← Chapters

အခန်း (၃၉၉)

Vol. 40 Ch. 399

အခန်း (၃၉၉)

Vol. 40 Ch. 399

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၉၉

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

“ဒါဆိုရင်ကောင်းတာပေါ့။ သတ်ရတာ ပိုအဆင်ပြေသွားပြီ” မိုချိုက အေးစက်စွာ ပြောလိုက်သည်။

သိသာလှစွာပင် မိုချိုက လီတောက်ယွဲ့အား သတ်ဖြတ်ပေတော့မည်။

လီတောက်ယွဲ့ တစ်ကိုယ်လုံး တုန်ရီသွားပြီး မေးလိုက်သည်။ “နင်က ငါ့ကို ပေမင်ဓားဂိုဏ်းရဲ့ ပိုင်နက်ထဲမှာ သတ်မလို့လား”

မိုချိုက မဲ့ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။ “ဒါက တျန်ဂျီကျွန်းရဲ့ ပိုင်နက်ရေပြင်လေ။ ဒီမှာ သရဲတစ္ဆေတောင် မရှိဘူး။ ပြီးတော့ တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်းကလည်း သေသွားပြီ။ နင်တို့ ဒီမှာ သေသွားရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး။ သရဲတစ္ဆေတွေတောင် သိလိုက်မှာ မဟုတ်ဘူး”

ထိုသို့ပြောပြီးနောက် မိုချိုသည် ရုတ်တရက် သူမ၏ ကျောက်စိမ်းရောင် လက်ဝါးကို မြှောက်လိုက်သည်။

ခဏအတွင်းမှာပင် မှိန်ဖျော့သော အပြာရောင်အမှတ်အသားတစ်ခု သူမလက်ဝါးပေါ်တွင် ပေါ်လာပြီး ကျောက်စိမ်းလက်ဝါးတစ်ခုလုံးကို ကြောက်မက်ဖွယ်ကောင်းသော သေမင်းတမန်အငွေ့အသက်များက လွှမ်းခြုံသွားလေ၏။

“မြေအောက်ကမ္ဘာလက်ဝါးသိုင်းလား”

မိုချိုက ပြောလိုက်သည်။ “ဟုတ်တယ်။ မြေအောက်ကမ္ဘာလက်ဝါးသိုင်းပဲ။ ကုသနည်းမရှိ ၊ ကယ်တင်နိုင်မယ့်နည်းလမ်းမရှိတဲ့ မြေအောက်ကမ္ဘာလက်ဝါးသိုင်းပဲ”

လီတောက်ယွဲ့သည် သူမ၏ စွမ်းအားအကုန်ထုတ်သုံးပြီး အနောက်သို့ အမြန်ဆုတ်ခွာကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် မိုချို၏ အခြားလက်တစ်ဖက်က ရုတ်တရက် လေဗွေတစ်ခုကဲ့သို့ ပြင်းထန်စွာ စုပ်ယူလိုက်ရာ လီတောက်ယွဲ့၏ ခန္ဓာကိုယ်သည် ပြန်ပါသွားလေ၏။ ထို့နောက် ညာလက်မှ မြေအောက်ကမ္ဘာလက်ဝါးသိုင်းဖြင့် လီတောက်ယွဲ့၏ ကျောပြင်ကို ရိုက်ချလိုက်တော့သည်။

“အားးး”

ချက်ချင်းပင် မှိန်ဖျော့သော အပြာရောင် သွေးများ ပန်းထွက်လာသည်။

ခဏအတွင်းမှာပင် လီတောက်ယွဲ့၏ ကျောရှိ နှလုံးသားနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးရာတစ်ခု ပေါ်လာပြီး မြေအောက်ကမ္ဘာစွမ်းအင်များသည် သူမခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့သွားလေ၏။

လီတောက်ယွဲ့သည် သွေးများ တစ်လုပ်ပြီးတစ်လုပ် အန်ထုတ်လိုက်ပြီး ကျီမင်းကျစ်ကို ပြောလိုက်သည်။ “အစ်မကျီ... အစ်မက ကျွန်မနဲ့အတူ တုပိုင်ကို လိုက်ရှာရင်း ဒီလို ကပ်ဘေးနဲ့ ကြုံရတာ။ အစ်မ ပြေးတော့... ပြေးတော့...”

“သတ်မှတော့ အကုန်သတ်ရမှာပေါ့” မိုချိုက အေးစက်စွာ ပြောလိုက်သည်။

ထို့နောက် ဘယ်ဘက်လက်ဖြင့် ထပ်မံပြီးတော့ ပြင်းထန်စွာ စုပ်ယူလိုက်ရာ ကျီမင်းကျစ်၏ ခန္ဓာကိုယ်သည် သူမလက်ထဲသို့ ပါသွားလေ၏။ ထို့နောက် ညာလက်မှ မြေအောက်ကမ္ဘာလက်ဝါးသိုင်းဖြင့် ကျီမင်းကျစ်၏ ကျောပြင်ကို ဖွဖွလေး ရိုက်လိုက်ပြန်သည်။

“ဖူးးးးး”

ကျီမင်းကျစ်သည်လည်း ပါးစပ်ဖွင့်လိုက်ပြီး အပြာရောင်သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။

“အစ်မကျီ... စိတ်မကောင်းပါဘူး။ ရှင်က တကယ် ကံဆိုးတာပဲ။ ရှင်နဲ့မဆိုင်ဘူးဆိုပေမဲ့ ရှင်နဲ့ လီတောက်ယွဲ့က ကောင်စုတ်လေး တုပိုင်ကို လိုက်ရှာရင်း ကျွန်မရဲ့ လက်ချက်နဲ့ သေရတော့မယ်” မိုချိုက မဲ့ပြုံးပြုံးလိုက်သည်။

ဤမိုချို၏ သိုင်းပညာသည် တကယ့်ကို ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်သည်။

လီတောက်ယွဲ့သည် ထိပ်သီးမဟာဆရာသခင်အဆင့် ဖြစ်ပြီး ကျီမင်းကျစ်သည်လည်း မဟာဆရာသခင်အဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်သည်။

သို့သော် မိုချို၏ ရှေ့တွင်မူ ပြန်လည်တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိပေ။ တစ်ယောက်တည်းက နှစ်ယောက်ကို ရင်ဆိုင်နေရသော်လည်း ထွက်ပြေး၍ပင် မလွတ်နိုင်ပေ။

မိုချိုသည် မောက်မာပြီး ယုတ်မာသော်လည်း သူမ၏ သိုင်းပညာကမူ တကယ်ကို ကြောက်စရာကောင်းလှသည်။

မိုချိုသည် ချောမောခန့်ညားသော လူလတ်ပိုင်းအရွယ် ကျန်းရှဲ့ကို ကြည့်ပြီး မေးလိုက်သည်။ “နင့်အဖေ... တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်းက သေသွားတာ သေချာလို့လား”

“သေချာပေါက် သေသွားပါပြီ” လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောသည်။ “ကျွန်တော့်ဆရာသခင်က သူ့ရဲ့ အမြွှာညီအစ်ကိုလေ။ သူ သေဆုံးသွားတဲ့ အခိုက်အတန့်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရတယ်။ ပြီးတော့ သူ့ရဲ့ သက်စောင့်ရုပ်တုကလည်း ချက်ချင်း ကွဲကြေသွားခဲ့တာပဲ”

မိုချိုက မဲ့ပြုံးပြုံးလိုက်သည်။ “နင့်အဖေရဲ့ ဇနီးမယားတွေကို နင့်ဦးလေးက သိမ်းပိုက်လိုက်တယ်။ နင်ကလည်း နင့်ဦးလေးရဲ့ သားတစ်ပိုင်း ဖြစ်သွားတာပေါ့။ စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ”

ထို့နောက် မိုချိုက အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ “ငါ လီတောက်ယွဲ့နဲ့ ကျီမင်းကျစ်ကို သတ်လိုက်တာ နင်မြင်တယ်မလား။ ဒါပေမဲ့ ငါ နင့်ကို မသတ်ချင်ဘူး။ နင် ဘာလုပ်ရမလဲ သိတယ်မလား”

လူလတ်ပိုင်းအရွယ် ကျန်းရှဲ့က ပြောလိုက်သည်။ “သိပါတယ်... သိပါတယ်။ လီတောက်ယွဲ့နဲ့ ကျီမင်းကျစ်... ဒီအလှမယ်နှစ်ပါး ကိုယ်ခန္ဓာ မအေးစက်ခင် စော်ကားပြီးရင် သတ်ပစ်လိုက်မယ်။ ဒါဆိုရင် ကျွန်တော်တို့ အတူတူ လူသတ်တရားခံ ဖြစ်သွားမှာပေါ့”

“ပါးနပ်သားပဲ။ ဒါဆို နင့်အသက်ကို ချမ်းသာပေးမယ်” မိုချိုက ပြုံးလိုက်သည်။ “နင့်အတွက် သက်သာသွားတာပေါ့။ သူတို့က ပြိုင်ဘက်ကင်း အလှမယ်တွေပဲ။ သူတို့ခန္ဓာကိုယ်ထဲမှာ မြေအောက်ကမ္ဘာစွမ်းအင်တွေ မပျံ့နှံ့ခင် ၁၅ မိနစ်လောက်တော့ နင် စိတ်ကြိုက် သောင်းကျန်းနိုင်ပါသေးတယ်”

တျန်ဂျီကျွန်းသခင်၏ သားဖြစ်သူ ချောမောသော လူလတ်ပိုင်းအရွယ် ကျန်းရှဲ့သည် အဝတ်အစားများကို ချွတ်လိုက်ရာ အတွင်းခံဘောင်းဘီတိုသာ ကျန်တော့သည်။ သူသည် လီတောက်ယွဲ့နှင့် ကျီမင်းကျစ်ကို သေချာ အရိုအသေပေးလိုက်သည်။

“ဂျူနီယာညီမလေးနှစ်ယောက် ဒီအတိုင်း သေဆုံးသွားရင် နှမြောစရာ ကောင်းနေပါလိမ့်မယ်။ ကျွန်တော်က ညီမလေးနှစ်ယောက်ကို ခေါ်ပြီး နိဗ္ဗာန်ဘုံကို အတူတူ သွားကြတာပေါ့။ မပျော်ခင် ပျော်သွားရတော့ စိတ်ဖြောင့်တာပေါ့”

ထို့နောက် လူလတ်ပိုင်းအရွယ် ကျန်းရှဲ့သည် တုပိုင်၏ မိခင် ကျီမင်းကျစ်ဆီသို့ တည့်တည့်တိုးဝင်လာတော့သည်။

ထိုအချိန်တွင် တုပိုင်သည် တျန်ဂျီကျွန်းပေါ်ရှိ ကျောက်ခန်းထဲမှ ထွက်လာပြီး အဝေးမှ မြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်လုံးအိမ်များ ကွဲထွက်မတတ် ဖြစ်သွားရလေ၏။

ကျီမင်းကျစ်က သူနှင့် ဆက်ဆံရေး အေးစက်သော်လည်း သူ့မိခင်အရင်း ဖြစ်သည်။ အကယ်၍ တုပိုင်က လူလတ်ပိုင်းအရွယ် အမျိုးသားကို ကျီမင်းကျစ်နှင့် လီတောက်ယွဲ့တို့၏ သိက္ခာကို စွန်းထင်းခွင့် ပေးလိုက်မည်ဆိုပါက တုပိုင်သည် တိရစ္ဆာန်ထက် နိမ့်ကျသွားပေလိမ့်မည်။

မိခင်အရင်းကို ကယ်တင်ရမည် ဖြစ်သလို လီတောက်ယွဲ့ကိုလည်း ကယ်တင်ရမည်။

သို့သော် မိုချို၏ သိုင်းပညာက အလွန်မြင့်မားသလို ထိုလူလတ်ပိုင်းအရွယ် အမျိုးသား၏ သိုင်းပညာကလည်း မနိမ့်ပေ။ တုပိုင် မည်သို့ ကယ်တင်မည်နည်း။

နှစ်ယောက်စလုံးကို မကယ်နိုင်ဘဲ ကိုယ့်အသက်ပါ ပါသွားနိုင်သည်။

ရုတ်တရက် တုပိုင်၏ စိတ်ထဲတွင် အကြံတစ်ခု ဝင်လာလေ၏။

“တိရစ္ဆာန်ကောင်... သေလမ်းရှာနေတာလား”

ရုတ်တရက် တျန်ဂျီကျွန်းပေါ်မှ အိုမင်းပြီး အားနည်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံကို ကြားလိုက်ရသည်နှင့် လူလတ်ပိုင်းအရွယ် ကျန်းရှဲ့၏ မျက်နှာ ပျက်သွားလေ၏။

ဤအသံသည် သူ့အတွက် အိပ်မက်ဆိုးတစ်ခုလိုပင်။ အဘယ်ကြောင့်ဆိုသော် သူနှင့် တျန်ဂျီကျွန်းသခင် အကြီးအကဲကျန်းတို့ကြားတွင် လျှို့ဝှက်ချက်တစ်ခု ရှိနေခဲ့သည်။ တျန်ဂျီကျွန်းသခင် သေဆုံးသွားပြီဟု သူ့ဆရာသခင်ကသာ မပြောခဲ့လျှင် သူ ဤနေရာကို ခြေတစ်လှမ်းမှ လာရဲမည် မဟုတ်ပေ။

သူ ယခုတစ်ခေါက် တျန်ဂျီကျွန်းကို လာရခြင်းမှာ ကျွန်းပေါ်ရှိ ရတနာများကို လာယူခြင်း ဖြစ်သည်။ သိုသော် မိုချိုဆိုသည့် မိစ္ဆာမနှင့် တွေ့ပြီး အသတ်ခံရမည်ဟု မထင်ထားခဲ့ပေ။ မိုချို၏ လက်ချက်ဖြင့် မသေစေရန်အတွက် သူ သူမနှင့် ပူးပေါင်းပြီး လူသတ်တရားခံ ဖြစ်ခံလိုက်ရခြင်း ဖြစ်သည်။

ထို့အပြင် သူသည် လီတောက်ယွဲ့နှင့် ကျီမင်းကျစ်ကို တပ်မက်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး ယခုအခါ အလှမယ်နှစ်ယောက်ကို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး ရလာခြင်းဖြစ်သည်။

သို့သော် ဤရင်းနှီးပြီး ကြောက်မက်ဖွယ်ကောင်းသော အသံကို ထပ်ကြားရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

တကယ်တမ်းတွင်မူ ဤအသံသည် တုပိုင်က အတုယူ ဖန်တီးထားခြင်း ဖြစ်သည်။

မျက်နှာမဲ့လူ အကြီးအကဲကျန်းက သူ့ကို ဝိညာဉ်စွမ်းအားများ လက်ဆင့်မကမ်းခဲ့သော်လည်း တုပိုင်သည် စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင် စမ်းသပ်မှုများတွင် အချိန်ကြာမြင့်စွာ ကြိုးစားခဲ့ဖူးသဖြင့် သူ့အသံနှင့် အလွန် ရင်းနှီးနေပြီ ဖြစ်သည်။

စိတ်စွမ်းအားနှင့် အရှိန်အဝါကိုတော့ တုပိုင် လုံးဝ အတုမယူနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မျက်နှာမဲ့လူ၏ စိတ်စွမ်းအားက အလွန်ကြီးမားလွန်းသောကြောင့် ဖြစ်သည်။

ထို့ကြောင့် တုပိုင်သည် စိတ်စွမ်းအား လုံးဝ မထည့်ဘဲ အလွန်အားနည်းနေသယောင် ဟန်ဆောင်လိုက်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကျန်းရှဲ့သာမက မိုချို၏ မျက်နှာပါ လုံးဝ ပြောင်းလဲသွားသည်။

ဤရေပြင်တွင် သူမ အကြောက်ရဆုံးလူမှာ အန်ချိုကျွန်းသခင် မဟုတ်ပေ။ သူက သိုင်းပညာ မြင့်မားသော်လည်း တရားမျှတမှု ရှိသေးသည်။ အကြောက်ရဆုံးလူမှာ တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်းပင် ဖြစ်သည်။ သူ့အကြောင်း ကောလာဟလများက အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။

သူ့သိုင်းပညာက အလွန် အံ့မခန်း ကောင်းမွန်သော်လည်း ပိုပြီး ကြောက်စရာကောင်းသည်မှာ သူ့၏ စိတ်စွမ်းအားပင်ဖြစ်လေ၏။

သူ့ပိုင်နက်ထဲ ဝင်လိုက်သည်နှင့် သူ့၏ စိတ်ပိုင်းဆိုင်ရာ ထောင်ချောက်ထဲ ရောက်သွားပြီး သူ စိတ်ကြိုက် ကစားတာကို ခံရတော့သည်။ ထို့အပြင် တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်းသည် နိမိတ်မကောင်းသောသူ ဖြစ်ပြီး သူ့အနား ကပ်သူတိုင်း ကပ်ဘေးသင့်တတ်သည်ကို လူတိုင်း သိကြသည်။

ထို့ကြောင့် တျန်ဂျီကျွန်းသည် အမြဲတမ်း တားမြစ်နယ်မြေ ဖြစ်နေခဲ့ပြီး အန်ချိုကျွန်းသခင်မှလွဲ၍ ကျန်သည့်သူ အကုန်တစ်ယောက်မှ မသွားရဲကြပေ။

မိုချိုသည် လီတောက်ယွဲ့နှင့် ကျီမင်းကျစ်ကို ဤရေပြင်အထိ လိုက်လံတိုက်ခိုက်ခဲ့သော်လည်း တျန်ဂျီကျွန်းအနီးရှိ သန္တာကျောက်တန်း ကျွန်းငယ်လေးပေါ်တွင်သာ ရှိနေပြီး တျန်ဂျီကျွန်းပေါ်သို့ မတက်ရဲပေ။

မိုချိုက ပြောလိုက်သည်။ “ကျန်းရှဲ့... မိစ္ဆာအိုကြီးကျန်း သေပြီလို့ နင် ပြောခဲ့တယ် မဟုတ်လား”

ကျန်းရှဲ့က မျက်နှာဖြူဖပ်ဖြူရော်ဖြင့် တုန်ယင်စွာ ပြောလိုက်သည်။ “ဟုတ်တယ်။ သူက သိသိသာသာ သေသွားပါပြီ။ ကျွန်တော့်ဆရာက သူ့ရဲ့ အမြွှာညီအစ်ကိုလေ။ သူ သေဆုံးတာကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့တယ်။ ပြီးတော့ သူ့ရဲ့ သက်စောင့်ရုပ်တုကလည်း ကွဲကြေသွားခဲ့တာပဲ။ ဘာလို့လဲ... ဘာလို့ သူက အသက်ရှင်နေသေးတာလဲ မသိဘူး”

မိုချိုက ပြောလိုက်သည်။ “သူ မသေရင်တောင် သေခါနီး ဖြစ်နေလောက်ပြီ။ ငါတို့ သူ့ကို သတ်ပြီး တျန်ဂျီကျွန်းပေါ်က ရတနာတွေကို ယူသွားကြတာပေါ့”

မိုချိုဆိုသည့် ဖာသည်မက တကယ်ကို ရူးနေပြီး စည်းဘောင်မရှိတော့ချေ၊

သူမ၏ အသံက တုပိုင်၏ နားထဲ စူးဝင်သွားပြီး သူ့ကို တုန်လှုပ်သွားစေသည်။

ကျွန်းသခင်အဖြစ် ဟန်ဆောင်ထားသော အသံက မိုချိုနှင့် ကျန်းရှဲ့ကို ခြိမ်းခြောက်ပြီး မောင်းထုတ်နိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်းပဲ အလုပ်ဖြစ်ပုံမရှိချေ။

သူ ချက်ချင်းပင် ပို၍ အားနည်းသယောင် ဟန်ဆောင်လိုက်ပြီး ပြောလိုက်သည်။

“တိရစ္ဆာန်ကောင်... တျန်ဂျီကျွန်းက ရတနာတွေကို လိုချင်လို့ လာတာလား။ ဒါဆို လာယူလေ။ ငါ မရတော့ဘူး။ ဒီရတနာတွေကို မင်းအတွက် ချန်ထားပေးမယ်”

တျန်ဂျီကျွန်းသခင်အဖြစ် ဟန်ဆောင်ထားသော သူ့အသံသည် အလွန်တရာ အားနည်းနေပြီး အချိန်မရွေး သေဆုံးတော့မည့်ပုံ ပေါက်နေသည်။

ထိုအခါ လူလတ်ပိုင်းအရွယ် ကျန်းရှဲ့၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး တုန်ရီစွာ ပြောလိုက်သည်။ “ဒါက ပူးပေါင်းကြံစည်မှုပဲ။ ဒါက ထောင်ချောက်ပဲ။ သူက ငါ့ကို အမြဲ သတ်ချင်နေတာ။ ဒါကြောင့် ငါ့ကို ကျွန်းပေါ် လှည့်ခေါ်ပြီး သတ်မလို့ပဲ”

“တိရစ္ဆာန်ကောင်... လာလေ... လာခဲ့လေ...”

တုပိုင်၏ အသံသည် တိုးသထက် တိုးလာပြီး နောက်ဆုံးတွင် မကြားရလောက်အောင် ဖြစ်သွားတော့သည်။

လူလတ်ပိုင်းအရွယ် ကျန်းရှဲ့က အတင်း ပြုံးလိုက်ပြီး ပြောသည်။ “အဖေ... အဖေ နေကောင်းသားပဲ။ နောက်ရက်နည်းနည်းကြာမှ အဖေ့ကို လာတွေ့တော့မယ်”

ထို့နောက် သူသည် နောက်လှည့်မကြည့်ဘဲ ထွက်ပြေးသွားတော့သည်။

“အသုံးမကျတဲ့ အကောင်” မိုချိုက အေးစက်စွာ ပြောလိုက်သည်။

ထို့နောက် ချက်ချင်းပင် လီတောက်ယွဲ့နှင့် ကျီမင်းကျစ်တို့ ပင်လယ်ထဲ ခုန်ဆင်းပြီး နောက်ဆုံးအားအင်ဖြင့် တျန်ဂျီကျွန်းဆီသို့ ကူးခတ်သွားကြသည်ကို တွေ့လိုက်ရသည်။ သူမ သတိမထားလိုက်မိခင်မှာပင် ထိုအမျိုးသမီးနှစ်ဦးသည် တျန်ဂျီကျွန်းသို့ ရောက်လုနီးပါး ဖြစ်နေကြပြီဖြစ်လေ၏။

အပိုင်း ၃၉၉ ပြီး။

All Chapters