← Chapters

အခန်း (၉၇)

Vol. 10 Ch. 97

အခန်း (၉၇)

Vol. 10 Ch. 97

*(97)

ရွှင်လန်းတက်ကြွနေသော လေထုက တစ်ခဏချင်း တင်းမာသွားလေ၏။ ကျောင်းစီဟွေ့၏ လက်သီးဆုပ်များမှာလည်း အနည်းငယ် တင်းကြပ်သွားလေ၏။

သူတို့၏ရှေ့မှ ဤစစ်သားများနှင့် ပညာရှင်များ အားလုံးသည်က ပျက်ကပ်မတိုင်ခင်ကပင် ကျော်ကြားသူများဖြစ်လေသည်။

ထို့ကြောင့် သူတို့၏အော်ရာများက သဘာဝအလျှောက်ပင် သာမာန်လူများထက် ပို၍သန်မာ၏။

ဤကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက်နှင့် ကျင်းယန်တို့ တွေ့သည့်အခိုက်မှာ မသေမျိုးကြားမှ တိုက်ပွဲနှင့်တူပြီး ဒုက္ခခံစားရမည့်သူများမှာ သူတို့ကဲ့သို့ သေမျိုးများသာဖြစ်၏။

ဘေးဘက်မှ မြေခွေးမျက်လုံးနှင့် မျက်မှေးအမျိုးသားက ရုတ်တရက် သူမ၏နားအနီးသိားကပ်လာပြီး တီးတိုးပြောလာသည်။

“စိတ်မလှုပ်ရှားပါနဲ့ ..ငါတို့ရဲ့ဗိုလ်ချုပ်ကြီးက သဘောကောင်းတဲ့ လူတစ်ယောက်ပါ”

ဝူရှန်းလင်း၏အသံက လျှပ်စစ်ရှော့နှင့်တူပြီး ကျောင်းစီဟွေ့၏ အာရုံကြောများ တုန်လှုပ်သွားခဲ့သည်။

သူမက မျက်မှေးကို မျက်လုံးလှိမ့်ပြလိုက်ပြီး ထိုလူ့၏အနားမှ

တိတ်တဆိတ် ခွာလိုက်သည်။

ကျင်းယန်၏လက်မောင်းထဲတွင် ရှိနေသော ယင်ရိလျိုသည်လည်း စိတ်လှုပ်ရှားသွားပြီး ယုန်လက်ဖဝါးများဖြင့် သူမအောက်မှ လူ၏ အင်္ကျီလက်ကို ဆုပ်ကိုင်လိုက်သည်။

သူမ၏ရွှေပေါင်လုံးကြီးမှ လီကျန်ကျောင်းကို မျက်နှာဖြတ်ရိုက်ပြီး ဗိုလ်ချုပ်ကြီး၏ပတ်လည်မှ လူများအား ဒေါသထွက်စေမည့် စကားများ ပြောလိုက်မည်ကို ကြောက်နေခဲ့သည်။

သူတို့က တစ်ပါးသူ၏ ပိုင်နက်ထဲတွင်ဖြစ်သောကြောင့် သဘာဝအလျှောက်ပင် နှိမ့်ချ၍နေပါက သူတို့အတွက် ပိုကောင်းလေသည်။

ကျင်းယန်က မျက်လုံးကိုအသာပင့်ကာ မေ့ာကြည့်လိုက်ပြီး သူ၏ရှည်သွယ်သော လက်ချောင်းများကို ဝှီးချဲလက်ရန်း၏ သားရေအဖုံးပေါ်၌ အသာထင်ထားခဲ့သည်။

သူက လီကျန်ကျောင်း၏ အကျပ်ကိုင်မှုကို လုံးဝ လက်မခံခဲ့ပါချေ။

မျက်ဝန်းနှစ်စုံ ဆုံတွေ့သွားသည့်အချိန်၌ အသံတိတ် ယှဥ်ပြိုင်ပွဲတစ်ခုဖြစ်လာခဲ့၏။

တစ်ဖက်က ရန်လိုပြီးပြင်းထန်နေကာ အခြားတစ်ဖက်က ခံစားချက်ကင်းမဲ့နေသော်ငြား အနည်းငယ်မျှပင် အားနည်းမနေပါချေ။

အချိန်အတော်ကြာအောင် မတိုးသာမဆုတ်သာဖြစ် နေပြီး လီကျန်ကျောင်း၏မျက်နှာပေါ်တွင် လေးစားသည့်အပြုံးတစ်ခုပေါ်လာခဲ့လေသည်။

သူ လက်ခုပ်တီးလိုက်ပြီး သူ၏ဘေးရှိ လောင်ပိုင်ကို အပြုံးတစ်ခုဖြင့် ပြောခဲ့သည်။

“ဒီကလေးမှာသတ္တိရှိတယ် မဆိုးဘူး”

သူသည်က စစ်သားများကို တိုက်ပွဲမြေပြင်ဆီဦးဆောင်ပြီး တိုက်ပွဲ၌ ဓားအစစ်၊ သေနတ်အစစ်များနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သောကြောင့် အန္တရာယ်ရှိသော လူတစ်ယောက်ဟု ပြောနိုင်၏။

သူ၏ အမှန်တကယ် ခက်ထန်သောမျက်နှာဖြင့် တစ်စုံတစ်ယောက်အပေါ် အာဏာပြချင်လျှင် လူအနည်းသာ သူ့ကို ရင်ဆိုင်နိုင်ပေလိမ့်မည်။

ထို့ကြောင့် အနည်းငယ်ပင် ခြိမ်းခြောက်မခံရဘဲ သူနှင့်ရင်ဆိုင်တိုက်ခိုက်ရန် သတ္တိရှိသည့် ကျင်းယန်၏ အရည်အချင်းကို လီကျန်ကျောင်းက ချက်ချင်း သဘောကျသွားပြီး

သူ၏ဘက်သို့ စည်းရုံးချင်မိသည်။

သူ့သူငယ်ချင်းဟောင်းကြီးရဲ့ ပုံမှန်လှည့်ကွက်တွေကို ပိုင်ချီကောင်းက ဘယ်လိုလုပ်မသိပဲဲ နေပါ့မလဲ?

သူ မျက်လုံးကိုလှိမ့်ပြီး ကျင်းယန်အားပြောလိုက်သည်။

“သူ့ကိုလျစ်လျူရှုထားလိုက်.. သူက ပုံမှန်လည်း ဒီလိုပဲ”

လူအိုကြီးသည်က နှစ်ပေါင်းများစွာ ကြီးထွားခဲ့သည့် ရှေးဟောင်းသစ်ပင်ကြီးနှင့်တူ၏။

သူက ပို၍ငယ်ရွယ်သောအပင်များနှင့် ကြုံတွေ့ခဲ့ရသည့်အတွက် သူ၏စရိုက်ကို ချုပ်ထိန်းထားနိုင်သောကြောင့် လူများကို လုံးဝမသက်မသာ မဖြစ်စေပေ။

“ဒါပေမယ့် ရှောင်ကျင်း ..မင်း လောင်လီကို မျက်နှာသာပေးလိမ့်မယ်လို့ ဒီလူအိုကြီးက စိတ်ရင်းနဲ့မျှော်လင့်မိတယ်..

ငါတို့ကမင်းကို ဘာအထူးအခွင့်အရေးမှ မပေးနိုင်ဘဲနဲ့ မင်းတို့လို လူမျိုးကို ခေါ်ထားနိုင်ဖို့ မမျှော်လင့်ရဲပေမဲ့လည်း

လက်ရှိအခြေအနေကို စဥ်းစားမိရင် မင်းကို ဒီမှာနေဖို့ အရှက်မရှိတောင်းဆိုချင်တုန်းပါပဲ”

ယင်ရိလျို အနည်းငယ်ထိရှသွားရလေ၏။ အပြင်ဘက်မှ ကောလဟလများအရ လီကျန်ကျောင်းက စည်းကမ်းတင်းကြပ်သည်ဟု ထင်ကြပြီး အကြောင်းပြချက်များကို လက်မခံတတ်ပေ။

သူက သာမာန်လူများကို အကျိုးပြုသည့် မူဝါဒများကို မိတ်ဆက်ပေးသော်ငြား မည်သူမျှ သဘောမတူခဲ့ချေ။ သူသည်က အခြေစိုက်စခန်းမှ ဆင့်ကဲပြောင်းလဲသူ 70%၏ ရန်သူဖြစ်လေသည်။

သို့သော်ငြား ဤအမျိုးသားကို ကိုယ်တိုင်ကိုယ်ကျတွေ့ပြီးနောက်တွင် ယခင်မျိုးဆက်မှ လူထံမှာ မတွေ့နိုင်သည့် ကိုယ်ကျင့်တရားဖြောင့်မတ် မှန်ကန်မှုရှိသည်ကို ခံစားနိုင်ပေသည်။

ကမ္ဘာပျက်ကပ်၊ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရာတွင် အမိန့်အာဏာများမှာ မသက်ရောက်တော့ပေ။

အများစုမှာ သူတို့၏ ကန့်သတ်ချက်များကို စွန့်လွှတ်လိုက်နိုင်သော်ငြား တောင့်ခံထားနိုင်သောသူများကတော့ လေးစားမှုနှင့် ထိုက်တန်ပေ၏။

ဤသည်က ယင်ရိလျို၏အတွေးများသာ ဖြစ်ပြီး ကျင်းယန်၏ဆုံးဖြတ်ချက်ကို ဝင်ရောက်မစွက်ဖက်ပါချေ။

တခြားလူများဆီမှ ထိန်းချုပ်ခံရခြင်းကို ကျင်းယန် သဘောမကျကြောင်း သူမ သိပြီး အခြားလူတစ်ယောက်၏ လက်အောက်ငယ်သား ဖြစ်လာရန် ဆန္ဒရှိမည်မဟုတ်ချေ။

ဤနေရာတွင်နေရန် သို့မဟုတ် ထွက်ခွာရန်.. ကျင်းယန် မည်သည့်အရာကို ရွေးချယ်ပါစေ သူမသည် သူ့ကို ထောက်ပံ့ပြီး သူ့နောက်သို့လိုက်ရန်သာ ဆန္ဒရှိလေသည်။

*ကျင်းယန်က သဘောမတူလောက်ဟု ယင်ရိလျို တွေးနေသည့်အချိန်ပင် ထိုအမျိုးသားက သူ့လက်မောင်းထဲမှ ယုန်လက်ဖဝါးလေးကို လက်ချောင်းများဖြင့် ကိုင်ပြီး အေးစက်စွာ ပြောခဲ့သည်။

“ကျွန်တော် ဘယ်တော့မှ ခင်ဗျားရဲ့လက်အောက်မှာ နေမှာမဟုတ်ဘူး”

ကျင်းယန်၏အသံ ထွက်လာချိန်မှာပင် လီကျန်ကျောင်း၏မျက်လုံးများ တခဏချင်း ပြူးကျယ်သွား၏။

သူက သူ၏အရှိန်အဝါကို အနည်းငယ်မျှပင် မထိန်းချုပ်ဘဲ နောက်ကျောကို မတ်လိုက်လေသည်။

အခန်းထဲမှလေထုက ချက်ချင်းပင် ရေခဲမှတ်အောက်သို့ ကျဆင်းသွားခဲ့သည်။

သူ့အဆင့် ဘစ်ရှော့ကြီးများမှာ အမိန့်များ ပေးရခြင်းကို ကျင့်သားရနေကြ၏။

သူ၏လက်အောက်ငယ်သားများမှာလည်း သူ့အမိန့်ကို နာခံပြီး လိုက်နာဆောင်ရွက်ခွင့်သာရှိ၏။

လီကျန်ကျောင်းက သူ၏အမိန့်ကို ကျင်းယန်က ငြင်းဆိုလိုက်သည့်အတွက် အနည်းငယ် မပျော်မရွှင်ဖြစ်သွားခဲ့သည်။

ပိုင်ချီကောင်းက သူ့အား သတိပေးသည့်အနေဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း သူ၏ဒေါသကို မထိန်းချုပ်နိုင်ခဲ့ပေ။

ကျင်းယန်က ငယ်ရွယ်သော်လည်း သူ၏စိတ်ဓာတ်မှာ အံ့သြစရာ‌ကောင်းလောက်အောင် သန်မာလှသည်။

ဤကဲ့သို့ ဖိအားပေးခံရချိန်တွင်ပင် တည်ငြိမ်နေဆဲဖြစ်၏။

လူငယ်က ကြောက်လန့်ခြင်း သို့မဟုတ် နောက်တွန့်သွားခြင်း အနည်းငယ်ပင်မရှိသည်ကို သူ မြင်နိုင်သည်။

“မင်းက နျိုဖေးဟောင်ဘက်ကို ဝင်ချင်လို့လား?”

ဤအချက်ကို သူ မျှော်လင့်မထားခြင်းမဟုတ်သော်ငြား လီကျန်ကျောင်းမှာ အနည်းငယ် စိတ်ပျက်သွားဆဲဖြစ်ပြီး လူငယ်အား မှားယွင်းအကဲဖြတ်မိသည်ဟု ခံစားရသည်။

ယင်ရိလျို၏နှလုံးသားမှာ ထိန်းချုပ်မရအောင် ခုန်ပေါက်နေခဲ့၏။ သူမ၏ရှေ့ရှိ ရည်မွန်သော ဗိုလ်ချုပ်ကြီးက ရုတ်တရက်ပင် ချွန်ထက်ပြီး ရန်လိုသောလှံတစ်ချောင်းကဲ့သို့ အကျင့်စရိုက် ပြောင်းလဲသွားပြီး သူ့၏ပတ်လည်မှ လူများမှာလည်း အသက်မရှူရဲလောက်အောင်ပင် ကြောက်လန့်နေကြလေသည်။

ဗိုလ်ချုပ်ကြီးက ဒေါသထွက်လာပြီး သူ့လူများကို ကျင်းယန်နှင့်ရင်ဆိုင်ရန် အမိန့်ပေးလိုက်မည်ကို ကြောက်ရွံ့ကာ သူမ ချွေးအေးများပင် ထွက်လာခဲ့သည်။

ကျင်းယန်က နျိုဖေးဟောင်ဟူသော နာမည်ကိုကြားရသည့်အခိုက် သူ၏မျက်လုံးများမှာ အနည်းငယ်နက်မှောင်သွား၏။

“ကျွန်တော် နျိုဖေးဟောင်ဆီကို ဝင်မှာ မဟုတ်သလို ခင်ဗျားအတွက်လည်း အလုပ်လုပ်မှာမဟုတ်ဘူး”

လီကျန်ကျောင်းတစ်ယောက် ဒေါသအနည်းငယ်‌ လျော့ပါးသွားကာ သူရှေ့မှလူငယ်လေးကို မျက်လုံးမှေး၍ ကြည့်လိုက်သည်။

“မင်း ဘာကို ဆိုလိုတာလဲ?”

နျိုဖေးဟောင်၏သမီးမှာ အလိုလိုက်ခံထားရသော မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူ၏ ထုထုအား လုယူချင်နေကြောင်း ကျင်းယန်သိ၏။

သူမ၏ လုပ်ဆောင်မှုများက သူ့ဒေါသကို ဆွခဲ့ပြီး သူ့အား ရန်စခဲ့လေသည်။

ဤအချက်တစ်ခုတည်းအပေါ် အခြေခံခြင်းအားဖြင့် သူ့အတွက် နျိုမိသားစုနှင့်အတူ ယှဥ်တွဲရပ်တည်ရန် မဖြစ်နိုင်တော့ပေ။ သူတို့နှင့် အမုန်းပွားရန်သာ အလားအလာရှိလေသည်။

ဤအကြိမ် လီကျန်ကျောင်းကို အမှန်တကယ် အပြစ်ပြုမိလျှင် မြို့တော်Z အခြေစိုက်စခန်းတွင် နေထိုင်ရန်အတွက် လက်လျော့ရမည်ဖြစ်၏။

“ကျွန်တော် ဆိုလိုတာက ကျွန်တော်တို့ ပူးပေါင်းနိုင်တယ်”

စကားထွက်လာလျှင် ထွက်လာချင်း လီကျန်ကျောင်း၏ အမူအရာပြောင်းလဲသွားပြီး ကျင်းယန်ကို အထက်အောက်ကြည့်လိုက်သည်။

တစ်ဖက်တွင်တော့ ပိုင်ချီကောင်းက လက်ခုပ်လက်ဝါးတီးပြီး အားရပါးရရယ်မောလာခဲ့ကာ ကျင်းယန်အပေါ် သူ၏အကြည့်များသည်လည်း အသိအမှတ်ပြုခြင်းမှ ချီးမွမ်းခြင်းသို့ ပြောင်းလဲသွားခဲ့သည်။

သူ့၏ရှေ့မှ လူငယ်လေးက အမှန်တကယ် လုပ်နိုင်စွမ်းရှိသည်ဖြစ်စေ မောက်မာနေရုံမျှသာ ဖြစ်စေ သူ့အတွက်မူ လီကျန်ကျောင်း၏ ရှေ့မှောက်၌ ဤကဲ့သို့စကားများ ပြောရဲသည်မှာပင် သတ္တိနှင့်ခံနိုင်ရည်က အခြားအဆင့်တွင် ရှိနေခဲ့သည်။

ဝူရှန်းလင်း၏ မူလကပြုံးနေသော မှေးစင်းစင်း မျက်လုံးများက တောင့်ခဲသွားကာ သူ့နှုတ်ခမ်းထောင့်မှ အပြုံးကလည်း တောင့်တင်း၍ အေးစက်သွားပြီး သူ၏လက်ကို ခါးဆီသို့ ဖြည်းညှင်းစွာ ရွေ့လိုက်သည်။

သူ၏လက်ကို လှုပ်ရှားလိုက်ချိန်မှာပင် သူ့ဘေးတွင်ရှိသော ကျောင်းစီဟွေ့က ချက်ချင်းသတိထားမိလိုက်လေသည်။

လီကျန်‌ကျောင်း ချောင်းဟန့်လိုက်၏။

“ရှန်းလင်း”

သူ့၏ လက်ကိုဝှေ့ယမ်းလိုက်မှသာ ဝူရှန်းလင်းက မျက်မှောင်ကြုတ်၍ လက်ကို ခါးမှ ဖယ်လိုက်သော်ငြား ကျင်းယန်ကို ကြည့်လိုက်သည့် သူ့၏အကြည့်များကတော့ ဖော်ရွေခြင်း မရှိပါချေ။

လီကျန်ကျောင်းဆိုသည်မှာ သူ့အတွက် အကြီးအကဲတစ်ယောက်၊ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး လေးစားရသည့်ပုဂ္ဂိုလ်ဖြစ်၏။

သူ၏ဂုဏ်သိက္ခာနှင့် အမိန့်‌ပေးခွင့်ကို ဗိုလ်ချုပ်ကြီးလီအတွက် စွန့်ပစ်နိုင်သော်ငြား သူ့အသက်အရွယ်လောက်သာရှိသည့် လူငယ်တစ်ယောက်က သူ့(လီကျန်ကျောင်း)အား မလေးမစားပြုမူခြင်းကိုတော့ သည်းမခံနိုင်ပါချေ။

ဆန့်ကျင်ဘက်၌ လီကျန်‌ကျောင်းကတော့ အပြစ်ပြုခံရသည်ဟု ခံစားရဟန်မပေါ်ချေ။

“ငါနဲ့အတူ ပူးပေါင်းဖို့ မင်းမှာအရည်အချင်းပြည့်မှီတယ်လို့ ဘာကြောင့်ထင်ရတာလဲ? ဘယ်လိုလူမျိုးက ငါနဲ့‌ခြေရာချင်းယှဉ်နိုင်လဲဆိုတာ မင်းသိလား?”

ဗိုလ်ချုပ်ကြီးလီ၏ အမူအရာက လေးနက်သွားပြီး သူ့မျက်လုံးထောင့်ရှိ အရေးအကြောင်းများမှာလည်း အနည်းငယ်မြှင့်တက်သွားကာ သူ့အား အထက်စီးဆန်ပြီး မောက်မာသည့်ပုံပေါ်သွားစေသည်။“နျိုဖေးဟောင်က ငါ့မျက်လုံးထဲ ဘာမှမဟုတ်ဘူး.. ဒါကို မင်းလိုမျိုး.. ကလေးတစ်ယောက်က ငါနဲ့ပူးပေါင်းချင်တယ်ပေါ့?

မင်းမှာ ဘာတွေရှိလဲ? အစားအစာလား? ခဲယမ်းကျည်လား?”

ကျင်းယန်၏မျက်လုံးထဲမှ ရွှေရောင်အလင်းက ပို၍တောက်ပစွာ လင်းလက်လာ၏။

သူ၏ အမြဲတစေချုပ်ထိန်းထားသော ခံစားချက်မရှိသည့်မျက်နှာတွင် မောက်မာမှု အရိပ်အယောင်များကို ပြသလာလေသည်။

ဤလူငယ်ဆီမှ ပြစ်ဒဏ်သတ်မှတ်သည်ဟု ခေါ်ဆိုကြသော အရှိန်အဝါကို မြင်တွေ့ရသဖြင့် လီကျန်ကျောင်းအံ့အားသင့်သွားရသည်။

သူ၏မျက်ခုံးများသည်လည်း အနည်းငယ်တွန့်ချိုးသွား၏။

ဒီကျန်းယန်က ဘယ်သူလဲ? သူ့လိုမျိုး လူတစ်ယောက်က ပျက်ကပ်မတိုင်ခင်တုန်းက မထင်ရှားတဲ့ လူတစ်ယောက် မဖြစ်လောက်ဘူး။

သူ့ကိုထောက်လှမ်းဖို့ တစ်ယောက်ယောက်ကို ခိုင်းရတော့မဲ့ပုံပဲ။

“ကျွန်တော်က ဘယ်အဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ပိုင်းမှ မဟုတ်ဘူး.. ကျွန်တော့်မှာ စစ်သားတွေရော အစားအစာရောမရှိဘူး.. ဒါပေါ့ ..ကျွန်တော်နဲ့ ကျွန်တော့်အဖွဲ့သားတွေပဲရှိတယ်”

ကျောင်းစီဟွေ့၏ နှလုံးသားမှာ တုန်ရီသွားကာ လက်သီးဆုပ်လိုက်မိ၏။ သူမ၏ နှလုံးသားအောက်ခြေတွင်တော့ မရပ်မနား တောက်လောက်လာသော အနန္တမီးတောက် ရှိနေလေ၏။

သူမ၏မျက်လုံးများက သိပ်မဝေးသောနေရာမှ အမျိုးသား၏ ဖြောင့်တန်းသောနောက်ကျောထံသို့ ရောက်သွားပြီး ရုတ်တရက်ပင် သူမတွင် အဓိပ္ပာယ်မရှိသည့် ဆုတောင်းရှိလာသည်။

တစ်နေ့နေ့တွင် သူမလည်း ဤကဲ့သို့ တည်ငြိမ်ပြီး မောက်မာနိုင်မည်ဟု မျှော်လင့်မိသည်။

“ဒါပေမဲ့ မြို့တော်Z အခြေစိုက်စခန်းထဲကနေ ဘေးမသီရန်မခ ထွက်သွားနိုင်မယ့် စွမ်းရည်တော့ရှိတယ်”

လီကျန်ကျောင်း၌ လူအယောက်တစ်သိန်းရှိလျှင်ပင် သူ့(ကျင်းယန်)တွင် ယုံကြည်ချက်ရှိနေဆဲပင်။

All Chapters