← Chapters

အခန်း (၉၈)

Vol. 10 Ch. 98

အခန်း (၉၈)

Vol. 10 Ch. 98

*(98)

“မင်းက အတော်လေး လေလုံးကြီးသားပဲ”

လီကျန်ကျောင်း သူ့ကို စိမ်းစိမ်းဝါးဝါး ကြည့်နေသော်ငြား ကျင်းယန်နှင့် သူ၏အဖွဲ့သားများက ကြောက်ရွံ့ခြက်းမရှိပါချေ။

ယင်ရိလျို သူမ၏ခေါင်းလေးကို ကျင်းယန်၏ပေါင်ပေါ်မှ ဆန့်ထုတ်လိုက်လေသည်။ ဗိုလ်ချုပ်ကြီးလီတွင် ဖြောင့်မတ်သော အကျင့်စရိုက် ရှိရုံသာမက သူစိတ်ဆိုး၍ပေါက်ကွဲသည်မှာ အမှန်တကယ်ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

သူမ ဆက်မကြည့်နိုင်ခင်မှာပင် စူးစမ်းနေသည့် မျက်လုံးများက သူမ၏ ခန္ဓာကိုယ်ပေါ် သို့ ကျရောက်လာသဖြင့် ပွဲဆက်ကြည့်ချင်စိတ်ပျောက်ဆုံးသွားရသည်။

ယင်ရိလျို သူမ၏ခေါင်းကို ပြန်ဆုတ်လိုက်ပြီး ကျင်းယန်၏လက်မောင်းထဲတွင် လိမ္မာစွာ ထိုင်နေခဲ့သည်။

သူ၏အလိုလိုသိစိတ်ကို လီကျန်ကျောင်း ယုံကြည်လေ၏။ ထိုသိစိတ်က သူ့ကို တိုက်ပွဲမြေပြင်၌ နှစ်ကြိမ်ကယ်တင်ခဲ့ပြီး ယနေ့သူ မ‌ဖြစ်လာခင်တွင် သူ့အားတစ်လှမ်းပြီးတစ်လှမ်း မြင့်တက်သွားစေရန် ဦးဆောင်ခဲ့သည့်အရာဖြစ်သည်။

ယခုအချိန်တွင် သူ့နှလုံးသားထဲမှ အသိစိတ်က ဤလူငယ်ကို ယုံကြည်ရန်ပြောနေခဲ့သည်။

ထိုသူက အိုင်ငယ်လေးထဲမှ ငါးတစ်ကောင်မဟုတ်ဘဲ တစ်နေ့နေ့တွင် ကောင်းကင်၌ ပျံသန်းနိုင်လိမ့်မည်ဖြစ်သည်။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေသည်မှာ ခြင်္သေ့ထီးနှင့် ကြမ်းကြုတ်သောကျား၏ကြားမှ အသံတိတ်တိုက်ပွဲကဲ့သို့ပင်။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင် တစ်ဖက်က ခြေတစ်လှမ်းဆုတ်လိုက်လေသည်။

မြို့တော်Z အခြေစိုက်စခန်းတစ်ခုလုံး၏ ကြောက်ရွံ့ရိုသေမှုကို ရရှိထားသည့် ဘုရင်လီာ လက်ကိုကမ်းပေးလိုက်ကာ ကျင်းယန်နှင့် မဟာမိတ် ဖွဲ့ခဲ့လေသည်။

“ ကောင်းမွန်တဲ့ ပူးပေါင်းမှုဖြစ်ပါစေ”

==

စစ်တပ်အခြေစိုက်စခန်း၏ အပြင်ဘက်‌သို့ ရောက်ချိန်အထိ ယင်ရိလျို ရင်တုန်နေဆဲဖြစ်၏။

ဗိုလ်ချုပ်ကြီးလီက စားပွဲကိုပိတ်ရိုက်ပြီး ကျင်းယန်ကို အော်ငေါက်လိမ့်မည်ဟု သူမထင်ခဲ့မိသည်။

သို့သော် သူမကိုအံ့သြသွားစေခဲ့သည်မှာ တစ်ဖက်လူမှ နောက်ဆုံးတွင် အလွယ်တကူ လွှတ်ပေးခဲ့ခြင်းကိုဖြစ်‌လေသည်။

သူတို့ စစ်တပ်အခြေစိုက်စခန်းမှ ထွက်လာနိုင်သည်မှာ သူမအတွက်တော့ အိပ်မက်မက်နေသကဲ့သို့ပင်။

ထုထုက စစ်တပ်အခြေစိုက်စခန်းထဲတွင် မအားလပ်အောင် လေ့ကျင့်နေကြဆဲဖြစ်သော စစ်သားများကို ပြန်လှည့်ကြည့်လိုက်ပြီးနောက် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။

စစ်တပ်အခြေစိုက်စခန်း၏ အဆောက်အအုံထဲရှိ လိုက်ကာများ ဖွင့်ထားသည့် အခန်းတစ်ခုထဲတွင်တော့ သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က ပြတင်း‌ပေါက်၌ မတ်တတ်ရပ်နေခဲ့သည်။

လီကျန်ကျောင်းသည်က စစ်တပ်ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး စီးကရက်ကို လက်ချောင်းကြားသို့ ဖြည်းညင်းစွာ ဆွဲယူလိုက်ကာ ကျင်းယန်၏ တဖြည်းဖြည်းသေးငယ်သွားသော ကျောပြင်ကို တိတ်ဆိတ်ကြည့်နေခဲ့သည်။

အမျိုးသား၏ နောက်တွင် စစ်တပ်ယူနီဖောင်းဝတ်ထားသည့် မြေခွေးမျက်လုံးများရှိသည့် လူငယ်တစ်ယောက် ရပ်နေ၏။

သူသည်က တည့်မတ်စွာ ရပ်နေပြီး သူ၏စိတ်ထဲတွင် တစ်စုံတစ်ရာကို တွေးနေသကဲ့သို့ မျက်မှောင်ကြုတ်နေခဲ့၏။

အရှေ့ဘက်ရှိ သက်လတ်ပိုင်းအမျိုးသားက ဘေးတိုက်လှည့်လိုက်သည်။

“ဘာလဲ? မင်းမှာ တစ်ခုခုပြောစရာ ရှိလို့လား?”

ဝူရှန်းလင်း တခဏမျှတုံ့ဆိုင်းသွားသော်လည်း သူ့နှလုံးသားထဲမှ မခံမရပ်နိုင်ဖြစ်မှုကို သည်းမခံနိုင်ချေ။

“ဗိုလ်ချုပ်ကြီး ခင်ဗျား ကျင်းယန်ကို အရမ်းအထင်ကြီးလွန်းတယ်.. ခင်ဗျားနဲ့အတူ သဘောတူညီချက်တွေ ဆွေးနွေးရအောင် သူက ဘယ်သူမို့လို့လဲ?”

“မင်းနားမလည်ပါဘူး..”

လီကျန်ကျောင်းက စီးကရက်ကို ထပ်ဖွာလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်တွင် နေဝင်သွားသည်ကို မျက်လုံးများမှေးစင်းကာ ကြည့်လိုက်သည်။

လက်ရှိလောကကြီးမှာ ဖရိုဖရဲဖြစ်နေလေ၏။ သူကဲ့သို့ လူအိုကြီးများသည်က ကောင်းကင်တစ်ဖက်ခြမ်းသို့ ဝင်နေသောနေ တစ်စင်းနှယ် ဘဝ၏အဆုံးသတ်ကို ရောက်ရှိနေပြီဖြစ်ပြီး သူတို့၏ကံကြမ္မာများကို မျိုးဆက်သစ်များထံ အပ်နှံခဲ့ရမည်ဖြစ်သည်။

ကျင်းယန်က အခြားသူများနှင့် အလွန်ကွဲပြားသည်ကို သူ ခံစားနိုင်ခဲ့ပြီး ဤလူငယ်ထံမှ သာမာန်ထက်ကျော်လွန်သော တစ်စုံတစ်ရာကို သူ မြင်နိုင်သည်။

တစ်ချိန်တည်း၌ တိတ်တဆိတ် နားထောင်နေကြသော လူများသည်လည်း အဖြေကို ရရှိသွားခဲ့ကြလေ၏။

ထိုညတွင် ရှုးယန်အသင်းက စစ်တပ်ကို ဝင်ခဲ့သည့် သတင်းမှာ မြို့တော်Z အခြေစိုက်စခန်းတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။

တခဏအတွင်းမှာပင် ထိုသတင်းကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားကြလေသည်။

နျိုမိသားစုနေအိမ်၌ နျိုဖေးဟောင်တစ်ယောက် သူ့လက်ထဲမှ တောက်ပြောင်သည့် သစ်ကြားသီးနှစ်လုံးကို လှည့်ကာ ဆိုဖာပေါ်၍ စိတ်အခြေအနေ မကောင်းစွာဖြင့် ထိုင်နေခဲ့သည်။

နျိုဖေးဟောင်၏ မျက်နှာကြီးက အလွန်ပင် ရှုံ့တွနေခဲ့လေသည်။

“ရှုးယန်အသင်းက တကယ်ကြီး လီကျန်ကျောင်းဘက်ကို ဝင်သွားခဲ့တာပဲ”

သူ၏လူယုံက အထင်သေးစွာဖြင့် နှုတ်ခမ်းကိုမဲ့လိုက်သည်။

“လီကျန်ကျောင်းက အဲဒီလှည့်ကွက်တွေကိုပဲ အမြဲသုံးနေတာ.. စိတ်မပူပါနဲ့ ဘော့စ်.. ရှုးယန်အသင်းလိုမျိုး အသင်းပေါက်စလေးက ဘာမှ ထူးထူးခြားခြား လုပ်နိုင်မှာမဟုတ်ပါဘူး”

နျို‌ဖေးဟောင် နှာခေါင်းရှုံလိုက်သည်။

“ငါ သူတို့အကြောင်းကို ဂရုမစိုက်ဘူး.. ဒါပေမဲ့ ရင်းရင်းက ထပ်ပြီး ဂျီကျတော့မှာပဲ”

ယုန်မျိုးစပ်ကို သေချာပေါက် ပြန်ခေါ်လာပြီး ကလေးမလေးကို သမီး၏ ကစားဖော်ဖြစ်လာစေရမည်ဟု သူ၏အဖိုးတန်သမီးလေးအား ကတိ‌ပေးထားခဲ့သည်။

ထိုသို့ပြောထားပြီးမှသာ သူ၏သမီးက ဂျီမကျ‌တော့ဘဲ ကျန်ရှိသည့် နေ့ရက်များကို အေးအေးဆေးဆေး ဖြတ်သန်းနေခဲ့လေသည်။

ယခုချိန်တွင်မူ ရှုးယန်အသင်းက သူ့လက်အောက်သို့ ရောက်မလာခဲ့‌ပေ။

ရင်းရင်းအတွက် ယုန်တစ်ကောင်ကို မည်သည့်နေရာကနေ သွားရှာရမည်နည်း?

နျိုဖေးဟောင်၏ ဒေါသထွက်နေသော မျက်နှာကိုမြင်လျှင် သူ၏လက်အောက်ငယ်သားက ရုတ်တရက် ပြောလာခဲ့၏။

“ဘော့စ် အဲဒါက တကယ်တော့ လွယ်ပါတယ်”

သူ၏လက်အောက်ငယ်သားက ကြိတ်ရယ်ပြီး လည်ဖြတ်သည့်ဟန်လုပ်ပြလိုက်ပြီး တိုးတိုးပြောခဲ့သည်။

“ကျွန်တော်တို့က တစ်လှေတည်းမဟုတ်မှတော့ သူမကို ဘာလို့ လုမယူပဲ နေရမှာလဲ?”

နျိုဖေးဟောင် မျက်မှောင်ကြုတ်လိုက်၏။

ထိုနည်းလမ်းက မကောင်းပါချေ။ သူ့တွင်လည်း သမီးတစ်ယောက်ရှိ၏။ ၎င်းမှာ ကောင်းသည့် လုပ်ရပ်တစ်ခု မဟုတ်ပေ။

သို့သော် မရပ်မနားဂျီကျနေမည့် နျိုရင်းကို တွေးမိသည့်အခိုက် သူ တုံ့ဆိုင်းသွားကာ တခဏချင့်ချိန်လိုက်ပြီး သူ့နောက်လိုက်ကို ထွက်သွားစေရန် လက်ယမ်းပြလိုက်သည်။

“ငါ့ အဲဒီကြောင်း နည်းနည်းတွေးလိုက်ဦးမယ်”

ထိုအမျိုးသားက နျိုဗီလာဂိတ်မှ ပြန်ထွက်သွားခဲ့သည်။

အိမ်အပြင်ဘက်ရှိ နေလုံးက အလွန်မျက်စိကျိန်းလှ၏။

သူအပြင်သို့ ထွက်လိုက်သည့်အချိန်မှာပင် ပူလောင်သည့်နေရောင်ခြည်ကက သူ့အပေါ်သို့ ကျရောက်လာခဲ့သည်။

ထို့အအမျိုးသားက ကျိန်ဆဲလိုက်ပြီး ချွေးများကို လက်ဖမိုးဖြင့်သုတ်လိုက်သည်။

နျိုဗီလာလောက် သက်တောင့်သက်သာဖြစ်သည့် နေရာမျိုးမရှိပေ။ ဆင့်ကဲပြောင်းလဲသူများမှာ ကောင်းမွန်စွာ နေထိုင်ရသော်ငြား သူတို့တွင်ရှိသည့် အမှတ်များက လေအေးပေးစက်ကို 24/7ဖွင့်နိုင်သည်အထိ မလုံလောက်ချေ။

ထို့ကြောင့် နျိုဗီလာသည်သာ အကောင်းဆုံးဖြစ်နေဆဲပင်။

နျိုဖေးဟောင်၏ လူယုံကသာ ထိုနေရာတွင် အချိန်အကြာကြီးနေနိုင်သည်မှာ သနားစရာဖြစ်၏။

သူကဲ့သို့ သာမညစွမ်းရည်များနှင့် လူများမှာတော့ အရည်အချင်းမပြည့်မှီကြချေ။

ထိုအမျိုးသားက ကောင်းကင်၌ တောက်ပနေသောနေကို ကြည့်လိုက်ပြီး စွမ်းရည်လုံးလုံးလျားလျား မရှိသည့် ဗီလာထဲမှသခင်မလေးကို တွေးလိုက်မိသည်။

နျိုရင်းက သူ့ကို တမြန်နေ့က ဆူပူကျိန်းမောင်းခဲ့လေသည်။ သူမတွင် ဖခင်ကောင်းတစ်ယောက်သာ မရှိလျှင် ဤကဲ့သို့ အဆင့်အတန်းကို မည်သို့ ရနိုင်မည်နည်း။

သူ ခံပြင်းဒေါသထွက်ကာ မကျေမနပ်ဖြစ်နေပြီး နျိုဖေးဟောင် ယုံကြည်သည့် လူတစ်ယောက်ဖြစ်လာနိုင်မည့် နည်းလမ်းကို ဆက်တိုက်စဥ်းစားနေခဲ့သည်။

ခဏ စဉ်းစားလိုက်ပြီးနောက် ရှုးယန်အသင်းရှိ ယုန်မျိုးစပ်အပေါ် ပြန်၍မျက်စိကျသွားခဲ့ပြန်သည်။

အဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်၏ ရလာဒ်များကို သုတေသနဌာနက ကြေညာပြီးနောက်တွင် ကျင်းယန်နှင့်သူ့အသင်းဖော်များက အခြေစိုက်စခန်း၏ trending topic(ရေပန်းစားသော ခေါင်းစီး) ဖြစ်လာခဲ့‌၏။

ဘယ်နေရာက ထွက်လာမှန်းမသိသည့် ထိုအသင်းအကြောင်းကို နေရာတိုင်းတွင် ဆွေးနွေးနေကြသည်။

ရှုးယန်အသင်းက လီကျန်ကျောင်း၏အဖွဲ့ထံသို့ ဝင်ခဲ့ကြောင်း သိလိုက်ရလျှင် အစားအစာဝယ်ရန်ပင် မတတ်နိုင်သည့် သာမာန်လူအများအပြားမှာ မနာလိုဖြစ်သွားကြလေသည်။

“ဒီအကြိမ်တော့ သူတို့က တကယ့်အမြင့်ကို ပျံတက်သွားတာပဲ”

“ဟင်း ဒီလောကကြီးက မတရားပါလား မတရားလွန်းတယ်ကွာ!”

“….”

အခြေစိုက်စခန်း၏ မြို့ဂိတ်တွင်ရှိနေသော ဖူမင်မှာ တိတ်တဆိတ်ပင် လူများနှင့် ရောထွေးနေခဲ့ကာ သူ့ပတ်လည်တွင် ညစ်ပတ်နေသည့် သက်လတ်ပိုင်းအမျိုးသားများ အတင်းတုပ်နေသည်ကို နားထောင်နေခဲ့သည်။

(ဖူမင်*- ကျင်းယန်တို့အဖွဲ့ မြို့တော်Z အခြေစိုက်စခန်းထဲ စဝင်တုန်းက ပေါင်မုန့်တစ်လုံးတည်းနဲ့ အခြေစိုက်စခန်းအကြောင်းပြောပြခဲ့တဲ့ ကလေး)

ကျင်းယန်နှင့် သူ့အသင်းဖော်များမှာ လီကျန်ကျောင်း၏ဝန်ထမ်းများ ဖြစ်လာကြောင်းကို ကြားလျှင် ကောင်လေး၏မျက်လုံးများမှာ အနည်းငယ်ပြူးကျယ်သွားပြီး မထိန်းချုပ်နိုင်ဘဲ ပြုံးလိုက်မိသည်။

သူ စိတ်ထိန်း၍ မရလောက်အောင် စားပစ်ချင်နေသော ချိုချဥ်နှစ်လုံးမှာ သူ၏စုတ်ပြဲနေသည့် အိတ်ကပ်ထဲ၌ ရှိနေဆဲဖြစ်ပေ၏။

ဤလူများက သာမာန်လူများ မဖြစ်နိုင်ကြောင်း သူသိသည်။

သူတို့တွင်ကောင်းမွန်သည့် စွမ်းရည်များရှိနေပေလိမ့်မည်။

ဖူမင်က ပါးနပ်ပြီးလျှာသွက်သဖြင့် ဤလူများထံမှ အလုပ်များစွာကို လုယူနိုင်ခဲ့သည်။ အကြိမ်ရေ များလာချိန်တွင် ဤသက်လတ်ပိုင်းလူကြီးများက ထိုကလေးကို ပို၍ မကျေနပ်ဖြစ်လာကြသည်။

သူတို့မပျော်ရွှင်သည့်အချိန်တိုင်းတွင် သူ့မျက်နှာကို ဖြတ်ရိုက်ခံရမည်ဖြစ်၏။ ပါးကို နှစ်ချက်သုံးချက်ရိုက်လျှင်ပင် သက်သာသည်ဟု ယူဆနိုင်သည်။

မိဘများမရှိဘဲ အခြေစိုက်စခန်းကြီးထဲ၌ နေထိုင်ရသဖြင့် သူ့အတွက် ရပ်တည်ပေးမည့်သူ မရှိချေ။

သူ၏မာနကို မြိုသိပ်ကာ တိတ်တဆိတ် သည်းခံပြီး အခြေစိုက်စခန်းထဲတွင် ပေါင်းပင်တစ်ပင်ကဲ့သို့သာ နေထိုင်နေတတ်၏။

ကျင်းယန် အမှတ်ခန်းမသို့ အရင်သွားလိုက်လေ၏။ အဆင့်ငါးသန္ဓေပြောင်း တိရစ္ဆာန်များအတွက် ရရှိမည့် ဆုလာဒ်ပမာဏအရ ပိုင်ချီကောင်းက သူ့ကို အမှတ်အများအပြား ပေးခဲ့လေသည်။

ရှုးယန်အသင်းအတွက် ဤအမှတ်များက မြို့တော်Z အခြေစိုက်စခန်းတွင် အလုပ်လုပ်စရာမလိုဘဲနှစ်ဝက်ထက်ပို၍ နေထိုင်ရန် လုံလောက်လေသည်။

သူတို့၏နေထိုင်ခွင့်ကို နောက်ထပ်တစ်လ ချက်ချင်း သက်တမ်းတိုးလိုက်ပြီး အသားစိမ်းအထောက်အပံ့ကို တစ်လစာမှာယူလိုက်သည်။ ထိုအသားကို သူတို့၏နေရာသို့ တစ်စုံတစ်ယောက်က နေ့တိုင်း အသားပို့ဆောင်ပေးမည်ဖြစ်သည်။

သူတို့သည်က အနာဂတ်၌ အချိန်အတော်ကြာအောင် အပြင်သို့ထွက်ဖြစ်မည်မဟုတ်သဖြင့် ဝံပုလွေပေါက်လေး၏ အစားအစာက ပြဿနာတစ်ခုဖြစ်လာလိမ့်မည်ပင်။

ထို့ကြောင့် အမှတ်ခန်းမမှသာ အထောက်အပံ့ယူနိုင်လေသည်။

ဤသည်မှာ ဝံပုလွေပေါက်၏ အကျိုးအတွက်ဖြစ်၏။

ဤအချိန်တွင် ကျောင်းချီယန်မှာ အပြင်းအထန်ဒဏ်ရာရ‌ထားသောကြောင့် ကျောင်းစီဟွေ့က သူ့အား အိမ်တွင် စောင့်ရှောက်ရလေသည်။

ကျင်းယန်က ဤအချိန်ကို အခွင့်ကောင်းယူ၍ ယင်ရိလျိုအား ကောင်းကောင်းဂရုစိုက်ချင်နေခဲ့သည်။

ကလေးမလေးကို သင်ပြရန် ကလေးများအတွက် ပညာရေးဆိုင်ရာစာအုပ်အချို့ကို ရှာဖွေနိုင်လျှင် အကောင်းဆုံးဖြစ်မည်ပင်။

အမှတ်ခန်းမမှ လူများကိုမေးမြန်းပြီးနောက် သူတို့က သေတ္တာများကို မွှေနှောက်ရှာဖွေပြီးနောက် ABCနှင့် pinyin(ဖျင်ယင်း) စာအုပ်နှစ်အုပ်ကို ရှာတွေ့ခဲ့ကာ မူလတန်းကျောင်း၏ ဒုတိယတန်းအတွက် သင်္ချာစာအုပ်ကိုလည်း ရှာတွေ့ခဲ့ကြသည်။

ကျင်းယန် သူ၏မျက်ခုံးကို အသာအယာတွန့်ချိုးလိုက်၏။

ဤစာအုပ်များမှာ မလုံလောက်သေးချေ။ ကလေးမလေးက အလွန်ဉာဏ်ကောင်းသောကြောင့် ဤစာများကို လျှင်မြန်စွာ သင်ယူလိမ့်မည်။

All Chapters