့်အကြာတွင် တစ်စုံတစ်ယောက်က တံခါးခေါက်လာခဲ့သည်။ နျိုဖေးဟောင်က ရင်းနှီးသောပုံရိပ်ကိုမြင်ပြီး ဝင်လာရန် လက်ယပ်ခေါ်လိုက်၏။

“ဘာလဲ?”

“ကော ရှုးယန်အသင်း နေတဲ့နေရာကို ဝူရှန်းလင်းက တစ်ယောက်တည်း သွားခဲ့တယ်.. သူတို့ကိုသွားစည်းရုံးတာ အဖြစ်နိုင်ဆုံးပဲ”

နျိုဖေးဟောင်မှာ အသက်ငါးဆယ်ကျော်အရွယ်ဖြစ်ပြီး အလွန်ဝ၏။

ကမ္ဘာပျက်ကပ်‌၌ သူ့ဘဝအရည်အသွေးက မကျဆင်းသွားရုံသာမက ဒေသတွင်းအာဏာရှင်ဖြစ်လာသဖြင့် သူ၏ဘဝက များစွာပို၍ ဇိမ်ခံပစ္စည်းများနှင့်ပြည့်စုံလာခဲ့သည်။

ယခင်က သူပြောင်ပြောင်တင်းတင်း မစားဝံ့သည့် ရှားပါးသည့် စားကောင်းသောက်ဖွယ်များကို ယခုအချိန်တွင် နျိုအိမ်တော်သို့ ပွင့်လင်းစွာပင် ပို့ဆောင်နေပြီဖြစ်၏။

အမှတ်ခန်းမတွင်ရှိသော တာဝန်အချို့သည်က သူ၏အာသီသကို ကျေနပ်စေရုံမျှသာဖြစ်စေသည်။

သူက ဝနေသော်ငြား သူ၏အရှိန်အဝါမှာ လျော့ပါးမသွားပါချေ။ ဆိုဖာပေါ်တွင် လက်ထဲမှ သစ်ကြားသီးနှစ်လုံးနှင့် ကစားနေပြီး ပါးပြင်မှ အဆီများက ဖိညှစ်ထား‌သောကြောင့် ပို၍သေးငယ်ပုံပေါ်သည့် မျက်လုံးများက တောက်ပစွာလင်းလက်နေခဲ့သည်။

သူ အေးစက်စွာ နှာမှုတ်လိုက်၏။

“ဒီတစ်ကြိမ် လီကျန်ကျောင်းက တကယ်ကို အားထည့်ထားခဲ့တာပဲ.. ဝူရှန်းလင်းကိုတောင်မှ ကိုယ်တိုင်ကိုယ်ကျ သွားခိုင်းခဲ့တယ်”

သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသောသူများသည်က သူ့ဘက်မှဆင့်ကဲပြောင်းလဲသူများဖြစ်၏။

ဤသည်အားကြားလျှင် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က ရယ်ခဲ့သည်။

“ဘော့စ် စိတ်မပူပါနဲ့.. ရှုးယန်အသင်းက မတုံးအ,သရွေ့ ဘယ်သူ့ဆီကိုလှည့်ပြီး ဘယ်သူ့ရဲ့နောက်ကိုလိုက်ရမလဲဆိုတာ သိမှာပါ.. လီကျန်ကျောင်းရဲ့ဘက်ကို ဝင်လို့ ဘာမှကောင်းတာမရှိဘူး..”

ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက် ဗဟိုအစိုးရမှ လီကျန်ကျောင်းကို မြို့တော်Z သို့ ပို့လွှတ်ခဲ့ပြီး တစ်ချိန်တည်းတွင် လက်နက်ခဲယမ်းနှင့် စစ်တပ်အမှုထမ်း ပမာဏအများအပြားကို ခေါ်လာခဲ့သောကြောင့် နျိုဖေးဟောင်ကို ကြီးမားစွာ ကန့်သတ်ခဲ့လေသည်။

နောက်ဆုံးတော့ အတိတ်မှာ မသမာစွာ ကြီးပွားလာသော ဆင့်ကဲပြောင်းလဲသူများက လီကျန်ကျောင်းမှ ကတ်များကို ကုလားဖန်ထိုးပြီးနောက်တွင် သူတို့ကိုယ်သူတို့ ချုပ်ထိန်းခဲ့ရ၏။

စစ်တပ်ပုံစံဟု ယေဘုယျခေါ်ကြသောပုံစံက မြို့တော်Zအခြေစိုက်စခန်းအား အပြည့်အဝဥပဒေကင်းမဲ့သည့် နေရာဖြစ်လာခြင်းမှ ကာကွယ်နိုင်ခဲ့လေသည်။

ဤအကြောင်းကြောင့် နျိုဖေးဟောင်၏လက်အောက်မှ ဆင့်ကဲပြောင်းလဲသူများက လီကျန်ကျောင်းနှင့် ပက်သက်၍ မကျေမနပ်ဖြစ်နေကြ၏။

ကမ္ဘာပျက်ကပ်ဖြစ်ပြီးသည့်အချိန်တွင် ထိုသူက လူများကို စောင့်ရှောက်ရန်အတွက် တုံးအသည့်မူဝါဒအချို့ ချမှတ်ခဲ့သဖြင့် သူက သူတော်ကောင်းယောင်ဆောင်သူ တစ်ယောက်ဟုလည်း ထင်နေကြသည်။

သို့သော် သူ့လက်ထဲမှ လက်နက်ခဲယမ်းများက သူတို့ကို သတိထားနေရစေ၏။

နျိုဖေးဟောင်၏ တောင်ပံအောက် ခိုလှုံပြီးနောက်တွင် ဆင့်ကဲပြောင်းလဲသူ အများစု၏ လူနေမှုပုံစံက အရည်အသွေးအရ ခုန်လွှားသွားပြီး သူတို့၏အပြုအမူများကို ချုပ်ထိန်းခြင်းက ရှားပါးကြလေသည်။

လီကျန်ကျောင်း၏ လက်အောက်တွင် အလုပ်လုပ်သူများမှာ ပြည့်တန်ဆာများကို မရှာနိုင်၊ ပစ္စည်းများကို အကြွေးမဝယ်နိုင်ဟု ပြောလာကြ၏။

ဒီဟာလည်းမလုပ်နိုင် ၊ ဟိုဟာလည်း မလုပ်ရဆိုရင် ဆင့်ကဲပြောင်းလဲသူတစ်ယောက်အနေနဲ့ သူတို့ရဲ့ အထူးအခွင့်အရေးတွေက လုံးဝဟာသကြီးပဲမဟုတ်လား?

ထို့ကြောင့် ရှုးယန်အသင်း၏ အဖွဲ့ဝင်များက လီကျန်ကျောင်း၏ဘက်ကို ရွေးချယ်ရန်မဖြစ်နိုင်ဟု သဘာဝအလျှောက် ထင်ခဲ့ကြသည်။

နျိုဖေးဟောင် တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားပြီး သူ့လက်ထဲမှ သစ်ကြားသီးကို လှည့်နေခြင်းအား ရပ်တန့်လိုက်၏။ သူက သူ့ဘေးမှ လက်အောက်ငယ်သားကို‌ မေးလိုက်သည်။

“မင်းတို့ရဲ့သခင်မလေး မနိုးလာသေးဘူးလား?”

သူ့ဘေးတွင် ရပ်နေသောသူသည်က ယမန်နေ့က နျိုရင်း၏ဘေးရှိ လူနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်ကာ ခေါင်းယမ်းလိုက်လဆသည်။

သူတို့ သခင်မလေးဆီသို့ ပြန်ရောက်ပြီးယုန်ကိုယူလာရန် ကျရှုံးခဲ့ကြောင်း ပြောလိုက်သည့်အခိုက်တွင် နျိုရင်းက အကြီးအကျယ် ပေါက်ကွဲသွားခဲ့၏။

အိမ်ပြန်ရောက်သည့်အချိန်၌လည်း အော်ဟစ်ပြီး အကြီးအကျယ် စိတ်ဆိုးပေါက်ကွဲခဲ့ကာ သူမက ယုန်ကို အလွန်ကြိုက်လွန်းသည့်အတွက် ယူလာပေးရန် နျိုဖေးဟောင်ကို တောင်းဆိုခဲ့၏။

နျိုဖေးဟောင်နှင့်သူမက ဤကိစ္စအတွက် အနည်းငယ် ပဋိပက္ခဖြစ်ခဲ့ရသေးသည်။

နျိုရင်းပြောသကဲ့သို့ အမှန်စင်စစ် ယုန်‌လေးတစ်ကောင်သာ ဖြစ်လျှင် သူက ရှုးယန်အသင်းဆီမှ သေချာပေါက် တောင်းပေးမည်ဖြစ်၏။

သူ့တွင် necrospermia* (သုတ်မအောင်ခြင်း) ရှိသောကြောင့် မရေမတွက်နိုင်သော အပျော်မယားများရှိလျှင်ပင် သူတို့ထဲက တစ်ယောက်မှ သူ့၏ကလေးကို မမွေးနိုင်ခဲ့ချေ။

ဤဘဝ၌ ကလေးတစ်ယောက်ရရှိရန် ကံကြမ္မာမရှိဟု ကနဦးက ထင်ခဲ့သော်ငြား သူအား အံ့သြစေသည်မှာ သူ၏သက်လတ်ပိုင်းဇနီးသည်မှာ အသက်ကြီးမှ သူ၏သမီးလေးကို မွေးဖွားပေးခဲ့သည်။

[T/N-Necrospermia: သုတ်ရည်ထဲက သုတ်ကောင်က အသက်ရှင်နိုင်ဖို့ ရာခိုင်နှုန်း နည်းပြီး မရွေ့လားနိုင်/မကူးခတ်နိုင်ဖို့ ရာခိုင်နှုန်းများတဲ့ အခြေအနေတစ်ခုပါ]နျိုရင်းက သူ၏တစ်ဦးတည်းသော သမီးဖြစ်သောကြောင့် မွေးဖွားလာစဉ်ကတည်းက အလိုလိုက်ခဲ့လေသည်။

သူမ မည်သည်ကို တောင်းဆိုပါစေ သူမ၏အလိုကို ဖြည့်ဆည်းပေးရန် အကောင်းဆုံး ကြိုးစားမည်ဖြစ်၏။

သို့သော်ငြား ဤအကြိမ်တွင်‌တော့ အကြောင်းအရာက ကွာခြားလေသည်။

ထိုယုန်သည် ယုန်အစစ် တစ်ကောင်မဟုတ်ဘဲ တိရစ္ဆာန်နှင့်‌ပေါင်း၍ မျိုးစပ်ခဲ့သော ကလေးမလေးတစ်ယောက်ဖြစ်နေခဲ့၏။

သူမက ရှုးယန်အသင်းခေါင်းဆောင်၏ သမီး သို့မဟုတ် ညီမဖြစ်သည်ဟုလည်း ပြောကြ‌လေသည်။ အတိုချုပ်အားဖြင့် အခြေအနေက အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။

ယမန်နေ့က ကျင်းယန်ကိုမြင်ခဲ့သော နျိုရင်း၏ဘေးရှိ လက်အောက်ငယ်သား၏ ပြောပြချက်အရ ဤပုဂ္ဂိုလ်က မျက်လုံးများသာ ဆင့်ကဲပြောင်းလဲခဲ့ခြင်း သေချာပေါက်မဟုတ်ဘဲ အလွန်သန်မာသော ရုပ်ပိုင်းဆိုင်ရာ အင်အားလည်းရှိပေသည်။

သူတို့အသင်းက ဉာဏ်ကောင်းသော သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင်ကို သတ်နိုင်သည့်အချက်ကပင် ဤအဖွဲ့သည် ကနဦးက ထင်သကဲ့သို့ မရိုးရှင်းကြောင်း သိနိုင်ခဲ့သည်။

All Chapters