← Chapters

အခန်း (၈၅-၈၇)

Vol. 6 Ch. 85-87

အခန်း (၈၅-၈၇)

Vol. 6 Ch. 85-87

အပိုင်း(၈၅)

*

“ကလင် ကလင် ကလင်”

နှိုးစက်သံက အချိန်ကိုက် မြည်လာသည်။ ယွမ်ကျိုးက အိပ်ရာပေါ်မှ ချက်ချင်းထလိုက်ပြီး မျက်စိမှိတ်ကာ ရေချိုးခန်းထဲသွားသည်။ ထို့နောက် တစ်ကိုယ်ရည် သန့်ရှင်းရေး ပြုလုပ်ကာ အဝတ်အစားလဲရန် ရေချိုးခန်းထဲ ပြန်လာသည်။

“ဒုန် ဒုန် ဒုန်”

ယွမ်ကျိုးက အောက်ထပ် ဆင်းလာပြီး မနေ့ညတုန်းက မီးဖိုချောင်ထဲ ပေါ်လာသော ဖန်ဗီဒိုကို စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မနေ့ညတုန်းက သေချာ မစစ်ဆေးခဲ့၍ ဖြစ်သည်။ ထို့ကြောင့် သူက ဘယ်ဘက်တွင်ရှိသော အဖြူရောင်ခလုတ်ကို နှိပ်လိုက်သောအခါ ဘုတ်ပြား ချက်ချင်း ပေါ်လာသည်။ ယွမ်ကျိုးက ဘုတ်ပြားပေါ် တက်လိုက်ပြီး ဖန်ဗီဒိုကို ဖွင့်လိုက်သည်။ ဗီဒိုအတွင်းမှ လတ်ဆတ်သော မွှေးရနံ့ ထွက်လာ၍ ယွမ်ကျိုး စိတ်လက်ပေါ့ပါးရသည်။

အစိမ်းရောင်မြက်လေးများကို ရေကန်ထဲမှာ အစီအစဉ်တကျ စီစဉ်ထားသည်။ အစိမ်းရောင်မြက်ပင်များ၏ ကြီးထွားမှုကို စောင့်ကြည့်ပြီး ယွမ်ကျိုး ကျေနပ်မိ၍ ဖန်ဗီဒိုကို ပြန်ပိတ်ကာ မူလနေရာသို့ ပြန်ဆင်းလိုက်သည်။

ပင်မခန်းမဆောင်ထဲမှ နာရီကိုကြည့်လိုက်သည်။ မနက် ၇နာရီ ၁၅မိနစ် အချိန်ဖြစ်သည်။ ထို့ကြောင့် ရှောင်လုံပေါင်း ချက်ပြုတ်ရန် ဆုံးဖြတ်လိုက်သည်။ သူလည်း မနက်စာ စားနိုင် သကဲ့သို့ ပိုအဆင်ပြေသော ခံစားချက်လည်း ဖြစ်ပေါ်မည်။

ထို့နောက် သူက ဂျုံမှုန့်ကို ထုတ်လိုက်ပြီး မုန့်ညှက် နယ်သည်။ လေ့ကျင့်ခြင်းက ပြီးပြည့်စုံခြင်းဟု ဆိုရိုးစကားရှိသည်။ မုန့်ညှက်နယ်သော ကျွမ်းကျင်မှုက လျင်မြန်စွာတိုးတက်လာသည်။ လက်ရှိအချိန်တွင် ယွမ်ကျိုး နယ်ထားသော မုန့်ညှက်များက ပိုတောက်ပပြီး ပို၍ ကျုံ့နိုင်ဆန့်နိုင်စွမ်း ရှိသည်။

မုန့်ညှက်များ ကစော်ဖောက်မည့်အချိန်ကို စောင့်ဆိုင်းနေစဉ် ယွမ်ကျိုးက အစာသွပ်မည့် အသားများကို ခုတ်ထစ်ပြီး ဝက်ခေါက်ကို ပါးပါးလှီးသည်။

မိနစ်ပိုင်းခန့်ကြာပြီးနောက် ယွမ်ကျိုးက မျက်နှာဖုံးကို ချွတ်လိုက်ပြီး ဆိုင်တံခါးသွားဖွင့်သည်။ သူ မျှော်လင့်ထားသည့် အတိုင်း မုရှောင်ယွမ်က တံခါးပေါက် အပြင်ဘက်နားမှာ မတ်တပ်ရပ်စောင့်နေသည်။

“မနက်စာ စားပြီးပြီလား” ယွမ်ကျိုး စိတ်ကြည်လင်နေသော အခြေအနေက ခပ်ရှားရှားဖြစ်၍ မပြုံးမရွှင် အမူအရာဖြင့် မေးမြန်းလိုက်သည်။

“ဟုတ်ကဲ့ စားပြီးပါပြီ”

မုရှောင်ယွမ်က ပျော်ပျော်ရွှင်ရွှင် ခေါင်းညိတ်သည်။

“ကောင်းပြီလေ။ ငါက ခဏနေရင် မနက်စာ စားတော့မယ်” ယွမ်ကျိုးက ခေါင်းညိတ်ကာ ပြန်ဖြေသည်။

“သူဌေး၊ ရှင်က အမြဲဒီလိုပဲ စကားပြောတတ်တာလား”

“ဘာပြဿနာရှိလို့လဲ” ယွမ်ကျိုးက သံသယဝင်သော လေသံဖြင့်မေးမြန်းသည်။

မုရှောင်ယွမ်က ယွမ်ကျိုး၏မျက်နှာကို ဂရုတစိုက်ကြည့်လိုက်ပြီး ဟန်မပျက် အမူအရာကြောင့် ယွမ်ကျိုးက သူ့ပြဿနာသူ နားမလည်မှန်း သဘောပေါက်လိုက်သည်။

“သူဌေး၊ အခုလိုလေသံမျိုး အပြောမျိုးနဲ့ စကားပြောနေတာက တခြားသူတွေကို တအံ့တဩ ဖြစ်စေတယ်”

ခဏကြာတွေးကြံပြီးနောက် သူမက အရဲကိုးပြီး သူ့အတွေးကို ထုတ်ပြောလိုက်သည်။

“အို့စ် ဟုတ်လား ငါ့အခုပဲ မနက်စာ စားတော့မယ်” ယွမ်ကျိုးက မေးခွန်းနှင့် ကိုက်ညီသော အဖြေကို မပေးခဲ့ချေ။

“အိုကေလေ၊ ဒါဆိုရင် သူဌေးကို မနှောင့်ယှက်တော့ဘူး”

မုရှောင်ယွမ်က နာခံသော အမူအရာဖြင့် ဖုန်သုတ်အဝတ်စကို ယူလိုက်ပြီး စားပွဲခုံ နှင့် ထိုင်ခုံများကို သုတ်ရန် ကြံရွယ်သည်။

မုရှောင်ယွမ်က သူ့အစ်ကို ညွှန်ကြားသည့်အတိုင်း အလုပ်လုပ်ခြင်း ဖြစ်သည်။ စားပွဲထိုးများက စားသောက်ဆိုင်ကို သန့်ရှင်းရေး လုပ်ရသည်။ ထို့ကြောင့် ကောင်မလေးက သန့်ရှင်းပြီးသား စားပွဲခုံ နှင့် ထိုင်ခုံများကို ဖုန်သုတ်နေသည်။

ထိုအဝတ်စသည် ယွမ်ကျိုး ကုန်စုံဆိုင်မှ တကူးတကဝယ်လာသော အဖြူရောင်သဘက်ဖြစ်သည်။ ၎င်းသည် အလယ်လတ်တန်းစား အဆင့်အတန်းရှိ၍ ၁၀ယွမ်တန်ကြေးရှိသည်။ အရည်အသွေးက သာမန်အဆင့်ဖြစ်သော်လည်း စားပွဲခုံများသုတ်ရန် အသုံးပြုနိုင်သည်။ မုရှောင်ယွမ်က အဝတ်စ သူ့လက်ထဲ ရောက်လာသည်နှင့် အလုပ်လုပ်သည်။

သို့သော်လည်း မုရှောင်ယွမ်က သဘက်ကို ဘေစင်သေးသေးလေးမှာ ရေစွတ်နေစဥ် စားသောက်ဆိုင်က ထူးထူးခြားခြား တောက်ပြောင်နေခြင်းကို သတိပြုမိသည်။

စားပွဲခုံ အောက်ခြေများပင် အစက်အပြောက် မရှိပေ။ မုရှောင်ယွမ်က စားသောက်ဆိုင် တစ်ဆိုင်လုံးကို သန့်ရှင်းရေးလုပ်ခဲ့သည့်တိုင် အဖြူရောင် သဘက်က အကောင်းပကတိအတိုင်း ဖြူဖွေးနေပြီး အရောင်ပြောင်းလဲခြင်း မရှိပေ။

မုရှောင်ယွမ်က စားသောက်ဆိုင် သန့်ရှင်းရေးလုပ်ရသည့် အကြောင်းအရင်းက ယွမ်ကျိုး ရှောင်လုံပေါင်း(ဖက်ထုပ်)စားနေခြင်းကို သရေမယိုချင်၍ ဖြစ်သည်။

သို့တိုင် ယွမ်ကျိုးက ဖက်ထုပ်ကို အပေါက်ဖောက်ပြီး အထဲသို့ ရှာလကာရည် လောင်းချလိုက်သောအခါ ထွက်ပေါ်လာသော မွှေးရနံ့က မုရှောင်ယွမ်၏ နှာခေါင်းထဲ ဝင်ရောက်လာသည်။

“ဂွီ .. ဂွီ”

မုရှောင်ယွမ်က မနက်စာ စားပြီးသား ဖြစ်သော်လည်း သူမ၏ဗိုက်ထဲမှ အသံစုံ မြည်လာသည်။

သူမက ရှက်ကိုးရှက်ကန်းဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ မည်သူမှ မရှိ၍ သက်ပြင်းချနိုင်သည်။ ထို့နောက် သူမက ခပ်ဝေးဝေးမှာ နေလိုက်ပြီး သူမ၏ဗိုက်ကို လက်ဖြင့် ကိုင်ကာ အလုပ်များချင်ယောင် ဟန်ဆောင်သည်။ ယွမ်ကျိုးက ရှောင်လုံပေါင်း နှစ်ပွဲကို ကုန်အောင်စားပြီးမှ သူမ၏ပုံမှန်နေရာသို့ ပြန်သွားသည်။

ယွမ်ကျိုးက ဟင်းပွဲအသစ် ရောင်းချတိုင်း အသိပေးလေ့ မရှိပေ။ ထို့ကြောင့် မုရှောင်ယွမ်ကိုယ်တိုင်ပင် နံရံပေါ်မှ မီးနူးအသစ်ကို သတိမပြုမိပေ။ သို့သော်လည်း ဟင်းပွဲဈေးနှုန်းက သူမကို အမြင်ကျယ်စေသည်။

မသိနားမလည်လျှင် မေးဟူသော ဆိုရိုးစကားကြောင့် မုရှောင်ယွမ်က စပ်စုသည်။

“သူဌေး၊ ကျွန်မက တခြားဟင်းနှစ်ပွဲကို အထိုက်အလျောက် နားလည်ပါတယ်။ ဒါပေမဲ့ ကျင်းလင်းမြက်ဟင်းပွဲက တကယ် မြက်တွေလား”

“ဟုတ်တယ်။ တကယ် မြက်တွေပဲ” ယွမ်ကျိုးကို ဝန်ခံဟန် ခေါင်းညိတ်သည်။

“သူဌေးက တကယ့်ကို ဟာသဉာဏ်ရွှင်တာပဲ။ စားလို့ရတဲ့ မြက်ရိုင်းတွေလား သူဌေး”

“မင်းသိထားတော့ ကောင်းတာပေါ့” ယွမ်ကျိုး ခေါင်းညိတ်သည်။

“သူဌေးက ဒီကနေ့ ရှောင်လုံပေါင်း ချက်တာလား”

စားသုံးသူဖောက်သည်တစ်ယောက်က စားသောက်ဆိုင်ထဲ ရုတ်တရက် ဝင်လာပြီး မေးမြန်းသည်။

မနက်ခင်းဆိုင်ဖွင့်ချိန် တစ်နာရီလုံးလုံး မည်သူကမှ ဟင်းပွဲအသစ်ကို သတိမပြုမိပေ။ ပုံမှန်ဖောက်သည်များက နံရံပေါ်ရှိ မီနူးများကို ကြည့်လေ့မရှိပေ။ ထို့အပြင် ယွမ်ကျိုးက ဟင်းပွဲအသစ်ကို မိတ်ဆက်ပေးလေ့ မရှိချေ။

နေ့လည်ခင်း ဆိုင်ဖွင့်ချိန်သို့ ရောက်လာသည်။

“လူငယ်လေးယွမ်၊ ဒီကနေ့ ဟင်းပွဲအသစ် ရောင်းတာလား” အဘိုးအိုက စိန်ပြေနပြေ လမ်းလျှောက်ပြီး ဆိုင်ထဲ ဝင်လာသည်။ တစ်ပတ်လုံး ပျောက်နေသော အဘိုးအိုက ဆိုင်ထဲ ရောက်ရောက်ချင်း သိလိုသော အချက်ကို မေးမြန်းသည်။

“ဟုတ်တယ်။ နံရံပေါ်မှာ ရေးပေးထားပါတယ်” ယွမ်ကျိုးက မီနူးထဲ အသစ်ထည့်ထားသော ဟင်းပွဲများကို ညွှန်ပြနေစဉ် ခေါင်းညိတ်သည်။

“ကောင်းပြီလေ။ နာမည်ကို ဆန်းစစ်ရသလောက်တော့ တရုတ်ပြည်တောင်ပိုင်းဟင်းလျာတွေ ဖြစ်မယ်”

အဘိုးအိုက ထိုင်ခုံမှာ နေရာယူလိုက်ပြီး မီနူးကို အသေးစိတ် အကဲခတ်လိုက်သည်။

မီနူးမှာ ဟင်းပွဲအသစ် သုံးပွဲကို ထပ်ပေါင်းထည့်ထားပြီး သူ ဝယ်စားခဲ့ဖူးသော လက်ဖက်ကြက်ဥက မူလဈေးနှုန်း ပြန်ဖြစ်သွားသည်။

“လူငယ်လေးယွမ်။ လက်ဖက်ကြက်ဥက တကယ်ကို အထူးလျှော့ဈေးပေးထားတာပဲ”

အဘိုးအိုက မမေးခင် လက်ဖက်ကြက်ဥဘေးနားက ဈေးနှုန်းစာရင်း ၁၈၈၈ယွမ်ကို မြင်ပြီး ဆွံ့အနေမိသည်။

“ဟုတ်တယ်။ အဘိုး ဝယ်စားပြီးပြီလေ။ ဒါက သူ့ရဲ့မူလဈေးနှုန်းပဲ” ယွမ်ကျိုးက နှိမ့်ချစွာ ပြောသည်။

“ငါ့လို အဘိုးကြီးက အရသာပေါတဲ့ ဟင်းလျာတွေကို ပိုနှစ်သက်တယ်။ ဒါကြောင့်မို့ ငါ့ကို ကျင်းလင်မြက်နဲ့ ထမင်းဖြူတစ်ပွဲပေး” ယွမ်ကျိုးက ထမင်းဖိုးကို တောင်းမည်မှန်းသိ၍ ထမင်းဖြူကို အော်ဒါတင်လိုက်ခြင်း ဖြစ်သည်။

“အားနာပါတယ်။ အခုတော့ ထမင်းဖြူ မရောင်းသေးပါဘူး” ယွမ်ကျိုးက သူ့ဟန်အတိုင်း ပြန်ဖြေသည်။

“လူငယ်လေးယွမ်၊ ဟင်းပဲရောင်းပြီး ထမင်း မရောင်းလို့ ဘယ်အဆင်ပြေမလဲ” အဘိုးအိုက ယွမ်ကျိုးကို နားလည်ရခက်စွာ ငေးကြောင်ကြည့်နေသည်။

“အဲဒီလိုပဲစားရမှာပါ” ယွမ်ကျိုးက တည်ငြိမ်စွာ ပြန်ဖြေသည်။

“လူငယ်လေးယွမ်၊ မင်းက ဘာမှမသိဘဲ စီးပွားရေးလုပ်နေတာကို ငါအဘိုးကြီး သိသွားပြီ” အဘိုးအိုက ကူကယ်ရာမဲ့လေသံဖြင့် ပြောဆိုသည်။ လူငယ်လေးက သာမန်ထက် လွန်ကဲသော ဟင်းချက်စွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း အကျင့်စရိုက်က အေးစက်စက်နိုင်လွန်းသည်။

“ကျင်းလင်မြက် နဲ့ ခေါက်ဆွဲစွပ်ပြုတ်အချို တစ်ပွဲပေး” အဘိုးအိုက ဂျုံအခြေခံသော အစားအသောက်ကို ချက်ချင်း ပြောင်းလဲ မှာယူသည်။

“ဒီနာမည်ကြီး ကျင်းလင်မြက်က အရွက်ဟင်းမလား”

အဘိုးအိုက အသေးစိတ် မေးမြန်းသည်။ သူ အပြည့်အဝ မယုံကြည်နိုင်ပေ။

“တကယ်ကို အရွက်ဟင်းပါပဲ” ယွမ်ကျိုးက လေးနက်စွာ ခေါင်းညိတ်သည်။

“ခဏနေရင် ဟင်းပွဲမှာမယ့် စားသုံးသူတွေ များလာမယ်။ အသေးစိတ် မှတ်ထားပေးဦး” ယွမ်ကျိုးက ဘေးဘက်မှာ မတ်တတ်ရပ်နေသော မုရှောင်ယွမ်ကို ညွှန်ကြားသည်။

တကယ်ကို စောလွန်းသေးသည်။ အဘိုးအိုက တခြားသူများနှင့် အပြိုင်အဆိုင် တန်းမစီချင်၍ စောစောစီးစီးရောက်လာခြင်း ဖြစ်သည်။

အပိုင်း(၈၅)

ပြီးပါပြီ။

အပိုင်း(၈၆)

*

“ခဏနေရင် ဟင်းပွဲမှာမယ့် စားသုံးသူတွေ များလာမယ်။ အသေးစိတ် မှတ်ထားပေးဦး” ယွမ်ကျိုးက ဘေးဘက်မှာ မတ်တတ်ရပ်နေသော မုရှောင်ယွမ်ကို ညွှန်ကြားသည်။

"စိတ်မပူပါနဲ့ သူဌေး၊ ကျွန်မက မှတ်ဉာဏ်ကောင်းပါတယ်" ယွမ်ကျိုးက ဟင်းချက်ရင်း အလုပ်ရှုပ်နေမှန်း သိ၍ မုရှောင်ယွမ်က ချက်ချင်း ပြန်ဖြေသည်။

မုရှောင်ယွမ်က ဝင်ပေါက်သို့ လေးနက်စွာ ငေးစိုက်ကြည့်နေစဉ် ယွမ်ကျိုးက ကျင်းလင်းမြက်ဟင်းပွဲအတွက် ပါဝင်ပစ္စည်းများကို စတင် ပြင်ဆင်သည်။ ပထမဆုံး အဓိကပါဝင်ပစ္စည်းက ရေမှာပေါက်ရောက်သော အစိမ်းရင့်ရောင် အပင်ဖြစ်သည်။

ယွမ်ကျိုးက ခလုတ်ကို တွန်းနှိပ်လိုက်ပြီး ဘုတ်ပြားပေါ် တက်လိုက်ကာ လတ်ဆတ်နူးညံ့သော အမြစ်များကို ခူးဆွတ်သည်။

ကျင်းလင်မြက်တစ်ပွဲ၏ အသားတင် အလေးချိန်က ၁၂၅ ဂရမ်ဖြစ်သည်။ ထို့ကြောင့် ယွမ်ကျိုးက အပင်တစ်တန်းလုံးကို ဆွဲနုတ်လိုက်သည်။

"လူငယ်သူ‌ဌေးလေးယွမ်၊ ဒီအပင်က အာတီမီဆီယား ဆယ်လီဂျန်စစ်လား" အဘိုးအိုက သူ့စူးရှသော အမြင်အာရုံဖြင့် ချက်ချင်း မေးမြန်းလိုက်သည်။

"အွန်း" ယွမ်ကျိုး ခေါင်းညိတ်သည်။

“ဒီအပင်က အပင်တစ်ပင်လုံး စားလို့ရပေမဲ့ အစိတ်အပိုင်း နည်းနည်းပဲ အရသာရှိတာ" အဘိုးအိုက ယခင်တုန်းက စားခဲ့ဖူး၍ အရသာကို သိနေခြင်း ဖြစ်သည်။ ယွမ်ကျိုးက ကျင်းလင်မြက်ဟု ပြောလိုက်၍ စိတ်အေးရသည်။

ထိုစဉ် ယွမ်ကျိုးက အရွက်များကို ဂရုတစိုက် ခူးယူနေသည်။ အာတီမီဆီယား ဆယ်လီဂျန်စစ်ကို စားချင်သော ကျင်းလင်မြို့ခံဆိုလျှင် အမြစ်၄၀၀ ဂရမ်ကို ခူးယူပြီး အပင်၏ကြွပ်ဆတ်သော အမြစ် နှင့် စိမ်းစိုနေသော သန့်ရှင်းသည့် အပိုင်းကိုသာ ချန်ထားမည်။

သို့သော်လည်း ယွမ်ကျိုးက ၁.၂၅ ကီလိုဂရမ်အထိ ခူးယူခဲ့သော်လည်း မလိုအပ်သည့် အပိုင်းအစများကို ဖယ်ထုတ်လိုက်သောအခါ ၁၂၅ဂရမ်သာ ကျန်သည်။

အပင်၏ ဆယ်ပုံ တစ်ပုံကိုသာ ပါဝင်ပစ္စည်းအနေဖြင့် အသုံးပြုနိုင်သည်။ ၅၀၀ဂရမ် ခူးယူထားလျှင် ၅၀ ဂရမ်သာ သုံးနိုင်မည်။

အပင်က အလွယ်တကူ ပျက်စီးပြီး အစိုဓာတ်ဆုံးရှုံးနိုင်၍ စနစ်က ရေထဲမှာ စိုက်ပျိုးထားပြီး မခူးဆွတ်ရသေးသော ကုန်ကြမ်းပစ္စည်းကို ထောက်ပံ့ထားခြင်း ဖြစ်သည်။

ယွမ်ကျိုးက အစိမ်းရင့်ရောင်အရောင် ကြောင့် လတ်ဆတ်ပြီး စွဲမက်ဖွယ်ကောင်းသော အာတီမီဆီယား ဆယ်လီဂျန်စစ် အပိုင်းအစကို ယူလိုက်ပြီး ပင်စည်ထိပ်အပိုင်းကို ချိုးလိုက်သည်။ ထို့နောက် သူက အရွက်ကို အလျင်အမြန် ဖယ်ရှားလိုက်ပြီး ဘေးဘက်တွင်ရှိသော ဇကာပါသည့်အိုးပေါ် တင်လိုက်သည်။

ပင်စည်များက အဖြူရောင် ဇကာအိုးပေါ်မှာ တဖြည်းဖြည်းချင်း စုပုံလာသည်။ ထို့နောက် နောက်ဆုံးအပင်မှ အရွက်ကို ဖယ်ရှားလိုက်ပြီး ယွမ်ကျိုးကို ဇကာအိုးကို ယူကာ ရေတိုင်ကီအနား သွားသည်။

စောနတုန်းက ခူးယူလိုက်သည့် အာတီမီဆီယား ဆယ်လီဂျန်စစ်၏အမြစ်ထိပ်က အရမ်းလတ်ဆတ်ပြီး စိုစွတ်နေ၍ ရေများစိမ့်ကျလုနီးပါး ဖြစ်နေသည်။

ထို့နောက် အနည်းငယ် ပိုကြီးသော အိုးကိုယူလိုက်ပြီး ရေအပြည့်ဖြည့်ကာ ပင်စည်များကို ပြောင်းထည့်ထားလိုက်သည်။ လက်တစ်ချောင်းစာ အရွယ်အစားရှိသော ကြွေထည်တုတ်ဖြင့် အိုးကို မွှေကာ ဖြည်းဖြည်းချင်း သန့်ရှင်းရေး လုပ်သည်။

ထိုမှသာ အာတီမီဆီယား ဆယ်လီဂျန်စစ်၏ ပင်စည်ထိပ် ပျက်စီးမှုကို လျှော့ချနိုင်လိမ့်မည်။

အဘိုးအိုက ဘေးဘက်မှာ မတ်တတ်ရပ်နေပြီး ယွမ်ကျိုး၏လှုပ်ရှားမှုကို စောင့်ကြည့်နေသည်။ သူ့ပုံစံက အတော်ကလေး အံ့အားသင့်နေပုံပေါက်သည်။ ဤနည်းအတိုင်း မလုပ်ဆောင်လျှင် ယွမ်ကျိုး ချက်ပြုတ်သော ဟင်းပွဲက အရမ်းအရသာ မရှိနိုင်ပေ။

ပါဝင်ပစ္စည်းများကို ကိုင်တွယ် အသုံးပြုရုံကို ကြည့်ခြင်းဖြင့် သူ့ဟင်းလျာ၏ အရည်အသွေးကို အကဲဖြတ်နိုင်သည်။

မိနစ်ပိုင်းခန့်ကြာပြီးနောက် ယွမ်ကျိုးက ပိုသေးငယ်သော အိုးကို ထုတ်ယူလိုက်ပြီး ပိုလျှံနေသော ရေများကို မစစ်ထုတ်ခင် အိုးပေါ်မှာ ပန်းကန်ပြားတင်လိုက်သည်။

အရာအားလုံးပြင်ဆင်ပြီးမှ ယွမ်ကျိုးက မီးဖိုခလုတ်ကို ဖွင့်လိုက်ပြီး မချက်ပြုတ်ခင် တခြားဒယ်အိုး ပြောင်းလိုက်သည်။

စနစ်မှ ပံ့ပိုးထားသော ဒယ်အိုးများ၏ ကောင်းကျိုးတစ်ခုက မည်သည့်ဒယ်အိုးမဆို သံချေးနံ့ မရခြင်း ဖြစ်သည်။ ထို့အပြင် အသုံးပြုထားသော ပစ္စည်းများက ရှားရှားပါးပါးလည်း ဖြစ်သည်။ အသစ်စက်စက် ဒယ်အိုးဖြစ်သည့်အပြင် ဒယ်အိုးက အချိန်မရွေး အသုံးပြုနိုင်သည်။

ထို့နောက် မီးခိုးမထွက်ခင် မီးပြင်းပြင်းဖြင့် ဒယ်အိုးကို အပူပေးလိုက်သည်။ ကျင်းလင်မြက်အတွက် သီးခြား သတ်မှတ်ထားသော ဆီကို ဒယ်အိုးထဲ လောင်းချလိုက်ပြီး မီးအပူအရှိန် အသင့်အတင့်ဖြစ်အောင် ညှိယူလိုက်သည်။ ထိုမှသာ ဆီအပူချိန် မြင့်တက်လာစဉ် ဒယ်အိုးထဲရှိ အရွက်များ မလောင်ကျွမ်းလိမ့်မည်။

ယွမ်ကျိုးက အာတီမီဆီယား ဆယ်လီဂျန်စစ်များကို ဒယ်အိုးထဲ လောင်းချလိုက်ပြီး အကြော်ဟင်းလျာကို စတင်သည်။

အာတီမီဆီယား ဆယ်လီဂျန်စစ်က ရနံ့မွှေးသော နှစ်ရှည်ခံသော ပင်စည်ပျော့အပင်ဖြစ်သည်။ အပင်ကြီးလာလေလေ ရနံ့သင်းကြိုင်သော အရသာရှိလေ ဖြစ်သည်။ သို့သော်လည်း ဆိုးဆိုးဝါးဝါး အနံ့မပြင်းထန်သောကြောင့် စားသုံးရန် အကောင်းဆုံးဖြစ်သည်။

စနစ်က အပင်၏သက်တမ်းတတိယနှစ်တွင် ရရှိသော အစေ့ကို အသုံးပြုပြီး ရေထဲစိုက်ပျိုးနည်းစနစ်ဖြင့် ရေမှာ စိုက်ပျိုးခဲ့ကာ သဘာဝအလျောက် ပေါက်ရောက်စေသည်။

သိပ္ပံနည်းကျစိုက်ပျိုးထား၍ လူသားတို့ကြောင့် ညစ်ညမ်းမှု အငွေ့အသက် မပါဝင်ချေ။

ယခုလိုအခြေအနေဖြင့် ကြီးထွားလာသော အာတီမီဆီယား ဆယ်လီဂျန်စစ်က မြေကြီး အနံ့အသက် နှင့် ဖုန်မှုန့် အငွေ့အသက်များ ရှိမနေပေ။

ပါဝင်ပစ္စည်းများကို ဒယ်အိုးထဲ လောင်းထည့်ပြီး ရောမွှေကာ ၂မိနစ်အကြာ ချက်ပြုတ်သည်။ ထို့နောက် ပန်းကန်ပြားထဲ ထည့်လိုက်သည်။ ထို့နောက် ယွမ်ကျိုးက ခေါက်ဆွဲပြင်ဆင်သည်။ သာမန်ထက်လွန်ကဲသော ကျွမ်းကျင်မှု နှင့် အဆင်ပြေချောမွေ့သော မြန်ဆန်နှုန်းကြောင့် ယွမ်ကျိုးက သုံးမိနစ်အတွင်း ခေါက်ဆွဲ အပြီးအစီး ချက်ပြုတ်သည်။ သူ့လှုပ်ရှားမှုက အရမ်းမြန်ဆန်လွန်း၍ အာတီမီဆီယား ဆယ်လီဂျန်စစ်ဟင်းပွဲက ပန်းကန်ပြားထဲ ပုံမပျက် ရှိနေသည်။

တကယ်တမ်း စနစ်မှ ပံ့ပိုးထားသော ဗန်းကြောင့် ဖြစ်သည်။

မျက်နှာဖုံးကို ချွတ်လိုက်ပြီး ယွမ်ကျိုးက ဗန်းကို အဘိုးအိုစီ သယ်သွားကာ စကားပြောသည်။

"အဘိုး မှာယူထားတဲ့ ဟင်းပွဲတွေ ရပါပြီ"

"သူဌေးလေးယွမ် ချက်ပြုတ်တာ တကယ် မြန်ဆန်တယ်" အဘိုးအိုက သူ အော်ဒါတင်ထားသော ကျင်းလင်မြက်ဟင်းကို မကြည့်ခင် အရင်ဆုံး ချီးမွမ်းစကားပြောသည်။

"ပန်းကန်ပြားက စိတ်ဝင်စားစရာ ကောင်းလိုက်တာ။ ပန်းကန်ပြားပေါ်က ပန်းချီကားက အရမ်းသိသာထင်ရှားတယ်" အဘိုးအိုက တအံ့တဩပြောဆိုသည်။

အဘိုးအို၏နောက်ထပ်အပြုအမူက တုန်လှုပ်ခြင်း ဖြစ်သည်။

"ဒီဟင်းပွဲက အတုလား" အဘိုးအိုက တအံ့တဩ ပြောဆိုသည်။

“အတုလို့ ကျွန်မလည်း ခံစားရတယ်" ဘေးဘက်မှာ မတ်တတ်ရပ်နေသော မုရှောင်ယွမ်က သူ့စိတ်ကူးကို ထုတ်ပြောသည်။

အရွက်အတုများ ပန်းကန်ပြားပေါ်မှာ စီရီထားသည်ဟု အမှန်တကယ် ခံစားမိသည်။ အာတီမီဆီယား ဆယ်လီဂျန်စစ်၏မျက်နှာ‌ပြင်ပေါ်မှာ ပုတီးစေ့ကဲ့သို့ ရေစက်များ ခိုတွဲနေသည်။

မျက်နှာပြင်ပေါ်မှာ တောက်ပသော အဆီအငွေ့အသက်များကြောင့် ကျောက်စိမ်းတုံးနှင့် အသွင်တူသည်။ ဟင်းပွဲနှင့် အသွင်မတူပေ။

"သူဌေးလေးယွမ်က အရွက်ကြော်ဟင်းတွေနဲ့တောင် သူ့စားသုံးသူဖောက်သည်တွေကို လန့်ဖြန့်စေသေးတယ်"

အဘိုးအိုက ခေါင်းခါရမ်းလိုက်ပြီး ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

"အရသာမြည်းကြည့်လေ" ယွမ်ကျိုးက စကားတစ်ခွန်းမှ မပြောဘဲ ဟင်းပွဲအရသာကို မြည်းစမ်းခိုင်းသည်။

အဘိုးအိုက သူ့တူဖြင့် အပိုင်းအစ နှစ်ခုကို ကောက်ယူလိုက်ပြီး စကားပြောရင်း ဝါးသည်။

"အရမ်းအရသာရှိပြီး လတ်ဆတ်တယ်" အဘိုးအိုက စကားပြောနေစဉ် အာတီမီဆီယား ဆယ်လီဂျန်စစ်ကို တူဖြင့် ထပ်ညှပ်လိုက်ပြီး သူ့ပါးစပ်ထဲ ထည့်သည်။

သူ့ နေလည်စာ စားခြင်းကို စတင်သည်။

အဘိုးအိုက သူ့ဟင်းပွဲကို ပျော်ပျော်ရွှင်ရွှင် စားသောက်နေခြင်းကို စောင့်ကြည့်နေစဉ် မုရှောင်ယွမ်က သွားရည်မကျမိအောင် တိတ်တဆိတ် ထိန်းထားရသည်။

ဤနေရာမှာ အချိန်ပိုင်းအလုပ်လုပ်ရခြင်းက အလုပ်ချိန် နှင့် လစာ နှစ်မျိုးစလုံးက ကျေနပ်ဖွယ်ကောင်းသည်။ တစ်ခုတည်းသော ပြဿနာရပ်က မြင်သာမြင်ရ မကြင်ရခြင်း ဖြစ်သည်။ ပုံမှန်စားလေ့ရှိသော ကောင်မလေး မုရှောင်ယွမ်ကို စိတ်ဒုက္ခပေးသည်။

စားသောက်ဆိုင်ထဲမှာ တခြားသော စားသုံးသူ ဖောက်သည်မရှိ၍ အဘိုးအို၏ နေ့လည်စာ စားနေသော အသံကိုသာ ကြားရသည်။

၁၂၅ဂရမ် ကုန်ကြမ်းပစ္စည်းက ကြော်လှော်ပြီးသွားသောအခါ အများကြီး မရပေ။ အဘိုးအိုက ခဏလေးအတွင်း စားကုန်သွားသည်။ သို့သော်ငြားလည်း ခေါက်ဆွဲပြုတ်အချိုဟင်းပွဲက ဘေးနားမှာ ရှိနေသေးသည်။

"လူငယ်လေးယွမ်၊ ဒီဆိုင်ရဲ့ဟင်းပွဲ ပမာဏက အရမ်းနည်းလွန်းတယ်။ ပမာဏများများ ထည့်ပေးလို့ မရဘူးလား" ပန်းကန်ပြားအလွတ်ကို ငေးကြည့်ပြီး အဘိုးအိုက မဝံ့မရဲ ပြောသည်။

“မရပါဘူး" ယွမ်ကျိုးက တုံ့ဆိုင်းခြင်း မရှိ ငြင်းဆန်သည်။

“အိုင်းစ် ပန်းကန်ပြားက ကြည့်ရတာ အရမ်းလှနေသေးတယ်" အဘိုးအိုက စိတ်ပျက်လက်ပျက် ခေါင်းခါရမ်းသည်။

"အမ်၊ လူငယ်လေးယွမ်။ ပန်းကန်ပြားပေါ်မှာ ဟင်းရွက် အရည် တစ်စက်တောင် မကျန်တော့ဘူး" အဘိုးအိုက ထူးဆန်းမှုကို ရှာတွေ့၍ မေးမြန်းသည်။

"အာတီမီဆီယား ဆယ်လီဂျန်စစ်ထဲမှာပါဝင်တဲ့ အရည်တွေက သူ့အထဲမှာပဲ ရှိတာပါ" ယွမ်ကျိုး၏ဖြေရှင်းချက်ကို အဘိုးအိုသာ နားလည်လိမ့်မည်။

ယေဘုယျပြောရလျှင် ချက်ပြုတ်ပြီးလျှင် ဟင်းရွက်များက သူ့အစိုဓာတ်ကို ဆုံးရှုံးသွားတတ်သည်။ ၎င်းတွင် အဟာရဓာတ်များလည်း ပါဝင်နိုင်သည်။ အရွက်က လတ်ဆတ်ပြီး ကြွပ်ဆတ်သည့်တိုင် ရလဒ်က အတူတူပင် ဖြစ်သည်။ သို့သော်လည်း ယွမ်ကျိုးက အာတီမီဆီယား ဆယ်လီဂျန်စစ်၏ စိုစွတ်မှုကို သူ့ဟင်းချက်စွမ်းရည်ဖြင့် ထိန်းထားနိုင်သည်။

အပိုင်း(၈၆)

ပြီးပါပြီ။

အပိုင်း(၈၇)

*

"လူငယ်လေးယွမ်၊ မင်းရဲ့ ဟင်းချက်စွမ်းရည်က တကယ့်ကို အံ့မခန်းပဲ" အဘိုးအို ခေါင်းညိတ်သည်။

“ဒီနေ့‌ရော လက်ဖက်ကြက်ဥ စားချင်လား" ယွမ်ကျိုးက စကားမပြောခင် ချီးမွမ်းစကားကို လက်ခံဟန် ခေါင်းညိတ်လိုက်သည်။

“ဟင့်အင်း ကျေးဇူးပဲ။ ဒီအဘိုးကြီး ဝယ်မစားနိုင်ဘူး" အဘိုးအိုက လက်ဖက်ကြက်ဥ၏မူလဈေးနှုန်းကို သတိပြုမိသည်။ ဈေးကြီးသောဟင်းပွဲကို ဝယ်စားမိလျှင် တွေးမိတိုင်း နှလုံးရောဂါဖောက်နိုင်သည်။

“မူလဈေးနှုန်းက လူမှုအဆင့်အတန်းကို ဖော်ပြပါတယ်" ယွမ်ကျိုးက သူ့ဟင်းပွဲကို စိတ်အားထက်သန်စွာ ကြော်ငြာနေသည်။

"အိုမင်းမစွမ်းတဲ့ ဒီအဘိုးကြီးက လူချမ်းသာ မဟုတ်ပါဘူး" အဘိုးအိုက ခေါင်းခါကာ ငြင်းဆန်နေဆဲ ဖြစ်သည်။

“ကောင်းပြီလေ။ စားသုံးသူ ဆက်လက် သုံးဆောင်ပါ"

ယွမ်ကျိုးက ကြော်ငြာဆင်းခြင်း ကျရှုံးသွားသည်။

"ဖြန်း" အဘိုးအိုက သူ့ပေါင်သူ ရုတ်တရက် ရိုက်ချလိုက်သည်။

"ခေါက်ဆွဲပြုတ်နဲ့ တွဲစားဖို့ ရည်ရွယ်ထားတာကို .. ဘာလို့များ မြန်မြန် ကုန်အောင် စားလိုက်မိတာလဲ"

ထိုစကားကိုပြောလိုက်စဉ် သူက ဘေးနားက ပန်းကန်ပြားအလွတ်ကို ကူကယ်ရာမဲ့ အမူအရာဖြင့် ငေးကြည့်မိသည်။

"သူဌေးက ဒီဆိုင်ထဲမှာတင် အရွက်စိုက်ထားတာလား"

ယွမ်ကျိုး၏အလုပ်ပြီးစီးသွား၍ မုရှောင်ယွမ်က အနားတိုးကပ်ကာ မေးမြန်းလိုက်သည်။

“မစိုက်ထားဘူး။ ငါ ဝယ်ကတည်းက ဒီလိုပုံစံ ရှိနေတာပဲ" ယွမ်ကျိုးက ယတိပြတ် ပြောသည်။

“အို့စ် အဲဒီလိုလား။ မနေ့တုန်းက မမြင်မိတာ အံ့ဩစရာ မရှိဘူး" မုရှောင်ယွမ်က သူ့ဘာသာသူ ကြားရုံမျှ ရေရွတ်သည်။

“စားသုံးသူဖောက်သည်တွေကို နှုတ်ဆက်ဖို့ပဲ အာရုံစိုက်ပါ" ယွမ်ကျိုးက သတိပေးသည်။

“ဟုတ်ကဲ့ပါ သူဌေး" မုရှောင်ယွမ်က ချိုသာစွာ ပြုံးသည်။

ယွမ်ကျိုးကလည်း ဖောက်သည်အသစ်များ ဝင်ရောက်လာခြင်းကို စောင့်ဆိုင်းရင်း ဝင်ပေါက်ကို ကြည့်လိုက်သည်။

အရေးကြီးဆုံး စားသုံးသူ ဖောက်သည်က အလွန်ချမ်းသာ‌ကြွယ်ဝသော လင်းဟုန်ဖြစ်သည်။ လက်ဖက်ကြက်ဥ ဈေးနှုန်းက မူလဈေးနှုန်း ဖြစ်သွား၍ လင်းဟုန် ရောက်လာမည့် အချိန်ကို စောင့်မျှော်နေမိသည်။

ယွမ်ကျိုးက အစားအသောက်များကို နုပ်နုပ်စင်းရာတွင် ကျွမ်းကျင်သော်လည်း လှပအောင် ပုံဖော်ရာတွင် အားနည်းချက် ရှိသည်။

ဖီးနစ်ငှက်အမြီးပုံစံပုစွန်ဟင်းကို ပြင်ဆင်ရန် အမြီးကို ဖီးနက်ငှက်အမြီးဖြစ်အောင် ပုံဖော်ပေးရမည်။ ချက်ပြုတ်ရာတွင် အပူချိန် ထိန်းချုပ်ခြင်းက သူ့အတွက် ပြဿနာ မဟုတ်သော်လည်း အရေးကြီးဆုံး အပိုင်းက လှ‌ပအောင် ပုံဖော်ပြင်ဆင်ရသည့် အနုပညာရပ်ဖြစ်သည်။

ယွမ်ကျိုးက ဤပြဿနာရပ်အားလုံးကို အစောပိုင်းတည်းက သတိမပြုမိခဲ့ပေ။ အဘိုးအိုက ကျင်းလင်မြက်ဟင်းပွဲကို အော်ဒါတင်စဉ် စနစ်က ယာယီမစ်ရှင် သတိပေးခြင်း ဖြစ်သည်။

စနစ်က ဖော်ပြသည်။

"ဆိုင်ရှင်က အစားအသောက် ပုံဖော်တဲ့ ပညာရပ်မှာ မကျွမ်းကျင်သေးလို့ ဖီးနစ်အမြီးပုစွန်ဟင်းက ယခုတော့ ရောင်းချခွင့် မရှိသေးပါဘူး။ ယာယီမစ်ရှင်ကို ခဏနေရင် ထုတ်ပြန်ပေးပါမယ်"

[ယာယီမစ်ရှင်] နှစ်ရက်အတွင်းမှာ လက်ဖက်ကြက်ဥ‌ ၁၀ပွဲကို မူလဈေးနှုန်းဖြင့် ရောင်းချပေးပါ]

(လက်ဖက်ကြက်ဥ ၁၀ပွဲကို မူလဈေးနှုန်းအတိုင်း ရောင်းချနိုင်မှာသာ တကယ် အရည်အချင်းရှိသူ ဖြစ်နိုင်မယ်)

[ဆုလာဘ်] အလှဆင်ပုံဖော်ခြင်း ကျွမ်းကျင်မှု အလယ်အလတ်အပိုင်း

"စနစ်၊ဒါက ဘာသဘောလဲ။ အထက်ဆင့်တို့ အောက်ဆင့်တို့ ရှိသေးတာလား"ယွမ်ကျိုးက မေးမြန်းသည်။

စနစ်က ဖော်ပြသည်။

"အလှဆင်ပုံဖော်ခြင်းမှာ အထက်အဆင့်၊ အလယ်အလတ်အဆင့် နဲ့ အနိမ့်အဆင့်တို့ ပါဝင်တယ်။ မစ်ရှင်ပြီးမြောက်သွားရင် အလယ်အလတ်အပိုင်းကို ဆုလာဘ်အနေနဲ့ ပေးမယ်"

"တစ်ပိုင်းချင်းစီမှာ ဘာတွေပါဝင်တာလဲ" ယွမ်ကျိုးက ချက်ချင်း မေးမြန်းသည်။

စနစ်က "အထက်အပိုင်းမှာ စားမရတဲ့ အရာဝတ္ထုတွေကို အလှဆင်ပုံဖော်ခြင်း၊ အလယ်အလတ်အပိုင်းမှာ အသီးအရွက်တွေကို အလှဆင်ပုံဖော်ခြင်း၊ အနိမ့်အဆင့်မှာ အသားဟင်းအတွက် အလှဆင်ပုံ‌ဖော်ခြင်း‌အတွက်ပါ"

"နားလည်ပြီ" ဟင်းသီးဟင်းရွက်များက အဓိက အမျိုးအစားခွဲ ဖြစ်၍ ဟင်းပွဲအများကြီးအတွက် အသုံးဝင်သည်ဟု ယွမ်ကျိုး ခံစားမိသည်။

"သူဌေး၊ ကြက်ဥထမင်းကြော် တစ်ပွဲ" မုရှောင်ယွမ်၏အသံကြောင့် ယွမ်ကျိုး၏အတွေး ပြတ်တောက်သွားသည်။

“အင်း" ယွမ်ကျိုးက ဟင်းပွဲပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ တည်ငြိမ်စွာ ဝင်သွားသည်။

“သူဌေးယွမ်က ဘာဖြစ်နေတာလဲ "

ဝူကျိုးက နားလည်ရခက်စွာ မေးမြန်းသည်။

"ကျွန်မလည်း မသိပါဘူး။ ဟင်းပွဲတွေအကြောင်း စဉ်းစားနေတာ ဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် ဟင်းပွဲအသစ်တွေ ရနေပြီလေ" မုရှောင်ယွမ်က သူ့အလုပ်သူ ကောင်းကောင်းလုပ်သည်။ သူမက ဟင်းပွဲအသစ်ကိုပင် ကြော်ငြာပေးလိုက်သည်။

“ဟင်းပွဲအသစ်လား။ တစ်ချက်ကြည့်ဦးမယ်" ဝူကျိုးက ဟင်းပွဲအသစ်ကို ချက်ချင်း စိတ်ဝင်စားသွား၍ ဈေးနှုန်းစာရင်းကို လှည့်ကြည့်လိုက်သည်။

“ဒါ ဒါက အထူးလျှော့ဈေးပေးထားတဲ့ လက်ဖက်ကြက်ဥရဲ့ မူလဈေးနှုန်းလား" ဝူကျိုးက မီနူးကို ကြည့်ကြည့်ချင်း လက်ဖက်ကြက်ဥတစ်ပွဲ၏ ဈေးနှုန်းက ၁၈၈၈ယွမ်ဖြစ်နေ၍ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

“ကျင်းလင်မြက်ဆိုတဲ့ ဟင်းပွဲအသစ်က ဘယ်လိုမျိုးလဲ။ တကယ် မြက်ပင်တွေလား" လက်ဖက်ကြက်ဥ၏နောက်တွင် မြင်တွေ့လိုက်ရသော ဟင်းပွဲအသစ်ကြောင့် ဝူကျိုး လန့်ဖျပ်သွားသည်။

တခြားစားသောက်ဆိုင်မှာဆိုလျှင် ဝူကျိုးက ယခုလို သံသယမျိုးဝင်မိမည် မဟုတ်ချေ။

"မြက်မဟုတ်ပါဘူး။ စားလို့ရတဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားပဲ။ စောနလေးတင် အဘိုးအိုက အဲဒီဟင်းပွဲကို အော်ဒါတင်သွားတယ်လေ။ ရှင်လည်း တစ်ပွဲမှာချင်လား"

မုရှောင်ယွမ်က ဘေးဘက်မှာ မတ်တတ်ရပ်ပြီး အသေးစိတ် ရှင်းပြသည်။

“မလိုအပ်ဘူး။ အခုတော့ အော်ဒါမတင်ဘူး။ ဒီဟင်းပွဲရဲ့အရသာကို မြည်းစမ်းဖို့ စနေ/တနင်္ဂနွေ ပိတ်ရက်ရောက်ရင် ငါ့ကောင်မလေးကို ခေါ်လာမယ်"

ဝူကျိုးက ပြုံးရွှင်စွာဖြင့် ခေါင်းခါသည်။

“မင်းမှာထားတဲ့ အစုံလိုက်ဟင်းပွဲ ရပါပြီ" ယွမ်ကျိုးက သူ့ဆီကို ဟင်းပွဲ သယ်လာပေးသည်။

"ကျေးဇူးတင်ပါတယ် သူဌေးယွမ်။ ဘယ်ဟင်းပွဲအသစ်က အရသာ အရှိဆုံးလဲ"ဝူကျိုးက စပ်စပ်စုစု မေးမြန်းသည်။

“လက်ဖက်ကြက်ဥ" သူ့စိတ်ထဲ ယာယီမစ်ရှင် အကြောင်းသာ တွေးနေမိသည်။

"အမ်" ဝူကျိုးက ပြောစရာစကား မရှိပေ။

“ဟုတ်တယ်။ အရသာအရှိဆုံးဟင်းက လက်ဖက်ကြက်ဥပဲ"

ယွမ်ကျိုးက လေးနက်စွာ ခေါင်းညိတ်သည်။

“ဟင့်အင်း၊ ထားလိုက်ပါတော့ လက်ဖက်ကြက်ဥကို စိတ်မဝင်စားဘူး။ ဟင်းပွဲအသစ်ကိုပဲ ပြောနေတာလေ။ ဘယ်ဟင်းပွဲက ပိုအရသာရှိလဲ" ဝူကျိုးက အသစ်ဟူသော စကားလုံးကိုသာ အလေးထားသည်။

“ကျင်းလင်မြက် အရွက်ဟင်း၊ အသားဟင်းမှာဆိုရင် ခံတွင်းထဲ အရည်ပျော်သွားမယ့် ကြက်ခြေထောက်ဟင်း၊ ဖီးနစ်အမြီးပုစွန်ဟင်း" ယွမ်ကျိုးက သင့်လျော်သော လေသံဖြင့် စကားပြောသည်။

“သူဌေးယွမ်၊ တကယ်ကို အမြင်ကျယ်ရပါတယ်" ဝူကျိုးက ဘာဆိုဘာမှ ဆက်မပြောနိုင်ပေ။ ပြောနေလည်း ထူးခြားမည် မဟုတ်ပေ။

ယွမ်ကျိုးက လက်ဖက်ကြက်ဥဟင်းပွဲကို ကြော်ငြာဆင်းမည့် အစီအစဉ်ကို လက်လျှော့မည့် အတွေး မရှိပေ။ လူချမ်းသာလင်းဟုန်က တခြားသူများနှင့် အပြိုင်အဆိုင် တန်းစီ မစောင့်ချင်၍ စားသောက်ဆိုင် မပိတ်ခင် မိနစ်၄၀ကြာမှ ရောက်လာသည်။

"မင်္ဂလာနေ့လည်ခင်းပါ။ ဒီနေ့ ဘာမှာစားချင်လဲ" မုရှောင်ယွမ်က ချိုသာစွာ ပြုံးပြီး နှုတ်ဆက်သည်။

“ဒီကောင်မလေးက လိမ္မာပါလား" လင်းဟုန်က ထိုင်ခုံပေါ်မှာ ထိုင်ပြီး ဟင်းပွဲ မမှာခင် မုရှောင်ယွမ်ကို အရင်ဆုံး ချီးမွမ်းလိုက်သည်။

“ဟင်းပွဲအသစ် ဟုတ်လား"

"ဒီကနေ့ ဟင်းပွဲအသစ် သုံးပွဲ ရှိတယ်" မုရှောင်ယွမ်က ယခုလို ချီးမွမ်းမှုမျိုးဖြင့် ကျင့်သားရနေပြီသား ဖြစ်သည်။

“ဒါဆိုရင် သူတို့တစ်ယောက်ချင်းစီအတွက် ဟင်းပွဲအသစ်ရယ်၊ ဖရဲသီးဖျော်ရည် လေးခွက်၊ ထမင်းဖြူ လေးပွဲပေးပါ" သူက အတော်အတန် ချမ်းသာသော်လည်း အရသာရှိသော ဟင်းပွဲများကို အလဟဿ မဖြစ်နိုင်ချေ။

“အားနာပါတယ်။ ဖီးနစ်အမြှီးပုစွန်ဟင်းက လက်တလော မရသေးပါဘူး" ယွမ်ကျိုးက အရင်ဆုံး ရှင်းပြသည်။

“ဘာလို့လဲ" လင်းဟုန်က ဒွိဟဖြစ်သော ခံစားချက်ဖြင့် မေးမြန်းသည်။

ပုံမှန်အားဖြင့် ယွမ်ကျိုးက မီနူးမှာ ပါဝင်သော မည်သည့်ဟင်းပွဲမဆို ဖောက်သည်က စည်းကမ်းချက် မချိုးဖောက်လျှင် ချက်ပြုတ်ပေးတတ်ပြီး လင်းဟုန်က ပထမဆုံး အကြိမ် အငြင်းခံရခြင်း ဖြစ်သည်။

"မီနူးမှာ ရေးထားတယ်လေ" ယွမ်ကျိုးက ဖီးနစ်အမြှီးပုစွန်ဟင်း ဟူသော ဟင်းအမည်နောက်တွင် “ခေတ္တမရနိုင်ပါ” ဟူသော ထင်ရှားသော စကားလုံးများကို ပြသကာ စျေးနှုန်းစာရင်းကို ညွှန်ပြသည်။

"တကယ် အမှန်ပဲပေါ့" လူအများစုက ခေါင်းလှည့်ကြည့်ကြသည်။

“ဟေ့၊ လက်ဖက်ကြက်ဥက မူလဈေးနှုန်း ပြောင်းသွားပီ။ မင်းတို့တွေ အခုပဲ မြည်းစမ်းလို့ ရပြီ" Tankက ရုတ်တရက် အားရကျေနပ်စွာ ထအော်သည်။

"တကယ်လား" လင်းဟုန်က ခေါင်းမော့ပြီး နံရံပေါ်က မီနူးကို ကြည့်လိုက်သည်။

“ကောင်းပြီလေ၊ ဒါဆိုရင် ငါတို့ကို လက်ဖက်ကြက်ဥ သုံးပွဲ၊ ဟင်းပွဲအသစ် ၃ပွဲ နဲ့ ထမင်းဖြူ လေးပွဲပေးပါ" လင်းဟုန်က နောက်တစ်ကြိမ် ဟင်းပွဲ အော်ဒါတင်သည်။

“အားနာပါတယ်။ လတ်တလော ထမင်းဖြူ မရသေးပါဘူး" ယွမ်ကျိုးက ကြိုးစားအားထုတ်စရာ မလိုအပ်ဘဲ လက်ဖက်ကြက်ဥ ရောင်းလိုက်ရ၍ ပျော်နေသည်။

"သူဌေးယွမ်၊ ခင်ဗျား ဒီလိုပုံစံအတိုင်းဆို ဖောက်သည်ကို အလွယ်တကူ ဆုံးရှုံးတော့မယ်"

လင်းဟုန်က အားမနာစတမ်း ပြောသည်။

"ဒီလို မဖြစ်လာနိုင်ပါဘူး။ ငါက ခန့်ညားချောမောပြီး ဟင်းကောင်းကောင်း ချက်တတ်တယ်လေ"

"ဟားဟား" လင်းဟုန်က လှောင်ရယ်သည်။

“ဒါဆိုရင် ထမင်းဖြူနေရာမှာ ကြက်ဥထမင်းကြော် ၄ပွဲပြောင်းမှာမယ်"

ဤတစ်ကြိမ်တွင် အော်ဒါတင်သူက Tankဖြစ်သည်။

"အိုကေ ခဏပဲစောင့်ပေးပါ"

ယွမ်ကျိုး ပြောသည်။

အပိုင်း(၈၇)

ပြီးပါပြီ။

All Chapters