အခန်း (၈၈-၉၀)
Vol. 6 Ch. 88-90
အပိုင်း(၈၈)
*
လက်ရှိကာလတွင် ကြက်ဥထမင်းကြော်ဟင်းပွဲက ယွမ်ကျိုးအတွက် ရိုးရှင်းသည်။ ပြီးပြည့်စုံသော ကြက်ဥထမင်းကြော်ကို ကြော်ခွင့်ရ၍ သာယာကြည်နူးသော ခံစားချက် ဖြစ်ပေါ်မိသည်။
သို့သော်လည်း ဟင်းပွဲသုံးပွဲအနက် ကျင်းလင်မြက်ဟင်းပွဲကို ဂရုတစိုက် ပြင်ဆင်ရသည်။ ထို့အပြင် ယွမ်ကျိုးမှာ လက်ထောက်မရှိသောကြောင့် လိုအပ်သော အလုပ်အားလုံးကို သူကိုယ်တိုင် လုပ်ဆောင်ရသည်။ တကယ်တမ်း ယွမ်ကျိုးက ဟင်းချက်သော လုပ်ငန်းစဉ် တစ်ခုလုံးတွင် ပျော်ရွှင်မိသည်။
ယွမ်ကျိုးကို စနစ်က ပြိုင်ဘက်ကင်း အချက်အပြုတ် ကျွမ်းကျင်မှုကို ထောက်ပံ့ပေးထား၍ ပြီးပြည့်စုံသော ခံစားချက် ဖြစ်ပေါ်စေသည်။
အကယ်၍ ယွမ်ကျိုးသာ ရှေးခေတ်ကာလတွင် နေထိုင်လျှင် သူက ကျူးကဲလျန် ဖြစ်နိုင်သည်။(ရှေးယခင်က တိုင်းပြည်၏ သစ္စာစောင့်သိသော အမတ်မင်း)
ခံတွင်းထဲ အရည်ပျော်သွားသော ကြက်ခြေထောက်ဟင်းပွဲက ပြင်ဆင်ရ ပိုခက်ခဲသည်။ ထို့ကြောင့် ယွမ်ကျိုးက ကြက်ဥထမင်းကြော် နှင့် ကျင်းလင်မြက်ဟင်းပွဲကို အရင်ဆုံး ပြင်ဆင်ပြီး လင်းဟုန်တို့ဆီ သယ်ဆောင်သွားသည်။
“ဒါတွေအားလုံးက အော်ဒါတင်ထားတဲ့ ဟင်းပွဲတွေပါ။ သုံးဆောင်ကြပါ” မုရှောင်ယွမ်က သူတို့ဆီ ဟင်းပွဲများကို တည်ခင်းပြီးနောက် စကားပြောသည်။
“ဟင်းပွဲအပြင်အဆင်ကြည့်လိုက်ရုံနဲ့ အသုံးပြုထားတဲ့ မြက်က လတ်ဆတ်ပုံပဲ” ရုပ်ရည်ကြည့်ကောင်းသော ကျီလျန်က ပြောသည်။
“သူဌေးယွမ်။ ဒီပန်းကန်ပြားပေါ်မှာ မြက်တွေလား”
ရေဘဝဲ အမည်ရှိသော အမျိုးသား တည့်တိုး မေးမြန်းလိုက်သည်။
“ စားလို့ရတဲ့ ဟင်းရွက်တွေပဲ ဖြစ်မှာပါ” Tankက စိတ်ဝင်စားသော အမူအရာဖြင့် စကားပြောသည်။
တခြားတစ်ဖက်တွင်မူ ယွမ်ကျိုးက မြင့်မားသော အပူချိန်ဖြင့် မပေါင်းခင် ကြက်ခြေထောက်များကို ပေါင်းအိုးထဲ ထည့်လိုက်သည်။ ပေါင်းအိုးအဖုံးကို ပိတ်ပြီးနောက် သူက လှည့်ကာ စကားပြောသည်။
“ဒါတွေက မြက်တွေ မဟုတ်ပါဘူး။ စားလို့ရတဲ့ ဟင်းသီးဟင်းရွက်တွေပါ” ယွမ်ကျိုးက ခိုင်မာသော လေသံဖြင့် ပြောဆိုသည်။
“သူဌေးယွမ်၊ ခင်ဗျားက ဒီအရွက်ဟင်းထဲ ဘာမှ ထပ်မထည့်ထားဘူးမလား။ မချက်ပြုတ်ဘဲ ကျုပ်တို့ စားပွဲဝိုင်းဆီ လာချပေးတာတော့ မဟုတ်ပါဘူးနော်”
ရေဘဝဲက မယုံသင်္ကာဟန်ဖြင့် မေးမြန်းသည်။
ကြော်ထားသော အငွေ့အသက် နှင့် ဟင်းခတ်အမွှေးအကြိုင်များ ထည့်ထားသော အရိပ်အယောင်ကို မမြင်တွေ့ရပေ။ အဖြူရောင် ပန်းကန်ပြားပေါ်ရှိ ပန်းချီဆွဲထားသော ငါးပုံလေးများမှ လွဲ၍ အရည်တစ်စက်မှပင် မမြင်တွေ့ရချေ။
မချက်ပြုတ်ထားသော အရွက်များက အရသာရှိသည့်တိုင် သူ့အကြိုက် မဟုတ်ပေ။
“မင်းက မချက်ပြုတ်ထားတဲ့ အရွက်တွေကို မစားဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒါက သူဌေးယွမ်ရဲ့စားသောက်ဆိုင်လေ” လင်းဟုန်က ရေရွတ်သည်။
“ဒါက မချက်ပြုတ်ထားတဲ့ အရွက်တွေ မဟုတ်ပါဘူး။ ကြော်ထားပြီသားပါ” ယွမ်ကျိုးက အချိန်မီပြောသည်။
“တကယ်လား” ရေဘဝဲက မယုံသင်္ကာဟန်ဖြင့် ထပ်မံ မေးမြန်းသည်။
ယွမ်ကျိုးက စကားတစ်ခွန်းမှ ဆက်မပြောဘဲ စားကြည့်လျှင် နားလည်သွားမည်ဟု အချက်ပြသည်။
ဘေးဘက်မှာထိုင်နေသော Tankက တူကို ကောက်ယူလိုက်ပြီး အပိုင်းအစနှစ်ဖက်ကို ပါးစပ်ထဲ ထည့်လိုက်သည်။
လတ်ဆတ်ပြီး အဆင်ပြေချောမွေ့သော ခံစားချက်က သူ့ခံတွင်းထဲ ပြည့်သွားသည်။
“အရသာက တကယ်မိုက်တယ်” ကျီလျန်က သူ့အတွေးကို ထုတ်ပြောသည်။
“ရေဘဝဲ မင်းလည်း စားကြည့်ဦး” လင်းဟုန်က အင်တင်တင်ဖြစ်နေသော သူ့သူငယ်ချင်းကို အသိပေးသည်။
ရေဘဝဲက ဘေးဘယ်ညာ ကြည့်လိုက်ပြီး သူငယ်ချင်းများ၏ အခြေအနေကို အကဲခတ်လိုက်သည်။
တစ်ကိုက်စားကြည့်ပြီးနောက် သူတို့ သူငယ်ချင်း ၄ယောက်စလုံးက စားကောင်းသောက်ဖွယ်၏ အရသာထဲ နစ်မြောသွားသည်။
တခြားတစ်ဖက်တွင်မူ ပေါင်းအိုး၏ချက်ပြုတ်ရန်ကြာချိန်ကို လျှော့နိုင်သည်။ ၁၀မိနစ်ခန့်ကြာပြီးနောက် ယွမ်ကျိုးက မီးဖိုခန်းထဲ ပြန်သွားသည်။ ပေါင်းအိုးကို ဖွင့်လိုက်သောအခါ အံ့အားသင့်ဖွယ်ကောင်းသော မွှေးရနံ့ ထွက်ပေါ်လာသည်။
"ဝိုး၊ အသားဟင်းရဲ့ ရနံ့က ဆွဲဆောင်နေတာပဲ" စူးရှသော အမြင်အာရုံရှိသည့် ကျီလျန်က ရုတ်တရက် ထပြောရင်း နောက်ဆုံး လက်ကျန်အရွက်ဖတ်ကို စားလိုက်သည်။
"တကယ်ကို ဆွဲဆောင်နေတာပဲ" လင်းဟုန်က အသားစားရခြင်းကို နှစ်သက်၍ ကျီလျန်၏အပြောကို သဘောတူလိုက်သည်။
“အသားမစားရတာ တော်တော်ကြာပြီ"
ရေဘဝဲက ယွမ်ကျိုးကို စိတ်အားထက်သန်စွာ ငေးစိုက်ကြည့်လိုက်ပြီး ယွမ်ကျိုးက သူတို့အတွက် ဟင်းပွဲ တည်ခင်းပေးမည့်အချိန်ကို စောင့်ဆိုင်းနေသည်။
"အတူတူပဲ။ ဒီဆိုင်မှာ လာစားပြီးတည်းက အစားအသောက်အတွက် တခြားဆိုင်သွားတာ ခပ်ရှားရှားပဲ" လင်းဟုန်က သဘောတူဟန် ပြောဆိုသည်။
“ဒါဆိုရင် ဟင်းပွဲလာချမယ့်အချိန်ကို စောင့်ပြီးတော့ စားကြတာပေါ့"
Tankက အတည်ငြိမ်ဆုဲး ပုံစံပေါက်သည်။
"မင်းတို့ လေးယောက်အတွက် ခံတွင်းထဲ ပျော်ဝင်သွားမယ့် ကြက်ခြေထောက်ဟင်း ရပါပြီ" ယွမ်ကျိုးက လက်ဖက်ကြက်ဥ လေးပွဲနှင့်အတူတူ ကြက်ခြေထောက်ဟင်းများကို ဗန်းပေါ် သယ်လာသည်။
ထိုစဉ် ယင်ယာက ပင်မခန်းမဆောင်ထဲသို့ ဝင်ရောက်လာသည်။
"မွှေးကြိုင်နေတဲ့ရနံ့တွေက ဘယ်ကရောက်လာတာလဲ"ယင်ယာက အနံ့ရှုလိုက်ပြီး မေးမြန်းသည်။
“ဟင်းပွဲအသစ်၊ ဒီဆိုင်ကို မင်း မလာတာ ကြာပြီနော်" ယွမ်ကျိုးက ယင်ယာကို မြင်တွေ့သောအခါ မျက်လုံးများ အရောင်တောက်သွားသည်။ ထို့နောက် သူ့ပုံမှန်လေးနက်သော အမူအရာဖြင့် စကားပြောသည်။
“သူဌေးယွမ်၊ ရှင့်ရဲ့စီးပွားရေးက ပိုကောင်းသထက် ကောင်းလာပုံပဲ။ အပြင်ဘက်မှာ တန်းစီစောင့်နေတာ မိနစ်၂၀လောက်ရှိသွားပြီ" ယင်ယာက ထိုင်ခုံမှာ ထိုင်လိုက်စဉ် ပြုံးသည်။
“ရွေးချယ်ခွင့်မှ မရှိတာ။ ရှင့်ဆိုင်က ဟင်းပွဲတွေက အရမ်းဈေးကြီးတယ်။ သာမန်အလုပ်သမားလေး ကျွန်မက ဝယ်မစားနိုင်ပါဘူး" ယင်ယာက အတည်ပေါက်ဖြင် ရွှတ်နောက်နောက် ပြောဆိုသည်။
“ငါတော့ အဲဒီလို မထင်ပါဘူး။ဟင်းပွဲတွေက သာမန်ဈေးပါပဲ" သူ အသုံးပြုထားသော ပါဝင်ပစ္စည်းများကြောင့် ယွမ်ကျိုးက ဈေးကြီးသည်ဟုပင် လုံးဝ မခံစားရပေ။
"ကောင်းပါပြီ။ ရှင့်ရဲ့ကျွမ်းကျင်မှုက ဈေးနှုန်းနဲ့ တကယ် ထိုက်တန်ပါတယ်"
"ဒီနေ့က လစာရတဲ့နေမို့ အရသာရှိတဲ့ တစ်ခုခု စားကြည့်ချင်တယ်။ သူတို့တွေက ဘာစားနေတာလဲ" ယင်ယာက စပ်စပ်စုစု မေးမြန်းသည်။
“ခံတွင်းထဲ အရည်ပျော်သွားမယ် ကြက်ခြေထောက်ဟင်းပွဲအသစ်" ယွမ်ကျိုးက အရိုးသားဆုံး ပြန်ဖြေသည်။
"ဟင်းပွဲအသစ်တွေ အများကြီး ထွင်ထားပုံပဲ။ ကျွန်မ တစ်ချက်ကြည့်ဦးမယ်" ယင်ယာက ပြုံးလိုက်ပြီး မီနူးကို တစ်ချက်ကြည့်သည်။
လူတစ်ယောက်၏ သမရိုးကျ အတွေးအခေါ်က သူတို့မြင်ချင်သည့် အကြောင်းအရာကိုသာ အရင်ဆုံးမြင်သည်။ သာဓကဆိုသော် ယင်ယာက ကြက်ခြေထောက်ဟင်းကို စားချင်စိတ်ဖြစ်သောကြောင့် အရင်ဆုံး သတိပြုမိသည်။
ယင်ယာ၏မျက်နှာပေါ်တွင် ပျော်ရွှင်ကြည်နူးသော အမူအရာရှိသော်လည်း သူ့အပြုံးက ချက်ချင်း ပျောက်ကွယ်သွားသည်။
"သူဌေးယွမ်၊ မီနူးပေါ်က ဟင်းပွဲအမည်နောက်မှာ ရေးထားတဲ့စကားလုံးတွေက ဘာသဘောလဲ"
ယင်ယာက တည်ငြိမ်စွာ မေးမြန်းသည်။
“သေချာတာတစ်ခုက ကောင်မလေးတွေက အဲဒီဟင်းပွဲကို တစ်ယောက်တည်း မှာလို့ မရဘူး"
ယွမ်ကျိုးက ရှင်းရှင်းလင်းလင်း ပြန်ဖြေသည်။
ခံတွင်းထဲအရည်ပျော်သွားစေမယ့် ကြက်ခြေထောက်ဟင်း တစ်ပွဲ ၅၈၈ယွမ်(အမျိုးသားတွေက နေ့တိုင်း ၂ပွဲမှာယူနိုင်ပြီး အမျိုးသမီးတွေက တစ်ဝက်ခန့်သာ မှာယူနိုင်ပါသည်)
ထိုကဲ့သို့သော စကားလုံးများကြောင့် ယင်ယာက အမျိုးသမီးများကို ခွဲခြားဆက်ဆံသည်ဟု ခံစားမိသည်။
"ဘာလို့ တစ်ယောက်တည်း မှာလို့ မရတာလဲ။ အကြောင်းပြချက်တော့ ရှိရမယ်" ယင်ယာက လေသံခပ်မာမာဖြင့် မေးမြန်းသည်။
"မင်းနဲ့အတူတူ မျှဝေမှာစားမယ့် တစ်ယောက်ကို ရှာလိုက်ပြီး အတူတူ ဟင်းပွဲကို မြည်းစမ်းကြည့်ပါ။ အရသာမြည်းကြည့်ပြီးရင် အကြောင်းအရင်းကို သိသွားမယ်" ခဏကြာတွေးတောပြီးနောက် ယွမ်ကျိုးက ခိုင်လုံသော အကြံပြုချက်ကို တင်ပြသည်။
"တစ်ယောက်တည်း တစ်ပွဲမှာစားတော့ရော ဘာဖြစ်လို့လဲ" ယင်ယာက လေးလေးနက်နက် မေးမြန်းသည်။
“မရပါဘူး" ယွမ်ကျိုးက လေးနက်သော အမူအရာဖြင့် ငြင်းပယ်သည်။
ယွမ်ကျိုး၏အမူအရာကိုကြည့်ရုံဖြင့် နောက်ပြောင်နေခြင်း မဟုတ်မှန်း နားလည်လိုက်၍ ယင်ယာ လက်လျှော့လိုက်သည်။ သို့သော်လည်း ကြက်ခြေထောက်ဟင်းကို ယနေ့ရအောင် ဝယ်စားမည်ဟု ဆုံးဖြတ်ထားသည်။
သူမ၏ဖုန်းကို ထုတ်လိုက်ပြီး သူ့လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။
"ဟိုင်း၊ ရှောင်ချန်း၊ နေ့လည်စာစားဖို့ အမည်မဲ့ စားသောက်ဆိုင်ဆီ လာခဲ့ဦး" ယင်ယာက သိမ်မွေ့သော လေသံဖြင့် စကားပြောသည်။
ဖုန်း၏တခြားတစ်ဖက်မှ မိန်းကလေးက တိုးလျသောလေသံဖြင့် စကားပြောနေသည့်တိုင် ယွမ်ကျိုး ကြားနိုင်သည်။
ယင်ယာက တခြားမိန်းကလေးကိုခေါ်လိုက်၍ ယွမ်ကျိုးက အထာကျကျဖြင့် ဘေးဘက်မှာ မတ်တတ်ရပ်နေသည်။
ပါဝင်ပစ္စည်းများ၏ပြဿနာတချို့ကြောင့် အမျိုးသမီးများက ခံတွင်းထဲ ပျော်ဝင်နိုင်သော ကြက်ခြေထောက် ဟင်းပွဲတစ်ပွဲလုံးကို စားမရပေ။
အပိုင်း(၈၈)
ပြီးပါပြီ။
အပိုင်း(၈၉)
*
ဖုန်းဆက်ပြီးနောက် ယင်ယာက ယွမ်ကျိုးကို ခပ်တန်းတန်းကြည့်လိုက်သည်။
"ဒါဆိုရင် အခုရော အကြောင်းပြချက်ကို ပြောပြလို့ရပြီလား"
"ခဏစောင့်ပေးပါ။ မင်း စားကြည့်ရင် သိလိမ့်မယ်" ယွမ်ကျိုးက ပုံမှန်လေသံဖြင့် ပြောဆိုသည်။
"ရှင်က မိန်းမမုန်းဝါဒီကို လက်ကိုင်ထားတာလား" ယင်ယာက လေးနက်သော အကြည့်ဖြင့် မေးမြန်းလိုက်သည်။
"ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ငါ့အမေကလည်း အမျိုးသမီးပဲလေ။ အမျိုးသမီးတွေကို လေးစားပါတယ်" ယွမ်ကျိုးက ချက်ချင်း ပြန်ပြောသည်။
“သေချာလို့လား" ယင်ယာက မီနူးပေါ်မှာ စာသားကို လက်ညိုးထိုးပြပြီး မေးမြန်းသည်။
“သေချာတာပေါ့" ယွမ်ကျိုးက လေးနက်စွာ ခေါင်းညိတ်သည်။
“ကောင်းပြီလေ။ ဒါဆိုရင် ရှင်ရဲ့ဖြေရှင်းချက်ကို စောင့်ကြည့်ရသေးတာပေါ့" ယင်ယာက ခေါင်းညိတ်လိုက်ပြီး ယွမ်ကျိုး၏အပြောကို ခဏတာ လက်ခံပေးလိုက်သည်။
ယင်ယာကို ပြဿနာရှာ၍ အပြစ်တင်မရပေ။ အမျိုးသမီး ဒါရိုက်တာ၏လက်ထောက်တစ်ယောက် အနေဖြင့် အမျိုးသမီးများကို ခွဲခြားဆက်ဆံတတ်သော လူမျိုးစုံနှင့် ကြုံဖူးသည်။ တကယ်တမ်း သူတို့အားလုံးက အကျင့်သိက္ခာရှိသူများ ဖြစ်ကြ၍
နှုတ်အားဖြင့် ဖွင့်ဟ မပြောကြသော်လည်း သူတို့အပြုအမူမှ သတိပြုမိနိုင်သည်။
သို့သော်လည်း ယင်ယာ၏နှလုံးသားထဲ ယွမ်ကျိုးက နည်းနည်းထူးခြားမှု ရှိသည်။ သူက ဟင်းချက်တတ်ပြီး ရုပ်ရည်ကြည့်ကောင်းသည့်အပြင် ရင့်ကျက်သော အငွေ့အသက်များကို ခံစားမိသည်။ ထို့အပြင် သူမက ပုံမှန်စားသုံးသူဖောက်သည် ဖြစ်နေ၍ ယွမ်ကျိုးကို ယခုကဲ့သို့ အတွေးအခေါ်မျိုး မရှိစေချင်ပေ။
ထိုစဉ် ယွမ်ကျိုးက တခြားဖောက်သည်နှစ်ဦးကို ပုံမှန်အတိုင်း လက်ဖက်ကြက်ဥကို ကြော်ငြာဆင်းသည်။ မျှော်လင့်ထားသည့်အတိုင်း အရေးနိမ့်ခဲ့သည်။ လူချမ်းသာ လင်းဟုန်တို့အဖွဲ့က ကြက်ခြေထောက်ကို ကျေနပ်အားရစွာ စားသောက်နေ၍ လက်ဖက်ကြက်ဥကို သတိပြုမိမည့် အချိန် မရှိပေ။
ရှောင်ချန်းက ဒါရိုက်တာ၏လက်ထောက်ချောလေး ဖိတ်ကြားမှုကြောင့် အမြန်ဆုံး ပြေးလာသည်။ သူမက နေ့လည်စာ စားပြီးသည့်တိုင် တုံ့ဆိုင်းခြင်း မရှိဘဲ ပြေးလာသည်။
"ယင်ယာ၊ ကျေးဇူး အရမ်းတင်ပါတယ်" ရှောင်ချန်းက သူမဘေးနား မထိုင်ခင် တိုက်ရိုက်ပြောသည်။
"ကြိုဆိုပါတယ်။ ကြက်ခြေထောက်ဟင်းမှာထားတယ်။ နင် သဘောကျတဲ့ တခြားဟင်းပွဲကို ကြည့်လေ"
ယင်ယာက တိုးလျစွာ စကားပြောသည်။
“ဒါဆိုရင် ကျင်းလင်မြက် နဲ့ ကြက်ဥထမင်းကြော်ပေးပါ။ အဆင်ပြေလား" မီနူးကိုကြည့်ပြီး ရှောင်ချန်းက ချိုသာနူးညံ့သော အမူအရာကို ပြသသည်။
“ငါ့အတွက် ခေါက်ဆွဲပြုတ်အချို နဲ့ ခံတွင်းထဲ အရည်ပျော်သွားမယ် ကြက်ခြေထောက်ဟင်း တစ်ပွဲစီပေးပါ" တစ်ပွဲစီဟူသော စကားလုံးကို ဖိပြောသည်။
"ပြဿနာမရှိပါဘူး၊ ခဏစောင့်ပေးပါဗျ'' ယွမ်ကျိုးက ခေါင်းညိတ် သဘောတူလိုက်ပြီး ဟင်းပွဲပြင်ဆင်ရန် ပြန်သွားသည်။
ယွမ်ကျိုးက ကြက်ခြေထောက်ဟင်းကို ပထမဆုံး ပြင်ဆင်ပြီးမှ ပေါင်းအိုးထဲ ထည့်လိုက်သည်။ ထို့နောက် တခြားဟင်းလျာများကို ချက်ပြုတ်ရန် စတင်သည်။
ပေါင်းအိုးက ချက်ပြုတ်ရန် ကြာချိန်ကို မိနစ်၄၀ မှ ၁၀မိနစ်သို့ လျှော့ချနိုင်သည်။ ထိုမှသာ ယွမ်ကျိုးက တခြားဟင်းလျာများကို ချက်ပြုတ်ရန် လုံလုံလောက်လောက် အချိန်ရမည်။
သင့်တင့်သော အမြန်နှုန်းဖြင့် အချိန် ၁၀မိနစ်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ဤအလုပ်က ထူးခြားသော ကျွမ်းကျင်မှု မလိုအပ်သောကြောင့် ယွမ်ကျိုးက အဆင်ပြေချောမွေ့စွာ ပြီးမြောက်သွားသည်။
ခံတွင်းထဲအရည်ပျော်သွားသော ကြက်ခြေထောက်ဟင်းပွဲကို ယင်ယာတို့ ထိုင်နေသော ထောင်မှန်စတုဂံပုံစံ စားပွဲဆီ သယ်ဆောင်သွားသည်။ ပန်းကန်ပြားပေါ်တွင် စုစုပေါင်း ကြက်ခြေထောက် ၆ ချောင်းကို အစီအရီ နေရာချထားသည်။ အားလုံးက တောက်ပသော နီညိုရောင် အဆင်းရှိသည်။
''ဟင်းပွဲအသစ်က တော်တော် အရသာရှိမယ်ပုံပဲ'' ရှောင်ချန်းက တောက်ပစွာ ပြုံးပြီး စကားပြောသည်။
ဘေးနားမှာထိုင်နေသော ယင်ယာက ကြက်ခြေထောက် ဟင်းပွဲက သာမန်ဟင်းပွဲများနှင့် ခြားနားခြင်း မရှိဟု ခံစားမိသည်။ သာမန်ကြက်ခြေထောက်ဟင်းပွဲများထက် သုံးပုံ နှစ်ပုံခန့် အရွယ်အစား သေးငယ်သည်ဟု ခံစားမိသည်။
''ဘာများ ခြားနားလို့လဲ'' ယင်ယာက မျက်မှောင်ကြုတ်ကာ တည့်တိုးမေးမြန်းလိုက်သည်။
“သုံးဆောင်ကြပါ'' ယွမ်ကျိုး ခေါင်းခါလိုက်ပြီး အရင်သုံးဆောင်ကြည့်ရန် တိုက်တွန်းသည်။
“ကောင်းပြီလေ'' ယင်ယာက စကားဆက်မပြောခင် အရသာမြည်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
''ရှောင်ချန်း၊ အခုပဲ အရသာမြည်းကြည့်ကြမယ်" ရှောင်ချန်းကို ယဥ်ကျေးစွာ နှုတ်ဆက်ပြီး တူဖြင့် ကြက်ခြေထောက်ကို ညှပ်ကာ စတင်စားသည်။
ဟင်း၏အမည်အတိုင်း သာမန် ကြက်ခြေထောက်များနှင့် ခြားနားစွာ ပါးစပ်ထဲ အရည်ပျော်သွားသည်။
သာမန်ကြက်ခြေထောက်က အပူချိန်မြင့်မြင့်မားမားပေး၍ ပေါင်းထားလျှင် အရေခွံက ကြွပ်ဆတ်ဆတ် ဖြစ်သွားတတ်သည်။
ယင်ယာ၏ခံတွင်းထဲရောက်သွားသော ကြက်ခြေထောက်က တော်တော်လေး ထူးခြားသည်။ အပြင်ဘက်အရေခွံအသားက နူးညံ့ ကျွတ်ဆတ်၍ ယင်ယာက အရိုးများကိုပင် ဝါးစားချင်စိတ် ပေါက်မိသည်။
ခြေထောက်၏အသားများကို စားပြီးနောက် အတွင်းထဲမှ အရိုးများပေါ်လာသည်။ နူးညံ့သော အရိုးသေးသေးလေးများက သူ့ခံတွင်းထဲမှ အေးစက်စက် ခံစားချက် ဖြစ်ပေါ်စေသည်။
အရိုးအတွင်းမှ ရိုးတွင်းချင်ဆီပူနွေးနွေးနှင့် အရသာရှိသော အေးစက်စက်အရိုးကြောင့် ယင်ယာက နှစ်ခါ၊ သုံးခါ ကိုက်ရုံဖြင့် စားလို့ကုန်သွားသည်။
ထိုမှသာ မိန်းကလေးများက ပွဲတစ်ဝက်ခန့်သာ မှာစားခွင့်ရသည့် အကြောင်းအရင်းကို ယင်ယာ နားလည်သွားသည်။ စားကောင်းသောက်ဖွယ်များနှင့် ကြုံသောအခါ သူမက တခြားကိစ္စများထက် အစားအသောက်ကိုသာ အရင်ဆုံး ဦးစားပေးမိသည်။
နောက်ထပ် ကြက်ခြေထောက်ကို ကောက်ယူပြီးနောက် ယင်ယာက ခြေထောက် တစ်ချောင်းလုံးကို ပါးစပ်ထဲ မထည့်ဘဲ နည်းနည်းချင်း စုပ်စားကြည့်သည်။ ထိုမှသာ ခံတွင်းထဲ အရည်ပျော်သွားသော ကြက်ခြေထောက်ဟင်း၏ အရသာကို အပြည့်အဝ ခံစားနိုင်လိမ့်မည်။
“ဒါကြောင့်ပဲ ဖြစ်ရမယ်”
ယင်ယာက သူ့ဘာသာသူ ရေရွတ်သည်။
ယွမ်ကျိုးက မနက်စောစောတည်းက ကြက်ခြေထောက်၏ ပြဿနာရပ်ကို စနစ်အား မေးမြန်းထားသည်။ မိန်းကလေးများက အများကြီး မစားရသည့် အကြောင်းအရင်းက ရိုးရှင်းသည်။ မိန်းကလေးများက ယင်ဓာတ်ကြီးစိုးသော အမျိုးအစား ဖြစ်၍ အေးသော အစားအသောက်များက ခန္ဓာကိုယ်အတွက် မကောင်းမွန်ပေ။
စနစ်က ဖော်ပြသည်။
“အသုံးပြုထားတဲ့ ကြက်သားက တကယ်ကို အရသာရှိပြီး အာဟာရပြည့်ဝတယ်”
“ကြက်က ဖီးနစ်ငှက်လို အမောက်ရှိပြီး အဖြူ၊အမည်း အမွေးအတောင်ကြောင့် လှပတယ်။ ဒါကြောင့်မို့လည်း သူ့ကို ဗြိတိသျှ တော်ဝင်မိသားစုက တော်ဝင်ကြက်လို့ အမည်ပေးထားတယ်”
“ရှေးယခင်တုန်းကအင်ပါယာအရှင်သခင်အတွက်သာ တည်ခင်းပေးပြီး သာမန်လူတွေ စားခွင့် မရှိခဲ့ဘူး”
“စနစ်က တောရိုင်းထဲမှာ ကြီးပြင်းနေတဲ့ တော်ဝင်ကြက်တွေထဲက အသန်မာဆုံး ကြက်သားလောင်းကို ရွေးချယ်ပြီး ဥ ဥခိုင်းတယ်။ ဥသားပေါက်ဖို့ အေးစက်စက် နှင်းတောပတ်ဝန်းကျင်ကို ရွေးချယ်တယ်”
“ဒါက မမှန်ကန်နိုင်ပါဘူး။ ကြက်ဥပေါက်ဖို့ ပုံမှန်အပူချိန် လိုအပ်တယ်လေ” ယွမ်ကျိုးက မယုံကြည်ဟန်ဖြင့် ပြောဆိုသည်။
“ငါက စာသိပ်မဖတ်ရင်တောင် မင်း ငါ့ကို လှည့်ဖြားလို့ မရဘူး”
စနစ်က ဖော်ပြသည်။
“ဥဖောက်ဖို့ အကောင်းဆုံး အပူချိန်ကို သေချာ စမ်းသပ်ပြီးမှ ရွေးချယ်ထားတာပါ။ ပထမဆုံး မျိုးဆက် မွေးဖွားလာဖို့က နှင်းတောပတ်ဝန်းကျင်က အသင့်လျော်ဆုံးပါ။ မျိုးဆက် သုံးဆက်ပြီးရင်တော့ တော်ဝင်ကြက်တွေက နှင်းတော ပတ်ဝန်းကျင်နဲ့ ကျင့်သားရသွားပါပြီ။ နေ့တိုင်း နှင်းတောထဲမှာတောင် လမ်းလျှောက်နိုင်တယ်။ ကြက်ခြေထောက်ရဲ့အရိုးတွေကို အအေးဓာတ်က ကာကွယ်ဖို့ အပြင်ဘက်အရေခွံက အတော်ကလေး ထူတယ်”
“ကြက်ပေါက်ရောက်တဲ့ဒေသက အရမ်းကိုအေးတော့ သူ့ခန္ဓာကိုယ်က အအေးဓာတ် အများကြီးကို စုပ်ယူထားပြီး ထူးခြားတဲ့ အရသာရှိတယ်။ ဒါပေမဲ့ မိန်းကလေးတွေကိုတော့ အများကြီးစားဖို့ မတိုက်တွန်းသင့်ဘူး”
တခြားတစ်ဖက်တွင်မူ ယင်ယာက ကြက်ခြေထောက်စားပြီးနောက် သူ့ခန္ဓာကိုယ်ထဲ အအေးဓာတ်များ တန်းဝင်ရောက်သွားသည်ဟု ခံစားမိသည်။ သူမ အဆင်ပြေနေသော်လည်း တခြားမိန်းကလေးများအတွက် သာမန်ထက် အအေးဓာတ်လွန်ကဲသည်။
အပိုင်း(၈၉)
ပြီးပါပြီ။
အပိုင်း(၉၀)
*
ယင်ယာက နောက်ဆုံးကျန်သော ကြက်ခြေထောက်ကို အပြီးသတ် မစားခင်အထိ ခေါင်းပင်မဖော်ခဲ့ချေ။ သူမက ယွမ်ကျိုးကို ကြည့်လိုက်သည်။
“သူဌေးယွမ်၊ ရှင့်ကို နားလည်မှုလွဲခဲ့မိလို့ တောင်းပန်ပါတယ်။ ဒါပေမဲ့ အဲဒီစကားလုံးတွေက ဖတ်မိသူတိုင်းကို နားလည်မှုလွဲစေတယ်”
“အွန်း” ယွမ်ကျိုးက နားလည်ဟန် ခေါင်းညိတ်ပြသည်။ သို့သော်လည်း သူက စာသားများကို ပြုပြင်မည့် အတွေး မရှိပေ။
“ဒါဆိုရင် နည်းနည်း ပြန်ပြီး ပြုပြင်လို့ မရဘူးလား။ ကျွန်မ အကြံပေးမယ်လေ”
“မလိုအပ်ပါဘူး” ယွမ်ကျိုးက ငြင်းဆန်လိုက်သည်။
ယွမ်ကျိုးက သူ့ဆုံးဖြတ်ချက်ကို ပြင်ဆင်မည့် အတွေး မရှိပေ။
“အချိန်ပြည့်ခါနီးပြီ။ ဟေ့ တခြားသူတွေလည်း နေ့လည်စာစားဖို့ စောင့်နေသေးတယ်။ မစားရသေးတဲ့သူတွေက ညနေခင်းမှ ပြန်လာကြပါ” ယွမ်ကျိုးက အချိန်ကို တစ်ချက်ကြည့်ပြီးနောက် နောက်ဘက်မှာ တန်းစီစောင့်နေသော ဖောက်သည်များကို စကားပြောသည်။
“သူဌေးယွမ်၊ ဘယ်အချိန်ရောက်မှ ဆိုင်ဖွင့်ချိန်ကို တိုးမြှင့်မှာလဲ” တစ်စုံတစ်ယောက် မထွက်သွားခင် မကျေမနပ် ငြီးတွားသည်။
“ဟုတ်တယ်။ အမှန်ပဲ။ ဆိုင်ဖွင့်ချိန်ကို တိုးမြှင့်ပေးပါ” တစ်စုံတစ်ယောက် ထောက်ခံသည်။
“အားနာပါတယ်။ ကျွန်တော်မှာ တခြားလုပ်စရာ အလုပ်ရှိသေးတယ်” ယွမ်ကျိုးက လေးနက်စွာ ပြောသည်။
“သူဌေးယွမ်၊ ခင်ဗျားက လက်ထောက်များများ ခန့်သင့်တယ်။ ဒါမှလည်း ချက်ပြုတ်တာ မြန်ဆန်မှာလေ” တစ်စုံတစ်ယောက်က သူ့အတွေးကို ထုတ်ပြောသည်။
“ငါ့မီးဖိုချောင်ထဲကို တခြားသူ ဝင်တာ မကြိုက်ဘူး” ယွမ်ကျိုးက ပခုံးဆက်ခနဲ တွန့်သည်။
“ဒီလိုဆိုရင်တော့ သူဌေးယွမ်က မိတ်ဆွေတွေကို ဆုံးရှုံးတော့မယ်” လင်းဟုန်က အေးအေးလူလူ အကြံပေးသည်။
“ဟင့်အင်း၊ ငါက ခန့်ညားချောမောပြီး ကောင်းကောင်း ချက်ပြုတ်တတ်တယ်” ယွမ်ကျိုးက သူ့ပုံမှန်ဖြေနေကျအတိုင်း ပြန်ဖြေသွားသည်။
“တကယ်ကို အမြင်ကျယ်ရပါတယ် သူဌေးယွမ်ရယ်။ ခင်ဗျားကို ဘယ်လို တုံ့ပြန်ရမလဲတောင် မသိတော့ဘူး” ရေဘဝဲက ယွမ်ကျိုးကို ကူကယ်ရာမဲ့သော အမူအရာဖြင့် စကားပြောသည်။
ယွမ်ကျိုးကို မဖျောင်းဖျနိုင်၍ တခြားသော ဖောက်သည်များက ရွေးချယ်စရာ မရှိသည့်အဆုံး နေ့လည်စာ စားရန် တခြားစားသောက်ဆိုင်သို့ သွားကြသည်။
အလွယ်တကူ လက်လျှော့သွားသော စားသုံးသူများကို လင်းဟုန်က ခြောက်ကပ်ကပ် ငေးကြည့်လိုက်သည်။
“လက်ဖက်ကြက်ဥ အေးကုန်တော့မယ်” ယွမ်ကျိုးက လေးကန်သော လေသံဖြင့် သတိပေးသည်။
“ဪ ဟုတ်သားပဲ။ အခုအချိန်အထိ လက်ဖက်ကြက်ဥတွေကို မစားရသေးဘူး” လင်းဟုန်က ၁၈၈၈ယွမ်တန် လက်ဖက်ကြက်ဥကို ရုတ်တရက် အမှတ်ရသွားသည်။
သူက ပန်းကန်ပြားသေးသေးလေးကို သူ့ဆီ ဆွဲယူပြီး စတင်စားသည်။ မကျေနပ်ချက်အားလုံးကလည်း ပျောက်ကွယ်သွားခဲ့သည်။
“သူဌေးယွမ်၊ ဒီဟင်းပွဲက အရမ်းဈေးကြီးလွန်းတယ်။ ဒါကြောင့်မို့ အခွံခွာပေးလို့ မရဘူးလား” လင်းဟုန်က နီညိုရောင် လက်ဖက်ကြက်ဥကို ငေးကြည့်ပြီး မကျေမနပ် ပြောဆိုသည်။
“အစားအသောက်စားရင် ကိုယ့်အားကိုယ်ကိုးတာ အကောင်းဆုံးပဲ။ ဒါမှ ပိုအရသာရှိမှာလေ” ယွမ်ကျိုးက အထာကျကျ ကြည့်ကာ ပြန်ပြောသည်။
“ဟုတ်တယ်” လင်းဟုန် အပါအဝင် တခြားသူငယ်ချင်းများက လက်ဖက်ကြက်ဥကို စားသုံးကြသည်။
ကြက်ဥအခွံက ပုံမှန်အတိုင်း အခွံခွာရ လွယ်ကူသည်။ ကြက်ဥအခွံပေါ်မှ သေးငယ်သော အပေါက်လေးက ကြက်ဥတစ်လုံးလုံးကို အခွံခွာနိုင်သည်။
အခွံခွာခြင်း ပြီးဆုံးပြီးနောက် သူငယ်ချင်း လေးယောက်က ခဏကြာ ငေးကြောင်ကြည့်နေသည်။
"ဒါက တောင်နဲ့ ရေတွေရဲ့ပန်းချီကားကို ဆွဲထားသလိုပဲ" ကျီလျန်က သံသယဝင်သော ခံစားချက်ဖြင့် မေးမြန်းလိုက်သည်။
“ကြက်ဥလေးလုံး၏ ပန်းချီကားက တစ်လုံးနဲ့ တစ်လုံး မတူဘူးနော်။ ပုံစံမပျက်တဲ့ ပန်းချီကားပဲ"
ရေဘဝဲက ကြက်ဥလေးကို ဘေးချင်းကပ်ထားကာ မယုံကြည်နိုင်ဟန်ဖြင့် ပြောဆိုသည်။
"ဒါအမှန်ပဲ။ ငါ့ကြက်ဥရဲ့ပန်းချီကားက တိမ်တိုက်အထိ ရောက်လုနီးပါး တောင်ထိပ်နဲ့ တူတယ်။ လင်းဟုန်ရဲ့ကြက်ဥက မြစ်ထဲ လှေစီးနေတဲ့လူနဲ့ တူတယ်။ အံ့ဩဖွယ်ပဲ"
Tankက ဂရုတစိုက်ကြည့်သည်။
"သေချာတာပေါ့။
ကြက်ဥပေါ်မှာ ပန်းချီကား ဆွဲထားသလိုပဲ။ အနံ့အရသာလည်း ပြည့်စုံတယ်" လင်းဟုန်က စကားဆက်မပြောခင် ပင့်သက်ရှိုက်လိုက်သည်။
“အရသာ မြည်းကြည့်မယ်" ကျီလျန်က လက်ဖက်ကြက်ဥကို တူဖြင့် ကောက်ယူလိုက်ပြီး စတင်စားသည်။
“အဲဒီလူက အမြဲဒီလိုပဲ။ ဒီအနုပညာလက်ရာက ဘယ်လိုပဲဖြစ်ဖြစ် မင်းလက်ထဲ ရောက်သွားရင် အခြေအနေ မကောင်းဘူး" လင်းဟုန်က စို့နင့်သော လေသံဖြင့် ပြောဆိုသည်။
"အနုပညာလက်ရာက ဘယ်လိုပဲဖြစ်ဖြစ် စားရမှာက စားရမှာပဲလေ။ ဒီအပြင် အနံ့က အရမ်းကို ဆွဲဆောင်မှု ရှိတယ်" ရေဘဝဲက လက်ဖက်ကြက်ဥ၏ အရသာထဲ နစ်မြောနေသည်။
"ထားလိုက်ပါတော့ ငါတို့လည်း စားကြမယ်" လင်းဟုန်ကို ငေးကြည့်ပြီး Tankက ပြောသည်။
"ကောင်းပြီလေ" လင်းဟုန်လည်း သဘောတူလိုက်သည်။ လူအများစုက အရသာရှိသော လက်ဖက်ကြက်ဥများကို စားသောက်ရန် အစပြုသည်။
လက်ဖက်ကြက်ဥ၏အရသာကို သိချင်လျှင် သူတို့မျက်နှာအမူအရာကို ကြည့်ရုံဖြင့် သိနိုင်သည်။
လက်ဖက်ကြက်ဥက တကယ်တမ်း အရမ်းမကြီးပေ။ ဂရုတစိုက်ဖြင့် ဖြည်းဖြည်းချင်း ဝါးစားလျှင်ပင် ၅မိနစ် မကြာပေ။
"အရသာ ဘယ်လိုရှိလဲ။ နောက်တစ်မျိုး ထပ်မှာဦးမလား" ယွမ်ကျိုးက ရိုးရှင်းသော လေသံဖြင့် စကားပြောသည်။
"ငါ့ပါးစပ်ထဲက ကြက်ဥကို အရင်ဆုံး ကုန်အောင်စားခွင့် ပေးပါဦး" လင်းဟုန်က ပြောသည်။
"လင်းဟုန်၊ ငါတို့တွေ ညစာအတွက် နောက်ထပ်လက်ဖက်ကြက်ဥ ထပ်မှာမလား"
ရေဘဝဲက အတွေ့အကြုံရှိသော အမူအရာဖြင့် အချိန်ကိုက် မေးမြန်းသည်။
လျစ်လျူရှုသော ခပ်ယဲ့ယဲ့ အပြုံးလေးက ခက်ထန်သော မျက်နှာပေါ် ပေါ်လာသည်။
"မင်း ဝယ်ကျွေးမှာလား" လင်းဟုန်က တိုက်ရိုက်မေးမြန်းသည်။
"လင်းဟုန်၊ မင်းက တကယ်ကို လူချမ်းသာလေ။ ဒါကြောင့်မို့ ငါတို့အပေါ် ရက်ရောတဲ့ အမူအရာ ပြလို့မရဘူးလား။ လက်ဖက်ကြက်ဥလေးပဲလေ။ အရမ်းရက်စက်ဖို့ လိုအပ်လို့လား" လင်းဟုန်က လက်ဖက်ကြက်ဥ မဝယ်ကျွေးခဲ့လျှင် အလွန်အမင်း ဆိုးရွားသော အမှားတစ်ခုကို လုပ်ဆောင်ထားသကဲ့သို့ ရေဘဝဲက မပွင့်တပွင့် ပြောဆိုသည်။
"ဟင့်အင်း၊ ငါ ခုတလော မွဲနေတယ်။ မင်း ဝယ်ကျွေးရမယ်။ မင်း အခုတလော အရောင်းအဝယ် ကောင်းတယ်မလား။ မင်း ငါတို့ကို အစားအသောက် မဝယ်ကျွေးရသေးဘူး။ ဒါကြောင့်မို့ ဒါက အချိန်ကိုက်ပဲ" လင်းဟုန်က ယဉ်ကျေးသော အမူအရာ မပြသဘဲ ပြန်ဖြေသည်။
“Tank နဲ့ ငါ သူဆင်းရဲလေးမလို့ ဒကာခံမယ့်သူကိုပဲ စောင့်နေတာပါ။ မင်းတို့ နှစ်ယောက်ထဲက ဘယ်သူပဲ ကျွေးကျွေး အဆင်ပြေတယ်။ တကယ်တမ်း ရေဘဝဲက ဒီလိုပြောရတဲ့ အကြောင်းပြချက်က ခိုင်လုံတယ်" ကျီလျန်က Tankနှင့် မဟာမိတ်ဖွဲ့လိုက်သည်။
"ဟုတ်တယ်။ မင်းတို့တွေ ဒကာခံပါ" Tankက တစ်စုံတစ်ယောက် ဒကာခံမည့် အချိန်ကို စောင့်နေသည်။
"ဒီနှစ်ကောင်က စိတ်ရှုပ်စရာကောင်းတယ်" ရေဘဝဲက မပျော်မရွှင် ငြီးတွားသည်။
"ရေဘဝဲ ၊ ဒီတစ်ခေါက်က မင်း ဝယ်ကျွေးရမယ့် အလှည့်လေ" လင်းဟုန်က ပျော်ရွှင်ကြည်နူးစွာ ပြောသည်။
"အိုကေ၊ ဒီဆိုင်မှာ ညနေခင်းစာ ဝယ်ကျွေးမယ်" ရေဘဝဲက တည့်တိုးပြောတတ်သော အကျင့်စရိုက် ရှိသည်။ သူက ပျော်စေချင်ရုံသက်သက် စနောက်ခြင်း ဖြစ်သည်။ ပြဿနာ တစ်ရပ် ရှင်းလင်းပြီးနောက် ချက်ချင်း သဘောတူလိုက်သည်။
"အိုကေ၊ ကောင်းပြီလေ။ သွားကြမယ်" လင်းဟုန်က တံခါးအပြင်ဘက်သို့ ဦးဆောင်ထွက်သွားသည်။
တခြားတစ်ဖက်တွင်မူ ရှောင်ချန်း နှင့် ယင်ယာက စားလို့ မပြီးသေးချေ။
"ကျေးဇူးတင်ပါတယ်။ သွားမယ် ရှောင်ချန်း" ယင်ယာက ယွမ်ကျိုးကို ပထမဆုံး ကျေးဇူးတင်လိုက်ပြီး ရှောင်ချန်းဘက်လှည့်ကာ စကားပြောသည်။
“အွန်း။ ကျွန်မတို့သွားတော့မယ် သူဌေးယွမ်" ရှောင်ချန်းက ယင်ယာနောက် မလိုက်ခင် ယွမ်ကျိုးကိုနှုတ်ဆက်စကားပြောသည်။
ယခုတော့ မုရှောင်ယွမ်သာ စားသောက်ဆိုင်ထဲမှာ ရှိနေခဲ့သည်။ ယွမ်ကျိုးက စားပွဲခုံပေါ်မှ စားပြီးသား ပန်းကန်ပြား နှင့် ပန်းကန်လုံးများကို ကြည့်ပြီးနောက် စကားပြောသည်။
“ရှောင်ယွမ် ၊ မင်း အခု ပြန်နိုင်ပြီ။ ညနေခင်းမှာ နောက်မကျစေနဲ့"
"ပန်းကန်လုံး နဲ့ ပန်ကန်ပြားတွေကို မရှင်းလင်းရသေးဘူးလေ"
မုရှောင်ယွမ်က တုံ့ဆိုင်းတုံ့ဆိုင်း ပြန်ဖြေသည်။
“မလိုအပ်ပါဘူး။ မင်း အခုပဲ သွားနိုင်ပြီ” ယွမ်ကျိုးက အသုံးပြုထားသော ပန်းကန် ခွက်ယောက်များကို မီးဖိုချောင်ထဲ ပြန်သယ်သွားသည်။
မုရှောင်ယွမ် ထွက်သွားသောအခါ ယွမ်ကျိုးက အခန်းတံခါးကို ပိတ်လိုက်ပြီး မစ်ရှင် အခြေအနေကို စစ်ဆေးလိုက်သည်။
[ယာယီမစ်ရှင်] နှစ်ရက်အတွင်းမှာ လက်ဖက်ကြက်ဥ ၁၀ပွဲကို မူလဈေးနှုန်းဖြင့် ရောင်းချပေးပါ]
(လက်ဖက်ကြက်ဥ ၁၀ပွဲကို မူလဈေးနှုန်းအတိုင်း ရောင်းချနိုင်မှာသာ တကယ် အရည်အချင်းရှိသူ ဖြစ်နိုင်မယ်)
[ဆုလာဘ်] အလှဆင်ပုံဖော်ခြင်း ကျွမ်းကျင်မှု အလယ်အလတ်အပိုင်း
[မစ်ရှင် အခြေအနေ] ၄ / ၁၀
“လက်ဖက်ကြက်ဥကို ပရိုမိုရှင်းဆင်းဖို့ ပိုကြိုးစားရတော့မယ်” ယွမ်ကျိုးက မစ်ရှင်အခြေအနေကို ကြည့်လိုက်ပြီး သူ့ကိုယ်သူ ရေရွတ်သည်။
ထို့ကြောင့်လည်း ဆိုင်မှာလာစားသော ဖောက်သည်များက ယွမ်ကျိုးကို ယနေ့ စကားများလွန်းသည်ဟု ခံစားမိသည်။ ယွမ်ကျိုး အမေးများဆုံး မေးခွန်းက လက်ဖက်ကြက်ဥစားချင်လား ဖြစ်သည်။ ဖောက်သည်များက ငြင်းဆန်လိုက်သောအခါ သူက ဘာဆိုဘာမှ မပြောတော့ပေ။ သူ့မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိဘဲ လေးနက် တည်ကြည်နေသည်။
သူတို့က မုရှောင်ယွမ်ကို မျက်စပစ်ပြီး အခြေအနေကို စုံစမ်းသည်။ သို့သော်လည်း မုရှောင်ယွမ် ကိုယ်တိုင်က အကြောင်းအရင်းကို မသိခဲ့ချေ။
စားသုံးသူ ဖောက်သည်များ တန်းစီစောင့်ဆိုင်းနေစဉ် ကောင်မလေး တစ်ယောက်က စားသောက်ဆိုင်ထဲ အလောတကြီး ပြေးဝင်လာသည်။
“သူဌေး၊ ရှင်က ရွှေရောင်ကြက်ဥထမင်းကြော် ရောင်းတယ်လို့ သတင်းကြားလို့ပါ” သူမကို တအံ့တဩ ပုံစံဖြင့် ဝိုင်းကြည့်နေခြင်းကို လျစ်လျူရှုပြီး ယွမ်ကျိုးကို တိုက်ရိုက်မေးမြန်းလိုက်သည်။
“ဟုတ်တယ်” ခဏတွေးကြံပြီးနောက် ယွမ်ကျိုးက သူ့နတ်ဘုရားအဆင့် ကြက်ဥထမင်းကြော်ကို ရွှေရောင်ထမင်းကြော်ဟု ခေါ်သင့်သည်ဟု စဉ်းစားကာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် ကောင်မလေးက မျက်စိမှိတ်တုတ်မှိတ်တုတ်ဖြင့် စိတ်လှုပ်ရှားစွာ စကားပြောသည်။
“သူဌေးကို ဟင်းချက်ပညာသင်ပေးတဲ့ ဆရာရဲ့မျိုးရိုးနာမည်က လျိုလား”
“အားနာပါတယ်၊ ငါ့မှာ ဆရာမရှိဘူး။ ကောင်မလေး မင်းလည်း တန်းစီပေးပါ” ယွမ်ကျိုးက လေးနက်သောအမူအရာဖြင့် ပြန်ဖြေသည်။
“အားလုံးပဲ မစိုးရိမ်ပါနဲ့။ ငါက ဝယ်မစားပါဘူး။ ငါက မေးခွန်းတချို့ မေးချင်လို့ပါ။ ခဏနေရင် ပြီးမှာပါ” ကောင်မလေးက ချစ်စဖွယ်ကောင်းသော အပြုအမူဖြင့် ပြန်ဖြေသည်။
အပိုင်း(၉၀)
ပြီးပါပြီ။