← Chapters

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အပိုင်း(၇၆)

*

ဈေးနှုန်းစာရင်းများကို ကြည့်ပြီး မုရှောင်ယွမ် လန့်ဖြန့်သွားသည်။ သူမ အိပ်မက်မက်နေသလားဟုပင် သံသယဝင်လာမိသည်။ ယွမ်ကျိုး၏ ကြိုတင်သတိပေးမှုကြောင့် သူမ၏ အမြင်အာရုံထဲ ပထမဦးဆုံး ဝင်ရောက်လာသည်က

ရှောင်လုံပေါင်း(ဖက်ထုပ်)၏ဈေးနှုန်းဖြစ်သည်။ တစ်ပွဲလျှင် ၆၆ယွမ် ဖြစ်သည်။ သူမ၏ တံထွေးများကို တိတ်တဆိတ် မျိုချလိုက်ပြီးနောက် ‌ဘေးနားတွင်ရှိသော ကြက်ဥထမင်းကြော်၏ဈေးနှုန်းကို ထပ်မံကြည့်ရှုလိုက်သည်။

တစ်ပွဲလျှင် ၁၈၈ယွမ် နှင့် လက်ဖက်ကြက်ဥ၏အထူးလျော့ဈေးမှာ ၈၈၈ ယွမ် ဖြစ်နေသည်။ မုရှောင်ယွမ်၏ ပါးစပ်ကို အနည်းငယ်ဟလိုက်ပြီး သူမမျက်လုံးများကို ပွတ်သပ်လိုက်သည်။ ထို့နောက် ဈေးနှုန်းစာရင်းများကို ကြည့်ပြီးနောက် မုန့်ညှက်နယ်နေသော သူဌေးကို ကြည့်လိုက်သည်။ ထိုစဉ် သူမ၏စိတ်ထဲသို့ ထူးဆန်းသော အတွေးများ ဝင်ရောက်လာသည်။

"ဒီသူဌေးက လူလိမ်လား။ ကြက်ဥထမင်းကြော်က အရမ်းဈေးကြီးလှချည်လား။

ဒီစားသောက်ဆိုင်မှာ ပြဿနာရှိနေတာလား"

အမျိုးမျိုးသော ခန့်မှန်းမှုများက သူမ၏စိတ်ထဲ ဖြစ်‌ပေါ်လာသည်။

"ငါ အခုပဲ ထွက်သွားသင့်လား။ သူက လူလိမ်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ" မုရှောင်ယွမ်က အတော်လေး စိတ်ရှုပ်ထွေးသွားသည်။

"မနက်စာ မစားရသေးဘူးမလား။ မနက်စာ သွားစားလေ" ယွမ်ကျိုးက မျက်နှာဖုံးတပ်ထား၍ သူ့အသံက ဗလုံးဗထွေး ဖြစ်နေသည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့ အခုပဲ သွားလိုက်မယ်" ယွမ်ကျိုး ရုတ်တရက် ပြောလိုက်သောအသံက မုရှောင်ယွမ်ကို လန့်ဖြန့်စေသည်။ သူမ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး အချိန်အတော်ကြာမှ ပြန်ဖြေသည်။

"သွား သွား အမြန်ပြန်လာခဲ့"

ယွမ်ကျိုးက သူမကို ညွှန်ကြားပြီးနောက် ခေါင်းငုံ့ကာ မုန့်ညှက်ကို ဆက်နယ်သည်။

"ဒုန်း ဒုန်း ဒုန်း ဒုန်း" မုရှောင်ယွမ် အလျင်အမြန် ထွက်ပြေးသွားခဲ့ပြီး မုရှောင်ယွမ်၏စိတ်ထဲမှ အတွေးများကို ယွမ်ကျိုးက မသိဘဲ ဖက်ထုပ်စွပ်ပြုတ်ကို ပြင်ဆင်နေပြီး ပေါင်းအိုးပေါ်တင်ကာ စတင်ချက်ပြုတ်နေသည်။ ထို့နောက် ချက်ပြုတ်ချိန်ကို သတ်မှတ်လိုက်သည်။

မိနစ်၂၀ ကြာပြီးနောက် ရှောင်လုံပေါင်း(ဖက်ထုပ်)မှ အပူငွေ့များ ထွက်ပေါ်လာသည်။ ယွမ်ကျိုးက ရှောင်လုံပေါင်း(ဖက်ထုပ်) ၂ခုကို ယူလိုက်ပြီး မနက်စာ မစားခင် ဖရဲသီးဖျော်ရည်တစ်ခွက်ကိုလည်း အသင့်ပြင်ဆင်ထားသည်။

ရှာလကာရည်ပင် လောင်းမချဘဲ ယွမ်ကျိုးက ရှောင်လုံပေါင်း(ဖက်ထုပ်)ထဲမှ အရသာရှိသော အရည်များကို သူ့ခံတွင်းထဲ အပြည့်ဖြည့်လိုက်သည်။ ဟင်းအနှစ်အရည်များကို တစ်စက်ပင် အလဟဿအဖြစ်မခံဘဲ မျိုချလိုက်သည်။ ခဏကြာအောင် ရှောင်လုံပေါင်း(ဖက်ထုပ်)၏ ကောင်းမွန်သောအရသာကို အာရုံခံပြီးနောက် ယွမ်ကျိုးက ဖရဲသီးဖျော်ရည်ကို ကောက်ယူလိုက်ပြီး တစ်ဝက်ခန့် ကုန်အောင် သောက်လိုက်သည်။

"အရသာက တကယ်ကိုကောင်းတယ်" ပြီးပြည့်စုံသော ဖရဲသီးဖျော်ရည်၏အရသာက ယွမ်ကျိုးကို ပင့်သက်ရှိုက်သော ခံစားချက် ဖြစ်ပေါ်စေသည်။

ခဏကြာပြီးနောက် ယွမ်ကျိုးက ရှောင်လုံပေါင်း(ဖက်ထုပ်)ကို ထပ်မစားခင် ဖက်ထုပ်ထဲ ရှာလကာရည်များ လောင်းထည့်ခဲ့သည်။ မနက်စာကို အပြင်ဘက်မှာစားပြီးနောက် မုရှောင်ယွမ်၏နှလုံးသားထဲ စစ်ခင်းနေသည်။

တစ်ဖက်တွင်မူ ယွမ်ကျိုး၏စားသောက်ဆိုင်က ပြဿနာတစ်ခု ရှိနိုင်သည်ဟု သူမကိုယ်သူမ သတိပေးနေသည်။ ဟင်းလျာဈေးနှုန်းများသည် လူတိုင်း ဝယ်မစားနိုင်သော အနေအထားဖြစ်သည်။ ထို့အပြင် စားပွဲထိုးငှားရမ်းသည့်တိုင် စားပွဲထိုးကို ခိုင်းမည့်အလုပ်ကိုလည်း သေချာသတ်မှတ်ထားခြင်း မရှိပေ။ သို့တိုင် လစာက အတော်အတန် ကောင်းမွန်သည်။ အခြားတစ်ဖက်တွင်မူ သူမပေးထားသောကတိကို

မချိုးဖောက်သင့်‌ကြောင်း အသိပေးနေပြန်သည်။ မုရှောင်ယွမ်သည် ဒွိဟဖြစ်သော ခံစားချက်များဖြင့် စိတ်နှလုံးမငြိမ်းချမ်း၍ ဖြူဖျော့နေသောမျက်နှာလေးက မျက်မှောင်ကြုံ့လိုက်သည်။ အချိန်တရွေ့ရွေ့ ကုန်လာသည်နှင့်အမျှ မုရှောင်ယွမ်သည် စိုးရိမ်စိတ်ကြောင့် ဂဏာမငြိမ်ဖြစ်နေသည်။

"ထားလိုက်ပါတော့လေ။ ငါ ကတိပေးထားတဲ့အတိုင်း အလုပ်သွားလုပ်တာဘဲ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် အခုချိန်လောက်ဆို လူကျနေလောက်ပြီ"

နောက်ဆုံးတော့ သူမက မတ်တပ်ရပ်လိုက်ပြီး ယွမ်ကျိုး၏စားသောက်ဆိုင်သို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။

သူမ၏ ပုံစံက သူရဲကောင်းဆန်နေသည်။

"ဧည့်သည်တွေ မကြာခင်ရောက်လာတော့မယ်။ မင်းက ဒီနေရာမှာရပ်နေ။ သူတို့

မှာတဲ့ဟင်းလျာတွေကို သွားချပေး။ တခြားဟာတွေကို ဂရုစိုက်စရာမလိုဘူး"

ယွမ်ကျိုးက သူ့အသစ်ခန့်ထားသော စားပွဲထိုးလေး ထွက်ပြေးချင်သော စိတ်ဆန္ဒဖြစ်‌ပေါ်နေသည်‌ကို မသိသည့်တိုင် အေးအေးဆေးဆေး အမူအရာဖြင့် မုရှောင်ယွမ်ကို ညွှန်ကြားခဲ့သည်။

"ဟုတ်ကဲ့" မုရှောင်ယွမ်က ယွမ်ကျိုး ညွှန်ပြသော စားပွဲရှည်ဘေးနားမှာ မတ်တပ်ရပ်လိုက်သည်။ သူမ၏စိတ်ထဲ မကျေနပ်သော ခံစားချက်များ ဖြစ်ပေါ်နေသည်။ မုရှောင်ယွမ်သည် ဤစားသောက်ဆိုင်၏ ခပ်လှမ်းလှမ်းတွင် နေထိုင်ပြီး ဈေးကြီးသည့် မနက်စာကိုရောင်းသော စားသောက်ဆိုင်အကြောင်း မကြားဖူးပေ။

စားသောက်ဆိုင်သေးသေးလေးက ကြီးမြင့်သော ဈေးနှုန်းဖြင့် ရောင်းချနေပြီး ဤစားသောက်ဆိုင်သို့ လာရောက်စားသုံးသော စားသုံးသူ ရှိလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ သို့သော်လည်း ယွမ်ကျိုး၏ လေးနက်သောလေသံကြောင့်

သူ့အမိန့်ကို နာခံရုံသာ တတ်နိုင်သည်။ ထို့နောက် မနက် ၈နာရီ အချိန်သို့ ကျရောက်လာသည်။ မုတ်ဆိတ်မွှေးနှင့် အမျိုးသားသည် ဘောင်းဘီတိုတိုနှင့် တီရှပ်အင်္ကျီကို ဝတ်ဆင်ကာ စားသောက်ဆိုင်ထဲသို့ လမ်းလျှောက်ဝင်လာသည်။

"ဟေ့ သူဌေးယွမ် ဒီနေ့ ဆိုင်ဖွင့်တာ စောလှချည်လား" ဝူဟိုင်းက ဟိတ်ဟန်အပြည့်ဖြင့် လမ်းလျှောက်လာကာ ဆိုင်ထဲသို့ ဝင်ရောက်လာသည်။

"ဟုတ်တယ်" ယွမ်ကျိုးက စိတ်အားထက်သန်သော လေသံဖြင့် တိတိကျကျ ပြန်ဖြေသည်။

"အံ့ဩစရာပဲ။ ဒါဆို ငါ့ကို ရှောင်လုံပေါင်း(ဖက်ထုပ်)တစ်ပွဲနဲ့ ရှာလကာရှည်ပေးပါ" ဝူဟိုင်းက ကျေနပ်ပီတိဖြစ်စွာဖြင့် ထိုင်ခုံမှာ ထိုင်လိုက်သည်။

ထိုစဉ် မုရှောင်ယွမ်က ဘေးနားမှာ တစ်ချိန်လုံး မတ်တပ်ရပ်နေသည်။ မုတ်ဆိတ်မွှေးနှင့်ဝူဟိုင်းက သူဌေးယွမ် ငှားရမ်းထားသော လူလိမ်ဟု သူမ တွေးမိသည်။ စားသုံးသူ ဖောက်သည် ရှိမှသာ တစ်ခြားသူများကို ဆွဲဆောင်နိုင်လိမ့်မည်။ ဤကောင်မလေးက လှည့်ဖျားနည်းများနှင့် ပတ်သက်၍ အတော်အတန် သိထားသည်။

ယွမ်ကျိုးက ရှောင်လုံပေါင်း(ဖက်ထုပ်)ကို ယူပြီး ဗန်းပေါ်တင်လိုက်သည်။ ရှောင်လုံပေါင်း(ဖက်ထုပ်)နှင့်အတူ ရှာလကာရည်ပန်းကန် သေးသေးလေးကိုလည်း အတူတွဲ၍ တင်လိုက်သည်။ ထို့နောက် သူက ဗန်းကို ဝူဟိုင်းဆီ တန်းယူသွားပြီး ကောင်မလေးကို ဘာမှမခိုင်းခဲ့ပေ။ ဝူဟိုင်းက ဗန်းပေါ်မှ ဟင်းပွဲကို သူကိုယ်တိုင်ယူသွားသည့်အချိန်မှသာ မုရှောင်ယွမ်က သူမ ဘာမှမလုပ်ခဲ့မှန်း သဘောပေါက်သွားသည်။ သူမက ယွမ်ကျိုးဆီ ချက်ချင်း ပြေးသွားပြီး ရှက်ကိုးရှက်ကန်း မေးမြန်းသည်။

"သူဌေး ကျွန်မက ဘာလုပ်ရမှာလဲ" သူမ၏ ဖြူဖျော့နေသောမျက်နှာပေါ်တွင် ပါးနီရောင်သန်းနေသည်။ ထိုမှသာ ဝူဟိုင်းက မနေ့တုန်းကတွေ့ခဲ့သောကောင်လေးထက် ပို၍ ငယ်သော ကောင်မလေးဖြစ်နေမှန်း သတိပြုမိသည်။

"သူဌေးယွမ် စားပွဲထိုး ပြောင်းသွားတာလား" ဝူဟိုင်းက စပ်စပ်စုစု မေးမြန်းသည်။

"ဟုတ်တယ်။ သူတို့ဘာသာ သူတို့ လူလဲလိုက်တာ"

ယွမ်ကျိုးက ဝူဟိုင်း၏မျက်နှာပေါ်မှ ကောက်ကျစ်စဉ်းလဲသောအမူအရာကို ချက်ချင်း သတိပြုမိသည်။

"သူတို့ဘာသာ လူလဲလိုက်တယ်ဆိုတာက ဘာသဘောလဲ" ဝူဟိုင်းက သံသယဝင်သောပုံစံကို ပြသသည်။

"ခင်ဗျားဘာသာ ခင်ဗျား သူ့ကိုမေးကြည့်လိုက်တော့"

ယွမ်ကျိုးက ဘေးနားမှာ မတ်တပ်ရပ်နေသော မုရှောင်ယွမ်ကို လက်ညှိုးထိုးပြသည်။

"မနေ့တုန်းက လာတဲ့ကောင်လေးနှင့် ဒီကောင်မလေး နည်းနည်းရုပ်ဆင်သလိုဘဲ။ သူ့ရဲ့အစ်ကိုများလား ဒါမှမဟုတ် ရုပ်ဆင်တာလား"

ကောင်မလေးက မနေ့တုန်းကတွေ့ခဲ့သော ကောင်ကလေးနှင့် ရုပ်ဆင်နေ၍ ဝူဟိုင်းက တဲ့တိုးမေးလိုက်သည်။

"ဟုတ်တယ်။ မနေ့တုန်းက ဦးလေးတွေ့ခဲ့တဲ့သူက ကျွန်မအစ်ကိုပါ" မုရှောင်ယွမ်က ရှက်ကိုးရှက်ကန်းပြောသည်။

"ဒါဆိုရင် သူက ဒီနေ့ မလာတာလဲ" ဝူဟိုင်းက တဲ့တိုးပြောတတ်သော အပြုအမူကြောင့် စကားလှလှများကို မသုံးနှုန်းတတ်ပေ။ မုရှောင်ယွမ်က သူ့အစ်ကို၏ လျှို့ဝှက်ချက်ကို တုံ့ဆိုင်းခြင်းမရှိဘဲ ပြောပြခြင်းဖြင့် သူ့အစ်ကိုကို သစ္စာဖောက်ခဲ့သည်။ သူ့အစ်ကိုက အိမ်အပေါ်ထပ်မှ ခုန်ချခဲ့၍ ‌ခြေထောက်ကျိုးသွားကြောင်း အသေးစိတ်ရှင်းပြသည်။ ထိုစဉ် ယွမ်ကျိုးက စကားဖြတ်ပြောသည်။

"သူ့အစ်ကိုက တကယ့်ကို ခန္ဓာကိုယ်ကြံ့ခိုင်တယ်။ ၉မီတာ အမြင့်ကနေ ပြုတ်ကျတာ တကယ့်ကို အံ့ဩစရာပဲ" ဝူဟိုင်းက နှုတ်ဆိတ်သွားသည်။

"သူဌေးယွမ် ခင်ဗျားက ဟင်းချက်တော်သလောက် သင်္ချာ ‌တော်တော်ညံ့တာဘဲ။ ခင်ဗျားကို တကယ့်ကိုလေးစားတယ်။ ခင်ဗျားက သင်္ချာဘာသာရပ်ကို အင်္ဂလိပ်စာဆရာမဆီမှာများ သင်ခဲ့တာလား"

"ဘာတွေပြောနေတာလဲ" ယွမ်ကျိုးက ဝူဟိုင်းကို တည်ငြိမ်သောမျက်နှာအမူအရာဖြင့် ကြည့်သည်။ အခြေအနေက သူ့သင်္ချာဆရာမနှင့် သက်ဆိုင်နေမှန်း သူနားမလည်ခဲ့ပေ။

"အကယ်၍ ဒီကောင်မလေးရဲ့အစ်ကိုက တတိယထပ်ကနေ ပြုတ်ကျခဲ့ရင်တောင် အမြင့်က ၆မီတာလောက်ပဲ မြင့်မယ်။ သူ့အစ်ကိုက ခေါင်မိုးပေါ်ကနေ ခုန်ချတာတော့

မဟုတ်ဘူးလေ" ကူကယ်ရာမဲ့သောအမူအရာဖြင့် ဝူဟိုင်းက ကြောင်တိကြောင်တောင်ကြည့်နေသော ယွမ်ကျိုးနှင့်မုရှောင်ယွမ်ကို အသေးစိတ် ရှင်းပြသည်။ မုရှောင်ယွမ်၏မျက်နှာ အမူအရာက သဘောပေါက်သွားသကဲ့သို့ ရုတ်တရက်ပြောင်းလဲသွားသည်။

"ဪ အဲ့ဒီလိုလား" ယွမ်ကျိုးက ခပ်တန်းတန်း မျက်နှာအမူအရာဖြင့် သူ့မေးဖျားလေးကို ပွတ်သပ်နေသည်။ သူ့မျက်နှာပေါ်တွင် အရှက်ရသော ခံစားချက်ကို မမြင်တွေ့ရပေ။

"ခင်ဗျားက စပ်တဲ့အစားအသောက်တွေ စားရတာကို ကြိုက်တယ်မလား" ယွမ်ကျိုးက ဝူဟိုင်းကို မဆိုင်သော မေးခွန်းကို ရုတ်တရက်မေးလာသည်။

"ဒါပေါ့။ ပူစပ်စပ်အစားအသောက်တွေက ပျော်စရာကောင်းတဲ့ခံစားချက်ကို ဖန်တီးပေးတယ်လေ။ ပူစပ်စပ်အစားအသောက်တွေ မစားရရင် ပျော်စရာမကောင်းဘူး" ဝူဟိုင်းက ပွင့်လင်းစွာ ပြန်ဖြေသည်။

"ဘာလို့လဲ။ မင်းက ပူစပ်စပ်ဟင်းပွဲတွေကို ချက်ကြည့်နေပြီလား" ခဏတွေးကြံပြီးနောက် ဝူဟိုင်းက တအံ့တဩမေးမြန်းသည်။

"မရသေးဘူး။ အခုတော့ မချက်သေးဘူး" ယွမ်ကျိုးက စကားလမ်းကြောင်းလွှဲရုံသက်သက်သာ ဝူဟိုင်းကို မေးမြန်းခြင်းဖြစ်သည်။ ဝူဟိုင်းက သူ့ရဲ့သင်္ချာဘာသာရပ် ညံ့ဖျင်းမှုကို သိက္ခာချလိမ့်မည်။

"သူဌေးယွမ်၊ ခင်ဗျား ဘာလို့ ဒီလိုမေးခွန်းတွေကို မေးနေရတာလဲ" ယွမ်ကျိုးက သူ့ကို ဆော့ကစားနေသည်ဟု တွေူမိ၍ ဝူဟိုင်းက မေးမြန်းသည်။

"မဟုတ်ပါဘူး၊ ငါက ဒီတိုင်းပုံမှန်မေးကြည့်ရုံပါ" ယွမ်ကျိုး က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ ဝူဟိုင်းက မနက်စာကို အရမ်းစားသုံးရန် ဆုံးဖြတ်လိုက်သည်။ သို့တည်းမဟုတ်လျှင် သူဟာ ‌ဒေါသစိတ်ကြောင့် သေသွားနိုင်သည်။ ဘေးမှာ တစ်ချိန်လုံး မတ်တပ်ရပ်ကာ စောင့်ကြည့်နေသော မုရှောင်ယွမ်သည် အခြေအနေကို အကဲခတ်နေသည်။ သူဌေးယွမ်က ကပ်စေးနဲသည့်အပြင် အငြိုးကြီးသည်ဟုလည်း သူမ ခံစားမိသည်။

မုရှောင်ယွမ် တွေးဝေငေးမောနေရန် အချိန်ပင်မရဘဲ ဘယ်ကမှန်းမသိ ရောက်လာသော စားသုံးသူဖောက်သည်များသည် ယွမ်ကျိုး၏စားသောက်ဆိုင်မှာ တန်းစီစောင့်နေကြသည်။ ဤမြင်ကွင်းကြောင့် မုရှောင်ယွမ် လန့်ဖြန့်သွားပြီး တခြားသော အကြောင်းအရာများကို တွေးတောချိန် မရတော့ပေ။

အလုပ်ရှုပ်လာမည်ဟု တွေးမိသောကြောင့် ဟင်းပွဲအော်ဒါ များ လက်ခံရန် ချက်ချင်း ပြင်ဆင်သည်။ သို့သော်လည်း စားသောက်ဆိုင်ထဲ ဝင်လာသောဖောက်သည်များသည် စည်းစနစ်ကျပြီး ဟင်းပွဲတစ်ပွဲထဲကို မှာယူကာ စားသုံးပြီးသောပန်းကန်၊ခွက်‌ယောက်များကိုလည်း သတ်မှတ်ထားသော နေရာတွင် သွားထားကြသည်။ သူဌေးက ထူးဆန်းသကဲ့သို့ စားသောက်ဆိုင်သို့ လာရောက်စားသောက်ကြသော ဖောက်သည်များသည်လည်း ထူးဆန်းနေသည်ဟု သူမ ခံစားမိသည်။

အပိုင်း(၇၆)

ပြီးပါပြီ။

အပိုင်း(၇၇)

*

တစ်နာရီအတွင်း မုရှောင်ယွမ်၏ အလုပ်ချိန်က အမှန်တကယ် ၁၀ မိနစ်ထက် မပိုခဲ့ချေ။ သူမသည် စားပွဲထိုးအဖြစ် အလုပ်လုပ်ကိုင်ရန် အသက်မပြည့်သေးသောကြောင့် ဖောက်သည်များ၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးသည်။

အချိန်ပြည့်သည်နှင့် ယွမ်ကျိုးက သူ့နေ့စဉ် လုပ်ဆောင်ချက်အတိုင်း ဆိုင်ပိတ်ချိန်ကို အသိပေးသည်။

"ဟေ့ ဖောက်သည်တို့ ဆိုင်ပိတ်ပါပြီ။ ဆိုင်ဖွင့်ချိန် ပြည့်သွားပါပြီ"

"ငါတို့သိတယ်၊ ငါတို့သိတယ်။ သူဌေးယွမ်ကို သံလိုက်အိမ်မြှောင်လို့ ခေါ်တာ အံ့သြစရာမရှိပါဘူး။

သူက ငါတို့ကို အပိုချိန် တစ်မိနစ်တောင် မပေးဘူး” ရုံးဝန်ထမ်း ၀တ်စုံကို ဝတ်ထားသော အမျိုးသမီး ဖောက်သည်တစ်ဦးက ကျီစယ်သော လေသံဖြင့် တိုးတိုးလေးပြောသည်။

“အတိအကျပဲ။ နေ့တိုင်း ဒီအတိုင်းပဲ။ တစ်နာရီက တစ်နာရီတိတိ။ နောက်ထပ်တစ်မိနစ်တောင် အပိုမပေးဖူးဘူး” ၎င်းမိန်းကလေး၏ ဘေးနားမှာ ထိုင်နေသော လူတစ်ယောက်က အော်ဟစ် ပြောလိုက်သည်။

"နောက်တစ်ခေါက် လာအားပေးပါဦး"

ယွမ်ကျိူးက ခပ်မာမာလေသံ၊ တင်းမာသောအမူအရာဖြင့် ပြောလိုက်သည်။

သာမာန်စားသောက်ဆိုင်က ယခုလို မျက်နှာထား လေသံမျိုးဖြင့် ပြန်ပြောလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ယွမ်ကျိုးက သူ့အချက်အပြုတ် ကျွမ်းကျင်မှုကို ယုံကြည်မှု လွန်ကဲ၍ ယခုကဲ့သို့ ယုံယုံကြည်ကြည် ပြုမူရဲခြင်း ဖြစ်သည်။

ဖောက်သည်များ အားလုံး ထွက်သွားပြီးနောက် မုရှောင်ယွမ်သည် အနောက်တွင် နေခဲ့ကာ ယွမ်ကျိုး ကို ဦးညွှတ်ကာ တောင်းပန်စကား ဆိုလေသည်။

"သူဌေး၊ ငါတကယ်တောင်းပန်ပါတယ်"

ယခင်က သူမ၏ စိတ်ထဲတွင် ယွမ်ကျိုးကို လူလိမ်လူကောက် အဖြစ် သတ်မှတ်ကာ သူမကို လုပ်ခလစာ မပေးနိုင်ဟု တွေးခဲ့မိ၍ သူ့စိတ်ထဲ ရှက်နေမိသည်။

"ကိစ္စမရှိပါဘူး။ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ပိုအလုပ်ရှုပ်လိမ့်မယ်”

ယွမ်ကျိုးက ၎င်းကိစ္စကို လုံးဝ ဂရုမစိုက်ခဲ့၍ အဓိကအချက်ကို ပြောလိုက်သည်။

"အဆင်ပြေပါတယ်။ နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် သူဌေး"

မိန်းကလေးငယ်‌လေးများ၏ စိတ်နေစိတ်ထားက လျင်မြန်စွာ ပြောင်းလဲလွယ်ပြီး ချစ်စဖွယ်ကောင်းသည်ဟု ထင်မိသည်။

မုရှောင်ယွမ်က စိတ်အခြေအနေ တည်ငြိမ်သွားသောအခါ ယွမ်ကျိုးကို ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်ပြီးနောက် ရွှန်းလဲ့နက်မှောင်သော မျက်ဝန်းများဖြင့် ယွမ်ကျိုး ရှောင်လုံပေါင်း သယ်လာသော နေရာကို သွားရည်ယိုကာ ကြည့်လိုက်သည်။

"သူဌေး၊ ရှောင်လုံပေါင်း ဖက်ထုပ် စွပ်ပြုတ်က တကယ် အရသာရှိလား" မုရှောင်ယွမ်၏မျက်ဝန်းတွင် လိုချင်တပ်မက်မှုနှင့် စူးစမ်းလိုစိတ်များ ပြည့်လုမတတ် ဖြစ်နေသော်လည်း သူမသည် ၎င်းခံစားချက်တို့ကို ထိန်းချုပ်ကာ မေးမြန်းလိုက်သည်။

"ဟုတ်တယ်၊ ငါ့ လက်ရာတွေက တော်တော်စားကောင်းတယ်။ ဒါကလည်း အချက်အပြုတ် ကျွမ်းကျင်လို့လေ” ယွမ်ကျိုးက သူမကို သေချာသော အဖြေတစ်ခုပေးခဲ့သည်။

"ဒါပေမယ့် နေ့တိုင်း ရှောင်လုံပေါင်း ဖက်ထုပ် အခု ၁၀၀ လုပ်တယ်လို့ သူဌေးပြောခဲ့တယ်နော်။ အခု ရေတွက်ကြည့်လိုက်တော့ ၉၈ခုပဲရှိတယ်” မုရှောင်ယွမ်က စိတ်ဝင်တစား မေးမြန်းသည်။

"ဟုတ်တယ်၊ ကျန်တဲ့ နှစ်ခုကို ငါ စားလိုက်တယ်” လိုလီမလေး မုရှောင်ယွမ်၏မျက်ဝန်းတွင် စိတ်အားထက်သန်သောအကြည့်များ လွှမ်းမိုးနေ၍ ယွမ်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။

“အို့စ် တကယ်လား”

“ဒါဆိုရင် ကျွန်မလည်း အရသာ မြည်းစမ်းကြည့်လို့ ရလား” ဟူသော စကားလုံးကို သူမ၏ မျက်နှာအနှံ့ ရေးထားသော်လည်း ယွမ်ကျိုးက သူမကို စားခွင့်မပြုကြောင်း သတိပြုမိ၍ မုရှောင်ယွမ်က တိုးညှင်းသော လေသံဖြင့်သာ တုံ့ပြန်နိုင်ခဲ့သည်။

တကယ်တမ်း မုရှောင်ယွမ်က ယွမ်ကျိုးကို အခွင့်ကောင်းယူချင်သော ဆန္ဒမရှိပေ။ သူ့အိတ်ကပ်ထဲမှာ ပိုက်ဆံအလုံအလောက်ရှိခဲ့လျှင် ဝယ်စားခဲ့သည်မှာ ကြာပါပြီ။ ဖောက်သည်တိုင်း၏ မျက်နှာပေါ်မှ ကျေနပ်အားရသော အမူအရာ နှင့် မွှေးကြိုင်လွန်းသော ဖက်ထုပ်ရနံ့ကြောင့် မုရှောင်ယွမ်မှာ တစ်မနက်ခင်းလုံး တံတွေး ၁ ကီလိုမီတာခန့် မျိုချခဲ့ရသည်။

"၁၁:၀၀ နဲ့ ၁၂:၀၀ ဝန်းကျင်လောက်မှာ မင်း ဒီဆိုင်ကို ပြန်လာခဲ့ဦး။ မပြန်ခင် နေ့လယ်စာ ပြီးအောင်စားလာဖို့ မမေ့နဲ့နော်” ဟု ယွမ်ကျိုးက တိုးတိုးလေးပြောသည်။

"ဟုတ်ကဲ့။ သူဌေးရဲ့သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ်"

မုရှောင်ယွမ်က လှည့်ထွက်မသွားခင် မြစိမ်းရောင်ပေါင်းအိုးကို နောက်ဆုံးတစ်ချက်ကြည့်လိုက်သည်။

“အခက်တွေ့ကာ ဒုက္ခပေးပုံရတယ်။ ဒီ လိုလီမလေးလည်း အလုပ်ဆက်လုပ်နိုင်ပါ့မလား” ယွမ်ကျိုးက မုရှောင်ယွမ်ကို ငေးကြည့်ကာ သူ့ဘာသာသူ တီးတိုးရေရွတ်သည်။

"ထားလိုက်ပါ။ စောင့်ကြည့်ရသေးတာပေါ့"

ယွမ်ကျိုးက ဆိုင်တံခါးကို ပိတ်လိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကောင်းသောကိစ္စများကို မေ့ပစ်ရန် ဆုံးဖြတ်လိုက်သည်။

ယွမ်ကျိုးက အနားယူရန် အပေါ်ထပ်သို့ တက်နေစဉ် မစ်ရှင်ကိုဖွင့်ကာ အခြေအနေကို စစ်ဆေးခဲ့သည်။

[ဒုတိယအဆင့် မစ်ရှင် အဆင့်၂] ပုံမှန်ဖောက်သည် အနည်းဆုံးတစ်ရာခန့်ရရှိရန် ကြိုးစားအားထုတ်ခြင်း။

(မစ်ရှင် အကြံပြုချက်၊ “ကောင်းမွန်သော စားသောက်ဆိုင်မှာ ပုံမှန်ဖောက်သည် ၁၀၀ ရှိသင့်တယ်မလား။ ဆိုင်မှာ တစ်လကို အနည်းဆုံး ၈ကြိမ်ခန့် လာစားဖူးတဲ့သူကိုပဲ ပုံမှန်ဖောက်သည်အဖြစ် သတ်မှတ်ပါတယ်)

[မစ်ရှင် ဆုလာဘ်] ချက်ပြုတ်နည်း အညွှန်းကို ရယူရန် ကံစမ်းခွင့်

(မစ်ရှင်အခြေအနေ၊ ၉၆/၁၀၀)၊

“ဒီတစ်ခါ တော်တော်မြန်တယ်။ ဘာဟင်းလျာ မဲပေါက်မလဲ ဆိုတာ မကြာခင်မှာ သိရတော့မယ်”

ယွမ်ကျိုးက သူ့မေးစေ့ကို ပွတ်သပ်နေစဉ် စူးစမ်းလိုစိတ်ဖြင့် တအံ့တဩ တွေးနေမိသည်။

***

တစ်မနက်လုံး မုန့်ညှက်နယ်ခဲ့၍ ယွမ်ကျိုးက တစ်ရေးတစ်မော အိပ်ရာမဝင်မီ ထပ်မံရေချိုးရန် ဆုံးဖြတ်လိုက်သည်။ မနက် ၉ နာရီပဲ ရောက်သေး၍ စောသေးသည်ဟု သတ်မှတ်နိုင်သည်။

သို့သော်လည်း အနီးနားနေထိုင်သူများလည်း အိပ်ရာမှ နိုးနေပြီဖြစ်သည်။ ယွမ်ကျိုး၏စားသောက်ဆိုင်မှ စတိုးဆိုင်နှစ်ဆိုင်အကွာအဝေးတွင် အကြီးစားပြုပြင်မွမ်းမံမှုတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ အမျိုးမျိုးသော ဆူညံသံများကို ကြားနိုင်သည်။

အစပိုင်းတွင် နေထိုင်သူများက ၎င်းသည် ထူးထူးခြားခြား နှိုးဆော်သည့်ဝန်ဆောင်မှုဟု ထင်မြင်ခဲ့ကြသည်။ သို့သော်လည်း ပြတင်းပေါက်ကိုဖွင့်လိုက်သောအခါမှ အောက်ထပ်ရှိ ဆိုင်သုံးဆိုင်ကို တစ်ပြိုင်နက် ပြန်လည်ပြုပြင်နေခြင်း ဖြစ်၍ သူတို့အားလုံး၏ ဆိတ်ငြိမ်သော ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေသည်။ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းကို နေ့ခင်းဘက်တွင် အပြီးသတ် ဆောင်ရွက်ရန် ဆုတောင်းမိသည်။

သို့သော်လည်း တစ်စုံတစ်ယောက်က ဒေါသတကြီးဖြင့် ထအော်သည်။

“ဒီလမ်းကျဉ်းကျဉ်းလေးက ရုံးအဆောက်အဦးတွေများတဲ့ ဟိုဘက်လမ်းကို လုံးဝ မယှဉ်နိုင်ဘူး။ သိပ်မကြာခင်မှာပဲ အရင်းပြုတ်လိမ့်မယ်။ပြုပြင်မွမ်းမံနေတော့ရော ဘာအကျိုးထူးမှာလဲ”

"တကယ်ပါပဲ။ ဒီနေရာကို ဘယ်သူမှ မဝယ်ချင်ကြတာလဲ ဘယ်သူသိမလဲ။ လမ်းမှာ လူသိပ်မရှိဘူး” တခြားတစ်ယောက်၏အသံက ပဲ့တင်ထပ်လာသည်။

“မြေဈေးက တော်တော်ဈေးကြီးတယ်လို့ ပြောတယ်။ ဒါပေမဲ့ စုတ်စုတ်ပဲ့ပဲ့နေရာကို ဘာလို့များ ရောင်းလိုက်တာလဲ” စောနတုန်းက ဒေါသတကြီး ပြောသူက မယုံကြည်နိုင်စွာ ထအော်ပြန်သည်။

“မကြာခင် အရင်းပြုတ်ပါစေလို့ပဲ ဆုတောင်းတယ်။ ဒါမှလည်း ငါတို့ကို နားဒုက္ခပေးခဲ့တဲ့ အပြစ်ဒဏ်ကို ခံရမှာလေ” ပဲ့တင်ထပ်လာသောအသံပိုင်ရှင်တွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

“ဟုတ်တယ်။ အမှန်ပဲ” တခြားသူများကလည်း ထောက်ခံကြသည်။

အိမ်ပြန်သွားသော လိုလီမလေးမုရှောင်ယွမ်က အိမ်ပြန်လမ်းတစ်လျှောက်တွင် ရှောင်လုံပေါင်း မွှေးရနံ့ကိုသာ တွေးနေမိသည်။ သူမက အတွေးလွန်ပြီး မနက်စာများကို ထပ်ဝယ်မိသည်။ ပေါက်စီ၊ ဖက်ထုပ် နှင့် ပေါင်မုန့်များကို ၃၀ယွမ်ဖိုး ဝယ်မိ၍ တစ်အိမ်လုံး ဝိုင်းစားရမည့် အနေအထား ဖြစ်သည်။

"ဘာလို့များ ဒီလောက်အများကြီးဝယ်မိတာလဲ"

မုရှောင်ယွမ်က သူမ၏လက်များ ညောင်းညာလာမှ ခေါင်းငုံ့ကြည့်မိသည်။ သူမက ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ဝယ်ထားသောမုန့်များကို ငေးကြည့်ကာ

"သူဌေးကို အပြစ်တင်ရမယ်" ဟု ငြီးတွားလိုက်သည်။

“မီနူးထဲက ဟင်းပွဲအားလုံးကို နေ့လယ်ခင်းမှာ ရောင်းမယ်လို့ သူဌေးက ပြောတယ်။ အဲဒီဟင်းပွဲတွေက ရှောင်လုံပေါင်း ဖက်ထုပ်လိုပဲ အရသာ ရှိတာလား"

ဤအကြောင်းကို တွေးမိသောအခါ သူမ၏ တံတွေးကို မသိစိတ်၏လှုံ့ဆော်မှုအရ မျိုချပစ်လိုက်သည်။

ရှောင်လုံပေါင်း ရနံ့ကို တွေးကြည့်မိရုံဖြင့် ဆာလောင်သော ခံစားချက်ကို ပိုခံစားရ၍ အသားပေါက်စီ သုံးလုံးကို ပါးစပ်ထဲ ထိုးသွပ်ထည့်ကာ စားပစ်လိုက်သည်။

မုရှောင်ယွမ်က သူမ၏အပြုအမူများကို သူမကိုယ်တိုင် မယုံကြည်နိုင် ဖြစ်နေမိသည်။ ပုံမှန်ဆိုလျှင် သူမက ပေါက်စီ တစ်လုံးထက် ပိုမစားတတ်ပေ။ ယခုတော့ သူမက ပေါက်စီ သုံးလုံး ကုန်အောင် စားမိသည်။

ယွမ်ကျိုးက အစားအသောက်ဖြင့် လူတွေကို ကြီးကြီးမားမား ဒုက္ခပေးနေပုံပေါက်သည်။

မုရှောင်ယွမ်က အိမ်သို့ ပြန်ရောက်ပြီး ခဏအကြာ‌တွင် သူမ၏အစ်ကိုအား နံနက်ခင်းမှ အဖြစ်အပျက်များကို စတင်ပြောပြသည်။

“အဲဒီကိစ္စကို ငါသိထားပြီးပြီ။ အဲဒီစားသောက်ဆိုင်က စျေးကြီးတဲ့ ဟင်းလျာတွေကို ရောင်းပေမယ့် တကယ်ကို အရသာရှိတယ်”

ခြေထောက်တစ်ဖက်ကို ပိတ်စများဖြင့် ချည်နှောင်ထား၍ မုကျဲယွမ်၏ ခြေထောက်ကျိုးသွားပုံရသည်။ သို့တိုင် သူ၏နူးညံ့သိမ်မွေ့ပြီး လှပသော မျက်နှာပေါ်တွင် “အဲဒါကို ငါသိနေပြီးသား” ဟူသော အမူအရာကို ပြသနေသည်။

"အစ်ကို သိပြီးသားဆိုရင် ဘာလို့များ ညီမလေးကို ကြိုတင်မပြောတာလဲ။ အတွေးလွန်ပြီး ရူးတော့မလို့ သိရဲ့လား အစ်ကိုရဲ့"

မုရှောင်ယွမ်က သူ့အစ်ကို၏ အင်္ကျီကို မကျေမနပ်ဖြင့် ဆွဲဆုပ်လိုက်သည်။

"ဘာလဲ။ ညီမလေးက သူ့ကိုလူလိမ်လို့ မင်းထင်နေတာလား" မုကျဲယွမ်က သူ့ညီမကို ကြည့်ပြီး ရွှင်မြူးစွာ မေးသည်။

“ဟုတ်တယ်။ အဲဒီဆိုင်ရဲ့ဟင်းပွဲတွေက အရမ်းဈေးကြီးပြီး အဲဒီ့လမ်းမှာ ရောင်းကောင်းတဲ့ အစားအသောက်တွေ သိပ်မရှိဘူးလေ"

မုရှောင်ယွမ်က သူမ၏ မိသားစုဝင်များ အရှေ့တွင် အတော်လေး တက်ကြွနေပါသည်။

“စိတ်မပူပါနဲ့။ လစာရရင် တို့မောင်နှမ နှစ်ယောက် အဲ့ဒီဆိုင်မှာ ဝယ်စားလို့ရတယ်" မုကျဲယွမ်တွင် ပြီးပြည့်စုံသော အစီအစဉ်တစ်ခုရှိသည်။

မုကျဲယွမ်က စားသောက်ဆိုင်ရှိ ဟင်းပွဲများ အလွန်စျေးကြီးကြောင်း သိထားပြီးဖြစ်သည်။ သို့သော်လည်း ယွမ်ကျိုး ပေးသောလစာသည် ထိုဟင်းလျာများကို အကြိမ်အနည်းငယ် ဝယ်စားရန် လုံလောက်ပါသည်။ ထို့အပြင် PC ဂိမ်းဆော့ရန်လည်း လုံလောက်သည်။

"ဒါဆိုရင် အဲဒီဆိုင်က ဟင်းပွဲတွေကို ဝယ်စားချင်တာ အစ်ကို့ရဲ့ ရည်ရွယ်ချက်ပေါ့ ဟုတ်လား"

“ညီမလေး ပြောတာမှန်တယ်" မုကျဲယွမ်က အရှက်မဲ့သော အမူအရာဖြင့် ပြန်ဖြေသည်။

“အစ်ကို၊ သူဌေးက သူ့ဆိုင်က ဟင်းပွဲတွေကို အပြင်သယ်ခွင့်ပေးမှာ မဟုတ်ဘူး။ အစ်ကို့မှာ နေ့လည်စာ ထမင်းဘူး ပါလာရင်တောင် သယ်သွားခွင့် မပေးလောက်ဘူး"

မုရှောင်ယွမ်က သူ့အစ်ကို၏ထိခိုက်ဒဏ်ရာ ရနေသော ခြေထောက်ကို ကြည့်ကာ ရက်ရက်စက်စက် ပြောသည်။

“.....”

ထို့နောက် မုကျဲယွမ် နှုတ်ဆိတ်သွားသည်။

အပိုင်း(၇၇)

ပြီးပါပြီ။

အပိုင်း(၇၈)

*

မုကျဲယွမ်၏ စိတ်အခြေအနေက ချက်ချင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူ့မျက်လုံးများကို ကလည်ကလည်လုပ်ရင်း စကားပြောသည်။

“ဘာပဲဖြစ်ဖြစ် ညီမလေး အဲဒီဆိုင်မှာ အလုပ်လုပ်ရင် အထူးအခွင့်အရေးတွေ ရလာမှာပါ။ ပြီးရင် ဟင်းပွဲတွေ ပါဆယ်ထုပ်သွားလို့ရလား သူဌေးကို တောင်းဆိုကြည့်ပေါ့"

“အစ်ကို၊ သူဌေးက ဒီမနက်ခင်းတည်းက ဆိုင်ကနေ ဘာမှ မကျွေးဘူးလို့ ပြောထားပြီးသား” မုရှောင်ယွမ်က သူ့အစ်ကိုကို တော်တော်လေး စိတ်ပျက်မိသည်။

“ဒီပြင် အလုပ်က လွယ်ကူပြီး လစာလည်း တော်တော်ကောင်းတယ်။ ဒီထက်ပိုပြီး တောင်းဆိုရဲပါ့မလား"

ထိုသို့ပြောပြီးနောက် မုရှောင်ယွမ်က သူ့အစ်ကို၏အခန်းထဲမှ ထွက်သွားကာ စားသောက်ဆိုင်သို့ မသွားခင် တစ်ခုခုစားပြီး အနားယူရန် ပြင်ဆင်သည်။

***

အချိန်တွေ ‌တရွေ့ရွေ့ကုန်ဆုံးသွားသည်။မုရှောင်ယွမ်က အချိန်လေးစားတတ်သော မိန်းကလေး ဖြစ်၍ ယွမ်ကျိုး ဆိုင်ဖွင့်ခါစ ၁၀နာရီ ၅၀မိနစ်အချိန်တွင် စားသောက်ဆိုင်သို့ ရောက်သည်။

"လာ လာ အလုပ်လုပ်ဖို့ အဆင်သင့်ပြင်ဆင်ထားပါ"ယွမ်ကျိုးက မီးဖိုချောင်ထဲမှ အလုပ်မရှုပ်ခင် ကောင်မလေးကို နှုတ်ဆက်လိုက်သည်။

လိုအပ်သည့်အရာအားလုံးကို စနစ်က ကြိုတင်ပြင်ဆင်ထားသော်လည်း တချို့သောထူးထူးခြားခြား အလုပ်များကို ယွမ်ကျိုးကိုယ်တိုင် ပြီးမြောက်အောင်

လုပ်ဆောင်ရသည်။

"သူဌေး၊ ကျွန်မဘာလုပ်ပေးရမလဲ" မုရှောင်ယွမ်က ဆိုင်ထဲဝင်လာပြီးနောက် ယွမ်ကျိုး သူမကို ကူညီခိုင်းမည့် အရိပ်အယောင်မပြ၍ သူမက အလိုက်တသိ မေးမြန်းလိုက်သည်။

“နေ့လည်ခင်းမှာ ဖောက်သည်တွေ အများကြီးလာမယ်။ အဲဒီအခါကျရင် ပြင်ဆင်ထားတဲ့ ဟင်းပွဲအားလုံးကို ဒီနေရာလေးမှာ ထားလိုက်မယ်။ မင်းရဲ့တာဝန်က အဲ့ဒါတွေကို ဖောက်သည်တွေဆီ သယ်သွားရုံပါပဲ” ယွမ်ကျိုးက သူ့မီးဖိုချောင်ထဲ ဝင်ထွက်သွားလာစဉ် ဖြတ်သွားလေ့ရှိသော ခေါက်စားပွဲကို ညွှန်ပြသည်။

မတ်တပ်ရပ်၍ စားသောက်ခြင်းကို တားမြစ်သည့် စည်းမျဉ်းကို မပြဌာန်းမီ၊ ဤကောင်တာသည် ထိုင်ခုံမရှိသော သုံးစွဲသူများအတွက် ပထမဆုံး ရွေးချယ်မှုဖြစ်သည်။ ယခုတော့ နေရာလွတ်လေး ဖြစ်သွားခဲ့ပါပြီ။

“ကောင်းပြီ သူဌေး။ စိတ်ချပါ။ ကျွန်မ အရမ်း အလုပ်ကြိုးစားပါ့မယ်" မုရှောင်ယွမ်က သူမ၏ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ခိုင်မာသော လေသံဖြင့် ပြောလိုက်သည်။

“ကောင်းပြီ” ယွမ်ကျိုးက ခေါင်းညိတ်ပြပြီး သူ့ တည်ငြိမ်သော အမူအရာကို တစ်လျှောက်လုံး ထိန်းထားသည်။

"သူဌေး၊ အခုရော ကျွန်မက ဘာအလုပ်လုပ်ရမှာလဲ" ယွမ်ကျိုးက သူမကို နောက်တစ်ကြိမ် လျစ်လျူရှုလိုက်သည်ကို မြင်တွေ့ရသောအခါ မုရှောင်ယွမ်က မေးမြန်းလိုက်သည်။

"အဲဒီ နေရာမှာပဲ ရပ်ပြီး ခဏစောင့်နေဦး" ယွမ်ကျိုးက ဖြေသည်။

“ကောင်းပြီ” ညွှန်ကြားထားသည့်အတိုင်း သူမက ယင်းနေရာမှာ အမှန်တကယ် မတ်တတ်ရပ်နေခဲ့သည်။

သို့သော်ငြားလည်း ယွမ်ကျိုးက မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေခဲ့သည်။

တိတ်ဆိတ်သောစားသောက်ဆိုင်တွင် လိုလီမလေး မုရှောင်ယွမ်၏ အသက်ရှုသံ၊ နာရီလက်တံ ရွေ့လျားသံ နှင့် ယွမ်ကျိုးကြောင့် မီးဖိုချောင်မှ ထွက်ပေါ်လာသော အသံတို့ကို ကြားနိုင်သည်။

သိပ်မကြာခင် မွန်းတည့်ချိန်ရောက်လာသည်။ ဖောက်သည်များက နေ့လယ်စာစားရန် ရောက်လာကြသည်။

ဤတစ်ကြိမ်တွင် မုရှောင်ယွမ်က သူတို့ကို အရင်ဆုံး နှုတ်ဆက်စကားပြောပြီး "ဒီနေ့ ဘာစားချင်လဲ"ဟု မေးမြန်းသည်။

သူမ၏ နူးညံ့ချိုသာသော အသံက ဖောက်သည်များ၏စိတ်အာရုံကို များစွာ ဖမ်းစားနိုင်သည်။ သို့တိုင် သူမ နှုတ်ဆက်လိုက်သူက ပရိုဂရမ်ကုဒ်များ နှင့် သူ့ချစ်သူကိုသာ သိသည့် ကွန်ပြူတာ အစီအစဉ်ရေးဆွဲသူ ဝူကျိုးဖြစ်နေသည်။ မည်သို့ပင်ဆိုစေကာမူ မမျှော်လင့်ထားသော စိတ်အားထက်သန်စွာ နှုတ်ဆက်သံကြောင့် သူ လန့်ဖျပ်သွားသည်။

သာမာန်အားဖြင့် ယွမ်ကျိုးက ဝူကျိုး အော်ဒါတင်မည့်အချိန်ကို တိတ်တဆိတ်စောင့်နေတတ်သည်။

"အင်း...ကြက်ဥထမင်းကြော်" ထို့ကြောင့် ဝူကျိုး ပြန်မဖြေခင် ခဏမျှ အံ့သြသွားခဲ့သည်။

“ကောင်းပြီ။ ခဏလေး စောင့်‌ပေးပါ။ သူဌေး ကြက်ဥထမင်းကြော် တစ်ပွဲ" မုရှောင်ယွမ်က ဟင်းပွဲအမည်ကို ယွမ်ကျိုး ကြားအောင် သဘာဝကျကျ ကျက်သရေရှိရှိ အစီရင်ခံလိုက်သည်။

မုရှောင်ယွမ်က သူမ တခြားစားသောက်ဆိုင်များသို့ သွားရောက်စားသောက်သောအခါတွင် သူမမြင်တွေ့ခဲ့ရသည့် အပြုအမူများအတိုင်း ပြုမူခဲ့သည်။ လုပ်ထုံးလုပ်နည်းများအတိုင်း ပြုလုပ်ခဲ့သည်။

သို့သော်ငြားလည်း ယွမ်ကျိုးက ဘာမှပြန်မပြော၍ သက်ပြင်းချကာ အားတင်းပြုံးလိုက်သည်။

"ကောင်းပြီ" ယွမ်ကျိုးက သူကြားကြောင်း ပြန်လည်တုံ့ပြန်ရင်း ခေါင်းညိတ်ပြသည်။

“ကြိုဆိုပါတယ်။ ဘာစားချင်လဲ" မည်သို့ပင်ဆိုစေကာမူ မုရှောင်ယွမ်က ကျွမ်းကျင်သော စားပွဲထိုး မဟုတ်၍ ဖောက်သည်များနှင့်တွေ့သောအခါ အနည်းငယ်ထိတ်လန့်စိတ်ဖြစ်မိသည်။ ထို့ကြောင့် သူမက ဖောက်သည်များကို အချိန်တိုင်းတွင် ကွဲပြားသောစကားလုံးများသုံးပြီး နှုတ်ဆက်လေ့ရှိသည်။

"ဟေ့ သူဌေး ယွမ်။ ဒီ လိုလီမလေးကို ဘယ်တုန်းက ငှားလိုက်တာလဲ။ သူမက တော်တော်လှတယ်"

လင်းဟုန်က ကောင်မလေးကို ခဏအကဲခတ်လိုက်ပြီး ထိုင်ခုံမှာ ထိုင်လိုက်သည်။

“ဒီနေ့ပဲ ဌားလိုက်တာ”

ယွမ်ကျိုးက ဝူကျိုးမှာထားသော ကြက်ဥကြော်ကို ချပြီးနောက် ရိုးရိုးရှင်းရှင်း ရှင်းရှင်းလင်းလင်း ပြန်ဖြေသည်။

“သူဌေးယွမ်က အခုမှ ဘဝရဲ့ အမှန်တရားကို နားလည်ပုံရတယ်။ ထုံးစံအတိုင်း ကြက်ဥကြော်ကလွဲလို့ မီနူးထဲက ဟင်းပွဲတိုင်းကို လိုချင်တယ်” လင်းဟုန်က ချမ်းသာသောကြောင့် အများကြီးမှာစားလေ့ရှိသည်။ ထို့ကြောင့်လည်း ယွမ်ကျိုးက သူ့အပေါ် အတော်လေး သည်းခံနိုင်ခဲ့သည်။

"ဆေးဖက်ဝင်လက်ဖက်ကြက်ဥ လိုချင်လား" ယွမ်ကျိုးက မေးလိုက်သည်။

"အဲဒီ ဆေးဖက်ဝင်လက်ဖက်ကြက်ဥမှာ ကြက်ဥတစ်လုံးပဲ ပါတာလား”

လင်းဟုန်က ဆေးဖက်ဝင်လက်ဖက်ကြက်ဥမှ လွဲ၍ မီနူးရှိ ဟင်းပွဲတိုင်းကို မြည်းစမ်းဖူးသည်။ အထူးလျှော့ဈေးပေးထားသော ဟင်းလျာများကို ဝယ်ယူ စားသုံးခြင်းက ချမ်းသာကြွယ်ဝသူကို သိက္ခာကျစေသည်ဟု ခံယူထား၍ ဖြစ်သည်။

"ဟုတ်တယ်၊ ကြက်ဥတစ်လုံးပဲ" ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။

မုရှောင်ယွမ် နှင့် ဝူကျိုးတို့သည် ယွမ်ကျိုးတို့အပြုအမူကို စောင့်ကြည့်နေကြသည်။

"ဒါပေမယ့်၊ အထူးလျှော့ဈေး ပေးထားတာတွေကို ဘယ်တုန်းကမှ ဝယ်မစားခဲ့ဖူးဘူး" လင်းဟုန်က သူ့အတွေးအမြင်ကို ထုတ်ပြောသည်။

လင်းဟုန်မှာ စွဲမက်ဖွယ်ကောင်းသော ကိုယ်ရည်ကိုယ်သွေးရှိသော်လည်း အလားတူပင် သူ့ကိုယ်ပိုင်မူများရှိသည်။

"မူရင်းစျေးနှုန်းအတိုင်း ဝယ်စားလို့ရတယ်" ယွမ်ကျိုးက ဂရုမစိုက်ဟန် ပြန်ပြောသည်။

"မူရင်းဈေးက ဘယ်လောက်လဲ" လင်းဟောင်က စိတ်ဝင်တစား မေးသည်။

ဘေးတွင်ရှိနေသော ဝူကျိုး နှင့် မုရှောင်ယွမ်တို့သည် စပ်စုလိုစိတ်ဖြင့် နားစွင့်နေသည်။

အထူးလျှော့ဈေးပေးထားသော လက်ဖက် ကြက်ဥတစ်လုံးလျှင် ၈၈၈ ယွမ်သာ ကျသင့်မည်ဆိုပါက မူရင်းစျေးနှုန်းက မည်သို့ရှိမည်နည်း။

"မူရင်းစျေးနှုန်းက လက်ဖက် ကြက်ဥတစ်လုံးဆိုရင် ၁၈၈၈ ယွမ်ပါ။ စမ်းစားကြည့်ချင်လား"

ယွမ်ကျိုးက မျှော်လင့်တကြီးမေးသည်။

လူချမ်းသာလင်းဟုန်က မူရင်းစျေးနှုန်းကို ပေးချေနိုင်လျှင် ၎င်းကို စနစ်နှင့်ခွဲရန် မလိုအပ်ဘဲ သူကိုယ်တိုင် အပို ယွမ်၁၀၀၀ ရရှိနိုင်မည်။ ထို့အပြင် စနစ်မှသတ်မှတ်ထားသည့် အထူးလျှော့ဈေး

စျေးနှုန်း ၈၈၈ယွမ်မှ ၂၀% ရှယ်ယာကိုလည်း ရယူနိုင်သည်။

"မလိုအပ်ပါဘူး။ ဟင်းပွဲက နဂိုဈေးအတိုင်း ပြန်ဖြစ်တဲ့အခါမှ စကားဆက်ပြောကြည့်ရအောင်လား" လင်းဟုန်က ပြတ်ပြတ်သားသား ငြင်းဆိုသည်။

"ရပါတယ် ကိစ္စမရှိပါဘူး" ယွမ်ကျိုးက မျက်မှောင်ကြုတ်လိုက်သော်လည်း ဟန်မပျက် အမူအရာ ထိန်းထားသည်။

"အားနာပါတယ်" လင်းဟုန်က အံကြိတ်ရင်း ပြောသည်။

"ကောင်းပြီ" ယွမ်ကျိုးက ဘာမှ ဆက်မပြောဘဲ ဟင်းပွဲပြင်ဆင်ရန် မီးဖိုချောင်ထဲ ပြန်သွားသည်။

စားသောက်ဆိုင်သို့ လာသော ဖောက်သည်များကြောင့် လိုလီမလေး မုရှောင်ယွမ်က စားပွဲထိုးအလုပ်နှင့် တဖြည်းဖြည်းချင်း ရင်းနှီးလာခဲ့သည်။ ယွမ်ကျိုး၏ စားသောက်ဆိုင်တွင် ထိုင်ခုံအရေအတွက်နည်းသောကြောင့် သူမသည် ပုံမှန်အားဖြင့် အမှားအယွင်းမရှိခဲ့ပေ။ ရံဖန်ရံခါ အမှားအယွင်းရှိခဲ့သည့်တိုင် ဖောက်သည်များက သူ့အပေါ် နားလည်မှု ပေးကြသည်။

မုရှောင်ယွမ် ရှိခြင်း၏ အကြီးမားဆုံး အားသာချက်မှာ မှာယူထားသော ဟင်းပွဲများ၏ အမည်ကို ယွမ်ကျိုးထံ သို့ သတင်းပို့နိုင်ခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ဒီယွမ်ကျိုးက ဟင်းချက်ပြီးတိုင်း အပြင်ဘက်သို့ ပန်းကန်များ သယ်ယူသွားရန် မလိုအပ်တော့ပေ။

ပန်းကန်သယ်လာမည့် အချိန်ကို မစောင့်နိုင်တော့သည့် ဖောက်သည်များက ကိုယ့်ဘာသာ သယ်ယူသည်။

သူမသည် လုံ့လဝီရိယရှိပြီး လျင်မြန်စွာသင်ယူတတ်မြောက်၍ ယွမ်ကျိုးက သူမ၏နေ့စဉ်လစာ ယွမ်၁၀၀ကို အဆင်သင့်ပေးဆောင်ခဲ့သည်။

"ကျေးဇူးတင်ပါတယ် သူဌေး" မုရှောင်ယွမ်က သူမ၏လစာရသောအခါ ပျော်ရွှင်စွာ စကားပြောသည်။

"ရပါတယ်။ မင်းတကယ် အလုပ်ကြိုးစားခဲ့တာပဲ" ချီးမွမ်းစကားပြောခြင်းသည် သူ့ဝန်ထမ်းများ၏အရည်အချင်းကို တိုးမြင့်စေသည်ဟု ယွမ်ကျိုး ခံစားမိသည်။

"ဟုတ်ကဲ့။ ခွင့်ပြုပါဦး။ ကျွန်မ အိမ်ပြန်တော့မယ်"

မုရှောင်ယွမ်က ခေါင်းညိတ်လိုက်ပြီး သူဌေးကို နှုတ်ဆက်လိုက်ပါသည်။

“ဟုတ်ပါပြီ” ယွမ်ကျိုးက ကောင်မလေး ထွက်သွားသည်နှင့် ဆိုင်တံခါးကို ပိတ်သည်။ ထို့နောက် သူ့ထိုင်ခုံမှာ ထိုင်ကာ သက်ပြင်းချလိုက်သည်။

"ကလင် ကလင်" တိတ်ဆိတ်နေသော စားသောက်ဆိုင်ထဲတွင် ယွမ်ကျိုး၏ မိုဘိုင်းလ်ဖုန်း ကျယ်လောင်စွာ မြည်လာသည်။

"မင်္ဂလာပါ" ဖုန်းခေါ်သူက စွန်းမင် ဖြစ်နေ၍ ယွမ်ကျိုး ဖုန်းပြန်ဖြေလိုက်သည်။

"ယွမ်ကျိုး၊ ကောင်စုတ် မင်းရဲ့ စားသောက်ဆိုင်ကို ငါ မလာတာနဲ့ မင်းက ငါ့ကို လုံးဝမဆက်သွယ်ဘူး" စွန်းမင်က ဖုန်းထဲ စက္ကန့် ၃၀ နီးပါး မကျေမနပ် ပြောဆိုသည်။

ယွမ်ကျိုး က "ဘာဖြစ်နေတာလဲ" ဟု တိုက်ရိုက်မေးသည်။

"ငါတို့က ခင်မင်လာတာ ကြာတဲ့ ညီအစ်ကိုတွေလေ။ မနက်ဖြန်က ငါ့မွေးနေ့ဆိုတာကို မင်းတကယ်မေ့နေတာလား" စွန်းမင်က မယုံကြည်နိုင်စွာ ပြန်ပြောလိုက်သည်။

"တောင်းပန်ပါတယ် မမှတ်မိတော့ဘူး။ အသေးစိတ် မှတ်မိရအောင် မင်းက ငါ့ရည်းစားမဟုတ်ဘူးလေ" ယွမ်ကျိုးက သဘာဝကျကျ ပြန်ဖြေသည်။

"မင်းမှာ ရည်းစားမရှိဘူးလေ။ ဒါကြောင့် မင်းရဲ့ညီအစ်ကိုလို ခင်မင်ရတဲ့ မင်းရဲ့သူငယ်ချင်း ငါ့မွေးနေ့ကိုတော့ မှတ်မိသင့်တယ်"

စွန်းမင်က မရမက ငြင်းခုန်သည်။

"မင်းက ယောက်ျားလေးလေ။

ယောကျာ်းတစ်ယောက်ရဲ့ မွေးနေ့ကို မမှတ်မိချင်ဘူး။ ဒီပြင် ယောက်ျားသားတွေက မွေးနေ့ပွဲလုပ်ဖို့ မထိုက်တန်ဘူး" ယွမ်ကျိုးက အမျိုးသားများသည် ၎င်းတို့၏ မွေးနေ့ပွဲများကို ကျင်းပရန် မလိုအပ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။

"ဘာပဲဖြစ်ဖြစ် ငါက ငါ့သူငယ်ချင်းတွေကို ညစာကျွေးမယ်။ မင်း လာမှာလား မလာဘူးလား"

“ကောင်းပြီ။ ငါ လာခဲ့မယ်” ယွမ်ကျိုးက ရိုးရိုးရှင်းရှင်း သဘောတူလိုက်သည်။

စွန်းမင်က ဖုန်းကို ကိုင်ထားပြီး နည်းနည်း ဝမ်းသာသွားသည်။

"မင်းရဲ့ညီအစ်ကို အနေနဲ့ ငါ့မွေးနေ့ဆုတောင်းကို ဖြည့်ဆည်းပေးနိုင်မလား"

“စျေးမကြီးသရွေ့တော့ အားလုံးအဆင်ပြေပါတယ်” ယွမ်ကျိုးက လက်ခံလိုက်သည်။

“မဟုတ်ဘူး၊ ဈေးမကြီးဘူး။ မင်းပိုက်ဆံဖြုန်းဖို့ မလိုအပ်ပါဘူး” စွန်းမင်က ယွမ်ကျိုး၏ စိတ်နေသဘောထားကို ကောင်းကောင်းသိသည်။ ထို့ကြောင့် ငွေက သူ့ဆန္ဒမဟုတ်ကြောင်း ချက်ချင်း ထုတ်ဖော်ခဲ့သည်။

အပိုင်း(၇၈)

ပြီးပါပြီ။

All Chapters