အခန်း (၈၂-၈၄)
Vol. 6 Ch. 82-84
အပိုင်း(၈၂)
*
ယွမ်ကျိုးက လက်အိတ်စွပ်ပြီး ချက်ထားသော ထမင်းစေ့များကို ဂရုတစိုက်ဖွသည်။ ချက်ထားသောအေးစက်စက်ထမင်းက အကောင်းပကတိအတိုင်း မွှေးကြိုင်နေသေးသည်။
စိုစွတ်သော အဝတ်စဖြင့် ထမင်းကို ဖုံးလွှမ်းထား၍ ထမင်း၏အစိုဓာတ်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည်။ ထမင်းစေ့များကို ဖြန့်ကျဲလိုက်သောအခါ အသွင်အပြင်က လှပလွန်းသည်။
ထမင်းစေ့များကို ဖွပြီးနောက် ယွမ်ကျိုးက အဝတ်စိုကို ဖယ်ရှားလိုက်ပြီး လေဖြင့် အခြောက်ခံသည်။ ထို့နောက် ကြက်ဥခွဲသည်။ အရင်ဆုံး လက်တစ်ဖက်ဖြင့် ကြက်ဥကို လှုပ်ခါလိုက်ပြီး ကြက်ဥကိုခွဲကာ ခွက်ထဲ စီးကျသွားသော ကြက်ဥများကို တခြားလက်တစ်ဖက်ဖြင့် တစ်ပြိုင်နက်တည်း မွှေသည်။ သူ့လက်နှစ်ဖက်က မတူညီသော အပြုအမူများကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်သည်။
လက်တစ်ဖက်တည်းဖြင့် ကြက်ဥခွဲခြင်း အတတ်ပညာကိုလေ့လာခဲ့ပြီး ကြက်ဥထမင်းကြော် ကြော်ပြီးနောက် ၎င်းအတတ်ပညာက တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သွားသည်။
သူ့အပါအဝင် စုစုပေါင်း ၁၂ယောက်ရှိသည်။ ထို့ကြောင့် ယွမ်ကျိုးက စုစုပေါင်း ကြက်ဥ၁၄လုံးခွဲလိုက်ပြီး ခွက်အကြီးထဲထည့်လိုက်သည်။ ထို့နောက် အရသာကောင်းမွန်အောင် ရေနွေးဖြင့် ရောစပ်လိုက်သည်။
ယွမ်ကျိုးက မီးဖိုခလုတ်ကို နှိပ်လိုက်ပြီး ဒယ်အိုးကို အပူပေးကာ ကြက်ဥထမင်းကြော် ကြော်ရန် ပြင်ဆင်သည်။
ယွမ်ကျိုးက သူ့အကျင့်အရ ကြက်သွန်မြိတ်ပင် မရောနှောဘဲ ရွှေရောင်ကြက်ဥထမင်းကြော်ကို ကြော်လေ့ရှိသည်။
ပူပြင်းနေသောဒယ်အိုးမှ ရေစက်များ အငွေ့ပြန်ပြီးနောက် ယွမ်ကျိုးက သံလွင်ဆီကို ဒယ်အိုးအောက်ခြေမြှုပ်သည့်အထိ လောင်းထည့်သည်။ သံလွင်ဆီမှ အငွေ့ထွက်လာသောအခါ ထမင်းကြမ်းကို ပစ်ထည့်ပြီး သံလွင်ဆီဖြင့် သမအောင် ရောမွှေသည်။ ထို့နောက် ကြက်ဥကို ဒယ်အိုးအလယ်ထားလိုက်ပြီး ကြည်ဥထမင်းကြော်ကို ပုံဖော်သည်။
မထင်မှတ်ထားသော မွှေးရနံ့ ပျံ့လွင့်လာ၍ စကားစမြည်ပြောနေကြသူအားလုံး၏အသံ တိတ်ဆိတ်သွားသည်။
"ဒါက ကြက်ဥထမင်းကြော်အနံ့လား" ကြက်ဥထမင်းကြော်က ထူးထူးခြားခြား မဟုတ်ကြောင်း ပြောခဲ့သူက တအံ့တဩပြောသည်။
“ဒီရနံ့က တကယ်ကို ထူးခြားတယ်။ သေချာ အနံ့ခံကြည့်လိုက်တော ကြက်ဥနဲ့ ထမင်းရဲ့ မွှေးရနံ့က သွားရည်ယိုတဲ့ခံစားချက်ကို ဖြစ်စေတယ်” မိန်းကလေးက သူ့အတွေးကို ပြောပြသည်။
"မှန်တယ်။ စောနတုန်းက ငါတို့စားခဲ့သမျှက အလကားပဲ။ ငါ အခုမှ ပိုဗိုက်ဆာလာတယ်” ဝတုတ်တုတ်လူက သူ့ဗိုက်ကို ပွတ်သပ်ရင်း ပြောသည်။
“အရင်ဆုံး မီးဖိုခန်းထဲ သွားကြည့်မယ်လေ" ဝတုတ်တုတ်ကောင်လေးက သူ့ဘေးနားကလူများကို နွေးနွေးထွေးထွေး အကြံပေးသည်။
“သွားကြည့်ရအောင်” စွန်းမင်က ချက်ချင်းပြောသည်။
၁၁ယောက်စလုံး မီးဖိုချောင်ထဲ ဝင်လာပြီး ယွမ်ကျိုး ထမင်းကြော် ကြော်နေခြင်းကို ကြည့်နေကြသည်။
ယွမ်ကျိုး၏ အချက်အပြုတ် ကျွမ်းကျင်မှုက ထိပ်တန်းအဆင့်သို့ ရောက်နေသည်။
ယွမ်ကျိုးက လက်တစ်ဖက်ဖြင့် ဒယ်အိုးကို တစ်ဖန် မြှောက်ကိုင်သောအခါ သူ့လက်မောင်းကြွက်သားများ ဖောင်းကားလာပြီး ခန့်ညားသော သွေးကြောစိမ်းများက စိတ်အာရုံကို ဖမ်းစားနိုင်သည်။ တခြားလက်တစ်ဖက်က ယောက်ချိုဇွန်းကို ကိုင်ဆောင်ထားပြီး မီးဖိုဘေးရှိ ပန်းကန်ပြားများထဲသို့ ထမင်းကြော်ကို ခပ်ထည့်လိုက်သည်။
ထိုမှသာ ကြက်ဥထမင်းကြော် ၆ ပန်းကန်ကို သပ်သပ်ရပ်ရပ် ပြင်ဆင်ထားကြောင်း လူတိုင်း နားလည် သဘောပေါက်လိမ့်မည်။
မီးခလုတ်ကို ပိတ်လိုက်သည်။ ကြက်ဥထမင်းကြော်ကို ပန်းကန်ပြားတစ်ခုစီတွင် ပမာဏအတိအကျထည့်ကာ ခင်းကျင်းထားသည်။ အဖြူရောင်ပန်းကန်အတွင်းရှိ ကြက်ဥထမင်းကြော်များသည် အပြင်ဘက်သို့ ထမင်းစေ့များ ပြန့်ကျဲခြင်းမရှိဘဲ ရွှေတောင်ကုန်းကဲ့သို့ စုပုံထားသည်။
ပန်းကန်၏အစွန်းဘက်များသည် ကြော်ထားသောဒယ်အိုးနီးနီး သန့်ရှင်းနေသည်။
ကြက်ဥထမင်းကြော် ပန်းကန်ပြားက စွဲမက်ဖွယ်ကောင်းသော မွှေးရနံ့ကို ပေးစွမ်းသည်။
"ဟင်းပွဲက ဘယ်လိုလဲ။ အဆင်သင့်ဖြစ်ပြီလား" ကောင်မလေးက ယွမ်ကျိုးကို နှောင့်ယှက်ရန် မရည်ရွယ်သောကြောင့် ခပ်တိုးတိုးပြောသည်။
"အဆင်သင့်မဖြစ်သေးရင် ပါးစပ်ထဲက သွားရည်တွေကို ထိန်းမရတော့ဘူး"
အနီးနားရှိ ဝတုတ်တုတ် အမျိုးသားက သူ့ဗိုက်သူ ကိုင်ရင်း တံတွေးကို မျိုချလိုက်သည်။
"စွန်းမင်၊ မင်းပဲ သွားမေးကြည့်တော့။ မင်းက ဒီနေ့ပွဲရဲ့ အရေးပါသူပဲ"
အသံအကျယ်ဆုံး တစ်ယောက်က စွန်းမင်ကို ယွမ်ကျိုးဆီသို့ တွန်းပို့လိုက်သည်။
"ကောင်းပြီ ငါမေးပါရစေဦး" စွဲမက်ဖွယ်ကောင်းသော ရနံ့ကို ရှူရှိုက်ရင်း စွန်းမင်က သူ့တံတွေးကို စီးမကျအောင် တံတွေးများကို ငုံ့ကာ ဖြေလိုက်သည်။
"ယွမ်ကျိူး၊ ထမင်းကြော် ပန်းကန်တွေကို သယ်ဖို့ ငါတို့ ကူညီရမလား"
နောက်ဆုံး ပန်းကန်အလွတ်ကို ယွမ်ကျိုး ထမင်းကြော် ထည့်နေခြင်းကို ကြည့်ကာ စွန်းမင်က ပြောလိုက်သည်။
"ရတယ်လေ၊ အားလုံး ဒီမှာ အဆင်သင့်ဖြစ်နေပြီ"
ယွမ်ကျိုး က ခေါင်းညိတ်လိုက်ပြီး စားပွဲပေါ် သပ်သပ်ရပ်ရပ်ချထားသော ပန်းကန်ပြားများကို ညွှန်ပြသည်။
ပန်းကန်ပြားထဲရှိ ကြက်ဥထမင်းကြော်က ရွှေဝါရောင်သန်းနေပြီး နည်းနည်းပူနေသေးသည်။ မွှေးရနံ့ကို ရှုရှိုက်ရင်း မီးဖိုချောင်အပြင်ဘက်မှာ မတ်တတ်ရပ်နေသူများက ပန်းကန်ပြားများကို တစ်ခုပြီးတစ်ခု သယ်သွားကြသည်။
"ယွမ်ကျိုး၊ မင်းလည်း အပြင်ထွက်လာပြီး ငါတို့နဲ့အတူတူ ပျော်ပျော်ပါးပါး ဂုဏ်ပြုပွဲ ကျင်းပလေ"
စွန်းမင်က သူ့ပန်းကန်ကို သယ်လာစဥ် ယွမ်ကျိုးကို လှမ်းခေါ်ရန် မမေ့လျော့ခဲ့ပေ။
"တစ်မိနစ်ပဲစောင့်ပါ" ယွမ်ကျိုး၏ အကျင့်စရိုက်အရ ဒယ်အိုးနှင့် ယောက်ချိုဇွန်းကို ဆေးကြောသည်။ တခြားကိရိယာများကိုလည်း ကိုယ့်အိမ်ကိုယ့်ယာ မဟုတ်သောကြောင့် ပေါ့ပေါ့တန်တန် သဘောမထားလျှင် ပိုကောင်းလိမ့်မည်။
ထို့နောက် ယွမ်ကျိုးက သူ့ကြက်ဥထမင်းကြော်ပန်းကန်ကို ယူကာ မီးဖိုခန်းထဲမှ ထွက်လာခဲ့သည်။
ယွမ်ကျိုးရောက်လာမှ စွန်းမင်က စကားစပြောသည်။ "ဒီနေ့က ငါ့မွေးနေ့လေ။ ငါ့သူငယ်ချင်း ယွမ်ကျိုးက ငါ့အတွက် ဒီဟင်းလျာတွေကို ချက်ပြုတ်ဖို့ အထူးတလည် ရောက်လာခဲ့တာပဲ။ အားလုံးပဲ မြည်းစမ်းကြည့်လို့ ရပါပြီ”
စွန်းမင်၏စကား အဆုံးသတ်သွားသောအခါ သူ့သူငယ်ချင်းများ မစောင့်နိုင်တော့၍ ဇွန်းကို ချက်ချင်းယူကာ စကားတစ်ခွန်းမှ မပြောဘဲ စားကြသည်။
ယွမ်ကျိုးချက်ပြုတ်ထားသော ကြက်ဥထမင်းကြော်ကို စားနေစဉ် စွန်းမင်က ခေါင်းကိုလှည့်ပြီး ယွမ်ကျိုးကို "ကျေးဇူးတင်ပါတယ် သူငယ်ချင်း"ဟု ပြောသည်။
"ရပါတယ် အချင်းချင်းပဲကိုး ကျေးဇူးတင်စကားတွေ မလိုအပ်ပါဘူး" ယွမ်ကျိုးက ခေါင်းညိတ်ပြသည်။
"ဝိုး၊ ဒီထမင်းကြော်ပွဲက အရမ်း အရသာရှိတယ်" မျက်မှန်တပ်ထားသော မိန်းကလေးသည် ရုတ်တရက် ထအော်သည်။
ကြက်ဥထမင်းကြော်က ပျော့ပျောင်းနေသည်ဟု ထင်ရသော်လည်း ခံတွင်းထဲသို့ ဝင်သွားသောအခါ ထမင်းစေ့၏ မာကြောမှုကို ဆက်လက် ထိန်းသိမ်းထားသည်။ ထမင်းစေ့တိုင်းကို ကြက်ဥဖြင့် အပြည့်အဝ လွှမ်းခြုံထားပြီး ကြက်ဥအဖတ်များကို မမြင်တွေ့ရဘဲ ရွှေရောင်သန်းနေသော ကြက်ဥထမင်းကြော်သာ မြင်တွေ့ရသည်။
ထမင်းစေ့ ပတ်ပတ်လည်တွင် ကြက်ဥအရသာ လွှမ်းခြုံထား၍ နူးညံသည်ဟု ထင်ရသော်လည်း ထမင်းစေ့များက မာကြောနေဆဲ
ဖြစ်သည်။ အရသာနှစ်မျိုးကို ရောစပ်လိုက်သောအခါ သာမန်ထက် အရသာရှိသော အရသာအသစ် ပေါ်ထွက်လာသည်။
ယွမ်ကျိုးက ပါဝင်ပစ္စည်းများ၏ အရသာကို မြှင့်တင်ရန် အစွမ်းကုန် ကြိုးစားခဲ့သဖြင့် ယခု သူတို့စားနေသော ကြက်ဥထမင်းကြော်ကို ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်သည်။ သူတို့အားလုံး၏ ကျေနပ်သော အမူအရာကို မျက်နှာပေါ်တွင် မြင်တွေ့နိုင်သည်။
"စွန်းမင်၊ မင်းရဲ့သူငယ်ချင်းက တကယ်ကို ကျွမ်းကျင်စားဖိုမှူးပဲ။ ဒီအချက်ကိုတော့ ဝန်ခံတယ်" အမျိုးသားတစ်ယောက်က ယွမ်ကျိုး၏ဟင်ချက်စွမ်းရည်ကို လက်မထောင်ကာ ချီးမွမ်းသည်။
“ဒါပေမဲ့ အသုံးပြုထားတဲ့ ပါဝင်ပစ္စည်းတွေက အားနည်းချက် ရှိနေသေးတယ်။ သုံးထားတဲ့ သံလွင်ဆီက သိပ်မကောင်းလို့ အနံ့အသက်ဆိုးတွေရှိနေသေးတယ်"
၎င်းအမျိုးသားက ဆက်လက်ပြောသည်။
“ဒီအတွက် ငါ့ကိုပဲ အပြစ်တင်ရမယ်။ လိုအပ်တဲ့ပစ္စည်းတွေကို ဘယ်လိုဝယ်ရမလဲ မသိတော့ ပုံပန်းသွင်ပြင်ကို အခြေခံပြီး ရွေးချယ်ဝယ်ယူလိုက်တာပဲ။ ငါ့ဒီသူငယ်ချင်းဆိုင်မှာ ရောင်းတဲ့ ကြက်ဥထမင်းကြော်က အရသာ ပိုကောင်းတယ်" စွန်းမင်က ထိုသူ မေးသော မေးခွန်းကို ချက်ချင်း ပြန်ပြောသည်။
"အို့စ် တကယ်လား။ မင်းသူငယ်ချင်းရဲ့ဆိုင်က ဘယ်မှာဖွင့်ထားတာလဲ။ အရသာမြည်းစမ်းဖို့ တစ်နေ့တော့ သွားဝယ်စားရမယ်" ၎င်းအမျိုးသားက ယွမ်ကျိုးကို ငေးကြည့်ကာ ရိုးသားစွာပြောသည်။
“ထောင်ရှီးလမ်းမှာလေ" ယွမ်ကျိုးက စကားမပြောခင် ထမင်းစေ့များကို ပလုပ်ပလောင်း ပါးစပ်ထဲ ထည့်လိုက်သည်။
“အမ်၊ သိပ်မဝေးဘူးပဲ။ တစ်နေ့တော့ ဆိုင်ကို အရောက်လာခဲ့မယ်" ထိုလူက ပြုံးရွှင်နေသော အမူအရာဖြင့် စကားပြောသည်။
“သူဌေး။ ကြည့်ပါဦး။ ငါက အရမ်းဝတယ်။ ဒီလောက် ထမင်းနည်းနည်းလေးနဲ့ ဗိုက်မဝဘူး။ ငါ့အတွက် တစ်ပွဲထပ်ချက်ပေးနိုင်မလား"
ဝတုတ်တုတ်အမျိုးသားက သူ့အလေ့အထအတိုင်း ဝမ်းဗိုက်ကို ပွတ်သပ်ကာ စကားပြောသည်။
“အမှန်ပဲ။ ငါ့လိုကောင်မလေးတောင် ဗိုက်မဝဘူး။ ငါတို့အတွက် ထပ်ချက်ပေးပါဦး" မျက်မှန်တပ်ထားသောကောင်မလေးကလည်း ပြုံးကာ စကားပြောသည်။
“သေချာတာပေါ့။ ငါလည်း ဒီနေ့ ဝိတ်မလျှော့ဖို့ ဆုံးဖြတ်လိုက်ပြီ။ ငါ့ကိုလည်း တစ်ပွဲထပ်ပေးပါ"
အရပ်ရှည်ရှည် ပိန်သွယ်သွယ် မိန်းကလေးက သူ့မျက်လုံးဝိုင်းဝိုင်းလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ စကားပြောသည်။
စားပွဲဝိုင်းတစ်ဝိုင်းတည်းစားနေသူ အားလုံးက နောက်တစ်ပွဲကို တောင်းဆိုကြသည်။ ယွမ်ကျိုးက သူ့စည်းမျဉ်းကို ပြောခါနီး သူ့စားသောက်ဆိုင် မဟုတ်ဘဲ သူ့သူငယ်ချင်းအိမ်ဖြစ်နေမှန်း သတိရသွားသည်။ ထို့ကြောင့် သူက မျက်မှောင်ကြုတ်ကာ သူ့ကို ဘယ်လိုငြင်းပယ်ရမှန်းမသိ ဖြစ်နေသည်။
"သူငယ်ချင်းအားလုံးတို့ရေ။ ငါ့သူငယ်ချင်းက ငါ့အတွက် သက်ရာရှည်ခေါက်ဆွဲလုပ်ပေးရဦးမယ်။ သူ့ဆိုင်က ထောင်ရှီးလမ်းမှာလေ။ မင်းတို့အားလပ်ရင် သွားစားပေါ့" စွန်းမင်က အချီကြီးပြုံးကာ ချက်ချင်း ဝင်ပြောသည်။
"ကြော်ငြာက တကယ်ကောင်းတယ်နော်။ မင်းကို အမှတ်၁၁မှတ်ပေးလိုက်တယ်။ အပို တစ်မှတ်ထည့်ပေးလိုက်တာ ငါ့အချစ်တွေ မင်းကိုပေးလိုက်တာပဲ ငါ့မြေးရဲ့(စွန်းမင်ရဲ့မျိုးရိုးနာမည်က မြေးလေးဖြစ်သည်။)"
အရပ်ရှည်ရှည် ပိန်သွယ်သွယ် အမျိုးသားက စွန်းမင်ကို ချီးမွမ်းဟန်ဖြင့် ပြောသည်။
“မင်းတို့လိုကောင်စုတ်တွေက ငါ့ကို ဒီလိုနာမည်ပြောင်ပေးပြီး နာမည်ဖျက်နေတာပဲ"
စွန်းမင်က သူ့သူငယ်ချင်းများကို ပြောမနိုင်၍ မကျေမနပ် ငြီးတွားသည်။
“နေပါဦး မြေးလေးရယ် သက်ရာရှည်ခေါက်ဆွဲက မြေးလေးအတွက်ပဲလား" မျက်မှန်တပ်ထားသောကောင်မလေးက ချက်ချင်း မေးမြန်းသည်။
“အမှန်ပဲ။ ငါ့မွေးနေ့လေ။ ဒါကြောင့်မို့ ငါပဲ သက်ရာရှည်ခေါက်ဆွဲကို စားမှာပေါ့" စွန်းမင်က မိမိဘာသာ အားရကျေနပ်သော အမူအရာဖြင့် စကားပြောသည်။
“မရဘူး။ နင်နားမလည်ပါဘူး။ စွန်းမင်၊ နင့်ရဲ့သက်ရာရှည် ခေါက်ဆွဲကို ငါတို့အတူတူစားပေးရင် နင်အသက်ပိုရှည်မှာပေါ့" မျက်မှန်တပ်ထားသော မိန်းကလေးက စိတ်အားထက်သန်သော အမူအရာဖြင့် ပြောသည်။ သူမ၏မျက်နှာအမူအရာက စွန်းမင်ကို ယုံကြည်စိတ် ဖြစ်စေသည်။
"ဟားဟား လုံးဝ မယုံကြည်နိုင်ဘူး" စွန်းမင်က တည့်တိုးပြောသည်။
"ခေါက်ဆွဲကို ဒယ်အိုးအကြီးကြီးနဲ့ မချက်နိုင်ဘူး။ ဒါကြောင့်မို့ တစ်ယောက်တစ်ဇွန်းမြည်းကြည့်ချင်တယ်"
တစ်စုံတစ်ယောက်က တောင်းဆိုသည်။
"အားနာပါတယ်။ ခေါက်ဆွဲတစ်ပွဲပဲ ချက်ပေးနိုင်တယ်"
ယွမ်ကျိုး ပြောသည်။ ထမင်းစား စားပွဲမှာ ထိုင်နေသူအားလုံးက ယွမ်ကျိုးကို ဒေါသတကြီး ကြည့်သည်။
"စွန်းမင် ဒီနေ့က မင်းရဲ့မွေးနေ့လေ။ ငါတို့ကို ညှာတာပေးလို့ မရဘူးလား။ ငါတို့ရဲ့ ဆန္ဒကို လိုက်လျောပေးပါ"
ထမင်းစားပွဲရှိ အခြားသူငယ်ချင်းများအားလုံးက “တစ်ယောက်တည်းစားရင် ပျင်းစရာကြီး"ဟု တစ်ပြိုင်နက်တည်း ပြောဆိုကြသည်။
အပိုင်း(၈၂)
ပြီးပါပြီ။
အပိုင်း(၈၃)
*
KFC နာမည်ပြောင်ပေးထားသော အမျိုးသားက စွန်းမင်၊ ယွမ်ကျိုးတို့နှင့် အရင်းနှီးဆုံးဖြစ်၍ စွန်းမင်၏ပခုံးပေါ် လက်တင်ကာ
"မရှက်ပါနဲ့။ ငါတို့အားလုံးက သူငယ်ချင်းတွေဆိုတော့ စားဖိုမှူးယွမ်ကို အရှက်မခွဲပါဘူး။ ဘယ်လိုလဲ မင်းရဲ့သက်ရာရှည် ခေါက်ဆွဲကို ပေးမြည်းပါကွာ"
စွန်းမင်က ဘေးဘယ်ညာကြည့်လိုက်ပြီး ကူကယ်ရာမဲ့ ပြန်ပြောသည်။
"အိုကေလေ ရတယ်။ ပြဿနာမရှိဘူး။ မင်းတို့အလိုကျ ဖြစ်စေရမယ် ဟုတ်ပြီလား"
"မရသေးဘူး။ ဟေ့လူတွေ စားဖိုမှူးယွမ်ကို အရင်ဆုံး ဂုဏ်ပြုကြမယ်" မျက်မှန်တပ်ထားသော ကောင်မလေးက တုံ့ဆိုင်းခြင်း မရှိဘဲ သူမ၏ဝိုင်ခွက်ကို မြှောက်လိုက်သည်။
“ကျေးဇူးပဲ" ယွမ်ကျိုးက အခုအချိန်မှာ အရက်မသောက်ချင်ကြောင်း ငြင်းဆန်နိုင်သော်လည်း ဂုဏ်ပြုအရက်ခွက်ကို လက်ခံလိုက်သေးသည်။ ကောင်မလေးတစ်ယောက်က ကမ်းလှမ်းလာ၍ မငြင်းပယ်ချင်ပေ။
“စားဖိုမှူးယွမ်က တကယ်တော်တယ်။ ဒါဆိုရင် ကျွန်တော်နဲ့ တစ်ခွက်အတူတူ ဆက်သောက်မယ်" ဝတုတ်တုတ်အမျိုးသားက သူ့ကို အရက်ခွက်မြှောက်ပြီး ဂုဏ်ပြုပြန်သည်။
"အားနာပါတယ်။ စားဖိုမှူးက အရသာခံအာရုံကို ထိန်းသိမ်းထားသင့်တယ်။ ဒါပေမဲ့ ဒီကနေ့က ငါ့ညီအစ်ကိုလို ခင်မင်ရတဲ့ သူငယ်ချင်းရဲ့မွေးနေ့ဆိုတော့ မင်းတို့တစ်ယောက်ချင်းစီရဲ့ ဂုဏ်ပြုအရက်ကို လက်ခံလိုက်မယ်" ယွမ်ကျိုးက ဝိုင်ခွက်ကို မြှောက်ကိုင်ကာ စကားပြောသည်။
"လက်ခံတယ်။ ဆက်သောက်ကြ ငါ့သူငယ်ချင်းတို့။ မင်းတို့ တောင်းဆိုတာကိုလည်း လက်ခံမယ်"
စွန်းမင်က သူ့ဆုံးဖြတ်ချက်ကို ပြောလာသည်။
ယွမ်ကျိုးက ဘီယာ ၄ပုလင်းခန့်ကို အေးဆေးသောက်နိုင်သည်။ နောက်ဆုံးတစ်ချိန်သောက်တုန်းက ဘီယာတစ်ဖာ(၉ပုလင်း)ခန့်ကို အေးဆေးသောက်နိုင်သည်။ သို့သော်လည်း စားဖိုမှူးအလုပ်ကို စတင်လုပ်ကိုင်ပြီးနောက် အရသာခံ အာရုံ ထိခိုက်မည်ကို စိုးရိမ်၍ အရက်သောက်ခြင်းကို ရပ်တန့်လိုက်သည်။
တစ်ဦးချင်းစီ၏ဂုဏ်ပြုအရက်ကို လက်ခံပြီးနောက် ယွမ်ကျိုးက စကားပြောသည်။
"ဒါဆိုရင် အခုပဲ ခေါက်ဆွဲသွားချက်တော့မယ်"
ထိုစကားကိုပြောလိုက်စဉ် သူက မတ်တတ်ထရပ်လိုက်ပြီး မီးဖိုချောင်ထဲ သွားသည်။
ခေါက်ဆွဲစွပ်ပြုတ်အချို၏ အရေးကြီးဆုံး အစိတ်အပိုင်းက အရည်ကြည်စွပ်ပြုတ် ရရှိရန်ဖြစ်သည်။ ထို့ကြောင့် ယွမ်ကျိုးက ခေါက်ဆွဲပြုတ် ပြင်ဆင်ရန် အထူးပြုပြင်မွမ်းမံထားသော စွပ်ပြုတ်အခဲအစား သတ္ထုဆားများ ပျော်ဝင်နေသော စမ်းရေကို အသုံးပြုခဲ့သည်။
ယွမ်ကျိုးက မီးညှိလိုက်သောအခါ ပူစီဖောင်းများ ပေါ်လာ၍ ဒယ်အိုးထဲသို့ ခေါက်ဆွဲ ပစ်ထည့်လိုက်သည်။ ထို့နောက် မီးအပူချိန်ကို မြှင့်လိုက်သည်။ ၁၀စက္ကန့်အတွင်း ဒယ်အိုးထဲမှ ရေများ ပွက်ပွက်ဆူလာသည်။ ပွက်ပွက်ဆူနေသောရေများနှင့်အတူတူ ဒယ်အိုးထဲရှိ ခေါက်ဆွဲဖက်များက ကခုန်နေသည်။
ယွမ်ကျိုးက ရေအေးတစ်ဇွန်းခန့် အပြည့် ခပ်လိုက်ပြီး ခေါက်ဆွဲပေါ်မှာ အညီအမျှ ဖြန့်ကျဲလိုက်သည်။ ခေါက်ဆွဲက ရေထဲ ချက်ချင်း နစ်မြှုပ်သွားပြီး နောက်တစ်ဖန် ပြန်ပေါ်လာသည်။
ထို့နောက် ယွမ်ကျိုးက ပြုတ်ထားသောခေါက်ဆွဲများကို ဒယ်အိုးထဲမှ ချက်ချင်း ဆယ်ယူလိုက်ပြီး ရေခဲတုံးများ ဖြည့်ထားသော သတ္တုရေထဲ မြှုပ်လိုက်သည်။ သုံးစက္ကန့်ကြာပြီးနောက် ခေါက်ဆွဲသားများ နွေးနေသေးစဉ်
ယွမ်ကျိုးက ကြွေရည်သုတ်ထားသော ခွက်ကြီးထဲ ခေါက်ဆွဲကို ခပ်ထည့်လိုက်သည်။
ထို့နောက် ဟင်းခတ်အမွှေးအကြိုင်များကို ခွက်ထဲ ထည့်လိုက်သည်။ ထိုမှသာ ကြက်သွန်မြိတ်မပါသော ခေါက်ဆွဲစွပ်ပြုတ်အချိုကို ရရှိသွားသည်။
ခေါက်ဆွဲပြုတ်ပန်းကန်ကို အပြင်ဘက်သို့ ယူဆောင်လာပြီးနောက် လူတိုင်းကို မြည်းစမ်းချင်သော ဆန္ဒဖြစ်ပေါ်စေသည်။ မွေးနေ့ပွဲပါတီ၏ဦးဆောင်သူ စွန်းမင်သာ အပြည့်အဝ စားခွင့်ရှိသည်။ ခေါက်ဆွဲကြိုက်သော ကောင်မလေး အများကြီး ရှိနေသည်။
"သူတို့နဲ့ခေါက်ဆွဲ တစ်ပန်းကန်ကို လုမစားမိတာ ကံကောင်း" ယွမ်ကျိုးက မူးဝေနေသော ခံစားချက်ဖြင့် ဘေးဘက်မှာ မတ်တတ်ရပ်နေသည်။
အရက်မူးနေသော ယွမ်ကျိုးက ရင်းနှီးနေသော KFCက အိမ်ပြန်ပို့ပေးသည်။ ယွမ်ကျိုးက တခြားကိစ္စအားလုံးကို လျစ်လျူရှုပြီး နောက်တစ်နေ့ မနက်ခင်း ၇နာရီခွဲအထိ အိပ်ပျော်သွားသည်။
ခေါင်းကြည်လင်သွားပြီးနောက် ယွမ်ကျိုးက သူ့ကိုယ်သူ သန့်ရှင်းရေး ပြုလုပ်သည်။
မနက် ၈နာရီတွင် ယွမ်ကျိုးက ဆိုင်တံခါးကို ဖွင့်လိုက်သည်။ မုရှောင်ယွမ်က ဆိုင်တံခါးပေါက်မှာ နာနာခံခံ စောင့်နေသည်။ သူမက ဆိုင်ထဲ ဝင်ရောက်ပြီးနောက် သူမ မတ်တတ်ရပ်နေကျ နေရာမှာ ရပ်လိုက်ပြီး စားသုံးသူဖောက်သည်များကို ဝင်ခွင့်ပြုသည်။
ညှပ်ဖိနပ်ကို လျှောတိုက် လမ်းလျှောက်ရင်း ဝူဟိုင်းက ဆိုင်ထဲ ပထမဆုံး ဝင်လာပြီး ရွဲတဲ့တဲ့လေသံဖြင့် စကားပြောသည်။
"သူဌေးယွမ်က စားပွဲထိုးငှားပြီးတည်းက အလုပ်ကို ကြိုးစားလာတယ်။ အခုတလော ဆိုင်ဖွင့်ချိန် တိကျလာတယ်"
"ရှောင်လုံပေါင်းတစ်ပွဲပေးပါ" ယွမ်ကျိုးက ခုတလော ရှောင်လုံပေါင်းဖက်ထုပ်ကို နေ့တိုင်း ရောင်းချပေးသည်။ ဤဟင်းလျာကို နှစ်သက်သူများအတွက် စိတ်ကြိုက်ဖြစ်နေသည်။ ထို့ကြောင့်လည်း ဝူဟိုင်းက ရှောင်လုံပေါင်းဖက်ထုပ်ကို ပုံမှန်အတိုင်း အော်ဒါတင်ခြင်းဖြစ်သည်။
"အားနာပါတယ်။ ဒီမနက် ရှောင်လုံပေါင်းဖက်ထုပ် မရောင်းပါဘူး"
ယွမ်ကျိုးက ဝူဟိုင်း၏သုန်မှုန်နေသော မျက်နှာအမူအရာကို လျစ်လျူရှုကာ ပုံမှန်အတိုင်း ပြန်ဖြေသည်။
"ကြက်ဥထမင်းကြော်နဲ့အမဲသားနုပ်နုပ်စင်း ပေးပါ" အက်စစ်ဓာတ်များနေသောအစာအိမ်ကို လက်ဖြင့်ဖုံးကွယ်ပြီး သူ၏နောက်ထပ် အကြိုက်နှစ်သက်ဆုံးဟင်းလျာကို ဆက်လက် အော်ဒါတင်သည်။
သူ့ကို တစ်ချက်ကြည့်ပြီး ယွမ်ကျိုးက မပွင့်တပွင့် ပြန်ပြောသည်။
"ခင်ဗျား အစာအိမ်အောင့်နေရင် ပူစပ်စပ်အစားအသောက်တွေကို မစားတာ အကောင်းဆုံးပဲ။ ခေါက်ဆွဲပြုတ်အချိုပဲ မှာလိုက်ပါလား"
"မင်းကြောင့် အမြဲဒေါသထွက်နေရလို့ ငါ့အစာအိမ် အောင့်ရတာ။ ဒါကြောင့်မို့ ကြက်ဥထမင်းကြော်နဲ့အမဲသားနုပ်နုပ်စင်းကို မှာရတာပဲ"
ဝူဟိုင်းက ယွမ်ကျိုးကို ခက်ထန်သောအကြည့်ဖြင့် တစ်ချက်ကြည့်ကာ မကျေမနပ်ပြောသည်။
"ကောင်းပြီလေ။ ခဏပဲစောင့်" ထိုစကားကို ပြောပြီးနောက် ယွမ်ကျိုးက ဟင်းပွဲများကို ပြင်ဆင်ရန် ထွက်သွားသည်။
ယခုလို အဖြစ်အပျက်မျိုး ကြုံတိုင်း မုရှောင်ယွမ်က စကားတစ်ခွန်းမှ မပြောဘဲ မရယ်မိအောင် တိတ်တဆိတ်ထိန်းချုပ်နေသည်။
သူမ၏အမြင်တွင် ဝူဟိုင်း နှင့် သူဌေးယွမ်က နေ့စဉ်နေ့တိုင်း တစ်ဦးကိုယ်တစ်ဦး လှည့်ဖြားနေသည့်တိုင် မိတ်ဆွေကောင်းဖြစ်နိုင်သည်။
ကောင်မလေးက ဖြူစင်ရိုးသားနေသေးသည်။ သူမက အစားအသောက်ခုံမင်သူများ၏ စားကောင်းသောက်ဖွယ်များကို လုယူခံရသောအခါ ပြောင်းလဲသွားသော အပြင်ပန်းသွင်ပြင်ကို အကဲမဖြတ်တတ်သေးပေ။
နတ်သုဒ္ဓါတမျှအရသာရှိသော စားကောင်းသောက်ဖွယ်များကို စားသောက်ရန်အလို့ငှာ အရည်အသွေးပြည့်မှီသော အစားအသောက်ခုံမင်သူများသည် အရှက်မဲ့လာသည်။
ယနေ့ကလည်း တခြားနေ့များနည်းတူ အလုပ်ရှုပ်နေသည်။ ကြနေခင်း ဆိုင်မပိတ်ခင် နာရီဝက်အလိုတွင် အံ့အားသင့်ဖွယ်ကောင်းသော လက်ဆောင်ကို ယွမ်ကျိုး ရရှိသည်။
စနစ်က ဖော်ပြသည်။
"ဂုဏ်ယူပါတယ် ဆိုင်ရှင်။ မစ်ရှင်ရဲ့ဒုတိယမြောက်အဆင့် အောင်မြင်သွားပါပြီ။ ဆုလာဘ်ကို ရယူနိုင်ပါပြီ"
မမျှော်လင့်ထားသော ပျော်ရွှင်ဖွယ်လက်ဆောင်က ရုတ်တရက်ရောက်ရှိလာ၍ ယွမ်ကျိုး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"သူဌေးယွမ် အဆင်ပြေရဲ့လား" လင်းဟုန်က ထူးထူးဆန်းဆန်း မေးမြန်းသည်။
"သူဌေးယွမ် ခင်ဗျားရဲ့အေးတိအေးစက်ပုံစံကိုပဲ ဆက်ထိန်းထားရင် ပိုကောင်းမယ်လို့ ခံစားမိတယ်" ဆံပင်ခပ်တိုတိုနှင့်ကောင်မလေးက ပွင့်ပွင့်လင်းလင်း ပြောသည်။
"သူဌေးယွမ်က မခန့်ညားဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ပြုံးလိုက်ရင်ပဲ မခန့်ညားတာ" ဆံပင်ခပ်ရှည်ရှည်နှင့် ပိုရိုးသားသောကောင်မလေးက မနေနိုင်မထိုင်နိုင် ငြီးတွားပြောဆိုသည်။
“ဒါကြောင့်မို့လို့ သူဌေးယွမ်ရယ် မပြုံးစမ်းပါနဲ့။ တကယ် လန့်လို့ပါ" ဘေးဖက်မှာ ထိုင်နေသော ဝူကျိုးက ကောက်ချက်ချသည်။
"စားစရာရှိတာစား။ ဆိုင်ပိတ်ဖို့ နာရီဝက်ပဲ လိုတော့တယ်" ယွမ်ကျိုး၏ တန်ပြန်တိုက်ခိုက်မှုက သူတို့အားလုံးကို လျစ်လျူရှုပြီး ဆိုင်ဖွင့်ရန် ကျန်ရှိသောအချိန်ကို သတိပေးခြင်း ဖြစ်သည်။
"ဘာဖြစ်တာလဲ သူဌေး" မုရှောင်ယွမ်က ဂရုစိုက်သော အမူအရာဖြင့် မေးမြန်းသည်။
"ဘာမှမဟုတ်ပါဘူး" ယွမ်ကျိုးက ပြုံးနေသော သူ့နှုတ်ခမ်းထောင့်ကို ပြန်ထိန်းညှိလိုက်ပြီး ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြန်ပြောသည်။
“သူဌေးယွမ်၊ မီနူးအသစ် မထွက်တာ လဝက်လောက်ရှိနေပြီနော်"
ဝူဟိုင်းက သူ့အတွေးကို ထုတ်ပြောသည်။
“မင်းအခုသောက်နေတဲ့ ဖရဲသီးဖျော်ရည်က အတော်အတန် သစ်နေပါသေးတယ်" ယွမ်ကျိုးက ခပ်တန်းတန်း ပြောဆိုသည်။
“ဒါက ဟင်းပွဲအသစ်မဟုတ်ဘူး။အချိုရည်ထဲပါတယ်။ ဟင်းပွဲအသစ်က ဘယ်တော့ရမှာလဲ"
ထိုစကားကိုပြောပြီးနောက် ဝူဟိုင်းက ဖရဲသီးဖျော်ရည်ကို အငမ်းမရသောက်လိုက်သည်။
“သိပ်မကြာခင် ရမှာပါ" ယွမ်ကျိုးက လေးနက်စွာပြောသည်။
“တကယ်လား။ ဘယ်လိုဟင်းပွဲမျိုးကို ရောင်းပေးမှာလဲ" လင်းဟုန်က စပ်စပ်စုစု မေးမြန်းသည်။
“အချိန်တန်ရင် မင်း သိရမှာပါ" ယွမ်ကျိုးက လျှို့ဝှက်ဆန်းကြယ်သော အမူအရာနှင့် တည်တည်ငြိမ်ငြိမ်အမူအရာကို ထိန်းသိမ်းထားသည်။
"သူဌေးယွမ်က အမြဲဒီလိုပဲ။ သူက ငါတို့ကို ဘာဆိုဘာမှ မပြောသွားဘူး" ဝူဟိုင်း နှုတ်ဆိတ်သွားသည်။
လင်းဟုန်ကလည်း ကူကယ်ရာမဲ့ အမူအရာကို ပြသသည်။
"အချိန်ပြည့်ခါနီးပြီ" ယွမ်ကျိုးက အချိန်ကို တစ်ချက်ကြည့်ပြီး ပြောသည်။
နာရီဝက်အချိန်က လျင်လျင်မြန်မြန် ကုန်ဆုံးသွားသည်။ ယွမ်ကျိုးကလည်း ကံစမ်းမဲမှ ရရှိလာမည့် ဟင်းပွဲအမျိုးအစားကို သိချင်မိသည်။ နာမည်ကျော် ဒေသထွက်ဟင်းလျာ (၈)မျိုးထဲမှ တစ်ခု ဖြစ်နိုင်မလား။ သို့သော်ငြားလည်း ၎င်းနာမည်ကျော်ဒေသထွက်ဟင်းပွဲ(၈)မျိုးသည် လူသိများထင်ရှားသည်။
ယွမ်ကျိုး အတော်ကလေး မျှော်လင့်မိသည်။
"ဂရုတစိုက် အိမ်ပြန်ကြပါ။ ဘေးကင်းကြပါစေ" စားသုံးသူဖောက်သည်အားလုံး ထွက်သွားပြီးနောက် ယွမ်ကျိုးက နေ့စဉ်လုပ်အားခကို မုရှောင်ယွမ်အား လှမ်းပေးပြီး သူမကို ညွှန်ကြားသည်။
"ဟုတ်ကဲ့ ကျေးဇူးပါ သူဌေး" မုရှောင်ယွမ်က ပျော်ရွှင်စွာ ပြန်ပြောသည်။
ယွမ်ကျိုးက မုရှောင်ယွမ် သူ့အမြင်မှ ပျောက်ကွယ်သွားသည့်အချိန်အထိ တံခါးကို မပိတ်ခဲ့ပေ။
သူက သူ့ထိုင်ခုံပေါ်မှာ မှီထိုင်လိုက်ပြီး သက်ပြင်းချကာ စနစ်ကို ဖွင့်လိုက်သည်။
[ဒုတိယအဆင့် မစ်ရှင် အဆင့်၂ : ပုံမှန်ဖောက်သည် ၁၀၀ ရအောင် အလုပ်ကြိုးစားပါ]
(မစ်ရှင်အညွှန်း : ကောင်းမွန်တဲ့စားသောက်ဆိုင်မှာ ပုံမှန်ဖောက်သည် အယောက်၁၀၀ ရှိသင့်တယ်မလား။ ဆိုင်မှာ တစ်လကို အနည်းဆုံး ၈ကြိမ်ခန့် လာစားဖူးတဲ့သူကိုပဲ ပုံမှန်ဖောက်သည်အဖြစ် သတ်မှတ်ပါတယ်)
[မစ်ရှင်ဆုလာဘ်] ချက်ပြုတ်နည်းအညွှန်းကို ရယူဖို့ ကံစမ်းခွင့်
(မစ်ရှင်အခြေအနေ ၁၀၃/ ၁၀၀)
ပြီးမြောက်ပါပြီ။
"အခုပဲ ဆုလာဘ်ကို ရယူမယ်" ယွမ်ကျိုးက တိတ်တဆိတ်ပြောသည်။
ထို့နောက် သူ့စိတ်ထဲတွင် စတုဂံပုံသဏ္ဍာန်များစွာ ပေါ်လာပြီး ထောင်မှန်စတုဂံ အဖြစ် ပြောင်းလဲသွားသည်။ နာမည်ကျော် ဒေသထွက်ဟင်းလျာ (၈)မျိုးက နေရာအများစုကို ယူထားပြီး မထင်မရှားဟင်းလျာအနည်းစုက ကျန်ရှိနေသော စတုရန်းကွက်များထဲမှာ အသီးသီးနေရာယူထားသည်။ တိုတောင်းသော အစွန်းနှစ်ဖက်တွင် တံခါးကဲ့သို့ ကိရိယာတစ်ခုရှိသည်။ ဘောလုံးတစ်လုံးက ဝင်ပေါက်မှာ ရှိနေပြီး ဘောလုံးလှိမ့်ခြင်းဖြင့် ကျပန်းကျသော ဟင်းလျာများကို ရွေးချယ်မည့် သဘောရှိသည်။
အစိတ်အပိုင်းတစ်ခုချင်းစီမှာ အထူးဟင်းပွဲများလည်း ပါဝင်ပြီး ပမာဏကို အတိအကျ မသိရပေ။
ယွမ်ကျိုးက ယခုလို ကံစမ်းမဲနှိုက်ခြင်း နည်းလမ်းကြောင့် ဆွံ့အသွားမိသည်။ ယွမ်ကျိုး တစ်ခါမှ ကောင်းကောင်းမဆော့ဖူးသော ဂေါ်လီလုံးလှိမ့်ကစားခြင်းနှင့်တူနေသည်။ ယွမ်ကျိုးက ဟင်းလျာ တစ်မျိုးချင်းစီကို အသေးစိတ်စစ်ဆေးပြီးနောက် တစ်မျိုးချင်းတွင် အမျိုးအစားခွဲများကို အသေးစိတ်ဖော်ပြထားကြောင်း တွေ့ရသည်။
သာဓကဆိုသော် စီချွမ်ဟင်းလျာတွင် ရုံစတိုင် စီချွမ်ဟင်းလျာ၊ ယွီစတိုင်စီချွမ်ဟင်းလျာ၊ ယန်ဘန်စတိုင် စီချွမ်ဟင်းလျာတို့ဖြစ်သည်။ တခြားသောဟင်းပွဲ အမျိုးအစားခွဲများကိုလည်း ဖော်ပြထားသည်။
၎င်းဟင်းပွဲများကို ခဏကြာအောင် အသေးစိတ်ကြည့်ပြီးနောက် ယွမ်ကျိုးက သူ့ကံကြမ္မာကို စမ်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအတွေးကြောင့် ယွမ်ကျိုးက ဘောလုံးလေးကို တွန်းလိုက်ပြီး ဘောလုံးကို စလှိမ့်လိုက်သည်။
အပိုင်း(၈၃)
ပြီးပါပြီ။
အပိုင်း(၈၄)
*
ဘောလုံးက ရှန်သုန်ဟင်းလျာအကွက်စီသို့ တည့်တည့်မတ်မတ် လှိမ့်သွားပြီးနောက် ယင်းအကွက်မှ ဖြည်းဖြည်းချင်း ထွက်သွားသည်။ နောက်ထပ်တစ်ကွက်ဆီသို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားပြီး အန်ဟွေ့ဟင်းလျာအကွက်ဆီသို့ ဦးတည်သွားသည်။ ထိုစဉ် ယွမ်ကျိုးက မျက်မှောင်ကြုတ်ကာ စောင့်ကြည့်နေသည်။
ဒေသထွက်မည်သည့်ဟင်းလျာကိုဆို ယွမ်ကျိုး ယခင်က ကောင်းကောင်း ချက်ပြုတ်နိုင်သည်ဟု မပြောနိုင်ပေ။ သို့သော်လည်း သာမန်အိမ်ချက်ဟင်းလျာများကို ချက်ပြုတ်ရန် သူ့အတွက် ပြဿနာ မရှိပေ။ အထူးသဖြင့် ကျောင်းသုန်ဒေသထွက်ဟင်းလျာကို အရသာရှိအောင် ချက်ပြုတ်နိုင်သည်။
ဘောလုံးက ထိုင်ဝမ်ဟင်းလျာအကွက်ကို ဖြည်းဖြည်းချင်း ဖြတ်ကျော်သွားသော မြင်ကွင်းကို စိတ်ဝင်တစား စောင့်ကြည်နေစဉ် ဘောလုံးက စီချွမ်ဟင်းလျာအကွက်ကြီးဆီသို့ တည့်တည့်မတ်မတ် ဆင်းသွားသည်။
စီချွမ်ဟင်းလျာက ကျန်းစုဟင်းလျာ၏အတိုကောက်နာမည် ဖြစ်သည်။ ၎င်းကျန်းစုဟင်းလျာသည် နာမည်ကျော် ဒေသထွက်ဟင်းလျာ (၈)မျိုးထဲမှ တစ်ခုဖြစ်သည်။ ဟွေ့ယန်၊ ကျင်းလင်၊ ဆုဘန်၊ ရှဟိုက်၊ ဝူရှီဟင်းလျာများက လေးထောင်စတုရန်းကွက်တွင် နေရာအများကြီး ယူထားသည်။
ဘောလုံးက ညာဘက်မှ ဘယ်ဘက်သို့ လှိမ့်သွားကာ အကွက်ကြီးမားသောနေရာသို့ရောက်ရှိသွားပြီး ကျင်းလန်ဒေသထွက် ဟင်းလျာဆီသို့ တည့်တည့်မတ်မတ် သွားသည်။ ထို့နောက် ၎င်းအကွက်မှာတင် ရပ်တန့်သွားသည်။
စနစ်"ဂုဏ်ပြုပါတယ် ဆိုင်ရှင်၊ အောင်မြင်စွာ ကံစမ်းပြီးပါပြီ။ ကျင်းလန် ဟင်းလျာကို ရရှိသွားပါတယ်။ လက်ခံယူနိုင်ပါပြီ"
"လက်ခံတယ်" ယွမ်ကျိုးက စိတ်လှုပ်ရှားသော ခံစားချက်ဖြင့် ဆုလာဘ်ကို လက်ခံယူလိုက်သည်။
သူ့စိတ်ထဲပေါ်နေသော လေးထောင့်ကွက်အားလုံး ချက်ချင်း ပျောက်ကွယ်သွားပြီး ဘောလုံးနေရာယူထားသော လေးထောင့်ကွက်သာ ကျန်ရစ်ခဲ့သည်။ ဘောလုံးက ရုတ်တရက် လွင့်ထွက်သွားပြီး အဆုံးသတ်မှာ မီးရှူးမီးပန်းကဲ့သို့ ပေါက်ကွဲသွားကာ လှပသော ရောင်စဉ်တန်းလေးကို ဖန်တီးသည်။
ဤတစ်ကြိမ်တွင် ဟင်းလျာသုံးမျိုးကို တစ်ပြိုင်နက်တည်း ရရှိသော်လည်း စိတ်ထဲ မကျေနပ်နိုင်ပေ။
ဒေသထွက်ဟင်းလျာ၏အမျိုးအစားခွဲ ဟင်းလျာတွင် ဟင်းပွဲများစွာ ပါဝင်သည်။ သူက ဟင်းသုံးမျိုးကို တစ်ပြိုင်နက်တည်း ရသော်လည်း များသည်ဟု မယူဆနိုင်ပေ။ သို့သော်လည်း ယွမ်ကျိုးက တခြားကိစ္စများကို စဉ်းစားချင်သော ဆန္ဒမရှိဘဲ ဟင်းချက်နည်းများကို စမ်းသပ်ချင်သော ဆန္ဒဖြစ်လာသည်။
နတ်ဘုရားအဆင့် အကြော်အလှော်ဟင်းလျာများကို ချက်ပြုတ်နိုင်သော လူ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ပထမဆုံး ဟင်းပွဲက အရွက်ဟင်း(ကျင်းလန်မြက်ဟင်း တခြားအသားတစ်မျိုးမျိုးကို ရောကြော်ထားသောဟင်း)ဖြစ်သည်။ သို့သော်လည်း ချက်ပြုတ်ထားသောဟင်းက ရိုးရှင်းလွန်းသည်။
ဒုတိယဟင်းပွဲက ကျင်းလန်ဟင်းပွဲထဲမှ ကိုယ်စားပြုဟင်းပွဲ တစ်ပွဲဖြစ်သော ဖီးနက်ငှက်တောင်ပံပုစွန်ဟင်း ဖြစ်သည်။ ချက်ပြုတ်ပြီးသွားသောအခါ အစက်အပြောက်မရှိသော အဖြူရောင်ပုစွန်အသားနှင့် ဖီးနစ်ငှက်ကဲ့သို့ အမြီးကြောင့် ယခုကဲ့သို့ နာမည်တွင်လာခြင်း ဖြစ်သည်။
တတိယဟင်းပွဲက သာမန်အိမ်ချက်ဟင်းများဖြစ်ပြီး လူတိုင်းကြိုက်နှစ်သက်သော ဟင်းဖြစ်သည်။ သို့တိုင် စနစ်၏ပြုပြင်မှုကြောင့် ခံတွင်းထဲအရည်ပျော်သွားသော ကြက်ခြေထောက်ဟင်းကို သာမန်ဟု မဆိုနိုင်ပေ။
ယွမ်ကျိုးက ဟင်းပွဲသုံးပွဲကို လေ့လာပြီးနောက် အစာအိမ်က ရုတ်တရက် အသံပြုလာသည်။
“တစ်ခုခုစားဖို့ မေ့နေသလိုပဲ” သူ့ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ယွမ်ကျိုးက မတ်တတ်ရပ်လိုက်ပြီး ဟင်းပွဲပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်လာ စစ်ဆေးရန် မီးဖိုချောင်ထဲသွားသည်။
ယွမ်ကျိုး၏မီးဖိုချောင်က နေ့ခင်းဘက်ကဲ့သို့ သန့်ရှင်းသပ်ရပ်နေသည်။
ယွမ်ကျိုးက မီးဖိုချောင်ကို စေ့စေ့စပ်စပ်ကြည့်ရှုသော်လည်း အသစ်အဆန်း မမြင်တွေ့ပေ။ သို့သော်လည်း သေချာအသေးစိတ် စစ်ဆေးကြည့်ပြီးမှ သူ့ဦးခေါင်းထက်တွင် အစိမ်းရောင်တောက်နေသော ပစ္စည်းဗီဒိုကို သတိထားမိသည်။
သူ့ဦးခေါင်းထက်တွင် ဖန်သားဗီဒိုရှိပြီး အကျယ် ၁၂စင်တီမီတာ နှင့် အကျယ် ၁၅ စင်တီမီတာရှိသည်။ အားရကျေနပ်ဖွယ်ကောင်းအောင် အစိမ်းရောင်သန်းနေသည်။
ယွမ်ကျိုး ကြည့်လိုက်သောအခါ ကျဉ်းမြောင်းပြီး သေးသော ခံစားချက်ထက် အဆင်ပြေသော ခံစားချက်ကို ခံစားရသည်။
ယွမ်ကျိုးက သူ့ဦးခေါင်းထက်ကို တိတ်တဆိတ် ကြည့်နေပြီး သူ့အရပ်အမြင့်နှင့် နှိုင်းယှဉ်ကြည့်သည်။
“စနစ်၊ ငါ အရပ်မှီတယ်လို့ ထင်နေတာလား” ယွမ်ကျိုးက မကျေမနပ် မေးမြန်းသည်။
သို့သော်လည်း စနစ်က ထူးခြားသောအဖြေအစား ဘုတ်ပြားတစ်ခုကို ဖန်ဆင်းပေးလိုက်သည်။ ၎င်းဘုတ်ပြားကို အသုံးပြုပြီး အပေါ်တက်စေချင်သော ရည်ရွယ်ချက် ဖြစ်နိုင်သည်။
သူက ဘုတ်ပြားပေါ်တက်ပြီး ကျင်းလန်မြက်၏ကုန်ကြမ်းပစ္စည်းများကို စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် ယွမ်ကျိုးက ကြက်ခြေထောက်ဟု ရေးထားသော အံဆွဲဗီဒိုကို ဖွင့်လိုက်သည်။
ကြက်ခြေထောက်ဟင်းချက်ပြုတ်ရန် အသုံးပြုသော ပါဝင်ပစ္စည်းများက လတ်ဆတ်ပြီး အခြောက်ခံထားသော ကြက်ခြေထောက် ဖြစ်ရမည်။ ထိုမှသာ အံဆွဲဗီဒိုထဲ သိမ်းဆည်းထားရန် သင့်လျော်သည်။
တံခါးဖွင့်လိုက်သောအခါ နေခြောက်လှန်းထားသော ကြက်ခြေထောက်များက ပန်းရောင်သန်းနေပြီး အံဆွဲထဲမှ ရေအေးငွေ့များ ထွက်လာသည်။ သူက ရေခဲသေတ္တာတံခါးကို ဖွင့်မိလိုက်သည်ဟုပင် ခံစားမိသည်။ ကြက်ခြေထောက်ဘေးနားက နေရာလွတ်ကို ထိတွေ့ကြည့်သောအခါ လုံးဝ အေးစက်စက် ခံစားချက် မရှိခြင်းကို သတိပြုမိသည်။
“မျှော်မှန်းထားတဲ့အတိုင်း စနစ်ရဲ့ခေတ်မီ နည်းပညာပဲ” ယွမ်ကျိုးက မနေနိုင် မထိုင်နိုင် ငြီးတွားသည်။
ယွမ်ကျိုးက ဗီဒိုတံခါးကို တစ်ချက်တည်း ပိတ်လိုက်ပြီး ဟင်းခတ်အမွှေးအကြိုင်များကို ကြည့်သည်။ မျှော်လင့်ထားသည့်အတိုင်း ဟင်းလျာအတွက် လိုအပ်သော ဟင်းခပ် အမွှေးအကြိုင်များကိုလည်း ပြင်ဆင်ပေးထားသည်။ ဘေးဘက်နားတွင် ပဲငံပြာရည်အကြည်(ကြာညို့)ကိုပင် ထားပေးသည်။
ယွမ်ကျိုးက မီးဖိုချောင် တစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုသော်လည်း ပုစွန်ကို မမြင်တွေ့ရပေ။ သူ့နဖူးကို ထိတွေ့ပြီး စဉ်းစားသည်။
“ပုစွန်တွေက ဘယ်နားမှာလဲ”
စားသောက်ဆိုင်ကို အဆင့်မြှင့်တင်စဉ်က ရှိနေသော ရေတိုင်ကီကို ယွမ်ကျိုး ရုတ်တရက် တွေးမိသွားသည်။ ဖီးနစ်ငှက်တောင်ပံပုစွန်ဟင်းပွဲ၏ အဓိက ပါဝင်ပစ္စည်းက မြစ်ပုစွန်(ရေချိုပုစွန်) ဖြစ်၍ လတ်ဆတ်ရန် လိုအပ်သည်။ ထို့ကြောင့် စနစ်မှ ပံ့ပိုးပေးထားသော ပုစွန်များက အရှင်ဖြစ်ရမည်။
သူက အလျင်အမြန် ရှေ့တိုးသွားသည်။ သူ့အတွေးက မှန်ကန်နေသည်။ ကြည်လင်သောရေထဲတွင် အရွယ်အစားတူညီသည့် ထိပ်တန်း အဆင့်ရှိသော ရေချိုပုစွန်များရှိနေပြီး ရေထဲ စိန်ပြေနပြေ ကူးခတ်နေသည်။
ပုစွန်များက အတော်အတန် အသားများသည်။ ရေအောက်သို့ ဆင်းသွားသောအခါ သူ့အမြီးများကို လှုပ်ခတ်လိုက်၍ ယွမ်ကျိုး၏မျက်နှာကို ရေစဉ်သွားသည်။
“လတ်ဆတ်လှချည်လား” ယွမ်ကျိုးက ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် သူ့မျက်နှာပေါ်မှ ရေများကို သုတ်ပြီးနောက် ခံစားချက် အပြည့်ဖြင့် သက်ပြင်းချသည်။
ဟင်းပွဲသုံးပွဲအတွက် အဓိကလိုအပ်သော ပါဝင်ပစ္စည်းများ၏ တည်နေရာ နှင့် ဖြည့်စွက် အသုံးပြုရမည့် ပါဝင်ပစ္စည်းများ၏ တည်နေရာကို ယခုတော့ ယွမ်ကျိုး သိသွားပါပြီ။ ယွမ်ကျိုးက ပတ်ဝန်းကျင် အသစ်နှင့် နည်းနည်း ကျင့်သားရပြီးနောက် ထူးဆန်းသော အချက်ကို သတိပြုမိသွားသည်။
“စနစ် ဟင်းပွဲအားလုံးက ချက်ဖို့ အဆင့်သင့်ပဲဆိုတော့ ထမင်းရော သုံးမှာလား”
ယွမ်ကျိုးက စနစ် အကြောင်း ကောင်းကောင်းသိထား၍ စနစ်က မပြောပလောက်သော အမှားကို မလုပ်ဟု ခံစားမိသည်။
စနစ်က ဖော်ပြသည်။
“ဆိုင်ရှင် ကံစမ်းတဲ့အတိုင်း ရရှိထားတဲ့ မစ်ရှင်ရဲ့ဆုလာဘ်တွေကို ပံ့ပိုးပေးထားပါတယ်”
တကယ်ကို တိကျပြီး ရိုးရှင်းသော အဖြေဖြစ်သည်။
“ဒါဆိုရင် ဆန်က ဘယ်မှာလဲ” ယွမ်ကျိုးက ထပ်မံ့အတည်ပြုသည်။
သို့သော်ငြားလည်း စနစ်က လုံးဝ မတုံ့ပြန်ပေ။
သို့သော်လည်း ဉာဏ်ကောင်းသော ယွမ်ကျိုးက ချက်ချင်း အတွေးပေါက်သွားသည်။ ကြက်ဥထမင်းကြော်တွင် အသုံးပြုထားသော ရှန်းရွှေဆန်ကို သုံးမည်ဟု ဆုံးဖြတ်လိုက်သည်။
“ရှန်းရွှေဆန်ကို ချက်လို့ရတာပဲ။ ဒါဆိုရင် ဘာပြဿနာမှ မရှိတော့ဘူး” ယွမ်ကျိုးက အရသာမြည်းစမ်းကြည့်ရန် ထမင်းအိုး အရင်ဆုံး တည်မည်ဟု ဆုံးဖြတ်လိုက်သည်။
စနစ်က ဖော်ပြသည်။
“ကြင်နာသော သတိပေးချက် : ရှန်းရွှေဆန်ကို သာမန်ချက်ပြုတ်ဖို့အတွက် အသုံးပြုရန် မသင့်လျော်ပါဘူး”
“ဟမ်” ယွမ်ကျိုး ချက်ချင်း နှုတ်ဆိတ်သွားသည်။ ထမင်းမပါဘဲ ဆီပူထိုးကြော်ရသော ဟင်းပွဲဖြစ်နေသည်။
“ဘယ်လိုမျိုး ကြင်နာတဲ့ သတိပေးချက် ဖြစ်နေတာလဲ။ တကယ်ကို ကလိမ်ကကျစ်ကျတယ်” ယွမ်ကျိုးက သူ့နဖူးသူ လက်ဖြင့် ထောက်ပြီး ကူကယ်ရာမဲ့ ပြောဆိုသည်။
တခြားသူများကို စိတ်ဒုက္ခပေးတတ်သော ယွမ်ကျိုး ဝဋ်လည်နေပါပြီ။ စနစ်ကြောင့် ဒေါသထွက်နေရသည်။
ယွမ်ကျိုးက တစ်နေ့ခင်းလုံး ချက်ပြုတ်ခြင်းဖြင့် အလုပ်ရှုပ်နေခဲ့၍ အတော်ဆာလောင်နေပြီး ဟင်းပွဲအသစ်ကို စမ်းသပ်ချင်သော ခွန်အား မရှိပေ။ ထို့ကြောင့် သူက ခေါက်ဆွဲစွပ်ပြုတ်အချိုကိုသာ ပြင်ဆင်လိုက်သည်။ သူ့အစားအသောက်ကို အလျင်အမြန် ပြင်ဆင်ပြီးနောက် ပုံမှန်အတိုင်း ခွေးလေးအတွက် စွပ်ပြုတ်အရည် သယ်သွားသည်။ လက်ရှိအချိန်တွင် ခွေးနှင့်လူ၏ ဆက်ဆံရေးက အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး ဖြစ်သည်။
ယွမ်ကျိုးက ခွေးလေး၏ ဒဏ်ရာသက်သာအောင် စွပ်ပြုတ်အရည် နေ့တိုင်း တိုက်သကဲ့သို့ ခွေးလေးကလည်း ယွမ်ကျိုး၏ စားသောက်ဆိုင်ကို နေ့စဉ် စောင့်ကြပ်ပေးသည်။
အပိုင်း(၈၄)
ပြီးပါပြီ။